08/19/15

ထိုင်းနိုင်ငံ ဘန်ကောက် မြို့လယ်မှာ တနင်္လာနေ့က လူ ၂၀ သေဆုံးခဲ့ရတဲ့ ဧရာဝဏ် နတ်ကွန်း အနီး ဗုံးခွဲ တိုက်ခိုက်ခဲ့မှုကို လူတစ်ဦးထက် ပိုတဲ့ ကွန်ရက် တစ်ခုက လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ထိုင်း ရဲချုပ်က ပြောပါတယ်။

စီစီတီဗီ ထဲမှာ တွေ့ရတဲ့ အခင်းဖြစ်ရာ နေရာမှာ ကျောပိုးအိတ် ထားခဲ့သူ တီရှပ် အဝါရောင်နဲ့ အဓိက မသင်္ကာသူရဲ့ ရုပ်ပုံကိုလည်း ထိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ဗီဒီယို မှတ်တမ်းကနေ မြင်ရတဲ့ တခြား လူ ၂ ဦးကိုလည်း သံသယ ရှိသူတွေ အဖြစ် သတ်မှတ် ထားပါတယ်။

ရုပ်ပုံထဲက အဓိက မသင်္ကာသူဟာ ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း မသိရသေးပေမယ့် ဘန်ကောက် ရာဇဝတ် တရားရုံးက သူ့ကို ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ပြီး ဝရမ်းထဲမှာ အမည်မသိ နိုင်ငံခြားသား အဖြစ် ဖော်ပြထားပါတယ်။

သူ့ကို ဖမ်းမိဖို့ ဆုကြေးငွေ ဘတ် တစ်သန်း (ဒေါ်လာ နှစ်သောင်း ရှစ်ထောင်) ကိုလည်း ထုတ်ပြန် ထားပါတယ်။

အဲဒီ လူဟာ ဗုံးကို အဲဒီနေရာမှာ ချထားဖို့ အခကြေးငွေ ပေးပြီး စေခိုင်း ခံရတာ ဖြစ်နိုင်တယ်လို့ ဝန်ကြီးချုပ် မစ္စတာ ပရာယုသ်က သတင်းထောက်တွေကို ပြောပါတယ်။

တနင်္လာနေ့ ဗုံးခွဲမှုဟာ ထိုင်းမှာ ဖြစ်ပွားသမျှ တိုက်ခိုက်မှုတွေထဲ အဆိုးရွားဆုံး ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ကမ္ဘာလှည့် ခရီးသည်တွေ အကြားမှာ ရေပန်းစားတဲ့ အဲဒီ ဟိန္ဒူ နတ်ကွန်းကို ဗုဒ္ဓဟူးနေ့မှာ ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။

BBC Burmese

အမေရိကန်သို့ ရောက်ရှိချိန်တွင်သူ့ အိပ်ကပ်ထဲ၌ ၁၃ ဒေါ်လာသာကျန်တော့သည်။ မိတ်ဆွေဆို၍ လည်း တစ်ယောက်သာရှိသည်။ တစ်ဦးတည်းသောမိတ်ဆွေ၏ ကူညီနိုင်သည့်အနေအထားမှာ သူ နေထိုင်သည့်အခန်း တွင် ၂ ရက် ၃ ရက်သာ နေထိုင်ခွင့်ပြု့ မည်ထက်မပိုခြင်းဖြစ်သည်။ ထို့ အခြေအနေဖြင့်မျိုးဖြင့် သူ့ ဘ၀ ကိုစခဲ့ရသည် ဟု မြန်မာပြည်ဖွါး အမေရိကန် နိုင်ငံသားကိုဖိလစ်မောင်က ဆိုသည်။

သို့ သော် ၂၇ ကြာပြီးမြန်မာပြည်သို့ ပြန်လာချိန်တွင်မူ သူဘ၀ကများစွာပြောင်းသွားခဲ့ပြီ။ အမေရိကန်နိုင်ငံ တွင် ဒုတိယဆိုင်ခွဲအများဆုံး ဆူရှိလုပ်ငန်းပိုင်ရှင်ဖြစ်နေပြီဖြစ်သည်။ ဆုတံဆိပ် ၁၄ ခုရရှိထားပြီး အမေရိကန် သမ္မတကပင် ညစားဖိတ်ကျွေးဂုဏ်ပြု ခံရသည့်အထိအောင်မြင်သော လုပ်ငန်းရှင်တစ်ဦးဖြစ်လာခဲ့သည်။ အမေရိကန်နိုင်ငံစီးပွါးရေးကျဆင်း၍ ကုမ္ပဏီအများစု အရှုံးပေါ်နေချိန်တွင် သူကုမ္ပဏီမှာ အမြတ်ရနေခဲ့သည်။ သူအလုပ်စတင်လုပ်ချိန်တွင် ပိုက်ဆံရရန်သာသိခဲ့သည်။ လုပ်ငန်းအောင်မြင့်သော်လည်း သူမပျော်နိုင်။ ထိုအခြေမှသူကိုပြောင်းလဲစေ ခဲ့သည် မှာစာအုပ်တစ်အုပ်ကြောင့် ဟုကိုဖိလစ်မောင်က ကုန်သည်စက်မူ့ အသင်းတွင်ပြုလုပ်သော သူ ၏အမေရိကန် အတွေ့ အကြုံဆွေးနွေးပွဲတွင်တက်ရောက်လာသူများ အားမျှဝေခဲ့သည်။ထိုစာအုပ်မှာစာရေးဆရာ Jim Collin ၏ Good to Great စာအုပ်ဖြစ်သည်။ စာရေးဆရာ ဂျင်ကော်လင်းအနေဖြင့် စာအုပ်တစ်အုပ်ေ၇းမည် ဆိုပါ က လေးနှစ်ငါးနှစ်လေ့လာပြီးမှာရေး သားသူဖြစ်သည်။ ထို့ ကြောင့်လဲသူရေးခဲ့သည့် စာအုပ်တိုင်း အရောင်းရဆုံးစာရင်းဝင်ခဲ့သည်။ ကိုဖိလစ်မောင်ဘ၀ ကိုပြောင်းလဲစေသည့် စာအုပ်မှာမအောင်မြင်သော ကုမ္ပဏီများ အကြောင်းလေ့ လာရေးသားထားခြင်းဖြစ်သည်။ ထို့ စာအုပ်ထဲတွင် သူရင်ကိုထိမှန်စေသော စားသားအချို့ အားအခုလိုရှင်းပြခဲ့သည်။

" ကုမ္ပဏီ နှစ်မျိုးရှိပါတယ်...ကောင်းတဲ့ကုမ္ပဏီနဲ့ ကြီးကျယ်မြင့်မြတ်သော ကုမ္ပဏီ ပေါ့...။ ကောင်းတာက ၀င်ငွေတိုးတက်မှုရှိနေပြီး အမြတ်အစွန်းများများရနေတဲ့ ကုမ္ပဏီပေါ့" "နောက်တစ်ခုက ကြီးကျယ်မြင့်မြတ်သောကုမ္ပဏီ သူကျတော့ ငွေကြေးတစ်ခုတည်းတင် မကတော့ပါဘူး.. ၀န်ထမ်းတွေရဲ့ဘ၀နဲ့ ကုမ္ပဏီယဉ်ကျေးမှုတွေပါ ပါဝင်လာပါတယ်" ဟုဆိုသည်။ ထို့ အချိန်က စပြီးသူကုမ္ပဏီတွင် ကုမ္ပဏီယဉ်ကျေးမူ့ ဖြစ်သော Core Value သတ်မှတ်ရန်စတင်ခဲ့ သည်။ ထိုသို သတ်မှတ်ရန်အတွက် သူဝန်ထမ်းအားလုံးထံမှ ကုမ္ပဏီကို မည်သည့်ပုံစံဖြစ်ချင်သလဲ ဟုမေးခဲ့သည်။ ၀န်ထမ်းအား လုံးမှအဆိုပြုသော အချက်ပေါင်း ၁၀၀ ကျော်ရရှိပြီးထိုထဲမှ အားလုံးလုပ်ချင်သည့် ၁၁ ချက်ကို ကုမ္ပဏီ၏ Core Value အဖြစ်သတ်မှတ်ခဲ့သည်။

" Value ကိုဘယ်လိုတည်ဆောက်မလဲ Core Value တွေသတ်မှတ်တဲ့အခါမှာ All Inclusive ပါဝင်ရမယ်ဆုံးဖြတ်တဲ့ အခါမှာတော့ တစ်ယောက် နှစ်ယောက်ကပဲဆုံးဖြတ်ရတယ် ဆိုတာတော့ တော်တော်အသုံးဝင်တယ်" ဟု ကိုဖိလစ်မောင်ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ့ မြန်မာရှေ့ ဆောင်ဘဏ် မှ ဒုတိယ အုပ်ချုပ်မူ့ ဒါရိုက်တာ ဦးကျော်စိုးမင်းကဆိုသည်။

သတ်မှတ်ခဲ့သော အချက် ၁၁ ချက်ကိုသူအပါအ၀င် အားလုံးက လိုက်နာကျင့်သုံးရန် သတ်မှတ်ခဲ့ကြသည်။ သူ့ ကုမ္ပဏီအတွက်သတ်မှတ်ထားသော Core Value နံပတ် ၁ မှာ Service High-Speed and High-Teach ဖြစ်သည်။ နံပါတ် ၁ Core Value နှင့်ပတ်သက်၍အခုလိုရှင်းပြခဲ့သည်။ "စားသုံးသူတွေကို အဓိကထားဝန်ဆောင်မူ့ ပေးတယ်။ တစ်ခါက စားသုံးသူတစ်ယောက် ဆူရှီစားပြီး ၀မ်းသွားတယ်ပြောတယ်။ ဒါပေမယ့် သူအဲ့နေ့ကအစားစုံတယ်ပြောတယ်။ ကျွန်တော်တို့ ဘာမှမမေးဘူး ချက်ချင်း ဆေးခန်းပြပေးတယ်၊ ကျွန်တော်တို့က ဆေးပို့ပေးတယ် နောက်ဆုံး အိမ်သာသုံးစက္ကူတောင် ပို့ပေးတယ်။ ပြီးတော့ ဒေါ်လာ 100 တန်ဘောင်ချာတောင် ပို့ပေးတယ်။ ဈေးတွက်တွက်ရင်တော့ မကိုက်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ customers ကိုအလေးထားတာ သိစေချင်တယ်" ဟုကိုဖိလစ်မောင်ကရှင်းပြခဲ့သည်။

နံပတ် ၂ Core Value မှာ Inspire and Be Inspire ဖြစ်သည်။အထက်အောက် ယုံကြည်မှုကို အလေးထား တည်ဆောက်ပေးထားခြင်းဖြစ်သည်။ " အောက်ကို လုပ်ပိုင်ခွင့်ပေးထားတယ်။ မှားချင်မှားပလေ့စေ။ ပြတ်သားတိကျဖို့လိုတယ်။ ခေါင်းဆောင်က တုန့်နှေးနေရင် အလုပ်မဖြစ်ဘူးလေ။ ယုံကြည်မှုရဖို့ဆိုတာက ခေါင်းဆောင်တွေကလည်း ငယ်သားတွေနဲ့အတူတူ အလုပ်လုပ်ပြီး ယုံကြည်မှုကို ယူမှရမှာ" ဟု ကိုဖိလစ်မောင်ကရှင်းပြခဲ့သည်။

နံပတ် ၃ Core Value မှာ Open and Honest Communication ဖြစ်သည်။ "အစပိုင်း ၁၀နှစ်လောက်က ကျွန်တော်ကရုံးခန်းထဲမှာပဲ ထိုင်နေခဲ့တာ။ ဘယ်သူမှတံခါးလာမ ခေါက်ရဲဘူး။ ဒီတော့ သူတို့ဆီက အတွေးအမြင်အသစ်တွေ မရလာဘူး။ နောက် ကျွန်တော်ရုံးခန်းကို အပြင်ထုတ်လိုက်တယ်။ သူတို့နဲ့အတူတူလုပ်တယ်။ အစပိုင်းက အဆင်မပြေဖြစ်ပေမယ့် နောက်ပိုင်းရင်းနှီးလာတာနဲ့အမျှ အဆင်ပြေလာတယ်။ သူတို့ဆီက အကြံဥာဏ်တွေ ရလာတယ်။ ဒါလည်းကောင်းတဲ့ အချက်ပဲ" အခြားသောအချက်များမှာ ကိုယ်လာတဲ့ ပတ်ဝန်းကျင်ကို မမေ့ရန်၊ ၀န်ထမ်းတွေကို အလုပ်လုပ်ရင်း ပရဟိတမျှဝေဖို့ပါ သင်ပေးခြင်း၊ ပြသာတစ်ခုခုဖြစ်လာပါက လွဲမချပဲ အားလုံးတိုင်ပင်ပြီး ဖြေရှင်းခြင်း နှင့် အလုပ်လုပ်ရင် Team workကိုအလေးထားစေခြင်းတို့ ဖြစ်သည်။

"၀န်ထမ်းတွေကိုမာန်နေဂျာပုံစံမျိုးမဟုတ်ပဲနဲ့ Leader ( ခေါင်းဆောင် ) ပုံစံအုပ်ချုပ်တာ ခိုင်းလို့ လုပ်တာ မဟုတ်ဘူး ကိုယ်ကိုတိုင်က လုပ်ချင်လို့ လုပ်တာမျိုးဖြစ်အောင် အုပ်ချုပ်တာ" ဟု ကိုဖိလစ်မောင်၏ ဆွေးနွေးပွဲအား တက်ရောက်နားထောင်ခဲ့သူ မယမင်းခင်းကသုံးသပ်သည်။

ကိုဖိလစ်မောင်၏အတွေ့ အကြံဆွေးနွေးပွဲတွင် လူကြိုက်များသောတစ်ခုမှာ ၀န်ထမ်းချိန် သတ်မှတ် မထားပဲဆောင်ရွက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆုံးဖြတ်စဉ်က အခြားသောလုပ်ငန်းရှင်များ ကသူUအား ရှုးသွားပြီး ဟုပင်ပြောဆိုကြောင် ကိုဖိလစ်မောင်ကရှင်းပြခဲ့သည်။ ခေတ်လူငယ်များအနေဖြင့် ထိန်းချုပ်မှုကိုမကြိုက်သဖြင့် ထိုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ပြီး ထိန်းချုပ်မူ့ များ လာပါကတီထွင်မူ့ ကျဆင်းလာနိုင်သည် ဟုသူယုံကြည်ခဲ့၍ဖြစ်သည်။ "ဆရာ့ဆွေးနွေးမှုထဲမှာ အကြိုက်ဆုံးက Hissho ရဲ့ဝန်ထမ်းတွေကို ရုံးတက်ချိန် ဆင်းချိန် သတ်မှတ်မပေးဘဲ လွတ်လပ်စွာ နေစေတာပါပဲ။ ဒီ့အတွက် အလုပ်လုပ်ချိန်တွေ တိုလာတယ်။ ဖန်တီးနိုင်စွမ်းတွေ မြင့်တက်လာတယ်ဆိုတာကို သဘောအကျဆုံးပဲ"ဟုဆွေးနွေးပွဲကိုလာရောက် နား ထောင်သူကိုဖြိုးေ၀၀င်းကပြောသည်။ ကိုဖိလစ်မောင် ၏ဖတ်ဘူးသောစာအုပ်များနှင့်အတွေ့ အကြုံအရ၀န်ထမ်းများအား အဆင့် ၅ ဆင့်ခွဲ ခြား သတ်မှတ်ထားသည်။ ရန်လိုသည့်လူမျိုး အပျက်သဘောမြင့်သူ ငါဆိုသည့်အတ္တများနေသူ ငါ့တို့  ( We are Great ) နှင့် ရည်မှန်းချက်အောင်မြင်အောင်ဆောင်ရွက်သူ ဟူ၍ဖြစ်သည်။ သုတနေသနစစ်တမ်းအရ အမေရိကန်နိုင်ငံမှာတွင် အတ္တများနေသူမှား ၄၉ ရာခိုင်နှုန်း ငါ့တို့ ဟုစဉ်းစား သူက ၂၂ ရာခိုင်နှုန်းနှင့် ရည်မှန်းချက်အောင်မြင်အောင် ဆောင်ရွက်သူမှာ ၂ ရာခိုင်နှုန်းသာရှိသည်။ သူ့ အအနေဖြင့် မြန်မာနိုင်ငံမှာ စွန်းဦးတီထွင်လုပ်ငန်း လုပ်ကိုင်ချင်သူများနှင့် ပတ်သက်၍လည်း အချက်သုံးချက် လုပ်ဆောင်ရန် ညွှန်ပြခဲ့သည်။ ထိုအချက် ၃ ချက်မှာ မိမိအလုပ်အားနှစ်ခိုက်မူ့ ရှိပါ စေ ( Pacsion ) ရည်ရွယ်ချက်ရှိပါစေ ( Purpose ) နှင့်အမြတ်ရပါစေ ( Profit ) တို့ ဖြစ်သည်။ ထို အချက် ၃ ချက်နှင့် ပတ်သက်၍ ဦးဖိလစ်မောင်က အခုလိုပဲရှင်းပြခဲ့သည်။

"ဆိုလိုတာက မိမိအလုပ်ကို နှစ်ခြိုက်မှုရှိရမယ်။ စိတ်မ၀င်စားဘဲလုပ်နေရင်တော့ ဘာမှထူးလာမှ မဟုတ်ဘူး တိကျတဲ့ ရည်ရွယ်ချက်ရှိရမယ်။ ငွေကြေးတစ်ခုတည်းမဟုတ်တဲ့ ရည်ရွယ်ချက်ပေါ့ ကိုယ်အောင်မြင်လာရင် ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လိုထောက်ပံ့ပေးမလဲဆိုတာမျိုး။ ဒါမှရှင်သန်ရတာ အဓိပ္ပါယ်ရှိမှာပေါ့။ ဒါကိုအခြေခံ ကြိုးစားမယ်ဆိုရင် နောက်ဆုံး Profitက အလိုလိုရလာမှာပါ.....။ ကိုယ်ဖိလစ်မောင်အောင်မြင်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ သူ့ ၏၀န်ထမ်းများအား လုပ်ငန်းခွင်တွင် ပျော်ရွှင်အောင် ဆောင်ရွက်ပေးထားခြင်းဖြစ်သည်။ သူအနေဖြင့်လည်း လုပ်ငန်းရှင်တစ်ယောက်ပုံစံဖြင့် အလုပ်လုပ်ခြင်းမဟုတ်ပေ။ ခေါင်းဆောင်တစ်ယောက်ပုံစံဖြင့် သူလုပ်ငန်းအား ပုံဖော်သွားခဲ့သည်။ ထို့ အချက်သည် သူလုပ်ငန်းအောင်မြင်ရခြင်း၏သော့ချက်ဖြစ်သည်။

စောကရင်

The Ladies News Journal ပါ ဆောင်းပါး


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွင်း ရုတ်တရက် ခေါင်းဆောင်အပြောင်းအလဲကြောင့် မိတ်ဆွေအစစ်အမှန် ပေါ်လာမှာဖြစ်တဲ့အပြင် မိတ်ဆွေအချင်းချင်းကြား ပိုပြီးခိုင်မာသွားဖို့ပဲ ရှိတယ်လို့ မနေ့က နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။ ဒါဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ သူရဦးရွှေမန်းနဲ့ သူ့အကြားမှာ မဟာမိတ်ဆက်ဆံရေး ပိုပြီးခိုင်မာလာဖို့ပဲ ဖြစ်တယ်လို့ အများက သုံးသပ်နေကြပါတယ်။

သတင်းစားရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို မအင်ကြင်းနိုင်က ကောက်နှုတ်တင်ပြထားပါတယ်။

အင်္ဂါနေ့က နေပြည်တော်မှာ စတင်ကျင်းပတဲ့ ၁၂ ကြိမ်မြောက် ပြည်သူ့လွှတ်တော်အစည်းအဝေးကို တက်ရောက်လာတဲ့ NLD ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်အပြောင်းအလဲနဲ့ ပတ်သက်လို့ သူရဲ့သဘောထားကို သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ညက နေပြည်တော်မှာရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှာ အင်အားသုံးပြီး သူရဦးရွှေမန်းကို ပါတီဥက္ကဌရာထူးကနေ ဖယ်ရှားခဲ့ပြီးနောက် ခေါင်းဆောင်အပြောင်းအလဲ လုပ်ခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့အမြင်ကို အခုလို သတင်းထောက်တွေကို ပြောပါတယ်။

“ညသန်းခေါင်းယံအချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စဟာ ဒီမိုကရေစီနည်းလမ်းအတိုင်း ကျင့်သုံးနေပါတယ်ဆိုတာ မျှော်လင့်လို့မရဘူး” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်နှစ်ဦးဟာ အရင်ကတည်းက လွှတ်တော်တွင်း ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။

အခုလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်အပြောင်းအလဲကြောင့်လည်း မိတ်ဆွေစစ် အချင်းချင်းကြား ဆက်ဆံရေး ပိုပြီး ခိုင်မာသွားတယ်လို့လည်း သူက အခုလို ပြောပါတယ်။

“ဒီအချိန်မှာ ဘယ်သူက မိတ်ဆွေအစစ် ဖြစ်နိုင်သလဲဆိုတာ ပေါ်လာမယ်ဆိုတော့ မိတ်ဆွေအချင်းချင်းကြား ပိုပြီးတော့ ခိုင်ခံ့သွားဖို့ပဲ ရှိတာပေါ့။”

အာဏာရပါတီတွင်း ခေါင်းဆောင်အပြောင်းအလဲကို အင်အားသုံး ဆောင်ရွက်ခဲ့တာကြောင့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ NLD ကို လူထုထောက်ခံမှု ပိုပြီး ရလာမယ်လို့ မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောသွားပါတယ်။ ပါတီဥက္ကဌရာထူးကနေ ဖြုတ်ချခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ တနင်္လာနေ့က နေပြည်တော်မှာ တနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေမဲ့ ယေဘုယျ အချက်တွေကို အခုလို ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ပုံမှန်ပေါ့ အစိုးရနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ ပါတီနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ကျန်တဲ့ နိုင်ငံရေးကိစ္စတွေ”

မနေ့က စတင်ကျင်းပတဲ့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ပြည်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဌာန်းပေးနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စတုတ္ထအကြိမ်မြောက် တင်သွင်းလာတာနဲ့ ပတ်သက်လို့ NLD အနေနဲ့ ဒီဥပဒေမူကြမ်းကို အရင်ကတည်းကိုက သဘောမတူကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“အန်တီတို့က လက်မခံခဲ့ဘူး။ ဒီဟာ ပြောင်းကိုပြောင်းရမယ့်ကိစ္စ။ အဓိပ္ပါယ်မရှိဘူး။ ၁ ရာခိုင်နှုန်းက ဒီဟာကို စလုပ်မှာ။ နောက်ပြီးတော့ ဒါက အစပဲရှိသေးတယ်။ နောက်ပြီး ဒီလို Right to Recall ဆိုပြီး ၁ ရာခိုင်နှုန်းက လက်မှတ်ထိုးလို့ရှိရင် လုပ်ရမယ့်ကိစ္စတွေက အများကြီး။ လွှတ်တော်အတွင်းမှာ ဒါမျိုးတွေ လုပ်ရမယ်ဆိုရင် တခြား အလုပ်တောင် လုပ်ဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး။”

အာဏာရပါတီတွင်း ပြဿနာတွေကြောင့် လွှတ်တော်ရဲ့ တာဝန်ကိစ္စရပ်တွေကို ထိခိုက်စေတာမျိုး မဖြစ်သင့်ကြောင်းနဲ့ အဲဒီလိုမဖြစ်အောင်လည်း ပြည်သူအားလုံးက စောင့်ကြည့်ဖို့ တာဝန်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

အင်ကြင်းနိုင်/VOA
http://burmese.voanews.com/content/daw-suu-presser/2923508.html


 သြဂုတ်လ ၁၈ ရက်နေ့ သတင်းအရ မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော မိသားစု အတော်များများတွင် နေထိုင်မှုဘဝခက်ခဲခြင်း ၊ လူ့အဖွဲ့အစည်းတွင် အပျိုစင်များသည် ကျန်းမာရေးအတွက် အကျိုးရှိသည် ဟူသော အယူသည်းမှုကြောင့် အချို့ မိဘများသည် သမီးငယ်လေးများ၏ အပျိုစင်အား ရောင်းစားခြင်းဖြင့် အကျိုးအမြတ်များ ရရှိသောကြောင့် အမျိုးသမီးငယ်အများအပြားမှာ ဆောင်ကြာမြိုင်သို့ ရောက်ရှိ နေကြရပြီး ပြည့်တန်ဆာအလုပ်အား ပြုလုပ်နေကြရသည်ဟု သိရှိရသည်။

ဟောင်ကောင်နိုင်ငံ (အရှေ့တိုင်းနေ့စဉ်သတင်း)ဝက်ဆိုဒ် မှ သြဂုတ်လ ၁၈ ရက်နေ့ သတင်းအရ BBC သတင်းထောက်သည် မြန်မာနိုင်ငံ ရန်ကုန်သို့ သွားရောက်၍ ဝတ်ရည်(အမည်ပြောင်း)ဟု ခေါ်ဆိုသော ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးအား မေးမြန်းခဲ့ရာ ဖခင်ဖြစ်သူမှ နောက်မိန်းမ ယူပြီးနောက် ၄င်းအားပြည့်တန်ဆာ လုပ်ခိုင်းခဲ့ခြင်း ဖြစ်သည်ဟုသိရှိရသည်။

 အကြွေးများဆပ်ရန်နှင့် သူမမောင်လေးများ၏ကျောင်းစရိတ်များပေးရန် အတွက်၎င်း၏မိထွေးမှ ၄င်းအား လွန်ခဲ့သောနှစ်နှစ်ကဟောင်ကောင်ယွမ်၂ သိန်း၃သောင်း(အမေရိကန်ဒေါ်လာ ၃သောင်း၂ရာ) ခန့်ဖြင့်သူမ၏အပျိုစင်ဘဝအားကုန်သည်တစ်ဦးထံ ရောင်းစားခဲ့သည်။

 ဝတ်ရည်သည် သူမ၏မိခင်မှသူမအား ရောင်းစားခဲ့သည်ဟု သိရှိပြီးနောက် တစ်ညလုံး ငိုကြွေးခဲ့ရသည်ဟုဆိုသည် ။ အဆိုပါမိခင်သည် ဝတ်ရည်နာကျင်မည် စိုးသောကြောင့် ပိုက်ဆံကုန်ခံကာ ထောက်ထားညှာတာသောအားဖြင့် သူမအား ထုံဆေးထိုးခြင်းအား ပြု လုပ်စေခဲ့သည်။

 နောက်တစ်နေ့ ဝတ်ရည်မှာ ထိုကုန်သည် ယောကျာ်းလေးအား တစ်နေကုန် အဖော်ပြုပေးရပြီနောက် အပျိုစင်ဘ၀ ဆုံးရှုံးခဲ့ရသည်။ နောက်ပိုင်းတွင် ဝတ်ရည်မှာ ဆောင်ကြာမြိုင်တွင် အလုပ်လုပ်၍ နှစ်လကြာပြီးနောက်တွင် လမ်းပေါ်တွင် ပြည့်တန်ဆာ အလုပ်အား လုပ်ခဲ့သည်။

အမျိုးသမီးများ၏ ထုတ်ဖော် ပြောကြား ချက်များအရ အမျိုးသမီးငယ်များကို ကုန်ကူးရောင်းချရခြင်း ပြည့်တန်ဆာလုပ်စေရခြင်း၏ အစမှာဆင်းရဲနွမ်းပါး ခြင်းကြောင့်ဖြစ်ပြီး လူအတော်များများ၏ အပျိုစင်ဘ၀သည်ကျန်းမာရေးအတွက် အကျိုးရှိပြီး AIDSရောဂါအားလည်း ကုသပေးနိုင်သည်ဟု အယူသည်းမှုများကြောင့်လည်း အပျိုစင်မိန်းကလေးများမှာ ဈေးကောင်းရ၍ဈေးကွက် ရှိလာခြင်းဖြစ်သည်ဟုပြောကြားခဲ့သည် ။

ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံအစိုးရ၏ ယခင်နှစ်၏ ခန့်မှန်းချက်အရ ၄င်းဒေသ၌် ၄သောင်းမှ၈သောင်းဝန်းကျင်ခန့်မှာအသက်၁၅ နှစ်မှ ၄၉ နှစ်အရွယ် ပြည့်တန်ဆာမများ ဖြစ်ကြသည်ဟုသိရှိရသည်။

china.com Myanmar
http://myanmar.china.com

ဓါတ်ပုံ - ချယ်ရီ FM (fb) 
 သူရဦးရွှေမန်းရဲ့ချွေးမ တည်ထောင်ထားတဲ့ ချယ်ရီ FM ရေဒီယို အစီအစဉ်တွေကိုယနေ့ ( သြဂုတ်လ ၁၉ ) ညနေ ၆ နာရီက စတင်ကာ ပြန်လည်ထုတ်လွှင့် တော့မည်လို့ အဆိုပါ FM ရဲ့ အထွေထွေ မန်နေဂျာကိုသန်းထွေးဇော် ကဘီဘီစီကို ပြောပါတယ်။

တစ်ဦးတစ်ယောက်အတွက်သို့ မဟုတ်ပါတီအဖွဲ အစည်းတစ်ခုအတွက် ဦးတည်ပြီးမဲဆွယ်ခြင်း မပြုလုပ်ရ အချက် အပါ အ၀င် အချက် ၆ ချက်ကိုလိုက်နာမည်ဆိုပါ က ပြန်လည်ထုတ်လွှင်ခွင့်ပေးမည် ဟုသက် ဆိုင် ရာ ကအကြောင်းကြားလာသည်ကို ချယ်ရီ FM တာဝန်ရှိသူတွေက လက်ခံလိုက်တဲ့အတွက် ပြန်လည်ထုတ် လွှင့်ရတာလို့ ကိုသန်းထွေးဇော်က ဘီဘီစီကိုပြောပါတယ်။

သူရဦးရွှေမန်းကိုပြည်ခိုင်ဖြိုးပါတီဥက္ကဌ ရာထူးက ဖယ်ရှားပြီးနောက်တစ်နေ့ မှာပဲသူချွေးမိုင် ချယ်ရီ FM အား မိမိဆန္ဒဖြင့် ၃ လရပ်နားကြောင်းစာ တင်ရန်ညွှန်ကြားပြီးခဲ့ပြီးထို့ နေကစ ချယ်ရီ FM ထုတ်လွှင့်ခြင်းတွေကို ရပ်နားခဲ့တာဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


  ဩဂတ်စ် ၁၉ ရက် ၂၀၁၅

 သျှမ်းပြည် မြောက်ပိုင်း မူစယ် နှင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တို့ရှိ ကမ္ဘောဇ ဘဏ်၌ ဒေသခံများ ငွေ အလုအယက် ထုတ်ယူမှုကြောင့် ဘဏ်အတွင်း ငွေစက္ကူ ကုန်လုနီးပါး ဖြစ်သွားကြောင်း ဘဏ်အရာရှိအသိုင်းအဝိုင်းက ပြောသည်။

၂၀၁၅ ဩဂတ်စ် ၁၈ ရက် နှင့် ၁၉ ရက်တွင် ကမ္ဘောဇဘဏ် ပိတ်သိမ်းခံရမည် ဟူသည့် တဆင့်စကားများကြောင့် ကမ္ဘောဇဘဏ်တွင် ငွေအပ်နှံထားသည့် ဒေသခံများ ၊ ငွေရှင်ကြေးရှင်များက ငွေ အလုအယက်သွားရောက် ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း ၊ လက်ရှိတွင် တထောင်ကျပ်တန် နှင့် နှစ်ရာကျပ်တန် ငွေစက္ကူများသာ ကျန်ရှိကြောင်း တာချီလိတ်မြို့ ငွေစာရင်း ဝန်ထမ်းတဦးက ပြောသည်။

“အခု ကျနော် ငွေသွားထုတ်တာ တထောင်တန်တွေကြီးဘဲ ရလာတယ်။ မရှိမဲ့ ရှိမဲ့ စုစောင်း ထားတဲ့ဟာလေး ပါသွားမှာစိုးလို့ သွားထုတ်လိုက်တာ။ ဒါတောင် အားလုံးမရဘူး။” - တာချီလိတ်မြို့သား စိုင်းတွီ ကပြောသည်။

မူစယ်မြို့တွင်လည်း ဒေသခံများ ငွေအလု အယက် သွားထုတ်နေကြောင်း ဆိုပါသည်။

“ဘာမှမဟုတ်ဘူး။ ဘယ်သူက စဖွလိုက်လဲ မသိဘူး။ ဘဏ်ပြိုမယ်။ ပိတ်သိမ်းခြင်း ခံရမယ်ဆိုတာ။ ဘာမှ မဟုတ်ဘူး။ အထက်ကလဲ အမိန့်စာ ညွှန်ကြားလာတယ်။ ဒါက ကောလာဟာလ သတင်းဘဲ။ စိတ်ချမ်းချမ်းသာသာနဲ့ စိတ်ချလက်ချ ရှိစေလိုတယ်လို့ဘဲ ပြောလိုပါတယ်” - ဟု ကမ္ဘောဇဘဏ်အရာရှိ တဦးဖြစ်သည့် ဆရာမ နန်းမို ကပြောသည်။

စစ်အစိုးရခေတ်က လူထုအားအကြောင်း ကြားခြင်းမရှိဘဲ ပုဂ္ဂလိကဘဏ် အများအပြား ပိတ်သိမ်းခြင်းခံရဖူး ပါသည်။

သို့သော်လက်ရှိ ဦးသိန်းစိန် အစိုးရ၏ ၄-၅ နှစ်သက်တမ်းတွင်မူ ဘဏ်များ ပိတ်သိမ်းခြင်း မရှိခဲ့ပေ။ သို့သော် စီးပွားရေး မတည်ငြိမ်မှုများကြောင့် ဘဏ်များပိတ်သိမ်းမည်ဆိုသည့် သတင်းများ မကြာခဏ ထွက်ပေါ်လာလေ့ရှိသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


    နေပြည်တော်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

    အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ရပ်နားပေးရန် တင်သွင်းလာသည့် အရေးကြီး အဆိုကို ထောက်ခံမဲများသဖြင့် ယနေ့မှစ၍ အစည်းအဝေး ရပ်နားလိုက်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပြောကြားလိုက်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်မှ ဦးကြည်ထွန်း တင်သွင်း လာသည့် အမျိုးသား လွှတ်တော်( ၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ရပ်နားပေးရန် အရေးကြီး အဆိုကို ယနေ့ မဲခွဲ ဆုံးဖြတ်ခဲ့ရာ စုစုပေါင်း မဲပေးခွင့်ရှိသည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၇၉ ဦးရှိအနက် ထောက်ခံမဲ ၁၂၈ မဲ၊ ကန့်ကွက်မဲ ၃၄ မဲ၊ ကြားနေမဲ ၁၄ မဲ ဖြင့် အဆိုကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

အမျိုးသား လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ယနေ့မှစ၍ ရပ်နားလိုက်ပြီ သော်လည်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ ဆက်လက် ကျင်းပမည်ဖြစ်၍ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ရမည် ဖြစ်ကြောင်း ဦးခင်အောင်မြင့် ကဆိုသည်။

ယနေ့မှ စတင် ရပ်နားခဲ့သော အမျိုးသား လွှတ်တော်ကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲပြီးမှ ပြန်လည် စတင်နိုင်ဖွယ်ရှိကြောင်း၊ ကိုယ်စားလှယ်လောင်းများ မဲဆွယ်ကာလ အတွက် ရွေးကောက်ပွဲ မတိုင်မီ ပြန်လည် စတင်ရန် အချိန် လုံလောက်မှု မရှိကြောင်း အမျိုးသား လွှတ်တော် ရပ်နားရန် အရေးကြီးအဆိုကို ကန့်ကွက် ဆွေးနွေးခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၃) မှ ဦးဖုန်းမြင့်အောင် ကပြောကြားသည်။

ပြည်သူ့လွှတ်တော်တွင် တင်သွင်းလာသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး ရပ်နားပေးရန် အဆိုနှင့် ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြည်သူ့ လွှတ်တော် အနေနှင့် ပြည်သူ ပြည်သားများ အကျိုးကို စောင့်ရှောက် ကာကွယ်သော ဥပဒေများစွာကို အတည်ပြုစရာ များစွာရှိခြင်း၊ တစ်ဦး တစ်ယောက်ထဲ လုပ်ဆောင်ခြင်းထက် လွှတ်တော်အားယူ၍ ရေဘေးသင့် ကိစ္စများ ဆောင်ရွက်ခြင်းက ပိုမို ကောင်းမွန်ခြင်းတို့ကြောင့် လွှတ်တော် အစည်းဝေးကို ရပ်နားသွားမည် မဟုတ်ဘဲ ရေဘေး ကူညီရန် သွားလိုသည့် ကိုယ်စားလှယ်များ အနေဖြင့် ခွင့်ယူပြီး သွားနိုင်ကြောင်း ယမန်နေ့က ပြန်လည် ဆွေးနွေးခဲ့ပြီး အဆိုပါ အရေးကြီး အဆိုကို ယနေ့တွင် လွှတ်တော်၌ မှတ်တမ်း တင်ခဲ့သည်။

 (Xinhua)
http://www.xinhuamyanmar.com


  ထိုင်းနိုင်ငံမှာ တနင်းလာနေ့တုန်းက လူသေဆုံးခဲ့ရတဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဘန်ကောက်မြို့လယ် ဧရာဝဏ် လေးမျှက်နှာနတ်ကွန်းကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

လူ ၂၀ ကျော် သေဆုံးခဲ့ရတဲ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဧရာဝဏ် လေးမျှက်နှာ နတ်ကွန်းမှာ ကျောပိုးအိတ်တစ်အိတ် ချသွားတဲ့ လူငယ်တစ်ဦးကို ထိုင်းရဲတွေက အပူတပြင်းလိုက်လံရှာဖွေနေပါတယ်။

ထိုင်းအစိုးရလက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ၀ီရာချွန်း စူကွန်တာပါတီပက်က စီစီတီဗွီပေါ်က မြင်ကွင်းတွေကို လေ့လာသုံးသပ်နေကြောင်း၊ အခုတွေ့ရတဲ့ မြင်ကွင်းတွေအရ အဲဒီလူဟာ ထိုင်းလူမျိုးတစ်ဦး မဟုတ်တာ တွေ့ရကြောင်း၊ အဲဒီလူ ဘယ်သူလဲ၊ ဒီဗုံးပေါက်ကွဲမှုနဲ့ အဲဒီလူ ဆက်စပ်နေသလား ဆိုတာကို ရဲက စုံစမ်းနေကြောင်း ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

စီစီတီဗွီပေါ်က မြင်ကွင်းတွေအရ အင်္ကျီအ၀ါရောင်ဝတ်ထားတဲ့ ဆံပင်အနက်နဲ့ အဲဒီလူဟာ နတ်ကွန်းဝင်းထဲကို ၀င်လာပြီး သူ့ရဲ့ ကျောပိုးအိတ်ကိုချပြီးနောက် ခပ်သုတ်သုတ် ပြန်ထွက်သွားတာကို တွေ့ခဲ့ရပါတယ်။

မနေ့တုန်းက ကမ္ဘာလှည့် ခရီးသွားတွေနဲ့ စည်ကားနေတဲ့ ဆိပ်ခံတံတားတစ်ခုနားမှာ ဖြစ်ပွားခဲ့တဲ့ ဒုတိယမြောက် ပေါက်ကွဲမှုဟာလည်း တနင်းလာနေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ ဆက်စပ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အဲဒီဆိပ်ခံတံတားနားက ရေပြင်ထဲကို ပေါက်ကွဲပစ္စည်းတစ်ခုနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အခုအခါ ဘန်ကောက်မြို့မှာ ရဲနဲ့စစ်တပ် စစ်ဆေးရေးဂိတ်တွေ ချထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 ပြီးခဲ့သော သြဂုတ်လ(၂)ရက်နေ့ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာတွင် အသက်(၁၃)နှစ်အရွယ် ကျောင်းသူတစ်ဦးကို ကျောက်ထုတ် ကုမ္မဏီမှ အလုပ်သမား တစ်ဦးက အတင်းအဓမ္မပြုကျင့် ခဲ့ခြင်းကြောင့် ကုမ္မဏီများက နှစ်နာကြေး သိန်း၄၀ ကျေးရွာကို ပေးလိုက်သည်ဟု သိရပါသည်။

၎င်းသိန်း(၄၀)သည် အတင်းအဓမ္မ ပြုကျင့်ခံရသူအတွက် နစ်နာကြေး သိန်း(၂၀) ၊ကျန် သိန်း(၂၀)ကို ရပ်ရွာကိုဆေးကြောခြင်းနှင့် ရွာရန်ပုံငွေအတွက်ဟုဆိုကာ ပေးခဲ့ကာ ၄င်းကိစ္စနှင့် ပတ်သက်ပြီး ကုမ္မဏီနှစ်ခုနှင့် ကုန်းသာကျေးရွာက သုံးကြိမ်တိုင်တိုင် နှစ်ဖက် ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းကျောက်ထုတ်သည့် နေရာတွင် ပြည်ကြီးငွေတောင်ကုမဏီနှင့် လင်းလက်ရွေတောင်ပံ ကုမ္မဏီနှစ်ခုမှ ကျောက်ထုတ်ခြင်းဖြစ်ပြီး အတင်းအဓမ္မပြုကျင့်သူ မျိုးနိုင်ဆိုသူသည် ပြည်ကြီးငွေတောင်ကုမ္မဏီတွင် အလုပ်လုပ်သည့်အတွက် ၄င်းကုမဏီသည် (၃၆)သိန်းပေးလျော်ပြီး လင်းလက်ရွေတောင်ပံကုမဏီက (၄)သိန်း ပေးခဲ့သည်ဟု သိရပါသည်။

“သိန်း(၂၀)က ကောင်မလေးအတွက်နစ်နာကြေးပေါ့၊ ကျန်(၂၀)က ရွာကိုပြန်လည် ဆေးကြောတဲ့အနေနဲ့လည်းပါတယ်. နောက်ပြီးတော့ ရန်ပုံငွေအတွက်ပေါ့။ နောက်ပြီးတော့ ဒီကုမဏီတွေကိုတော့ (၁၂)လပိုင်းအထိ ထုတ်ခွင့်ပေးထားတာပေါ့။ (၁၂)လပိုင်းကျော်ရင် ပြောင်းပေးဖို့ပေါ့နော်။ ဒီကြားထဲမှာအခုလို အလားတူပုံစံမျိုးမဖြစ်ရလေအောင် သူတို့ကလည်းထိန်းထိန်းနဲ့လုပ်ဖို့ ရွာရဲ့လုံခြုံမှုရှိအောင်သူတို့လည်း တာဝန်ယူပေးဖို့ပေါ့။” ဟု ကုန်းသာကျေးရွာမှ တာဝန်ရှိ ရပ်မိရပ်ဖ တစ်ဦးကပြောသည်။

အတင်းအဓမ္မပြုကျင့်ခဲ့သူမျိုးနိုင်ကိုလွိုင်ကော်မြို့မ ရဲစခန်း (ပ)၉၀/၂၀၁၅ ၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် သြဂုတ်လ (၄)ရက် နေ့ တွင် အသက်(၁၃)နှစ် ကျောင်းသူဖြစ်သူ၏ အဒေါ် ဒေါ်မောနိုကာ မှ တရားလိုပြုလုပ်ပြီးရဲအုပ် အောင်အောင်ဇော်ကအမှုစစ် အရေးယူထားကြောင်းသိရပါသည်။

၎င်းကျေးရွာ တွင် ထိုကဲ့သို့ အဖြစ်အပျက်မျိုးတကြိမ်တခါမှ ဖြစ်ပေါ်ခြင်းမရှိခဲ့ပဲ လတ်တလောက အဖြစ်အပျက်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရပါသည်။

ကုန်းသာကျေးရွာသည် ရပ်ကွက်(၄)ခုဖြင့် နေထိုင်ကြပြီး ကယန်း၊ ပအိုဝ့် နေထိုင်ကာလူဦးရေ (၃၀၀၀)နီးပါးရှိကြောင်း သိရသည်။

၎င်းကုမ္မဏီနှစ်ခုသည် ၂၀၁၂ ခုနှစ်တွင် အစိုးရခွင့်ပြုချက်ဖြင့် စတင်ဝင်လာပြီး လုပ်ငန်းခွင်ထောင်ရန် မြေ(၁)ခွဲ ယာပိုင်ရှင်များနှင့်သာ ညှိနှိုင်းမှုရှိတာကလွဲလို့ ကျေးရွာတရွာလုံးကို အသိပေးခြင်းလည်း မရှိခဲ့ကြောင်းသိရပါသည်။

Written by ဖြိုးဝေအောင်
ကန္တာရ၀တီတိုင်း(မ်)
http://www.ktimes.org


  ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ ဖြစ်သွားခဲ့တဲ့ ပေါက်ကွဲအမှုအနီးက ရိုက်ယူထားတဲ့ ဗွီဒီယို မှတ်တမ်းတွေထဲမှာပါတဲ့ မသင်္ကာသူတချို့ကို အာဏာပိုင်တွေက အင်္ဂါနေ့မှာ လိုက်လံရှာဖွေနေတယ်လို့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ၁၂၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ တိုင်းပြည်ကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့သူတွေ ရှိတယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။

တိုင်းပြည်ကို ဖျက်ဆီးဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေကြတဲ့အထဲ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်ဆောင်သူ၊ စီးပွားရေးနဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ပစ်မှတ်ထား လုပ်ဆောင်နေကြကြောင်း၊ အစိုးရအနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို တွေ့ရှိအောင် အစွမ်းကုန် ကြိုးစားဆောင်ရွက်ပြီး အမြန်ဆုံး အပြစ်ပေး အရေးယူနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရုပ်မြင်သံကြားကတဆင့် တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ၀န်ကြီးချုပ်က ထည့်သွင်း ပြောကြားသွားတာပါ။

တနင်္လာနေ့ညက ပေါက်ကွဲမှု မဖြစ်ခင်လေးမှာ Erawan ဟိန္ဒူဘာသာ ဘုရားရုပ်တု အနီးမှာရှိတဲ့ CCTV နဲ့ ရိုက်ယူထားတဲ့ ဗွီဒီယို မှတ်တမ်းအတွင်းက မသင်္ကာသူ လူပုဂ္ဂိုလ်တဦးကို လိုက်လံ ရှာဖွေနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ လူတဦးက အဲဒီ ဟိန္ဒူဘာသာ ဘုရားရုပ်တု အနီးမှာရှိတဲ့ ခုံတန်းလျားပေါ်ကို ကျောပိုးအိတ်ချသွားခဲ့တဲ့ ဗွီဒီယို မှတ်တမ်းကို အာဏာပိုင်တွေက အင်္ဂါနေ့မှာ ထုတ်လွှင့်ပြသခဲ့တာပါ။ အဲဒီလူ ကျောပိုးအိတ် ချသွားပြီး မကြာခင်မှာ ပေါက်ကွဲမှု ဖြစ်သွားခဲ့တာပါ။

အင်္ဂါနေ့တုန်းကလည်း ဘန်ကောက်မြို့က ကူးတို့ဆိပ်ကမ်း အနီးမှာ ပေါက်ကွဲမှုတခု ထပ်မံ ဖြစ်သွားခဲ့ပါတယ်။ ပေါက်ကွဲစေတဲ့ အရာကို တံတားပေါ်က ပစ်ချလိုက်တာမှာ ရေထဲကို မကျခင် ပေါက်ကွဲသွားပြီး ရေတွေ ဖြာထွက်သွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ အဲဒီလို ပေါက်ကွဲမှုတွေ ရက်ဆက် ဖြစ်ပေါ်နေတဲ့အတွက် ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ လုံခြုံရေးကို အထူးသတိထားကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com


 လွှတ်တော်ကနေ ဆုံးဖြတ်ပြဌာန်းဖို့ ရွေးကောက်ပွဲ ကော်မရှင်ဘက်က ထပ်မံတင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ် တာဝန် ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေမှာ မဲဆန္ဒရှင် ၁% က  ရွေးကောက်ခံ ကိုယ်စားလှယ်အပေါ် ကန့်ကွက်တိုင်ကြားလာရင် ကော်မရှင်အနေနဲ့ လက်ခံဆောင်ရွက်ဖို့ ဥပဒေအရ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ရှိနေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မနေ့က လွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် အစည်းအဝေး ပြန်လည် စတင်ကျင်းပခဲ့ရာမှာ ပြည်သူ့လွှတ်တော် ဥက္ကဌလည်းဖြစ်၊ ပြည်ထောင်စု နာယကလည်းဖြစ်တဲ့ သူရဦးရွှေမန်း ဆက်လက် တာဝန်ယူနေပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြဿနာဟာ လွှတ်တော်တွင်းနဲ့ သူရဲ့လုပ်ငန်းတာဝန်တွေကို ထိခိုက်စရာ အကြောင်းမရှိဘူးလို့ ပြောသွားပါတယ်။

ဒါပေမဲ့ လွှတ်တော်စည်းဝေးပွဲကာလ လူအများ စိတ်ဝင်စားနေတဲ့ ကိစ္စက လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ ရုပ်သိမ်းပေးဖို့ မဲဆန္ဒရှင် ၁% ကန့်ကွက်ခဲ့ရင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌအနေနဲ့ စုံစမ်းစစ်ဆေးပြီး ဆက်လက် ဆောင်ရွက်သွားနိုင်ဖို့ လွှတ်တော်မှာ ဥပဒေပြုပေးရေး တောင်းဆိုနေတဲ့ အချက် ဖြစ်ပါတယ်။

ဒါဟာ သူရဦးရွှေမန်းကို လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ ဖြုတ်ချပြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ်ကနေပါ ဖယ်ရှားနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အများက ယူဆနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့ သူ့အနေနဲ့ ဒီလိုမမြင်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

“အဲဒါကို ဦးရွှေမန်းကို ဖြုတ်ချဖို့ စိတ်ကူးတဲ့ ရည်ရွယ်ချက်နဲ့ ထင်တယ်လို့ တော်တော်များများ ပြောနေတာ မဟုတ်ပါဘူး။ ဒီဥပဒေကို တင်နေတာက စတုတ္ထအကြိမ်ပါ။ လေးကြိမ်ရှိပါပြီ။ ဥပဒေ တောင်းဆိုနေတာက။ အဲဒါဘာတုန်းဆိုတော့ လွတ်တော်အမတ် တယောက်ကို ရွေးကောက် တင်မြှောက်လိုက်တဲ့ သူ့မဲဆန္ဒရှင်တွေက ပြန်ပြီးတော့ ဖြုတ်သိမ်းနိုင်တဲ့ ရုပ်သိမ်းနိုင်တဲ့ လုပ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြဌာန်းထားတယ်။ အဲလိုပြဌာန်းထားတဲ့အထဲမှာ ကော်မရှင် ဥက္ကဌကို တင်ရမယ်။ မဲဆန္ဒရှင် အနည်းဆုံး ၁% လောက်က လက်မှတ်ရေးထိုးပြီးတော့ တင်ရမယ်။ အဲဒီလို တင်လိုက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတာက ကော်မရှင်ဥက္ကဌ ဦးတင်အေးက ဒီဟာကို စုံစမ်းပြီးတော့မှ ဒါဟာ အရေးမယူထိုက်ဘူးဆိုပြီးမှ လျှောက်လွှာကို ပယ်နိုင်တယ်။ တကယ်လို့ ဒါဟာမှန်တယ် အရေးယူထိုက်တယ်ဆိုရင် ဥပဒေနဲ့အညီ ဆက်လုပ်ရမယ်လို့ ရေးထားတယ်။ အဲတော့ ဥပဒေနဲ့အညီ ဆက်လုပ်ရမယ်လို့ ရေးထားတာက အဲဒါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရေးထားတာ။

ဒါကြောင့်မို့ ဒီကနေ့အထိ ဘယ်လိုဆက်လုပ်ရမလဲဆိုတဲ့ ဥပဒေက မရှိသေးဘူး။ အဲဒါကြောင့် ဦးတင်အေးက ဒီဥပဒေကို တင်နေတာ။ ဆိုလိုတာကတော့ အခုတော်တော်များများ သူ့ဆီမှာ လျှောက်လွှာတွေ ရှိပါတယ်။ ပြည်သူလူထုကနေ ၁% ကနေ လက်မှတ်ထိုးပြီးတော့မှ သူတို့အမတ်ကို မကြိုက်ဘူး ဖြုတ်ပေးပါဆိုပြီးတော့မှ တင်ထားတာတွေ ရှိတယ်။ အဲဒါတွေကို ဆက်လုပ်နိုင်ဖို့အတွက် ဦးတင်အေးက ဒီဥပဒေကို တင်နေတာ။ ဦးရွှေမန်းအတွက် တင်တာမဟုတ်ဘူး။ ဘာလို့ဆိုတော့ တင်တာ လေးကြိမ်ရှိပြီ။ ဦးရွှေမန်းအတွက်က တင်စရာမလိုဘူး။ ဦးရွှေမန်းကို ဖြုတ်ချင်ရင် ပြည်သူ့လွှတ်တော် ဥက္ကဌကို ဘယ်လိုဖြုတ်ရမယ်ဆိုတဲ့ ဥပဒေက ရှိပြီးသားဖြစ်တယ်။ အဲဒါကြောင့်မို့လို့ မဆိုင်ဘူးလို့ ကျနော်က ပြောတာပါ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ကတော့ မဲဆန္ဒရှင် ၁% က ကန့်ကွက်တိုင်ကြားတာကို လက်ခံပြီး အရေးယူ စိစစ်မယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ လက်မခံကြောင်း ပြောကြားခဲ့ပြီး ၁% အစား ၂၀% ကို ပြောင်းလဲပေးဖို့ အစောပိုင်းကတည်းက အဆိုပြုထားခဲ့ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တင်သွင်းထားတဲ့ လွှတ်တော် ကိုယ်စားလှယ် တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို NLD အနေနဲ့ လက်မခံကြောင်း ဒီနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအပြီး မှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ ပြု လုပ်ပြီး ပြောလိုက်ပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။ RFA MyanmarVideoChannel



ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်း နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှုတွေ ဖြစ်နေတဲ့အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ လုံခြုံရေး အထူးသတိထားကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီးက သတိပေး ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ထဲမှာ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေ တင်းကျပ်စွာ ချထားပြီး လုံခြုံရေး အထူးသတိထားရမယ့် နေရာတွေကိုလည်း ထိုင်းအစိုးရက ကြေညာထားတဲ့အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ သူတို့ရဲ့ လုံခြုံရေးကို အတော်လေးကို စိုးရိမ်နေကြတဲ့ အနေအထားဖြစ်ပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က စုစည်း တင်ပြပေးထားပါတယ်။

တနလာင်္နေ့ညပိုင်းက ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့ရဲ့ အချက်အခြာကျတဲ့ နိုင်ငံခြားသား ခရီးသွားတွေနဲ့ စည်ကားလှတဲ့ မြို့လယ်ခေါင်က ဧရာဝဏ် လေးမျက်နှာ ဟိန္ဒူဘုရားရုပ်တုဝင်းအနီးမှာ ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှုဖြစ်လို့ လူ အနည်းဆုံး ၂၀ သေဆုံးခဲ့ရသလို လူအများအပြားလည်း ဒဏ်ရာ အပြင်းအထန်ရခဲ့ကြတာပါ။ ဒီကနေ့ အင်္ဂါနေ့မှာလည်း ကျောက်ဖရားမြစ်အနီးမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပေမဲ့လို့ လူအသေအပျောက်တော့ မရှိခဲ့ပါဘူး။

အခုလို ဘန်ကောက်မြို့တော်တွင်း ဗုံးဆက်တိုက် ပေါက်ကွဲမှုတွေ ဖြစ်နေတဲ့အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ လုံခြုံရေး အထူးသတိထားကြဖို့နဲ့ အန္တရာယ်ရှိတဲ့ စိုးရိမ်ဖွယ် ပစ်မှတ်ထား ဆောင်ရွက်နိုင်ခြေ ရှိတယ်လို့ ထိုင်းအစိုးရက ကြေညာထားတဲ့ နေရာတွေကို ရှောင်ရှားသွားလာကြဖို့ ဘန်ကောက်မြို့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထူးသတိပေး ကြေညာလိုက်ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ မိမိတို့ရဲ့ လုံခြုံရေး အထူး သတိထားကြစေလိုပါတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံမှုးကြီး ဦးဝဏ္ဏဟန်က ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပါတယ်။

“မြန်မာအလုပ်သမားတွေရော၊ ဒီမှာလာရောက်နေကြတဲ့ လည်ပတ်တဲ့သူတွေရော၊ ဆေးလာကုတဲ့လူတွေရော အများကြီး ရှိတယ်လေ။ သူတို့ထိုင်းအစိုးရကလည်း သူတို့ သတ်မှတ်ထားတဲ့ နေရာ ၁၀ ခုရှိတယ်လေ။ အဲဒီနေရာလေးတွေကို အထူးသတိပြုပြီးတော့ ရှောင်ရှားကြဖို့ပေါ့နော်။ သူတို့ပစ်မှတ်ထားတာကလည်း လူစည်ကားတဲ့ Tourists တွေသွားတဲ့ နေရာတွေဆိုတော့ အဲဒီနေရာတွေကို သတိဝိရိယနဲ့ ဖြစ်နိုင်ရင်တော့ မသွားစေချင်ဘူးပေါ့။ အခုရက်ပိုင်းအတွင်းမှာတော့ မလိုရင် သိပ်ပြီးတော့ လူအများစည်ကားတဲ့ နေရာတွေကို မသွားစေချင်ဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အခြေအနေက ဘာမှမသိရဘူးလေ။ အခုပဲ နောက်ထပ်တလုံး ဗုံးတလုံးပေါက်တယ် ပြောတယ်လေ။ ကျနော်တို့ လက်လှမ်းမှီသလောက်တော့ အလုပ်သမား သံအရာရှိတို့ဘာတို့ ကျနော်တို့ ဒီမှာခန့်ထားတာ ရှိတယ်လေ။ အဲဒီတော့ သူတို့ကတဆင့်ရော၊ သက်ဆိုင်ရာ ဒီမှာရှိတဲ့ အလုပ်သမား NGOs တို့ ဘာတို့လည်း အကုန်လုံး ဖြန့်ဝေသတိပေး ထားပါတယ်။ အဓိကကတော့ ကိုယ့်မြန်မာနိုင်ငံသားတွေ ဘေးအန္တရာယ်ကင်းရှင်းဖို့ အဓိကပါပဲ။ ကျနော်တို့ အခုသိသလောက်ကတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေလည်း တယောက်မှ ထိခိုက်နစ်နာမှု မရှိပါဘူးခင်ဗျ။”

ထိုင်းနိုင်ငံမှာရှိတဲ့ ဗွီအိုအေရဲ့ ဗွီဒီယိုသတင်းထောက် ကိုဇင်လတ်ကလည်း ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု အခြေအနေ မနေ့ညက ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု နောက်ဆက်တွဲ အနေအထားတွေကို အခုလို ရှင်းပြပါတယ်။

“အခုနောက်ထပ် ကျောက်ဖရားမြစ်နားမှာ ပေါက်တဲ့အလုံးက နေ့လည် တနာရီလောက်က ပေါက်သွားတာပေါ့နော်။ ဗုံးကတော့ အသေးပဲ၊ ဒါပေမဲ့ ရေထဲကို ပစ်ချလိုက်တာပေါ့။ သက်သက်လန့်အောင်လုပ်တဲ့ ပုံစံမျိုး၊ ဗုံးမျိုးပေါ့နော်။ လူအသေအပျောက်တော့ မရှိဘူး။ ထိခိုက်ဒဏ်ရာ ရတဲ့လူလည်း မရှိဘူး။ သင်္ဘောဆိပ်ပေါ့နော် Sathon လှေဆိပ်မှာပေါက်တာ။ ဒီနေရာက Tourists တွေ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ အလာများတဲ့ နေရာတခုပဲ။ အဲဒီနေရာက။ အခုလောလောဆယ်တော့ လက်ရှိ ဘန်ကောက်မှာ ဒေသခံတွေရော၊ ခရီးသွားဧည့်သည်တွေရောက နည်းနည်းလန့်နေတာပေါ့နော်။ ဒီလိုဗုံးမျိုး နောက်ထပ် ထပ်ပေါက်ဦးမလား ဆိုပြီးတော့။ ပြီးတော့ အစိုးရကလည်း နောက်ထပ် ဖြစ်နိုင်မယ့်၊ ဗုံးပေါက်နိုင်မယ့် လူစည်ကားရာ အရပ်ပေါ့နော် သတိထားဖို့ ထုတ်ပြန်ထားတာရှိတယ်။”

ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayuth Chan-ocha ကလည်း ဒီဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ရုပ်မြင်သံကြားကတဆင့် ဒီကနေ့ နိုင်ငံကို မိန့်ခွန်းပြောကြားခဲ့ပြီး အခုလက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်းက လုံခြုံရေး တင်းကျပ်စွာချထားတဲ့ အခြေအနေကို ရှင်းပြခဲ့ပြီး အခုဆိုရင် မသင်္ကာသူလို့ ယူဆရသူတွေကို မြေလှန်ရှာဖွေနေတဲ့အကြောင်း ကိုဇင်လတ်က အခုလို ပြောပါတယ်။

“ခုနကပဲ ထိုင်းဝန်ကြီးချုပ်ကနေပြီးတော့ တီဗွီကနေ ကြေညာတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရဲအင်အား ၅ ထောင်ကျော်အထိ၊ စစ်တပ်အင်အားလည်း ထောင်နဲ့ချီပြီးတော့ ဘန်ကောက်မြို့အတွက် လုံခြုံရေး ယူထားတယ်လို့တော့ ပြောထားတယ်။ အခုလောလောဆယ် မြို့လည်ခေါင် လူစည်ကားတဲ့ အရပ်မှာတော့ စစ်သားတွေလည်း တွေ့ရတယ်။ အရပ်ဝတ် လုံခြုံရေးတွေလည်း တွေ့ရတယ်။ ပြီးတော့ ရဲတွေလည်း တွေ့ရတယ်။ အခုလောလောဆယ် ထိုင်းမီဒီယာတွေကနေ CCTV ကနေရတဲ့ ဗွီဒီယိုတွေရော၊ ဓာတ်ပုံတွေရော ထုတ်ပြတယ်။ အဲဒီမှာတော့ နိုင်ငံခြားသားတယောက် ၄ မျက်နှာဘုရားဝန်းထဲကို ၀င်လာတယ်၊ ပြီးတော့ ကျောပိုးအိတ်ကို သူချသွားတယ်။ ပြီးတော့ ဖုန်းကိုနှိပ်ပြီး သူပြန်ထွက်သွားတယ်။ သူပြန်ထွက်သွားတဲ့ အချိန်မှာပဲ ဗုံးကပေါက်တာပေါ့နော်။ အဲဒီတော့ ဒီလူကတော့ ဖြစ်နိုင်တယ်၊ သံသယရှိတဲ့လူဆိုပြီးတော့ အဓိက အစိုးရကလည်း ထုတ်ပြန်ထားတယ်။ သူ့ကိုလည်း လိုက်ရှာနေတယ်ပြောတယ်။ ဘန်ကောက်မှာဖြစ်တဲ့ ဗုံးကွဲမှုထဲမှာ ဒါက အဆိုးရွားဆုံး ဗုံးကွဲမှု တခုလည်းဖြစ်တယ်။ အဲဒီတော့ ထိုင်းနိုင်ငံထဲက ခရီးသွားဧည့်သည် လုပ်ငန်းတွေကိုလည်း ထိခိုက်နိုင်တဲ့အတွက် လုံခြုံရေးကတော့ အဓိက နောက်ထပ်ဗုံးတွေ ထပ်မပေါက်အောင်၊ ဒီလိုအထိတ်တလန့်တွေ ထပ်မဖြစ်အောင် တော်တော်လေး စီမံနေကြတာ တွေ့ရတယ်ခင်ဗျ။”

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ အလုပ်သမားရေး လှုပ်ရှားသူ မသက်သက်ဦးကလည်း ဘန်ကောက်မြို့တော်တွင်း မြေပေါ်မြေအောက် ရထားလမ်းတွေမှာ သယ်ဆောင်လာတဲ့ ပစ္စည်းတွေ အိတ်တွေကို အထူးစစ်ဆေးနေသလို လူအများကလည်း လုံခြုံရေး စိုးရိမ်ရတဲ့အနေအထားဖြစ်လို့ အကုန်လုံးက အထိတ်ထိတ် အလန့်လန့်သွားလာနေကြတယ်လို့ ပြောပြပါတယ်။

“ရထားစီးတော့လည်း သူတို့ဂိတ်တွေမှာ အခုစစ်နေတယ်။ အိတ်တွေထဲပေါ့နော်။ မြေအောက်ရထားစီးတော့လည်း ဂိတ်တွေကိုစစ်တယ်။ ကျမတို့လည်း ကြောက်နေတယ်။ ဘယ်နားဖြစ်မယ်ဆိုတာ မသိဘူးလေ။ အဲဒီတော့ တထိတ်ထိတ်နဲ့ပေါ့နော်။ သူတို့ပြောထားတဲ့ နေရာတွေကို သွားနေရတာပေါ့နော်။ အလုပ်သမားတွေ၊ ခရီးသည်တွေက မသွားနဲ့ဆိုလည်း လုပ်ငန်းက ရှိတယ်ဆိုတော့ သွားကိုသွားရတယ်လေ၊ အဲဒီလိုဖြစ်နေတာ။”

ဘန်ကောက် ဗုံးပေါက်ကွဲမှု သတင်းထွက်ပေါ်လာပြီးတဲ့နောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ထိခိုက်နစ်နာခံရသူတွေ အားလုံးအတွက် အလွန်ကို စိတ်ထိခိုက်ရပါကြောင်း ပြောကြားခဲ့ပါတယ်။ ဘန်ကောက်မြို့ အခြေစိုက် အမေရိကန်သံရုံးကလည်း အမေရိကန်နိုင်ငံသားတွေအနေနဲ့ အခင်းဖြစ်ပွားတဲ့နေရာကို မသွားကြဖို့နဲ့ ဒေသခံ မီဒီယာတွေထံကနေ သတင်းတွေကို စောင့်ကြည့် နားထောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း အပြစ်မဲ့ ပြည်သူတွေ သေဆုံးခဲ့ရတာ သိရတဲ့အတွက် ထိတ်လန့် တုန်လှုပ်မှုဖြစ်ရကြောင်းနဲ့ ထိခိုက်သူတွေ၊ ထိုင်းပြည်သူတွေနဲ့ ထိုင်းအစိုးရကို ဝမ်းနည်းကြောင်း ပြောဆိုလိုက်တယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မဆုမွန်/VOA
http://burmese.voanews.com/content/bangkok-bomb-blast/2922311.html

shwemann-620.jpg
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို တွေ့ရစဉ်
Photo: RFA
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မိမိအား လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ ရုပ်သိမ်းပေးဖို့ တိုင်တန်းထားတာရှိကြောင်း၊ လာမယ့် သြဂုတ်လ ၂၀ ရက် နေ့နောက်ဆုံးထားပြီး လွှတ်တော်ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြန်လည် တင်ပြဖို့ ဒီကနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စား လှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပြဌာန်းပေး ဖို့ ပြည်ထောင်စုလွှတ်တော်နယကထံ သ၀ဏ်လွှာပေးဖို့ထားတာ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်မှာ အခုလို တိုက်တွန်းပြောဆို ခဲ့တာဖြစ်ပါတယ်။

"လက်ရှိအခြေအနေမှာ ကျနော် ပြည်ထောင်စုလွှတ်တော်နာယက တာဝန် အလှည့်ကျ ထမ်းဆောင်နေတဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဌကိုပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပြဌာန်းချက်ကို အသုံးပြုပြီးတိုင်တန်းထားကြောင်း သိရှိရပါတယ်၊ ဒါကြောင့်ဒီအစည်းအဝေးအပြီးမှာ ဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့ လွှတ်တော် အတွင်းရှိ နိုင်ငံရေးပါတီ အသီးသီး က တွေ့ဆုံဆွေးနွေးပါ၊ ဆွေးနွေးညှိနှိုင်းမှုက ရရှိတဲ့အခြေအနေကို ဥပဒေပြဌာန်းနိုင်ရေး အတွက်သာ စိစစ်လေ့လာ သည့် ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့အစီရင်ခံစာကို ၂၀ ရက် ၈ လ ၂၀၁၅ ကြာသပတေးနေ့ထက်နောက်မကျစေ ဘဲ လွှတ်တော်သို့ ထပ်မံတင်သွင်းပြီး ကျင်းပဆဲ လွှတ်တော်အစည်းအဝေးမှာ ဒီဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးပြောကြား လိုပါတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆ ( ခ ) မှာ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် မဲဆန္ဒရှင်ပြည်သူ တစ်ရာခိုင်နှုန်း က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းလိုကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံ တိုင်တန်းနိုင်တယ်လို့ ပြဌာန်းပါရှိပါတယ်။

ဒါပေမယ့်လက်ရှိမှာ ဥပဒေမပြဌာန်းနိုင်သေးတဲ့အတွက် တိုင်တန်းထားတာတွေကို အရေးယူနိုင်ခြင်း မရှိပါဘူး။

လက်ရှိဥပဒေကြမ်းမှာ ကိုယ်စားလှယ်တစ်ဦးကို ၁% မဲဆန္ဒရှင်တွေရဲ့ သဘောထားနဲ့ ဖြုတ်ချနိုင်တယ်လို့ ပါနေတဲ့ အတွက်လွှတ်တော်ကိုယ်စားလှယ်တွေကို အလွယ်တကူ ဖြုတ်ချခွင့်ပေးထားသလို ဖြစ်နေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ပါတီက အဲဒီဥပဒေကြမ်းကို လက်မခံကြောင်းပြောထားပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ဖြုတ်ချပေးဖို့ တိုင်တန်းခံထားရသူ တွေထဲမှာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်တချို့လည်းပါနေတယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/thura-ushwemann-representative-remove-08182015070326.html

ချယ်ရီ FM အသံလွှင့်ဌာနဟာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွေမန်းရဲ့ သားဖြစ်သူ ဦးတိုးနိုင်မန်းရဲ့ ဇနီး ပိုင်ဆိုင်တာဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ အကြောင်းအရာတွေ ထုတ်လွင့်မှာ စိုးရိမ်တာကြောင့် ညှိနှိုင်းနေတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ အဲ့ဒီအချက် ၂ ချက်ကို သဘောတူဖို့ ဒါမှမဟုတ်ရင် ချယ်ရီ FM ကို ၃ လ ရပ်ဆိုင်းထားဖို့ တာဝန်ရှိသူတွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာ ခေါ်ယူတွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ ပြောပါတယ်။ ချယ်ရီ FM ရေဒီယိုအနေနဲ့ အသံလွှင့်တာ တွေ ဆက်လက်ဆောင်ရွက်နေပေမယ့် လက်ရှိမှာ အသံလွှင့်ရာမှာ အသံမကြည်တာတွေ လိုင်းဖမ်းမရတာ တွေ ရှိနေတယ်လို့ သိရပါတယ်။

RFA
Minister U Ye Htut meets reporters on Cherry FM

မလိုလားအပ်တာတွေ ထုတ်လွင့်မှာစိုးရိမ်တာကြောင့် ချယ်ရီ FM ကိုရပ်ဆိုင်းကြောင်း ဦးရဲထွဋ်ပြော~~~~~ချယ်ရီ FM အသံလွှင့်ဌာနဟာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွေမန်းရဲ့ သားဖြစ်သူ ဦးတိုးနိုင်မန်းရဲ့ ဇနီး ပိုင်ဆိုင်တာဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ အကြောင်းအရာတွေ ထုတ်လွင့်မှာ စိုးရိမ်တာကြောင့် ညှိနှိုင်းနေတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ အဲ့ဒီအချက် ၂ ချက်ကို သဘောတူဖို့ ဒါမှမဟုတ်ရင် ချယ်ရီ FM ကို ၃ လ ရပ်ဆိုင်းထားဖို့ တာဝန်ရှိသူတွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာ ခေါ်ယူတွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ ပြောပါတယ်။ ချယ်ရီ FM ရေဒီယိုအနေနဲ့ အသံလွှင့်တာ တွေ ဆက်လက်ဆောင်ရွက်နေပေမယ့် လက်ရှိမှာ အသံလွှင့်ရာမှာ အသံမကြည်တာတွေ လိုင်းဖမ်းမရတာ တွေ ရှိနေတယ်လို့ သိရပါတယ်။

Posted by RFA Burmese TV Channel on Tuesday, August 18, 2015


Bangkok bomb
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စသွန် တံတားမှာ ဒီနေ့ သြဂုတ်လ ၁၈ ရက်နေ့ မွန်းလွှဲ ၁ နာရီ မိနစ် ၂၀ မှာ လက်ပစ်ဗုန်းပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

တံတားအနီး ကားရပ်နားနေရာတခုမှာ လက်ပစ်ဗုန်းကို တစုံတယောက်က ပစ်လိုက်တာဖြစ်ပြီး တံတားအောက် ရေထဲမှာ ပေါက်ကွဲသွားတာပါ။

အနီးပတ်ဝန်းကျင်မှာ လူတွေရှိပေမယ့် လူတိုက်ခိုက်သေဆုံးမှု၊ ပျက်စီးမှုတော့ မရှိခဲ့ပါဘူး။ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ စတောမ်တံတားနဲ့ စဖန်သက်ဆင် Saphan Taksin မြို့ပတ်ရထားဘူတာရုံကို သွားတဲ့လမ်းကို ရဲလုံခြုံရေးတွေက
ပိတ်လိုက်ပါတယ်။ စသွန်တံတားဟာ ကျောက်ဖရားမြစ်တွင်းသွား စက်လှေဆိပ်ဖြစ်ပြီး တရုတ်နိုင်ငံက ကမ္ဘာလှည့်ခရီးသွားတွေ အများအပြားသွားရောက်တဲ့ နေရာတခုဖြစ်ပါတယ်။

တံတားဟာ ကျောက်ဖရားမြစ်တွင်းသွား စက်လှေတွေရဲ့ လှေဆိပ်ဖြစ်ပြီး တရုတ်ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်းကားတဲ့နေရာတခု ဖြစ်ပါတယ်။

ရုပ်သံ – ဘန်ကောက်ပို့စ်



DVB
http://burmese.dvb.no/archives/108171


အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်စဉ် ရိုက်နှက်ဖမ်းဆီး တရားစွဲခံကြရတဲ့ ကျောင်းသား တွေနဲ့ ၀န်းရံပြည်သူတွေကို ပဲခူးတိုင်း သာယာဝတီမြို့နယ်တရားရုံးမှာ ဒီနေ့ထပ်မံ ရုံးထုတ် စစ်ဆေးပါတယ်။

ဒီကနေ့ ရုံးထုတ်မှာ ရဲမှူးဘုန်းမြင့်ကို စစ်ဆေးရာမှာ လက်ရှိကျောင်းသားတွေကို စွဲဆိုထားတဲ့အမှု ဟာ တရားမ၀င်ဘဲ မူလကနေ ပျက်ပြယ်တဲ့နေတဲ့ တရားစွဲဆိုမှုတရပ်ဖြစ်ကြောင်း ကျောင်းသားတွေရဲ့ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

“ဒီကနေ့ တရားလို ရဲမှူး ဦးဘုန်းမြင့်ကို မေးတဲ့အခါကျတော့ သူတို့သည် ပင်မသပိတ်ကို ဖြိုခွင်း ခြင်းသည် ဥပဒေနဲ့မညီဘူး။ ဘာလို့မညီလဲဆိုတဲ့အခါကျတော့ လက်ပံတန်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟရဲ့ အမိန့်စာအရ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၂၇၊ ၁၂၈ အရ အမိန့်ပေးလို့ သူက ဖြိုခွင်းခြင်းဖြစ်တယ်လို့ ပြောတယ်။ အဲတော့ အဲဒီအမိန့်သည် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟထံမှာ အပ်နှင်းထားတဲ့ အာဏာမရှိဘူး။ ဒု-ရဲအုပ်အဆင့်နဲ့ တရားသူကြီးအဆင့်ကိုသာ အပ်နှင်း ထားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကို အပ်နှင်းထားခြင်း မရှိဘူး။ အဲတော့ အပ်နှင်းထားခြင်း မရှိတဲ့အာဏာကို အသုံးပြုပြီးတော့ အမိန့်ထုတ်ခြင်းသည် မူလကပင် ပျက်ပြယ်နေတဲ့ အမိန့်ဖြစ်တယ်။”
ဒါ့အပြင် ကလေးသူငယ်ကို လူကြီးတွေက ဖမ်းဆီးပြီး တရားစွဲဆိုတာဟာလည်း ကလေးသူငယ် ဥပဒေဖောက်ဖျက်တာဖြစ်တဲ့အတွက် ဒါဟာ ပြစ်မှုမြောက်တဲ့အချက်ဖြစ်တယ်လို့လည်း ဦးလှမျိုးမြင့်က ပြောပါတယ်။

“ဒီဟာနဲ့ပတ်သက်ပြီးတော့ တရားစွဲဆိုမှုကလည်း ဥပဒေနဲ့မညီတဲ့အတွက်ကြောင် တရားစွဲဆိုမှု တရပ်လုံးက မူလကပင် ပျက်ပြယ်နေတယ်။ ဒါကြောင့် မူလကပင်ပျက်ပြယ်နေသောတရားစွဲဆိုမှု ဖြစ်တယ်ဆိုတာကျနော်လျှောက်လွှာတင်ခဲ့တယ်။ အဲတော့ တရားစီရင်ရေးအဖွဲ့ကနေ မြို့နယ် တရားသူကြီးကနေပြီး ခရိုင်တရားသူကြီးကိုတင်ပါ၊ ခရိုင်တရားသူကြီးကနေ တိုင်းဒေသကြီး ကိုတင်ပေးပါလို့ ပြောလို့ ကျနော်လျှောက်လွှာတင်ခဲ့ပါတယ်။”

ဒီလျှောက်လွှာနဲ့ပတ်သက်ပြီး လာမယ့်အပတ် ရုံးချိန်းမှာ လျှောက်လဲချက်ပေးရမှာဖြစ်ပြီး လျှောက်လဲချက်နောက်ပိုင်း အမိန့်ချမှတ်ရမှာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြရင်း အကြမ်းဖက်ဖမ်းဆီး တရားစွဲခံရသူ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၅၅ ဦး သာယာဝတီထောင်တွင်း ကျန်ရှိပြီး အချို့ဟာ ဖမ်းဆီးစဉ်က ရဲတွေက ရိုက်နှက်တဲ့ဒဏ်ကြောင့် အတွင်းဒဏ်ရာတွေ ရရှိနေကြပါတယ်။

ဒီကနေ့ ရုံးထုတ်မှာ သွားရောက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ရဲ့ဖခင် ဒေါက်တာနေ၀င်းက “ကျန်းမာရေးမကောင်းတာက သံလျှင်က ၀န်းရံပြည်သူ ကိုထင်လင်းအောင် တော်တော်မကောင်းဘူးဖြစ်ပြီးတော့ မူးပြီးချွေးစေးတွေပြန်နေတယ်။ ကျနော်တို့က သူ့ကို အပြင်မှာ ၀ိုင်းကြည့်နေတဲ့ အချိန်မှာ ရဲမှူးတယောက်က သူ့ကိုလာခေါ်ပြီး ဆေးရုံကားပေါ်မှာ သွေးပေါင်ချိန်တိုင်းတယ်။ သွေးပေါင်ချိန်တိုင်းတာ အပေါ်သွေး ၁၆၀ နဲ့ အောက်သွေး ၁၀၀ ဖြစ်နေတယ်။ ထောင်ထဲရောက်ရင်တော့ ကောင်းမကောင်း မသိဘူး။ အရိုက်ခံရတဲ့ ဒဏ်ရာတွေ ကလည်း ကိုက်ခဲတုန်းနာနေတုန်းပဲ”လို့ ပြောပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်ကြောင့် သာယာဝတီအကျဉ်းထောင်၊ အင်းစိန်နဲ့မြင်းခြံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံကျောင်းသားနဲ့ ၀န်းရံပြည်သူအပါအ၀င် ၁၀၀ နီးပါးလောက် အမှုရင်ဆိုင်နေရပါတယ်။

By နော်နိုရင်း/DVB
http://burmese.dvb.no/archives/108192


လွှတ်တော်ကိုယ်စားလှယ်များ တာဝန်က ရုတ်သိမ်းခြင်း ဥပဒေကြမ်းနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီက လက်မခံခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။


အတိုက်အခံပြည်သူ့ ပါတီကြီး သပိတ်မှောက်ပြီး ဝင်မပြိုင်ဖြစ်အောင် မမျှတတဲ့အခြေအနေတွေ ဖန်တီးခဲ့ယုံမက ကြိုတင်မဲ၊ ပယ်မဲဝယ်မဲ၊ မဲလိမ်မဲခိုး ညစ်နည်းအမျိုးမျိုးသုံးလို့ (၂၀၁၀) ရွေးကောက်ပွဲအလိမ်ကြီးကျင်းပ ဇွတ်အဓမ္မ တရားဝင်အစိုးရလုပ်လာခဲ့တဲ့ ဦးသိန်းစိန်တို့ရဲ့အစိုးရဟာ ခုဆို (၅ ) နှစ်သက်တမ်းပြည့်ဖို့ လပိုင်းဘဲ လိုပါတော့တယ်။
တကယ်တော့ (၅) နှစ်ဆိုတဲ့အချိန်ကာလဟာ တိုင်းပြည်တပြည်ကို ပြုပြင်ပြောင်းလဲဖို့ ရာ အခြေခံအုတ်မြစ်ချဖို့ အတွက် လုံလောက်တဲ့အချိန်ကာလဖြစ်ပါတယ်။ အပြောင်းအလဲလုပ်မယ်၊ ကောင်းမွန်သောအစိုးရလုပ်မယ်လို့ ကြွေးကြော်ခဲ့တော့ ထပ်ဖန်တလဲလဲအလိမ်ခံခဲ့ရပေမဲ့ ရိုးအတဲ့ မြန်မာပြည်သူအချို့ဟာ အစပိုင်းမှာ ဦးသိန်းစိန် အပေါ်ယုံစားမိ မျှော်လင့်မိခဲ့ကြပါသေးတယ်။
ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကို ယာယီရပ်တန့် ပေးတာရယ်၊ သတင်းမီဒီယာလွတ်လပ်ခွင့် တချို့ဖြေလျှော့ပေးလိုက်တာလိုက်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ကို ပြန်ပေးဆွဲထားရာက ပိုက်ဆံပိုရ အောင် မျှင်းပြီးနည်းနည်းခြင်းပြန်လွှတ်ပေးသလို ချွေလွှတ်တာကိုဘဲ ပြည်သူတွေမှာလေ ကျေးဇူးတွေတင်ကြရ၊ သမ္မတကြီးခြင်းမိုးမွှန်အောင် ချီးကျူးသြဘာပေးခဲ့ကြရှာတာပါ။
ဒါပေမဲ့ ဇာတိရုပ်ဆိုတာရေရှည် ဖုံးကွယ်ထားလို့ မရနိုင်သလို မျက်နှာဖုံးဆိုတာ အမြဲစွပ်မထားနိုင်ဘူးလေ။ ကြောင်ကြာကြာရေမငုပ်နိုင်ဘူးဆိုသလို ရေရျည်ဟန်ဆောင်ထားလို့ မရပါဘူး။ အချိန်ကြာလာတာနဲ့ အမျှ စစ်မှန်ပြီး အဓိကကျတဲ့ ပြောင်းလဲရေးတွေလုပ်ရမဲ့အစား စစ်အာဏာရှင်စနစ်ကို အသွင်သစ်နဲ့  အသက်သွင်း လိုတဲ့ ပြောင်းလဲရေးခြေလှမ်းတွေ ဗြောင်လုပ်ဆောင်လာခဲ့တာမဟုတ်လား။ အခု သက်တမ်းကုန်ဆုံးခါနီးမှာ ပိုပိုဆိုးလာခဲ့တာ လူတိုင်းအသိပါ။
အဆိုးတကာအဆိုးဆုံးက ဒီမိုကရေစီပညာရေးအတွက် တောင်းဆိုဆန္ဒပြခဲ့တဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဆွေးနွေးသဘောတူထားတာကို ဗြောင်ချိုးဖောက်ပြီး ကလိန်ကကျစ်နည်းတွေသုံး၊ သားသမီးချင်း ကိုယ်ချင်း မစာဘဲ လူမဆန်အောင်ရိုက်နှက်ဖမ်းဆီးထောင်ချထားတာ ငါးလကျော်သွားထက်ထိ လွှတ်ပေးမဲ့အရိပ် အယောင်မပြခဲ့ဘူး။ ဒါပေမဲ့

ရာဇ၀ါတ်သားလူဆိုးလူမိုက်တွေနဲ့ သစ်ခိုးထုတ်လို့  ထောင်ဒါဏ်တသက်တကျွန်း ကျနေတဲ့ တရုပ်လူမျိုးဘိန်းစားသူခိုးတွေတော့ (၈) ရက်ဘဲထားပြီး ပြန်လွှတ်ပေးခဲ့တာမဟုတ်လား။
စစ်အာဏာရှင်တွေ သွားခြင်တဲ့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီဆိုတာနဲ့ အဖိနှိပ်ခံပြည်သူတွေလိုခြင်တဲ့ ဒီမိုကရေစီဆိုတာ ပြဒါးတလမ်းသံတလမ်း အကျိုးစီးပွားလားရာလမ်းမတူကြပါဘူး။
စစ်အာဏာရှင်တွေ ဦးတည်နေတဲ့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီဆိုတာ သူတို့လည်းဗိုလ်နေမြဲကျားနေမြဲ ဥပဒေအထက်မှာနေ ၊ ကျူးလွန်ခဲ့တဲ့အမှားပေါင်းကုဋ္ဋေကုဋ္ဋာအတွက်လည်းတာဝန်ယူစရာမလို၊ ပူစရာလည်းမလို၊ ခိုးထားလုထားတဲ့ ပြည်သူ့ ဘဏ္ဍာတွေနဲ့အေးအေးလူလူ အဆီရစ်ဇိမ်ကျလို့ရအောင် ပုဒ်မ ၄၄၅ နဲ့ကာကွယ်ထားတဲ့အပြင် ဒီမိုကရေစီလမ်းခင်းသူတွေအဖြစ်ကျေးဇူးရှင်လို၊ သူခိုးကို ဘုရားအမှတ် ကိုးကွယ်ခံရအောင်စီမံထားတဲ့ ဒီမိုကရေစီမျိုးလေ။
အဖိနှိပ်ခံပြည်သူတွေလိုခြင်တဲ့ဒီမိုကရေစီဆိုတာ လူတိုင်းအတွက်ခွင့်တူညီမျှ တဲ့ဒီမိုကရေစီ၊ ပြည်နယ်ပြည်မ မခွဲခြားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုအာမခံတဲ့ဒီမိုကရေစီ၊ ဥပဒေအထက်မှာ စစ်တပ်အပါအဝင် ဘယ်သကောင့်သားကိုမှာ့ အခွင့်ထူးခံခွင့်မပေးတဲ့ဒီမိုကရေစီမျိုးပါ။

ကဲဒီတော့ စစ်ဘောင်းဘီချွတ် ဦးသိန်းစိန်တို့ အစိုးရဟာ ဒီ (၅) နှစ် အတော်အတွင်း ဘယ်လိုအပြောင်းအလဲ တွေ ဘယ်လောက်လုပ်ခဲ့သလဲဆိုတာ အောက်ပါပေတံတွေနဲ့ အကဲဖြတ်ကြည့်ကြရအောင်။
(၁) တရားဥပဒေစိုးမိုးရေးနှင့်အုပ်ချုပ်ပုံစနစ်မှန်ကန်ရေး
(၂) ပြည်တွင်းစစ်အဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေး
(၃) ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး
(၄) အမျိုးသားပြန်လည်သင့်မြတ်ရေး
(၅) အဂတိလိုက်စားမှု့တိုက်ဖျက်ရေး
(၆) လယ်ယာမြေသိမ်းပြဿနာဖြေရှင်းရေး
(၇) လုပ်ခပြဿနာနှင့်အလုပ်သမားအခွင့်အရေး
(၈) အခြေခံလူ့ အခွင့်အရေးနှင့်ဒီမိုကရေစီလွတ်လပ်ခွင့်အသိအမှတ်ပြုမှု့
(၉) သတင်းမီဒီယာလွတ်လပ်ခွင့် အသိအမှတ်ပြုမှု့
(၁၀) ပညာရေးဥပဒေပြင်ဆင်မှု့
(၁၁) စီးပွားရေးစီမံကိန်းများချမှတ်မှု့
(၁၂) နိုင်ငံတကာစံရည်စံညွှန်းဥပဒေ နည်းဥပဒေများပြဋ္ဌာန်းမှု့
(၁၃) နိုင်ငံတကာအဆင့်မှီ ငွေကြေးနဲ့ဘဏ္ဍာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု့
(၁၄) သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်မှု့

(၁) တရားဥပဒေစိုးမိုးရေးနှင့်အုပ်ချုပ်ပုံစနစ်မှန်ကန်ရေး
တရားဥပဒေစိုးမိုးရေးကို ဦးသိန်းစိန်တို့ အစိုးရ (၅) နှစ်အတွင်း ပီပီပြင်ပြင် ဘာမှမလုပ်နိုင်ခဲ့ဘူးဆိုတာ အာဏာပိုင်တွေရဲ့ တနိုင်ငံလုံးမှာ ဗွက်ထနေတဲ့ ဥပဒေမဲ့လုပ်ရပ်တွေက သက်သေခံနေပြီး သားပါ။ ဘယ်လိုလုပ်တရားဥပဒေစိုးမိုးအောင်လုပ်လို့ ရမလဲ … စစ်ဗိုလ်ချုပ်တွေက ဥပဒေအထက်နေနိုင်အောင် (၂၀၀ဂ) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ အာမခံပေးထားတာကိုး။ လွှတ်တော်ထဲက ၂၅%သောစစ်သားအမတ်တွေ ( တပ်မတော်သားကိုယ်စာလှယ် ၁၆၆ ယောက်) ဟာရွေးကောက်ခံစရာမလိုဘဲဝင်ထိုင်နေယုံတင်မက ဒီမိုကရေစီနည်းကျဖို့ ဖွဲ့ စည်းပုံပြင်ဆင်ရေးကိစ္စ၊ အဆိုပြုချက်မှန်သမျှကို ကန့် ကွက်မဲပေးပြီးတားဆီးနေတာဟာ တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးနှောက်ရှက်နေကြတာမဟုတ်လား။
စစ်တပ်က ပြည်သူနဲ့ ကင်းကွာပြီး အခွင့်ထူးခံနေတဲ့ အစဉ်လာဆိုးကြီးကိုပြောင်းလဲဖို့ ဦးသိန်းစိန်တို့ အစိုးရ ဘာတခုမှ မလုပ်ဆောင်ပေးတဲ့အပြင် အပြောင်းအလဲလုပ်ဖို့ ထောက်ပြတောင်းဆိုနေသူတွေကိုတောင် ဖမ်းဆီးချုပ်နှောင်ခဲ့တာမဟုတ်လား။ စစ်တပ်က မိဘပြည်သူအပေါ် ရာဇ၀ါတ်မှု့ကျူးလွန်ရင် အရပ်သားဥပဒေ နဲ့ ဆုံးမအပြစ်ပေးပိုင်ခွင့်မရှိ၊ စစ်ခုံရုံး၊စစ်ဥပဒေနဲ့ အရေးယူတဲ့အခါကြပြန်တော့ သမာသမတ်မရှိ ဘက်လိုက် ဆုံးဖြတ်နေတဲ့သာဓကတွေက ဦးသိန်းစိန်တို့ အစိုးရလက်ထက်မှာ အများကြီးဖြစ်ပေါ်ခဲ့တယ်လေ။ အောက်ခြေ စစ်သားအပြစ်တွေနဲ့ ၊ သူတို့ အာဏာမထိပါးတဲ့ကိစ္စတွေဆိုရင် အပြစ်ပေးပြမယ်၊ နိုင်ငံရေး ဒီမိုကရေစီရေးနဲ့  ပတ်သက်ပြီး လူသတ်မှု့၊ မဒိမ်းမှု့ စတဲ့ကျူးလွန်မှု့တွေဆိုရင် ဖုံးကွယ်တဲ့ဟာဖုံးကွယ်၊ ဖျောက်ဖျက်တဲ့ဟာ ဖျောက်ဖျကခဲ့ကြတယ်။် စစ်ဥပဒေ၊ အရပ်ဖက်ဥပဒေတွေကို သားရေကွင်းလို အလျှော့အတင်းလုပ် ပြည်သူကို စိတ်တိုင်းကြ နိုင်လိုမင်းထက်ပြုလာခဲ့ကြတာမဟုတ်လား။
(၂) ပြည်တွင်းစစ်အဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေး
သွေးဆာပြီး စစ်သွေးကြွနေတဲ့၊ စစ်နဲ့ လုပ်စားကြီးပွားနေတဲ့ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေကြောင့် အရှိန်တညီးညီးတောက်လောင်ခဲ့တဲ့ ပြည်တွင်းစစ်မီးတောက်ကြီးအောက်မှာ အပြစ်မဲ့တဲ့ အရပ်သားတိုင်းရင်းသား မိဘပြည်သူတွေဟာ မြေဇာပင်ဘ၀နဲ့ ဒုက္ခဆင်းရဲကြီးစွာ ငရဲခံနေရတာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပြီ။ ဦးသိန်းစိန်အစိုးရရဲ့သက်တမ်း(၅) နှစ်တာအတွင်းမှာလည်း အပစ်ရပ်ဆွေးနွေးပွဲတွေအကြိမ်ကြိမ်လုပ်၊ တဖက်ကလည်း စစ်ရေးချဲ့ထွင်မှု့တွေ ထိုးစစ်တွေခဏခဏဆင် အဲ့ဒါငြိမ်းချမ်းရေးလုပ်နေတယ်လို့ ခေါ်နိုင်မလား။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စအပါအ၀င် နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေးပွဲဝင်မဲ့သူတိုင်း ကျင့်သုံးစွဲကိုင်ရမဲ့ အခြေခံစိတ်ဓါတ်ကတော့ ရိုးသားမှု့၊ ကိုယ်ခြင်းစာနာမှု့ပြည့်ပြည်၀၀ဖို့ ပါ။ စစ်ဗိုလ်ချုပ်တွေ၊ စစ်ခေါင်းဆောင်တွေမှာ ငြိမ်းချမ်းရေးကို တကယ်ရဘို့ ဆန္ဒပြင်းထန်မှု့မရှိတာပါ။ သူတို့ မှာ ငြိမ်းချမ်းရေးရခြင်တဲ့ ဆန္ဒပြင်းပြလာအောင် လုပ်နိုင်တဲ့ လက်တွေ့ မကျတဲ့ နည်းလမ်းတခုရှိပါတယ်။ အဲ့ဒီနည်းလမ်းက အခုချိန်မှာ တိုင်းရင်းသားတွေ လက်ခံဖို့ အလွန်အန္တရာယ်ကြီးတဲ့ လက်နက်ဖြုတ်သိမ်းရေးပါဝင်သည့် DDR (Disarmament၊ Demobilization၊ Reintegration) ကိုကိုင်ဆွဲထားတဲ့ စစ်ဗိုလ်ချုပ်တွေ၊ စစ်ခေါင်းဆောင်တွေနဲ့ တကွ သူတို့ ရဲမိသားစုဝင်အားလုံးကို စစ်မီးတောက်လောင်နေတဲ့အရပ်ဒေသကိုပို့ လိုက်ပါ။ ပို့ တဲ့အခါမှာလည်း ဒေသခံစစ်ဘေးဒုက္ခသည်တွေလို လက်နက်မပါ၊ သတ်ဖြတ်မဒိမ်းကျင့်သူရှိလည်း အကာအကွယ်မဲ့၊ အစားအသောက်မဲ့ နေစရာမဲ့၊ ဆေးဝါးမဲ့ပို့ ပေးလိုက်ပါ။ ဒီနေ့ ပို့ လိုက်ရင် ဒီနေ့ ဘဲ သူတို့  အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးလက်မှတ် ချက်ခြင်းထိုးကြမှာပါ။ ဆိုလိုခြင်တာက လက်နက်မဲ့ပြည်သူတွေခံစားနေရတဲ့ စစ်ဘေးစစ်ဒါဏ်ကို သူတို့ ကိုယ်တိုင်မခံစား မနာကျင်ရတော့ ကိုယ်ခြင်းမစာနာတာပါ။ ပြည်ထောင်စုမပြိုကွဲအောင်တို့ အချုပ်အခြာအာဏာအထိပါးမခံဘူးတို့  ကိုယ့်နယ်မြေကို တလက္မတောင်အကျူးကျော်မခံဘူးဆိုတာတွေဟာ သူတို့ နဲ့ သူတို့ ရဲ့ မိသားစု အသိုင်းအ၀ိုင်းတွေ အခွင့်ထူုးခံစားခွင့်ရနေတာကို အခြေမပျက်စေခြင်တဲ့ ဘယာဂတိနဲ့ အတ္တလောဘကို ဖုံးကွယ်ထားတဲ့ မျိုးချစ်စိတ်အတု၊ တိုင်းပြည်ချစ်စိတ်အတုပါ။
(၃) ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး
စည်းကမ်းပြည့်ဝသောဒီမိုကရေစီ မျက်နှာဖုံးလေးစွပ်ထားတဲ့ စစ်အာဏာရှင်စနစ်ကို ကျားကန်ပေးထားတဲ့ (၂၀၀၈)ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့  ဦးသိန်းစိန်အစိုးရရဲ့သက်တမ်း(၅) နှစ်တာအတွင်းမှာ မယ်မယ်ရရ အနှစ်သားပါတဲ့ ပြုပြင်ပြောင်းလဲမှု့ ဘာတခုမှမလုပ်ခဲ့ပါဘူး။ ပိုဆိုးတာကပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နှင့် ပုဒ်မ ၄၃၆ (ခ) မှာပါတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်းများကို ပြင်ဆင်ခြင်းအဆိုကိုတောင် တပ်မတော်သားအမတ်တွေက ကန့် ကွက်ခဲ့တဲ့ သမိုင်းဝင်မှတ်တမ်းဆိုးကြီးပါ။ ခြိမ်းခြောက်ဟန့် တားမှု့အောက်မှာ ဆန္ဒသဘောထားကောက်ခံခဲ့တာတောင် ဖွဲ့ စည်းပုံပြင်ဆင်ရေးဆန္ဒမဲ (၅) သန်းရရှိခဲ့တဲ့ ပြည်သူ့ ဆန္ဒကို ပြောင်ပြောင်ကြီး ဆန့် ကျင်ပြခဲ့တာမဟုတ်လား။
(၄) အမျိုးသားပြန်လည်သင့်မြတ်ရေး
ဒေါ်အောင်ဆန်းစုကြည်ဟာ သူမအဖေတည်ထောင်ခဲ့တဲ့ စစ်တပ်နဲ့ပတ်သက်ရင် သံယောဇဉ်ကြီးလွန်းတော့ ပျော့ညံ့လွန်းတယ်လို့ သူမကို အနီးကပ်ထောက်ခံနေသူတွေကိုယ်တိုင် မှတ်ချက်ပြုရလောက်အောင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဦးသိန်းစိန်တို့စစ်တပိုင်းအစိုးရကို လေးပွင့်ဆိုင်တွေ့ ဆုံရေးနဲ့  ဆွေးနွေးအဖြေရှာဖို့ အကြိမ်ကြိမ်တောင်းဆိုတိုက်တွန်းခဲ့တာပါ။
အင်ဒိုနီးရှားအသွင်ကူးပြောင်းရေးမှာ လုပ်ခဲ့သလိုမျိုး စစ်တပ်ကို ဘားတိုက်ထဲ သိက္ခာရှိရှိပြန်သွားနိုင်ဖို့ ၊ လက်ရှိစစ်သားအမတ်(၂၅%) ကို သက်တမ်းတခုပြီးရင် တဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းသွားဖို့  ပြည်သူကတောင်းဆိုနေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို (၂၀၁၅) ရွေးကောက်ပွဲမတိုင်ခင်မှာ ပြင်ဆင်နိုင်သလောက်ပြင်ဆင်နိုင်ဖို့ အပေးအယူလုပ်ဆွေးနွေးနိုင်မယ်ဆိုရင် စစ်တပ်နဲ့ အပေါင်းအပါ (ခရိုနီ)တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်၊ သူတို့ရဲ့ မတရားသဖြင့်လုယူပိုင်ဆိုင်ထားမှုတွေကို လုံခြုံမှု တစုံတရာပေးမဲ့ သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်ညှိနှိုင်းဖို့ တိုက်တွန်းခဲ့ပုံရပါတယ်။
ဒါပေမဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ဒီကမ္ဘာမှာ သူတို့ကို အကောင်းဆုံးကာကွယ်ပေးနိုင်မဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျှော်အမြင်ကြီးစွာ ဖိတ်ခေါ်မှု့ကို ကျောခိုင်းပြီး ရလာတဲ့အခွင့်အရေးကို မိုက်မဲစွာလွှင့်ပြစ်ခဲ့ယုံမက၊ ပမာမခန့် နဲ့ အရည်မရ အဖတ်မရ (၁၂) ပွင့်ဆိုင် (၆ ) ပွင့်ဆိုင်တွေ့ ဆုံမှု့တွေ ခေါ်ယောင်ပြ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိုကျောခိုင်းခဲ့တယ်မဟုတ်လား။
အခြားအရေးကြီးပြုပြင်ပြောင်းလဲရမဲ့ လိုအပ်ချက် (၁၀) ချက် ဖြစ်တဲ့ အဂတိလိုက်စားမှု့တိုက်ဖျက်ရေး၊ လယ်ယာမြေသိမ်းပြဿနာ၊ လုပ်ခပြဿနာနှင့်အလုပ်သမားအခွင့်အရေး၊ ဒီမိုကရေစီလွတ်လပ်ခွင့်၊ သတင်း မီဒီယာလွတ်လပ်ခွင့် စတဲ့အပိုင်းတွေမှာလည်း ဘာတခုမှ မယ်မယ်ရရ ထိထိရောက်ရောက် မပြင်ဆင်ခဲ့ဘဲ ၊ အပေါ်ယံအကာလေးထုံးသုတ်သလို အယောင်ပြအလုပ်တွေနဲ့ အရေးမပါတဲ့အလုပ်တွေနဲ့ အချိန်ကုန်ခဲ့တာမဟုတ်လား။
ရူပဗေဒသဘောမှာတော့ အားဘယ်လောက်စိုက်ပြပြ အရွေ့ မရှိရင် အလုပ်မပြီးမြောက်ဖူးလို့ သတ်မှတ်သလိုဘဲ ဦးသိန်းစိန်တို့ ရဲ့ စစ်တပိုင်းအစိုးရဟာ (၅) နှစ်အတွင်းမှာ ဘာတွေလုပ်ပြခဲ့လုပ်ပြခဲ့ မိဘပြည်သူတွေလိုလားတဲ့ အပြောင်းအလဲအရွေ့ မရှိတာမို့ တိုင်းပြည်အကျိုး ရလာဒ်အဖြေကဇီးရိုးဘဲထွက်ပါတယ်။ ဒါပေမဲ့ သူတို့ အကျိုး၊ စစ်အာဏာရှင် အကျိုးဖက်ကတွက်ရင်တော့ ၁၀၀% ပြည့်နဲ့ ဂုဏ်ထူးထွက်တယ်လို့ ပြောရမှာဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ရော ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ တညီတညာထဲပြောနေတဲ့စကားက သူတို့ဟာ ပြည်သူကရွေးချယ်ထားတဲ့အစိုးရ၊ (၂၀၀၈) ဖွဲ့စည်းပုံဟာ ပြည်သူကအတည်ပြုထားတဲ့ ဖွဲ့စည်းပုံဆိုတာပါ။ ဒီနေရာမှာရှင်းအောင် ပြောခြင်တာက ပြည်သူဆိုတာမှာ နှစ်မျိုးခွဲခြားပြောဖို့လိုပါတယ်။ အဲ့ဒါကတော့
(၁) အဖိနှိပ်ခံပြည်သူအများစု နဲ့ (၂) အခွင့်ထူးခံပြည်သူအနည်းစု တို့ ပါဘဲ။
ဦးသိန်းစိန်တို့ပြောတဲ့ပြည်သူဆိုတာ၊ သူတို့ကိုထောက်ခံတဲ့ပြည်သူဆိုတာ အခွင့်ထူးခံခွင့်ရ၊ အနေချောင် အစားချောင်လို့ အပြောင်းအလဲမလိုလားတဲ့ အချောင်သမားပြည်သူလူနည်းစုပါ။ အဲ့ဒီအချက်ကို မြန်မာသိ၊ ကမ္ဘာသိ အတည်ပြု သက်သေပြပေးမှာက လာမဲ့ နိုဝင်ဘာလမှာကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲကြီးပါဘဲ။
အဖိနှိပ်ခံဆင်းရဲသား၊ လယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသားမိဘပြည်သူအများစုကြီးကတော့ (၂၀၁၂) ခုနှစ်မှာ ပြုပြင်ပြောင်းလဲမှု့လေးတချို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းပေါ်ဦးသိန်းစိန်တို့ စစ်အာဏာရှင်တွေ နှောင်တရလါပြီအမှတ်နဲ့ လက်ကမ်းပေးခဲ့ဘူးပါတယ်။ နောက်ဆုံးတော့ ကျောက်လုံးက ကျောက်လုံးပါဘဲ။ မြန်မာစကားပုံတခုရှိပါတယ်။ ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုတာပါ။ တကယ် အမြီးမဖြောင့်ရင်၊ ကျားသစ်အကွက်မပျောက်ရင်တော့ ဂက်ဒေါက် လို့သာ မြန်မာပြည်သူတွေကိုယ်စား အမှာပါးလိုက်ပါရစေ။

(မင်းကောင်းချစ်)
သြဂုတ်လ ၁၃ ရက် ၂၀၁၅ ခုနှစ်

ဘန်ကောက် မြို့လယ်ခေါင်ဗုံးခွဲမှု မသင်္ကာသူ နိုင်ငံခြားသားတဦး စီစီတီဗွီကင်မရာမှာတွေ့ရှိခဲ့ပါတယ်၊အဆိုပါနိုင်ငံခြားသားတဦးသည် စီးလုံလမ်း
စာလာဒိုင်မှ တုတ်တုတ် ၃ ဘီးကားဖြင့် ထွက်လာကာ ရချပစုံလမ်းဆုံအကျော်မှာ ၊ တုတ်တုတ်ပြန်အမြန်ပြန်ကွေ့လာပြီး ဂရင်းဟိုင်းတက်အေရာဝန် ဟိုတယ်ရှေ့မှာရပ်ကာ အိတ်ကြီးတလုံးဖြင့်ဆွဲပြီး မျက်မှန်ဖြင့်တပ်ထားကာလေးမျက်နှာဘုရားအနားရှိ ကုလာထိုင်အောက်သို့ အိတ်ချထားကာဖုန်းနှိပ်
ကစားသည့်ပုံစံဖြင့် လမ်းလျှောက်ထွက်သွားပြီးနောက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားတာကို စီစီတီဗွီကင်မရာမှာ ကြည်လင်ပြတ်သားစွာ တွေ့ရှိရပါတယ်။

၎င်းဗုံးပေါက်ကွဲမှုကြောင့် လူပေါင်းမြောက်များစွာ ဒဏ်ရာရရှိခဲ့သလို သေဆုံးသူလည်းများပြားပါတယ်။ လက်ရှိမှာ စုံစမ်းထောက်လှန်းရေးရဲတပ်ဖွဲ့တွေ
အင်အားသုံး တာဝန်ခွဲဝေပြီး အဆိုပါဗုံးခွဲသူကို လိုက်လံဖမ်းဆီးမှုပြုလုပ်နေပါတယ်။ မကြာမီဖမ်းဆီးနိုင်တော့မယ်လို့ဆိုပါတယ်။

MTF Channel.


เผยคลิปตอนวางระเป๋าระเบิดวอนแจ้าเบาะแสဘန်ကောက်ဗုံးခွဲအကြမ်းဖက်သူ ဗွီဒီယို ခလစ်...........................ဤပုဂ္ဂိုလ်ကိုတွေ့ရှိပါက အရေးပေါ်ဖုံးနံပါတ် ၁၅၉၉ သို့ အကြောင်းကြားပေးရန်ရဲမှူးကြီး ပရ၀ွတ် ထာဝေါင်စီရိ က တောင်းဆိုထားပါတယ်။ ၂၄ နာရီအကြောင်းကြားနိုင်ပါတယ်။ လူအရမ်းစည်ကားသည့်နေရာ သူဗုံးခွဲခဲ့တာပါ။MTF Channel မှ အခြားသတင်းထူးနှင့် update သတင်းတွေကြည့်လိုပါကwww.facebook.com/mtftv ကိုနှိပ်ပြီး Like နှိပ်ပေးပါ
Posted by MTF Channel on Tuesday, August 18, 2015

အ​ဝါ​ရောင် ​တီ​ရှပ်​နဲ့ ​လူ​တစ်​ယောက် ​ကျော​ပိုး​အိတ်​ကို ​တ​မင် ​ချန်​ထား​ခဲ့​တာ​ကို ​တွေ့​ရ။ 
 ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့မှာ တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး ရဲက အလိုရှိ နေတဲ့ သံသယရှိသူ တစ်ဦးရဲ့ ဗီဒီယို ပုံရိပ် ထွက်ပေါ်လာပါတယ်။

စီစီတီဗီ ကင်မရာကနေ ရိုက်ထားတဲ့ ဗီဒီယိုထဲမှာ အဝါရောင် တီရှပ် ဝတ်ထားတဲ့ လူတစ်ယောက် ဧရာဝဏ် နတ်ကွန်းမှာ သူ့ရဲ့ ကျောပိုးအိတ်ကို တမင် ချန်ထားခဲ့တဲ့ ပုံတွေကို တွေ့ရပါတယ်။

အဲဒီလူ ထိုင်နေခဲ့တဲ့ နေရာကပဲ နောက်မိနစ် အနည်းငယ် အကြာမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဘန်ကောက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ဂျွန်နသန် ဟတ်ဒ်က ပြောပါတယ်။

တနင်္လာနေ့ည ဒေသစံတော်ချိန် ၇ နာရီလောက်မှာ ဗုံးကွဲခဲ့တာ ဖြစ်ပြီး နိုင်ငံခြားသား ၉ ဦး အပါအဝင် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ကာ လူ ၁၂၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။

ဒီကနေ့ အင်္ဂါနေ့မှာလည်း ဘန်ကောက်မြို့က ဆိပ်ခံတံတား တစ်ခုပေါ်ကို ပေါက်ကွဲပစ္စည်း တစ်ခုနဲ့ ပစ်ပေါက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

ထိုင်း ဝန်ကြီးချုပ် ပရာယု ကတော့ တနင်္လာနေ့ ဗုံးကွဲမှုဟာ ထိုင်းမှာ ဖြစ်ပွားခဲ့သမျှ အပြင်းထန်ဆုံး တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောခဲ့ပြီး ဗုံးခွဲတဲ့ လက်သည် တရားခံတွေကို ဖမ်းမိဖို့ ဘာမဆို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

အင်ဒိုနီးရှား လေယာဉ် ပျက်ကျ ပြီးနောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေကြစဉ် (ဆင်ဟွာ)
    ဂျာကာတာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ ပါပူအာဒေသ အော့စီဘီလ်မြို့ရှိ လေယာဉ် ပျက်ကျခဲ့သောနေရာ အနီးတွင် ကယ်ဆယ် ရေးသမားများက အဆိုပါ လေယာဉ်၏ Black Box အား သြဂုတ်လ ၁၈ ရက်နေ့တွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြား လိုက်သည်။

“ ဒေသ စံတော်ချိန် ၁း၄၀ နာရီမှာ ပျက်ကျခဲ့သော Trigana လေယာဉ်ရဲ့ Black Box ကို ရှာတွေ့ခဲ့ ပါတယ်” ဟု ပို့ဆောင်ရေး ဝန်ကြီးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ ဂျေအေ ဘရာတာ က တယ်လီဖုန်းမှ တဆင့် ဆင်ဟွာသို့ ဖြေကြားခဲ့သည်။

လေယာဉ်ပေါ် ပါ ခရီးသည် ၅၄ ဦးလုံး၏ ရုပ်အလောင်းများအားလည်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အဖွဲ့များက ယနေ့ ဒေသ စံတော်ချိန် ၁၁း၀၀ နာရီ အချိန်တွင် အော့စီဘီလ်မြို့ အနီး အော့ဘိတ် ခရိုင်၌ ရှာဖွေ တွေ့ရှိထားကြောင်း သတင်း ထုတ်ပြန်ထားပြီး လေယာဉ် အစိတ်အပိုင်းများ ကိုလည်း တနင်္ဂနွေနေ့ ကတည်းက တွေ့ရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

ရှာဖွေ တွေ့ရှိထားသော ရုပ်အလောင်းများအား ဟယ်လီကော်ပတာဖြင့် ဂျာယာပူရာမြို့၏ စန်တန်နီ လေဆိပ်သို့ ပြန်လည် ပို့ဆောင်မည် ဖြစ်ပြီး ဂျာယာပူရာမြို့ Bhayanggkara ဆေးရုံ သို့ ပို့ဆောင်ကာ သေဆုံးသူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်း စုံစမ်း ဖော်ထုတ် သွားမည် ဖြစ်သည်။

ATR-42 ခရီးသည်တင် လေယာဉ်သည် စတင် ပျံသန်း ထွက်ခွာပြီး တနင်္ဂနွေနေ့ ဒေသ စံတော်ချိန် နေ့လည် ၂း၅၅ နာရီတွင် ထိန်းချုပ်ရေး စခန်းနှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့ ပြီးနောက် လေယာဉ်သည် ပါပူအာဒေသရှိ Tangok တောင်အား တိုက်မိပြီးနောက် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဘရာတာ ကပြောသည်။

မတော်တဆမှုသည် အော့စီဘီလ် လေဆိပ်နှင့် ၁၅ ကီလိုမီတာမှ ၂၀ ကီလိုမီတာခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အချိန်တွင် အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီ (Basarnas) ၊ စစ်တပ်၊ ရဲ နှင့် စေတနာ့ ဝန်ထမ်း စုစုပေါင်း ၃၀၄ ဦးက ကယ်ဆယ်ရေးနှင့် အခြား ဆက်စပ် လုပ်ငန်းများ၌ ပါဝင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com

( ရေကြီးစဉ်က မသေဘဲ ကျန်နေခဲ့သော နွားများကို မြောက်ဦးမြို့နယ် သကြားကျေးရွာတွင်တွေ့ရစဉ်။ ထိုရွာတွင် ကျွဲနွား ၅၀ ခန့် ရေထဲမျောပါ သေဆုံးခဲ့သည်။ Photo by Narinjara)
ရန်ကုန်၊ သြဂုတ် ၁၈

ရခိုင်ပြည်နယ် အ၀န်း ရေကြီးစဉ်က ဘေးလွတ်ရာသို့ ထွက်ပြေး ပျောက်ဆုံးသွားသော ကျွဲနွားများကို မသမာသူများက ဖမ်းယူကာ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျော်လမ်းမှ တစ်ဆင့် မေယူတောင်ကို ဖြတ်ကာ တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ တင်ပို့နေကြသည်ဟု ဒေသခံများက သတင်းပေးပို့သည်။

“ သူတို့က ဘူးသီးတောင်မြို့နယ် ညောင်ချောင်းရွာကို စက်လှေတွေ၊ လှေတွေနဲ့ အဲဒီကျွဲနွားတွေကို သယ်ယူလာတယ်။ ကုန်းလမ်းကတဆင့် မောင်းယူလာတာလည်း ရှိတယ်။ အဲဒီကတဆင့် မေယူတောင်ကို ဖြတ်ကျော်ပြီး တစ်ဘက်နိုင်ငံကို တင်ပို့နေကြပါတယ်” ဟု အမည် မဖော်လိုသူ လယ်သမား တစ်ဦးက ပြောသည်။

ညောင်ချောင်းကျော်လမ်းမှ တဆင့် မေယူတောင်ကို ဖြတ်ကျော်ပြီး ကျွဲနွားများကို ယူဆောင်လျှင် မောင်တောမြို့နယ်တောင်ပိုင်း မြင်းလွှတ်ရွာနှင့် မော်ရ၀တီရွာသို့ ရောက်ပြီး ထိုဒေသမှ တဆင့် စက်လှေများဖြင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့နှင့် ရှင်မဖြူကျွန်းသို့ ပို့ဆောင်ကြသည်ဟု ဆိုသည်။

“ သက်ဆိုင်ရာ ဒေသအတွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေ ခွင့်ပြုချက်မရရင် ဘယ်သွားလို့ရမလဲ။ သူတို့နဲ့ ပေါင်းစားနေကြတာပါဘဲ။ ဒီဒေသမှာ တာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေအားလုံး ပါဝင် ပတ်သက်မှုရှိတယ်လို့ ပြောလိုပါတယ်။ အထက်အာဏာပိုင်တွေ အမြန်ဆုံး စစ်ဆေး အရေးယူစေလိုပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အတွင်း ရေကြီးစဉ်က မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များတွင် ကျွဲနွားများ သောင်းနှင့် ချီသေဆုံးခဲ့ကြပြီး အချို့ ကျွဲနွားမှာ ရေဘေးမှ လွတ်ရန် တောင်များသို့ ထွက်ပြေးသွားခဲ့သည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းကျေးရွာ တစ်ခုမှ လယ်သမား တစ်ဦးက “ ကျွန်တော်တို့ ဒေသမှာ ရေကြီးတဲ့ အခါ ကျွဲနွားတွေ အသေအပျောက်များတဲ့ အတွက် လယ်ယာလုပ်ငန်းအတွက် ကျွဲ၊ နွားတွေ အထူး လိုအပ်နေပါတယ်။ ဒါကြောင့် ပျောက်သွားတဲ့ ကျွဲ၊နွားဘဲ ဖြစ်ဖြစ် ၀ယ်ယူလာတဲ့ ကျွဲနွားဘဲ ဖြစ်ဖြစ်၊ ဘယ်ကျွဲ၊နွားတွေကိုမှ တစ်ဘက်နိုင်ငံကို ခုချိန်မှာ မတင်ပို့သင့်ဘူး။ ခုလို ကျွဲနွားတွေ တရားမ၀င် တစ်ဘက်နိုင်ငံ ဘင်္ဂလာကို တင်ပို့နေတာကို အခု အချိန်မှာ လုံးဝ ရပ်တန့်သင့်ပါတယ်” ဟု ပြောဆိုသည်။

တစ်ခြား ဒေသခံ တစ်ဦးကလည်း ကျွဲနွားများကို အဓိက တင်ပို့နေသော ဂိုဏ်များကို ဒေသအတွင်းက ဘင်္ဂလီလူမျိုးအချို့က ဦးဆောင်ပြီး ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့နယ် အတွင်းမှ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ငွေပေးကာ တစ်ဘက်နိုင်ငံသို့ ပို့ဆောင်နေကြခြင်း ဖြစ်ကြောင်း ပြောကြားသည်။

Arakan State
https://www.facebook.com/NarinjaraNews

ဓါတ်ပုံ- မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း
 သြဂတ်စ် ၁၈ ရက် ၂၀၁၅

 မိုင်းလားမဲဆန္ဒနယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ကော်မရှင်မှ ကိုယ်စားလှယ်လောင်း များစာရင်း တင်သွင်းခွင့် ပြုခဲ့သော်လည်း မိုင်းလား တာဝန်ရှိသူများက ရွေးကောက်ပွဲ ကျင်းပခွင့် မပြုနိုင်ဟုဆိုကာ ပယ်ချ ခဲ့ ကြောင်း သိရသည်။

ကျနော်တို့ပါတီ ကော်မရှင်က အဲဒီမှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုလို့ ကိုယ်စားလှယ် လောင်းစာရင်း သွားတင်တယ် ပြီးတော့ မိုင်းလားကို သွားတော့ သူတို့အဖွဲ့တာဝန်ရှိသူတွေက လက်ခံကျင်းပပေးမှာမဟုတ်ဘူး မိုင်းလား NDAA တာဝန်ရှိသူတွေက အကြောင်းပြန်ခဲ့တယ် - ဟု မိုင်းလားတွင်သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မှ ပါတီပြောခွင့်ရ ဦးစိုင်းလိတ်က ပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် အတွင်း ပါဝင်သည့် မိုင်းလားမြို့နယ် အားရွေးကောက်ပွဲ ကျင်းပရန် ရွေးကောက်ပွဲမဲဆန္ဒနယ်တခု အဖြစ် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည်။

သို့သော် မိုင်းလား ဒေသ အမည်ရ အထူးဒေသ ၄ သည် ရွေးကောက်ပါ ကျင်းပရန် အခြေ အနေ မပြည့်စုံကြောင်း၊ အခြေချ ရုံးစိုက် ဖွင့်လှစ်ထား သည့်ပါတီလည်းမရှိကြောင်း၊ စည်းလုံးညီညွတ်သောငြိမ်းချမ်းရေးပါတီ ကလည်း နိုင်ငံရေးပါတီ မဟုတ်ဘဲ တပ်ထုအားထိန်းကျောင်းသည့် ပါတီသာဖြစ်ကြောင်း … စသည့်အချက်များကြောင့် ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမပြည့်စုံသေးကြောင်း ဌာနချုပ် အရာရှိကြီးတဦးကပြောသည်။

ကျနော်တို့ဆီမှာ ဘာပါတီမှ မရှိဘူးလေ။ ဒါ့ကြောင့်ရွေးကောက်ပွဲ လုပ်ဖို့ လည်းမဖြစ်နိုင်ဘူး။ စစ်တပ်က ဖွဲ့စည်း ထားတဲ့ပါတီ ကလည်း ရွေးကောက် ပွဲအတွက် မဟုတ်ဘူးလေး။ ဒါ့ကြောင့်ဒီမှာက နိုင်ငံရေးပါတီတွေ မရှိ လို့ ရွေးကောက်ပွဲလဲ လုပ်မှာမဟုတ်ဘူး - ဥက္ကဌ ရုံးအရာရှိကြီး တဦးကပြော သည်။

SNLD ပါတီအနေဖြင့် မိုင်းလားတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါ ကပြည် သူ့လွှတ် တော် ၁ နေရာ ပြည်နယ် လွှတ်တော် ၂ နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့ပြီး သျှမ်းတိုင်းရင်းသား အများစုနေ ထိုင်သည့် မိုင်းလားဒေသတွင် ရွေးကောက်ပွဲလက်ခံ ကျင်းပခွင့်မပြုခဲ့သည့် မိုင်းလား NDAA အဖွဲ့အပေါ်တွင်နားမလည်နိုင် ကြောင်း ဦးစိုင်းလိတ်ကပြောသည်။

သျှမ်းပြည်နယ်အရှေ့ပိုင်းတွင်ရှိသည့် မိုင်းလားဒေသမှာ ၂၀၁၀ ခုနစ်က လည်း ရွေးကောက်ပွဲ လက်ခံကျင်း ပခဲ့ခြင်းမရှိသည့် ဒေသဖြစ်ပြီး အဆိုပါဒေ သအား ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက် လာသည့်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ဖြစ်သည့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်သျှမ်းပြည် အရှေ့ပိုင်း NDAA-ESS အမည်ရ မိုင်းလားတပ်ဖွဲ့က အုပ်ချုပ်ထိန်း ချုပ်ထားသည့်ဒေသဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းခံထားသည့် မိုင်းလားဒေသတွင် အစိုးရ မှမြို့နယ် အဖြစ် သတ်မှတ် ထားသည့် မိုင်းလားမြို့နယ် တမြို့နယ်သာ ရှိပြီး NDAA အဖွဲ့မှ သတ်မှတ်ချက်အရမူ မိုင်းလား ၊ ဆီလူး ၊ မိုင်းမ မြို့သုံးမြို့ ကို မြို့နယ်အဖြစ် သတ်မှတ်ထားသည်။

ဝ ၊ ကိုးကန့်တို့နှင့် မဟာမိတ်ဖြစ်သည့် မိုင်းလားဒေသတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော် လည်း တိုက်ပွဲ များပြင်းထန်စွာဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသတွင်မူ ရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် ပြင်ဆင် မှုများပြု လုပ် နေပြီး ကိုးကန့် MNDAA အဖွဲ့မှလည်း ရွေးကောက်ပွဲကျင်းပ နိုင်ရေး အတွက် တဘက်သတ်အပစ်ခတ်ရပ်စဲ မှုပြုလုပ်ထားသည်။

သျှမ်းသံတော်ဆင့် (စိုင်းထွန်းအောင်လွင်)
https://www.facebook.com/Panglong.burmese


 ပြည်ပခရီးသွားများ လည်ပတ်မှုများသည့် ဘန်ကောက်မြို့လယ်နေရာတွင် သြဂုတ် ၁၇ ညက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်-ဘန်ကောက် ဗီဇာမဲ့ အပန်းဖြေခရီးသွားရောက်မည့် မြန်မာ့ခရီးသည် အများအပြား ခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြကြောင်း ပြည်တွင်းပြည်ပ ခရီးသွားဝန်းဆောင်မှုလုပ်ငန်းများမှ သိရသည်။

“အဲဒီ ဗုံးပေါက်ကွဲမှုသတင်းကြောင့် ချက်ချင်းပဲ အပန်းဖြေသွားမဲ့ ခရီးသည်တွေက သူတို့ကြိုတင် ၀ယ်ထားတဲ့ လက်မှတ်တွေကို ဖျက်သိမ်းသွားတယ်။ တချို့ခရီးသည်တွေကလည်း စောင့်ကြည့်ဦးမယ်လို့ ပြောတယ်။ ဒါကိုလည်း ကျွန်မတို့ကုမ္ဗဏီက နားလည်ပါတယ်။ ကျွန်မတို့ ကုမ္ဗဏီအနေနဲ့လည်း စောင့်ကြည့်နေပါတယ်။ ခရီးသည်တွေအပေါ်မှာ လုံခြုံမှုကိုကြည့်ပြီး ကျွန်မတို့ကုမ္ဗဏီရဲ့ ခရီးစဉ်ကိုလည်း ဖျက်သိမ်းရင် ဖျက်သိမ်းမှာပါ။ အခု ဗုံးပေါက်သွားတဲ့နေရာကလည်း ခရီးသွားတွေ အများဆုံးလည်ပတ်တဲ့နေရာပါပဲ”ဟု Tango Travel and Tour ပြည်တွင်းပြည်ပ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ကုမ္ဗဏီမှ အုပ်ချုပ်မှုဒါရိုက်တာ မခေါင်ခေါင် က News Watch သို့ ပြောသည်။

ယမန်နေ့ သြဂုတ် လ ၁၇ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီ ခွဲခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ခရီးသွားများ သွားလာလည်ပတ်မှုများသော ဟိန္ဒူနတ်ဘုရားကျောင်း အပြင်ဘက်တွင် ၀တ်ပြုနေသူများနှင့် ကမ္ဘာလှည့် ခရီးသွားများ စည်းကားနေချိန် ဗုံးပေါက်ကွဲမှုတခု ဖြစ်ပေါ်ခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် နိုင်ငံခြားသားများအပါအ၀င် လူ ၁၉ ထက်မနည်း သေဆုံးခဲ့၍ ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ ဗုံးခွဲတိုက်ခိုက်သူများသည် ခရီးသွားလုပ်ငန်း ထိခိုက်စေရန် နိုင်ငံခြားသားများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သည့် ထိုင်းကာကွယ်ရေး ၀န်ကြီး ပရာဝတ်ဝေါင်ဆူဝေါင် က ပြောကြားခဲ့သည်။

“သတင်းကြားကြားချင် အစ်မတို့ကုမ္ဗဏီကို ဖုန်းတွေဆက်ပြီးမေးကြတယ်။ ခရီးသည်တွေအနေနဲ့ အရမ်းစိုးရိမ်နေတာကို တွေ့ရတယ်။ စပြီးခွင့်ပြုတုန်းက သြဂုတ် ၁၁ ရက်နေ့ နောက်ပိုင်းမှာတော့ အပန်းဖြေသွားတဲ့ မိသားစုတွေ၊ ဟန်နီမွန်းထွက်တဲ့ စုံတွဲတွေနဲ့ ဈေးဝယ်ထွက်တဲ့သူတွေများတယ်။ အခု ဗုံးပေါက်ပြီးနောက်ပိုင်း လက်မှတ်ရောင်းအား ကျသွားတယ်။ ကြိုတင်ဝယ်ထားတဲ့သူတွေလည်း ဖုန်းတွေခဏခဏ ဆက်နေကြတယ်”ဟု Tour Diamond ခရီးသွားဝန်ဆောင်မှုလုပ်ငန်း မှ အထွေထွေမန်နေဂျာ မနန်းမြတ်သန္ဒာလွင် က News Watch သို့ ပြောသည်။

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ နှစ်ပတ်အကြာ အခက်အခဲ အတားအဆီးမရှိ အပြန်အလှန် သွားလာခွင့်ကို နှစ်နိုင်ငံသဘောတူညီမှုအရ သြဂုတ်လ ၁၁ ရက်နေ့တွင် စတင်ရရှိခဲ့ခြင်းဖြစ်သည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Sathon သင်္ဘောဆိပ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာအား CCTV မှ မြင်တွေ့ခဲ့ရစဉ် (ဆင်ဟွာ)
    ဘန်ကောက် ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

    ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်မြို့အနီးရှိ  Sathon သင်္ဘောဆိပ်တွင် သြဂုတ်လ ၁၈ ရက် နေ့၌ ဗုံးပေါက်ကွဲမှု ထပ်မံ ဖြစ်ပွား ခဲ့ပြီး လက်ရှိ အချိန်တွင် ထိခိုက် ဒဏ်ရာ ရသူ စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၂၀ မိနစ် ခန့်တွင် လက်ပစ်ဗုံး ဟု ယူဆ ရသော ပစ္စည်း အား Sathon တံတား ပေါ် မှ Sathon သင်္ဘောဆိပ် သို့ ပစ်ပေါက် ခဲ့ရာ ရေပြင်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

Sathon သင်္ဘောဆိပ်သည် Chao Phraya မြစ် အတွင်းရှိ သင်္ဘောများ ရပ်နားရာ နေရာ ဖြစ်ပြီး နေ့စဉ် နန်းတော် ၊ ဘုရားကျောင်း ၊ သင်္ဘောဆိပ် ညဈေး နှင့် တရုတ်တန်းဈေး စသည့် ခရီးသွား ဧည့်သည် များစည်ကား သည့် နေရာ များသို့ သင်္ဘောဖြင့် သွားရောက် လည်ပတ်နိုင်သည့် နေရာ တစ်ခု ဖြစ်သည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားရာ နေရာကို ပိတ်ဆို့ထားကာ ဗုံးပေါက်ကွဲ ခဲ့သည့် နေရာတွင် စုံးစမ်း စစ်ဆေးမှုများ ပြုလုပ် နေကြောင်း သိရှိရသည်။

သြဂုတ်လ ၁၇ ရက်နေ့ ညတွင်လည်း ဘန်ကောက်မြို့လယ် စီးပွားရေးဇုန် အနီးရှိ လေးမျက်နာဘုရား အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး ၂၀ ဦးသေဆုံးကာ ၁၂၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

 (Xinhua)
http://www.xinhuamyanmar.com


  ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဧရာဝဏ် နတ်ကွန်းအနီးမှာ တနင်းလာနေ့ညက ပေါက်ကွဲခဲ့တဲ့ဗုံးဟာ တိုက်ခိုက်ခံရမှုတွေထဲမှာ အဆိုးရွားဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာ့ယွတ် ချန်အိုချာ က ပြောပါတယ်။

ဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၂၀ သေဆုံးခဲ့ပြီး အဲဒီထဲမှာ နိုင်ငံခြားသား အနည်းဆုံး ၈ ဦးခန့်ပါပြီး လူပေါင်း ၁၀၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လက်သည်တရားခံကို အသေအချာ မသိရှိရသေးဘဲ ရဲက ဧရာဝဏ်အနီး လုံခြုံရေးကင်မရာမှာ တွေ့ရှိရတဲ့ မသင်္ကာဖွယ် လူတစ်ဦးကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အရင်က အသေးစားဗုံးပေါက်ကွဲမှုတွေ ရှိခဲ့ဖူးပေမယ့် ဒီတကြိမ်ကတော့ အပြစ်မဲ့သူတွေရဲ့ အသက်ကို ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်။

ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းကို ဖျက်ဆီးချင်တာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေက သဲလွန်စရရှိဖို့အတွက် ဧရာဝဏ်နတ်ကွန်းအနီးတ၀ိုက်မှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာ CCTV တွေက ရိုက်ကူးထားတဲ့ ဗွီဒီအိုတွေကို စစ်ဆေးကြည့်ရှုနေကြတယ်လို့ ဘန်ကောက် ဘီဘီစီ သတင်းထောက် ဂျွတ်နသန် ဟက်ဒ်က ပြောပါတယ်။

ဧရာဝဏ် နတ်ကွန်းဆီကို ကျောပိုးအိတ် အနက်ရောင်လွယ်ထားတဲ့ လူငယ်တဦး လမ်းလျှောက်လာတာ တွေ့ရပြီး အိတ်မပါဘဲ ပြန်ထွက်သွားတာ တွေ့ရတဲ့အတွက် အဲဒီလူကို ရှာဖွေနေတယ်လို့ ရဲတွေက ဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


    ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

    ထိုင်းနိုင်ငံ၌ ယမန်နေ့ ညနေတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သည့် ဗုံးပေါက်ကွဲမှု ကြောင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းအစိုးရမှ အန္တရာယ် ဖြစ်ပွားရန် ကြေညာထားသည့် စိုးရိမ်ဖွယ် ပစ်မှတ်ထား ဆောင်ရွက်နိုင်သည့် နယ်မြေ ၁၀ ခုအား ရှောင်ရှား သတိပြုနိုင်ရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယနေ့ သတင်း ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် လူစည်ကားရာ အချက်အခြာ ကျသည့် လေးမျက်နှာ ဧရာဝဏ် ဘုရားအနီး Ratchprasong လမ်းဆုံ၌ သြဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ဗုံးပေါက်ကွဲမှု ကြောင့် လူသေဆုံး၊ ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား အလုပ်သမားများ၊ ပညာတော်သင်များ၊ ကျောင်းသားများ၊ ထိုင်းနိုင်ငံတွင် အလည်အပတ် ရောက်ရှိနေသူများ၊ ဆေးဝါးကုသရန် ရောက်ရှိနေသူများ အနေဖြင့် အထူးသတိပြု နေထိုင်သွားလာရန် မြန်မာသံရုံးမှ သတင်းထုတ်ပြန်သည်။

ထိုင်းအစိုးရမှ ထုတ်ပြန်သည့် စိုးရိမ်ဖွယ် ပစ်မှတ် ဆောင်ရွက်နိုင်သည့် နေရာ ၁၀ ခုမှာ လတ်ခ်ျပစုံ လမ်းဆုံ၊ ပထွန်ဝမ် လမ်းစုံ၊ စီလုံ လမ်းဆုံ၊ ခေါင်းဆန် လမ်းဆုံ၊ နာရာထိဝတ် လမ်းဆုံ၊ အနုစာဝရီ၊ တုချိုင် လမ်းဆုံ၊ ဘိန်ကျစီရီ ပန်းခြံ၊ ထောင်လော်လမ်းသွယ်နှင့် စုခွန်ဗစ်လမ်း တို့ဖြစ်ကြသည်။

 (Xinhua)
http://www.xinhuamyanmar.com


၂၀၁၅ ဇွန် ၃၀ တွင် ဖွင့်လှစ်ခဲ့သော ကမ္ဘာကျော် KFC ကြက်ကြော်ဆိုင်သည် သုံးကြိမ်တိတိ အခွန်မဆောင်သောကြောင့် သုံးကြိမ်တိတိ ဒဏ်ရိုက်ခံခဲ့ရသည်ဟု ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးမှ တာဝန်ရှိသူတဦးက ယနေ့ သြဂုတ် ၁၈ တွင် News Watch သို့ ပြောကြားသည်။

၎င်းမှ “သုံးကြိမ်အထိ ဒဏ်ရိုက်ရတဲ့ဆိုင်ဆိုလို့ ရန်ကုန်မှာ KFC ဆိုင် တဆိုင်ပဲရှိတယ်။ ကျန်တဲ့ဆိုင်အများစုက တကြိမ်နှစ်ကြိမ် ဒဏ်ရိုက်ပြီးရင် အခွန်တံဆိပ်ခေါင်း ကပ်ကြပါတယ်”ဟု ပြောကြားခဲ့သည်။
KFC ဆိုင်သည် စတင်ဖွင့်လှစ်ခဲ့ချိန်မှစပြီး တလခွဲကျော်အကြာ ဒဏ်သုံးကြိမ် အရိုက်ခံခဲ့ရခြင်း ဖြစ်သည်။

အခွန်ဦးစီးဌာနမှ ၂၀၁၅ မေ ၁ ရက်မှ စတင်၍စားသောက်ဆိုင်များကို အခွန်တံဆိပ်ခေါင်းကပ်၍ ရောင်းချစေခဲ့သည်။ အခွန်တံဆိပ်ခေါင်းကပ်ရန် ပျက်ကွက်သည့်ဆိုင်များအား စစ်ဆေးတွေ့ရှိပါက ပထမ အကြိမ် ကျပ် နှစ်သိန်း ဒဏ်ရိုက်ပြီး ဒုတိယအကြိမ် ကျပ်ငါးသိန်း၊ တတိယအကြိမ်အတွက် ကျပ်ခုနစ်သိန်းနှင့် စတုတ္ထအကြိမ်နှင့်အထက် အခွန်မဆောင်သည့် ဆိုင်များအား ကျပ်ဆယ်သိန်း ဒဏ်ရိုက်ကြောင်း သိရသည်။

“KFC ဆိုင်က တတိယအကြိမ်ဆိုတော့ ခုနစ်သိန်းအထိ ဒဏ်ရိုက်ခဲ့ရတယ်”ဟု ပြောကြားခဲ့သည်။ အခွန်တံဆိပ် ခေါင်းမကပ်ဘဲရောင်းချသည့်ဆိုင်များကို အခွန်ဦးစီးဌာနသို့ တိုင်ကြားသူအား ဒဏ်ငွေ၏ ၂၀ ရာခိုင်နှုန်းကို ဂုဏ်ပြုငွေအဖြစ် ပေးအပ်သည်ဟု ဆိုသည်။

ဈေးဆိုင်အများစုသည် စားသုံးသူအား ဆိုင်အမည်မပါသည့် ဘောက်ချာဖြင့်ရောင်းချပါက စားသုံးသူသည် ပြန်လည် စောဒကတက်ပိုင်ခွင့်ရှိကြောင်း၊ အခွန်ပြေစာတံဆိပ်ခေါင်းမကပ်ပါက အခွန်ဦးစီးဌာနသို့ တိုင်တန်း၍ ဂုဏ်ပြုဆုငွေ ထုတ်ယူနိုင်ကြောင်း သိရသည်။

“ဆိုင်အများစု စားသုံးသူ ပေးဆောင်တဲ့အခွန်ငွေ ငါးရာခိုင်နှုန်းကို စာရင်းပဲပြပြီး အိတ်ထဲ ထည့်ချင်ကြတယ်။ ဒီကိစ္စပပျောက်ဖို့အတွက်ဆို စားသုံးသူတွေကိုယ်တိုင် အခွန်ဦးစီး ဌာနနဲ့ပူးပေါင်းပြီး တိုင်တန်းတာတွေ လုပ်ဖို့လိုတယ်”ဟု ပြောကြားခဲ့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


    နေပြည်တော်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

    ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို စစ်အုပ်ချုပ်ရေး  တတိယအကြိမ်နှင့် နောက်ဆုံး အကြိမ်အဖြစ် ရက်ပေါင်း ၉၀ ထပ်မံ တိုး အုပ်ချုပ်ရန် ယနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

အဆိုပါ ဒေသသည် လက်ရှိ နိုင်ငံရေး၊ လုံခြုံရေး၊ ရပ်ရွာ အေးချမ်းရေးကို အထိုက်အသင့်သာ ရောက်ရှိသဖြင့် ပုဒ်မ ၂၁၂ ပုဒ်မခွဲ (ဃ) အရ စစ်အုပ်ချုပ်ရေး ရက် တိုးမြှင့်ရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသကို စစ်အုပ်ချုပ်ရေး ထပ်တိုးရန် သမ္မတရုံး ဝန်ကြီး ဦးလှသိန်းက ယနေ့ အဆို တင်သွင်းခဲ့သည်။

ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေး ထပ်မံ ရက်တိုး၊ မတိုး လွှတ်တော် ကိုယ်စားလှယ်များ မဲခွဲ ဆုံးဖြတ်ရာ ထောက်ခံမဲ ၄၇၃ နှင့် ကန့်ကွက်မဲ ၂၇ မဲသာရှိ၍ ပြည်ထောင်စု လွှတ်တော်က စစ်အုပ်ချုပ်ရေး ရက်ထပ်မံ တိုးရန် အတည်ပြုလိုက်သည်။

လောက်ကိုင် မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးကျော်နီနိုင်က တစ်နိုင်ငံလုံး အပစ်အခတ် အတိုက်အခိုက် ရပ်စဲရေး စာချုပ် ရေးထိုးချိန်နှင့် အထွေထွေ ရွေးကောက် ပွဲကျင်းပမည့် နိုဝင်ဘာလတွင် စစ်အုပ်ချုပ်ရေး ကာလကို ရုပ်သိမ်းပေးရန် လွှတ်တော်တွင်း ဆွေးနွေးခဲ့သည်။

စစ်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင် နေရသော ဒေသခံများသည် မိမိတို့ အိမ်များကို ပြန်လည် လာရောက် ချင်သဖြင့်သက်ဆိုင် တာဝန်ရှိသူများ ဆောင်ရွက်ပေးလိုခြင်း၊ ဒေသခံများ ပျောက်ဆုံး သွားသော အိမ်ထောင်စု ဇယားနှင့် မှတ်ပုံတင်များကိုလည်း အမြန်ဆုံး ပြန်လည် လုပ်ဆောင် ပေးလိုကြောင်း ဦးကျော်နီနိုင်က တင်ပြ ဆွေးနွေးခဲ့သည်။

ညမထွက်ရ အမိန့်ကို မူလ ည ၇ နာရီ၊ မနက် ၅ နာရီ သတ်မှတ်ထားရာမှ ယခု ည ၈ နာရီ၊ မနက် ၅ နာရီထိ တစ်နာရီ လျှော့ချ သတ်မှတ် ပေးထားသည်။

ကိုးကန့်ဒေသ၌ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်ကနေ မေလ ၁၇ ရက်ထိ ရက် ၉၀ အရေးပေါ်အခြေအနေ ကြေညာပြီး သက်တမ်း ပြည့်သွားခဲ့ပြီး မူလ အခြေအနေကို ပြန်မရောက်သဖြင့် သမ္မတက စစ်အုပ်ချုပ်ရေး ကာလကို သြဂုတ် ၁၇ ရက်ထိ နောက်ထပ် ၃ လ ထပ်မံ တိုးမြှင့်ထားသည်။
အစိုးရ တပ်မတော်နှင့် တိုက်ပွဲများ သုံးလကြာ ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) မှ ဇွန်လ ၁၀ ရက်နေ့တွင် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲရေး ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

 (Xinhua)
http://www.xinhuamyanmar.com


 လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းတွင် ပါဝင်သည့် တစ်ရာခိုင်နှုန်းသည် အဓိပ္ပါယ်မရှိသည့် ပမာဏဖြစ်ပြီး ယင်းကိစ္စကို စောင့်ကြည့် ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကသြဂုတ်၁၈ ရက်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်ပြောဆိုလိုက်သည်။

“တစ်ရာခိုင်နှုန်းကိစ္စက ပြောင်းကိုပြောင်းရမယ့် ကိစ္စ အဓိပါယ်မရှိဘူး လုပ်ရမယ့် ကိစ္စတွေက အများကြီး လွှတ်တော်အတွင်းမှာ ဒါမျိုးဖြစ်နေမယ်ဆိုရင် တခြားအလုပ်တောင် လုပ်ဖို့အချိန် ရှိတော့မှာ မဟုတ်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လတ်တလောဖြစ်ပေါ်နေသည့် ကိစ္စရပ်များကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကျမှု ရှိ နေသည်မှာ မှန်သော်လည်း ယင်းဖြစ်စဉ်များကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပေါ် ပြည်သူတွေ၏ ထောက်ခံမှုသည် အင်မတန်တိုးတက်မြင့်တက်လာလိမ့်မည်ဟု ထင်မြင်ကြောင်းလည်းဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ထို့အတူမီဒီယာများက မေးမြန်းသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်မှုရှိသည့်သူများ ပါတီတာဝန်မှ ရုပ်သိမ်းခံလိုက်ရခြင်းကြောင့် မဟာမိတ်များလျော့နည်းသွားသည့် သဘောထင်ပါလားဟု မေးမြန်းမှုကို ‘မဟုတ်ပါဘူး။ ဒီအချိန်မှာ ဘယ်သူက မိတ်ဆွေဖြစ်တယ်ဆိုတာ ပေါ်လာမယ်ဆိုတော့ မိတ်ဆွေအချင်းချင်းကြားမှာ ပိုပြီးတော့ ခိုင်မြဲသွားဖို့ပဲ ရှိတာပါ ‘ဟုပြန်လည်ဖြေကြားခဲ့သည်။

ပြည်ခိုင်ဖြိုးတီ ခေါင်းဆောင်အဖြစ်မှ ထုတ်ပယ်ခံခဲ့ရသည့် လွှတ်တော်ဥက္ကဌ သူရရွှေမန်း သည် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် သြဂုတ်လ ၁၇ ရက် တနင်္လာနေ့ တွင် ပြည်သူ့လွှတ်တော်ဥက္ကဌ၏ ရုံးခန်းတွင်တွေ့ဆုံခဲ့မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “မနေ့က ဆွေးနွေးတာ ဆိုတာဒီလိုထုတ်ပြန်လေ့မရှိဘူး ပုံမှန်ပေါ့ ပါတီနဲ့ပတ်သက်တဲ့ကိစ္စတွေ နိုင်ငံရေးကိစ္စတွေ ပါ”ဟု သာဖြေကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ကို ရဲတပ်ဖွဲ့အင်အားဖြင့် ညဘက် ၀င်စီးသည့် ဖြစ်ရပ်သည် ဒီမိုကရေစီကို ရှေ့ရှုနေသည့် နိုင်ငံတစ်ခုအနေဖြင့် မျှော်လင့်မထားသည့်ကိစ္စဖြစ်ကြောင်း၊ ၄င်းကိစ္စသည် ပါတီတွင်းကိစ္စဖြစ်သော်ငြား ၊ အထူးသဖြင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ်ရုပ်သိမ်းရန် ကိစ္စသည် လွှတ်တော်နှင့် ပတ်သက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် က သတင်ထောက်များအား ဖြေကြားခဲ့သည်

၂၀၀၈ဖွဲ့စည်းပုံ ၏ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေ ပုဒ်မ ၃၉၆ ၊အပိုဒ်ခွဲ (ခ) တွင် သက်ဆိုင်ရာမဲဆန္ဒနယ် ၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်း တို့က တာဝန်မှပြန်လည်ရုပ်သိမ်းလိုသော်လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်းတန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တင်ပြရမည် ဟု ဖော်ပြထားသည်။

သတင်းထောက် -ဇော်မင်းထွန်း

The Ladies News Journal
https://www.facebook.com/News.TheLadies