08/05/15

 rakhine-flood-620.jpg ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာမှာ သြဂုတ်လ ၃ ရက်နေ့က ရေကြီးနေစဉ်

ရခိုင်ပြည်နယ်မှာ ရေဘေးကြောင့် သေဆုံးသူ ၅၀ ကျော်သွားပြီဖြစ်ပြီး လက်ရှိမှာ ဘူးသီးတောင်၊ မောင်တော၊ မြောက် ဦး၊ ကျောက်တော်၊ မင်းပြား စတဲ့မြို့နယ် ၅ မြို့နယ်ကို အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ရမယ့် မြို့နယ်တွေ အဖြစ်သတ်မှတ် ထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။ အဲဒီမြို့နယ် ၅ ခု ဟာ ရခိုင် ပြည်နယ်မှာ ပျက်စီးဆုံးရှုံးမှုအများဆုံးမြို့နယ်တွေဖြစ်တာကြောင့် အခုလိုသတ်မှတ် ထားတာလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောပါတယ်။

"ဘူးသီးတောင်၊ မောင်တောဆိုရင် လေတိုက်တဲ့ဒဏ်အများဆုံးခံရတယ်၊ နောက်ပြီးတော့ ဘူးသီးတောင်ဆို ရင်ရေမြုပ်တဲ့ဒဏ်ကိုအများဆုံးခံရတယ်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားဆိုရင်တော့ ရေတက်တဲ့ဒဏ်တွေကို အများဆုံးခံလိုက်ရတော့ ပျက်ဆီးဆုံးရှုံးမှုများတဲ့ ၅ နေရာကို ဆွဲထုတ်ပြ တာပါ၊ လေယာဉ်တွေနဲ့ တစ်နေ့ကို ၄၊ ၅၊ ၆ ခေါက်လောက်တော့ပို့နေတယ်၊ အလှူရှင်တွေလည်းရှိတယ်၊ နိုင်ငံတော်ကလည်း ပါတာပေါ့၊ မြို့နယ်အသီးသီးက တင်ပြလာတဲ့အပေါ်မှာ ကျနော်တို့သွားပြီးတော့ ဝေငှဖြန့် ဖြူးပေးနေတာပါ"

ဒါ့အပြင် နေအိမ်ပေါင်း တစ်သောင်းနီးပါးနဲ့ စာသင်ကျောင်း ၂၀၀ ကျော်၊ ဘုန်းကြီး ကျောင်း ၁၀၀ နီးပါး၊ လယ်ယာမြေ ဧကပေါင်း တစ်သိန်းခုနစ်သောင်းကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရေဘေးသင့်ဒေသတွေကို ရဟတ်ယာဉ် ၅ စီး၊ တပ်မတော်ရေယာဉ် ၅ စီးနဲ့ စားနပ်ရိက္ခာတွေ ပို့ဆောင်ပေးနေရာ တချို့လေယာဉ် မဆင်းနိုင်တဲ့ နေရာတွေမှာ ဆန်နဲ့ စားနပ် ရိက္ခာတွေကို ရဟတ်ယာဉ်ပေါ်က ပစ်ချပေးနေပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသတွေကို မနက်ဖြန် လာရောက်ကြည့်ရှုမယ်လို့လည်း သိရပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang ဟာ မနေ့ညက ရခိုင်ပြည်နယ် ရေဘေး ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၁သိန်းလှူဒါန်းလိုက်ပြီး မြောက်ဦးမြို့က ရေဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။ တရုတ်သံအမတ်ဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ အလှူငွေပေးအပ်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်က ရေဘေး ဒုက္ခရောက်နေတဲ့ ဒေသတွေ ပြန်လည်ထူထောင်နိုင်ရေး အတွက် တရုတ်အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ကူညီဆောင် ရွက်သွားမယ်လို့ပြောခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက ရေဘေးကယ်ဆယ်ရေးကျွမ်းကျင်အဖွဲ့တစ်ဖွဲ့ဟာလည်း မနေ့က ရန်ကုန်မြို့ကို ရောက်ရှိပြီး လိုအပ်ရင် ရခိုင်ပြည်နယ်ကို ရောက် ရှိနိုင်အောင် စီစဉ်ပေးသွားမယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ အရေးကြီးတဲ့ စီးပွားရေးလမ်းကြောင်းထဲမှာ ပါဝင်နေပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းမှာ ပါဝင် နိုင်အောင် မြန်မာအစိုးရနဲ့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသလို တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လည်း အရေးပါတဲ့ စီမံကိန်းဖြစ်တယ်လို့ Mr. Hong Liang က ပြောပါတယ်။

RFA
http://www.rfa.org/burmese/news/rakhine-floods-50-death-08052015103409.html


မန္တလေးမြို့မှာ ရေဘေးဒုက္ခသည်တွေအတွက် အလှူငွေရှာဖွေရေးကို လူမှုရေးအသင်းအဖွဲ့တွေ၊ နိုင်ငံရေးအင်အားစုတွေအပြင် ပန်းချီ အနုပညာရှင်တွေကလည်း ပါဝင်ဆောင်ရွက်ပေးနေပါတယ်။

RFA



နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့ အစုအဖွဲ့မှာပါဝင်မှု စတဲ့ပုဒ်မတွေ နဲ့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဗကသကျောင်းသူ မပိုပိုကို ကမာရွတ်မြို့နယ်တရားရုံးက ဇူလိုင်လ ၃ဝ ရက်နေ့မှာ အာမခံငွေ ကျပ်သိန်းတစ်ရာနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ မပိုပိုကို RFA သတင်းထောက် မဝေမာထွန်းက RFA ရန်ကုန်ရုံးမှာ တွေ့ဆုံမေးမြန်းထားပါတယ်။

RFA


 မြန်မာနိုင်ငံအနှံ့ ဖြစ်ပေါ်နေသည့် ရေလွှမ်းမိုးမှုများနှင့် ပတ်သက်၍ အစိုးရ၏ အရေးယူ ဆောင်ရွက်မှု အားနည်း ချက်ကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ထိခိုက်နှောင့်နှေး နေခဲ့ရသည်ဟု အစိုးရက ၀န်ခံခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများတွင် အင်္ဂါနေ့ က ဖော်ပြခဲ့သည်။ ရေပြည့်လျှံနေသည့်မြစ် များကြောင့် ရေလွှမ်းမိုးသည့် နေရာသစ်များ ရှိလာနိုင်သည်ဟု သတိပေး ထားသည်။ မုတ်သုန်မိုး ပုံမှန်မဟုတ်ဘဲ အားကောင်းမှုကြောင့် မြန်မာနိုင်ငံ အနှံ့ နေရာအများအပြားတွင် ရေလွှမ်းမိုးခဲ့ပြီး ရေကြီးခြင်း၊ မြေပြိုခြင်း တို့ကြောင့် အနည်းဆုံး လူ ၄၆ ဦး သေဆုံးခဲ့သည်။

ယခင် စစ်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် အစိုးရအဖွဲ့သည် သဘာဝဘေးအန္တရာယ် အတိုင်းအတာ ကို လျှော့ ချဖော်ပြခဲ့ပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအား အချိန်မီ လုံလောက်စွာ သတိပေးခဲ့ခြင်းမရှိသဖြင့် လူမှုကွန်ရက်များ တွင် ဝေဖန်လျက် ရှိကြသည်။ “သဘာဝဘေးအန္တရာယ်ကို အစိုးရ၏ တုံ့ပြန်မှုအားနည်း ချက်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နားလည်မှု လွဲမှားစေခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကို ကိုးကား၍ဖော်ပြခဲ့သည်။

အရပ်ပညာရှင်များ၏ ဖိအားပေးပြောဆိုမှုများကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း တို့ကို ဘေးအန္တရာယ် ကျရောက်နေသော ဒေ သများအဖြစ် အစိုးရက ကြေညာခဲ့သည်။

"ဒီနိုင်ငံက ဘယ်လို နိုင်ငံဖြစ်နေလဲ ဆိုတော့ လုပ်စရာရှိတာကိုတော့ ဟန်ပြအဖြစ် အကုန်လုပ်ပြနေတာပဲ ။ လက်တွေ့ အကောင် အထည်ဖော် တာမှာတော့ အလွန်ညံ့တဲ့နိုင်ငံ ၊ အဲဒီ တော့ဘယ်လိုမှမတိုးတက်နိုင်ဘူး ။ တစ်ခုခုဖြစ်လိုက် ကောက်လုပ် လိုက်နဲ့ ကောက်ရိုးမီးပဲ ။ နာဂစ်ကိုပဲ ကြည့်လေ။ နှစ်နှစ်လောက်တော့Shelter တွေ ဆောက်ဘာတွေဆောက်နဲ့ ပေါ့လုပ်ပြတယ် ။ အခုလည်းကျရော ဘယ်သူမှလှည့်မကြည့်တော့ဘူး ။ ဒါက နိုင်ငံနဲ့ လူမျိုးရဲ့ ရှက်စ ရာကောင်းတဲ့ အကျင့်ပေါ့ ။" ဟု မိုးဇလ ပညာရှင် ဦးထွန်းလွင် ပြောကြား ခဲ့သည်။

ဒေသအများအပြားတွင် လွှမ်းမိုးနေသည့် ရေများက မြစ်များအတွင်း စီးဝင်နေသဖြင့် ရေလွှမ်းမိုးမှုမှာ နိုင်ငံ၏ တောင်ဘက်သို့ ပျံ့နှံ့လာနေပြီး လူသေပျောက် အများဆုံးဖြစ်သည့် ရခိုင်ဒေသသို့ သွားရောက်အကူ အညီပေးနိုင်ရန် အခက်အခဲများ ရှိနေသည်ဟု သတင်းများ က ဖော်ပြလျက်ရှိသည်။ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၌ အင်္ဂါနေ့အစောပိုင်းတွင် စစ်သားများက ကယ်ဆယ်ရေးပစ္စည်းများကို ရဟတ်ယာဉ်များပေါ် တင်နေသည်ကို တွေ့ရသည်ဟု AFP သတင်းထောက်က ပြောကြားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းနှင့် အားကောင်းသည့် မုတ်သုန်မိုး တို့ကြောင့် ရေလွှမ်းုမိးကာ အဆက်အသွယ်ပြတ်တောက်နေသည့် ကျေးရွာ များသို့ ရောက်ရှိနိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များက အပြင်းအထန် ကြိုးစား လျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်း ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏကို အပြည့်အ၀မသိရသေးပေ။ ရခိုင်ပြည်နယ်တစ်ခုတည်းတွင်ပင် တနင်္ဂနွေနေ့အထိ စာရင်းအရ သေဆုံးသူ ၃၇ ဦးရှိပြီဟု စစ်တွေမြို့ရှိ ရဲအရာရှိတစ်ဦးကဆိုသည်။

လမ်းများ ရေကျော်ပျက်စီးမှု၊ ဖုန်းလိုင်းနှင့် လျှပ်စစ်ဓာတ်အားပေးလိုင်းများ ပျက်တောက်မှုတို့ကြောင့် သတင်းအချက်အလက်များ ပြည့်စုံခြင်း မရှိပေ။ ရေလွှမ်းမိုးသည့်ဒေသများ ထပ်မံကျယ်ပြန့်လာနိုင်သဖြင့် သေဆုံးသူ အရေအတွက် တိုးလာနေသည်ဟု သတိပေးမှုများရှိသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ် မြေနိမ့်ဒေသတွင် ရေလွှမ်းမိုးနိုင်ကြောင်း သတိပေးထားပြီး ရေလွှမ်းမိုးမှုဒဏ်ခံရသူများ ပိုမိုရှိလာနိုင်ကြောင်း လူမှုဝန်ထမ်းဝန်ကြီးဌာနမှ အရာရှိတစ်ဦးဖြစ် သူ ဒေါ်လဲ့လဲ့ထွန်း က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ယခင်စစ်အစိုးရသည် ၂၀၀၈ က လူ ၁၄၀၀၀၀ နီးပါး သေဆုံးစေခဲ့သည့် နာဂစ်မုန်တိုင်းကာလ တွင် လေးလံနှေးကွေး သည့် ဆောင်ရွက်မှု များကြောင့် ဝေဖန်ခံခဲ့ရသည်။ နိုဝင်ဘာရွေးကောက်ပွဲ နီးလာချိန်တွင် လက်ရှိအရပ်သားတစ်ပိုင်း အစိုးရက ရေလွှမ်းမိုးမှုအား ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်နေကြောင်း ပြသလိုလျက်ရှိသည်။

သို့သော် လူမှုကွန်ရက်များတွင် ပြည်သူများ၏ ဝေဖန်မှုများ အများအပြား ထွက်ပေါ်လာနေသဖြင့် “လူထုအား ထိတ်လန့်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် မမှန်သတင်းများ ဖြန့်ဝေသူကို အရေးယူမည်” ဟု အစိုးရက ကြေညာထားသည်။ ထိုသို့ ဖြန့်ဝေသူများအား ၁ နှစ်အထိ ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်မည်ဟု နိုင်ငံတော်သမ္မတရုံး၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies


 လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းနှင့် ပဲခူးတိုင်း ဒေသကြီး တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့်‌ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာခဲ့ကာ၊ မွန်ပြည်နယ်တွင် ဒေသအလိုက်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပူတာအိုမြို့တွင် (၅.၂၄)လက်မ၊ သထုံမြို့တွင် (၄.၈၄)လက်မ၊ မော်လမြိုင်မြို့တွင် (၄.၇၆)လက်မ၊ လောင်းလုံးမြို့တွင် (၄.၅၇)လက်မ၊ ပေါင်မြို့တွင် (၄.၂၁)လက်မ၊ ထားဝယ်မြို့တွင် (၂.၈၄)လက်မ၊ ကိုကိုးကျွန်းမြို့တွင် (၂.၆၈)လက်မ၊ မြစ်ကြီးနားမြို့တွင် (၂.၆၃)လက်မ၊ ဘားအံမြို့နှင့် လှိုင်းဘွဲမြို့တို့တွင် (၂.၆၀)လက်မစီတို့ ဖြစ်ကြ ပါသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားနည်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ် တို့တွင် နေရာကွက်ကျား၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့်‌ မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်‌ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ ဆက်လက်အားကောင်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
https://www.facebook.com/dmhmoezalanaypyitaw

(ရေကျပြီး အိမ်တစ်အိမ်မြင်ကွင်း)
 ရန်ကုန်၊ သြဂုတ် ၅

 ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ငါးရမကျေးရွာတွင် အိမ်အလုံးပေါင်း ၂၀ ရေနှင့် အတူ မျောပါသွားခဲ့ပြီး ရွာသား ၇၅ ရာခိုင်နှုန်းမှာ အစားအစာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသော်လည်း ယခုအချိန်ထိ အစိုးရထံမှ အကူအညီ မရရှိသေးကြောင်း ယင်းကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍိတက နိရဉ္စရာသို့ မိန့်ကြားသည်။

“ အခုအချိန်ထိ ဆန် ၅ အိတ်၊ ရေသန့်ဗူး ၅ ပါကင်၊ မက်မန်း ခေါက်ဆွဲ သုံးဖာဘဲ ရသေးတယ်။ ဒါကလည်း ရန်ကုန်က မေတ္တာမျှဝေ လူငယ် ပရဟိတ အဖွဲ့က လှူတာပါ။ အစိုးရဆီက မဟုတ်ပါဘူး” ဟု ဆရာတော်က မိန့်ကြားသည်။

ငါးရမ ကျေးရွာတွင် အိမ်ခြေ ၁၈၀ ရှိပြီး အများစုမှာ စားရေးသောက်ရေးနှင့် အခက်ကြုံနေရသည်ဟု ဆိုသည်။

“ ဦးဇင်းတို့ အုပ်စုမှာ ရွာလေးရွာ ရှိပါတယ်။ငါးရမရယ်၊ ၀င်းစားရွာရယ်၊ နောက် လောင်မီးနဲ့ ငါးပ၀ ရွာတို့ ဖြစ်ကြပါတယ်။ ဦးဇင်းတို့ရွာမှာဆိုရင် အများစုက အခက်အခဲကြုံနေရတယ်။ အနည်းစုကတော့ ဘာမှ မဖြစ်ခဲ့ဘူးပေါ့။ အများစုက အကူအညီတွေ အခုအချိန်ထိ ဘာမှ မရသေးဘူး။ ဒါကို အလှူရှင်တွေ သိအောင် ကြေညာပေးစေလိုပါတယ်” ဟု ဆရာတော်က ဆိုသည်။

ရွာတွင် စပါးကျီအများအပြား ရေနစ် ပျက်စီးခဲ့သလို စပါးစိုက်ခင်းများမှာလည်း ရွံ့နွံများ ဖုံးလွှမ်းနေကာ ပျက်စီးနေသည်ဟု ဆိုသည်။ ကျွဲနွား သေဆုံးမှုနှင့် ပျောက်ဆုံးမှုမှာ ကောင်ရေ ၈၀ ခန့်ရှိကြောင်း ဆရာတော်က ဆိုသည်။

ရွာသားများ လက်ရှိ အဓိက လိုအပ်နေသည်မှာ ဆန်နှင့် ရေသန့်ဗူး ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

Arakan State
https://www.facebook.com/NarinjaraNews


CB Bank Foundation ၊ KMA Foundation နှင့် Golden Myanmar Airline တို့ ဦးဆောင်၍ ရေဘေးသင့်ဒေသများသို့ ကူညီပံ့ပိုးမှု အဖွဲ့မှ ငွေကျပ်သိန်းတစ်သောင်းတစ်ထောင် မတည်ပြီး လူမှုရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။

CB Bank Foundation မှ သိန်း (၃,၀၀၀)၊ KMA Foundation မှ သိန်း (၃,၀၀၀)၊ ရွှေမြန်မာလေကြောင်းလိုင်း မှ သိန်း (၁,၅၀၀)၊ Myanmar Microfinance Bank မှ သိန်း (၁,၀၀၀)၊ CB Insurance မှ သိန်း (၅၀၀)၊ ပါရမီ ဆေးရုံ မှ သိန်း (၅၀၀)၊ Central Corporate Society မှ သိန်း(၅၀၀)၊ Kaytumadi Co.Ltd မှ သိန်း (၅၀၀)၊ Global Grand Group Co.Ltd မှ သိန်း (၅၀၀) အသီးသီးထည့်ဝင်ခဲ့ကြသည်။

ထို့ပြင် ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် အကူအညီများအား ရွှေမြန်မာလေကြောင်းလိုင်း လေယာဉ်များဖြင့် ရေဘေးသင့်သည့် ဒေသများသို့ တိုက်ရိုက် ပို့ဆောင်၍သော်လည်းကောင်း ၊ အနီးစပ်ဆုံး ဒေသများသို့ သွားရောက်၍သော်လည်းကောင်း ၊ ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။

ရေဘေးသင့်ပြည်သူများ လက်ရှိအခြေအနေတွင် လိုအပ်သော အစားအစာ၊ ရေသန့် ဆေးဝါးများကိုလည်း အမြန်ဆုံးဖြန့်ဖြူးသွား၇န် စီစဉ်ပေးသွားမည်ဖြစ်သည်။ လှူဒါန်းလိုသည့် အခြားသော စေတနာရှင် အလှူရှင်များ၏ အလှူငွေနှင့် ပစ္စည်းများကိုလက်ခံကာ ရေဘေးသင့်ဒေသ များသို့ တဆင့်ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်းသိရသည်။

ရခိုင်ဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် အကူအညီများကို အလိုတော်ပြည့်ဆရာတော်၏ အစီအမံဖြင့် စစ်တွေလေဆိပ်သို့ ပို့ဆောင် ပေးသွားမည်ဖြစ်သကဲ့သို့ အခြား ရေဘေးသင့်ဒေသ များရှိ ပြည်သူလူထု အတွက်လည်း အကူအညီများကို လက်ရောက်ပေးအပ် သွားမည်ဖြစ်သည်။

Golden Myanmar လေကြောင်းလိုင်းမှ အလှူရှင်များ၏ အလှူပစ္စည်းများကို သယ်ဆောင်ပြီး ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ ကလေး စသည့် မြို့ကြီးများသို့ အခမဲ့ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ အကူအညီ ပေးအပ်ရန်အတွက် မော်တော်ကားလေယာဉ်ဖြင့်သွားရောက်ရန်ခက်ခဲသည့်ဒေသများသို့ ရဟတ်ယာဉ်များ၊ မော်တော်ဘုတ်များဖြင့် အနီးစပ်ဆုံး သွားရောက်လှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

အဆိုပါ ဖောင်ဒေးရှင်းကို စီဘီဘဏ် ဥက္ကဌ၊ နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့၊ အဖွဲ့ဝင်ဖြစ်သော ဦးခင်မောင်အေးက နာယက အဖြစ် ဆောင်ရွက်ကာ သြဂုတ်လ (၃)ရက်နေ့ မနက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းနေ့ သြဂုတ်လ (၃)ရက်မှ စတင်ပြီး ပထမဆုံး အခေါက်အဖြစ် ကုန်ပစ္စည်း (၁၀)တန်ကို စစ်တွေမြို့ နှင့် ကလေးမြို့ များသို့ လေကြောင်း ဖြင့် ပို့ဆောင်ပေးခဲ့သည်။

CB Bank Founation ၊ KMA Founation နှင့် Golden Myanmar Airline တို့ ဦးဆောင်၍ ရေဘေးသင့်ဒေသများသို့ ကူညီပံ့ပိုးမှု အဖွဲ့နှင့် ပူးပေါင်းကာ လှူဒါန်းလိုသူများအနေဖြင့် CB ဘဏ်များ၊ Golden Myanmar လေကြောင်းလိုင်း ရုံးခန်းနှင့် ဖုန်းနံပါတ် ၀၉-၉၇၇၉၉၆၆၁၅၊ ၀၉-၇၃၉၀၂၄၈၇၊ ၀၉-၄၂၀၁၁၇၆၉၆ များသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်းသိရသည်။

CB Bank ( Co-operative Bank Ltd. ) ‪#‎CBBankNews‬
https://www.facebook.com/CBBankmyanmar

ရခိုင်ပြည်နယ် မြောက်ဦးဒေသရှိ ရေဘေးသင့်ပြည်သူများ (ဆင်ဟွာ)
    ရန်ကုန် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)

    ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီး ရွေးကောက်ပွဲ ဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့် ကျင်သော နိုင်ငံသား ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့် ရသူတိုင်းသည် နိုင်ငံသား စိစစ်ရေး ကတ်ပြား၊  အိမ်ထောင်စု စာရင်းများ ပျက်စီး ပျောက်ဆုံး သွားသော်လည်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး စီစဉ် ဆောင်ရွက်ထားပြီး မဲဆန္ဒရှင် ပြည်သူလူထုသည် ဥပဒေနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အသိပေး ကြေငြာလိုက်သည်။

မဲဆန္ဒရှင်များသည် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် မဲရုံသို့ လာရောက် ဆန္ဒမဲပေးရာတွင် လွယ်ကူစေရန် မဲဆန္ဒရှင် သက်သေခံ လက်မှတ်များကို မဲဆန္ဒရှင်များသို့ ရွေးကောက်ပွဲနေ့ ရက် မတိုင်မီ တစ်ပတ်ခန့် အလိုတွင် ထုတ်ပေးရန် စီစဉ်ဆောင်ရွက်ထားသည်။ မဲဆန္ဒရှင်များသည် မှတ်ပုံတင်ကတ်ပြား ၊ အိမ်ထောင်စု စာရင်းများ ပျောက်ဆုံးသော်လည်း သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ ခွဲများထံမှ မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ ထုတ်ယူပြီး ဆန္ဒမဲပေးနိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ဇွန် ၊ ဇူလိုင်လ အတွင်း မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့ တွင် ရေကြီး ရေလျှံမှုများ ၊ မြေပြိုမှုများ စသည့် သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားပြီး အချို့ သော မဲဆန္ဒရှင် ပြည်သူများ၌ ပစ္စည်းဥစ္စာများ ဆုံရှုံးခြင်း ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ၊ အိမ်ထောင်စု စာရင်းများ ပျက်စီး ပျောက်ဆုံးခြင်းများ ရှိကြောင်း ကြားသိရသည်ဟု ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် တစ်နိုင်ငံလုံး၏ အခြေခံ မဲဆန္ဒရှင် စာရင်း ပြုစုရရှိထားပြီး ဖြစ်၍ မဲပေးပိုင်ခွင့် ရှိသူများ၏ အမည်စာရင်းများ မှန်ကန်ရေး ဆောင်ရွက်လျှက် ရှိသည်။ အတည်ပြု မဲစာရင်းများကို သြဂုတ်လ ကုန်ပိုင်းခန့် တွင် ကြိုတင်အသိပေး ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ရာ မဲဆန္ဒရှင်များသည် သတ်မှတ်ထားသည့် ၁၄ ရက်အတွင်း ပုံစံ ၃ ဖြင့် မဲစာရင်းတွင် အမည် ထည့်သွင်းပေးရန် တောင်းဆိုခြင်း ၊ ပုံစံ ၄ ဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသော ကန့် ကွက်လွှာ တင်သွင်းခြင်း ၊ ပုံစံ ၄-ဂ ဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ ကို လုပ်ဆောင်နိုင်ခွင့် ရှိနေကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com

ရခိုင်ပြည်နယ် မြောက်ဦးဒေသရှိ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်ဆီး သွားသော လယ်ယာမြေများ အား မြင်တွေ့ရစဉ် (ဆင်ဟွာ)
   ရခိုင် ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

    တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်ရာ ရခိုင်ပြည်နယ် အတွင်းရှိ မြို့ နယ် အများအပြား ရေဖုံးလွှမ်းနေသော်လည်း ရခိုင်ပြည်နယ်၌ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ထိခိုက်နိုင်ခြင်း အခြေအနေမရှိကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သြဂုတ်လ ၅ ရက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရုံး၌ သတင်းမီဒီယာများနှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။

“ မထိခိုက်နိုင်ပါဘူး။ အခုဆိုရင် ရခိုင်ပြည်သူ/ပြည်သားများ ၊ ရခိုင်ပြည်နယ် အစိုးရနဲ့ တပ်မတော် တို့ ပေါင်းလုပ်တဲ့အခါကြတော့ အခု လမ်းကြောင်းပေါ်မှာ သွားနေတယ်လို့ ပြောပါရစေ။ ရွေးကောက်ပွဲကတော့ အားလုံး စီမံထားပြီးသားပါ။ ရေကျထားတာနဲ့ တပြိုင်နက် ပုံမှန်အခြေအနေ ပြန်ရောက်သွားမှာပါ။ လမ်းတွေလည်း တစ်ပတ်အတွင်း အားလုံးကောင်းသွားမယ့် သဘောရှိတဲ့အတွက် ရွေးကောက်ပွဲအတွက် ထိခိုက်စရာ အကြောင်းမရှိပါဘူး”ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရေကြီး ရေလျှံမှုများကြောင့် ဘူးသီးတောင် ၊ မောင်တော ၊ မင်းပြား ၊ မြောက်ဦး ၊ ကျောက်တော် ၅ မြို့ နယ်ကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ် ဆောင်ရွက်နေပြီး နောက်ဆုံး ရရှိထားသည့် စာရင်းများအရ ရခိုင်ပြည်နယ်တွင် သေဆုံးသူ ၄၇ ဦးအထိ ရှိနေပြီး သီးနှံစိုက်ဧက နှစ်သိန်းကျော် ပျက်စီး ဆုံးရှုံးခဲ့သည်။

မြန်မာနိုင်ငံအနှံ့ရေကြီး ရေလျှံမှုများကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ယခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည် စာရင်း တင်သွင်းရမည့် နောက်ဆုံးရက်ကို သြဂုတ်လ ၈ ရက် နေ့အထိ သတ်မှတ်ထားသော်လည်း သြဂုတ်လ ၁၄ ရက်သို့ တိုးမြှင့် သတ်မှတ်လိုက်သည်။

 (Xinhua)
http://www.xinhuamyanmar.com


 ကော့စ်ဘဇား၊ သြဂုတ် ၅

 ၁၀ ရက်ကြာ ရပ်နားခဲ့ရသည့် ဘင်္ဂလား မြန်မာနယ်စပ် ကုန်သွယ်မှု လမ်းကြောင်းကို ပြန်လည် ဖွင့်လှစ်လိုက်သော်လည်း သွားလာသူ နည်းပါးနေသေးသည်ဟု သိရသည်။

ဘင်္ဂလား မြန်မာ နေ့ချင်းပြန် တရားဝင်ကူးသန်းသွားလာမှုကို ကိုမန် မုန်တိုင်းကြောင်း ဇူလိုင်လ ၂၃
ရက်နေ့က နတ်မြစ် အတွင်း လှိုင်းထန်နေသည့်အတွက် သက်ဆိုင်ရာမှ စတင်ရပ်တန့်ထားခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလား မြန်မာနယ်စပ် နေ့ချင်းပြန် သွားလာမှုကို ရပ်တန့်ထားရာမှ ယမန်နေ့က
ပြန်လည် ဖွင့်လှစ်ပြီဖြစ်သော်လည်း သွားလာသူ နည်းပါးနေသည်ဟု တက်ကနက် ဒေသခံ တစ်ဦးက ပြောဆိုသည်။

ဇူလိုင်လ တတိယအပတ်မှ စပြီး မိုးအဆက် မပြတ်ရွာသွန်းမှုကြောင်း စစ်တကောင်း
တောင်တန်း ဒေသ နေရာအများအပြား ရေနစ်မြုပ်ခဲ့ပြီး တောင်ပြိုကျမှုကြောင့် အနည်းဆုံး လူပေါင်း ခုနှစ်ဦး ဘင်ဒရိုဘင် ခရိုင်တွင် သေဆုံးခဲ့သည်။ ယင်းပြင် ကားလမ်းများလည်း ပိတ်ဆို့သွားခဲ့သည်။

အပျက်အစီးများကို ဘင်္ဂလာ သက်ဆိုင်ရာမှ ချက်ချင်းပြန်လည်ပြုပြင်နေသော်လည်း နယ်စပ် အချို့ဒေသများတွင် လျှပ်စစ်မီးယခု တိုင် ပြတ်တောက်နေဆဲဖြစ်ပြီး ကုန်းလမ်းဆက်သွယ်မှု ပြတ်တောက်နေဆဲဖြစ်သည်။

မောင်အေး
Arakan State
https://www.facebook.com/NarinjaraNews

ပုံ - ရေကြီးရေလျှံမှုကြောင့် ရေမြုပ်သွားခဲ့ရသော စပါးများကို ကျောက်တော်-မြောက်ဦးလမ်းတလျောက် သြဂုတ် ၄ ရက်နေ့က နေလှမ်းထားသည်ကို တွေ့ရစဉ်
 ရခိုင်ပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံတွင် ဖွင့်လှစ်ထားသည့် ရေဘေး ရှောင်စခန်းများနှင့် ကျေးရွာများ တွင် ဆန်နှင့်သောက် သုံးရေ အရေးပေါ် လိုအပ်နေကြောင်း ရေဘေးရှောင်စခန်းများတွင် ကူညီထောက်ပံ့ ပေးနေသော လူမှုအဖွဲ့အစည်းများ ကပြောသည်။

လက်ရှိအချိန်တွင် ရေကျသွားပြီးဖြစ်သည့်အတွက် နေရပ်သို့ ရေဘေးရှောင် တချို့ရွာသားများ ပြန်ကြပြီး ဖြစ်သော်လည်း ရေကြီးစဉ်ကာလအတွင်း ကျေးရွားများ၌လည်း သောက် ရေကန်များ ရေလွမ်းမိုးသွား ခဲ့သည့် အတွက် ကြောင်း သောက်သုံးရေရှားပါးမှု လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွား ခဲ့ရသည့် အတွက် စားနပ်ရိက္ခာပစ္စည်း များ ပြတ်လတ်မှု ဖြစ်ကာ ကုန်ဈေးနုန်းများလည်း ထိုးတက်မြင့်မားနေကြောင်း သိရသည်။

“မြို့ထဲမှာ ဓါတ်မီးတိုင်တွေ ပြိုလဲတယ် ။ သစ်ပင်တွေ ကျိုးတယ်။ တောင်ပြိုကျလို့ ဘူးသီးတောင်- မောင်တောကားလမ်းတွေ ပြတ်တောက်နေတယ်။ ကုန်ဈေးနုန်းတွေကလည်း ၂ဆ လောက်ကို မြင့်တက်နေတယ်။ စားရေးသောက်ရေးတော်တော်အခက်အခဲ ဖြစ်နေတယ်ဗျ” ဟု ရခိုင်အမျိုးသားပါတီမှ မောင်တောမြိုနယ်အလုပ်အမှု ဆောင်ဦးခင်မောင်သန်း က ပြောသည်။

မောင်တော်မြို့နယ်တွင် လူ ၃ ဦးသေဆုံးခဲ့ပြိး လူနေအိမ် ၊ ၂၀၃ ဆောင် ၊ စာသင်ကျောင်း ၅ ကျောင် ။ ဘုန်းကြီးကျောင်း ၆ ကျောင်း စိုက်ပျိုးမြေဧက ၃၀ ပျက်စီးသွားခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။ ယင်းအပြင် ရသေ့တောင်မြို့နယ်တွင်လူနေအိမ် ၁၄၅ ဆောင် ၊ စာသင်ကျောင်း ၆ ကျောင်း ၊ ဘုန်းကြီးကျောင်း ၂ ကျောင်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ကျော်တော်မြို့နယ်တွင် လူ ၁ ဦးသေဆုံးခဲ့ပြီး၊ လူနေအိမ် ၈၀၀ ကျော်၊ စာသင်ကျောင်း ၁၀ ကျောင်း ၊ တံတား ၁ စင်း၊ စိုက်ပျိုးမြေဧက ၉၉၄၀ ပျက်စီးဆုံးရူံးသွားခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ ထုတ်ပြန်သည်။

မြောက်ဦးမြို့နယ်တွင် သြဂုတ်လ ၄ ရက်နေ့အထိ ကောက်ယူထားသောစာရင်းအရ လူ ၁၀ ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၀၀၀ ကျော် ပျက်စီးဆုံးရူံးကာ စိုက်ပျိုးမြေဧက ၁၈၉၃၆၊ တံတား ၁ စင်း ပျက်စီးသွားခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှ ထံမှသိရသည်။

ပုဏားကျွန်းမြို့နယ်တွင် လူ ၁ ဦးသေဆုံးကာ လူနေအိမ် ၁၃၉၅ ဆောင်၊ စာသင်ကျောင်း ၂၈ ကျောင်း ၊ ဘုန်းကြီးကျောင်း ၇ ကျောင်းနှင့် စိုက်ပျိုးမြေဧက ၁၁၇၉၃ ပျက်စီးသွားခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ပုဏားကျွန်းမြို့နယ် ယိုးတရုတ် ကျေးရွာတွင် ကယ်ဆယ်ရေးစခန်း ၃ ခုရှိပြီးလူဥိးရေ ၁၃၀၀ ကျော်ခန့် ရေဘေးရှောင် ခဲ့ရကြောင်းသိရသည်။ လက်ရှိအချိန်တွင် ရေကျသွားသည့် ကျေးရွာသား တစ်ချို့ကို နေရပ်သို့ပြန်သွားပြီဖြစ်သော်လည်း ကျေးရွာ သောက်ရေကန်များ ရေနစ်နေဆဲဖြစ်သည့်အတွက် သောက်ဆုံးရေနှင့် ဆန်အိပ်များရရှိရေး အရေးပေါ် အကူအညီ လိုအပ်နေကြောင်း ယိုးတရုတ်ကျေးရွာ အရေးပေါ်ကယ်ဆယ်ထောက်ပံ့ရေး လူမှုအဖွဲ့ဝင်များကပြောသည်။

မင်းပြားမြို့နယ်အတွင်း ရေဘေးဒဏ်ကြောင့် လက်ရှိကောက်ယူထားသော စာရင်းအရ လူ ၁၀ ဦးသေဆုံးခဲ့ပြီး လူနေအိမ် ၁၂၀၀၊ စိုက်ပျိုးမြေ ၆၇၁၅ ဧက၊ တံတား ၁ စင်း ပျက်စီးသွားခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
“ဒီမှာအရေး ပေါ်လိုအပ်နေတာက သောက်သုံးရေပဲ ၊ ရေကန်တွေက ရေနစ်နေတဲ့အတွက် သောက်ရေ ၊ သုံးရေ တအား အခက်အခဲ ဖြစ်နေတယ်။ ဆန်ကလည်း ကုန်တော့မယ်။ အစိုးက မာမီးခေါက်ဆွဲနဲ့ ဆန်တွေ လာပေးတာတော့ ရှိတယ်”ဟု မင်းပြားမြို့နယ်မှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။

ကိုမန်ဆိုင်ကလုန်း မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင်း ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်တွင် ရေကြီး ၊ရေလျှံ ၊ ရေလွမ်းမှုများဖြစ်ပွားခဲ့ဖြစ်ပွားကာ မြို့ ကြီးများတွင်း လျှစ်စစ်မီးပြတ်တောက်ခြင်း၊ လမ်းဘေးသစ်ပင်များ ပြိုလဲခြင်း၊ ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့သည်။

အလားတူ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မြေပုံ စသည့်မြို့ နယ်များတွင် အနည်ငယ်ထိခိုက်ပျက်စီးမှုများရှိပြီး အဆိုပါ ရေဘေးကြောင်း စုစုပေါင်း ဆုံးရှုံးမှုမှာ သိန်းပေါင်း ၄၇၅၃၄ ကျပ် ဖြစ်ကြောင်း သိရသည်။

မြတ်ထွန်းဇံ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ညောင်တုန်းမြို့ရေနစ်နေပုံ (သြဂုတ် ၅၊ ၂၀၁၅။ ဓာတ်ပုံ/MOI)
 ဧရာဝတီတိုင်းအတွင်းက ညောင်တုန်းမြို့ကို လိမ္မော်ရောင်သတိပေးချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းမှာတော့ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေပြီး အန္တရယ်ရေမှတ်ကိုလည်း ကျော်လွန်နေပြီဖြစ်တာကြောင့် တားရိုးကျိုးပေါက်မှာကိုစိုးရိမ်ပြီး တပ်အင်အား၃ရင်း နဲ့ အတူ မြို့ခံတွေကပါ စောင့်ကြည့်နေကြပါတယ်။ ဒီအခြေအနေတွေကို VOA သတင်းထောက် မအေးအေးမာကသတင်းပို့ထားပါတယ်။

အင်္ဂါနေ့ကတော့ရေးဘေးဒဏ်ခံစားနေရတဲ့ဧရာဝတီတိုင်း၊ မြန်အောင်၊ ဟင်္သာတ၊ အင်္ဂပူ ၊ ညောင်းတုန်းမြို့တွေမှာ စိုးရိမ်ရေမှတ်တွေ ကျော်လွန်နေတာကြောင့် ဒေသခံတွေက မြို့ ကို သတိနဲ့ ကြိုတင်ပြင်ဆင်မူတွေလုပ်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းမှာပဲ ရေတက်လာတဲ့အခြေအနေကို ဒေသခံတဦးဖြစ်တဲ့ကိုလှထွန်းကအခုလိုပြောပါတယ်။

“အခုဟာက ကျွန်တော်တို့ ၂၅.၇ ဗျာ။ စိုးရိမ်ရေအမှတ်ထက် ၃ ပေ မြင့်သွားပြီ ခင်ဗျာ။ ကျွန်တော်တို့ ပျမ်းမျှ တာ အမြင့်က ၂၆ခွဲ ၂၇ လောက်တော့ရှိတာပေါ့။ ဟုတ်ကဲ့ စိုးရိမ်ရေအမှတ်ထက် ကျော်တယ်။ အန္တရယ်ရေအမှတ်ထက်လည်းကျော်နေပါတယ်။”

အခုလို စိုးရိမ်ရေမှတ်ရောက်နေပေမဲ့ တာရိုးကိုရေကျော်ဖို့က ၂ပေအမြင့်လောက် ကျန်နေသေးပြီး ညဦးပိုင်းအထိ တော့ တပ်မတော်အင်အား၃ရင်းနဲ့ အတူဒေသခံတွေအားလုံးစောင့်ကြည့်မူတွေလုပ်နေတယ်လို့ ဒေသခံကိုမျိုးသက်ကပြောပါတယ်။

“ရေကတော့ တက်နေတယ်ခင်ဗျာ။ ရေလျှံတဲ့နေရာတွေတော့ရှိတယ်။ သို့သော် ကျွန်တော်တို့က အဲဒီရေလျှံတဲ့နေရာတွေကို အားလုံး တပ်မတော်က တပ်ရင်း ၃ ရင်းနဲ့ဘဲ ရောက်လာပြီးတော့ ကျွန်တော်တို့ကို ၀ိုင်းပြီးကူညီပေးကြတယ်။ တပ်မတော်သားတွေရော၊ ရဲတွေရော၊ နောက်တခါ မြို့ခံပြည်သူလူထု၊ နိုင်ငံရေးပါတီက လူငယ်တွေ နောက် မြို့နယ်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်၊နောက်ပြီး လွတ်တော်ကိုယ်စားလှယ်တွေ ကြီးကြပ်ပြီးတော့ အခုအချိန်ထိကိုဘဲ အားလုံးတားထားနိုင်ပါသေးတယ်။ ညပိုင်းထိ စောင့်ကြည့်နေတာခင်ဗျာ။ လူတွေကို သင်းတွေအကုန်ချပြီးတော့ အဲဒီပုဂ္ဂိုလ်တွေအားကုန်လုံးစောင့်ကြည့်နေကြပါတယ်။ အချိန်နဲ့တပြေးညီ။”

ညောင်တုန်းကယ်ဆယ်ရေးစခန်းစာရင်း(သြဂုတ် ၅၊ ၂၀၁၅။ ဓာတ်ပုံ/MOI)
အင်္ဂါနေ့ကတော့ ညောင်တုန်းမြို့ကို လိမ်မ္မော်ရောင်အဆင့်ရှိတဲ့ အရေးပေါ်အခြေအနေသတ်မှတ်ပြီး မနက်ပိုင်းကစပြီးရေ၀င်နေရာတွေက ဒေသခံတွေကို ရေလွတ်ရာကယ်ဆယ်ရေးစခန်း ၁၀ခုဖွင့်ပြီး ကြိုတင်ပြင်ဆင်မူတွေလုပ်ထားတယ်လို့ဆိုပါတယ်။

“လိမ္မော်ရောင်အဆင့်သတ်မှတ်ပြီးတော့ ဆေးရုံက လူနာတွေ၊ နောက်ပြီးတော့ သွားရလာရခတ်တဲ့ သက်ကြီးရွယ်အိုတွေ ၊နောက် ကလေးတွေ၊ အဲဒါတွေကိုတော့ မနက် ကျွန်တော်တို့ ဆယ်နာရီ-ဆယ့်တစ်နာရီလောက်ကတည်းက စပြီးတော့ ကျွန်တော်တို့ ရေလွတ်ရာနေရာတွေကို ရွေ့ပေးထားပါတယ်။ ကြိုတင်ကာကွယ်မှုတွေလုပ်ထားပါတယ်။ ဟုတ်ကဲ့ပါ။ အခုလောလောဆယ်ကတော့ ကယ်ဆယ်ရေးစခန်အနေနဲ့ တရပ်ကွက်ကိုတခု မြို့နယ် ၁၀ ရပ်ကွက်ရှိတဲ့အတွက် ၁၀ခုဖွင့်ထားပါတယ်ခင်ဗျာ။”

စစ်ကိုင်းတိုင်း ရခိုင်ပြည်နယ်မကွေးတိုင်းပဲခူးတိုင်း ဧ၇ာဝတီတိုင်း ချင်း ပြည်နယ်ရှမ်းပြည် စတဲ့ တိုင်းနဲ့ပြည်နယ် ၁၄ခုထဲက ၁၂မှာသဘာဘေးဒဏ်တွေခံစားနေရပါတယ်။ ရက်ပေါင်း၂၀ခန့်ကြာတဲ့အထိ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အစိုးရက ထိထိရောက်ရောက်မလုပ်နိုင်သေးဘူးလို့ ဝေဖန်မူတွေလည်းရှိနေတာပါ။ အင်္ဂါနေ့မှာတော့ အစိုးရကနိုင်ငံတကာအကူညီပေးဖို့ တရားဝင်စတင်ပြောကြားလာပါတယ်။ အင်္ဂါနေ့မှာတော့ ဧရာဝတီတိုင်းညောင်းတုန်းမြို့မှာ လိမ္မော်ရောင်အဆင့်သတိပေးချက်ထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ အာဏာပိုင်တွေနဲ့ ဒေသခံတွေပူးပေါင်းပြီး ကြိုတင်ပြင်ဆင်မူတွေလုပ်ခဲ့တာဖြစ်ပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာမှာ သြဂုတ်လ ၃ ရက်နေ့က ရေကြီးနေစဉ်။ Photo: Min Thein Aung/RFA
 ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ပလက်ဝမြို့တွေက ရေးဘေးဒုက္ခသည်တွေအတွက် အကူအညီ အထောက်အပံ့ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ ရေဘေးကြုံရတဲ့ဒေသတွေထဲမှာ မြောက်ဦးမြို့နယ်က အဆိုးဆုံးခံရပြီး၊ ဆန်တစ်အိတ်ကို ကျပ်ငွေ ၅ သောင်းလောက်ဖြစ်နေတဲ့အတွက် ဆင်းရဲသားပြည်သူတွေ ဒုက္ခရောက်နေတယ်လို့ မြို့ဦးခေါင်းကျောင်းက အရှင်ဝိစိတ္တက RFA ကို မိန့်ပါတယ်။

"အခုဖြစ်နေတာ ရေနဲ့ကျန်းမာရေးပေါ့ ဆေးရုံကလည်း ရေမြုပ်သွားတော့ လူနာတွေအားလုံးကိုပြန်ပို့တယ်၊ ဝမ်းလျောကြတယ်၊ အပူများပြီးတော့ လည်ပင်းမှာ အကျိတ်တွေပေါက်ကြတယ်၊ သောက်ရေသန့်မရဘူးပေါ့၊ ဒုက္ခရောက်နေတာဘာလဲဆိုတော့ ဆန်တစ်အိတ်ကို နှစ်သောင်းတန်ကို ငါးသောင်းဖြစ်သွားတယ်"

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင်နဲ့အဖွဲ့ကတော့ မြောက်ဦးကို ဒီနေ့ရောက်နေပြီး အကူအညီတွေပေးနေတယ်လို့ သိရပါတယ်။ ပလက်ဝမြို့မှာလဲ အိမ်ခြေ ၄၀ လောက်ပြိုကျသွားပြီး လူ ၅၀၀ နီးပါးလောက်က ဝိသုဒ္ဒါရုံကျောင်းမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။ သူတို့အတွက်လည်း ကယ်ဆယ်ရေး အရေးပေါ်လိုအပ်နေတယ်လို့ ပလက်ဝမြို့ ယုဝကျောင်းက အရှင်ဝရ က RFA ကိုမိန့်ပါတယ်။

"ကမ်းပါးပြို တောင်တွေပြိုတဲ့နေရာမှာ အိမ်ခြေ ၅ဝ လောက်တော့ပါသွားတယ်၊ အကူအညီပစ္စည်းတွေလည်း ဘာမှမပေးဘူး၊ ဌာနကလည်းမလာကြဘူး၊ ဆန်ဈေးကလည်းကြီးနေတယ် ဝယ်ချင်လို့လည်း ဒီမှာမရဘူး"

ပလက်ဝမြို့ဟာ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်အစပ်ကဒေသဖြစ်တဲ့အတွက် အဲဒီဒေသကိုရောက်ဖို့ လမ်းပန်းဆက်သွယ်ရေးတွေ ခက်နေတယ်လို့လည်း သိရပါတယ်။ ဒီအတောအတွင်းမှာပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသတဝိုက်က ရွာတွေလည်း ရေဘေးဒုက္ခကြုံနေရပြီး၊ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ပွင့်ဖြူမြို့နယ်၊ ညောင်ခြံရွာကို သွားနေတဲ့ တနိုင်တပိုင် ကိုယ်ထူကိုယ်ထ ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများ။ (သြဂုတ် ၄၊ ၂၀၁၅။ ဓာတ်ပုံ/ကိုသာကူ)
 မြန်မာနိုင်ငံမှာ လတ်တလော ကြုံတွေ့နေရတဲ့ သိန်းနဲ့ချီတဲ့ ရေဘေးဒုက္ခသည်တွေအတွက် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံတကာသံရုံးတွေ၊ ကုလသမဂ္ဂအပါအ၀င် လူသားချင်စာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက စာရေး ပန်ကြားထားပါတယ်။ အခုချိန်ထိတော့ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းက ဘယ်လိုပစ္စည်းတွေ လှူမယ်ဆိုတဲ့စာရင်း အတိအကျ မရသေးဘူးလို့ နိုင်ငံခြားရေးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောပါတယ်။ ဒီအတောအတွင်း မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ကလည်း နိုင်ငံတကာက မိတ်ဖက် အဖွဲ့အစည်းတွေထံ အကူအညီတောင်းထားပြီး ရေဘေးသင့်သူတွေကို ဆန်နဲ့ တခြား လိုအပ်တဲ့အကူအညီတွေကို ပို့ပေးနေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ရေဘေးသင့် ပြည်သူတွေ လိုအပ်နေတဲ့ အစားအသောက်၊ ဆေးဝါးနဲ့ တခြား အရေးပေါ်ပစ္စည်းတွေ ကူညီလိုက အကူအညီပေးကြဖို့ ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံခြား သံရုံးတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထံ စာရေးပန်ကြားထားတယ်လို့ နိုင်ငံခြားရေးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

“ရန်ကုန်မှာရှိတဲ့နိုင်ငံခြားသံရုံးတွေ၊ နောက်ပြီးတော့ ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံကိုတွဲဖက်ကိုင်ထားတဲ့ သံရုံးတွေပေါ့နော်၊ နောက်ပြီးတော့ UN နဲ့ UN လက်အောက်ခံ အေဂျင်စီတွေကိုလည်း စာပေးပို့ပြီးတော့ လှူမယ်ဆိုရင် လှူလို့ရပါတယ်၊ တကယ်လို့ cash လှူချင်ရင်လည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးကနေဖွင့်ထားတဲ့ အကောင့်မှာ ပေးပို့ပြီးတော့ လှူဒါန်းနိုင်ပါတယ်၊ နောက်ပြီးတော့ ပစ္စည်းတွေလှူချင်တယ်ဆိုရင် Suggested List of Humanitarian Assistant Item ဆိုပြီးတော့လည်း သံရုံးတွေကိုတော့ အသိပေးထားပါတယ်ဗျ။ အဲဒီမှာ အစားအသောက်တို့၊ ဆေးဝါးတို့၊ စောင်တို့၊ Solar lamp တို့၊ Emergency lamp တို့၊ နောက်ပြီးတော့ Boat တို့၊ Life Jacket တို့၊ အဲလိုမျိုးလေးတွေကိုလည်း ကျနော်တို့ ဒီမှာရှိတဲ့သံရုံးတွေကိုတော့ အကြောင်းကြားထားပါတယ်ခင်ဗျ။”

အဲဒီလို အကူအညီတောင်းခံတဲ့ ပန်ကြားချက်ကိုတော့ သြဂုတ်လ ၃ ရက်နေ့ည ၈ နာရီသတင်းမှာ စတင် ကြေညာခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့ သတင်းစာမှာလည်း ဆက်သွယ်ရမယ့်လူ အမည်စာရင်းနဲ့တကွ ဖော်ပြပေးထားတယ်လို့ ဆိုပါတယ်။ အခုချိန်မှာ နိုင်ငံတကာက အကူအညီတွေ ရောက်မလာသေးပေမယ့် အကူအညီပေးဖို့အတွက် ကမ်းလှမ်းထားတဲ့ နိုင်ငံတွေတော့ ရှိနေပြီလို့ ဦးကျော်မိုးထွန်းက ဆက်ပြောပါတယ်။

“ဒီကြားထဲမှာတော့ indication ပေးတာလေးတွေတော့ ရှိပါပြီခင်ဗျ။ ဥပမာ ထိုင်းနိုင်ငံကဆိုရင် ဘတ် ၅ သန်းလှူဖို့စီစဉ်နေတယ်ဆိုတဲ့ ဥစ္စာလေးတွေ၊ အိန္ဒိယတို့ ဘာတို့ဆိုလည်း သူတို့ ဘာတွေကူညီရမလဲဆိုတဲ့ ဥစ္စာတွေ မေးမြန်းလာတာတွေရှိတော့ စာထဲမှာတော့ ကျနော်တို့ ဘာတွေလိုအပ်လဲဆိုတာကို ဖော်ပြပြီးဖြစ်တဲ့အတွက် ဆက်လှူမယ့်ဥစ္စာကိုတော့ သက်ဆိုင်ရာအနေနဲ့ ဆက်လက် ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ ဥပမာ ICRC တို့လည်း ဆက်သွယ်တာလေးတွေတော့ ရှိပါတယ်ခင်ဗျ။ နောက်ပြီးတော့ UNOCHA တို့ဘာတို့လည်း ဆက်သွယ်တာလေးတွေ ရှိပါတယ်ခင်ဗျ။ အဲဒါကတော့ ဘယ်လောက်ပဲ၊ ဘာပစ္စည်းရယ်လို့တော့ ကြိုမပြောသေးဘူးပေါ့နော်။ ကူညီလိုပါတယ်ဆိုတဲ့ Indication လေးတွေတော့ ပေးလာတာရှိပါတယ်။”
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းက ရေဘေးဒုက္ခသည်မိသားစု မြောင်းဘောင်တခုမှာ ယာယီနေထိုင်ကြရပုံ။ (သြဂုတ် ၄၊ ၂၀၁၅။ ဓာတ်ပုံ/ကိုသာကူ)မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းက ရေဘေးဒုက္ခသည်မိသားစု မြောင်းဘောင်တခုမှာ ယာယီနေထိုင်ကြရပုံ။ (သြဂုတ် ၄၊ ၂၀၁၅။ ဓာတ်ပုံ/ကိုသာကူ)
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းက ရေဘေးဒုက္ခသည်မိသားစု မြောင်းဘောင်တခုမှာ ယာယီနေထိုင်ကြရပုံ။ (သြဂုတ် ၄၊ ၂၀၁၅။ ဓာတ်ပုံ/ကိုသာကူ)
နိုင်ငံတကာ အကူအညီတွေကိစ္စ ပူးပေါင်းဆောင်ရွက်ပြီး ဖိတ်ခေါ်နေတဲ့အကြောင်း၊ ဖြစ်နိုင်ခြေရှိတဲ့ အလှူရှင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေကို စတင် ဆက်သွယ်ထားပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ပြောတာကိုကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ကြည်ခြေနီအသင်းကလည်း ရေဘေးသင့် ပြည်သူတွေကို ဆန်နဲ့ တခြား အရေးပေါ်လိုအပ်တဲ့ အကူအညီတွေ ပို့နေပြီဖြစ်ကြောင်း အမှုဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်လှက အခုလို ရှင်းပြပါတယ်။

“ဟားခါးမြို့အတွက်ကိုတော့ ဆန်အိတ် ၂၀၀ အခု မုံရွာကတဆင့် ပို့ဖို့ လုပ်နေပါတယ်။ နောက် မိုးကောင်းကိုတော့ သိန်းငါးဆယ်ဖိုး ဆန်အိတ်ထောက်ပံ့ပြီးဖြစ်ပါတယ်။ မကွေး၊ ပြည်၊ မန္တလေး၊ စစ်ကိုင်း၊ နောက် မော်လမြိုင်ပေါ့နော်-ပုသိမ်၊ ဖားအံ၊ နောက် စစ်တွေပေါ့နော်- အဲဒီမြို့နယ်တွေကိုတော့ တကိုယ်ရည် ကျန်းမာရေးသုံးပစ္စည်းတွေပေါ့။ ရေဘေးသင့်တဲ့ပြည်နယ်တွေမှာ ရှိတဲ့မြို့တွေကို ပို့ဖို့ တန်ဖိုးအားဖြင့်တော့ ကျပ်သိန်းပေါင်း (၃,၃၅၂ သိန်း၊ ၉ သောင်း) ဖိုး ပစ္စည်းတွေပို့ဖို့အတွက်ကို ကျနော်တို့ အခု စီစဉ်နေပါတယ်ခင်ဗျ။”

စင်္ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၅၀,၀၀၀ အကူအညီပေးဖို့ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ကို ကတိပြု ထားပြီး ဖြစ်တယ်လို့ ဦးခင်မောင်လှက ပြောပါတယ်။ ဒါ့အပြင် ဂျနီဗာမြို့မှာရှိတဲ့ Disaster Relief Emergency Fund သဘာဝဘေးအန္တရာယ် အရေးပေါ် ကယ်ဆယ်ရေးဌာနမှာ ဆွစ်ဇာလန်ငွေ ၂၉၀,၀၀၀ အကူအညီ တောင်းခံထားသလို ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ လခြမ်းနီအဖွဲ့တို့လို မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေထံမှာလည်း အကူအညီတောင်းထားကြောင်း ဦးခင်မောင်လှက ပြောပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့အနေနဲ့ကတော့ ရံပုံငွေ အခက်အခဲရှိတာကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ ကန့်သတ်ချက်ရှိတဲ့အတွက် အစိုးရရဲ့ အကူအညီနဲ့ ပို့ပေးနေရတယ်လို့ ဦးခင်မောင်လှက ပြောပါတယ်။

လောလောဆယ်မှာတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သံအမတ်ကြီး ဟောင်လျံ ဦးဆောင်တဲ့ အဖွဲ့ဟာ ကလေးမြို့၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးမှာ ရေဘေးဒုက္ခသည်တွေကို စောင်နဲ့ လိုအပ်တဲ့ အကူအညီတွေပေးနေကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက Sky Blue လို့ခေါ်တဲ့ ကူညီ ကယ်ဆယ်ရေးအဖွဲ့က အဖွဲ့ဝင် ၁၀ ဦးဟာ အသက်ကယ်လှေတွေနဲ့အတူ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အင်္ဂါနေ့မှာ မြန်မာနိုင်ငံကို ရောက်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ဘယ်နေရာတွေမှာ သွားရောက် အကူအညီ ပေးမယ်ဆိုတာတော့ အသေးစိတ် ညှိနှိုင်းရဦးမယ်လို့ သမ္မတရုံးတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကျိုက်လတ်ဆန်ရောင်းဝယ်ရေး ဂိုဒေါင်တခုက ကုန်တင်ကုန်ချ အလုပ်သမားတွေ အနားယူချိန် (မေ ၂၀၁၂) 

  လက်ရှိမှာ တနိုင်ငံလုံးနီးပါး ရေဘေးသင့်နေတာကြောင့် ပြည်တွင်းဆန်ပြတ်လပ်မှု၊ ဆန်ရှားပါးမှုမဖြစ်စေဖို့ စက်တင်ဘာ ၁၅ အထိ နိုင်ငံခြား ဆန်စပါးတင်ပို့မှုကို ရပ်ဆိုင်းထားဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောပါတယ်။ ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက်လည်း ရေကျချိန်မှာ ပြန်လည်စိုက်ပျိုးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပြီး မျိုးစေ့တွေအတွက်လည်း အချိန်မီဝေငှသွားမှာ ဖြစ်တယ်လို့လည်း လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာနက ပြောပါတယ်။ ဗွီအိုအေမြန်ပိုင်းသတင်းထောက် မေခ-က သတင်းပေးပို့ထားပါတယ်။

လက်ရှိတနိုင်ငံလုံးနီးပါးမှာ ရေဘေးသင့်မှုတွေကြောင့် ပြည်တွင်းဆန်ပြတ်လပ်မှု၊ ဆန်ရှားပါးမှု မဖြစ်လာနိုင်ကြောင်း၊ အခုအချိန်ထိ ပြည်တွင်းမှာ ဆန်စပါးဖူလုံနေဆဲဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်ရှိန်က ပြောပါတယ်။ ရေလွှမ်းနေတဲ့ လယ် ယာမြေတွေကို အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ဖို့နဲ့ မျိုးစပါးတွေ ပြန်လည်ဝေငှဖို့အတွက် ပြင်ဆင်နေပြီလို့ သူက အခုလို ပြောပါတယ်။

“စစ်ကိုင်းတိုင်းမှာ သူတို့လိုအပ်သမျှမျိုးကို စစ်ကိုင်းတိုင်းထဲမှာ တို့ရဲ စိုက်ပျိုးရေးခြံတွေရှိတယ်။ တောင်သူတွေရဲ့ ထိန်းသိမ်းထားတဲ့မျိုးတွေ ရှိတယ်။ အဲဒါတွေကနေ တို့တွေ အချိန်မရွေး ဖြန့်ဖြူးပေးနိုင်ပါတယ်။ ရခိုင်ကလိုတဲ့မျိုးကိုလည်း သူတို့က မျိုး (၃) သောင်း တောင်းတယ်သမီးရယ်၊ (၃) သောင်းကိုလည်း တို့ဌာနကနေ အချိန်မရွေး ပို့ပေးလို့ရပါတယ်။ ဒါပေမယ့် အခု လယ်တွေက အကွက် ပြန်မပေါ်သေးဘူးပေါ့နော်။ ပြန်မပေါ်သေးတော့ သက်တမ်းတိုတဲ့မျိုးတွေကို ကြိုပြီးရှာထားပါတယ်။ ပြီးတော့မှ ရေပေါ်လာတာနဲ့ ဘယ်ဟာက ပျက်စီးသွားလဲ၊ ဘယ်ဟာက မပျက်စီးဘူးလဲ၊ ဘယ်ဟာက လုံးဝ ပြန်စိုက်ရမလဲ၊ ဘယ်ဟာကတော့ ပြန်သုံးလို့ရလဲ၊ အဲလို ခွဲခြားပြီးတော့မှ ချက်ခြင်းပြန်စိုက်နိုင်အောင် သက်တမ်းတိုတဲ့ မျိုးကို အဆင်သင့်စုဆောင်းထားပါတယ်။ အဲဒီအတွက်လည်း အရံမျိုးတွေက သက်ဆိုင်ရာဒေသအသီးသီးမှာ အကုန်ရှိပါတယ်။ မျိုးအခက်အခဲမရှိဘူး သမီး၊ မျိုးအခက်အခဲမရှိဘူး။”

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကလည်း ပြည်တွင်းဆန်ပြတ်လပ်မှု၊ ဆန်ရှားပါးမှုမဖြစ်နိုင်ဖို့ ပြည်ပဆန်တင်ပို့မှုကို လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့အထိ ရပ်ဆိုင်းထားဖို့ စီးပွားကူးသန်းဝန်ကြီးဌာနကို စာတင်ထားပါတယ်။ ပြည်တွင်းဆန်စပါးအခြေအနေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကပြောပါတယ်။

“ဖူလုံမှု၊ ပိုလျှံမှုဆိုတဲ့အနေအထားက အခုအချိန်မှာ ပြောဖို့စောပါသေးတယ်။ ဒီနေ့အထိ ပြောမယ်ဆိုရင်တော့ ဆန်ပြတ်မှာ လုံးဝစိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် ကျနော်တို့က နောက်ပိုင်း ဘာဖြစ်အုံးမလဲဆိုတာ ခန့်မှန်းလို့မရသေးဘူး။ ဒါပေမယ့် အခုချိန်အထိ ပြောမယ်ဆိုရင်တော့ ဆန်ပြတ်လပ်စရာအကြောင်းမရှိဘူးပေါ့နော်။ အဓိက-ကတော့ ရေလွှမ်းမိုးသွားတဲ့အခါမှာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပျက်ခဲ့တော့ ဆန်ဈေးကြီးသွားတဲ့သဘောပါ။ ဒါပေမယ့် ဒါကိုလည်းမဖြစ်အောင် ကျနော်တို့မှာရှိတဲ့ ဆန်တွေကို ကျနော်တို့ ရောင်းပေးနေပါတယ်။ လုံလုံလောက်လောက် ရှိပါတယ်။”

ဒီလိုပြောဆိုမှုတွေ ရှိနေပေမယ့် လက်ရှိရေဘေးသင့်ဒေသဖြစ်တဲ့ ကလေးမြို့နယ်မှာတော့ ဆန်တအိတ်ကို ကျပ် (၆) သောင်းနီးပါး အထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကောလင်း၊ ပွင့်ဖြူ စတဲ့ မြို့နယ်တွေမှာလည်း ဆန်တစ်အိတ်ကို သာမန်ဈေးထက် ၂၀,၀၀၀ နီးပါးမြင့်ပြီး ၀ယ်နေရတယ်လို့ ဒေသခံတွေကပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ မိုးစပါးကို နှစ်စဉ် ဧက ၁၅သန်းခန့် စိုက်ပျိုးလျက်ရှိပါတယ်။ မိုးစပါးကို စက်တင်ဘာ နောက်ဆုံးပတ်အထိ စိုက်ပျိုးနိုင်တယ်လို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီလိုစိုက်ပျိုးနိုင်တာကြောင့် လက်ရှိ ရေကြီးနစ်မြုပ်နေတဲ့အချိန်သိပ်မကြာဘဲ ရေပြန်ကျသွားရင် ပြန်ပြီး စိုက်ပျိုးနိုင်လိမ့်မယ်လို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်မြင့်မောင်က ပြောပါတယ်။

 ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လဆန်းပိုင်းတွေမှာ ရေကြီးမှုတွေကြောင့် သီးနှံမျိုးစုံစိုက်ဧကပေါင်း ၁ သန်းကျော် ရေနစ်မြုပ်ခဲ့ရပါတယ်။ ဒီမှာ ဧက ၂ သိန်းကျော်သာရေပြန်ပေါ်ခဲ့ပါတယ်။ သီးနှံတချို့ ထိခိုက်ပျက်စီးခဲ့တဲ့ စိုက်ဧက-ကတော့ ဧက ၄ သိန်းကျော်ရှိပါတယ်။ သီးနှံကောမြေပါပျက်ဆီးတဲ့ဧကကတော့ ၅ သောင်း ကျော်ရှိတယ်လို့ လယ်ယာစိုက်ပျိုး ရေးဝန်ကြီးဌာနကပြောပါတယ်။ ဒီမှာ ပြန်စိုက်နိုင်တဲ့ ဧကကတော့ ဧက ၉၀၀ နီးပါးသာရှိပါသေးတယ်။ ဒီလိုသီးနှံပျက်စီးမှု တွေကြောင့် ဆန်စပါးရှားပါးမှုတွေနဲ့ ကြုံတွေ့နိုင်တယ်လို့ သုံးသပ်နေမှုအပေါ် လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်မြင့်မောင်က သီးနှံမျိုးစုံ ပျက်စီးမှုထဲက လယ်စပါးပျက်ဆီးမှုအခြေအနေကို အခုလိုပြောပါတယ်။

“…သုံးသပ်ပြီးပြောရမယ်ဆိုလို့ရှိရင် အခု ပျက်စီးနစ်မြုပ်သွားတဲ့မြေပေါင်း ၁ သန်းကျော်မှာ မိုးရာသီစိုက်တဲ့စပါး မြုပ်သွားတာက အားလုံးပေါင်း ဘယ်လောက်ရှိလဲဆိုတော့ ၈ သိန်း၊ ၉ သောင်းပေါ့။ ရေပြန်ကျသွားတဲ့အချိန်မှာ ဆိုလို့ရှိရင် အနည်းဆုံး ၅၀ % ထွက်သွားတာပေါ့။ ပြန်စိုက်ဖို့က ရာသီချိန် မီသေးတဲ့အနေအထားရှိတယ်။ အခု နွေစပါးကတော့ ရေမြုပ်သွားပြီဆိုတော့ လုံးလုံးပျက်ပြီပေါ့။ ဒါပေမယ့် အဲဒီဥစ္စာတွေ အားလုံးပေါင်း ဘယ်လောက်ပဲရှိလဲဆိုလို့ရှိရင် ၁ သောင်း၊ ၃ ထောင်၊ ၂ ရာ၊ ၇၈ ဧကပဲ ရှိတယ်။ ဒါက ရေမြုပ်သွားတဲ့အပေါ်မှာ။ ဒီအပေါ်မှာ လုံးလုံးကို တဇင်လွတ်ပျက်သွားတဲ့အပေါ်မှာ (၆၈၇) ဧကပဲရှိတယ်။ (၇၀၀) လောက်ပဲ ရှိတာပေါ့။ ဆိုတော့-ဦးတို့အနေနဲ့ကတော့ ဆိုးဆိုးဝါးဝါးကြီး ပြတ်လပ်သွားစရာအကြောင်းတော့ မရှိနိုင်ပါဘူး။ ပြန်စိုက်ဖို့အတွက်လည်း စိုက်ပျိုးရေးဦးစီးဌာနက. .စပါးတွေ၊ မြေသြဇာတွေ ကြိုပြီးတော့မှ စုပေးနေတယ်။ ရေပြန်ကျကျချင်း စိုက်နိုင်အောင်လို့။”

မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့မှု အနေနဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇူလိုင် ၁၇ ရက်အထိ ဆန်တန်ချိန် ၄ သိန်းနီးပါးနဲ့ ဆန်ကွဲတန်ချိန် ၂ သိန်းနီးပါးတင်ပို့ထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ဆန် တန်ချိန် ၁၈ သိန်းကျော်စံချိန် တင် တင်ပို့နိုင်ခဲ့ပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီ ခရိုင် တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ်။ Photo: Kyaw Zaw Win/RFA
 နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအ၀င် ပုဒ်မ ၅ခုနဲ့ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်း ခံ ထားရသူတွေထဲက ကျောင်းသား ၁၀ ဦးဟာ ဆေးအာမခံပေးဖို့ သာယာဝတီ ခရိုင်တရားရုံးထံ ဒီနေ့ လျှောက်ထား လိုက်ပါတယ်။ အဲဒီ ကျောင်းသား ၁၀ ယောက်ရဲ့ အာမခံလျှောက်ထားမှုကို လာမယ့် သြဂုတ်လ ၁၁ရက်နေ့ ရုံးချိန်းမှာ ဆုံးဖြတ်ချက်ချမှာ ဖြစ်တယ်လို့ ကျောင်းသားတွေရဲ့ အမှုကို ကူညီပေးနေတဲ့ ရှေ့နေ ဦးလှမျိုးမြင့် က ပြောပါတယ်။

"ဒီနေ့ ၁ဝ ယောက်ထပ်တင်တယ်၊ နောက်တစ်ပတ် ၁၁ ရက်နေ့ ရုံးချိန်းကျမှ အမိန့်ချမယ်၊ "

ပြီးခဲ့တဲ့တပတ်ရုံးချိန်းမှာ အာမခံလျှောက်ထားသူ ကျောင်းသား ၃ယောက်ရှိခဲ့ပြီး အဲဒီ ၃ယောက်တင်ထား တဲ့ ဆေးအာမခံဟာ ထောင်ဆရာဝန်တွေရဲ့ ထောက်ခံချက်မဟုတ်တာကြောင့် ခရိုင်တရားသူကြီးက ဒီနေ့ ပယ်ချလိုက်ပြီး ထပ်မံလျှောက်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့အပြင် လက်ပံတန်းမြို့နယ် ရဲမှူး ဖုန်းမြင့်နဲ့ ရဲစခန်းမှူး ဒုရဲမှူး စန်းမြင့်တို့ကို မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ အရေးယူပေးဖို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြီးခဲ့တဲ့တပတ်ရုံးချိန်းမှာ တိုင်ကြားထားတာကို လာမယ့် သြဂုတ်လ ၁၁ရက်နေ့ ရုံးချိန်းမှာ အရေးယူ၊ မယူကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံ့ဝန်ထမ်းနာကျင်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှု စတဲ့ ပုဒ်မ ၅ ခုနဲ့ တရားရင်ဆိုင်နေရသူ ၆၈ ဦးရှိပြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်း သား ကျောင်းသူနဲ့ ၀န်းရံသူ ၅၃ ဦးရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese

မြန်မာနိုင်ငံမှာ နှစ်၁၀၀အတွင်း အကြီးမားဆုံးကြုံနေရတဲ့ ရေဘေးဒဏ်အတွက် နိုင်ငံတကာက ကူညီကြဖို့ အစိုးရက ပန်ကြားပြီး တစ်ရက်အကြာမှာပဲ သြစတြေးလျား၊ နော်ဝေ အပါအ၀င် နိုင်ငံတကာက အကူအညီတွေ စတင်ကမ်းလှမ်းလာပြီဖြစ်ပါတယ်။

သြစတြေးလျားက မြန်မာနိုင်ငံမှာ အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် ဒေါ်လာ ၂သန်းကူညီမယ်လို့ ကတိပြုပါတယ်။
နော်ဝေ ကလည်း နော်ဝေ ခရိုနာ ၁၀သန်း (ဒေါ်လာ ၁.၂သန်း) ကူညီမယ်လို့ ကတိပြုပါတယ်။

တရုတ် ကတော့ ဒေါ်လာ ၃သိန်းဖိုး အကူအညီပေးမယ်လို့ ထုတ်ပြန်ထားပြီး ပထမအသုတ် လှူဒါန်းမှုအဖြစ် ဒေါ်လာ ၁သိန်းဖိုး ကယ်ဆယ်ရေးပစ္စည်းတွေကို စစ်ကိုင်းတိုင်း ကလေးမြို့က မိသားစု ၁၅၄၅ စုအတွက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် နဲ့ မကွေးတိုင်းဒေသကြီးတို့အတွက်လည်း ဆက်လက်ကူညီပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံကလည်း မြန်မာဘက်က တရားဝင်အကူအညီတောင်းခံလာခဲ့ရင် အိန္ဒိယအမျိုးသားသဘာဝတုန့်ပြန်ရေးတပ်ဖွဲ့ဝင် ( NDRF) ၂၀၀ကို ရေဘေးသင့်ဒေသတွေကို စေလွှတ်သွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအစိုးရကတော့ မြန်မာ့ရေဘေးအတွက် ဘတ်၅သန်း လှူဒါန်းထားကြောင်း သိရပြီး ဥရောပသမဂ္ဂကလည်း မြန်မာနိုင်ငံရေဘေးသင့်ပြည်သူများ အတွက် အကူအညီများပေးဖို့ အသင့်ပြင်ဆင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အီးယူကိုယ်စားလှယ်ရုံးရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတ၀န်းမှာ ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၂ခုမှာ ရှိတဲ့ ကယ်ဆယ်ရေးစခန်း ၁၃၀ မှာ အိမ်ထောင်စုပေါင်း ၆၀၀၀ ကျော်မှီခိုနေရတယ်လို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြောပါတယ်။ ရေဘေးကြောင့် လူ ၂၁၀၀၀၀ ကျော် ဘေးဒုက္ခခံစားနေရပြီး သေဆုံးသူ ၆၀ကျော်ရှိတယ်လို့လည်း ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဘာသာပြန် - စုပြည့်စုံ
Ref: Xinhua, DNAindia, Bangkokpost

ဓာတ်ပုံ - AFP
Kumudra

(၁)
အမကြီးဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။

ဂါရဝတရားရှေ့ထားလျက်၊စာရေးသားပေးပို့အပ်ပါသည်။ကျွန်တော်သည်
ထိုင်းနိုင်ငံဖူးခက်မြို့တွင်နေထိုင်လျက်၊စာတိုပေစများ ရေးသားနေသူဖြစ်ပါသည်။
ကျွန်တော်သည်မည်သည့်ပါတီသို့မျှဝင်ရောက် ထားသူမဟုတ်ပဲ၊သာမန်ပြည်သူတစ်ဦးအနေဖြင့်အမကြီးအား
ယုံကြည်ချစ်ခင်လေးစားနေသူမျှသာဖြစ်ပါသည်။

ထိုသို့ယုံကြည်လေးစားရခြင်းမှာပုဂ္ဂိုလ်ရေးဆည်းကပ်ကိုးကွယ်မှုကြောင့်
မဟုတ်ပဲ၊အမကြီးအနေဖြင့်လူအများအပေါ်ထားရှိသည့်ကြီးမား
နက်ရှိုင်းလှသောစိတ်ရင်းစေတနာနှင့် လူတကာမယှဉ်သာ သည့် ကိုယ်ကျိုးစွန့်အနစ်နာခံမှုများကြောင့်ဖြစ်ပါသည်။

ယခုဤ စာကိုရေးသားပေးပို့ရခြင်းမှာ အဖွဲ့ချုပ်(၂၀၁၅)ရွေးကောက်ပွဲ
လျာထားကိုယ်စား လှယ်များ စာရင်း ထုတ်ပြန်ကြေညာချက်တွင်၊၊ဒေါက်တာဒေါ်ညိုညိုသင်း၊(၈၈)ပွင့်လင်း
လူ့အဖွဲ့အစည်းမှ ဦး ကိုကိုကြီး၊ဒေါက်တာသိန်းလွင်အပါအဝင် အများပြည်သူယုံကြည်လေးစားသော၊စွန့်လွှတ်အနစ်နာခံမှု
အစဉ်အလာကြီးမားသည့်၊ပုဂ္ဂိုလ်တချို့မပါဝင်ကြောင်း၊အဖွဲ့ချုပ်၏တရားဝင်ထုတ်ပြန်သောသတင်းများအရသိရှိရသောကြောင့်ဖြစ်ပါသည်။

(၂)
ထိုသို့သတင်းထုတ်ပြန်ချက်ကြောင့်၊အဖွဲ့ချုပ်အားအလေးအနက်ထောက်ခံ
ယုံကြည်ကြသော၊ကျွန်တော်အပါအဝင်ပြည်သူအများစုမှာ
မှင်တက်အံ့အားသင့်ခြင်း၊တွေဝေခြင်းကြီးစွာဖြစ်ကြရပါသည်။

ခံစားချက်ကိုမမြိုသိပ်နိုင်သူများအနေဖြင့်လည်း၊အဖွဲ့ချုပ်အပေါ်မကျေနပ်ခြင်း
၊ပြင်းထန်စွာရေရွတ်ပေါက်ကွဲဝေဖန်ခြင်း၊အဖွဲ့ချုပ်ဝင်များ
ကိုယ်တိုင်ပင်မြို့နယ်လုံးကျွတ်ပါတီဝင်အဖြစ်မှနှုတ်ထွက်မည်
စသည့်ဖြင့်၊မလိုလားအပ်သောနောက်ဆက်တွဲ ဖြစ်ရပ်များ
၊နေရာအတော်များများမှထွက်ပေါ်လာခဲ့ပါသည်။

အဆိုးရွားဆုံးမှာ၊အဖွဲ့ချုပ်ကိုဝန်းရံခဲ့သော၊(၈၈)ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်
အဖွဲ့ချုပ်တို့ အကြားရင်ကြား စေ့ ၍မရနိုင်အောင်၊ သဘောထားကွဲလွဲနေကြပြီဟူသော၊သတင်းစကားဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေကျွန်တော့်အနေဖြင့်မူ၊အမကြီး၏ဖခင်ဖြစ်သူ၊
အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ် အောင်ဆန်း၏
ဖဆပလခေတ်ရွေးကောက်ပွဲမိန့်ခွန်းကိုပြန်ပြောင်းဆင်ခြင်သတိရလျက်၊
အကောင်းဖက်မှသာ ရှုမြင်နားလည်ခဲ့ပါသည်။

“ခင်ဗျားတို့ဒေသကိုရွေးချယ်ခံဖို့၊လွှတ်လိုက်တဲ့ကိုယ်စားလှယ်လောင်းကို
ခင်ဗျားတို့ကြိုက်ချင်မှကြိုက်မယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့မို့၊
လူရွေးမှားတာ၊ပါကောင်းပါမယ်။အရေးကြီးတာကဖဆပလအနိုင်ရဖို့လိုတယ်။
ဖဆပလထက်တိုင်းပြည်ကိုပိုလုပ်ပေးတဲ့အဖွဲ့အစည်းမရှိဘူး။
ဒီတော့လွှတ်လိုက်တဲ့ကိုယ်စားလှယ်ကိုခင်ဗျားတို့မကြိုက်လည်း ဖဆပလအဖွဲ့ချုပ်မျက်နှာကိုထောက်ပြီးမဲထည့်လိုက်ပါ”

(ဗိုလ်ချုပ်အောင်ဆန်း)

ဗိုလ်ချုပ်မိန့်မှာဘိသကဲ့သို့ယခုကာလသမယသည်လည်း
ဖဆပလခေတ်နည်းတူတိုင်းပြည်ရှေ့ရေးအလှည့်အပြောင်းအတွက် အမှားမခံ၊ညီညွတ်ရေးမပြိုကွဲသင့်သောအချိန်ဖြစ်လေရာ၊
ရွေးကောက်ပွဲကိုယ် စားလှယ်စာရင်းသည်၊အမှားအယွင်း၊အားနည်းချက်တချို့
ပါရှိနိုင်သည်၊နားလည်ခွင့်လွှတ်ကြရမည်ကိုလည်း ၊ပြည်သူအများစုအနေဖြင့်ကောင်းစွာသိရှိသဘော ပေါက်ကြပါသည်။

(၃)
ကျွန်တော်အပါအဝင်၊ကိုးဆယ်ရာခိုင်နှုန်းကျော်မျှသောမြန်မာပြည်သူလူထုသည်၊
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏အနစ်နာခံစွန့်လွှတ်မှုနှင့် အမကြီး၏သူမတူသောစွမ်းဆောင်ရည်ကိုအလေးအနက်ယုံကြည် ကြသူများဖြစ်ရာ၊အထက်ရည်ညွန်းပါကိစ္စရပ်အား၊သွေးရိုးသားရိုးသဘောဟုသာ
မှတ်ယူယုံကြည်ခဲ့ပါ သည်။

သို့သော်အထိုက်အလျောက်ဘဝအတွေ့အကြုံစုံခဲ့သောကျွန်တော့်အနေဖြင့်၊
ခိုင်လုံသည်ဟုယုံကြည်လောက်သည့်အဖွဲ့ချုပ်ကြီး၏
အတွင်းပိုင်းကျကျသတင်းများအရလည်းကောင်း၊တောင်ဥက္ကလာ၊
ဗဟန်းအပါအဝင်မြို့နယ်အချို့၏အလုပ်အမှုဆောင်အဖွဲ့
အစည်းအဝေးမှတ်တမ်းများအရလည်းကောင်း၊အဖွဲ့ချုပ်မှထုတ်ပြန်ခဲ့သော
ကိုယ်စားလှယ်စာရင်းလွဲချော်မှုသည်သွေးရိုးသားရိုးမဟုတ်ကြောင်း၊
သံသယဖြစ်ဖွယ်ရှိနေပါသည်။

အမကြီးနှင့်အလွန်နီးစပ်သောပုဂ္ဂိုလ်တချို့အနေဖြင့်၊
ကိုယ်စားလှယ်လောင်းရွေးချယ်ရေးတတ်သိပညာရှင်များ၏
သဘောဆန္ဒကိုကျော်လွန်လျက်၊ထင်ရာစိုင်းခဲ့ကြသည်ဟု၊ထင်ကြေးပေးလျက် ရှိပါသည်။အဆိုပါထင်ကြေးသည်အမှန်တရားနှင့်
အလွန်နီးစပ်နေဟန်ရှိကြောင်းကိုလည်း အလေး အနက်ဖော်ပြလိုပါသည်။

မြန်မာနိုင်ငံသည်ခေတ်ဆိုးစံနစ်ဆိုးကိုဖန်တီးခဲ့ကြသော
ကိုယ်ကျိုးရှာသမားတို့ကြောင့်၊ခရုဆံကျွတ်ဘဝ ဖြင့်နှစ်ပရိစ္ဆေဒများစွာ၊
လူမှုဒုက္ခမျိုးစုံကိုကျောကော့နေအောင်ခံစားနေခဲ့ကြရရာမှ၊
ယခုကဲ့သို့ဒီမိုကရေစီ ခေတ်ဦးဆီသို့မှုန်ပျပျမြင်လာရချိန်တွင်၊
အဖွဲ့ချုပ်သည်လည်းကောင်း၊အမကြီးသည်လည်းကောင်း၊
တတိုင်းပြည်လုံး၏တာဏံလေဏံမှီခိုလဲလျောင်းရာ၊ပုန်းအောင်းရာဟူ၍
၊ပြည်သူအများမှယုံကြည်ကိုးစား
ကြသည်ဖြစ်ရာ၊အဆိုပါဝမ်းနည်းဖွယ်ဖြစ်ရပ်အတွက်
အမကြီးအားအောက်ပါအတိုင်း၊လေးစားစွာအကြံပြုလိုပါသည်။

(၄)
(က)အဆိုပါရွေးချယ်ထုတ်ပြန်မှုသည်ပြည့်စုံလုံလောက်သော
ဆင်ခြင်တုံတရားအပေါ်တွင်အခြေခံခြင်းရှိ မရှိ၊အမကြီးကိုယ်တိုင်နာရီပိုင်းမျှအချိန်ပေးစိစစ်စေလိုပါသည်။

(ခ) အကယ်၍မှန်ကန်သည်ဆိုပါက၊မည်သည့်အကြောင်းတို့ကြောင့် ယင်းသို့ထုတ်ပြန်ရကြောင်း၊ ပြည်သူလူထုသို့၊အမကြီးကိုယ်တိုင်
တခွန်းတပါဒဖွင့်ဟအသိပေးနှစ်သိမ့်ကျေအေးစေလိုပါသည်။

(ဂ)အကယ်၍ပုဂ္ဂိုလ်ရေးတင်းမာမှု၊မကျေနပ်မှု၊မရိုးသားမှု၊လုပ်ပိုင်ခွင့်လွန်ဆွဲမှု၊
ပါဝါအာဏာပြမှုများ ကြောင့် ဖြစ်ပေါ်ခဲ့သည်ဆိုပါက၊
အဆိုပါအမှားကို၊အမကြီးအနေဖြင့် အကောင်းဆုံးကုစားမှုတစ်ခုခု အလျင်အမြန်ဆောင်ရွက်ပေးစေလိုပါသည်။
သို့တည်းမဟုတ်၊ထိုသို့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်ကတိပြုစေလိုပါသည်။ဆိုလိုသည်မှာ
ကိုယ်စားလှယ်လောင်းစာရင်းတွင်၊မကျန်ရစ်သင့်ပဲ ကျန်နေခဲ့သော၊
ပုဂ္ဂိုလ်များပါဝင်လာနိုင်မည့်
၊ပိုမိုကောင်းမွန်သောရှေ့နိုင်ငံရေးအခင်းအကျင်း တစ်ရပ်ကိုမြင်သာ အောင်ဖော်ပြကြေညာပေးရန်ဖြစ်ပါသည်။

(၅) “တိုက်ပွဲကာလမှာတိုက်ရည်ခိုက်ရည်ရှိတဲ့သူတွေ
လိုအပ်တယ်။ပြန်လည်တည်ဆောက်ရေးကာလရောက်ရင်တော့၊
တတ်သိပညာရှင်တွေလိုအပ်တယ်။သစ်ပင်ခုတ်တဲ့အခါ
သစ်ခုတ်သမားကခုတ်ရပေမဲ့၊အဲဒီသစ်ကိုပန်းပုထုတဲ့အခါမှာတော့၊
သစ်ခုတ်သမားထုလို့မရတော့ပါဘူး။ပန်းပုဆရာနဲ့ပဲထုရမှာပါ”

အထက်ပါစကားရပ်မှာအမကြီးပြောကြားဖူးသော
မိန့်ခွန်းတစ်ခုမှကောက်နှုတ်ချက်ဖြစ်ပါသည်။
အငြင်း ပွားရန်မရှိပါ။သို့သော်…။

ရည်ညွန်းပါဖြစ်ရပ်မှာ၊တိုက်ရည်ခိုက်ရည်နှင့်တတ်သိပညာရှင်များပါ၊
တပြိုင်တည်းအပူတပြင်းလိုအပ် နေချိန်တွင်၊သစ်ခုတ်သမားရော၊
ပန်းပုဆရာတို့ကပါ၊စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ကြရန်၊
ကိုယ်တိုင် ဆန္ဒ ပြု ပါဝင်ကြပါလျက်၊မယုံကြည်ဖွယ်ရာ အဖယ်အကြဉ်ခံကြရသကဲ့သို့ရှိနေပါသည်။

နှစ်ပေါင်းငါးဆယ်ကျော်မျှအစိုးရအဆက်ဆက်၏ညံ့ဖျင်း
ယုတ်မာပက်စက်မှုများကြောင့်၊နာကျည်းခံပြင်းနေသောလူထုသည်၊
လာမည့်ရွေးကောက်ပွဲတွင်၊(မရိုသေ့စကား)ခွေးကိုအမြီးဖြတ်လျက်
အဖွဲ့ချုပ်ကိုယ်စားလှယ်အဖြစ်ပါဝင်ယှဉ်ပြိုင်လျှင်ပင်၊အနိုင်ရမည်ကို၊
ကျွန်တော်ကောင်းစွာခန့်မှန်းရိပ်စားမိပါသည်။

သို့သော်စံနစ်ဆိုးကိုအချိန်တိုတိုအတွင်းတွန်းလှန်ဖြိုဖျက်နိုင်ရေးအတွက်
၊တောင်ပြိုကမ်းပြိုအနိုင်ရဖို့လိုပါသည်။

တိုက်ရည်ခိုက်ရည်အပြင်နှလုံးရည်ပြည့်ဝသော၊ဒေါင်ဒေါင်မည်၊
ကိုယ်စားလှယ် များဖြစ်ပါမှ၊ အဖွဲ့ချုပ်အနေဖြင့်ခိုင်မာသည့်အစိုးရတစ်ရပ်ကို
ဖွဲ့စည်းနိုင်ကာ၊ အဖက်ဖက်မှချွတ်ခြုံကျ နေ သောတိုင်း ပြည်ကို အမြန်ဆုံးအဖတ်ဆယ်နိုင်ပါလိမ့်မည်။

နိဂုံးချုပ်အနေဖြင့်၊တိုင်းပြည်နှင့်လူမျိုးအတွက်အသက်အရွယ်နှင့်မမျှ၊
ပင်ပန်းခြင်းကြီးစွာ၊အချိန်ပြည့် ရုန်းကန်ပူပန်နေရသော အမကြီး၏နေ့စဉ်ဘဝကိုကျွန်တော်ကောင်းစွာစာနာနားလည်ပါသည်။

ကျွန်တော်၏စာတွင်၊အမှားအယွင်းတစုံတရာပါရှိပါကလည်းမေတ္တာတရားဖြင့်ခွင့်လွှတ်ပါမည့်အကြောင်း တောင်းပန်စကားဆိုအပ်ပါသည်။

ကျန်းမာရွှင်လန်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါ၏။

ဂါရဝတရားဖြင့်၊
လေးစားမှုများစွာဖြင့်၊

မင်းဒင်
ဖူးခက်ကျွန်း
ထိုင်းနိုင်ငံတောင်ပိုင်း၊
(၂၀၁၅)သြဂုတ်လ (၃)ရက်။

သြဂုတ်လ(၅)ရက်၊၂၀၁၅ သည်ဗွိုက်ဒေးလီးသတင်းစာမှ။ ။

utinoo-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဥက္ကဌ ဦးတင်ဦးကို တွေ့ရစဉ်

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှာ မြို့နယ်တွေက လက်မခံနိုင်သူတွေ ကို ပြင်နိုင်သလောက် ပြင်ပေးသွားမှာဖြစ်ကြောင်း ဗဟိုအောင်နိုင်ရေး ဥက္ကဌဖြစ်သူ ပါတီနာယက ဦးတင်ဦးက ကတိပေးလိုက်ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်က တစ်မြို့နယ်ကို နှစ်ဦးစီနဲ့ နာယက ဦးတင်ဦးတို့ ဒီကနေ့ NLD ရုံးချုပ် မှာ တွေ့ဆုံဆွေးနွေးစဉ် ပြောခဲ့တာလို့ ဒီတွေ့ဆုံပွဲတက်ရောက်ခဲ့သူ ကမာရွတ်မြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးငွေကြည်က ပြောပါတယ်။

"ဗဟိုအောင်နိုင်ရေးအဖွဲ့က အဘဦးတင်ဦးက လာပြီးတော့ ဖြစ်နေတဲ့အခက်အခဲတွေကို သိတယ်ဆိုတာနဲ့ပေါ့ဗျာ သူတို့ဘက်ကလည်း ဒီအခက်အခဲတွေကို ပြင်ဆင်နိုင်သရွေ့ ပြင်ဆင်မယ်ပေါ့၊ အကုန်လုံးတော့ ဖြစ်ချင်မှဖြစ် မယ်ပေါ့၊ အဲ့ဒါကို သူတို့ဘက်ကနေပြီးတော့ လုပ်ပေးနိုင်တဲ့အလားအလာကို လေ့လာပြီးပြောတာပါ၊ သူတို့ပြန်လည်ပြီးတော့ စိစစ်နေတာတွေရှိတယ်ပေါ့ဗျာ၊ အခုတချို့မြို့နယ်တွေမှာ တင်ပြီးတော့မှ မြန်မာနိုင်ငံထဲမှာ ၁ဝ နှစ်တိတိ မနေရသေးဘူးဆိုတဲ့လူတွေ ပေါ်လာတဲ့အတွက်ကြောင့် ပြန်လည်ပြီးတော့ နှုတ်ထွက် သွားရတဲ့လူတွေရှိတယ်၊ အဲ့လိုနေရာမျိုးတွေမှာ လစ်လပ်ခဲ့ရင် သို့မဟုတ် ပါတီကိုယ်စားလှယ်လောင်း တစ်ဦးတစ်ယောက်က မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်သွားခဲ့ရင် ဆိုတဲ့အနေအထားလောက် ပဲပြောတယ်ခင်ဗျ၊ ဘယ်လိုမျိုးပြင်ဆင်မယ် ဘယ်လိုမျိုးမူဝါဒနဲ့လုပ်မယ် ဆိုတာကိုတော့မပြောဘူး"

ဒါ့အပြင် ဒီကနေ့တွေ့ဆုံပွဲမှာပါတဲ့ မြို့နယ် ၄၅ မြို့နယ်မှာ အများစုက ကိုယ်စားလှယ်လောင်းစာရင်းကို လက်မခံနိုင်ကြောင်း တင်ပြခဲ့ကြတယ်လို့ ပြောပါတယ်။

နာယက ဦးတင်ဦးက ကိုယ်စားလှယ်လောင်းစာရင်းကနေ ထွက်မယ့်သူတွေလည်း ရှိနေသလို တချို့ကိုယ်စားလှယ်တွေဟာ မြန်မာပြည်မှာ ၁၀နှစ်ဆက်တိုက် နေထိုင်ခဲ့သူတွေ မဟုတ်တဲ့အတွက် ကိုယ်စားလှယ်အဖြစ်ကနေ နှုတ်ထွက်မယ့်သူတွေရှိကြောင်း၊ အဲဒီလို ပုဂ္ဂိုလ်တွေနေရာမှာ မြို့နယ်က ကျေနပ်သူတွေနဲ့ အစားထိုးခန့်အပ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

RFA

ယမင်း
=========================================
• မြန်မာနိုင်ငံသမိုင်းမှာ အခုလိုရေကြီးတာမျိုးကြုံဖူး ပါလား။ နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်ပါသလဲ။
မိုးလေဝသဌာနက တာဝန်ယူတိုင်းတာနေတဲ့မြစ် အားလုံး။ အဲဒီမှာတာဝန်ယူနေတဲ့ ဇလဗေဒဌာနအား လုံးကတိုင်းတာတာက စိုးရိမ်ရေမှတ်ကျော်နေတယ်။ အဲဒါကထူးခြားမှုပေါ့။ ကုန်းတွင်းပိုင်းတို့ မြစ်မရှိတဲ့ နေရာတွေမှာ ရေမြုပ်တာတော့ ၂ဝဝ၄ တုန်းက ဒီ လောက်မဆိုးဘူး။ ခုဟာကကုန်းတွင်းပိုင်းတွေလဲ မြုပ်တယ်။ မြစ်ကမ်းဘေးတွေလည်းမြုပ်တယ်။ ရှိ သမျှမြစ်အကုန်လုံးမမြုပ်ဘူးလို့လည်းမပြောနိုင်ဘူး။ ခုမှမိုးရာသီက တစ်ဝက်ပဲရှိသေးတာ။ နောက်ထပ် နှစ်လကျန်သေးတယ်။ မိုးကလည်းများဦးမယ်။မုန်တိုင်းကလည်း ဖြစ်ဦးမယ်။

ဘင်္ဂလားပင်လယ် အော်မှာမုန်တိုင်းက နှစ်လုံးပဲလာသေးတယ်။ သုံးလုံး ကနေလေးလုံးရှိဦးမယ်။ အဲဒီကျရင်မိုးတွေလာဦး မယ်။ နောက်တစ်ခါ ရှေ့ဘက်ကလာတဲ့လေပွေလှိုင်း က ခုထက်ထိတစ်လုံးမှမလာသေးဘူး။ ဒါတွေက မိုးနှောင်းမိုးလွန်မှာလာမယ်။ အဲဒီကျရင် မိုးတွေရွာဦး မယ်။ မိုးရာသီကုန်တဲ့ စက်တင်ဘာလအထိ မိုးရွာ သွန်းမှုကို အမေရိကန်က ခန့်မှန်းထားတာ၊ မြန်မာ ပြည်က ရွာသွန်းမြဲထက်ပိုမယ်လို့ ပြောထားတဲ့ အတွက် မိုးရာသီကမိုးကောင်းဦးမယ်။ နောက်ပြီး မုတ်သုံပြန်ဆုတ်တဲ့ စက်တင်ဘာရောက်ရင် မိုးရွာဦး မယ်။ မိုးရွာဖို့အကြောင်းအများကြီး ကျန်နေသေး တယ်။ အဲဒီတော့ဒီလိုစုံဖြစ်လာရင် အနောက်ဘက်က လက်ရှိရေကြီးနေတဲ့ ရေတွေအပြင် အရှေ့ဘက်က လာဦးမယ်။ ခုလည်း အရှေ့ဘက်က သံလွင်မြစ်တို့ ဘားအံတို့မှာစိုးရိမ်ရေမှတ်ကျော်နေပြီ။ ကျန်တာ ဘာပဲကျန်လဲဆိုရင် စစ်တောင်းတို့ ဒုဋ္ဌဝတီတို့ပဲကျန် တယ်။ ဒါကြောင့် ၂ဝဝ၄ကထက် ပိုဆိုးတဲ့နှစ်တစ်ခု ဖြစ်မှာ စိုးရိမ်တယ်။ လောလောဆယ်မှာ မိုးတော့နည်း နည်းတန့်သွားတယ်ပြောပေမယ့် မြစ်ဆိုတဲ့သဘာဝက အထက်ကနေအောက်ကိုဆင်းတဲ့သဘာဝရှိတော့ လက်ရှိ မိုးတိတ်နေပေမယ့် အထက်ကရေမလာသေးရင်တော့ ဘာမှမဖြစ်သေးဘူးပေါ့။ ဒါပေမယ့် မိုးတိတ်နေပေ မယ့် အထက်ကရေတွေကျလာရင်တော့ဖြစ်မှာပေါ့။

ဒီနေ့ အရေးပေါ်အခြေအနေကြေညာလောက်အောင် ဖြစ်နေတာတော့ မုံရွာနဲ့ဟင်္သာတပဲ။ မုံရွာရဲ့သမိုင်းမှာ စံချိန်တင်ရေအမှတ်ကို အခုကျော်သွားပြီ။ နာရီပိုင်း လေးအတွင်းမှာရေတက်တာ ငါးစင်တီမီတာလောက် တက်တယ်။ သူကစိုးရိမ်ရေမှတ်ထက် တစ်ပေခွဲ လောက်ကျော်နေတယ်။ ဒါတွေကလည်း ယိုယွင်းတဲ့ နေရာ။ ရေစိမ့်တဲ့နေရာရှိနေပြီ။ နည်းနည်းပြိုတဲ့နေရာ ရှိပြီ။ အနိမ့်ပိုင်းမှာရှိတဲ့ နေရာရွှေ့ပြောင်းဖို့ နှိုးဆော် နေကြပြီ။ တကယ့်ကို အရေးပေါ်အခြေအနေပါ။ ဆိုးတာက ဘာလဲဆိုရင် လာမယ့်တစ်ပတ်အတွင်းမှာ မုံရွာမှာမိုးရွာဖို့ရှိတယ်။ မုံရွာအထက် ကလေးဝမှာ လည်း ရွာဖို့ရှိတယ်။ ရေတွေကအများကြီးရှိနေတော့ အများကြီးသတိထားဖို့ လိုတာပေါ့။ မိုးလေဝသရဲ့ ခန့်မှန်းချက်က စိုးရိမ်ရေမှတ်အထက်တက်နေတဲ့ရေ က နောက်ထပ်သုံးရက်လောက်ရှိဦးမယ်လို့ မှန်း ထားတော့ ဘယ်နည်းနဲ့မှ တာကခံနိုင်မယ့်အနေ အထားမရှိဘူး။ မုံရွာရဲ့တာသာ ကျိုးမယ်၊ ပေါက်မယ် ဆိုရင် မုံရွာမြို့မြုပ်နိုင်တယ်။ အပျက်အစီးအသေ အပျောက်တွေရှိကောင်းရှိမယ်။ ရေနဲ့ပတ်သက်ရင် တော့ ဒီထက်မက အဆပေါင်းများစွာလုပ်သင့်တယ်။ နောက် ဟင်္သာတမှာလဲ ရေတွေကျလာတယ်။ မြန်မာပြည်မှာ ရွာသည့်ရေတွေက မြစ်ဝကျွန်းပေါ်ကို ရောက်လာမှာ။ မြန်မာပြည်အနောက်ဘက်တစ်ခြမ်း ရွာလိုက်တဲ့မိုးတွေက ချင်းတွင်းမြစ်ထဲရောက်မယ် ဆိုရင်လဲ၊ ကချင်ပြည်နယ်ထဲရောက်မယ်ဆိုရင်လဲ ဧရာဝတီမြစ်ထဲရောက်တာပဲ။ ရောက်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းကိုဖြတ်မယ်။ နောက်ချင်းတွင်းနဲ့ဧရာဝတီ လာဆုံမယ်။ ဒါကြောင့် မြစ်ဝကျွန်းပေါ်ကိုရောက် မယ်။

ဒါကြောင့် မြစ်ဝကျွန်းပေါ်ရဲ့ရေက တိုးဖို့ပဲ ရှိတယ်။ ကျဖို့မရှိဘူး။ အခုရက်ပိုင်းအတွင်းမှာ ရှမ်း ပြည်နယ်ဘက်မှာမိုးရွာတယ်။ ဤပြည်နယ်ဘက် မှာရွာတဲ့မိုးကလည်း ဒုဋ္ဌဝတီကတစ်ဆင့် ဧရာဝတီ မြစ်ထဲရောက်လာတယ်။ ဇော်ဂျီမြစ်နဲ့ဆင်းရင်လည်း အောက်လာပေါင်းမှာပဲ။ ဘယ်ရွာရွာ ဧရာဝတီကို လာပေါင်းတာဖြစ်လို့ ဧရာဝတီမြစ်နဲ့ဆက်စပ်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဟာ တော်တော်အန္တရာယ် ကြီးနိုင်ပါတယ်။ ဒီနေ့နံနက်ပဲ ဟင်္သာတမြို့ရဲ့ရေတွေ က ရုတ်တရက်ငါးပေခန့်မြင့်တက်သွားတယ်။ စိုးရိမ် ရေမှတ်ရောက်သွားပြီ။ စိုးရိမ်ရေမှတ်အထက်ကို ငါးပေလောက်ရောက်သွားပြီ။ တစ်ဖက်ကမ်းမှာ ရေမြုပ်နေပြီပြောတယ်။ အဲဒီတော့ အပေါ်ပိုင်းဒေသ တွေက ဆိုးခဲ့ပေမယ့် အဲဒီဒေသတွေမှာ ကြာကြာမနေ ဘူး။

သူကထွက်ပေါက်ရှိတာကိုး။ အောက်ဘက်က မြစ်ဝကျွန်းပေါ်ရောက်မယ်။ မြစ်ဝကျွန်းပေါ်ကရေက ဘင်္ဂလားပင်လယ်အော်မုတ္တမကွေ့ကိုဆင်းရမယ်ပေါ့။ ဒါပေမယ့် ရာသီက မုတ်သုံလေအားကောင်းတဲ့လေ ဖြစ်နေတော့ အနောက်တောင်လေဖြစ်နေတယ်။ အဲဒီ လေကြောင့် မြစ်ဝကျွန်းပေါ်ရဲ့မြစ်တွေအတွင်းမှာ ကပ္ပလီပင်လယ်ပြင် မုတ္တမကွေ့ကရေတွေက ဆန်ပြီး တက်နေတယ်။ လေကရေစီးကြောင်းကို ဆန့်ကျင် ဘက်ကတိုက်နေတယ်။ အပေါ်ကဆင်းလာတဲ့ရေတွေ က အောက်ကိုရောက်လေလေ ရေစီးကနှေးလာမယ် ဘာကြောင့်လဲဆိုတော့ မြစ်ဝကျွန်းပေါ်ကိုဆန်တက်နေ တဲ့လေစီးကြောင်းကြောင့်ဖြစ်တယ်။ လေစီးကြောင်းနဲ့ ဆန့်ကျင်လို့နှေးနေတယ်။ ဒါကြောင့် ပေါ့ပေါ့တန်တန် မလုပ်သင့်ဘူး။ တာဝန်ရှိသူတချို့ပြောနေတာတွေက ကြားရတာ(ဒါကအရေးမကြီးဘူး)ဘာညာပေါ့။

ဆရာ့ အနေနဲ့ကသဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်သူ တစ်ယောက်အနေနဲ့ပြောရရင် အမှန်တရားကိုပြောရ မယ်။ အမှန်တရားကိုလက်ခံရမယ်။ နိုင်ငံရေးတွေ မပါရဘူး။ နိုင်ငံရေးကိုအကြောင်းပြပြီး ကိုယ်လုပ် နေတဲ့အဖွဲ့အစည်းကို ကာကွယ်ချင်လို့ ဒါမှမဟုတ် နိုင်နင်းတာပြတာကိုလေနဲ့ပြနေလို့မရဘူး။ သေမှာက ပြည်သူတွေသေမှာ။ ခုပဲလူမှုဒုက္ခတွေ ရောက်နေပြီ။ ဟိုတစ်နေ့ကဆရာရေမကြီးတဲ့ဒေသတွေရောက်တယ်။ ရှမ်းပြည်နယ် တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ အဲဒီမှာကို အလယ်ပိုင်းရေကြီးတဲ့ဒဏ်ကြောင့် သူတို့ ဆီမှာစီးပွားရေးပျက်တယ်။ ဘာလဲဆိုတော့ ဒီအချိန်မှာ ကလောတို့၊ ပင်းတယတို့မှာ ဂေါ်ဖီထုပ်ပို့တယ်။ အလယ်ပိုင်းကရေမြုပ်နေတော့ ပို့စရာမရှိဘူး။ ပို့စရာ မရှိတော့ငွေကျပ် ၅ဝ၊ ၁ဝဝ တောင်မဝယ်ကြဘူး။ လောလောဆယ် ရေမြုပ်နေတဲ့နေရာမပြောနဲ့။ သူနဲ့ ဆက်စပ်နေတဲ့ဒေသမှာတောင် ဂေါ်ဖီထုပ်စီးပွားရေး လုပ်တဲ့သူတွေရဲ့ စီးပွားရေးဘယ်လောက်ပျက်သွားပြီ လဲ။ တကယ်မြုပ်တဲ့သူတွေဆို ဘယ်လိုဖြစ်သွားမလဲ။ ဒါက ကလေးကစားစရာကိစ္စလည်းမဟုတ်ဘူး။အများပြည်သူရဲ့ စားဝတ်နေရေး၊ အသက်ဘေးဆိုင် တဲ့ ကိစ္စဖြစ်တဲ့အတွက် တာဝန်ရှိသူတွေက လေးလေး နက်နက်လုပ်သင့်တယ်။ အမှန်အတိုင်းလည်းပြော သင့်တယ်။ ရေကာတာတွေ ဘာမှမဖြစ်ပါဘူး။ ဘာမှမဖြစ်ပါဘူးပြောနေတယ်။ဒါပေမယ့်မြုပ်နေပြီ။ မနိုင်ရင်လွှတ်ရမယ်ဆိုတာနားလည်တယ်။ ဒါပေမယ့် လွှတ်တဲ့အခါမှာ ချိန်ချိန်ဆဆဖြစ်ရမယ်။ တချို့ကြို လွှတ်ရမယ်။ မိုးလေဝသက မိုးများမယ်ကြေညာ နေတာပဲပြောနေတယ်ဆိုရင် မိုးများမယ်ဆိုရင် ရေကို မနိုင်တဲ့အဆင့်ထိစောင့်မနေဘဲ စောစောစီးစီးပုံမှန် လေးနဲ့လွှတ်နေရင် အောက်ကလူလည်းခံသာတယ်။ ရေလွှတ်တဲ့မြောင်းမှာတော့ အကာအကွယ်ရှိတာပေါ့။ အဲဒီကလွတ်သွားရင် စိုက်ပျိုးခင်းထဲဝင်၊ အိမ်တွေထဲ ဝင်၊ မြို့တော်တော်များများ အဆက်အသွယ်ပြတ်။ သူ့ဆီကိုယ်မသွားနိုင်။ ကိုယ့်ဆီသူမလာနိုင် ရေဝိုင်း နေတဲ့ ရွာငါးရွာကို ပရဟိတတွေက ကယ်ဆယ်ရေး လုပ်နေရတယ်။ အဲဒီတော့ ကလေးတို့ဘာတို့က ရေ နည်းနည်းပြန်ကျတယ်။ နောက်ထပ်မိုးက ထူးထူး ခြားခြား ရေကြီးတယ်ဆိုရင် ပြောလို့မရဘူး။

ဒီနေ့ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းဖြစ်တဲ့ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းက အပူပိုင်းဒေသအနေနဲ့ ကမ္ဘာပေါ်မှာ မိုးအများဆုံးဖြစ်နေတယ်။ အံ့သြစရာကောင်းလောက် အောင်ရာသီဥတု ဖောက်ပြန်နေတယ်။ လက်ရှိအနေနဲ့ က ဒီဒေသမှာ မိုးသိပ်များနေတယ်လို့ ထုတ်ပြန်ပေး တာနှစ်လရှိပြီ။ ရေကြီးတော့မယ်လို့ပြောနေတာ ဇူလိုင် ၁၄ ရက်မှာကတည်းက။ ပုံတွေစာတွေနဲ့ သေချာတင်ပေးထားတယ်။ အောက်အရပ်တွေမှာ မနေသင့်ဘူး။ မိုးခေါင်တယ်ဆိုပြီး မြန်မာနိုင်ငံ အလယ်ပိုင်းမှာက အကုန်ရေမျောကုန်မယ်။ ဘာ ကြောင့်လဲဆိုတော့ ဧရာဝတီရော၊ ချင်းတွင်းရောဆုံ တယ်။ အထက်မှာမိုးကောင်းရင် ဘယ်မှသွားစရာ မရှိဘူး။ အောက်ကိုလာမှာပဲ။ တစ်နှစ်ကလို ရွာ ၁ဝ ရွာရေမျောပါသွားမယ်။ အဲဒီကတစ်ဆင့် ဘယ်ရောက် မလဲ။ မြစ်ဝကျွန်းပေါ်ရောက်မယ်။ မြစ်ဝကျွန်းပေါ်မှာ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်အမြဲရေဖုံးလွှမ်းတဲ့ ဧရိယာ ထဲမှာအမြဲရှိနေတယ်။ ဂြိုဟ်တုကရိုက်ပြတယ်။ နေ့ တိုင်းရိုက်ပြတယ်။ မပြတ်တင်ပြတယ်။ အဲဒီက တည်းက ဒေသခွဲတာဝန်ရှိသူတွေကလုပ်သင့်တယ်။ ပြည်သူ့ရဲ့အကျိုးကို စိတ်ဝင်စားတဲ့သူတွေက မိမိ တာဝန်ကိုနားလည်တယ်ဆိုရင်အလုပ်လုပ်သင့်ပြီ။အလုပ်လုပ်ဖို့ နိုင်ငံတော်က စီစဉ်ပေးထား တာသိတယ်။ ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှာဆူနာမီဖြစ်တယ်။ ဆူနာမီဖြစ်တဲ့ အချိန်မှာ လူသုံးသိန်းသေတယ်။ အဲဒီ တုန်းကမြန်မာနိုင်ငံမှာ သဘာဝဘေးကာ ကွယ်စောင့်ရှောက်ရေးကော်မတီ (နိုင်ငံ တော်အဆင့်)ကို ပထမဆုံးအကြိမ်ဖွဲ့တယ်။ အဲဒီတုန်းက ဝန်ကြီးချုပ်ကဥက္ကဋ္ဌ၊ ဝန်ကြီး က ၁၇ ပါး၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၆ခုကတိုင်းမှူးအားလုံးပါတယ်။မန္တလေး၊ ရန်ကုန်မြို့ရဲ့ မြို့တော်ဝန်ပါတယ်။ မြန်မာ နိုင်ငံမှာ အကြီးဆုံးအဖွဲ့၊ ဆပ်ကော်မတီ ရှစ်ခုရှိတယ်။ ကော်မတီတစ်ခုချင်းက ဘာလုပ်ရမလဲစီမံချက်ဆွဲပြီးသား။ တိုင်း ဒေသကြီးနဲ့ ပြည်နယ်က အားလုံးသဘာဝ ဘေးအန္တရာယ်ကျရောက်ရင် ဘာလုပ်ရ မလဲဆိုတာ အရန်သင့်ရေးဆွဲထားတယ်။ အဲဒါကိုမေ့နေကြတယ်။ ဘယ်သူမှမသုံး ဘူး။ အဲဒီတော့ အုပ်ချုပ်ရေးက ဘာဖြစ် နေလဲဆိုတော့ ကွင်းဆက်ပြတ်နေတယ်။ လူတစ်ယောက်နားပြီးဆို နောက်တစ် ယောက်ဆက်မလုပ်ဘူး။ အဆိုးဆုံးက သဘာဝဘေးအန္တရာယ်ကျရောက်ရင် သူ တို့တာဝန်ပါလားဆိုတာမေ့နေတယ်။နာဂစ် တုန်းကလဲအစည်းအဝေးမခေါ်ဘူး။ရေကြီး တုန်းကလည်းမခေါ်ဘူး။ ဆရာဖေစ့်ဘုတ် တက်ရေးမှ ဟိုနေ့ကခေါ်တယ်။

တချို့နေရာတွေကရေကြီးနေပြီ။ မော် တော်ဘုတ်နဲ့သွားလို့မရဘူး။ ရဟတ်ယာဉ် နဲ့မှသွားလို့ရမယ်။ ဒါဆို နိုင်ငံတော်အဆင့် မှလုပ်လို့ရမယ်။ အဲဒီတော့နိုင်ငံတော်က အရေးပေါ်အခြေအနေအဖြစ်ကြေညာရမယ်။ ဘယ်လိုနလနူ မှာ ဘယ်လိုသုံးရမှာဆိုတာ နိုင်ငံတိုင်းမှာရှိတယ်။ သာမန်ရပ်ကွက်ထဲ ရန်ဖြစ်တာကို နိုင်ငံတော်အဆင့်လို့သတ် မှတ်လို့မရဘူး။ိငျေအနမ မှာဆိုရင်လည်း အခုလို သဘာဝဘေးအန္တရာယ်ကျရောက် တဲ့အခါ ဘယ်အချိန်ဆို နိုင်ငံတော်အဆင့် ကြေညာရမယ်ဆိုတာရှိတယ်။ သင်တန်း တွေမှာသင်ထားပြီးသား။ အုပ်ချုပ်ရေး ယန္တရားပျက်သွားပြီ။ နောက်ပြီးတော့ ကျန်းမာရေး၊ စားဝတ်နေရေး ဒါတွေကို ထိန်းချုပ်နေတာ ပျက်သွားပြီဆိုရင် ဒီဒေသက သဘာဝဘေးအန္တရာယ်ကျ ရောက်တဲ့ဒေသပဲ။ အဲဒီလိုမစောင့်ရှောက် မကာကွယ်နိုင်တော့ဘူးဆိုရင် အရေးပေါ် အခြေအနေပဲ။ တရားဝင်ကြေညာရမယ်။ အဲဒီလိုကြေညာခြင်းဖြင့် အကူအညီပေးတဲ့ အတိုင်းအတာက မြင့်သွားမယ်။ ဥပမာ ဟတ်စကီးကိုသုံးမယ်ဆိုရင်လည်း သုံးလို့ ရပြီ။ တပ်ကိုသုံးမယ်ဆိုလည်း သုံးလို့ရပြီ။ ဒါကိုအစိုးရကနားလည်ရမယ်။ ဘယ် အဆင့်ဘာဆိုတာနားလည်ရမယ်။ သေရေး ရှင်ရေးဆိုတာက ဦးစားပေးလုပ်ရမယ်။

သဘာဝပတ်ဝန်းကျင်လုပ်နေတဲ့သူ အနေနဲ့အာပေါက်အောင်ပြောရတာပဲ။နာဂစ် တုန်းကဖွဲ့စည်းပုံနဲ့တိုက်နေတယ်။ ခုလည်း ရွေးကောက်ပွဲနဲ့တိုက်နေတယ်။ မလုပ်တာ တော့ သူ့ဟာသူသမိုင်းကသွားလိမ့်မယ်။ လုပ်ရတော့မယ်။နောက်ထပ်အလားအလာ တွေရှိသေးတယ်။ နောက်နှစ်လမှာ ဖြစ်နိုင် သေးတယ်လို့ ခန့်မှန်းထားတယ်။

ဒီအခြေအနေက နိုင်ငံတကာအကူအညီ ယူသင့်ပြီလား။
အကူအညီဆိုတာအမြဲလိုတယ်။ ကိုယ့် ထက်မြင့်တဲ့နိုင်ငံတွေတောင် ဒီလိုဘေး အန္တရာယ်ကြုံလာတဲ့အခါ နိုင်ငံတကာ အကူအညီကိုတောင်းရတာပဲ။ နိုင်ငံတကာ အကူအညီကိုတောင်းရတာ ရှက်စရာ မဟုတ်ဘူး။ နိုင်ငံခြားကလည်း တောင်း တိုင်းပေးတာမဟုတ်ဘူး။ အနေအထားကို ကြည့်ပြီးမှပေးတာပါ။ ခုဆိုရင်ကုလသမဂ္ဂ အဖွဲ့တွေက ကူညီဖို့အသင့်ဖြစ်နေပြီလို့ သတင်းထဲမှာပါလာပြီ။ ဒါပေမယ့် ဒီက တာဝန်ရှိသူတွေက ဘာမှမဟုတ်ပါဘူး၊ အားလုံးထိန်းနိုင်ပါတယ်လို့ပြောနေတုန်းပဲ ခုချိန်ထိ။ လူထုနဲ့က လုံးဝဆန့်ကျင်ဘက် ကြီး။ အလုပ်လုပ်နေတဲ့သူက သူကတာဝန် ယူထားတာ။

သူကအရေးမကြီးပါဘူး။ ပြောနေတာ။ သေတဲ့လူကသေကုန်ပြီ။ ပျက်တဲ့ဟာတွေက ပျက်ကုန်ပြီ။ ဘာလို့ အဲလိုပြောနေရတာလဲ။ အလွယ်ပြောနေ တာတွေက ဘယ်လောက်ဆိုးရွားလဲ။ အစိုးရဆိုတာ နိုင်ငံသားအားလုံးနဲ့ဆိုင် တယ်။ ပြည်သူရဲ့ပစ္စည်း၊ ငွေကြေးကိုင် ထားတာ အစိုးရလေ။ သူကလုပ်ရမှာပဲ။ ဒီလိုအလုပ်မျိုးက တစ်သီးပုဂ္ဂလနဲ့ တစ် ယောက်တည်းလုပ်လို့မရဘူးလေ။ ဒီလို အလုပ်မျိုးက နိုင်ငံတော်အဆင့်နဲ့လုပ်ရ မယ်။ နှစ်မျိုးပဲရှိတယ်။ တစ်နိုင်တစ်ပိုင်နဲ့ တစ်အုပ်တစ်မ။ ဒါက တစ်နိုင်တစ်ပိုင် အဆင့်မဟုတ်ဘူး။ တစ်အုပ်တစ်မလုပ် ရမယ့်အဆင့်ဖြစ်တယ်။ အားလုံးဝိုင်းလုပ်ရ ပါတယ်။ မီဒီယာအပါအဝင် အားလုံးက ဖော်ပြရမယ်။ အန်ဂျီအိုဆိုရင် မြန်မာပြည် မှာ ဒါနဲ့ပတ်သက်ပြီး ဖွဲ့စည်းထားတာ ၂ဝဝ ကျော်ရှိတယ်။ အဲ့ဒီ ၂ဝဝ ကျော်ရဲ့ တာဝန်ကအရမ်းကြီးတယ်။ ပြီးတော့ဒေသ အစိုးရ၊ နောက်ပြည်သူအားလုံးပေါင်းလုပ်မှ အောင်မြင်မှာ။ သဘာဝဘေးအန္တရာယ်ပဲ ဖြစ်ဖြစ်၊ ရာသီဥတုပြောင်းလဲရေးပဲဖြစ်ဖြစ် ရင်ဆိုင်ကျော်လွှားဖို့ လုပ်တော့မယ်ဆိုရင် အများလက်ခံထားတဲ့နည်းလမ်းကအဘက် ဘက်ကပါဝင်ကူညီရမယ်။ အစိုးရ၊ ဒေသ အစိုးရ၊ ပြည်သူ၊ အန်ဂျီအို၊ အကုန်လုံးပါ ရမယ်။ ဝေဖန်ချင်တာတစ်ခုက အစိုးရက အရမ်းနှေးလွန်းတယ်။ အခုက ယာဉ် စည်းကမ်းဖောက်ဖျက်တာကို စောင့်ဖမ်း နေတာနဲ့တူနေတယ်။ မဖြစ်မချင်းဘာမှ မလုပ်ဘူး။ ဖောက်မှထွက်ဖမ်းနေတယ်။ ရှေ့မှာမြင်အောင်ရပ်နေရင် တော်ရုံကစည်း မဖောက်ရဲဘူး။ ဆရာဝေဖန်ချင်တာက သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ရင် လုပ်ရမယ့်အပိုင်းနှစ်ပိုင်းရှိတယ်။ ကြိုတင် ကာကွယ်ရမယ့်အပိုင်း၊ နောက်တစ်ခုက ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ မြန်မာပြည်မှာက ဒုတိယကဏ္ဍကတော့ အရမ်းလုပ်ကြတယ်။ အစိုးရကတော့ အနှေးဆုံးပေါ့။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ နိုင်ငံဖြစ်လို့ ပရဟိတထွန်းကားတယ်။ တစ်ခုခုဖြစ်ရင် အကုန်လုံးဝိုင်းကူကြတယ်။ ဆိုးနေတဲ့အပိုင်းက ကြိုတင်ကာကွယ်ရေး နဲ့ ပြင်ဆင်ရေးအပိုင်းမှာဘာမှကိုလုပ်တာ မရှိဘူး။

• ဆုံးရှုံးမှုအခြေအနေ ဘယ်လောက်ရှိနိုင် ပါသလဲ၊
စာရင်းမချုပ်ရသေးလို့ ပြောလို့မရ သေးဘူး။ လူတော်တော်များများရဲ့ဘဝ တွေကတော့ ယိုင်နဲ့နေနိုင်တယ်။ မုန်တိုင်း နဲ့တော့မတူဘူးပေါ့။ ခုချိန်မှာတော့ သေ ဆုံးနှုန်းက ဆယ်ဂဏန်းမက ရာဂဏန်းနား ကပ်ချင်ကပ်မှာပေါ့။ နာဂစ်လောက်တော့ မပြင်းထန်ဘူးပေါ့။ ဒါပေမယ့် ပျက်စီး ဆုံးရှုံးမှုက မကွာလှဘူးပေါ့။

• ဧရာဝတီအခြေအနေက ဘယ်လောက် အထိဖြစ်သွားနိုင်လဲ။
နေရာဒေသအလိုက်တော့ရှိမှာပါ။ ဟင်္သာတဆိုတာ နှစ်တိုင်း စိုးရိမ်ရေမှတ် ကျော်နေတာပါ။ သူ့မှာရှိတဲ့တာတွေကလဲ အင်္ဂလိပ်ဆောက်ခဲ့တာ။ နေရာတော်တော် များများမှာ လယ်သမားဆောက်တဲ့ လယ် သမားတာတွေပဲရှိတယ်။ နိုင်ငံတော်က ဆောက်ခဲ့တာမရှိဘူး။ အင်္ဂလိပ်ခေတ်က ဆောက်ခဲ့တာကို ထိန်းသိမ်းမှုကိုလည်းပြန် ကြည့်ဦး။ အဲဒီတာပေါ်မှာ နွားလှည်းလမ်း ရှိတယ်။ လူနေအိမ်တွေရှိတယ်။ ဒါတွေကို ကာကွယ်ရမှာ မကာကွယ်ဘူး။ ဒီလိုလုပ် ရင် ဒီလိုဖြစ်တတ်တယ်ဆိုတာကို အဲဒါ တွေက ဒီလိုအချိန်မှာပေးဆပ်လိုက်ရရင် နည်းမှာမဟုတ်ဘူး။ တာကြီးသာကျိုးရင် လယ်မြေဧကသောင်းချီ၊ သိန်းချီ ရေမြုပ် မယ်။ စိုက်ပျိုးမြေပျက်စီးမယ်။ စီးပွားရေး ထိခိုက်မယ်။ နိုင်ငံရေးပါထိနိုင်တယ်။ အူမ မတောင့်ရင် သီလစောင့်ဖို့ခက်တယ်။ ဒါကိုတာဝန်ယူထားတဲ့သူတွေက လတ် တလောဖြစ်နေတဲ့ကိစ္စတွေကိုအလျင်အမြန် ဆောင်ရွက်ရမယ်။ အရင်ဟာအရင်လုပ်ရ မယ်။ ပထမဦးစားပေးက အပျက်အစီး တွေရှိတယ်။ သေရေးရှင်ရေးရှိနေတယ်။ ပြည်သူတွေက စိုးရိမ်ကြောင့်ကြနေရပြီ ဆိုရင် အစိုးရကမကြောက်အောင်လုပ်ပေး ရမယ်။ အမှန်အတိုင်းပြောရမယ်။ တကယ်လို့ရေမြုပ်မယ်၊ ပြောင်းရမယ် ဆိုရင် ပြောင်းကိုပြောင်းရမယ်။ ဒါကို နယ် မြေမတည်ငြိမ်မှာစိုးလို့ဆိုပြီး ထားလိုက်ရင် အကုန်သေမှာပဲ။ နာဂစ်တုန်းကလဲ သေပြီး သွားပြီ။ သဘာဝဘေးအန္တရာယ်ကျရောက် ရင် ရွှေ့ကိုရွှေ့ရမယ်ဆိုတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းရမယ်။ ဒီနိုင်ငံမှာမရှိဘူး။ ဥပဒေ က၊ ဥပဒေရေးရာက ခိုင်မာမှုရှိရမယ်။ ခုတော့အစိုးရက တစ်ရွာတစ်ပုဒ်ဆန်းလုပ် နေတယ်။ နိုင်ငံတော်အဆင့်အနေနဲ့ ရေးဆွဲ ပြီးပါလျက်နဲ့ ခြေဦးတည့်ရာ လုပ်ချင်ရာကို တစ်ယောက်ကောင်းလုပ်နေတာက ဆရာ့ အမြင်နဲ့ တော်တော်ရုပ်ဆိုးတယ်။

https://www.facebook.com/139677556201764/photos/a.142133502622836.1073741828.139677556201764/494028370766679/?type=1

သတင်းစာဆရာတစ်ဦးလည်း ဖြစ်သူ၊ယခင်တက္ကသိုလ်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကြေးမုံဦးသာဘန်းသည်အူမကြီးကင်ဆာရောဂါဝေဒနာခံစားနေရပြီး ဆေးဝါကုသခံယူနေရင်း သြဂုတ် ၄ ရက်(ယနေ့)နေ့လည်(၂)နာရီခန့်၌ကွယ်လွန်ခဲ့ကြောင်းသိရသည်။

ဆရာကြီးနေမကွယ်လွန်မီအခါကစမ်းချောင်းမြို့နယ်ရှိ ဝေဠုဝန်အိမ်ရာ၊တိုက် (၃၃)၊မြေညီထပ်တွင်နေထိုင်ခဲ့ပြီး ကွယ်လွန် ချိန် တွင် အသက် (၈၀)ကျော်ခန့်ရှိသည်ဟုလည်းသိရပြီးလတ်တလောချိန်တွင် နားရေးကိစ္စများအတွက် အသေးစိတ် အစီ အစဉ် များ မသိရသေးပေ။

ဆရာကြီးကြေးမုံဦးသာဘန်းကွယ်လွန်သွားသည့်အတွက် ရခိုင်အမျိုးသားပါတီဗဟိုအလုပ်အမှုဆောင်ဦးအေးသာအောင်က" ဟို ဘက်ခေတ်ပိုင်းတွေမှာတော့ သူ့နဲ့ မရင်းနှီးတဲ့အတွက် သူ့အကြောင်းသိပ်မသိဘူး။၈၈ မှာ အမျိုးသားသမဂ္ဂကို ဖွဲ့စည်းတဲ့အခါမှာ ရခိုင်အမျိုးသားသမဂ္ဂကို ဦးသာဘန်းပါခဲ့တယ်။ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်တဲ့အခါမှာလည်းအတွင်း ရေးမှုး၊အဖွဲ့ဝင်အနေနဲ့ပါခဲ့တယ်။နောက်ပိုင်းမှာတော့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း အတွင်း ရေးမှုး၊ အ ဖွဲ့ဝင်အနေနဲ့ပါခဲ့တယ်။နောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းတဲ့အခါမှာတော့ ကျန်းမာရေးကြောင့် သူမပါ တော့ ဘူး" ဟု ပြောသည်။

ဆဲဗင်းဇူလိုင်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှရွှေကလည်း " ၁၉၅၃ခုနှစ် အောက်တိုဘာကျောင်းတစ်လ ပိတ် ရေးဆောင်ရွက်တဲ့အထဲမှာ ပါခဲ့တယ်။

ကျနော်တို့ထက်တော့ ကျောင်းရောက်တာစောတယ်။ကျနော့်ထက် ၁၀ နှစ်ကြီး တယ်။ အဲဒီမှာ မျက်ရည်ယိုဗုံးတွေဘာတွေ ထိပြီးတော့ မျက်မှန်တွေ တပ်ရတဲ့အဆင့်ထိဖြစ်သွားတယ်။နောက်တော့ ၁၉၆၁-၆၂ ဆဲဗင်း ဇူလိုင်ကာလတွေမှာ ရန်ကုန်တက္ကသိုလ်အမှုဆောင် ၁၁ယောက် အီးစီထဲမှာ ကျနော်တို့နဲ့ အတူတူ တွဲ လုပ်ဖြစ်ခဲ့ကြ တယ်။ တက္ကသိုလ်မှာက ဗကသ၊တကသ တပ်ဦးဆိုပြီး ရှိတာကြောင့် အဲဒီအချိန်တုန်းက ကြာပြီဆိုတော့ ဘယ်သူဘယ်အထဲမှာ ပါလည်းဆိုတာတော့ မမှတ်မိတော့ဘူး။သူကတော့ ကျောင်းသားလှုပ်ရှားမှုမှာ ဆုံးရှုံးအနစ်နာခံပြီးလုပ်ခဲ့တာတွေ အများကြီးရှိတယ်။နောက်ပိုင်း သူ့ကိုသိပ်မတွေ့ဖြစ်တော့ဘူး။တိုင်းရင်းသားတစ်ဦးဖြစ်တဲ့အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ လှုပ်ရှားနေတာတော့သိတယ် " ဟုပြောသည်။

NW
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာမြင့်ရေးအတွက် ပြစ်မှုကျူးလွန်တဲ့ ရဲတွေကို အရေးယူပေးဖို့ တရားရုံးကို လျှောက်ထားတာဖြစ်တယ်လို့ ရှေ့နေဦးရောဘတ်စန်းအောင်ကပြောပါတယ်


ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့မှာ တမြို့လုံးရေနစ်မြုပ်ခဲ့ပြီး ကား လမ်းတလမ်းပဲ ကျန်နေခဲ့တာကြောင့် ရေဘေးသင့်ဒေသခံတွေဟာ အဲဒီလမ်းပေါ်မှာပဲ ဖြစ်သလို တဲတွေထိုးပြီး တိရစ္ဆန်တွေနဲ့ အတူ နေကြရပါတယ်။ ဒီသတင်းကို မင်းညိုက ပေးပို့ထား ပါတယ်။

DVB

RFA >>> "NLD ပါတီရဲ့  2015 ကိုယ်စားလှယ်လောင်းအမည်စာရင်း မပါတာနဲ့ ပတ်သက်လို့  ဒေါ်ညိုညိုသင်းနဲ့  NLD နဲ့ တခုခုဆက်သွယ်ပြီး ပြောဆိုထားတာများရှိပါသလားရှင့် ။ < YM>
-
ဒေါ်ညိုညိုသင်း >>> "ကျမကတော့လေ မနေ့ ကရော၊ တနေ့ ကရော၊ ဒီနေ့ ပါ ကျမဆက်သွယ်ပါတယ်။ ဒီနေ့ တော့ကျမစာတင်ခဲ့ပါတယ်။ ကျမကိုဘာကြောင့်မရွေးချယ်တာလဲ ဆိုတဲ့ကိစ္စကို မေးခွန်းထုတ်ခဲ့တယ်ပေါ့ နော်။ ဘာ့ကြောင့်လဲဆိုတော့ NLD က တရားဝင်ကြေငြာထားတဲ့  ကိုယ်စားလှယ်လောင်းရွေးချယ်ရေးဆိုင်ရာ မူတွေနဲ့ ကျမက အားလုံးညီညွတ်တယ်။ နောက်ဆုံးအရေးကြီးဆုံးက NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရဲ့ ပြောကြားချက်ထဲမှာ အောက်ခြေမြို့ နယ်က ရွေးချယ်လို့ ရှိရင် သူတို့ကအတည်ပြုပေးတယ် ဆိုပြီးပြောတယ်။ အခုကိုယ်စားလှယ်လောင်း စာရင်းတွေ ထုတ်ပြန်တော့လဲ၊ အောက်ခြေကအတည်ပြုပေးလိုက်တဲ့နာမည်တွေကိုဘဲ အတည်ပြု ပေးလိုက်တာဆိုပြီးပြောတယ်ပေါ့ နော်။ အဲ့ဒီတော့ ကျမကတော့ သေချာအောင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်းကိုတွေ့ ပြီးမေးခဲ့ပါတယ်။ ဘယ်မူနဲ့ ဆန့် ကျင်လို့ ဘယ်နေရာမှာ ဒါ လွဲမှားချွတ်ချော်မှု ရှိလဲဆိုတာ ကျမမေးခွန်းထုတ်ခဲ့ပါတယ်။ ပြန်လည်စိစစ်ပေးဘို့ လည်း ကျမပြောခဲ့ပါတယ်။ < YM>
-
RFA >> "သူတို့ ဘက်က ဘယ်လိုတုံ့ ပြန်ပါသလဲရှင့် ။ < YM>
-
ဒေါ်ညိုညိုသင်း >>> "ခုန ဦးဥာဏ်ဝင်းရဲ့ ပြောစကားအရတော့ တိုင်းကတင်လာတဲ့အတိုင်းဘဲ ပေါ့နော် သူက အတည်ပြုလိုက်တာပါလို့ ပြောပါတယ်။ ကျမက တိုင်းကိုပြန်ပြီးစုံစမ်းတဲ့ အခါကျတော့  တိုင်းကလည်း မဟုတ်ပါဘူး၊ ဒါဟာ တိုင်းက ဗဟိုအလုပ်အမှုဆောင်ကော်မတီကို တိုင်းကတင်ပြတဲ့အခါမှာ ဒေါ်ညိုညိုသင်းကဘဲ နံပါတ်တစ် ဗဟန်းမြို့ နယ်ကိုယ်စားလှယ်လောင်းအဖြစ်တင်ပါတယ်လို့  ပြောပါတယ်။ ဒီနှစ်ဖွဲ့ ကြားမှာ တစုံတရာ လွဲမှားချွတ်ချော်မှုတွေ ရှိတယ်ဆိုတာတော့ကျမသိပါတယ်။ ကျမကတော့ ဖြေရှင်းချက်သာ တောင်းထားပါတယ်။ သတ်မှတ်ရက်ရောက်တော့မှ ဖြေရှင်းချက်က ရောက်မလာရင် ကျမရဲ့ တာဝန်ပြီးဆုံးပါပြီ။ < YM>
-
RFA >> " ဟုတ်ကဲ့ ဒေါ်ညိုညိုသင်းအနေနဲ့ ရော NLD ပါတီက ကိုယ်စားလှယ်လောင်းအဖြစ် မရွေးတာ ဘာ့ကြောင့်လို့ ထင်ပါသလဲရှင့် ။ < YM>
-
ဒေါ်ညိုညိုသင်း >> "ကျမကတော့ ဘယ်လိုမှကို ဒါကို မသိဘူး။ ဘယ်သူကလုပ်နေတာမှန်းလဲ မသိတဲ့အခါကျတော့ ဒါ သူတို့ ကဘဲ အသိဆုံးဖြစ်မှာပေါ့ နော်။ တရားဝင် NLD ကထုတ်ပြန်ကြေငြာထားတဲ့ ကိုယ်စားလှယ်လောင်းအရည်အချင်းနဲ့ လည်း ကျမက ကိုက်ညီပါတယ်။ အမျိုးသမီးလည်းဖြစ်တယ်။ လူငယ်လည်းဖြစ်တယ်ပေါ့ နော်။ ဒါ့ကြောင့်မို့ လို့ လဲ ကျမရဲ့ ပြိုင်ဘက်ကို ပြတ်ပြတ်သားသားအနိုင်ရပြီးတော့ ကျမကို မြို့ နယ်ကရော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ၊ စာရင်းတင်သွင်းခဲ့တာကိုတော့ သိပါတယ်။ < YM>
-
RFA >> "ဟုတ်ကဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် NLD ပါတီက ကမ်းလှမ်းထားပါသလားရှင့် ။ ဘာဖြစ်လို့ လဲဆိုတော့ NLD ပါတီက ကမ်းလှမ်းတာမဟုတ်ပါဘူးလို့  NLD ပါတီက တာဝန်ရှိသူ တဦးက အင်တာဗျူးးမှာ ဖြေသွားတာရှိပါတယ်။ ဒီအခြေအနေလေးလဲ သိချင်ပါတယ်။ < YM>
-
ဒေါ်ညိုညိုသင်း >> "ကျမကိုပေါ့ နော် မနှစ်က ကတည်းက ဗဟိုအလုပ်အမှုဆောင်တချို့ က ကမ်းလှမ်းခဲ့ပါတယ်။ တခါ ဒီနှစ် ၂၀၁၅ ဇန်န၀ါရီလမှာ ဒီ ကျမတို့  ဗဟန်းမြို့ နယ်ဥက္ကဌ ဖျာပုံလုံနီဦးနဲ့  ဒု ဥက္ကဌ ဦးစိုးမြင့်တို့ ကိုယ်တိုင် မြို့ မိမြို့ ဖတဦးဖြစ်တဲ့  ဦးတင်မောင်ဦးနဲ့ အတူတကွ ကမ်းလှမ်းခဲ့ပါတယ်။ ဒါ့ကြောင့်မို့ လို့  ကျမက တလပိုင်းမှာ သူတို့ ရဲ့ ကမ်းလှမ်းချက်ကို ကျမက ၃ လပိုင်းမှာ ဖြေကြားပြီးတော့ သဘောတူလက်ခံခဲ့ပါတယ်။ ဒါကို အထက်က ဗဟိုအလုပ်အမှုဆောင်တွေ မသိတာလား။ ခုနက တာဝန်ရှိသူတယောက်ဆိုသူက မသိတာလား ဆိုတာတော့ မသိပါဘူး။ < YM>
-
RFA >> " အဓိကတော့ ကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ ပတ်သက်လို့ ဒေါ်ညိုညိုသင်း ဘာတွေ ထောက်ပြချင်သလဲရှင့် ။ < YM>
-
ဒေါ်ညိုညိုသင်း >> " ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဆိုတာက ပြည်သူလူထု အားကိုးရတဲ့ ဒီမိုကရေစီအင်အားစုကြီးဖြစ်တယ်ပေါ့ လေ။ ဒီတော့ ကျမက မူနဲ့ အလုပ်လုပ်စေချင်ပါတယ်။ အဲ့ဒီအခါမှာ ပါတီတွင်းဒီမိုကရေစီ ရှင်သန်ဘို့ လဲလိုပါတယ်။ ဒါ့ကြောင့် ကျမက ဘယ်မူဝါဒတွေနဲ့ ကိုယ်စားလှယ်လောင်းဖြစ်စေရေးကို ရွေးချယ်လည်းဆိုတာကို သေချာအောင် စုံစမ်းတဲ့အခါမှာ အခုဒါ ရွေးချယ်ပုံတချို့ ဟာ တချို့ သောမူဝါဒများနဲ့ တလွဲတချော် ဖြစ်နေတာကို တွေ့ ရ ပါတယ်။ အဲ့ဒါကြောင့်မို့ လို့  ကျမအနေနဲ့ ကတော့  အဖွဲ့ ချုပ်အပေါ်မှာ ဒီမိုကရေစီရှင်သန်တိုးတက်စေဘို့ အတွက် စေတနာကောင်းနဲ့  ဒီလိုမေးခွန်းမျိုး မေးမြန်းခြင်းဖြစ်ပါတယ်။ ဘာမှ တိုက်ခိုက်ချင်တဲ့ပုံစံနဲ့  တခြားသော ရည်ရွယ်ချက်တွေနဲ့ ကျမ မေးခွန်းထုတ်တာ မဟုတ်ပါဘူး။ < YM>
-
RFA >> "ဒီတော့ မြန်မာ့နိုင်ငံရေးထဲမှာ ဆက်လက်ပါဝင်ဘို့ အတွက် ဒေါ်ညိုညိုသင်း ဘယ်လို အစီအစဉ်တွေ ရှိပါသလဲ ရှင့် ။ ဘာတွေ ဆက်လုပ်ဖို့  ရှိပါသလဲရှင့် ။ < YM>
-
ဒေါ်ညိုညိုသင်း >> " ကျမ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းကစပြီး ပြည်သူ့ ဘက်က မားမားမတ်မတ် ရပ်တည်ခဲ့တယ်ဆိုတာ တတိုင်းပြည်လုံးလည်း သိပါတယ်။ အဲ့ဒီတော့ ကျမရဲ့  မူဝါဒအတိုင်းဘဲ ကျမ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံဒီမိုကရေစီစံနစ် ရှင်သန်တိုးတက်ရေးနဲ့ အာဏာရှင်စံနစ် ပပျောက်ရေးအတွက် ကျမအစွမ်းကုန် တဒေါင့်တနေရာက ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဖြစ်ရင်လဲပေါ့နော် ကျမတခြားသောနည်းလမ်းများနဲ့ ကျမဆောင်ရွက်စရာတွေ အများကြီး ရှိပါတယ်ဆိုတာကို အသိပေးပြောကြားလိုပါတယ်။ < YM>
-
RFA >>> "ဟုတ်ကဲ့ ဥပမာပေါ့လေ တသီးပုဂ္ဂလအနေနဲ့ ဒီရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဘို့  ရှိမလား။ ဒါမှမဟုတ် တခြားပါတီက ၀င်ရောက်ယှဉ်ပြိုင်ဘို့ အစီအစဉ်ရောရှိသလား။ ဒေါ်ညိုညိုသင်းအနေနဲ့  ဘယ်လို စဉ်းစားထားတာရှိပါသလဲရှင့် ။ < YM>
-
ဒေါ်ညိုညိုသင်း >>> "တချို့ သောပါတီတွေကလာပြီးတော့ ဒီရက်ပိုင်းအတွင်းမှာ ကမ်းလှမ်းထားတာတွေ ရှိလို့  ကျမအရမ်းလည်း ကျေးဇူးတင်ပါတယ်။ ကျမကို အားပေးတဲ့ ပြည်သူလူထုကိုလည်း အများကြီးဘဲ မက်ဆေ့နဲ့ ရော လူကိုယ်တိုင်ရော လာပြီးအားပေးတဲ့ အတွက် ကျမအရမ်းကို ကျေးဇူးတင်ပါတယ်။ အဲ့ဒါကြောင့်လဲ ကျမနိုင်ငံရေးကို ဆက်ပြီးလုပ်သွားမှာပါ။ တသီးပုဂ္ဂလအနေနဲ့  ပြိုင်ဖြစ် မပြိုင်ဖြစ်ကတော့ ကျမ ကြေငြာပါ့မယ်။ နိုင်ငံရေးပါတီကိုတော့ ပြောင်းဘို့  သွားဘို့ ကိုတော့ အစီအစဉ် မရှိပါဘူး။ << YM>>
__________________________________
RFA

ပထအအကြိမ်ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးမိတဲ့ စိတ်ကြွဆေးပြားများ။
ပထအအကြိမ်ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးမိတဲ့ စိတ်ကြွဆေးပြားများ။

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စိတ်ကြွဆေးပြား ၁၅ သိန်း၊ ကာလတန်ဖိုး ကျပ်ငွေ သန်း ၇,၅၀၀ ဖိုးကို တနင်္လာနေ့က ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဒါဟာ ရန်ကုန်တိုင်းဒေသကြီးမှာ ဒုတိယအကြိမ်အများဆုံး ဖမ်းဆီးရမိမှုဖြစ်ပါတယ်။ ဒီဖမ်းဆီးရမိမှုဟာ လွန်ခဲ့တဲ့လက မင်္ဂလာဒုံမြို့နယ်အတွင်း ဖမ်းဆီးရမိမှုနဲ့ ဆက်စပ်နေတယ်လို့ ရဲတပ်ဖွဲ့ သုံးသပ်ထားပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခုလို စိတ်ကြွဆေးပြား သန်းနဲ့ချီပြီး ထပ်မံဖမ်းဆီးရမိတာကတော့ မြောက်ဒဂုံမြို့နယ်အတွင်းမှာ ဒီလ ၃ ရက်နေ့က ဖမ်းဆီးရမိတာဖြစ်ပါတယ်။

ဒီဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး နေပြည်တော် မူးယစ်တားဆီးနှိပ်နင်းရေးတပ်ဖွဲ့ကို ဆက်သွယ် မေးမြန်းရာမှာ တာဝန်ကျအရာရှိက အခုလို ပြောပါတယ်။

“....၁၅ သိန်းခင်ဗျ။ စိတ်ကြွဆေးပြား ၁၅ သိန်း။ကာလတန်ဖိုးက ၁၅ သိန်းကို ၅ ထောင်နှုန်းနဲ့ မြှောက်လိုက် - ၇,၅၀၀ သန်း။”

ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး သတင်းအသေးစိတ်ကိုတော့ ပြောဆိုတာမရှိသလို မြောက်ဒဂုံရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာလည်း ဖုန်းခေါ်ဆိုလို့ မရပါဘူး။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ရေးအဖွဲ့က ရဲမှုးကြီး ၀င်းဗိုလ်ကတော့ ဒီဖမ်းဆီးရမိမှုဟာ မင်္ဂလာဒုံမြို့နယ်မှာ ဖမ်းဆီးရမိတာနဲ့ ဆက်စပ်နေတာကြောင့် သတင်းမထုတ်ပြန်သေးတာဖြစ်ကြောင်း ပြောပါတယ်။

“အဲဒီကိစ္စတွေက အရင်အဖွဲ့နဲ့ ဆက်စပ်မှုရှိနေတယ်။ အဲဒီအတွက် ကျနော်တို့က လောလောဆယ် စိစစ်တုန်းဆိုတော့ လောလောဆယ် အဲဒါတွေ သိပ်ပြီး သတင်းမထုတ်ပြန်ချင်သေးဘူး။ ပိုင်ပိုင်နိုင်နိုင်ဖြစ်တဲ့အခါကျမှပဲ ထုတ်ပြန်ပါ့မယ်ခင်ဗျ။”

ဒီနေ့ထုတ် Democracy Today သတင်းစာမှာတော့ စိတ်ကြွဆေးပြားတွေကို မြောက်ဒဂုံမြို့နယ် ၄၁ ရပ်ကွက်က နေအိမ်တအိမ်က ဖမ်းဆီးရမိတာဖြစ်ပြီး မင်္ဂလာဒုံမှာ ဖမ်းဆီးရမိတာနဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်တွေကို မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှုးရုံးက တပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံတပ်ဖွဲ့ဝင်တွေ ပူးပေါင်း ရှင်းလင်းရင်းဖမ်းမိတာဖြစ်ကြောင်း၊ ဖမ်းဆီးရမိတဲ့နေအိမ်မှာ လူမတွေ့ရဘဲ ဒီအမှုအသေးစိတ်ကို ဆက်လက် စုံစမ်းနေကြောင်းနဲ့ မူးယစ်ပုဒ်မ ၁၉(က)အမှုဖွင့် စစ်ဆေးနေကြောင်းလည်း ဖော်ပြပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့ မနက် ၅ နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း၊ (၆) လမ်းသွားလမ်းမပေါ်မှာ ရပ်ထားတဲ့ ကွန်တိန်နာယာဉ်တစီးပေါ်ကနေ WY စာတမ်းပါ စိတ်ကြွဆေး ၂၆ သန်း၊ ကာလတန်ဖိုး ၁၃၃ ဘီလျံ ( အမေရိကန်ဒေါ်လာ သန်း ၁၀၀ကျော်) ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီဖမ်းဆီးရမိတာဟာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံးဖမ်းဆီးရမိတာဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့ မနက်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးထုတ်လုပ်ပစ္စည် ကျပ်သိန်း ၅ သောင်းကျော်ဖိုးဖမ်းဆီးရမိခဲ့ပါတယ်။

UNODC ခေါ် ကုလသမဂ္ဂ ရာဇ၀တ်မှုနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ကတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ စိတ်ကြွဆေးဝါးတွေ အများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှစ်ပတ်လည်အစီရင်ခံစာမှာလည်းမြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေဟာ နိုင်ငံတကာ သဘောတူစာချုပ်ပါ အချက်တွေကို အပြည့်အ၀ လိုက်နာဆောင်ရွက်ခြင်း မရှိဘူးလို့ ဖေါ်ပြပါတယ်။

VOA
http://burmese.voanews.com/content/lots-of-drug-captured-second-time-in-yangon-/2900565.html

အလှူရှင်တွေက ရေနစ်မြုပ်နေတဲ့ကောလင်းနဲ့ ပတ်ဝန်းကျင်ရွာတွေက ကျောင်းသားကလေးငယ်တွေကို စားသောက်စရာများ ဝေခြမ်းပေးနေစဉ်။ (ဇူလိုင် ၂၃၊ ၂၀၁၅)
အလှူရှင်တွေက ရေနစ်မြုပ်နေတဲ့ကောလင်းနဲ့ ပတ်ဝန်းကျင်ရွာတွေက ကျောင်းသားကလေးငယ်တွေကို စားသောက်စရာများ ဝေခြမ်းပေးနေစဉ်။ (ဇူလိုင် ၂၃၊ ၂၀၁၅)

ရေလွှမ်းမိုးမှုဒဏ်ကြောင့် ရေဘေးဒုက္ခ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေအနေနဲ့ တပူပေါ်နှစ်ပူဆင့် ဆိုသလို ဒုက္ခတွေ ပိုပြီး ရင်ဆိုင်လာရမှာဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က သတိပေး လိုက်ပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်မှု ပဋိပက္ခကြုံနေရတဲ့ မြန်မာနိုင်ငံက ကလေးသူငယ် အများစုဟာလတ်တလောဖြစ်ပေါ်နေတဲ့ ရေဘေးဒဏ်ကြောင့် မမျှော်လင့်ထားတဲ့ နောက်ထပ် ဒုက္ခတွေကို ရင်ဆိုင်လာရမှာ ဖြစ်တယ်လို့ UNICEF က သတိပေး လိုက်တာပါ။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေကစလို့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံကို အခြေပြုတဲ့ Komen ဆိုင်ကလုန်း မုန်တိုင်းရိုက်ခတ်မှုနဲ့အတူ မြန်မာနိုင်ငံမှာ မိုးသည်း ထန်ပြီး ရေလွှမ်းမိုးခဲ့တာကြောင့် အခုဆိုရင် သေဆုံးသူ အနည်းဆုံး (၄၆) ဦးရှိသွားပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက ပြောပါတယ်။ လူပေါင်း ၂ သိန်းကျော် ရေဘေးဒုက္ခသည်ဖြစ်နေပြီး သူတို့အတွက်အရေးပေါ်အကူညီတွေ လိုအပ်နေတာပါ။ ရေဘေးဒုက္ခသည်တွေကို ကူညီနိုင်ဖို့ အစိုးရကရော အရပ်ဘက်လူ့အဖွဲ့အစည်းတွေကပါ ကြိုးစားနေပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်ခဲ ကြောင့် ဒုက္ခသည်တွေဆီ အကူအညီတွေ တိုက်ရိုက် မရောက်နိုင်သေးဘဲ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ် ၁၄ ခုရှိတဲ့အနက် ၁၂ ခုမှာ ရေဘေးဒဏ်ခံနေရပါတယ်။ အစိုးရကတော့ ချင်းနဲ့ ရခိုင်ပြည်နယ် စစ်ကိုင်းနဲ့မကွေးတိုင်းတွေ ကိုသာ အန္တရာယ်ရှိတဲ့ဒေသအဖြစ် နောက်ကျပြီးမှ အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ပါတယ်။ အခုလို ရေဘေးဒဏ်သင့်တဲ့ပြည်သူတွေထဲမှာ ကလေးသူငယ်တွေအတွက် ပိုပြီးစိုးရိမ်စရာဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က သတိပေးလိုက်ကြောင်း ကုလသမဂ္ဂရဲ့ေ န့စဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ကုလအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က ပြောသွားပါတယ်။

“မြန်မာနိုင်ငံက ကလေးသူငယ်တွေဟာ သူတို့ နဂိုရ်ရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေအပြင် အခုတခါ ရေကြီးတဲ့အန္တရာယ် ကြုံလာရတာကြောင့် တပူပေါ် နှစ်ပူဆင့်ဆိုသလို ဒုက္ခတွေ ပိုတိုးလာဖို့ပဲရှိတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က သတိပေးထားပါတယ်။”

ရေကြီးမယ့်အန္တရာယ်ကြုံနိုင်တယ်လို့ ပညာရှင်တချို့က သတိပေးခဲ့ပေမယ့် မြန်မာအစိုးရကတော့ လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ခဲ့သလို အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း အားနည်းခဲ့ပါတယ်။ အခုလို ရေကြီးတဲ့ သဘာဝအန္တရယ်ကြောင့် ကလေးသူငယ်တွေမှာ လတ်တလောရင်ဆိုင်ရမယ့် ဒုက္ခတွေရှိသလို ရေဘေးသင့် မိသားစုတွေမှာ ရေရှည်ပြသနာတွေ ရင်ဆိုင်ရလိမ့်မယ်လို့ UNICEF အဖွဲ့က သုံးသပ်ပါတယ်။ ကလေးငယ်တွေအတွက် လတ်တလောရင်ဆိုင်ရမယ့် ပြသနာတွေနဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံအခြေစိုက် Edmonton ဆေးတက္ကသိုလ် ကထိကလည်းဖြစ်၊ ကျန်းမာရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူလည်းဖြစ်တဲ့ ဒေါက်တာ ဒေါ်ခင်စောဝင်းကလည်း ခုလို သုံးသပ်ပါတယ်။

“အခုအခြေအနေကို ကြည့်တဲ့အခါမှာဆိုလို့ရှိရင် မုန်တိုင်းဒဏ်ကို အများဆုံးခံရတာက ဆင်းရဲတဲ့ဒေသ မြို့နယ်တွေမှာ မုန်တိုင်းဒဏ်ကို အများဆုံးခံရတယ်ဆိုတာ တွေ့ရှိရပါတယ်။ နောက်ပြီးတော့ ဗမာနိုင်ငံလူဦးရေရဲ့ ၇၀ % သော လူဦးရေဟာဆိုလို့ရှိရင်လည်း ဆင်းရဲမွဲတေမှုဒဏ်ကို ခံနေရတဲ့လူတန်းစားတွေဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။ နောက်တခုကလည်း ဗမာတနိုင်ငံလုံးရဲ့လူဦးရေမှာဆိုလို့ရှိရင် ခလေးသူငယ်ဦးရေက ပျှမ်းမျှ ၃၀ % လောက်ရှိတယ် ဆိုတာ တွေ့ရပါတယ်။ အဲဒီတော့ ၃၀ % သော ခလေးတွေရဲ့ အကျိုးစီးပွားကို တာဝန်ရှိသူတွေအနေနဲ့ကလည်း ဦးစားပေးပြီးတော့ ကြည့်ရှုပေးဖို့ လိုတယ်လို့ မြင်မိပါတယ်။ အထူးသဖြင့် အခုလိုမျိုး မုန်တိုင်းဒဏ်ကို ခံစားနေရတဲ့အချိန်မှာ ကလေးတွေမှာ အလိုအပ်ဆုံးက သူတို့အတွက် သန့်ရှင်းတဲ့သောက်သုံးရေလိုအပ်မယ်၊ နောက်ပြီးတော့ နဂိုရ်ထဲကိုက ဒီကလေးတွေက ဆင်းရဲမွဲတေမှုကြောင့် အာဟာရနဲ့ပတ်သက်လို့ ပြည့်ပြည့်စုံစုံ မရနိုင်တဲ့ကလေးတွေ ဖြစ်တဲ့အခါမှာ အခုလို သဘာဝဘေးဒဏ်ဟာ ဆိုလို့ရှိရင် သူတို့ရဲ့အာဟာရထိခိုက်မှုမှာ ပိုပြီးတော့ ဆိုးဝါးစေတာမို့လို့ ကလေးတွေအတွက် လိုအပ်တဲ့၊ အားရှိမယ့်အာဟာရတွေလည်း ဖြည့်ဆီးပေးနိုင်ဖို့ အထူးသဖြင့် လိုအပ်ပါတယ်။ အာဟာရချို့တဲ့တဲ့အခါမှာဆိုလို့ရှိရင် မဖြစ်သင့်တဲ့ကူးစက်ရောဂါတွေဟာ ပိုပြီးတော့ ကူးစက်တယ် ဆိုတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ဒီကလေးတွေကို အကာအကွယ်ပေးဖို့ အရေးတကြီးလိုအပ်နေတာကတော့ အမှန်ပါပဲ။”

ရေဘေးဒဏ်အန္တရာယ်တွေ ကြုံရပြီးတဲ့နောက် ရေရှည်မှာ ကလေးငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံလာရတတ်တယ်လို့ ဒေါက်တာ ဒေါ်ခင်စောဝင်းက ပြောပါတယ်။

“စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ပတ်သက်ပြီးတော့လည်း ဒါတွေကတော့ အများကြီးရှိပါတယ်။ ကလေးတွေက နဂိုရ်ထဲကိုက တချို့ဒေသတွေမှာဆိုလို့ရှိရင် ရခိုင်ပြည်နယ်တို့၊ ချင်းပြည်နယ်ဘက်တို့ တည်ငြိမ်မှုမရှိတဲ့ဒေသတွေမှာ သူတို့က နဂိုရ်ထဲကိုက ရှုပ်ထွေးမှုတွေ၊ ပဋိပက္ခဖြစ်မှုတွေကို ရင်ဆိုင်နေရတယ်၊ အထိတ်တလန့်နေနေရတယ်၊ ပြီးတော့ သူတို့က တချို့ဆိုလို့ရှိရင် ဒုက္ခသည်စခန်းတွေမှာ နေနေရတယ်၊ အဲဒီလို နေနေရတဲ့အတွက် သူတို့မှာ စိတ်ဖိစီးမှုဒဏ်ရာ ရရှိထားပြီးတဲ့အပေါ်မှာ အခု ထပ်ဆင့်ပြီးတော့ ရေဘေးဒဏ်ဟာ သူတို့အတွက် ဒီလိုမျိုး အထိတ်တလန့်ကြီး ရေတွေ လျှံတက်လာတာမြင်ရတာ၊ လူတွေ ပြေးလွှားတာ၊ ကိုယ့်ရဲ့မိဘ၊ လူကြီးတွေကိုယ်နှိုက်က ကိုယ့်ကိုတောင်မှ သေချာ ဂရုတစိုက် လုပ်နေတဲ့ကြားက သေချာမလုပ်နိုင်ဘဲ၊ သေချာဂရုမစိုက်နိုင်ဘဲနဲ့ အမျိုးစုံ အန္တရာယ်ကြားကနေပြီးတော့ ထွက်ပြေးရတဲ့အခါမှာ သူတို့အတွက် စိတ်ဒဏ်ရာဟာ သူတို့နဲ့အတူ ပါသွားနိုင်တဲ့အန္တရာယ်ရှိတဲ့အတွက် ဒါဟာလည်း ပေါ့ဆလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတရပ်ဖြစ်ပါတယ်။”

အကြမ်းဖက်မှု ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေဟာ လတ်တလောဖြစ်ပေါ်နေတဲ့ ရေဘေးဒဏ်ကြောင့် အခြေအနေ ပိုဆိုးလာပြီး အရေးပေါ်အကူအညီတွေ ပိုလိုအပ်နေတယ်လို့ UNICEF အဖွဲ့က ပြောပါတယ်။ ရခိုင်ဒေသက ကလေးငယ်တွေကို ထောက်ပံ့နိုင်ဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၄.၉ သန်းပေးဖို့ UNICEF က တောင်းခံခဲ့ပေမယ့် လက်တွေ့မှာ ၅.၆ သန်းသာ ရရှိထားပါတယ်။ ရေဘေးဒုက္ခသည်တွေကို မြန်မာစစ်တပ်အပါအဝင် ကြက်ခြေနီအဖွဲ့တွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက ကူညီနေသလို WFP ခေါ် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အဖွဲ့ကလည်း ရေဘေးဒုက္ခသည် အနည်းဆုံး ၁ သိန်းခွဲအတွက် ဆန်၊ ဆီ၊ ဆားနဲ့ ကုန်ခြောက်တွေကို တလစာရိက္ခာ အဖြစ် ဝေငှသွားမယ်လို့ ကုလသမဂ္ဂ UNOCHA အဖွဲ့ကပြောပါတယ်။

ကိုဉာဏ်ဝင်းအောင်/VOA
http://burmese.voanews.com/content/un-concerns-over-for-myanmar-flood-victim-children/2899167.html

National League for Democracy (NLD)'s flag
National League for Democracy (NLD)'s flag

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေထုတ်ပြန်လိုက်တဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေထွက်ရှိနေပါတယ်။ မနေ့က မင်္ဂလာတောင်ညွန့်က NLD ပါတီဝင်အချို့က လာမယ့်ရွေးကောက်ပွဲမှာ NLD ကိုယ်စားပြု အနေနဲ့ မင်္ဂလာတောင်ညွန့်ကနေဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီကသက်မှတ်ထားတဲ့ ကိုယ်စားလှယ်ရဲ့လုပ်ရပ်ကိုမထောက်ခံကြောင်း ထုတ်ဖော်မှုတွေရှိလာခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းက မေခက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့ NLD ကိုယ်စားလှယ်လောင်း စာရင်းအပေါ်မှာ ပါတီကိုထောက်ခံအားပေးသူ၊ ပါတီဝင် အချင်းချင်းမှာ တုံ့ပြန်ဝေဖန်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ မင်္ဂလာတောင်ညွန့်က NLD ပါတီဝင်အချို့က လာမယ့်ရွေးကောက်ပွဲမှာ NLD ကိုယ်စားပြု အနေနဲ့ မင်္ဂလာတောင်ညွန့်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီကသက်မှတ်ထားတဲ့ ကိုယ်စားလှယ်ရဲ့လုပ်ရပ်ကို မထောက်ခံကြောင်း၊ ရွေးချယ်သူက ဝင်ရွေးခံမယ့်နေရာဒေသကို မကျွမ်းကျင်မှု၊ ပြည်သူနဲ့ရင်းနှီးမှုမရှိသူဖြစ်တာကြောင့် ကိုယ်စားပြုအနေနဲ့ ဝင်ရွေးခံဖို့ ဗဟို ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး မင်္ဂလာတောင်ညွန့်က NLD မြို့နယ်ပါတီဝင် ဖြိုးမင်းမြင့်က အခုလို ဗွီအိုအေကို ပြောပါတယ်။

“ပြည်သူနဲ့ထိတွေ့မှုမရှိတဲ့အပေါ်မှာ ရပ်ကွက် မဲဆန္ဒရှင်တွေကိုရော၊ ရပ်မိရပ်ဖတွေကိုရောလေ သူ့ကို ထောက်ခံမှုမရှိတဲ့အတွက် ကျနော်တို့ လုပ်ကြတာပါ။ မဲဆန္ဒရှင်အများစု ငြိုငြင်မှုကို ကျနော်တို့ပါတီက လူတွေ အဓိက ခံရတယ်လေ။ လမ်းဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး သူ့ကို ရပ်မိရပ်ဖတွေက တင်ပြတဲ့အပေါ်မှာ သူ့အနေနဲ့ neglect လုပ်ထားတဲ့ တချို့အချက်အလက်တွေလည်း ရှိတာကို။ တချို့ရပ်မိရပ်ဖတွေက သူ့ကို မကျေနပ်ဘူးခင်ဗျ။ သူ့နေရာမှာ ဘယ်သူပဲလာလာ၊ ကျနော်တို့အောင်နိုင်ရေးကို လုပ်ပေးပါမယ်ဆိုပြီး အဖွဲ့ချုပ်ကို မေတ္တာရပ်ခံတာပေါ့ အမရယ်၊ ဗဟိုကို၊ ဒါပါပဲ။”

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် မင်္ဂလာတောင်ညွန့်ကနေ NLD ကိုယ်စားလှယ်အနေနဲ့ ဒေါ်ဖြူဖြူသင်း၊ တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ ဦးလှဌေး၊ ဦးတင်မောင်ဝင်းတို့ကို ရွေးချယ်ခံဖို့ NLD က ထုတ်ပြန်ထားပါတယ်။ ဒီအပေါ်မှာ ဒေါ်ဖြူဖြူသင်းကို မင်္ဂလာတောင်ညွန့်က NLD ပါတီဝင်အချို့က မထောက်ခံနိုင်ကြောင်း အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။ ဒီလို မထောက်ခံရတဲ့အကြောင်းရင်းကိုလည်း ဗဟိုကိုတင်ပြထားတယ်လို့ ဖြိုးမင်းမြင့်က ပြောပါတယ်။ မြို့နယ်ကနေ စိစစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မင်္ဂလာတောင်ညွန့်ကနေ အရွေးခံဖို့ မင်္ဂလာတောင်ညွန့်သား ၈၈ က ကိုမြအေး၊ ကိုရန်အောင်နဲ့ ရှေ့နေ ဦးလှမျိုးမြင့်တို့ကို မြို့နယ်ကော်မတီဝင်တွေက ရွေးချယ်ဖို့ တင်ပြခဲ့ပေမယ့် တင်ပြထားသူတွေကို ဗဟိုကနေ မရွေးချယ်ဘူးလို့ ဖြိုးမင်းမြင့်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့ပေမယ့် NLD ကိုယ်စားလှယ်လောင်းစာရင်းမှာ မပါခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းကတော့ ဗဟိုကော်မတီဝင်တွေက ရွေးချယ်တာမှာ အောက်ခြေကတင်လာတဲ့အတိုင်း ဗဟိုကရွေးချယ်တယ်လို့ ဖြေကြားမှုတွေရှိကြောင်း၊ လက်တွေ့မှာ အောက်ခြေမြို့နယ် ပါတီကိုယ်စားလှယ်တွေက ဗဟိုမတင်ခင် မဲစနစ်အရ ရွေးချယ်ခဲ့ကြကြောင်း၊ ရွေးချယ်ရာမှာ မဲအရ အနိုင်ရခဲ့ပေမယ့် နောက်ဆုံးစကာတင်မှာ မပါဝင်ခဲ့ကြောင်း ဘယ်လိုအချက်နဲ့ညိစွန်းခဲ့သလဲဆိုတာကို NLD ဗဟိုအောင်နိုင်ရေးကို မေးခွန်းထုတ်ထားတယ်လို့ အခုလို ပြောပါတယ်။

“အဖွဲ့အစည်းတခုနဲ့အလုပ်လုပ်တယ်ဆိုတဲ့အခါကျတော့ ကိုယ့်အဖွဲ့အစည်းကို အစည်းအဝေးထိုင်ချိန်တို့၊ ပြန်လည်သုံးသပ်ချိန်တို့၊ ဒါမျိုးလေးတွေ အမတို့ ပေးသင့်တာပေါ့နော်၊ ဒီနေ့မေး၊ ဒီနေ့ဖြေပေးဆိုတော့ မကောင်းဘူးလေ။ သူတို့အတွက်ကလည်း တနိုင်ငံလုံးအတွက် စဉ်းစားရတာဆိုတော့ ၊ NLD ရဲ့ရွေးချယ်ရေးမှူးတွေကလည်း ကမ္ဘာသိ ထုတ်ပြန်ထားတာဖြစ်တယ်လေ။ ဒီအရည်အချင်းများနဲ့ အကုန်လုံးပြည့်စုံတယ်ဆိုပြီးပေါ့နော်။ အဲဒီပြည့်စုံတဲ့အတွက် ဘယ်မူနဲ့ငြိစွန်းတဲ့အတွက်ကြောင့်မို့လို့ အခုလိုမျိုး၊ အမကို ရှုံးနိမ့်တဲ့ပြိုင်ဘက်ကို ရွေးချယ်တာပါလဲဆိုတာကို အမ မေးထားတယ်လေ။ သူတို့ရဲ့အဖြေကို အမ စောင့်ပြီးတော့မှပဲ တခြားဆုံးဖြတ်ချက် ချမယ်ပေါ့နော်။”

ပါတီကိုယ်စားလှယ် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က အခုလိုပြောပါတယ်။

“ဝေဖန်မှုကတော့ ရှိမှာပဲ၊ ဒါပေမယ့် အကောင်းဆုံးကိုတော့ အန်တီတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူကြီးတွေ ရွေးထားတာပါ။ ရွေးကတည်းကိုက ….ထဲမှာ စာကိုထည့်ထားပြီးတော့ အောက်ပါအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့လူတွေကို စိစစ်ပြီးတော့ ရွေးတယ်ဆိုတာကို အန်တီတို့ ခနခန ပြောပြနေပါတယ်။ အန်တီတို့ ပါတီဝင်ထဲက လူတွေကကို ဒီ -ကို သေချာလည်းမဖတ်ထားဘူး၊ စည်းမျဉ်းစည်းကမ်း ကိုလည်း သဘောမပေါက်တဲ့လူတွေက ပိုပြီးများနေတာ၊ သူတို့စိတ်ထဲမှာ သူတို့ရွေးလိုက်ရင်ရပြီလို့ သူတို့ကထင်တယ်။ ရွေးချယ်မှု အပိုင်းကတော့ အောက်ခြေနဲ့မဆိုင်ဘူးလေ။ အဲဒီတော့ အောက်ခြေကလူတွေက သေသေချာချာမသုံးသပ်ဘဲနဲ့ နောက်ဆုံးကျတော့ အပေါ်မှာပဲလာပြီးတော့ ပြဿနာဖြစ်တော့ အောက်က မပြေလည်တဲ့ကိစ္စတွေက အပေါ်ကို ရောက်လာတာပေါ့နော်။”

ဒီလိုဝေဖန်မှုတွေရှိနေတဲ့ NLDပါတီ ရဲ့ကိုယ်စားလှယ် ရွေးချယ်ရေးမှုအပေါ် သတင်းစာဆရာ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်ကတော့ ခုလိုသုံးသပ်ပါတယ်။

“သူ့ပါတီမှာ သူတို့ချထားတဲ့ စည်းမျဉ်းစည်းကမ်းရှိတာပေါ့နော်။ အဲဒီအတိုင်း လုပ်သွားတယ်လို့ပဲ နားလည်တယ်။ ဒါ သူတို့တရားဝင် authority တွေ၊ ဦးဉာဏ်ဝင်းကိုယ်တိုင် ပြောတာပဲ။ သူတို့က လာပါ၊ ခင်ဗျားကို ကျနော်တို့က ဒါအမတ်လောင်းအနေနဲ့ ရွေးချယ်ပါမယ်-ဆိုပြီးတော့ ဖိတ်ခေါ်တာ၊ ဒီလိုတော့ မရှိဘူးပြောတယ်။ အဲလို မရှိဘူးဆိုတဲ့အခါကျတော့ ကိုယ့်ဆန္ဒနဲ့ကိုယ်ပဲ လုပ်ပြီးတဲ့အခါကျတော့မှ အဆိုပြုတာပဲ၊ အဓိပ္ပာယ်ကတော့ ပါတီရဲ့ဆုံးဖြတ်ချက်ကိုပဲ နာခံရမယ်ဆိုတဲ့ သဘောပဲလေ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ တိုင်းဒေသအချို့မှာ NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေ ထုတ်ပြန်ဖို့ကျန်ရှိနေသေးတယ်လို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်ကပြောပါတယ်။ လက်ရှိ ထုတ်ပြန်ထားတဲ့စာရင်းတွေအရ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ NLD က ကိုယ်စားလှယ်ဦးရေ ၁,၀၉၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/nld-candidates-nominate-is-critcizes-/2899148.html

 ရေဖုံးလွှမ်းမှု အန္တရာယ်မြင့်မားတဲ့ မြို့နယ်တွေကိုတွေ့ရစဉ် Photo: U Tun Liwn Facebook
 ဧရာဝတီမြစ်ရေ မြင့်တက်လာနေတဲ့ အတွက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက ဟင်္သာတ၊ ညောင်တုန်း၊ ဇလွန်မြို့နယ်တွေမှာ ရေဖုံးလွှမ်းတာတွေ ဖြစ်နိုင်တဲ့အတွက် မြေနိမ့်ပိုင်းက ဒေသခံတွေ ရွှေ့ပြောင်း နေထိုင်ကြဖို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။ အဲဒီမြို့နယ်တွေက အတော်များများနေ ရာတွေမှာ ရေစတင်ဖုံးလွှမ်းနေပြီး ဧရာဝတီမြစ်ရေ ဆက်လက် မြင့်တက်လာနိုင်တဲ့ အတွက်ကြောင့် ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေးလိုကြောင်း ဒေါက်တာထွန်းလွင်က ပြောပါတယ်။

"ရေကြီးမယ်ဆိုရင်တော့ ပထမဦးဆုံး အသက်အန္တရာယ် ကာကွယ်ရမှာပေါ့ဗျာ၊ သက်ကြီးရွယ်အိုတွေ၊ လူမမယ်ကလေးတွေနဲ့ နာမကျန်းဖြစ်တဲ့သူတို့ ဘေးကင်းရာကို ကြိုတင်ရွှေ့ထားသင့်တာပေါ့၊ သွားရေးလာရေးလည်း စီမံသင့်တာပေါ့၊ အရေးကြီးရင် ဘာနဲ့သွားမလဲ လှေနဲ့သွားမှာလား ကားနဲ့သွားလို့ရမှာလား"

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက မြန်မာပြည်အထက်ပိုင်းမြစ်လက်တက်မှာ ရေကြီးခဲ့တာကြောင့် အခုအချိန်ဟာ ဧရာဝတီနဲ့ ချင်တွင်းမြစ်ထဲ ပေါင်းစီးဆင်းပြီး အောက်ပိုင်းက ဒေသတွေမှာ ရေကြီးတာတွေ ဖြစ်လာမယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဧရာဝတီမြစ်ကမ်းဘေးက ပခုက္ကူ၊ ညောင်ဦး၊ မင်းဘူး၊ အောင်လံ၊ မကွေး၊ ပြည်၊ ဟင်္သာတ၊ ဇလွန် စတဲ့မြို့တွေမှာလည်း စိုးရိမ်ရေအမှတ်ကို ရောက်နေပြီလို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကမ္ဘာ့ကုလသမဂ္ဂ၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mrs.Yanghee Lee နဲ့အဖွဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး ကိစ္စရပ်တွေကို ဆွေးနွေးစဉ်။ (ဓာတ်ပုံ-ဦးညိုအုန်းမြင့်)
 မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ခရီးစဉ်ဒုတိယ နေ့မှာတော့ အင်းစိန်အကျဉ်းထောင်ကို သွားရောက်လေ့လာပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို တတိယ အကြိမ်မြောက် ရောက်လာတဲ့ မစ္စ် ယန်ဟီးလီဟာ လူ့အခွင့်အရေး ကိစ္စတွေအပြင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လိုက်လံဆွေးနွေးမှုတွေ လုပ်ဆောင်နေတာပါ။ အပြည့်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂီလင်းက သတင်းပေးပို့ထားပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီရဲ့ခရီးစဉ် ဒုတိယနေ့မှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီတစ်ကြိမ်တွေ့ဆုံမှုဟာ မစ္စယန်ဟီးလီနဲ့ မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့နဲ့ တတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး မစ္စယန်ဟီလီက လယ်ယာမြေကိစ္စနဲ့ အကျဉ်းထောင်ကိစ္စတွေ မေးမြန်းသွားတယ်လို့ ဥက္ကဋ္ဌဦးဝင်းမြက ပြောပါတယ်။

“လယ်မြေသိမ်းတဲ့ကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုဆောင်ရွက်လဲဆိုတာလေးကို သူက မေးပါတယ်။ အဲဒိတော့ ကျနော်တို့အနေနဲ့ အသေးစိတ်တော့ ရှင်းလင်းပြောကြားပါတယ်လေ။ နောက်တခါ ….ထောင်တွေ ဆေးစစ်တာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အကြံပြုချက်လေးတွေ ရှိတော့ ဒီအကြံပြုချက်တွေကိုကော သက်ဆိုင်ရာဌာနကနေပြီးတော့ ဘယ်လောက် အတိုင်းအတာအထိ ဆောင်ရွက်ပြီးစီးလဲဆိုတာလည်း မေးပါတယ်။”

ညနေပိုင်းမှာတော့ မြန်မာငြိမ်းချမ်းရေးစင်တာကို သွားရောက်ခဲ့ပြီး ပဋိပက္ခအလွန် ပြန်လည် ထူထောင် ရေးကို အလေးပေးတဲ့မေးခွန်းတွေ မေးမြန်းသွားခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေစင်တာက ဦးညိုအုန်း မြင့်က ပြောပါတယ်။

“ကျနော်တို့အပစ်အခတ်ရပ်စဲရေး ပြီးသွားတဲ့အခါမှာ ဒီလူတွေကို ဒုက္ခပေးနေတဲ့ မြေမြှုပ်မိုင်းကိစ္စ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ နိုင်ငံတကာနဲ့ ဘယ်လို ပံ့ပိုးကူညီရမလဲ၊ နောက်တခါ တိုင်းရင်းသားတွေနဲ့ ကျနော်တို့နယ်မြေတွေမှာ ထိစပ်ခံနယ်မြေတွေမှာ ပဋိပက္ခအလွန်မှာ ကျနော်တို့တိုင်းပြည်ကို ဘယ်လို ပြန်ထူထောင်မလဲဆိုတဲ့ အချက်အလက်တွေကိုပဲ သူ့အနေနဲ့ စိတ်ဝင်တစားမေးမြန်းပါတယ်ခင်ဗျ။”

ဒါ့အပြင် အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နေအိမ်မှာ တွေ့ဆုံခဲ့ တယ်လို့ သိရပါတယ်။ ခရီးစဉ်ဒုတိယနေ့ သြဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းမှာ အင်းစိန် အကျဉ်း ထောင်ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ တဆက်တည်းမှာပဲ မနေ့က သြဂုတ်လ ၃ ရက်နေ့မှာ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းက ကိုဘိုကြည်ကတော့ သူ့အနေနဲ့ အကျဉ်းထောင်ဥပဒေကို ပြင်ဆင်ဖို့ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်ကတော့ အကျဉ်းထောင်ဥပဒေကို အစိုးရဘက်နဲ့ သေချာဆွေးနွေးဖို့၊ ဒီအကျဉ်းထောင်ဥပဒေ ဆိုတာ ခေတ်မီတဲ့အကျဉ်းထောင်ဥပဒေမဟုတ်ဘူး။ ဒိအတွက် လက်ရှိ နိုင်ငံရေးအခြေအနေ၊ နောက် ပတ်ဝန်းကျင်နိုင်ငံတွေရဲ့အခြေအနေ၊ နောက် ကုလသမဂ္ဂကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း- ဒါတွေနဲ့အညီ အကျဉ်းထောင်ဥပဒေဆိုတာကို ပြန်ဆွဲဖို့ဆိုတာကို အစိုးရကိုတိုက်တွန်းဖို့ ကျနော်တို့ ပြောဆိုဆွေးနွေးထားတာတွေ ရှိပါတယ်။”

ခရီးစဉ်ပထမနေ့မှာ အရပ်ဖက်အဖွဲ့အစည်းတော်တော်များများနဲ့တွေ့ဆုံခဲ့ရာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မစ္စယန်ဟီလီနဲ့ ဆွေးနွေးခဲ့တယ်လို့ ၈၈ မျိုးဆက်နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးက အခုလိုပြောပါတယ်။

“ရွေးကောက်ပွဲဟာ Free and fair ဖြစ်နိုင်၏၊ မဖြစ်နိုင်၏အခြေအနေတွေ၊ ဥပမာ voter list နဲ့ပတ်သက်ပြီး မဲစာရင်းမှားယွင်းမှုတွေဆိုတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး အဲဒါလည်း ပြောဖြစ်ပါတယ်။ အရမ်းကပ်နေတဲ့အခါမှာ ပြန်ပြင်ဖို့ဆိုတာ ကျနော်ထင်တယ်ဗျ။ အချိန်က မလုံလောက်ဘူး၊ မလွယ်လောက်ဘူး။ မဲစာရင်းတွေက မှားယွင်းနေတယ်။ တော်တော်လေးကို မှားယွင်းနေတယ်ဆိုတာ အသံတွေပေါင်းစုံနဲ့ကြားနေရတယ်ဗျာ။ ဆိုတော့ - အဲဒီအခြေအနေကိုတော့ ကျနော်တို့ ပြောပြခဲ့လိုက်တယ်။”

မစ္စယန်ဟီးလီဟာ သတင်းလွတ်လပ်ခွင့်နဲ့ဆိုင်တဲ့အကြောင်းအရာတွေ ဆွေးနွေးဖို့အတွက်လည်း ပြည်တွင်း သတင်းထောက်အချို့နဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။ သွားရောက်တွေ့ဆုံခဲ့တဲ့ စာနယ်ဇင်း ကောင်စီက ကိုမြင့်ကျော်ကတော့ သတင်းထောက်တွေအပေါ် တရားစွဲဆိုမှုတွေနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့တယ်လို့ အခုလိုပြောပါတယ်။

“သတင်းမီဒီယာဥပဒေနဲ့စွဲသင့်သည်ဖြစ်စေ၊ တကယ်စွဲသင့် စွဲထိုက်တဲ့ပမာဏထက် ၁၁ ယောက်လုံး စွဲတာတို့၊ ၁၇ ယောက်လုံးစွဲတာတို့ - အဲဒီကိစ္စမျိုးတွေက ခြိမ်းခြောက်မှုတွေ ဖြစ်စေတယ်ပေါ့နော်၊ ၀န်ထုတ်ဝန်ပိုးတော့ ရပ်တန့်အောင်ကြိုးစားတဲ့သဘောမျိုးတွေဖြစ်တယ်ပေါ့နော်။ အဲဒါတွေက နောက်ဆို လွတ်လွတ်လပ်လပ် ရေးသားဖို့အတွက် မ၀ံ့မရဲနဲ့ စိုးရိမ်မှုတွေဖြစ်စေတယ်ပေါ့။”

ခရီးစဉ်နောက်ဆုံးနေ့ သြဂုတ်လ ၇ ရက်နေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပသွား မှာလည်း ဖြစ်ပါတယ်။ မစ္စယန်ဟီလီဟာ ဒီခရီးစဉ်ကနေရရှိတဲ့ တွေ့ရှိချက်တွေကို အောက်တိုဘာလ မှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်ပြသွားမှာဖြစ်ပါတယ်။

သိင်္ဂီလင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com