08/06/15


ကျောင်းကုန်းမြို့ အမှတ်၁ရပ်ကွက် တပင်ရွှေထီးနားရှိ ကျောင်းသားကျောင်းသူ ၂၀၀ ကျော် ပညာသင်ကြားနေတဲ့ အမကဂန့်ဂေါ် NFPE (ကျောင်းပြင်ပ ပညာရေး)စာသင်ကျောင်းမှာ သြဂုတ်လ ၅ရက်နေ့ နေ့လယ် နှစ်နာရီလောက်က ကျောင်းသားတွေ စာမေးပွဲနေရင်း ရေနစ်မြှပ်လာခဲ့တဲ့အတွက် စာမေးပွဲဆက်လက်ဖြေဆိုနိုင်ခြင်းမရှိပဲ စာသင်ကျောင်းကို ချက်ချင်းပိတ်လိုက်ရပါတယ်။

ဒါ့ပြင်၉တန်း ၁၀တန်း အခမဲ့ပညာဒါန စာသင်ကြားပေးနေတဲ့ကံ့ကော်ဘုန်းတော်ကြီးသင်ကျောင်းလည်း ရေနစ်ခဲ့ပါတယ်။ ဘုန်းတော်ကြီးကျောင်းမှာ ညအိပ်ညနေ စာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူ၇၀ရှိပြီး စုစုပေါင်း ကျောင်းသားကျောင်းသူ တစ်ရာကျော်ကို အခမဲ့ ပညာသင်ကြားပေးနေတာလို့ သိရပါတယ်။ ဒီဘုန်းတော်ကြီးကျောင်းကို သြဂုတ်လ ၅ရက် မနက်ပိုင်း ရေတက်တုန်းက ရေနစ်မြှပ်ခဲ့ခြင်းမရှိဘဲ နေ့လယ်ပိုင်းချိန်မှ ရေလွှမ်းမိုးမှုဒဏ် ခံစားခဲ့ရတာပါ။

ကျောင်းကုန်းမြို့မှာ မြစ်ရေတက်နေတာ သြဂုတ်၅ရက် ညနေ၃နာရီချိန်ထိ လျော့ကျသွားခြင်း မရှိသေးပါဘူး။ ကျောင်းကုန်းမြို့ရှိ ရပ်ကွက်တချို့ အနေနဲ့ သြဂုတ်လ ၄ရက် ညပိုင်းချိန်က စပြီး မြစ်ရေတက်ခဲ့တာကြောင့် ဒေသခံတချို့ ညတွင်းချင်း လူတွေပြောင်းရွှေ့ခဲ့ရပြီး မနက်ပိုင်းကျမှ ပစ္စည်းတွေ ထပ်မံပြောင်းရွှေခဲ့ရပါတယ်။ ကျောင်းကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူတွေကို သြဂုတ်လ နေ့လယ်ပိုင်းထိ ကူညီစောင့်ရှောက်မှုတွေ မရရှိသေးပါဘူးလို့ရေဘေးသင့်ပြည်သူတွေက ပြောပါတယ်။

သတင်းဓာတ်ပုံ - ငြိမ်းသူ
.
Credit : DVB


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး ခရီးစဉ်။ (၂၀၁၅)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး ခရီးစဉ်။ (၂၀၁၅)

အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှု နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ် လာပြီးနောက်မှာ ကိုယ်စားလှယ်လောင်း နေရာတချို့ ကို ပြန်လည် ပြင်ဆင်မယ်လို့ ပါတီက ပြောဆိုလိုက်ပါတယ်။ ၈၈ မျိုးဆက်တို့ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကို ပါတီဘက်က အသိအမှတ်ပြုသလို လက်ရှိ ကိုယ်စားလှယ်လောင်း ရွေးချယ် မှုကြောင့် ဝေဖန်မှုတွေ ရှိနေပေမယ့် ပါတီတွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်မှု မရှိဘူးလို့ လည်း ပြောဆိုလိုက်ပါတယ်။ မသိဂီ င်္ထိုက် ဆက်သွယ်မေးမြန်း ထားပါတယ်။

အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က လာမယ့် ရွေးကောက်ပွဲ အတွက် ပါတီရဲ့ အမတ်လောင်းတွေ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ် လာခဲ့ပြီးနောက် မှာတော့ ရွေးချယ်ထားပြီးသား ကိုယ်စားလှယ်လောင်း ၅ နေရာ ကို ပြန်လည် ပြင်ဆင်မယ် လို့ ပြောဆိုလိုက်ပါတယ်။ ပါတီရဲ့ ဗဟို အလုပ် အမှုဆောင် တဦးလည်းဖြစ် ပါတီရဲ့ ပြောခွင့်ရသူ ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

" လေး ငါးနေရာလောက် ပြင်ဖို့ ရှိပါတယ်။ ကျနော်တို့က အောက်ခြေက တင်လာတဲ့ စာရင်းရဲ့ ၇၅% ကို ကျနော်တို့ အတည်ပြုပါတယ်။ ကျနော်တို့ အတည်မပြုဘဲ ပြုပြင်ပြောင်းလဲမှု လုပ်တာကတော့ ၂၅% လောက်ပဲ ရှိပါတယ်။ အဲ့တာကြောင့် နောက်တခုက ကျနော်တို့ ပါတီအနေနဲ့က သိပ်မကြာခင် လွန်ခဲ့တဲ့ နှစ်က လုပ်ခဲ့တဲ့ ညီလာခံမှာ ဒီလို အတွေ့အကြုံတွေရှိပါတယ်။

ဒါက လူတိုင်းရဲ့လွတ်လပ်ခွင့်အရ ပြောကြဆိုကြ ဝေဖန်ကြတယ်။ မကျေနပ်ဘူးလို့ပြောကြတယာ။ ဒါကတော့ သူတို့ပြောတာတွေကလည်း သဘာဝကျတယ်လို့ ထင်ပါတယ်။ တရားဝင် တယောက်မှ ကျနော် မတွေ့သေးပါဘူး။ ဒီနေ့တွေ့မယ်လို့ ပြောသံဆိုသံတော့ ကြားပါတယ်။"

ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို မြို့နယ်တွေက တင်ပြထားတဲ့ စာရင်းအတိုင်း အများစုကို ရွေးချယ်တာ ဖြစ်ပြီး ဗဟိုကော်မတီက အနည်းစုကို ဘဲ ရွေးချယ် တာ ဖြစ်တယ် လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမယ့် အများက မျှော်လင့် ထားသလို ၈၈ မျိုးဆက် ခေါင်းဆောင် တချို့ အပါအ၀င် လူသိများတဲ့ နိုင်ငံရေး သမား တချို့ကို ပါတီ ကိုယ်စားလှယ်လောင်း မရွေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ အတော်လေး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဘက်ကတော့ ၈၈ မျိုးဆက်တို့ရဲ့ နိုင်ငံရေး အင်အားကို အသိအမှတ်ပြုတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခု အသစ် ထပ်ရွေးမယ့်အထဲမှာ ၈၈ မျိုးဆက်တို့ထဲက ပါမပါကိုတော့ ဦးညဏ်ဝင်းက မပြောပါဘူး။

"ကျနော်တို့က ကျနော်တို့ပါတီကနော် မည်သူမဆို လျှောက်နိုင်တယ်။ လျှောက်ခွင့်ကို မပိတ်ထားပါဘူး။ အဲ့တော့ နိုင်ငံရေးအရ ၈၈ကို ဘယ်လိုသဘောထားလဲဆိုလို့ရှိရင် ကျနော်တို့ ၈၈က အင်အားတရပ်ဖြစ်တယ်ဆိုတာ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ကျန်တာ ကျနော်တို့ ဘာမှ မှတ်ချက်ပေးစရာမရှိပါဘူး။"

အခုချိန်ထိတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်ထံကို အပြီးသတ် မတင်နိုင်သေးပါဘူး။ ဒါ့အပြင် လာမယ့် ရွေးကောက်ပွဲမှာ ပြည်နယ်တွေထဲက မြို့နယ် ၁၀ မြို့နယ်မှာတော့ NLD အနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်နိုင်မှာ မဟုတ်သလို အခုချိန်ထိလည်း တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ၊ တခြား နိုင်ငံရေး ပါတီတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း မရှိသေးပါဘူး။

နိုင်ငံတ၀န်း ရေဘေးတွေ့နေတာကြောင့်လည်း ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုရော မဲဆန္ဒရှင် စာရင်း စိစစ်မှုတွေပါ တုံ့နှေး သွားရတယ် လို့လည်း ပါတီက ပြောပါတယ်။ လက်ရှိမှာတော့ ရွေးကောက်ပွဲ ထက် ရေဘေး ကူညီရေးကိုပါ လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/nld-candidte-list-to-change-/2903887.html


 နိုင်ငံတွင်း သြဇာအရှိန်အ၀ါကြီးမားသူ သီတဂူဆရာတော်ဘုရား ဖွဲ့စည်းလိုက်သည့် ရေဘေးကယ်ဆယ်ရေးကော်မတီသို့ ကိုးကန့်နှင့် ပလောင်တိုင်းရင်းသားလက်နက်ကိုင်မှ ငွေကျပ် ၈၀ သန်း ပေးပို့ လှူဒါန်းကြောင်း သတင်းရရှိသည်။


မကြာသေးမီက မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ထံမှ လှူဒါန်းငွေ ကျပ် ၅၀ သန်းနှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထံမှာ ကျပ် ၃၀ သန်းတို့ကို လက်ခံရရှိခဲ့သည်ဟု ကော်မတီက ပြောကြားခဲ့သည်။


ရေလွှမ်းမိုးမှုဘေးဒဏ်ကို ကျယ်ပြန့်မှုကို သိလျှင်သိချင်း ကယ်ဆယ်ရေး ကြိုးပမ်းနေမှုများ အထောက်အကူပြုရေးအတွက် သြဂုတ် ၂ ရက်နေ့တွင်
သီတဂူဆရာတော် အရှင်ဉာဏိဿရက ကော်မတီကို ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်သည်။

”အစပိုင်းမှာတော့ ရေလွှမ်းမိုးမှု ဆိုးရွားလာလိမ့်မယ်လို့ ဦးဉ္ဇင်းမထင်မိခဲ့ဘူး။ သိပ်လည်း ဂရုမပြုမိခဲ့ဘူး။ ဒါပေမယ့် နောက်ပိုင်း အန္တရယ်တွေက ပိုပိုကြီး လာတယ်။” ဟု အဆိုပါ ရေဘေးကယ်ဆယ်ရေး ကော်မတီဝင် အရှင်ကောဝိဒ သီရိက ပြောကြားထားသည်။

သီတဂူရေဘေးကယ်ဆယ်ရေးက်ေမတီအနေဖြင့် ငွေကျပ်သိန်း ၃၂၅၀ ထက်မနည်း မတည်ပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။

PKT
The Ladies News Journal
https://www.facebook.com/News.TheLadies


 ရေဒီယိုများ၊ တီဗွီရုပ်သံများ သတင်းမီဒီယာများမှ ရေးသားဖော်ပြလျှက်ရှိသည့် ရေဘေးသင့်ပြည်သူများ နှင့် ပတ်သတ်သည့်သတင်းများမှာ ယခုရက်ပိုင်းအတွင်း နားနှင့် မဆန့်အောင်ကြားနေ၊ မြင်နေရသည်။ သို့အတွက်ကြောင့် သဒ္ဒါတရားတွင် လက်မနှေးတက်သည့် ဗုဒ္ဒဘာသာ ပီပီ မိမိတက်နိုင်သည့်ဘက်မှ လမ်းပေါ်သို့တက် အလှူခံကြတော့သည်။ ထိုအထဲတွင် ပရဟိတစိတ်ဓါတ်အပြည့်အ၀ရှိသူ ရေသန့်တွန်းလှည်းသမား ကိုရဲဝင်းအပါအ၀င် ဖြစ်သည်။


တနေ့လုံးမှ ရေသန့်ရောင်းရငွေ ၇ ထောင် နှင့် ၈ ထောင် ကြားသာရှိသော်လည်း မိမိ၏လုပ်အားခငွေများကို ပန်းဆိုးတန်း အလယ်ဘလောက် လမ်းပေါ်ရှိ ရေဘေးဒုက္ခသည်များအတွက် အလှူခံဌာနသို့ ပေးအပ်လှူဒါန်းနေကြောင်း ကိုရဲဝင်းက ပြောပြသည်။
“ကျွန်တော် ဒီမြို့ထဲ ရေရောင်းလာတာတောင် လမ်းစရိတ်ကို အိမ်က ပိုက်ဆံယူလာတာ။ ဒီရေသန့်ရောင်းလို့ရတဲ့ အထဲက ယူသုံးမိမှာစိုးလို့”ဟု ကိုရဲဝင်းက ပြောပြသည်။

၎င်းသည် ဒလမြို့နယ်၊ မြို့မ (၂) ရပ်ကွက်၊ စံပါယ်မြိုင်လမ်းတွင် နေထိုင်သူဖြစ်ပြီး အဆိုပါနေရပ်မှ ရန်ကုန်မြို့ ထဲသို့ သင်္ဘောစီး၍လာကာ ရေသန့်ရောင်းပြီး အသက်မွေးနေသူတဦးဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေဘေးဒုက္ခကို အနယ်နယ် အရပ်ရပ်တွင် ခံစားနေရချိန်တွင် မနေသာတော့ဘဲ မိမိ၏နေ့စဉ် ၀င်ငွေများကို ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်ဟု စဉ်းစားမိခဲ့ကြောင်း ကိုရဲဝင်းက ပြောပြသည်။

တလမ်းဝင်တလမ်းထွက် ချွေးအပြိုက်ပြိုက်ကျကာ ရေသန့်ဘူးးကြီးများ ဆယ်ဘူးထက် မနည်းတင်ထားသည့် ရေစည်တွန်းလှည်းအား တွန်းရင်း ရေဘေးသင့် ပြည်သူများအတွက် အလှူခံနေသည့် ကိုရဲဝင်းက ပရဟိတအလုပ် ပြုလုပ်ခဲ့ပုံနှင့်ပတ်သတ်၍ ယခုကဲ့သို့ ဆက်လက်ပြောပြသည်။

“ကျွန်တော်က ကိုယ်တိုင်လှူဖို့ ပိုက်ဆံမတတ်နိုင်ဘူး။ ဒါကြောင့် ကိုယ်တက်တဲ့ လုပ်တက်တဲ့ အလုပ်အကိုင်နဲ့ လှူဒါန်းတာပါ။ ကျွန်တော်တို့ ဒီမှာ အေးအေးဆေးဆေးနေနေတဲ့အချိန်မှာ ရေဘေးသင့်ပြည်သူတွေက ဒုက္ခတွေ ရောက်နေရတယ်။ ဘယ်အချိန်စားလို့ ဘယ်အချိန် အိပ်ရမလဲမသိ ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အခုလို ချွေးနည်းစာနဲ့လှူဒါန်းဖို့ ဆုံးဖြတ်လိုက်တာ”ဟု ၎င်းကပြောသည်။

ကိုရဲဝင်းသည် နေအိမ်မှ နံနက် ၇ နာရီတွင် စထွက်ကာ မြို့ထဲသို့ ၇ နာရီခွဲခန့်တွင်ရောက်ရှိပြီး ရေသန့်ကုမဏီမှ ရေသန့်ဘူးများကိုယူကာ တနေကုန်လုံး ကျောက်တံတားမြို့နယ်၊ ပန်းဘန်းတန်းမြို့နယ် စသည့်မြို့နယ်များတွင် လှည့်လည်ရောင်းချကာ ညနေ ၅ နာရီဝန်းကျင်တွင် အလုပ်ရပ်နားသည်။ ထို့နောက် ရရှိလာသည့် မိမိ ၀င်ငွေထဲမှ ရသမျှအမြတ်ငွေများကို လှူဒါန်းသည်။

သြဂုတ် ၆ ရက်နေ့အထိ တရားဝင်သတင်းများအရ ရေဘေးကပ်ကြောင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ရေဘေးသင့်သူ အိမ်ထောင်စု နှစ်သိန်းခွဲနီးပါး ရှိပြီး၊ သေဆုံးသူ ဦးရေ ၆၉ ဦး အထိ ရှိလာကြောင်း သိရသည်။

သို့အတွက်ကြောင့် တနိုင်ငံလုံးမှ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် အစားအသောက်၊ အ၀တ်အထည် ၊ ဆေးဝါးများ ထောက်ပံ့နိုင်ရန် ပြည်သူများအနေနှင့် မိမိ တက်နိုင်သည့်ဘက်မှ ကြိုးစား၍ အကူအညီပေးလျှက်ရှိကြရာတွင် ရေသန့်တွန်းလှည်းသမား ကိုရဲဝင်းသည်လည်း တဦးလည်းအပါအ၀င်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာပြည် ရေဘေးဒဏ်ခံ ပြည်သူများ အား လှူဒါန်းရန် ကယ်ဆယ်ရေး ပစ္စည်းများအား ကုန်တင် မော်တော်ယာဉ်ဖြင့် သယ်ဆောင် လာစဉ် (ဓာတ်ပုံ- Chinese Embassy in Myanmar Facebook)
    ရန်ကုန် ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

    တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာပြည် ရေဘေးဒဏ်ခံ ပြည်သူများ အားလှူဒါန်းရန် ကယ်ဆယ်ရေး ပစ္စည်းများအား ကုန်တင် မော်တော်ယာဉ် ၁၄ စီးဖြင့် သယ်ဆောင်၍ ရွှေလီ-မူဆယ် ဂိတ်ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံ ဘက်သို့  ယနေ့  နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန် ပြည်နယ် နိုင်ငံခြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး HE TAO ဦးဆောင် သည့် (၂၁) ဦးပါ အဖွဲ့သည် မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူများအား လှူဒါန်းရန် အတွက် ဆန်တန်ချိန် (၁၀၀) တန်၊ မိုးကာတဲ (၁,၀၀၀) လုံး၊ ခေါက်ဆွဲခြောက် (၁၀,၀၀၀) ပါကင်နှင့် နို့မှုန့်ထုပ်တို့ကို တင်ဆောင် လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာပြည် ရေဘေးဒဏ်ခံ ပြည်သူများ အား လှူဒါန်းရန် ကယ်ဆယ်ရေး ပစ္စည်းများအား ကုန်တင် မော်တော်ယာဉ်ဖြင့် သယ်ဆောင် လာစဉ် (ဓာတ်ပုံ- Chinese Embassy in Myanmar Facebook)
တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ရေဘေး ကယ်ဆယ်ရေး ကုန်တင် မော်တော်ယာဉ်နှင့် လူစီးယာဉ် (၂) စီးတို့သည် မူဆယ်မြို့ တရုတ်-မြန်မာ နှစ်နိုင်ငံ ဝင်ပေါက် (မန့်ဝိန်) သို့ ရောက်ရှိခဲ့သည်။ မူဆယ်မြို့ ကွတ်ခိုင်ဘက် အထွက် အေးရှားဝေါလ် တိုးဂိတ်အနီးရှိ ကညန ရုံးတွင် ယာယီ ယာဉ်မောင်း လိုင်စင်နှင့် ယာယီ ယာဉ်နံပါတ်များ ပြုလုပ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေး လိုက်ပါ ဆောင်ရွက်၍ မူဆယ်မှ မန္တလေးသို့ ဆက်လက် ထွက်ခွာ သွားပြီး မန္တလေး၌ လွှဲပြောင်း ပေးအပ်မည်ဟု သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


 မြန်မာရေးဘေး ဒုက္ခအတွက် အမေရိကန်အစိုးရက လတ်တလော လိုအပ်ချက်များ အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀၀၀ လှူဒါန်း သွားမည် ဖြစ်ကြောင်း အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်သည်။ ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် မိုးသည်းထန်မှုနှင့် ရေလွှမ်းမိုးမှု ဒဏ်ခံရသူ အားလုံး အတွက် ကျွန်ုပ်တို့ စိတ်ပူပန်လျက်ရှိပြီး အစစအရာရာအတွက် ဆုတောင်းပေးနေပါသည်။ အမေရိကန်အစိုးရသည် USAID၏ ပြည်ပကပ်ဘေးကူညီရေးဌာန(OFDA)မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၆ဝဝ,ဝဝဝ ကို လက်တလောအကူအညီအဖြစ် ပေးအပ်ပါမည်။ ဘေးဒဏ်သင့် လူ့အဖွဲ့အစည်းများ၏ အရေးပေါ်လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန် ကျွန်ုပ်တို့ဆီမှ အဖွဲ့တစ်ဖွဲ့သည် ဒေသဆိုင်ရာဝန်ထမ်းများ၊ အတူလက်တွဲလုပ်ဆောင်နေကျ အဖွဲ့အစည်းများနှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်သည်။ ကျွန်ုပ်တို့ဘက်မှ ဆက်လက်၍ အခြေအနေကို အနီးကပ်စောင့်ကြည့်သွားမည် ဖြစ်သလို အကူအညီလိုအပ်နေသောသူများကို အကောင်းဆုံး ကူညီနိုင်ရန် လက်တွဲဖော်အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားပါမည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ရေဘေးအတွက် စားသောက်ကုန်နှင့် ဆေးဝါးများ ထောက်ပံ့ရန် လေကြောင်းမှ ပထမဆုံး နိုင်ငံတကာ အကူအညီအဖြစ် အိန္ဒိယနိုင်ငံမှ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်(တံတားဦး) နှင့် ကလေးမြို့လေဆိပ်သို့ ယနေ့ သြဂုတ် ၆ နေ့ က ထောက်ပံ့ရေးလေယာဉ် ၂ စင်း ရောက်ရှိလာကြောင်း သိရသည်။

"အိန္ဒိယနိုင်ငံနဲ့ချစ်ကြည်ရင်းနှီးမှုနဲ့ လူသားခြင်းစာနာထောက်ထားတဲ့ စိတ်ဓါတ်နဲ့ ကူညီလှူဒါန်းခြင်းပါ။ ဒီအခက်အခဲတွေ မြန်မာပြည်မှာ အမြန်ဆုံးလွတ်မြောက်ပြီး အမြန်ဆုံးအေးချမ်းဖို့ အိန္ဒိယအစိုးရကိုယ်စား ဆုတောင်းပါတယ်" အိန္ဒိယကောင်စစ်ဝန်ချုပ် Dr.Nagendran Nandakumar က ပြောကြားသည်။

အဆိုပါလေယာဉ်နှစ်စင်းသည် အိန္ဒိယနိုင်ငံနယူးဒေလီလေဆိပ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး မွန်းလွဲ၁နာရီခွဲဝန်းကျင်က မန္တလေးသို့ရောက်ရှိမည်ခန့်မှန်းထားသော်လည်း ရာသီဥတုအခြေအနေအရ ညပိုင်းတွင် ရောက်ရှိခဲ့သည်။

ထောက်ပံ့ရေးပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆပ်ကော်မတီမှ လက်ခံရယူပြီး သက်ဆိုင်ရာရေဘေးသင့်ဒေသများသို့ အမြန်ဆုံးပို့ဆောင်လှူဒါန်းသွားမည်ဖြစ်ကြောင်း ကယ်ဆယ်ရေး
နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒု-ညွှန်ချုပ် ဦးအောင်ခိုင်က ပြောကြားသည်။

C-17 လေယာဉ်ဖြင့် မန္တလေးသို့ရောက်ရှိခဲ့၍ ဆန် ၄၅တန်၊ ခေါက်ဆွဲခြောက် ၃၀၀ ကီလိုဂရမ် နှင့် ဆေးဝါးနှင့်အခြားပစ္စည်းများ ၃၀၀ ကီလိုဂရမ် စုစုပေါင်း တန်ချိန် ၅၀ ခန့် သယ်ဆောင်လာကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁-နာရီ ၁၅ မိနစ်ခန့်က ကလေးမြို့လေဆိပ်သို့ C-130 လေယာဉ်ဖြင့် ဆန် ၉ တန်၊ ခေါက်ဆွဲခြောက် ၂၀၀ ကီလိုဂရမ်၊ ဆေးဝါး၂၀၀ ကီလိုဂရမ်တို့ကို သယ်ဆောင်လာခဲ့ပြီး ရေဘေးသင့် ပြည်သူများအား လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 သြဂုတ် ၆ရက်၊ ၂၀၁၅ခုနှစ်။

 တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်-NCA ကို လက်မှတ်ရေးထိုးနိုင်ရေးအပြင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံး ပြုလုပ်နိုင်ရန်အတွက် အစိုးရတပ်နှင့် တိုက်ခိုက်နေရဆဲဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၃)ဖွဲ့က တပြိုင်နက်တည်း အပစ်အခတ်ရပ်စဲရေး ပြုလုပ်လိုကြောင်း သြဂုတ်လ ၅ရက်နေ့က အစိုးရထံ ကမ်းလှမ်းလိုက်သည်။

အစိုးရတပ်နှင့် တိုက်ပွဲများ မကြာခဏ ဆက်လက်ဖြစ်ပွားနေသည့် တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ၊ ရက္ခိုင့်တပ်မတော်-AA၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA တို့က သဘောထား ထုတ်ပြန်ကာ ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ MNDAA ပြောခွင့်ရသူ ကိုထွန်းမြတ်လင်းက “ငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေးဖြစ်စဉ်တွေမှာ UPWC ကနေ အတန်တန် ပြောလာတာရှိပါတယ်။ ကျနော်တို့သုံးဖွဲ့က Bilateral Agreement မထိုးရသေးရသေးဘူးပေါ့ဗျာ။ အဲဒါကြောင့် အား လုံးပါဝင်ရေးမူမှာ ကျနော်တို့ NCCT၊ SD ရော လော်ခီးလာမူကိုကိုင်ထားတာ တွေ့ရတယ်။ အဲဒီမှာ ပြဿနာ အထစ်အငေါ့များ ဖြစ်နေမလားဆိုပြီးတော့ စဉ်းစားမိလို့ပါ။ နောက်ပြီး ကျနော်တို့ကလည်း ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ငြိမ်းချမ်းတဲ့လမ်းစဉ်ကို သွားချင်လို့ အခုလို ထုတ်ပြန်ကြေညာတာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုကဲ့သို့ သုံးဖွဲ့ တစ်ပြိုက်နက်တည်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ကမ်းလှမ်းမှုမှာ ပထမဆုံးအကြိမ်ဖြစ်သော်လည်း MNDAA အနေဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၀ရက်နေ့က အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေမှုများကို တစ်ဖက်သတ် စစ်ရပ်ဆိုင်း လိုက်ကြောင်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထို့အပြင် တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အစိုးရတပ်တို့ တိုက်ပွဲများ မကြာခဏ ဆက်လက်ဖြစ်ပွားနေဆဲဖြစ် ပြီး အပစ်အခတ်ရပ်ရေး ကမ်းလှမ်းလိုက်သည့် ကိစ္စနှင့်ပတ်သက်၍ တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးတာဘုန်းကျော်က ၎င်းတို့၏သဘောထားကို ယခုလို ပြောသည်။

ဗိုလ်မှူးကြီးတာဘုန်းကျော်က “တိုက်ပွဲတွေကတော့ ရှိနေတယ်။ ဒီလိုပဲ ဆက်ရှိနေလိမ့်မယ်လို့ ကျနော်တို့ယူဆတယ်။ အဲဒီတိုက် ပွဲတွေဖြစ်နေလို့လည်း တစ်ပြည်လုံးအတိုင်းအတာ လက်မှတ်ထိုးဖို့ အကုန်လုံး အခက်အခဲဖြစ်နေတယ်။ ငြိမ်းချမ်းရေး တကယ် လုပ်ကြမယ်၊ အပစ်ခတ်ရပ်စဲရေး တကယ်လုပ်ကြမယ်ဆို ကျနော်တို့ကြားထဲမှာ တိုက်ပွဲတွေ မရှိဖို့လိုတယ်။ ဒါကြောင့် ကျနော် တို့ သုံးဖွဲ့ပေါင်းပြီးတော့မှ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆိုပြုကမ်းလှမ်းတာဖြစ်ပါတယ်”ဟု ပြောသည်။

ယင်းကမ်းလှမ်းဖိတ်ခေါ်မှု သဘောထားထုတ်ပြန်ချက်ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့-SD နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ-UPWC တို့ သြဂုတ် ၆ရက် (ယနေ့)၊ ရန်ကုန်တွင် ပြုလုပ်သည့် ၉ကြိမ်မြောက် စာချုပ်မူကြမ်းအချောသတ် ရေးဆွဲနိုင်ရေးဆွေးနွေးပွဲသို့လည်း တရားဝင် ပေးပို့ထားပြီး ဖြစ်ကြောင်း ဗိုလ်မှူးကြီးတာဘုန်းကျော်က ထပ်မံ ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ရက်မှ ၂၄ရက်နေ့အထိ ရန်ကုန်တွင် ပြုလုပ်ခဲ့သော အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့-SD နှင့် UPWC တို့၏ ၈ကြိမ်မြောက် ဆွေးနွေးမှု၌လည်း NCA ပြင်ဆင်ဖြည့်စွက်ချက် ၁၃ချက်ထဲမှ ၁၀ချက်ကို ဆွေးနွေးညှိနှိုင်းပြီးဖြစ် သော်လည်း အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် နှစ်ဖက်ကြား ညှိနှိုင်းမှုမှာ ခက်ခဲနေဆဲဖြစ်သည်။

ယနေ့ပြုလုပ်သည့် UPWC နှင့် SD တို့၏ ဆွေးနွေးမှုတွင် တိုက်ပွဲများ အမှန်တကယ်ရပ်စဲရေးနှင့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့် ဆင့် တက်လှမ်းနိုင်ရေး၊ စာချုပ်တွင် အားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးမှု မပြေလည်သေးသည့် ကျန်ရှိနေသည့် အချက်များကို ဆွေးနွေးသွားမည်ဖြစ်သည်ဟု SD က ဇူလိုင်လ ၅ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

 စဖန်းရှောင်း
ကေအိုင်စီ - KIC
http://kicnews.org


 ရေဘေး အန္တရာယ်သင့် ပြည်သူများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်

Aung San Suu Kyi (facebook)


ရေဘေး အန္တရာယ်သင့် ပြည်သူများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်
Posted by Aung San Suu Kyi on Wednesday, August 5, 2015

(စစ်တွေ လေဆိပ် အဆောက်အဦးပြင်ပတွင် စုပုံထားသော ဒေါ်ခင်ကြည် ဖောင်ဒေရှင်းမှ ကယ်ဆယ်ရေး ပစ္စည်းများ- ဓာတ်ပုံ - နိရဉ္စရာ)
 စစ်တွေ၊ သြဂုတ် ၆

 ရခိုင်ရေဘေးအတွက် ဒေါ်ခင်ကြည် ဖောင်ဒေရှင်း အမည်ဖြင့် ဒေါ်ဆောင်ဆန်းစုကြည် လှူဒါန်းသော ရေဘေးကယ်ဆယ်ရေး ပစ္စည်းများ စစ်တွေ လေဆိပ်သို့ ယနေ့ ရောက်ရှိလာသည်ဟု သိရသည်။

သို့သော် သယ်ယူမည့်သူ မရှိသဖြင့် လေယာဉ်ကွင်း ပြင်ပတွင် စုပုံနေသည်။

လေယာဉ်ကွင်းမှ အလုပ်သမား တစ်ဦးကို မေးကြည့်ရာ “ကြာတော့ ကြာနေပြီဗျာ။ ပိုင်ရှင် လာမယူလို့လား၊ ဘာဖြစ်လို့လဲတော့ မပြောတတ်ဘူး။ အဲဒီနေရာမှာဘဲ တွေ့နေရတာ အချိန်အတော်ကြာပြီ” ဟု ပြောဆိုသည်။

(စစ်တွေ လေဆိပ် အဆောက်အဦးပြင်ပတွင် စုပုံထားသော ဒေါ်ခင်ကြည် ဖောင်ဒေရှင်းမှ ကယ်ဆယ်ရေး ပစ္စည်းများ- ဓာတ်ပုံ - နိရဉ္စရာ)
ယနေ့ စစ်တွေတွင်နေသာနေ၍ ကံကောင်းကြောင်း၊ ယခင်နေ့များကလို မိုးရွာနေလျှင် အားလုံးပျက်စီးနိုင်ကြောင်း၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ အနေဖြင့် စစ်တွေ လေဆိပ်အာဏာပိုင်များနှင့် အမြန် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်နေကြောင်း လေဆိပ် အတွင်းမှ စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။

Arakan State
https://www.facebook.com/NarinjaraNews

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရေဘေးဒုက္ခသည်များ အား ကူညီရန် တိုက်တွန်း ပြောကြားနေစဉ် (ဓာတ်ပုံ- Aung San Suu Kyi Facebook)
    ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံရှိ မြို့ကြီး အများအပြားတွင် ရေကြီး ရေလျှံမှု ဖြစ်ပေါ်နေမှုနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတွင် ပြဿနာကြီး တစ်ခုနှင့် ရင်ဆိုင်နေရ ချိန်တွင် အရေးကြီးပြီး သွေးစည်းရမည့် စိတ်ဓာတ်ဖြင့် ကူညီရန် ယနေ့ ဗွီဒီယို မိန့်ခွန်းမှ တိုက်တွန်း ပြောကြား လိုက်သည်။

“ရေကြီး ရေလျှံမှုတွေမှာ ပြည်သူတွေ တာဝန်သိပြီး ကူညီနေတာ ဝမ်းသာပါတယ်၊ပြည်သူတွေ ဝိုင်းလုပ်တာ နိုင်ငံအတွက် အားတက်စရာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့ရှိ ရေဘေးဒဏ်ခံ ပြည်သူများအား လိုက်လံ နှုတ်ဆက်ပြီး အားပေးစကား ပြောကြားစဉ် (ဓာတ်ပုံ -NLD Chairperson Facebook)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့ရှိ ရေဘေးဒဏ်ခံ ပြည်သူများအား လိုက်လံ နှုတ်ဆက်ပြီး အားပေးစကား ပြောကြားစဉ် (ဓာတ်ပုံ -NLD Chairperson Facebook)
လက်ရှိတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ပူးပေါင်းပြီး အရေးပေါ် အကူအညီ ပေးရေးကို ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ထူထောင်ရေး ကာလ ရောက်ချိန်တွင် လည်း အဖွဲ့ချုပ်အနေဖြင့် အရေးကြီးသော စီမံကိန်းများ ချပြီး ကူညီမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။

“အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချဖို့ သတင်း အချက်အလက်တွေ မှန်မှန်ကန်ကန် ရဖို့ လိုအပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံတွင်းရှိ ပြည်နယ်နှင့် တိုင်း ၁၂ ခုတွင် ရေးကြီး ရေလျှံမှုများ ဖြစ်ပေါ်နေပြီး စုစုပေါင်း လူဦးရေ ၆၉ ဦး သေဆုံးကာ လူပေါင်း နှစ်သိန်းကျော် ရေဘေးသင့်နေသည်။

(Xinhua)
http://www.xinhuamyanmar.com

 ပုံ - ရေနစ်မြုပ်နေသည့် ကလေးမြို့ကို ဝေဟင်မှ မြင်တွေ့ရပုံ။ Photo - Zaw Zaw Htun
 မြန်မာနိုင်ငံအနှံ့ ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် ၁၁ ခု ရေဘေးအန္တရာယ်နှင့်ကြုံတွေ့နေရခြင်းနှင့်ပတ်သက်၍ ယနေ့မနက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ရေဒီယိုမှဆတင့် မိန့်ခွန်းပြောကြားရာတွင် “သဘာဝဘေးအန္တရာယ်ဟာ ကျရောက်လာပါက တားဆီး၍ မရနိုင်ပါသောကြောင့် အန္တရာယ်ရှိလာနိုင်ပါက ဘေးကင်းရာသို့ ကြိုတင်ရွှေ့ပြောင်းနေထိုင်ခြင်းသည်သာ စိတ်အချရဆုံး ဖြစ်ပါကြောင်း”ဟု နိဂုံးချုပ်ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၏ရေဘေးဒုက္ခသည် ကြိုတင်တားဆီးကာကွယ်၍မရနိုင်သော သဘာဝဘေးအန္တရာယ် ဟုတ်မဟုတ်ကို မိုးဇလပညာရှင် ဦးထွန်းလွင်ထံ ဆက်သွယ်မေးမြန်းခဲ့သည်။

“ရေကြီးတာကို တားလို့မရဘူး။ မဖြစ်အောင်တော့ တားလို့ရတယ်။ အင်္ဂလိပ်လိုကတော့ ရှင်းတယ်။ Hazard နဲ့ Disaster ရယ်လို့ရှိတယ်။ Hazard က တားလို့မရဘူး။ Disaster က တားလို့ရတယ်။ မုန်းတိုင်းဖြစ်တာ၊ မီးလောင်တာ ဘာပဲဖြစ်ဖြစ် Hazard လို့ခေါ်တယ်။ Hazard ဖြစ်တဲ့အခါမှာ လူမသေအောင်လို့ ကာကွယ်လို့ရတယ်။ မကာကွယ်နိုင်ရင် Disaster ဖြစ်ပြီ။ ဒီသဘာဝဘေးကို ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု အုပ်ချုပ်မှုနဲ့ အန္တရာယ်ဖြစ်လာမယ့် အလားအလာကို လျော့ချလို့ရတယ်။ အဲဒီလိုလျော့ချတဲ့အလုပ်ကို သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးလို့ခေါ်တယ်။ အဲဒါ လျော့ချလိုက်ရင် Disaster မဖြစ်တော့ဘူး။ ကြိုတင်ကာကွယ်လို့ မရဘူးဆိုရင် အကုန်သေကုန်မှာပေါ့။ ဘင်္ဂလားဒေ့ရှ်တောင် ကျွန်တော်တို့လောက် မခံရတော့ဘူး”ဟု ၎င်းက ပြောသည်။

ဇူလိုင်လ ဒုတိယပတ်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ရေကြီးနစ်မြုပ်မှု၊ မြေပြိုမှု၊ အိုးအိမ်များ ပြိုကျပျက်စီးမှု၊ လယ်ယာမြေများ ရေနစ်မြုပ်မှု၊ ကျွဲနွားတိရစ္ဆာန်များနှင့် ပြည်သူ အများအပြား အသက် အိုးအိမ်စည်းစိမ် ဥစ္စာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြသည်။

မိုးကောင်းမြို့နယ်၊ ကောလင်း၊ ဝန်းသိုမြို့နယ်၊ ကလေးမြို့နယ်၊ ချင်းပြည်နယ်မှ မြို့နယ်အများစု၊ ရခိုင်ပြည်နယ်မှ မြို့နယ်အများစုနှင့် မကွေးတိုင်းဒေသကြီးမှ ပွင့်ဖြူနှင့် စလင်းမြို့နယ်တို့သည် ရေဘေးဒဏ်အခံရဆုံးနေရာဒေသများဖြစ်ကြပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၆၉ ဦးရှိကြောင်း တရားဝင်သတင်းများအရ သိရသည်။ ယင်းအပြင် လယ်မြေဧက ၈ သိန်းကျော် ရေနစ်မြုပ်သွားခဲ့ရကြောင်းလည်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

တပ်တွင်းမဲရုံ မဲရုံ၏အင်္ဂါရပ်မညီပါက အပြင်ထုတ်မည် (ဓါတ်ပုံ-မူအက်စတာ)
  ၂၀၁၅ ရွေးကောက်ပွဲတွင် စစ်တပ်တွင်းထားရှိမည့် မဲရုံများသည် မဲရုံ၏ အင်္ဂါရပ်နှင့် မကိုက်ညီပါက အပြင်ထုတ်ထားမည်ဖြစ်သည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးကျော်ဆန်းဝင်းက သြဂုတ်လ ၄ ရက်နေ့တွင် ပြောသည်။

မဲရုံတွင်းတွင် လွှတ်လပ်စွာဖွင့်ခွင့်ပေးရမည်ဖြစ်သည့်အပြင် ရွေးကောက်ပွဲ လေ့လာမည့် နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့များ ၊ ပြည်တွင်းလေ့လာစောင့်ကြည့်သူများ ၊ မဲရုံကိုယ်စားလှယ်များ ၊ သတင်းသမားများ ကို ဝင်ခွင့်ပေးနိုင်ရမည်ဟု ဆိုသည်။

ဦးကျော်ဆန်းဝင်းက ̏ ဒါတွေကို ဝင်ခွင့်မပေးနိုင်ဘူးဆိုရင်တော့ တပ်ထဲမှာပေးမဖွင့်တော့ဘူး။ အဲ့ဒါကတော့ မဲရုံကိုအပြင်ထုတ်ရလိမ့်မယ် ̋ ဟုပြောသည်။

တပ်ထဲတွင် မဲရုံထားရှိလျှင် အခြားသာမန်မဲရုံများ၏ အင်္ဂါရပ်နှင့် ကိုက်ညီမှသာလျှင် မဲရုံစီစဉ်နိုင်မည်ဖြစ်ပြီး စစ်တပ်မှ စည်းကမ်းချက်အချို့ မလိုက်နာပါက မဲရုံကို အပြင်တွင်ထုတ်ထား မည်ဖြစ်သည့်အတွက် တပ်တွင်းမဲဆန္ဒရှင်များသည် နီးစပ်ရာ အုပ်စုကျေးရွာသို့ မဲသွားထည့်ရမည်ဖြစ်သည်။

၂၀၁၅ ခုရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဝင်ပြိုင်မည့် ကယန်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးနန်းရီက တပ်ထဲမဲရုံထားမည့် ကိစ္စနှင့် ပတ်သက်၍ ̏ တပ်ထဲမှာ မထားပဲနဲ့ အပြင်မှာ သူများနည်းတူသွားထားရင် ပိုကောင်းတာပေါ့လို့ ကျွန်တော် UEC ကိုအကြံပြုဖူးတယ်၊ ကျနော်တို့လည်း လွတ်လွတ်လပ်လပ် သွားချင်တယ်လို့ ကျနော်ပြောခဲ့ဖူးတယ် ဒါပေမယ့် သူတို့က လက်မခံဘူး တပ်ထဲဟာ တပ်ထဲမှာပဲထားမယ်လို့ သူတို့ကပြောတယ် သွားလာလို့ရရင်ရနိုင်တယ်လို့ ကျနော့်ကို ပြောခဲ့တယ် ဒါပေမယ့် ကျနော့် အတွက်တော့ မလွတ်လပ်ဘူးပေါ့ ̋ ဟု ပြောသည်။

သို့သော် မဲရုံတွင်း မဲရုံစောင့်ကြည့်သူများ၊ သတင်းသမားများနှင့် တာဝန်ရှိသူများကို ဝင်ခွင့်မပြုလျှင်၊ မဲရုံစည်ကမ်းနှင့်မကိုက်ညီလျှင် မဲရုံကိုအပြင်တွင် ထုတ်ထားမည်ဟူသောကြောင့် ထိုအချက်သည်သင့်တော်ကြောင်းဦးနန်းရီက ဆက်ပြောသည်။

ရွေးကောက်ပွဲတွင် ကယားပြည်နယ်အတွင်းရှိ တပ်များအားလုံး မဲရုံများဖွင့်ပေးရန် ရှိကြောင်း သို့သော် အချို့တပ်တွင် မဲဆန္နရှင် နည်းလျှင် နည်းသည့်တပ်နှင့် ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။

မဲရုံဝန်ထမ်းများကိုလည်း တပ်ကလူများကိုမခန့်အပ်ဘဲ ပညာရေးဝန်ထမ်းများကိုသာ ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

ဝေးလံသည့်ဒေသတွင်းရှိ ကျေးရွာအုပ်စုများထဲတွင် ပညာရေးဝန်ထမ်းမရှိလျှင် ပါတီကင်းရှင်းသည့် ပုဂ္ဂိုလ်များကိုသာ ရွေးချယ်ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

တပ်အတွင်းထားရှိသော မဲရုံများသည် တပ်သားနှင့်တပ်မိသားစုများအတွက်သာ ဖြစ်သည်။

ကယားပြည်နယ်တွင် တပ်ရင်းပေါင်း ၂၄ရင်း တည်ထားရှိပြီး ၄င်းတို့မှာ လွိုင်ကော်မြို့နယ်တွင်း ၁၂ ရင်း၊ ဒီးမော့ဆိုမြို့နယ်တွင်း ၃ရင်း၊ ဖရူဆိုမြို့နယ်တွင်း ၃ ရင်း၊ ဘောလခဲမြို့နယ်တွင်း ၄ ရင်း၊ ဖားဆောင်းမြို့နယ်တွင်း ၂ ရင်းနှင့် မယ်စဲနှင့် ရွာသစ်တို့တွင် နယ်ခြားစောင့်တပ် အသီးသီးရှိကြောင်း သိရသည်။ ၄င်းတပ်ရင်းလားလုံးတွင် မဲပေးနိုင်သော တပ်သားနှင့် တပ်မိသားစုဝင်များ ၆၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

Written by မူအက်စတာ
ကန္တာရ၀တီတိုင်း(မ်)
http://www.ktimes.org


 မြန်မာနိုင်ငံမှာ နှစ်စဉ် လူ ၃ သိန်းကနေ ၂ သိန်းအထိ ဖြစ်နေတဲ့ ငှက်ဖျားရောဂါကို ၂၀၃၀ ခုနှစ်ကျရင် အမြစ်ဖြတ်နိုင်ရေးအတွက် မြန်မာဘက်က သန္ဓိဌာန်ချထားပြီး နိုင်ငံတကာဘက်ကလည်း ဝိုင်းကူဖို့ ရှိတယ်လို့  မြန်မာနဲ့ အမေရိကန် အရာရှိတွေက ကြေညာလိုက်ပါတယ်။ ဒီရောဂါ တိုက်ဖျက်ရေးအတွက် လာမယ့် ၁၅ နှစ်မှာ တနှစ်ကို ဒေါ်လာ သန်း ၈၀ လိုအပ်မှာ ဖြစ်ပါတယ်။

မြန်မာနဲ့ အမေရိကန် အစိုးရအရာရှိတွေ အပါအဝင် မြန်မာအတိုက်အခံတွေနဲ့ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့တွေပါ တက်ရောက်တဲ့ ငှက်ဖျားတိုက်ဖျက်ရေး ဆွေးနွေးပွဲကို ဝါရှင်တန်မြို့တော်မှာ သြဂုတ်လ ၃ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ဒီအကြောင်းကို ကိုဝင်းမင်းက တင်ပြထားပါတယ်။

တနင်္လာနေ့ကကျင်းပခဲ့တဲ့ ဒီမြန်မာနိုင်ငံ ငှက်ဖျားတိုက်ဖျက်ရေး ဆွေးနွေးပွဲအကြောင်း သတင်းကြေညာချက် ထုတ်ရာမှာ ဒီမတူတဲ့ နိုင်ငံရေး၊ လူမျိုးရေး အဖွဲ့တွေအားလုံးက ထူးထူးခြားခြား သဘောတူညီမှုတွေ ရလိုက်တာကို မီးမောင်းထိုးပြထားပါတယ်။ မြန်မာနိုင်ငံဘက်က ကျန်းမာရေးအထူးဝန်ကြီး ဒေါက်တာသိန်းသိန်းဌေး ဦးဆောင်တက်ရောက်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို CSIS လို့ အတိုကောက်ခေါ်တဲ့ ၀ါရှင်တန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနက အဓိက ဦးဆောင်ကျင်းပပေးခဲ့တာပါ။

အမေရိကန်သမ္မတရဲ့ ငှက်ဖျားတိုက်ဖျက်ရေး အစီအစဉ် ဦးဆောင်သူတွေနဲ့ အမေရိကန် စစ်တပ်ဘက်က ငှက်ဖျားဆိုင်ရာ အရာရှိတွေပါ တက်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ ကမကထလုပ်ပေးတဲ့ နောက်တဖွဲ့ဖြစ်တဲ့ Maryland ဆေးသက္ကသိုလ်ရဲ့ Institute of Global Health ခေါ် ကမ္ဘာ့ကျန်းမာရေးဆိုင်ရာအဖွဲ့က မြန်မာနိုင်ငံ ငှက်ဖျားတိုက်ဖျက်ရေးဆိုင်ရာ သုတေသီ ဒေါက်တာ မြိုင်မြိုင်ညွန့် ကလည်း ဦးဆောင် ဆွေးနွေးပေးခဲ့ပါတယ်။ မြန်မာအဓိက အတိုက်အခံပါတီ NLD အမျိုးသားပါတီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကြီးတန်း ကျန်းမာရေးအကြံပေး ဒေါက်တာ တင်မျိုးဝင်းလည်း တက်တဲ့ ဒီဆွေးနွေးပွဲရဲ့ ထူးခြားမှုကို ဒေါက်တာ မြိုင်မြိုင်ညွန့် က

“အဖွဲ့ပေါင်း မြောက်များစွာပေါ့နော် Ministry သုံးခု ပါတယ်။ အစိုးရဘက်က Parliamentarian တွေပါတယ်။ ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေက ၃ ဖွဲ့ပေါ့နော်။ ကရင်ရယ်။ ကရင်နီရယ်။ ရှမ်းရယ်ပေါ့ ။ အဲဒီလိုမျိုး အားလုံးပူးပေါင်းပြီးတော့ ဆွေးနွေးကြပြီး တကယ့်ကို ခေါင်းချင်းဆိုင် ရိုးသားစွာနဲ့ ပြောဆိုဆွေးနွေးပြီးတော့ ရလာတဲ့အဖြေက နိုင်ငံရေးအခြေအနေတွေ ဘယ်လိုပဲဖြစ်နေ ဒီငှက်ဖျားတိုက်ဖျက်ရေးကို အားလုံးက လက်တွဲပြီးတော့ လုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ဟာက အင်မတန်မှ အရေးကြီးတယ်လို့ ကျမအနေနဲ့ မြင်ပါတယ်။”

ဒါ့အပြင် ဒီဆွေးနွေးပွဲ ကြေညာချက်ထဲမှာလည်း မြန်မာနိုင်ငံမှာ ငှက်ဖျားဖြစ်နှုန်း၊ သေနှုန်း ကျဆင်းလာတာဟာ ထူးခြားတဲ့ တိုးတက်မှု ဖြစ်တယ်။ အာဆီယံအဖွဲ့ဝင်အဖြစ်နဲ့အညီ ၂၀၃၀ ရောက်ရင် ငှက်ဖျားအမြစ်ဖြတ်နိုင်ဖို့ သန္ဓိဌာန်ချထားတဲ့အပေါ် အခုလို မတူတဲ့အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ကြရင် နိုင်ငံတကာဘက်ကလည်း ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ ဒီဆွေးနွေးပွဲက ရလာတဲ့ ထူးခြားတဲ့ သက်ရောက်မှုအပေါ် ဒေါက်တာ မြိုင်မြိုင်ညွန့်က ဆက်ပြီး

“ငှက်ဖျားတိုက်ဖျက်ဖို့ဆိုတာ တဦး တယောက်တည်းကလည်း လုပ်လို့မရဘူး။ အဖွဲ့အစည်း တခုတည်းကလည်း လုပ်လို့မရဘူး။ ကျမတို့ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေအားလုံး ဘယ်သူပဲ အစိုးရနေရာမှာ ရောက်နေပါစေ ဒီအဖွဲ့အစည်းတွေအားလုံး ပူးပေါင်းပြီးတော့ လုပ်မှ ဖြစ်မယ်ဆိုတဲ့ဟာကို ကျမတို့ လူတိုင်းနားလည်တယ်။ ဒါက ပထမဦးဆုံးအဆင့်ပဲ ရှိပါသေးတယ်။ ပထမဦးဆုံးအဆင့်မှာ အားလုံးကနေပြီးတော့ ဒီပြဿနာတွေရှိတယ်။ ဒီပြဿနာတွေကို အားလုံးပေါင်းပြီး ဖြေရှင်းမှဖြစ်မယ် ဆိုတဲ့ဟာက ပထမဦးဆုံး အဆင့်ကိုရောက်မှ နောက်တဆင့်ကို ထပ်ပြီးတော့သွားဖို့ ဖြစ်နိုင်မယ်ဆိုတဲ့ဟာက အင်မတန်မှ အရေးကြီးတယ်လို့ ကျမရဲ့ စိတ်ထဲမှာ မြင်ပါတယ်။ အခု လောလောဆယ်မှာ ဆိုလို့ရှင်ရင် ကျမတို့ Ministry ၃ ခုပါတယ်။ ဒါပေမဲ့ ကျမတို့အကုန်လုံး နားလည်တယ်။ Ministry ၃ ခုထဲနဲ့လည်း မပြီးသေးဘူး။ ဒီပြင့် Ministry တွေကိုလည်း ထည့်ဖို့ လိုမယ်။ ဘာလို့ဆိုတော့ ငှက်ဖျားတိုက်ဖျက်ရေး လုပ်မယ်ဆိုလို့ရှိရင် government ပဲဖြစ်ဖြစ် Non-government ပဲဖြစ်ဖြစ် civil society တွေပဲဖြစ်ဖြစ် နိုင်ငံရေးပါတီတွေပဲ ဖြစ်ဖြစ် အကုန်လုံးပါပြီး လုပ်မှဖြစ်မယ်။ အဲဒါမှလည်း ကျမတို့က Community ရော၊ hard to reach area တွေရော border တွေတင် မဟုတ်ဘူး၊ မြန်မာပြည်တွင်းမှာရောပဲ hard to reach ဖြစ်နေတဲ့ နေရာတွေအများကြီးပဲ။ အဲဒီနေရာတွေကို reach လုပ်နိုင်မယ်။ ဒီအဆင့်ကို အရင်ဆုံးရောက်လာပြီးမှ ဆက်ပြီးတော့ သွားနိုင်မှာပေါ့နော်။ ဒါကို လမ်းထွင်လိုက်တဲ့ သဘောပေါ့နော်။ လမ်းထွင်လိုက်တဲ့အခါမှာ လမ်းလေးကတော့ ပွင့်သွားတယ်လို့ ကျမက မြင်ပါတယ်။”

ဒေါက်တာ မြိုင်မြိုင်ညွန့်ကပဲ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရွေးကောက်ပွဲ မတိုင်ခင်လေးမှာ လုပ်ရတာနဲ့ ၀ါရှင်တန်မြို့တော်ကို ရွေးရတဲ့ အကြောင်းအရင်းကလည်း မြန်မာနိုင်ငံမှာ ဆေးမတိုးတော့တဲ့ ငှက်ဖျားပိုး ပြန့်လာနိုင်တဲ့ အန္တရာယ်ရှိနေပြီး အချိန်မီ အမြန် မဟန့်တားနိုင်ရင် အရင်အတွေ့အကြုံတွေအရ လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးနိုင်တာနဲ့ ဒီမတူတဲ့ အဖွဲ့တွေအားလုံး တက်နိုင်ဖို့ ဘက်မရှိတဲ့ ကြားနေ နေရာတခုကို ရွေးတာနဲ့ မြန်မာအပြင် နိုင်ငံတကာမှာလည်း ဒီသတင်းပြန့်သွားနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်ခင်ဗျား။

ကိုဝင်းမင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ပဲခူးမြို့မှာ သြဂုတ်လ ၃ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ် ။ Photo: Kyaw Htoon Naing/RFA
 ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နဲ့ အနီးတဝိုက်နေ ရေဘေးဒုက္ခသည်တွေအတွက် လှူဒါန်းတဲ့ စားနပ်ရိက္ခာနဲ့လူသုံးကုန် ပစ္စည်းတွေကို ကူညီပို့ဆောင်ပေးဖို့ တပ်မတော်လေတပ်ကို မနေ့က လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

အဲဒီ ထောက်ပံရေးပစ္စည်းတွေကို ပလက်ဝမြို့ ပို့ပေးဖို့ အတွက် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်က ဗိုလ်မှူးကြီးအောင်ကျော်ထွန်းထံ ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံခဲ့တဲ့စာနဲ့ လေတပ်စခန်းက ပစ္စည်းတွေ လက်ခံရယူခဲ့တဲ့ ဓါတ်ပုံတွေကိုလည်း ဒေါ်ခင်ကြည်ရံပုံငွေအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဂုတ်လ ၅ ရက်နေ့စွဲနဲ့ ရေးသားတဲ့စာမှာ ရေဘေးသင့် နေတဲ့ ချင်းပြည်နယ် ပလက်ဝဒေသခံပြည်သူတွေအတွက် တထုပ်ကို ကျပ် ၅ သောင်း ကျော်တန်ဖိုးပါဝင်တဲ့ အရေးပေါ်ထောက်ပံ့ရေးပစ္စည်း အထုပ် ၅ဝ ကို တပ်မတော်က လေယဉ်ပျံတွေ ရဟတ်ယဉ်တွေနဲ့ ကူညီပို့ဆောင်ပေးစေ လိုကြောင်း၊ အထုပ်တထုပ်မှာ ဆန်ငါးပြည်နဲ့အတူ ငါးသတ္ထာတွေ၊ တာလပတ်၊ ခြင်ထောင်၊ စောင်၊ တောစီးဖိနပ်၊ အိုးခွက်စတဲ့ ပစ္စည်းတွေပါဝင်ပြီး ဆန်အိတ်တွေ ကို ရေမစိုအောင် ပလပ်စတစ်နဲ့ လေးထပ်ထုပ်ပိုးထားကြောင်းစသဖြင့် ပါရှိပါတယ်။

ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်ဖွဲ့စည်းထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရံပုံငွေအဖွဲ့ကို ရေဘေးဒဏ်ကယ်ဆယ်ရေးအတွက် မနေ့က ညနေအထိ ပြည်တွင်းပြည်ပ အလှူငွေ ကျပ် သိန်းပေါင်း ၉၃ဝ ကျော်ရှိပါတယ်။

ပြည်ပအလှူရှင်တွေထဲမှာ အများဆုံးက ရန်ကုန်မြို့ရှိ ILBC,YIS နဲ့ အလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်း ကဖြစ်ပြီး လှူဒါန်းငွေကျပ် သိန်း ၅ဝဝ ဖြစ် ပါတယ်။

အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေကလည်း ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းကို အများအပြားလှူဒါန်းနေကြပြီး  ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ် လစ်မြို့မှာ နေထိုင်သူ ဇနီးမောင်နှံ၂ ဦးက သူတို့အိမ်ပြင်ဖို့စုဆောင်းထားတဲ့ ငွေ ကျပ်သိန်း ၁ဝဝ ကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


 မိုးသည်းထန်စွာ ရွာသွန်းခဲ့ အပြီး ချင်းပြည်နယ်မှာ တောင်ပြို မြေပြိုမှုတွေ ဖြစ်ပွား ခဲ့ရာမှာ ပြည်နယ် မြို့တော် ဟားခါးမြို့မှာ အဆိုး ဝါးဆုံး ဖြစ်ခဲ့ပါတယ်။

အိမ်အလုံးလိုက် ပြိုကျ ပျက်စီး တာမျိုးတွေ ရှိခဲ့ပြီး လောလောဆယ် စာရင်းဇယားတွေအရ အိမ်အလုံး ၂၀၀ကျော်လောက် ပျက်စီး သွားတယ်လို့ ချင်းပြည်နယ် ကျေးလက် ဒုတိယ ညွှန်ကြားရေးမှူး ဦး တန်မ်အောင်က ဘီဘီစီကို ပြောပါတယ်။

ဟားခါးမြို့ဟာ ဆက်သွယ်ရေး လမ်းကြောင်းအနေနဲ့ ကားလမ်းကိုပဲ အဓိက အားထားခဲ့ရာမှာ အခု ကားလမ်းတွေ ပျက်စီးသွားတဲ့အတွက် အဆက်အသွယ်တွေ လုံးဝ ပြတ်တောက်လုနီးပါး အခြေအနေ ရောက်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

ရေဘေး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေ လောလောဆယ် လုံလောက်နေ သေးပေမယ့် နောက်ထပ်တလလောက်သာ လမ်းပန်း အဆက်အသွယ် ဆက်ပြတ်နေမယ် ဆိုရင်တော့ ဟားခါးမှာ ရိက္ခာ လုံးဝ ပြတ်တောက်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဆန်ဈေးတွေက တအိတ်ကို တသိန်းကျော်လို့ ပြောနေပေမယ့် ဆန်တွေကို ဘယ်သူမှ ထုတ်မရောင်းရဲကြဘူးလို့လည်း သူက ပြောပါတယ်။

ရေဘေး ဒုက္ခသည်တွေအတွက် အဓိက လိုအပ်တာက ဆန် ဖြစ်ပေမယ့် ငါးပိ၊ ငါးခြောက်၊ ဆား စတာတွေကိုလည်း လှူဒါန်းကြဖို့ကို သူက မေတ္တာ ရပ်ခံခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 မြန်မာနိုင်ငံက ရေဘေးဒုက္ခသည် ၂ သိန်းကျော်အတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့နိုင်ရေး ကုလသမဂ္ဂ စားနပ်ရိက္ခာ အေဂျင်စီ WFP က စီစဉ်နေတယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။ ဒီအတောအတွင်းမှာပဲ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ရေကြီးမှုအန္တရာယ် ဒုတိယအကြိမ်မြောက် ကြုံတွေ့လာနိုင်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ OCHR က သတိပေးလိုက်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မုတ်သုန်မိုးသည်းထန်ပြီး မြစ်ရေကြီးမှုကြောင့် လူပေါင်း ၇၀ နီးပါးသေဆုံးပြီး ၂ သိန်း ၅ သောင်းကျော် ရေဘေးဒုက္ခရောက်နေကြတယ်လို့ ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ကုလသမဂ္ဂနဲ့ သူရဲ့လက်အောက်ခံအဖွဲ့တွေကလည်း ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် မြန်မာနိုင်ငံကို အကူညီပေးနေရာမှာ WFP ကနေ နိုင်ငံတ၀ှမ်း ရေဘေးဒုက္ခသည် ၂ သိန်းကျော်အတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ မနေ့ကကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ပြောပါတယ်။

“ကျနော်တို့ရဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာ အေဂျင်စီ WFP ကနေ မြန်မာနိုင်ငံက ရေဘေးဒဏ် အဆိုးရွားဆုံးခံနေရတဲ့ ဒေသတွေက ဒုက္ခသည်ဦးရေ ၂ သိန်းကျော်အတွက် စားနပ်ရိက္ခာတွေကို ထောက်ပံ့ကူညီဖို့ စီစဉ်ဆောင်ရွက်နေကြောင်း မနေ့က ကျနော်တို့ကို အကြောင်းကြားထားပါတယ်။ ရေလွှမ်းမိုးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း တို့မှာရှိနေတဲ့ ရေဘေးဒုက္ခသည်တွေကိုလည်း WFP က အရေးပေါ် အကူအညီတွေ ထောက်ပံ့နေပါတယ်။”

WFP အနေနဲ့ သြဂုတ်လ ၂ ရက်နေ့ကစပြီး အစိုးရနဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေ၊ အခြားကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရေဘေးသင့်ဒေသတွေက လူပေါင်း ၈ သောင်းကျော်အတွက် စားနပ်ရိက္ခာတွေကို ထောက်ပံ့ကူညီခဲ့တယ်လို့ Stephane Dujarric က ဆိုပါတယ်။ ဒီအတောအတွင်း မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာ နောက်ထပ် ရေကြီးမယ့်အန္တရာယ် ရှိနိုင်တဲ့အတွက် စိုးရိမ်မကင်းဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA ရန်ကုန်ရုံးခွဲက ပြောခွင့်ရပုဂ္ဂိုလ် Pierre Peron က မနေ့က အခုလို ပြောပါတယ်။

“အခု ကျနော်တို့ အစိုးရိမ်ဆုံးကတော့ မြစ်ရေဟာ တောင်ပိုင်းကို စီးဆင်းလာတဲ့အတွက် မြစ်ဝကျွန်းပေါ်ဒေသမှာ မြစ်ရေအမြင့်ဟာ စိုးရိမ်ရေမှတ် ကျော်လာမယ်ဆိုရင် ဒုတိယအကြိမ်မြောက် ရေကြီးမယ့် အခြေအနေကို ရင်ဆိုင်ရနိုင်ပါတယ်။”

ရေဘေးဒဏ်ဆိုးရွာတဲ့ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေရှိနေပေမဲ့  ကုလသမဂ္ဂ အကဲဖြတ် တွက်ချက်ရေးအဖွဲ့တွေဟာ ကြိုးစားပြီး အရောက်သွားခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

“တချို့နေရာတွေကိုသွားဖို့ အကဲဖြတ်တွက်ချက်ရေးအဖွဲ့တွေအတွက် အခက်အခဲတွေအများကြီးရှိခဲ့ပါတယ်။ ခရီးလမ်းအတော်များများမှာ ရေကြီးနေဆဲရှိတာကြောင့် ၀န်ထမ်းတွေအနေနဲ့ လှေတွေနဲ့ သွားကြရသလို ရေစီးအရမ်းသန်တဲ့ နေရာတွေမှာ အန္တရာယ်တွေ ရှိနေတာကြောင့် နောက်ပြန်လှည့်ခဲ့ရတာမျိုးလည်း ရှိပါတယ်။ နေရာအများစုကို လေကြောင်းကနေပဲ သွားပြီးကြည့်နိုင်တာပါ။ မြန်မာအစိုးရက သူတို့ရဲ့ ရဟတ်ယာဉ်တွေနဲ့ မော်တော်လှေတွေ အသုံးပြုဖို့ ခွင့်ပြုထားပါတယ်။”

ဒါ့အပြင် လက်ရှိ ရေဘေးကယ်ဆယ်ကူညီရေးတွေမှာ အစိုးရရဲ့ ဦးစီးဆောင်ရွက်မှုတွေကိုလည်း Pierre Peron အသိမှတ်ပြု ပြောခဲ့ပါတယ်။ အလားတူ မြန်မာနိုင်ငံက ရေဘေးဒဏ်သင့် လူထုအတွက် အမေရိကန်ပြည်ထောင်စုက အကူအညီပေးဖို့ စီစဉ်နေပြီလို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက မနေ့က မလေးရှားနိုင်ငံကို ရောက်ရှိနေချိန်မှာ ပြောသွားပါတယ်။ သြစတြေးလျ၊ တရုတ်၊ ထိုင်း အစိုးရတွေကလည်း မြန်မာရေဘေးဒုက္ခသည်တွေကို ကူညီရေးမှာ ရန်ပုံငွေတွေကို ထောက်ပံ့သွားမှာ ဖြစ်တယ်လို့လည်း အသီးသီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



မကွေးတိုင်း ပွင့်ဖြူမြို့နယ် အတွင်းက ရေကြီး ခဲ့တဲ့ ကျေးရွာတချို့မှာ ရေပြန် ကျနေပြီ ဖြစ်ပေမယ့် ထောက်ပံ့ရေး ပစ္စည်းတွေ ရောက်ဖို့ ခက်ခဲတဲ့ ကျေးရွာတွေ ဖြစ်တာကြောင့် ဒေသခံတွေ အကူအညီ လိုအပ်နေပါသေးတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။

RFA MyanmarVideoChannel


ဧရာဝတီမြစ်ရေ ဆက်တိုက်မြင့်တက် လာတာကြောင့် မင်းဘူးနဲ့မကွေးမြို့က ရပ်ကွက်တချို့ ရေနစ်မြုပ်နေပါတယ်။ ဒီအကြောင်းကို မကွေးမြို့အခြေစိုက် RFA သတင်းထောက်ကိုဇော်တူးက သတင်း ပေးပို့ထားပါတယ်။
RFA MyanmarVideoChanne


 သြဂုတ် ၅ရက်၊ ၂၀၁၅ခုနှစ်။ (ကေအိုင်စီ)

 လတ်တလော ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏ ရေကြီးမှု ဒဏ်ကြောင့် ရေဘေးသင့် ပြည်သူများအတွက် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှ ထိုင်းပြည်သူများက ငွေကျပ် ၇၅သန်းတန်ဘိုးရှိ ကယ်ဆယ်ရေး ပစ္စည်းများကို ယနေ့ သြဂုတ် ၅ရက်နေ့၊ မွန်းလွဲပိုင်း တွင် မဲဆောက်မြို့မှတဆင့် ကရင်ပြည်နယ်ဘက်ခြမ်းရှိ မြ၀တီမြို့သို့ သွားရောက်လှူဒါန်းခဲ့ကြသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး မစ္စတာနိုင်စုံချိုင်း ခပ်တိယစံတီက “ထိုင်းနိုင်ငံတာခ့်ခရိုင် ၉မြို့နယ်က ပြည်သူတွေက မြန်မာရေဘေးသင့် မိတ်ဆွေတွေအတွက် ကူညီတာပါ။ အခုလို မြန်မာနိုင်ငံဘက်မှာ ရေဘေးဒဏ် ဆိုးရွားစွာ ခံစားနေရတဲ့အ တွက် အတော့်ကို စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါကြောင့် အခုလို ကယ်ဆယ်ရေးပစ္စည်းတွေကို လှူဒါန်းရတာဖြစ်တယ်”ဟု ပြော ဆိုသည်။

အစားသောက်၊ ဆေးဝါးနှင့် အ၀တ်အထည်များ အပါအ၀င် ထိုင်းဘတ်ငွေ ၂၅သိန်း တန်ဘိုးရှိ ကယ်ဆယ်ရေး အထောက်အကူ ပြုပစ္စည်းများကို ယနေ့တွင် လှူဒါန်းခဲ့ပြီး နောက်ရက်များတွင်လည်း ဆက်လက် လှူဒါန်းသွားမည်ဟု ထိုင်းအလှူရှင်များက ပြော ဆိုသည်။

ယနေ့ပေးအပ်သည့် အလှူပစ္စည်းများကို တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးက မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် တာဝန်ရှိသူများ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဦးလွင်ကိုဦးက “ဒီပစ္စည်းတွေကို ဒီနေ့ပဲ ကရင်ပြည်နယ်အစိုးရဆီကို ပို့ဆောင်လွဲပြောင်းပေးမှာဖြစ်တယ်။ အဲဒီကနေ ရေဘေး ဒဏ် ခံစားနေရတဲ့ ပြည်သူတွေဆီကို အမြန်ဆုံး ဆက်လက်ပို့ဆောင်ပေးမှာဖြစ်တယ်”ဟု မြန်မာနှင့် ထိုင်းသတင်းထောက်များ ကို ပြောဆိုခဲ့သည်။

သြဂုတ် ၅ရက်နေ့၊ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံသားများ မြ၀တီတွင် ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်နေစဉ်။
 သြဂုတ် ၅ရက်နေ့၊ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံသားများ မြ၀တီတွင် ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်နေစဉ်။


သြဂုတ် ၅ရက်နေ့၊ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံသားများ မြ၀တီတွင် ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်နေစဉ်။


လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်ကျော်က အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် မြန်မာနိုင်ငံတဝှမ်းတွင် ရေဘေး ဒဏ် ဆိုးရွာစွာ ခံစားခဲ့ကြရသည်အတွက် ပြည်သူ ၅၀နီးပါး သေဆုံးကာ နှစ်သိန်းကျော် ဒုက္ခရောက်ခဲ့ကြရသည်။ ရခိုင်ပြည်နယ် အပါအ၀င် ဒေသအချို့တွင် ရေပြန်ကျသွားခဲ့သော်လည်း ရေဘေးသင့်ပြည်သူများမှာ သောက်ရေနှင့် အစားအစာများ ပြတ်လပ် မှုနှင့် ရင်ဆိုင်နေရသည်ဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဆိုသည်။

၂၄နှစ်တာ ကာလအတွင်း ဖြစ်ပွားသည့် အဆိုးရွားဆုံး ရေဘေးဒုက္ခဖြစ်သည့်အတွက် မြန်မာအစိုးရမှ နိုင်ငံတကာသို့ အကူအညီ များ တောင်းခံထားပြီး နိုင်ငံတကာမှ အလှူရှင်များ တိုက်ရိုက်လေကြောင်းဖြင့် လာရောက်နိုင်ပြီး လေယာဉ်များ ဆင်းသက်နိုင်ရန် မန္တလေးနှင့် နေပြည်တော်လေဆိပ်များကို ဦးစားပေး ဆင်းသက်ခွင့်ပြုထားသည်။

ထိုင်းနိုင်ငံသားများနည်းတူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် လူမှုရေးအဖွဲ့အစည်းများကလည်း ရေဘေးသင့်ပြည်သူ များအတွက် အလှူပစ္စည်းများကို အလှူခံဋ္ဌာနများဖွင့်လှစ်ကာ ကောက်ခံလျှက်ရှိပြီး မကြာမီ ရေဘေးသင့်ဒေသများသို့ ပေးပို့သွား မည်ဖြစ်ကြောင်း သိရှိရသည်။

 (ကေအိုင်စီ)
http://kicnews.org

ရေဘေး ဒုက္ခသည်တွေအတွက် အိမ်ယာပြန်လည် တည်ဆောက်ရေး ပစ္စည်းတွေနဲ့ လယ်ယာသုံး စက်ပစ္စည်းတွေ လှူဒါန်းရင် ပိုအသုံးဝင်
 မြန်မာနိုင်ငံက ရေဘေး ဒုက္ခသည်တွေ အတွက် နိုင်ငံခြား အလှူတွေ စတင် ရောက်ရှိလာနေပြီ ဖြစ်ရာမှာ ဗီယက်နမ် နိုင်ငံက ဒေါ်လာ ၅ သောင်း၊ စင်ကာပူက ဒေါ် လာ ၁ သိန်း၊ ဂျပန်က ဒေါ်လာ ၁သိန်းခွဲ၊ မလေးရှား ပက်ထရိုနက် ရေနံကုမ္ပဏီက ဒေါ်လာ ၁ သိန်းခွဲ၊ ထိုင်းက ဘတ်ငွေ ၅ သန်း အစ ရှိသဖြင့် နိုင်ငံခြား အလှူငွေတွေကို လက်ခံ ရခဲ့ပါတယ်။

သောက်သုံးရေ၊ အစားအသောက်နဲ့ ဆေးဝါး လှူဒါန်းတာမျိုးတွေလည်း ရှိပါတယ်။

ဘင်္ဂ္လားဒေ့ရှ်၊ အိန္ဒိယ၊ သြစတြေးလျ၊ အမေရိကန် စတဲ့ နိုင်ငံတွေ ကလည်း လှူဒါန်းဖို့ ပြင်ဆင်နေကြတဲ့အကြောင်း ဖုန်းဆက် အကြောင်းကြား လာတာ ရှိတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

တရုတ်နိုင်ငံက ကယ်ဆယ်ရေး Blue Sky အဖွဲ့တဖွဲ့ကတော့ လူကိုယ်တိုင် လာရောက်ပြီး ရေဘေး ဒုက္ခသည်တွေအတွက် ကူညီဆောင်ရွက်မှုတွေ စလုပ်နေတယ်လို့ ဆိုပါတယ်။

ပြန်လည် ထူထောင်ရေးအတွက် အိမ်ယာ ပြန်လည် တည်ဆောက်ရေး ပစ္စည်းတွေနဲ့ လယ်ယာသုံး စက်ပစ္စည်းတွေ လိုအပ်နေပြီး ဒါတွေကို လှူဒါန်းမယ် ဆိုရင် အသုံးဝင်မှာ ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

မနေ့ ညနေပိုင်း အထိကတော့ နိုင်ငံခြားကနေ ဒေါ်လာ ၅ သောင်းနဲ့ ၁ သိန်းခွဲအထိ လောက်ပဲ လှူဒါန်းတာ တွေ့ရပြီး ဒေါ်လာ သန်းချီပြီး အကူအညီ ပေးတာမျိုးတွေကိုတော့ လောလောဆယ် မတွေ့ရသေးပါဘူး။

BBC Burmese
http://www.bbc.com/burmese


Kalay Flood15

ဧရာဝတီတိုင်းအတွင်းမှာ ဧရာဝတီမြစ်ရေမြင့်တက်လာနေတဲ့အတွက် မြို့တွေအတွင်း ရေ၀င်ရောက်မှုတချို့ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟင်္သာတမြို့ခံတဦးက “ခုလောလောဆယ် မြစ်ရေက မြင့်ပြီးတော့ တော်တော်လေးကို ၀ိုင်းထားတယ်။ ဟင်္သာတ၊ ဟိုဘက်က ဇလွန်၊ ညောင်တုန်းကနေစပြီးတော့ လာလိုက်တဲ့ရေကာတာ ကျနော်တို့တာတွင်းကနေပြောမယ်ဆိုရင် အရှေ့ဘက်ကမ်းတာလို့ ခေါ်တာပေါ့။ မြစ်ဘက်ကပြောမယ်ဆိုရင်တော့ အနောက်ဘက်ကမ်းတာပေါ့။ အဲဒီကနေ နောက်တခါ င၀န်နဲ့အဆုံကနေပြီးတော့ ပြန်လာလိုက်တာ လေးမျက်နှာ၊ ငသိုင်းချောင်း ဟိုဘက်အဆုံးထိပေါ့ အဲဒီအကုန်လုံးက မြစ်ရေက အကြီးအကျယ်မြင့်နေပြီးတော့ နောက်ထပ်တိုးမယ့်အခြေအနေနဲ့ အခုလောလောဆယ်ရှိနေတဲ့ တာရဲ့ ခံနိုင်ရည်နဲ့ဆိုရင် စိုးရိမ်ရမယ့်အနေတော့ တော်တော်ရောက်နေပြီ”လို့ပြောပါတယ်။

ဟင်္သာတ မြို့ပေါ်အခြေအနေနဲ့ပတ်သက်လို့ သူက “ကျနော်တို့က တာဝိုင်းထဲမှာနေတဲ့ အခါကျတော့ မိုးမရွာရင်တော့ မိုးရေက မတက်တော့ဘူး။ ဒါပေမယ့် အပေါ်က ကျလာတဲ့မြစ်ရေက ဒေါက်တာထွန်းလွင် (မိုးလေ၀သပညာရှင်) ပြောသလိုပဲ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ ငသိုင်းချောင်း၊ ရေကြည်၊ ဟိုဘက်က ဓနုဖြူအပါအ၀င်ပေါ့ခင်ဗျာ၊ ဒီဘက်က ညောင်တုန်း တဖက်ကမ်းပေါ့ ကျုံပျော် အဲလိုမြို့တွေကို ရေက အပေါ်ကနေ စီးပြီးတော့ ၀ိုင်းရံထားတာပေါ့။ အဲလိုစီးထားတာဆိုတော့ တာမကျိုးရင်တော့ ကျနော်တို့က ပြသနာမရှိဘူး။ တာကျိုးပြီဆိုလို့ရှိရင်တော့၊ အခုနေ င၀န်တာကျိုးမယ်ဆိုရင်တော့ ဟင်္သာတတခြမ်းသားနဲ့ အောက်က ရေကြည် ငါးသိုင်းချောင်းကနေ ကျောင်းကုန်းအထိအောင် ဆက်သွားမယ်ပေါ့ဗျာ။ ပန်းတနော်ထိအောင်ပေါ့။ နောက် ဧရာဝတီမြစ်က ရေကာတာကျိုးမယ်ဆိုရင်တော့ ဟင်္သာတမြို့ အပါအ၀င် ပန်းတနော်ထိအောင် ဆက်ကြီးသွားမယ်”လို့ပြောပါတယ်။

တားမကျိုးပေမယ့် အောက်ပိုင်းမှာနေသူတွေကတော့ ရေထိရင် ပျက်စီးမယ့်ပစ္စည်းတွေကို အမြင့်ပိုင်းကို သယ်ဆောင်နေကြပါတယ်။

ညောင်တုန်းမြို့ ဒေသကွပ်ကဲရေးစခန်းကို ဆက်သွယ်မေးမြန်းရာမှာ မြို့ပေါ်တာမှာ ရေကျော်တာ၊ မရှိသေးဘူးလို့ဖြေကြားပါတယ်။
“ကျမတို့ အခု ညောင်တုန်းမြစ်ရေက လက်ရှိအနေအထားမှာ ၂၅ ဒသမ ၇ ပါ။ မြို့ပေါ်အနေအထားနဲ့ကတော့ မြို့ပေါ်တာအနေနဲ့ ရေကျော်တာတို့၊ တာကျိုးတာတို့ မရှိသေးဘူးရှင့်။ လက်ရှိအနေအထားမှာကတော့ ထူးခြားချက်အနေနဲ့ကတော့ ဘာမှတော့ မြို့ပေါ်အနေနဲ့မရှိဘူး။ ကျေးရွာတွေမှာတော့ ရေစိမ့်ပေါက်တွေ ဖြစ်တာလေးတွေတော့ရှိပါတယ်။ အဲဒါတွေကလည်း သိပ်ပြသနာမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ ဒီဘက်ကနေပြီးတော့ သဲအိတ်တို့နဲ့ ဒေသအာဏာပိုင်အဖွဲ့အစည်းတွေ၊ စစ်တပ်တို့၊ မီးသတ်တို့၊ ရဲတို့က ကျမတို့မှာ လူအင်အားက stand by က အမြဲတမ်းရှိတယ်ဆိုတဲ့အခါကျတော့ ဖြစ်ပြီဟေ့လို့ အကြောင်းကြားတာနဲ့ ဒီဘက်ကနေပြီးတော့ ချက်ခြင်းပေါ့ လူအားရော၊ ပစ္စည်းအားရော ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်လိုက်တဲ့အခါမှာ အကုန်လုံးကအချိန်နဲ့ တပြေးညီ ပြီးသွားတယ်ပေါ့နော်။ အချိန်မီပြီးသွားတယ်ပေါ့။” လို့ ဖြေပါတယ်။

ပုသိမ်မြို့ခံတွေအဆိုအရ ပုသိမ်မြို့ပေါ် ၃၄ ရပ်ကွက်၊ မနော်ဟရီ၊ ဆင်းသီရိ၊ ရေကြည်ဦးရပ်ကွက် အနိမ့်ပိုင်းရပ်ကွက်ကလေးတွေနဲ့ မြို့တော်ခန်းမရှေ့တွေမှာ ရေတက်တယ်လို့ သိရပါတယ်။ မိုးတော့ မရွာပဲ မြစ်ရတက်တာလို့ဆိုပါတယ်။

ပုသိမ်မြို့ခံ ဦးသက်လွင်က “အပျက်အစီး၊ အရွှေ့အပြောင်းမရှိသေးဘူးခင်ဗျ။ ဒါပေမယ့် ရေဘေးကယ်ဆယ်ဖို့အတွက် မြို့တော်ခန်းမရှေ့မှာ ကျနော်တို့ အိပ်အာဒီပီအဖွဲ့သားတွေရယ်၊ မြို့သူမြို့သားတွေရယ် စုပေါင်းပြီးတော့ မနက်ကမှ ပွင့်ဖြူကိုထွက်သွားပြီခင်ဗျ။ ငွေက သိန်း ၁၃၀ ကို သုံးချိုးနှစ်ချိုးခွဲပြီးသယ်သွားပြီ။ ကျန်တချိုးကို ဧရာဝတီတိုင်းအတွက် အရံထားတယ်ခင်ဗျ” လို့ ပြောပါတယ်။

ရေလွှမ်းမှု အခြေအနေနဲ့ပတ်သက်လို့ ပညာရှင်တွေသတိပေးချက်က “ပညာရှင်ပြောတာကတော့ ၅၀ ရာခိုင်နှုန်းမှန်မယ်။ ကျနော်တို့ ဒေသတွင်းမှာဆိုရင် လောလောဆယ် မိုးနည်းနည်းဝေးနေ တယ်။ ခုလေးမှ ခပ်တန်တန်ရွာပြီး ပြတ်သွားတယ်။ ရေကျရက်ဆိုတော့ လောလောဆယ် ပုသိမ်မြို့ပေါ်ရပ်ကွက်တွေဘာမှသိပ်မရှိသေးဘူး။ မြို့နဲ့ ၇ မိုင်လောက်ဝေးတဲ့ တောရွာတွေမှာ ဆိုရင်တော့ လယ်ကွင်းတွေမှာတော့ ရေမြုပ်တဲ့အနေအထားရှိတယ်။” လို့ ပြောပါတယ်။

မိုးလေ၀သနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ နေ့ခင်း ၁ နာရီထုတ်ပြန်ချက်မှာ – စိုးရိမ်ရေမှတ်အထက် ဆက်လက်မြင့်တက်နိုင်မှု အခြေအနေနဲ့ပတ်သက်လို့ “ဧရာဝတီမြစ်ရေသည် အောင်လံမြို့တွင် (၂)ပေခွဲခန့်၊ ပြည်မြို့နှင့် ဆိပ်သာမြို့တို့တွင် (၂)ပေခန့်စီ၊ ဟင်္သာတမြို့တွင် (၃)ပေခွဲခန့်၊ ဇလွန်မြို့ တွင် (၃)ပေခန့်၊ င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၃)ပေခွဲခန့် ယင်းမြို့များ၏စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန်နေပါ သည်။ နောက်(၂)ရက်အတွင်း ပေ၀က်ခန့် ဆက်လက် တက်လာနိုင်ပြီး ယင်းမြို့ များ၏စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ပါသည်။”လို့ပါရှိပါတယ်။

စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်မှု အခြေအနေနဲ့ပတ်သက်လို့တော့ “စစ်တောင်းမြစ်ရေသည် မဒေါက်မြို့ တွင် (၃)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေ မှတ်အထက်သို့ ကျော်လွန်နေပါသည်။ နောက်(၃) ရက်အတွင်း (၁)ပေခန့် ကျဆင်းနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်” လို့ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်ကတည်းက နိုင်ငံတွင်း တိုင်းနဲ့ ပြည်နယ်အကုန်နီးပါးမှာ ရေကြီးရေလျှံတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်ခန့်က တချို့အထက်ပိုင်းဒေသ တွေမှာ ရေကျပြီး ကျေးလက်မြို့ရွာသန့်ရှင်းရေးတွေ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း အစပြုလုပ်ဆောင်နေကြပါတယ်။

By အေးနိုင်/DVB
http://burmese.dvb.no/archives/106179

 watlatt-flooding-620.jpg ဧရာဝတီမြစ်ရေတက်တာကြောင့် ရေကြီးနေတဲ့ ဝက်လွတ်ကျေးရွာကို သြဂုတ်လ ၅ ရက်နေ့က တွေ့ရစဉ်

ဒီနေ့ကနေ နောက် ၃ ရက်အတွင်း မွန်ပြည်နယ်၊ ပဲခူးတိုင်းတောင်ပိုင်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးဆက် လက် ရွာနိုင်တဲ့အတွက် မြစ်ရေကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က သတိပေးထားပါတယ်။

လက်ရှိဧရာဝတီမြစ်ရေကလည်း မြစ်ဝကျွန်းပေါ်ဒေသတွေမှာ စိုးရိမ်ရေမှတ်ရောက်နေတာမို့ ရေတားတမံတွေကို အထူး ဂရုစိုက်ကြဖို့လိုတယ်လို့ ဒေါက်တာ ဦးထွန်းလွင်က ပြောပါတယ်။

"လောလောဆယ်မိုးကောင်းနေတာ မွန်ပြည်နယ်ဖက်၊ သထုံဖက်၊ အဲ့ဒီဖက်ကို နည်းနည်းလေးကျနော် ဂရုစိုက် ကြည့်နေတာပေါ့၊ ကျန်တဲ့မြစ်ဝကျွန်းပေါ် မှာတော့ ရေကဆက်လက်ပြီးတက်နေတုန်းဘဲ၊ တာတွေ ကြံ့ကြံ့ခိုင်နိုင် ရင်တော့ အန္တရာယ်မရှိဘူးပေါ့၊ တာတွေဘာတွေကျိုးမယ်ဆိုရင်တော့ တော်တော် အန္တရာယ်ရှိပါတယ်၊ ရေကအခုချိန် ထိဝင်နေတုန်းဘဲ၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းမှာ ရေက တဖြည်းဖြည်း တက်နေမှာဆိုတော့ လယ်ကွင်းတွေကုန် မှာပေါ့ဗျာ၊ အဓိက ကတော့ တာပါဘဲ "

ဧရာဝတီမြစ်ရေဟာလည်း အထက်ပိုင်းကနေ စီးဆင်းလာပြီး မြစ်ဝကျွန်းပေါ်က ပုသိမ်၊ ဟင်္သာတ၊ ညောင်တုန်း၊ ဇလွန်နဲ့ မအူပင် စတဲ့ဒေသတွေမှာ စိုးရိမ်ရေ အမှတ် ကျော်လွန်နေပြီဖြစ်ပါတယ်။ ညောင်တုန်းမြို့ကိုလည်း လိမ္မော်ရောင်အဆင့် အရေးပေါ် အခြေအနေအဖြစ် မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မြစ်ဝကျွန်းပေါ်အနိမ့်ပိုင်းဒေသတွေမှာ ရေကြီးတာတွေဖြစ်နေတဲ့အတွက်ကြောင့် ဒေသခံတွေအတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေလည်း လုပ်ဆောင်နေကြရပါတယ်။

ဒီအတောအတွင်း ပဲခူးတိုင်းဒေသကြီး သာယာဝတီနဲ့ လက်ပံတန်း၊ ဧရာဝတီတိုင်း ဒေသကြီးက ညောင်တုန်းနဲ့ ဟင်္သာတမြို့နယ်တွေမှာ မြစ်နဲ့ချောင်းရေတွေ တက်လာ တာများတာကြောင့် မြို့နယ်တွေမှာ ရေဖုံးလွှမ်းတာတွေ သိသာလာနေပါတယ်။

RFA



လူပေါင်းသိန်းနဲ့ချီ ဒုက္ခရောက်နေကြတဲ့ ရေဘေးဒဏ်သင့်သူတွေအတွက် အမေရိကန် အပါအ၀င် နိုင်ငံတကာက စတင်ကူညီဖို့ ပြင်ဆင်နေကြပါပြီ။ ရေဘေးဒုက္ခသည်တွေ အတွက် အရေးပေါ် အရေးတကြီး ကူညီဖို့ မြန်မာအစိုးရက နိုင်ငံတကာကို ပန်ကြားခံခဲ့ပြီး နောက်မှာပဲ အကူအညီတွေ စတင်ဝင်ရောက်လာနေတာပါ။ အပြည့်အစုံကိုတော့ မဆုမွန် တင်ပြထားပါတယ်။

မြန်မာနိုင်ငံတ၀ှမ်း ရေဘေးနဲ့ အကြီးအကျယ် ရင်ဆိုင်ခဲ့ရပြီးနောက် နိုင်ငံတကာက အကူအညီ အထောက်အပံ့တွေ စတင်ဝင်ရောက် လာနေသလို၊ အမေရိကန်ကလည်း ကူညီဖို့ ကတိပြုလိုက်တာပါ။ အရေးပေါ် အကူအညီပေးအပ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ မကြာခင် ကြေညာဖို့လည်း စီစဉ်နေပြီ ဖြစ်တဲ့အကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN နဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆွေးနွေးပွဲအတွင်း ၀န်ကြီးကယ်ရီက ပြောကြားခဲ့တာပါ။

“ကျနော်တို့ ပူးတွဲပြီး ကူညီ ထူထောင်ထားတဲ့ အရေးပေါ် ကူညီကယ်ဆယ် ရေးဌာနနဲ့ ရန်ကုန်မြို့မှာရှိတဲ့ ကျနော်တို့သံရုံးက အနီးကပ် ပူးပေါင်း ညှိနှိုင်းနေပါတယ်။ မြန်မာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်း ပြီး အကူအညီတွေ ဘယ်ကိုပို့မယ်ဆိုတာ အတိအကျသိရတာနဲ့ ရေဘေး ကူညီကယ်ဆယ်ရေး အစီအစဉ်တခုကို ကျနော်တို့ မကြာခင်ကြေညာမှာဖြစ်ပါတယ်။"

ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ လူသားချင်းစာနာမှုအကူအညီ စားနပ်ရိက္ခာနဲ့ ဆေးဝါးထောက်ပံ့မှုတွေ ပြုလုပ်နိုင်ဖို့အရေး ရေဘေးအလှူပေးကြဖို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို ပန်ကြားခဲ့တာဖြစ်ပါတယ်။

အခုဆိုရင်တော့ ဂျပန်၊ ထိုင်း၊ ဗီယက်နမ်စတဲ့ ဒေသတွင်းနိုင်ငံတွေဘက်က မြန်မာနိုင်ငံကို ငွေကြေးအကူညီတွေ စတင်ပေးနေကြဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးထွန်းက ဗွီအိုအေကိုပြောပါတယ

“ဒီနေ့ဆိုရင် ဂျပန်ကနေပြီးတော့ သူတို့ စောင်တို့၊ တကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်တို့၊ နောက်ပြီး အိပ်ယာခင်းတို့၊ အဲဒါတွေ ဒီနေ့ပထမအသုတ် အနေနဲ့ ရောက်ပါတယ်ခင်ဗျ။ သူတို့ ကျနော်တို့ကို အသိပေးထားတာကတော့ ယန်း ၁၈ သန်းဖိုး၊ အမေရိကန်ဒေါ်လာနဲ့ တွက်ရင်တော့ တသိန်းခွဲဘိုးပေါ့နော်၊ တန်ဘိုးရှိတဲ့ ပစ္စည်းပေါ့နော်၊ ခုနကပစ္စည်းလေးတွေ ၃ သုတ်ခွဲပြီး ရောက်မှာပါခင်ဗျ။ ဒီနေ့ ပထမအသုတ် ရောက်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ဂျပန်သံအမတ်ကြီးကနေပြီးတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနကို ဒီကနေ့ ပထမအသုတ်ကို လွှဲပြောင်းပေးအပ်တယ်လို့ သိရှိရပါတယ်ခင်ဗျာ။ အဲဒါပြီးတော့ ဒီနေ့နေ့လည်မှာ အမေရိကန်ဒေါ်လာ ၂ သောင်းဖိုး ဗီယက်နမ်ကနေပြီးတော့ ရေသန့်ပေါ့နော်၊ ဗီယက်နမ် သံအမတ်ကြီးကနေပြီးတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနကို ဒီနေ့လွှဲပြောင်း ပေးအပ်တယ်လို့ သိရှိရပါတယ်ခင်ဗျ။ ဒီရက်ပိုင်းအတွင်းမှာ သူတို့ ဘန်ကောက်ဘက်မှာ ဘတ် ၅ သန်းကို မြန်မာဘက်ကို၊ မြန်မာသံအမတ်ကြီးကနေတဆင့် လှူဒါန်းဖို့လည်း လုပ်နေပါတယ်ခင်ဗျ။ ဒီရက်ပိုင်းမှာ သူတို့ လုပ်ဖြစ်ပါမယ်ခင်ဗျ။”

အဓိက မြန်မာနိုင်ငံတဝှမ်းက ရေဘေးသင့်ပြည်သူတွေ အဓိကလိုအပ်နေတဲ့ ဆန်၊ ဆေးဝါးနဲ့ ရေသန့်ပစ္စည်း၊ မိုးကာ ၊ အသက်ကယ်လှေစတဲ့ အခြေခံလိုအပ်ချက်တွေအတွက် နိုင်ငံတကာအလှူရှင်တွေဆီက အဓိက အလှူခံမှာဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“ရန်ကုန်မှာရှိတဲ့ သံရုံးတွေကို ကျနော်တို့ ပါးစပ်နဲ့ အကြောင်းကြားတဲ့အခါမှာ ဘယ်လိုပစ္စည်းတွေကို ဦးစားပေး လှူပေးဖို့ ဆိုပြီးတော့ ကျနော်တို့ ပြောထားတာ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ ဆန်တို့၊ ဘာတို့ပေါ့။ နောက်ပြီးတော့ ဆေးဝါးတို့၊ နောက်ပြီးတော့ တာပေါ်လင်တို့၊ လှေတို့၊ ရာဘာလှေတို့ အဲဒီလိုမျိုးလေးတွေလေ၊ ကျနော်တို့ သူတို့သံရုံးတွေကိုလည်း အကြောင်းကြားထားပြီးပါပြီခင်ဗျ။ လောလောဆယ်ကတော့ ကျနော်တို့ ပစ္စည်းပဲ အကူအညီတောင်းထားပါတယ်ခင်ဗျ။ ရေကြီးပြီးရင် နောက်ပိုင်းဖြစ်တဲ့ လိုအပ်တဲ့ ဆေးဝါးတွေ၊ နောက်ပြီးတော့ ရေသန့်စက်တွေ၊ အဲဒါလေးတွေကိုတော့ လှူဖို့အထဲ၊ လှူသင့်တယ်ဆိုတဲ့ စာရင်းထဲမှာ ကျနော်တို့ ထည့်ပြီးတော့ သံရုံးတွေကိုတော့ အကြောင်းကြား ထားပါတယ်ခင်ဗျ။”

နိုင်ငံတကာက ရရှိလာတဲ့ အလှူငွေတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် လူမှုဝန်ထမ်း ပြန်လည်နေရာချထားရေးနဲ့ ကယ်ဆယ်ရေးဝန်ကြီးဌာနကို ပေးလှူပြီး လိုအပ်တာတွေကို စီစဉ်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရေဘေးသင့်ပြည်သူတွေ အတွက် ရေဘေးပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် လိုအပ်တာတွေကိုလည်း နိုင်ငံတကာက အလှူခံမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

VOA
http://burmese.voanews.com/content/us-burma-floods/2902579.html


 ရခိုင်ပြည်နယ်မှာ ရေဘေးကြောင့် သေဆုံးသူ ၅၀ ကျော်သွားပြီဖြစ်ပြီး လက်ရှိမှာ ဘူးသီးတောင်၊ မောင်တော၊ မြောက် ဦး၊ ကျောက်တော်၊ မင်းပြား စတဲ့မြို့နယ် ၅ မြို့နယ်ကို အရေးပေါ် ကယ်ဆယ်ရေး ဆောင်ရွက်ရမယ့် မြို့နယ်တွေ အဖြစ်သတ်မှတ် ထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။ အဲဒီမြို့နယ် ၅ ခု ဟာ ရခိုင် ပြည်နယ်မှာ ပျက်စီးဆုံးရှုံးမှု အများဆုံးမြို့နယ်တွေ ဖြစ်တာကြောင့် အခုလိုသတ်မှတ် ထားတာလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောပါတယ်။

"ဘူးသီးတောင်၊ မောင်တောဆိုရင် လေတိုက်တဲ့ဒဏ်အများဆုံးခံရတယ်၊ နောက်ပြီးတော့ ဘူးသီးတောင်ဆို ရင်ရေမြုပ်တဲ့ဒဏ်ကိုအများဆုံးခံရတယ်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားဆိုရင်တော့ ရေတက်တဲ့ဒဏ်တွေကို အများဆုံးခံလိုက်ရတော့ ပျက်ဆီးဆုံးရှုံးမှုများတဲ့ ၅ နေရာကို ဆွဲထုတ်ပြ တာပါ၊ လေယာဉ်တွေနဲ့ တစ်နေ့ကို ၄၊ ၅၊ ၆ ခေါက်လောက်တော့ပို့နေတယ်၊ အလှူရှင်တွေလည်းရှိတယ်၊ နိုင်ငံတော်ကလည်း ပါတာပေါ့၊ မြို့နယ်အသီးသီးက တင်ပြလာတဲ့အပေါ်မှာ ကျနော်တို့သွားပြီးတော့ ဝေငှဖြန့် ဖြူးပေးနေတာပါ"

ဒါ့အပြင် နေအိမ်ပေါင်း တစ်သောင်းနီးပါးနဲ့ စာသင်ကျောင်း ၂၀၀ ကျော်၊ ဘုန်းကြီး ကျောင်း ၁၀၀ နီးပါး၊ လယ်ယာမြေ ဧကပေါင်း တစ်သိန်းခုနစ်သောင်းကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရေဘေးသင့်ဒေသတွေကို ရဟတ်ယာဉ် ၅ စီး၊ တပ်မတော်ရေယာဉ် ၅ စီးနဲ့ စားနပ်ရိက္ခာတွေ ပို့ဆောင်ပေးနေရာ တချို့လေယာဉ် မဆင်းနိုင်တဲ့ နေရာတွေမှာ ဆန်နဲ့ စားနပ် ရိက္ခာတွေကို ရဟတ်ယာဉ်ပေါ်က ပစ်ချပေးနေပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသတွေကို မနက်ဖြန် လာရောက်ကြည့်ရှုမယ်လို့လည်း သိရပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang ဟာ မနေ့ညက ရခိုင်ပြည်နယ် ရေဘေး ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၁သိန်းလှူဒါန်းလိုက်ပြီး မြောက်ဦးမြို့က ရေဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။ တရုတ်သံအမတ်ဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ အလှူငွေပေးအပ်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်က ရေဘေး ဒုက္ခရောက်နေတဲ့ ဒေသတွေ ပြန်လည်ထူထောင်နိုင်ရေး အတွက် တရုတ်အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ကူညီဆောင် ရွက်သွားမယ်လို့ပြောခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက ရေဘေးကယ်ဆယ်ရေးကျွမ်းကျင်အဖွဲ့တစ်ဖွဲ့ဟာလည်း မနေ့က ရန်ကုန်မြို့ကို ရောက်ရှိပြီး လိုအပ်ရင် ရခိုင်ပြည်နယ်ကို ရောက် ရှိနိုင်အောင် စီစဉ်ပေးသွားမယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ အရေးကြီးတဲ့ စီးပွားရေးလမ်းကြောင်းထဲမှာ ပါဝင်နေပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းမှာ ပါဝင် နိုင်အောင် မြန်မာအစိုးရနဲ့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသလို တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လည်း အရေးပါတဲ့ စီမံကိန်းဖြစ်တယ်လို့ Mr. Hong Liang က ပြောပါတယ်။

စစ်တွေမြို့တ၀ိုက်က ရေဘေးအခြေအနေကို မနေ့က သွားရောက်လေ့လာခဲ့တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင်းလင်းလူ့ အဖွဲ့အစည်းက ကိုဂျင်မီကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



မြန်မာပြည်မှာ လက်ရှိရေဘေးဒုက္ခတွေထဲက ရုန်းမထွက်နိုင်သေးခင်မှာပဲ နောက်ထပ်ဖြစ်လာနိုင်သေးတဲ့ ရေကြီးမှုအကြောင်းကို မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူးဟောင်း ဦးထွန်းလွင်က ပြောပြခဲ့ပါတယ်။

Kamayut Online TV

မြန်မာနိုင်ငံ အောက်ပိုင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ လာမယ့် ရက်တွေ အတွင်း ရေလွှမ်းမိုးမှု အန္တရာယ် အများဆုံး ရှိနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ် ။

ဟင်္သာတ၊ ဇလွန် စတဲ့ မြို့တွေမှာ သြဂုတ်လ ၅ ရက်နေ့လယ်ပိုင်း တိုင်းထွာချက်အရ ဧရာဝတီ မြစ်ရေ စိုးရိမ်ရေမှတ်ထက် ၃ ပေ ဝန်းကျင် ကျော်လွန်နေပါတယ်။

လာမယ့် နှစ်ရက် အတွင်း နောက်ထပ် ပေ ဝက်လောက် ထပ်တက် နိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတိပေးထားပါတယ်။

သြဂုတ်လ ၄ ရက်နေ့က လိမ္မော်ရောင် အန္တရာယ် အဆင့် သတ်မှတ်ထားတဲ့ ညောင်တုန်း မြို့မှာ ဒီအဆင့်အတိုင်း ဆက်ရှိနေပါတယ်။

ညောင်တုန်း မြို့နယ်ထဲက ရေဘေးသင့် သပြုရေလည် အုပ်စု ရွှေဒင်္ဂါးကျွန်း ကျေးရွာက မိသားစုတွေကို ရွာမှာ ထားခဲ့ပြီး ညောင်တုန်းမြို့ပေါ်မှာ ကယ်ဆယ်ရေး အကူအညီ ရဖို့ လာရောက် တောင်းခံနေတဲ့ ဒေါ်စန်းမြိုင်က သူတို့ရွာမှာ အိမ်ခြေ ၁၅၀ ရေမြုပ်နေပြီး ဘာအကူအညီမှ မရဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ညောင်တုန်း မြို့နယ်ထဲမှာ ငါးသန်ချောင်း ၊ ကျိန်ချောင်း ၊ စက္ကော့ စတဲ့ ရွာတွေ လွန်ခဲ့တဲ့ ၁၅ ရက်လောက်ကတည်းက ရေမြုပ်နေတာ ဖြစ်ပါတယ်။

ကျေးရွာ အုပ်ချုပ်ရေးမှူးကတော့ သူတို့ ဒေသမှာ ရွာအုပ်စုပေါင်း ၂၀ လောက် ရေဘေးဒဏ် ခံနေရတယ်လို့ ခန့်မှန်းရပြီး လူဦးရေ တစ်သောင်းလောက် အတိဒုက္ခ ရောက်နေတယ်လို့ ပြောပါတယ်။

သြဂုတ် လဆန်းတုန်းက တနာရီကို နှစ်လက်မ နှုန်းနဲ့ ရေတက်ခဲ့တဲ့ ဇလွန်မြို့မှာ တော့ သြဂုတ်လ ၅ ရက်နေ့က ရေဆက်မတက်ဘဲ တန့်နေတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

အလားတူ ဟင်္သာတမြို့နယ် ခင်ဖုန်း အုပ်စုထဲက ရွာတွေမှာ ဆိုးဆိုးရွားရွား ရေမြုပ်နေပြီး အိမ်ခြေ ၂၀၀ ကျော်လောက် ရေဘေးဒဏ် ခံနေရတာကြောင့် သာသနာ့ လင်္ကာရ ကျောင်းတိုက်ထဲမှာ လူ ၄၀၀ လောက်ကို လက်ခံပြီး ကယ်ဆယ်ရေးစခန်း ဖွင့်ထားရပါတယ်။

မြန်မာ နိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဧရာဝတီမြစ် အထက်ပိုင်း ရေဘေးသင့် ဒေသတွေမှာ မိုးနည်းသွားပြီး ရေအနည်းငယ် ကျသွားတဲ့အတွက် အဆိုးရွားဆုံး အခြေအနေကနေ ကျော်သွားပြီလို့ ဆိုနိုင်တဲ့အကြောင်း ပြောပါတယ်။

ဒါပေမဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ မုတ်သုံလေ ဆက်ရှိနေသေးတဲ့ အတွက် မိုးဆက်ရွာနိုင်တယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာတော့ မုတ်သုံလေ အားနည်းသွားပြီး မိုးနည်းသွားပြီလို့ သူက ပြောပါတယ်။

BBC Burmese

အလှူရှင်တွေက ရေနစ်မြုပ်နေတဲ့ ကောလင်းနဲ့ ပတ်ဝန်းကျင်ရွာတွေက ကျောင်းသား ကလေးငယ်တွေကို စားသောက်စရာများ ဝေခြမ်းပေးနေစဉ်။ (ဇူလိုင် ၂၃၊ ၂၀၁၅)
 မြန်မာနိုင်ငံတဝှမ်းက ရေဘေး ဒုက္ခသည်တွေ အတွက် အစာရေစာ၊ နေရာထိုင်ခင်း အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု စတဲ့ အရေးပေါ် ကယ်ဆယ်ရေး တွေကို ချက်ချင်း လက်ငင်း ဆောင်ရွက် ပေးဖို့ လိုအပ်နေသေး တယ်လို့ ကုလသမဂ္ဂ UNHCR က မနေ့က သတိပေး ပြောဆို လိုက်ပါတယ်။ မြန်မာအစိုးရရဲ့ တနိုင်ငံလုံး ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ ထိရောက်အောင် အကူအညီ ပေးနိုင်ရေး ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့တွေအနေနဲ့ အလျင်အမြန် စီစဉ် ဆောင်ရွက်နေတယ်လို့လည်း UNHCR ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Adrian Edwards ကပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံ ပြောပြမှာပါ။

ရေလွှမ်းမိုးနေတဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ရေဘေးသင့်နေရာ အနည်းငယ်ကိုပဲ ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်နိုင်ပြီး အရေးပေါ်ကယ်ဆယ်ရေးတွေ အမြန်ဆုံး လိုအပ်နေသေးတယ်လို့ ဂျီနီဗာအခြေစိုက်ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR ရဲ့မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် Adrian Edwards က သတင်းထောက်တွေကိုပြောသွားပါတယ်။

“ကျနော်တို့မှာရှိနေတဲ့ အစောပိုင်း အကဲဖြတ်တွက်ချက်မှုတွေအရ ရေဘေးဒုက္ခသည်တွေအတွက် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုအပါအဝင် အစာရေစာ၊ နေရာထိုင်ခင်း၊ ရေနဲ့မိလ္လာသန့်စင်ရေး စတာတွေ ချက်ချင်းလက်ငင်း ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။”

ပြီးခဲ့တဲ့သီတင်းပတ်က တိုက်ခတ်ခဲ့တဲ့ ကိုမန်ဆိုင်ကလုန်မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုအကြီးအကျယ်ခံရတဲ့ ရခိုင်ပြည်နယ် ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ ဗူးသီးတောင် မြို့နယ်တွေမှာရှိနေတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီးအရေးပေါ်အကူအညီတွေပေးနိုင်ရေး UNHCR အနေနဲ့ ဆောင်ရွက်နေတယ်လို့ Mr. Edwards ကပြောပါတယ်။ အထူးသဖြင့် ဘူးသီးတောင်မြို့နယ်မှာ ရေဆက်ပြီးကြီးနေဆဲရှိသေးတယ်လို့သူကပြောပါတယ်။ ကုလသမဂ္ဂနဲ့ အစိုးရ မဟုတ်တဲ့ NGO အဖွဲ့တွေအနေနဲ့ အဲဒီဒေသက ရွာပေါင်း (၆၈) ရွာကို ရောက်ရှိခဲ့ပြီး ရေဘေးသင့် ဒုက္ခသည်ပေါင်း ၁၈,ဝဝဝကျော်ရှိနေတာ တွေ့ခဲ့ရတယ် လို့လည်း ဆိုပါတယ်။ UNHCR အနေနဲ့ ရေဘေးဒဏ်ခံနေရတဲ့ ရခိုင်ပြည်နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးကြရသူတွေရဲ့ ဒုက္ခသည်စခန်း ၂၄ ခုကို သွားရောက်ကြည့်ရှုခဲ့ရမှာ ယာယီတဲစုစုပေါင်းအရေအတွက် လေးပုံတစ်ပုံ ပျက်စီးခဲ့တာ တွေ့ခဲ့ရပြီး ဒုက္ခသည်ဦးရေ ၂၁,ဝဝဝ ဟာ ရေဘေးဒုက္ခ ရောက်နေတယ်လို့ Mr. Edwards ကဆိုပါတယ်။

လက်ရှိမှာလည်း ရေဘေးဒဏ် အဆိုးရွားဆုံးခံရတဲ့ ရခိုင်ပြည်နယ်အပါအဝင် အခြားတိုင်းနဲ့ပြည်နယ် ဒေသတွေမှာ ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းတွေ ဘယ်လောက်လိုအပ်နေသလဲသိရအောင် အကဲဖြတ် တွက်ချက်ရေးအဖွဲ့တွေ စေလွှတ်ထားပါတယ်။ ဒီအဖွဲ့တွေဆီက အဖြေထွက်လာပြီဆိုတာနဲ့ UNHCR အနေနဲ့ ကယ်ဆယ်ရေး အထောက်အပံ့ ပစ္စည်းတွေကို ပို့ဆောင် ဖြန့်ဝေသွားမှာဖြစ်တယ်လို့ Mr. Edwards က သတင်းစာရှင်းလင်းပွဲမှာ ပြောသွား ပါတယ်။

“နိုင်ငံတကာအကူအညီတွေကို မြန်မာအစိုးရအနေနဲ့ ဒီကနေ့မှာ တရားဝင် တောင်းခံလိုက်ပါတယ်။ ကုလသမဂ္ဂနဲ့ သူ့ လက်အောက်ခံအဖွဲ့အစည်းတွေ၊ လူသားချင်းကူညီစာနာမှု အထောက်အကူပေးနေတဲ့ အဖွဲ့အစည်းတွေကတော့ ရေဘေးသင့် နေရာတွေမှာ အကူအညီပေးနိုင်ရေး ဒေသဆိုင်ရာအပါဝင် ပြည်ထောင်စုအဆင့် အစိုးရအာဏာပိုင်တွေနဲ့ အရင်ကတည်းက အနီးကပ်ပူးပေါင်းဆောင်ရွက်နေတာပါ။”

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ ရန်ပုံငွေကို ဒီနှစ်အစပိုင်းကတည်းက လျာထား သတ်မှတ်ထားတာပါ။ ဒါပေမဲ့ အခုလို တနိုင်ငံလုံးအတိုင်းအတာနဲ့ရေကြီးပြီး ဘေးဒုက္ခရောက်ကြတဲ့အခြေအနေအတွက် ရန်ပုံငွေ နိုင်ငံတကာကို သီးသန့်ထပ်ပြီးတောင်းခံဖို့ လောလောဆယ်မှာတော့ မရှိဘူးလို့ Mr. Edwards က ပြောပါတယ်။

“လက်ရှိအခြေအနေမှာတော့ နောက်ထပ် ရန်ပုံငွေတောင်းခံဖို့ မရှိသေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံက ရေဘေးသင့် ဒေသတွေမှာ သွားရောက် ကူညီ လုပ်ကိုင်နေတဲ့ ကုလသမဂ္ဂရုံးခွဲအနေနဲ့ ဗဟိုအရေးပေါ် တုံ့ပြန်မှု ရန်ပုံငွေတောင်းခံဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ ငွေပမာဏဘယ်လောက်ရှိမလဲဆိုတာ အတိအကျမသိရသေးပေမဲ့ မြန်မာအစိုးရကို ကူညီဖို့ အရေးပေါ်ပိုက်ဆံ အမြန်ဆုံးလိုအပ်နေတယ်လို့ ကျနော်တို့ သိရပါတယ်။”

မုတ်သုန်မိုး သည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ရေကြီးခဲ့ရာမှာ အင်္ဂါနေ့က အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရေဘေးကြောင့် လူပေါင်း (၃၉) ဦးသေဆုံးခဲ့ပြီး ရေဘေးဒုက္ခသည် နှစ်သိန်းကျော်ရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း ရေလွှမ်းမိုးတဲ့နေရာတွေ ပိုပြီး သွားရောက်နိုင်လေ သေဆုံးသူနဲ့ ဒုက္ခသည်အရေအတွက် ဒီထက်မက ပိုပြီးများလာနိုင်တယ်လို့ UNHCR က ခန့်မှန်းထားပါတယ်။ UNHCR အနေနဲ့ ရွက်ဖျင်တဲ၊ စောင်၊ ဖျာ၊ ရေပုံးစတာတွေကို အစိုးရကဖွင့်လှစ်ထားတဲ့ ရေဘေးဒုက္ခသည်စခန်းတွေမှာ ကူညီ ထောက်ပံ့ ပေးထားပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာရေဘေးကူညီဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ရန်ပုံငွေတွေ စတင်လှူဒါန်းရာမှာ စင်္ကာပူ ကြက်ခြေနီအသင်းကနေအစားအစာ၊ ဆေးဝါး၊ စောင်၊ သောက်ရေသန့်နဲ့ အရေးပေါ်ကျန်းမာရေး ကုသတဲ့ ဆေးပုံး စတဲ့ အမေရိကန် ဒေါ်လာ တသိန်းတန်ဖိုးနဲ့ညီတဲ့ အကူအညီတွေကို ရေဘေးသင့်နေရာတွေမှာ ထောက်ပံ့မှာဖြစ်တယ်လို့ စင်္ကာပူကြက်ခြေနီအသင်းက မနေ့ကကြေညာချက်ထုတ်ပြန်ထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နဲ့ အနီးတ၀ိုက်က ကယ်ဆယ်ရေးအကူအညီရောက်ဖို့ ခက်ခဲတဲ့နေရာတွေကို ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်ဖောင်ဒေးရှင်းက သွားရောက်လှူဒါန်းနေရာမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နဲ့ အနီးတ၀ိုက်က ကယ်ဆယ်ရေးအကူအညီရောက်ဖို့ ခက်ခဲတဲ့နေရာတွေကို ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်ဖောင်ဒေးရှင်းက သွားရောက်လှူဒါန်းနေရာမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ရပါတယ်။ RFA သတင်းထောက် ကိုထက်အာကာ က တင်ပြထားပါတယ်။ရိုက်ကူး - အောင်သိင်္ခ၊ ထက်အာကာ

Posted by RFA Burmese on Wednesday, August 5, 2015
RFA

nld-candidate-application-620.jpg ၂ဝ၁၅ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး မှတ်ပုံတင်စဉ်
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ နေပြည်တော် ၈ မြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် NLD ကိုယ်စားလှယ်လောင်း ၁၀ ဦးနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်း ၂ ဦး စုစုပေါင်း ၁၂ ဦးဟာ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာ ဒီနေ့ အမည်စာရင်း တင်ခဲ့ကြပါတယ်။

အန်အယ်လ်ဒီပါတီက နေပြည်တော် မဲဆန္ဒနယ်အားလုံးမှာ အနိုင်ရရှိဖို့အတွက် ကြိုးစား ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် အမည်စာရင်းတင်ခဲ့တဲ့ ဦးဖြိုးဇေယျာသော်က ပြော ပါတယ်။

"ကျနော်တို့တွေအနေနဲ့ကတော့ ဘယ်သူနဲ့မဆို အားသာတယ်၊ အားနည်းတယ်တော့ မရှိဘူး၊ အစွမ်းကုန်လုပ်နိုင် သလောက် အတိုင်းအတာလေးနဲ့တော့ ကျနော်တို့ကြိုးစား ကြရမှာဘဲ၊ နေပြည်တော်ကောင်စီမှာ ပြည်သူ့လွှတ်တော် အတွက် မဲဆန္ဒနယ်မြေ ၈ ခုရှိပါတယ်၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်မြေ ၂ ခုရှိပါတယ်၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၈ ခုစလုံးရော၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒ နယ်၂ ခု စလုံးရောဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်"

ဦးဖြိုးဇေယျာသော်ဟာ လက်ရှိ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။

နေပြည်တော်မှာ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း စတဲ့ မြို့နယ် ၈မြို့နယ်ရှိရာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၈ ခုနဲ့ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၂ ခု စုစုပေါင်း ၁၀ ခုရှိ ပါတယ်။

ဒီနေ့ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်ခဲ့တဲ့ တစညပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်အေးဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဇမ္ဗူသီရိမဲဆန္ဒနယ်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အခုလည်း အဲဒီမဲဆန္ဒနယ်မှာပဲ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ရက်နေ့ကနေ မနေ့ကအထိ ၁၆ရက်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၀၀ ကျော် အမည်စာရင်းတင်သွင်းထားပါတယ်။

နေပြည်တော် မဲဆန္ဒနယ်မြေတွေအတွက် အင်န်အယ်လ်ဒီပါတီက ၁၀ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက ၇ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ၃ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၆ ဦးနဲ့ တသီးပုဂ္ဂလ ၁ ဦး စုစုပေါင်း ၂၇ ဦး ကိုယ်စားလှယ်လောင်း လျှောက်ထားတယ်လို့ သိရပါတယ်။


RFA
http://www.rfa.org/burmese/news/nld-candidates-registered-naypyitaw-08052015105756.htmlhttp://www.rfa.org/burmese/news/nld-candidates-registered-naypyitaw-08052015105756.html

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမှာ ယနေ့မနက်(၈)နာရီအချိန်တိုင်းထွာချက်များအရစိုးရိမ်ရေအမှတ်ဖြစ်သော၂၅.၇ပေသို့ရောက်ရှိလျက်ရှိပြီး မြို့နေပြည်သူ များအား ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားရှိထားရကြောင်းသိရသည်။

“ ကျွန်မတို့မြို့အနေနဲ့ရေထိန်းနရံ၂၆ပေရှိပါတယ်၊စိုးရိမ်ရေအမှတ်က ၂၂.၅ အမှတ်ထားပြီး အန္တယ်ရှိစိုးရိမ်ရေအမှတ်က ၂၄.၅ သတ်မှတ်ထားပါတယ်။ အခု မြို့ရဲ့လက်ရှိစိုးရိမ်ရေအမှတ်က ၂၅.၆ဆိုတော့် သဘာဝဘေးအန္တရာယ် ကျရောက်ရန် စိုးရိမ်ရသော လိမ္မော်ရောင်အဆင့် အဖြစ်ညောင်တုန်းကို သတ်မှတ်ထားပြီး ကယ်ဆယ်ရေးစခန်း(၁၂) ခုဖွင့် လှစ်ထားပြီး စစ်တပ်၊ရဲ ၊အရံမီးသတ်နှင့် ဋ္ဌာနဆိုင်ရာဝန်ထမ်းအချို့က ဖြင့် သဲအိတ်တစ်သိန်းခန့်တာဖို့ ခြင်းဆောင်နေပါတယ်ဟု” ကယ်ဆယ်ရေးကွက်ကဲရေးမှူးရုံး မှ ဒေါ်စန္ဒာဦးကပြောသည်။

“၀ါဆိုလပြည့်လောက်ကတည်းကရေကတက်စပြုပြီးအခုစိုရင်စိုးရိမ်ရတဲ့အခြေနေပါ၊ညဆိုအိမ်မှာမအိပ်ရဲဘူးကယ်ဆယ်ရေးစခန်းတွေမှာသွားအိပ်ရတယ်နေ့လယ်ဆိုကိုယ့်အိမ်ကိုယ်ပြန်ပြီးထမင်းချက်ပြုတ်စားတယ်၊ရန်ကုန်က ဒီရေတက်ရင် ညောင်တုန်းမှာလည်းတက်တယ်၊ရန်ကုန်ကျရင် ဒီမှာလည်းကျတယ်၊ မြစ်ရေကိုခန့်မှန်းက ခက်နေတယ် အခုထိတော့ ရေကတန့်နေတယ်ဟုဒေသခံကိုကျော်စွာစိုးက ” ပြောသည်။

“ မိုးအားတွေ သိသိသာသာလျော့ကျလာနေပါပြီးရေဖုံးလွှမ်းမှုအများဆုံးက ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း နဲ့မွန်ပြည်နယ်တို့မှာ ရှိနေဆဲပါ၊ ရေဖုံးလွှမ်းမှုအန္တရာယ်ဆက်လက်မြင့်မားနေတဲ့ မြို့နယ်ဒေသများကတော့ သထုံ၊ ခ န္တီး၊ သာယာဝတီ၊ ဟင်္သာတ၊ ပုသိမ်၊ မအူပင်၊ ပဲခူး၊ ရန်ကုန်(မင်္ဂင်္လာဒုံ)၊ ကျောက်ဖြူမြို့နယ်တို့ဖြစ်ကြပြီးနောက်(၂)ရက်အတွက်ခန့်မှန်းချက်အရဆိုရင်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာမိုးဆက်လက်ရွာနိုင်ပါတယ်ဟု မိုးလေ၀သပညာရှင်ဦးထွန်းလွင်ကသုံးသပ်ထားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သြဂုတ် ၄ ရက်နေ့က မြစ်ရေအခြေအနေမှာ ၂၅.၇ပေရှိ၍ လိမ္မော်ရောင်အဆင့် သတ်မှတ် ခဲ့ပြီး မြေနိမ့်ပိုင်းဒေသတွင် ရောက်ရှိနေသည့် ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာ(၄)ရွာတို့ကို ခေတ္တ ရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်းစေခဲ့ပြီး (က) ရပ်ကွက်(၁)၊ ရွှေတောင်တန်းဓမ္မာရုံ၊ (ခ) ရပ်ကွက်(၂)၊ သွန်းဘုရားကြီး၊ (ဂ) ရပ်ကွက်(၃)၊ ပုလောစာသင်တိုက်၊ (ဃ) ရပ်ကွက်(၃)၊ အထက(၂) အပေါ်ထပ် (ဆေးရုံလူနာများအတွက်)၊ (င) ရပ်ကွက်(၄)၊ ဈေးဓမ္မာရုံ၊ (စ) ရပ်ကွက်(၅)၊ ဝေဋ္ဌုဝန်သာသနာ့ဗိမာန်၊ (ဆ) ရပ်ကွက်(၆)၊ မန္တလေးကျောင်းတိုက်၊ (ဇ) ရပ်ကွက်(၇)၊ ရွှေဟင်္သာတောရ၊ (ဈ) ရပ်ကွက်(၈)၊ အထက (၁) အပေါ်ထပ်၊ (ည) ရပ်ကွက်(၉)၊ နိဂြောဓာရုံ/ ပေါက်အင်းကျောင်းတိုက်၊ (ဋ) ရပ်ကွက်(၁၀)၊ သဲအင်းဂူဝိပဿနာစသည့်နေရာများတွင် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရကြောင်းသိရသည်။

မင်းသဒ္ဒါ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မြန်မာ့နိုင်ငံရေးတွင် အဓိကအတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD သည် နိုဝင်ဘာရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစာရင်းကို ကြေငြာခဲ့ရာ ပါတီကိုယ်စားပြုအဖြစ် ရွေးချယ်ခံရန် လျောက်ထားခဲ့သည် နိုင်ငံရေးကြယ်ပွင့်အများစုကို ချန်လှပ်ထားခဲ့မှု ဖြစ်ပွားလျက်ရှိသည်။ NLD က ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးအတွက် ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင် ၃၁ မှစ၍ NLD ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာခဲ့သည်။

နိုဝင်ဘာ ၈ ရွေးကောက်ပွဲအတွက် NLD ကိုယ်စားပြု၍ ရွေးချယ်ခံရန် အဆိုပြုထားသော ထင်ရှားကျော်ကြားသည့် နိုင်ငံရေးသမားများ လူ့အခွင့်အရေးလှုပ်ရှားသူများ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင် အများစုမှာ NLD ၏ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၁၀၉၀ ဦးစာရင်းတွင် ချန်လှပ်ခံခဲ့ရသည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် မိုးပြို ကမ်းပြို အနိုင်ရနိုင်သည်ဟု မျှော်လင့်ထားသည့် NLD ပါတီက ပြည်သူအများလေးစားခံရသည့် ၈၈ မျိုးဆက်အဖွဲ့မှ လျောက်ထားသူ ၂၀ ဦးအား NLD ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းမှ ချန်လှပ်ထားခြင်းမှာ ယခုရက်ပိုင်းအတွင် အပြင်းအထန် အငြင်းပွားဖွယ်ကိ စ္စတစ်ခုဖြစ်လာခဲ့သည်။ ကိုယ်စားလှယ်လောင်းအဖြစ် ငြင်းပယ်ခံရသူများအနက် အထင်ရှားဆုံးမှာ ၈၈ မျိုးဆက်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးကိုကိုကြီးဖြစ်သည်။ ၂၀၁၂ က နောက်ဆုံး လွတ်မြောက်လာချိန်မတိုင်မီအထိ ၁၇ နှစ်ကြာ ထောင်ထဲသို့ ၀င်လိုက်ထွက်လိုက်ဖြင့် ဖြတ်သန်းခဲ့သည့် ဦးကိုကိုကြီးက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
NLD သည် နိုဝင်ဘာရွေးကောက်ပွဲအတွက် ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် အဆိုပြုထားသည့် ထင်ရှားသော “၈၈ မျိုးဆက်” အဖွဲ့ဝင်များအနက် ၂၀ ဦးကို ငြင်းပယ်ခဲ့သည်။ ၈၈ မျိုးဆက်အဖွဲ့မှ လျောက်ထားသူ ၂၁ ဦးထဲမှ ကိုပြုံး ချို တစ်ဦးကိုသာ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့သည်။ NLD CEC ၏ ထိုဆုံးဖြတ်ချက်က နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှု မရှိသည့် ပိုမိုဒီမိုကရေစီ နည်းလမ်းကျသော နိုင်ငံတစ်ခုတည်ထောင်ရန် ရည်မှန်းသူများကြား ကွဲပြားမှု များ ဖြစ်ပေါ်လာနိုင်သည်ဟု လေ့လာသူအချို့က ဆိုသည်။

NLD ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းမှာ ထပ်မံမွန်းမံ ပြောင်းလဲရန် သို့မဟုတ် တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်အရွေးခံရန် အခွင့်အလမ်းရှိသော်လည်း ထင်ရှားသည့် နိုင်ငံရေးသမားအများစုမှာ NLD ကို ကိုယ်စားပြုခွင့် ဆုံးရှုံးဖွယ်ရှိသည်။

NLD သည် ကိုယ်စားလှယ်လောင်းအဆိုပြုလွှာ ၃၀၀၀ ခန့်မှ ၁၀၉၀ ဦးကို အချိန်တိုအတွင်း ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ကိုယ်စားလှယ်လောင်းရွေးချယ်ခြင်းမှာ ဗဟိုအလုပ်အမှု ဆောင် ကော်မတီ၏ ဆုံးဖြတ်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ “တိုင်းပြည်အတွက် အသင့်တော်ဆုံး လွှတ်တော်အမတ်တွေကို ကျွန်တော်တို့ ရွေးချယ်ခဲ့ပါတယ်။ အမတ်လောင်းအဖြစ် မည်သူမဆို လျှောက်လွှာတင် အဆိုပြုလို့ရပေမယ့် အကောင်းဆုံးလူကို ကော်မတီက ရွေးချယ်ရမှာပါ”ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

မြန်မာ့နိုင်ငံရေးသုတေသီတစ်ဦးဖြစ်သော ရစ်ချတ်ဟော်ဆေးက “ကျွန်တော်တွေ့ရသလောက်တော့ ၈၈ မျိုးဆက်နဲ့ NLD ကြား မယုံကြည်မှု နဲ့ တင်းမာမှု တွေရှိခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ ၈၈ မျိုးဆက်က NLD ကို နိုင်ငံရေးအရ ထောက်ခံခဲ့ပါတယ်။ သူတို့ဟာ သီးခြားပါတီမထောင်ဘဲ NLD အတွက် အင်အားကြီးမားတဲ့ မဟာမိတ်ဖြစ်ခဲ့ပါတယ်”ဟု ရစ်ချတ်က ဆိုသည်။ ၎င်းက “ဒါပေမဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ ဦးကိုကိုကြီး မပါဝင်တာက နိုင်ငံရေးအင်အားကြီးအဖွဲ့ ၂ ခုရဲ့ မဟာမိတ်ဖြစ်မှု နဲ့ ယုံကြည်မှု ကို မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်”ဟု ထပ်လောင်းပြောကြားခဲ့သည်။

NLD ကိုယ်စားလှယ်လောင်းရွေးချယ်မှု ကို ရုံးချုပ်က ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့ဝင် ဦးစိုးညွန့်က ဆိုသည်။ “ကိုယ်စားလှယ်လောင်းအဖြစ် အလားအလာရှိတဲ့သူတွေ အများအပြားကို ကျွန်တော်တို့ အဆိုပြုခဲ့ပေမယ့် အပြီးသတ်ဆုံးဖြတ်တာက ဗဟိုကော်မတီက ပြုလုပ်တာပါ”ဟု ဦးစိုးညွန့်က ပြောကြားခဲ့သည်။ ပါတီကိုယ်စားလှယ်လောင်းများကို ရွေးကောက်ပွဲအနိုင်ရနိုင်သည့် အလားအလာနှင့် ပါတီအပေါ် သစ္စာရှိမှု တို့ကို အခြေခံ၍ ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ပါတီဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန်းက ဆိုသည်။

ကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်း၊ နောက်ခံအခြေအနေနှင့် ငွေကြေးချမ်းသာမှု တို့ကို အလေးအနက် ထည့်သွင်းစဉ်းစားခြင်းမရှိဟု ၎င်းက ပြောကြားခဲ့သည်။ “ကန့်ကွက်မှု အချို့ ရှိနေပေမယ့် ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်နိုင်မှု ၊ ရွေးကောက်ပွဲအနိုင်ရနိုင်တဲ့အလားအလာတွေပေါ် မူတည်ပြီး ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ခဲ့ပါတယ်။ ပါတီရဲ့အကျိုးစီးပွားထက် နိုင်ငံရဲ့ အကျိုးစီးပွားကို ကျွန်တော်တို့ စဉ်းစားခဲ့ပါတယ်”ဟု ဦးထွန်းထွန်းဟိန်းက ဆိုသည်။ NLD ၏ ကိုယ်စားလှယ်လောင်းစာရင်းအရ တိုင်းရင်းသားလူနည်းစုပါတီများနှင့် မဟာမိတ်ဖွဲ့ရန် မျှော်လင့်ချက်ကိုလည်း ပယ်ပျက်စေခဲ့သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိနေသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသားပါတီများ စုပေါင်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ၏ အဆိုပြုချက်ဖြစ်သည့် UNA ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များကို NLD က ရှောင်ပေးရန် အဆိုကိုလည်း NLD က ငြင်းပယ်ခဲ့သည်။ UNA က ထိုမဲဆန္ဒနယ်များတွင် NLD နှင့် ယှဉ်ပြိုင်ရေး အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု ဇူလိုင် ၂၇-၂၉ က ရန်ကုန်၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ကြေညာခဲ့သည်။ NLD ၏ အဆိုပါ ငြင်းပယ်ခဲ့ခြင်းမှာ ထူးထူးခြားခြား အံ့သြဖွယ်မဟုတ်ဘဲ ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း အလားတူပြုလုပ်ခဲ့သည်ဟု မစ္စတာဟော်ဆေးက ဆိုသည်။ “ဒီတစ်ကြိမ်မှာလည်း NLD က ကျယ်ကျယ်ပြန့်ပြန့်ပါဝင်မှု ထက် သူ့ကိုယ်ပိုင်ကိုယ်စားလှယ်လောင်းတွေနဲ့ ကိုယ်တိုင်အောင်မြင်မှု ကိုပဲ အာရုံစိုက်နေ ပါတယ်။ ဒါဟာ ရွေးကောက်ပွဲလွန် ကာလအတွက် ကွဲကွာမှု တွေရှိနေတဲ့ နိုင်ငံကို ပြန်လည်စုစည်းဖို့ မျှော်လင့်ချက်အပေါ် နိုင်ငံရေးအရ သက်ရောက်မှု ကြီးမားပါတယ်”ဟု ဟော်ဆေးက ပြောကြားခဲ့သည်။

NLD ၏ ကိုယ်စားလှယ်လောင်းစာရင်းမှ ချန်လှပ်ခံခဲ့ရသူများတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါ်ညိုညိုသင်းတို့ ပါဝင်သည်။ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သော အမျိုးသားလူငယ်ကွန်ရက်မှ ဦးသက်ဆွေဝင်းက NLD ၏ ဆုံးဖြတ်ချက်မှာ ပြုပြင်ပြောင်းလဲရေးလိုလားသူများကြား ကွဲပြားစေသည်ဟု ဆိုသည်။ ဦးသက်ဆွေဝင်းက “ ဒါက ထိုးနှက်ချက်တစ်ခုဖြစ်ပြီး အတိုက်အခံတွေကို ကွဲပြားစေပါတယ်။” ဟု ပြောကြားခဲ့သည်။

ထိုဆုံးဖြတ်ချက်ကြောင့် ထင်ရှားသည့် နိုင်ငံရေးလှုပ်ရှားသူများမှာ ကိုယ်စားလှယ်လောင်းအဆိုပြုလွှာတင်ရန် နောက်ဆုံးရက်ဖြစ်သော သြဂုတ်လ ၁၄ ရက်နေ့အထိ ပါတီသစ်ထောင်ရန် (သို့) တစ်သီးပုဂ္ဂလရွေးကောက်ပွဲဝင်ရန် အလျင်စလိုလုပ်ဆောင်ရမည်ဖြစ်သည်။

KHTun

The Ladies News Journal

စစ်ကိုင်းတိုင်းဒေသကြီး

ကလေးမြို့နယ် ဆန်အိတ် ၇၀၀ လှူဒါန်းပြီး

စုစုပေါင်း ငွေကျပ် သိန်း(၁၅၀)ဝန်းကျင်

စစ်ကိုင်း - ရွှေဘို - ရေဦး - ကန့်ဘလူ - ကောလင်း - ဝန်းသို - ကျွန်းလှ

(အိမ်ထောင်စု (၁၀၀၀) တစ်ထောင်အတွက် တစ်စုလျှင် ၃၃၁၀၀ ကျပ်နှုန်းဖြင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများ လှူဒါန်းရန် စီစဉ်နေပါသည်။ )

စုစုပေါင်း ငွေကျပ်သိန်း (၃၃၀) ဝန်းကျင်

မကွေးတိုင်း

ဆန်အိတ် (၅၀၀) ၊ ရေသန့် ၃ စီး ( တစ်လီတာဗူး - ၂ သောင်း )

စုစုပေါင်း ငွေကျပ် သိန်း (၁၇၀) ဝန်းကျင်

ရခိုင်ပြည်နယ်

ဂွ- သံတွဲ - တောင်ကုတ် - အမ်း

အိမ်ထောင်စု (၄၂၆) စုအတွက်၊ ငွေကျပ် ( ၂၆၀၀၀ ) တန်ဖိုးရှိ ပြန်လည်ထူထောင်ရေးပစ္စည်းများ။ ( တာလဘတ်၊ စောင်၊ ခြင်ထောင်၊ အိတ်)

ရွာလုံးကျွတ် ပျက်စီးသွားသော အိမ်ထောင်စု (၁၅၇ ) အတွက်၊အထက်ဖော်ပြပါ ပစ္စည်းများအပြင် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ( ၁၅၀၀၀)တန်ဖိုးရှိ အိုး၊ ခွက်၊ ပုဂံများ။

စုစုပေါင်း ငွေကျပ်သိန်း ၁၃၅ သိန်း ဝန်းကျင်

ပဲခူးတိုင်း

ဆန်အိတ် ၃၀၀ ၊ ရေသန့် ၃ စီး ( တစ်လီတာဗူး - ၂ သောင်း )

စုစုပေါင်း ငွေကျပ် သိန်း (၁၀၀) ဝန်းကျင်

ကရင်ပြည်နယ်

ဆန်အိတ် ၅၀၀ ၊ ရေသန့် ၃ စီး ( တစ်လီတာဗူး - ၂ သောင်း )

စုစုပေါင်း ငွေကျပ် သိန်း (၁၇၀) ဝန်းကျင်

မြန်မာ တစ်နိုင်ငံလုံးအတွက် ယနေ့ထိ စုစုပေါင်း သိန်း (၁၁၀၀) ဝန်းကျင်ခန့် အား လှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက်နေပါသည်။

ထပ်မံ ဖြစ်ပေါ်လာနိုင်သော ဧရာဝတီ တိုင်းအတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပါသည်။


(၁)
မြန်မာ နိုင်ငံမှာ ဆိုးရွားလှတဲ့ ရေဘေးဒဏ်နဲ့
ကြုံတွေ့ နေကြရသူတွေ အတွက်
အကူအညီတွေ ပေးကြဖို့ မြန်မာ အစိုးရက
ပထမဆုံး အကြိမ် နိုင်ငံတကာကို
မေတ္တာ ရပ်ခံလိုက်ပါတယ်။
ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှု တို့ကြောင့်
အတိဒုက္ခ ရောက်နေကြတဲ့
နိုင်ငံအနှံ့က လူ နှစ်သိန်းကျော် အတွက်
နေရာထိုင်ခင်းနဲ့ စားစရာ
အလုံအလောက် ပေးနိုင်ရေးမှာ
မြန်မာ အစိုးရ အတွက် အခက်အခဲ ရှိနေတာ
ဖြစ်ပါတယ်။
( BBC Burmese)
-----------------------
(၂)
အရမ်းကိုနောက်ကျနေပါတယ်..
တိုင်းနဲ့ပြည်နယ် ၁၁ ခုလုံးမှာ
ရေတွေကြီးတဲ့ဖြစ်စဉ်တွေဖြစ်တဲ့အချိန်ကစပြီး
တစ်ပတ်လောက်ကြာတဲ့အထိ..
အစိုးရဟာ နှုတ်ဆိတ်နေခဲ့ပြီးမှ
နိုင်ငံခြားအကူညီတွေကို လက်ခံ့ခဲ့တယ်၊.
စဖြစ်ကတည်းက..
ဆယ်ဂဏန်းလောက်ပဲရှိတဲ့ စစ်တပ်က
ရဟတ်ယာဉ်တွေနဲ့ပဲ ထောက်ပံ့ရေးတွေလုပ်ခဲ့တယ်
စစ်သား၊ ရဲနဲ့ပရဟိတအဖွဲ့တွေအားကိုးနဲ့ပဲ
ရူးချင်ယောင်ဆောင်ခဲ့တယ်..
ဒါပေမဲ့ အားလုံးက စနစ်တကျဖွဲ့စည်းထားတဲ့
Expert အဖွဲ့စည်းတွေမဟုတ်တဲ့အတွက်..
ဆန်အိတ်တွေကိုထုတ်ဖိုးပြီး ပစ်ချတာကအစ..
အားနည်းချက်တွေရှိခဲ့တယ်...၊
ကျွန်တော်တို့မသိနိုင်တဲ့ ချို့ယွင်းချက်တွေလဲ
အများကြီးရှိနေမှာဖြစ်တယ်..၊
စီမံခန့်ခွဲမှု ၊ ကျန်းမာရေး၊ ထောက်ပံ့ရေးစတာတွေမှာ
အားနည်းနေနိုင်တယ်..၊
အစိုးရနဲ့စစ်တပ်ဟာ..
မဲဆွယ်တာမဟုတ်ဘူးလို့..ဘယ်လောက်ပဲ
ပြောပြော...၊ နိုင်ငံတကာအကူအညီတွေကိုကို
ချက်ချင်းမတောင်းခံတာရယ်..
ကြိုတင်ပြင်ဆင်မှုတွေအားနည်းခဲ့ခြင်းဟာ..
ရေဘေးဖြစ်စဉ်ကိုမူတည်ပြီး..
စစ်တပ်ကို ပွဲထုတ်ပြသပြီး.....
ကယ်တင်ရှင်ဇာတ်ညွှန်းတစ်ခုရိုက်ကူးဖို့အတွက်
ရသလောက်အချိန်ဆွဲခဲ့တာဖြစ်တယ်လို့ကို..
သုံးသပ်လို့ရတယ်..
နစ်နာသွားရှာတာကတော့..
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေရဲ့
Pro ပီသတဲ့လုပ်ဆောင်မှုတွေစောစောစီးစီး
ရောက်မလာခဲ့တဲ့အတွက်..
ရေဘေးသင့်ပြည်သူတွေပဲနစ်နာခဲ့တာဖြစ်တယ်..
စစ်တပ်ကိုအမြင်မကြည်တဲ့ ပြည်သူတွေရဲ့
ထောက်ခံမှုကိုရယူဖို့အတွက်..
စစ်တပ်ကို ပွဲထုတ်ပြီး လုပ်စားခဲ့ကြတာဟာ.
ရေဘေးမှာတောင် တခြားနိုင်ငံတကာအဖွဲ့တွေကို
မခေါ်ပဲ အချိန်ဆွဲတဲ့အထိဖြစ်သွားခဲ့တယ်..
-------------------------
(၃)
နာဂစ်တုန်းကလဲ နိုင်ငံတကာကယ်ဆယ်ရေး
အဖွဲ့တွေကို အ၀င်မခံခဲ့လို့..
ရေမြုတ်ဒေသ စတုရန်းမိုင်ပေါင်း (၁၂၀၀၀)ကျော်ထဲမှာ
အသက်လုနေကြရတဲ့ ပြည်သူ သိန်းကျော်ဟာ..
မသေသင့်ပဲသေခဲ့ကြရတယ်..
အဲဒီဖြစ်စဉ်နဲ့ဆန့်ကျင်တဲ့ဥပမာကတော့..
မကြာခင်က နီပေါငလျှင်ဖြစ်ဖြစ်ချင်းမှာ...
နီပေါအစိုးရဟာ နာရီပိုင်းအတွင်းမှာပဲ
နိုင်ငံတကာကယ်ဆယ်ရေးတွေကိုတောင်းခံခဲ့တဲ့အတွက်..
နိုင်ငံပေါင်း ၃၀ ခန့်ရဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို
တစ်ရက်နှစ်ရက်အတွင်း ငလျှင်ဒဏ်ခံရတဲ့ဒေသတွေထဲကို
ဖြန့်ကျက်နိုင်ခဲ့တယ်..၊
နိုင်ငံတကာက ရဟတ်ယာဉ်တွေ၊
လေယာဉ်ပေါင်းများစွာဟာ နီပေါနိုင်ငံရဲ့ကောင်းကင်ယံမှာ
နေ့ညမရွေးပျံဝဲပြီး တောတောင်ထူပြောတဲ့
နီပေါနိုင်ငံငလျှင်ကယ်ဆယ်ရေးတွေကို..
နီပေါနိုင်ငံရဲ့ တပ်မတော်အပါဝင်ဒေသခံအဖွဲ့စည်း
တွေနဲ့ ပူးပေါင်းပြီး အောင်မြင်အောင်လုပ်ခဲ့ကြတယ်..
နီပေါတပ်မတော်သားတွေဟာ..
အမေရိကန်မရိမ်းတပ်ရဲ့ Osprey လို့ခေါ်တဲ့..
ဒေါင်လိုက်တက်နိုင်ဆင်းနိုင်စွမ်းရှိတဲ့..
ပန်ကာတပ်လေယာဉ်တွေအပါဝင်..
ရဟတ်ယာဉ်မျိုးစုံပေါ်မှာလိုက်ပါပြီး
နိုင်ငံတကာကယ်ဆယ်ရေးတပ်အဖွဲ့တွေနဲ့အတူ
ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြတယ်..
ဒါဟာ ပြည်သူကိုချစ်တဲ့အစိုးရမျိုးရဲ့..
ခံယူချက်ဖြစ်ပါတယ်..၊
ပြည်သူသာအဓိကဖြစ်ရမယ်..
နည်းပညာပစ္စည်းကရိယာအစုံလင်နဲ့ပါတဲ့..
အဖွဲ့အစည်းတွေရဲ့ ကယ်ဆယ်မှုနဲ့..
ကယ်ဆယ်ရေးစနစ်တွေအကြောင်းကို..
တစ်ခုခုဆိုရင် စစ်တပ်ကိုထုတ်ပြီး..
လူအားပဲ သုံးတတ်ကြတဲ့စစ်ခေါင်းဆောင်တွေက
ခုထိနားလည်မှုရှိပုံမရပါဘူး..
သူတို့ဟာ ဒါတွေကို.နွားပလာတာကျွေးသလိုမျိုး
ဖြစ်နေခဲ့ကြတာဟာ..
နာဂစ်ကတုန်းကလိုပါပဲ..
----------------------
(၄)
အခုမှသာ..
တရုတ်ပြည်ကနေ ကယ်ဆယ်ရေးအဖွဲ့တွေ
စပြီးရောက်လာတာကိုတွေ့ရတယ်..
ဓာတ်ပုံတွေထဲမှာ သူတို့ရဲ့ပုံစံနဲ့..
သူတို့ကိုင်တွယ်ထားတဲ့ ပစ္စည်းတွေကို..
သတိထားမိတယ်..၊
ဒါတောင် ဥရောပနိုင်ငံတွေနဲ့အမေရိကန်တို့ဆီက..
Expert အဖွဲ့တွေမဟုတ်သေးပါဘူး..၊
နာဂစ်တုန်းက မြန်မာအစိုးရ
အ၀င်မခံခဲ့တဲ့...အမေရိကန်အပါအ၀င်
အနောက်နိုင်ငံအချို့ရဲ့ ကယ်ဆယ်ရေးတပ်တွေလို
ရဟတ်ယာဉ်တင်သင်္ဘောတွေ ၊ ဆေးရုံသင်္ဘောတွေ၊
ရေပေါ်ရှပ်ပြေးယာဉ်တွေ မပါသေးပါဘူး၊
ဒီလိုပစ္စည်းမျိုးတွေနဲ့ ဒီလိုအဖွဲ့တွေကို..
ဖွဲ့စည်းဖို့ မြန်မာအစိုးရဟာ လုံးဝမစဥင်္းစားခဲ့တာတော့
လုံးဝသေချာပါတယ်..၊
ဒီလို ကယ်ဆယ်ရေးအတွက်
စနစ်တကျလေ့ကျင့်ထားတဲ့..
အရည်အသွေး မျိုးဟာလဲ မြန်မာပြည်က
စစ်တပ် ၊ ရဲနဲ့ မီးသတ်အပါဝင်
ကယ်ဆယ်ရေးအဖွဲ့တွေဆီမှာ
အားနည်းတာကတော့သေချာပါတယ်..
ဒါကို ဘယ်သူ့မှငြင်းမရပါဘူး..
ကိုယ့်အခြေအနေကိုသိရင်..
ကိုယ့်ပြည်သူအတွက် အချိန်မှီ လုပ်ရမှာပါ..
---------------------------
(၅)
အချုပ်ပြောရရင်
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကို..
အခုမှ တောင်းခံတာဟာ..
စစ်တပ်ကို ကယ်တယ်ရှင်အဖြစ်..
ဇာတ်လမ်းအပီအပြင်ရိုက်ကူးလို့အားရသွားမှ
ခွင့်ပြုလိုက်တာဖြစ်ပါတယ်..
စစ်သား၊ရဲ ၊မီးသတ်၊ ကြက်ခြေနီနဲ့..
ပရဟိတအဖွဲ့တွေ..မြေပြင်မှာ..
အမှန်တကယ်ကယ်ဆယ်ရေးလုပ်တာကို..
လေးစားစွာနဲ့ ..ကျေနပ်လက်ခံနိုင်ပေမဲ့...
နိုင်ငံတကာကယ်ဆယ်ရေး
အဖွဲ့တွေကိုအချိန်မီ အကူညီတောင်းခံမှုမရှိတဲ့..
အချက်တစ်ခုကတော့...
အစိုးရရဲ့ရိုးသားမှုမရှိတာကိုပြရာရောက်သွားပါတယ်..
သွေးရိုးသားရိုးမဟုတ်ဘူးပေါ့ဗျာ..
( Pa Yit)