09/16/15


 16September 2015

 ယနေ့ မနက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြိတ် နေရာအနှံတွင် ရေကြီးမှု နှင့်အတူ ကျွဲကူးမှာမြေပြိုမှုဖြစ်ပွား နေကြောင်း သိရပြီး မြိတ် ကျွဲကူး ကားလမ်း ရေကျော်မှု ဖြစ်ခဲ့ကြောင်း သိရပါသည်။

မိုးရေချိန် သုံးလက်မနှင့် အထက်ရှိနိုင်သည်ဟု ခန့် မှန်းတွက်ချက် ကြေငြာ မှုများ ထွက်ပေါ်လာပြီးနောက်
မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပါရမီ ပေ၆၀ လမ်းမကြီးနှင့် ဘုရားကိုင်ချောင်း နှင့် စက်ဆပ်လျက်ရှိသော နေအိမ်တချို့ အောက်ခြေသို့ ရေဝင်ခဲ့သည်။


ယခုအခါ ပါရမီ လမ်းမကြီးသည် ဆက်လက်၍ ရေနစ်မြုပ်ဆဲဖြစ်ပြီး ပါရမီ စာသင်ကျောင်း မှ ကျောင်းသားများ ကျောင်းဆင်းချိန်တွင် အခက်တွေ့ ခဲ့သည်။

ပါရမီပေ၆၀ လမ်းမကြီးသည် ဘုရားကိုင်ရပ် မြို့ သစ်ရပ် ခရူတောရပ် ကန်ဘောင်ရိုးရပ် ကြောင်ငယ် ရပ် တို့ နှင့်ဆက်သွယ်ထားသည့် အဓိကလမ်းမကြီး တစ်ခုဖြစ်သည်။

january kopwar
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW


 ယခုအခါ မီဒီယာများ သတင်း ဆက်သွယ်ရေး လုပ်ငန်းအားလုံးသို့ စာနယ်ဇင်းကောင်စီ(ယာယီ)ရုံးမှ ကိုယ်စား လှယ်လောင်း ရွေးချယ်ရန် စာပို့ထားသည်ကို တွေ့ရှိရပါသည်။ သတင်းမီဒီယာ ကောင်စီ ရွေးချယ်တင်မြှောက် ရေးအတွက် ကိုယ်စားလှယ်လောင်း အဆိုပြုလွှာများလည်း ပေးပို့ပါသည်။

''သတင်းမီဒီယာကောင်စီဝင်လောင်း အဆိုပြုရန် ဖိတ်ခေါ်ခြင်း''ဟု ပါရှိပါသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖြစ်မှ ''သတင်းမီဒီယာကောင်စီ''အဖြစ် အများဆန္ဒဖြင့် ရွေးကောက် ပွဲကျင်းပပြီး အသစ်ပြင်ဆင်ဖွဲ့စည်းမည်ဟု ပါရှိပါသည်။
ယခင်ခေတ်ကတည်းက စာရေးဆရာသမဂ္ဂဆိုသည်ရှိခဲ့ပါသည်။ စာရေးဆရာသမဂ္ဂတွင် စာပေရေးရာများ ဆွေးနွေးကြသည်။ စာရေးဆရာတိုင်း စိတ်ဝင်စားကြသည်။ အားလုံးလိုလို ပါဝင်ခဲ့ကြသည်။ ပြင်ပပြည်သူများ လည်း စိတ်ဝင်စားခဲ့ကြသည်။ စာရေးဆရာသမဂ္ဂကပဲ ''နတ်သျှင်နောင်''လို ပြဇာတ်ကို တင်ဆက်သွားရာ အလွန်အောင်မြင်ခဲ့သည်။ နွေနှောင်းဝဿန်သီချင်းမှာလည်း ထိုပြဇာတ်နှင့်အတူ ပြည်သူတွေကြားမှာ ထင်ရှား အောင်မြင်ပြီး ယနေ့တိုင်စွဲလမ်းစရာကျန်ခဲ့ပါသည်။

ထိုစဉ်ကတော့ သမဂ္ဂဆိုတော့ ယခုသမဂ္ဂကို လက်ဝဲစာလုံးဆိုပြီး ဗိုလ်ချုပ်နေ၀င်း စစ်အစိုးရလက်ထက်က ပင်'ကောင်စီ'ဟု ပြောင်းခေါ်သည်။ သမဂ္ဂမှာတကယ်တော့ လက်ဝဲရယ်၊ လကျာ်ရယ်မဟုတ်၊ ပါဠိစကားလုံး၊ အိန္ဒိယဘာသာစကားဖြစ်သည်။ ယခုထိပင် ရန်ကုန်မြို့မှာ အရိယာဆမာ့ဂ်ျဟုရှိပါသည်။ အရိယာသမဂ္ဂ-ဟိန္ဒူ လူမျိုးတို့၏ အဖွဲ့အစည်းတခုဖြစ်သည်။ ဤသည်ကိုထားပါတော့ သမဂ္ဂပဲဖြစ်ဖြစ်၊ ကောင်စီပဲဖြစ်ဖြစ် အဖွဲ့ အစည်း၊ အသင်းအပင်း၊ အစုအဝေးကို ဆိုလိုပါသည်။
ယခုအခါ အစိုးရကဖွဲ့သော ''စာနယ်ဇင်းကောင်စီ(ယာယီ)''ဆိုသည်ကို စာပေသမားသတင်းနှင့် စာနယ်ဇင်း သမားများက စိတ်မ၀င်စားကြပါ။ အများနှင့်မသက်ဆိုင်သလို၊ စာပေသမား၊ သတင်းသမားများ၏ အခွင့်အရေး ကိုလည်း လုံးဝမကာကွယ်နိုင်ကြပါ။ ဒီကြားထဲ အစိုးရကပေးသော ငွေကျပ်သိန်း ၅၀၀ ကို လက်ခံယူသည့်အခါ အနှောင်အဖွဲ့ကင်းလွတ်သော အသင်းအဖွဲ့တခုမဟုတ်တော့သည်ကို အများပြည်သူက ပို၍ထင်ထင်ရှားရှား သိရှိသွားကြသည်။ ထို့ကြောင့် ထိုစာနယ်ဇင်းကောင်စီ(ယာယီ)သည် အလွန်ကျဉ်းမြောင်းသော အဖွဲ့အစည်း ဖြစ်သည်။
စာနယ်ဇင်းသမားများ၏အခွင့်အရေးအတွက် တိုက်ပွဲဝင်တောင်းဆိုခြင်းထက် အစိုးရအလိုကျလိုက် လျောလုပ်ဆောင်မည့်အသင်းအဖွဲ့တခုအဖြစ်သာ အများက လက်ခံထားလိုက်ကြတော့သည်။

တကယ်တော့ ဒီမိုကရေစီနိုင်ငံတခုဆိုပါလျှင် လွတ်လပ်သော အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ရှိရပါမည်။ တောင်သူ လယ်သမားသမဂ္ဂ သို့မဟုတ် အဖွဲ့အစည်း၊ အလုပ်သမားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂစသည်တို့ကို ဖွဲ့စည်း၍ ၎င်းတို့၏လိုအပ်ချက်၊ နစ်နာချက်တို့ကို တောင်းဆိုပေးရပါမည်။ ပြဿနာတစုံတရာဖြစ်လျှင်လည်း တရား ဥပဒေနည်းလမ်းကျကျသာ ဖြေရှင်းပေးရပါမည်။ ယခုအခါ သတင်းသမားများကို ဖမ်းဆီးထောင်ချ နှိပ်ကွပ်မှု၊ အရေးအသားများကအစ အစိုးရမကြိုက်လျှင် နိုင်ငံတော် အကြည်ညိုပျက်စေမှုဟု စွပ်စွဲကာ မည်သည့်ဥပဒေ၏ ကာကွယ်မှုမရဘဲ နှိပ်ကွပ်ခံရပါတော့သည်။

ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးတင့်ဆွေက ''ပရက်စ်ကောင်စီဖွဲ့စည်းမှုကလည်း ဥပဒေမှာပါတဲ့ အတိုင်းပါပဲ''ပရက်စ် ကောင်စီကို ပြန်လည်ဖွဲ့စည်းဖို့အတွက် ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းတယ်။ ကျွန်တော်တို့ ဆီကတော့ ဒုတိယညွှန်ကြားရေးမှူးချုပ်တဦးပါပါတယ်''ဟု ပြောကြားသည်ကို ၉-၉-၂၀၁၅ နေ့ထုတ် စံတော်ချိန် သတင်းစာမှာ ဖတ်လိုက်ရပါသည်။

သူဆိုလိုသည့်ပရက်စ်ကောင်စီကို ဥပဒေအတိုင်းဖွဲ့သည်ဆိုရာမှာ အစိုးရဥပဒေဟုဆိုလိုခြင်း ဖြစ်သည်။ ရွေး ချယ်ရေးအဖွဲ့ကို ဖွဲ့စည်းတယ်ဟုဆိုကတည်းက ထိုရွေးချယ်ရေးအဖွဲ့ကိုရော ဘယ်လိုဖွဲ့စည်းခဲ့ပါသလဲ။ စာနယ်ဇင်းဆရာအများက အသိအမှတ်ပြုရွေးချယ်သည့် ရွေးချယ်ရေးအဖွဲ့လောဆိုသည်မှာ မေးစရာဖြစ်လာပါ သည်။

ရွေးချယ်ရေးအဖွဲ့အနေနှင့် ဥပဒေမှာပါတဲ့အတိုင်း ကော်မရှင်နှင့် ညှိနှိုင်းပြန်ကြားရေးဌာနကို တင်ပြသည်။ ထိုအတိုင်း လုပ်ပေးလိုက်သည်။ ပြန်ကြားရေးအနေဖြင့် ၀င်ရောက်စွက်ဖက်ခြင်းမရှိပါဟုဆိုပါသည်။ အစိုးရ လက်အောက်ခံအဖွဲ့အစည်းဖြစ်၍ ပြန်ကြားရေးဌာနက ဘာမျှပြောစရာလိုသည်မှာ သဘာဝကျပါသည်။ သို့သော် အများကြိုက် အများလက်ခံမည့်စာနယ်ဇင်းအဖွဲ့တခုဖြစ်ဖို့ရာမှာ ရွေးချယ်ရေးအဖွဲ့ ဖွဲ့ခြင်းကိုက စာနယ်ဇင်းဆရာအများအပြားနှင့် တိုင်ပင်ညှိနှိုင်းရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၏ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ခေါ်) ဖိုးသောကြာ (ခေတ်+မိုး) ဆိုသည့် စာနယ်ဇင်းဆရာကြီးကလည်း ''၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာဥပဒေ ပေါ်ထွက်လာတာဖြစ်တဲ့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေလိုပဲ သတင်းလွတ် လပ်ခွင့်ရှိတယ်။ ဒါလေးကိုတော့ သတိထားစေချင်တယ်''ဟု ဆိုပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုက ဘယ်လိုသဘောထားသလဲဆိုသည်ကို ဖိုးသောကြာ (ခေတ်+မိုး)ရှင်းရှင်းလင်းလင်း သဘောပေါက်ရန်လိုအပ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေလိုပဲ သတင်းလွတ် လပ်ခွင့်ရှိတယ်ဆိုသော ဆရာကြီးဖိုးသောကြာ (ခေတ်+မိုး)၏ မှတ်ချက်မှာ အငြင်းပွားဖွယ်ဖြစ်ပါသည်။

''သတင်းမီဒီယာကောင်စီရွေးချယ်တင်မြှောက်ရေးအဖွဲ့''ထံ ကိုယ်စားလှယ်လောင်းအတွက် အမည်စာရင်းတင် သွင်းကြရန် စာများကို ဂျာနယ်တိုက်နှင့် မီဒီယာသမားများထံ စာများပေးပို့ထားပါသည်။ အဆိုပြုလွှာပုံစံများကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ရုံးခန်းသို့ ပေးပို့ကြရန် ဖြစ်ပါသည်။

ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်နှင့် စည်းမျဉ်းစည်းကမ်းများကအစ သူတို့ဘာသာ ရေးဆွဲ သတ်မှတ်ပြီးသား ဖြစ်နေပါသည်။

အမှန်တကယ်သတင်းသမားများကို ဦးဆောင်နိုင်မည့် အကာအကွယ်ပေးမည့် သတင်းသမားများ၏ အားကိုးရာ နှောင်ကြိုးမဲ့အဖွဲ့အစည်းတခု ဖွဲ့စည်းမည်ဆိုပါလျှင် သတင်းသမားစာနယ်ဇင်းသမားများပါဝင်မည့် ညီလာခံ တရပ်ခေါ်ယူရန် လိုပါသည်။ ထိုညီလာခံကသာ လိုအပ်သော ရွေးချယ်မှု၊ စည်းမျဉ်းစည်းကမ်းရေးဆွဲမှု စသည် တို့ကို ပြုလုပ်ပါလျှင် တကယ်ဒီမိုကရေစီနည်းကျသော ရွေးချယ်မှုတခု ဖြစ်လာမည်။ နတ်လူသာဓုခေါ်မည့် စာနယ်ဇင်းကောင်စီ သို့မဟုတ် သတင်းမီဒီယာကောင်စီတခု ပေါ်ပေါက်လာမည်ဟု ထင်မြင်မိပါကြောင်း။

တင်တင်ဦး
https://www.facebook.com/NewsWatchJournal

 မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်က ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံကို တွေ့ရစဉ်။ Photo: RFA
 မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်က ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံမှာ အလုပ်သမား ၈၀၀ နီးပါးက အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိရေးအတွက် မနေ့က စက်ရုံထဲမှာ အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမားတွေကို နေ့တစ်ဝက်ခွင့် ယူခွင့်မပေးတဲ့အတွက် မကျေနပ်လို့ ဆန္ဒပြတာလို့ စက်ရုံတွင်းမှာ ဆန္ဒပြနေတဲ့ အလုပ်သမ မဇာခြည်က ပြောပါတယ်။

"အမတို့စက်ရုံမှာ ရှောင်တခင်ခွင့်တစ်ပိုင်းမရဘူးပေါ့ တစ်ရက်လုံးယူရင်ရမယ်ပေါ့ အလုပ်သမားက အလုပ်ထဲကိုလာတဲ့အခါ ဝင်မခံဘူးဆိုပြီး အလုပ်ရှင်ကတားမြစ်တာ၊ အဝင်မခံဘူးဆိုရင်တော့ အဝင်မခံတဲ့ အကြောင်း အော်ဒါထုတ်ပြီး လက်မှတ်ထိုးပေးပါဆိုတော့ တာဝန်ရှိတဲ့လူကြီးတွေက တစ်ယောက်မှ လက်မှတ်မထိုးပေးဘူး၊ အော်ဒါလည်းထုတ်မပေးဘူး၊ အလုပ်သမားတွေက ပြေပြေလည်လည် ညှိနှိုင်းမယ် ဆိုတော့လည်း မညှိနှိုင်းဘူး"

အဲဒီအလုပ်သမားတွေဟာ တစ်နေ့ကို လုပ်ခကျပ် လေးထောင်ရပါတယ်။ အလုပ်သမားတွေက ကျန်းမာရေးနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေရှိရင် နေ့တ၀က်ခွင့်ယူမယ်ဆိုရင် ကျပ်နှစ်ထောင်သာ ဖြတ်တောက်ခံရမှာဖြစ်တဲ့ အတွက် အလုပ်သမားတွေက နေ့တဝက်သာခွင့်လိုချင်တာကို စက်ရုံတာဝန်ရှိသူတွေက တစ်နေ့လုံး စာဖြတ်တောက်မယ်ဆိုတာကြောင့် ဆန္ဒပြကြတာဖြစ်ပါတယ်။

မနေ့က နေ့တဝက်ခွင့်ယူခဲ့တဲ့ အလုပ်သမား ၂ ယောက်ကို စက်ရုံထဲ ၀င်ခွင့်မပေးတာကစပြီး အလုပ်သမားတွေက ဆန္ဒပြကြတာဖြစ်ပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမား ၁၂၀၀ လောက်ရှိပြီး အခုဆန္ဒပြနေတဲ့အလုပ်သမား ၈၀၀ နီးပါးဟာ အရင်က အမှတ် ၁ စက်မှုဝန်ကြီးဌာန လက်အောက်ကနေ လွှဲပြောင်းခံရတဲ့ ပင်စင်စားဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။ သူတို့ဟာ အနည်းဆုံးလုပ်ခလစာ တစ်လကျပ် ၉ သောင်းကနေ တစ်သိန်းခြောက်သောင်းလောက်အထိ ရရှိကြတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

 စွမ်းအင်ဝန်ကြီးဌာနကို စစ်တပ်အရာရှိတွေ ပြောင်းရွေ့ခန့်ထားလိုက်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ဘူမိဗေဒပညာရှင်များက စက်တင်ဘာလ ၁၄ ရက်နေ့က ဖဲကြိုးနီလှုပ်ရှားမှု စတင်စဉ်။ Photo: Tin Maung Win Facebook
 စွမ်းအင်ဝန်ကြီးဌာနကို ဒုတိယသမ္မတ ဦးဥာဏ်ထွန်းရဲ့ ကိုယ်ရေးအရာရှိ DSA အပတ်စဉ် ၃၈ ဆင်း ဒုတိယဗိုလ်မှူးကြီး တစ်ဦး ပြောင်းရွေ့ခန့်ထားလိုက်တဲ့အတွက် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံ ဘူမိဗေဒနဲ့ အင်ဂျင်နီယာအရာရှိများက ဖဲကြိုးနီလှုပ်ရှားမူကို မနေ့က စတင်လိုက်ပါတယ်။

အခုလိုဆန့်ကျင်ရခြင်းဟာ ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်ခြင်းမဟုတ်ဘူးလို့ မြန်မာရေနံက ဘူမိဗေဒ အရာရှိတစ်ဦးဖြစ်သူ ဦးအောင်မြင့်က ပြောပါတယ်။

မြန်မာ့ရေနံလုပ်ငန်းကို အင်္ဂလိပ်အစိုးရက BOC ကုမ္ပဏီအနေနဲ့ လုပ်ကိုင်ခဲ့ချိန်ကစပြီး မြန်မာအစိုးရပိုင် MOC MOGE စသဖြင့် ပြောင်းလဲခဲ့ချိန်အထိ ဌာနအတွင်း ကျွမ်းကျင်ပညာရှင် ဘူမိဗေဒနဲ့ အင်ဂျင်နီယာများက ဦးဆောင်ပြီး လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအနေနဲ့ စွမ်းအင်ဝန်ကြီးဌာနမှာ န၀တ၊ နအဖ လက်ထက် ဗိုလ်ချုပ်လွန်းသီ ၀န်ကြီးဖြစ်ချိန်မှာ ၀န်ကြီးဌာန အတွင်း တပ်မတော်အရာရှိများ အလုံးအရင်းနဲ့ ပြောင်းလာခဲ့တာလို့ ဆိုပါတယ်။  အထူးသဖြင့် ရေနံဓါတုမှာ စက်ရုံမှူးများ၊ ရေနံရောင်းဝယ်ရေးမှာ ညွန်ကြားရေးမှူး အဆင့်ဆင့်ရာထူးများ စတာတွေမှာဖြစ်ပါတယ်။ အလား တူ မြန်မာ့ရေနံမြေများမှာ အထွေထွေ မန်နေဂျာ ၁၁ဦးရှိတဲ့ အနက် ၅ဦးကို စစ်တပ်က ရာရှိများက နေရာယူထား တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


 တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ တပ်မတော်ကို ပြုပြင်ပြောင်းလဲရေးတို့ ပါဝင်တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းကို အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ရှင်းလင်းပြီး ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့၊ အစိုးရ၀န်ကြီးဌာနတွေကို လျှော့ချပြီး ကျစ်လစ်တဲ့ အစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့တို့ကို အာရုံစိုက် လုပ်ဆောင်သွားဖို့ ရည်ရွယ်သလို တပ်မတော်ဟာ နိုင်ငံ့အတွက် မရှိမဖြစ် အရေးပါတယ်လို့လည်း အတိုက်အခံပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းက ရည်ညွှန်းထားပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော် ရွေးကောက်ပွဲတွေမှာ အများစုအနိုင်ရပြီး အစိုးရ ဖွဲ့နိုင်ခဲ့ရင် ကျင့်သုံး ဆောင်ရွက်သွားမယ့် အခြေခံမူဝါဒတွေအဖြစ် နိုင်ငံရေး ကြေညာစာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို အဓိက ဦးစားပေးထားတဲ့ NLD ရဲ့ နိုင်ငံရေး ကြေညာစာတမ်းနဲ့ ပတ်သက်လို့တော့ ပါတီရဲ့ပြောခွင့်ရ ဦးဝင်းမြင့် က အခုလို ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျနော်တို့က ရွေးကောက်ပွဲဝင်တဲ့အခါမှာ ကျနော်တို့ရဲ့ မဲအများစုရခဲ့လို့ အစိုးရဖွဲ့နိုင်လို့ရှိရင် ကျနော်တို့မှာ လုပ်ပိုင်ခွင့်ရှိလို့ရှိရင် ဒီမူတွေအညီ လုပ်ပါမယ်ဆိုတာ ပြည်သူကို ကျနော်တို့က ကြိုအသိပေးတာ။ ကျနော်တို့နိုင်ငံကို ပြည်ထောင်စုနိုင်ငံ တည်ထောင်မယ်ဆိုရင် တိုင်းရင်းသားတွေမပါဘဲနဲ့ ပြည်ထောင်စုနိုင်ငံ တည်ထောင်လို့ မရဘူးဗျ။ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးပါဝင်မှ ပြည်ထောင်စုနိုင်ငံ တည်ထောင်လို့ရမှာ။ အဲတော့ တိုင်းရင်းသား လူမျိုးစုတွေကလည်း တန်းတူညီမျှတဲ့ အခွင့်အရေးတင်မဟုတ်ဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိရမယ်ဆိုတာ နဂို ၈၈ ပါတီထောင်ကတည်းကိုက ပါတီရဲ့ မူဝါဒ သဘောထားမှာပါသလို၊ ၉၀ ခုနှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း အဲဒါ ပါခဲ့တယ်ဗျ။ အဲဒီတုန်းကတည်းက ပါခဲ့တာ။ အခုမှ ပါတာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့က တိုင်းရင်းသားအရေးကို အစဉ်အမြဲ ကျနော်တို့က အလေးထားတယ်၊ အရေးပေးတယ်။ ဘာလို့လဲဆိုတော့ ပြည်ထောင်စုနိုင်ငံ တကယ်တည်ထောင်မယ်၊ ပြည်ထောင်စုနိုင်ငံ တကယ်တည်ထောင်ရင် တိုင်းရင်းသားမပါဘဲ လုံးဝ တည်ထောင်လို့မရဘူး။ တိုင်းရင်းသားတွေပါမှ တည်ထောင်လို့ ရမှာမို့လို့ ဒါကြောင့် ကျနော်တို့က တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးထားတာဗျ။”

အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားနယ်မြေ မဲဆန္ဒနယ်တိုင်းလိုလိုမှာ ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေ ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပါတီအနေနဲ့လည်း တိုင်းရင်းသား မဟာမိတ်တို့နဲ့ အစဉ်တစိုက် ဆွေးနွေးညှိနှိုင်းမှုတွေ ရှိတယ်လို့လည်း ပါတီဘက်က ပြောပါတယ်။ ဒါပေမဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲကာလက အဓိက အတိုက်အခံ NLD ပါတီရဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးကတော့ NLD အနေနဲ့ လွတ်လပ်တဲ့ တိုင်းရင်းသားပါတီတို့နဲ့ တန်းတူဆက်ဆံဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

“လွတ်လွတ်လပ်လပ် တန်းတူရည်တူ ပြောနိုင်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ တခုခုကတော့ သူနဲ့ ပါသွားရမှာပဲလေ။ သူ့အောက်က တိုင်းရင်းသားတွေကတော့ ဘာမှလုပ်လို့ ပြောလို့ရမှာမဟုတ်ဘူး။ ကျနော်တို့တတွေပေါ့ အထူးသဖြင့်တော့ UNA မပါဘဲနဲ့တော့ ကျနော်ထင်တယ် ဘယ်လိုနည်းနဲ့မှ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကတော့ ရမယ်မထင်ဘူး။ နောက်ပြီးတော့ ဗမာ့နိုင်ငံရေးက တိုင်းရင်းသားတွေလည်း အရေးပါတာပဲ။ အဲတော့ ဘာပဲဖြစ်နေဖြစ်နေ လွတ်လွတ်လပ်လပ်ရှိတဲ့ တိုင်းရင်းသားတွေ၊ တန်းတူရည်တူ ပေါင်းပြီးတော့မှ အကြံဥာဏ်ယူမှပဲ ရမယ်။ ကျနော်တို့ကိုတော့ ဒုတိယတန်းစားအနေနဲ့ ဆက်ဆံလို့လည်း ကျနော်တို့က လက်ခံမှာ မဟုတ်ဘူးလေ။ ကျနော်တို့ကတော့ တန်းတူရည်တူပေါင်းမယ်၊ ရှင်းရှင်းပြောရင်တော့ အဲဒီ ပြောတယ်ဆိုတဲ့နေရာမှာလည်း တပည့်မရှိဘူး။ ဒါ ရှင်းရှင်းပြောရင်တော့ မိတ်ဆွေကောင်းအနေနဲ့ ကျနော်တို့ စကားပြောကြမှာပဲ။”

နှစ်ပေါင်းများစွာ တည်တံ့နေတဲ့ တိုင်းရင်းသားပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် ပါတီကိုယ်စားလှယ် တိုင်းရင်းသားတွေနဲ့တင် ဆောင်ရွက်လို့ ရနိုင်မှာမဟုတ်ဘဲ တိုင်းရင်းသားပါတီတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှ ဖြစ်မယ်လို့ ဦးခွန်ထွန်းဦးက ထောက်ပြ ပြောဆိုခဲ့တာပါ။ အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဖော်ဆောင်နိုင်ရေးကို တစိုက်မတ်မတ် အာရုံစိုက် လုပ်ဆောင်နေတယ်လို့ ပြောဆိုပါတယ်။ ပါတီရဲ့ နိုင်ငံရေး ကြေညာစာတမ်းမှာတော့ တိုင်းရင်းသားအရေးအပြင် အခြေခံဥပဒေပြင်ဆင်ရေး၊ ခေတ်မီပြီး အဆင့်အတန်း မြင့်မားတဲ့ တပ်မတော်ကို တည်ဆောက်ဖို့၊ ကျစ်လစ်တဲ့ အစိုးရတရပ် ပေါ်ပေါက်ရေး၊ လယ်သိမ်းယာသိမ်းကိစ္စတွေ ဖြေရှင်းပေးဖို့၊ ပြည်တွင်း ပြည်ပ အလုပ်သမားတွေအရေး၊ ပညာရေးအဆင့် မြှင့်တင်ဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း တိုးမြှင်ဖို့ အပါအ၀င် လူငယ်၊ အမျိုးသမီး အရေးတွေကိုလည်း ထည့်သွင်းထားပါတယ်ရှင်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ကျောင်းသားနဲ့ ဝန်းရံ ပြည်သူတွေကို ဖမ်းဝရမ်း မပါပဲ ဖမ်းဆီးခဲ့မှုနဲ့ လက်ပံတန်းရဲကို ကျောင်းသားတွေက ပြန်တရားစွဲခဲ့တာကို တရားရုံးက ပယ်ချခဲ့
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး လက်ပံတန်း သပိတ်မှောက် ကျောင်းသား တွေ ထိန်းသိမ်းခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သာယာဝတီ ထောင်ပိုင်ကို တရားစွဲဆိုသွားမယ်လို့ သပိတ်မှောက် ကျောင်းသားတွေရဲ့ ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

အကျဉ်းထောင်ရဲ့ ဆောင်ရွက်မှု နှောင့်နှေးတဲ့ အတွက် ပြင်ဆင်ခွင့် ရှိတဲ့ ကာလ စည်းကမ်း သက် ရက်၃၀ ကျော်သွားကြောင်း၊ အဲဒါကြောင့် ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေး ဆုံးရှုံးခဲ့တာမို့ သာယာဝတီ ထောင်ပိုင်ကို တရားစွဲဆိုသွားမယ့်အပြင် လူ့အခွင့်အရေး ကော်မရှင်ကိုလည်း တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေကို ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးခဲ့မှု၊ အချုပ်ဝရမ်း မပါဘဲ ထောင်ထဲ ပို့ခဲ့မှု၊ ၁၆ နှစ်အောက် ကလေးတွေကို ရမာန် မပါပဲ လူကြီးထောင်ထဲ ပို့ခဲ့မှု၊ ကျောင်းသားတွေကို ၂၄ နာရီထက် ကျော်လွန်ပြီး မတရား ဖမ်းဆီး ချုပ်နှောင်ခဲ့မှုတို့နဲ့ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဖုန်းမြင့်နဲ့ စခန်းမှူး ဒုရဲမှူး ဦးစန်းမြင့်တို့ကို သပိတ်မှောက် ကျောင်းသားတွေက ပြန်လည် တရားစွဲဆိုခဲ့ရာမှာ လက်ပံတန်းမြို့နယ် တရားရုံးက ပယ်ချခဲ့ပါတယ်။

အဲဒီအမိန့်ကို မကျေနပ်လို့ အယူခံဝင်ဖို့ တရားခံတွေရဲ့ ရှေ့နေက ရှေ့နေပါဝါ ထုတ်ပေးဖို့ တောင်းခံခဲ့ရာမှာ ထောင်အာဏာပိုင်တွေက အချိန်ဆွဲထားခဲ့တယ်လို့ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

တခါ ကျောင်းသားတွေရဲ့ တခြားရှေ့နေတဦး ဖြစ်တဲ့ ဒေါ်ခင်ကျော်ကျော်နဲ့ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုသန်းထိုက်တို့ကိုလည်း တရားစီရင်ရေးကို အနှောင့်အယှက် ပေးမှုနဲ့ အာဏာပိုင်တွေက တရားစွဲဆို ထားတယ်လို့လည်း ဆိုပါတယ်။

ကိုသန်းထိုက်က တရားသူကြီးရဲ့ ထိုင်ခုံပေါ်မှာ ထိုင်လို့ ဆိုတဲ့ စွဲချက်နဲ့ ဒေါ်ခင်ကျော်ကျော်က တရားသူကြီးကို ဝေဖန် ပြောဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


 အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားတွေကို သာယာဝတီတရားရုံးမှာ ရုံးထုတ်စစ်ဆေးတဲ့ ကာလမှာ ကျောင်းသားတွေကို ရိုက်နှက်ဖမ်းဆီးရာမှာ အမိန့်ပေးခဲ့တဲ့ ရဲအာဏာပိုင်တွေကို တရားပြန်စွဲနိုင်ဖို့အတွက် တောင်းခံခဲ့တဲ့ ရှေ့နေပါဝါလွှဲစာကို ရက်ပေါင်း ၆၀ နီးပါကြာတဲ့အထိ သာယာဝတီထောင်က ထုတ်ယူခွင့်မပေးတဲ့အတွက် အထက်တရားရုံးကိုတက်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ခရီးရှည်ချီတက် သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားတွေကို အာဏာပိုင်တွေက ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားပြီးတဲ့နောက်မှာ သာယာဝတီတရားရုံးမှာ ရုံးထုတ်စစ်ဆေးနေတာဟာ ၆ လကျော်ကြာပြီ ဖြစ်ပါတယ်။ ကျောင်းသားတွေဘက်က ရှေ့နေတွေကလည်း ကျောင်းသားတွေကို ရိုက်နှက်ဖမ်းဆီးရာမှာ အမိန်ပေးခဲ့တဲ့ ရဲအာဏာပိုင်တွေကို တရားပြန်စွဲနိုင်ဖို့အတွက် တောင်းခံခဲ့တဲ့ ရှေ့နေပါဝါလွှဲစာကို ရက်ပေါင်း ၆၀ နီးပါကြာတဲ့အထိ မရတဲ့အတွက် အထက်တရားရုံးကို တက်ဖို့အတွက် ခက်ခဲနေတာပါ။ သာယာဝတီထောင်ကို သွားရောက်ခဲ့တဲ့ ရှေ့နေ ဦးလှမျိုးမြင့်က ရက်ပေါင်း ၆၀ အတွင်း အထက်တရားရုံးမှာ ပြင်ဆင်ချက်မတက်နိုင်ရင် တရားစွဲထားတဲ့အမှုဟာ ပျက်ပြယ်သွားမယ့် အခြေအနေ ရှိတယ်လို့ ဆိုပါတယ်။

“သာယာဝတီထောင်ကိုသွားတယ်။ အချုပ်ထဲမှာကျန်တဲ့ ကျောင်းသူကျောင်းသား ၅၄ ယောက်ရှိတယ်။ သူတို့ရဲ့ ရှေ့နေကိုယ်စားလှယ်လွှဲစာ အန်ကယ်လ်တို့က ၁ ရက် ၉ လကတည်းက တင်ထားတယ်။ အခုအချိန်ထိ မရသေးဘူး။ ထောင်ပိုင်ကြီးကလည်း မရှိဘူးတဲ့။ မရှိတော့ ကြန့်ကြာတာပေါ့ အန်ကယ်လ်တို့ကလေ။ သူကနေမှ တရားစွဲဖို့ တင်တာမဟုတ်လား။ ရဲမှူး ဦးဖုန်းမြင့်နဲ့ ဒုရဲမှူး ဦးစမ်းမြင့်တို့ကို တရားစွဲဖို့ဆိုပြီး တင်တဲ့အမိန့်ကို ပယ်ချခံရတယ်။ အဲဒီပယ်ချတဲ့အမိန့်ကို သူက ပြင်ဆင်မှုတက်ရမယ်။ ပြင်ဆင်မှုအဖြစ် ခရိုင်တရားရုံးကို တက်ရမယ်။ အခုအချိန်ထိ ရှေ့နေကိုယ်စားလှယ်လွှဲစာ မရသေးဘူး။ ဇူလိုင်လကတည်းက ချတဲ့အမိန့်ဖြစ်နေတယ်။ အဲတော့ သူက ရက်ပေါင်း ၆၀ ပြည့်ခါနီး ဖြစ်သွားတယ်ပေါ့နော်။ ထောင်ပိုင်ကြီးကလည်း နေပြည်တော်သွားတယ်လို့ အကြောင်းပြပြီးတော့ အောက်ကလူတွေက တွေ့ခွင့်မပေးဘူး။ ဒါပေမဲ့ ဒီတပတ်အတွင်းရအောင်တော့ အန်ကယ်လ်က ပြောထားပြီးပြီ။ မရလို့ရှိရင် သူတို့ကို တိုင်မယ်လို့ တခါတည်းပဲ ပြောခဲ့လိုက်တယ်။”

လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွဲခံရချိန်မှာ ရဲလက်စွဲ လုပ်ထုံးလုပ်နည်းနဲ့အညီ လိုက်နာ ဆောင်ရွက်ခြင်းမရှိတဲ့ ရဲတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြုသူတွေနဲ့ ပတ်သက်လို့ အဓိကရုဏ်း နှိမ်နင်းရေးလုပ်ငန်းစဉ် အဆင့်အတိုင်းမလုပ်ဘဲ ကျော်လွန်ဆောင်ရွက်ခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြီးခဲ့တဲ့ရက်ကပဲ သဘောထား ထုတ်ပြန်ခဲ့တာပါ။ ဒီကနေ့မှာတော့ သာယာမြို့နယ် တရားရုံးမှာ စစ်ဆေးခြင်းမရှိပေမဲ့ ရှေ့နေတဦးရဲ့ သက်သေခံ တင်ပြချက်ကို ပယ်ချခဲ့တာတွေတော့ ရှိခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့် က ဆိုပါတယ်။

“အဲဒီမှာ ရှေ့နေတယောက် ဦးကြည်းမြင့်ဆိုတဲ့ ရှေ့နေရှိတယ်။ သူကနေပြီးတော့ သက်သေခံတခု သွင်းတယ်။ လေးပွင့်ဆိုင် ဆွေးနွေးချက်ဆိုတာ။ လေးပွင့်ဆိုင်ဆွေးနွေးချက်ဆိုတဲ့ သတင်းစာဖြတ်ပိုင်းလေး သွင်းတယ်။ အဲဒါက တရားခံရှေ့နေဖြစ်တဲ့ ဦးအောင်သိန်းက သွင်းထားပြီးသား။ သက်သေခံ ၃ ရွက် လက်ခံထားပြီးပြီ။ သူကနေပြီးတော့ မူရင်းမဟုတ်တဲ့အတွက်ကြောင့် မူရင်းသွင်းတယ်ဆိုပြီးတော့ သူကသွင်းတယ်။ အဲတော့ မြို့နယ်တရားသူကြီးက သူ့ရဲ့လျှောက်ထားချက်ကို ပယ်ချပစ်လိုက်တယ်။”

အခုဆိုရင် ကျောင်းသားတွေကို အမှုစွဲဆိုခဲ့တဲ့ ရဲမှူး ၂ ဦးကို ရှေ့နေ ၈ ဦးက အလှည့်ကျစစ်ဆေးရာမှာ ရှေ့နေ ၆ ဦးက စစ်ဆေးပြီးဖြစ်သလို ရှေ့နေတဦးချင်းကလည်း  တရားစွဲဆိုဖို့အတွက် ပြင်ဆင်မှုတွေလည်း လုပ်နေတာပါ။ ပထမဦးဆုံး ရဲတွေကိုတရားစွဲဆိုဖို့ ပြင်ဆင်ခဲ့တဲ့ ရှေ့နေ ဦးရောဘတ်စန်းဆောင်ရဲ့ ရှေနေပါဝါလွှဲစာကတော့ အခုထိ မရသေးဘဲ ရက်ပေါင်း ၆၀ ပြည့်ခါနီးထိ ကြန့်ကြာနေတယ်လို့ ရှေ့နေတွေက ဆိုပါတယ်။ ကျောင်းသားတွေကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့နေ့က အခင်းဖြစ်နေချိန်မှာ တာဝန်ရှိသူတွေက တမိန့်တည်း တသံတည်း သတ်မှတ်အမိန့်ပေး ကွပ်ကဲနိုင်ခဲ့ခြင်း မရှိခဲ့တဲ့အပြင် ရဲဝန်ထမ်းတွေဘက်က ကျောင်းသားတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိတာ၊ ရဲလက်စွဲပါ သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်မှု အားနည်းတယ်ဆိုတာ တွေ့ရှိကြောင်း မြန်မာနိုင်ငံ လူအခွင့်အရေး ကော်မရှင်ဘက်က ထုတ်ပြန်ခဲ့တာပါ။ အာဏာပိုင်တွေကတော့ တည်ဆဲဥပဒေချိုးဖောက်တဲ့အတွက် ကျောင်းသားတွေကို အရေးယူ ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အကြမ်းဖက်မှုမှာ ပါဝင်သူလို့ (အလယ်) သံသယဖြစ်ခံရတဲ့သူကို ထိုင်းရဲနဲ့ အတူ တွေ့ရစဉ် (Credit: Reuters) 
 ထိုင်းနိုင်ငံ ​ရဲအရာရှိ ​တစ်ယောက်ရဲ့ ​အဆိုအရ ​ထိုင်းနိုင်ငံမှာ ​ဖြစ်ပွားခဲ့တဲ့ ​ဗုံးပေါက်ကွဲမှုဟာ ​လူကုန်ကူးတဲ့ ​အဖွဲ့တွေရဲ့ ​လုပ်ရပ်ဖြစ်ပြီး ​လူကုန်ကူးမှုကို ​ထိုင်းက ​တိုက်ဖျက်တာကို ​မကျေနပ်လို့ ​ဗုံးဖောက်ခွဲခဲ့တာလို့ ​ပြောပါတယ်။

ထိုင်းရဲအရာရှိ ​Somyot ​Pumpanmuang ​ရဲ့ ​အဆိုအရ ​တရုတ်နိုင်ငံက ​ဝိဂါမွတ်စလင် ​၁၀၉ ​ယောက်ကို ​ဇူလိုင်လတုန်းက ​ထိုင်းက ​တရုတ်နိုင်ငံရဲ့ ​လက်ထဲ ​ပြန်လွဲပေးတာကို ​မကျေနပ်လို့ ​လူကုန်ကူးတဲ့ ​အဖွဲ့က ​သြဂုတ်လ ​၁၇ ​ရက်နေ့တုန်းက ​ဗုံးဖောက်ခွဲခဲ့တာလို့ ​ဆိုပါတယ်။

ဘန်ကောက်မြို့က ​လူသွားလူလာများတဲ့ ​နတ်ကွန်းတစ်ခုမှာ ​ဗုံးပေါက်ကွဲတဲ့အတွက် ​လူပေါင်း ​၂၀ ​သေဆုံးခဲ့ပါတယ်။

ဘာကြောင့် ​ဗုံးဖောက်ခွဲရသလဲ ​ဆိုတာကို ​ထိုင်းအစိုးရက ​တရားဝင် ​မထုတ်ပြန်ထားပေမယ့် ​ထိုင်းရဲအရာရှိကတော့ ​လူကုန်ကူးတဲ့ ​ဂိုဏ်းက ​သူတို့ ​နှိမ်နင်းခံရတာကို ​မကျေနပ်လို့ ​လုပ်ဆောင်တာလို့ ​ပြောဆိုနေတာပါ။

ထိုင်းအစိုးရက ​ပြန်ပို့လိုက်တယ် ​ဆိုတဲ့ ​ဝိဂါ ​မွတ်စလင် ​၁၀၉ ​ယောက်စလုံးကို ​တရုတ်နိုင်ငံထဲပဲ ​ပြန်ပို့တာ ​မဟုတ်ပဲ ​တချို့ကို ​တူရကီနိုင်ငံကို ​ပို့ဆောင်တာဖြစ်ပြီး ​နိုင်ငံတကာ ​ဥပဒေနဲ့အညီ ​ထိုင်းက ​လုပ်ဆောင်တယ်လို့လည်း ​ထိုင်းအာဏာပိုင်တွေက ​ပြောပါတယ်။

ထိုင်းအစိုးရက ​ဖမ်းစီးထားတဲ့ ​လူတစ်ယောက်ဟာ ​ဝိဂါမွတ်စလင်တွေ ​နေထိုင်တဲ့ ​တရုတ်နိုင်ငံ ​ရှင်ကျန်း ​ပြည်နယ်က ​ဖြစ်တာကြောင့် ​ဒီအကြမ်းဖက်မှုကို ​ဝိဂါမွတ်စလင်တွေ ​ပြုလုပ်တာလို့ ​ပြောဆိုနေကြပါတယ်။

ဒါပေမဲ့ ​ထိုင်းအစိုးရကတော့ ​ဝိဂါမွတ်စလင်တွေကို ​ပြန်ပို့တဲ့ ​သူတို့ရဲ့ ​နိုင်ငံခြားရေး ​မူဝါဒကြောင့် ​ပြည်သူတွေ ​အခုလို ​အကြမ်းဖက် ​ခံရပြီ ​ဆိုတာမျိုး ​အပြောခံရမှာ ​ကြောက်လို့ ​ဝိဂါတွေရဲ့ ​လက်ချက်ပါ ​ဆိုတာမျိုးကို ​မပြောချင်တာ ​ဖြစ်မယ်လို့လည်း ​တချို့က ​သုံးသပ်နေကြပါတယ်။

ဝိဂါလူမျိုးတွေဟာ ​တရုတ်နိုင်ငံမှာ ​နေပေမယ့် ​တူရကီဘာသာစကားနဲ့ ​ယဉ်ကျေးမှုတွေ ​ဆင်တူတဲ့အတွက် ​တူရကီတွေက ​စာနာနေတာ ​ဖြစ်ပါတယ်။

ဒီဗုံးပေါက်ကွဲမှုကို ​ဖော်ထုတ်နိုင်ဖို့ ​နိုင်ငံခြားအကူအညီ ​တောင်းဖို့ ​တိုက်တွန်းတာတွေ ​ရှိပေမယ့် ​ထိုင်းအစိုးရက ​ပူးပေါင်းတာတွေ၊ ​အကူအညီတောင်းတာတွေ ​မလုပ်သေးဘူးလို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

 ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မဲစာရင်းကြည့်နေသူတချို့ကို တွေ့ရစဉ်။ Photo: RFA
 ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်းက ရေဘေးဒဏ်ခံခဲ့ရတဲ့ ကျေးရွာအုပ်စု ၁၀၀ နီးပါးအတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို လာမယ့် အောက်တိုဘာလ ၄ ရက်နေ့မှာ စတင်ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။

အဲဒီကျေးရွာတွေဟာ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာတွေဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြေညာရ မယ့်အချိန်မှာ မဲစာရင်းကြေညာဖို့ အခက်အခဲရှိတဲ့အတွက် ကြေညာမယ့်ရက်ကို နောက်ဆုတ်လိုက်တာဖြစ်တယ်လို့ ဟသာင်္တခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးဝင်းမောင်က ပြောပါတယ်။

"အဲဒီရွာတွေက ဧရာဝတီမြစ်ကမ်းနားဘေးမှာရှိတယ်၊ တာအပြင်ကရွာတွေဖြစ်တယ်၊ ရေကြီးရင် အဲ့ရွာတွေက ရေမြုပ်တယ်၊ ဒီနှစ်က ပိုရေကြီးတဲ့အတွက် အခက်အခဲတွေရှိတယ်၊ မဲစာရင်းကလည်း ၁၄ ရက်နေ့ကိုကပ်ပါ၊ ဒါပေမဲ့ ရေကြီးနေလို့ အခက်အခဲရှိရင်တော့ နောက်ပိုင်းကျမှ ကပ်လို့ရတယ်ပြောတယ်၊ အဲဒီ့မြို့နယ် ၄ ခုမှာရှိတဲ့ ကျေးရွာအုပ်စုတွေက ၁ဝ လပိုင်း ၄ ရက်ဆိုတော့ နှစ်ပတ်လောက်တော့ကြာမယ်"

ဟသာင်္တခရိုင်အတွင်းက ဟင်္သာတ၊ ဇလွန်၊ မြန်အောင် နဲ့ အင်္ဂပူမြို့နယ်တွေက ကျေးရွာတွေ ဖြစ်ပါတယ်။

ဟင်္သာတမြို့နယ်က ရပ်ကွက်ကျေးရွာအုပ်စု ၂၂ စု၊ ဇလွန်မြို့နယ်က ရပ်ကွက်ကျေးရွာအုပ်စု ၂၆ စု၊ မြန်အောင်မြို့နယ်က ရပ်ကွက်ကျေးရွာအုပ်စု ၆ စု၊ အင်္ဂပူမြို့နယ်က ရပ်ကွက်ကျေးရွာအုပ်စု ၃၄ စု တွေက မဲစာရင်းတွေကို နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။

ဟင်္သာတမြို့ပေါ်ရပ်ကွက်တွေမှာတော့ မဲစာရင်းတွေကို မနေ့ကစတင်ပြီး ထုတ်ပြန်ကြေညာထားပေမယ့် ကြည့်ရှုစစ်ဆေးသူ နည်းနေပါသေးတယ်။

ဟင်္သာတခရိုင်တစ်ခုလုံးမှာ မဲပေးခွင့်ရှိသူ ရှစ်သိန်းကျော်ရှိပြီး ဧရာဝတီတိုင်းတစ်ခုလုံးမှာ မဲပေးခွင့်ရှိသူ လေး ဒဿမ သုံးသန်း (၄၃သိန်း) ကျော် ရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese


 အမေရိကန် ပြည်ထောင်စုမှာ တရားဝင်နေထိုင်ပြီး မဲပေးခွင့်ရှိတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ လျှောက်ထားနိုင်ခွင့်ရှိတဲ့ ရက်ကို စက်တင်ဘာ ၁၇ ရက်နေ့ထိ တိုးမြှင့် သတ်မှတ်ပေးလိုက်ကြောင်း ၀ါရှင်တန်ဒီစီ မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ မြန်မာသံရုံးတွေမှာ မဲပေးခွင့်ရှိတဲ့ မြန်မာနိုင်ငံသားတွေကတော့ သူတို့ပေးလိုက်တဲ့ ကြိုတင်မဲနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ အပြည့်အစုံကို ကိုဥာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ မဲပေးချင်တယ်ဆိုရင် ၀ါရှင်တန်ဒီစီက မြန်မာသံရုံး ဒါမှမဟုတ် နယူးယောက်မှာရှိတဲ့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံရုံးခွဲနဲ့ Los Angeles မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွေကို  ကြိုတင်မဲပေးခွင့် တောင်းခံလွှာ ပုံစံ (၁၅) ဖြည့်ပြီး စာတိုက် Fax နဲ့ Email တွေကတဆင့် လျှောက်ထားကြရမှာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ ပုံစံ (၁၅) တင်ရမယ့် နောက်ဆုံးရက်ကို ဇူလိုင်လ (၃၁) ရက် နောက်ဆုံးထား ပေးပို့ကြပါလို့ မြန်မာသံရုံး Website မှာ ကြေညာခဲ့ပေမဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံအကြောင်းကြားလာတာကြောင့် အခုတော့ ပုံစံ (၁၅) တင်ရမယ့် နောက်ဆုံး ရက်အဖြစ် စက်တာဘာ (၁၇) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ၀ါရှင်တန်ဒီစီ မြန်မာသံရုံး သံမှူးကြီး ဦးမင်းသိန်းက ရှင်းပြပါတယ်။

“ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကျနော်တို့ဆီကို ညွှန်ကြားချက် ထပ်ရောက်လာပါတယ်။ လျှောက်လွှာတွေကို ထပ်ပြီးတော့ တိုးနိုင်တယ်ဆိုပြီးတော့ ပြောတဲ့အတွက်ကြောင့်မို့ ၁၉ ရက် ၉ လပိုင်းမှာ အရောက်ပို့ပေးဖို့ ပြောလာပါတယ်။ အဲဒါကြောင့် ကျနော်တို့ ၁၇ ရက် ၉ လပိုင်းကို နောက်ဆုံးထား ပို့ပေးဖို့ဆိုပြီးတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ဆက်ပြီးတော့ အကြောင်းကြားထားပါတယ်။ ပုံစံ (၁၅) ဆိုတာ ကြိုတင်ဆန္ဒမဲတောင်းခံသည့်ပုံစံ (၁၅) ပါခင်ဗျာ။”

ဒီလိုရက်တိုး သတ်မှတ်လိုက်တာကြောင့် ကြိုတင်မဲပေးခွင့်ပုံစံ (၁၅) တင်တဲ့ လူဦးရေအနည်းငယ် တိုးလာတယ်လို့ ဦးမင်းသိန်းက ပြောပါတယ်။ ကြိုတင်မဲတွေကို အောက်တိုဘာလ (၁၇ နဲ့ ၁၈) စနေ၊ တနင်္ဂနွေနေ့တွေမှာ လူကိုယ်တိုင် လာထည့်ရမယ်လို့ သံမှူးကြီး ဦးမင်းသိန်းက ပြောပါတယ်။

“၀ါရှင်တန်မြို့က မြန်မာသံရုံးရယ်၊ နယူးယောက်မြို့က မြန်မာအဖွဲ့ရုံးရယ်၊ Los Angeles မြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးရယ် ၃ နေရာ၊ အဲဒီ ၃ နေရာမှာ ကြိုတင်မဲပေးဖို့ပါ ခင်ဗျာ။ ကျနော်တို့ မြန်မာသံရုံး ၀ါရှင်တန်မြို့ကတော့ ၁၇ ရက်နေ့ ၁၀ လပိုင်းနဲ့ ၁၈ ရက် ၁၀ လပိုင်းမှာ ကျနော်တို့ စနေ၊ တနင်္ဂနွေပေါ့နော် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးပါမယ်။ LA မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကလည်း ဒီအတိုင်းပဲ ဖွင့်ဖို့ စီစဉ်ထားပါတယ်။ ကျနော်တို့ အမေရိကန်နိုင်ငံမှာရှိတဲ့ မဲပေးပိုင်ခွင့်ရှိတဲ့ မြန်မာနိုင်ငံသားတွေအားလုံး ကြိုတင်ဆန္ဒမဲပေါ့နော် လျှောက်လွှာပုံစံ (၁၅) တွေကို အမြန်ဆုံး ပို့ပေးဖို့ကို ဆက်ပြီးတော့ အကြောင်းကြားထားပါတယ်။”

နယူးယောက်မြို့မှာနေထိုင်တဲ့ ဦးကျော်စိုးကတော့ သူတို့မဲပေးဖို့ လျှောက်ထားတဲ့ အခြေအနေနဲ့ စိုးရိမ်မှုတွေကို ပြောပြပါတယ်။

“ကျနော်နဲ့ ကျနော့်မိန်းမရယ် ကျနော့်ကလေး ၂ ယောက် အပါအ၀င်ပေါ့နော် လေးယောက်လုံး ပုံစံ (၁၅) ပေါ့ ဖြည့်ပြီးတော့ နယူးယောက်က မြန်မာသံရုံးကို တင်ထားပြီးပါပြီ။ ဒါပေမဲ့ သံရုံးအနေနဲ့ ကျနော်တို့ ဘယ်နေ့ မဲလာထည့်ပါလို့ အီးမေးလ်နဲ့ တယ်လီဖုန်းနဲ့ ပြန်ဆက်သွယ်တာတော့ မရှိသေးဘူးခင်ဗျ။ ကျနော်တို့ စိုးရိမ်တာကတော့ ကိုယ်ပေးတဲ့မဲက ကိုယ်မဲထည့်တဲ့ပါတီပဲ ကိုယ်မဲထည့်ခဲ့တဲ့ ခေါင်းဆောင်ကိုပဲ အနိုင်ရစေချင်တာလေ။ ကိုယ်မဲထည့်တာက တပါတီ။ မဲနိုင်သွားတာက တပါတီ အဲ့လိုမျိုး မဖြစ်သင့်ဘူးလို့ ထင်တယ်လေ။”

Los Angeles မြို့မှာနေထိုင်တဲ့ အဆိုတော် နီနီဝင်းရွှေကလည်း မဲပေးဖို့အတွက် ပြင်ဆင်နေဆဲဖြစ်ပြီး သူ့ရဲ့စိုးရိမ်မှုကို ပြောပါတယ်။

“မဲကတော့ ထည့်ဖို့ စီစဉ်ထားတယ်။ ဒီမှာလည်း ကောင်စစ်ဝန်ရုံးတော့ရှိပါပြီ။ LA မှာတော့ ကိုယ့်ဟာကိုယ် လုပ်ရမှာဆိုတော့ ဘယ်လိုသွားရမှန်း မသိလို့လေ။ ထည့်ဖြစ်အောင်တော့ ထည့်ပါမယ်လေ မဲက။ ဒီအထဲမှာပဲ လုပ်ရမှာပဲ။ ကိုယ်က မဲထည့်လိုက်ပါပြီတဲ့။ ကိုယ်ထည့်တဲ့မဲက တကယ်ကိုရော ရောက်သွားပါ့မလား။ စိုးရိမ်တာကလေ။ နောက်ပြီးတော့ ကိုယ့်မဲကြီးကို ဖောက်ပြီးတော့ သူကတော့ ဘာထည့်ထားတာပေါ့ အဲ့လိုမျိုးတွေ ဘာတွေဖြစ်မှာ ကြောက်တာပေါ့နော်။”

အခုချိန်ထိတော့ ၀ါရှင်တန်ဒီစီက မြန်မာသံရုံးမှာ ကြိုတင်မဲပေးခွင့် ပုံစံ (၁၅) တင်ထားသူ ၁၃၅-ဦးရှိပြီး၊ နယူးယောက်သံရုံးအခွဲမှာ ပုံစံ (၁၅) တင်ထားသူ ၂၁၃-ဦး နဲ့ Los Angeles မြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာ မဲပေးခွင့်လျှောက်ထားသူ ၇၅-ဦး ရှိပါတယ်။ ဒါကြောင့် အမေရိကန်တနိုင်ငံလုံးမှာ ၂၀၁၅ ရွေးကောက်ပွဲကို မဲပေးဖို့ လျှောက်ထားသူ မြန်မာနိုင်ငံသား ၄၂၃ ဦးသာရှိနေတာပါခင်ဗျာ။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

NLD ပါတီ နာယက ဗဟိုအောင်နိုင်ရေးဥက္ကဌ ဦးတင်ဦး၏ ကိုယ်စားလှယ်လောင်းများ အပ်နှံခြင်းနှင့် မဲဆွယ်စည်းရုံးပွဲအား စက်တင်ဘာ ၁၆ ရက်က ညနေပိုင်းက မြောင်းမြမြို့တွင် ပြုလုပ်ခဲ့ရာ မိုးအဆက်မပြတ် ရွာသွန်းမှု နေသည့်ကြားက မြောင်းမြမြို့ခံ အင်အားငါးထောင်ခန့် တက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။

မြောင်းမြမြို့ စင်္ကြာနန္ဒ စင်္ကြာသီဟဘုရားအတွင်း ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မဲဆွယ်စည်းရုံးသည့် ပွဲတွင် ဦးတင်ဦးမှ “NLD ပါတီသာ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရင် ဘယ်စီမံကိန်းကိုမဆို ပြည်သူလက်မခံရင် မလုပ်ဘူး။ ပြည်သူနဲ့ ပတ်သက်လာမယ့် ဘယ်လုပ်ငန်းစဉ်ကိုမဆို ပြည်သူကို အရင်ချပြမယ်၊ ပြည်သူသဘောအတိုင်း လုပ်မယ်” ဟု မဲဆွယ်စည်းရုံး ကတိပေး ပြောကြားခဲ့သည်။

မြောင်းမြမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဒေါက်တာစိုးမိုးသူ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မန်းထွန်းကြိုင်၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးသန့်ဇော်ဝင်း၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်ခိုင်ဇင်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ အဓိက ပြိုင်ဖက်ဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ထောင်စု အားကစားဝန်ကြီး ဦးတင့်ဆန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယခင်ရဲချုပ်ဟောင်း လဝကဝန်ကြီး (ငြိမ်း) ဦးခင်ရီ၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးပြုံးချို၊ တိုင်းဒေသကြီးလွှတ်တော် (၂) လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုတို့မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Writer: မင်းသူဝင်းထွဋ်
.
Credit : EMG


ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိအောင် ကျင်းပပေးမယ်လို့ တဖွဖွ ပြောနေတဲ့ကြားက တရားမျှတမှု မရှိတာတွေ တစ်ခုပြီးတစ်ခုပေါ်ထွက် လာနေတာတွေ့ရပါ တယ်။အဲဒီအထဲ ထင်ရှားတဲ့ပြဿနာ တစ်ခုကတော့ ကိုယ်မွေး ဖွားစဉ်က ကိုယ့်မိဘနှစ်ပါးစလုံး နိုင်ငံသား ဖြစ်နေရမယ်ဆိုတဲ့ အချက်နဲ့ ငြိနေတဲ့ အမတ် လောင်းတစ်ယောက်ကိုကော်မရှင်က လက်ခံလိုက်ခြင်း ပါ။ အဲဒီ အမတ်လောင်းဟာ နှယ်နှယ် ရရ ပုဂ္ဂိုလ်တော့ မဟုတ်ပါဘူး။ လက်ရှိ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်ပါ။ ဦးသိန်းညွန့် မွေးဖွားစဉ်က မိဘနှစ်ပါး နိုင်ငံသား မဖြစ်ခဲ့ဖူးဆိုတဲ့အချက်ကို အင်န်အယ်လ်ဒီ ဘက်က အမတ်လောင်းက သိရှိပြီးနောက် ကော်မရှင်ကို အထောက်အထားနဲ့တကွ ကန့်ကွက် တိုင်ကြားတာတောင် ကော်မရှင်ဘက်က အချိန်နောက်ကျသွားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်း ဆွေးနွေးကြည့်ကြရအောင်။

တကယ်တော့ အမတ်လောင်းတွေဟာ ဥပဒေပါ သတ်မှတ်အရည်အချင်းနဲ့ ညီမညီ စစ်ဆေးဖို့ တာဝန်ရှိသူဟာ ရွေးကောက်ပွဲကော်မရှင်ပဲ ဖြစ်ပါတယ်။ ကော်မရှင်ဟာ ပြည်ထဲရေး နဲ့ လဝက အကူအညီ ရယူပြီး စစ်ဆေးရမှာပါ။ အမတ်လောင်းအဖြစ် လျှောက်လွှာလာတင်ထား သူ အားလုံးကို တပြေးညီ စစ်ဆေးဖို့ တာဝန်ရှိပါတယ်။ ပြည်ခိုင်ဖြိုးက အမတ်ကို တစ်မျိုး၊ အင်န်အယ်လ်ဒီက အမတ်ကို တစ်မျိုး၊ ဝန်ကြီးကို တစ်ဖုံ၊ အငြိမ်းစားဗိုလ်ချုပ်တွေကို တသွယ် လုပ်လို့မရပါဘူး။ အားလုံးကို စစ်ရမှာပါ။ ဝန်ကြီးမို့လို့ မစစ်တော့တာ၊ အငြိမ်းစားဗိုလ်ချုပ်မို့လို့ စစ်ဖို့မလိုဘူး လုပ်လို့မရပါဘူး။ အကြောင်းကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ အမတ်အရည် အချင်း ပြည့်လို့ဆိုပြီး ရွေးကောက်ပွဲဝင်၊ အနိုင်ရ၊ လက်ရှိအချိန်ထိ လွှတ်တော်အမတ် ဖြစ်နေ သေးတဲ့ ဦးရွှေမောင်းလို လူကိုတောင် သေသေချာချာ ပိုက်စိတ်တိုက် စစ်ရင် တခြားဘယ်သူ ကိုမဆို စစ်သင့်တယ်ဆိုတာ အတော်ရှင်းပါတယ်။ ဒါပေမယ့်လည်း အခုနောက်ဆုံး ထွက်ပေါ် လာတဲ့ ပြဿနာကိုကြည့်ရင် ကော်မရှင်ဟာ သူတို့ စစ်ချင်တဲ့သူတွေကိုကျရင် အသေအလဲ စစ်ပြီး မစစ်ချင်သူတွေကိုတော့ မျက်နှာလွှဲခဲ့တယ်ဆိုတာ အတော်လေး ပေါ်လွင်နေပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် အမတ်လောင်းစာရင်း တင်ပြီးနောက် ကော်မရှင် ဘက်က ဘာပြစ်ချက်မှ တွေ့တယ်လို့ မှတ်ချက် ပြုမထားပါဘူး။နောက်ပိုင်း အင်န်အယ်လ်ဒီ ဘက်ကအချက်အလက်တွေ ရပြီးနောက်မှ ကော်မရှင်ဆီ တိုင်ကြားတာပါ။ အင်န်အယ်လ်ဒီ ဘက်က တိုင်ကြားစာမှာ ဦးသိန်းညွန့်ရဲ့ မိဘတွေဟာ တရုတ်နိုင်ငံကနေ ပြောင်းရွှေ့လာကြ သူတွေ ဖြစ်တယ်၊ ဖခင်နာမည်က ဦးအင်ဝှက်၊ မိခင်က ဒေါ်ကျင်ရန် ဖြစ်တယ်၊ ဦးသိန်းညွန့်ကို ၁၉၄၈ ခုနှစ်မှာ မွေးဖွားခဲ့တယ်၊ သူ့ဖခင်ဟာ နိုင်ငံသား မဖြစ်မီ ၁၉၅၂ ခုနှစ်မှာ ဆုံးပါးသွားခဲ့ တယ် ဆိုတာပါပဲ။ ဒီအချက်ကိုကြည့်ရင် ဦးသိန်းညွန့်မွေးဖွားစဉ် ကမိဘနှစ်ပါး နိုင်ငံသားမဖြစ် တာ သေချာနေပြီး အမတ်လောင်းအရည်အချင်း မပြည့်မီဘူး ဆိုတာကလည်း ရှင်းနေပြီး ဖြစ်ပါတယ်။

တကယ်တော့ ဦးသိန်းညွန့်ရဲ့ အချက်အလက် အဲလို ဖြစ်တယ်ဆိုတာ အပြင်လူ တစ်ယောက်ယောက် သိဖို့ မလွယ်ပါဘူး။ ခိုင်လုံတဲ့ အထောက်အထား ရဖို့ဆိုတာ ပိုပြီး ဝေးပါ သေးတယ်။ ဒါပေမယ့်ကော်မရှင်က အချက်အလက်တောင်းတယ် ဆိုရင်တော့ လ၀က ဘက်က ပေးမှာ အမှန်ပဲ ဖြစ်ပါတယ်။ အခုဖြစ်စဉ်မှာ ကော်မရှင်က ဦးသိန်းညွန့် ကိုယ်ရေးအ ချက်အလက်ကို မတောင်းတာလား၊ လ၀က က လိမ်ညာပေးခဲ့လေသလား မသဲကွဲပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအဖြစ်မှန်ကို သိပြီးနောက် ကော်မရှင်ဘက်က လုပ်ရမှာက (၁) အင်န်အယ်လ်ဒီ ဘက်က စွပ်စွဲသလို ဦးသိန်းညွန့်ဟာ အမတ်လောင်းအရည်အချင်း မပြည့်မီ သူလား စစ်ဆေးရပါမယ်၊ ဒါကလည်း လွယ်ပါတယ်။ (၂) စစ်ဆေးလို့ အမတ်လောင်း အရည် အချင်း မပြည့်မီဘူးဆိုရင် ဒါကို ဘယ်သူ စိစစ်တာလဲ၊ ဘယ်သူ့မှာ တာဝန်ရှိတာလည်း ရှာရပါ မယ်၊ ကော်မရှင်မှာလား၊ လ၀က မှာလား။ ဖော်ထုတ် အရေးယူရပါမယ်။ (၃) အမတ်လောင်း အရည်အချင်း မပြည့်မီဘူးဆိုတာကို သိပြီဆိုမှတော့ ဦးသိန်းညွန့်ကို အမတ်လောင်းစာရင်း ကနေ ပယ်ဖျက်ပစ်ရပါလိမ့်မယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဆိုရင် အဲလို လုပ်ပါလိမ့်မယ်။ ဒါ အလွန်ရှင်းပါတယ်။ အခု ကော်မရှင်ဘက်က လုပ်ပုံက အင်န်အယ်လ်ဒီက တိုင်တာနောက်ကျနေတယ်၊ ဒါကြောင့် ဒီကိစ္စ မကိုင်တွယ်နိုင်တော့ဘူးဆိုပြီး မျက်စေ့မှိတ် ငြင်းလိုက်တာ ဖြစ်ပါတယ်။

ဦးတင်အေးအနေနဲ့ ဥပဒေအတိုင်း လုပ်နေပါတယ်၊ ဥပဒေအတိုင်း လုပ်နေပါတယ် ဘယ်လောက် အော်ပြီးပြောပြော၊ ဘယ်နှစ်ကြိမ် အထပ်ထပ်ဆိုဆို ပြည်သူလူထု အမြင်မှာ ဥပဒေအတိုင်း လုပ်နေ ပါတယ်ဆိုတာ ယုံကြည်ဖို့လည်း လိုအပ်နေပါတယ်။ အခု ဖြစ်စဉ်ကို ကြည့်ရင် ပြည်ခိုင်ဖြိုးမဟုတ်တဲ့ ကျန်ပါတီဝင် အမတ်လောင်းတွေ တစ်သီးပုဂ္ဂလ အမတ်လောင်းတွေ ကိုတော့သေအောင်စစ် ၊နောက်ဆုံးမဖြစ်နိုင်တဲ့ အထောက်အထား တင်ပြခိုင်း တာတွေကိုတောင် လုပ်ခိုင်းပြီး အမတ်လောင်းအဖြစ်ကနေ အများအပြား ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်ကိုကြည့်ရင် အမတ်လောင်းအရည်အချင်း မပြည့်မီလို့ဆိုပြီး ပယ်ချခံရတဲ့ အမတ်လောင်း ၈၀ ဝန်းကျင်အထိ ရှိနေပါတယ်။ အဲဒီအထဲမှာ အင်န်အယ်လ်ဒီ ပါတီက (၆) ယောက်တောင် ရှိပါတယ်။ နည်းတာ မဟုတ်ပါဘူး။ မွတ်ဆလင် လူနည်းစုတွေနဲ့ ဖွဲ့စည်းထား တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဆိုရင် အမတ်လောင်း (၁၈) ယောက်တင်တာ (၁၇) ယောက် ပယ်ချခံရပါတယ်။ အမတ်တစ်ယောက်ပဲ အရွေးခံရတော့မှာမို့ အဲဒီပါတီ သေချာ ပေါက် ဖျက်သိမ်းခံရပါလိမ့်မယ်။ ဒါပေမယ့် ထူးခြားတာက ပြည်ခိုင်ဖြိုးပါတီက တစ်ယောက်မှ အမတ်လောင်းအရည်အချင်း မပြည့်မီလို့ဆိုပြီး ပယ်ချခံရတာ မရှိခဲ့ပါဘူး။ ဒါဟာ ဘက်မလိုက် ပါဘူးဆိုတဲ့ ဦးတင်အေးရဲ့ ကော်မရှင်ကို မေးခွန်းထုတ်စရာ အလွန်ကောင်းတဲ့ အခြေအနေပါ။

လောလောဆယ် အခြေအနေအရ နိုင်ငံရေးပါတီတွေ အမတ်လောင်းတွေဟာ ဘာမှ မတတ်နိုင်ကြပါဘူး။ ကော်မရှင်လုပ်သမျှ ငုံ့ခံနေကြရတာပါ။ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၅၀ ကျော် ကျန်ပါသေးတယ်။ ကော်မရှင်ဘက်က ဒီအတိုင်း ဆက်လုပ်နေဦးမယ်ဆိုရင် ဦးတင် အေး ပြောသလို ကျွန်တော်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု လုပ်ပေး သွားတယ်ဆိုတဲ့ မှတ်တမ်းကောင်းမဝင်ဘဲ အလွန်ချို့ယွင်းချက်များ၊ အလွန် ဘက်လိုက်၊ အလွန်ဥပဒေကို မျက်ကွယ်ပြုတဲ့ ရွေးကောက်ပွဲတစ်ခု ကျင်းပပေးသွားတယ်ဆိုတဲ့ မှတ်တမ်းပဲ ရနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။


http://mizzimaburmese.com/article/4599#sthash.wyE0WXeN.Cw4UlQre.dpuf

သရုပ်ဆောင် ရဲတိုက် ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် နိုင်ငံတော်သမ္မတထံ ရုပ်ရှင် ဂီတ အနုပညာရှင်များက လက်မှတ်များ ရေးထိုးသော အသနားခံစာအား ယနေ့မှာ ရဲတိုက် အမည်ဖြင့် အသုံးပြုနေသည့် ဖေ့ဘုတ် စာမျက်နှာထက်မှ ပရိသတ်များလည်း ဆုတောင်းပေးနိုင်ပါရန် တင်ပြလာသည်ကို တွေ့ရပါသည်။

အဆိုပါ ဖေါ်ပြထားသော အသနားခံစာနှင့်အတူ ပါရှိသည့် လက်မှတ်များအနက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ အကယ်ဒမီ လူမင်း နှင့်အတူ ရုပ်ရှင် အနုပညာရှင်များဖြစ်သော အကယ်ဒမီ နေအောင်၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ ဝေဠုကျော်၊ အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ နေတိုး၊ မြင့်မြတ်၊ သူထူးစံ၊ နေယံ၊ ဇေရဲထက်၊ အကယ်ဒမီ မို့ မို့ မြင့်အောင်၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ သက်မွန်မြင့်၊ အကယ်ဒမီ ၀တ်မှူန်ရွှေရည်၊ ချစ်သုဝေ၊ ၀ိုင်းစုခိုင်သိန်း၊ ဆုပန်ထွာ၊ ပုလဲဝင်း၊ ဒါရိုက်တာ အကယ်ဒမီ ပန်းချီစိုးမိုး၊ ဒါရိုက်တာ အကယ်ဒမီ ၀ိုင်း၊ ဒါရိုက်တာ ဟိန်းစိုး၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ၀င်းထွန်းထွန်း၊ ဒါရိုက်တာ မောင်မောင်ဦး(စနိုးဝှိုက်)၊ ဒါရိုက်တာ အောင်ဗပါဝါ၊ ကိုပေါက်၊ ရဲမြင့်သူ၊ ဒါရိုက်တာ အိအိခိုင်၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ အဆိုတော်ရန်ရန်ချမ်း၊ သျှီ၊ အိုင်ရင်းဇင်မာမြင့် အစရှိသည့် ရုပ်ရှင် ဂီတ အနုပညာရှင်များ ပါဝင်ပြီး စုစုပေါင်း ရုပ်ရှင် ဂီတ အနုပညာရှင် ( ၉၉ )ဦး က လက်မှတ်များ ရေးထိုးထားကြောင်း သိရသည်။

ယင်းသို့ နိုင်ငံတော်သမ္မတထံ ရုပ်ရှင် ဂီတ အနုပညာရှင်များက သရုပ်ဆောင် ရဲတိုက် ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပါရန် လက်မှတ်များ ရေးထိုးကာ အသနားခံစာ ပေးပို့ခဲ့သည်မှာ ၂၀၁၅ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးပါရန် လက်မှတ်များ ရေးထိုးကာ အသနားခံစာ ပေးပို့ခဲ့သည်မှာ ၂၀၁၅ ခုနှစ် မတ်လအတွင်းက ဖြစ်ကြောင်း သိရပါသည်။

The New Sky Media


နိုဝင်ဘာ ၈ တွင် ကျင်းပမည့် အသီးသီးသောလွှတ်တော်ဆိုင်ရာရွေးကောက်ပွဲများ၏ အရည်အသွေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက် အလွန်အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်ပါလိမ့်မည်။ သို့ပါ၍ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် လူ့အခွင့်အရေး လေးစားမှုကို အာမခံချက်ပေးနိုင်သည့် ကောင်းမွန်သောယှဉ်ပြိုင်မှုများဖြင့် အခြေပြုထားသည့် စိတ်ချယုံကြည်ရသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်ရေး အတွက် အသိပေးနှိုးဆော်သည့် ကြိုးပမ်းအားထုတ်မှုများကို ကျွန်ုပ်တို့က ကူညီပံ့ပိုးလျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ တရားဝင်စတင်ခဲ့ပြီး ဖြစ်သည့်အလျောက် ဤနိုင်ငံနှင့် ဤရွေးကောက်ပွဲများ၏ အောင်မြင်ရေးအတွက် ရင်းနှီးပံ့ပိုးပေးထားသည့် ကျွန်ုပ်တို့ကဲ့သို့ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်နိုင်ငံများအနေဖြင့် မဲဆွယ်စည်းရုံးရေးကာလအတွင်း ဘာသာရေးကို နည်းလမ်းတစ်ခုအနေဖြင့် အသုံးချကာ သွေးခွဲခြင်းနှင့် ပဋိပက္ခ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို စိုးရိမ်ပူပန်မိပါသည်။

ကျွန်ုပ်တို့ကိုယ်တိုင်လည်း ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံများဖြစ်သည့်အလျောက် ရွေးကောက်ပွဲကာလအတွင်း နိုင်ငံရေးအခြေအနေများ၏ စိတ်လှုပ်ရှားဖွယ်ရာ ပြောင်းလဲမှုများကို ကောင်းကောင်းနားလည် သဘောပေါက်ပါသည်။ မြန်မာနိုင်ငံတွင် သွေးကွဲမှုနှင့် အရပ်ဘက်ပဋိပက္ခ ဖြစ်ခဲ့ဖူးသည့် သာဓကများရှိခဲ့ပါသဖြင့် ရွေးကောက်ပွဲများသည် ငြိမ်းချမ်းပြီး အားလုံးပါဝင်မှုရှိစေရန် သည်းခံခြင်းစိတ်၊ အပြန်အလှန်လေးစားခြင်းနှင့် ကျောသားရင်သားမခွဲခြားဘဲ မျှတမှုရှိသည့် တရားဥပဒေဖြစ်ရေးတို့ကို အသိအမြင်ကျယ်ပြန့်လာစေရေး နှိုးဆော်ပေးကြပါရန် (ဤရွေးကောက်ပွဲနှင့်) ဆက်စပ်သက်ဆိုင်သူများဖြစ်သည့် အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်နှင့် ဘာသာရေး ခေါင်းဆောင်များ နှင့် နိုင်ငံသားများ အားလုံးကို ထပ်တူထပ်မျှ ကျွန်ုပ်တို့ တောင်းဆိုပါသည်။ ရွေးကောက်ပွဲစည်းမျဉ်းများနှင့် ဥပဒေများအားလုံးကိုလည်း ပြဌာန်းအသုံးပြုရာတွင် လူမျိုး၊ ဘာသာနှင့် နိုင်ငံရေးပါတီမရွေး မျှတမှုရှိရန်၊ တသမတ်တည်းဖြစ်စေရန် နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။
လက်ရှိရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံနှင့် မြန်မာပြည်သူပြည်သားများကို ပံ့ပိုးကူညီရန် နိုင်ငံတကာမှ သန္နိဋ္ဌာန်ချမြဲချထားလျက်ရှိပြီး ဖြစ်စဉ်ကိုလည်း အစိုးရသစ်တစ်ခု ၂၀၁၆ခုနှစ်တွင် ထူထောင်ခြင်းတစ်လျှောက် အနီးကပ်စောင့်ကြည့်လေ့လာသွားမည် ဖြစ်ပါသည်။

Joint Statement on Elections from the Embassies of Australia, Canada, Denmark, France, Norway, Japan, Sweden, the United Kingdom, and the United States of America

The quality of the parliamentary election on 8 November will be a critical marker in Myanmar’s transition to democracy. For that reason, we are supporting efforts to promote a credible, transparent, and inclusive election, underpinned by healthy competition that ensures freedom of expression and respect for human rights.
As the campaign in Myanmar officially begins, however, we, as international partners invested in the success of this country and these elections, are concerned about the prospect of religion being used as a tool of division and conflict during the campaign season.
Being democracies ourselves, we understand well the emotional dynamics of electoral politics. Given the history of division and civil conflict in Myanmar, we call on all stakeholders -- the Government, Union Election Commission, political parties, civic and religious leaders, and citizens alike -- to promote a spirit of tolerance, mutual respect, and equality under the law to ensure the elections are peaceful and inclusive. We call for all election rules and regulations to be applied fairly, consistently, and transparently without regard to ethnicity, religion, or political party. The international community remains committed to support Myanmar and its people during the current election season, and will continue to watch the process closely through the formation of a new government in 2016.

U.S. Embassy Rangoon

students-tharyarwaddy-court-620.jpg သာယာဝတီမြို့နယ် တရားရုံးကို တွေ့ရစဉ်

ကျောင်းသားသပိတ်ကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုမှာတာဝန်ရှိတဲ့ရဲမှူးတွေကို တရားစွဲဖို့ လျှောက်ထားခဲ့ တဲ့ ရှေ့နေဒေါ်ခင်ခင်ကျော်ကို ဝတ္တရားနှောင့်ယှက်မှုနဲ့ သာယာဝတီခရိုင် တရားရုံးကပြန်ပြီး တရားစွဲဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ ရုံးချိန်းမှာ လျှောက်လွှာပြင်ဆင်ချက်နဲ့ ပတ်သက်ပြီး မြို့နယ်တရားသူကြီး နဲ့ ရှေ့နေဒေါ်ခင်ခင်ကျော် တို့ အချေအတင်အငြင်းအခုံဖြစ်ခဲ့တာကြောင့် အခုလိုတရားစွဲခံရတာလို့ ယူဆတဲ့ အကြောင်း ဒေါ်ခင်ခင်ကျော်က RFA ကိုပြောပါတယ်။

"ကျမက ဒုရဲမှူး နန္ဒာဝင်းနဲ့ ဒုရဲမှူးကြီး နန္ဒာဝင်း ဆိုပြီး ရာထူးလေးမှားသွားတာတော့ ကျမသိတယ်၊ အဲ့အပေါ်မှာ ကျမရုံးတော်ကို တင်ပြတယ်လေ၊ ပြင်ဆင်လျှောက်လွှာကို ရုံးတော်က လက်ခံချင်းမရှိဘူး၊ နှုတ်နဲ့လျှောက်လွှဲခွင့် ကိုလည်း မပေးဘဲနဲ့ ကျမကိုလျှောက်လွှာပြန်ပေးတယ်၊ အဲ့အပေါ်မှာ ကျမနဲ့ ရုံးနဲ့ အငြင်းပွားမှုဖြစ်ပွားခဲ့တယ်၊ အဲ့အပေါ်မှာအခြေခံပြီး စွဲတယ်လို့တော့ ကျမယူဆတယ်၊ ဒါပေမဲ့ ဘာအကြောင်းနဲ့ စွဲတယ်ဆိုတာက ၂၁ ရက်နေ့ ရုံးချိန်းကျမှသိရမယ်"

သာယာဝတီအကျဉ်းထောင်ထဲမှာ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၅၄ ယောက်ရှိပြီး၊ အာမခံရလို့ ပြင်ပကနေ တရားရင်ဆိုင်နေရတဲ့ ကျောင်းသားအယောက် ၂၀ ကျော်ရှိပါတယ်။ ဒေါ်ခင်ခင်ကျော်ဟာ အဲဒီကျောင်းသားတွေထဲက တချို့အတွက် အမှုလိုက်ပေးနေသူဖြစ်ပါတယ်။ ကျောင်းသားတွေကို ဒီနေ့ရုံးထုတ်ခဲ့ပေမယ့် အမှုစစ်ဆေးတာတော့ မရှိဘူးလို့ သိရပါတယ်။ စပြီးဖမ်းဆီးခဲ့တဲ့ မတ်လကနေ အခုချိန်ထိ အစိုးရတရားလိုဖြစ်တဲ့ လက်ပံတန်းမြို့နယ် ရဲမှူးဖုန်းမြင့်ကိုပဲ စစ်ဆေးနေတာ မပြီးသေးပဲ ၆ လကြာနေပြီဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ မန္တလေးထောင်မှာဖမ်းထားတဲ့ ရတနာပုံတက္ကသိုလ်က ကျောင်းသား ၄ ယောက်ကို စာမေးပွဲဖြေခွင့်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ တိုက်တွန်းချက်ကို တရားရုံးက ဒီနေ့ပယ်ချလိုက်ပါတယ်။

RFA
http://www.rfa.org/burmese/news/students-lawer-charged-09152015105658.html

 dassk-democarcy-day-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်လွှတ်တော်ရပ်ဝန်းက သဘင်ဆောင်မှာ စက်တင်ဘာလ ၁၅ ရက်နေ့ကကျင်းပတဲ့ ၂ဝ၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းမယ့် ရွေးကောက်ပွဲရဲ့ အောင်မြင်မှုအတိုင်းအတာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အဆုံးအဖြတ်ပေးမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။ ပြည်ထောင်စု လွှတ်တော်သဘင်ဆောင်မှာ ဒီနေ့ ကျင်းပတဲ့ ၂၀၁၅ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားရာမှာ ဒေါ်အောင်ဆန်း စုကြည်က ထည့်သွင်းပြောခဲ့တာပါ။

"လောလောဆယ် အထူးအလေးထားဆောင်ရွက်ရမှာကတော့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျရောက်မယ့် အထွေထွေရွေးကောက်ပွဲကြီး လွတ်လပ်တရားမျှတပြီး တည်ငြိမ်အေးချမ်းစွာ ဖြစ်မြောက်ရေးနဲ့ ရွေးကောက်ပွဲမှ ထွက်ပေါ်လာတဲ့ ပြည်သူ့ဆန္ဒကို လေးစားအကောင်အထည်ဖော်ရေးတို့ဖြစ်ပါတယ်၊ ရွေးကောက်ပွဲရဲ့ စစ်မှန် တဲ့အောင်မြင်မှု အတိုင်းအတာဟာ ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မည်မျှခရီးရောက်သနည်း၊ မည်မျှအနှစ်သာရရှိတယ်ဆိုတာကို ထင်ရှားစွာပြသမှာဖြစ်ပါတယ်၊ ပြည်သူလူထုရဲ့ စိတ်အားထက်သန်တဲ့ ပါဝင်ဆောင်ရွက်မှုနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး မြန်ဆန်အေးချမ်းစွာ ပေါ်ထွန်း လာစေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ယနေ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အတွက် ဆုတောင်းဖြစ်ပါတယ်"

ဒါ့အပြင် အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ စတင်ဖွဲ့စည်းတဲ့အချိန်ကတည်းက စစ်မှန်တဲ့ ဒီမိုကရေ စီပြည်ထောင်စု ပေါ်ထွန်းရေး၊ အမျိုးသားရင်ကြားစေ့ရေးမူတွေကို ကိုင်စွဲပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့ ရရှိနိုင်ဖို့်အတွက် ကြိုးပမ်းခဲ့တယ်လို့ ပြောကြားခဲ့တဲ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆက်လက်ဆောင်ရွက်ရဦးမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်း နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်မှာ ပြည်သူ အားလုံးပူးပေါင်းပါဝင်ဖို့လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံကိုလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ နိုင်ငံဖြစ်ဖို့ အားလုံးဆောင်ရွက်ပေးကြဖို့ကို တိုက်တွန်းပြောကြားခဲ့ပါတယ်။ အခမ်းအနားမှာ နိုင်ငံရေးပါတီ ၂၀က ပါတီ အသီးသီးရဲ့ စာတမ်းတွေအပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကိုယ်စား မြန်မာပြည်သူ့ဖိုရမ်နဲ့ ကျောင်းသား လူငယ်တွေရဲ့ စာတမ်းတွေကို ဖတ်ကြားခဲ့ကြပါတယ်။

အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဌ ဦးမြသိန်း၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ ဒုတိယ၀န်ကြီးတွေနိုင်ငံတကာ သံတမန်တွေ ၊ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

RFA
http://www.rfa.org/burmese/news/dassk-speech-international-democarcy-day-09152015105852.html

 yeallow-ribbon-taunggyi-620.jpg ရှမ်းပြည်နယ် တရားလွှတ်တော်ရုံးရှေ့မှာ စက်တင်ဘာလ ၁၅ ရက်နေ့က ရှေ့နေတွေ ဖဲကြိုးဝါလှုပ်ရှားမှုကို စတင်စဉ်

တပ်မတော်က အငြိမ်းစားယူလိုက်တဲ့ အရာရှိတွေကို တရားလွှတ်တော်ချုပ်ရုံးမှာ ဒုတိယညွှန်ကြားရေးမှူးရာထူးတွေ ခန့်အပ်လိုက်တာကို တောင်ကြီးမြို့ကရှေ့နေ ၁၀ ဦးလောက်က ဖဲကြိုးအ၀ါတွေ တပ်ဆင်ပြီး ရှမ်းပြည်နယ် တရားလွှတ်တော်ရုံးရှေ့မှာ ဒီကနေ့ ကန့်ကွက်ကြပါတယ်။

တပ်မတော်ကနေ အငြိမ်းစားယူလာသူတွေကို အဆင့်မြင့်ရာထူးတွေမှာ တိုက်ရိုက်ခန့်အပ်တဲ့စနစ်ကို ပပျောက်သွားဖို့ ရည်ရွယ်ပြီး ကန့်ကွက်တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်ဦးက ပြောပါတယ်။

"တရားစီရင်ရေးစနစ်ကို စစ်အစိုးရလက်ထက်ရောက်ကတည်းကပေါ့နော် ပထမ အုပ်ချုပ်ရေးဘက်က တရားစီရင်ရေးကို စွက်ဖက်တယ်၊ အခု မိုးကျရွှေကိုယ်တွေ ဝင်လာတဲ့အတွက် တရားစီရင်ရေးမှာရှိတဲ့လူတွေ ဒုက္ခရောက်တယ်၊ အဓိကက ဒီမိုးကျရွှေကိုယ်တွေ တရားစီရင်ရေးဝန်ထမ်း ဌာနအားလုံးမှာပေါ့နော် ဒီစနစ်ကြီးကို တော်လှန်ချင်လို့ပါ"

ဒီလှုပ်ရှားမှုမှာ ရှမ်းပြည်နယ်တစ်ခုလုံးက ရှေ့နေတွေအားလုံး ပါဝင်လာဖို့ ကြိုးစားသွားမယ်လို့လည်း သိရပါတယ်။ အလားတူ မန္တလေးမြို့ အမရပူရမြို့နယ်တရားရုံးမှာ ရတနာပုံတက္ကသိုလ်ကျောင်းသား ၄ဦး ရုံးထုတ်ရာမှာ ရှေ့နေ ၄ယောက်က ဖဲကြိုးအ၀ါတွေ တပ်ဆင်ခဲ့ကြပါတယ်။ ဖဲကြိုးအဝါလှုပ်ရှားမှုကို ပြီးခဲ့တဲ့စက်တင်ဘာ ၉ ရက်နေ့က ပျဉ်းမနားနဲ့ ပြည်တို့မှာ စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် မန္တလေး၊ ရန်ကုန်၊ တောင်ကြီးနဲ့ မော်လမြိုင်မြို့က ရှေ့နေတွေ လည်း ပါဝင်လာတာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/yellow-ribbon-campaign-taunggyi-09152015104343.html

 tinthit-nld-candidate-620.jpg နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်မှာ စက်တင်ဘာလ ၁၅ ရက်နေ့က NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်သစ် မဲဆွယ်နေစဉ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်နဲ့ ယှဉ်ပြိုင်မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်သစ် ဟာ ရွေးကောက်ပွဲဝင်မယ့် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက်မှာ ဒီနေ့ မဲဆွယ် စည်းရုံးဟောပြောခဲ့ပါတယ်။

ပြည်သူတစ်ဦးချင်းစီရဲ့ မဲတစ်ပြားစီတိုင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အရေးကြီးတယ်လို့ ဦးတင်သစ်က ပြောခဲ့ပါတယ်။

"မဲတစ်ပြားချင်း အရေးမပါဘူးလို့ ပြောကောင်းပြောနိုင်တယ်၊ သို့သော် ဒီမဲပြားထုတွေကသာ NLD ကို အဆုံးအဖြစ်ပေးလိုက်မယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံရဲ့ မျှော်လင့်ချက် ဒီမိုကရေစီလူ့ဘောင်တစ်ခု တည်ထောင်ရေးဆိုတဲ့ မျှော်လင့်ချက်ကို တကယ်အကျိုးရှိအောင် ဖော်ဆောင်နိုင်မယ့် အခွင့်အလမ်းရပါလိမ့်မယ်"

ဦးတင်သစ်ဟာ ပုဗ္ဗသီရိမြို့နယ်က ကျဉ်တောင်ကန်၊ ဇီးကုန်း၊ မင်္ဂလာဒီပရပ်ကွက်တွေ မှာ မနေ့ကစပြီး မဲဆွယ်စည်းရုံးနေတာဖြစ်ပါတယ်။ သူဟာ မန္တလေးအခြေစိုက် စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တည်ထောင်သူဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ရွာသား ဖြစ်ပါတယ်။ သူဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ၇ နှစ်ကြာ ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။

RFA
http://www.rfa.org/burmese/news/tinthit-nld-candidate-campaign-09152015104116.html


15-9-2015  ယနေ့  မနက်ပိုင်းတွင် ကားမောင်းသူ ရှိသည့် နေရာများကို သေနတ်များဖြင့် ပစ်ခတ် ၍ ရန်ကုန် - ထားဝယ် အမြန်မှန်လုံး ကား ၅ စီးခန့် အပစ်ခံ ခဲ့ရကြောင်း သိရပါတယ်။

ရန်ကုန်မှ ထားဝယ်သို့ ထွက်လာကြသော ခရီးသည် Expressမှန်လုံ ခရီးသည်ကားများ ရေးမြိုနယ် လမိုင်းအကျော် နှင်းစုံကျေးရွာ အနီး ရေးမြို့မရောက်ခင် ၅မိုင်အတွင်းလောက်မှာ အဆိုပါ ခရီးသည်ကားများကိုရပ်တားရာမှ ကားများ မရပ်သောကြောင့် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြပါကြောင်း (မည့်သည့်အဖွဲ့မှ လုပ်ဆောင်သွားကြသည်ကို မသိရှိလိုက်ကြောင်း ကားသမားများ အပြော), အဆိုပါ ဖြစ်ပျက်မှုကြောင့် ခရီးသည်ကားများ ထားဝယ်သို့ နောက်ကျမှ ၀င်ရောက်နိုင်ခဲ့ကြပါသည်။

အချို့ အိမ်စီးကားများနှင့် Expressမှန်လုံကားများမှာ ဖြစ်ပွားနေရာမှ ကားတန်းမှာ ပိတ်မိအနေအထားမျိုး တွေ့ကြုံနေလိုက်ရတာကို မြင်လို့ အတွေ့အကြုံအရ ကားသမားများမှ ကားများကို နောက်ဆုတ် မီးပိတ်ရပ်နား အခြေအနေများ စောင့်ကြည့် ပီးမှ ထွက်လာရပါကြောင်း။

အဆိုပါ ပစ်ခတ်မှုကြောင့် ခရီးသွား ပြည်သူလူထုများများစွာ စိတ်ပူပန်စိုးရိမ်စိတ်များ ဖြစ်နေသွားရပါကြောင်း၊
ဆက်လက်ပီး ခရီးသွားပြည်သူလူထုများ လမ်းခရီးလုံခြုံ ချောမွေ့သွားလာ နိုင်စေရေးတို့ အတွက် မျှော်လင့်အားကိုးကြီးစွာ စောင့်မျှော် နေကြပါကြောင်း၊ ရှေ့တစ်ပတ်လောက်ကလည်း တနင်္သာရီတိုင်းအကျော် မွန်ပြည်နယ်အစပ် ရေးမြို့နယ်အတွင်းမှာလည် ဒမြ တိုက်မှုလည်း ဖြစ်ပွားခဲ့တယ့် အနေအထား မျိုးရှိခဲ့ပါသည်။

သတင်း - ဓါတ်ပုံ ။ ။ Welcome TO Peace (fb)



၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ
 လာမယ့် နိုဝင်ဘာလ မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက်   မဲဆွယ်စည်းရုံးမှုတွေ စတင်နေချိန်မှာ၊ ဘာသာရေးကို နည်းလမ်းတခု အနေနဲ့သုံးပြီး သွေးခွဲမှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်ချေကို စိုးရိမ်ပူပင်တဲ့အကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးအပါအ၀င် အနောက်နိုင်ငံသံရုံး ၉ ရုံးကနေ ပူးတွဲထုတ်ပြန် ကြေညာပါတယ်။ ရွေးကောက်ပွဲ စည်းမျဉ်းနဲ့ဥပဒေတွေကို အသုံးပြုတဲ့နေရာမှာ လူမျိုး ဘာသာ နိုင်ငံရေးပါတီမရွေး မျှတမှုရှိစေဖို့နဲ့ တသားမတ်တည်းရှိဖို့ ပွင့်လင်းမြင်သာမှု ရှိဖို့တွေကိုလည်း တိုက်တွန်း တောင်းဆိုထားပါတယ်။

"မြန်မာနိုင်ငံမှာ သွေးကွဲမှုနဲ့ အရပ်ဘက် ပဋိပက္ခတွေ ဖြစ်ခဲ့ဘူးတဲ့ သာဓကတွေရှိခဲ့ဘူးတဲ့အတွက် ရွေးကောက်ပွဲ ငြိမ်းချမ်းပြီး အားလုံး ပါဝင်နိုင်ဖို့၊ သည်းခံစိတ်၊ အပြန်အလှန်လေးစားစိတ်နဲ့။ ကျောသားရင်သား မခွဲခြားဘဲ မျှတမှု ရှိတဲ့ တရားဥပဒေ ဖြစ်ရေး၊ အသိအမြင် ကျယ်ပြန့်လာစေရေး၊ နိုးဆော်ပေးပါဆိုပြီး မြန်မာအစိုးရ၊ ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်နဲ့ ဘာသာရေး ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံသားအားလုံးကိုတိုက်တွန်းထားပါတယ်။ သြစတေးလျသံရုံး၊ ကနေဒါ သံရုံး၊ ဒိန်းမတ်သံရုံး၊ ပြင်သစ်သံရုံး၊ နော်ဝေးသံရုံး၊ ဂျပန်သံရုံး၊ ဆွီဒင်သံရုံး၊ ဗြိတိလျှသံရုံးနဲ့ အမေရိကန်သံရုံးတို့က ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ရင်းနှီးပံ့ပိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်နိုင်ငံများဆိုပြီး ရွေးကောက်ပွဲနဲ့ စပ်လျဉ်းတဲ့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။ မြန်မာနိုင်ငံတွင်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘာသာရေးနဲ့လူမျိုးရေး ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေရှိခဲ့တာကြောင့်၊ အလားတူ ထပ်ဖြစ်လာမှာကို နိုင်ငံတကာက စိုးရိမ်နေခဲ့တာပါ။"

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com


 အခမဲ့ အပြာဝန်ဆောင်မှု မိုဘိုင်းအက်ပလီကေးရှင်း တခုသည် အသုံးပြုသူ၏ ဓာတ်ပုံကို စမတ်ဖုန်း၏ အရှေ့ ကင်မရာမှ လျှို့ဝှက်ရိုက်ကူး၍ အသုံးပြုသူ၏ ကိုယ်ရေး အချက်အလက်များကို ဖွင့်ချမည်ဟု ခြိမ်းခြောက်ငွေညှစ် သည်ကို အမေရိကန် အင်တာနက် လုံခြုံရေးကုမ္ပဏီက တွေ့ရှိခဲ့သည်။

အပြာဗီဒီယိုများ အခမဲ့ကြည့်ရှုခွင့်ရမည်ဆိုသော 'Adult Player' အက်ပလီကေးရှင်းသည် ဖုန်းတွင်း ထည့်သွင်း ပြီးနောက် စတင်အသုံးပြုသည်နှင့် ဖုန်း၏အရှေ့ကင်မရာမှတဆင့် အသုံးပြုသူ၏ ဓာတ်ပုံကို လျှို့ဝှက်ရိုက် ယူပြီးနောက် ဖုန်းကို Lock ချပစ်ကာ ငွေညှစ်သည့်စာတန်းကို ထုတ်ဖော်ပြကြောင်း Zscaler အင်တာ နက်လုံခြုံရေးကုမ္ပဏီက ပြောသည်။

၎င်းအက်ပလီကေးရှင်းက ဒေါ်လာ ၅၀၀ တောင်းဆိုပြီး ဖုန်းကို reset လုပ်သော်လည်း ငွေညှစ်သည့် စာတန်းပျောက်မသွားဟု ဆိုသည်။
''Adult Player သည် အပြာဗီဒီယိုအခမဲ့ ကြည့်ရှုခွင့်ရမည့် အက်ပလီကေးရှင်းအဖြစ် အသုံးပြုသူများကို ဆွဲဆောင်ပြီး ၎င်းတို့၏မျက်နှာပုံကို စမတ်ဖုန်းအရှေ့ကင်မရာမှတဆင့် ရိုက်ယူ၍ ငွေညှစ်သည့် အက်ပလီကေး ရှင်းဖြစ်သည်''ဟု အဆိုပါကုမ္ပဏီ၏ ဘလော့ဂ်ပို့စ်တွင် ရေးသားထားသည်။

ထိုသို့သော အန္တရာယ်ရှိ အက်ပလီကေးရှင်းများသည် Google play store, Apple App store တို့မှမဟုတ်ဘဲ ၀က်ဘ်ဆိုက်များမှတဆင့် တိုက်ရိုက်ဆွဲယူ၍ ထည့်သွင်းစေသည်။ ကွန်ပျူတာနှင့် လက်ပ်တော့ပ်များကို ပစ်မှတ် ထားသည့် အန္တရာယ်ရှိ ပရိုဂရမ်များ ၂၀၁၄ ခုနှစ်ကထက် ၁၂၇ ရာခိုင်နှုန်း မြင့်တက်လာနေကြောင်း သြဂုတ်လ က ထုတ်ပြန်သော အင်တာနက်လုံခြုံရေးအစီရင်ခံစာက ဖော်ပြသည်။

''ဒီလို ပရိုဂရမ်တွေမြင့်တက်လာခြင်းရဲ့ အဓိကအကြောင်းရင်းတခုက ရေးဆွဲရတာ လွယ်ကူတာကြောင့်ဖြစ် တယ်။ ကျွန်တော်တို့ ခြေရာခံလိုက်ကြည့်တဲ့ ပရိုဂရမ်တခုဆိုရင် သီတင်းပတ် ၁၀ ပတ်အတွင်း ဒေါ်လာ ၇၅၀၀၀ လောက်ရသွားတယ်။ ဒီလို အက်ပလီကေးရှင်းတွေက လူတွေရဲ့ရှက်စိတ်ကို ခုတုံးလုပ်တာပေါ့လေ။ သူတို့ တောင်းတဲ့ ပိုက်ဆံမပေးရင် ကိုယ့်ဂုဏ်သိက္ခာပျက်စီးဆုံးရှုံးမယ့် အခြေအနေမျိုးဖြစ်နေတာကိုး။ ဒီလိုဟာကို ကွန်ပျူတာပရိုဂရမ်တွေအဖြစ် တွေ့ရများပေမယ့် အခုနောက်ပိုင်း မိုဘိုင်းဖုန်းတွေမှာပါ တွေ့လာရပါပြီ''ဟု ဥရောပအင်တာနက်လုံခြုံရေး ကုမ္ပဏီမှ Raj Samani က ပြောသည်။

Ref; RT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 မြောက်ကိုရီးယားက Yongbyon နျူကလီးယားစက်ရုံ စတင်လည်ပတ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားက အရည်အသွေးရှိတဲ့ နျူကလီးယားလက်နက်တွေကို အရေအတွက်တိုးမြှင့်နေတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNA က ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားက ၂၀၀၇ ခုနှစ်မှာ Yongbyon ဓာတ်ပေါင်းဖိုကို ရပ်တန့်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ပြန်လည် လည်ပတ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဓာတ်ပေါင်းဖိုလည်ပတ်မှုဟာ နျူကလီးယား လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုလို့ရမယ့် ပလူတိုနီယံ ထုတ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ ရန်လိုမှုကို နျူကလီးယားလက်နက်တွေနဲ့ အချိန်မရွေးရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ KCNA သတင်းက ဆိုပါတယ်။

ဒါပေမယ့်အခုလို မြောက်ကိုရီးယားရဲ့ ထုတ်ဖော်ပြောဆိုမှုတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်း မသိရှိနိုင်သေးပါဘူး။

သူတို့အနေနဲ့ အသေးစား လက်နက်ဖြစ်တဲ့ ဒုံးကျည်မှာတပ်ဆင်နိုင်တဲ့ အနုမြူ ထိပ်ဖူးလက်နက်ကို ထုတ်လုပ်နိုင်ခဲ့တယ်လို့လည်း မြောက်ကိုရီးယား အစိုးရက ပြောဆိုခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် တရားရုံးမှာ မနေ့ကမိုးကုတ်မြို့က ရေပူကျောင်းတိုက် ဆရာတော် ဦးဣန္ဒကကို စစ်ဆေးနေစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့ အတွက် တရားခွင်ကို ရပ်နားခဲ့ရပါတယ်။

RFA သတင်းထောက် ကိုဘုန်းမြတ်က တင်ပြထားပါတယ်။

ရိုက်ကူး - ဆက်ပိုင်တိုး/ RFA
RFA Burmese
https://www.facebook.com/RFA-Burmese

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်တရားရုံးမှာ မနေ့ကမိုးကုတ်မြို့က ရေပူကျောင်းတိုက် ဆရာတော် ဦးဣန္ဒကကို စစ်ဆေးနေစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့အတွက် တရားခွင်ကို ရပ်နားခဲ့ရပါတယ်။RFA သတင်းထောက် ကိုဘုန်းမြတ်က တင်ပြထားပါတယ်။ရိုက်ကူး - ဆက်ပိုင်တိုး/ RFA

Posted by RFA Burmese on Tuesday, September 15, 2015


 ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီနေ့ နံနက်ပိုင်းက ပြည်သူ့ လွှတ်တော် ဥက္ကဌ ရုံးခန်းမှာ နာရီဝက်ခန့် သီးသန့်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

အဲဒီတွေ့ဆုံမှုဟာ သူရဦးရွှေမန်းကို ကြံ့ခိုင်ရေး ပါတီအတွင်း အပြောင်းအလဲ ပြုလုပ်ပြီးကာလနောက်ပိုင်း ၄ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးဟာ ဒီကနေ့နေ့လယ်ပိုင်းမှာ လွှတ်တော်ဝန်းအတွင်းက သဘင် တောင်ခန်းမမှာပြုလုပ်မယ့် ၂၀၁၅ ခုနှစ် ဒီမိုကရေစီနေ့အခမ်းအနားကို တက်ရောက် ကြမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီနေ့အခမ်းအနားကို မြန်မာနိုင်ငံမှာ အစိုးရသစ်တက်ပြီးကာလ ၅ ကြိမ်မြောက် အခုလိုလွှတ်တော်တွင်းမှာ ကျင်းပါတာဖြစ်ပါတယ်။

Photo: Myo Thant Khaing/ RFA
RFA Burmese
https://www.facebook.com/RFA-Burmese


 မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်မှာ လွတ်လပ်ရေးရခဲ့တယ်။ လွတ်လပ်ရေးနှင့်အတူ ၀ါဒစွဲ၊ လူမျိုး စွဲ၊ ဘာသာစွဲကို အကြောင်းခံပြီး ရောင်စုံသောင်းကျန်းမှု ပေါ်ပေါက်ခဲ့တယ်။ ပြည်တွင်းစစ်ကြီးဖြစ်ပွားခဲ့တယ်။ ပြည်ထောင်စုကြီးမပြိုကွဲဖို့ တပ်မတော်အင်အားကို ကြီးမားအောင်တိုးချဲ့တည်ဆောက်ရပါတယ်။ တပြည်လုံး နီးပါး သောင်းကျန်းသူများအောက်ကျရောက်ကာ ရန်ကုန်အစိုးရအဖြစ် နိုင်ငံတကာမီဒီယာများရဲ့ ဖော်ပြခြင်းခံရ တဲ့ ၀န်ကြီးချုပ်ဦးနုရဲ့ ဖဆပလအစိုးရဟာ တပ်မတော်ကို အလိုလိုက်အကြိုက်ဆောင်ပြီး အားကိုးအားထားပြုခဲ့ ရပါတယ်။

အဲဒါကြောင့် တပ်မတော်ခေါင်းဆောင်များရဲ့စိတ်ထဲမှာ အခုလို အတွေးဝင်လာပါတယ်။ တိုင်းပြည်အတွက် လိုအပ်တဲ့အခါ စစ်သားတွေက အသက်စွန့်ကြိုးပမ်းကြရတယ်။ ခံစားစံစားဖို့တော့ လက်နက်မကိုင်တဲ့ နိုင်ငံရေး သမားတွေ စံစားကြတယ်။ ဒါ့ပြင် အချင်းချင်းမတည့်ကြဘူး။ ကွဲကြပြဲကြ ရန်ဖြစ်နေကြတယ်။ နိုင်ငံရေးသမား တွေနေရာမှာ စစ်ဗိုလ်တွေသာဝင်လုပ်ရင် တိုင်းပြည်ဟာ အခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့ မိမိတို့ကိုယ်မိမိ အထင်ကြီးစိတ် ၀င်လာပါတယ်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ စစ်တပ်က ၀န်ကြီးချုပ်ဦးနုအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းပါတယ်။ ဖဆပလခေတ်တွင် GDP တိုးတက်မှု အညွှန်းကိန်းမြင့်မားမှုကြောင့် အရှေ့ တောင်အာရှမှာ ထိပ်တန်းနိုင်ငံတနိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ တပ်မတော်မှ နိုင်ငံတော်တာဝန်ယူပြီး မြန်မာ့ ဆိုရှယ် လစ်လမ်းစဉ်ဖြင့် ချီတက်ချိန်တွင် လွဲမှားသော နိုင်ငံရေးစနစ် ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှု အမြော်အမြင်ဥာဏ် ကင်းမဲ့လမ်းစဉ်အမှားကြောင့် မြေပေါ်မြေအောက် ရေပေါ်ရေအောက် သယံဇာတကြွယ်ဝပါလျက်နဲ့ တိုင်းပြည် ဆင်းရဲတွင်းနက်ခဲ့ရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၂၆ နှစ်အကြာ ၁၉၈၈ ခုနှစ်တွင် အထွေထွေမကျေနပ်မှုများကြောင့် တတိုင်းပြည် လုံး လူထုအုံကြွမှုဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က အစိုးရဟာ ဒီမိုကရေစီတောင်းဆိုသူများကို လက်နက်နဲ့ အကြမ်း ဖက်ဖြိုခွဲခဲ့ပါတယ်။ ပြည်သူလူထု အမြောက်အမြား သွေးမြေကျခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင်က သမ္မတဒေါက်တာမောင်မောင်ထံမှ အာဏာလွှဲပြောင်းယူခဲ့ပါတယ်။

ဒီလိုနဲ့ ဦးနေ၀င်းရဲ့တပါတီအာဏာရှင်စနစ်ကို မကြိုက်လို့ ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ မြန်မာပြည်သူလူထုဟာ စစ် အာဏာရှင် အုပ်စိုးမှုအောက်ထပ်ပြီး ကျရောက်ခဲ့ရပါတယ်။ ပြည်သူလူထုရဲ့ ဒီမိုကရေစီတောင်းဆိုမှုဟာ စစ် အစိုးရရဲ့ဖိနှိပ်ချုပ်ချယ်မှုအောက် လွင့်ပျောက်ခဲ့ရပါတယ်။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင် က စစ်တပ်ဟာ အာဏာကို ကြာရှည်ထိန်းချုပ်ထားမှာမဟုတ်ဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်။ အနိုင်ရပါတီကို အာဏာလွှဲပေးမယ်။ ပြီးရင် စစ်တပ်ဟာ စစ်တန်းလျားပြန်မယ်ဆိုပြီးပြောပါ တယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ်အနိုင်ရပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ ကတိကို ဖောက်ဖျက်ပြီး အာဏာမလွှဲပေးခဲ့ပါဘူး။ ရွေးကောက်ပွဲကျင်းပတာဟာ အာဏာလွှဲပေးဖို့ မဟုတ်ဘူး။ ဖွဲ့စည်းပုံဥပဒေသစ်တရပ် ရေးဆွဲဖို့ဆိုပြီး ဆင်ခြေပေးပါတယ်။ စစ်အစိုးရဟာ လက်ညှိုးထောင် ခေါင်းညိတ်မယ့် သူတွေ၊ သူ့အပေါ် ထောက်ခံသူတွေ အများစုပါဝင်စေပြီး အမျိုးသားညီလာခံတရပ် ကျင်းပပါတယ်။ နှစ်ပေါင်း ၁၆ နှစ်ကြာခဲ့ပါ တယ်။ ကမ္ဘာပေါ်တွင် အချိန်အကြာဆုံး ရေးဆွဲတဲ့ ဖွဲ့စည်းပုံဥပဒေဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံဥပဒေမှာ စစ်တပ်ကို နိုင်ငံရေးဦးဆောင်ခွင့်၊ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်အဆင့်ဆင့်တွင် ပါဝင်ခွင့်နောက်ဆုံး တိုင်းပြည်မငြိမ်သက်ရင် အာဏာသိမ်းခွင့်ပေးထားပါတယ်။

စစ်အာဏာရှင်များဟာ အာဏာကို တရားဝင်ထိန်းချုပ်ခွင့်ရချိန်မှာ တိုင်းပြည်နှင့် လူထုကောင်းစားရေးထက် သူ့ အသိုင်းအ၀န်းနဲ့ စစ်တပ်ကောင်းစားရေးအတွက်ပဲ လုပ်ကြပါတယ်။ မလွှဲမရှောင်သာလို့ အာဏာကို စွန့်ရတဲ့ အခါမှာ ယုံကြည်စိတ်ချရတဲ့ တပည့်သားရင်းများကို အာဏာလွှဲပေးပြီး အာဏာကိုကန့်လန့်ကာနောက်ကွယ်မှ ထိန်းချုပ်လေ့ရှိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပတဲ့အခါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတည် ထောင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ်အနိုင်ရပြီး ဗိုလ်ချုပ်မှူးကြီး သတ်မှတ် ရွေးချယ်ပေးတဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်က ဦးသိန်းစိန်အဖြစ် အရပ်ဝတ်လဲကာ နိုင်ငံတော်သမ္မတဖြစ်လာပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ အစိုးရသက်တမ်းငါးနှစ်ပြည့်ခါနီးပါပြီ။ ဒီအချိန်မှာ တိုင်းသူပြည်သားအများစုဟာ လွန်ခဲ့ သော ငါးနှစ်ကထက် ပိုမိုဆင်းရဲကျပ်တည်းနေပါတယ်။ နိုင်ငံတ၀န်း ရာဇ၀တ်မှုတွေ ထူပြောနေပါတယ်။ ပြည် တွင်းသောင်းကျန်းမှု မချုပ်ငြိမ်းသေးဘဲ တိုင်းပြည်ရဲ့ဒေသအချို့မှာ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ စစ်ဘေး တိမ်းရှောင် ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သလို ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်ဆန် ပဋိပက္ခမှ ဒုက္ခသည်များကို အတည်တကျ ပြန်လည်နေရာချ မပေးနိုင်သေးပါဘူး။ ဒီလိုအခြေအနေမှာ ယခုနှစ် ဇူလိုင်၊ သြဂုတ်လကစပြီး နိုင်ငံရဲ့ တိုင်းနှင့်ပြည်နယ် ၁၂ ခုလောက်မှာ ရေကြီးမှုတွေ၊ မြေပြိုမှုတွေဖြစ်ခဲ့တာ ကြောင့် ရေဘေးရှောင်များဆိုပြီး ဒုက္ခသည် အသစ်တမျိုး တိုးလာပါတယ်။

ဒီလိုအခြေအနေတွေမျိုးမှာ ၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲကြီး ကျင်းပပါတော့မယ်။ ဒီရွေးကောက် ပွဲဟာ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲသမိုင်းမှာ သမိုင်းတွင်မယ့် ရွေးကောက်ပွဲတခု ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေး အနှစ်သာရအနေနဲ့လည်း အလွန်အရေးပါတဲ့ ရွေးကောက်ပွဲတရပ်လို့ ဆိုနိုင်ပါတယ်။ အာဏာရှင်စနစ်အောက် မှာ နှစ်ပေါင်း ၅၀ ကျော်ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပို့ဆောင်ပေး နိုင်မလား၊ ဒါမှမဟုတ် စစ်တပ်တပိုင်းအုပ်စိုးမှုဆက်လက်ပြီး သက်ဆိုးရှည်စေနိုင်မလားဆိုတာ ဒီရွေးကောက်ပွဲ ကြီးက အဆုံးအဖြတ်ပေးမယ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက်ဟာ လူမကောင်းသလို မူလည်းမကောင်းကြပါဘူး။ ပြည်သူလူထုအပေါ် စေတနာထားတဲ့အစိုးရ၊ ပြည်သူ လူထုရဲ့မျက်နှာကိုကြည့်ခဲ့တဲ့ အစိုးရများမဟုတ်ကြပါဘူး။ ပြည်သူလူထုရဲ့ဘ၀ကို မြှင့်တင်ပေးတဲ့၊ ပြည်သူတွေကို လွတ်လပ်ပျော်ရွှင်စေတဲ့၊ ပြည်သူတွေကို ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသားတွေအဖြစ် နေထိုင်နိုင်အောင် ဆောင်ရွက်ပေးတဲ့ အစိုးရမျိုးမပေါ် ပေါက်ခဲ့ပါဘူး။

ဒါ့ပြင် နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိအောင်၊ အဂတိလိုက်စားမှုတွေ ကင်းရှင်းအောင်ဆောင်ရွက်ပေးတဲ့ အစိုးရ မျိုးမရှိခဲ့ပါဘူး။ မြန်မာနိုင်ငံကို ကမ္ဘာနဲ့ရင်ပေါင်တန်းဖို့မဆိုထားနဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ တန်းတူလိုက်နိုင်အောင် တောင် ဆောင်ရွက်ခဲ့တဲ့ အစိုးရမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်မှာ မြန်မာနိုင်ငံရဲ့တိုးတက်မှုအ၀၀ဟာ ဆုတ်ဆိုင်းခဲ့ရပါတယ်။ ကျဆင်းဆုတ်ယုတ်ခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အာဏာရ ပြည်ခိုင်ဖြိုးပါတီနဲ့ အတိုက်အခံ NLD ပါတီတို့ အဓိကယှဉ်ပြိုင်ရမှာဖြစ်ပါ တယ်။ အာဏာရပါတီဟာ လူခွဲ၊ အသင်းခွဲကစားပြီး ရေရှည်အာဏာ ဆက်လက်ချုပ်ကိုင်နိုင်ရေး မဟာဗျူဟာ တရပ် ခင်းကျင်းနေပါတယ်။ မကြာသေးမီ ရက်ပိုင်းက အငြိမ်းစားယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း ပြည်ခိုင်ဖြိုးပါတီရဲ့ တွဲဖက်အတွင်းရေးမှူးဖြစ်လာပြီး ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ် ကြီး(အငြိမ်းစား)လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်း ဗိုလ်ချုပ်ကြီး(အငြိမ်းစား)သူရသက်ဆွေ၊ စစ်ဆင်ရေးအဖွဲ့မှူးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး(အငြိမ်းစား)မြင့်စိုး၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ် ချုပ်ကြီး(အငြိမ်းစား)ဝေလွင်တို့ အာဏာရပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်ဆောင်ကော်မတီဝင်များ ဖြစ်လာကြခြင်း က ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်အကြား မဟာဗျူဟာမြောက်ဆက်ဆံရေးများရှိနေကြောင်း ပေါ်လွင်နေပါတယ်။

လက်ရှိအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ နေပြည်တော်ကောင်စီဝင်အချို့နဲ့ အငြိမ်းစားတပ်မတော်အရာ ရှိကြီးတွေဟာ အာဏာရပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများအဖြစ်သာမက တသီးပုဂ္ဂလ ကိုယ်စားလှယ်များအနေနဲ့ပါ ရွေးကောက်ပွဲဝင်ပြိုင်ကြဖို့ တာစူနေကြပါတယ်။ ဒါဟာ အဏာရပါတီအနေနဲ့ ရေရှည်အာဏာထိန်းကျောင်းရေးအတွက် မဟာဗျူဟာနည်းဗျူဟာ ခင်းကျင်းနေကြခြင်းပဲ ဖြစ်ပါတယ်။

ဒါဆိုရင် အာဏာရပြည်ခိုင်ဖြိုးပါတီ အာဏာဆက်ရရင် မြန်မာနိုင်ငံသားတွေ ဆင်းရဲတွင်းမှ လွတ်မြောက်လာ မလား။ ပြည်သူ့အသံကို နားထောင်တဲ့၊ ပြည်သူကို အမှန်အကျိုးပြုတဲ့၊ ဒီမိုကရေစီစစ်စစ်ကို ဖော်ဆောင်ပေးမယ် အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်လာပါ့မလား။ ပြီးခဲ့သော ငါးနှစ်တာကာလအတွင်း အစိုးရအဖွဲ့၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ အာဏာရပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များရဲ့ လုပ် ကိုင်ဆောင်ရွက်ပုံ၊ အပြောအဆိုများ၊ သူတို့တတွေရဲ့ အရည်အချင်းများအရ အထူးသဖြင့် ပြည်သူအပေါ် စေတနာနည်းပါးမှုအရ အထက်ပါ မျှော်မှန်းချက်များ ဖြစ်လာဖွယ်မရှိ၊ မျှော်လင့်ချက်မရှိလို့ သုံးသပ်ကောက် ချက်ချမိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ''လာမယ့်ရွေးကောက်ပွဲမှာ မိမိတို့သာ အနိုင်ရခဲ့ရင် ပြီးခဲ့တဲ့အစိုးရတွေထက် ပိုမိုကောင်းမွန်တဲ့ အစိုးရတရပ်ကို ဖွဲ့နိုင်မှာဖြစ်တယ်၊ ပြီးတော့ NLD ဟာ အာဏာကို ဖက်တွယ်မထားဘူး။ ပြည်သူမလိုလားတဲ့တနေ့ အာဏာမှ ဆင်းပေးမယ်''ဆိုပြီး ပြောပါတယ်။
ပြည်သူလူထု အများစုကြီးရဲ့သဘောထားက အပြောင်းအလဲကို လိုချင်လှပြီ။ မှားတာ၊ မှန်တာ၊ အောင်မြင် အောင် လုပ်နိုင်တာ၊ မလုပ်နိုင်တာ အသာထားလိုက်ဦး၊ နှစ် ၅၀ ကျော် မအောင်မြင်ခဲ့တဲ့ တပ်မတော်စတိုင် နိုင်ငံဖွံ့ဖြိုးရေးဆောင်ရွက်ချက်များကို မယုံကြည်ကြတော့ပြီ။ တပ်မတော်ခေါင်းဆောင်ကြီးများ ကြီးပွားချမ်းသာ ခဲ့ကြသလောက် ပြည်သူတို့ ဆင်းရဲမွဲတေတဲ့အခြေနေကို ပြောင်းချင်ပြီ''လို့ ဆရာဖေမြင့်က သူ့ရဲ့အမြင်ကို ဖွင့်ဟထားပါတယ်။

တပ်မတော်နဲ့ တပ်မတော်ကျောထောက်နောက်ခံပြု အာဏာရ ပြည်ခိုင်ဖြိုးပါတီက သူတို့ရဲ့လက်ရှိရထားတဲ့ အခွင့်အာဏာကို နောက်ထပ် ၅ နှစ် ၁၀ ကြိမ် အနှစ် ၅၀ ကြာ ဆက်လက်ဆွဲဆန့်ဖို့ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေကြပါပြီ။ အာဏာလက်ရှိများပီပီ မဲဆန္ဒရှင်များကို ဖွံ့ဖြိုးရေး အကူအညီများ မက်လုံးများပေးပြီး မဲဆွယ်စည်းရုံးနေကြပါပြီ။
သူတို့ထဲမှ အချို့ဟာ အာဏာအတွက် ရက်စက်ခဲ့ကြတာ ကြောက်ခမန်းလိလိပါ။ ဒါကြောင့် ပြည်သူ့ဒီမိုကရေစီ အတွက် အသည်းကြားက မဲတပြားပေးခွင့်ရလာတဲ့ ဒီနေ့ဒီအချိန်မှာ (၁၀၀ ရာခိုင်နှုန်းမဟုတ်ဘဲ ၇၅ ရာခိုင်နှုန်း အတွက်ပဲ ကိုယ်စားလှယ်များ ရွေးချယ်ခွင့်ရမှာမို့) အပြောကောင်းတိုင်း မယုံပါနဲ့။ အပေးကောင်းတိုင်း မယူပါနဲ့။ မရခင် ဖျာလိုလိပ် ထိပ်ပေါ်တင်ပြီး ရရင်ဖျာလိုခင်း၊ မြေပြင်အနင်းမခံရဖို့အတွက်၊ တန်ဖိုးရှိ တဲ့ မဲတပြားကို အပြောင်းအလဲအတွက် လူမှန်ရွေးပေးကြပါ။ အပြောင်းအလဲကို မှန်မှန်ကန်ကန်လုပ်မယ့် ပါတီနှင့် ပါတီခေါင်း ဆောင်ကိုပဲကြည့်ပြီး မဲထည့်ကြပါ။ အခွင့်အရေးရလာခိုက်မှာ အခွင့်အရေးကို အပြည့်အ၀ အမိအရ ဖမ်းဆုပ် ကိုင်ကြပါကုန်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာကျင်းပမယ့် Miss International 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု သွား ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံထားရတဲ့ အလှမယ်'အမရာငြိမ်း'က တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ သယံဇာတတွေ၊ လူ့ အရင်းအမြစ်အကုန်လုံးကို စနစ်တကျစီမံခန့်ခွဲပေးနိုင်တဲ့ ပညာတတ် ထက်မြက်တဲ့ ကြည်ညိုလေးစားဖို့ကောင်းတဲ့ ခေါင်းဆောင်ကောင်းတယောက်ကို မဲပေးရွေးချယ်ချင်ပါတယ်''ဆိုပြီး ပြောထားတယ် မဟုတ်ပါလား။

ကိုယ့်နိုင်ငံအတွက် အကောင်းဆုံး အသင့်မြတ်ဆုံးခေါင်းဆောင်ကို ကိုယ့်လက်ထဲမှ မဲတပြားနဲ့ ရွေးချယ်ခွင့် ၇၅ ရာခိုင်နှုန်းရလာပါပြီ။ ပြောင်းလဲချိန်တန်ပါပြီ။ နှစ်ပေါင်း ၅၀ ကျော် စစ်ဗိုလ်တွေ အုပ်ချုပ်ခဲ့တဲ့ခေတ်ကြီးကို ပြောင်းလဲဖို့ မဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်း မဖြစ်မနေ မဲပေးကြဖို့တိုက်တွန်းလိုက်ရပါကြောင်းပါဗျာ။

ဝိုင်းတော်သားတဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အသွားတုန်းက ဘာမှ မရှိတဲ့ လမ်းမပေါ်မှာ
အပြန်ကျတော့..
ပိုင်ရှင်မရှိတဲ့ ကျောက်ပုံကြီးတွေက လမ်းပိတ်လျှက်သား နေရာယူနေကြပြီ ။

အဝင်အထွက်ကလည်း ဒီတစ်လမ်းပဲ ရှိတော့..
NLD ပါတီဝင်တွေ ..
မြင်တဲ့ အတိုင်း..
လမ်းခင်းလုပ်အားပေးနေရမယ့် ကိန်းပါပဲ။

ဟဲ..ဟဲ
နေရာကတော့..
သူတို့ရဲ့ ကျောင်းတော်ကြီးရှိရာ မေမြို့မှာပါ။
NLD ပါတီဝင်တွေ စည်းရုံးရေး သွားတဲ့ အချိန်မှာ ဖြစ်ပါတယ်

လမ်းခင်းဖို့ အဓိက မလုပ်ပဲ
ပြန်လမ်းကို ပိတ်ဖို့က အဓိကကျ လွန်းတာ သိသာလွန်းတယ်ဗျာ။

အဲဒီနေရာက ကားတွေ
အဝင်အထွက်လုပ်ဖို့ နေရာတောင် ချန်မထားပဲ
စည်းရုံးရေး သွားတဲ့ကားတွေ အပြန်မှာ အခက်အခဲဖြစ်အောင်
လုပ်ချင်နေတဲ့စိတ်က
ဒေသခံ ပြည်သူတွေကိုပါ ထိခိုက်ပြီး
ပြည်သူအတွက် ထည့်မစဉ်းစားပဲ
တဘို့ထဲပဲ ကြည့်တတ်တဲ့
ဲ့ပုံစံတွေကတော့ လွန်လွန်းတယ်လို့ ဆိုရမှာပါ။

တကယ် လမ်းခင်းဖို့ပဲ ရည်ရွယ်ချက် ရှိရင်
လမ်းဘေး တဖက်ထဲမှာချည်းပဲ ကျောက်တွေကို တဖက်သတ်ပုံခိုင်းထားရင်း
တဖက်ကို သွားလာလို့ရအောင် ဖွင့်ပေးထားလို့ ရတာပဲ မဟုတ်လား။

ခုတော့..
လမ်းလယ်တွေမှာပါ ပုံထားပြီး
သူတို့ရဲ့ ညစ်ပတ်တဲ့စိတ်ကြောင့်..
သူတိုပဲ အရှက်ကွဲရ ပြန်ပြီပေါ့။

ဘုန်းထက်ကြယ်

Photo from ..ဘလူး ပိစ့်

စက်တင်ဘာ ၁၄ ရက် ရုံးချိန်းတွင် ရေပူဆရာတော်အား တွေ့ရစဉ်
ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ကျောက်မျက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသော မိုးကုတ်မြို့ ရေပူကျောင်းတိုက် ဆရာတော်အား စွဲချက်တင် အမိန့်ချမှတ်မည့် စက်တင်ဘာ ၁၄ ရက် ရုံးချိန်းတွင် တရားခွင်အတွင်း ရဲတပ်သားတစ်ဦးက သေနတ်မောင်းချိန်သည်ဟု ဆိုကာ တရားရုံးအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။

ရေပူဆရာတော်၏ အမှုနှင့် ပတ်သက်၍ ခရိုင်တရားသူကြီး ဒေါ်သဇင်ရွှေက ဆရာတော် အပါအ၀င် တရားစွဲဆို ခံထားရသူများ၏ အမည်ခေါ်ကာ အောက်ပါအတိုင်း စွဲချက်တင်လိုက်သည်ဟု ပြောကြားခဲ့ပြီးသည့်နောက်တွင် ဆရာတော်က “ရပြီ။ ဒီကနေ့ကစပြီး ဒီခရိုင် တရားရုံးနဲ့ တရားသူကြီးကို အယုံအကြည် မရှိတဲ့အတွက် ဒီအမှုကို ဘုန်းကြီး ရင်ဆိုင်မသွားတော့ဘူး။ ကြိုက်သလို စီရင်သွားလို့ရတယ်။ ကြိုက်သလို ဆုံးဖြတ်လို့ ရတယ်။ စွဲချက်တင်သင့် မတင်သင့်ဆိုတာ သက်သေတွေ ထွက်ဆိုချက်တွေ အပေါ်မှာ ကြိုက်တဲ့ တရားသူကြီး၊ ကြိုက်တဲ့ ဥပဒေပညာရှင်၊ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဥပဒေပညာရှင်ပဲ ဖြစ်ဖြစ် လာစစ်ဆေး စစ်ဆေး စစ်ဆေးခံနိုင်ပါတယ်။ ဒါကြောင့် တရားရုံးကို ယုံကြည်မှု မရှိတဲ့အတွက်၊ တရားသူကြီးကို ယုံကြည်မှု မရှိတဲ့အတွက် စွဲချက်တင်တယ်ဆိုလို့ရှိရင် ဒီကနေ့ကစပြီး ဒီတရားရုံးနဲ့ တရားသူကြီးကို လုံးဝ သပိတ်မှောက်ပါတယ်။ အစစ်ခံမှာ မဟုတ်ပါဘူး” ဟု မိန့်ကြား၍ တရားခွင်မှ ထွက်ခွာစဉ် ရဲတပ်သားတစ်ဦးမှ သေနတ်မောင်းချိန်သည်ဟုဆိုကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တရားခွင်အတွင်း ပြောကြားခဲ့သည်မှာ စွဲချက်တင်သည်ဟု အမိန့်ချမှတ်သည့် အဆင့်ထိ မရောက်သေးကြောင်းနှင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့သဖြင့် ရုံးပြောင်းလျှောက်ရန်သာ ပြောကြားကြောင်း ခရိုင်တရားသူကြီး ဒေါ်သဇင်ရွှေက ပြောကြားသည်။


စက်တင်ဘာ ၁၄ ရက် ရုံးချိန်းတွင် ရေပူဆရာတော်အား တွေ့ရစဉ်
တရားခွင်အပြီးတွင် ဆရာတော်က “ဒီအမှုနဲ့ ပတ်သက်ပြီး ဘုန်းကြီးအနေနဲ့ အသက်ကိုစွန့်ချင် စွန့်ရပါစေ မိမိစောင့်ထိန်းနေတဲ့ သီလသိက္ခာပုဒ်ကို မစွန့်ပါဘူး။ အဲဒီလိုပါပဲ ဘုန်းကြီးရဲ့ ယုံကြည်ချက်ကို နောက်ဆုံးထွက်သက်အထိ ဘုန်းကြီး ဆုပ်ကိုင်သွားမယ်ဆိုတာ ဘုန်းကြီး ပြောချင်တယ်။ ဘုန်းကြီးရဲ့ အသက် ၅၀ ရှိပါပြီ။ သက်တမ်းအားဖြင့် တွက်မယ်ဆိုရင် ဘယ်လောက်မှ မကျန်တော့ပါဘူး။ ဘုန်းကြီးအတွက် ဘာမှ မျှော်လင့်ချက် မရှိပါဘူး။ ဒါပေမဲ့ ဒီကနေ့ ဒီအချိန်မှာ အခုလို မတရား အမှုတွေကို အနစ်နာခံပြီးတော့ မတွန်းလှန်ခဲ့ဘူးဆိုရင် နောင်မျိုးဆက်သစ်တွေ ဆက်ကာဆက်ကာ ခံနေရမှာ စိုးတဲ့အတွက် ဘုန်းကြီး ထွက်သက်ရောက်တဲ့ အချိန်ထိ ဒီမတရားမှုတွေကို တော်လှန်သွားမယ်လို့ ဆုပ်ကိုင်ထားပါတယ်” ဟု မိန့်ကြားခဲ့သည်။

တရားခွင်အတွင်း ရဲတပ်သားများသည် သေနတ်ယူဆောင်ခဲ့ပြီး၊ သေနတ်မောင်း ချိန်ခဲ့သည်ဟု ရေပူဆရာတော် အပါအ၀င် တရားခွင်တွင် နားထောင်ခဲ့သည့် ဆရာတော်၏ ဒကာများနှင့် သံဃာတော်များက ဆိုသည်။

“ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရမှာပေါ့။ စုံစမ်းစစ်ဆေးပြီးတော့ တာဝန်ပေါ့လျော့တယ်၊ မလိုအပ်ဘဲနဲ့ ဆောင်ရွက်တယ် ဆိုခဲ့ရင်တော့ သူ့ကို ထိုက်သင့်တဲ့ အရေးယူ ဆောင်ရွက်မှု လုပ်ရမှာပေါ့” ဟု ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

မိုးကုတ်မြို့ ရေပူကျောင်း ဆရာတော်ကို ကျောင်းတိုက်အတွင်း၌ မြေစာများအား ရေပိုက်ဖြင့် ထိုးပက်ထားသည်ကို ၂၀၁၅ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁(က)(ခ)အရ ပြင်ဦးလွင်မြို့ ခရိုင်တရားရုံးတွင် တရားစွဲဆိုသည့်အပြင် ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် သာသနာညှိုးနွမ်းစေမှု ပြစ်မှုပုဒ်မ ၂၉၅ နှင့် သစ်တောဥပဒေ ဥပဒေပုဒ်မ ၄၂(ခ)ဖြင့် တရားစွဲဆိုထားသည်။

ငြိမ်းဇော်လင်း
Eleven Media Group
https://www.facebook.com/ElevenMediaGroup?fref=ts

"ပြောင်းလဲလိုက်စို့" (NLD အောင်နိုင်ရေးသီချင်းသစ်)

တေးရေး - ရယ်ဂျီ @ Reggie Lwin

တေးဆို - ထွန်းအိန္ဒြာဗို သျှီ R ဇာနည်

ဒါရိုက်တာ - ကြည်ဖြူသျှင် က ရိုက်ကူးပါတယ် ...

"ပြောင်းလဲလိုက်စို့" (NLD အောင်နိုင်ရေးသီချင်းသစ်)တေးရေး - ရယ်ဂျီ @ Reggie Lwinတေးဆို - ထွန်းအိန္ဒြာဗို သျှီ R ဇာနည်

Posted by Kyaw Soe Htut on Tuesday, September 15, 2015