08/26/15

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ရုပ်သံထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပေးလိုက်တဲ့ ပြည်ထောင်စု လွှတ်တော်နယက သူရဦးရွှေမန်း (ဓာတ်ပုံ- MOI/သြဂုတ် ၂၆၊ ၂၀၁၅)
 မြန်မာနိုင်ငံအတွက် ပထမဆုံး ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီကနေ့ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု လိုက်ပါပြီ။ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှ့င်ခြင်းဆိုင်ရာ ဥပဒေတရပ် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တဲ့အတွက် ရုပ်သံလွှင့်လုပ်ငန်းတွေကို ဥပဒေ ကြောင်းနဲ့အညီ လုပ်ဆောင်ခွင့်ရရှိတော့မှာဖြစ်တဲ့အတွက် ကြိုဆိုမှုတွေရှိသလို ဒီဥပဒေအပေါ် လက်တွေ့ဆောင်ရွက်နိုင်ခြေနဲ့ ပတ်သက်လို့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ ဝေဖန်မှုတွေရှိပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်အများစုရဲ့ ထောက်ခံချက်နဲ့ အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။

“ဥပဒေကြမ်း အခန်း (၁၀) နောက်တွင် အခန်း (၁၁) အယူခံခေါင်းစဉ်နှင့် ပုဒ်မ ၈၉ တို့ကို ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ဖြည့်စွက်ချက် အတိုင်း အတည်ပြုကြောင်း ကြေညာပါတယ်။”

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို နိုင်ငံတော်သမ္မတဦးသိန်းစိန် အနေနဲ့ တရားဝင် လက်မှတ်ရေးထိုးအတည်ပြုပေးဖို့ လွှတ်တော်ကနေပေးပို့သွားမှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဗွီအိုအေမြန်မာပိုင်းကို အတည်ပြုပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ ဥပဒေကြမ်းကော်မတီရဲ့သုံးသပ်ချက်အတိုင်း အတည်ပြုလိုက်တာပါ။ သမ္မတပြန်ပို့တာကို မဲခွဲတဲ့အတွက်ပေါ့ -ပြန်ပို့ပြီးလို့ရှိရင်တော့ သမ္မတက လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ထပ်ပြင်လို့လည်း မရဘူးပေါ့နော်။ သူ့ရက်ပြည့်တဲ့အခါမှာ ဥပဒေဖြစ်ပါပြီ။ နောက်ဆုံးအဆင့်ပြီးသွားပါပြီ။ အစကတော့ ပြန်ကြားရေးက ခလုတ်တိုက်သလို ပြန်ကြားရေးက ပေးတဲ့တီးလုံးနဲ့ပဲ ကနေရတာကိုးဗျ။ သူတို့လိုရင်လိုသလို၊ သူတို့မလိုရင်မလိုသလို ဖြစ်နိုင်တာပေါ့။ ဒီဥပဒေထွက်ပြီးတဲ့နောက်ပိုင်းကျတော့ ပြန်ကြားရေး ကဏ္ဍက မှေးမှိန်သွားပါပြီ။ ကျနော်တို့ကတော့ ဒီလောကကြီးက ပြန်ကြားရေးကို ခေါင်းပေါ်တင်ထားရတာကိုးဗျ။ အခု ဥပဒေဖြစ်လာတဲ့အခါကျတော့ ပြန်ကြားရေးလည်း - အောက်ရောက်သွားပါပြီ။ အားလုံးတန်းတူဖြစ်သွားပါပြီ။”

ပြည်ထောင်စုလွှတ်တော်ကနေ မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် ပြဋ္ဌာန်းလိုက်နိုင်တဲ့ ဒီရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေတရပ်ပြဋ္ဌာန်းလိုက်နိုင်တဲ့အပေါ် ကြိုဆိုပေမဲ့ ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းထားတဲ့ ဒီဥပဒေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းဆွေက အခုလိုသုံးသပ်ပါတယ်။

“အဲဒီ ရုပ်မြင်သံကြားနဲ့ ဥပဒေကြမ်းကို ပြန်ကြားရေးကဆွဲတဲ့ဥပဒေကို လွှတ်တော်က အတည်ပြုတာ ဖြစ်နေတာပေါ့။ တဘက်ကလည်း ဒီ ရုပ်သံအတွက် Broadcast မီဒီယာသမားတွေကလည်း ကြိတ်ပုန်းမီဒီယာတွေရဲ့အခန်းကဏ္ဍရယ်၊ Public Service Media တွေရဲ့ အခန်းကဏ္ဍတွေရယ်ကို ပိုပြီးတော့ ဦးစားပေးထားသယောင်ရှိတယ်။ ခြုံပြီးပြောရရင်တော့ ပြန်ကြားရေးက လုပ်တဲ့ဥပဒေမှန်သမျှဟာ အစိုးရက ဆွဲတဲ့ဥပဒေ၊ တဘက်ဆွဲတဲ့၊ ပြန်ကြားရေး …နဲ့ဆွဲတဲ့အစိုးရပေါ့၊ ဥပဒေတွေဟာ အစိုးရပဲဆွဲရမယ်လို့ ဥပဒေပြဌာန်းထားတာ မဟုတ်ဘူးပေါ့။ သက်ဆိုင်ရာဘယ်သူပဲဖြစ်ဖြစ် ဥပဒေရေးဆွဲလို့ရတယ်၊ ဥပဒေတင်တဲ့နည်းလမ်းကသာ နှစ်လမ်းပဲရှိတယ်။ လွှတ်တော်က လက်ခံရင် ဥပဒေက တင်လို့ရတယ်။ ဆိုတော့ အစိုးရဆွဲတဲ့ဥပဒေဆိုတာ အစိုးရအားသာချက်ရှိအောင် သူတို့က လုပ်မှာပဲ။ နောက်တခါ - ဥပမာ ပြန်ကြားရေးဆိုလည်း ပြန်ကြားရေးရဲ့ရပ်တည်မှု မပျက်ယွင်းအောင်၊ နောက်တခါ အကယ်၍ ပြန်ကြားရေးက - တကယ်လို့ ဒီမိုကရေစီနိုင်ငံတွေမှာ ပြန်ကြားရေးဝန်ကြီးဌာန မရှိတော့ဘူးဆိုရင်တောင်မှ နောင်မှာ ပြန်ကြားရေးဝန်ကြီးဌာန ဘယ်ပုံစံနဲ့ ဒီဝန်ထမ်းတွေကို survive ဖြစ်အောင်လုပ်မလဲဆိုတာ စဉ်းစားပြီး ဆွဲတဲ့ဥပဒေတွေပဲ များတယ်။ အစိုးရဘက်ကဆွဲတဲ့ဥပဒေတွေဟာ အများစုက လွှတ်တော်က လက်ခံရတာတွေ့ရတယ်။ နောက်တခုက လွှတ်တော်ထဲမှာလည်း ဒီဥပဒေတွေကို ပိုင်ပိုင်နိုင်နိုင်၊ ကျွမ်းကျွမ်းကျင်ကျင် လေ့လာပြီးတော့ သေချာအလုပ်လုပ်နိုင်တဲ့လူကလည်း နည်းတယ်။ ဒီပြဿနာတွေရှိတဲ့အခါကျတော့ ဥပဒေတွေဟာ နောင်မှာ ပြန်ပြင်ဆင်စရာဥပဒေတွေက များတယ်။”

အခုလို ရုပ်မြင်သံကြားနဲ့အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေတွေပြဋ္ဌာန်းလိုက်နိုင်တဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ တရားဝင် လိုင်စင်လျှောက်ထားလုပ်ပိုင်ခွင့်တွေ ပိုမိုရရှိလာနိုင်တော့မှာဖြစ်ပြီး သတင်းမီဒီယာလုပ်ငန်းတွေ ဥပဒေနဲ့အညီ ပိုပြီးတော့မှ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်တော့မှာဖြစ်တယ်လို့လည်း ဦးကျော်မင်းဆွေကပြောပါတယ်။

အများပြည်သူသိရှိနိုင်အောင် နိုင်ငံပိုင်သတင်းစာကနေ ကြေညာထားတဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေမူကြမ်း ထဲမှာတော့ ပြန်ကြားရေးဝန်ကြီးဌာနကဦးဆောင်တဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဖွဲ့ပြီး နိုင်ငံတော်သမ္မတက ရွေးချယ်ထားတဲ့ အဖွဲ့နဲ့ ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေနဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ် လွှင့်ခြင်းဆိုင်ရာကောင်စီကိုလည်း ဖွဲ့စည်းမှာဖြစ်ပါတယ်။ ဒီကောင်စီကနေ လိုင်စင်လျှောက်ထားသူတွေ လိုက်နာရမယ့်ကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်းတွေနဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရင် အသံလွှင့်မှုခေတ္တဆိုင်းငံ့ခြင်း၊ လိုင်စင်သိမ်းယူခြင်းစတဲ့လုပ်ပိုင်ခွင့်ရှိပြီး ကောင်စီရဲ့ သက်တမ်း ငါးနှစ်ဖြစ်တယ်လို့ ပါရှိပါတယ်။

ဒီရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေတရပ်ပြဋ္ဌာန်းလိုက်နိုင်ပြီး ဒီဥပဒေ စတင်အာဏာတည်ချိန်ကစလို့ ရုပ်မြင်သံကြားနဲ့ ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေကို အများပြည်သူ ပိုမိုအသုံးပြုလာနိုင်စေရန်၊ အများပါဝင်ဆောင်ရွက်နိုင်တဲ့ စနစ်တခု ပံ့ပိုးပေးရန်နဲ့ နိုင်ငံတွင်း ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာလုပ်ငန်းတွေမှာ လွတ်လပ်ပြီး အမှီအခုကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အပြင် လိုင်းနှုန်းနဲ့ လိုင်စင်ခွင့်ပြုခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေမှာ ခွဲခြားဆက်ဆံမှုမရှိဘဲ တရားမျှတမှုရှိစေရန် စသဖြင့် ဥပဒေပြဋ္ဌာန်းရခြင်းရည်ရွယ်ချက်နဲ့ အခြေခံမှုတွေကို အများပြည်သူသိရှိအောင် ဖော်ပြထားတာဖြစ်ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဓါတ်ပုံ- RCSS/SSA တပ်သားများ (Photo:SHAN)
သြဂတ်စ် ၂၆ ရက် ၂၀၁၅

သြဂတ်စ်လ ၂၅ ရက်နေ့ မနက်ပိုင်းက ကွန်ဟိန်းမြို့နယ် ဆိုက်ခေါင်ရွာ အနီးတွင် တပ်မတော်နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အစိုးရတပ်မှ ဖမ်းဆီးသွားသော ရွာသား ရ ဦးကို ယနေ့မနက် ပြန်လွှတ် ပေးလိုက်သည်ဟု သိရသည် ။

အခင်းဖြစ် ပွားရာအနီး ဆိုက်ခေါင်ရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ရ ဦးအား တပ်မတော် တပ်ရင်းမှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည့် အပေါ် အကူအညီ ပေးရန် ကွန်ဟိန်း မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းထံ မနေ့ညက ချက်ချင်း စာရေးသား တောင်းဆိုခဲ့ရာ သြဂတ်စ်လ ၂၆ ရက် ယနေ့ မနက်တွင် အားလုံး ပြန်လည် လွှတ်မြောက်ပြီ ဖြစ်ကြောင်း သိရသည် ။

“တပ်မတော်က ဖမ်းသွားတာ ရ ဦးပေါ့လေ ။ တိုက်ပွဲက မဖြစ်တာ ကြာပြီ ။ အခု တိုက်ပွဲလည်းဖြစ် လူတွေလည်း ဖမ်းဆိုတော့ ဒေသခံတွေလည်း တော်တော် စိတ်ပူ နေတယ် ။ ဒီမနက် ပြန်လွှတ်လာပြီ လို့ ကျမ ဖုန်းနဲ့ ဆက်သွယ်တော့ သူတို့ပြောပြပါတယ် ” ဟု ဒေါ်နန်းဝါနုက ပြောသည်။

ဖမ်းဆီး ခံရသူများမှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလုံးဟိန်နန္ဒ ၊ စိုင်းအ ၊ လုံးကောလီ ၊ ကိုထွန်း ၊ စိုင်းနာရတ္တ ၊ စိုင်းကောလိန်ည နှင့် စိုင်းခေးဟိန်တ တို့ဖြစ်ကြောင်း ဒေါ်နန်းဝါနု ကပြောပါသည် ။

အဆိုပါ အဖမ်းခံရသူ ရ ဦးအနက် စိုင်းကောလိန်ည မှာအသက် ၁၅ နှစ်သာ ရှိသေးသည်ဟု လည်း သိရသည်။

ကွန်ဟိန်း မြို့နယ် အတွင်းရှိ ဆိုင်ခေါင် ၊ ၀မ်လော စသည့် ကျေးရွာများတွင် သြဂတ်စ်လ ၂၅ ရက် နေ့ မနက်ပိုင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကွန်ဟိန်းမြို့ အတွင်းမှလည်း ပေါက်ကွဲသံများ ကြားနေ ရကြောင်း ဒေသခံ အချို့က ပြောသည်။

သြဂတ်စ်လ ၂၅ ရက်နေ့ တိုက်ပွဲများနှင့် ပတ်သက်၍ RCSS/SSA မှ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှ က - တိုက်ပွဲဖြစ်တာ ၂ နေရာတဲ့ ပိန်းခန်ရွာ နဲ့ ဆိုင်းခေါင် ရွာနားမှာ လို့ ပြောတယ် ။ အချိန်က မနက် ပိုင်းမှာ တကြိမ် ညနေပိုင်းမှာ တကြိမ် လို့ပဲ ပြောလာတယ် ။ အသေ အပျောက်တော့ မသိရသေးဘူး ။ အင်အားတွေ ဆက်တိုး လာနေတယ် လို့လည်း ကြားတယ် ။ - ဟု ပြောသည် ။

သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီမှာ အစိုးရနှင့် ၂၀၁၁ က ပြည်ထောင်စု အဆင့် အပစ် ခတ်ရပ်စဲရေး ပြုလုပ်ထားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ကိုလည်း လက်မှတ် ရေးထိုးမည်ဟု ကြေငြာထားသည့် အဖွဲ့အစည်း ဖြစ်ပါသည် ။

နောက်ဆုံး ကြားသိထားသော သတင်းများအရ ကွန်ဟိန်းမြို့နယ် အတွင်း တပ်မတော်မှ စစ်အင် အား တိုးချဲ့မှုများ ပြုလုပ်လျက် ရှိနေကြောင်း ဒေသခံများမှ သျှမ်းသံတော်ဆင့်သို့ အတည်ပြု ပြောဆိုသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ဖမ်းဆီးခံရစဉ် (Credit: Reuters) 
 လူသတ်မှုနဲ့ ​တရားစွဲခံထားရတဲ့ ​ထိုင်းနိုင်ငံက ​မြန်မာရွှေ့ပြောင်း ​အလုပ်သမား ​၂ ​ဦး ​နဲ့ ​ပတ်သက်တဲ့ ​ဗြိတိသျှရဲ ​မှတ်တမ်းတွေကို ​တရားခံတွေဘက်က ​ကြည့်ရှုခွင့်မပေးဖို့ ​ဗြိတိသျှ ​တရားရုံးက ​ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

လိပ်ကျွန်းလို့ ​ခေါ်တဲ့ ​ထိုင်းနိုင်ငံကော့တောင်ကျွန်းမှာ ​ဗြိတိသျှ ​စုံတွဲကို ​သတ်ဖြတ်မှုနဲ့ ​ အသက် ​၂၂ ​နှစ်အရွယ် ​ဝေဖြိုး ​နဲ့ ​ဇော်လင်းကို ​တရားစွဲဆိုထားတာ ​ဖြစ်ပါတယ်။

အဲဒီ ​စုံတွဲရဲ့ ​ဦးခေါင်းမှာ ​ပြင်းထန်တဲ့ ​ဒဏ်ရာ ​ရှိသလို ​အမျိုးသမီးဟာလည်း ​အဓ္ဓမပြုကျင့်ခံထားကြောင်း ​စစ်ဆေးတွေ့ရှိထားပါတယ်။

နိုင်ငံဝင်ငွေရဲ့ ​၁၀% ​ဖြစ်တဲ့ ​ကမ္ဘာလှည့်ခရီးသွားလာရေးကို ​ထိခိုက်လာနိုင်တဲ့ ​အတွက် ​ထိုင်းအစိုးရက ​ဒီအမှုကို ​အထူး ​သတိထား ​လုပ်ဆောင်နေပါတယ်။

မြန်မာ ​၂ ​ဦးက ​ဖြောင့်ချက်ပေးခဲ့ပေမယ့် ​နောက်ပိုင်းမှာတော့ ​ထိုင်းရဲတွေက ​အတင်းအဓ္ဓမ ​နှိပ်စက်ပြီး ​ဖြောင့်ချက်ပေးခိုင်းခဲ့တာ ​ဖြစ်ကြောင်း ​ပြန်လည် ​ထွက်ဆိုတဲ့အတွက် ​ဗြိတိသျှ ​အစိုးရ ​က ​ဒီအမှုထဲမှာ ​ပါဝင်လာတာလည်း ​ဖြစ်ပါတယ်။

လွတ်လပ်မျှတတဲ့ ​စုံစမ်း ​စစ်ဆေးမှုတွေ ​လုပ်ဖို့ ​ဗြိတိန် ​အစိုးရနဲ့ ​ထိုင်း ​အစိုးရ ​အကြားမှာ ​သဘောတူခဲ့တာလည်း ​ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ​ဗြိတိသျှ ​အစိုးရရဲ့ ​မူအရ ​သေဒဏ်ပေးတဲ့ ​အမှုတွေမှာ ​နိုင်ငံခြားရဲတွေကို ​အကူအညီ ​ပေးလို့ ​မရတဲ့အတွက် ​ထိုင်းရဲတွေရဲ့ ​စစ်ဆေးမှုကို ​ကြီးကြပ်ပေးဖို့ ​အတွက် ​လုပ်ဆောင်ခဲ့တာ ​ဖြစ်ပါတယ်။

ဒီလို ​စစ်ဆေးချက်တွေကို ​သေဆုံးသူ ​မိသားစုဝင်တွေကို ​ပြဖို့ ​အရင်ကတည်းက ​သဘောတူထားပေမယ့် ​တရားခံ ​မြန်မာတွေဘက်က ​တရားရုံးမှာ ​တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ​ဗြိတိန် ​ရဲတွေက ​ဒီတောင်းဆိုချက်ကို ​ငြင်းပယ်ခဲ့သလို ​အဲဒီ ​အစီရင်ခံစာကို ​အပြည့်အ၀ဖတ်ပြီးတဲ့ ​ဗြိတိန် ​တရားသူကြီးကလည်း ​အခု ​တွေ့ရှိချက်တွေဟာ ​တရားခံတွေအတွက် ​အထူးတလည် ​အကျိုးဖြစ်နိုင်မယ့် ​အချက်တွေ ​မရှိတဲ့အတွက် ​တရားခံတွေဘက်က ​ကြည့်ရှုခွင့် ​မပေးဖို့ ​ဗြိတိသျှ ​တရားသူကြီး ​က ​ဆုံးဖြတ်လိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


 ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ အပြတ်အသတ် အနိုင်ရမယ်လို့ သူယုံကြည်ကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက် ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်မှုမှာ ရရှိတဲ့ တိုးတက်မှုနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမ်မှုတွေ ရှိနေသေးတယ်လို့ AFP နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ အသေးစိတ်ကိုတော့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ NLD အနေနဲ့ မဲအများဆုံး ရမှာ သေချာတယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်း မနေ့က AFP နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ လွှတ်တော်နေရာ အများစုအတွက် NLD အနေနဲ့ နိုင်ခြေ ရှိ မရှိ မေးမြန်းရာမှာတော့ ရွေးကောက်ပွဲဟာ အမှန်တကယ် လွတ်လပ်ပြီး တရားမျှတမယ်ဆိုရင် သူ့ပါတီအနေနဲ့ အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် NLD အနေနဲ့ ပီပြင်တဲ့ အစိုးရဖွဲ့နိုင်အား ရှိတယ်လို့ ဆိုပါတယ်။

“ကျမတို့ရှေ့မှာ အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေကို ကြည့်ခြင်းအားဖြင့် ကျမတို့ နိုင်ခဲ့ရင် ပိုပြီး ပီပြင်ကောင်းမွန်တဲ့ အစိုးရ ဖွဲ့ပေးနိုင်မယ့် အခြေအနေ ကျမတို့မှာ ရှိတယ်လို့ ကျမ ယူဆပါတယ်။”

ဒါပေမဲ့လည်း ရွေးကောက်ပွဲမှာ ဘာသာရေးလွှမ်းမိုးမှုအပြင် မဲ မသာမာမှုတွေအတွက် သူ့အနေနဲ့ စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“လာမယ့် ရွေးကောက်ပွဲမှာ မသမာမှုတွေ၊ မဲကလိမ်ကျမှုတွေ စသဖြင့်တို့ ရှိမှာကို ကျမတို့ မစိုးရိမ်ဘူးလားလို့ မေးမယ်ဆိုရင်တော့ ကျမတို့ စိုးရိမ်မကင်း မဖြစ်ဘဲ ဘယ်နေပါ့မလဲလို့ ပြန်ဖြေရမှာပါ။”

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းတွေမှာ တော်တော်များများ မှားယွင်းနေတဲ့အတွက် NLD အနေနဲ့ ဝေဖန် ကန့်ကွက်ထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် အများဆုံး ၁,၁၅၁ ဦးနဲ့ ပါဝင်ယှဉ်ပြိုင်မယ့် NLD အနေနဲ့ ရွေးကောက်ပွဲကနေ နောက်ဆုတ်ဖို့ အကြောင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ တဘက်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရဲ့ သမ္မတအဖြစ် ထမ်းဆောင်ခွင့်မရှိတဲ့အတွက် NLD အနိုင်ရခဲ့ရင် လွှတ်တော်မှာ သမ္မတ ရွေးကောက်တင်မြှောက်ဖို့အတွက် NLD အနေနဲ့ အဆိုတင်သွင်းမယ့် သမ္မတလောင်းအမည်ကို ရွေးကောက်ပွဲပြီးမှ ကြေညာမှာဖြစ်ပြီး အဲဒီပုဂ္ဂိုလ်ဟာလည်း ပါတီတွင်းကပဲ ဖြစ်တယ်လို့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု ပြောခဲ့ပါတယ်။ အရင်ကတော့ ဗိုလ်ချုပ်ဟောင်းတဦးဖြစ်တဲ့ ပြည်သူလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကို NLD အနေနဲ့ သမ္မတလောင်း အမည်စာရင်း တင်သွင်းနိုင်မယ့် အလားအလာ ရှိတယ်လို့ အများက ထင်ကြေးပေးခဲ့ကြတာပါ။

လက်ရှိ လွှတ်တော်ကိစ္စရပ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နေတဲ့ သူရဦးရွှေမန်းကို သြဂုတ်လ ၁၂ ရက်နေ့က သူ့ပါတီဖြစ်တဲ့ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ရာထူးကနေ ညတွင်းချင်း အင်အားသုံးပြီး ရုတ်တရက် ဖယ်ရှားခဲ့တာနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဝေဖန်ပါတယ်။

“ကျမတို့ နိုင်ငံအနေနဲ့ ဒီမိုကရေစီကို ဖော်ဆောင်တဲ့လမ်းကြောင်းကို ဦးတည်သွားနေတယ်လို့ ယူဆခံထားရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ရပ်တွေကို ကြည့်ခြင်းအားဖြင့်တော့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာမှာ ခရီးသိပ်မပေါက်သေးဘူး ဆိုတာကို တွေ့ရပါတယ်။”

NLD အတွက် နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း ၂၅ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် တနိုင်ငံလုံး အတိုင်းအတာနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အနေနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ စစ်တပ်ကနေ အာဏာလွှဲပြောင်း ပေးအပ်ခဲ့ခြင်း မရှိပါဘူး။

ဒါပေမဲ့ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ လွတ်လပ်မှုနဲ့ တရားမျှတမှု ရှိနေသမျှ NLD အနိုင်ရမယ်ဆိုရင် စစ်တပ်အနေနဲ့ လက်ခံကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီစာနယ်ဇင်းကောင်စီနဲ့ တနင်္လာနေ့က တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ စစ်တပ်အနေနဲ့လည်း လာမယ့်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိတာကို လိုလားကြောင်းနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာမယ့် ရလဒ်အဖြေကိုလည်း ထောက်ခံ အတည်ပြုမှာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်ရှင်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းနဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း တို့ကို ပြည်နယ်ဝန်ကြီးချုပ် ရာထူးတွေကနေ အငြိမ်းစားယူခွင့် ပြုလိုက်ကြောင်း သြဂုတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတရုံးက အမိန့်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သူတို့ ၂ ဦးစလုံးကို တပ်မတော်ကနေ အငြိမ်းစားယူခွင့် ပြုထားခဲ့ပြီး ဖြစ်တယ်လို့လည်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရင်နှီးမြှုပ်နှံသူများ စတော့ဈေးကွက်ကို စောင့်ကြည့်နေစဉ် (ရှန်ဟိုင်း ဇူလိုင် ၈၊ ၂၀၁၅)
 တရုတ်နိုင်ငံရဲ့ အစုရှယ်ယာဈေး အညွန်းကိန်းတွေ အင်္ဂါနေ့က ၇.၆% အထိ ထပ်မံ ထိုးကျသွားခဲ့ ပြန်ပါတယ်။ ဒါဟာ ၈ လအတွင်း အနိမ့်ဆုံးကို ကျသွားတာလည်း ဖြစ်ပါတယ်။ အခုလို ကမ္ဘာ့ဒုတိယ စီးပွားအင်အားကြီးနိုင်ငံရဲ့ အစုရှယ်ယာဈေးတွေ ထိုးကျမှုဟာ တကမ္ဘာလုံးကို ရိုက်ခတ်စေခဲ့ပါတယ်။

တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ မြန်မာနိုင်ငံမှာရော ဘယ်လို ဂယက်ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါသလဲ ဆိုတာကို စီးပွားရေးပညာရှင် ဒေါက်တာ ဇော်ဦးကို ဆက်သွယ်မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက စီးပွားကုန်သွယ်ဘက် နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ ပြည်ပပို့ကုန်တွေ ကျဆင်းပြီး စီးပွားရေးဖွံ့ဖြိုးမှု ကျဆင်းလာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် တရုတ်နိုင်ငံရဲ့ အစုရှယ်ယာဈေးတွေ ဇူလိုင်လအတွင်း သိသိသာသာ ကျဆင်းခဲ့ပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲအဖြစ် သြဂုတ်လအတွင်းမှာလည်း အစုရှယ်ယာဈေးတွေ ထပ်မံ ကျဆင်းခဲ့ပြန်တဲ့အတွက် စီးပွားရေး ပြန်လည် ဦးမော့လာရေးကို အထောက်အကူပြုစေမယ့် ပြည်ပပို့ကုန် မြင့်တက်လာအောင် လုပ်ဆောင်တဲ့အနေနဲ့ ယွမ်ငွေတန်ဖိုးကို တရုတ်အစိုးရက ရုတ်တရက် ချလိုက်ပါတယ်။

တရုတ်အစိုးရရဲ့ အဲဒီလို လုပ်ဆောင်ချက်ကြောင့် တခြား အာရှတိုက်အတွင်းက အဓိက အစုရှယ်ယာဈေးကွက်တွေနဲ့ အမေရိကန်၊ ဥရောပတိုက်တို့က အဓိက အစုရှယ်ယာဈေးတွေလည်း တဟုန်ထိုး ကျဆင်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေ လဲလှယ်နှုန်းဟာ တဒေါ်လာကို ၁,၃၀၀ ကျပ်အထိ ဖြစ်သွားခဲ့ပါတယ်။ ဒါဟာ အိမ်နီးချင်း တရုတ်နိုင်ငံမှာ စီးပွားကျဆင်းနေတာရဲ့ ဂယက် ရိုက်ခတ်မှုကြောင့် ဖြစ်နိုင်မလားလို့ မေးကြည့်တဲ့အခါ စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးက အခုလို စဖြေပါတယ်။

အဖြေ - ဖြစ်နိုင်ပါတယ်ခင်ဗျာ။ ဒေါ်လာဈေးကလည်း ပိုပြီးတော့တောင် တန်ဖိုးမြင့်သထက် မြင့်လာတဲ့ သဘောရှိတယ်။ ဆိုလိုတာက အမေရိကန်ရဲ့ စီးပွားရေးက အခိုင်ဆုံးလို ဖြစ်နေတဲ့သဘောလို့ ယူဆလို့ ရပါတယ်။ အဲတော့ တကမ္ဘာလုံးကသာ ဒေါ်လာကိုပဲ လက်ကိုင်ထား သုံးနေတဲ့အခါမှာသာ ဒေါ်လာဈေး တန်ဖိုးမြင့်လာတယ်လို့ ပြောလို့ရပါတယ်။အဲဒီတော့ ကျနော်တို့ (ကျပ်)ဈေး တန်ဖိုးနိမ့်သွားတာထက် ဒေါ်လာဈေး တန်ဖိုးမြင့်လာတယ်လို့ အခုတလော ဖြစ်နေတယ်လို့ ပြောလို့ရတယ်။

အမေး - ဟုတ်ကဲ့။ ဒီအတွက်ကော ဗဟိုဘဏ်အနေနဲ့ကော ဒီလိုမျိုး ကဏ္ဍတွေမှာ ဘယ်လို အခုလိုမျိုး ဖြစ်နေတဲ့ ဈေးကွက်မှာ နဲနဲ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ဥစ္စာကို ဗဟိုဘဏ်အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေများ ပါသင့်တယ်လို့ ထင်ပါသလဲ။

အဖြေ - ဗဟိုဘဏ်က အခုဆောင်ရွက်နေတဲ့ ကိစ္စတွေက ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု သူ့ ရှိသင့်ရှိထိုက်တဲ့၊ ပြောသင့်ပြောထိုက်တဲ့ ဒီဗဟိုဘဏ်ရဲ့ Policy တွေ၊ မူဝါဒတွေကို အမြဲ ရှင်းလင်း တင်ပြတယ်။ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်တယ်။ ပြီးရင်လည်း ဈေးကွက်အတိုင်းပဲ ထိန်းညှိပေးသွားတယ် ဆိုတဲ့ကိစ္စတွေက ဒါဟာ ကောင်းတဲ့ကိစ္စတွေ ဖြစ်ပါတယ်ခင်ဗျာ။ အဲဒီတော့ အဓိကကတော့ ကျနော်တို့ စီးပွားရေးကို ပိုပြီး ဦးမော့အောင် လုပ်ဖို့ကိစ္စတွေက ဘဏ္ဍာရေးဝန်ကြီးဌာန ဘက်ကလည်း ဒါ စဉ်းစားရမယ့် ကိစ္စတွေပေါ့နော်။ တခြားဘယ်နည်းနဲ့ ဘယ်ကဏ္ဍတွေကို ဘယ်လို ပံ့ပိုးပေးရင်တော့ဖြင့် ဘယ်စီးပွားရေး ဦးမော့အောင် ဆောင်ရွက်နိုင်သလဲ ဆိုတဲ့ကိစ္စဟာ ဒါ အစိုးရပိုင်းနဲ့ ပိုပြီးဆိုင်တယ်လို့ ပြောလို့ရပါတယ်။ ဗဟိုဘဏ်ကတော့ သူ့နည်း သူ့ဟန်နဲ့ လွတ်လွတ်လပ်လပ် သူ့ရဲ့မူအတိုင်းဘဲ ထိန်းညှိပေးနေတဲ့ဟာက ဒါ အခုအချိန်မှာ လုံလောက်တယ်လို့ ပြောလို့ရပါတယ်။

အမေး - တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်၊ တရုတ်နဲ့ စီးပွားရေး ဆက်သွယ်မှု အကြီးဆုံး နိုင်ငံလည်းဖြစ်တဲ့ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံဟာ စီးပွားရေးဆက်သွယ်မှု အကြီးဆုံးနိုင်ငံလည်း ဖြစ်တယ်ဆိုတော့ မြန်မာအစိုးရအတွက်ကော အခုလို တရုတ်ပြည်မှာ စီးပွားရေး မတည်မငြိမ် ဖြစ်နေတာတွေက ဘယ်လောက်ထိများ စိုးရိမ်စရာ ဖြစ်နိုင်မလဲ။

အဖြေ - စိုးရိမ်ဖို့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒီတရုတ်နိုင်ငံဟာ ကျနော်တို့ဆီက ဒီ အဓိက ကုန်ပစ္စည်းတွေ ၀ယ်နေတဲ့ နိုင်ငံလည်းဖြစ်သလို၊ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဆောင်ရွက်နေတဲ့ နိုင်ငံလည်းဖြစ်တယ်။ နောက်ပြီးတော့ တရားမ၀င်တဲ့ လမ်းကြောင်းတွေကနေ ရင်းနှီးမြှုပ်နှံမှု အများကြီး ရှိနေတဲ့ နိုင်ငံတခုဖြစ်တော့ သူ့နိုင်ငံ စီးပွားရေးထိခိုက်ရင် ဒါ ကျနော်တို့ နိုင်ငံအတွက်လည်း ဒါဟာအရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ပြီးရင် ကျနော်တို့မှာ ပိုပြီး အရေးတကြီး ထည့်သွင်း စဉ်းစားရမယ့် ကိစ္စက ဒီရေဘေးသင့် ဒေသတွေနဲ့ ရေထိခိုက်သွားတဲ့ စိုက်ပျိုးမွေးမြူရေး ကျေးလက်ဒေသတွေမှာရှိတဲ့ လူတွေရဲ့ ၀င်ငွေတွေ ပြန်ပြီးတော့ တက်လာအောင် လုပ်ဖို့ဆိုတဲ့ အစီအစဉ်ကောင်းတွေလည်း စနစ်တကျ ချပေးဖို့ လိုအပ်နေပါတယ်။ ဒါကတော့ ပိုပြီးတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးကြောင့် ဖြစ်လာမယ့် ဂယက်ထက် ကျနော်တို့ ပြည်တွင်းမှာ သဘာဝဘေးဒဏ်ကြောင့် ဖြစ်လာမယ့် စီးပွားရေးဂယက်ဟာ ပိုပြီးတော့ ကြီးလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

အင်္ဂါနေ့က ဟောင်ကောင် အပါအ၀င် အာရှဒေသတွင်း နိုင်ငံတွေက အစုရှယ်ယာ အညွန်းကိန်းတွေ အနည်းငယ် ပြန်တက်ခဲ့ပေမဲ့ အမေရိကန်နိုင်ငံက အဓိက အစုရှယ်ဈေးကွက်ဖြစ်တဲ့ Dow Jones အစုရှယ်ယာဈေးကတော့ ၁.၂၉% ကျသွားခဲ့ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံ ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ ငွေလဲလှယ်နှုန်းဟာ တဒေါ်လာကို ၁,၂၈၀ ကျပ် ကျော်ကျော်လောက် ပေါက်ကြောင်း ဖော်ပြထားပါတယ်ခင်ဗျား။

ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


  ကျဆင်းနေတဲ့ တရုတ်စီးပွားရေး ပြန်လည် ဦးမော့လာစေမယ့် အစီအစဉ်တွေ လုပ်ဆောင်မယ့်အကြောင်း အစိုးရက ကြေညာလိုက်တဲ့အတွက် ကမ္ဘာ့အစုရှယ်ယာ ဈေးကွက်မှာ အရင်နေ့တွေက ဆုံးရှုံးမှုတချို့ကို အင်္ဂါနေ့က ပြန်လည် ရရှိခဲ့ပါတယ်။

တရုတ်ဘဏ်က အတိုးနှုန်းတွေကို ၁ ရာခိုင်နှုန်းရဲ့၎ ပုံ ၁ ပုံ လျှော့ချလိုက်ပြီး ဘဏ်တွေအနေနဲ့လည်း အရန်ငွေပမာဏကို လျှော့သိမ်းထားကြဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဗဟိုဘဏ်က အဲဒီလို လုပ်ဆောင်ခြင်းအားဖြင့် စားသုံးသူတွေအနေနဲ့ ကုန်ပစ္စည်းတွေ ၀ယ်ယူရလွယ်ကူမှာ ဖြစ်သလို၊ ကုမ္ပဏီတွေအနေနဲ့လည်း စက်ရုံတွေ တည်ဆောက်တာ၊ အလုပ်သမားတွေ ငှားရမ်းတာတွေ လွယ်ကူစေမှာ ဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့အခုလို အရေးယူ ဆောင်ရွက်မှုကြောင့် ရင်းနှီးမြှုပ်နှံသူတွေအကြား ယုံကြည်စိတ်ချမှု ပိုရှိလာပြီး အစုရှယ်ယာတွေ ၀ယ်ယူခဲ့တဲ့ အတွက်ကြောင့် ဥရောပတိုက်က အစုရှယ်ယာဈေးတွေဖြစ်တဲ့ လန်ဒန်မှာ ၃ ရာခိုင်နှုန်း၊ ပဲရစ်မြို့မှာ ၄ ရာခိုင်နှုန်းနဲ့ ဂျာမနီမှာ ၅ ရာခိုင်နှုန်း အသီးသီး ဈေးတက်သွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံက အဓိက အစုရှယ်ယာဈေးဖြစ်တဲ့ Dow Jones ဟာလည်း အစောပိုင်းမှာ တက်နေခဲ့ရာက ဈေးပိတ်ချိန်မှာ ၁.၃ ရာခိုင်နှုန်း ကျသွားခဲ့ပါတယ်။ အင်္ဂါနေ့ အစောပိုင်းတုန်းကတော့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က အစုရှယ်ယာ အညွှန်းကိန်းတွေဟာ ၇ ရာခိုင်နှုန်း ကျသွားခဲ့ပြီး တိုကျိုမြို့က အစုရှယ်ယာအညွန်းကိန်းဟာလည်း ၄ ရာခိုင်နှုန်း ကျသွားခဲ့ပါတယ်။

 တရုတ်နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးလာနေတယ်ဆိုတဲ့ သတင်းတွေအပေါ် ရင်းနှီးမြှုပ်နှံသူတွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေတာကြောင့် တကမ္ဘာလုံး အတိုင်းအတာနဲ့ အစုရှယ်ယာဈေးတွေ ရက်အတန်ကြာ ကျနေခဲ့တဲ့အပေါ် တရုတ်အစိုးရ အရာရှိတွေက တုန့်ပြန် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမယ်ဆိုရင် NLD အပြတ်အသတ် အနိုင်ရမယ်လို့ သူယုံကြည် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီမိုကရေစီဖော်ဆောင်မှုမှာတော့ သူ့အနေနဲ့ စိုးရိမ်တာ တွေရှိနေသေးတယ်လို့လည်း AFP နဲ့ တွေ့ဆုံမေးမြန်းခန်းမှာပြောပါတယ်။

ရွေးကောက်ပွဲနဲ့ NLD အောင်နိုင်ခြေ
ရွေးကောက်ပွဲနဲ့ NLD အောင်နိုင်ခြေ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမယ်ဆိုရင် NLD အပြတ်အသတ် အနိုင်ရမယ်လို့ သူယုံကြည် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီမိုကရေစီဖော်ဆောင်မှုမှာတော့ သူ့အနေနဲ့ စိုးရိမ်တာ တွေရှိနေသေးတယ်လို့လည်း AFP နဲ့ တွေ့ဆုံမေးမြန်းခန်းမှာပြောပါတယ်။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
Posted by VOA Burmese Fan Page on Wednesday, August 26, 2015

 ကချင်ပြည်နယ် ပန်ဝါမြို့ တည်နေရာပြ မြေပုံ။ Photo: Google Map
 ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ အခြေစိုက်တဲ့ ပန်ဝါမြို့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလွဲပြီး တစ်ခြားနိုင်ငံရေးပါတီတွေ စည်းရုံးရေးမဆင်းဖို့နဲ့ ပါတီဆိုင်းဘုတ် တင်တာတွေမလုပ်ဖို့ ပိတ်ပင်တားမြစ်ထားတယ်လို့ သိရပါတယ်။ အဲဒီပန်ဝါဒေသမှာ စည်းရုံးရေးသွားခဲ့တဲ့ ဝိုင်းမော်မြို့အခြေစိုက် လော်ဝေါ်အမျိုးသား စည်းလုံးညီညွှတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဘီဟောင်းဇေက သူသိခဲ့ရတာကို အခုလို ပြောပါတယ်။

"ပန်ဝါကိစ္စကျတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ကျနော်တို့ကို ဘာမှပိတ်ပင်ထားခြင်း မရှိပါဘူး၊ အဲ့တော့ ဦးဇခုန်တိန့်ယိန်းအဖွဲ့ ဆုံးဖြတ်ချက်ချထားတယ်တဲ့ အဲ့ဒါပဲ၊ တခြားပါတီတွေ ပန်ဝါမှာလာပြီးမှ စည်းရုံးရေးကော်မတီမဖွဲ့ဖို့ ဆိုင်းဘုတ်မတင်ဖို့ သူတို့မှာ ဆုံးဖြတ်ချက်ချထားတယ်၊ အဲ့ဒါကြောင့် ကျနော်တို့လည်း သူတို့ရဲ့ဆုံးဖြတ်ချက်ကို နားလည်မှုနည်းနည်းလိုတယ်၊ ကျနော်တို့ လော်ဝေါ်အချင်းချင်းဖြစ်နေတော့ အဲ့ဒါကြောင့် ဆိုင်းဘုတ်မတင်ခဲ့တာပါ"

ပြီးခဲ့တဲ့သြဂုတ်လ ၁၉ ရက်နေ့က ပန်ဝါမြို့မှာ လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ အထူးဒေသ (၁) တာဝန်ရှိသူတွေက အသိပေးခဲ့တာလို့ သိရပါတယ်။ နိုင်ငံရေးပါတီတွေဟာ ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ ပါတီဆိုင်းဘုတ်တင် စည်းရုံးရေးတွေကို ဆောင်ရွက်နိုင်ကြောင်းနဲ့ အဖွဲ့စည်းတစ်ခု ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးက တားဆီးမှုတွေရှိလို့ တရားဝင်အကြောင်းကြားရင် ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ ကချင်ပြည်နယ်ရွေးကောက် ပွဲ ကော်မရှင်အရာရှိ ဦးထွန်းအောင်ခိုင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ရဲ့ တာဝန်ရှိသူတွေကို RFA က သီးခြားဆက်သွယ်မေးမြန်းလို့တော့ မရရှိသေးပါဘူး။

ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) ဟာ အစိုးရရဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားပြီး မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် လက်အောက်ခံ အစိုးရရဲ့ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၂ ဟာ လက်ရှိ ပန်ဝါဒေသမှာ အခြေစိုက်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese


၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အလွန်နိုင်ငံရေးအ ခင်း အကျင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒီမိုကရက်တစ်ပါတီများ အနေဖြင့် တောင်ပြိုကမ်းပြို အနိုင်ရရှိမှသာ အစိုးရဖွဲ့စည်းနိုင်ပြီး အမျိုးသား ပြန်လည်သင့်မြတ် ရေး၊ ငြိမ်းချမ်းရေး၊ ယုံကြည်မှု တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးတို့ကို အားပြုဦးဆောင် နိုင်မည်ဖြစ်သည်။ တောင်ကမ်းမ ပြိုလျှင် နိုင်ငံရေးတွင် အလွမ်းပိုရ မည်သာဖြစ်သည်။ သို့ဖြစ်၍ ဒီ ချုပ်သည် မိတ်ဆွေတိုင်းရင်းသား ပါတီများ၊ ဒီမိုကရက်တစ်ပါတီ များနှင့် ကျောချင်းကပ်လျက် တောင်ကမ်းပြိုရေး လမ်းဖောက်ရ မည်ဖြစ်သည်။

ရှုပ်ရှုပ်ထွေးထွေးနိုင်ငံရေး အခြေအနေ၊ နိုင်ငံရေးပါတီများ၏ ညီအစ်ကို မသိတသိအခြေအနေ နှင့် ထိလွယ်ရှလွယ် မဲဆွယ်စည်း ရုံးရေးကာလတို့ ၀န်းရံထားသည့် ၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အနေဖြင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတို့ နှင့်မတူ တစ်မူထူးခြားသည့် စိန် ခေါ်မှုများ၊ အကျပ်အတည်းများ ကို မလွဲမသွေရင်ဆိုင်ရနိုင်ဖွယ်ရှိ သည်။ သို့ဖြစ်၍ ဒီချုပ်သည် ပါတီ တွင်း နိုင်ငံရေး ကိုယ်ခံအား ကောင်းရေးနှင့် ပါတီပြင်ပစည်း ရုံးရေးမြှင့်တင်ရေးတို့ကို စနစ်တ ကျဖော်ဆောင်နိုင်မှသာ တော်ရုံ ကျမည်ဖြစ်သည်။

ဒီချုပ်ဗဟိုခေါင်းဆောင်များ အနေဖြင့် ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်ကြောင့် တောင်ပြို ကမ်းပြို အနိုင်ရရှိလိမ့်မည်ဟူ သော လှေနံဓားထစ်အမြင်ကို ဖောက်ထွက်စဉ်းစား၊ စီမံချက်ချ၊ ပြင်ဆင်သင့်သည်။ ပကတိအ ခြေအနေကို အဂတိကင်းကင်း၊ ဆန်းစစ်သုံးသပ်နိုင်မှသာ ရွေး ကောက်ပွဲအောင်နိုင်ရေးစီမံချက် နှင့်ဗျူဟာများသည်အလုပ်ဖြစ်နိုင် ခြေရှိသည်။ မဲဆန္ဒရှင်များသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှု၊ ယုံကြည်မှု အား ကောင်းလင့်ကစား ၁၉၉၀ ပြည့် နှစ်နှင့် ၂၀၁၂ ခုနှစ် အခင်းအကျင်း တို့နှင့်နှိုင်းယှဉ်လျှင် ဒီချုပ်အပေါ် ထောက်ခံမှုနှင့် စိတ်ဝင်စားမှု အ တန်အသင့် လျော့ပါးနေသည့် အ ရှိတရားကို လက်ခံရမည် ဖြစ် သည်။ ဒီချုပ်အနေဖြင့် ရွေး ကောက်ပွဲ တောင်ပြိုကမ်းပြိုအနိုင် ရရန် ဒေါ်အောင်ဆန်းစုကြည်အ ပေါ် လုံးလုံးအမှီသဟဲပြုရေးဖြစ် နိုင်ခြေနည်းပါးလာနေသည့် အ ခင်းအကျင်းသည် နိုင်ငံရေးဆေး ခါးကြီးဖြစ်လင့်ကစား မျက်ကွယ် ပြုမထားသင့်ပေ။

ဒီချုပ်နှင့် ဒေါ်အောင်ဆန်းစု ကြည်အပေါ် တောင်ပြိုကမ်းပြို လူထုထောက်ခံမှု လျော့ပါးလာ နေသည်ကို ကနဦးလက်ခံပြီး အ ကြောင်းရင်းများကို ဆန်းစစ်သုံး သပ်ရမည်ဖြစ်သည်။ ထို့နောက် စိန်ခေါ်မှုသစ်များနှင့် ဆက်စပ် သော ဗျူဟာသစ်များကို ရေးဆွဲ ပြင်ဆင်ရမည်ဖြစ်သည်။ သို့မ ဟုတ်လျှင်အနာတခြား၊ ဆေးတ ခြားဖြစ်နိုင်ဖွယ်ရှိသည်။ ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ ကိုယ်စားလှယ် လောင်း အားလုံးနီးပါးကို ဘေး ဖယ်ထားခဲ့မှုအပါအ၀င် လတ်တ လောလွှတ်တော်ကိုယ်စားလှယ် လောင်းများ ရွေးချယ်မှု အရှုပ်အ ထွေးနှင့် အမျိုးသားပညာရေး ဥပ ဒေကို ဆန့်ကျင်သည့်ကျောင်း သားလှုပ်ရှားမှုများအပေါ် နိုင်ငံ ရေးအရ အေးစက်စက် တုံ့ပြန်မှု တို့သည် ဒေါ်အောင်ဆန်းစုကြည် နှင့်ဒီချုပ်ပါတီကို နိုင်ငံရေးအရ ထိခိုက်ပွန်းပဲ့စေခဲ့သည်။ လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုပုဂ္ဂိုလ် ရေးအရ လေးစားတန်ဖိုးထားသူ အချို့သည်ပင် ဆန္ဒမဲပေးရန် တွန့် ဆုတ်လျက်ရှိနေသည်။ ၂၀၁၅ ခု နှစ်ရွေးကောက်ပွဲအလွန် အစိုးရ အပြောင်းအလဲအတွက် ဒေါ် အောင်ဆန်းစုကြည်နှင့်ဒီချုပ်ကို မဲပေးရန်မှတစ်ပါး အခြားနည်း လမ်းမရှိဟု အပြည့်အ၀ယုံကြည် ခဲ့သူအချို့သည် မဲရုံများကို ကျော ခိုင်းဖို့အထိ စဉ်းစားလာနေကြ သည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အကြိုကာလတွင် ဒေါ်အောင် ဆန်းစုကြည်၊ ဒီချုပ်ပါတီတို့သည် တိုင်းရင်းသားပါတီများ၊ ဒီမိုက ရက်တစ်ပါတီများနှင့် ဆက်ဆံ ရေးလျော့ရဲလာပြီး နိုင်ငံရေးမဟာ မိတ်မူဝါဒများ၊ေ၀၀ါးထွေပြား လာသည့်အလျောက် အားမလို အားမရဖြစ်မှုများ မြင့်မားလျက် ရှိသည်။ နိုင်ငံရေးအကျဉ်းအကျပ် ကာလတွင် ကျောချင်းကပ်ရပ် တည်ခဲ့ပြီး လက်ချင်းချိတ် တိုက် ပွဲဝင်ခဲ့သည့် ညီညွတ်သောတိုင်း ရင်းသားများ မဟာမိတ်အဖွဲ့ဝင် (ယူအင်န်အေ)ကဲ့သို့ တိုင်းရင်း သားရဲဘော်ဘက်များနှင့်ဆက်ဆံ ရေးအေးစက်လာမှုသည်လည်း စိတ် ပျက်ဖွယ်ဖြစ်နေသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒသ ဘောထားကောက်ယူမှုတွင်ကျော ချင်းကပ် လက်ချင်းချိတ်ရပ်တည် ခဲ့သော ၈၈ ငြိမ်းပွင့်များကို သစ် ခုတ်သမားများအဖြစ် ရည်ညွှန်း သတ်မှတ်ခဲ့သည်မှာလည်း နိုင်ငံ ရေးအရ ဆို့နင့်ဖွယ်ပင်ဖြစ်သည်။

ဒီချုပ်နှင့်ဒေါ်အောင်ဆန်းစု ကြည်တို့သည် ကိုယ့်တပ်ကိုယ် ပြန်နင်းနေပြီလားဟု မေးခွန်း ထုတ်ရမည်ဖြစ်သည်။ ဒီချုပ်ပါတီ ၏ အောက်ခြေပါတီခေါင်းဆောင် များနှင့် ပါတီကော်မတီများ၏ အ ဆုံးအဖြတ်များ၊ အသံများ၊ ဆန္ဒ များကို လုံးလုံးမျက်ကွယ်ပြုခဲ့ခြင်း သည် အဆိုးရွားဆုံး အခင်းအ ကျင်းပင်ဖြစ်သည်။ ဒေါ်အောင် ဆန်းစုကြည်အပါအ၀င် ဒီချုပ်ဗ ဟိုခေါင်းဆောင်များသည် နိုင်ငံ ရေးအမှားကို မမြင်နိုင်သည့်အ ပြင် အမှားကိုဖာထေးရင်း အမှား အပေါ် အမှားဆင့်ကာ မှားသ ထက်မှားလာနေသည်မှာ နိုင်ငံ ရေးအဆိုးသံသရာထဲ တ၀ဲလည် လည် ဖြစ်ခြင်းဟုပင်ဆိုနိုင်သည်။

ရွေးချယ်စရာလုံးလုံးမရှိ သည့် မျက်မှောက်နိုင်ငံရေးအခင်း အကျင်းသည် မဲဆန္ဒရှင်ပြည်သူ လူထုကိုကျဉ်းထဲကျပ်ထဲကျရောက် စေခဲ့သည်။ လာမည့်ရွေးကောက် ပွဲတွင် သမ္မတရွေးကောက်နိုင် သည်အထိ နိုင်ငံရေးပခုံးချင်းယှဉ် နိုင်မည့်ပါတီကြီးနှစ်ခုမှာ အာဏာ ရပြည်ခိုင်ဖြိုးပါတီနှင့် ဒီချုပ်ပါတီ ရှိသည့်အလျောက် မြန်မာ့နိုင်ငံ ရေး၏ ရွေးချယ်နိုင်မှုသည် သုံးခု တစ်ခုရွေး၊ လေးခုတစ်ခုရွေးမ ဟုတ်သည့် နှစ်ခုတစ်ခုရွေး အ ခင်းအကျင်း ဖြစ်နေသည်။ ရွေး ကောက်ပွဲအလွန် အစိုးရဖွဲ့စည်း ရေးတွင် ပြည်ခိုင်ဖြိုးဘက်ရပ်မ လား၊ ဒီချုပ်ဘက်ရပ်မလားပြတ် ပြတ်သားသား မေးခွန်းထုတ်ရမည့် ကာလဟုဆိုသော်လည်း ပြည်ခိုင် ဖြိုးနှင့် ဒီချုပ်ပေါင်းအစိုးရဖွဲ့နိုင် ခြေ၊ ပြည်ခိုင်ဖြိုးသင်းကွဲနှင့် ဒီချုပ် ပေါင်းအစိုးရဖွဲ့နိုင်ခြေတို့ကိုမဖြစ် မနေထည့်တွက်ရမည်ဖြစ်သည်။ နိုင်ငံရေးက ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကြွယ် သည်ဟုပင် အနုလုံပဋိလုံ ဆင် ခြင်မိသည်။

ဒီချုပ်ပါတီသည် တိုင်းရင်း သားပါတီများနှင့်ပတ်သက်သော မူဝါဒအပိုင်းတွင် အားနည်းချည်နဲ့ နေဆဲဖြစ်သည်။ ရွေးကောက်ပွဲအ ကြိုကာလတွင် တိုင်းရင်းသား ပါ တီများနှင့် မဟာဗျူဟာမိတ်ဖွဲ့ စည်းလျက် ပြည်နယ်မဲဆန္ဒနယ် များတွင် သူနိုင်ကိုယ်နိုင်မူချမှတ် ယှဉ်ပြိုင်နိုင်ခြင်းမရှိသည်ကို သ တိပြုမိသည်။ ပါတီကြီးများ၏ တိုင်းရင်းသား ကိုယ်စားလှယ် ထက် တိုင်းရင်းသားပါတီကိုယ် စားလှယ်များ အနိုင်ရရှိရေးကို မြေတောင်မြှောက်ပေးနိုင်သည့် နိုင်ငံရေးအရ အမြင်ကျယ်မှုနှင့် သဘောထားကြီးမှုတို့သည် လစ် ဟာနေဆဲဖြစ်သည်။ မိတ်ဆွေ တိုင်းရင်းသားပါတီများနှင့် နိုင်ငံ ရေးအရ မဟာမိတ်ပြုလျက် လွှတ်တော်တွင်း နိုင်ငံရေးကိုဟန် ချက်ညီညီ စည်းဝါးကိုက် ဖော် ဆောင်နိုင်းခြင်းမရှိသရွေ့ ပြည် သူကို မျက်နှာမူသော နိုင်ငံရေး သည် ဝေးသည်ထက်ဝေးနေဦး မည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ၃၃၃ ဦး အနိုင်ရရှိမှသာ သမ္မတရွေးချယ် ရန်နှင့် အစိုးရဖွဲ့စည်းနိုင်ရန် ရေ ရာသေချာမည်ဖြစ်သည်။ ၃၃၃ ဦး မပြည့်မီလျှင် ဒီချုပ်အနေဖြင့် တိုင်းရင်းသားမိတ်ဆွေပါတီများ (သို့မဟုတ်) တပ်မတော် (သို့မ ဟုတ်) ပြည်ခိုင်ဖြိုးပါတီနှင့်ပူး ပေါင်း၍ အစိုးရဖွဲ့နိုင်ရေးပြင်ဆင် ရမည်ဖြစ်သည်။ ရွေးကောက်ပွဲ အလွန်ကျဉ်းထဲကျပ်ထဲ ကာလ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အနေဖြင့် တိုင်းရင်းသားလွှတ် တော်ကိုယ်စားလှယ်များနှင့် မ ဟာမိတ်ပြုရပ်တည်လျက် အား လုံးပါဝင်သည့် အမျိုးသားအစိုးရ ပုံစံ ဖွဲ့စည်းနိုင်ရေးကိုမျက်မှောက် ပြုသင့်သည်။

အကယ်စင်စစ် ဒီချုပ်အနေ ဖြင့် လွှတ်တော်ကိုယ်စားလှယ်ဦး ရေ ၃၃၃ ဦးပြည့်မီရန် ပြိုင်ဘက် ပါတီများထက် လေးငါးဆယ် လှမ်း ပိုလှမ်းရဖွယ်ရှိသည်။ ကိုယ် စားလှယ်လောင်းရွေးချယ်မှုကို အကြောင်းပြုလျက် ပါတီတွင်း အမြင်သဘောထားကွာဟမှုများ၊ နိုင်ငံရေးဘ၀င်မကျဖြစ်မှုများ၊ မ ကျေလည်မှုများကို အချိန်မီကုစား နိုင်ခြင်းမရှိလျှင် ဒီချုပ်ပါတီ၏ အ နိုင်ရရှိနိုင်ခြေသည် ကျွမ်းထိုး မှောက်ခုံဖြစ်နိုင်ဖွယ်ရှိနေသည်။ လက်ငင်း နိုင်ငံရေးအလွဲများကို မှန်မှန်ကန်ကန်ပြန်လည်သုံးသပ်၊ ပြုပြင်နိုင်ခြင်းမရှိလျှင် ဒီချုပ်သည် လာမည့်ရွေးကောက်ပွဲတွင် ကိုယ် စားလှယ်နှစ်ရာဝန်းကျင်သာ အ များဆုံး အနိုင်ရရှိနိုင်ခြေရှိပြီး၊တောင်ပြိုကမ်းပြို အောင်ပွဲ၊ အစိုး ရဖွဲ့နိုင်ရေးတို့နှင့် လမ်းလွဲနိုင်ခြေ ရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်နယ်မဲဆန္ဒနယ် များတွင် တိုင်းရင်းသားပါတီများ နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင်ယှဉ်ပြိုင်မှု အ ပြင်းထန်ဆုံးဖြစ်နိုင်သည်။မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့် တနင်္သာ ရီတိုင်းဒေသကြီးများတွင် ဒီချုပ် ပါတီအနေဖြင့် မမျှော်လင့်သော စိန်ခေါ်မှုကြီးများနှင့်ရင်ဆိုင်ရဖွယ်ရှိနေသည်။ မဲပေးပိုင်ခွင့်ရှိသူ အချိုးအစားအနေဖြင့် ကျေးလက်ဒေသ တွင် ၇၀ ရာခိုင်နှုန်းရှိပြီး မြို့ပြ ဒေသတွင် ၃၀ ရာခိုင်နှုန်းဖြစ်သ ဖြင့် လာမည့်ရွေးကောက်ပွဲအနိုင် အရှုံးသည် ကျေးလက်ဆန္ဒမဲအ ပေါ်တွင် တည်မှီမည်ဖြစ်သည်။ မြို့ကြီးများမှလွဲ၍ အခြားမြို့များ နှင့် အမျိုးသားလွှတ်တော်ကိုယ် စားလှယ်များ အနိုင်အရှုံးသည် ကျေးရွာမဲဆန္ဒရှင်များ၏ ဆန္ဒမဲ အပေါ်တွင် တည်မှီမည်ဖြစ်သည်။ စားဝတ်နေရေးဝန်ထုပ်ဝန်ပိုး ကြီး မားပြီး အကြောက်တရားမြင့်မား နေဆဲဖြစ်သော ကျေးလက်ပြည် သူလူထု၏ အသည်းကြားက မဲ များများရရှိသောပါတီသည်ကိုယ် စားလှယ်နေရာအများစု အနိုင်ရရှိ ဖွယ်ရှိသည်။

အနှစ်ချုပ်ဆိုရသော် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီတွင်းအနေအထားများကို အရှိအတိုင်း သုံးသပ်ဆန်းစစ်ရန် တွန့်ဆုတ်နေမည်ဆိုလျှင် ရွေး ကောက်ပွဲမတိုင်မီ ပြင်နိုင်သရွေ့ ပြင်ဆင်ပြီး ပါတီတွင်းစည်းလုံး ညီညွတ်မှုကို တတ်နိုင်သရွေ့ တည်ဆောက်နိုင်ရန် လေးလံ ထိုင်းမှိုင်းနေမည်ဆိုလျှင်၊ ရွေး ကောက်ပွဲအလွန်နိုင်ငံရေးတွင် နိုင်ငံရေး မိတ်ဆွေစစ်စစ်များနှင့် ကျောချင်းကပ်နိုင်ရေးအလှမ်း ဝေးနေမည်ဆိုလျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် သမ္မတရွေး ချယ်ရေး၊ အစိုးရဖွဲ့စည်းရေးတို့ နှင့် လွဲချော်နိုင်ခြေရှိသည့်အပြင် လွှတ်တော်တွင်းနိုင်ငံရေးအခင်း အကျင်း၌ အားကောင်းမောင်း သန် ပြည်သူကို မျက်နှာမူလျက် ရပ်တည်နိုင်ရေးမှာလည်း လျော့ ရဲပျော့ပြဲနိုင်ခြေရှိနေပါကြောင်း မီးမောင်းထိုး သုံးသပ်တင်ပြလိုက် ရပါသည်။။

ဒေါက်တာ ရန်မျိုးသိမ်း
http://www.7daydaily.com/story/4486

 nld-office-620.jpg ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးကို တွေ့ရစဉ်

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးကို ရွေးကောက်ပွဲဥပဒေ ပါ ပြဌာန်းချက်တွေနဲ့ မကိုက်ညီလို့ဆိုပြီး ကယားပြည်နယ် ဘော်လခဲနဲ့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခရိုင်ကော်မရှင်ရုံးခွဲတွေက ပယ်ချလိုက်ပါတယ်။ ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၀ ကနေ ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်းတင်သွင်းထားတဲ့ NLD ကိုယ်စားလှယ်လောင်း ဦးဖြိုးဝေအောင်ဟာ အသက် ၃၀ မပြည့်သေးတဲ့အတွက် ပယ်ချခံရတာဖြစ်တယ်လို့ ဘော်လခဲခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးကျော်လင်းက ပြောပါတယ်။

"ဦးဖြိုးဝေအောင်က အသက် ၂၉ နှစ်ပဲ ရှိပါသေးလို့ခင်ဗျ၊ သူက အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ အခန်း (၅) ပုဒ်မ (၈) အပိုဒ် ပုဒ်မခွဲ က(၁) နဲ့ ငြိပါတယ်ခင်ဗျ"

အမျိုးသားလွှတ်တော်အတွက် ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ အသက် ၃၀ ရှိရမှာဖြစ် ပြီး ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ အသက် ၂၅ နှစ် ရှိရမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် မဲဆန္ဒနယ် အမှတ် ၁၀ က ကိုယ်စားလှယ်လောင်း ဦးယဉ်မျိုးကတော့ သူ့ကို မွေးဖွားစဉ်က သူ့မိဘနှစ်ပါးဟာ နိုင်ငံသားမဖြစ်သေးတာကို စိစစ်တွေ့ရှိခဲ့တဲ့အတွက် ပယ်ချလိုက်တာဖြစ် တယ်လို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ပြောပါတယ်။ အလားတူ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်ကိုလည်း နိုင်ငံသားမိဘနှစ်ပါး မဖြစ်လို့ဆိုပြီး ပယ်ချထားပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စား လှယ်လောင်း ၁၁၃၈ ဦး ၀င်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းသွင်းထားပါတယ်။

RFA
http://www.rfa.org/burmese/news/nld-candidates-reject-08252015111153.html


"သင်္ကြန်မိုး" အပါအဝင် ဂန္တဝင်မြောက် ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးရိုက်ကူးခဲ့တဲ့ ငါးထပ်ကွမ်း အကယ်ဒမီဆုရှင် ဒါရိုက်တာမောင်တင်ဦး ဟာ သြဂုတ်လ ၂၄ ရက်နေ့က မန္တလေးမြို့နေအိမ်မှာ ကွယ်လွန်သွား ပါတယ်။

RFA

ရထားပို့ဆောင်ရေး၊ လျှပ်စစ်စွမ်းအားနဲ့၊ ဆောက်လုပ်ရေး- ဝန်ကြီးဌာနသုံးခု က ဂျပန်နိုင်ငံကနေ ယန်းငွေ ဘီလီယံတရာ၊ အမေရိကန်ဒေါ်လာသန်း ၈ ရာကျော် ချေးယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူတွေက သြဂုတ်လ ၂၅ ရက် ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ရှင်းလင်း ခဲ့ကြပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်

ဝန်ကြီးဌာနသုံးခု၊ ချေးငွေဒေါ်လာသန်းရှစ်ရာ~~~~~ရထားပို့ဆောင်ရေး၊ လျှပ်စစ်စွမ်းအားနဲ့၊ ဆောက်လုပ်ရေး- ဝန်ကြီးဌာနသုံးခု က ဂျပန်နိုင်ငံကနေ ယန်းငွေ ဘီလီယံတရာ၊ အမေရိကန်ဒေါ်လာသန်း ၈ ရာကျော် ချေးယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူတွေက သြဂုတ်လ ၂၅ ရက် ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ရှင်းလင်း ခဲ့ကြပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။

Posted by RFA Burmese TV Channel on Tuesday, August 25, 2015

 students-tharyarwaddy-court-620.jpg ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင်တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ်

လက်ပံတန်းကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲခဲ့မှုနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ ရဲအရာရှိတို့ကို ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့အညီ အရေးယူအပြစ်ပေးဖို့ ဖမ်းဆီးခံကျောင်းသား ၅၈ ဦးက လက်မှတ်ရေး ထိုးပြီး သာယာဝတီခရိုင်တရားရုံးမှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။ သာယာဝတီအကျဉ်းထောင်မှာ ထိန်းသိမ်း ခံနေရတဲ့ ကျောင်းသားတွေကို တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးစဉ် ကျောင်းသားတွေ စုပေါင်းလက်မှတ်ရေးထိုး တင်သွင်းလိုက်တာဖြစ်ကြောင်း ရှေ့နေများကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။

"ဒီနေ့မှာလည်း ကျမတို့ ကျောင်းသား ၅၈ ယောက်က ပြည်ထဲရေးဝန်ကြီးဌာနရယ်၊ ရဲတပ်ရင်း ၁၊ ၁ဝ၊ ၁၁ ရယ်၊ နောက်ဒုရဲမှူးးတို့ကို ပြစ်မှုဆိုင်ရာဥပဒေနဲ့ အရေးယူပေးဖို့ လက်မှတ်ရေးထိုးပြီးတော့ တရားခွင်မှာပဲ တင်လိုက်ပါတယ်၊ သပိတ်ဖြိုခွင်းတဲ့နေရာမှာ ရဲတွေက သူတို့လုပ်ပိုင်ခွင့်အာဏာကို ပိုပြီးသုံးတယ်ပေါ့နော်၊ နံပါတ်တုတ်တွေနဲ့ရိုက်တယ် ထောင်ထဲမှာလည်း ဆေးကုသခံနေရတဲ့လူတွေလည်း အများကြီးရှိတယ်ပေါ့နော်၊ အပြင်းအထန် နာကျင်ထိခိုက်မှုတွေလည်းရတယ်ပေါ့၊ နောက်ကားတွေလည်း ပျက်စီးတယ်ပေါ့၊ အဲဒီ့အတွက်ကြောင့်မို့ ဒီလူတွေမှာတာဝန်ရှိတယ်၊ တာဝန်ရှိတဲ့လူတွေကို ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူပေးဖို့ လျှောက်တာပါရှင့်"

ဖမ်းဆီးခံကျောင်းသားအများစုဟာ ကျန်းမာရေးအတော်ဆိုးရွားနေကြတယ်လို့လဲ သိရပါတယ်။ ဒီကနေ့ ရုံးထုတ်ရာ ကို သွားရောက်ခဲ့တဲ့ ဒဂုံတက္ကသိုလ်ဥပဒေနောက်ဆုံးနှစ် ကျောင်းသူ မဟန်နီဦးရဲ့ဖခင် ဦးထွန်းဦး က ကျောင်းသားတွေရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ သူတို့ကို ရုံးထုတ်စစ်ဆေးတဲ့အခြေအနေတွေကို အခုလို ပြောပြပါတယ်။

"အမှုကတော့ တလွဲတချော်တွေပေါ့နော်၊ ရဲထွက်ချက်တွေက တော်တော်ဆိုးပါတယ်၊ အဓိကက ကျောင်း သားတွေ ကျန်းမာရေး တော်တော်ဆိုးကြတယ်၊ အရင်ခံခဲ့ရတဲ့လူတွေအားလုံးက ပြန်ပြီးပေါ်လာတယ် ဗျ၊ ထောင်က လုံးဝတာဝန်မယူဘူး၊ နောက်ဆုံးလုံခြုံရေးကို အကြောင်းပြပြီးတော့ ဆေးဝါးကုသတာကို အထဲမှာထားပြီး ဆေးထိုးတဲ့အဆင့်မျိုးလုပ်တယ်၊ မနေ့ညက ဟန်နီဦးတို့နဲ့အတူရှိတဲ့ ကလေးမလေးတစ်ယောက် ကျန်းမာရေးမကောင်းတော့ သူကိုဆေးသွင်းရတယ်၊ ဟန်နီဦးကိုယ်တိုင်ကလည်း အဆုတ်ပွတဲ့သဘောမျိုးဖြစ် ပြီးတော့ အန်တယ်ဗျာ၊ ချောင်းတွေဆိုးပြီး လည်ချောင်းက အသက်ရှူကြပ်ကြပ်နေတယ်"

ကျောင်းသားတွေကို ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နဲ့ ကျန်းမာရေးဆိုးရွားနေသူတွေကို မိသားစုတွေ က ဆေးကုသခွင့်ရဖို့အတွက် ဖမ်းဆီးခံကျောင်းသားမိဘတွေအားလုံး တိုင်ပင်ပြီး ထောင်အာဏာပိုင်ကို တောင်း ဆိုသွားဖို့ရှိတယ်လို့လည်း ဦးထွန်းဦးက ပြောပါတယ်။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြ ခဲ့ကြတဲ့ ကျောင်သားသပိတ်စစ်ကြောင်းကို ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့က လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းခဲ့ပြီးနောက် လက်ရှိမှာ ကျောင်းသားကျောင်းသူ ၅၈ ဦး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံနေရဆဲ ဖြစ်ပါတယ်။

ဒီအတောအတွင်း လွှတ်တော်ထဲက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရတဲ့ တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူ တို့ကို ဒီကနေ့ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်တဲ့ ပန်းဘဲတန်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးကို စစ်ဆေးခဲ့ပါတယ်။ တရားလိုဘက်က ကျောင်းသား ၂ဦးဟာ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေကြောင်း တင်ပြရာမှာ အထောက်အထားမခိုင်လုံဘူးလို့ ကျောင်းသားတွေရဲ့ ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။ ကိုပိုင်ရဲသူနဲ့ ကိုဇေယျာလွင်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ၅ ကြိမ်မြောက်ရုံးထုတ်ခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ် တရားလိုအဖြစ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးကို စတင်စစ်ဆေး ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ကိုပိုင်ရဲသူနဲ့ ကိုဇေယျာလွင်တို့ဟာ တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ကနေ ထွက်သွားဖို့ ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့ကနေ မြို့တော်ခန်းမရှေ့ထိ တောင်းဆိုဆန္ဒပြခဲ့တဲ့အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/students-urge-to-action-police-08252015105651.html


WalkCar

ကျော့မော့လှပနေတဲ့ ဒီတကိုယ်ရည်သုံး သွားလာရေးယာဉ် အငယ်စားလေးကို သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွေမှာပဲ ရှိသင့်တယ်လို့ မမြင်လိုက်ပါနဲ့နော်။ ဒီလမ်းလျှောက်ကားလေးကို တိုကျိုမြို့က လမ်းတွေပေါ်မှာ မကြာခင်မှာဘဲ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ အပေါ့စား အလူမီနီယမ်ပြားဟာ အမြန်နှုန်းနဲ့ဆိုရင် အားသွင်းပြီးအချိန်မှာ တနာရီကို ၁၀ ကီလိုမီတာနှုန်းနဲ့ ၁၂ ကီလိုမီတာ အကွာအဝေးထိ သွားလာနိုင်မှာ ဖြစ်ပါတယ်။ အိတ်ဆောင်သွားလာရေးယာဉ်အတွက် ကုမ္ပဏီတခုက ထောက်ပံ့ပေးနေတာပါ။ Cocoa Motors ကုမ္ပဏီက ဒီယာဉ်ကို အိတ်ငယ်လေးအတွင်းမှာ ၀င်ဆန့်နိုင်အောင် ဒီဇိုင်းထွင်ထားပါ။

“ကျနော်တို့ရဲ့ ယာဉ်တွေကို အိတ်တွေထဲမှာထည့်ပြီး သယ်လို့ရရင် ကောင်းမှာပဲ။ ကျနော်တို့ စီးနင်းဖို့အတွက် ကျနော်တို့ဆီမှာ အမြဲတမ်း တခုခုရှိနေတဲ့သဘောပဲ မဟုတ်လား” လို့ တွေးမိတယ်။ ကျနော့်သူငယ်ချင်းက အဲဒီယာဉ်မျိုးတခု လုပ်ကြည့်ဖို့ ကျနော့်ကို ပြောတယ်။”

ပါကင်ထိုးဖို့နေရာအတွက်လည်း ပူစရာ မလိုတော့ပါဘူး။ ဒီယာဉ်ကို ထိန်းကျောင်းရလည်း လွယ်ကူပါတယ်။ လားရာပြောင်းဖို့အတွက် စီးနင်းသူက ဟန်ချက်လိုက်ပြောင်းပေးရုံပါပဲ။ ပြိုင်ဘက်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Segway နဲ့ Toyota’s Winglet ကုမ္ပဏီတို့ကို ဒီယာဉ်က အနိုင်ပိုင်းနိုင်မှာဖြစ်ကြောင်း Cocoa Motors က ဆိုပါတယ်။

“လမ်းလျှောက်ကားက ထုတ်ကုန်အသစ်စက်စက်တခုပါ။ အကြမ်းထည်ကနေ စပြီး လုပ်ခဲ့ရတာပေါ့။ ဂျပန်ဟာလည်း တီထွင်နိုင်စွမ်းရှိတယ် ဆိုတာကို ကမ္ဘာကို သိစေချင်တာပါ။”

သွားလာဖို့အတွက် ပျော်စရာကောင်းရုံတင် မကပါဘူး။ လမ်းလျှောက်ကားဟာ ဘီးတပ်ကုလားထိုင်ကို လူတွေ အသာလေး ကူပြီးတွန်းပေးနိုင်အောင် စွမ်းအင်အလုံအလောက် ရှိပါတယ်။ လမ်းလျှောက်ကားကို ထောက်ပံ့ငွေ အများကြီးရနိုင်မယ့် Kickstarter မှာ ဒီနှစ်နှောင်းပိုင်းရောက်ရင် စတင်ဖြန့်ဖြူးမှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

မြို့၏ သောက်ရေမှာ ဘေးကင်းကြောင်း ကြေညာထားခဲ့သော်လည်း တီယန်ကျင်း ဆိပ်ကမ်း ပေါက်ကွဲမှုနေရာအနီး ရေများတွင် ဆိုင်ယာနိုက်ပါဝင်မှုမှာ လက်ခံနိုင်သည်ထက် ၂၇၇ ဆမြင့်တက်လာခဲ့ကြောင်း တရုတ်အာဏာပိုင်များက သတိပေးတားမြစ်ခဲ့သည်။

စက်မှုလုပ်ငန်းများ ဘေးကင်းလုံခြုံရေးတိုးမြှင့်ရန် ဘေကျင်းရှိ တရုတ်ခေါင်းဆောင်များ၏ ဖိအားပေးမှုအရ ဒေသအစိုးရကလည်း ပြောကြားခဲ့သည်မှာ လူ ၁၁၄ ဦးသေဆုံး ခဲ့ရသည့် ပေါက်ကွဲမှုများကြောင့် ပြီးခဲ့သည့် သီတင်းပတ်က နေထိုင်သူ ထောင်ပေါင်း များစွာ ရွှေ့ပြောင်းစေခဲ့သည့် နေရပ်မှ ဝေးရာသို့ ဓာတုစက်ရုံများ ပြောင်းရွှေ့ နေရာ ချမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စက်မှုလုပ်ငန်းများ ဘေးကင်းလုံခြုံရေး စည်းမျဉ်းဥပဒေများ ပိုမိုအကောင်အထည်ဖော် ရန်နှင့် စောင့်ကြည့်လေ့လာမှုများ ပိုမိုလုပ်ဆောင်ရန် ကြာသပတေးနေ့ အထူးအစည်းအဝေး တွင် တရုတ်စည်းမျဉ်းထုတ်ပြန်ရေး ကော်မတီက အဆင့်အသီးသီးရှိ အစိုးရများကို စေခိုင်း ခဲ့သည်။

ယမန်နေ့မတိုင်မီက ပြုလုပ်သည့် စမ်းသပ်ချက်များက ကြောက်မက်ဖွယ် ပေါက်ကွဲမှု များနောက်ပိုင်း ပေါက်ကွဲမှု နေရာအနီး ရွှေ့ပြောင်းဒေသရှိ မြစ်၊ ပင်လယ်နှင့် ညစ်ညမ်းရေ များတွင် ဆိုင်ယာနိုက်ပါဝင်မှု သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန် ခဲ့သည့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဗျူရိုမှ အစီရင်ခံစာတစ်ခုက ဆိုပါသည်။

မိုးရေခံပိုက်အ၀ စမ်းသပ်မှုတစ်ခုက လက်ခံနိုင်သည်ထက် ၂၇၇ ဆ ပိုမိုသည့် ဆိုက်ယာနိုက် ပါဝင်မှုကို မှတ်သားခဲ့ရသည်ဟု ဆိုပါသည်။

သို့သော် တီယန်ကျင်းရှိ သောက်ရေများက အမျိုးသားအဆင့် သတ်မှတ်ချက်များ ပြည့်မီ ပါသည်ဟု ကျန်းမာရေးအာဏာပိုင်များ၏ သီးခြားထုတ်ပြန်ချက်အရ သိရှိရသည်။
နောက်ဆုံး ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် သိုလှောင်ရုံ အတွင်း ကြောက်မက်ဖွယ် ဆိုဒီယမ် ဆိုင်ယာနိုက်ဓာတုပစ္စည်းများ တန် ၇၀၀ ခန့် ရှိခဲ့ကြောင်း အစိုးရက အတည်ပြုသွားခဲ့သည်။

ကမ္ဘာတွင် ၁၀ ခုမြောက် အစည် ကားဆုံး ဆိပ်ကမ်းမြို့ဖြစ်သည့် တီယန်ကျင်းသည် ဓာတုစက်ရုံများကို ၂၅ ကီလိုမီတာ ၁၅.၅ မိုင် အကွာရှိ နန်ကန်းစက်မှုဇုန် သို့ ရွှေ့ပြောင်းနေရာချထားမည်ဖြစ်သည်။

PKT

The Ladies News Journal


အမျိုးသားပညာရေး ဥပဒေပြင်ဆင်သည့်ဥပဒေမူကြမ်း အတည်ပြုနိုင် ရေးအတွက် ဆန္ဒဖော်ထုတ်ရာမှ လက်ပံတန်းမြို့နယ်၌ ဖမ်းဆီးခံခဲ့ရသူများ၏ ၁၈ ကြိမ်မြောက် ရုံးချိန်းအား သြဂုတ် လ ၁၈ ရက်နေ့တွင် သာယာဝတီမြို့နယ် တရားရုံး၌ စစ်ဆေးခဲ့ပြီး ယင်းအမှုမှာ အချိန်ကြာမြင့်နိုင်ကြောင်း သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးအေးသိန်းက ပြောကြားလိုက်သည်။

သာယာဝတီမြို့နယ် တရားရုံးတွင် ၁၈ ကြိမ်မြောက် စစ်ဆေးခဲ့သော ရုံးချိန်းတွင် တရားလိုရဲမှူးဖုန်းမြင့်ကို သာ အပြန်အလှန် မေးခွန်းများမေးခဲ့ကြပြီး အစိုးရသက်သေ ၄၂ ဦးနှင့် ဖမ်းဆီးခံထားရသူများကိုပင် စစ်ဆေးရန်မှာ အချိန်ကြာမြင့်စွာ လိုအပ်နေခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

လက်ရှိနိုင်ငံရေး အခြေအနေသည် ရွေးကောက်ပွဲမတိုင်ချိန် လွှတ်တော်နှင့် အစိုးရတို့၏ အားပြိုင်မှုများကြောင့် စိုးရိမ်ဖွယ်ဖြစ်နေပြီး ၂၀၁၅ ရွေးကောက် ပွဲပြီးပါက အားပြိုင်မှုများစွာ ဖြစ်ပေါ်လာပြီး ကောင်းသောနိုင်ငံရေးအလားလာသို့ ကူးနိုင်ကြောင်း အမျိုးသား ပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေမူကြမ်း အတည်ပြုနိုင်ရေးအတွက် ဆန္ဒဖော်ထုတ်သဖြင့် ကျောင်းသားနှင့် ၀န်းရံပြည်သူများ ဖမ်းဆီးခံရစဉ်က ၁၂၇ ဦးရှိပြီး၊ လက်ရှိ သာယာဝတီထောင်အတွင်း ဖမ်းဆီးခံထားရသူ ၅၄ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

MMK
The Ladies News Journal

“BCA လက်မှတ်မထိုးသည့် အဖွဲ့များအနေဖြင့် စည်းကမ်းမလိုက်နာဘဲ အစိုးရ အုပ်ချူပ်ရေးယန္တရားနှင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ထိခိုက်လာမည်ဆိုပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေဦးစီးချူပ်မင်းအောင်လှိုင်က ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Andrew Silas Patrick အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားထားကြောင်း ယင်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူချက် NCA ကို လက်မှတ်ထိုးပြီးပါက လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း (D.D.R)၊ လုံခြုံရေး ကဏ္ဍပြုပြင်ပြောင်းလဲရေး (SSR) လုပ်ငန်းစဉ်များကို မဖြစ်မနေ ညှိနှိုင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်း သွားမည်ဖြစ်သဖြင့် ဒီမိုကရေစီ အနှစ်သာရ ပြည့်စုံမှုရှိအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ယင်းအတွက် NCA လက်မှတ်မထိုးသည့် အဖွဲ့များအား အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတိပေးပြောခြင်းဖြစ်ကြောင်း သိရသည်။

ယင်းက “လက်မှတ်မထိုးသည့်အဖွဲ့များ အနေဖြင့်လည်း စည်းမျဉ်းစည်းကမ်းကို မလိုက်နာဘဲ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်လာမည်ဆိုပါက အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း” ပြောထားကြောင်း သိရသည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးရရှိရန် အမှတ်တကယ်လိုလားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း ငြိမ်းချမ်းရေး အမှန်တကယ် လိုလားစိတ် ရှိရန် လိုအပ်ကြောင်းနှင့် ငြိမ်းချမ်းရေးရယူပြီးပါက ဥပဒေနှင့်အညီသွားရန် ဆန္ဒရှိရန် လိုအပ်ကြောင်း ပြောထားကြောင်း ဖော်ပြချက်အရသိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းကို လက်ခံသည် ဆိုပြီး လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်၍ မဖြစ်နိုင်ကြောင်း၊ ဥပဒေနှင့်အညီ လက်နက်ကိုင်သည့် စနစ်ကိုသာ ဖော်ဆောင်ရမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီး ချူပ်ကဆိုသည်။

ဗြိတိန်သံအမတ်ကြီးက ဒီမိုကရေစီ အသွင်ကူးပြောင်းရာတွင် တပ်မတော်က လက်ရှိ ဒီမိုကရေစီဖြစ်စဉ်များမှ လုံးလုံးလျားလျား ထွက်ခွာသွားရမည် ဆိုသည့် ပြည်ပနေထိုင် သူအချို့၏ ယူဆနေမှုနှင့်မတူဘဲ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကာလ၌ တပ်မတော်၏ အခန်းကဏ္ဍ လွန်စွာအရေး ကြီးပြီး ခိုင်မာစွာတည်ရှိနေရန် လိုအပ်သည်ကို နားလည် သဘောတူသည်ဟု ဆိုသည်။

ယင်းကဆက်လက်ပြီး အပစ်အခတ် ရပ်စဲရေးစာချုပ်အပေါ် မိမိတို့ယုံကြည်မှု ရှိပါကြောင်း၊ အဆွေတော်တို့ဘက်မှပေးထားသည့် ကတိက၀တ်များကိုလည်း တွေ့ရှိရပါကြောင်း၊ အပစ် အခတ် ရပ်စဲရေးကိစ္စ အောင်မြင်မည်ဟု ယူဆပါကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းဟန်

The Ladies News Journal

လာမည့် ရွေးကောက်ပွဲက ဒီမိုကရေစီ အဆင့်တစ်ဆင့် မြင့်မား လာနိုင်သည့် အရေးကြီး အဆင့်တစ်ဆင့် အဖြစ် ဒီမိုကရေစီ လိုလားသူအပေါင်းက ဒီမိုကရေစီ ခေါင်းဆောင်ကို မဲပေးဖို့ ပြင်ဆင်နေကြချိန်မှာ ကာကွယ်ရေး ဦးစီးချုပ်က ရွေးကောက်ပွဲ အလွန်နှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားများကို ပြောဆိုခဲ့သည်။
၂၁ သြဂုတ် ၂၀၁၅ နေ့က ဂျပန် သတင်းဌာန အဆာဟိ ရှင်ဘွန်းနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောခဲ့တာ ဖြစ်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိသည် ဆိုပါက တပ်မတော်က လက်ခံသွားမည်ဟု ဆိုသည်။
“ရွေးကောက်ပွဲမှာ မဲ အများစုကို ရတဲ့သူက အစိုးရဖွဲ့ဖို့ အတွက် အခွင့်အရေး ရတဲ့ အဖွဲ့အစည်းပဲ၊ ပါတီ တစ်ပါတီ တည်းလည်း ဖြစ်ရင်ဖြစ်မှာပေါ့၊ နှစ်ပါတီလည်း ဖြစ်ရင် ဖြစ်မှာ ပေါ့၊ ပေါင်းရင်လည်း ပေါင်းတာ ဖြစ်မှာပေါ့၊ ဒါကတော့ ပြောလို့ မရဘူး၊ ဘယ်သူ ဖြစ်ဖြစ်ပါ၊ ဥပဒေအရ သွားရမှာပဲ၊ ရွေးကောက် ပွဲ ကော်မရှင်က ဒီပါတီက အနိုင်ရတယ်လို့ ပြောရင် အဲဒီ ရလဒ်ကို ကျွန်တော်တို့ လက်မခံလို့ မရဘူး၊ လက်ကို လက်ခံရမှာပဲ၊ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဒါကို မှန်မှန် ကန်ကန် လုပ်ဖို့ ဆောင်ရွက်နေတာပဲ၊ ရွေးကောက်ပွဲ ကော်မရှင် က ဆုံးဖြတ်ပြီး တင်ပြလာတဲ့ဟာကို ကာကွယ်ရေး ဦးစီးချုပ်က လက်ခံမှာပဲ” ဟု ဆိုပါသည်။
၁၉၉၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ကာလ တုန်းကလည်း ထိုစဉ်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး စောမောင်က သည်လို ကတိစကားမျိုး ပြောဖူးသည်။ “အများစုနိုင်တဲ့ ပါတီ တစ်ပါတီလား၊ ညွန့်ပေါင်းလား အစိုးရဖွဲ့ နိုင်ရင် ဖွဲ့ ကြ၊ အခြေခံ ဥပဒေကို ဆွဲကြမလား၊ ၄၇ လား၊ ၇၄ လား၊ အသစ် ပြန်ရေးမလား၊ ဒါက နိုင်တဲ့သူတွေက လုပ်ကြ၊ တပ်မတော်ကတော့ ဒီထဲ မပါဘူး၊ စစ်တန်းလျားကို ပြန်သွား မယ်”
အဲသည်တုန်းက တပ်မတော်၏ အကြီးဆုံးပုဂ္ဂိုလ်က ပြောကြားသည့် တပ်မတော်၏ သဘောထား အဖြစ် ပြည်သူ တို့ ယုံမှတ်မှားခဲ့ကြဖူးသည်။
သို့သော်လည်း ရွေးကောက်ပွဲ အပြီး အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရ သည့်အခါမှာ တပ်မတော် ခေါင်းဆောင်၏ စကားတို့က လေထဲ မှာ ပျောက်ပျက်သွားခဲ့ဖူးသည်။
သည်ကနေ့ တပ်မတော် ခေါင်းဆောင်က သည်လို စကားပြောပြန်ပြီ။ တစ်ခုတော့ ကွာခြားတာ ရှိသည်။ ယနေ့ တပ်မတော် ခေါင်းဆောင်က ရွေးကောက်ပွဲပြီး၊ အစိုးရဖွဲ့ ပြီးသည်နှင့် စစ်တန်းလျားသို့ ပြန်သွားမည် ဆိုတာကို ထည့် မပြော၊ တပ်မတော်က တပ်မတော် တာဝန်ကို ဆက်လက် ထမ်းဆောင်သွားမည်ဟု ဆိုသည်။
သူဆိုလိုသည့် တပ်မတော် တာဝန်ဆိုသည်က အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားသည့် အတိုင်း တာဝန်ယူသွားမည်ဟု ဆိုလိုတာ ဖြစ်သည်။ ဒီမိုကရေစီ စနစ်မှာ လက်နက်ကိုင်ပြီး နိုင်ငံ့အာဏာ ယူထားတာ၊ အုပ်ချုပ်ရေးမှာ ၀င်ရောက် ပတ်သက်တာတွေဟာ မဖြစ်သင့်ဘူး ဆိုတာကိုလည်း ကာကွယ်ရေး ဦးစီးချုပ်က ယုံကြည်ကြောင်း ပြောဆိုသွား ခဲ့သည်။ သို့သော်လည်း အခြေခံ ဥပဒေ အရ ကာလုံမှာ အများစု ပါဝင်နေမှု၊ ၀န်ကြီးဌာန အချို့မှာ ဆက်လက် ပါဝင် နေမှုနှင့် လွှတ်တော်တွင်း၂၅ ရာခိုင်နှုန်းတို့ကတော့ ဆက်လက် တည်ရှိနေမည်ဟု ဆိုလိုတာ ဖြစ်သည်။
ဤသည်တို့နှင့် တစ်ဆက်တည်း “တိုင်းပြည်ကို တကယ် အကျိုးရှိအောင် လုပ်ဆောင်ပေးမည့် လူပုဂ္ဂိုလ်နှင့် ပါတီကို တပ်မတော်သားများ အနေနှင့် မိမိ ဆန်္ဒအတိုင်း မဲပေးနိုင် ကြောင်း၊ တပ်မတော်သား တစ်ဦးချင်းစီမှာ မဲပေးပိုင်ခွင့် ရှိကြောင်း၊ တစ်ဦးချင်းစီ၏ ဆန်္ဒပေါ်မှာပဲ တည်ကြောင်း” တို့ကို လည်း ပြောခဲ့သည်။
မည်သို့ပင် ဖြစ်စေ၊ လက်ငင်း အနေအထား အရ တပ်မတော် ခေါင်းဆောင်၏ ကတိစကားကို တည်ကြည်ဖို့ မျှော်လင့်ရင်း တပ်မတော်သားများ အပါအ၀င် မြန်မာ ပြည်သူ လူထု အပေါင်းတို့က မြန်မာနိုင်ငံ၏ အနာဂတ် ကောင်းမွန် တောက်ပရေး အတွက် ကိုယ်ကျိုး မကြည့်သော၊ တိုင်းပြည် အပေါ် စိတ်စေတနာ မှန်ကန်သော၊ အပြောင်းအလဲ အစစ် အမှန်ကို ဆောင်ရွက်မည် ဖြစ်သော နိုင်ငံရေးပါတီကို ရွေး ချယ်ပြီး ၁၉၈၈ ဒီမိုကရေစီ စိတ်ဓာတ်နှင့် ဒီမိုကရေစီ အလံကို မြင့်မြင့်လွှင့်ထူကာ မဲပေးကြရမည်ဟု ထင်မြင်မိပါကြောင်း။

ပြည်သူ့အရေး အယ်ဒီတာ
၂၄၊သြဂုတ်၊၂၀၁၅
ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၁၊ အမှတ် - ၄၈ အယ်ဒီတာ့အာဘော် ...

မဲဆန္ဒရှင်စာရင်းမှာ သူ့နာမည်ကို ရှာနေသူ
မဲဆန္ဒရှင်စာရင်းမှာ သူ့နာမည်ကို ရှာနေသူ

အပြီးသတ် မဲဆန္ဒရှင်စာရင်းတွေကို လာမယ့် စက်တင်ဘာလထဲမှာ ထုတ်ပြန်နိုင်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ပြောဆိုပါတယ်။ မူလက သြဂုတ်လကုန်ပိုင်းမှာ အတည်ပြု မဲစာရင်းတွေကို ထုတ်ပြန်ဖို့ လျာထားပေမဲ့ မဲစာရင်း ပြုစုမှုတွေ မပြီးပြတ်သေးတာကြောင့် ထုတ်ပြန်မယ့်ရက် နောက်ဆုတ်လိုက်ရတာ ဖြစ်ပါတယ်။

နိုင်ငံတ၀ှမ်း ရေဘေးကြောင့် မဲစာရင်း ပြုစုမှုတွေမှာရော မဲစာရင်း စိစစ်မှုတွေပါ ပိုပြီး အချိန်ယူ လုပ်ဆောင်နေကြရတဲ့ အခြေအနေတွေကိုတော့ မသိင်္ဂီထိုက် က စုစည်း တင်ပြထားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု မဲစာရင်းတွေကို မူလက သြဂုတ်လ ကုန်ပိုင်းမှာ အသိပေး ထုတ်ပြန်မယ်လို့ ဒီလ ၄ ရက်နေ့က ကြေညာခဲ့ပေမဲ့ အခုတော့ နောက်လ စက်တင်ဘာလထဲမှာမှ ထုတ်ပြန်နိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပါတယ်။ နိုင်ငံတ၀ှမ်း ရေဘေးသင့်ခဲ့ကြသူ အတော်များများက မဲပေးခွင့် ရဖို့ အတွက် အရေးကြီးတဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေနဲ့ အိမ်ထောင်စု စာရင်းတွေ ပျောက်ဆုံး ပျက်ဆီးခဲ့ကြရသလို ရေဘေးဆိုးဆိုးရွားရွား သင့်ခဲ့ပြီး အရေးပေါ် ကြေညာခဲ့ရတဲ့ စစ်ကိုင်းတိုင်း အတွင်းမှာလည်း မဲစာရင်း စိစစ်မှုတွေမှာ အခက်အခဲ တချို့ ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့နေရာကတော့ စောစောပိုင်းကတော့ ယင်းမာပင်ခရိုင်ထဲမှာ ကနီ တို့ဘာတို့မှာ ကျေးရွာအုပ်စု ၅ အုပ်စုလောက် နည်းနည်း အခက်အခဲ ရှိတာပေါ့။ ကလေးမှာလည်း ၈ အုပ်စု၊ ၁၀ အုပ်စုလောက်တော့ အခက်အခဲရှိတယ်။ ဒါပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ၊ စာရင်းတွေ အားလုံးရပါတယ်။ ကျနော်တို့က ပထမတော့ လကုန်အပြီး၊ ပစ်မှတ်ထားပြီး လုပ်နေတာပေါ့နော်။ လုပ်နေတော့ ခုနပြောတဲ့ ကလေးတို့၊ ဘာတို့တော့ နည်းနည်းလေး အခက်အခဲရှိတော့ သူတို့ကတော့ ပထမတော့ နည်းနည်းလေး နောက်ကျမယ်။ ဒါပေမဲ့ ကျနော်ထင်ပါတယ်၊ လကုန်ရက်ပိုင်းလောက်တော့ ပြီးကောင်းပြီးသွားပါလိမ့်မယ်။ ကျနော်တို့ စာရင်းယူထားတာက စောစောပိုင်းကတည်းက ယူထားတာလေ။ မဲဆန္ဒအခြေခံစာရင်းကလည်း စောစောရထားတယ်။ နောက်ထပ် အဲဒီမှာ ကျန်ခဲ့တဲ့ စာရင်းတွေကလည်း စောစောပိုင်းက ယူထားတာဆိုတော့၊ ရေမကြီးခင်က ယူထားတဲ့ စာရင်းတွေဆိုတော့ ပြဿနာ မရှိပါဘူး။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ အခြေခံ မဲဆန္ဒရှင် စာရင်းမှာလည်း ဆိုးဆိုးရွားရွား မှားယွင်းမှုတွေကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက လုပ်ဆောင်နေတဲ့ နိုင်ငံတ၀ှမ်း မဲစာရင်းစိစစ်ရေး လုပ်ငန်းတွေဟာလည်း ရေဘေးကြောင့် နှောင့်နှေးခဲ့ရပေမဲ့ ဆက်ပြီး လုပ်ဆောင်နေတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန် က ပြောပါတယ်။

“ဟုတ်တယ်၊ ကျနော်တို့ မဲစာရင်း စိစစ်တာတော့ လုပ်ပါတယ်ခင်ဗျ၊ လုပ်နေတုန်းပါပဲ။ သဘာဝဘေးအန္တရာယ် ဖြစ်လာတဲ့အခါကျတော့ အဲဒီနေရာတွေမှာက မဲစာရင်းတွေက ကျနော်တို့က တချို့စစ်ဆေးပြီးသား နယ်တွေပေါ့ခင်ဗျာ။ စစ်ဆေးပြီးသား နယ်တွေမှာပဲ ရေကြီးတာတွေ၊ ဘာတွေ ဖြစ်သွားတော့ သူတို့က ဘာဖြစ်သွားလဲဆိုတော့ ဒုက္ခသည်စခန်းတွေ ရောက်သွားကြတာပေါ့နော်။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကျနော်တို့ အဆင်ပြေပါတယ်ခင်ဗျ၊ တတ်နိုင်သလောက်ပေါ့လေ၊ သူတို့လည်း တတ်နိုင်သလောက်တော့ ကူညီပါတယ်ခင်ဗျ၊ မဲစာရင်းစိစစ်တာကို။”

နိုင်ငံတ၀ှမ်း ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုတို့မှာ ၂ လ နီးပါးကြာ ကြုံတွေ့ခဲ့ရတဲ့ ရေဘေးကြောင့် မှတ်ပုံတင် အထောက်အထားတွေ ပျောက်ဆုံး ပျက်စီးခဲ့ရသူ ဘေးသင့်ပြည်သူ ၁ သန်းခွဲကျော်အတွက် ရွေးကောက်ပွဲ မကျင်းပမီ သီတင်းတပတ် အလိုလောက်မှာ မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေကို ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်တွေထံက ထုတ်ယူပြီး မဲပေးနိုင်တယ်လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသိပေးထားပါတယ်ရှင်။

မသိင်္ဂီထိုက်/ VOA
http://burmese.voanews.com/content/voters-lists/2931539.html


  ရန်ကုန် သြဂုတ် ၂၅

  မြန်မာနိုင်ငံ တွင် ငွေလဲဈေးနှုန်း ကောင်တာများ၏ ဈေးကွက်နည်း ပါးနေသောကြောင့် ပြင်ပငွေလဲ ဈေးကွက်ကြီး စိုးနေဆဲဖြစ်ရာ ဗဟို ဘဏ်၏ငွေလဲနှုန်း သတ်မှတ်ချက် မှာလည်း ဆက်လက် မြင့်တက်နေ ဖွယ်ရှိကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုကပြော သည်။
''ဗဟိုဘဏ် ကိုယ်တိုင်က ပြင်ပ ဈေးကိုကြည့်ပြီး ငွေလဲဈေးနှုန်းဖွင့် နေတယ်လို့ထင်ပါတယ်။ အဓိက ပြဿနာကဈေးကွက်လိုအပ်ချက်နဲ့ မြန်မာငွေတန်ဖိုးကို မထိန်းချုပ်နိုင် လို့ပါပဲ''ဟု ၄င်းက ဆက်ပြော သည်။

ယခုတစ်ပတ်အတွင်း မြန်မာ ကျပ်ငွေနှင့် ဒေါ်လာလဲလှယ်မှုဈေး နှုန်းမှာ တစ်ဒေါ်လာလျှင် ပြင်ပ ပေါက်ဈေး မြန်မာကျပ်ငွေ ၁၃ဝဝ ဝန်းကျင်အထိရောက်ရှိလာရာ အ ထွေထွေရွေးကောက်ပွဲ ကျင်းပချိန် အထိ ဆက်လက်မြင့်တက်ဖွယ်ရှိ ကြောင်း ပြင်ပငွေလဲအကျိုးဆောင် များက သုံးသပ်သည်။

''တစ်ဒေါ်လာကို ကျပ် ၁၅ဝဝ လောက်အထိ ရောက်လာနိုင်ပါ တယ်။ ဘာကြောင့်လဲဆိုရင် လတ် တလောမှာက အိမ်ခြံမြေဈေးကွက် တွေက အေးနေတယ်။ ကုန်သွယ်မှု ဘက်ကလဲ သွင်းကုန်ဆက်တက် နေပါတယ်''ဟု ရန်ကုန်မြို့ရှိ ပြင်ပ ငွေလဲအကျိုးဆောင်တစ်ဦးက ပြော သည်။

ဗဟိုဘဏ်၏ငွေလဲနှုန်းများမှာ လည်း ပြင်ပဈေးကွက်အတိုင်း ဆက်လက်မြင့်တက်မှုဖြစ်ပေါ်နိုင် ကြောင်း ငွေလဲဈေးကွက်ကျွမ်း ကျင်သူများက ပြောသည်။

''ဗဟိုဘဏ်အနေနဲ့ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ငွေလဲနှုန်း သတ်မှတ်ရမှာပါ။ ငွေလဲနှုန်းနဲ့ ပတ်သက်တဲ့လုပ်ငန်းစဉ်တွေမှာ ဘာအားနည်းချက်တွေရှိသလဲဆို တာ ပြန်လည်သုံးသပ်သင့်ပါပြီ'' ဟု စီးပွားရေးပညာရှင်ဒေါက်တာ မောင်မောင်စိုးကပြောသည်။

နိုင်ငံတကာဈေးကွက်အတွင်း ဒေါ်လာငွေတန်ဖိုးမြင့်တက်လျက် ရှိသော်လည်း မြန်မာနိုင်ငံရှိ ငွေလဲ လှယ်မှုနှုန်းမှာ ဆက်တိုက်မြင့်တက် လျက်ရှိရာ အစိုးရသစ်လက်ထက် ကာလအတွင်း အမြင့်ဆုံးအနေအ ထားသို့ရောက်ရှိလျက်ရှိသည်။

ယခုတစ်ပတ်အတွင်း တစ်ဒေါ် လာလျှင် မြန်မာကျပ်ငွေ ၁၂၈ဝ အထိ ဗဟိုဘဏ်က တိုးမြင့်သတ် မှတ်ခဲ့ပြီး ပြင်ပငွေလဲဈေးနှုန်းမှာ ကျပ် ၁၃ဝဝ ဝန်းကျင်အထိရှိ ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်
The Union Daily
http://uniondaily.net