08/02/15

မကြာခင်မှာ ရေပြန်ကျမယ်လို့ မှန်းရပါတယ်။ အထူးသဖြင့် မိုး ဆက်ပြီး မကြီးဘူး ဆိုရင် လပြည့်ကျော် (၄) ရက် နောက်ပိုင်း ဆိုရင် ရေ တော်တော် လျော့သွားနိုင်ပါတယ်။ ဒီ အချိန်မှာ ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်ရင် ရပ်ရွာ သန့်ရှင်းရေးကို စတင်ပြီး လုပ်ရမှာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး လုပ်ကိုင် နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဒေသခံ လူထုနဲ့ ပူးပေါင်းပြီး "အလုပ်ပေး၊ ငွေပေး" (Cash for Work) ကို စပြီး လုပ်ဖို့ လိုပါတယ်။ ဒီ လုပ်ငန်းနဲ့ မရင်းနှီးသူတွေ ရှိကောင်းရှိနိုင်တာကြောင့် လုပ်ငန်း လုပ်ကိုင်ရခြင်း ရည်ရွယ်ချက်ကို အကျဉ်းချုပ် ပြောပါ့မယ်။

သဘာဝ ဘေးရန်ကြောင့် ဘေးဒုက္ခ ကြုံရတဲ့ ဒေသတွေမှာ ဘေးရန် ဖြစ်ပွားပြီး တစ်ပတ် ဆယ်ရက် ကြာတဲ့ အထိ လုပ်ငန်းတွေ လည်ပတ်နိုင်စွမ်း မရှိတာ ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမှာ အထိခိုက်ဆုံး ဖြစ်တဲ့ လူတန်းစားက မြေမဲ့ယာမဲ့ ပျံကျတွေ ပါပဲ။ လက်ထဲမှာ စုထားတာ ဆောင်းထားတာ မရှိရင် သူတို့တွေ အင်မတန် ဒုက္ခ ရောက်ရပါတယ်။ ချောင်လည် တောင့်တင်းတဲ့ လူတွေကတော့ ခုသာခံသာ ရှိတာပေါ့။
တစ်ချိန်တည်းမှာပဲ သဘာဝ ဘေးရန်ကြောင့် ရပ်ရွာအတွင်းမှာ အပျက်အစီးတွေ၊ အမှိုက်သရိုက်တွေ တင်ကျန်ရစ်ခဲ့ပြီး လူသွား လမ်းမကြီးတွေ၊ အများနဲ့ဆိုင်တဲ့ နေရာတွေမှာ ပျက်စီး ယိုယွင်းမှု ဖြစ်တာမျိုး ရှိတတ်ပါတယ်။ အမှိုက်သရိုက် အပျက်အစီးတွေကို အချိန်မီ မရှင်းလင်းရင် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပွားပြီး ရောဂါဘယ ထူပြောမှု ဖြစ်တတ်ပြန်ပါတယ်။

ဒီလိုပဲ သဘာဝ ဘေးရန် လွန်မြောက်စ အချိန်မှာ ရပ်ရွာထဲမှာ ငွေကြေး လည်ပတ် စီးဆင်းမှု မကောင်းပါဘူး။ တချို့ကလည်း ရှိစုမဲ့စုကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာ ရှိတယ်။ တချို့လည်း ငွေကြေး ဥစ္စာ ဆုံးပါးတာ ရှိပြန်တယ်။ ဒီတော့ကာ ငွေကြေး လည်ပတ်မှု မကောင်းတဲ့ အကျိုးဆက် အဖြစ်နဲ့ စီးပွားရေး လည်ပတ်မှု ကျဆင်းတတ်ပါတယ်။ စီးပွားရေး မကောင်းရင် ဈေးကွက် ပျက်စီးပြီး ဖွံ့ဖြိုးမှု တနည်းဆိုရရင် ဒေသ အတွင်း ဓနထုတ်လုပ်မှု ကျဆင်းတတ်ပါတယ်။
"အလုပ်ပေး၊ ငွေပေး" (Cash for Work) ကို လုပ်ရတဲ့ ရည်ရွယ်ချက်ဟာ ဒီလို အခက်အခဲတွေကို တစ်ချက်ခုတ် သုံးချက်ပြတ်အောင် ဖြေရှင်းတာပါပဲ။ ဥပမာ ပေးရရင် ရွာလယ်လမ်းမကြီးမှာ တင်ကျန်ရစ်တဲ့ အမှိုက်သရိုက်တွေကို ရှင်းလင်းဖို့ တစ်အိမ်ထောင် တစ်ယောက်ကျ ဆင့်လိုက်တယ်။ အမှိုက်သရိုက် ရှင်းလင်းပြီးတဲ့ အခါမှာ လုပ်အားခ အနေနဲ့ ထိုက်သင့်သလို တတ်စွမ်းသလို ပေးကမ်းလိုက်တယ်။
ဒီတော့ကာ အကျိုးဆက် အနေနဲ့ ပြောရရင် အမှိုက်သရိုက်တွေလည်း ရှင်းသွားတယ်။ လက်လုပ်လက်စားတွေမှာ ငွေလေးကြေးလေး ရသွားတယ်။ ရလာတဲ့ ငွေတိုငွေစနဲ့ သူတို့ လိုအပ်တဲ့ ပစ္စည်းကို ၀ယ်နိုင်တယ်။ ဒီတော့ကာ ရွာထဲမှာ ဈေးကွက် ပြန်ပြီး ဖြစ်လာတယ်။ တစ်ချိန်တည်းမှာပဲ ငွေလည်ပတ် စီးဆင်းမှု ဖြစ်လာတယ်။

ဒီငွေဟာ ရွာထဲကို အလုံးလိုက် အရင်းလိုက် တစ်ချိန်တည်း ၀င်လာတာ ဖြစ်တဲ့ အတွက်ကြောင့် အချိန် တော်တော် ကြာတဲ့ အထိ ရွာထဲမှာ လည်ပတ်နေတာပါပဲ။ ငွေလည်ပတ်မှု ကောင်းတော့ အဖျင်းဆုံး ငွေတိုးချေးလို့ ရနိုင်တယ်။ ရောင်းပန်းဝယ်ပန်း ဖြောင့်ဖြူးလာတယ်။ ဈေးကွက် စည်ပင်လာတယ်ပေါ့။
လုပ်တာက ဘာမှ မခက်ပါဘူး။ သို့ပေသိ ငွေရေးကြေးရေး ကိစ္စ ဖြစ်တဲ့ အတွက်ကြောင့် အင်မတန် တာဝန် ကြီးပါတယ်။

၁။ ရွာထဲမှာ အမှိုက်သရိုက် အညစ်အကြေး ရှင်းလင်းဖို့ လိုသလား ဆိုတာ ကြည့်ပါ။ နောက်ဆုံး ဘာမှ လုပ်စရာ မရှိဘူး ဆိုရင်တောင် တစ်ခုခု ရှာကြံပြီး လုပ်လို့ ရပါတယ်။ အခု အချိန်မှာ လုပ်စရာတွေ တစ်ပုံကြီးပါ။ ရေတွင်းတွေ ဆည်ရမယ်။ သောက်ကန်ထဲက ရေဆိုးတွေ ထုတ်ပစ်ရတယ်။ အမှိုက်ရှင်းရမယ်။ ပြိုလဲနေတဲ့ သစ်ပင်တွေကို ထင်းဖြတ်ရမယ်။ အိမ်ပြိုအိမ်ပျက်တွေ ရှင်းလင်းရမယ်။ လိုအပ်ရင် ပြန်ပြီး တည့်တန်တာတည့်၊ ပြင်တန်တာပြင်ပေးရမယ်။ လုပ်စရာ ပုံလို့။

၂။ အိမ်ထောင်စု စာရင်း လိုပါတယ်။ အိမ်ထောင်စု စာရင်းကို ကြည့်ပြီး တစ်အိမ် တစ်ယောက်နှုန်း ပါဝင်နိုင်အောင် စီစဉ်တာ ကောင်းပါတယ်။ လူအင်အား အများကြီး မလိုဘူး၊ ငွေကြေး ကန့်သတ်ချက် ရှိတယ် ဆိုရင်တော့ ပျံကျလက်လုပ်လက်စားတွေကို ဦးစားပေးပြီး ခေါ်ရမှာပေါ့။ ပျံကျထဲမှာမှ အလုပ်ကြမ်း မလုပ်နိုင်တဲ့ လူတွေ ရှိရင်လည်း လူယောင် ပြဖို့ ခေါ်ရတာပေါ့။ ဒါမှ သူတို့ ငွေရမှာပေါ့။

၃။ ပြီးရင် လုပ်စရာရှိတဲ့ အလုပ်ကို အလုပ်ပေး ငွေပေး စနစ်နဲ့ လုပ်ပါ။ ပိုက်ဆံ ပေးချေရင် သုံးဖို့ ငွေစက္ကူ အသစ် ဒါမှမဟုတ် ခပ်လတ်လတ် ရှာထားတာ ကောင်းတယ်။

၎။ ငွေကြေး ရှင်းလင်း ပေးတဲ့ အခါမှာ စာရင်း စနစ်တကျ ရယူဖို့ လိုပါတယ်။ လုပ်အားပေးသူတွေ ငွေကြေး အပြေအလည် ရရှိကြောင်း လက်မှတ် ယူထားပါ။ ငွေစာရင်းကို စနစ်တကျ ပြုစုပြီး အလှူရှင်ကို ပြန်ပြီး ပြောပြလို့ ရပါတယ်။ ဗမာ အလှူရှင် ဆိုရင်တော့ သာဓု အနုမောဒနာ ခေါ်မှာပေါ့။
ဒါပါပဲ ဘာမှ မခက်ပါဘူး။ ဒီလို လုပ်တဲ့ အခါမှာ ရပ်မိရပ်ဖနဲ့ တိုင်ပင်ပြီး ကိုယ် လုပ်မယ့် အစီအစဉ်ကို အနည်းဆုံး တစ်ရက် ကြိုတင် ပြင်ဆင်ဖို့ လိုပါတယ်။
Maung Ne Lynn Aung - https://www.facebook.com/maungnelynn.aung/posts/1093189797376989:6

မြန်မာနိုင်ငံ ရေဘေးမှာ ပြည်တွင်း အလှူရှင်တွေရဲ့ ပါဝင် ပူးပေါင်းမှုဟာ တစ်ခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အများကြီး သာပါတယ်။ ဒီ စေတနာ ထက်သန်တဲ့ ထောက်ပံ့မှုမှာ ဒေသခံတွေရဲ့ လိုအပ်ချက်ကို အခြေခံပြီး ဆောင်ရွက်မယ် ဆိုရင် ပိုပြီး ကောင်းမယ်လို့ ယူဆပါတယ်။ ကျွန်တော့် Friend List ထဲမှာ လူ (၁၀၀၀) လောက် ရှိတော့ သူတို့တွေ လှုပ်ရှားနေတာ မြင်ရပါတယ်။ ရွက်ဖျင်တဲတွေ ၀ယ်ပြီး ထောက်ပံ့ဖို့ ပြောတာ မြင်ရသလို ရေသန့်ဘူးတွေ အလုံးအရင်း ပေးပို့ဖို့ ပြင်နေတာလည်း တွေ့ပါတယ်။ ကယ်ဆယ်ရေး ပစ္စည်း ထောက်ပံ့တဲ့ အခါမှာ ဒေသခံတွေ တကယ် လိုအပ်မယ့် ပစ္စည်း ဖြစ်မှ ငွေကုန်ရကျိုး နပ်ပြီး အကျိုးထိရောက်မှု ဖြစ်ထွန်းတာ ထုံးစံပါပဲ။

ရွက်ဖျင်တဲ ဆိုပါစို့။ အင်မတန် ကောင်းတဲ့ စေတနာပါပဲ။ သို့ပေသိ ကျွန်တော်တို့ တွေးသင့်တဲ့ အချက်က ရေဟာ တစ်သက်လုံး တက် မနေဘူး။ မကြာခင် ပြန်ပြီး ကျတော့မှာပါပဲ။ ရေဘေးသင့် လူထု အနေနဲ့ ဒီ ရွက်ဖျင်တဲတွေ တကယ် လိုအပ်တာ ကျိန်းသေရဲ့လား။ နောက်ပြီး အခုက မိုးတွင်း ဖြစ်နေတော့ သောက်ရေ ပြဿနာကို မိုးရေခံပြီး ဖြေရှင်းလို့ ရပါတယ်။ ရွက်ဖျင်တဲ တစ်လုံးရဲ့ တန်ဖိုးဟာ မနည်းလှပါဘူး။ ဒီ ရွက်ဖျင်တဲ ၀ယ်ပြီး လှူမယ့် အစား ပလပ်စတစ် မိုးကာစတွေ ၀ယ်ပြီး ပို့လိုက်ရင် ဘက်စုံ သုံးလို့ ရပါတယ်။ ပလပ်စတစ် မိုးကာဖျင်ကို တိုင်လေးတိုင် စိုက်ပြီး ကျက်လိုက်ရင် မိုးရေခံလို့ ရပါတယ်။ ဒါ့အပြင် ရေကျပြီးချိန် ပစ္စည်းတွေ နေလှန်းတဲ့ အခါမှာ ပလပ်စတစ် ဖျင်စ လိုပါတယ်။ နောက်ဆုံး တောသူ တောင်သားတွေ ပလပ်စတစ် ဖျင်စကို ဆုတ်ပြီး မိုးကာ လုပ်ဝတ်လို့ ရပါသေးတယ်။

ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေမှာ အတွေ့အကြုံ ရှိပြီးသူတွေ ပါဝင်သလို အခုမှ စပြီး လုပ်တဲ့ လူငယ်တွေလည်း ရှိပါတယ်။ ဒီတော့ကာ ငွေကြေး သုံးစွဲတဲ့ အခါမှာ ထိရောက်မှု ရှိရေးကို အထူးပဲ တွေးပြီး ဆောင်ရွက်ဖို့ တိုက်တွန်း ချင်ပါတယ်။ ကယ်ဆယ်ရေး ကာလ အစောပိုင်းမှာ လိုအပ်မယ်လို့ ယူဆရတဲ့ ပစ္စည်း ဝေခြမ်းတာ ကောင်းပါတယ်။ ဖြစ်နိုင်ရင် ငွေသား ထောက်ပံ့မှု များများ လုပ်တာ ကောင်းပါတယ်။ ကနဦး ဝေခြမ်းရေး လုပ်ချိန်မှာ ဒေသခံတွေ ဘာတွေ တကယ် လိုအပ်သလဲ ဆိုတာကို အလုပ် လုပ်ရင်း လေ့လာဖို့ လိုပါတယ်။ ဒီလို လုပ်တဲ့ အခါမှာ လူဦးရေ စာရင်းနဲ့ ပျက်စီး ဆုံးရှုံးမှု အခြေအနေကို လေ့လာဖို့ အထူးတလည် လိုပါတယ်။

၁။ ကယ်ဆယ်ရေး ဆောင်ရွက်သူတွေ လိုက်နာရမယ့် ကျင့်ဝတ် စည်းမျဉ်းတွေကို ဒီမှာ ကြည့်လို့ ရပါတယ်။ http://is.gd/8tgzkK
၂။ ရေကျပြီးချိန်မှာ ဖြစ်တတ်တဲ့ ပြဿနာတွေ အကြောင်းကို ဒီမှာ အကျဉ်းချုပ် ရေးထားပါတယ်။ http://is.gd/DpEkZ7
၃။ ဒေသခံတွေရဲ့ လိုအပ်ချက် သိရှိအောင် လေ့လာတာနဲ့ ပက်သက်တာကို ဒီမှာ အကြမ်းဖျင်း ရေးထားပါတယ်။ http://is.gd/qe0WrD
၎။ ကျားမ အသက်အရွယ် အလိုက် ခွဲခြား ဖော်ပြထားတဲ့ လူဦးရေ စာရင်း အရေးပါမှုကို ဒီမှာ ကြည့်လို့ ရပါတယ်။ http://is.gd/hJIXrg
၅။ အရေးပေါ် ကာလ ငွေသား ထောက်ပံ့ရေးနဲ့ ပက်သက်တာကို ဒီမှာ အကြမ်းဖျင်း ကြည့်လို့ ရပါတယ်။ http://is.gd/IthDl6
၆။ ရေဘေးသင့် ဒေသ မြေပုံနဲ့ ဘေးသင့် လူထု ခန့်မှန်း စာရင်းကို ဒီမှာ ကြည့်လို့ ရပါတယ်။ ဒီ စာရင်းက ကုလ သမဂ္ဂရဲ့ စာရင်းနဲ့ မြေပုံ ဖြစ်တာကြောင့် အချက်အလက် ခိုင်မာမှု ရှိတယ်လို့ ဆိုနိုင်ပါတယ်။ http://is.gd/JwDDyq
၇။ "အလုပ်ပေး၊ ငွေပေး" (Cash for Work) http://is.gd/qe45eV
ဒီအချက်အလက်တွေဟာ ပြီးပြည့်စုံတယ် မဟုတ်ပါဘူး။ မှတ်မိသလောက် စိတ်ထဲပေါ်သလောက် ချရေးထားတာ ဖြစ်ပါတယ်။ အသုံးတည့်မယ့် အကြံညဏ် ရှိရင်၊ တွေ့ရင်လည်း ဖြည့်စွက်လို့ ရပါတယ်။
Maung Ne Lynn Aung - https://www.facebook.com/maungnelynn.aung/posts/1093189797376989:5

ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံယူမှု၊ ကျင့်ဝတ်စောင့်ထိန်းမှု ဟာ အရေးကြီးပါတယ်။ အထူးသဖြင့် ဒီရေဘေး ကယ်ဆယ်ရေး လုပ်ငန်းစဉ်မှာ ဘာသာရေး အခြေခံ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ ပါဝင်တဲ့ အတွက်ကြောင့် တာဝန်ခံယူမှုနဲ့ ကျင့်ဝတ်ကို အဓိက မေးခွန်း ထုတ်ရပါမယ်။ တစ်ဘက်မှာ လိုအပ်ချက်၊ အခြေအနေ ကြောင့် ဒီ အဖွဲ့အစည်းတွေ ပါဝင်ရတာကို လက်ခံပါတယ်။ သို့ပေသိ တာဝန်ခံယူမှု ကင်းမဲ့ရင် ကျင့်ဝတ် ချိုးဖောက်ရင် စာနယ်ဇင်းတွေ အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဖို့ လိုတယ်။ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်သူတွေ အနေနဲ့လည်း ကျင့်ဝတ်ကို စောင့်ထိန်းပြီး၊ တာဝန်ခံယူမှု ရှိတဲ့လူတွေ ဖြစ်အောင် ဆင်ခြင် ပြုမူ ပြောဆို လုပ်ကိုင် ရပါလိမ့်မယ်။

ကယ်ဆယ်ရေး ဆောင်ရွက်သူတွေ လိုက်နာရမယ့် စည်းမျဉ်းချက် (၁၀) ရပ်ကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ်က ချမှတ်ထားပြီး နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်သူ အားလုံး စောင့်ထိန်း လိုက်နာရပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်သူ တွေ အနေနဲ့ ဒီ လိုက်နာရမယ့် ကျင့်ဝတ်ကို သိလျက်နဲ့ ချိုးဖောက်သည် ဖြစ်စေ၊ မသိလို့ ချိုးဖောက်သည် ဖြစ်စေ အပြစ် လုံးဝ ရှိပါတယ်။ ဒီ စည်းမျဉ်း (၁၀) အနက်က အင်မတန် အရေးကြီးတဲ့ အချက် တစ်ချို့ အထူးသဖြင့် အခု လက်ရှိ အခြေအနေနဲ့ ဆီလျော်မှု ရှိတာ ဆိုရင်
(၁) ကယ်ဆယ်ရေး ထောက်ပံ့မှု ဖြန့်ဖြူးရာတွင် အမျိုးအနွယ် ဇာတိကိုကို အခြေခံ၍ သော်လည်းကောင်း၊ ကိုးကွယ်ရာ ယုံကြည်မှုကို အခြေခံ၍ သော်လည်းကောင်း ဆောင်ရွက်ခြင်း မပြုရ။
(၂) ကယ်ဆယ်ရေး ထောက်ပံ့မှု ဖြန့်ဖြူးရာတွင် ဘာသာရေး၊ နိုင်ငံရေး ရှုဒေါင့်မှ ချဉ်းကပ်၍ ဝေခြမ်းခြင်း မပြုရ။
(၃) ဒေသခံတို့၏ ယဉ်ကျေးမှုနှင့် ထုံးတမ်းဓလေ့တို့ကို အစဉ် လေးစားရမည်။
(၄) ကယ်ဆယ်ရေး ပစ္စည်း ဖြန့်ချိရာတွင် ဒေသခံ ဘေးသင့် လူထု ပါဝင် ပူးပေါင်းမှု ရှိစေရမည်။
(၅) ဘေးသင့်လူထု၏ လူ့သိက္ခာကို ညှိုးနွမ်းသေးသိမ် စေမည့် ဓာတ်ပုံ ရုပ်ပုံ စာသားများ အသုံးပြု၍ သတင်း ထုတ်ပြန်ခြင်း မပြုရ။

ဒါ့အပြင် ကယ်ဆယ်ရေး လုပ်ငန်းမှာ Volunteer အနေနဲ့ လုပ်သည် ဖြစ်စေ၊ Professional အဖြစ်နဲ့ လုပ်သည် ဖြစ်စေ လူသားဆန်မှု၊ တည်ကြည်မှု၊ လွတ်လပ်မှု၊ ဘက်မလိုက်မှု အစရှိတဲ့ အချက်ကြီး လေးချက်ကို လိုက်နာဖို့ တာဝန် ရှိတယ်။

လူသားဆန်မှု - လူတွေ ခံစားနေရတဲ့ အတိဒုက္ခ လျော့ပါး သက်သာစေရေးကို ရှေးရှုပြီး ဆောင်ရွက်ဖို့ တာဝန် ရှိတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေရဲ့ ရည်ရွယ်ချက်ဟာ လူသားတွေရဲ့ အသက်နဲ့ ကျန်းမာခြင်းကို ကာကွယ်ဖို့ ဖြစ်ပြီး ဒီလို ဆောင်ရွက်တဲ့ အခါမှာ လူသားတိုင်းကို လေးစားသမှု ပြုပြီး ဆက်ဆံဖို့ လိုတယ်။

တည်ကြည်မှု - ကယ်ဆယ်ရေး ဆောင်ရွက်တဲ့ အခါမှာ ဘေးသင့် လူထုရဲ့ လိုအပ်ချက်ကို အခြေခံပြီး ဆောင်ရွက်ဖို့ တာဝန်ရှိတယ်။ နိုင်ငံသား နိုင်ငံခြားသား ခွဲခြားမှု၊ အမျိုးအနွယ် ဇာတ်ခွဲခြားမှု၊ လိင်သဘာဝ ခွဲခြားမှု၊ ဘာသာယုံကြည်မှု ခွဲခြားမှု၊ လူမှုအဆင့်အတန်း ခွဲခြားမှု၊ နိုင်ငံရေး ယုံကြည်ချက် ဆိုင်ရာ ခွဲခြားမှု မပြုအပ်ဘူး။

လွတ်လပ်မှု - ကယ်ဆယ်ရေး လုပ်ငန်းတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အစရှိတဲ့ အရေးကြီး ကဏ္ဍတွေရဲ့ လောင်းရိပ် သင့်ခံရတာမျိုး မဖြစ်စေရဘူး။
ဘက်မလိုက်မှု - နိုင်ငံရေး၊ ဘာသာရေး၊ အယူဝါဒရေးရာ ၀ိဝါဒ ကွဲပြားဖွယ် အခြေအနေမှာ ကယ်ဆယ်ရေး ဆောင်ရွက်သူတွေ အနေနဲ့ ဘက်လိုက်ခြင်း ကင်းရှင်းအောင် စောင့်ထိန်းဖို့ လိုတယ်။

မလိုက်နာတဲ့ လူတွေ အပုံကြီးပါပဲ။ ကိုယ့် မိတ်ဆွေ အသိအကျွမ်း ထဲမှာတင် ဒီ ပဋိညာဉ်တွေကို ချိုးဖောက်တဲ့ လူတွေ ရှိပါတယ်။ မြစ်ဝကျွန်းပေါ် နာဂစ် ကယ်ဆယ်ရေး လုပ်တော့ အသိ တစ်ယောက်က သူ့ မယား အမျိုးတွေ နေတဲ့ ရွာကို ရွေးပြီး ရုံးက ထောက်ပံ့တဲ့ ပစ္စည်း ဖြန့်တယ်။ ကွက်ကျော် ရိုက်တယ်။

နာမည်ကြီး NGO က ၀န်ထမ်း တစ်ယောက် ဆိုရင် နာဂစ် ထောက်ပံ့ရေးမှာ သူ ရရှိထားတဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်ပြီး ရွာက ကလေးမလေး တစ်ယောက်ကို ဖျက်စီးတယ်။ အဲ့ဒီကောင် အခု ဘယ်ရောက်သွားသလဲတော့ မသိဘူး။

NGO ကြီး တစ်ဖွဲ့က ၀န်ထမ်းတွေ ဆိုရင် ဒေသခံတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ မြစ်ထဲမှာ သဘောင်္နဲ့ လှည့်ပြီး ကာရာအိုကေ ဆိုတယ်။ ရွာထဲ လှည့်ပြီး အရက် အကောင်းစား သောက်တယ်။ ဟေးလားဝါးလား လုပ်တယ်။

UN က ၀န်ထမ်းတွေ ဆိုရင် ပစ္စည်း သယ်ဖို့ လုပ်ထားတဲ့ ဟယ်လီကော်ပတာ စီးပြီး ရန်ကုန်ကို ဈေးဝယ် ထွက်တယ်။ NGO တစ်ဖွဲ့ ဆိုရင် သူတို့ ရုံး ယောကျာ်းလေး အဆောင်မှာ မိန်းမပျက် တစ်ရုံးရုံး တ၀ုန်းဝုန်း။ ဒါတင် မကဘူး သုံးပြီးသား ကွန်ဒုံးတွေကို သူများ အိမ်ခေါင်မိုးပေါ် လွှင့်ပစ်တယ်။

ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါတွေဟာ တာဝန်ခံယူမှု၊ ကျင့်ဝတ်လိုက်နာမှု မရှိလို့ ဖြစ်တာပါပဲ။ ကျင့်ဝတ်လိုက်နာတဲ့ ကယ်ဆယ်ရေး လုပ်သားကောင်းတွေလည်း အများကြီး ရှိပါတယ်။

သဘာဝ ဘေးရန် ကျရောက်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်း လုပ်တဲ့ အချိန်မှာ ပြောလေ့ပြောထ ရှိတဲ့ စကားလုံးက "မူရင်း အခြေအနေသို့ ပြန်လည် ရောက်ရှိရေး" ဆိုတာပါပဲ။ ဟုတ်ပြီ မူရင်း အခြေအနေက မကောင်းဘူး ဆိုရင် အဲဒီ မကောင်းတဲ့ အခြေအနေ အတိုင်း ဖြစ်အောင် သွားမှာလား လို့ ကပ်သတ်ပြီး မေးလို့ ရပါတယ်။ မူရင်း အခြေအနေသို့ ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်တဲ့ အခါမှာ သဘာဝ ဘေးရန် မကျရောက်မီ အခြေအနေထက် ပိုပြီး ကောင်းမွန်အောင် လုပ်ဖို့ အရေးကြီးပါတယ်။ ဒီလို လုပ်တဲ့ အချိန်မှာ နှလုံးသားတင် မကတော့ဘူး ဦးဏှောက်တွေ လိုလာပါပြီ။ လုပ်ငန်း ကျွမ်းကျင်သူတွေ လိုပါတယ်။

အခု ရေဘေးမှာ ပါဝင် ဆောင်ရွက်သူတွေ အနေနဲ့ ဒီ အတွေ့အကြုံကနေ သင်ခန်းစာ အများကြီး ရယူနိုင်ပါတယ်။ အဖွဲ့အစည်းတွေ ဆိုရင်လည်း လုပ်ငန်း အခက်အခဲ ဘယ်လို ကြုံရတယ်။ ဘယ်လို ကျော်ဖြတ်တယ် ဆိုတာကို သင်ခန်းစာ ယူနိုင်ပါတယ်။ တစ်သီး ပုဂ္ဂလ အလှူရှင်တွေ ဆိုရင်လည်း အနည်းဆုံးတော့ အဆက်အသွယ် ရသွားတာပါပဲ။ နောက်ဆုံး ဘေးသင့် လူထု အနေနဲ့ ဆိုရင်လည်း ဘေးရန်ကို ကိုယ်တွေ့ ကြုံရပြီ ဖြစ်တာကြောင့် နောင် ကြုံရဖွယ် ရှိတဲ့ ဘေးရန်ကို ကျော်လွှားဖို့ အတွေ့အကြုံ ရသွားတာပါပဲ။ ဒါကတော့ အဆိုးထဲက ထုတ်ယူလို့ ရမယ့် အကောင်းပေါ့။

မကြာခင် ရေပြန်ကျမှာပဲ။ ရေကျရင် ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်တာက တစ်ဆင့် ပြန်လည် ထူထောင်ရေး ဘက်ကို လှည့်ရတော့မယ်။ အစိုးရအဖွဲ့အစည်းတွေ၊ ကုလနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေ လုပ်တာ ရှိနိုင်သလို ဒေသခံ အဖွဲ့အစည်းတွေ အထဲက အင်အား တောင့်တင်းတဲ့ အဖွဲ့တွေ အနေနဲ့ ပြန်လည် ထူထောင်ရေးကို လုပ်ရဦးမှာပါပဲ။ ပြန်လည် ထူထောင်ရေး လုပ်တဲ့ အခါမှာ
(၁) ရေဘေးသင့် လူထုရဲ့ လိုအပ်ချက်ကို သိအောင် လေ့လာဖို့ အရေးကြီးတယ်။
(၂) သူတို့ရဲ့ လိုအပ်ချက်ကို သိတော့မှ ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ကောင်းကောင်း ဆောင်ရွက်နိုင်မယ်။
(၃) ပြန်လည်ထူထောင်ရေး လုပ်တဲ့ အခါမှာ ဒေသတွင်းမှာ ရှိနေတဲ့ အရင်းအမြစ် အခွင့်အလမ်းတွေကို ရှာဖွေပြီး ဆောင်ရွက်မှ ဒေသတွင်း ရေရှည် ဖွံ့ဖြိုးမှုကို ရမယ်။
(၄) ဒေသတွင်း ရှိနေတဲ့ အရင်းအမြစ်တွေ တိုးပွားလာအောင် လုပ်ဖို့လည်း လိုမယ်။
(၅) ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေရဲ့ အကျိုးရလဒ် ရေရှည် တည်တံ့အောင် နည်းလမ်း ရှာကြံပြီး လုပ်ဖို့ လိုတယ်။

ဆိုပါစို့ ရေကြီးနစ်မြုပ်မှု ဖြစ်သွားတဲ့ (ကကက) ရွာမှာ လူ (၁၀၀) ရှိမယ်။ ဒီရွာက ကိုင်းသမားတွေ များတယ်။ သူတို့ရဲ့ လိုအပ်ချက်ကို မလေ့လာဘဲ ကိုင်းသမားတွေကို ရေနက်ကွင်း စပါး စိုက်တာမှာ သုံးတဲ့ ဆေးဝါး၊ ဓာတ်မြေသြဇာ ဖြန့်ဖြူးရင် အသုံး မ၀င်ဘူး။ ဈေးထဲ ပြန်သွင်းချင် သွင်းလိမ့်မယ်။ ဒါဆိုရင် ကိုယ် လုပ်တဲ့ အလုပ်လည်း အကျိုး မရှိဘူး။ ဒီရွာမှာ ကိုင်းလုပ်သလား တိရစ္ဆာန် မွေးမြူရေး လုပ်သလား ဆိုတာကို ကြည့်ပြီး ရွာထဲမှာ စိုက်ပျိုးရေး သင်တန်း တက်ဖူးသူ၊ တိကုသင်တန်း တက်ဖူးသူ မရှိရင် ရှိလာအောင် လုပ်ပေးဖို့ လိုတယ်။ ဒီလို လုပ်တော့မှ ရပ်ရွာအတွင်းမှာ ရှိနေတဲ့ လူ့အရင်းအမြစ် စွမ်းရည် မြင့်လာမယ်။ ဆိုပါစို့ ရွာထဲက လူ တစ်ယောက် နှစ်ယောက်ကို တိရစ္ဆာန် ဆေးကု သင်တန်း ပေးထားရင် ရွာထဲမှာ အသုံးဝင်တာပေါ့။ ဒါ့အပြင် ကိုယ်လုပ်တဲ့ လုပ်ငန်းရဲ့ အကျိုးရလဒ် ရေရှည် တည်တံ့ရေး အတွက် ဒေသခံတွေ ပါဝင် ပူးပေါင်းမှု ရယူဖို့ လိုတယ်။

အခု ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ချိန်မှာ အခြေခံ လိုအပ်ချက်တွေကို ဆန်းစစ် လေ့လာပြီး ဖော်ထုတ် မှတ်တမ်း တင်ဖို့ လိုတယ်။ နောက်ဆုံး ကိုယ့် အနေနဲ့ ပြန်လည် ထူထောင်ရေးမှာ မလုပ်နိုင်ရင်တောင် လုပ်နိုင်မယ့် လူကို ဒီမှတ်တမ်း မျှလိုက်ရင် အလုပ် ပိုပြီး တွင်တာပေါ့။ အခြေခံ လိုအပ်ချက် ဆိုတဲ့ အခါမှာ
(၁) စားနပ်ရိက္ခာ၊
(၂) ကျန်းမာရေး၊
(၃) ပညာရေး ကဏ္ဍတွေပါပဲ။

စီးပွားရေး လုပ်ငန်းတွေရဲ့ အခြေအနေကိုလည်း လေ့လာရတာ ထုံးစံပါပဲ။
အထူးသဖြင့် မြန်မာနိုင်ငံ ကျေးလက် ဒေသ အခြေခံ စီးပွားရေးမှာ
(၁) စိုက်ပျိုး မွေးမြူရေးနဲ့ ရေလုပ်ငန်း၊
(၂) တနိုင်တပိုင် အရောင်းအ၀ယ် ဒါပဲ ရှိပါတယ်။

အခြားကဏ္ဍတွေမှာ ဆိုရင်
(၁) အိုးအိမ်ပြန်လည်ထူထောင်ရေး
(၂) ရေကောင်းရေသန့်ရရှိရေး၊
(၃) ခရီးလမ်းပန်းဆက်သွယ်ရေး၊
(၄) ငွေကြေးဝန်ဆောင်မှုရရှိရေး
(၅) သဘာဝဘေးရန်ကြိုတင်ပြင်ဆင်ရေး ဒါတွေက အရေးပါ ပါတယ်။

နောက်ဆုံး နိုင်ငံတကာ အဖွဲ့အစည်းတွေ လုပ်သလို ၀န်ထမ်းတွေ ရွေးချယ် ခန့်ထား လေ့ကျင့်ပေးပြီး၊ စစ်တမ်း စနစ်တကျ မကောက်နိုင်ရင်တော့ ဒီအခြေအနေကို သွားရင်းလာရင်း စကားစမြည် ပြောရင်း တီးခေါက် ကြည့်လို့ ရပါတယ်။

ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ပါဝင်မှု ရရှိရေးဟာ အရေးကြီးပါတယ်။ ကျွန်တော်တို့က ဆိုရှယ်လစ် စာပေ အတွေးအခေါ်နဲ့ ရင်းနှီးခဲ့ရတော့ ချမ်းသာတဲ့ လူဆိုရင် ၀ိသမ လောဘသား ဆိုပြီး တွေးလေ့ရှိတယ်။ အဲဒီ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ရှိမှ ဓနကို ဖန်တီးရတာ ပိုကောင်းတယ် ဆိုတာကို မေ့နေကြတယ်။ အခုလို ရေကြီး နစ်မြုပ်တဲ့ အခြေအနေမှာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို ဖိတ်ခေါ်ပြီး ဒေသတွင်း စီးပွားရေး လုပ်ငန်းတွေ ပြန်ပြီး ကောင်းအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ အထူးသဖြင့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်း ပြန်လည် ထူထောင်တဲ့ အခါမှာ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အကူအညီ ရယူဖို့ လိုပါတယ်။

ရေကျပြီးချိန်မှာ ငွေ လိုပါတယ်။ ပစ္စည်းတွေ ၀ယ်ခြမ်းပြီး ပို့မယ့် အစား ငွေသား တိုက်ရိုက် လွှဲပြောင်း လှူဒါန်းတာ ပိုပြီး ကောင်းပါတယ်။ ရေဘေးသင့် မိသားစုတွေ ဘာတွေ အလောတကြီး လိုနေတယ် ဆိုကို သိဖို့ ခက်ခဲပါတယ်။ ကိုယ်က ကောင်းမယ် ထင်လို့ ပို့လိုက်တဲ့ ပစ္စည်းဟာ သုံးစား မရတာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ကာ ငွေကြေး လှူလိုက်ရင် သူတို့ လိုတဲ့ ပစ္စည်း ပစ္စယကို သူတို့ ဖာသာ ၀ယ်လိမ့်မယ်။ သုံးစရာ ရှိတာကို သုံးလိမ့်မယ်။ အဲသလို ငွေကြေး သုံးတာနဲ့ တပြိုက်နက် ရပ်ရွာ အတွင်း ငွေကြေး လည်ပတ် စီးဆင်းမှု ကောင်းလာမယ်။ အရောင်းအ၀ယ် စည်ပင်လာမယ်။ နောက်ဆုံး ဆက်စပ် နေတဲ့ လုပ်ငန်းတွေမှာ ပိုပြီး ဖွံ့ဖြိုးလာနိုင်ပါတယ်။ ဒါကြောင့် ငွေသား တိုက်ရိုက် လှူဒါန်းတာ အကောင်းဆုံးပါပဲ။

Maung Ne Lynn Aung - https://www.facebook.com/maungnelynn.aung/posts/1093189797376989:4

မိုး ဆက်ပြီး မသည်းဘူး ဆိုရင် လပြည့်ကျော် (၄) ရက် နောက်ပိုင်းမှာ ရေ ပြန်ပြီး ကျနိုင်ပါတယ်။
ရေကျရင် ပြဿနာ ပိုပြီး ဖြစ်လာနိုင်ပါတယ်။

(၁) ထိခိုက်ဒဏ်ရာရမှုမြင့်တင်ခြင်း - ရေကျပြီးတဲ့ အချိန် ဟိုသွား ဒီသွား သွားရင်းနဲ့ ပုလင်းကွဲ၊ သွပ်ပြား အစရှိတဲ့ ပစ္စည်းတွေနဲ့ ထိခိုက်မိပြီး ထိခိုက်ရှနာ ဖြစ်တာ မြင့်တတ်တယ်။ ဖြစ်နိုင်ရင် ရေဘေး ကယ်ဆယ်ရေး ထောက်ပံ့မှု ပစ္စည်း လှူဒါန်းတဲ့ အခါမှာ ကြက်ခြေနီ ဆေးသတ္တာ တစ်ပါတည်း ထည့်ပြီး လှူကြပါ။ ဈေးထဲမှာ ရောင်းတဲ့ ကြက်ခြေနီ ဆေးသတ္တာက သိပ်ပြီး မကောင်းဘူး။ လေလုံတဲ့ ပလပ်စတစ် သေတ္တာ ၀ယ်ပြီး၊ ဆေးဝါးကို ကျွမ်းကျင်တဲ့ ဆရာဝန်၊ ကြက်ခြေနီတွေနဲ့ တိုင်ပင်ပြီး ဖြည့်ထည့်တာ ပိုကောင်းပါတယ်။ ဆေးပုလင်းတွေမှာ မြန်မာဘာသာနဲ့ အညွန်း အတိုချုပ် ရေးပြီး တိပ်နဲ့ ကပ်ပေးလိုက်တာ ကောင်းပါတယ်။ တစ်ရွာကို ကြက်ခြေနီ ဆေးသတ္တာ တစ်လုံးလောက် ဖြန့်နိုင်ရင် မဆိုးဘူး။

(၂) ကာလ၀မ်းရောဂါ - ရေ မသန့်ရှင်းမှုကြောင့် ဖြစ်တဲ့ ရောဂါဖြစ်ပွားနှုန်းဟာ ရေကျပြီးချိန်မှာ ပိုပြီး မြင့်လာလေ့ ရှိပါတယ်။ အခန့်မသင့်ရင် ၀မ်းလျှောပြီး သေနိုင်ပါတယ်။ ရေကို ကြိုချက် သောက်သုံးဖို့ အသိပညာ ဖြန့်ဖြူးတာ အရေးကြီးပါတယ်။ နောက်ပြီး အခု UN က ရေသန့်ဆေးပြား၊ ဆေးရည် ဖြန့်တော့မယ် ဆိုတော့ အဲဒါကို ဒေသခံတွေ စနစ်တကျ သုံးတတ်အောင် သင်ကြားပေးဖို့လည်း လိုပါတယ်။ ထောက်ပံ့ရေး ဆောင်ရွက်နေတဲ့ တသီးပုဂ္ဂလအလှူရှင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အနေနဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ရေကြောင့် ဖြစ်နိုင်တဲ့ ရောဂါ ဖြစ်ပွားရင် အသုံးပြုလို့ ရမယ့် ဆေးဝါးတွေ တစ်ပါတည်း ဖြန့်ဖို့ လိုပါတယ်။ အစိုးရ အဆင့် ဆိုရင်တော့ ရောဂါဘယထိန်းချုပ်မှု စနစ်ကို နှိုးထားသင့်ပြီ။ ဖြစ်တော့မှ လိုက်လုပ်လို့ မလွယ်ဘူး။

(၃) မြွေအန္တရာယ် - ရေကျပြီးရင် အိမ်ပေါ်ကို မြွေတက်တတ်တယ်။ လက်ဦးမှု ရယူပြီး ရိုက်သတ်လိုက်တာ ကောင်းတယ်။ ၀ါတွင်းကြီး ဖြစ်ပေမယ့် ချစရာရင် ချသာ ချထည့်လိုက်။ ရေဘေးသင့် ဒေသခံတွေ ညရေးညတာ ထွက်ရင် လက်နှိပ် ဓာတ်မီး မရှိမှာ ပူရတယ်။ ထောက်ပံ့ရေး ပစ္စည်း ဖြန့်ဖြူးတဲ့ အခါမှာ လက်နှိပ်ဓာတ်မီးနဲ့ ဓာတ်ခဲအပိုတွေ ၀ယ်ပြီး ထည့်ပေးတာ ကောင်းပါလိမ့်မယ်။ ဒေသခံတွေကိုလည်း မြွေခိုအောင်းနိုင်တဲ့ နေရာတွေ (ဥပမာ သစ်ပုံ၊ အမှိုက်ပုံ၊ ဒိုက်ဖုတ်) ကို အတင်းကာရော စွတ်ရွတ် မသွားဖို့ မှာထားဖို့ လိုတယ်။

(၄) မျိုးစပါးအခက်အခဲ - တစ်ချို့နယ်တွေမှာ ရေကြီးနစ်မြုပ်မှုကြောင့် စပါးတွေ ပျက်တယ် ကြားတယ်။ ကယ်ဆယ်ရေးမှာ ဖိပြီး မလှူဘဲ ပြန်လည်ထူထောင်ရေးမှာ လှူဖို့လည်း လိုတယ်။ ရခိုင်ဘက်က လယ်သမားတွေ ဆိုရင် ပိုပြီး ထိမယ်။ အဲဒီလူတွေက ပိုပြီး ဆင်းရဲသလို သူတို့ လယ်တွေက စပါးလည်း ကောင်းကောင်း မထွက်ဘူး။ အခု ရေငန်ဝင်ရင် ပိုဆိုးမယ်။ ကာရီတွေ ပျက်ကုန်ရင် တစ်မိုးတွင်းလုံး လယ်လုပ်ဖို့ ခက်မယ်။ ဒီအပိုင်းကတော့ အရပ်သား တစ်နိုင်တစ်ပိုင် အလှူရှင်တွေ လုပ်ရမယ့် အပိုင်း မဟုတ်တော့ပါဘူး။ ပြည်နယ် အစိုးရတွေနဲ့ ဒေသတွင်း ဆန်စပါး လုပ်ရှင်တွေ ညှိနှိုင်းပြီး မျိုးစေ့ကို အကြွေးနဲ့ ထုတ်ပေးမှ ရပါလိမ့်မယ်။

(၅) ငွေသားအထောက်အပံ့ - ရေက အမြဲတမ်း တက် မနေဘူး။ ကျချိန်တန်ရင် ကျမှာပဲ။ ရေကျရင် ပိုပြီး ခက်ခဲမယ်။ အခုက ပြေးတုန်းလွှားတုန်း ဆိုတော့ကာ ပူစရာတွေက ခေါင်းထဲ သိပ်ပြီး မရောက်ဘူး။ ရေကျလို့ အိမ်ပြန်တော့မှ ဟိုဟာ မရှိ၊ ဒီဟာ မရှိ ဖြစ်တာကို တွေ့ရတာပဲ။ ပြန်လည် ထူထောင်ရေး ကဏ္ဍအတွက် ကြိုပြီး ပြင်ဖို့ လိုတယ်။ အထူးသဖြင့် ငွေသားထောက်ပံ့မှုတွေ အများကြီး လိုတယ်။ ငွေသားထောက်ပံ့မှု ပံ့ပိုးနိုင်မှ ရေဘေးသင့် လူထု အနေနဲ့ သူတို့ မိသားစု အလိုက် လိုအပ်တဲ့ ပစ္စည်းပစ္စယကို ရွေးချယ်ပြီး ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဗမာတွေက ရှက်တတ်တယ်။ သူများ ပိုက်ဆံပေးရင် ယူရမှာ ရှက်တတ်တယ်။ အဲဒါကို နည်းနည်း ဆင်ခြင်ရမယ်။ ပိုက်ဆံလှူရင် ဘုန်းကြီး၊ ရပ်မိရပ်ဖတွေကို သက်သေပြုပြီး လှူတာ ကောင်းပါတယ်။ ဓာတ်ပုံ မှတ်တမ်း ယူတာ ပြဿနာ မရှိပါဘူး။ သို့ပေသိ ငါ ကယ်တင်ရှင် ဆိုတဲ့ အချိုး ချိုးပြီး မလှူဖို့၊ ဓာတ်ပုံ အရိုက် မခံဖို့တော့ လိုတယ်။

သဘာဝဘေးရန် ဖြစ်ပွားမှုဟာ မြန်ဆန်ပါတယ်။ ဗြုန်းခနဲ ဒိုင်းခနဲ ဖြစ်တဲ့ အတွက်ကြောင့် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်တဲ့ အခါမှာ အချိန် ရှားပါးမှု အခက်အခဲ ဖြစ်တတ်ပါတယ်။ လေ့ကျင့်သား ပြည့်ဝတဲ့ ကယ်ဆယ်ရေး လုပ်သား၊ အတွေ့အကြုံ ပြည့်ဝတဲ့ ကယ်ဆယ်ရေး လုပ်သား မဟုတ်ရင် လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ဆက်တိုက် လုပ်ကိုင်ရာမှာ အခက်အခဲ ဖြစ်တတ်ပါတယ်။ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ အရေးကြီးဆုံး အချက်က သိုးဆောင်ဘာသာနဲ့ Needs Assessment လို့ ခေါ်တဲ့ ဒေသခံတွေရဲ့ လိုအပ်ချက် သိရှိအောင် လေ့လာခြင်းပဲ ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ လိုအပ်ချက်ကို မသိဘဲ လုပ်ငန်း ဆောင်ရွက်ရင် ထိရောက်မှု နည်းပါးပြီး ခုတ်ရာတခြား ရှရာတလွဲ ဖြစ်တတ်ပါတယ်။

ဥပမာ လွန်ခဲ့တဲ့ နာဂစ်မုန်တိုင်းမှာ ကျွန်တော့် အလုပ်ရှင် အဖွဲ့အစည်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်က နယ်မှာ လယ်သမားတွေ သုံးရအောင် ဓားတွေ ဝေပါတယ်။ ဒီဓားတွေက နိုင်ငံခြားက အလှူရှင်တွေ ပို့လိုက်တာပါပဲ။ ဓားတွေက ဗမာဓားတွေ မဟုတ်ဘူး။ မာချက်တီး လို့ ခေါ်တဲ့ ဓားတွေ။ ဒေသခံတွေ အနေနဲ့ ဒီဓားတွေကို မသုံးချင်ဘူး။ သုံးရတာလည်း မကောင်းဘူး။ ဆိုပါစို့ ငပုတောက လယ်သမား ဆိုရင် ကိုင်းမြက်ရှင်းတဲ့ အခါမှာ ကိုင်းခုတ်ဓား သုံးတယ်။ ကိုင်းခုတ်ဓားက အလေးချိန် စီးတဲ့ အတွက် ဓားရိုးကို လက်နှစ်ဘက်နဲ့ ဆုပ်ပြီး၊ အားကုန် လွှဲပြီး ခုတ်လိုက်ရင် အရမ်း ပြတ်တယ်။ မာချက်တီးကတော့ ဒီလို မဟုတ်ဘူး။ လက်တစ်ဘက်တည်း ကိုင်ရတာဆိုတော့ကာ အားမပါဘူး။ အလုပ် မတွင်ဘူး။ ဒါဟာ ဒေသခံတွေရဲ့ လိုအပ်ချက်ကို နားမလည်မှုကြောင့် ဖြစ်ရတဲ့ ပြဿနာပါပဲ။

အခု ရေဘေး ကယ်ဆယ်ရေး ထောက်ပံ့မှု ပစ္စည်း ဖြန့်ချိတဲ့ အခါမှာ ဒေသခံတွေ ဘာလိုသလဲ ဆိုတာကို လုပ်ရင်းနဲ့ လေ့လာဖို့ လိုပါတယ်။ ကုလနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာတော့ Needs Assessment ကို မဖြစ်မနေ ကောက်ခံလေ့ ရှိပါတယ်။ သို့ပေသိ အမှား မကင်းပါဘူး။ အမှားအယွင်း အတိမ်းအစောင်း ဖြစ်တုန်းပါပဲ။ Needs Assessment ကောက်ရင် ဘာတွေ လိုမလဲ ဆိုတာ ဖော်နည်းကား မရှိပါဘူး။ အခြေအနေကို အကဲခတ်ပြီး လုပ်ရင်း ကိုင်ရင်း ဖြည့်စွက်ပြီး ဆောင်ရွက်တာပါပဲ။

ဥပမာ လူငယ် (၃၀) လောက် စုစည်းထားတဲ့ ရန်ကုန်မြို့ အခြေစိုက် ကယ်ဆယ်ရေး ထောက်ပံ့မှု အသင်းအဖွဲ့ တစ်ခု အနေနဲ့ ရေဘေးသင့် (ကကက) မြို့နယ်က (ခခခ) ရွာမှာ ထောက်ပံ့ရေး ပစ္စည်း သိန်း (၂၀၀) ဖိုးကို (၁) လ အတွင်း ဖြန့်ဖို့ရာ ပြင်ဆင်မယ် ဆိုပါစို့

(၁) ကျားမ၊ အသက်အရွယ် အလိုက် ခွဲခြား ဖော်ပြထားတဲ့ လူဦးရေ စာရင်း လိုပါတယ်။ ဒီတော့ကာ လက်ဦးဆုံး (ခခခ) ကျေးရွာ လူကြီးတွေ၊ ရပ်မိရပ်ဖတွေကို မေးမြန်းပြီး ကနဦး စာရင်း ပြုစုဖို့ လိုပါတယ်။ ပြီးရင် အိမ်ထောင်စု စာရင်းကို အခြေခံပြီး စာရွက်လေးတွေ လုပ်ပေးလိုက်ပါ။ ရွာသားတွေ နာမည် ချရေးထားတဲ့ စာရင်းမှာ အသက် အတွက် တိုင် တစ်ခု ထပ်ဖြည့်ပြီး တစ်ဦးချင်း တစ်ယောက်ချင်း ဖြည့်စွက်ဖို့ အကူအညီ တောင်းနိုင်ပါတယ်။ ဒီလို လုပ်တဲ့ အခါမှာ ဘေးသင့် လူထုထဲက လူငယ်တွေကို အကူအညီ တောင်းခံပြီး လုပ်နိုင်ပါတယ်။

(၂) ဒေသခံတွေ ဘာလိုသလဲ ဆိုတာကို လူထုနဲ့ တိုင်ပင်ပြီး မေးကြည့်ဖို့ လိုပါတယ်။ ဒီလို လူထု အစည်းအဝေး လုပ်တဲ့ အခါမှာ ကျားမ အရွယ်စုံ အားလုံး ပါဝင်တဲ့ အစည်းအဝေး တစ်ခု၊ ကျား သက်သက်၊ မ သက်သက် အစည်းအဝေး ဆိုပြီး ဖြစ်နိုင်သလောက် တွေ့ဆုံပြီးမှ မေးကြည့်ဖို့ လိုပါတယ်။ အစည်းအဝေး အများစုမှာ ကျား သက်လတ် ပိုင်းက ဦးဆောင်ပြီး ပြောလေ့ရှိတဲ့ အတွက်ကြောင့် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေရဲ့ အသံ ပျောက်နေတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေရဲ့ လိုအပ်ချက်တွေ သိခွင့် မရတာမျိုး ဖြစ်တတ်ပါတယ်။

(၃) ဘေးသင့် ဒေသခံ လူထုမှာ ဆင်းရဲ ချမ်းသာ ကွာဟမှုကို လိုက်ပြီး ဒုက္ခရောက်တဲ့ အခြေအနေ ကွာခြားပါတယ်။ ဖြစ်နိုင်ရင် စစ်တမ်း ကောက်ယူတဲ့ အခါမှာ ဒေသခံတွေရဲ့ ဘေးရန် မဖြစ်မီ ရရှိတဲ့ တစ်နေ့ ၀င်ငွေကို မေးကြည့်ပါ။ သို့ပေသိ တစ်ချို့ နေရာမှာ နေ့စဉ် ၀င်ငွေကို တထစ်ချ မှတ်လို့ မရပါဘူး။ ဆိုပါစို့ အညာက ထန်းလုပ်ငန်းကို အဓိက ထားတဲ့ ရွာ တစ်ရွာမှာ စစ်တမ်း ကောက်တယ် ဆိုပါစို့။ တစ်ရွာလုံး လိုက်မေးတဲ့ အခါမှာ တစ်ယောက်ကို တစ်နေ့ ငွေ (၁၀၀၀) လောက်ပဲ ၀င်တယ် ပြောတယ်။ ထန်းတော ယာမြေ ပိုင်တဲ့ လူကလည်း တစ်နေ့ ငွေ (၁၀၀၀) လောက်ပဲ ၀င်တယ် သို့ပေသိ သူ့မှာ အတွင်းပစ္စည်း ရှိတော့ကာ မြေမဲ့ယာမဲ့တွေလို ဒုက္ခ သိပ် မများဘူး။ ဒေသခံတွေရဲ့ ၀င်ငွေကို အကြမ်းဖျင်း သိရရင်တော့ ဘယ်သူက ပိုပြီး လိုမလဲ ဆိုတာကို မှန်းလို့ ရတာပေါ့။ အားလုံးကို စိတ်ကျေနပ်အောင် လုပ်ပေးလို့တော့ မရပါဘူး။ သို့ပေသိ ရသင့်တဲ့ လူ ရဖို့။ မရသင့်တဲ့ လူ မရဖို့ လုပ်တဲ့ အခါမှာတော့ အခုလို လေ့လာတာ အရေးကြီးပါတယ်။

(၄) ထောက်ပံ့ရေး ပစ္စည်း ၀ယ်ယူ ဖြည့်တင်းရေး အတွက်ကိုလည်း စဉ်းစားဖို့ လိုပါတယ်။ ဒီတော့ကာ ရွာမှာ ဈေှးရှိသလား၊ ကုန်စုံဆိုင် ကြီးကြီး ရှိသလား ဆိုတာကို တွက်ချက်ပြီး ဆန်ဆီဆား အခြေခံ ကုန်စည်တွေရဲ့ ဒေသပေါက်ဈေးကို လေ့လာဖို့ လိုပါတယ်။ ရန်ကုန်လက်ကားဈေးနဲ့ ဒေသပေါက်ဈေးကို ယှဉ်ကြည့်ပါ။ နောက်ပြီး ပို့ဆောင်ရေးစရိတ် (ဆီဖိုး၊ ကားဖိုး၊ တန်ဆာခ) အစရှိတာကို တွက်ကြည့်ပါ။ ဈေးချင်း အတူတူ ဖြစ်နေမယ် ဆိုရင် ဒေသ အတွင်း ၀ယ်တာ ကောင်းပါတယ်။ ဒီလို လုပ်ခြင်းကြောင့် ဒေသအတွင်း ကုန်စည် လည်ပတ်မှု ပိုပြီး ကောင်းလာပါတယ်။ ဒီ အကျိုးရလဒ်ကို မျက်စိနဲ့ မြင်ရမှာ မဟုတ်ပေမယ့် ကုန်စည် လည်ပတ်မှု ကောင်းမွန်ရင် ဆက်စပ် လုပ်ငန်းတွေ ကောင်းမွန်တာကို တွေ့ရပါလိမ့်မယ်။

(၅) ထောက်ပံ့ရေး ပစ္စည်းဖြန့်ဖြူးတဲ့ အခါမှာ ရပ်သိရွာသိ ဖြစ်ဖို့ လိုပါတယ်။ မဟုတ်ရင် သူ ရတယ် ငါ မရဘူး ဆိုပြီး စိတ်ဝမ်းကွဲတာလည်း ဖြစ်တတ်ပါတယ်။ ငွေသား ထောက်ပံ့တယ် ဆိုပါစို့။ မြေမဲ့ယာမဲ့ ပျံကျသမားကို သုံးသောင်း၊ မြေရှင်ယာရှင်ကို တစ်သောင်းနှုန်း ထောက်ပံ့မယ်။ ဒီလို အခါမှာ ငွေသား မထောက်ပံ့ခင်မှာ တစ်ရွာလုံးနဲ့ တွေ့ဆုံပြီး ဒီလူ ဒီလူတွေကို သုံးသောင်း၊ ဒီလူ ဒီလူတွေကို တစ်သောင်း ပေးဖို့ ပြင်ထားပါတယ်။ သဘောတူသလား၊ ကန့်ကွက်စရာ ရှိသလား၊ ဒီစာရင်း မှားနေသလား၊ ပြင်ဆင် ဖြည့်စွက်ဖို့ လိုသလား ဆိုတာကို တစ်ခါတည်း မေးပါ။ ပြီးမှ ငွေသား ပစ္စည်း ဖြန့်ဖြူးရေးကို လုပ်ပါ။ ဒီလို လုပ်ခြင်းကြောင့် ရပ်ရွာအတွင်း သံသယ ရှင်းလင်းသွားပါလိမ့်မယ်။

(၆) သြော် ဒီလူတွေ ဒါတွေ လိုမှာပဲ ဆိုပြီး ကိုယ် စိတ်ကူးနဲ့ ကိုယ် တွက်ချက်ပြီး လှူလိုက်တာ ကောင်းပေသိ ထိရောက်မှု နည်းပါတယ်။ ကျွန်တော့် အမေ အားကြီး လုပ်တယ်။ သြော် ဒီလူတွေ မီးလောင်တာ ခက်ပြီ၊ ဘော်လီ အကျိင်္ ထည့်ပေးမှ ဖြစ်မှာပါ ဆိုပြီး သူ ပေးချင်တဲ့ ဟာတွေ ထည့်ပေး၊ သူ့ ဆိုက်က (၄၃) လောက် ဆိုတော့ကာ အလှူခံ ရတဲ့လူ အသုံးဝင်သလား မ၀င်ဘူးလားတော့ သူ မသိဘူး။ ကောင်းတော့ ကောင်းတယ် မပြည့်စုံဘူး ဆိုသလိုပေါ့။ ဒါကြောင့် ဒေသခံတွေရဲ့ လိုအပ်ချက် ဆန်းစစ်မှု လုပ်ဖို့ လိုအပ်ပါတယ်။

Maung Ne Lynn Aung - https://www.facebook.com/maungnelynn.aung/posts/1093189797376989:1

Maung Ne Lynn Aung - https://www.facebook.com/maungnelynn.aung/posts/1093189797376989:0

ခုရက်ပိုင်း Social Media မှာ ဝေဖန်ပြောကြားနေတဲ့ စင်္ကာပူက ပေးပို့တဲ့ ရေဘေးကယ်ဆယ်ရေး လှူဒါန်းမှုအပေါ် Custom က အခွန်ကောက်ခံတယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီး ဌာန တာဝန်ရှိသူတွေက အောက်ပါအတိုင်း ရှင်းလင်းပြောကြားပါတယ်-

(၁) လက်ရှိရေဘေးအလှူတငင်မက ကူညီကယ်ဆယ်ရေးနှင့် အခြားသော လှူဒါန်းပေးပို့မှုများ အတွက် အခွန်ကင်းလွတ်ခွင့် ပေးထားပါတယ်။ ဒါပေမယ့် လှူဒါန်းမှုတော့ ဖြစ်ရပါမယ်။ လှူဒါန်းမှု ဖြစ်တယ် ဆိုတဲ့ အထောက်အထားတစ်ရပ်ကို သံရုံးကို ဆက်သွယ်၍ဖြစ်စေ၊ INGO များ၊ UN Agency များမှတစ်ဆင့် ပေးပို့လှူဒါန်းလျှင် ဖြစ်စေ ပါရှိရင် ပိုမိုကောင်းမွန်ပါတယ်။ သံရုံးတွေကို ဘာကြောင့် ဆက်သွယ်သင့်သလဲ ဆိုရင် သံရုံးတွေကနေ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနတွေကို အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် တင်ပြနိုင်ပါတယ်။

(၂) မော်တော်ယာဉ်တွေ၊ စက်ယန္တရားကြီးတွေ အစရှိသဖြင့် လှူဒါန်းမှုတွေကိုလည်း အခွန်ကင်းလွတ်ခွင့် ပြုပြီး ထုတ်ယူခွင့် ပြုလျက် ရှိပါတယ်။ အခုနောက်ဆုံး စင်္ကာပူက ပေးပို့လိုက်တဲ့ အသက်ကယ်လှေ(၂)စီး၊ အသက်ကယ်ဝတ်စုံ (၁၀၀) ကိစ္စမှာ ရေဘေးသင့် ပြည်သူတွေကို လှူဒါန်းတာ ဖြစ်ကြောင်း ကြိုတင်တင်ပြထားခြင်း မရှိတဲ့အတွက် နားလည်မှု လွဲမှားခြင်းတွေ ဖြစ်ခဲ့ပေမယ့်လည်း အခု ထုတ်ယူခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။

(၃) ဆိပ်ကမ်း၊ လေဆိပ် တာဝန်ရှိသူများအနေနဲ့ ဘယ်ပစ္စည်းက လှူဒါန်းတာ၊ ဘာတွေ ပါတယ် ဆိုတာကိုတော့ ကြိုတင် သိရှိထားပြီး၊ ခွင့်ပြုချက်ရယူထားပြီး ဖြစ်မှသာ အခွန်ကင်းလွတ်ခွင့် ပြုနိုင်မှာ ဖြစ်ပါတယ်။ လှူဒါန်းခြင်း ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာလည်း သူတို့အနေနဲ့ သိရှိနိုင်မှာ မဟုတ်ပါဘူး။

လှူဒါန်းတဲ့သူတွေဘက်ကလည်း လှူဒါန်းမှုတွေကို အဆင်ပြေချောမွေ့စွာ ပို့ဆောင်ပေးနိုင်ဖို့ ဒီလို လုပ်ထုံးလုပ်နည်းလေးတွေကို သိရှိဆောင်ရွက်ပေးမယ်၊ လေဆိပ်၊ ဆိပ်ကမ်း တာဝန်ရှိသူတွေဘက်ကလည်း အမြန်ဆုံး ထုတ်ပေးခြင်းတွေ ဆောင်ရွက်ပေးနိုင်မယ် ဆိုရင် ဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွအတွက် အမြန်ဆုံး ကူညီမှုတွေ ပေးနိုင်မှာ ဖြစ်ပါကြောင်း။

Hmuu Zaw - http://www.facebook.com/844350425662047

ရေဘေးအတွက်၊ ပစ္စည်းတွေ ငွေသားတွေ လှူချင်တယ် ဆို ဒီ ဆိုဒ်တွေမှာ ပရဟိတ္တလုပ်နေတဲ့ အဖွဲ့တွေ၊ ကားတွေ၊ သယ်ယူပို့ဆောင်ရေးတွေရဲ့ ဖုန်းတွေ ဆက်သွယ်ရမယ့်လိပ်စာတွေ ရှိပါတယ်....

နောက် ဘယ်ဒေသမှာ ဘယ်ပစ္စည်းတွေ အဓိကလိုအပ်နေတယ်ဆိုတာကို ကြိုဖတ်လို့ရပါတယ်... ဥပမာ အချို့ ဒေသတွေမှာ စားစရာလိုနေတာ၊ အဝတ်အစား မလိုအပ်တာ မျိုးတွေရှိပါတယ်... information တွေ ဒီကယူပါ... သိထားတာရှိရင်လည်း ဖြည့်ပေးကြပါ...
http://myanic.com
http://myanmarflood.info
http://myanmardisaster.org
http://dojowithcode.github.io/flood-data/

အုပ်ချုပ်သူဟာ

တိုင်းသူပြည်သားကို

ရင်ဝယ်သားသမီးကဲ့သို့

ကူညီစောင့်ရှောက်ရမည်။

-------------------------

ယခုတော့ အာဏာမရှိတဲ့

ပြည်သူတွေက

ဒုက္ခရောက်သူ ပြည်သူတွေကို

ပြန်ပြီးကူညီနေရတယ်

ဒီလိုလုပ်နေတဲ့မျက်ကွင်း

ကမ္ဘာမြေပုံမှာ

သေချာရှာကြည့်

တကယ်မတွေ့နိုင်ဘူး။

---------------------

ဒီလိုသာ ဆက်လက်ပြီး

တိုင်းပြည်တာဝန်ဆက်ယူမယ်ဆိုရင်

အနာဂတ်အတွက်ရင်လေးတယ်။

---------------------------------

စေတနာနဲ့ အာဏာ

နှစ်ဖြာစုံလာရင်

အာဏာကိုထိမယ်ဆိုရင်

ရင်ထဲကစေတနာ

အလိုလိုခမ်းခြောက်လာတာ

စိတ်ရင်းကိုပြန်ကြည့်

နှလုံးသားမှာတရားမရှိဘူး။

---------------------------

ပြည်သူပိုင်စည်းစိမ်ဥစ္စာ

ပြည်သူတွေခံစားနိုင်အောင်

လုပ်ပေးနိုင်သောစွမ်းအား

နှလုံးသားမှာခွဲကြည့်

ဘယ်နေရာမှမရှိလောက်ဘူး။

---------------------

ဒုက္ခရောက်နေတဲ့

ပြည်သူတွေရဲ့အပူထုပ်

ယူနုတ်နိုင်တဲ့အင်အား

ခန္ဓာကိုယ်နေရာအနှံ့

သေချာဖြန့်ပြီးရှာလည်း

မတွေ့နိုင်လောက်ဖူး။

--------------------------

မတည်မြဲသောစည်းစိမ်

မခိုင်မြဲသောအာဏာ

အစိုးမရတဲ့ပါဝါ

ခဏနားခိုရတဲ့လူ့ဘဝ

ဘဝမကူးခင်

သိဉာဏ်တွေဝင်ပြီး

နှလုံးသားအသိ

ထာဝရသိကာ

ဖုန်းကွယ်နေသောမသိမှု

မှန်ကန်သောသဘာဝအလင်း

ထာဝရလင်းကာ

ဒုက္ခသည်အားလုံးရဲ့

နှလုံးသားများ

သုခသည်ဘဝပြောင်းကာ

လုပ်ဆောင်ပြနိုင်ကြပါစေ။

02:08:2015:09:04:AM.

Uhladaw Hladaw Sayardaw



  မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် (၁၀၀၀) စင်တီမီတာ အထက် ကျော်လွန်၍ (၁၁၃၅) စင်တီမီတာသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ရေဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေးများ ဆောင်ရွက် နေကြပြီဖြစ်

 မုံရွာ၊ ဩဂုတ် ၂

 ချင်းတွင်းမြစ်ရေသည် ယခုနှစ်မိုးရာသီတွင် (၁၃)နှစ်တာ ကာလအတွင်း အမြင့်ဆုံး ရေ အမှတ်အဖြစ် ဩဂုတ်လ (၂)ရက်နေ့ ညနေ(၅) နာရီချိန်တွင် မုံရွာမြို့တွင် စိုးရိမ်ရေမှတ် (၁၀၀၀)စင်တီမီတာ အထက် ကျော်လွန်ပြီး (၁၁၃၅) စင်တီမီတာသို့ ရောက်ရှိလျက် ရှိကြောင်း သိရသည်။


မြို့ခံတစ်ဦးမှလည်း "ချင်းတွင်းမြစ်ရေက ဒီနေ့ညနေပိုင်းမှာ ရေအမှတ် ဆက်တက်လာပြီး အခုဆိုရင် တာရိုးပေါ်က ကတ္တရာလမ်း အထက်ကို ရောက်ရှိနေပြီ ဖြစ်ပြီး တာရိုးကို ရေမကျော်ပေမယ့် တစ်ချို့ နေရာတွေဆို ရေတွေ တော်တော် စိမ့်ထွက်နေပြီ၊ ရေစိမ့်တဲ့ နေရာတွေမှာ ရေဘေး ကာကွယ်ရေး အဖွဲ့ဝင်တွေက သဲအိတ်များ ကာရံခြင်း အုတ်ရိုးများ အမြန်စီပြီး ကာရံခြင်းနှင့် မြေဖို့ခြင်းတွေ ဆောင်ရွက် နေပါ တယ်။ ရေကဒီထက် ဆက်တက်လာရင် မလွယ်တော့ဘူး အခုဆိုရင် ကမ်းနားလမ်းက တစ်ချို့အိမ်တွေဆို ပစ္စည်းတွေ ရွှေ့ပြောင်းနေကြပြီ။ ၂၀၁၂ခုနှစ်က ရေကြီးတုန်းကဆိုရင် ဒီရေ အမှတ်တောင် မရောက်ခဲ့ဘူး မုံရွာတစ်မြို့လုံး ရေဘေး ကြုံတွေ့ခဲ့ရတယ်။ အခုကျတော့ တာရိုး တွေကလည်း ကြံ့ခိုင်မှု အားကောင်းတာရော နောက်ပြီး တာရိုး အောက်လမ်း ကွန်ကရစ် ခင်းလိုက်တော့ ပိုပြီး တာရိုးကို ကြံ့ခိုင် သွားစေပါတယ်။ လောလောဆယ် ရေက တာရိုးအထက်မှာ ရောက်နေပြီ ဖြစ်ပေမယ့် ကာကွယ် ထိန်းသိမ်းမှုတွေ ကောင်းတော့ ကျိုးပေါက်ခြင်း မရှိသေးဘူး။ ဒါပေမယ့် သဘာဝဘေး ဆိုတာ ဘယ်သူမှ တားဆီးလို့ မရဘူးလေ ဒီတော့ စိုးရိမ်မှုတွေနဲ့ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတွေ အရေးပေါ် ပြောင်းရွှေ့မှုတွေ လုပ်နေကြပြီ ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

မုံရွာမြို့ ရေဘေး အန္တရာယ် ကျရောက်မှု မရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့ခံများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များက ချင်းတွင်းမြစ်ရိုး တစ်လျှောက်တွင် သဲအိတ် များချထားပြီး အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက် ရှိပြီး စေတနာရှင် အလှူရှင်များမှလည်း ရေဘေးကာကွယ်ရေး အဖွဲ့ဝင်များ အတွက် ရေသန့်ဘူးနှင့် အသင့်စား စားသောက် ဖွယ်ရာများ အဆက်မပြတ် လာရောက် လှူဒါန်းနေကြကြောင်း သိရှိရသည်။

(ဖိုးချမ်း-မုံရွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ ပြင်သာကျေးရွာ မြင်ကွင်းတွေကိုတော့ အရှင်နန္ဒမာလာက ပေးပို့လာပါတယ်။ ရွာရှိ အလယ်တန်း စာသင်ကျောင်းဆောင် ( ၂ ) ဆောင်နှင့် ဆရာမကြီးနေအိမ် အပါအဝင် ရေတိုက်စား၍ မြစ်ရေထဲ မျောပါသွားပြီး ရွာဦး ဘုန်းတော်ကြီးကျောင်းရှိ ဆွမ်းစားကျောင်းဆောင် လည်း မြစ်ရေထဲ မျောပါ သွားခဲ့ပါပြီ။ ပင်မကျောင်းဆောင်ကြီး ကိုလည်း ရေထဲ မပါခင် ဖျက်ဆီးနေကြရပြီ ဖြစ်ပါတယ်။ ရွာထဲမှ လူနေအိမ် ၆ လုံး လည်း မြစ်ရေထဲ မျောပါသွားပြီး ဖြစ်ပါတယ်။ ယာယီ ပိတ်ထား သည့် မြစ်သာရေလှောင် တမံ ရေလွှဲမြောင်းမှ ထွက်လာ သည့် ရေများကြောင့် မြစ်ရေတွေ ပိုတိုးလာပြီး ရွာကမ်းပါးကို တိုက်စား သွားခဲ့ တယ်လို့ ဆိုပါတယ်။ အခုတော့ ရွာသားတွေ ရေနဲ့ဝေးရာ ကုန်းတွေမှာ ကိုယ်ထူ ကိုယ်ထ စခန်း တွေ ဆောက်လုပ်ပြီး နေနေကြ ရတယ်လို့ အရှင်နန္ဒမာလာက စာရေးပြီး ပြောပြလာပါတယ်။

BBC

မြန်မာနိုင်ငံတွင်ရှိသော တမန်တစ်ခုအတွင်းရှိ ရေပြင်အားမြင်တွေ့ရပုံ(ဓါတ်ပုံ-M.O.I)
    ရန်ကုန်၊ သြဂုတ်၂ရက်(ဆင်ဟွာ)

    ရန်ကုန်တိုင်း ဒေသကြီး အတွင်းတွင် ရှိသည့် ငမိုးရိပ်ဆည်စိုးရိမ်ရေအမှတ် ရောက်ရှိနေကြောင်း သတင်းများ ထွက်ရှိနေမှုသည် ဟုတ်မှန်မှုမရှိကြောင်း ငမိုးရိပ်ဆည်မှ တာဝန်ရှိသူ ဦးအောင်ကြီးက ဆင်ဟွာကို ယနေ့ပြောကြားသည်။

ငမိုးရိပ်ဆည်သည် လှည်းကူးမြို့နယ်တွင် ရှိပြီး၊ ငမိုးရိပ်ဆည်ဖောက်ထုတ်ပါက ငမိုးရိပ်ချောင်း နှင့် အနီးတစ်ဝိုက်နေရာတွင် ရေကြီးနိုင်သည်ဟု ပြည်သူတချို့ကစိုးရိမ်နေလျက်ရှိပြီး စိုးရိမ်ရန်မလိုကြောင်း ဦးအောင်ကြီးကဆိုသည်။

ဦးအောင်ကြီးက “ ငမိုးရိပ်ဆည်ဟာ အခုအချိန်မှာ စိုးရိမ်ရေအမှတ် လုံးဝမရောက်သေးပါဘူး။ ပြည်သူတွေကို မစိုးရိမ်ဖို့ ပြောချင်ပါတယ်။ စိုးရိမ်ရေအမှတ်က RL ၁၂၀ ပါ။ ရေလွှဲထုတ်မယ်ဆိုရင် RL၁၀၇ မှ ရေပိုလွှဲနေရာက ရေကျော်ပေးမှာ။ အခုက ရေပိုလွှဲနေရာမှာလည်း RL ၁၀၆.၅၀ ပဲရှိသေးတဲ့ အတွက်စိုးရိမ်စရာ မရှိပါဘူးဟု’’ ပြောသည်။

လက်ရှိကာလသည် မိုးရေချိန်အများဆုံးကာလ ဖြစ်သည့်အတွက် မုန်သုန်အားက ဆက်လက်ကောင်းနေသေးကြောင်း၊ မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဒေါ်ရီရီငြိမ်းက ပြောသည်။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးသောင်းလွင်က “ ငမိုးရိပ်ချောင်းကိုတော့ ကျွန်တော်တို့ မနှစ်ကတည်းက ၂ မီတာ အနက်ကိုထပ်ပြီးတူးထားပါတယ်။ ငမိုးရိပ်ချောင်း ရေကြီးမကြီးကတော့ ငမိုးရိပ်ဆည်ပေါ်မှာ မူတည်တာပါ။ ရေစစ်(ရေကျ) ချိန်ဆည်ဖောက်ရင်လည်း စိုးရိမ်စရာတော့ မရှိပါဘူး’’ ဟုဆင်ဟွာကို ပြောသည်။

ငမိုးရိပ်ချောင်းသည် တောင်ဒဂုန်၊ မြောက်ဒဂုန်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့် စသည့်မြို့နယ်များကို ဖြတ်သန်းစီးဆင်းကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com

မိဘပြည်သူများ ခင်ဗျာဆိုပြီး မိဘမျက်နှာ အိုးမဲသုတ်သည့် လက်ရှိ သမ္မတဦးသိန်းစိန်၏ အမှောင်တွင်း နိုင်ငံရေး အခင်းအကျင်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးအရေးယူ ထောင်ချသည့် လုပ်ရပ်များကြောင့် မြန်မာနိုင်ငံ ၏ လက်တလော နိုင်ငံရေး ဖြစ်စဉ်များအား မြန်မာပြည်သူ ပြည်သားများသာမက နိုင်ငံတကာမှ စိတ်လက်မချမ်းမသာဖြစ်နေရပေမည့် စိတ်ဝင်စားမှု ရေချိန်သည် တိုးတက်နေစဲ ဖြစ်ပေသည် ။

အဘယ်ကြောင့်ဆိုသော် လက်ရှီဦးသိန်းစိန် အစိုးရ၏ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လမ်းစဉ်ကြောင့် တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးကို တဖက်က ရဲရဲတောက် ကြွေးကြော်ရင်း တခြားတဖက်တွင် တိုင်းပြည်၌ စစ်သေနတ်သံများ ရံဖန်ရံခါ ကြားနေရစဲ ဖြစ်ခြင်းသည်လည်း ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို ထိမ်းသိမ်းစောင့်ရှောက် ဖန်တီးနေသည့် မြန်မာအစိုးရသည် မကောင်းသည့် ဂုဏ်ပုဒ်ဖြင့် ကမ္ဘာကျော်ခြင်း၏ အကြောင်းအရင်းမှန်လည်း ဖြစ်ပေသည် ။

တနိုင်ငံလုံးတွင် ဘာသာရေး ပြဿနာနှင့် ပဋိပက္ခများ မီးခိုးကြွက်လျောက်ဖြစ်ပွားကာ မြို့ တိုင်းနီးပါး ကျီးလန့် စာ စားသကဲ့သို့  ဖြစ်ပွားခဲ့သော ဘာသာရေး မီးများ တောက်လောက်ခဲ့ယုံမက ယခုအခါ တတိုင်းပြည်လုံးနီးပါး ရေဘေးကျနေသလို ကယ်သူမဲ့ပြည်သူများ ဒုက္ခရောက် ဖြစ်ပျက်နေမှုမှာ ဦးသိန်းစိန်အစိုးရမှ တိုင်းပြည်ကို ရေမီးအစုံနှင့် ထားဖို့ ကြိုးစားနေသည်လားဟု လှောင်ပြောင် ပြက်ရယ်ပြုသံများ နေရာတကာမှ ထွက်ပေါ်နေပေသည် ။

မြန်မာပြည်၌ လာမည့် နိုင်ဝင်ဘာလ ( ၈ ) ရက်၂၀၁၅ တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်နိုင် မဖြစ်နိုင် အငြင်းပွားမှုများနှင့်အတူ ပြောင်းလဲရေးဟု ပါးစပ်က တတွတ်တွတ် ပြောနေသော ( ၅ )နှစ်သားနီးပါး ဘောင်းဘီချွတ် လက်ရှိ အစိုးရသည် ၂၀၀၈ နာဂစ် ဖွဲ့ စည်းပုံအား ခံတပ်လို သဘောထားကာ မပြောင်းမလဲ ကာကွယ်နေမှုသည်လည်း လူထု၏ သံသယအား အတိတ်ကလို ကြီးထွားနေစဲ ဖြစ်ပေသည် ။

နိုင်ငံတကာတွင်မူ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနိုင်ရရှိစေရန် အတွက် နိုင်ငံရေးအာဏာရယူထားသော အစိုးရ အဖွဲ့ သည် ပါတီတွင်း ဖောက်ပြန်လာဘ်စား နာမည်ပျက်ရှိသူ ၀န်ကြီးမျာ ၊ အမတ်မင်းများအား လူထု၏ ယုံကြည်မှုရစေရန် ပါတီမှ ထုတ်ပါယ်အရေးယူကာ ပါတီ၏ နိုင်ငံရေး ၊စီးပွားရေး ၊နိုင်ငံခြားရေး ၊ပညာရေး ၊ကျန်းမာရေး မူဝါဒများချပြခြင်းဖြင့် ရွေးကောက်ပွဲ မဲဆွယ်ပွဲများ၌ လူထုအား မဲဆွယ် စည်း၇ုံးမှုများ ရှိပေသည် ။ သို့သော် မြန်မာပြည်တွင်မူ ဖောက်ပြန်သည့် လမ်းအား ပြန်ဖောက်မည့် အလား နာမည်ပျက်ရှိသော အာဏာပိုင်များသည် ရွေးကောက်ပွဲကို မျက်နှာပြောင်တိုက်ကာ ၀င်ရောက်ယှဉ်ပြိုင်ရန် တာဆူနေခြင်းက လူထုအား အမှားသံသရာကို ချားရဟတ်လို တပတ်မလည်စေရန် မည်သူ့ ကို ရွေးချယ်ရမည်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရမည့်နေရာမှာ ရွေးကောက်ပွဲပင် ဖြစ်ပေသည် ။

မည်သို့ ပင်ဆိုစေကာမူ နိုင်ငံရေး ၊ စီးပွားရေး ၊ပညာရေး ၊ကျန်းမာရေး ၊လူမှုရေး အစစအရာရာတွင် အဖက်ဖက်၌ အောက်ကျနောက်ကျ ဖြစ်ခဲ့မှုများအား မျက်ဝါးထင်ထင် ကြုံတွေ့ ရင်ဆိုင်ခဲ့ရသော မြန်မာ ပြည်သူလူထုသည် အပြောင်းအလဲအား လိုချင်တပ်မက်နေသည်မှာ ထင်ရှားပေသည် ။ ထို့ ကြောင့် လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ပါက ခေတ်အဆက်ဆက် အဖိနှိပ်ခံခဲ့ ရသည့် မြန်မာပြည်သူလူထုသည် ယနေ့ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ( NLD ) ပါတီ အပါအ၀င် တိုင်းရင်းသားမဲ ဆန္ဒနယ်မြေများတွင် သက်ဆိုင်ရာ တိုင်းရင်းသားပါတီများကို မဲပေးကြမည်မှာ သေချာပေသည် ။

ထိုအချက်အလက်အပါအ၀င် တိုင်းပြည်၏ အခြေအနေအား ဘက်ပေါင်းစုံမှ ကြည့်ကာ ကောင်းမွန်စွာ သဘောပေါက်သော လက်ရှိအစိုးရသည် လက်ရှိအာဏာကို လက်လွှတ် ဆုံးရှုံးမခံရရေးအတွက် လာမည့်ရွေးကောက်ပွဲရလဒ်အား မဲလိမ် မဲခိုးကာ မသမာမှုများ လုပ်နိုင်သည်ဟုလည်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့ များသာမက အတိုက်အခံ လူအများစုမှ ပြောဆို သုံးသပ်နေမှုများ ရှိနေပေသည် ။

အကယ်၍သာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဂတိစကားအတိုင်း ရွေးကောက်ပွဲရလဒ်အားလိုက်နာပါမည်ဆိုပါက ၁၉၉၀ ရွေးကောက်ပွဲအခြေအနေကဲ့သိုံ့နောက်ကြောင်းပြန်စရာ မရှိပေမည့် တပ်မတော်ခေါင်းဆောင်များ၏ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင် ဂတိစကားဖြစ်သော ရွေးကောက်ပွဲ ပြီးပါက တပ်မတော်သည် စစ်တန်းလျားပြန်ပါ့မည်ဟု ဆိုမှုသည် သဲထဲရေသွန်ဖြစ်ခဲ့ခြင်းကြောင့် ထိုဖျောက်ဖျက်၍မရသော သမိုင်း အမဲစက်သည် တိုင်းပြည်အား ယနေ့ အချိန်ထိ ခြိမ်းခြောက်နေစဲ ဖြစ်ပေသည် ။

နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ ခု၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ ခု၊ တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ၆၄၄ ခု နှင့် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် ၂၉ ခုတို့ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

အကယ်၍သာ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိပါက ရွေးကောက်ပွဲပြီးပါက ပြည်သူ့ လွှတ်တော်တွင်းမှာ NLD နှင့် မဟာမိတ် တိုင်းရင်းသားပါတီများက အမတ်အများဆုံးနေရာ ရယူနိုင်ပြီး အစိုးရဖွဲ့ ကာ အနာဂတ်မှာ လူထုကို အကျိုးပြုမည့် ဥပဒေများလုပ်ဆောင်နိုင်မည်ဟု အပြုသဘောဆောင်ကာ အကောင်းမြင်လျက် သုံးသပ်သူများလည်း ရှိနေပေသည် ။ ထိုသို့ အတိုက်အခံပါတီများက အနာဂတ်တွင် အစိုးရဖွဲ့ ခွင့်ရပါက့ ဒီမိုကရေစီ အတိုက်အခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စကားကို ကိုးကားကာ သုံးသပ်ရလျှင် လွှတ်တော်တွင်း ၌ ရွေးကောက်ပွဲမှ ရွေးချယ်မတင်မြှောက်သည့် ၂၅ ရာခိုင်နှုန်းသော စစ်တပ်အမတ်များကို တဖြည်းဖြည်းလျော့ချသွားမည့် နည်းဗျူဟာသည် ပုံပေါ်လာနိုင်စရာ အကြောင်းရှိသော်လည်း လက်တွေ့ တွင် ဖြစ်လာနိုင်မည်လားဟု ကြိုတင်မေးခွန်းထုတ်စရာလည်း ရှိနေပေသည် ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပ ဒေအရ အစိုးရအဖွဲ့၏ အကြီးအ ကဲဖြစ်သူ နိုင်ငံတော် သမ္မတအား ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက်သည့် စနစ် မဟုတ်ဘဲ ပြည်ထောင်စု လွှတ် တော်တွင်းရှိ လွှတ်တော် ကိုယ် စားလှယ်များက ရွေးချယ်တင် မြှောက်သောစနစ်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် အရပ်သားနှင့်တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ ဦး ရှိရာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး (၂၅ ရာခိုင်နှုန်း) နှင့် ရွေးကောက်ခံလွှတ်တော်ကိုယ် စားလှယ် ၄၉၈ ဦး (၇၅ ရာခိုင်နှုန်း) ရှိသည်။

အစိုးရအဖွဲ့တစ်ရပ် ဖွဲ့စည်း နိုင်ရန်မှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ် ပေါင်းစည်းထားသော ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က အနည်းဆုံး လွှတ်တော်၏ အမတ်နေရာ ၆၅ ရာခိုင်နှုန်းကျော် အနိုင်ရရှိရန်လို ကြောင်း သတင်းအချက်အလက်များက ဆိုသည် ။

အနာဂတ်မြန်မာ့နိုင်ငံရေးမှာ အာဏာကို လက်ရှိအစိုးရနဲ့ အတိုက်အခံတွေ ချိန်ခွင် လျှာ ညီမျှအောင် လုပ်ဆောင်နေသလားစဉ်းစားရပါသည် ။အဘယ်ကြောင့်ဆိုသော် လွှတ်တော်တွင်းမှာ ၂၅ရာခိုင်နှုန်းသော နေရာကို တပ်မတော်မှ နေရာယူထားသည်မှာ စစ်တပ်မှ တိုင်းပြည်အာဏာအား မသိမ်းချင်၍ ဟု စစ်တပိုင်း ဖားတပိုင်း ငါးတပိုင်း လက်ရှိအစိုးရ ခေါင်းဆောင်ပိုင်းမှ သုံးသပ် ပြောဆိုနေမှုကလည်း ရှိနေပေသည် ။

သို့ ဖြစ်ပါ၍ ၂၀၀၈ ဖွဲ့ စည်းပုံ၌ ၅၉ ( စ )ပုဒ်မကို မပြင်ဆင်ခြင်းသည် အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာပြည်၏ အနာဂတ် သမ္မတ ဖြစ်စေခြင်းမှ ပိတ်ပင်ထားကာ တခြားတဖက်၌ သမ္မတရာထူးကို စစ်တပ်ကျောထောက်နောက်ခံ ရှိသည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီက ရယူချင်ပုံမှာ ထင်ရှားနေပေသည် ။ သို့ သော် ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်မှာ အမတ်အများစုကို ယခုလက်ရှိ အတိုက်အခံ NLD ပါတီက ရရှိလာနိုင်ပါသည်။

ယနေ့ မြန်မာပြည်သည် ခေတ်အမှောင်အတွင်းတွင် စနစ်တခုမှ တခြားစနစ်သို့ ပြောင်းလဲသည်သာမက အတွေးအခေါ် တော်လှန်ရေးကိုလည်း အစိုးရကျောထောက် နောက်ခံပါတီတွင်းသာမက အတိုက်အခံပါတီတွင်း တွင်လည်း တည်ဆောက်နေရစဲဖြစ်ပေသည် ။ ဆိုလိုသည်မှာ ဒီမိုကရေစီကျင့်စဉ်၏ သဘောတရားနှင့်အညီ အများစုသည် အသာစီးရစမြဲဖြစ်ပေရာ မကောင်းသည့်သူများ ညီညွတ်ကာ အဆိုးအမှားများသည် အများစု မဖြစ်စေရန် အရေးတကြီးလိုအပ်နေပေသည် ။ယနေ့ အချိန်ကာလတွင် အစိုးရအဖွဲ့ အတွင်း လွှတ်တော်တွင်း နိုင်ငံရေးတွင် မကောင်းမှုများ အားကောင်းမောင်းသန်နေသည်ဟု ထင်ရလောက်အောင် လူထုကို ကာကွယ်စောင့်ရှောက်မည့် ဥပဒေများ အတည်ပြုရန်နှောင့်နှေး ကြန့် ကြာ နေသလောက် လူထုကို ဖိနှိပ်မည့် ဥပဒေများ အထွက်တိုးနေပေသည် ။ထို့ ကြောင့်တစ်ချို့ သည် လွှတ်တော်တွင်း နိုင်ငံရေးကို စိတ်ကုန်နေသကဲ့သို ခံစားနေရပြီး လွှတ်တော်ပြင်ပ နိုင်ငံရေးအားစိတ်ဝင်စားနေသည်မှာ သဘာဝကျပါသည် ။အနာဂတ် နိုင်ငံတော်၌ ဒီမိုကရေစီကျင့်စဉ် အားကောင်းပြီး ခရီးရောက်ပါက တိုင်းပြည်၌ တဖန် လွှတ်တော်တွင်း နိုင်ငံရေးအားကောင်းလာမည်ဟု မျှော်လင့်ရပါသည် ။

တခြားတဖက်တွင်လည်း နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာမှ ရမည်ဟု ယုံကြည်ကာ ဒီမိုကရေစီ၏ ကျင့်စဉ်တခုဖြစ်သော ရွေးကောက်ပွဲကို လက်ခံသူများရှိသလို လက်ရှိအစိုးရ လက်ထက်၌ မတရားမှုများ မှိုလို ပေါက်နေသဖြင့် ရွေးးကောက်ပွဲကို မယုံကြည်မှုများ ၇ှိနေမှုသည် လည်း သဘာဝကျပါသည် ။

၂၀၁၅ ရွေးကောက်ပွဲသည်လူထုမှ လိုလားထောက်ခံသော ပါတီမှ အနိုင်ရရှိပါက ပြည်တွင်းစစ်အဆုံးသတ်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေး၏ လမ်းစဖြစ်နိုင်သလို စစ်မှန်သော ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုလမ်းကြောင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် အနာဂတ်မျိုးဆက်သစ်များအတွက် အုတ်မြစ်ချထားကောင်း ချထားနိုင်ပေလိမ့်မည် ။ မျိုးချစ်စိတ်များ သွေးကြောထဲ အမှန်တကယ် စီးဆင်းနိုင်ခဲ့ လျှင်မူ ရွေးကောက်ပွဲတွင် ပြိုင်ဖက်သည် ပထ၀ီနိုင်ငံရေး အရ အိမ်နီးချင်းနိုင်ငံများ နိုင်ငံတကာမှ ထိပ်သီးတိုင်းပြည်ကြီးများ ဖြစ်လာနိုင်ပြီး အာဏာရယူရေး မိမိကောင်းစားရေး အစား ပြည်တွင်း ပြည်ပ အလုပ်သမား လယ်သမား ကျောင်းသား ရဟန်းရှင်လူပြည်သူလူထု ကောင်းစားရေးအား အစဉ်အမြဲ နှလုံးသွင်းကာ စဉ်းစားနေပေလိမ့်မည် ။

မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် လမ်းစဉ်ဖြင့် တိုင်းပြည်ချောက်ထဲကျ ခဲ့သည်ကို သင်ခန်းစာမယူဘဲ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီကို သွားမည်ဆိုလျှင်ဖြင့် ခေတ်မီတိုးတက်ပြောင်းလဲနေသော ကမ္ဘာကြီးအား မျက်ကွယ်ပြုကာ တနေရာမှ တနေရာ ၊ တနိုင်ငံမှ တနိုင်ငံ ကို ခရီးသွားလျှင် မော်တော်ကား လေယာဉ်ပျံမစီးပဲ မြန်မာ့နည်းမြန်မာ့ဟန် ဆိုက်ကားစီးမလား ၊ ပူအိုက် လျှင် လေအေးပေး စက် ၊ ပန်ကာမသုံးပဲ မြန်မာ့နည်း မြန်မာ့ဟန် ယပ်ခပ်နေနိုင်မလား ၊ တနေရာမှ တနေရာ ကြားအောင် ဆက်သွယ်ရေးမှာ ကွန်ပြူတာ မသုံး ၊ တယ်လီဖုန်းမသုံးပဲ မြန်မာ့နည်းမြန်မာ့ဟန် ဖင်ကုန်းအော်မလား ဟု ခေတ်နောက်ပြန်ဆွဲသူများ ကိုယ့်ကိုကိုယ် ပြန်လည်မေးခွန်းထုတ်စေလိုပါသည် ။

ဆိုလိုသည် မှာ နည်းပညာများ တိုးတက်နေသော ကမ္ဘာကြီးမှာ အတွေးအခေါ်နောက်ကျ ကျန်ခဲ့ပါက သီပေါမင်းလို ဒုတိယအကြိမ်ပါတော်မှုမည့်ကိန်းအား သစ်ခုတ်၍ တောပြုန်းနေသော အနာဂတ်တိုင်းပြည်မှာ ညီညွတ်ရေးပြိုကွဲပါက နွားကွဲလျှင် တရုတ်ကျား ဆွဲနိုင်သည်ကို နိုင်ငံရေးခေါင်းဆောင်များ သတိထားသင့်ပေသည် ။

အစိုးရ တရပ်အနေဖြင့် ကိုယ့်နိုင်ငံသားအား ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ ကာကွယ် စောင့်ေ၇ှာက်ရမည့် တာဝန်ဝတ္တရား ရှိပေရာ မည်သည့်နိုင်ငံရောက်နေသော တိုင်းသူပြည်သားဖြစ်စေ မျက်နှာလွှဲ ခဲပစ်မနေပဲ သံတမန်နည်းလမ်းအရ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ရမည့် နည်းကို တရုတ်နိုင်ငံမှ ဖိအားပေးလုပ်ဆောင်ခဲ့မှုကြောင့် သစ်ခိုးခုတ်သောတရုတ်နိုင်ငံသားများအား ဦးသိမ်းစိန် အစိုးရမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုအပေါ် ဝေဖန်မှုများ ယခုအခါ ပွက်လောရိုက်နေပေသည် ။

ကနေဒါနိုင်ငံ့တွင်လည်း အသက်မပြည့်သေးသော ကနေဒါနိုင်ငံသားသည် အာဖဂန်နစ္စတန်တွင် တာလဘန် အကြမ်းဖက်သမားများအဖွဲ့ ထဲဝင်ကာ အမေရိကန် စစ်သားအားသတ်ဖြတ်မှုဖြင့် အမေရိကန်၌ ထောင်ကျခဲ့ပေသည် ။ထို့ နောက်ကနေဒါ အစိုးရမှ အဆိုပါကနေဒါ နိုင်ငံသားကို အမေရိကန် ထောင်တွင်းမှ ကနေဒါကို လွှဲပြောင်းပေးဖို့ တောင်းဆိုပြီး ယခုအခါ အဆိုပါအကြမ်းဖက်သမား အဖွဲ့ ဝင် ကနေဒါနိုင်ငံသားအား အစိုးရမှ ဖြစ်ဒဏ်ကျခံမှု ကုန်ဆုံးပြီ ဖြစ်၍ ထောင်မှလွှတ်ပေးမှုက အမေရိကန် အစိုးရကိုကော ကနေဒါအစိုးရကိုပါ အကြပ်ရိုက်ခဲ့ပေသည် ။ ဆိုလိုသည်မှာ ရွေးကောက်ပွဲမှ တက်လာသော မည်သည့် အစိုးရပင်ဖြစ်စေကာမူ အစိုးရသည် မိမိနိုင်ငံသားအား ကာကွယ်စောင့်ေ၇ှာက်ရေးအတွက် နိုင်ငံ့ခြားရေးမူဝါဒ အပါအ၀င် သံတမန်ရေးအားကောင်း၇ပေမည် ။

ခေတ်မီတိုးတက်သော ကမ္ဘာကြီးသည် စစ်အသုံးအဆောင် ပစ္စည်းများအား ပြတိုက်မှာထားကာ ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်ကာ တိုင်းပြည်နှင့် လူမျိုး အကျိုး စီးပွားများ တိုးတက်ကောင်းမွန်အောင် အပြိုင်အဆိုင် လုပ်ဆောင်နေပေသည် ။

ထိုအခါ တိုင်းပြည်တိုးတက်ချမ်းသာအောင် လုပ်ဆောင်မည့် အစိုးရ အဖွဲ့ တွင် တတ်သိပညာရှင်များအပါအ၀င် လူမှန် နေရာမှန် ရှိရေးသည် အထူးတလည် လိုအပ်ပေသည် ။ ဆိုလိုသည်မှာ အာဏာပိုင်တို့ သည် လူထု၏ ဘ၀အခြေအနေမှန်ကို သိရှိ နားလည်ကာ စီးပွားရေး အမြင်ရှိပါက ဆိုက်ကားနင်းပြီး ချမ်းသာမည်ဟု မပြောပဲ တိုးတက်နေသည့် နိုင်ငံတကာတွင် မသုံးတော့သော ဆိုက်ကားကို ပြတိုက်ပို့ ကာ ဆိုက်ကားသမားများကို တက္ကစီကားများ ထူထောင်ပေးကာ ကတ္ကစီကားမောင်းပြီး ချမ်းသာရမည် ဟု လူထုအား ချမ်းသာကြီးပွားမည့် နည်းလမ်းကောင်းများ အစိုး၇အဖွဲ့ တွင်းသာမက ပြည်သူကို ချပြပြောဆို သင့်ပေသည် ။

ယင်းအခြေအနေများသည် မြန်မာပြည်၏ အနာဂတ်ကို အကောင်းမြင်ပြီး နိုင်ငံတကာနှင့် ယှဉ်လျှင် အဖက်ဖက်မှ တိုးတက်ပြောင်းလဲဆိုလိုသော အမြင်ဖြင့် သုံးသပ်ထားခြင်းဖြစ်ပေသည် ။သို့ သော် မမြင်ရသော တဖက်တွင် မျှော်လင့်ထား သလို လွတ်လပ်ပြီး တရားမျွတသည့် ရွေးကောက်ပွဲရလဒ်ပေါ်ထွက်မလာလျှင် ဒီမိုကရေစီအတိုက်အခံ အင်အားစုများသည် တိုင်းပြည် ဒီမိုကရေစီ အရေးအတွက် မည့်သို့ မည်ပုံ ဘာဆက်လုပ်မည်လဲဆိုသည့် မဟာဗျူဟာများ နည်းဗျူဟာများ မဖြစ်မနေ ရှိထားရပါလိမ့်မည် ။

မြန်မာပြည်၏ နိုင်ငံရေး ဖြစ်တည် ပြောင်းလဲမှုများအား ဓမ္မဒိဌာန်ကျကျ သုံးသပ်ပါက သေချာသည်မှာ မည်သည့် အစိုးရမင်းများ အာဏာရယူစေကာမူ နှစ်ပေါင်းများစွာ ဆင်းရဲတွင်းနက်နေသော ပြည်သူလူထုကို ဖောက်ပြန်လှည့်ဖျားကာ မတရားမှုများဖြင့် စိန်မခေါ်မိကြစေရန် ( ၈၈၈၈ )လူထုအရေးတော်ပုံသည် အာဏာပိုင်များအား သမိုင်းပေး အသိတရားများ ရယူစေရန် နှစ်စဉ် တိုက်တွန်းနှိုးဆော်နေမည်မှာ ပကတိ အရှိတရားပင် ဖြစ်ပေတော့သည် ။

နိဂုံးချုပ်ရလျှင် လက်ငင်းရင်ဆိုင် ကြုံတွေ့ နေရသော နိုင်ငံရေး အကြပ်အတည်း ဖြစ်စဉ်များကို ပကတိ အရှိတရားများ ဖြင့် သတိရှိပြီး လက်တွေ့ ကျကျသိမြင်ကာ ပြဿနာကို ချဉ်းကပ်အဖြေရှာလျက် တိုင်းပြည်အား လွတ်လပ်မှု တရားမျှတမှု ငြိမ်းချမ်းမှုများ အာမခံပေးမညိ့ ဒီမိုကရေစီ အသိတရားများဖြင့်တည်ဆောက်ကာ အနာဂတ် မြန်မာ့ နိုင်ငံရေး အခင်းအကျင်းများအား ယမ်းငွေ့ များကြား လမ်း ထပ်မမှားစေလိုတော့ပါ..။


အောင်ခိုင်မြင့်

၂ သြဂုတ်လ ၂၀၁၅

၂-၈-၂၀၁၅
နေ့(၂း၀၉)နာရီ။

မုံရွာမှာ ယခင်အမြင့်ဆုံးရေအမှတ် ၁၀၉၉ စင်တီမီတာကိုကျော်လွန်ပြီး မနက်က (၁၁၂၀) စင်တီမီတာကိုရောက်နေပြီ။ အမြင့်ဆုံးရေအမြင့်စ့ချိန်သစ်တင်သွားပြီ။ စိုးရိမ်ရေအမှတ်ရဲ့အထက်(၁)ပေခွဲလောက်ကော်ျနေပြီ။ အချိန်ပိုင်းလေးအတွင်းမှာပဲ (၅) စင်တီမီတာတက်သွားပြန်ပြီ။ တာရိုးတွေစိတ်မချရတော့လို့ အနိမ့်ပိုင်းကအိမ်တွေပြောင်းကြဖို့ လိုက်အော်နေပြီးသတိပေးနေပြီလို့သိတယ်။

ခက်တာက လာမယ့်တစ်ပတ်အတွင်း မုံရွာမှာရောအထက်ဖက်က ကလေးဝမှာရော မိုးတွေရွာဖို့ရှိနေသေးလေတော့ စိုးရိမ်ရေအမှတ်ရဲကအထက်ရောက်နေတဲ့ရေအမြင့်ဟာ အနည်းဆုံးနောက်ထပ်(၃)ရက်လောက်ကြာဦးမယ်လို့မိုး၊ဇလက ခန့်မှန်းထားတယ်။

အရေးကြီးဆုံးအချိန်ရောက်နေပါပြီ။
ဟင်္သာတရဲ့ဧရာဝတီမြစ်ရေအျွှတ်ကလည်း ရုတ်တရက်ရေတွေဝင်လာလို့ရေတွေတက်လာတာ စိုးရိမ်ရေအမှတ်တရဲ့အထက် (၅)ပေကျော်လောက်ရောက်နေပြီ။ တစ်ဖက်ကမ်းက သာရဝေါဘူတာလည်း ရေမြုပ်နေပြီ။

ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ကရေမြုပ်မယ့်ဘေးအန္တရာယ်ကမြင့်မာေးနပါပြီ။
ဒေါက်တာထွန်းလွင်
https://www.facebook.com/tunlwin48/posts/1116924664988771

မုံရွာနဲ့ ကလေးဝမှာ လာမယ့်သီတင်းပတ်အတွင်း မိုးထပ်ရွာဖို့ရှိနေသေးလို့ လက်ရှိရောက်နေတဲ့ စိုးရိမ်ရေမှတ်အထက် ၂ပေကျော်နေတဲ့အခြေအနေ နောက်ထပ် ၃ရက်ကြာဦးမယ်လို့ မိုးဇလက ခန့်မှန်းထားတာကြောင့် အခုအချိန်ဟာ အရေးအကြီးဆုံးအချိန်ကို ရောက်နေပြီလို့ ဒေါက်တာထွန်းလွင်က သတိပေးလိုက်ပါတယ်။
ဟင်္သာတရဲ့ ဧရာဝတီမြစ်ရေဟာ ရေတွေရုတ်တရက်ဝင်လာလို့ စိုးရိမ်ရေမှတ်ရဲ့အထက် ၅ပေကို ရောက်ပြီး သာရဝေါဘူတာလည်း ရေမြုပ်နေတာကြောင့် မြစ်ဝကျွန်းပေါ် ရေမြုပ်မယ့် ဘေးအန္တရာယ် မြင့်မားနေပြီလို့ ရေတွေပြိုဆင်းကျလာမယ့်အရေး သူက သတိပေးလိုက်ပြီး ကြိုတင်ဆောင်ရွက်သင့်တာတွေ လုပ်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂.၈.၂၀၁၅) ရက်နေ့ မြန်မာစံတော်ချိန် (၁၃း၀၀) အချိန်တွင် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။

ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် (၂.၈.၂၀၁၅)ရက်နေ့ (၁၀း၀၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် (၁)စင်တီမီတာ ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း (၁-ပေခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ဧရာဝတီမြစ်ရေသည် ‌ညောင်ဦးမြို့တွင် (၁.၈.၂၀၁၅)ရက်နေ့ (၀၁း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် (၅၄)စင်တီမီတာ (၂-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း (၁-ပေခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ဧရာဝတီမြစ်ရေသည် ‌မင်းဘူးမြို့တွင် (၁.၈.၂၀၁၅)ရက်နေ့ (၁၀း၀၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် (၃၇)စင်တီမီတာ (၁-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း (၁-ပေခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ဧရာဝတီမြစ်ရေသည် မကွေးမြို့တွင် (၁.၈.၂၀၁၅)ရက်နေ့ (၁၉း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် (၁၆)စင်တီမီတာ (ပေ၀က်ခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း (၁-ပေခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ဧရာဝတီမြစ်ရေသည် အောင်လံမြို့တွင် (၁.၈.၂၀၁၅)ရက်နေ့ (၀၄း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် (၄၇)စင်တီမီတာ (၁-ပေခွဲခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း (၁-ပေခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် (၃၁.၇.၂၀၁၅)ရက်နေ့ (၂၃း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် (၅၀)စင်တီမီတာ (၁-ပေခွဲခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း (၁-ပေခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် (၁.၈.၂၀၁၅)ရက်နေ့ (၀၆း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် (၅၇)စင်တီမီတာ (၂-ပေခွဲခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း (၁-ပေခွဲခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် (၃၁.၇.၂၀၁၅)ရက်နေ့ (၀၀း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် (၇၉)စင်တီမီတာ (၂-ပေခွဲခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း (၁-ပေခွဲခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် (၁.၈.၂၀၁၅)ရက်နေ့ (၀၀း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် (၆၂)စင်တီမီတာ (၂-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း (၁-ပေခွဲခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် (၃၁.၇.၂၀၁၅)ရက်နေ့ (၂၃း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် (၁၂၈)စင်တီမီတာ (၄-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂၄)နာရီအတွင်း (၁-ပေခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့တွင် (၂၉.၇.၂၀၁၅)ရက်နေ့ (၀၂း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် (၃၃၀)စင်တီမီတာ (၁၁-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂) ရက်အတွင်း (၁-ပေခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် (၃၀.၇.၂၀၁၅)ရက်နေ့ (၀၆း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် (၁၂၄)စင်တီမီတာ (၄-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃) ရက်အတွင်း (၁-ပေခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းတာရရှိသော (၁၁၂၄) စင်တီမီတာသည် (၁၉၆၆-၂၀၁၅) နှစ်ပေါင်း (၅၀) အတွင်း အမြင့်ဆုံးရေမှတ်ဖြစ်ပါသည်။ ချင်းတွင်းရေ (မုံရွာမြို့)၏ ယခင်အမြင့်ဆုံးရေမှတ်မှာ (၂၀.၈.၂၀၀၂) ရက်နေ့တွင် တိုင်းတာရရှိသော (၁၀၉၉) စင်တီမီတာဖြစ်ပါသည်

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၂၇.၇.၂၀၁၅)ရက်နေ့ (၁၈း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် (၁၂၀)စင်တီမီတာ (၄-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃) ရက်အတွင်း (၁-ပေခန့်) ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၃၀.၇.၂၀၁၅)ရက်နေ့ (၁၁း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် (၃၁)စင်တီမီတာ (၁-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂၈.၇.၂၀၁၅)ရက်နေ့ (၁၄း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် (၈၂)စင်တီမီတာ (၂-ပေခွဲခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂) ရက်အတွင်း (၁-ပေခွဲခန့်) ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၂၇.၇.၂၀၁၅)ရက်နေ့ (၁၆း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် (၇၂)စင်တီမီတာ (၂-ပေခွဲခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃) ရက်အတွင်း (ပေ၀က်ခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ရခိုင်ပြည်နယ်မှာ မုန်တိုင်းကြောင့် ပျက်စီးမှုအများဆုံးဖြစ်တဲ့ မြောက်ဦးနဲ့ မင်းပြားဟာ မြို့ရဲ့ ၄ပုံ၃ပုံလောက် ရေနစ်မြုပ်ခဲ့တယ်လို့ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဆိုပါတယ်။ မင်းပြားမြို့ဟာ ဝေဟင်ကတွေ့ရတဲ့အတိုင်း ရေအောက်မှာ မြုပ်နေပါတယ်။ ကုလသမဂ္ဂ OCHA ကတော့ ရေလွှမ်းမိုးမှုကြောင့် မြန်မာပြည်မှာ လူ ၂၇ယောက်သေဆုံးပြီး လူပေါင်း ၁သိန်းခွဲ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်ဆိုတဲ့ အချက်အလက်တွေဟာ ဒီထက်မက မြင့်မားနိုင်ချေရှိတယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ မုတ်သုန်မိုးက အဆက်မပြတ်ရွာဦးမယ့် မှန်းဆချက်တွေကြောင့် မြစ်ဝကျွန်းပေါ်ဒေသဟာ အစိုးရိမ်ရဆုံးနေရာဖြစ်လာနေပြီလို့ ပညာရှင်တွေက ကြိုတင်သတိပေးနေပြီး ပြည်မြို့နဲ့ ဟင်္သာတမှာ ဧရာဝတီမြစ်ရေဟာ ပုံမှန်ထက် ရုတ်တရက်မြင့်လာနိုင်တာမို့ ၁၉၇ဝပြည့်လွန်နှစ်တွေက ရေလွှမ်းမိုးမှုမျိုး ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
Kamayut Media



တစ်နိုင်ငံလုံးက ရေဘေးဒုက္ခသည်တွေကို အရေးပေါ် အကူအညီပေးနိုင်ဖို့အတွက် ၈၈ မျိုးဆက်၊ ကျောင်းသူ ကျောင်းသားတွေနဲ့ အနုပညာရှင်တွေ စုပေါင်းပြီး ဒီကနေ့ အလှူငွေ ကောက်ခံနေပါတယ်။

မနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် ပဒေသာဈေးတဝိုက်မှာ အလှူခံခဲ့တာ ဖြစ်ပါတယ်။ ပြီးရင် ယုဇနပလာဇာနဲ့ လှည်းတန်းဈေးဖက်မှာလည်း အလှူငွေ ကောက်ခံမှာဖြစ်ပါတယ်။

၈၈ မျိုးဆက်အဖွဲ့ဟာ ရေစတင်ကြီးကတည်းက ကောလင်းမြို့နယ်ဖက်မှာ အကူအညီပေးခဲ့ပါတယ်။ မနေ့က ပုဂ္ဂလိကကျောင်းတွေဖြစ်တဲ့ ILBC နဲ့ YIS ကျောင်းတွေက ရေဘေးအတွက် ၈၈ အဖွဲ့ထံ ကျပ်ငွေလေးရာတစ်ဆယ့်သုံးသိန်း လှူဒါန်းခဲ့ပါတယ်။

တစ်နိုင်ငံလုံးက ရေဘေးဒုက္ခသည်တွေကို အရေးပေါ် အကူအညီပေးနိုင်ဖို့အတွက် ၈၈ မျိုးဆက်၊ ကျောင်းသူ ကျောင်းသားတွေနဲ့ အနုပညာရှင်တွေ စုပေါင်းပြီး ဒီကနေ့ အလှူငွေ ကောက်ခံနေပါတယ်။မနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် ပဒေသာဈေးတဝိုက်မှာ အလှူခံခဲ့တာ ဖြစ်ပါတယ်။ ပြီးရင် ယုဇနပလာဇာနဲ့ လှည်းတန်းဈေးဖက်မှာလည်း အလှူငွေ ကောက်ခံမှာဖြစ်ပါတယ်။၈၈ မျိုးဆက်အဖွဲ့ဟာ ရေစတင်ကြီးကတည်းက ကောလင်းမြို့နယ်ဖက်မှာ အကူအညီပေးခဲ့ပါတယ်။ မနေ့က ပုဂ္ဂလိကကျောင်းတွေဖြစ်တဲ့ ILBC နဲ့ YIS ကျောင်းတွေက ရေဘေးအတွက် ၈၈ အဖွဲ့ထံ ကျပ်ငွေလေးရာတစ်ဆယ့်သုံးသိန်း လှူဒါန်းခဲ့ပါတယ်။ ရိုက်ကူး - ကျော်ဇောဝင်း၊ သီဟထွန်း/RFA

Posted by RFA Burmese on Saturday, August 1, 2015
ရိုက်ကူး - ကျော်ဇောဝင်း၊ သီဟထွန်း/RFA


စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ဟာ အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုကို ခံနေရတဲ့ မြို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ကလေးမြို့ တစ်မြို့လုံးနီးပါးနဲ့ အနီးတဝိုက်ကျေးရွာတွေ ရေနစ်မြုပ်နေတာဖြစ်ပါတယ်။

အခုမြင်တွေ့ရတဲ့ပုံတွေက မနေ့က သြဂုတ်လ ၁ ရက်နေ့က မြင်ကွင်းဖြစ်ပါတယ်။

ဓါတ်ပုံ - အောင်သိင်္ခ/RFA
RFA Burmese





ခင်ဗျားတို့တတွေ စေလိုရာစေ
လက်ညှိုးထိုးရာလေ ရေဖြစ်တတ်ပါပေ
ခုတော့ မြန်မာပြည် ရေကြီးနေရှာချေ
ရေဘေးဒုက္ခသည်တွေကိုများ
ကိုယ်တိုင်သွားမတွေ့အား
အနားမလာ မယားအပါးမှမခွာ
ကြေညာပါတယ် သဘာဝဘေးအန္တရာယ်
ကျရောက်ရာတိုင်းနယ် လေးနယ်ပယ်
ကယ်မယ်လည်း စိတ်မကူး
အထူးအားရရာစကား ပြောလိုက်ပုံများ
တခြားနိုင်ငံလည်း ဘေးဒုက္ခဖြစ်တာပါပဲ..တဲ့။

ကယ်ဆယ်မယ့်ဘတ်ချက် ပေးဆက်ဖို့ စိတ်မကူး
နောင်သမ္မတသက်တမ်း တက်လှမ်းဖို့မြူး
ဒီလိုအရူးသာ လက်ဝါးကြီးအုပ်
ဆက်အုပ်ချုပ်သွားခဲ့ရင် အမျိုးလည်းပြုပ်
ဘ၀တွေလဲမြုပ် လုပ်ရပါတယ် အရူးတစ်အုပ်
အုပ်ချုပ်လေတဲ့ အရူးနိုင်ငံသား
ဖြစ်သွားဖို့သာ ပြင်ဆင်ထား…။

တက္ကသိုလ်ဘုန်းကြွယ်(သြဂုတ် ၁ ၁၅)

××××××× ဦးရဲထွဋ်ကို မြန်မာသံတော်ဆင့်ကတစ်ဆင့် မေးတယ် အရင်အမှုနဲ့ပဲ ထောင်ချသလိုလို ဘာလိုလိုပြောတဲ့သူတွေ ထဘီဝတ်ပြီး ကျွန်တော့်ကို လာတွေ့ပါ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ၈၈မျိုးဆက်(ငြိမ်း/ပွင့်တို့ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရန် လက်မှတ် များ ကောက်ခံရယူခဲ့ချိန်တွင် ဗိုလ်မှူးကျော်စွာဝင်းသည်လည်း ၂၀၁၄ ခုနှစ် ဇူလိုင်လ ၄ရက်နေ့တွင် ယူနီဖောင်းဝတ်ဖြင့် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသို့လက်မှတ်ရေး ထိုးပြီးချိန် တွင် ဗိုလ်မှူးကျော်စွာဝင်းအား တပ်တွင်းအမိန့်မနာခံမှု၊ စစ်စည်းကမ်းနှင့်မညီသည့် ပြောဆိုမှုပုဒ်မများဖြင့် အပြစ်ပေးခံရပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး ပြည်သူများဘက်မှရပ်တည်ခဲ့သည့် ဗိုလ်မှူးကျော်စွာဝင်းကို မြန်မာသံတော် ဆင့်သတင်းဌာန မှ မြန်မာသံ တော်ဆင့်လူထုရှေ့ဆောင်ဆု (၂၀၁၄-၂၀၁၅)ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဇူလိုင် ၃၀ရက်တွင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မန္တလေးအိုးဘိုထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ဗိုလ်မှူးကျော်စွာဝင်းနှင့် ဆက်သွယ်မေးမြန်းပြောဆိုမှုများ ကို မြန်မာသံတော်ဆင့် မှ ဖော်ပြလိုက်ပါသည်။ …

မေး – အခု လွတ်မြောက်လာပြီဆိုတော့ ဗိုလ်မှူးအနေနဲ့ ဘာဆက် လုပ်ဖို့ ပြင်ဆင်ထားလဲ။

ဖြေ – ကျွန်တော် ဒီနေ့ရန်ကုန်ဆင်းပြီးတော့ အမေစုနဲ့တွေ့နိုင်အောင် ကြိုးစားနေတယ်။ အမေစုရဲ့လမ်းညွှန် ချက်အတိုင်းဆက်လုပ်မယ်။

မေး – အစိုးရက ဖမ်းတော့တခြား ပုဒ်မနဲ့ဖမ်းပြီး အားလုံးသိထားတာက ၄၃၆အတွက်ကြောင့်လို့ ဆိုပါတယ်။ ဒီအပေါ်မှာကော ဘာပြောချင်သလဲ။

ဖြေ -သူတို့ဘက်ကပြောတယ်ဆိုတာက ပုဂ်္ဂိုလ်ရေးအရ တိတိကျကျ ပြောတာတော့ ကိုယ်တိုင်တော့ မသိဘူး။ ဧရာဝတီသတင်းထောက်က အင်တာဗျူးတဲ့အထဲမှာ ဦးရဲထွဋ် ပြောထားတာတော့ ဖတ်လိုက်ရတယ်။ ဦးရဲထွဋ် က ဘာပြောသလဲဆိုတော့ ကျွန်တော်က၄၃၆ လက်မှတ်ထိုးလို့ထောင်ချတာ မဟုတ်ပါဘူး။ ဒီစစ်စည်း ကမ်း ဖောက်ဖျက်လို့ ထောင်ချတာပါလို့ သတင်းထောက်နဲ့ အင်တာဗျူးမှာ ဦးရဲထွဋ်ကရှင်းတယ်။ ကျွန်တော်က ဦးရဲထွဋ်ကို မေးချင်တယ်။ ၄၃၆ လက်မှတ်ထိုးလို့ ထောင်ချတာ မဟုတ်ရင် ကျွန်တော်က ဘာလုပ်လို့ ထောင်ချ တာလဲလို့ ဦးရဲထွဋ်ကို မေးချင်တယ်။ အဲဒါလေး တစ်ချက်လောက်ရရင်တော့ ဦးရဲထွဋ်ကို မြန်မာသံတော်ဆင့် ကတစ်ဆင့် မေးတယ်ဆိုတဲ့အကြောင်းကို ပြောပေးစေချင်တယ်။ ကျွန်တော့်အနေနဲ့က တပ်မတော် ပိုင်းဆိုင်ရာ မှာ တာဝန်ထမ်းဆောင်ခဲ့တာ ရှိပါတယ်။

ကိုယ်ကျိုးလုပ်ခဲ့တာ တစ်ပြားသားမှလည်းမရှိသလို အကြောင်းအရာ တစ်ခုမှလည်း မရှိပါဘူး။ ကျွန်တော့်တပ် မှာ အမှုတစ်ခုဖြစ်ခဲ့တဲ့ ကိစ္စ။ ပြောရရင် တပ်သားတစ်ယောက်က ဒုအရာခံဗိုလ် တစ်ယောက်ကို မီးရှို့လုပ်ကြံမှု မှာ ကျွန်တော်ကတပ်မှူး တစ်ယောက်အနေနဲ့ အကောင်းဆုံးကြိုး စားပြီး လုပ်ဆောင်ခဲ့တာရှိပါတယ်။ အဲဒီ လုပ်ဆောင်ခဲ့တဲ့အပေါ်မှာဆိုလိုတာ ဒုအရာခံဗိုလ်လည်းပင်စင်ရအောင်၊ အားလုံးအကောင်းဆုံး အထက်ညွှန် ကြားချက်နဲ့အညီ လုပ်ခဲ့တာ။ အထက်ညွှန်ကြားချက်ဆိုတာကလည်း ဖုန်းနဲ့ ညွှန်ကြားတာရှိသလိုမျိုး၊ နှုတ်နဲ့ ညွှန်ကြားတာလည်း ရှိတာပေါ့ဗျာ။ ဖုန်းနဲ့ ညွှန်ကြားတာ၊ နှုတ်နဲ့ညွှန်ကြား တာတွေ က တရားမ၀င်တဲ့ အခါကျ တော့ ကျွန်တော့်မှာတာဝန်ရှိတယ်လို့ Service Check တုံးတွေ ပေးပြီးသား။ တကယ်တော့ ကျွန်တော့်ကိုယ် ကျိုးမပါဘူး။ သေသွားတဲ့ ဆရာကြီးတစ်ယောက် ကိုပင်စင်ရပါစေ၊ သူ့မိသားစု ပင်စင် စားရပါစေဆိုပြီးတော့ ကျွန်တော့်ရဲ့စိတ်ရင်းစေတနာ အမှန်နဲ့ ဆောင်ရွက်ပေးခဲ့တာ။ ကျွန်တော့်ကို Service Check တုံးနဲ့ အရေးယူ မယ်ဆိုရင် ကျွန်တော်လက်ခံပြီးသား။ ဘာပြဿနာမှ မရှိဘူး၊ ဒါပြီးပြီးသား။

ဒါကိုအကြောင်းအမျိုးမျိုးပြပြီးတော့ ဒီအမှုနဲ့ပဲ ထောင်ချသလိုလို ဘာလိုလို ပြောတာတွေလည်း ကျွန်တော် ဖတ်ရတယ်။ ဒါတွေကလုံးဝ မဆိုင်ဘူး။ ကျွန်တော့်ကိုယ်ကျိုးမပါတဲ့ ကိစ္စတစ်ခုပဲ။ ကျွန်တော်တပ်မှူး တစ် ယောက်ပီပီ တာဝန်ခံတယ်။ သေတဲ့သူ ပင်စင်ရ အောင်လုပ်တယ်၊ ဟိုဘက်လူလည်း အဆင် ပြေအောင် လုပ်တယ်။ ကျွန်တော် အကောင်းဆုံးလုပ်ခဲ့ပြီးသား။ ကျွန် တော်အကောင်းဆုံး လုပ်ခဲ့တယ်ဆို တာကို မှား ယွင်းတယ်ယူဆပြီး နောက်တစ်ကြိမ် ပြန်စစ်တယ်။ Service Check တုံးလည်းကျွန်တော့် ကိုပေးပြီးသား။ ဒီအမှုနဲ့ဘာမှမပတ် သက်ဘူး။ ဘာမှမပတ်သက်တဲ့အမှုကိုပဲ ကျွန်တော့်ကို ထောင်ချတယ်၊ ဒီအမှုနဲ့ ဆိုပြီး။ ဒီအမှုဆိုတာကလည်း ကျွန်တော်လုပ်ခဲ့တဲ့အမှု မဟုတ်ဘူး။

ကျွန်တော် တပ်မှူးတစ်ယောက်။ တပ်မှူး တစ်ယောက်က တစ်မှူးတစ်ယောက်လိုပဲ ကျွန်တော့်အောက်မှာ ဒုအရာခံဗိုလ် ဆရာကြီးသံလွင် ဆိုတာရှိတယ်။ ကျွန်တော့်ထက်တော့ အသက်ကြီးတယ်။ တပ်သား အေးကျော် ဆိုတာရှိတယ်။ ကျွန်တော့်ထက် အသက်ငယ်တယ်။ အသက်ကြီးကြီး၊အသက်ငယ်ငယ် ကျွန်တော်ခေါင်းဆောင် ဖြစ်တဲ့ အတွက် ခေါင်းဆောင်အတိုင်းပဲ စဉ်းစားပြီးခေါင်းဆောင်လိုပဲ အလုပ်လုပ်ခဲ့တယ်။ ခေါင်းဆောင်လို လုပ်ခဲ့တဲ့အတွက် ကိုယ့်သားသမီးအပေါ်မှာ ကိုယ်ထားခဲ့တဲ့ မေတ္တာ၊ ကရုဏာ၊ အဲဒီအဂတိအပေါ်ကှို Service Check တုံးပေးရင်လက်ခံသေးတယ်။ အခုအမှုမှာ ဘာမှမဆိုင်ဘူး။ ၄၃၆ လက်မှတ်ထိုးတာ တစ်ခုပဲရှိတယ်။ အဲဒါ ကိုပဲ အရင်အမှုနဲ့ပဲ ထောင်ချသလိုလို ဘာလိုလိုပြောတဲ့သူတွေကို ကျွန်တော်ပြောချင်တယ်။ ထဘီဝတ်ပြီး ကျွန်တော့်ကို လာတွေ့ပါလို့ ပြောချင်တယ်။

မေး – လက်ရှိမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင် သွားဖို့ကော ရည်ရွယ်ထားလဲ။

ဖြေ – အဓိကကတော့ ကျွန်တော်က ပြောချင်ပါတယ်။ ကျွန်တော့် စိတ်ထဲမှာ ခံစားချက်တွေလည်း အပြည့်ရှိ တယ်။ သတင်းမီဒီယာတစ်ခုက မေးနေတဲ့ အပေါ်မှာ ကျွန်တော့်ရဲ့ ခံစားချက်တွေကို ကျွန်တော်က လွတ်လွတ် လပ်လပ် ပွင့်ပွင့်လင်းလင်း ပြောလို့ရပြီလားလို့ ကျွန်တော်မေးချင်တယ်။ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ပြောလို့ရပြီဆိုရင် ကျွန်တော်ပြောချင်တယ်။ အခု ဒါပေမဲ့ ကျွန်တော့်ခံစားချက်တွေက ကျွန်တော်ပြောလိုက်ပြီ ဆိုရင် အခုကျွန်တော်တို့ ၄၀၁ (င)အရ ကျွန်တော် လွတ်လာတယ်။ ကျွန်တော့် အပေါ်မှာခံဝန်ရှိတယ်။ နိုင်ငံရေး လုပ်ရင် ပြန်ဖမ်းလို့ရတယ်။ ဒါတွေကို ဂရုစိုက်လို့ ပြောတာတော့ မဟုတ်ဘူး။

ဒါပေမဲ့အခု ဒီသုံးလအတွင်းမှာ Freedom ဖြစ်ဖို့လိုအပ်တယ်။ NLD အတွက်လုပ်ပေးနိုင်တဲ့၊ လုပ်ပေးရမယ့် ဟာတွေကို ဒီ၃လအတွင်း မှာ နောက်ဆုံးထောင်ချရင်တောင်မှ ရွေးကောက်ပွဲ ဟိုဘက်မှာ ထောင်ချရင်ချမယ်။ အဲဒီလိုဆိုလည်းထောင်ထဲ ထပ်ဝင်ဖို့ အသင့်ရှိတယ်။ ဒီ ၃လအတွင်းမှာ ကျွန်တော်လုပ်ပေး နိုင်တာတွေကို အကုန်လုပ်ပေးမယ်။ ထောင်ထဲမှာနေတော့ ကျွန်တော် ဘာမှလုပ်မပေးနိုင်ဘူး။ ဒီ ၃လ အတွင်းတော့ အကောင်းဆုံး လုပ်နိုင်တာကိုကျွန်တော် လုပ်ပေး မှာပေါ့။

မေး – လက်ရှိ ပြည်သူနဲ့ တပ်မတော်ကြား ဖြစ်နေတဲ့မကျေလည်မှု အကျပ်အတည်းကိုကော ဘယ်လိုထင်ပါ သလဲ။

ဖြေ – ပြောရရင်တော့ ဒီနိုင်ငံရေး အကျပ်အတည်းဆိုတာက စနစ်တကျ ဖန်တီးထားတဲ့ ယုတ်မာမှုတစ်ခုပါ။ ဒီစနစ်တကျ ဖန်တီးထားတဲ့ ယုတ်မာမှုတစ်ခုကို ပြန်ပြီးတော့ အဖတ်ဆယ်ရမယ်။ ပြန်ပြီးတော့ တိုက်ဖျက်ရ မယ်။ ဘယ်လိုနေရာမှာ ဘယ်လိုယုတ်မာထားတယ်ဆိုတာတွေ ကို ဖော်ထုတ်ရမှာပေါ့ဗျာ။ အဲဒါတွေကို ကျွန်တော်တို့လည်း တစ်စိတ်တစ်ပိုင်း သိသလိုမျိုးတခြားသူလည်း တစ်စိတ်တစ်ပိုင်း သိတယ်။ ဒါတွေကို ပေါင်းစပ်ပြီးတော့ ဒီမိုကရေစီဘက်တော်သားတွေ အကုန်လုံးတိုက်ပွဲတစ်ရပ်အနေနဲ့ ဖန်တီး ပြီးတော့ တိုက်ပွဲ ၀င်တဲ့ပုံစံမျိုး ကျည်ဆန်နဲ့ပစ်မှ၊ လက်နက်နဲ့ပစ်မှ တိုက်ပွဲဝင်တာ မဟုတ်ဘူး။ မြန်မာသံတော်ဆင့်သည်လည်းပဲ ကလောင်နဲ့ တိုက်ပွဲဝင်နေတာပဲ။ ကျွန်တော် စဉ်းစားတာကတော့ အမေစုရဲ့ လမ်းညွှန်ချက်နဲ့အညီပဲ ကျွန်တော် တိုက်ပွဲဝင်မယ်။

မေး – လက်ရှိဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်သားတွေဘက်က ကန့်ကွက်တဲ့အတွက် မပြင်နိုင်ခဲ့ဘူး။ ဒီအပေါ်မှာကော ဘယ်လိုမြင်သလဲ။

ဖြေ – ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာက ခုနကပြောတဲ့အချက်တွေနဲ့လည်း အကျုံးဝင်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတာက တစ်နိုင်ငံလုံးလည်းလက်ခံထားပါတယ်။ ဒါကအမှန်တရားတစ်ခုပါ။ ဒီအမှန်တရား တစ်ခု ကို ဖော်ဆောင်ခွင့်မရအောင် ကန့်သတ်ထားတာသည် ကောင်းသလား၊ မကောင်းဘူးလားဆိုတာ လူတိုင်းနှလုံး သားထဲမှာ သိပါတယ်။ ဒါချည်းကိုပဲခံယူပြီးတော့ စာအုပ်ကိုပဲကာကွယ်မလား၊ ပြည်သူလူထုရဲ့…။

- ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပြီးနောက် တပ်တွင်းဥပဒေဖြင့် ဖမ်းဆီးခံခဲ့ရရာမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဗိုလ်မှူးကျော်စွာဝင်း (ယာအစွန်) Photo by – Ah Mar Ni Mdy’ facebook

(မှတ်ချက် – ဆက်သွယ်မေးမြန်းနေချိန်တွင် ဖုန်းပြတ်တောက်သွားပါသဖြင့် ထပ်မံဆက်သွယ်ရန် ကြိုးစားခဲ့ သော်လည်း သတင်းစာရှင်းလင်းပွဲရှိသည့်အတွက် ဆက်သွယ်၍ မရတော့ပေ။)

(ဗိုလ်မှူးကျော်စွာဝင်းအား ဆက်သွယ်မေးမြန်းခွင့်ရရန်အတွက် အကူအညီပေးခဲ့သည့် မန္တလေးမြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်အမာနီကို ကျေးဇူးအထူးတင်ရှိပါကြောင်း)

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald


××××××× ဒုက္ခသည်တွေကို အခြေအရင်ခိုင်အောင် လုပ်ပြီးမှ နောက်ပိုင်းကိစ္စတွေ လုပ်ရမှာလေ။ အခုဟာက အဆင့်တွေက ကျော်ကျော်ပြီး လုပ်နေတော့ ပြည်သူလူထုက၊ တကယ်ဒုက္ခ ခံစားနေရတဲ့ ပြည်သူလူထုက နိုင်ငံတော်အပေါ်ကို အထင်မှား အမြင်မှားတွေဖြစ်တယ် … သူတို့ခံစားချက်တွေက ပိုပြီးကြီးထွားလာရင် တစ်ချိန်မှာ ပိုဆိုးကုန်လိမ့်မယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဇူလိုင် ၂၉

ယခုလအတွင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းနှင့် တောင်ပေါ်ဒေသ အနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ တံတားကျိုးမှုများ၊ မြေပြိုမှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိရာ ဒေသခံများ အနေဖြင့် အကူအညီ အထောက်အပံ့များ အရေးတကြီး လိုအပ်လျက်ရှိသည်။

ယင်းသို့ ရေဘေးဒုက္ခသည်များ အရေးပေါ် အကူအညီ လိုအပ်နေချိန်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် နိုင်ငံတကာ အဆင့်မီ ကဇာတ်ရုံနှစ်ခုကို အရေးပေါ် အခြေအနေများအတွက် သီးသန့်ထားရှိသော သမ္မတ အထူးရန်ပုံငွေထဲမှ ထုတ်နုတ်သုံးစွဲမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၂၆ ရက်တွင် မန္တလေးမြို့၌ သဘင် အစည်းအရုံး၊ ဂီတအစည်းအရုံးနှင့် ဒေသခံပန်းဆယ်မျိုး ပညာရှင်များနှင့် တွေ့ဆုံ စဉ် ပြောကြားထားပြီး အဆိုပါကဇာတ်ရုံ တည်ဆောက်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်မှုများ လုပ်ဆောင်နေပြီ ဖြစ်သည်။

သမ္မတ၏ အထူးရန်ပုံငွေကို သဘာဝ ဘေးအန္တရာယ်နှင့် စစ်ဘေးစစ်ဒဏ် ကြုံတွေ့ရသည့် ဒေသများတွင် အသုံးပြုရန် ရန်ပုံငွေ တည်ထောင်ထားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကိုင်းတိုင်း အစိုးရက ရေဘေးသင့် ပြည်သူများအတွက် သမ္မတရန်ပုံငွေ ချပေးရန် တောင်းဆိုမှုများရှိနေသည်။

ယခုကဲ့သို့ ရေဘေးသင့်ပြည်သူများ အကူအညီ လိုအပ်ချိန်တွင် အနုပညာရှင်များအတွက် သမ္မတ အထူးရန်ပုံငွေ သုံးစွဲရန် လုပ်ဆောင်နေခြင်းမှာ မဖြစ်သင့်ကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိရာ နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၏ ပြောကြားချက်များကို စုစည်း၍ မြန်မာသံတော်ဆင့်မှ ဖော်ပြလိုက်ပါသည်။

ဝိုင်းမော်

● ဦးစိုးစိုးသော် (အစိုးရအဖွဲ့အတွင်းရေးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီး)

ကျွန်တော်တို့ ၀န်ကြီးတွေ တိုင်းအဆင့် စိုက်ပျိုးရေးတို့၊ မြေစာရင်းတို့၊ စက်မှု/လယ်ယာတို့၊ ဆောက်လုပ်ရေးတို့ ဌာနတွေ အကုန်လုံး ကောလင်းမှာ ထိုင်ပြီးလုပ်နေပါတယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်နေ ပါတယ်။ ဒီနေ့ဆို ရထားလမ်း စဖွင့်ပါပြီ။ စပါးမျိုးတွေ ဘာတွေ ပြန်ဝယ်ပြီး ပြန်ပျိုးနေပါတယ်။ စပါးမျိုး ၃၀၀၀ ကျော် ဖြန့်ပြီးပြီ။ သမ္မတ အထူးရန်ပုံငွေကတော့ ကျွန်တော်တို့ စာရွက်စာတမ်း လုပ်ငန်းတွေ လုပ်နေပါတယ်။ တောင်းခံနေပြီပေါ့။ စာရင်းတွေ လုပ်နေတာပေါ့။ တွက်ချက်မှုတွေ အားလုံးပြီးသွားရင် တောင်းမှာပါဗျ။ လောလောဆယ်တော့ လတ်တလော လုပ်လို့ရတာ လမ်းတွေဘာတွေ၊ တံတားတွေ ယာယီထိုးတာတို့ ဘာတို့ လုပ်နေပါပြီ။

● ဦးကျော်သူ (ဥက္ကဌ၊ နာရေးကူညီမှုအသင်း-ရန်ကုန်)

စာနာစိတ်လေးတွေ မွေးကြပါ။ လူတွေက အားလုံးသေမယ့် သူတွေချည်းပဲ။ ကိုယ့်ရှေ့မှာပဲ တဖြုတ်ဖြုတ် သေနေကြတာပဲ။ တစ်ယောက်နဲ့ တစ်ယောက် စာနာစိတ်လေး၊ ပြည်သူပြည်သားတွေ အပေါ်မှာလည်း စာနာစိတ်လေး၊ ပြည်သူပြည်သားကလည်း ပြည်သူပြည်သား အချင်းချင်း စာနာစိတ်လေး မွေးဖို့လိုတယ်။ ရေဘေးတင် မဟုတ်ပါဘူး။ တခြားကိစ္စမှာလည်း စစ်ဘေးဆိုလည်း စစ်ဘေးကို အရင်ဆုံးလုပ်ရမယ်။ ဒုက္ခသည်တွေကို အခြေအရင်ခိုင်အောင် လုပ်ပြီးမှ နောက်ပိုင်းကိစ္စတွေ လုပ်ရမှာလေ။ အခုဟာက အဆင့်တွေက ကျော်ကျော်ပြီး လုပ်နေတော့ ပြည်သူလူထုက တကယ်ဒုက္ခခံစားနေရတဲ့ ပြည်သူလူထုက နိုင်ငံတော်အပေါ်ကို အထင်မှား အမြင်မှားတွေဖြစ်တယ်။ သူတို့ ခံစားချက်တွေက ပိုပြီးကြီးထွားလာရင် တစ်ချိန်မှာ ပိုဆိုးကုန်လိမ့်မယ်။

● ကိုဂျင်မီ (၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

ပထမအချက်ပေါ့ မနီလာသိန်းတို့၊ မမီးမီးတို့ ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့သွားပြီ။ လောလောဆယ် ကျွန်တော်တို့ အ၀တ်အစားနဲ့ ဆန်တွေလှူဖို့ စဉ်းစားတာ။ ဒါပေမဲ့ ဟိုဘက်မှာ ပြန်လည် ထူထောင်ရေးက အရေးကြီးနေတဲ့ အတွက်ကြောင့်တဲ့ ငွေကြေးပိုလိုတယ်လို့ ဆိုနေတယ်။ ဆိုတော့ ကျွန်တော်တို့က ခုလောလောဆယ်တော့ အများကြီး ထောက်ပံ့နိုင်ဦးမှာ မဟုတ်ဘူး။ တက်နိုင်သလောက် ကူညီပေးဖို့တော့ စဉ်စားထားတယ်။ ကျွန်တော်ကတော့ သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သတ်ပြီးတော့ အရေးပေါ် ကော်မတီ တစ်ခု ရှိတယ်လို့တော့ သိထားတယ်လေ။ သမ္မတက ဖွဲ့ထားတဲ့ ကော်မတီ။ အဲဒီ ကော်မတီက ဘယ်လောက်အထိ အလုပ်တွေ လုပ်နေလဲဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမဲ့ နောက်ဆုံး အခြေအနေကိုလည်း မသိရ သေးဘူး။ ရေကပိုပြီးတော့ တိုးလာမယ့် သဘောရှိတယ်။ ရေလွှမ်းမိုးမှုကတော့ ဒီ့ထက် စိတ်ပူစရာပဲ။ ဒါကို အစိုးရပိုင်းက ဖြေရှင်းပေးဖို့ ကိစ္စမှာ ဘယ်အတိုင်းအတာထိ သွားနေလဲ မသိနိုင်သေးဘူး။ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့တော့ လိုနေတယ်ဆိုတာကို ကျွန်တော်ပြောချင်တယ်။

● ဦးဝင်းချို (နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)

ငါတို့နဲ့ အစိုးရနဲ့ကြားထဲမှာ တကယ်ဖြစ်နေတဲ့ ပြဿနာက ဦးစားပေး အစီအစဉ်။ ငါတို့ကဒါကို ဦးစားပေး ချင်တယ်။ သူတို့ကဟိုဟာကို ဦးစားပေးချင်တယ်ဆိုတဲ့ ကိစ္စတွေ။ အဲ့ဒီကိစ္စတွေမှာပဲ ငါတို့ဟာ သဘောထား ကွဲလွဲကြတယ်။ ငါတို့က ဦးစားပေးစေချင်တာ နိုင်ငံအနှံ့၊ ကချင်ပြည်နယ်မှာ ဖြစ်တယ်၊ စစ်ကိုင်းတိုင်းမှာ ဖြစ်တယ်၊ မန္တလေးတိုင်းလည်း မပြောနိုင်ဘူး။ ပဲခူးတိုင်းက ကျိန်းသေသွားပြီ။ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်။ အဲ့ဒီလောက် ဖြစ်နေတာ ငါတို့ပြည်သူတွေ အားလုံးက ရေဘေးဒုက္ခသည်တွေကို ကူညီဖို့ ဦးစားပေးစေ ချင်တယ်။ အားလုံး ဦးစားပေးနေတဲ့အချိန်မှာ အဲ့ဒီငါတို့လေးစားရမယ့် ပုဂ္ဂိုလ်ကြီးက သူဦးစားပေးချင်တာက, ကဇာတ်ရုံကြီး ဖြစ်နေတယ်ဆိုတော့ သိပ်တော့မကောင်းဘူး။ သို့သော်လည်း ငါတို့က ၅ နှစ်လုံးလုံး ဦးစားပေး အစီအစဉ်တွေကြောင့် ထောင်ကျတာ ၃ ကြိမ် ဖြစ်သွားပြီ။

● ဒေါက်တာညိုညိုသင်း (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေကို ဘယ်လိုကိစ္စမျိုးတွေ သုံးရမယ်ဆိုတာ လွှတ်တော်က သီးသန့် သတ်မှတ် ပေးသင့်တယ်။ ခုလိုမျိုး သမ္မတ သုံးချင်တဲ့ကိစ္စမှာ သုံးဖို့ သီးသန့် ရန်ပုံငွေ ပေးထားတယ် ဆိုတာမျိုး မဖြစ်သင့်ဘူးပေါ့နော်။ ဒီလို သီးသန့်ရန်ပုံငွေဆိုတဲ့ သဘောက နိုင်ငံတော်မှာ ပြည်သူလူထုအတွက် အရေးပေါ် တစ်စုံတစ်ရာရှိလာရင် ထုတ်သုံးရတာပေါ့။ ကဇာတ်ရုံဆိုတာက အရေးပေါ် လိုအပ်ချက် မဟုတ်ဘူးလေ။ သမ္မတရဲ့ သီးသန့်ရန်ပုံငွေထဲက ထုတ်ပြီး သုံးစွဲတယ် ဆိုတာက ကြားလို့ မကောင်းဘူးလေ။ ဒီကဇာတ်ရုံအစား အခြားသော ပြည်သူလူထုရဲ့ လက်တွေ့ တကယ်အကျိုးရှိတဲ့ လုပ်ငန်းတွေမှာ သုံးစွဲသင့်တယ်ပေါ့နော်။ အခုဟာက ဘတ်ဂျက်နှစ်က မကုန်သေးဘူး။ ကျန်သေးတဲ့အချိန်မှာ အခုလိုမျိုး မိုးကြီးနေပုံမျိုးနဲ့ နိုင်ငံ တစ်ဝန်းမှာ သဘာဝ ဘေးအန္တရာယ်တွေ မကျရောက်ဘူးလို့ မပြောနိုင်ဘူးလေ။ ဒါကြောင့်မို့လို့ အဲဒီလို ကိစ္စတွေ ဖြစ်လာခဲ့ရင် သုံးဖို့အတွက် ငွေလုံလုံလောက်လောက် ချန်ထားသင့်တာပေါ့။ ဒါကတော့ တော်တော်လေးကို ကြားလို့မကောင်းတဲ့ ကိစ္စတစ်ခုပဲပေါ့။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

×××××× ခင်ဗျားလည်း သေခါနီးနေပြီ။ ကျွန်တော်လည်း သေခါနီးနေပြီ။ လိပ်ပြာသန့်အောင် ခင်ဗျား ဘာတွေ လုပ်နိုင်သလဲ ပြော

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

● ဖြတ်သန်းခဲ့ရသည့်သတင်းထောက်ဘ၀အတွေ့အကြုံ

ဟံသာဝတီ ဦးဝင်းတင်ရယ်လို့ တိုင်းကျော်ပြည်ကျော် လူသိများတဲ့ အဘဦးဝင်းတင်ကတော့ ကွယ်လွန် သွားခဲ့ပါပြီ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရဲ့ အမာခံ ခေါင်းဆောင်တစ်ဦး၊ ပြည်သူ့ဘက်တော်သား သတင်းစာသမား အနေနဲ့ ရပ်တည်ခဲ့ပြီး စစ်အစိုးရက နှစ်ရှည်လ များ ထောင်သွင်း အကျဉ်းချခဲ့လို့ ကျန်းမာရေး ချို့ယွင်းခဲ့သူ။ ထောင်ထဲက ပေးလိုက်တဲ့ သေရာပါဒဏ်ရာတွေကို အန်တုပြီး နောက်ဆုံးအချိန်အထိ တိုင်းပြည်နဲ့ လူမျိုးအတွက် အမှန်တရားတွေ ဖော်ထုတ်၊ အမှားတွေ တိုက်ထုတ်ရင်း ကွယ်လွန် သွားခဲ့လေပြီ။ ၂၀၀၈ အခြေခံဥပဒေကို အသစ်ပြန်ရေး ရမယ်ဆိုပြီး ပြင်ဆင်ရေးဆွဲရေးကို လက်မခံတဲ့ အဘဦးဝင်းတင်ရဲ့ ရဲရဲတောက် ဆုံးဖြတ်ချက်ဟာ နောင်လာ နောက်သားတွေအတွက် စံနမူနာယူစရာ ဖြစ်ခဲ့သလို စစ်ယူနီဖောင်း ချွတ်ထားတဲ့ လူဝတ်လဲ အစိုးရကို လုံးလုံး မယုံကြည်ဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့သူ အဘ… အခုတော့ ကွယ်လွန်သွားခဲ့ပါပြီ။

အာဏာရကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုအတိုင်ပင်ခံဖြစ်တဲ့ ဦးအောင်သောင်းကလည်း ကွယ်လွန်ခဲ့ချေပြီ။ ဦးအောင်သောင်းဆိုတာ ကျောင်းဆရာဘ၀က တက်လာပြီး စစ်တပ်ထဲဝင်၊ အဲဒီကနေ တစ်ဆင့်ပြီး တစ်ဆင့်တက်လို့ ဗိုလ်မှူးကြီးအဆင့်နဲ့ အငြိမ်းစားယူခဲ့ပြီး စစ်အစိုးရ လက်ထက် ၀န်ကြီးအဖြစ် လုပ်ဆောင် ခဲ့ရင်း ၂၀၁၀ ရွေးကောက်ပွဲမှာတော့ တောင်သာမြို့ကနေ ၀င်ရောက်ယှဉ်ပြိုင်လို့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာသူပါ။ လွှတ်တော် ကိုယ်စားလှယ်ဘ၀မှာ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ခြင်း ခံခဲ့ရသူဖြစ်ပြီး အရင်စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ နီးစပ်သူ ဖြစ်သလို ဒုချုပ်(ငြိမ်း)ဖြစ်တဲ့ ဦးမောင်အေးနဲ့ကလည်း ခမည်းခမက် တော်သူဆိုတော့ တကယ့်ကို တန်ခိုးထွားခဲ့သူပါ။ ဒါပေမဲ့လည်း ကွယ်လွန် သွားခဲ့လေပါပြီ။

တကယ်တော့ သူတို့နှစ်ဦးစလုံးဟာ သက်ဆိုင်ရာပါတီတွေရဲ့ အမာခံခေါင်းဆောင် တွေလို့ပဲ ပြောရမှာပါ။ ထို့နည်းတူ မိမိပါတီရဲ့မူဝါဒနဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ ကြံ့ကြံ့ခံ ရပ်တည်ရင်း ပါတီအကျိုးအတွက် သယ်ပိုးခဲ့ကြသူတွေပါ။ ဒါပေမဲ့လည်း နိုင်ငံရေးသမားတွေ ဖြစ်တဲ့ နည်းတူ ဘေးလူကို တွန်းချတိုက်ခိုက်ပြီး ကိုယ်ရှေ့ရောက်ဖို့ လုပ်ခဲ့သူတွေ ရှိတတ်ကြတော့ အဘဟံသာဝတီ ဦးဝင်းတင်နဲ့ ဦးအောင်သောင်းတို့ အသီးသီး အသက မကွယ်လွန်ကြမီအချိန် မီဒီယာပေါ်မှာ အပြန်အလှန် ပြောဆိုခဲ့မှုတွေဟာ နောင်တစ်ခေတ် နိုင်ငံရေးသမား လုပ်လိုသူများအတွက် နမူနာယူစရာ အဖြစ်အပျက်တွေပါ။

အဖြစ်အပျက်ကတော့ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းကာလ၊ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပစဉ် ကာလ မြန်မာသံတော်ဆင့်နဲ့ ဦးအောင်သောင်းတို့ အင်တာဗျူးလုပ်ခဲ့စဉ်မှာ သူဖြေကြားခဲ့တာက NLD ကို စတင် တိုက်ခိုက် ပြောကြားလိုက်တာပါ။

““တကယ်တော့ လက်ရှိအနေအထားအရ ကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုး ပါတီက အင်အားနည်းနည်း တောင့်တင်းတဲ့ သဘော ရှိတာပေါ့။ NLD ဆို ဒေါ်စုကြည်ပဲရှိတယ်။ နောက်လိုက် သိပ်မရှိဘူး။ အာဃာတတွေနဲ့ လက်စားချေလိုတဲ့ နိုင်ငံရေးသမား၊ အာဃာတကို ဖော်ဆောင်နေ တဲ့ နိုင်ငံရေးသမား၊ မကျေနပ်ချက်ကို အခြေခံပြီးဖြစ်လာတဲ့ နိုင်ငံရေးသမား၊ အခွင့်အရေးများ ရမလားဆိုပြီးတော့ ၀င်လာတဲ့ နိုင်ငံရေးသမားဖြစ်နေ တယ်။ တကယ့်နိုင်ငံရေးကို နားလည် ယုံကြည်ပြီးတော့ NLD ရဲ့ လမ်းစဉ်မူဝါဒတွေ ကောင်းတယ်။ အဲဒါတွေ သာ တိုင်းပြည်ကြီးကို တည်ဆောက်လို့ရတယ်၊ အလွန်ကောင်းမှာပဲ၊ ချမ်းသာသွားမှာပဲ၊ အောင်မြင် သွားမှာပဲ၊ ကမ္ဘာကလည်း လက်ခံမှာပဲဆိုတဲ့ ဒီလိုအမြင်နဲ့က နည်းတယ်။ ပြည်ခိုင်ဖြိုးပါတီ မှာလည်းရှိတယ်။ သို့သော် လည်းပဲ သူတို့တွေက တက်မလာနိုင်ဘူး။ အရင်တုန်းက တစ်ယောက်စ၊ နှစ်ယောက်စ ရှိတယ်။ ထွက်သွားတဲ့ လူအချို့မှာလည်း အဲဒီလို ပယောဂတွေရှိတာပဲ”” လို့ ဦးအောင်သောင်းက ပြောကြားလိုက်တာပါ။

ဒါနဲ့ပတ်သက်လို့ NLD ပါတီရဲ့ သဘာပတိဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်ရဲ့ တုံ့ပြန်ပြောဆိုမှုကလည်း တကယ့် ကို ပညာသားပါပါနဲ့ မြန်မာသံတော်ဆင့်ကနေ တစ်ဆင့်ပဲ အခုလို တုံ့ပြန်လိုက်ပါတယ်။

““ဦးအောင်သောင်း ပြောတာဟာ ပါတီတစ်ခုနဲ့ ပါတီတစ်ခု မူဝါဒတွေအရ ပုတ်ခတ်တယ်၊ ဆန့်ကျင်ပြောတယ်။ အတင်းချ ပြောတယ် ဆိုတာမျိုး ဆိုရင်တော့ ဒါက ပြောလို့ရတယ်။ မူဝါဒတွေ မတူဘူးလေ။ သူ့ပါတီက လုပ်တဲ့ ဟာကတော့ ကောင်းကျိုးမပေးဘူး။ တို့ပါတီက လုပ်တာမှ ကောင်းတယ် ဆိုတာမျိုးလေ။ ဒီလိုလူပုဂ္ဂိုလ်တွေ တိုက်တဲ့ ဟာကတော့ နိုင်ငံရေးအရဆိုရင်တော့ မကောင်းဘူးဗျ။ ကျွန်တော်လည်း ကြံ့ဖွံ့ကို ဆန့်ကျင် တာတွေရှိတယ်။ ပေါ်လစီအရ ဆန့်ကျင်တဲ့အရာတွေ ကျွန်တော် ပြောတယ်။ ဘယ်သူက ဘယ်လိုဆိုတဲ့ဟာ တွေကတော့ ကျွန်တော်လည်း ဘယ်တုန်းကမှ မပြောခဲ့ဘူး။ အခု သူပြောတာဟာ NLD ထဲက လူတွေ အကုန်လုံးက နိုင်ငံရေးကို ကြုံရာကျပန်း ၀င်လုပ်တဲ့လူတွေ၊ နိုင်ငံရေးကို အာဃာတနဲ့ လုပ်တဲ့လူတွေ၊ နိုင်ငံရေး လုပ်စားတဲ့ လူတွေဆိုတဲ့ သဘောမျိုးပြောတယ်။ ပါတီတစ်ခုနဲ့တစ်ခု ဒီလိုသာ ပြောတမ်းဆိုရင် သူတို့တွေကို ရော ဘယ်လိုပြောရမလဲ။ ပြန်ပြောစရာတွေ အများကြီး ရှိတာပေါ့ဗျာ။ အခုသူပြောတဲ့ ဒေါ်အောင်ဆန်းစုကြည် ပဲရှိတယ်။ ကျန်တဲ့လူ တစ်ယောက်မှ အသုံးမကျဘူး။ မကောင်းတဲ့လူလည်း ဖြစ်တယ်။ အာဃာတတွေ ရှိတဲ့ လူတွေလည်း ဖြစ်တယ်ဆိုတာမျိုး ပြောတာ ကတော့ တော်တော့်ကို မကောင်းတဲ့ကိစ္စပေါ့””ဟု အဘ ဟံသာဝတီ ဦးဝင်းတင်က တုံ့ပြန်လိုက်ပါတယ်။

ဒါ့အပြင် ““ဦးအောင်သောင်း ဆိုရင်လည်း အရင်တုန်းက သူဘာလုပ်လဲ။ ကျောင်းဆရာ လုပ်တယ်။ နောက် စစ်တပ်ထဲဝင်တယ်။ အာဏာသိမ်းတယ်။ ဒါကို အမျိုးသား နိုင်ငံရေးလို့ ခေါ်သလား။ သူ့ကိုယ်သူ အမျိုးသား နိုင်ငံရေး လုပ်တယ်၊ နိုင်ငံရေးသမားလို့ ပြောလို့ ရလား။ နိုင်ငံရေးသမားဆိုလည်း သူတို့ဟာ ကိုယ်ကျိုးရှာဖို့ အတွက် လောဘဇောတိုက်ပြီးတော့ နိုင်ငံရေးလုပ်ကြတာ ဆိုရင် ဘယ်လိုဖြေမလဲ””။ ““ဦးအောင်သောင်း ဆိုတဲ့သူ ကျွန်တော့်ထက် အသက်ကြီးကောင်း ကြီးလိမ့်မယ်။ ဒီတော့ ခင်ဗျားလည်း သေခါနီးနေပြီ။ ကျွန်တော် လည်း သေခါနီးနေပြီ။ လိပ်ပြာသန့်အောင် ခင်ဗျားဘာတွေ လုပ်နိုင်သလဲပြော။ ကျွန်တော့်မှာ လိပ်ပြာ သန့်အောင် ပြောနိုင်တဲ့ဟာတွေရှိတယ်။ အဲဒီလိုတွေပြောမယ်၊ အဲဒီလိုတွေ တိုင်းတာ ပြောကြမယ်ဆိုရင် ဘယ်ကောင်းမလဲ။ ဟုတ်လား။ ကျွန်တော့်မူဝါဒက ပုဂ္ဂိုလ်ရေး ထိုးနှက်တာတွေ မလုပ်ချင်ဘူး။ ဦးအောင် သောင်း အခုပြောတာက နိုင်ငံရေး ကျင့်ဝတ်မရှိတဲ့၊ နိုင်ငံရေးယဉ်ကျေးမှုမရှိတဲ့ သဘောဖြစ်နေတယ်။ ဒါလည်း ပြောဖို့ မကောင်းဘူး။ ပြောလည်း မပြောချင်ဘူး။ မူဝါဒနဲ့ ပတ်သက်ရင်တော့ တိုက်သင့်ရင် တိုက်ရမှာပဲ။ သတင်းစာတွေမှာလည်း ကျွန်တော်တိုက်တဲ့၊ ခိုက်တဲ့ဟာတွေ ပြောနေ၊ ရေးနေတာပဲ။ ဒါပေမဲ့ မူဝါဒနဲ့ ပတ်သက်ပြီး လုပ်တာ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ မလုပ်ဘူး”” လို့ ဦးအောင်သောင်းရဲ့ ပြောကြားချက် အပေါ်မှာ အဘဟံသာဝတီ ဦးဝင်းတင်က တုံ့ပြန်ခဲ့ပါတယ်။

ဒီနေရာမှာ ဟံသာဝတီ ဦးဝင်းတင်ရဲ့ ပြန်လည် ချေပချက်နဲ့ ဦးအောင်သောင်းရဲ့ ပြောစကားတွေကို ကြည့်မယ် ဆိုရင် တကယ်အရေးပါတဲ့ အချက်က တိုင်းပြည်အပေါ် စေတနာထား ချက်နဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ ထားမှုတွေကို တွေ့မြင်ရမှာပါ။ အခုလိုမျိုး နိုင်ငံရေးပါတီကြီးနဲ့ နှစ်ရှည်လများ နိုင်ငံရေးသမားအဖြစ် လုပ်ဆောင်ခဲ့ သူတွေရဲ့ ပြောဆိုချက်တွေအပေါ်မှာ ကျွန်တော့်အနေနဲ့ တခြားဘာကိုမှ မှတ်ချက်လည်း မပေးလို သလို ယူစရာ နမူနာကောင်း တစ်ခုအဖြစ်ပဲ သတ်မှတ်ထားမိပါတယ်။

မကြာခင် အချိန်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း တွေထွက်လာတော့မှာ ဖြစ်တဲ့အတွက် ဘယ်သူတွေကတော့ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုနိုင်ကြ မယ်ဆိုတာကို အဘဟံသာဝတီဦးဝင်းတင်၊ ဦးအောင်သောင်းတို့နဲ့ ချိန်ထိုးစဉ်းစား နိုင်ကြပါစေကြောင်း။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ရေဘေးသင့် ဒုက္ခသည် အများအပြား ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရ
 စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင် ပြည်နယ်က ရေဘေးသင့် ဒေသတွေမှာ ရေကျမသွားသေးဘဲ အကူအညီ အလုံးအရင်းနဲ့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ တမြို့နယ်လုံးလိုလို ရေတွေ ဝင်နေပြီး ရေအတက်နှေး သွားပေမယ့် နည်းနည်းချင်း ဆက်တက်နေသေးဆဲမို့ လူတွေ နေအိမ် ပြန်မနေနိုင်သေးပဲ ဖြစ်နေပါတယ်။

ကလေးမြို့နယ်မှာ ၈၀ ရာခိုင်နှုန်းကျော် ရေမြုပ်နေသလို အလားတူ ကလေးဝမြို့ပေါ်မှာလည်း ရေတွေ ကြီးနေတဲ့အတွက် ကုန်ဈေးနှုန်း ၅ဆကျော် တက်သွားခဲ့သလို စွန့်ခွာပြေးခဲ့ရတဲ့ နေအိမ်တွေမှာ ပစ္စည်း ပျောက်ရှမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကို အသည်းအသန် ကာကွယ်နေရတဲ့ မုံရွာမြို့ကလည်း အတော့်ကို စိုးရိမ်စရာဖြစ်နေပါတယ်။

ချင်းတွင်းက ကျလာတဲ့ ရေနဲ့ ချင်းတောင်က ကျလာတဲ့ရေကြောင့် ဧရာဝတီမြစ်ဘေးနဲ့ မုန်းချောင်းဘေးက ပွင့်ဖြူ၊ စေတုတ္တရာ၊ စကု စတဲ့မြို့တွေက ဒေသခံတွေနဲ့ အိမ်မွေး တိရိစ္ဆာန်တွေ အသက်လုပြီး ဘေးလွတ်ရာကို ပြေးခဲ့ရပါတယ်။

မကွေးတိုင်း ရေနံချောင်းမြို့နယ်က သံမန်တင်ရွာ ၊ လမ်းကူး၊ ဂုံးနောင် စတဲ့ ရွာတွေမှာလည်း စက်လှေတွေ၊ ဇက်ကူးတို့တွေ ငှားပြီး နွားတွေကို အရေးပေါ် ရွှေ့နေရတယ်လို့ ဒေသခံ တဦးက ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာတော့ ရေကြီးရေလျှံ ဖြစ်နေရာမှာ လက်ရှိ သေဆုံးသူ ၂၀ နီးပါး ရှိသွားပြီ ဖြစ်ပြီး လူဦးရေ သိန်းနဲ့ချီပြီး ဒုက္ခဖြစ်နေကြရတယ်လို့ သိရပါတယ်။

ကားလမ်းတွေ ကျိုးပြတ်ပြီး ရေလမ်းမှာလည်း ရေစီးသန်နေတဲ့ အတွက် အကူအညီတွေ မပို့နိုင်ဘဲ ဖြစ်နေရပါတယ်။ အခု လောလောဆယ်စာရင်းအရ ရေဘေးသင့် ဒုက္ခသည် သုံးသောင်းကျော် စာရင်းရထားပြီး ဒီထက် ပိုများဖို့ ရှိကြောင်းနဲ့ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ အဆက်အသွယ် ပြတ်နေတဲ့အတွက် စာရင်း ကောက်ယူရာမှာ အခက်အခဲ ရှိနေတယ်လို့ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

ရသေ့တောင်မြို့နယ် စေတီပြင် ကျေးရွာမှာလည်း လူပေါင်း တထောင် နီးပါးလောက် ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြရသလို ပုဏ္ဍဍားကျွန်းမြို့နယ် ယိုးတရုတ်ရွာ အထက်တန်းကျောင်းမှာလည်း လူပေါင်း တထောင်ကျော် ခိုလှုံနေကြရပါတယ်။

ဘူးသီးတောင်မြို့နယ်မှာလည်း သက်ဆိုင်ရာက အတည်မပြုနိုင်သေးပေမယ့် လူ ၁၀ယောက်ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဘေးလွတ်ရာ ခိုလှုံနေရတယ်လို့ လူမှုကယ်ဆယ်ရေး လုပ်နေသူ တဦးက ပြောပြပါတယ်။

မြောက်ဦးမြို့နယ် တစ်လုံးမှာတော့ အိမ်တွေ ရွာတွေကို ရေဖုံးလွှမ်းထားပြီး ရေပင်လယ် အတိ ဖြစ်နေပြီလို့ မြောက်ဦး အလိုတော်ပြည့်ကျောင်းဆရာတော်က မိန့်ပါတယ်။

BBC Burmese
http://www.bbc.com/burmese