07/23/15


 ဦးအောင်သောင်းကို ၁၉၄၀ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှားမွေးဖွားခဲ့ကာသူ့ကိုယ်သူ ဝဲလောင်ရွာ ဇာတိလို့ ပြောလေ့ရှိပါတယ်။ အချို့မှတ်တမ်းတွေမှာတော့ တောင်သာမြို့နယ် ကျောက်ကာရွာ ဇာတိလို့ ဆိုပါ တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ သူ့ကို ဝဲလောင်သားလို့ ခေါ်လေ့ရှိတယ်လို့ ဆိုပါတယ်။

 သားသမီးခြောက်ယောက်ရှိပြီး တစ်ဦးကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ သားမက်ဖြစ်ပါတယ်။ ဦးအောင်သောင်းအား OTS အပတ်စဉ် (၃၀) ဆင်းဖြစ်ပြီး တပ်မတော်မှာ ဗျူဟာမှူး ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် မတ်လ(၃၀) ရက်နေ့အထိ စက်မှု (၁) ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မွေး/ရေ ဝန်ကြီးအဖြစ်နဲ့လည်း တာဝန်ထမ်းဆောင်ခဲ့ပါသေး တယ်။

လက်ရှိမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ဗဟိုအတွင်းရေးမှူးအနေနဲ့ လုပ်ကိုင် နေပြီး ပြည်သူ့လွှတ်တော်မှာ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ နေရာ ရယူထား ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင်အနေနဲ့လည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။

ဦးအောင်သောင်းရဲ့ မိသားစုဝင်တွေဟာ ရေနံ၊ သဘာဓာတ်ငွေ့၊ သစ်နဲ့ ဆန် စပါးရောင်းဝယ်ရေး၊ ကွန်ပျူတာနဲ့ လျှပ်စစ်ပစ္စည်းတင်သွင်းတဲ့လုပ်ငန်း၊ ဘဏ်လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။ အောင်ရီဖြိုး ကုမ္ပဏီနဲ့ IGE ကုမ္ပဏီများ အုပ်စု ကို စင်္ကာပူနိုင်ငံမှာ ၂၀၀၁ ခုနှစ်က မှတ်ပုံတင်ထားပါတယ်။

Messenger News Journal
https://www.facebook.com/pages/Messenger-News-Journal


 စင်ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူနေသော ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းသည် ယနေ့ နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံ၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သည့် ဆရာဝန်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

ဦးအောင်သောင်း၏ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်လာမည်ဖြစ်ပြီး နေ့လည် ၁၂ နာရီ အချိန်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီအတိုင်ပင်ခံနှင့် တောင်သာမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းသည် ဦးနှောက်သွေးကြောပေါက်၍ ဆေးကုသမှုခံယူရန် ဇူလိုင် ၉ ရက်ကပင် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်ဟုသိရပါသည်။

china.com Myanmar
https://www.facebook.com/china.com.mm


 ဂျူလိုင် ၂၃ ရက် ၂၀၁၅

 ရန်ကုန်မြို့တွင် အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တတိုင်းပြည်လုံးအပစ်ရပ်ဖို့ ဆွေးနွေးနေချိန် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ နယ် အတွင်း ရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းအား အစိုးရ တပ်မတော်ဘက် သွားရောက်တိုက်ခိုက်ရာမှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားနေသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မြောက်ဘက် ၇ မိုင်အကွာ မိုင်းအောတ်ဒေ သ လွယ်နိုင်းအုပ်စု နားကောန် ရွာအနောက်မြောက်ဘက်ရှိ လွယ်ရဆေးတောင် ရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းအား အစိုးရတပ် ခမရ ၅၆၉ လက်အောက်ခံ စစ်ကြောင်းက ဂျူလိုင်လ ၂၁ ရက် နေ့ မွန်းတည့်ချိန်မှ ညမိုးချုပ်အထိတကြိမ်၊ ဂျူလိုင် ၂၂ ရက်နေ့ နံနက် ၆ နာရီမှ မွန်းတည့်ချိန်အထိတကြိမ် တိုက်ပွဲ များဖြစ်ပွားခဲ့သည်။

လက်ရှိတွင်လည်း အစိုးရတပ်မတော်ဘက်အင်အားတိုးဖြည့်နေသကဲ့သို့ သျှမ်းပြည်တပ်မတော်ဘက်ကလည်း အင်အားဖြည့်နေသည်ဟု သိရသည်။

ဆွေးနွေးပွဲတွေနဲ့ တိုက်ဆိုင်နိုင်လွန်းပါတယ်။ ကျနော်တို့ဘက်က ကိုယ့်နေရာ မှာဘဲနေပါတယ်။ ပြီးတော့ ကျနော်တို့ဘက်က စတိုက်တာ မဟုတ်ဘူး။ တိုက်ပွဲရပ်စဲပေးဖို့ စာပေးလိုက်တယ်။ တပြည်လုံးအပစ်ရပ်စဲရေးဆွေးနွေးေ ရးကနေ တိုက်ပွဲကိုဝိုင်းဝန်းတားပေးဖို့ပေါ့လေ။ ဆွေးနွေး တုန်းဖြစ်နေတယ် ဆိုတာက ရုပ်ပျက်တယ်လေ။ အခုထိဖြစ်နေတယ် - ဟု SSPP အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင်က ပြောသည်။

အစိုးရတပ်မတော် ခမရ ၅၆၉ စစ်ကြောင်းအား ဗိုလ်မှူးမိုးဝင်းနိုင် က ဦးဆောင်ကြောင်း ဒေသအတွင်း၊ တိုက်ပွဲကြောင့် ထိခိုက်မှုရှိခဲ့ကြသော်လည်း ကျဆုံးမှုအရေအတွက် မသိရသေးကြောင်းဆိုပါသည်။

ဗမာတပ်တွေ တက်လာတာ လွန်ခဲ့တဲ့ ၄-၅ ရက်ကတည်းက။ တိုက်ပွဲ က ဖြစ်တော့မယ်ဆိုပြီး ရွာသားတွေက လန့်နေတာ။ ဒါပေမယ့် ဒီဘက်မှာ မဖြစ်ဘဲ မိုင်းအောတ်ဘက်မှာ သွားဖြစ်တယ် - ဟု ၀မ်းဟိုင်းဌာနချုပ် တောင် ဘက် နှစ်မိုင်ခန့်သာ ဝေးသည့် ၀မ့်ဆော့ရွာသား တဦးကပြောသည်။

မိုင်းနောင်မြို့နယ်ဘက်တွင်လည်း အစိုးရဘက်မှ စစ်ရေးပြင်ဆင်မှု များပြုလုပ်နေပြီး လက်နက်ကြီးဖြင့် အစမ်းပစ်ခတ် လေ့ကျင့်မှု ပြုလုပ်မ ည်ဟု ဒေသခံများထံ အသိပေးထားကြောင်း အမည်မဖော်လို သည့် ဒေသ ခံတဦး က ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် ဖြစ်ပေါ်သော အဆိုပါ စစ်ပွဲများ ရပ်စဲပေး ရန် တောင်းဆိုသည့်စာအား ရန်ကုန်သို့ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက် ရန် ရောက်ရှိနေသည့် စ၀်ခွန်ဆိုင်မှ ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်း ၊ ဦးသိန်းဇော် ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌများလက်သို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်သည် အစိုးရနှင့် ပြည်ေ ထာင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးသည့်တပ်ဖွဲ့ဖြစ်သကဲ့သို့၊ တပြည်လုံးအပစ်ရပ် လက်မှတ်ရေး ထိုးနိုင်ရေးအတွက် အစိုးရနှင့်ဆွေးနွေးေ နသည့် တိုင်းရင်းသားတော်လှန်ရးတပ်ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးညှိ နှိုင်းရေးအ ဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တွင်လည်း သျှမ်းပြည်တပ်မတော် SSPP/SSA က ပါဝင်သည်။

Photo :mmmilitary
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


  ဦးနှောက်သွေးကြောပေါက်သဖြင့် စင်္ကာပူနိုင်ငံ တွင်ဆေးကု သမူ့ ခံယူေ နသော ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းသည်ဇူလိုင်လ ၂၃ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့် တွင်ကွယ်လွန်သွား ပြီ ဖြစ် ကြောင်းမိသားစုဝင်များထံမှသတင်းရရှိပါတယ်။

ဦးနှောက်သွေးကြောပေါက်သဖြင့် ဇူလိုင်လ ၉ ရက်နေ့ တွင်စင်္ကာပူနိုင်ငံသို့ ဆေးကုသရန်သွားရောက်ခဲ့ ပြီး ဇူလိုင်လ ၂၃ ရက်နေ့ တွင် စင်္ကာပူဆေးရုံ၌ ကွယ်လွန်ခဲ့တာပါ။

ဦးအောင်သောင်းဟာ န၀တအစိုးရလက်ထက်တွင်စက်မူ( ၁ ) ၀န်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ရင်းနှီးသူဖြစ်သလို့ သြဇာကြီးမားသော ၀န်ကြီးတစ်ဦးလဲဖြစ်ပါတယ်။

၂၀၁၀အထွေထွေရွေးကောက်ပွဲတွင် တောင်သာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ရွေးချယ်ခံပြီးအနိုင်ရရှိခဲ့ပါတယ်။

ဦးအောင်သောင်းကို ၁၉၄၀ ခုနှစ်ဒီဇင်ဘာ ၁ ရက်နေ့ တွင်မွေးဖွါးခဲ့ပြီးလာမည့် ဒီဇင်ဘာလ တွင် အသက် ၇၅ နှစ်ပြည့်မှာဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese



 ထိုင်း နိုင်ငံ တောင်ပိုင်း ကော်တောင် ကျွန်းမှာ ဗြိတိန် နိုင်ငံသား၂ ယောက် အသတ်ခံခဲ့ ရမှု နဲ့ ပတ်သက်ပြီး စွပ်စွဲ ခံထားရတဲ့ ဇော်လင်း နဲ့ ဝင်းဇော်ထွန်း တို့ အမှုကို ကော့စမွီ တရားရုံး မှာ ဗုဒ္ဓဟူး နေ့ က ဆက်လက် စစ်ဆေးခဲ့ပါတယ်။

တရားလိုပြ သက်သေ ရဲအရာရှိ ၅ ဦး ကို မေးမြန်း ခဲ့ သလို အဲဒီ့ မြန်မာ နိုင်ငံသား ၂ ဦး ရဲ့ ရုပ်ပုံ အဖြစ် စီစီတီဗွီ မှတ်တမ်းတင် ဗွီဒီယို ကို ရဲက တရားရုံး မှာ တင်သွင်း ခဲ့ပါတယ်။

စွပ်စွဲ ခံထားရ သူ ၂ ဦးရဲ့ မိခင်တွေ လည်း တရားရုံးမှာ ရှိနေခဲ့ တယ်လို့ နယ်မြေခံ သတင်းထောက် က ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

၂၂ ဇူလိုင် ၂၀၁၅ တွင် ဦးကိုကိုကြီးအား တောင်ဥက္ကလာ တရားရုံးက ထောင်ဒဏ် ၂၁ ရက် သို့မဟုတ် ဒဏ်ငွေ တစ်သောင်းကျပ် ချလိုက်ခြင်းအပေါ် ကိုမင်းကိုနိုင်က အောက်ပါအတိုင်း ဝေဖန်ထောက်ပြလိုက်သည်။

ယင်းကိစ္စနှင့် စပ်လျဉ်းပြီး ကိုမင်းကိုနိုင်က “ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီ သမားတွေ ပြတ်ပြတ်သားသား ၀င်ရပ်လာတဲ့ ပညာရှင်တွေရှိတယ်၊ နောက်ပြီးတော့ အများပြည်သူ ထောက်ခံလေးစားတဲ့ ပုဂ်္ဂိုလ်တွေ အကုန်လုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့အတူ ချီတက်တော့မယ် ဆိုတာကိုတွေ့ရတယ်၊ ပြည်သူတွေလည်း တော်တော် အားရသွားကြတာပေါ့၊
ပြည်သူတွေ အားတက်လာပြီးတော့ အားပြိုင်မှုကြီးအတွက် ၀မ်းသာနေတဲ့အချိန်မှာ ဒီဟာက အချိန်ကိုက် တစ်ချိန်တုန်းက အသာလေး ပစ်ချထားတဲ့ လက်နက် တစ်ခုကို ကောက်ကိုင်လိုက်သလိုပဲလို့ ကျွန်တော် မြင်တယ်၊ ဒါ ချိန်းခြောက်တာပဲ၊ ချိန်းခြောက်တဲ့အတွက် အရာမထင်ဘူးလို့ ကျွန်တော် အောင့်မေ့တယ်၊

ဘာဖြစ်လို့လဲဆိုတော့ တကယ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် အကုန်လုံးက ရွေးကောက်ပွဲအတွက် တစ်ညီတစ်ညာတည်း ၀င်ပြီးတော့ ရပ်ကြတော့မယ်ဆိုတဲ့ စွန့်စားမှုဟာ ဒီချိန်းခြောက်မှုလောက်နဲ့တော့ အရာထင်မှာ မဟုတ်ဘူး၊ ပညာသည်တွေကို အဲဒီလောက် လျော့မတွက်ပါနဲ့လို့ပဲ ကျွန်တော် ပြောမယ်၊ သူတို့ အရာရာကို စဉ်းစားပြီးသား ဖြစ်တယ်၊ အဲဒီတော့ ဒီချိန်းခြောက်မှုလောက်နဲ့တော့ အခု ရွေးကောက်ပွဲမှာ ၀င်ပြီးတော့ အားဖြည့်ကြမယ့် အင်အားစုတွေ အပေါ်ကိုတော့ ဘာမှ သက်ရောက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီလို ချိန်းခြောက်မှုမျိုးကိုတော့ သဘောတူသလား ဆိုတော့ မတူပါဘူး၊ အဲဒီအတွက် ကျွန်တော်က နောက်ထပ် ဒီလို အင်အားဖြည့်တဲ့ ပုဂ္ဂိုလ်မှန်သမျှ လူတွေ လေးစားယုံကြည်တဲ့ ပညာရှင်တွေ အပါအ၀င် အဲဒီအပေါ်မှာ ချိန်းခြောက်မှုတွေ ထပ်ရှိလာမယ် ဆိုရင်လည်း ကျွန်တော်တို့ လိုက်ပြီး ခုခံကာကွယ်ပေးကြဖို့ အားလုံးကိုလည်း ကျွန်တော် နှိုးဆော် တိုက်တွန်း ချင်ပါတယ်” ဟု ပြောကြားသည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် ဦးကိုကိုကြီး အပါအ၀င် ၅ ဦးအား ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တောင်ဥက္ကလာပ တရားရုံးက ချမှတ်လိုက်ခြင်းဖြစ်သည်။ ယင်းအပေါ် ဦးကိုကိုကြီးတို့က ဒဏ်ငွေ မဆောင်၊ ထောင်ဒဏ်အား ခံယူရန် ဆုံးဖြတ်ထားသော်လည်း ပြည်သူ တစ်ဦးက ဒဏ်ငွေများကို ပေးခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပ မြို့နယ် ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ ကလေးကစားကွင်းနှင့် ပန်းခြံအား ပြည်ထောင်စု ကြံ့ခိုင်ရေး အသင်းက ကွန်ဒိုဆောက်ခြင်းအား ဦးကိုကိုကြီးနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက ဆန္ဒ ထုတ်ဖော်ရာ ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
_________________________________

ပြည်သူ့အရေးသတင်းဂျာနယ်
သတင်းထောက်ချုပ်ကျော်ကျော်ဦး တွေ့ဆုံမေးမြန်းသည်...။
.
Credit : Ko Soe Win , Thetdwe Aung


 ပြည်သူ့ လွှတ် တော် ဘဏ္ဍာရေး နှင့် ငွေကြေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ထားသူ စက်မှု ၀န်ကြီးဟောင်း တောင်သာ မြို့နယ် ပြည်သူလွတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းမှာ စင်ကာပူတွင် ကုသမှု ခံယူနေသော်လည်း တိုးတက်ကောင်းမွန်လာမှု မရှိခြင်း၊ မတုံပြန်ခြင်း၊ သတိမလည်လာခြင်း တို့ကြောင့် မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့် ပြန်လည်သယ်ဆောင်ရန် ၄င်း၏ ဆရာဝန်များက ခွင့်ပြု လိုက်ကြောင်း နီးစပ်သူများက ပြောကြားသည်။

ဦးအောင်သောင်းမှာ ဇူလိုင်လ ၈ ရက်နေ့ မနက်က နေပြည်တော်နေအိမ်တွင် အိပ်နေစဉ် ဦးနှောက်သွေးကြောပေါက်ကာ သတိလစ်သွားခဲ့ခြင်း ဖြစ်သည်။

The Ladies News Journal
https://www.facebook.com/News.TheLadies


  ဇူလိုင် ၂၂ရက်၊ ၂၀၁၅ခုနှစ်။

 ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ် အာရှလမ်းမတွင် စတင်ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)နှင့် အစိုးရစစ်တပ်တို့ကြား ဇူလိုင်လ ၂ရက်မှ ၁၅ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားပြီးနောက် ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ဘေး ရှောင်ပြည်သူများကို အရပ်ဘက် ကရင်လူမှုအဖွဲ့အစည်းများက လာမည့်အပတ်တွင် သွားရောက်ကူညီမည်ဟု သိရသည်။

စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးကော်မတီအဖွဲ့ကို ကရင်လူမှုအဖွဲ့များမှ တာဝန်ခံ ၉ဦးဖြင့် အရေးပေါ် ဖွဲ့စည်းလိုက် ရာ ညှိနှိုင်းရေးတာဝန်ခံ စောလေကွေဒူ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးတာဝန်ခံ ကိုအောင်ဆန်းဦး၊ ဒေသခံ မန်းသိန်းဇော်၊ ကရင်ရေးရာကော်မတီမှ ဆရာစောကျော်စွာ စသည်တို့ ပါဝင်ခဲ့ကြသည်။

၎င်းကော်မတီ စောစိန်ထွေးက “သူတို့က ဘာတွေလိုအပ်သလဲဆိုတာ အရင်ဆုံး ကျနော်တို့စုံစမ်းမယ်။ ပြီးမှ ဘာတွေလှူဒါန်း သွားမလဲဆိုတာ လုပ်ဆောင်သွားမယ်။ ကျနော်တို့က သူတို့တွေကို ရုပ်ပိုင်းဆိုင်ရာမှာ တစ်စိတ်တစ်ဒေသတော့ နိုင်သလောက် ကူညီပေးသွားချင်တယ်။ စိတ်ပိုင်းဆိုင်ရာမှာတော့ လက်ရှိ ကျနော်တို့ မကူညီနိုင်သေးပါဘူး။သူတို့ နေ့စဉ်နှင့်အမျှ စိုးရိမ်မှု၊ ဘ၀ မလုံခြုံမှုတွေ ခံစားနေရပါတယ်”ဟု ပြောသည်။

ယင်းကော်မတီအနေဖြင့် အစိုးရဘက် အဖွဲ့များနှင့်သော်လည်းကောင်း၊ နယ်ခြားစောင့်တပ်(BGF) အဖွဲ့နှင့်သော်လည်းကောင်း၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု သိရသည်။

ထိုသို့ အရပ်ဘက်လူမှုအဖွဲ့အစည်းလူငယ်များ စစ်ဘေးရှောင်ပြည်သူများအား လာရောက်ကူညီမည်ဟု ကြားသိရသဖြင့် ကြိုဆို လက်ခံကြောင်းနှင့် ထိုအရပ်ဘက်လူငယ်အဖွဲ့မှ လိုအပ်သည့် အကူအညီများကို ပံ့ပိုးပေးသွားမည်ဟု နယ်ခြားစောင့်တပ် ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

၎င်းက “ကောင်းပါတယ်။ လူငယ်အဖွဲ့တွေက အခုလို လုပ်ဆောင်ပေးတာကို ကျနော်တို့ ထောက်ခံအားပေးပါတယ်။ လွန်ခဲ့တဲ့ ရက်မှာ ကျနော်တို့ ဗိုလ်မှူးကြီးစောချစ်သူလည်း မြ၀တီအရပ်ဘက်အဖွဲ့ကို စစ်ဘေးရှောင်တွေအတွက် သိန်း ၂၀ လှူဒါန်းလိုက် သေးတယ်။ လူငယ်တွေ လာရောက်လှူဒါန်းမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီပေးသွား မယ်”ဟု ပြောသည်။

အလားတူ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(KWEG) ကလည်း ကောင်းမှုရွာသားများ ခိုလှုံသည့်နေရာသို့ သွားရောက် ကာ စစ်ဘေးရှောင်ရွာသားများနှင့် တွေ့ဆုံခဲ့ပြီး လိုအပ်ချက်များ၊ အခက်အခဲများ သွားရောက်မေးမြန်းခဲ့သည်ဟု ၎င်းအဖွဲ့၏ စီမံ ခန့်ခွဲမှုဒါရိုက်တာ နော်စူစန်နာလှလှစိုးက ကေအိုင်စီသို့ ယနေ့ ပြောသည်။

“ကျမတို့အဖွဲ့သွားတာက အဲဒီမှာနေတဲ့ ကောင်းမှုရွာသားတွေကိုမေးတော့ သူတို့ရွာကိုပဲ ပြန်ချင်တယ်။ ရွာပြန်ပြီး စပါးပြန်စိုက် ချင်တယ်။ အခုလောလောဆယ်တော့ အဲဒီရွာက သူများအိမ်မှာ သူတို့နေတယ်။ ဆန်တွေကိုတော့ ဘုန်းကြီးကျောင်းမှာပဲ ထား ထားတယ်။ ကလေးတွေစာသင်ဖို့ စာအုပ်တွေလာလှူတာရှိပေမယ့်လည်း ထီးတွေ၊ ဖိနပ်တွေ၊ အဝတ်အစားတွေ လိုသေးတာ ပေါ့”ဟု သူမက ဆိုသည်။

စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးကော်မတီသည် ရန်ကုန်မြို့၊ ပန်ဒါဟိုတယ်၌ ဇူလိုင်လ (၁၅)ရက်နေ့က ပြုလုပ်ခဲ့ သည့် တစ်နိုင်ငံလုံးရှိ အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးညီလာခံဆွေးနွေးပွဲတွင် အရေးပေါ် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ၎င်းကော်မတီသည် မြန်မာနိုင်ငံရှိ အရပ်ဖက်အဖွဲ့အစည်းများမှ ထည့်ဝင်လှူဒါန်းလာသည့် ငွေစုစုပေါင်း ကျပ်သိန်း ၆၀ လက်ခံရ ရှိထားပြီးဖြစ်သည်ဟု သိရသည်။

စောညွန့်သောင်း
http://kicnews.org

 ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

    ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်ကို ပြင်ဆင်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ယခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲနှင့် ပူးတွဲ ကျင်းပရန်မှာ ယခုကာလအတွင်း ကျင်းပခြင်း မပြုပဲ ခေတ္တ ဆိုင်းငံ့ ထားသင့်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အကြံပြုချက်အပေါ် ယနေ့ ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ လွှတ်တော်၏ သဘောဆန္ဒရယူပြီး ခေတ္တ ဆိုင်းငံ့ရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ရွေးကောက်ပွဲနှင့် ပူးတွဲကျင်းပရန် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ စာရေးသားပေးပို့ ခဲ့ခြင်းအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည်ရှင်းလင်း အကြံပြုချက်အား လွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် ၇ ဦးက ဝင်ရောက် ဆွေးနွေးပြီး လွှတ်တော်၏ သဘောဆန္ဒ ရယူခဲ့ခြင်း ဖြစ်သည်။

“ပုဒ်မ ၅၉ (ဃ) တစ်ခုတည်းနဲ့ တိုင်းပြည် ပြောင်းလဲမှု မဖြစ်နိုင်တဲ့ အတွက် နောက်အစိုးရ လက်ထက် လွှတ်တော်မှာ ထပ်ပြီး ပြင်ဆင်မှုတွေနဲ့ အတူ ပေါင်းပြီးမှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်မဲ့ အနေအထား ရှိပါတယ်”ဟု ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဆင်ဟွာသို့ ပြောသည်။

ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်ဖြစ်သည့် နိုင်ငံတော် သမ္မတ၏ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(ဃ) တွင် မူလ ပြဌာန်းချက် ဖြစ်သော စစ်ရေးအမြင်နေရာတွင် ကာကွယ်ရေးအမြင် ဟု အစားထိုး ပြင်ဆင်ရန် အတည်ပြု နိုင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ရမည် ဖြစ်သည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ရွေးကောက်ပွဲနှင့် အတူ ပူးတွဲ ကျင်းပခြင်းဖြင့် အချိန် ၊ လုပ်အားနှင့် ဘဏ္ဍာငွေ ကုန်ကျမှုများ သက်သာမှု ရှိစေနိုင်သော်လည်း သီးခြား ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး လိုအပ်သည့် အထောက်အကူပြု ပစ္စည်းအတွက် နိုင်ငံတော် ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၄,၇၂၉,၀၄၃ သန်း အနည်းဆုံး ကျခံ သုံးစွဲရမည် ဟုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြည်ထောင်စု လွှတ်တော် နာယကထံ ပေးပို့ ထားသည့် စာတွင် ဖော်ပြထားသည်။

 (Xinhua)
http://www.xinhuamyanmar.com


 ဇူလိုင် ၂၂ရက်၊ ၂၀၁၅ခုနှစ်။

  ကလိုထူးဘော စစ်ဋ္ဌာနချုပ် ဒီကေဘီအေ လက်အောက်ခံ ကလိုထူးဝါ စစ်ကွပ်ကဲရေးမှ စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စောကျော် သက်နှင့် ဗိုလ်မှူးကြီးစောဆန်းအောင်တို့အား အဖွဲ့ဝင်အဖြစ်မှ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစော လားပွယ်၏ ကိုယ်စားထိုးထားသည့်လက်မှတ်ဖြင့် ဇူလိုင်လ ၂၁ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒီကေဘီအေ မြ၀တီဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီးစောစိုးမြင့်က ̏ဋ္ဌာနချုပ်မှာထိုင်တဲ့ ကျနော် အီးစီက လူကြီးတွေ အစည်းအ ဝေးထိုင်ပြီး ဆုံးဖြတ်ချတယ်။ ဆုံးဖြတ်ချက်ကို အဖိုး(စောလားပွယ်)ဆီကို တင်ပြပြီးတော့ အဖိုးကလည်း ဆုံးဖြတ်ချက်အတိုင်းပဲ ဆောင်ရွက်ဖို့ ညွှန်ကြားလိုက်တယ်။ ဒါက ဖြစ်စဉ်အပေါ် အကျိုးအကြောင်းချက်ကို အခြေခံပြီး ထုတ်ပယ်တာဖြစ်တယ်״ဟု ကေ အိုင်စီသို့ ပြောသည်။

ဇူလိုင်လ ၂ရက်နေ့မှစ၍ အာရှလမ်းပေါ်နှင့် အနီးတ၀ိုက်တွင် ဗိုလ်မှူးချုပ်စောကျော်သက်နှင့် ဗိုလ်မှူးကြီးစောဆန်းအောင်တို့ ဦးစီး သည့် ဒီကေဘီအေတပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့တို့အကြား ရက်အတန်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ယခုလို ဒီကေဘီအေဘက်မှ ထုတ်ပြန်ချက်ဖြင့် ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

ယခုကိစ္စအပေါ် ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီမှ ဗိုလ်မှူးကြီးစောဖောဒိုက̏ ကျနော့်အထင်တော့ မနေ့က မူးယစ်ဆေးဝါး သိမ်းဆည်းရမိတဲ့ကိစ္စ ပတ်သက်မယ်ထင်တယ်။ စစချင်းတော့ လမ်းကြောင်းကို အနှောက်အယှက်ပေးတဲ့အ တွက် သူတို့ကို သွားတိုက်တာဖြစ်တယ်။ နောက်တော့ သူတို့တွေ မူးယစ်ဆေး ထုတ်လုပ် ရောင်းချတဲ့သူတွေ ဖြစ်သွားတယ်။ အဲဒီကိစ္စနဲ့ ဆက်စပ်မယ်ထင်တယ်״ဟု ကေအိုင်စီသို့ ပြောသည်။

ဗိုလ်မှူးချုပ်စောကျော်သက်နှင့် ဗိုလ်မှူးကြီးစောဆန်းအောင်တို့အား ဒီကေဘီအေမှ အပြီးပိုင် ထုတ်ပယ်ကြောင်း အမိန့်ပြန်တမ်း စာကို အစိုးရ၏ အရှေ့တောင်တိုင်း တိုင်းမှူး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ်(စကခ-၁၂) လက်အောက် ခံတပ်ရင်းများ၊ သက်ဆိုင်ရာ အစိုးရဋ္ဌာနဆိုင်ရာများ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) စစ်ဦးစီးချုပ်၊ KNU/KNLA-PC စစ်ဦးစီး ချုပ်တို့အပြင် သက်ဆိုင်ရာ ဒီကေဘီအေ တပ်ရင်းတပ်ဖွဲ့များထံသို့လည်း မိတ္တူများ အသီးသီးပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ် စက်တင်ဘာလတုန်းကလည်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ အစိုးရတပ်ဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပွား သည့်ကိစ္စနှင့် ပတ်သက်၍ ဋ္ဌာနချုပ်ကို လာရောက်ရှင်းလင်းမှု မလုပ်ဆောင်သည့်အတွက်ဆိုကာ ဗိုလ်မှူးကြီးစောဆန်းအောင် အား ဒီကေဘီအေက ရာထူးမှ ထုတ်ပယ်ခဲ့ဖူးသည်။

 ကေအိုင်စီ
http://kicnews.org

 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရန်ကုန်ရုံး ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

    ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် တစ်နိုင်ငံလုံး အနှံ့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် ရွေးကောက်ပွဲ စည်းရုံးခြင်း (Election Campaign) ကို စက်တင်ဘာလ ၈ ရက်နေ့ မှ စတင် ပြုလုပ်နိုင်ပြီး တပ်မတော် ဧရိယာအတွင်းသို့ သွားရောက် မဲဆွယ်စည်းရုံးခွင့် ရရှိနိုင်မည် မဟုတ်ကြောင်း  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ယနေ့ ပြောသည်။

“တပ်မတော်ထဲမှာ မဲဆွယ် စည်းရုံးဖို့တော့ မဖြစ်နိုင်ပါဘူး။ တပ်ကလဲ ခွင့်ပြုမယ် မထင်ပါဘူး။ ဒါပေမယ့် တပ်နှင့် နီးစပ်နေတဲ့ ရပ်ကွက်/ကျေးရွာ အုပ်စုတွေမှာ သွားပြီး မဲဆွယ် စည်းရုံးနိုင်ပါတယ်။ တပ်မတော်သားနဲ့  မိသားစုဝင်တွေက စိတ်ဝင်စားရင် လာနားထောင်ပါလိမ့်မယ်။ နောက်ပြီးတော့  တပ်ထဲကို လက်ကမ်း ကြော်ငြာ စာစောင်တွေ ပေးလို့ ရပါတယ်”ဟု ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောသည်။

တပ်မတော်သားများ ဆန္ဒမဲ ပေးနိုင်ရေး အတွက် မဲရုံ ဖွင့်လှစ်ရန် တပ်များအတွင်းရှိ တပ်တွင်း ကျောင်းတွင် မဲရုံဖွင့်ပါက ထိုနေရာသို့ သွားခွင့်ရှိရမည်။ သွားခွင့် မပေးပါက မဲရုံကို အပြင်ဘက်တွင် ဖွင့်လှစ်ရန် တပ်မတော်သို့ ပြောကြား ထားသည်။ တပ်ထဲတွင် မဲရုံဖွင့်သည့် နေရာကို သတ်မှတ် လမ်းကြောင်းအတိုင်း ဝင်ရောက် လေ့လာ ကြည့်ရှု နိုင်သည်ဟု သိရသည်။

မဲဆွယ် စည်းရုံးရေးခွင့်နှင့် ပတ်သက်၍ ရက်ပေါင်း ၆၀ သတ်မှတ်ထားပြီး လူတိုင်းသည် နိုင်ငံတော်တွင် ထုတ်ပြန်ထားသည့် ဥပဒေများကို လိုက်နာရမည်။ လာမည့် ရွေးကောက်ပွဲတွင် ကော်မရှင်သည် ယခုအတိုင်း စောင့်ကြည့် နေမည်သာ ဖြစ်သည်။ ပါတီအချင်းချင်း ကျင့်ဝတ်များနှင့်အညီ ထိန်း၍ ရွေးကောက်ပွဲ စည်းရုံး ဟောပြောပြီး အေးချမ်းသည့် ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ဆောင် သွားမည်ဟု ကော်မရှင် ဥက္ကဌ က ပြောသည်။

ထို့ပြင် ရွေးကောက်ပွဲ ဆိုင်ရာ ပြဿနာများ ဖြစ်ပွားပါက စေ့စပ် ညှိနှိုင်းရေး အဖွဲ့ မှ စေ့စပ် ဆောင်ရွက်ပေးပြီး မရဘဲ တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေပါက လုံခြုံရေး ကော်မတီမှ ဆောင်ရွက်သွားမည် ဟု သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲတွင် တင်သွင်းလာသည့် ကိုယ်စားလှယ် လောင်းများကို စိစစ်ပြီး မဲဆန္ဒ နယ်မြေအလိုက် ကိုယ်စားလှယ် လောင်းများ မည်သည့် လွှတ်တော်များတွင် ယှဉ်ပြိုင် သွားကြမည်ကို ထုတ်ပြန် ပေးသွားရန် ရှိကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး တောင်ဥက္ကလာပတရားရုံးကို တက်ရောက် အမှုကြားနာစဉ်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး တောင်ဥက္ကလာပတရားရုံးကို တက်ရောက် အမှုကြားနာစဉ်

ကလေးအားကစားကွင်းကိစ္စနဲ့ ပတ်သက်လို့ ခွငြ့်ပုတဲ့နေရာမှာ ဆန္ဒပြတာမျိုး မလုပ်ဆောင်တဲ့အတွက် ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကို တောင်ဥက္ကလာပတရားရုံးမှ ဒဏ်ငွေ ၁ သောင်း သို့မဟုတ် ထောက်ဒဏ် ၂၁ ရက် ကျခံရန် အမိန့်ချမှတ်လိုက်ပေမဲ့ ကိုကိုကြီးနဲ့ ရင်းနှီးသူတဦးက ငွေဒဏ်ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။

တရားရုံးတွေက အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ သဘောအပေါ်မူတည်ပြီး လုပ်ဆောင်နေတယ်လို့ ရှေ့နေတွေက ဝေဖန်ပါတယ်။ အသေးစိတ်ကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မကြာခင် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်မယ့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကို ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုထားကြောင်း ရဲစခန်းကဆင့် ခေါ်ထားခဲ့တာပါ။ ဇူလိုင်လ ၂၂ ရက်နေ့မှာတော့ ခုခံချေပမှုတွေမရဘဲ အမိန့်ချမှတ်ခဲ့သလို ငွေဒဏ်မဆောင်ဘူးလို့ နိုင်ငံရေး ခံယူချက်အရ ဆုံးဖြတ်ထားပေမဲ့ ပရိသတ်ထဲက ရင်းနှီးသူတဦးက ငွေဒဏ်ဆောင်သွားခဲ့တယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။

ရှေ့နေ ဦးရောဘတ်စန်းဆောင်နဲ့အတူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး တောင်ဥက္ကလာပတရားရုံးကို တက်ရောက် အမှုကြားနာစဉ်
ရှေ့နေ ဦးရောဘတ်စန်းဆောင်နဲ့အတူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး တောင်ဥက္ကလာပတရားရုံးကို တက်ရောက် အမှုကြားနာစဉ်“ခွင့်ပြုချက်ပေးတဲ့နေရာမှာ ဆန္ဒမပြဘူး ဆိုတာဟာ မှန်သလားဆိုတော့ ကျနော်မှန်တယ်လို့ ပြောခဲ့တယ်။ အပြစ်ရှိသလား ဆိုရင်တော့ သူလည်းမမေးဘူး၊ အဲဒီမေးခွန်းကို တရားသူကြီးကလည်း မမေးသလို၊ ကျနော့်အနေနဲ့ကလည်း ဒီကိစ္စကို အပြစ်ရှိတယ်လို့ ကျနော်ကတော့ လက်မခံဘူး၊ မခံယူဘူး။ အဲဒီတော့၊ ခွင့်ပြုချက်ရတဲ့ နေရာမှာ ဆန္ဒမပြတာကို မှန်တယ်လို့ ပြောလိုက်တဲ့အချိန်မှာ တန်းပြီးတော့ စီရင်ချက်ချလိုက်တယ်။ ဒဏ်ငွေ တသောင်း၊ သို့မဟုတ် ထောင်ဒဏ် ၂၁ ရက်ဆိုပြီး ချလိုက်တယ်။ ချတော့ ကျနော်ကတော့ ဒဏ်ငွေမဆောင်ဘူးလို့ ပြောထားပြီး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒဏ်ငွေလည်း လက်မခံဘူး၊ နောက်ဒီဟာကို အပြစ်ရှိတယ်လို့လည်း ကျနော်မခံယူဘူး။ ဆိုတော့ အဲဒီမှာ တရားခွင်လေးကလည်း ကျဉ်းတဲ့အခါကျတော့ လူက ၁၄-၁၅ ယောက်လောက်ပဲ ၀င်လို့ရတယ်။ အပြင်မှာကလည်း မီဒီယာတွေနဲ့ ပိတ်နေတော့ ပရိတ်သတ်က အပြင်မှာကျန်ခဲ့တယ်။ အဲဒီအချိန်မှာ တရားခွင်ထဲမှာရှိတဲ့ တယောက်က တိုင်းပြည်နဲ့လူမျိုးအတွက် အင်မတန် အရေးကြီးနေတဲ့ အချိန်မှာ ပြည်သူတယောက်အနေနဲ့ ဆောင်လို့ရသလားလို့ မေးတာကို ကျနော်ကြားလိုက်တယ်။ ပြီးတဲ့အခါကျ ရပါတယ်၊ ရပါတယ်ဆိုပြီးတော့ တရားသူကြီးကပြောတယ်။ အဲဒီတော့ ကျနော်က ပြောတာက ကျနော်ကတော့ ဒဏ်ငွေကို လက်မခံဘူး။ အဲဒီတော့ တရားသူကြီး အနေနဲ့ ကျနော်တို့ကို ဘာလုပ်ရမယ်ဆိုတာကို အကြောင်းကြားပါဆိုတော့၊ ရပါပြီ၊ ရပါပြီ၊ ပြန်လို့ရပါပြီဆိုတော့ ကျနော်ပြန်လာခဲ့တယ်။ ဒါကတော့ တရားခွင်နဲ့ ပတ်သက်တဲ့ အခြေအနေပေါ့နော်။ ဒီ ၂၁ ရက်ဆိုတာကလည်းပဲ ဒဏ်ငွေဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်က ကျနော့်ကို ပြောတယ်။ ကျနော်ချက်ခြင်းထပြီး ဆုံးဖြတ်လိုက်တာတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ၂၁ ရက်က ကိုယ်စားလှယ်လောင်း အမည်စာရင်းပိတ်မယ့် သြဂုတ်လ ၈ ရက်နဲ့၊ ဒီကာလနဲ့ ကြားထဲမှာ ဒါကကွက်တိ ဖြစ်နေတဲ့အတွက်ကြောင့် ခင်ဗျားလွှတ်တော်ထဲကို ရောက်မှဖြစ်မယ်ဆိုပြီးတော့ ကျနော်ယုံကြည်တဲ့ အတွက်ကြောင့် ချက်ခြင်း ကျနော်ပြောလိုက်တာတဲ့”

ဒါကတော့ ဥပဒေကြောင်းအရဆိုရင် အပြင်လူကနေ ငွေဒဏ်ဆောင်ပေးတာတွေ လုပ်လို့ရတာရှိတယ်လို့တော့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း က ဆိုပါတယ်။ ဒါပေမဲ့လည်း အာဏာပိုင်တွေရဲ့ သဘောထားတွေအပေါ် မူတည်ပြီး တရားရုံးတွေကနေ စီစဉ်ဆောင်ရွက်မှုတွေကလည်း ရှိနေတဲ့အတွက် တရားရုံးတွေကလည်း လွတ်လပ်တဲ့ တရားရုံးတွေအဖြစ် ပြောနိုင်လောက်တဲ့ အခြေအနေတွေ မရှိဘူးလို့ ဆိုပါတယ်။

“ဒါတွေက ဒီလိုပဲဆောင်ပေးတယ်ဗျ၊ ဆောင်ပေးတာ တရားရုံးပိုင်းကတော့ ဘယ်သူဆောင်တယ်၊ ဘယ်ဝါဆောင်တယ်ဆိုတာ ဘာမှပြောလို့တော့ မရဘူးလေ။”

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ပတ်သက်လို့ ခွင့်ပြုမိန့်မတင်ဘဲဆန္ဒပြခဲ့တဲ့ နိုင်ငံရေး၊ လယ်သမားရေး၊ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုပြီး မြို့နယ်အလိုက် ပြစ်ဒဏ်တွေ စီရင်နေဆဲ ဖြစ်ပါတယ်။ တချို့ဆိုရင် အနည်းဆုံး ၁၀ မှုကနေ အများဆုံး ၆၀ လောက်ထိ တရားစွဲဆိုခံနေရတာပါ။ တချို့ဆိုရင် ထောင်ကျပြီးတာတောင်မှ ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြမှုတွေနဲ့ ရုံးထွက်ပြီး အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/ko-ko-gyi-case/2873221.html


ဦးဉာဏ်၀င်း ဦးဉာဏ်ဝင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အဖွဲ့ချုပ်က အပြီးသတ် မရွေးရသေးခင် ဖေ့စ်ဘွတ်ခ်မတင်၊ မီဒီယာနဲ့ အင်တာဗျူး မလုပ်ကြဖို့ ကြေညာချက်ထုတ်ပြန် တားမြစ်လိုက်ပါတယ်။

အဖွဲ့ချုပ်၊ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က ဇူလိုင် ၂၂ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပြီး ကိုယ်စားလှယ်လောင်း စိစစ်ရေးလုပ်ငန်းကို ထိခိုက်တာကြောင့် အခုလို ကြေညာချက်ထုတ်ရတာလို့ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့က မပြီးသေးဘူးလေ၊ မပြီးသေးတာကို ပြီးသကဲ့သို့ တချို့ပြောတယ်။ ကျနော် နာမည် ထုတ်မပြောချင်လို့။ အဲ့ဒီလို ဖြစ်တာကျတော့ ဘယ်ကောင်းမလဲ။ ကျနော်တို့ မလုပ်ရသေးတာကို လုပ်ပြီးသကဲ့သို့ ပြောတာ ထိခိုက်တာပေါ့။ ကျနော်တို့ လက်မခံနိုင်တဲ့ လူတယောက်က လက်ခံပြီလို့ ပြောသွားရင် ကျနော်တို့ ထိခိုက်တာပေါ့၊ အကြီးအကျယ်။”

အခုရက်ပိုင်းအတွင်း အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်မယ်လို့ ထုတ်ဖော်ပြောဆိုသူတွေနဲ့ အင်တာဗျူးတွေ မီဒီယာအတော်များများမှာ ဖော်ပြပါရှိခဲ့ပြီးတဲ့နောက် အဖွဲ့ချုပ်ရဲ့ အခု ကြေညာချက် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်မှာလည်း အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားတဲ့ ပုံစံစာရွက်တွေပါ တင်လာကြတာ တွေ့မြင်နေရပါတယ်။

ပါတီအသီးသီးက ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းကို ဇူလိုင် ၂၀ ရက်ကနေ သြဂုတ် ၈ ရက်အတွင်း ကော်မရှင်ထံ တင်သွင်းရမှာဖြစ်ပြီး အဖွဲ့ချုပ်က စာရင်းတင်သွင်းရမယ့်ရက် မလုံလောက်လို့ ၁၀ ရက် ထပ်တိုးပေးဖို့ တောင်းဆိုခဲ့ပေမယ့် ကော်မရှင်က ပယ်ချခဲ့ပါတယ်။

By ဒီဗွီဘီ

http://burmese.dvb.no/archives/103928

NLD ပါတီအနေနဲ့ လွှတ်တော်လမ်းကြောင်းကို ရွေးချယ်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲမှာ ပါဝင်ရင်း လွှတ်တော်တွင်း ဝင်ရောက်ခဲ့ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး ဦးတည်ချက်တွေ ချမှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်တွင်း ဆွေးနွေးဆုံးဖြတ်ကြရမှာ ဒီဦးတည် ချက်တွေကို ဘာမျှပီပြင်အောင် ဆောင်ရွက်နိုင်စွမ်းမရှိခဲ့ပါဘူး။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၄ ရာခိုင်နှုန်းလောက် သာရှိတဲ့ NLD ပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင် ရေးမှာ ဘာမှထိထိရောက်ရောက် မဆောင် ရွက်နိုင်ခဲ့တာ သိပ်တော့မဆန်းလှပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရေးကြီးတဲ့ပုဒ်မ ၉၆ ခုကို တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထောက်ခံမှုမပါရင် ပြင်လို့မရဘူးဆိုတာ အားလုံးသိထားခဲ့ကြပြီးသားပါ။

တကယ်တော့ တပ်မတော်ဆိုတာကလည်း “ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲလို ချင်တယ်” ဆိုတဲ့ ခေါင်းဆောင်ဖြစ်သူရဲ့ တစ်သွေးတစ်သံ တစ်မိန့် နာခံဆောင်ရွက်ရတဲ့ အဖွဲ့အစည်းပါ။ တပ်မတော်တွင်း ဆက်ဆံရေး မှာ “ဟုတ်ကဲ့ အဘ” လို့နာခံပြီး ပြည်သူနဲ့ဆက် ဆံရေးမှာ “ဘူး” တစ်လုံးဆောင် “အို” တောင် မဆင်းရဲတဲ့ ဘ၀အခြေအနေမျိုးပါ။ ကန့်ကွက် လို့ အမိန့်ပေးထားရင် ထောက်ခံ ဖို့ဘယ်သူမှ မစဉ်းစားရဲကြပါဘူး။ ပုဒ်မ ၄၃၆ ကို ထောက်ခံ လက်မှတ်ရေးထိုးလိုက်တဲ့ ပြင်ဦးလွင်က “ဗိုလ်မှူး” တစ်ယောက်ရဲ့ ကြမ္မာဆိုးမျိုး ဘယ်တပ်မတော်သားမှ မတိုးချင်ကြတာ သဘာဝကျပါတယ်။ ဒါကြောင့်လည်း ပြည်ထောင်စုလွှတ် တော်ထဲမှာပါဝင်တဲ့ တပ်မတော်သားကိုယ်စားလှယ်မှန်သမျှ ရပ်ပြီး အားလုံးထောက်ခံကြ၊ ကန့်ကွက်ခဲ့ကြသလို ပြည်သူတွေရဲ့ဆန္ဒကို ကျောခိုင်းကြရာမှာလည်း တညီတညွတ်တည်း ပါပဲ။

ဒါတောင်မှ အားမရနိုင်တဲ့ တပ်မတော် သားကိုယ်စားလှယ်တချို့ဟာ လွှတ်တော်ထဲ မှာ “လက်ပွားကိုယ်စားလှယ်” အလုပ်တွေ ထပ်လုပ်လာပြန်တော့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ရော၊ တပ်မတော်သားကိုယ်စားလှယ်တွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုပါ ကျဆင်းခဲ့ရပါတယ်။ တကယ်တော့ တပ်မတော် အနေနဲ့ လွှတ်တော်ထဲမှာ “လက်ပွားကိုယ်တော်” တွေ၊ ကိုယ်စားလှယ်တွေ ထားနေစရာ မလိုပါဘူး။ အားလုံးကိုယ်စား တစ်ယောက်တည်းက ခလုတ်အားလုံးကို နှိပ်ပေးလိုက်သည်။ ရတာပါပဲ။ တပ်မတော်သားကိုယ်စားလှယ်တွေ၊ ပြည်ထောင်စုလွှတ်တော်ထဲမှာ ၁၆၆ ဦးစလုံးထိုင်ပြီး မဲပေးနေကြမယ့်အစား ကိုယ်စားလှယ်တစ်ယောက်ပဲထားလိုက်ရင် တပ်မတော်အတွက်ရော၊ တိုင်းပြည်အတွက်ပါ အကျိုးရှိနိုင်ပါတယ်။ ကျန်တဲ့တပ်မတော်သား ကိုယ်စားလှယ် ၁၆၅ ဦးက တပ်မတော်ရဲ့လုပ်ငန်းတာဝန်တွေကို အပြည့်အဝထမ်းဆောင် ခွင့်ရနိုင်တာပေါ့။ ကာချုပ်အနေနဲ့လည်း ယုံကြည်စိတ်ချရတဲ့ အရာရှိတွေ၊ ခေါင်းကုတ် ရွေးချယ်နေစရာမလိုဘဲ ကိုယ်စားလှယ်တစ် ယောက်ပဲ ခလုတ်နှိပ်ဖို့ ရွေးထားလိုက်ရင်ရပါ ပြီ။ အားလုံးက ကာချုပ်ရဲ့ အမိန့်လမ်းညွှန်ချက် အတိုင်း လုပ်နေကြတာမဟုတ်လား။ မထူးလှပါဘူး။

စစ်ဘက်ကြိုးကိုင် ဒီမိုကရေစီ

ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အစည်းအဝေးမှာ ကာချုပ်က စာရင်းပေးလိုက်လို့ လွှတ်တော်ထဲရောက် လာတဲ့ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်း ပုံမပြင်ဆင်ရေးဘက်က ရပ်ခံသွားတယ်လို့ ကောက်ချက်ချရမှာပါပဲ။ ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောထားရှိသလား၊ မရှိဘူးလားဆိုတာကို အကဲဖြတ်ရရင် အဓိကအားဖြင့် ပြည်သူငါး သန်းကျော်က ပြုပြင်ဖို့ထောက်ခံထားတဲ့ ပုဒ်မ ၄၃၆ ကို ပြုပြင်လိုတဲ့ဆန္ဒမရှိရင် ဖွဲ့စည်းပုံပြုပြင်လိုတဲ့ သဘောထားမရှိဘူးလို့ပဲ ရဲရဲတင်းတင်း ကောက်ချက်ဆွဲရပါလိမ့်မယ်။

ပုဒ်မ ၄၃၆ အရ၊ ၂၀၀၈ ဖွဲ့စည်းပုံရဲ့အ ရေးကြီးတဲ့ ပြဋ္ဌာန်းချက် ၉၅ ချက်ကို ပြင်ဆင်လိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူရမယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်ဆိုတာ အဓိကအားဖြင့် တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ အနည်းဆုံး ၁ ရာခိုင်နှုန်း ထောက်ခံမှ ပြင်ဆင်လို့ရတယ်။ တပ်မတော်က မထောက်ခံရင် ပုဒ်မ ၄၃၆ (က)ပါ၊ အဓိကပြဋ္ဌာန်းချက် ၉၄ ချက်ကို ပြင်ဆင်လို့မရဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်က သဘောတူပြီးနောက်ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲပြုလုပ်ကာ (ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတွေရဲ့ ထက်ဝက်)ကျော်ရဲ့ ထောက်ခံဆန္ဒမဲဖြင့်သာ ပြုပြင်ရမယ်လို့ဆိုပါတယ်။ ဒီပုဒ်မ ၄၃၆(ခ) ပါ ပြဋ္ဌာန်းချက်များကို မပြုပြင်နိုင်ရင် ဖွဲ့စည်းပုံပြုပြင်ရေးဆိုတာ ဘယ်လိုမှအဓိပ္ပာယ် ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကတော့ လုံးဝမပြုပြင်ဖို့ ရပ်ခံခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာ ဖွဲ့စည်းပုံအခြေခံပါ အခြားပြဋ္ဌာန်းချက်တွေကိုလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒ မဲရမှသာ ပြင်ဆင်ရမယ်လို့ ထပ်မံဆိုထားပြန်ပါတယ်။ ချုပ်ကြည့်လိုက်ရင် တပ်မတော်က မထောက်ခံဘဲ ၂၀၀၈ အခြေခံဥပဒေရဲ့ ဘယ်ပြဋ္ဌာန်းချက်ကိုမှ ပြင်ဆင်လို့မရဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒီတော့ ၂၀၀၈ အခြေခံဥပဒေဟာ အတွင်းသဘောအရ တပ်မတော်ရဲ့ နိုင်ငံရေး အရ ကြီးစိုးလွှမ်းမိုးရေးကို ဆက်လက်အာမခံ ချက်ပေးထားတဲ့ စစ်ဘက်ကြိုးကိုင် ဒီမိုကရေစီ အခြေခံဥပဒေလို့ပဲ ဆိုရပါလိမ့်မယ်။

နိုင်ငံတော်သမ္မတ အရည်အချင်း ကန့်သတ်ချက်တစ်ရပ်ဖြစ်တဲ့ ပုဒ်မ ၅၉(စ) ပါ တရားဝင်သားသမီးနဲ့ ၎င်းတို့ရဲ့ဇနီး၊ခင်ပွန်းတစ်ဦးဦးဟာ နိုင်ငံခြားစိုးရရဲ့ လက်အောက်ခံ၊ ကျေးဇူးခံကျေးဇူးစားဖြစ်ခဲ့လျှင် သမ္မတဖြစ်ခွင့်မရှိစေရဆိုတဲ့ ကန့်သတ်ချက်မျိုးဟာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ၊ ၁၉၇၄ ဖွဲ့စည်းပုံတို့မှာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဖူးတဲ့ ကန့်သတ်ချက်ဖြစ်ပါတယ်။ ဒါဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရရေးအတွက် ဦးတည်ရည်ရွယ်ထားတဲ့ ပြဋ္ဌာန်းချက်ဖြစ်ပါတယ်။ ဒီလို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို အာဃာတနဲ့ တားဆီးကန့်သတ်ဖို့ ရည်ရွယ်ဖန်တီးထားတဲ့ ဖွဲ့စည်းပုံမျိုးဟာ ဒီမိုကရေစီဖွဲ့စည်းပုံလို့ အသိအမှတ်ပြုဖို့ ခက်ပါတယ်။ ခြုံပြောရရင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အ ထူးအခွင့်အရေးပေးထားတဲ့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြုပြင်ရေး လုပ်ငန်းမအောင်နိုင်သလို ၂၀၁၅ ရွေးကောက်ပွဲဟာလည်း လွတ်လပ်တရားမျှတဖို့ မလွယ်လှပါဘူး။

ယိုင်နဲ့နေဆဲ တရားရေးမဏ္ဍိုင်

တပ်မတော်အနေနဲ့ တရားရေးမဏ္ဍိုင်နဲ့ ပတ်သက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ မူလပြဋ္ဌာန်းချက်များအတိုင်း မပြုပြင်ဘဲ ဆက်လက်ထားရှိဖို့ ရပ်ခံခဲ့ပါတယ်။ မူလပြဋ္ဌာန်းချက်ဖြစ်တဲ့ ဥပဒေပုဒ်မ ၂၉၉(ဂ) အရ နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်သင့်တဲ့ ပုဂ္ဂိုလ်ရဲ့ အမည်စာရင်းကို လွှတ်တော်သို့ တင်သွင်းရပါမယ်။ လွှတ်တော်အနေနဲ့ အရည်အချင်းမပြည့်စုံကြောင်း၊ အထင်အရှားမပြ နိုင်ရင် သမ္မတက အမည်စာရင်းတင်သွင်းခံရသူကို ငြင်းပယ်ခွင့်မရှိပါဘူး။ ဒီသဘောအရ တရားရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုး ဩဇာသက်ရောက်တဲ့ အနေအထားကိုရောက်ရှိနေပါတယ်။ ဒါဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင် ၃ ရပ်ရဲ့ လွတ်လပ်အမှီခိုကင်းစွာရပ်တည်ခွင့်ရှိရေး ဒီမိုကရေ စီနှုန်း၊ စံတွေနဲ့ ကင်းလွတ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် တပ်မတော်ကတော့ တရားရေးမဏ္ဍိုင် ကို ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာ တရားသူကြီးတွေရဲ့ ရာထူးကန့်သတ်ချက်ကိုလည်း တပ်မတော်က မူလပြဋ္ဌာန်းချက်အတိုင်း ပြည်ထောင်စုတရား သူကြီးချုပ်နဲ့ တရားလွှတ်တော် တရားသူကြီးတွေကို အသက် ၇၀ အထိ၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် တရားသူကြီးတွေကို အသက် ၆၅ နှစ်ထိ ဆက်ပြီးတာဝန်ထမ်းစေလိုပါတယ်။ ပြည်ထောင်စုလွှတ်တော်က တရားသူကြီးချုပ်၊ လွှတ်တော်တရားသူကြီး၊ တိုင်းဒေသကြီး ပြည်နယ်တရားသူကြီးတွေရဲ့သက်တမ်းကို ပြည်ထောင်စုလွှတ်တော်သက်တမ်း အတိုင်း ၅ နှစ်သာ ထားရှိစေချင်ပါတယ်။ ဒီလိုပြုပြင်မှုကို တပ်မတော်ကိုယ်စားလှယ်တွေက ပယ်ချခဲ့ကြပါတယ်။ ဒီလိုပယ်ချလိုက်တာနဲ့ တစ်ပြိုင်နက် အုပ်ချုပ်ရေးမဏ္ဍိုင်က တရားရေးမဏ္ဍိုင်ကို ကြီးစိုးလွှမ်းမိုးပြီး အကျင့်ပျက်ခြစားမှုတွေ အတောမသတ် ဆက်လက်တိုးပွားကြီးထွားကာ တရားရေးမဏ္ဍိုင်လည်း ပိုမိုအားနည်းချည့်နဲ့လာစရာ အကြောင်းရှိပါတယ်။ ဒီလိုအနေအထားတွေကြောင့်လည်း အကျင့်ပျက်ခြစားမှုတွေ၊ တောထပွားများနေတဲ့အချိန်မျိုးမှာ အစိုးရအဖွဲ့ဝင်ဝန်ကြီးပေါင်း ၉၀ ကျော် ရှိတဲ့အနက် ဦးဆန်းဆင့်တစ်ယောက်ပဲ အရေး ယူခံခဲ့ရရှာတာပါ။ ဆိုရရင် တရားရေးမဏ္ဍိုင် ပြုပြင်ပြောင်းလဲရေးဟာလည်း တပ်မတော် သားကိုယ်စားလှယ်များရဲ့ တားဆီးဟန့်တားမှုကြောင့် လွှတ်တော်တွင်း အခြေခံဥပဒေပြုပြင် ပြောင်းလဲရေးမှာ အောင်မြင်မှုမရရှိခဲ့ကြပါဘူး။

ငြိမ်းချမ်းရေး မျှော်လေဝေး

လွှတ်တော်တွင်း ၂၀၀၈ အခြေခံဥပဒေပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ အဆိုးဝါးဆုံး အနေအထားကတော့ ပုဒ်မ ၂၆၁ ပြုပြင်ပြောင်း လဲရေးကို တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ်များက တားဆီးကန့်ကွက်ခဲ့ကြတာပါပဲ။ ဒီပုဒ်မ ၂၆၁ ရဲ့ မူလပြဋ္ဌာန်းချက်အရဆိုရင် နိုင်ငံတော်သမ္မတက သက်ဆိုင်ရာတိုင်း ဒေသကြီး (သို့) ပြည်နယ် လွှတ်တော်ကိုယ် စားလှယ်များထဲက သင့်လျော်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်ကို တင်ပြရမှာဖြစ်ပါတယ်။ ဒီလို သမ္မတက တင်ပြတဲ့ ဝန်ကြီးချုပ်ကို လွှတ်တော်က အရည်အချင်းမပြည့်မီကြောင်း အထင်အရှားမပြနိုင်ပါက သမ္မတခန့်အပ်တဲ့ဝန် ကြီးချုပ်ကို သက်ဆိုင်ရာလွှတ်တော်က ငြင်းပယ်ခွင့်မရှိပါဘူး။ ဒီပုဒ်မ ၂၆၁ ရဲ့ အတွင်းသဘောက တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာလွှတ်တော်က ရွေးချယ် ခန့်အပ်ခွင့်မရှိဘဲ သမ္မတက ခန့်အပ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဒီပုဒ်မ ၂၆၁ ဟာ ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၆၀(ဂ) တို့လို လူပုဂ္ဂိုလ်တစ်ဦးချင်း၊ ပါတီအ ဖွဲ့အစည်းတစ်ခုချင်းနဲ့သာ သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေ မဟုတ်ပါဘူး။ တိုင်းရင်းသားလူမျိုး အားလုံးနဲ့သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက်ဖြစ်ပါတယ်။ သက်ဆိုင်ရာ ပြည်နယ်တိုင်းတွေမှာ ကိုယ့်လူမျိုးကိုယ် ဝန်ကြီးချုပ်ခန့်ခွင့်မရှိဘဲ သမ္မတက ခန့်မယ်ဆိုတော့ ဦးသိန်းစိန်ပြောပြောနေတဲ့ Power Sharing (အာဏာခွဲဝေမှု) ဆိုတာ ဘယ်ရှိတော့မှာလဲ။ ဒီပုဒ်မတွေကို မပြင်သမျှ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဘယ်လိုမှဖြစ် လာနိုင်မှာမဟုတ်ပါဘူး။ ဗမာဗိုလ်ချုပ်ဟောင်းတွေကြီးစိုးတဲ့ ဗဟိုကချုပ်ကိုင်အုပ်ချုပ်တဲ့ တပ်မတော်စနစ်ဆီကိုပဲ ပြန်ပြီးဦးတည်သွားဦးမှာ ပါပဲ။ အခုကို ဒီအနေအထားအတွက် ဗိုလ်ချုပ်တချို့ အငြိမ်းစားယူပြီး ပြည်ခိုင်ဖြိုးပါတီကတစ်ဆင့် ရွေးကောက်ပွဲဝင်ဖို့ ခတ်ကွင်းပြင်နေကြ ပါပြီ။ တစ်ချိန်တည်းမှာ ဒီပုဒ်မ ၂၆၁ ကို မပြင်ရင် သမ္မတဦးသိန်းစိန်ဦးဆောင် ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးမပြောနဲ့ အပစ်အခတ်ရပ်စဲရေး (NCA) တောင် ဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ မြန်မာပြည်မှာ ပြည်တွင်းစစ်သံသရာ ဆက်လည်နေပြီး ပြည်သူတွေလည်း ဆက်ပြီး ဒုက္ခပင်လယ်ဝေနေဦးမှာပါပဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်လမ်းကြောင်းအတိုင်း ပြုပြင်ဖို့ နိုင်ငံရေးပါတီတွေရဲ့ ဝိုင်းဝန်းကြိုးပမ်းမှုကို ခြုံကြည့်ရင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တညီတညွတ်တည်း ကန့်ကွက်မှုကြောင့် “စစ်ရေး အမြင်” ဆိုတဲ့စကားလုံးကို “ကာကွယ်ရေးအမြင်” ဆိုတဲ့ စကားလုံးနဲ့ အစားထိုးလိုက်တာကလွဲလို့ ဘာမျှမည်မည်ရရ ပြင်ဆင်ခွင့်မရခဲ့ကြပါဘူး။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲဟာလည်း ၂၀၁၀ ရွေးကောက်ပွဲလိုပဲ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံပေါ်မှာ ကျင်းပရတော့မှာမို့ လွတ်လပ်တရားမျှတမှုရှိဖို့ မလွယ်ပါဘူး။ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးဆိုတာလည်း ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပါပဲ။ တရားဥပဒေစိုးမိုးရေး ကြိုးပမ်းမှုဟာလည်း လာဘ်ယူလာဘ်ပေး ခြစားမှုနွံထဲမှာ ဆက်နစ်နေဦး မှာပါပဲ။ ပြည်သူတွေဘ၀ကလည်း ဆက်ပြီးဆင်းရဲတွင်း နက်နေဦးမယ့်ပုံပါပဲ။

၁၉၆၄ ခုနှစ်က ငြိမ်းချမ်းရေးပျက်ပြားလို့ ဗကပခေါင်းဆောင်တွေ၊ ပြည် နဝင်းချောင်း ကိုဖြတ်ပြီး တောထဲဝင်ကြချိန်မှာ နောက်ကျောကနေ ဓာတ်ပုံရိုက်ပြီး “သူတို့တစ်တွေ ပြည်သူကို ကျောခိုင်းသွားခဲ့ကြလေပြီ” လို့ ခေါင်း စဉ်တပ်ပြီး “ရှေ့သို့” ဂျာနယ် မျက်နှာဖုံးမှာ ဖော်ပြခဲ့ကြဖူးပါတယ်။ အခုလည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ကန့်ကွက်မဲပေးနေကြတဲ့ တပ် မတော်သားကိုယ်စားလှယ်တွေ၊ ကျောပေးထား တဲ့ဓာတ်ပုံကိုကြည့်ရင်း “သူတို့တစ်တွေ ပြည် သူကို ကျောခိုင်းသွားခဲ့ကြလေပြီ” လို့ပဲ ထပ်မံရေရွတ်မိပါတယ်။

The Ladies News Journal

အဆင့်အတန်းရှိရှိ ခေတ်မှီမှီဝါဒဖြန့်ပါ။

အစိုးသတင်းပြန်ကြားရေးအဖွဲ့အင်တာနက်သတင်းထဲမှာ သမတနဲ့ ကာချုပ် ကန့်ဘလူရေဘေးဒါဏ်ထိ ပြည်သူတွေကို ဘယ်လိုကူညီနေပါတယ်၊ ဘာတွေစီစဉ်နေပါတယ်ဆိုတဲ့ အစိုးရ၀ါဒဖြန့် သတင်းနဲ့ ဓာတ်ပုံတွေကိုသာ ဦးစားပေးတင်တာ သတင်းသမားတို့ ကျင့်ဝတ်နဲ့ မလျှော်ညီပါ။ (တခြားဓာတ်ပုံတွေက Shwe Hmone ဖေ့စ်ဘွတ်က ကူးထားတာပါ)။

အရင်ခေတ်အဆက်ဆက်က (အာဏာရှင်) သတင်းစာတွေလို စစ်ခေါင်းဆောင်တွေရဲ့ဘုန်းတော်ဘွဲ့သတင်းတွေ၊ အစိုးရခေါင်းဆောင်တွေ လှည့်လည်ကြည့်ရှု၊ လိုအပ်သည်များမှာကြား ဆိုတဲ့ အဆင့်က ပိုတက်မလာတဲ့ ၀ါဒဖြန့်ချိရေးအဆင့်ပဲရှိတယ်.။ ပြန်ကြားရေး သတင်းဌာန ဆိုတာ အစိုးရကောင်းကြောင်းချည်း ပြောပေးဝါဒဖြန့်ချိဘို့ မဖြစ်သင့်တော့ဘူး။ နိုင်ငံနဲ့ ပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားကို ရှေ့ရှုဖော်ဆောင်တဲ့ သတင်းဝါဒဖြန့်မှုသာဖြစ်သင့်တယ်။ အခုလို အစိုးရ၀ါဒဖြန့်သတင်းတွေကို ဒုတိယကမ္ဘာစစ်နဲ့အတူဖျောက်ဖျက်မြှုပ်နှံထားသင့်တယ်။

သတင်းဓာတ်ပုံတွေဟာ ပြည်သူတွေရဲ့ ဖြစ်ပျက်မှုအမှန်ကို ထင်ဟတ်ပြသနိုင်ဘို့လိုတယ်။ ဒါမှ စာဖတ်သူတွေက အမှန်ကိုသိရုံမက သဒ္ဓါပါရှိလာမှာဖြစ်တယ်။ အခုလို သဘာဝဘေးဒါဏ်သတင်းဆို သတင်းမဖတ်ပဲ အားကောင်းတဲ့ ဓာတ်ပုံလေး ဖော်ပြထားရုံနဲ့ ဒုက္ခသည်လူထုခံစားနေရတဲ့ အခြေအနေကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ ခံစားရမှာဖြစ်တယ်။ ဒါမှ အခြေအနေမှန်သိ စေတနာ၊ ဂရုဏာလွှမ်းပြီး လှုချင်စိတ်ပေါ်လာမှာဖြစ်တယ်။

ခေါင်းဆောင်တွေဓာတ်ပုံတင်ပြီး အကြွားပို အနှစ်မဲ့သတင်းတွေရေး ၀ါဒဖြန့်တာ ဒီမိုကရေစီခေတ်နဲ့ အံလည်းမ၀င် သင့်လည်း မသင့်လျှော်တော့ဘူး။
ဒီကနေ့ မြန်မာ့ ဒီမိုကရေစီခေတ်ပြောင်းတော်လှန်ရေးကို ပြည်သူတွေရဲ့ ပြင်းထန်စွာ အပြောင်းအလဲ လိုလားချင်တဲ့စိတ်နဲ့အတူ အစိုးရ အုပ်ချုပ်သူတွေက လိုက်ပါဖော်ဆောင်ရမှာဖြစ်တယ်။

ကိုယ်ဖြစ်ချင်တဲ့ ပုံစံအတိုင်း အတင်းအဓမ္မပုံသွင်း ပြီး ဒရွတ်တိုက်ဆွဲခေါ်ရမယ့်ခေတ်မဟုတ်တော့ဘူး။ လူထုလိုအပ်ချက်ကို မေတ္တာစေတနာအပြည့်နဲ့ ပုံဖော်အားထုတ်ပေးရမှာဖြစ်တယ်။
အတ္တအကျိုး၊ အာဏာတပ်မက်စိတ်နဲ့လုပ်တဲ့ အလုပ်တွေဟာ ကမ္ဘာမှာ ခေတ်မမှီဘူး၊
မြန်မာပြည်နဲ့ မလျှော်ကန်ဘူး။
စေတနာနဲ့ မေတ္တာအရင်းခံ စိတ်ကို ထုတ်ဖော်ပြသရမှာဖြစ်တယ်။
ဒါမှ..အုပ်ချုပ်သူတွေက ပြည်သူတွေအပေါ် သြဇာလွှမ်းမှာဖြစ်တယ်။နိုင်ငံတကာအဆင့်အတန်းလည်းမှီတယ်။
တိုင်းပြည်လည်း ဂုဏ်သိက္ခာမကျဘူး။
အခုတော့..အစိုးရတွေ အာဏာရူးတာနဲ့ တိုင်းပြည်နဲ့ မြန်မာပြည်သူတရပ်လုံးက အချောင်နာမည်ပျက်နေတယ်။ ကမ္ဘာ့အထင်အမြင်သေးမှုကို ခံနေရတယ်။

ခေတ်သစ်ကိုမျော်မှန်းရင် အပိုးကျိုးနေတဲ့ အာဏာရှင်စိတ်ဓာတ်နဲ့ အဆင့်မမှီတဲ့ ဘ၀င်စိတ်တွေ ဖျက်ဆီးပြီး ခေတ်သစ်နဲ့ လိုက်ဖက်တဲ့ စေတနာနဲ့ ပြုပြင်ပြောင်းလဲရေးကို ရဲရဲတင်းတင်းလုပ်ဖို့လိုတယ်။
ဝါဒဖြန့်ချိရေးကို အဆင့်မှီမှီ စိတ်ဓာတ်နဲ့ လုပ်သင့်တယ်။ ဘယ်ဒီမိုကရေစီနိုင်ငံ ပြန်ကြားရေးသတင်းဌာနမဆို မိမိတို့ ခေါင်းဆောင်တွေအကြောင်း ၀ါဒဖြန့်တာကို ဦးစားမပေးဘဲ တိုင်းပြည်နဲ့ ပြည်သူတွေ လက်တွေ့အကျိုးရှိစေတဲ့ အလုပ်တွေဖော်ဆောင်ပြီး ၀ါဒဖြန့်တာဖြစ်တယ်။

စိတ်စေတနာတည့်မတ်သွားရင် အစိုးရ၀ါဒဖြန့်တာလည်း မှန်ကန်သွားမှာပါ။
အဆင့်အတန်းရှိရှိ ခေတ်မှီမှီလေး ၀ါဒဖြန့်တတ်သွားမှာပါ.။

ကိုညို (အော်စလို)

“ ကိုယ်တိုင်ဖေါက်ထုတ်ရမဲ့ သွေးဆိုးပြည်ပုတ် စိတ်ယုတ်သန္ဓေ ”

၁၉၆၂ ခုနှစ် မတ်လ (၂ ) ရက်နေ့ မှာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း သေနတ်ဖောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တဲ့ နိုင်ငံတော်အာဏာကို ပြည်သူ့ ထံကနေ ဓါးမြတိုက်လုယူမှုဟာ လူလူခြင်း ဗိုလ်ကျစီးပိုးရေး အလံကို ဒို့နိုင်ငံရဲ့ အိမ်ဦးခန်းမှာ တရားဝင်စိုက်ထူလိုက်တာဘဲဖြစ်တယ်။

စစ်တပ်က အာဏာသိမ်းပြီး သုံးလအကျော် ဇူလှိုင်လ (၇) ရက်နေ့ မှာ အာဏာသိမ်းမှု့ကိုလက်မခံတဲ့ ကျောင်းသူကျောင်းသားတွေဟာ တက္ကသိုလ်နဲ့ ကျောင်းသားတွေရဲ့ လွတ်လွတ်လပ်လပ်ရပ်တည်မှုကို ထိပါးလာတာကို ကာကွယ်ဖို့ တက္ကသိုလ်ကောင်စီမှာ စစ်တပ်ကအရာရှိကြီးများ ဝင်ရောက်ခြယ်လှယ်ကြီးစိုး လာတာကို ဆန့် ကျင်ဖို့ ရန်ကုန်တက္ကသိုလ်ထဲမှာ လှုပ်ရှားဆန္ဒပြခဲ့ကြတယ်။
ဒီလှုပ်ရှားမှု့ကြီးအပေါ် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ မကျိုးစားဘဲ လက်နက်နဲ့ အကြမ်းဖက် သတ်ဖြတ်အနိုင်ကျင့်ခဲ့လို့ မိဘပြည်သူတွေရဲ့ရင်သွေး ကျောင်းသားရာချီအသက်ဆုံးပါးခဲ့ရတာမဟုတ်လား။ သူတို့ ရဲ့ အာဏာ မတရားသိမ်းပိုက်မှု့ကို ဖုံးကွယ်ခြင်တော့ ရန်ကုန်တက္ကသိုလ်ထဲက သမိုင်းဝင်ကျောင်းသား သမဂ္ဂအဆောက် အအုံကို နိုင်ငံရေးသွေးထိုးလှုံ့ဆော်သူတွေရဲ့ ခိုအောင်းရာ အသိုက်အမြုံလို့ တဆိပ်ကပ်ပြီး ဇူလိုင် (၈ ) ရက်နေ့ နံနက် (၆) နာရီမှာ ဒိုင်းနမိုက်နဲ့ ဗုံးခွဲဖြိုချပစ်ခဲ့တာလေ။

အဲ့ဒီသမိုင်းဆိုးသမိုင်းညစ် အဖြစ်အပျက်ကြီးဟာ လက်နက်ရှိသူက လက်နက်မဲ့သူတွေအပေါ်၊ အားကြီးသူက အားနည်းသူတွေအပေါ် ဗြောင်ကျကျအနိုင်ကျင့်ခွင့်လိုင်စင်ကို ဆင့်ကဲဆင့်ကဲလက်ပြောင်းယူနိုင်ဖို့ အမွေဆိုးကို ထားရစ်ခဲ့တာလည်းဖြစ်တယ်။

အဲ့ဒီကထဲက ဒို့နိုင်ငံမှာ အာဏာရှိသူက အာဏာမဲ့သူတွေအပေါ်အနိုင်ကျင့်တာ၊ လူမျိုးကြီးက လူမျိုးငယ်စု တွေအပေါ် အနိုင်ကျင့်တာ၊ မိသားစုတစ်စုထဲမှာတင် လင်ကမယားကိုအနိုင်ကျင့်တာ၊ မယားကလင်ကိုအနိုင် ကျင့်တာ၊ မိဘကသားသမီးကိုအနိုင်ကျင့်တာ၊ သားသမီးကမိအိုဖအိုကိုအနိုင်ကျင့်တာ၊ ဆရာကတပည့်အပေါ် အနိုင်ကျင့်တာ၊ ညီအကိုမောင်နှမသားချင်း အကြားအနိုင်ကျင့်တာတွေပိုရှိလာသလို၊ ၀န်ထမ်းလောကမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေအထဲမှာ အထက် အရာရှိက အောက်လက်ငယ်သားတွေကို နိုင်လိုမင်းထက် ပြုကျင့်သလို၊ အဆက်အသွယ်ကောင်းတဲ့ လက်အောက် ငယ်သားကလည်းရိုးသားတဲ့အထက်အရာရှိကို အနိုင်ကျင့်တာတွေ၊ အုပ်စုဖွဲ့ဗိုလ်ကျတာတွေ ပိုဖြစ်လာတော့တယ်လေ။
ကျောင်းသားအဖွဲ့အစည်းတွေအကြားမှာ၊ သံဃာအဖွဲ့အစည်းတွေအထဲမှာ၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ ဘာသာ တစ်ခုနဲ့တစ်ခုအကြား၊ နိုင်ငံရေးပါတီတွေ၊ လူမှုရေးအသင်းအပင်းတွေအထဲမှာ အုပ်စုဖွဲ့အနိုင်ကျင့်ဗိုလ်ကျမှုတွေ တရားဝင်လို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာတွေ့လာရတယ်မဟုတ်လား။
ဒို့တိုင်းပြည်မှာဗွက်ထအောင်ဖြစ်ပွားနေတဲ့ အနိုင်ကျင့်ဗိုလ်ကျမူတွေကိုကြည့်လိုက်ရင် ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ဖြစ်ပွားနေတာတွေ့ရတယ်။

တစ်ချို့က ကိုယ်ကာယဗလအာကိုးနဲ့အနိုင်ကျင့်ကြတယ်။
တစ်ချို့က လက်နက်အားကိုးနဲ့ဗိုလ်ကျတယ်။
တစ်ချို့က စီးပွားရေးအင်အားနဲ့အနိုင်ကျင့်ကြတယ်။
တစ်ချို့က ဥာဏ်ရည်အားကိုးနဲ့ဗိုလ်ကျတယ်။
တစ်ချို့က အဆက်အသွယ်အပေါင်းအသင်းအားကိုနဲ့ အနိုင်ကျင့်တယ်။
တစ်ချို့ကအရေအတွက်အင်အားနဲ့ အများစုကအနည်းစုကိုစော်ကားအနိုင်ကျင့်ကြတယ်။
တစ်ချို့က လုပ်ပိုင်ခွင့်အာဏာနဲ့ အနည်းစုကအများစုကိုဗိုလ်ကျကြတယ်။

တစ်ချို့ကြတော့မွေးကတည်းက သန္ဓေဆိုး ဥာဉ်ဆိုးနဲ့တမင်သက်သက်ဗိုလ်ကျရတာကို နှစ်သက်ရင်းစွဲရှိတဲ့ လူ့ဂျပိုးတွေဖြစ် နေတတ်သလို တစ်ချို့ကြတော့ဗိုလ်ကျလိုတဲ့စိတ်မရှိပေမယ့် အစဉ်အလာအဟောင်း၊ ဓလေ့အဟောင်းတွေကြောင့် မရည်ရွယ်ပဲ ဗိုလ်ကျသလိုဖြစ်နေတတ်တာတွေသတိပြုမိဖို့လိုတယ်။
ဆိုလိုချင်တဲ့သဘောကအုပ်ချုပ်သူအစိုးရကို ကိုယ်တိုင်ကလက်နက်အားကိုး၊ အာဏာအားကိုးနဲ့ ပြည်သူကို ဗိုလ်ကျအနိုင်ကျင့်ခဲ့တော့ ခေါင်ကစလို့ကြမ်းပြင်အထိ ပိုင်ရာဆိုင်ရာအလိုက် ဗိုလ်ကျစီးပိုးလိုက်ကြတာ ဒို့နိုင်ငံလည်း တောစိတ်အရိုင်းစိတ်ဝင်တဲ့ တစ္ဆေစိမ်းတိုင်းပြည်ကြီးလုံးလုံး ဖြစ်ခဲ့ရတာမဟုတ်လား။
အင်္ဂလိပ်စကားမှာတော့ လူအချင်းချင်းအနိုင်ကျင့်ဗိုလ်ကျတာကို(Bullying)လုပ်တယ်လို့ သုံးနှုန်းတယ်။ လူတစ်ဦးကအခြား တစ်ဦးကို ဒါမှမဟုတ် လူမျိုးတစ်မျိုးကအခြားလူမျိုးတစ်မျိုးကို ဘာကြောင့်အနိုင်ကျင့် ကြပါလိမ့်။ ဒီမေးခွန်းကိုသေသေချာချာစဉ်းစား လိုက်ရင်အောက်ပါအတိုင်း ရိုးရှင်းတဲ့အဖြေကိုတွေ့ရမှာပါ။

အသိတရားချို့တဲ့မှု၊ ကိုယ်ကျင့်တရားနဲ့သိက္ခာကင်းမဲ့မှုတွေကြောင့် လူတစ်ဖက်သားရဲ့တန်ဖိုးကို မှားယွင်းစွာ တွက်ချက်မိရာက ထွက်ပေါ်လာတဲ့ပြုမူတုန့်ပြန်မှုတွေဖြစ်တယ်။ (Bullying in its simplest form is a reaction to a poor evaluation of a person’s worth with the absence, lack or reduction of self- esteem.)
မိသားစုတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ အုပ်ချုပ်သူအစိုးရတစ်ရပ်အထဲမှာ လုပ်ပိုင်ခွင့်အာဏာရထားတဲ့သူဟာ သူရထားတဲ့အာဏာနဲ့လုပ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန်အသုံးချဖို့လည်းလိုပါတယ်။
အဲ့ဒီလုပ်ပိုင်ခွင့်နဲ့အာဏာကို မှားယွင်းစွာရှုမြင်မိသူတွေဟာ ကိုယ်ကျင့်သိက္ခာကိုလည်းတန်ဖိုးမထားတော့ပဲ အာဏာကို အလွဲသုံးစားပြုပြီး တစ်ခြားသူတွေကိုအနိုင်ကျင့်ဗိုလ်ကျတော့တာပါပဲ။
လတ်တလောအဖြစ်အပျက် တွေထဲ အထင်ရှားဆုံး အနိုင်ကျင့်မှု့ပြယုဂ်ကတော ပြည်သူလူထုအများစု မကြိုက်နှစ်သက်တဲ့ (၂၀၀၈) ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ ပြီးခဲ့တဲ့ ဇွန်လ (၂၅) ရက်နေ့ က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ စစ်အာဏာရှင်စိတ်ကြိုက်ရွေးချယ်ထည့်သွင်းထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်မဟုတ်တဲ့ စစ်သားအမတ် (၂၅%) က ကန့် ကွက်ခဲ့ကြလို့ မပြင်ဆင်နိုင်တဲ့ အဖြေ ထွက်ခဲ့တာပါဘဲ။

ဒါဟာ သူတို့ ရရှိထားတဲ့အာဏာကို အလွဲသုံးစားပြုပြီး မိဘပြည်သူတွေကိုအနိုင်ကျင့်လိုက်တဲ့ ပြယုဂ်၊ တနည်း ပြောရရင် အလွန်အရုပ်ဆိုးအကျည်းတန်တဲ့ နိုင်ငံတော်အဆင့်ဗိုလ်ကျမှု့တရပ်ပါဘဲ။ တကယ်တော့ တပ်မတော် ဟာ အာဏာရှင်အလိုကျ ပြည်သူလူထုကို အနိုင်ကျင့်ဗိုလ်ကျခဲ့တာ အခုမှမဟုတ်ပါဘူး။ (၁၉၆၂) ခုနှစ်ကနေ ဒီကနေ့ အချိန်ထိ ပြည်သူပြည်သားတွေကို အကြိမ်ကြိမ်သတ်၊ နိုင်ငံတော်အာဏာကို အကြိမ်ကြိမ်သိမ်း၊ တိုင်းပြည်ရဲ့အနာဂါတ်ကို အကြိမ်ကြိမ်ဖျက်ဆီးခဲ့တာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ အထင်အရှားရှိခဲ့ပြီးသားပါ။
လက်ရှိမြန်မာနိုင်ငံရောက်နေတဲ့ အခြေအနေက တပ်မတော်သား စစ်ဗိုလ်စစ်သားမှ အုပ်စုဖွဲ့အင်အားသုံး အနိုင်ကျင့်ဗိုလ်ကျတတ်တာမဟုတ်တော့ဘူး ။ အသိတရားနိမ့်ကျကျန်ရစ်တဲ့ လူ့အသိုင်းအဝန်းတိုင်း ဖြစ်လေ့ ဖြစ်ထရှိသလို လူတန်းစားအလွှာအသီးသီးမှာ အစွယ်အားကိုး လက်သဲအားကိုးနဲ့ လက်နက်အားကိုးပြီး အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ တောရိုင်းတိရိစ္ဆာန်စိတ်တွေ ထွန်းကားကြီးစိုးနေတာမဟုတ်လား။

စစ်ဂျပိုးလူ့ဂျပိုးတွေ ကြီးစိုးမင်းမူတဲ့ လူ့အဖွဲအစည်းတိုင်းမှာ အဲ့ဒီလိုလူမဆန်တဲ့အပြုအမူ ဘူလီယဉ်ကျေးမှု့ တွေနဲ့ လူလူချင်း မတရားသဖြင့် အနိုင်ကျင့် အကြမ်းဖက်ရိုက်နှက်သတ်ဖြတ်ရဲကြတယ်။ စစ်စုံထောက်၊ ရဲ စသုံးလုံး အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ စွမ်းအားရှင် လက်ပတ်နီ ကြက်ခြေနီ မီးသတ်ကစလို့  ကုန်ကုန်ပြောရရင် ပြည်သူလူထုတချို့ ကျောငိးသားထုတချို့မှာတောင်အဲ့ဒီ ဗိုလ်ကျဘူလီ အနိုင်ကျင့်တဲ့စိတ်ယုတ်စိတ်ပုပ် သွေးဆိုးအမွေဆိုးဟာ ကူးစက်နေပါပြီ။

သိပ်မကြာသေးခင်တုံးက အင်တာနက်သတင်းတွေထဲမှာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ကြံဘိုကျေးရွာ အ.လ.က ခွဲ ကျောင်းမှာ ပညာသင်ကြားပို့ချနေတဲ့ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာ မြို့သူဆရာမ ဒေါ်ခိုင်ဇာခြည်ထွန်း(မူုလတန်းပြ ဆရာမ)ကို သူမရဲ့ကျောင်းအုပ်ဆရာဖြစ်သော ဦးကျော်လင်းအောင် က ကိုယ်ထိလက်ရောက် ထိုးကြိတ်ဖို့ ကျိုးစားပြီး ဆဲဆိုကာ ဆရာမတစ်ယောက်၏ ကာဣနြေ္ဒ ပျက်ပြားဆိုးရွားစေခဲ့တဲ့သတင်းတပုဒ်ဖတ်ခဲ့ရတယ်။

ဗိုလ်ကျစီးပိုးတဲ့အထုံဓလေ့ဟာ စာရေးသူအပါအ၀င် ကိုယ်ခံအား မကောင်းတဲ့ မြန်မာနိုင်ငံသားအများစုမှာ အနည်းနဲ့ အများဆိုသလို ကူးစက်နေပြီဆိုတာပါဘဲ ။ ကျွန်တော်တို့ ဝန်းကျင်မှာ စစ်အာဏာရှင်ကိုဆန့် ကျင်ရင်း ကိုယ်တိုင်ကအာဏာရှင်ဖြစ်နေသူတွေကို နိုင်ငံရေးအဖွဲ့ စည်း၊ လူမှု့ရေးအဖွဲ့ စည်းတွေ၊ အိမ်ထောင်စုတွေမှာ တွေ့ နေရပါပြီ။
ကိုယ်ကပညာပိုတတ်တယ်ထင်ရင် ကိုယ့်မှာလုပ်ပိုင်ခွင့် အာဏာပါဝါရှိတယ်ထင်ရင် ကိုယ်ကနည်းနည်းပိုပြီး ပိုက်ဆံရှိတယ်ထင်ရင် ပိုက်ဆံမရှိတဲ့သူ၊ ပညာမတတ်တဲ့သူ၊ လုပ်ပိုင်ခွင့်အာဏာမဲ့တဲ့သူတွေကို မသိစိတ်ကနေ အနိုင်ကျင့်ဗိုလ်ကြတတ်တာ ကိုယ့်ကိုကိုယ်သတိပြုမိပါသလါး ။ စိတ်ပညာ သဘောအရ အနိုင်ကျင့်ဗိုလ်ကျ ခံရသူတွေဟာ အခြေအနေပေးလါရင် အနိုင်ကျင့်ဗိုလ်ကျသူတွေဖြစ်သွားတတ်ပါတယ် ။
အမှားဆိုတာ ဘယ်သူမဆို၊ ဘယ်လူ့အဖွဲ့အစည်းမဆို မှားတတ်တာပါဘဲ။ အမှားကို အမှားမှန်းသိပြီး ဝန်ခံ ပြုပြင်ရဲမှာ့သာ အမှန်ကိုရောက်နိုင်မှာပါ။ ကျွန်တော်တို့အားလုံးမှာ အနည်းနဲ့အများဆိုသလို ကူးစက်နေတဲ့ အနိုင်ကျင့်ဗိုလ်ကျလိုစိတ်ဆိုတဲ့ တောတွင်းဥပဒေသကို လူတိုင်းလူတိုင်း မိမိစိတ်သဏ္ဍန်ကနေ မောင်းထုတ်ပစ်မှသာ စစ်အာဏာရှင်စနစ် မြန်မာမြေက ပျောက်ကွယ်သွားနိုင်မှာပါ။
ကိုယ့်အမိန့် နာခံသူ၊ သစ္စာရှိသူတွေသာ မျက်နှာသာပေးမြှောက်စားတတ်၊ နေရာမှန်လူမှန်မရှိဘဲ ထင်သလို ဆုံးဖြတ်၊ လူ့ ဂုဏ်သိက္ခာကို တန်ဘိုးမထားတတ်တဲ့ လူ့ အဖွဲ့ စည်းတိုင်းမှာ မတရားမှု့နဲ့ အနိဌာရုံတွေဟာ ထမင်းစားရေသောက်ကိစ္စလို လွယ်လင့်တကူဖြစ်နေပါလိမ့်မယ် ။

ဒါကြောင့် ဗိုလ်ကျစီးပိုးတတ်တဲ့ အာဏာရှင်ဓလေ့စရိုက်ကို ကျွန်တော်တို့ တိုင်းပြည်မှာ အမြစ်ကနေ ဆွဲနှုတ် တူးထုတ်ပစ်မှသာ ဗမာပြည်မှာဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်ဆဲလူမှု့အနိဌာရုံတွေရဲ့ ရာခိုင်နှုန်းအများစု ဟာလျှော့ပါး ပျောက်ကွယ်သွားပါလိမ့်မယ် ။

တကယ်ဘဲ စစ်အာဏာရှင်စနစ်ကိုအကြွင်းမဲ့ဖျက်သိမ်းခြင်တယ်ဆိုရင် ကျွန်တော်တို့ ဟာ အာဏာရှင်စနစ်ကို အသက်ဆက်ဖို့ ကျိုးပမ်းနေတဲ့ စစ်အာဏာရှင် အနွယ်တော်တွေရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြတ်ပြတ်သားသားဆန့် ကျင်ကြရမှာပါ။ တချိန်ထဲမှာဘဲ အာဏာရှင်ဆီက ပြန့် ပွားကူးစက် လာတဲ့ မိမိကိုယ်တွင်းမှာ ပုန်းအောင်း လှိုက်စားနေတဲ့ စိတ်ဆိုးစိတ်ယုတ်တွေ ဖြစ်တဲ့ သူတပါးကို အနိုင်ကျင့် ဗိုလ်ကျလိုစိတ်၊ အခွင့်ထူးခံရမှာကို မရှက်တဲ့စိတ်၊ မတရားမှု့ မကောင်းမှု့ပြုရမှာကို မကြောက်တဲ့စိတ်၊ အမှန်တရားကို မျက်ကွယ်ပြုလိုစိတ်၊ မိမိနဲ့ မိမိအသိုင်းအ၀ိုင်းကိုသာ ကောင်းစားလိုစိတ်၊ လူကိုလူလို မမြင်တတ်၊ မလေးစားတတ်၊ မစာနာတတ်တဲ့စိတ် စတာတွေကို ရဲရဲရင့်ရင့် စွန့် လွှတ်ဖျောက်ဖျက်ကြရမှာပါ။
ဒီမကောင်းစိတ်တွေဟာ သွေးဆိုးပြည်ပုတ်နဲ့ တူတဲ့ စိတ်ယုတ်သန္ဓေတွေမို့  မြန်မာနိုင်ငံသူနိုင်ငံသားတိုင်း မိမိစိတ်သဏ္ဍန်ကနေ အပြီးတိုင် ဖေါက်ထုတ် သုတ်သင်သန့် စင် နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်လျှက် ။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)

ရေဘေးသင့်တဲ့ဒေသတွေဆီ ဘပြောင်တို့ သွားသတဲ့... သူတို့စိတ်ထဲတော့ ခါတိုင်း ဒါမျိုး လှည့်တောင် မကြည့်ခဲ့တာ.. အခုလို လာပေးတာ ငါတို့ အတော်တာဝန်ကျေပြီ မှတ်မှာပဲ..

ဒါပေမယ့် ဒီလိုပုံတွေ မြင်ရလေ.. ဒီလူတွေရဲ့ ခေါင်းဆောင်မှု အရည်အသွေးကို စိတ်ပျက်ရလေပဲ..

ဒီလောက် ရေကြီးလို့ လူတွေခမျာ ရင်ခေါင်းလောက်ရေအနက်ထဲ သွားရလာရခက်.. စားဖို့ သောက်ဖို့ ခက်နေကြတဲ့အထဲ နိုင်ငံတော်အကြီးအကဲဆိုသူကြီးက စစ်သားလေးတွေကို မိန့်မိန့်ကြီး မိုးကာဝတ်ပေးနေတယ်..

အဲဒီစစ်သားတွေက ဘပြောင် မိုးကာဝတ်ပေးမှ ဝတ်တတ်တော့မှာလား.. သူတို့ဘာသာ မဝတ်တတ်ကြတော့ဘူးလား.. နေရင်းထိုင်ရင်း သမ္မတဝတ်ပေးတာစောင့်ဖို့ တန်းစီဦးဟယ်.. ဓာတ်ပုံရိုက်ဦးဟယ်နဲ့... အချိန်တွေ အလကားအကုန်ခံနေတယ်..

အမှန်က သမ္မတဆိုတာ သူများမစဉ်းစားနိုင်တာကို ဦးနှောက်ကြီးကြီးနဲ့ စဉ်းစားပြီး ပလန်ကြီးကြီးချရမယ့်သူ.. အကောင်အထည်ဖော်ရမယ့်သူ.. အောက်ခြေသိမ်း တစ်ခုချင်းစီ လုပ်ဖို့ ခန့်ထားတာမှ မဟုတ်ဘဲ..

တကယ်ဆို မိုးကာတွေ ဝတ်ပေးပြီး.. ပစ္စည်းတွေ လှူကြောင်း ဓာတ်ပုံတွေ အရိုက်ခံမယ့်အစား...

ရေဘေးသင့်ပြည်သူတွေကို ဘယ်လိုနေရာတွေ ရွှေ့ပြောင်းပေးမလဲ.. သူတို့နေရေးထိုင်ရေး အဆင်ပြေအောင် ဘာလုပ်ပေးမလဲ... ကယ်ဆယ်ရေးစခန်းက ဘယ်မှာလဲ.. ဘယ်နှစ်ခု ဖွင့်မှာလဲ.. အရေးပေါ်ဆေးကုသဖို့လိုတယ်ဆိုရင်ရော ဘာတွေ ပြင်ထားမလဲ.. လိုအပ်တဲ့ ဆရာဝန်တွေ၊ ကယ်ဆယ်ရေးဝန်ထမ်းတွေ အသင့်ရှိလား.. လိုအပ်တဲ့ ထရိန်နင်တွေ ကြိုပေးထားသလား..

ရေကြီးတဲ့အကြောင်းအရင်းကရော ဘာလဲ.. ဆည်ကျိုးတာလား.. ဆည်ဖောက်ချတာလား.. ဆည်ကျိုးရင် ဘာလို့ကျိုးလဲ.. ဘက်ဂျက်တွေ ဖျောင်ခံရပြီး အဆင့်မမီ အရည်အသွေးမပြည့်တာတွေနဲ့ ဆောက်၊ နှစ်စဉ်ထိန်းသိမ်းမှု မရှိလို့ ကျိုးသလား... ဒါဆို တာဝန်ယူဆောက်ထားတဲ့ဝန်ကြီးဌာနက ဘယ်မှာလဲ.. ဘယ်သူ့ကို အရေးယူမှာလဲ... နောက်ပြီး တခြားဒါမျိုး ကြုံရနိုင်တဲ့ဒေသတွေကို ဘယ်လိုကြိုကာကွယ်မလဲ..

ဆည်ဖောက်ချတာဆိုရင်ရော.. မဖောက်ခင်က ပြည်သူတွေကို ဘယ်လိုအသိပေး ကြေညာသလဲ.. ပြောင်းဖို့ရွှေ့ဖို့တွေ ဘာကူညီလဲ.. ကယ်ဆယ်ရေးစခန်း ရှိလား.. ဘာမှ မစီစဉ်ထားရင် အဲဒီတိုင်းဝန်ကြီးချုပ် ဘာလုပ်နေလဲ.. ဒါတွေကို အပေါ်ကနေ စီစဉ်ရမှာ.. ခုက အာဏာကြီး ယူထားပြီး မြိုဖို့ ဝါးဖို့ကလွဲရင် ဘာမှလည်း သိပုံမပေါ်ဘူး..

ဒါတောင် ခုက ရေကြီးလို့ စားဝတ်နေရေး အဆင်မပြေတာတင် ရှိသေးတယ်.. ရေကျသွားရင် ဝမ်းရောဂါကိစ္စတွေ လာဦးမှာ.. အဲဒါအတွက်ရော ဘယ်လိုစီစဉ်လဲ.. ဘက်ဂျက် ဘယ်လောက်ချပေးမလဲ.. ထိရောက်အောင် ဘယ်လိုဆောင်ရွက်မလဲ.. ဒါမျိုးတွေ စီမံပြပြီး သမ္မတဟာ အမျှော်အမြင်ကြီးကြောင်း ဝေဝေဆာဆာ သတင်းထုတ်ပြန်ပြရမှာ.. Flood Risk Management ဆိုတာလေး ဘယ်အကြံပေးကမှ ပြောမပြဘူးလားဟမ်..

ခုတော့လည်း Leadership ဆိုတာကြီးလည်း မရှိ.. Risk Management လည်း မရှိနဲ့.. ဒါနဲ့များ ပြည်သူတွေက တိုက်တွန်းရင် နောက်သက်တမ်း ဒုက္ခထပ်ပေးဖို့ စိတ်ကူးနေတယ်.. ဒါမျိးအစိုးရအောက် ပြည်သူဖြစ်ရတာလည်း နည်းတဲ့ဝဋ်နာကံနာလားကွယ်..

မယ် ပိုး'

 logging-case-620.jpg မြစ်ကြီးနားခရိုင်တရားရုံးမှာ ဇူလိုင် ၂၂ ရက်နေ့က တစ်သက်တစ်ကျွန်းအပြစ်ဒါဏ်ချမှတ်လိုက်တဲ့ တရုတ်နိုင်ငံသား အယောက် ၁၅၀ ကျော် ကို မြစ်ကြီးနား အကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်စဉ်

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်း တရားမ၀င်သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက် ထဲက ၁၅၃ ယောက် ကို မြစ်ကြီးနားခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ပြစ်ဒဏ်ချလိုက်ပါတယ်။

အဲဒီအထဲက အသက်မပြည့်သေးသူတွေကိုလည်း ထောင်ဒဏ် ၁၀ နှစ် စီချမှတ် လိုက်တာဖြစ်တယ်လို့ မြစ်ကြီးနားခရိုင် ဒုတိယတရားသူကြီး ဦးမြင့်ဆွေ က ပြောပါတယ်။

"၁၅၃ ယောက်က တစ်သက်တစ်ကျွန်းပါ၊ ဟိုနှစ်ယောက်က လူငယ်ဖြစ်နေတဲ့အတွက် သူတို့ကိုတော့ ထောင်ဒဏ် ၁၀ နှစ်စီ၊ ကျနော်တို့ကတော့ မျှတတဲ့အမြင်နဲ့ ဆုံးဖြတ် တာပါ၊ သူတို့မှာတွေ့တဲ့ ယာဉ်တွေ၊ ယန္တရားတွေ၊ လူအင်အားတွေကြည့်ရင် ဒါနိုင်ငံ ပိုင်သစ်တောတွေ ပြုန်းတီးတယ်၊ သယံဇာတတွေ ထိခိုက်တယ်"

ဒါ့အပြင် အမျိုးသမီးတစ်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြင် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေ ပုဒ်မ ၁၉ (က) နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံ ဖို့ ထပ်မံ အမိန့်ချလိုက်ပါတယ်။

ပြစ်ဒဏ် တစ်သက်တစ်ကျွန်းဟာ ထောင်ဒဏ် နှစ် ၂၀ နဲ့ ညီမျှတယ်လို့ သိရပါတယ်။

အဲဒီတရုတ်နိုင်ငံသား ၁၅၅ ယောက်ဟာ လ၀ကအက်ဥပဒေပုဒ်မ ၁၃(၁) နဲ့ ထောင်ဒဏ် ၆ လစီ ချမှတ်ခံထားရပြီး သူတွေ ဖြစ်ပါတယ်။

သူတို့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထိန်ချုန်းခရိုင်ထဲက တရုတ်နိုင်ငံသားတွေဖြစ်ပြီး ဒီနှစ်ဆန်းပိုင်းက ဝိုင်းမော် မြို့နယ် ဆဒုံး၊ ဝါးရှောင်၊ မန်ဝိန်း စတဲ့ ကျေးရွာတွေမှာ တရားမဝင်သစ်ခိုးထုတ်နေစဉ် ၈၅ ယောက်တစ်ဖွဲ့နဲ့ ၇၀ တစ်ဖွဲ့ စုစုပေါင်း ၁၅၅ ယောက် ကို အစိုးရတပ်မတော်က ဖမ်းမိခဲ့တာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/chinese-loggers-life-in-prison-07222015103214.html



 ၈၈ငြိမ်း/ပွင့် မှ ဦးကိုကိုကြီးကို စွဲဆိုထားသည့် အမှုအတွက် အပြီးသတ် အမိန့် အဖြစ် ထောင်ဒဏ် ၂၁ ရက် သို့မဟုတ် ငွေဒဏ် တစ်သောင်းချမှတ်ခဲ့သော်လည်း ဦးကိုကိုကြီး က ထောင်ဒဏ် ၂၁ရက်သာကျခံမည်ဖြစ်ကြောင်းသိရသည်။

သို့သော် ဦးကိုကိုကြီးကို ရွေးကောက်ပွဲဝင်စေလိုသည့် အမည်မဖော်လိုသူ တစ်ဦး က ငွေဒဏ် တစ်သောင်းကျပ်ကိုကြားဝင်ပေးဆောင်ခဲ့ကြောင်း ၄င်းကိစ္စနှင့် ပတ်သက်၍ ၈၈ ရုံးခန်းတွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ ဦးကိုကိုကြီးကပြောသည်။
ဒီနေ့ အမိန့်ချမှုနဲ့ ပက်သက်ပြီး ဦးကိုကိုကြီးပြောပြချက်
Posted by Saw Phoe Kwar on Wednesday, July 22, 2015


 ၈၈ငြိမ်း/ပွင့် မှ ဦးကိုကိုကြီးကို စွဲဆိုထားသည့် အမှုအတွက် အပြီးသတ် အမိန့် အဖြစ် ထောင်ဒဏ် ၂၁ ရက် သို့မဟုတ် ငွေဒဏ် တစ်သောင်းချမှတ်ခဲ့သော်လည်း ဦးကိုကိုကြီး က ထောင်ဒဏ် ၂၁ရက်သာကျခံမည်ဖြစ်ကြောင်းသိရသည်။

သို့သော် ဦးကိုကိုကြီးကို ရွေးကောက်ပွဲဝင်စေလိုသည့် အမည်မဖော်လိုသူ တစ်ဦး က ငွေဒဏ် တစ်သောင်းကျပ်ကိုကြားဝင်ပေးဆောင်ခဲ့ကြောင်း ၄င်းကိစ္စနှင့် ပတ်သက်၍ ၈၈ ရုံးခန်းတွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ ဦးကိုကိုကြီးကပြောသည်။

ယနေ့အမိန့်ချမည့်ရုံးချိန်းရက်တွင် တရားသူကြီးက ဦးကိုကိုကြီးနှင့် အဖွဲ့ရောက်ရောက် ချင်းပင် အမိန့်ချပေးလိုက်ပြီး၊ ဦးကိုကိုကြီးကလည်းငွေ ဒဏ် ထက် ထောင်ဒဏ် ကိုသာ ရွေးချယ်ကြောင်းတရားခွင်တွင်ပင်ချက် ချင်းတုံ့ပြန်တင်ပြခဲ့သည်။

ဦးကိုကိုကြီးသည် တောင်ဥက္ကလာပ ကလေးကစားကွင်းကို ပြည်ခိုင်ဖြိုးပါတီ က သိမ်းယူသည့် အတွက် ဆန္ဒပြသည့် ကိစ္စဖြင့် တရားစွဲဆိုခံထားရသဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်ပြီး ယနေ့ ပထမရုံးချိန်းတွင် အပြီးသတ် အမိန့်ချခြင်းဖြစ်သည်။

တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက် ရှိ ကလေးကစားကွင်း အား ပြည်ခိုင်ဖြိုးပါတီက သိမ်းယူပြီး တိုက်ခန်းဆောက်လုပ်ထားမှု ၂၀၁၄ခုနှစ်က ဒီဇင်ဘာလအတွင်း ဆန္ဒဖော်ထုတ်ရာခဲ့ခြင်း အား တောင်ဥက္ကလာပရဲစခန်းမှ ဇွန်လ ၅ရက်က ပုဒ်မ-၁၉ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

သတင်းထောက် - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies


 ရန်ကုန်၊ ဇူလှိုင် ၂၂

 လှေစီး ရေမျောကမ်းတင် ဘင်္ဂလီ ၁၅၅ ဦးကို ယနေ့နံနက်က ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ လွဲပြောင်းလိုက်ပြီးဟု သိရသည်။

ယခု လွဲပြောင်းခံရသူ ၁၅၅ ဦးသည် ဧရာဝတီတိုင်း ဖျာပုံ ကမ်းလွန်တွင် ဖမ်းမိခဲ့သူ ဘင်္ဂလီ ၇၂၇ ဦးထဲက ဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြု ပြောကြားသည်။

ယနေ့နံနက် ၁၀ နာရီကျော်က နယ်စပ် ခေါင်းတုံးတွင် ပြုလုပ်သော နှစ်နိုင်ငံ အလံတင် အစည်းအဝေးတွင် လွဲပြောင်း ပေးလိုက်ခြင်း ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။

ယခု လွဲပြောင်းမှုသည် တတိယ အကြိမ် ဖြစ်သည်။ ၁၅၀ ဦးကို ဇွန်လ ၈ ရက်နေ့ ပထမ အကြိမ်အဖြစ် လည်းကောင်း၊ နောက်ထပ် ၃၇ ဦးကို လည်း ဇွန်လ ၁၇ ရက်နေ့က ဒုတိယ အကြိမ် အဖြစ်လည်းကောင်း လွဲပြောင်းပေးခဲ့သည်။

နောက်ထပ် ဘင်္ဂလီ ၁၀၅ ဦးကိုလည်း ကော့သောင်မြို့နယ် စောင်းကောက်ကျွန်း( ဒေသအခေါ် ဒယ်အိုးကျွန်း) အနီးတွင် ဇူလိုင် ဒုတိယအပတ်က ဖမ်းဆီးရမိခဲ့သည်။

လူသာကျော်(ရခိုင်)
Narinjara
https://www.facebook.com/pages/Narinjara

ဓါတ်ပုံ- သတ်ဖြတ်ခံရသူ နန်းခက် (Photo:SHRF)
  ဂျူလိုင်လ ၂၃ ရက် ၂၀၁၅

  သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် အတွင်းနေထိုင်သည့် ရွာသူ အိမ်ထောင် သည် အမျိုးသမီး တဦးအား အစိုးရတပ်မတော် အခြေချ လှုပ်ရှားသည့် စစ်ကြောင်းတခုက အဓမ္မပြုကျင့် သတ်ဖြတ်လိုက်သည်ဟု သျှမ်းလူ့ အခွင့် အရေးမဏ္ဌိုင်က ထုတ်ပြန်သည်။

ဂျူလိုင်လ ၂၀ ရက်နေ့ပါသျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ၏ ထုတ်ပြန်ကြေငြာ ချက်တွင် ဂျွန် ၆ ရက် ၂၀၁၅ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မြောက်ဘက်ခြမ်း ဝမ့်နားတောင်း ရွာသူ နန်းခက် (အသက် ၂၇ နှစ်) သည် ဘုန်းကြီးရှိ သားရှင်သာမဏေ အတွက် နေ့လည် ဆွမ်းသွား ကပ်ပြီးအပြန် တပ်စခန်းရှေ့ ဖြတ်သန်းစဉ် မြန်မာအစိုးရတပ်မတော် ခလရ ၂၄၉ မှ တပ်ဖွဲ့ဝင်တဦးက တပ်အလွန် လမ်းတဝက်၌ အဓမ္မပြုကျင့် သတ်ဖြတ် ကာ ငွေ နှင့် နားကပ် များအား ယူသွားသည်ဟု ပါရှိသည်။

“ ၆ ရက်နေ့ မွန်းလွဲပိုင်းက ပြုကျင့်သတ်ဖြတ်ခံရတယ်။ အဲဒီညနေ မှာဘဲ ရွာ သားတွေ သွားတိုင်တယ်။ ၉ ရက်နေ့မှ ခလရ ၂၄၉ မှတပ်ရင်းမှူးက လာပြီြးေ ဖရှင်းပေးတယ်။ လူသတ်မှု ကျူးလွန်တယ်ဆိုတဲ့ စစ်သား တယောက်ကို ရွာသားေ ရှ့မှာ ထုတ်ပြီးရိုက်ပြ တယ်။ ဒဏ်ပေး တယ်။ သေ ဒဏ်ပေး မယ် လို့လဲပြောတယ်။ ဒါပေမယ့် ခုထိငြိမ်နေတုန်း ဘဲ။ ကျူးလွန်သူက တယောက် တည်း ဖြစ်ဟန်မတူဘူး ဆိုတော့ရွာသားတွေက တအားလန့် နေတယ်လေ” ဟု SHRF ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့် အား ပြောပြ သည်။

တောင်ကြီးမြို့နယ် မိုင်းပြင်းအခြေစိုက်ခလရ ၂၄၉ မှတပ်ရင်းမှူး ဗိုလ်မှူးဝေ ယံငြိမ်း သူရိန် က သေဆုံးသူ နန်းခက်၏ ရွှေငွေများကိုကျန်ရစ်သူ မိသား စုထံ ပြန်လည်ပေးအပ်ပြီး မိမိတို့ဘက်မှ မှားယွင်းခဲ့ ကြောင်းကို ဝန်ခံခဲ့ သည်။ ပြစ်မှု ကျူးလွန်သူကိုလည်း သေဒဏ်ပေး မည်ဖြစ် ကြောင်း ပြောခဲ့ သည်ဟုဆို၏။

“သူ့သားကို ဆွမ်းသွားကပ်ပြီး ပြန်လာတဲ့ အချိန် အဓမ္မပြုကျင့် သတ်ဖြတ် ခံရတယ်။ သူ့မှာ ပါတဲ့ငွေတွေအကုန်ယူသွားတယ်။ နားရွက်ကိုလဲ ဖြတ်ပြီး နားကပ်ပါယူသွားတယ်။ နားတဘက်တော့ကျန်သေးတယ်။ တုတ်က တပ်ထဲ က ချိုးလာတဲ့ပုံဘဲ။ နန်းခက်ကို ရိုက်ပြီးသွေးစွန်းနေတဲ့ တုတ်တပိုင်းနဲ့ တပ်ထဲ မှာ ကျန်တဲ့ တပိုင်းနဲ့ က တဆက်ထဲပဲ။ တပ်ရင်းမှူးက သဘောကောင်း လို့ပေါ့။ နို့မို့ဆို အမှုမှန် ဘယ်ပေါ်မှာလဲ” ဟု ဟိုပုံးရောက် ရွာခံ တဦး ကပြောသည်။

ဂျွန်လ ၁၁ ရက်နေ့ရောက်သော် ရပခ တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း ကိုယ် တိုင် လည်း သတ်ဖြတ်ခံရသူ နန်းခက်၏ ကျန်ရစ်သူမိသားစုအား သွားရောက် အားပေးခဲ့ပြီး ဆွမ်းသွပ်တရားနာ ကုန်ကျငွေအတွက် အပါအဝင် ကူညီေ ထာက်ပံ့ငွေ ကျပ် ၅၃ သိန်း ပေးကမ်းခဲ့ကြောင်း တရားခံ၏မိသားစုဝင် ကပြောသည်ဟု SHRF ကပြောပါသည်။

သေဆုံးသူ နန်းခက်၏ (အဝတ်အစားမဲ့) အလောင်းအား ခလရ ၂၄၉ တပ် စခန်း အခြေစိုက် ရာ ကုန်းတင်း ဖာလိုင်းရွာ နှင့် မီတာ ၆၀ အကွာ တွင်တွေ့ ရကြောင်း၊ အဆိုပါတပ်စခန်း သည် ကုန်းတင်းရွာ ဘုန်းတော်ကြီးကျောင်းနှင့် ကပ်လျက်တွင်ရှိကြောင်း၊ အဆိုပါတပ်စခန်း သို့ ခလရ ၂၄၉ က တပ်စိပ် တစိပ်စီဖြင့် ၃ လ တကြိမ် တပ်အလဲအလှယ်ပြုလုပ်ေ ကြာင်း ဒေသခံမျာြးေ ပာပြ ချက်အရ သိရပါသည်။

၂၀၁၅ ဂျူလိုင်လ ၆ ရက် ကလည်း လဲချားမြို့နယ်ဘက် သွားရောက် အခြေချ လှုပ်ရှားသည့် တပ်မ ၅၅ လက်အောက်ခံ အမှတ် ၅၁၂ ခြေမြန်တပ် ရင်း မှ ဒုတပ်ရင်းမှူး အဆင့်ရှိ စိန်မင်း ဆိုသူသည် လဲချားမြို့နယ် ၀မ့်ဖိုင်အုပ်စု ဟိုနောင်ရွာသူ နန်းလိန်အား မိဘများရှေ့တွင် သေနတ်ထောက်၍ လက် ဆွဲရမ်းခဲ့သည့် အမှုလဲ ဖြစ်ခဲ့ပါသေး သည်။ အဆိုပါ အမှုလည်းပြစ် မှုကျူးလွန် သူအား လူထုကျေနပ်သည့်အထိ ပြစ်ဒဏ်ပေးခြင်း မကြားသိရသေး ပေ။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese