08/21/15

 dassk-myaungmya-620.jpg ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ မြောင်းမြမြို့နယ်ခရီးစဉ်မှာ တွေ့ရစဉ်

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်မှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် စီးနင်းလိုက်ပါလာတဲ့ မော်တော်ကား နှောင့်ယှက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တာဝန်ယူထားသူတွေက သက်ဆိုင်ရာ အာဏာပိုင်တွေထံ အကြောင်းကြားထားတယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။

ရန်ကုန်ကနေထွက်ခွာလာတဲ့ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းဟာ နေပြည်တော် ကို ရောက်ခါနီးမှာ တဖက်ကားတစီးက ရုတ်တရက်အရှိန်နဲ့ ကျော်တက်လာပြီး ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ ကားနဲ့ ဘေးချင်းယှဉ်ပြီး နှောင့်ယှက်မောင်းနှင်ခဲ့တာကြောင့် ကားချင်းတိုက်မိမလို ဖြစ်ပွားခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဦးဥာဏ်ဝင်းက အခုလို ပြောကြားတာ ဖြစ်ပါတယ်။

"ကျနော်တို့ ပထမဆုံးကြားတာက အနှောင့်အယှက်ပေးတယ်လို့ကြားတယ်၊ နောက်ပိုင်းမှပြန်ပြီးကြားတာက ဥက္ကဌကိုသိတဲ့ ကားပေါ်ပါတဲ့ပုဂ္ဂိုလ်က နှုတ်ဆက်ချင်လို့ဆိုတဲ့ဟာမျိုး ထပ်ကြားတယ်၊ ဒီဟာနဲ့ပတ်သက်ပြီးတော့ အတိအကျ အတည်ပြုပေးပါဆိုရင်တော့ ကျနော်မပေးနိုင်ဘူး၊ ကျနော်သတင်းက အဲ့ဒီလိုပဲရပါတယ်၊ အဲတော့ ကျနော်တို့ လုံခြုံရေးနဲ့ပတ်သက်တဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ဒီဟာကို သက်ဆိုင်ရာအာဏာပိုင်တွေကိုလည်း အကြောင်းကြားထားတယ်၊ သူတို့ကိုယ်တိုင်လည်း အကြောင်းရာအချက်အလက် ပိုမိုရရှိဖို့ကြိုးစားဆောင်ရွက်နေ တယ်၊ အဲ့ဒီလိုသိပါတယ်၊ ဥက္ကဌရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ဒီသတင်းက ကျနော်တို့အတွက်လည်း အများကြီး စိတ်အနှောင့်အယှက်ဖြစ်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် NLD ပါတီက တာဝန်ယူဆောင်ရွက်နေတယ် ဆိုပေမယ့် အခု အဖြစ်အပျက်ဟာ အန္တရာယ်ရှိတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်တယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါ တယ်၊ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဉ်တန်းဟာ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်တုန်းကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီးမှာ တိုက်ခိုက်ခံခဲ့ရဖူးပါတယ်

RFA
http://www.rfa.org/burmese/news/disturb-dassk-car-08202015111639.html


၁။ ဘတ် ၃ သောင်းနှင့် ထွက်ဆိုဘို့ ခေါ်ထားသော တုတ် တုတ် အငှား ယဉ် သုံးဘီးသမားက
ဒီနေ့ ရဲများနှင့် လာတွေ့ပါသည်။ သုံးဘီး သမားက ဗုံးခွဲသူအား Hua Lamphong train station.
ဟွာ လမ်ဖောင် ဘူတာရုံ ရှေ့မှ ခေါ်ဆောင်လာပြီး ဧရ၀မ် နတ်ကွန်းရှေ့ က ဟော်တယ် နားသို့ ပို့ဆောင်ပေး ခဲ့သည်ဟု ထွက်ဆိုသွားပါသည်။

၂။ ပြန်ပို့သော ဆိုက်ကယ် သမား ကတော့ ဗုံးပေါက်ကွဲပြီး ၅ မိနစ်ကျော်မှာ သူ၏ ဆိုက်ကယ် ကို ဗုံးခွဲသူက လာငှား ပြီး လမ်ပိနိ ပန်းခြံနား သို့ပို့ဆောင် ခဲ့ကြောင်း ပြောပါသည်။
သူ့ဆိုက်ကယ် ရပ်နား နေရာကတော့ ဧရ၀မ် နတ်ကွန်းနှင့် ရချဒါမရီ BTS ကြား ရှိ နေရာ (Soi Mahatlek Luang 1 between Erawan shrine and Ratchadamri BTS Skytrain station )
ဖြစ်ပါသည်။

၃။ ထိုင်းရဲတပ်ဖွဲ့ကတော့ အင်တာပို ကို အကူညီတောင်းပြီး ဖြစ်ပါသည်။

၎။ ဒီကြားထဲ သံသယရှိသူ နောက်ထပ်၂ ဦးကိုလည်း အမှု နှင့် မဆိုင်ဟု ထိုင်းရဲက ထုတ်ပြန်ပါသည်။ ဗုံးခွဲသူ အရှေ့တွင် ရပ်နေသူ ၂ ဦးကို cctv မှ တောက်လျှောက်လိုက်ကြည့်သော အခါ
ဗုံးပေါက်ကွဲ အချိန်တွင် သူတို့ ၂ ဦးလည်း ထိတ်လန့် တုန်လှုပ်ပြီး အကာကွယ် ရှာကြသည်ကို
cctv မှာ မြင်သောကြောင့် ဖြစ်ပါသည်။

သတင်း ကရက်ဒစ် --- ဘန်ကောက်ပို့စ်

လင်းယုန်မာန်

nld-candidates-620 နေပြည်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ၁ဝ ဦး သြဂုတ်လ ၅ ရက်နေ့က နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ အမည်စာရင်း လာရောက်တင်သွင်းစဉ်
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းလျှောက်ထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ထုတ်ပြန်ရာ NlD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၁၅၁ ဦးနဲ့ ကိုယ်စားလှယ်လောင်း လျှောက်ထားမှုအများဆုံးပါတီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ၂၀ရက်နေ့ကစပြီး သြဂုတ်လ ၁၄ ရက်နေ့ အတွင်း ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်ကြတာဖြစ်ပါတယ်။ အဲဒီစာရင်းထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်မှာ ၃၂၅ ယောက်၊ အမျိုးသားလွှတ်တော်မှာ ၁၆၇ ယောက်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော်မှာ ၆၅၉ ယောက် ပါဝင်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီက ၁၁၃၄ ယောက် နဲ့ ဒုတိယအများဆုံးဖြစ်ပြီး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၇၆၃ ယောက်၊ အမျိုးသားတိုးတက်ရေး ပါတီက ၃၅၄ ယောက်၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၂၃ ယောက် နဲ့ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆၁၈၉ ယောက် ဖြစ်ပါတယ်။ အဲဒီကိုယ်စားလှယ်လောင်းတွေကို ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေက စိစစ်နေပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ့် ကိုယ်စားလှယ်လောင်းစာရင်းကို လာမယ့် သြဂုတ်လ ၂၇ရက်နေ့ နောက်ပိုင်းမှာ ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/nld-candidates-2015-elections-08202015105933.html

 shwemann-parliament-620.jpg ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို လွှတ်တော်အစည်းအဝေးမှာ တွေ့ရစဉ်

လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်ဆွေးနွေးသင့်၊ မသင့်ကို ဒီနေ့ မဲခွဲဆုံးဖြတ်ရာ မသင့်ကြောင်း မဲပေးသူများတဲ့အတွက် အဲဒီဥပဒေ ကြမ်းဆွေးနွေးရေး အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ပါတယ်။ ဆိုင်းငံ့ရေးအတွက်မဲခွဲရာမှာ ထောက်ခံမဲပေးသူ ၂၆၀ ကျော်ရှိပြီး၊ ကန့်ကွက်မဲပေးသူ ၂၃၀ ကျော်သာရှိတဲ့အတွက် ဆိုင်းငံ့လိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာလိုက်ပါတယ်။

"အဆိုကို ထောက်ခံမဲ ၂၆၄ မဲ၊ ကန့်ကွက်မဲ ၂၃၅ မဲ၊ ကြားနေ ၁၂ မဲ ဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျာ ထောက်ခံဆန္ဒမဲများတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြုပြဌာန်းနိုင်ရေး ဆက်လက်ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အတည်ပြုကြေညာပါတယ်"

ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်တဲ့ ကိုယ်စားလှယ် ၅၂၄ ယောက်က စက်ခလုတ်နှိပ်ပြီး လျှို့ဝှက်ဆန္ဒမဲပေးရာမှာ ကြားနေ ၁၂ မဲ၊ ကန့်ကွက်မဲ ၂၃၅ မဲ၊ ထောက်ခံမဲ ၂၆၄ မဲ ရရှိရာ ဥပဒေကြမ်းကို ဆွေးနွေးမှု ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအပေါ် ဆက်လက်ဆွေးနွေး သင့် မသင့်ကို တပ်မတော်သားကိုယ်စားလှယ် ၁ဦး၊ ကြံ့ခိုင်ရေးပါတီ၊ အန်အယ်လ်ဒီပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနဲ့ တိုင်းရင်းသား ကိုယ်စားလှယ် စုစုပေါင်း ၁၅ဦးက ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးတဲ့ တပ်မတော်သား ကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တချို့က အဲဒီဥပဒေကြမ်းကို အမြန်ပြဌာန်းသင့်ကြောင်း ဆွေးနွေးခဲ့ပြီး ကျန်တဲ့ကိုယ်စားလှယ်တချို့က တာဝန်ကိုပြန်လည်ရုပ်သိမ်းခွင့်ပေးထားတဲ့ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းဆိုတဲ့ သတ်မှတ်ချက်ကို ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ ကြပါတယ်။

RFA
http://www.rfa.org/burmese/news/pyitaungsu-parliament-right-to-recall-08202015104939.html

ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၁၊ အမှတ် - ၄၇ ဆရာလှမျိုးထွန်းဆောင်းပါး..

ရှစ်လေးလုံး နှစ်ပတ်လည်ရက်တွေ ရောက်တိုင်း တစ်ချိန်က တော်လှန်ရေးအဖွဲ့တွေ ကြားထဲမှာ ရေပန်းစားခဲ့တဲ့ တေးရေး နိုင်မြန်မာရဲ့ “ကမ္ဘာမကြေဘူး” သီချင်းထဲက အာဇာနည်တွေ နေတဲ့ တိုင်းပြည်ဆိုတဲ့ စာသားလေးကို သတိရမိသည်။ ဟုတ်ပါသည်။ မြန်မာနိုင်ငံတွင် အမည်မသိ စွန့်လွှတ်သွား ခဲ့ကြသော အာဇာနည်ပေါင်းများစွာ ရှိခဲ့သည်။ နောင်တွင် လည်း တိုင်းပြည်အတွက် လိုအပ်သော အချိန်အခါ ရောက်တိုင်း အာဇာနည် အမြောက်အမြား ထပ်မံ ပေါ်ပေါက် လာတတ်သော တိုင်းပြည်က မျှော်လင့်မထားသည့် အာဏာရှင်များလည်း အလွန်ပေါများတတ်သည့် နိုင်ငံမျိုး လည်း ဖြစ်နေပြန်သည်။
အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ယူ တတ်သော အကျင့်စရိုက်ကား ကောင်းသော အလေ့အထ မဟုတ်ပါ။ မယဉ်ကျေးသော လူသားတို့၏ ကမ္ဘာဦးခေတ်က ဗီဇဟောင်း အကြွင်းအကျန်များပင် ဖြစ်သည်။ ယဉ်ကျေးသော နည်းဖြင့် ဖြေရှင်းလျှင် ရနိုင်ရက်သားနှင့် တစ်ဆိတ်ရှိ အင်အားသုံးကာ အလွယ်တကူ ဖြေရှင်းသော နည်းလမ်း လည်း ဖြစ်သည်။ အင်အားနည်းသူကို ကာကွယ်ပေးရန်၊ အများလိုက်နာရန် သတ်မှတ်ထားသော ဥပဒေများကို ကျော်လွန်ကာ တစ်ဦးတစ်ယောက်၏ အကျိုးအတွက် အစဉ်အဆက် ထိန်းသိမ်းရမည့် စည်းကမ်းကို လိုသလို ရိုက်ချိုးပြင်ဆင်ခြင်းဖြင့် မကောင်းသော သမိုင်းမှတ်တမ်း ရေးသားကြသူများ ဖြစ်သည်။ ခေတ်စကားဖြင့် ပြောမည် ဆိုပါက ဒီမိုကရေစီ၏ ဆန့်ကျင်ဘက် အာဏာရှင်တို့၏ အလေ့အထပင် ဖြစ်သည်။
အုပ်ချုပ်သူ လူတန်းစားအတွင်း အချင်းချင်း အင်အားသုံး ဖြေရှင်းခြင်းကြောင့် သာမန် ပြည်သူများ အတွက် တိုက်ရိုက် ထိခိုက်မှု မရှိနိုင်သော အဖြစ်အပျက်ဟု ယူဆနိုင်စရာ ရှိသော်လည်း ရှည်လျားသော သမိုင်းကြောင်း ဖြစ်စဉ်များနှင့် တိုက်ဆိုင်စစ်ဆေးမည် ဆိုပါက တိုင်းပြည်နှင့် ချီ၍ နစ်နာဆုံးရှုံးမှုများ အကျိုးသက်ရောက်ခဲ့သည်ကို တွေ့ရပါမည်။ ကုန်းဘောင်ခေတ်၏ နောက်ဆုံး မင်းဆက် ဖြစ်သော သီပေါမင်းသား အာဏာ ဆက်ခံရေးအတွက် မင်းညီမင်းသားများ ဒါဇင်နှင့်ချီ၍ သတ်ဖြတ်ခံခဲ့ရသည်ဟု မှတ်တမ်းတင်ထားခဲ့သည်။ ဘုရင် အုပ်ချုပ်ရေးစနစ်တွင် သားတော်ပေါင်းများစွာ ရရှိသည့် စံချိန်သစ် တင်ခဲ့သော မင်းတုန်းမင်းသည် အဆိုပါ သားတော်များ၏ အင်အားဖြင့် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး၊ နယ်မြေ တည်တံ့ခိုင်မြဲရေး ကို တည်ဆောက်နိုင်မည့်အစား အာဏာလုပွဲ ဖြစ်အောင် ဖန်တီးခဲ့သလို ဖြစ်သွားသည်။
သူမသေခင်မှာပင် အလွန် အားကိုးရသော ညီအရင်း ခေါက်ခေါက် အိမ်ရှေ့မင်းကို ဦးခေါင်းပြတ်သည် အထိ ဓားဖြင့် ခုတ်ပိုင်းကာ အာဏာလုယူသည်ကို မျက်ဝါးထင်ထင် ကြုံတွေ့သွားခဲ့ရသည်။ သူကိုယ်တိုင်တောင် အကြောက် လွန်နေသော ငယ်ကျွန်တစ်ဦး၏ ကျေးဇူးကြောင့် အသက် ဘေးမှ သီသီလေး လွတ်သွားခဲ့ခြင်း ဖြစ်သည်။ သီပေါမင်း နန်းတက်စဉ်က ဖြစ်ပျက်ခဲ့သော အဖေတူ ညီအစ်ကိုတော် ဖြစ်သူ တော်ဝင်မင်းသားများ ဖမ်းဆီးသတ်ဖြတ် ခံရခြင်းကို ရန်သူဖြစ်သူ အင်္ဂလိပ်အစိုးရ ကိုယ်တိုင် သဘောမတူဘဲ ကန့်ကွက်ခဲ့တာကို တွေ့ရသည်။ သာမန် တိုင်းသူပြည်သား များအတွက် နန်းတွင်းပုံပြင် တစ်ပုဒ်အဖြစ်ထက် မပိုသော် လည်း တကယ်တမ်း အင်္ဂလိပ်တွေ မြန်မာ ဘုရင် ကို ဖမ်းဆီး ခေါ်ဆောင်သွားသောအခါ ပြည်သူတွေ ဘက်က ရပ်တည်ကာ ခုခံ တော်လှန်ရေး လုပ်နိုင် သည့် မင်းသွေး စစ်စစ် မရှိသလောက် နီးနီး ဖြစ်သွားသည့်အတွက် ခုခံတော်လှန်ရေး အပိုင်း တွင် များစွာ နစ်နာ ဆုံးရှုံးခဲ့ရသည်ကို သင်ခန်းစာ ယူရမည် ဖြစ်သည်။
လွတ်လပ်ရေး ကြိုးပမ်းမှုတွင်လည်း အာဏာ လုပွဲကြောင့် တိုင်းပြည် နာခဲ့ရသည်ကို မှတ်တမ်း များတွင် တွေ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်း စုစည်း တည်ထောင် ထားသော ဖဆပလ တပ်ပေါင်းစုကြီး အင်အား ကောင်းကောင်းဖြင့် အင်္ဂလိပ် အစိုးရထံမှ လွတ်လပ်ရေးကို တောင်းဆိုနေစဉ် အတွင်း ဖဆပလ အဖွဲ့ချုပ်ကြီးမှ ကွန်မြူနစ် အင်အားစုများ ခွာပြဲ ထွက်သွားသည်။ ၎င်းင်း ကွန်မြူနစ် ခေါင်းဆောင် ကိုယ်တိုင် ပါတီမှ ရာထူး အလျှော့ ခံရသောအခါ ကွန်မြူနစ်ပါတီ ဂိုဏ်းခွဲ ထောင်ကာ စင်ပြိုင် အာဏာ ထူထောင်သောကြောင့် မြန်မာ့ သမိုင်းတွင် အလံနီ၊ အလံဖြူ ဟူသော ကွန်မြူနစ်ပါတီ နှစ်ခု ဖြစ်သွားသည်။ အကျိုးဆက်များကား အတော မသတ်နိုင် အောင်ပင် များပြားခဲ့သည်။ ပါတီတွင်း အာဏာသိမ်းခြင်း ကြောင့် လွတ်လပ်ရေး မရခင်မှာပင် လက်နက်ကိုင် ဆန့်ကျင်မှု စတင်ခဲ့သည်။ ဗမာ့တပ်မတော် တပ်ရင်းများ ခွဲထွက်ကာ တောခို သွားခဲ့သည်။ အင်အားကြီးမားသော လက်နက် ကိုင်အရန် အင်အားစုဖြစ်သည့် ပြည်သူ့ရဲဘော် အဖွဲ့တွင်လည်း အကွဲ အပြဲများဖြစ်ကာ လက်နက်ကိုင် တိုက်ခိုက်သည် အထိ ဖြစ်ခဲ့ရသည်။ ပါတီ ဗဟို ကော်မတီဝင် အချင်းချင်း မဲခွဲ ဆုံးဖြတ်ကာ ဂိုဏ်းဂဏစိတ် ပြင်းထန်သော ခေါင်းဆောင် ကြီးကို သာမန်ပါတီဝင်အဖြစ် လျှော့ချခြင်းမှ စတင်ခဲ့သည့် ဗမာပြည် ကွန်မြူနစ်ပါတီ၏ အာဏာသိမ်းပွဲကြောင့် မြန်မာ နိုင်ငံတွင် နှစ်ပေါင်း ၄၀ နီးပါး သွေးချောင်းစီး တိုက်ပွဲများ ဖြစ်ခဲ့ပါသည်။ လက်ရှိ အချိန်အထိ လက်နက်ကိုင် တိုက်ပွဲ ၀င်နေသော အချို့ အဖွဲ့များသည်ပင် ကွန်မြူနစ်ပါတီ၏ပယောဂ မကင်းကြောင်း သမိုင်းကြောင်းတွင် လေ့လာ နိုင်သည်။
ကွန်မြူနစ်ပါတီ ဖြစ်သော်လည်း စည်းရုံးရေး လုပ်ငန်း များတွင်သာ အာဏာရှင်ဆန်ဆန် ပြောဆို ဟောပြောခြင်း ကို ပြုလုပ်သည်။ ဗဟိုကော်မတီနှင့် နိုင်ငံရေး ဦးဆောင် အဖွဲ့တွင် အရေးတကြီး အဆုံးအဖြတ်များကို ပြုလုပ်တိုင်း ပါတီတွင်း ဒီမိုကရေစီနည်းကို သုံးစွဲကာ မဲခွဲဆုံးဖြတ် အတည်ပြုခြင်းဖြင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်လေ့ ရှိသည်။ ကွန်မြူနစ်ပါတီသည် အလုပ်သမားပါတီ လူတန်းစား ပါတီ ဖြစ်သောကြောင့် အခြားသော အဖွဲ့အစည်းများကဲ့သို့ ဥက္ကဋ္ဌ ရာထူးသည် ဦးဆောင်ပဲ့ကိုင် ရာထူး မဟုတ်ဘဲ အမြင့်ဆုံး အာဏာပိုင် ဖြစ်သည့် နိုင်ငံရေး ဦးဆောင် အဖွဲ့တွင် အထွေထွေ အတွင်းရေးမှူးက ပါတီ ဦးဆောင် သည်။ တစ်ရံရောအခါတွင် ကြမ္မာငင်သည်ဟုပင် ဆိုရပေမည်။ အထွေထွေ အတွင်းရေးမှူး ဖြစ်သူမှာ မယားအပြိုင်ယူခြင်း ဖြင့် လူမှုရေး ဖောက်ပြန်သည်။ အမှန်တော့ ကွန်မြူနစ် ပါတီ၏ စည်းမျဉ်းစည်းကမ်းများမှာ အလွန်တင်းကျပ်သော စည်းကမ်းများ ဖြစ်သည်။ လူမှုရေး ဖောက်ပြန်မှုကို တင်းကျပ်စွာ တားမြစ်ထားသည်။ လူတန်းစားပါတီ ဖြစ်သောကြောင့် အမျိုးသမီး ပါတီဝင်များကို နေရာပေးသည်။ ထို့ကြောင့် ပါတီ၏ စည်းရုံးရေး လုပ်ငန်းများကို ထိခိုက်မည် စိုးသောကြောင့် အထွေထွေ အတွင်းရေးမှူး၏ လူမှုရေး ဖောက်ပြန်မှုကို တားမြစ် အရေးယူရန် ဗဟို ကော်မတီကို တိုင်တန်းကြသည်။ ထိုကြောင့်ပင် ပါတီတွင်း စွဲချက်တင်ကာ ဒီမိုကရေစီနည်းဖြင့် မဲခွဲဆုံးဖြတ်ခြင်းကို ဗဟို ကော်မတီနှင့် နိုင်ငံရေး ဦးဆောင်အဖွဲ့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းင်းအား ပါတီခေါင်းဆောင် အဖြစ်မှ လျှော့ချကာ သာမန်ပါတီဝင်အဖြစ် သတ်မှတ်လိုက်သည့် ဗဟိုကော်မတီ၏ဆုံးဖြတ်ချက်ကို ခေါင်းဆောင်ဟောင်းကြီးက အသည်းနာ သည်။ မည်သို့ပင် လူမှုရေး ဖောက်ပြန်နေပါစေ၊ ခေါင်းဆောင် ကြီးကို လူတန်းစား အခွင့်အရေး ပညာရှိ ထာဝရ ခေါင်းဆောင်ကြီးအဖြစ် ဆက်လက် ကိုးကွယ်လိုသူများ လည်း ပါတီတွင်းတွင် အများအပြား ရှိနေသည်။ ထို့ကြောင့်ပင် ပါတီ ဂိုဏ်းခွဲ ထောင်သည်အထိ တုံ့ပြန်ပြသည်။ အများစု၏ ဆန္ဒကို မျက်ကွယ်ပြုကာ ၎င်းင်း၏ တစ်သွေး တစ်သံ တစ်မိန့် ဖြင့် ပါတီသစ် ထောင်ရာတွင်လည်း ပါတီဟောင်း၏ အမည်ကိုပင် ရှေ့နောက် ပြောင်းပြန် လုပ်လိုက်ရုံဖြင့် အသစ်ဖြစ်သွားသယောင် ဆင်တူယိုးမှား လုပ်သွားခဲ့သေး သည်။ သို့သော် ၎င်းင်းတို့ ပေးသမျှ ဒုက်္ခကို ခါးစည်းခံခဲ့ရသော ပြည်သူများက အလံနီ ပါတီဟုပင် ခေါ်ဆိုကြသည်။

ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲသည်။ မူလပါတီ တောတွင်း ရောက်သောအခါတွင်လည်း “ဖြုတ်၊ ထုတ်၊ သတ်” လမ်းစဉ် ကို ကျင့်သုံးကာ စင်ပြိုင် အာဏာ ထူထောင်သူများအဖြစ် စွပ်စွဲပြစ်တင်၍ သတ်ဖြတ်လေ့ ရှိသည်ဟု အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း၏ ၀ါဒဖြန့်ချိမှုအောက်တွင် ကြီးပြင်းလာခဲ့သော အာဏာရ ပါတီကြီး၏ လတ်တလော အပြောင်းအလဲများကား အထက်ပါ အသွင်သဏ္ဌာန်များနှင့် သွားတူနေပေသေးသည်။ ပါတီဥက်္ကဋ္ဌ မပါသော အစည်းအဝေး ခေါ်ကာ တံခါးပိတ် ဆွေးနွေးသည်။ (ဆွေးနွေးသည်ဟု အမည်ခံရုံ သက်သက်လည်း ဖြစ်နိုင်သည်) ပါတီ ဥက္ကဋ္ဌကို ဖြုတ်ချသည်။ လက်ရှိ သမ်္မတဖြစ်နေသူက ပါတီ ဥက္ကဋ္ဌ တာဝန်ပြန်ယူသည်ဟု ပြောသည်။ လက်ကျန် ဒု ဥက္ကဋ္ဌ တစ်ယောက်ကို ဥက္ကဋ္ဌ ရာထူး ပူးတွဲပေးသည်ဟုလည်း ဆိုပြန်သည်။

အစည်းအဝေးကို ဥက္ကဋ္ဌ အဟောင်းရော လက်ရှိ ဥက္ကဋ္ဌပါ မတက်တာ သေချာသည်။ ဗဟို ကော်မတီ မည်မျှ တက်သည်ဟုလည်း မကြေညာခဲ့။ ပါတီတွင်း အာဏာ သိမ်းတာမဟုတ်ဟု သတင်းစာသမားများကို ပြောသော်လည်း ရဲတပ်ဖွဲ့က ပါတီဌာနချုပ်ကို ၀ိုင်းထားခြင်းက အစိုးရ အာဏာကို ပါတီတွင်း လွန်ဆွဲပွဲအတွက် သုံးနေတာ သေချာ သည်။
သာမန် ပြည်သူအတွက်ကတော့ ဘာမထူးခြားသော အာဏာလုပွဲပင် ဖြစ်သည်။ အာဏာရပါတီ၏ အစိုးရ သက်တမ်း ၅ နှစ် အတွင်း ဘာတစ်ခုမှ တိုင်းပြည်က မျှော်လင့်သည့်အတိုင်း ဖြစ်မလာ။ စစ်တပ်မှ ပူပူနွေးနွေး အငြိမ်းစား ဗိုလ်ချုပ်ကြီး အုပ်စုလိုက် ရွေးကောက်ပွဲဝင်ရန် ပါတီတွင်း ၀င်လာသည့်အချိန် ရက်ပိုင်းအတွင်း ပါတီတွင်း ဖြုတ်ထုတ်ခန့်သော ပွဲအဖြစ်သာ မြင်ကြသည်။ ပြည်သူ့ အရေးအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်မည့် ပြောင်းလဲမှု ဖြစ်စဉ်အဖြစ် မည်သူမျှ မယုံကြည်ကြတော့။ ရွေးကောက်ပွဲ ကိုယ်စားလှယ် စာရင်းသွင်းရန် နောက်ဆုံးရက် မတိုင်မီ ထူးမခြားနား ဇာတ်ခင်းခြင်းသာ ဖြစ်သည်။

အာဏာရှင် ဆိုသည်ကို အနက်အဓိပ်္ပာယ် အကျယ်ဖွင့် စရာ မလိုတော့ဟု ထင်ပါသည်။ တစ်ဦးတစ်ယောက်၏ အလိုဆန်္ဒအတိုင်း ကျန်သူအားလုံးကို အတင်းအကျပ် လိုက်နာစေခြင်းပင် ဖြစ်သည်။ အာဏာရှင်တို့သည် ဒီမိုကရေစီ နည်းအရ အများဆန္ဒခံယူခြင်း၊ မဲခွဲဆုံးဖြတ်ခြင်း များကို ပြုလုပ်လေ့ မရှိသလို ၎င်းင်း၏ အဆုံးအဖြတ်နှင့် ပတ်သက်၍ ထင်သာမြင်သာသော အကြောင်းပြချက် များကိုလည်း ပေးလေ့ မရှိပါ။

သို့သော် ၎င်းင်းတို့၏ လုပ်ရပ် မှန်ကန်ကြောင်း နည်းမျိုးစုံ ဖြင့် ဆင်ခြေ ပေးတတ်ကြသည်။ သာမန် ပြည်သူများ လွယ်လင့်တကူ လက်ခံတတ်သည့် အကျင့်ပျက် ခြစားခြင်းနှင့် သက်ဆိုင်သော ပုဂိ္ဂုလ်ရေး စွပ်စွဲချက်များကိုသာ သိက္ခာကျစေရန် ရည်ရွယ်အသုံးပြုလေ့ ရှိသည်။ ပြန်လည် ဖြေရှင်းခွင့် မပေးသည်က များသည်။
တော်လှန်ရေးကောင်စီ အမည်ဖြင့် အင်အားသုံး အာဏာရယူခဲ့သည့် ၁၉၆၂ ခုနှစ်မှ စတင်ကာ မနေ့တစ်နေ့က အထိ အတောမသတ်နိုင်အောင် ထိုနည်းနှင်နှင် မရိုးနိုင် အောင် သုံးခဲ့ကြသည်သာ ဖြစ်သည်။

လှမျိုးထွန်း


အမေရိကန်ဒေါ်လာ မြန်မာကျပ်ငွေ ငွေလဲလှယ်မှု။
အမေရိကန်ဒေါ်လာ မြန်မာကျပ်ငွေ ငွေလဲလှယ်မှု။

အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်း ၁၃၀၀ကျပ်နဲ့ ဒီကနေ့ ဈေးပိတ်ခဲ့ပြီး နိုင်ငံရေး အခြေအနေ အလှုပ်အခတ်ကြောင့် ဆက်ပြီး ဈေးတက်မယ့် အခြေအနေ ရှိနေပါတယ်။ အာဏာရပါတီတွင်း ခေါင်းဆောင်မှု အပြောင်းအလဲတွေ လုပ်ခဲ့ပြီး အာဏာပိုင်တို့နဲ့ ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတချို့ ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး နောက်မှာတော့မြန်မာ့ စီးပွားရေးလောကမှာ ရင်းနှီးမြှုပ်နှံမှုထက် ဒေါ်လာ စုဆောင်းမှုတွေ ပိုများလာတယ်လို့လည်း စီးပွားရေး အ၀န်းအ၀ိုင်းက ပြောဆိုပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ပြည်တွင်း နိုင်ငံရေး အလှုပ်အခတ်နဲ့ ပို့ကုန်တင်ပို့မှု ပိတ်ပင်ချက် တချို့ကြောင့် အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်း ထက်တက်သွားပြီး ကြာသပတေးနေ့မှာ အမေရိကန် တဒေါ်လာ ၁၃၀၀ ကျပ်နဲ့ ဈေးပိတ်သွားခဲ့ပါတယ်။ လက်ရှိ အမေရိကန် ဒေါ်လာငွေ အ၀ယ်လိုက်နေတဲ့ အခြေအနေကို ပို့ကုန်လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက အခုလို ပြောပါတယ်။

"ဒီကနေ့ကတော့ မနက်ပိုင်းက ၁၃၀၀ လောက်ထိ တက်သွားတယ်။ ညနေပိုင်းတော့ ၁၂၉၀ လောက်နဲ့ ပိတ်သွားတယ်ပေါ့နော်။ အရွက်ကတော့ နည်းနည်းလေး ခက်တာပေါ့နော်။ Cash အရွက်ကတော့။ ဒီ Account Transfer တို့ဘာတို့တော့ ၀ယ်လို့ ရပါတယ်။ အဲဒီ ပြဿနာ တက်ပြီးတဲ့ နောက်ပိုင်းပေါ့နော် သူတို့ ဖြစ်တဲ့ ၁၂ ရက်၊ ၁၃ ရက် ၊ ၁၄ ရက် ၊ ၁၃ ရက်နေ့ နောက်က စပြီး တက်သွားတာပေါ့နော်။"

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီတွင်းသူရဦးရွှေမန်းကို ပါတီရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍကနေ ဖယ်ရှားလိုက်ပြီး သူနဲ့ ဆက်နွှယ်မှု ရှိတဲ့ စီးပွားရေး လုပ်ငန်း တချို့မှာ အတားအဆီး တချို့ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် မြန်မာ့ စီးပွားရေး လောကပေါ်မှာ ဂယက်ရိုတ်ခတ်ခဲ့ပြီး ဘဏ်တွေက အပ်နှံငွေတွေ ပြန်ထုတ်ခဲ့ကြတာပါ။

ဒါကြောင့်လည်း ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်တွေပေါ်မှာ ယုံကြည်ကြဖို့ တိုက်တွန်းနေပေမယ့်လည်း ပုဂ္ဂလိက ဘဏ်တွေ ပျက်လို့ အခက်တွေ့ခဲ့ကြတဲ့ အတွေ့အကြုံကြောင့် ဘဏ်တွေမှာ ယုံယုံကြည်ကြည် ငွေမထားနိုင်ကြသေးသလို တဖက်ကလည်း မြန်မာ ကျပ်ငွေ ဈေးနှုန်း ကျမှုကြောင့် အရှုံးပေါ်မယ့် အရေးမှာလည်း စိုးရိမ်နေကြတာပါ။

ဒါ့အပြင် ပြည်တွင်း အိမ်ခြံမြေ ဈေးကွက်နဲ့ ကားဈေးကွက်ကလည်း ဈေးအေး တာကြောင့် ရင်းနှီးမြှုပ်နှံသူတို့ လက်ထဲမှာ ငွေထားဖို့ ဆုံးဖြတ်လာကြ တာ ဖြစ်ပါတယ်။ ပြည်တွင်း အိမ်ခြံမြေ ဈေးကွက် အခြေအနေကိုတော့ တော်ဝင် အိမ်ခြံမြေ ရောင်းဝယ်ရေးက ကိုရှိုင်းကိုကိုက အခုလို ပြောပါတယ်။

"အငှားကတော့ နည်းနည်းပြန်လိုက်တယ်။ အရောင်းအ၀ယ် ကတော့ အေးတယ်။ ဈေးကတော့ အရမ်းကြီးတော့ မကျပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပုံမှန် လက်ရှိ ဒီဈေးနဲ့လည်း အရင်ဈေးနဲ့ဆို ဈေးက တန့်သွားတာဘဲ ရှိတယ်လေ။ အရောင်းအ၀ယ် ဈေးတန့်သွားတာဘဲ ရှိတာ ဈေးက ကျမသွားပါဘူး။ ကျနော်တို့ စက်မှုဇုန်တွေကတော့လေ။ အခုလပိုင်းတွေကတော့ တကယ် လုပ်ငန်း လုပ်မယ့်လူတွေသာ ၀ယ်ကြတာ များတယ်။ ရင်းနှီးမြှုပ်နှံမယ့်သူက ၀ယ်တဲ့သူက ရှားတယ်။ ရှိတော့ ရှိတာပေါ့။ တော်တော်လေး ပါးသွားတာပေါ့။"

လက်ရှိမှာတော့ အမေရိကန် ဒေါ်လာငွေကြေး ဈေးကွက်ထဲမှာ အ၀ယ်သာရှိပြီး အရောင်းမရှိသလောက် ဖြစ်နေပါတယ်။ တချိန်တည်းမှာဘဲ ရေဘေးကြောင့် အရေးပေါ် ပစ္စည်းတွေ ၀ယ်ယူတင်သွင်းမှု အပြင် နေ့စဉ် အသုံးအဆောင်တွေလည်း တင်သွင်းနေရတာကြောင့် ပြည်တွင်းကုန်စည်ဈေးနှုန်းတွေပါ တက်လာတယ်လို့ ပို့ကုန် လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

"အဓိကကတော့ ငွေဖောင်းပွမှု ဖြစ်လာတဲ့ အပိုင်းပေါ့။ ဒေါ်လာဈေးတက်လာတဲ့ အတွက်ကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်လာတဲ့ အတွက်ကြောင့် ပစ္စည်းဈေးနှုန်း တက်လာတဲ့ အပိုင်းတွေရှိတယ်။ ကျနော်တို့ အသုံးအဆောင် ပစ္စည်းတွေ ဈေးတက်တဲ့ ပုံစံဖြစ်တာပေါ့နော်။ ကျနော်တို့က နဂို ကတည်းက အများစုက ဗမာပြည်က ထုတ်တဲ့ဟာထက် စာရင် ပြည်ပက ဟာဘဲ သုံးရတာကိုး။ နေ့စဉ် သွားလာ စားသောက်တဲ့ ပစ္စည်းတွေကစ Import လုပ်တာ များတာကိုး။ ဒေါ်လာဈေးတက်တယ်ဆိုရင် တိုက်ရိုက်ကို ထိခိုက်မှု ရှိလာတာကိုးနော်။

လက်ရှိ အခြေအနေကတော့ ကျနော်တို့က ဘာဘဲ ဖြစ်ဖြစ်တော့ လုပ်ငန်းချဲ့ထွင်တာထက် စာရင် ရှိပြီးသား လုပ်ငန်းကို ဆက်လက် ထိန်းသိမ်းဖို့ လိုတာပေါ့နော်။ နောက်ပြီးတော့ ကျနော်တို့ အနေနဲ့ စွန့်စွန့်စားစား အလုပ်တွေ မလုပ်ကြဘဲနဲ့ ကိုယ့်ရှိတဲ့ဟာနဲ့ လုပ်နေကြတာကို မြင်တယ်။ နောက် ဘာဘဲ ပြောပြော လက်ရှိ ဆောင်ရွက်နေတဲ့ နိုင်ငံရေး ၊ စီးပွားရေး အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ လိုမယ်လို့ ကျနော်တို့ မြင်တယ်ပေါ့နော်။"

စီးပွားရေးလောက တည်ငြိမ် တိုးတက်ရေးက နိုင်ငံရေး အခြေအနေပေါ်မှာ အဓိက မူတည်နေတာကြောင့် လတ်တလောမှာတော့ ပြည်တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံမှု အသစ်တွေကို မလုပ်ကြသေးဘဲ လက်ရှိ လုပ်ငန်းတွေကိုသာ အရှိန်မပျက် ထိန်းထားပြီး နိုင်ငံရေး ဖြစ်ထွန်းမှု အခြေအနေကို စောင့်ကြည့်နေကြကြောင်းပါ။

သိင်္ဂီထိုက်/VOA
http://burmese.voanews.com/content/us-dollar-myanmar-kyats-exchange/2925514.html

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဧရာဝဏ်လေးမျက်နှာ ဘုရားမှာ ဖြစ်ပွါးခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဧရာဝဏ်လေးမျက်နှာ ဘုရားမှာ ဖြစ်ပွါးခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု။

မကြာသေးခင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဧရာဝဏ်လေးမျက်နှာ ဘုရားမှာ ဖြစ်ပွါးခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု ကို အနည်းဆုံးလူ ၁၀ ဦးက ကြံစည်ခဲ့ပုံရပေမယ့် နိုင်ငံတကာအကြမ်းဖက် အုပ်စုရဲ့ လက်ချက် ဟုတ်ပုံမရဘူးလို့ ထိုင်း အရာရှိတွေကပြောပါတယ်။ တရုတ် ခရီးသွားတွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေကြားရေပန်းစားတဲ့ ဒီဘုရားမှာ တနင်္လာနေ့ကဖြစ်တဲ့ ဗုံးခွဲ တိုက်ခိုက်မှုဟာ တရုတ်လူမျိုးတွေကို ဦးတည်တိုက်ခိုက်တာမဟုတ်ဘူးလို့လည်း လက်ရှိ ထိုင်းစစ်အစိုးရပြောခွင့်ရသူ ဗိုလ်မှုးကြီး ၀ှစ်ထိုင်း ဆူဗာရီက ကြာသပတေးနေ့က ရုပ်မြင်သံကြားထုတ်ပြန်ချက်မှာပြောသွားတာပါ။

လူ၂၂ ဦးသေဆုံးပြီး ရာနဲ့ချီဒဏ်ရာရသွားခဲ့တဲ့ ဒီတိုက်ခိုက်မှုအတွက် လူ၁၀ ယောက်လောက်က ပါဝင်ပတ်သက်ခဲ့တယ်လို့ ထိုင်းရဲချုပ် ဆွန်ယွတ် ပွန်ပန်မောဝ် ကပြောပါတယ်။ ဒီဗုံးခွဲတိုက်ခိုက်ဖို့ တလနီးပါး ကြိုတင်ကြံစည်ခဲ့ပုံ ရတယ်လို့လည်းသူကဆိုပါတယ်။

Erawan ဘုရား ဗုံးခွဲတိုက်ခိုက်ခဲ့သူလို့ယုံကြည်တဲ့ဆံပင်အနက်ရောင်၊ မုတ်ဆိတ်မွေးအနည်းငယ်နဲ့ ပလပ်စတစ်ကိုင်း မျက်မှန်အ၀ိုင်းတပ် ထားတဲ့လူငယ်တယောက်ရဲ့ပုံကြမ်းကို ရဲဘက်က ဖော်ပြထားတာပါ။ သူ့ရဲ့ ပုံကြမ်းကို ထိုင်းအစိုးရက မနေ့ကထုတ်ပြန်လိုက်ပြီးဆုကြေးငွေ ဒေါ်လာ ၂ သောင်း ၈ထောင်ထုတ်လိုက်ပါတယ်။ အရပ်ရှည်ပြီး ပိန်သွယ်တဲ့အဲ့ဒီလူငယ်ဟာ အ၀ါရောင်တီရှပ်ကိုဝတ်ဆင်ထားပြီးသူလွယ်လာတဲ့ ကျောပိုးအိတ်ကို ဗုံးကွဲတဲ့ဘုရားအနီးက ခုံတန်းတခုပေါ်မှာ ဗုံးမကွဲခင်အချိန်မှာဘဲ ချန်ထားခဲ့တာကို လုံခြုံရေးကင်မရာမှာတွေ့ရပါတယ်။

လုံခြုံရေးကင်မရာထဲမှာတွေ့ရတဲ့အနီရောင်နဲ့ အဖြူရောင်တီရှပ်တွေ ၀တ်ထားတဲ့ အခြားလူ၂ ယောက် လည်း တိုက်ခိုက်မှုရဲ့ သံသယရှိသူတွေဖြစ်တယ်လို့ ထိုင်းအရာရှိတွေကပြောပါတယ်။ ဒီလူတွေကို ခြေရာခံဖမ်းမိ နိုင်အောင် အင်တာပိုရဲ့အကူအညီကို ထိုင်းအစိုးရက တောင်းခံသွားမယ်လို့ ဗိုလ်မှုးကြီး အပီချတ် ဆူရီဘွန်မ် ယာ ကပြင်သစ်သတင်းဌာနကို ကြာသပတေးနေ့ကပြောပါတယ်။

VOA
http://burmese.voanews.com/content/thailand-says-not-linked-to-international-terrorism/2925352.html

အ​ဓိ​က ​သံ​သ​ယ​ရှိ​သူ ​ဖြစ်​တဲ့ ​တီ​ရှပ် ​အ​ဝါ​ရောင်​နဲ့​လူ​က ​ကျော​ပိုး​အိတ်​ကို ​ချန်​ထား​ခဲ့။ 

ဘန်ကောက် မြို့လယ်က တနင်္လာနေ့ ဗုံးခွဲမှုမှာ နောက်ထပ် သံသယ ရှိသူ အဖြစ် သတ်မှတ် ခံရတဲ့ လူ ၂ ယောက်ဟာ ဧည့်လမ်းညွှန်တွေ ဖြစ်ကြောင်း ရဲစခန်းမှာ လာရောက် စစ်ဆေး ခံခဲ့တယ်လို့ ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။ ဗုံးပေါက်ကွဲမှု မဖြစ်ခင် အချိန် အနည်းငယ် အတွင်းမှာ ဧရာဝဏ် နတ်ကွန်းအနီး ရှိနေခဲ့တဲ့ သူတို့ ၂ ယောက်ကို စီစီတီဗီ ထဲမှာ တွေ့ကြရတာပါ။ အဲဒီ လူ နှစ်ယောက် ထိုင်ခုံက ထပြီး မကြာမီမှာပဲ အဓိက သံသယရှိသူ ဖြစ်တဲ့ အဝါရောင် တီရှပ်နဲ့လူ ရောက်လာပြီး ကျောပိုးအိတ်ကို ချန်ထား ခဲ့တာပါ။ အခုတော့ ဧည့်လမ်းညွှန်တွေလို့ ဆိုတဲ့ အဲဒီ လူ ၂ ယောက်ကို ရဲတွေက မေးမြန်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ နတ်ကွန်းအနီး ဗုံးခွဲမှုကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး ဒါဇင် အများအပြား ဒဏ်ရာ ရခဲ့ကြပါတယ်။ ဗုံးခွဲမှုမှာ ပါဝင် ပတ်သက်တယ်လို့ သံသယ ရှိရသူပေါင်း ၁၀ ဦး ထက်မနည်း ရှိတယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ တခါ ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်း တစ်ခုခုရဲ့ လက်ချက် မဟုတ်နိုင်ဘူးလို့လည်း ထိုင်း စစ်အစိုးရရဲ့ ပြောခွင့်ရသူ ကာနယ် ဝင်းထိုင်း ဆူဗာရီး Col Winthai Suvaree က ပြောခဲ့ပါတယ်။

 ​BBC Burmese
http://www.bbc.com/burmese

အ​ဓိ​က ​မ​သ​င်္ကာ​သူ​ရဲ့ ​ရုပ်​ပုံ​ကြမ်း​ကို ​ထိုင်း​ရဲ​က ​ထုတ်​ပြန်​ထား။ 
 ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့လယ်က တနင်္လာနေ့ ဗုံးပေါက်ကွဲမှုဟာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်း တစ်ခုခုရဲ့ လက်ချက် မဟုတ်နိုင်ဘူးလို့ ထိုင်း အစိုးရက ပြောပါတယ်။

ဒီကောက်ချက်ဟာ စုံစမ်း စစ်ဆေးသူတွေရဲ့ ကနဦး ယူဆချက် ဖြစ်တယ်လို့ ထိုင်း စစ်အစိုးရရဲ့ ပြောခွင့်ရသူ ကာနယ် ဝင်းထိုင်း ဆူဗာရီး Col Winthai Suvaree က ပြောတာပါ။

ဒါပေမယ့် ဗုံးခွဲမှုမှာ အဓိက မသင်္ကာသူ ဖြစ်တဲ့ အခင်းဖြစ်ရာမှာ ကျောပိုးအိတ် ချန်ထားခဲ့သူ ကတော့ နိုင်ငံခြားသား ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ဧရာဝဏ် နတ်ကွန်း အနီး တနင်္လာနေ့ ညဦးပိုင်းက ပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံးပြီး ဒါဇင်ပေါင်း များစွာ ဒဏ်ရာ ရခဲ့ကြပါတယ်။

ဗုံးခွဲမှုမှာ ပါဝင် ပတ်သက်တယ်လို့ သံသယ ရှိရသူပေါင်း ၁၀ ဦး ထက်မနည်း ရှိတယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အခု တိုက်ခိုက်မှုကို အနည်းဆုံး တစ်လလောက် ကြိုတင် စီစဉ်ခဲ့တာလို့ ယုံကြည်ရကြောင်း ထိုင်း ရဲချုပ် စွမ်ယော့တ် ပမ့်ပန်မူအန် Somyot Pumpanmuang က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese



news update 20August 2015

ယနေ့ မနက်ပိုင်းမှ စ၍ တောင်နှင့် မြောက်ကိုရီးယား နိုင်ငံ နယ်စပ် တလျှောက် တားဝေးပစ် ဒုံကျည်များ အဝေးပစ် အမြောက်ကြီး များဖြင့် တဖက်နှင့်တဖက် ပစ်ခတ်နေကြပြီ ဖြစ်ကြောင်း AP သတင်းတွင် ဖေါ်ပြထားပါသည်။

မြောက်ကိုရီးယား နိုင်ငံဘက်က စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၄၈နာရီအတွင် မြောက်ကိုရီးယား နိုင်ငံဘက်သို့  ထုတ်လွှင့်နေသည့် အသံချဲစက်များ ပိတ်ပေးရမည်၊ အမေရိကန်တို့ နှင့် စစ်ရေးလေ့ကျင့်မှုများ ဆက်လုပ်မည်ဆိုပါက မြောက်ကိုရီးယား စစ်တပ်များက စစ်ကြေငြာ၍ ဆိုးမြို့  (တောင်ကိုးရီးယားမြို့ တော်) ချီတက် သိမ်းပိုက်မည်ဟု ရာဇသံပေးထားပါသည်။

ယခုအချိန်တွင် နှစ်နိုင်ငံ စစ်တပ်များအား အမြင့်ဆုံး တပ်လှန့် ထားပြီး နိုင်ငံပိုင် မီဒီယာများမှ စစ်ပွဲဖြစ်ပွားနေသည်ကို တိုက်ရိုက် ပြသနေပါသည်။

လက်နက်ကြီး ကျည်ဆံများ တာဝေးပစ်ဒုံကျည်များ နှစ်နိုင်ငံ နယ်စပ်တွင် ဆက်တိုက် ပေါက်ကွဲနေပြီး သေဆုံးသူ ထိခိုက်ဒဏ်ရာရသူ မသိရသေးကြောင်း သတင်းများတွင် ဖော်ပြနေကြပါသည်။

ကိုကား APS. Korea shells North after rocket attack
Social Action for Women - SAW
https://www.facebook.com/pages/Social-Action-for-Women-SAW


    ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

    ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် အတည်ပြုပေးရန် တင်သွင်းလာသော လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်တွင် ဆက်လက် ဆွေးနွေးမှု မပြုဘဲ ဆိုင်းငံ့ လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ယနေ့ ကြေညာလိုက်သည်။

လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြု ပြဌာန်းနိုင်ရေးနှင့် စပ်လျဉ်၍ ဆက်လက်ဆောင်ရွက်ရန် သင့်မသင့်ကို ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက် ရယူရန် အတွက် လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးက ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

အဆိုပါ ဥပဒေကြမ်း အတည်ပြု ပြဌာန်းနိုင်ရေးအတွက် လွှတ်တော်တွင် ဆက်လက် ဆောင်ရွက်ရန် သင့်မသင့် နှင့် ပတ်သက်ပြီး မဲခွဲ ဆုံးဖြတ်ရာ မဲပေးပိုင်ခွင့်ရှိသူ ၅၂၄ ဦးထဲမှ ထောက်ခံမဲ ၂၆၄ မဲ ၊ ကန့်ကွက်မဲ ၂၃၅ မဲနှင့် ကြားနေမဲ ၁၂ မဲ ရရှိသဖြင့် ထောက်ခံမဲ များသောကြောင့် လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက် မဆွေးနွေးဘဲ ဆိုင်းငံ့ လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ကြေညာလိုက်သည်။

ယင်းဥပဒေနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦး ဆွေးနွေးရာတွင်လည်း အများစုသည် အဆိုပါ ဥပဒေကို တစ်ရာခိုင်နှုန်း ထောက်ခံလျှင် လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ဖြုတ်ချနိုင်မှုကို ထောက်ပြဝေဖန် ဆွေးနွေး ခဲ့သည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းက Right to Recall ဥပဒေကြမ်းကို အမြန်ဆုံး ဆက်လက် ဆွေးနွေးသင့်ကြောင်း ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် ဦးဝင်းဦးက ယင်းဥပဒေကို ဆောလျင်စွာ မလုပ်သင့်ကြောင်း ဆွေးနွေးခဲ့သည်။

“လွှတ်တော် ကိုယ်စားလှယ်တွေကို အလွယ်တကူ ဖြုတ်ပယ်နိုင်ရင် လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေကို အနှောက်အယှက် ဖြစ်နိုင်ပါတယ်” ဟု တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေး ခဲ့သည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ဆိုင်းငံ့လိုက်ခြင်းသည် ယခု လွှတ်တော် သက်တမ်းအတွင်းသာ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း အတည်ပြု ခိုင်းလာသည့် Right to Recall နှင့် ပတ်သက်ပြီး အလျင်စလို အတည်မပြုရန် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ယမန်နေ့က ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ ပေးပို့ခဲ့သည်။

လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြုစုပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်တွင် လည်းကောင်း၊ ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃ ရက်တွင်လည်းကောင်း ပြည်ထောင်စု လွှတ်တော် နာယကထံသို့ ပေးပို့ခဲ့သည်။

 (Xinhua)
http://www.xinhuamyanmar.com


ပေကျင်း ၊ ၂၀-၈-၂၀၁၅

လေထု ညစ်ညမ်းမှု ကြီးက တရုတ်လူမျိုး များကို သေချိန်မတန် သေးဘဲ တစ်ရက်လျှင် တရုတ်လူမျိုး ဦးရေ ၄ဝဝဝ ခန့် သေဆုံး နေကြောင်း မကြာသေးမီ က ကောက်ယူ ခဲ့သော စစ်တမ်းအရ သိရကြောင်း အေပီသတင်း တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ရူပဗေဒ ပညာရှင်များက လေထု ညစ်ညမ်းမှုကြောင့် နှလုံးနှင့် အဆုတ်ရောဂါ များရရှိပြီး တစ်နှစ်လျှင် တရုတ်လူမျိုး ၁ ဒသမ ၆ သန်းတို့ အသက်ဆုံးရှုံး နေရကြောင်း တွက်ချက်ပြ လိုက်ခြင်း ဖြစ်သည်။

ယခင်ကာလ များက ထွက်ပေါ်ခဲ့သော စစ်တမ်းများတွင် လေထု ညစ်ညမ်းမှု ကြောင့် နှစ်စဉ် တရုတ်လူမျိုး တစ်သန်းမှ နှစ်သန်း သေဆုံးကြောင်း တွေ့ရှိခဲ့သော ကိန်းဂဏန်း များမှာ အဖြစ်မှန်နှင့် အလွန် နီးကပ်သော အရေအတွက် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းကို သြဂုတ် ၁၃ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူ နေခြင်းနှင့် အိပ်ခန်းများ အတွင်း အနွေးဓာတ် ပေးပို့နေခြင်း တို့ကို ပြစ်တင် ထားရှိသည်။

စစ်တမ်းကို ကြီးမှူး ကောက်ယူခဲ့သူ ရောဘတ်ရိုဒီ က တရုတ်လူမျိုး ၃၈ ရာခိုင်နှုန်းသည် ကာလ ရှည်ကြာ ကတည်းက လေထု ညစ်ညမ်းသော ဒေသများတွင် နေထိုင်လျက် ရှိကြောင်း ရှင်းပြသည်။ ပေကျင်း မြို့တော်၏ အနောက် တောင်ဘက်ရှိ ဒေသများသည် လေထု အညစ်ညမ်းဆုံး ဖြစ်နေပြီး နိုင်ငံ အရှေ့ပိုင်း ဒေသကြီး၏ တစ်ဝက် ကျော်ကျော်တွင် လေထုတွင်း အမှုန်အမွှား ပါဝင်မှုသည် ပျမ်းမျှ ပါဝင်မှုနှုန်းထက် ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိ ကြသည်။

အမေရိကန် နိုင်ငံ၏ လေထု သည်လည်း သန့်ရှင်းသည်ဟု မပြောနိုင် သော်လည်း တရုတ်နိုင်ငံမှ လေထု ညစ်ညမ်းမှုက အလွန် ဆိုးရွားနေသော အနေအထား ဖြစ်နေသည်။ ၂ဝ၁ဝ ပြည့်နှစ် စာရင်းများ အရ အမေရိကန် နိုင်ငံတွင် လူပေါင်း ၆၃ဝဝဝ မှ ၈၈ဝဝဝ ထိ အမေရိကန် လူမျိုးများ လေထု ညစ်ညမ်းမှုကြောင့် အသက်ဆုံးရှုံး ခဲ့ရကြောင်း ပြည်ထောင်စု ကျန်းမာရေး အဖွဲ့၏ စာရင်းဇယား ထုတ်ပြန်ချက် များအရ သိရသည်။

PyiChitThar
http://www.pyichitthar.com


 အမျိုးသား လွှတ်တော် တရပ်တည်း ရပ်ဆိုင်းလိုက်တဲ့ အတွက် လက်ရှိ လွှတ်တော် လုပ်ငန်းတွေမှာ ထိခိုက်နိုင်တယ်လို့ ကျားဖြူ (ခေါ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။ ဒါ့အပြင် သူရဦးရွှေမန်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌရာထူးကနေ ရုတ်တရက် ဖယ်ရှားလိုက်ပြီး တဲ့နောက် ပြည်သူ့လွှတ်တော် ဥက္ကဌနဲ့ ပြည်ထောင်စု လွှတ်တော်နာယကအဖြစ် သူတာဝန်ယူထားချိန်ကာလမှာ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုတွေကို ထိန်းချုပ်နိုင်ရေး လွှတ်တော်အစည်းအဝေးတွေကို ရပ်ဆိုင်းနိုင်ဖို့ အာဏရ ပါတီကနေ ကြိုးစားနေတယ်လို့ ဦးရဲထွန်း က သုံးသပ်ပါတယ်။

လက်ရှိလွှတ်တော်တွင်း အခြေအနေတွေ တင်းမာနေတယ်လို့လည်း အများက သုံးသပ်နေတာတွေနဲ့ပတ်သက်ပြီး မအင်ကြင်းနိုင်က မေးမြန်းရာမှာ ဦးရဲထွန်းက အခုလို စပြောပါတယ်။

“အခုကျနော် ခန့်မှန်းကြည့်ရတာတော့ အမျိုးသားလွှတ်တော်ကတော့ သူ့ဆုံးဖြတ်ချက်နဲ့သူ ရပ်လိုက်ပြီ။ ပြည်သူ့လွှတ်တော်မှာကျတော့ အဲဒါကို ဥက္ကဋ္ဌက မဲမခွဲဘူး၊ မဲမခွဲဘဲနဲ့ မှတ်တမ်းတင်ထားရန်လို့ပဲ ပြောပြီးတော့၊ လွှတ်တော်ကို ဆက်ကျင်းပမယ်၊ တကယ်လို့ ရေဘေးကူညီရေးကိစ္စ အဲဒီဒေသက လွှတ်တော်အမတ်တွေ သွားချင်တယ် ဆိုရင်လည်း ခွင့်ယူပြီး သွားနိုင်တယ်ဆိုပြီးတော့ သူကအဲဒီလိုပြောတယ်။ သူပြောတဲ့အတိုင်း လွှတ်တော်ထဲမှာလည်း အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိလားဆိုတော့ ရှိပါတယ်။ အခုကိုးကန့်ကိစ္စ အရေးပေါ်ကြေညာချက် သက်တမ်းတိုးတဲ့ ကိစ္စတို့၊ မျိုးစောင့်ဥပဒေကို အတည်ပြုပြဌာန်းဖို့ ကိစ္စရယ်၊ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှရုပ်သိမ်းခြင်းဆိုင်ရာကိစ္စ၊ အဲဒီကိစ္စကလည်း ပြီးပြတ်အောင်လုပ်ဖို့လိုတယ်။ ကော်မရှင်ကနေပြီးတော့ ကျနော်တို့ကို ဒါကိုပြဌာန်းပေးဖို့ လွှတ်တော်ကို တိုက်တွန်းတာက ၄ ကြိမ်မြောက် ရှိပြီဆိုတော့ အဲဒါကလည်း အရေးတကြီး ပြဌာန်းပေးဖို့လိုတဲ့ကိစ္စ ဖြစ်နေတယ်။ အထူးသဖြင့် ကျနော်တို့ ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်း ကိစ္စနဲ့ ပတ်သက်ပြီးတော့ တခုခု ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ လိုနေတယ်။ အဲဒီတော့ အခုဒီပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ဆွေးနွေးမယ်၊ ဆွေးနွေးပြီးလို့ရှိရင် မဲခွဲပြီးတော့ ဒီဥပဒေကို ဆက်လက်ပြီးတော့ ပြဌာန်းမလား၊ ဒါမှမဟုတ်ရင်လည်း ဒီဥပဒေကို လွှတ်တော်သက်တမ်းမှာ မပြဌာန်းပဲနဲ့ ဆိုင်းထားမလား ဆိုတာကို ကျနော်တို့ အဖြေသိရမယ်လို့ ထင်ပါတယ်။ အဲဒါတွေ လုပ်ပြီးရင်တော့ ကျနော်တို့ နားပါလိမ့်မယ်လို့ ယူဆပါတယ်။”

မေး - “အဲဒီတော့ အမျိုးသားလွှတ်တော်ဘက်က၊ သူတို့လွှတ်တော် တခုတည်း ရပ်ဆိုင်းလိုက်တဲ့ အတွက်ကြောင့် လွှတ်တော်လုပ်ငန်းတွေ၊ အခုပြဌာန်းချက်တွေမှာရော တစုံတရာ ထိခိုက်မှု ရှိနိုင်မလားရှင့်။”

ဖြေ - “ထိခိုက်နိုင်ပါတယ်ခင်ဗျ။ ကျနော်တို့လွှတ်တော်က အမြဲလိုလို လွှတ်တော် ၂ ရပ်က၊ အထူးသဖြင့် ဥပဒေပြုရေး ကိစ္စတွေအပေါ်မှာ အပြန်အလှန် အတည်ပြု ပြဌာန်းရတာဖြစ်တော့ လွှတ်တော်တရပ်တည်းနဲ့ လုပ်နိုင်တဲ့ကိစ္စဆိုတာကမေးခွန်းတွေ မေးမြန်းဖြေကြားခြင်းနဲ့ အဆိုတွေတင်ပြီးတော့ ဆွေးနွေးဆုံးဖြတ်ခြင်း၊ ဒီ ၂ ခုပဲ လွှတ်တော်တရပ်တည်း သီးသန့်လုပ်လို့ရတာ ဖြစ်ပါတယ်။ အခုအမျိုးသားလွှတ်တော် ဥက္ကဋ္ဌကလည်း နားလိုက်တယ် ဆိုပေမဲ့ ပြည်ထောင်စု လွှတ်တော်ကိုတော့ တက်ပေးကြပါလို့ သူ့ရဲ့လွှတ်တော် ကိုယ်စားလှယ်တွေကို တိုက်တွန်းတယ်လို့ သိရပါတယ်။ အဲဒီတော့ ပြည်ထောင်စု လွှတ်တော်မှာ တက်တယ်ဆိုတာမှာလည်း ခုနပြောတဲ့ ဥပဒေပြဌာန်းတဲ့ကိစ္စတွေ၊ လွှတ်တော်တရပ်နဲ့တရပ် အပြန်အလှန် သူပို့ပြီးတဲ့အခါကျတော့ မဲခွဲအတည်ပြု ဆုံးဖြတ်ရတဲ့ ကိစ္စတွေက ဆက်ပြီးတော့ လုပ်လို့မရနိုင်ပါဘူး။ လွှတ်တော် ၂ ရပ် သဘောကွဲလွဲတဲ့ ကိစ္စလောက်ကိုပဲ ကျနော်တို့ ဆုံးဖြတ်တာ၊ အတည်ပြုတာတွေကို လုပ်နိုင်လိမ့်မယ်။ နောက် အစိုးရက ပို့လာတဲ့ အဆိုပြုချက်တွေ၊ နောက်ပြီးတော့ လွှတ်တော်ရဲ့ သဘောထားယူတဲ့ ကိစ္စတွေ၊ အဲဒါတွေပဲ ကျနော်တို့ လုပ်နိုင်လိမ့်မယ်။ လွှတ်တော် ၂ ရပ် အပြန်အလှန် ဥပဒေတွေ ပို့ပြီးတော့ အတည်ပြုပြဌာန်း ဆွေးနွေးတဲ့ကိစ္စတွေတော့ ရပ်သွားလိမ့်မယ် ထင်ပါတယ်။”

မေး - “တဘက်မှာလည်း အာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီထဲမှာ ခေါင်းဆောင်မှု အပြောင်းအလဲ ရုတ်တရက် ဖြစ်ခဲ့တယ်၊ အဲဒီအပေါ်မှာလည်း အင်အားသုံးခဲ့တယ်ဆိုတဲ့ အနေအထားလည်း ရှိတဲ့အခါကျတော့ သူတို့ ပါတီထဲဖြစ်တဲ့ ပြဿနာတွေ၊ အခြေအနေတွေက လွှတ်တော်ကိစ္စ၊ အခုဆိုရင် အမျိုးသားလွှတ်တော်က မဲဆန္ဒအများစုနဲ့ ရပ်လိုက်တယ်။ ဒါကလည်း သူတို့အာဏာရပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် အများစု ဖြစ်နေတော့၊ အဲဒါတွေကလည်း တကယ်ပဲ လွှတ်တော်ကိစ္စရပ်တွေကို ရိုက်ခတ်မှု ရှိနေလား၊ အဲဒါရော ဘယ်လိုမြင်ပါသလဲရှင့်။”

ဖြေ - “ဒီဟာနဲ့ ပတ်သက်လို့ ကျနော်လေ့လာကြည့်ရသလောက်တော့ ဒီအဆိုကို အမျိုးသားလွှတ်တော်မှာရော ပြည်သူ့လွှတ်တော်မှာရော တင်တာကတော့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ သဘောထား ဖြစ်ပုံရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တဦးချင်းစီရဲ့ သီးခြားပုံစံ မဟုတ်ပဲနဲ့ ဒါက ပါတီကရပ်နားစေချင်လို့ လုပ်ခိုင်းတယ်ဆိုတဲ့သဘော ကျနော် လေ့လာလို့ ရပါတယ်။ အဲဒီတော့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ ပတ်သက်ပြီးတော့ သူ့ပါတီတွင်းမှာ ဥက္ကဋ္ဌတာဝန်ကနေပြီးတော့ လွှဲပြောင်းပြီး တာဝန်ယူလိုက်တဲ့၊ ဦးဌေးဦးက တာဝန်ယူလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ လွှတ်တော်ထဲကို ယူဆောင်မလာဖို့၊ ဒီကိစ္စက လွှတ်တော်နဲ့ မဆိုင်ဘူးဆိုပြီးတော့ အဲဒီသဘော ဦးရွှေမန်းပြောထားသလို၊ တဘက်က ပါတီကလည်း ဒီလောက်နဲ့ပဲ ရပ်တန်းကရပ်မယ်ဆိုတဲ့ သဘောပေါ့နော်၊ အဲဒါမျိုး ကျနော်တို့ ကြားရပါတယ်။ မှန်းကြည့်ရတာကတော့ ဥက္ကဋ္ဌတာဝန် ရပ်နားလိုက်တဲ့ ကိစ္စဟာ လွှတ်တော်ရပ်နားလိုက်ပြီးတော့ ရေဘေးကူညီရေး ကိစ္စတွေလုပ်မယ်၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလနဲ့ ဆက်သွားမယ်၊ အဲဒီလို ဆိုလို့ရှိရင်တော့ ပိုပြီးတော့ အေးအေးချမ်းချမ်းနဲ့ ကျော်လွှားသွားနိုင်မယ်ဆိုတဲ့သဘော ဆိုလိုချင်တာက ပြဿနာကို ထပ်ပြီးတော့ ကြီးထွားရှုပ်ထွေး မလာစေချင်ဘူးပေါ့နော်။ အဲဒီသဘောလို့လည်း ကျနော်တို့ နားလည်ယူလို့ရပါတယ်။”

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


  ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က ဧရာဝဏ်လေးမျှက်နှာ နတ်ကွန်းမှာ တနင်းလာနေ့က လူ၂၀ သေဆုံးခဲ့ရတဲ့ ဗုံးပေါက်ကွဲခဲ့မှုနဲ့ ပတ်သက်လို့ ထိုင်းရဲတွေက အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်လိုက်ပါတယ်။

စီစီတီဗွီ လုံခြုံရေးကင်မရာ မြင်ကွင်းတွေပေါ်မှာ တွေ့ရတဲ့ လူ ၃ ဦးဟာ ဒီဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ရဲက ယူဆနေပါတယ်။

ထိုင်းအစိုးရ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ၀ီရာချွန် စူကွန်တာပက်တီပက်က လုံခြုံရေးကင်မရာ မြင်ကွင်းတွေအရ အင်္ကျီအ၀ါဝတ်ထားတဲ့ ကျောပိုးအိတ်နဲ့လူဟာ နိုင်ငံခြားသားလို့ ယူဆရကြောင်း၊ ဒါပေမယ့် ဒီလူတစ်ယောက်တည်း မဟုတ်ဘဲ သူနဲ့အတူ ထိုင်းလူမျိုးတွေပါ ဒီကိစ္စမှာ ပူုးပေါင်းလုပ်ဆောင်တာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဧရာဝဏ်နတ်ကွန်းနားမှာ အဲဒီလူအတွက် ကျန်တဲ့လူ ၂ ဦးက နေရာဦးပေးခဲ့ပြီး သူထိုင်တဲ့အချိန်မှာ ကာကွယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ကျောပိုးအိတ်ကို ချပြီး ထွက်သွားကြောင်းနဲ့ အဲဒီနောက် မိနစ်ပိုင်းမှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အခုအခါ အဲဒီကျောပိုးအိတ်နဲ့လူကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေရဲ့ သြဇာလွှမ်းမိုးမှုမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာအက်ဖ်အေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းချက်မှာ ဖြေကြားခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း ) ဦးသန်းရွှေရဲ့အခန်းကဏ္ဍ ပြန်ပါလာပြီးဆိုပြီး ပြောဆိုနေကြတဲ့အပေါ် RFA က မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့ပါတယ်။

"ဟုတ်ပါသလားလို့မေးရင်တော့ ကျနော်အနေနဲ့ကတော့ မဖြစ်နိုင်ဘူးလို့ ကျနော်ကပြောချင်တာ၊ ဗိုလ်ချုပ်မှူးကြီးက သူ့ဟာသူပဲ အေးဆေးနေတာပါ၊ ကျနော်တို့လည်း အခါကြီးရက်ကြီးတွေမှာ သွားပြုပြီးတော့ ဂါရဝပြုတာတွေရှိပါတယ်၊ ကျနော်တို့ရဲ့ တပ်မတော်ရဲ့မိဘဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ သွားရောက်ဂါရဝပြုတာတွေရှိပါတယ်၊ သူကတိုင်းပြည်ကောင်းဖို့အတွက်ပဲ သူအကြံပြုတာတွေ ကျနော်တို့ တပ်မတော်ကောင်းအောင်လုပ်ဖို့အတွက် အကြံပြုတာတွေပဲရှိတယ်၊ ဘာလုပ်ပါလို့တော့ ဒီဟာတွေကိုတော့ လုပ်တာပြုတာတော့မပြောဘူး မရှိဘူး၊ နံပါတ် ၂ အချက်ကတော့ စည်းစည်းလုံးလုံးနေကြဖို့ သူမကြာခဏပြောပါတယ် တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ ဒီလောက်ပဲပြောပါတယ်၊ အခုအခြအနေမျိုးမှာလည်း ကျနော်တို့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ ဘာမှမကြားပါဘူး၊ အစိုးရလည်း အစိုးရအလျောက် သူလုပ်နိုင်တဲ့ဟာတွေ လုပ်နေတာပေါ့၊ လွှတ်တော်လည်း လွှတ်တော်အလျောက် သူတို့ရဲ့လုပ်ပိုင်ခွင့်ထဲက လုပ်နေတာဖြစ်ပါတယ်၊ ဘာမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အငြိမ်းစား)ရဲ့ သြဇာလွှမ်းမိုးမှု ဘာတစ်ခုမှမရှိပါဘူး"

ချင်းပြည်နယ် ဟားခါးမြို့က ဒေသခံတွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေဟာ လမ်းတွေ ပျက်စီးကုန်တာကြောင့် ကလေးမြို့မှာ စုပုံနေပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲဖြစ်နေတယ်လို့ ဟားခါးမြို့ကိုရောက်နေတဲ့ အာအက်ဖ်အေ သတင်းထောက်က ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ကို မေးမြန်းရာမှာတော့ တပ်မတော်အနေနဲ့ ကယ်ဆယ်ရေးပစည်းတွေကို ရဟတ်ယာဉ်တွေ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ သယ်ဆောင်ပေးလျက်ရှိကြောင်း အခုလို ပြောကြားသွားပါတယ်။

"အစီအစဉ်အရ အပြည့်လုပ်ပေးမယ်၊ ကျနော်က အပေါ်ကသယ်လို့ရတာလည်း အပေါ်ကသယ်ပေါ့၊ အရေးပေါ်လိုအပ်တဲ့ဟာတွေ အမြန်ပို့ရမယ့်ဟာတွေကျရင် ရဟတ်ယာဉ်နဲ့သယ်ပေါ့၊ အောက်ကသယ်ဖို့လိုလို့ရှိရင်လည်း အောက်ကနေသယ်ဖို့ ကားလမ်းနဲ့သယ်ဖို့လုပ်နေတာရှိပါတယ်၊ တပ်ကမတော်က ကားတွေနဲ့ရော လေယာဉ်ပျံနဲ့ရော ရဟတ်ယာဉ်နဲ့ရော ကျနော်ကအဲ့ဘက်မှာ အများကြီုးထုတ်ပြီးသုံးနေပါတယ်"

ဒါ့အပြင် လတ်တလောနိုင်ငံရေးအခြေအနေမှာ နိုင်ငံတော်အစိုးရဘက်ကနေ ရပ်တည်ပေးရမှာက လိုအပ်ချက်ဖြစ်ကြောင်းနဲ့ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်မှုအောက်မှာ တပ်မတော်အကြီးအကဲတစ်ဦးအနေနဲ့ လိုက်နာပြီးဆောင်ရွက်ရ မှာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ် ခံရမှုနဲ့ စွပ်စွဲခံထားရတဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ကော့စမွေ တရားရုံးကို ရောက်လာစဉ်
 ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ၂၀၁၄ စက်တင်ဘာ လတုန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ စွပ်စွဲခံထားရတဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့နဲ့ ပတ်သက်လို့ တရားလိုပြသက်သေ ရဲ ၄ ဦး၊ ရှေ့နေ ၂ ဦးနဲ့ ဘာသာပြန်သူ ၁ ဦးတို့ကို ကော့စမွေ တရားရုံးမှာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့ စစ်ဆေးရာမှာ တရားလို သက်သေ ထွက်ဆိုချက်တွေမှာ ကွဲလွဲချက်တွေ ရှိနေတယ်လို့ မြန်မာသံရုံးကိုယ်စားပြု ရှေ့နေက ဆိုပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လိပ်ကျွန်းလို့ခေါ်တဲ့ ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ သတ်ဖြတ်ခံရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးနဲ့ ပတ်သက်လို့ စွပ်စွဲခံရသူ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးပြီး ရုံးတင် စစ်ဆေးနေခဲ့တာပါ။ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့မှာတော့ တရားလိုပြသက်သေ ၆၀ ကျော်ထဲက ရဲဝန်ထမ်း ၄ ဦးနဲ့ ရှေ့နေ ၂ ဦး၊ ဘာသာပြန် ၁ ဦးတို့ကို ၂ ရက်ကြာ စစ်ဆေးမှုတွေရဲ့ အခြေအနေကို မြန်မာသံရုံးကိုယ်စားပြု ရှေ့နေ ဦးအောင်မျိုးသန့်က အခုလို ပြောဆိုပါတယ်။

“ကလေးတွေရဲ့ တံတွေး DNA ယူတဲ့ ရဲ ၄ ယောက်ပေါ့လေ။ သူတို့ကိုယ်တိုင် ထွက်ချက်မှာပါတယ်။ သူတို့ကို တာဝန်တွေပေးတယ်။ ၁၆ ရက် ၉ လ ၂၀၁၄ ကနေ ၃ ရက် ၁၀ လ ၂၀၁၄ ဆိုတာလေ။ အဲဒီတော့ အဲဒီအတွင်းမှာ DNA ယူတဲ့သဘော။ နောက်တခါ ပြီးခဲ့တဲ့လ ၂၄ ရက် အစစ်ခံသွားတဲ့ ရဲမှူးကြီး မှုခင်းဆရာဝန်ကြီးပေါ့လေ။ သူ့ရဲ့ထွက်ချက်မှာ ဘာပြောထားသလဲဆိုတော့ ၂ ရက် ၁၀ လ ၂၀၁၄ က ပို့တဲ့ DNA ကို စစ်ရပါတယ်လို့ ပြောထားတယ်။ အဲဒီတော့ ခုနက လေးယောက်ရဲ့ ထွက်ချက်ကို ပြန်ကြည့်ရင် သူတို့ဟာ တရားခံကို ဖမ်းပြီးမှ DNA ကို ပို့လိုက်လို့ ၂ ရက် ၁၀ လ နေ့မှာမှ DNA ရောက်သွားတာကို စစ်ရတယ်လို့ ပြောတာ။ အဲဒါဆိုရင် DNA လုပ်ထုံးလုပ်နည်းထဲက ၂ ချက်နဲ့ သွားငြိနေတယ်။ ယုံကြည်ဖွယ်ရာ မရှိဘူးဆိုတဲ့ ၂ ချက်။ ဘာလဲဆိုတော့ ၁ အချက်က ရယူတဲ့ DNA ဟာ တရားခံဖမ်းပြီးမှ စစ်ဆေးပေးပို့တာ ဖြစ်ခဲ့လို့ရှိရင် ၁ အချက် ဒီ DNA နဲ့ သက်သေခံ ပစ္စည်းတွေမှာ သုံးလို့ရတယ်။ ၂ အချက်က ကလေးတွေရဲ့ DNA ကို ရယူပြီးတော့ သေတဲ့လူရဲ့DNA ပါ။ ဒါ တရားခံပါ၊ တရားသေပါ။ နှစ်ခုခွဲလိုက်ပြီးတော့ ပို့လိုက်ရင်လည်း ထွက်လာမယ့်အဖြေက DNA တူမှာပဲ။ ဒါကြောင့်မို့လို့ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ အန်ကယ်တို့က ကန့်ကွက်ထားတာ ပိုပေါ်လွင်သွားတာပေါ့။”

စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ ဦးဟာ အခင်းဖြစ်ပွားပြီးပြီးချင်းမှာပဲ ပထမတကြိမ် သံသယနဲ့ DNA စစ်ဆေးခံရပေမဲ့ DNA မတူဘူးဆိုပြီး ပြန်လွှတ်ပေးခဲ့ပြီးတဲ့ နောက်မှာတော့ ၂ ပတ်ခန့်အကြာ စက်တင်ဘာလကုန်မှာ ဖမ်းဆီးခံရပြီး အောက်တိုဘာလ ၃ ရက်နေ့မှာ တရားခံတွေအဖြစ် သူတို့ကိုယ်တိုင် ၀န်ခံခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူတိုရဲ့ဝန်ခံကြောင်း ပြောဆိုတာကို သိရှိတဲ့သက်သေအဖြစ် ရှေ့နေ ၂ ဦးကိုလည်း သြဂုတ်လ ၁၉ ရက်နေ့ တရားခွင်မှာ စစ်ဆေးခဲ့တဲ့အကြောင်း ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။

“ဆိုတာက ဒီရှေ့နေဟာ ကော့စမွေမှာ လာလုပ်စားတာ အခုမှ သိပ်မကြာသေးဘူး။ တနှစ်လောက်ပဲ ရှိသေးတယ်။ ဒါပေမဲ့ သူက ရှေ့နေများကောင်စီ အသင်းဝင်လည်း မဟုတ်ဘူး။ သူ့ဟာသူပဲ ဥပဒေအရ ရှေ့နေလုပ်စားနေတဲ့သဘော။ သူ့ကို ဒီရောက်လာတဲ့အခါကျတော့ ရဲက ရောက်ခါစ ရှေ့နေဆိုတော့ ခေါ်သုံးလိုက်တာပေါ့နော်။ သုံးတော့ ဒီလိုဝန်ခံတဲ့ အချိန်မျိုးတွေမှာ ရှေ့နေရှိနေဖို့ လိုတယ်လေ။ ဒါကြောင့်ခေါ်သုံးတော့ သူက အဲဒီထဲမှာ ပါသွားတာပေါ့။ တရားခွင်မှာတော့ သူက သူ့ဆီမှာ ၀န်ခံတဲ့စွဲကြောင်း ဘာသာပြန်ပြောတာတွေပဲ မှတ်တမ်းတင်ထားတာပါ။ ဒီပြင်ဟာတော့ မရှိပါဘူး။”

ကော့တောင်ကျွန်းကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွား ၂ ဦးဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျွန်းပေါ်မှာပဲ သတ်ဖြတ်ခံရတာပါ။ ဒီအတွက် မြန်မာလူငယ် ၂ ဦးကို ထိုင်းအာဏာပိုင်တွေက လူသတ်မှု၊ မုဒိမ်းမှု၊ တရားမ၀င် ၀င်ရောက်မှု စတဲ့ အမှု ၇ မှုနဲ့ စွပ်စွဲထားပြီး ကော့စမွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ ရုံးထုတ်စစ်ဆေးတဲ့ အခါမှာတော့ မြန်မာလူငယ် ၂ ဦးက သူတို့ကို စစ်ဆေးမေးမြန်းစဉ်အတွင်းမှာ နှိပ်စက်မှု ညှဉ်းပန်းမှုတွေကြောင့် ၀န်ခံခဲ့ရကြောင်း သူတို့ဟာ လူသတ်မှုနဲ့ ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ် ခံရမှုနဲ့ စွပ်စွဲခံထားရတဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ကော့စမွေ တရားရုံးကို ရောက်လာစဉ်
 ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ၂၀၁၄ စက်တင်ဘာ လတုန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ စွပ်စွဲခံထားရတဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့နဲ့ ပတ်သက်လို့ တရားလိုပြသက်သေ ရဲ ၄ ဦး၊ ရှေ့နေ ၂ ဦးနဲ့ ဘာသာပြန်သူ ၁ ဦးတို့ကို ကော့စမွေ တရားရုံးမှာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့ စစ်ဆေးရာမှာ တရားလို သက်သေ ထွက်ဆိုချက်တွေမှာ ကွဲလွဲချက်တွေ ရှိနေတယ်လို့ မြန်မာသံရုံးကိုယ်စားပြု ရှေ့နေက ဆိုပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လိပ်ကျွန်းလို့ခေါ်တဲ့ ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ သတ်ဖြတ်ခံရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးနဲ့ ပတ်သက်လို့ စွပ်စွဲခံရသူ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးပြီး ရုံးတင် စစ်ဆေးနေခဲ့တာပါ။ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့မှာတော့ တရားလိုပြသက်သေ ၆၀ ကျော်ထဲက ရဲဝန်ထမ်း ၄ ဦးနဲ့ ရှေ့နေ ၂ ဦး၊ ဘာသာပြန် ၁ ဦးတို့ကို ၂ ရက်ကြာ စစ်ဆေးမှုတွေရဲ့ အခြေအနေကို မြန်မာသံရုံးကိုယ်စားပြု ရှေ့နေ ဦးအောင်မျိုးသန့်က အခုလို ပြောဆိုပါတယ်။

“ကလေးတွေရဲ့ တံတွေး DNA ယူတဲ့ ရဲ ၄ ယောက်ပေါ့လေ။ သူတို့ကိုယ်တိုင် ထွက်ချက်မှာပါတယ်။ သူတို့ကို တာဝန်တွေပေးတယ်။ ၁၆ ရက် ၉ လ ၂၀၁၄ ကနေ ၃ ရက် ၁၀ လ ၂၀၁၄ ဆိုတာလေ။ အဲဒီတော့ အဲဒီအတွင်းမှာ DNA ယူတဲ့သဘော။ နောက်တခါ ပြီးခဲ့တဲ့လ ၂၄ ရက် အစစ်ခံသွားတဲ့ ရဲမှူးကြီး မှုခင်းဆရာဝန်ကြီးပေါ့လေ။ သူ့ရဲ့ထွက်ချက်မှာ ဘာပြောထားသလဲဆိုတော့ ၂ ရက် ၁၀ လ ၂၀၁၄ က ပို့တဲ့ DNA ကို စစ်ရပါတယ်လို့ ပြောထားတယ်။ အဲဒီတော့ ခုနက လေးယောက်ရဲ့ ထွက်ချက်ကို ပြန်ကြည့်ရင် သူတို့ဟာ တရားခံကို ဖမ်းပြီးမှ DNA ကို ပို့လိုက်လို့ ၂ ရက် ၁၀ လ နေ့မှာမှ DNA ရောက်သွားတာကို စစ်ရတယ်လို့ ပြောတာ။ အဲဒါဆိုရင် DNA လုပ်ထုံးလုပ်နည်းထဲက ၂ ချက်နဲ့ သွားငြိနေတယ်။ ယုံကြည်ဖွယ်ရာ မရှိဘူးဆိုတဲ့ ၂ ချက်။ ဘာလဲဆိုတော့ ၁ အချက်က ရယူတဲ့ DNA ဟာ တရားခံဖမ်းပြီးမှ စစ်ဆေးပေးပို့တာ ဖြစ်ခဲ့လို့ရှိရင် ၁ အချက် ဒီ DNA နဲ့ သက်သေခံ ပစ္စည်းတွေမှာ သုံးလို့ရတယ်။ ၂ အချက်က ကလေးတွေရဲ့ DNA ကို ရယူပြီးတော့ သေတဲ့လူရဲ့DNA ပါ။ ဒါ တရားခံပါ၊ တရားသေပါ။ နှစ်ခုခွဲလိုက်ပြီးတော့ ပို့လိုက်ရင်လည်း ထွက်လာမယ့်အဖြေက DNA တူမှာပဲ။ ဒါကြောင့်မို့လို့ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ အန်ကယ်တို့က ကန့်ကွက်ထားတာ ပိုပေါ်လွင်သွားတာပေါ့။”

စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ ဦးဟာ အခင်းဖြစ်ပွားပြီးပြီးချင်းမှာပဲ ပထမတကြိမ် သံသယနဲ့ DNA စစ်ဆေးခံရပေမဲ့ DNA မတူဘူးဆိုပြီး ပြန်လွှတ်ပေးခဲ့ပြီးတဲ့ နောက်မှာတော့ ၂ ပတ်ခန့်အကြာ စက်တင်ဘာလကုန်မှာ ဖမ်းဆီးခံရပြီး အောက်တိုဘာလ ၃ ရက်နေ့မှာ တရားခံတွေအဖြစ် သူတို့ကိုယ်တိုင် ၀န်ခံခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူတိုရဲ့ဝန်ခံကြောင်း ပြောဆိုတာကို သိရှိတဲ့သက်သေအဖြစ် ရှေ့နေ ၂ ဦးကိုလည်း သြဂုတ်လ ၁၉ ရက်နေ့ တရားခွင်မှာ စစ်ဆေးခဲ့တဲ့အကြောင်း ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။

“ဆိုတာက ဒီရှေ့နေဟာ ကော့စမွေမှာ လာလုပ်စားတာ အခုမှ သိပ်မကြာသေးဘူး။ တနှစ်လောက်ပဲ ရှိသေးတယ်။ ဒါပေမဲ့ သူက ရှေ့နေများကောင်စီ အသင်းဝင်လည်း မဟုတ်ဘူး။ သူ့ဟာသူပဲ ဥပဒေအရ ရှေ့နေလုပ်စားနေတဲ့သဘော။ သူ့ကို ဒီရောက်လာတဲ့အခါကျတော့ ရဲက ရောက်ခါစ ရှေ့နေဆိုတော့ ခေါ်သုံးလိုက်တာပေါ့နော်။ သုံးတော့ ဒီလိုဝန်ခံတဲ့ အချိန်မျိုးတွေမှာ ရှေ့နေရှိနေဖို့ လိုတယ်လေ။ ဒါကြောင့်ခေါ်သုံးတော့ သူက အဲဒီထဲမှာ ပါသွားတာပေါ့။ တရားခွင်မှာတော့ သူက သူ့ဆီမှာ ၀န်ခံတဲ့စွဲကြောင်း ဘာသာပြန်ပြောတာတွေပဲ မှတ်တမ်းတင်ထားတာပါ။ ဒီပြင်ဟာတော့ မရှိပါဘူး။”

ကော့တောင်ကျွန်းကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွား ၂ ဦးဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျွန်းပေါ်မှာပဲ သတ်ဖြတ်ခံရတာပါ။ ဒီအတွက် မြန်မာလူငယ် ၂ ဦးကို ထိုင်းအာဏာပိုင်တွေက လူသတ်မှု၊ မုဒိမ်းမှု၊ တရားမ၀င် ၀င်ရောက်မှု စတဲ့ အမှု ၇ မှုနဲ့ စွပ်စွဲထားပြီး ကော့စမွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ ရုံးထုတ်စစ်ဆေးတဲ့ အခါမှာတော့ မြန်မာလူငယ် ၂ ဦးက သူတို့ကို စစ်ဆေးမေးမြန်းစဉ်အတွင်းမှာ နှိပ်စက်မှု ညှဉ်းပန်းမှုတွေကြောင့် ၀န်ခံခဲ့ရကြောင်း သူတို့ဟာ လူသတ်မှုနဲ့ ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ဘဏ်​တ​ချို့ ​ပိတ်​ဖို့ ​ရှိ​တယ် ​ဆို​တဲ့ ​သ​တင်း​တွေ​ကြောင့် ​အပ်​နှံ​ထား​တဲ့​ငွေ ​ပြန်​ထုတ်​သူ​တွေ ​များ​လာ
 အ​ခု​ရက်​ပိုင်း ​ပု​ဂ္ဂ​လိ​က ​ဘဏ်​တ​ချို့​မှာ ​ငွေ​ပြန်​ထုတ်​တဲ့ ​သူ​တွေ ​များ​လာ​တဲ့​အ​တွက် ​ဗ​ဟို​ဘဏ်​က ​တာ​ဝန်​ရှိ​သူ​တွေ ​အ​နေ​နဲ့ ​သ​တင်း​စာ ​ရှင်း​လင်း​ပွဲ ​လုပ်​ရ​တဲ့​အ​ထိ ​ဖြစ်​ခဲ့​ရ​ပါ​တယ်။

ပြည်​ထောင်​စု ​ကြံ့​ခိုင်​ရေး​နဲ့ ​ဖွံ့​ဖြိုး​ရေး​ပါ​တီ ​ခေါင်း​ဆောင်​ပိုင်း ​အ​ပြောင်း​အ​လဲ ​ဖြစ်​ပြီး​တဲ့ ​နောက်​ပိုင်း ​ငွေ​ကြေး​ခ​ဝါ​ချ​မှု​နဲ့ ​ပတ်​သက်​နေ​တဲ့ ​ပု​ဂ္ဂ​လိ​က ​ဘဏ်​နှစ်​ခု​ကို ​မ​ကြာ​ခင် ​ပိတ်​သိမ်း​ဖို့ ​ရှိ​တယ် ​ဆို​ပြီး ​ဆို​ရှယ် ​မီ​ဒီ​ယာ​တွေ​မှာ ​သ​တင်း​တွေ ​ထွက်​လာ ​ခဲ့​ပါ​တယ်။

အဲ​ဒီ​လို ​သ​တင်း​ထွက်​တဲ့ ​ဘဏ်​တွေ​မှာ ​ငွေ​အပ်​နှံ​ထား​သူ ​အ​များ​စု​ဟာ ​သူ​တို့​ငွေ​တွေ​ကို ​ပြန်​ထုတ်​တာ​တွေ ​လုပ်​လာ​ခဲ့​ပါ​တယ်။

ဗ​ဟို​ဘဏ်​က​တော့ ​မည်​သည့်​ဘဏ်​ကို​မှ ​ပိတ်​သိမ်း​ဖို့ ​အ​စီ​အ​စဉ် ​မ​ရှိ​ကြောင်း​နဲ့ ​ပု​ဂ္ဂ​လိ​က​ဘဏ်​များ​အ​နေ​နဲ့ ​ငွေ​ကြေး ​အ​ကျပ်​အ​တည်း ​ဖြစ်​လာ​ပါ​က ​ဗ​ဟို​ဘဏ်​အ​နေ​နဲ့ ​ဥ​ပ​ဒေ​နဲ့ ​အ​ညီ ​အ​ကူ​အ​ညီ ​ပေး​သွား​မယ်​လို့ ​သ​တင်း ​ထုတ်​ပြန်​ခဲ့​ပါ​တယ်။

က​မ္ဘော​ဇ​ဘဏ်​ရဲ့ ​အ​ကြီး​တန်း ​အ​ကြံ​ပေး ​ဦး​သန်း​လွင်​က ​ဒီ ​ကော​လ​ဟာ​လ ​သ​တင်း​တွေ​ဟာ ​မီး​ပွား​မျှ​သာ ​ထွက်​ပေါ်​ခဲ့​ပြီး ​အ​ခု​အ​ခါ ​ပျောက်​ကွယ်​သွား​ပြီ ​ဖြစ်​ကြောင်း​နဲ့ ​ဗ​ဟို​ဘဏ်​ရဲ့ ​သ​တင်း​ထုတ်​ပြန်​ချက်​အ​တိုင်း ​ပြည်​သူ​တွေ​အ​နေ​နဲ့ ​ဘာ​မှ ​စိုး​ရိမ်​စ​ရာ ​မ​လို​ကြောင်း ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။

မြန်​မာ​နိုင်​ငံ​မှာ ​ငွေ​ကြေး ​ပို​လျှံ​သူ​တွေ ​အ​နေ​နဲ့ ​အ​ရင်​က ​ဘဏ်​တွေ​မှာ ​ငွေ​အပ်​လေ့ ​အပ်​ထ ​မ​ရှိ​ခဲ့​ပေ​မယ့် ​အ​ခု​နောက်​ပိုင်း​မှာ ​ပု​ဂ္ဂ​လိ​က​ဘဏ်​တွေ​မှာ ​အပ်​နှံ​စ ​ပြု​လာ​ခဲ့​ကြ​ပါ​တယ်။

ဒါ​ပေ​မယ့် ​မြန်​မာ​နိုင်​ငံ​မှာ ​ဘဏ်​လုပ်​ငန်း ​လုပ်​ပိုင်​ခွင့် ​ရ​ထား​သူ ​အ​များ​စု​ဟာ ​တပ်​မ​တော် ​အ​စိုး​ရ ​လက်​ထက်​က ​လူ​ကြီး​တွေ​နဲ့ ​ရင်း​နှီး​တဲ့​သူ​တွေ ​ဖြစ်​တဲ့​အ​တွက် ​နိုင်​ငံ​ရေး​နဲ့ ​ပတ်​သက်​တဲ့ ​အ​ကြောင်း​အ​ရာ ​တ​ခု​ခု ​ဖြစ်​ပွား​တိုင်း ​ဘဏ်​တွေ​မှာ ​ငွေ​အပ်​နှံ​ထား​သူ ​ပြည်​သူ​တွေ​အ​နေ​နဲ့ ​စိုး​ရိမ်​မှု​တွေ ​ပေါ်​ပေါက်​လေ့ ​ရှိ​တာ ​ဖြစ်​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese