08/30/15
 နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ဖို့ ပြည်သူလူထုရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့ အစိုးရအဖွဲ့ ထူထောင်နိုင်အောင် ရွေးကောက်ပွဲတွေကို ကျင်းပရတာဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူ့အကျိုး တကယ်လိုလားသူကို ရွေးချယ်ကြဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ နေပြည်တော်က မြို့နယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲဟာ နိုင်ငံအတွက် ဘယ့်လောက် အရေးပါသလဲဆိုတာ အရေးတကြီး သိသင့်သိထိုက်ပါတယ်ဆိုတဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ဆက်ထားပါတယ်။
၂၀၁၀ ကနေ စလို့ တာဝန်ယူခဲ့တဲ့ အရပ်သား အစိုးရ ငါးနှစ်သက်တမ်းကုန်လို့ ၂၀၁၅ မှာ နောက်အစိုးရသစ် တက်လာမယ့် နိုင်ငံရဲ့ အရေးကြီးတဲ့ အလှည့်အပြောင်း အချိုးအကွေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အောင်နိုင်ပြီးတော့ အစိုးရသစ်တရပ် ဖွဲ့စည်းပြီး နိုင်ငံကို တာဝန်ယူ အုပ်ချုပ်မယ့်သူဟာ အများပြည်သူအကျိုးကို အမှန်တကယ်လိုလားတဲ့ ပါတီအဖွဲ့အစည်းက ခေါင်းဆောင်တွေဖြစ်သင့်ပါတယ် လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
နေပြည်တော်က ရပ်ကွက်တချို့မှာ လှည့်လည်ပြီး ရွေးကောက်ပွဲအသိပညာပေး ဟောပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ (သြဂုတ် ၃၀၊ ၂၀၁၅)
“အများပြည်သူ၊ ပြည်သူလူထုကနေ မဲပေးပြီးတော့ ဘယ်သူတွေကို သူတို့ရဲ့နိုင်ငံအတွက်၊ မိမိတို့ရဲ့နိုင်ငံအတွက် တာဝန်ယူခွင့်ပေးမယ်ဆိုတာကို ဆုံးဖြတ်တာပါ။ ရွေးကောက်ပွဲဆိုတာ ရိုးရိုးလေးပြောရင် ကိုယ့်နိုင်ငံအတွက်တာဝန်ယူဖို့ ဘယ်သူတွေကို ရွေးမယ်ဆိုတာ အဲဒါအဓိကကို ရွေးရမယ်။ အဲဒီလိုပုဂ္ဂိုလ်တွေကို ရွေးရမှာဖြစ်တယ်။ ”
ဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ လူထုကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ အဆုံးအဖြတ် ရွေးကောက်ပွဲ ဖြစ်တာကြောင့် ပြည်သူလူထု အနေနဲ့ မိမိတို့ရဲ့ နိုင်ငံကို အုပ်ချုပ်မယ့် အစိုးရတရပ်ကို ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ပြတ်ပြတ်သားသားသိရှိထားဖို့ လိုအပ်တယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဝင်းမြင့်ကပြောပါတယ်။
“ကျနော်တို့ ဒီရွေးကောက်ပွဲက သာမန်ရွေးကောက်ပွဲမဟုတ်ဘူးဗျ။ အလွန်အရေးကြီးတဲ့ရွေးကောက်ပွဲ။ မဲဆန္ဒရှင် ပြည်သူလူထုတွေက ဒီမိုကရေစီရရှိရေးဆိုတဲ့ ရည်မှန်းချက်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ထားဖို့ လိုတယ်။ နောက်တခုက ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူလူထုတွေက မိမိတို့ရဲ့ မဲပေးပိုင်ခွင့်အခွင့်အရေး ရရှိဖို့အတွက်ကို ဝါယမစိုက်ထုတ်ဖို့လည်း လိုတယ်ဗျ။ ဘာလို့လဲဆိုတော့ ဒီရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေး သမိုင်းတခုမှာ ဒီမိုကရေစီစနစ်ကို ပြောင်းလဲမယ့် အချိုးအကွေ့တခုဗျ။ အလှည့်အပြောင်းတခုဗျ။ အဲဒီအပြောင်းအလဲ၊ အလှည့်အပြောင်းတခုက ကျနော်တို့နိုင်ငံ ဒီမိုကရေစီရရှိရေးနဲ့ ပြည်သူလူထုတွေ၊ အနာဂါတ်မျိုးဆက်သစ်လူငယ်တွေရဲ့ ဘဝကံကြမ္မာတွေနဲ့လည်း ပတ်သက်တယ်ဗျ။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲမှာ ကျနော်တို့နိုင်ငံအတွက်၊ ကျနော်တို့ ပြည်သူလူထုအားလုံးအတွက် လူမှုဒုက္ခအသီးသီးနဲ့ဆက်စပ်နေတဲ့ ရွေးကောက်ပွဲအလှည့်အပြောင်းဗျ။ ဒါကြောင့်မို့လို့ ဒါကို ပညာပေးလုပ်ငန်းတွေ လုပ်နေတာ။”
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်တာနဲ့အညီ ပြည်သူကို ဗဟိုပြုတဲ့ ပြည်သူ့အကျိုးကို လိုလားတဲ့ ပါတီအဖွဲ့အစည်းကို မဲဆန္ဒရှင်ပြည်သူတွေဘက်က လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသလို မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲမှာ မိမိတို့ရဲ့ အနာဂတ်အတွက် မဲပေးမမှားဖို့လိုတယ်ဆိုတာကိုလည်း သိရှိထားသင့်တယ်လို့ အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ပြောဆိုထားပါတယ်။
“ပြည်သူသာအမိ၊ ပြည်သူသာအဖ-ဗျ။ အချုပ်အခြာအာဏာဆိုတာ ပြည်သူလူထုထံက ဆင်းသက်တာ။ ပြည်သူလူထုက ကိုယ့်ရဲ့အချုပ်အခြာအာဏာကို လက်တွေ့ကျကျ ကျင့်သုံးဖို့ဆိုတဲ့ မဲတစ်မဲချင်း၊ တစ်မဲချင်းက အင်မတန် တန်ဖိုးရှိတဲ့အခါကျတော့ ဒီဟာက မပေးလည်း ဘာမှမဖြစ်ဘူးလို့ တွက်လို့မရဘူးဗျ။ ရွေးကောက်ပွဲမှာ အနိုင်အရှုံးက တစ်မဲနဲ့လည်း အနိုင်အရှုံးဖြစ်တာကိုး။ ဒါကြောင့်မို့လို့ ပြည်သူလူထုဟာ ကိုယ့်ဘဝ ကံကြမ္မာတွေနဲ့ပတ်သက်ဖို့၊ နောက်တခုက ကိုယ့်ရဲ့အနာဂတ်နဲ့ပတ်သက်ဖို့၊ ကိုယ့်ရဲ့မျိုးဆက်တွေနဲ့ပတ်သက်ဖို့- ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ဖို့- လူ့အခွင့်အရေးခံစားဖို့ဆိုရင် ပြည်သူလူထုအားလုံးက ကိုယ့်ရဲ့နိုင်ငံသားအခွင့်အရေး၊ မွေးရာပါအခွင့်အရေး၊ ကိုယ်ရရှိတဲ့အခွင့်အရေးကို လက်တွေ့ကျကျ၊ အကျိုးရှိရှိ အသုံးချပြီးတော့ လုပ်ဖို့လိုတယ်ဗျ။”
ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်သီတင်းပတ်တွေတုန်းကတော့ မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံပြီး မဲပေးနိုင်ခွင့် နိုင်ငံသားအခွင့်အရေး၊ မဲဆန္ဒရှင် စာရင်းထုတ်ပြန်တာတွေကို အလေးအနက်ထား သွားရောက်ကြည့်ရှု့ကြဖို့နဲ့ မှားယွင်းမှုရှိရင် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေကို အချိန်မှီအကြောင်းကြားဖို့စတဲ့ ဆွေးနွေးမှုတွေလုပ်ခဲ့တာပါ။
ဒီတကြိမ်မှာတော့ ရွေးချယ် တင်မြှောက်ပေးခွင့်ရှိတဲ့ ပြည်သူတွေရဲ့ မဲဟာ မကြာခင်ကျင်းပတော့မယ့်ရွေးကောက်ပွဲဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာနဲ့ အစိုးရတရပ်ကို အမှန်တကယ် ဦးဆောင်နိုင်စွမ်းရှိသူတွေကို ရွေးချယ်နိုင်မယ့် ရွေးကောက်ပွဲဖြစ်ဖို့အရေး ပြည်သူတွေကို တင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။
အဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့ နေပြည်တော်က ဥတ္တရသီရိမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်နဲ့ ဒက္ခိဏသီရိမြို့နယ်တွေမှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဟောပြောနေစဉ်မှာပဲ ဇဗ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတခုကို လူတစုက ပြုလုပ်ခဲ့ပါတယ်။ ဒီလိုဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကတော့ တရားဝင်တုံ့ပြန်ပြောကြားခြင်းမရှိသေးပါဘူး။
မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဓါတ်ပုံ - အင်တာနက်
 ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ သန်းခေါင်းစာရင်း အတုတစ်ခုကို တွေ့ခဲ့တာကြောင့် စပ်ဆက်ရှာဖွေခဲ့ရာမှာ တောင်ဒဂုံနဲ့ ရွှေပြည်သာမြို့နယ်တွေမှာလည်း နိုင်ငံသားစိစစ်ရေး ကဒ်ပြားအတု ၁ဝဝ ကျော် လုပ်ပေးနေသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သန်းခေါင်စာရင်းနဲ့ နိုင်ငံသား စိစစ်ရေးကဒ်ပြား အတုလုပ်တယ်လို့ သံသယရှိသူ ၅ ဦးကို စစ်ဆေးနေတယ်လို့ မင်္ဂလာတောင်ညွှန့်ရဲစခန်းမှူး ဒုရဲမှူး သန်းဦး က ပြောပါတယ်။
"ဖမ်းဆီးထိန်းသိမ်းတာ မရှိပါဘူးခင်ဗျ၊ ရဲစစ်ဆေးချက်နဲ့ပဲ ပတ်သက်ပြီးတော့ပဲ ကျနော်တို့ အခုစွပ်စွဲခံရသူ ၅ ဦးပေါ့ဗျာ သူတို့ကို ကျနော်တို့က စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်၊ ဒီဥစ္စာနဲ့ပတ်သက်လို့ ပြစ်မှုထင်ရှားတယ်ဆိုရင် တရားစွဲခံရမယ် နောက်ပြီး ဆက်ပြီးတော့ အရေးယူခံရမှာပေါ့ဗျာ"
ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့က မင်္ဂလာတောင်ညွှန့်မြို့နယ် သပြေကုန်းရပ်ကွက်မှာ နေထိုင်သူ အမျိုးသမီးတစ်ဦးဟာ ပင်စင်ကိစ္စဆောင်ရွက်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးထောက်ခံစာ သွားရောက် လျှောက်ထားခဲ့ရာမှာ သန်းခေါင်စာရင်းအတုဖြစ်နေတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီးဌာနကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီကတဆင့် မင်္ဂလာတောင်ညွှန့်ရဲစခန်းက စစ်ဆေးရာမှာ မင်္ဂလာတောင်ညွှန့်မြို့နယ် အတွင်းနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက သန်းခေါင်စာရင်းအတု ပြုလုပ်ပေးခဲ့တာကို စစ်ဆေးတွေ့ရှိရပြီး တောင်ဒဂုံနဲ့ ရွှေပြည်သာမြို့နယ်တွေက နိုင်ငံသားစိစစ်ရေးကဒ်ပြားအတု ပြုလုပ်သူ ၂ ဦးနဲ့ နိုင်ငံသားစိစစ်ရေး ကဒ်ပြားအတုတွေကိုလည်း ဆက်စပ်ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ သန်းခေါင်စာရင်းအတုပြုလုပ်တဲ့ သံသယရှိသူတွေဟာ အမှုအမှန်တကယ် ကျူးလွန်သူတွေဖြစ်မယ်ဆိုရင် ပြစ်မှုဆိုင်ရာပုဒ်မ ၄၂ဝ ၊၄၆၈ တို့နဲ့ အရေးယူခံရမှာ ဖြစ်တယ်လို့ ဒုရဲမှူးသန်းဦးက ပြောပါတယ်။
လိမ်လည်မှု၊ စာချုပ်စာတမ်းအတု ပြုလုပ်မှုတွေအရ အရေးယူတဲ့ ပြစ်မှုဆိုင်ရာပုဒ်မ ၄၂ဝ အရ ထောင်ဒဏ်ချမှတ်မယ်ဆိုရင် ၇ နှစ်ကျခံရနိုင်ပြီး ပုဒ်မ ၄၆၈ အရ ထောင်ဒဏ်ချမှတ်မယ်ဆိုရင်လည်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရနိုင်တယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေပြည်တော်ကောင်စီ နယ်မြေက ဥတ္တရသီရိ၊ ဇမ္ဗူသီရိနဲ့ ဒက္ခိဏသီရိမြို့နယ်တွေက နေရာငါးနေရာမှာ မဲပေးကြဖို့ကို အသိပညာပေးဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်နဲ့ ကိုဝင်းနောင်တိုးတို့က ပေးပို့ပြီး RFA သတင်းထောက် မဇာဏီထွဏ်းက တင်ဆက်ထားပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=ts
လာမည့် ရွေးကောက်ပွဲ၌ ၂၆ ရာခိုင်နှုန်း အနိုင်ရရုံဖြင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့်ပေါင်း၍ အစိုးရ ဖွဲ့နိုင်မည် ဟူသော ပြောဆိုမှုသည် တပ်မတော်ကို စော်ကားခြင်း ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်သည်။ ၂၆ ရာခိုင်နှုန်း ဆိုသည်မှာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၆ ရာခိုင်နှုန်းကို ဆိုလိုခြင်းဖြစ်သည်။ ကြံ့ခိုင်ရေးပါတီ အနေနှင့် ယခင် တပ်မတော် ခေါင်းဆောင်များက မွေးထုတ် ထားခဲ့သော ပါတီဖြစ်သဖြင့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် ကြံ့ခိုင်ရေးပါတီ အစိုးရဖွဲ့နိုင်ရန် အပြည့်အ၀ ပံ့ပိုးမည်ဟူသော သဘောဖြစ်သည်။ တပ်မတော်ကို ကြံ့ခိုင်ရေးပါတီက ခါးပိုက်ဆောင်တပ်ဖွဲ့ ပုံစံမျိုး သဘောထားသည့် ပြောဆိုမှုဖြစ်သဖြင့် ယင်းကဲ့သို့ ဝေဖန်ခံရ ခြင်းဖြစ်သည်။
အမှန်တကယ်အားဖြင့် တပ်မတော်သည် နိုင်ငံနှင့်ပြည်သူတို့၏ ဘဏ္ဍာငွေဖြင့် ရပ်တည် ရှင်သန်သော နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းဖြစ်သည်။ ယခုကဲ့သို့ ပါတီအဖွဲ့အစည်း တစ်ခုခု၏ လက်ဝေခံပုံစံမျိုး၊ ခါးပိုက်ဆောင် တပ် အသွင်မျိုး ပြောဆိုခံနေရသည်မှာ နိုင်ငံနှင့်ပြည်သူအတွက် လွန်စွာကြီး မားသော နစ်နာဆုံးရှုံးမှုပင် ဖြစ်သည်။ တပ်မတော်သည် နိုင်ငံနှင့် နိုင်ငံသား တို့၏ လူမှုဘ၀ အသက်အိုးအိမ်များ လုံခြုံစိတ်ချမှု ရှိစေရေး အတွက် ပြည်သူ လူထုဘက်မှ မားမားမတ်မတ် ရပ်တည် ရသော နိုင်ငံ့ ၀န်ထမ်း အဖွဲ့အစည်း ဖြစ်ရမည့်အစား အာဏာရှင်ဆန်သော စစ်ခေါင်းဆောင် များကြောင့် လူတစ်စု၊ အဖွဲ့အစည်းတစ်ခု၏ အသုံးချခံ ရောက်ခဲ့ရသည်။ လက်ရှိ အခြေအနေအရလည်း တပ်မတော်ကို လူတစ်စု၊ အဖွဲ့အစည်း တစ်ခု၏ လက်ဝေခံ ခါးပိုက်ဆောင်တပ် မဟုတ်ကြောင်း ပြည်သူလူထုက ယုံကြည်လက်ခံရန် ခက်ခဲနေဦးမည်ဖြစ်သည်။
တပ်မတော် ခေါင်းဆောင်များအတွက် အခွင့်ထူးခံဖြစ်စေသော ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို ငြင်းပယ်ထားခြင်း၊ တပ်မတော်ခေါင်းဆောင် များစွာ အငြိမ်းစားယူ၍ စစ်အာဏာရှင် က မွေးထုတ်ထားသော ကြံ့ခိုင်ရေးပါတီသို့ ၀င်ရောက်နေရာယူခြင်း၊ အရပ်ဘက် နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများသို့ တပ်မတော် အရာရှိများကို ရွှေ့ပြောင်း နေရာပေးခြင်း၊ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်၌ပင် တပ်မတော်သား အရာရှိများစွာ ပြောင်းရွှေ့နေရာ ချထားခြင်း၊ တပ်မတော် ခေါင်းဆောင်များစွာ အာဏာမဏ္ဍိုင် အားလုံး၌ နေရာ ယူထားခြင်းစသော အကြောင်းတရားများကြောင့် လူထုက တပ်မတော် ခေါင်းဆောင်များအပေါ် ယုံကြည်မှု ပျောက်ဆုံးနေရခြင်းဖြစ် သည်။ လူထုက ယုံကြည် လေးစားတန်ဖိုးထားသော တပ်မတော်အဖြစ် ပုံရိပ်ကောင်းကို ပြန်လည် ဖော်ဆောင်ရန်မှာ လက်ရှိ တပ်မတော် ခေါင်းဆောင်များ၏ တာဝန်ပင်ဖြစ်သည်။
လက်ရှိတပ်မတော် ခေါင်းဆောင်များ ရပ်တည်မှု မှန်ကန်မှသာ လူထုယုံကြည် ကိုးစားသော တပ်မတော် ဖြစ်လာနိုင်မည်။ တပ်မတော် ခေါင်းဆောင်များ ရပ်တည်မှုမှန်ကန်ရေး ဆိုသည်မှာ အပြောသက်သက် လူကြားကောင်းရုံ ရွတ်ဆိုပြရုံနှင့် မလုံလောက်ပေ။ လက်တွေ့ကျကျ အကောင်အထည် ဖော်ပြရန်လိုအပ်သည်။ နိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ထိန်းကျောင်း တည့်မတ် ပေးနေသည်ဟု ပြောဆို တတ်သော တပ်မတော် ခေါင်းဆောင်များသည် ကိုယ်တိုင်လည်း လက်တွေ့ကျကျ ဒီမိုကရေစီပုံစံ ပြုပြင် ပြောင်းလဲနိုင်ရန် လိုအပ်မည်ဖြစ်သည်။ လာမည့်ရွေးကောက်ပွဲလွန် ကာလတွင် လက်ရှိ တပ်မတော် ခေါင်းဆောင်များအနေနှင့် ပါတီအဖွဲ့အစည်း တစ်ရပ်အတွက် မရပ်တည်ဘဲ ပြည်သူလူထုဘက်မှ ရပ်တည်၍ ပြည်သူ့ တပ်မတော်ဖြစ်ကြောင်း သက်သေပြရမည်ဖြစ်သည်။ ဆိုရလျှင် မဲဆန္ဒရှင်ပြည်သူ အများစု၏ ထောက်ခံမှုရသော ပါတီအဖွဲ့အစည်း၏ ရွေးကောက်ပွဲ အနိုင်ရလဒ်ကို အသိအမှတ်ပြု၍ မှန်ကန်မျှတစွာ ရပ်တည်ပေးမှသာ အဂတိကင်းသော ပြည်သူ့ တပ်မတော် ဖြစ်ပေလိမ့်မည်။ လာမည့် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်နေရာ အများစု (၅၀ ရာခိုင်နှုန်းကျော်) ရရှိသောပါတီ သို့မဟုတ် မဟာမိတ်ပါတီများ အစုအဖွဲ့ကို အစိုးရဖွဲ့နိုင်ရန် ကြားနေ ရပ်တည်ပေးမည်ဆိုပါက မြန်မာ့ဒီမိုကရေစီ လမ်းကြောင်းကို ထိန်းကျောင်း တည့်မတ်သော အဖွဲ့အစည်းအဖြစ် တပ်မတော်ကို အသိအမှတ် ပြုနိုင်မည်ဖြစ်သည်။
သဘောတရားအရ မဲဆန္ဒရှင် ပြည်သူအများစု (၅၀ ရာခိုင်နှုန်းကျော်) ထောက်ခံသော နိုင်ငံရေး အုပ်စုကသာ တိုင်းပြည်အုပ်ချုပ် စီမံခွင့်ရသင့်သည်မှာ အငြင်းပွားစရာမရှိပေ။ သို့သော် တပ်မတော်၏ ဘက်လိုက် ရပ်တည် မှုကြောင့် ကိုယ်စားလှယ် အနည်းစု ရရှိသော နိုင်ငံရေးအုပ်စုက အစိုးရဖွဲ့ခွင့် ရရှိသွားမည်ဆိုပါက မဲဆန္ဒရှင် ပြည်သူများအပေါ် အနိုင်ကျင့် စော်ကားရာ ရောက်မည်ဖြစ် ပါသည်။ သို့ဖြစ်ပါ၍ တပ်မတော် ခေါင်းဆောင်များ အနေနှင့် တပ်မတော် ပုံရိပ်ကောင်းကို ပြန်လည် တည်ဆောက်နိုင်ရန် အလို့ငှာ ရပ်တည်ချက် မှန်ကန်ပါစေ ကြောင်း တိုက်တွန်း လိုက်ရပါသည်။
အယ်ဒီတာ(၂၆-၈-၂၀၁၅)
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
“ကျွန်တော်ယူထားတဲ့ လစာနှင့်လျော်ညီစွာ ကျွန်တော့် လုပ်ဆောင်ချက်တွေ ထိုက်တန်ရဲ့လား ဆိုတဲ့မေးခွန်း ကျွန်တော့်ကိုယ် ကျွန်တော် နေ့ စဉ်မေးမိတယ်” – အမေရိကန်သမ္မတဘားရက် အိုဘားမား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁. ရုရှားသမ္မတ ဗလာဒီမီယာပူတင်
ရုရှားနိုင်ငံအပေါ် အမေရိကန် ဦးဆောင်သည့် EU အဖွဲ့ဝင်များက စီးပွားရေး ပိတ်ဆို့မှုများဖြင့် အရေးယူ ဆောင်ရွက်သည့် အတွက်ကြောင့် လည်းကောင်း၊ ရုရှားနိုင်ငံ၏ စီးပွားရေးကို အဓိက ရိုက်ခတ်ထိုးချနေ သည့် နိုင်ငံတကာ ရေနံဈေးနှုန်းများကြောင့် လည်းကောင်း ရုရှားသမ္မတ မစ္စတာဗလာဒီမီယာပူတင်သည် လွန်ခဲ့သည့် မတ်လအတွင်းက သူကိုယ်တိုင် အပါအ၀င်အစိုးရ ၀န်ထမ်းအားလုံး၏ လစာငွေကို ၁၀ ရာခိုင်နှုန်း အထိ လျှော့ချ လိုက်ပြီး တိုင်းပြည်၏ စီးပွားရေးစိန်ခေါ်မှု အသီးသီးကို တန်ပြန်လိုက်ပြီ ဖြစ်သည်။…
အဖွဲ့အစည်းကြီးတစ်ခု၏ ဖော်ပြချက်အရ ရုရှားသမ္မတ ပူတင်သည် ချမ်းသာကြွယ်ဝမှု အမေရိကန် ဒေါ်လာ ၇၈ ဘီလီယံဖြင့် ကမ္ဘာပေါ်တွင် ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံရသော် လည်း နိုင်ငံတကာ ဖိအားများနှင့်အတူ တိုင်းပြည်၏ စီးပွားရေးကြောင့် အခြေအနေအရပ်ရပ်က တောင်းဆို လာသည့်အခါ သမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့က လစာငွေလျှော့ယူသည့် မစ္စတာပူတင်၏ စိတ်ဓာတ်ကိုတော့ အသိအမှတ် ပြုရမည်ဖြစ်သည်။ တိုင်းပြည်က စိန်ခေါ်မှု အမျိုးမျိုး၊ နိုင်ငံရေး၊ ပြည်တွင်းရေး၊ လူမျိုးရေးစသည့် အခက်အခဲ အကျပ်အတည်း အမျိုးမျိုး ကြုံတွေ့နေချိန် လစာလျှော့ယူဖို့ မစဉ်းစားသည့် သမ္မတနှင့် သူ၏အစိုးရအဖွဲ့ ထက်စာလျှင် မစ္စတာပူတင်သည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်နေပါစေ၊ ယင်းလုပ်ရပ်ကိုတော့ ချီးကျူးရမည်ဖြစ် သည်။ မစ္စတာပူတင်၏ လစာသည် ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၇၀၀၀ ရှိပါသည်။ လျှော့ယူ လိုက်သည့်အတွက် မစ္စတာပူတင်၏ လစာသည် အမေရိကန် ဒေါ်လာ ၁၃၆၀၀၀ သာ ရှိပါတော့သည်။
၂. အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမား
အမေရိကန် ပြည်ထောင်စု၏ ၄၄ ဦးမြောက် သမ္မတဖြစ်ပြီး ဒုတိယသမ္မတ သက်တမ်းကို ထမ်းဆောင်နေသည့် အမေရိကန် ပြည်ထောင်စု၏ ပထမဦးဆုံး လူမည်း (အမေရိကန်-အာဖရိကန်) သမ္မတဘားရက် အိုဘားမား၏ လစာသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄၀၀၀၀၀ ဖြစ်သည်။ တစ်နှစ်လျှင် ပုဂ္ဂိုလ်ရေး သီးခြားအသုံးစရိတ် ၅၀၀၀၀၊ အမြတ်ခွန် ကင်းလွတ်ပြီး ခရီးသွားလာစရိတ်က တစ်နှစ်လျှင် ဒေါ်လာ ၁၀၀၀၀၀ နှင့်အတူ နှစ်စဉ် ဧည့်ခံ ကျွေးမွေးစရိတ် အမေရိကန်ဒေါ်လာ ၁၉၀၀၀ စသည့် စရိတ်စကများကိုလည်း သီးခြားခံစားခွင့် ရရှိ ခဲ့ပါသည်။ အမေရိကန် သမ္မတများ၏ လစာသည် ၂၀၀၁ ခုနှစ် သမ္မတ ဂျော့ခ်ျဘွတ်ရှ် စတင် တာဝန် ထမ်းဆောင်ပြီးချိန် နောက်ပိုင်း သမ္မတလစာ နှစ်ဆတိုးပြီး ဒေါ်လာ(၄)သိန်း စတင်ရရှိခဲ့ခြင်း ဖြစ်သည်။
တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄ သိန်းရရှိသည့် အမေရိကန်သမ္မတ အိုဘားမား၏ လစာသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ကျပ် ၂၂၀၀၀ သာ ရရှိသည့် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် နှိုင်းစာလျှင် ၁၉ ဆ နီးပါးခန့် များနေသည့်အပေါ် မေးခွန်းများ ပေါ်ထွက်လာသည်။ တရုတ်သမ္မတသည် တစ်လလျှင် ဒေါ်လာ နှစ်သောင်းနီးပါးနှင့် တကယ်ပင် ရပ်တည်နေသလား ဆိုသည့် မေးခွန်းဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံစလုံးသည် ကမ္ဘာပေါ်တွင် စီးပွားရေးအင်အား အကြီးဆုံးပထမနှင့် ဒုတိယနှစ်နိုင်ငံစလုံး၏ ခေါင်းဆောင်များ၏ လစာများသည် ဤမျှကွာဟချက် ရှိနေသလားဆိုသည့် မေးခွန်းဖြစ်သည်။
လစာကောင်းကောင်းပေးလျှင် ကိုယ်စားလှယ်လောင်း လူတော်လူကောင်း များကို များများဆွဲဆောင်နိုင်ကြောင်း Lawrence Lessig က သူ၏ Republic Lost စာအုပ်တွင် ရေးသားထားသည်။ talent ကောင်းသူတွေကို လစာ ကောင်းကောင်းပေးခြင်းသည် အဂတိလိုက်စားမှုကို နှိမ်နင်းရာတွင် အဓိကနည်းလမ်း ဖြစ်သည်ဟု ဆိုသည်။
သို့ရာတွင် သီးခြားဟောပြောပွဲများတွင် လည်းကောင်း၊ စာရေးသား ထုတ်ဝေရာတွင်လည်းကောင်း အိုဘားမား ရရှိသည့် ဟောပြောခ၊ စာရေးသားခ အစရှိသည်တို့ သည် သူရရှိသည့် လစာနှင့်နှိုင်းယှဉ်လျှင် မဖြစ် စလောက်သာ ရှိသည်ဟု ဆိုသည်။
အမေရိကန် ပြည်ထောင်စုတွင်လည်း အဂတိလိုက်စားမှု ကင်းရှင်းသည်ဟု မဆိုနိုင်ပါ။ ၂၀၀၅ ခုနှစ်အတွက် နိုင်ငံပေါင်း ၁၅၈ နိုင်ငံ၏ အဂတိလိုက်စားမှု သုံးသပ်ချက်ညွှန်းကိန်း (Corruption Perception Index – CPI) များအရ အမေရိကန် ပြည်ထောင်စုသည် အဆင့် ၁၇ နေရာ (သို့) အဂတိ လိုက်စားသည့် နိုင်ငံ ၁၇/၁၅၈ နေရာ တွင် ရှိနေခြင်းဖြစ်သည်။
၃. ကနေဒါနိုင်ငံဝန်ကြီးချုပ် Stephen Harper
စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ရန် အထူးသင့်တော် သည့် နိုင်ငံစာရင်းတွင် ပါဝင်ပြီး အဂတိ လိုက်စားမှု (CPI) သတ်မှတ်သည့်အဆင့် ၁၄/၁၅၈ တွင် စာရင်းပေါက်နေသည့် ကနေဒါနိုင်ငံ ၀န်ကြီးချုပ်၏ လစာသည် အမေရိကန်ဒေါ်လာ ၂၆၀၀၀၀ ရှိသည်။ Stephen Harper သည် လစာငွေ ဒုတိယ အများဆုံးရရှိသည့် နိုင်ငံ့ ခေါင်းဆောင် တစ်ဦး ဖြစ်သည်။
၎. ဂျာမနီအဓိပတိ အန်ဂဲလာမာကဲလ်
နိုင်ငံတကာမှာ အမျိုးသမီးသမ္မတများ၊ ၀န်ကြီးချုပ်များ ရှိပါသည်။ သို့သော် ရှားပါသည်။ ယင်းရှားပါးသည့် အရေ အတွက်အတွင်း ၀န်ကြီးချုပ် သက်တမ်းတစ်ဆက်တည်း တစ်ကြိမ်နှစ်ကြိမ် တာဝန်ထမ်းဆောင်ခွင့် ရသည့် အမျိုးသမီးနိုင်ငံရေး ခေါင်းဆောင်များ ပိုရှားပါသည်။ အရှားပါးဆုံးကတော့ ဆက်တိုက် ၃ ကြိမ် (Hat Trick) တာဝန် ထမ်းဆောင်ခွင့်ရသည့် အမျိုးသမီးဝန်ကြီးချုပ်ပဲ ဖြစ်ပါသည်။ သမိုင်းတွင် ကွယ်လွန်သူ ဗြိတိသျှ ၀န်ကြီးချုပ် မာဂရက်သက်ချာသည် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ၅ နှစ်သက်တမ်း ၃ ကြိမ်တာဝန် ထမ်းဆောင်ခွင့် ရခဲ့ပါသည်။ ယခု ဂျာမနီအဓိပတိ အန်ဂဲလာမာကဲလ်သည် သက်ရှိအကျော်ဇေယျ (Living Legendary) ဖြစ် ပါသည်။ ကွယ်လွန်သူ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာသည် ဆက်တိုက် ၃ ကြိမ် တာဝန် ထမ်းဆောင်ပြီး ထိုအချိန်က သူ၏ငယ်မွေးခြံပေါက် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂျွန်မေဂျာကို လွှဲပြောင်းပေးပြီး အနားယူခဲ့သည်။
အန်ဂဲလာမာကဲလ်ကတော့ ၅ နှစ်သက်တမ်းကို ၃ ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ပြီး ၄ ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ခွင့် ရရှိရေးကို ယခုအချိန်မှ စတင်ပြီး မဲဆွယ်စည်းရုံးမှုတွေ ဆောင်ရွက်နေသည်။ သူ၏ လစာမှာ တစ်နှစ်လျှင် အမေရိကန် ၂၃၄၀၀၀ ဖြစ်သည်။
ဂျာမနီနိုင်ငံသည် TI (Transparency International) ခေါ် နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့အစည်းက သတ်မှတ်သည့် အဂတိလိုက်စားမှု သုံးသပ်ချက် ညွှန်းကိန်း (CPI) တွင် အဆင့်အားဖြင့် ၁၆/၁၅၈ တွင် စာရင်းပေါက်ပါသည်။
ကနဦးက ဂျာမနီအဓိပတိ၏ လစာသည် အမေရိကန်ဒေါ်လာ ၂၁၆၀၀၀ ကနေ ယခုနှစ် မတ်လပိုင်းကစတင်ပြီး သူနှင့်သူ့ ၀န်ကြီးတစ်ဖွဲ့လုံး၏ လစာသည် ၂ ဒသမ ၂ ရာခိုင်နှုန်း တိုးသွားခြင်းဖြစ်သည်။
၅. တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမား
တောင်အာဖရိကနိုင်ငံ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ တက္ကသိုလ် (Institute for Accountability) ညွှန်ကြားရေးမှူး Paul Hoffman က တောင်အာဖရိက သမ္မတ Jacob Zuma အနေနှင့် သူတိုင်းပြည်က ယူသည့်လစာနှင့် သူ့တိုင်းပြည်အပေါ် အလုပ်အကျွေးပြုသည့် သက်ရောက်မှု (Effectiveness) တစ်ထပ်တည်း ကျ၊ မကျ ဆိုသည့် မေးခွန်းအား သမ္မတ ဂျက်ကော့ဇူးမား ကို မေးရမည်ဟုဆိုသည်။
ပြည်သူတွေက ဆာလောင်မွတ်သိပ်မှုတွေနှင့် တစ်နေကုန်ပြီး နောက် တစ်နေ့ အတွက် စိုးရိမ် ပူပန်မှုတွေနှင့် အိပ်ရာဝင် နေရသည့်အချိန်မှာ သမ္မတ ဂျက်ကော့ဇူးမားက တစ်နှစ်ဒေါ်လာ ၂၂၃၅၀၀ ရယူနေသည်ကတော့ မဆီလျော်ကြောင်း Hoffman က ဝေဖန်သည်။ Jacob Zuma သည် ကမ္ဘာပေါ်တွင် စတုတ္ထလစာ အများဆုံး နိုင်ငံ့အကြီးအကဲ တစ်ဦးဖြစ်သည်။
တောင်အာဖရိကနိုင်ငံသည် ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှု အရှိဆုံး နိုင်ငံပေါင်း ၁၅၈ နိုင်ငံတွင် ပေးမှတ် ၁၀၌ ရမှတ် ၄ ဒသမ ၅မှတ်ဖြင့် CPI အဆင့် ၄၆ နေရာတွင် ရပ်တည်လျက်ရှိသည်။
၆. ဗြိတိန်ဝန်ကြီးချုပ် David Cameron
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ လစာသည် တစ်နှစ်လျှင် ပေါင်စတာလင် ၁၄၂၅၀၀ ရရှိသည်။ ယင်းပမာဏတွင် ပါလီမန်အဖွဲ့ဝင်အဖြစ် ခံစားခွင့်ပြုသည့် ခွင့်ပြုငွေပေါင် ၆၇၀၆၀ ပါဝင်သည်။ အဂတိ လိုက်စားမှု (CPI) ညွှန်းကိန်းများအရ ၁၁/၁၅၈ တွင်ရှိသည်။
၇. ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe)
ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးအရ တတိယအင်အားကြီး နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ သို့ရာတွင် အဂတိလိုက်စားမှု လုံးဝကင်းရှင်း သည့် နိုင်ငံမဟုတ်ပေ။ အမှန်တော့ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှာမှ အဂတိ လိုက်စားမှု လုံးဝမရှိသည့် နိုင်ငံမရှိပါပေ။ နည်းနည်းဝါးတာနှင့် မဆံ့မပြဲဝါးတာ””ပဲ ကွာပါသည်။ ဂျပန်နိုင်ငံသည် နိုင်ငံပေါင်း ၁၅၈ နိုင်ငံတွင် အဂတိလိုက်စားသည့် အဆင့်နေရာ ၂၁ တွင်ရှိသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ တစ်နှစ်လစာသည် အမေရိကန်ဒေါ်လာ ၂၀၂၇၀၀ ဖြစ်သည်။
အာဘေးသည် စစ်ပြီးခေတ် ဂျပန်ဝန်ကြီးချုပ်များထဲတွင် အသက်အငယ်ဆုံး ဖြစ်ပြီးကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် လစာအများဆုံး နိုင်ငံအကြီးအကဲ တစ်ဦးဖြစ်သည်။
၈. ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်း (Francois Hollande)
၂၀၁၂ ခုနှစ်၊ သူပြင်သစ်သမ္မတအဖြစ် တာဝန်စတင်ယူချိန်မှာ လစာကို ၃၀ ရာခိုင်နှုန်းလျှော့ချ ဖြတ်တောက် ခဲ့သည်။ ယင်းလုပ်ရပ်သည် သူဆက်ခံခဲ့သည့် ယခင် သမ္မတ နစ်ကလပ်စ်ဆာကိုဇီနှင့် လုံးဝဆန့်ကျင်ခဲ့သည်။ သူ့အရင်သမ္မတ နစ်ကလပ်စ်ဆာကိုဇီ ပြင်သစ် သမ္မတအဖြစ် စတင်တာဝန် ထမ်းဆောင်ချိန်မှာတော့ သူ့လစာကို သူကိုယ်တိုင် ၁၇၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။ ယခု တာဝန်ထမ်းဆောင်နေ သည့် ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်းက ၃၀ ရာခိုင်နှုန်း လစာ မဖြတ်မတောက်ဘဲ ခံစားမည်ဆိုလျှင် သူ၏ တစ်နှစ်လစာသည် ယူရို (Euro) ၂၅၅၆၀၀ ဖြစ်ပါသည်။ သို့သော် သူအမှန်တကယ် ခံစားသော လစာငွေကား အမေရိကန်ဒေါ်လာ ၁၉၄၃၀၀ သာ ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်
မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald
ဂျပန် နိုင်ငံ တိုကျို မြို့ လွှတ်တော် ခန်းမ ရှေ့တွင် သြဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်း က ဂျပန် ပြည်သူများ လုံခြုံရေး ဥပဒေ မူကြမ်း ( Security Bill) အား ကန့်ကွက် ကြောင်း ဆန္ဒပြ နေစဉ်(ဆင်ဟွာ)     တိုကျို ၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ)
    ဂျပန် နိုင်ငံ တိုကျို မြို့ လွှတ်တော် ခန်းမ ရှေ့တွင် သြဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်း က ဂျပန် ပြည်သူပေါင်း ၁၂၀၀၀၀ ကျော် မှ ရှင်ဇိုအာဘေး အစိုးရ မှ တင်သွင်းသည့် လုံခြုံရေး ဥပဒေ မူကြမ်း ( Security Bill) အား ကန့်ကွက် ကြောင်း ဆန္ဒပြ ခဲ့ကြသည်။
ယခု ပြုလုပ် သည့် ဆန္ဒပြမှု သည် လတ်သလော အချိန်ကာလ အတွင်း လူအင်အား အများဆုံး နှင့် ပမာဏ အကြီးဆုံး ဆန္ဒပြမှု ဖြစ်ပြီး ဆန္ဒပြ ပြည်သူ များမှ လွှတ်တော် ခန်းမ ရှေ့တွင် “ဖက်ဆစ်ဝါဒလက်မခံကြောင်း” ၊ “ရှင်ဇိုအာဘေး ရာထူးမှ နှုတ်ထွက်စေလိုကြောင်း” နှင့် “လုံခြုံရေး ဥပဒေ မူကြမ်း ဖျက်သိမ်းပေးရန်” စသည် တို့ကို ကြွေးကြော် ဆန္ဒပြ ခဲ့ကြသည်။
ဆန္ဒပြမှု မဖြစ်ပွား မှီ တစ်နာရီ အလို ခန့်တွင် ဂျပန် နိုင်ငံ ရှိ အသက်အရွယ်စုံ ပြည်သူ များသည် လွှတ်တော် ခန်းမ ရှေ့သို့ လာရောက် စုဝေး ခဲ့ကြပြီး လွှတ်တော် ခန်းမ ရှေ့ရှိ လူသွားလမ်း ၊ ကားလမ်း နှင့် အနီးရှိ ပန်းခြံ များတွင် လူများဖြင့် ပြည့်နှက်နေခဲ့ပြီး အချို့ နေရာများတွင် ဆန္ဒပြသူ များ နှင့် ရဲ များ ပဋိပက္ခ ဖြစ်ပွား ခဲ့ကြသည်။
လုံခြုံရေး ဥပဒေ အား ဆန့်ကျင် သည့် ပါတီများ မှ ခေါင်းဆောင် များ နှင့် အရပ်ဘက် အဖွဲ့အစည်း မှ ကိုယ်စားလှယ် များမှ ဆန္ဒပြပွဲ တွင် လုံခြုံရေး ဥပဒေ အား ဝေဖန်သည့် မိန့်ခွန်း များ ပြောကြား ခဲ့ကြပြီး ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အား ရာထူး မှ နှုတ်ထွက် ပေးရန် တောင်းဆို ခဲ့ကြသည်။
ဆန္ဒပြ ပွဲ စီစဉ် သူ မှ ယနေ့တွင် ဂျပန် နိုင်ငံအတွင်းရှိ နေရာ ပေါင်း ၃၀၀ ကျော်ခန့်တွင် လုံခြုံရေး ဥပဒေ အား ဆန့်ကျင် သည့် ဆန္ဒပြမှု များ ပြုလုပ်ခဲ့ကြကြောင်း သိရှိခဲ့ရသည်။
(Xinhua)
http://www.xinhuamyanmar.com
အခုအချိန်မှာဘာမှ ကျမတို့ ၀က်ကလေးတွေလည်းမပေးနိုင်ဘူး ကြက်ကလေးတွေလည်းမပေးနိုင်ဘူး ..ကျမတို့အစိုးရဖြစ်ရင်ပေးမလားဆိုတော့ အဲလိုလည်းမဟုတ်ဘူး..ပြည်သူလူထု ဟာ ကို့ဘာကို ၀က်ကလေးတွေ ကြက်ကလေးတွေဝယ်နိုင်တဲံ့အဆင့်ဖြစ်အောင် ကျမတို့ကြိုးစားလုပ်မယ်..လက်ဖြန့်တောင်းတဲ့ပြည်သူမျိုး လုံးဝမဖြစ်စေချင်ဘူး ...ကို့ဘ၀ကို ထူထောင်နိုင်တဲ့ပြည်သူတွေဘဲဖြစ်စေချင်တယ်
ပြည်သူလူထုကြီးတရပ်လုံးရဲ့ဂုဏ်သိက္ခာကိုမြှင့်တင်ချင်ရင် NLD ကိုမဲပေးပါ။
Posted by Yiyi Myint on Sunday, August 30, 2015
Yi Yi Myint
2015 မှာ NLD အနိုင်ရခဲ့လျှင် 1990ရွေးကောက်ပွဲတုန်းကလို အစိုးရဖွဲ့ခွင့်မပေးပဲ အမေစုကို အကျယ်ချုပ်နဲ့ ပြန်ထားနိုင်သေးသလား လို့ရွှေခဲအင်း ရွာဒေသခံမှ မေးမြန်းခဲ့သည်ကို
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားခြင်း
2015 မှာ NLD အနိုင်ရခဲ့လျှင် 1990ရွေးကောက်ပွဲတုန်းကလို အစိုးရဖွဲ့ခွင့်မပေးပဲ အမေစုကို အကျယ်ချုပ်နဲ့ ပြန်ထားနိုင်သေးသလား လို့ရွှေခဲအင်း ရွာဒေသခံမှ မေးမြန်းခဲ့သည်ကိုဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားခြင်း
Posted by Aye Mya Mya Myo on Sunday, August 30, 2015
Video..Aye Mya Mya Myo
Dear friends of the Ramon Magsaysay Award Foundation,
Since 1958, the Ramon Magsaysay Award has been bestowed to more than 300 outstanding men, women and organizations whose selfless service has offered their societies, Asia, and the world successful solutions to some of the most intractable problems of human development.  Our illustrious community of Magsaysay Awardees includes global icons like the Dalai Lama, Mother Teresa and Corazon Aquino among others.
We continue to celebrate Greatness of Spirit and Transformative Leadership through the 57th Ramon Magsaysay Award.  This year, five individuals, whose Greatness of Spirit has transformed their respective societies for the better, will receive Asia’s Premier Prize and Highest Honor.  We invite you to join the 2015 Ramon Magsaysay Awardees ANSHU GUPTA (India), SANJIV CHATURVEDI (India), KYAW THU (Myanmar), KOMMALY CHANTHAVONG (Laos) and LIGAYA FERNANDO-AMILBANGSA (The Philippines) in their respective public events through our various live digital coverages.  
Please refer to the links below:
Livestreaming via UStream: http://festival.rmaf.org.ph/?page_id=631
Live Podcast: http://www.podcast.ph/ (Podcasts will also be uploaded in the Ramon Magsaysay Award channel three hours after the events)
Live Tweeting via Twitter: https://twitter.com/rmafoundation
For a schedule of their public events and what kind of coverage we have for them, please refer to the chart below:
August 31
4:30-6:00 PM
Presentation Ceremonies
(Livestream)
4:30-6:00 PM
Presentation Ceremonies
(Livestream)
4:30-6:00 PM
Presentation Ceremonies
(Livestream)
4:30-6:00 PM
Presentation Ceremonies
(Livestream)
4:30-6:00 PM
Presentation Ceremonies
(Livestream)
September 1 (AM)
September 1 (PM)
2:00-4:00 PM
Public Lecture
(Livestream, Live Tweet, Live Podcast)
10:00 AM-12:00 NN
Public Lecture
(Livestream, Live Tweet, Live Podcast)
September 2 (AM)
10:00 AM-12:00NN
Public Lecture
(Livestream)
10:00 AM-12:00 NN
Public Lecture
(Live Tweet, Live Podcast)
September 2 (PM)
For any concerns during these events, you may get in touch with the Ramon Magsaysay Award Foundation team by sending us a direct message via our Facebook Fan Page: https://www.facebook.com/rmafoundation
For more information on the 57th Ramon Magsaysay Awards Festival Week Events, please log on to: http://festival.rmaf.org.ph/
Thank you and we look forward to seeing you in the virtual space to celebrate Asia’s Premier Prize and Highest Honor.
Vic
Victor John DJ. Platon
Partnership Development Officer
Ramon Magsaysay Award Foundation
Ramon Magsaysay Center
1680 Roxas Boulevard, Manila
Tel. No.: (632) 521-3166 to 75 local 189
Mobile No.: (0920) 921-3824
Fax No.: (632) 521-8105
--
နာရေးကူညီမှုအသင်း(ရန်ကုန်)
အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။
29 August 2015
တရားခံဟာ မိသားစုဝင်တွေကိုတောင် မုဒိန်းကျင့်ဘို့ ကြိုးစားခဲ့လို့  အိမ်ကနေနှင်ချထားသူ ဖြစ်ပါတယ်။
မုဒိန်းသမား ဖိုင်ဖွန်ကြောင့် အဖွားအိုတွေဟာ သေသူသေ နာတာရှည် ဒဏ်ရာတွေနဲ့  ဆေးရုံတက်ကုနေရသူတွေနဲ့  ဖြစ်ခဲ့တာကြောင့် သူကို ရဲက အလိုရှိနေတာ ကြာပါပြီ။
ဖိုင်ဖွန် နောက်ဆုံး အသက် ၈၁ နှစ်အဖွားအိုနေအိမ်ကို ညပိုင်း မှာဝင်ရောက်ပြီး မုဒိန်းကျင့် ဘို့  ကြိုးစားတာကို အဖွားအိုက ရှိမမျှ အားနှင့် ရုန်းကန်ခုခံခဲ့တယ်။
ပြီးရင်ဘေးအိမ်ကို အော်ပြီး အကူညီတောင်းခဲ့လို့  ရပ်ကွက်က သူတွေက အခင်းဖြစ်တဲ့ နေအိမ်တ၀ိုက် လူအုပ်နဲ့ ဝိုင်းထားပြီး ပိုက်စိတ်တိုက် ရှာတော့မှ မျက်ရိုင်းပင်တွေကြားထဲမှာ ပုန်းနေတဲ့ မုဒိန်းသမားကို ရှာတွေ့ ခဲ့ပါတယ်။
အရက်မူးသလို -ရူးသလို -ဆေးကြောင်သလိုနဲ့  ဟန်ဆောင်နေပေမယ့် သူကျူးလွန်ခဲ့တဲ့ အမှုတွေမှာ သက်သေ DNA မှတ်တမ်းကို ရဲက ရထားတာကြောင့် အမှုဟောင်းတွေ တသီးကြီး ဖေါ်ထုတ်နိုင်ခဲ့တယ်လို့  အမှုလိုက်အရာရှိတဦးက ထုတ်ဖေါ်ပြောဆို ခဲ့ပါတယ်။
Social Action for Women - SAW
Community Organization
https://www.facebook.com/pages/Social-Action-for-Women-SAW
 ရွေး​ကောက်​ပွဲ ​မဲ ​ဆွယ်​တဲ့ ​ကာ​လ ​မ​တိုင်​ခင် ​မဲ​ဆွယ် ​စည်း​ရုံး ​မှု ​တွေ ​မ​လုပ်​ရ ​ဘူး ​ဆို​တဲ ​စည်း​မျည်း ​ဥ​ပ​ဒေ ​တွေ ​နဲ့ ​ငြိ​စွန်း ​တဲ့ ​အ​တွက် ​ပိတ်​ပင် ​တာ ​ဖြစ်​တယ် ​လို့ ​ခ​ရိုင် ​အ​ဆင့် ​အာ​ဏာ​ပိုင် ​တွေ ​က ​အ​ကြောင်း​ပြ ​ချက် ​ပေး။
 အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် NLD ​ပါ​တီ ​ရဲ့ ​ဥ​က္က​ဌ ​ဒေါ်​အောင်​ဆန်း ​စု​ကြည် ​ဟာ ​ဩ​ဂုတ်​လ ၃၀ ​ရက် ​နေ့ ​နေ​ပြည်​တော် ၃ ​မြို့​နယ် ​မှာ ​ဟော​ပြော​ပွဲ ​တွေ ​လုပ်​ဖို့ ​စီ​စဉ် ​ထား ​ပေ​မယ့် ​အာ​ဏာ​ပိုင် ​တွေ ​က ​ပိတ်​ပင် ​လိုက်​ပါ​တယ်။
ရွေး​ကောက်​ပွဲ ​မဲ ​ဆွယ်​ဖို့ ​သတ်​မှတ်​ကာ​လ ​မ​တိုင်​ခင် ​မဲ​ဆွယ် ​စည်း​ရုံး ​မှု ​တွေ ​မ​လုပ်​ရ ​ဘူး ​ဆို​တဲ ​စည်း​မျည်း ​ဥ​ပ​ဒေ ​တွေ ​နဲ့ ​ငြိ​စွန်း ​တဲ့ ​အ​တွက် ​ပိတ်​ပင် ​တာ ​ဖြစ်​တယ် ​လို့ ​ခ​ရိုင် ​အ​ဆင့် ​အာ​ဏာ​ပိုင် ​တွေ ​က ​အ​ကြောင်း​ပြ ​ချက် ​ပေး ​ကြောင်း NLD ​ရဲ့ ​နေ​ပြည်​တော် ​အ​မတ် ​တစ်​ဦး ​ဖြစ်​တဲ့ ​ဦး​မင်း​သူ ​က ​ဘီ​ဘီ​စီ ​ကို ​ပြော​ပါ​တယ်။
ဒေါ်​အောင်​ဆန်း​စု​ကြည် ​အ​နေ​နဲ့ ​ရွေး​ကောက်​ပွဲ​ဆိုင်​ရာ ​အ​သိ​ပ​ညာ​ပေး​ပွဲ ​တွေ ​အ​ဖြစ် ​လူ​ထု ​ပ​ရိ​သတ် ​ကို ​ဟော​ပြော​ဖို့ ​စီ​စဉ် ​ထား​တာ ​ဖြစ်​တယ် ​လို့ ​ဦး​မင်း​သူ​က ​ဆို​ပါ​တယ်။
အ​ခု​လို ​ပိတ်​ပင်​ခံ​ရ​တဲ့ ​နောက် ​ရွေး​ကောက်​ပွဲ ​ဥ​ပ​ဒေ၊ ​နိုင်​ငံ​ရေး​ပါ​တီ ​များ ​မှတ်​ပုံ​တင်​ခြင်း ​ဥ​ပ​ဒေ ​စ​တာ​တွေ ​နဲ့ ​အ​ညီ ​ပါ​တီ ​ရုံး​ခန်း ​တွေ​ထဲ ​မှာ​ပဲ ​ပွဲ​တွေ ​ကို ​ဖြစ်​မြောက်​အောင် ​လုပ်​ဆောင် ​ဖို့ ​အာ​ဏာ​ပိုင် ​အုပ်​ချုပ်​ရေး​မှုး ​တွေ ​နဲ့ ​ညှိ​နှိုင်း​ပြီး​ပြီ ​ဖြစ်​တယ် ​လို့ ​ဦး​မင်း​သူ ​က ​ဆို​ပါ​တယ်။
ပြောင်း​လဲ​ဖို့ ​အ​ချိန်​တန်​ပြီ ​ကွှေး​ကြော်​သံ ​ပို​စ​တာ​တွေ ​နဲ့ ​အ​တူ ​ပန်း​ရဲ့​လမ်း ​ဂီ​တ ​အ​ဖွဲ့​နဲ့ ​မြို့​ပေါ်​မှာ ​လှည့်​လည် ​ဖို့ ​မူ​လ ​အ​စီ​အ​စဉ် ​ဟာ​လည်း ​ဘယ် ​ကိုယ်​စား​လှယ်​လောင်း ​ကို ​မဲ ​ပေး​ပါ ​ဆို​တဲ့ ​ပု​ဂ္ဂိုလ်​ရေး ​မဲ​ဆွယ်​ဖို့ ​မ​ဟုတ် ​ကြောင်း ​ဦး​မင်း​သူ ​က ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
 ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းနဲ့အဖွဲ့ဟာ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ရွာ ဓမ္မသုခလယ်ပြင်ဦးဘုန်းကြီးကျောင်းမှာ သြဂုတ်လ ၂၉ ရက်နေ့က ဒေသခံတွေကို အခမဲ့ဆေးဝါးကုသပေးစဉ်။ Photo: Win Ko Ko Latt/RFA
လာမယ့် ရွေးကောက်ပွဲမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မယ့် အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းဟာ ဇေယျာသီရိ မြို့နယ်၊ ကျောက်ချက်ရွာ ဓမ္မသုခလယ်ပြင်ဦးဘုန်းကြီးကျောင်းမှာ ဒီနေ့ ဒေသခံ ၅ဝဝ လောက်ကို အခမဲ့ဆေး ဝါးကုသပေးခဲ့ပါတယ်။
အဲဒီဆေးကုသမှုအစီအစဉ်မှာ ဘယ်လိုရောဂါတွေကို စစ်ဆေးပေးတယ်ဆိုတာကို ကျောက်ချုပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်တင်က အခုလို ပြောပါတယ်။
"ဆေးကုသတဲ့အစီအစဉ်က ရောဂါအနေနဲ့ မျက်စိပါမယ် အထွေထွေရောဂါပါမယ်၊ အမျိုးရောဂါပါမယ်၊ နား နှခေါင်းပါမယ် နောက် အရိုးအကြောပါမယ်ပေါ့၊ အဲ့ဒါတွေကို ကျနော်တို့က ဒေသခံတွေကို ကြိုတင်တင်ပြီးတော့ စာရင်းကောက်ထားတယ်လေ၊ သူတို့ကုသလိုတဲ့ရောဂါတွေပေါ့ ဆေးပေးထားတဲ့ ၅ဝဝ ကျော်ကိုပေါ့ ပေးထားတဲ့ဆေးအတိုင်း မကဘူးလာမယ်၊ ကျနော်တို့ ဗိုလ်ချုပ်ကြီး အငြိမ်းစား ဦးလှဌေးဝင်း ဇနီးက ဒေါ်မာမာဝေ"
ဒေသခံ ၅၀၀ ကျော်ကို ဆေးကုသမှုတွေပြုလုပ်ပေးခဲ့ပြီး ကုန်ကျစရိတ်တွေအားလုံးကို အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်းနဲ့ ဇနီး ဒေါ်မာမာဝေ မိသားစုက အကုန်ကျခံခဲ့တာလို့ သိရပါတယ်။
ဇေယျာသီရိမဲဆန္ဒနယ်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်ဖြစ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ခင်မျိုးသွင်က ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဓါတ်ပုံ - ThantZin Lynn
  ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ မနေ့က မိုးကြီးပြီးတောင်ပေါ်ရေကန် ကျိုးပေါက်လို့ ဟားခါးလေးနဲ့ တွီးခိဖန်ကျေးရွာတို့ဟာ ရေနဲ့အတူပါလာတဲ့ နုန်းတွေ ၇ ပေ လောက်ထိ ဖုံးသွားတယ်လို့ သိရပါတယ်။
ကျေးရွာနှစ်ခုလုံး နစ်မြုပ်သွားတဲ့အတွက် မြေနေရာအသစ်ရှာပြီး ပြန်လည်နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှုး ဦးတင်မောင်စိုးက ပြောပါတယ်။
"တွီးခိဖန်နဲ့ကပ်နေတာပေါ့ ဟားခါးလေးကျေးရွာဆိုတာတော့ ဟားခါးလေးကျေးရွာမှာ လူနေအိမ်ပါပျက်စီးသွား တာက ၃၈ လုံးပေါ့လေ၊ ကျန်တဲ့ ၂၂ လုံးကတော့ ရွှံ့နွံ့က ၇ ပေလောက် ဖုံးသွားတာပေါ့၊ ပြန်လည်ထူထောင်ရေး ကတော့ ကျနော်တို့က ဒီနေရာကိုပြန်ရွေးပေးရမှာပေါ့ လက်ရှိနေရာမှာ နေလို့မရတော့ပဲ၊ ဒီရွာက ရပ်မိ ရပ်ဖတွေနဲ့ညှိပြီးတော့မှ ဘယ်နေရာကိုပေါ့နော် သူတို့ရေရှည်မှာ နေနိုင်မယ်ဆိုရင် မြေနေရာ ရရေးပေါ်မူတည်ပြီးတော့ ကျနော်တို့ တည်ဆောက်တာတို့ ခုနကပြောတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လုပ်ပေးရမှာပေါ့လေ တွီးခိဖန်ရော ဟားခါးလေးအတွက်ရောပေါ့"
တောင်ပေါ်ရေကန် ကျိုးပေါက်တာကြောင့် တွီခိဇန်ကျေးရွာမှာ နေအိမ် ၄ဝ နီးပါး ၊ဟားခါးလေးကျေးရွာမှာ နေအိမ် ၅ဝ ကျော်တို့ ရေမြုပ်ပျက်စီးခဲ့တာဖြစ်ပါတယ်။
လက်ရှိချိန်မှာ နေအိမ်ပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်ထောင်စု ၁ဝဝ ကျော်အတွက် ပြည်နယ်အစိုးရအဖွဲ့ကနေ တွီခိဇန်ရွာရဲ့ မြေမြင့်ရာမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ရေနစ်မြုပ်မှုကြောင့် လူအသေအပျောက်မရှိဘူးလို့တော့ ချင်းပြည်နယ်အစိုးရအဖွဲ့ကပြောပါတယ်။ ဒါပေမယ့် အင်တာနက်ဖေ့စ်ဘွတ် စာမျက်နှာတွေမှာ ရေးသားကြတာက သေဆုံးသူ ၂ဝ ကျော်လောက်အထိ ရှိတယ်လို့ ပြောကြပါတယ်။
မိုးများတဲ့အတွက် ချင်းပြည်နယ်မှာ ဇူလိုင်နဲ့ သြဂုတ်လအတွင်း မြေပြိုပြီး လူ ၅ ဦး သေဆုံးခဲ့သလို နေအိမ်ပေါင်း ၂၆ဝဝ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
(၁) မကြာမီမှာ ကိုကျော်သူကို မနီလာမှာ တရားဝင် အခမ်းအနားနဲ့ အာရှမှာ အမြင့်ဆုံးဆု ဖြစ်တဲ့ Ramon Magsaysay ဆုကို ပေးအပ်တော့မှာ ဖြစ်ပါတယ်။ ကိုကျော်သူလို ဆင်းရဲချမ်းသာမရွေး ပရဟိတ အကျိုးဆောင်ရွက်ခဲ့တာ ရပ်သိရွာသိ ဖြစ်ပေမယ့် အစိုးရမင်းများကတော့ ဆုပေးဘို့ နေနေသာသာ တယောက်ကမှ ဖက်လှဲတကင်း လုပ်ဖေါ်မရပါဘူး။
အဲ့ ..တနိုင်ငံလုံး သစ်ပင်မှန်သမျ ခုတ်လို့ရတာ ပြောင်အောင်ခုတ်တဲ့ တေဇလို လူမျိုး ကျတော့ လူမှုထူးခ္ဈန် အမြင့်ဆုံးဆု ပေးခဲု့ပြန်ပါတယ်။ အဲ့သည့်အချိန်မှာ ပြည်တွင်းမှာသဘာဝ ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး သစ်တောများ မပြုန်းတီးရေး ကမ္ဘာက သိအောင် အော်ဟစ် ပြောဆိုနေတဲ့ ကစောဝါ ဆိုတဲ့ ကရင်အမျိုးသားလေးကိုကျ သိဘို့နေနေသာသာ ကြားတောင်ကြားဘူး ကြမယ် မထငိပါဘူး။ ကစောဝါလည်း ၂၀၀၉ ခုနှစ်မှာ ကိုကျော်သူလိုပဲ ဆုချီးမြှင့် ခံခဲ့ရပါတယ်။
ဒါ့အပြင် ဘိန်းလုပ်ငန်းတွေနဲ့ကြီးပွားချမ်းသာလာတဲ့ ငွေတွေနဲ့ ပြည်တွင်း စီးပွားရေးတွေကို လက်ဝါးကြီးအုပ်ထားတဲ့ နိုင်ငံတကာမူးယစ်ရာဇာကြီးရဲ့ သားဖြစ်သူ စတီဗင်လောကို နိုင်ငံတွင်း အခွန်အများဆုံး ပေးဆောင်နိုင်ူအဖြစ် ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပြန်ပါတယ်။
သူတို့ကြောင် ဖြစ်ခဲ့တဲ့ ဘိန်းစိုက်နယ်လုပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာကြတဲ့ တိုင်းရင်းသားတွေကို မေတ္တာ နဲ့ စောင့်ရှောက်ပေးခဲ့တဲ့ ကချင် တိုင်းရင်းသူလေး လဖိုင်ဆိုင်းရောကိုလည်း သိတောင်သိကြမယ် မထင်ပါဘူး။ သူလည်း ၂၀၁၃ မှာ ကိုကျော်သူလိုပဲ ဆုရရှိခဲ့ဘူးပါတယ်။
သိကြားမင်းကြီး ဖြစ်နေပါစေ။ သူတော်စင်ကြီး ဖြစ်နေပါစေ မလိုရင် မလိုသလို ချောင်ထိုးထား၊ အကျင့်ပျက် ချစားတဲ့ လူတွေကို ပိုးမွေးသလို မွေးထား ကပ်ပါးယပ်ပါးများကိုသာ ဗြောင်ကျကျ နေရာ ပေးနေဆဲအဖြစ်တွေက အတော့်ကို တိုင်းပြည်အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။
အို..အသင်လောက ဗုဒ္ဓဘာသာ စစ်စစ်ထွန်းကားသော မြန်မာပြည်တွင် အဘယ်အတွက်ကြောင့် အခုလို အဓမ္မါဒီတို့ နှစ်ပရိဒေသကြာစွာ ကြီးစိုးနေကြပေသနည်း။
(၂) ကပ်ပါး ရပ်ပါး အကြောင်း ဆိုလို့ သမ္မတရုံးက ကိုမှုးဇော်က သမ္မတကြီးရဲ့ မနက်စာလေးပါဆိုပြီး ပို့စ်တင်လာပါတယ်။ (ပုံမှာကြည့်ပါလေ)
မကြာခင်က ဖြစ်ခဲ့တဲ့ နိုင်ငံအ၀ှမ်း ရေကြီးမှုတွေကြောင့်လူတသန်းနီးပါးလောက် အစာရေစာ ချို့တဲ့ သောက်သုံးရေ ပြတ်လတ်နေချိန်မှာ မစဉ်းစား မဆင်ခြင် ဖားလိုဇော သက်သက်နဲ့ တင်လိုက်တဲ့ ပို့စ်ပါ။ ဒီလို ပို့စ်မျိုးဟာ အခြားနိုင်ငံတွေမှာတော့ သမ္မတကို အကြီးအကျယ် ဒုက္ခရောက်စေမယ့် အနေအထား ဖြစ်ပေမယ့် ကိုမှုးဇော်တို့ ကိုရဲထွတ်တို့ကတော့ဗျာ ဒီသမ္မတ ကြီးကို အခ္ဈန်နဲ့ကို တခုပြီးတခု မ နေ လေရဲ့။ ဘာမှ မဖြစ်မှန်းလည်း သိနေလို့ ထင်ပါတယိ။
အခု စားနေတဲ့ မုန့်တွေက ဂျပန်ကလာတဲ့ မုန်လုပ်တဲ့ စက်နဲ့ အထူးပြု လုပ်ထားတာ ဖြစ်ကြောင်းလည်း ထပ်ကွန့်ထားသေးဗျ။
ဒါတင် မကသေးပါဘူး။ သမ္မတကြီးက သာမန်ရှပ်အကျီလက်တိုလေး၊၊ ချည်ပုဆိုးလေးနဲ့ မိုးတွင်းစီး ညှပ်ဖိနပ်လေးနဲ့ ဆိုတာကလည်း ပါသေးတယ် ခင်ဗျ။ ခက်တာက မိုးတွင်းစီး ညှပ်ဖိနပ်နဲ့ နင်းထားတဲ့ မြေကြီးက တဧက ကို မတန်မဆ ဈေးပေါပေါ နဲ့ ၀ယ်ထားပြီးဧကပေါင်း များစွာပိုင်တဲ့ မြေပိုင်ရှင် သမ္မတကြီးဆိုတာ မေ့နေတယ် ထင်ပါရဲ့။
(၃) ပိုင်ဆိုင်မှု ဆိုလို့ မနေ့ကပဲ အလဲဗင်း ဂျာနယ်မှာ ပိုက်ဆံကို ရုတ်တရက်ချမ်းသာလာသူတွေ၊ ၀န်ကြီးတွေပါ မကျန် စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်ဆေးသွားမယ်ဆိုလို့ ဘယ်အဖွဲ့ကများ စုံစမ်းစစ်ဆေးပါ့ မလဲလို့ ဆက်ဖတ်ကြည့်တော့ ကာလကြာမြင့်စွာက ရှိနေပြီးတဲ့ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးက လို့ သိရပါတယ်။ တမှုမှလည်း ဖေါ်ထုတ် အရေးယူနိုင်ခဲ့ခြင်းမရှိတဲ့ စုံစမ်းရေး ဌာန ကြီး သက်သက်ပါ။ ဦးဆောင်မယ့် သူက ပြည်ထဲရေးဝန်ကြီး နဲ့ အခြားဌာနဆိုင်ရာ အကြီးအကဲ တွေဆိုတော့လည်း ထပ်ဖတ်နေရင် နေရင်းထိုင်ရင်း ကိုယ့် အသိညဏ်ကို စော်ကားခံရတော့မယ်ဆိုပြီး အသာချထားလိုက်ရပါတယ်။
( ၄) နောက်တခု က ရွေးကောက်ပွဲ မဲဆွယ် မိန့်ခွန်းတွေကို ၁၅ မိနစ်ကြာ အစိုးရပိုင် မီဒီယာများက ထုတ်လွှင့်ခွင့် ပြု မယ့် အရေးမှာ တပ်မတော် ကို ဝေဖန်ခြင်း နဲ့ အစိတ်သား ဖွဲ့စည်းပုံကို ရှုတ်ချပြောဆိုခြင်းတို့ကို လုံးဝခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ ထုတ်လွှင့်ပြောကြားမယ့် မိန့်ခွန်းများကို ဦးရဲထွတ်ရဲ့ ပြန်ကြားရေး ၀န်ကြီးဌာနက ကြိုတင် စီစစ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအတွက် လွတ်လပ်ပြီး တရားမျတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးမှာ လွတ်လပ်မှု ရှိမရှိကို မေးခွန်းထုတ်စရာ ဖြစ်လာရပါပြီ။ လူထုကြီးက ထွက်လာသော စကားများကိုကြည့်၍ စိုးရိမ်ပူပန်မှု ဒီရေ မြင့်သည်ထက် မြင့်လာနေပေပြီ။ မိမိတို့ ဘ၀ လွတ်မြောက်ရေး အတွက် စည်းလုံးညီညွတ်မှုကို ကျစ်လစ်သည်ထက် ကျစ်လစ်အောင် တည်ဆောက်ကြရန်သာ ရှိပေတော့သည်။
(၅) တရုတ်မှာ အခုလာမယ့် စက်တင်ဘာ (၃) ရက်နေ့မှာ ဂျပန် လက်နက်ချခြင်းနဲ့အတူ ပြီးဆုံးခဲ့တဲ့ ဒုတိယ ကမ္ဘာစစ် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို မြို့တော် ပီကင်းမှာ ကြီးကျယ်ခမိးနားစွာ ကျင်းပသွားမှာ ဖြစ်ပြီး ဦးသိန်းစိန်အပါအ၀င် အခြား နိုင်ငံအကြီးအကဲ ၃၀ နီးပါး တက်ရောက်ရန်ရှိနေပါတယ်။
တရုတ်နိုင်ငံသားများ အများစု နေထိုင်ရာ မန္တလေး မှာလည်း တရုတ်ကောင်စစ်ဝန်ရုံးရဲ့ ကြီးကြပ်မှုနဲ့ ပြခန်းဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ အစိုးရက ခွင်ပြုတာလည်း အံအားသင့်မိပါတယ်။
ပီကင်းရဲ့ ပြုမူချက်ဟာ ဂျပန်ကို အရှက်တကွဲ ဖြစ်အောင် ရည်ရွယ်ခဲ့တာ ဖြစ်လို့ မြန်မာအစိုးရ အနေနဲ့ မိမိတို့ အပေါ် အကူအညီ တွေကို ဘာနှောင်ကြိုး မှ မပါပဲ စိတ်ရင်းစေတနာ ကောင်းစွာနဲ့ တောက်လျောက်ကူညီခဲ့တဲ့ ဂျပန် မျက်နှာထောက်ပြီုး သတိထားပြု လုပ်သင့်ပါတယ်။
အခု အခမ်းအနားကို အမေရိကန် အပါအ၀င် အနောက်အုပ်စု နိုင်ငံများနဲ့ ဘရူးနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖီလစ်ပိုင်၊စင်္ကာပူနိုင်ငံ ခေါင်းဆောင်တွေ တက်ရောက်ဘို့ စာရင်းပေးထားခြင်း မရှိဘူးလို့လည်း သိရပါတယ်။
BrainWave ဉာဏ်လှိုင်း
HSW
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒီမိုကရေစီရေးလှုပ်ရှားတဲ့ Bersih အဖွဲ့ဦးဆောင်မှုနဲ့ စုရုံးဆန္ဒပြနေသူများ။ (သြဂုတ် ၂၉၊ ၂၀၁၅)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒီမိုကရေစီရေးလှုပ်ရှားတဲ့ Bersih အဖွဲ့ဦးဆောင်မှုနဲ့ စုရုံးဆန္ဒပြနေသူများ။ (သြဂုတ် ၂၉၊ ၂၀၁၅)
ငွေကြေး မသမာမှုလုပ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မလေးရှားဝန်ကြီးချုပ် Najib Razak ရာထူးက ဆင်းပေးဖို့ဆိုပြီး မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ အတိုက်အခံတွေက လူစုလူဝေးနဲ့ စနေနေ့ကစလို့ ဆန္ဒပြနေကြပါတယ်။ တနင်္ဂနွေ ဒီနေ့အထိလည်း ဆန္ဒပြ သွားဖို့စီစဉ်ထားပါတယ်။ ဒီလိုဆန္ဒပြပွဲတွေကြောင့် မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေ၊ အဖမ်းဆီးခံရမှာကို စိုးရိမ်နေကြပါတယ်။ ဆန္ဒပြပွဲ ဂယက်ကြောင့် မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေ အလားအလာတွေကို ကွာလာလမ်ပူမှာ ရှိတဲ့ MMRC ခေါ် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး စင်တာရဲ့တာဝန်ခံ ဦးကိုလတ်ကို - ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဖြေ။ ။ မြို့တော် ကွာလာလမ်ပူကို ဝင်လာမယ့်လမ်းတွေအားလုံးကို ဘလော့ဂ်တွေ - ရဲဘလော့တွေ ချထားပြီးတော့မှ စိစစ်နေတယ်။ အဲဒါကို ညနေ လေးနာရီလောက်ကတည်းကနေ ဘလော့ လုပ်နေတယ်။ ဆန္ဒပြပွဲကို လူအများကြီးမရောက်အောင်လို့ လမ်းတွေကနေ ထိန်းသိမ်းထားတယ်။ အဓိက-က မြို့လယ်ခေါင်ဖြစ်တဲ့ လွတ်လပ်ရေးကွင်းနဲ့ ဆိုဂိုလမ်းတလျှောက်ကို သူတို့ စစ်ကြောင်းချီဖို့ သူတို့လုပ်ထားတဲ့နေရာတွေဖြစ်ပါတယ်။ ကွာလာလမ်ပူ မြို့လယ်ခေါင်မှာပဲပေါ့။ အခု လက်ရှိဆန္ဒပြနေတာက အစိုးရမကောင်းလို့ ဆန္ဒပြနေတဲ့ဟာတွေက ရှပ်အဝါတွေ။ အဲဒါတွေကတော့ အတိုက်အခံတွေ။ သိန်းဂဏန်းလောက်အထိရှိတယ်။ …အတိုက်အခံတွေနဲ့ ရှပ်အနီတွေနဲ့ ဆန္ဒပြဖို့ဆိုတဲ့အစီအစဉ်တွေကိုလည်း ကျနော်တို့ ညနေပိုင်းမှာ တွေ့ရတယ်။
မေး။ ။ အဲဒီတော့ ဒီလိုမျိုး ဆန္ဒပြပွဲတွေကြောင့် မလေးရှားမှာအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက်က စိုးရိမ်စရာတွေ ဘယ်လို ရှိလာနိုင်သလဲ။
ဖြေ။ ။ …ဆိုတော့ - ကျနော်တို့ ဒီနိုင်ငံမှာ ရပ်တည်နေရတာက သူတို့ ဒီဆန္ဒပြပွဲတွေကြောင့်မို့ ရဲတွေအားလုံးက ပတ္တရောင်တွေလှည့်တယ်။ လမ်းတွေမှာ ဘလော့တွေချတယ်။ အဲဒီအတွက် ကျနော်တို့နိုင်ငံခြားသားတွေက ဈေးထွက်ဝယ်ရင် သူတို့တွေကို မလွှဲမသွေ ရှောင်ကွင်းလို့ မရဘဲနဲ့ သူတို့ကို ထိပ်တိုက်တွေ့ရတာရှိတယ်။ အဲဒီအချိန်မှာ ငွေညှစ်ခံရတာတွေရှိတယ်။ ဖမ်းဆီးပြီးတော့မှ ငွေညှစ်တာတွေရှိတယ်၊ ပြီးမှ ပြန်လွှတ်ပေးတာတွေ ရှိတယ်။ အဲဒီတော့ ကျနော်တို့ ဒီနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေအတွက် ဆန္ဒပြပွဲနဲ့ပတ်သက်ပြီးတော့ ပိတ်ဆို့မှုတွေကြောင့်မို့ ဒုက္ခအများကြီး ရောက်နေကြရပါတယ်။ အခု ညဆိုလို့ရှိရင် တော်ရုံတန်ရုံ ဘယ်သူမှ အပြင်ထွက်လို့မရဘူး။ လက်ရှိမြို့ထဲ သွားမယ်ဆိုလို့ရှိရင် မြို့ထဲမှာ ဆိုင် တော်တော် များများကလည်း ပိတ်ထားရတယ်။ ဘာလို့လဲဆိုတော့ အကုန်လုံးက target တွေက နိုင်ငံခြားသားကိုပဲ သူတို့က အဓိကထားပြီး နှိမ်နင်းတာကို တွေ့ရတယ်ဗျ။ ဒါမျိုးဆိုလို့ရှိရင်။ မလေးရှားမှာ ဒီလိုမျိုး ဖြစ်လာတိုင်း၊ ဖြစ်လာတိုင်း အဓိက-က နိုင်ငံခြားသားတွေကို - နိုင်တာက ဒီဟာပဲရှိတာကို။ အဲလိုမျိုးဆိုတော့ နိုင်ငံခြားသားတွေအတွက် အတော်လေးကို အခက်အခဲဖြစ်တယ်။
မေး။ ။ …ဆိုတော့ မြန်မာနိုင်ငံသားတွေအနေနဲ့က ဘာတွေ သတိထားသင့်လဲခင်ဗျ။
ဖြေ။ ။ သွားရေးလာရေးအတွက်ကိုလည်း မလိုအပ်ဘူးဆိုလို့ရှိရင် အပြင်လုံးဝမထွက်ကြရင် ဒီရက်ပိုင်းတွေက အရမ်းကောင်းပါတယ်။ ဘာလို့လဲ ဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် အင်္ကျီအနီ မှားဝတ်တာသော်လည်းကောင်း၊ အဝါမှားဝတ်တာသော်လည်းကောင်း။ သူတို့က ထင်ပြီးတော့မှ ဖမ်းဆီးခံရနိုင်ဖွယ်ရှိတယ်ဗျ။
မေး။ ။ ဟုတ်ကဲ့။ ဒီဆန္ဒပြပွဲတွေက ရှေ့လာမယ့်ရက်တွေမှာ အလားအလာ ဘယ်လိုရှိနိုင်လဲ။
ဖြေ။ ။ ကျနော်ထင်တယ်။ အစိုးရဘက်က တခုခု အကြမ်းဖက်မှုလုပ်ခဲ့မယ်ဟေ့- ဆိုလို့ရှိရင် အကြမ်းဖက်ဖြိုခွဲခဲ့မယ် ဆိုလို့ရှိရင် ပိုပြီးတော့ စိုးရိမ်စရာ ရှိမယ်။ သူတို့နိုင်ငံထဲမှာတင်ပဲ မတည်မငြိမ်နဲ့ ဆူပူမှုတွေဖြစ်လာမယ်။ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်လာမယ်။ ပြီးတော့ နိုင်ငံခြားသားတွေအတွက် တော်တော် အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်လို့ ကျနော်ကတော့ မြင်ပါတယ်ဗျ။
မေး။ ။ ကျေးဇူးပါ ကိုလတ်ရေ။
VOA
http://burmese.voanews.com/content/burmese-due-to-be-cared-over-malaysia-protests/2937771.html
လာမည့် အထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတပါက NLD အနိုင်ရမည်ဟု ယုံကြည်ချက်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ သို့သော် နိုင်ငံတစ်ခုလုံး၏ ဒီမိုကရေစီဖြစ်စဉ်အပေါ် စိုးရိမ်မှုများရှိနေသည်ဟုဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က AFP သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် နိုဝင်ဘာရွေးကောက်ပွဲ၌ NLD က အများစု အနိုင်ရမည်ဟု ပြောကြားခဲ့သည်။ NLD သည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်တပ်က အာဏာလွှဲပြောင်းပေးရန် ငြင်းဆိုခဲ့သည်။
ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရန် ယုံကြည်ချက်ရှိ၊မရှိ မေးမြန်းသောအခါ ဒေါ်အောင်ဆန်းစုကြည်က “ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှုရှိမယ်ဆိုရင် အနိုင်ရမှာပါ” ဟု ဖြေကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က “အရင်က အစိုးရတွေကိုကြည့်ပြီး ကျွန်မတို့ အစိုးရဖွဲ့ရင် ပိုကောင်းအောင်လုပ်ရမယ်လို့ စဉ်းစားမိပါတယ်” ဟု ဆိုသည်။ စစ်အစိုးရလက်ထက်တွင် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ပုံမှန်မဟုတ်သည့် အခြေအနေများ တွေ့နေရခြင်းကို အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံမှာ ဒီမိုကရက်တစ် နိုင်ငံတစ်ခုဖြစ်လာရန် ခရီးများစွာ လိုသေးသည်ဟု ပြောကြားခဲ့သည်။
စစ်အစိုးရရေးဆွဲခဲ့သည့် အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည်။ အခြေခံဥပဒေအရ နိုင်ငံခြားသား အိမ်ထောင်ဘက်နှင့် သားသမီးရှိသူများ သမ္မတ ဖြစ်ခွင့်မရဘဲ လွှတ်တော်နေရာ ၄ ပုံ ၁ ပုံကိုလည်း စစ်တပ်က ရယူထားသည်။ ထိုဥပဒေကို ပြင်ဆင်ရန် မကြာမီက လွှတ်တော်တွင်း ကြိုးပမ်းမှုကို စစ်တပ်က တားဆီးခဲ့သည်။ ထို့ပြင် အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းမှုများကိုလည်း စစ်တပ်မှ ဗီတိုအာဏာဖြင့် ပိတ်ဆို့ထားနိုင်ခွင့်ကို ပေးထားသည်။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မသမာမှုများကိုလည်း စိုးရိမ်ကြောင်း၊ အထူးသဖြင့် ဗုဒ္ဓဘာသာအများစုရှိသည့် နိုင်ငံတွင် အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများ လွှမ်းမိုးလာပြီး ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမည်ကို စိုးရိမ်သည်ဟု ဆိုသည်။
သို့သော် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် တစ်ထောင်ကျော် ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသည့် NLD က ရွေးကောက်ပွဲမှ နောက်ကြောင်းပြန်မည် မဟုတ်ဟု ဆိုသည်။
ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း မကြာမီက အင်အားသုံး ရာထူးမှဖယ်ရှားခံရခြင်းကို ရည်ညွှန်း၍ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ဟာ ဒီမိုကရေစီ ပြုပြင်ရေးလမ်းကြောင်းပေါ်မှာရှိနေပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်လောက်က အဖြစ်အပျက်တွေအရ ဒီလမ်းကြောင်းပေါ်မှာ ခရီးသိပ်မရောက်သေးဘူးဆိုတာ ပြနေပါတယ်” ဟု ပြောကြားခဲ့သည်။
NLD က ရွေးကောက်ပွဲပြီးမှသာ သမ္မတလောင်းအမည်ကို ထုတ်ဖော်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုခဲ့သည်။
KHTun
The Ladies News Journal
ရေကြီးရေနစ်မြုပ်မှုများ ဆိုးရွားစွာဖြစ်ပေါ်ခဲ့သည့် ကလေးဒေသပြန် လည်ထူထောင်ရေးအတွက် သြဂုတ် လ ၂၁ရက်တွင် သမ္မတဦးသိန်းစိန်သည် ယင်းဒေသရှိ ကလေးနည်းပညာတက္ကသိုလ်နှင့် ကလေးကွန်ပျူတာ တက္ကသိုလ်များသို့ပါ သွားရောက်ခဲ့ပြီး ယင်းတက္ကသိုလ်များရှိ ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများ ကိုတွေ့ဆုံ ချိန်၌ ကျပ်ငွေတစ်သောင်းပေးအပ်ခဲ့ခြင်းအပေါ် မုန့်ဖိုးပေးသကဲ့သို့ ငွေကြေး များ ပေးအပ်ခြင်းမှာ မဖြစ် သင့် ကြောင်း ဝေဖန်မှုများရှိနေသည်။
ပြီးခဲ့သည့် ဇူလိုင်လလယ်ခန့် မှစတင်ကာ ရေကြီးရေနစ်မြုပ်မှု များဖြစ်ပွားကာ မြို့လုံးကျွတ်နီးပါး ပြောင်းရွှေ့ မှုများ ကြုံခဲ့ရသည့် စစ်ကိုင်းတိုင်းရှိ ကလေးမြို့ပြန်လည် ထူထောင်ရေးအတွက် သြဂုတ်လ ၂၁ရက်တွင် သမ္မတ ဦးသိန်းစိန်သွားရောက်သည့် ခရီးစဉ်အတွင်း ကလေးမြို့ရှိ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များရှိ ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများအား ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ ငွေကျပ် တစ် သောင်းစီပေးအပ်ခဲ့ခြင်းအပေါ် ယခု ကဲ့သို့ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။…
သမ္မတဦးသိန်းစိန်က ကလေးနည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များမှဆရာ၊ ဆရာမများကို ငွေကျပ် တစ် သောင်းစီပေးအပ်မှု များနှင့် ပတ်သက်၍ “ဘယ်သူ့ငွေနဲ့ပေးတာလဲ။ ပြည်သူ့ဘဏ္ဍာငွေနဲ့လား။ ဦးသိန်း စိန်ငွေနဲ့ ပေးတာလား။ ခရိုနီငွေနဲ့ ပေးတာလား။ ရှင်းအောင်ပြောပြပါ”၊ “တန်းတူအခွင့်အရေး ရှိရမှာ ပေါ့။ လက်သင့်ရာပဲ ဝေလို့မဖြစ်ဘူးလေ။ ရုပ်ပြကောင်းရုံလောက်ဆိုရင်တော့ လုပ်မနေပါနဲ့”၊ “ပြည်သူ့ ဘဏ္ဍာတွေကိုသုံးပြီး မဲမဆွယ်ပါနဲ့။ လက်တွေ့ကျတဲ့ အိုးအိမ်တွေ လိုအပ်ချက်တွေ လုပ်ပေးလိုက်ပါ”၊ “ငွေပေးတာ အဓိကမကျပါ။ တိုင်း ပြည်ချမ်းသာအောင် ပြည်သူတွေ ချမ်းသာလာအောင် လုပ်ပေးနိုင်တာ အဓိကကျပါတယ်” စသဖြင့် ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာ များပေါ်တွင် ဝေဖန်လျက်ရှိသည်။
ကလေးမြို့တွင် ရေကြီးရေနစ် မြုပ်မှုများဖြစ်ပေါ်ခဲ့ချိန်က ကလေးနည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များမှာ ရေဘေးဒုက္ခများ မကြုံတွေ့ခဲ့ရသော်လည်း တက္ကသိုလ်များအတွင်း လျှပ်စစ်မီးများမရရှိခြင်းနှင့် အဆောက် အအုံပျက်စီးမှုများ အနည်းငယ်ကြုံတွေ့ခဲ့ရသည်။
ယင်းအခြေအနေများနှင့် ပတ်သက်၍ ““ကျွန်တော်တို့ကျောင်း က ရေကြီးတဲ့အနေအထားတော့ မရှိပါဘူး။ ရေကြီး တုန်းကတော့ ကျောင်းက နားထားရတယ်။ မနားထားလို့ မရဘူးပေါ့။ကျောင်းက အခုလ ၁၁ ရက်နေ့ တည်းက ပြန်ဖွင့်တာပါ။ ဆရာ၊ ဆရာမတွေပဲ တစ်ယောက် တစ်သောင်းပေးတာပါ။ ကျန်တဲ့ ၀န်ထမ်းတွေတော့ ပေးတာ မဟုတ်ပါဘူး။ သမ္မတကြီးက ဘာမှတော့ မပြောဘူးခင်ဗျ။ ဆရာ၊ ဆရာမ တွေကိုပဲ တစ်ယောက် တစ်သောင်း စီချီးမြှင့်ထားခဲ့တာ ရှိပါတယ်။ ကျောင်းအနေနဲ့ ပေးတာတော့ မရှိပါဘူး ခင်ဗျ။ ကျောင်း လျှပ်စစ်မီး မရရှိတာတွေ၊ ကျန်တဲ့ လိုအပ်ချက်တွေတော့ရှေ့မှာ ဆောင်ရွက်ပေးမယ် ဆိုတာလောက် ပဲ ပြောသွားတာပါ။ ကျန်တာက ကျောင်းသူ၊ ကျောင်းသားတွေ စာတတ်အောင်သင်ဖို့၊ အသိပညာရှင်၊ အတတ်ပညာရှင်ဖြစ်ဖို့ လမ်း ညွှန်မှာကြားတာတွေပဲရှိပါတယ်”” ဟု ကလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိန်းဇော်ဦးက ပြောသည်။
သမ္မတဦးသိန်းစိန်က ယင်းတက္ကသိုလ်များမှ ဆရာ၊ ဆရာမများအား ငွေကျပ်တစ်သောင်းပေး အပ်ခြင်းနှင့် ပတ်သက်၍ သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းရာ ““ဦးရဲထွဋ် မေးကြည့်လိုက်ပါ။ ကျွန်တော် ပါမသွား ဘူး””ဟု ပြန် လည်ဖြေ ကြားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကလေးခရီးစဉ်တွင် သမ္မတနှင့်အတူ လိုက်ပါသွားသည့် ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်အား ဆက်သွယ်မေးမြန်း ရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။
MH-0030
- Photo by April Maung Maung’s facebook
မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald
Untitled-1 copy
မလေးရှားနိုင်ငံမှာ ဘာစေး Bersih လို့ ခေါ်တဲ့ ဒီမိုကရေစီ လိုလားတဲ့ အ၀ါရောင်ဝတ်ထားတဲ့အုပ်စုက ၀န်ကြီးချုပ် နာဂျစ် ရာဇတ်ကို လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေးဆိုင်ရာတလွဲ စီမံခန့်ခွဲမှုတွေ ရှိတယ်လို့ စွပ်စွဲပြီး နုတ်ထွက်ပေးဖို့ ဒီနေ့ စတင်ဆန္ဒပြနေကြပါတယ်။
ကွာလာလမ်ပူမြို့တော် အာဏာပိုင်တွေက ဆန္ဒပြခွင့် မပြုတဲ့အတွက် လူတွေ လမ်းပေါ်ထွက်လာရင် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်မယ့် အခြေအနေမျိုးနဲ့ ကြုံနေရပါတယ်။
မလေးရှား ရဲတပ်ဖွဲ့ဟာ ၂၀၁၂ ခုနှစ်ကတည်းလ ဘာစေးအဖွဲ့က ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲကို မီးသတ်ရေပိုက်တွေ၊ မျက်ရည်ယို ဗုံးတွေ သုံးပြီး လူစုခွဲခဲ့ဖူးပါတယ်။ အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာ အကြီးဆုံး ဖြစ်လာနိုင်တဲ့ အခု ဆန္ဒပြပွဲကိုလည်း အစိုးရက အရေးပေါ် အခြေအနေကြေညာရင် လက်နက်ကိုင် တပ်ဖွဲ့တွေက ၀င်ပြီး လူစုခွဲနိုင်တယ်လို့ သစတား The Star သတင်းက ဆိုပါတယ်။
ဒါပေမယ့် စစ်တပ် ပြောခွင့်ရသူကတော့ သတင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။
<script type="text/javascript" charset="utf-8" src="http://cdn.playwire.com/bolt/js/zeus/embed.js" data-free-player="false" data-force-ads="false" data-width="100%" data-height="100%" data-css="//cdn.playwire.com/bolt/js/zeus/skins/default.css" data-config="//config.playwire.com/26104/videos/v2/3843596/zeus.json" data-script-id="33" data-container="zeus_1440863382311" data-default-hd="false" data-google-analytics="UA-26411284-1" data-google-universal="undefined" ></script>
ဝန်ကြီးချုပ်ဟာ လာဘ်ပေးလာဘ်ယူမှုအတွက် စွပ်စွဲခံနေသလို၊ သူက အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ (1MDB) နိုင်ငံတော် ဖွံ့ဖြိုးရေး ရန်ပုံငွေကလည်း ဒေါ်လာ ၁၁ ဘီလီယံ အကြွေးတင်နေတာကြောင့် တလွှဲစီမံခန့်ခွဲတယ်ဆိုပြီး ဝေဖန်ပြစ်တင်တာ ခံနေရပါတယ်။
ဇူလိုင်လတုန်းက ဝေါစထရိ Wall Street ဂျာနယ် သတင်းတပုဒ်အရ ရန်ပုံငွေထဲက သန်း ၇၀၀ လောက်ဟာ ၀န်ကြီးချုပ်ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်ကို လွှဲပေးခဲ့တယ်ဆိုတဲ့ ကိစ္စကို စုံစမ်းရေးမှူးတွေက စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာ ၀န်ကြီးချုပ်ကို ထောက်ခံတဲ့ အရေအတွက်ကလည်း မကြုံဖူးအောင် ကျဆင်းနေပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/109809
ချင်းပြည်နယ် သဘာဘေးကြုံတွေ့ခဲ့ရမှု ရုပ်သံ (H Thang Thang Deirek)
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ထဲက ဟားခါးလေးကျေးရွာဟာ အခုဆိုရင် ရွှံ့နွံ့တွေ ဖုံးလွှမ်းနေတယ်။ အိမ်ခြေ ၃၇ လုံးပျက်စီးခဲ့ပြီး လူအသေအပျောက်တော့ မရှိဘူးလို့ တွန်းဇံရေဘေးကယ်ဆယ်ရေးကော်မတီက ပြန်ကြားရေးတာဝန်ခံ ကိုမိုးကျော်သိန်းက ပြောပါတယ်။
သြဂုတ်၂၈ ရက် မနက်အစောပိုင်းက မိုးကြီးပြီး တောင်ပေါ်က သဘာဝရေကန် ရေလျှံကျိုးပေါက်ခဲ့လို့ ရွှံ့ရေတွေ ဒလဟောစီးဆင်းခဲ့ပြီးတဲ့နောက် ရွာကို ရွှံ့နွံတွေ ဖုံးသွားခဲ့တာ ဖြစ်ပါတယ်။
အိမ်ခြေ ၅၀ကျော် လူဦးရေ ၃၀၀ ကျော်နေထိုင်တဲ့ ဟားခါးလေးရွာမှာ တီးတိန်ချင်းလူမျိုးတွေ နေထိုင်ကြတာဖြစ်ပြီး အခုတော့ သူတို့ အားလုံး ကယ်ဆယ်ရေးစခန်းရောက်နေကြပြီလို့လည်း သိရပါတယ်။
တွန်းဇံမြို့နယ်ထဲမှာ ပထမရေဘေးအတွင်း တောင်ပေါ်ရွာတွေနဲ့ အခု တောင်အောက်ခြေရွာ ဟားခါးလေးအပါအ၀င် လူဦးရေ ၁၄၀၀ လောက် ရေဘေးဒုက္ခကြုံတွေ့နေကြပြီး အိမ်ခြေ ၅၀၀ လောက်ပျက်စီးခဲ့ပါတယ်။
တွန်းဇံ ရေဘေးကယ်ဆယ်ရေးကော်မတီက ကိုမိုးကျော်သိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
ဟားခါးလေးရွာဘက် သတင်းဓာတ်ပုံတွေတက်လာတာတော့ ရွံ့ပြင်ကြီး ဖြစ်သွားပြီဗျ၊ အဲ့ဒီဘက် အခြေအနေ သိပါရစေ။
“တနေ့က ရွာတဲ့မိုးကြောင့် တောင်ကျရေ တအားဆင်းပြီးတော့ ရွှံ့နွံတွေ ပါလာတာပေါ့၊ ပါလာပြီး ရွာကို တအား လွှမ်းသွားတာ၊ ရွာကို လွှမ်းသွားတဲ့အတွက်ကြောင့် ၃၇ အိမ်တော့ ပျက်စီးတယ်၊ စုစုပေါင်း နေအိမ်ကတော့ သူတို့ တအုပ်စုလုံး ၅၉ အိမ် ရှိတယ်ဗျ။ လူဦးရေ ၃၁၀ ကတော့ လောလောဆယ် တွန်းဇံသဘာဝဘေးအန္တရာယ် ကော်မတီကဖွင့်တဲ့ ကယ်ဆယ်ရေးစခန်းမှာ ရောက်နေတယ်။ ရွာက တရွာတည်းဗျ၊ တွီ့ခိန်ဇန် ဆိုတာက ပြည်ထဲရေးက တရားဝင်ပေးထားတဲ့နာမည်၊ ဒေသအခေါ်က ဟားခါးလေး၊ ရွာနာမည်က နှစ်မျိုးဖြစ်ပြီးတော့ ၂ ရွာလိုလို ဖြစ်နေတာပါ။အမှန်က တရွာထဲပါ။ ဟားခါးလေးကျေးရွာက ရွှံ့နွံတွေ ဖုံးသွားတဲ့အတွက် လောလောဆယ် ပြန်နေလို့တော့ မရနိုင်သေးဘူး၊ မိုးရွာရင်လည်း ဆက်ပြီး ရေကျနိုင်သေးတာကိုး၊ ဒေသခံတွေ သဘောထားပေါ့၊ သူတို့ ဆက်နေချင်တယ်ဆိုလည်း ဒီဘက်က ပြန်နေရာချထားပေးမှာပေါ့။ မနေချင်တော့ဘူးဆိုလည်း မြေမြင့်ပြီး မြင့်တဲ့နေရာမှာ ပြန်ပြီး နေရာချထားပေးရမှာပေါ့။ ကော်မတီတွေ ဒေသခံတွေ ပူးပေါင်းNပီးတော့လေ။”
တချို့အိမ်တွေ ခေါင်မိုးလောက်ထိ မြုပ်နေတာလည်း တွေ့ရတယ်၊ အထဲက လူတွေ ကယ်ထုတ်နိုင်ရဲ့လား။
“မနေ့ကအထိတော့ ရွာရှိ လူဦးရေအကုန်လုံး ကျနော်တို့ ပြန်စိစစ်ပြီးပြီ၊ တယောက်မှ အသေအပျောက်မရှိဘူး။ ဖြစ်ဖြစ်ချင်းတော့ ပြေးကြတာပေါ့။ ဟိုပြေးဒီပြေးနဲ့ အဆက်အသွယ်မရတော့ ပထမတော့ ၄ ယောက်ပျောက်တယ်တို့၊ ၁၀ ယောက်ပျောက်တယ်တို့ သတင်းတွေ ထွက်နေတာပေါ့။ ဖြစ်တာက မနက် ၃ နာရီမှာ ဖြစ်တာ။ မနေ့ညနေ ၃ နာရီက လူစာရင်းလည်း စစ်ပြီးပြီ၊ ကယ်ဆယ်ရေးစခန်းမှာ လက်ခံတဲ့အချိန်မှာတော့ တယောက်မှ အသေအပျောက် မရှိဘူး၊ ရွာကလူ အစုံအစေ့ ကယ်ဆယ်ရေးစခန်းမှာ ရှိတယ်ဗျ။”
ရွာက ရွှံ့နွံတောကြီးလိုတော့ ဖြစ်သွားပြီပေါ့နော်။
“ဟုတ်တယ်ဗျ၊ ဟုတ်တယ်။ ပထမအကြိမ်မှာ ဇူလိုင် ၁ ရက်က ရေတခါကြီးသေးတယ်၊ ရေကြီးတဲ့အချိန်မှာ အဲ့ဒီရွာရဲ့ အပေါ်မှာ မြေပြိုပြီးတော့ ရွှံ့နွံအိုင်ကြီးလို ဖြစ်သွားတာ၊ ရွှံ့နွံအိုင်လို ဖြစ်ပြီး ရေကန်လို ပေါ်လာတယ်။ တနေ့ညက တောင်ကျရေဆင်းတော့ ရေက ရွှံ့နွံအိုင်ကြီးကို ဖြတ်ပြီးတော့ ပါလာပြီး အဲ့ဒီရွှံ့နွံတွေက ရွာပေါ် စီးကျသွားတာ၊ နောက်တခုက နောက်တခါ တောင်ကျရေက မိုးတွင်းတောက်လျှောက် ဖြစ်လာနိုင်သေးတယ်လေ။”
ရွာက ပြန်ကောင်းလာနိုင်ပါဦးမလား၊ ဘယ်လို မြင်လဲ။
“ကောင်းတာကတော့ ဒီလို ရေလမ်းကြောင်းကျပြီး တောင်ကျရေ ထိုးနိုင်တဲ့ နေရာဖြစ်နေတော့ ပြောင်းရွှေ့ပြီးနေရင်တော့ အကောင်းဆုံးပါပဲ။ ချင်းတောင်က သက်နုမြေလွှာလည်း ဖြစ်တယ်၊ မိုးတွင်းတောက်လျှောက် တောင်ကျရေလည်း ရှိတယ်ဆိုတော့ အဲ့ဒီနေရာမှာ နောက်တခေါက်ပြန်နေလည်း နောက်တခေါက် ထပ်ဖြစ်နိုင်တဲ့ အနေအထား ရျိတယ်ဗျ။”
ရွာမှာနေတဲ့ လူမျိုးတွေက ဘာတွေလဲဗျ။
“ဇိုမီးချင်း တီးတိန်ချင်းလို့ ခေါ်မှာပေါ့ဗျာ၊ တရားဝင်ခေါ်တာတော့ တီးတိန်ချင်းပေါ့၊ ဇိုမီး လူမျိုးတွေ များပါတယ်။”
တော်တော်တော့ ဆိုးတယ်ဗျနော်။
“ဒီမှာက ရေဘေးသတင်းငြိမ်သွားမှ ဒီဟားခါးလေးက တက်သွားတော့ ပို ဂရုစိုက်မိကြတောပေါ့။ တောင်ပေါ်မှာ ပြိုနေတာလည်း ၄-၅ ရွာ ရှိတယ်ဗျ။ ပထမအကြိမ် တီးတိန်မှာ ဆိုရင် ရွာ ၅-၆ ရွာလောက်ပြိုတယ်၊ တီးတိန် ကယ်ဆယ်ရေးစခန်းမှာ ခုချိန်ထိ လူ ၃၀၀ လောက်ရှိတယ်။ အဲ့ဒါ ပထမအကြိမ် ရေဘေးကတည်းက၊ တီးတိန်နဲ့ တွန်းဇံက လူသိပ်မသိဘူးဖြစ်နေတာ။ အခု တီးတိန်နဲ့ တွန်းဇံမှာ နေအိမ် ၃၀၀ ကျော်လောက်က ပြောင်းရွှေ့ပေးရမှာ၊ အဲ့ဒါ တောင်ပေါ်ရွာ။ ဟားခါးလေးကကျ တောင်ခြေမှာ၊ တီးတိန်မှာ ရွာ ၅ ရွာ ပျက်စီးတယ်၊ တွန်းဇံမှာ ရွာ ၄ ရွာ ပျက်စီးတယ်၊ အဲ့လိုပဲ တောင်ကျရေ ကျတယ်၊ မြေပြိုတယ်၊ ရွာတွေ နှစ်ခြမ်းကွဲသွားတယ်။ တွန်းဇံဘက်မှာဆိုရင် မဏိပူရမြစ်ကူးတံတားတွေ ကျေးရွာချင်း ဆက်လမ်းတွေ အကုန်ပျက်သွားတဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတာပေါ့။ အခုမှ ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေ သွားကူနေရတုန်း ရှိသေးတယ်။ တောင်ပေါ်တောင်အောက် ၁၀ ရွာလောက်မှာ လူဦးရေ ၁၀၅၆ ဦး၊ ဒါ ထွေအုပ်စာရင်းပေါ့။ နောက် လူ ၇ ယောက်ပျောက်နေတယ်၊ ပထမအကြိမ်တုန်းက၊ အခု ဟားခါးလေး မပါသေးဘူး၊ ဟားခါးလေးပါပါရင် ၁၄၀၀ လောက် ဖြစ်သွားမှာပေါ့။”
<script type="text/javascript" charset="utf-8" src="http://cdn.playwire.com/bolt/js/zeus/embed.js" data-free-player="false" data-force-ads="false" data-width="100%" data-height="100%" data-css="//cdn.playwire.com/bolt/js/zeus/skins/default.css" data-config="//config.playwire.com/26104/videos/v2/3843649/zeus.json" data-script-id="33" data-container="zeus_1440863180235" data-default-hd="false" data-google-analytics="UA-26411284-1" data-google-universal="undefined" ></script>
By ရွှေအောင်/DVB
http://burmese.dvb.no/archives/109829
အနိမ့်ဆုံးလုပ်အားခ သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာချက်။ (အလုပ်သမားဝန်ကြီးဌာန)
အနိမ့်ဆုံးလုပ်အားခ သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာချက်။ (အလုပ်သမားဝန်ကြီးဌာန)
မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ နေရာဒေသ လုပ်ငန်းအမျိုးအစားမခွဲခြားဘဲအလုပ်သမားအားလုံးအတွက် တပြေးညီ အနည်းဆုံး အခကြေးငွေအဖြစ် တစ်ရက်ကို သုံးထောင့်ခြောက်ရာကျပ်နှုန်း သတ်မှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အနည်းဆုံးလုပ်အားခ တရားဝင် သတ်မှတ် လိုက်နိုင်ပြီဖြစ်တဲ့အတွက် အလုပ်ရှင်၊ အလုပ်သမားကြား မကြာခဏဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကိုပြေလျော့သွားနိုင်ပြီဖြစ်ပေမဲ့လို့ အလုပ်သမားတွေရဲ့ကျွမ်းကျင်မှုဆိုင်ရာ ကုန်ထုတ် လုပ်အားအပေါ် မေးခွန်းထုတ်လာနိုင်တဲ့ စိန်ခေါ်မှုတွေ ကြုံလာရနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အပြည့်အစုံ တင်ပြပေးပါမယ်။
အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကနေ မြန်မာနိုင်ငံရှိ အလုပ်သမားတွေ အတွက် အနည်းဆုံး အခကြေးငွေကို ၂၀၁၅ ခုနှစ် သြဂုတ်လ (၂၈) နေ့မှာ တရားဝင်ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစားမခွဲခြားပဲ တစ်နာရီကို မြန်မာကျပ်ငွေ ၄၅၀ ကျပ်နှုန်းနဲ့ အလုပ်ချိန် (၈) နာရီ တစ်ရက်စာကို ကျပ်ငွေ (၃၆၀၀) ကျပ်နှုန်းထား သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။
အခုလိုတရားဝင် သတ်မှတ်နိုင်ရေး တိုင်းဒေသကြီးပြည်နယ်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားတွေ ပူးပေါင်းပြီး အခကြေးငွေဆိုင်ရာ သဘောထား အကြံပြုချက်တွေကို အကြိမ်ကြိမ်ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး စိန်ခေါ်မှုတွေကို ဖြတ်ကျော်ပြီး သတ်မှတ်ပေးလိုက်နိုင် တာဖြစ်တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။
“ကျနော်တို့ဆီမှာလေ လုပ်ငန်းအားလုံး တနိုင်ငံလုံး အနည်းဆုံးအခကြေးငွေဆိုတာ အခုမှ စတာပေါ့နော်။ ဘာကိုဖြစ်မလဲဆိုတော့ ကျနော်တို့က အလုပ်ရှင်နဲ့ အလုပ်သမားနဲ့ လုပ်ငန်းခွင်ဆက်ဆံရေးမှာ အားသာချက်ဖြစ်သွားမယ်။ အရင်လို လစာတွေတိုးတောင်းပြီးတော့မှ ဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ ဒီလို သတ်မှတ်ချက်တခုဖြစ်ပေါ်လာတဲ့အတွက် အလုပ်ရှင်ရော၊ အလုပ်သမားရော သူ့ရဲ့ Rights ၊ ကိုယ့်ရဲ့ Rights ပွင့်ပွင့်လင်းလင်း၊ ရှင်းရှင်းလင်းလင်း သိကုန်ကြမယ်လေ။ ဒါ အားသာချက်ပေါ့နော်။ နောက်တခါ ပြည်ပနိုင်ငံတွေကလာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့လူတွေအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အနည်းဆုံးအခကြေးငွေနှုန်း ဒီလိုရှိနေတယ်၊ ဒီလောက်ရင်းနှီးရမယ်ဆိုတာ - သူတို့ ဘယ်လောက်ရင်းနှီးမြှုပ်နှံရင်ပေါ့နော် အဆင်ပြေမလဲ ဆိုတာ - ဒီလိုမျိုးတွေလည်း သူတို့ရမှာပေါ့နော်။ ဒါတွေကတော့ အားသာချက်တွေပဲလေ။ အဓိက-ကတော့ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ တကယ့်ကို ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်တရပ်ကို ကျနော်တို့က တည်ဆောက်နိုင်တယ်လို့ပဲထင်တာပေါ့နော်။ ဒီလိုပဲ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကျနော်တို့က သုံးသပ်ပြောကြားလိုတာပေါ့နော်။”
အခုလိုမျိုး တနိုင်ငံလုံးအတိုင်းအတာနဲ့ အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်က ကြိုဆိုလိုက်ပေမဲ့လို့ အခုလက်ရှိမြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရတဲ့ ငွေကြေးဖောင်းပွမှုတေနဲ့ ကုန်ဈေးနှုန်းမြင့်မားမှုတွေကြောင့် အလုပ်သမားတွေ နေ့စဉ်လူမှုဘဝတွေအတွက် အကျပ်အတည်းတွေက ဖြစ်နေပါသေးတယ်လို့လည်း မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းကပြောပါတယ်။
“ပထမဆုံးရတဲ့အခွင့်အရေး (၃,၆၀၀) က ဒီအလုပ်သမားတွေရဲ့ အကျိုးစီးပွားဘဝကို လုံလောက်တဲ့ကာဗာဖြစ်သလားလို့ သုံးသပ်တဲ့အခါမှာတော့ လုံလောက်တဲ့ကာဗာ မဖြစ်သေးပါဘူး။ ဘာကြောင့်မဖြစ်သေးဘူးလဲလို့ ကျနော်တို့က ပြောရမယ်ဆိုလို့ရင် ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်း မြင့်တက်လာတဲ့ ပြဿနာကြောင့်ပါ။ ဒါတစ်ခုရှိတယ်။ နောက်တချက်က ဝန်ထမ်းတွေရဲက life ပေါ့နော်။ သူတို့အတွက် ကာဗာလုပ်ပေးရမယ့် အခြားအချက်တွေရှိပါတယ်။ ၃,၆၀၀ + transport charges သို့မဟုတ် ဖယ်ရီ စီစဉ်ပေးရန် တာဝန်ရှိတဲ့ကိစ္စတွေပေါ့နော်။ တချို့စက်ရုံတွေ ဖယ်ရီမရှိဘူး၊ transport charges မပေးဘူးပေါ့နော်။ ဒါမျိုးတွေရှိတယ်။ နောက် ဒုတိယအချက်ကတော့ လုပ်ငန်းခွင်မပျက် ပညာဆက်လက်သင်ကြားခွင့်ပေါ့နော်။ အဲဒီတချက်ရှိမယ်။ ထပ်ဆောင်းပေးရမယ့်အရာတွေပေါ့။ တတိယအချက်ကတော့ နှစ်စဉ်ပေါ့နော် နှစ်တိုးကြေး ထည့်သွင်းတွက်ချက်ပေးဖို့ တချက်ရှိမယ်။ စတုတ္ထအချက်ကတော့ နေထိုင်မှု ကုန်ကျစရိတ်တွေက အလုပ်သမားတွေအတွက် ဝန်ပိစေတယ်။ အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက်ကတော့ ဝန်ထမ်းအိမ်ယာတွေ တည်ဆောက်ပေးခြင်းနဲ့ အလုပ်သမားတွေရဲ့ နေထိုင်မှု ကုန်ကျစရိတ်ကို ကာဗာလုပ်ပေးဖို့။ ဒီလေးချက်ကို ထပ်ဆောင်းပေးနိုင်မှသာလျှင် ဒီ ၃,၆၀၀ က အလုပ်သမားတွေရဲ့ဘဝကို အထိုက်အလျှောက် လုံခြုံမှုပေးနိုင်မှာ ဖြစ်ပါတယ်။”
အလုပ်ရှင်နဲ့အလုပ်သမားကြား မကြာခဏဆိုသလို သပိတ်မှောက်မှုတွေနဲ့ တင်းမာမှုတွေဖြစ်စေတဲ့ အလုပ်သမားတွေအတွက် အနည်းဆုံး အခကြေးငွေကို အခုလို တရားဝင် သတ်မှတ်လိုက်နိုင်တဲ့အတွက် အလုပ်သမားတွေဘက်က အလုပ်သမားအခွင့်အရေး တပြေးညီ ရလာမှာ ဖြစ်ပေမဲ့လို့ အလုပ်ရှင်တွေဘ က်ကလည်း ကုန်ထုတ်စွမ်းအားမြင့်တင်နိုင်ရေး လုပ်ငန်းခွင်တွင်း ကျွမ်းကျင်အလုပ်သမားတွေကို ပိုလိုလားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်သမားတွေ ဘက်က မိမိတို့ရဲ့ လုပ်ငန်းခွင်ကျွမ်းကျင်မှုစွမ်းရည်နဲ့ ပိုပြီးတော့ စနစ်တကျထမ်းဆောင်အောင် လုပ်ဆောင်နိုင်ဖို့ အလုပ်သမားဝန်ကြီးဌာနဘက်ကလည်း ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ အလုပ်သမားရေးရာအမြဲတမ်းအတွင်းဝန်က ပြောပါတယ်။
အလုပ်သမားတွေအတွက် လုပ်ငန်းခွင်အတွင်း လုပ်ငန်းခွင်ကျွမ်းကျင်မှုဟာ စိန်ခေါ်မှုတရပ်ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်ဘက်က လက်ခံပါတယ်။ ဒီ့အတွက် အလုပ်သမားတွေ လုပ်ငန်းခွင် စွမ်းဆောင်ရည်တိုးတက်လာနိုင်ရေး အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့ လိုမယ်လို့လည်း အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ဥက္ကဋ္ဌက အကြံပြုပါတယ်။
တပြည်လုံးအတိုင်းအတာနဲ့ ဒီလုပ်အားခ အနည်းဆုံးအခကြေးငွေသတ်မှတ်မှုမှာ အလုပ်သမား (၁၅) ဦးအောက်လုပ်ငန်းငယ်တွေနဲ့ မိသားစုတပိုင်တနိုင် လုပ်ငန်းတွေနဲ့တော့ သက်ဆိုင်မှုမရှိဘူးလို့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီက ကြေညာထားပါတယ်။ အခု သတ်မှတ်လိုက်တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်မှုအပေါ် သဘောထားမှတ်ချက်ပေးလိုတာ၊ ကန့်ကွက် ပြင်ဆင်လိုတာတွေကို ဆောင်ရွက်လိုတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အနေနဲ့ အခုထုတ်ပြန်လိုက်တဲ့နေ့ကနေစလို့ ရက်သတ္တပတ် နှစ်ပတ်ကာလ အတွင်း သတ်မှတ်ပုံစံကို ဖြည့်စွက်ပြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီတွေကို ပေးပို့နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မဆုမွန်/ VOA
http://burmese.voanews.com/content/myanmar-labor-ministry-approves-minimum-wages-for-all-over-the-country-/2937582.html
သူဟာ CCTV ထဲက လူ ဟုတ်မဟုတ် အသေအချာ မသိရသေး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လူ၂၀ သေဆုံးခဲ့ရတဲ့ ဗုံးခွဲ တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်နေသူလို့ သံသယ ရှိသူတဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
အသက် ၂၈နှစ်အရွယ် အဲဒီလူကို ဘန်ကောက်မြို့ ဆင်ခြေဖုံး ရပ်ကွက်က တိုက်ခန်းတခုမှာ ဖမ်းဆီးခဲ့တာပါ။
သူဟာ နိုင်ငံခြားသားတဦး ဖြစ်တယ်လို့ ယူဆရပါတယ်။
ကမ္ဘာလှည့်ခရီးသည်အများစုပါဝင်တဲ့ လူ ၂၀ သေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရခဲ့တဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၁၂ ရက်အကြာမှာ ထိုင်းရဲက သံသယရှိသူတဦးကို ပထမဆုံးဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
ဘန်ကောက်မြို့ဆင်ခြေဖုံး Nong Jok အရပ်မှာဖမ်းမိခဲ့တဲ့အသက် ၂၈ နှစ်အရွယ် အဲဒီလူ ဆီက ဘောဘယ်ရင်တွေမှာ သုံးတဲ့ဘောစေ့ တွေအပါအဝင် ဗုံးလုပ်ရာမှာ သုံးနိုင် တဲ့ ပစ္စည်းတွေကိုသိမ်းဆည်းရမိခဲ့သလို၊ နိုင်ငံကူးလက်မှတ်စာအုပ် ၁၀ အုပ်ကိုလည်းတွေ့ခဲ့ရ ပါတယ်။
သူဟာ တူရကီလူမျိုးတဦးဖြစ်တယ်လို့ထိုင်းသတင်းမီဒီယာတွေမှာဖော်ပြနေပေမယ့် ဒါကိုအတည်မပြုနိုင် သေးဘူး လို့ထိုင်းရဲကပြောပါတယ်။
သူ့ဆီကသိမ်းဆည်းရမိတဲ့ နိုင်ငံကူးလက်မှတ်တွေ ဟာလည်း အများအားဖြင့် အတုတွေဖြစ်တယ်လို့ ထိုင်းရဲကပြောပါတယ်။
အခုဖမ်းမိတဲ့သူဟာထိုင်းရဲကထုတ်ပြန်ထားတဲ့ စီစီတီဗီ စောင့်ကြည့် ကင်မရာထဲကလူဟုတ်မဟုတ်ဆိုတာလည်း မသေချာသေးပါဘူး။ ဗုံးပေါက် ကွဲမှုနဲ့ပတ်သက်ပြီးထိုင်းအစိုးရကဖမ်းထား ရာကနေလွတ်မြောက်သွားတဲ့ ဝိဂါလူမျိုးစုဝင် သုံးဦးကိုလည်းထိုင်းရဲကစုံစမ်း စစ်ဆေးမှုတွေလုပ်နေတာရှိပါတယ်။ အခုဖမ်းမိတဲ့သူနဲ့ အဲဒီလူသုံးဦး ဆက်စပ်မှုရှိမရှိတော့ရှင်းရှင်းလင်းလင်းမသိရပါဘူး။
ပြီးခဲ့တဲ့လတုန်းက ထိုင်းအစိုးရ ကဝိဂါလူမျိုး ၁၀၀ ကျော်ကို တရုတ်နိုင်ငံကို ပြန်ပို့လိုက်တဲ့အတွက် ဝိဂါတွေရဲ့ခွဲထွက်ရေးကို ထောက်ခံတဲ့ သူတွေအများအပြားရှိတဲ့ တူရကီနိုင်ငံမှာ လူတွေစိတ်ဆိုးပြီးဆန္ဒပြခဲ့ပါတယ်။
အခုဖမ်းမိလိုက်တဲ့လူဟာသူတို့ အလိုရှိနေတဲ့သူဖြစ်တယ်လို့ယုံကြည်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရ သူ ပရာယွတ်သာဝေါင်ဆီရီကပြော ပါတယ်။ ဒါပေမယ့် အသေးစိတ်စစ်ဆေးတာတွေကိုလုပ်ရဦး မှာဖြစ်တယ် လို့လည်းဆိုပါတယ်။ ဗုံးဖောက်တဲ့တရားခံကို ဖမ်းမိအောင် ကူညီရင် ဆုငွေဒေါ်လာ ၂၈,၀၀၀ ပေးမယ်လို့ ထုတ်ပြန်ထားတာလည်းရှိပါတယ်။
BBC
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဟိန္ဒူနတ်ကွန်းအနီး ဗုံးဖောက်ခွဲတိုက်ခိုက်မှုကြောင့် နတ်ဘုရားရုပ်တုမျက်နှာတော် ပျက်စီးသွားတဲ့မြင်ကွင်း။ (သြဂုတ် ၂၀၊ ၂၀၁၅) 
 သြဂုတ်လ ၁၇ ရက်နေ့က လူ ၂၀ ထက်မနည်း သေဆုံးခဲ့တဲ့ ဘန်ကောက်မြို့က ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သံသူယရှိသူကို ဖမ်းဆီးလိုက်နိုင်ပြီလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီသူကို ဘန်ကောက်မြို့ဆင်ခြေဖုံးမှာ ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရက ပြောပြီး သူငှားနေထိုင်တဲ့အခန်းမှာ ဗုံးလုပ်တဲ့ ပစ္စည်းကိရိယာအချို့ကို ရဲတွေက ရှာဖွေတွေ့ခဲ့ပါတယ်။
ဖမ်းဆီးခံခဲ့သူဟာ အသက် ၂၈ နှစ်အရွယ် တူရကီနိုင်ငံသား Adem Karadag ဖြစ်တယ်လို့ ရဲတွေက ပြောကြောင်း ဘန်ကောက်အခြေစိုက် ဗွီအိုအေသတင်းထောက် Steve Herman က ပြောပါတယ်။ ဘန်ကောက်မြို့လယ်က လူစည်ကားရာ ဧရာဝဏ် နတ်ဘုရားကျောင်းမှာ ဗုံးပေါက်ကွဲတာနဲ့ ပတ်သက်လို့ ဘယ်သူကမှ သူတို့လက်ချက်လို့ ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။ သေဆုံးဒဏ်ရာရသူတွေထဲမှာ ကမ္ဘာလှည့်ခရီးသွား တချို့လည်းပါဝင်ပြီး တော်တော်များများလည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
အစောပိုင်းတုန်းကတော့ ထိုင်းရဲတပ်ဖွဲ့ဟာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အဓိကသံသယရှိသူ တဦးရဲ့ပုံကြမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အသက်ငယ်ငယ် မျက်နှာသွယ်သွယ် မုတ်ဆိတ်နဲ့ မျက်မှန်အဝိုင်းတပ်ထားသူ အမျိုးသားရဲ့ပုံကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တာပါ။ CCTV လုံခြုံရေးကင်မရာကနေ ရိုက်ကူးထားတဲ့ပုံမှာတော့ နတ်ဘုရားကျောင်းဝင်းထဲက ခုံရှည်အောက်မှာ ကျောပိုးအိတ်ကို ထိုးထည့်ပြီး ထွက်ခွါသွားသူတယောက်ပုံကို တွေ့ရပြီး သူထွက်သွားပြီး မကြာခင်မှာ ဗုံးပေါက်ကွဲခဲ့တာပါ။
တာဝန်ရှိသူတွေကတော့ ဒီဗုံးခွဲတိုက်ခိုက်မှုကို တယောက်တည်းလုပ်တာ မဟုတ်ဘူးလို့ ပြောပေမယ့် ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိမယ်လို့တော့မထင်ကြောင်း ပြောပါတယ်ခင်ဗျာ။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ နယ်မြေပြ မြေပုံ ။ (RFA Map)
 ရှမ်းပြည်နယ် 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသထဲက 'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ရဲ့ ထိန်းချုပ်နယ်မြေတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ သတ်မှတ် ထားပေမယ့် ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်လှယ်လောင်း အမည်စာရင်းတင်သွင်းထားတာ မရှိသေးဘူးလို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
UWSA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ပန်ဆန်း၊ မိုင်းမော ၊ နားဖန်း၊ ပန်ဝိုင် ၄ မြို့နယ်တွေမှာ လက်ရှိအချိန်အထိ မဲဆန္ဒရှင်စာရင်းတွေ ကောက်ယူခွင့်မရှိသေးသလို အဲ့ဒီနယ်မြေတွေမှာ အခြေစိုက်တဲ့ပါတီတွေလည်း မရှိသေး ဘူးလို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးနှစ်ဆန်းဦးက ပြောပါတယ်။
"အမျိုးသားလွှတ်တော်ကကျတော့ ရှမ်းပြည်နယ်ထဲမှာ "ဝ" တိုင်းကျတော့ မဲဆန္ဒနယ် အမှတ်(၁၂) သတ်မှတ်ထားတာပေါ့၊ အခု စနေနေ့ မက်မန်းမှာတင်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ချည်းပဲ အမည်စာရင်းဝင်တာပေါ့၊ ကျန်တဲ့ ပန်ဆန်း၊ မိုင်းမော ၊ နားဖန်း၊ ပန်ဝိုင် အဲ့ဒီ ၄ မြို့နယ်ကတော့ အမည်စာရင်းတင်တာလည်း မရှိဘူးပေါ့၊ အဲ့ဒီမှာအခြေစိုက်တဲ့ပါတီတွေမရှိတော့ အဲ့ဒီ ၄ မြို့နယ်က အခုအချိန်အထိတော့ မဲစာရင်းလည်းမကောက်နိုင်ဘူး၊ ရွေးကောက်ပွဲအမည်စာရင်း တင်သွင်းတာ လည်းမရှိပါဘူး"
ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေအမှတ် ၁၂ နေရာအတွက် UWSA ထိန်းချုပ်ရာ မြို့တွေဖြစ်တဲ့ ပန်ဆန်း၊ မိုင်းမော ၊ နားဖန်း၊ ပန်ဝိုင်အပါအဝင် ဟိုပန်၊ မက်မန်းမြို့နယ်တွေကို သတ်မှတ်ထားပါတယ်။
အဲ့ဒီမဲဆန္ဒနယ်မြေအတွက် အမျိုးသားလွှတ်တော်နေရာအတွက် 'ဝ' ဒီမိုကရက်တစ်ပါတီ၊ 'ဝ' အမျိုးသားစည်း လုံးညီညွတ်ရေးပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၂ ဦးတို့ဝင်ရောက် အရွေးချယ်ခံကြမှာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
 မနက်ဖြန်မှာဖွင့်လှစ်တော့မယ့် အာရှအဝေးပြေးလမ်းသစ်မှာ ဒီကနေ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မြန်မာအာဏာပိုင်တွေဘက်က ဒီတိုက်ခိုက်မှုကို DKBA ကလိုထူးဝါးဗျူဟာက လုပ်ခဲ့တယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်း-မြန်မာ နိုင်ငံကြား ကုန်သွယ်ကူးသန်းရာမှာ လမ်းပန်းဆက်သွယ်ရေးအရ အဆင်ပြေစေရေး ဖောက်လုပ်ထားတဲ့ အာရှလမ်းမအသစ်ဖွင့်ဖို့ တစ်ရက်အလိုမှာပဲ အာရှလမ်းသစ်မှာ ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပွားခဲ့တာပါ။ ဒီကနေ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ကော့ကရိတ်မြို့နယ် ခရိုင်ရဲတပ်ဖွဲ့ရုံးက အတည်ပြုပါတယ်။ ကရင်လက်နက်ကိုင်အဖွဲ့ထဲက ဒေသခံတွေအခေါ် ဗိုလ်နားမကြားအဖွဲ့က စတင်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
“ကြားတာတော့ ကျနော်တို့အခေါ်ပေါ့ဗျာ- အာရှလမ်းမကြီး …အရှေ့ဘက် ၂ မိုင်ခွဲလောက်မှာ တောထဲမှာပေါ့။ တောင်ဆုံကုန်း - အဲဒီနားမှာ နယ်ခြားစောင့်တပ် တာဝန်ကျတာကိုး။ အဲဒါကို ဟိုဘက်က ကလိုထူးဝါး ဗျူဟာခွဲမှူး၊ နားမကြားအဖွဲ့၊ နားမကြားအဖွဲ့ထဲက အဆင့်၊ အမည် စုံစမ်းလို့မရသေးဘူး။ လက်နက်ကိုင် တစ်ဦးကနေပြီး ၄၀ မမ လက်နက်နဲ့ ခြောင်းမြောင်းပစ်တာ။ ဒီဘက်ကလည်း လက်နက်ငယ်နဲ့ ပြန်ပစ်တာပေါ့။ အခုတော့ လိုက်စစ်ဆေးနေကြတယ်။…ထိခိုက်ဒဏ်ရာရတာတော့ ဘာမှ မရှိပါဘူး။”
အာရှလမ်းမသစ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကတည်းက ဖွင့်လှစ်ဖို့ စီစဉ်ထားကြပေမယ့် ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် DKBA တပ်တွေနဲ့ မြန်မာအစိုးရတပ်တွေ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် ရက်ရွှေ့ဆိုင်းထားခဲ့ရတာပါ။ ဒီနေ့ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒီကေဘီအေဘက်က အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။
အာရှလမ်းသစ်ကို သြဂုတ်လ ၃၁ ရက်နေ့မှာ ဖွင့်ပွဲကျင်းပဖို့ ပြင်ဆင်ထားချိန်မှာ အခုလို ပစ်ခတ်မှုတွေ ထပ်ဖြစ်လာခဲ့တာပါ။ ဒီလို ပစ်ခတ်မှုတွေ ဖြစ်ပေမယ့်လည်း မနက်ဖြန်မှာတော့ အာရှလမ်းသစ်ဖွင့်ပွဲ လုပ်ဖြစ်မှာဖြစ်တဲ့အကြောင်း ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
“…တော့ဖွင့်မယ်။ ဘယ်အချိန်ဖွင့်မယ်တော့ မပြောတတ်ဘူး။”
မြန်မာအစိုးရဘက်ကတော့ အာရှလမ်းသစ်မှာ အခွန်ကောက်နေတဲ့ ကလိုထူးဘော လက်နက်ကိုင်အဖွဲ့ကိုတားမြစ်ရင်း တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ ရကြောင်း ပြီးခဲ့တဲ့လတွေတုန်းက ပြောဆိုထားပါတယ်။ ဇူလိုင်လအတွင်းမှာတော့ ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ခဲ့သလို ကြားအင်းဆိပ်ကြီး မြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲဘက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုပါဝင်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်ရှင်။
မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com