08/08/15
မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသားမျိုးနွယ်စုအားလုံးဟာ ယဉ်ကျေးရည်မွန်တယ်၊ ခင်မင်ဖေါ်ရွှေတယ်၊ စိတ်နေစိတ်ရင်းရိုးသားတယ်၊ ပင်ကိုယ်အားဖြင့် ငြိမ်းချမ်းစွာနေထိုင်လိုကြတယ်။ လူဦးရေအများစုဟာလည်း
ဗုဒ္ဓအဆုံးအမမှာ မွေ့လျှော်သူတွေမို့ ခွင့်လွှတ်တတ်တယ်။ အလွန်သီးခံတတ် အားနာတတ်တယ်၊ အနွံအတာခံ တတ်တယ်။ ဒီလောက်ကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေနဲ့ ပြည့်စုံတဲ့လူမျိုးတွေဟာ ဖိနှိပ်မှု့တရပ် အဆုံးစွန် ရောက်လာတဲ့အခါ မခံမရပ်နိုင်တဲ့အဆုံး နေ့ရက်တရက်မှာ လမ်းမတွေပေါ် တညီတညာထဲထွက်လို့ မတရားမှု့ ကိုလက်မခံနိုင်တော့ကြောင်း ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ဆန္ဒထုတ်ဖေါ်ခဲ့ကြဘူးတယ်။
အဲ့ဒီနေ့ဟာ မြန်မာ့သမိုင်းမှာရော ကမ္ဘာ့သမိုင်းမှာပါ မော်ကွန်းထိုးကမ္ဗည်းတင်ခဲ့တဲ့ ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးပေါ်ပေါက်ခဲ့တဲ့နေ့ ပါဘဲ။ အင်္ဂလိပ်ရက်စွဲနဲ့အတိအကျပြောရရင် (၁၉၈၈) ခုနှစ် သြဂတ်စ်လ (၈) ရက် တနင်္လာနေ့ပါ။ ဒါကြောင့်လည်း ရှစ်လေးလုံး ( ၈.၈.၈၈) အရေးတော်ပုံလို့ သမိုင်းမှာ ထင်ရှားခဲ့တာပါ။
မြန်မာသက္ကရာဇ်နဲ့ ပြောရရင် ကောဇာသက္ကရာဇ် (၁၃၅၀) ပြည့်နှစ် သာသနာသက္ကရာဇ် (၂၅၃၂) ပြည့်နှစ် ဒုတိယဝါဆိုလပြည့်ကျော် (၁၁) ရက်နေ့ မှာပါ။ ဒါကြောင့်လည်း တချို့က (၁၃၅၀) ပြည့်အရေးတော်ပုံလို့  လည်းသုံးနှုန်းခေါ်ဆိုကြပါတယ်။
အဲ့ဒီတုံးကမြင်ကွင်းတွေကို မသိမမှီလိုက်တဲ့ နှောင်းလူတွေမြင်စေခြင်လှပါတယ်။ အမြို့မြို့အနယ်နယ် ရပ်ကွက် တိုင်းကျေးရွာတိုင်းက ဆန္ဒထုတ်ဖေါ်ဖို့ ထွက်လာကြလူစုလူဝေးလူအုပ်ကြီးတွေ လမ်းမတွေပေါ် စီးမျှောရွေလျှား လာပုံဟာ ဒီလှိုင်းလုံးကြီးတွေ တလိမ့်လိမ့်တက်လာပြီး ကမ်းခြေကို တဝုန်းဝုန်းရိုက်ခတ်လာသလိုမျိုးပါဘဲ။
သပိတ်သပိတ် … မှောက်မှောက် .... ဖိလျှင်ဖိလျှင် … ကြွကြွ … ထိလျှင်ထိလျှင် … ချချ … တပါတီအာဏာရှင် စနစ် … ဖျက်သိမ်းပစ် ... ဖျက်သိမ်းပစ် ... ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး၊ ဒီမိုကရေစီရရှိရေး … တို့အရေး ... တို့အရေး … အရေးတော်ပုံ … အောင်ရမည် … အောင်ရမည် လို့  သိန်းဂဏန်း ချီတဲ့ ဧရာမလူအုပ်ကြီးကနေ ရင်ခေါင်းထဲက အသံကြီးတွေနဲ့ တပြိုင်နက် သံပြိုင်တညီတညာ အော်ဟစ်ကြွေးကြော်သံကို ကြားရတဲ့အခါ တကိုယ်လုံးရှိရှိသမျှ ကြက်သီးမွှေးညင်းတွေထောင်ထ သွေးခုန်နှုန်း တွေ ရုန်းကြွခဲ့ရတဲ့ မေ့မရနိုင်လောက်တဲ့ တော်လှန်ရေးလပေါ့။
ရှစ်လေးလုံး အရေးအခင်းကြီး စဖြစ်တဲ့ လွန်ခဲ့တဲ့ (၂၇) နှစ်တာကာလကနေ စစ်အာဏာရှင် အသိုင်းအဝန်းတွေ ဟာတကယ့်သမိုင်းမှန်ကို ပုံဖျက်ဖုံးကွယ်ဖို့ ကျိုးစားခဲ့တာဟာ ဒီနေ့ချိန်ထိအောင် ကျိုးစားနေဆဲပါ။ ကွန်မြူနစ်တွေ မြှောက်ပေးတာတို့ ၊ ပြည်ပမီဒီယာတွေသွေးထိုးပေးတာနားယောင်တာတို့ မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပွားခဲ့တာတို့ စတဲ့လုပ်ကြံထိုးနှက်ချက်တွေနဲ့ မတရားမှု့ကိုဆန့် ကျင်ကြောင်းပြသဘို့ လူထုတရပ်လုံးရဲ့ ဒီမိုကရေစီရေး တောင်းဆိုမှု့ တိုက်ပွဲကို သိက္ခာမဲ့အောင် အနှစ်သာရမရှိသယောင် စစ်အာဏာရှင်တွေရဲ့ အမှားတွေ၊ တိုင်းပြည်ကိုဖျက်ဆီးခဲ့တာတွေ၊ စစ်ရာဇဝါတ်မှု့တွေကို ဖုံးကွယ်ထိမ်ချန်ပြီး သမိုင်းကိုလိမ်လည်မှု့ နိုင်ငံတော်အဆင့် မုသာဝါဒကံ ကျူးလွန်နေကြတာပါ။
စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ဒေါက်တိုင်အဖွဲ့ အစည်းဖြစ်တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ ဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးကို သပ်လျှိုဖြိုခွဲဖို့  တန်ပြန်သပိတ်အဖွဲ့ ကို ဖွဲ့ ခဲ့တယ်။ ပြီးတော့ အကြမ်းဖက်မှု့တွေ ဖြစ်လာ အောင်၊ လုယက်မှု့တွေဖြစ်လာအောင်၊ ဆန်ဂိုထောင်တွေဖေါက်၊ သပိတ်မှောက်ပြည်သူတွေကြား အထိတ် တလန့် ဖြစ်အောင် မယုံကြည်မှု့တွေကတဆင့် သတ်ဖြတ်မှု့တွေဖြစ်ပွားလာအောင် ထောက်လှမ်းရေး အောက်လမ်းနည်းတွေနဲ့ သောက်သုံးရေကန်တွေကို အဆိပ်ခပ်တာတွေ စနစ်တကျလုပ်ဆောင်ခဲ့တယ်လေ။ တပါတီအာဏာရှင်စနစ်နဲ့ အာဏာပိုင်တွေရဲ့ အနိုင်ကျင့်မှု့ဒါဏ်ကို ခါးသီးစွာနှစ်ပေါင်း (၂၆) လုံးလုံး ကျောကော့ အောင်ခံစားခဲ့ရလို့ နာကျည်းချက်တွေဆေူဝေနေတဲ့ လူထုကြီးရဲ့ ဒေါသမီးတောက်ကို လေပင့်ပေးခဲ့တယ်။ လူထုကပေါက်ကွဲပြီး အကြမ်းဖက်တဲ့အခါကျမှ မင်းမဲ့စရိုက်ဆန်ဆန် လမ်းပေါ်တက်ဆန္ဒပြကြတာလို့ တဆိပ်ကပ်တာလေ။
ဒါပေမဲ့ သူတို့ ရဲ့အကြံကို ရိပ်စားမိတဲ့ သံဃာတော်အရှင်သူမြတ်တွေ၊ မြို့ မိမြို့ဖတွေ၊ တတ်သိပညာရှင်တွေ၊ နိုင်ငံရေးအင်အားစုတွေဦးဆောင်တဲ့ အနယ်နယ်အရပ်ရပ်မှာဖွင့်လှစ်ခဲ့တဲ့ သပိတ်ကော်မတီများက မိဘပြည်သူ တွေကို ဖြောင်းဖျထိမ်းသိမ်းနိုင်ခဲ့လို့ စစ်ထောက်လှမ်းရေးတွေရဲ့ တန်ပြန်သပိတ်အကြံဟာ လုပ်သလောက် ခရီး မပေါက်ခဲ့ပါဘူး။
တကယ်တော့ လူထုအုံကြွမှု့အရေးတော်ပုံကြီးတွေဆိုတာ ရုတ်ခြည်းကောက်ခါငင်ခါ ထဖြစ်ပွားလာတာမျိုး မဟုတ်ဘူး။ တိုင်းပြည်မှာ မကျေနပ်မှုတွေ၊ ပဋိပက္ခတွေ များများလာလေလေ၊ အဲဒီ အဖုအထစ်၊ အစိုင်အခဲတွေ ပေါင်းစည်းမိသွားတဲ့ အချိန်တစ်ချိန်မှာ ဘယ်လိုမှ ထိန်းမနိုင်သိမ်းမရနိုင်တော့တဲ့ ပေါက်ကွဲမှု၊ ပြောင်းလဲမှု၊ အချိုး အကွေ့ကြီးတစ်ခု ဖြစ်ပွားပေါ်ပေါက်လာရစမြဲပဲ "လို့  သမိုင်းပါမောက္ခဆရာကြီးဒေါက်တာသန်းထွန်းက ကောက်ချက်ချ ပြောခဲ့ဖူးပါတယ်။
အဲ့ဒီလို တနိုင်ငံလုံးအတိုင်းအတာနဲ့ မတရားမှု့ကို ဆန့် ကျင်ဖို့ ဒီမိုကရေစီအရေး လူ့အခွင့်အရေးတွေ ရယူ ပိုင်ဆိုင်ဖို့ လက်နက်မပါဘဲငြိမ်းချမ်းစွာလမ်းပေါ်ထွက်ပြီး ကိုယ့်အခွင့်အရေးတောင်းနေတဲ့ မိဘပြည်သူတွေကို စစ်အာဏာရှင်ရဲ့ ခါးပိုက်ဆောင်စစ်တပ်က ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့မှာ အာဏာသိမ်းယူပြီးတဲ့ နောက် လက်မရွံ့ အာဏာသားတွေဟာ ရန်ကုန်မြို့ရဲ့ မြို့တော်ခန်းမအနီး ဆန္ဒပြသူလူအုပ်အတွင်းကို မောင်းပြန် ဂျီးသရီး၊ ဂျီဖိုးသေနတ်များနဲ့ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ဖြိုခွင်းခဲ့တာ အတည်မပြုနိုင်သေးတဲ့ ခန့် မှန်း ခြေသတင်းတွေအရ ပြည်သူပေါင်း (၃၀၀၀) ကျော် အသက်ဆုံးပါးခဲ့ရတယ်လို့ ဆိုကြတယ်။
အဲ့ဒီလို အဖြိုခွဲခံလိုက်ရတာကိုဘဲ မျက်တောင်အောက်မှာဘဝသုဉ်း၊ မျက်စေ့တဆုံးမကြည့်တတ်တဲ့သူတချို့က ရှစ်လေးလုံးအရေးတော်ပုံကြီး ကျဆုံးခဲ့တယ်လို့ မိုက်မဲစွာ သုံးသပ်ပြောဆိုကြတယ်။ တကယ်တော့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ အသက်ပေးသွားခဲ့ရတဲ့ အာဇာနည်အထောင်အသောင်းရဲ့ ပေးဆပ်မှု့တွေ၊ ဘဝနဲ့ အနာဂါတ်ကိုရင်းခဲ့ရတဲ့ လူရှင်အာဇာနည်၊ ရဟန်းရှင်လူ အသိန်းအသောင်းရဲ့ ပေးဆပ်မှု့တွေဟာ အချည်းအနှီး မဖြစ်ခဲ့ပါဘူး။၁၉၈၈ခုနှစ် သြဂတ်စ် (၈) ရက်နေ့က ထိုးလိုက်တဲ့ ဒီမိုကရေစီခေါင်းလောင်းသံ၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးခေါင်းလောင်းသံဟာ မြန်မာနိုင်ငံကနေ မိုးယံထက်လွင့်ပျံလို့ ဂြိုလ်ပြာကြီး တခုလုံးပဲ့တင်ပျံသွားခဲ့ တာမဟုတ်လား။
ရှစ်လေးလုံးသစ္စာဆိုတာ မတရားမှု့ကိုဆန့်ကျင်ရဲတဲ့စိတ်ဓါတ်၊ ဖိနှိပ်မှု့ကိုခေါင်းငုံ့မခံတဲ့စိတ်ဓါတ်၊ ဗိုလ်ကျ အနိုင်ကျင့်မှု့ကိုလက်မခံတဲ့စိတ်ဓါတ်၊ ကိုယိ့အခွင့်အရေးကို ကိုယ်တိုင်ရယုရဲတဲ့စိတ်ဓါတ်၊ အမှန်တရားကို မြတ်နိုးတဲ့စိတ်ဓါတ်၊ လွတ်လပ်မှု့ကိုတန်ဘိုးထားတဲ့စိတ်ဓါတ်၊ ငြိမ်းချမ်းတဲ့လူ့ ဘောင်ကို တည်ထောင်လိုတဲ့ စိတ်ဓါတ်တွေပါ။ အဲ့ဒီရှစ်လေးလုံးစိတ်ဓါတ် ဝိဉာဉ်တွေဟာ ဒီနေ့မျက်မှောက်ခေတ် လူငယ်မျိုးဆက်တွေထံမှာ ရှင်ပြန်ထုံလူး သွေးကူးမျိုးပွားနေတာဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အောင်သီးအောင်နှံတွေလို့ပြောရင် မမှားနိုင်ပါဘူး။
ဒါပေမဲ့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးဟာ ရည်မှန်းချက်ပန်းတိုင်တော့ ဆုံးခန်းတိုင်အောင် မရောက် သေးပါဘူး။ စစ်အာဏာရှင်အနွယ်တော် အမြစ်ကြွင်းအကျန်တွေဟာ ဒီမိုကရေစီအရေခြုံပြီး စစ်အာဏာရှင် စနစ်ကို အသွင်သစ်နဲ့ အသက်ဆက်ဖို့ ကျိုးစားအားထုတ်နေတုံးပါ။ ဒီနေရာမှာ စစ်အာဏာရှင်အနွယ်တော် စစ်ဗိုလ်ချုပ်ကြီးတွေနဲ့  ရိုးသားတဲ့စစ်ဗိုလ်စစ်သားတွေကို ခွဲခြားမြင်တတ်ဖို့ လိုပါတယ်။
ရိုးသားတဲ့စစ်ဗိုလ်စစ်သားတွေကလည်း ရိုးသားနေယုံ၊ အမိန့် နာခံတတ်ယုံနဲ့ စစ်သားကောင်းမဖြစ်ဘူးဆိုတာ အလေးအနက် စဉ်းစားဖို့ လိုနေပါပြီ။ အမှားနဲ့ အမှန်ကိုခွဲခြားတတ်ဖို့ ၊ အမှန်တရားဖက်က ရပ်တည်ရဲတဲ့ စိတ်သတ္တိရှိဖို့ လိုပါတယ်။
 ဒါကြောင့် စစ်အာဏာရှင်ရဲ့အမိန့်ကိုနာခံရင် ကြိုက်တဲ့ရာဇဝါတ်မှု့ကျူးလွန်လိုက် တာဝန်ခံစရာမလိုဘူးဆိုတဲ့ အစဉ်လာကိုတိုက်ဖျက်ပါ။
 အထက်အမိန့်ကိုနာခံရင် သူများအိုးအိမ်လယ်ယာသိမ်းလို့ရတယ် ပြန်ပေးစရာမလိုဘူးဆိုတာကို ဆန့်ကျင်ပါ။
 အထက်ညွှန်ုကြားချက်ကို မျက်စိမှိတ်လိုက်နာရင် သူများသားပျိုသမီးပျို ကိုဖျက်ဆီးလို့ရတယ်ဆိုတာ ကိုတော်လှန်ပါ။
 အထက်အမိန့်ကို ကျေပြွန်ဖို့ လူသတ်ခဲ့လည်း ရာထူးတက်၊ ဥပဒေအထက်နေနိုင်တာကို အမြစ်ဖြတ်ပါ။
 အထက်အမိန့်ထမ်းဆောင်ဖို့ လူတွေကို သတင်းအမှားပေး၊ လိမ်ညာလမ်းမှားပို့ရမယ်ဆိုတာကို ရိုက်ချိုး ပစ်ပါ။
 အထက်အမိန့်ကို မလွန်ဆန်ရဲလို့ ဘာခိုင်းခိုင်းလုပ်နေရတာပါဆိုတာကို ပြောင်းပြန်လှန်ပစ်ပါ။
 အထက်အမိန့်ကိုသစ္စာခံဖို့ မတရားမှန်းသိပေမဲ့ မလွှဲမရှောင်သာလုပ်ရတာပါလို့ သတ္တိကြောင်တဲ့ ဆင်ခြေကို ရှုံ့ချပါ ဆုံးမပါ။
 အထက်အမိန့်ကိုသစ္စာခံဖို့ မိဘနောက်ကျောကို ဓါးနဲ့ထိုးရဲတဲ့ သားဆိုးမျိုး မြန်မာမြေက အပြီးတိုင် ပျောက်ကွယ်အောင်ဝိုင်းဝန်းကူညီကြပါလို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို နိဂုံးချုပ်ပါတယ်။
ရှစ်လေးလုံးလူထု ဒီမိုကရေစီအရေးတော်ပုံကြီးတွင် အသက်ကို ပဓာနမထားဘဲ စွန့် လွှတ်ခြင်းများစွာနဲ့ ရဲဝံ့ ပြောင်မြောက်စွာပါဝင် လှုပ်ရှားခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသူကျောင်းသား၊ အလုပ်သမား၊ လယ်သမား တိုင်းရင်းသား၊ ပြည်သူအပေါင်း အားလည်းကောင်း၊ မိဘပြည်သူ့ဘက်သို့ ကူးပြောင်းပါဝင်လာခဲ့သော ကြည်း၊ ရေ၊ လေ စစ်သည်တော်များအားလည်းကောင်း၊ ကျဆုံးခဲ့ပြီးသော အာဇာနည်အပေါင်းတို့ အားလည်းကောင်း အမှတ်ရလေးမြတ်စွာ ဤဆောင်းပါးဖြင့်မှတ်တမ်းတင် ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။
လေးစားစွာဖြင့်
မင်းကောင်းချစ်
သြဂတ်စ်လ (၃) ရက်နေ့  ၂၀၁၅ ခုနှစ်
 မြန်မာနိုင်ငံက ရေဘေး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ရံပုံငွေ အနည်းဆုံး သန်း ၅၀ လောက် လိုအပ်မယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ UN-OCHA က ခန့်မှန်းလိုက်ပါတယ်။ ရေဘေး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်း အတွက် ကုလသမဂ္ဂ အရေးပေါ် ကူညီကယ်ဆယ်ရေး ဌာနက လက်ရှိ ထုတ်ပေးထားတဲ့ ဒေါ်လာ ၉ သန်းနဲ့တင် မလုံလောက်ပဲ နောက်ထပ် ရံပုံငွေ အများအပြား လိုအပ်မယ်ဆိုတာကို UN-OCHA အဖွဲ့က ကြေညာချက် ထုတ်ပြန်ကြောင်း သောကြာနေ့က ကုလသမဂ္ဂဌာန ချုပ်မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ် ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ပြောပါတယ်။
 “ မနေ့ကအထိတော့ လူပေါင်း ၁၀၃,၀၀၀ အတွက် အစားအစာ မက်ထရစ်တန်ချိန် ၄၀၀ ကို အကူအညီ ပို့ပေးပြီး ဖြစ်သလို ရေသန့်စင်ရေး ဆေးပြားပေါင်း ၆၂၀,၀၀၀ အပါအ၀င် စားနပ်ရိက္ခာနဲ့ တခြား လိုအပ်တဲ့ ပစ္စည်းတွေကို ပို့ပေးနိုင်ခဲ့ပါတယ်။ အခုချိန်မှာ ရေဘေးဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဒေသတွေက အရေးပေါ် အကူအညီလိုအပ်နေသူတွေထံကို အကူအညီတွေ ပို့ပေးနိုင်နေပြီ ဖြစ်ပြီး တခြားနေရာတွေကို ရောက်နိုင်ဖို့အတွက်လည်း အစွမ်းကုန် ကြိုးစား ဆောင်ရွက်နေပါတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ယာယီ ပူးပေါင်းဆောင်ရွက်ရေးမှူး Eamonn Murphy (အီမွန် မာဖီ) က ပြောပါတယ်။ ကုလသမဂ္ဂ အရေးပေါ် ကူညီကယ်ဆယ်ရေးဌာန အကြီးအကဲ Stephen O’Brien ကလည်း မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ရေးမှာ သုံးစွဲဖို့ အရေးပေါ် ရံပုံငွေ ဒေါ်လာ ၉ သန်း ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။”
ကုလသမဂ္ဂ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေဟာ မြန်မာအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်မြင့် လုပ်ဆောင်နေပြီဖြစ်ကြောင်း UN-OCHA အဖွဲ့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။ မြန်မာအစိုးရ လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနရဲ့ အဆိုအရ ရေကြီးမှုကြောင့် ဘေးဒုက္ခရောက်နေသူ ၃၃၀,၀၀၀ ကျော်အထိ ရှိသွားပြီလို့ ဆိုပါတယ်။
မန်မာနိုင်ငံအတွင်း လတ်တလော ရင်ဆိုင်နေရ တဲ့ ရေကြီး၊ မြေပြိုမှုတွေကြောင့် သေဆုံး သူ အရေအတွက်ဟာ ၉၀ ထက်မနည်း ရှိသွားပြီလို့ ကုလသမဂ္ဂအပါအ၀င် ကူညီ ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုအနက်က ၁၂ ခုမှာ ရေဘေး ဒဏ် ခံနေကြရတာဖြစ်ပါတယ်။ အခုချိန်ထိတော့ တချို့နေရာတွေမှာ ရေကျ သွားတာရှိပေမယ့် တချို့နေရာတွေမှာတော့ အခုချိန်ထိ ရေတက်နေ တုန်းပဲ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်က လူပေါင်း ၁ သိန်းခွဲလောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ခန့်မှန်းထားတဲ့ နာဂစ်မုန်တိုင်း ၀င်ရောက် တိုက်ခတ်တဲ့ အချိန်တုန်းကတော့ အဲဒီအချိန်က စစ်အစိုးရက နိုင်ငံတကာ အကူအညီတွေကို လက်မခံခဲ့ပေမယ့် သမ္မတ ဦးသိန်းစိန်အစိုးရကတော့ နိုင်ငံတကာက ကူညီချင်သူတွေအနေနဲ့ အကူအညီပေးကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် နိုင်ငံတကာကို ပန်ကြားခဲ့ပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းက ၀ိုင်းဝန်း ကူညီနေကြတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
 ဒီနေ့ကျရောက်တဲ့ ၂၇ နှစ်မြောက် ရှစ်လေးလုံး နှစ်ပါတ်လည် အခမ်းအနားကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
ဦးဆောင်တဲ့သူတွေကို ကျောက်တံတားမြို့နယ်ရဲစခန်းက ခွင်မပြုထားတဲ့နေရာမှာ ကျင်းပတဲ့အတွက် ပုဒ်မ(၁၉)နဲ့ တရားစွဲဆိုသွားဖို့ ရှိတယ်လို့ ကြားသိရပါတယ်။
ဓါတ်ပုံ - အောင်သိင်္ခ၊ ထက်အာကာ/RFA
RFA Burmese
https://www.facebook.com/pages/RFA-Burmese
 ယနေ့ မြန်မာနိုင်ငံတ၀န်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသောကြောင့် သဘာဝဘေးအန္တရာယ်ခံရသူများအား ကူညီနိုင်ရန် နေရာအနှံ့အပြားတွင် လူတန်းစားအလွှာမျိုးစုံမှ အလှူခံထွက်ကြသည်။ အိမ်တိုင်ရာရောက် အလှူခံသူများရှိသကဲ့သို့ ယာဉ်ကြောကျပ်တည်းသည့် မီးပွိုင့်များ လူစည်ကားသည့်လမ်းများတွင် အလှူခံ ပုဂ်္ဂိုလ် အသွေးအရောင်စုံအား တွေ့မြင်နေရသည်။
နိုင်ငံအတွင်း ရေကြီးရေလျှံဖြစ်ပြီး သဘာဝဘေးအန္တရာယ်ခံစားနေရသော နေရာများအားကြည့်လျှင်လည်း တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် ၁၁ ခုသည် သဘာဝဘေးအန္တရာယ် ဆိုးရွားစွာခံစားနေရသည်။ စိုက်ပျိုး မြေဧကပေါင်း ၁ သန်းခန့် ပျက်စီးဆုံးရှုံးပြီး လူပေါင်း ၂ သိန်းကျော် အစားအစာနဲ့ အထောက်အပံ့ လိုအပ်နေ တယ်လို့လည်း သိရသည်။ ဒီတော့ ရေဘေးသင့်ပြည်သူတွေကိုကူညီဖို့ ပြည်သူများကလည်း တတ်နိုင်တဲ့ဘက် က ကြိုးပမ်းကြရပါတော့တယ်။
မိမိနေအိမ်မှ အလုပ်သွားဖို့ ဘတ်စ်ကားဂိတ်ကိုသွားရင် ပထမဦးဆုံးတွေ့ရသည်က ရေဘေးကူညီရေး အလှူခံ များ ဖြစ်သည်။ ကြွပ်ကြွပ်အိတ်များပေါ်တွင် ရေဘေးသင့်ပြည်သူများအတွက် ကူညီရန် ဘာအဖွဲ့ ညာအဖွဲ့ စသဖြင့် တံဆိပ်ကပ်ကာ အလှူခံကြသလို ဂျပ်စက္ကူဘူး၊ ငွေဖလား စသဖြင့် ပုံစံမျိုးစုံလှသည်။
ယင်းမြင်ကွင်းအားကြည့်ရင် ပြည်သူအများ ဘေးဒုက်္ခရောက်နေသည်ကို ဒုက္ခမရောက်သူများက တဖက် တလမ်းမှ ကူညီနေ၍ ပီတိဖြစ်မိသကဲ့သို့ တတ်စွမ်းသမျှ လှူဒါန်းမိသလို လှူဒါန်းနေသူအများအပြားကိုလည်း တွေ့မြင်နေရသည်။
မြန်မာနိုင်ငံသည် အခြားနေရာများ၌ ထိပ်တန်းရောက်မရောက် မသိသော်လည်း သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု အနည်းဆုံးနိုင်ငံများတွင် အဆင့် ၅ အတွင်းရှိသကဲ့သို့ ပရဟိတစိတ်နှင့် တဦးချင်းလှူဒါန်းမှု အရက်ရောဆုံးတွင်လည်း ထိပ်ဆုံးတွင်ရှိနေသည်ဟု သိရသည်။ ယင်းကြောင့် အလှူခံသူတွေ မည်မျှပင် များပြားနေပါစေ ရေဘေးအတွက် ကူညီချင်သူများသောကြောင့် အလှူငွေများစွာ ရရှိကြသည်။
လှူဒါန်းသူများမှလည်း ရေဘေးသတင်းများအား ကြားသိမြင်တွေ့နေရပြီး တတ်နိုင်သမျှ ထည့်ဝင်လှူဒါန်းကြ သည်။ ခက်သည်က မြန်မာနိုင်ငံတွင် ယခုကဲ့သို့ သဘာဝဘေးကျရောက်မှ အလှူခံရှိသည်မဟုတ်။ လွန်ခဲ့သည့် လအနည်းငယ်က စံတော်ချိန်သတင်းစာတွင် ပါဝင်ခဲ့သည့် ဒလဘက်တွင် ဓမ္မာရုံပြုပြင်ရန်ဟုဆိုကာ မပျက်စီး သည့် ဓမ္မာရုံကိုအကြောင်းပြုပြီး လိမ်လည်၍ အလှူခံသူများအား ဖော်ထုတ်ခဲ့သည်ကို သတိရမိသည်။ ယခု ရေဘေးတွင်မူ လှူဒါန်းသူများမှ မိမိထည့်ဝင်လှူဒါန်းသည့် အလှူဒါနအား ရေဘေးသင့်ပြည်သူများရရှိပြီဟုသာ လူတိုင်းသတ်မှတ်၍ လှူဒါန်းကြသည်သာများသည်။
အမှန်တကယ် ဒုက္ခရောက်၍ အမှန်တကယ်ကူညီသည့် အလှူခံပုဂ်္ဂိုလ်အဖွဲ့အစည်းများစွာရှိသော်လည်း ယနေ့ အချိန်အခါကဲ့သို့ အလွယ်တကူအလှူခံ၍ရသည့်အချိန်၌ တလွဲအသုံးချမည့် အလှူခံမည်မျှရှိမည်ကို မည်သူမျှ မသိနိုင်ပေ။ “ကျွန်တော့်အထင် အလှူခံမှမဟုတ်ဘူး ဘယ်နေရာမှာမဆို အုတ်အရောရော ကျောက်အရောရော ရှိနိုင်တာပဲ။ ကျွန်တော်တို့လို လှူဒါန်းသူဆိုတာကတော့ မရိုးသားတဲ့အလှူခံတဲ့သူနဲ့တွေ့ရင်တောင် တကယ် လိုအပ်တဲ့လူဆီကို ငါးဆယ်ရာခိုင်နှုန်းတော့ရောက်မှာပါပဲ။ ဘာပဲဖြစ်ဖြစ် စိတ်ထဲမှာ ကုသိုလ်စိတ်ပဲထားလိုက် တယ်”ဟု သတင်းမီဒီယာသမားတဦးမှ ပြောသည်။
ယင်းနှင့်ပတ်သက်၍ နာရေးကူညီမှုအသင်း ဒုဥက္ကဋ္ဌဒေါ်သန်းမြင့်အောင်မှ“အလှူခံကောက်နေတဲ့ ပရဟိတလုပ် နေတဲ့လူငယ်တွေ ဘယ်အဖွဲ့အစည်းကိုမှ မပြောပါဘူး။
စနစ်လေးတခုရှိစေချင်တယ်။ အဓိကကတော့ စေတနာ ပဲ။ ကိုယ့်ရဲ့ အကုသိုလ်၊ ကုသိုလ်က ကိုယ့်ဆီပဲရောက်မှာပါ။ စေတနာသန့်ဖို့လိုတယ်။ အဓိကကတော့ ဘယ်သူ မှမသိလည်း ကိုယ့်ကိုယ်ကိုယ် သိတယ်လေ”ဟု ပြောကြားခဲ့သည်။
ရိုးဖြောင့်သည့် အလှူခံပုဂ်္ဂိုလ်အဖွဲ့အစည်း အများအပြားရှိသကဲ့သို့ မရိုးဖြောင့်သော အလှူခံသမားပါဝင်လာမှု အတွက် အဖြေရှာရန်ကား ယနေ့အချိန်တွင် မဖြစ်နိုင်ပေ။ ရိုးဖြောင့်မှန်ကန်ခြင်းအား သက်သေခံပေးရန် အတွက် မည်သူက သက်သေခံပေးမည်နည်း။ “သက်ဆိုင်ရာ ကိုယ်တိုင်က ဆီးသီးဗန်းမှောက်တဲ့ကိစ္စတွေများ နေတော့။ ဒီအချိန်မျိုးမှာ မရိုးသားတဲ့အလှူခံသူကို မပြောချင်ပါဘူး။ ဒီလို မရိုးသားသူဆိုတာရှိမယ်လို့ သိပေ မယ့် သဒ္ဓါစိတ်ကိုသာ အခြေခံပြီး လှူဒါန်းခဲ့ကြရပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယနေ့ ရေဘေးဒုက်္ခခံစားနေရသော ပြည်သူများအတွက် ငွေကြေးမှစ၍ တတ်နိုင်သည့်ဘက်မှ လှူဒါန်းမှုပြုသူ များရော လုပ်အားဒါနပေးသူများပါ အားလုံးပြည်သူများ၏ အခက်အခဲအား ပြည်သူများဘက်မှ တတ်နိုင် သလောက် ဖြေရှင်းကူညီနေမှုအား အထူးပင်လေးစားကာ ကျေးဇူးတင်မိပါသည်။ ယနေ့အချိန်အခါတွင် ရေဘေးသင့်ပြည်သူများအတွက် စာနာတတ်သူတိုင်း အလှူခံထွက်သကဲ့သို့ စာနာသူတိုင်းလည်း အလှူငွေ တတ်စွမ်းသမျှအပြင် သင့်တော်ရာပစ္စည်းများ လှူဒါန်းကြပါသည်။ ယင်းသို့ လှူဒါန်းမှုအတွက် သာဓုအကြိမ်ကြိမ် ခေါ်မိသကဲ့သို့ မရိုးဖြောင့်သည့် အလှူခံများအားလည်း မလှူမိပါစေနှင့်ဟု ဆုတောင်းရင်း။
ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
(ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထူးဆောင်းပါး)
လက်ဝဲအတွေးအခေါ် ကမ္ဘာမှာပြိုလဲကျနေတဲ့အချိန်နဲ့ အံကိုက် မြန်မာပြည်သူတွေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ထီးနန်းကို အုံနဲ့ကျင်းနဲ့ ရိုက်ချိုးလိုက်တဲ့ ဖြစ်စဉ်ကြီးရဲ့ အစဟာ ကျောင်းသားနဲ့ အရပ်သားကြား စတင်ခဲ့တဲ့ သာမန်ရန်ပွဲလေးတစ်ခုကပဲ ဖြစ်ပါတယ်။
RIT လို့လူသိများခဲ့တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်က ကျောင်းသားကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ၁၉၈၈ မတ်လ ၁၃ရက်နေ့မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေနတ်မှန်သေဆုံးခဲ့ပါတယ်။ ၂၆နှစ်လုံးလုံး အာဏာကို တင်းတင်းမာမာဆုတ်ကိုင်ထားတဲ့ အာဏာရှင်ဦးနေဝင်းရဲ့ ရာဇပလ္လင်ကို အဲဒီ မတော်တဆဖြစ်မှုလေးကပဲ ဆွဲခါလှုပ်ကိုင်ခဲ့ပါတယ်။
မတ်လ ၁၆ရက်နေ့မှာတော့ ဒေါသထွက်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေကို အင်းလျားကန်စောင်းက ပြည်လမ်းမကြီးပေါ်မှာ စစ်တပ်နဲ့ လုံထိန်းတို့ရဲ့ အင်အားသုံးပိတ်ဆို့ပြီး အပြင်းထန်ဆုံး ဖြိုခွဲခဲ့တာကြောင့် တံတားနီအရေးအခင်းအဖြစ် သမိုင်းဝင်သွားခဲ့ပါတယ်။ မကြာခင် လအနည်းငယ်အကြာမှာ ပေါ်ပေါက်မယ့် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ရှေ့ပြေးဖြစ်တဲ့ နောက်ထပ်ခလုပ်မောင်းတစ်ခု ဆွဲဖြုတ်လိုက်တာပဲဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းတွေ ဇွန်လဆန်းမှာ ပြန်ဖွင့်တဲ့အချိန် နွေဦးကာလက ကျောင်းသားသွေးတွေ စွန်းပေခဲ့တဲ့ဖြစ်ရပ်တွေဟာ တက္ကသိုလ်နယ်မြေထဲကနေ ပြင်ပကမ္ဘာထဲကို လျှံကျသွားခဲ့ပါတယ်။
ကမ္ဘာကြီးနဲ့အဆက်ဖြတ်ထားတဲ့ မြန်မာပြည်မှာ ဆိုရှယ်လစ်အရေခြုံထားတဲ့ စစ်အာဏာရှင်ဟာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားခဲ့ပါတယ်။ တစ်ပါတီကိုသွားမလား၊ ပါတီစုံကိုသွားမလားလို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ကမ်းလှမ်းချက်တွေဟာ အရေးတော်ပုံကြီးကို နောက်ဆုံးအဆင့်ထိ တွန်းပေးသလို ဖြစ်ခဲ့ရပါတယ်။
တစ်နိုင်ငံလုံး ဖိန့်ဖိန့်တုန် ကြောက်နေရအောင် စိုးမိုးခဲ့သူ ဦးနေဝင်းဟာ နိုင်ငံရေးပြဇာတ်ခုံပေါ်မှာ ကန့်လန့်ကာဆွဲပိတ်လိုက်ပေမယ့် ပွဲကြည့်နေသူတွေက ထိုင်ခုံပေါ်မှာ ဆက်ထိုင်ပြီး ပွဲဆက်ကြည့်နေခဲ့ကြပါတယ်။ မြန်မာပြည်သူတွေ ယူဆချက်ဟာ မှန်ကန်ကြောင်း သက်သေပြတဲ့အနေနဲ့ ရန်ကုန်သားသတ်သမားဘွဲ့ခံ ဦးနေဝင်းရဲ့ လက်ရင်းတပည့် ဦးစိန်လွင်ဟာ သေနတ်ကို မိုးပေါ်ထောင်မပစ်ဘဲ ကျောင်းသားပြည်သူတွေဆီ တည့်တည့်ကြီး ပစ်ချခဲ့ပါတယ်။
တစ်နိုင်ငံလုံးက ကျောင်းသားပြည်သူ ရဟန်းရှင်လူတွေ သိန်းနဲ့ချီပြီး အုံကြွဆန္ဒပြမှုကတော့ မဆလအာဏာရှင်ကို အပြီးတိုင်ဖြိုလှဲပြီး ယာယီကြားဖြတ်အစိုးရ တောင်းဆိုခဲ့တဲ့အထိ ဒီမိုကရေစီတော်လှန်ရေးလှိုင်းကြီးဟာ အရှိန်အပြင်းဆုံး ပေါ်ပေါက်လာပါတော့တယ်။ မြန်မာပြည်ကို ၁၂ရက်ပဲ အုပ်ချုပ်ခဲ့တဲ့ ဦးစိန်လွင်ဟာ ထောင်ပေါင်းများစွာသော ကျောင်းသားတွေရဲ့သွေးကို မြေကျစေခဲ့တဲ့ အမွေဆိုးကို ချန်ထားခဲ့ပြီး ရာဇပလ္လင်ပေါ်ကနေ ဆင်းပြေးသွားပါတော့တယ်။
ဒီမိုကရေစီ တတိယလှိုင်းရဲ့ ဒီရေမြင့်တက်မှုတွေဖြစ်ပေါ်နေတဲ့ မြန်မာပြည်က လှုပ်ရှားမှုဟာ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေပါတော့တယ်။ အစိုးရရဲ့ ယန္တရားကြီးတစ်ခုလုံး ထိုးရပ်သွားပြီး နေ့စဉ်ရက်ဆက် ဆန္ဒပြတောင်းဆိုမှုတွေနဲ့ ပြည့်လွှမ်းနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲဆိုတဲ့ ကြွေးကြော်သံနဲ့ လူထုခေါင်းဆောင်တစ်ယောက်ကို မွေးထုတ်ပေးလိုက်ပါ တော့တယ်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ နေဝင်ချိန်မှာ သမ္မတသစ် ဒေါက်တာမောင်မောင်ဟာ နောက်ဆုံးကမ်းလှမ်းမှုတစ်ခုအဖြစ် ၃လအတွင်း ရွေးကောက်ပွဲကျင်းပပေးမယ့်ဆိုတဲ့ အပြောင်းအလဲရဲ့ လမ်းစ ကမ်းလှမ်းချက်ဟာ ဒီမိုကရေစီလှိုင်းရဲ့အမြင့်မှာ ခေါင်းဆောင်တွေဟာ ငြင်းပယ်ခဲ့ကြပါတယ်။
နိုင်ငံတော်ရဲ့ ယိုယွင်းလာနေတဲ့ အခြေအနေတွေကြောင့် တပ်မတော်က တိုင်းပြည်တာဝန် လွှဲပြောင်းရယူလိုက်ရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က စက်တင်ဘာ ၁၈ရက်နေ့မှာ အာဏာသိမ်းပြီး ဒီမိုကရေစီတောင်းဆိုမှုကြီးကို အကြမ်းဖက် ဖြိုခွဲလိုက်ပါတော့တယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တောင်းဆိုသံတွေကို အာဏာသိမ်းစစ်တပ်က သေနတ်သံတွေနဲ့ တုံ့ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံဟာ နောက်ထပ် အမှောင်ခေတ်ကြီးထဲ ကျွမ်းပြန်ကျသွားခဲ့ပါတော့တယ်။ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေ ဖမ်းဆီးခံလိုက်ရသလို တစ်ချို့ကတော့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေဆီကို ထွက်ခွာသွားခဲ့ပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲအပြီးမှာတော့ မြန်မာပြည်ဟာ စစ်စခန်းကြီးတစ်ခုကို တည်ဆောက်နေပြီး တစ်နိုင်ငံလုံးကို အကျဉ်းထောင်တွေအဖြစ် အသွင်ပြောင်းလဲလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး လှုပ်ရှားသူတွေ အကျဉ်းစံဘဝရောက်ခဲ့ပြီး တိုင်းပြည်ဟာ အထီးကျန်နိုင်ငံအဖြစ် ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ခံလိုက်ရပါတယ်။
၁၉၉၆-၁၉၉၈ ကျောင်းသားလှုပ်ရှားမှု၊ ၂ဝဝ၇ ရွှေဝါရောင်လှုပ်ရှားမှု၊ နာဂစ်မုန်တိုင်းနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံတွေကို ဖြတ်သန်းပြီး ၂ဝ၁၁မှာတော့ တစ်နိုင်ငံလုံးကို အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေဟာ ၂၄နှစ်ကြာ ပြဇာတ်တစ်ပုဒ်ကို နိဂုံးချုပ်ဖို့ ကန့်လန့်ကာတစ်ခု ဆွဲပိတ်လိုက်ပါတော့တယ်။
ဒီတစ်ကြိမ်မှာလည်း မြန်မာပြည်သူတွေဟာ ထိုင်ရာကမထဘဲ နောက်ထပ်ကမယ့် ပြဇာတ်သစ်တစ်ပုဒ်အကြောင်း ထင်ကြေးပေးခဲ့ကြပါတယ်။ ပြဇာတ်သစ်အရ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအများအပြားကို ပြန်လွှတ်ပေးလိုက်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မယ်ဆိုတဲ့ စီမံကိန်းရေးဆွဲထားတဲ့ ဒီမိုကရေစီကို ပွဲထုတ်မိတ်ဆက်ခြင်းပဲ ဖြစ်ပါတယ်။
၁၉၈၈ခုနှစ်က တစ်နိုင်ငံလုံး တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် မြန်မာပြည်ဟာ ဆန္ဒ ပြည့်ဝခဲ့ပြီလား။ ၂၅နှစ်ကြာ ရုန်းကန်ခဲ့တဲ့ ခရီးလမ်းရဲ့ ရလဒ်တွေကို မြင်တွေ့နေရပြီလား။ စိုက်ခဲ့သမျှ ရိတ်သိမ်းရတော့မယ့် ရာသီကိုရောက်ပြီမို့ ဒီမိုကရေစီအသီးအပွင့်တွေအတွက် အတိတ်ကမျိုးဆက်ဟာ ရိတ်သိမ်းချိန်လည်း မှည့်ကြွေချိန်လားဆိုတာ အဆုံးအဖြတ်ပေးရမယ့် မှတ်တိုင်တစ်ခုကို ရောက်ရှိနေပြီဆိုတာကတော့ ဘယ်သူမှ မငြင်းနိုင်တော့ပါဘူး။
Kamayut Media
၈၈၈၈ အရေးတော်ပုံ ၂၇ ကြိမ်မြောက် အမှတ်တရ အခမ်းအနားကို ဆူးလေဘုရားရှေ့တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများအင်အာစုမှ ဦးဆောင်ကာ ကျင်းပပြုလုပ်ခဲ့သည်။
ထိုပွဲသို့ ရဟန်းရှင်လူ ပြည်သူလူထုများ တက်ရောက်အလေးပြုခဲ့သည်။
ထို့နောက် နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ ပေးပို့သော သ၀ဏ်လွှာများအား ကျောင်းသားလေးများက ဖတ်ကြားခဲ့ကြသည်။
ထိုနောက်တက်ရောက်လာသော ကျောင်းသားများမှ သီချင်းများဆိုကာ ဂုဏ်ပြုခဲ့ကြသည်။
နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်မပြိုင်တော့ဘဲ - ဒီမိုကရေစီအင်အားစုတွေကို ဆက်လက် ၀န်းရံသွားမယ်လို့ ဗွီအိုအေကို ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းကျရင်တော့ - နိုင်ငံရေးပါတီ ထူထောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်ရှင်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက - နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ သူ့အနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဗွီအိုအေနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်း မှာ ပြောကြားခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံရဲ့ အဓိက အတိုက်အခံ နိုင်ငံရေးပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ကြေညာခဲ့ပြီးတဲ့နောက် - NLD ရဲ့ အဲဒီရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ အတော်လေး ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့လို့လည်း ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကတော့ - သူ့အနေနဲ့ ဒီမိုကရေစီ အင်အားစုတွေကို ဆက်လက် ၀န်းရံသွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် နိုင်ငံရေးပါတီတခုကိုလည်း ရွေးကောက်ပွဲအလွန် နောက်ပိုင်းမှာ ထူထောင်သွားဖို့ အစီအစဉ်ရှိတယ်လို့ အခုလို ပြောပါတယ်။
"၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ မရှိတော့ပါဘူး။ အဲတော့ ရေရှည်မှာကတော့ နိုင်ငံရေးပါတီပုံစံနဲ့ ဖြတ်သန်းကြဖို့ဆိုတာကို ဒါ မနေ့က နယ်ကွန်ယက်တွေနဲ့ စုံညီအစည်းအဝေးမှာလည်း တိုက်တွန်းတောင်းဆိုကြတာတွေ ရှိပါတယ်။ အဲတော့ ကျနော်တို့က ၈၈ မျိုးဆက် ငြိမ်း/ပွင့် အနေနဲ့ပဲ ဆက်ပြီး ရပ်တည်သွားမယ့် ရဲဘော်တွေ ရှိမယ်။ နောက် နိုင်ငံရေးပါတီပုံစံနဲ့ ဆက်ပြီးတော့ ရပ်တည်သွားမယ့် စုစည်း တည်ဆောက်သွားမယ့် အင်အားစုတွေလည်း ရှိလာမှာပါ။ ၂၀၁၅ ရွေးကောက်ပွဲကိုတော့ ကျနော်တို့ကြောင့် တစုံတရာ ထိခိုက်သွားတာမျိုး မဖြစ်အောင်ကို ကျနော်တို့ အတတ်နိုင်ဆုံး တောက်လျှောက် ကျနော်တို့ ဂရုစိုက်ပါတယ်။ ဒီမိုကရေစီအင်အားစုတွေ အားကောင်းဖို့ပဲ ကျနော်တို့ ၀န်းရံခဲ့တာလေ။ ရပ်တည်ခဲ့တာ။ အဲတော့ ကျနော်တို့ နိုင်ငံရေးပါတီတခုအဖြစ် သွားဖို့ဆိုတဲ့ ကိစ္စကလည်း ၂၀၁၅ အလွန် ရေရှည်အတွက်ကိုပဲ ကျနော်တို့ ရည်ရွယ်တာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အသက်အရွယ်ရော၊ နောက် ကျနော်တို့ ဖြတ်သန်းမှု အတွေ့အကြုံတွေရော ဒါကို နိုင်ငံရေးအရ ထိထိရောက်ရောက်ပေါ့လေ ဆောင်ရွက်နိုင် ဖို့အတွက် ဒါ ကျနော်တို့ အားလုံး ၀ိုင်းပြီးတော့ စဉ်းစားကြတာပါ။"
ဒါကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူမှုအဖွဲ့အစည်း က ကျောင်းသားခေါင်းဆောင်တွေ အနေနဲ့ ဘယ်နိုင်ငံရေးပါတီတွေကို အဓိက ၀န်းရံသွားမလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ -
"ကျနော်တို့က ကြေညာချက်မှာ အတိအလင်းရေးထားတာက ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများ၊ ဒါကြောင့်မို့လို့ ၂ ပိုင်းရှိတာပေါ့။ ပြည်နယ်တွေမှာကတော့ တိုင်းရင်းသားပါတီ အဖွဲ့အစည်းတွေကလည်း ကျနော်တို့ရဲ့ မိတ်ဖက် မဟာမိတ်အဖွဲ့အစည်းတွေ၊ တလျှောက်လုံးလည်း ကျနော်တို့က ရင်းရင်းနှီးနှီး လက်တွဲ ဆောင်ရွက်ခဲ့ကြတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ သူတို့ ပြည်နယ်လွှတ်တော်တွေမှာ အစရှိသဖြင့်ပေါ့နော်။"
သြဂုတ်လ ၂ ရက်နေ့က NLD ကနေ ထုတ်ပြန်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း စာရင်းမှာ - ၈၈ မျိုးဆက်အဖွဲ့က ဦးကိုကိုကြီး အပါအ၀င် အယောက် ၂၀ နီးပါး စာရင်းပေးသွင်းခဲ့ပေမဲ့ ကိုပြုံးချို တယောက်ပဲ အရွေးခံခဲ့ရတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ အတော်လေး ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ကို သွားရောက်တဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း - NLD ပါတီရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ - NLD ပါတီကနေ ကိုယ်စားလှယ်လောင်း နေရာတချို့ကို ပြန်လည် ပြင်ဆင်မယ်လို့ ပြောဆိုခဲ့ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ NLD ကနေ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် နယ်ပေါင်းစုံကနေ လျှောက်ထားသူ ၃ ထောင်နီးပါး ရှိခဲ့ပြီး၊ ဒီအထဲကနေ ၁၀၉၀ ကို NLD က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့လည်း အခုအချိန်ထိတော့ NLD အနေနဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်ဆီ အပြီးသတ် မတင်ရသေးပါဘူး။
VOA
http://burmese.voanews.com/content/article/2907633.html
ကျန်းမာတော်မူကြပါစခင်ဗျာ။
တိုင်ဖွန်းမုန်တိုင်း"Soudelor" ဟာထိုင်ဝမ်ကျွန်း ဖက်ကိုဦးတည်ရွေ့လျှားလာနေပါတယ်။
၈-၈-၂၀၁၅
နံနက်(၃း၁၄)နာရီ။
၂၀၁၅ ခုနှစ်၊သြဂုတ်လ(၈)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။
ဘင်္ဂလားပင်လယ်အော် နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။
မုတ်သုံလေနဲ့ရာသီဥတုအခြေအနေ။
(၇ -၈-၂၀၁၅)ရက် နံနက် (၁၀း၁၅) နာရီ အချိန် KALPANA_1 ဂြိုဟ်တုမှတိုင်းတာပေးချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တောင်ပိုင်း တို့မှာ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော် မှာ တိမ်အသင့်အတင့် ဖြစ် ထွန်းနေပါ တယ်။ မြန်မာနိုင်ငံမြောက်ပိုင်း နှင့်တောင်ပိုင်း ဒေသတွေမှာ တိမ်ထူထပ်နေပြီး၊ ကျန် ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ် အော်တောင်ပိုင်း တို့မှာ မုတ်သုံလေ အား ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော် မှာ မုတ်သုံလေ အားအသင့်အတင့် ရှိနေပါတယ်။
မုန်တိုင်းအခြေအနေ။
တေယင်တရုတ်ပင်လယ်မြောက်ပိုင်းဖက်ရှိတိုင်ဖွန်းမုန်တိုင်း"Soudelor" ဟာထိုင်ဝမ်ကျွန်း ဖက်ကိုဦးတည်ရွေ့လျှားလာနေပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်
လေထုမငြိမ်မသက်ဖြစ်နေပြီးမုန်တိုင်းတစ်လုံးဖြစ်လာရန်သေချာမှု ၈%ခန့်အထိ ရှိနေပြီဖြစ် ပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြစ်ဝကျွန်းပေါ်၊ မွန်- တနင်္သာရီ ကမ်းရိုးတန်းတလျောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ တခါတရံ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး၊ လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေဟာ တစ်နာရီ မိုင် (၃၀) မှ (၃၅)မိုင် ခန့်ထိ တိုက်ခတ်နိုင် ပါ တယ်။ ကျန်မြန်မာကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအသင့်အတင့် ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် မှာ လှိုင်း အမြင့် (၈) ပေ မှ (၁၀) ပေ ခန့် အထိ ရှိနိုင်ပြီး၊ ကျန်မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် မှာ လှိုင်း အမြင့် (၄) ပေ မှ (၇) ပေ ခန့် အထိ ရှိနိုင်ပါတယ်။
နေ့အပူချိန်များအခြေအနေ။
နေ့အပူချိန်များဟာ၊ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည် နယ်(အရှေ့ပိုင်း) နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် နေအပူချိန် 24°C-28°C ခန့်၊ ကချင်ပြည် နယ်စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး နှင့် မကွေး တိုင်းဒေသကြီးတို့တွင် 32°C-35°C ၊ကျန် တိုင်းဒေသကြီး များ နဲ့ ပြည်နယ် ဒေသများ တွင် နေ့အပူ ချိန် များ ဟာ 29°C-31°C ရှိနိုင် ပါ တယ်။
မိုးတိမ်တောင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်းတလျှောက်မှာမိုးတိမ်တောင်များ ထူထပ်စွာဖြစ်ပေါ်နေပြီး၊ ကျန် တစ်ပြည်လုံး မှာ မိုးတိမ်တောင် များအသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော် တို့မှာ မိုးတိမ်တောင်များ အသင့်အတင့် ဖြစ်ထွန်း နိင်ပါတယ်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်းဒေသကြီး တို့တွင်မိုးဆက်လက် ကောင်းနိုင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။ ရခိုင်ပြည်နယ်၊မစစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲ၊ ကျန်ဒေသတွေမှာ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာမည်။
ရေဖုံးလွှမ်းခံရမှုအလားအလာအခြေအနေ။
မိုးအားလျော့နည်းခဲ့ပေမယ့် ရခိုင်ပြည်နယ်(ကျောက်ဖြူပတ်ဝန်းကျင်ဒေသ)၊ မွန်ပြည်နယ်(သထုံမြို့ ပတ်ဝန်းကျင်ဒေသ)၊ ပဲခူးတိုင်းဒေသကြီး(ပဲခူးမြို့ပတ်ဝန်းကျင်ဒေသ)၊ ရန်ကုန်တိုင်းဒေသကြီး (မင်္ဂလာဒုံပတ်ဝန်းကျင်ဒေသ) နဲ့ ဧရာဝတီတိုင်းဒေသကြီး (ပုသိမ်မြို့ နဲ့ မအူပင်မြို့ ပတ်ဝန်းကျင်ဒေသ) တွေမှာ ရေဖုံးလွှမ်းမှုအလားအလာမြင့်မားနေတဲ ရေဖုံးလွှမ်းခံ ဒေသများရှိနေဆဲဖြစ်ပါတယ်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။
မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်းဒေသကြီး တို့တွင်မိုးဆက်လက် ကောင်းနိုင်ပါတယ်။
ဒေါက်တာထွန်းလွင်
(၇-၈-၂၀၁၅)ရက် ညနေ(၆)နာရီခွဲအချိန် မိုးကြီးမှု နဲ့ ရေဖုံးလွှမ်းမှုအခြေအနေ
ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးကြီးခဲ့ပါတယ်။
၈-၈-၂၀၁၅
နံနက်(၄း၀၅)နာရီ။
(၂၄)နာရီအတွင်း မိုးကြီးခဲ့တဲ့ဒေသတွေ
စစ်ကိုင်းတိုင်း၊
ကချင်ပြည်နယ်၊
ရှမ်းပြည်နယ်မြောက်ပိုင်း
ရေဖုံးလွှမ်းခံနေရတဲ့ဒေသတွေ
ရခိုင်ပြည်နယ်(ကျောက်ဖြူပတ်ဝန်းကျင်ဒေသ)၊
မွန်ပြည်နယ်(သထုံမြို့ ပတ်ဝန်းကျင်ဒေသ)၊
ပဲခူးတိုင်းဒေသကြီး(ပဲခူးမြို့ပတ်ဝန်းကျင်ဒေသ)၊
ရန်ကုန်တိုင်းဒေသကြီး (မင်္ဂလာဒုံပတ်ဝန်းကျင်ဒေသ) နဲ့
ဧရာဝတီတိုင်းဒေသကြီး
(ပုသိမ်မြို့ နဲ့ မအူပင်မြို့ ပတ်ဝန်းကျင်ဒေသ) တွေမှာ
ရေဖုံးလွှမ်းမှု အလား အလာမြင့်မားနေတဲ ရေဖုံးလွှမ်းခံ ဒေသများရှိနေဆဲဖြစ်ပါတယ်။
ဒေါက်တာထွန်းလွင်
ထိုင်ဝမ်နိုင်ငံကိုယနေ့ ဝင်ရောက်လာမယ့်"Soudelor"တိုင်ဖုန်းမုန်တိုင်းကြီးနှင့်စပ်လျဉ်းပြီး ဖြစ်ပေါ်လာနိုင်တဲ့ ရေလွှမ်းမိုးမှုအပါအ၀င်
ရှောင်တခင် ဘေးအန္တရာယ်များအတွက် ဒေသခံအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ များအား ပံ့ပိုးကူညီဖို့ မုန်တိုင်းကြီးများ ၀င်ရောက်တိုင်း ပြုလုပ်နေကျဖြစ်သည့်ယနေ့ မွန်းလွဲပိုင်းမှစတင်ပြီး ထိုင်ဝမ်နိုင်ငကြည်းတပ်နှင့်မရိမ်းတပ်တို့ မှ သံချပ်ကာကားများ/အသက်ကယ်လှေများဟာ မုန်တိုင်းနှင့်တိုက်ရိုက်ထိတွေ့ခြင်းခံရတဲ့ မြို့ နယ်ဒေသများရဲ့ မြို့ နယ်ခန်းမတွေဆီကိုနီးစပ်ရာတပ်စခန်းများမှ ထွက်ခွါပြီး ၀င်ရောက်တပ်စွဲနေရာယူပြီးတာကို တွေ့ ရပါတယ်။
မြို့ တော်ထိုင်ပေမှာရှိတဲ့ ကယ်ဆယ်ရေးဌါနချုပ်မှာမုန်တိုင်းကြီးများ ၀င်ရောက်တိုင်း အရေးပေါ်ဗဟိုကွပ်ကဲမှု ဌါနကို ယာယီဖွင့်လှစ်ပြီးထိုင်ဝမ်နိုင်ငံသမ္မတ သို့ မဟုတ် ၀န်ကြီးချုပ်မှမုန်တိုင်း ကုန်းပေါ်ကိုတက်ရောက်လာသည့်ညအချိန်မှစပြီး ညတွင်းချင်းရုံးထိုင်ခါ တနိုင်ငံလုံးဧ။်ကယ်ဆယ်ရေးလုပ်ငန်းများကို ကွပ်ကဲညွှန်ကြားမှာ ဖြစ်ပါတယ်။
ထိုင်ဝမ်နိုင်ငံရဲ့ ကိုယ်ပိုင်ဂြိုလ်တုROC၃လုံးမှပို့လာတဲ့မုန်တိုင်းရဲ့ LiveImages,အမေရိကန်မှဝယ်ယူထားတဲ့ထိုင်ဝမ်လေတပ်ရဲ့ 
AWACS အေ၀က်ကြိုတင်သတိပေး စနစ်သုံးလေယာဉ်မှ ရေဒါစနစ်ကလည်း မုန်တိုင်းရဲ့ပကတိအနေအထားကို မျက်ခြေမပြတ်ထောက်လှမ်းပြီး နိုင်ငံအကြီးအကဲများ
ရုံးထိုင်ရာ ကွပ်ကဲမှုဌါနကို တောက်လျှောက်ပေးပို့ သွားမယ်လို့ လည်းသိရပါတယ်.။
Credit to Heaven Jade
၇.၈.၂၀၁၅ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူတိုင်း အရှေ့ခြမ်းသို့ စည်းရုံးရေး ခရီးသွားရောက်ရာ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့သို့ ၁၁နာရီ ၅မိနစ်အတွင်း ရောက်ရှိပြီး ဒေသခံပြည်သူများအား မိန့် ခွန်းပြောကြားခဲ့သည်။
National League for Democracy
 မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ ရေဘေးအန္တရာယ်ကြောင့် သေဆုံးသူ စုစုပေါင်း ၉၀ ကျော်သွားပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာ ရေဘေးဒဏ် ခံနေရတဲ့ ပြည်နယ်နဲ့တိုင်း ၁၂ခုထဲမှာ ရခိုင်ပြည်နယ်က အထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ပြီးခဲ့တဲ့လကစလို့ ဒီကနေ့အထိ ရေဘေးဒဏ်ခံနေရတဲ့ ပြည်နယ်နဲ့တိုင်း (၁၂)ခုမှာ သေဆုံးသူ စုစုပေါင်း ၉၀ကျော်သွားပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဌာန ရဲ့ ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ဗွီအိုအေကို ပြောဆိုပါတယ်။
" ကျနော်တို့ မနေ့ကအထိတော့ သေဆုံးသူ ၉၀ကျော်ပါပြီ။ အဲ့ဒီ့ ၉၀ကျော်ထဲမှာ ရခိုင်ပြည်နယ်က အားလုံး ၅၆ ယောက်ရှိပါတယ်။ "
ရေဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ရင်ဆိုင်နေရပြီး အဲ့ဒီ့အထဲမှာ ရခိုင်ပြည်နယ်ဟာ အဆိုးဝါးဆုံးပဲလို့ ဦးဝင်းရွှေကပြောပါတယ်။
"ရခိုင်ပြည်နယ်က ထိခိုက်မှု အများဆုံးလို့ ပြောလို့ရပါတယ်။ ဒုတိယကတော့ စစ်ကိုင်းတိုင်း ကလေးခရိုင်၊ လက်ရှိမှာဆိုရင်တော့ မကွေးတိုင်းပေါ့ဗျာ။ ချင်းပြည်နယ်ပေါ့ဗျာ။ ချင်းပြည်နယ်က နည်းပေမဲ့ သူက Landslide  ဖြစ်တဲ့ အခါကျတော့ အိမ်တွေပြိုတာပေါ့။ အများဆုံးကတော့ ရခိုင်ပြည်နယ်ပါ။"
ရေဘေးအလွန်ကာလမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာနဲ့ပတ်သက်လို့ ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ရှင်းပြပါတယ်။
" ကျနော်တို့ အခုလက်ရှိမှာ သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသကြီး သီးသန့်ရံပုံငွေကနေပြီး တင်ပြတောင်းခံဖို့ Plan ရှိသလို နိုင်ငံတကာ အကူအညီတွေကိုလည်း လက်ခံပြီးတော့မှ ဆောင်ရွက်မှာပါ။ ပြန်လည် ထူထောင်ရေးအတွက်ကိုလည်း အလေးထားပြီးဆောင်ရွက်သွားဖို့ သမ္မတကြီးက လမ်းညွှန်ထားပါတယ်ခင်ဗျ။ ကျနော်တို့ အခု ရေတွေဖုန်းလွှမ်းသွားတယ်။ ဖုန်းလွှမ်းသွားတဲ့အတွက် စပါးစိုက်ဧကတွေ ဆုံးရှုံးသွားတယ်။ အဲ့ဒီ့အတွက် ရေကျတာနဲ့ တပြိုင်တည်းမှာ ကျနော်တို့ မျိုးစပါးတွေ ထုတ်ပေးဖို့ လယ်တွေကို ထွန်ယက်နိုင်ဖို့ စက်သုံးဆီတွေ အရံထားရှိဖို့ ဒီဟာတွေပေါ့လေ ပထမဆုံးပေါ့လေ။ ဒါပြီးတဲ့အချိန်ကျမှ အိမ်ယာပြန်လည်ထူထောင်ရေး သူတို့ရဲ့အသက်မွေးဝမ်းကျောင်းအတွက်တွေ ဆက်ပြီးတော့မှ လူမှုစီးပွားဘဝအတွက် ဆက်ပြီးတော့ ဆောင်ရွက်ဖို့ ဒီလိုမျိုးတော့ရှိပါတယ်ခင်ဗျ။"
မြန်မာနိုင်ငံမှာ မိုးသည်းထန် ရေကြီးမှုကြောင့် အခုအချိန်အထိ ရေဘေးဒဏ်သင့်တဲ့ ဒုက္ခသည်ပေါင်း အနည်းဆုံး သုံးသိန်းသုံးသောင်း ရှိသွားပြီဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ် ၊ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာကလည်း အကူအညီ ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့နေပါတယ်။
ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
            မြန်မာနိုင်ငံဒေသ အတော်များများမှာ ရေကြီး ရေလျှံမှုတွေက ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်တွေကို ခြိမ်းခြောက်နေပါပြီ။ ဇူလိုင်လ (၂၀) ရက် ကျော်ကတည်းက စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှာ ရေကြီး ရေလျှံမှုတွေ စဖြစ်ခဲ့တာ အခုဆိုရင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေကို အရေးပေါ် အခြေအနေ ကြေညာရတဲ့ အဆင့်ထိ ရောက်နေပါပြီ။ ဒါပေမဲ့ အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့တာ နောက်ကျခဲ့ပြီလို့ သဘာဝ ပတ်ဝန်းကျင် ပညာရှင်တွေက ဝေဖန်နေပါပြီ။ ဘာဖြစ်လို့ နောက်ကျရတာလဲ။
            အခု ပြည်သူတွေ ခံစားနေရတဲ့ သဘာဝ ဘေးအန္တရာယ်က ရေကြီးရေလျှံတဲ့ ဒုက္ခပါ။ ကြိုတင်မှန်းဆဖို့ ခက်တဲ့ ငလျင်လို ဘေးဒုက္ခမျိုး မဟုတ်ပါဘူး။ တတ်ကျွမ်း နားလည်တဲ့ ပုဂ္ဂိုလ်တွေက ကြိုတင် သတိပေးနေတာတောင် ဘာဖြစ်လို့ တုံ့ပြန် ဆောင်ရွက်ဖို့ နှောင့်နှေးခဲ့တာလဲ ဆိုတာ မစဉ်းစား နိုင်လောက်အောင်ပါပဲ။ စစ်ကိုင်းတိုင်း ဒေသကြီးထဲက ကလေးမြို့ ၊ မကွေးတိုင်း ဒေသကြီးထဲက ပွင့်ဖြူ ၊ စလင်း၊ စေတုတ္ထရာတို့ ၊ စစ်တွေ တို့မှာလည်း စံချိန်တင် ရေနစ်မြုပ်မှုဒဏ်ကို ပြည်သူတွေ ခံစား နေရတာပါပဲ။
           အခုလို အခြေ အနေ ဆိုးဆိုးဝါးဝါး ဖြစ်လာတော့မှ အစည်းအဝေး ထိုင်ကြတယ်။ ကူညီ ကယ်ဆယ်ရေး လုပ်ကြမယ်တဲ့။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်က လွဲလို့ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ မကွေးတိုင်း ဒေသကြီးတွေထဲက ဆည်တွေကလည်း ရေပိုတွေကို လွှတ်ထုတ်နေရပါပြီ။ တစ်နိုင်ငံလုံးမှာ ဆည်ရှိတဲ့ ဒေသ အနီးအနားက ပြည်သူတွေ စိုးရိမ်ပူပန်မှု မြင့်တက်နေတာပါ။
             ဒီဒေသတွေ တင်လား ဆိုတော့ မဟုတ်ပါဘူး။ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်တွေမှာလည်း ဒေသအလိုက် ရေကြီး ရေလျှံ မှုတွေ ခံစားနေရပါပြီ။ ကူညီ ကယ်ဆယ်ရေးတွေ လုပ်နေပါပြီ။ ဒါပေမဲ့ နောက်ကျခဲ့တယ် ဆိုတာတော့ ၀န်ခံရမှာပါပဲ။ သဘာဝ ဘေးအန္တရာယ်ဆိုးကြီး ဖြစ်တဲ့ နာဂစ်ကို ကြုံတွေ့ခဲ့ဖူးတဲ့ စီမံခန့်ခွဲခဲ့ သူတွေအနေနဲ့ အခုဘာလို့ တုံ့ပြန်မှု နောက်ကျခဲ့တာလဲ။
            သဘာဝဘေး အန္တရာယ် တစ်ခုခု ကျရောက်ခဲ့ပြီ ဆိုရင်တော့ ရုပ်ဝတ္ထူ ပစ္စည်းတွေက ပျက်စီးမှာပါပဲ။ အခုဆိုရင် လယ်ယာမြေတွေ ပျက်စီးတယ်။ အိုးအိမ် အဆောက်အဦတွေ ပျက်စီး ဆုံးရှုံးမယ်။ ဒီထက် ပိုဆိုးတာက အရေးပေါ် အခြေအနေ သတ်မှတ်တာ နောက်ကျခဲ့တာကြောင့် အသက်အန္တရာယ် ဆုံးရှုံးမှု ပိုများလာမှာကိုတော့ စိုးရိမ်ပါတယ်။
            အမျိုးသားရေး ဆိုပြီး တစာစာ အော်နေတဲ့ မျိုးချစ်ပုဂ္ဂိုလ်၊ သူဌေးကြီးတွေကလည်း နိုင်ငံတော် အကြီးအကဲတွေ မျက်နှာမြင်မှ လှူချင်တန်းချင် ကြတာကိုးဗျ။ အခုက ဘာနဲ့တူနေလဲဆိုရင် ရေဘေး ဒုက္ခသည်တွေက မြို့ထဲမှာ ရင်စို့လောက် ရေ၀င်နေချိန်မှ ကူညီကယ်ဆယ်ဖို့ အစည်းအဝေး လုပ်နေကြတုန်း။
             ရာသီဥတု ဖောက်ပြန်မယ်၊ မိုးရွာမယ်ဆိုတဲ့ အခြေအနေ၊ မုန်တိုင်း အခြေအနေတွေကို ကြိုသိနေပါလျက်နဲ့ ကြိုတင်စီမံခန့်ခွဲမှုတွေ နောက်ကျခဲ့တာကြောင့် ပြည်သူတွေ ရေဘေးဒုက္ခကို ပိုခံစားကြရတာပါပဲ။ ရေခဲတောင်တက်လို့ ပျောက်သွားတဲ့ သူတွေကိုတောင် အမေရိကန် ဒေါ်လာ သန်းနဲ့ချီသုံးပြီး ရှာဖွေမှုတွေ လုပ်ခဲ့သေးတာပဲ။ အခု ရေဘေးသင့်နေတဲ့ ပြည်သူတွေကလည်း သူတို့ကို အကူအညီ ပေးမယ့် သူတွေကို စောင့်မျှော်နေမှာ သေချာပါတယ်။ အချိန်ဆွဲတဲ့ အစည်းအဝေးတွေ လျော့ကြပေါ့ဗျာ။ အခုဆိုရင် အစားအစာတွေလည်း ရှားပါးကုန်ပြီ။
              နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ကြုံရတော့မယ်။ ရေဘေးထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ ကယ်ဆယ် ရတော့မယ်။ အချိန်ရှိပါလျက် ကြိုတင် မစီစဉ်ခဲ့တာကြောင့်ပိုပြီး ဆုံးရှုံးမှုတွေ ကြုံတွေ့ရတော့မှာပါပဲ။ ပိုပြီးဆိုးတာက ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ပါ။
               ရာသီဥတု ဆိုးဝါးတဲ့ ဒဏ်ကြောင့် ကူညီ ကယ်ဆယ်ရေးတွေ လုပ်ဖို့ ခဲယဉ်းနေတာပါပဲ။ သဘာဝ ဘေးအန္တရာယ် တစ်ခုခု ကျရောက်လာရင် တုံ့ပြန်ဆောင်ရွက်ဖို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေ ရှိပါလျှက်နဲ့ ဘာကြောင့်များ အဲဒီအဖွဲ့တွေက အသက်ဝင် အလုပ်လုပ်ဖို့ နှောင့်နှေးကြန့်ကြာ ခဲ့ရတာလဲ ဆိုတာ သေခြာပြန်ပြီး ဆန်းစစ်သင့်ပါတယ်။
                ပြည်သူတွေရဲ့ အသက်အိုးအိမ် ဆုံးရှုံးပျက်စီးမှုတွေ အတွက် ဘယ်သူတွေက တာဝန်ယူကြမှာလဲ။ သဘာဝ ဘေးအန္တရာယ် ဒဏ်ခံခဲ့ရတဲ့ ဒေသတွေရဲ့ ပြန်လည် တည်ဆောက်ရေးကို အချိန်တိုအတွင်း အသင့်တော်ဆုံး အခြေအနေ ပြန်ရောက်အောင် မှန်မှန်ကန်ကန် လုပ်ဆောင်ဖို့လည်း လိုပါတယ်။ ပြည်သူ့ ကိုယ်စားလှယ် ဆိုသူတွေအနေနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီက မဲပြားတွေကို ထိုင်ပြီး တွက်မနေကြပါနဲ့လို့ ပြောပါရစေဗျာ။
               ရေကြီးနစ်မြုပ်တဲ့ ဒေသတွေမှာ ပြည်သူတွေက အဆိုးဝါးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတယ် ဆိုတာ အစိုးရ တာဝန်ရှိသူတွေရော၊ ကိုယ်စားလှယ်တော်ကြီးတွေရော၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ခရိုနီပဲ ပြောပြော၊ အမျိုးသား လုပ်ငန်းရှင်ကြီးတွေပဲ ပြောပြော သတိပြုမိဖို့ လိုပါတယ်။ အချိန်က အသက်တမျှ အရေးကြီးနေကြောင်းပါ ခင်ဗျာ…။
The Messenger
http://www.messengerdaily.com
လူပေါင်း သိန်းနဲ့ချီပြီး ရေဘေးသင့်နေတာကြောင့် လာမယ့် ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ တခု ကျင်းပနိုင်ရေး အပေါ်မှာ နိုင်ငံရေးပါတီတွေ စိုးရိမ်နေကြပါတယ်။ လာမယ့် ရွေးကောက်ပွဲ တည်ငြိမ်ရေး အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းကို ထိထိရောက်ရောက် လုပ်နိုင်ဖို့ အရေးကြီးတယ်လို့လည်း ပြောဆိုလိုက်ကြပါတယ်။ ဆယ်စုနှစ်တွေ အတွင်း အလွတ်လပ်ဆုံး ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြတဲ့ လာမယ့် ရွေးကောက်ပွဲ အပေါ်မှာ ရေဘေးဒုက္ခကြောင့် ဘယ်လောက် သက်ရောက် မှု ရှိလာနိုင်မလဲ ဆိုတာကိုတော့ နိုင်ငံရေး ပါတီ တချို့ကို မသိင်္ဂီထိုက် ဆက်သွက် တင်ပြထားပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ ၃ လနီးပါးဘဲ လိုတော့တဲ့ အချိန်မှာ နိုင်ငံတ၀န်း ရေဘေး ဒုက္ခကြောင့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ရေးနဲ့ ရွေးကောက်ပွဲ တရားမျှတမှု ရှိရေးတို့ အတွက် နိုင်ငံရေး ပါတီတွေ စိုးရိမ်နေကြပါတယ်။ ရုတ်တရက် ကြုံတွေ့လာရတဲ့ ရေဘေးကြောင့် နိုင်ငံရေး ပါတီတွေ အနေနဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကိုတောင် အပြီးသတ် မတင်နိုင်ကြသေးပါဘူး။
ရေဘေးဒုက္ခ အခက်အခဲတွေသာ ပြေလည်အောင် မဖြေရှင်းနိုင်ရင်တော့ လာမယ့် ရွေးကောက်ပွဲ အခက်တွေ့နိုင်တယ်လို့ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်၊ ပါတီရဲ့ ပြောခွင့်ရလည်း ဖြစ်တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။
"ဒီအခြေအနေက မတည်ငြိမ်သွားရင်တော့ တော်တော် အခက်အခဲ ဖြစ်မယ်လို့တော့ ပြောချင်ပါတယ်။ ကျနော်တို့ တွက်ကြည့်တာတော့ အဲဒီ လူတွေက ရေဘေး ဒုက္ခနဲ့ ပတ်သက်ပြီးတော့ ဒုက္ခတွေ ခံစားနေရတဲ့ အခါမှာ ရွေးကောက်ပွဲ စိတ်ဝင်စားမှုက အများကြီး လျော့သွားတယ်။ အဲတော့ ပြည်သူတွေ ရေဘေးနဲ့ ပတ်သက်ပြီးတော့ ကင်းလွတ်သွားတဲ့ အချိန်မှာ ပြည်သူတွေ ရွေးကောက်ပွဲ စိတ်ဝင်စားလာအောင် အားလုံး ပြန်လည်ကြိုးစားကြဖို့ လိုလိမ့်မယ်လို့တော့ ကျနော်တို့ မှန်းဆပါတယ်။ ဆိုးဆိုးဝါးဝါးတော့ မသိဘူး ထိခိုက်မှု ရှိမှာကတော့ အမှန်ဘဲ။ ကျနော်တို့ကတော့ အားလုံး ပြန်လည်ပြီးတော့ ကောင်းမွန်သွားလို့ အားလုံးက ကူညီကြလို့ အဆင်ပြေသွားတာမျိုးကို မျှော်လင့်ပါတယ်။ အဲဒီလို မဖြစ်လာရင်တော့ တရားမျှတမှု ရွေးကောက်ပွဲ တရားမျှတမှု ဆိုတာ ဘယ်လိုမှ တွက်ဆလို့ မရနိုင်တဲ့ အခြေအနေ ရောက်သွားနိုင်တယ်လို့ မှန်းပါတယ်။"
ရေဘေးဒဏ်ကို အဆိုးရွားဆုံး ခံစားနေရပြီး အရေးပေါ် အခြေအနေ ကြေညာ ထားရတဲ့ ရခိုင်ပြည်နယ် တွင်းမှာလည်း ရွေးကောက်ပွဲ အတွက် စိုးရိမ်စရာတွေ ရှိနေတာပါ။ အိုးမဲ့ အိမ်မဲ့ နဲ့ အခက်အခဲ မျိုးစုံ ကြုံတွေ့နေရတဲ့ ရခိုင်ပြည်သူတွေကြား ရွေးကောက် ပွဲ အတွက် လှုပ်ရှားဆောင်ရွက်ဖို့ ဆိုတာက အင်မတင်မှ အခက်တွေ့တဲ့ ကိစ္စ ဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ်တွင်းမှာ အဓိက ယှဉ်ပြိုင်မယ့် ရခိုင် အမျိုးသားပါတီက ပြောပါတယ်။
လာမယ့် ရွေးကောက်ပွဲ တည်ငြိမ်ရေးအတွက် အစိုးရဘက်က ပြန်လည် ထူထောင်ရေးကို ဘယ်လောက် ထိရောက်အောင် လုပ်ဆောင်နိုင်မလဲ ဆိုတဲ့ အပေါ်မှာ မူတည်တယ်လို့လည်း ရခိုင်အမျိုးသားပါတီရဲ့ အကြီးအကဲ တဦးဖြစ်သူ ဒေါက်တာ အေးမောင်က ပြောပါတယ်။
"ရွေးကောက်ပွဲ ပျက်သွားနိုင်တဲ့ အနေအထားတော့ မရှိပါဘူး။ အစိုးရရဲ့ အင်မတန် ထိထိရောက်ရောက် ပူးပေါင်းပါဝင် ကူညီဖို့ လူထုရဲ့ ပူးပေါင်းပါဝင် ကူညီမှု အင်မတန် အရေးကြီးပါတယ်။ အချိန်တို အတွင်းမှာ သူတို့ရဲ့ ပုံမှန် ဘ၀ တခုကို ပြန်လည် ထူထောင်နိုင်အောင် ငွေကြေး ထောက်ပံ့ပေးတာမျိုး ကူညီပေးတာမျိုး နိုင်ငံတကာ အကူအညီတွေ အများကြီးရအောင် အစိုးရက မေတ္တာရပ်ခံပြီး တိုက်ရိုက်ကူညီမှုမျိုးနဲ့ အမြန်ဆုံး နာလန်ထအောင် လုပ်နိုင်မယ်ဆိုရင် ရွေးကောက်ပွဲ အပေါ်မှာ သိပ်ပြီး ဆိုးကျိုးသက်ရောက်ပြီး နောက်ဆုတ်ရတဲ့ အခြေအနေမျိုး လျော့သွားနိုင်ပါတယ်။"
ဆယ်စုနှစ်တွေ အတွင်း အလွတ်လပ်ဆုံး ကျင်းပနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတဲ့ လာမယ့် ရွေးကောက်ပွဲ ကျင်းပဖို့ လပိုင်းဘဲ လိုတဲ့ အချိန်မှာ နိုင်ငံ တ၀န်း ရေဘေး ဒုက္ခနဲ့ အကြီးအကျယ်ရင်ဆိုင်လာခဲ့ရတာပါ။ ဒီအခြေအနေ မှာ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေကြတဲ့ နိုင်ငံရေး ပါတီတွေကြား ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း တင်သွင်းဖို့က အစ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု အဆုံး နှောင့်နှေးမှုတွေ ကြုံနေကြရတာ ဖြစ်ပါတယ်။
ဒီနှစ် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပါတီသစ်တွေ အနေနဲ့လည်း အခက်တွေ့နေကြပါတယ်။ လူ့ဘောင်သစ် ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးကိုကိုအောင်က အခုလို ပြောပါတယ်။
"ကျနော်တို့က ရွှေ့စေချင်တယ်။ ဘာကြောင့် ရွှေ့စေချင်သလဲ ဆိုရင် ကျနော်တို့ ပါတီ တခုတည်း အနေနဲ့ ပဏာမ ပြောမယ်ဆိုလို့ ရှိရင် ကျနော်တို့ ပါတီက မှတ်ပုံတင်ခွင့် ရတာက ဇွန်လ ၃ ရက်နေ့ကမှ ရတယ်ပေါ့ဗျာ။ အဲဒီ အခါမှာ ကျနော်တို့ရဲ့ စည်းရုံးရတဲ့ ကိစ္စတွေ လှုပ်ရှားရတဲ့ ကိစ္စတွေ ပါတီ တခုအနေနဲ့ ပြောရရင် အင်မတန် အချိန်တိုတောင်းပါတယ်။"
နိုင်ငံတ၀န်း ရေဘေးဒဏ်ကို လနဲ့ချီ ကြုံတွေ့လာခဲ့တဲ့နောက် အစိုးရက ပြည်နယ်နဲ့ တိုင်းဒေသကြီး ၄ ခုတို့ကို အရေးပေါ် အခြေအနေ ကြေညာ ခဲ့အပြီး မှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း လက်ခံမယ့် ရက်ကို သတင်းတပတ် ထပ်တိုးပေးခဲ့ပါတယ်။
ရေဘေးသင့်သူတွေ မဲပေးခွင့်ရဖို့လည်း ဆောင်ရွက်ပေးမယ် လို့ ရွေးကောက် ပွဲ ကော်မရှင်က ပြောဆိုထားပေမယ့် ရွေးကောက်ပွဲရက် အပြောင်းအလဲတော့ မရှိသေးပါဘူး။ သြဂုတ်လ ၆ ရက်နေ့ အထိ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ်လောင်း ၉၆၂ ဦးနဲ့ အများဆုံး တင်သွင်းထားနိုင်ပြီး အရင် ဦးနေ၀င်း အစိုးရ ကျောထောက်နောက်ခံ ပါတီ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ကိုယ်စားလှယ်ပေါင်း ၅၆၄ ဦးနဲ့ ဒုတိယ အများဆုံး တင်သွင်းထားပါတယ်။
အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ကိုယ်စားလှယ် ဦးရေ ၃၃၀ ဘဲ တင်သွင်းထားသေးတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပြီး တသီးပုဂ္ဂလနဲ့ နိုင်ငံရေး ပါတီပေါင်း ၆၇ ခုတို့က ကိုယ်စားလှယ် ၃၀၅၄ ဦးတို့ တင်သွင်းထားပြီးလည်း ဖြစ်ပါတယ်။
သိင်္ဂီထိုက်/VOA
http://burmese.voanews.com/content/politicians-concern-floods-affecting-upcoming-election/2906417.html
လာမယ့်ရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်း ၄ ဦးကို မြို့နယ် ပါတီဝင်တွေက လက်မခံနိုင်တဲ့အတွက် အစားထိုးပေးဖို့ ဒီနေ့ လူတွေရာနဲ့ချီ ဆန္ဒပြတောင်းဆိုကြပါတယ်။
ရပ်ကွက်၊ ကျေးရွာနဲ့ မြို့နယ်အဆင့်ဆင့်က မဲပေးရွေးချယ်လိုက်သူတွေ မပါတာကြောင့် တောင်းဆိုတာဖြစ်တယ်လို့ ဒီနေ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ပခုက္ကူမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာအုပ်စု NLD အလုပ်အမှုဆောင် ဦးကျော်ဝင်းအောင်က ပြောပါတယ်။
"ဒီပြင့်မြို့နယ်တွေမှာ ၅ဝ ရာခိုင်နှုန်းတို့ ၃ ယောက်တစ်ယောက်တို့ ဒီလိုလေးတွေ သုံးချိုးတစ်ချိုးတို့ ဒီလိုလေးတွေယှဉ်တာလေ၊ ကျနော်တို့မြို့နယ်တွေမှာတော့ မဟုတ်ဘူး၊ ရာနှုန်းပြည့် ပြည်သူမကြိုက်တာဖြစ်သွားတယ်၊ တင်လိုက်တဲ့ ၄ ယောက်မကျပဲနဲ့ မတင်လိုက်တဲ့လူ ၄ ယောက်ကျလာတယ် အဲ့ဒီလိုဖြစ်တယ်"
ပါတီဗဟိုရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို မကျေနပ်တာကြောင့် ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသန့်ရှင်းက ပြီးခဲ့တဲ့ရက်ပိုင်းက ပါတီကနေ နှုတ်ထွက်ကြောင်း စာတင်လိုက်ပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပါတီဗဟိုက ရွေးချယ်လိုက်သူတချို့ကို မြို့နယ်အဆင့်ပါတီဝင်တွေက လက်မခံနိုင်တာကြောင့် တိုင်တန်းထားတယ်လို့ မိတ္ထီလာမြို့နယ် အန်အယ်လ်ဒီပါတီဝင် ဦးအေးလွင်က ပြောပါတယ်။
"ဦးသန်းစိုးဆိုတာက အမျိုးသားလွှတ်တော်မှာ မဲအရေအတွက်က ၁၆ မဲရတယ်ဗျ၊ နောကပ်ပြီးတော့ ဦးမျိုးညွန့်က အရန်က ၁၂ မဲရတယ်ဗျ၊ အမျိုးသားလွှတ်တော်မှာ တစ်ယောက်မှပါမလာပဲနဲ့ ဗဟိုဦးစီစနစ်က ကျင့်သုံးပြီးတော့ ရွှေဘိုကလို့ပြောတယ်ဗျ၊ အဲ့ဒီကိုယ်စားလှယ်ကို ပေးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ပါတီဝင်တစ်ဦးအပါအဝင် ကျနော်တို့ မြို့မိမြို့ဖနဲ့ အောင်နိုင်ရေးအဖွဲ့က မကျေနပ်လို့ဖြစ်ပါတယ်ဗျ၊ ပြည်သူ့လွှတ်တော်မှာ ကျနော်တို့ ဒေါက်တာ ဝင်းစိုးကို ကျနော်တို့ ကျေနပ်ပါတယ်၊ တိုင်းဒေသကြီးအဆင့်ကို ဒေါက်တာ တင်စိုးကို ကျနော်တို့ မြို့နယ်ကတင်တဲ့အမတ်ပါ၊ ကျနော်တို့ ကျေနပ်ပါတယ်၊ တိုင်းဒေသကြီးအဆင့်ကတော့ ကျနော်တို့ ပါတီဝင်တို့နဲ့ မြို့သူမြို့သားအားလုံး လက်မခံတဲ့ပုဂ္ဂိုလ် ဦးတင်ကိုကို စပြီးတော့ ကျနော်တို့ မကျေနပ်တာ"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၁၁၃၃ ယောက်ရဲ့ အမည်စာရင်းတွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
RFA
Kalay 07082015(2
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရေကြီးပြီးနောက် ရေပြန်ကျသွားပေမယ့် နေအိမ်တွေကို ရွှံ့နွံတွေနဲ့ ဖုံးလွှမ်းနေတဲ့အတွက် အိမ်မှာပြန်လို့မရတဲ့အနေအထားဖြစ်သလို ဒေသခံတွေအနေနဲ့ နေထိုင် စားသောက်ရေးအတွက် အခက်အခဲကြုံနေရပါတယ်။
ကလေးမြို့က မေတ္တာရှင်မရဟိတလူမှုအဖွဲ့က ဦးနဂါးကတော့ သူတိုဆီမှာ အကူအညီ မရောက်ဘဲ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“ရေကျသွားပေမယ့် ကျနော်တို့ မြို့ရွာထဲတွေက ကြက်တွေ၊ ၀က်တွေ၊ အကုန်လုံးသေတဲ့ အခါကျ တော့ နေလို့မရဘူး။ နွံတွေကလည်း အိမ်တွေမှာ ၄ ပေလောက်တက်နေတယ်။ နွံတွေနဲ့ ဆိုတော့ မြောင်းတွေက အကုန်ပိတ်ပြီးတော့ ဘယ်လိုမှ လူတွေက နေလို့မရဘူး။ ရေတွင်းနေရာကို နွံတွေဖို့တဲ့ အခါကျတော့ သောက်ရေအခက်အခဲရှိတော့ ပြန်လာနေလို့မရဘူး။ အိမ်ကို ပြန်တော့လည်း ဘာမှ မရှိတော့ဘူး။ စားဖို့သောက်ဖို့တွေက အကုန်လုံး အခက်အခဲဖြစ်နေပါတယ်။”
လက်ရှိ ကလေးမြို့ပေါ်မှာ ရပ်ကွက် ၁၉ ခုရှိပြီး အားလုံးနီးပါး ရေတွေမြုပ်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် လက်ရှိ ဒေသခံ ပြည်သူတွေအနေနဲ့ ချင်းတောင်ဘက်နဲ့နီးတဲ့ ကုန်မြင့်ဒေသက ယာယီ ဒုက္ခသည်းစခန်းတွေမှာ ဆက်ပြီး နေထိုင်ကြရတယ်လို့လည်း ဦးနဂါးက ပြောပါတယ်။
ကလေးမြို့ဟာ ကဘော်ချိုင့်ဝှမ်းနဲ့ ဆက်ထားတဲ့ ကလေးချိုင့်ဝှမ်းလွင်ပြင်ထဲမှာ ရှိနေပြီး ချင်းတောင်တန်းတွေရဲ့ အခြေမှာရှိနေတဲ့ မြို့တမြို့ဖြစ်ပါတယ်။
ကလေးမြို့ဟာ ချင်းတွင်းမြစ်ရဲ့ အကြီးဆုံးမြစ်လက်တက်ဖြစ်တဲ့ မြစ်သာမြစ်ရဲ့ ကမ်းဘေးမှာရှိနေတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မိုးများပြီး ကျလာတဲ့ရေကြောင့် ဇူလိုင်လ ၃၀ ရက်နေ့လောက်တည်းက မြို့ပေါ် ရေတက်ပြီး ဒေသခံပြည်သူတွေ ပြောင်းရွှေ့ နေထိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။
ရေကြီးမှုအနေအထားက နှစ်ပေါင်း လေးဆယ်အတွင်း အဆိုးဆုံး အခြေအနေမှာရှိနေတယ်လို့ အသက် ၆၀ အရွယ် ဒေသခံတဦးက ဒီဗွီဘီကို ပြောခဲ့ပါတယ်။
DVB
http://burmese.dvb.no/archives/106590
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ သြဂုတ်လ ၇ ရက်နေ့က တောင်ငူမြို့ကို ခရီးထွက်နေပြီး ခရီးစဉ်မှာ လမ်းခရီးတလျှေက်က မြို့တချို့မှာလည်း လူထုကို တွေ့ဆုံမှုတွေ ပြူလုပ်ပါတယ်။ ပဲခူးမြို့အရောက် မနက်ပိုင်းက အရာတော်မြို့နယ်မှာ ဒေသခံတွေကို ဟောပြောပါတယ်။
အန်အယ်လ်ဒီပါတီက ရွေးကောက်ပွဲဝင်ပြိုင်မယ့် တချို့ကိုယ်စားလှယ်လောင်းတွေကို မရွေးချယ်ပဲထားခဲ့ရတာက ရွေးကောက်ပွဲဥပဒေအရ ဒီနိုင်ငံမှာ ၁၀ နှစ်ဆက်တိုက် မနေခဲ့တာကြောင့်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့ ဘုရားကြီးမြို့နယ်မှာ လူထုကို ပြောကြားပါတယ်။
ရိုက်ကူး – ကောင်းထက်ကျော်
DVB
ပုသိမ်၊ ကျောင်းကုန်း၊ ဒါးက၊ ကန်ကြီးဒေါင့်၊ သာပေါင်း၊ ညောင်တုန်းမြို့များ၏ ရေဘေးအခြေအနေကို သြဂုတ်လ(၇)ရက်နေ့ ညနေ (၆)နာရီအချိန် ဆက်သွယ်မေးမြန်းချက်
"မြစ်ရေတောက်လျှောက်တိုးလာနေပြီး အချို့ ဒေသများတွင် ရေကြီးနစ်မြုပ်မှုဆိုးရွားလာ"
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ထွက်ခွာခဲ့သည့် မြန်မာများ၊ ကိုယ့်တိုင်းပြည်သို့ ခေတ္တခဏပြန်လာကြသည်။ တချို့လည်း အပြီးပြန်လာကြ သည်။ အင်္ဂလန်သို့ ထွက်သွားသည့် မိတ်ဆွေတယောက် ခေတ္တ ပြန်လာစဉ်
''အပြီး ပြန်မလာတော့ဘူးလား''ဟု မေးမြန်းမိပါသည်။
သူက သူ့ခင်ပွန်းကျန်းမာရေးကိုငဲ့၍ ပြန်မလာတော့ဟု ပြန်ဖြေပါသည်။
''မြန်မာပြည်မှာလည်း ပုဂ္ဂလိကအထူးကုဆေးရုံတွေ အများကြီးရှိနေပြီ''ဟု ကျွန်မက ထပ်ကွန့်လိုက်ရာ မိတ်ဆွေ က ရှင်းပြပါသည်။
တနေ့ နံနက်တွင် သူက မီးဖိုထဲ၌ ချက်ပြုတ်နေစဉ် သူ့ခင်ပွန်း လမ်းလျှောက်ထွက်သွားသည်ကို သိလိုက်သည်။ ဟင်းချက်နေစဉ် အရေးပေါ်လူနာတင်ကား သူတို့အိမ်ရှေ့လာရပ်သဖြင့် အိမ်မှားရပ်သည်ထင်ပြီး ဟင်းချက် နေရာမှ သူအိမ်ရှေ့သို့ ထွက်လာသည်။ အရေးပေါ်လူနာတင်ယာဉ်ပေါ်မှ လူများက သည်အိမ်လိပ်စာဖြင့် ခေါ်ထားကြောင်း ပြန်ပြောသည်။ အရေးပေါ် ၁၉၉ ကို ခေါ်ထားသည့် ဖုန်းနံပါတ်က သူ့ခင်ပွန်းဖုန်းနံပါတ်။
သူ့စိတ်တွင် ခင်ပွန်းဖြစ်သူ လမ်းလျှောက်ထွက်နေဆဲဟုထင်နေသည်။ ဖိနပ်ချွတ်တွင် ခင်ပွန်းဖိနပ်တွေ့မှ သူ အိပ်ခန်းထဲပြေးဝင်ကြည့်တော့ သူ့ခင်ပွန်း အိပ်ခန်းထဲတွင် သတိလစ်နေသည်။ သို့ဖြင့် အရေးပေါ် လူနာတင် ယာဉ်ပေါ် သတိလစ်နေသော ခင်ပွန်းကိုတင်ပြီး သူပါလိုက်ခဲ့ရတော့သည်။
ဆေးရုံရောက်တော့ အရေးပေါ်အ၀င်ဝတွင် တာဝန်ကျဆရာဝန်နှင့် သူနာပြုများက အဆင်သင့် စောင့်ကြိုနေ သည်။ အရေးပေါ်ကုသမှု ချက်ချင်းဆောင်ရွက်ပေးသည်။ သူ့ခင်ပွန်းမှာ ဒုတိယအကြိမ် နှလုံးရောဂါ (Second Heart Attack)၏ တိုက်ခိုက်မှုကိုခံရခြင်းဖြစ်သည်။ ဆရာဝန်က နောက်ထပ် ငါးမိနစ်နောက်ကျပါက အသက် ဆုံးရှုံးမည်။ အချိန်မီရောက်လာ၍ ကံကောင်းသည်ဟုပြော၏။ သည်ဖြစ်ရပ်ကြောင့် သူတို့မိသားစု မြန်မာပြည်သို့ အပြီးပြန်ရန် မူလစိတ်ကူးကို ဖျက်သိမ်းလိုက်ရသည်ဟု ပြန်ရှင်းပြပါသည်။
မိတ်ဆွေ၏စကားဆုံးသော် ကျွန်မ နှုတ်ဆိတ်သွားပါသည်။ ကိုယ်တွေ့ကြုံဖူးသည်က ရပ်ကွက်နှင့် မလှမ်းမကမ်း တွင် မီးလောင်စဉ် ၁၉၉ ကို ခေါ်ဖူးသည်။ ကိုင်မည့်သူမရှိ။
အကယ်၍ မိတ်ဆွေ၏ခင်ပွန်းသည်ကဲ့သို့ ရုတ်တရက် နှလုံးရောဂါခံစားရသူအတွက် အရေးပေါ်ကားခေါ်၍ ရောက်လာသည်ထားဦး။ ယနေ့ ရန်ကုန်လမ်းပိတ်ပုံနှင့် အရေးပေါ်လူနာတင်ကားကို လမ်းပေးရကောင်းမှန်း မသိသော မြန်မာပြည်မှယာဉ်မောင်းများနှင့် လမ်းပေးရကောင်းမှန်းသိလျှင်ပင် ရှောင်ပေးစရာလမ်းမရှိသော လက်ရှိရန်ကုန်အခြေအနေကြောင့် နှလုံးရောဂါသည်ခမျာ လူနာတင်ယာဉ်ပေါ်၌ပင် အသက်ထွက်ဖွယ် ကြုံရနိုင် ပါသည်။
''လူတိုင်းကို ကားစီးစေချင်သည့်စေတနာပါ''ဟု ကားတင်သွင်းခွင့်နှင့်ပတ်သက်၍ ဖြေလျော့စဉ်က သမ္မတကြီး ဦးသိန်းစိန်သည် အလွယ်ပြောနိုင်ခဲ့ပါသည်။ သို့သော် ရန်ကုန်တွင် ယာဉ်ကြောများကျပ်၍ ဒုက္ခရောက်ကြသော အခါ သမ္မတက ၃ လအတွင်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းစေဟု အမိန့်ပေးသော်လည်း ၃ လ သုံးပြန်ကြာ ခဲ့ပြီးသည်ထိ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို မဖြေရှင်းနိုင်ပေ။
၂၀၁၅ ဇူလိုင်လဆန်းကတည်းက တချို့ဒေသများတွင် မိုးသည်းထန်စွာရွာခဲ့သည်။ မှတ်မှတ်ရရ မေလထဲတွင် စစ်ကိုင်းတိုင်းက မြောင်မြို့နယ်၌ မိုးသည်းထန်စွာရွာ၍ ရှင် ၅၀၀ ရှင်ပြုပွဲမဏ္ဍပ်များ ရေထဲမျောကုန်သည်။ ထိုပွဲသို့ တက်ရောက်မည့်အစီအစဉ်ကို ဦးသိန်းစိန်ဖျက်လိုက်ရသည်။ ဇူလိုင်လဆန်းမှစ၍ မြန်မာတပြည်လုံး မိုးများလာချိန်တွင် ရေလွှမ်းမိုးသည့် ရေဘေးဒုက္ခကို စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာတချို့ စတင်ခံစားရတော့ သည်။
ကောလင်းမြို့ ရေလွှမ်းခံရပုံများ ဖေ့စ်ဘုတ်တွင် တပုံပြီးတပုံတက်လာသည်။ ထုံးစံအတိုင်း အစိုးရ၏ ရေဘေး ကယ်ဆယ်စောင့်ရှောက်မှုက နောက်ကျပြီး ကိုယ်ထူကိုယ်ထ ပရဟိတအဖွဲ့များ ကောလင်းသို့ ပြေးလွှားကယ် ဆယ်ကြရသည်။ ဇူလိုင် ၁၉ ရက်နောက်ပိုင်း နေ့စဉ်ရက်ဆက် မိုးရွာသဖြင့် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တွင်းရှိ နေရာဒေသအတော်များများ ရေဘေးဒုက္ခကြုံကြရသည်။
၂၇-၇-၂၀၁၅ ရက်နေ့တွင် မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က လက်ရှိမိုးလေ၀သ အခြေအနေကိုရှင်းပြ ပြီး တပြည်လုံးအတိုင်းအတာအနေဖြင့် အရေးပေါ်အခြေအနေကြေညာသင့်ကြောင်း၊ သူ၏ဖေ့စ်ဘုတ်စာမျက်နှာ တွင် ရေးသားခဲ့သည်။
အစိုးရကား အရေးပေါ်အခြေအနေမကြေညာ။ ထိုအချိန်တွင် ရေဘေးသင့်နေရာဒေသများသို့ သွားရောက်ကူညီ သည့်သူများ၊ အဖွဲ့များကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်များအား ဦးစွာတင်ပြခွင့်တောင်းရမည်ဆိုသော သတင်းများထွက်လာသည်။ ဆက်လက်ရွာသွန်းသောမိုးကြောင့် ဦးထွန်းလွင်၏ကြေညာချက်ထွက်ပြီး ရက်ပိုင်း အတွင်း တိုင်းနှင့်ပြည်နယ် ၁၁ ထိ ရေလွှမ်းမိုးမှုဒဏ်ခံနေရပြီဖြစ်သည်။
စင်စစ် မိမိတာဝန်ယူအုပ်ချုပ်နေသည့်နေရာဒေသတွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက ကူညီကယ် ဆယ်ရန် တာဝန်အရှိဆုံးအဖွဲ့အစည်းသည် ထိုဒေသ၏အာဏာပိုင်များဖြစ်သည်။ ရေလွှမ်းမိုးသည်ကို တာဝန်ရှိ သူများက ကူညီကယ်ဆယ်ရန် နှောင့်နှေးချိန်တွင် မနေနိုင်သူများက အပြေးအလွှားလာပြီး ကယ်ဆယ်ကူညီ ခြင်းအပေါ် ကျေးဇူးပင်တင်စရာကောင်းပေသည်။ အရေးပေါ်အခြေအနေ၌ပင် မိမိကိုယ်တိုင်က ကရုဏာမေတ္တာ ထား၍ မြန်မြန်ဆန်ဆန် တာဝန်မယူရုံသာမက ကြိုးနီစနစ်ကို ပြန်ထုတ်ပြပြီး ခွင့်ပြုမိန့်တောင်းခိုင်းသည်မှာ အလွန်ညံ့ဖျင်းသော စီမံအုပ်ချုပ်မှုဖြစ်ရုံသာမက လူစိတ်ကင်းသည့် စီမံခန့်ခွဲမှုဖြစ်သည်။
သည်တွင် ၂၀၀၈ မေလက ဖြစ်ပေါ်ခဲ့သော နာဂစ်မုန်တိုင်းကို ပြန်သတိရရပါသည်။ နာဂစ်ဒဏ်ခံရသော နေရာ ဒေသများသို့ နအဖအစိုးရက ကယ်ဆယ်ရေးမလုပ်ဆောင်မီ ပုဂ္ဂလိကများ၊ ပုဂ္ဂလိကလူမှုရေးအသင်းအဖွဲ့များ က ချက်ချင်းသွားရောက်ကူညီကြသည်။ ထိုပုဂ္ဂိုလ်များ၊ အဖွဲ့များသည် သက်ဆိုင်ရာဒေသအာဏာပိုင်များ၏ တားဆီးခြင်းခံရသူက ခံကြရသည်။ ဖမ်းဆီးထောင်ချခံသူများက ထောင်ကျခံခဲ့ကြရသည်။
လူသိန်းချီသေ၊ သိန်းချီပျောက်ဆုံးပြီး နေစရာ၊ စားစရာ ဘာမှမရှိသော နာဂစ်ဒဏ်ခံရသူများအား နအဖအစိုးရ ၏ မည်သည့်ထိပ်တန်းခေါင်းဆောင်မှ သွားရောက်ကြည့်ရှုခြင်းမရှိ။ နာဂစ်နှင့်ရက်ပိုင်း မျှခြားပြီး တရုတ်တွင် မြေ ငလျင်ပြင်းစွာလှုပ်သည်။ ငလျင်ဒဏ်ခံ လူထုထံတရုတ်ဝန်ကြီးချုပ်ဝမ်ကြားပေါင်နှင့် ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းရောက် သွားသည်။
ငလျင်ဒဏ်ခံ တရုတ်လူထုထံ ၀မ်ကြားပေါင်သွားပြီး နောက်တရက်လား၊ နှစ်ရက်လားတွင်မှ ထိုစဉ်က မြန်မာ နအဖ၏၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် နာဂစ်ဒဏ်ခံ လူထုထံဆင်းလာသည်။
ဝမ်ကြားပေါင်တရုတ်လူထုနှင့် နီးကပ်ထဲဝင်စွာသွားလာနေပုံ၊ မျက်နှာတွင် စိတ်ထိခိုက်ပုံမျိုး၊ ဗိုလ်ချုပ်ကြီးသိန်းစိန်တွင် ဘာမျှမတွေ့ရ။
နာဂစ်ဒဏ်ခံလူထုက မတ်တတ်ရပ်စီတန်းနေကြပြီး ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်အဖွဲ့က ထိုသူများရှေ့မှ ဖြတ် လျှောက်သည့်ပုံများကိုသာ မြင်ရသည်။ စက်ရုပ်မျက်နှာနင့်တူသော ဗိုလ်ချုပ်ကြီးသိန်းစိန်မျက်နှာပေါ်တွင် ၀မ်ကြားပေါင်မျက်နှာတွင် တွေ့ရသော စိတ်မကောင်းဖြစ်မှု၊ ၀မ်းနည်း ခံစားရမှုမျိုး ဘာမျှမတွေ့ရ။
နိုင်ငံတကာမှ အကူအညီလေယာဉ်များ၊ သင်္ဘောများကို နအဖက လက်မခံသဖြင့် ကမ္ဘာနှင့် နအဖ အချီအချ စကားပြောနေကြစဉ် တရုတ်တွင် နိုင်ငံတကာမှ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့်လေယာဉ်များ ဥဒဟိုဝင်ထွက်နေပြီ။
တရုတ်ငလျင်သည် မြန်မာနာဂစ်ထက် နောက်ကျသော်လည်း နိုင်ငံတကာ၏ကူညီထောက်ပံ့မှုကို ငလျင်ဒဏ်ခံ တရုတ်လူထုက ဦးစွာခံစားရသည်။ တရုတ်လူထုထက်နောက်ကျပြီးမှ မြန်မာနိုင်ငံ၏ နာဂစ်ဒဏ်ခံပြည်သူများ နိုင်ငံတကာက ပေးပို့သည့်ကူညီထောင်ပံ့မှုကို ခံစားကြရသည်။
သိန်းချီသော ပြည်သူလူထု သေရေးရှင်ရေးဘေးဒုက္ခကြုံရချိန်တွင် မိမိကိုယ်တိုင်က ကယ်ဆယ်စောင့်ရှောက်ရန် အထနှေးသော မြန်မာအစိုးရသည် ကချင်ပြည်နယ်ရှိ ရေခဲတောင်တတောင်ပေါ်တွင် ရဟတ်ယာဉ် စက်ချို့ယွင်း ပြီး သောင်တင်နေသော ဦးတေဇနှင့်အဖွဲ့(စုစုပေါင်း လူလေး၊ ငါးယောက်)ကို ကယ်တင်ရန် ဆုံးဖြတ်ပုံက မြန်ဆန်လှသည်ဟု သူတို့နှင့် နီးစပ်သူတချို့က ဆိုသည်။
နအဖနှင့်နီးစပ်သူတချို့က ဦးတေဇနှင့်အဖွဲ့ကိုကယ်ရန် ဗိုလ်ချုပ်ကြီးမောင်အေးကိုယ်တိုင် ထိုင်းမှကယ်ဆယ် ရေးအဖွဲ့တဖွဲ့ကို လှမ်းပြီးငှားရမ်းသည်။ ထိုင်းက လက်မခံသဖြင့် နီပေါမှကယ်ဆယ်ရေးအဖွဲ့ကို ငှားခဲ့ရသည် ဆို၏။ ထိုနီးစပ်သူက ဆက်ပြောသည်မှာ နာဂစ်ကြောင့် ဘယ်သူသေသေ၊ ထိုသေဆုံးသူများက သူတို့၏ စီးပွားဘက်မဟုတ်။ ဦးတေဇသေ၍မဖြစ်။ ဦးတေဇသည် ထိတ်တန်းစစ်ဗိုလ်များအတွက် တာဝန်ခံစီးပွားရှာပေး နေရသူဟု ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ ပြည်သူ့ဆေးရုံများသို့ သွားသောလူနာမှန်သမျှ ဂွမ်းက အစ၊ ဆေးအလယ်၊ လက်တွန်းလှည်းခ၊ ဆရာဝန်၊ သူနာပြုကန်တော့ကြေးအဆုံး ငွေထုတ်သုံးကြရသည်။ ငွေမတတ်နိုင်သော လူနာများက ပြင်ပဆေးဆိုင်များမှ စပ်ဆေးများ ၀ယ်သောက်ကြသည်။ ငွေတတ်နိုင်သူများ က ပြည်ပသို့ထွက်၍ ဆေးကုကြသည်။
၂၀၁၂ တွင် ရန်ကုန်ဆေးရုံကြီးသို့ လူနာသတင်းပေးသွားသည့် ဒေါ်အောင်ဆန်းစုကြည်က ညစ်ပတ်စုတ်ပြတ် နေသော ရန်ကုန်ဆေးရုံကြီးကို မျက်ဝါးထင်ထင်တွေ့ရရာမှ ပြည်ပအကူအညီဖြင့် ရန်ကုန်ဆေးရုံကြီး ပြန်လည် ပြုပြင်ရေး စတင်ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို မမြင်ရတော့ဘဲ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ၀င်ရောက်လုပ်ဆောင်သည်ကိုတွေ့ရ၏။ ထို့နောက် အစိုးရက ဆေးရုံမှာ အသုံးစရိတ် နည်းနည်းတိုးပေးလာသည်။ ဆေးရုံတက်လျှင် ယခင်လောက် ငွေမထုတ်ရတော့ဟု ကြားရသည်။
ဇူလိုင် ၉ ရက်နေ့တွင် ပြည်ခိုင်ဖြိုးပါတီ၏ အတိုင်ပင်ခံဗဟိုအဖွဲ့ဝင် ဦးအောင်သောင်း၏ ကျန်းမာရေးမသက်သာ သောကြောင့် လေယာဉ်စင်းလုံးငှားကာ စင်ကာပူဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ထိုဆေးရုံသည် ဒီပဲယင်းလုပ်ကြံမှု တွင် တာဝန်ယူခဲ့ရသည်ဟု စွပ်စွဲခံရသည့် ဗိုလ်ချုပ်ကြီးစိုးဝင်း တက်ရောက်ခဲ့သော ဆေးရုံဟုဆိုကြသည်။
ထိုဆေးရုံတွင် ဦးအောင်သောင်းအတွက် လူနာခန်းကို မည်သို့ယူကြောင်း မသိရသော်လည်း ဗိုလ်ချုပ်ကြီးစိုးဝင်း ဆေးရုံတက်စဉ်က သူ့ကိုထားသည့်အခန်းရှိရာ အဆောက်တခုလုံးကို ငှားခဲ့သည်ဆို၏။
ဆေးရုံထဲ စင်ကာပူ ရောက်မြန်မာများ ၀င်ပြီးသတင်းထောက်လှမ်းမည်ကိုစိုးရိမ်၍လည်းကောင်း၊ ဒီပဲယင်းလုပ်ကြံမှုအတွက် ၀င် ရောက်လက်စားချေမည်ကို စိုးရိမ်၍လည်းကောင်း တဆောင်လုံးငှားခြင်းဖြစ်သည်ဟု စင်ကာပူရောက် မြန်မာ များက ပြောကြားသည်။
ဦးအောင်သောင်းအတွက် အသွား၊ အပြန် လေယာဉ်စင်းလုံးငှားခ၊ ဗိုလ်ချုပ်ကြီးစိုးဝင်းအတွက် လူနာတယောက် အခန်းမဟုတ်ဘဲ၊ တဆောင်လုံးငှားခကို မည်သည့်ငွေဖြင့်သုံးကြောင်း မြန်မာလူထုမသိရပေ။ နိုင်ငံတော် ဘတ်ဂျက်မှ ကျခံသည်လော။ သူတို့၏ ကြွယ်ဝလှသော ကိုယ်ပိုင်ငွေဖြင့် ကျခံခြင်းလော။ မည်သည့်မြန်မာ လူထုမျှ မသိကြပေ။
နိုင်ငံတော်ဘတ်ဂျက်ဖြင့် သုံးစွဲသည်ဆိုပါက လူထုအတွက် ကျန်းမာရေးအသုံးစရိတ်ပေးရန် တွန့်တိုအထနှေး လုသော မြန်မာအစိုးရသည် မြန်မာလူထုက မနှစ်မြို့သော ဦးအောင်သောင်းတယောက်အတွက် ဗိုလ်ချုပ်ကြီး စိုးဝင်းတယောက်အတွက်မူ လက်သွက်တာဝန်ကျေလှသည်ဟု ဆိုရပေမည်။
မြောက်ကိုရီးယားထဲခိုးဝင်သည့် အမေရိကန်နိုင်ငံသားကို မြောက်ကိုရီးယားက ပြစ်ဒဏ်ပြင်းစွာချမှတ်သည်။ ထိုအခါ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာကိုယ်တိုင် မြောက်ကိုရီးယားသို့သွားပြီး မြောက်ကိုရီးယား အစိုးရနှင့် ညှိနှိုင်းကာ ပြစ်ဒဏ်ကျအမေရိကန်နိုင်ငံသားကို ပြန်ထုတ်ယူသည်။
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ဝင်းထဲသို့ ၀င်ရောက်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရသော ဂျွန်ယက်တောကို အမေရိကန်လွှတ်တော်အမတ်တဦးရောက်လာပြီး ပြန်လည်ခေါ်ထုတ်သွားသည်။
လွန်ခဲ့သော လေးနှစ်ခန့်က မူးယစ်ဆေးဝါးမှု၊ တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်မှုဖြင့် မြန်မာနိုင်ငံသား နော်ခမ်းကို တရုတ်က ရုံးတင်စစ်ဆေးခဲ့သည်။ လူမဆန်သောနည်းများဖြင့် နော်ခမ်းကို စစ်ဆေးပုံများကို တရုတ်ရုပ်/သံက ထုတ်လွှင့်ပြခဲ့သည်။ ထို့နောက် နော်ခမ်းကို သေဒဏ်စီရင်လိုက်သည်။
နော်ခမ်းက မြန်မာအစိုးရကိုလည်း ဝေစုပေးခဲ့ရသည်ဟု အတည်မပြုနိုင်သော သတင်းများကဆိုသည်။ မြန်မာ အစိုးရသည် မိမိနိုင်ငံသား နော်ခမ်းအား လူမဆန်သောနည်းလမ်းများသုံး၍ အမှုစစ်ဆေးသော တရုတ်အစိုးရ ကို ကန့်ကွက်စကားတခွန်းပင် မပြောဝံ့ခဲ့။ နော်ခမ်းကို ကယ်ထုတ်ရန်ကား စိုးစဉ်းမျှပင် တာဝန်ရှိသည်ဟု ခံယူပုံ မပေါ်။
၂၀၁၄ အောက်တိုဘာလထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားနှစ်ဦး ဗြိတိန်စုံတွဲသတ်မှုဖြင့် ဖမ်းဆီးခံရ သည်။ မြန်မာနှစ်ဦးသည် တရားခံအစစ်ဟုတ်သည်၊ မဟုတ်ဘူး ငြင်းခုံသံများ ဆူညံလာစဉ် ထိုင်းနိုင်ငံရှိ မြန်မာလူမှုအဖွဲ့အစည်းများက ယင်းမြန်မာနှစ်ဦး လွတ်ရာလွတ်ကြောင်း ကြိုးစားကြသည်။ မြန်မာအစိုးရက နောက်ပိုင်းတွင် အနည်းအကျဉ်း ၀င်ရောက်ပြောဆိုသော်လည်း ထိရောက်သည့်အကာအကွယ်ပေးမှု ဘာမျှမရှိ။ အဆိုပါမြန်မာနှစ်ဦး ယခုထိ ထိုင်းနိုင်ငံတွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။
မြန်မာနိုင်ငံအတွင်းသို့ လှေစီးဘင်္ဂါလီများ ခိုးဝင်လာသောအခါ အုတ်အော်သောင်းတင်းသတင်းများက ဖော်ပြ ကြသည်။ နေ့စဉ်နှင့်အမျှ မြန်မာနိုင်ငံထဲဝင်၍ စိုက်ပျိုးကြ၊ ရွှေခိုးတူးကြ၊ သစ်ခိုးထုတ်ကြ၊ မြန်မာမိန်းကလေး များယူကြသော တရုတ်များကို မည်သည့်ဂျာနယ်၊ သတင်းစာကမျှ အုတ်အော်သောင်းတင်းသတင်းမရေးရဲကြ။
ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်က ဖိတ်ကြားမှုအား လက်တုံ့ပြန်ခြင်းဟု လူထုက စကားတင်းဆိုသည့် စီရင် ချက် မြန်မာအစိုးရထံမှ ထူးခြားစွာပေါ်ထွက်လာသည်။ ယင်းကား သစ်ခိုးထုတ်သည့် တရုတ် ၁၅၃ ဦးကို တသက်တကျွန်း အပြစ်ဒဏ်ချလိုက်ခြင်းပင်။
စင်စစ် သစ်ခိုးထုတ်မှုသည် တသက်တကျွန်းပြစ်ဒဏ်ချလောက်သည့် အမှုမဟုတ်ပေ။ သည်စီရင်ချက်က မြန်မာ့ တရားစီရင်ရေးကို အစိုးရစိတ်ကြိုက် ခြယ်လှယ်နေကြောင်း သိသာစေသည်။ မြန်မာလူထုက ဦးသိန်းစိန်အစိုးရ တရုတ်ကို မကြောက်တော့ဟု ၀မ်းသာကျေနပ်ခြင်း မွန်းမတည့်မီ တရုတ်က သူ့နိုင်ငံသားများကိုစီရင်သည့် ပြစ်ဒဏ် ပြင်းထန်ကြောင်း၊ သူ့နိုင်ငံသားများကိုပြန်လွှတ်ပေးရန် တရားဝင်တောင်းဆိုမှု ပေါ်ထွက်လာသည်။
သို့ဖြင့် တသက်တကျွန်းဒဏ်ကျနေသော ရွှေတရုတ်များ ၈ ရက် ထောင်ကျပြီးနောက် ပြန်လွတ်မြောက်သွားကြ သည်။ ရွှေတရုတ်များကို သီးသန့်လွှတ်ပေးလျှင် ရာဇဣနြေ္ဒပျက်သောကြောင့် မြန်မာအကျဉ်းသားများကိုပါ ရောနှောလျက် ၆၆၉၆ ယောက် လွှတ်ပေးလိုက်ရသည်။
လွတ်မြောက်လာသော အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသားတချို့၊ မီဒီယာသမားတချို့နှင့် ဗိုလ်ခင်ညွန့်တပည့် ထောက်လှမ်းရေးဟောင်းများပါလာခြင်းကို လူထုက၀မ်းသာသော်လည်း ကျန်လွတ်မြောက် လာသူအများစုက ခိုးဆိုးများဖြစ်ကြသည်။
''၂၀၁၅ ရွေးကောက်ပွဲနီးတော့ ခိုး-ဆိုးတွေကို ထုတ်ပေးရတာ သူတို့လုပ်နေကြပဲ။ မူးယစ်ဆေးခြောက် တကျပ် သားတွေ့တဲ့ ရဲတိုက် ထောင်နှစ်နှစ်ကျပေမယ့် စိတ်ကြွဆေးကားတစီးတိုက်စာမိတော့ ပိုင်ရှင်မဲ့ဖြစ်သွားတာပဲ''
''လက်ပံတောင်းတောင်ကိစ္စနဲ့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြလို့ နေမျိုးဇင်တို့၊ နော်အုံးလှတို့ ထောင်လေးနှစ်ကျ ပေမယ့် သစ်ခိုးထုတ်တဲ့ တရုတ်တွေ တသက်တကျွန်းအစား ၈ ရက်ပဲခံရတာ။ အလွန်ရှော်တဲ့ ငါတို့အစိုးရရဲ့ မှောက်ချီလှန်ချီလုပ်ရဲတဲ့သတ္တိ''ဆိုသော ဝေဖန်သံများက ထောင်ဗူးဝတွင်စောင့်နေသော လူအများကြားတွင် ကြားခဲ့ရသော တယောက်တပေါက် စကားသံများပါ။
သြော် ကျွန်မတို့ မြန်မာအစိုးရကား အခြေအနေနှင့် အချိန်အခါကိုလိုက်ပြီး လုပ်ပုံကိုင်ပုံနှေးသည့်အခါ လွန်စွာ နှေးသော်လည်း မြန်သည့်အခါ ကျည်ဆန်ရထားနှယ် မြန်တတ်ပါပေတကား။
ခင်နှင်းဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ယခုအခါ မြန်မာကျပ်ငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်ပြီး အမေရိကန်ဒေါ်လာနှင့်ယှဉ်လျှင် မြန်မာကျပ်ငွေတန်ဖိုး တရိပ်ရိပ်ကျဆင်းလျက်ရှိမှုအပေါ် လူအများစိတ်ဝင်စားနေကြသည်။ ၂၀၁၅ ခု ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် အမေရိကန်တဒေါ်လာကို ၁၀၂၅ ကျပ်ဈေးပေါက်နေရာမှ ဇွန်လ ၂၅ ရက်နေ့မှာ ၁၁၁၅ ကျပ်ဖြစ်လာပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျပ် ၁၂၄၅ ထိ ထိုးတက်သွားခဲ့သည်။
မြန်မာငွေတန်ဖိုးကျဆင်းရသည့်အကြောင်းရင်းကို စဉ်းစားလျှင် နီးသောအကြောင်းတရားများကိုသာမက ဝေးသောအကြောင်းတရားများကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်မည်ဖြစ်သည်။ ဝေးသောအကြောင်း တရားများက ပို၍ပင် အရေးပါသည်ဟု ဆိုနိုင်မည်ဖြစ်သည်။
လွန်ခဲ့သည့် ၂၅ နှစ်လောက်မှစ၍ မြန်မာနိုင်ငံဗဟိုဘဏ်မှာ ငွေကြေးမူဝါဒနှင့်ပတ်သက်၍ မည်သည့်လုပ်ပိုင်ခွင့်မျှမရှိသလောက် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။ ၁၉၄၇ ခုနှစ် နိုင်ငံခြားငွေကြီးကြပ်ရေး ဥပဒေ (Foreign Exchange Regulation Act) ဖြေလျှော့ပေးခဲ့ ကြသည်။ ပြည်တွင်းတွင် တခုတည်းသော Legal Tender ဖြစ်သည့် မြန်မာကျပ်ငွေအပြင် ဒေါ်လာများ (နိုင်ငံခြားငွေများ) ဖြင့် ပြောင်ပြောင်တင်းတင်း ၀ယ်ယူစားသုံးမှု၊ ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်လာကြသည်။ ဒေါ်လာကိုင်ဝယ်နိုင်မှ ဂုဏ်ရှိသလို ထင်လာကြသည်။ ဟွန်ဒီဖြင့် ငွေလွှဲမှုများ အလွန်ခေတ်စား အသုံးဝင်လာခဲ့သည်။ တဖြည်းဖြည်း တရားမ၀င် နိုင်ငံခြားငွေဈေးကွက် ကြီးထွားလာခဲ့သည်။ ၂၀၁၂ ဧပြီလ မတိုင်မီ ပြင်ပတရားမ၀င်ပေါက်ဈေးမှာ ဗဟိုဘဏ်သတ်မှတ်ဈေးထက် အဆမတန် များပြားနေပါသည်။ နိုင်ငံခြားငွေ ကြီးကြပ်ရေးဌာနအနေဖြင့် မည်သည့်အရေးယူဆောင်ရွက်မှုမျိုးကိုမျှ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။
၁၉၄၇ ခု နိုင်ငံခြားငွေကြီးကြပ်ရေးဥပဒေအရ ဗဟိုဘဏ်၊ နိုင်ငံခြားငွေကြီးကြပ်ရေးဌာန၏ ကြိုတင်ခွင့်ပြုချက်မရဘဲ မည်သည့်မြန်မာနိုင်ငံသားမျှ ပြည်ပတွင်စာရင်းဖွင့်ခွင့်မရပါ။ သို့သော် ခွင့်ပြုချက်ရယူခြင်းမရှိဘဲ၊ ကုန်ရောင်းကုန်ဝယ် လွယ်ကူရေးကိုအကြောင်းပြ၍ ကုန်သည်ကြီးများ၊ နည်းအမျိုးမျိုးဖြင့် ကြွယ်ဝချမ်းသာလာသူများ ပြည်ပတွင်စာရင်း ဖွင့်ထားရှိလာခဲ့ကြသည်။ ပြည်ပတွင် အိမ်များ၊ တိုက်ခန်းများဝယ်ကြသည်။ ကုမ္ပဏီဖွင့်ကြသည်။ နိုင်ငံ့ပို့ကုန်အတွက် ရရှိမည့်ငွေများ (Export Proceeds) များ ပြည်တွင်းသို့ စီးဝင်လာခြင်းမရှိဘဲ၊ ပြည်ပမှာပဲထားကြသည်။ နိုင်ငံခြားငွေကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာ့နိုင်ငံမှ ထွက်သွားသည့် ပို့ကုန်များအတွက် တန်ရာတန်ကြေးကို သတ်မှတ်ချိန်အတွင်း မြန်မာနိုင်ငံအနေဖြင့်ရရှိခြင်း ရှိ/မရှိကို စောင့်ကြပ်ကြည့်ရှုနိုင်သည့် အနေအထားတွင်မရှိပါ။
၁၉၄၇ ခုနှစ် နိုင်ငံခြားငွေကြီးကြပ်ရေးဥပဒေကို ၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားငွေစီမံခန့်ခွဲရေးဥပဒေ (Foreign Exchange Management Law) (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၊ ၁၂) ဖြင့် အစားထိုး လိုက်သည်။ ထိုဥပဒေ၏ အခန်း(၄)၊ ပုဒ်မ(၁၅)တွင်“ပြည်ပတွင်နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော ပြည်တွင်း၌ နေထိုင်သူများသည် ယင်း နိုင်ငံခြားငွေအသုံးပြုမှုအား သတ်မှတ်ချက်များနှင့်အညီ အစီရင်ခံတင်ပြရန် တာဝန်ရှိသည်ဟု ဖေါ်ပြပါရှိသည်။ သို့သော် ပြည်တွင်းနေနိုင်ငံသားများ ပြည်ပတွင် စာရင်းဖွင့်လှစ်မှုများနှင့်ပတ်သက်၍ ထင်သာမြင်သာမရှိမှုကြောင့်၊ ပြည်ပဘဏ်များတွင် မြန်မာနိုင်ငံမှ ဘဏ်စာရင်း ၅ ခုဖြင့် အပ်နှံထားသည့် ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ (၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ)
မြန်မာနိုင်ငံ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်ထက် သွင်းကုန်က ၂၀၁၃-၁၄ ခုနှစ်တွင် ဒေါ်လာသန်းပေါင်း ၂၅၅၅ ဒသမ ၅ ပိုမိုခဲ့ပြီး ၂၀၁၄ ခု ဧပြီလမှ ၂၀၁၅ ဖေဖော်ဝါရီလအထိ ဒေါ်လာသန်းပေါင်း ၄၆၈၉ ဒသမ ၁ ပိုမိုသည်(CSO)။ သွင်းကုန်များလေ ဒေါ်လာဈေးတက် လေဖြစ်မည်။ ပို့ကုန်အားကောင်းမှ မြန်မာကျပ်ငွေအပေါ် ၀ယ်လိုအား များလာပြီး ကျပ်ငွေတန်ဖိုး မြင့်လာမည်ဖြစ်သည်။
မကြာသေးမီကာလအတွင်းက မြန်မာနိုင်ငံအတွင်းငွေပေးငွေယူကိစ္စများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရမည်ဟု ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ထိုင်း၊ မလေးရှား၊ စင်ကာပူတို့ကဲ့သို့ ကိုယ့်နိုင်ငံတွင် ကိုယ့်ငွေကြေးသာ Legal Tender ဖြစ်၍ ကိုယ့်ငွေတခုတည်းသာ သုံးစွဲရေးမှာ လွန်စွာဖြစ်သင့် ဖြစ်ထိုက်သည့်ကိစ္စဖြစ်သည်။ လက်တွေ့တွင် ထိုညွှန်ကြားချက်ကိုလိုက် နာမှုမရှိသလောက်ဖြစ်နေသည်ကို တွေ့ရသည်။ နှစ်ပေါင်း ၂၀ ကျော်တိုင် ပျက်စီးနေသောစနစ်ကို ပြင်ဆင်နိုင်ရေးအတွက် ထိထိရောက်ရောက် ဖိအားပေး ဆောင်ရွက်ရန် လိုပါသည်။
မြန်မာကျပ်ငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေရေးအတွက် နှစ်ကြာမြင့်စွာကပင် ဖြစ်ပေါ်နေခဲ့သည် အထက်ဖော်ပြပါ ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရန်လိုပါသည်။
မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းရခြင်း၏ အနီးကပ်အကြောင်းတရားမှာ ကမ္ဘာတ၀န်းလုံး ဒေါ်လာဈေး မြင့်တက်နေမှုဖြစ်သည်။
မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်တည်ငြိမ်ရေးအတွက် မြန်မာ့ပို့ကုန်များ တိုးချဲ့တင်ပို့နိုင်ရေးကို အလေးထား ကြိုးပမ်းဆောင်ရွက်ရန် လိုပါသည်။ တန်ရာတန်ကြေးမရဘဲ ခိုးထုတ်ခံနေရသည့် သစ်၊ ကျောက်မျက်ရတနာကိစ္စများကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။ ပြည်ပကုန်စည်များ တင်သွင်းရာတွင် ဘီယာ၊ ၀ိုင် အပါအ၀င် အရက်သေစာများ၊ အလှကုန်များ စသည့်ကုန်စည်များနှင့် လတ်တလော လိုအပ်မှုမရှိသေးသည့် ဇိမ်ခံပစ္စည်းများကို ပါဝင်ပတ်သက်သည့်လုပ်ငန်း ရှင်များနှင့် ညှိနှိုင်းကန့်သတ်ရန် လိုအပ်မည် ဖြစ်သည်။
မြသူအောင်
" ပြည်သူများအတွက်ပြောင်းလဲရန် အခွင့်အရေးလိုချင်၍
အစိုးရလုပ်လိုကြောင်း ဒီချုပ်ဥက္ကဌဆို "
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
လာမည့်ရွေးကောက်ပွဲတွင်မဲပေးရာတွင် ကိုယ်စားလှယ်နာမည်ကြည့်ပြီး
မဲမပေးဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုသာမဲပေးပါဟု ဒီချုပ်ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်က ဒိုက်ဦးမြို့နယ်တွင် ပြည်သူများနှင့်တွေ့ဆုံရာတွင်ပြောကြားသည် ။
"NLD ကိုယ်စားလှယ်တွေ ကြိုက်တာရှိမယ် မကြိုက်တာရှိမယ် ။
ဒါပေမယ့် မဲပေးတာထောက်ခံတာက NLDကိုပါ
ကျွန်မတို့NLD က အစိုးရလုပ်ချင်တယ် ။
တချို့ ကတော့ အစိုးရလုပ်ချင်သလိုမလုပ်ချင်သလို ရှိတယ်။
ကျွန်မကတော့ ကျွန်မတိုပြည်သူအတွက် ပြောင်းလဲဖို့အခွင့်အရေး
လိုချင်တယ် ။
ကျွန်မတို့ အစိုးရလုပ်ချင်တာကလည်း ပြည်သူတွေလိုလားသလောက်ပဲ လိုချင်တယ်။
ပြည်သူက မလိုလားတဲ့တစ်နေ့ မလိုချင်တော့ဘူးဆိုရင် ကပ်ဖဲ့ပြီး မနေဘူး။
ကျွန်မတို NLD မှာ ကပ်ဖဲ့ပြီးနေချင်တဲ့သူတွေရှိရင်လည်း စည်းမျဥ်းတွေအရ လုပ်ဆောင်မှာပါ။လူနာမည်ကြည့်ပြီးမဲမပေးပါနဲ့အဖွဲချုပ်ကို မဲပေးပါ။
NLD ကကိုယ်စားလှယ်တွေက ပြည်သူ့အကျိုးမပြုဘူးဆိုရင် တာဝန်ရှိတဲ့အတိုင်း လုပ်ဆောင်သွားမှာ "ဟု ၄င်းကပြောသည် ။
ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲသည် စံနစ်တစ်ခုပြောင်းလဲရေးအတွက် ရွေးချယ်ပိုင်ခွင့်ပေးသည့်ရွေးကောက်ပွဲဖြစ်သောကြောင့် ပြည်သူများမဲပေးကြရန်တိုက်တွန်းသည် ။
"ပြည်သူ ၄ ယောက် ၅ယောက်မဲပေးခြင်းမပေးခြင်းက ရွေးကောက်ပွဲ
ရလဒ် အတွက် အင်မတန် အရေးကြီးပါတယ်။ အရွေးခံကိုယ်စားလှယ်တွေ နိုင်ငံရေးပါတီ ထူထောင်တာက ပြည်သူက ကိုယ်စားပြုပြီး ရွေးချယ်တာပါ။
ကားတစ်စီးကို လူတစ်ယောက်ပဲ မောင်းလိုရတယ် ၊လုမောင်းရင်တော့ မှောက်ဖိုပဲရှိတယ် ။ဒါကြောင့် ပြည်သူကိုယ်စားပြုကိုယ်စားလှယ်တွေ တာဝန်ပေးရတာပါ "ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည် ။
ထို့အပြင်လက်ရှိဖြစ်ပေါ်နေသောရေကြီးမူများနှင့်ပတ်သတ်၍
လည်းရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးပြည်သူများ
တစ်ယောက်နှင့်တစ်ယောက်ဝိုင်းဝန်း ကူညီကြရန်၎င်းကတိုက်တွန်းပြောကြားသည် ။
‪#‎Popular‬ News Journal
၇.၈.၂၀၁၅
President U Thein Sein Meet with people in Rakhine,
President U Thein Sein Meet with people in Rakhine,
ဧရာဝတီတိုင်း အတွင်း ဟင်္သာတနဲ့ ညောင်တုန်းမြို့နယ်တွေ မှာ ရေကြီးမယ့် အခြေအနေ စိုးရိမ်နေရပြီး ဒေသခံတွေ ဘေးလွှတ်ရာကို ထွက်ခွာကြဖို့ သမ္မတဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။ င၀န်မြစ်နဲ့ ဧရာဝတီမြစ်ရေတွေဟာ စိုးရိမ်ရေ အမှတ်ကျော်သွားပြီဖြစ်တာကြောင့်မြစ်ဝကျွန်းပေါ်ဒေသမှာ ရင်ဆိုင်ရမယ့် ရေဘေးဒုက္ခ အခြေအနေကို လည်း မနေ့က အစိုးရပိုင်ရေဒီယိုကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ သမ္မတက ပြောသွားပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။
ဇူလိုင်လအတွင်း မုတ်သုန်မိုးသည်းထန်ပြီး ရေကြီးမှုကြောင့် မြန်မာနိုင်ငံတ၀ှမ်းလုံး မကြုံစဖူး ရေဘေးဒုက္ခရောက်ခဲ့ကြပြီး အထူးသဖြင့် အထက်ကနေ အောက်ပိုင်းကို စီးဆင်းလာတဲ့ မြစ်ရေတွေကြောင့်လည်း အခုဆိုရင် ဒုတိယ အကြိမ် ရေကြီးမယ့်ဘေးအန္တရာယ် အဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ရင်ဆိုင်ရဖို့ရှိနေပါတယ်။
ဒေသခံပြည်သူတွေ ရေဘေးအန္တရာယ်ကနေ လွတ်မြောက်နိုင်ရေး ဘေးလွတ်ရာကို ကြိုတင်ရွှေ့ပြောင်းနေထိုင်ကြဖို့ မနေ့က အစိုးရ သတင်းဌာနက ထုတ်လွှင့် တဲ့ ရေဒီယို မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က သတိပေးပြောကြား သွားပါတယ်။
“ဧရာဝတီတိုင်းအတွင်းရှိ င၀န်မြစ်ရေနဲ့ ဧရာဝတီမြစ်ရေများ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာနေတဲ့အတွက် အထူးသဖြင့် ဟင်္သာတမြို့နဲ့ညောင်တုန်း မြို့တို့မှာ စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိနေ ပါတယ်။ သဘာဝဘေး အန္တရာယ်ဟာ ကျရောက် လာပါက တားဆီးရန် မရနိုင်တဲ့ အတွက်ကြောင့် အန္တရာယ်ရှိလာနိုင်ပါက ဘေးကင်းရာသို့ ကြိုတင်ရွေ့ပြောင်းနေ ထိုင်ခြင်းသည်သာ စိတ်အချရဆုံးဖြစ်ပါကြောင်း မိဘပြည်သူများ ကို အသိပေး တိုက်တွန်းအပ် ပါတယ်။ မိဘပြည်သူများ ဘေးကင်းလုံခြုံ ကြပါစေ။”
သမ္မတဦးသိန်းစိန် ရေဘေးကာကွယ်ရေး မိန့်ခွန်းပြော။
သမ္မတဦးသိန်းစိန် ရေဘေးကာကွယ်ရေး မိန့်ခွန်းပြော။
တနိုင်ငံလုံးရေလွှမ်းမိုးမှုကြောင့် ပျက်စီး ဆုံးရှုံးမှု ပမာဏ အမြောက်အများရှိခဲ့တယ်လို့ သမ္မတ ဦးသိန်းစိန်က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ ဒါအပြင် ရေဘေးဒဏ် အဆိုးရွာဆုံးဒေသတွေကိုလည်း အခုလိုပြောကြားသွားပါတယ်။
“ထိခိုက်မှုအခံရဆုံးကတော့ မိုးကောင်းမြို့နယ်၊ကောလင်း ၀င်းသူမြို့နယ်၊ ကလေးမြို့နယ်၊ ချင်းပြည်နယ်ရှိမြို့နယ် အများဆုံး ရခိုင်ပြည်နယ်က မြို့နယ်အများစုနဲ့ မကွေးတိုင်းဒေသကြီးမှ ပွင့်ဖြူနဲ့ စလင်းမြို့နယ်တို့ဖြစ်ကြပါတယ်။”
မနေ့ကတော့ ကိုမန် ဆိုင်ကလုန် မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုဒဏ် အဆိုးရွာဆုံးခံရတဲ့ ရခိုင်ပြည်နယ်က ရေဘေးသင့်ဒေသတွေကို သမ္မတဦးသိန်းစိန် ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော်က ဗွီအိုအေကိုအခုလိုပြောပါတယ်။
“သမ္မတ လာတဲ့အပိုင်းကိုတော့ အများကြီးကြိုဆို ပါတယ်။ လာပြီး အားပေးတာ။ဒါပေမယ့် ကျွန်တော်တို့ ရေရှည်ပိုင်းအနေနဲ့ ပြောရရင်တော့ ဒီရောက်လာတဲ့ အပိုင်းက ရှင်းရှင်းလင်းလင်းပြောရရင် အရမ်းကိုနောက်ကျနေတဲ့ အပိုင်း ဖြစ်တယ်လို့ သုံးသပ်မိတာပေါ့။ တချို့ကျေးရွာမှာဆိုရင် အခုထိကို ရိက္ခာတွေ မရောက်နိုင်သေးတာတွေရှိနေသေးတယ်လို့ ကျနော်တို့ ကြားသိရတယ်။ ကျနော်တို့ ကယ်ဆယ်ရေးပိုင်းအနေနဲ့ကတော့ ပါတီအနေနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး မြို့တွေကိုသွားပြီး ဖြန့်ဝေနေတာတော့ အခုဆိုရင်တော်တော်များများတော့ ဖြစ်ပါပြီ။ ဘက်ပေါင်းစုံကလည်းလာပြီး ကူညီကြတဲ့အတွက်ကြောင့် အခုဆိုရင်တော့ အသက်ဆက်နိုင်တဲ့ စားသောက်မှု၊ အသက်ဆက်နိုင်တဲ့ ရိက္ခာတွေတော့ ရတဲ့သဘောရှိပါတယ်။ ဒါပေမယ့် ရေရှည်အတွက် ကတော့ ပြန်လည် ထူထောင်မှုအတွက်ကတော့ အရမ်းကို ကြောက်စရာကောင်းတဲ့ဘေး ဒုက္ခလို့တော့ပြောရမှာပါဘဲ။ ပြန်လည်ထူထောင်မှုပိုင်းကတော့ အများကြီးကို ကျွန်တော်တို့ လုပ်ကြရဦးမှာဘဲ။ ကျနော်အနေနဲ့ သုံးသပ်ပါတယ်။”
ဒီအတောအတွင်းမှာဘဲ အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်က မနေ့က သူ့ရဲ့ကိုယ်ပိုင် facebook စာမျက်နှာမှာ တင်ထားတဲ့ ဗီဒီယို မိန့်ခွန်းထဲမှာတော့ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဖြစ်ခဲ့တာကို အခွင့်ကောင်းယူပြီးအခုလက်ရှိ
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဌာန်းနိုင် ဖို့ အမြတ် ထုတ်သွားသလို အခုရေဘေးပြဿနာကို အကြောင်းပြပြီး နိုဝင်ဘာရွေးကောက်ပွဲမှာ မရိုးမသား လုပ်လာနိုင်တယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။
 ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ မြို့မဈေးရှေ့မှာ သြဂုတ်လ ၇ ရက်နေ့က ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ Photo: Kyaw Htoon Naing/RFA
NLD ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း စာရင်းတွေကို အပြောင်းအလဲ လုပ်နေကြောင်းနဲ့ ကိုယ်စားလှယ်လောင်းကိုမကြည့်ပဲ ပါတီကိုကြည့်ပြီး မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
NLD ပါတီကို မဲပေးကြဖို့ တောင်းဆိုနေတာဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ပြောနေတာ မဟုတ်ပဲ NLD ပါတီအနေနဲ့ အစိုးရဖွဲ့လိုတာကြောင့် တောင်းဆိုနေတာသာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ မြို့မဈေးရှေ့မှာ ဒီနေ့ မနက်ပိုင်းက ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။
"ကျမတို့ မဲတောင်းနေတာဟာ ဘယ်ပုဂ္ဂိုလ် ဘယ်ပုဂ္ဂိုလ်အတွက်မှ တောင်းနေတာမဟုတ်ပါဘူး အဖွဲ့ချုပ်အတွက် တောင်းနေတာပါ၊ အဖွဲ့ချုပ်အတွက် ဘာဖြစ်လို့တောင်းနေလဲဆိုတော့ တိုတိုပြောလို့ရှိရင် ကျမတို့ အစိုးရလုပ်ချင်လို့ပဲလို့ ကျမတို့ ဒီလိုပဲပြောရမှာပဲ၊ ကျမတို့အဖွဲ့ချုပ်က အစိုးရလုပ်ချင်လို့ ဘာဖြစ်လို့လဲ ဒီနိုင်ကိုပြောင်းလဲပေးနိုင်မယ့် အခွင့်အရေး ကျမတို့လိုချင်တယ်၊ ဒီအခွင့်အရေးဆိုတာလည်း ကျမတို့ကနေပြီးတော့ မောင်ပိုင်စီးထားမှာမဟုတ်ဘူး၊ ပြည်သူလူထုပေးထားတဲ့အလျောက်ပဲ ပေးထားတဲ့အတိုင်းအတာအထိပဲ ကျမတို့ ယူရမှာဖြစ်ပါတယ်၊ ပြည်သူလူထုက မလိုလားတော့ဘူးဆိုလို့ရှိရင် တာဝန်မပေးချင်ဘူးဆိုလို့ရှိရင် ကျမတို့ဟာ သိက္ခာရှိရှိနဲ့ ပြည်သူလူထုရဲ့ဆုံးဖြတ်ချက်ကို လက်ခံမှာပါ"
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘုရားကြီး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ကျောက်တံခါး စတဲ့မြို့တွေမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ထိုင်းဘုရင်အပေါ် ဝေဖန်မှုတွေကို တင်းကျပ်တဲ့ ဥပဒေနဲ့ ကာကွယ်ထား။ 
 ထိုင်းနိုင်ငံမှာ ဘုရင် မိသားစုကို စော်ကားမှုနဲ့ လူ တစ်ဦးကို ထိုင်း တရားရုံး တစ်ရုံးက ထောင်ဒဏ် အနှစ် ၃၀ ချမှတ် လိုက်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ တော်ဝင် မိသားစု အပေါ် အကြည်ညို ပျက်စေမှု ပုဒ်မနဲ့ တရားစွဲ ထောင်ချမှုတွေထဲမှာ အပြင်းထန်ဆုံး အပြစ်ဒဏ် ဖြစ်ပါတယ်။
၄၈ နှစ် အရွယ် ပုန်ဆက် ဆရီဘွန်ပန်း ဆိုသူဟာ ဖေ့စ်ဘွတ်ပေါ်မှာ ထိုင်းဘုရင်ကို အသေရဖျက်တဲ့ စာတွေ ရေးတင်ခဲ့မှုနဲ့ ပြစ်မှု ထင်ရှား ခဲ့တာ ဖြစ်ပါတယ်။
လူတွေရဲ့ ဝေဖန်မှုတွေကနေ ကင်းလွတ်ဖို့ ထိုင်းဘုရင် ဘူမိဘောကို တင်းကျပ်တဲ့ ဥပဒေနဲ့ အကာအကွယ် ပြုပေးထားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစု အပေါ် အကြည်ညိုပျက်စေမှု ဥပဒေကို စစ်အာဏာ သိမ်းပြီး နောက်ပိုင်းမှ တိုးတက် အသုံးပြု လာခဲ့တာပါ။ ထိုင်း အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ တစ်ခုရဲ့ အဆိုအရ စစ်အာဏာ မသိမ်းမီက အလားတူ အမှု ၂ မှုသာ ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ၅၆ မှု အထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
ဖေ့စ်ဘွတ်ပေါ် တင်ခဲ့တဲ့ ပုန်ဆက်ရဲ့ ပို့စ် ၆ ခု အတွက် တစ်ခုကို ထောင်ဒဏ် ၁၀ နှစ်စီ အစောပိုင်းက ချခဲ့တာ ဖြစ်ပြီး၊ နောက်ပိုင်း အယူခံ ဝင်တဲ့ အခါမှသာ ထောင်ဒဏ် နှစ် ၆၀ ကနေ တစ်ဝက်ကို လျှော့ပေးခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
 ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းဟာ လာမယ့်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ကနေ ယှဉ်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ၃၆ လမ်းမှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် MJN မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်ညိုညိုသင်းက ပြောလိုက်တာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားခဲ့ပေမယ့် ကိုယ်စားလှယ်ရွေးချယ်ခံရတဲ့ စာရင်းထဲမှာမပါခဲ့တာကြောင့် တသီးပုဂ္ဂလအဖြစ်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
Photo: Tun Myint/RFA
RFA Burmese
https://www.facebook.com/pages/RFA-Burmese
 တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးနိုင်ရေး အတွက် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ SD တို့ရဲ့ ဒီနေ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်ရေးဆိုတဲ့ တောင်းဆိုချက်အပေါ် သဘောတူညီမူ မရခဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်နေ့မှာ နှစ်ရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နှစ်ရက်ကြာဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးပွဲမှာ ပါဝင်မယ့် တိုင်းရင်းသားအဖွဲ့ အရေအတွက်နဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးရဦးမယ်လို့ ပြောပါတယ်။
Photo: Thiha Tun/RFA
RFA Burmese
https://www.facebook.com/pages/RFA-Burmese
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှိ ရေကြီး ရေလျှံမှုများကြောင့် ပိတ်ထားရသော စာသင်ကျောင်း (ဆင်ဟွာ)
    ရန်ကုန် ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)
    မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဇွန် ၊ ဇူလိုင်လများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုတွင် ရေကြီး ရေလျှံမှုများကြောင့် အခြေခံပညာကျောင်း ၁,၃၇၈ ကျောင်း ခေတ္တ ပိတ်ထားခဲ့ရပြီး ရေဘေးသင့်ခဲ့သည့် ပြန်ဖွင့်ပြီး ကျောင်းများ အပါအဝင် အခြေခံပညာ ကျောင်းပေါင်း ၂,၉၆၈ ကျောင်း ရှိကြောင်း ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
ယင်းရေဘေးသင့်ခဲ့သည့် အခြေခံပညာ ကျောင်းများ ပြန်လည် ထူထောင်ရေးအတွက် ယခုလအတွင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျောင်းထောက်ပံ့ကြေး ရန်ပုံငွေများကို သြဂုတ်လ ဒုတိယ အပတ်တွင် ကြိုတင် ထုတ်ပေးသွားမည့် အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ရေဘေးသင့် ကျောင်းများ၏ သန့် စင်ခန်းများ သန့် ရှင်းရေးနှင့် လိုအပ်သည်များ ပြုပြင်ရန် အခြေခံပညာကျောင်း ၂,၉၆၈ ကျောင်းအတွက် သုံးစွဲရန် စုစုပေါင်း ကျပ်သိန်း ၃,၇၇၆ ၊ ရေဘေးသင့် ကျောင်းများ ရွှံ့ နွံများ ဆေးကြောခြင်းနှင့် လိုအပ်သည်များ ပြုပြင်ခြင်းကို သုံးစွဲရန် စုစုပေါင်း ကျပ်သိန်း ၃,၇၇၆ ၊ သန့် ရှင်းသော ရေရရှိရေးအတွက် ရေတုံကင် ပြုလုပ်ခြင်း ၊ ရေတွင်းတူးခြင်းများ အတွက် သုံးစွဲရန် စုစုပေါင်း ငွေကျပ် ၈,၉၀၄ သိန်း ၊ ရေဘေးသင့် ကျောင်းများမှ ကလေးသူငယ်များအား အာဟာရ ကျွေးမွေးခြင်းအတွက် သုံးစွဲရန် ငွေကျပ် ၅,၉၃၆ သိန်း ၊ ရေဘေးသင့် ကျောင်းများမှ စာသင်ခုံများ ထောက်ပံ့ပေးခြင်းကို သုံးစွဲရန် စုစုပေါင်း ငွေကျပ် ၇,၄၂၀ သိန်း တို့ ကို လျာထားပြီး ကယ်ဆယ်ရေးစခန်း အဖြစ် ပြုလုပ်ထားသော ကျောင်း ၆၆ ကျောင်းတွင် သန့် ရှင်းရေး ၊ ပြန်လည် မွမ်းမံရေးတို့ အတွက် ဆက်လက် စီမံဆောင်ရွက်မည့် အစီအစဉ်များ အပြင် ရေဘေးသင့် ရှမ်းပြည်နယ် အရှေ့ နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့ တွင် ကျောင်းသုံး စာရေး ကိရိယာများ ကို ဆက်လက် ထောက်ပံ့ပေးခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။
ရေကြီး ရေလျှံမှုများကြောင့် ခေတ္တ ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းပေါင်း ၁,၃၇၈ ကျောင်းများရှိ ကျောင်းသား/သူများအတွက် ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများသို့  သြဂုတ်လ ၃ ရက်မှ စတင်၍ စုစုပေါင်း ငွေကျပ်သန်း ၃၁၇ . ၃၄၄ တန်ဖိုးရှိ စာရေး ကိရိယာများကို ပေးပို့ လျှက် ရှိသည်ဟု သိရသည်။
 (Xinhua)
http://www.xinhuamyanmar.com
ဇူလိုင် ၁၆ ရက်ကစ၍ မိုးသည်း ထန်စွာ ရွာသွန်း မှုကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်းမြို့ နယ်မှာ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေရာ ရေဘေး ဒဏ်သင့် ဒေသခံအချို့ မှာ မြွေကိုက်ခံရမှုများ ရှိနေပြီး မြို့ နယ်ဆေးရုံတွင် သုံးဦး တက်ရောက် ဆေးကုခဲ့သည့် အနက် တစ်ဦးမှာ သေဆုံးသွားကြောင်း အဆိုပါမြို့ နယ်ဆေးရုံမှ တာဝန်ကျ သူနာပြုဆရာမ တစ်ဦးက အတည်ပြု ပြောကြား ခဲ့ပါတယ်။
''ရေကြီးလို့ ဆေးရုံကို မြွေကိုက်လူနာ သုံးဦးရောက် လာတယ်။ တစ်ဦးကတော့ သွားလာရေး အခက်အခဲကြောင့် ဆေးရုံကို ရောက်လာပေမယ့် အသက်က ပါမလာတော့ဘူး။ အဲဒါ ဇူလိုင် ၂၂ ရက်ကပါ။ ကျန်လူနာ နှစ်ဦးကတော့ ဇူလိုင် ၂၃ ရက်မှာ ဆေးရုံကို ရောက်ရှိလာခဲ့တယ်။ မြွေဟောက်အကိုက်ခံရတာ၊ သက်သာပါတယ်။ ဆေးရုံမှာ မြွေဆိပ်ဖြေဆေးလည်း ပြည့်စုံတယ်။ မြွေဆိပ်ဖြေဆေးက တော့BPI နဲ့ အိန္ဒိယဆေးတွေပါ '' လို့  ၎င်းသူနာပြုဆရာမ တစ်ဦးက ဆိုပါတယ်။ အလားတူ ချပ်သင်းတိုက်နယ်၊ ပေါက်ဆိန်ကုန်းရွာတွင်လည်း ဒေသခံတစ်ဦးမှာ မြွေကိုက်ခံရကြောင်း သိရပါတယ်။
မှတ်တမ်းများအရ မြန်မာနိုင်ငံမှာ နှစ်စဉ်လူတစ်သောင်းခန့် မြွေကိုက်ခံနေရပြီး ၎င်းတို့အနက် ၁ဝ ရာခိုင်နှုန်းခန့် သေဆုံးနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မြေကိုက်ခံရခြင်းကြောင့် အသက်ဆုံးရှုံးခြင်း၊ အရေးပေါ် ဆေးကုသမှုခံယူရခြင်းများကို ကျေးလက်ဒေသများတွင်သာမက လူစည်ကားရာမြို့ ကြီးများရှိ ဆင်ခြေဖုံး အရပ်ဒေသများ၌လည်း တွေ့မြင်လာရပါတယ်။
မြန်မာ့ဆေးဝါး လုပ်ငန်းအနေဖြင့် ယခု ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်း၌ဖြန့်ဝေရန် မြွေဆိပ်ဖြေဆေး အလုံးပေါင်းရှစ်သောင်းခန့် ထုတ်လုပ်နိုင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အဆိုပါစီမံချက်ကို ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန် သော နှစ်အလိုက် မြွေကိုက်မှုနှုန်းနှင့် မြွေကိုက်ခံရမှု ကြောင့် သေဆုံးမှုနှုန်းများအပေါ်တွင် အခြေခံကာ စီစဉ်ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ယနေ့ မြန်မာနိုင်ငံတွင် ပြည်တွင်း၌ ပိုမိုအစွမ်းထက်သော မြွေဆိပ်ဖြေဆေး များ ထုတ်လုပ်နိုင်စေရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၊ သြစတြေးလျနှင့် ဘရာဇီးနိုင်ငံတို့မှ အကူအညီများ ရယူထားကြောင်းကိုလည်း ကျန်းမာရေးဝန်ကြီးဌာန မှ သိရပါတယ်။
ယခုလို မိုးရာသီရောက်တဲ့အခါ မြွေအန္တရာယ်ကို အထူးသတိပြုသင့်ပါတယ်။ မြို့လယ်ကောင်တိုက်ခန်းတွေ မှာ မြွေသတ္တဝါကို မြင်တွေ့ရခဲသော်လည်း၊ သစ်ပင်၊ လယ်မြေ၊ မြက်ချုံပေါများကာ ရေစပ်စပ်ရှိသော မြို့နယ်တွေမှာတော့ မြွေကိုတွေ့ရတတ်ပါတယ်။ မြန်မာပြည်ရှိ အဆိပ်ပြင်းတဲ့ မြွေနှစ်မျိုးမှာ မြွေပွေးနှင့် မြွေဟောက်တို့ဖြစ်ကြ ပြီး မြွေပွေးအဆိပ်က လူ့ခန္ဓာကိုယ်သွေးခဲတဲ့ စနစ်ကို ထိခိုက်ပျက်စီးစေတာကြောင့် မြွေပွေးကိုက်ခံရပါက သွေးမတိတ်ဘဲ ဦးနှောက်၊ အစာလမ်းကြောင်းတွေမှာ သွေးယိုစိမ့်ခြင်းအပြင် ဆီးထဲမှာသွေးပါပြီး ကျောက်ကပ်ပျက်စီးတတ်ပါတယ်။ မြွေဟောက်အဆိပ်ကတော့ အာရုံကြော စနစ်ကို ထိခိုက်တာကြောင့် လူနာကမှိန်းလာပြီး အာရုံ ခံစားမှု မရှိတော့ဘဲ ထုံကျင်လာကာ နောက်ဆုံးမှာ အာရုံ ကြောတွေပျက်စီး၍ြ<ွကက်သား လှုပ်ရှားမှုအားပျော့ပြီး အသက်ရှူခြင်းနှင့် အဆုတ်ကို ထိခိုက်လာပါတယ်။
အမှန်တကယ်တော့ မြွေတွေက လူမြင်တိုင်း လိုက်ကိုက်တတ်ကြတာမဟုတ်ပါဘူး။ မလွဲမရှောင်သာတဲ့ အချိန်ကျမှသာ (သူ့ကို တစ်စုံတစ်ခုက အန္တရာယ်ပြုမယ်လို့  ထင်တဲ့အခါမှာ သူ့ကိုယ်သူ ကာကွယ်သည့်အနေဖြင့်) လူကို ကိုက်ခြင်းသာဖြစ်ပါတယ်။ မြွေအဆိပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကိုက်ခံရတဲ့  နေရာမှာ နာကျင်မှုဖြစ်စေပါတယ်။ မြွေအစွယ်ကြောင့် ဒဏ်ရာအပေါက်မှ သွေးထွက်တတ်ပြီး တစ်ခါတလေ အဆင်မသင့်ရင် ထို ဒဏ်ရာပေါက်မှတစ်ဆင့် မေးခိုင်ပိုး ဝင်နိုင်ပါတယ်။ အကယ်၍ အဆိပ်ပြင်းတဲ့မြွေအကိုက်ခံရပါက ဒဏ်ရာပတ်ဝန်းကျင်မှာ ငါးမိနစ်အတွင်း ပြင်းထန်စွာ ရောင်ယမ်းနာကျင်မှုဖြစ်ကာ မီးလောင်ဒဏ်ရာကဲ့သို့ အရည်ကြည်ဖုများ ပေါ်ထွက်လာပါတယ်။ ဒါ့အပြင် ကိုက်ခံရတဲ့နေရာတစ်ဝိုက် ကြွက်သားနဲ့ အရေပြားတွေ ပျက်စီးပြီး နောက်ဆုံးမှာ ပုပ်သွားတဲ့အထိ ဆိုးရွားနိုင်တယ်။ ကိုက်လိုက်တဲ့မြွေရဲ့ အစွယ်အနက်၊ သူထုတ်လိုက်တဲ့ အဆိပ်ပမာဏနဲ့ အကိုက်ခံရတဲ့နေရာပေါ်တည်ပြီး အဆိပ်ပျံ့နှံ့တာ အနှေးအမြန်ကွာခြားပါတယ်။ ဥပမာ ဦးခေါင်းပိုင်း၊မျက်နှာ၊ လည်ပင်းတို့ကို အကိုက်ခံရပါက နှလုံးသွေးပြန် ကြောနှင့် နီးစပ်တာကြောင့် အဆိပ်ပျံ့နှံ့တာလည်း ပိုမြန် ဆန်ပါတယ်။
(၁) Monovalent နှငPolyvalent ဟူ၍ မြွေဆိပ်ဖြေဆေး နှစ်မျိုးရှိပါတယ်။ Monovalent က သတ်မှတ်ထားတဲ့ မြွေအမျိုးအစား တစ်မျိုးတည်း အတွက်သာ သုံးနိုင်ပြီး Polyvalent ကတော့ မြွေအမျိုးအစား တစ်မျိုးမကတဲ့ အဆိပ်များကို ပြေပျောက်စေပါတယ်။ ဒါကြောင့် သုံးရမည့် မြွေဆိပ်ဖြေဆေးဟာလည်း မတူကြတာမို့  မြွေကိုက်ခံရရင် (ဖြစ်နိုင်ပါက)ကိုက်တဲ့ မြွေကိုပါတစ်ပါတည်း ဆေးရုံယူသွားပြဖို့ လိုအပ်ပါတယ်။ မြွေကလည်း ကိုက်ပြီးတာနဲ့ အပြေးမြန်တာကြောင့် မိမိအကိုက်ခံရတဲ့ မြွေ၏ အဆင်းသဏ္ဌာန်ကို မှတ်မိအောင်ကြည့်ထားပါ။ (မြွေဟောက်က ပါးပြင်းထောင် လေ့ရှိလို့ ခြေမျက်စိအပေါ်ကို ကိုက်တတ်ပြီး၊ မြေပွေး ကတော့ ခြေမျက်စိအောက်ကို ကိုက်လေ့ရှိပါတယ်။ အဆိပ်ရှိ မြွေ၏ ဦးခေါင်းဟာ များသောအားဖြင့် ကြိဂံပုံသဏ္ဌာန်ဖြစ်ပါတယ်။)
(၂) ဒုတိယအကြိမ် ထပ်အကိုက်မခံရအောင် မြွေနဲ့ ဝေးရာကို ရှောင်ထွက်သွားပါ။ ချုံပုတ်နဲ့ဝေးရာ ညီညာပြန့်ပြူးတဲ့မြေက စိတ်ချရပါတယ်။ သို့သော် ဟိုး အဝေးကြီးသို့ တစ်ရှိန်ထိုးထွက်ပြေးဖို့ မလိုပါဘူး။ ပြေး လွှားခြင်းက နှလုံးခုန်မြန်ဆန်ကာ ခန္ဓာကိုယ်ထဲသို့ အဆိပ်ပိုမိုပျံ့နှံ့စေပါတယ်။
(၃) စိတ်ချရတဲ့ နေရာလို့ယူဆပါက ငြိမ်ငြိမ်လေးလှဲချ၍ အသက်ကိုမှန်မှန်ရှူပါ။ စိတ်ငြိမ်ငြိမ်ထားပါ။ စိုးရိမ် ထိတ်လန့်ခြင်းက နှလုံးခုန်မြန်ဆန်စေပြီး မြွေဆိပ်တွေ
မြန်မြန် ပျံ့နှံ့လာစေတတ်ပါတယ်။
(၄) အဆိပ်ပြင်းတဲ့မြွေအကိုက်ခံရတဲ့အခါ ချက်ချင်းဆိုသလို ရောင်ကိုင်းလာစေတာကြောင့် ဥပမာ ခြေထောက်ကို ကိုက်ခံရရင် ဖိနပ်ချွတ်ပါ ဘောင်းဘီရှည်ဝတ်ထားရင် ခေါက်တင်ပါ။ အကယ်၍ လက်ကိုကိုက်
ခံရပါက လက်စွပ်၊ လက်ပတ်နာရီတွေကို ချွတ်ပါ။ အင်္ကျီလက်ကို အပေါ်သို့ ခေါက်တင်ပါ။
(၅) မြွေကိုက်ခံရလျှင် မြွေကိုက်ဒဏ်ရာ၏ အထက်နားမှကြိုးဖြင့် ကြပ်ကြပ်စည်း ဓားသန့်သန့်ကို မီးကင်ပြီးအနာပေါက်ကိုချဲ့ကာ မြွေဆိပ်များကို ပါးစပ်ဖြင့် စုပ်ထွေးထုတ်ပစ်ရမယ်လို့ ရှေးယခင်ခေတ်ကဆိုကြ သော်လည်း ယခုမျက်မှောက်ခေတ်မှာတော့ ဒဏ်ရာကို ဓားနဲ့ခွဲခြင်းက သွေးထွက်လွန်၍ မြွေဆိပ်ပိုပြန့်တတ်ပြီး မေးခိုင်ပိုးပါဝင်တတ်၍ ရှေးနည်းကို မသုံးသင့်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်ြေ>ွမကိုက်ခံရတဲ့ အခါ (က) သွေးနဲ့ အဆိပ်ရည်တွေကို ကုန်စင်အောင်ညှစ်ပါ။ (ခ) အဆိပ်မပျံ့နှံ့စေဖို့အတွက် ဒဏ်ရာ၏ ၂ လက်မ (သို့)၃ လက်မ အထက်အပေါ်နားကနေ အဝတ်ပတ်တီးတင်းတင်းစည်းနှောင်ပါ (ဆွဲသား အလက်စ တစ်စတွေကို မသုံးပါနှင့်၊ သွေးတိတ်ပတ်တီးမစည်းရ။) (ဂ) ပြင်ပကူးစက်ပိုးမဝင်စေဖို့ မြွေကိုက်ခံရတဲ့နေ ရာကို ဆပ်ပြာ၊ ရေတို့ဖြင့် စင်ကြယ်စွာ ဆေးပါ (ကာဘော်လစ်ဆပ်ပြာ(သို့မဟုတ်) ဒတ်တောလ်ပိုးသတ်ဆပ်ပြာရနိုင်ရင် ပိုကောင်းပါတယ်။) (ဃ) ရေခဲ မအုံပါနှင့်။ (င) ၎င်းရှေးဦးသူနာပြုစုပြီးတဲ့အခါ အဆိပ်တွေ မပြန့်အောင် ငြိမ်ငြိမ်လေးနေပါ။ ဆေးရုံ၊ ဆေးခန်းသို့သွားတဲ့အခါမှာလည်း ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံးငြိမ်ငြိမ်လေးထားပြီးနေပါ။
(၆) တောရွာတွေမှာတော့ ပိုးထိတယ်လို့ ခေါ်ဆိုလေ့ရှိပါတယ်။ အောက်ပါ အိမ်တွင်းကုထုံးလေးများကလည်း မြွေဆိပ်အန္တရာယ်မှ ကာကွယ်ပေးနိုင်တာကြောင့် အရေးပေါ်အသုံးပြုနိုင်ရန် မှတ်သားထားသင့်ပါတယ်။ (က) မြင်းခွာရွက်စားပါ၊ မြင်းခွာရွက်ကိုကြိတ်၍ ရလာသော အရည်ကို ဒဏ်ရာပေါ်လူးအုံပေးပါ။ (သို့)ဆေးမြင်းခွာရွက်အနီပင်ကို ကျင်ငယ်ရေ(ဆီး)နှင့်သွေး၍ မြွေကိုက်ဒဏ်ရာပေါ်လူးပေးပါ။ (ခ) ကြက်
သဟင်းရွက်စားပါ။ ကြက်သဟင်းပင်အမြစ်ကို ထောင်းထု၍ ရေစိမ်သောက်ပါ။ (ဂ) ဆေးခါးကြီးပင် (ခေါ်) ရှမ်းဆေးခါးကြီးပင် အခြောက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်းကို ရေနွေးဆူဆူကိုမတ်ခွက်ကြီး တစ်လုံးနှင့်ဖျော်၍ လက်ဖက်ရည်ကြမ်းပန်းကန် နှစ်လုံးသောက်ပါ။ အကယ်၍ ဆေးခါးကြီးပင်အစိမ်းရရှိပါက ဆေးပင်လက်တစ်ဆုပ်ကို ရေသုံးပုလင်းထည့်၍ တစ်ဝက်ခန်းအောင်ကျိုပြီးသောက်ပါ။ မြွေကိုက်ခံရသူဟာ ရေအလွန်ဆာတာကြောင့် ရေကျက်အေး အသင့်ထား၍ ဆေးရည်တစ်ဇွန်းခန့်သောက်ပြီးနောက် ရေဆာတိုင်း ¤င်းရေကျက်အေးသောက်ပါ။ (သတိလစ်၍ သွေးအန်နေသူ လူနာပင် ပြန်လည်ကောင်းမွန် လာ
နိုင်ပါတယ်)၊ (ဃ) မြွေကိုက်ခံရတဲ့အခါ မြွေအစွယ်ရာ နှစ်ပေါက်ဖြစ်တာကြောင့် ကြက်ဥ(အစိမ်း)ကို ဒဏ်ရာနဲ့တိုင်းပြီး အပေါက်နှစ်ပေါက်ဖောက်၍ ကပ်ပေးပါ။ ကြက်ဥက ဒဏ်ရာထဲကအဆိပ်ကို မိနစ်ပိုင်း အတွင်း စုပ်ယူသွားပါလိမ့်မယ်။ လိုအပ်ရင် နောက်ထပ်ကြက်ဥ အသစ်ကို သုံးနိုင်ပါတယ် (ကြက်ဥကို ခွဲကြည့်ရင် မြွေဆိပ်တွေ့ပါတယ်။ ထိုကြက်ဥကို သေသေချာချာ စွန့်ပစ်ဖို့တော့လိုပါတယ်)၊ (င) ဣဿရမူလီ
အမြစ်ကို သွေးလိမ်းပေးခြင်းဖြင့် မြွေဟာက်အဆိပ် ကို တစ်ဟုတ်ချင်းပြေစေနိုင်ပါတယ်။ (စ) သကြားသီးအစေ့နှင့် အရွက်တို့ကိုထောင်းထုကာ သတ္တုရည်လိမ်း ကျံပေးခြင်းဖြင့် အဆိပ်ပြေစေနိုင်ပါတယ်။ (ဆ) နေအိမ်ခြံဝန်းထဲတွင် ပင်စိမ်းပင် စိုက်ပျိုးထားခြင်းဖြင့် မြွေအန္တရာယ်မှ ကင်းဝေးစေနိုင်ပါတယ်။ မြွေကိုက်ဒဏ်ရာပေါ် ပင်စိမ်းရွက်ကိုကြိတ်အုံပေးခြင်းဖြင့် အဆိပ်ပြေစေပါတယ်။ (ဇ) မြွေကိုက်ခံရပါက ဆေး
ရုံ၊ ဆေးခန်းသို့မသွားခင် အဆိပ်ရဲ့စုဖွဲ့မှုကိုအပူနဲ့တိုက်ထုတ်တဲ့အနေဖြင့် ဆားရည်ပျစ်ပျစ် ဖျော်သောက်ပေးပါ။ (ဈ) သင်္ဘောသီးအကင်းကို ထိပ်မှဖြတ်ပြီး မြွေအကိုက်ခံရသည့်နေရာတွင် ကပ်ပေးခြင်းဖြင့် အဆိပ်ဖြေကာ အနာအမြန်ဆုံး ကျက်စေပါတယ်။ (ည) ခြံနှင့် အိမ်ပတ်ဝန်းကျင်ကို ဆီးဖြူ သီးဖြန့်ပစ်ထားပါ။
(ဋ) ခြံပတ်ပတ်လည်ကို Kiss Me Quick ပင်၊ ရှဥ့်မတက်ပင်၊ နှင်းဆီပင် စတဲ့ ဆူးခက်များပါရှိသော အပင်များစိုက်ပျိုးထားခြင်းဖြင့် မြွေမလာနိုင်အောင် တားဆီးနိုင်ပါတယ်။ (ဌ) ရှေးမြန်မာကြီးများကတော့ မြွေကိုက်ခံရသော လူနာအား ကျည်းနီသီး၏ အဆန်ကို မှုန့်ညက်နေအောင်ကြိတ်၍ မျက်စိနှစ်ဖက်စလုံးမှာ ခတ်ပေးခြင်းဖြင့် အသက်ချမ်းသာရာ ရစေတယ်လို့ ဆိုပါတယ်။ (ဍ) ရှေးမြန်မာကြီးများ လက်ထက်က ပိုးထိသောသူ၏ ဒဏ်ရာမှအဆိပ်ကို ရှေးဦးသူနာပြုစုနည်းဖြင့် ပါးစပ်ဖြင့် စုပ်ထုတ်စဉ် ၎င်းအဆိပ်ဟာ ပါးစပ်ထဲသို့ မတော်တဆဝင်၍ မျိုချမိ တယ်ဆိုပါစို့၊ ထိုပြဿနာအတွက် ဆင်၏ချေး(မစင်) သွေး၍သောက်ခြင်းဖြင့် အဆိပ်ဖြေ ခဲ့ကြပါတယ်။
မြို့ ပေါ်တွေမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုတွေ ကြောင့် ရေမြောင်းတွေလျှံတက်လာပြီး လမ်းသွယ်များ သာမက၊ အိမ်ခြံဝင်းထဲထိပါ ရေတက်လာပါတယ်။ အဆိုပါ ရေဆိုးမြောင်းရေများနှင့်အတူ မြွေဆိုးများလည်း ပါလာတတ်ပါတယ်။ြေ>ွမအကိုက်မခံရအောင် ရေမြောင်းများကို ရေစီးရေလာကောင်းအောင် ပြုပြင်ပါ၊ ခြံတွင်း ထဲမှာ သတိထားသွားလာပါ။ မြက်ဖုတ်များ၊ မြေတွင်းများနှင့် သစ်ခေါင်းပေါက်များကို ဝေးဝေးရှောင်ပြီး သွား လာပါ။
အိမ်မွေးခွေးများက မြွေအန္တရာယ်ကို ကြိုသိမြင်တတ်လို့ ခွေးတွေ စူးစူးဝါးဝါးဟောင်ရင် ဂရုတစိုက်စစ်ဆေးပါ။ ညဘက် အပြင်ထွက်တဲ့အခါမှာလည်း လက်နှိပ်ဓာတ်မီးနှင့် မြွေကိုအသံဖြင့် ခြောက်လှန့်နိုင်စေဖို့ ဒုတ်(တုတ်)ရှည်ရှည် ဆောင်သွားပါ။ မြွေရှိတတ်တဲ့ တချို့မြို့နယ်များတွင် ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်၊ ရေမြောင်းများကို သန့်ရှင်းရေးဂရစိုက်ကြပါရန်နှင့် မိမိအိပ်ရာခုတင်အပေါ်၊ အောက်တို့ကို သတိနှင့်ဆင်ခြင်၍ မြွေအန္တရာယ်မှ ကာကွယ်ကြပါရန် သတိပေးနှိုးဆော် လိုက်ရပါတယ်။ ။
ပေါက်ပေါက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar