08/29/15
တပ်မတော်ကားတွေနဲ့ တပ်ခွဲတွေ၊ တပ်ရင်းတွေ ပြောင်းတဲ့အခါမှာ ဒီဘင်္ဂါလီတွေကို ပိုက်ဆံယူပြီးတော့ ပြောင်းနေတာတွေကို မျက်စိနဲ့မြင်ဖူးတယ် …
ရန်ကုန်၊ သြဂုတ် ၂၆
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ သက္ကယ်ပြင်နှင့် သဲချောင်း ကယ်ဆယ်ရေး စခန်းများမှ တပ်မတော်ယာဉ်များဖြင့် လိုက်ပါလာကာ ပန်းတောင်းမြို့မှတစ်ဆင့် ရန်ကုန်သို့ ၀င်ရောက်လာသော ဘင်္ဂါလီအမျိုးသား(၅)ဦးနှင့် အမျိုးသမီး (၅)ဦးကို သြဂုတ်လ(၂၂)ရက်ညက မှော်ဘီမြို့နယ် အမှတ်(၄)လမ်းဆုံရှိ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများတွင် ဖော်ပြပါရှိသည်။
ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီလူမျိုးများကို စစ်တွေမြို့မှ သြဂုတ်လ ၂၀ ရက် ညပိုင်းတွင် တာလပတ်အလုံပိတ် ထားသည့် စစ်ရောင် FAW ကားများဖြင့် ဘင်္ဂါလီလူမျိုး ၂၉ ဦးကို ကလေးတစ်ဦးလျှင် ငွေကျပ်ခြောက်သိန်းနှင့် လူကြီးတစ်ဦးလျှင် ငွေကျပ် ၁၂ သိန်းဖြင့် အခငွေယူ တင်ဆောင်ကာ ရန်ကုန်-စစ်တွေ လမ်းမှတစ်ဆင့် ပန်းတောင်းမြို့သို့ ပို့ဆောင်ခဲ့ကာ ယင်းမှထပ်မံ၍ အိမ်စီးကား သုံးစီးဖြင့်ခွဲဖြန့်ကာ ရန်ကုန်သို့ ၀င်ရောက် လာချိန်တွင် ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ ဖြေကြားမှုအား ကိုးကား၍ သြဂုတ်လ ၂၅ ရက်ထုတ် The Voice Daily တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဘင်္ဂါလီ အရေးနှင့် ပတ်သက်လာလျှင် အသုံးအနှုန်းနှင့် သက်ဆိုင်သည့် အကြောင်းချင်းရာများကိုပင် နိုင်ငံတကာ မှ ဝေဖန်ပြောကြားမှုများ ရှိလာတိုင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တစ်ဆင့် အလျှင်အမြန် တုံ့ပြန်မှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ ပြည်တွင်းတွင် တပ်မတော်ပိုင် ကားများဟု ယူဆရသည့် ယာဉ်များပေါ်မှ ဘင်္ဂါလီ လူမျိုးများကို ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍မူ အစိုးရအနေဖြင့် သာမက သက်ဆိုင်ရာ ဖမ်းဆီးရမိသည့် အဖွဲ့အစည်းများကပါ တရားဝင် ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခြင်း မရှိသည့် အပေါ် ဝေဖန်မှု များရှိလာရာ ယင်းဝေဖန်မှုများကို စုစည်း၍ မြန်မာသံတော်ဆင့်မှ ဖော်ပြ လိုက်ပါသည်။
ဝိုင်းမော်
● ဦးအေးသာအောင် (ဗဟိုအလုပ်မှုဆောင်၊ ရခိုင်အမျိုးသားပါတီ)
မြန်မာနိုင်ငံမှာ ဘင်္ဂါလီပြဿနာက ရခိုင်ပြည်နယ် အတွက်ပဲဖြစ်ဖြစ် မြန်မာနိုင်ငံ အတွက်ပဲဖြစ်ဖြစ် တော်တော်ထိလွယ် ရှလွယ်တဲ့ ပြဿနာ တစ်ခုဖြစ်တယ်။ ဒီပြဿနာက မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့အတူ လာတယ်။ အင်္ဂလိပ် ကိုလိုနီခေတ်မှာ ဒီဘင်္ဂါလီတွေကို လယ်ယာ လုပ်သားအဖြစ် သွင်းခဲ့တာတွေလည်း ရှိတယ်။ ဖဆပလခေတ်မှာ ဖဆပလမဲအနိုင်ရဖို့ အဲဒီဘင်္ဂါလီတွေနဲ့ ပေါင်းပြီးတော့ သွင်းတယ်။ အမျိုးသား မှတ်ပုံတင် လုပ်ပေးခဲ့တာတွေရှိတယ်။ နောက်တော့ ငွေကြေးရှိတဲ့သူတွေက ရခိုင်ပြည်နယ်ကတစ်ဆင့် မြန်မာနိုင်ငံကို နည်းမျိုးစုံနဲ့ ခိုးဝင်ကြတယ်။ ငွေကြေးကို အကြောင်းပြုပြီးတော့ နည်းမျိုးစုံနဲ့ ရန်ကုန်ကို ၀င်ရောက်တယ်။ ရန်ကုန်မြို့မှာ နိုင်ငံသား မှတ်ပုံတင်တွေ လုပ်ပြီးတော့ နိုင်ငံသားအဖြစ် လုပ်ယူကြတယ်။ တကယ့်တကယ်ဆိုရင် မဖြစ်သင့်ဘူး။ မြန်မာနိုင်ငံမှ ၁၉၈၂ နိုင်ငံသား ဥပဒေရှိတယ်။ ဒီနိုင်ငံသား ဥပဒေအရပဲ တရားဝင် ပြုလုပ်ပြီးတော့ နိုင်ငံသား ဖြစ်ခွင့်ရသင့်တယ်။ အခုက လာဘ်ပေးလာဘ်ယူနည်းနဲ့ မြန်မာနိုင်ငံကို နည်းလမ်းအစုံနဲ့ ခိုးဝင်ကြတယ်။ နည်းမျိုးစုံနဲ့ ငွေကြေးပေးပြီး ခိုးဝင်နေတာတွေရှိတယ်။ တပ်မတော်ကားတွေနဲ့ တပ်ခွဲတွေ၊ တပ်ရင်းတွေ ပြောင်းတဲ့အခါမှာ ဒီဘင်္ဂါလီတွေကို ပိုက်ဆံယူပြီးတော့ ပြောင်းနေတာတွေကို မျက်စိနဲ့ မြင်ဖူးတယ်။ တပ်ရင်းတွေ တပ်ခွဲတွေ ပြောင်းတဲ့အခါမှာ ဒီဘင်္ဂါလီ မိသားစုတွေကို ကားနဲ့ခေါ်ပြီး ပြောင်းသွား တာမျိုးရှိတယ်။ ဒါတွေကမဖြစ်သင့်ဘူး။ ငွေကြေးပေးပြီး သယ်ဆောင်လာတာတွေ အခြားသူတွေ လုပ်တာ လည်းကြားဖူးတယ်။ အခုလိုတပ်က ဒီလိုလုပ်တာတွေကို မျက်စိနဲ့မြင်ဖူးကြတယ်။ သို့သော် အထောက်အထား ပြဖို့တော့ ခက်တယ်။ မလုပ်သင့်ဘူး။ ဒါကတစ်မျိုးသားလုံး အရေးဖြစ်တယ်။
● ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေ့နေ)
တပ်မတော်တစ်ခုလုံးရဲ့ သဘောထားတော့ မဖြစ်နိုင် လောက်ဘူးလေ။ အောက်ခြေက ဆောင်ရွက်တဲ့ လူတွေက သီးခြားသူတို့ ဘာသာသူတို့ ဆောင်ရွက်တာပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီဟာက တပ်မတော်ရဲ့ ဂုဏ်ကို ထိခိုက်စေတာမျိုး တိုင်းပြည်နဲ့ ထိပ်တိုက် ဖြစ်နေတဲ့ ပြဿနာတစ်ရပ်မှာ ဒီလို တရားမ၀င် လူတွေကို တပ်မတော်ဘက်က အဖွဲ့အစည်းတချို့ အရာရှိတချို့က ဒီလိုပါဝင် ပတ်သက်တယ်ဆိုရင် ဂုဏ်သိက္ခာ ထိခိုက် ညှိုးနွမ်းစေတဲ့အချက် ဖြစ်တာပေါ့။ အဲဒါကြောင့်မို့လို့ ထုတ်ပြန်မပေးတာလို့ ကျွန်တော်ထင်တယ်။ အဲဒီလိုပဲ ယူဆပါတယ်။
● ဒေါ်စုစုနွေး (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ)
မြန်မာနိုင်ငံ တရားဥပဒေနဲ့ ပြောမယ်ဆိုရင်တော့ ကျွန်မတို့ နိုင်ငံရဲ့ နှစ် ၆၀ လုံး အုပ်ချုပ်ခဲ့တဲ့ အုပ်ချုပ်ရေး ယန္တရားကြီးရဲ့ ဖျက်ဆီးမှုတွေကြောင့်၊ နောက်တစ်ခု ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ ဥပဒေရဲ့ ကာကွယ် စောင့်ရှောက်ခွင့်တွေ မရဘူး။ နိုင်ငံရဲ့ ကာကွယ်စောင့်ရှောက်မှုတွေ မရဘူး။ အခုလိုမျိုး ကိုယ့်မြန်မာ နိုင်ငံအတွင်းမှာ ရှိနေတဲ့ အများအကျိုးအတွက် လုပ်နေတဲ့ တောင်သူ လယ်သမားတွေကျတော့ နည်းမျိုးစုံနဲ့ ဖမ်းတယ်၊ ထောင်ချတယ်၊ အရေးယူတယ်၊ နည်းမျိုးစုံနဲ့ နှိပ်ကွပ်တယ်။ ကျွန်မတို့ နိုင်ငံသူနိုင်ငံ သား မြန်မာပြည် မှာမွေး မြန်မာပြည်မှာ ကြီးပြီးတော့ မြန်မာဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေတဲ့ သူကျတော့ ဘာအကာအကွယ်မှ မရဘူး။ ဒါကိုကြည့် ခြင်းအားဖြင့် ကျွန်မတို့နိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ စစ်မှန်တဲ့ လူ့အခွင့်အရေး ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်မှာကို လက်ရှိအစိုးရရော၊ စစ်အစိုးရရော၊ စစ်အာဏာရှင်နဲ့ အကြွင်းအကျန် စစ်တပ်တွေကပါ သူတို့ကိုယ်တိုင်က ဒီဥစ္စာကို မလိုလားဘူး ဆိုတာမျိုးကို ဖော်ပြနေတယ်လို့ ပြောလို့ရတယ်။
● ဦးဒေးဗစ်လှမြင့် (၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်)
တရားမ၀င် လူကုန်ကူးတာပဲ ဒီကိစ္စက။ အစိုးရက လူကုန်ကူးတာကို တိုက်ဖျက်တဲ့ဟာကို တရားဝင် ကြေညာ ထားတာလေ။ ဥပဒေလည်း ပြဋ္ဌာန်းထားတယ်လေ။ ဒါပေမဲ့ဒါက လူကုန်ကူးတယ် ခေါ်တယ်။ လူတွေကို တရားမ၀င် တစ်ဖက်နိုင်ငံက ကိုယ့်နိုင်ငံသား မဟုတ်တဲ့သူတွေကို အခကြေးငွေယူပြီးတော့ လုပ်တဲ့ကိစ္စပဲ။ ဒါကတော့ ရာဇ၀တ်မှုတစ်ခုပဲ။ ရာဇ၀တ်မှု ကျူးလွန်ခြင်းလို့ပဲ ဆိုရမှာပဲ။ ကျွန်တော်တို့ နိုင်ငံမှာ ပြဿနာတွေက တစ်ရက်တည်းနဲ့ ဖြစ်နေတာ ဒီပြဿနာတွေက ဒီလို ပြဿနာထဲမှာ တပ်မတော်ကဒီလို လုပ်တယ် ဆိုတာကြီး က မကောင်းဘူးပေါ့။ ဒါက မလိုအပ်တဲ့ အလုပ်ဗျ။ တပ်က ဘယ်လို လုပ်ထားလဲဆိုတော့ အခွင့်ထူးခံ လူတန်းစား တစ်ရပ်လို လုပ်ထားတာ။ တပ်ကလူတွေက ဥပဒေ ကျူးလွန်ရင် အရပ်ဘက်မှာ အရေးမယူဘဲနဲ့ စစ်တပ်ထဲမှာပဲ၊ တပ်ထဲမှာပဲဆုံးဖြတ်တဲ့ ကိစ္စတွေရှိတယ်။ ကိုပါကြီးကို အသတ်ခံရတဲ့ကိစ္စမျိုး၊ အရပ်ဘက်ရုံးမှာ တကယ်စစ်ရမယ့် ကိစ္စကို တပ်ဘက်ရုံးမှာတင် စစ်ပြီးတော့ သူတို့သဘောထားပဲ သူတို့ဆုံးဖြတ်ချက်ချတယ်။ ဒီလုပ်ရပ်ကတော့ တိုင်းပြည်မှာ ဥပဒေ ၂ မျိုး ဖြစ်နေတဲ့ သဘောဖြစ်နေတယ်။ ဥပဒေအောက်မှာ အားလုံးက အညီအမျှ ခံစားရတဲ့ နေရာမှာ ဥပဒေအောက်မှာ အညီအမျှမရှိတဲ့သဘော သက်ရောက်နေတယ်။
● ဒေါ်စောမြရာဇာလင်း (ဥက္ကဋ္ဌ ရခိုင်အမျိုးသမီးများ စည်းရုံးရေးအဖွဲ့)
ဒီလို ပြဿနာတွေဟာဆိုရင် အာဏာပိုင်တွေရဲ့ လက်တွေ့မှာ အများကြီး ရှိတယ်လို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကလည်း တရားမ၀င် ခိုးဝင်လာတဲ့ သူတွေကို လူဝင်မှုကြီး ကြပ်ရေး (လ၀က)က နေပြီးတော့ သွင်းခဲ့တယ်။ အဲဒီလို သွင်းခဲ့တဲ့အတွက်လည်း ဒီနေ့မှာပြဿနာတွေ တစ်ပုံတစ်ခေါင်းကြီး ရခိုင်ပြည်မှာ ပေါ်လာတာ ဖြစ်တယ်။ အခုလည်းပဲ ရခိုင်ပြည်ကနေပြီးတော့ လေယာဉ်နဲ့ ပြောင်းရွှေ့ တယ်။ လေယာဉ်နဲ့ ပြောင်းရွှေ့တယ် ဆိုတာက သာမန်လူလုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ အဲဒါဟာ အင်မတန်မှ စိုးရိမ်ဖွယ်ရာရှိတယ်။ အန်တီတို့အနေနဲ့ ဖြစ်ချင်တာကလည်း ရခိုင်ပြည်မှာချည်းပဲ ပုံပြီးတော့ မထားချင်ဘူး။ နေရာ တကာတိုင်းကို ရွှေ့မယ်ဆိုရင် သူတို့တွေ နိုင်ငံသားဖြစ် လား။ နိုင်ငံသား ဖြစ်တယ်ဆိုရင် မြန်မာတစ်နိုင်ငံလုံးကို သွားကြည့်ရမှာပေါ့။ အဲဒါတွေကို အစိုးရက ပြတ်ပြတ်သားသား လုပ်ပေးဖို့လိုတယ်။ အဲဒီ လိုမျိုးမဟုတ်ဘဲ ခိုးကြောင်းခိုးဝှက် လုပ်နေတာဟာ ဘာကြောင့်လဲပေါ့။ ခိုးကြောင် ခိုးဝှက် လုပ်စရာမလို ဘူး။ နိုင်ငံသား ဖြစ် သင့်ဖြစ်ထိုက်တဲ့ လူ၊ ဖြစ်သင့်တယ်ဆိုလုပ်ပေါ့။ မဖြစ်သင့်တဲ့လူ ဆိုရင်လည်း မဖြစ်သင့်ဘူး လုပ်ပေါ့။ အဲဒီလို ပြတ်ပြတ်သားသား လုပ်ဖို့လိုတယ်။ မဟုတ်လို့ရှိရင် အစိုးရနဲ့ ရခိုင်တွေရဲ့ ကြားမှာ ပိုပြီးတော့ ပြင်းထန်လာဦးမယ်။ အဲဒီလိုမဖြစ်သင့်ဘူးလို့ မြင်တယ်။
● ဦးညီပု(ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပွင့်လင်းမြင်သာမှုရှိရင်တော့ ပိုပြီးကောင်းမယ်လို့ မြင်ပါတယ်။ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင်တော့ သိသင့် သိထိုက်သော ပြဿနာတို့ အခက်အခဲတို့ အရာအားလုံးမှာ အခက်အခဲ ရှိနိုင်ပါတယ်။ မြင်သာထင်သာ ရှိပြီးတော့ တရားမျှမျှတတ ဖြစ်စေချင်ပါတယ်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတလောင်း ရွေးချယ်ရန် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုသမ္မတလောင်း အမည်စာရင်း တင်သွင်းရာတွင် စီးပွားအရေးအမြင် အပါအ၀င် နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအမြင် ရှိသူကို တင်သွင်းသွားရန် စဉ်းစားထားပြီးဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်လ ၂၁ ရက်တွင် ဂျပန်အခြေစိုက် အဆာဟိရှင်ဘွန်း သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်း ပြောကြားလိုက်သည်။
နေပြည်တော်ရှိ ဘုရင့်နောင်ခန်းမတွင် ပြုလုပ်သည့် အဆိုပါတွေ့ဆုံ မေးမြန်းခန်းတွင် အဆာဟိရှင်ဘွန်း သတင်းဌာန၊ ရန်ကုန်ဌာနခွဲ အကြီးအကဲ Mr.Makoto Igarashi က တပ်မတော်ဘက်မှ ဒုတိယ သမ္မတလောင်း အဖြစ် မည်သူ့ကို ရွေးချယ်ထားကြောင်းနှင့် မည်သူ့ကို ထောက်ခံပါသလဲဟု မေးမြန်းခဲ့ရာတွင် ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
““ဒီပုဂ္ဂိုလ်သည် တစ်ဦးချင်းရဲ့ အရည်အချင်းနဲ့ ပြောမယ်ဆိုရင်တော့ အမြင် ၄ မြင် ရှိရပါမယ်။ တစ်အချက် ကတော့ နိုင်ငံရေးအမြင်လည်း ရှိရမယ်။ နံပါတ်နှစ် အချက်ကတော့ အုပ်ချုပ်ရေးအမြင် ရှိဖို့လိုပါတယ်။ နံပါတ်သုံး အချက်ကတော့ စီးပွားရေးအမြင်လည်း ရှိဖို့လိုပါတယ်။ နံပါတ်လေး အချက်ကတော့ ကာကွယ်ရေး အမြင်လည်း ရှိဖို့လိုပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုး ရနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒီလိုပုဂ္ဂိုလ်မျိုး ဖြစ်ရမယ် လို့ ပြောတာ မဟုတ်ပါဘူး။ ဒီလိုပုဂ္ဂိုလ်မျိုး ရနိုင်မယ်ဆိုရင် တိုင်းပြည်အတွက် အများကြီး အကျိုးရှိ နိုင်မယ်။ ဒီလို ပုဂ္ဂိုလ်မျိုးရှာပြီးတော့ ရွေးချယ်မယ်လို့ ကျွန်တော်တို့ စဉ်းစားထားပါတယ်”” ဟု မေးမြန်းမှုနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် ဒုတိယသမ္မတလောင်းအဖြစ် တပ်မတော်ဘက်မှ အမည်စာရင်း တင်သွင်းခံရမည့်သူမှာ တပ်မတော် ဘက်မှ ယုံကြည်သူဖြစ်ရန် လိုအပ်ပြီး ဒို့တာဝန်အရေးသုံးပါးကို အလေးထား ဆောင်ရွက်မည့်သူ ဖြစ်ရန်လည်း လိုအပ်သည်ဟု ထည့်သွင်း ပြောကြားထားသေးသည်။
လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ယူထားခြင်းနှင့် ပတ်သက်၍ ယင်းအချက်မှာ ဒီမိုကရေစီ စနစ်မကျကြောင်း ဝေဖန်မှုများရှိနေသည့်အတွက် မည်သည့် အချိန်တွင် ကာကွယ်ရေး ကိစ္စရပ်ကိုသာ အာရုံစိုက်နိုင်သည့် တပ်မတော် အဖြစ်သို့ ရောက်နိုင်မည်နည်းဟုလည်း ယင်းတွေ့ဆုံ မေးမြန်းခန်းတွင် အဆာဟိရှင်ဘွန်း သတင်းဌာနဘက်မှ မေးမြန်းထားသေးသည်။
ယင်းမေးမြန်းမှုနှင့် ပတ်သက်၍ ““ဒါတွေကလည်း ကျွန်တော်တို့မှာ ဒီမိုကရေစီ နည်းလမ်းမကျဘူးလို့ သွားပြော လို့တော့ မရပါဘူး။ ဒါတစ်ပိုင်းပေါ့။ နောက်တစ်ခုကတော့ ကျွန်တော်တို့နိုင်ငံရဲ့ တာဝန် ထမ်းဆောင်မှု အပိုင်းဆိုတော့ နိုင်ငံရဲ့နိုင်ငံရေး ဖြတ်သန်းလာတဲ့ သမိုင်းကြောင်း အခြေအနေ ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ ဒီမိုကရေစီ၊ ပါတီစုံဒီမိုကရေစီ အတွေ့အကြုံက နုနယ်ပါသေးတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့မှ သူတို့ရဲ့ အတွေ့အကြုံ ရင့်ကျက်လာတယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ရှိလာပြီး အကြောင်းအမျိုးမျိုးပေါ့ဗျာ။ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် လက်နက်ကိုင် ပဋိပက္ခတွေပေါ့။ ဒါလေး တွေလည်း ပြန်ပြီးတော့ အေးအေးချမ်းချမ်းနဲ့ ဖြစ်သွားပြီ၊ အားလုံးက ကျွန်တော်တို့ ဒို့တာဝန် အရေးသုံးပါးကို လည်း ထိခိုက်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါမျိုးတွေ ဖြစ်လာပြီ ဆိုရင်တော့ ကျွန်တော်တို့ တစ်တွေလည်း သက်ဆိုင်တဲ့ တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်သွားနိုင်မယ့် အခြေအနေ ရောက် လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်”” ဟုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည်ဖြေကြား ထားသည်။
MH-0025
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
- အရပ်သား(ဘွဲ့ရ)ဗိုလ်လောင်းများလျှောက်ထားနိုင်ကြောင်းအကြောင်းကြားစာအား မုံရွာတက္ကသိုလ်မှ ထုတ်ပြန်ထားသည်ကိုတွေ့ရစဉ်။
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနမှ တစ်ဆင့် အရပ်သား(ဘွဲ့ရ) ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၁၁၉ အတွက် သင်တန်းသားများကို ဇူလိုင်လကုန်ပိုင်းမှစ၍ မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ် အသီးသီးမှ ခေါ်ယူ နေသော်လည်း ယင်းခေါ်ယူမှုများမှာ ကာကွယ်ဝန်ကြီးဌာန၏ စစ်ရာထူးခန့်ချုပ်ရုံးမှသာ တာဝန်ခံ ခေါ်ယူခြင်း ဖြစ်ကြောင်း စစ်ရာထူးခန့်ချုပ်ရုံး (နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၂၅ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)တွင် ဖွင့်လှစ်မည့် အရပ်သား(ဘွဲ့ရ) ဗိုလ်လောင်း သင်တန်းသားများကို မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ် အသီးသီးမှ မဟာဘွဲ့ရနှင့် မဟာအဆင့်မီ သူများကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနမှ ဇူလိုင်လကုန်ပိုင်းမှစ၍ ခေါ်ယူမှုများ ပြုလုပ်နေပြီး ယခုနှစ်အတွက် ယင်းဗိုလ်လောင်း သင်တန်းသားများကို ခေါ်ယူရာတွင် အင်္ဂလိပ်စာ အထူးပြုများကို အဓိက ခေါ်ယူနေခြင်းဖြစ်ကာ ယင်းခေါ်ယူမှုများအတွက် စစ်ရာထူးခန့်ချုပ်ရုံးမှသာ တာဝန်ခံထားခြင်းအပေါ် ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
““ခေါ်တယ်ဗျ။ နှစ်စဉ်နှစ်တိုင်း အရပ်သားရော၊ စစ်သားရော ရောပြီးဖွင့်တာ။ ဒါကကျွန်တော်တို့က ဖြန့်ခွဲတဲ့ သဘောလေ။ ဖြန့်ခွဲတဲ့ သဘောဆိုတာက စစ်ရာထူးခန့်ချုပ်ရုံးကလည်း တိုက်ရိုက်ခေါ်တယ်။ အမှန်ကတော့ တိုက်ရိုက်ခေါ်တာ။ ကျွန်တော်တို့လုပ်တဲ့ လုပ်ငန်းစဉ်တိုင်းမှာ အဲဒီလိုပဲ ဖြန့်ခွဲပြီးတော့ပဲ ခေါ်တာဗျ။ တကယ်တမ်း တာဝန်ခံတာတော့ ကျွန်တော်တို့ တာဝန်ခံခေါ်တာပေါ့။ နောက်ဆုံး ကျွန်တော် တို့ဆီပဲ ပြန်ရောက်တာလေ။ ကျွန်တော်တို့က ခေါ်တယ်ဆိုတာက ဆင့်ကဲဆင့်ကဲ တင်ပြဖို့ တိုင်းတွေကတဆင့် ဘယ်ဗိုလ်လောင်းပဲခေါ်ခေါ် တိုင်းတွေကတစ်ဆင့် ခေါ်တယ်။ ဒီဥစ္စာ အရပ်သားခေါ်တယ် ဆိုတာက ပညာရေး ၀န်ကြီးဌာနတို့ ဘာတို့ဆိုတာကတော့ အရပ်သားတွေ ဖြစ်နေ တဲ့အတွက် ကျောင်းတွေကနေ တစ်ဆင့် သိစေချင်တဲ့ သဘောလေ””ဟု စစ်ရာထူးခန့်ချုပ်ရုံး(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အရပ်သား(ဘွဲ့ရ) ဗိုလ်လောင်း လျှောက်ထားလိုသူများ အနေဖြင့် ကာကွယ်ရေး ၀န်ကြီးဌာန၊ စစ်ရာထူး ခန့်ချုပ်ရုံးသို့ တိုက်ရိုက်ဖြစ်စေ၊ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်သို့ဖြစ်စေ လျှောက်ထားနိုင်ကြောင်း ပညာရေး ၀န်ကြီးဌာန၏ အကြောင်းကြားစာတွင် ဖော်ပြပါရှိပြီး လျှောက် ထားသူများသည် ပညာရေးဝန်ကြီးဌာန လက်အောက်ခံ တက္ကသိုလ်များမှ မဟာဘွဲ့ရသူနှင့် မဟာအဆင့်မီသူများသာ လျှောက်ထား နိုင်မည်ဖြစ်ပြီး သင်တန်းတက်ရောက် လိုသူများမှာ ဗိုလ်လောင်း ရွေးချယ်ရေးအဖွဲ့၏ စစ်ဆေးမှုများ အောင်မြင်မှသာ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)တွင် တက်ရောက်ရမည်ဖြစ်ကာ သင်တန်းကာလ ၉လ ကြာမြင့်မည် ဖြစ်သည်။
အရပ်သား(ဘွဲ့ရ) ဗိုလ်လောင်းများ ခေါ်ယူမှုနှင့် ပတ်သက်၍ ““ခေါ်တာကတော့ အဲဒါပဲ ခေါ်တာနော်။ အဲဒီလို အကြောင်း အရာနဲ့ပဲ ခေါ်တာလေ။ ကျွန်တော်တို့ခေါ်တာ မဟုတ်ဘူးလေ။ (ပညာရေး)၀န်ကြီးရုံးကနေ တစ်ဆင့် ကျောင်းတွေကို အကြောင်းကြားပေးပါဆိုလို့ ဆက်ပြီးတော့ အကြောင်းကြား ပေးတာပါ””ဟု အဆင့်မြင့်ပညာ ဦးစီးဌာန (မန္တလေး)မှ ဖုန်းကိုင် ဖြေကြားသူက ပြောသည်။
ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ မုံရွာတက္ကသိုလ်မှ အင်္ဂလိပ်စာ အထူးပြု မဟာဘွဲ့ရနှင့် မဟာ အဆင့်မီ သူများကို ဇူလိုင်လ ၂၈ ရက်တွင် စတင်ခေါ်ယူခဲ့ပြီး လူဦးရေ ကန့်သတ်ထားခြင်း မရှိပေ။
““ဒီနှစ်ခေါ်တာ မဟာဘွဲ့ရသူ၊ မဟာအဆင့်မီသူ အင်္ဂလိပ်စာကိုခေါ်တာ။ ခါတိုင်းနှစ်တွေကတော့ သူတို့ လိုချင်တဲ့ မေဂျာတွေ တခြားဟာတွေ ပါတာပေါ့နော်။ ဒီနှစ်ကတော့ အင်္ဂလိပ်စာ တစ်ခုတည်းပဲ။ ကျောင်းတွေကို စာဝင်တာ။ စာဝင်တော့ သူတို့ကန့်သတ်တဲ့ ဟာတွေနဲ့ ညီတဲ့ဟာကို အကြောင်းကြား ပေးတာလေ။ လျှောက် တာကတော့ နီးစပ်ရာ နမခ(အနောက်မြောက် တိုင်းစစ်ဌာနချုပ်)ကို သွားလျှောက်ရတာလေ””ဟု မုံရွာ တက္ကသိုလ် သင်တန်းရေးရာဌာန၏ ဌာနမှူး ဦးဇော်လင်းထွန်း ရုံးခန်းမှ ဒေါ်စန္ဒာမြင့် (ဌာနခွဲစာရေး)က ပြောသည်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
ဘယ်သူတွေ ခုတ်ပြီး မေ့ကျန်ခဲ့လို့ ရေနဲ့ မြောခဲ့တာလဲ
ဆင်မနိုင်သစ်ပေါ့လေ
ဆွဲပါဟ၊ ကူကြပါဥိးဟ၊ လူတွေကြောင့်ဖြစ်တဲ့ ဘေး ဒုက္ခ ပါဗျ
 ကလေးမြို့ရဲ့ အနောက်မြောက်ဖက် ချင်းပြည်နယ် တွန်းဇံမြို့နယ်ထဲက နတ်မြောင်းချောင်းဘေးပေါ်က မြွေတောင် ဖားတောင်ရင်းက ရွာကလေး (သို့) ဟားခါးလေး။
မနေ့ည ၂၇ ရက်သန်းခေါင်ကျော်မှာ ဖြစ်ပေါ်လာတဲ့ ကပ်ဘေးကြီးက ရေကြီးတာထက် ဆိုးတဲ့ ရွံနွံတွေနဲ့ အတူ သစ်လုံးတို သစ်ကိုင်းစတွေ ၀င်ရောက် ဖျက်ဆီးခြင်းခံရလိုက်တာပါ။
ကံကောင်းတာက နွံတွေ အရင် ရေ ကြိုဝင်ခဲတြာပါ။ လူတွေက သတိထားမိပြိး နိုးနေကြလို့ သစ်တုံးတွေနဲ့ ရွံတွေဝင်လာချိန်မှာ ပြေးနိုင်ခဲ့တာပါ။ မဟုတ်ရင်တော့ သေဆုံးသူ တွေ စာရင်းကောက်ရတာ ခက်ခဲစေမှာပေါ့။
ရာဇဂြိုလ်ချောင်း မာန်လုံချောင်းနဲ့ နတ်မြောင်း ချောင်းဆိုတာတွေက ချင်းပြည်နယ်မှာ မြစ်ဖျားခံပြီး ရေဝေရေလဲ တောတောင် ကြားကနေ အပြိုင်သဘော စီးဆင်းနေကြတာလေ။ သူတို့အားလုံး စီးအား မတိမ်း မယိမ်းတူကြသလို ရေဝေနောနဲ့ သစ်ကြီး ၀ါးကြီး ထူတာလဲ တူခဲ့တာပေါ့။
နှစ်တော်ကြာကြာ လူသားတွေ ခုတ်ယူခဲ့တာကို ခံခဲ့ ရသလို နှစ်တိုအတွင်းမှာ အားပါးတရ ခုတ်ထစ်လဲဖြိုတာကိုလဲ ခံလိုက်ကြရပြန်ပါတယ်။
အဲဒါရဲ့ အကြိုးဆက်က ရေကြီးမှုတင်မက သစ်တိုသစ်စ ဒိုက်တွေရဲ့ နှစ်မြုပ်ခြင်းကိုပါ ခံလိုက်ရတာပါ။
ပထမရေကြီးတော့ မာန်လုံချောင်းနဲ့ ရာဇဂြိုလ်မှာ သစ်လုံးဆိုက်စုံ စုပုံခဲ့ သလို ခုလဲ လူသားတွေ ခုတ်ပြစ်ထားတဲ့ သစ်တွေက နတ်မြောင်းချောင်းမှာ အပြည့်ပါ။ မျောပါလာတဲ့ သစ်တွေကို ကြည့်လိုက်ရင် သစ်ပင် လတ်လတ် ဆတ်ဆတ် မပါသလောက်ပါပဲ။
အခုလိုသာ ဆက်ုပိး ခုတ်နေကြရင်တော့ မိုးမရွာ ရေမကြီးပဲ ဖျက်ဆီး ခံလိုက်ရတဲ့ ဟားခါးလေးကို နမူနာ ယူထားကြပါတော့ လို့ လက်တွေ့ ပြနေပါပြီခင်ဗျား။
သတင်း- ဓါတ်ပုံ။ ။  Thant Zin Lynn
http://3.bp.blogspot.com/-0z4d0jrTVS0/VPtw6qZn2NI/AAAAAAAAMO0/s4TtsqFhc1A/s1600/ants-survival-under-boot-11327945.jpg
စ်တပ်ကလာတဲ့သူတွေက အရာရာကိုသူတို့ လုပ်နိုင်တယ် (We Are Able) ဆိုတဲ့သဘောတွေနဲ့ ချုပ်ကိုင်လွှမ်းမိုးလာတဲ့အခါ ပညာရှင်တွေက အာဏာရှင်တွေရဲ့ အမိန့်ပေးစေခိုင်းမှုကို ရင်နာနာနဲ့ ခံနေကြရတယ်။ ပညာရှင်တွေမှာလည်း ဖားနိုင်တဲ့သူတွေကလွဲပြီး နေရာမရတော့ လုပ်ရင်လုပ်၊ မလုပ်ရင်ချောင်ထိုး အဖက်မလုပ်တဲ့ ဘဝရောက်ပြီး ရုံးဆင်းရုံးပြန်လက်မှတ်ထိုးလစာစားနေရုံကလွဲပြီး ဘာမှ မတတ်နိုင်ကြဘူး။
ကျွန်တော် ပညာရေးဌာနမှာ အမှုထမ်းစဉ်မှာပဲ ပညာရေးဌာနကို စစ်တပ်ကဝန်ကြီးအဆင့်တွေ၊ ညွှန်ကြားရေးမှူးချုပ် အဆင့်တွေနဲ့ နေရာယူဝင်ရောက်လာတာတွေ့ရပါတယ်။ ပညာရေးဌာနကို ဝင်ရောက်လာတဲ့ ဝန်ကြီးကို ပညာရေးဌာနက “အဘ” လို့ခေါ်ကြရတယ်။ တစ်ချိန်တုန်းက “အဘပန်း” တွေ “အဘသန်း” တွေဆိုတာ နာမည်ကျော်တွေပေါ့။ ပညာရေးဌာနမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး။ အဘတွေပြောရင်ဖြစ်စေသတည်း၊ အဘတွေကိုသွားပြောရင် ဖြစ်စေသတည်း ဆိုပြီး သြဇာအာဏာကြီးတွေနဲ့ နယ်ပယ်ကြီးတစ်ခုကို ထူထောင်တည်ဆောက်နိုင်ခဲ့ကြပါတယ်။
အဘတွေနောက်ကနေ ပညာရေးလောကထဲနောက်ထပ်ရောက်လာသူတွေကတော့ “ချုပ်ကြီး” တွေဖြစ်ပါတယ်။ ဗိုလ်မှူး အဆင့်တွေနဲ့ ပညာရေးလောကထဲရောက်လာသူတွေက ညွှန်ချုပ်အဆင့်တွေနဲ့ ဦးစီးဌာနတွေမှာ တာဝန်ထမ်းဆောင် ကြတယ်။ ချုပ်ကြီးတွေနောက်က “ညွှန်လေး” တွေပါလာပြန်တယ်။ သူတို့ကလည်းတပ်ကနေလာပြီး ညွှန်ကြားရေးမှူးဘဏ္ဍာ၊ ညွှန် ကြားရေးမှူး စီမံဆိုပြီး ပညာရေးဌာနရဲ့ အမြင့်ဆုံးနေရာတွေကို ချုပ်ကိုင်လွှမ်းမိုးပြန်တော့တယ်။
ပိုဆိုးတာတွေက စစ်တပ်ထဲကနေ ဗိုလ်ကြီးအဆင့်ရှိသူတွေကို အချို့သောကျောင်းတွေမှာ ကျောင်းအုပ်တွေအဖြစ် ရာထူးခန့် လိုက်ကြပြန်တယ်။ ကျောင်းအုပ်ဗိုလ်ကြီးတွေမှာ ပညာရေးဆိုင်ရာ ဘွဲ့မရှိလို့ဆိုပြီး ကျောင်းအုပ်ရာထူးခန့်ပြီးမှ ဘီအီးဒီကို ပြန်တက်ခိုင်းနေတာတွေလည်းတွေ့ရတယ်။
ပညာရေးဌာနမှ မိုးကျရွှေကိုယ်တွေ နေရာဝင်ယူလာတာ ၁၉၉၀ ပြည့်နှစ်အလွန်မှာ အဆိုးဆုံးပဲ။ နေရာတိုင်း၊ အဆင့်တိုင်းမှာ အရေးတကြီး ဆုံးဖြတ်ချက်ချရတဲ့နေရာတိုင်းကို မိုးကျရွှေကိုယ်တွေက အာဏာရှင်ယောင်ယောင်ချုပ်ကိုင်ထား ၏လိုက်တော့ ဘာဖြစ်ကုန်သလဲဆိုရင် အာဏာရှင်ကို အထောက်အကူပြုပေးမယ့် အရပ်သားလူတန်းစားတစ်ရပ်ကို မွေးထုတ် ပြီးသား ဖြစ်သွားတယ်။
ဟုတ်ပါ့ဘုရား၊ မှန်ပါ့ဘုရားလိုက်လုပ်နိုင်တဲ့ပညာရှင်တွေဟာ မိုးကျရွှေကိုယ်တွေရဲ့ နေရာပေးခြင်းခံရပြီး ထိပ်တန်း ရောက်လာကြတယ်။ ပညာရေးလောကမှာ နှစ်ရှည်လများ အနစ်နာခံပြီး ခေါင်းဖြူ၊ ခါးကိုင်းတဲ့အထိ လုပ်နေရပေမယ့် ပညာရှင်မာနရှိနေသူတွေဟာ ဒုက္ခရောက်ကြရတော့တယ်။
ထိပ်ဆုံးကနေရာတွေကို တပ်ထွက်တွေကနေရာယူထားလိုက်တော့ အောက်ခြေက ရာထူးလေးကို မျှော်လင့်နေတဲ့ ဆရာကြီး၊ ဆရာမကြီးတွေမှာ မျှော်လင့်ချက်မရှိတော့ဘူး။ စစ်တပ်ကလာတဲ့သူတွေက အရာရာကိုသူတို့ လုပ်နိုင်တယ် (We Are Able) ဆိုတဲ့သဘောတွေနဲ့ ချုပ်ကိုင်လွှမ်းမိုးလာတဲ့အခါ ပညာရှင်တွေက အာဏာရှင်တွေရဲ့ အမိန့်ပေးစေခိုင်းမှုကို ရင်နာနာနဲ့ ခံနေကြရတယ်။ ပညာရှင်တွေမှာလည်း ဖားနိုင်တဲ့သူတွေကလွဲပြီး နေရာမရတော့ လုပ်ရင်လုပ်၊ မလုပ်ရင်ချောင်ထိုး အဖက်မလုပ်တဲ့ ဘဝရောက်ပြီး ရုံးဆင်းရုံးပြန်လက်မှတ်ထိုးလစာစားနေရုံကလွဲပြီး ဘာမှ မတတ်နိုင်ကြဘူး။
သူတို့အာဏာရှင် တွေနဲ့ အလျဉ်းသင့်တဲ့ ပညာရှင်တွေက ရာထူးနေရာ ရလာရုံမက အာဏာရှင်တွေရဲ့လေသံမျိုးတွေပါ သူတို့ ပါးစပ်တွေမှာ လွှမ်းမိုးလာကြတယ်။ ပိုဆိုးတာက စစ်တပ်ကသုံးတဲ့ “ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” ဆိုတဲ့ အမိန့်ပေးသလို အပြောမျိုးတွေကို စစ်သားကမပြောရဘဲ၊ အရပ်သားပညာရှင်ကြီးတွေက တစ်နိုင်ငံလုံးကိုလှည့်ပြီး ကျောင်းတိုင်းကို ညွှန်ကြားလာတာပါ။
ပညာရေးဌာနက ပညာရှင်တွေဆိုတာက အေးအေးဆေးဆေးနေပြီး ပညာသင်ကြားရေးကို စိတ်ဝင်စားသူတွေ ဖြစ်ပါတယ်။ ပညာရေးဌာနထဲက ကုလားအုတ်က နှာခေါင်းလေးစဝင်လာတာလည်း သူတို့အရေးမဟုတ်သလို နေခဲ့တာပဲ။ တစ်ကိုယ်လုံး ဝင်လာပြီး တဲကိုဖျက်၊ တဲထဲကလူတွေကို ကန်ထုတ်လိုက်တော့လည်း ပင်ကိုယ်ရိုးသားဖြူစင်တဲ့စိတ်ဓာတ်တွေကြောင့် ဖြစ်သလိုနေခဲ့ကြတာပေါ့။ ရလဒ်ကတော့ စစ်ဗိုလ်စစ်သားတွေ လွှမ်းမိုးသွားခဲ့တဲ့ ပညာခေတ်တစ်လျှောက်လုံး ပညာရေးလောကကြီးဟာ ကုန်းကောက်စရာမရှိလောက်အောင် စုတ်ပြတ်ပျက်စီးသွားခဲ့ရတယ်။ ပညာရေးတိုးတက်မှုနဲ့ ပြုပြင် ပြောင်းလဲမှုတွေကို တာဝန်ရှိတဲ့ စိုးမိုးအုပ်ချုပ်ထားသူတွေက ဘာတစ်ခုမှ မလုပ်နိုင်ခဲ့တဲ့အပြင် အိုးခြမ်းပဲ့နဲ့သောက်နေရတယ် ဆိုတဲ့အထိ ပညာရေးလောကကြီးဟာ ကုန်းသောက်စရာတောင် မရှိလောက်အောင်ကိုဖြစ်ခဲ့ရတယ်လို့လည်း ဝေဖန်ခံခဲ့ရ တယ်။
ပြုပြင်ပြောင်းလဲမှုကိုကြောက်တဲ့သူတွေဆိုတော့ ပြုပြင်ပြောင်းလဲမှုမှန်သမျှ “ဘူးခံ” ငြင်းပယ်ရင်း ပညာရေးလောကမှာ ကမ္ဘာ့ အဆင့်မီအောင် ဘာတစ်ခုမှ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ စစ်ဗိုလ်စစ်သား မိုးကျရွှေကိုယ်တွေ ပညာရေးလောကမှာ လွှမ်းမိုးလိုက် တော့ ဘာဖြစ်သွားသလဲဆိုတာ လက်ရှိဖြစ်နေတဲ့ ပညာရေးလောကကိုသာ သုံးသပ်ကြည့်လိုက်ရင်ထင်သာမြင်သာ ရှိနေတော့ တာပေါ့။
ကျန်းမာရေးဌာနကို မိုးကျရွှေကိုယ်တွေရောက်လာတော့မယ်လို့ ခြေလှမ်းပြင်တော့ ဖဲကြိုးနက်လေးတွေတပ်ပြီး ဆန့်ကျင်တဲ့ ကမ်ပိန်းတွေ လုပ်ကြတယ်။ တစ်တိုင်းပြည်လုံးဆူပွက်သွားတယ်။ နောက်ဆုံး တပ်ကလာတဲ့ ကျန်းမာရေးဝန်ကြီးလည်း နောက်မလုပ်တော့ပါဘူးဆိုပြီး ပြောမှ ကမ်ပိန်းကရပ်သွားတော့တယ်။
ပညာရေးလောကမှာတော့ ဘာကမ်ပိန်းမှ မလုပ်နိုင်ဘဲ အပျက်ကိုခံလိုက်ရတယ်။ ကျန်းမာရေးလောက ငြိမ်မခံလိုက်တာဟာ ပညာရေးဌာနလို စုတ်ပြတ်မသွားအောင် ညီညွတ်မှုအင်အားတစ်ခုဖြစ်ခဲ့လို့ ကြိုဆိုလိုက်ပါတယ်။ ညီညွတ်ခြင်းသည် အင်အား ဆိုတာကို ပညာရေးလောကမှာရှိတဲ့ ဆရာဆရာမတွေလည်း သိထားကြစေချင်ပါတယ်။
အငြိမ်းစားကျောင်းဆရာတစ်ဦး 
http://www.maukkha.org/index.php/feature-article/8272-2015-08-29-01-58-52#.VeESVJDf6XM.facebook
မန္တလေးမြို့က လူသွားလမ်း ပလက်ဖောင်းတွေပေါ်မှာ ပန်းချီဆရာတဦး ရေးဆွဲဖန်တီးထားတဲ့ သုံးဖက်မြင်- ရုပ်လုံးကြွ 3D ပန်းချီတွေကို စိတ်ဝင်တစား သွားရောက်ကြည့်ရှုသူတွေ များနေပါတယ်။
RFA
ဖီလစ်ပိုင်တွင်"ငဘ" ခမောက်ယိမ်း "က" ခဲ့ရခြင်း။
ဒီနေ့ကတော့တစ်နေကုန်ပင်ပန်းတဲ့နေ့။
မနက်၈နာရီကတည်းက(သီတင်းစာ မဂ္ဂဇင်း ဂျာနယ် TV ) သီတင်းဌာနတွေနဲ့ဓါတ်ပုံရိုက် မေးခွန်းမေး/ဖြေ အင်တာဗျူးလုပ်ကြနဲ့ထမင်းစား
ချိန်ကလွဲလို့ပေါ့။နောက် ညနေကြပြန်တော့ မက်ဆိုင်းဆိုင်းအဖွဲ့ရဲ့ ညစာစားပွဲကျင်းပတော့
ထပ်သွားရပြန်တယ်။
ဟိုရောက်တော့ရှေ့ဆုံးကစင်ရှေ့မှာ(ဆုရတဲ့သူငါးယောက်)ကိုခုံနဲ့ထိုင်ခိုင်းပြီးမက်ဆိုင်းဆိုင်းအဖွဲ့ဝန်ထမ်းကချေသည်လေးများခမောက်ဆောင်းပြီး ယိမ်းကပြ။
နောက်ကျွန်တော်တို့ငါးယောက်ကိုခမောက် တွေဆောင်းပေးလိုက်တော့ သိလိုက်ပြီ. . . . . ကရတော့မယ်ဆိုတာ။
ထင်တဲ့အတိုင်းသူတို့နဲ့အတူခမောက်ယိမ်းဝင်ကလိုက်ရပြန်တော့သည်။
အော်. . . ခုမှ လယ်သမားကြီး "ငဘ" ဖီလစ်ပိုင်ရောက်ခါမှ ခမောက်ယိမ်းကရရှာပေါ့ဗျာ။ (ကျော်သူ )
အာရှတိုက်၏ နိုဗယ်ဆု ဟုတင်စားသည့် ဖိလစ်ပိုင်နိုင်ငံမှ ချီးမြှင့်သော ကိုယ်ကျိုးမဖက် အ နစ်နာခံသူများအားပေးအပ်သည့် ရာမွန်မက်ဆေးဆေးဆု (Ramon Magsaysay Award) ကို ယခု ၂၀၁၅ခုနှစ် အတွက် မြန်မာနိုင်ငံမှ နာရေးကူ ညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦး ကျော်သူကရရှိခဲ့ပြီး ဆုလက်ခံရန် ဦးကျော်သူနှင့်ဇနီး ဒေါ်မြင့်မြင့်ခင်ဖေတို့သည် ဖိလစ်ပိုင်နိုင်ငံသို့ရောက်ရှိနေကြပြီဖြစ်သည်။ ရာမွန်မက်ဆေးဆေးဆု ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ဓာတ်ပုံ-ဦးကျော်သူ FB
က​လေး​မြို့​မှာ ​ဇူ​လိုင်​လ​ကုန်​နဲ့ ​သြ​ဂုတ်​လ​ဆန်း​က ​ရေ​ကြီး​မှု ​မြင်​ကွင်း
ချင်း​ပြည်​နယ် ​တွန်း​ဇံ​မြို့​နယ် ​အ​တွင်း​မှာ ​သြ​ဂုတ်​လ ၂၈ ​ရက် ​မ​နက် ​စော​စော​ပိုင်း​က ​တောင်​ပေါ် ​ရွှံ့​ရေ​အိုင်​ကြီး ​ကျိုး​ပေါက် ​သွား​တဲ့ ​အ​တွက် ​တောင်​အောက် ​ခြေ​ပိုင်း ​ရွာ​တွေ ​ဆီ​ကို ​ရွှံ့​နွံ​ရေ​တွေ​က ​ကျ​ဆင်း​လာ​ပြီး ​နေ​အိမ်​တွေ ​ရေ​ထဲ​ကို ​မျော​ပါ ​သွား​ခဲ့​ပါ​တယ်။
ပြီး​ခဲ့​တဲ့ ​ဇူ​လိုင်​လ​ကုန် ​က​နေ ​သြ​ဂုတ် ​လ​ဆန်း ​အ​တွင်း ​ဖြစ်​ခဲ့​တဲ့ ​မိုး​ကြီး​ပြီး ​ရေ​လွှမ်း​မိုး​မှု ​ကြောင့် ​တွန်း​ဇံ​မြို့​နယ် ​အ​တွင်း​မှာ ​လဲ​ပြို​လာ​တဲ့ ​သစ်​ပင်​တွေ​က ​တောင်​တွေ​ပေါ်​က ​ကျ​လာ​တဲ့ ​ရေ​တွေ​ကို ​ဝန်း​ရံ ​ကာ​ဆီး​ထား​လို့ ​သ​ဘာ​ဝ ​ရေ​အိုင်​ကြီး​လို ​ဖြစ်​နေ​ခဲ့​တဲ့ ​နေ​ရာ​က​နေ ​ရွှံ့​ရေ​တွေ ​ကျိုး​ပေါက် ​လာ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။
အ​ရှိန်​နဲ့ ​ကျ​လာ​တဲ့ ​ရွှံ့​ရေ​တွေ​က ​ရွှံ့​ရေ​အိုင်​ကြီး​နဲ့ ​အ​နီး​ဆုံး ​ဖြစ်​တဲ့ ​ဟား​ခါး​လေး ​ကျေး​ရွာ​က ​နေ​အိမ်​တွေ​ကို ​ထိ​ခိုက် ​ပျက်​စီး​စေ​ခဲ့​တယ်​လို့ ​ရေ​ဘေး ​ကယ်​ဆယ်​ရေး​တွေ ​လုပ်​ဆောင် ​ပေး​နေ​တဲ့ ​က​လေး ​ဒေ​သ​ခံ ​ဦး​ဘ​ကြူ​က ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။
ဒါ့​အ​ပြင် ​တန်​ကြီး၊ ​ကျောက်​ချပ် ​စ​တဲ့ ​ရွာ​တွေ​မှာ​လည်း ​လယ်​ကွင်း​တွေ ​ကို ​ဒူး​ဆစ်​လောက်​ရှိ​တဲ့ ​ရွှံ့​ရေ​တွေ ​ဖုံး​သွား ​ခဲ့​တယ်​လို့ ​သူ​က ​ပြော​ပါ​တယ်။
ရေ​အိုင်​ကြီး​ရဲ့ ​အ​ကျယ်​က​လည်း ​စ​တု​ရန်း ၁၀ ​ဧ​က ​ပတ်​လည်​လောက် ​ရှိ​နိုင်​တယ်​လို့ ​ခန့်​မှန်း​ရ​ကြောင်း​လည်း ​သူ​က ​ပြော​ပါ​တယ်။
ရွံ့​နွံ​ရေ​တွေ​က ​ချောင်း​ဖျား ​မြစ်​ဖျား​ကို ​စီး​ဝင်​သွား​တဲ့ ​အ​တွက် ​အဲ​ဒီ​ထဲ​က ​နွံ​တွေ​နစ်​နေ​တဲ့ ​ငါး​တွေ ​အ​သက်​ရှု​လို့ ​မ​ရ​တော့​ဘဲ ​ကုန်း​ပေါ်​ရောက်​လာ​ကြ​ပြီး ​အ​နီး​အ​နား​ရွာ​က ​လူ​တွေ ​က ​ငါး​ကောက်​ပွဲ​ကြီး ​လုပ်​ကြ​တယ်​လို့​လည်း ​ဦး​ဘ​ကြူ​က ​ပြော​ပါ​တယ်။
ပ​ထ​မ​တစ်​ကြိမ် ​ရေ​ကြီး​ပြီး ​က​တည်း​က ​သ​ဘာ​ဝ ​အ​လျောက် ​ဖြစ်​တည်​လာ​ခဲ့​တဲ့ ​ဒီ​ရွှံ့​ရေ​အိုင်​ကြီး ​ကျိုး​ပေါက်​နိုင်​တယ်​ဆို​တာ ​ဒေ​သ​ခံ​တွေ​ရော ​အာ​ဏာ​ပိုင်​တွေ​က​ပါ ​သိ​ခဲ့​ကြ​ပေ​မဲ့ ​ကြို​တင် ​ပြင်​ဆင်​တာ​တွေ ​မ​ရှိ​ခဲ့​သ​လို ​ဒေ​သ​ခံ​တွေ ​ဘေး​လွတ်​ရာ​ကို ​ပြောင်း​ရွှေ့​တာ​မျိုး​လည်း ​မ​လုပ်​ခဲ့​ဘူး​လို့ ​သူ​က ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
 သြဂုတ် ၂၈
 ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပီချောင်းဘက်တွင်နေထိုင်သော ဒေသခံများအား မိမိတို့ရပ်ရွာတွင် တာဝန်ကျနေသော စစ်သားများက အချိန်မရွေး လုပ်အားခလည်းမပေး၊ စက်လှေအသုံးပြုခလည်းမပေးဘဲ စက်လှေဖြင့် ဟိုရွာပို့ခိုင်း ဒီရွာပို့ခိုင်း ခိုင်းစေမှုမကြာခဏ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ခူမီးမီဒီယာသို့ပြောသည်။
"လိုအပ်ရင် စက်လှေရှိတဲ့ လူတွေကိုခေါ်ပြီး တစ်ခြားရွာကို ပို့ခိုင်းတယ်။ တခါတလေ ကိုယ်မအားရင်တောင် လိုက်ပို့ပေးရတယ်။ အဲလိုပို့ပေးလို့ လုပ်အားခလည်းပေးလေ့မရှိပါဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ တခြားရွာသို့ စက်လှေဖြင့်ပို့ပေးရန်ပြောဆိုသောအခါ စစ်သားများကို နဂိုကတည်းက ကြောက်လန့်နေရသည့် ဒေသခံများအနေဖြင့် မည်သည့်အကြောင်းပြချက်မှမပေးရဲဘဲ ပို့ဆောင်ပေးနေရခြင်းဖြစ်သည်ဟု သိရသည်။
လွန်ခဲ့သော ဇွန်လ ၁၈ရက်နေ့ ညနေပိုင်းက တည်းခိုရန်ရောက်လာကြသော စစ်ဗိုလ်တစ်ဦးအား မိဘအိမ်တွင်မရှိ၍ တစ်ခြားနေအိမ်တွင် တည်းခိုရန်တောင်းဆိုခြင်းကြောင့် စစ်သားအား အာခံသည်၊ ရခိုင်လက်နက်ကိုင်များနှင့် ဆင်သွယ်သည်ဟု အတင်းကြောဆိုကာ ရေတံခွန်ကျေးရွာမှ ဦးဝှေ့ဘဲ၏သား မောင်ကျော်ထွန်းအား ခလရ-၃၇၇ မှစစ်သားများက ကြိုးတုတ်ချည်နှောင်ခဲ့သည့် ဖြစ်ရပ်မျိုးလည်း မြင်တွေ့နေရ၍ ပီချောင်းဒေသခံများ၏ စိတ်တွင် စစ်သားကိုကြောက်လန့်နေရခြင်းဖြစ်သည်။
လက်ရှိပီချောင်းဘက်တွင် တာဝန်ကျသော တပ်ရင်းများမှာ ခလရ ၃၇၄၊ ၂၈၉ နှင့် အခြားတပ်ရင်းများဖြစ်ပြီး ယခုကဲ့သို့ ခိုင်းစေမှုသည် စစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တို့ စစ်ပွဲဖြစ်ပြီးနောက်ပိုင်းက စတင်ကြောင်း သိရသည်။
Khumi Media Group -ခူမီးမီဒီယာ
https://www.facebook.com/khumimediagroup
 ဟားခါးမြို့မြေပြိုမှုကြောင့် ပျက်စီးနေတဲ့အိမ်များကို တွေ့ရစဉ်။ ဓါတ်ပုံ - ကျော်ထွန်းနိုင်/RFA
 ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ဒီနေ့မနက်က မိုးကြီးတာကြောင့် သဘာဝတောင်ပေါ် ရေကန်ကျိုးပေါက်ပြီး တွီးခိဇန်ကျေးရွာက အိမ်ခြေ ၄ဝ နီးပါး ရေနစ်မြုပ်သွားတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆလိုင်းသောင်က ပြောပါတယ်။
အဲ့ဒီကျေးရွာက ဒေသခံ ၃ဝဝ ကျော်ကို ကုန်းမြင့်တဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့ထားတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆလိုင်းသောင်က ပြောပါတယ်။
"၂၈ ရက်နေ့ မနက် ၃ နာရီလောက်မှာ တောင်ကျချောင်းရေတွေပေါ့နော် မိုးရေနဲ့အတူပေါ့ ရေကြီးလာပြီးမှ တွန်းဇံမြို့နယ်မှာရှိတဲ့ တွီးခိဇန်ကျေးရွာပေါ့ ရေလျှံမှုဖြစ်တာပေါ့ဗျာ၊ သူ့ရဲ့ကျေးရွာကတော့ အိမ်ခြေက ကျနော်တို့သိရသလောက် ၅၉ အိမ် လူဦးရေကတော့ ၃၁ဝ လောက်ရှိတာပေါ့နော် အဲ့လောက်ပဲသိရသေး တယ်ခင်ဗျ၊ ကျနော်တို့သတင်းအရ အိမ်ခြေ ၄ဝ လောက်တော့ ထိခိုက်တယ်လို့ ကြားရပါတယ်ခင်ဗျ၊ အခုလောလောဆယ် ဘုန်းကြီးကျောင်းပေါ့နော် အခုအမြင့်ပိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ နေနေပါတယ်"
အခုချိန်ထိ လူသေဆုံးမှုအခြေအနေကို မသိသေးကြောင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ် သွားရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ရေကြီးမှုကြောင့် ချင်းပြည်နယ်မှာ မြေပြိုကျပြီး လူ ၅ ဦး သေဆုံးခဲ့သလို လူဦးရေ ၂ သောင်းကျော် ရေဘေးဒဏ်ခံခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ ရေဘေးကြောင့် ငွေကျပ် ၂၇ ဘီလီယံကျော် ဖိုး ပျက်စီးဆုံးရှုံးသွားတဲ့အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုအစိုးရ ထံကနေ ငွေကျပ် ဘီလီယံ ၂ဝ တောင်းခံထားတယ်လို့ သိရပါတယ်။
အဲ့ဒီငွေနဲ့ ရေဘေးကြောင့် ပျက်စီးသွားတဲ့ လမ်း၊ တံတားတွေ၊ စာသင်ကျောင်းတွေ၊ အဆောက်အဦတွေနဲ့ လယ်မြေတွေကို ပြန်လည်ပြင်ဆင်မှာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
 နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်။ Photo: Myo Thant Khaing/RFA
 အစိုးရပိုင်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်မယ့် နိုင်ငံရေးပါတီတွေရဲ့ ဟောပြောချက်တွေမှာ တပ်မတော်ကို ဂုဏ်သိက္ခာထိခိုက်စေမယ့် အပြောအဆိုတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာမှုမရှိတဲ့ အသုံးအနှုန်းတွေ မသုံးနှုန်းဖို့ ရွေးကောက်ပွဲကော်မရှင်က သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ လာမယ့် စက်တင်ဘာလ ၈ ရက်နေ့ကနေ နိုဝင်ဘာလ ၆ ရက်နေ့အထိ ၂ လကြာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေမှာ အလှည့် ကျ ဟောပြောခွင့်ရရှိမှာဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေဘက်က ဟောပြောမယ့်အကြောင်းအရာတွေကို စာရေးသားပြီး ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံ တင်ပြရမှာဖြစ်သလို ကော်မရှင်က ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ခွင့်ပြုပေးသွားမှာဖြစ် တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ ဟောပြောမယ့်စာမူကို ပြန်ကြားရေးဝန်ကြီးဌာနက လက်မခံဘူးဆိုရင် ပယ်ချမှာဖြစ်ပါတယ်။ ပါတီအောင်နိုင်ရေးအတွက် ၁၅ မိနစ်စာ ဟောပြောခွင့်ရရှိမှာဖြစ်ပြီး ဒါကို အစိုးရ ပိုင်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ နှစ်ကြိမ် ထုတ်လွှင့်ပေးသွားမှာဖြစ်သလို နိုင်ငံပိုင်သတင်းစာမှာ ရွေးကောက်ပွဲ မတိုင်မီ တစ်ကြိမ်ဖော်ပြပေးသွားမယ်လို့ ဆိုပါတယ်။
RFA Burmese
http://www.rfa.org/burmese
ပြည်ထောင်စုလွှတ်တော် နေပြည်တော်။
ပြည်ထောင်စုလွှတ်တော် နေပြည်တော်။
တလင်တမယား ဥပဒေကြမ်းအရ တရားဝင် အိမ်ထောင် ရှိရက်နဲ့ နောက်အိမ်ထောင် တရားဝင်ပြုပါက ဥပဒေအရ အရေးယူနိုင်သလို တရားဝင်လက်ထပ်ခြင်း မရှိဘဲ လင်မယား အဖြစ် နေထိုင်ပါကလည်း ဥပဒေကြောင်းအရ အရေးယူတော့ မှာဖြစ်ပါတယ်။ ဒီအချက်ကို နိုင်ငံတော်သမ္မတက ဥပဒေကြမ်းမှာ ထပ်ဖြည့်ဖို့ တင်ပြခဲ့တာပါ။ ဒီအချက် အတိုင်း လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်တာပါ။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းကမေခက ပေးပို့ထား ပါတယ်။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတကနေ သဘောထား မှတ်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးခဲ့ပါတယ်။ ဒီဥပဒေဟာ လွှတ်တော် ၃ခုစလုံးမှာ အကျေ အလည်ဆွေးနွေးပြီးသားဖြစ်ပါတယ်။ ဒီဆွေးနွေးမှုကို နိုင်ငံတော် သမ္မတဆီကို တင်ပြတာမှာ နိုင်ငံတော်သမ္မတ က ပြန်လည်ပြင်ဆင်လိုတဲ့အချက်တွေကို လွှတ်တော်ကိုပြန်လည်ပေးပို့ခဲ့တဲ့အပေါ်အခုလို ပြန်လည်ဆွေးနွေးခဲ့တာပါ။
နိုင်ငံတော်သမ္မတက ဒီဥပဒေမှာ မူလကပါဝင်ဖော်ပြထားတဲ့ တရားဝင် အိမ်ထောင်ရှိရက် နဲ့ နောက်အိမ်ထောင် တရားဝင်ပြုပါက ဥပဒေအရ အရေးယူနိုင်တယ် ဆိုတဲ့ အချက် အပြင် တရားဝင် လက်ထပ်ခြင်းမရှိဘဲ လင်မယား အဖြစ် နေထိုင်ခြင်းကိုပါ ဥပဒေကြောင်းအရ အရေးယူဖို့ ထပ်မံဖြည့်ထားတဲ့အပေါ် မဲခွဲဆုံးဖြတ်ခဲ့တာမှာ ထပ် ဖြည့်တဲ့ဘက်က မဲအသာကြောင့် အခုလိုအတည်ဖြစ်တာပါ။
"ဥပဒေကို ရှောင်လွှဲပြီးတော့ လင်မယားအဖြစ် နေထိုင်ပေါင်းသင်းခြင်းများ ရှိလာနိုင်သောကြောင့်ဖြစ်ပါတယ်။ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း အမျိုးသားသည် အခြားနေရာတခုခုမှာ နောက်ထပ် Living Together နေထိုင်မှုများ ဖြစ်ပေါ် လာနိုင်ပါတယ်။ ဖြစ် လည်း ဖြစ်ပွားလျက် ရှိနေပါတယ်။ Living Together များစွာဖြစ်ပေါ်လာသည့်အချိန်တွင် အမျိုးသမီးရဲ့ ရှေ့အနာဂတ်အတွက်လည်းကောင်း၊ ရရှိလာသော ကလေးသူငယ်များအတွက်လည်းကောင်း ဥပဒေအတည်ပြုသည့်နေ့က စပြီး မြန်မာအမျိုးသမီးများအတွက် နစ်နာမှုများစွာ ရှိလာနိုင်တဲ့အတွက် ဖြည့်စွက် သင့်ကြောင်း အတည်ပြုပြဋ္ဌာန်းပေးနိုင်ပါရန် လွှတ်တော်ကို တင်သွင်းအပ်ပါတယ်ရှင်။"
တာမွေမဲဆန္ဒနယ်ပြည်ခိုင်ဖြိုးပါတီဝင်ပြည်သူ့လွှတ်တော်အမတ် ဒေါ်လဲ့လဲ့ဝင်းဆွေက အခုလို သမ္မတဖြည့်စွက်မှုကို ခုလိုထောက်ခံလိုက်တာပါ။
ဥပဒေကြမ်းအရ ယောကျာ်း (သို့) မိန်းမတဦးဦးဟာ တရားဝင် လက်ထပ်ထိမ်းမြား ထားခြင်း ရှိလျက်နဲ့ နောက်ထပ် အိမ်ထောင်ပြုပါက အိမ်ထောင်ရေးပြစ်မှု ကျူးလွန်သူတဦးအဖြစ် ပြစ်မှုကျူးလွန်ရာ ရောက်ပါတယ်။ ခုလက်ရှိ ထပ်တိုးချက်အရ တရားဝင် လက်ထပ်ခြင်းမရှိဘဲ လင်မယား အဖြစ်နေထိုင်ပေါင်းသင်းပါက လည်းပြစ်မှုကျူးလွန် ရာရောက်ပြီး ဥပဒေကြောင်းအရ အရေးယူခံရတော့မှာပါ။
သမ္မတက ပြည်ထောင်စုလွှတ်တော်ကနေဆွေးနွေးပြီးတဲ့ ဒီဥပဒေကို ပြင်ဆင်ချက် ၆ချက် ပြင်ဆင်ဖို့ ပြန်လည်ပေးပို့ ခဲ့တာဖြစ်ပါတယ်။ ဒီပြင် လွှတ်တော်က လက်ခံ ထားတဲ့ ဥပဒေကြမ်းမှာ တရားမဝင်တဲ့ ဇနီးကနေမွေးလာတဲ့ တရားမဝင် သားသမီးတွေကို အမွေဆက်ခံခွင့် ရှိသည်ဆိုတဲ့ စကားရပ်ကို ထည့်သွင်းထားတဲ့ အပေါ်သမ္မတက ဒီအချက်ကို ပယ်ဖျက်ဖို့ မှတ်ချက် ပေးထားပါတယ်။
သမ္မတ တင်ပြချက်က တည်ဆဲအမွေဆက်ခံခွင့်ဥပဒေအရ တရားမဝင် သားသမီးတွေမှာ အမွေ ဆက်ခံခွင့်မရခြင်းနဲ့ အခုဥပဒေကြမ်းမှာ တရားမဝင် ကလေးသူငယ်တွေ အနေနဲ့ ကလေးသူငယ် အခွင့်အရေးအပြည့်အဝ ပေးရန် ဆိုတဲ့အချက်တွေပါ တာကြောင့် ဒီအချက်ကိုဖြုတ်ဖို့ တင်ပြတယ်လို့ ပြည်ထောင်စု ဥပဒေကြမ်းကော်မတီက ပြောပါတယ်။ ဒီလိုပြင်ဆင်ချက်ကို ဒီအပေါ်မှာလည်းမဲခွဲဆုံးဖြတ်ချက်အရ သမ္မတတင်ပြချက်ဘဲ အတည်ဖြစ်ခဲ့ပါတယ်။
ဒီလို ပြင်ဆင်မှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင် ကတော့ အမျိုးသမီးတွေနဲ့ ကလေး တွေရဲ့ အခွင့်အရေးတွေကို ဒီဥပဒေက ချိုးဖောက်ထားတယ်လို့ အခုလိုသုံးသပ်ပါတယ်။
" နောက်အိမ်ထောင်လည်း ပြုလို့မရဘူး။ နောက်အိမ်ထောင်လည်းမပြုနဲ့ အကယ်လို့ နောက်အိမ်ထောင်ပြုခဲ့ရင် နောက်အိမ်ထောင်ရဲ့ ယောကျား သို့မဟုတ် မိန်းမ သေသွားရင် ဒီလူတွေဟာ အခွင့်အရေးကို လုံးဝ ခံစားခွင့်မရှိဘူး။ နောက်တခု က သူတို့ အခွင့်အရေး ခံစားခွင့် မရှိယုံ မကဘူး။ သူတို့ကမွေးလာတဲ့ ကလေးတွေကလည်း လုံးဝ အကျိုးခံစားခွင့်မရှိဘူး။ အကယ်လို့ ဒီလိုသာ လုပ်မယ်ဆိုရင်တော့ တရားမဝင် နေထိုင်ရင်သာ နေထိုင်မယ် ကလေးမွေးလာလို့ရှိရင် မွေးချင်ကျမှ မဟုတ်ဘူး အဲ့ဒီ့အတွက်ကြောင့်မို့လို့ ကိုယ်ဝန်ဖျက်မှုတွေ မွေးကင်းစကလေးတွေ စွန့်ပစ်မှုတွေ ကျမတို့တိုင်းပြည်မှာ များလာလိမ့်မယ်လို့ ကျမကတော့ ဒီလိုပဲမြင်တယ်ရှင့်။
အတည်ပြုလိုက်တဲ့ ဒီဥပဒေမှာ ပုဒ်မ ၂၀ ပါဝင်ပါတယ်။ ဒီဥပဒေဟာ မြန်မာနိုင်ငံ တွင်း နေထိုင်သူ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသားတွေ အပြင်မြန်မာနိုင်ငံ တွင် နေထိုင်စဉ် နိုင်ငံသား နဲ့ လက်ထပ်တဲ့ နိုင်ငံခြားသားတွေ အပေါ်မှာပါ အကျုံးဝင် သက်ရောက်ဖို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ ဒီဥပဒေကြမ်းဟာ မျိုးစောင့်ဥပဒေ ၄ ခုထဲမှာ ၁ ခု အပါအဝင်ဖြစ် တာကြောင့် လူ့အခွင့်အရေး လှုပ်ရှားသူ တွေက ဝေဖန်မှုတွေ ရှိနေပါတယ်။ မျိုးစောင့်ဥပဒေ ၄ ခုအနက် လူဦးရေ ထိန်းချုပ်မှုဆိုင်ရာ ဥပဒေ၊ မြန်မာဗုဒ္ဓဘာ သာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတို့ကို သမ္မတက လက်မှတ်ထိုးပြီးဖြစ်ပါတယ်။
တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကလည်း မကြာခင် အတည်ဖြစ်တော့ မှာဖြစ်ပါတယ်။ မျိုးစောင့်ဥပဒေ ၄ ခုထဲမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ တခုထဲသာ လွှတ်တော်တွင်းဆွေးနွေးနေ ဆဲဖြစ်တယ်လို့ လွှတ်တော်အမတ်တွေကပြောပါတယ်။
VOA
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့အတွက် အစိုးရရဲ့ တာဝန်နဲ့ ပြည်ပရောက်နေ တဲ့ မြန်မာနိုင်ငံသားတွေထဲက ၂ သောင်းနီးပါးဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ စာရင်းပေး ထားပါတယ်။
ကြိုတင်မဲပေးဖို့ လျှောက်ထားသူတွေကို မြို့နယ်အလိုက် မဲစာရင်းမှာ ပါ၊ မပါ ပြန်လည်စိစစ်ပြီး မဲလက်မှတ်တွေကို လာမယ့်အောက်တိုဘာလ ၁ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် ပြန်ပို့ပေးမှာဖြစ်တယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးသန့်က ပြောပါတယ်။
"အခုမြို့နယ်တွေ အခုကွဲနေတာတွေ ၂၈ဝ ကျော်လောက်ဖြစ်နေပါပြီခင်ဗျ၊ ကျနော်တို့ဆီမှာကျတော့ တရားဝင်ရောက် မရောက် အဲ့ဒီစာရင်းက ကျနော်တို့ဆီမှာမရှိဘူး၊ သံရုံးတွေက စစ်ဆေးတာပေါ့နော်၊ အစိုးရခွင့်ပြုချက်နဲ့ ရောက်နေတဲ့သူတွေလည်း သူတို့ကဒီဘက်ကို ပတ်လွှတ်လိုက်တာခင်ဗျ၊ ပုံစံ ၁၅ ကို ကျနော်တို့ ရောက်တဲ့ပုံစံ ၁၅ အကုန်လုံးလုံးကို သက်ဆိုင်ရာမြို့နယ်အလိုက်ခွဲခြားပြီးတော့ ကျနော်တို့ ပြန်ပြီးတော့ပို့ရမှာပါခင်ဗျ၊ ကျနော်တို့က အဲ့ဒါပြီးသွားပြီဆိုရင် မဲလက်မှတ်ရိုက်ရမှာပေါ့နော်၊ ရိုက်ပြီးရင်မဲလက်မှတ်တွေကို ကျနော်တို့က အောက်တိုဘာ ၁ ရက်နေ့ စာအိတ်တွေထည့်ပြီး မဲလက်မှတ်တွေကို အရောက်ပို့မှာပါခင်ဗျ"
နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံရုံးတွေထံ မဲလက်မှတ်တွေ ပေးပို့မှာဖြစ်ပြီး သက်ဆိုင်ရာသံရုံးတွေမှာ ကြိုတင်မဲပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ သံရုံးတွေက ရရှိတဲ့ ကြိုတင်မဲတွေကို လာမယ့်အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ရမှာဖြစ်ပါတယ်။
အဲ့ဒီကြိုတင်မဲလက်မှတ်တွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေကတဆင့် မဲရုံအသီးသီး ကို နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့မှာ မဲရုံပိတ်ချိန် ညနေ ၄ နာရီ မတိုင်ခင် နောက်ဆုံးထား ပေးပို့ရ မှာဖြစ်ပါတယ်။
အခုထုတ်ပြန်တဲ့စာရင်းမှာ မိမိတို့အစီအစဉ်နဲ့ နိုင်ငံရပ်ခြားမှာ နေထိုင်နေသူတွေနဲ့ အလုပ်လုပ်ကိုင်နေသူတွေ မပါဘူးလို့လည်း သိရပါတယ်။
ကြိုတင်မဲပေးဖို့အတွက် လျှောက်ထားသူ နှစ်သောင်းနီးပါးထဲမှာ စင်ကာပူနိုင်ငံက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားဦးရေ ၂ သန်းနီးပါးရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
watlatt-flooding-620.jpg ဧရာဝတီမြစ်ရေတက်တာကြောင့် ရေကြီးနေတဲ့ ဝက်လွတ်ကျေးရွာကို သြဂုတ်လ ၅ ရက်နေ့က တွေ့ရစဉ်
ငဝန်မြစ်ရေဟာ ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့အတွက် သတ်မှတ်ထားတဲ့ စိုးရိမ်ရေမှတ်ကို နီးကပ်လာပြီဖြစ်တာကြောင့် မြစ်ကမ်းတလျှောက်နဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေ သတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးလိုက်ပါတယ်။
ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ၁ ပေတောင်မလိုတော့ဘူးလို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
ဒါ့အပြင် ငဝန်မြစ်ကမ်းတလျှောက် နေထိုင်သူတွေကို နောက် ၃ ရက်အတွင်း ရွှေ့ပြောင်းပေးနိုင်ဖို့အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ထံ အကြောင်းကြားထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လဆန်းမှာ မိုးကြီးခဲ့တာကြောင့် ဟင်္သာတ၊ ညောင်တုန်း၊ ကလေး၊ ပြည်၊ လက်ပံတန်း၊ မိုးညို၊ ဟားခါး၊ ဖလမ်း စတဲ့ မြို့နယ်အတော်များများမှာ ရေလွှမ်းသွားပြီး ရေဘေးကယ်ဆယ်ရေး စခန်းတွေဖွင့်လှစ်ခဲ့ရပါတယ်။ အဲ့ဒီရေကြီးမှုကြောင့် တစ်နိုင်ငံလုံးအနှံ့ သေဆုံးသူ ၁၂၂ ဦးအထိရှိနေပြီး လူ ၁ သန်းခွဲကျော် ရေဘေးဒဏ်ခံခဲ့ရပါတယ်။
RFA
ရွှေပြည်သာမြို့နယ်က အလုပ်သမားသပိတ်ခေါင်းဆောင် ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင်တို့ကို တောင်ဥက္ကလာပ မြို့နယ်တရားမှာ သြဂုတ်လ ၂၈ ရက်နေ့က ရုံးထုတ်ရာမှာ တကသကျောင်းသားတွေက… မတရားတဲ့ ဥပဒေအားလုံးကို ကန့်ကွက်ကြဖို့ တရားရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
RFA
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် မြို့နယ်ပညာရေးဝန်ထမ်းများအတွက် ဖေဖော်ဝါရီလက ထုတ်ယူခဲ့သော လစာငွေများတွင် စက္ကူဖြတ်စများ ရောနှောပါဝင်ခဲ့မှုကို ယခု ၆ လ အကြာတွင် ကျောင်းဆရာတစ်ဦးအား ယမန်ယူ၍ စစ်ဆေးနေပြီဖြစ်ကြောင်း မှုခင်းရဲတပ်ဖွဲ့ CID မှ သိရှိရသည်။
ပုသိမ်၊ သြဂုတ် ၂၈
ပြစ်မှုကျူးလွန်သူဟု ယူဆရသူ မအူပင်မြို့နယ်၊ ကုန်းတန်းကြီးကျေး ရွာ၊ မူလတန်းပြကျောင်းဆရာ ဦးဌေး ဝင်းအား ယမန်ယူ၍ စစ်ဆေးနေပြီး သုံးစွဲခဲ့သော သက်သေခံငွေကြေးများ ကို ဆောက်လုပ်ရေးပစ္စည်းဆိုင်၊ ရွှေ ဆိုင်နှင့် အကြွေးပေးဆပ်ထားသူများ ထံမှ ရဲတပ်ဖွဲ့တာဝန်ရှိသူများက လိုက် လံသိမ်းဆည်းနေကြောင်း သိရှိရသည်။
''အခုအချိန်မှာတော့ ဥပဒေနဲ့ အညီ ယမန်ယူစစ်ဆေးနေဆဲပဲရှိပါ သေးတယ်။ ပေါ်ပေါက်လာတဲ့အပေါ် မှာမှ ဥပဒေအကြံတောင်းတင်ရပါ ဦးမယ်၊ ဒါတောင်မှ တရားခံမဖြစ် သေးပါဘူး၊ မသင်္ကာသူပဲရှိပါသေး တယ်၊ ဥပဒေအကြံပြုချက်နဲ့ဆက်လုပ် ပြီး တရားသူကြီးကသာ ဆုံးဖြတ်နိုင် ပါတယ်၊ ကျွန်တော်တို့အနေနဲ့ အမှား အယွင်းမရှိအောင် စေ့စေ့စပ်စပ် ဆောင်ရွက်နေပါတယ်''ဟု ဧရာဝတီ တိုင်းဒေသကြီး မှုခင်းတပ်ဖွဲ့တာဝန် ရှိသူတစ်ဦးပြောသည်။
ပြစ်မှုကျူးလွန်သူဟု ယူဆရသော ဦးဌေးဝင်းနှင့်ပတ်သက်သည့် အပေါင် ဆိုင်လက်မှတ်များ သက်ဆိုင်ရာ စာ ရွက်စာတမ်းများ ဦးဌေးဝင်းထံမှ ငွေ ၉ သိန်းတို့ကို မအူပင်မြို့နယ် ပညာ ရေးဝန်ထမ်းများ၏ လစာထုတ်ခေါင်း ဆောင်မြို့နယ်ပညာရေးမှူး ဦးမြင့်စိုး နှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများက လိုက် လံသိမ်းဆည်းနေကြောင်း ဦးဌေးဝင်း သည် ဧရာဝတီတိုင်းဒေသကြီးမှ ဂျ ပန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ပညာ ရေးလေ့လာရေးအဖွဲ့တွင် ရွေးချယ်စေ လွှတ်ခံရသူများတွင် ပါဝင်သူဖြစ် ကြောင်း မအူပင်မြို့မှ ဦးထွန်းနိုင်မှ ပြောသည်။
''၂၇ ရက်မနက်ပိုင်းက သမီး တော်ရွှေဆိုင်မှာ ဝင်စစ်နေတာတွေ့ တယ်၊ သက်သေခံသိမ်းတာတို့၊ ဘာ တို့လုပ်တယ်၊ ညနေပိုင်းမှာ ပညာ ရေးမှူးဦးမြင့်စိုးပိုင်တဲ့ မိုးမိတ်လက် ဖက်ရည်ဆိုင်မှာ ကိုဌေးဝင်းက ငွေ အပြောင်းအလဲလုပ်ပုံကို ရဲတပ်ဖွဲ့ဝင် တွေရှေ့မှာ လုပ်ပြရတယ်၊ အခုတော့ သူ့ကို ရန်ကုန်(CID)ကို ခေါ်သွား တယ်လို့ သိရတယ်''ဟု မအူပင်မြို့ ပျိုးခင်းသစ်ဖောင်ဒေးရှင်းမှ ကိုထိုက် ထိုက်ကပြောသည်။
မအူပင်မြို့နယ်ပညာရေးဝန် ထမ်း များအတွက် လစာငွေကျပ် သိန်း ၁၉၁၈ ၁၉၁၈ သိန်းတွင် သိန်း ၅ဝ ကျပ်တန်ဖိုးရှိသည့် ငွေထုတ်၌ ငွေ စက္ကူထုပ်ပုံစံ လှီးဖြတ်ထုတ်ပိုးထား သည့် A4 အမျိုးအစားစက္ကူထုတ်များ ရောနှောပါဝင်ခြင်းနှင့် ပတ်သက်၍ မအူပင်မြို့နယ် အခြေခံပညာဦးစီးဌာ န၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦး မြင့်စိုးက ဖေဖော်ဝါရီလ ၂၇ ရက်၊ ည ၇း၃ဝ အချိန်တွင် မအူပင်မြို့၊ မြို့မရဲစခန်းသို့ သိန်း ၅ဝ မှားယွင်း မှုအား စုံစမ်းဖော်ထုတ်ပေးပါရန် တိုင်ကြားလာသဖြင့် ၄င်းရဲစခန်းမှ ပြစ်မှုအမှတ် (ပ)၄ဝ/၂ဝ၁၅ ပုဒ်မ ၄၂ဝ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိ သော အမှုဖြစ်ကြောင်းသိရှိရသည်။
မြင့်မိုဃ်း
The Street View
https://www.facebook.com/pages/The-Street-View
( သကြားကျေးရွာအနီးရှိ လယ်ကွင်းများကို ကြွမ်းဆိုးခေါ် ဒိုက်သရော အမှိုက်သရိုက်များ ဖုံးလွှမ်းထားစဉ်/ ဓာတ်ပုံ နိရဉ္စရာ)
 ရန်ကုန်၊ သြဂုတ် ၂၈
 ရခိုင်ပြည်နယ်မှ ရေကြီးခဲ့သော နေရာအချို့တွင် စပါးစိုက်ပျိုးနေသော လယ်မြေများအပေါ် ရခိုင်အခေါ် ကြွမ်းဆို၊ (မြန်မာ အခေါ် ဒိုက်သရောများ၊ အမှိုက်သရိုက်ဆိုးများ) ဖုံးလွှမ်းသွားသဖြင့် စပါးစိုက်ပျိုးရန် လယ်မြေမရှိတော့၍ မျိုးစပါးများကို ဖြန့်ဖြူးသော်လည်း လက်မခံကြတော့ဟု ဆိုသည်။
“ ကျွန်တော်တို့ မြောက်ဦးမြို့နယ်က သကြားဆိုတဲ့ ရွာကို ရောက်ပါတယ်။ လယ်ဧက အတော်တော်များများကို အမှိုက်သရိုက် ကြွမ်းဆိုးတွေ ဖုံးနေတာကို တွေ့ရတယ်။ မျက်စိ တစ်ဆုံးပါဘဲ။ ဒီလို ဖြစ်နေတော့ မျိုးစပါး ဖြန့်ဖြူးတော့လည်း ရွာသားတွေက လက်မခံကြတော့ပါဘူး” ဟု ကိုယ်တိုင် မျိုးစပါး ဖြန့်ဝေရန် သွားရောက်ခဲ့သည့် ရခိုင်မျိုးစောင့်အုပ်စုမှ ကိုခိုင်ထူးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ဇူလိုင်လ ၂၇ ရက်နေ့မှ သြဂုတ်လ တစ်ရက်နေ့ထိ ရေကြီးစဉ် လေးမြို့မြစ်အထက်ပိုင်း မှ သစ်ပင်များ၊ ထင်းတုန်းများ၊ အမှိုက်သရိုက်များ၊ ဒိုက်သရောများ ရေစီးနှင့် အတူ မျောပါလာပြီး လယ်ကွင်း အတော်အတော်များများကို ဖုံးလွှမ်းသွားခဲ့သဖြင့် စိုက်ပျိုးမြေဧက ရာနှင့် ချီ၍ ပျက်စီးသွားခဲ့သည်။
“ သူတို့အနေနဲ့ ဒီအမှိုက်သရိုက်တွေကို ဖယ်ရှားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ တင်ကျန်ရစ်ခဲ့တဲ့ ဒိုက်သရောတွေက နည်းနည်းနှောနှော မဟုတ်ဘူး။ စက်ကရိယာတွေအားနဲ့သာ ဖယ်ရှားရမယ်ထင်ပါတယ်။ အစိုးရ အကူအညီမပါရင် ဘယ်လိုမှဒေသခံတွေ အနေနဲ့ တတ်နိုင်မှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။
အများစု လယ်သမားများမှာ ရေဘေးကယ်ဆယ်ရေး အဖွဲ့များ၏ အထောက်အပံ့များကြောင့် စာရေး သောက်ရေးကို တစ်ရက်စာ၊ တပတ်စာ အတွက် ပူပင်စရာ မရှိသော်လည်း ရေရှည်အတွက်မှု မျှော်လင့်ချက်မဲ့နေကြသည်ဟု သိရသည်။
မြောက်ဦးဒေသခံ ကျောင်းဆရာတစ်ဦးကမူ ယခု ရေဘေးပြီးနောက် စားဝတ်နေရေး အကျပ်အတည်းကြောင့် မိမိဒေသကို စွန့်ခွာပြီး ထိုင်း၊ မလေးရှား၊ တရုတ်နယ်စပ်များသို့ ရခိုင် မိသားစုများ ဘယ်အတိုင်းအတာထိ ထွက်ခွာသွားကြမည် ကို သူ့အနေနှင့် မခန့်မှန်းနိုင်ဟု ပြောဆိုသည်။
၂၀၁၀ ဂီရိမုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းကလည်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် မဆောက်ရွက်ခဲ့ သဖြင့် လေဘေးသင့် ဒေသမှ မိသားစု အများအပြားမှာ ကချင်၊ တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်များသို့ အလုပ် လုပ်ကိုင်ရန် ထွက်ခွာသွားခဲ့ကြသည်ဟု သိရသည်။
Arakan State
https://www.facebook.com/NarinjaraNews
 မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်က ပြိုင်ဘက်ဖြစ်သူ ဦးရွှေမန်းကို USDP ပါတီ ဥက္ကဌနေရာမှ ဖယ်ရှားရန် အနည်းဆုံး ၂ ကြိမ်ခန့် ကြိုးစားခဲ့ပြီး သုံးကြိမ်မြောက်ဖြစ်သည့် သြဂုတ်လ ၁၂ ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့က အာဏာရ ပါတီ၏ ဌာနချုပ်အတွင်း လက်နက်အင်အား လူအင်အား သုံးပြီး ၀င်ရောက် စီးနှင်းသည့်အခါမှ နောက်ဆုံး အောင်မြင် ခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာနက ရေးသားလိုက်သည်။
အဆိုပါ ညက ပါတီဌာနချုပ်အတွင်း ရှိနေသူများအားလုံး၏ မိုဘိုင်းဖုန်းများနှင့် ကွန်ပြူတာများကို ရဲတပ်ဖွဲ့က စားပွဲပေါ် ပုံတင်ထားခိုင်းခဲ့ပြီး စောင့်ကြည့်နေ စဉ် ဦးရွှေမန်းအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဌ အဖြစ်မှ ဖယ်ရှားရန် သမ္မတထောက်ခံသူများက သမ္မတထံမှ အမိန့် အတိုင်း ဆောင်ရွက်ခဲ့ကြသည်ဟု ရိုက်တာသတင်းဌာန က ဖော်ပြခဲ့သည်။
နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးတွင် ပြုပြင်ပြောင်းလဲမှုများ မြန်ဆန်ရေး လာလိမ့်မည်ဟု မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပတွင် မျှော်လင့်ချက်များ မြင့်မားနေချိန်ပြီး ဦးသိန်းစိန် အစိုးရ၏ လုပ်ဆောင်မှုများ အပေါ် အကောင်းမြင် မှု နည်းပါးနေချိန်တွင် ပါတီအပေါ် သူ၏ ချုပ်ကိုင်မှု သေချာစေခြင်းဖြင့် ဦးသိန်းစိန်က သမ္မတရာထူး (၂ ဆက်) တည်မြဲရေး ပိုသေချာစေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ရိုက်တာသတင်းဌာနက သုံးသပ်ထားသည်။
”လူတွေ ၀င်လာတာကို ကျွန်တော်ကြားလိုက်တယ်။ ကွန်ပြူတာရှေ့ ကနေ မော့ကြည့်လိုက်တော့ ကျွန်တော့် ဘေးနားမှာ လက်နက်ကိုင် အစောင့်တွေ ဒါဇင်ဝက်လောက် ၀ိုင်းထားတယ်။”ဟု ရဲတပ်ဖွဲ့ ၀င်လာစဉ် အဆောက်အဦအတွင်း ရှိနေသူတစ်ဦးက ပြောပြခဲ့သည်။ သူ၏ လုံခြုံရေး အရ အမည် ဖော်ပြရန် ငြင်းဆိုထားသည်။
”သူတို့တတွေက သူတို့ လက်နက်တွေကို ဆွဲမထုတ်ခဲ့ပါဘူး။ သူတို့က ဘယ်သူကိုမှ အပြင်နှင့် မဆက်သွယ်စေချင်ဘူးဆိုတာ ထင်ရှားပါတယ်။”
ဦးရွှေမန်းသည် ပါတီဌာနချုပ်တွင် ရှိမနေသော်လည်း ဦးသိန်းစိန် ကို ထောက်ခံသူများက ပါတီကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် အရေးကြီး အချိန်တွင် ဦးရွှေမန်းအား ထောက်ခံသူများက မည်သည့် တုန့်ပြန်မှုများမှ မလုပ်ဆောင်နိုင်စေရန် တံခါးများ ပိတ်ထားခဲ့သည်။
ယခင် တပ်မတော်အစိုးရ လက်ထက်က ရာထူးဖယ်ရှားပုံများကဲ့ လက်နက် ကိုင်များ အသုံးပြုကာ ပါတီဌာနချုပ်အား စီးနှင်းပြီး ဦးရွှေမန်းအား ဖယ်ရှား ခဲ့ခြင်းက ရွေးကောက်ပွဲမတိုင်မီ ၃ လ မကြာတော့သည့် အချိန်တွင် ဦးရွှေမန်းအနေဖြင့် သမ္မတအဖြစ် ယှဉ်ပြိုင်ခြင်းမှ ထိထိရောက်ရောက် ပထုတ်ထားခဲ့ခြင်း ဖြစ်သည်ဟု ရိုက်တာ သတင်းဌာန က ရေးသားခဲ့သည်။
အဖယ်ရှားခံ ပါတီဥက္ကဌက ဒီမိုကရေစီသို့ ပိုမိုမြန်ဆန်စွာ ကူးပြောင်းဖွယ် အပါအ၀င် ကြေငြာရန် ရှိနေသည့် အစီအစဉ်မှလည်း သွေဖယ် သွားခဲ့ သည်ဟု ပါတီ၏ အကြံပေးများက ရိုက်တာသို့ ပြောကြားခဲ့သည်။
ဦးသိန်းစိန်က သူ၏ ပါတီအနေဖြင့် ရွေးကောက်ပွဲအပြီး သူ့လူ အများစု ပါဝင် သည့် အစိုးရဖွဲ့စည်းနိုင်လျှင် သူကိုယ်တိုင် သမ္မတဆက်ဖြစ်ရန်၊ သူရွေးခြယ် ထားသည့် သမ္မတလောင်းကို တင်မြှောက်နိုင်ရန် လမ်းရှင်းခဲ့ခြင်း ဖြစ်သည်။
အနားယူပြီး တပ်မတော်သားများ လွှမ်းမိုးထားသည့် USDP ပါတီတစ်ခုတွင် ယခင် ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သည့် ဦးရွှေမန်းသည် ရာဒီကယ် ဆန်သည့် ပြုပြင်ပြောင်းလဲရေးသမားတော့ မဟုတ်သော်လည်း ပါတီအတွင်း တွင် ပြုပြင်ပြောင်းလဲရေးအတွက် အသံကျယ်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေး ပိုမို အလုပ်ဖြစ်စေနိုင်သည့် မူဝါဒစာ ရွက်စာတမ်းများ ကျယ်ပြန့်စွာ လုပ်ဆောင် လျက်ရှိကြောင်း ရိုက်တာက သိရှိထားသည်။
”ပါတီအတွင်း ပဋိပက္ခတစ်ခုပါ။ ဒီလိုပုံစံမျိုး ခေါင်းဆောင်ပိုင်း အပြောင်းအလဲ က USDP ပါတီ ဒါမှမဟုတ် အခြားနိုင်ငံရေးပါတီတွေ အတွက် ကောင်းတဲ့ အရာ မဟုတ်ပါဘူး။ သူတို့က နောက်ဆုံး မတတ်သာလို့ လုပ်ခဲ့ကြ တာပါ။”ဟု ပြန်ကြားရေးဝန်ကြီးနှင့် သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ရိုက်တာကို ပြောကြားခဲ့သည်။
(တွေ့ဆုံမေးမြန်းရန် ရိုက်တာသတင်းဌာန၏ ပန်ကြားမှုကို ဦးရွှေမန်း၏ ရုံးက ငြင်းဆိုခဲ့သည်။)
သမ္မတဖြစ်လိုသည့် သူ၏ ရည်ရွယ်ချက်ကို မလျှို့ဝှက်ခဲ့သည့် ဦးရွှေမန်းအား ဖယ်ရှားလိုက်ခြင်းက နိုင်ငံရေးဖြစ်စဉ်အတွင်း နိုင်ငံတကာနှင့် ပြည်တွင်း ယုံကြည်မှုအပေါ် နောက်ထပ် ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့သည်။
ဦးရွှေမန်းအား ပါတီဥက္ကဌရာထူးမှ ဆင်းစေရန် သမ္မတက အနည်းဆုံး ၂ ကြိမ် ခန့် ကြိုးပမ်းခဲ့ပြီး မအောင်မြင် ဖြစ်ခဲ့ကြောင်း အာဏာရ USDP ပါတီဝင်များ၊ USDP ပါတီ၏ အကြံပေးများ၊ USDP အကြံပေးများ၊ သံတမန် များနှင့် တွေ့ဆုံမေးမြန်းမှုများမှ ရိုက်တာဌာနက ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ် သည်ဟု ဖော်ပြခဲ့သည်။
ဒီဇင်ဘာလတွင် ၁ ကြိမ်နှင့် မေလတွင် နောက် ၁ ကြိမ် ကျင်းပခဲ့ သည့် ခေါင်းဆောင်ပိုင်း အစည်းအဝေး များတွင် ဦးရွှေမန်းအား ဖယ်ရှားရန် ၂ ကြိမ်အထိ ကြိုးပမ်းခဲ့မှုများကို ဦးရွှေမန်းနှင့် သူ၏ ဘက်တော်သားများက တားဆီးနိုင်ခဲ့သည်ဟု ပါတီအကြံပေးတစ်ဦးနှင့် အနောက်နိုင်ငံတစ်ခုမှ သံအရာရှိတို့က ရိုက်တာကို ပြောကြားခဲ့သည်။
၂ ဘက်အုပ်စုများက မည်သူက သမ္မတလောင်းနှင့် ဥက္ကဌဖြစ်သင့်သည်နှင့် ပါတီ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းဖြစ်သင့်သည့်အပေါ် အားပြိုင် ခဲ့ပြီးနောက် အစည်းအဝေး ၂ ခုလုံးကို အနိုင် အရှုံးမရှိ အဖြေ မထွက်ပဲ အဆုံးသတ်ခဲ့သည်ဟု ရိုက်တာ ရေးသားခဲ့သည်။
”ဒီလို ကြိုးပမ်းမှုတွေက မနှစ်ကတည်းက ဖြစ်လာခဲ့တာ။” ဟု အသေးစိတ်များ ကို သတိ မပြုမိသော်လည်း အဖယ်ရှားခံ ဥက္ကဌကို ထောက်ခံသည့် USDP လွှတ်တော် ကိုယ်စားလှယ်က ပြောကြားခဲ့သည်။
လွှတ်တော်အတွင်းတွင် ရွေးခြယ်ခံမဟုတ်သည့် တပ်မတော်သား ၄ ပုံ ၁ ပုံ ခွင့်ပြုထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ချက်ကို ရဲရဲ တင်းတင်း ထောက်ခံလိုက်ခြင်းဖြင့် ဦးရွှေမန်းက တပ်မတော်ကို စိတ်ဆိုးစေ ခဲ့သည်။
နိုဝင်ဘာလရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က USDP ပါတီ၏ လက်ရှိနေရာများကို အနိုင်ရနိုင်ခြေ ကို ရင်ဆိုင်နေရသည့် သဘောထား တင်းမာသူများ အတွက် အန္တရာယ် အမှတ်အသားတစ်ခု ဖြစ်ခဲ့သည်။
”တပ်မတော်တွင်းမှ သဘောထား တင်းမာသူများနှင့် သမ္မတတို့က အခြေခံဥပဒေ ပြင်ဖို့ သူ့ရဲ့ အားထုတ်မှုတွေကို အတော်ကြီး မကြိုက်ကြဘူး။” ဟု လုံခြုံရေးတပ်ဖွဲ့များ တံခါးပိတ်လိုက်စဉ် ပါတီ ဌာနချုပ်တွင် ရှိနေခဲ့သည့် အမည်မဖော်လိုသူ USDP လွှတ်တော်ကိုယ်စားလှယ် တစ်ဦး က ပြောကြားခဲ့သည်။
”ဦးရွှေမန်းက USDP ပါတီကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့တာကို တပ်မတော် က ရပ်ဖို့ အမိန့်ပေးခဲ့တယ်။” ဟု အဆိုပါ USDP လွတ်တော် ကိုယ်စားလှယ်က ရိုက်တာသို့ ပြောကြားခဲ့သည်။
ရည်မှန်းချက်ကြီးသူ ဦးရွှေမန်းအပေါ် သြဇာညောင်းသည်ဟု ထင်မြင် ထားကြသည့် USDP ပါတီကို ထိန်းကျောင်းသူ ဗိုလ်မှူးကြီးဟောင်း ဦးအောင်သောင်း ဇူလိုင်လအတွင်း သေဆုံးပြီးနောက် ပါတီတွင်း အုပ်စုကွဲမှု ပိုဆိုးရွားလာခဲ့သည်။ ဦးအောင်သောင်းသည် ဦးရွှေမန်းဘက်က ဖြစ်သော် လည်း သမ္မတ၊ တပ်မတော်တို့နှင့် ခိုင်မာသည့် ဆက်ဆံရေးကို ထိန်းထားခဲ့ သည်။ သူ မရှိသည့်အခါမှ ပြဿနာတွေက ပေါ်ပေါက်လာခဲ့သည်။
ဦးရွှေမန်း ရာထူးချရာတွင် တပ်မတော်က မည်သည့် အခန်းက ပါဝင်ခဲ့သည် မှာ မရှင်းလင်းသော်လည်း တပ်မတော်က ဆိတ်ဆိတ်နေ လက်ခံခြင်း ကြောင့်သာ ယခုကဲ့သို့ အင်အားသုံးဖယ်ရှားနိုင်ခဲ့ကြခြင်း ဖြစ်မည် ဟု နိုင်ငံရေး လေ့လာသူများက ဆိုသည်။
နေပြည်တော် နယ်နမိတ်တွင် ပါတီဌာနချုပ်တစ်ခုအား နာရီအတန်ကြာ ပိတ်ဆို့ ထားရန် ရဲတပ်ဖွဲ့ချထားရန် အမိန့်သည် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို ၏ အတည်ပြုချက် လိုပါလိမ့်မည်ဟု ရိုက်တာသတင်းက ဖော်ပြခဲ့သည်။ ပြည်ထဲရေးဝန်ကြီး ၀န်ကြီးဌာနမှာ အခြေခံဥပဒေအရ တပ်မတော်၏ အုပ်ချုပ်မှုအောက်တွင်ရှိသည် ၀န်ကြီးဌာန ၃ ခုအနက် ၁ ခုဖြစ်သည်။
”သူတို့ လုပ်ခဲ့တာက အာဏာရှိကြောင်း ပြလိုက်တာပါ။ ‘ကြည့်လိုက်စမ်း။ ငါတို့ ဒါမျိုး လုပ်နိုင်တယ်’ လို့ အခြားသူတွေကို ပြလိုက်တာ။”ဟု USDP လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးက ဆိုသည်။
Hnin Yadana Zaw နှင့် Simon Webb တို့ ရေးသားသည့် Reuters ၏ သတင်းဆောင်းပါးကို The Ladies News Journal မှ ဆီလျော်အောင် ပြန်ဆိုသည်။
(Additional reporting by Antoni Slodkowski in NAYPYITAW and Aung Hla Tun in YANGON; Editing by Raju Gopalakrishnan and Alex Richardson)
The Ladies News Journal
https://www.facebook.com/News.TheLadies
သေဆုံးသွားသူ ၂ ဦးဟာ နေ့တိုင်း အလုပ်အတူလုပ်ခဲ့ကြတယ်လို့ Parker ရဲ့ အတူနေချစ်သူက ပြောပါတယ်။ (Credit: ABC licensed)
 အမေရိကန် ​ရုပ်သံ ​သတင်းထောက်၂ ​ဦး ​တိုက်ရိုက် ​အသံလွှင့်နေတုန်း ​သေနတ်နဲ့ ​ပစ်သတ်ခံခဲ့ရပါတယ်။
အမေရိကန် ​ရုပ်သံ ​သတင်းထောက် ​၂ ​ဦးကို ​သေနတ်နဲ့ ​ပစ်သတ်သွားတဲ့ ​သူရဲ့ ​သတင်းအချက် ​တချို့ ​ထွက်ပေါ်လာပါတယ်။
သေနတ်သမားဟာ ​အရင်က ​WDBJ7 ​ရုပ်သံဌာနမှာ ​လုပ်ဆောင်ခဲ့ဖူးတဲ့ ​၀န်ထမ်းဟောင်း ​Vester ​Flanagan ​ဖြစ်ပါတယ်။
သူ့ရဲ့ ​ညံ့ဖျင်းတဲ့ ​လုပ်ရပ်တွေကြောင့် ​၂၀၁၃ ​မှာ ​အလုပ်ထုတ်ပယ် ​ခြင်းခံခဲ့ရတာ ​မကျေနပ်လို့ ​အခုလို ​လုပ်တာ ​ဖြစ်ကြောင်း ​ရုပ်သံဌာနရဲ့ ​အကြီးအကဲ ​Jeff ​Marks ​က ​ပြောကြားခဲ့ပါတယ်။
အသက် ​၂၄ ​နှစ်အရွယ် ​အမျိုးသမီး ​သတင်းထောက် ​အယ်လီစင် ​ပါကာက ​မြို့ ​ပြင် ​ရှိ ​ရှော့ပင်စက်တာမှာ ​တိုက်ရိုက် ​အမေးအဖြေခန်း ​ထုတ်လွှင့်နေစဉ် ​သေနတ်သမားက ​ပစ်ခတ်ခဲ့တာ ​ဖြစ်ပြီး ​အဲဒီအစီအစဉ်ကို ​ရိုက်နေတဲ့ ​ကင်မရာသမား ​အသက် ​၂၇ ​နှစ်အရွယ် ​အတ်ဒမ် ​၀ါဒ်ကိုလည်း ​ပစ်သွားတာ ​ဖြစ်ပါတယ်။
သေနတ်သမားဟာ ​သတင်းထောက် ​၂ ​ဦးကို ​ပစ်သတ်ပြီး ​ထွက်ပြေးဖို့ ​ကြိုးစားရင်း ​ရဲတွေနဲ့ ​ထိပ်တိုက် ​ရင်ဆိုင်ရတဲ့ ​အချိန်မှာ ​သူ့ကိုယ်သူ ​အဆုံးစီရင် ​သွားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ​အနေနဲ့ ​သေနတ်ကိုင် ​အကြမ်းဖက်မှုနဲ့ ​ပတ်သက်ပြီး ​တခုခု ​လုပ်ဆောင်ဖို့ ​လိုအပ်နေပြီဖြစ်ကြောင်း ​သမ္မတလောင်း ​ဟေလာရီ ​ကလင်တန် ​အပါအ၀င် ​နိုင်ငံရေး ​ထိပ်သီးများက ​ပြောဆိုသွားကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
  ကုသမှုခံယူပြီးနောက် ပြန်လည်ဖြစ်ပေါ်လာတဲ့ ကင်ဆာရောဂါတွေကို သွေးစစ်ဆေးမှုနဲ့ ကယ်ဆယ်ကုသနိုင်ဖွယ်ရှိတယ်လို့ လေ့လာတွေ့ရှိချက်တခုက ဆိုပါတယ်။
လန်ဒန်မြို့မှာရှိတဲ့ ကင်ဆာသုတေသန အဖွဲ့က သိပ္ပံပညာရှင်တွေဟာ ရင်သားကင်ဆာဖြစ်ပွားမှုကို ဆရာဝန်များ ပုံမှန်ဖော်ထုတ်တွေ့ရှိနိုင်ချိန်ထက် ၈ လ စောပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ရောဂါပြန်စနေတဲ့ အမျိုးသမီး ၁၅ ယောက်အနက် ၁၂ ယောက်မှာ ကင်ဆာဖြစ်နေတာကို စမ်းသပ်မှုကာလအတွင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီကုသမှုနည်းကို ဆေးရုံတွေမှာ စမ်းသပ်ကုသမှု မလုပ်ခင် နောက်ထပ် ဆက်လုပ်စရာတွေ ရှိနေသေးတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ကင်ဆာရောဂါသည်တွေမှာ ကင်ဆာကျိတ်ကို ဖယ်ရှားနိုင်ဖို့အတွက်ဆိုရင် ခွဲစိတ်ခြင်းနဲ့ အဓိကကုသနေကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆဲလ်တစ်ခုက စတင်ဖြစ်ပွားခဲ့တဲ့ ကင်ဆာကျိတ်တစ်ခုဟာ ကိုယ်ခန္ဒာရဲ့ တခြားအင်္ဂါအစိတ်ပိုင်းတခုကို ပြန့ှ်နှံ့သွားလို့ ဖြစ်စေ ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်က အကျိတ်တစ်ခုလုံး စင်အောင်မထုတ်ခဲ့လို့ရှိရင် ကင်ဆာရောဂါ ပြန်လည်ဖြစ်ပေါ်လာနိုင်ပါတယ်။
သိပ္ပံပညာရှင်တွေက ကင်ဆာကျိတ်ရဲ့DNA မှာပါတဲ့ ဗီဇမျိုးပြောင်းလဲမှုကို ဓာတ်ခွဲကြည့်ရှုပြီး အလားတူ ဗီဇမျိုးပါသူတွေရဲ့သွေးကို ဆက်လက် ရှာဖွေလေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
သာမန်သွေးဓာတ်ခွဲစစ်ဆေးမှုက တန်ဖိုးမကြီးပေမယ့် ဗီဇမျိုးပြောင်းလဲမှုတွေအတွက် ကင်ဆာကျိတ်ရဲ့ DNA ကို ဓာတ်ခွဲစစ်ဆေးဖို့ကတော့ အကုန်အကျ တန်ဖိုးကြီးတယ်လို့သိရပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
ချင်းပြည်နယ် တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် လူနေအိမ်များ ပျက်စီးနေပုံ (ဓာတ်ပုံ-MOI)
    ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
    ချင်းပြည်နယ် တွန်းဇံမြို့တွင် ယနေ့နံနက် ၃နာရီမှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းကာ သဘာဝ တောင်ပေါ်ရေကန် ရေလျှံ ကျိုးပေါက် ၍ ရွာနှစ်ရွာ ရေထဲမျောပါ ပျက်စီးခဲ့ကြောင်း အစိုးရ သတင်းဌာန များတွင် ထုတ်ပြန်သည်။
တွီ့ခိန်ဇန်ကျေးရွာ မှ အိမ်ခြေ ၄၀ ကျော် နှင့် ဟားခါးလေးကျေးရွာ မှ အိမ်ခြေ ၅၀ ကျော် ရေထဲမျောပါကာ လက်ရှိ အချိန်ထိ လူနှစ်ဦးပျောက်ဆုံး နေပြီး အဆိုပါ ဒေသသို့ ကယ်ဆယ်ရေးများ သွားရောက် ဆောင်ရွက် လျက်ရှိသည်။
လက်ရှိ တောင်ပေါ် ရေကြီး ရေလျှံမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်းရှိ နေရဉ္ဇာမြစ်ရေ တက်လျက်ရှိသော်လည်း ရာဇဂြိုလ်ဆည် ကျိုးပေါက်ခြင်းမရှိသေးကြောင်း သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ရာဇဂြိုလ်ဆည်ပေါက်ကျသည့် ကောလဟာလများကြောင့် ကလေးမြို့ အနိမ့်ပိုင်းရှိမြို့များမှ ဒေသခံများ နေရာများ ပြောင်းရွေ့လျှက်ရှိသည်။
 (Xinhua)
http://www.xinhuamyanmar.com
မေ​လ​တုန်း​က ​အ​လောင်း​တွေ ​တွေ့​ရှိ​ခဲ့​တဲ့​နေ​ရာ။
ထိုင်း​နဲ့ ​မ​လေး​ရှား​နယ်​စပ်​အ​နီး ​တော​အုပ်​ထဲ​မှာ ​လူ​ကုန်​ကူး​ခံ​ရ​သူ​တွေ​လို့ ​ယူ​ဆ​ရ​သူ​တွေ​ရဲ့ ​ရုပ်​အ​လောင်း ၂၄ ​လောင်း ​မြုပ်​ထား​တဲ့​ကျင်း​တွေ ​နောက်​ထပ် ​တွေ့​ခဲ့​တယ်​လို့ ​မ​လေး​ရှား​ရဲ​တွေ​က ​ဩ​ဂုတ်​လ ၂၃ ​ရက်​နေ့​က ​ပြော​ဆို​ပါ​တယ်။
ထိုင်း​နယ်​စပ်​အ​နီး ​မ​လေး​ရှား​နိုင်​ငံ Perlis ​ပြည်​နယ်​အ​တွင်း​မှာ ​ပြီး​ခဲ့​တဲ့ ​မေ​လ​တုန်း​က ​အ​လောင်း ၁၃၉ ​လောင်း ​တွေ့​ရှိ​ခဲ့​တဲ့​နေ​ရာ​နား​မှာ ​အဲ​ဒီ​ကျင်း​တွေ​ကို ​တွေ့​ခဲ့​တာ ​ဖြစ်​တယ်​လို့ ​မ​လေး​ရှား ​ရဲ​က ​ပြော​ပါ​တယ်။
အဲ​ဒီ ​အ​လောင်း​တွေ​ဟာ ​လူ​ကုန်​ကူး​သူ​တွေ​ရဲ့ ​တော​တွင်း​စ​ခန်း​ထဲ​မှာ ​ပြန်​ပေး​ဆွဲ ​ဖမ်း​ဆီး​ထား​တဲ့​သူ​တွေ ​ဖြစ်​နိုင်​တယ်​လို့ ​မ​လေး​အာ​ဏာ​ပိုင်​တွေ​က ​ယူ​ဆ​ကြ​ပါ​တယ်။
လူ​ကုန်​ကူး​ခံ​ရ​သူ​တွေ​ကို ​တော​တွင်း​စ​ခန်း​တွေ​မှာ ​ဖမ်း​ဆီး​ထား​ပြီး ​သူ​တို့​မွေး​ရပ်​မြေ​မှာ ​ကျန်​ခဲ့​တဲ့ ​ဆွေ​မျိုး ​မိ​သား​စု​ဝင်​တွေ​စီ​က ​ငွေ​ရ​မှ​သာ ​လွှတ်​ပေး​ပြီး ​သူ​တို့​အ​လို​ရှိ​တဲ့​နိုင်​ငံ​ကို ​လူ​ကုန်​ကူး​သူ​တွေ​က ​သွား​ခွင့်​ပြု​တာ​ဖြစ်​ပါ​တယ်။
မြန်​မာ​နဲ့ ​ဘ​င်္ဂ​လာ​ဒေ့​ရှ် ​နိုင်​ငံ​တို့​က ​ရွှေ့​ပြောင်း​ဝင်​ရောက်​လာ​ကြ​သူ​တွေ​ဟာ ​ထိုင်း၊ ​မ​လေး​ရှား​နဲ့ ​အင်​ဒို​နီး​ရှား​နိုင်​ငံ​တွေ​ကို ​သွား​ရောက်​ဖို့ ​ကြိုး​စား​ကြ​ပါ​တယ်။
ပြီး​ခဲ့​တဲ့ ​မေ​လ​အ​တွင်း​က ​အ​လောင်း ၁၀၀ ​ကျော်​တွေ့​ရှိ​တဲ့​အ​ထဲ​မှာ ​မြန်​မာ​နိုင်​ငံ​က ​ထွက်​ပြေး​လာ​ကြ​တဲ့ ​ရို​ဟင်​ဂျာ​တွေ​ရဲ့ ​အ​လောင်း ​အ​တော်​များ​များ ​ပါ​ဝင်​ခဲ့​ပါ​တယ်။
အ​ခု​နောက်​ဆုံး​တွေ့​ရှိ​ခဲ့​တဲ့ ​အ​လောင်း ၂၄ ​လောင်း​ကို​တော့ ​ခွဲ​စိတ်​စစ်​ဆေး​ဖို့ ​ပို့​ဆောင်​ထား​တယ်​လို့ ​မ​လေး​ရှား​ရဲ​က ​ပြော​ပါ​တယ်။
စ​ခန်း​တွေ​မှာ ​ဖမ်း​ဆီး​အ​ကျဉ်း​ချ​ခံ​ထား​ရ​သူ​တွေ​ထဲ​က ​ငွေ​မ​ပေး​နိုင်​သူ​ဟာ ​လူ​မှောင်​ခို​ကူး​သူ​တွေ​ရဲ့ ​ညှင်း​ပမ်း​နှိပ်​စက်​တာ၊ ​အ​ဓ​မ္မ​ပြု​ကျင့်​တာ​တွေ ​ခံ​ရ​တဲ့​အ​ပြင် ​တ​ချို့​ဆို ​နှိပ်​စက်​တဲ့​ဒဏ်​ကြောင့် ​သေ​ဆုံး​ခဲ့​ရ​တယ်​လို့ ​စ​ခန်း​တွေ​က ​လွတ်​မြောက်​လာ​သူ​တွေ​က ​ပြော​ဆို​ကြောင်း ​ကွာ​လာ​လမ်​ပူ​မြို့​က ​ဘီ​ဘီ​သ​တင်း​ထောက် Jennifer Pak ​က ​ပြော​ပါ​တယ်။
အ​ခု​လို ​မ​လေး​ရှား​နယ်​စပ်​မှာ ​အ​လောင်း​တွေ ​ထပ်​မံ​တွေ့​ခဲ့​တဲ့ ​သ​တင်း​ကြောင့် ​မ​လေး​ရှား​အ​စိုး​ရ​ဟာ ​လူ​ကုန်​ကူး​မှု​တွေ ​ရပ်​တန့်​သွား​အောင် ​အ​သေ​အ​ချာ ​ဆောင်​ရွက်​ရဲ့​လား ​ဆို​တာ ​ပို ​အ​ငြင်း​ပွား​စ​ရာ ​ဖြစ်​လာ​တဲ့​ပုံ ​ရှိ​နေ​ပါ​တယ်။
လော​လော​ဆယ်​မှာ​တော့ ​လူ​မှောင်​ခို​ကူး​မှု ​အ​ဆိုး​ဆုံး ​ကျုး​လွန်​တဲ့ ​နိုင်​ငံ​များ​စာ​ရင်း​က​နေ ​မ​လေး​ရှား​ကို ​အ​မေ​ရိ​ကန်​က ​ဖယ်​ရှား​ခဲ့​ပါ​တယ်။
ဒါ​ဟာ ​အ​မေ​ရိ​ကန်​အ​စိုး​ရ ​အ​နေ​နဲ့ ​အာ​ရှ​ပ​စိ​ဖိတ်​ဒေ​သ​တွင်း ​ကုန်​သွယ်​ရေး ​သ​ဘော​တူ​ညီ​ချက်​တ​ခု ​အ​မြန်​ရေး​ထိုး​နိုင်​အောင် ​လုပ်​တာ​ဆို​ပြီး ​လူ့​အ​ခွင့်​အ​ရေး​အ​ဖွဲ့​တွေ​က ​စွပ်​စွဲ​ပြော​ဆို​ခဲ့​ကြ​ပါ​တယ်။
လူ​လှောင်​အိမ်​တွေ​မှာ ​အ​လှောင်​ခံ​ထား​ရ​တာ​တွေ​ကို​လည်း ​ဖော်​ထုတ်​နိုင်​ခဲ့။
ပြီး​ခဲ့​တဲ့ ​မေ​လ​တုန်း​က ​ထိုင်း​နိုင်​ငံ​နယ်​စပ်​အ​နီး ​မ​လေး​ရှား​ဘက်​ခြမ်း ​တော​ထဲ​မှာ ​လူ​မှောင်​ခို​သ​မား​တွေ ​စွန့်​ပစ်​ခဲ့​တဲ့ ​စ​ခန်း​တွေ ​တွေ့​ရှိ​ကြောင်း ​မ​လေး​ရှား ​အာ​ဏာ​ပိုင်​တွေ​က ​ထုတ်​ပြန်​ခဲ့​ပြီး​တဲ့​နောက် ​ရွှေ့​ပြောင်း​နေ​ထိုင်​သူ​တွေ​ကို ​သစ်​သား၊ ​သံ​စူး​ကြိုး​တွေ​နဲ့ ​လုပ်​ထား​တဲ့ ​လူ​လှောင်​အိမ်​တွေ​မှာ ​အ​လှောင်​ခံ​ထား​ရ​တာ​တွေ​ကို​လည်း ​ဖော်​ထုတ် ​သိ​ရှိ​ခဲ့​ကြ​ပါ​တယ်။
ရုပ်​အ​လောင်း ၁၀၀ ​ကျော် ​မ​လေး​ရှား​ဘက်​မှာ ​မ​တွေ့​ရှိ​ခင်​က ​ထိုင်း​နိုင်​ငံ ​နယ်​စပ်​ဘက်​မှာ ​အ​လား​တူ ​အ​လောင်း​တွေ​ကို ​အ​ရင်​ဆုံး ​တွေ့​ရှိ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။
ထိုင်း​မှာ ​အဲ​ဒီ​လို ​အ​လောင်း​တွေ ​တွေ့​ရှိ​ပြီး​တဲ့​နောက်​မှာ ​ဘ​င်္ဂ​လား​ဒေ့​ရှ်​နဲ့ ​မြန်​မာ​နိုင်​ငံ​က ​ရွှေ့​ပြောင်း​ဝင်​လာ​သူ​တွေ​ကို ​သယ်​ဆောင်​ရာ ​လူ​ကုန်​ကူး ​လမ်း​ကြောင်း​တွေ​ကို ​ထိုင်း​အာ​ဏာ​ပိုင်​တွေ​က ​ဖြို​ခွင်း​ခဲ့​ကြ​ပါ​တယ်။
ဒါ​ကြောင့် ​မ​လေး​ရှား​ကို ​သွား​လို​တဲ့ ​ရွှေ့​ပြောင်း​သူ​တွေ​ကို ​လူ​မှောင်​ခို​တွေ​က ​ပင်​လယ်​ရေ​လမ်း​က ​တ​ဆင့် ​ပြောင်း​လဲ ​ပို့​ဆောင်​နေ​ကြ​ပေ​မယ့် ​ဘယ်​နိုင်​ငံ​က​မှ ​သူ​တို့​ကို ​လက်​မ​ခံ​ချင်​တာ​ကြောင့် ​ထောင်​နဲ့​ချီ​တဲ့​သူ​တွေ​ဟာ ​ပင်​လယ်​ပြင်​မှာ ​မျော​နေ​ခဲ့​ကြ​ရ​တာ ​ဖြစ်​ပါ​တယ်။
အ​လောင်း​တွေ ​တူး​ဖော်​တွေ့​ရှိ​ပြီး ​နောက်​ပိုင်း​ကျ​မှ​သာ ​ရွှေ့​ပြောင်း​ဝင်​လာ​သူ​တွေ​ရဲ့ ​စက်​လှေ​တွေ​ကို ​အင်​ဒို​နီး​ရှား​နဲ့ ​မ​လေး​ရှား​နိုင်​ငံ​က ​လက်​ခံ​ပြီး ​ယာ​ယီ​ခို​လှုံ​စ​ရာ ​ပေး​ဖို့ ​သ​ဘော​တူ​ခဲ့​ကြ​ပါ​တယ်။
ထိုင်း​နိုင်​ငံ​က​တော့ ​ရွှေ့​ပြောင်း​ဝင်​လာ​သူ​တွေ​ရဲ့ ​စက်​လှေ​တွေ​ကို ​ထိုင်း​ရေ​ပိုင်​နက် ​ပြင်​ပ ​ပြန်​ပို့​တာ​တွေ ​မ​လုပ်​တော့​ဘူး​လို့ ​ပြော​ပေ​မယ့် ​ဝင်​လာ​သူ​တွေ​ကို ​လက်​မ​ခံ​ဘူး​လို့ ​ဆို​ပါ​တယ်။
အ​ရှေ့​တောင်​အာ​ရှ ​ဘီ​ဘီ​စီ ​သ​တင်း​ထောက် Jonathan Head ​က​တော့ ​လူ​ကုန်​ကူး​တဲ့​လုပ်​ငန်း​ဟာ ​အ​မြတ်​အ​စွန်း ​များ​ပြား​လာ​တာ​နဲ့​အ​မျှ ​ထိုင်း​နိုင်​ငံ​တွင်း​ရှိ ​ဒေ​သ​ခံ​တွေ​က​ပါ ​လူ​တင်​သွင်း​သူ​တွေ​ကို ​ပါ​ဝင်​ကူ​ညီ​နေ​ကြ​တယ်​ဆို​ပြီး On the trail of Thailand's human traffickers ​ဆို​တဲ့​ဆောင်း​ပါး​မှာ ​ရေး​သား​ထား​ပါ​တယ်။
မ​စ္စ​တာ Head ​ဟာ ​မေ​လ​အ​တွင်း​မှာ ​က​ပ္န​လီ​ပင်​လယ်​ပြင်​အ​နီး ​ထိုင်း​နိုင်​ငံ​တောင်​ပိုင်း Takua Pa ​ခ​ရိုင်​အ​တွင်း​က ​ကျွန်း​တစ်​ကျွန်း​မှာ ​လူ​သေ​အ​လောင်း​တွေ ​မြှုပ်​ထား​တဲ့​ကျင်း​တွေ ​တွေ့​ရှိ​တဲ့​သ​တင်း​နဲ့ ​ပတ်​သက်​ပြီး ​ထိုင်း​အ​ဖွဲ့​တွေ​နဲ့​အ​တူ ​သွား​ရောက်​သ​တင်း​ယူ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။
အဲ​ဒီ​နေ​ရာ​ဟာ ​ရွှေ့​ပြောင်း​ဝင်​လာ​သူ​တွေ​ကို ​ထား​ရှိ​ရာ ​လူ​ကုန်​ကူး​သူ​တွေ ​အ​သုံး​ပြု​ခဲ့​တဲ့ ​စ​ခန်း​ဟောင်း​တစ်​ခု​ဖြစ်​ပါ​တယ်။ ​အဲ​ဒီ​မှာ ​ရွှေ့​ပြောင်း​ဝင်​ရောက်​သူ​တွေ​ထဲ​က ​တစ်​ဦး​လို့​ယူ​ဆ​ရ​တဲ့ ​အ​မျိုး​သ​မီး​တစ်​ဦး​ရဲ့ ​အ​လောင်း ​အ​ရိုး​စု​တွေ​ကို ​တွေ့​ရှိ​ခဲ့​တဲ့ ​မ​စ္စ​တာ Head ​က ​သူ​ရဲ့ ​စုံ​စမ်း​လေ့​လာ​တွေ့​ရှိ​ချက်​တွေ​ကို ​အ​ခု​လို ​သုံး​သပ်​တင်​ပြ​ထား​ပါ​တယ်။
လူ​ကုန်​ကူး​မှု
ပြီး​ခဲ့​တဲ့ ​အောက်​တို​ဘာ​လ​အ​တွင်း​က Takua Pa ​ခ​ရိုင်​အ​တွင်း​က ​ထိုင်း​အ​ရာ​ရှိ​တွေ ​ကယ်​ဆယ်​ထား​တဲ့ ​ဘ​င်္ဂ​လာ​ဒေ့​ရှ်​နိုင်​ငံ​က ​ထွက်​ပြေး​လာ​ကြ​သူ ၈၁ ​ဦး ​ရှိ​ရာ​ကို ​ကျ​နော်​တို့ ​သွား​ရောက်​ခဲ့​ပါ​တယ်။
အ​မျိုး​သ​မီး​အ​လောင်း ​တူး​ဖော်​တွေ့​ရှိ​ရာ ​နေ​ရာ​အ​နီး​မှာ ​အဲ​ဒီ​လူ​တွေ​ကို ​ထိုင်း​အ​ရာ​ရှိ​တွေ​က ​တွေ့​ရှိ​ကယ်​ဆယ်​ခဲ့​ပြီး ​သူ​တို့​ဟာ ​အ​စာ​ရေ​စာ ​ပြတ်​လတ်​နေ​ပြီး ​ရိုက်​နှက်​ညှင်း​ပန်း​ခံ​ထား​ရ​တာ ​တွေ့​ရ​ပါ​တယ်။
ရို​ဟင်​ဂျာ​တွေ​နဲ့​အ​တူ ​ဘ​င်္ဂ​လား​ဒေ့​ရှ်​နိုင်​ငံ​သား​တွေ​ပါ ​ဝင်​ရောက်​တာ ​များ​လာ။
ခ​ရိုင်​အ​ကြီး​အ​ကဲ Manit Pianthong ​က ​သူ့​နယ်​အ​တွင်း ​ရောက်​လာ​တဲ့ ​ရွှေ့​ပြောင်း​ဝင်​လာ​သူ​တွေ​ကို ​စက်​လှေ​တွေ ​က​တ​ဆင့် ​ထ​ရပ်​ကား​တွေ​နဲ့ ​လူ​ကုန်​ကူး​သူ​တွေ​က ​ပြောင်း​သယ်​လေ့ ​ရှိ​ပြီး ​သူ့​အ​နေ​နဲ့ ​ဒီ​လုပ်​ရပ်​တွေ ​ရပ်​သွား​အောင် ​လုပ်​ချင်​ပေ​မယ့် ​အ​စိုး​ရ​နဲ့ ​ဒေ​သ​ခံ​အာ​ဏာ​ပိုင်​တွေ​က ​ကူ​ညီ​တာ ​နည်း​တယ်​လို့ ​ဆို​ပါ​တယ်။
မ​စ္စ​တာ Pianthong ​နဲ့​အ​ဖွဲ့​ဟာ ​လူ​ကုန်​ကူး​သူ​တွေ​ရဲ့​စ​ခန်း​တွေ​ကို​ရှာ​ဖွေ​တာ၊ ​လူ​တွေ​တင်​လာ​တဲ့ ​ထ​ရပ်​ကား​တွေ​ကို ၂၄ ​နာ​ရီ ​စစ်​ဆေး​ရေး​ဂိတ်​တွေ ​ချ ​စစ်​ဆေး​တာ​တွေ ​လုပ်​ကြ​ပါ​တယ်။
ဒါ​ပေ​မယ့် ​ရို​ဟင်​ဂျာ​တွေ​နဲ့​အ​တူ ​ဘ​င်္ဂ​လား​ဒေ့​ရှ်​နိုင်​ငံ​သား​တွေ​ပါ ​ဝင်​ရောက်​တာ ​များ​လာ​တာ​ကို ​ကြည့်​ခြင်း​အား​ဖြင့် ​လူ​ကုန်​ကူး​မှု ​ကျယ်​ပြန့်​လာ​တာ ​တွေ့​ရ​ပါ​တယ်။
စီး​ပွား​ရေး ​ပုံ​စံ
Takua Pa ​ခ​ရိုင်​အ​တွင်း​ရှိ ​လူ​ကုန်​ကူး​သူ​တွေ​ရဲ့ ​စ​ခန်း​မှာ​လူ​ပေါင်း ၆၀၀ ​လောက်​နဲ့ ၆ ​လ​ကြာ ​နေ​ထိုင်​ခဲ့​ဖူး​သူ ​လူ​ငယ်​တ​ဦး​က​တော့ ​သူ​တို့​နေ​ထိုင်​ခဲ့​တဲ့​နေ​ရာ​ဟောင်း ​ရှိ​ရာ ​ခေါ်​ဆောင်​သွား​ခဲ့​ပြီး ​သ​တင်း​ထောက်​တွေ​ကို ​အ​ခု​လို ​ပြော​ပါ​တယ်။
သူ​တို့​က ​ကျ​နော်​တို့​ကို ​ဟို​နား​က ​တဲ​ရှိ​တဲ့​နေ​ရာ​ကို ​ခေါ်​လာ​တယ်။ ​ပြီး​တော့ ​ကျ​နော်​တို့​မိ​ဘ​တွေ​ဆီ​ကို ​တယ်​လီ​ဖုန်း​နဲ့ ​ငွေ​တောင်း​ခိုင်း​တယ်။ ​တ​ကယ်​လို့ ​မိ​ဘ​တွေ​က ​မ​ပေး​နိုင်​ရင် ​ကျ​နော်​တို့ ​အ​ရိုက်​နှက်​ခံ​ရ​တယ်။ ​အ​မျိုး​သ​မီး​တွေ​ဆို ​အ​ဓ​မ္မ​အ​ကျင့်​ခံ​ရ​တယ်။ ​လူ​တွေ ​သေ​ကြ​တယ်။ ​သေ​တဲ့​သူ​တွေ​ရဲ့ ​အ​လောင်း​တွေ​ကို ​သူ​တို့​က ​ကား​တွေ​နဲ့ ​သယ်​သွား​ကြ​တယ်​လို့ ​ပြော​ပါ​တယ်။
ဒါ​ဟာ ​လူ​ကုန်​ကူး​သူ​တွေ ​လုပ်​နေ​တဲ့ ​စီး​ပွား​ရေး ​ပုံ​စံ ​ဖြစ်​ပါ​တယ်။ ​ထိုင်း​မှာ​ရှိ​တဲ့ ​သူ​တို့​ရဲ့ ​အ​ဖွဲ့​တွေ​က ​ထိုင်း​နိုင်​ငံ​ကို ​ဝင်​လာ​ချင်​တဲ့​သူ​တွေ​ကို ​စက်​လှေ​တစ်​စီး ​အ​ပြည့်​တင် ​ခေါ်​ယူ​လာ​တာ ​ဖြစ်​ပါ​တယ်။ ​လူ ၃၀၀ ​ပါ​တဲ့ ​လှေ​တစ်​စီး ​တင်​ဆောင်​ခ​ဟာ ​ဒေါ်​လာ ၂ ​သောင်း​ကျော်​တယ်​လို့ ​ထိုင်း​ရဲ​တွေ​က ​ပြော​ပါ​တယ်။ ​ဒီ​နောက်​မှာ​တော့ ​ရောက်​လာ​တဲ့ ​ရွှေ့​ပြောင်း​ဝင်​ရောက်​သူ​တွေ​ကို ​တော​ထဲ​က ​စ​ခန်း​တွေ​မှာ ​သူ​တို့​မိ​ဘ ​ဆွေ​မျိုး​တွေ​ဆီ​က ​ငွေ​မ​ပေး​မ​ချင်း ​ဖမ်း​ဆီး​ထိန်း​သိမ်း​ထား​ပြီး ​လူ​တစ်​ဦး​ကို ​ဒေါ်​လာ ၂ ​ထောင်​က​နေ ၃ ​ထောင်​အ​ထိ ​ပေး​ဖို့ ​တောင်း​ဆို​တာ ​ဖြစ်​ပါ​တယ်။
ဒါ​ဆို ​လူ​ကုန်​ကူး​သူ​တွေ​ဟာ ​ထိုင်း​ရွာ​သား​တွေ ​ရှိ​နေ​တဲ့​ကြား​က ​ဘယ်​လို ​လုပ်​ကိုင်​နေ​ကြ​သ​လဲ​လို့ ​မေး​စ​ရာ ​ရှိ​ပါ​တယ်။ ​အ​ခု ​ရောက်​ရှိ​နေ​တဲ့ ​စ​ခန်း​ဟာ Hat Yai ​မြို့​နဲ့ ​ကား​လမ်း​ခ​ရီး ​နာ​ရီ​ဝက်​လောက်​အ​ကွာ​မှာ ​ရှိ​တာ​ဖြစ်​ပြီး ​အဲ​ဒီ​ဒေ​သ​ခံ​တွေ​ပါ ​ပါ​ဝင်​ပတ်​သက်​နေ​တာ ​ဖြစ်​ပါ​တယ်။
စ​ခန်း​အ​နီး ​ရွာ​တစ်​ရွာ​မှာ​နေ​ထိုင်​သူ ​ထိုင်း​မွတ်​စ​လင် ​လူ​ငယ်​တ​ဦး​က​တော့ ​သူ​တို့​ဒေ​သ​ခံ​တွေ ​အား​လုံး​ဟာ ​လူ​ကုန်​ကူး​မှု​မှာ ​ပါ​ဝင်​ပတ်​သက်​နေ​ကြ​တယ်​လို့ ​ဆို​ပါ​တယ်။
အဲ​ဒီ​လို ​ဖြစ်​ကြ​ရ​တာ​ဟာ ​ငွေ​ကြောင့်​ပဲ။ ​လူ​ကုန်​ကူး​သူ​တွေ​က ​အား​လုံး​ကို ​အ​ခ​ကြေး​ငွေ​ပေး ​ခိုင်း​တယ်၊ ​စ​ခန်း​တွေ​ကို ​စောင့်​ခိုင်း​တယ်၊ ​အ​စား​အ​သောက်​တွေ ​သယ်​ခိုင်း​တယ်၊ ​အိမ်​တိုင်း​ကို ​သွား​ပြီး ​လူ​တွေ​ကို ​ခိုင်း​တယ်​လို့ ​ပြော​ပါ​တယ်။
အ​စိုး​ရ​ဝန်​ထမ်း ​ပါ​ဝင်​မှု
အ​စိုး​ရ​ဝန်​ထမ်း​တွေ​က​သာ ​လျှစ်​လျူ​ရှု​မ​ထား​ဘူး​ဆို​ရင် ​အ​ခု​လို ​ထိုင်း​နိုင်​ငံ​တွင်း ​လူ​ကုန်​ကူး​မှု​တွေ ​ဖြစ်​နိုင်​စ​ရာ ​အ​ကြောင်း​မ​ရှိ​ပါ​ဘူး။
ပြီး​ခဲ့​တဲ့ ​နှစ်​ကုန်​ပိုင်း​လောက်​က ​လူ ၁​ထောင်​နီး​ပါး​လောက်​ကို ​ထိန်း​သိမ်း​ထား​တဲ့ ​မ​လေး​ရှား​နယ်​စပ် ​အ​နီး​ရှိ ​လူ​ကုန်​ကူး​သူ​တွေ​ရဲ့ ​စ​ခန်း​ကြီး​တစ်​ခု ​နဲ့​ပတ်​သက်​ပြီး ​အ​ထက်​တန်း ​ရဲ​အ​ရာ​ရှိ​တစ်​ဦး ​ပြော​ကြား​တာ​က​တော့ ​အဲ​ဒီ ​နယ်​စပ်​ဟာ ​စစ်​တပ်​အ​ပိုင်​ထဲ​မှာ ​ရှိ​တာ​ကြောင့် ​ရဲ​အ​ရာ​ရှိ​တစ်​ဦး​အ​နေ​နဲ့ ​စစ်​တပ်​ရဲ့ ​ခွင့်​ပြု​ချက်​မ​ရ​ဘဲ ​ဘာ​မှ ​လုပ်​လို့​မ​ရ​လို့ ​သူ့​အ​နေ​နဲ့ ​စောင့်​ကြည့်​ရုံ​သာ ​ရှိ​တယ်​လို့ ​ဆို​ပါ​တယ်။
အ​စု​အ​ပြုံ​လိုက် ​မြုပ်​ထား​တဲ့​အ​လောင်း​တွေ​ကို ​တူး​ဖော်​တွေ့​ခဲ့။
နောက် ၆ ​လ​အ​ကြာ​မှာ​တော့ ​သူ​စောင့်​ကြည့်​နေ​တဲ့ ​စ​ခန်း​က​နေ ​အ​စု​အ​ပြုံ​အ​လိုက် ​မြေ​မြှပ်​ထား​တဲ့ ​ရုပ်​အ​လောင်း၂၆ ​လောင်း​ကို ​ပ​ထ​မ​ဆုံး ​တွေ့​ရှိ​ခဲ့​ပါ​တယ်။ ​အဲ​ဒီ​ဖြစ်​ရပ်​နဲ့ ​ပတ်​သက်​ပြီး ​ဘယ်​သူ​ပါ​ဝင် ​ပတ်​သက်​တယ် ​ဆို​တာ​ကို​တော့ ​မ​ဖော်​ထုတ်​နိုင်​ခဲ့​ပါ​ဘူး။
စ​ခန်း​ရှိ​တဲ့​နေ​ရာ​တွေ​ဟာ ​ထိုင်း-​မ​လေး​ရှား​နယ်​စပ်​ရှိ ​စစ်​တပ်​အ​ခြေ​ချ​ရာ ​ဖြစ်​တာ​ကြောင့် ​အဲ​ဒီ​နေ​ရာ​တွေ​မှာ ​ရဲ​ရော ​စစ်​တပ်​ပါ ​ရှိ​နေ​ကြ​တာ ​ဖြစ်​ပါ​တယ်။
ဒါ​ကြောင့် ​ဒီ​လို​နေ​ရာ​မျိုး​မှာ ​ကြီး​မား​တဲ့​စ​ခန်း​တ​ခု​ဆောက်​ဖို့ ​တ​စုံ​တ​ယောက်​ရဲ့​ခွင့်​ပြု​ချက်​ကို ​ငွေ​နဲ့​မ​လဲ​လှယ်​နိုင်​ရင် ​လွယ်​ကူ​မယ့် ​ကိ​စ္စ​မ​ဟုတ်​ပါ​ဘူး။
လုပ်​ငန်း ​ရပ်​တန့်​သွား​ပါ့ ​မ​လား
မြန်​မာ​နိုင်​ငံ​မှာ​ရှိ​တဲ့ ​ရို​ဟင်​ဂျာ ​မွတ်​စ​လင်​တွေ​နဲ့ ​ဘ​င်္ဂ​လာ​ဒေ့​ရှ်​နိုင်​ငံ​က ​ထွက်​ပြေး​လာ​သူ​တွေ​ဟာ ​သူ​တို့​အ​တွက် ​ရွေး​စ​ရာ​လမ်း​မ​ရှိ​ဘူး​လို့ ​တွေး​ကြ​ပြီး ​သူ့​တို့​နေ​ထိုင်​တဲ့​နိုင်​ငံ​တွေ​က​နေ ​ထွက်​ခွာ​နိုင်​အောင် ​လူ​ကုန်​ကူး​သူ​တွေ​ကို ​ငွေ​ပေး၊ ​အ​ကူ​အ​ညီ​တောင်း​ကြ​တာ ​ဖြစ်​တယ်​လို့ ​လူ့​အ​ခွင့်​အ​ရေး​အ​ဖွဲ့​တွေ​က ​ပြော​ပါ​တယ်။
ထိုင်း​နိုင်​ငံ ​လူ​မှောင်​ခို​စ​ခန်း​တစ်​ခု​ကို ​ရောက်​လာ​တဲ့ ​ရ​ခိုင်​ပြည်​နယ် ​ရ​သေ့​တောင်​က ​ကျောင်း​ဆ​ရာ​တ​ဦး​ဖြစ်​တဲ့ ​မို​ဟာ​မက်​က ​သူ​တို့​အ​နေ​နဲ့ ​မြန်​မာ​နိုင်​ငံ​က ​ထွက်​မ​လာ​ချင်​ကြ​ပါ​ဘူး​လို့ ​ဆို​ပါ​တယ်။
ဒါ​ပေ​မယ့် ​ကျ​နော်​တို့​အ​တွက် ​အ​သက်​ရှင်​နေ​ထိုင်​ဖို့ ​နေ​ရာ​မ​ရှိ​ပါ​ဘူး။ ​ကျ​နော်​တို့​ဟာ ​မြန်​မာ​အ​စိုး​ရ​ရဲ့ ​ရိုက်​နှက် ​ပစ်​ခတ်​တာ​တွေ ​ခံ​ကြ​ရ​ပါ​တယ်​လို့ ​ပြော​ပါ​တယ်။
လူ​တွေ​ကို ​ဖမ်း​ဆီး​ထား​ပြီး ​ပြန်​ရွေး​ဖို့ ​ငွေ​တောင်း​တဲ့ ​အ​လုပ်​ဟာ ​ထိုင်း​မှာ ​အ​မြတ်​အ​စွန်း​များ​တာ​ကြောင့် ​လူ​ကုန်​ကူး​သူ​တွေ​က ​သူ​တို့​ရဲ့ ​လုပ်​ငန်း​ကို ​ဘ​င်္ဂ​လာ​ဒေ့​ရှ်​နိုင်​ငံ​ထဲ​အ​ထိ ​ချဲ့​ထွင်​လုပ်​ကိုင်​နေ​ကြ​ပါ​တယ်။ ​အဲ​ဒီ​မှာ​လည်း ​အ​လုပ်​ပွဲ​စား​တွေ​ရဲ့ ​အ​ချိတ်​အ​ဆက် ​ကွန်​ယက်​တွေ ​ကျယ်​ကျယ်​ပြန့်​ပြန့် ​ရှိ​နေ​ပြီ​ဖြစ်​ပါ​တယ်။
တ​ကယ်​လို့ ​အဲ​ဒီ​ကွန်​ယက်​တွေ​ကို ​ဖြို​ခွင်း​နိုင်​မယ်​ဆို​ရင်​တော့ ​လှေ​နဲ့​တင်​ပို့​နေ​တာ​တွေ​လည်း ​သိ​သိ​သာ​သာ ​ကျ​ဆင်း​သွား​မှာ ​ဖြစ်​ပါ​တယ်။
လူ​ကုန်​ကူး​သူ​တွေ​က ​ရွှေ့​ပြောင်း​ဝင်​လာ​သူ​တွေ​ကို ​ပင်​လယ်​ခ​ရီး​က​နေ ​ထိုင်း​နိုင်​ငံ​တွင်း ​ခေါ်​ဆောင်​လာ​ပြီး ​ထိုင်း​က​တ​ဆင့် ​မ​လေး​ရှား​ကို ​ကုန်း​လမ်း​က ​ပို့​ပေး​နေ​တာ ​ဖြစ်​ပါ​တယ်။
ထိ​ရောက်​တဲ့ ​နှိမ်​နင်း​ဖြို​ခွဲ​မှု
ထိုင်း​နိုင်​ငံ​မှာ ​လူ​ကုန်​ကူး​မှု​ကို ​တ​ကယ်​နှိမ်​နင်း​လို​စိတ်​ရှိ​တဲ့ ​စစ်​ဘက်​နဲ့ ​ရဲ​ဘက်​အ​ရာ​ရှိ​တွေ​က ​သူ​တို့​ရဲ့ ​လုပ်​ငန်း​တွေ ​တိုး​တက်​လာ​တယ်​လို့ ​ပြော​ဆို​တာ ​ရှိ​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ရ​နောင်း၊ ​စ​တွန်း ​နဲ့ ​စုန်​ခ​လာ​ပြည်​နယ်​တွေ​မှာ ​လူ​ကုန်​ကူး​တဲ့​အ​လုပ် ​လုပ်​တယ်​လို့ ​ယူ​ဆ​ရ​တဲ့ ​ဩ​ဇာ​ကြီး​မား​တဲ့ ​ပု​ဂ္ဂိုလ်​ကြီး​တွေ​ကို​တော့ ​ဖမ်း​ဆီး​ဖို့ ​လုံ​လောက်​တဲ့ ​သက်​သေ​အ​ထောက်​အ​ထား​ဖြစ်​ဖြစ် ​မေး​ခွန်း​မေး​ဖို့​ဖြစ်​ဖြစ် ​ဘယ်​တုန်း​က​မှ ​သူ​တို့ ​အ​ခွင့်​အ​ရေး ​ရ​ရှိ​ခဲ့​ပုံ ​မ​ပေါ်​ပါ​ဘူး။
စ​ခန်း​တွေ​မှာ ​ဖမ်း​ဆီး​ခံ​ရ​တဲ့ ​သူ​တွေ​ဆီ​က ​ပြန်​ကြား​ရ​တဲ့ ​အင်​မ​တန်​ဆိုး​ရွား​ပြီး ​လူ​မ​ဆန်​တဲ့​လုပ်​ရပ်​တွေ ​အ​မှန်​တ​ကယ် ​ရှိ​နေ​တယ် ​ဆို​တာ​ကို ​အ​လောင်း​တွေ​ရဲ့ ​အ​ရိုး​စု​တွေ​က ​အ​ထင်​အ​ရှား ​သက်​သေ​ပြ​နေ​ပါ​တယ်။
ဒီ​ကိ​စ္စ​တွေ​ပေါ်​ပေါက်​အ​ပြီး​မှာ​တော့ ​လူ ၈၀ ​လောက်​ကို ​ဝ​ရမ်း​ထုတ်​ခဲ့​ပြီး ​လူ ၃၀ ​လောက် ​အ​ဖမ်း​ခံ​ခဲ့​ရ​ပါ​တယ်။ ​အဲ​ဒီ​ထဲ​မှာ ​စ​တွန်း​ပြည်​နယ်​က ​နာ​မည်​ကြီး ​စီး​ပွား​ရေး​သ​မား​တစ်​ဦး၊ ​အ​စိုး​ရ​အ​ရာ​ရှိ ​တ​ချို့​တို့​ပါ​ဝင်​ခဲ့​ပေ​မယ့် ​စစ်​ဖက်​ဆိုင်​ရာ ​ဝန်​ထမ်း​တွေ​တော့ ​မ​ပါ​ရှိ​ခဲ့​ပါ​ဘူး။ ​ရဲ ​အ​ရာ​ရှိ ၅၀ ​ကို​တော့ ​နယ်​ပြောင်း​ပြစ်​ခဲ့​ပါ​တယ်။
ဒါ​ကြောင့် ​ဒီ​လူ​မှောင်​ခို​ကူး​တဲ့ ​လုပ်​ငန်း​ကို ​အ​မြစ်​ပြတ်​အောင် ​နှိမ်​နင်း​နိုင်​ပါ့​မ​လား ​ဆို​ရင်​တော့ ​လုပ်​စ​ရာ​တွေ ​အ​များ​ကြီး​ကျန်​ပါ​သေး​တယ်၊ ​ဖော်​ထုတ်​စ​ရာ​တွေ ​အ​များ​ကြီး ​ကျန်​ပါ​သေး​တယ်​လို့ ​ဖြေ​ရ​မှာ​ဖြစ်​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
  ဩဂတ်စ် ၂၇ ရက် ၂၀၁၅
  သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွားလာ လှုပ်ရှားနေသည့် ပလောင်(တအာင်း)လက်နက်ကိုင်တပ် TNLA တပ်ဖွဲ့များ အား တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်းများက နေ့စဉ်ရက်ဆက် ပိုက်စိတ်တိုက် နောက်ယောင်ခံလိုက်ကာ တိုက်ခိုက်နေ ကြောင်း ကြားသိရသည်။
ဩဂတ်စ် ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့တော် နမ့်ဆန် မြို့နယ် အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားကြောင်း၊ အစိုးရ တပ်မတော် တပ်မ ၇၇ လက်အောက် ခံစစ်ကြောင်းက TNLA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၄၃၄ အား လိုက်လံတိုက်ခိုက် ခြင်းဖြစ်ကြောင်း၊ လက်ရှိသွားနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်နိုင် ကြောင်း TNLA ကပြောသည်။
‘ကျနော်တို့ဘက်က တနိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေး ချောမွေ့နိုင်ေ အာင် ထောက်ပံ့မှုဖြစ် အောင် အတတ်နိုင်ဆုံး တိုက်ပွဲတွေလျှော့ချမယ် လို့ဆုံးဖြတ်ထားတာ။ ဒါပေမယ့် အစိုးရတပ်က ကျနော်တို့ရှောင်ပေး တဲ့ နေရာတွေ ဝင်ရောက် စခန်းလာတယ်။ ပြီးတော့ ကျနော်တို့ကို ပိုက်စိတ်တိုက် လိုက်လံရှာဖွေပြီးတော့ တိုက်ခိုက်တဲ့အနေ အထားရှိနေတယ်၊ ရှောင်လို့ မရတော့ ခုခံတိုက်ခိုက်တာပဲဖြစ်တယ်’ - ဟု TNLA ၏နိုင်ငံခြားရေးဌာနမှူး တာ့ဘန်းလှ ကပြောသည်။
တိုက်ပွဲကြောင့် နှစ်ဘက်အကျအဆုံးမသိရသေးကြောင်းလည်း တာ့ဘန်းလှ ကပြောသည်။
နှစ်ဘက်ဖြစ်ပွားလာနေသောတိုက်ပွဲကြောင့် ကျောက်မဲမြို့ဘက်မှ အစိုးရ တပ်များ နမ့်ဆန် ဘက် အင်အားထပ်ဖြည့်လာနေသောကြောင့် တိုက်ပွဲ ပိုမိုဖြစ်ပွားလာမည်ကို အထူးစိုးရိမ် နေ ကြောင်း၊ ဒေသခံ အများအပြား လဲ တောင်ယာလုပ်ငန်း၊ လက်ဘက်ခြံ လုပ်ငန်းများ သွားရောက် လုပ်ကိုင်ခြင်း မဝံ့ရဲကြကြောင်း ဒေသခံ ဦးမိုင်းအိုက်ကပြောသည်။
ထို့အတူ ဩဂတ်စ် ၂၃ ရက်ကလည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ ခရိုင် ကျောက် မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ အတွင်း TNLA နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သေး သည်ဟုသိရသည်။
သျှမ်းပြည်မြောက်ပိုင်းအတွင်း မြန်မာစစ်တပ် နှင့် တိုက်ပွဲဖြစ်ပွါးနေဆဲ အဖွဲ့ဖြစ်သည့် ပလောင် တပ်ဖွဲ့TNLA အပါအဝင် ရခိုင်တပ်မတော် AA ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် နိုင်ငံတော် ဂုဏ်သိက္ခာကို ထိပါးစော်ကား သဖြင့် နိုင်ငံရေး ဆွေးနွေးပွဲသို့ ပါဝင်လျှင် လက်နက်အပြီး ချဖို့ လမ်းတခုသာ ရှိသည်ဟု မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင် လှိုင် က မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ) ကို ပြောကြားသည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
 မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ နယ် ကျောင်းတော်ရာရွာက ကျောင်းတော်ရာဘုရားမှာ ရေဘေးဒုက္ခသည်တွေကို စောင့်ရှောက်ထား တဲ့ ဒုက္ခသည် စခန်းတစ်ခုကို တွေ့ရစဉ်။ Photo: Nay Thwae/RFA
 ဧရာဝတီမြစ်ကမ်းပါးပြိုရာမှာ အိမ်တွေပါသွားတဲ့ မကွေးတိုင်း စလင်းမြို့နယ် ဇီးပင်ဖြူကျေးရွာအုပ်စု ဘိုကုန်းရွာ သားတွေ စုပေါင်းပြီး ဝယ်ထားတဲ့မြေမှာ အိမ်ဆောက်လုပ်ခွင့် တားမြစ်ခံရတဲ့အတွက် လမ်းဘေးမှာနေထိုင်နေ ရတယ်လို့ ရွာသားတွေက ပြောပါတယ်။
ရေလည်းဝင် ကမ်းပါးလည်းပြိုတဲ့အတွက် အိမ်ဆောက်ဖို့စီစဉ်တဲ့အခါ မြေဝယ်ထားတဲ့ပြေစာရှိပေမယ့် ဆောက်ခွင့် မရတာလို့ ခုလမ်းဘေးမှာ တဲထိုးနေရတဲ့ ဒေါ်ဝင်းစိန်က ပြောပါတယ်။
ဘိုကုန်းရွာမှာ အိမ်ခြေ ၈၂ လုံးရှိပြီး ကမ်းပါးပြိုတဲ့ထဲပါသွားတဲ့ အိမ် ၃၃ လုံးက လူတစ်ရာကျော်ဟာ မင်းဘူး-ဆိတ်ဖြူ ကားလမ်းဘေးက သူတို့ဝယ်ထားတဲ့မြေနေရာနားက သန်းကုန်းရွာနဲ့ ကိုးလံရွာကြားမှာ နေထိုင်နေရတယ်လို့ အိမ်ခြေယာခြေမဲ့သွားသူတွေက ပြောပါတယ်။
ရွာသားတွေ လုပ်ကိုင်နေတဲ့ ကိုင်းမြေကလည်း ရေမြုပ်သွားတဲ့အတွက် စိုက်ရပျိုးရခက်နေတယ်လို့ဆိုပါ တယ်။ လောလောဆယ်နေထိုင်နေတဲ့ နေရာနားမှာ ရေဘေးကယ်ဆယ်ရေးအဖွဲ့က ရေတွင်းတူးပေးပြီး အိမ်သာတွေလည်း ဆောက်ပေးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဓါတ်ပုံ- ဩဂတ်စ်လ ၂၇ ရက် ကြာသပတေးနေ့မနက်ပိုင်း လတ်တိုင်နယ်စပ်ဂိတ်မြင်ကွင်း (Photo: Aouy Lee )
 သြဂတ်စ်လ ၂၇ ရက် ၂၀၁၅
 ထိုင်း-မြန်မာနယ်စပ် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပန်ကမ့်ကော် - လတ်တိုင်ရွာ (BP3) ဝိန်းဟဲန်မြို့နယ် ချင်းမိုင်ခရိုင် နှစ်နိုင်ငံ နယ်စပ် လူဝင်ထွက်ဂိတ်အား ကြာသပတေးနေ့တိုင်း (ကတ်နတ်) ဈေးနေ့
သတ်မှတ်ကာ ဖွင့်လှစ်ဈေးရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
သြဂတ်စ်လ ၂၇ ရက် ကြသပတေးနေ့ ယနေ့မနက်ပိုင်းက သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပန်ကမ့်ကော် နှင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ် လတ်တိုင်ရွာ တို့ အကြား BP3 နယ်စပ်ဂိတ် အား နှစ်နိုင်ငံချစ်ကြည်ရေးအတွက်၊ နှစ်နိုင်ငံဆက်ဆပ်နေဒေသခံများ အတွက် တပတ်တရက်ဈေး ဖွင့်လှစ်ပေးခဲ့သည်ဟု လတ်တိုင်ရွာ သားများကပြောသည်။
လက်ရှိအနေအထားက နှစ်နိုင်ငံတခါးပေါက် တပတ်တခါဖွင့်လှစ် သည်ဆိုေ သ်ာလည်း လွန်ခဲ့သည့် ၁၃ နှစ်က ဖွင့်လှစ်သွားလာသည့် ဂိတ်မဟုတ် ဘဲ မြန်စစ် တပ် တပ်စခန်း နှင့် ထိုင်း စစ်တပ် တပ်စခန်းအတွင်း ဖြတ်ကာ အခ မဲ့ သွားလာခွင့်ပြုခြင်းသာဖြစ်ကြောင်း၊ ထိုင်းဘက်မှ သျှမ်းပြည် ဘက်သို့
ဝင်ထွက်သွားလာသူမရှိသလောက်ရှိနေသေးကြောင်း ဒေသခံများကပြောသည်။
“မနက် ၈ နာရီကစပြီးသွားလာခွင့်ပြုတယ်။ ဈေးသည်ေ တွ တော်တော် များပါတယ်။ ထိုင်း ဘက်က လူက ပိုများတယ်။ ဈေးသည်ရော လည်ပတ် တဲ့လူရော။ ဘဏ် အဖွဲ့ကလည်းရှိတယ်။ ကျန်း မာရေးအဖွဲ့ဆိုရင် လည်း ငှက်ဖျားရောဂါအတွက်ဆေးစစ်ပေးဖို့လာကြတယ်။ ထိုင်းဘက်က ပေါ့။ ဟိုး
ဘက်ကတော့ မိုင်းတော့မိုင်းထားကလာတယ်။ အသားငါးတွေ၊ ခြံထွက် သီးနှံတွေ၊ လာရောင်းတယ်။ ညနေ ၄ နာရီ အထိဖွင့်မယ်လို့ ပြောပါတယ်။” - ဟု လတ်တိုင်ရွာသူ ပါ့နန်းယိင်းကပြောသည်။
ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု ပိန်းလုံရွာမှ ၄ ကီလိုမီတာအကွာ နယ်စပ်နှင့် ကပ်လျက် (ထိုင်းဘက်ခြမ်းမှ) လတ်တိုင်ရွာ ၀ပ်ဖဝိန်းအင်း ဘုန်းကြီးကျောင်းအထက်ဘက်ရှိ နှစ်နိုင်ငံ တပ်စခန်း နှစ်ခုကြား လူဝင်ထွက်ပေါက်အား ယာယီ နယ်စပ် တံခါးပေါက်ဖွင့်လှစ်ကာ ဘုန်ကြီးကျောင်း ဝန်း အတွင်း ဈေးလုပ်ရောင်းချနေကြခြင်းဖြစ်သည်။
“ ရဲတွေ စစ်တပ်တွေလည်း ပြည့်နေတယ်။ လူကြီးလာဖွင့်မယ်ဆိုလို့လေ။ ဒီနေ့ တရားဝင်ဂိတ်ဖွင့် မယ်လို့ သတင်းတွေ ကြားရလို့တဲ့ ဟိုးဘက်ခြမ်းက ကုန်သည်တွေ ကားကြီးတွေနဲ့လာစောင့်တယ်။ နောက်တော့ လူဝင်ပေါက်ဘဲ ဖွင့်တော့ အသီးသီးပြန် သွားကြတယ်။ ဒေသတွင်းလူထုတော့ ၀မ်းသာ တာပေါ့။” - ဟု လတ်တိုင်ရွာမှ အကြီးအကဲ ဦးလုံးပညာ ကပြောပါသည်။
ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးမှူးကိုယ်တိုင် အဆိုပါ လတ်တိုင် နယ်စပ်ဂိတ်အား စက်တင်ဘာလ ၁၀ ရက်နေ့တွင် တရားဝင် လူဝင်ထွက်ခွင့်ပေးမည်ဟု ဝိန်းဟိုင်မြို့နယ်ရုံးသို့ ခွင့်ပြုမိန့်ပေးပို့ ထားသည်ဟု ရုံးဝန်ထမ်းတဦး က ပြောသည်။
ထို့ကြောင့်ထိုင်းအာဏာပိုင်များဘက်မှ အဆိုပါ လတ်တိုင်ရွာ နယ်စပ်ဂိတ်ကို ကြာတပတေးနေ့တိုင်း ကတ်နတ် ဈေးနေ့သတ် မှတ်မည်ဟု ဆွေးနွေးနေကြေ ကြာင်း ဦးလုံးပညာက - “ဒါကတော့ ထိုင်းအာ ဏာပိုင်ဘက်ကဖြစ်ချင်တဲ့ ဆန္ဒ ပေါ့နော် ။ ဖွင့်စေချင်နေတာ။ မြန်မာ အာဏာ ပိုင်တွေ ဘက်က တော့
အထက်ကခွင့်ပြုချက်မပေးသေးဘူးလို့ဘဲပြောနေပါတယ်။ ဒါကြောင့် ကား အဝင်အထွက်ဂိတ်ကြီး တော့ မဖွင့် သေးပါဘူး။ ခုလောလောဆယ် ဂိတ် အသေးဘဲဖွင့်နေတာ ဖြစ်ပါတယ်။” - ပြောသည်။
ပန်ကမ့်ကော်နယ်စပ်ဂိတ်သည် ၂၀၀၁-၂၀၀၂ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် အစိုးရ တပ်မတော်တို့အကြား လချီတိုက်ပွဲကြောင့် ယနေ့တိုင်ပိတ်ထားရာမှ တပတ်တခါ ဈေးခင်း တည် ကာ
ဒေသခံများသွားလာခွင့်ပြုလာခြင်းဖြစ်သည်။ ထိုင်း - မြန်မာ နယ်စပ် BP 1 (နောင်အုတ် - ပုံပါကျင်) ၊ BP3 (လက်တိုင် - ပန်ကမ့်ကော်) နယ်ခြား ဂိတ် များအား တရားဝင် နယ်ခြားဂိတ်အဖြစ် ဖွင့်လှစ်ရန် နိုင်ငံပြင်ဆင်ေ နကြောင်း၊ အဆိုပါလမ်းများ ဖွင့်လှစ်မည်ဆိုပါက တောင်ကြီးမြို့သို့ နေ့ချင်းပေါက်
သွားလာနိုင်မည်ဟုသိရသည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese