08/22/15
11891134_735765759902255_1943799043317196817_n
ချင်းပြည်နယ်၊ ဟားခါးမြို့ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအကူအညီ အရေးပေါ် အထူးလိုအပ်နေပြီလို့ အဲ့ဒီမြို့ကို သွားရောက်ကူညီခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီက ပြောပါတယ်။
ကလေးမြို့နဲ့ ဟားခါးမြို့ကြား လမ်းပိုင်းပြတ်နေပြီး လမ်းလွှဲတွေက သွားလာနေရတာလည်း အင်မတန်အန္တရာယ်များနေတယ်လို့ ဆိုပါတယ်။
ဟားခါးမြို့ ပြောင်းရွှေ့ရေးနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက အထူးသတိထား ကိုယ်တွယ်လုပ်ဆောင်နေကြပြီး မြို့လူထုဟာ မြို့ပြောင်းရမယ့်အရေး ရတက်မအေးဖြစ်နေကြတယ်လို့လည်း ပြောပါတယ်။=
ကလေးမြို့နဲ့ ဟားခါးမြို့တို့ကို ကူညီရေး ခရီးသွားရောက်ခဲ့တဲ့ ၈၈ အဖွဲ့က ဦးဂျင်မီကို ဆက်သွယ်မေးမြန်းထားပါတယ်။
ကလေးနဲ့ ဟားခါး ခရီးမှာ ဘာတွေ တွေ့ကြုံခဲ့ရလဲဗျာ။
“ကလေး ပတ်ဝန်းကျင်တ၀ိုက်မှာတော့ လယ်တွေက ပျက်သွားတယ်၊ အရင် ချောင်းဟောင်း မြစ်ဟောင်းတွေ ပျက်သွားပြီးတော့ ချောင်းသစ်မြစ်သစ်တွေ ပေါ်လာတယ်။ လယ်ကွက်တွေအပေါ်မှာ ရွှံ့နွံ့တွေက ၈ ပေလောက်ထိ ဖုံးသွားတယ်။ ၁၀ ပေ အမြင့်လောက်ရှိတဲ့ တံတားဆိုရင် ကျနော်တို့က အခု ၁ ပေလောက်နဲ့ တက်လို့ရတယ်။ အပြောင်းအလဲတွေ အများကြီး ဖြစ်ကုန်တယ်။ ရွာတွေလည်း နစ်မြုပ်ပျက်စီးကုန်တယ်၊ ကလေးတ၀ိုက်မှာ အပျက်အစီး တော်တော်များတယ်။”
ကလေးတ၀ိုက် ချောင်းတွေမြစ်တွေ ပျောက်ဆုံးကုန်ပြီး အသစ်တွေ ပေါ်လာတယ်ဆိုတာ ဘာကြောင့်တဲ့လဲဗျ။
“တောင်ပေါ်က စီးလာတဲ့ရေတွေပေါ့၊ အဓိကကတော့ သစ်တောပြုန်းတယ်၊ သစ်တော မထိန်းနိုင်ဘူး။ မိုးများတဲ့အခါကျတော့ အဲ့ဒီက မြေတွေပါ ရေက သယ်ချလာတယ်၊ သယ်ချလာပြီး အကုန်လုံးကို ဖုံးပစ်လိုက်တယ်။ ချောင်းတွေကိုပါ ဖုံးပစ်လိုက်တယ်၊ ဖုံးပစ်လိုက်ပြီးတော့ ရေစီးအားများတဲ့ နေရာတွေမှာ ချောင်းအသစ်တွေ ပြန်ဖြစ်သွားတယ်၊ အဲ့ဒီလို တွေ့ရတယ်ဗျ။”
ဆက်ပြောပါဦးဗျ၊ ချင်းဘက်။
“အဲ့ဒီတော့ ကျနော်တို့ ဟားခါးဘက်ကို ဆက်တဲ့အခါကျတော့ ပြဿနာက ဘာလဲဆိုတော့ မူလလမ်းဟောင်းတွေက တောင်ပြိုပြီး ပျက်သွားတယ်။ တချို့နေရာတွေဆို အချပ်လိုက်ပြိုပြီး ဆင်သွားတာ။ လမ်းအချပ်လိုက်ကြီးကို ပြိုပြီး ဆင်းသွားတာ။ ဆင်းသွားပြီးတော့ လမ်းကြီးကို ပျောက်ထွက်သွားတာ။ ပျောက်ထွက်သွားတော့ လမ်းလွှဲတွေကနေ သွားရတယ်၊ ဟိုး အရင်ကတည်းက အရေးပေါ်သုံးတဲ့ လမ်းလွှဲတွေဆိုတော့ ကားမောင်းရတာကိုက တော်တော်လေးကို သဲထိတ်ရင်ဖို၊ အမှားမခံဘူး၊ အတိမ်းအစောင်းမခံဘူး၊ နည်းနည်းလေး ရွေ့စောင်းသွားတာနဲ့ အဲ့ဒါ တောင်အောက်ကို ထိုးဆင်းသွားမယ့် အခြေအနေပဲ။ မိုးစပ်စပ်လေးရွာလိုက်ရင် ပိုဆိုးတယ်ဗျ။ ကားတွေက ဘာဖြစ်လဲဆိုတော့ ဘီးတွေက ဂီယာနဲ့ထိန်းရတဲ့အခါမှာ ဂီယာနဲ့ မထိန်းနိုင်ဘူးဆိုရင် လျှောကနဲဆင်းလာပြီးတော့ ဂဏန်းသွားသလို ဘေးတိုက်ကြီးပါသွားရတယ်၊ လမ်းအခြေအနေ တော်တော်ဆိုးတယ်။”
ဟားခါးအခြေအနေ ဆက်ပါဦး။
“ဟားခါးမြို့အခြေအနေကတော့ ဟားခါးမြို့ဟောင်းတခုလုံးက ပြိုကျပျက်စီးသွားပြီ၊ လူအသေအပျောက် မရှိတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီ။ အဲ့ဒီနေရာကို ပြန်တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ၀န်ကြီးချုပ်အပါအ၀င် အစိုးရအဖွဲ့တဖွဲ့လုံးနဲ့ ကျနော်တို့ တွေ့တယ်၊ တွေ့တဲ့အချိန်မှာ သူတို့ရဲ့ စိတ်ပူပန်မှုကို ကျနော်တို့ သတိထားမိတာက သူတို့ အရွှေ့အပြောင်းတွေ လုပ်ကြရတော့မယ်၊ လုပ်တဲ့အချိန်မှာ သူတို့ ထပ်ပြီး ရွှေ့မယ့်နေရာကရော နောက်တကြိမ် မြေပြိုတာတို့ ရေကြီးတာတို့ ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ နောက်နေရာက ဘယ်လိုဖြစ်မလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတချို့ ရှိနေတာ တွေ့ရတယ်။ ခြုံပြောရရင်တော့ အင်မတန်မှ သာယာလှပတဲ့ ဟားခါမြို့မှာ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေကြတယ်။ ပြည်ထောင်စုအစိုးရက သေချာ ဂရုတစိုက်နဲ့ လုပ်ပေးပြီးတော့ ဘူမိဗေဒပညာရှင်တွေနဲ့ တိုင်ပင်ပြီး သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးဖို့ လိုမယ်။ အခုကတော့ ကောလာဟလတွေ အမျိုးမျိုးထွက်နေတယ်၊ အထူးသဖြင့် သူတို့ရဲ့ အယူအဆတခု ရှိတယ်ဗျ။ အဲ့ဒါက တောင်တတောင် ရှိတယ်၊ သူတို့ ရိုးရာတောင်ဗျ၊ ဗမာလိုဆိုရင်တော့ နတ်ဦးတောင်ပေါ့ဗျာ၊ နတ်ဦးတောင်မှာ မြေပြိုမှုတွေ ဖြစ်တယ်ဆိုတော့ ချင်းလူမျိုးတွေ အစွဲအလမ်းတခုနဲ့ တော်တော်စိတ်မကောင်းဖြစ်နေကြတယ်။ ဒီတော့ ဒါကို ကျနော်တို့ နှစ်သိမ့်ပေးဖို့ လိုတယ်၊ အထူးသဖြင့် ပြည်နယ်အစိုးရနဲ့ မလုံလောက်ဘူး၊ ပြည်ထောင်စုအစိုးရအနေနဲ့ အထူးဂရုစိုက်ဖို့ လိုတယ်။ နောက်ပြီးတော့ နိုင်ငံတကာရဲ့ အကူအညီ လိုအပ်နေပြီ၊ ဒါကတော့ သေချာတယ်၊ ကျနော်တို့ ငြင်းလို့ မရဘူး၊ ရိုးရိုးသားသားဝန်ခံပြီးတော့ နိုင်ငံတကာအကူအညီတောင်းခံဖို့လိုတယ်။”
မြို့က တမြို့လုံး ပြောင်းရမယ့်ကိန်း ဆိုက်နေလားဗျ။
“ဂျပန်က ဘူမိဗေဒပညာရှင်တချို့ ကျနော်တို့ တွေ့တယ်၊ ဂျာမနီက ပထ၀ီပညာရှင်တချို့ ရောက်နေတာတွေ့တယ်။ ဒီလို ပညာရှင်တွေနဲ့ သေချာတိုင်းထွာ လေ့လာလို့ပြီးရင် မြို့လူထုကို စိတ်တခုခုချမ်းသာအောင်လို့ နှစ်သိမ့်မှုပေးနိုင်မယ့် အဖြေတခုခု ထုတ်ပေးရလိမ့်မယ်။ မြေပြိုတဲ့ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင်တော့ တောင်ကြီးတခုလုံးက ၀ုန်းဝုန်းဆို ပြိုပြီး ဆင်းသွားတာ မဟုတ်ဘဲနဲ့ တထစ်ချင်းတထစ်ချင်း ဆင့်ကဲဆင့်ကဲ ပြိုပြီး ဆင်းသွားတာကို တွေ့ရတယ်။ တချို့အိမ်တွေဆို အိမ်အလုံးမပျက်ဘူးဗျာ၊ ပြုပြီးဆင်းသွားတယ်၊ တထပ် ရောက်သွားတယ်၊ နောက်အိမ်တလုံးက ထပ်ဆင်းလာတယ်၊ အိမ်အလုံးမပျက်ဘူး တထပ်၊ အဲ့ဒီလိုအဲ့ဒီလို အထပ်လိုက်ပြိုပြိုပြီး ဆင်းသွားတာ တွေ့ရတယ်။ တအိအိနဲ့ ပြိုဆင်းတဲ့ အဓိပ္ပာယ်ပေါ့၊ ချင်းပြည်နယ်မှာ ရေဝေရေလဲဒေသ အတော်လေးပြုန်းတီးနေပြီဆိုတဲ့ အဓိပ္ပာယ်လို့ ပြောလို့ရတာပေါ့။”
အဲ့ဒီတော့ ဘူမိဗေဒပညာရှင်တချို့က ဟားခါးမြေစမ်းသပ်မှုဟာ အနည်းဆုံး အချိန် ၁ လယူပြီး စမ်းသပ်လေ့လာရမယ်လို့ ပြောတာ ကြားတယ်၊ ဘယ်လို ကြားခဲ့ရလဲဗျ။
“သူတို့ရဲ့ အကဲဖြတ်ချက်တွေကိုတော့ ကျနော်တို့က ပညာရှင်တွေ မဟုတ်တော့ သိပ်တော့ မသိဘူးပေါ့ဗျာ။ ဒါပေမယ့် သေချာတာကတော့ အင်မတန်လှပတဲ့ ဟားခါးမြို့ကို မြို့သူမြို့သားတွေက အင်မတန် သံယောဇဉ်ကြီးနေကြတယ်။ ဒီအခြေအနေမှာ အဖြေမှန်တခုထုတ်ဖို့ တွန်းအားပေးချင်တယ်၊ အခု အရေးပေါ်ဖြစ်နေတဲ့အချိန်ကစပြီး အထူးအာရုံစိုက်လုပ်ပေးဖို့ ပိုအရေးကြီးတယ်။”
ဟားခါးမြို့မှာ စုစုပေါင်း ရပ်ကွက် ၆ ခု မှ အိမ်ခြေ ၈၀၀ ကျော်၊ လူဦးရေ ၄၇၀၀ ကျော် သဘာဝဘေးဒဏ်ခံခဲ့ကြရတယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
By ရွှေအောင်/DVB
http://burmese.dvb.no/archives/108804
ဓာတ်ပုံ - Senior General Min Aung Hlaing  
ဓာတ်ပုံ - Senior General Min Aung Hlaing
အာဏာရပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲမှာ စစ်တပ်ပါဝင်ခြင်း မရှိဘူးလို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယတိပြတ်ငြင်းဆိုလိုက်ပါတယ်။
Asahi Shimbun သတင်းဌာနနဲ့ ဗိုလ်ချုပ်မှူးကြီးတို့ တွေ့ဆုံမေးမြန်းခန်းမှာ သူက ခုလို ငြင်းဆိုလိုက်တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သူက “တပ်မတော်အနေနဲ့ပါဝင်တာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာပါတီရဲ့ အတွင်းရေးကိစ္စတွေ၊ သူတို့ရဲ့ ဖြေရှင်းတဲ့သဘောပါပဲ။ တပ်မတော်က ကားတွေပါတယ်၊ ပြုတယ် ဆိုတာ မဟုတ်ပါဘူး၊ မရှိပါဘူး။ သွားစရာအကြောင်းလည်းမရှိပါဘူး။ အဲဒီမှာသံသယ ဖြစ်နေကြတာတော့ အငြိမ်းစားတပ်မတော်အရာရှိကြီးတချို့ အဲဒီမှာပါတယ်လို့၊ သူတို့ကတော့ တပ်မတော်က အငြိမ်းစားယူသွားပြီး ဖြစ်တဲ့ အတွက်ကြောင့် သူတို့သွားမယ့်လမ်းကြောင်းပေါ်မှာ သူတို့အလုပ်လုပ်ခြင်း ဖြစ်တယ်လို့ပဲ ပြောလို့ရတယ်။ တပ်မတော်နဲ့တော့ ဘယ်လိုမှ မပတ်သက်ဘူးဆိုတာလေး ပြောချင်ပါတယ်။ ဒါကတော့ သူတို့ရဲ့ ပါတီရဲ့ အတွင်းရေးကိစ္စတွေပါပဲ” လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ ပါတီခေါင်းဆောင်ပိုင်းအပြောင်းအလဲကို စစ်တပ်က ထောက်ခံပါသလားဆိုတဲ့ မေးခွန်းကိုတော့ သူက ထောက်ခံတယ်လည်း မဟုတ်ပါဘူးလို့ ပြောသွားပါတယ်။
ဒီအပြောင်းအလဲမှာ သမ္မတ ဦးသိန်းစိန်က သူရဦးရွှေမန်းကို ဖယ်ရှားလိုက်တာလို့ မြင်တဲ့အပေါ် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားမေးမြန်းရာမှာတော့ သူက ဘာမှတ်ချက်မှမပေးချင်ပါဘူးလို့ ပြောပါတယ်။
စစ်တပ်က အာဏာရပါတီကို ထောက်ခံဖို့ ညွှန်ကြားချက် ထုတ်လို့ မရဘဲ တဦးတယောက်ချင်းစီ ထောက်ခံမှုနဲ့ပဲ ဆိုင်တယ်လို့လည်း သူက ဆိုပါတယ်။
၂၀၁၆ ခုနှစ်အတွက် စစ်တပ်အနေနဲ့ ဒုသမ္မတ တယောက် လျာထားပြီးပြီးလား ဆိုတဲ့မေးခွန်းကိုတော့ သူက လျာထားတာ မရှိသေးဘဲ အမြင် လေးမြင်ရှိတဲ့ သူ ဖြစ်သင့်တယ်လို့ ပြောပါတယ်။
“တစ်အချက်ကတော့ နိုင်ငံရေးအမြင်လည်း ရှိဖို့လိုပါတယ်။ နံပါတ်နှစ်အချက်ကတော့ အုပ်ချုပ်ရေးအမြင်လည်းရှိဖို့လိုပါတယ်။ နံပါတ်သုံးအချက်ကတော့ စီးပွားရေးအမြင်လည်း ရှိဖို့လိုပါတယ်။ နံပါတ်လေး အချက်ကတော့ ကာကွယ်ရေးအမြင်လည်း ရှိဖို့လိုပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ရနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒီလိုပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒီလိုပုဂ္ဂိုလ်မျိုးရနိုင်မယ်ဆိုရင် တိုင်းပြည်အတွက် အများကြီးအကျိုးရှိနိုင်မယ်။ ဒီလိုလူမျိုးကိုရှာပြီးတော့မှ ရွေးချယ်မယ်လို့ ကျွန်တော်တို့စဉ်းစားထားပါတယ်။”
၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က လက်ခံမယ်လို့လည်း သူ ထပ်ပြောခဲ့ပါသေးတယ်။
တပ်မတော်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ဘယ်အချိန်ကျမှ လျှော့ပေးနိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့ တိုင်းပြည်အခြေအနေအပေါ်မူတည်ပြီး ၅ နှစ်၊ ၁၀ နှစ် ကြာချင်လည်း ကြာသွားနိုင်တယ်လို့ ဖြေဆိုခဲ့ပါတယ်။
အာဏာရပါတီ ခေါင်းဆောင်ပိုင်းအပြောင်းအလဲမှာ သမ္မတဦးသိန်းစိန် မပါဘူးလို့ ပါတီက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြောလိုက်ချိန်မှာ ကာကွယ်ရေးဦးစီးချုပ်လုပ်သူကလည်း အဲ့ဒီကိစ္စ စစ်တပ် မပါဘူးလို့ ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/108812
ထိုင်းနိုင်ငံ အယုဒ္ဓယမှာ သူငယ်ချင်းရဲ့ လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်ကနေ ဗုံးလန့်စေတဲ့ နောက်ပြောင်မှုတခုကို လုပ်ဆောင်ခဲ့တဲ့  အသက် ၁၇ နှစ် ကောလိပ်ကျောင်းသားကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
လူထုကို ထိတ်လန်စေတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်ပြီး ဖမ်းဆီးခံရသူရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိသလို မေးမြန်းဖို့ ဆယ်ကျော်သက်ကို ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားတယ်လို့ ထိုင်းဘန်ကောက်ပိုစ့်သတင်းမှာ ရေးပါတယ်။
သြဂုတ် ၂၁ ရက်မှာ သူငယ်ချင်းရဲ့ စမတ်ဖုန်းကို ယူပြီး ဗုံးတွေဟာ အယုဒ္ဓယခရိုင်ထဲမှာ တော်တော်များများ ရှိနေတယ်လို့ တင်ခဲ့ကြောင်း သူက ရဲတပ်ဖွဲ့ကို ပြောပါတယ်။
တခြား အွန်လိုင်းဖိုရမ်တော်တော်များများမှာ တင်ခဲ့သလို ဒီလိုလုပ်တာကို သူငယ်ချင်းက သတိမထားမိဘူးလို့ ဆိုပါတယ်။
“နောက်ပစ်မှတ်ကတော့ အယုဒ္ဓယပါ။ လိုတပ်စ်အောက်မှာ တလုံး၊ ရုပ်ရှင်ရုံရှေ့မှာ ၂ လုံး၊ ဈေးမှာ ၂ လုံးနဲ့ မူကြိုကျောင်းမှာ ၂ လုံး ထောင်ထားတယ်” လို့ ရေးသားထားတာ ဖြစ်ပါတယ်။
ဒီလို နောက်ပြောင်မှုဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားပြီး လူထုတွေကြောက်ရွံ့ခဲ့သလို ရဲတွေက သွားရှာပေမယ့် သံသယရှိစရာ ကောင်းတဲ့ ပစ္စည်းတွေကို မတွေ့ရဘူးလို့ ဆိုပါတယ်။
ဓာတ်ပုံ - dailynews.co.th
ဓာတ်ပုံ – dailynews.co.th
ရဲတပ်ဖွဲ့ကတော့ ကွန်ပျူတာ ရာဇ၀တ်မှုနဲ့ အများပြည်သူထိတ်လန့်အောင် သတင်းမှားတွေ ဖြန့်ဖြူးမှုနဲ့ တရားစွဲမယ်လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ လူငယ်က သူတင်လိုက်တာဟာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိမယ်လို့ မထင်သလို လူထုနဲ့ ရဲတပ်ဖွဲ့ကို စိုးရိမ် ပူပန်စေတဲ့အတွက် ပြန်လည် တောင်းပြန်ခဲ့ပါတယ်။
ဧရာဝဏ် နတ်ကွန်း ဗုံးပေါက်ကွဲတာနဲ့ ပတ်သက်တဲ့ သတင်းအမှားအယွင်းတွေကို လူမှုရေးကွန်ရက်ပေါ်မှာ တင်တဲ့သူတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/108815
သစ်ခိုးထုတ် တရုတ်နိုင်ငံသားများ အပါအ၀င် အကျဉ်းသား ၆၉၆၆ ဦးအား သမ္မတ ဦးသိန်းစိန်က လွတ် ငြိမ်းချမ်းသာခွင့် ပေးခြင်း၊ ရေဘေးသင့် ပြည်သူ များအား အမျိုးအစား ၃၆ မျိုးပါ ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းခြင်းနှင့် ရေဘေးသင့် အိမ်ထောင်စုများအား ဉာဏ်တော်အမြင့် ၉ လက်မရှိ ဗုဒ္ဓဆင်းတုတော်များ လှူဒါန်းခြင်းများမှာ ဗေဒင်သဘောတရားအရ ယတြာချေခြင်းပင် ဖြစ်ကြောင်း ဗေဒင်သုတေသီများက သုံးသပ်လျက်ရှိသည်။
အကျဉ်းသား ၆၉၆၆ ဦးအား ဂဏန်းတစ်လုံးတည်း ကျန်သည်အထိ ပေါင်းမည်ဆိုပါက ၉ ဂဏန်း ရရှိခြင်း၊ ထောက်ပံ့ရေးပစ္စည်း ၃၆ မျိုးအား တစ်လုံးတည်းကျန်သည့် အထိပေါင်းမည်ဆိုပါက ၉ ဂဏန်း ရရှိခြင်းနှင့် ဉာဏ်တော်အမြင့် ၉ လက်မရှိ ဆင်းတုတော်များ လှူဒါန်းခြင်းတို့ကို ကြည့်မည်ဆိုပါက ဗေဒင်ယတြာ အလိုအရ ကိုးန၀င်းကျေစေရန်အတွက် လုပ်ဆောင်ခြင်းပင် ဖြစ်သည် ဟု ဝေဖန်နေကြခြင်း ဖြစ်သည်။
““ကိုးဂဏန်းတွေနဲ့ သွားတာကတော့ န၀င်းတွေနဲ့ သွားတာပေါ့။ န၀င်းဓာတ် ဆိုတာကတော့ တစ်စုံတစ်ရာ ကောင်းအောင် ဖော်ဆောင်တယ်ဆိုတဲ့ သဘောရှိတယ်လေ။ ကောင်းအောင် ဖော်ဆောင်တယ် ဆိုတာ သူတစ်ပါး အတွက်လည်း ကောင်းအောင် ဖော်ဆောင်သလို ကိုယ့်အတွက်လည်း တစ်စုံတစ်ရာ ကောင်းအောင် ဖော်ဆောင်တာ န၀င်းဓာတ်နဲ့ သုံးကြတယ်လေ။ ကုသိုလ်ကောင်းမှု ကတော့ ကုသိုလ်ကောင်းမှုပါပဲ။ သူတစ်ပါး အတွက်လည်း ကောင်းမှုပြုတယ်။ ကိုယ့်အတွက်လည်း လိုရာဆန္ဒလေးတွေ ကောင်းအောင်၊ ကံကောင်း အောင်၊ အဆင်ပြေအောင် ၉ ဂဏန်းနဲ့ လုပ်ကြတယ်။ န၀င်းဓာတ်လို့ခေါ်တယ်။ ၉ ကို န၀င်းလို့ ခေါ်တယ်။ ၃၊ ၆၊ ၉ တြွင်းကျေ န၀င်းကျေလို့ ခေါ်တယ်။ များသောအားဖြင့် ဘေးဥပဒ်အန္တရာယ်ကင်းအောင် လုပ်ကြတဲ့ နိမိတ်ပါပဲ။ ဒီလိုလုပ်ကြတာဟာ များသောအားဖြင့် ကိုယ့်အတွက်ကိုယ် လုပ်ကြတာ။ ကိုယ့်အတွက် အဆင်ပြေ အောင် လုပ်ကြတာများပါတယ်။ ၉ ဂဏန်းတို့နဲ့ န၀င်းဓာတ်နဲ့ လုပ်ရင်တော့ ယတြာချေတာ သေချာတာပေါ့။ ဒါသိပ်ထင်ရှားတယ်။ ယတြာလုပ်တာပဲ။ ဂဏန်းအပေါ် ၀ါသနာပါလို့ ပေးတာတော့ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲလေ။ ဂဏန်း ၀ါသနာပါရအောင် သမ္မတက ဖဲသမားမှမဟုတ်တာ။ ဒါဆိုရင် ယတြာချေတာ တစ်ခုပဲ ဖြစ်နိုင်တယ်”” ဟု နိုင်ငံကျော် ဗေဒင်သုတေသီ ဆရာစံ-ဇာဏီဘိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။
သမ္မတ ဦးသိန်းစိန်အမိန့်ဖြင့် သစ်ခိုးထုတ် တရုတ်နိုင်ငံသား အပါအ၀င် အကျဉ်းသား ၆၉၆၆ ဦးကို ဇူလိုင်လ ၃၀ ရက်က လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်ပြီး ရေဘေးသင့် ပြည်သူများသို့ ကူညီပေးအပ်မည့် ပစ္စည်း ၃၆မျိုးပါ ကူညီရေးပစ္စည်းနှင့် အမြင့် ၉ လက်မရှိ ဆင်းတုတော်များကို သြဂုတ်လ ၁၄ ရက်က တမူးမြို့သို့ ပေးပို့ လှူဒါန်း ခဲ့ခြင်း ဖြစ်သည်။
““ကုသိုလ်ကောင်းမှုနဲ့ ယတြာနဲ့က ရောနေတာတွေ အများကြီးပါပဲ။ ယတြာချေတယ် ဆိုတာကလည်း မူလ ရည်ရွယ်ချက်ကိုက မကောင်းတာ ကင်းစင် ပယ်ပျောက်ပြီး ကောင်းကျိုးချမ်းသာ ရဖို့ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အကုသိုလ်ကံ အမည်းပယ်ပျောက်ပြီးတော့ အဖြူများလာအောင် လုပ်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် သမ္မတ ဦးသိန်းစိန်ပဲဖြစ်ဖြစ်၊ အစိုးရအဖွဲ့ပဲဖြစ်ဖြစ် ယတြာလုပ်တယ်ဆိုတာက ကုသိုလ်ကောင်းမှု သဘောတွေပါပြီးသား ပါ။ ကုသိုလ်ကောင်းမှု နောက်မှာလည်းပဲ ရည်ရွယ်ချက် မရှိရင်တောင် ယတြာဆိုတဲ့ အဓိပ္ပာယ်က ပါနေပြီး သားပါ။ ကိုယ့်ရဲ့ ကံအညံ့တွေ ပြေပြီးတော့ ကောင်းစေတဲ့ လုပ်တဲ့သဘော ပါနေပြီးသားပေါ့ဗျာ။ ယတြာချေကြ တယ်။ ချေပြီး ကျေတာတွေလည်းရှိ တယ်။ မကျေတာတွေလည်း ရှိတယ်ပေါ့။ ကိုယ့်ရဲ့ အကုသိုလ်ကံက ကြီးရင် ကြီးခဲ့သလောက် ယတြာပြန်ပြီးချေတဲ့ အခါမှာ မမီနိုင်တော့တဲ့ ကိစ္စတွေလည်းရှိတာပေါ့။ ဒါကြောင့် ကိစ္စ အားလုံးကို ယတြာချေရုံနဲ့ ပြီးတယ်လို့ မပြောနိုင်ပါဘူး။ အကုသိုလ်ကံ အမည်းရောင်က များနေရင်တော့ အဖြူရောင် ဖြစ်အောင် ကြိုးစားတဲ့အခါမှာ တချို့ကိစ္စတွေမှာ လိုက်မမီနိုင်တဲ့ ကိစ္စတွေရှိတာပေါ့။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ဘုရင်တစ်ပါး၊ မင်းတစ်ပါးဆိုပါတော့။ သူက တိုင်းသူပြည်သား လူတစ်သန်း သူ့ကြောင့် စားဝတ်နေရေး ဒုက္ခရောက်နေပြီးတော့ လူ ၁၀ ယောက်ကို ကူညီထောက်ပံ့လိုက်လို့ စားဝတ်နေရေး အဆင်ပြေ သွားမယ်ဆိုရင် သူရတဲ့ကုသိုလ်က ၁၀ ယောက်စာပဲရတာ။ အကုသိုလ်က တစ်သန်းလေဗျာ။ တချို့ကိစ္စတွေက ယတြာ ဘယ်လိုချေချေ ချေလို့ကို မရနိုင်တဲ့ အကုသိုလ်တွေလည်း ရှိတာပေါ့ဗျာ””ဟု ဗေဒင်ပညာရှင် ဆရာဇင်ယော်နီက ဆိုသည်။
တင်ဇာအောင်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
စစ်အာဏာရှင်စနစ်ရဲ့ အဓိကနည်းလမ်းက စစ်ရေးနည်းလမ်းဖြစ်တဲ့ အကြမ်းဖက်နည်းလမ်း၊ အင်အားသုံး နည်းလမ်း။ ဒါကြောင့်မို့လို့ သူတို့ရဲ့ ပါတီအတွင်းမှာ အာဏာလုပွဲကိုတောင် သူတို့နားလည်တဲ့၊ သူတို့ အားကိုးတဲ့ စစ်ရေးနည်းလမ်း တစ်ခုတည်းနဲ့ ဆောင်ရွက်လိုက်တာပဲ။ သူတို့ကတော့ ထုံးစံအတိုင်းပဲ ကိုယ့်လူကိုကိုယ် ရာထူးက ဖယ်ရှားပြီးတဲ့အခါ ကျတော့ ပြန်ပြီးတော့ နာလန်မထူနိုင်အောင် အပြတ် ရှင်းတာပေါ့ . . .
………………………………………………
ဦးတင်အေးက ပြည်သူတွေ ဒီလောက်ဝေဖန်တာ ဥက္ကဋ္ဌလုပ်ဖို့ မကောင်းပါဘူး။ သူ့အလုပ်က လိုအပ်တာထက်ကိုပိုပြီးတော့ ဖြစ်နေတယ်။ သိတဲ့အတိုင်းပဲလေ။ သူက (ကြံ့ခိုင်ရေး) ဗဟိုကော်မတီဝင်ကလာတယ် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အာဏာရ ကြံ့ခိုင်ရေးပါတီအတွင်း သူရဦးရွှေမန်းနှင့် ဗဟိုအလုပ်အမှုဆောင် ၁၂ ဦးကို ပါတီဝင် အဆင့်ထိ ဖြုတ်ချလိုက်ကာ ဒုဥက္ကဋ္ဌ ဦးဌေးဦးကို ပါတီဥက္ကဋ္ဌ ပူးတွဲ တာဝန်ပေးလိုက်ပြီး နောက်ပိုင်း ၂၀၀၈ အခြေခံ ဥပဒေအရ အကာအကွယ် ရနေဆဲဖြစ်သည့် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပေါ် အစိုးရအဖွဲ့နှင့် ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်ချက်များမှာ စစ်ရေးအမြင်ဖြင့် လုပ်ဆောင်မှုများဖြစ်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်လျက်ရှိသည်။
သြဂုတ်လ ၁၂ ရက်က လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဗဟိုအလုပ်အမှုဆောင် ၁၂ ဦးကို ပါတီဝင် အဆင့်အထိ လျှော့ချခဲ့ရာ ယင်းမတိုင်မီ နေပြည်တော်ရှိ ကြံ့ခိုင်ရေး ပါတီဌာနချုပ်တွင် အထူးအစည်းအဝေးပွဲ တစ်ရပ်ကို ညသန်းခေါင်ချိန်၌ ပြုလုပ်ခဲ့ရာ လုံခြုံရေးရဲများ တင်းကျပ်စွာ ချထားပြီး သြဂုတ်လ ၁၃ ရက် နံနက်က ပြုလုပ်သည့် ပါတီအစည်းအဝေးသို့လည်း သူရဦးရွှေမန်း (ပါတီဥက္ကဋ္ဌဟောင်း)နှင့် ဦးမောင်မောင်သိမ်း (ပါတီ အထွေထွေ အတွင်းရေးမှူးဟောင်း) တို့ကို တက်ရောက်ခွင့် မပေးဘဲ နေအိမ်၌ လုံခြုံရေး ချထားခဲ့သည်ကို ကြည့်လျှင် စစ်ရေးအမြင်ဖြင့် လုပ်ဆောင်ခဲ့ သည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ထိုနည်းတူ ၎င်းတို့ကို ပါတီက ထုတ်ပယ်ခဲ့သည့် သြဂုတ်လ ၁၃ ရက်ကလည်း နေပြည်တော် အပါအ၀င် တိုင်းနှင့်ပြည်နယ် အတော် များများတွင် တယ်လီဖုန်းနှင့် အင်တာနက်လိုင်းများကို နှေးကွေးအောင် ပြုလုပ်ထားခဲ့ကြောင်း အတွင်း သတင်းများအရ စုံစမ်းသိရှိခဲ့ရပြီး ယင်းမှာလည်း တိုက်ပွဲအသွင်ဆောင်သည့် လုပ်ဆောင်ချက်ဟု ပင်ဆိုရမည် ဖြစ်သည်။
တပ်မတော် အကြီးအကဲ ဟောင်းများစွာ ပါဝင်သည့် ကြံ့ခိုင်ရေးပါတီမှ သူရဦးရွှေမန်းနှင့် ဗဟိုအလုပ် အမှုဆောင် ၁၂ ဦးကို ထုတ်ပယ်ပြီး နောက်ပိုင်းတွင် သူရဦးရွှေမန်း၏ လုပ်ဆောင်မှုများကို အသားပေး ဖော်ပြနေ သည့် ပြည်ထောင်စုနေ့စဉ် သတင်းစာနှင့် ၎င်း၏ ချွေးမဖြစ်သူတို့ ပိုင်ဆိုင်သော ချယ်ရီ FM အသံလွှင့်လိုင်းတို့ ရပ်ဆိုင်းခံခဲ့ရရာ ယင်းမှာ မြို့တစ်မြို့အား သိမ်းပိုက်မည်ဆိုပါက အရေးကြီးသော အသံလွှင့် အဆောက်အအုံများကို ဦးစွာသိမ်းပိုက်ခြင်းနှင့် အလားသဏ္ဌာန် တူနေသည်။ ချယ်ရီ FM ရေဒီယို အသံလွှင့် ဌာနကို မိမိသဘော ဆန္ဒအလျောက် ပိတ်သိမ်းကြောင်း စာတင်ရန် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း လည်း ချယ်ရီ FM ရေဒီယိုမှ တာဝန်ရှိသူ ဦးမျိုးသက်နိုင်က မီဒီယာများအား ဖြေကြားထား သည်။
ချယ်ရီ FM ရေဒီယို အသံလွှင့်ဌာနကိစ္စနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သြဂုတ်လ ၁၈ ရက်တွင် ““ချယ်ရီ FM နဲ့ ဖြစ်တယ်ဆိုတာကလည်း ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီပါတီတွင်းမှာ ဒီလို ပါတီတွင်း ရေးရာတွေ ဖြစ်တဲ့အချိန်မှာ ချယ်ရီ FM ပေါ်ကနေတစ်ဆင့် တစ်စုံတစ်ယောက်ကနေ ပေါ့လေ။ သူ့ရဲ့ဝန်ထမ်း တွေပဲ ဖြစ်ဖြစ် တစ်စုံတစ်ယောက်ကနေ လူတွေ အထိတ်တလန့် ဖြစ်စေမယ့် ဟောပြောချက်တွေ၊ အသံလွှင့် ချက်တွေ လုပ်လိုက်မှာ ကျွန်တော်တို့ စိုးရိမ်တယ်။ ချယ်ရီ FM က ကိုတိုးနိုင်မန်းရဲ့ဇနီးဦးဆောင်ပြီး လုပ်နေတာကိုး။ နောက်ပြီး ကိုတိုးနိုင်မန်းကလည်း နာယကကြီး အားကိုးတဲ့ သားလည်းဖြစ်တယ်။ ပြီးရင် သူကိုယ်တိုင်ကလည်း ဒီပြည်သူ့လွှတ်တော်ရဲ့ အထူးကိစ္စများ ကော်မတီမှာ အဖွဲ့ဝင် ဖြစ်နေတာကိုး””ဟု မီဒီယာများသို့ ပြောကြားထားသည်။
““အဓိကကတော့ စစ်အာဏာရှင်စနစ်ရဲ့ အဓိကနည်းလမ်းက စစ်ရေးနည်းလမ်းဖြစ်တဲ့ အကြမ်းဖက်နည်းလမ်း၊ အင်အားသုံးနည်းလမ်း။ ဒါကြောင့်မို့လို့ သူတို့ရဲ့ ပါတီအတွင်းမှာ အာဏာလုပွဲကိုတောင် သူတို့နားလည်တဲ့၊ သူတို့အားကိုးတဲ့ စစ်ရေးနည်းလမ်း တစ်ခုတည်းနဲ့ ဆောင်ရွက်လိုက်တာပဲ။ သူတို့ကတော့ ထုံးစံအတိုင်းပဲ ကိုယ့်လူကိုကိုယ် ရာထူးက ဖယ်ရှားပြီးတဲ့ အခါကျတော့ ပြန်ပြီးတော့ နာလန် မထူနိုင်အောင် အပြတ်ရှင်း တာပေါ့။ ဒါကြောင့် အသံလွှင့်ဌာနတို့ကို ပိတ်ပင်ဖို့ လုပ်တာပေါ့။ အများကြီး ထပ်လာဦးမယ်လို့ ထင်တယ်။ နိုင်ငံတော် အာဏာကို ချုပ်ကိုင်ပြီးတော့ ကျင့်သုံးနေတဲ့ကိစ္စမှာ တပ်ကို ချောင်ထိုးချင်တဲ့၊ စစ်တပ်ကို သိပ် မလိုလားတဲ့ အသံဗလံတချို့ ထွက်လာတဲ့အချိန်မှာ စစ်တပ်က အဓိကပဲ ဆိုတာကို ပြလိုက်တာပဲ””ဟု ကယန်းပြည်သစ် ပါတီတွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်က မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း ““အခုဖြစ်တာက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အစိုးရ၊ နောက်တစ်ခုက စစ်တပ်။ ဒီ ၃ ခုကြားမှာ အခုပြောနေတဲ့ အမြင်သဘောထား မတူညီမှုအပေါ်က လာတယ်လို့ ယူဆလို့ရတယ်။ နောက်တစ်ခုက ပါတီအတွင်းမှာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ နေရာပိုင်းဆိုင်ရာတွေမှာ တစ်ဦးနဲ့တစ်ဦးကြားမှာ မကျေလည်မှုတွေပါမယ်။ တတိယတစ်ခုက အဓိကအားဖြင့် တစ်ဦးနဲ့ တစ်ဦးကြားက အကျိုးစီးပွားပေါ့။ အဲဒီအကျိုးစီးပွား အားပြိုင်မှု တွေကလည်း ရှိတယ်။ အဲဒီ အချက်တွေ ပေါင်းစုံပြီးတော့ အခုပြောတဲ့ ဖြစ် စဉ်တွေ ဖြစ်လာတယ်။ အခုဖြစ်စဉ်က အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရယ်၊ အစိုးရရယ်၊ စစ်တပ်ရယ်ကြား ထဲမှာ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်မှာ အားလုံးအတွက် သတိထားရတော့မယ်။ သေချာတာ တစ်ခုကတော့ သံသယဖြစ်စရာက နိုင်ငံရေး ပါတီ တစ်ခုရဲ့ခေါင်းဆောင်မှု အပြောင်းအလဲမှာ အစိုးရကိုယ်တိုင်၊ စစ်တပ်ကိုယ်တိုင်က ၀င်ရောက်ပြီးတော့ ဖြေရှင်းတဲ့ ပုံစံမျိုးဟာ အလားအလာ မကောင်းဘူး””ဟု ဆိုသည်။
အဓိကအားဖြင့် ပါတီဥက္ကဋ္ဌနေရာမှ ဖယ်ရှားခံရသူ သူရဦးရွှေမန်းမှာ ပါတီတွင်း အာဏာလက်မဲ့ ဖြစ် သွား သော်လည်း လက်ရှိ အနေအထားအရ ပြည်ထောင်စု လွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် မဏ္ဍိုင်သုံးရပ်တွင် ပါဝင်သော လွှတ်တော်၏ အကြီးအကဲအဖြစ် ရှိနေဆဲဖြစ်ပြီး ကျန်ဖယ်ရှားခံရသူ ဗဟို အလုပ်အမှုဆောင် အတော်များများမှာလည်း လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်သည်။
ယင်း အခြေအနေတွင် လွှတ်တော်အာဏာ ကျန်နေသေးသည့် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနှင့် ဗဟို အလုပ်အမှုဆောင်ဟောင်း အမတ်များကို သြဂုတ်လ ၁၃ ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် လွန်စွာနီးစပ်သူ ဦးတင်အေး ဦးဆောင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေးလိုက်သည့် အချက်ပေး ခေါင်းလောင်းသံ ဖြစ်ရပ်လည်း ရှိသေးသည်။
ပြည်ထောင်စုလွှတ်တော် အနေဖြင့် ကိုယ်စားလှယ်များအား ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေကို အဆောတလျင် ပြဋ္ဌာန်းရန်အတွက် စတုတ္ထ အကြိမ်မြောက် တိုက်တွန်းကြောင်း သတင်းကို နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် အကျယ်တ၀င့် ရေးသားဖော်ပြ လိုက်ခြင်းပင် ဖြစ်သည်။ ယင်းဥပဒေ မပြဋ္ဌာန်းနိုင်သည့်အတွက် မဲဆန္ဒရှင်၏မူလ အခွင့်အရေးအား ဆုံးရှုံးစေခြင်းကြောင့် ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် ယင်း ဥပဒေကြမ်းနှင့် ဆက်စပ်သည့် ဆောင်ရွက်ထားမှုများကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ရာ ဆွေးနွေးမှု လုပ်ခဲ့သော်လည်း အတည်ပြု မပြဋ္ဌာန်းနိုင်သည့် အတွက် ဆောလျင် စွာ ပြဋ္ဌာန်းပေးရန်ဖြစ်သည်။ မပြေးသော် လည်း ကန်ရာရှိ ဆိုသကဲ့သို့ လွှတ်တော်နှင့် အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်များအရ အာဏာတစ်စုံတစ်ရာ ရှိနေသေးသည့် ပါတီဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနှင့် ဗဟိုကော်မတီပြုတ် လွှတ်တော် ကိုယ်စားလှယ်များအား သတိပေး ခေါင်းလောင်း ထိုးလိုက်သကဲ့သို့ပင် ဖြစ်သည်။ ယင်းအချက်ကို သက်သေထူသည့် အချက်မှာ အခြေခံဥပဒေ ပုဒ်မ ၁၁၃ (ခ)၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည် ပိုင်ခွင့် မရှိလျှင် ဥက္ကဋ္ဌအဖြစ်မှ ရပ်စဲပြီး ဖြစ်စေရမည် ဟု ပြဋ္ဌာန်းထားခြင်းပင် ဖြစ်သည်။
““ကျွန်တော်တို့ အနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဒါကတော့ အကွဲအပြဲတွေရှိလို့၊ ဦးရွှေမန်းကို သူတို့ကနေ မလိုချင်တဲ့ အနေအထားရှိလို့ အဆုံးအထိ လုပ်တဲ့သဘော။ တပ်နဲ့ ဦးသိန်းစိန်နဲ့ တစ်ဖက် ဖြစ်သွားပြီးတော့ တင်းတင်းမာမာနဲ့ကို အဲဒီလိုလုပ်တဲ့ အခါကျတော့လည်း သူတို့ ပါတီထဲမှာ အချင်းချင်း ဒီလိုဖြစ်ကြတာ မဆန်းပါဘူး။ ဒါပေမဲ့လို့လည်း ဒီအတိုင်းသွားမယ် ဆိုရင်တော့ အခြေခံဥပဒေလည်း ပြင်ဖြစ်မှာ မဟုတ်ဘူး။ တစ်ပြည်လုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်တော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက Free and Fair လုပ်မယ်ဆိုရင်တော့ အစိုးရ ပြန်ဖြစ်ဖို့ သိပ်မလွယ်ဘူးလို့ ပြည်သူတစ်ယောက် အမြင်နဲ့ပြောတာ။ ဦးတင်အေးကလည်းပဲ ပြောတာ ပြော တာပဲ၊ ကော်မရှင်ဥက္ကဋ္ဌ လုပ်တဲ့သူဟာ တစ်ဖက်သတ်ဖြစ်နေတယ်။ ဦးတင်အေးက ပြည်သူတွေ ဒီလောက် ဝေဖန်တာ ဥက္ကဋ္ဌ လုပ်ဖို့ မကောင်းပါဘူး။ သူ့အလုပ်က လိုအပ်တာထက်ကို ပိုပြီးတော့ ဖြစ်နေတယ်။ သိတဲ့ အတိုင်းပဲလေ။ သူက (ကြံ့ခိုင်ရေး) ဗဟိုကော်မတီဝင်က လာတယ်။ ဦးရွှေမန်းတို့ ဘက်က တင်းခံပြီးတော့ သူ့နည်းသူ့ဟန်နဲ့ နည်းလမ်းမှန်မှန်နဲ့ လုပ်မယ်ဆိုရင် ပြန်နိုင်နိုင်တဲ့ အနေအထားတော့ ရှိတယ်။ ရှိတယ်ဆိုတာ က ဘာခေါ်မလဲဆိုတော့ ရပ်တည်နိုင်တဲ့ အနေအထားရှိအောင် ကြိုးစားမှု မရှိဘူးဆိုရင် ထိန်သွားမှာ ကြောက်တယ်။ ထိမ်သွားပြီဆိုတာက ပျောက်သွားမှာ ကြောက်လို့ပါ””ဟု မွန်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက သုံးသပ် သည်။
၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုပါက ယင်းမှာ နိုင်ငံတော်၏ ကျေးဇူးတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက် တစ်ခုခုကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ ဖွဲ့စည်းပုံက သတ်မှတ်သည့် ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သည့် တာဝန်ကို မကျေပွန်ပါက ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းခွင့်ရှိပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး ၁ ရာခိုင်နှုန်းက ပြန်လည် ရုပ်သိမ်းလိုကြောင်း တိုင်တန်းချက်ကို ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရန် ပုဒ်မ ၃၉၆ (ခ) တွင် ပြဋ္ဌာန်းထားသလို ပုဒ်မ ၃၈(ခ)တွင်လည်း ““ရွေးကောက် တင်မြှောက်ထားသော ပြည်သူ့ ကိုယ်စားလှယ်ကို သက် ဆိုင်ရာ မဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်နှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိသည်””ဟု ပြဋ္ဌာန်းထားသည်။
သို့သော် ပုဒ်မ ၃၉၇ ၌ ““ပြည်ထောင်စု လွှတ်တော်သည် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စရပ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စရပ်နှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဥပဒေကို ပြဋ္ဌာန်းရမည်””ဟုပါရှိရာ ကိုယ်စားလှယ်အား ပြန်လည်ရုပ်သိမ်း လိုပါက ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် လိုအပ်နေပြန်သည်။
ထို့ကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပါတီဝင်အဆင့် လျှောကျကုန်သည့် ဖြုတ်ပယ်ခံရသော ဗဟို အလုပ်အမှုဆောင် လွှတ်တော် ကိုယ်စားလှယ်များ၏ နောက်ဆုံးလက်ကျန် အာဏာကို ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အပြီးသတ် ဖြုတ်သိမ်းရန် အတွက် လုပ်ဆောင် လိုက်ခြင်းဟုပင် ဆိုရမည် ဖြစ်သည်။ ဦးတင်အေးမှာ လက်ရှိ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ရင်းနှီးသူ ဖြစ်သည့်အပြင် ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကို ဦးသိန်းစိန်က နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဟု ကော်မရှင်ထက် ကြိုတင်ပြောခဲ့ပြီးမှ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ကို ကော်မရှင်မှ ကြေညာခြင်းကိုကြည့်လျှင် ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးကို ခန့်မှန်းနိုင်ကြမည် ဖြစ်သည်။ ထို့ပြင် ပါတီမှ ဖြုတ်ပယ်ခံရသည့် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့် အာဏာကို ကန့်သတ်ရန်အတွက် ကြိုးပမ်းမှုကို ပါတီတွင်းတွင်သာမက ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး တို့ကလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီလျက်ရှိပြီး ထုတ်ပယ် ခံရသူများ၏ အာဏာကို အဆုံးသတ်ရန်အတွက် တိုက်ပွဲတစ်ခုသဏ္ဌာန် လုပ်ဆောင်လာသည်ကို မြင်မိကြမည်ဖြစ်သည်။
““ဒီ Right to Recall လုပ်တဲ့ ဥပဒေက အစောကြီးကတည်းက ပြဋ္ဌာန်းရမှာလေ။ လွှတ်တော်မှာ အကြိမ်ကြိမ် တင်ပေမယ့် သူတို့ အကြိမ်ကြိမ် ပယ်ချခဲ့တာပဲလေ။ အခုကျမှ အပြေးအလွှား ချက်ချင်းကိုပဲ လုပ်ရတော့မယ့် ပုံစံလုပ်လာတာ ပေါ့နော်။ ဒါတွေက ကျွန်တော်တို့ အစက ဘယ်လိုတွေ့ကြုံခဲ့ရသလဲဆို ဗိုလ်ချုပ်ခင်ညွန့်ကို အရေးယူခဲ့တုန်းက အဲဒီလိုပဲ အကုန်လုံး ပြဿနာ ရှာတော့တာပဲလေ။ ဒါတွေကျွန်တော်တို့ ကြုံခဲ့ဖူးတယ်လေ။ ဒီကိစ္စမှာလည်း ဦးရွှေမန်းကို ဗြုန်းစားကြီး ဥက္ကဋ္ဌနေရာက ချက်ချင်းဖြုတ်လိုက်တာ။ ဖြုတ်တဲ့ အကြောင်းပြ ချက်ကလည်း ခိုင်ခိုင်လုံလုံတော့ သိပ်မတွေ့ရဘူး။ အဲဒီလိုလုပ်ပြီးမှ တခြားကော်မရှင်နဲ့ ပတ်သက်တဲ့ ဥပဒေပါထပ်ပြီးတော့ ပြဋ္ဌာန်းဖို့လုပ်လာတဲ့အခါ Right to Recall ကိုပဲ လုပ်ဖို့ပြင်နေပြီလားလို့ သုံးသပ်မိတယ်”” ဟု ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ် ဦးဒေးဗစ်လှမြင့်က သုံးသပ်သည်။
ယင်းဖြစ်ရပ်များအပြင် သြဂုတ်လ ၁၈ ရက်က ပြန်လည် ပြုလုပ်သည့် လွှတ်တော်များ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၌ အစည်းအဝေး စတင်ချိန်တွင် လက်ရှိမြန်မာနိုင်ငံတွင် ရေကြီးရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်နှင့် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည့်အတွက် ကိုယ်စားလှယ်လောင်းများမှာ စည်းရုံးရေး လုပ်ငန်းများကို လုပ်ဆောင်ရန် ရှိသည်ဟူသော အကြောင်းပြချက်များဖြင့် လက်ရှိလွှတ်တော် အစည်းအဝေးများကို ရပ်ဆိုင်းပေးပါရန် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များက အရေးကြီးအဆိုများ တင်သွင်းခဲ့ကြသည်။
ယင်းအချက်ကို ကြည့်ပါကလည်း လွှတ်တော်ဥက္ကဋ္ဌ၏ တရားဝင်ရှိဆဲ အာဏာကို အကြောင်းပြချက် အမျိုးမျိုး ဖြင့်ဆက် မရှိတော့စေရန်အတွက် လွှတ်တော်အတွင်းမှပင် ကန့်သတ်လိုက်ခြင်းဟု သုံးသပ်ရမည်ဖြစ်သည်။
ယခင်စစ်အစိုးရ လက်ထက် လက်နက်ကိုင် တော်လှန်နေကြသော တိုင်းရင်းသား အဖွဲ့အစည်းများကို တပ်မတော်က ဖြတ်လေးဖြတ် စစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ရာ ဖြတ်လေးဖြတ်မှာ ရိက္ခာ ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ အထောက်အပံ့ လမ်းကြောင်းဖြတ်တောက်ခြင်း၊ သတင်းအဆက်အသွယ်များ ဖြတ်တောက်ခြင်း၊ လူထုအားလက်နက် ကိုင်အကြမ်းဖက် အဖွဲ့အစည်းနှင့် အဆက်အသွယ် မပြုလုပ်နိုင်ရန် ခြိမ်းခြောက် ဖမ်းဆီး သတ်ဖြတ်ခြင်းပင်ဖြစ်သည်။
ယခု ကြံ့ခိုင်ရေးပါတီတွင်း အာဏာလုပွဲကို ကြည့်လျှင်လည်း အဓိက တိုက်ခိုက်ခံရသူ သူရဦးရွှေမန်းအပေါ် ပါတီခေါင်းဆောင် အဆင့်မှ ပါတီဝင်အဆင့်အထိ ဖြုတ်ပစ်ခဲ့သလို လွှတ်တော်တွင်း ကျန်နေသေးသည့် အာဏာအား ရုပ်သိမ်းနိုင်ရန်တွက် ဖိအားပေးလာခြင်း၊ ၎င်းနှင့် ပတ်သက်ဆက်စပ်သည့် သားသမီးများ၏ စီးပွား ရေး လုပ်ငန်းများကိုပါ ပိတ်ဆို့မှု လုပ်လာခြင်းများကို ကြည့်လျှင် ဖြစ်ပွားခဲ့သည့် ကြံ့ခိုင်ရေးပါတီတွင်း အာဏာလုပွဲမှာ စစ်ရေးအမြင်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း သက်သေထူလျက် ရှိသည်။
အောင်ထွန်းလင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံခဲ့ရပြီး မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည် လွှဲပြောင်းပေးသည့် သူများကို ရန်ကုန်လေဆိပ် လူဝင်မှုကြီးကြပ်ရေးက ခွဲခြား ဆက်ဆံမှုများ ရှိနေကြောင်း မျက်မြင်တွေ့ကြုံခဲ့သူ တစ်ဦးက The Ladies သို့ပြောသည်။
“ရန်ကုန်လေဆိပ် Immigration မှာ တန်းစီကြရင်း “မင်းယောကျာ်း မဟုတ်ဘူးလား။ အသံကျယ်ကျယ်ပြောပါ” ဆိုတဲ့ အသံကြားလို့ ကြည့်လိုက်တော့ ကိုယ်တန်းစီနေတဲ့ လိုင်းရဲ့ ဘေးလိုင်းက ကောင်တာ က ဖြစ်နေတယ်။ ကောင်တာရှေ့မှာ ဖြေနေတဲ့သူက အသက် ၃၀ လောက်ရှိမယ်။ အသံတိုးတိုးနဲ့ စကားလည်း ၀ဲပုံရတယ်။ စိတ်မရှည်တဲ့ ရုပ်နဲ့ အသက်ကြီးကြီး အရာရှိဘေးမှာ အသက်ပိုငယ်တဲ့ အရာရှိ နောက် တစ်ယောက်က ရပ်နေတယ်။ အရာရှိအကြီးက “လိပ်စာပြော” လို့မေးရင်အရာရှိအငယ်က “မင်းဘယ်မှာနေလဲမေးတာ” ဆိုပြီး မြန်မာ စကားကိုပဲ စကားပြန်လုပ်ပေးနေတယ်။" ဟု ၄င်းက ပြောပြသည်။
"အဲဒီအချိန်မှာပဲ ခပ်လှမ်းလှမ်းက အရာရှိ နောက်တစ်ယောက်က အဲဒီ လိုင်းမှာ စီနေတဲ့ နောက်ကလူတွေကို လှမ်းအော်ပြောတယ်။ “ဒီဘက် လိုင်းမှာ ခွဲစီကြ။ အဲ ဒီရှေ့က လူတွေကို မေးမှာက ကြာမှာ။ ထောင် ကျပြီး ပြန်လာတဲ့အဖွဲ့တွေ။ အဲနောက်မှာစီနေရင် မိုးလင်းသွားမယ် ဆိုပြီး ပြောတာတွေရှိတယ်” ဟု အဆိုပါ မျက်မြင်တွေ့ကြုံခဲ့သူက ဆိုသည်။
"အဲဒီကျမှ တန်းစီနေကြတဲ့ ခရီးသည်တွေဆီက "ယိုးဒယားက ပြန်လာတဲ့ သူတွေတဲ့" "ထောင်ကျခဲ့တဲ့အဖွဲ့တွေကို ဒီဘက်ကို ပြန်လွှဲပေးတာတဲ့" ဆိုပြီး ကျွတ်စီကျွတ်စီ အသံတွေထွက်လာပြီး မသိမသာရော သိသိသာသာရော ဝိုင်းကြည့်ကြတယ်၊ အတော်လေးကို သနားစရာကောင်းပါတယ်၊ အင်္ကျီ ၊ ဘောင်းဘီ၊ ဖိနပ်ဆင်တူ (အကုန်သပ်သပ်ရပ်ရပ်ပဲ) ဝတ်ထားကြပြီး မျက်နှာတွေကို ခပ်ကွယ်ကွယ်နဲ့ ရပ်နေကြတယ်" ဟု သူမက ပြောပြသည်။
“ထောင်ကျပြီး ပြန်လာတဲ့သူတွေထဲမှာ ကော့သောင်းဘက်က သွား တာတွေ နေခဲ့တဲ့ နယ်ကလိပ်စာကိုတောင် အကြာကြီး စဉ်းစားပြီးမှ ဘုတ်ပြင်း ဆို တာလောက်ပဲ ပြောနိုင်ပြီး အတိအကျ မမှတ်မိတော့တာတို့၊ ဘယ်တုန်းက ဒီကထွက်တာလဲဆို ဆယ်နှစ်လောက်တော့ ရှိပြီထင်တယ် ဆိုတာတို့ ကြား နေရတယ်။ စိတ်ထဲမှာ အားနာစိတ်နဲ့ သေချာလိုက် မကြည့်ပေမယ့် တစ်ဖက်နိုင်ငံမှာ အနှိမ်ခံခဲ့ရ၊ နည်းမျိုးစုံနဲ့ ဒုက္ခရောက်ခဲ့ပြီး အိမ်ပြန်လာတဲ့ သူတွေရဲ့ ကိုယ့်တိုင်းပြည်ကို စရောက်ရောက် ချင်းမှာတင် ကြုံလိုက်ရတဲ့ ကြိုဆိုပုံတွေကြောင့် မျက်နှာတွေကို ၀ှက်ထားရတဲ့ အဖြစ်ကို မြင်နေရတယ်” ဟုလည်း ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံခဲ့ရသည် ဆိုသော်လည်း အားလုံးသည် အိမ်ပြန် လာကြသူများ ဖြစ်ခြင်းကြောင့် ယင်းသို့သော ဆက်ဆံမှုမျိုးဖြင့် မဆက်ဆံ သင့်ကြောင်း၊ မြန်မာပြည်သို့ ပြန်လာသူအားလုံးကို အဆင်ပြေပြေ တပြေးညီ ဆက်ဆံပေးသင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
"သူတို့က သူများနိုင်ငံမှာ သွားပြီး ခိုးစိုးလာတာလဲ မဟုတ်ဘူးလေ၊ ဘယ်သူက ကိုယ်ထောင်ကျလာတာကို လူပုံအလယ်မှာ ကြေငှာစေချင်မလဲ" ဟု သူမက ပြောသည်။
မောင်နိုး
The Ladies News Journal
ပြည်သူတစ်ဦး - အမေစုရှင့် ... ပါတီတစ်ခုက ကိုယ်စားလှယ်တစ်ယောက်က ၂၆ရာခိုင်နှုန်းရှိရင် အစိုးရဖွဲ့လို့ရတယ်လို့ပြောပါတယ် .. အဲ့ဒါ ဖြစ်နိုင်ပါသလား ရှင့်။ အမေစု - အော် .. သိပြီ သိပြီ ဟို ကိစ္စကိုပြောတာ။ သူပြောချင်တာက လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ရာနှုန်းရှိတော့ ၅၁ ရာနှုန်းဆိုရင် အစိုးရ ဖွဲ့လို့ရတယ်လို့ပြောတာ။ "အဲ့လိုပြောတာဟာ တပ်မတော်ကို စော်ကားတာဘဲ။" "ဘယ်လိုစော်ကားတာလဲဆိုရင် တပ်မတော်ကို ပါတီတစ်ခုရဲ့ ခါးပိုက်ဆောင်တပ်အဖြစ် သတ်မှတ်လိုက်တာဘဲ။" . ဒေါ်အောင်ဆန်းစုကြည်
လူထုခေါင်းဆောင် ၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ သန်လျှင်မြို့လူထုတွေ့ဆုံပွဲတွင် ပြောကြားသောမိန့်ခွန်း
Posted by National League for Democracy on Friday, August 21, 2015
            ဗိုလ်ကြီးမူးကြီးဟောင်း ဦးသန်းရွှေကို တရားစွဲဆိုရခြင်းမှာ ၎င်းကျူးလွန်ခဲ့မှုများကို အများပြည်သူ သိရှိစေရန် ရည်ရွယ်ပြီး တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ၁၉၉၀ ပြည့်နှစ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့အတွင်းရေးမူး ဒေးဗစ်လှမြင့်က ပြောသည်။
          ''နိုင်ငံတော် အဆင့်တွေကို စွဲရမှာ ဖြစ်တဲ့အတွက် တိုင်းတရားရုံးက စပြီးစွဲမှာပါ။ ရန်ကုန်တိုင်း ဒေသကြီး တရားရုံးက စွဲမယ်။ ရာဇ၀တ်ကြောင်း အရစွဲမှာပါ။ ပြစ်မှုကျူးလွန်သူ အနေနဲ့ပါ၊ တရားမကြောင်းနဲ့ နောက်တစ်မျိုး ဆက်စွဲမှာပါ။ လွှတ်တော် ကိုယ်စားလှယ်တွေ နစ်နာခဲ့တဲ့ အတွက်ကြောင့်ပေါ့။ အခုလောလောဆယ် ကတော့ ပြစ်မှုကျူးလွန်သူ အနေနဲ့ပဲ အရင်စွဲမယ်'' ဟု ၎င်းကဆိုသည်။
          အဆိုပါ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ဥပဒေနှင့် အညီ ကျင်းပခဲ့ပြီး ကျင်းပ ပေးသောအစိုးရက လွှတ်တော် ခေါ်ယူရန်နှင့် အာဏာ လွှဲပြောင်းပေးရမည့် လုပ်ငန်းစဉ်များအား ပျက်ကွက်ခဲ့ခြင်းကြောင့် ကြည့်မြင်တိုင် မြို့နယ် ၁၉၉၀ ပြည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းက ယခုလအတွင်း တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
          ''၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ တိုင်အောင် အကောင်အထည် မဖော်ဘဲနဲ့ ပျက်ကွက်ခဲ့တဲ့ ကိစ္စ၊ ၁/၉၀ နဲ့လည်း မညီဘူး။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဥပဒေနဲ့လည်း မငြိစွန်းတဲ့ အတွက် ဒါကို ဥပဒေအရ အရေးယူ ဆောင်ရွက်ဖို့ လိုအပ်ချက် ရှိတယ်ပေါ့။ အမှုက တရားမကြောင်းနဲ့လည်း စွဲလို့ရသလို ပြစ်မှုကြောင်းနဲ့လည်း စွဲလို့ရတာတွေ ရှိပါတယ်'' ဟု တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
          ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၄၅ တွင် ''ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ မူဝါဒ လမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့် ပြန်တမ်းများ၊ ကြေညာချက်များကို လည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို လည်းကောင်း ဆက်ခံသည်။
              ယင်းအဖွဲ့ ၊ သို့မဟုတ် အဖွဲ့ဝင် တစ်ဦးဦး၊ သို့မဟုတ် အစိုးရ အဖွဲ့ဝင် တစ်ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း အရေးယူခြင်း မရှိစေရ'' ဟူ၍ ဖော်ပြထားသည်။
          ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃ တွင်လည်း 'မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာ သက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရ'' ဟူ၍ ပြဋ္ဌာန်းထားပြီး ဖြစ်သည်။
          ယင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၄၅ အရ တရားစွဲဆိုခွင့် မရှိကြောင်း ပြဋ္ဌာန်းထားပြီး ဆိုကာတိုင်း တရားရုံးမှ ပယ်ချမည် ဆိုပါက ဗဟို တရားရုံးချုပ်အထိ ထပ်မံအဆင့်ဆင့် တက်သွားမည် ဖြစ်ကြောင်းနှင့် တရားစွဲဆိုရခြင်းမှာ ယခင်စစ်အစိုးရ လက်ထက်တွင် ပျက်ကွက်ခဲ့သည်များကို အများ ပြည်သူ သိရှိစေရန် ဖြစ်ကြောင်း ဦးဒေးဗစ်လှမြင့်က ပြောသည်။
          ''တရားမမှုဆိုတာ အမျိုးမျိုးရှိတဲ့အတွက် ကာလစည်းကမ်း သက်ထဲမှာစွဲရတယ်။ ၉၀ ပြည့်ရွေးကောက်ပွဲ ကလည်း နှစ် (၂၀) ကျော်သွားပြီ။ ကာလစည်းကမ်း သက်က (၁၂) အထိပဲ ရှိတယ်။ ဘယ်လိုအမှုမျိုးပဲဖြစ်ဖြစ် (၁၂) နှစ်ထက် မကျော်ဘူးကိုး။ သူတို့က ဘယ်လို အမျိုးအစားမျိုး စွဲမယ်ဆိုတာ မပြောတတ်ဘူးလေ။ တစ်ခုတော့ ရှိတယ်။ သူတို့ကို စွဲမယ်ဆိုရင် ကာလစည်းကမ်း သက်ရှိတယ်။ အဲဒါကိုဝင်ဖို့လိုတယ်'' ဟု တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။
          ကာလ စည်းကမ်းသက် ဥပဒေ ဆိုသည်မှာ သတ်မှတ်ထားသည့် ကာလအတွင်း တရားစွဲဆိုခွင့် ရှိပြီး သတ်မှတ် ကာလကျော်လွန်ပါက တရားစွဲဆို၍ မရတော့ကြောင်း၊ သတ်မှတ် ကာလမှာ အများဆုံး (၁၂) နှစ်အထိ ရှိကြောင်းနှင့် (၁၂) နှစ် ကျော်လွန်ပါက ကာလစည်းကမ်းသက်နှင့် သက်ဆိုင်သော ဥပဒေများကို တရားစွဲဆိုခွင့် မရှိတော့ကြောင်း ဥပဒေ ကျွမ်းကျင်သူ တစ်ဦးက ပြောသည်။
          ''ကာလ စည်းကမ်းသက် ဥပဒေနဲ့ မဆိုင်ဘူးလို့ ထင်တယ်ဗျ။ ခုဟာက ဘာလို့လဲ ဆိုတော့ နိုင်ငံတော် အဆင့်ဖြစ်တဲ့ ပြဿနာကြီးဗျ။ တစ်ခုတော့ ရှိတယ်ပေါ့ဗျာ။ ကျွန်တော်တို့ ရည်ရွယ်ချက်က ဘယ်လိုပဲ ဥပဒေနဲ့ ပြဋ္ဌာန်းထား ပြဋ္ဌာန်းထား ကျွန်တော်တို့က ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်ကိုလုပ်မှာပဲ။ သူတို့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကာကွယ် ထားတာပေါ့။
             ကျွန်တော်တို့ နိုင်ငံရေး အရ စွဲတာ ဖြစ်တဲ့အတွက် ရာဇ၀တ်ကြောင်း အရ ဖြစ်ဖြစ်၊ တရားမကြောင်းအရ ဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် စွဲမယ်။ သူတို့ ဖောက်ဖျက် ကျူးလွန်ခဲ့တယ် ဆိုတာ ပြည်သူတွေ သိစေချင်လို့ စွဲတာပါ'' ဟု ဦးဒေးဗစ်လှမြင့်က ဆိုသည်။
          ယင်းကဲ့သို့ တရားစွဲဆိုပါက နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်လာနိုင်ကြောင်း သုံးသပ် ဝေဖန်မှုများ ရှိနေမှုအပေါ်'' နိုင်ငံရေးက မတည်မငြိမ် ဖြစ်စရာ အကြောင်း မရှိပါဘူး။ တရားဥပဒေ စိုးမိုးမှုက တကယ်ပဲ ဖြောင့်ဖြောင့်မှန်မှန် မရှိတဲ့ ကာလမှာ ကျွန်တော်တို့ သွားလုပ်လည်း ပယ်မှာပဲ၊ အဲဒါကြောင့် ပြဿနာ မရှိနိုင်ပါဘူး'' ဟု ၎င်းကရှင်းပြသည်။
          ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပစဉ်က အစိုးရမှ လွှတ်တော် ခေါ်ယူမည်ဟု ဆိုကာ ပျက်ကွက်ခဲ့ကြောင်း၊ ထို့နောက် ညောင်နှစ်ပင် ညီလာခံကို ခေါ်ယူခဲ့ခြင်းမှာလည်း ပွင့်လင်း မြင်သာမှု မရှိကြောင်း ၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ထံမှ သိရသည်။
ရဲကျော်ထက်
The Messenger Media
http://messengernewsjournal.com
ကျမသမ္မတလုပ်ချင်တယ်ဆိုတာဟာ ပြုပြင်ပြောင်းလဲချင်လို့ဖြစ်ကြောင်း ကျမ သမ္မတ မလုပ်ပဲနဲ့ ပြုပြင်ပြောင်းလဲမယ်ဆိုရင် ကျမ သမ္မတလုပ်ဖို့ မလိုပါဘူး( ဒေါ်အောင်ဆန်းစုကြည်)
ဒေါ်အောင်ဆန်းစုကြည်-သန်လျင်ဟောပြောပွဲ
ကျမသမ္မတလုပ်ချင်တယ်ဆိုတာဟာ ပြုပြင်ပြောင်းလဲချင်လို့ဖြစ်ကြောင်း ကျမ သမ္မတ မလုပ်ပဲနဲ့ ပြုပြင်ပြောင်းလဲမယ်ဆိုရင် ကျမ သမ္မတလုပ်ဖို့ မလိုပါဘူး( ဒေါ်အောင်ဆန်းစုကြည်)
Posted by Zawana Shen on Friday, August 21, 2015
ဘယ်အစိုးရတက်တက် ကိုကျော်သူလိုဘဲ ပရဟိတတွေ လုပ်နေမယ်ဆိုတဲ့ ကိုဝေဠုကျော် ရဲ့ ပြောကြားမှု
အဖိုးအိုတစ်ယောက် အိမ်ရှေ့မှာသရက်ပင်စိုက်နေတာ သူ့မြေးလေးတွေ့တော့ အဖိုးကိုမေးလိုက်တယ်
ဒီသရက်ပင်ကဘယ်သူစားဖို့အတွက်စိုက်တာလဲ..
အဖိုးအိုက မြေးလေးတို့စားဖို့အတွက်စိုက်တာပါ...အဲ့တာကို
ကိုဝေဠကျော်က ဒီလိုအစိုးရမျိုးကိုပဲလိုချင်ပါတယ်လို့ပြောလိုက်တယ်၊၊
ပြည်သူသာအမိ၊ ပြည်သူသာ အဖ
- ပြည်သူတွေအတွက် သရက်ပင်စိုက်တဲ့ အစိုးရဖြစ်ပါစေ
- အလှူဆိုတာ အစွန်အဖျားရောက်ရင် အထုပ်သေးသွားတတ်တယ်
ဘယ်အစိုးရတက်တက် ကိုကျော်သူလိုဘဲ ပရဟိတတွေ လုပ်နေမယ်ဆိုတဲ့ ကိုဝေဠုကျော် ရဲ့ ပြောကြားမှု စဆုံးပါ။
Posted by Maung Kyaw Hein on Friday, August 21, 2015
ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းအနေဖြင့် မိခင်ပါတီမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသို့ ပြောင်းရွှေ့လာမည်ဆိုပါက လက်ခံရန် သင့်၊ မသင့်ကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ စည်းဝေးဆုံးဖြတ် ချက်ဖြင့်သာ လက်ခံသင့်၊ မသင့်ကိုဆုံးဖြတ်နိုင် မည်ဖြစ်ကြောင်း NLD ပါတီထိပ်ပိုင်း ခေါင်းဆောင်များက သြဂုတ်လ ၂၀ရက်တွင် မြန်မာသံတော်ဆင့် သို့ပြောသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ်သူ သူရဦးရွှေမန်းမှာမိခင် ကြံ့ခိုင်ရေး ပါတီ၌ ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံရကာ သာမန်ပါတီဝင်အဖြစ်သို့ အဆင့်သတ်မှတ်ခံရ သည့်အပြင် လွှတ်တော်တွင်း ကျန်ရှိနေသေးသည့် ၎င်း၏လုပ်ပိုင်ခွင့် အာဏာကို ဘက်ပေါင်းစုံမှထိန်းချုပ် ရန်လုပ် ဆောင် မှုများရှိနေသည့်အတွက် ထွက်ပေါက်တစ်ခုအဖြစ် NLD ပါတီသို့ ပြောင်းရွှေ့လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများထွက် ပေါ် လာချိန်တွင် NLD ပါတီခေါင်း ဆောင်ပိုင်းများက ယခုကဲ့သို့ပြောဆို လိုက်ခြင်းဖြစ်သည်။…
““ဒီလောက်ထိအောင် ပြောလို့မရသေးဘူး။ဘာဖြစ်လာမယ်မှန်းမှ မသိသေးဘဲနဲ့။ သူကဘာဖြစ်မလဲ ဆိုတာ ဘယ်လိုမှ မပြောတတ်ဘဲနဲ့။ ပါတီတို့ဘာတို့ဝင်တယ်ဆိုတဲ့ ဥစ္စာကဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ ဘာတို့ ကစဉ်း စားရမယ့်ကိစ္စပါဗျာ။ အချိန်တွေ စောပါသေးတယ်။ အခုဘာဖြစ်မယ်မှန်းမှ မသိသေးဘဲ”” ဟု NLD ပါတီနာယက သူရဦးတင် ဦးကပြောသည်။
လတ်တလောတွင် လွှတ်တော်၌ ကိုယ်စားလှယ်လောင်းပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ဆောလျင် စွာပြဋ္ဌာန်းပေး ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သူရဦးရွှေမန်းနာယက အဖြစ် လုပ်ဆောင်နေ သည့် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းထားပြီး ယင်းသို့တိုက်တွန်းမှုမှာ လွှတ်တော် အာဏာကျန် ရှိနေသေးသည့် သူရဦးရွှေမန်းအား ထိန်းချုပ်နိုင်ရန် အတွက်ဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိသည်။
သြဂုတ်လ ၁၈ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌လည်း သူရဦးရွှေမန်းက ““ယခု အခါ ပါတီထိပ် ပိုင်းခေါင်းဆောင်များ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်နေခြင်း၊ ပါတီတွင်းဒီမိုကရေစီ ကျင့်သုံးမှုကို မျက်ကွယ်ပြု၍ ပါတီဥက္ကဋ္ဌပူးတွဲတာဝန် ထမ်းဆောင်သူတစ်ဦးတည်း၏ ဆန္ဒအရသာ ဆုံးဖြတ်ပြု လုပ်နေခြင်း၊ ပါတီ၏ရန်ပုံငွေကိုပွင့်လင်းမြင်သာမှုမရှိဘဲ သုံးစွဲနေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုက်နာမှု မရှိခြင်း၊ မူလမဲဆန္ဒရှင် အချို့ကလွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားထားခြင်းတို့ကြောင့် ပါတီ၏ဂုဏ်သိက္ခာကို များစွာထိခိုက်ကျဆင်း စေလျက်ရှိပြီး မကြာမီကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်ရေးကိုပါ ထိခိုက်လာနိုင်သဖြင့် ဟူ၍ ဖော်ပြ ရေးသားထားပါသည်””ဆိုသည့် စာပေးပို့ခံထားရကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ထို့ပြင် ““ပါတီအတွင်း လတ်တလောဖြစ်ပေါ်နေသော ကိစ္စရပ်များကို လွှတ်တော်အတွင်းယူဆောင် လာခြင်း မပြုစေလိုပါကြောင်း ပြောကြား လိုပါတယ်””ဟုလည်း သူရ ဦးရွှေမန်းက ယင်းမိန့်ခွန်းစကား တွင်ထည့်သွင်းပြော ဆိုထားသည်။
တိုက်ဆိုင်စွာပင် ပါတီဥက္ကဋ္ဌအဖြစ်မှ ဖြုတ်ပယ်ခံရသူ သူရဦးရွှေမန်းနှင့် ပတ်သက်ဆက်စပ်သော စီးပွားရေး လုပ်ငန်းများကို အစိုးရ တာဝန်ရှိသူများက စိစစ်မှုများ ပြုလုပ်နေပြီး ၎င်းအား စွပ်စွဲ ပြစ်တင် နိုင်ရန်အတွက် အချက်အလက်များစုဆောင်းနေကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိရာ ယင်းအခြေအနေတွင်သူရ ဦးရွှေမန်းအနေဖြင့် ယင်းဖြစ်ရပ်များမှ ကင်းလွတ်စေရန် NLD ပါတီသို့ ပြောင်းရွှေ့နိုင်ကြောင်းသုံးသပ်မှုများ ထွက်ပေါ်လျက်ရှိသည်။
““အဲဒီလောက်ကြီးတဲ့ Cause ဆိုလိုရှိရင်တော့ အန်ကယ်တို့ ဒါ CEC Meeting ထိုင်ပြီးတော့မှပဲ ဖြစ်နိုင် မှာ ပေါ့နော်။ အန်ကယ်တို့ တစ်ဦးတည်းရဲ့ သဘောထားနဲ့တော့ မဖြစ်နိုင်ပါဘူး””ဟု NLD ပါတီ ဗဟို အလုပ် အမှု ဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်ကဆိုသည်။
MH-0030
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
နိုင်ငံတကာမှာ အန္ဒရာယ်ရှိတဲ့ နေရာတွေကို သွားပြီး သတင်းယူနေကြတဲ့ သတင်းထောက်တွေ အတွက်... အမှာစကားတစ်ခုရှိတယ်......
Cover the story. Don't make the story.
သတင်းပဲသွားယူပါ..... ကိုယ့်ကိုယ် သတင်းမဖြစ်စေနဲ့တဲ့... ဆိုလိုတာကတော့ မသေစေနဲ့ အန္ဒရာယ်ကင်းအာင် နေပေါ့…
အခုလည်း အတူတူပါပဲ... ရေဘေးကယ်ဆယ်ရေး လှူဒါန်းရေး သွားရင်းနဲ့ အသက်ဆုံးရှုံးမှုတွေ ဖြစ်လာတာကို ကြားရပါတယ်.... လူတွေကတော့ ဘယ်သေချင်ကြမှာလဲ... မတော်တစ်ဆ သေတာပေါ့လေ…. အဲဒီတော့ အပြစ်ပြောနေလို့လဲထူးမှာမဟုတ်ဘူး….
ဒါပေမယ့် နောက်ထပ် လူသေမှုတွေ ထပ်မဖြစ်လာအောင် ဝေဖန်စရာရှိတာတော့ ဝေဖန်ရမှာပဲ…..
ဆက်ဖီပုံတွေ တက်လာတယ်.... ရေအနက်ကြီး ဧရာဝတီမြစ်ကြီးကို ဖြတ်ခဲ့ရတာတို့.... ညမှောင်မှောင်မှာ စက်လှေပျက်လို့ စမ်းတဝါးဝါးနဲ့ ပြန်ခဲ့ရတာပါတို့ အစရှိသဖြင့်ပေါ့…..
အဲဒီမှာ သတိထားမိတာတွေ ဘာတွေရှိလဲဆိုတော့..... ရေအနက်ကြီးသွားတယ်လို့ ပြောတဲ့ လူတော်တော်များများက လှေသေးသေးလေးကို အလှူပစ္စည်းတွေရော လူတွေရော ပြည့်ကြပ်နေအောင် စီးကြတယ်..... တစ်ချို့ဆို ဘာအသက်အင်္ကျီမှတောင် ဝတ်မထားကြပါဘူး.... ဘာမှမဖြစ်တော့... ဘာမှမဖြစ်ဘူးပေါ့ဗျာ ဖေ့ဘုတ်ပေါ်ကို ဆက်ဖီ ပုံလေးတွေ တက်လာကြတာပေါ့.... တစ်ခုခုသာ ဖြစ်ခဲ့ရင်တော့ ဖေ့ဘုတ်မှာ မြင်ကြရမှာက ဝမ်းနည်းဖွယ်ရာ ဓာတ်ပုံတွေပါပဲ…..
၂၀၀၃ ခုနှစ်က အီရတ်ကို အမေရိကန် ဝင်တိုက်တဲ့ အချိန်မှာ သတင်းထောက် နှစ်ရာကျော်သေခဲ့တယ်..... သေတဲ့ သတင်းထောက်တွေ အများစုဟာ သေနတ်မှန်လို့ သေကြတာမဟုတ်ဘူး.... ကားမှောက်ပြီး သေကြတာ….
ဘာကြောင့်ကားမှောက်လဲ ကားနဲ့ သွားနေတုန်းမှာ cross fire လို့ခေါ်တဲ့ တစ်ဖက်နဲ့ တစ်ဖက် ပစ်နေကြားထဲ ရောက်သွားတဲ့ အခါမှာဖြစ်ဖြစ်.... တစ်ဖက်ဖက်က သေနတ်နဲ့ လှမ်းပစ်တဲ့ အချိန်မှာဖြစ်ဖြစ်…. ကြောက်အားလန့်အားနဲ့ လွတ်အောင် ကားကို မိုင်ကုန်မောင်းပြေးဖို့ ကြိုးစားကြတာလေ.... အဲဒီမှာ ကားမှောက်ပြီး အစုလိုက် အပြုံလိုက်တွေ သေကုန်ကြတာပေါ့….
အဲဒီတော့ သေတဲ့ဖြစ်စဉ်တွေကို သတင်းထောက်လုံခြုံရေးဆိုင်ရာ အဖွဲ့စည်းတွေက သုံးသပ်ပြီး..... သတင်းထောက်တွေ ဆောင်ရန် လျှောင်ရန် စည်းကမ်းချက်တွေ သတ်မှတ်တယ်... အဲဒီစည်းကမ်းချက်တွေထဲမှာ ညဘက် ခရီးမထွက်ရဆိုတာလည်း ပါလာတယ်…
ဘာဖြစ်လို့လဲဆိုတော့ သတင်းထောက်တွေ ကားမှောက်လို့ သေတဲ့ ဖြစ်စဉ်တွေ ရဲ့ ကိုးဆယ်ရာနှုန်းလောက်ဟာ ညဘက်မှာ ခရီးသွားရင်းဖြစ်ကြတာ ဖြစ်တယ်... ဒါကြောင့် ဘယ်လောက်ပဲ အရေးကြီးပါစေ ညဘက် ခရီးဝေးကို ကားနဲ့ သတင်းသွားယူတာမျိုးကို တားမြစ်ကန့်သတ်လိုက်ကြတယ်…
သေနတ်မှန်လို့ သေတဲ့ သတင်းထောက်ဆိုရင်လည်း.... မျက်နှာမှန်ပြီး သေတဲ့လူက ရှားပါတယ်... အများစုက ရင်ဝနဲ့ ဗိုက်ကို မှန်ပြီးသေကြတာကိုး.... အဲဒီတော့ စစ်ပွဲဖြစ်နေတဲ့ နေရာသွားရင်.... ကျဉ်ကာ အင်္ကျီ ဦးထုတ်မပါပဲ မသွားရဘူးဆိုတဲ့ စည်းကမ်းချက်ကို သတ်မှတ်လိုက်တယ်….
ရေရှိတဲ့နေရာ သင်္ဘော ဒါမှမဟုတ် လှေနဲ့သွားရမဲ့ ခရီးဆိုရင်လည်း အသက်ကယ် အင်္ကျီကို အချိန်ပြည့်ဝတ်ထားဖို့ စည်းကမ်းချက်တွေ ထုတ်ထားလိုက်တယ်….
အခုထိလဲ ကမ္ဘာအဝမ်းမှာ မတော်တဆ သတင်းထောက် သေဆုံးမှုတွေကတော့ ရှိနေတုန်းပါပဲ... ဒါပေမယ့် သတင်းထောက် သေဆုံးမှုနှုန်းကတော့ လျှော့ကျသွားတာပေါ့….
အခု ကယ်ဆယ်ရေးဖြစ်စဉ်တွေမှာ ကြည့်မယ်ဆိုရင်လည်း..... လူငယ်တွေ စိတ်အားထက်သန်ကြတယ်.... ကောင်းပါတယ်... ဒါပေမယ့် လုံခြုံရေး ဂရုစိုက်မှု အရမ်း အားနည်းကြတယ်…
အပြန်မှာ မိုးချုပ်သွားလို့ ဆိုတာတွေ ခဏခဏ ဖေ့ဘုတ်မှာ မြင်မြင်နေရတယ်.... ဘာမှမဖြစ်လို့သာ ဘာမှမဖြစ်သေးတာ... တကယ်ဖြစ်လာရင် မလွယ်ဘူး….
မသွားခင်က မြေပုံကို ကြည့်သင့်တယ်.... ဘယ်လောက်ဝေးမယ်.... လှေမောင်းချိန် ဘယ်လောက် ရှိမယ်.... မိုးမချုပ်ခင် ပြန်ရောက်နိုင် ခြေ ရှိမရှိဆိုတာကို ထည့်တွက်ရမယ်…. ဝေးလွန်းတယ် အပြန်မိုးချုပ်နိုင်တယ်ဆိုရင် နောက်နေ့ မနက်မှ စောစောထ သွားသင့်တယ်…
ကားနဲ့သွားမဲ့ ခရီးစဉ်တွေမှာဆိုလည်း.... ကားကို ဈေးသက်သာတာ နီးစပ်တာကို ငှားတယ်ဆိုတာထက်.... ကိုယ်သွားမဲ့ လမ်းကို ကားသမားက မောင်းနေကြရှိလား... ကားဒရိုင်ဘာဟာ တကယ်ရော ကျွမ်းကျင်ရဲ့လား.... ကားအောက်ပိုင်း ဘရိတ် အစရှိတာတွေကို သေချာ ဆားဗစ်လုပ်ထားတဲ့ကားလား..... အစရှိတာကို စုံစမ်းပြီးမှ စိတ်ချရတဲ့ ကားကို ငှားသင့်တယ်…
တကယ်သွားတဲ့ အခါမှာလည်း ကားသမားကို မောင်းချင်ရာ မောင်း လွတ်ပေးထားတာမျိုး မဖြစ်သင့်ဘူး..... သူ့ကို သတိထားကြည့်သင့်တယ်... ဘေးနားကနေ အလဘ သလပါ စကားထိုင်ပြောရင်း သူ့ကို အမြဲအကဲခတ်သင့်တယ်..... ကားမောင်းရင်း ငိုက်တယ်ဆိုတာ... ထိုင်ခုံမှာ ထိုင်နေရင်း ခေါင်းကြီးစောင်းသလို စောင်းသွားမှာ ငိုက်တယ်လို့ ခေါ်တာ မဟုတ်ဘူး…. တ်ာများများက ကားမောင်းတဲ့ အချိန်မှာ မျက်လုံး ကြောင်တောင်တောင်ဖြစ်ပြီး မမိတ်ပေမယ့်.... အသိစိတ်နဲ့ တုန့်ပြန့်မှုနှေးပြီး ငိုက်သွားတယ်.... အဲဒီအချိန်မှာ ယာဉ်တိုက်မှု အများဆုံး ဖြစ်တာပဲ….
ကားသမားက ငိုက်နေလား မငိုက်လားဆိုတာ စကားပြောကြည့်တဲ့အခါမှာ ခွန့်တုန့်ပြန်ပြောတာ လေးသွားတာမျိုး... ကိုယ်နဲ့ တောက်လျှောက် စကား ပြောနေရင်နဲ့.... ကိုယ်မေးလိုက်တဲ့ မေးလိုက်စကား တစ်ခွန်းကို ချက်ခြင်း respond ပြန်မလုပ်တာမျိုးဆိုရင် သေချာပြီး ကားသမား ငိုက်နေပြီ..... သူ့ကို ကားခဏရပ်ပြီး ရောက်တဲ့နေရာမှာ နားခိုင်းလိုက်တော့... အဲဒီတိုင်း ဆက်သွားရင် အန္ဒာရယ်အကြီးကြီးပဲ…
ကျွန်တော် ကြုံဖုးတဲ့ အတွေ့အကြုံတစ်ခုဆိုရင်.... မောင်းတောကနေ ဘန်ဂလာဒေ့ရ့်နယ်စပ် တောင်ပြိုလက်ဝဲကို သွားတယ်…. ကျွန်တော် ကားသမားကို တောက်လျှောက် စကားပြောဖြစ်တယ်.... တစ်ဖြည်းဖြည်း သူကို စကားပြောရင်းနဲ့ သူလေးလာဆိုတာ သတိထားမိတော့... အကိုငိုက်နေတာဆိုတော့.... အခုမငိုက်တော့ဘူး စောစောက ငိုက်ပြီးသွားပြီတဲ့….
အဲဒါနဲ့ မဖြစ်ဖူးဆိုပြီး သူ့ကားကို အတင်းတောင်းယူပြီး မောင်းရတယ်... ခင်ဗျား ခဏတော့ နားလိုက်ဆိုပြီး နောက်ခန်းမှာ ပေးအိပ်ထားရတယ်.... အပြန်ကျတော့ ရင်းနှီးလာချိန်မှာ မေးကြည့်တော့... သူက ဖင်ဆီဒိုင်းချထားတာတဲ့ အဲဒီဘက်မှာ ဖင်ဆီဒိုင်းက သိပ်ပေါတာကို…
နောက်နေ့ သူ့ကား မငှားတော့ဘူး တစ်ခြားကားပဲ ငှားဖြစ်တော့တယ်... ဘာဖြစ်လို့လဲဆိုတော့ ဒါက အားနာစရာမဟုတ်ဘူးလေ.... မူးယစ်ဆေးဝါး သုံးတတ်လူမောင်းတဲ့ ကားကို အားနာပြီး ဆက်ငှားနေရင် ကိုယ့်အသက်ကို မနှမျှောရာ ရောက်သွားမှာပေါ့….
ဒါကြောင့် ကားငှားတဲ့အခါမှာလည်း ကားမောင်းရင်း သောက်တတ်တဲ့ အကျင့်ရှိလား.... ကားမောင်းရင်း မသောက်တတ်ဘူးဘဲထား ညဘက် သောက်တတ်တဲ့ အကျင့်ရှိလား.... တစ်ခါတစ်လေမှာ ကိုယ်တွေက ခရီးသွားတယ်ဆိုတာ တစ်ရက်တည်းမဟုတ်ဘူးလေ… ဒီနေ့ ဒီမြို့ရောက်တယ်.... ကိုယ်ကတော့ လုပ်စရာရှိတာလုပ်... ပင်ပန်းတော့အိပ် ကားသမားက မအိပ်ပဲ ညဘက် သောက်နေ.... မနက်ရောက်တော့ အိပ်ရေးမဝပဲ ကားမောင်း ဆိုရင် အဲဒီ အန္ဒရာယ်က တော်တော်ကို ကြီးပါတယ်….
နောက်ဆုံး နိဂုံးချုပ်ပြောချင်တာကတော့..... လုံခြုံရေးကို ဂရုစိုက်ကြပါ.... ကိုယ်သွားမဲ့ခရီးကို မသွားခင်မှာ ရောက်ဖူးတဲ့လူတွေကို အရင်မေးမြန်စုံစမ်းပါ.... လိုအပ်တဲ့ equipnment အပြည့်အစုံ ယူသွားပါ... ခိုင်ခန့် စိတ်ချရတဲ့ကားနဲ့ စိတ်ချရတဲ့ ဒရိုင်ဘာကို ရွေးချယ်ပါ….
အားလုံး ဘေးအန္ဒာရယ်ကင်းကြပါစေ….
Soe Zeya Tun
သြဂုတ်လ ၂၀ ရက်က လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းရန် ဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က ဆက်လက်ဆွေးနွေးရန် သင့်မသင့် မဲခွဲဆုံးဖြတ် ရာတွင် အာဏာရပါတီ၏ ဖယ်ရှားခံ ခေါင်းဆောင် မှာ အရေးတကြီး အားစမ်းပွဲ တစ်ခုကို ပွတ်ကာသီကာ ကျော်လွှားသွားနိုင်ခဲ့ဟု လွှတ်တော်အမတ်တစ်ဦးက သုံးသပ်ပြောဆိုသည်။
အဆိုပါ ဥပဒေကြမ်းသည် စစ်အစိုးရအုပ်ချုပ်ရေး အဆုံးသတ်ပြီးနောက်ပိုင်း အကြီးမားဆုံးနိုင်ငံရေး လှုပ်ခတ်မှုအဖြစ် သူ့အား အဆောတလျင် ဖယ်ရှားမှု ဖြစ်ဖွယ်ရှိသည်။
လွှတ်တော်ထဲမှာ စုစုပေါင်း အမတ် ၆၆၄ ရှိရမှာ အမှန်တကယ်တက်ရောက်နိုင်သူက ၆၃၂ ရှိသည်။ ၃၂ ဦးက လစ်လပ်ပျက်ကွက် (၈ နေရာ မရွေးခဲ့တာ ၊ ပြောင်းရွှေ့ ၁၁ နေရာ ၊ ကွယ်လွန် ၁၂ ၊ နူတ်ထွက် ၁ ဖြစ်ပါသည်) ။
ပြည်ထောင်စု လွှတ်တော် တက်ရောက်ခွင့်ရှိတဲ့ ၆၃၂ မှာ ၅၂၄ ဦးသာ တက်ရောက်ခဲ့ ပါသည်။ NLD ပါတီက ကိုယ်စားလှယ် ၄၀-၄၅ ဦး မှအပ ကျန်ကိုယ်စားလှယ်များသည် USDP ၊ NDF ၊ တိုင်းရင်းသားနှင့် တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၆၄ မဲ၊ ကန့်ကွက်မဲ ၂၃၅ မဲ၊ ကြားနေမဲ ၁၂ မဲ ဖြင့် ဆိုင်းငံ့ ထားရန် လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။
NDF ပါတီက ၄င်း၏ အမတ်များကို အဆိုပါ ဥပဒေကြမ်းကို ထောက်ခံရန် အတိအလင်း စာထုတ်ပြန်ထားပြီး တပ်မတော်သား ကိုယ်စားလှယ်များမှာလည် တစ်မျိုးတည်း တစ်စုတည်း ထောက်ခံမဲပေးမည်မှာ သေချာသဖြင့် USDP အမတ်များကြား တွင် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၏ အင်အားက ပိုမိုတောင့်တင်းသည်ဟု ဆိုရမည်။
ပြီးခဲ့သည့် သီတင်းပတ် အတွင်း ပြည်ခိုင်ဖြိုးပါတီ (USDP) ၏ ဥက္ကဋ္ဌအဖြစ်မှ ရုတ်တရက် ဖယ်ရှားခဲ့သော် လည်း အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်) ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေသေးသည့် ဦးရွှေမန်းအပေါ် လွှတ်တော်တွင်း ထောက်ခံမှု ရှိနေသေးကြောင်း မဲခွဲရလဒ်က ပြသနေသည်ဟု နိုင်ငံရေး ကျွမ်းကျင်သူများ က သုံးသပ်ကြသည်။
“မဲခွဲရလဒ်က ပွတ်ကာသီကာလေးပါ။ မြန်မာလွှတ်တော်ကြီး ဒီလိုနှစ်ခြမ်း ကွဲတာ ဒီအကြိမ် ဆို ဒုတိယ ဒါမှမဟုတ် တတိယအကြိမ်ပဲ။ အလွန်ဖြစ်ခဲ ပါတယ်” ဟု ဥပဒေကြမ်း ဆိုင်းငံ့ သည့် ကို ထောက်ခံပြောဆို ခဲ့သည့် တနသာင်္ရီတိုင်း ရေဖြူမြို့နယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ပြောကြားခဲ့သည်။
လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား တာဝန်မှရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အတွက် မဲခွဲဆုံးဖြတ်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်က ဥက္ကဋ္ဌအား ၄ ကြိမ်မြောက်အဖြစ် ထပ်မံ စာပို့ တိုက်တွန်းခဲ့ပြန်သည်။
ဥပဒေကြမ်းအရ မိမိ၏ မဲဆန္ဒအတွင်းရှိ မဲပေးသူ ၁ ရာခိုင်နှုန်းက မိမိအား တာဝန်မှ ရုတ်သိမ်းပေးရန် ပန်ကြားချက်တွင် လက်မှတ်ရေးထိုး လျှောက် ထားပြီး ရွေးကောက်ပွဲကော် မရှင်ကလည်း ပြန်ကြားချက်သည် တရားမျှတ မှန်ကန်ကြောင်း တွေ့ရှိလျှင် အဆိုပါ လွှတ်တော် ကိုယ်စားလှယ်သည် တာဝန်မှရပ်နားရမည်ဖြစ်သည်။
ဇွန်လ က အခြေခံဥပဒေပြင်ဆင်ရန်နှင့် စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်မှု ကန့်သတ်ရန် ဥပဒေကြမ်းများ အပေါ် ထောက်ခံခဲ့သဖြင့် ပြီးခဲ့သည့် သီတင်းပတ်တွင် လုံခြုံရေးတပ်ဖွဲ့များ တင်ဆောင်လာသည့် ထရပ်ကား များက USDP ဌာနချုပ်ကို ၀န်းရံခဲ့သည့်အခါ သမ္မတဦးသိန်းစိန် နှင့် သူ့အကြား အားပြိုင်မှုများ အထွတ်အထိပ် ရောက်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးဟောင်းမှာ မရေရာသည့် နိုင်ငံရေးအနာဂတ်ကို ရင်ဆိုင်နေ ရသည်။
“ရလဒ်တွေက လွှတ်တော်အတွင်း ဦးရွှေမန်းကို ထောက်ခံသူ ပိုများပြားတယ် ဆိုတာ ပြနေတယ်။ USDP ကိုယ်စားလှယ်တွေကြားမှာတောင် အများကြီး ရှိနေတယ်၊ ဒါက ဦးရွှေမန်းကို ဆန့်ကျင်နေသူတွေကို စိတ်ပျက် သွားစေမှာ သေချာပါတယ်” ဟု နိုင်ငံရေးသုံးသပ်သူ စာရေးဆရာ ဦးစည်သူအောင်မြင့်က ပြောကြား သွားခဲ့သည်။
“ လွှတ်တော်ထဲမှာ ပါတီ ၁၈ ခုရှိတယ်။ အဲဒီထဲက အများစုက သူ့ကို (ဦးရွှေမန်း) သဘောကျတယ်။ သူက လူတိုင်းကို မျှမျှတတ ပွင့်ပွင့်လင်းလင်း ဆက်ဆံတဲ့အတွက် အများစုက သဘောကျတယ်။ ဘယ်လမ်းကို သွားမလဲဆိုတာကို ကျနော်တို့ စဉ်းစားရတော့မယ်။ လမ်းဟောင်းတွေ အတိုင်း ပြန်သွားမလား၊ လမ်းသစ်သွားမလားပေါ့။ ဦးရွှေမန်းက တိုင်းပြည်နဲ့ ပါတီအတွက် ဒီမိုကရေစီလမ်းသစ်တခုကို ထူထောင်တဲ့အတွက် ရာထူးက ဖယ်ရှားခံရတာလို့ ကျနော်တို့ ထင်ပါတယ်။” ဟု ပြည်ခိုင်ဖြိုး အမတ်ဖြစ်သူ ဦးဝင်းဦးက ဆိုသည်။
လင်းလင်း
The Ladies News Journal
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကာလအတွင်း မဲရေတွက်စဉ်။ (ဧပြီ ၁၊ ၂၀၁၂) 
 လာမယ့်နိုဝင်ဘာလ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို EU ဥရောပသမဂ္ဂ က စောင့်ကြည့်လေ့လာနိုင်ဖို့ မြန်မာအစိုးရဘက်က ခွင့်ပြုလိုက် ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Roland Kobia နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးဆိုင်ရာတာဝန်ခံ ဒေါက်တာ ဒေါ်မြင့်ကြည့်တို့က နားလည်မှုစာချွန်လွှာ MOU ကိုနေပြည်တော်မှာ ဒီကနေ့ လက်မှတ်ရေးထိုးလိုက်တာပါ။
ဒီသဘောတူညီချက်အရ ဥရောပသမဂ္ဂရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အနေနဲ့ ရွေးကောက်ပွဲကာလအတွင်း ဆောင်ရွက်ပုံအဆင့်ဆင့်ကို လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီလေ့လာ စောင့်ကြည့်ရေးအဖွဲ့မှာ အဖွဲ့ဝင် ၁၀၀ ကျော်ပါဝင်မှာဖြစ်ပြီး EU အဖွဲ့ဝင်ကိုယ်စားလှယ်တွေ အပြင် ကနေဒါ၊ ဆွစ်ဇာလန်နဲ့ နော်ဝေနိုင်ငံက ကိုယ်စားလှယ်တွေလည်း ပါဝင်မှာပါ။
EU က ထုတ်ပြန်တဲ့ ကြေညာချက်မှာ EU သံအမတ်ကြီး ရိုလန်ကိုဘီယာ က လေ့လာစောင့်ကြည့်ရေးအဖွဲ့စေလွှတ်ရေး ဟာ EUနဲ့ မြန်မာနိုင်ငံ ရဲ့ ကျယ်ပြန့်တဲ့ ဆက်ဆံမှုတွေထဲက အစိတ်အပိုင်း တစ်ရပ်ဖြစ်ကြောင်း၊ ဒီထပ်ဆင့်ပူးပေါင်းဆောင်ရွက်မှုတွေဟာ နိုင်ငံရေးအသွင် ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ခိုင်မာလာစေဖို့ ရည်ရွယ်ကြောင်း၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခြင်းဟာ အားလုံးပါဝင်နိုင်မှု၊ ပွင့်လင်းမြင်သာမှု၊ ယုံကြည်လက်ခံနိုင်မှုတွေရှိတဲ့ ရွေးကောက်ပွဲများကို ကူညီပံ့ပိုးချင်တဲ့ ဥရောပသမဂ္ဂရဲ့ဆန္ဒကို ထုတ်ဖော်ပြသတာ ဖြစ်တဲ့အပြင် ဥရောပသမဂ္ဂရဲ့မူဝါဒအစိတ်အပိုင်းလည်းဖြစ်တဲ့ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး နဲ့ လူ့အခွင့်အရေး ကို အားဖြည့်ဖြစ်တယ်လို့ ပြောဆိုကြောင်း ဖော်ပြ ထားပါတယ်။
မကြာခင်မှာ ဒီမစ်ရှင် ဦးဆောင်မယ့်သူကို ရွှေးချယ်သွားမှာဖြစ်တယ်လို့ အီးယူ နိုင်ငံခြားရေးနဲ့ လုံခြုံရေးရာဌာန အကြီးအကဲ Federica Mogherini ကလည်း ပြောပါတယ်။ EU လေ့လာစောင့်ကြည့်ရေးအဖွဲ့ဟာ နိုဝင်္ဘာ ၈ ရက်နေ့ မတိုင်ခင် လပိုင်းအလိုမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်အရပ်ရပ် ပြီးဆုံးချိန်ထိ မြန်မာနိုင်ငံ အတွင်း ရှိနေမှာ ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၃၈ နိုင်ငံက ရွေးကောက်ပွဲပေါင်း တရာလောက် ကို စောင့်ကြည့် လေ့လာ ခဲ့တဲ့ ကာတာ စင်တာကလည်း လာမယ့်ရွေးကောက်ပွဲ ကို စောင့်ကြည့်လေ့လာသွားမှာဖြစ်ပြီး လက်ရှိမှာ မြန်မာနိုင်ငံ တွင်း ရွေးကောက်ပွဲ ဆိုင်ရာ သင်တန်းပေးမှုတွေနဲ့ ကူညီပံ့ပိုးမှုတွေကို လုပ်ဆောင်ပေးနေပါတယ်။
မြန်မာပြည်တွင်းက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ကြမယ့် လူထုအခြေပြုအဖွဲ့အစည်းတွေ ကလည်း နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေ ပါဝင်လာတဲ့အပေါ် ကြိုဆိုကြပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ လိုအပ်ချက်တွေကို အရင်ဆုံး လေ့လာဖို့နဲ့ နယ်စပ်ဒေသတွေ၊ ရွှေ့ပြောင်း အလုပ်သမားအများအပြားရှိတဲ့ဒေသတွေမှာ သွားရောက်လေ့လာဖို့ကိုလည်း တိုက်တွန်းပါတယ်။
နိုဝင်ဘာမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်း ကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေ အတွင်း မြန်မာအစိုးရ ဘက်က နိုင်ငံ တကာ စောင့်ကြည့် လေ့လာ သူတွေကို ၀င်ရောက်လေ့လာခွင့်ပြုတဲ့ တခုတည်းသော ရွေးကောက်ပွဲ လည်း ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ကို​နေ​လင်း။ ​အ​ဓိ​က ​ယှဉ်​ပြိုင်​ဖက် ​ပါ​တီ​တွေ​က ​ဘယ်​ပါ​တီ ​တွေ​လို့ ​ထင်​လဲ။
ဦး​ဌေး​ဦး။ ​အ​ဓိ​က ​ယှဉ်​ပြိုင်​ဖက် ​ပါ​တီ ​ဆို​ရင်​တော့ ​ကိုယ်​တိုင် ​ပဲ​ဗျ။ ​ကိုယ့်​ကို ​ကိုယ် ​ပြိုင်​ရ ​မှာ​ဘဲ။ ​ကိုယ့်​ကို ​လူ​ထု​က ​ပို​ပြီး ​ယုံ​ကြည် ​လာ​မှ ​ဖြစ်​မယ်။ ​တ​ခြား ​ပါ​တီ​တွေ ​ဆို​တာ​တော့ ​သူ့​မှာ​လည်း ​ကောင်း​တာ​တွေ ​က​တော့​ရှိ​တာ​ပေါ့။ ​အား​သာ​ချက် ​အား​နည်း​ချက် ​ဆို​တာ ​အ​ဖွဲ့​အ​စည်း​တိုင်း ​မှာ​လည်း ​ရှိ​တယ်။ ​လူ​တိုင်း ​မှာ​လည်း ​ရှိ​တယ်။ ​အဲ​ဒီ​တော့ ​သူ​များ​က ​အား ​နည်း​လို့ ​ကျွန်​တော်​တို့ ​နိုင်​သွား​တယ် ​ဆို​တာ ​ဘယ်​ဖြစ်​မ​လဲ။ ​ကိုယ်​တိုင် ​အား​သာ​ချက် ​ရှိ​ပြီး​တော့​မှ ​ပြည်​သူ ​အ​တွက် ​အ​ကျိုး​ပြု ​တယ်​လို့ ​လူ​ထု​က ​ယုံ​ပြီး​တော့​မှ ​နိုင်​သွား​တာ ​ပို​ကောင်း ​တာ​ပေါ့။ ​ဒါ​ကြောင့် ​ကျွန်​တော့် ​အ​နေ​နဲ့ ​ပြော​မယ် ​ဆို​ရင် ​ဘယ်​သူ့​မှ ​မ​ပြိုင်​ပါ​ဘူး။ ​ကိုယ့်​ကို​ကိုယ်​ဘဲ ​ပြိုင်​ကြ​မယ်​လို့ ​ဒီ​လို​ဘဲ ​တွက်​ပါ​တယ်။
ကို​နေ​လင်း။ ​ဟုတ်​ကဲ့၊ ​အန်​အယ်​ဒီ ​တို့ ​ဘာ​တို့ ​ကို ​ပြိုင်​ဘက်​လို့ ​သ​ဘော ​မ​ထား ​ဘူး​လား။
ဦး​ဌေး​ဦး။ ​န​ဂို ​က​တည်း​က​လည်း ​သ​ဘော ​မ​ထား​ပါ​ဘူး၊ ​ကျွန်​တော် ​တို့​တွေ။ ​သူ​တို့ ​အား​လုံး​ကို ​လုပ်​ဖော် ​ကိုင်​ဖက် ​လို့​ဘဲ ​သ​ဘော ​ထား​တယ်။ ​ပါ​တီ​စုံ ​ဒီ​မို ​က​ရေ​စီ ​လမ်း​ကြောင်း​မှာ ​သွား​တယ်​ဆို ​ရွေး​ကောက်​ပွဲ​က ​မ​လွဲ​မ​သွေ ​ဖြစ်​မှာ​ဘဲ။ ​ဒီ ​ရွေး​ကောက်​ပွဲ ​လမ်း​ကြောင်း​ကို ​သူ​တို့ ​ပါ​ဝင် ​လာ​တယ် ​ဆို​တဲ့ ​ဥ​စ္စာ​တွေ ​အား​လုံး​က၊ ​ပါ​တီ​တွေ ​ပါ​လာ​တယ် ​ဆို​တဲ့ ​ဥ​စ္စာ​တွေ ​အား​လုံး​က ​ဆန့်​ကျင်​တာ​မှ ​မ​ဟုတ် ​တာ​ဘဲ။ ​လုပ်​ဖော် ​ကိုင်​ဘက် ​တွေ​ဘဲ။ ​ဒီ​စ​နစ်​ကြီး​ကို ​အောင်​မြင်​အောင် ​သူ​တို့​လည်း ​ဝင်​ပါ​ရ​တာ ​ဖြစ်​တဲ့ ​အ​တွက် ​ကျွန်​တော် ​တို့​က ​ဆန့်​ကျင်​တဲ့ ​အ​နေ​နဲ့ ​လို့​လည်း ​သ​ဘော ​မ​ထား​ဘူး၊ ​ပြိုင်​ဘက် ​လို့​လည်း ​သ​ဘော ​မ​ထား​ပါ​ဘူး။ ​လုပ်​ဖော် ​ကိုင်​ဖက်​လို့​ပဲ ​သ​ဘော ​ထား​တယ်။
ကို​နေ​လင်း။ ​အ​ခု​ဆို​ရင် ​ပြည်​ခိုင်​ဖြိုး ​ပါ​တီ​ကို ​တပ်​မ​တော်​က ​ဗိုလ်​ချုပ်​တွေ၊ ​ဗိုလ်​မှူး​ချုပ် ​တွေ​တော်​တော် ​များ​များ ​ဟို​အ​ပတ် ​က​နေ ​အ​ငြိမ်း​စား ​ယူ​ပြီး ​ဝင်​လာ​တာ ​တွေ့​ရ ​ပါ​တယ်။ ​အ​ခု ​ပြည်​ခိုင်​ဖြိုး ​ပါ​တီ​မှာ ​တပ်​မ​တော်​ရဲ့ ​အ​ခန်း​က​ဏ္ဍ​က ​ဘယ်​လို ​နေ​ရာ​က​များ ​ပါ​ဦး​မ​လဲ ​ခင်​ဗျ။
ဦး​ဌေး​ဦး။ ​ကျွန်​တော် ​ထင်​ပါ​တယ်။ ​ပါ​တီ ​ဆို​တာ ​ယုံ​တဲ့ ​လူ​တွေ ​ဝင်​တာ​ပေါ့။ ​တပ်​မ​တော် ​က​နေ ​အ​ငြိမ်း​စား ​ယူ​တဲ့ ​ပု​ဂ္ဂိုလ်​တွေ၊ ​တပ်​မ​တော်​မှာ ​ရှိ​တုန်း ​က​တော့ ​သူ​တို့ ​ပါ​တီ ​တာ​ဝန် ​ထမ်း​ဆောင်​လို့​မှ ​မ​ရ​တာ။ ​အ​ငြိမ်း​စား ​ယူ​တဲ့ ​ပု​ဂ္ဂိုလ်​တွေ​က​လည်း​ပဲ ​ကျွန်​တော်​တို့ ​ပါ​တီ​ကြောင့် ​မ​ဟုတ်​ပါ​ဘူး။ ​သူ​ရဲ့ ​အ​သက်​ကာ​လ ​အ​ပိုင်း​အ​ခြား ​အ​ရ ​သူ​က ​ဖြစ်​နေ​တယ်။ ​ဖြစ်​နေ​တဲ့ ​လူ​တွေ ​ထဲ​က​မှ ​ပါ​တီ​ကို ​ယုံ​ကြည်​လို့ ​ဝင်​လာ​တယ် ​ဆို​ရင်​တော့ ​ကျွန်​တော်​တို့ ​လက်​ခံ ​မှာ​ပေါ့။
ကို​နေ​လင်း။ ​တပ်​မ​တော်​သား​တွေ​အ​နေ​နဲ့​ရော၊ ​အ​ရပ်​ဖက် ​ဌာ​န​ဆိုင်​ရာ​တွေ​မှာ ​ဝင်​ပြီး​တော့ ​တာ​ဝန်​ထမ်း​ဖို့ ​အ​ရည်​အ​ချင်း​တွေ​က ​တ​ကယ်​ပြည့်​မီ​တဲ့ ​အ​ရည်​အ​ချင်း​တွေ ​ရှိ​ပါ​လား​ခင်​ဗျ။
ဦး​ဌေး​ဦး။ ​ကျွန်​တော်​ဒါ​နဲ့​ပတ်​သက်​လို့၊ ​ဒီ​ဖက်​ပိုင်း​ကျ​တော့ ​ကျွန်​တော်​တို့​ပါ​တီ​ပိုင်း​မ​ဟုတ်​တော့​ဘူး။ ​အ​စိုး​ရ​ပိုင်း၊ ​အုပ်​ချုပ်​ရေး ​ပိုင်း​ဖြစ်​နေ​ပြီ။ ​အုပ်​ချုပ်​ရေး​ပိုင်း​က​လူ​တွေ​လည်း​အား​လုံး​ကို​စိ​စစ်​ပြီး​မှေ​ဆာင်​ ရွက်​မယ်​လို့​ကျွန်​တော်​မြင်​ပါ​တယ်။
နေ​လင်း။ ​ဒီ​အ​ပြောင်း​အ​လဲ ​မှာ​ကော၊ ​တ​ချို့​က ​ဒီ​မို ​က​ရေ​စီ ​စံ​ချိန်​စံ​ညွှန်း​နဲ့ ​မ​ကိုက်​ညီ​ဘူး ​ပေါ့​နော်၊ ​အာ​ဏာ​ရှင် ​ဆန်​ဆန် ​ပြောင်း​လဲ ​လိုက်​တာ​လို့ ​ပြော​တဲ့ ​ဝေ​ဖန်​မှု ​တွေ​ကို​ရော ​ဘယ်​လို​များ ​တုံ့​ပြန်​ဖို့ ​ရှိ​မ​လဲ။
ဦး​ဌေး​ဦး။ ​ကျွန်​တော့် ​အ​နေ​နဲ့ ​ပြော​ရ​မယ် ​ဆို​လို့​ရှိ​ရင်၊ ​ပါ​တီ ​ဆို​တာ ​ပါ​တီ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ ​စည်း​မျဉ်း ​နဲ့​ဘဲ ​လိုက်​နာ ​ရ​တယ်။ ​အဲ​ဒီ​တော့ ​ပါ​တီ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ ​စည်း​မျဉ်း ​အ​တိုင်း ​အ​ကြမ်း​ဖျဉ်း ​ကျွန်​တော်​တို့ ​ပြော​ကြ​မယ်​ဆို​ရင်​တော့ ၁၃ ​ရက်​နေ့​မှာ ​တပ်​မ​တော် ​က​နေ ​ထွက်​တဲ့ ​လူ​တွေ၊ ​နောက် ​အ​စိုး​ရ ​အ​ဖွဲ့​က ​နှုတ်​ထွက်​တဲ့ ​လူ​တွေ ​ရှိ​လာ​တယ်။ ​ရှိ​လာ​တော့ ​သူ​တို့​ရဲ့ ​ဆ​န္ဒ ​သ​ဘော​ထား ​ကို ​ကျွန်​တော်​တို့ ​ပါ​တီ​ရဲ့ ​လုပ်​ထုံး ​လုပ်​နည်း ​အ​တိုင်း​ဘဲ​ခေါ် ​မေး​တယ်။ ​ခင်​ဗျား ​တို့​က ​ဘယ်​ကို ​သွား​မှာ​လဲ။ ​ပါ​တီ​ကို ​ဝင်​မယ်​ဆို ​တ​ချို့ ​လည်း ​ကမ်း​လှမ်း​တယ်။ ​ခေါ်​မေး​တဲ့ ​အ​ချိန် ​ကျ​တော့၊ ​ပါ​တီ​ကို ​ဝင်​မယ်။ ​ပါ​တီ​နဲ့ ​ပူး​ပေါင်း ​ဆောင်​ရွက်​မယ် ​ဆို​ပြီး​တော့၊ ​တ​ချို့​က​လည်း ​ကျွန်​တော်​တို့ ​အ​ရင် ​က​တည်း​က ​ဗ​ဟို ​အ​လုပ် ​အ​မှု​ဆောင် ​တွေ။ ​လူ​ဟောင်း​တွေ ​ဖြစ်​တဲ့ ​အ​တွက်၊ ​ကဲ ​ဒါ​ဆို​လို့ ​ရှိ​ရင်​တော့ ​ကျွန်​တော်​တို့ ​သ​ဘော​နဲ့ ​ဆုံး​ဖြတ်​လို့ ​မ​ရ​ဘူး ။မ​နက်​ဖြန် ​ကျ​ရင် ​ဗ​ဟို ​အ​လုပ် ​အ​မှု​ဆောင် ​ကော်​မီ​တီ​အ​စည်း​ဝေး ​လုပ်​မယ်။ ​ဆို​ပြီး ​တော့​မှ၊ ​လွှဲ​ပြောင်း ​တာ​တော့ ​လွှဲ​ပြောင်း ​ပြီး​ပြီ​ပေါ့။ ​အဲ​ဒီ ​အ​ချိန်​မှာ ​ကျွန်​တော့်​ကို ​တာ​ဝန် ​လွှဲ​ပြောင်း​တဲ့ ​အ​တွက် ​ကျွန်​တော့် ​မှာ​တော့ ​တာ​ဝန် ​ရှိ​နေ​ပြီ။ ​အဲ​ဒီ​မှာ ​ကျွန်​တော် ​တို့​က ​ဘာ​တွေ​နဲ့​တိုင်​ပင်​လဲ ​ဆို​ရင် ​ဗ​ဟို ​အ​ကြံ​ပေး ​တွေ​နဲ့ ​တိုင်​ပင်​တယ်။ ​အ​တိုင်​ပင်​ခံ ​အ​ဖွဲ့​တွေ​နဲ့ ​တိုင်​ပင်​တယ်။ ​ဒါ ​ည​ကျ​တဲ့ ​အ​ချိန် ​ကျ​တော့ ​လူ ​အ​များ​ကြီး​လည်း ​မ​ဖြစ်​နိုင် ​ဘူး​လေ။ ​မ​ဖြစ်​နိုင်​တဲ့ ​အ​ချိန် ​ကျ​တော့ ​ဒါ​နဲ့ ​တိုင်​ပင်​တယ်။ ​တိုင်​ပင် ​ပြီး​တော့ ​ဒါ​ဆို​လို့ ​ရှိ​ရင်​တော့၊ ​ပါ​တီ​ရဲ့ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ ​စည်း​မျဉ်း​နဲ့ ​အ​ညီ ​ဆောင်​ရွက်​မယ် ​ဆို​ရင်​တော့ ​ဗ​ဟို ​အ​လုပ် ​အ​မှု​ဆောင် ​ကော်​မီ​တီ ​လုပ်​ရ​မယ်။ ​ဘာ​လို့​လဲ ​ဆို၊ ​ပါ​တီ ​ညီ​လာ​ခံ ​လည်း ​လုပ်​လို့ ​မ​ရ​ဘူး၊ ​နောက် ​ဗ​ဟို ​ကော်​မီ​တီ ​အ​စည်း​ဝေး​လည်း ​လုပ်​လို့ ​မ​ရ​နိုင် ​သေး​ဘူး။ ​အဲ​ဒီ ​အ​ချိန်​မှာ ​လွှဲ​ထား​တာ ​က​တော့ ​ပါ​တီ ​ဗ​ဟို ​အ​လုပ်​အ​မှု​ဆောင် ​ကော်​မီ​တီ​ဘဲ။ ​ခု​န ​အ​တိုင်​ပင်​ခံ ​အ​ဖွဲ့ ​ဆို​တာ ​တော့ ​ရှိ​ပါ​တယ်။ ​သို့​သော်​လည်း​ဘဲ ​ဒါ​နဲ့​မ​လုံ ​လောက်​ဘူး။ ​ကျွန်​တော်​တို့ ​လိုက်​ပြီး ​စု​စည်း ​လိုက်​တယ်။ ​စု​စည်း ​လိုက်​တော့ ၃၂​ယောက် ​ရ​တယ်။ ​ဗ​ဟို ​ကော်​မီ​တီ ​က​လည်း ​မ​လုပ်​နိုင် ​သေး​ဘူး၊ ​ဗ​ဟို ​အ​လုပ် ​အ​မှု​ဆောင် ​အ​ဖွဲ့ ​အ​နေ​နဲ့ ​စိ​စစ် ​ပေး​ပါ၊ ​ဆွေး​နွေး ​ပေး​ပါ​ဆို​ပြီး​တော့ ​ကျွန်​တော်​တို့ ​ဆွေး​နွေး ​ကြ​တယ်။ ​အား​လုံး​က​ပဲ ​ကျွန်​တော်​တို့ ​နောက်​ဆုံး​ပိတ်၊ ​ဒီ​လူ​တွေ​ကို ​တိုး​ချဲ့​ပြီး ​တော့ ​မှေ​ဆာင်​ရွက်​ဖို့ ​ဆို​တဲ့ ​ဥ​စ္စာ ​ကျွန်​တော်​တို့ ​သ​ဘော ​တူ​တယ်။ ​အဲ​ဒီ ​အ​ထဲ​မှာ ​ဟို​အ​ရင် ​ဗ​ဟို​အ​လုပ် ​အ​မှု​ဆောင် ​ကော်​မီ​တီ​ကို ​ကျွန်​တော်​တို့ ​ဖျက်​ပစ်​တာ ​မ​ဟုတ်​ဘူး။ ​ဟို ​ဗ​ဟို ​အ​လုပ် ​အ​မှု​ဆောင် ​ကော်​မီ​တီ​က ​အင်​အား ​အ​များ​စု ​ပါ​တယ်။ ​ဒီ​လို ​တိုး​ချဲ့ ​ဖွဲ့​စည်း​တာ။ ​ပြင်​ဆင် ​ဖွဲ့​စည်း ​တာ​တောင် ​မ​ဟုတ်​ဘူး။ ​အင်​အား ​ဖြည့်​တင်း​တဲ့ ​သ​ဘော​ပဲ ​ရှိ​တယ်။ ​အဲ​ဒီ ​ပ​ထ​မ​ဆုံး ​လုပ်​တဲ့ ​အ​စည်း​ဝေး​မှာ၊ ​မ​နက် ၈ ​နာ​ရီ​မှာ ​လုပ်​တဲ့ ​အ​စည်း​အ​ဝေး ​မှာ ​အ​တည်​ပြု ​လိုက်​တယ်။ ​အဲ​ဒီ​တော့ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ ​စည်း​မျဉ်း ​အ​တိုင်း​ပဲ၊ ​ပါ​တီ ​တ​ခု​ရဲ့​လုပ်​ထုံး ​လုပ်​နည်း​ပဲ။
ကို​နေ​လင်း။ ​ခု​လာ​မယ့် ​ရွေး​ကောက်​ပွဲ​မှာ ​ကိုယ်​စား​လှယ်​လောင်း ​တ​ယောက် ​အ​နေ​နဲ့ ​ဝင်​ပြိုင် ​ပြီး​တော့ ​သ​မ္မ​တ ​လုပ်​ခွင့် ​ရှိ​မယ် ​ဆို​ရင် ​သ​မ္မ​တ ​လုပ်​ဖို့ ​ရော​ရှိ ​မ​လား ​ခင်​ဗျ။
ဦး​ဌေး​ဦး။ ​ကျွန်​တော် ​ဒီ​ဥ​စ္စာ​နဲ့ ​ပတ်​သက်​လို့ ​ဟို​အ​ရင် ​တုန်း​က​လည်း ​ဒီ​ရပ်​တည်​ချက် ​ကို ​ကျွန်​တော် ​တ​စိုက် ​မတ်​မတ် ​ပြော​ခဲ့ ​ပါ​တယ်။ ​အဲ​ဒီ​တော့ ​ပ​ထ​မ​ဆုံး ​အ​ချက် ​က​တော့ ​သ​မ္မ​တ ​လုပ်​ချင် ​တိုင်း​လည်း ​လုပ်​လို့ ​မ​ရ​ဘူး။ ​ကိုယ့် ​ဆ​န္ဒ ​ရှိ​တဲ့ ​အ​တိုင်း​လည်း ​သ​မ္မ​တ ​လုပ်​လို့ ​မ​ရ​ဘူး။ ​နောက် ​တ​ခု ​က​လည်း​ဘဲ ​အဲ​ဒီ​လို ​လုပ်​နိုင်​ဖို့ ​ဆို​ရင် ​ပ​ထ​မ​ဆုံး​က ​ပါ​တီ ​နိုင်​မှ ​ဖြစ်​မယ်။ ​ကျွန်​တော့် ​သ​ဘော​နဲ့ ​ကျွန်​တော် ​လုပ်​တယ် ​လို့​လည်း ​ပြော​လို့ ​မ​ရ​ဘူး ​မ​လုပ်​ဖူး ​လို့​လည်း ​ပြော​လို့ ​မ​ရ​ဘူး။ ​နိုင်​အောင် ​အ​ရင် ​လုပ် ​မှာ​ပေါ့။ ​လုပ်​ပြီး​ရင် ​ပါ​တီ​ဝင် ​တွေ​ရဲ့ ​သ​ဘော​ထား ​ရှိ​မှာ ​ပေါ့​ဗျာ။ ​သူ​တို့​ဘဲ ​တင်​မှာ​ပေါ့။ ​သူ​တို့​ရဲ့ ​သ​ဘော​ထား ​အ​ပေါ်​မှာ ​တည်​ပြီး​မှေ​ဆာင်​ရွက် ​ကြ​မှာ​ပေါ့။ ​ဒါ​ပါ​ဘဲ။
ကို​နေ​လင်း။ ​နိုင်​လည်း ​နိုင်​မယ်၊ ​ပါ​တီ ​က​လည်း ​ရွေး​မယ် ​ဆို​ရင် ​သ​မ္မ​တ ​တာ​ဝန် ​တွေ​ကို ​ထမ်း​နိုင်​မယ်​လို့ ​ကိုယ့်​ကို​ကိုယ် ​ယုံ​ကြည် ​ပြီ​လား ​ခင်​ဗျ။
ဦး​ဌေး​ဦး။ ​ကျွန်​တော်​တို့ ​က​တော့ ​အ​ကောင်း​ဆုံး ​ပြင်​ထား ​တာ​ဘဲ။ ​သို့​သော်​လည်း ​လုပ်​နိုင် ​မ​လုပ်​နိုင် ​ဆို​တာ ​လုပ်​ကြည့် ​မှ​ဘဲ ​သိ​မှာ​ဘဲ။ ​ဒါ​ပေ​မယ့် ​ကျွန်​တော် ​သ​ဘော ​ပြော​ရ​မယ် ​ဆို​ရင် ​နိုင်​တာ​က ​အ​ရင်၊ ​ကျန်​တဲ့ ​ဥ​စ္စာ​တော့ ​စိတ်​ကူး ​ယဉ်​တာ ​ဖြစ်​နေ​တယ်။
BBC Burmese
http://www.bbc.com/burmese
 အာ​ဏာ​ကို ​မ​တွယ်​ကပ်​လို​တဲ့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်
 အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် ​ဥ​က္က​ဌ ​ကော့​မှူး​မြို့​နယ် ​ပြည်​သူ့ ​လွှတ်​တော် ​ကိုယ်​စား​လှယ် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ ​စည်း​ရုံး​ရေး ​ခ​ရီး​စဉ်​အ​ဖြစ် ​ဩ​ဂုတ်​လ ၂၁ ​ရက်​နေ့ ​ည​နေ ၃ ​နာ​ရီ​က ​သံ​လျင်​မြို့ ​ကျိုက်​ဒေး​ရုံ ​ဘု​ရား​ကြီး​ရှေ့ ​ကွင်း​ပြင်​မှာ ​ဒေ​သ​ခံ ​ပြည်​သူ​တွေ​နဲ့ ​တွေ့​ဆုံ​ပြီး ​မိန့်​ခွန်း​ပြော​ခဲ့​ပါ​တယ်။
ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​မိ​မိ​အ​နေ​နဲ့ ​ပြည်​သူ​ကို ​လွယ်​လွယ် ​က​တိ​ပေး​လေ့ ​မ​ရှိ​ပေ​မယ့် ​အ​ခု​တော့ ​က​တိ​တ​ခု ​ပေး​မှာ​ဖြစ်​ကြောင်း၊ ​အဲ​ဒါ​က ​မိ​မိ​အ​နေ​နဲ့ ​ပြည်​သူ​က ​မ​နှစ်​မြို့​ရင် ​အာ​ဏာ​မှာ ​တွယ်​ကပ် ​မ​နေ​ပါ​ဘူး ​ဆို​တာ ​က​တိ​ပြု​ကြောင်း ​ပြော​ကြား​ခဲ့​ပါ​တယ်။
ဒီ​နောက် ​ပြည်​သူ​များ​ရဲ့ ​အ​မေး​ကို ​ဖြေ​ကြား​ရာ​မှာ ​သူ​ရ ​ဦး​ရွှေ​မန်း​နဲ့ ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​ဆက်​ဆံ​ရေး​နဲ့ ​ပတ်​သက်​တဲ့ ​မေး​ခွန်း​ကို ​မိ​မိ​အ​နေ​နဲ့ ​နိုင်​ငံ​အ​ကျိုး၊ ​ပြည်​သူ့​အ​ကျိုး​ရှိ​မယ် ​ဆို​ရင် ​ဘယ်​သူ​နဲ့ ​မ​ဆို ​ပူး​ပေါင်း ​ဆောင်​ရွက်​မယ်​လို့ ​ပြော​ကြား​ခဲ့​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
ရန်ကုန်တိုင်း သန်လျင်မြို့ ကျိုက်ဒေးယုံ ဘုရားကွင်းမှာ သြဂုတ်လ ၂၁ ရက်နေ့ပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေးဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။ Photo: Aung Thain Kha/RFA
 ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လာမယ့်ရွေးကောက်ပွဲမှာ ၂၆ ရာခိုင်နှုန်းလောက်သာ နိုင်ရင်လည်း တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပေါင်းလိုက်ရင် ၅၁ ရာခိုင်နှုန်းရှိတဲ့အတွက် အစိုးရဖွဲ့နိုင်တယ်လို့ ပြောတာ ဟာ ဘယ်ပါတီကပဲပြောပြော တပ်မတော်ကို ခါးပိုက်ဆောင်တပ်အဖြစ် ပြောလိုက်တာဖြစ်တဲ့အတွက် စော်ကား ရာရောက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ရန်ကုန်တိုင်း သန်လျင်မြို့ ကျိုက်ဒေးယုံဘုရားကွင်းမှာ ဒီနေ့ ပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲမှာ တက်ရောက်လာသူတစ်ဦးက ပြည်ခိုင်ဖြိုးပါတီက အဲ့ဒီလိုနိုင်ရင် အစိုးရဖွဲ့နိုင်သလား လို့မေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာဖြစ်ပါတယ်။
"ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သူတို့ ၂၆ ရာခိုင်နှုန်းနိုင်လို့ရှိရင် ၂၆ နဲ့ ၂၅ နဲ့ပေါင်းလိုက်တော့ ၅၁ ဆိုတော့ လွှတ်တော်ထဲမှာ အများစုရသွားမယ်၊ အဲ့ဒါကြောင့်မို့လို့ သူတို့အစိုးရ ဖွဲ့နိုင်မယ်လို့ပြောတာဟာ ကျမကတော့ ပထမဆုံးအားဖြင့် ဒီလိုပြောတဲ့ပုဂ္ဂိုလ်တွေက ဘယ်ပါတီကပဲဖြစ်ဖြစ်နော် ကြံ့ခိုင်ဖွံ့ဖြိုးရေးတင် မဟုတ်ပါဘူး၊ ကျမတို့ အဖွဲ့ချုပ်ကပြောသည်ဖြစ်စေ၊ တခြားပါတီကဖြစ်စေ ပြောတဲ့ပါတီဟာ တနည်းအားဖြင့် ကျမတို့ရဲ့ တပ်မတော်ကို စော်ကားရာရောက်တယ်လို့ ကျမပြောပါရစေ၊ အဲ့လိုပြောတဲ့အဓိပ္ပါယ်ဟာ ဘယ်လိုအဓိပ္ပါယ် ရောက်သွားလဲဆိုတာ တပ်မတော်ဟာ ပါတီတစ်ခုရဲ့ ခါးပိုက်ဆောင်တပ်မတော် လို့ ပြောတဲ့အဓိပ္ပါယ်ရောက်လို့ စော်ကားရာရောက်တယ်လို့ ကျမပြောချင်ပါတယ်"
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူတွေအလိုမရှိရင် တွယ်ကပ်မနေပဲ ထွက်သွားသွားဖို့ ကတိပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ နိုင်ငံရေးအတွေအကြုံ ရှိတဲ့သူတွေသာမကပဲ တတ်သိပညာရှင်တွေပါ ပြည်သူတွေအတွက် လိုအပ်တာကြောင့် ပြင်ပလူတွေကိုလည်း ထည့်သွင်းရွေးချယ်ခဲ့ တာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာပဲ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကိုယ်စားလှယ်လောင်းအဖြစ် စိစစ်ခံခဲ့သလို ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့လည်း တွေဆုံခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ဗွီအိုအေမြန်မာပိုင်းက ဒေါ်ခင်စိုးဝင်း သီးသန့်တွေ့ဆုံမေးမြန်း။ 
 လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတုန်းကလို ကြိုတင်မဲပေးမှု စနစ်တွေမှာ ပြဿနာ မရှိအောင်လို့ ကြိုတင်ပြင်ဆင်မှုတွေနဲ့၊ ပွင့်လင်းမြင်သာမှုတွေရှိအောင် ဆောင်ရွက်ထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဗွီအိုအေကို ပြော ပါတယ်။ ရွေးကောက်ပွဲ ပြင်ဆင်ဆောင်ရွက်မှုတွေနဲ့ ပတ်သက် လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို ဗွီအိုအေ ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်းက နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း။    ။ ဟုတ်ကဲ့။ ကာတာစင်တာကနေပြီးတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ရက်နေ့ကနေပြီးတော့ ဒုတိယအကြိမ်အစီရင်ခံစာပေါ့လေ။ ရွေးကောက်ပွဲ အခြေအနေ ရွေးကောက်ပွဲကော်မရှင်ကို အကြံပြုတဲ့အနေနဲ့ အကြံပြုချက်ပါ။ သူ့ရဲ့ အစီရင်ခံစာထဲမှာ ရွေးကောက်ပွဲကော်မရှင်ကို အဓိက အကြံပြုချက် ခြောက်ချက် ပါပါတယ်။ ခြောက်ချက်အကြမ်းဖျင်းက ကြည့်လိုက်လို့ရှိရင် သူကတော့ သတင်းအချက်အလက်တွေ ဖြန့်ဖြူးဖို့၊ မဲဆန္ဒရှင်တွေ ပြည်သူလူထုသိအောင် မဲပေးဖို့ မဲပေးနည်းစနစ်တွေကို သတင်းမှန်ကန်စွာ ထုတ်ပြန်ဖို့တို့ ပွင့်လင်းမြင်သာမှု အစုံပါတာပေါ့လေ။ အဲ့ဒီ့အထဲမှာ ကြိုတင်မဲကိစ္စလေးကို သူထည့်ရေးထားပါတယ်။ ကြိုတင်မဲဆိုတဲ့နေရာမှာလည်း လူတွေက ကြိုတင်မဲဆိုတာနဲ့ ဘဝင်မကျကြပါဘူး။ ကြိုတင်မဲဆိုတာနဲ့ မဲခိုးတော့ မဲလိမ်တော့မှာပဲ ထင်ကြတယ်။ အထူးသဖြင့်ကတော့ ကြိုတင်မဲပေးတဲ့သူတွေကလည်း စစ်တပ်ကလူ၊ တပ်မတော်ကလူတွေ၊ တပ်ရင်းမိသားစုတွေ ပါမယ်။ သင်တန်းတက်နေတဲ့သူတွေပါမယ်။ ခရီးသွားနေတဲ့ သူတွေ ပါမယ်ဆိုတော့ အထူးသဖြင့် စစ်တပ်ကို အမြင်မကြည်လင်တဲ့ ခေတ်ရောက်နေတဲ့ အခါကျတော့ ဟာ စစ်တပ်ထဲမှာ ကြိုတင်မဲပေးမယ် ဆိုတာနဲ့တင်ကို တော်တော်များများ ဘဝင် မကျကြဘူးပေါ့လေ။ အဲ့ဒီ့တော့ ကြိုတင်မဲပေးတဲ့နေရာ မှာရော နိုင်ငံတကာ လေ့လာ အကဲခတ်ရေးအဖွဲ့တွေ ပြည်တွင်း လေ့လာအကဲခတ်ရေးအဖွဲ့တွေအနေနဲ့ရော သွားပြီးတော့ ကြည့်ရှု့လို့ရပါလားရှင့်။
ဦးတင်အေး။      ။ ကြိုတင်မဲနဲ့ပတ်သက်လို့ကတော့လေ ခဲမှန်ဖူးတဲ့ စာသူငယ်လိုဖြစ်နေတာပါ။ တကယ့် တကယ်ကတော့ ကြောက်နေတဲ့သဘော၊ စိုးရိမ်တဲ့သဘော။ ဒါဖြစ်နေတာပါ။ ကျနော်တို့လည်းပဲ ၂၀၁၀ ရွေးကောက်ပွဲပြီးတော့ ကြိုတင်မဲနဲ့ပတ်သက်လို့ ပြန်လေ့လာပါတယ်။ ကြိုတင်မဲ အနည်းဆုံး ဘယ်နှစ်ရောက်ရှိလဲ။ ဘယ်နှစ်မဲနဲ့ အနိုင်အရှုံး ဖြစ်သွားလဲ။ ပေးမဲ ဘယ်လောက်ရလဲ။ ကြိုတင်မဲ ဘယ်လောက်ကြောင့် အနိုင်ရသွားလဲ။ ပြန်သုံးသပ်ပါတယ်။ သုံးသပ်ပြီးတော့ ကြိုတင်မဲ ပေးတဲ့သူတွေက ဘယ်သူပေးတဲ့မဲလဲလို့ သုံးသပ်လိုက်တဲ့အခါကျတော့ အခုနက ပြောသလို တပ်မတော်ကချည်းပဲ သပ်သပ် မဟုတ်ပါဘူး။ ကျန်တဲ့သူတွေ အများကြီးပါပါတယ်။ လုပ်ချင်တာ လုပ်နေတဲ့အချိန်တုန်းကတော့ ဒါက ဖြစ်သွားတာပါ။ နော် ပြန်တွက်မယ် ဆို တပ်မတော်ချည်းပဲ သပ်သပ်လည်း မဟုတ်ပါဘူး။
တချို့ဆို သောင်းဂဏန်းအထိ ထည့်သွားတဲ့ ကြိုတင်မဲတွေရှိပါတယ်။ အယ့် တော်တော်လေးလည်း စဉ်းစားစရာတွေရှိပါတယ်။ ကျနော့်လက်ထက်မှာတော့ ဒါတွေအကုန် ကျနော် မေ့ထားပါတယ်။ ဒီအပေါ်မှာပဲ ကျနော် သင်္ခန်းစာယူပါတယ်။ ဒါတွေ မဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတော့ အချက် တစ်ကတော့ ဥပဒေ ခိုင်ခိုင်မာမာ ဖြစ်ဖို့ လိုတယ်။ ဥပဒေ ခိုင်မာတိကျဖို့ လိုတယ်။ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ လိုတယ်။ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။
ဒါကြောင့် ကျနော်တို့ ဥပဒေတွေ အကုန်လုံး၊ ဥပဒေကတော့ လွှတ်တော်က လုပ်တာပေါ့လေ။ လွှတ်တော်မှာ နည်းဥပဒေပြဋ္ဌာန်းနိုင်ဖို့က ကျနော်တို့ လုပ်တာ။ ဖတ်ပြီးတော့ ရှင်းအောင် ထင်လင်းမြင်သာအောင် ဒါတွေ ခိုင်ခိုင်မာမာဖြစ်အောင် ဒါတွေ အကုန်ကျနော်တို့ ပြန်ရေးပါမယ်။ ရေးပြီးတော့ ကျနော်တို့ ပါတီတွေ CSO တွေ ချပြတယ်။ ပြီးတော့ Feedback တွေ ယူ။ ယူပြီးတော့ ပြန်ပြီးတော့ ဆွေးနွေး၊ လွှတ်တော်တွင်း တင်ပြပြီး နောက်ပိုင်းမှာ ကျနော်တို့ နည်းဥပဒေ တင်ပါတယ်။ နည်းဥပဒေမှာတော့ ရှင်းရှင်းလင်းလင်း ရှိပါတယ်။ သူတို့ ဘာမှ မေးစရာမလိုပါဘူး။
ဥပမာ ကြိုတင်မဲဆိုတာ နှစ်မျိုးရှိတာကိုး။ တစ်က မဲဆန္ဒနယ်အတွင်းမှာ ရှိသော ကြိုတင်မဲ၊ သူက ဖျားလို့ နာလို့ရှိရင် အိမ်ကို သွားပြီးတော့ ကြိုတင်မဲ တောင်းပါတယ်။ ကြိုတင်မဲပေးပြီးတော့ ဆိုင်းထိုး မဲပုံးထဲ ထည့်  အဲ့သလို သွားတောင်းတဲ့အချိန်မှာ ဘယ်လိုလဲ ဆိုတော့ ရပ်ကွက်နဲ့ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ သွားတယ်။ သို့သော်လည်း မဲရုံကိုယ်စားလှယ်တို့ မဲရုံ Observers တို့ လိုက်သွားလို့ရပါတယ်။ ကြည့်လို့ရပါတယ်။
နောက်တခုက ဘာလဲဆိုတော့ အလုပ်ရှိတဲ့အတွက်ကြောင့် ခရီးသွားမယ်။ ဥပမာ ကျနော်ဆိုရင် မန္တလေးမှာ တာဝန်ကျတယ်။ အဖွဲ့ဝင်တယောက် အနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ မဲပေးမယ့် ရွေးကောက်ပွဲဆိုင်ရာ မဲကြီးကြပ်မယ်ဆိုပြီး ကြိုတင်မဲ ပေးသွားတယ်။ ဒီလိုတာဝန်နဲ့ ခရီးသွားဖို့ရှိလို့ရှိရင် ဒါတွေလည်းပဲ သွားမယ်ဆိုရင် နေကောင်းတဲ့အတွက်ကြောင့် ရပ်ကွက်ကျေးရွာနဲ့ ကော်မရှင်အဖွဲ့ခွဲရုံးမှာ လာပြီးတော့ မဲပေးရတယ်။ အဲ့ဒီ့နေရာမှာလည်း စောင့်ကြည့်နေလို့ရပါတယ်။
အဲ့တာတွေပြီးရင် ဘယ်သူတွေ မဲပေးတယ်ဆိုတာ ပုံစံ (၁၃) ဆိုတာ မှတ်တမ်းတင် ထားရပါတယ်။ ဘယ်နှစ်ယောက်မဲပေးတယ်ဆိုတာ ရှိပြီးသားပါ။ အဲ့ဒီ့ကြိုတင်မဲပုံးကြီးက ဘယ်အချိန်မှာ အပ်ရလဲဆိုတော့ ရွေးကောက်ပွဲနေ့ မနက်ခြောက်နာရီ ထိုးတာနဲ့ တပြိုင်နက်တည်း ဘယ်သူတွေ မဲပေးတယ်ဆိုတဲ့ စာရင်းနဲ့ မဲပုံးကို မဲရုံကို အပ်ရပါတယ်။ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ မဲရုံမှူးကိုအပ် ရပါတယ်။ အဲ့ဒီ့မဲရုံမှူးကလည်းပဲ သူ့မှာ နှစ်စောင်ရပါတယ်။ တစ်စောင်က ပုံစံ(၁၃) ပေါ့။ ဘယ်သူတွေ မဲပေးခဲ့တယ်ဆိုတဲ့ စာရင်း။ တစောင်ကို သူထိန်းလိုက်ပါတယ်။ သိမ်းထားလိုက်ပါတယ်။ တစောင်ကို မဲရုံရှေ့မှာ ကပ်လိုက်ပါတယ်။ ကြိုတင်မဲ ဘယ်နှစ်ယောက်ရှိလဲဆိုတာကို တခါတည်း သိသွားပြီ။ ဘယ်လို အကုန်လုံးသိလဲဆိုတော့ ကင်မရာနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံမှတ်တမ်းလည်းရှိတယ်။
ပြီးလို့ရှိရင် ကျနော်တို့ ရွေးကောက်ပွဲ စပါတယ်။ စပြီး မဲပေးကြပါတယ်။ ညနေ ၄နာရီထိုးလို့ မဲပေးမယ့်သူ မရှိဘူးဆိုရင် မဲရုံကို ပိတ်ပါတယ်။ အဲ့ဒီ့အချိန်မှာ ဘယ်မဲက စ ရေ လဲ ဆိုရင် ကြိုတင်မဲက စ ရေ ပါတယ်။ အဲ့ကျရင် ဖွင့်ဖောက်လိုက်တယ်။ ဟိုမှာ ကပ်ထားတာ အရွက်တစ်ရာဆိုရင် ဒီမှာ တစ်ရာ ထွက်လာရင် ပြီးပြီလေ။ အဲ့ဒီ့မှာ ကောက်လို့ ဘယ်နှစ်မဲ ရလဲ ဆိုတာ မှတ်တမ်းတင်ထားမယ်။ ဒီ့ထက် ပိုလာစရာလည်း မရှိပါဘူး။
ဟိုတုန်းက ခက်နေတာက ပြောတာက ချင်းပြည်နယ်က ကိုယ်စားလှယ်တဦးဆို ဘယ်လိုပြောလဲ ဆိုတော့ ဥက္ကဋ္ဌကြီး တဲ့ ကျနော် တော်တော်စိတ်ပျက်သွားပြီတဲ့။ ညမအိပ်တုန်းက အချိန်ကတော့ ကျနော် နိုင်နေသေးတယ်တဲ့။ မနက် မိုးလင်းတော့ ကျနော် ရှုံးသွားပြီတဲ့။ ဟ ဘာဖြစ်တာလဲ ဆိုတော့ ကြိုတင်မဲတွေ ရောက်လာလို့ ကျနော် ရှုံးခဲ့တယ်တဲ့။ ကျနော့်လက်ထက်မှာ ဒီလိုမဖြစ်စေရဘူး။ ဒါကတော့ ဘာလဲဆိုတော့ မဲဆန္ဒနယ် အတွင်းမှာ ရှိတဲ့ဟာ၊ ဘယ်သူတွေ ပေးတယ်ဆိုတာ သိတယ်။ count လုပ်တယ် ဒီ့ထက်ပိုစရာမရှိဘူး။
နောက်တခုက ခုနက ပြောသလို တိုင်းပြည်ထဲမှာပဲ သင်တန်းသွားတက်နေတယ် ဆိုတဲ့ပုံစံမျိုးတွေ၊ ခုနကပြောသလို တပ်မတော်သားတွေ ရှေ့တန်းသွား၊ တတပ်လုံးလည်းပဲ ရှေ့တန်း မတက်ပါဘူး။ အခုဆို ပိုနည်းသွားတယ်။ အနည်းအကျဉ်းပါပဲ။ အဲ့တာမျိုးဆို ကျနော်တို့က ပုံစံ (၁၅) နဲ့  မဲ လက်မှတ် ပေးပါတယ်။ အဲ့တာလည်း ကျနော် စာရင်းရှိပါတယ်။
ထို့အတူပဲ နိုင်ငံ နိုင်ငံတွေမှာ တရားဝင် သွားနေတဲ့ ပုဂ္ဂိုလ်တွေ ကိုလည်း ပုံစံ (၁၅) နဲ့ တောင်းထားပါတယ်။ ဒါလည်း ကျနော်တို့ဆီမှာ စာရင်းရှိပါတယ်။ အဲ့တာကျတော့ မဲလက်မှတ်ပို့ထားတယ်။ မဲလက်မှတ်ပြန်လာတယ်။ ဘယ်တိုင်းပြည်က ဘယ်သူတွေ ဆိုတာလဲ lists က ရှိပြီးသားပါ။ အဲ့တာတွေကတော့ မြို့နယ်က ပို့လိုက်တဲ့အတွက် မြို့နယ် ရောက်ပါတယ်။ မြို့နယ်ရောက်တဲ့အတွက် မြို့နယ်မှာ ရှိတဲ့ မဲပုံးက အဲ့ဒီ့ရွေးကောက်ပွဲနေ့ မဲရုံပိတ်မယ့်အချိန် လေးနာရီမှာ ရေ ပါတယ်။ ရေပြီးရင် ခုနက ပုံစံ (၁၃) နဲ့ ကြိုတင်မဲပေးထားတာ ဘယ်နှစ်ယောက်၊ lists က ရှိပြီးသားပါ။ ရေ လိုက်လို့ရှိရင် ဟိုမှာ တထောင်ရှိရင် ဒီမှာလည်း တထောင်ရှိရမှာပါ။ တထောင်ကို ရေပြီးတော့ အချိုးကျ ဘယ်လိုရလဲဆိုတာ ကျနော်တို့ ကပ်ထားလိုက်ပါတယ်။ အဲ့ဒီ့နောက်ပိုင်းက လာတဲ့မဲ ကတော့ ကျနော်တို့ ပယ်မဲ ပဲ ဖြစ်မှာပေါ့။
ဟိုတုန်းက ဒီလို ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက်ကြောင့် တခါတည်း ပြောနေတာပါ။ ကျနော့် လက်ထက်မှာ မရှိပါဘူး။ အကြမ်းဖျင်း ကျနော့်ဘက်က အာမခံတဲ့အနေနဲ့ သက်သေအဖြစ် ပြောရမယ်ဆိုရင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီပြဿနာမှ မရှိပဲ။ ကျနော် ၂၀၁၂ ကတည်းက ပြင်ထားတာပါ။ ပွင့်လင်းမြင်သာမှု ရှိပါတယ်။ ရှိအောင်လည်း လုပ်ထားတဲ့အတွက်ကြောင့် လုပ်လို့လဲ မရပါဘူး နော်။ အဲ့ဒီ့အတွက်ကြောင့် ဒီ ၂၀၁၅ မှာတော့ ကြိုတင်မဲဟာ ကျနော်တို့အတွက် သိပ်ပြီးတော့ ပြဿနာ  ရှိမယ့် အကြောင်း မရှိဘူးလို့ပဲ ကျနော် ဒီလိုပဲ မြင်ပါတယ်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို ဗွီအိုအေ ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်းက နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၄ ခုနဲ့ အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရတနာပုံ တက္ကသိုလ် ကျောင်းသား ၄ ဦးကို အာမခံပေးဖို့အတွက် ကျောင်းသားတွေရဲ့ရှေ့နေက လျှောက်ထားမှုကို မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
သူတို့ ၄ ဦးကို အာမခံပေးလိုက်ရင် ရတနာပုံတက္ကသိုလ်ကျောင်းအတွင်း ပညာသင်ကြားရေးကို အနှောင့် အယှက် ဖြစ်စေနိုင်တယ်ဆိုပြီး မြို့နယ်တရားသူကြီးက ပယ်ချလိုက်တာလို့ ဖမ်းခံထားရတဲ့ ကျောင်းသား ကိုအောင်ဆန်းဦးရဲ့ ဖခင် ဦးအောင်ဆန်းဝင်းက ပြောပါတယ်။
"အာမခံမရဘူးဗျ အာမခံမရသေးဘူး၊ သူတို့ဖျက်စီးလို့ရှိရင် တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားရေး အနှောက်အယှက်ဖြစ်တယ်လို့ ပါတယ်ခင်ဗျ၊ ပုဒ်မက ၅ဝ၅(ခ) အာမခံပေးလို့မရတဲ့ ပုဒ်မဖြစ်တယ်"
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ရတနာပုံတက္ကသိုလ်ကျောင်းသားတွေနဲ့ ကျောက်ဆည်တက္ကသိုလ်က ကျောင်းသား ၃ဝ ကျော်ဟာ ဖမ်းဆီးခံကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ ရတနာပုံတက္ကသိုလ်ရှေ့မှာ ဆန္ဒပြခဲ့ကြပြီး တက္ကသိုလ် မုခ်ဦးရှေ့မှာ "စစ်တစ်ပိုင်း အစိုးရ ကျဆုံးပါစေ" ဆိုတဲ့ စာသားကို ဆေးမှုတ်ပြီး ရေးသားခဲ့ပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းဦး၊ ကိုနိုင်ရဲဝေ၊ ကိုဂျစ်တူးနဲ့ ကိုဥာဏ်လင်းထက်တို့ကို အမရပူရမြို့နယ် ရဲစခန်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာပါဝင်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု၊ တရားမဝင်စီတန်းလှည့်လည်မှု စတဲ့ ပုဒ်မ ၄ ခုနဲ့ တရားစွဲပြီး အိုးဘိုထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။
အဲ့ဒီ ကျောင်းသား ၄ ဦးဟာ လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ စာမေးပွဲဖြေဆိုရမှာဖြစ်တဲ့အတွက် အာမခံပေးဖို့ သူတို့ရဲ့ ရှေ့နေက လျှောက်ထားခဲ့တာဖြစ်ပါတယ်။
RFA
shwemann-wife-620 သြဂုတ်လ ၂၁ ရက်နေ့က သူရဦးရွှေမန်းနဲ့ ဇနီးဒေါ်ခင်လေးသက်တို့ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျောင်းဓမ္မာရုံမှာ ဒေသခံပြည်သူတွေကို တွေ့ဆုံစဉ်
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက သူ့ရဲ့မဲဆန္ဒနယ်ဟောင်းဖြစ်တဲ့ နေပြည်တော် ဇေယျာသီရိမြို့နယ် အကျိုးအတွက် ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ ဒီနေ့ ဇေယျာသီရိမြို့နယ် စိမ်းစားပင်ဓမ္မာရုံမှာ အင်အား ၅ဝဝ လောက်ရှိတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ပြောလိုက်ပါတယ်။
ဒါ့အပြင် လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဇေယျာသီရိမြို့နယ်ကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီဝင် ဦးခင်မောင်ဌေးကို ထောက်ခံမဲပေးကြဖို့ တိုက်တွန်းပြီး ဒေသခံတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။
တပ်မတော်ကနေ အငြိမ်းစားယူပြီး ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဇေယျာသီရိ မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဗိုလ်ချုပ်ကြီးလှဌေးဝင်း အကြောင်းကိုတော့ ထည့်သွင်းပြောဆိုသွားခြင်း မရှိပါဘူး။
ဇေယျာသီရိမြို့နယ်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးစိုက်တဲ့နေရာဖြစ်ပြီး တပ်မိသားစုတွေ နေထိုင် တဲ့ နေရာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်လောက်က သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ရုပ်သိမ်းပေးဖို့အတွက် သူ့ကိုထောက်ခံမဲပေးခဲ့ကြတဲ့ ဇေယျာသီရိ မဲဆန္ဒနယ်က တပ်မိသားစုဝင်တွေ၊ တပ်မတော်သားတွေနဲ့ မဲဆန္ဒရှင် တချို့က လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြခဲ့ပါတယ်
RFA
  တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွား ခဲ့ပြီးနောက် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက သူ့ရဲ့ ရှေ့တန်း တပ်ဖွဲ့တွေကို တိုက်ပွဲ အတွက် စစ်ပြင်ဆင်ထားဖို့ အမိန့်ပေးကြောင်း မြောက်ကိုရီးယား သတင်းဌာနက ပြောပါတယ်။
စစ်ဖြစ်နေတဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ ကြာသပတေးနေ့ ဗဟိုစစ်ကော်မရှင်ရဲ့ အရေးပေါ် အစည်းအဝေးအပြီးမှာ ကင်ဂျုံအန်းက ကြေညာခဲ့တာဖြစ်ပြီး သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီက စပြီး အချိန်မရွေး စစ်အသင့်ပြင်ဆင်ထားဖို့လည်း ပြောဆိုထားတယ်လို့ မြောက်ကိုရီးယား သတင်းဌာန KCNA က ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားဘက်က ဒုံးကျည်တစ်ခုနဲ့ စတင်ပစ်ခတ်ခဲ့တဲ့အတွက် တောင်ကိုရီးယားဘက်က အမြောက်ကျည်တွေနဲ့ ပြန်လှန်ပစ်ခတ်ခဲ့ပြီးနောက် အခုလို ကြေညာခဲ့တာပါ။
နယ်စပ်ဒေသမှာ တောင်ကိုရီးယားက လော်စပီကာနဲ့ မြောက်ကိုရီးယား ဆန့်ကျင်တဲ့ ၀ါဒဖြန့်မှုတွေ ပြုလုပ်နေပြီး မြောက်ကိုရီးယားက စစ်ပြင် ခြိမ်းခြောက်မှု လုပ်ခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
 ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လာမယ့် ရွေးကောက်ပွဲမှာ ၂၆ ရာခိုင်နှုန်းလောက်သာနိုင်ရင်လည်း တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပေါင်းလိုက်ရင် ၅၁ ရာခိုင်နှုန်းရှိတဲ့အတွက် အစိုးရဖွဲ့နိုင်တယ်လို့ ပြောလိုက်တာဟာ ဘယ်ပါတီကပဲ ပြောပြော တပ်မတော်ကို ခါးပိုက်ဆောင်တပ်အဖြစ် ပြောလိုက်တာဖြစ်တဲ့ အတွက် စော်ကားရာ ရောက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်တိုင်း သန်လျင်မြို့ ကျိုက်ဒေးယုံဘုရားကွင်းမှာပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲမှာ တက်ရောက်လာသူတစ်ဦးက ပြည်ခိုင်ဖြိုးပါတီက အဲဒီလိုနိုင်ရင် အစိုးရဖွဲ့နိုင်သလားမေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကတိပေးနိုင်တာက ပြည်သူတွေအလိုမရှိရင် တွယ်ကပ်မနေဘဲ ထွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ နိုင်ငံရေးအတွေ့အကြုံရှိတဲ့ သူတွေသာမကဘဲ တတ်သိပညာရှင်တွေပါ ပြည်သူတွေအတွက် လိုအပ်တာကြောင့် ပြင်ပလူတွေကိုလည်း ထည့်သွင်း ရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကိုယ်စားလှယ်လောင်းအဖြစ် စီစစ်ခံခဲ့သလို ရန်ကုန်တိုင်း အရှေပိုင်းခရိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့လည်း တွေဆုံခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese
  တိုက်တန်းနစ်သင်္ဘောကြီးနစ်မြုပ်သော နောက်ဆုံးအချိန်တွင် သင်္ဘောပေါ်တွင် ၀ရုန်းသုန်းကားဖြစ်နေသည့် ကြားမှ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများကိုကယ်တင်ရန် သင်္ဘောကပ္ပတိန်သည် စနစ် တကျကြိုးပမ်းသွားတာကို Titanic ရုပ်ရှင်ထဲမှာ ကြည့်ရဖူးသည်။ အချို့ကလည်း ကိုယ့်အသက်ရှင်ရင်ပြီးစတမ်း စိတ်ဓာတ်ဖြင့် ကလေးများ၊ အမျိုးသမီးများကို ကျော်ဖြတ်တက်ကာ အသက်ကယ်လှေထဲသို့ဇွတ်အဓမ္မတိုးခွေ့ဝင်ရောက်ကြတာလည်း တွေ့ရသည်။
မြန်မာနိုင်ငံတွင်လည်း ရာစုတ၀က်ခန့် ကိုင်တွယ်မောင်းနှင်ခဲ့ သော အာဏာဟူသည့်သင်္ဘောကြီး နစ်လုနစ်စဉ် လက်လွှတ်ရဆဲအခိုက်၌ ၀ရုန်းသုန်းကား အခြေအနေတရပ် သြဂုတ်လ ၁၂ ရက်နေ့ညက နေပြည်တော်တွင် ဖြစ်ပွားခဲ့ပါသည်။
အာဏာရပါတီကြီးတခုကို ညကြီးအချိန် မတော် ရဲအင်အားများသုံး၍ ၀င်ကြထွက်ကြ မွှေကြနှောက်ကြခြင်းမှာ ပါတီခေါင်းဆောင် ပြောင်းလဲရေးအစည်း အဝေးလား၊ ရဲကွန်မန်ဒိုတပ်ဖွဲ့ ကမ်းတက်စစ်ဆင်ရေးလားဟု ထင်ယောင်မှားမိပါသည်။ အားလုံးသိကြသည့် အတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းကို ပါတီ ခေါင်းဆောင်နေရာမှ ဖြုတ်ချကာ ဦးဌေးဦးနှင့် အစားထိုးလိုက်ပါသည်။
ဦးရွှေမန်းနှင့်အတူ မူလကြံ့ခိုင်ရေးပါတီဗဟို ကော်မတီဝင် ၁၂ ဦးကိုလည်း ထိပ်တန်းခေါင်းဆောင်အဖြစ်မှ သာမန်ပါတီဝင်အဖြစ်သို့ ရာထူးမှလျှော့ချလိုက်ပါသည်။ လျှော့ချခံရ သူထဲတွင် ဒီမိုကရေစီဖော်ဆောင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တက်ကြွစွာ ဆောင်ရွက်ခဲ့ သော သူရဦးအောင်ကိုလိုလူများလည်း ပါဝင်ပါသည်။ ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း လည်း ပါဝင်ပါသည်။ ပါတီခေါင်းဆောင်ရွေးချယ်ပွဲကို ပါတီညီလာခံကျင်းပ၍ ဒီမိုကရေစီနည်းကျ ဆောင်ရွက်ရ မည်ဖြစ်သော်လည်း ယခုကဲ့သို့ ညကြီးမင်းကြီး ရဲအင်အားတွေ ဘာတွေနှင့် ပါတီဌာနချုပ်ကို ပိတ်ဆို့ထားပြီး ခေါင်းဆောင်အပြောင်းအလဲ ကြေညာသည်မှာ ပါတီတွင်း အာဏာသိမ်းပွဲနှင့်တူနေကြောင်း ထောက်ပြသူများ လည်းရှိပါသည်။
ပါတီဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးသည် သူတို့ရာထူး ပြုတ်သည်ကိုပင် ကြိုမသိရဘဲ သူများပြောမှ သိရကြောင်းလည်းသိရ၏။ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းဆိုလျှင် ပါတီရုံးသို့ လာစရာမလိုတော့ကြောင်း လှမ်းဖုန်းဆက်မှသိရသည်ဆို၏။ ချစ်လျှင် လည်းသူတို့၊ မုန်းလျှင်လည်း သူတို့ပါ တကား။ ဤကိစ္စများသည် ဘာကြောင့် ဖြစ်ရသနည်း၊ ဘယ်သူ့အကျိုးအတွက်ဖြစ်ရသနည်းဆိုသည်ကို ပြန်လှန် စဉ်းစားဖို့ လိုမည်ဖြစ်သည်။
ဘာ့ကြောင့်ဖြစ်ရသနည်းဟူမူ အကြောင်းအမျိုးမျိုးရှိသော်လည်း အဓိကပြဿနာမှာ တပ်မတော်နှင့် ဦးသိန်းစိန် အစိုးရ၏ မှန်းချက်နှင့်နှမ်းထွက် ကိုက်ညီရေးမဟာဗျူဟာတွင် ဦးရွှေမန်းသည် ဖီလာကန့်လန့်ဖြစ်လာသော ကြောင့်ဖြစ်သည်။ ဦးသိန်းစိန်နှင့် ဦးမင်းအောင်လှိုင်(သိန်း/ မင်းအုပ်စု)၏ရည်မှန်းချက်မှာ တပ်မတော်က နိုင်ငံ ကိုဆက်လက်အုပ်ချုပ်ရေးဖြစ်သည်။
နောင်တက်လာမည့်အစိုးရအဆက်ဆက်တွင် တပ်မတော်က တင်မြှောက် သော ဗိုလ်ချုပ်ဟောင်းများသမ္မတဖြစ်ရေးသည် သိန်းမင်းအုပ်စု၏ရည်မှန်းချက်မဟာဗျူဟာဖြစ်သည်။ ထိုဗျူဟာ ကို အကောင်အထည်ဖော်ရာတွင် ဦးရွှေမန်းသည် သူတို့ပုံသွင်းသလိုမကဘဲ ဇာတ်လမ်းဇာတ်ကွက်အသစ်တခု တီထွင်ပြီး ကပြလာသည်ကို သိန်းမင်းအုပ်စုသည် အတော်မကျေနပ်ချက်များ ဖြစ်ပေါ်နေ၏။
၂၀၁၀ ရွေးကောက်ပွဲလို နောက်ထပ် ၂၀၁၅ တွင် အောင်နိုင်ရန် မလွယ်တော့သောအချိန်တွင် တပ်မတော်နှင့် ဦးသိန်းစိန်အစိုးရထိပ်တန်းခေါင်းဆောင်များသည် အရပ်သားသမ္မတတယောက် ပေါ်လာမည်ကို အတော်ပင် စိတ်အနှောင့်အယှက်ဖြစ်နေပုံရသည်။
အရပ်သားတယောက်၏ဦးဆောင်မှုကို တပ်မတော်ခေါင်းဆောင်များက မနာခံချင်သည်မှာ ထုတ်ဖော်မပြောသော်လည်း သူတို့တုံ့ပြန်မှုများတွင်မြင်နိုင်၏။ ထို့ကြောင့် တပ်မတော် အင်အားစုနှင့် တပ်မတော်ဗိုလ်ချုပ်ဟောင်းများပါဝင်သော လက်ရှိအစိုးရ၏မူဝါဒမှာ လာမည့်ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ဟောင်းတယောက် (သို့မဟုတ် လက်ရှိတပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တယောက်) သမ္မတဖြစ်လာ ရေးဖြစ်သည် ဘယ်သူဖြစ်နိုင်သနည်း။ ယုတ္တိဗေဒအရတွက်သောအခါ ကြံ့ခိုင်ရေးပါတီသည် ၂၀၁၅ တွင် အခြေ အနေမကောင်းနိုင်တာကို သူတို့သိသည်။ အစိုးရဖွဲ့နိုင်သည်အထိ၊ သမ္မတ လောင်းတဦးတင်မြှောက်နိုင်သည် အထိ လွှတ်တော်အမတ်အရေအတွက် ရွေးချယ်ခံရဖို့မလွယ်သည်ကို သူတို့သိပြီးဖြစ်မည်။ သို့သော် အစွဲ အလမ်းကြီးလွန်းသော ထိုအဖွဲ့သည် သူတို့အဖွဲ့မှလူ သမ္မတဖြစ်ရေးကို တဆင့်ချင်း စနစ်တကျလုပ်ဆောင် လာတော့သည်။
သမ္မတဖြစ်ရန်လွှတ်တော်ထဲတွင် ထောက်ခံမှုအားအကောင်းဆုံးဖြစ်မည့် ဒေါ်အောင်ဆန်း စုကြည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ဖြင့် ချည်နှောင်လိုက်သည်။ သမ္မတဖြစ်ရေးလမ်းကြောင်းမှ တယောက်ရှင်းသွားပေပြီ။ နောက်ထပ်လမ်းကြောင်းကားရှင်းသည်။ ရွေးကောက်ပွဲခံအမတ်များလမ်းကြောင်းမှ သမ္မတလောင်းတင်သွင်းဖို့ မလွယ်ခဲ့လျှင် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ကိန်းသေရထားသော တပ်မတော် သားအစုအဖွဲ့ထဲမှ ရွေးချယ်ပေးရမည့်သမ္မတလောင်းတဦး ခွဲတမ်းရထားသည်မဟုတ်ပါလား။ ထိုနေရာကို (ဆိုကြပါစို့) ဦးသိန်းစိန်အား အမည်တင်သွင်းလိုက်မည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဟိုနေရာ ဒီနေရာ ကွက်ကျားအနိုင်ရကောင်းရလာနိုင်သော ကြံ့ခိုင်ရေးအမတ်များ၏ထောက်ခံမဲထပ်ပေါင်းလိုက်မည်။ မဲမလောက် သေးလျှင် လွှတ်တော်ထဲတွင် ကိုယ့်ဘက်ပါလာနိုင်သော တိုင်းရင်းသားအမတ်များ၊ တသီးပုဂ္ဂလအမတ်များကို မငြင်းနိုင်လောက်သော အခွင့်အရေးများပေးပြီး စည်းရုံးမည်။
ပါတီငယ်များကို မက်လုံးပေး၍စည်းရုံးမည်။ ဒါဆိုလျှင် လွှတ်တော်ထဲ၌ အမတ်အရေအတွက် ၂၆ ရာခိုင်နှုန်းလောက်ရလျှင်ပင် တပ်မတော်၏မူသေ ၂၅ ရာခိုင်နှုန်းနှင့်ပေါင်းလျှင် ၅၁ ရာခိုင်နှုန်းထောက်ခံမဲရကာ တပ်မတော်မှတင်မြှောက်သော ကိုယ်စားလှယ်သည် သမ္မတတက်ဖြစ်လာနိုင်သည်။ အရပ်သားကို အလေးပြုစရာမလိုတော့၊ သမ္မတကြီး ခေါ်စရာမလိုတော့၊ အမိန့် နာခံစရာမလိုတော့။ ဦးသိန်းစိန် (သို့မဟုတ်) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုအမည်စာရင်းတင်သွင်းလိုက် လျှင် နောက်တက်မည့်သမ္မတဖြစ်လာနိုင်သည်။ ဒါသည် သိန်းမင်းအုပ်စုက လိုလားသော ကစားကွက်ဖြစ် သည်။ ခက်သည်က ထိုကစားကွက်ကိုကြိုမြင်ပြီး လိုက်ဖျက်နေသည်က သူရဦးရွှေမန်းဖြစ်နေသည်။ ဦးရွှေမန်း သည် တပ်မတော်ကတင်မြှောက်လာသော သမ္မတလောင်းကို လွှတ်တော်တွင် ကြံ့ခိုင်ရေးအမတ်များဝိုင်းဝန်း ထောက်ခံဖို့ထက် သူကိုယ်တိုင်သမ္မတလောင်းဖြစ်ဖို့ ရည်မှန်းထားကြောင်း တရားဝင်ထုတ်ဖော်ပြောပြီးဖြစ် သည်။ သူ့ကို ပြည်ခိုင်ဖြိုးပါတီမှ သမ္မလောင်းအဖြစ် ရွေးချယ်ထားပြီးဖြစ်သည့်သဘောမျိုးလည်း အင်တာဗျူး တခုတွင် တရားဝင်ပြောကြားခဲ့ပြီးဖြစ်သည်။ ကြံ့ခိုင်ရေးပါတီသည်သာ ဦရွှေမန်းသမ္မတဖြစ်ရေးကို မဲပေးခဲ့မည် ဆိုလျှင် ၂၅ ရာခိုင်နှုန်းအဖွဲ့ကတင်သောသမ္မတလောင်းသည် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်သော အခါ ဘယ်လိုမှနိုင်နိုင်မည်မဟုတ်တော့ချေ။ ကြံ့ခိုင်ရေးပါတီက ဦးရွှေမန်းကို မဲပေးမည်၊ NLD က သူတို့တင် သောလူကို မဲပေးမည်ဆိုလျှင် တပ်မတော်ကတင်သွင်းသော ကိုယ်စားလှယ်မှာ လုံလောက်သောမဲမရတော့ဘဲ NLD တင်သောလူမှာ သမ္မတဖြစ်သွားနိုင်သည်။ ဒါက သိန်းမင်းအုပ်စု၏ အဓိကစိုးရိမ်ချက်ဖြစ်သည်။ ထိုအချိန် တွင် ဦးရွှေမန်း၏သြဇာအာဏာသည် လွှတ်တော်ထဲတွင်လည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီတွင်လည်းကောင်း တဖြည်းဖြည်းကြီးထွားလာသည်။
ရပ်တန့်၍မရလောက်အောင် ဖြစ်လာသည်။ နိုင်ငံတကာမှာရော၊ ပြည်တွင်းမှာ ရော အတော်ကျော်ကြားလာသည် (ဗိုလ်ချုပ်ခင်ညွန့် ရာထူးမှ မပြုတ်ခင်က အခြေအနေမျိုး ဖြစ်နေသည်)။
ထိုအချက်များအပြင် ဦးရွှေမန်းကို တပ်မတော်မှ မကျေနပ်သော ပုဂ္ဂိုလ်ရေးအကြောင်းများလည်း ရှိသေးသည်။ ပထမဆုံးအချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ကို ၂၀၁၂ တွင် လွှတ်တော်နှစ်ရပ်မှ အရည်အချင်းပျက်ယွင်းကြောင်း စွပ်စွဲပြစ်တင်၍ ရာထူးမှ ထွက်ခွာစေမှုဖြစ်သည်။ ဗိုလ်ချုပ်သိန်းစိုးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရာထူး တာဝန်ယူခဲ့သူဖြစ်ရာ ဦးရွှေမန်းတို့ လွှတ်တော်အမတ် များ လွှတ်တော်ထဲရောက်ဖို့ဗိုလ်ချုပ်သိန်းစိုးမှာဖားစီးငါးစီးဆောင်ရွက်ခဲ့သူဖြစ်သဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခါမှ ခုံရုံးဥက္ကဋ္ဌဖြစ်နေသူ ဦးသိန်းစိုးကို ရာထူးမှ စွပ်စွဲပြစ်တင်ဖြုတ်ချခြင်းသည် တပ်မတော်သားချင်း သစ္စာ စောင့်သိမှုမရှိခြင်း၊ ကျေးဇူးကန်းခြင်းဟု တပ်ဘက်မှယူဆခဲ့ပါသည်။ ထို့နောက် သိန်းမင်းအုပ်စုနှင့် ဦးရွှေမန်း အုပ်စုသည် မကြာခဏထိပ်တိုက်ရင်ဆိုင်တွေ့ကြပါသည်။ ဦးသိန်းစိန် သမ္မသက်တမ်း နောက်ထပ်တကြိမ်ဆက်လက်တာဝန်မထမ်းဆောင်တော့ဘူးဟု ဦးရွှေမန်းကပြောရာ ထိုကိစ္စကို ကာယကံရှင်မှပြောမည်ဖြစ် ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်၏။ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းသောကော်မတီများသည် ပြည် ထောင်စုအဆင့်ဖြစ်သည်ဆိုသော အယူအဆကို ဦးရွှေမန်းနှင့် ဦးသိန်းစိန်တို့ သဘောထားကွဲကြပါသည်။ ထုံးစံ အတိုင်း၂၅ရာခိုင်နှုန်းသည်ဦးသိန်းစိန်ဘက်မှရပ်တည်ကာ ပြည်ခိုင်ဖြိုးလွှတ်တော်အမတ်များသည် သူရဦးရွှေ မန်းဘက်မှ ရပ်တည်ကြပါသည်။ ဒေါက်တာဆိတ်ဖွားကိစ္စတွင်လည်း လွှတ်တော်နှင့်အစိုးရ အငြိုးထားကြပြန်ပါ သည်။ တပ်မတော်သားများသည် လွှတ်တော်ထဲတွင် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း တခုခုမလုပ်ဘဲ ထိုင်နေ သောကြောင့် အုပ်စုလိုက်ထိုသို့ တုံဏှိဘာဝေလုပ်နေပါက ဥက္ကဋ္ဌတယောက်အနေဖြင့် လွှတ်တော်ထဲမှ မောင်းထုတ်၍ရသည်ဟု တပ်မတော်သားကိုယ်စားလှယ်များကို ဦးရွှေမန်းက သတိပေးဖူးပါသည်။
၎င်းအပြင် မကြာသေးခင်ကလည်း တပ်မတော်သားအချို့ကိုရည်စူး၍ အချို့ကိုယ်စားလှယ်များမှာ လွှတ်တော်ထဲလာထိုင် နေသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို သေသေချာချာဖတ်ရှုလေ့လာမှု အားနည်းသည်ဟု လူသိရှင်ကြား ဝေဖန်ခဲ့ပါသည်။ ထိုသို့ ဝေဖန်မှုများကို တပ်မတော်ကိုယ်စားလှယ်များက မနှစ်သက်ပါ။ အကြီးမားဆုံးအချက် မှာ မကြာသေးခင်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒမဲခွဲရာတွင် တပ်မတော်သားများ ကန့်ကွက်ဆန္ဒမဲပေးခြင်းကို ပြည်သူလူထုက အမြင်မကြည်မလင်ဖြစ်ခဲ့ရာတွင်ဦးရွှေမန်းတို့ကထိုသို့ဖြစ်အောင်လုပ်ဆောင်ခဲ့သည်ဟု တပ်ဘက်မှ စိတ်ကွက်ပါသည်။
တပ်နှင့်ပြည်သူ တသီးတခြားစီဖြစ်အောင် သူရဦရွှေမန်းက အကွက်ဆင်ခဲ့ သည်ဟု ၂၅ ရာခိုင်နှုန်းတို့ဘက်မှ ခံစားခဲ့ရဟန်တူပါသည်။ ထိုထက်ပိုမိုသော ထိုးနှက်ချက်လည်း ရှိသေး၏။
လက်ရှိကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၆ တွင် အသက် ၆၀ ပြည့်ကာ တပ်မှသက်ပြည့်ပင်စင်ယူရတော့မည်ဖြစ်သည်။ သို့သော်သမ္မတကြီးဦးသိန်းစိန်သည်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နောက်ထပ်သုံးနှစ်ခန့် လက်ရှိရာထူးတွင်ဆက်ရှိစေရန် ၀န်ထမ်းများအားလုံး ၆၃ နှစ်မှ ပင်စင်ယူရမည်ဆိုသော အမိန့်ကို ထုတ်ပြန်ရန်စီစဉ်နေသည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်လာပါသည်။ ထိုသတင်းသည် မှန်မမှန်မသိသော်လည်း ဦးရွှေမန်းခေါင်းဆောင်သော ပြည်ထောင်စုလွှတ်တော်က ၂၀၁၅ ဇူလိုင်လ ၈ရက်နေ့ကကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ နိုင်ငံ့ဝန်ထမ်းများ အသက် ၆၀ ပြည့်သည့်နေ့တွင် အငြိမ်းစားယူသည့်စနစ်ကို ယခုကျင့်သုံးနေသည့်ပုံစံအတိုင်းဆက်လက်ထားရှိရန် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကိုတင်သွင်းအတည်ပြုခဲ့ပါသည်။
သိန်းမင်းဂိုဏ်းကို ထိပ်တိုက် ကဏ္ဍကောစလုပ်လိုက်ခြင်းလည်းဖြစ်ပါပေ၏။
ထို့ကြောင့်လည်း ဦးရွှေမန်းအပေါ်ဦးသိန်းစိန်နှင့် တပ်မတော်ထိပ်တန်းခေါင်းဆောင်များသည် အမြင်မကြည် မလင်ဖြစ်နေခဲ့သည်မှာ ကြာပြီတူဟန်ရှိ၏။
နိုင်ငံရေးအရ အရေးကြီးသောအချက်လည်းရှိသေး၏။ အထက်က ဖော်ပြခဲ့သည့်အတိုင်း တပ်မတော်သည် အာဏာကိုဆက်ထိန်းထားရေးမူဝါဒအရ လွှတ်တော်ကိုထိန်းချုပ်ရန် တပ်မတော်မှအရာရှိကြီးများကို အငြိမ်းစား ယူစေပြီး ကြံ့ခိုင်ရေးပါတီမှ ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်စေ၏။ ထိုသို့တပ်မှ အစုလိုက်အပြိုလိုက် နုတ်ထွက်ပြီးပြောင်းလာသော်လည်း ဦးရွှေမန်းဥက္ကဋ္ဌဖြစ်နေသော ပြည်ခိုင်ဖြိုးပါတီသည် တပ်မှ ဘောင်းဘီချွတ် လာသူအားလုံးကို ရွေးကောက်ပွဲတွင် အမတ်လောင်းအဖြစ် လက်ခံသည်မဟုတ်ချေ။ သမ္မတဦးသိန်းစိန်၏ ညာလက်ရုံး ဘယ်လက်ရုံးဖြစ်သော သမ္မတရုံးဝန်ကြီးဦးစိုးသိန်းနှင့် ဦးအောင်မင်းကိုပင် ပြည်ခိုင်ဖြိုးပါတီက ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် လက်မခံပယ်ချခဲ့ခြင်းသည် သိန်းမင်းဂိုဏ်းကို ဒေါသထွက်စေခဲ့ သည်။
ဦးရွှေမန်းသည် ထိုမျှမက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလွှတ်တော်ထဲတွင် ဆွေးနွေးစဉ်က သမ္မတ အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် ရွေးကောက်ပွဲမဲဆွယ်ရာတွင် ပါတီကိုယ်စားပြု၍ မဲဆွယ်ခြင်းမပြုရ (ကိုယ့်အတွက်ပဲ မဲဆွယ်ခွင့်ရှိကာ ပါတီကို ဦးရွှေမန်းပဲ ထိန်းချုပ်ထားမည့်) ပြင်ဆင်ချက်တခုကို ထည့်သွင်းခဲ့ သည်။ ထိုပြင်ဆင်ချက်ကို တပ်မတော်ကိုယ်စားလှယ်များက လက်မခံပယ်ချခဲ့၏။
ပြည်ခိုင်ဖြိုးပါတီတွင် ပါတီထိပ်တန်းခေါင်းဆောင်ရာထူး၌ ဦးသိန်းစိန်ကို ထောက်ခံသူနှင့် ဦးရွှေမန်းကိုထောက်ခံ သူအဖွဲ့အစဉ်အားပြိုင်လာခဲ့သည်မှာ ကြာချေပြီ။ ဦးအောင်သောင်း၊ ဦးအောင်သိန်းလင်း၊ သူရဦးအောင်ကို၊ ဦးမောင်မောင်သိမ်း စသောသူများသည် ဦးရွှေမန်းကို ထောက်ခံသူများဖြစ်ဟန်ရှိသည်။ ထို့ကြောင့် သြဇာ ကြီးမားသော ဦးအောင်သောင်းအလွန်ကာလတွင် ဦးရွှေမန်းဂိုဏ်းသားများမှာ အားနည်းသွားခြင်းဖြစ်သည်။ ထိုအချက်ကိုအခွင့်ကောင်းယူ၍ သိန်းမင်းအုပ်စုက ပါတီတွင်းသို့ တပ်မတော်ဗိုလ်ချုပ်များစွာကို ဒီနေ့စစ်တပ်မှ ထွက် မနက်ဖြန်ကြံ့ခိုင်ရေးပါတီတွင်ဗဟိုကော်မတီဖြစ်ဆိုသောအကွက်ကို ဖော်ခဲ့ကြခြင်းဖြစ်သည်။ ညကြီး မင်းကြီး လူ ၁၂ ယောက်ကို အာဏာမှ ဖြုတ်ချခဲ့ခြင်းဖြစ်သည်။
ဤကိစ္စသည် ဤတွင်မပြီး နောက်ဆက်တွဲကိစ္စများလာလိမ့်ဦးမည်ဟု ခန့်မှန်းရသည်။ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်တဦးကို လွှတ်တော်ဥက္ကဋ္ဌမှ ခွင့်ပြုချက်မရှိဘဲ ရာဇ၀တ်မှုဖြင့်ဖြစ်စေ၊ တရားမမှုဖြင့်ဖြစ်စေ ဖမ်းဆီးပိုင်ခွင့်မရှိချေ။ ဦးရွှေမန်းသည် သာမန်လွှတ်တော်ကိုယ်စားလှယ်ပင်မဟုတ်၊ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယကဖြစ်သည်။ ထို့ကြောင့် ဦးရွှေမန်းခွင့်မပြုဘဲ ဦးရွှေမန်းအပါ အ၀င် လွှတ်တော်ကိုယ်စားလှယ်များကို ရဲတပ်ဖွဲ့သည် မည်သည့်အကြောင်းနှင့်မှ ဖမ်းဆီးခွင့်မရှိပေ။ ဦးရွှေမန်း သည် လွှတ်တော်က ပေးသောအကာအကွယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးသော အကာအကွယ်ကို အပြည့် အ၀ရရှိနေပါ၏။ ဦရွှေမန်းလွှတ်တော်အမတ်မဟုတ်တော့လျှင်တော့ အစိုးရသည် ဦးဆန်းဆင့်တုန်းကလို စွပ်စွဲ ချက်များစွာဖြင့် ဥပဒေကြောင်းအရ လုပ်ကောင်းလုပ်လာနိုင်ပါ၏။ ထို့ကြောင့် တိုက်တိုက်ဆိုင်ဆိုင်ပင်ဦးရွှေမန်းကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌရာထူးမှ လျှောကျပြီး နောက်တရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ် တော်ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဥပဒေကို အမြန်ဆုံးအတည်ပြုပေးပါရန် တောင်းဆို စာတစောင်ကို လွှတ်တော်သို့ အချိန်ကိုက်ပေးပို့ခဲ့ပေ၏။ ထိုထက်တိုက်ဆိုင်သည်မှာ ဇမ္ဗူသီရိလွှတ်တော်မဲ ဆန္ဒနယ်မှ တပ်မတော်သားအချို့က ဦးရွှေမန်းအား လွှတ်တော်ကိုယ်စားလှယ်ရာထူးမှ ပြန်ရုပ်သိမ်းပေးပါရန် ရွေးကောက်ပွဲကော်မရှင်သို့လက်မှတ်ရေးထိုးတောင်းဆိုသောစာများ ရောက်နှင့်နေခြင်းဖြစ်သည်။ တပ်မတော် သားဆိုသည်မှာ အထက်ကအမိန့်မပေးဘဲ ဤကဲ့သို့ကြီးလေးသောကိစ္စများတွင် ကိုယ့်သဘောနှင့်ကိုယ် လက်မှတ်ထိုးခွင့်ရှိသူများမဟုတ်ရာ(၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးသော ဗိုလ်မှူးကျော်စွာဝင်း ထောင်ကျသည် ကိုရှုပါ) တပ်မတော်သားများ၏ လက်မှတ်ရေးထိုးမှုသည် ကာကွယ်ရေးဦးစီးချုပ်ဆန္ဒမပါဘဲ ဖြစ်နိုင်ခြေမရှိ သလောက်နည်းလှ၏။ ထို့ကြောင့် မြင်နေရသောအကွက်မှာ ဦးရွှေမန်းအား အကာအကွယ်ပေးထားသော လွှတ် တော်ကိုယ်စားလှယ်ရာထူးမှ အရင်ဆုံးပြန်လည်ရုပ်သိမ်းရန် လုံ့လပြုနေသည်ကို တွေ့ရပေသည်။
လွှတ်တော် ကိုယ်စားလှယ်မဖြစ်တော့ကာမှ ရေထဲကငါးကို ကုန်းပေါ်တင်လိုက်သလို အခြားအရာများကိုဆက်လက် ဆောင် ရွက်မည့်အကွက်ဖြစ်သည်။ ဦရွှေမန်းသည်လည်း စဉ်းစားတတ်သူတယောက်ဖြစ်ရာ ကိုယ့်သေတွင်းကိုယ်တူး မည့်ဥပဒေကို သုံးလသာသက်တမ်းကျန်တော့သော လွှတ်တော်တွင် အတည်ပြုပေးပါ့မလားဆိုတာ စဉ်းစား စရာဖြစ်သည်။
အာဏာဆိုသော သင်္ဘောကြီးလှိုင်းပုတ်ခံရသောအခါ သင်္ဘောသားများသည် ကြံရာမရ လွတ်ကွက်လှည့်ကွက် များကို တီထွင်လာတတ်ကြသည်မှာ ဓမ္မတာဖြစ်သည်။ ယခုလည်း မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ ပြည်ခိုင်ဖြိုး ပါတီသာမက အခြားပါတီများနှင့် တနိုင်ငံလုံးကို သိမ့်သိမ့်တုန်သွားစေသော ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အမှု ဆောင် ၁၂ ဦး ညဥ့်သန်းခေါင်ယံအချိန်တွင် ရာထူးမှဖြုတ်ခံရသောသတင်းသည် လူတိုင်းစိတ်ဝင်စားသောကိစ္စ ဖြစ်သည်။
ဘာကြောင့် ထိုသို့လုပ်ကြသလဲ၊ NLD နှင့် ပူးပေါင်းလို့လား၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ နီးစပ် သောဆက်ဆံရေးရှိလို့လား၊ သူတို့ပြောသလို ကြီးလေးသောတာဝန်ကြီးကို ထမ်းနေရလို့ စေတနာဗရပွဖြင့် အနားပေးခြင်းလော၊ တိုင်းပြည်အတွက် လိုလို့လုပ်နေခြင်းဖြစ်သလောဟု တွေးမိကြမည်ဖြစ်သော်လည်း အမှန် စင်စစ်မှာ တိုင်းပြည်ကောင်းကျိုးချမ်းသာနှင့်လည်းမဆိုင်၊ ဒီမိုကရေစီအရေးနှင့်လည်းမပတ်သက်၊ ဆင်းရဲသား တို့၏ အကျိုးစီးပွားလည်းမဟုတ်၊ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအတွက် ၀ါယမစိုက်ခြင်းလည်းမမည်၊ အကယ်စင်စစ် တပ်မတော်မှဆင်းသက်လာသော မျိုးရိုးစဉ်ဆက်သည်သာ ဘိုးစဉ်ဘောင်ဆက် အာဏာလက် ဆင့်ကမ်းကာ ပိုင်ပိုင်နိုင်နိုင်အုပ်ချုပ်သွားနိုင်ရေးအတွက် အုပ်ချုပ်ရေးအကြီးအကဲ(သမ္မတ) ရွေးချယ်ရေးလမ်း ကြောင်းတွင် ရှုပ်နေတာတွေကိုရှင်းကာကြိုတင်ခတ်ကွင်းပြင်ခြင်းဖြစ်ပါကြောင်း။ ပြည်သူလူထုသည်မျက်စိမလည်ဘဲဒီမိုကရေစီဘက်တော်သားများကိုသာ ထောက်ခံမဲပေးကြရမည်ဖြစ်ပါကြောင်း။
သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal