07/19/15



မြန်မာနိုင်ငံသမ္မတလောင်းနေရာကို အစဉ်အလာရှိတဲ့ စစ်တပ်ထဲကသူကိုပဲ ရွေးချယ်တဲ့အလေ့အထမဖြစ်ဖို့ အရေးကြီးကြောင်း NLD နာယက ဦးတင်ဦးက ပြောဆို ထားပါတယ်.

DVB TV

၆၈ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့ဗိုလ်တစ်ထောင် မြို့နယ်က ၀န်ကြီးများရုံးကို အများပြည်သူကြည့်ရှုနိုင်ဖို့ အတွက် မနက် ၈ နာရီကနေ ၃ နာရီအထိ ဖွင့်လှစ်ပေးထားပါတယ်။

အဲ့ဒီဝန်ကြီးများရုံးဘေးမှာ ရန်ကုန်လူငယ်အဖွဲ့ ၄ ဖွဲ့က စုပေါင်းပြီး အာဇာနည် ခေါင်းဆောင်တွေကို ကဗျာရွတ်ဆိုဂုဏ်ပြုတဲ့အခမ်းအနားကိုလည်း ကျင်းပခဲ့ကြ ပါတယ်။

Photo: Thiha Tun/ RFA

အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦး လုပ်ကြံခံခဲ့ရတဲ့ အတွင်းဝန်ရုံး (ဝန်ကြီးများရုံး) ရှေ့မှာ လူငယ်တွေက အာဇာနည်နေ့ အထိမ်းအမှတ်ကဗျာတွေ ရွတ်ဆိုခဲ့ကြပါတယ်။ RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။ရိုက်ကူး - သီဟထွန်း၊ ဝေယံမိုးမြင့်

Posted by RFA Burmese on Sunday, July 19, 2015

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းနေရာ ၀င်မည်ဟု သတင်း ထွက်နေသော ဒေသအတွင်း စည်းရုံးရေး ဆင်းနေသည့် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဒုဥက္ကဋ္ဌ သူရဦးအေးမြင့်၏ ပါတီတာဝန်ခံနယ်မြေ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ကုလားမ ကျေးရွာအုပ်စုအတွင်းရှိ လက်ကောက်ကျ ကျေးရွာမှ ကြံ့ခိုင်ရေးပါတီဝင် (၁၀၀)ကျော် နုတ်ထွက်မည်ဖြစ်သော သတင်းထွက်ပေါ်မှုကြောင့် နေပြည်တော်ရှိ ကြံ့ခိုင်ရေးရုံးချုပ်မှ တာဝန်ရှိသူများနှင့် လက်ကောက်ကျ ကျေးရွာသို့ လာရောက်ကာ ပါတီဝင်အဖြစ်မှ နုတ်ထွက်ခြင်း မပြုရန် ဖြောင်းဖြ ပြောဆိုခဲ့ကြောင်း လက်ကောက်ကျကျေးရွာ ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်ရန် စီစဉ်ထားသည့် ပါတီတွဲဖက် စည်းရုံးရေးမှူး ဦးမြင့်အေးက ဇူလိုင်လ ၁၄ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

“သူတို့က ကျွန်တော်တို့ကို ပြောတယ်။ ဒီအချိန်မှာ တစ်ရွာလုံး မပြောနဲ့၊ ပါတီဝင်တစ်ယောက် နုတ်ထွက် တာမျိုးကိုတောင် မလိုလားဘူးပေါ့၊ ကျွန်တော်တို့ ကျေးရွာမှာ မြေနုကျွန်းကိစ္စနဲ့ ပတ်သက်လို့အမှုဖြစ် ထားတာရှိတယ်၊ အဲဒီအမှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ကျေးရွာက ပါတီဝင်တွေ လက်ရှိမှာ အမှုရင်ဆိုင် နေရတယ်၊ အဲဒါတွေကို လည်း ပြောပြတော့ သူတို့အနေနဲ့ အတတ်နိုင်ဆုံး ပြေလည်အောင် လုပ်ပေးမယ်လို့ ပြောတယ်၊

အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ တစ်လလောက်တော့ စောင့်ကြည့် ဦးမယ်၊ တစ်လအတွင်း ဘာမှဖြစ် မလာဘူး ဆိုရင်တော့ ကျွန်တော် တို့က နုတ်ထွက်ရမှာပဲ” ဟု လက်ကောက်ကျ ကျေးရွာမှ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်စည်းရုံးရေးမှူး ဦးမြင့်အေးက မြန်မာသံတော်ဆင့် သို့ ပြောသည်။

ယင်းသို့ လက်ကောက်ကျ ကျေးရွာမှ ကြံ့ခိုင်ရေးပါတီဝင် အင်အား (၁၀၀)ကျော် နုတ်ထွက်မည် ဆိုသော သတင်းထွက်ပေါ်ခဲ့မှုကြောင့် မြို့နယ်အဆင့်ကြံ့ခိုင်ရေး ပါတီဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များနှင့် နေပြည်တော်ရှိ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီမှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် ဇူလိုင် ၁၃ ရက်နေ့၊ ညနေ ၆ နာရီခန့်အချိန်တွင် လက်ကောက်ကျ ကျေးရွာသို့ လာရောက်၍ ကျေးရွာရှိ ကြံ့ခိုင်ရေး ပါတီဝင်များနှင့် အရေး တကြီး တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါတီဝင်များကို ပါတီဝင်အဖြစ်မှ နုတ်ထွက်ခြင်းမပြုရန် ပြောဆို၍ ပါတီဝင်များ၏ တောင်းဆို တင်ပြချက်များကို ၎င်းတို့ ကြံ့ခိုင်ရေးပါတီက အတတ်နိုင်ဆုံး ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် ည ၁၀ နာရီအချိန်ခန့်တွင် ကြံ့ခိုင်ရေးပါတီမှ တာဝန်ရှိသူများ လက်ကောက်ကျ ကျေးရွာမှာ ပြန် သွားခဲ့ကြောင်း ကိုမြင့်အေးက မြန်မာသံတော်ဆင့်သို့ ပြောဆိုသည်။

“ကျွန်တော်တို့ရွာက ကိုမြင့်အေးအိမ်မှာ ၁၃ ရက်နေ့ညက လာပြီး ပါတီဝင်တွေ နုတ်မထွက်ဖို့ ပြောတယ်၊ ကျွန်တော်တို့ရွာမှာ မြေနုကျွန်းနဲ့ ပတ်သက်လို့ ပါတီဝင်တွေကို တရားစွဲခံထားရတယ်၊ ကျွန်တော့်သား တစ်ယောက်လည်း ပါတယ်၊ သူက မဲရုံကိုယ်စားလှယ်ပေါ့၊ မြို့နယ်တွေကဖိ၊ ခရိုင်တွေကဖိ၊ အဲဒီဖိအားတွေကို ကျွန်တော်တို့က မခံနိုင်တော့ လို့ နုတ်ထွက်ဖို့ ပြင်ဆင်ထားတာ၊ အဲဒါကို လူကြီးတွေက မလုပ်ပါနဲ့၊ အမှန်တရား အတိုင်းဖြစ်စေရပါမယ်၊ ပိုင်ဆိုင်တဲ့ မြေနုကျွန်းကိုလည်း လုပ်စားခွင့် ပေးပါ့မယ်ဆိုပြီး ပြောသွားတယ်”ဟု ကြံ့ခိုင်ရေးပါတီ မှ နုတ်ထွက်ရန် စီစဉ်ထားသည့် လက်ကောက်ကျကျေးရွာမှ ပါတီနာယက ဦးကြည်မင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

လက်ရှိအချိန်တွင် လက်ကောက်ကျကျေးရွာတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်အဖြစ် နုတ်ထွက်ရန် လက်မှတ်ကောက် ယူရရှိထားသည့် အရေအတွက်မှာ (၉၀)ဦးခန့် ရရှိနေပြီဖြစ်ကာ ကြံ့ခိုင်ရေးပါတီ အနေဖြင့်ရပ်ရွာ အကျိုးပြုလုပ်ငန်းများတွင်လည်း တစ်စုံတစ်ရာ ပံ့ပိုးကူညီမှု မရှိသည့်အပြင် ပါတီဝင်များလည်း ကြံ့ခိုင်ရေးပါတီအပေါ် ယုံကြည်မှု အားနည်းနေလျက်ရှိပြီး နောက်ထပ်လည်း ပါတီဝင်အဖြစ်မှ နုတ်ထွက်မည့် ဦးရေများလည်း ကျန်ရှိနေသေးကြောင်းကို လက်ကောက်ကျ ကျေးရွာရှိ ကြံ့ခိုင်ရေးပါတီဝင်များက မြန်မာသံတော်ဆင့် သို့ ပြောဆိုသည်။

ရွှေဘိုမြို့နယ်အတွင်းရှိ ကုလားမကျေးရွာအုပ်စုတွင် ကုလားမကျေးရွာ၊ လက်ကောက်ကျကျေးရွာ၊ ဟင်္သာကြီး ကျေးရွာနှင့် မကျည်းသုံးပင် ကျေးရွာတို့ ပါဝင်ပြီး လက်ကောက်ကျကျေးရွာတွင် အိမ်ထောင်စု ပေါင်း (၁၁၈)စုရှိကာ လူဦးရေ(၅၀၀)ကျော် နေထိုင်လျက် ရှိသည့်အနက် ကြံ့ခိုင်ရေးပါတီဝင် အဖြစ် နုတ်ထွက်မည့်သူ ဦးရေမှာ လတ်တလော ၁၄၉ ဦးရှိပြီး ပါတီဝင်အဖြစ်မှ နုတ်ထွက်မည့်သူများ စာရင်းကို ထပ်မံ ကောက်ယူ လျက်ရှိပြီး (၁)လ အတွင်း သက်ဆိုင်ရာရုံးသို့ တင်ပို့နုတ်ထွက် သွားမည် ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် တပ်မတော်အစိုးရ လက်ထက်မှစ၍ ပါတီဒုဥက္ကဋ္ဌ သူရဦးအေးမြင့် အားကစားဝန်ကြီး တာဝန်ဖြင့်ရှိစဉ် ဗဟိုအလုပ်အမှုဆောင် တိုင်းတာဝန်ခံအဖြစ် ယနေ့တိုင် တာဝန်ယူ ထားသော နယ်မြေဖြစ်သည်။

အောင်ကိုဝင်း

- ပါတီဒုဥက္ကဋ္ဌ သူရဦးအေးမြင့် ရွှေဘို၊ ခင်ဦး၊ ၀က်လက်၊ ဒီပဲယင်း နယ်မြေများသို့ ဇူလိုင်လအတွင်း စည်းရုံးရေးကွင်းဆင်းနေစဉ်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

myaung mya


ဒေါ်အောင်ဆန်းဆုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ် (အန်အယ်လ်ဒီ) ပါတီကို မရွေးချယ်ဖို့ ရေးသားထားတဲ့ လက်ကမ်းစာစောင်တွေကို နတ်စင်တစ်ရာဆရာတော် နဲ့ ပြည်ခိုင်ဖြိုးပါတီဝင်ဝန်ကြီးတွေရဲ့စတုဒီသာအလှူမှာ အမည်မသိလူတစုက ဖြန့်ဝေခဲ့ပါတယ်။

လက်ကမ်းစာစောင်တွေကို ဇူလိုင်လ ၁၈ ရက်နေ့က မြောင်းမြမြို့ ရွှေသာလျောင်းဘုရားဝင်းအတွင်း နတ်စင်တစ်ရာဆရာတော်နဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ဝန်ကြီးတွေရဲ့ စတုဒီသာအလှူမှာ အမည်အမသိလူတစ်စုက ဖြန့်ဝေခဲ့တာပါ။

လက်ကမ်းစာစောင်ဝေနေတာကို တွေ့ရှိတဲ့ မြောာင်းမြမြို့ အမှတ် ၁၀ ရပ်ကွက်နေ ဦးကျော်ဆန်းက “ရွှေသာလျောင်းအလယ်ပေါက်မှာ လူငယ် ၂ ယောက် စာရွက်တွေကိုင်ပြီး ဝေနေတာ တွေ့တယ်” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီအနေနဲ့ ကန့်ကွက်ရှုတ်ချပြီး ဆက်လက် မလုပ်ဆောင်နိုင်အောင် တာဝန်ယူတာဆီးပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုတယ်လို့ အန်အယ်လ်ဒီ ဗဟိုညီလာခံကိုယ်စားလှယ် ဒေါ်ခိုင်က ပြောပါတယ်။

“အစ်မတို့ ခေါင်းဆောင်ကို ဒီလိုစော်ကားတာ လုံးဝမကြိုက်ပါဘူး။ ဒီလိုမျိုးကို ကန့်ကွက်ပါတယ်။ ဒီလိုမျိုး ဖန်တီးပြီး လက်ကမ်းဝေတာမျိုးကိုလည်း ကန့်ကွက်ဆန့်ကျင် ရှုတ်ချပါတယ်။ ဒီလိုမျိုးလုပ်တာကို ရပ်တန်းကနေ တာဝန်ယူတားဆီးပေးဖို့ ပါတီအနေနဲ့ တောင်းဆိုပါတယ်။”

စာစောင်မှာ မဘသ ဗဟိုအမှတ်တံဆိပ် ရိုက်နှိပ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီပါတီကို ရွေးချယ်မယ်ဆိုရင် တိုင်းပြည်နဲ့ သာသနာ အန္တရာယ်ကျရောက်နိုင်တယ်ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နတ်စင်တစ်ရာဆရာတော်အပါအဝင် မြောင်းမြက မဘသ ဆရာတော်အချို့နဲ့ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူတွေက မသိရှိဘူးလို့ ငြင်းဆိုပါတယ်။

မြောင်းမြမြိုက ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ဦးလှမြင့်ထူးက “အလှူအတန်းလုပ်တာကတော့ ကျနော်တို့ နတ်စင်ဆရာတော် ဘုရားကြီးက ဦးဆောင်ပြီး လုပ်တာပေါ့။ ၉၉ ကြိမ်မြောက် စတုဒီသာ အလှူပွဲပါ။ အလှူပွဲမှာ စာရွက်စာတမ်းဝေသွားတာ ကျနော်တို့လည်း မသိရှိဘူး၊ ကျနော်တို့အနေနဲ့လည်း တစုံတယောက်ကို ခိုင်းခြင်းမရှိဘူး။ ဒီစာနဲ့ပတ်သက်ပြီး ကျနော်တို့အဖွဲ့အစည်းက လုံးဝေ၀ခြမ်းတာ မရှိပါဘူး” လို့ ပြောပါတယ်။

အလှူပွဲကို ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး အပါအဝင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဆန်းနဲ့ ဦးခင်ရီတို့ တက်ရောက်ခဲ့ကြတာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး နှစ်ဦးအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ မြောင်းမြမြို့ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့သတင်းထွက်ပေါ်နေပါတယ်။

By သော်ဇင်မျိုး/DVB
http://burmese.dvb.no/archives/103400http://burmese.dvb.no/archives/103400


ဗဟိုဌာနချုပ်တွင်ကျင်းပသော( ၆၈ ) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မိန်ခွန်းပြောကြားခဲ့သည်။

အဆိုပါ (၆၈)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့  နာယကကြိးဦးတင်ဦနှင့် ဒီချုပ်သဘာပတိအဖွဲ့ ဝင် ဦးလှဖေ ၊နှင့် ဗဟိုအလုပ်အမှု့ ဆောင်များ၊လွတ်တော်ကိုယ်စားလှယ်များ ၊
သံတမန်များ၊နိုင်ငံရေးပါတီများအဖွဲအစည်းများ၊၈၈ပွင်လင်း၊နှင့်  ပြည်သူများ ၊အဖွဲချုပ်ဝင်များ၊ပြည်တွင်းပြည်ပ မီဒီိယာများ တက်ရောက်သည်၊။

National League for Democracy


မြန်မာပြည်သူလူထုကြီးတစ်ရပ်လုံးရဲ့ တန်ဖိုးရှိတဲ့ ဦးခေါင်းတွေပေါ်မှာ ထာဝရ စစ်ဖိနပ်နဲ့ ဖိနင်းထားချင်ကြတဲ့ စစ်အာဏာရှင်စစ်အုပ်စုဝင်တွေဟာ “ပြည်သူ့နီတိ”ဆိုတာကို မလေ့လာ သလို နားလည်အောင်လည်း မကြိုး စားကြလို့ တိုင်းပြည်အောက်တန်း နောက်တန်း ကျသထက် ကျနေရတာ ရင်နင့်ကြေကွဲဖွယ်ရာပါ …


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာပြည်သူလူထု တစ်ရပ်လုံးက ဆယ်သက်ဆယ်ကမ္ဘာ ဘယ်ခါမှမေ့လို့မရနိုင်ဘဲ အမြဲကြေကွဲဝမ်းနည်း မှန်းဆတမ်းတ သတိတရရှိနေကြတဲ့ နေ့တစ်နေ့ကတော့ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး၊ အမျိုး သားခေါင်း ဆောင်ကြီး၊ မြန်မာ့တပ်မတော် ကိုစတင်တည်ထောင်ခဲ့တဲ့ ထာဝရကျေးဇူး ရှင်ကြီး သခင်အောင်ဆန်း (ခေါ်) ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းပြည်ခေါင်းဆောင်ကြီးတွေဟာ မမျှော်လင့်ဘဲ အကြမ်းဖက် လူသတ်သမား တွေလက်ချက်ကြောင့် ကျဆုံးခဲ့ကြရတဲ့ “၁၉”ဇူလိုင် မမေ့နိုင်“အာဇာနည်”နေ့ပဲ ဖြစ်ပါတယ်။

ဒီလိုနေ့မျိုး ရောက်လာပြန်တော့ ပြည်သူလူထုစာနယ်ဇင်းသမား တစ်ယောက်အနေနဲ့ ခုလိုအတွေးလေးေ တွ ပေါ်ပေါက်လာမိပြန်ပါတယ်။ တိုင်းပြည်တစ်ပြည်ကို တည်ဆောက်တဲ့ နေရာမှာ ပြည်သူလူထုရဲ့ အင်အားက အရမ်းအရေးကြီးတယ်။ ပြည်သူတွေပညာ တတ်ခြင်းမတတ်ခြင်းက တစ်ပိုင်းပေါ့။ အဓိကကတော့ ပြည်သူတွေ ကျန်းမာရေး ကောင်းမွန်နေဖို့လိုတယ်။ ကျန်းမာခြင်းက လာဘ်တစ်ပါးပဲ။ ပြည်သူတွေအကုန်လုံးတော့ ကျန်းမာ ရေး မကောင်းနိုင်ဘူး။ ဒါပေမဲ့ သက်ကြီးရွယ်အိုတွေ၊ နာတာရှည် ရောဂါသည်တွေကလွဲရင် ကျန်တဲ့သူ တွေ အကုန်လုံး ကျန်းမာနေဖို့လိုတယ်။ လူတစ်ယောက်ဟာ ကျန်းမာရေးမကောင်းရင် ဘာမှလုပ်လို့ မရဘူး။ ကျန်းမာရေးကောင်းမှ ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်လို့ရတယ်။…

အဲဒီတော့ တိုင်းပြည်တစ်ပြည်ကို တည်ဆောက်တဲ့နေရာမှာ ပြည်သူတွေ ကျန်းမာရေးကောင်းမွန်ဖို့က အဓိက ကျတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ကျတော့ ဉာဏ်ပညာကလည်း အဓိကနေရာမှာရှိနေတယ်။ အုပ်ချုပ်သူလူတန်းစားမှာ ဉာဏ်ပညာရှိဖို့လိုတယ်။ အချိန်ရဲ့တန်ဖိုးကိုသိဖို့လိုတယ်။ ကျွန်တော်တို့ အချိန်တွေ အများကြီးကုန် ဆုံးခဲ့တယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် ဆိုပါစို့၊ သဘာဝမကျတဲ့ အမိန့်ပေးစနစ် ယန္တရား ကိုတည်ဆောက်ထားတဲ့ အင်အားစုတစ်စုက သူ့ရဲ့အချိန်တွေကို ဖြုန်းတီးလိုက်တယ်။ သူ့ရဲ့အချိန်တွေကို သူကဖြုန်းတီးတာ မဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်က အချိန်ရဲ့တန်ဖိုးကို နားလည်တယ်။ သူနားမလည်တဲ့ ကိစ္စတွေရှိရင်လည်း နားလည် တဲ့ပညာရှင်တွေကို မေးပြီးတော့လုပ်တယ်။ အကုန်လုံး သူသိတယ်၊ သူနားလည်တယ်ဆိုပြီးတော့ လုပ်နေတဲ့ လူထုဒီမိုကရေစီ ခေါင်းဆောင် တစ်ယောက် မဟုတ်ဘူး။ နိုင်ငံတကာပညာ ရှင်တွေ ပြည်တွင်းပညာရှင် တွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ ကိုယ့်ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်ချင်တဲ့ အမျိုးသမီးကောင်းတစ် ယောက်ပါ။ အချိန်ကို သူက အကျိုးရှိစွာ အသုံးချချင်တယ်။ ဒါပေမဲ့ သူ့ခမျာ အသုံးချခွင့်မရခဲ့ ရှာဘူး။ အချိန်ဆွဲ ၀ါဒရဲ့ ယန္တရားကြားမှာသူ့ရဲ့အချိန်တွေ ကုန်ဆုံးသွားခဲ့တယ်။ သဘာဝ မကျတဲ့ အမိန့်ပေးယန္တရား အဖွဲ့အစည်း ကနေပြီးတော့ သူ့ကိုတတ်နိုင်သမျှ အချိန်ဆွဲထားခဲ့တယ်။

ကျွန်တော်တို့ ပြည်သူလူထုမှာလည်း အချိန်တွေ ကုန်ဆုံးသွားပြီးတော့ ကိုယ် အားကိုးအားထားပြုရမယ့် ဉာဏ် ပညာရှင်နဲ့ နှစ်ပေါင်းများစွာ ဝေး ကွာနေခဲ့ရတယ်။ သူ့မှာရှိတဲ့ ဉာဏ်ပညာတွေ ကျွန်တော်တို့ကို မမျှဝေနိုင်ခဲ့ ဘူး။ သူအကျယ်ချုပ်ကပြန်ပြီး လွတ်မြောက်လာတဲ့အချိန်မှာ အသက် ၆၀ကျော်ခဲ့ပြီ။ နှစ်ပေါင်းများစွာ အချိန် ဆွဲမခံခဲ့ရရင်၊ သူ့အသက် ၄၀ ကျော်လောက်တုန်းကဆိုရင် တိုင်းပြည်အတွက် အချိန်တွေကို ကောင်းကောင်း သူအသုံးချနိုင်ခဲ့မှာပါ။ ချုပ်နှောင်ခံရတာတွေ၊ ဖိနှိပ်ခံရတာတွေနဲ့ သူ့ဘ၀ရဲ့ တန်ဖိုးမဖြတ်နိုင်တဲအချိန်တွေ ကုန် ဆုံးခဲ့ရတယ်။ အခုဆိုရင် စက္ကန့်တိုင်း မိနစ်တိုင်းမှာ တိုင်းပြည်အတွက်သာ အလုပ်လုပ်နေတယ်ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်က ၇၀ ပြည့်သွားခဲ့ပြီ။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတတ်ပညာရှင်တွေ၊ အသိပညာရှင်တွေ၊ နိုင်ငံရေးအတွေးအခေါ် သမား တွေ၊ တန်ဖိုးကြီးမား လှတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို ပြည်သူလူထုနဲ့ကင်းကွာအောင် ဖိနှိပ်ကန့်သတ် ဟန့်တားသမျှ လှိမ့်ခံခဲ့ကြရတယ်။ အခု မြန်မာပြည်သူ လူထုရဲ့ဘ၀က စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ ဆိုတဲ့ အရှေ့တောင်အာရှနိုင်ငံတွေ ကြားထဲမှာတောင်မှ အများကြီးအောက်တန်း နောက်တန်းကျခဲ့ကြရပြီ။ အိန်္ဒိယနိုင်ငံဆိုပါစို့ရဲ့၊ မြန်မာနိုင်ငံထက် တစ်နှစ်နောက်ကျပြီးမှ သူတို့နိုင်ငံလွတ်လပ်ရေးရတယ်။ ဒါပေမဲ့ သူတို့ နိုင်ငံမှာ လူဦးရေကလည်းအများကြီးပဲ။ သူတို့နိုင်ငံမှာ ပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေရှိတော့ နိုင်ငံ တကာ အမြင်နဲ့ကြည့်လိုက်ရင် အိန်္ဒိယနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးလို့ ဆိုနိုင်နေပြီ။

သူတို့က ပြည်သူ ဒီမိုကရေစီစနစ်ကို အခြေခံတယ်။ ပြည်သူလူထုဘက်က အမြဲတမ်း ဝေဖန်ခွင့်၊ အကြံပြုခွင့်၊ တောင်းဆိုခွင့်တွေ ရှိနေတယ်။ အနုပညာကိုပဲ ကြည့်ပါ။ အမေရိကမှာ ဟောလိဝုဒ်ရှိသလို အိန်္ဒိယမှာ ဘောလိ ၀ုဒ်ရုပ်ရှင်စတူဒီယိုကြီးတွေရှိပြီး အနုပညာတွေက တိုးတက်ရှင်သန်နေတယ်။ သူတို့ရဲ့အနုပညာအားလုံးဟာ ကမ္ဘာကြီး အနှံ့ခြေဆန့်ခွင့်ရနေတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပု၊ ကာတွန်း၊ ဇာတ် သဘင်၊ ရုပ်ရှင်နဲ့ ပတ်သက်ပြီး အနုပညာအရည်အသွေးတွေ အရမ်းတောက်ပ လင်းလက်နေပေမယ့် မတရား တဲ့ စစ်ဝါဒီစစ်အာဏာရှင်တွေရဲ့စစ်ဖိနပ်တွေအောက်မှာ ဖိနင်းခံနင်းချေခံထားကြရလို့ နှစ်ပေါင်းရှည်ကြာ ပိတ် ဆို့ထားတဲ့ သံချေးတက် သံတံခါးကြီးတွေ၊ သံတိုင်တွေကြားထဲကပဲ ကမ္ဘာကို တစ်ပတ်ပြည့်အောင် ပတ်လိုတဲ့ စေတသိက်တွေနဲ့ တိတ်ဆိတ်မျိုသိပ် ငြိမ်သက်နေခဲ့ကြရတယ်။

ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး များခင်ဗျား။ မြန်မာပြည်သူ လူထုကြီးတစ်ရပ်လုံးရဲ့ တန်ဖိုးရှိတဲ့ ဦးခေါင်းတွေပေါ်မှာ ထာဝရ စစ်ဖိနပ်နဲ့ ဖိနင်းထားချင်ကြတဲ့ စစ်အာဏာရှင် စစ်အုပ်စုဝင်တွေဟာ““ပြည်သူ့နီတိ”” ဆိုတာကို မလေ့လာသလို နားလည်အောင်လည်း မကြိုးစားကြလို့ တိုင်း ပြည်အောက်တန်း နောက်တန်းကျသထက်ကျနေရတာ ရင်နင့်ကြေကွဲဖွယ်ရာပါ။ Civic ဆိုတဲ့ ““ပြည်သူ့ နီတိ”” ရဲ့ အခြေခံသဘောသဘာဝဖြစ်တဲ့ The Study of the rights and duties of citizens ဆိုတဲ့ ပြည်သူ တွေရဲ့အခွင့်အရေးနဲ့ စောင့်ထိန်းအပ်တဲ့ အရာမှန်သမျှကို လေးစားလိုက်နာဖို့ ပျက်ကွက်နေတဲ့ အုပ်ချုပ်သူ လူတန်းစား အသွင်သဏ္ဌာန်နဲ့ ပြည်သူလူထုရဲ့ ဦးခေါင်းတွေပေါ်မှာ ဖိနပ်နဲ့ ဖိနင်းထားကြတာ ရင်နာစရာ အတိပါပဲ။

မြန်မာပြည်ကို စစ်အာဏာမသိမ်းပိုက်ကြခင် ပြည်သူ့ဒီမိုကရေစီခေတ်၊ ဒီမိုကရေစီစနစ်တုန်းက မူလတန်း ကျောင်းသူကျောင်းသား အရွယ်ကလေးငယ်တွေတောင်မှ စာသင်ကျောင်းတွေမှာ ဆရာဆရာမတွေက ““ပြည် သူ့နီတိ”” ရဲ့ အခြေခံသဘောသဘာဝတွေကို သွန်သင်ညွှန်ပြတာခံယူခဲ့ရပါတယ်။ ဘယ်နေရာ ဘယ်ဌာန ဘယ်အသိုင်းအတိုင်းထဲမှာမဆို ““ပြည်သူ့နီတိ””ကို နားလည် ကျင့်သုံးကြရစမြဲပါ။ ဒါပေမဲ့ ဒီနေ့တိုင်းပြည်ရဲ့ အပေါ် ထပ်အဆောက်အအုံမှာ ဆရာမွေး တပည့်မွေးနဲ့ နေရာလေးတစ်နေရာစီ ကိုယ်စီကိုယ် ငရပြီး ရာထူးကြီး ကြီးရထားကြသူ တော်တော်များများဟာ သူတို့ရဲ့ လက်ရှိအသက် အရွယ်တွေအရဆိုရင် တစ်ခေတ်တစ်ခါက ဒီမိုကရေစီကျောင်းတွင်း ပညာရေးစနစ်အရ သင်ကြားပို့ချခဲ့ဖူးတဲ့ ပြည်သူ့နီတိနဲ့ မပတ်သက်ခဲ့ရဘဲ အလှမ်း ဝေးခဲ့ရတဲ့ လူလတ်ပိုင်းတွေ၊ လူကြီးပိုင်းအရွယ် ရောက်ခါစတွေ ပဲ ဖြစ်ကြပါတယ်။

ဒါကြောင့် သူတို့ထဲက တချို့ဆိုရင် ပြည်သူ့နီတိဆိုတာဘာလဲလို့တောင် မှ မေးရမယ့်အရွယ်တွေပါ။ ဒါကြောင့် လည်းသူတို့စိတ်ထဲမှာ ““ကိုယ် နှင့်မဆိုင် ခွင့်မပိုင် ဆွဲကိုင်ကြည့်ရှု မပြုရ”” ဆိုတဲ့သဘော သဘာဝကိုလည်း အရေးမကြီးသလို ဖြစ်နေကြပြီ တိုင်းပြည်ရဲ့အရေးကြီးတဲ့ အဆောက်အအုံကြီးတစ်ခုထဲက အရေးကြီးတဲ့ အစည်းအဝေးမှာတောင်မှ ကိုယ်နဲ့မပတ်သက်တဲ့၊ ကိုယ်ကိုယ်တိုင် အတည်ပြုဆုံးဖြတ်ခွင့်မရှိတဲ့ သူတစ်ပါးရဲ့ ကိစ္စ၊ သူတစ်ပါးရဲ့လုပ်ရမယ့်အလုပ်မျိုးကို သူတစ်ပါးကိုယ်စား လက်လွတ်စပယ်ပြုမူ လုပ်ကိုင်တာမျိုးတွေအထိ လုပ်နေကိုင်နေကြ တာတွေဟာ ပြည်သူ့နီတိကို မသိဘူး၊ နားမလည်ဘူးဆိုတာ ပတ်ဝန်းကျင် တိုင်းပြည်တွေရဲ့ အမြင်မှာတော့ ယဉ်ကျေးတဲ့ လူ့ကမ္ဘာလူ့အသိုင်းအ၀ိုင်းအရ ဆိုရင် အထင်အမြင်သေးဖွယ်ရာပါပဲ။

Civic ဆိုတဲ့ ပြည်သူ့နီတိနဲ့ အလှမ်းဝေးနေသေးတဲ့ အထက်အာဏာရှိ လူတန်းစားလူအုပ်စု တစ်သင်းတစ်ဖွဲ့ အနေနဲ့ကတော့ Civility လို့ခေါ်တဲ့ an act of Polite လူ့ယဉ်ကျေးမှု ဥပဒေသတွေနဲ့လည်း အမြဲတစေ ဖီလာ ဆန့်ကျင်ဘက်တွေ ဖြစ်နေကြဦးမှာ တိုင်းပြည်အတွက် ကြိုတင်ရင်လေးစရာ စိတ်မအေးစရာပါပဲ။ ဒီလိုနဲ့ပဲ ဒီမိုး ဒီလေ ဒီလူတွေကြားထဲမှာ နိုဝင်ဘာ ၈ရက်၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲဆိုတာကြီးက ဘွားခနဲပေါ်လာ ခဲ့ပြန်ပါပြီ။ ရှေးမြန်မာလူကြီး သူမများပြောစကားအရဆိုရင် ““အနှစ် မရှိတဲ့တောမှာ ကြက်ဆူပင်တွေ မင်းမူ တတ်ပါသတဲ့””။

ကျွန်တော်တို့ ပြည်သူလူ ထုအမှန်တကယ် လိုအပ်နေတာက ပြည်သူက တကယ်ကြည်ဖြူဆန္ဒရှိပြီး ပြည်သူလူ ထုကြီးတစ်ရပ်လုံးကို အမှန်တကယ် ကြင်နာသနားစောင့်ရှောက်ပြုစု အလုပ်အကျွေးပြုသွားမယ့် ၂၀၁၅ ရဲ့ ဟိုဘက်အလွန်ခေတ် စစ်မှန်တဲ့ အရပ်သားအစိုးရသစ်စစ်စစ်ပဲ ဖြစ်ပါတယ်။ ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ ကျဆုံးလေပြီးသော ကျေးဇူးရှင် အာဇာနည် ခေါင်းဆောင်ကြီးများ ခင်ဗျား။ Democratic Country ဆိုတဲ့ ဒီမိုက ရေစီ အခြေခံနိုင်ငံသစ်ဖြစ်ချင်နေတာက ကျွန်တော် တို့ရဲ့ ပြည်သူလူထုဆန္ဒပါ။ ဒါပေမဲ့ မတော်တဆများ အနှစ် သာရမရှိတဲ့ ကြက်ဆူပင်အစိုးရနဲ့ သမ္မတ (Castor oil Plant Government and President) ကိုများ ကြုံကြ ဆုံကြရဦးမလား ဆိုတာကတော့ တိုင်းပြည်ရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်လို့ နေပါပြီဖြစ်ကြောင်းပါ ခင်ဗျား။ ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

တန်ခိုးသြဇာအာဏာကြီးမားနေသော်လည်း ဗိုလ်ချုပ်တွင် ရှပ်အင်္ကျီ ၂ ထည်၊ ဘောင်းဘီ ၂ ထည်ပဲရှိတယ် … ယင်း ၂ ထည်တွင်လည်း ၁ ထည်က ခပ်စုတ်စုတ် ဖြစ်နေတယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၉၄၇ ခုနှစ်၊ ဧပြီလ(၉)ရက်၊ ဗုဒ္ဓဟူးနေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကြီး ကျင်းပခဲ့ရာ၌ ဗိုလ်ချုပ်အောင်ဆန်းကို အကြွင်းမဲ့ယုံကြည်သော ပြည်သူတို့က ဖဆပလအဖွဲ့ကြီးကို အပြတ်အသတ် မဲပေး ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ယင်းရွေးကောက်ပွဲ သို့ ဒေါက်တာဘမော်၏ မဟာဗမာအဖွဲ့၊ ဂဠုန်ဦးစော ၏မျိုးချစ်ပါတီနှင့် သခင်စိုး၏ အလံနီကွန်မြူနစ်ပါတီတို့သည် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ပေ။ သခင် သန်းထွန်း၏ ဗမာပြည်ကွန်မြူနစ်ပါတီ (အလံဖြူ)က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပျဉ်းမနားနယ်တွင် အနိုင်ရရှိခဲ့ပြီး ကွန်မြူနစ် (အလံဖြူ) ၇ဦး လွှတ်တော် အမတ်ဖြစ်ခဲ့သည်။

တိုင်းပြုပြည်ပြုလွှတ်တော်တက် ရောက်ရန် စုစုပေါင်းအမတ် ၂၅၅ နေရာတွင် ဗိုလ်ချုပ်အောင် ဆန်းခေါင်းဆောင် သော ဖဆပလအဖွဲ့ချုပ်က အမတ် ၂၄၈နေရာ အနိုင်ရရှိခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁၀ရက်၊ အင်္ဂါနေ့တွင် ရန်ကုန်မြို့အတွင်း ၀န်ရုံးကြီး၌ ဗိုလ်ချုပ်အောင်ဆန်း၏ ဖဆပလအဖွဲ့ကြီးသည် ဦးဆောင်ဦး ရွက်ပြုလျက် မြန်မာ ပြည်၏ ပထမဦးဆုံးသော တိုင်းပြု ပြည်ပြုလွှတ်တော် ပထမ ညီလာခံကြီးကို ကျင်းပ၍ သမိုင်းမော်ကွန်းထိုး ခဲ့သည်။…

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ နံနက် ၁၀နာရီခွဲအချိန်ခန့်တွင် အတွင်းဝန်များရုံး (၀န်ကြီးများရုံး) အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအတွင်း၌ ဗိုလ်ချုပ်အောင်ဆန်း သဘာပတိအဖြစ် ဆောင်ရွက်သော ၀န်ကြီးများအဖွဲ့အစည်း အဝေးပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးတွင် အဓိကဆွေးနွေးရန် အချက်ဖြစ်သော လက်နက်ဂိုဒေါင်မှ ဘရင်းသေနတ်၂၀၀နှင့် ၃၀၃ကျည်ဆန်သိန်းချီ၍ ပျောက်ဆုံးမှုနှင့် အဆိုပါအမှုနှင့် တိုက်ရိုက် သက်ဆိုင်နေသည်ဟု အတိအကျသိထားသော ဂဠုန်ဦးစောနှင့်အပေါင်းအပါ အတိုက်အခံတို့ အားအရေး ယူရန် ကိစ္စကိုဆွေးနွေးရန် ပြင်ဆင်နေချိန်တွင် အစိမ်းရောင်ယူနီဖောင်းများ ၀တ်ဆင်ထားပြီး ပခုံးများတွင် အမှတ် ၁၂ တပ်မတော် တံဆိပ်တပ်ဆင်ထားကြသော ဂဠုန်ဦးစော၏တပည့် ၄ဦးတို့သည် တော်မီစက်သေနတ်များ ကိုင် ဆောင်၍ ၀န်ကြီးများအစည်းအဝေးဆောင်သို့ ၀င်ရောက်ပစ်ခတ်ခဲ့ကြသောကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင် မြ၊ ဦးဘချို (ဒီးဒုတ်)၊ ဦးဘ၀င်း၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ မန်းဘခိုင် ဟူသော ခေါင်းဆောင် ကြီး (၇)ဦးနှင့် အတွင်းဝန်ဦးအုန်းမောင်၊ သက်တော်စောင့် ကိုထွေးတို့ ကျဆုံးခဲ့ရသည်။ ဇူလိုင်လ ၁၉ ရက် စနေ့နေ့၊ ၁၉၄၇ ခုနှစ်၊ နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီး များလုပ်ကြံ ခံခဲ့ရသည်ဟု သမိုင်းမှတ်တမ်းတင်ခဲ့သည်။

ယင်းကဲ့သို့ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ယာယီအစိုးရအဖွဲ့ခေါင်းဆောင်များ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရ သော ဇူလိုင်လ ၁၉ရက်၊၁၉၄၇ ညနေပိုင်းတွင် ဗြိတိသျှအာဏာပိုင်များက ဖဆပလအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ သခင်နုကို ဘုရင်ခံ၏ အိမ်တော်သို့ဖိတ်ကြားကာ မြန်မာနိုင်ငံယာယီ အစိုးရအဖွဲ့ကို ဖွဲ့စည်းစေခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်၊ အင်္ဂါနေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော် ဒုတိယညီလာခံကို ရန်ကုန်မြို့အတွင်းဝန်ရုံး (၀န်ကြီးများရုံး)၌ ကျင်းပခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၂၉ ရက်၊အင်္ဂါ နေ့တွင် စတင်ကျင်းပခဲ့သော တိုင်းပြုပြည်ပြုလွှတ်တော် ဒုတိယညီလာခံ၏ ပထမနေ့တွင် ဗိုလ်ဖိုးကွန်းသည် ယာယီသဘာပတိ အဖြစ်တာဝန်ယူခဲ့သည်။ ယင်းပထမနေ့ ညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရခြင်းကို ကြေကွဲဝမ်းနည်းကြောင်း အဆိုမိန့်ခွန်း အဖြစ် ယာယီဝန်ကြီးချုပ်သခင်နု(ဦးနု)က တင်သွင်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းက ထောက်ခံချက်မိန့်ခွန်း အဖြစ်တင်သွင်းခဲ့သည်။ ထို့ဖြစ်အဖွဲ့အသင်း ကိုယ်စားလှယ်များအဖြစ် ဗိုလ်မှူးအောင်၊သခင်တင်၊ သခင်သန်း ဖေ (ကွန်မြူနစ်ပါတီ)၊ ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်၊ ဦးထွန်းမြင့်၊ ဦးဝမ်ကိုဟော၊ သမားဒူးဝါးဆင်ဝါး နောင်၊ စောစံ ဘိုးသင်၊ ဒေါ်စောရွှေတို့ကလည်း အသီးသီး ထောက်ခံပြောဆိုခဲ့ကြသည်။

အချိန်မရသဖြင့် မွန်ထွန်းရင်၊ ဦးစံထွန်း အောင်၊ မစ်္စတာရေးဗား၊ သခင်ချစ်မောင်၊ ဒေါ်ခင်လှ၊သခင်လှကြွေတို့  သည် ထောက်ခံပြောဆိုခွင့်မရခဲ့ပေ။ ၀န်ကြီးချုပ်သခင်နု (ဦးနု)၏အဆိုကို တိုင်းပြုပြည်ပြုလွှတ်တော် တစ်ခု လုံးရှိအမတ်များနှင့်တကွ လွှတ်တော်အရာရှိများ၊ ရုံးသားများပါမကျန် အားလုံးသဘော တူထောက်ခံ အတည် ပြုခဲ့ကြပြီး ပထမနေ့ အစည်းအဝေးကြီးကို အောင်မြင်စွာပြုလုပ် ခဲ့ကြောင်း သမိုင်းမှတ်တမ်းတင် ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကျဆုံး၍ ကြေကွဲဝမ်းနည်းကြောင်း အဆိုကို ၁၉၄၇ ခုနှစ်၊ ဇူလိုင် လ၂၉ ရက်၊ အင်္ဂါနေ့တွင် ပြုလုပ် ကျင်းပခဲ့သော တိုင်းပြုပြည်ပြုလွှတ်တော် ဒုတိယညီလာခံပထမ နေ့၌ယာယီ ၀န်ကြီးချုပ်၊ သခင်နု(ဦးနု)တင် သွင်းခဲ့သော အဆိုမိန့်ခွန်းနှင့် ယင်းအဆိုမိန့်ခွန်းကို ထောက်ခံဆွေးနွေးခဲ့သော ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း၏ ထောက်ခံချက် မိန့်ခွန်းများကို ၁၉၄၇ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ဝေနေသော သံတော်ဆင့်၊ အိုးဝေ၊ ဟံသာဝတီ၊ မြန်မာ့အလင်း၊ ဗမာ့ခေတ်၊ မြို့မမောင်(ရန်ကုန်)စသည့် ပုဂ္ဂလိကသတင်း စာများတွင် သမိုင်းဝင်ရေးသား မှတ်တမ်းတင်ဖော်ပြခဲ့ကြသည်။ ယင်းသို့ သမိုင်းဝင်ဖြစ်ရပ် မှတ်တမ်းတင်ခဲ့မှု များကို ကောက်နုတ်၍ ပြန် လည်ဖော်ထုတ် တင်ပြအပ်ပါသည်။

သခင်နု (မြိတ်ကျေးလက်) တိုင်းပြု ပြည်ပြုလွှတ်တော်အမတ်၏ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံး၍ ကြေကွဲ ၀မ်းနည်းကြောင်း အဆိုတင်သွင်းရာတွင် ရှေးဦးစွာတိုင်းပြုပြည်ပြုလွှတ်တော် အမတ်များ ဖြစ်ကြသော ခေါင်းဆောင်ကြီး ဦးအောင်ဆန်း၊ သခင်မြ၊ မန်းဘခိုင်၊ ဦးဘချို၊ မစတာအဗ္ဗဒူရာဇတ်၊ ဦးဘ၀င်း၊ မိုင်းပွန်စော်ဘွားကြီးတို့သည် လူသတ်သမားတို့၏ လုပ်ကြံမှုကြောင့် ကွယ်လွန်အနိစ္စရောက်ခဲ့သည့်အတွက် ဤလွှတ်တော် က ကြေကွဲဝမ်းနည်းကြောင်းကို မှတ်တမ်းတင်၍ ကျန်ရစ်သော မိသားစုများထံသို့ သဘာပတိက အကြောင်းကြားပေးပါရန်တင်ပြပြီး ခေါင်းဆောင်ကြီး ဦးအောင်ဆန်းအတွက် ကြေကွဲဝမ်းနည်းကြောင်း၊ အကျယ်တ၀င့် အဆိုတင်သွင်းခဲ့ကြောင်းယင်းအဆိုတွင် သခင်နု(မိမိ)နှင့် ကိုအောင်ဆန်းတို့သည် ၁၉၃၄-၃၅ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စတင်တွေ့ဆုံခဲ့ပြီး ၁၉၃၅-၃၆ခုနှစ် တက္ကသိုလ် သမဂ္ဂအသင်း ရွေးကောက်ပွဲ တွင် သခင်နု (မိမိ)သည် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ (ဦးသိန်း ဖေမြင့်) မစ္စတာရာရှစ်တို့သည် အမှုဆောင်များအဖြစ်လည်းကောင်း၊ ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရကြောင်း၊ တက္ကသိုလ်သမဂ္ဂအသင်းကြီးတွင် စည်းစည်းလုံးလုံးနှင့် ဆောင်ရွက်ခဲ့သောကြောင့်၊ သပိတ်မှောက်ကိစ္စ ပေါ် ပေါက်လာခဲ့ရကြောင်း သပိတ်ကိစ္စကြီး ပြီးဆုံးသွားသောအခါတွင် တို့ဗမာအစည်းအရုံး(သခင်) အသင်းကြီး ပေါ်ပေါက်ခဲ့ပြီး ယင်းတို့ဗမာအစည်းအရုံးကြီးသို့ သခင်နု (မိမိ)၊ သခင်သန်းထွန်း၊ ကိုအောင်ဆန်းတို့သည် တစ်နေ့တည်းတွင် ၀င်ရောက်၍ သခင်အဖြစ်သို့ခံယူခဲ့ကြောင်း၊

တို့ဗမာအစည်းအရုံးဝင် သခင်အောင်ဆန်းဘ၀တွင် နိုင်ငံရေးသမား၊ တကယ့် တော်လှန်ရေးသမားပီပီ ဆင်းရဲ ဒုက္ခများကို သည်းခံစိတ်၊ အပင်ပန်းခံစိတ်၊ ကိုယ်ကျိုး စွန့်စိတ်များဖြင့် သူမတူအောင်လုပ်ဆောင် ခဲ့သူဖြစ် ကြောင်း၊ သခင်အောင်ဆန်းသည် ဇလွန်မြို့တွင် တို့ဗမာအစည်းအရုံး သခင်တရားဟောကြားခဲ့ရာတွင်၊ ပုဒ်မ ၁၂၄(က) အရအပြစ်ရှိကြောင်း ဟင်္သာတရာဇ၀တ်ဝန်ကြီးက ဆုံးဖြတ်ပြီး ဖမ်းဆီးအမိန့်ထုတ် ခဲ့ကြောင်း၊ ထိုအချိန်တွင်သခင်အောင်ဆန်းသည် အရေးကြီးသောအချိန်၌ အဖမ်းခံကာ ထောင်ထဲ၌ သွားရောက်နေ ထိုင်ခဲ့ လျှင် အပြင်ဘက်က အလုပ်များလစ်ဟာကုန်မှာဖြစ်၍ မြေတွင်းအောင်း (Under ground) ပုန်းလျှိုး၍ တိုင်းပြည် ၏ရန်သူ ဗြိတိသျှ နယ်ချဲ့စနစ်ကို တိုက်ဖျက်ရမည် ဖြစ်သည်ဟုပြောဆိုခဲ့ကြောင်း၊ ထို့နောက် သခင်အောင်ဆန်း သည် ပြည်ပသို့လျှို့ဝှက်စွာ ထွက်ခွာသွား ခဲ့ကြောင်း၊ထိုအချိန်မှ စတင်၍သခင်နု(မိမိ)နှင့် သခင်အောင်ဆန်းတို့ ကွဲလွဲသွားကြောင်း သခင်နု(မိမိ)သည်၊ ဗြိတိသျှအစိုးရ၏ ဖမ်းဆီးခြင်းခံရပြီး ထောင်တွင်း၌ ၂နှစ်တာ အချိန် ကုန်ခဲ့ကြောင်း၊

ဂျပန်ခေတ်တွင် ဗိုလ်တေဇအမည်ခံပြီး ဗမာပြည်သို့ပြန်ဝင်လာခဲ့သည့် ဗမာ့တပ်မတော်ကြီးကို ခေါင်းဆောင် ခဲ့သည်။ အစိုးရ အဖွဲ့ဖွဲ့စည်းရာတွင် ဂျပန်တစ်ခေတ်လုံး၌ အစိုးရဘယ်လိုရှိရှိ၊ တိုင်းပြည်တကယ် ကြည်ညိုနေ သူမှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ကြောင်း၊ ဗမာအစိုးရဘယ်လိုအမိန့် ထုတ်ထုတ်၊ ဗိုလ်ချုပ်အောင် ဆန်းတစ်ခွန်း ပြောတာနှင့် မတူဘူး၊ ယင်းသို့ တန်ခိုးသြဇာ အာဏာကြီးမားနေသော်လည်း ဗိုလ်ချုပ်တွင် ရှပ်အင်္ကျီ ၂ထည်၊ ဘောင်းဘီ ၂ထည်ပဲရှိတယ်။ ယင်း ၂ထည်တွင်လည်း ၁ထည်က ခပ်စုတ်စုတ် ဖြစ်နေတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဘယ်လောက်အထိ လောဘစိတ်ကို နိုင်နိုင်နင်းနင်း ထိန်းချုပ်သွားနိုင်သူဆိုတာ ထင်ထင် ရှားရှား ဖြစ်နေကြောင်း၊

အခု ဒီခေတ်ရောက်လာတော့လည်း ဗိုလ်ချုပ်နှင့်လူထု၊ လူထုနှင့်ဗိုလ်ချုပ်ခွဲမရအောင် ဖြစ်လာတဲ့အခြေအနေကို ကျွန်တော်တို့ မျက်ဝါးထင်ထင်တွေ့ရတယ်။ ဗိုလ်ချုပ်ကို မြို့ကလူထုကလည်း ကြည်ညိုတာပဲ။ တောကလူကြီး လူငယ်တွေကလည်း ကြည်ညိုတာပဲ။ ဗမာနိုင်ငံမှာရှိတဲ့၊ တိုင်းရင်းသား သွေးချင်းများဖြစ်တဲ့ ချင်း၊ ကချင်၊ ကရင်၊ ရှမ်းအစရှိတဲ့ တိုင်းရင်းသားအားလုံးကလည်း ကြည်ညိုတာပဲ။ အဲဒီလို တစ်နိုင်ငံလုံးမှာရှိတဲ့ ကလေး၊ လူကြီးပါ မကျန် အကုန်လုံး အုံကြွပြီးတော့ အကြည်ညိုခံရတယ်ဆိုတာ ကျွန်တော်တို့ တစ်သက်မှာ တစ်ခါမှမတွေ့ဘူး။

ဗိုလ်ချုပ်နှင့်ပတ်သက်လို့ ကျွန်တော်ရေးတဲ့ ၅ နှစ်ရာသီဗမာပြည်စာအုပ်မှာ ဗိုလ်ချုပ်ဟာသံလိုက် နှင့်တူတယ်။ သူနှင့်တွေ့တဲ့အခါမှာဆိုလျှင် တွေ့တဲ့ လူဟာ မေတ္တာတွေ၊ စေတနာတွေ၊ ကရုဏာတွေ ပိုလာတယ်။ သူ့ကို မကြည်ညိုတဲ့လူ မရှိသလောက် ဖြစ်နေတယ်။ သူ့ကိုပုံအပ်ချင်တဲ့ စိတ်တွေ၊ ကြည်ညိုချင်တဲ့စိတ်တွေ တဖွား ဖွားပေါ်လာတယ်။ သူနှင့်တွေ့တဲ့အခါမှာ စေတနာတွေ၊ မေတ္တာတွေ၊ ကရုဏာတွေ ပုံအပ်ချင် တဲ့စိတ်တွေ၊ ယုံကြည်ချင်တဲ့စိတ်တွေ ပေါ်လာတာပဲလို့ ကျွန်တော်ရေးထားပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့အင်မတန် ၀မ်းနည်းစရာကောင်းတဲ့ အချက်တစ်ခုကတော့ ကျွန်တော်တို့ ခေါင်းဆောင် ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ သူလုပ်သွားတဲ့ အလုပ်ကြီးပြီးခါနီး၊ ပန်းတိုင်ရောက်ခါနီး ဖြစ်နေတာကို သူကိုယ်တိုင်မတွေ့ရဘဲ မသမာတဲ့ ရန်သူတွေရဲ့လက်ချက်နှင့် ကျဆုံးသွားတာ အင်မတန်အသည်း နာစရာ ကောင်းပါတယ်။ ကျွန်တော်တို့ ဗိုလ်ချုပ်ပေါ်မှာတကယ်သစ္စာရှိတယ်၊ တကယ် ကျေးဇူးဆပ်ချင်တယ်၊ တကယ် တိုင်းပြည်လူထုအတွက် လုပ်ချင်တယ်ဆိုလျှင် ကျွန်တော်တို့တစ်တွေ ဟာလွတ်လပ်တဲ့ သမ္မတနိုင်ငံ ထူထောင် ပြီးတဲ့နောက် နှစ်ပေါင်း ၁၀၀၊ ၂၀၀ စသည် ဖြင့် ကျွန်တော်တို့တစ်တွေ ညီညီညွတ် ညွတ်နှင့်ချီတက်သွားကြဖို့ ကျွန်တော်လေး လေးနက်နက် တောင်းပန်ပါတယ်”” ဟူ၍ အကျယ်တ၀င့် အဆိုတင်သွင်းခဲ့သည်။

ထို့နောက် သခင်နု(ဦးနု)၏ အဆိုတင်သွင်းမှုကို ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း (ပြည်မြို့မလွှတ်တော်အမတ်) ကထောက်ခံ ဆွေးနွေးရာတွင် –

သခင်နုတင်သွင်းသွားတဲ့ အဆိုကို ကျွန်တော်ထောက်ခံပြောဆိုရာတွင် အားလုံးလွှတ်တော်အမတ်များ ၀မ်းနည်းနေသော အချိန်အခါနှင့် ကျွန်တော်ကိုယ်တိုင် စိတ်အင်မတန်ထိခိုက်နေတဲ့အတွက် အနည်း ငယ်ပဲ အစီရင်ခံလိုပါတယ်ဟူ၍ နိဒါန်းချီလျက်-

ဗိုလ်ချုပ်အောင်ဆန်းကို တက္ကသိုလ်ကျောင်းမှာ ကျောင်းနေဖက်အဖြစ်နှင့် ဟိုအချိန်အခါက နိုင်ငံရေးဝါသနာ ပါတဲ့ လူအချင်းချင်း၊ နိုင်ငံရေးလုပ်ကြတဲ့ လူအချင်းချင်း၊ စာဖတ်ကြတဲ့ လူအချင်းချင်း ကျွန်တော်သိရှိခဲ့ပါတယ်။ မိတ်ဆွေအဖြစ်နှင့် သိရှိခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဟာ ကျောင်းသားခေါင်းဆောင် ဘ၀ကနေပြီး သခင် ခေါင်းဆောင် တစ်ဦးအဖြစ်နှင့် ဆောင်ရွက်သော အချိန်အခါတွင်လည်း ကျွန်တော်သူ့ကို လေးစားခဲ့ပါတယ်။ အဲဒီနောက် အသက်ကိုစွန့်ပြီးတော့ အင်္ဂလိပ်နှင့်ဂျပန် စစ်ဖြစ်တဲ့အခါမှာလည်း လွတ်လပ်ရေးဟာ ထောင်ကျ ရုံနှင့်၊ အင်္ဂလိပ်ကိုဆဲရုံနှင့် မရဘူး၊ တိုက်မှ ရမယ်ဆိုပြီး သန်္နိဋ္ဌာန်ချခဲ့သူဖြစ်ပါတယ်။

အဲဒီအချိန်က ကျွန်တော်တို့ ဗမာလူမျိုးတွေမှာ လက်နက်ဆိုလို့ ဓားမတိုတစ်ချောင်း ထက်ပိုမရှိပါဘူး။ လေယာဉ် တပ်၊ သေနတ်တွေရှိတဲ့ အင်္ဂလိပ်အစိုးရကို လက်နက်ဘာမျှမရှိဘဲနှင့် တိုက်ခိုက်တော်လှန်ရဲတဲ့စိတ်၊ အားပေး တဲ့စိတ်၊ သတိ္တမရှိတဲ့လူတွေကို သတ်္တိရှိအောင်၊ မသေရဲတဲ့လူတွေကို သေရဲအောင် ကိုယ်တိုင်ဦးစီးဆောင်ရွက် ခဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါတယ်။

ယခုအခါမှာ တစ်ကမ္ဘာလုံးက ဗမာပြည်ရဲ့ ၂ယောက်မရှိဘဲ တစ်ဦးတည်းသော ခေါင်းဆောင်ဟူ၍ ဖြစ်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ ကျွန်တော်မှတ်မှတ်သားသားရှိနေမိတဲ့ အဖြစ်အပျက် အကြောင်းအရာ တစ်ခုကတော့-

ကျွန်တော်တို့ ဗမာတစ်ပြည်လုံးက ဂျပန်စစ်တပ်တွေကို တိုက်ခိုက်ပြီး တော်လှန်ရေးဆင်နွှဲရန် နောက်ဆုံး အစည်းအဝေးမှာ ဗိုလ်ချုပ်အောင်ဆန်းက ကာနယ်စောကြာဒိုး၊ ဗိုလ်ဇေယျစသည့်ပုဂ်္ဂိုလ်များကို နက်ဖြန်ဂျပန် တော်လှန်ရေး စမယ်၊ အခုနောက်ဆုံး နှုတ်ဆက်တာပဲ၊ ဒီတစ်ခါတော့ သေလျှင်လည်းသေ၊ မသေလျှင် ဗမာ ပြည်ကြီး လွတ်လပ်ဖို့ သေချာအောင်လုပ်ရမယ်ဆိုပြီး၊ မျက်နှာပြုံးပြုံးနှင့် ပြော သွားတယ်။ ဒီအချိန်အခါတုန်းက မသေရဘဲ ယခုလိုအချိန်အခါ မှ ဗြုန်းခနဲသေရတာ အင်မတန်စိတ်နာစရာ ကောင်းတယ်။ အင်အားကြီးတဲ့ တစ် ဖက်ရန်သူတွေကို အမျိုးမျိုးမလျှော့တဲ့ လုံ့လ၊ အတိုင်းမသိတဲ့ စိတ်ဓာတ်မျိုးမျိုးနှင့် တိုက်ပြီးတော့၊ ဒီအမြောက် တွေကြား၊ ဗုံးဆန်တွေကြား၊ သေနတ်တွေကြားထဲမှာ မသေဘဲနှင့် ကိုယ့်နေရာဟောင်းဖြစ်ခဲ့တဲ့ ကိုယ့်ခံတပ် ဟောင်းကို ကိုယ်ပြန်သိမ်းပြီး အောင်ပွဲခံခါနီးအောင်လံလွှင့်ထူဖို့ ပြင်ဆင်နေတဲ့အချိန်အခါမှာ ကိုယ့်လူမျိုးထဲက မမျှော်လင့်တဲ့နေရာက ယုတ်မာတဲ့ သစ္စာဖောက် ၃-၄ ယောက်ကနေပြီး လုပ်ကြံသတ်ဖြတ်တဲ့အတွက် ဌာနချုပ် တစ်ခုလုံးပျက်သွားရတာ အင်မတန် စိတ်နာစရာကောင်းတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်ပြီးတော့ ကျွန်တော်မှတ်မိသလောက်၊ ကျွန်တော်ပြောနိုင်သလောက်၊ ကျွန်တော် စိတ်နိုင်သလောက် အစီရင်ခံပြီးပါပြီ ဟူ၍ ထောက်ခံဆွေးနွေးခဲ့သည်။

ကျမ်းကိုး

၁။ တပ်မတော်သမိုင်း (၁၉၄၅-၁၉၄၈ ခုနှစ်) တတိယတွဲ

၂။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ်္တိ (သခင်ကိုယ်တော်မှိုင်းတည်းဖြတ်)

၃။ သံတော်ဆင့်၊ ဟံသာဝတီ၊ မြန်မာ့အလင်း သတင်းစာ ကောက်နုတ်ချက်များ (၁၉၄၇ ခုနှစ်၊ ဇူလိုင်လထုတ်)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


စစ်အစိုးရကျဆုံးရေးနှင့် လွှတ်တော်အတွင်းမှ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်သွား ပေးရေးအတွက် လှုံ့ဆော်ဟောပြောမှုဖြင့် ဖမ်းဆီးခံထားရသော မန္တလေးနှင့် ရန်ကုန်မြို့မှ ဖမ်းဆီးခံ ကျောင်းသားများက ဇူလိုင်လ ၁၅ ရက် ရုံးထုတ်ချိန်များတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အား ၀န်းရံကြရန်နှင့် မဲပေးကြရန်အတွက် ပြောဆိုခဲ့ကြကြောင်း ရုံးချိန်းသို့ သွားရောက်ခဲ့သူများက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

မန္တလေး၊ ရတနာပုံ တက္ကသိုလ် အုတ်နံရံပေါ်တွင် စစ်အစိုးရ ကျဆုံးပါစေဟု မှုတ်ဆေးဖြင့် ရေးသားခဲ့မှုကြောင့် ဖမ်းဆီးခံထားရသူ ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဗကသ (အထက်မြန်မာပြည်) ဥက္ကဋ္ဌ ကိုနိုင်ရဲဝေနှင့် ၄ ဦးအား မန္တလေးမြို့ အမရပူရမြို့နယ် တရားရုံတွင် ဇူလိုင်လ ၁၅ ရက်က ရုံးထုတ် ခဲ့ရာတွင် ကျောင်းသားများက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

““ကျွန်တော်တို့ ကျောင်းသားတွေ အားလုံးက NLD ကို ၀န်းရံသွားပါ့မယ်။ NLD အနိုင်ရရေးအတွက်ကို ပြည်သူတွေ အားလုံးဝန်းရံ ပေးပါလို့ပြော တယ်။ ကလေးတွေကို ထမင်းကျွေးချင်လို့ အကူအညီ တောင်းပေမယ့် အချုပ်ကားထဲက နေတရားရုံးထဲ တိုက်ရိုက် ၀င်သွားတယ်။ ရုံးချိန်းပြီးတော့လည်း အချုပ်ကားပေါ် ချက်ချင်း တင်သွားတဲ့အတွက် လူ့အခွင့်အရေး ဆုံးရှုံးနေတယ်””ဟု အဆိုပါရုံးချိန်းသို့ သွားရောက်ခဲ့သူ မန္တလေးမြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်အမာနီက ပြောသည်။

အလားတူ ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် တပ်မတော်သား ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်း နုတ်ထွက်ပေးရန် အတွက် ဟောပြောမှုဖြင့် ဖမ်းဆီးခံထားရသော ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့အား ဇူလိုင်လ ၁၅ ရက်က ရုံးထုတ်ခဲ့ရာ ၊ ရုံးထုတ်ပြီး အချုပ်ကားပေါ် ပြန်လည်တက်ရောက်စဉ် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ဝင် ကိုပိုင်ရဲသူက ““ကိုယ်လိုချင်တဲ့ ခေါင်းဆောင်ကို ဘယ်လို ပံ့ပိုးပေးရမလဲဆိုတာ အရေးကြီးတယ်။ အဲဒါကို အာရုံစိုက်ပေးကြပါ””ဟု အော်ဟစ်ပြောဆိုခဲ့သည်။

ပန်းဘဲတန်းမြို့နယ်တွင် ပထမအကြိမ် ပြုလုပ်ခဲ့သည့် အဆိုပါရုံးချိန်း၌ တစ်စုံတစ်ရာ စစ်ဆေးခဲ့ခြင်း မရှိဘဲ ပြန်လည် ရုံးချိန်းပေးခဲ့ရာ ““အမှုမှာပါဝင်တဲ့ ကိုနန်းလင်းက မရောက်သေးတဲ့အတွက် တရားခံပြေး ကြေညာဖို့ လုပ်နေတယ်။ ကိုနန်းလင်းက ပြေးတာဟုတ်၊ မဟုတ်ကို ရဲတွေ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို စစ်ဆေးပြီးမှ ကြေညာမှာ။ အဲဒါတွေပြီးမှ ဒီအမှုက စစ်လို့ရမှာလေ။ အာမခံကိစ္စကတော့ ကိုဇေယျာလွင်က စဉ်းစားဦးမယ် ပြောတယ်။ လုံခြုံရေးအင်အားတွေ အများကြီး ချထားတာကတော့ သူတို့ ဘာတွေစိုးရိမ်နေလဲ မသိဘူး””ဟု အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက မီဒီယာများသို့ ပြောကြားသည်။

မန္တလေးနှင့် ရန်ကုန်မြို့ရှိ ကျောင်းသားများ၏ ဒုတိယအကြိမ် ရုံးချိန်းကို ဇူလိုင်လ ၂၄ ရက်သို့ ပြန်လည် ချိန်းဆိုထားသည်။

သူရိန်ကျော်၊ သူဇာအောင်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ယနေ့နံနက် ၁၀ နာရီက ၆၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဖခင်ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ကျဆုံးသွားကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်ဇူးပြီး သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်းတို့အား ဆက်ကပ်လျူဒါန်းခဲ့သည်။

National League for Democracy

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်လ ၁၉ ရက်နေ့ ယနေ့နံနက် ၇ နာရီ ၁၅ နာရီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ ကြီးမှူးကျင်းပသော ၆၈ နှစ် မြေက် အာဇာနည်နေ့ အခမ်းအနား သို့ တက်ရောက်ခဲ့ပြီး လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ဂါရ၀ပြု ကန်တော့ခဲ့သည်။
၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး လွမ်းသူ့ပန်းခွေချ ဂါရ၀ ပြုခဲ့ပါတယ်။
.
Credit : DVB/National League for Democracy

ကချင်ပြည်နယ်မြောက်ပိုင်း မလိယန်ဒေသက အစိုးရတပ်နဲ့ ကချင် KIA တပ်တွေကြား တိုက်ပွဲကြောင့် ကချင်ဒုက္ခသည် တထောင်လောက် တောတောင်တွေထဲပိတ်မိနေပြီးကယ်ဆယ်ရေးအဖွဲ့တွေလည်း သွားရောက်ကူညီနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေပါတယ်။ အခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ အစိုးရထိုးစစ်ကြောင့် မလိယန်တဝိုက် ရွာသုံးရွာက ကချင်ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့နား လှုပ်ရှားနေတဲ့ KIA တပ်မဟာ (၇) ကိုမလိယန်အခြေစိုက် မြန်မာအစိုးရတပ်တွေက ထိုးစစ် ဆင်လာတာကြောင့် မလိယန်၊ လောတ်မိုင်ယန်အပါအဝင် ရွာသုံးရွာက ကချင်ဒေသခံ တထောင်လောက်ဟာ တောတောင်တွေထဲ ထွက်ပြေး ပုန်းအောင်းနေရတယ်လို့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဗဟိုကော်မတီဝင် ဦးဒွဲဘီဇာက VOA ကို ပြောပါတယ်။

“အခုဒီတိုက်ပွဲဖြစ်တဲ့ မလိယန်ဆိုတာက ဗမာတပ်တွေရဲ့ တပ်စခန်းရှိတာပေါ့ ။ အဲဒီက ရွာသားတွေက အားလုံး (ဧရာဝတီ) အရှေ့ကမ်း ဘက်ကို ထွက်ပြေးတယ်လို့ ပြောကြတယ်။ ဒီရဲ့ဟိုဘက် လေး-ငါး မိုင်လောက်ဝေးတဲ့ တရွာရှိတယ်။ အဲဒီရွာတွေကလည်း ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်း ကူးရင်ကူးနိုင်ပါတယ်။ မကူးရင်လည်း သူတို့တောမှာ ပုန်းနေမလားတော့ မသိဘူး။ တိုက်ပွဲဖြစ်တဲ့ ဒီ မလိယန်ရွာရယ်၊ လောတ်မိုင်ယန်ရွာရယ် ဟို ဧရာဝတီမြစ်ကမ်းပေါ်မှာရှိတဲ့ရွာရယ် သုံးရွာလောက် ထွက်ပြေးရမှာပဲ။ တထောင် ပတ်ဝန်းကျင်တော့ ရှိနိုင်တယ်။ အိမ်ခြေ ၅ဝ ပတ်ဝန်းကျင်လောက်ရှိမယ်ထင်တယ်။”

ကချင်ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ပေးပို့နိုင်ရေးလမ်းကြောင်းကို အစိုးတပ်တွေက သွားခွင့်ပေးမှာမဟုတ်တဲ့အတွက် ဒုက္ခသည်တွေ တောထဲမှာပဲပိတ်မိနေဆဲဖြစ်တယ်လို့ ဦးဒွဲဘီဇာက ဆိုပါတယ်။

“အဝေးက အကူအညီလာပေးဖို့တော့ မလွယ်ဘူး။ ပိတ်မိနေတဲ့သဘောရှိတယ်။ ဧရာဝတီမြစ်ကနေ စက်လှေနဲ့သွားလို့ရပါတယ်။ ဒါပေမယ့် အစိုးရတပ်က အဲလို ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဧရာဝတီမြစ်က မိုးတွင်းဆိုတော့ ရေကြီးနေတော့ အခက်အခဲတော့ တော်တော်ရှိမယ် ထင်တယ်။ ကူညီဖို့ဆိုတာကတော့ စားနပ်ရိက္ခာ အဓိကဖြစ်မှာပဲ။ ဒုက္ခသည် လျော့နည်းဖို့က တိုက်ပွဲမဖြစ်ဖို့ပဲ။”

ဂျူလိုင်လ (၁၅) ရက်နေ့က စခဲ့တဲ့ မြန်မာအစိုးရတပ်တွေရဲ့ မလိယန်ဒေသထိုးစစ်ဟာ မနေ့ကအထိ ဆက်ဖြစ်နေဆဲပဲလို့ KIO ဗဟိုကော်မတီ ဝင် ဦးဒွဲဘီဇာက ပြောပါတယ်။

“တိုက်ပွဲတွေက အခုက အကြီးအကျယ်ပြန်ဖြစ်လာတော့ ၁၅ ရက်၊ ၉ နာရီကနေပြန်စတယ်- ဆိုတော့ကာ စစ်ကြောင်းထိုးလာတယ်၊ ထိုးလာတော့ KIA နဲ့ ခုခံစစ် တိုက်ပွဲတခုဖြစ်တယ်ထင်တယ်။ အဲဒီမှာ သူတို့ ပြန်ဆုတ်သွားတယ်။ ၁၅ ရက်ကနေ ဖြစ်တာ။ အခုလည်းပဲ ဒီမနက်လည်းပဲ…တိုက်ပွဲ သုံးနေရာဖြစ်တယ်လို့ သတင်းရပါတယ်။”

ကချင်ပဋိပက္ခအဖြေရှာရေး လွတ်လပ်တဲ့စုံစမ်းရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ကချင်ဒေသက လက်ရှိတိုက်ပွဲတွေကြောင့်မလိယန် လောတ်မိုင်ယန်၊ ဂျာရာယန် ၊ အင်ထန်းဇွပ်နဲ့ ဖုန်အိန်ယန်ကျေးရွာတွေက ကျောင်းသူကျောင်းသားတွေ ဆရာဆရာမတွေအပါအဝင် ရွာသားစုစုပေါင်း တထောင်လောက် စစ်ပြေးဒုက္ခသည်ဖြစ်နေရတယ်လို့ ဆိုပါတယ်။

ကိုဉာဏ်ဝင်းအောင် /VOA
http://burmese.voanews.com/content/kachin-refugees-did-not-access-any-humanian-aids-/2869260.html

တစ်ချို့ကပြောတယ်....

တစ်ပူးရဲ့ CEO ကို လုပ်ကြံတာ..
အာဏာပိုင်တွေဘက်ကဆိုတာမှန်ရင်..
သေနတ်နဲ့လုပ်ရမယ်..လေးဂွနဲ့ ကုန်းကိုပဲ
သုံးတဲ့အတွက် သာမန်အဆင့်ပဲဖြစ်မယ်..
ဆိုပြီးတော့...အကြောင်းပြကာကွယ်ကြတဲ့၊
နလပိန်းတုံးတွေရှိနေတယ်..

အဲဒီအချက်ကိုပြန်သုံးသပ်ချင်တယ်....

တစ်ပူးနဲ့တော့ဘာမှမပတ်သက်ပါဘူး..

ဒါပေမဲ့ ဒီအမှုဟာ..ထူးခြားတာတွေအရမ်းတွေ့ပြီး
စိတ်ဝင်စားစရာကောင်းလွန်းလို့...
မနေနိုင်မထိုင်နိုင်...သုံးသပ်လိုက်ပါတယ်..

------------------------------
(၁)

အာဏာရှင်အနွယ်တွေသာ..
လုပ်ကြံချင်ရင်..

သေနတ်မသုံးနိုင်ဘူးမဟုတ်ဘူး
သူတို့သုံးနိုင်တယ်၊

ဒါပေမဲ့ သေနတ်သုံးရင်
ပြည်သူ့အမြင်ကပိုဆိုးသွားမယ်..

သူတို့တွေငါးလောင်းပြိုင်ကို သင်ခန်းစာရသွားပြီလေ၊
သာမန် ကိုပါကြီးဖြစ်သလိုမျိုး တောထဲတောင်ထဲမှာ
လက်လွန်ခြေလွန်ပုံစံနဲ့ လက်စတုံးလိုက်တာမျိုး..
မျက်နှာမွဲရှာတဲ့သာမန်တောသူ ဒေါ်ခင်ဝင်းလိုမျိုး...
သေနတ်နဲ့ပစ်သတ်လို့မရဘူး..၊

ဒေါက်တာသန်းထွတ်အောင်က
မီဒီယာထဲမှာပေါက်ရောက်တဲ့ပုဂ္ဂိုလ်၊
ပြီးရင် နိုင်ငံတကာမီဒီယာအချို့ကအစ..
သူ့မီဒီယာတွေနဲ့နီးစပ်တာတွေရှိတယ်..၊
ပြီးတော့ စီးပွားရေးသမားလဲဖြစ်တယ်၊

ပြီးရင် သေနတ်သုံးမယ်ဆိုရင်
မီးခိုးကြွက်လျှောက်လိုက်လို့ရတယ်၊
အာဏာပိုင်တွေနဲ့ဆက်စပ်မှန်းသိမယ်..

ပြည်သူတွေလုံခြုံမှုမရှိဘူးဆိုတဲ့
အချက်နဲ့..နိုင်ငံရေးသိက္ခာကျမယ်၊
နိုင်ငံတကာဖိအားခံရမယ်..
ရွေးကောက်ပွဲကလဲနီးနေပြီဆိုတော့..
သေနတ်သုံးလို့ကမဖြစ်ဘူး..၊

အဓိကက ပြည်သူတွေက..
အစိုးရကို အရမ်းအထင်သေးသွားမယ်..
အဲဒါကြောင့် သေနတ်သုံးမှာမဟုတ်ဘူး..၊

နောက်တစ်ခုက သူ့ကိုလုပ်ကြံတဲ့နေရာဟာ..
မြို့လယ်ခေါင်မှာဖြစ်တယ်..၊
သူ့အသွားအလာကို စောင့်ကြည့်ရင်းနဲ့..
ဓားနဲ့ကပ်ထိုးမယ်ဆိုရင်လဲ မဖြစ်နိုင်ဘူး..

ဒေါက်တာသန်းထွတ်အောင်ပုံစံက ရုံးပေါ်ကဆင်း
ကားပေါ်တက်၊ ကားစီးပြီး အိမ်ကိုသွား...
အဲဒီလိုဖြစ်နေတော့ ဓားနဲ့ထိုးဖို့အခွင့်ရေးနည်းတယ်..၊

----------------------------

(၂)

အဲဒါကြောင့် လေးဂွမှာ ကုန်း( Cone ) လို့ခေါ်တဲ့
စက်ဘီးဘီးမှာတပ်တဲ့ သံတုံးငယ်လေးကိုတပ်ပြီး..
ခေါင်းကိုတေ့ ပစ်တဲ့ နည်းကို အသုံးပြုတာဖြစ်တယ်၊

လုပ်တာက အသေလုပ်တာဖြစ်နိုင်တယ်..
ဘာဖြစ်လို့လဲဆိုတော့ အဲဒီတုန်းက လုပ်ကြံတဲ့သူက
( ၅) ယောက်တောင်ရှိတယ်လို့သိရလို့ပဲ..
ပြီးတော့ (၆) ချက်ပစ်သွားတယ်..၊

ပြီးတော့ လောက်စာလုံးကိုမသုံးပဲ
ကုန်း( Cone )ကို သုံးတယ်ဆိုကတည်းက..
ရည်ရွယ်ချက်က အဲဒီဘက်ကိုဦးတည်နေတယ်..။

လေးဂွသမားတွေရဲ့ဦးနှောက်နည်းလို့သာ
ဒေါက်တာသန်းထွတ်အောင် မသေတာ၊
ဒဏ်ရာမရတာဖြစ်တယ်..၊

လေးဂွသမားတွေဟာ..
လူလူချင်းတေ့ပစ်တဲ့ အတွေ့အကြုံရှိကောင်း
ရှိနိုင်ပေမဲ့..ကားမှန်နောက်ကလူကိုပစ်တဲ့
အတွေ့အကြုံ မရှိဖို့များတယ်..၊
ဘာလို့လဲဆိုတော့ သာမန်လူမိုက်တွေဖြစ်လို့ပဲ..၊
ကားနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပုံမရဘူး..၊

သူတို့ဟာ ကားမှန်ကိုကုန်း နဲ့ပစ်လိုက်ရင်..
အလွှာလိုက်ကွဲကြေပြီးကွာကျသွားမယ်လို့ ထင်နေတယ်.၊
သာမန် မော်ဒယ်မြင့် ဆလွန်း ကားတောင်မှ..
ခဲတွေဘာတွေမှန်ရင် မှန်ကချက်ချင်းကြွေမကျတာတွေ၊
ကားမှောက်ရင် မှန်တွေကြွေမကျတာတွေရှိနေတာကို
သူတို့ထည့်မတွက်ထားပေမဲ့ အများဆုံး နှစ်ချက်လောက်ပဲ
ပစ်ရလိမ့်မယ်လို့ သူတို့ယူဆနေတယ်၊

ကားချင်းကဘေးချင်းယှဉ်နေပြီးအရမ်းကပ်နေတဲ့အတွက်
နှစ်ချက်ပစ်လို့မှန်ကွဲသွားရင် လက်ယဉ်နေတဲ့
လေးဂွသမားတစ်ယောက်အဖို့ ၂ ပေအကွာကကခေါင်းကို
ပစ်ဖို့ဆိုတာ ဘာမှမခက်တော့ဘူး..၊
ကံကောင်းလို့..၊

ဒါပေမဲ့ဒေါက်တာသန်းထွတ်အောင်စီးတဲ့ကားက..
သာမန် ဆလွန်း ကားမဟုတ်ပဲ Lexus ကားဖြစ်နေတယ်..
အဲဒီတော့..တစ်ကယ်ပစ်လိုက်တဲ့အချိန်..
Lexus ကားမှန်အမျိုးအစားက..
တော်ရုံနဲ့မပေါက်ဘူး၊ ခြောက်ချက်ပစ်တာ..
အပေါက်တစ်ပေါက်ပဲဖြစ်သွားတယ်..

မှန်က...ကား Accident တွေဖြစ်ရင်ယာဉ်မောင်းကို
မှန်စတွေမထိခိုက်အောင် လုပ်ထားတဲ့မှန်အမျိုးစား
တစ်ခု ဖြစ်နေတယ်..၊

ဒီ Knowledge မျိုးက သာမန် လူမိုက်တွေမှာ
ဘယ်လိုမှမရှိနိုင်ဘူးလေ..၊
သူတို့ကို ကြိုးကိုင်ပြီး ခိုင်းတဲ့သူကိုယ်တိုင်
တောင်မှ အဲဒီလောက် မသိလောက်ဘူး..

အဲဒီတော့...မှန်ကို သံတုံးငယ်နဲ့
ပစ်ရင် ကွဲမယ်လို့ထင်တယ်..
ကွဲအောင်ပစ်ဖို့ရည်ရွယ်လို့လဲ လောက်စလုံးအစား
Cone ဆိုတဲ့.သံလုံးငယ်ကိုယူလာကြတာ..၊

ကားမှန်က နှစ်လွှာထပ် နည်းပညာနဲ့လုပ်ထားတဲ့
Laminated acoustic glass ဆိုတဲ့
အကောင်းစားကားမှန်ဖြစ်နေလို့သာ
ဒေါက်တာသန်းထွတ်အောင် ကံကောင်းသွားတာ..၊

အခုခေတ်မှာ ဖွတ်ဘဘတွေစီးနေတဲ့
Lexus Lx-570 အချို့ဆိုရင်
RIDA ကျည်ကာစနစ်တွေတောင်ပါနေပြီလားတောင်မသိပါ..၊
ကြောက်ကြတာကိုး...၊

------------------------------

(၃)

တကယ်ဆို ကုန်း (Cone ) သီးဆိုတာ သေနိုင်တယ်၊
ခေါင်းတည့်တည့်ကို တစ်ချက်ထဲ ၁၀ ပေလောက်က
ပစ်ရင်ကို ဆေးမမှီနိုင်ဘူး..၊
အသံတိတ်လူသတ်လက်နက်တစ်ခုဖြစ်တယ်..၊

အချုပ်ပြောရရင်တော့..
ဒေါက်တာသန်းထွတ်အောင်ကို..
သတ်တာတော့ သေအောင်သတ်တာဖြစ်ပါတယ်၊
မှန်သာကွဲရင်တော့ တကယ်ထိခိုက်ပြီး
ဒဏ်ရာပြင်းထန်ရင်..သေသွားနိုင်တယ်၊

အမှန်တကယ်ကို လုပ်ကြံတာလဲဖြစ်တယ်..၊

ရဲတပ်ဖွဲ့ဝင်များအနေနဲ့ ကျွန်တော်ပြောတဲ့အချက်တွေကို
မှီငြိမ်းကိုးကားလို့ရပါတယ်..၊

သတိထားရမှာကတော့..

ပါဝင်ပတ်သက်နေတဲ့ နောက်ကွယ်ကလက်မဲကြီးတွေလဲ
ရှိကောင်းရှိနိုင်ပါတယ်..၊

ဘာဖြစ်လို့လဲဆိုတော့ အခုထက်ထိ ဆက်စပ်တရားခံတွေကို
မမိသေးတဲ့အပြင်.. ..
ဖမ်းထားတဲ့တရားခံ ၂ ယောက်သတင်းတောင်
၃ ရက်ကြာတဲ့အထိ ဘာမှမထူးသေးလို့ပါပဲ..၊

( Pa Yit )

မှီငြမ်း - Laminated auto glass ,
RDIA armored Vehicles for LX 570.

သူတို့ကို ထောက်ခံတဲ့သူတွေ၊ သူတို့ဘက်ပါတဲ့သူတွေက ပုဒ်မလည်းမရှိဘူး။ ဥပဒေလည်းမရှိဘူး။ လုပ်ချင်ရာလုပ်လို့ ရတယ်။ တကယ် ဒီမိုကရေစီ ကျင့်စဉ်တွေနဲ့ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်ဆိုရင် ဒါဟာ တရားမျှတမှုမရှိပါဘူး …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဇူလိုင် ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ မှော်ဝန်းချောင်းကို ဖြတ်သန်းတည်ဆောက်သည့် မှော်ဝန်း တံတားဖွင့်ပွဲကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းက သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် လာရောက် ဖွင့်လှစ်ခဲ့ရာ ယင်းဖွင့်ပွဲ၌ အခြေခံပညာကျောင်းများမှ ကျောင်းဆရာမ များ၊ ကျောင်းသားများနှင့် ဘုန်းကြီးရဟန်းများကပါ သမ္မတဦးသိန်းစိန်အား နောက်တစ်ကြိမ် သက်တမ်းအတွက် တာဝန်ထမ်းဆောင်ရန် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြိုဆိုမှုများ ပြုလုပ်ခဲ့ကြရာ ယင်းလုပ်ရပ်မှာ ပြည်သူများကို အသုံးချသည့် လုပ်ရပ်ဖြစ်ပြီး ဥပဒေကိုပါ ချိုးဖောက်သည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများရှိနေသည်။

သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ဆုံးခါနီး အချိန်တွင် ကျောင်းသားများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူများ၏ ဆန္ဒထုတ်ဖော်မှုများကို ငြိမ်းစုစီပုဒ်မ ၁၈ အပါအ၀င် အခြားပုဒ်မများဖြင့် ဖမ်းဆီးအကျဉ်းချမှုများ ပြုလုပ်နေချိန် တွင် မှော်ဝန်းတံတားဖွင့်ပွဲ၌ သမ္မတ ဦးသိန်းစိန်ကို နောက်သက်တမ်းတစ်ခု ဆက်လက်တာဝန်ထမ်းဆောင် ပေးပါရန် တောင်းဆိုမှု များကို နိုင်ငံပိုင်အစိုးရ အာဘော် သတင်းစာများတွင် အကျယ်တ၀င့် ဖော်ပြခဲ့သော်လည်း ယင်းလုပ်ရပ်များနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်း ရှိ၊ မရှိကိုမူ အာဏာပိုင်များက ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုခြင်း မရှိသည့်အတွက် ဝေဖန် မှုများရှိလာရာ ယင်းဝေဖန်မှုများကို စုစည်း၍ မြန်မာ သံတော်ဆင့်က ဖော်ပြလိုက် ပါသည်။

သူဇာအောင်၊ ယဉ်မေဦး


ကိုဂျင်မီ (၈၈မျိုးဆက်၊ ငြိမ်း/ပွင့်)

နိုင်ငံပိုင် သတင်းစာဆိုတာ ပြန်ကြားရေးဝန်ကြီး အပိုင်လေ။ ပြန်ကြားရေးဝန်ကြီးဆိုတာ သမ္မတရဲ့ လက်အောက်မှာ အလုပ်လုပ်ရတဲ့ ၀န်ကြီးကိုး။ အဲဒီတော့သမ္မတကို ထောက်ခံတဲ့ကိစ္စကို အစိုးရ သတင်းစာမှာ ဖော်ပြတာ သိပ်မဆန်းဘူး။ ဒါက ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ။ တကယ်လို့များ သတင်းကျင့်ဝတ်အရ အဲဒါရဲ့ ဆန့်ကျင်ဘက် ဆိုင်းဘုတ်တွေကို တင်လာမယ်ဆိုရင် အဲဒီသတင်းစာတွေက သတင်းကျင့်ဝတ်အရ ညီတူညီမျှ ဖြစ်အောင် ဖော်ပြပေးမလား ဆိုတဲ့ မေးခွန်းကို ထုတ်စရာရှိတယ်။


ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ)

ကျောင်းဆရာ၊ ဆရာမတွေလည်း သမ္မတကြီး ဒုတိယသက်တမ်း ဆက်လက် ထမ်းဆောင်ပေးပါဆိုပြီး တင်ပြ ကြတယ်။ အဲဒီဥစ္စာက ၂၀၁၁ ခုနှစ် ငြိမ်းစုစီ ဥပဒေအရ ပြောမယ်ဆိုရင် ဘယ်သူက ခွင့်ပြုချက် ပေးသလဲဆိုတာ အရင်ဆုံး စဉ်းစားရမယ်။ (ဗိုလ်ကြီးဟောင်း) နေမျိုးဇင်တို့ကျတော့ လွတ်လပ်ရေးကျောက်တိုင်မှာ လွတ်လပ်ရေး ကြေညာစာတမ်းကို ကလေးတွေကို ဖတ်ပြလို့ ထောင်ချတယ်။ အဲဒီတော့ သမ္မတကြီးကို အဲဒီလိုတင်ပြ တောင်းဆိုရုံနဲ့ သမ္မတကြီးက ဥုံဖွဆိုပြီး သမ္မတဖြစ်မလာဘူး။ အများပြည်သူပေးတဲ့ မဲဆန္ဒ အရသာလျှင် ဖြစ်ရပါမယ်။ အဲဒါကို တိုက်တွန်းတာက ဒါဆန္ဒဖော်ထုတ်မှု ဖြစ်တဲ့အတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ရှင်းပေးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့က ဆိုင်းဘုတ်ထောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလုပ်ပါလို့ပြောရင် ဥုံဖွဆိုပြီးသမ္မတ ဖြစ်မလာဘူး။ အခုကိစ္စက တစ်စုံတစ်ယောက်ကများ မိမိရဲ့အကျိုး လာဘ်လာဘ မျှော်ကိုးပြီး လုပ်လေသလားလို့ သံသယ၀င်မိတယ်။ သမ္မတ ဖြစ်မဖြစ်က ပြည်သူတွေရဲ့ မဲပေါ်မှာပဲ မူတည်ပါတယ်။


ဒေါက်တာညိုညိုသင်း (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

အန်တီကတော့ ပြည်သူတွေရဲ့ အမြင်ကို လေးစားပါတယ်။ ပြည်သူလူထုက သူများခိုင်းလို့ မဟုတ်ဘဲနဲ့ တကယ်နှလုံးသားထဲကကို ချစ်ခင်မြတ်နိုးပြီးတော့ သမ္မတကြီးကို ထောက်ခံတာမျိုးဆိုရင်တော့ ကြိုဆိုပါတယ်။ ဒါမှမဟုတ် လူတစ်စုတစ်ဖွဲ့က ဒေသခံတွေကို အတင်းခိုင်းလို့ လုပ်ရတာမျိုးဆိုရင်တော့ အန်တီက ဒီလိုလုပ်ရပ် တွေကို ဒီလိုခေတ်စနစ်မှာ ရပ်တန်းက ရပ်စေချင်ပါတယ်။ ပြည်သူလူထုကိုလည်း မိမိရဲ့နှလုံးသားထဲက ဆန္ဒ အတိုင်းပဲ ဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်။ လူတွေက ခိုင်းလို့ လူတစ်စုကခိုင်းလို့ ပြည်သူလူထုက အသုံးချ ခံသူတွေ ဖြစ်တယ်ဆိုရင်တော့ စိတ်မကောင်းပါဘူး။ အခုလို သမ္မတကြီးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာက ရင်ထဲ နှလုံးသားထဲက တကယ်ကို ချစ်ခင်မြတ်နိုးလို့ ကြိုဆိုကြတယ် ဆိုရင်တော့ ကန့်ကွက်စရာ မရှိပါဘူး။ ပြည်သူလူထုရဲ့ ဆန္ဒကို အန်တီလေးစားပါတယ်။


ဦးအေးသာအောင်(ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ရခိုင်အမျိုးသားပါတီ)

လက်ရှိ မြန်မာနိုင်ငံမှာ သမ္မတအဖြစ် သမ္မတဦးသိန်းစိန်ကလည်း ပြည်သူတွေရဲ့ တောင်းဆိုမှုတွေရှိရင် ကျန်းမာရေး မကောင်းတဲ့ကြားထဲက လုပ်မယ်လို့ ပြောတဲ့စကားတွေလည်း ရှိတယ်။ ပြီးတော့ သူရရွှေမန်း ကလည်း သမ္မတ လုပ်ချင်တယ်လို့ ပြောထားတာတွေရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတ အရည်အချင်း သတ်မှတ်ချက် ၅၉(စ)ကို မပြင်တဲ့အတွက်ကြောင့် သမ္မတဖြစ်နိုင်စရာ အနေအထားမရှိဘူး။ အဲဒီမှာ သမ္မတဖြစ်နိုင်မယ့် အနေအထားရှိတဲ့ လက်ရှိသမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒီနှစ်ယောက်မှာ တချို့ကလည်း ဦးရွှေမန်းကို ကြိုက်တဲ့လူတွေ ရှိသလို လက်ရှိသမ္မတ ဦးသိန်းစိန်ကိုလဲ ကြိုက်တဲ့လူ မကြိုက်တဲ့လူတွေလည်း ရှိတယ်။ အဲဒီတော့ ကြိုက်တဲ့လူတွေက အခုလို ဆိုင်းဘုတ်ထောင်ပြီး တော့ ဆက်လုပ်ပါလို့ ပြောတာကို ကျွန်တော်တို့ကတော့ ထွေထွေ ထူးထူး ပြောစရာမရှိပါဘူး။


ဒေါ်စုစုနွေး (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ)

အစိုးရက အခုနိုင်ငံတော်အဆင့်၊ သမ္မတကအစ (တိုင်းနှင့်ပြည်နယ်) ၀န်ကြီးချုပ် အဆင့်တွေအထိ၊ မြို့နယ် အုပ်ချုပ်ရေးမှူး အဆင့်အထိ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဆင့်တွေအထိ သူတို့ကို ထောက်ခံတဲ့သူတွေ၊ သူတို့ဘက် ပါတဲ့သူတွေက ပုဒ်မလည်း မရှိဘူး။ ဥပဒေလည်း မရှိဘူး။ လုပ်ချင်ရာလုပ်လို့ရတယ်။ တကယ် ဒီမိုကရေစီကျင့်စဉ်တွေနဲ့ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်ဆိုရင် ဒါဟာတရားမျှတမှု မရှိပါဘူး။ ဒါတွေဟာ မှားနေပါတယ်။ ဥပဒေနဲ့ မညီညွတ်ပါဘူး။ ဒီလိုမျိုး ဥပဒေနဲ့ မညီညွတ်မှုတွေကြောင့် ဒီနိုင်ငံရဲ့ ပြည်သူလူထုတွေ နစ်နာနေပါတယ်လို့ အမှန်တရားကို ထောက်ပြတဲ့သူတွေက ပုဒ်မ ၁၈ တို့၊ ၁၉ တို့၊ ၅၀၅ တို့ ဒါတွေက အမှန်တရားကို ထောက်ပြတဲ့သူတွေ အတွက်ကိုသာ ပုဒ်မတွေ၊ ဥပဒေတွေကို အစိုးရ အနေနဲ့ ထားရှိတာ။ ဒီအစိုးရကို ကောင်းပါတယ်။ အစိုးရမှန်ပါတယ်။ ဒီအစိုးရရဲ့ လုပ်ဆောင်ချက်တွေက မှန်ပါတယ်။ သမ္မတကြီးကို ထောက်ခံပါတယ်ဆိုတာ ဒါသူတို့မှာ ပုဒ်မမရှိဘူး၊ ဥပဒေမရှိဘူး။


ဦးဒေးဗစ်လှမြင့်(၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်)

ဒီလို ဆိုင်းဘုတ်တွေ ထောင်ပြီးတော့မှ လုပ်တဲ့ကိစ္စကတော့ တကယ့်တကယ် ကျရင်တော့ ဒီလို လုပ်ရင် သုံးနေကျ ပုဒ်မ ၁၈ နဲ့ အရေးယူမယ်ဆိုရင် ယူလို့ရတာပေါ့ဗျာ။ ဒါကလည်း ဆန္ဒထုတ်ဖော်တဲ့ ကိစ္စတစ်ခုပဲ။ အဲဒီတော့ ဒီဟာက သူတို့အတွက် လိုလားတဲ့ဟာကို ပြတဲ့ဟာမျိုးကျတော့ သူတို့ဘက်ကတော့ ဘာမှ မလုပ်ဘဲနဲ့ သတင်းစာတွေရဲ့ မျက်နှာစာမှာတောင် ဖော်ပြသေးတာပေါ့။ ဒါတွေက ဘယ်လိုလဲဆိုတော့ မျှတမှုမရှိဘူးဆိုတဲ့ သဘောပြတယ်ဗျ။ ကျွန်တော်တို့ တရားဥပဒေ စိုးမိုးမှုတွေက တိုင်းပြည်မှာ မရှိသလောက် ဖြစ်နေတယ်။ သူတို့က လိုတဲ့သူတွေကို လိုသလို၊ မလိုတဲ့သူတွေကို မလိုသလို လုပ်တဲ့သဘော ဖြစ်တာပေါ့။ ကျွန်တော်တို့ ဒီနေ့မြို့ထဲမှာ ဆန္ဒပြတယ်၊ ဆန္ဒထုတ်ဖော်တဲ့ကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကနေပြီးတော့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ပေးထားပြီးသား။ နိုင်ငံသားများ အခွင့်အရေးမှာ။ အဲဒါကို မလိုအပ်ဘဲနဲ့ ပုဒ်မ ၁၈ ကို ပြဋ္ဌာန်းထားပြီးတော့ တစ်ခါထပ်ပြီးတော့ ဆန္ဒထုတ်ဖော်တဲ့ သူတွေကို ပုဒ်မ ၁၈ နဲ့ အရေးယူတယ်။ အဲဒီတော့ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကတည်းက ရှင်းရှင်းပြောရရင် သဟဇာတ မဖြစ်တော့ဘူးပေါ့ဗျာ။ အဖွင့်အပိတ်တွေ လုပ်ထားတယ်။ အဲဒီလို ဥပဒေမျိုးနဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ ဒီဆန္ဒပြ သူတွေကို အရေးယူတာ ဒီနေ့ဆိုရင် အမျိုးမျိုး ထောင်ချတာလည်း မဆုံးဘူးဗျ။ လူတွေလည်း ထောင်ထဲမှာ။ သူတို့ ကျတော့ ဒီဆိုင်းဘုတ် ထောင်တဲ့ကိစ္စဟာ ဒါလည်း ဆန္ဒထုတ်ဖော်တာပဲလေ။ ဒါအတူတူပဲ။ ဒါမျိုးကျတော့ ငါတို့ ကို ထောက်ခံတဲ့ သူတွေဆိုပြီးတော့ ပြုံးပြုံးကြီးနေရင်တော့ ရှင်းရှင်းပြောရရင် တရားမျှတမှု မရှိဘူးဆိုတာ ပေါ်လွင် ထင်ရှားတာပေါ့ဗျာ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald



လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးအပါအဝင် ခေါင်းဆောင်အချို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ဝင်ရောက်အရွေးခံမယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောပါတယ်။ ဒီ့အပြင် တက်ကြွ လှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားအချို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထဲကို ဝင်ရောက်ကာ ၂၀၁၅ ရွေး ကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တခုလုံးကို တဦးတည်း ကိုင်လှုပ်သူလို့ အများကပြောဆိုကြတဲ့ တသီး ပုဂ္ဂလအမတ် ဒေါက်တာညိုညိုသင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဝင်ရောက်ပြီး လာမယ့်ရွေးကောက်ပွဲမှာ NLD အနိုင်ရဖို့ အင်အားဖြည့်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ အပြည့်အစံကို ဗွီအိုအေမြန်မာပိုင်းက မေခက သတင်းပေးပို့ထားပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုကိုကြီးအပါအဝင် ခေါင်းဆောင်အချို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကနေ ဝင်ရောက်အရွေးခံမယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီက အတည်ပြုပါတယ်။ ၈၈ ဘက်က ၁၈ ဦးပါဝင်မှာဖြစ်ပေမယ့် ဒီထဲမှာ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီကတော့မပါဝင်ဘူးလို့ ၈၈ အဖွဲ့ကပြောပါတယ်။ ၈၈ ဘက်က ဝင်ရောက်မယ့် လူဦးရေစာရင်းနဲ့ပတ်သက်ပြီး ကိုဂျင်မီက အခုလို ပြောပါတယ်။

“တနင်္လာနေ့က နောက်ဆုံးလို့ အတိအကျပြောနိုင်မယ်။ အခု ယေဘုယျ တနိုင်ငံလုံးအတိုင်းအတာနဲ့ အဆိုပြုထားတာက ရန်ကုန်ရုံးက (၉) ယောက်၊ နယ်ရုံးခွဲတွေက (၉) ယောက်၊ အားလုံး (၁၈) ယောက်ရှိတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ပြီးတော့ အရွေးခံဖို့အတွက် အဆိုပြုလွှာတင်ထားတာ။ ပါမှာကတော့ မမီးမီးတို့၊ ကိုဇော်ဇော်မင်းတို့ပါမယ်လေ။ ဦးကိုကိုကြီးလည်း ပါပါလိမ့်မယ်၊ နောက်ဆုံး ကိုပဏ္ဍိတ်ထွန်း ပါပါလိမ့်မယ်။”

လာမယ့် တနင်္လာနေ့မှာ စာရင်းအတိအကျနဲ့ ဘယ်နေရာကနေ ပြိုင်မလဲဆိုတာကို ၈၈ ကနေတရားဝင် ထုတ်ပြန်သွားမယ်လို့ ကိုဂျင်မီက ပြောပါတယ်။ ဒါပေမယ့် ဝင်ရွေးခံမယ့် ၈၈ ခေါင်းဆောင် ဦးကိုကိုကြီးအနေနဲ့ ခရီးလွန်နေတာကြောင့် သူ့ဆီက သီးခြား ထုတ်ဖော် ပြောဆိုမှုကိုတော့ မရသေးပါဘူး။ ၈၈ ခေါင်းဆောင်ကိုမြအေးကလည်း သူ့အနေနဲ့ ဒီရွေးကောက်ပွဲကို မဝင်ဖြစ်ဘူးလို့ ဗွီအိုအေကို အတည်ပြုပြောပါတယ်။

ဗဟန်းမြို့နယ်က လက်ရှိတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ဗဟန်းမြို့နယ်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်အမတ်အနေနဲ့ ဝင်ရောက်အရွေးခံမှာဖြစ်တယ်လို့ VOA ကို ပြောပါတယ်။

ဒေါက်တာညိုညိုသင်းဟာ ၂၀၁၀ ပြည့် အထွေထွေရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တိုင်း လွှတ်တော်ကိုယ်စားလှယ် အမတ်တဦးဖြစ်လာခဲ့သူပါ။ နောက်ပိုင်းမှာ ပါတီတွင်းမူဝါဒပိုင်းမှာ သဘောထားမတိုက်ဆိုင်တဲ့အတွက် ပါတီနဲ့ လက်တွဲဖြုတ်ခဲ့လိုက်ပြီး တသီးပုဂ္ဂလအဖြစ် ဆက်လက် ရပ်တည်ခဲ့သူတဦးဖြစ်ပါတယ်။ တိုင်း လွှတ်တော်မှာသာမက လက်ရှိ တာဝန်ယူ ထားတဲ့ အစိုးရကိုပါ ဝေဖန်ထောက်ပြမှုတွေရှိတာကြောင့် တိုင်းအစိုးရက မကြာခဏသတိပေးခြင်းခံခဲ့ရသူတဦးလည်းဖြစ်ပါတယ်။ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့အဆိုတွေ၊ အစိုးရဘက်ဂျက်ငွေ တောင်းခံမှုတွေ၊ အစိုးရက ဘဏ္ဍာငွေကျော်လွန်သုံးစွဲမှုတွေကို ဝေဖန်ထောက်ပြ မှုတွေကြောင့် မကြာခဏဆိုသလို တိုင်းလွှတ်တော်တွင်း ငြိုငြင်ခံရတဲ့ လွှတ်တော်အမတ်တဦးလည်းဖြစ်ပါတယ်။ ဒီတခေါက်မှာ အရွေးခံရမယ်ဆိုရင် သူမအနေနဲ့ လွှတ်တော်တွင်းမှာ ဥပဒေနဲ့ ပညာရေးရာပြောင်းလဲမှုတွေကို တစိုက်မတ်မတ်လုပ်ဆောင်သွားမယ်လို့ သူက အခုလိုပြောပါတယ်။

“ဒီတခေါက်မှာတော့ ဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်တွေကို အားစိုက်ပြီးတော့ လုပ်ဆောင်မယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အန်တီ တိုင်းဒေသကြီးမှာ ရှိခဲ့စဉ်တုန်းက အားလုံးသိကြတဲ့အတိုင်းပဲ- အန်တီ ဘာတင်တင်ပေါ့နော်၊ ဒါ ပြည်ထောင်စုနဲ့ဆိုင်တယ်၊ ပြည်ထောင်စု ဥပဒေတွေနဲ့မညီညွတ်ဘူး ပြောတယ်လေ။ အဲဒီတော့ အန်တီတို့ ၄ နှစ်ခွဲ သက်တမ်းအတွင်းမှာ ပြည်ထောင်စုအဆင့် လွှတ်တော်များကို ကြည့်လိုက်တဲ့အခါမှာ ခေတ်စနစ်နဲ့မလျော်ညီတဲ့ဥပဒေတွေ အတော်များများကို ပယ်ဖျက်နိုင်ခြင်းမရှိသေးတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ အန်တီ့အနေနဲ့ ပြည်ထောင်စုကိုရောက်သွားတဲ့အခါမှာ တိုင်းဒေသကြီးအစိုးရတွေကို ကောင်းကောင်း မောင်းနှင်နိုင်မယ့် ပြည်ထောင်စုအဆင့်ဥပဒေတွေ ပြဌာန်းဖို့ကို အန်တီလုပ်မယ်လို့ စိတ်ကူးထားတယ်ပေါ့နော်။ တခါ ခေတ်စနစ်နဲ့မလျော်ညီတဲ့၊ မတရားတဲ့ ဥပဒေတွေအကုန်လုံးကိုလည် ပြင်ဆင်ပယ်ဖျက်သွားဖို့ အန်တီ ကြိုးစားမယ်ပေါ့နော်။”

အီလက်ထရွန်နစ် ဥပဒေ၊ ဗွီဒီယို အက်ဥပဒေတို့နဲ့ နှစ်ရှည်လများထောင်ဒဏ်ကျခံခဲ့ရတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ဝင်ရောက်အရွေးခံမှာဖြစ်ပါတယ်။

“ဟုတ်ကဲ့ဗျာ၊ သင်္ကန်းကျွန်း NLD ကနေ ကျနော် တိုင်းဒေသကြီးလွှတ်တော်အတွက် ကျနော် လျှောက်ထားပါတယ်။ တကယ်တန်း ဘယ်မှာ ဝင်သင့်တယ်ဆိုတာကိုတော့ ဗဟိုကပြန်ချပေးမှာပေါ့နော်။ အဓိကကတော့ဗျာ လက်ရှိ ၂၀၁၅ မှာ အန်တီကလည်း ပြောလိုက်ပြီလေ။ ရွေးကောက်ပွဲအောင်နိုင်ရေးကို သူအာရုံစိုက်ပြီး လုပ်ကြမယ်ဆိုတဲ့အနေအထားမျိုး ပြောလိုက်တယ်။ ပထမဦးဆုံးအနေနဲ့ ရွေးကောက်ပွဲမှာ အများစု နိုင်ဖို့ အရမ်းအရေးကြီးမယ်လို့ ထင်ပါတယ်။ အနိုင်ရတာထက်ပိုပြီး နောက်တခုအရေးကြီးတာက အနိုင်ရပြီးရင်ကော ကျနော်တို့ ဘာတွေ ဘယ်လောက်လုပ်နိုင်လဲပေါ့။ တကယ်လည်း လုပ်နိုင်တဲ့သူတွေလည်း ပါဖို့လိုမယ်လို့ထင်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်လည်း အခုလက်ရှိ အပြင်မှာလည်း လုပ်နေတာတွေရှိတော့လေ။ ကျနော်လုပ်နေတဲ့အလုပ်တွေ ပိုပြီးတော့ ထိရောက်အောင်ရယ်၊ နောက်ပြီးတော့ ပါတီကိုလည်း တစုံတခု အကျိုးပြုနိုင်အောင်ပေါ့။”

နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်တွေကို ကူညီမှု၊ ဆန္ဒပြမှု၊ လောင်စာဆီဈေးကျဆင်းရေး ဆန္ဒပြမှုတွေကြောင့် နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရသူ မနီမိုလှိုင်ကလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကနေဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားမှာပါ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာ ၈ ရက်နေ့မှာ တနိုင်ငံလုံးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဘယ်ပါတီကမှ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

မေခ/ VOA
http://burmese.voanews.com/content/u-kokogyi-will-race-election-under-nld-flag-/2867661.html

အာဇာနည်ဗိမာန်နဲ့ အလေးပြုနေတဲ့ ဂုဏ်ပြု စစ်သည်တော်များ။
အာဇာနည်ဗိမာန်နဲ့ အလေးပြုနေတဲ့ ဂုဏ်ပြု စစ်သည်တော်များ။

အရင်စစ်အစိုးရလက်ထက်ကစာရင် အခုအရပ်သားအစိုးရလက်ထက်မှာ အာဇာနည်နေ့အခမ်းအနားတွေကို ပြည်သူတွေအနေနဲ့ တခမ်းတနား လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရလာတယ်လို့ သတင်းသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဘက်က သုံးသပ်ကြပါတယ်။ နိုင်ငံ့လွတ်လပ်ရေးအတွက် အသက်ပေးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အခုလက်ရှိ အုပ်ချုပ်သူအစိုးရအနေနဲ့ ပြည်သူနဲ့တသားတည်း အာဇာနည်ကုန်းမှာ ဦးညွတ် အလေးပြုမှုတွေ တလေးတစား လုပ်ဆောင်လာတာကိုလည်း တွေ့ရတယ်လို့ဆိုပါတယ်။ အာဇာနည်နေ့ အခမ်းအနားကျင်းပချိန်မှာတော့ လုံခြုံရေးက တင်းကျပ်နေဆဲအနေအထားဖြစ်ပါတယ်။ အသေးစိတ် မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

မနက်ဖြန် ဇူလိုင်လ ၁၉ ရက်နေ့ တနင်္ဂနွေနေ့မှာ ကျရောက်မယ့် ၆၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော် အစိုးရဘက်က ဒုသမ္မတ (၁) ဒေါက်တာစိုင်းမောက်ခမ်းကိုယ်တိုင် တက်ရောက်ဖို့ရှိပါတယ်လို့ အာဇာနည်နေ့ ကျင်းပရေးနဲ့ ဖိတ်ကြားရေးဆိုင်ရာ ကော်မတီက သတင်းထုတ်ပြန် ထားပါတယ်။

အစိုးရအဆက်ဆက် ခေတ် အဆက်ဆက် အာဇာနည်ကိုးဦးကို ဦးညွတ်ဂုဏ်ပြုဖို့အတွက် ပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဘက်က အာဇာနည်ကုန်းရှိတဲ့နေရာကို ချီတက်အလေးပြု ဂါရဝပေးမှုတွေကိုလည်း ဘယ်လိုပဲ ပိတ်ပင်တားဆီး ဟန့်တားမှုတွေ ရှိပါစေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအရပ်သားအစိုးရခေတ်မှာတော့ အာဇာနည်နေ့ အခမ်းအနားကို ပြည်သူတွေကို လွတ်လွတ်လပ်လပ် ကျင်းပခွင့်တစုံတရာပေးလာတဲ့ အနေအထားရှိလာတဲ့အပေါ် NHK သတင်းဌာနက နိုင်ငံခြားသတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုသီဟသွေးက အခုလိုသုံးသပ်ပါတယ်။

“ဒီဘက်အစိုးရခေတ်ရောက်တဲ့အချိန်မှာ ဒီလိုမျိုး အရပ်သားသဘောမျိုးပေါ့နော်- အရင် စစ်အစိုးရလို့ခေါ်တဲ့ အစိုးရခေတ်ရောက်တဲ့အချိန်မှာ သူတို့က တတ်နိုင်သရွေ့ လူထုနဲ့သဟာဇာတဖြစ်မယ့် အခင်းအကျင်း အပြောင်းအလဲတွေ လုပ်လာတဲ့အခါမှာ အရင်တုန်းကတော့ အာဇာနည်နေ့ဆိုတာက အတိုက်အခံ အဖွဲ့အစည်းတွေကနေပြီးတော့ သူတို့ရဲ့နိုင်ငံရေးလှုပ်ရှားမှုကို လုပ်တဲ့နေ့တနေ့အနေနဲ့ အသုံးပြုလေ့ရှိတာပေါ့။ အာဇာနည်နေ့က - အစိုးရအနေနဲ့ကလည်း….လုပ်တဲ့၊ နိုင်ငံရေးလုပ်တဲ့ နေ့တနေ့လို့ပဲ သဘောထားပြီးတော့ အာဇာနည်နေ့ဆိုရင် လုံခြုံရေးတင်းကြပ်တာတို့၊ အကန့်အသတ်တွေ လုပ်တာတို့ အများကြီးလုပ်ခဲ့တာပေါ့။ ဒါကတော့ ဟိုဘက်ခေတ်မှာပေါ့။ ဒီဘက်ခေတ်ကိုရောက်တဲ့အခါကျတော့ အစိုးရက တတ်နိုင်သရွေ့အတိုက်အခံကိုလည်း နေရာနည်းနည်းပေးလာတယ်၊ နောက်တခါ ပြည်သူလူထုနဲ့အဆင်ပြေမယ့် အခင်းအကျင်းတွေ၊ management တွေလုပ်လာတဲ့အခါကျတော့ အစိုးရကနေပြီးတော့ တင်းကြပ်ထားတဲ့ လုံခြုံရေးတင်းကြပ်မှုတွေကိုလည်း သူတို့က လျှော့ပေးတယ်။ အဖွဲ့အစည်းတွေ ကနေပြီးတော့ အလေးပြုချင်တယ်ဆိုလို့ရှိရင် ခွင့်ပြုတာတွေ ဘာတွေ လုပ်လာတာပေါ့နော်။ နောက်တခါ ဒုသမ္မတကိုလည်း သူက ပို့ပြီးတော့ အစိုးရရဲ့သဘောထားကြီးမှုကိုပြတဲ့အနေနဲ့ သူက ဒုသမ္မတတက်ရောက်ပြီးတော့ အလေးပြုတာတို့ဘာတို့ ဒါမျိုးတွေ လုပ်လာတာပေါ့နော်။ ဒါတွေက အရင်ကနဲ့မတူတဲ့ အခင်းအကျင်းပေါ့။ အဲဒီတော့ ကျနော်ထင်ပါတယ်။ သူတို့က အရပ်သားအစိုးရလို့ သူတို့ကိုယ်သူတို့ ပုံဖော်ချင်တဲ့ အတွက်ကြောင့် လုပ်တယ်လို့ ထင်ပါတယ်။”

တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ မွန်မြတ်လှတဲ့ ဒီအာဇာနည်နေ့မှာ အခုလက်ရှိအစိုးရ တာဝန်ရှိ ခေါင်းဆောင်တွေအနေနဲ့ ပြည်သူနဲ့တသားတည်း တလေးတစား အလေးပြု ဂုဏ်ပြု ဦးညွတ်မှုကို လုပ်ဆောင်သင့်တယ်လို့လည်း တော်ဘုရားလေးရဲ့ သမီးဖြစ်သူ ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။

“အာဇာနည်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေဟာ တိုင်းပြည်ကပိုင်တာလေ။ အစိုးရတခုတည်း ပိုင်တာမဟုတ်ဘူးလေ။ ဒါကြောင့်မို့လို့ ဘာပဲပြောပြော ဒေါ်လေးတို့က အာဇာနည်ဂူဗိမာန်ကို လွတ်လွတ်လက်လပ်နဲ့ ပြည်သူတွေကို အကန့်အသတ်မရှိ ခွင့်ပေးဖို့ကောင်းပါတယ်။ ဒေါ်လေးသတင်းနားထောင်လိုက်တဲ့အချိန်မှာ ဒီနှစ်မှာ ဘာတွေမယူရဘူး၊ လွယ်အိတ်မယူရဘူး၊ ကင်မရာမယူရဘူး၊ ဖုန်းမယူရဘူးဆိုတဲ့ ကန့်သတ်ချက်တွေကျတော့ ဒေါ်လေး တော်တော်အံ့သြသွားတယ်။ အဲဒီတော့ အစိုးရတခုဟာ ကိုယ့်ကိုကိုယ် ပြည်သူတွေကချစ်တယ်၊ အားကိုးတယ်၊ ယုံကြည်တယ်ဆိုရင် ဘာမှ ဒီလိုအတားအဆီးတွေ လုပ်စရာမလိုဘူးလေ။ ဒေါ်လေးပြောတာ- ပြည်သူနဲ့အတူ ဒါက အစိုးရအချိန်၊ ဒါက ပြည်သူ့အချိန်ဆို လွတ်လွတ်လပ်လပ် ဖွင့်ပေးလိုက်ဖို့ပဲရှိတယ်။”

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်က ဦးထွန်းဝင်းငြိမ်းကလည်း အာဇာနည်ခေါင်းဆောင်ကြီးတွေကို လက်ရှိအစိုးရတာဝန်ရှိသူတွေ ဘက်က ဒီ့ထက်ပိုပြီး တခမ်းတနားလုပ်ဆောင်ပေးသင့်တယ်လို့ရှုမြင်ပါတယ်။

“ပြည်သူလူထုရဲ့ ဒီလို နီးနီးကပ်ကပ်တက်ရတဲ့အခမ်းအနားမျိုးမှာတော့ လုံခြုံမှုမရှိဘူးလို့များ ယူဆသလား မသိဘူးပေါ့ဗျာ။ တကယ့်တကယ်တော့ နိုင်ငံတော်အဆင့် အမြင့်ဆုံးအာဏာပိုင်တဲ့သူကလည်း အရင်တုန်းက တိုင်းပြည်ကို လွတ်လပ်အောင်အသက်ပေးပြီးသွားတဲ့ သူတွေဆိုတာကတော့ အများကြီး မြင့်မြတ်ပါတယ်ဗျာ။ အဲဒီအတွက် သူ့ထက်မြင့်မြတ်တာမရှိပါဘူး။ သူတောင် အသက်ပေးသွားသေးတာပဲ၊ နောက်လူတွေ၊ တိုင်းပြည်ကို ဒီလိုခေါင်းဆောင်နိုင်မယ့်သူတွေ၊ ကိုယ်ကျိုးစွန့်နိုင်မယ့်သူတွေ အများကြီး ပေါ်ပေါက်လာအောင် တိုင်းပြည်ရဲ့ အရေးအကြီးဆုံး ထိပ်ပိုင်း ခေါင်းဆောင်တွေက ဂါရဝပြုတယ်ဆိုတာ အဲဒီအစဉ်အလာကို ဦးညွတ်တာပါ။”

ပြည်သူတွေအနေနဲ့ အာဇာနည်ကုန်းအထိ အလေးပြုချီတက်ဂုဏ်ပြုမှုတွေကို လုံခြုံရေးပိုင်း တင်းကျပ်မှုတွေနဲ့ ဆောင်ရွက်နေတာထက်စာရင် လွတ်လွတ် လပ်လပ် လုပ်ဆောင်ခွင့်ပေးသင့်တယ်လို့လည်း အကြံပြုမှုတွေ ရှိပါတယ်။

“ပြည်သူလူထုက အခုရတဲ့ဂါရဝပြုခွင့်ဆိုတာကလည်း သူတို့က လုံခြုံရေးအရ သူတို့ဘက်က တင်းကြပ်တာတွေက ရှိနေဆဲပဲ၊ စစ်တာဆေးတာတွေ၊ သူတို့ သတ်မှတ်တဲ့နေရာတွေမှာလည်း ကျနော်တို့စစ်ဆေးခံရတာတွေ၊ တန်းစီစောင့်ခဲ့ရတာတွေ၊ အဲဒါမျိုးတွေပေါ့နော်။ လူထုက အဆင်ပြေပြေလို့ ဂါရဝပြုခွင့် ရဖို့ဆိုတာတော့ အဲဒီလို အခြေအနေထိ မတွေ့ရသေးဘူးလေ။”

ဇူလိုင်လ ၁၈ ရက်နေ့ ဒီကနေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီးလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကညွတ်ကွင်းက ငါးထပ်ကြီးဘုရားဓမ္မာရုံမှာ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ မနက်ဖြန်ဇူလိုင်လ ၁၉ ရက်နေ့ မှာ အာဇာနည်ကုန်းကို အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကျန်ရစ်သူ မိသားစုတွေဘက်က တက်ရောက်ဂါရဝပြုမှာဖြစ်သလို အစိုးရပိုင်း၊ လွှတ်တော်ပိုင်းနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်း အသီးသီးက တာဝန်ရှိသူတွေဘက်ကလည်း ပန်းခွေချပြီး လာရောက်အလေးပြုကြမှာဖြစ်ပါတယ်။

တာဝါလိန်းလမ်းက ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့ရာ ဗိုလ်ချုပ်နေအိမ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးများရုံးကိုလည်း အများပြည်သူ လေ့လာနိုင်ဖို့ ဖွင့်လှစ်ပေးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေကျဆုံးခဲ့တဲ့ အချိန် မနက် ၁၀ နာရီ ၃၇ မိနစ်မှာလည်း အားလုံးတပြိုင်နက်တည်း ဝမ်းနည်းကြောင်း ဥသြဆွဲအလေးပြုမှုတွေ လုပ်ဆောင်ကြဖို့လည်း ရှိတယ်လို့သိရပါတယ်။

မဆုမွန်, မေခ/ VOA
http://burmese.voanews.com/content/myanmar-martyrs-day-68-anniversary-/2867621.html

 dr-nyonyothin-620 ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း ကိုတွေ့ရစဉ်

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းဟာ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ကနေ ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

"အန်တီကတော့လေ အခုဒီလာမယ့်ရွေးကောက်ပွဲမှာ အန်တီတို့ ဒီမိုကရေစီအင်အားစုတွေ ညီညွတ်ဖို့လိုတယ်ပေါ့နော်၊ ဒီမိုကရေစီအင်အားစုတွေက အင်အားကြီးကြီးမားမားနဲ့ လွှတ်တော်ထဲကိုဝင်သွားဖို့လိုတယ်၊ ဒါကြောင့်မို့လို့ ဒီမိုကရေစီအင်အားစုတွေ အင်အားစုအနိုင်ရရေးအတွက်ကို အန်တီက အခုလိုမျိုး ဆုံးဖြတ်ချက်ချလိုက်တယ်နော်၊ အဲ့ဒီတော့ အန်တီတို့ ဗဟန်းမှာ စဉ်းစားထားပါတယ်၊ လွှတ်တော်ကတော့ ပြည်သူ့လွှတ်တော်ပေါ့နော်၊ ဒါပေမယ့် နောက်ပိုင်းမှာတော့ အပြောင်းအလဲတွေလည်း ရှိကောင်းရှိနိုင်တာပေါ့နော်"

ဥပဒေပညာနဲ့ ဒေါက်တာဘွဲ့ရရှိထားသူ ဒေါ်ညိုညိုသင်းဟာ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားပြုပြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ်မြေက တဆင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်အရွေးချယ်ခံခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီးနောက်ပိုင်းမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကနေ နှုတ်ထွက်လိုက်ပြီး တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်နေခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/dr-nyonyothin-nld-candidates-07182015102946.html


govt-army-620.jpg
ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်
Photo: Kyaw Myo Min/ RFA
ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်မှာ တပ်မတော်နဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲကြောင့် ထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခတွေကိုကူညီဖို့ လုံခြုံရေးအခက်အခဲဖြစ်နေကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့က ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို စားသောက်ရိက္ခာနဲ့ မိုးကာတွေ သွားရောက်ကူညီဖို့အတွက် ပြည်နယ်အစိုးရကို ဇူလိုင်လ ၁၄ ရက်နေ့က စာတင်ခဲ့ပေမယ့် လုံခြုံရေးမယူပေးနိုင်ဘူးဆိုပြီး အကြောင်းပြန်တဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ KBC အဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဦးလမာရော်က ပြောပါတယ်။

"ရိက္ခာတွေ စက်လှေတစ်စီးစာ ဆန်၊ ဆီ၊ ဆား အဲ့ဒါအလုံးစုံပါပဲ၊ အရေးတကြီးလိုနေတာက မိုးကာမိုးဖို့ရန် အတွက် မိုးတွင်းကမိုးတအားသည်းတယ် ဒီကချင်ပြည်နယ်က၊ ဆွမ်ပရာဘွမ်ဘက်ဆို ပိုဆိုးပြီ၊ အဲ့ဒါကြောင့် အကုန်လုံးအဆင့်သင့်ပြင်ပြီးမှ အဲ့ဒီခွင့်ပြုစာကိုစောင့်နေတာ၊ အဲ့ဒါ ၁၄ ရက်နေ့က သွားပြီးမှဆွေးနွေးတဲ့ အခါကျတော့ ဘယ်လိုမှလုံခြုံရေး တာဝန်မယူနိုင်ဘူးလို့ ပြောလိုက်တယ်၊ အဲ့ဒါကြောင့်မို့အခု ကျနော်တို့ ရဲ့ခရီးစဉ်က ခဏဆိုင်းငံ့ထားရခြင်းဖြစ်တယ်"

အစိုးရတပ်မတော် ခလရ ၂၉၊ ခလရ ၁၃၇၊ ခလရ ၁၃၈ စတဲ့တပ်တွေနဲ့ ကေအိုင်အေတပ်ရင်း ၇ တို့ဟာ ပူတာအိုခရိုင် ဆွမ်ပဘွမ်မြို့ရဲ့ မလိခမြစ် အနောက်ဘက်ကမ်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာ တစ်လနီးပါးလောက်ရှိနေပြီဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲတွေကြောင့် ဆွမ်ပရာဘွမ်မြို့နယ် ဂျာရာယန်၊ မလိယန်၊ ဆွပ်မိုင်ယန်၊ အင်ထန်ဇွပ် ကျေးရွာတွေ က ဒေသခံတစ်ထောင်ကျော်လောက်ဟာ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။


RFA
http://www.rfa.org/burmese/news/kachin-war-refugees-07182015100625.htmlhttp://www.rfa.org/burmese/news/kachin-war-refugees-07182015100625.html


ရန်ကုန်၊ ဇူလိုင် ၁၇

ပြည်နယ်များထဲတွင် ရခိုင်ပြည်နယ်မှာ လယ်ယာမြေ သိမ်းဆည်းခံရမှု အများဆုံး ပြည်နယ် ဖြစ်ပြီး လယ်ယာမြေများကို အများဆုံး သိမ်းဆည်းထားသည်မှာ စစ်တပ်မှ ဖြစ်ကြောင်း ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း လယ်ယာစီးပွားရေးနှင့် တောင်သူ လယ်သမား ရေးရာ ဌာနမှ ပြောသည်။

ဇူလိုင် (၁၇)ရက် သောကြာနေ့ နေ့လည် (၁)နာရီက ရန်ကုန် မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ၊ သုမင်္ဂလာလမ်း ၈၈ မျိုးဆက် ရုံးခန်းတွင် ပြုလုပ်သော “ ရခိုင်ပြည်နယ်ခရီးစဉ်တွင် ကြားမြင်ခဲ့ရ သည့် မြေယာပြဿနာများနှင့် ပတ်သက် ၍ သတင်းစာ ရှင်းလင်းပွဲ” တွင် အဆိုပါ အဖွဲ့က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တောင်သူလယ်သမားရေးရာဌာန ဒုတိယ တာဝန်ခံ ဦးမျိုးသန့်က “ ကျွန်တော်တို့ ကချင်ပြည်နယ်ကလွဲပြီး ကျန်ပြည်နယ် (၆)ပြည်နယ်ကို ရောက်ခဲ့ဖူးပါတယ်။ အဲဒီ ပြည်နယ် (၆)ခုထဲမှာ ရခိုင်ပြည်နယ်ဟာ မြေယာသိမ်းဆည်းခံရမှု အများဆုံးပါ။ သိမ်းဆည်းထားတဲ့ မြေယာထဲမှာ ကာ ကွယ်ရေးကို အကြောင်းပြပြီး စစ်တပ်က သိမ်းယူထားတာအများဆုံးပါ” ဟု ဆို သည်။

ရခိုင်ပြည်နယ်ရှိ ဂွ၊ သံတွဲ၊ တောင် ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊ စစ် တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော့ စသည့် (၁၃)မြို့နယ်သို့ (၂၅) ရက်ကြာသွားရောက်ကွင်းဆင်း လေ့လာခဲ့ကြသည်။

ထိုခရီးစဉ်တွင် ဒေသခံရခိုင်ပြည်သူများနှင့် တွေ့ဆုံ ပြောကြား လေ့လာတွေ့ရှိချက် အရ မြေယာသိမ်း ပြဿနာ အမှုပေါင်း ၈၀ ကျော်ရှိကြောင်း ပြောဆိုသည်။

ထိုအထဲတွင် တပ်သိမ်း ၃၄ မှု၊ အုပ်ချုပ်ရေးပိုင်းသိမ်း ၂၁ မှု၊ ကုမ္ပဏီသိမ်း ၉ မှု၊ ဝန်ကြီးဌာနသိမ်း ၅ မှု၊ စီး ပွားရေး လုပ်ငန်းရှင်သိမ်း ၁ မှု ၊ လယ်ယာ မြေအငြင်းပွား ၂ မှု၊ ရဲဘော်ဟောင်း သိမ်း ၁မှု၊ ကျေးရွာမြေစိစစ်ဆုံးဖြတ် ချက်အားမနာခံမှု ၁ မှုဖြစ်ကြောင်း ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း လယ်ယာစီးပွားရေးနှင့် တောင်သူလယ်သမားရေးရာဌာနမှ ပြောသည်။

“ ကျွန်တော်တို့ ခရီးစဉ်မှာ စစ်တပ် က တိုက်ရိုက်မဟုတ်ပေမဲ့ သွယ်ဝိုက်ခြိမ်း ခြောက်တဲ့ အပြုအမူမျိုးတွေ တွေ့ခဲ့ရပါ တယ်။ ဒေသခံ ရခိုင်ပြည်သူတွေကိုလည်း ခြိမ်းခြောက်နေတယ်လို့ ခံစားခဲ့ရပါ တယ်” ဟု ကိုမျိုးသန့်က နိရဉ္စရာသတင်း ဌာနသို့ ပြောသည်။

ထို့အပြင်စစ်တပ် သည် ဒေသခံရခိုင်ပြည်သူများနှင့် အရပ် ဖက်အဖွဲ့အစည်းများ၏ အသံများကို လည်း မကြားဟန်ဆောင်နေကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ယင်းပြင် လယ်ယာမြေ အငြင်းပွားမှု အပြင် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ ၇ အား မလျော်သြဇာသုံးပြီး သိမ်းယူထားမှုများ၊ အများပိုင် မြေများကို စီးပွားရေး လုပ်ငန်းရှင်များက လုပ်ကိုင်ခွင့် လျောက်ထားနေမှုများလည်း ရှိနေကြောင်း ယင်းအဖွဲ့၏ သုံးသပ်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်ခရီးစဉ်တွင် လေ့ လာ တွေ့ရှိကြားမြင်ခဲ့ရသည့် အကြောင်း အရာများနှင့် သက်ဆိုင်သည့် သုံးသပ် တင်ပြချက်များကို ပြည်ထောင်စု အစိုးရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာ နဆိုင်ရာ အသီးသီးသို့ တင်ပြသွားမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် လယ်ယာမြေသိမ်းဆည်းမှုကို ဆက်လက်လေ့လာစောင့်ကြည့် ကာ ဒေသခံပြည်သူများ၊ အရပ်ဖက်အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကောင်းမြတ်နိုင်
Narinjara
https://www.facebook.com/pages/Narinjara

၂၀၁၃ ကျွန်တော် အာဖရိကမှာ နေတုံးက Ko James Mint page မှာ ဒီအကြောင်း ရေးဖူး ပါတယ်။ အဲဒီစာ ကတော့ သူ့ အကောင့် ကျသွားတာနဲ့ ပြန်ရှာမရ တော့ပါဘူး။ ဒီရက်ပိုင်း မှာ အီသီယိုပီးယား နဲ့ မြန်မာပြည် အကြောင်း နှိုင်းယှဉ် တာတွေ တက်လာလို့ ပြန်ရေးတာပါ။

မှန်တာပြောရရင် အီသီယိုပီယား ကို အလုပ် ကိစ္စနဲ့ ပထမဆုံး စသွားတုံးက လုံးဝကို အထင် မကြီးတာဗျ။

ကျွန်တော်တို့ ငယ်ငယ်တုံးက သိထားတာက ဘယ်...အီသီယိုပီယား ဆိုတာ စုတ်ပြတ် ဆင်းရဲ ထမင်းငတ် နေတဲ့ တိုင်းပြည်။ လူသန်းချီ ငတ်မွတ် ခေါင်ပါး အငတ်ဘေး ကြုံ သေကြေ နေကြလို့ မိုက်ကယ်ဂျက်ဆင် တို့လို အနုပညာရှင်တွေ ဦးဆောင် LIVE AID အစီအစဉ်နဲ့ We are the World လို ဂန္တဝင် သီချင်းကြီး တွေဆို အလှုခံရလို့ မြန်မာပြည် အပါအဝင် ကမ္ဘာ့ နိုင်ငံတွေက စေတနာရှင်တွေ ဝိုင်းဝန်း ထောက်ပံ့ ထမင်းကျွေးခဲ့လို့ ပက်ပက် စက်စက် မဖြစ်ပဲ အသက်ဆက် လာတဲ့ တိုင်းပြည် လို့ သိထားတာကိုး။

ထင်ထားတာက အီသီယိုပီးယားမှာ လေကြောင်း လိုင်း တောင်မရှိ အဒစ်စ်အဘာဘာ မြို့တော် ဆိုတာလဲ စုတ်ပြတ်နေတဲ့ လေဆိပ်နဲ့ စုတ်ပြတ် ညစ်ပတ်နေတဲ့ ဆင်းရဲသားအိမ် တွေ သူတောင်း စား တွေပဲ ရှိနေမယ် လို့ ထင်ထားတာဗျ။

ဘယ်ဟုတ်မလဲ။ အီသီယိုပီးယား လေကြောင်း လိုင်းဆိုတာ အာဖရိကမှာ ကင်ညာလေကြောင်း လိုင်း နဲ့အပြိုင် နံပါတ်တစ်ကို လုနေတဲ့။ ကမ္ဘာ့ အကောင်းဆုံး လေကြောင်းလိုင်း ၁၀၀ မှာ အဆင့် ၇၇ ချိတ်ထားတဲ့။ ခေတ်မှီ ဘိုးရင်း နဲ့ အဲဘတ်စ် လေယာဉ်ကြီးပေါင်း ၇၄ စင်း နဲ့ နိုင်ငံတကာ လေဆိပ်ပေါင်း ၁၂၄ ခုကို ပျံသန်း နေတဲ့ လေကြောင်းလိုင်းကြီး ဖြစ် နေတာကိုး။ ကျွန်တော် ကင်ညာ နိုင်ရူဘီကနေ အီသီယိုပီးယား ကို စီးတဲ့ အီသီယိုပီးယား လေကြောင်းက သုံးတဲ့ လေယာဉ်က နောက်ဆုံးပေါ် ဘိုးရင်း ၇၈၇ Dream Liner ကြီးဗျ။ ကောင်းမှကောင်းပေါ့ဗျာ။

အဒစ်အဘာဘာ ကို ဆိုက်ရောက်တော့ Bole International Airport ကြီးဆိုတာလဲ ရန်ကုန် လေဆိပ် ထက် နှစ်ဆလောက်ကြီးပြီး ကြီးကျယ် ခမ်းနား လေတာကိုး။

လေဆိပ်မှာလဲ နိုင်ငံတကာ လေယာဉ် အဝင်အထွက် တွေဆိုတာလဲ ဘန်ကောက် တို့ စင်္ကာပူတို့ လေဆိပ်တွေလိုပဲ ပျားပန်းခပ် နေတာပဲ။ very busy ပေါ့ဗျာ။

အဒစ်စ်က တောင်ပေါ်မှာ တည်ထားတဲ့ မြို့ ဆိုတော့ ရာသီဥတုက ကလောမြို့လိုပဲ အေးအေးချမ်းချမ်း နဲ့ နေလို့ကောင်းတယ်ဗျ။

ဘိုးလ် လေဆိပ်ကြီးက ထွက်ပြီး အစည်းအဝေးရှိ တဲ့ ဟိုတယ်ကို သွားတော့ လမ်းတလျှောက်မှာ လေ့လာ ကြည့်ရှု မိသလောက်ကတော့ စနစ်ကျ လှပတဲ့ မြို့ကွက်တွေနဲ့ ကိုယ်ပိုင်အိမ်လေးတွေ ကွန်ဒိုတွေ မိုးမျှော်တိုက်ကြီး တွေ သူ့နေရာနဲ့သူ ရှိနေပြီး ရှေးယခင် ကိုလိုနီ အဆောက်အဦး တွေကိုလဲ စနစ်တကျ ထိမ်းသိမ်းပြုပြင် သုံးစွဲ နေကြတာကို သတိထားမိတယ်။ ပြောရရင် အာဖရိကန် မြို့တော်နဲ့ မတူ ဥရောပ မြို့တော်လို လှပနေတာပေါ့ဗျာ။

ဈေးတွေ မောလ်တွေ ဘဏ်တွေလဲ အများကြီး ရှိတယ် ကြည့်တော့လဲ လူတွေ ပျားပမ်းခပ် ဝင်ထွက် ရောင်းဝယ် လှုပ်ရှား နေကြတော့ စီးပွားရေး ကောင်းတယ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့

အမဲတွေ အများကြီး ကြားထဲမှာ အဖြူ တိုးရစ်စ် တွေလဲ ကြည့်မလွဲ အောင်တွေ့နေရတော့ တိုးရစ်ဇင်လဲ ကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့

တွေ့တဲ့ အဆင့်ဆင့် အလွှာလွှာ သော အီသီယိုပီးယန်း တွေကလဲ အင်္ဂလိပ် စကားကို ကိုယ့်ထက်တောင် ရေလည်အောင် ပြောတတ်တော့ ပညာရေး ကောင်းတယ် ဆိုတာ ပြောစရာ မလိုဘူး။

နိုင်ငံတကာ ဆက်ဆံရေးမှာလဲ သံရုံးပေါင်းစုံ တဲ့ အပြင် အာဖရိကန်သမဂ္ဂ African Union ရုံးချုပ်စိုက်တဲ့ မြို့တော်ကြီးဗျ။

ပြောမဆုံးပေါင် တောသုံထောင်ပါပဲ

ဆိုလိုရင်းက မရောက်ဘူးခင်တုံးကဆို ကိုယ့်မြန်မာပြည် ကိုယ့်မြို့တော်လောက် အဆင့်ရှိမယ် လို့ကို မထင်ထားတာ။ ရောက်သွားတော့မှာပဲ အထင်နဲ့ အမြင် တက်တက်စင် အောင်လွဲ မနာလို ဖြစ်စရာ ကောင်းလောက်အောင်ကို ကိုယ့်ထက်သာ နေတာကိုး။

ဒါနဲ့ ဘယ်ရမလဲ မေးမြန်းစပ်စု လေ့လာရတာပေါ့။ Desk Research လုပ်ကြည့်တော့ စီးပွားရေး လူမှုရေး အညွန်းကိန်းတွေမှာ မြန်မာ နဲ့ သိပ်မကွာဘူး အထင်ကြီးစရာ မရှိဘူး ဒါနဲ့ ဘာလို့လဲ ဆိုတာကို သေသေချာချာ လေ့လာမှ သုံးချက်ပဲ တွေ့တယ်။ ဒါလေးသုံးချက်မှာ မြန်မာထက် သာလို့ကို မြန်မာတွေထက် သာသွား ပါသည်ပေါ့ ဗျာ။

(မြန်မာနဲ့ GDP မကွာဘူး ဆိုပေမဲ့ မြန်မာ GDP ရဲ့ ၅၀% ကျော်က Natural Resources တွေ ရောင်းရငွေတွေ အစိုးရဆီတိုက်ရိုက် သွားတာ။ အီသီယိုပီးယား GDP က ၁၀၀% လယ်ယာ စက်မှု ထုတ်လုပ်ခြင်းနဲ့ ဝန်ဆောင်မှု တွေက ရတာ ပြည်သူတွေဆီ တိုက်ရိုက် သွားတာ ဆိုတော့။ ဒီမှာလဲ သေသေချာချာ လေ့လာကြည့် ရင် ကွာခြားချက် တွေ့ရလိမ့်မယ်)

အီသီယိုပီးယား ဆိုတာ လူသားတွေရဲ့ အစ မူလမြေ။ အီဂျစ်နဲ့ အပြိုင် နှစ်ပေါင်းငါးထောင် ကျော် ယဉ်ကျေးမှု ရှိတဲ့မြေ။ ကိုလိုနီခေတ်က အီတလီ ပြင်သစ် နဲ့ အင်္ဂလိပ် ကိုတောင် ပြန်ခံပြီး အနိုင်တိုက်ခဲ့ပြီး ကျွန်မဖြစ်ခဲ့တဲ့ တစ်ခုထဲသော အာဖရိကန် နိုင်ငံတဲ့ ဗျာတို့။ လူမျိုးကြီး နှစ်ခုနဲ့ တစ်ကွ လူမျိုးငယ် ရှစ်ဆယ် လူမျိုးကွဲ နှစ်ရာ ကျော် နဲ့ တည်ထောင်ထားတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ကြီးပါတဲ့။

ဒီနိုင်ငံကြီးဟာ ဆိုဗီယက်ကွန်မြူနစ် မှိုင်းမိ ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုအောက်မှာ လူမျိုးစုံတွေကြား အစိပ်စိပ်ကွဲ အချင်းချင်း တိုက်ခိုက် ကွန်မြူနစ် အစိုးရကို တော်လှန် နေကြတာ မညီညွတ်တော့ မအောင်မြင်တဲ့ အပြင် ရာသီဥတုကဖျက် စစ်ကြောင့် သီးနှံ မစိုက်ပျိုးနိုင်တဲ့ အတွက် အငတ်ဘေးကြီး ဆိုက်ပြီး ငတ်လို့ လူတစ်သန်းကျော် သေဆုံးခဲ့ ရပါတယ်တဲ့။ အဲဒီနောက်မှာ လူမျိုးစု ခေါင်းဆောင် တွေက ကိုယ့်အမှားကို မြင်တော့ အချင်းချင်း မတိုက်တော့ပဲ ညီညွတ်ရေး တည်ဆောက်ပြီး တပ်ပေါင်းစု ဖွဲ့ပြီး ကွန်မြူနစ် အစိုးရတပ်တွေ ဆိုဗီယက်တပ်တွေ ကျုးဘားတပ် တွေကို အနိုင်တိုက်ပြီး ဒီနေ့ အီသီယိုပီးယား ဆိုတာကို တည်ဆောက်ခဲ့ တာပါတဲ့။

အီသီယိုပီးယား ဖယ်ဒရယ် ဥပဒေအရ လူမျိုးကို အခြေခံတဲ့ ပြည်နယ် ၁၀ ခုကို ဖွဲ့စည်းထား ပါတယ်။ ထူးခြားတာက ပြည်နယ် တွေကို အာဏာ သုံးရပ် ခွဲဝေထားပါတယ်။ အာဏာ အရှိဆုံးက ဖယ်ဒရယ် အစိုးရ ဆိုသော်ငြား ၎င်း အစိုးရကို ပြည်နယ်တွေက သီးသန့် လွတ်လပ်စွာ ရွေးကောက်ခံ တက်လာတဲ့ အစိုးရ တွေကနေ ရွေးချယ် ဖွဲ့စည်းထားလို့ အားလုံးကို မျှမျှတတ ကိုယ်စားပြုပါတယ်။ ပိုပြီး ထူးခြားတာက ပြည်နယ် တွေကို ခွဲထွက်ခွင့် ပေးထားသော်လည်း နှစ်ပေါင်း အစိတ် အတွင်းမှာ အီရီထရီးယား တစ်ခုပဲ ခွဲထွက် သွားပါတယ်။

အီသီယိုပီးယား နလန်ထူလာခြင်း အကြောင်းရင်းများ

နံပါတ် တစ် (ညီညွတ်မှု) မငတ်ရေးအတွက် ညီညွတ်ကြ Unity for Hunger ဆိုတဲ့ စိတ်ဓါတ်ပါ။ အီသီယိုပီးယား ကွန်မြူနစ် အာဏာရှင် စနစ်အောက် ကွဲခဲ့ပြဲခဲ့ တိုက်ခိုက်ခဲ့ ကြလို့ လူရှစ်သန်းလောက် ငတ် လူတစ်သန်း လောက် သေခဲ့ရတော့ ဘယ်လောက်ပဲ မတည့်ပစေ မငတ်ရေး အတွက် တော့ အားလုံး ညီညွတ်တယ်ဗျ။

နံပါတ် နှစ် (လာဘ်စားမှု) နည်းတယ် ကမ္ဘာ့လာဘ် စား တဲ့ နိုင်ငံစာရင်း ၁၇၄မှာ အဆင့် ၁၁၀ ရှိတယ် (မြန်မာက ၁၅၆)

နံပါတ်သုံး (ပညာရေး) အီသီယိုပီးယား ရဲ့ GDP ဟာ မြန်မာနဲ့ မတိမ်းမယိမ်း ဖြစ်သော်လည်း ပညာရေး အသုံးစားရိတ်ကို GDP ရဲ့ 5 to 10 % အထိ သုံးပါတယ် (မြန်မာ 1 to 5 %)

ကွာသွားတာ ဒါပါပဲ ခင်ဗျာ။

ပိုပြီးခံပြင်းဖို့ကောင်းတာက ဆွေးနွေးမိတဲ့ အီသီယိုပီးယား တွေ ပြောတာက ငါတို့ ဆီမှာတဲ့ မညီမညွတ် ဖြစ်ကြပြီ ဆိုရင် (တစ်) အရင်တုံးက မညီညွတ်လို့ ငတ်ခဲ့ကြတာ ပြန် သတိပေးတယ် ( နှစ်) မြန်မာပြည်ကိုကြည့် ခုထိ မညီညွတ်လို့ ငါတို့နောက်မှာ ကျန်ခဲ့ပြီလို့ သတိပေးကြ တယ်တဲ့။

သေပြီဆရာ

(တစိခါတစ်လေ စိတ်ပေါက်ပေါက်နဲ့ စဉ်းစားမိတယ် ငါတို့ မြန်မာပြည် ငတ်လို့ မသေဘူးကြ သေးလို့များ ခုထိ မညီညွတ်နိုင် မတိုးတက်နိုင်ပဲ အီသီယိုပီယား နောက် ကျန်ခဲ့တာလား လို့)

Wanna More