09/13/15


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းတွင် ခရီးသွားပြည်သူများ၏ ပစ္စည်းများနှင့် အိတ်များအား အတင်းဝင်ရောက်ပြီး အထုပ်များ ကူညီဆွဲ ပေးကာ အခကြေးငွေ တောင်းခံလျက်ရှိသည့် အထုပ်ဆွဲသူများ၊ Taxi ယာဉ်မောင်းများမှ ခရီးသည် အတင်းလုယက် ၀ိုင်းဝန်းခေါ်ဆိုမှုများကြောင့် ခရီး သွားပြည်သူများ အဆင်မပြေဖြစ်ကာ စိတ်အနှောက်အယှက်ဖြစ်ခြင်းများ ကြုံတွေ့လျက်ရှိကြောင်း ကြားသိရပါသည်။

ထို့ကြောင့် လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ အဖွဲ့ဝင်များ၊ Yagon Aerodrome Co;Ltd အဖွဲ့များ၊ လေကြောင်းရဲတပ်ဖွဲ့ဝင်များဖြင့် ပူး ပေါင်းကာ (၁၂-၉-၂၀၁၅)ရက်နေ့မှစတင်ပြီး ခရီးသွားပြည်သူများ စိတ် ငြိုငြင် အောင် ပြုမူဆောင်ရွက်နေသည့် အထုပ်ဆွဲများ၊ Taxi ယာဉ်မောင်း များအား လေဆိပ်အတွင်း ရှင်းလင်းဆောင်ရွက်ခြင်း၊ လိုအပ်သည့် တားဆီး ထိန်းသိမ်း အရေးယူမှုများအား ဆောင်ရွက်လျက်ရှိပါကြောင်း ခရီးသွား ပြည်သူများအား အသိပေးအပ်ပါသည်။

Aviation Police-YGN
https://www.facebook.com/Aviation-Police-YGN


 စက်တင်္ဘာလ ၁၃

 နိုင်ငံတကာာ ကျောက်ကုန်သည်တွေ အများဆုံး လာရောက် ကြည့်ရှု ကြသည့် ထိုင်းနိုင်ငံ မွန်ထောင်ဌာနီက ရတနာပြပွဲ မှာ လုံခြုံရေးများ ထူထပ်စွာ စောင့် ကြပ်နေသည့်ကြားမှာ ဒေါ်လာသုံးသိန်း တန် စိန်ကို စက္ကန့် ပိုင်းအတွင် ခိုးယူသွားခဲ့သူ တရုတ်နိုင်ငံသူ ကျန်စူလင် Jiangsu Liang တို့ စုံတွဲက စိန်များကို ကြည့်ရှုနေရင်း အတုနဲ့ အစစ်လဲသွားခဲ့တာပါ။

ရတနာ ပြပွဲက CCTV ကင်မယာ မှတ်တမ်းနဲ့  ချက်ချင်း လိုက်ပြီး မင်္သကာသူ စုံတွဲကို ဖမ်းဆီးနိုင်ခဲ့ ပေမယ့်သူတို့ ဘာမှမသိရကြောင်း ငြင်းဆိုခဲ့ပါတယ်၊

သူတို့ နေတဲ့ ဟော်တည်ခန်းမှာ အသေးစိတ်ရှာကြတာ စိန်ကို မတွေ့ ရ ပါဘူး၊ သက်သေခံ စိန် ကိုမတွေ့ ရင် ကျန်စူလင် ကို လွှတ်ပေးရပါလိမ့်မယ်။

အမှုလိုက်ရာမှာ ဇွဲမလျှော့တဲ့ ထိုင်းရဲအရာရှိတွေက အဆိုပါစုံတွဲကို နောက်ဆုံး ဆေးရုံခေါ်ပြီး တကိုယ်လုံး စကင်ဖတ် ဓါတ်မှန်ရိုက်စစ်ဆေးတော့မှ အမျိုးသမီး ကိုယ်ထဲမှာ စိန်လုံးကို မြိုထားတာ ရှာတွေ့ ခဲ့ပါတယ်။


ဆရာဝန်တွေ မခွဲစိတ်ရဘဲ ၁၂နာရီကျော် ၀မ်းနုတ်ဆေးနဲ့ အစာအိမ်ကို ဆေးပြီး ထွက်လာတဲ့ အစာဟောင်းတွေကို စကာနဲ့  အထပ်ထပ် စစ်ပြီး စိန်ကို ပြန်ရအောင်ယူခဲ့ရပါတယ်။

Social Action for Women - SAW
Community Organization
https://www.facebook.com/Social-Action-for-Women-SAW

ကျနော်ရေဒီယိုသတင်းထောက်လုပ်ခဲ့စဉ် ပြည်တွင်းသတင်းအများအပြားကို မြန်မာပြည်အနှံ့ ဒေသတွင်းအင်န်အယ်လ်ဒီပါတီဝင်တွေထံက အဆက်အသွယ်တွေနဲ့ ဖေိာထုတ်နိုင်ခဲ့တယ်။
ပြည်ပရေဒီယိုသတင်းသမားတိုင်း NLD သတင်းပေးတွေနဲ့ မလွတ်ကင်းပါဘူး။
RFA၊ BBC၊ VOA ၊ DVB အားလုံး ပြည်တွင်းသတင်းဆို NLD သတင်းရပ်ကွက်ကို အခြေခံရတာချည်းပဲ.။
ဟိုတုန်းက ပြည်ပရေဒီယိုတွေကို သတင်းပေးရဲသူ၊ အင်တာဗျူးပေးရဲသူ အရမ်းရှားတယ်။ ရေဒီယိုသတင်းပေးဘို့နေနေသာသာ ရေဒီယိုတောင် ကျယ်ကျယ် မဖွင့်ရဲကြပါဘူး။

ကျနော်တို့ သတင်းထောက်တွေ ဖုံးဆက်သတင်းမေးရင်ပြောရဲသူရှားတယ်။
တချို့ဆို အဲလိုဖုံးဆက်မေးရကောင်းလားဆိုပြီး ကြိမ်းမောင် အပြစ်တင်တာမျိုးတောင် ခံရတယ်။ ကျနော် ဘယ်သူဘယ်ဝါပါ၊ ဘယ်သတင်းဌာနကပါ လို့ပြောလိုက်တာနဲ့ ဖုန်းကို ဂေါက်ကနဲချသွားသူပေါင်းမနည်းဘူး။
တခါကဆို မီးလောင်တဲ့ သတင်းမေးတာလေးကိုတောင် " ဟာ..ရှင့်အသံကြီးက ရေဒီယိုမှာခဏခဏကြားဖူးနေတယ်၊ ကျမမပြောရဲဘူး၊ နောက်ဒီဖုန်းနံပါတ်ကို မဆက်ပါနဲ့ဆိုပြီး
ဂေါက်ကနဲဖုန်းချသွားတယ်။

အပြင်ကနေ ဖုန်းဆက်ရင် ရင်တမမနဲ့ ဖုန်းကိုင်ပါစေ၊ ဖြေကြားပေးပါစေလို့..ဆုတောင်းနေရတယ်။( ဖုန်းဆက်မေးတိုင်းသတင်းမရတတ်သလို၊ဖုန်းခ အိပ်ကပ်ထဲက ကုန်တာချည်း အဖတ်တင်တတ်လို့ပါ။( RFA သတင်းဌာနက သတင်းထောက်တွေကို ဖုန်းခမပေးပါ၊ ကိုယ့်အိပ်စိုက် သတင်းထောက်လှမ်းယူရတာပါ၊ တခါတလေ ၀ါရှင်တန်ရုံးက ကိုယ့်ဆီက အလကားမတ်တင်းနဲ့ သတင်းယူတာ၊ ဖုန်းဆက်စုံစမ်းခိုင်းတာ၊ ကိုယ့်ကို မလိုလားတဲ့ အယ်ဒီတာတွေလည်းရှိသေးတယ်၊ ခက်ခက်ခဲခဲ ရထားတဲ့သတင်းကို အကြောင်း ရှာပြီး ဖယ်ထား၊ ချန်လှပ်ထားတာမျိုးခဏခဏ လုပ်ပါတယ်၊ အချိန်ကိုက်လွှင့်ရမယ့်သတင်းက အချိန်လင့်ကုန်တော့ သတင်းတန်ဘိုးကျသွားတာပေါ့၊ အဲလိုလဲ ပညာပြတတ်တယ်)
ထားပါတော့ အယ်ဒီတာဆိုးတွေအကြောင်းရေးရင် တထောင့်တညဖြစ်ကုန်မယ်။

ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ သတင်းစာဆရာကြီးတွေ၊ စာနယ်ဇင်းလောက လုပ်ဖော်ကိုင်ဘက်တချို့နဲ့ နိုင်ငံရေးလှုက်ရှားတက်ကြွသူတွေလောက်ပဲ သတင်းပေးရဲတာပါ။
အများစုက NLD အဖွဲ့တွေပါ။
အဲလို ပြည်ပရေဒီယိုသတင်းပေးခဲ့လို့ ဖမ်းဆီးခံရသူတောင် ရှိပါသေးတယ်။
မန္တလေးက ဒေါ်ဝင်းမြမြတို့၊ ကိုမျိုးနိုင်တို့ နဲ့ မုံရွာ၊ မြင်းခြံ၊ ကလေးမြို့နဲ့ ရန်ကုန်က NLD စည်းရုံးရေးမှုးတွေ၊ ခေါင်းဆောင်တွေဆို ပြည်ပ ရေဒီယိုတွေရဲ့ သတင်းအေဂျင်စီတွေလို့ ဆိုရမယ်။
သူတို့ဆီဆက်သွယ်လိုက်တာနဲ့ သတင်းတင်မက အင်တာဗျူးဘို့ ကာရကံရှင်တွေ၊ မျက်မြင်သက်သေတွေပါ အရံသင့်ခေါ်ထားပေးတတ်တာမျိုး.။
မီဒီယာတွေရဲ့ တကယ့်ကျေးဇူးရှင်ကြီးတွေ.။
မြွေမကြောက်ကင်းမကြောက်..ထောင်မကြောက်တန်းမကြောက် သူတို့မို့ စွန့်လွှတ်ရဲတာပါ.။
ဒေါ်ဝင်းမြမြတို့ မောင်နှမဆို တကယ့် အာဂတွေ.။ အာဏာပိုင်တွေက စီးပွားပျက်သွားစေတဲ့အထိ လက်စွမ်းပြခဲ့တဲ့ဒါဏ်ခံရတယ်။

အဲလို NLD အဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေသာ သတင်းမပို့၊ သတင်းမပေးရင် ပြည်ပရေဒီယိုတွေ ဘာမှ မတတ်နိုင်ပါဘူး။
သူတို့ရဲ့ စွန့်စား အနစ်နာခံမှုကို ကျနော်တို့ အလေးပြုတယ်။ အမြဲဂုဏ်ယူတယ်။
တကယ့် သတင်းထောက်တွေက ကျနော်တို့ မဟုတ်ဘူး။
NLD ပါတီ လှုပ်ရှားတက်ကြွသူတွေပါ။

ဒီကနေ့ NLD ခေါင်းဆောင်တချို့နဲ့ ကိုယ်နဲ့ အယူအဆခြင်း အားလုံးမတိုက်ဆိုင်တာရှိနေပေအုံးတော့..
ဟိုး..တခါက တချိန်လုံး မိုးထဲရေထဲ အနစ်နာခံ ၊ အသေခံ၊ အကြေခံခဲ့တဲ့ NLD ရဲဘော်ရဲဘက်တွေရဲ့ ကျေးဇူးတရားကို ပြန်ဆင်ခြင်မိတယ်။
ဒါကြောင့်..ခေတ်အခြေအနေအရ ကိုယ်နဲ့ ဟန်မကျတာရှိကောင်းရှိနိုင်ပေမယ့်..
ကိုယ်ကျိုးမဖက် အများအတွက် စေတနာနဲ့ အနစ်နာခံခဲ့တဲ့ တချိန်က ရဲဘော်ရဲဘက်တွေရဲ့ ကျေးဇူးတရားကို ထောက်ထား အားပေးနေအုံးမှာပါ။
NLD အောင်မြင်ပါစေ.။

ကိုညို( အော်စလို)

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
" အစ်မ ဒီမှာပန်းဖလက်လေး "

" ရှင် "

" သြော်.. ကျနော်က NLD ကိုယ်စားပြုပြိုင်မယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ပါအစ်မ ကျော်ထွေးလို့ခေါ်ပါတယ် "

" ........ "

ပထမတော့ ခပ်တည်တည် ခပ်အမ်းအမ်းနဲ့ဗျ ကျနော်ထင်လိုက်တာက ကျနော်တို့ကို မနှစ်သက်လို့ပေါ့လေ..
နောက်တော့ မိတ်ဆက်ရင်းနဲ့ ကိုကျော်ထွေးက ပညာရေးကွန်ယက်က တာဝန်ခံတစ်ဦးဆိုတာလည်းသိရော ငိုချပါလေရောဗျာ..ပြီးတော့ ပြောတာတွေလည်း အများကြီးဗျာ ..
သူကြုံတွေ့ခံစားခဲ့ရတာ သူ့သမီးလေးတွေ ဘယ်သို့ဘယ်ပုံ ပညာရေးမှာ ခက်ခဲနေတာ နောက်ထပ် နောက်ထပ် .........
အဲ .. နောက်ဆုံးတစ်ခွန်းတော့ သေသေချာချာလေး ကြားလိုက်ပါရဲ့ မျက်ရည်လည်ရွှဲနဲ့ ....

" အစ်ကိုတို့ လွှတ်တော်အမတ်ဖြစ်ရင် ကျမတို့ကို ကယ်ပါနော် ... " တဲ့ ။

Ba Nyer

တနိုင်ငံလုံးအပစ်ရပ်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံကြစဉ်။
တနိုင်ငံလုံးအပစ်ရပ်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံကြစဉ်။

မနေ့က ရန်ကုန်မြို့မှာကျင်းပတဲ့KNU ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ကရင်တိုင်းရင်းသားပြည်သူတွေက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA ကိုသူတို့အနေနဲ့ သံသယရှိနေကြပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးအမြန်ဆုံးရဖို့လိုလားကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်။ ဒီအတောအတွင်းမှာပဲ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၇) ဖွဲ့လုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးမူအရ အောက်တိုဘာလအတွင်း NCA မှာ လက်မှတ်ရေးထိုးနိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းသွားမှာဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က စုံစမ်းတင်ပြပေးထားပါတယ်။

သြဂုတ်လ (၉) ရက်နေ့က NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး နေပြည်တော်မှာ သမ္မတဦးသိန်းစိန်အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာတွေနဲ့ပတ်သက်ပြီး တိုင်းရင်းသားပြည်သူတွေကို ပြန်လည်ရှင်းလင်းတင်ပြဖို့ အတွက် ကရင်နဲ့ကချင် လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ KNU နဲ့ KIO ခေါင်းဆောင်တွေဟာ တိုင်းရင်းသား ပြည်သူတွေကို ရန်ကုန်မြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။

မနေ့က ရန်ကုန်မြို့မှာ လူထုနဲ့ တွေ့ဆုံပွဲကျင်းပခဲ့ရာမှာ KNU ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်နဲ့ အထွေထွေအတွင်းရေးမှူးပဒိုစောကွယ်ထူးဝင်းတို့ တက်ရောက် ခဲ့ကြပြီး တက်ရောက်လာကြတဲ့ တိုင်းရင်းသားတွေဘက်က အပစ်အခတ်ရပ်စဲရေး NCA စာချုပ်နဲ့ပတ်သက်လို့ သူတို့ရဲ့ စိုးရိမ်ချက်တွေကို ထုတ်ဖေါ်ပြောဆိုသွားတယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ပြောခွင့်ရတဦးလည်းဖြစ်၊ နေပြည်တော်တွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ တိုင်းရင်းသားအဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်လည်းဖြစ်တဲ့ နော်မေဦးက ပြောပါတယ်။
KNU ခေါင်းဆောင်တချို့ ရန်ကုန်မြို့မှာ ဒေသခံ ကရင်ပြည်သူများနဲ့တွေ့ဆုံပြီး သမ္မတနဲ့ဆွေးနွေးခဲ့သည်များကို ပြန်လည်ရှင်းလင်းတင်ပြစဉ်။ (စက်တင်ဘာ ၁၁၊ ၂၀၁၅၊ ဓာတ်ပုံ- စူစဲန်နာ စိုး)

“လူထုကတော့ ဘယ်လိုပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးကိုတော့ လိုချင်ကြတာပေါ့။ ဒါပေမယ့် ငြိမ်းချမ်းရေးလိုချင်တယ်ဆိုပေမယ့်လည်း လူထုကလည်း အယုံအကြည်တော့ နည်းပါတယ်-အစိုးရအပေါ်မှာ။ အယုံအကြည်နည်းတော့ - ဒါကလည်း သူတို့အတွေ့အကြုံနဲ့ အယုံအကြည်နည်းတယ်။ အလျင်စလိုပဲလုပ်လိုက်လို့ရှိရင် တိုင်းရင်းသားအဖွဲ့ထဲက ဘယ်အဖွဲ့ကိုပဲဖြစ်စေ ဟိုတဖွဲ့ ဒီတဖွဲ့ချန်ထားလို့ရှိရင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတာ မြောက်ပါ့မလား-ပေါ့။ ပြီးလို့ရှိရင် ဒီတဖွဲ့၊ ဟိုတဖွဲ့ချန်ထားခြင်းကော၊ အပစ်အခတ်တွေမရပ်ဘဲနဲ့ဆိုလို့ရှိရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါ့ မလား၊ အဲလိုမေးခွန်းလေးတွေ မေးတာတော့ရှိတယ်။ ဒါကလည်း ပြည်သူလူထုဘက်က သဘာဝကျကျ စိုးရိမ်ပူပန်မှု၊ မယုံကြည်မှု- ဒါတွေကို ဖော်ပြတယ်လို့ပဲ ကျမတို့မြင်တယ်လေ။”

အခုနောက်ဆုံးနေပြည်တော်က နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲမှာ NCA မှာ အားလုံးတညီတညွတ်တည်း လက်မှတ်ရေးထိုးနိုင်မယ့်အချိန်ကာလနဲ့ ပတ်သက်ပြီး ဆွေးနွေးချက်တွေကို နော်မေဦးက အခုလိုရှင်းပြသွားပါတယ်။

“အစိုးရဘက်ရော၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေဘက်ကရော နှစ်ဘက်စလုံး သဘောတူထားတာကတော့ အောက်တိုဘာလ ပထမအပတ်လောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက လိုလားတဲ့ အားလုံးပါဝင်ရေးမူကို နှစ်ဘက်စလုံးကနေပြီးတော့ - နှစ်ဘက်စလုံးဆိုတာက အစိုးရဘက်ကရော လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကရော ကြိုးစားလုပ်ဆောင်သွားမယ်ပေါ့လေ။ အောက်တိုဘာလ ပထမအပတ်မှာ လက်မှတ်ရေးထိုးနိုင်ဖို့၊ အားလုံးပါဝင်ရေးမူကို လက်တွေ့အကောင်အထည်ဖော်သွားနိုင်ဖို့ ကြိုးပမ်းသွားမယ်ဆိုတဲ့ သဘောတူညီချက်တော့ ရှိပါတယ်။”

သမ္မတဦးသိန်းစိန်အစိုးရဘက်ကတော့ ရွေးကောက်ပွဲမတိုင်ခင် NCA ကို အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရေး သဘောထားရှိနေတာပါ။ တဘက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး သဘောတူညီမှု အဆင့်ဆင့်ကို လက်တွေ့အကောင်အထည်ဖေါ် ဆောင်ရွက်တဲ့အပေါ်မှာ မူတည်နေတာကြောင့် NCA မှာ လက်မှတ်ရေးထိုးဖို့ အချိန်နဲ့ပတ်သက်လို့ အမာခံချက်မပေးနိုင်ပဲ ဖြစ်နေတယ်လို့ နော်မေဦးက ပြောပါတယ်။
KNU ခေါင်းဆောင်တချို့ ရန်ကုန်မြို့မှာ ဒေသခံ ကရင်ပြည်သူများနဲ့တွေ့ဆုံပြီး သမ္မတနဲ့ဆွေးနွေးခဲ့သည်များကို ပြန်လည်ရှင်းလင်းတင်ပြစဉ်။ (စက်တင်ဘာ ၁၁၊ ၂၀၁၅၊ ဓာတ်ပုံ- စူစဲန်နာ စိုး)

အထူးသဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က လက်နက်ဖျက်သိမ်းရေး၊ လက်နက်ချရေးဆိုတဲ့သူရဲ့ သဘောထားကိုသတင်းမီဒီယာတွေကို ပြောဆိုခဲ့တာတွေနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်အပေါ် ယုံကြည်မှုတွေလျော့နည်းခဲ့တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက တုံ့ပြန်ထားတာပါ။ ဒါနဲ့ပတ်သက်လို့ နေပြည်တော်တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတယ်လို့ နော်မေဦးကဆိုပါတယ်။

“ဒီ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကနေပြီးတော့ နိုင်ငံတော်သမ္မတနဲ့တွေ့ဆုံဖို့ ညှိတဲ့အခါမှာ၊ တောင်းဆိုတဲ့အခါမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုပါ တွေ့ဆုံဖို့ဆိုတာ သဘောထားတင်ပြထားတာ ရှိပါတယ်။ နိုင်ငံတော်သမ္မတကြီးနဲ့အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုပါ တွေ့ဆုံဖို့၊ ဒါပေမယ့်လည်း ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံခြားခရီးစဉ်နဲ့ အပြင်ရောက်နေတယ်။ …ဆိုတော့ ကာကွယ်ရေးဦးစီးချုပ်မပါဘူးပေါ့။ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ၊ သူတို့ဘက်ကနေပြီးတော့ တပ်မတော်ရဲ့အခန်းကဏ္ဍမှာ သူတို့ရဲ့ရှိတဲ့ တင်ပြစရာရှိတာတော့ တင်ပြသွားတယ်။ အစိုးရဘက်ကလည်း ဖြေကြားသွားတာတွေ ရှိပါတယ်။ ဥပမာဆိုလို့ရှိရင် ကာကွယ်ရေးဦးစီးချုပ်က အမြဲတမ်းပြောနေတဲ့ လက်နက်ဖျက်သိမ်းရေးတို့၊ လက်နက်ချဖို့၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်း- ဒီကိစ္စတွေအပေါ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကနေပြီးတော့ သူတို့ရဲ့အမြင်တွေ၊ သူတို့ရဲ့သဘောထားတွေကို တင်ပြခဲ့ပြီးတော့ နိုင်ငံတော်အစိုးရဘက်ကို ရှင်းလင်းပေးဖို့ တောင်းဆိုတာ ရှိခဲ့တယ်။ နိုင်ငံတော်အစိုးရကလည်း ပြန်ရှင်းပါတယ်။ ဒီကိစ္စက နိုင်ငံတော်အစိုးရက လုပ်တယ်ဆိုတဲ့အခါမှာ တပ်မတော်ကလည်း သဘောထားတခုအနေနဲ့ ပါဝင်လာတယ်ဆိုတာကိုလည်း ပြောပြပါတယ်။”

တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကကြိုးပမ်းနေတဲ့ အောက်တိုဘာလအတွင်း NCA မှာ တညီတညွတ်တည်း အားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင် (၁၇) ဖွဲ့ကတော့ လက်ရှိ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကချင် KIO ၊ ကိုးကန့် MNDAA၊ တအောင်းပလောင် TNLA၊ ရခိုင်တပ်မတော် AA တို့အပါအဝင် KNU ၊ DKBA ၊ KPC ၊ CNF ၊ SSPP ၊ KNPP ၊ NMSP ၊ PNLO ၊ ALP ၊ ANC ၊ WNO ၊ LDU၊ PSLF စတဲ့ (၁၆) ဖွဲ့နဲ့ ကျောင်းသားတပ်မတော် ABSDF တို့ဖြစ်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ်ခရီးစဉ်။ (စက်တင်ဘာ ၁၁၊ ၂၀၁၅)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ်ခရီးစဉ်။ (စက်တင်ဘာ ၁၁၊ ၂၀၁၅)

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ်ခရီးစဉ်မှာ ဒီကနေ့ ရှားတောဒေသခံတွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ NLD ပါတီက အနိုင်ရခဲ့ရင် တိုင်းရင်းသားအခွင့်အရေးတွေကို အာမခံချက်ရှိမယ့် ဖယ်ဒရယ်ပြည်ထောင်စု စနစ်ကို ဦးစားပေး လုပ်ဆောင် သွားမယ်လို့ ပြောဆိုသွား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲတွေကို ကိုယ်တိုင်လိုက်ပါခဲ့တဲ့ NLD ပါတီ ကယားပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စည်သူကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ကယားပြည်နယ်က လူထုနဲ့ ဒီကနေ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်း စုကြည် အဓိက ဘာပြောသွားပါသလဲ။

ဒေါ်ခင်စည်သူ။ ။ တိုင်းရင်းသားကိစ္စပါပဲ၊ သူတို့က ဗမာပါတီလို့ထင်တာကိုလည်း သူ သေသေချာချာ စနစ်တကျ ရှင်းပြတာပေါ့နော်၊ အကြောက်တရားကို ပြောတယ်။ အကြောက်တရားဆိုတာ အရင်တုန်းက ပြည်သူလူထုရော၊ ဝန်ထမ်းတွေရော ခြိမ်းခြောက်တာမျိုးကို လက်မခံရပါဘူး၊ ခြိမ်းခြောက်လို့ရှိရင် ဒါ တရားဥပဒေအပြင်ဘက်ဖြစ်တဲ့အတွက် သူတို့ကိုလည်း တိုင်တောလို့ရပါတယ်ဆိုတဲ့ message ပေးတယ်ရှင့်။ နောက်ပြီးတော့ မဲစာရင်းသွားကြည့်ဖို့တို့၊ မဲပေးဖို့တို့ကိုတော့ အကြမ်းဖျင်းလေးကတော့ ပြောသွားတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ တိုင်းရင်းသား ဒေသြ ဖစ်တဲ့ ဒီ ကယား ပြည်နယ်မှာ တိုင်းရင်းသား အခွင့် အရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်း စုကြည် ဘာတွေ အလေးပေး ပြောတာ ရှိပါသလဲ။

ဒေါ်ခင်စည်သူ။ ။ သူကတော့ ဖက်ဒရယ်ဆိုတဲ့စကားလုံးကတော့ သူ ပြောနေကျပါပဲ။ ဖက်ဒရယ်ဆိုတဲ့စကားလုံးက ပြောရင်တောင် ဖမ်းတာပေါ့နော်၊ အဲလိုမျိုး ကြောက်စရာစကားလုံးတစ်ခုအနေနဲ့ကို အစိုးရအဖွဲ့က အဲသလိုမြင်အောင် လုပ်ထားတာ။ ဒါကြောင့်မို့လို့ ဘယ်သူမှ မပြောရဲဘူးပေါ့နော်၊ အဲဒီတော့ ဒေါ်စုတို့အနေနဲ့သည် ကျမတို့က ဗမာပါတီမဟုတ်ဘူး၊ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုပါတီဖြစ်တယ် - ဖက်ဒရယ်က …. ဒီမိုကရေစီစစ်စစ်နဲ့ သွားတဲ့ပြည်ထောင်စုကို ခေါ်တာပါ၊ ဖက်ဒရယ်ကိုခေါ်တာပါ-လို့ သူ ပြောတယ်၊ အဲဒီမူအတိုင်းပဲ သူသွားမယ်လို့ ပြောပါတယ်ရှင့်။ ဒီမိုကရေစီစံနှုန်းနဲ့သွားတဲ့ ဖက်ဒရယ်ပြည်ထောင်စု သူ တည်ထောင်မယ်ပေါ့။ အဲဒါလည်း သူလုပ်မှာပဲ။ အဲဒီဟာကလည်း အရေးကြီးလို့ သူလုပ်တယ်။

ကိုဉာဏ်ဝင်းအောင်။ ။ အခြား အချက်အလက်တွေ ရော ထူးခြားတာ ဘာရှိလဲ။

ဒေါ်ခင်စည်သူ။ ။ ထူးထူးခြားခြားက - မကြောက်ဖို့-ပါပဲ။ ဝန်ထမ်းဆိုပြီးတော့ ခြောက်ပြီးတော့ မဲပေးတာတို့၊ ဌာနဆိုင်ရာက လူကြီးကနေပြီးတော့ ဝန်ထမ်းအားလုံးကိုယ်စား မဲပေးရတယ်ဆိုတာ အရင်တုန်းက ရှိခဲ့ဖူးတယ်ပေါ့နော်။ အဲဒါ ကြောက်လို့ ခွင့်ပြုထားတာမျိုးတွေလည်း အရင်တုန်းက ဖြစ်ခဲ့တာ။ အခု မကြောက်ဖို့၊ နောက်ပြီးတော့ ကိုယ့်ဟာကိုယ်စဉ်းစားပါ၊ ဘယ်ပါတီက ကောင်းလဲဆိုတာ စဉ်းစားပြီးတော့ ပါတီကြည့်ပြီး မဲပေးခိုင်းတယ်။ အဓိက ကတော့ ပါတီကနေပြီးတော့မှ မူဝါဒကောင်းမှ တိုင်းပြည်တိုးတက်မယ်ဆိုတာလေးကိုတော့ သူ hihglight လုပ်သွားတယ်ရှင့်။

ကိုဉာဏ်ဝင်းအောင်။ ။ ဒေါ်အောင်ဆန်းစုကြည် အခု ပြောဆိုသွားတဲ့ အချက်တွေက တိုင်းရင်းသားတွေအတွက် ဘယ်လောက်ထိ လက်တွေ့ကျကျ မျှော်လင့်လို့ ရမလဲ ခင်ဗျ။

ဒေါ်ခင်စည်သူ။ ။ သူပြောတဲ့အတိုင်းသာ ကျမတို့က ရဲရဲတင်းတင်းသာ ပြည်သူလူထုက လုပ်မယ်ဆိုရင်တော့ ကောင်းတဲ့ result ရမှာပေါ့။ ဒါပေမယ့် အကြောက်တရားဆိုတာကတော့ အခုချိန်ကတော့ အရမ်းကြီးတော့ ပေါ်ပေါ်လွင်လွင်ကြီးတော့ ဖိအားပေးတာတော့ မရှိသေးဘူးပေါ့နော်၊ ဟိုတခေါက်လာတုန်းက ဟောပြောပွဲကို သွားနားထောင်လို့ရှိရင် မိမိတာဝန်သာဖြစ်သည်- ဆိုပြီးတော့ အစိုးရအဖွဲ့က ဝန်ကြီးချုပ်ကိုယ်စား-ဆိုပြီးတော့ သူတို့ ညွှန်ကြားလွှာလား၊ ဘာလား - ဌာနဆိုင်ရာမှာ ဖြန့်ပါတယ်။ အခုဒီတပတ်ကတော့ ဖြန့်တာ မတွေ့ရဘူးရှင့်။

ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့လေ ကယားပြည်နယ်မှာ အခြား ကရင်နီ တိုင်းရင်းသားပါတီတွေလည်း ဝင်ပြိုင်တာမျိုး ရှိနိုင်တယ်၊ နောက် တခုက ပြည်ခိုင်ဖြိုး ပါတီကလည်း ဝင်ပြိုင်တာမျိုးတွေ ရှိနိုင်တယ်။ ဆိုတော့ NLD နဲ့ ပြိုင်ဖက် ဖြစ်လာမယ့် အနေအထားမှာ NLD ရဲ့အလားအလာက ဘယ်လို ရှိလဲခင်ဗျ။

ဒေါ်ခင်စည်သူ။ ။ ကျမတို့ ဒေါ်စုကတော့ ပြောသွားတာတော့ - ဒါလည်း တခြားတိုင်းနဲ့ပြည်နယ်မှာလည်း သူပြောသွားတာပဲ။ ပြည်နယ်မှာဆို ဆီဆိုင်တို့၊ ဟိုပုံးတို့မှာလည်း သူပြောသွားတာပဲ။ ကျမတို့က တိုင်းရင်းသားရှိတဲ့နေရာမှာ ဘာဖြစ်လို့ လာပြိုင်ရလဲဆိုတာတော့ ပြောတယ်။ ရှင်းရှင်းလေးပဲ၊ ကျမတို့ အစိုးရဖွဲ့ချင်လို့ပါ။ အဲလိုပဲပြောတယ်။ အစိုးရဖွဲ့ချင်လို့ကို ကျမတို့က လာပြိုင်ရတာပါ-ပေါ့။ တိုင်းရင်းသားကလည်း ပြိုင်ပိုင်ခွင့်ရှိတယ်။ ကျမတို့ NLD ကလည်း ပြိုင်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့် လာပြိုင်တယ်၊ အစိုးရအဖွဲ့ ဖွဲ့ချင်လို့ လာပြိုင်တာပါ၊ အဲဒါမျိုးပဲ ပြောတယ်ရှင့်။ တသီးပုဂ္ဂလအနေနဲ့ပြိုင်တဲ့ ဦးစိုးသိမ်းပေါ့နော်၊ သူတို့ဆိုလို့ရှိရင် ဘောလုံးပွဲတွေလုပ်ပေးတယ်၊ သိန်း ၇၀၊ ၈၀ တန်တွေ လုပ်ပေးပြီးတော့မှ ဆုတွေ များများပေးတယ်ပေါ့။ စကိုင်းနက်တွေ present ပေးတယ်ပေါ့။ ဆိုလာပြားတွေပေးတယ်ဆိုတာ အဲဒါတွေလည်းရှိတာပေါ့နော်။ ဥပမာ …ဆိုလည်း ဦးအောင်မင်းက ဆန်အိတ်တွေ ပေးတယ်ပေါ့။ အဲလိုမျိုးတွေတော့ ကြားရတာပေါ့နော်။ အဲဒါကတော့ ကိုယ်စားလှယ်လောင်းမကြေညာခင် ရှေ့ကတော့ အဲလိုလေးတွေ လုပ်တာတော့ သတိထားမိတယ်ရှင့်။

ကိုဉာဏ်ဝင်းအောင်/VOA
http://burmese.voanews.com/content/daw-suu-told-about-federal-in-kayah-election-campaign-/2961294.html

***********အနီရောင်လူထု**************

မြန်မာပြည်မှာ အခုဆို ပြည်သူတွေဟာ မတရားမူ့ တွေအားလုံး ကို အရောင်တွေ သတ်မှတ်ပြီး ငြိမ်းချမ်းစွာ တောင်းဆိုမူ့တွေ လုပ်နေကြတာ ဟာ ပြည်သူရဲ့ နိုင်ငံရေး အတွေးအခေါ် တွေ ရေချိန် စိုးရိမ်မှတ် ကို ကျော်တက် နေတာ- နိုင်ငံရေး ဥာဏ်စဉ် မြင့်မား လာ ပုံ က ၉ထက်ကျော် နေတာ တွေ့ရတယ်။ ရှော့ရိုက် သွားတယ်။ ပြတ်ပြတ်သားသား ပြောချင်တယ် -

မြန်မာပြည် က လူသားတွေ အားလုံး ကို လေးစား ဂါဝရ ပြုပါတယ်- ပြသာနာ ရှာနေကျ လက်ကိုင်ဒုတ်တွေ နဲ့ ပုဒ်မ၁၈ ရန်တို့မှ ကင်းဝေးပြီး - ယဉ်ကျေးစွာ အရောင် လေးများ ဖြင့် နည်းပေါင်းစုံ ဥပမာ-လက်ပတ်-ရင်ထိုး-ဖဲကြိုး-တီရှပ်အကျီ င်္ စသည့် အမျိုးမျိုးသော ငြိမ်းချမ်းရေးတိုက်ပွဲ တွေ ဆင်နွဲ နေခြင်းကို အခြား ကမ္ဘာတစ်ဖက်ခြမ်း က လူသားတွေ ကော်ပီကူး သွား လောက်ပါပြီ-

တင်းကျပ်ဖိနှိပ်လေ ထွက်ပေါက်ရှာလေ မြန်မာ့ နိုင်ငံသား တို့ရဲ့ နိုင်ငံရေးပရိယာယ် ကို လည်း လေးစားသွားလောက်ပါပြီ။ သို့သော် ရွေးကောက်ပွဲ တွေမှာ မဲလိမ်-ခိုးကြတာတွေ တော့ လက်ပူးလက်ကြပ် မပြနိုင် သေးတော့- အင်အားသုံး ဖြေရှင်း ရင်း အာဏာရူးများသာ လက်နက်ရှိ ၍ အနိုင်ရတတ်စမြဲပါ။ ဥပမာ-ဇင်ဘာဘွေ-အီဂျစ်-မလေးရှား-စသည့် အခြားနိင်ငံများစွာ မှာ ဖြစ်နေဆဲပါ။အခု နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတော့မယ်-အခုတည်းက မရိုးသား-မညီမျှ-မျက်နှာသာပေး-မဲစာရင်းမှား-အစရှိသည့် သံသယ တွေကြားထဲက မှ ပြတ်သားစွာ မြန်မာတွေကို မေးချင်တာ က ==မဲခိုးမလား-မခိုးဘူးလား===ဆိုတာပဲ--- ပြတ်သားတဲ့ အဖြေ ပြောရရင်- မဲခိုး မှာပဲ- ယုံချင်စရာ မရှိသေးပါ-အားမရပါ- မဲခိုး ကို ခိုးမယ်-လို့ ယုံကြည်တယ်။

ယုံကြည်တယ်ဆိုရင် - မဲသွားပေးတဲ့ အခါ အနီရောင် အကျီ င်္-ပ၀ါ-အစရှိသော ပစ္စည်း အသုံးအဆောင်များကို သိသာ ၀တ်ဆင်မြန်းကြမယ် ဆိုရင်-မဲရုံ လာ ကြသောအခါ အနီရောင်များ လွမ်းနေပါ က ဤနယ်မြေ ဘယ်သူနိုင် မလဲ -- မဲရည်စရာ မလို ကြည့်ရင် သိတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာ လုပ်နိုင်လေ- ပိုကောင်းလေပါ-

ဒီလို အနီရောင်တွေ ၀တ်ဆင်ပြီးလာရောက် မဲပေးခြင်းဖြင့် မဲခိုးမူ့ ကို ကာကွယ် နိုင်တာကြောင့် - မြန်မာ ပြည်သူတိုင်းသိအောင်-၀တ်ဆင်သွားရောက် ခြင်းဖြင့်- ကူညီကြ-စည်းရုံးပေးကြရင်း သမိုင်းတွင်မည့် မဲခိုးမူ့ အား ဖေါ်ထုပ်ဖမ်းစည်းရေး နည်းဗျုဟာ လေး ကို ရှယ်ပေးကြပါ ။

တတ်နိုင်မယ် အပန်းမကြီး ဘူး ဆိုရင် အသိမိတ်ဆွေ များအား တဒ် ထိုးပြီး ၂လ အတွင်း ပြည်သူတိုင်းပါဝင်နိုင်အောင်-ပြည်သူ့ တာဝန်ကျေ မူ့ ဖြင့် ၂၀၁၅ ကို အနိုင်ယူကြ ရအောင်ပါ- အာဏာရှင်စနစ်ကို အဆုံးသတ် ဘို့ အမေစု ပါတီ ကို မဲပေး-မဲခိုး မရအောင် မဲရုံမှာ အနီတွေ လွမ်းသွားရင် ဒီပြည်သူလောက် တာဝန်ကျေတာ ဘယ်နိုင်ငံမှ မရှိ-

ထို့အပြင် အခြားအာဏာရှင် နိုင်ငံမှ ဖိနှိပ်ခံ ပြည်သူတို့ အတုယူ အာဏာရှင်တိုင်းကို ကမ္ဘာ တစ်လွား ကင်းရှင်းသွား အောင် ကူညီနိုင်သော မြင့်မြတ် သော မြန်မာနိုင်ငံသား တွေလို့ ဂုဏ်ယူ နိုင်ပါပြီ ။။။

Min Nanda Thu

ပါတီကိုပဲ ကြည့်ပြီး မဲပေးပါ၊ လူကိုကြည့်ပြီး မဲမပေးပါနဲ့လို့ ဘွားတော်ကြီး ပြောတော့ သဘောမပေါက်သူတွေ ရှိတယ်။ ပြီးတော့ ရွေးကောက်ပွဲဝင်မယ့် လူတွေကို ထုတ်ရှိုးလိုက်တော့လည်း အားလုံးက ရေရေလယ်လယ် လန်းနေပြန်သေးတယ်။ ရုပ်ရည်တွေက ကြည်ကြည်သန့်သန့်၊ တည်တည်ခန့်ခန့်တွေချည်းပဲ။

ဒါဖြင့်၊ လူကိုကြည့်ကြည့်၊ မူကိုကြည့်ကြည့်၊ ပါတီကိုကြည့်ကြည့်၊ ဘယ်လိုပဲ မဲပေးပေး ရတာပဲလေ၊ ဘာလို့များ ပါတီကိုကြည့်ပြီး မဲပေးပါလို့ (အလေးအနက်) ပြောတာလဲ။ အကြောင်းက ဒီလိုဗျ။

အခု ၂၀၁၅ ရွေးကောက်ပွဲမှာ အရေးအကြီးဆုံး၊ အဓိက ဦးတည်ချက်က ဘာလဲဆိုတော့ မဲနိုင်ဖို့သက်သက် မဟုတ်ဖူး။ အစိုးရဖွဲ့နိုင်ဖို့ ဖြစ်ပါတယ်။

မဲအနိုင်ရပြီး ရွေးချယ်ခံ လွှတ်တော်အမတ် ၅၁ ရာခိုင်နှုန်း ရှိမှ အစိုးရဖွဲ့နိုင်တဲ့ ဥပဒေ ရှိပါတယ်။ ဒါကို ဟိုပေါချာချာ အမျိုးသားလွှတ်တော်အမတ်မင်းက သူတို့ ကြံ့ဖွတ် ၂၆ ရာခိုင်နှုန်းပဲ အနိုင်ရပါစေ စစ်တပ် အစိတ်သားနဲ့ ပေါင်းပြီး အစိုးရဖွဲ့နိုင်တယ်လို့ အရူးချေးပန်း ပြောသွားတာ ကြားကြတယ်မဟုတ်လား။

အစိုးရဖွဲ့နိုင်လောက်တဲ့ ၅၁ ရာခိုင်နှုန်းဆိုတာကို အမတ်နေရာနဲ့ ပြန်ကြည့်မယ်ဆိုရင် ၃၃၃ နေရာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ နိုင်ရုံသက်သက်မဟုတ်ဘဲ အစိုးရဖွဲ့နိုင်အောင် NLD သောင်ပြိုကမ်းပြို နိုင်မှ ဖြစ်မယ်။ (ဒီနေရာမှာ အလားအလာအကောင်းဆုံးက NLD ဖြစ်နေလို့ သူ့ကိုပဲ ဦးတည်ပြောနေတာပါ။ တစ်ခြားပါတီတွေက မျှော်လင့်စရာ မရှိလို့ NLD အစိုးရဖွဲ့နိုင်ရေးကို အဓိက ဦးစားပေးနေကြတာ ဖြစ်ပါတယ်။)

NLD အနေနဲ့ အားသွန်ခွန်စိုက် လုပ်နေတာက မဲဆန္ဒနယ်အားလုံးမှာ အနိုင်ရရေး ဖြစ်တယ်။ လောဘကြီးလှချည်လားလို့ အထင်တော်မလွဲကြပါနဲ့ဗျာ။ နေရာအားလုံးနိုင်ရင်တောင် ၇၅ ရာခိုင်နှုန်းပဲ ရှိသေးတယ်။ ဒါဟာလည်း သူ့အကြောင်းနဲ့သူ ခိုင်ခိုင်လုံလုံ ရှိနေပါတယ်။

ပြည်သူလူထုက ရွံ့မုန်းလှတဲ့ ၂၀၀၈ နာဂစ် အခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ၈၀ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ပြင်နိုင်မှာမို့ NLD ၇၅ ရာနှုန်းနဲ့ စစ်တပ်အစိတ်သားထဲက ပြည်သူအပေါ် စိတ်ကောင်းစေတနာရှိတဲ့ ပြည်သူ့တပ်မတော်သား ၅ ရာခိုင်နှုန်းလောက်များ ပေါ်လာလို ပေါ်လာငြား ကြိုးစားနေကြတာပါ။

ဒါကြောင့်မို့၊ NLD ကိုပဲ မဲထည့်ကြပါလို့ ပြောတဲ့အခါ ကိုယ့်တိုင်းရင်းသားပါတီနဲ့ ဒီမိုကရေစီလိုလားတဲ့ ပါတီငယ်များကို ထောက်ခံသူတစ်ချို့ အနေနဲ့ စိတ်အထင်အမြင် လွဲစရာ ဖြစ်နေပါလိမ့်မယ်။

နောင်လာမယ့် ၂၀၂၀ နဲ့ အနာဂတ် ရွေးကောက်ပွဲတွေမှာ ကြိုက်ရာ ရွေးချယ်နိုင်ဖို့အတွက် အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ တစ်စုတစ်စည်းတည်း ညီညွတ်ကြမှ အာဏာရှင်တို့ရဲ့ ကြံ့ဖွတ်ကို ဖြုတ်ချနိုင်မယ်ဆိုတာ အထူးသတိပြုကြဖို့ အရေးကြီးပါတယ်။

ဒီနေရာမှာတော့ ဂျပန်စကားပုံတစ်ခုကို ပြောချင်ပါတယ်။ “ခိအော့မိတဲ့ မိုးရိအော့မိဇု” (木を見て森を見ず) ဆိုတဲ့ အဓိပ္ပာယ်ကတော့ “သစ်ပင်ကို ကြည့်ရင် သစ်တောကို မမြင်” တဲ့။ တစ်ပင်ချင်း လိုက်ကြည့်ရင် သစ်ပင်တွေကို မြင်လိမ့်မယ်၊ အားလုံးခြုံငုံကြည့်မှသာ သစ်တောတစ်ခုလုံးကို မြင်လိမ့်မယ်လို့ ဆိုလိုချင်တာပါ။

တစ်ပင်ချင်းကြည့်ရင်တော့ ဟိုနေရာမှာ ဟိုအပင်တွေ့လိုက်၊ ဒီနေရာမှာ ဒီအပင်တွေ့လိုက်။ တစ်တောလုံးမြင်အောင် ခြုံကြည့်မှ ကျွန်းတောလား၊ ကြက်ဆူတောလား ကွဲကွဲပြားပြား သိပါလိမ့်မယ်။

အမေရိကန်တွေကတော့ “see the whole picture” လို့ ပြောတတ်ပါတယ်။ အသေးစိတ် တစ်ခုချင်းထက် ရုပ်ပုံကားချပ်တစ်ခုလုံးကို ခြုံပြီး မြင်အောင် ကြည့်ဖို့ ပြောတဲ့ သဘောချင်းအတူတူပဲ ဖြစ်ပါတယ်။

ဒါကြောင့်၊ အခုအချိန်မှာ NLD က ကျင့်သုံးနေတဲ့ မဟာဗျူဟာကတော့ (၁) မဲအနိုင်ရရေး (၂) အစိုးရဖွဲ့နိုင်ရေး နဲ့ (၃) ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီနည်းကျ ပြင်ဆင်ရေးတို့ပါ။

ဒီရွေးကောက်ပွဲမှာတော့ မြန်မာပြည်သူတွေအနေနဲ့ ဒီရည်မှန်းချက်တွေ အောင်မြင်အောင် NLD ကို စုပြုံမဲပေးပြီး သောင်ပြိုကမ်းပြို အနိုင်ရဖို့ ဝိုင်းဝန်းကြိုးစားကြပါလို့ပဲ ကျနော် ပြောချင်ပါတယ်။

အတိုချုပ်ပြောရရင် NLD က မဲဆွယ်နေတာ မဟုတ်ဖူး၊ မဲပေးပါလို့ ပွင့်ပွင့်လင်းလင်း တောင်းနေတာဗျ။ ကဲ ရှင်းပြီလားဗျာတို့ရေ။

Min Myat Maung FB

 students-constitution-620.jpg ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေးနဲ့ လွှတ်တော်ထဲက တပ်မတော်သား ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးဖို့ ဟောပြောနေတဲ့ တကသအဖွဲ့ဝင် ကိုပိုင်ရဲသူနဲ့ ကိုဇေယျာလွင်ကို ဇွန်လ ၃ဝ ရက်နေ့က ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့မှာ တွေ့ရစဉ်

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲက နှုတ်ထွက်ပေးဖို့ ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုဇေယျာလွင် စာမေးပွဲ ဖြေဆိုခွင့်ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်က ပါမောက္ခချုပ်က ခွင့်ပြုပေးလိုက်ပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်နဲ့ အင်းစိန်ထောင်က တာဝန်ရှိသူတွေက ကိုဇေယျာလွင်စာမေးပွဲဖြေ ဆိုဖို့ လိုအပ်တဲ့ကိစ္စတွေ တာဝန်ယူပေးမယ်ဆိုပြီး ပြောထားတယ်လို့ ကိုဇေယျာလွင်ရဲ့ အဒေါ်ဖြစ် သူ ဒေါ်ဝင်းဝင်းလှိုင်က ပြောပါတယ်။

"စီးပွားရေးတက္ကသိုလ်အနေနဲ့ကတော့ အဆင်ပြေတယ်တဲ့ သူကစာမေးပွဲဖြေဖို့ အကုန်လုံးလုပ်ပေးမယ်ပေါ့နော် ၊ ဖြေတာကတော့ ထောင်မှာဖြေမှာဖြစ်တဲ့အတွက်ပေါ့နော်၊ ဒါပေမယ့် စီးပွားရေးတက္ကသိုလ်ဆိုတာကလည်း ပညာရေးဝန်ကြီးဌာန လက်အောက်မှဖြစ်တဲ့အတွက် အဆင့်မြင့်ပညာဦးစီးဌာနကိုတော့ လောလောဆယ် တရားရုံနဲ့ စီးပွားရေးတက္ကသိုလ်ရဲ့ အဆုံးအဖြတ်ကို ပေါင်းပြီးတော့ အဆင့်မြင့်ပညာဦးစီးဌာနကို တင်ထား တယ်၊ အဆင့်မြင့်ပညာဦးစီးဌာနကမှ သူ့အတွက် ဆောင်ရွက်ပေးလိုက်ပါဆိုတာကတော့ လောလောဆယ် မကျသေးဘူး"

လက်ရှိ အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာဟာ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ နှစ်ဦးဖြစ်ပေမယ့် ကိုပိုင်ရဲသူကတော့ စာမေးပွဲဖြေဆိုခွင့် မတင်ထားဘူးလို့ သိရပါတယ်။

တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေဟာ လာမယ့် ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ စာမေးပွဲဖြေဆို ကြရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းလောက်က ကျောင်းသားခေါင်းဆောင် ကိုပိုင်ရဲသူနဲ့ ကိုဇေယျာလွင်တို့ ဦးဆောင် တဲ့ ကျောင်းသား ၃ဝ နီးပါးလောက်ဟာ လွှတ်တော်ထဲက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးဖို့ ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့ကနေ မြို့တော်ခန်းမရှေ့အထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါကြောင့် ပန်းပဲတန်းမြို့နယ်နဲ့ ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးတွေက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို တရားစွဲဆိုဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

RFA

 students-lpt-620 အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ လက်ပံတန်းကျောင်းသား သပိတ်စခန်းကို လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသားတွေကို လက်ပံတန်းမြို့မှာဖြိုခွင်းရာမှာ အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို မလိုက်နာဘဲ ဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့က အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူသင့်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ အစီရင်ခံစာထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

ကော်မရှင်က စုံစမ်းမေးမြန်းလို့ရလာတဲ့လေ့လာတွေ့ရှိချက်တွေကိုအခြေခံပြီး ရဲတပ်ဖွဲ့က အစီရင်ခံစာထုတ် တာဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာဥာဏ်ဇော်က ပြောပါတယ်။

"အဓိကရုဏ်းဖြစ်တဲ့အချိန်မှာ ရိုက်နှက်တာတို့ EU နည်းနဲ့ တဆင့်ပြီးတဆင့် အဓိကရုဏ်းနှိမ်နင်းမှု မရှိဘူးပေါ့နော်၊ အဆင့်အတိုင်း မသွားတဲ့အတွက်ကြောင့် သူတို့မှာအပေါ်ကကွပ်ကဲတဲ့လူမှာလည်း တာဝန်ရှိတယ်၊ အောက်က အမိန့်မနာခံတဲ့လူတွေမှာလည်း တာဝန်ရှိတယ်ဆိုတော့ ကျနော်တို့က သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကို ရဲတပ်ဖွဲ့ဝင်တွေကို ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူဖို့ပြော ကြားခြင်းဖြစ်တယ်၊ နောက်ပြီးတော့ ဖြစ်စဉ်မှာပါဝင်ပြီးတော့ အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်ပြီးတော့ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်တဲ့လူတွေကို ဖော်ထုတ်အရေးယူဖို့ ကျတေန်ာတို့ တိုက်တွန်းခြင်းဖြစ်ပါတယ်"

ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်တွေကို ရေသန့်ဗူးနဲ့ စတင်ပစ်ပေါက်ခဲ့သူတွေ၊ ရဲတပ်ဖွဲ့တွေရဲ့ ယာယီတဲတွေနဲ့ အတားအဆီးတွေကိုဖျက်ဆီးသူတွေ၊ တုတ်၊ ခဲ လက်နက်နဲ့ ပစ်ပေါက်သူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူသင့်တယ်လို့လည်း ကော်မရှင်က ထောက်ပြထားပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဌ ကိုကျော်ကိုကိုကတော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာဟာ လူ့အခွင့်အရေးရှုထောင့်က တင်ပြချက်တွေ မတွေ့ရပဲ အစိုးရမငြိုငြင်အောင် ရေးထားတာမျိုးဖြစ်နေတဲ့အတွက် နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းမမီတဲ့ အစီရင်ခံစာတစောင် ဖြစ်နေတယ်လို့ ဝေဖန်ပြောဆိုပါတယ်။

"နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာတွေမှာ အဆင့်အတန်းမီတဲ့ အစီရင်ခံစာမီမှာမဟုတ်သလို လူ့အခွင့်အရေး ကော်မရှင်ကလည်း ဘက်မလိုက်တဲ့ အဖွဲ့အစည်းတစ်ခုမဟုတ်ပဲနဲ့ အစိုးရကို လွန်ဆန်ပြီးတော့ ဆောင်ရွက်နိုင်ခြင်းတဲ့အဖွဲ့အစည်း တစ်ခုလို့ပဲမြင်တယ်၊ လက်ရှိအစိုးရ ယုံကြည်ပေးမယ့် စကားလုံးတွေကို ဆောင်ရွက်ထားပြီးတော့ မှ နှစ်ဦးနှစ်ဘက်စလုံးကို အပြစ်မြင်ထားတဲ့ လေသံမျိုးတွေနဲ့ တွေ့မြင်နေရတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ လုံးဝမမီနိုင်တဲ့ အစီရင်ခံစာတစ်စောင်လို့ပဲ ကျနော်တို့ ပြောချင်တာပေါ့ခင်ဗျ"

ဒီအတောအတွင်းမှာပဲ မန္တလေးမှာဖမ်းဆီးထိန်းသိမ်းထားတဲ့ ရတနာပုံတက္ကသိုလ်က ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဥာဏ်လင်းထက်နဲ့ ကိုဂျစ်တူးတို့ဟာ ကျောင်းတက်နေဆဲဖြစ်တဲ့အတွက် စာမေးပွဲဖြေခွင့်ရအောင်၊ အာမခံနဲ့လွှတ်ပေးဖို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သီးသန့်ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

RFA
http://www.rfa.org/burmese/news/students-crackdown-action-urge-09122015110828.html

ပူပင်ကြောင့်ကျ မွဲပြာကျနေသော ဘ၀မှသည်

သာယာအေးချမ်းသော ဘ၀များပိုင်ဆိုင်ဖို့ 

ပြောင်းလဲချိန်တန်ပြီမို့ 

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မဲပေးကြပါစို့ 

ကျမ ရတနာစိုးဇော်ပါ ၊ ကျောက်မဲမြို့ နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ် (၂) မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကို ကိုယ်စားပြု ယှဉ်ပြိင်မှာပါ။ ရှမ်းပြည်နယ်ဟာ ကျယ်ပြောသလောက် ပြဿနာ ပေါင်းစုံ ရှိနေတဲ့ ပြည်နယ်လို့ ပြောလို့ လဲ ရပါ တယ်။ တအောင်း၊ ပလောင်၊ ရှမ်း၊ ကိုးကန့် ၊ လီစူး ၊ ကချင်၊ ဗမာ အပါအ၀င် တိုင်းရင်းသား ပေါင်းစုံသလို လက်နက်ကိုင်ပေါင်းစုံလဲ တည်ရှိတဲ့ နေရာဖြစ်ပါတယ်။

ကျောက်မဲမြို့ နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ် (၂) ဟာပြောင်းလဲဘို့ အချိန်တန်ပါပြီ၊ မငြိမ်းချမ်းတဲ့ အခြေအနေ ကနေ ငြိမ်းချမ်းတဲ့အခြေအနေကို၊ မဖွံ ဖြိုးတဲ့အခြေအနေကနေ ဖွံ့ဖြိုးရေးဆီကို၊ ပြောင်းလဲ ချိန်တန်နေပါပြီ။ လင်း လက်တောက်ပနေတဲ့ ခလေးငယ်တွေရဲ့ မျက်ဝန်းတွေထဲက မျက် ရည်လေးတွေ ၊ စိုးရွှံ ထိတ်လန့် နေရတဲ့ အရိပ်အယောင်တွေ ပျောက်ကွယ်သွားရမယ့် အချိန်ရောက်လာဘို့ ကျမကိုယ်စားပြုတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကို မဲဆန္ဒပေးပါစို့ လို ပြောချင်ပါတယ်။

တနည်းပြောရရင် ကျမတို့ သဟာဇာတ ဖြစ်ဖြစ်နေထိုင်သင့်ပါပြီ၊ ကျမတို့ အားလုံးဟာ ဘုရားသခင်ကြောင့်ဖြစ်စေ၊ ရှေးဘ၀က ကုသိုလ် အဆက် ဆက်ကြောင့်ဖြစ်စေ ဒီမြေဒီရေမှာ အတူတူ ကြီးပျင်းခဲ့ ကြပါတယ်။ တစ်ဦးကို တစ်ဦးခွင့်လွှတ်နားလည်ရင်း၊ ကျမတို့ အတူတူစားကြမယ်၊ အတူတူ အလုပ်လုပ်ကြမယ်၊ ငြိမ်းချမ်းရေးအတွက်
လက်တွဲဆောင်ရွက်ကြမယ်ဆိုရင် ကျမတို့ အားလုံးမျှော်လင့်တောင့်တနေတဲ့ “ သာယာအေးချမ်းတဲ့ ဘ၀များ ပိုင်ဆိုင်ရေး” ဆိုတာ ဖြစ်ပေါ်လာမှာပါ။

ကျမတို့ ကျောက်မဲမြို့ နယ် ပြည်နယ် မဲဆန္ဒ အမှတ် (၂) အပါအ၀င်၊တိုင်းရင်းသားပြည်သူ
လူထု တရပ်လုံး သာယာအေးချမ်းတဲ့ ဘ၀များပိုင်ဆိုင်နိုင်ဖို့ ဆိုတာ ကျမတို့ မြန်မာနိုင်ငံကို ဖက်ဒရယ် ဒီမိုကရက်တစ်ပြည်ထောင်စု အဖြစ် မ ထူထောင်ဘဲမဖြစ်နိုင်ပါဘူး။
ပြည်နယ်အားလုံး တပြေးညီဖွံ့ ဖြိုးတိုးတက်ခြင်း မရှိဘဲ မဖြစ်နိုင်ပါဘူး။ တရားမျှတမှု မရှိဘဲ မဖြစ်နိုင်ပါဘူး။

ရှမ်းပြည်မြောက်ပိုင်းတစ်ခုပဲ ငြိမ်းချမ်းပြီး၊ ရှမ်းပြည်နယ်ရဲ့ အခြားနေရာတွေမှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုရင်၊ ကရင်မလေးတွေ ဒုက္ခရောက်နေတယ်ဆိုရင်၊ ကချင် မလေးတွေ အနိုင်ကျင့်ခံနေရတယ်ဆိုရင်။ ကျမတို့ ရှမ်းပြည်မြောက်ပိုင်းလည်း ပူပန်သောက တွေနဲ့ ကြုံတွေ့ ရမှာပဲ။ အိမ်ရှေ့ပူ၊ အိမ်နောက်မချမ်းသာဆိုသလိုပေါ့။ ကျမတို့ က ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုတာကြီးမှာ အတူတူ မှီတင်းနေထိုင်နေကြတာလေ။

ရှမ်းပြည်မြောက်ပိုင်းတစ်ခုပဲ စိတ်အေးလက်အေး တောင်ယာ၊ကိုင်းခုတ်လုပ် နိုင်ပေမယ့်၊ ပဲခူးမှာရေကြီးနေတယ်ဆိုရင် ၊ချင်းပြည်မှာ မြေပြိုနေတယ်ဆိုရင် ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားမောင်နှမတွေလည်း၊ သာယာနိုင်၊ အေး ချမ်းနိုင်မှာ မဟုတ်ပါဘူး တနွယ်ငင်တစ်စင်ပါ ဖြစ်ကြမှာပဲ မဟုတ်လား။

လူမျိုးရေးအရပြောမယ်ဆိုရင်လည်း၊ ရှမ်းတစ်မျိုးသားပဲ ကြီးပွားနေလို့ ကျမတို့ လိုချင်တဲ့ သာယာအေးချမ်းတဲ့ ဘ၀များကို မပိုင်ဆိုင်နိုင်ပါဘူး။ ဒီလိုပါပဲ ရခိုင် တစ်မျိုးသားထဲ၊ ဗမာ တစ်မျိုးသားထဲ ကြီးပွားချမ်းသာနေလို့ ကတော့ လွတ် လပ်ရေးရပြီးကတည်းက တောက်လောင်လာတဲ့ ကမ္ဘာပေါ်မှာ သက်တမ်းအ ရှည်အကြာဆုံးအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ပြည်တွင်းစစ်မီးဟာ ဘယ်တော့မှ ငြိမ်းတော့ မှာမဟုတ်ဘူး။ ပြည်တွင်းစစ်ရှိနေသမျှတော့ “သာယာအေးချမ်းတဲ့ ဘ၀များ” ထူထောင်နိုင်ဘို့ ဆိုတာ ရွှေပြည်တော် မျှော်လေ တိုင်းဝေးနေအုံးမှာပါပဲ။

တိုတိုပြောရရင် ကျမတို့ ပြည်နယ်တစ်ခုတည်းကွက်ကွက်လေး ငြိမ်းချမ်း၊ ဖွံ့ ဖြိုးတိုးတက်လာဘို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အားလုံး တပြေးညီဖွံ့ ဖြိုးတိုးတက်မှ ရပါမယ်။ တတိုင်းပြည်လုံး ဖွံ့ ဖြိုးတိုးတက်လာဘို့ ၊ ငြိမ်းချမ်းဘို့ ၊ ရှမ်းပြည်မြောက်ပိုင်းက ခလေးတွေအပြင်၊ ကချင်ပြည်က ခလေးတွေ ၊ ဗမာပြည်က ခလေးတွေ၊ ချင်းပြည်က ခလေးတွေ အားလုံးအားလုံးသော ခလေးတွေ မနက်လင်း အားကြီး သေနပ်ခါးအဖွေးသားနဲ့  စာသင်ကျောင်းကိုထွက်သွားပြီး၊ ညနေကျောင်းဆင်းချိန်မှာ ခုန်ပေါက်ဆော့ကစားရင်း ကျမတို့ ရင်ခွင်ထဲကို ပြန်ရောက်လာတဲ့ အခြေအနေမျိုးရောက်ရှိလာဘို့ ၊ ကျမတို့ ရဲ့ အိမ်ဦးနတ်တွေ မနက် လင်းအားကြီးမှာ တောင်ယာ၊ကိုင်းခုတ်ဖို့ အိမ်ကထွက်သွားပြီး ညနေအလုပ်သိမ်းချိန်မှာ ပေါ်တာ အဆွဲ မခံရဘဲ၊အကြောင်းမဲ့ သတ်ဖြတ်လိုက်တာ မခံရဘဲ အိမ်ပြန်လာနိုင်ဘို့ ဆိုတာ တစ်စု၊ တစ်ဖွဲ့ ထဲက လုပ်လို့ မဖြစ်နိုင်ပါဘူး။ ကျမတို့ တိုင်းရင်းသားတွေ အားလုံးစုပေါင်းပြီး လုပ်မှ ရမှာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့၊ အင်အားရှိတဲ့ နိုင်ငံရေးပါတီကြီးတစ်ခုပါ။ ကျမတို့ ဒီလို အင်အားကြီးတဲ့ အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ်နဲ့ မပူးပေါင်းဘဲ ကျမတို့ ဒေသမှာ ငြိမ်းချမ်းရေး၊ တရားမျှတရေးတို့ အပြင်၊ ကျမတို့ ရင်သွေးငယ်လေးတွေရဲ့ မျက်ဝန်းထဲက မျက်ရည်လေးတွေ ကွယ်ပျောက်သွားရေး တို့ ကို လုပ်ဆောင်နိုင်ပါ့မလားရှင်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က “ပြောင်းလဲချိန်တန်ပြီ” လို့ ကြွေးကြော်ထားပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က တစ်နိုင်ငံလုံးကို ပြောင်းလဲလာအောင်၊ ငြိမ်းချမ်းလာအောင်၊ ဖွံ့ ဖြိုးလာအောင်၊ သာယာအေးချမ်းတဲ့ ဘ၀တွေပိုင်ဆိုင် နိုင်အောင် ဆောင်ရွက်ပေးမယ့်အချိန်မှာ ၊ ကျမက ကျမတို့ ဒေသ မငြိမ်း ချမ်းခြင်းမှ သည်ငြိမ်းချမ်းခြင်းဆီသို့ ၊ နိမ့်ကျ မွဲပြာကျချင်းမှသည် ကြွယ်ဝချမ်းသာခြင်းဆီသို့ ၊ပူပင်ကြောင့်ကျနေတဲ့ဘ၀မှသည် သာယာအေးချမ်းတဲ့ ဘ၀ဆီသို့ ရောက်ရှိပြောင်းလဲနိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ ရပ်တည် လိုက်ခြင်းဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ကိုကိုယ်စားပြုယှဉ်ပြိုင် လိုက်ခြင်းဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အနိုင်၇မှသာ ၊ ကျမတို့  ဒေသတွင်းငြိမ်းချမ်းရေး၊ စိတ်အေးလက်အေး တောင်ယာကိုင်းခုတ်လုပ် နိုင်ရေး၊ ကျမတို့ ခလေးတွေရဲ့ စာသင်ခန်းထဲမှာ အမြှောက်သံ၊ ဗုံးသံအတွေ အစား စာအံသံတွေ ပေါ်ထွန်းလာရေး၊ တစ်ရွာကနေ တစ်ရွာ လွယ်လွယ်ကူကူ အေးအေးချမ်းချမ်းသွားရောက်လည်ပတ် နိုင်ရေး စတာတွေကို အင်တိုက်အားတိုက် ၊ ထိထိရောက်ရောက်လုပ်နိုင်မှာ ဖြစ်တဲ့အတွက်

မွဲပြာချွတ်ခြုံကျပြီး ၊ ပူပင်ကြောင့်ကျနေတဲ့ ဘ၀ကနေ သာယာအေးချမ်းတဲ့ ဘ၀တွေ ပိုင်ဆိုဖို့  “ ပြောင်းလဲချိန်တန်ပါပြီ” အခုပဲ ကျမကိုယ်စားပြုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မဲပေးဖို့ ဆုံးဖြတ်လိုက်ကြပါစို့ လားရှင်။

နောက်တကြိမ်မှာ ၂၀၀၈ ဖွဲ့ စည်းပုံ ဥပဒေ ပြင်ဆင်မှသာ သာယာအေးချမ်းတဲ့ ဘ၀ တွေ ပိုင်ဆိုင်နိုင်မယ့် အကြောင်းကို ဆွေးနွေးပါဦးမည်။

ကျောက်မဲမြို့နယ် NLD လွှတ်တော် ကို.ယ်စားလှယ်လောင်း ရတနာစိုးဇော်

သူတို့ကတော့ ဆက်ဆံပြီးတော့ နိုင်ငံရေးအမြတ်ရမယ်ဆိုပြီး ပြောခိုင်းတယ်၊ လုပ်ခိုင်းတယ်။ ကျန်တဲ့ ပါတီတွေကျတော့ သူ့လူမျိုးနဲ့ သူ့ဘာသာ ဆက်ဆံတာကို အရေးယူ ဆောင်ရွက်တယ်ဆိုတော့ ဒါဟာ မဟုတ်တာ လျှောက်လုပ်နေတဲ့ အနေအထားကြီး …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ စက်တင်ဘာ ၉

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများအရ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆွယ် စည်းရုံးရေး ပြုလုပ်ရာတွင် မတရားသင်းအဖြစ် သတ်မှတ် ခံထားရသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ထိတွေ့ဆက်ဆံခြင်း မပြုလုပ်ရန် ကန့်သတ်ချက်များ ပါရှိရာ ယနေ့ကာလ အခြေအနေနှင့် နိုင်ငံရေး အခင်းအကျင်းများအရ ယင်းအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် အစိုးရအဖွဲ့ ကိုယ်တိုင် ထိတွေ့မှုများ ရှိနေသည့်အတွက် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် အဆိုပါ ပြဋ္ဌာန်း ချက်များကို ပြန်လည် စဉ်းစား သုံးသပ်ရန် လိုအပ်နေကြောင်း နိုင်ငံရေးပါတီများက ပြောဆိုလျက်ရှိသည်။

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်က ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ကော်မရှင် ၏ ““ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်”” ဆိုင်ရာ ကြေညာချက်တွင် ““ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံး ရာတွင် တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ဖြစ်စေ၊ ဤညွှန်ကြားချက် တားမြစ်ချက် တစ်ရပ်ရပ်ကိုဖြစ်စေ၊ ခွင့်ပြုချက်ပါ သတ်မှတ်ချက် သို့မဟုတ် စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖြစ်စေ ဖောက်ဖျက် ကျူးလွန်ကြောင်း တွေ့ရှိပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်”” ဟု ပါရှိသည်။

ထို့ပြင် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ၌ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက် ခံရပြီးနောက် အောက်ပါ အချက်တစ်ခုခုနှင့် ငြိစွန်းလျှင် ကိုယ်စားလှယ် အဖြစ်မှ ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းချက်များ ပါဝင်ရာ ယင်းပြဋ္ဌာန်းချက်များတွင် ““တည်ဆဲ ဥပဒေ တစ်ရပ်ရပ်အရ မတရားသင်းအဖြစ် ကြေညာခြင်း ခံရသော အဖွဲ့အစည်း၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ် ထားသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အစည်းများ သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် ဆက်သွယ် ကြောင်း ခိုင်လုံသော အထောက်အထား ရှိသည်ဟု သက်ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ခံရခြင်း”” ဟူသည့် အချက် ပါဝင်ရာ ကိုယ်စားလှယ် လောင်းများအနေဖြင့် မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နှင့် ငြိစွန်း နိုင်သည့်အတွက် နိုင်ငံရေးပါတီများက ပြန်လည်စဉ်းစား သုံးသပ်သင့်ကြောင်း ပြောဆိုမှုများရှိနေခြင်း ဖြစ်သည်။

ကိုယ်စားလှယ် လောင်းများအနေဖြင့် ယင်းအချက်များအား သတိပြုကြရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း စက်တင်ဘာလ ၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားရာ ယင်းညွှန်ကြားချက်၊ ဥပဒေများနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အမြင်သဘောထား များကို စုစည်းကာ မြန်မာသံတော်ဆင့်မှ ဖော်ပြလိုက်ပါသည်။

● ဦးဝင်းမြင့် (ဗဟိုကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD)

မတရားအသင်းဆိုတာ မတရားအသင်းအဖြစ် မပယ်ဖျက်သေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်း မှန်သမျှဟာ မတရားအသင်းပဲ။ မတရားအသင်းနဲ့ အကျုံးဝင်တယ်။ လွှတ်တော်မှာ မတရားအသင်းနဲ့ ပတ်သက်လို့ မည်သူမဆို ခုနကလို ဆက်သွယ်မိလို့ရှိရင်၊ အစည်းအဝေး လုပ်မိလို့ရှိရင်၊ ဒါမှမဟုတ် အဲဒီ အစည်းအဝေး အတွက် ကမကထ ပြုမိလို့ရှိရင်၊ ဆော်သြမိရင် ငြိတယ်။ ငြိတဲ့အတွက် ငြိမ်းချမ်းရေး(NCA) စာချုပ်နဲ့ ပတ်သက်လို့ ဦးဝင်းထိန်က ဥပဒေကို မေးတယ်။ ဦးအောင်မင်းက မတရားအသင်း ပြစ်မှုနဲ့၊ ဥပဒေနဲ့ ကြည့်လို့ရှိရင် အောင်မင်းလည်း အပြစ်ရှိပါတယ်တဲ့။ ဒါပေမဲ့သမ္မတကြီး အမိန့်နဲ့ ကာထားတယ်တဲ့။ သူက အဲဒီလိုဖြစ်တယ် ဆိုရင်တော့ ကျန်တဲ့ မဲဆွယ်စည်းရုံးတဲ့ ကိုယ်စားလှယ်တွေကျတော့ သွားပြီးတော့ ပြောမိ၊ ဆိုမိ၊ ဆက်သွယ်မိတော့၊ အစည်းအဝေးတက်မိ၊ ငွေကြေးကောက်ခံမိ၊ ထည့်ဝင်မိ၊ လက်ခံမိရင် ပြဿနာတွေက ကိုယ့်ကိုယ်စားလှယ် အဖြုတ်မခံနိုင်ဘူး။ မဲဆွယ်စည်းရုံးရေးပဲလုပ်၊ မတရားအသင်းနဲ့ တစ်နည်းနည်းနဲ့ ပတ်သက် ဆက်ဆံလို့မရဘူး။

● ဒေါက်တာအေးမောင် (ဥက္ကဋ္ဌ၊ ရခိုင်အမျိုးသားပါတီ)

ဥပမာဗျာ၊ ဦးအောင်မင်းကို ပြောမယ်။ ၁၇ (၁) သည် မတရားအသင်းဥပဒေ။ ဆက်သွယ်လို့မရဘူး၊ ငြိတယ်။ ငြိတဲ့အခါမှာ အစိုးရ၀န်ကြီးဌာနက ၀န်ကြီးဖြစ်လို့ သမ္မတကြီးက ခွင့်ပြုချက်နဲ့ သမ္မတကြီးရဲ့ အထူးအမိန့်နဲ့ လွတ်ကင်း နိုင်တာပေါ့။ ကျွန်တော်တို့လိုကျတော့ မလွတ်ဘူး။ စကားပြောမိရင်၊ ဓာတ်ပုံတွဲရိုက်မိရင် ဆက်သွယ် သလို ဖြစ်သွားပြီ။ ၁၇ (၁) တို့ (၂)တို့ဆိုတာ ဆက်စပ်မှုအများကြီးဗျ။ ဦးအောင်မင်းဆို သူဝန်ကြီး။ ဒါပေမဲ့ ရက်ပေါင်း ၆၀ မနေ့က စပြီ။ ရက်ပေါင်း ၆၀ အတွင်းမှာ ၀န်ကြီးဆိုပေမယ့် ၀န်ကြီးတာဝန် အပြည့်အ၀ မရှိ တော့ဘူး။ ကျွန်တော်တို့လိုပဲ အမတ်လောင်းနေရာ ဖြစ်သွားပြီ။ သူ့ကို သမ္မတကြီးက သီးသန့် ခွင့်ပြုမိန့်ပေးလို့ မရတော့ဘူး။ သူငြိပြီလေ။ သူ့ကို အရေးစယူရမှာပေါ့။ သမ္မတကြီး ကိုယ်တိုင် ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ငြိတာပေါ့၊ သဘောပြောတာပါ။ အစိုးရအဖွဲ့ဟာ အစိုးရအဖွဲ့ မပီပြင်တော့ဘူးလေ ဒီကာလမှာ။ အကုန်လုံး ငြိတာပေါ့။ အဲဒီတော့ ရွေးကောက်ပွဲ ကော်မရှင် စဉ်းစားပေါ့ဗျာ။

● ဦးနိုင်ငွေသိန်း (ဥက္ကဋ္ဌ၊ မွန်အမျိုးသားပါတီ)

လုပ်ချင်သလို လုပ်နေကြတာပါ။ ဥပမာ ပြောပြမယ်နော်၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ သူတို့ ကိုယ်တိုင် ဖိတ်တယ်၊ သူတို့ကိုယ်တိုင် ဘယ်နေရာမှာ မွန်ပြည်နယ်မှာဆို ဘယ်သူ့ခေါ်တို့ ဘာတို့။ သူတို့ ကတော့ ဆက်ဆံပြီးတော့ နိုင်ငံရေး အမြတ်ရမယ်ဆိုပြီး ပြောခိုင်းတယ်၊ လုပ်ခိုင်းတယ်။ ကျန်တဲ့ပါတီတွေ ကျတော့ သူ့လူမျိုးနဲ့ သူ့ဘာသာ ဆက်ဆံတာကို အရေးယူ ဆောင်ရွက်တယ်ဆိုတော့ ဒါဟာ မဟုတ်တာ လျှောက်လုပ်နေတဲ့ အနေအထားကြီး ဖြစ်တယ်။ မလုပ်သင့်ပါဘူး။ ဒါ ကောင်း၏၊ မကောင်း၏ ဆိုတာ သာမန်လမ်းဘေးက လူတောင်တွက်လို့ရပါတယ်။ သူတို့အတွက် လုပ်ထားတဲ့ဟာပဲ။ သူတို့ကျတော့ တွေ့တယ်။ သမ္မတအမိန့်နဲ့ ဆက်ဆံလို့ရတယ်ဆိုတော့ ဒီသမ္မတက ဘာကောင်လဲ၊ သဘောပြောပြတာ။ သမ္မတအမိန့်နဲ့ ဆက်ဆံတဲ့ အတွက်ကြောင့်မို့လို့ အောင်မင်းတို့လိုမျိုး ဆက်ဆံတယ်၊ ဘာအပြစ်မှ မရှိဘူးတဲ့။ ကျန်တဲ့ သူတွေကျတော့ သူတို့ကဖိတ်တယ်၊ တစ်ခါတလေကျတော့ တွေ့ကြတယ်၊ ပြောကြတယ်၊ ဒီဟာပေါ့ဗျာ။ ဆက်ဆံမှုရှိရင်လည်း လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်သင့်ရင် လုပ်ကြတယ်။ ဒီလောက်အထိ ရန်ရှာဖို့၊ ရမယ်ရှာဖို့ မကောင်းပါဘူး။ ဒါဘာခေါ်လဲဆိုရင် မဲကျိတ် မဲကြံ လုပ်တယ်လို့ သဘောပေါက်တယ်။

● ဦးဇိုဇမ် (ဥက္ကဋ္ဌ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ)

ရွေးကောက်ပွဲကော်မရှင်ရဲ့၊ သူ့ရဲ့ တကယ့်အမှန်အကန် အလုပ်က ဘာလဲဆိုတော့ ပြည်သူတွေ ပေးထားတဲ့ မဲစာရင်းကို အမှန်အကန်လုပ်ဖို့ပဲ။ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေကို ခြိမ်းခြောက်တာတို့၊ အပြစ်ရှာတာတို့၊ အဲဒါတွေက သူ့အလုပ်မဟုတ်ဘူး။ အဲဒါ ပြည်ထဲရေးရဲ့ အလုပ်။ သူတို့က သူတို့အလုပ် သူတို့မလုပ်ဘဲနဲ့ ပြည်ထဲရေး အလုပ်ကို လုပ်နေတယ်လို့မြင်တယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်ကတော့ မစိုးရိမ်ဘူး။ ကျွန်တော် စိုးရိမ်နေတာက သူတို့အလုပ်သူတို့ မလုပ်ဘဲနဲ့ ပြည်သူပေးထားတဲ့မဲကို အမှန်အကန်အတိုင်း မဖော်ပြဘဲနဲ့ ပြင်ဆင်ထားတဲ့ မဲစာရင်းတွေကို ဖော်ပြမှာပဲ စိုးရိမ်တယ်။ ဒီဟာကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တယ် ဆိုရင်တော့ ရွေးကောက်ခံပြီးမှ မလုပ်သင့်ဘူးပေါ့။ တရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ဖို့ ပြည်ထဲရေး အနေနဲ့ စိတ်ကူးရှိတယ် ဆိုရင်တော့ ရွေးကောက်ခံပြီးမှ ဖြုတ်ချတယ်ဆိုတာ ဒါတရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ယူဆတယ်။

● ဗိုလ်မှူးကြီစောလွင် (တွဲဖက်အတွင်းရေးမှူး၊ ကယန်းပြည်သစ်ပါတီ)

အခုလို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်စဲရေးလက်မှတ် ထိုးမယ်လို့ အစိုးရက ပြောနေတဲ့အချိန်မှာ ဒီလို ၁၇ (၁)လို ဟာမျိုးတွေနဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတာကတော့ မသင့်တော်ဘူးပေါ့။ အထူးသဖြင့် ဒီလိုရွေးကောက်ပွဲ ကာလမှာတော့ ဦးအောင်မင်းတို့ဆိုရင် ပြည်ထောင်စု ၀န်ကြီးတွေ ဖြစ်တယ်၊ ဒါပေမဲ့သူက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ တွေ့တယ်။ ဒါပေမဲ့ NLD လိုဟာမျိုးကျတော့ တွေ့လို့ရှိရင် ၁၇ (၁) နဲ့ အရေးယူမယ်ဆိုတဲ့ ဟာမျိုးလုပ်ထားတာ ကတော့ လက်ရှိရွေးကောက်ပွဲ အနေအထားကို တရားမျှတမှုမရှိအောင် လုပ်ဆောင်တာပဲ ဖြစ်တယ်။ အစိုးရ အနေနဲ့ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်စဲချင်တဲ့ ဆန္ဒရှိတယ်၊ ရွေးကောက်ပွဲကိုလည်း တရားမျှတ စေချင်တယ် ဆိုလို့ရှိရင် ရွေးကောက်ပွဲ ဥပဒေမှာပါတဲ့ ပုဒ်မ ၁၇(၁)နဲ့ ပတ်သက်နေတဲ့ ကိစ္စမျိုးတွေကိုတော့ ဖြုတ်ပေးဖို့လိုတယ်။

● ပဒိုဒေးဗစ်သာကပေါ (မဟာမိတ်ဆက်ဆံရေးတာဝန်ခံ၊ ကရင်အမျိုးသားအစည်းအရုံး KNU )

ကျွန်တော်တို့ ငြိမ်းချမ်းရေး အတွက်လည်း ဆွေးနွေးနေကြပြီပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့။ ဆွေးနွေးတဲ့ အဖွဲ့အစည်း တွေကို အစိုးရအနေနဲ့က အသိအမှတ်ပြုတယ်၊ လက်ခံတယ်ဆိုတဲ့ အနေအထားမှာ ရှိတယ်။ အဲဒီတော့ ဒါက တမင်သက်သက် ကျွန်တော့် အမြင်ကတော့ သူတို့လိုတစ်မျိုး၊ မလိုတစ်မျိုး ပေါ်လစီပေါ့။ ဒီပေါ်လစီကို ဆက် ကျင့်သုံးတဲ့ သဘောပါပဲ။ ဒီလိုတွေ ဖြစ်နေတယ်။ ဒါလိုတစ်မျိုး၊ မလိုတစ်မျိုးလေ။ ဒါက တရားဥပဒေ၊ ဥပမာ ကျွန်တော်တို့ ငြိမ်းချမ်းရေး အစဉ်အလာပေါ့။ မကိုက်ညီဘူးလို့ မြင်တယ်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald



အပြောင်းအလဲအတွက် – အယ်ဒီတာ့အာဘော်

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလတော့ ရောက်ရှိ လာပြီဖြစ်သည်။ ယခုရွေးကောက်ပွဲ မှတစ်ဆင့် အပြောင်းအလဲ အချို့ ဖြစ်လာမည်ဟု အများစုက မျှော်လင့်ထားကြသည်။ မြန်မာပြည်သူ အပေါင်းတို့ မျှော်လင့်နေသော အရပ်သားစစ်စစ် အုပ်ချုပ်ရေးစနစ်ဆီသို့ တဖြည်းဖြည်း ဦးတည်သွားနိုင်မည့် အပြောင်းအလဲ ဟုတ်မဟုတ်တော့ မသေချာလှပေ။ သေချာတာတစ်ခုက ဒီမိုကရေစီ အင်အားစုများ အပြတ်အသတ် အနိုင်ရမှသာ အပြောင်းအလဲအချို့ကို မြင်ရနိုင်ဖွယ် ရှိသည်ဟူသော အချက်ဖြစ်သည်။ ထက်ဝက်ကျော်နိုင်ရုံမျှ နှင့် အပြောင်းအလဲကို မျှော်လင့်ရန် မဖြစ်နိုင်ဘဲ သုံးပုံနှစ်ပုံကျော် အောင်နိုင်မှသာ ဒီမိုကရေစီအင်အားစုများ အစိုးရဖွဲ့ခွင့်ရရှိ နိုင်ပေလိမ့်မည်။

ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲ၌ ဒီမိုကရေစီ အင်အားစုများအတွက် ဆန္ဒမဲများ လေလွင့်ဆုံးရှုံးမှု နည်းနိုင်သမျှ အနည်းဆုံးဖြစ်မှ တန်ကာကျလိမ့်မည်။ မဲစာရင်း မှားယွင်းမှုများ အပါအ၀င် အခြေအနေ အရပ်ရပ်ကြောင့် မဲဆန္ဒရှင် အရည်အချင်းနှင့် ပြည့်စုံပါသော်လည်း မဲပေးခွင့်ဆုံးရှုံးနေသည့် နိုင်ငံသားများစွာ ရှိနိုင်သည်။ မဲစာရင်းတွင် ပါဝင်ပြီး မဲပေးခွင့် ရရှိထားသော်ငြား လာရောက် မဲမပေးသူများလည်း ရှိနိုင်သည်။ အကြောင်း အမျိုးမျိုးကြောင့် မဲလာရောက် မပေးသူများ၏ မဲပြားများသည် မသမာသူများအတွက် အခွင့်အလမ်းဖြစ်သွား နိုင်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲတွင် သင်ခန်းစာရခဲ့ပြီးဖြစ်သည်။ သို့ဖြစ်၍ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင် အားလုံးလိုလို မဲလာပေးစေရေးမှာ ဒီမိုကရေစီ အင်အားစုများ၏ အောင်မြင်မှုအတွက် အခရာကျသော အချက်တစ်ချက်ဖြစ်သည်။ ရွေးကောက်ပွဲမှတစ်ဆင့် အပြောင်းအလဲ ဖြစ်ပေါ် လာစေရေးအတွက် ယင်းအချက်က အရေးကြီးသည်။

သို့အတွက် မဲဆန္ဒရှင်အားလုံး မဲလာပေးစေရန် တိုက်တွန်းနှိုးဆော်မှုများ၊ အသိပညာပေးမှုများကို ဒီမိုကရေစီ အပြောင်းအလဲ လိုလားသူတိုင်းက ၀ိုင်းဝန်းလုပ်ဆောင် ကြရမည်ဖြစ်သည်။ အနည်းဆုံး မိမိမိသားစုနှင့် မိမိအိမ်နီးချင်း မိတ်ဆွေများထဲတွင် မဲပေးခွင့်ရှိပါလျက် မဲမပေးဖြစ်သူများ မကျန်ရစ်လေအောင် နှိုးဆော် တိုက်တွန်းမှု ပြုသင့်သည်။ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်သော ဒီမိုကရေစီ အင်အားစုများ အနေနှင့် မဲဆန္ဒရှင်အားလုံး နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့တွင် မဲလာရောက် ပေးကြရေးကို ဦးစားပေး လှုံ့ဆော်၍ မဲဆွယ် စည်းရုံးရမည်ဖြစ်သည်။

နောက်တစ်ချက်မှာ မဲဆန္ဒရှင်များ ထောက်ခံရွေးချယ်သော ကိုယ်စားလှယ်လောင်းများ နစ်နာမှု မရှိစေရန်အတွက် မဲအားလုံး ခိုင်လုံမဲဖြစ်စေရေးဖြစ်သည်။ ယခင်ရွေးကောက်ပွဲများကဲ့သို့ မိမိမဲပေးလိုသော ကိုယ်စားလှယ်ကို အမှန်ခြစ်ပေးရခြင်း မဟုတ်ဘဲ တံဆိပ်တုံးနှိပ်၍ ဆန္ဒမဲပေးရခြင်းကြောင့် မဲဆန္ဒရှင်များ အတွက် အသစ်အဆန်း ဖြစ်နေပေလိမ့်မည်။ မည်သို့သော အကြောင်းများကြောင့် ပယ်မဲဖြစ်နိုင်သည်၊ ခိုင်လုံမဲ ဖြစ်စေရန် မည်သို့ မဲပေးရမည်တို့ကို မဲဆန္ဒရှင်အားလုံး ရှင်းလင်းသဲကွဲစွာ သိရှိရန် ၀ိုင်းဝန်း အသိပေးသင့်သည်။ ထို့ပြင် မဲရေတွက်သည့်အခါ သက်ဆိုင်ရာပါတီ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ အနေနှင့် ခိုင်လုံမဲများအား ပယ်မဲဖြစ်မသွားစေရေးအတွက် အထူးဂရုပြု စောင့်ကြည့်အပ်သည်။

အထူးသဖြင့် အာဏာသက်ဆိုးရှည်ရေး အတွက်ဆိုလျှင် မသမာသော နည်းလမ်းပေါင်းစုံ အသုံးပြုရန် ၀န်မလေးတတ်သော အုပ်စုများအတွက် အထောက်အပံ့ ဖြစ်သွားစေနိုင်သော အခြေအနေမျိုးကို မဖန်တီး မိစေရန် ဖြစ်သည်။ ၂၀၁၀ ကဲ့သို့ အာဏာနှင့် လုပ်ပိုင်ခွင့်တို့ကို အသုံးချ၍ မသမာသော နည်းလမ်းစုံဖြင့် ရွေးကောက်ပွဲ၌ အနိုင်ရရှိရေး ပြုလုပ်လာမည် ကို အထူးသတိပြုအပ်သည်။ ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရန် ရေပန်းစားသော ဒီမိုကရေစီ အင်အားစုများအား မတရားသော ဥပဒေများ လက်ကိုင်ပြု၍ အာဏာ၊ လုပ်ပိုင်ခွင့် အားကိုးဖြင့် အမှည့်ခြွေ,ခြွေမည့် အရေးကိုလည်း စိုးရိမ်ရသည်။ ရွေးကောက်ပွဲလွန် ကာလ အပြောင်း အလဲအတွက် ရွေးကောက်ပွဲဝင် ဒီမိုကရေစီ အင်အားစုများ အပြတ်အသတ် အနိုင်ရရှိရေး မျှော်လင့်ချက် အကောင်အထည် ပေါ်လာစေရန် ဒီမိုကရေစီ လိုလားသူအားလုံး အထူးအလေးထား ၀ိုင်းဝန်းကြရမည့် အချိန်အခါ ဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။

အယ်ဒီတာ

၉-၉-၂၀၁၅

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

kia-soliders-620.jpg လုံခြုံရေးယူထားသည့် KIA စစ်သားတချို့ကို တွေ့မြင်ရစဉ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လာမယ့်အောက်တိုဘာလ ပထမပတ်အတွင်း အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးကြဖို့ ကမ်းလှမ်းချက်ကို ဝမ်းသာပေမယ့် KIO ကချင်လွတ်မြောက်ရေးအဖွဲ့အနေနဲ့ လက်မှတ်ရေးထိုးဖို့ အဆင် သင့်မဖြစ်သေးကြောင်း KIO ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီးအင်ဘန်လက ရန်ကုန်မြို့စမ်းချောင်းမြို့နယ်က ကချင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ မနေ့ညက ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

"သမ္မတက သတ်မှတ်တဲ့ အောက်တိုဘာလ ပထမပတ်အတွင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ကမ်းလှမ်းချက်ဟာ KIO အဖွဲ့အတွက် မဖြစ်နိုင်သေးကြောင်း၊ သမ္မတရဲ့ ကမ်းလှမ်းချက်ကို ဝမ်းသာကြောင်းနဲ့ လက်မခံတာမဟုတ်ပဲ လက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်သေးတာသာဖြစ်တယ်ဆိုတာ ကချင်တိုင်းရင်း သားတွေကို သိထားစေလိုကြောင်း” ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။

တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ဆိုတာနဲ့ပတ်သက်ပြီး လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လေ့လာဖို့ လိုအပ်သလို ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တိုင်း တစ်ဘက်က တပ်မတော်က ရှမ်း၊ ကချင်၊ ပလောင်ဒေသတွေမှာ ထိုးစစ်ဆင်နေတယ်လို့လည်း ပြောပါတယ်။ ကေအိုင်အိုဟာ ငြိမ်းချမ်းရေးမလိုချင်ဘူး၊ ခေါင်းမာတယ်ဆိုပြီး ပုတ်ခတ်ပြောဆိုနေတာတွေလည်းရှိတယ်လို့ သူ့အနေနဲ့ သိရှိရကြောင်းလည်း ပြောပါတယ်။

ကေအိုင်အိုဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေးဆိုတဲ့ မူကိုလက်ကိုင်ထားဆဲဖြစ်သလို အစိုးရနဲ့တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေနဲ့လည်း ဆွေးနွေးတိုင်ပင်ရဦးမယ်လို့လည်း ပြောပါတယ်။ သမ္မတပြောတာကို လက်ခံပေမယ့် ကမ်းလှမ်းထားတဲ့ရက်မှာ လက်မှတ်မထိုးနိုင်သေးတာဖြစ်ကြောင်းလည်း ပြောပါတယ်။

RFA
http://www.rfa.org/burmese/news/kio-not-ready-sign-09122015102011.html

 democarcy-human-rights-party-620.JPG ၂ဝ၁၄ ခုနှစ် အောက်တိုဘာလကပြုလုပ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ သတင်းစာရှင်းလင်းပွဲမှာ ပါတီဥက္ကဋ္ဌ ဦးကျော်မင်း ကို တွေ့ရစဉ်

ဒီမိုကရေစီနဲ့လူ့အခွင့်အရေးပါတီက ကိုယ်စားလှယ်လောင်း ၁၇ ဦးကို တိုင်းနဲ့ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံပယ်ချခံရတာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ စာပေးပို့တင်ပြ သွားမယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ပြောပါတယ်။

ကိုယ်စားလှယ်လောင်း အမည်စာရင်း ၁၈ ယောက်တင်သွင်းရာမှာ ၁၇ ယောက် ပယ်ချခံရတဲ့အတွက် ပြန်လည် သုံးသပ်ပေးဖို့ ကော်မရှင်ကို တင်ပြမှာဖြစ်တယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ဥက္ကဌ ဦးကျော်မင်း က ပြောပါတယ်။

"ကျနော်တို့ဟာ အဆိုပြုလွှာတင်တဲ့အထဲမှာ ၂ဝ၁ဝ ထဲမှာ အရွေးချယ်ခံခဲ့တဲ့ ပုဂ္ဂိုလ်တချို့လည်း ပါပါတယ် အရွေးခံခွင့်ရခဲ့တယ်၊ အခုကျတော့ မရဘူးဖြစ်နေတယ်၊ အဲ့ဒီတော့ ကော်မရှင်ဥပဒေကို ကော်မရှင်အနေနဲ့ အဓိပ္ပါယ်ဖွင့်ဆိုတာ တစ်ချိန်နဲ့တစ်ချိန်က မတူဘူးဖြစ်နေတယ်၊ အဲ့ဒါကိုပြန်လည် သုံးသပ်ပေးဖို့ ကျနော်တို့ စဉ်းစားကြည့်တာပေါ့၊ ဘာများဆက်လုပ်ဖို့ရှိလဲဆိုတော့ ဗဟိုကပယ်ရင်တော့ အရွေးမခံပဲနေရမှာပဲ၊ ကျနော်တို့ဝင်ပြိုင်တဲ့နေရာ တစ်နေရာပဲရှိတော့မယ်"

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဒီမိုကရေစီနဲ့လူ့အခွင့် အရေးပါတီက ရခိုင်ပြည် နယ်မှာ ကိုယ်စားလှယ်လောင်း ၁၁ ဦးနဲ့ ရန်ကုန်တိုင်းမှာ ၇ ဦး အမည်စာရင်း တင်သွင်းခဲ့ရာမှာ ၁၇ ဦး ပယ်ချခံခဲ့ ရတာ ဖြစ်ပါတယ်။

ပယ်ချခံရတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မိဘနှစ်ပါးက နိုင်ငံသားမဖြစ်သေးလို့ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ပယ်ခံရတာများတယ်လို့ သိရပါတယ်။ အဲ့ဒီပယ်ချခံရသူတွေဟာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီဝင် အများစုဟာ အစ္စလမ်ဘာသာဝင် အများစုဖြစ်ပါတယ်။

အဲ့ဒီကိုယ်စားလှယ်လောင်းတွေဟာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကနေ ပယ်ချခံရတဲ့အတွက် တိုင်းနဲ့ပြည်နယ် ကော်မရှင်တွေမှာ အယူခံဝင်ခဲ့ပေမယ့် ထပ်မံပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/candidates-debar-09122015070758.html


 အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်တဲ့ လက်ပံတန်းကျောင်းသား သပိတ်စခန်းကို ဖြိုခွင်းရာမှာ အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်တွေ အဆင့်ဆင့်ကို မလိုက်နာဘဲ ကျော်လွန်ပြီး ဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ လူ့အခွင့်အရေးကော်မရှင်က သူတို့လေ့လာတွေ့ရှိချက်၊ မေးမြန်းချက်တွေကို အခြေခံပြီး ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူပေးဖို့ တိုက်တွန်းရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အဖွဲ့ဝင် ဒေါက်တာဥာဏ်ဇော်က ပြောပါတယ်။

"အဓိကရုဏ်းဖြစ်တဲ့အချိန်မှာ ရိုက်နှက်တာတို့ EU နည်းနဲ့ တဆင့်ပြီးတဆင့် အဓိကရုဏ်းနှိမ်နင်းမှု မရှိဘူးပေါ့နော်၊ အဆင့်အတိုင်း မသွားတဲ့အတွက်ကြောင့် သူတို့မှာအပေါ်ကကွပ်ကဲတဲ့လူမှာလည်း တာဝန်ရှိတယ်၊ အောက်က အမိန့်မနာခံတဲ့လူတွေမှာလည်း တာဝန်ရှိတယ်ဆိုတော့ ကျနော်တို့က သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကို ရဲတပ်ဖွဲ့ဝင်တွေကို ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူဖို့ပြောကြားခြင်းဖြစ်တယ်၊ နောက်ပြီးတော့ ဖြစ်စဉ်မှာပါဝင်ပြီးတော့ အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်ပြီးတော့ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်တဲ့လူတွေကို ဖော်ထုတ်အရေးယူဖို့ ကျတေန်ာတို့ တိုက်တွန်းခြင်းဖြစ်ပါတယ်"

ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်တွေကို ရေသန့်ဗူးနဲ့ စတင်ပစ်ခဲ့သူတွေ၊ ရဲတပ်ဖွဲ့တွေရဲ့ ယာယီတဲတွေနဲ့ အတားအဆီးတွေ ကို ဖျက်ဆီးသူတွေ၊ တုတ်၊ ခဲတွေနဲ့ ပစ်ပေါက်သူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူသင့်တယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ရတနာပုံတက္ကသိုလ်က ကျောင်းသား ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဥာဏ်လင်းထက်နဲ့ ကိုဂျစ်တူးတို့ဟာ ကျောင်းတက်နေဆဲ ကျောင်းသားတွေဖြစ်တဲ့အတွက် စာမေးပွဲဖြေဖို့ အာမခံပေးဖို့ကိုလည်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သီးသန့်ကြေညာချက် ထုတ်ပြန်တိုက်တွန်းထားပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


 မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေကို မဲပေးမယ့်အစား အစိုးရဖွဲ့နိုင်တဲ့ ပါတီကိုသာ မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီကနေ့ ကယားပြည်နယ် ရှားတောမြို့က ကေ့ထျိုးဘိုးကွင်းပြင်မှာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေဆိုတာ အစိုးရမဖွဲ့နိုင်ကြောင်းနဲ့ ပါတီတွေကသာ အစိုးရဖွဲ့နိုင်တဲ့အတွက် ပါတီတွေကိုသာ မဲပေးကြဖို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

"တကယ်ဆိုလို့ရှိရင် ကျမမေးလိုက်မယ် ပရိသတ်ထဲမှာ ဗမာစကားတက်တဲ့သူကများလား၊ ဒီလိုဆိုလို့ရှိရင် ကျမ ဗမာလိုပဲပြောတာ နည်းနည်းအဆင်ပြေမယ်ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဘာသာပြန်နေလို့ရှိရင် အချိန်လည်းပိုယူရမယ်၊ မဲထည့်တဲ့အခါကျရင် ကိုယ်စားလှယ်တစ်ယောက်ကို မဲထည့်တာထက် ပါတီတစ်ခုကိုမဲထည့်တာပဲ ဖြစ်ပါတယ်၊ အခုဆိုလို့ရှိရင် တချို့တွေက တသီးပုဂ္ဂလအနေနဲ့ ဝင်ရွေးကြပါတယ်၊ တသီးပုဂ္ဂလဆိုတာ အစိုးရဖွဲ့လို့မရပါဘူး၊ တသီးပုဂ္ဂလတွေဆိုတာဟာ အစိုးရဖွဲ့လို့မရတာကြောင့်မို့လို့ တသီးပုဂ္ဂလတွေအတွက် မဲပေးမယ့်အစား အစိုးရဖွဲ့မယ့် ပါတီတွေကိုပဲ မဲပေးစေချင်ပါတယ်၊ ဒါမှကိုယ့်ရဲ့မဲတွေဟာ တန်ဖိုးရှိမှာပါ"

လက်ရှိ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဟာ အမျိုးသားလွတ်တော်အတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ရှားတောမြို့နယ် မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းဟာ ဘောလခဲမြို့နယ်မဲဆန္ဒနယ်ကနေ အမျိုးသားလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ရှားတောမြို့နယ် မဲဆန္ဒဟာ မဲပေးနိုင်တဲ့လူ ဦးရေ လေးထောင်နီးပါးသာ ရှိပါတယ်။ ကယားပြည်နယ်က မဲဆန္ဒနယ်မြေတွေဟာ လူဦးရေနည်းတဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်ချင်သူတွေ များနေတာ ဖြစ်ကြောင်းလည်း မနေ့က ဖါးဆောင်းမြို့က ဟောပြောပွဲမှာ ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ရွေးကောက်ပွဲဝင်မယ့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၉ ဘော်လခဲမြို့နယ်မှာဆိုရင် ရပ်ကွက် ၂ ခု နဲ့ ကျေးရွာအုပ်စု ၅ ခု သာ ပါဝင်ပါတယ်။

ကယားပြည်နယ်မှာ မြို့နယ် ၇ ခုရှိပြီး လူဦးရေ ၂ သိန်း ၇ သောင်းကျော်ရှိရာ မဲပေးခွင့်ရှိသူ ၁ သိန်းခွဲကျော် ရှိတယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကယားပြည်နယ်ခရီးစဉ်ကို စက်တင်ဘာလ ၁ဝ ရက်နေ့က စတင်ပြီး ၁၂ ရက် နေ့ထိ ၃ ရက်ကြာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


 အရင်ရွေးကောက်ပွဲတွေတုန်းက မဲပေးနည်းဟာ အမှန်ခြစ်တာဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ တံဆိပ်တုံးနဲ့ နှိပ်ရမှာဖြစ်တဲ့အတွက် မဲပေးနည်းကို ပြည်သူတွေနားလည်စေဖို့ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ဘယ်လိုမဲပေးရမယ်ဆိုတာကို ရှင်းပြထားတဲ့ လက်ကမ်းစာစောင်တွေ ဝေငှခဲ့ပါတယ်။

မဲပေးပုံအသစ်ဖြစ်လာတဲ့အတွက် အများသိအောင် ပြုလုပ်ရတာကို ဖြူးမြို့နယ် အင်န်အယ်လ်ဒီအဖွဲ့ဝင် မစုစုတင်က ပြောပါတယ်။

"ဒီစတေကာလှုပ်ရှားမှုရဲ့ အမှန်တကယ်ရည်ရွယ်ချက်ကတော့ ဘာလဲဆိုတော့ အခုကျမတို့ တချို့တွေဟာ ရွေးကောက်ပွဲ မဲထည့်ရတဲ့ဥစ္စာကို ကြုံတာတွေရှိတယ်လေ၊ ဒီဘက်ရွေးကောက်ပွဲကို မမီခဲ့တဲ့လူတွေရှိတယ်၊ အသက် ၁၈ နှစ် အရင်ကမပြည့်ခဲ့တာ၊ အဲ့တာတွေဟာ ဒီစတေကာလှုပ်ရှားမှုကြောင့် ကျမတို့ဟာ ဒီအဖွဲ့ချုပ် ဒီအကွက်မှာ ပေးလို့ရတယ်ပေါ့နော်၊ ဒီတံဆိပ်လေးနဲ့ဆိုတော့ အရင်တုန်းကကျတော့ ကျမတို့က ဘောပင်လေးနဲ့ပဲခြစ်ရတဲ့ဥစ္စာ၊ ဒီဥစ္စာကို တံဆိပ်တုံးလေးထုရတယ်ဆိုတဲ့ အနေအထားကိုလည်း သိစေချင်တယ်၊ နောက်ပြီးတော့ ဒါကျမတို့ရဲ့ စည်းရုံးရေးလည်းတစ်မျိုးပေါ့နော်၊ အမေစုပုံတွေ ပါတဲ့အတွက်ကြောင့်မို့လို့"

ဖြူးမြို့မှာ လက်ရှိပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမှာဖြစ်သလို ဒီကနေ့ ဒုတိယနေ့အဖြစ် ဆက်လက် မဲဆွယ်စည်းရုံးနေပါတယ်။

သူရဦးရွှေမန်းက သူဟာ ဖြူးမြို့နယ်ကို ဂုဏ်ပြုလိုတဲ့အတွက် လက်ရှိပြည်သူ့လွှတ်တော် ဥက္ကဌ ၊ ပြည်ထောင်စုလွှတ်တော် နာယက အဖြစ်တာဝန်ထမ်းဆောင်နေတာဖြစ်ကြောင်း ဒီနေ့ မဲဆွယ်ရာမှာ ပြောခဲ့ပါတယ်။

ဖြူးမြို့နယ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် နေရာတွေအတွက် ကိုယ်စားလှယ်လောင်း ၂ဝ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


 သူပြောတာကတော့ သူဟာ ကြက်ခြေနီ ၀န်ထမ်း တဦးပါတဲ့။ နေထိုင်ပုံကတော့ ခမ်းခမ်းနားနား ဇိမ်ခံ ပစ္စည်းတွေနဲ့နေပြီး တကယ်လုပ်တာ ကတော့ ကြေးစား အငှားမယား အလုပ်။ ဒါပေမဲ့ တရုတ်ပြည် က အပျံစားအမျိုးသမီးလေး ကော့မေမေ အဖမ်းခံရတော့ တရားမ၀င် ကာစီနိုလောင်းကစားဝိုင်း လုပ်လို့ပါတဲ့။ ဒီအမှုနဲ့ တရုတ်ခရိုင် တရားရုံးတခုက ထောင်ဒဏ် ငါးနှစ်ချလိုက်တယ်။


ကော့မေမေဟာ ပေကျင်းမြို့က ပုဂ္ဂလိကတိုက်ခန်းတခုမှာ လောင်းကြေးငွေ ယွမ်သုံးသန်းလောက်ရှိတဲ့ ကာစီနို လောင်းကစားဝိုင်းကို တရားမ၀င်ဖွင့်ခဲ့တယ်။ သူမရဲ့ဆိုရှယ်မီဒီယာမှာတော့ Maserati, Lamborghini စတဲ့ ဇိမ်ခံကားကြီးတွေစီးပြီး ဘီကီနီဝတ်စုံနဲ့ မြူးကြွနေပုံတွေ တင်ခဲ့တယ်။ သူကပြောတော့ ဒီကားတွေဟာ သူမရဲ့ အလုပ်အကိုင်ဖြစ်တဲ့ ကြက်ခြေနီအဖွဲ့ စီနီယာမန်နေဂျာတယောက်အဖြစ် ရထားတာပါလို့ ပြောတယ်။ ဒီလိုပြော ခဲ့လို့ လူတွေက ဒေါသထွက်ခဲ့ကြတယ်။ ပြည်သူတွေလှူဒါန်းထားတဲ့ငွေကို ကြက်ခြေနီအဖွဲ့က အလွဲသုံးစား လုပ်နေသလားလို့ မေးခဲ့ကြတယ်။


ဒါပေမဲ့ နောက်ပိုင်း လောင်းကစားဝိုင်းအမှုနဲ့ ဖမ်းဆီးခံရပြီးတဲ့နောက် သူမဟာ ကြက်ခြေနီဝန်ထမ်းပါလို့ဆိုတဲ့ ပြောကြားချက်ကို ပြန်ပြီးရုပ်သိမ်းခဲ့ပါတယ်။ တကယ်တော့ မစ္စကော့မေမေ တညကို ပေါင်စတာလင် ၃၀၀၀၀ ပေးနိုင်မှ ပျော်ပါးလို့ရတဲ့ အထက်တန်းစား အပျော်မယ်တဦးဖြစ်ပါတယ်။ တရုတ်ပြည်က ရေပေါ်စီလူချမ်းသာ တွေအတွက် ပျော်တော်ဆက်ပေးနေသူပါ။ သို့သော်လည်း ကော့မေမေရဲ့ပြောကြားခဲ့မှုကြောင့် တရုတ်ကြက် ခြေနီအဖွဲ့နာမည်ပျက်ပြီး ရန်ပုံငွေထိခိုက်သွားတယ်။ ဒါကြောင့် ကော့မေမေက ထောင်ကျဝတ်စုံနဲ့ အစိုးရ ရုပ်မြင်သံကြားကနေပြီး ၀န်ချတောင်းပန်တဲ့ ကြေညာချက်ထုတ်ပေးခဲ့ရတယ်။

လောင်းကစားမှုဟာ တရုတ်ပြည်မကြီးမှာတော့ တရားမ၀င်ဥပဒေနဲ့ဆန့်ကျင်မှုလို့ သတ်မှတ်ထားပေမယ့် ဟောင်ကောင်နဲ့ မကာအိုကျွန်းမှာတော့ လောင်းကစားဝိုင်းတွေဖွင့်ခွင့်ပြုထားပါတယ်။

ထွဋ်ဝင်းထွဋ်
Mail Online
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal