08/03/15





ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (သြဂုတ် ၃ရက်) နံနက်ပိုင်းက ပဲခူးမြို့ သို့ ရောက်ရှိနေပြီး ရွှေမော်ဓေါဘုရားလမ်းရှိ မိုးလုံလေလုံအားကစားရုံကြီးတွင် ယာယီစခန်းချလျှက်ရှိသော ရေဘေးဒုက္ခသည်များနှင့် သွားရောက်တွေ့ဆုံပြီး ဆန်အိတ် (၃၀၀)၊ ရေသန့် ဘူး (၇၅၀၀)၊ ဓါတ်ဆားထုတ် (၅၀၀၀)၊ Chlorine အထုတ် (၂၄၀၀) (၁ ထုတ်လျှင် ရေဂါလံ ၂၀ ကိုသန့် စင်နိုင်ပါသည်) တို့ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ရေနစ်မြုပ်နေသည့် ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်သို့  လှေဖြင့်သွားရောက်ကာ အောင်ဇေယျာကျောင်းတိုက်တွင် ရေဘေးသင့်မိသားစု (၆၀၀) ခန့် ကို ဆန်၊ ရေသန့် နှင့် ဆေးဝါးပစ္စည်းများ ဆက်လက်လှူဒါန်းခဲ့ကြောင်းသိရသည်။ 

Ref : Daw Khin Kyi Foundation Facebook


 မြန်မာနိုင်ငံ တိုင်းဒေသကြီး ၁၄ ခု အနက် ၁၂ ခုမှာ ရေဘေးဒဏ် ခံစား နေရပြီး သိန်းနဲ့ချီတဲ့ လူတွေ ရေဘေး ဒုက္ခသည် ဖြစ် နေတယ် လို့ အစိုးရ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ကပြောပါတယ် ။

ရေကြီး ရေလျှံ မြေပြိုမှုတွေ ကြောင့် သေဆုံးသူ ထပ်တိုး လာနေတယ် လို့လည်း သိရပြီး ရခိုင် ပြည်နယ် ဘက်မှာ အသေအပျောက် ပိုများ နိုင်တယ် လို့လည်း သိရပါတယ် ။

ဒီနေ့အထိ မြန်မာ တနိုင်ငံ လုံး ရေကြီး မြေပြိုမှုတွေ ကြောင့် သေဆုံးသူ အရေ အတွက် ဟာ အစိုးရ အဖွဲ့တွေကနေ တဆင့် ရတဲ့ သတင်းတွေ အရ ၂၉ ဦး အထိ ရှိလာနေပါပြီ ။

ပျောက်ဆုံးနေသူ တွေ အများ အပြား လည်း ရှိပါတယ်။

အရေးပေါ် ဒေသ အဖြစ် အစိုးရ ကြေညာ ထားတဲ့ တိုင်းဒေသ ကြီးတွေ ဖြစ် တဲ့ ရခိုင် ချင်း စစ်ကိုင်းနဲ့ မကွေး တို့ မှာ သွားလာရ ခက်တဲ့ နေရာ တွေ ရှိနေပါတယ် ။

အနည်း ဆုံး မြန်မာနိုင်ငံ အနှံ့ မြို့ပေါင်း ၄ဝ ကျော် နဲ့ ကျေးရွာပေါင်း တထောင်ကျော် ရေဘေး ဒဏ် ခံ စားနေရပြီး နောက်ဆုံး ရတဲ့ သတင်းအရ မုံရွာမြို့ ဟာ ချင်းတွင်းမြစ် ရေလွှမ်းမယ့် အန္တရာယ် ကြုံ နေရသလို ဟင်္သာတ မြို့ ဟာ လည်း ရေကြီးမယ့် အလားလာ တွေ ရှိနေပါတယ်။

အစိုးရ ပုဂ္ဂလိက အကူ ညီပေးရေး အဖွဲ့ တွေ ရေဘေးသင့်ဒေသတွေ ကိုသွားပြီး မိမိ အစီအစဉ်တွေနဲ သွားနေကြ ပေမယ့် အကူညီပေးရေး ပစ္စည်းတွေ ဘယ်လောက် လိုအပ်တယ် ၊ ဘယ်နေရာ မှာ ဘာတွေ ရောက်နေပြီ ဆိုတဲ့ သတင်းအချက် အလက် ကို မရနိုင်တဲ့ အတွက် အခက် အခဲ တွေရှိနေတယ် လို့လည်း သိရပါတယ် ။

BBC Burmese
http://www.bbc.com/burmese

 ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်တို့အဖွဲ့ ရေဘေးအတွက် အလှူငွေကောက်ခံနေစဉ်။ Photo: Kyaw Zaw Win/ RFA
ရေဘေးဒုက္ခသည်တွေကို ငွေနဲ့ ရုပ်ဝတ္တုတင်မကပဲ စိတ်ဓါတ်ရေးရာအရပါ အားပေးကူညီကြဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင် က ဒီနေ့ ရေဘေးအတွက် အလှူငွေကောက်ခံနေစဉ် ပြောလိုက်ပါတယ်။

အစိုးရကိုချည်းဘဲ အားကိုးမနေဘဲ ပြည်သူအချင်းချင်း ၀ိုင်းဝန်းကူညီပေးကြဖို့ကို မင်းကိုနိုင် က   ပြောပါတယ်။

၈၈ အဖွဲ့ဝင်တွေနဲ့ အနုပညာရှင်တွေစုပေါင်းပြီး ဒီနေ့ ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ် ကမာရွတ်မြို့နယ်နဲ့ ရန်ကင်းမြို့နယ်တွေမှာ အလှူငွေကောက်ခံရာ မှာ နေ့လည်ပိုင်းအထိ ကျပ်သိန်း ၃၀၀ ကျော်လောက်နဲ့ လူသုံးကုန်ပစ္စည်းတွေ ရရှိခဲ့ ပါတယ်။ အလှူငွေကောက်ခံတဲ့အဖွဲ့တဲ့အဖွဲ့က နှစ်နေရာဖြစ်နေတာကြောင့် ဒီနေ့ ရရှိတဲ့အလှူငွေအတိအကျကို ပြောဖို့ ခက်ခဲတယ်လို့လည်း သိရပါတယ်။

ဒီနေ့ အလှူငွေကောက်ခံရာမှာ ၈၈အဖွဲ့နဲ့အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ ညိုညိုသင်း၊ အနုပညာရှင်တွေဖြစ်တဲ့ ဇင်ဝိုင်း၊ ချစ်သုဝေ၊ အိမ့်ချစ်တို့ ပါဝင်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဧရာဝတီတိုင်း ဒေသကြီး ကျိုက်လတ်မြို့တွင် ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေးဟောပြောပွဲ၌် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)အနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၁၃၃ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ယနေ့ ဆင်ဟွာသို့ ပြောကြားသည်။

အဆိုပါ အဖွဲ့ချုပ်အနေဖြင့် တိုင်းနှင့် ပြည်နယ် ၁၄ခုဖြစ်သည့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္လာရီတိုင်းနှင့် ဧရာဝတီတိုင်း၊ ရှမ်း၊ ရခိုင်၊ ကရင်၊ မွန်၊ ကချင်၊ ကယားနှင့် ချင်းပြည်နယ်တို့တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းကို သြဂုတ်လ ၁ရက်နေ့၌ အပြီးသတ် ထုတ်ပြန်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ ၃၉ နေရာလောက်တော့ ကိုယ်စားလှယ်လောင်း ရွေးတာ မပြီးလို့ ချန်ထားသေးတာရှိသေးတယ်” ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ပြောကြားသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည်သူ့လွှတ်တော် ၃၁၉ နေရာ၊ အမျိုးသားလွှတ်တော် ၁၆၅ နေရာ၊ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော် ၆၂၀ နေရာနှင့်
ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော် (တိုင်းရင်းသား ) ၂၉နေရာ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါဝင်ယှဉ်ပြိုင်ရန် နယ်ပယ်အသီးသီးက လျှောက်ထားသူများနှင့် ပါတီဝင်များအပါအဝင် လျှောက်ထားသူ ၃၀၀၀ နီးပါးရှိခဲ့ရာမှ  ၁၀၉၀ ကိုရွေးချယ်ခဲ့ကြောင်း ပါတီ ဗဟိုကော်မတီ ဦးထွန်းထွန်းဟိန်က ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ခုနှစ် ဧပြီတစ်ရက်နေ့တွင် လစ်လပ်နေရာ ၄၅နေရာအတွက် ကျင်းပခဲ့ရာ အတိုက်ခံပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ၄၃နေရာ အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည် နေရာရရှိခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာ ၈ ရက်နေ့၊ တနင်္ဂနွေနေ့ တွင် ကျင်းပမည်ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com


  နိုင်ငံတော်သမ်္မတဦးသိန်းစိန်သည် လာမည့်နိုဝင်ဘာ ရွေးကောက်ပွဲများ အလွန် ၂၀၁၆ ခုနှစ်အစောပိုင်း လက်ရှိသက်တမ်း ကုန်ဆုံးချိန်အထိ ၎င်းရည်မှန်းသည့် ပြုပြင်ပြောင်းလဲ ရေးအစီအစဉ်ကို ဆက်လက်အကောင်အထည် ဖော်သွားရန် ရည်ရွယ်ထားကြောင်းနှင့် လက်ရှိသက်တမ်းပြီးလျှင် အနားယူတော့မည်ဟု အစောပိုင်းက ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူက လိုလားလျှင် ဒုတိယသက်တမ်း ဆက်လက်တာဝန် ထမ်းဆောင်မည်ဟု မကြာသေးမီက အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။ ဇူလိုင် ၂၉ ရက် တွေ့ဆုံသည့် Asian Review အင်တာဗျူးတွင် ယခင်ပြောဆိုခဲ့သည့် သဘောထားကို ပြောင်းလဲပြီး ဒုတိယအကြိမ် သမ္မတသက်တမ်းကို ထမ်းဆောင်ရန် ဆန်္ဒရှိကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။

လွှတ်တော်တွင်းတွင် သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်နှင့် အတိုက်အခံပါတီ NLD မှ ဒေါ်အောင်ဆန်းစုကြည် တို့သည် အသက် ၆၀ ကျော်အရွယ် လူကြီးပိုင်းများ ဖြစ်နေကြသည်ကို သျိက်နှင့်ပင် နိုင်ငံကို လမ်းကြောင်းမှန်အောင် တည့်မတ်ပေးနိုင်သည့် လူငယ်များ နည်းလွန်းသည့်အတွက် ၎င်းင်းအနေဖြင့် ဒုတိယသက်တမ်းကို တာဝန်ယူလိုခြင်းဖြစ်ကြောင်း အဆိုပါအင်တာဗျူးတွင် ပြောဆိုခဲ့သည်။

“ကျွန်တော့်အသက်အရွယ်နဲ့ ကျန်းမာရေးအရ ကျွန်တော် အနားယူချင်ပါတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့နိုင်ငံမှာ တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် တည့်မတ်ပေးနိုင်တဲ့ လူငယ်နဲ့ လူလတ်ပိုင်း အရွယ်တွေ အင်မတန်ပဲနည်းပါးပါတယ်” ဟု သမ်္မတဦးသိန်းစိန်က ပြောဆိုခဲ့သည်။

သမ်္မတဖြစ်လိုပါက ရွေးကောက်ပွဲဝင်ရန်ပင် မလိုဟု အဆိုပါအင်တာဗျူးတွင် ဖြေကြားခဲ့ခြင်းနှင့် ပတ်သက်၍ သမ်္မတဦးသိန်းစိန်သည် ယခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူစိတ်ချ ယုံကြည်အပ်နှင်းလိုက်သည့် လွှတ်တော်အမတ်များက ရွေးချယ်ပေးရမည့် သမ္မတရာထူးကိုပင် မစောင့်နိုင်သူဟု NLD အဖွဲ့ဝင်တစ်ဦးကဆိုသည်။ “သူက သမ္မတကို ပြည်သူရွေးရတာ မဟုတ်ဘူး၊ အမတ်တွေရွေးရမှာဆိုပြီး ပြောနေသေးတယ်။ သမ္မတနေရာ သေချာနေရအောင် သူ့ပါတီ မဲအများဆုံးရဖို့ တစ်ခုတည်းကို ကြည့်တာမဖြစ်နိုင်ဘူး။ စစ်သား ၂၅ ရာခိုင်နှုန်း အားကိုးနဲ့ သူ့ကိုယ်သူ သမ္မတဖြစ်အောင်လုပ်မှာ၊ ၂၅ ရာခိုင်နှုန်းက သူ့အတွက် ဆိုတာသေချာနေပြီ။ သူပြောနေကျဖြစ်တဲ့ ပြည်သူတောင်းဆိုရင် ပြည်သူဆန္ဒရှိရင် ဆိုတာတွေနဲ့ တကယ်တမ်း သူကသမ္မတနေရာက မဆင်းချင်တော့ တာဖြစ်မှာပါ” ဟုဆိုသည်။

သမ္မတဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့် ၄ ပွင့်ဆိုင် ဆွေးနွေးရေးကိုလည်း ငြင်းပယ်ခဲ့ပြီး လွှတ်တော်တွင်းမှ တောင်းဆိုထားသည့် ၆ ပွင့်ဆိုင် တွေ့ဆုံရေးကို တစ်ခါသာ တွေ့ဆုံခဲ့ပြီး နောက်တစ်ကြိမ် တွေ့ဆုံရေးအတွက် အချိန်ဆွဲနေခဲ့သူဖြစ်ကြောင်း နိုင်ငံကိုတိုးတက် တည်ငြိမ်အောင် တည့်မတ်ပေးနိုင်သူသည် မြန်မာနိုင်ငံတွင် ဦးသိန်းစိန်တစ်ဦးတည်းရှိသည် မဟုတ်ကြောင်း၊ သက်သက်ဆင်ခြေပေးခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံရေးကျွမ်းကျင်သူ တစ်ဦးကသုံးသပ်ပြောဆိုသည်။

“တကယ်တော့ ပြည်သူလူထုဆန္ဒပေါ် မူတည်ပြီး သမ္မတ ပြန်လုပ်ချင်တယ်သာ ပြောတယ်၊ ပြည်သူ့ဆန္ဒကိုတောင်မစောင့်နိုင်ဘူး၊ ခေါ်သလား ခေါ်သလားဆိုပြီး စကားခေါ်နေတာ ပြည့်သူဆန္ဒ ဘယ်လိုလဲ ရွေးကောက်ပွဲရလဒ် ဘယ်လိုမှန်းတောင် မသိသေးဘူး” ဟု အဆိုပါအင်တာဗျုးတွင် နိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေများနှင့် ပြည်သူလူထု၏ ဆန္ဒ အပေါ်တွင်မူတည်ကာ သမ္မတတာဝန် ဆက်လက် ထမ်းဆောင်မည်ဆိုသော သမ္မတဦးသိန်းစိန်၏ ဖြေကြားချက်နှင့်ပတ်သက်၍ တိုင်းရင်းသားပါတီအမတ်တစ်ဦးက ဝေဖန်ပြောဆိုသည်။

မောင်နိုး
The Ladies News Journal
https://www.facebook.com/News.TheLadies

ယမန်နေ့ည ၁၂နာရီမှ ယနေ့ညနေ ၄နာရီအထိ တိုင်းထွာချက်အရ ရေမှာ ၂ပေခန့် ကျဆင်းပြီး တက်ခြင်း၊ကျခြင်းမရှိ တန့်နေကြောင်း သိရသည်။

ကျေးရွာအုပ်စုပေါင်း၂၄ ရွာမှ ပြည်သူများ ရေဘေးသင့်နေကြပြီး မြို့ပေါ်ရပ်ကွက် ၇ရပ်ကက်မှ ပြည်သူပေါင်း ခုနစ်သောင်းကျော် ရေဘေးသင့်နေကြသည်ဟု တရားဝင် စာရင်းဇယားအများအရ သိရသည်။

Nge Htwe- Kalaymyo

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.