08/14/15



ဒေါ်အောင်ဆန်းစုကြည်...ပြောပြီလေ ပြောပြီ

"ပြုန်းတီးသွားတဲ့ သစ်တောတွေ ပြန်ပြီးတော့ဖြည့်ဖို့ စိုက်ဖို့ဆိုတာ တော်တော်အချိန်ကြာဦးမယ်…
ဒီနေ့စိုက်လို့ မနက်ဖြန် သစ်တောကြီးဖြစ်လာတာမှမဟုတ်ပဲ…

ဒါဟာ စီမံကိန်းချပြီး အချိန်ယူရမဲ့ကိစ္စ…
နောက်ထပ်မပြုန်းတီးဖို့ဆိုတာကတော့ သေသေချာချာ ဥပဒေနဲ့အရပဲလုပ်ထားရမယ်…

နောက်ပြီးတော့ ဘာဖြစ်လို့ပြည်သူတွေက ခုတ်နေလဲဆိုတာလည်း ကြည့်ရမယ်…
တကယ်တော့ အများပြည်သူခုတ်တဲ့ဟာက နည်းပါတယ်…
သစ်တွေအများကြီးခိုးခိုးထုတ်တဲ့ဟာက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ မသိဘဲနဲ့ပဲ လုပ်ဖို့တော့ အင်မတန်ခက်ပါတယ်…

ဘာဖြစ်လို့လဲဆိုတော့ တချို့လမ်းတွေမှာဆို ညညဆိုလို့ရှိရင် သစ်လုံးကြီးတွေပေါ့နော် သစ်တွေတပင်လုံး တပင်လုံး သစ်လုံးကြီးတွေကို ကားကြီးတွေနဲ့ တိုက်ပြီးတော့ သွားနေတာမြင်နေရတာပဲ…
လူမြင်ကွင်းမှာလုပ်နေတဲ့ကိစ္စပဲ…
အဓိကအုပ်ချုပ်ရေးပိုင်းဆိုင်ရာရဲ့ မှန်မှန်ကန်ကန် လုပ်ချင်စိတ်ပါပဲ…

ဒေါ်အောင်ဆန်းစုကြည်

RFA

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံပြည်သူများ၏ ၁၂ကြိမ်မြောက် ရုံးချိန်းတွင် လက်ပံတန်းမြို့နယ် ရဲမှူးနှင့် စခန်းမှူးတို့အား ကျောင်းသားနှင့် ၀န်းရံပြည်သူ များအား မတရားဖမ်းဆီး ချုပ်နှောင်မှုနှင့် ပတ်သက်ပြီး တရားစွဲဆိုမှုကို သာယာဝတီမြို့နယ် တရားရုံးက ပယ်ချလိုက်၍ ခရိုင်ရုံးသို့ ဆက်တက်မည်ဖြစ်ကြောင်း ကျောင်းသားများဘက်မှ လိုက်ပါဆောင်ရွက်ပေး နေသော တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က သြဂုတ် ၁၂ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

လက်ပံတန်းမြို့နယ်တွင် မတ်လ ၁၀ ရက်က အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြသော ကျောင်းသားနှင့် ၀န်းရံပြည်သူများ မတရားဖမ်းဆီး ချုပ်နှောင်ခံရမှုနှင့် ပတ်သက်၍ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့်နှင့် လက်ပံတန်းမြို့နယ် စခန်းမှူး ဒုရဲမှူးသန်းမြင့်တို့အား တရားစွဲဆိုရန် လျှောက်ထား ချက်ကို ပုဒ်မ (၆၁)အရ ပြည်သူ့ဝန်ထမ်းကို အရေးယူခွင့် မရှိဟုဆိုကာ သာယာဝတီမြို့နယ် တရားရုံးကပယ်ချ လိုက်သည့်အပေါ် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

““ခရိုင်ကို ဆက်တက်မှာပါ။ တရားရုံးရဲ့ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်က ဥပဒေနဲ့ မညီဘူးလို့ ခံစားရတယ်။ မတရား ဖမ်းဆီးချုပ်နှောင်မှုရဲ့ အနှစ်သာရနဲ့ ပြည့်စုံရဲ့သားနဲ့ လက်မခံတော့ နစ်နာတယ်။ နောက်တစ်ချက် ကလည်းပဲ ကြိုတင်ခွင့်ပြုချက် ယူရမယ်ဆိုတဲ့ အချက်ကလည်း ဒီအမှုမှာ ဖော်ပြနေတယ်။ အဲဒီတော့ ခရိုင်ရုံးကို ဆက်တက်မှာပါ။ ပြစ်မှု ဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ (၄၃၉)ရယ်၊ တရားစီရင်ရေး ဥပဒေပုဒ်မ (၅၄)အရ ခရိုင်ကို ဆက်တက်မှာ ဖြစ်ပါတယ်။ တရားသူကြီးရဲ့အမြင်နဲ့ ကျွန်တော်တို့အမြင် မကိုက်ညီတာ မတတ်နိုင်ဘူးလေ””ဟု ဖမ်းဆီးခံ ကျောင်းသားနှင့် ပြည်သူများဘက်မှ လိုက်ပါဆောင်ရွက် ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

ဖမ်းဆီးခံကျောင်းသားများ၏ ၁၂ ကြိမ်မြောက်ရုံးချိန်းတွင် ကျောင်းသား ၁၃ ယောက်က အာမခံလျှောက်ထား ခဲ့သည်ကို သာယာဝတီမြို့နယ် အကျဉ်းထောင်မှ သာယာဝတီမြို့နယ် တရားရုံးသို့ ပေးပို့ရ မည့် ထောင် ထောက်ခံစာ များမှာ လျှောက်လဲချက်နှင့်အတူ အချိန်မီ မရောက်လာဟုဆိုကာ ပယ်ချလိုက်သည်။

““ကျောင်းသားတွေရဲ့ ထောင်ထောက်ခံစာတွေက လျှောက်လဲချက် တွေနဲ့အတူ အချိန်မီ မရောက်လာတဲ့ အတွက် ပယ်လိုက်တယ်။ အဲဒီအပေါ်မှာပဲ ဆက်ပြီးတော့ ထောင်ထောက်ခံစာ တွေနဲ့အတူ တင်ပါ ဆိုပြီး တော့ပေါ့”” ဟု တရား လွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

တရားခွင် အခြေအနေနှင့် ပတ်သက်၍ တရားရုံးတွင် လာရောက် ကြားနာသူ များပြားသောကြောင့် တရားခွင် အတွင်း အပြန်အလှန် မေးမြန်း ပြော ဆိုမှုများကို ရှင်းလင်းစွာ ကြားနာရခြင်း မရှိကြောင်း အမှုအား လာရောက် ကြားနာသူများက ပြောဆိုကြသည်။

““တရားရုံးမှာ Sound Box မတပ်ထားတော့ ရှေ့ပိုင်းကလူတွေပဲ ကြားရတယ်။ နောက်ပိုင်းက လူတွေက မကြားရဘူး။ အသံတိုးတော့ ကျောင်းသားတွေ ကိုယ်တိုင်ကိုက မကြားရဘူး။ အမှုစစ်တဲ့ အခြေအနေကို မကြားရတာက မဖြစ်သင့်ဘူးလေ။ တရားရုံးမှာ အားလုံးကြားရအောင် Sound Box တပ်ထားသင့်တယ်”” ဟု ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်၏ ဖခင်ဖြစ်သူ ဒေါက်တာနေ၀င်းက ပြောသည်။

သာယာဝတီ အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်း ခံထားရသော ကျောင်းသားနှင့် ၀န်းရံပြည်သူများ၏ ၁၃ ကြိမ်မြောက် ရုံးချိန်းကို သြဂုတ် ၁၈ ရက်သို့ ချိန်းဆိုထားသည်။

သူဇာအောင်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

shwemann-620.jpg ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို တွေ့ရစဉ်

ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဟာ နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းခံထား ရတယ်ဆိုတာ မဟုတ်ကြောင်း သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဌတာဝန်ကနေ ဖယ်ရှားခံရပြီး ကောလာဟလတွေ ထွက်ပေါ်နေတဲ့အပေါ် RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ သူရဦးရွှေမန်းရဲ့ သားဖြစ်သူ ဦးတိုးနိုင်မန်း လုံခြုံရေးအရလည်း အရင်ကရှိခဲ့တဲ့ နေအိမ်လုံခြုံရေးသာရှိကြောင်း အခုလို ပြောပါတယ်။

"ကောလာဟလထွက်နေကြတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း အကျယ်ချုပ်ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတယ်ဆိုတာ မဟုတ်ပါဘူး၊ သူ့ရဲ့ပုံမှန်လွှတ်တော်ဆိုင်ရာကိစ္စတွေ သူဆက်လက်ဆောင်ရွက်နေပါတယ်၊ သူ့ရဲ့နဂိုမူရင်းလုံခြုံရေးအဖွဲ့အစည်းက လုံခြုံရေးယူထားပေးတဲ့ ပုံစံအတိုင်းပဲ ဆက်လက်သွားလာနေပါတယ်"

ဦးတိုးနိုင်မန်းက အခုလို အခြေအနေဖြစ်လာမယ်ဆိုတာ အရင်ကတည်းက မျှော်လင့်ထားပြီးဖြစ်ကြောင်း ဘယ်လိုအချိန်မှာဖြစ်လာမယ်ဆိုတာသာ မသိကြောင်းလည်း သူရဦးရွှေမန်း ပါတီရဲ့ ပူးတွဲဥက္ကဌတာဝန်က ဖယ်ရှားခံရတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ဒါ့အပြင် ဦးတိုးနိုင်မန်းရဲ့ ချယ်ရီ FM ကို လည်ပတ်ခွင့် ပိတ်ပင်လိုက်တယ်ဆိုတာ မဟုတ်ကြောင်းနဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာ ချယ်ရီ FM ရှမ်းပြည်မှာ အသံလွှင့်ခဲ့တာ ၆ နှစ်မြောက် ပြည့်တော့မှာဖြစ်ကြောင်း လုပ်ငန်းပိုင်းဆိုင်ရာကိစ္စအတွက် ချယ်ရီရဲ့ တာဝန်ခံဟာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံဖို့ရှိကြောင်း၊ ချယ်ရီ အသံလွှင့်ရုံတွေမှာ နည်းပညာအမှားအယွင်းကြောင့် အသံမထုတ်လွှင့်နိုင်တာတော့ရှိကြောင်းပြောပါတယ်။
RFA
http://www.rfa.org/burmese/news/shwemann-detain-just-humour-08142015040403.html

ဤဆောင်းပါးကို ၈.၈.၂၀၁၅ နေ.တွင်ကျွန်တော်ရေး၏ ။ မိုးကလေးတဖွဲဖွဲကျနေသည် .ကြားမှ ရန်ကုန်မြို. မြို.တော်ခန်းမအနီး တွင် ၈၈ အရေးအခင်းအောက်မေ.ဖွယ်ရာအခမ်းအနားကို မမေ.လျော.သူတွေကကျင်းပနေကြသည် ။ ကမ္ဘာကျော်ခဲ.သောဤအရေးအခင်းသည် နှစ်ကာလကိုပိုင်းဆစ်လျှင် ၂၇ နှစ်တိတိရှိခဲ.လေပြီ ။ လွန်ခဲ.သော ၂၇ နှစ် ဤလဤရက် ( ၈ ရက် ၈ လ ၁၉၈၈ တွင် ) မြန်မာတစ်ပြည်လုံးသည် လူသားလှိုင်းလုံးကြီးများသဖွယ် လိမ်.ကာလိမ်.ကာတက်လာကြသော ဒီမိုကရေစီတောင်းဆိုဆန္ဒပြသူများ၏ အင်အားဖြင်. တနိုင်ငံလုံး၏လမ်းများ သည် သိမ်.သိမ်.တုန်မြည်ဟီးခဲ.ဖူးပါသည် ။ ဒီမိုကရေစီရရှိရေး….ဒို.အရေးဟူသောကြွေးကြော်သံများဘ၀ဂ်သို.တိုင် မိုးချုန်းသံအလား ဟစ်ကြွေးခဲ.ကြဖူးပါသည် ။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၊ အလုပ်သမား၊ လယ်သမား ၊ ၀န်ထမ်း ပေါင်းစုံတို.၏ သပိတ်တပ်ပေါင်းစုံ ဆန္ဒပြမှုကြောင်. အစိုးရယန္တယားကြီးတခုလုံး ရပ်တန်.သွားခဲ.ဖူးပါသည် ။ တပ်မတော်မှလွဲ၍ ရဲတပ်ဖွဲ.အပါအ၀င် တနိုင်ငံလုံးမှ အစိုးရ၀န်ထမ်းအားလုံး ဆန္ဒပြသမားများဘက်သို.ပါဝင်ကူးပြောင်းလာသဖြင်. ဒီမိုကရေစီအရေးတော်ပုံကြီးအောင်မြင်ဖို.လက်တကမ်းသာလိုတော.သည်ဟု အားလုံးကထင်မြင်ယူဆနေကြချိန်ဖြစ်သည်( တပ်မတော်ရေတပ်မှအရာရှိစစ်သည်အချို.ပင်ဆန္ဒပြပွဲသို.ပူးပေါင်းပါဝင်ခဲ.သည် ) ။ စစ်တပ်ကအာဏာသိမ်းပါရန် ဗိုလ်ချုပ်ခင်ညွန်. (ထိုစဉ်က ဗိုလ်မှူးကြီးခင်ညွန်.) တို.အဖွဲ.က ဦးနေ၀င်းအား သွားရောက်အစီရင်ခံသောကာလလည်းဖြစ်ပါသည် ။ ကိုကိုကြီး၊မင်းကိုနိုင်တို. ကျောင်းသားထုကို ခေါင်းဆောင်ကာအရေးတော်ပုံကိုအင်ပြည်.အားပြည်.မောင်းနှင်ခဲ.သောကာလလည်းဖြစ်ပါသည် ။ ကျောင်းသားနှင်.ပြည်သူတို.စခဲ.သောအရေးတော်ပုံအထွတ်အထိပ်သို.ရောက်လာခဲ.သောကာလလည်းဖြစ်ပါသည် ။ စက်မှုတက္ကသိုလ် ၊ ရန်ကုန်တက္ကသိုလ် နှင်.တနိုင်ငံလုံးမှကျောင်းသားတို.စတင်ခဲ.သောအရေးတော်ပုံနောက်ဝယ်တတိုင်းတပြည်လုံးအုံကြွပါဝင်လာခြင်းဖြစ်သည် ။ နှစ်ပေါင်းများစွာ လူမြင်ကွင်းမှပျောက်ကွယ်ခဲ.သောခွပ်ဒေါင်းအလံသည် လူထုကြားထဲတွင် ငွားငွားစွင်.စွင်. စတင်ပေါ်ပေါက်လာသောကာလဖြစ်သည် ။ ( NLD အလံတွင်ပါရှိသော ခွပ်ဒေါင်းသည် ကျောင်းသားသမဂ္ဂ အလံမှခွပ်ဒေါင်းကို ဂုဏ်ပြုအသုံးပြုခဲ.ခြင်းဖြစ်သည် ) ။ ခွပ်ဒေါင်းအစ ကျောင်းသားသမဂ္ဂကဖြစ်ပါသည် ။ အရေးအခင်းတစ်ခုလုံးသည် ကျောင်းသားများပုခုံးနှင်.အနာခံကာထမ်းတင်ပေးလိုက်သောရလာဒ်ဖြစ်သည် ။ ၈၈ အရေးအခင်းသည် စက်မှူတက္ကသိုလ် အရေးအခင်း၊ တံတားနီ အင်းလျားကန်ဘောင်လူသတ်ပွဲ ၊ မြေနီကုန်းအရေးအခင်းတို.တွင်ကျောင်းသားများသွေးနှင်.ခင်းခဲ.သောလမ်းကြောင်းမှပေါက်ကွဲထွက်လာခဲ. သော တော်လှန်ရေး ဖြစ်သည် ။ ထိုစဉ်က ကျောင်းသားများမှတပါး ကမ္ဘာကျော်ခေါင်းဆောင်တို.ပါဝင်လာခြင်းမရှိသေး ။ ဦးနု ၊ ၀ိဓူရသခင်ချစ်မောင် ၊ ဗိုလ်မှူးအောင် ၊ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး တို.နောက်မှပါဝင်လာသည် ။ ကမ္ဘာကျော်နိုဗဲလ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည် ပင်လျှင် ၁၉၈၈ သြဂုတ်လ ၂၆ ရက်နေ.တွင်မှ ရွှေတိဂုံဘုရားအနောက်ဖက်မုခ်တွင်မိန်.ခွန်းပြောကြားပြီး နိုင်ငံရေးလောကသို.စတင်ဝင်ရောက်လာခြင်းဖြစ်သည် ။ အတိုချုပ်ရသော် မြန်မာနိုင်ငံတွင်ဒီမိုကရေစီတောင်းဆိုသော ၁၉၈၈ တော်လှန်ရေးကြီးကိုကျောင်းသားများစတင်ခေါင်းဆောင်၍ပေါ်ပေါက်ခဲ.ခြင်းဖြစ်သည် ။ နိုင်ငံရေးအရခေါင်းဆောင်မှုမှာကျောင်းသားခေါင်းဆောင်များဖြစ်သည် ။ ကျောင်းသားတို. တိုးအားရုန်းအားကြောင်. မြန်မာတပြည်လုံး ရှစ်လေးလုံးအရေးတော်ပုံတွင်ပါလာခြင်းဖြစ်သည် ။

၂၇ နှစ်ကြာသောအခါ ကာလကပြောင်းပြန်ဖြစ်သွားသည် ။ ၈၈ အရေးတော်ပုံကြီးတွင်ကျောင်းသားတို. တိုးအားရုန်းအားကြောင်.လူထုထောက်ခံမှုကြီးစွာရလာခဲ.သော အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် ( NLD ) ပါတီကြီးဝယ် ၈၈ ကျောင်းသားခေါင်းဆောင်များသည် အမတ်တနေရာ ယှဉ်ပြိုင်ခွင်.ရရှိရေးအတွက် မျက်နှာအောက်ချကာ တန်းစီပြီး နေရာတောင်းနေရသောဘ၀သို.ရောက်သွား၏ ။ ကျားသနားမှနွားချမ်းသာ ဆိုသလို NLD- CEC ဗဟိုမှချပေးမည်.အမတ်လောင်းစာရင်းကို စာမေးပွဲဖြေထားသောကျောင်းသားများအဖြေမျှော်သလိုစောင်.မျှော်နေရသောအဖြစ်သို.ဆိုက်သွား၏ ။ N.L.D ဗဟိုကလည်းပြတ်သည် ။ ကိုပြုံးချိုတစ်ယောက်မှလွဲ၍ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကိုတစ်ယောက်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မရွေးချယ်ခဲ.ပေ ။ ပြတ်သားလိုက်သည်.နေရာတွင် ၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီး ကိုပင် မရွေးချယ်ပဲချန်လှပ်ခဲ.သည် ။ သူ.ကိုကိုယ်စားလှယ်လောင်းအဖြစ်မရွေးချယ်သဖြင်.အလွန်အံ.သြမိကြောင်း ကိုကိုကြီးကိုယ်တိုင်ဖွင်.ဟပြောလာ၏ ။ လာမည်.ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်တော.မည်မဟုတ်ကြောင်း ၊ မဲမကွဲစေချင်သည်.အတွက်တသီးပုဂ္ဂလ အမတ်လောင်းအဖြစ်လည်းဝင်ပြိုင်မည်မဟုတ်ကြောင်း ၊ NLD နှင်.ဒီမိုကရေစီအင်အားစုများ အားဆက်လက်ဝန်းရံသွားမည်ဖြစ်ကြောင်း ကိုကိုကြီးသည် သံတမန်စကား ၊လူကြီးစကားဆိုခဲ.ပါ၏ ။ ၈၈ မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်ကတော. NLD ကိုဆက်လက်ဝန်းရံသွားမည်ဟု ဆိုလေသည် ။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် လူထုထောက်ခံမှုအများဆုံးရသော နိုင်ငံရေးခေါင်းဆောင်မှာ မင်းကိုနိုင်နှင်. ကိုကိုကြီး တို.ဖြစ်သည် ။ ထိုအခြေအနေတွင် ကိုကိုကြီးတို.လူသိုက် NLD ထဲသို.၀င်လာခြင်းကိုနွေးထွေးစွာလက်ကမ်းကြိုဆိုမှုမပြုခဲ.သည်မှာ စိတ်ဝင်စားစရာကောင်းသည် ။ NLD -CEC အဖွဲ.တွင် အမတ်လောင်းနေရာလုကြသော ဂိုဏ်းဂဏတိုက်ပွဲသည်အတော်ပြင်းထန်နေဟန်ရှိ၏ ။ အတွင်းရေးအရှုပ်အရှင်းများ များစွာရှိနေနိုင်သည် ။ တိုင်းပြည်မျက်နှာကြည်.၍ရွေးချယ်သူများရှိသလို မိမိလူကိုမိမိနေရာပေးလိုသော စိတ်ထားများလည်းရှိနေနိုင်သည် ။ ၈၈ မျိုးဆက်များကို ပါတီ၏အဓိက မိတ်ဆွေလူရင်းများဟုသဘောမထားနိုင်သော သူများလည်းရှိပေလိမ်.မည် ။ ၈၈ တပြုံလုံးရွေးကောက်ပွဲတွင်ချန်ရစ်ခံကြရခြင်းမှာ ထိုလူစုလက်ချက်ဖြစ်နိုင်သည် ။ တဖက်တွင် NLD သည် ကိုကိုကြီးအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏နိုင်ငံရေးအရှိန်အ၀ါကိုထိတ်လန်.ကြောက်ရွံ.ဟန်ရှိ၏ ။ ထိုသူများပါတီထဲနေရာရသွားလျင် ငါတို.လူဟောင်းတွေနေရာရပါတော.မလား ။ နောက်မှရောက်လာသူများက ပါတီကိုဦးစီးသွားမလားဆိုသောစိုးရိမ်စိတ်သည် NLD ခေါင်းဆောင်အချို.စိတ်ထဲတွင်ကိန်းအောင်းနေဟန်ရှိ၏ ။ တကယ်လည်းကိုကိုကြီးသာ NLD- CEC ထဲသို.ရောက်သွားလျင် အသက်အရွယ်အရ ဒေါ်အောင်ဆန်းစုကြည် တာဝန်မယူနိုင်သောအခါ NLD ခေါင်းဆောင်ဖြစ်လာသင်.သူမှာ ကိုကိုကြီးဖြစ်သည် ။ ဒါကိုကြိုမြင်သော ဗဟိုကော်မတီဝင်အချို.က ကိုကိုကြီးနှင်. အဖွဲ.ကိုကြိုတင် နှိပ်ကွပ်ထားလိုက်ခြင်းလည်းဖြစ်နိုင်သည် ။

သို.သော်မည်သို.ပင်ရှိစေ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များသည် နိုင်ငံရေးအသာစီးရနေသော ၁၉၈၈ ခုနှစ်မှ ၂၇ နှစ်ကြာသောအခါ NLD ၏လက်ဝေခံဘ၀သို.ကျရောက်သွားရခြင်းမှာ သူတို.၏မပြတ်သားသော နိုင်ငံရေးဗျူဟာများကြောင်.ဖြစ်သည် ။မြန်မာနိုင်ငံတွင် နိုင်ငံရေးလုပ်သူတိုင်း လွဲမှားသောမာနတခုရှိကြသည် ။ ထိုအရာမှာအခြားမဟုတ် နိုင်ငံတော်အာဏာရယူရေးအတွက်ပါတီလမ်းကြောင်းမှ ကြံစည်ခြင်း ၊အားထုတ်ခြင်း ပြောဆိုခြင်းတို.ကိုရှက်စရာဟူ၍ယူဆနေကြခြင်းဖြစ်သည် ။ ထို.ကြောင်.အချို.သောသူများသည် တို.ကတော.ပါတီနိုင်ငံရေးမလုပ်ဘူး တို. ၊ အမျိုးသားနိုင်ငံရေးပဲလုပ်မယ်တို. ဟူသည်.ပြောပေါက်များပေါ်ပေါက်လာခြင်းဖြစ်သည် ။ နိုင်ငံရေးလောကထဲသို.၀င်လာပြီး သည်.နောက် ပါတီထောင်ခြင်း ၊ ရွေးကောက်ပွဲဝင်ပြိုင်ခြင်းတို.သည် ရှက်စရာမဟုတ်ပေ ။ သို.သော်ဤအလုပ်များသည်နိမ်.ကျသည်.အလုပ်ဖြစ်သယောင် ၊ မိမိတို.လုပ်နေသော မြင်.မြတ်သည်.နိုင်ငံရေးအလုပ်မှ ဈာန်လျှောကျနိုင်သော အင်မတန်မဖွယ်ရာသည်.အလုပ်ဖြစ်၍မစင်ဘင်ပုတ်သဖွယ်စက်ဆုတ်ရွံရှာဖွယ်ကောင်းသယောင်ပြုမူပြောဆိုနေ ကြသည်မှာ အကြီမားဆုံးသောအမှားကြီးဖြစ်သည် ။ နိုင်ငံရေးဆိုသည်မှာ လူအများကောင်းကျိုးဆောင်ရွက်ခြင်းဖြစ်သည် ။ လူအများကောင်းကျိုးကိုတကယ်ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို.ဆိုလျှင် လုပ်ပိုင်ခွင်. (အာဏာ ) ရှိဖို.လိုသည် ။ အာဏာကို တရားသောနည်းလမ်းဖြင်.ရယူခြင်းဖြစ်သည်. နိုင်ငံရေးပါတီထောင်ခြင်း ၊ ရွေးကောက်ပွဲဝင်ခြင်း ၊ လွှတ်တော်ထဲသို.၀င်နိုင်ရန်ကြိုးစားခြင်း ၊ အစိုးရအဖွဲ.ထဲပါနိုင်ရန်အားထုတ်ခြင်းတို.သည် အများကောင်းကျိုးအတွက်လုပ်ကိုလုပ်ရမည်.လုပ်ငန်းစဉ်များဖြစ်သည် ။ ရွေးကောက်ပွဲဝင်ရန် ၊ ပါတီတစ်ခုကိုကိုယ်စားပြုရန် ရှက်ရွံ.နေတတ်သောသူများကို Election Shy (ရွေးကောက်ပွဲရှက်ရွံ.ခြင်း) ဟုခေါ်၏ ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များသည် ကျောင်းသားအရွယ်မှလွန်ကာ ရင်.ကျက်သင်.သောနိုင်ငံ.ခေါင်းဆောင်အရွယ်သို.ရောက်နေကြပြီဖြစ်သည်.တိုင် Election Shy ရှိနေသည်ကိုတွေ.ရပေသည် ။ မိမိတို. ၁၉၈၈ က ဒီမိုကရေစီအရေးတော်ပုံကိုခေါင်းဆောင်ခဲ.ကြခြင်းမှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရစေချင်သောကြောင်းဖြစ်သည် ။ ထိုလမ်းကြောင်းကိုဆက်၍လိုက်မည်ဆိုလျှင် လမ်းသည်မဆုံးသေးပေ ။ စစ်မှန်သောဒီမိုကရေစီသည်မရသေးပေ ။ တိုင်းသူပြည်သားများကိုတကယ်အကျိုးပြုနိုင်သော အစိုးရတစ်ရပ်မပေါ်ထွန်းသေးပေ ။ ပြည်သူလိုလားသောအစိုးရတရပ်ပေါ်ထွန်းလာဖို. တော်လှန်ရေးကိုစခဲ.သော ကျောင်းသားခေါင်းဆောင်များတွင်တာဝန်ရှိ၏ ။တံခါးတချပ်ကိုဖွင်.ပြီးနောက်၊ ဆက်၍ဆက်၍ဖွင်.ရမည်သာဖြစ်သည် ။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ မူဝါဒမှာတခါလာလည်း NLD ကိုဝိုင်းရံရေး မှမတက် ၊တခါလာလည်း ပွင်.လင်းလူ.အဖွဲ.အစည်းလိုလို ၊ သာရေနာရေး ပရဟိတအသင်းလိုလို လူမှုရေးလုပ်ငန်းများလုပ်ဆောင်ခြင်းလိုလို နှင်. မရေမရာရှိလှသည် (စာရေးသူသည် NLD ကိုထောက်ခံသူဖြစ်သည် သို.သော် ၈၈ အဖွဲ.သည်သီးခြားမူဝါဒရှိသင်.သည် ) ။ ။ဒီမိုကရေစီမရှိလျှင်ပွင်.လင်းလူ.အဖွဲ.အစည်းလည်းမရှိနိုင် ။ ဖြစ်ပုံမှာ မင်းကိုနိုင် ကိုကိုကြီး ၊ စသော ၈၈ မျိုးဆက်ခေါင်းဆောင်များသည် ကြီးမားသောစွမ်းအားရှိသည်.ဧရာမ မြေကော်စက်မြေတူးစက်ကြီးများနှင်.တူ၏ ။ ထိုသို.ကြီးမားသော စက်ကြီးများသည် နိုင်ငံတော်အဆင်.ဖြစ်သည်. ပိတ်ဆို.နေသော ချောက်ကမ္ဘာ.များကိုဖြိုချခြင်း ၊ နိမ်.နေသောနေရာများကို မြေဖို.ခြင်းအလုပ်များကိုအချိန်တိုအတွင်းလုပ်ဆောင်နိုင်စွမ်းရှိ၏ ။သို.သော်ဖြစ်နေပုံမှ ထိုမြေတူးစက်များသည် ရပ်ကွက်ထိပ်မှ မုန်လာခင်း မြေတူးဖို. ၊ ခရမ်းချဉ်သီး စိုက်ခင်း အတွက် မြောင်းဘောင်ဖော်ဖို.လောက်တွင်ဝါယမစိုက်နေသည်နှင်.တူ၏ ။ သမိုင်းတွင်ကိုယ်ရထားသော နေရာနှင်. ယခုအခါ ကိုယ်လုပ်နေသောအလုပ်များမှာလွဲနေ၏ ။ ပရဟိတအလုပ်တွင် မြန်မာနိုင်ငံ၌ လုပ်မည်.သူများစွာရှိ၏ ။ မြေသိမ်းယာသိမ်းအမှုများ ၊ ကလေးစစ်သားအမှုများ ၊ အခြားတိုလီမုတ်စအမှုများတွင် လိုက်လံဆောင်ရွက်ပေးခြင်းသည် ကောင်းပါ၏ ။သို.သော် ထိုအလုပ်များမှာကိုယ်မလုပ်လဲလုပ်မည်.သူပေါပြီး ၊ ၈၈ ခေါင်းဆောင်များအဆင်.နှင်.တွက်လျှင် ကိုင်းဖျား ကိုင်းနားများကိုအမောခံ၍လိုက်ရှင်းနေသည်နှင်.တူ၏ ။ အဓိက ပင်စည်ကြီးမှာ ကောင်းမွန်သောအစိုးရတရပ်ပေါ်ထွန်းရေးဖြစ်သည် ။ ထိုသို. အစိုးရကောင်းတရပ်ပေါ်ထွန်းလာလျင် ၈၈ အဖွဲ.လိုက်ရှင်းပေးနေသော ပွင်.လင်းလူးအဖွဲ.အစည်းကိစ္စ ၊ ပရဟိတကိစ္စ ၊ ဘာညာလူမှုရေးအကျိုးပြုကိစ္စဟူသမျှမှာ အလိုလိုအဆင်ပြေသွားလိမ်.မည် ။ အရင်းလဲလျှင် အဖျားထင်းဖြစ်လိမ်.မည် ။ လုပ်ရမည်.အလုပ်မှာ ပါတီထောင်ရမည် ၊ ရွေးကောက်ပွဲဝင်ရမည် ။ နိုင်ငံရေးလမ်းကြောင်းကို အပေါ်ဆုံးအထိရောက်အောင်ဆက်လျှောက်ရမည် ။ ပါတီနိုင်ငံရေးလုပ်ရမှာ ရှက်သလိုလို ၊ကြောက်သလိုလို ဖြစ်နေသောခပ်ညံ.ညံ.စိတ်ထားများကိုပါယ်ဖျက်ရမည် ။ ဗိုလ်ချုပ်အောင်ဆန်းလည်း ပါတီထောင်၍ ရွေးကောက်ပွဲဝင်ခဲ.သည် ၊ လီကွမ်ယုလည်းပါတီထောင်ကာရွေးကောက်ပွဲဝင်သည် ။ သမ္မတအိုဘားမားလည်းရွေးကောက်ပွဲလမ်းကြောင်းလျှောက်ခဲ.သည် ။ မိမိမှာအင်အားရှိပါလျက် ဟိုလူ.၀န်းရံသလိုလို ၊ ဒီလူ.စောင်.ရှောက်သလိုလို ၊ အယူအဆသည် လူတိုင်းလုပ်တတ်သော အယူအဆဖြစ်သည် ။ ၈၈ မျိုးဆက်တို.၏နိုင်ငံရေးစွမ်းဆောင်ရည်ကိုသည်.ထက်မြင်.စေချင်ပါသည် ။

ယခုအခါ ၈၈ အရေးအခင်းပြီးခဲ.တာ ၂၇ နှစ်ရှိပါပြီ ။ အသက် ၂၇ နှစ်အောက် မြန်မာနိုင်ငံသားအများအပြားသည် ၈၈ အရေးအခင်းအကြောင်းကို မမြင်ဖူးခဲ.ပါ ။မသိကြတော.ပါ ။ ထိုနည်းတူ ကိုမင်းကိုနိုင်တို. ၊ကိုကိုကြီးတို. ၈၈ တုန်းကလူသိထင်ရှားဖြစ်ခဲ.မှုများကို မသိသူ ၊မမီလိုက်သူ လူငယ်ဦးရေသည်တဖြည်းဖြည်းပွားများလျက်ရှိပါသည် ။ ဆိုလိုသည်မှာ နိုင်ငံရေးတွင် မိမိအဖွဲ.၏ သြဇာသည်တစ်သက်လုံးတည်တန်.နေမည်မဟုတ်ပါ ။သံကိုပူတုန်းထုပါ(Strike the iron when it is hot) ဟူသည်.စကားပုံလို မိမိ အဖွဲ.၏ လူသိများထင်ရှားမှု ၊ ထောက်ခံအားပေးကြသောနောက်လိုက်အင်အားအများအပြားရှိ နေမှုတို.အားကောင်းနေဆဲအခိုက်တွင် အစိုးရအဖွဲ.အတွင်းသို.ရောက်သည်အထိ ၊ နိုင်ငံတော်အာဏာကိုရယူနိုင်သည်အထိအချိန်ရှိခိုက်တွင် ကြိုးစားကြစေလိုပါသည် ။ ထိုသို.လုပ်ခြင်းသည် အာဏာမက်၍လုပ်ခြင်းမဟုတ်ကြောင်းကို မိမိတို.ဖြတ်သန်းခဲ.သောသမိုင်းကြောင်းကသက်သေခံခဲ.ပြီးဖြစ်ရာ ၊ ဘာမှရှက်ရွံ.နေစရာမလိုပေ ။

၈၈ အဖွဲ.သည် နိုင်ငံရေးအမြော်အမြင်နှင်.သာတကယ်ပြည်.စုံခဲ.လျှင် ၂၀၁၃ လောက်ကပင် နိုင်ငံရေးပါတီတခုထောင်ထားပြီးဖြစ်သင်.သည် ။ ၂၀၁၅ ရွေးကောက်ပွဲတွင် မိမိပါတီနှင်.မိမိ ကုနြေ္ဒရရ ၀င်ပြိုင်လိုက်ရုံပဲဖြစ်သည် ။ အနည်းဆုံးလွှတ်တော်အတွင်းသို. ၈၈ မျိုးဆက်အဖွဲ.မှ လူ ၂၀ မှ ၄၀ ခန်.ရောက်သွားနိုင်သော လူထုထောက်ခံမှုလည်းရှိပြီးသားဖြစ်သည် ။ ထိုမှတဖန်ပြည်သူလူထုမလိုလားသော ဥပဒေများကိုပြင်ဆင်ခြင်း ၊ ဖျက်သိမ်းခြင်း ၊အသစ်ပြဌာန်းခြင်းတို. NLD နှင်.လက်တွဲပြီးပြုနိုင်လေသည် ။ ညွန်.ပေါင်းအစိုးရဖွဲ.ရလျှင် ၈၈ အဖွဲ.သည်ပင် ကက်ဘိနက်၌ အရေးပါသောနေရာအချို.ကိုရယူနိုင်ပေမည် ။
ယခုသော်ထိုသို.အမြင်မရှိခဲ.သောကြောင်. ရွေးကောက်ပွဲနီးမှ NLD သို.ဖုတ်ပူမီးတိုက်ဝင်ရ ၊ NLD ကလွတ်တော်ကိုယ်စားလှယ်မရွေးသောအခါ အရှက်ကွဲရ ၊ ၀င်ထားသော NLD ပါတီဝင်လျှောက်လွှာများကို ပြန်တောင်းရမလို ၊ ဆက်ပြီးတော.ပဲ သာမန်ရပ်ကျေး ပါတီဝင်အဆင်.လောက်နှင်.ပဲ ပင်နီအကျီ င်္နှင်. ကချင်ပုဆိုးကိုဝတ်ရမလို ၊နဂိုအတိုင်း ပွင်.လင်းလူ.အဖွဲ.အစည်းရုံးခန်းတွင်ပြန်ထိုင်ရမလို ခွတီးခွကျရှိကြပေသည် ။ ပြီးခဲ.သည်တို.ကိုတော.ထားတော. လွန်ခဲ.ပြီဖြစ်၍ဘာမှမတတ်နိုင် ။ NLD သည်သူတို.၏ မမျှတသော လူရွေးချယ်ပုံစနစ်ကိုနောင်တရခဲ.မည်ဆိုလျှင် ယခုပါယ်ချခံရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို ( NLD အစိုးရဖွဲ.နိုင်ခဲ.လျှင် ) အရေးပါသောနေရာအချို.ကမ်းလှမ်းခြင်းဖြင်. ချွေးသိပ်နိုင်ကောင်းချွေးသိပ်နိုင်ပါသည် ။ ကိုကိုကြီးကလည်း သူ.ကိုတာဝန်ပေးလာလျှင်လက်ခံဆောင်ရွက်သွားမည်.သဘော ၈.၈.၂၀၁၅ ထုတ် 7 Day Daily နှင်.အင်တာဗျူးတွင်ပြောထားပါသည် ။ ထိုအကွက်သည်ဖြစ်လာနိုင်ဖွယ်လည်းရှိပါ၏ ။ သို.သော် NLD ထဲမှ ပါတီစွဲ ၊ ပုဂ္ဂိုလ်စွဲကြီးလှသောခေါင်းဆောင်အချို.ကြောင်. ကိုကိုကြီးတို.လူသိုက်နေရာမရပဲ ချန်ထားခဲ.ကောင်းချန်ထားခံရပေမည် ။ နေရာသည်အရေးမကြီးဟုအချို.ကဆိုကြသည် ။ စစ်တပ်မှာပင် တပ်သား၊တပ်ကြပ် ၊ ဗိုလ် ၊ဗိုလ်ချုပ် ၊ ကာချုပ် စသည်ဖြင်.နေရာရှိ၏ ။ နေရာအရေးမကြီးဆိုလျှင် ရိုးရိုးစစ်သားကို ဗျူဟာမှူးခန်.၍ရမရစဉ်းစားကြပါကုန် ။ အားလုံးအတူတူချည်းပဲဆိုလျှင် နိုင်ငံတနိုင်ငံတွင် သမ္မတရာထူးပင်ထားစရာမလိုပေ ။ အရာရာတွင် သူ.နေရာနှင်.သူ နေရာမှန်ရောက်ပါမှအလုပ်တွင်ကျယ်နိုင်ပေမည် ။ ကားမောင်းတတ်သူက ကားမမောင်းပဲ ကားတွန်းသောနေရာမှနေနေ၍ ဘယ်မှရွေ.မည်မဟုတ်ပေ ။ မောင်းတတ်၍တက်မောင်းခြင်းသည်ရှက်စရာမဟုတ် ။ မမောင်းပဲနေခြင်းကသာရှက်စရာဖြစ်သည် ။
လွှတ်တော်ထဲသို.၀င်မှ နိုင်ငံရေးမဟုတ် ၊ အစိုးရအဖွဲ.ထဲပါမှနိုင်ငံရေးမဟုတ်ဟုဆင်ခြေပေးသူများလဲရှိမည် ။ ကိုယ်.အတွက်တော. ထူးချင်မှထူးမည် ၊ နိုင်ငံတော်အတွက်တော.ထူးသည်ဟုပြောချင်သည် ။ လူညံ.တွေနေရာရ၍ လူတော်တွေဘေးရောက်နေလျှင် ထိုတိုင်းပြည်သည် ဘယ်လိုမှတိုးတက်မည်မဟုတ်ချေ ။ တဖန် လွှတ်တော်ပြင်ပနိုင်ငံရေးလုပ်၍တိုင်းပြည်သည် မည်မျှရှေ.သို.မြန်မြန်ရွေ.နိုင်မလဲဟုတွေးရမည် ။ မှန်ရာကိုပြောရလျှင် ရွေးကောက်ပွဲကိုမ၀င်သောနိုင်ငံရေးဆိုသည်မှာ လက်နက်ကိုင်အာဏာသိမ်းနည်းတစ်ခုပဲရှိသည် ။ ၈၈ အဖွဲ.ရှေ.မှလက်နက်ကိုင်သွားခဲ.ကြပြီးသော မည်သည်. အဖွဲ.မှ နိုင်ငံတော်အာဏာသိမ်းနိုင်သည်အထိ စစ်ရေးအောင်မြင်မှုမရှိဖူးချေ ။ တောထဲမှာနေရင်းအချိန်ကုန်တာသာအဖတ်တင်ပေသည် ။ ၈၈ အဖွဲ.သည်အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်ကိုလည်းယုံကြည်မည်ဟုမယူဆပေ ။ အာဏာဖီဆန်ရေးနည်းလမ်း ၊သပိတ်မှောက်ဆန္ဒပြသည်နည်းလမ်းများကလည်း အစိုးရဖွဲ.နိုင်သည်အထိအလုပ်မဖြစ်ကြောင်း ရှစ်လေးလုံးအရေးတော်ပုံက ညွှန်ပြနေပါသည် ။

၈၈ အဖွဲ.တွင် ကိုကိုကြီး နှင်. အဖွဲ.က တက်ကြွသလောက် မင်းကိုနိုင်သည် နိုင်ငံရေးတွင်သွေးအေးနေ၏ ။ ရွေးကောက်ပွဲဝင်ခြင်းသည် ကိုယ်နှင်.မဆိုင်သလို ၊ပါတီထောင်ခြင်းသည်မကောင်းသောကိစ္စလိုလိုထင်မြင်ယူဆနေ၏ ။ ထိုအယူအဆများမှာမမှန်ချေ ။ ကိုယ်စိုက်ခဲ.သမျှကိုယ်ရိတ်သိမ်းရမည် ။ ၁၉၈၈ သြဂုတ်လ (၈) ရက်နေ.က စတင်ခဲ.သောတော်လှန်ရေး ၀တ္တုတစ်ပုဒ်ကို တစ်အုပ်လုံးရေးသားလာပြီး ဇာတ်မသိမ်းနိုင်ပဲ လက်စသိမ်းထားလိုက်ခြင်းမှာ မှန်ကန်သောလုပ်ရပ်မဟုတ်ချေ ။ အနည်းဆုံး ၂၀၂၀ ရွေးကောက်ပွဲကို ပစ်မှတ်ထား၍ ပါတီတစ်ခုထူထောင်ကာ ၊ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းမှတဆင်. ၈၈ ဇာတ်သိမ်းခန်း ကိုဆုံးခန်းတိုင်အောင်ကဖို. ယခုမှစကာဖိဖိစီးစီးစတင်ဆောင်ရွက်ကြရပေမည် ။ ၀ါးလုံးခေါင်းထဲလသာနေသော ပရဟိတနှင်. ပွင်.လင်းလူ.အဖွဲ.အစည်းဥခွံထဲမှ ဖောက်ထွက်ကြရတော.မည် ။ ဒေါ်အောင်ဆန်းစုကြည်အလွန်မြန်မာ.နိုင်ငံရေးတွင် ဦးဆောင်အခန်းကဏ္ဍမှပါဝင်ဖို. ယခုထဲကမှန်ကန်သောခြေလှမ်းများစကြရတော.မည် ။ပါတီထောင်ခြင်းကိစ္စကိုရဲရဲဝံ.၀ံ.ဆောင်ရွက်ကြရတော.မည် ။၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အောင်နိုင်ရေးသည်နိုင်ငံအတွက်လောလောလတ်လတ်အရေးကြီးသည်မှာမှန်သော်လည်း ရေရှည်တွင် ၈၈ မျိုးဆက်တို.သည် NLD အပေါ်တောက်လျှောက်မီခိုမနေသင်.ဟုထင်ပါသည် ။

တဖက်တွင်လည်း NLD သည် ၁၉၈၈ အရေးအခင်းကြောင်.ပေါ်လာသည် ။ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ကျောင်းသားများ၏တွန်းအားကြောင်.စတင်ပေါ်ပေါက်လာသည်၊ NLD အလံတော်မှခွပ်ဒေါင်းသည်ကျောင်းသားများကိုကိုယ်စားပြုသောအမှတ်သင်္ကေတဖြစ်သည်ဆိုခြင်းကို မမေ.အပ်ပါကြောင်းရေးသားလိုက်ရပေသည် ။

သရ၀ဏ်(ပြည်)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သည့် ၂၅ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနား တွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို ၂၀၁၅ ခုနှစ် ၂၇ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားတွင် အချက် ၃ ချက်ဖြင့် ဆုံးဖြတ် တောင်းဆိုခဲ့ပြီး ယင်းသို့ တောင်းဆိုခြင်းမှာ အစိုးရကို ထပ်မံ သတိပေး လိုက်ခြင်းပင် ဖြစ်ကြောင်း ၈၈ ငြိမ်း/ပွင့်မှ လူထုဆက်ဆံရေး တာဝန်ခံကိုဂျင်မီက သြဂုတ်လ ၁၁ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

၂၇ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားမှ ဆုံးဖြတ် တောင်းဆိုခဲ့သည့် အချက် ၃ ချက်တွင် ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်များ ဆက်လက် အကောင်အထည် ဖော်ရန် ဆုံးဖြတ်ခြင်း၊ နိုင်ငံရေးအရ ဖမ်းဆီးခံရသူများ၊ တရား ရင်ဆိုင် နေရသော ကျောင်းသား ပြည်သူအားလုံး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး တောင်းဆိုခြင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားနှင့် ဒီမိုကရေစီ အင်အားစုများ အနိုင်ရရေး ၀န်းရံကြရန် ဆုံးဖြတ်ခြင်းတို့ ပါဝင်ရာ ယင်းအချက်များနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

““တောင်းဆိုမှုက အမြဲတမ်းလုပ်နေမှာပဲ။ ငွေရတု ဆုံးဖြတ်ချက်တွေကို အကောင်အထည် ဖော်ရတာရှိ တယ်လေ။ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ဖို့ကိုလည်း တောင်းဆိုမှုတွေ၊ တိုက်တွန်းမှုတွေ အမြဲတမ်း လုပ်နေရတာပဲ။ အခုရွေးကောက်ပွဲ မတိုင်ခင် ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အထဲမှာ အကျဉ်းသားဘ၀နဲ့ ဆက်ကျန် နေမယ်ဆိုရင် မဟုတ်ဘူး။ ဒါကတော့ ဒီလိုပဲ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တာပေါ့။ အဓိကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ဘာဖို့က အစိုးရကို အဓိကထားပြီး တောင်းဆိုတာပဲ။ တောင်းဆိုတယ် ဆိုတာလည်း ပြုပြင် ပြောင်းလဲဖို့နဲ့ ပတ်သက်ပြီးတော့ ချုပ်ကိုင်ထားတဲ့လူတွေ၊ အာဏာကို ထိန်းချုပ် ထားတဲ့သူတွေ၊ လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေကို တောင်းဆိုတာပဲ၊ သီးသန့်ကြီး တင်ပြတာမျိုးတော့ မလုပ်ဘူး။ တွေ့တိုင်းလည်း ပြောနေတာပဲ။ ဒါက အသစ်တော့ မဟုတ်ဘူး။ အသစ်မဟုတ်တဲ့အတွက် ဒါက ထပ်ပြီးတော့ သတိပေးလိုက်တဲ့ သဘောပဲ ဒီကာလမှာ””ဟု ၈၈ ငြိမ်း/ပွင့် အဖွဲ့မှ လူထုဆက်ဆံရေး တာဝန်ခံ ကိုဂျင်မီက ပြောသည်။

၂၅ နှစ်မြောက် ငွေရတုဖော်ဆောင်ရေး ကော်မတီမှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို ၂၇ နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနား၌ ထုတ်ပြန်ရန် အစည်းအဝေးတွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်း ဆုံးဖြတ်ချက်တွင် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ပြင်ဆင်ရေး(သို့) အသစ်ရေးဆွဲရေး၊ အားလုံး ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲ တစ်ရပ် ပေါ်ပေါက် လာရေးတို့ ပါဝင်သည်။

““တက်ရောက်လာတဲ့ အားလုံးရဲ့ သဘောထားနဲ့ တောင်းဆိုလိုက်တာပါ။ ဘာဆက်လုပ်မလဲတော့ ကျွန်တော်တို့ စဉ်းစားဆုံးဖြတ်မှာပါ။ လောလော ဆယ် Process နဲ့ ပတ်သက်လို့ ဘာမှအစည်းအဝေး မလုပ်ရသေးပါဘူး”” ဟုရှစ်လေးလုံး ပြတိုက် ဖြစ်မြောက်ရေး ကော်မတီဝင် ကိုအောင်မြင့်က ပြောသည်။

၂၇ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားကို သြဂုတ်လ ၈ ရက်က ရန်ကုန်မြို့ သင်္ဃန်ကျွန်း မြို့နယ်ရှိ ဓမ္မပီယ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှ ခေါင်းဆောင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) မှ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ နှင့်လူမှု အဖွဲ့အစည်းအချို့မှ ပုဂ္ဂိုလ်များ၊ ၁၉၈၈ ကာလ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများ တက်ရောက်ခဲ့ကြသည်။
ရည်မွန်ဖြိုး
မြန်မာသံတော်ဆင့်သတင်းဌာန- https://www.facebook.com/myanmarherald

အာဏာရကြံ့ခိုင်ရေးပါတီ၏ မူဝါဒနှင့်လုပ်ဆောင်မှုများကို အဓိကထား ဖော်ပြပေးနေသည့် ပြည် ထောင်စုနေ့စဉ် သတင်းစာ၏ ထုတ်လုပ်မှုအပိုင်းကို ရပ်ဆိုင်းထားကြောင်းနှင့် ၀န်ထမ်းများကိုမူ ပုံမှန်အလုပ်ဆင်း ရန်ညွှန်ကြား ချက်ရရှိထားကြောင်း သတင်းစာ၏ အကြီးတန်းအယ်ဒီတာ ဒေါက်တာခင်ပန်နှင်းက မြန်မာသံတော်ဆင့်သို့ သြဂုတ်လ ၁၃ရက်တွင် အတည်ပြုပြောကြားသည်။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ကြံ့ခိုင်ရေးပါတီ၏ဗဟိုအလုပ် အမှုဆောင် ကော်မတီသစ်တွင် ယခင်ပါတီ ဥက္ကဋ္ဌသူရဦးရွှေမန်းအား ဖယ်ရှားကာ ဒုဥက္ကဋ္ဌ ဦးဌေးဦးအား ဥက္ကဋ္ဌပူးတွဲတာ ၀န်ပေးလိုက် ပြီးချိန်တွင် ယခုကဲ့ သို့ သတင်းစာတိုက်၏ ထုတ်လုပ်မှုအပိုင်းကို ရပ်ဆိုင်း လိုက်ခြင်း ဖြစ်သည်။…

““ကျွန်မတို့ဆီမှာ နားတယ်ဆိုတာကကြီးစွာသော အပြောင်း အလဲတွေ ဖြစ်နေတဲ့အတွက်ကြောင့် ထုတ်လုပ်မှု အပိုင်းကို ခဏရပ်တာ။ ပုံမှန်သတင်းစာတိုက် အနေနဲ့တော့ ဆက်လက်လှုပ်ရှားနေတုန်းပါပဲ။ လူကြီးအပြောင်း အလဲဖြစ်တော့ အကျိုးအကြောင်းလေး၊ နောက်ပြီးတော့ ကြီးမားသော အပြောင်းအလဲ ကလည်း အားလုံးအံ့ အားသင့်ဖြစ်ကုန်တော့ ဒီနေ့ခင်း အစည်းအဝေးပြီးရင်တော့ အဖြေတွေက တစ်မျိုး ပြောင်း ရင် ပြောင်းမလား တော့မသိဘူး။ အခုအချိန် ကျွန်မဖြေတာကတော့ ပုံနှိပ်ဖြန့်ချိတဲ့အပိုင်းလေးကိုပဲ ခဏရပ်ထားတာပါ။ အယ်ဒီ တာကနေ သန့်ရှင်းရေးအထိကတော့ ပုံမှန်အလုပ်တွေ လုပ်နေကြပါတယ်။ ပုံမှန်အလုပ်ဆင်းဖို့ပဲ ညွှန်ကြားထား ပါတယ်””ဟု ပြည်ထောင်စုနေ့စဉ် သတင်းစာ၏ အကြီးတန်းအယ်ဒီတာ ဒေါက်တာခင်ပန်နှင်းက သြဂုတ် ၁၃ ရက် နေ့လယ် ၃ နာရီတွင်ပြောသည်။

သူရိန်ကျော်
မြန်မာသံတော်ဆင့်သတင်းဌာန- https://www.facebook.com/myanmarherald

အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရန် မတ်လ ၁၀ရက်က ရန်ကုန်မြို့ လှည်းတန်းတွင် ဆန္ဒပြမှုဖြင့် တရားစွဲ ဆိုခံထားရ သည့် ကျောင်းသားခေါင်းဆောင် ၅ ဦးနှင့် ၀န်းရံပြည်သူတစ်ဦးတို့၏ ၁၃ကြိမ်မြောက်ရုံးချိန်းကို သြဂုတ်လ ၁၃ရက်တွင် ကမာရွတ်မြို့နယ် တရားရုံး၌ပြုလုပ်ရာ အမှုမစစ်ဆေးဖြစ်ဘဲ ရုံးချိန်းသာ ထပ်မံချိန်း ဆိုခဲ့ပြီး ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်ကို ပုဒ်မ ၁၈ဖြင့် လှိုင်မြို့နယ် ရဲစခန်းမှူးက ထပ်မံတရားစွဲ ဆိုလိုက်သည်။

လှည်းတန်းဆန္ဒပြမှုတွင် တရားစွဲဆိုခံထားရ သည့် ကျောင်းသား ခေါင်းဆောင် များဖြစ်သော ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင် (ခ)ဂျိမ်း၊ ကိုနန္ဒာစစ်အောင်၊ ကိုထက်ခိုင်စိုး၊ မပိုပိုနှင့် ၀န်းရံပြည်သူ ကိုဝင်းကျော့မှူးတို့ကို ကမာရွတ် မြို့နယ်ရဲစခန်းမှူး ရဲမှူးဇော်ဝင်းက တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅ (ခ)၊ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့် တရားစွဲဆိုကာ ကမာရွတ်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းဖြစ်ပြီး ယခု အကြိမ်ရုံးချိန်းတွင် ကျောင်း သားခေါင်းဆောင် ကိုနန္ဒာစစ်အောင်ကို လှိုင်မြို့နယ် ရဲစခန်းမှူးရဲမှူးဇော်လင်းက ပုဒ်မ ၁၈ဖြင့် ထပ်မံတရားစွဲ ဆိုခြင်းဖြစ်သည်။…

““ဒီနေ့ နန္ဒာစစ်အောင်ရှေ့နေ ဦးဌေးက တုပ်ကွေးဖြစ်နေလို့ မလာနိုင်တဲ့အတွက် အမှုကမစစ်ဖြစ်ဘဲနဲ့ ရုံးချိန်း ထပ်ချိန်းတယ်။ ပြီးတော့ လှိုင်မြို့နယ်က နန္ဒာစစ်အောင်ကို အမှုထပ်ဖွင့်ထားတယ်””ဟု တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

အလားတူ မန္တလေးအိုးဘိုထောင်တွင် ဖမ်းဆီးခံထားရသော ကိုနိုင်ရဲဝေ အပါအ၀င် ၆ဦးကိုလည်း အမရပူမြို့ နယ် တရားရုံးတွင် သြဂုတ်လ ၁၂ ရက်က တတိယအကြိမ် ရုံးထုတ်ခဲ့ရာ အမရပူရမြို့နယ် ဒုမြို့နယ်မှူးဒုရဲမှူး လှသူက တရားလိုပြု၍ ပုဒ်မ ၁၈ဖြင့် ထပ်မံတရားစွဲဆို ထားကြောင်း လာရောက် အကြောင်း ကြားထားပြီး ၎င်း တို့၏ ရုံးချိန်းကို သြဂုတ်လ ၁၄ ရက်သို့ထပ်မံချိန်း ဆိုထားသည်။

““နိုင်ရဲဝေတို့ကို အမှုကပုဒ်မ ၁၈ နဲ့ ထပ်စွဲထားတယ်။ ဖေဖော်ဝါရီ ၆ ရက်က ကိစ္စလို့ ပြောတယ်။ အမှုက မစစ် ဖြစ်ဘူး၊ ရှေ့နေမလာတဲ့အတွက်ကြောင့်ပါ။ လာတဲ့ရှေ့နေကအရင် အမှုစစ်တဲ့ရှေ့နေ မဟုတ်လို့ဆိုပြီး ရုံးချိန်း ပြန်ချိန်းလိုက်တယ်””ဟု မန္တလေးမြို့ခံနိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်အမာနီက ဆိုသည်။

သူရိန်ကျော်
မြန်မာသံတော်ဆင့်သတင်းဌာန- https://www.facebook.com/myanmarherald

သမ္မတဦးသိန်းစိန်နှင့် နီးစပ်သူ သမ္မတရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၈၀၀ ကျော်သာ ရှိသည့် ကယားပြည်နယ်၊ ရှားတောမြို့နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်မြေ (၇) မှ တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ် ပြိုင်ရန် ရွေးကောက်ပွဲကော်မရှင် သို့ အမည်စာရင်း ပေးပို့ ထားကြောင်း ကော်မရှင်၏ စာရင်းများတွင် ဖော်ပြထားသည်။

ဝန်ကြီးဦးအောင်မင်းက ယင်းမဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်လိုကြောင်း ကြံ့ခိုင်ရေးပါတီဗဟိုသို့ တင်ပြထား သော်လည်း ဒေသခံပါတီဝင်များက လက်မခံသည့်အတွက် မူလရွေးချယ်ခံခဲ့ ရသော တောင်ငူမြို့နယ် မှ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မြေတွင်သာ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ပါတီမှ သဘောထားပေးထားချိန်တွင် ရှား တောမြို့နယ်တွင် ယခုကဲ့သို့ တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းပေးထား ခြင်း ဖြစ် သည်။…

အဆိုပါ ရှားတောမြို့ပေါ်တွင် ရပ်ကွက်လေးခု၊ ကျေးရွာအုပ်စု သုံးခုနှင့် ကျေးရွာပေါင်း ၂၀ ရှိ ကာ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းများအရ လူဦးရေ ၆၅၀၀ ကျော်တွင် မဲပေးခွင့်ရှိသူ ၃၈၀၂ ဦးသာရှိသည့် နယ်မြေလည်း ဖြစ်သည်။

တစ်သီးပုဂ္ဂလအနေဖြင့် စာရင်းတင်ထားသော ၀န်ကြီးဦးအောင်မင်းမှာ လက်ရှိအချိန်အထိ မိခင်ကြံ့ခိုင်ရေး ပါတီ မှနုတ်ထွက်ပြီးဖြစ်၊ မဖြစ်ကို တရားဝင်ထုတ် ဖော်ပြောကြားထားခြင်း မရှိသော်လည်း ယင်းနယ်မြေတွင် ကြံ့ခိုင် ရေးပါတီမှ ဦးဌေးရယ်နှင့် ကယားလူမျိုးစု ဒီမိုကရေစီပါတီမှ ဦးရောဘတ်ညေးရယ်တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှာလည်း ကယားပြည်နယ်၊ ဘော်လခဲအမျိုးသား လွှတ်တော် မဲဆန္ဒ နယ် (၉)တွင် ၀င်ရောက်ယှဉ်ပြိုင်လိုကြောင်း ပါတီသို့ တင်ပြခဲ့ရာ ပါတီမှ မူလနယ်မြေ တွင်သာ ပြန်လည်ယှဉ် ပြိုင်ရန် သဘောထားပေးခဲ့သဖြင့် ယင်းနယ်မြေတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံရန် နာမည်စာရင်း တင်သွင်းထားသည်။

မြန်မာသံတော်ဆင့်သတင်းဌာန- https://www.facebook.com/myanmarherald

 ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း လွှတ်တော်ဥက္ကဌရုံး ပုံမှန်တက်လျက်ရှိ။ ကျန်းမာရေး အခြေအနေကတော့ နေသိပ်မကောင်းဘူး လို့သိရပါတယ်။ ဓါတ်ပုံ - Myo Thant Khaing (fb)
 လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်မှာ ယနေ့နံနက်(၈:၃၀)မှ စတင်ကာ လွှတ်တော်ကော်မတီဝင်တွေနဲ့ တွေ့ဆုံခဲ့သလို ဝန်ထမ်းတွေနဲ့လည်း ပုံမှန်အစည်းအဝေးတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

"ပုံမှန်ရုံးလုပ်ငန်းတွေ လုပ်နေတယ်၊ တွေ့ရမယ့်သူတွေ တွေ့တာတို့၊ ကော်မရှင်လုပ်ငန်းတို့၊ ဥပဒေလုပ်ငန်းတို့ပုံမှန်လုပ်ငန်းတွေ ဆက်လုပ်နေပါတယ်၊ staff တွေနဲ့တော့ ပုံမှန်တွေ့ပါတယ်၊ ဒီမနက်ရုံးတက်ပြီး ဆောင်ရွက်နေပါတယ်။"လို့ လွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယခုလ(၁၈)ရက်နေ့မှာ ကျင်းပဖို့မယ့် လွှတ်တော် အစည်းအဝေးအတွက် လိုအပ်တာတွေကို စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Author - ချိုဇင်မာဝင့်
Kumudra
https://www.facebook.com/newsKumudra


 တရုတ်နိုင်ငံ တီယန်ကျင်းမြို့ရဲ့ စက်မှုဇုန်ဝင်းကြီး တစ်ခုလုံးပျက်စီးသွားစေခဲ့တဲ့ ကြီးမားတဲ့ ပေါက်ကွဲမှုကြီး နှစ်ခု ဖြစ်ပေါ်ခဲ့ရာ ဓာတုပစ္စည်းနဲ့ ဓာတ်ငွေ့သိုလှောင်ရာ ကုန်လှောင်ရုံနေရာကို ဓာတုကျွမ်းကျင်သူ အဖွဲ့ဝင် ၂၀၀ ကျော်ကို တရုတ်အာဏာပိုင်တွေက စေလွှတ်ထားပါတယ်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရေထုညစ်ညမ်းမှုတွေကို စောင့်ကြည့်နေပြီးလက်ရှိအခြေအနေမှာတော့ ရှိခဲ့တဲ့ စံညွှန်းကိန်းတွေကနေ ကျော်လွန်ပြီး ညစ်ညမ်းမှု ဖြစ်ပေါ်တာ မတွေ့ရသေးဘူးလို့ တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအဖွဲ့ အကြီးအကဲ ဖြစ်သူက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ ညပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ဆိပ်ကမ်းတ၀ိုက်ရှိ အဆောက်အဦးတွေ၊ ကုန်ပစ္စည်းထည့်တဲ့ ကွန်တိန်နာ ကုန်သေတ္တာတွေနဲ့ မော်တော်ယာဉ်အသစ် ထောင်ပေါင်းများစွာ ပျက်စီးခဲ့တယ်လို့ တရုတ်သတင်းမီဒီယာက ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ရတဲ့ အကြောင်းရင်းကို မသိရှိရသေးဘဲ လောလောဆယ် လူပေါင်း ၃ ၅၀၀ ကျော်ဟာ ယာယီ ကယ်ဆယ်ရေးတဲတွေမှာ အိပ်စက်ခဲ့ရပါတယ်။

ပေါက်ကွဲမှုတွေကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေ ရာနဲ့ချီရှိကာ အပြင်းအထန်ဒဏ်ရာရသူ ၇၀ ကျော်တယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese




 ပုသိမ်၊ သြဂုတ်၊ ၁၃

 မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ဆက်သွယ်ထားသော ပုသိမ်- ရန်ကုန် ကားလမ်းနှင့် မြန်မာနိုင်ငံ ၏အလယ်ပိုင်း မြို့ဖြစ်သော မုံရွာမြို့သို့ဆက်သွယ်ထားသော ပုသိမ်-မုံရွာကားလမ်းမများသည် ရေကျော်ပျက်စီးနေသဖြင့် လမ်းပန်း ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ခက်ခဲ ကာနှောင့်နှေး ကြန့်ကြာမှုများ ဖြစ်နေကြောင်း ခရီးသွားပြည်သူများ၊က သြဂုတ်လ ၁၁ရက်တွင် မြန်မာသံတော် ဆင့်သို့ပြောသည်။

အဆိုပါ ပျက်စီးနေသော ကားလမ်းပိုင်းများမှာ ပုသိမ်မှအထွက် မိုင်တိုင်အမှတ် (၂၀)မှ မိုင်တိုင် အမှတ် (၃၂) ကြားရှိ (၁၂)မိုင်ခန့် ရှည်လျားသော ဒါးကလမ်းပိုင်းနှင့် ကန်ကလေးလမ်းဆုံမှ သုံးခွလမ်းဆုံကြား၊ အသုတ်-ရေကြည်-ငါး သိုင်းချောင်း-ကြံခင်းလမ်းပိုင်း နေရာ အချို့တို့တွင် ဖြစ်သည်။ ဒါးက လမ်းပိုင်းနေရာ တွင်ဆိုးရွား စွာ ရေ ကျော်ပျက်စီးနေသော နေရာ ၄နေရာရှိပြီး ဆိုင်ကယ်များသွားလာ၍ မရသဖြင့် စက်လှေနှင့်ဒိန်းဒေါင်း များ ပေါ်တင်ကာဖြတ်သန်းနေရသည်။…

““အဲ့ဒီ ကားလမ်းတွေအပေါ်မှာ ကန်ကြီးထောင့်မြို့နယ် ဒါးကမြို့နားမရောက်ခင်ကနေ ပုသိမ်-မုံရွာ ကားလမ်းနဲ့ ပုသိမ်-ရန်ကုန် ကားလမ်းဆုံတဲ့ ကန်ကလေးလမ်းဆုံ အထိတောက်လျှောက်နီးပါး ကားလမ်းပေါ် ကို ရေ ဒူးခေါင်း လောက်ကျော်တယ်။ ရေကျော်ခံရပြီးလမ်း သားတွေက ကတ်္တရာတွေမရှိဘဲ ကျောက်ခဲတွေ ထွက်လာပြီး ချိုင့် တွေ ကျင်းတွေဖြစ်ပြီး ပျက်စီးနေတယ်။ ကားတွေကိုတစ်လမ်း မောင်းစနစ်နဲ့ သွားနေရတယ်။ ဆိုင်ကယ်က တော့ လုံးဝသွားလို့မရဘူး”” ဟု အဆိုပါလမ်းအား ဖြတ်သန်းခဲ့သူ ဦးမြင့်စိုးက မြန်မာသံတော် ဆင့်သို့ပြော သည်။

မဖြစ်မနေဖြတ်သန်းနေရသည့် သူများအနေဖြင့် ရေကျော်ရာနေ ရာများတွင် ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၁၀၀၀ မှ ၂၀၀၀ကျပ်၊ ကားများမှာ ကျပ် ၂၀၀၀ မှ ၅၀၀၀ကျပ်အထိ ၀န်ဆောင်ခပေးကာ စက်လှေများ၊ သုံးဘီးတပ် ယာဉ်များပေါ်တင်ကာ ဖြတ်သန်းသွားလာနေရသည်။

ရန်ကုန်-ပုသိမ်ကားလမ်းမှာ ပုသိမ်မှရန်ကုန်မြို့နှင့် တိုင်းအတွင်း မြို့များဖြစ်သော ညောင်တုန်း၊ ပန်းတနော်၊ ကျောင်းကုန်း၊ ကန်ကြီး ထောင့်မြို့များသို့ ဆက်သွယ်သွားလာရသည့် လမ်းဖြစ်ပြီးပုသိမ်-မုံ ရွာကားလမ်းမှာ မုံရွာမြို့အပြင်ပဲခူး တိုင်းဒေသတွင်းရှိ မြို့များ၊ရခိုင်ပြည် နယ်အတွင်းရှိမြို့များနှင့် တိုင်း အတွင်းရှိ မြို့များဖြစ် သော မြန်အောင်၊ ကြံခင်း၊ ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ၊ ကျုံပျော်၊ ရေကြည်၊ အသုတ် စသည့်မြို့များသို့ ဆက်သွယ် သွားလာရာတွင် အဓိက အားထားရသည့် လမ်းမကြီး တစ်ခု ဖြစ်သည်။

““အခုရေထရက်ကို ရောက်ပြီ။ ပင်လယ်ဒီရေတက်တာနဲ့ အခုလိုရေကြီးနေပုံမျိုးနဲ့ဆို ပုသိမ်က စိုးရိမ်ရတယ်။ လမ်းပိုင်းတွေလည်း ပျက်စီးသွားတဲ့အတွက် ဒီထက်ပိုပျက်စီးပြီး ကုန်ကားတွေ သွားလာလို့မရရင် ကုန်စည်စီး ဆင်းမှုရပ်ဆိုင်းသွားမှာနဲ့ကုန်ဈေးနှုန်းတက်လာမှာကို စိုးရိမ်ရတယ်။ ကားလမ်းတွေ ဒီထက်ပိုပျက်စီးရင်တော့ ရေလမ်းကိုပဲ အားကိုးရမှာ။ လက်ရှိမှာ ရန်ကုန်-ပုသိမ်သင်္ဘော ခရီးစဉ်ကလည်း ဖျက်သိမ်းထားတဲ့အတွက် အခက်တွေ့နေတယ်”” ဟု ပုသိမ်မြို့နေ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ဧရာဝတီတိုင်းအတွင်း ရေကြီးရေလျှံမှု အခြေအနေများမှာ ကြံခင်း၊ မြန်အောင်၊ ဟင်္သာတ၊ အင်္ဂပူ၊ ငါးသိုင်း ချောင်း စသည့်မြို့များတွင် ရေမှတ်များ ကျဆင်းလျှက် ရှိသော်လည်း ရေကြည်၊ အသုတ်၊ သာပေါင်း၊ ဒါးက၊ ကန်ကြီးထောင့်၊ ပုသိမ် စသည့်မြို့များတွင် ရေတိုးလျက်ရှိသည်။

ရဲရင့်ထွန်း(ပုသိမ်)

မြန်မာသံတော်ဆင့်သတင်းဌာန- https://www.facebook.com/myanmarherald

ဗုဒ္ဓဟူးနေ့ညက ပြည်ခိုင်ဖြိုးရုံးရှေ့မြင်ကွင်း (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်းအစီအစဉ်)
 ဗုဒ္ဓဟူးနေ့ညကဖြစ်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ရပ်မှာ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တယ်ဆိုတဲ့သတင်းတွေကြောင့် စိုးရိမ်မိတဲ့အကြောင်း ရန်ကုန်မြို့၊ ဗြိတိသျှသံရုံးရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက် တခုမှာ ဖော်ပြထားပါတယ်။ အမေရိကန်သံရုံးကလည်း အဲဒီတနေ့ထဲမှာပဲ အလားတူစိုးရိမ်မှုမျိုး ရှိတဲ့အကြောင်း ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဗြိတိသျှသံရုံးရဲ့ ထုတ်ပြန်ချက် ထွက်လာတာပါ။

နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒီမိုကရက်တစ် လမ်းကြောင်းမှာ ပြည်သူလူထုရဲ့ယုံကြည်မှု၊ မရှိမဖြစ် လိုအပ်တဲ့အကြောင်း၊ ဗြိတိန်အစိုးရ အနေနဲ့ ရွေးကောက်ပွဲကို မိတ်ဘက်အဖွဲ့တွေနဲ့တကွ ဆက်ပြီး ပံ့ပိုးပေးသွားမယ့် အကြောင်း၊ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သူတို့ရဲ့ကတိက၀တ်တွေအတိုင်း နိုင်ငံတကာစံနှုန်းနဲ့ ညီညွတ်တဲ့ ရွေးကောက်ပွဲ ဖြစ်စေ ဖို့အတွက် ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့ အကြောင်း ဗြိတိသျှသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ကို ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်းကနေ လုံးဝ ဖယ်ရှားလိုက်တဲ့ဖြစ်ရပ် ကို ရည်ညွှန်းထုတ်ပြန်တာ ထင်ရှားပေမယ့် နာမည်နဲ့တကွ အတိအကျတော့ မပြောထားပါဘူး။ လက်ရှိအခြေအနေမှာတော့ သူရ ဦးရွှေမန်းဘက်က တုန့်ပြန်ပြောဆိုချက် တစုံတရာ ထွက်မလာသေးသလို သူ ဘယ်မှာရှိနေပြီး သူ့ရဲ့အခြေအနေ ဘယ်လိုရှိနေ တယ်ဆိုတာကိုလဲ အတိအကျမသိရသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 သမ္မတဦးသိန်းစိန်နဲ့ စစ်တွေမြို့ခံတွေ သြဂုတ်လ ၆ ရက်နေ့က တွေ့ဆုံကြစဉ်။ Photo: Min Thein Aung/RFA
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေနဲ့ ရွေးကောက်ပွဲ မဝင်ဘူးလို့ တရားဝင် ပြောဆိုမထားကြောင်း သမ္မတရုံး က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တော့ဘူးလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် ဦးသိမ်းဆွေ က ဗုဒ္ဓဟူးနေ့ က ပြောကြားခဲ့ပါတယ်။

တပ်မတော် က အငြိမ်းစားယူပြီး ပြည်ခိုင်ဖြိုးပါတီကနေ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို ကြိုဆိုတဲ့ နေပြည်တော် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ ဦးသိမ်းဆွေ က ပြောကြားခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို RFA က မနေ့ကမေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့ပါတယ်။

"အဲ့ဒါကတော့ နဂိုမူလ ကြံ့ခိုင်ရေးပါတီက ထုတ်ပြန်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းတွေ သူတို့တင်ြပချက်တွေ အများအားဖြင့် ပြောင်းလဲ မပြောင်းလဲကတော့ များများစားစားတော့ရှိမှာ မဟုတ်ဘူး"

ရိုက်တာသတင်းတစ်ပုဒ်မှာတော့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သမ္မတအနေနဲ့ ရွေးကောက်ပွဲမဝင်ဘူး၊ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် မကြိုးစားဘူးလို့ လူသိရှင်ကြား တရားဝင် ပြောဆိုမထားကြောင်းပြော ကြားခဲ့တယ်လို့ ဖေါ်ပြပါတယ်။ ဒါ့ပြင် သမ္မတကြီး ဦးသိန်းစိန်ရဲ့ ကျန်းမာရေးကောင်းမွန်နေတယ်လို့လည်း ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့တယ်လို့လည်း ဖေါ်ပြပါတယ်။

လက်ရှိဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတဟာ ရွေးချယ်တင်မြှောက်ခံရသူထဲက ဖြစ်စရာမလိုတဲ့အတွက် သမ္မတ ဦးသိန်းစိန်ဟာ ရွေးကောက်ပွဲအပြီး နောက်သက်တမ်းမှာ တာဝန်ထမ်းဆောင်လိုတယ်ဆိုရင် တပ်မတော်သား အစုအဖွဲ့က ရွေးချယ်ပေးလိုက်တဲ့ ဒုတိယသမ္မတကနေတဆင့် သမ္မတဖြစ်နိုင်တယ်လို့လည်း လေ့လာသူတွေ က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကြံ့​ခိုင်​ရေး ​ပါ​တီ ​ဥ​က္က​ဌ ​ဦး​ရွှေ​မန်း ​နေ​ရာ​မှာ ​ဦး​ဌေး​ဦး​နဲ့ ​အ​စား​ထိုး 
 မြန်မာနိုင်ငံက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီမှာ ဥက္ကဋ္ဌ တာဝန်ယူနေတဲ့ သူရ ဦးရွှေမန်းကို ဖယ်ရှားလိုက်ပြီး ဦးဌေးဦးနဲ့ အစားထိုးလိုက်ပါတယ်။

ဒါ့အပြင် ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းကိုလည်း ရာထူးက ဖယ်ရှားပြီး သြဂုတ်လ ၁၁ ရက် ဗုဒ္ဓဟူးနေ့ကမှ ရာထူးက နှုတ်ထွက်ခွင့် ပြုလိုက်တဲ့ သမ္မတရုံး ဝန်ကြီး ဦးတင်နိုင်သိန်းနဲ့ အစားထိုး လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ ညပိုင်းက အာဏာရ အစိုးရက သူ့ပါတီဌာနချုပ်ကို ရဲအင်အား အမြောက်အမြား သုံးပြီး စီးနင်း ရှာဖွေတာဟာ ထိတ်လန့်စရာ ဖြစ်ကြောင်း လွှတ်တော် ပြင်ပ လှုပ်ရှားမှုအဖွဲ့ ဖြစ်တဲ့ ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ရဲ့ နာယက ဦးနိုင်းနိုင်းက ပြောပါတယ်။

အာဏာ လက်ဝယ်ရှိပြီး လက်နက်ကိုင်တွေပါ ပတ်သက်နေတဲ့ ပါတီကြီးက ခေါင်းဆောင်ပိုင်းအဆင့် ပြဿနာ ဖြစ်တယ် ဆိုတာဟာ ပါတီ အတွက်လည်း မကောင်းသလို တိုင်းပြည်အတွက်လည်း မကောင်းဘူးလို့ သူက ပြောပါတယ်။

အခုလို ရွေးကောက်ပွဲ နီးလာချိန်မှာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး ပိုင်းမှာ တည်ငြိမ်မှု ကင်းမဲ့သွားရင် စိုးရိမ်စရာ ကောင်းတယ်လို့လည်း ဦးနိုင်းနိုင်းက ပြောပါတယ်။

ဒါ့အပြင် အခု ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကြောင့် သူရ ဦးရွှေမန်းနဲ့ မဟာမိတ်ပြုပြီး မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ ရည်မှန်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း မျှော်လင့်ချက်တွေ ဆုံးရှုံးသွားပြီလို့ မြင်ကြောင်း ဦးနိုင်းနိုင်းက ပြောပါတယ်။

၈ လေးလုံး အရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်သူကို အခြေပြုပြီး တာဝန်တွေကို ဆက်လက် ထမ်းဆောင်ဖို့ လိုအပ်တယ်၊ စစ်မှန်တဲ့ ဒီမိုကရေစီကို ရရှိဖို့ ကိုယ့်ပါတီ၊ ကိုယ့် အဆင့် အတန်းနဲ့ အတိုက်အခံ ဆိုတဲ့ နိုင်ငံရေး ဝေါဟာရအတိုင်း ရပ်တည် လုပ်ဆောင်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

ဒီမိုကရေစီ စနစ်ကို မလေးစားတဲ့ မျှော်မှန်းချက် မထားတဲ့ လူ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေ နဲ့ ပူးပေါင်း လုပ်စရာ မလိုကြောင်းနဲ့ အဲဒီလို ပူးပေါင်းပြီး လုပ်ဖို့ ရည်ရွယ်တာဟာ စိတ်ကူးယဉ်တဲ့ မှားယွင်းမှုလို့ ဦးနိုင်းနိုင်းက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


  ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီခေါင်းဆောင် အပြောင်းအလဲ ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကို ထိခိုက်မှု မရှိနိုင်ဘူးလို့ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေး ကျွမ်းကျင်သူတချို့ သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံမှာ အာဏာရပါတီကြီးဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဖြစ်သူ သူရဦးရွှေမန်းကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့ အခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းက အနီးကပ်စောင့်ကြည့်နေပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားလိုက်ပြီး ဦးဌေးဦးနဲ့ အစားထိုး လိုက်သလို ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းနေရာမှာ သမ္မတရုံး ဝန်ကြီးဟောင်း ဦးတင်နိုင်သိန်းနဲ့ပြောင်းလဲခန့်အပ်လိုက်တာပါ။

အမေရိကန်တို့ အမြင်

အရင်က စစ်ခေါင်းဆောင်ဟောင်းလည်းဖြစ်၊ ကြံခိုင်ဖွံဖြိုးရေးပါတီတွင်း အာဏာကြီးသူ လည်းဖြစ်ခဲ့တဲ့ သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားလိုက်တဲ့ အပြောင်းအလဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေးကို ဘယ်လောက် ရိုက်ခတ်မှုတွေရှိနိုင်မလဲဆိုတာကို ၀ါရှင်တန်ဒီစီ အခြေစိုက် နိုင်ငံတကာပညာရှင် အဖွဲ့တခုဖြစ်တဲ့ Carnegie Endowment for International Peace ရဲ့ အာရှရေးရာအစီအစဉ် အဆင့်မြင့်တာဝန်ခံတဦးဖြစ်သူ Vikram Nehru က အခုလိုသုံးသပ်ပါတယ်။

“ပထမအချက်ကတော့ သူရဦးရွှေမန်းဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာမှာပဲ ဆက်ပြီးရှိနေမှာဖြစ်ပြီး၊ သူရဲ့မဲဆန္ဒနယ်မြေရဲ့ ကိုယ်စားလှယ်အဖြစ်ရော၊ လာမယ့်ရွေးကောက်ပွဲအတွက် ပါတီရဲ့ ကိုယ်စားလှယ်လောင်း အနေနဲ့ရော၊ နောက်ပြီး လွှတ်တော် အသစ်ဖြစ်လာလို့ သမ္မတရွေးချယ်တဲ့အခါမှာ သမ္မတလောင်းဖြစ်နိုင်တဲ့ အနေအထားလဲရှိနေပါတယ်။ ဆိုတော့ အပြောင်းအလဲဟာ ပါတီတွင်းခေါင်းဆောင်မှုအပိုင်းမှာပဲ ရှိနေတာပါ။ ဒါကြောင့် ရွေးကောက်ပွဲအတွက် သူရဦးရွှေမန်းနေရာမှာ အခုတက်လာတဲ့ ခေါင်းဆောင်အသစ်ကဦးဆောင်သွားမှာဖြစ်ပါတယ်။”

မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ David Steinberg ကလည်း သူရဲ့အမြင်ကို အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးက ဒီလောက်ပဲရှိမှာပါ။ဘာကြောင့်လဲဆိုတော့ ပြဿနာက အနောက်နိုင်ငံတွေဘက်က ဒီမိုကရေစီဆိုတာနဲ့ ပတ်သက်ပြီး မျှော်လင့်ထားတဲ့ အချက်ပါ။ ဒါပေမဲ့ မြန်မာအစိုးရက ဒီမိုကရေစီလို့ တခါမှမပြောသေးဘူး။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ၊ မြန်မာ့နည်းမြန်မာဟန် ဒီမိုကရေစီလို့ဘဲ ပြောနေတာပါ။ ဒါကလည်း ဗိုလ်ချုပ်မှုးကြီးဟောင်း သန်းရွှေ အရင်ဆုံး သုံးခဲ့တဲ့ အသုံးအနှုန်းတွေပါ။”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားလိုက်တဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ လည်း Vikram Nehru ကသူ့အမြင်ကိုအခုလိုပြောပါတယ်။

“သတင်းတွေဖေါ်ပြချက်အရ ဆိုရင် သူရဦးရွှေမန်းဟာ စစ်တပ်အရာရှိဟောင်းတွေ အတွက် လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပါတီထဲမှာ ဦးစားပေးပြီး လုံလုံလောက်လောက်နေရာမပေးခဲ့ပါဘူး။ နောက်ပြီး သူရဦးရွှေမန်းက ဘယ်ဘက်ကို သစ္စာခံမလဲ၊ ဦးစားပေးမလဲဆိုတာကို စစ်တပ်အနေနဲ့ အချိန်အတော်ကြာကတည်းက စိုးရိမ်နေတာပါ။ အခုလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းကိစ္စမှာ စစ်တပ်ကချပေးလိုက်တဲ့ သူတွေနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းရဲ့ ကိုင်တွယ်ပုံကို စစ်တပ်က လက်ခံသဘောကျမှ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် အခုပါတီဥက္ကဋ္ဌ တာဝန်ယူလိုက်တဲ့ သမ္မတဦးသိန်းစိန် ကိုယ်တိုင် သူရဦးရွှေမန်းကို အရင်ဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ အဓိပ္ပါယ်ကောက်လို့ ရမယ် ထင်ပါတယ်။ အခုလို ဥက္ကဋ္ဌနေရာအတွက် ပါတီဝင်မဲအများစုနဲ့ ရွေးချယ်ဆုံးဖြတ်ရမယ့်အစား သမ္မတက ဒီလုပ်ထုံးလုပ်နည်းကို ဘေးဖယ်ခဲ့ပါတယ်။”

တဖက်မှာလည်း သူရဦးရွှေမန်းဟာ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူလို့ လူအများက ယူဆထားတာပါ။ ဒါနဲ့ပတ်သက်လို့ Vikram Nehru ကသူရဲ့သုံးသပ်ချက်ကို အခုလိုပြောပြပါတယ်။

“သူရဦးရွှေမန်း ၀ါရှင်တန်ဒီစီကိုရောက်နေချိန် ကျနော်တို့ Carnegie မှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ သူ့ကို ကျနော်မေးခဲ့တာရှိပါတယ်။ နောက်တကြိမ် လွှတ်တော်သက်တမ်းမှာ အမတ်နေရာအများစုကို ရရှိတဲ့ NLD ပဲဖြစ်ဖြစ်၊ USDP ပဲဖြစ်ဖြစ် ပါတီ (၂)ခုအနေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ စဉ်းစားချက်ရှိမရှိ မေးတော့ ဒီလမ်းကို သူ့အနေနဲ့ ပစ်ပယ်မထားပဲ လိုအပ်ရင် သုံးကောင်းသုံးမယ်လို့ သူရဦးရွှေမန်းပြန်ဖြေခဲ့ပါတယ်။

ဒီလို NLD နဲ့ ညွန့်ပေါင်းအဖြစ်ဖွဲ့ကောင်းဖွဲနိုင်တယ်လို့ သူရဦးရွှေမန်းရဲ့ ပြောဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြိုဆိုခဲ့ပါတယ်။ ဒီအချက်ကြောင့် အခုလို သူရဦးရွှေမန်းကို ဥက္ကဋ္ဌရာထူးကနေ ဖယ်လိုက်သလား ဆိုတာကတော့ ကျနော်အနေနဲ့သေချာသိဖို့ ခက်ခဲပါတယ်။ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် ညွန့်ပေါင်းဖွဲ့နိုင်တယ်ဆိုတဲ့အချက်ဟာ သူရဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ဒီအဖြစ်အပျက်တွေ မတိုင်ခင်ကတည်းက ရှိနေတာတော့ သေချာပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းနီးစပ်မှုရှိတာကြောင့် အခုလို ဖယ်ရှားခံရတာလဲဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို ပါမောက္ခ David Steinberg ကလည်း ယူဆပါတယ်။

“ဒီအချက်ဟာ စစ်တပ်အတွက် ပြသနာပါ။ ဘာဖြစ်လို့လဲဆိုတော့ စစ်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် တကယ်တမ်း ယုံကြည်မှုမရှိပါဘူး။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူကိုယ်တိုင် သမ္မတ ဒါမှမဟုတ် ဒုသမ္မတဖြစ်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ကြိုးစားစည်းရုံးနေတာတွေလည်းရှိပါတယ်။

ဒါပေမဲ့ သူရဦးရွှေမန်းကို သူ့ပါတီဥက္ကဌရာထူးကနေ ဖယ်ရှားလိုက်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ထိခိုက်မယ်လို့တော့ မမြင်ပါဘူး။ သူ့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ယှဉ်ပြိုင်မှာဖြစ်သလို့ ရွေးကောက်တင်မြှောက်ခံရမှာလည်းဖြစ်ပါတယ်။ နောက်ပြီး သူရဲ့အခန်းကဏ္ဍကလည်း ဆက်ပြီးအရေးကြီးနေမှာဖြစ်ပါတယ်။”

အခုလို ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ခေါင်းဆောင်နေရာကနေ သူရဦးရွှေမန်းကို ဖယ်ရှားခဲ့ တာဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်မီ ပါတီကို အင်အားတောင့်တင်းစေဖို့ဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေ က မနေ့ကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဒေါ်​အောင်​ဆန်း​ စု​ကြည် ​နဲ့ ​နိုင်​ငံ​ရေး ​အ​ရ ​ပူး​ပေါင်း ​ညှိ​နှိုင်း ​ဆောင်​ရွက် ​လို​တဲ့ ​သူ​ရ​ဦး​ရွှေ​မန်း ​ရဲ့ ​ဆ​န္ဒ ​သ​ဘော​ထား ​မျိုး ​ဟာ ​အ​ခု ​အ​စား​ထိုး ​လိုက်​တဲ့ ​ကြံ့​ခိုင်​ရေး​ပါ​တီ ​ခေါင်း​ဆောင်​သစ် ​တွေ ​မှာ ​ရော ​ရှိ​သ​လား ​ဆို​တာ ​ကို ​စောင့်​ကြည့် ​ရ​ဦး​မှာ ​ဖြစ်​တယ်။ 
  အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ့ ခေါင်းဆောင် နေရာ ကနေ သူရ ဦးရွှေမန်း အဖယ်ရှား ခံလိုက် ရတာ ကြောင့် ပါတီ တွင်း စိတ်ဝမ်းကွဲ မှု အထိုက်အလျောက် ရှိ လာနိုင် တယ် ဆိုပြီး ကြံ့ခိုင်ရေးပါတီ ရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး က ပြောလိုက် ပါတယ်။

ဘာ့ကြောင့် အခုလို ပါတီ ခေါင်းဆောင် အပြောင်း အလဲ လုပ်ရသလဲ ဆိုတဲ့ လက်ရှိ ဖြစ်ပေါ် နေတဲ့ အခြေ အနေ ကို ပါတီတွင်း အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ နဲ့ အသေအချာ ရှင်းလင်း ပြဖို့ လိုအပ်တယ် ဆိုပြီး ကြံ့ခိုင်ရေးပါတီ က မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက် က ဘီဘီစီ ကို ပြောပါတယ်။

တခါ၊ အတိုက်အခံ နိုင်ငံရေး ပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဖြစ်တဲ့ ဦးဝင်းထိန် ကလည်း သူရ ဦးရွှေမန်း အဖယ်ရှား ခံလိုက် ရတာ ဟာ အင်မတန် ကြီးမား တဲ့ အပြောင်းအလဲ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အရ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက် လိုတဲ့ သူရဦးရွှေမန်း ရဲ့ ဆန္ဒ သဘောထား မျိုး ဟာ အခု အစားထိုး လိုက်တဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်သစ် တွေ မှာ ရော ရှိသလား ဆိုတာ ကို စောင့်ကြည့် ရဦးမှာ ဖြစ်တယ်လို့ လည်း ဦးဝင်းထိန် က ပြောပါတယ်။

ဒါပေမယ့် ဒီ အပြောင်းအလဲ ဟာ NLD ရဲ့ ပြဿနာ မဟုတ်၊ ကြံ့ခိုင်ရေး ပါတီ ရဲ့ ပြဿနာ သာ ဖြစ်ပြီး NLD အနေနဲ့ ကတော့ သတိ ကြီးကြီး နဲ့ စောင့်ကြည့်ရုံ ပဲ ဖြစ်တယ် လို့ ဦးဝင်းထိန် က ဘီဘီစီ ကို ပြောပါတယ်။

ကြံ့ခိုင်ရေး ပါတီ မှာ အစားထိုး ပြောင်းလဲ လိုက်တဲ့ ခေါင်းဆောင်သစ် တွေကို ကြည့်ရင် ပိုမို သဘောထား တင်းမာသူ တွေ ဖြစ်ဖို့ များတယ် လို့ ဦးဝင်းထိန် က ဆိုပါတယ်။

ပြိုင်ဘက် ကြံ့ခိုင်ရေး ပါတီ တွင်း မှာ ပြဿနာတွေ များနေရင် ရွေးကောက်ပွဲ မှာ NLD အတွက် အလားအလာ ပိုကောင်း လာမယ်လို့ ထင်မြင်စရာ ရှိပေမယ့် အတင်းအကြပ် မဖွယ်မရာ အပြောင်းအလဲ ဖြစ်တာ မျိုးဟာ တိုင်းပြည်ရဲ့ ဒီမို ကရေစီ ရေး အတွက် မကောင်း ဘူး ဆိုပြီး ဦးဝင်းထိန် က သုံးသပ် ပါတယ်။

ပြည်ခိုင်ဖြိုး ပါတီ ရဲ့ ခေါင်းဆောင် နေရာ ကနေ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ဖယ်ရှား ခံရတဲ့ အတွက် လွှတ်တော် တစ်ရပ်လုံးရဲ့ လှုပ်ရှား လည်ပတ် နေမှု အပေါ် မှာရော ထိခိုက် လေမလား ဆိုပြီး စိုးရိမ်မှု တွေ လည်း ထွက်ပေါ် နေကြောင်း ဦးဝင်းထိန် က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese



လုပ်ပိုင်ခွင့်ပေးထားတာ အာဏာ
လူတွေဟာ လုပ်ပိုင်ခွင့်အာဏာ
လက်ထဲမှာ အပိုင်မလွဲ
ကိုင်စွဲလိုက်ရင်ပဲ
အာဏာကို သောက်တလွဲ
သုံးတော့တာပါပဲ…။

အာဏာကို မှန်ကန်သုံး
လူတွေအားလုံး တပြုံးပြုံး
အာဏာကို တလွဲသုံး
လူတွေအားလုံး မုန်းမုန်းမုန်း…။

လူထုဆန္ဒ လူထုဘဝ
လူထုဒုက္ခ လုံးဝကိုဂရုမစိုက်
ကိုယ့်အကြိုက် ကိုယ့်သဘော
အာဏာတကောကောနဲ့
အပြောနဲ့ အလုပ်မညီ
လောလီဖေါက်ပြား အာဏာတခွဲသားနဲ့
ဟောက်စား ဖေါက်ပြားနေမယ်ဆိုရင်
အာဏာရှင် အာဏာစက်
ဘယ်ကလောက်ထက်ထက်
ကဒါဖီအသက်ထွက်ရသလို
ပက်ပက်စက်စက် ထွက်ရပါလိမ့်မယ်…။

ပြည်သူ့အသည်နှလုံး
သိမ်းကျုံးနိုင်စွမ်းရှိသူသာ
ဤကမ္ဘာကို လွှမ်းမိုးနိုင်မှာ…။

အာဏာရှင်မှန်သမျှ ကျဆုံးရမည်…။

တက္ကသိုလ်ဘုန်းကြွယ်(သြဂုတ် ၁၄ ၁၅)

ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ရာထူးကဖယ်ရှားခံလိုက်ရတဲ့ သူရဦးရွှေမန်း
ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ရာထူးကဖယ်ရှားခံလိုက်ရတဲ့ သူရဦးရွှေမန်း

မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ လက်ရှိအာဏာရပါတီတွင်း အပြောင်း အလဲတွေကြောင့် ရွေးကောက်ပွဲ အပေါ် သက်ရောက် မှုဖြစ်လာမှာကို နိုင်ငံရေး ပါတီခေါင်းဆောင်တွေက စိုးရိမ်နေပါတယ်။ အဓိက ကတော့ အစိုးရ၊ စစ်တပ်နဲ့ အာဏာရပါတီက တပေါင်းတည်း ဖြစ်နေတာကြောင့် ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်မှုရှိပါမလား ဆိုပြီး စိုးရိမ်တာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲနီးကပ်လာချိန်မှာ စစ်တပ်အတွင်းက ထိပ်ပိုင်း အရာရှိကြီးတွေ အပြောင်းအလဲနဲ့ အစိုးရအဖွဲ့အတွင်းက ၀န်ကြီး အပြောင်းအလဲတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီး တဲ့ နောက်မှာ လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီအတွင်းမှာ ခေါင်းဆောင် အပြောင်းအလဲ ထပ်မံဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအပေါ်မှာတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးရဲထွန်းက အခုလို သုံးသပ်လိုက်ပါတယ်။

“ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိပါ့မလားပေါ့နော်။ အရင်အနေအထားအတိုင်းဆိုရင် ကျနော်တို့က ဘာပဲဖြစ်ဖြစ် ရာခိုင်နှုန်းတော်တော်များများ လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်လို့ မျှော်လင့်နိုင်တာပေါ့။ အခုအနေအထားက ဘာနဲ့သွားတူလည်းဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က အနေအထားလို တပ်မတော်ပြည်ခိုင်ဖြိုးအစိုးရက တညီတညွတ်တည်း ဖြစ်သွားသလို ပုံစံမျိုး ပေါ်သွားတယ်။ တပ်မတော် ပြည်ခိုင်ဖြိုးပါတီနဲ့ အစိုးရအဖွဲ့က တပေါင်းတစည်းတည်းဖြစ်သွားတယ်။”

လတ်တလော ပြောင်းလဲသွားတဲ့ အာဏာရပါတီတွင်းက အခြေအနေကို ဦးရဲထွန်းက အခုလို ဆက်ပြော ပါတယ်။

“ ၁၂ရက်နေ့ မတိုင်ခင်က အနေအထားအတိုင်းဆိုရင် ပြည်ခိုင်ဖြိုးပါတီက တင်ချင်တဲ့ သမ္မတလောင်းက ဦးရွှေမန်းဖြစ်ပြီးတော့ တပ်မတော်က တင်ချင်တဲ့ သမ္မတလောင်းက ဦးသိန်းစိန်ဖြစ်နိုင်တယ်။ အဲ့တော့ တယောက်တည်းဖြစ်သွားဖို့အတွက် တပ်မတော်နဲ့ပြည်ခိုင်ဖြိုးက ပေါင်းစပ်နိုင်တဲ့ အနေအထားမရှိဘူး။ အခု ၁၂ရက်နေ့ နောက်ပိုင်း အခင်းအကျင်းအရဆိုရင် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးက ပေါင်းစပ်နိုင်တဲ့ အနေအထားဖြစ်သွားပြီးတော့ ဘယ်သူကို သမ္မတဖြစ်ချင်သလဲ။ ဘယ်သူ့ကို သမ္မတဖြစ်စေချင်သလဲဆိုတာ ပြည်ခိုင်ဖြိုးက လွှတ်တော်ရဲ့ ၂၆% လွှတ်တော်ကိုယ်စားလှယ် ၆၆၀ ကျော်ရဲ့ ၂၆% မဲရမယ်ဆိုရင် တပ်မတော်ရဲ့ ၂၅% ပေါင်းပြီးတော့ သူတို့လိုချင်တဲ့ သမ္မတကို မုချ သူတို့ ရွေးနိုင်မယ့် အနေအထားရှိတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပါတီအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်ကတော့ ပြည်ခိုင်ဖြိုးပါတီတွင်း အပြောင်းအလဲအပေါ် အခုလို ဝေဖန်ထောက်ပြပါတယ်။

“ဒီမိုကရေစီနည်းကျလား မကျလား ပထမဆုံး အရင်မေးရမယ်။ ကျနော် မှန်းဆကြည့်တာတော့ ဒီမိုကရေစီနည်းကျတာ မဟုတ်ဘဲ သူတို့အရင်အတိုင်း လုပ်တဲ့ ဗဟိုဦးစီးစနစ်အတိုင်း လုပ်တယ်လို့ ယူဆရတယ်။ သူတို့ပါတီဟာ ဒီမိုကရေစီ နည်းမကျတဲ့အတွက်ကြောင့်မို့လို့ နောင်အနာဂတ်မှာ ပါတီရဲ့ခေါင်းဆောင် နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ချီတက်စရာအကြောင်းက အလှမ်းဝေးတယ်လို့ ကျနော်မြင်တယ်ခင်ဗျ။ အလားအလာ မကောင်းဘူး။ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းအတွက် အလားအလာ မကောင်းဘူး။ မကောင်းတဲ့အစဉ်အလာတခု တည်ဆောက်တယ်လို့ ကျနော်တို့မြင်တယ်ခင်ဗျ။ လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဖြစ်မှဖြစ်ပါ့မလား စိုးရိမ်ပူပင်မှုတွေဖြစ်တယ်။”

NLD ပါတီနဲ့ ဆက်ဆံရေးကောင်းတယ်လို့ အများကမြင်ကြတဲ့ သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ကနေ အနားပေးလိုက်ပေမဲ့ NLD ပါတီအပေါ် တစုံတရာ သက်ရောက်မှုရှိမယ်လို့ မယူဆကြောင်းလည်း ပြောပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ပါတီဗဟိုကော်မတီဝင် ဦးဟန်ရွှေကတော့ အခုလို သုံးသပ်ပါတယ်။

“နိုင်ငံရေးပါတီရဲ့သဘော သဘာဝအရကတော့ ဒီလိုပဲ ဖြစ်တတ်တဲ့ အနေအထားမျိုးတော့ ရှိပါတယ်။ ပါတီထဲမှာ ပါတီတွင်း ဒီမိုကရေစီ ရှင်ရှင်သန်သန် ကျင့်သုံးနိုင်လို့ရှိရင် နောက်တခါ စည်းရုံးရေးလုပ်တဲ့အခါမှာ လည်း ပါတီအတွက် စည်းရုံးတာမျိုး မဟုတ်ဘဲ တလက်ကိုင်စည်းရုံးတာမျိုးတွေ ရှိရင်လည်းပဲ ဒါကတော့ဖြစ်တတ်တဲ့ သဘာဝက ရှိပါတယ်။ သို့သော် ကျနော်တို့ကတော့ ပါတီတခုတည်းနဲ့မကြည့်ဘဲနဲ့ တိုင်းပြည်အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင်တော့ တိုင်းပြည်အတွက်ကတော့ ဒါဟာ အနှုတ်လက္ခဏာလို့ပဲ ကျနော့်အနေနဲ့ကတော့ ပြောချင်ပါတယ်။”

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီဟာ စစ်တပ်က ထိပ်ပိုင်းအရာရှိကြီးတွေနဲ့ ဦးဆောင်ဖွဲ့စည်း ထားတဲ့ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ကိုယ်စားလှယ်အများစု အနိုင်ရထားတဲ့ပါတီဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/political-parties-reactions-on-usdp-/2916426.html

aungmin-620.jpg နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ကိုတွေ့ရစဉ်
နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၇ ကနေ တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ဖို့အတွက် လွိုင်ကော်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှာ အမည်စာရင်းတင်လိုက်ပါတယ်။ ၀န်ကြီး ဦးအောင်မင်း ၀င်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာ လူဦးရေ ၄ထောင်ကျော်ရှိတဲ့ ရှားတောမြို့နယ် တစ်ခုလုံးပါဝင်တယ်လို့ လွိုင်ကော်ခရိုင် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးညီညီမင်းက ပြောပါတယ်။

"ဦးအောင်မင်းက ၁၁ ရက်နေ့က ကိုယ်စားလှယ်အနေနဲ့ တင်တာပါ၊ သူ့မဲဆန္ဒနယ်က ရှားတောမြို့တစ်မြို့လုံးပါ မဲဆန္ဒနံပါတ် ၇ ပါ လူဦးရေက လေးထောင်နီးပါရှိပါတယ်"

ဝန်ကြီး ဦးအောင်မင်း ရွေးကောက်ပွဲဝင်မယ့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၇ မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီနဲ့ ကယားလူမျိုးစုဒီမိုကရေစီပါတီက ကိုယ်စားလှယ်လောင်းတွေလည်း ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ် ပါတယ်။ ၀န်ကြီး ဦးအောင်မင်းဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့တာဖြစ်ပါတယ်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဟာလည်း ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၉ မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်ထားပါတယ်။

ကယားပြည်နယ်တစ်ခုလုံးမှာ လူဦးရေ ၂သိန်း ၇သောင်းကျော်ရှိရာ အဲဒီထဲမှာ မဲပေးခွင့်ရှိသူ ၁သိန်းခွဲကျော်ရှိတယ်လို့ သိရပါတယ်။

RFA

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ်။ Photo: RFA
 ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ခေါင်းဆောင်အပြောင်းအလဲဟာ မထင်မှတ်ပဲ ဖြစ်ပေါ်လာ တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်ခရီးစဉ်ကို ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီခေါင်းဆောင် အပြာင်းအလဲဟာ တိုင်းပြည်နဲ့လွှတ်တော် အပေါ်သက်ရောက်မှုရှိနေတဲ့အတွက် အခုလိုအရေးကြီးနေချိန်မှာ ခရီးထွက်ဖို့ မသင့်တော်တာကြောင့် ရပ်ဆိုင်းလိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ခံဖြစ်သူ NLD ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။

"အဓိကကတော့ နေပြည်တော်မှာဖြစ်နေတဲ့ ကြံ့ခိုင်ရေးခေါင်းဆောင် အပြောင်းအလဲတစ်ရပ်ဟာ တိုင်းပြည် အတွက်လည်း အရေးကြီးတယ်၊ လွှတ်တော်အတွက်လည်း အရေးကြီးတယ်၊ အဲ့လို အရေးကြီးဖြစ်နေတဲ့အချိန်မှာ သာမာန်အားဖြင့် ဘာမှမဖြစ်သလို ခရီးသွားတာမျိုးမလုပ်ချင်လို့ ဆိုင်းငံ့တာပါ"

ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ က ဟိုပုံးမြို့နဲ့ ဆီဆိုင်မြို့မှာ ဒေသခံတွေနဲ့ သွားရောက်တွေ့ဆုံဖို့ မူလက စီစဉ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကြီးခရိုင်အတွင်း အန်အယ်လ်ဒီပါတီကနေ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စား လှယ်လောင်းတွေနဲ့ တွေ့ဆုံဖို့လည်း ပြင်ဆင်ထားတာလို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လောလော ဆယ် ရန်ကုန်မြို့မှာ ရှိနေပါတယ်။

RFA Burmese
http://www.rfa.org/burmese