08/09/15

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မင်းဘူးမြို့မန်းသီတာ ဟိုတယ်အတွင်းကနေ မင်းဘူးမြို့ဒေသခံတွေကို နှုတ်ဆက်စကားပြောကြားနေတာ ဖြစ်ပါတယ်။

Photo: Kyaw Zaw Win/RFA

သမ္မတ ဦးသိန်းစိန်ဟာ ဒီနေ့ သြဂုတ်လ(၉ )ရက်နေ့ ညနေပိုင်းက ဟင်္သာတ ရေဘေးသင့် ပြည်သူတွေကို လာရောက်တွေ့ဆုံခဲ့ပြီး အလှူငွေနဲ့ စားစရာများ ထောက်ပံ့ပေးအပ်သွားပါတယ်။

ဟင်္သာတမြို့ကို သြဂုတ်လ ၉ ရက် ညနေ ၃ နာရီခွဲလောက်က သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ ရောက်ရှိလာခဲ့ပြီး ပျဉ်းမချောင်းရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်စခန်းကို သွားရောက်ကာ ရေဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပြီး ရေဘေးအတွက် အလှူငွေ သိန်း ငါးရာနဲ့ စားစရာများ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီး ရေဘေးအတွက် Htoo ဖောင်ဒေးရှင်း၊ UMFCCI၊ မြို့ခံအလှူရှင်များနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က ထောက်ပံ့ လှူဒါန်းတဲ့ ဆန်၊ ဆီ၊ အစားအသောက်၊ အဝတ်အစား၊ ခြင်ထောင်တို့ကို တပါတည်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေကြီးနစ်မြုပ်နေတဲ့ ဟင်္သာတဒေသကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံ ကြက်ခြေနီအဖွဲ့ကိုလည်း သမ္မတ ဦးသိန်းစိန်က ရွှေစေတီဘုရားအနီး ရေကာတာပေါ်မှာ တွေ့ဆုံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ဟာ ညနေ ၅ နာရီခွဲက ရဟတ်ယာဉ်နဲ့ ဟင်္သာတမြို့ကနေ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

သတင်းဓာတ်ပုံ - ပြည့်ဖြိုး

DVB TV News


Myanmar pro-democracy leader Aung San Suu Kyi speaks during a meeting with members of the Myanmar community at the Royal Festival Hall in central London

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ရန်ကုန်တိုင်း အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတချို့ဆီက ကိုယ်ရေးအချက်အလက်တွေကို ရဲသတင်းတပ်ဖွဲ့ အက်စ်ဘီက လိုက်လံတောင်းခံနေတယ်လို့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်ဆီမှာ လာရောက်တောင်းယူတာဖြစ်ပြီး ဒေါ်စုက အဲ့ဒီလိုတောင်းဆိုပိုင်ခွင့် မရှိဘူးလို့ ယူဆကြောင်း အကြောင်းပြန်ထားတယ်လို့လည်း ပြောပါတယ်။

ပါတီဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ရဲသတင်းတပ်ဖွဲ့မှာ အခုလို ကိုယ်ရေးအချက်အလက် တောင်းပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။

“ဒီဟာက သူတို့ ၀တ္တရားအရ ဆောင်ရွက်တာလို့ မြင်တယ်၊ သို့သော် ကျနော်တို့ကို တောင်းဖို့ အခွင့်အာဏာတော့ မရှိဘူး၊ ကျနော်တို့ဆီက အချက်အလက်တွေကို သူတို့ စုံစမ်းရမှာ၊ ကျနော်တို့ ပေးတယ်ဆိုရင်တော့ သူတို့ လွယ်သွားတာပေါ့၊ အစိုးရအဖွဲ့အစည်းအနေနဲ့ အားလုံးရဲ့ ကိုယ်ရေးမှတ်တမ်းကို ယူနိုင်တယ်လို့ ယေဘုယျပြောကြတာကို သိပ် လက်မခံချင်ဘူး။”

ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုကတော့ အန်အယ်လ်ဒီပါတီ တခုတည်းကို တောင်းတာ မဟုတ်ဘဲ တခြားပါတီကိုယ်စားလှယ်လောင်းတွေထံကလည်း တောင်းတယ်၊ သူတို့ တိုင်းကော်မရှင်မှာလဲ လာတောင်းတယ်လို့ ပြောပါတယ်။

“ကျနော်တို့ဆီမှာလည်း တောင်းတယ်၊ ကျနော်တို့ မပေးပါဘူး။ တကယ်တမ်း ကိုယ်စားလှယ်လောင်းတွေကို စိစစ်မှာက ကော်မရှင်က စိစစ်မှာ၊ ကော်မရှင် လက်လှမ်း မမီတဲ့ အရာတွေ ရှိတယ်။ အဲ့ဒါတွေကျတော့ ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်ရတယ်၊ သူ့ လုပ်ထုံးလုပ်နည်းအရ။ ကျနော်တို့ဆီက ကိုယ်စားလှယ်လောင်းစာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပို့မယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ထဲရေးကို ပို့မယ်၊ ပို့တဲ့အခါကျ သူတို့ဆီ (SB) ရောက်မှာပဲ၊ ကျနော်တို့ဆီ မတောင်းလည်း သူတို့ဆီ ရောက်မှာပဲ၊ သူ့တာဝန်အရ သူတောင်းတာပါ။”

ရဲသတင်းတပ်ဖွဲ့အနေနဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း အရေအတွက်က များတော့ ကြိုလုပ်ထားချင်တဲ့သဘောနဲ့ ဖြတ်တောင်းတာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်လောင်း စိစစ်ခြင်းလုပ်ငန်းကို သြဂုတ် ၁၈ ရက်ကနေ ၂၇ ရက်အတွင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

By ရွှေအောင်/DVB
http://burmese.dvb.no/archives/106813

စိတ်ကူးယဉ်မနေကြနဲ့တော့

သို့ကလို ရေဘေးသင့်ပြည်သူတွေကို မထောက်မညှာ မောက်မာပြောခဲ့သူတွေ၊ နိုင်ငံရေး အမြတ်ထုတ်သူတွေ များဟု အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင်နဲ့ အစိုးရနဲ့ မကင်းသူ များ ဖြစ်နေလေတော့ … ခေါင်းဆောင်နွားလား ဖြောင့်ဖြောင့် သွားသော် နောက်နွား တစ်သိုက် ဖြောင့်ဖြောင့်လိုက်သည် ဆိုသလိုပဲ။ ရှေ့နွားက ဖြောင့်ဖြောင့် မသွားလေတော့ နောက်နွားတွေက ဘယ်ဖြောင့်ဖြောင့် လိုက်မလဲ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပဏ္ဍိတလည်း တစ်ပတ်ပြီးတစ်ပတ် တရားတပေါင်တွေ၊ ဓမ္မစကားတွေနဲ့ ဝေလေလေ လူကြီးတွေကို ဝေဖန်နေ၊ ဆုံးမ နေရတာ တချို့လည်း မြင်ပြင်းကတ်တော့မယ် ထင်ပါ့။

လွန်တာရှိရင်တော့ ၀န္ဒာမိပါပဲဗျာ။

ပဏ္ဍိတတို့ တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်နေတာ ဘယ်လို အရေးကိစ္စတွေလဲဆိုတာ ပဏ္ဍိတတို့ ပရိသတ်တွေ ပဏ္ဍိတ မပြောလည်း သိမှာပါ။

တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက်နဲ့ ရေဘေးဒုက္ခကနေ လွတ်ရာလွတ်ကြောင်း ရှာနေရတာတော့ ပဏ္ဍိတ တို့လည်းသိ၊ သမ္မတကြီးလည်း သိမယ် ထင်ပါတယ်။

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း၊ ရခိုင်၊ ရှမ်း၊ မန္တလေး၊ ရန်ကုန်အဖုံဖုံသော တိုင်းနဲ့ပြည်နယ်တို့ ရေဘေး သင့်နေကြတာ ပဏ္ဍိတတို့ မျက်မြင်ပါပဲ။

မြန်မာပြည်ကြီး ကပ်ဆိုက် နေသလားလို့တောင် လူမှုကွန်ရက်မှာ ဝေဖန်နေကြတာ မြင်ရပါရဲ့။

မြန်မာနိုင်ငံသားတွေလည်း ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ စတဲ့ ရန်သူမျိုး ငါးပါးထဲက မီးဆိုတဲ့ တစ်ပါးပဲ လောလောဆယ် ကင်းလွတ်နေပါရဲ့။ ဒါတောင် မိုးတွင်းဖြစ်နေလို့ရယ်။

မချစ်မနှစ်သက်တဲ့ အစိုးရနဲ့ ဆက်ဆံရခြင်းဒုက္ခ၊ ပြည်သူ့ဘဏ္ဍာငွေကို နည်းလမ်းပေါင်းစုံနဲ့ ခိုးနေတဲ့ ခိုးသူတွေနဲ့၊ ရန်သူမျိုးငါးပါးထဲက တစ်ပါးဖြစ်တဲ့မင်း(ဘုရင်)၊ အစိုးရအုပ်ချုပ်သူတို့ရဲ့ နှိပ်စက်ကလူ ပြုမှုကိုတင် မဟုတ်ဘဲ ရေဘေး ဒုက္ခပါသင့်ရတော့ ပဏ္ဍိတတော့ မြန်မာတွေရင်ထဲက စေတနာပါပါနဲ့ ကုသိုလ်ကောင်းမှုတွေ ပိုလုပ် သင့်ပြီလို့ ထင်ပါရဲ့။

ဒီတစ်ပတ်တော့ ပဏ္ဍိတပြောချင်လွန်းလို့ကို ၀ါးလုံးရှည်ကို ဟ၀ှာသုတ်ပြီး ယမ်းချင်ပါရဲ့။ ဒီတစ်ပတ်တော့ ပြောချင် လွန်းလို့ ပြောမှာပါ။

ရေဘေးကြောင့် ပြည်သူတွေ ဒုက္ခရောက်နေရတဲ့အထဲ ပြည်သူတွေ အားဖြစ်မယ့်အစား မဟားတရား ပြောနေတဲ့ အစိုးရနဲ့ အစိုးရကို “မ”နေတဲ့ လက်သုံးတော်၊ လက်ဝေခံများကို ပြောချင်နေတာပါ။

““လူဆိုတာ မွေးကတည်းက ဘာမှ ပါမလာဘူး”” သမ္မတဦးသိန်းစိန်

xxxxx

““အခုလို ဘာမှမလုပ်ဘဲ လာလှူတာလေးတွေ စားနေရလို့ နောက်နှစ် ဒီလိုဖြစ်ပါစေလို့ ဆုမတောင်းကြနဲ့”” – ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်း

xxxxx

““နိုင်ငံတကာတို့၊ ကုလသမဂ္ဂတို့က ဟိုကိစ္စဆို ပုဆိုးခါးတောင်းကျိုက် အော်ကြ၊ ရင်ဘတ်ထုထုပြီး ငိုရတာ အမော၊ အခု ရေဘေးသင့်ကိစ္စကျတော့”” – ဦးညိုအုန်းမြင့် (မြန်မာငြိမ်းချမ်းရေးစင်တာ)

xxxxx

““လူသားချင်း စာနာ ထောက်ထားတယ်ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာတယ်။ ရခိုင်ကိစ္စမှာ ကုလသမဂ္ဂ အကူအညီ ချက်ချင်း ရောက်လာတာ၊ ဘင်္ဂါလီကို ကူညီချင်လို့လား မေးနေကြပြီ။ အခုဘင်္ဂါလီ မဟုတ်လို့ အကူအညီ မရောက်နိုင်သေးတာ ထင်တယ်လို့ ထောက်ပြနေကြတယ်။ တိုင်းရင်းသား၊ ဘင်္ဂါလီကြား Dicrimination မရှိရင် အမြန် လာသင့်တယ်။ အားလုံးကို တစ်ပြေးညီ လူသားတွေလို့ မြင်ရင်ပေါ့လေ”” – ဒေါက်တာနေဇင်လတ် (အမျိုးသားတိုးတက်ရေး ပါတီ၊ နိုင်ငံတော် သမ္မတ နိုင်ငံရေးအကြံပေးဟောင်း)

xxxxx

သို့ကလို ရေဘေးသင့် ပြည်သူတွေကို မထောက်မညှာ မောက်မာပြောခဲ့သူတွေ၊ နိုင်ငံရေး အမြတ်ထုတ် သူတွေများဟာ အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင်နဲ့၊ အစိုးရနဲ့ မကင်းသူများ ဖြစ်နေလေတော့ ဆရာတပည့် များ ရှေ့သွား နောက်လိုက် တယ်ညီသကိုးလို့ ပြောရတော့မလိုပါပဲ။

ခေါင်းဆောင်နွားလား ဖြောင့်ဖြောင့် သွားသော် နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်သည် ဆိုသလိုပဲ။ ရှေ့နွားက ဖြောင့်ဖြောင့် မသွားလေတော့ နောက်နွားတွေက ဘယ်ဖြောင့်ဖြောင့် လိုက်မလဲ။ ဟုတ်တယ်မလား ပဏ္ဍိတတို့ ပရိသတ်ကြီးရယ်။ ရှေးမြန်မာ စကားပုံပြောတာပါ။ နွားနဲ့နှိုင်းတာ မဟုတ်ရပါဘူး။ အမျက်တော် ရှနေရင် ရုံးတော်မှာ နွားအဘိဓာန်ဖွင့်ခိုင်း နေပါဦးမယ်။ ပြီးခဲ့တဲ့ တစ်ခေါက် တုန်းကလည်း ဗလောင်းဗလဲ၊ ဗရွတ်ရွှတ်တဆိုတာတွေကို တရားရုံးမှာ အနက်ဖွင့်ခိုင်းခဲ့သေးတာ ပဏ္ဍိတတို့ အမှတ်ရမိပါရဲ့။

ပြောရရင်လည်း ဒေါသတွေတစ်ဟုန် ထိုးထွက်ကြဦးမှာစိုးလို့ ပဏ္ဍိတတို့လည်း ထိန်းထိန်းသိမ်းသိမ်း ရေးရပါရဲ့။

ရေဘေးသင့်တယ်ဆိုလို့ ပြောရဦးမယ်။ ဆရာကြီးဦးထွန်းလွင် မိုးလေ၀သနဲ့ ဇလဗေဒမှာ တစ်ဖက်ကမ်းခတ်သူ မြန်မာနိုင်ငံမှာ သူ့လောက်သိသူ မရှိဘူးလို့အများက သတ်မှတ်ထားသူ ကိုယ်တိုင်က အရေးပေါ် အခြေအနေ ကြေညာပါဆိုတော့ ဟိုဖင်ရွှေ့၊ ဒီခေါင်းရွှေ့နဲ့ နိုင်ငံ တစ်ဝက်လောက်ကုန်မှ အရေးပေါ် အခြေအနေ ကြေညာတဲ့ သူတွေက ကုလသမဂ္ဂကို ဝေဖန်သတဲ့။

ကြုံတုန်း နိုင်ငံရေး အမြတ်ထုတ်တာလားလို့တောင် ပါတီဥက္ကဋ္ဌကြီးကိုလည်း မေးချင်ရဲ့။

ဦးညိုအုန်းမြင့်တို့၊ ဦးနေဇင်လတ်တို့လို ပညာရှင် အမည်ခံထားတဲ့သူများဟာ ကုလသမဂ္ဂတို့၊ WFP တို့က အလှူငွေ အထောက်အပံ့တွေဟာ ဘယ်သို့ဘယ်ပုံ တွက်ချက်ပြီးလာတယ်။ ဘယ်လို အခြေအနေမှ ရောက် တတ်တယ်ဆိုတာ မသိဘူးရယ်လို့ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်ခြေ၊ သုံးစွဲနိုင်စွမ်း၊ လိုအပ်ချက်၊ ထပ်မံဖြည့်တင်းရ မယ့် ပမာဏတွေကို ကမ္ဘာနဲ့ချီ တွက်ရတာ သိနိုင်ပါရဲ့နဲ့ ဒီလိုပြောတာ ဆိုတော့လည်း လက်ခုပ်တီး ကောင်းအောင် ခါးတောင်းကျိုက်ပြီး ကပြလေသလားလို့ပဲ ပဏ္ဍိတတို့က ထင်မှတ်ပါရဲ့။

ဘာမဆိုင် ညာမဆိုင် ဖွဘုတ်လူမှုကွန်ရက်က ဖိုတိုကွန်းမန့်တစ်ခု သွားသတိရမိတယ်။ ခင်ဗျားဆင်းစားကြည့် ရှေ့မှာ ချီးတွင်းကြီးရှိတယ် ဆိုတာပါ။

ဘာရယ်မဟုတ်သတိရတာပါ။ ပညာရှင်ကြီးများကို ပြောတာ မဟုတ်ရပါဘူး။ ကဲ … ဆက်ဦးမယ်။

မိဘပြည်သူများ ခင်ဗျား … မွေးကတည်းက ဘာမှပါမလာဘူးဆိုတော့ကာ ဘာမှလည်း မမေးနဲ့၊ မ၀တ်နဲ့၊ မသောက်နဲ့ပေါ့ဗျာ။ ဒီလိုခေတ်မှာ လူလာဖြစ်တာ ခင်ဗျားတို့ အသက်ရှူရတာ ကံကောင်း။

မိဘပြည်သူများခင်ဗျား….လှူတာတွေယူပြီး ၀မ်းမသာနဲ့ဦး။ ကျုပ်တို့က တစ်ဆိတ်လှူတာ။ တစ်အိတ်က ဘယ်သူ့အတွက်လဲလို့ မမေးနဲ့နော်။ ငရဲကြီးတတ်တယ်။

အစိုးရ သတင်းစာတွေမှာက ဘယ်လိုကူကြောင်း၊ဘယ်လိုလှူကြောင်းတွေ မြင်ရ၊ ကြားရ၊ သမ္မတကြီးတို့၊ ၀န်ကြီးတို့ရဲ့ စကားတွေ မြင်ရ၊ ကြားရတော့ ဘာမဆိုင် ညာမဆိုင် နောက်တစ်ခု ထပ်သတိရမိပါတယ်။

အလှူခံမဏ္ဍပ်တွေမှာ အော်နေကြစကားပါ။ ညောင်စေ့လောက် လှူသော်လည်း ညောင်ပင်ကြီး ပေါက်ရပါစေ။ အဲ ညောင်ပင်ကြီးလောက် ရပါစေဆိုတာလေ။

ပြည်သူတွေဆီမှာ ညောင်စေ့တွေ၊ ညောင်စေ့တွေ လှူလိုက်တာ အစိုးရလည်း ညောင်ပင်ကြီးလောက် ရမှာပါ။ ကုသိုလ်ဆိုတာ အဲဒီလိုပါပဲ။ နာဂစ်တုန်းကလည်း ဒီလိုပါပဲ။ ပဏ္ဍိတတို့က အလှူသဘော ပြောတာနော်။ တခြားတွေ ချော်မတွေးစေချင်ဘူး။

ပဏ္ဍိတရဲ့ ဘေးချော်သွားတဲ့ လိုရင်းကို ပြန်ဆွဲစေ့ရရင်တော့ ပဏ္ဍိတတို့ နိုင်ငံက ၀န်ကြီးများ၊ သမ္မတများဟာ တစ်ဖက်သားကို မညှာမတာ၊ မကြင်မနာနဲ့ ပြောတတ်တဲ့ ဗီဇကို ဘယ်ဘ၀ ကုသိုလ်နဲ့ ရထားတယ် မသိပါဘူး။ အင်မတန်ကို အပြောရက်စက် ကြပါပေတယ်။

လုပ်ရပ်တွေကလည်း မဟုတ်မဟပ် အပြောတွေကလည်း မတော်တရော် ဆိုပြန်ရင်လည်း ပဏ္ဍိတတို့ လွန်ရာကျတော့မယ်။

ကဲ ပဏ္ဍိတလည်း ရှောမွှေး ဗာရာဏသီ ချဲ့မနေချင်တော့ပါဘူး။

ပဏ္ဍိတပြောချင်တာကတော့ နောက်သက်တမ်း အစိုးရ ဆက်လုပ်ချင်တယ်လို့ ပြောနေတဲ့သူများ ဒီလိုဒီပုံ၊ ဒီလုပ်ပေါက်၊ ဒီပြောပေါက်တွေနဲ့ စိတ်ကူးမယဉ်ပါနဲ့တော့။

ပဏ္ဍိတက ပြည်သူတွေကိုယ်စား သင်္ကြန်သီချင်းလေး ဆိုပြလိုက်ချင်ရဲ့…

ပြန်ပါတော့ကွယ်၊ ပြန်တော့ကွယ်

နှုတ်ခွန်းဆက်ပါတယ်။

နောက်နှစ်ခါများ စိတ်ကူးယဉ်တယ်

မောင်ကြီးလွန်ပါတယ်။

ပြန်ပါတော့ကွယ်၊ ပြန်တော့ကွယ်

နှုတ်ဆက်လိုက်ပါတယ် … ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


11817062_460895300757859_1137797692509109068_n

နိုင်ငံတ၀န်း ပြည်နယ် ၁၁ ခုမှာ ရေကြီးမိုးကြီးခဲ့လို့ ရေဘေးသင့်သူ လူဦးရေ ၁ သန်းလောက်နဲ့ ရေဘေးအတွင်း သေဆုံးသူ ၁၀၀ လောက်ရှိနေပြီလို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ပြောပါတယ်။

ဒီစာရင်းဟာ ဇွန်၊ ဇူလိုင်နဲ့ သြဂုတ် ၈ ရက်အထိ ရရှိထားတဲ့ ကိန်းဂဏန်းတွေ ဖြစ်တယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

“အခု ဇူလိုင်နဲ့ သြဂုတ်အတွင်း ဖြစ်တဲ့ ရေဘေးမှာတော့ စုစုပေါင်း ၉၂ ယောက် သေဆုံးလို့ မနေ့ကထိ ကျမတို့ရတာပေါ့။ ဇွန်လထဲမှာလည်း တနင်္သာရီတို့၊ ရခိုင်တို့မှာ ရေဘေးတခု ဖြစ်ခဲ့သေးတယ်။ အဲ့ဒီမှာ သေတာက ၇ ယောက်။ အဲ့ဒီတော့ ဇွန်မှာ ဖြစ်ခဲ့တာရော၊ လတ်တလော ဇူလိုင်၊ သြဂုတ်မှာဖြစ်တာရော ပေါင်းရင် ၉၉ ရှိတယ်။ အခုဖြစ်တဲ့ ရေဘေးမှာ တနိုင်ငံလုံး ရေဘေးခံစားရတဲ့သူပေါင်းက ၉ သိန်း ၈ သောင်းခန့် ရှိပါတယ်။”

လတ်တလော ရေပြန်ကျနေတဲ့ စစ်ကိုင်း၊ မကွေးတို့မှာ ရေဘေးသင့်သူတွေ အိမ်ပြန်နေနိုင်ဖို့ ကူညီလုပ်ဆောင်ပေးနေပြီး အစိုးရအနေနဲ့ ရိက္ခာ ၂ ပတ်စာ ထောက်ပံ့ကူညီပေးနေတယ်လို့ ပြောပါတယ်။

ရေဘေးအတွင်း သေဆုံးသူ ၁၀၀ လောက်မှာ အများစုက ရခိုင်ရေကြီးမှုအတွင်း သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

ရေကြီးရေလျှံမှုတွေ အဆိုးဆုံးဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်းက ကလေး၊ မကွေးတိုင်းက ပွင့်ဖြူ၊ ရခိုင်ပြည်နယ်က မြောက်ဦး၊ မင်းပြား စတဲ့ မြို့နယ်တို့မှာ အခုအခါ ရေပြန်ကျသွားပြီး လမ်းနဲ့အိမ်တွေမှာ တင်ကျန်ရစ်တဲ့ နုန်းတွေကို ဖယ်ရှားရှင်းလင်းနေကြရပါတယ်။

အိမ်မှာ ပြန်နေနိုင်ဖို့နဲ့ သူတို့ရဲ့ လုပ်ငန်းတွေ ပြန်စတင်နိုင်ဖို့ အနည်းဆုံး ၂ ပတ်လောက် အချိန်ယူရမှာဖြစ်ပြီး ရေဘေးသင့်ပြည်သူတွေဘ၀ ပြန်လည်ထူထောင်နိုင်ဖို့ အနည်းဆုံး ၆ လလောက် အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

လတ်တလော မြစ်ရေကြီးပြီး ရေကြီးတဲ့ဒဏ်ခံနေရတဲ့ တိုင်း ၂ ခုကတော့ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့ဖြစ်ပြီး အဲ့ဒီတိုင်း ၂ ခုမှာရှိတဲ့ လယ်ဧက သိန်းနဲ့ချီရေမြုပ်နေပြီး သောင်းနဲ့ချီပြီး ပျက်စီးနေပါတယ်။

ဧရာဝတီတိုင်းတခုတည်းမှာတင် လတ်တလော လူဦးရေ ၂ သိန်းခွဲကျော် ရေဘေးသင့်နေပြီး လယ်ဧက ၂ သိန်းခန့် ရေမြုပ်နေပါတယ်။

By ရွှေအောင်/DVB
http://burmese.dvb.no/archives/106858

ရေဘေးသင့် ပြည်သူများအတွက် နိုင်ငံတကာမှပေးမည့် အကူအညီများအား အစိုးရအနေဖြင့် ပွင့်လင်းမြင်သာစွာ စီမံရေးဆွဲ ချပြစေလိုကြောင်း ရေဘေး အန္တရာယ် တုံ့ပြန်ညှိနှိုင်းရေးအဖွဲ့မှ ဒေါ်သိန္နီဦးက သြဂုတ်လ ၅ ရက် တွင် ပြောသည်။

နိုင်ငံတကာ အထောက်အပံ့ ရရှိ မည်ဆိုပါက မည်သို့လုပ်ဆောင်ရမည်ကို စီမံချက်ရေးဆွဲရမည် ဖြစ်ကြောင်း နိုင်ငံတကာမှ အကူအညီများ ရောက်လာလျှင် အဆင်သင့် လုပ်ဆောင်နိုင် မည်ဖြစ်ပြီး အဆိုပါအစီအစဉ်များ ရေးဆွဲမည်ဆိုပါကလည်း သက်ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများအား ဖိတ်ခေါ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ မည်သို့လုပ်ဆောင်မည်ကို ပူးပေါင်းရေးဆွဲရမည်ကြောင်း ဆက်လက်ပြော သည်။

ထို့ပြင် လိုအပ်သော ကူညီထောက်ပံ့မှုများနှင့် ရေဘေး ဒုက္ခသည်များ အတွက် ပြန်လည်ထူထောင်ရေး အစီအမံများ အားနည်းနေခြင်းသည် အစိုးရတစ်ရပ်အနေဖြင့် တာဝန်ရှိသည့် ပြည်သူလူထုအပေါ် အရေးပေါ် အခြေအနေအတွင်း ကာကွယ်ရန် ကြိုတင်ပြင်ဆင် ထားချက်များ အားနည်းနေကြောင်း တွေ့မြင်နေရသည်။

ရေဘေးဒဏ်ခံနေရပြီး အထူးစိုး ရိမ်နေရသော နေရာဒေသများသို့ လိုအပ်လျက်ရှိသော အကူအညီများကို ခွဲခြားမှုမရှိဘဲ အလျင်အမြန် ရောက်ရှိရေး လုပ်ဆောင်ပေးရန်၊ သဘာဝဘေးဒဏ်နှင့် လူသားချင်း စာနာသော အကူအညီ အထောက်အပံ့များ လိုအပ်နေ သည့် မြန်မာနိုင်ငံသားများအတွက် ကူညီမှုများကို နိုင်ငံတော် ဘတ်ဂျက်များမှ ပွင့်လင်းမြင်သာစွာ စနစ်တကျသုံးစွဲပြီး နိုင်ငံရေးအကျိုးအမြတ် အဂတိ ကင်းရှင်းစွာ ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

ဆက်လက်ပြီး အရေးပေါ်နှင့် ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီမှုများ တောင်းခံရန်နှင့် ကန့်သတ်ချုပ်ချယ်မှုများ မရှိဘဲ လုပ်ဆောင်ခွင့်များပြုရန်၊ ရေဘေးအတွက် လှူဒါန်းသည့် အကူအညီများ အပေါ် အခွန်အကောက် ကောက်ခံခြင်း၊ ကန့်သတ်ခြင်း များအား အမြန်ဆုံးရပ်တန့်ရန်၊ ရေဘေးဒဏ် ခံရသော ပြည်သူများအား ကူညီနေကြသော စေတနာ့ဝန်ထမ်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုကို ဟန့်တားနှောင့်ယှက်ခြင်း မပြုဘဲ ၎င်းတို့၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြု ခွင့်ပြုပြီး စနစ်တကျဖြစ်စေရန် အတွက် လက်တွဲ လုပ်ဆောင်သွားရန်အတွက် အလေးအနက် တိုက်တွန်းထားကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ရေဘေးသင့် အန္တရာယ်သည် တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ခံစားနေရခြင်းဖြစ်ပြီး ယင်းတို့ထဲတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အလိုအပ်ဆုံး အခြေအနေတွင် ရှိနေ သေးကြောင်းနှင့် ကျန်ပြည်နယ် တိုင်းဒေသများတွင်လည်း ကယ်ဆယ်ရေး မရောက်နိုင်သည့် နေရာများစွာ ကျန်ရှိနေသေးကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ပြောပြချက်အရ သိ ရသည်။

စိုင်းဟန်

The Ladies News Journal

ယခုအပတ်တွင် ဒေါ်လာငွေလဲလှယ်နှုန်း အနည်းငယ် ကျဆင်းသွားသော် လည်း မြန်မာကျပ်ငွေမှာ ဖောင်းပွဆဲဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင် အများစုက ယခင် ၁၀၂၀ ကျပ်သို့ ကျဆင်းရန် မမြင်ဟု ဆိုကြသည်။ ထိုနည်းတူစွာ ပြည်တွင်းဘဏ်များတွင် ဒေါ်လာရောင်းချမှုကို ရပ်ဆဲ ထားဆဲ ဖြစ်သည်။

မြန်မာပြည်တွင်း ဈေးကွက်တွင် အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချရန် ရည်ရွယ်ခဲ့သည့် ဗဟိုဘဏ်၏ လုပ်ဆောင်ချက်အချို့မှာ မမျှော်လင့်ထားသည့် လရဒ်များကြုံတွေ့ခဲ့ရသည်။ ဒေါ်လာများ ထိန်းသိမ်းထားမှုနှင့် မှောင်ခိုရောင်းဝယ်ခြင်းတို့ ဖြစ်ပေါ်လာစေကာ ပွင့်လင်းစဈေးကွက်တစ်ခုတွင် ငွေကြေးဝယ်လိုအားကို စီမံခန်ခွဲရန် အတွေ့အကြုံလိုအပ်ကြောင်း သတိပေးချက်တစ်ခုဖြစ်ခဲ့သည်။

ပြီးခဲ့သည့် လများအတွင်း မြန်မာနိုင်ငံတွင် တွင်းကုန်တန်ဖိုးက ပို့ကုန်တန်ဖိုး ထက် လျင်မြန်စွာ မြင့်တက်ခဲ့ပြီး ဒေါ်လာလိုအပ်ချက် မြင့်တက်လာခဲ့သည်။ မတ်လကုန်တွင် ကုန်သွယ်ရေးလိုငွေမှာ ၈၈ % တိုးကာ ဒေါ်လာ ၄.၉ ဘီလီယံ အထိရှိလာခဲ့သည်။ ကျပ်ငွေမှာ ဒေါ်လာနှင့်လဲလှယ်ရာတွင် တန်ဖိုး တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး တရားဝင်ဈေးနှုန်းနှင့် တရားမ၀င်ဈေးနှုန်းကြား ကွာဟမှု များပြားလာခဲ့သည်။

ဗဟိုဘဏ်သည် ပြည်တွင်းဘဏ်များ နိုင်ငံခြားငွေအကောင့်များမှ နေ့စဉ်ထုတ်ယူနိုင်သည့် ပမာဏကန့်သတ်ချက်ကို မေ ၂၇ တွင် မူလဒေါ်လာ ၁၀၀၀၀ မှ ဒေါ်လာ ၅၀၀၀ သို့ ထက်ဝက်လျှော့ချခဲ့ပြီး အစိုးရအဖွဲ့အစည်းများ အနေဖြင့် ပြည်တွင်းသုံးစွဲမှုများအတွက် ကျပ်ငွေကိုသာ အသုံးပြုရန် နှိုးဆော်ခဲ့သည်။

ထို့အပြင် မြန်မာငွေကြေးဈေးကွက်အား ဒေါ်လာလွှမ်းမိုးခြင်းကို တားဆီး ရန် ပြည်တွင်းငွေကြေးလွှဲပြောင်းမှုအားလုံး ကျပ်ငွေဖြင့် ပြုလုပ်စေရေး အတွက် လိုအပ်သော ဥပဒေများ ပြဋ္ဌာန်းရန် ဗဟိုဘဏ်က တွန်းအားပေး ခဲ့သည်။

ဗဟိုဘဏ်၏ လုပ်ဆောင်ချက်များကို ပုဂ္ဂလိကဘဏ်များနှင့် စီးပွားရေးသမား များက ဝေဖန်ခဲ့ကြပြီး ဒေါ်လာကို တရားမ၀င်ရောင်းဝယ်သည့် ယခင် နည်းလမ်းဟောင်းများကို မလွှဲမရှောင်သာ ပြန်လည်သုံးစွဲရနိုင်သည်ဟု ဆိုသည်။ ဒေါ်လာရောင်းလိုအား ဆက်လက်ကျဆင်းနေနိုင်သည်ဆိုသော စိုးရိမ်မှုကြောင့် ဇွန်လအတွင်းတွင် ဘဏ်များမှ နိုင်ငံခြားငွေ ထုတ်ယူမှု အလျင်အမြန် ပြုလုပ်စေရန် တွန်းအားဖြစ်စေခဲ့သည်။

ကမ္ဘောဇဘဏ်မှ အရာရှိတစ်ဦးက “ ဒေါ်လာလွှမ်းမိုးမှုက အဓိကပြဿ နာဖြစ်ပြီး ထုတ်ယူနိုင်တဲ့ပမာဏကို ကန့်သတ်လိုက်တာက ဘဏ်ကဒေါ်လာတွေ ပြန်ထုတ်ဖို့ တွန်းအားပေးသလို ဖြစ်သွားပါတယ်” ဟု ပြောကြားသည်။ ဒေါ်လာဈေး ဆက်လက်မြင့်တက်နေမည် ဟု မျှော်လင့်ထားကြသဖြင့် အချို့ဘဏ်များရှိ ငွေလဲကောင်တာများ က ဒေါ်လာရောင်းချခြင်းကို ရပ်နားထားပြီး အချို့က ဈေးနှုန်းပိုမိုမြှင့်တင်ခဲ့ကြ သဖြင့် ငွေကြေးဖောင်းပွမှုအန္တရာယ် မြင့်တက်ခဲ့သည်။ ထိုအချက်များ က ငွေကြေးမတည်ငြိမ်မှုကို ပိုမိုဆိုးဝါးစေခဲ့သည်။

တရားဝင်ငွေလဲနှုန်းနှင့် ဈေးကွက်အတွင်း ငွေလဲနှုန်းကွာခြားမှုလျှော့ချရန်နှင့် မတည်ငြိမ်မှုလျှော့ချရန် ဗဟိုဘဏ်က ကျပ်ငွေတန်ဖိုးကို တဖြည်းဖြည်း လျှော့ချခြင်း စတင်လုပ်ဆောင်နေသည်ဟု ဗဟိုဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ရိုက်တာတို့ ပြောကြားသည်။

ယခုလဆန်းပိုင်းက နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ အကြံပေးချက် အရ ထိုသို့ ဆောင်ရွက်ခြင်းဖြစ်ပြီး ငွေလဲနှုန်း တည်ငြိမ်စေရေး အတွက် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ မူဝါဒများ တင်းကျပ်ရန် လိုအပ်သည်ဟုဆိုသည်။

ဗဟိုဘဏ်က ၀င်ရောက်ထိန်းသိမ်းရန် လိုအပ်နေမှုအပြင် လေ့လာသူများက ကုန်သွယ်ရေးလိုငွေ များပြားခြင်းကဲ့သို့ ပိုမိုကြီးမားသည့် ပြဿ နာရပ်များကို စိုးရိမ်လျက်ရှိသည်။ အစိုးရအနေဖြင့် ပြဿ နာအစိတ်အပိုင်းတစ်ခုစီကို လိုက်လံဖြေရှင်းရန် ကြိုးစားမည့်အစား ကျယ်ပြန့်သည့် ဖွဲ့စည်းပုံပြောင်း လဲမှု ပြုလုပ်ရန် အာရုံစိုက်သင့်သည်ဟု စီးပွားရေးပညာရှင်များကဆိုသည်။

“အဓိကပြဿ နာက ကုန်သွယ်ရေးလိုငွေ မြင့်မားလာမှုပါ။ ပြည်တွင်း ထုတ်လုပ်သူတွေက သွင်းကုန်တွေနဲ့ ယှဉ်ပြိုင်နိုင်မယ့် ကုန်ပစ္စည်းတွေ ထုတ်လုပ်မပေးနိုင်ပါဘူး။ ဒီပြဿ နာကို အစိုးရက မဖြေရှင်းသရွေ့ ကျပ်ငွေတန်ဖိုး ကျဆင်းနေမှာပါ” ဟု စီးပွားရေးပညာရှင် တစ်ဦးကဆိုသည်။

ကုမ္ပဏီများအနေဖြင့် စီးပွားရေးကဏ္ဍတွင် ဒေါ်လာလွှမ်းမိုးခြင်းနှင့် ဆက်နွယ်နေသော ကြီးမားသည့် ဆိုးကျိုးများကို သတိပြုရန် လိုအပ်သည်။ ပြည်တွင်းကုမ္ပဏီအများစုမှာ ဒေါ်လာဖြင့် သွင်းကုန်တင်သွင်းနေ ရသဖြင့် ဒေါ်လာကို ကိုင်စွဲထားလိုကြသ်ညဟု ရိုးမဘဏ်အမှုဆောင်ချုပ်က်ဆိုသည်။ ပြည်တွင်းကုမ္ပဏီများ၏ အဆိုပါချည်းကပ်ပုံကြောင့် စီးပွားရေးကဏ္ဍတွင် ဒေါ်လာလွှမ်းမိုးလာနိုင် သည့် အန္တရာယ် အလွန်မြင့်မားနေသည်ဟုဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားထံမှ သင်ခန်းစာယူသင့်သည်ဟု ဆိုသည်။ ကမ္ဘောဒီးယားတွင် လှည့်ပတ်သုံးစွဲနေသည့် ငွေကြေးပမာဏ၏ ၉၀% နှင့် ဘဏ်တွင်အပ်နှံထားငွေ ၉၇ % မှာ ဒေါ်လာများဖြစ်သည်။ “သူတို့ရဲ့ ပြည်တွင်းငွေကြေးက ကွယ်ပျောက်လုနီးပါးဖြစ်နေ ပါပြီ။ မြန်မာနိုင်ငံ မှာ ဒါမျိုးဖြစ်မှာ မလိုလားပါဘူး” ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က စက်တင်ဘာလအတွင်း ပြောကြားခဲ့သည်။

KHTun

The Ladies News Journal

င၀န်မြစ်ကမ်းတလျှောက်အား ဝေဟင်မှ မြင်ရပုံ

ဧရာဝတီ မြစ်ဝ ကျွန်းပေါ် နဲ့ ပဲခူး တိုင်း ဒေသ ထဲ မှာ ရေကြီး မှု ကြောင့် အိမ်ခြေ ပေါင်း ၆ သောင်း ၁ ထောင် ကျော် ရွှေ့ပြောင်း ခဲ့ရပြီး ဖြစ်တယ် လို့ မြန်မာ နိုင်ငံ ထဲ က ကုလသမဂ္ဂ ရဲ့ ကယ်ဆယ်ရေး ဆိုင်ရာ ညှိနှိုင်းရေး ရုံး UNOCHA က ထုတ်ပြန် ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် ထဲ မှာ လည်း ရေကြီးမှု တွေ အပြီး ပြုလုပ်ခဲ့တဲ့ ရှေးဦး စမ်းစစ်မှု တွေ အရ စပါး စိုက်ပျိုးရေး လုပ်ငန်း အပြင်းအထန် ထိခိုက် သွားခဲ့ ရတာ ကို တွေ့ရှိ ခဲ့ရပြီး၊ သောက်သုံးရေ ရရှိရာ တွင်း တော်တော် များများ လည်း ပျက်စီး သွားခဲ့ကြောင်းသိထားရတယ် လို့လည်း UNOCHA ကနေ နောက်ဆုံး ထွက်လာတဲ့ အစီရင်ခံစာ ထဲ မှာ ပါဝင်ပါတယ်။

မြန်မာ့ ရေဘေး အတွက် တုန့်ပြန် ဆောင်ရွက် ဖို့ အလိုအပ်ဆုံး နေရာတွေ မှာ လုပ်ငန်းတွေ စတင် နိုင်ဖို့ ကုလ သမဂ္ဂ ရဲ့ အရေးပေါ် တုန့်ပြန်ရေး ရံပုံငွေ ထဲက အမေရိကန် ဒေါ်လာ ၉ သန်း ချ ပေး လိုက် တယ် ဆိုပြီး တော့ လည်း UNOCHA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဂျူလိုင် လ⁠လည် က စလို့ ဖြစ်ပေါ် လာခဲ့တဲ့ မုတ်သုံရာသီ ရေကြီးမှု တွေဟာ မြန်မာ နိုင်ငံ ရဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲ က ၁၂ ခု မှာ ဆိုး⁠ဆိုးရွား⁠ရွား ပေါ်ပေါက် လာခဲ့ပြီး လူပေါင်း ၅ သိန်း ၉ သောင်း နီးပါး အသက်ရောက် ခံရတယ် လို့ အစိုးရ ရဲ့ ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာ ချထားရေး ဦးစီးဌာန ရဲ့ လတ်တလော ထုတ်ပြန် ချက် ကို ကိုးကားပြီး UNOCHA ရဲ့ အစီရင်ခံစာ ထဲ မှာ ရေးသား ထားပါတယ်။

အလိုအပ်ဆုံး ဖြစ်နေတဲ့ လူသားခြင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီ တွေ ကတော့ အသက်ကယ် အစားအသောက် နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ အပါအဝင်၊ နေထိုင်စရာ နေရာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ တကိုယ်ရည် သန့်ရှင်းမှု ရှိနိုင်စွမ်း နဲ့ အမျိုးသမီး နဲ့ ကလေးသူငယ် တွေ လိုမျိုး ထိခိုက် လွယ်တဲ့ အုပ်စုတွေ အပေါ် စိတ်ပိုင်း ရုပ်ပိုင်း အကာအကွယ်ပြုမှု တွေပဲ ဖြစ်တယ်လို့ UNOCHA က ဆိုပါတယ်။

BBC Burmese

facebook ကလည်း မြန်မာရေဘေးကို ကူညီဖို့အတွက် Donate to Myanmar Flood Relief ဆိုတဲ့အစီအစဉ်လေးကိုလုပ်ပေးလိုက်ပါပြီ။ ဒီရက်ပိုင်း Facebook ဆီကနေ မြန်မာတွေဖြစ်စေချင်နေကြတဲ့ မြန်မာရေဘေးအတွက် Donate Button လေးပေါ့။ အခုတော့ Facebook ကနေ Donate လုပ်နိုင်အောင် စီစဉ်ပေးလိုက်ပါပြီ။ ၀မ်းသာစရာပါပဲ။ Facebook ကနေတစ်ဆင့် မြန်မာရေဘေးအတွက် လှူဒါန်းလိုပါက

https://www.facebook.com/myanmarfloodrelief ကိုဝင်ပါ။
Donate ခလုတ်လေးကိုနှိပ်ပါ။
မိမိရဲ့ Visa/Master Card Information နဲ့ Donate လုပ်လိုတဲ့ Amount ကိုရွေးပါ။ ထည့်ပါ။
ပြီးလျှင် Donate Now ကိုနှိပ်ပါ။
Donate လုပ်ပြီးကြောင်း Message ပေါ်လာပါမယ်။

ကျွန်တော် လည်းအခု Facebook Donate ကနေတစ်ဆင့် မြန်မာရေဘေးအတွက် ဒေါ်လာ ၁၀၀ လှူလိုက်ပါတယ်။

Visa/Master Card ရှိသူတွေဝင်လှူလိုက်ကြပါဦး။ အားလုံးပဲအဆင်ပြေကြပါစေဗျာ။

Thet Naing Soe

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယကနှင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ မဲဆန္ဒနယ်တွင် ရွေးကောက် ပွဲ အောင်နိုင်ရေး အတွက် ဇေကမ္ဘာကုမ္ပဏီမှ ကျပ်သိန်း ၁၀၀၀၀ အကုန်အကျခံ ပေးမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိရာ ယင်းမှာ မဟုတ်မမှန်ကြောင်း ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက သြဂုတ်လ ၅ ရက်တွင် ငြင်းဆိုလိုက်သည်။

လွှတ်တော်နာယက သူရဦးရွှေမန်း ၀င်ရောက် ယှဉ်ပြိုင်မည့် ဖြူးမဲဆန္ဒနယ်တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မှအနားယူကာ ၀င်ရောက် ယှဉ်ပြိုင်မည်ဟု သတင်းများ ထွက်ပေါ် ခဲ့ပြီးနောက် ယခုကဲ့သို့ သူရဦးရွှေမန်း အနိုင်ရရရှိရန် ဇေကမ္ဘာ ကုမ္ပဏီဘက်မှ ကျပ်သိန်း ၁၀၀၀၀ အကုန်အကျခံ လုပ်ဆောင်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

““လုံးဝ မဟုတ်ပါဘူး အဲဒါ။ လွန်ခဲ့တဲ့ ၃ လ၊ ၄ လလောက်ကပဲ အဲဒီမှာ သူတို့ မြို့တော်ခန်းမ ဆောက်ဖို့ သိန်း ၁၀၀၀ လှူတယ်။ ဒါပဲရှိတယ်။ ကျန်တာ ဘာမှမရှိပါဘူး။ အခု သတင်းထွက်သလိုမျိုး မဟုတ်ပါဘူး””ဟု ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဒေါက်တာခင်ရွှေက သြဂုတ်လ ၅ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

သို့သော် သူရဦးရွှေမန်းအနေဖြင့် ရေဘေးသင့် ပြည်သူများအား ကူညီနိုင်ရန်အလို့ငှာ ကျပ်သိန်း ၁၀၀၀၀ ရှာဖွေ နေသည်ကို သိရှိထားကြောင်းကိုမူ ယခုကဲ့သို့ ပြောပြသည်။

““လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဖုန်းတစ်ခါဆက်တယ်။ ရေဘေး ဒုက္ခသည်တွေ အတွက်ကို သွားပြီးတော့ အကူအညီ သွားပေးစရာ ရှိလို့တဲ့။ အဲဒီတော့ ပါတီက သိန်း ၁၀၀၀ ထည့်မယ်။ ကျန်တာ သူ (သူရဦးရွှေမန်း) အလှူလိုက်ခံ နေတယ်တဲ့။ သိန်း ၁၀၀၀၀ ပြည့်အောင် အလှူလိုက်ခံမယ်လို့ သူက ပြောတယ်။ ဦးရွှေမန်း ကနေပြီးတော့ ပါတီကသိန်း ၁၀၀၀ ထည့်တယ်။ ကျန်တဲ့ စီးပွားရေးသမားတွေလည်း လိုက်ရှာနေတယ်။ အဲ ဒီတော့ ပါတီကနေတစ်ဆင့် ရေဘေးလှူဖို့အတွက် (သိန်း) ၁၀၀၀၀ ပြည့်အောင် သူက လိုက်ပြီးတော့ အလှူ လိုက်ခံနေတယ်။ တချို့က အဲဒါတွေကို ကောလာဟလ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ပြောတော့ ၁၀၀၀၀ ပြည့်အောင် သူစုမယ်လို့ ပြောတယ် ရေဘေးအတွက်ကိုး”” ဟု ဒေါက်တာခင်ရွှေက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင်သူရ ဦးရွှေမန်း အနိုင်ရရေးအတွက် အကုန်အကျခံမည်ဟု သတင်း ထွက်ပေါ်ခဲ့သည့် ဇေကမ္ဘာကုမ္ပဏီမှာ အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဦးခင်ရွှေမှာလည်း လာမည့်ရွေး ကောက်ပွဲတွင် ရန်ကုန်တိုင်း၊ မဲဆန္ဒနယ်အမှတ်(၈)မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

သူရဦးရွှေမန်းမှာ ရေဘေးသင့် ပြည်သူများအတွက် ၎င်းကိုယ်တိုင် နာယကအဖြစ် ပါဝင်သည့် မန်းအောင်ငြိမ်း ဖောင်ဒေးရှင်းမှငွေ ကျပ်သိန်း ၁၀၀၀ ကို ကြံ့ခိုင်ရေးပါတီသို့ လှူဒါန်းထားကြောင်း ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားပြီး ယင်းငွေများကို အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ကော်မတီသို့ လွှဲပြောင်းပေးအပ်မည် ဖြစ်သည်။

သို့သော် ယင်းမန်းအောင်ငြိမ်း ဖောင်ဒေးရှင်းကို မည်သည့်အချိန်က တည်ထောင်ထားခြင်းကိုမူ ပါတီဗဟို ကော်မတီဝင်များပင် သိရှိခြင်း မရှိပေ။

““အဲဒီဖောင်ဒေးရှင်းကို မသိဘူးဖြစ်နေတယ်။ ဦးဂဃနဏမသိတော့ ခက်နေတယ်။ ဒါပါတီဘက်က ထောင်ထား တာလည်း မရှိပါဘူး။ ပါတီက သူ့ဘာသာ အဖွဲ့တွေခွဲပြီး သူ့ဌာန သူ့လူနဲ့ ရေဘေး လှူနေကြတာတော့ ရှိတယ်”” ဟု ပါတီဗဟိုကော်မတီဝင် ဦးသာဝင်းက ပြောသည်။

ပါတီဗဟိုကောင်မတီဝင် တစ်ဦးဖြစ်သူ ဦးစောထားလုံးကလည်း ““ဒီလိုမျိုးတော့ မကြားမိဘူး။ ပါတီ အနေနဲ့ တော့ မရှိပါဘူး။ သီးခြား ဘယ်သူတွေ ပါတယ်ဆိုတာ ဗဟိုကပဲ သိမယ်ထင်တယ်””ဟုဆိုသည်။

MH-0025

- အမျိုးသားလွှတ်တော်ဒုက္ခသည်များကယ်ဆယ်ရေးဥက္ကဋ္ဌ ဦးခင်ရွှေ(၀ဲဘက်) ကို ရမည်းသင်းမြို့နယ်၌ တွေ့ရစဉ်၊ ဓာတ်ပုံ – ၀ိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

NLD ရွေးကောက်ပွဲဝင်လို့ ၁၉၉၀ ရွေးကောက်ပွဲလို ပြန်လည် အနိုင်ရခဲ့ရင် ဒီဖွဲ့စည်းပုံကို သူတို့ပြုပြင်နိုင်စရာ အကြောင်းမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲထားတာကိုက …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန် တာဝန်ပေးသည့် ကိုယ်စားလှယ်လောင်း စာရင်းများ ထုတ်ပြန် ကြေညာလိုက်ပြီး နောက်ပိုင်း အငြင်းပွားမှုနှင့် ဝေဖန်မှုများ ထွက်ပေါ်လာသည်။ အဓိကအားဖြင့် NLD ဗဟိုရှိ ခေါင်းဆောင်ပိုင်း အပေါ် မေးခွန်းထုတ် ဝေဖန်မှုမျိုးကို အများဆုံး ကြားသိနေရခြင်းဖြစ်သည်။

လွန်ခဲ့သော ၅ နှစ်က သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း၏ NLD အပေါ် ဝေဖန် ထောက်ပြမှုများသည် လက်ရှိ အခြေအနေအပေါ် မီးမောင်းထိုးပြနိုင်ဆဲ ဖြစ်သဖြင့် ဝေဖန်ဆန်းစစ်နိုင်စေရန် ပြန်လည် ဖော်ပြ ပေးလိုက်ရပါသည်။

အယ်ဒီတာ

- ၂၄ . ၃ . ၂၀၁၀

ဒီတစ်ပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ၀ါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းကို ဦးကျော်ဇံသာ ဆက်သွယ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီလိုအခြေအနေမှာ ဘာတွေလုပ်သင့်၊ သူ့ရဲ့ NLD နဲ့ ရွေးကောက်ပွဲအပေါ် ထားရှိတဲ့အမြင်တွေကို ဆွေးနွေး သုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ။ ။ မြန်မာနိုင်ငံစစ် အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေကို လူတော်တော်များများ လက်မခံကြပါဘူး။ ဒီတစ်ကြိမ်မှာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လူထု ထောက်ခံမှု တစ်ခဲနက်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဘယ်လို ဆုံးဖြတ် သင့်တယ်လို့ ဆရာထင်ပါသလဲ။

ဦးစိန်ဝင်း။ ။ ဘယ်လို ဆုံးဖြတ်သင့်တယ် ဆိုတာကိုတော့ ကျွန်တော့် အလုပ် မဟုတ်တဲ့အတွက် ကျွန်တော် မပြောနိုင်ပါဘူး။ ကျွန်တော်က ဘယ်လို ဆုံးဖြတ်သင့်တယ် ထင်သလဲဆိုတဲ့ အမေးကိုတော့ ဖြေလို့ရတယ်။ အနှစ် (၂၀) လုံးလုံး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ရပ်တွေကို စောင့်ကြည့် လာတဲ့ လူတစ်ယောက် အနေနဲ့အနှစ်(၂၀)လုံး NLD လုပ်ခဲ့တာက အစိုးရ စိတ်ဆိုးမယ့်ကိစ္စ၊ အစိုးရမကြိုက်တဲ့ ကိစ္စတွေ သူဘာမှ မလုပ်ဘူး။ အစိုးရ လုပ်စေချင်တာပဲ လုပ်မယ်ဆိုပြီး သူက ရပ်တည်ခဲ့တာ။ အဲဒါကြောင့် အခုလည်း အစိုးရ လုပ်စေချင်တဲ့အတိုင်း သူ့ပါတီကို မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ။ ။ ဆရာ့ရဲ့ ယူဆချက် က ရွေးကောက်ပွဲမ၀င်ချင်ဘူးလို့ ထင်ပါသလား။

ဦးစိန်ဝင်း ။ ။ ၀င်သင့် မ၀င်သင့်လို့ ကျွန်တော်က မပြောချင်ဘူး။ ကျွန်တော့်မှာ သူ့ကိုပြောပိုင်ခွင့် မရှိဘူး။ သတင်းသမား တစ်ယောက် အနေနဲ့က ဖြစ်ပျက်နေတဲ့ သတင်းတွေပေါ်မှာ ကျွန်တော်က ဝေဖန်သုံးသပ်တာပဲ လုပ်နိုင်တယ်။ သူ့အနေနဲ့ ၀င်လိမ့်မယ်လို့ပဲ ကျွန်တော်ကပြောတယ်။ ရွေးကောက်ပွဲဝင်တဲ့ လူတွေကိုလည်း ကျွန်တော်ကမှားတယ်၊ မှန်တယ်လို့ ကျွန်တော့်မှာ ပြောပိုင်ခွင့်မရှိဘူး။ ဒါလူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်က ဘယ်ပါတီကိုမှ ရွေးကောက်ပွဲဝင်လို့ အပြစ်မတင်ပါဘူး။

ဦးကျော်ဇံသာ။ ။ ဒါပေမဲ့ ဆရာက NLD ကို စစ်အစိုးရအကြိုက် လိုက်လုပ်တယ် ဆိုတဲ့ အချက်ကိုတော့ ထောက်ပြ ဝေဖန်တယ်။

ဦးစိန်ဝင်း။ ။ ဟုတ်ပါတယ်။ ဒါက ကျွန်တော်တို့ သတင်းသမားရဲ့အလုပ်။

ဦးကျော်ဇံသာ။ ။ စစ်အစိုးရက NLD ကို ရွေးကောက်ပွဲ ၀င်စေချင်တယ်လို့ ထင်ပါသလား။ တကယ်တော့ NLD မ၀င်လေ ကောင်းလေ။ စစ်အစိုးရက သူတို့လိုချင်တဲ့လူတွေက NLD မပါရင် နိုင်မယ်လို့ တမင်ဒီလို အကွက် ဆင်တယ်လို့ မဖြစ်နိုင်ဘူးလား။

ဦးစိန်ဝင်း။ ။ ကျွန်တော်ကတော့ အဲဒီလို မယူဆဘူး။ NLD ကို အစိုးရ ကိုယ်တိုင်ကလည်း ၀င်စေချင်တယ်လို့ ကျွန်တော် ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက၊ ဒီနေ့အစိုးရက ပိုက်ဆံလည်း မလိုဘူး၊ ရာထူး အာဏာလည်း လက်ရှိဖြစ်တယ်။ သူက upper hand ။ စင်ပေါ်ကလူပဲ။ သူလိုချင်တာ တစ်ခုပဲရှိတယ်။ Legitimacy ပဲ သူလိုချင်တယ်။ အဲဒီ တရားဝင်ဖြစ်တည်မှု (Legitimacy) ရဖို့ အတွက်ဆိုရင် NLD ရွေးကောက်ပွဲ ၀င်ဖို့လိုပါတယ်။ NLD ရွေးကောက်ပွဲ မ၀င်ဘူးဆိုရင် ကမ္ဘာတစ်ခုလုံးလည်း အသိအမှတ် ပြုကြမှာ မဟုတ်ဘူး။ သူလိုချင်တဲ့ Legitimacy ကိုရမှာ မဟုတ်ဘူး။ ဒါကြောင့် အစိုးရကတော့ ရွေးကောက်ပွဲ ၀င်စေချင်တယ်လို့ ကျွန်တော် ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ NLD ရွေးကောက်ပွဲဝင်လို့ ၁၉၉၀ ရွေးကောက်ပွဲ လို ပြန်လည် အနိုင်ရခဲ့ရင် ဒီဖွဲ့စည်းပုံကို သူတို့ပြုပြင်နိုင်စရာ အကြောင်းမရှိဘူးလား။

ဦးစိန်ဝင်း။ ။ မရှိဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲထားတာကိုက ဒီဖွဲ့စည်း အုပ်ချုပ်ပုံကို ပြင်ချင်လို့ရှိရင် ၇၅ % အထက် ထောက်ခံမှရမယ်။ စစ်တပ်က ၂၅% အမာခံ ရှိနေပြီ ဖြစ်တယ်။ တခြားသူကို ထောက်ခံမယ့် ကြံဖွံ့တို့လို၊ သူ့ရဲ့ cronies စီးပွားရေးသမားတွေကလည်း ၀င်အရွေးခံကြ ဦးမှာဆိုတော့ ဘယ်လိုမှ ပြင်ဆင်လို့ ရနိုင်စရာ အကြောင်းမရှိပါဘူး။ နောက်တစ်ချက်က NLD ရွေးကောက်ပွဲ ၀င်ရင်လည်း ကျွန်တော်က နိုင်မယ်လို့ မထင်ဘူး။

ဦးကျော်ဇံသာ။ ။ ဒီနေရာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် တကယ်တော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါနဲ့ အဓိက ရပ်တည်နေတယ်ဆိုရင် မှားမယ် မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲဒီတော့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ၀င်မယ် မ၀င်ဘူး ပြတ်ပြတ် သားသား ပြောကြားသင့်တယ်လို့ ဆရာမထင်ဘူးလား။ အခုဒေါ်အောင်ဆန်း စုကြည်က ပါတီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမယ် ဆိုတာကို ဆရာဘယ်လို ပြောလိုပါသလဲ။

ဦးစိန်ဝင်း။ ။ ကျွန်တော်ကတော့ ဒီကိစ္စဟာ အင်မတန် သေရေးရှင်ရေး အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ ပါတီရဲ့ ရပ်တည်ရေးအတွက် နောက်ဆုံး အဆင့် ဖြစ်တယ်။ အဲဒီတော့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်မှာ အပြည့်အ၀ တာဝန်ရှိတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်။ ဒီကိစ္စမှာ သူဆုံးဖြတ်မှ ဖြစ်မှာပါ။ သူ့ဆုံးဖြတ်ချက် မဟုတ်ဘဲနဲ့ ပါတီက ခေါင်းဆောင်တွေက ဆုံးဖြတ်လိုက်မယ်ဆိုရင် NLD အောက်ခြေထု လူထုက လက်ခံမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ NLD ခေါင်းဆောင်မှုတွေကို ပြည်သူလူထုက လုံးဝအယုံအကြည် မရှိတော့ပါဘူး။ တော်တော်လေး စိတ်ကုန်နေကြပါပြီ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး ဆုံးဖြတ်သင့်တယ်ပေါ့။

ဦးစိန်ဝင်း ။ ။ ဟုတ်ပါတယ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုံးဖြတ်ရပါမယ်။ သူဆုံးဖြတ်မှ ပြည်သူလူထု ကလက်ခံမှာ။ NLD အောက်ခြေ တွေကလည်း ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် ဆိုရင်တော့ ဘာမဆို လက်ခံမှာပဲ။ အခုရှိနေတဲ့ CEC (Central Executive Committee) တွေ၊ CC (Central Committee) တွေကို ပြည်သူလူထုက အယုံအကြည်မရှိပါဘူး။ NLD အောက်ခြေတွေကလည်း အယုံအကြည် မရှိပါဘူး။ ဒါကြောင့်မို့ သူတို့ ဆုံးဖြတ်ချက်နဲ့လည်း မပြီးပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီတစ်ခါ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့ သူ့မှာ ဘာအခက်အခဲတွေ ရှိနေလို့ သူကိုယ်တိုင် မဆုံးဖြတ်ဘဲ ပါတီက ဆုံးဖြတ်ပါလို့ပြောသလဲ။ ဆရာဘယ်လို တွက်ပါသလဲ။

ဦးစိန်ဝင်း ။ ။ သူကတော့ ပါတီဝင်ကောင်း တစ်ယောက်အနေနဲ့ ပါတီဝင်အများစု ဆုံးဖြတ်တာကို နာခံမယ်ဆိုတဲ့ ပါတီဝင်ကောင်း တစ်ယောက်ရဲ့ကျင့်ဝတ်ကို ပြချင်တာလို့ ကျွန်တော်ယူဆပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာတော့ ဒီလို လုပ်လို့ မရတော့ဘူး။ သူကိုယ်တိုင် အတိအကျဝင်ပြီး ဆုံးဖြတ်မှ ဖြစ်မှာပါ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ကျွန်တော်တို့ ရှေ့ကို နည်းနည်း မျှော်ကြည့်ရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ မ၀င်ဘူးဆိုရင် ပါတီက ဖျက်သိမ်းခံရမယ့် အခြေအနေရှိပါတယ်။ အဲဒီတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူကို ဘယ်လို ဦးဆောင်ပြီးတော့ နိုင်ငံရေး ရှေ့တိုးအောင် လုပ်နိုင်မယ့် အလား အလာရှိပါသလဲ။

ဦးစိန်ဝင်း ။ ။ ဗမာနိုင်ငံရေး လှုပ်ရှားမှုမှာ အနှစ်(၂၀)ကာလမှာ NLD က မရှိသလိုပါပဲ။ NLD ရှိနေတယ်လို့ကို ပြည်သူလူထုက မသိဘူး။ ပြည်တွင်းမှာ တိုင်းရင်းသားတွေနဲ့ ကျွန်တော်တို့ တိုက်ပွဲတွေ ဖြစ်နေတယ်။ ကိုးကန့်တွေ အတိုက်ခံရတယ်။ ဒါလည်း NLD က သူနဲ့မဆိုင်သလို နေတာပဲ။ ကလေးစစ်သားတွေ မိဘရင်ခွင် ကခေါ်ပြီး စစ်သားတွေလုပ်ခိုင်းတယ်။ ဒါကိုလည်း NLD က မသိသလိုနေတာပဲ။ လယ်သမားတွေရဲ့ လယ်တွေ ကို အသိမ်းခံရပြီးတော့ လယ်သမားတွေ ထောင်ကျတယ်။ ဒါကိုလည်း NLD က မသိသလိုနေတာပဲ။ အခုလည်း အလုပ်သမား ဆန္ဒပြပွဲတွေ ကိစ္စတွေလည်း NLD က သူနဲ့မဆိုင်သလို နေတာပဲ။ အဲဒီတော့ NLD ရှိခြင်း မရှိခြင်းက ဗမာနိုင်ငံရေး ဖြစ်စဉ်မှာ အခုအချိန်မှာ ဘာမှအရေးမပါ တော့ပါဘူး။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ ကျွန်တော်တို့ သတင်းသမားတွေ၊ မီဒီယာသမားတွေက NLD ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ လူတချို့ရဲ့ ပြောကြားဝေဖန်မှုကို ထင်ဟပ်ပြီးတော့ အဲဒီလိုဖော်ပြတဲ့ အခါတိုင်း ကျွန်တော်တို့ကို တချို့က ပြန်ပြောကြပါတယ်။ NLD ရပ်တည်ရေး သိပ်အရေးကြီးတာကို ခင်ဗျားတို့ နားမလည်ဘူးလား၊ ဒီအချိန်မှာ ခင်ဗျားတို့ ဒီစကား ပြောရကောင်းမလားဆိုပြီး အမြဲတမ်းဝေဖန်တာ ခံရပါတယ်။ ဒီလိုလူတွေကို ဘယ်လိုတုံ့ပြန် ရှင်းပြသင့်ပါသလဲ။

ဦးစိန်ဝင်း ။ ။ ကျွန်တော် အခုန ပြောသလိုပါပဲ။ နိုင်ငံရေးမပါဘဲနဲ့ ရပ်တည်နေတယ်ဆိုတာ အသက်မရှိတဲ့ လူသေကောင်ကြီးပါပဲ။ ဘာမှမထူးပါဘူး။ အရေးကြီးတာက ရပ်တည်ဖို့ မဟုတ်ဘူး။ နိုင်ငံရေးပဲ။ အခု အနှစ် (၂၀) အတွင်း NLD က ဘာမှမလုပ်ပါဘူး။ ကျွန်တော် တလောက ပြောခဲ့သလို ပဲခူးက ဦးအေးမြင့်လို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် လောက်တောင် NLD က တိုင်းပြည်အကျိုးကို မသယ်ပိုးခဲ့ပါဘူး။ နောက်တစ်ခါ မဖြူဖြူသင်းလို အမျိုးသမီးတစ်ယောက်လို လူတွေရဲ့ဒုက္ခတွေကို ကယ်တင်ပေးခဲ့တာမျိုး မလုပ်ခဲ့ပါဘူး။ ဒါကြောင့် NLD က တည်ရှိနေတာကို ပြည်သူလူထုက သိကို မသိတော့ပါဘူး။

ဦးကျော်ဇံသာ ။ ။ NLD ကို တကယ်လို့ ရွေးကောက်ပွဲမ၀င်လို့ ဖျက်သိမ်းခံရရင် NLD ရဲ့ အခန်းကဏ္ဍ လုံးဝ ချုပ်ငြိမ်းသွားပြီလို့ ဆိုရမှာပေါ့။

ဦးစိန်ဝင်း ။ ။ NLD ကတော့ ချုပ်ငြိမ်းသွားတယ်လို့ ပြောလို့မရဘူး။ အခုလက်ရှိ ရှိနေတဲ့ CEC ဒီပုဂ္ဂိုလ်တွေက တော့ ချုပ်ငြိမ်းသွားမှာပဲ။ သူတို့ရဲ့နိဂုံးပဲ ဖြစ်သွားမယ်။ နိုင်ငံရေးရှိနေသရွေ့ ဒေါ်အောင်ဆန်းစုကြည် ရှိနေ သရွေ့ ကာလပတ်လုံး NLD ကတော့ ရှိနေမှာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့က ခွဲလို့မရပါဘူး။

ဦးကျော်ဇံသာ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ရှိနေမယ့် သဘောပေါ့။

ဦးစိန်ဝင်း။ ။ ဟုတ်ပါတယ်။ ကျွန်တော် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည် မှတစ်ပါး ဒီနေ့ဗမာပြည်သူ လူထုကို ဦးဆောင်နိုင်တဲ့လူ၊ ဒေါ်အောင်ဆန်းစုကြည်မှတစ်ပါး တပ်မတော်နဲ့ပြည်သူလူထုကို ရင်ကြားစေ့အောင် ဆောင်ရွက်နိုင်တဲ့လူ ဗမာပြည်မှာ ဘယ်သူမှ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ တချို့က NLD သာ အဲဒီလိုတရားဝင် ရပ်တည်ခွင့် မရတော့ရင် NLD အနေနဲ့ underground သွားရလိမ့်မယ်။ တစ်နည်းအားဖြင့် လျှို့ဝှက်လုပ်ငန်းတွေ၊ မြေအောက် လုပ်ငန်းတွေနဲ့ လှုပ်ရှားရမယ်လို့ ဆိုကြ ပါတယ်။ အဲဒီကိစ္စမှာ အကြမ်းဖက်တဲ့ ကိစ္စတွေများ ပါလာခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက် မူဝါဒနဲ့ လုံးဝ ဆန့်ကျင်နေတာပေါ့။

ဦးစိန်ဝင်း ။ ။ NLD ကို အဲဒီလို ဇွတ်အတင်း မြေအောက်တွန်းပို့တဲ့ အပြောအဆိုမျိုးတွေကိုတော့ ကျွန်တော်က ရှောင်ကြဉ် စေချင်တယ်။ ပါတီမှတ်ပုံတင် မရှိတာနဲ့ မြေအောက်ကို ရောက်သွားတာမျိုးက မဖြစ်နိုင်ပါဘူး။ ၈၈ မျိုးဆက်သစ် ကျောင်းသားများ သူတို့မှာ ပါတီလည်းမရှိပါဘူး။ မရှိပေမယ့် သူတို့ဟာ တရားဝင်ရပ်တည် ပြီး တော့ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်သွားကြတာပါပဲ။ အဲဒီတော့ ပါတီမှတ်ပုံ မတင်တာနဲ့ မြေအောက် ရောက်သွား၊ လက်နက်ကိုင် တိုက်ပွဲတွေ ဆင်နွှဲလိမ့်မယ် ဆိုတာမျိုး မျှော်မှန်းတာမျိုးတွေ မပြောစေချင်ဘူး။ အဲဒါဆိုရင် ၁၉၄၇ ခုနှစ်က ကွန်မြူနစ်တွေကို ဖဆပလ ဆိုရှယ်လစ်တွေက တောထဲကို မောင်းထုတ် လိုက်သလိုမျိုး NLD ကို မောင်းထုတ်သလို ဖြစ်သွားပါလိမ့်မယ်။

VOA

(ယခုဖော်ပြသော VOA သတင်းဌာန၏ လူထုဦးစိန်ဝင်းနှင့် တွေ့ဆုံမေးမြန်းခန်း အား VOA သတင်းဌာန၊ ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်း၏ ခွင့်ပြုချက် ရယူ၍ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)

- Photo – Eleven Media Group’s Facebook

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

NLDခေါင်းဆောင်များ ပါတီဝင်နှင့်ပြည်သူ့အသံကိုနားထောင်ပြီး ပြုပြင်ရင် အချိန်ရှိသေးတယ်..

NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်း အင်တာဗျူး

ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ညောင်တုန်းမြို့မှာ ပုဂ္ဂလိက အလှူရှင်တွေ လာရောက် ကူညီတဲ့ စားစရာတွေကို ထွက်ယူနေတဲ့ အမျိုးသားတဦး
 ပဲခူးတိုင်းမှာ ဧရာဝတီနဲ့ မြစ်မခမြစ်တို့ ရေတက်လာနေတဲ့အတွက် မြစ်တွေကို ကာရံထားတဲ့ တာရိုးနှစ်ခု စနေနေ့မနက် ၁ နာရီလောက်က ကျိုးသွား ပါတယ်။ ရေလွတ်ရာတိမ်းရှောင်နေရတဲ့ဒေသခံတွေအတွက် ဒုက္ခသည်စခန်းတွေကိုလည်း တိုးပြီး ဖွင့်ထားပေးရပါတယ်။ ဧရာဝတီတိုင်းမှာလည်း ရေကျမသွားသေးဘဲ ညောင်တုန်းမြို့မှာတော့ စိုးရိမ်ရေမှတ်အဖြစ် လိမ္မော်ရောင်အဆင့် သတ်မှတ်ခံထားရတာ (၆) ရက်မြောက် ရှိလာခဲ့ပါပြီ။ ရေလွှမ်းမိုးမှုသတင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတဝှန်း မိုးကြီးမှု၊ မြစ်ရေတိုးမှု၊ ကိုမန်ဆိုင်ကလုံး မုန်တိုင်းဝင်ရောက်မှုတွေကြောင့် တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲက ၁၂ ခုမှာ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ခံစားနေရတာပါ။ အခုအချိန်အထိ ဒေသခံအများစုဟာ ကိုယ်ထူကိုယ်ထ လုပ်ငန်းတွေနဲ့သာ ရေဘေးကို ခုခံနေရဆဲဖြစ်သလို စီမံခန့်ခွဲမှု အားနည်းနေဆဲဖြစ်လို့ အကူအညီတွေကလည်း တကယ်လိုအပ်နေတဲ့ကျေးရွာတွေက ရေဘေးသင့်ပြည်သူတွေဆီမရောက်ဘဲ အခြေအနေမျာ ရှိနေဆဲပဲလို့ ဆိုပါတယ်။ ပဲခူးတိုင်း သာသာဝတီမြို့နဲ့ သုံးဆယ်မြို့ကြားမှာတော့ ဧရာဝတီမြစ်နဲ့ မြစ်မခမြစ်တို့ကို အလျားလိုက် သဲအိတ်တွေနဲ့ ကာရံထားတဲ့ကြားက တာရိုးတဝိုက် နေရာ ၂ ခုကျိုးပေါက်သွားခဲ့ကြောင်း သာယာဝတီမြို့ခံတဦးက ပြောပါတယ်။

“ဧရာဝတီမြစ်ရိုးတာတဆက်ကျိုးသွားပါတယ်။ မြစ်မခမြစ်တာ တဆက်ကျိုးသွားပါတယ်။ ကျိုးသွားတော့ အဲဒိရေတွေက ဒီဘက်ကို နည်းနည်းလေး ထပ်ပြီးတိုးလာတာပေါ့နော်။ ဧရာဝတီမြစ်က တဆက်ကျိုးတယ်။ မြစ်မခမြစ်ကတော့ …… နားမှာ တချက်ကျိုးတယ်။ မိုးကမရွာပေမယ့် ရေတွေက ထပ်ထပ်တက်လာတာ။ တာမကျိုးခင်ကတော့ လယ်တွေမပျက်စီးဘူး။ အခုကျတော့ လယ်တွေ တော်တ်ာများများ ပျက်စီးသွားတယ်။ တပတ်ကျော် သွားရင်တော့ အဲဒီစပါးတွေက သေသွားလိမ့်မယ်။ ဒုက္ခသည်စခန်းတွေ အများကြီး တိုးတယ်။ အခုဆို ၁၃ ခုရှိသွားပြီ။ လူဦးရေက ဒုက္ခသည် စခန်းကိုရောက်လာတာ ၃ ထောင်ကျော်။ ရေဘေးသင့်ပြည်သူဆိုပြီး ထုတ်ပြန်ကြေညာထားတာက ၃ သောင်းခွဲလောက်ရှိတယ်။”
ညောင်တုန်းမြိ့နယ်အတွင်း ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေရဲ့ လာရောက်ကူညီပေးမှုနဲ့ အစားအသောက်တွေအတွက် ကျေးဇူးတင်နေတဲ့ အဖွားအိုတဦး။ညောင်တုန်းမြိ့နယ်အတွင်း ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေရဲ့ လာရောက်ကူညီပေးမှုနဲ့ အစားအသောက်တွေအတွက် ကျေးဇူးတင်နေတဲ့ အဖွားအိုတဦး။
ညောင်တုန်းမြိ့နယ်အတွင်း ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေရဲ့ လာရောက်ကူညီပေးမှုနဲ့ အစားအသောက်တွေအတွက် ကျေးဇူးတင်နေတဲ့ အဖွားအိုတဦး။
ဒုက္ခသည်တွေ ပြေးလာနေဆဲဖြစ်ပြီး လောလောဆယ်မှာ တာရိုးကာရံရာမှာအသုံးပြုမယ့် သဲထည့်ဖို့ အိတ်တွေလိုအပ်နေပါတယ်။ သာယာဝတီမြို့မှာတော့ လယ်အတော်များများ ရေနစ်မြုပ်နေပြီး လယ်ယာသုံးနွားတွေလည်း အစားအစာလုံးဝပြတ်သွားတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းအတွင်းမှာတော့ မြန်အောင်၊ ကြံခင်း၊ ဟင်္သာတနဲ့ အင်္ဂပူမြို့တွေဘက်မှာလည်း ရေဘေးအတွက် စိုးရိမ်နေရသလို ညောင်တုန်းမြို့မှာတော့ တာရိုးမကျိုးအောင် တပ်အင်အား၊ မြို့ခံအုပ်ချုပ်ရေးအင်အားတွေနဲ့ နေ့ညမပြတ် စောင့်ကြည့်နေပါတယ်။ ဒါပေမယ့်လည်း (၆) ရက်မြော်ကနေ့အဖြစ် ထုတ်ပြန်ထားတဲ့ လိမ္မော်ရောင်သတိပေးချက်ကို ပြန်လည်ရုပ်သိမ်းပေးနိုင်ခြင်းမရှိသေးကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစီးမှူးတဦးဖြစ်တဲ့ ဒေါ်သန်းသန်းစိုးက ပြောပါတယ်။

“ကျန်ခဲ့တဲ့ ၂ နာရီလောက်က ၂၅.၆၅ ဆိုပြီးတော့ အခု ၃ နာရီထိုးတဲ့အထိ ၂၅.၇ ပေါ့ - ရေ level က နိမ့်လိုက်၊ မြင့်လိုက်တော့ ဖြစ်နေသေးတယ်။ လိမ္မော်ရောင်အဆင့်လို့တော့ သတ်မှတ်ထားသေးတာပဲ။ ကျမတို့ဆီက စိုးရိမ်ရေမှတ်က ၂၂.၄။ အခုက ၂၅ ကျော်နေတော့ ၂၅.၇ ဖြစ်နေတော့ ဒီအတိုင်းပဲ လိမ္မော်ရောင်အဖြစ် သတ်မှတ်ထားပါတယ်။”

ပဲခူးတိုင်းမှာတော့ မီဒီယာတွေ အရောက်အပေါက်နည်းတဲ့နေရာဖြစ်နေတဲ့အတွက်ကော၊ အုပ်ချုပ်ရေးအဖွဲ့တွေက ကာကွယ်စောင့်ရှောက်မှု အားနည်း တာကြောင့်ပါ ဒေသခံတွေ ကိုယ်ထူကိုယ်ထ လုပ်နေရတာ အဆင်မပြေဘူးလို့ သာယာဝတီမြို့ခံက ဆိုပါတယ်။ ဒါပေမယ့် မြစ်ရေဆက်တက်လာ နေတဲ့အတွက် ဧရာဝတီတိုင်းအတွက်လည်း စိုးရိမ်စရာရှိတယ်လို့ ဆိုပါတယ်။

“ညောင်တုန်းက နောက်ဆုံးခံစစ်ဖြစ်လိမ့်မယ်။ ညောင်တုန်းအတွက်က ကျနော် တော်တော်စိုးရိမ်တယ်။ ကျနော်တို့နေရာမှာတောင် ဒီလောက်ဖြစ်တယ် ဆိုရင် ညောင်တုန်း စကြာ-ညောင်တုန်းက တော်တော်ခံရမယ်ဗျ။ အဲဒါလည်းသူတို့တွက်ကြည့်တယ်.။ အဲဒီတော့ မီဒီယာနဲ့လည်း တအားနီးတော့ သူကြောက်တယ်၊ အဲဒီနေရာကျတော့လေ။ ကျနော်တို့ဆီမှာ မီဒီယာနဲ့ တာကျိုးတဲ့နေရာနဲ့တွေ့ဖို့က ၁၀ မိုင်လောက်လိုတယ်။ ၁၀ မိုင်လောက်သွားမှ ရောက်တာလေ။ ၁၀ မိုင်လောက်သွားမှရောက်တော့- ဟိုမှာကျတော့ ညောင်တုန်းမှာကျတော့ ဝုန်းကနဲတက်လာလည်း အဲဒီမှာ မီဒီယာအများကြီးရှိတယ်။ ကမ္ဘာကလည်း စောင့်ကြည့်နေတယ်။ အဲဒိမှာသူတို့ ဘာမှ လုပ်မထားဘူးဆိုရင်၊ လုပ်နေတာကိုပဲ မြင်အောင်လို့ for show တော့ သူတို့ လုပ်တတ်တယ်လေ။”

ရပတ်လည်ဝိုင်းနေတဲ့ ညောင်တုန်းမြို့မှာ သောက်ရေရှားပါးပြတ်လပ်နေတဲ့အခြေအနေ။
ငဝန်မြစ်နဲ့ ဧရာဝတီမြစ်ရေတွေဟာ စိုးရိမ်ရေအမှတ်ကျော်သွားဖြစ်ဖြစ်လို့ မြစ်ဝကျွန်းပေါ်ဒေသမှာ ရင်ဆိုင်ရမယ့် ရေဘေးဒုက္ခအခြေအနေတွေ ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ခွာကြဖို့ သမ္မတဦးသိန်းစိန်က မနေ့က ရေဒီယိုမိန့်ခွန်းမှာ ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ကတည်းက ဖြစ်လာနေတဲ့ ရေဘေးနဲ့ပတ်သက်လို့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ သတိပေးမှုတွေနဲ့ တာဝန်ယူမှုတွေ အားနည်းနောက်ကျ နေတာကြောင့်လည်း အစိုးရအပေါ် ဝေဖန်မှုတွေ ရှိလာခဲ့တာပါ။ အခုအခါမှာတော့ ရေဘေးကြောင်သေဆုံးသူ (၉၀) ကျော်သွားပြီဖြစ်ပြီး ရေဘေးသင့်သူ ၆ သိန်းကျော်တယ်လို့ အစိုးရက တရားဝင်ကြေညာထားပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဘုန်း ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ရေဘေးဒက္ခသည်များ။
 မြန်မာနိုင်ငံတဝှမ်းမှာ ရေဘေးဒုက္ခသည်ပေါင်း ၆ သိန်းကျော်ရှိသွားပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ပြောပါတယ်။ အခုချိန်ထိ ရေဘေးဒဏ်ကြောင့် သေဆုံးခဲ့သူ ၁၀၀ နီးပါးရှိတဲ့အထဲက ထက်ဝက်ကျော်ဟာ ရခိုင်ပြည်နယ်ကဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က အကြောင်းစုံကို တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတဝှမ်း ရေဘေးဒဏ်သင့်နေတဲ့ ပြည်နယ်နဲ့တိုင်း ၁၂ ခုမှာ အခုဆိုရင် ရေဘေးဒုက္ခသည်စုစုပေါင်း ၆ သိန်း ကျော် ရှိသွားပြီလို့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်တာပါ။ ရေဘေးကြောင့် သေဆုံးခဲ့ရသူ ၁၀၀ နီးပါးရှိ သွားပြီလို့လည်း လူမှုဝန်ထမ်း ကယ်ဆယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ကယ်ဆယ်ရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

“ရေဘေးသင့်တဲ့ပြည်သူ ၆ သိန်းကျော်လောက် ရှိတယ်။ ရေဘေးသင့်ဆိုတာ ရေကြီးတဲ့ဒေသမှာရှိတဲ့ပြည်သူတွေကို ပြောတာပေါ့နော်။ အမှန်မှာ ပြောင်းရွှေ့တာဆိုရင် တသိန်း ၂ သောင်းကျော်ပဲရှိတယ်။ ဒီနေ့စာရင်းကတော ညနေမှ မိုးချုပ်လောက်မှရတာ။ သေဆုံး (၉၆) ယောက်၊ တနိုင်ငံလုံးကလေ။ ရခိုင်ပြည်နယ်ဆိုလို့ရှိရင် (၅၆) ယောက်ပါ။ စစ်ကိုင်းတိုင်းမှာဆိုရင် (၇) ယောက်။ မကွေးမှာ (၂) ယောက်။ ကချင်မှာ (၁) ယောက်၊ ရှမ်းမှာက (၆) ယောက်။ နောက် မန္တလေးမှာ ၁၁ ယောက်။ ချင်းမှာက (၄) ယောက်။ ပဲခူးဘက်မှာက (၂) ယောက်ပေါ့- သေဆုံးပေါ့။”

အိမ်ခြေ ၁၈၀ လောက်ရှိတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် နားပဲ့ချောင်းကျေးရွာမှာ လူအသေအပျောက်မရှိပေမယ့် ဘေးပတ်ဝန်းကျင်ရွာတွေ မှာ သေဆုံးမှုတွေရှိခဲ့တယ်လို့နားပဲ့ချောင်းရွာ ကျောင်းတိုင်ဆရာတော်က ခုလိုမိန့်ပါတယ်။

“ဦးဇင်းတို့ရွာမှာတော့ လူအသေအပျောက်တော့မရှိဘူးပေါ့နော်၊ ဒါပေမယ့် အဲဒီ မြောက်ဦးမြို့နယ်၊ ငါးခူတောင် ကျေးရွာမှာတော့ လူ သုံးယောက် သေတယ်လို့ပြောတယ်။ နောက်တရွာက ကမ်းသေ သရက်တောကျေးရွာ။ အဲဒီရွာမှာလည်း လူ ၂ ယောက် သေတယ်လို့ ပြောသံကြားတယ်။ နောက်တရွာက ကြက်မကျယ်ကျေးရွာလို့ ခေါ်တယ်။ အဲဒီရွာမှာက တယောက်၊ နောက်တရွာက ငါးဆလိုက်ချောင်း မင်းရွာပါ့- အဲဒီမှာ လူ ၇ ယောက် သေတယ်လို့ ပြောသံကြားတယ်။”

ရခိုင်ပြည်နယ် နယ်စပ်ဒေသဖြစ်တဲ့ ရသေ့တောင်မြို့နယ် ပန်ဇင်းမော်ကျေးရွာမှာတော့ တံတားတွေအားလုံး ကျိုးပျက်ကုန်တာကြောင့် အခြား ကျေးရွာတွေနဲ့ လမ်းပန်းဆက်သွယ်ရေးလုံးဝ ပြတ်တောက်နေတယ်လို့ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ရသေ့တောင်မြို့နယ်ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောပါတယ်။

“အပျက်အစီးတွေကတော့ အိမ် ၅ လုံးဆို ခေါင်မိုးတွေရော အကုန်လုံး ကျွတ်ပါသွားတယ်။ အိမ် မရှိတော့ဘူး၊ တိုင်ငုတ်တွေပဲ ကျန်ခဲ့တော့တယ်ခင်ဗျ။ လိုတာကတော့ ဆေးဝါးတွေလိုတယ်၊ အိမ်တွေ ပြုပြင်ဖို့လိုတယ်။ ပိုက်ဆံမရှိဘူး၊ အိမ်တွေဘာတွေ မဆောက်ရဘူးပေါ့။ သစ်တွေ၊ ဝါးတွေမရှိဘူးပေါ့။ ပြီးတော့ ပုဇွန်ကန်လုပ်နေတဲ့လူတွေကလည်း ဘာမှကိုမရှိဘူးပေါ့။ အကုန်လုံး ဆုံးရှုံးသွားတဲ့ဟာတွေရှိတယ်။ လိုအပ်တာကတော့ ကျနော်တို့ ရသေ့တောင်မြို့နယ်၊ ပန်ဇင်းမော်မှာ တကယ့်တကယ် လမ်းပမ်းဆက်သွယ်ရေး ဘာမှ မရှိဘူး၊ တံတားတွေ အကုန်လုံး ပြိုလဲသွားလို့။ ကျနော် လွှတ်တော်က အမတ်တွေကို တောင်းဆိုထားတယ်။ ပန်ဇင်းမော်ကနေ ကျန်တဲ့ရွာ ဘယ်ရွာကိုမှ သွားလာလို့မရဘူး။”

ဒီလို ဒုက္ခတွေရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် သဘာဝဘေးအန္တရာယ် အရေးပေါ်စီမံခန့်ခွဲမှု ဗဟိုဌာနက ကူညီ ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့နေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

“အခုအချိန်အထိလောက်ကတော့ စားသောက်ရေးအတွက် ဆန်တို့၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်။ အသင့်စား နိုင်တဲ့ အစားအစာတွေပေါ့နော်၊ ဆေးဝါးတို့၊ ရေသန့်ဆေးပြားတို့။ ဆေးဝါးတွေ အကုန်ပေးတယ်။ နောက် အဝတ် အထည်တွေ၊ စောင်တို့၊ ခြင်ထောင်တို့၊ အိပ်ယာတွေရယ်၊ အစားအသောက်တွေကတော့ အဓိကပေါ့ ပေးနေရတယ်။”

ဒါပေမယ့် အစိုးရရဲ့ကူညီထောက်ပံ့ရေးပစ္စည်းတွေ အခုချိန်ထိ သူ့တို့ရွာတွေကိုရောက်မလာသေးဘဲ ပုဂ္ဂလိကအလှူရှင် တချို့ကသာ ကူညီနေတာမျိုးပဲ ရှိတယ်လို့ နားပဲ့ချောင်းရွာ ကျောင်းတိုင်ဆရာတော်က မိန့်ပါတယ်။

“ရေတွေကတော့ တကာကြီးရယ်၊ အကုန်လုံးကျသွားပြီ။ လယ်ကွင်းတွေရော၊ ရွာတွေကော အကုန်လုံး၊ လမ်းတွေရော အကုန်လုံးကျသွားပြီ။ ဘယ်လိုအခြေအနေဖြစ်ပျက်နေလဲဆိုတော့ လူတကာ စားဝတ်နေရေး၊ ဆန်လည်းရှားတယ်။ နောက်တခုက သောက်ဖို့ရေ မရှိဘူးဖြစ်နေတယ်။ အစိုးရက တိုက်ရိုက်လာလှူတာတော့ မရှိသေးဘူး ပေါ့နော်။ ဒီ မင်းပြားမြို့နယ်မှာဆိုရင်တော့ ဗိုလ်မှူးဦးစံရွှေအာင်က ပေးနေတယ်လို့ ပြောသံကြားတယ်။ သူက မင်းပြားတောင်းပိုင်းမှာ ပေးနေတယ်လို့ အဲလိုကြားတယ်။ ဦးဇင်းတို့ရွာကိုတော့ မရောက်ဘူး။ တိုက်ရိုက်ရောက်တာကတော့ မေတ္တာမျှဝေ ရခိုင်လူမှုကွန်ယက် အသင်းပေါ့နော်။ အဲဒါကတော့ ရွာကိုတော့ တိုက်ရိုက် မရောက်ဘူး တကာကြီး။ ဒါပေမယ့် ဦးဇင်းတို့ ရွာက စက်လှေနဲ့ ဆန်အိတ်တွေကို သွားယူရတယ်။ အရေးပေါ်လိုနေတာကတော့ ရေနဲ့ဆန်ပေါ့။”

အရေးပေါ် ကူညီထောက်ပံ့ရေးပစ္စည်းတွေဟာ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းတွေဆီပေးပို့ထားတာဖြစ်ပြီး ပြည်သူတွေ လက်ထဲရောက်အောင် လုပ်ဆောင်နေတယ်လို့ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

“အခုကတော့လေ၊ တော်တော်လေးတော့ ရောက်နေကြပါပြီ။ ကျမတို့ သိသလောက်ပေါ့နော်။ ကျမတို့ကကျတော့ ဒီကနေ ပစ္စည်း ထောက်ပံ့တဲ့အပိုင်းဆိုတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကို ပေးလိုက်တယ်။ ရေဘေးသင့်ပြည်သူတွေအတွက်ကတော့ သူ့ရဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ အစီအစဉ်နဲ့ သွားတာဆိုတော့လေ။ တကယ် လက်တွေ့မြေပြင်မှာ ထောက်ပံ့တဲ့အပိုင်းကျတော့ အစိုးရအဖွဲ့တွေဆီမှာ ပိုပြီးတော့ တိကျပါတယ်။ သူတို့ပြောမယ်ဆိုရင်လေ။ ဒါပေမယ့် ကျမတို့သိသလောက်ကလည်း သူတို့ တော်တော်များများကို ရောက်အောင်တော့ သွားပြီးတော့ ပို့နေပါတယ်။”

ရေဘေးသင့်ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ပြည်နယ်နဲ့ တိုင်းအစိုးရတွေက တင်ပြလာတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ပြည်ထောင်စုအစိုးရရဲ့ ဝန်ကြီးဌာနတွေအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ပေးသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 မုတ်သုံရာသီ ရေကြီးမှု တွေဟာ မြန်မာ နိုင်ငံ ရဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲ က ၁၂ ခု မှာ ဆိုးဆိုးရွားရွား ပေါ်ပေါက် လာခဲ့ပြီး လူပေါင်း ၅ သိန်း ၉ သောင်း နီးပါး အသက်ရောက် ခံရတယ်။
 ဧရာဝတီ မြစ်ဝ ကျွန်းပေါ် နဲ့ ပဲခူး တိုင်း ဒေသ ထဲ မှာ ရေကြီး မှု ကြောင့် အိမ်ခြေ ပေါင်း ၆ သောင်း ၁ ထောင် ကျော် ရွှေ့ပြောင်း ခဲ့ရပြီး ဖြစ်တယ် လို့ မြန်မာ နိုင်ငံ ထဲ က ကုလသမဂ္ဂ ရဲ့ ကယ်ဆယ်ရေး ဆိုင်ရာ ညှိနှိုင်းရေး ရုံး UNOCHA က ထုတ်ပြန် ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် ထဲ မှာ လည်း ရေကြီးမှု တွေ အပြီး ပြုလုပ်ခဲ့တဲ့ ရှေးဦး စမ်းစစ်မှု တွေ အရ စပါး စိုက်ပျိုးရေး လုပ်ငန်း အပြင်းအထန် ထိခိုက် သွားခဲ့ ရတာ ကို တွေ့ရှိ ခဲ့ရပြီး၊ သောက်သုံးရေ ရရှိရာ တွင်း တော်တော် များများ လည်း ပျက်စီး သွားခဲ့ကြောင်းသိထားရတယ် လို့လည်း UNOCHA ကနေ နောက်ဆုံး ထွက်လာတဲ့ အစီရင်ခံစာ ထဲ မှာ ပါဝင်ပါတယ်။

မြန်မာ့ ရေဘေး အတွက် တုန့်ပြန် ဆောင်ရွက် ဖို့ အလိုအပ်ဆုံး နေရာတွေ မှာ လုပ်ငန်းတွေ စတင် နိုင်ဖို့ ကုလ သမဂ္ဂ ရဲ့ အရေးပေါ် တုန့်ပြန်ရေး ရံပုံငွေ ထဲက အမေရိကန် ဒေါ်လာ ၉ သန်း ချ ပေး လိုက် တယ် ဆိုပြီး တော့ လည်း UNOCHA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဂျူလိုင် လလည် က စလို့ ဖြစ်ပေါ် လာခဲ့တဲ့ မုတ်သုံရာသီ ရေကြီးမှု တွေဟာ မြန်မာ နိုင်ငံ ရဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲ က ၁၂ ခု မှာ ဆိုးဆိုးရွားရွား ပေါ်ပေါက် လာခဲ့ပြီး လူပေါင်း ၅ သိန်း ၉ သောင်း နီးပါး အသက်ရောက် ခံရတယ် လို့ အစိုးရ ရဲ့ ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာ ချထားရေး ဦးစီးဌာန ရဲ့ လတ်တလော ထုတ်ပြန် ချက် ကို ကိုးကားပြီး UNOCHA ရဲ့ အစီရင်ခံစာ ထဲ မှာ ရေးသား ထားပါတယ်။

အလိုအပ်ဆုံး ဖြစ်နေတဲ့ လူသားခြင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီ တွေ ကတော့ အသက်ကယ် အစားအသောက် နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ အပါအဝင်၊ နေထိုင်စရာ နေရာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ တကိုယ်ရည် သန့်ရှင်းမှု ရှိနိုင်စွမ်း နဲ့ အမျိုးသမီး နဲ့ ကလေးသူငယ် တွေ လိုမျိုး ထိခိုက် လွယ်တဲ့ အုပ်စုတွေ အပေါ် စိတ်ပိုင်း ရုပ်ပိုင်း အကာအကွယ်ပြုမှု တွေပဲ ဖြစ်တယ်လို့ UNOCHA က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

 မသန့်ရှင်းတဲ့ သောက်သုံးရေ ကြောင့် ကလေးမြို့နယ် ထဲ က ကျေးရွာ တချို့မှာ ဝမ်းရောဂါ စတင် ဖြစ်ပွား။
 ကလေးမြို့နယ် မှာ ရေပြန် ကျသွားပေမယ့် နောက်ဆက်တွဲ ပြဿနာ တွေ ဖြစ်လာနေပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်း တွေ အတွက် စိန်ခေါ်မှု တွေ ရှိနေပါတယ်။

မသန့်ရှင်း တဲ့ သောက်သုံးရေ ကြောင့် ကလေးမြို့နယ် ထဲ က ကျေးရွာ တချို့ မှာ ဝမ်းရောဂါ စတင် ဖြစ်ပွား နေပြီ လို့ ကူညီရေး အဖွဲ့တွေ က ဆိုပါတယ်။

ထိုမာ ဆိုတဲ့ ရွာမှာ ဆို လူ ၁၅၀ လောက် ဝမ်း ရောဂါ ဖြစ်နေ ကြတယ် လို့ သိရပါတယ်။

ကလေးလွင်ပြင် ရေဘေး ကူညီရေး အဖွဲ့ရုံး မှာ အခမဲ့ ဆေးခန်းဖွင့်ပြီး ဆေးကုသ ပေးနေတဲ့ ဒေါက်တာ မြင့်အောင် ရဲ့ အဆိုအရ ၀မ်းရောဂါ အပြင် အရေပြား ဆိုင်ရာ ပြဿနာ တွေ နဲ့ စိတ်ပိုင်း ဆိုင်ရာ ပြဿနာ မျိုး တွေ လည်း ရှိ နေတယ် လို့ ဆိုပါတယ်။

အဲဒီလို ကျန်းမာရေး အတွက် စိုးရိမ်စရာ ဖြစ်လာသလို ရေကျ သွားချိန် မှာ တင်ကျန်ရစ် ခဲ့တဲ့ ရွှံ့တွေ နုံးတွေ ကြောင့် လမ်းတွေ ပျက်စီးပြီး သွားရေး လာရေး ခက်ခဲကာ ဒုက္ခသည် တွေ လည်း အိမ် မပြန်နိုင်ကြ ဖြစ်နေ ရပါတယ်။

သဲနုံးတွေ ဖုံးလွှမ်း ကျန် ရစ် ခဲ့တဲ့ စိုက်ပျိုး မြေ တွေ မှာလည်း ပြန်လည် ထွန်ယက် နိုင်ဖို့ ခက်ခဲ နေပါတယ်။

ကလေး ခရိုင်ထဲ မှာ စပါးစိုက် ဧက သုံးသောင်းလေးထောင် ကျော်၊ နှမ်းစိုက် ဧက တစ်သောင်းကျော် နဲ့ အစေ့ထုတ် ပြောင်း စိုက်ဧက လေးထောင် ရေကြီး နစ်မြုပ် ခဲ့ရတယ် လို့ ခရိုင် အုပ်ချုပ်ရေး မှုး ဦးမောင်ထူး က ပြောပါတယ်။

ပျက်စီး သွားတဲ့ လယ်မြေ တွေ အတွက် မျိုးစပါး နဲ့ ထွန်ယက်ခြင်း ကို အစိုးရ က စီစဉ် ဆောင်ရွက် ပေးမယ် လို့လည်း ဦးမောင်ထူး က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese


မြန်မာနိုင်ငံက ရေဘေးဒဏ်သင့်လူထုအတွက် နောက်ထပ် အကူအညီရန်ပုံငွေ ကျပ်ငွေ ၆ ဘီလီယံ၊ ယူရိုငွေနဲ့ဆိုရင် ၄.၅ သန်းကို ဥရောပ သမဂ္ဂ EU ကပေးမယ်လို့ ရန်ကုန်မြို့အခြေစိုက် ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံများဆိုင်ရာ သံရုံးတွေရဲ့ သြဂုတ်လ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

EU အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီအတွက် နှစ်စဉ် ယူရိုငွေ သန်း ၅ဝ ပေးနေတာဖြစ်ပြီး အခု ရေဘေးအတွက် နောက်ထပ် ယူရိုငွေ ၄ သန်းခွဲ ထပ်တိုးပြီးတော့ပေးတာပါ။

သက်ဆိုင်ရာ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အကူအညီ အလိုအပ်ဆုံးဖြစ်နေတဲ့ဒေသတွေက ပြည်သူတွေကို ထိထိရောက် ရောက် ကူညီနိုင်ဖို့ စီမံသွားမယ်လို့လည်း EU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူတွေ ပြန်လည်ထူထောင်ရေးကိစ္စအဝဝကို ကူညီသွားမှာဖြစ်သလို နောင်ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေး အန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက်လည်း ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းစီစဉ် ဆောင်ရွက်သွားမယ်လို့ EU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

ဦးလေး ဒီစာကို အသက် နှစ်ဆယ့်ငါးနှစ်နဲ့အောက် လူငယ်တွေကို ရည်ရွယ်ပြီးရေးပါတယ်။ ကျော်နေတဲ့သူတွေကတော့ သဘောပါ။ ဖတ်ချင်လဲဖတ်၊ မဖတ်ချင်လဲ ကျော်သွားပေါ့။
.
ဒီနေ့ဟာ စင်ကာပူနိုင်ငံ တည်ထောင်တာ နှစ်ငါးဆယ်ပြည့်ပါ။ သတင်းစာဂျာနယ် တီဗီ ဖေ့ဘုတ်တွေမှာလဲ တွေ့ကြမှာပါ။ ယနေ့မြန်မာလူငယ်တွေ ထွက်အလုပ်လုပ်ချင်ဆုံး နိုင်ငံပါဘဲ။ သင့်တော်တဲ့ဝင်ငွေလဲရ အလုပ်အိနြေ္ဒလဲရှိတဲ့ နိုင်ငံဆိုတော့ သွားလုပ်ချင်တာ မဆန်းပါဘူး။ အစိုးရဝန်ကြီးတွေကိုယ်တိုင် အားကျပြီး စင်ကာပူလို လုပ်မယ်ဆို ကြိမ်းဝါးနေကြတာပါ။
.
လူငယ်တွေ သတိပြုမိဖို့က လွန်ခဲ့တဲ့ နှစ်ငါးဆယ်က စင်ကာပူသည် မြန်မာနိုင်ငံထက် အဖက်ဖက်က နိမ့်ကျခဲ့တယ် ဆိုတာကိုပါ။ ယနေ့ စင်ကာပူနိုင်ငံသား ၉၀% အိမ်ပိုင်ပြီလို့ ဟစ်ကြွေးနိုင်အောင် လုပ်ပေးခဲ့တဲ့ စင်ကာပူအိုးအိမ်ဌာန HDBဟာ ရန်ကုန်က ဖဆပလ အိမ်ယာ ရန်ကင်းအိမ်ယာတွေကို လာလေ့လာပြီး ပေါ်ထွက်လာတာပါ။ တမြို့လုံး သန့်ရှင်းနေလို့ ကမ္ဘာကျော်နေတဲ့ စင်ကာပူဟာ ရန်ကုန်မြူနီစီပယ်ဥပဒေ ကို အခြေခံပြီး လုပ်ခဲ့တာပါ။ စက်မှုအတတ်ပညာရှင်တွေ မွေးထုတ်ပေးနေတဲ့ စက်မှုပညာသင်ကျောင်းတွေဟာ ရန်ကုန် နတ်မောက်စက်မှုကျောင်းကို အားကျ လာလေ့လာပြီး ဖွင့်ခဲ့ကြတာပါ။ ဒီလိုဘဲ မြန်မာပြည်က သာလို့ အတုခိုးခဲ့တာတွေ ရှိသေးတယ်ဆို လူငယ်တွေ ယုံကြမလား။
.
အဲဒီအချိန်က မြန်မာပြည်ဟာ စင်ကာပူလောက် မပြောနဲ့။ အာရှမှာ ကိုရီးယား ထိုင်ဝမ်ထက်သာတဲ့ အချိန်ပါ။ အာဆီယံတွေဆိုတာ စာရင်းထဲတောင် မထည့်ခဲ့ဘူး။ ဘောလုံးပွဲဆိုရင် အာရှမှာ ဗိုလ်စွဲဘူးတယ်ဆိုတော့ ယနေ့လူငယ်တွေ မယုံကြဘူး။ အသေအချာပါ။ ဂျပန် အီရန် ကိုရီးယား တွေကို အနိုင်ရ ဗိုလ်စွဲဘူးတာပါ။ ၁၉၆၀ကျော်က မြန်မာ့စက်မှုလုပ်ငန်းတွေဟာ အရှေ့တောင်အာရှမှာ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။
.
လူငယ်တွေ မေးစရာရှိရမယ်။ ဒါဆို ဘာကြောင့် ခုလို ပြောင်းပြန် ဖြစ်သွားရသလဲ။ မြန်မာပြည်သည် အောက်ဆုံးကို ဘာကြောင့်ရောက်သွားရသလဲ။ စင်ကာပူနဲ့ဘဲ ပြန်ယှဉ်ကြည့် ကြပါစို့။ လူဦးရေမရှိလို့လား။ သယံဇာတ မရှိလို့လား။ မြန်မာတွေ အရမ်းညံ့နေလို့လား။ ခုလောလောဆယ် ပြည်ပထွက်နေရတာ ဘာတွေကြောင့်လဲ။
.
လူငယ်တွေမှာ စဉ်းစားဥာဏ် ရှိပါတယ်။ တိုးတက်ချင်တဲ့ စိတ် ရှိပါတယ်။ နိုးကြားတဲ့ လုံ့လ ရှိပါတယ်။ သူများလုပ်နိုင်ရင် ငါဘာကြောင့် မလုပ်နိုင်ရတာလဲဆိုတဲ့ မခံချင်စိတ် ရှိပါတယ်။ ဒီအချက်တွေ ရှိနေရက်နဲ့ မြန်မာနိုင်ငံ ဘာလို့ အောက်ဆုံးရောက်နေရသလဲ။
.
လူငယ်တွေ သိပါတယ်။ နဲနဲလေး စဉ်းစားမိရင်ကို သိပါတယ်။ ဦးလေးပြောချင်တာက အောက်ဆုံးရောက်ရတဲ့ အဖြေကို သိပြီဆို ရုန်းထွက်နိုင်တဲ့ အဖြေကိုပါ။ လာတော့မဲ့ ရွေးကောက်ပွဲမှာ ဒီလို အခြေအနေဆိုးကနေ ဖောက်ထွက်အောင် လုပ်ပေးနိုင်မဲ့သူတွေကို မဲပေးဖို့ လိုပါတယ်။ ငါတို့က လူငယ်တွေဘဲ၊ နိုင်ငံရေးက ငါတို့နဲ့ မဆိုင်ပါဘူးလို့ မတွေးကြပါနဲ့။ လူငယ်တွေရဲ့ မဲတွေက နိုင်ငံရဲ့ ကံကြမ္မာ၊ တနည်း လူငယ်တွေရဲ့ ကံကြမ္မာကို ပြောင်းပေးနိုင်ပါတယ်။
လူငယ်တွေ မှန်ကန်စွာဆုံးဖြတ် နိုင်ကြပါစေ။

aplar.blogspot.com.
BrainWave ဉာဏ်လှိုင်း

မုံရွာမြို့နယ်ရေဘေး
အသက်ကိုစတေးပြီး
ထမင်းထုပ်ဝေ
ဒုက္ခရောက်သူတွေ
ကယ်မယ်ဆိုတဲ့ ...ညီမ ..
အခုတော့ ..မင့်ဘ၀က
အကြွေစောလှချီလားကွာ.......

မြိုမုံရွာ အနောက်တောင်စွန်း
ရေပတ်လည်ဝိုင်းနေတဲ့
ရတနာပုံကျွန်းကို
ထမင်းထုပ်နဲ့ရေ
ပေးဝေနေတဲ့ စက်လှေတစ်စင်း
အနက်ရှစ်ပေ
ရေပြင်အတွင်းမှာ
သြဂုတ် ခုနှစ်ရက်
မွန်းတည့်အချိန် တစ်ဆယ့်နှစ်နာရီ အထိုးမှာ
မင့်တို့ အဖြစ်က ဆိုးလှချီလား ...ညီမရယ် .....

ညီမရေ ...
မင့်ပေးဝေခဲ့တဲ့ထမင်း
စားလို့မှ မပြီးသေးခင်
မင့်ပေးဝေခဲ့တဲ့ရေ
သောက်လို့မှ မ၀သေးခင်
ရေဘေးသင့်ပြည်သူတွေကိုနုတ်ဆက်
လူ့လောကကြီးက
မင့်မို့ .......အပြီးထွက်သွားရက်တယ်.....

ညီမရေ ...
မင့်ရဲ့ကရုဏာ အပြုံ ...
စာနာတဲ့ နှလုံးသား
စေတနာထားတတ်တဲ့ အလုပ်
မင့်ရဲ့ ဂုဏ်ပုဒ်တွေဟာ
ရေဖွဲ့လို့မကုန်နိုင်ပါဘူး ...ညီမရယ်...

မုံရွာမြို့နယ်ရေဘေး
အသက်ကိုစတေးပြီး
ရေဘေးသင့်သူတွေကို
ကယ်ဆယ်ပေးသွားတဲ့..ညီမ ..
အခုတော့ ..မင့်ဘ၀က
အကြွေစောလှချီလားကွာ.......
အကိုတို့ ရေဘေးကုသိုလ်မှန်သမျှ
အမျှ.....အမျှ.....အမျှ....ပါ ညီမလေးရယ်........

ကိုတိုးကြီး

တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်
======
ကိုတိုးကြီး
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်း ရေဘေးကျရောက်လျက်ရှိသော ရတနာပုံကျွန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများထံ ထမင်းထုပ်များ၊ သောက်သုံးရေဗူးများကို သွားရောက်ကူညီပံ့ပိုးပေးခဲ့သော မုံရွာမြို့နယ်၊ ကံမကျေးရွာနေ မရီရီထွန်း အသက်(၂၅)နှစ်ဆိုသူသည် သြဂုတ် ၇ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်က ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ် စက်လှေတိမ်းမှောက်၍ ကွယ်လွန်သွားခဲ့ပါသည်။
ရေဘေးသင့်ပြည်သူများကို မိမိ၏ အသက်ဖြင့်လဲလှယ်၍ ကူညီစောင့်ရှောက်ပေးခဲ့သော မရီရီထွန်း၏ အမျိုးသားရေး စိတ်ဓာတ်အား အသိအမှတ်ပြုသောအားဖြင့် သူမ၏ဈာပနအား လိုက်ပါပို့ဆောင်ပေးခြင်း၊ ကျန်ရစ်သူမိသားစုဝင်များအား သွားရောက်၍ အားပေးနှစ်သိမ့်စကားများ ပြောပေးခြင်း၊ ထို့အပြင် အမှတ်တရ ပစ္စည်းများ၊ ငွေကြေးများကို မိမိတို့တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီပေးကြပါရန် မေတ္တာတရားဖြင့် အသိပေးအပ်ပါသည်။

ကိုတိုးကြီး

ကိုတိုး ချင်းတွင်း

ရေဘေးသင့်မှု အခြေအနေနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးတင်မောင်ရွှေကို ဖုန်းဖြင့် မြန်မာသံတော်ဆင့် က ဆက်သွယ်မေးမြန်းရာ “ရေဘေးဒုက္ခသည် ဆိုတာမရှိဘူး။ စိုက်ပျိုးရေး အခြေအနေက ကောင်းပါတယ်” ဟုသာ ပြောကြားခဲ့သည်။ ရေဘေး သင့်ပြည်သူနှင့် ရေဘေး ဒုက္ခသည်ဟူသော ၀ါဒကွဲမှုမှတစ်ဆင့် ထိခိုက်ခံစားနေရသော ပြည်သူများ၏ အဖြစ်မှန်ကို အစိုးရအဖွဲ့ တာဝန်ရှိသူ အချို့က ဖုံးကွယ်ရန် ကြိုးပမ်းလျက်ရှိသည် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံအနှံ့အပြား ရေကြီးရေလျှံမှုများကြောင့် လူသိန်းပေါင်းများစွာ အိုးအိမ်၊ စည်းစိမ်တို့ဆုံးရှုံး ပျက်ဆီး မှုများ၏ နောက်ဆက်တွဲ ဂယက်များမှာ မမျှော်မှန်းနိုင်လောက်အောင် များပြားပေသည်။

သြဂုတ်လ ၃ ရက်နေ့အထိ ထုတ်ပြန်ထားသော အစိုးရနှင့် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးအဖွဲ့ (WFP) တို့၏ စာရင်းဇယားများအရ တိုင်းနှင့်ပြည်နယ် ၁၂ ခုမှ လူဦးရေ ၂၁၀,၀၀၀ ကျော် ရေဘေးဒဏ်ကို ထိခိုက် ခံစားနေရပြီး ယင်းအနက် လူ ၁၅၀,၀၀၀ ကျော်ခန့်မှာ စားနပ်ရိက္ခာ ထောက်ပံ့ရန် အရေးပေါ် လိုအပ်လျက် ရှိသည်။

ယင်းမှာ လက်ရှိအရေးပေါ် လိုအပ်ချက်ဖြစ်ပြီး နောက်ဆက်တွဲ အခြေအနေများအပေါ် အစိုးရက မည်သို့ ဖြေရှင်းမည် ကို မေးခွန်းထုတ်လျက်ရှိပြီး လက်ရှိ ဆောင်ရွက် ထားသမျှကား ကျေနပ်အားရစရာ မကောင်း လှပေ။

မြန်မာနိုင်ငံအစိုးရသည် ယနေ့အချိန်အထိ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး လွန်စွာ ညံ့ဖျင်းလျက် ရှိနေသေးသည်ကို ၀မ်းနည်းဖွယ်ရာ မြင်တွေ့ခဲ့ရသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း၊ ထို့နောက် ရခိုင်ကမ်းရိုးတန်းဂီရိ မုန်တိုင်းစသည့် မုန်တိုင်းဒဏ် အတွေ့အကြုံများ ရှိခဲ့သည့်တိုင် မြန်မာအစိုးရသည် ပြည်သူများအတွက် အရေးကြီးသော ရာသီဥတုဆိုင်ရာ အချက်အလက် များကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ရန် နှောင့်နှေးနေဆဲ ဖြစ်သည်။

မိုးလေ၀သနှင့် ဇလဗေဒပညာရှင်၊ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင် ကိုယ်တိုင်က အစိုးရကို အရေးပေါ် အခြေအနေ ကြေညာရန် တိုက်တွန်းခဲ့သော်လည်း အရေးပေါ် အခြေအနေ ကြေညာရန် နောက်ကျ ခဲ့သည့် အတွက်ပြစ်တင် ဝေဖန်ခဲ့သည်။

ကမ္ဘာပေါ်တွင် ရာသီဥတုဒဏ် အဆိုးရွားဆုံး ခံရနိုင်ခြေရှိသည့် နိုင်ငံများ စာရင်းတွင် အဆင့် ၁၀ ရောက်သော မြန်မာနိုင်ငံသည် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် သဘာဝဘေးဆိုင်ရာ နောက် ဆက်တွဲ ဖြစ်ရပ်များကို စီမံခန့်ခွဲမှုတွင် လိုအပ်ချက်၊ အားနည်းချက် လစ်ဟာချက်များ ရှိနေဆဲဖြစ်သည်။

ရေဘေးသင့်မှု အခြေအနေနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးတင်မောင်ရွှေကို ဖုန်းဖြင့် မြန်မာသံတော်ဆင့် က ဆက်သွယ်မေးမြန်းရာ ““ရေဘေးဒုက္ခသည် ဆိုတာမရှိဘူး။ စိုက်ပျိုးရေး အခြေအနေက ကောင်းပါတယ်”” ဟုသာ ပြောကြားခဲ့သည်။

ရေဘေးသင့် ပြည်သူနှင့် ရေဘေး ဒုက္ခသည်ဟူသော ၀ါဒကွဲမှုမှ တစ်ဆင့် ထိခိုက်ခံစားနေရသော ပြည်သူများ၏ အဖြစ်မှန်ကို အစိုးရအဖွဲ့ တာဝန်ရှိသူ အချို့က ဖုံးကွယ်ရန် ကြိုးပမ်းလျက်ရှိသည်။

ဧရာဝတီတွင် နာဂစ်မုန်တိုင်းမှ ရရှိခဲ့သော သင်ခန်းစာများ အရ ရေချို၊ ရေငန်စပ်၊ ပင်လယ်ကမ်း ရိုးတန်း ဒေသများတွင် စိုက်ပျိုးမြေများ ရေလွှမ်းခံရပါက ၂နှစ်၊ ၃နှစ်ကြာအောင်ပင် နာလန်မထူနိုင်ပေ။

စိုက်ပျိုးမြေများကို ရေငန်ဖုံးလွှမ်းလျှင် စိုက်ပျိုးနိုင်ရန် ပြန်လည်ပြုပြင်ရသည့် ကုန်ကျစရိတ်၊ အချိန်၊ လုပ်အားခ တို့အတွက် လယ်သမားများ အထောက်အကူမည်သို့ ပေးမည်ကို စဉ်းစားထားဟန် မတူချေ။

တိုင်းနှင့်ပြည်နယ် အသီးသီးရှိ စိုက်ပျိုးမြေဧက သိန်းနှင့်ချီရေလွှမ်း ပျက်စီးဆုံးရှုံးမှုကို ပြန်လည် ထူထောင်နိုင်ရန် အလွန်အရေးကြီးပေသည်။

““ရေကျသွားရင် ပြန်စိုက်ရမှာပေါ့””ဟု ဒေသအလိုက် တာဝန်ရှိ သူအချို့က ခပ်လွယ်လွယ် ပင် မြန်မာ သံတော်ဆင့်၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ရေလွှမ်း လယ်ယာမြေများကို ပြန်လည်ပြုပြင် စိုက်ပျိုးရန် စိုက်ပျိုးစရိတ် ရင်းနှီးငွေရှိလျှင်ပင် စိုက်ချိန်တိုသည့် ရက်တို စပါးမျိုးမှ တောင်သူများ၏ ပုံမှန်ရိတ်သိမ်းချိန်မီနိုင်မည့် စိုက်မျိုးစေ့များကိုမရလျှင် နလန်ပြန်မထူနိုင်ပေ။ ယင်းတို့ကို မည်သို့မည်ပုံ ဖြန့်ဝေမည် ဆိုသည်များကိုလည်း အစိုးရက အရေးမစိုက်နိုင်သေး။

ထိုမျှမက သဘာဝဘေး အန္တရာယ် အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းအတွက် မည်မျှသုံးမည်၊ မည်သို့ သုံးမည်၊ နိုင်ငံတော်က မည်သို့ အကုန်အကျခံမည်များကို ပွင့်ပွင့်လင်းလင်း မကြေညာ။

သဘာဝ ဘေးအန္တရာယ်နှင့် အခြားအရေးပေါ် အခြေအနေများတွင် အဓိက သုံးစွဲရသည့် နိုင်ငံတော် အရန်ဆန်ကို မည်သို့ အသုံးချမည်၊ မည်မျှရှိသည်ကို မကြေညာသဖြင့် ဆန်ပြတ်လပ်မည်ကို စိုးရိမ်ကာ မြင့်တက်လာသော ဆန်ဈေးနှုန်းနှင့် ကုန်ဈေးနှုန်းကိုလည်း လျစ်လျူရှုထားသည်။

၂၀၀၈ ခုနှစ် နာဂစ်အချိန်ကလည်း ဒုက္ခသည်ဦးရေကို နည်းနိုင်သမျှ နည်းရန် လျှော့ချ ကြေညာခဲ့သည့် အပြီး ကနဦး နိုင်ငံတကာ အကူအညီများကို ငြင်းပယ်ခဲ့ဖူးသည့် ၀န်ကြီးချုပ် ဦးသိန်းစိန်သည် ယနေ့အချိန်တွင်လည်း နိုင်ငံတကာ အကူအညီများကို ပွင့်ပွင့်လင်းလင်း အကူအညီတောင်းခံမှုများ မမြင်တွေ့ရသေး။

အထူးစိုးရိမ်ရသည့် အချက်မှာ ငွေကြေးဖောင်းပွမှုနှင့် အမေရိကန်ဒေါ်လာ ငွေဈေးမြင့်တက် လာခြင်းပေါ် တိုက်ရိုက် တည်မှီသည့် ကုန်ဈေးနှုန်း ကြီးမြင့်လာမှုနှင့် ရေဘေးပေါ် အခြေခံသည့် အခြေခံစား သောက်ကုန် ဈေးနှုန်းမြင့်တက် လာမှုအပေါ် အစိုးရက စနစ်တကျ စီမံခန့်ခွဲနိုင်မှု မရှိလျှင် အစိုးရအပြောင်းအလဲ ကြားကာလ မြန်မာ့စီးပွားရေး၏ တည်ငြိမ်မှုကို ထိန်းညှိရန် ခက်ခဲလှပေသည်။ နိုင်ငံပိုင် သတင်းစာတွင် ဆန်စပါးအသင်းက ထိန်းသိမ်းနေသည်ဟု ဆိုသော်လည်း သတင်းအချက်အလက်များ ပွင့်လင်းမြင်သာမှု မရှိလျှင် အခြေအနေက ပိုမိုဆိုးရွားလာနိုင်ပေသည်။

တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ် ၆၀၀ခန့် အကြမ်းဖျင်း မြင့်တက် သွားသည့် ကြက်သွန်နီဈေးနှုန်း၊ တစ်အိတ်လျှင် ကျပ် ၅၀၀၀ ၀န်းကျင်ခန့် မြင်တက်လာသော ဆန်ဈေးနှုန်းတို့က ကုန်ဈေးနှုန်း၏ ပကတိ အခြေအနေကို ညွှန်ပြနေသည်။

ယင်းကို ၀ိသမ လောဘသားများကြောင့်ဟုဆိုကာ ကုန်သည်များကို လက်ညှိုးထိုးရုံဖြင့် မရပေ။ ဆန်မလုံလောက်လျှင်ဟူသော စိုးရိမ်သောကဖြင့် ၀ယ်ယူနေသူများကို နိုင်ငံတော်တွင် အရန်ဆန်မည်မျှ ရှိကြောင်း၊ မည်သည့်ဈေးဖြင့် ထုတ်ရောင်းမည် ဖြစ်ကြောင်းတို့ကို အဆောတလျင် ထုတ်ပြန်သင့်ပေသည်။

တစ်ဖက်တွင်လည်း ဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များဖြစ် သည့် ဘေးအန္တရာယ် ထိခိုက်ခံ ဒေသများ၏ ထိုခိုက်ခံရသည့် ဧရိယာ၊ လူဦးရေ၊ ထိခိုက်ခံရသည့် မိသားစုစာရင်း၊ ဆုံးရှုံးပစ္စည်း တန်ဖိုးစာရင်း စသည့်အချက် အလက်များ ကောက်ယူမှု တွင်လည်း အင်တိုက်အားတိုက် လုပ်ဆောင်မှု နှောင့်နှေးနေဆဲဖြစ်သည်။

ယင်းကို WFP ၏ သြဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင်လည်း လက်ရှိအချိန်တွင် ရေကြီးရေလျှံမှု များကြောင့် တိကျသော စားနပ်ရိက္ခာ လိုအပ်ချက် ဆန်းစစ်မှုများရရှိရန် နှောင့်နှေးလျက်ရှိပါသည်””ဟု ဖော်ပြ ထားသည်။

ဘေးအန္တရာယ်ခံ ဒေသများတွင် ဖြစ်ပွားတတ်သည့် စားနပ်ရိက္ခာ မလုံလောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော လုံခြုံရေးဆိုင်ရာ စောင့်ရှောက် မှု၊ စီးပွားရေး ပြန်လည်ထူထောင်မှု၊ သမိုင်းကြောင်း အထောက်အထားများ ပျက်စီးဆုံးရှုံးမှုတို့ကို ပြန်လည် ကုစားခြင်းတို့ကို စီမံဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ပြည်သူလူထုမှာ သိရှိခွင့် မရကြသေးပေ။

နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် နေ့စဉ်ဆိုသလို ရေဘေးအတွက် ကူညီစောင့်ရှောက်မှု၊ စီမံခန့်ခွဲမှုများ စနစ်တကျ ပြုလုပ်နေကြောင်း အစဉ်ဖော်ပြနေသော်လည်း အချို့ဒေသများတွင် ကူညီကယ်ဆယ်ရေး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေး လုပ်ငန်းများ ထိရောက်ခြင်း မရှိသေးပေ။

ရေနစ်နေသော မိဘပြည်သူများကို လာမည့် သက်တမ်းတွင် သမ္မတ ဆက်လုပ်ချင်ပါသေးသည် ဆိုသည့် ဦးသိန်းစိန် ထိထိရောက်ရောက် တာဝန်ယူ ကူညီနိုင်ပါမည်လားက စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ထောင်သွင်း အကျဉ်းချခံထားရသော ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်၏ အမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချခဲ့ကြောင်း ဦးဆန်းဆင့်၏ ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းက သြဂုတ်လ ၅ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဒက္ခိဏခရိုင် တရားရုံးက ၀န်ကြီးဟောင်း ဦးဆန်းဆင့်အား နိုင်ငံပိုင် ဘဏ္ဍာငွေ၊ ၀န်ကြီးဌာနပိုင် ဘဏ္ဍာငွေတို့ကို အလွဲသုံးစား ပြုသည်ဟု စွပ်စွဲကာ ပုဒ်မ ၄၀၉ ဖြင့် ထောင် ဒဏ် (၃)နှစ်၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် ထောင်ဒဏ်(၁၃)နှစ်နှင့် ဒဏ်ငွေတစ်သိန်း ချမှတ်မှုအပေါ် အယူခံဝင်ခဲ့ရာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချခဲ့ခြင်းဖြစ်သည်။

““ဒီနေ့အမိန့်ချတယ်။ ပယ်တယ်တဲ့။ ပြင်ဆင်မှုကို အားလုံးပယ် လိုက်တယ်။ နှစ်မှုစလုံး ပယ်လိုက်တယ်။ ပယ်လိုက်တော့ ကျွန်တော်တို့ ရှုံးတာပေါ့။ ကျွန်တော်တို့ အထူးတက်မယ်။ ဘာကြောင့်လဲ ဆိုတာတော့ အသေးစိတ် မသိရသေးဘူး။ အကျဉ်းနည်းပဲ သိရသေးတာ”” ဟု ဦးဆန်းဆင့်၏ ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်း က ပြောသည်။

ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထိပ်တန်းခေါင်းဆောင် တစ်ဦးကမူ ရဟန်းရှင်လူ ပြည်သူများ ချစ်ခင် နှစ်သက်ကြ သည့်အပြင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များပါ စုပေါင်း လက်မှတ်ရေးထိုး၍ ပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းခဲ့သည့် ဗဟိုကော်မတီဝင် ဦးဆန်းဆင့်နှင့် ထိန်းသိမ်း ခံထားရသော ကျောင်းသား သပိတ်မှ ဗကသ ကျောင်းသား ခေါင်းဆောင် ၈ ဦးတို့ကို ဦးသိန်းစိန်အစိုးရ ပြောင်းလဲ သွားချိန်တွင် အရင်ဆုံး လွှတ်ပေးမည်ဖြစ်ကြောင်း မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

တောင်ငူထောင်၌ ထိန်းသိမ်း ခံထားရသော ဦးဆန်းဆင့်သည် အခြေခံဥပဒေ စာအုပ်များ ဖတ်ရှုလိုသော်လည်း အစိုးရက ခွင့်မပြု၍ ဖတ်ရှုခွင့် မရသေးသော်လည်း အကျဉ်းထောင်အတွင်း ထောင်သားများအား တရားအားထုတ်ရန် စီစဉ်ပေးနိုင်ခဲ့၍ အကျဉ်းသားများက ဦးဆန်းဆင့်အား ရှိခိုးကန်တော့၍ ကျေးဇူး တင်လျက် ရှိကြောင်း ဦးဆန်းဆင့်၏ ဇနီး ဒေါ်ခင်မာလေးက မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ဦးဆန်းဆင့်အမှုနှင့် ပတ်သက်၍ ယခင်က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ အယူခံတင် သွင်းရာတွင်လည်း အမှုအား ကျယ်ကျယ်ပြန့်ပြန့် ကြားနာခြင်းမရှိဘဲ ပယ်ချခဲ့ဖူးသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


မြန်မာ့ရေဘေး အရေးပေါ် ကူညီကယ်ဆယ် စောင့်ရှောက်ရေး လုပ်ငန်းများအတွက် အရေးပေါ် လတ်တလော လိုအပ်ချက်များအရ စားနပ်ရိက္ခာ မက်ထရစ်တန်ချိန် ၂၂၀၄ တန်ခန့် လိုအပ်မည် ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယင်းပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့်သာဖြစ်သည့် ၂၂၃ တန်ခန့်ကိုသာ ထိခိုက်ခံစားရသည့် လူဦးရေ အနည်းငယ်ကို ဖြန့်ဖြူးနိုင်သေးကြောင်း WFP က ဆိုသည်။

ဧရာဝတီ၊ ပဲခူး၊ ချင်း၊ ကချင်၊ ကရင်၊ မန္တလေး၊ မကွေး၊ မွန်၊ ကရင်၊ စစ်ကိုင်း၊ ရှမ်းနှင့် ရန်ကုန်တိုင်းတို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေပြီး အစိုးရက ဒေသအချို့တွင် အရေးပေါ် အခြေအနေ ကြေညာခဲ့သော်လည်း အရေးပေါ် အခြေအနေ ကြေညာမှုမှာ အလွန်နောက် ကျနေကြောင်း ဝေဖန် လျက်ရှိသည်။

ရေဘေးသင့် ဒေသများကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းခန့် နောက်ဆက် တွဲ ထောက်ပံ့ နိုင်ရန်လည်း လိုအပ်နေကြောင်း WFP က ထုတ်ပြန် ထားသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ်သည် မြန်မာနိုင်ငံတွင်း ရှိ ရေလွှမ်းမိုးမှုဒဏ်ကို အဆိုးရွားဆုံး ခံစားရသည့် ဒေသများရှိ လူဦးရေ ၂၀၀၀၀၀ အတွက် စားနပ်ရိက္ခာများ ပို့ဆောင်ပေးရန် လုပ်ဆောင်လျက် ရှိသည်။ ရေကြီးရေလျှံမှုများနှင့် လမ်းပျက်စီးမှုများကြောင့် အဆက်အသွယ် ပြတ်တောက်လျက်ရှိသည့် ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ဒေသများ ရှိ လူထုအတွက် အရေးပေါ် အကူအညီများ ပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ်သည် သြဂုတ်လ ၂ ရက်နေ့မှ စတင်ကာ နိုင်ငံတော်အစိုးရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဒေသခံ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ လူဦးရေ ၈၂၀၀၀ ဦးအတွက် စားနပ်ရိက္ခာ ပံ့ပိုးပေးပြီးဖြစ်သည်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်၏ စားနပ်ရိက္ခာများကို ကုန်းလမ်းဖြင့် ပို့ဆောင်ရန် ခက်ခဲသည့်ဒေသများသို့ အစိုးရ၊ ကမ္ဘောဇ လေကြောင်း လိုင်း၊ ရွှေမြန်မာ လေကြောင်း လိုင်းနှင့် မြန်မာအမျိုးသား လေကြောင်းလိုင်း တို့က အခမဲ့ကူညီ ပို့ဆောင် ပေးလျက် ရှိသည်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှု များ ဖြစ်ပေါ်ကာ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုအနက် (၁၂)ခုရှိ လူဦးရေပေါင်း ၂၅၀၀၀၀ ကျော်အပေါ် သက်ရောက်မှု ရှိခဲ့ပြီး စားနပ်ရိက္ခာ အထောက်အပံ့ လိုအပ်သူပေါင်း ၂၀၈၀၀၀ ဦးရေရှိမည်ဟု ခန့်မှန်းပါသည်။ သတင်းအချက် အလက်များ ထပ်မံရရှိလာပါက ထိခိုက်မှုနှင့် လိုအပ်ချက်ရှိသူ အရေအတွက် မြင့်တက်လာနိုင်သည်။

““နေရာဒေသ အတော်များများနဲ့ အဆက်အသွယ် ပြတ်တောက်လျက် ရှိတဲ့အတွက် မြန်မာနိုင်ငံ လူထုအပေါ် ဒီရေကြီးရေလျှံမှုက ဘယ်လို သက်ရောက်မှုရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း သိရဖို့ ကြိုးစားနေပါတယ်””ဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dom Scalpelli က ဆိုသည်။ ““စားနပ်ရိက္ခာ လုံခြုံမှုကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။ လူထောင်ပေါင်းများစွာဟာ အိုးအိမ်၊ အသက်မွေး ၀မ်းကျောင်း လုပ်ငန်း၊ စပါးသီးနှံ၊ အစားအစာနှင့် မျိုးစေ့များ ဆုံးရှုံးခဲ့ကြပါတယ်။ ဒီသဘာဝ ဘေးအန္တရာယ်ကြောင့် လက်ရှိ စားနပ်ရိက္ခာ မဖူလုံမှုနဲ့ အာဟာရချို့တဲ့မှုကို ပိုမဆိုးရွားစေဖို့ အရေးပေါ် ထောက်ပံ့မှုတွေကို လျင်လျင်မြန်မြန် တုံ့ပြန် ဆောင်ရွက်လျက်ရှိပါတယ်””ဟု ၎င်းက ပြောသည်။

ရေကြီးရေလျှံမှုဒဏ် ခံရသည့် ပြည်သူများအတွက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က တစ်လစာ ဆန်၊ ပဲ၊ စားသုံးဆီ၊ ဆားနှင့် အချို့နေရာများတွင် တစ်ပတ်စာ အာဟာရဖြည့် ဘီစကစ်များကို ပံ့ပိုးပေးနေခြင်း ဖြစ်သည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အနေဖြင့် ရေကြီးရေလျှံမှုဆိုင်ရာ အရေးပေါ် တုံ့ပြန်ဆောင်ရွက် နိုင်ရန် လိုအပ်သော ရန်ပုံငွေများ ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသော်လည်း နိုင်ငံအတွင်း လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ မပါဝင်ဘဲ အရေးပေါ် ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လစဉ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၃)သန်း လိုအပ်လျက်ရှိသည်။ အကူအညီ လိုအပ်သူ အရေအတွက် များပြားလာသည်နှင့်အမျှ ရန်ပုံငွေ လိုအပ်ချက်မှာလည်း မြင့်တက်လာနိုင်သည်။

ရေကြီးရေလျှံမှု မဖြစ်ပွားမီက ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်၏ မြန်မာနိုင်ငံတွင်းရှိ အကြီးဆုံး စီမံချက်မှာ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသတွင်း ရွှေ့ပြောင်း နေထိုင်သူများအား စားနပ်ရိက္ခာ ထောက်ပံ့ခြင်း လုပ်ငန်းဖြစ်ပြီး လက်ရှိအချိန် တွင် ရေကြီးရေလျှံမှုများကြောင့် တိကျသော စားနပ်ရိက္ခာ လိုအပ်ချက် ဆန်းစစ်မှု ရရှိရန် နှောင့်နှေးလျက်ရှိသည်။

ကျော်ကျော်မင်း

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် ဦးကိုကိုကြီးက ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်တော့မည်မဟုတ်ကြောင်း ဩဂုတ် ၇ ရက်၌ ထုတ်ဖော်ပြောကြားသည်။ ဦးကိုကိုကြီးသည် ရွေးကောက်ပွဲဝင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းခဲ့ပြီး ၎င်းကို ထောက်ခံသည့်ပြည်သူလူထုနှင့် ဒီမိုကရေစီအင်အားစုများက အောင်နိုင်ရေးနှင့် မဲဆွယ်စည်းရုံးရေးများအတွက် ဦးကိုကိုကြီးကို ဝန်းရံရေးလုပ်ဆောင်နေချိန်တွင် ဒီချုပ်ကထုတ်ပြန်လိုက်သည့်ကိုယ်စားလှယ်လောင်းစာရင်း၌ ဦးကိုကိုကြီးပါဝင်လာခြင်းမရှိခဲ့ပေ။ ဒီချုပ်ကိုယ်စားလှယ်လောင်းစာရင်းနှင့်ပတ်သက်၍ ဒီမိုကရေစီအင်အားစုများအချင်းချင်းကြား စိတ်ဝမ်းကွဲမှုနှင့် အားပြိုင်မှုများ၊ တစ်ဖက် နှင့်တစ်ဖက်ငြင်းခုံဖြေရှင်းမှုများ ပင်ရှိခဲ့သည်။ ထိုအကြောင်းကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကမူ တစ်စုံတစ်ရာပြောကြားခဲ့ခြင်းမရှိခဲ့သော်လည်း ဒီချုပ်ဗဟိုကော်မတီဝင်အချို့က ၈၈ ကျောင်းသားခေါင်းဆောင်များကိုမရွေးချယ်ရခြင်းနှင့်ပတ်သက်၍ မီဒီယာများမှတစ်ဆင့်ဖြေကြားခဲ့ခြင်းများရှိခဲ့သည်။

ဩဂုတ် ၆ ရက်က ဒေါ် အောင်ဆန်းစုကြည်နှင့် ဦးကို ကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီတို့ တွေ့ဆုံပြီး နောက်တစ်ရက်တွင် ဦးကိုကိုကြီးက ၈၈ ကျောင်းသား ခေါင်းဆောင်များ၏ နိုင်ငံရေးရည် မှန်းချက်နှင့် ရပ်တည်ချက်များ လက်ရှိ ဒီမိုကရေစီအင်အားစုများ ကြား စိတ်ဝမ်းကွဲမှုများမဖြစ်ပွား စေရေးနှင့် ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ရသည့်အကြောင်းရင်း တို့နှင့်ပတ်သက်၍ ဩဂုတ် ၇ရက် တွင် 7Day Daily သတင်းစာနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မနေ့က ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးကိုကိုကြီးတို့တွေ့ဆုံမှုအပေါ် မှာ လူထုက လက်ရှိ ဒီချုပ်ကိုယ် စားလှယ်လောင်းစာရင်းမှာမပါ ခဲ့တဲ့ ဦးကိုကိုကြီးတို့နဲ့ပတ်သက် လို့ အပြောင်းအလဲပြန်လုပ်မလား ဆိုတဲ့ မျှော်လင့်ချက်ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုကနေ ဘယ်လိုဆုံးဖြတ်ချက်တွေပေါ်ပေါက်လာပါသလဲ။

ကျွန်တော် ရွေးကောက်ပွဲဝင် မယ်လို့ကြေညာခဲ့တာ တစ်နှစ်နီး ပါးရှိနေပါပြီ။ လွှတ်တော်နိုင်ငံ ရေးကို ဆောင်ရွက်မယ်ဆိုတာ ကျွန်တော်အစောကြီးကတည်းက ပြောထားပြီးပါပြီ။ ကျွန်တော်တို့ တစ်လျှောက်လုံး လွှတ်တော်ပြင် ပနိုင်ငံရေးလုပ်ခဲ့တာကနေ ဒီနေ့ ဒီအချိန်မှာတော့ ကျွန်တော်တို့ရဲ့ လေ့လာမှု၊ ကျွန်တော်တို့ရဲ့ ဖြတ် သန်းမှုအတွေ့အကြုံတွေကို ထဲ ထဲဝင်ဝင်ဆောင်ရွက်နိုင်တဲ့ နိုင်ငံ ရေးပုံစံတစ်ခုပြောင်းဖို့လိုပြီလို့မြင်တယ်။ ဆုံးဖြတ်ခဲ့တယ်။ ရွေး ကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တဲ့အခါ မှာလည်း ဒီမိုကရေစီအင်အားစု တွေအားကောင်းအောင်၊ ရှုပ် ထွေးမှုတွေမဖြစ်အောင်၊ ရှင်းရှင်း လင်းလင်းပြောရရင် မဲမကွဲအောင်ကျွန်တော် NLD က လျှောက်လွှာတင်ခဲ့တယ်။

နိုင်ငံရေးဟာ တစ်နိုင်ငံလုံး ရဲ့အရေးဖြစ်တယ်။ တစ်နိုင်ငံလုံး အရေးဖြစ်တဲ့အတွက် သဘော ထားကြီးကြီး၊ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီးတော့ တုံ့ပြန်ခဲ့တယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး တော့ ကျွန်တော်မီဒီယာတွေကို ဘာတစ်ခုမှ ထုတ်မပြောခဲ့ဘူး။ တမင်ကို ကျွန်တော်မပြောခဲ့တာ။ ရေငုံနှုတ်ပိတ်နေခဲ့တယ်။ အန်တီ က ကျွန်တော်တို့ကိုတွေ့တဲ့အခါ မှာ လူထုစိတ်ပျက်အားငယ်သွား မှာစိုးလို့ ကျွန်တော်တို့ဒီအခြေ အနေကိုပြန်ပြီးကုစားဖို့လိုတယ်။ အဲဒီတော့ လူထုကို ကျွန်တော်တို့ နှစ်ဖွဲ့ပေါင်းပြီးတော့ တစ်ခုခု သ တင်းစကားပါးဖို့လိုတယ်လို့ ကျွန် တော်တို့ ပြောပါတယ်။ နောက် ကျွန်တော်တို့ပါတီထောင်ဖို့ ဆန္ဒ ရှိတယ်လို့လည်း အန်တီ့ကိုပြော ခဲ့ပါတယ်။

အခုလည်း ကျွန်တော်တို့ဆုံး ဖြတ်လိုက်ပြီ။ ဒီရွေးကောက်ပွဲကို မ၀င်တော့ဘူး။ မ၀င်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာဟာ အရင်က တည်းက မဲကွဲမှာစိုးလို့ ကျွန်တော် NLD ကနေ ၀င်ဖို့လုပ်ခဲ့တာ။ အခု NLD က မရွေးချယ်တဲ့နောက် ထပ်ပြီး မဲကွဲမယ့်အခြေအနေမျိုး ဖြစ်လာမှာစိုးလို့ မ၀င်တော့ဘူး လို့ ဆုံးဖြတ်လိုက်တာ။ ဒီဆုံးဖြတ် ချက်အတွက် ကျွန်တော်တောင်း ပန်ရမယ့်လူတွေရှိတယ်။ ကျွန် တော့်ကိုအောင်နိုင်ရေးလုပ်ပေး ဖို့၊ မဲထည့်ဖို့၊ တချို့ဆို စင်ကာပူ ကနေ ဦးကိုကိုကြီးကို မဲထည့်ဖိုဆို ပြီး ပြန်လာမယ့်သူတွေတောင်ရှိ နေတယ်။ နောက် တိုက်တိုက် တွန်းတွန်းပြောနေတဲ့ ကျွန်တော့် ပြည်သူတွေကို ပြောချင်ပါတယ်။ နိုင်ငံရေးဆိုတာ ဒီတစ်ကွေ့တည်း မဟုတ်ပါဘူး။ သူတို့ဆန္ဒကို မ လိုက်လျောပေးနိုင်ခဲ့တဲ့အတွက် နောက်ကျွန်တော်စဉ်းစားတာ တစ်ခုက ကိုယ့်ကြောင့်၊ ကိုယ့်ဆုံး ဖြတ်ချက်တစ်ခုကြောင့် ဒီမိုကရေ စီအင်အားစုတွေ မဲဆန္ဒနယ်တစ်ခု ဆုံးရှုံးသွားတယ်။ တစ်ဖက်က နိုင် သွားတယ်ဆိုတာမျိုးမဖြစ်စေချင် လို့ ကျွန်တော့်ကို တစ်သီးပုဂ္ဂလ ပြိုင်စေချင်တဲ့ ပြည်သူတွေရဲ့ဆန္ဒ ကိုလည်း မလိုက်လျောပေးနိုင်တဲ့ အတွက် ကျွန်တော့်ကိုနားလည် ပေးပါ။ ဒါပေမဲ့ ကျွန်တော်နိုင်ငံ ရေးမှာသေတစ်ပန်သက်ဆုံး အကျိုးပြုလုပ်ကိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ရေရှည်နိုင်ငံရေးကို ဆက်ပြီးတော့ အားပေးကြပါလို့။

ဒါဆို အခုရွေးကောက်ပွဲနဲ့ပတ် သက်လို့ ဦးကိုကိုကြီးရဲ့ရပ်တည် ချက်က ဘယ်လိုရှိပါသလဲ။
၂၀၁၅ ရွေးကောက်ပွဲအ တွက် ကျွန်တော်တို့ရပ်တည်ချက် ကတော့ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားအင်အားစုတွေကို ၀န်းရံမယ်ဆိုတဲ့ NLD နဲ့ပူးတွဲကြေ ညာချက်ထုတ်တားတဲ့အတိုင်းပဲ ဆက်လက်ရပ်တည်သွားမှာပဲ။ ကျွန်တော်ပြောတဲ့စကားလုံးက အရေးကြီးပါတယ်။ ဒီမိုကရေစီ အင်အားစုများပါ။ ဒီမိုကရေစီ အင်အားစုလို့ ကျွန်တော်ယုံကြည် ရတဲ့လူပုဂ္ဂိုလ်တွေကို ၀န်းရံသွား မယ်။ တိုင်းရင်းသားအင်အားစု တွေကို ၀န်းရံမယ်။ အဲဒီရပ်တည် ချက်အတိုင်း ကျွန်တော်တို့၂၀၁၅ အထိသွားမယ်။

ကျွန်တော်တို့သွားမယ့် ရေ ရှည်နိုင်ငံရေးဟာ ကျွန်တော်တို့ ဆုံးဖြတ်ချက်ကြောင့် ၂၀၁၅ ရွေး ကောက်ပွဲအပေါ်မှာတစ်စုံတစ်ရာ ဖြစ်သွားမှာကိုတော့ အဖြစ်မခံ ဘူး။ ၂၀၁၅ ကွက်ကွက်ကလေး အတွက် လုပ်မှာမဟုတ်ဘူး။ အ ထူးသဖြင့် ရွေးကောက်ပွဲအပေါ် ပြည်သူတွေ အာရုံမရှုပ်ထွေး အောင် မူဝါဒတွေချပြစည်းရုံးသွား မယ်။ ကျွန်တော်တို့ရဲဘော်တွေ၊ ပြည်သူတွေအတွက်လည်း နိုင်ငံ ရေးဆိုတာ မူဝါဒကိုရွေးချယ်ရ တာဖြစ်တယ်ဆိုတာ နားလည် လာဖို့လိုတယ်။ ဘာကြောင့်လဲဆို တော့ နှစ် ၃၀ ကျော်အတွေ့အကြုံ လေ။ တကယ့်မှန်ကန်တဲ့ ဦး ဆောင်မှု၊ ၀ါဒတွေချမှရမယ်ဆို တာ ကျွန်တော်တို့ရှစ်လေးလုံးပန်း တိုင်ကိုရောက်ဖို့ပဲ။

ဦးကိုကိုကြီးအပါအ၀င် ၈၈ မျိုး ဆက်ကျောင်းသားခေါင်းဆောင် များအပေါ် နက်နက်ရှိုင်းရှိုင်း ထောက်ခံနေတဲ့သူတွေကတော့ အားမလျှော့ဘဲ ရွေးကောက်ပွဲအလွန် အစိုးရအဖွဲ့ ဖွဲ့တဲ့အခါမှာများ ပါကောင်းပါလာနိုင်မလားဆိုတဲ့ မှန်းဆချက်တွေလည်း ရှိနေပါတယ်။ ဒီလို Appointed တစ်ခုခုများကမ်းလှမ်းခံလာရတာမျိုးဖြစ်လာရင်ကော ဘယ်လိုဆုံးဖြတ်ပါမလဲ။ကျွန်တော်က ရွေးကောက်ပွဲ ရလဒ်ကို ကိုယ့်ကြောင့်တစ်စုံတစ် ရာအထိအခိုက်မခံနိုင်လို့ မ၀င်ဘူး ပြောလိုက်တာ။ နိုင်ငံရေးတာဝန် နဲ့ပတ်သက်လို့တော့ ကျွန်တော် က တာဝန်ကို ဘယ်တော့မှခေါင်း ရှောင်တတ်တဲ့သူမဟုတ်ပါဘူး။ ကျွန်တော်ပြည်သူတစ်ရပ်လုံးကို အကျိုးပြုနိုင်တဲ့ အခြေအနေတစ် ခု ဘယ်လိုအခြေအနေပဲရရ ကျွန် တော်လုပ်နိုင်သလောက်တော့ ဆောင်ရွက်သွားမှာပဲ။ တစ်ခု တော့ ရှိတယ်။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်မှာ မဲအများဆုံးရဖို့ အစိုးရအဖွဲ့နိုင်တဲ့ စနစ်မဟုတ်ဘူး။ သမ္မတဖြစ်မှသာ လျှင် အစိုးရကို ဖွဲ့စည်းနိုင်တာဖြစ် တယ်။ အခုအခြေအနေမှာ ကျွန် တော်စိုးရိမ်တယ်။ သမ္မတဖွဲ့နိုင် လောက်တဲ့အမတ်အရေအတွက် လွှတ်တော်ကိုယ်စားလှယ်အရေ အတွက် ရဖို့ဆိုတာဟာ တော် တော့်ကို မေးခွန်းထုတ်စရာဖြစ် တယ်။ ဘယ်သူက သမ္မတဖြစ်နိုင် တဲ့ မဲအရေအတွက်ကိုရမလဲ။

သမ္မတအရည်အချင်းမှာ ကျွန်တော်တစ်ခုပဲ အာရုံစိုက် တယ်။ ဖြစ်လာတဲ့သမ္မတဟာ လက်ရှိရှိနေတဲ့ အကွဲအပြဲတွေ၊ ပါတီတစ်ခုချင်းစီမှာရှိတဲ့ ပြဿ နာတွေ၊ လူ့အဖွဲ့အစည်းထဲမှာရှိ တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ပဲ။ စစ်ရေးအမြင်တွေဆိုတာ ထက် နိုင်ငံတော်ကို ဘယ်လိုပြန် ပြီးစုစည်းနိုင်မလဲဆိုတာ ကျွန် တော်တို့နိုင်ငံရဲ့ သမ္မတအတွက် အရည်အချင်းပဲ။ အဲဒီလိုလူမျိုး ကိုရရင်တော့ ကျွန်တော်တို့ပြည် သူတွေ လူထုအတွက်ကောင်းခြင်း မင်္ဂလာပေါ့။

အဲဒီလိုမဟုတ်ဘဲ အကွဲတွေ ကိုကိုင်ပြီးကစားတာ၊ အကွဲတွေ ကို စုစည်းတာမဟုတ်ဘဲ အကွဲ တွေထဲမှာမှ အကွဲအကြီးကြီးကို ကိုင်ပြီး ကစားမယ်ဆိုတဲ့စိတ်ကူးနဲ့ ကြိုးစားချက်ကတော့ တိုင်းပြည် အတွက်အန္တရာယ်ကြီးတယ်။ ဒီမို ကရေစီမှာ တိုင်းပြည်အတွက် ဘယ်လောက်အလုပ်အကျွေးပြု မယ်ဆိုတာပဲဖြစ်သင့်တယ်။ ကိုယ့်ကိုကိုယ်စားပြုတဲ့ အင်အား စုမကဘဲ နိုင်ငံ့အကြီးအကဲ Head of State ဆိုတာ ကိုယ့်ကို မ ထောက်ခံတဲ့အင်အားစုတွေကိုပါ ကိုယ်စားပြုပြီး အကြီးအကဲလုပ် ရမယ်။။ အဲဒီ Concept ပျောက် ပြီးတော့ အုပ်စုတွေကြားထဲကလူ တွေပဲ သမ္မတဖြစ်မယ်ဆိုရင်တိုင်း ပြည်က ပိုပြီးအန္တရာယ်ကြီးတယ်။

ဒီမိုကရေစီအင်အားစုတွေကြား မှာ လူထုစိုးရိမ်သလိုမျိုး အကွဲအ ပြဲတွေဖြစ်နေတာတွေ ဆက်ပြီးမ ကြီးထွားအောင် အင်အားစုတွေ အချင်းချင်း ဘယ်လိုဆက်ပြီး စု စည်းလုပ်ဆောင်သွားဖို့ရှိလဲ။

ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်တယ်ဆိုတာ သက်ဆိုင် ရာလူပုဂ္ဂိုလ်အဖွဲ့အစည်းများရဲ့ အခွင့်အရေးပဲ။ ရွေးကောက်ပွဲနိုင် လို့ လွှတ်တော်ထဲရောက်သွားရင် လည်း ဒီအင်အားစုတွေအချင်း ချင်းပဲ ပြန်တွေ့ရမှာပဲ။ ဥပမာ တကယ်လို့ ဒေါ်ညိုညိုသင်းဝင် ပြိုင်လို့ အနိုင်ရသွားရင်တောင်မှ လွှတ်တော်ထဲမှာ ဒီအင်အားစု တွေ ပူးပေါင်းဆောင်ရွက်သွားကြ ရမှာဆိုတော့ အနုတ်လက္ခဏာ ဖြစ်မယ်လို့တော့ မထင်ပါဘူး။

သမ္မတဦးသိန်းစိန်က မကြာခင် က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောသွားပါတယ်။ တိုင်းပြည်ကို ဦးဆောင်နိုင်မယ့် လူငယ်လူလတ် ပိုင်းတွေမရှိတဲ့အတွက် သူဒုတိယ သက်တမ်းကို ထမ်းဆောင်ဖို့ဆန္ဒရှိပါတယ်တဲ့။ နှစ် ၃၀ နီးပါးဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တဲ့ ဦးကိုကိုကြီးတို့ မျိုးဆက်အနေနဲ့ သူ့မှတ်ချက်အပေါ်မှာဘယ်လိုတုံ့ပြန်လိုပါသလဲ။

လူငယ်တွေမှာ အဲဒီလိုအ ရည်အချင်းမျိုးမရှိဘူးလို့ ပြော မယ့်အစား လူငယ်တွေကို နေရာ ပေးပြီးတော့ အဲဒီလိုအတွေ့အ ကြုံမျိုးယူခိုင်းသင့်တယ်။ ဘာ တစ်ခုမှမလုပ်ဘဲနဲ့၊ လုပ်ခွင့်မရဘဲနဲ့ တော့ ဘယ်လိုမှကြိုပြီး ဆုံးဖြတ် တာမဖြစ်သင့်ဘူး။ လုပ်နိုင်ကိုင် နိုင်တဲ့ လူငယ်တွေအများကြီးရှိပါ တယ်။ လုပ်ခွင့်ကိုင်ခွင့်မရသေး တာပါ။ မပေးလို့ပါ။ ဥပမာ မစ္စ တာအိုဘားမားသမ္မတဖြစ်တော့ ၄၀ ကျော်၊ ကျွန်တော်တို့ ဘေး အိမ်နီးချင်းမှာ ယင်လပ်ဝန်ကြီး ချုပ်ဖြစ်တော့ ၄၃ နှစ်။ ကျွန်တော် တို့မှာ အခုထိ ခုနစ်ဆယ်တန်း တွေအချင်းချင်း လူပုဂ္ဂိုလ်ကို ဗဟိုပြုတဲ့ နိုင်ငံရေးဖြစ်နေတယ်။ အဲဒါနိုင်ငံအတွက် ကောင်းတဲ့အ လားအလာမဟုတ်ဘူး။ ကျွန် တော်လူကြီးတွေတော်တော်များ များနဲ့ စကားပြောဖြစ်ပါတယ်။ တစ်ခါတလေမှာ သူတို့ပြော ကြားချက်တွေကို နားထောင်ရင် ကျွန်တော် အံ့အားသင့်မိတယ်။ အပြစ်ပြောတာမဟုတ်ပါဘူး။ လူ ငယ်တွေမှာ အဲဒီထက်ကောင်းတဲ့ စဉ်းစားချက်တွေရှိပါတယ်။ လုပ် ခွင့်မရသေးတာပါ။

ရှစ်လေးလုံးအရေးတော်ပုံ (၂၇) နှစ်ပြည့်ပြီးတဲ့အခါမှာ ဦးကိုကို ကြီးတို့လို တပ်ဦးကလှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ အနေနဲ့ အရေးတော်ပုံရည်မှန်း ချက်တွေ အောင်မြင်ဖို့ လမ်းစနီး လာပြီလို့ ပြောနိုင်ပါသလားရှင့်။

၂၇ နှစ်တာကာလကိုသုံး သပ်ရရင် ရေရှည်နိုင်ငံရေးကို သွားမယ်ဆိုရင် ခိုင်မာတဲ့မူဝါဒကို အခြေခံတဲ့နိုင်ငံရေးမျိုးလိုတယ်။ ကျွန်တော့်ကို By name နဲ့ နာ မည်တပ်ပြီး ကျော်ကြားတာ၊ ကျွန်တော်လာတယ်ဆို လက်ခုပ် လက်ဝါးတီးလို့ ကြိုကြပြုကြတာ ထက် စီးပွားရေးနဲ့ပတ်သက်လို့ ဘယ်လိုအယူအဆ၊ ဘယ်လိုမူဝါ ဒတွေရှိတယ်။ ဖွဲ့စည်းပုံပြင်ဆင် ရေးအတွက် ကျွန်တော်ဘယ်လို အယူအဆရှိတယ်။ အဲဒီမူဝါဒကို ကြိုက်လို့ ကျွန်တော့်ကို ထောက်ခံ တယ်ဆိုတာပဲဖြစ်စေချင်တယ်။ အဲဒါမှ ရေရှည်နိုင်ငံရေးလုပ်နိုင် မယ်။ ပြည်သူကို မျှော်လင့်ချက် ခိုင်ခိုင်မာမာပေးနိုင်မယ်။ အဲဒီလို မှ မဟုတ်ရင်တော့ တစ်နေ့တော့ အောင်မြင်ရမှာပေါ့ဆိုတဲ့ေ၀၀ါး တဲ့မျှော်လင့်ချက်တွေ ပြည်သူကို မပေးချင်တော့ဘူး။

လူတစ်ဦးချင်းစီက ကိုယ့် ဆန္ဒကိုယ်ပြောကြတာပဲ။ ဒါပေမဲ့ ဆုံးဖြတ်တဲ့အခါမှာ ရလဒ်ကိုဦး တည်တဲ့ဟာကို ဆုံးဖြတ်ရမယ်။ ဖြစ်ချင်တာတွေ အများကြီးထဲမှာ ဘယ်ဟာကိုဦးစားပေးလဲ။ အဲဒီ ဦးစားပေးအဆင့်ကို ရအောင် တစ်ဖက်အင်အားစုကို ဘယ်လို အပေးအယူလုပ်မလဲ။ ရေရှည်မ ဟာမိတ် အင်အားစုတွေနဲ့ ဘယ် လိုနီးနီးကပ်ကပ် ဆွေးနွေးတိုင် ပင်ညှိနှိုင်းဖြတ်သန်းမယ်ဆိုတဲ့ မ ဟာမိတ်ဆက်ဆံရေးကို ထူ ထောင်ဖို့လိုတယ်။ တစ်ဖက်အင် အားစုတွေနဲ့လည်း အမျိုးသားပြန် လည်သင့်မြတ်ရေးကို ရှေးရှုပြီး တော့ ဦးစားပေးအစီအစဉ်တွေ ချ မှတ်ပြီးသွားဖို့လိုတယ်။ ဒါမှသာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ ယေဘုယျကျတဲ့ စကားလုံးတွေကို ကျော်လွန်ပြီးတော့ တိုင်းပြည် ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်။ ဖြည့်စွက်ပြီးပြောချင်တာများရှိ ရင် ပြောပါဦး။

မဲကွဲမှာစိုးလို့ NLD က ၀င်ခဲ့ တယ်။ အခုမဲကွဲမှာစိုးလို့ တစ်သီး ပုဂ္ဂလလည်း ၀င်မပြိုင်တော့ဘူး။ ကျွန်တော်ရွေးကောက်ပွဲမ၀င် တော့ပါဘူး။ မဲဆန္ဒရှင်ပြည်သူ တွေကိုတော့ အနူးအညွတ် တောင်းပန်ပါတယ်။ ဒါပေမဲ့ ရေ ရှည်နိုင်ငံရေးအတွက်တော့ ခင် ဗျားတို့ရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော် ဖြည့်ဆည်းပေးသွား မယ်ဆိုတာကို ယုံကြည်လိုက်ပါ။

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

7day
ByအေးသူစံOn Sat, 2015-08-08 13:09Issue No.No.819 Saturday, August 8, 2015

ဓာတ်ပုံ - နစ်ကီ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တစ်မြို့လုံးနီးပါး ရေကြီးခဲ့ရာမှာ အခုရေပြန်ကျ သွားပြီဖြစ်ပေမယ့် ရေနဲ့အတူပါလာတဲ့ နုန်းမြေတွေကြောင့် အတော်များများ အိမ်တွေပျက်စီးသွားခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ် သဲကုန်းတန်းရွာမှာဆိုရင် သဲတွေ၊ နုန်းတွေဟာ အိမ်တွေထဲအထိ ရောက်နေပြီး အိမ်အသစ်ပြန်ဆောက်ဖို့ လိုအပ်တဲ့အထိ ဆိုးဝါးနေတယ်လို့ ရေဘေးကူညီပေးနေတဲ့ ကလေးမြို့ က နေသာဆရာတော် ဦးဓမ္မိက က မိန့်ကြားပါတယ်။

"သဲကုန်းတန်းဆိုတဲ့ရွာဆိုရင် နှစ်ထပ်အိမ်ဆိုရင် တစ်ထပ်မြုပ်တာပေါ့ဗျာ၊ တစ်ထပ်အိမ်ဆိုရင်တော့ တံစက်မြိတ်လောက်ရောက်တာပေါ့၊ ဒါကတော့ ဘယ်လိုမှမတက်နိုင်တော့ဘူးလေ အိမ်အစားထိုး ဆောက် ဖို့ပဲရှိတာပေါ့၊ များသောအားဖြင် အဲ့ဒီလိုမမြုပ်ရင်တောင်မှ အိမ်တွေပေါ်မှာတော့ တစ်ပေ နှစ်ပေကတော့ ပုံမှန်ရှိကြတယ် ရေတက်တဲ့နေရာတွေပေါ့၊ အခုက ရေဘေးထက် ရွှံ့ဘေးကပိုခက်တယ်၊ ရေစုပ်စက်ရှိတဲ့လူက အနည်းစုပေါ့ဗျာ၊ မြို့ပေါ်မှာတော့ အဲ့ဒါမျိုး သူတို့လုပ်နိုင်ကြတယ်၊ အများစုကတော့ဒီအတိုင်းပဲ ကိုယ့်ရှိတာလေး နဲ့ ကြံဖန်ပြီးလုပ်နေကြရတယ်"

ကလေးမြို့ပတ်ဝန်းကျင်က စွယ်တော်ဦး၊ သဖန်းအိုင်၊ ပြင်သာ၊ ရေလဲဦး စတဲ့ရွာတွေမှာလည်း သဲနုန်းတွေဟာ အိမ်တွေထဲအထိ ပြည့်နေတာကြောင့် နေထိုင်ဖို့ မလွယ်ကူဘူးလို့ သိရပါတယ်။

ကလေးမြို့ပေါ်ရပ်ကွက်တွေမှာဆိုရင်လည်း တိရိစ္ဆာန်တွေ အတော်များများ ရေနစ်သေဆုံးခဲ့ကြပြီး အပုပ်နံ့တွေ ထွက်နေတဲ့အတွက် ထုံးမှုန့်တွေ လိုက်ဖြူးနေရပါတယ်။ လယ်မြေတွေမှာဆိုရင်လည်း သဲတွေ၊ နုန်းတွေ ဖုံးလွှမ်းသွားခဲ့အတွက် ပိုင်ရှင်တွေကိုယ်တိုင်တောင် ကိုယ့်လယ်ကွက်တွေကို မမှတ်မိတော့ဘူးလို့လည်း သိရပါတယ်။

RFA
http://www.rfa.org/burmese/news/flooding-kalay-08082015123752.html

dassk-bogo-620 ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ မြို့မဈေးရှေ့မှာ သြဂုတ်လ ၇ ရက်နေ့က ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ် 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲမှာ NLD ပါတီ အောင်နိုင်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

ဒီနေ့ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း ၁၄ မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ အောင်နိုင်ရေး အဖွဲ့ဝင်တွေနဲ့ တောင်ငူမြို့မှာ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်း ပြောကြားခဲ့တာလို့ အစည်းအဝေးတက်ရောက်ခဲ့သူ NLD ကိုယ်စားလှယ်လောင်း ဦးမင်းဦးက ပြောပါတယ်။

"ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်တည်းကလည်း ကိုယ့်အောင်နိုင်ရေးတစ်ခုတည်းကို ဆောင် ရွက်တာမဟုတ်ပဲနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဆိုတာလည်း ကိုယ့်အောင်နိုင်ရေးတစ်ခုတည်း ကို ဆောင်ရွက်တာမဟုတ်ပဲနဲ့ တစ်မြို့နယ်လုံးအောင်နိုင်ဖို့ တနည်းပြောမယ်ဆိုလို့ရှိရင် ပါတီအောင်နိုင်ရေး ကိုရှေးရှုပြီးတော့ အပြန်အလှန်ကိုယ်စားလှယ်လောင်း ရာထားတဲ့သူတွေဟာ ညီညီညွတ်ညွတ် စည်းစည်းရုံးရုံး နဲ့ မြို့နယ်အောင်နိုင်ရေး ပါတီအောင်နိုင်ရေးကို ဆောင်ရွက်ဖို့ပြောတာပါ"

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကစတင်ပြီး ပဲခူးတိုင်းအတွင်းက မြို့တွေမှာ ဒေသခံလူထုနဲ့ တွေ့ဆုံနေတာဖြစ်ပြီး မနက်ဖြန်မှာ မကွေးတိုင်းဒေသကြီး ပွင့်ဖြူနဲ့ ညောင်ဦးမြို့နယ်တွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/election-dassk-candidates-urge-08082015115424.html

 ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ကို တွေ့ရစဉ်။ Photo: RFA
 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ်ယန်ဟီးလီက သူမကို မြန်မာအစိုးရက ရခိုင်ပြည်နယ်သွားရောက်ခွင့် ပိတ်ပင် ခဲ့ကြောင်းနဲ့ မြန်မာပြည် မှာ ၁ဝ ရက်ကြာ နေထိုင်ခွင့်တောင်းခံခဲ့တာကိုလည်း ၅ ရက်ပဲခွင့်ပြုခဲ့ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ ဒ့ါအပြင် ယန်ဟီးလီက မြန်မာပြည်ကို သူမ အရင်ကလာရောက် တဲ့ ခရီးစဉ်တွေမှာ တွေ့ဆုံခဲ့သူတွေကို အစိုးရက မေးမြန်းစောင့်ကြည့်တာတွေရှိတယ်လို့ သိရကြောင်း၊ အခုခရီးစဉ် မှာလည်း သူတွေ့ချင်သူတွေကို အစိုးရက တွေ့ဆုံခွင့်ပိတ်ပင်တာတွေ၊ ကြိုတင်အသိပေးခြင်းမရှိပဲ တွေ့ဆုံချိန်အနီးကပ်ပြီး မှ အကြောင်းတစုံတရာမပြပဲ ဖျက်သိမ်း လိုက်တာတွေရှိကြောင်းနဲ့ မြန်မာပြည်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေအပေါ်ချုပ်ချယ် မှုတွေရှိနေကြောင်း ပြောပါတယ်။

တဆက်တည်းမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က လက်ရှိမှာ မြန်မာပြည်တဝှမ်း အင်မတန်ကြီး မားတဲ့ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရတာကို မိမိ နားလည်ခံစားနိုင်ပါတယ်၊ ဒါပေမယ့် အခုလို မိမိအပေါ်ရန်သူသဖွယ် ဆက်ဆံတာ ကိုတော့ မျှော်လင့်ထားခဲ့ခြင်းမရှိပါဖူးလို့ မနေ့ညနေက ကျင်းပတဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအများအပြားကို လာမယ့် နိုဝင် ဘာရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုမှာ မဟုတ်ဖူးလို့ ကြားသိရကြောင်း ဒါဟာ မွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံ မှု ဖြစ်ကြောင်း၊ သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့လိုကြောင်း စသဖြင့် ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီ က ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


 မကွေးတိုင်းဒေသကြီး မုန်းချောင်းနှင့် ဧရာဝတီမြစ်ဆုံရာ ဒေသတွင် ဧရာဝတီမြစ်ရေ ကျဆင်းနေပြီ ဖြစ်သော်လည်း အကူအညီများ လိုအပ်နေဆဲဖြစ်ဟု အကူအညီ သွားရောက်ပေးခဲ့သူ ကိုတင့်မှ သြဂုတ် ၈ တွင် ပြောကြားခဲ့သည်။

၎င်းမှ ‘မြစ်ရေမြင့်တက်ကတည်းက အဲဒီရွာတွေမှာ အကူအညီမရောက်ခဲ့ဘူး အခုရေကျသွားတော့ သွားရေးလာရေးက ပိုခက်နေတယ်။ အကူအညီတွေမရသေးတော့ အခုလည်း အဲဒီဒေသမှာ အခက်အခဲတွေဖြစ်နေတယ်ဟု ပြောကြားခဲ့သည်။

မုန်းချောင်းအနီးကျေးရွာများသည် ရေတက်စဉ်က အကူအညီများ ရရှိခဲ့ပြီး ဧရာဝတီမြစ်အနီးမှ ကျေးရွာများမှ ယခုအချိန်အထိ အကူအညီမရှိသေးဘဲ အခက်အခဲများဖြစ်ပေါ်နေသည်ဟု သိရသည်။

ဆက်သွယ်ကူညီလှူဒါန်းလိုလျှင် ၀က်လွတ်တောင်ရွာ ဦးအောင်သူ ၀၉ ၄၀၁၆၃၂၂၀၆၊ ရှားတောရွာ ဦးထွန်းထွန်း ၀၉ ၉၇၉၉၆၁၅၀၊ ၀၉ ၂၅၆၂၂၀၀၉၇ သူဌေးကုန်းကျွန်းဦးမြင့်အောင် ၀၉ ၂၅၆၀၈၅၄၉ သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 မြန်မာ နိုင်ငံ အနှံ့အပြား ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားခဲ့ ပြီးနောက် ရေဘေးသင့် ဒေသ တချို့ ရဲ့ ပျက်စီး ဆုံးရှုံးမှုတွေကို ကြက်ခြေနီ အသင်း က စာရင်း စစ်တမ်း ကောက်ခံ နေပါတယ်။

ကောလင်း၊ ပွင့်ဖြူ ၊ စေတုတ္ထရာ၊ မင်းပြား စတဲ့ ရေဘေးသင့် ဒေသ တွေမှာ လိုက်လံ ကောက်ခံခဲ့တာ ဖြစ်ပြီး ဒီစာရင်းတွေ ကို ထူထောင်ရေး လုပ်ငန်းတွေ မှာ အသုံးချ သွားမယ်လို့ ကောလင်းဘက်ကို ရောက်နေတဲ့ မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်းက အဖွဲ့ တာဝန်ခံ တဦး က ပြောပါတယ်။

ဟားခါးနဲ့ ကလေး ဒေသ အပျက်အစီး တွေကို အချိန်မီ ကောက်ခံမှု တွေ မလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ကောလင်းဘက်မှာ အသေအပျောက် အပျက်အစီး ကြီးကြီးမားမား မရှိသလို ရောဂါ ဖြစ်ပွားမှု နည်းတယ် လို့လည်း ဆိုပါတယ်။

အိမ်နဲ့ လမ်းတံတားတွေ၊ စပါးတွေ ရေစို ပျက်စီးတာ တွေ ရှိပြီး စိုက်ပျိုးရေး ရာသီ အတွက် အစိုးရက မျိုးစေ့ ထောက်ပံ့မှုတွေ တဝက်လောက် ပေးမယ် လို့ သိရပါတယ်။

ကြက်ခြေနီက ကောက်ခံရတဲ့ စာရင်းတွေကို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ချုပ်နဲ့ ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပြီး အကူအညီ အထောက်အပံ့တွေ တောင်းခံ သွားမယ်လို့ သိရပါတယ်။

အထက်ပိုင်းမှာ ရေပြန်ကျ လာပေမယ့် မြန်မာနိုင်ငံ အောက်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသတွေနဲ့ ကရင်ပြည်နယ် ဒေသတွေမှာ ရေကြီး ရေလျှံမှုတွေနဲ့ စိုးရိမ် ရေမှတ် ရောက်နေတဲ့ တာရိုး အခြေအနေ စောင့်ကြည့်နေရမှု တွေ ရှိနေဆဲ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese