09/20/15

မဲစာရင်းများမှန်ကန်မှုကို ၃၀ရာခိုင်နှုန်းသာအာမခံနိုင်ပါက နုတ်ထွက်ပေးရန်နှင့် ယင်းကြောင့် တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်အတွက် သံသယများရှိနေသည်ဟု အနုပညာရှင်တစ်ချို့က စက်တင်ဘာ ၂၀ရက်တွင် ဝေဖန်လိုက်သည်။

"ဒီတာဝန်ကိုယူပြီးလို့ နောက်ကန်တော့ပွဲနဲ့တောင်းပန်ရင်တောင် မလုပ်တော့ဘူးလို့ ဆန္ဒရှိသူကတစ်ပိုင်း၊ ၃၀ရာခိုင်နှုန်းပဲမှန်ကန်မှုကို အာမခံမယ်ဆိုရင် အခုကတည်းက နုတ်ထွက်ပေးပါ။ အဲဒီအတွက် ကန့်တော့ပွဲ ဘယ်နှစ်ပွဲတင်တောင်းရတောင်းရဆိုတဲ့ ဆန္ဒရှိသူကတစ်ပိုင်း၊ ကျွန်မကတော့ ပြည်သူများမဲစာရင်းသွားစစ်ကြပါလို့ ကန့်တော့ပွဲနဲ့ တောင်းပန်ပါတယ်" ဟု ရုပ်ရှင်သရုပ်ဆောင်ထွန်းအိန္ဒြာဗိုလ်က ပြောသည်။

စက်တင်ဘာ ၂၀ရက် နေ့လည် ၃နာရီမှ ၅နာရီထိ ဆူးလေ ရှန်ဂဟီလာဟိုတယ်တွင် အနုပညာရှင်အများစုက မဲပေးပိုင်ခွင့်မဆုံးရှုံးဖို့ မဲစာရင်းကြည့်ကြစို့ ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အခမ်းအနားတွင် အနုပညာရှင်အချို့က ဝေဖန်လိုက်ခြင်းဖြစ်သည်။

"ဒီမိုကရေစီနိုင်ငံတွေမှာ မဲစာရင်းက နိုင်ငံတစ်ကာစာရင်းအင်းပညာရှင်တွေ ပြောချက်အရဆိုရင် ၁ရာခိုင်နှုန်း ထက်ပိုမှားခွင့်မရှိဘူးတဲ့။ အဲဒီထက်ပိုမှားရင် ဒါကိုမသမာမှုလို့ သတ်မှတ်ပါတယ်လို့ ဖတ်ရတယ်။ ပြန်ပြီးအစအဆုံး ပြုပြင်တာလုပ်ရပါတယ်တဲ့။ အခု၇၀ရာခိုင်နှုန်းမှားနေတယ်ဆိုတော့ စိုးရိမ်ရေမှတ်ရောက်နေတယ်လို့ စဉ်းစားမိပါတယ်။" ဟုလည်း ဖြူဖြူကျော်သိန်းက ယင်းအခမ်းအနားမှာ ပြောကြားသည်။

ကြည့်ဖြူသျှင်၊ ထွန်းအိန္ဒြာဗိုလ်၊ ဖြူဖြူကျော်သိန်း၊ ချောစုခင်၊ သံသာဝင်း၊ ချစ်သုဝေ၊ နွဲ့ယဉ်ဝင်း၊ အယ်လ်လွန်းဝါ၊ လွှမ်းပိုင်၊ မောင်မောင်အေးတို့အပါအ၀င် အနုပညာရှင် ၁၅ဦးခန့်က မဲစာရင်းတွင် မဲပေးနိုင်သူ အားလုံးပါဝင်ရေး မဲစာရင်းကိုကြည့်ရှုပြီး မဲစာရင်းတွင် ပါဝင်အောင်ဆောင်ရွက်နိုင်ရန် ပြည်သူများသို့ အသိပေးခြင်းလည်းဖြစ်သည်။

မဲစာရင်းမှန်ကန်ရေးကို ကော်မရှင်ဥက္ကဋ္ဌအနေဖြင့် ၃၀ရာခိုင်နှုန်းသာ အာမခံနိုင်ပြီး ကျန်အပိုင်းပြည့်မီရေးသည် ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရန် အရေးကြီးသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက စက်တင်ဘာ ၁၁ရက် PARK ROYAL ဟိုတယ်တွင် ပြုလုပ်သည့် အယ်ဒီတာဖိုရမ်တွင် ပြောဆိုခဲ့သည်။

ကော်မရှင်ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် မဲစာရင်းမှန်ကန်ရေးအတွက် ၃၀ရာခိုင်နှုန်းသာ တာဝန်ယူနိုင်သည်ဟု ပြောဆိုခဲ့သည့်အပေါ် အဖွဲ့အစည်းပေါင်းစုံမှ ဝေဖန်နေကြခြင်းလည်းဖြစ်သည်။

"၃၀ရာခိုင်နှုန်းပဲမှန်မယ်လို့တရားဝင်ပြောတာ၊ အဖြေထွက်မလာသေးပဲ ၃၀ရာခိုင်နှုန်းပဲမှန်မယ်လို့ ဘာလို့အရင် ပြောနိုင်တာလဲ၊ ဒါဆို ၇၀ရာခိုင်နှုန်းမှားတာ သူတို့သိပြီးသားလို့ထင်တယ်။ သိပြီးသားကိုဘာလို့မှန်အောင် မလုပ်ပေးနိုင်တာလဲ၊ ဒါကိုသံသယရှိတယ်။အဲဒီတော့ရွေးကောက်ပွဲကလည်း တရားမျှတပါ့ မလားလို့မေးခွန်း ထုတ်ချင်တယ်။" ဟု အဆိုတော်သံသာဝင်းက ဆိုသည်။

မဲစာရင်းတွေအမည်မပါဝင်ပါက မဲပေးနိုင်မည်မဟုတ်ကြောင်းနှင့် မဲစာရင်းများကို သွားရောက်ကြည့်ရှုပြီး အမည်ပါဝင်ရေးဆောင်ရွက်ရန်လည်း တိုက်တွန်းထားသော်လည်း အမှန်တစ်ကယ်သွားရောက်ကြည့်ရှု့ ပြင်ဆင်ရာတွင် အခက်အခဲများစွာ၊ အဆင်မပြေမှုများစွာရှိနေသည်ဟု လည်း ၎င်းတို့က ဆိုကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၄ရက်မှ ၂၇ရက်ထိ တစ်နိုင်ငံလုံးမှမဲစာရင်းများကို ထုတ်ပြန်ကြေငြာပေးထားသည်။
-
: http://mizzimaburmese.com/article/4963#sthash.hy5lq0yE.dpuf

ဖိုတိုရှော့ ထဲမှာတော့ သမ္မတရုံး က ဖိုတိုရှော့ အညံ့ဆုံးဘဲဗျ။

NLD လူထုဟောပြောပွဲ က ဓာတ်ပုံတွေကို ဖြတ်ညှပ်ကပ်လုပ်ပြီး လော်ဘီလုပ်ထားတော့ NLD အလံ အနီရဲရဲလေးတွေ က လဲ တလူလူလွင့် လို့ပါဘဲ။

ဖိုတိုရှော့ သင်တန်းဖွင့်မယ်ဗျာ။ သမ္မတရုံးအတွက် အနီးကပ်သင်တန်းသဘောမျိုးပေါ့။

အောင်သိန်းလင်း လို ဆံပင်အတု စွတ်စရာမလိုဘဲ သမ္မတဦးသိန်းစိန် ဆံပင်ပြန်ပေါက်စေရမယ်။

အမြန်ဆက်သွယ်ပါ။

သမ္မတရုံးရဲ့ Official Page ပေါ်က ကလေးတောင် သိနိုင်တဲ့ Photoshop ကြီးနဲ့ ပုံတင်ထားတဲ့ ကိစ္စရဲ့ နောက်ကွယ်မှာ ထင်ထားတာထက် ပိုကြီးတဲ့ ပြသနာ တစ်ချို့ ရှိနိုင်တယ်။ ဒီ Page ဟာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(ခ) မှူးဇော်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိတယ်လို့ အများက သိထားကြ ပါတယ်။ မှူးဇော်ဟာ အရင်ကလည်း သမ္မတကြီးရဲ့ ရိုးရှင်းသော နံနက်စာတို့၊ ထမင်းမစားဘဲ ရေအိမ် အရင်ဝင်တဲ့ သမ္မတကြီးတို့ စသဖြင့် ဝေဖန်ဖွယ်ရာ Post တစ်ချို့ကို တင်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။

အခုလည်း သူ့လို လူမှုကွန်ယက် ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တဲ့ ပုဂ္ဂိုလ် တစ်ဦးဟာ လက်ရာ ညံ့လွန်းတဲ့ Photoshop ပုံကို မသိဘဲ တင်တာလို့ လက်ခံနိုင် ဖွယ်ရာ မရှိပါဘူး။ မှူးဇော်ဟာ သမ္မတရုံးမှာ စတင် တာဝန်ထမ်းဆောင် စဉ်က သမ္မတရဲ့ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးအနေနဲ့ သတ်မှတ် ခံထားရသူပါ။ သို့သော် ကချင် စစ်ပွဲနဲ့ ပတ်သက်လို့ ဝေဖန်ဖွယ်ရာ မှတ်ချက်ပေးမှု တွေကြောင့် သိသိသာသာ နောက်ပို့ ခြင်း ခံခဲ့ရပြီး ဦးရဲထွဋ်ကိုသာ တရားဝင် ပြောရေးဆိုခွင့် ရှိသူ အဖြစ် သတ်မှတ်ခဲ့ ပါတယ်။

နောက်တစ်ချက်က လာမယ့် ရွေးကောက်ပွဲမှာ ဦးစိုးသိန်း၊ ဦးအောင်မင်း စသူတွေတောင် တစ်သီးပုဂ္ဂလ အရွေးခံ နေချိန်မှာလည်း မှူးဇော်ကို ဘယ်လို အခန်းကဏ္ဍမှ သတ်မှတ် ပေးခြင်း မရှိသေးတာပဲ ဖြစ်ပါတယ်။ တကယ်လို့သာ အစိုးရ အပြောင်းအလဲ ဖြစ်ခဲ့ရင် မှူးဇော်ဟာ ပထမဆုံး နေရာ ပျောက်မယ့် သူတွေထဲမှာ ပါပါတယ်။ ဒါတွေကို ခြုံကြည့်ရင် မှူးဇော်ရဲ့ လတ်တလော အလွဲတွေဟာ ရိုးရိုး သားသား လွဲချော်မှုတွေ ဟုတ်ပါ့မလားလို့ တွေးမိပါတယ်။

Zin Thaw Naing. Melvin moe

 dassk-zayyarthiri-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၂ဝ ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာမှာ ရွေးကောက်ပွဲအသိပညာပေး ဟောပြောပွဲကျင်းပစဉ်

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် မြန်မာနိုင်ငံကို "ကုလားတွေ" အုပ်ချုပ်လိမ့်မယ်လို့ ထိုးနှက်တိုက်ခိုက် မှုတွေရှိနေတဲ့အပေါ် ဘယ်လိုပြောချင်ပါသလဲလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလိုပြောပြီး စည်းရုံးတိုက်ခိုက်ဟာ "အောက်တန်းကျတဲ့နိုင်ငံရေး" ဖြစ်ကြောင်းနဲ့ အဲ့ဒီလိုပြောဆိုနေတာတွေကို နားထောင် စရာမလိုကြောင်း ပြောပါတယ်။

ဒီကနေ့ နေပြည်တော် ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာမှာ ရွေးကောက်ပွဲအသိပညာပေး ဟောပြောပွဲမှာ လူငယ်တစ်ဦးကမေးမြန်းတာကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"အဲ့ဒီလိုပြောပြီးတော့ စည်းရုံးတာ တိုက်ခိုက်တာဟာ အင်မတန်မှ အောက်တန်းကျတဲ့နိုင်ငံရေးပဲ ပြောပါရစေ ၊ အောက်တန်းကျတဲ့နိုင်ငံရေးကို လုပ်တဲ့သဘော၊ ဘာလည်းဆိုတော့ ပြည်သူကို မလေးစားတဲ့သဘောပဲ ၊ ပြည်သူတွေက အတယ် နုံတယ်၊ ငါတို့ပြောသမျှကိုယုံမယ်လို့ထင်လို့ အဲ့ဒီလို အောက်တန်းကျကျ နိုင်ငံရေး လုပ်တာပါလို့ ကျမပြောချင်ပါတယ်၊ ကိုယ့်ကိုအထင်သေးတဲ့ လူတွေရဲ့စကားဟာ ကိုယ့်ကိုမလေးစားတဲ့လူတွေ ရဲ့စကား၊ ကိုယ့်ကို တန်ဖိုးမထားတဲ့ လူတွေရဲ့စကားကို နားထောင်စရာအကြောင်းကိုမရှိဘူးလို့ ကျမအနေ နဲ့ ပြောချင်ပါတယ်"

ဒီမိုကရေစီစနစ်မှာ ပြည်သူတွေကလည်း ကိုယ့်တာဝန်ကျေပြွန်ဖို့ လိုအပ်သလို အာဏာကို အစိုးရအပေါ် အားလုံးပုံအပ်ထားတာမျိုး မလုပ်ကြဖို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ရင်လည်း အာဏာကို ပုံအပ်ထားတာမျိုး မလုပ်ဖို့ကိုလည်း ပြောပါတယ်။

"ပြည်သူတွေကလည်း ကိုယ့်တာဝန်ကိုယ် ကျေပြွန်အောင်အလုပ်လုပ်ဖို့လိုပါတယ်၊ အရေးကြီးပါတယ် ဘယ်တော့မှ ဘယ်အစိုးရကိုမှ အားလုံးပုံပြီးတော့ မအပ်ထားပါနဲ့လို့ ကျမက သတိပေးပါရစေ၊ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်ရင်လည်း ပုံပြီးတော့မအပ်ထားပါနဲ့၊ ဘယ်တော့မှမမေ့နဲ့ ဒီမိုကရေစီစနစ်မှာဆိုရင် အဓိကသြဇာဟာ ပြည်သူ့လက်ထဲမှာရှိတယ်၊ အာဏာဟာ ပြည်သူ့လက်ထဲမှာ ရှိတယ်၊ အဲ့ဒါကို ဘယ်သူ့ကိုမှ ထာဝရပုံပြီးတော့မအပ်သင့်ဘူး၊ ရွေးကောက်ပွဲ တစ်ခုနဲ့တစ်ခုကြား တခဏသာ ဒီအာဏာကိုပေးပြီးတော့ စမ်းကြည့်တဲ့သဘောပဲရှိပါတယ်"

အန်အယ်လ်ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို အကောင်းဆုံးဖြစ်အောင် ရွေးချယ်ထားကြောင်း နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်မယ်ဆိုရင် ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ဟောပြောတဲ့ ဇေယျာသီရိမဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးသွင်ဟာ ပြည်ခိုင်ဖြိုးပါတီကနေယှဉ်ပြိုင်မယ့် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

နန်းသြကျေးရွာဟောပြောပွဲကို ဒေသခံ တစ်သောင်းနီးပါးလောက် တက်ရောက်ကြပါတယ်။

ဒီကနေ့ နေပြည်တော် ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာက ရွေးကောက်ပွဲအသိပညာပေး ဟောပြောပွဲမှာ လူငယ်တစ်ဦးကမေးမြန်းတာကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ရိုက်ကူး - ဝင်းနောင်တိုး၊ ဝင်းကိုကိုလတ်/RFA

Posted by RFA Burmese on Sunday, September 20, 2015
RFA
http://www.rfa.org/burmese/news/dassk-speech-naypyitaw-09202015054123.html


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၀ ရက် ယနေ့ နံနက် ၉း၀၀ နာရီက မန္တလေးတိုင်း နေပြည်တော်ခရိုင် ဇေယျာသီရီ မြို့နယ် နန်းသြကျေးရွာ (ရန်ကုန် -မန္တလေးလမ်းဟောင်း)တွင် ဒေသခံပြည်သူများအား ရွှေးကောက်နှင့်ပတ်သက်၍ ရွှေးကောက်ပွဲအောင်နိုင်ရေးမိန့်ခွန်းကိုဟောပြောခဲ့သည်။ ၎င်း ဟောပြောပွဲသို့ ဒေသခံပြည်သူ ၅သောင်းကျာ် တက်ရောက်ခဲ့သည်။

အဖွဲ့ချုပ် ဥက္ကဋ္ဌ ဇေယျာသီရီ မြို့နယ်ဟောပြောပွဲမိန့်ခွန်း***********************************************************အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၀ ရက် ယနေ့ နံနက် ၉း၀၀ နာရီက မန္တလေးတိုင်း နေပြည်တော်ခရိုင် ဇေယျာသီရီ မြို့နယ် နန်းသြကျေးရွာ (ရန်ကုန် -မန္တလေးလမ်းဟောင်း)တွင် ဒေသခံပြည်သူများအား ရွှေးကောက်နှင့်ပတ်သက်၍ ရွှေးကောက်ပွဲအောင်နိုင်ရေးမိန့်ခွန်းကိုဟောပြောခဲ့သည်။ ၎င်း ဟောပြောပွဲသို့ ဒေသခံပြည်သူ ၅သောင်းကျာ် တက်ရောက်ခဲ့သည်။

Posted by National League for Democracy on Saturday, September 19, 2015
National League for Democracy

ထောင်ဒဏ်နှစ်ရှည် ကျခံနေရသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်၏ အစ်ကိုဖြစ်သူ ဦးဆန်းမြင့်သည် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLDပါတီ) ကိုယ်စားပြုအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃)၌ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကာယကံရှင်ဖြစ်သူ ဦးဆန်းမြင့်က စက်တင်ဘာ ၁၆ ရက်တွင် မြန်မာ သံတော်ဆင့်သို့ အတည်ပြု ပြောကြားသည်။

““ကျွန်တော် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃)၊ NLD က ၀င်ရောက် ယှဉ်ပြိုင်မှာပါ။ အမှတ် (၃) ဆိုတာ ရေကြည်မြို့နယ် တစ်ခုလုံးနဲ့ ကျုံပျော်မြို့နယ် တစ်ခုလုံးကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃) လို့ ခေါ်ပါတယ်ခင်ဗျ။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလည်း NLD ပါတီက အရွေးချယ်ခံ ကိုယ်စားလှယ်လောင်းပေါ့။ သို့သော် နိုင်ငံရေး ရာသီဥတုကြောင့် ယာယီ နုတ်ထွက်ခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာ NLD ပါတီ ပြန်လည် မှတ်ပုံတင်တဲ့ အခါကျတော့ ပါတီဝင် ပြန်လျှောက် ထားတယ်လေ။ လျှောက်ထားပြီးတဲ့ အခါ အခု ၂၀၁၅ အခါကျတော့ မဲဆန္ဒရှင်တွေရဲ့ တောင်းဆိုချက်အရ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃)ရေကြည်၊ ကျုံပျော်က ပြန်ဝင်တာပါ””ဟု ဦးဆန်းမြင့်က ပြောသည်။

ဦးဆန်းမြင့်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် လေးမျက်နှာမြို့နယ်၊ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် (၂) တွင် NLD ပါတီ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော ရွေးချယ်ခံ ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်ပြီး ယခုဝင်ရောက် ယှဉ် ပြိုင်မည့် ရေကြည်နှင့် ကျုံပျော် မြို့နယ်တို့ မှာ ၂၀၁၀ ရွေးကောက်ပွဲ ကာလက ၎င်း၏ညီဖြစ်သူ ကြံ့ခိုင်ရေး ဗဟိုကော်မတီဝင် ဦးဆန်းဆင့် ရွေးချယ်ခံခဲ့ရသော နယ်မြေလည်း ဖြစ်သည်။

ဦးဆန်းဆင့်သည်၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ရေကြည် မြို့နယ် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရပြီးနောက် တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ယင်းနောက် သာသနာရေး ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူဖြစ်ကာ အစိုးရက နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ငွေအလွဲသုံးစားမှု စွပ်စွဲချက်များဖြင့် တရားစွဲပြီး ထောင်ဒဏ် ၁၀ နှစ်ကျော် ချမှတ်ခံခဲ့ရ သူ ဖြစ်သည်။

ဦးဆန်းဆင့် အရေးယူခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့နှင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်မှ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးများ၊ တိပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက ဆရာတော်ကြီး များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ရဟန်းရှင်လူပြည်သူ တစ်သိန်းကျော် စုပေါင်းလက်မှတ် ရေးထိုး၍ ဦးဆန်းဆင့်ဘက် မှ ထောက်ခံကာ သမ္မတဦးသိန်းစိန်ထံ တောင်းဆို ခဲ့သော်လည်း ဦးဆန်းဆင့်အား နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ရုံသာမက သရေစည်သူ ဘွဲ့ကိုပင် သမ္မတက ပြန်လည်ရုပ်သိမ်းကြောင်း အမိန့်စာကိုပင် ဆက်လက် ထုတ်ပြန်ခဲ့သေးသည်။

ဦးဆန်းမြင့် ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်အမှတ် (၃) တွင် ဦးဝင်းထိန်(တစည)၊ ဒေါ်နန့်သန်းမြင့်ကြည် (မြန်မာနိုင်ငံတောင်သူ လယ်သမား၊ အလုပ်သမားပြည်သူ့ပါတီ)၊ ဦးမောင်ညို(NDF)၊ ဒေါ်ခင်ချိုမွန် (မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ)နှင့် ကြံ့ခိုင်ရေးပါတီမှ ဦးမြင့်သိန်းတို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

တင်ဇာအောင်

- “မြန်မာသံတော်ဆင့် လူထုရှေ့ဆောင်”ဆုရ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိုယ်စား ဆုတက်ယူ ပေးခဲ့သော ဦးဆန်းမြင့်အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)နာယက သူရဦးတင်ဦးနှင့်အတူ တွေ့ရစဉ်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

လွန်ခဲ့သော နှစ်ပေါင်း ၂၇ နှစ် အခုလို အချိန်မျိုး တွင် ရန်ကုန်မြို့ ကြီး၏ လမ်းများပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိပြီး သေနတ်သံများ ယမ်းငွေ့များနှင့် သွေးညှီ နံ့များက ဖုန်းလွှမ်းလျက်ရှိနေခဲ့ပေသည်။

ပြည်သူတရပ်လုံး၏ တော်လှန်ပုန်ကန်မှုကြီးကို လက်နက်အားကိုးဖြင့် နှိမ်နှင်းရန် စစ်တပ်မှ သံချပ်ကာ ကားများ ဖြင့် မြို့တော်၏ လမ်းများပေါ်သို့ ၀ငိရောက်လာကြရာ ပြည်သူများက ဂျင်ကလိများ၊ လေးခွများဖြင့်၎င်း၊ သစ်ပင်များ ခုတ်လှဲ၍ လမ်းများကို ပိတ်ဆို့ကာ အပြင်းအထန် ခုခံလျက် ရှိနေကြသည်။

ထောင်ပေါင်များစွာသော ရဟန်းရှင်လူ များကလည်း ရရာလက်နက် စွဲကိုင် တော်လှန်နိုင်ရေးအတွက် ထိုင်း-မြန်မာ နယ်စပ်သို့ အလုံးအရင်းဖြင့် ထွက်ခွာလျက် ရှိနေခဲ့ကြသည်။

ထောင်ပေါင်းများစွာသော လူအများလည်း လူစင်မမှီအောင် ညှင်းပမ်းနှိပ်စက်ခံကြရကာ နှစ်ရှည်လများ ထောင်သွင်း အကျဉ်းချခဲ့ကြပြန်သည်။

အစိုးရမှ အရပ်သား ၅၀၀ ကျော်သေဆုံးခဲ့သည်ဟု တရားဝင် ၀န်ခံသော်လည်း သတင်းဠာနများ အဆိုအရ သုံးထောင်နီးပါး သေဆုံးခဲ့ရသည်ဟု တညီတညွတ်တည်း ကောက်ချက်ချခဲ့ကြသည်။

ယခုအခါ အဆိုပါ ဖြစ်ရပ်၏ သမိုင်းတရားခံများက စစ်ဘောင်းဘီများကို ခ္ဈတ်၍ ၎င်းတို့အား ဆက်လက် အုပ်ချူပ်ခွင့် ပြုရန် အရေး နိုင်ငံအနှံတွင် နည်းမျိုးစုံ သုံး၍ လှူပ်ရှားလျက် ရှိနေကြပေသည်။

ထိုကဲ့သို တချိန်သော အခါက့ ပြည်သူအများ အသက်သွေးခ္ဈေး ပေး၍ ရုန်းကန်ခဲ့ကြသော ဒီမိုကရေစီ အရေးတော်ပုံကြီးကို လေးစားတန်ဘိုးထားရကောင်းမှန်း မသိ ၎င်းတို့၏ ကြွေးသမျစားကာ ရောင့်ရဲနေကြသော အမျိုးသား သစ္စာဖေါက်များကလည်း သခင်အားရ က္ဈန်းပါးဝ ဖြစ်ကာ နည်းမျိုးစုံဖြင့် လူထုအားတွေဝေစေရေး လုပ်ကြံ ပြောဆိုလျက် ရှိကြပြန်သည်။

NLD က အခုထိ တိုင်းပြည်အတွက် ဘာများလုပ်ပေးခဲ့သနည်း ဆိုသော စကားများက အဆူညံဆုံး ဖြစ်လာနေသည်ကို တွေ့ရပြန်သည်။

အတိုက်အခံ ပါတီ ဘ၀ နှင့် နေရသော NLD သည် အစိုးရမဟုတ်၍ လမ်းတခြမ်းပင် ခင်းပေးခွင့် မရှိကြောင်း အတိအကျ သိစေအပ်သည်။ နိုင်ငံတကာရှိ အခြားသော အတိုက်အခံများကဲ့သို့ မိမိလုပ်ချင်သည့် တိုင်းကျိုး ပြည်ပြု စီမံကိန်းများကို စာရွက်ပေါ်မှာတင်သာ ရေးချထားရသည့် ဘ၀ပင်။

လွှတ်တော်ထဲတွင်လည်း လူအင်အား ၄၀ ကျော်မျသာ ရှိသဖြင့် တင်သွင်းခဲ့သော တိုင်းပြည်အကျိုး ပြု ဥပဒေကြမ်းများအားလည်း အင်အားကြီး ပါတီကြီးက အလိုမကျ ဖြစ်ကာ လူအင်အား နှင့် ၀ိုင်းဝန်း ထောင်းထုခြင်း ခံခဲ့ရပြန်သည်။

သို့သော် တိုင်းပြည်၏ တခုတည်းသော ဒီမိုကရေစီ ခံတပ်ကြီးအဖြစ် နှစ်ပေါင်း ၂၅ နှစ်လုံးလုံး စစ်အစိုးရ၏ အမျိုးမျိုး သော ခြိမ်းခြောက် အနိုင်ကျင့်မှုများ ၀ိုင်းရံနေသည့်ကြားမှ ပြည်သူများရဲ့ လိုအင်ဆန ဖြည့်စီးနိုင်ရေး နှင့်၊ ကျဆုံးသွားရသူများ၏ သစ္စာကို စောင့်သိကာ မားမားမတ်မတ် ရပ်နိုင်ခဲ့၍ ကမ္ဘာကပင် လေးစားခန့်ညား ခဲ့ရသော ပါတီကြီး တရပ် ဖြစ်လာရပေသည်။

သို့သော် ထိုကဲ့သို့ နှစ်ပေါင်း ၂၀ အတွင်း ပြုည်သူများအပေါ် မီးလိုကျင့်ခဲ့မှူကြောင့် ကမ္ဘာအလယ်တွင် စစ်အုပ် ချူ ပ်သူများ အဖို့မူ ခေါင်းပင် မဖေါ်ဝံ့။ မည်သူကမှလည်း ဆေးဖေါ်ကြောဘက် မလုပ်ချင်ကြ။ အာဆီယံ နိုင်ငံများပင် မချစ်သော်လည်း အောင့်ကာ နမ်း ဆက်ဆံခဲ့ကြသည်။

တပ်ချူ ပ်ဟောင်းကြီး ဦးသန်းရွှေ ဆိုလျင် အမေရိကားနှင့် ဥရောပတိုက်သို့ ခြေပင် မချဘူးခဲ့ရှာပေ။ ကုလသမဂ္ဂသို့ အစည်းအဝေးတက်ရန် နယူးယောက်သို့သွားခဲ့ရသော မြန်မာကိုယ်စားလှယ် အဖွဲ့သည်ပင် အခြားမြို့ များသို့ ခွင့်ပြု ချက် မရပဲ သွားရောက်ခွင့် မရှိခဲ့ရသည့်ဘ၀။ ဦးသိန်းစိန်သည်ပင် နယူးယောက်တွင် ဖိနပ်နှင် ပြစ်ပေါက် ဆဲဆိုခံခဲ့ရ၍ ဟိုလေးတကျော်ကျော် ဖြစ်ခဲ့ရပေသည်။

ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချူ ပ်မှ လွှတ်ပေးခဲ့ရသည့်နောက် နိုင်ငံတကာအသိုက်အ၀န်းက ပြန်လည် လက်ခံလာကြ၍သာ ဦးသိန်းစိန် အား အိမ်ဖြူတော်ရှိ ဘဲဥပုံ အခန်းထဲသို့ပင် ခေါ်ယူ နေရာပေးခြင်း ခံခဲ့ရသည် မဟုတ်ပါလား။

ဒီအစိုးရရဲ့ ပြု ပြင်ပြောင်းလဲမှုများကို ယုံကြည်၍ ဆက်ဆံခဲ့ကြခြင်း မဟုတ်။ ဒေါ်အောင်ဆန်းစုကြည်ကိုသာ အကျယ်ခချူ ပ်ဆက်ထားပြီး ပြု ပြင်ပြောင်းလဲရေးများ က္ဈန်တော်မျိုးတို့ ဖေါ်ဆောင်နေပါသည်ဟု လိပ်ခေါင်းထွက်မတတ်အော်။ မည်သူကမျ အယုံအကြည် တစက်မျ ရှိမည်မဟုတ်။

ထိုအရေးကို တပ်ချူ ပ်ကြီး ကောင်းစွာ သဘောပေါက်ခဲ့သည်။ နိုင်ငံတကာက ပိတ်ဆို့ ထားသော စီးပွားရေး ဒဏ်ခတ်မှုများကို ဥပက္ခာပြု ၍ ဆက်သွားနေမည်ဆိုက တတိုင်းပြည်လုံး ခ္ဈတ်ခြုံကျကာ သေနတ်ပြောင်း ကိုယ့်ဘက်လှည့်လာတော့မည့် အရေးကို ကောင်းစွာ တွက်ချက်မိ၍ စည်းကမ်းရှိသော ဒီမိုကရေစီ အရောင်ပြကာ နိုင်ငံတကာပိတ်ဆို့မှုများ ဖယ်ရှားပေးခြင်းဖြင့် အထိုက်အလျောက် အသက်ရှု ချောင်စေရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်ပေသည်။

သို့အတွက် နာမည်ကို လေသံမျပင် မကြားနိုင်အောင် မနာလို မုန်းတီးနေသော တပ်ချူပ်ကြီး ကိုယ်အသက်အန္တရယ် ရှိလာနိုင်သည့် အရေးကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ဆောင့်ကြီး အောင့်ကြီး လွှတ်ပေးခဲ့ရပေတော့သည်။ ထိုအတွက်လည်း ကမ္ဘာက ၎င်းတို့အား ပြန်လည် လူရာ သွင်းခဲ့ကြတာ ဖြစ်သည်။

မလွှတ်ပေး၍ လည်း မဖြစ်တော့ ရွေဝါရောင် တော်လှန်ရေးကြီး ကာလအတွင်း မိသားစု တစုလုံး ပြည်ပသို့ စေလွှတ်တိမ်းရှောင်စေခဲ့ရသော လတ်တလော ဖြစ်ရပ်ကို့ မမေနိုင်သေးပေ။

သို့အတွက် တပ်ချူ ပ်ကြီး ဦးဆောင်သော ပြည်ခိုင်ဖြိုး ပါတီကသာ ဒီမိုကရေစီ ဖေါ်ဆောင်ပေးခဲ့ပါသည်ဟု ကြွေးကြော်နေကြခြင်းသည် ရယ်စရာ အကောင်းဆုံး ပျက်လုံး ဖြစ်ခဲ့ရသည်။

ဒီမိုကရေစီသာ ဟန်ပြ လုပ်ပေးခဲ့သော်လည်း ၎င်းတို့
ချူပ်ကိုင်ထားသော စီးပွားရေး အခွင့်အလမ်းများကို ဘယ်သူတေတေ ငတေမာ လက်မလွှတ်ပဲ အရင် အကျင့်ဟောင်း အတိုင်းသာ ဆက်လက် စီမံခန့်ခွဲနေသဖြင့် ပြည်တွငိးပြည်ပ စီးပွားရေး အဆင်ပြေ ချောမွေ့အောင် ဖန်တီးပေးနိုငိမှု စာရင်း (Economic Freedom Ranking index) အား မနေ့က ထုတ်ပြန်ခဲ့ရာ နိုင်ငံပေါင်း ၁၅၆ တွင် အဆင့် ၁၄၆ ဖြင့် ယခင်နှစ်ကထက် ၃ နေရာ ကျဆင်းသွားခဲ့ရပေတော့သည် တကား။

အချူ ပ်ဆိုရသော် ဒေါ်အောင်ဆန်းစုကြည် ဆိုသည့် ကမ္ဘာသိ အမျိုးသမီးကြီးသာ မြန်မာမြေပေါ်တွင် ပေါ်ထွန်းလာခဲ့ခြင်း မရှိက ဒီမိုကရေစီ ဆိုသည့် စကားအား ဖုတ်လေသိ ငပိ မရှိသည့်အလား ယောင်ယမ်း၍ပင် စကားထဲ ထည့်ပြောကြလိမ့်မည် မဟုတ်ပေ။

HSW
BrainWave ဉာဏ်လှိုင်း

အောက်တွင် ဖေါ်ပြချက်သည် အရှင် ဦးဥတ္တမ မှ ဖြေကြားသော အကြောင်းအရာကို စာဖတ်သူများ သိသင့်သည်ထင်၍ ပြန်လည် ဝေမျှပါသည်။

NLD ဟာ ကုလားကို အားပေးထောက်ခံတဲ့ ပါတီ၊ ဒေါ်စုကို ထောက်ခံရင် ကုလားနိုင်ငံ ဖြစ်မယ် ဆိုတာတွေ အပေါ် အရှင်ဘုရား ဘယ်လို မြင်ပါသလဲ။

အင်း..မေးတော့လည်း ဖြေရတာပေါ့၊ ဒါပေမယ့် ကြိုပြီးတော့ ပြောထားမယ်နော်၊ သေသေချာချာ စီစစ်ပြီးမှ လက်ခံ မခံ ဆုံးဖြတ်ပါ။ ဒေါသတော့ မပါစေနဲ့ ဒကာကြီး။

ခေါင်းဆောင် နှစ်မျိုးရှိတယ် ဒကာကြီးရဲ့။
ကိုယ်ဘယ်လောက်ပဲ ဆင်းရဲ ဆင်းရဲ ကိုယ့်ရဲ လက်အောက်ငယ်သားနဲ့ တိုင်းသူပြည်သားတွေ ဆင်းရဲ ဒုက္ခကင်းပါစေ။ ကင်းရမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးရှိတဲ့ ခေါင်းဆောင်။

မိမိရဲ့ လက်တဆုပ်စာ လူတစ်စုရဲ့အကျိုးကိုပဲ ပဓာန ထားပြီးတော့ လက်အောက်ငယ်သားနဲ့ တိုင်းသူပြည်သားတွေရဲ့ အကျိုးကို အဓိကမထားတဲ့ ခေါင်းဆောင်ပေါ့။

တိုင်းပြည်တပြည်ရဲ့ခေါင်းဆောင်ကောင်းဆိုတာ ဘာသာရေး ခေါင်းဆောင်နဲ့ မတူဘူး ဒကာကြီးရဲ့။
ဘာသာရေးခေါင်းဆောင်ဆိုတာ ကိုယ့်ဘာသာကိုပဲ ဦးဆောင်ရတာ နယ်ပါယ်ကျဉ်းတယ်။

နိုင်ငံရေးခေါင်းဆောင်ဆိုတာ တရားဝင်နေထိုင်ကြတဲ့ ဘာသာမတူ လူမျိုးမတူတဲ့ နိုင်ငံသားအားလုံးကို မိဘသဖွယ် ဦးဆောင်ရတာ နယ်ပါယ်ကျယ်တယ်၊ အမြင်လည်း ကျယ်ရမယ်။ ဘာသာရေးခေါင်းဆောင် အမြင်လောက်နဲ့ နိုင်ငံခေါင်းဆောင်လုပ်လို့မရဘူး။

အစ္စလာမ်မစ် နိုင်ငံတွေမှာ ကြည့်လေ၊ ဘာသာရေးအမြင်နဲ့ ခေါင်းဆောင်တွေ နိုင်ငံခေါင်းဆောင် ဖြစ်ကုန်တော့ ကျန်တဲ့ ဘာသာဝင်တွေ ဒုက္ခ ရောက်ကုန်တော့တာပဲ။ ဒီနေရာမှာ ဗုဒ္ဓကို ကိုယ့်ဘာသာဝင်တွေရဲ့ အကျိုးစီးပွားကို ရှေးရှုတဲ့ ဘာသာရေး ခေါင်းဆောင် အနေနဲ့ မမြင်မိစေနဲ့။

အဲ့ဒါက ကျဉ်းတယ်၊ ဗုဒ္ဓဘာသာ ၀င် ၀င် မ၀င် ၀င် သတ္တဝါ အားလုံးရဲ့ ခေါင်းဆောင်နော်။
နိုင်ငံခေါင်းဆောင်ကောင်းဆိုတာ နိုင်ငံသားအားလုံး အပေါ်မှာ တန်းတူ ဆက်ဆံရတယ်၊ ဘာသာမတူ လူမျိုးမတူလို့ ဆိုပြီး အဂတိလိုက်စား မခွဲခြားရဘူး။

ကောင်းသူကို ကောင်းသလို ချီးမြှောက်ရတယ်။ မကောင်းသူကို မကောင်းသလို ဥပဒေနဲ့အညီ အပြစ်ပေးရတယ်။ ဒီမိုကရေစီဝါဒမှာ တကယ့်နိုင်ငံခေါင်းဆောင်ဆိုတာ လူမဟုတ်ပါဘူး ဒကာကြီး၊ ပြည့်သူဆန္ဒနဲ့ အညီ ရေးဆွဲ ထားတဲ့ ဖွဲ့စည်း အုပ်ချူပ်ပုံ အခြေခံ ဥပဒေပါ။

ဒီမိုကရေစီ မှာ သမ္မတလည်း သူလုပ်ချင်တာ လုပ်လို့ မရသလို တိုင်းသူပြည်သားတွေကလည်း သူတို့လုပ်ချင်တိုင်း လုပ်လို့မရပါဘူး၊ အပြန်အလှန် ထိမ်းကျောင်းတဲ့ စနစ်ပါ။
တိုင်းပြည်မှာ တရားဝင်နေထိုင်တဲ့ ပြည်သူအများစု ဆန္ဒနဲ့ ရေးဆွဲထားတဲ့ ဥပဒေနဲ့အညီ အုပ်ချူပ်ရပါတယ်။

ခုချိန်မှာ ပြည်သူ့ကိုယ်စားလှယ်တွေ ရေးဆွဲထားတဲ့ ဥပဒေ အမြန်ပေါ်ပေါက်လာရေး အရေးကြီးတယ်။
ဘာကြောင့်လဲဆိုတော့ ခုချိန်မှာ ဗုဒ္ဓဘာသာ လူဦးရေက များနေတာပဲ၊ မွတ်နိုင်ငံ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြည့်လေ။

ဒါပေမယ့် အာဏာရှင် စနစ်က ပြည်သူကို ဗဟိုပြုတာ မဟုတ်ဘူး။ ပြည်သူကြိုက်ကြိုက် မကြိုက်ကြိုက် သူတို့နဲ့ အဆင်ပြေရင် ကုလားဖြစ်ဖြစ် တရုတ်ဖြစ်ဖြစ် ခရိုနီဖြစ်ဖြစ် အခွင့်အရေး ပိုပေးမှာပဲ၊ ဘာမှ မတတ်နိုင်ဘူး။ အာဏာရှင်ဟာ တိုင်းပြည်အနာဂါတ်ကို စိတ်မ၀င်စားဘူး၊

သူတို့အနာဂါတ်ကိုပဲ စိတ်ဝင်စားတယ်။
အာဏာရှင်စနစ်က ကုလားနိုင်ငံ တရုတ်နိုင်ငံ ဖြစ်ဖို့လွယ်တယ်။ ငွေပေးရင် ဘာမဆို ဖြစ်နေတာ ဆိုတော့ သူတို့က ငွေပေါတယ်လေ။

ဒီမိုကရေစီမှာ မရဘူး၊ ပြည်သူဆန္ဒနဲ့ မကိုက်ညီရင် ပြုတ်မှာပဲ။ ငွေရှိသူတွေ လုပ်ချင်တိုင်း လုပ်လို့မရဘူး။
"အစွန်းရောက် အစ္စလာမ်မစ်တွေက သူတို့လုပ်ချင်တိုင်း လုပ်လို့မရလို့ ဒီမိုကရေစီဆို သိပ်မုန်းတယ်"
ဒါကို သဘောပေါက်ဖို့လိုတယ်။

ကုလားနိုင်ငံ ဖြစ်တာ မဖြစ်တာက ဒေါ်စု နဲ့လည်း မဆိုင်ဘူး NLD နဲ့လည်း မဆိုင်ဘူး၊ "ဥပဒေ စိုးမိုးမှု နဲ့ပဲ ဆိုင်တယ်"
နောက်တခုက ဒေါ်စုဟာ တရားဝင်နိုင်ငံသား ခရစ်ယန် အစ္စလာမ်တွေကို အကာအကွယ်ပေးချင်ပေးမယ်။

ဒါကလည်း ကျောသားရင်သား မခွဲခြားတတ်တဲ့ မိဘနဲ့တူတဲ့ နိုင်ငံခေါင်းဆောင် ရဲ့ စိတ်ဓါတ်၊ အကြမ်းဖက်နေတဲ့ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကိုမှ မွေးမြူထားတာမျိုး ထောက်ခံထားတာ မရှိဘူး။ ဥပဒေဆိုတာ နောင်ဖြစ်လာမယ့် ပြသာနာတွေအတွက် ကြိုတင်အရေးယူလို့မရဘူး။

မကောင်းဘူးဆိုတာ သိပေမယ့် အခုလောလောဆယ် အပြစ်မရှိရင် နှိပ်ကွပ်လို့ မရဘူး။ အရာရာကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်မယ့် တိုင်းပြည်ကို ချစ်တဲ့ ပါတီက ဘယ်ပါတီလည်း ဆိုတာကို
"ပညာနဲ့ ရွေးချယ်ပါ ဒကာကြီး..."

Ashin uttama သည် ယခုအခါ မကွေးတိုင်း တွင်းမမြို့တွင် သီတင်းသုံးလျက်ရှိသည်။ သက်တော် ၄၁ နှစ် ရှိပြီဟု သိရသည်။

(အခုလို ပြန်လည်ဝေမျှ ပေးသည့်အတွက် ကုသိုလ်တစုံတရာ ရရှိခဲ့ပါက အဆိုပါ ကုသိုလ်၏ အကျိုးကြောင့် သံသရာတလျောက် ဗုဒ္ဓရှင်တော်၏ တရားထူး တရားမြတ်များကို ကိုးကွယ်ဆည်းကပ်နိုင်သောသူ ဖြစ်ရပါလို၏)

Credit BrainWave ဉာဏ်လှိုင်း

ရမည်းသင်းမြို့နယ်မှာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ဟောပြောစည်းရုံးရေးဆင်းနေတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)
ရမည်းသင်းမြို့နယ်မှာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ဟောပြောစည်းရုံးရေးဆင်းနေတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ အစိုးရဖွဲ့မယ်ဆိုရင် အဂတိကင်းစင်စေရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ရမည်းသင်းမြို့နယ် မဲဆွယ် စည်းရုံးဟောပြောပွဲမှာ ကတိပေးပြောဆိုလိုက်ပါတယ်။ မဲပေးပိုင်ခွင့်ဆိုတာ ကိုယ်ကြိုက်မယ့်အစိုးရကို ရွေးချယ်ပိုင်ခွင့်ဖြစ်တာကြောင့် လူတိုင်း မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းနေချိန်မှာပဲ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ မဲစာရင်းတွေသွားပြီးစစ်ဆေးကြဖို့ ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး Angelina Jolie Pitt ကလည်းပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြပေးထားပါတယ်။

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ကို မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဒေသခံပြည်သူသောင်းနဲ့ချီတက်ရောက်ခဲ့တဲ့ လူထုဟောပြောပွဲမှာ NLD အနေနဲ့ အစိုးရဖွဲ့ရင် ဘာတွေလုပ်မလဲဆိုတာကို အခုလို ကတိပေး ပြောဆိုသွားပါတယ်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲစည်းရုံးဟောပြောပွဲ တက်ရောက်လာတဲ့ ဒေသခံပြည်သူများ။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)

“…အဲဒါတော့ ကျမတို့ ကတိပေးနိုင်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့ရင် အဂတိကင်းစင်စေရမယ်။ ကျမတို့ အခုကတည်းက ကိုယ်စားလှယ်လောင်းတွေဟာ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်တဲ့အခါမှာ မိမိတို့ရဲ့ပိုင်ဆိုင်မှုတွေကို ကျမတို့ကို အသိပေးရတယ်။ နောက်ပြီးတော့လည်း လက်မှတ်ထိုးပြီးတော့ ဒီပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ သံသယဖြစ်စရာ ရှိလာလို့ရှိလို့ရှိရင် မေးမြန်းတာ၊ စိစစ်တာကို ခံယူပါ့မယ် ဆိုပြီးတော့ ကျမတို့ ဝန်ခံချက်ထိုးခိုင်းပါတယ်။ အဲဒါဟာ ကျမတို့ကိုယ်စားလှယ်လောင်းတွေဟာ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ်နဲ့ လုပ်နိုင်ဖို့ပါ။”

NLD အမတ်လောင်းတွေအနေနဲ့လည်း သူတို့ပိုင်ဆိုင်မှုစာရင်းတွေကို အသိပေးရတဲ့စည်းကမ်းသတ်မှတ်ထားတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ ဒါ့အပြင် အများပိုင်ပစ္စည်း၊ ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်တာနဲ့ပတ်သက်ပြီး NLD ပါတီတွင်းပြင်းပြင်း ထန်ထန် အရေးယူတဲ့ စည်းမျဉ်းပြဋ္ဌာန်းထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူပပျောက်နိုင်အောင် သူတို့အစိုးရဖွဲ့တဲ့အခါ မူဝါဒချမှတ် ဆောင်ရွက်သွားမယ် ဆိုရင် အောင်မြင်ဖို့အလားအလာရှိတယ်လို့လည်း အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဋ္ဌေးက မြင်ပါတယ်။

“လက်ရှိအစိုးရမှာလည်းရှိတာပဲဗျာ။ အဂတိတိုက်ဖျက်ရေးကော်မတီတို့၊ Good governance တို့ ဘာညာ ရှိပေမယ့်လည်း တကယ်တော့ ရှိတာကို သူတို့က အကောင်အထည်ဖော်တဲ့အပိုင်းမှာ မဖော်လို့ ပြဿနာတက်နေတာကိုး။ အဲဒီတော့ အကယ်၍ NLD က တက်လာမယ် ဆိုရင် NLD မှာ သူလည်း မူဝါဒရှိတာပဲလေ။ နိုင်ငံရေးနဲ့ပတ်သက်တဲ့မူဝါဒ၊ စီးပွားရေးနဲ့ပတ်သက်တဲ့မူဝါဒ- ဒီမူဝါဒကို တိတိကျကျ အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင် ဒါ မဖြစ်နိုင် စရာမရှိဘူး။ ဘာကြောင့်လဲဆိုတာ ဥပမာတစ်ခု ထောက်ပြမယ်။ အခုတက်လာတဲ့၊ အခုပဲ ရွေးကောက်ပွဲဝင်မယ့်သူများဟာ သူတို့ရဲ့ပိုင်ဆိုင်မှုကို declare လုပ်ရတယ်ဗျ။ ဒါဟာ အရေးကြီးတဲ့အချက်ပဲ။ အခု လက်ရှိအစိုးရဟာ မလုပ်ရဲဘူး၊ မလုပ်နိုင်ဘူး။ လွှတ်တော်ကြီးမှာ တင်တာပဲ။ ဒါကြီးကို အကုန်လုံးက ပြန်ပြီးကန့်ကွက်လိုက်တယ်။ ပြဿနာက ဘာလဲဆိုတော့ ခေါင်က မိုးမလုံလို့ဖြစ်တဲ့ပြဿနာ။ အဲဒီတော့ NLD ကသာ တက်လာရင် NLD က ခေါင်က မိုးလုံခဲ့မယ်ဆိုလို့ရှိရင် ထိပ်ကလည်းပဲ ဒါကို သန့်ရှင်းမယ်ဆိုရင် အောက်က အဆင့်ဆင့်ရှိခဲ့ရင်တောင်မှ ဒါကို အရေးယူ၊ အပြစ်ပေးပစ်လို့ရတယ်။ ဒါ့ကြောင့်မို့လို့ ကျနော်တို့က မဖြစ်နိုင်စရာ မရှိဘူး။ ဖြစ်ကိုဖြစ်နိုင်တယ်။ ဒီလိုပဲ - နိုင်ငံတကာအတွေ့အကြုံတွေအရ ကြည့်မယ်ဆိုလို့ရှိရင် မဖြစ်နိုင်စရာ အကြောင်းက မရှိဘူးဗျ။ ဖြစ်နိုင်ဖို့ကရှိတယ်။ စနိုင်ဖို့ပဲ လိုတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေတိုင်း ရွေးကောက်ပွဲမှာ မဲပေးရေး အရေးကြီးကြောင်း အမြဲပြောဆိုနေတာပါ။ အခု ရမည်းသင်းကပြည်သူတွေကိုလည်း မိမိတို့ ကြိုက်နှစ်သက်တဲ့အစိုးရကိုရွေးချယ်ဖို့ ရွေးကောက်ပွဲမှာ မဲပေးဖို့လိုကြောင်း အခုလို တိုက်တွန်းသွားပါတယ်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲစည်းရုံးဟောပြောပွဲ တက်ရောက်လာတဲ့ ဒေသခံပြည်သူများ။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)

“မဲပေးပိုင်ခွင့်ဆိုတာဟာ ပြည်သူလူထုရဲ့ကြီးမားသော အခွင့်အရေးဖြစ်ပါတယ်။ မဲပေးပိုင်ခွင့်ဆိုတာဟာ ကိုယ့်ကိုအုပ်ချုပ်မယ့်အစိုးရကို ရွေးချယ်ပိုင်ခွင့် ဖြစ်ပါတယ်။ ဒါကြောင့် မဲပေးဖို့အရေးကြီးတယ်။ ရွေးကောက်ပွဲများဟာ ကိုယ့်အနာဂတ်နဲ့ဆိုင်တယ်ဆိုပြီးတော့ ပြည်သူပြည်သားတိုင်း တစ်ယောက်ချင်း တစ်ယောက်ချင်းက နှလုံးသွင်းထားဖို့ အင်မတန်မှ အရေးကြီးပါတယ်။”

အလားတူ မနေ့ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လူမှုကွန်ယက်အင်တာနက်ပေါ်က ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုမှတ်တမ်းမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ အထူးသံတမန် ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး Angelina Jolie Pitt က နိုဝင်ဘာလမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်အရေးကို အသုံးပြုပြီး အလွန်အရေးကြီးတဲ့ သမိုင်းဝင်အခိုက်အတန့်မှာ ပြည်သူအားလုံး ပါဝင်ကြဖို့ အခုလိုတိုက်တွန်းသွားပါတယ်။

“ရွေးကောက်ပွဲဟာ ဘယ်လောက်အထိအရေးကြီးသလဲဆိုတာ ကျမရဲ့ မြန်မာနိုင်ငံခရီးစဉ်ကနေသိခဲ့ရပါတယ်။ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကိုယ့်ရဲ့မဲတွေ ပါဝင်နိုင်ရေး မိမိရဲ့မဲပေးပိုင်ခွင့်ကို အသုံးချဖို့မြန်မာပြည်သူတွေကို ကျမတိုက်တွန်းချင်ပါတယ်။ အလွန်အရေးကြီးတဲ့ သမိုင်းဝင် အခိုက်အတန့်မှာ ပါဝင် နိုင်ရေး နောက်ကျ မကျန်ရစ်ကြပါနဲ့။ မဲစာရင်းတွေကိုသွားကြည့်ကြပါ။ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ ကိုယ့်ရဲ့နာမည်ပါမပါ သေချာအောင်စစ်ပါ။ မိတ်ဆွေတွေ အားလုံးသာမက မိသားစုဝင်တွေကိုပါ မဲစာရင်းမှာသွားပြီးစစ်ဆေးဖို့ အားပေးတိုက်တွန်းပါ။ ဒီမိုကရေစီ စနစ်မှာ မဲပြားတခုစီတိုင်းဟာ အရေးပါလှပါတယ်။”

ဒါပေမဲ့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းတွေမှာ အမှားအယွင်းတွေအရင်ကထက် ပိုပြီးများလာတဲ့အပြင် အမည်ရှာဖွေဖို့ အခက်အခဲတွေ ပိုရှိလာတဲ့အပေါ်မှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့လုပ်ရပ်ဟာ ရိုးသားမှုမရှိဘူးဆိုပြီး အများပြည်သူက သံသယတွေကြီးထွားလာနေပါတယ်။

VOA
http://burmese.voanews.com/content/daw-aung-san-suu-kyi-promises-to-be-corruption-free-goverment-/2971057.html

ကျောင်းသားတွေကို သူတို့ ခုလိုအဓိပ္ပာယ်မရှိ ဖမ်းဆီး ချုပ်နှောင် ထားတာဟာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ရှိပုံရတယ်လို့ ကျွန်တော်တို့မြင် တယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက်ကို သူတို့အေးအေးဆေးဆေး ဖြတ်သန်းဖို့အတွက်ကို တက်ကြွလှုပ်ရှားတဲ့ သူတွေကို အရင်ဆုံး ဖမ်းဆီးချုပ်နှောင်ထားတာ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြတောင်းဆိုသော ဒီမိုကရေစီပညာရေး ပင်မသပိတ် စစ်ကြောင်းအား အစိုးရ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးအင်အား အများအပြားသုံးကာ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုနှင့် ပတ်သက်၍ အဆိုပါ သပိတ်စစ်ကြောင်းမှ ကျောင်းသားတချို့က လူ့အခွင့်အရေး ချိုးဖောက်မှု များကို မှတ်တမ်းစာတမ်းများ၊ ဗီဒီယိုတိပ်ခွေများဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ထံသို့ တိုင်ကြားခဲ့ရာ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ သက်ဆိုင်သူများထံ သွားရောက် မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး စက်တင်ဘာလ ၁၁ ရက်တွင် ကော်မရှင်က အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်သည်။

အဆိုပါအစီရင်ခံစာတွင် အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးမှု ဖြစ်ပွားသောနေ့၌ ရဲတပ်ဖွဲ့ဝင်များက သပိတ်စစ်ကြောင်း ချီတက်မည့် လမ်းကြောင်းကို သပိတ်မှောက် ကျောင်းသားများ၊ ၀န်းရံသူများထက် များပြားသော အင်အားဖြင့် ပိတ်ဆို့တားဆီးခဲ့ပြီး ကျောင်းသားများက တစ်ဖွဲ့ချင်း အဖမ်းခံပါမည်ဟု ဆိုသော်လည်း ရဲတပ်ဖွဲ့ဥပဒေအရ ဖမ်းဆီးခြင်း မပြုဘဲ ရဲတပ်ဖွဲ့ဝင်များအတွင်း ရေသန့်ဘူးတစ်ဘူး ကျရောက်ချိန်မှ စတင်ကာ အဓိကရုဏ်း ဖြစ်ပွားခဲ့သည်ဟု ရေးသားထားသည်။

ရဲတပ်ဖွဲ့ဝင်များမှာ ကနဦးတွင် တားဆီးရေးအဖွဲ့နှင့် ဖမ်းဆီးရေးအဖွဲ့ဟူ၍ ကွပ်ကဲရေး အရာရှိများအား စနစ်တကျ ဆောင်ရွက်စေခဲ့သော်လည်း တွန်းတိုက်မှုများကြောင့် ရောထွေးသွားပြီး ထိရောက်စွာ ကွပ်ကဲနိုင်ခြင်း မရှိကြောင်းနှင့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ အနီးကပ် အပြန်အလှန် ဆဲဆိုနေကြခြင်း များကြောင့် တစ်မိန့်တစ်သံတည်းဖြင့် အမိန့်ပေးနိုင်ခြင်း မရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရဲဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း ဖော်ပြထားပြီး နည်းလမ်းတကျ လိုက်နာခြင်း မရှိသော ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို ရေသန့်ဘူးဖြင့် စတင်ပစ်ပေါက်သူများ၊ တုတ်၊ ခဲတို့ဖြင့် ပစ်ပေါက်သူများကို အရေးယူသင့်ကြောင်း တိုက်တွန်းထားသေးသည်။

အဆိုပါအစီရင်ခံစာသည် မြေပြင်လက်တွေ့ အနေအထားများနှင့် ကွဲလွဲမှုများရှိနေပြီး အစိုးရဘက်က တာဝန်ရှိသော ရဲမှူးကြီး စသည့် ပုဂ္ဂိလ်များ၏ အမည်ပင် မပါရှိသောကြောင့် များစွာယေဘုယျဆန်ကြောင်း သုံးသပ်မှုများလည်း ရှိနေသဖြင့် အဆိုပါအစီရင်ခံစာသည် အစိုးရ၏ အကြမ်းဖက်လုပ်ရပ်အတွက် ဖြေဖျောက်ရန် အနေအထား အဆင့်သာရှိကြောင်း သုံးသပ်မှုများရှိလာသည့်အပေါ် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဥက္ကဋ္ဌ ကိုကျော်ကိုကိုအား ဖုန်းဖြင့်ဆက်သွယ် မေးမြန်းထားသည် များကို မြန်မာသံတော်ဆင့်က ကောက်နုတ်ဖော်ပြလိုက်သည်။

ဝိုင်းမော်

မေး – ပြီးခဲ့တဲ့ရက်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က လက်ပံတန်း သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွဲခံရတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအပေါ် ဗကသဥက္ကဋ္ဌအနေနဲ့ ဘယ်လိုမြင်လဲ ခင်ဗျ။

ဖြေ – ပထမဦးဆုံး အနေနဲ့မြင်တာက လူ့အခွင့်အရေး ကော်မရှင်ကို ကျွန်တော်တို့ တိုင်ကြားထားတဲ့ အထဲမှာ ကျွန်တော်တို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုင်ကြားထားတာလေဗျာ။ သူတို့သုံးသပ်တဲ့ ရှုထောင့်က လူ့အခွင့်အရေး အမြင်မပါဘူးလို့ မြင်တယ်ဗျ။ ဟိုဘက်နဲ့ ဒီဘက်နဲ့ပေါ့ဗျာ။ ဟိုဘက်လည်း အပြစ်ကျူးလွန် တယ်။ ဒီဘက်လည်း အပြစ်ကျူးလွန်တယ်။ တရားသူကြီး တရားစီရင်ချက် ချသလို လုပ်နေတယ် အခုဟာက။ နိမ့်တက်၊ မြင့်တက် ပန်းကန်ကွဲဆိုသလို လုပ်နေတယ်။ လူ့အခွင့်အရေး ရှုထောင့်ကနေ ရှုမြင် သုံးသပ် ထားတာမျိုး မဟုတ်ဘူး။ ဒါဟာ အလဟဿပဲလို့ ကျွန်တော်တို့က မြင်တယ်ဗျ။

မေး – တိုင်ကြားတုန်းက အစ်ကိုတို့ ဖြစ်စေချင်တဲ့ပုံစံက ဘယ်လိုပုံစံမျိုးလဲ ခင်ဗျ။

ဖြေ – ကျွန်တော်တို့ ဖြစ်စေချင်တဲ့ ပုံစံက အခု လောလောဆယ်မှာဗျာ။ ဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေ ရှိနေတယ်။ ၀န်းရံပြည်သူတွေရှိတယ်။ သူတို့ရဲ့ ကျန်းမာရေး အခြေအနေ တွေလည်း ချွတ်ခြုံကျနေတယ်။ တချို့ဆိုရင် စာမေးပွဲမဖြေရဘူး၊ ကျောင်းမတက်ရဘူး။ ဒီလိုအခြေ အနေမျိုးတွေ ရှိတယ်။ ဒါတွေကို ပြန်လည်စိစစ်ပြီးတော့ ကျွန်တော်တို့မှာ အမှားအယွင်း မရှိတဲ့အတွက်ကြောင့် အမြန်ဆုံး ပြန်လွှတ် ပေးစေချင်တယ် ဆိုတာကတော့ အဓိက ရည်ရွယ်ချက်ပဲ။ နောက်ပြီးတော့ ကျွန်တော်တို့ အပေါ်မှာ မတရား ကျူးလွန်တဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ဖော်ထုတ်ပြီး အရေးယူ ပေးသင့်တယ် ဆိုတာကိုလည်း အကြံပြု ထားတာမျိုးတွေ ရှိတယ်ဗျ။

မေး – တချို့ပညာရှင်တွေ သုံးသပ်တာကလည်း ဒီအစီရင်ခံစာကိုကိုင်ပြီး တရားစွဲတာတွေ ပြန်လုပ်ဖို့ လုပ်သင့်တယ် ဆိုတာမျိုး ပြောကြတယ်။

ဖြေ- တရားပြန်စွဲဖို့ ကြိုးစားမှုတွေကတော့ အမြဲမပြတ်ရှိနေမှာပဲဗျ။ ဒီအစီရင်ခံစာကို အသုံးပြုသည်ဖြစ်စေ၊ ဒီအစီရင်ခံစာကို အသုံးမပြုသည်ဖြစ်စေ ကျွန်တော်တို့က အမှန်တရားဘက်က ရှိတဲ့အတွက် ကျွန်တော်တို့ အပေါ် မတရားလုပ်တဲ့ လူတွေကို တရားပြန်စွဲဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေရမှာပဲလို့ ကျွန်တော်က မြင်ပါတယ်။

မေး- လက်ရှိ အစီရင်ခံစာမှာလည်း အစိုးရဘက်က အမှားတွေကို ထောက်ပြထားတာ မြင်တယ်ဗျ။ ဒီတော့ အစိုးရဘက်ကလည်း ဘယ်လို ဆောင်ရွက်သင့်တယ်လို့ထင်လဲ။ ထောက်ပြချက်တွေကိုကော ဘယ်လို သုံးသပ်နိုင်မလဲ။

ဖြေ- အစိုးရကို ထောက်ပြ ထားတာတွေကလည်း ခပ်ပါးပါးလေးပဲ ထောက်ပြထားတာ တွေ့ရတယ်ခင်ဗျ။ အမှန်တကယ်တော့ ဖြစ်သင့်တာက တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ ရဲမှူးကြီးတွေ၊ ဖြိုခွင်းဖို့ တာဝန်ပေးအပ်ခြင်းခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အတိအကျ အရေးယူပေးဖို့၊ တိတိကျကျ ရည်ညွှန်းပြသဖို့လိုတယ်။ အခုဟာက ဒီလိုမျိုး မဟုတ်ဘဲနဲ့ တစ်ဖက်က သူတို့ ဆောင်ရွက်ချက်တွေက လူသားချင်း စာနာတယ်ဆိုတဲ့ပုံစံမျိုး ပေါ်ပေါက် လာအောင်တောင် ရေးသား ထားတာကို တွေ့ရတဲ့အတွက်ကြောင့် တကယ့် လက်တွေ့ဖြစ်စဉ်နဲ့ အများကြီး ကွာဟချက်တွေ ဖြစ်နေတာ ကျွန်တော်တို့မြင်ပါတယ်။

မေး- လက်ရှိမှာ ဖမ်းဆီးတာတွေ၊ အမှုတိုးတာတွေ၊ ကျောင်းသားတွေကို အမှုတွေရာနဲ့ချီပြီး ရှိနေတော့ လက်ရှိ အနေအထားမှာ အစိုးရ လုပ်ဆောင်ချက်အပေါ် ဘယ်လို သံသယရှိလဲ။

ဖြေ – သံသယရှိတာတော့ ကျွန်တော်တို့လို တက်ကြွ လှုပ်ရှားတဲ့ ကျောင်းသားတွေ၊ ဒီမိုကရေစီ ပညာရေးကို တောင်း ဆိုတဲ့ ကျောင်းသားတွေကို သူတို့ ခုလို အဓိပ္ပာယ်မရှိ ဖမ်းဆီး ချုပ်နှောင်ထားတာဟာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ရှိပုံရတယ်လို့ ကျွန်တော်တို့မြင်တယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက်ကို သူတို့ အေးအေးဆေးဆေး ဖြတ်သန်းဖို့အတွက်ကို တက်ကြွလှုပ်ရှားတဲ့ သူတွေကို အရင်ဆုံး ဖမ်းဆီးချုပ်နှောင် ထားတာ ဖြစ်တယ်။ အဲဒီလို ဖမ်းဆီး ချုပ်နှောင်တာက ခုတ်ရာတလွဲ ရှရာတခြား ဖြစ်နေတယ်လို့ ကျွန်တော်တို့ သုံးသပ်တယ်။ အဲဒီလို ဆက်ပြီး လုပ်ဆောင်နေမယ်ဆိုရင် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုဆိုတာ တကယ် ရှိလာမှာ မဟုတ်ဘူး။ ရွေးကောက်ပွဲ ဆိုတာကလည်း လူတွေ စိတ်ဖြောင့်ဖြောင့် ဖြူးဖြူးနဲ့ပဲ ဖြတ်သန်းရမှာ မဟုတ်ဘူး။ ကျဉ်းထဲကျပ်ထဲမှာပဲ အခက်အခဲတွေမျိုးစုံနဲ့ ဖြတ်သန်း ရမှာ ဖြစ်လာနိုင်တယ်။ တရားမျှတမှုတွေ ပျောက်ဆုံးသွားမယ်။ တရားမျှတမှုကို ပဲ့တင်ထပ်တဲ့ အသံတွေ ပျောက်ဆုံးသွားလိမ့်မယ်။ ဒီကျောင်းသားတွေ ရှိနေတာက တရားမျှတမှုကို ပဲ့တင်ထပ်တဲ့ အသံတွေ ရှိနေတာလို့ ကျွန်တော် မြင်တယ်ဗျ။

မေး – ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျောင်းသားသမဂ္ဂရဲ့ အခန်းကဏ္ဍ ကကော ဘယ်လောက်အထိ ရှိလာမယ်လို့ မျှော်မှန်းထားသလဲ။

ဖြေ – ကျွန်တော်တို့ အနေနဲ့ကတော့ တရားမျှတမှု၊ တရားမမျှတမှုကို ဖော်ထုတ်ပြီး ဖွင့်ချဖို့ပဲ ရည်ရွယ်ချက် ရှိတယ်။ ကျွန်တော်တို့က ဘယ်ပါတီကို အားပေးမယ်၊ ဘယ်အဖွဲ့အစည်းကို အားပေးမယ် ဆိုတာမျိုး မရှိဘူး။ ဘာလို့လဲဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်က ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်၊ ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးလုံးလျားလျား လက်မခံတာ ဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ကျင်းပတဲ့ မည်သည့် ရွေးကောက်ပွဲ မှန်သမျှကို ကျွန်တော်တို့ အနေနဲ့ အားပေးမှာ မဟုတ်ဘူး။

မေး – လူ့အခွင့်အရေး ကော်မရှင်ကလည်း ပြန်ကြည့်လိုက်မယ်ဆိုရင် အရင်ကိုပါကြီး ကိစ္စတွေမှာလည်း အစီရင်ခံတာတွေရှိပေမယ့် တကယ့်တကယ်တမ်းမှာ ဘာမှလည်း သေသေချာချာ ဖော်ဆောင်တာ မျိုးတွေ မတွေ့ရတော့ ဒီအဖွဲ့အစည်းကိုကော အစ်ကိုတို့ ဘယ်လိုသုံးသပ်လဲ။

ဖြေ – ဒီအဖွဲ့အစည်းကလည်းဗျာ။ အစိုးရ၀န်ထမ်းဟောင်းတွေ၊ စစ်တပ်က အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်း ထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်နေတယ်ဗျာ။ ရှင်းရှင်းပြောမယ်ဆိုရင် ဒါဘက်မလိုက်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ရမယ့် အစား အစိုးရအလိုကျ ဖန်တီးထားတဲ့ အဖွဲ့အစည်းတစ်ခုလို့ သုံးသပ်မိတယ်။ ဘာလို့လဲဆိုတော့ လုပ်သမျှ လုပ်ရပ်မှန်သမျှက တိတိကျကျနဲ့ ပြတ်ပြတ် သားသား အဖြေပေးနိုင်တာမျိုး မလုပ်ဘဲ ဝေ့လည် ကြောင်ပတ်တွေပဲ လုပ်နေတာ ဖြစ်တဲ့အတွက် လက်ရှိအစိုးရ အတွက်သာ အသာစီးရနေပြီးတော့ နစ်နာ ဆုံးရှုံးတဲ့ သူတွေအတွက်က ဘာမှထူးထူးခြားခြား ဖြစ်ပေါ်လာတာတောင် မတွေ့ရဘူး။ ဒါကြောင့်မို့ ဒါက ဘက်လိုက်တဲ့ အဖွဲ့အစည်း တစ်ရပ် ဖြစ်နေပြီး ဘက်မလိုက်တဲ့ အဖွဲ့အစည်းတစ်ရပ် မဟုတ်ဘူး ဆိုတာတော့ ပြတ်ပြတ်သားသား ပြောနိုင် ပါတယ်။

မေး – အစိုးရအနေနဲ့ ကျောင်းသားတွေဘက်ကစပြီး သပိတ်စစ်ကြောင်းတွေ ပြန်ထွက်ကတည်းက ၄ ပွင့်ဆိုင် ကတိက၀တ်ကပျက်ပြီလို့ ပြောလာတာတွေ ရှိပါတယ်။ ဒီလိုပြောဆိုမှုအပေါ်မှာကော။

ဖြေ – ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲဆိုတာ ကျွန်တော်တို့ လမ်းစလျှောက်တဲ့အချိန်မှာ မဖြစ်ပေါ်လာသေးဘူး။ ကျွန်တော်တို့ မန္တလေးက စထွက်လာပြီး မြင်းခြံ၊ တောင်သာဘက်မှာ စပြီးပိတ်ဆို့ခံရတဲ့ အချိန်မှာ ၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲက ပေါ်ပေါက်လာတာ။ အဲဒီအချိန်မှာ ပြောတာက ဘာပြောလဲဆိုတော့ ကျွန်တော်တို့မှာ လိုလားချက်၊ တောင်းဆိုချက် (၁၁) ချက် အကုန်လုံးကိုရပြီး ခိုင်ခိုင်မာမာအဖြစ်နဲ့ ဥပဒေထဲကို ရောက်ပြီဆို တော့မှ သပိတ်တွေကို ရပ်နားမှာ ဖြစ်တယ်။ ဥပဒေအဖြစ် မပြောင်းလဲရသေးခင် သပိတ်ကို လှန်မှာမဟုတ်ဘူး လို့ ပြောထားတာရှိတယ်။ အခုချိန်ထိ ဘာမှ ၄ ပွင့်ဆိုင်ကို ချိုးဖောက်ထားတာ မရှိဘူး။ သပိတ်ကိုလည်း မလှန်သေးဘူး။ ဘာလို့လဲဆိုတော့ အစိုးရက လုပ်ပေးရမှာဖြစ်တဲ့ ဥပဒေထဲကို ကျွန်တော်တို့ တောင်းဆို ချက်တွေကို ပျက်ကွက်နေတာပဲဖြစ်တယ်။ ဒါက ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ အစိုးရဘက်က တရားဝင် ဗြောင်ချိုးဖောက်နေတာလို့ပဲ ပြောနိုင်ပါတယ်။

မေး – အခုလက်ရှိ အနေအထားမှာဆို အစ်ကိုတို့ ဘယ်လိုဟာမျိုးကို အဓိက တောင်းဆိုချင်လဲ။ ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့ကော။

ဖြေ – ကျောင်းသားတွေကို ကျောင်းသားသမဂ္ဂတွေ တရားဝင် ရပ်တည်ခွင့်ရဖို့၊ ကျောင်းတိုင်း ကျောင်းတိုင်းမှာ သမဂ္ဂဖွဲ့စည်းခွင့်ရဖို့ တောင်းဆိုရင်းနဲ့ ထောင်ထဲကို ရောက်လာရတယ်။ သူတို့တောင်းဆိုတာက တစ်မျိုး၊ ဖြစ်ရ တာက တစ်မျိုး။ သူတို့မှာ အများကြီး နစ်နာ ဆုံးရှုံးနေရတယ်။ တကယ်တော့ ဖြစ်သင့်တာက ကျောင်းသားတွေကို သမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးသင့်တယ်။ သမဂ္ဂကိစ္စမှာ အစိုးရက ၀င်ရောက် မစွက်ဖက်ဘဲ ကျောင်း သားတွေ တင်မြှောက်တဲ့ သူတို့သမဂ္ဂခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ ကျောင်းတိုင်း၊ ကျောင်း တိုင်းမှာ ရှိသင့်တယ်။ အဲဒါမှ လွတ်လပ်တဲ့ ဒီမိုကရေစီ ပညာရေးဖြစ်မှာ။ အခုအဲဒါ တောင်းဆိုရင်းနဲ့ ဖမ်းဆီးချုပ်နှောင် ခံထားရတယ်ဆိုတော့ လွတ်လပ်မှု တောင်းဆိုရင်း မလွတ်လပ်တဲ့ဘ၀ကို ရောက်ရှိသွားတဲ့ ကျောင်း သား ခေါင်းဆောင်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်လို့ တစ်ချက်တည်းတောင်း ဆိုချင် ပါတယ်။

မေး- ကျောင်းသားတွေ ပြန်လွတ်ရေးနဲ့ ပတ်သက်ပြီး အပြင်က တချို့သော နိုင်ငံရေး အင်အားစုတွေ၊ အဖွဲ့အစည်းတွေ ကလည်း ဆောင်ရွက်တာမျိုးတွေရှိတယ်။ ဒီ အဖွဲ့အစည်းတွေကိုကော ဘာများမှာချင် ပါလဲခင်ဗျ။

ဖြေ – ကျောင်းသားကိစ္စနဲ့ ပတ်သက်ပြီး ၀န်းရံဆောင်ရွက်နေတဲ့ အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်တယ်လို့ အရင်ဆုံး ပြောချင် တယ်။ နောက်တစ်ချက်က လိုရင်းတိတိကျကျကို တောင်းဆိုပြီးတော့ ထိထိရောက်ရောက် အစိုးရကို ဖိအားပေးပေးဖို့ ကျွန်တော် တို့က ပြောချင်ပါတယ်။

မေး – နောက်ဆုံးအနေနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ရဲဘော်တွေကို ဘာများမှာကြား အားပေးချင်ပါလဲ ခင်ဗျ။

ဖြေ – ကျွန်တော်တို့ ကျောင်းသားရဲဘော်တွေက သူတို့ရဲ့စိတ်ဓာတ်ကို ကျွန်တော်က လေးစားပြီးသား၊ သူတို့ရဲ့ လုပ်ရပ်ကိုလည်း လေးစားပြီးသား၊ သူတို့စွန့်လွှတ် အနစ်နာခံမှုကိုလည်း သဘောကျပြီးသား။ တိုက်ပွဲက ရေရှည် တိုက်ပွဲဖြစ်တဲ့အတွက် မပြီးပြတ်သေးတဲ့ အချိန်ကာလ တစ်လျှောက်လုံး မှာ တောင့်ခံနိုင်ပြီးတော့ ပြန်ထွက်လာတဲ့ အခါကျရင် လုပ်စရာရှိတာ ဆက်လုပ်ဆောင်နိုင်ဖို့အတွက် ဂရုစိုက်အား မွေးထားဖို့ပဲ တိုက်တွန်းချင်တာပါ။

- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့မြင်ရစဉ်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

အဘ သမ္မတဖြစ်ရင်တဲ့ သမီးတို့ လာလုပ်မယ်၊ သူတို့လည်း Ph.D အတွက် လုပ်နေတယ်။ ဘာဖြစ်လို့လဲ မေးတော့ လာရီဂျေဂင် ဖေ့စ်ဘုတ် မှာ ရေးနေတယ်တဲ့ လောင်းရဲတယ်ပေါ့ သူ့ပိုက်ဆံအားလုံး လောင်းမယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ စက်တင်ဘာ ၁၆

၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းတွင် နိုင်ငံတော် သမ္မတနေရာ ဖြစ်နိုင် မည့်သူမှာ မ-ဘ-သ သံဃာတော်များ၏ အားပေးထောက်ခံမှုဖြင့် သမ္မတ ဦးသိန်းစိန်ပင် ပြန်လည်၍ ဖြစ်နိုင်ခြေ များသွားကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့် သို့ ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရုံးတွင် သြဂုတ်လအတွင်း မြန်မာသံတော်ဆင့် သတင်းဌာန အမှုဆောင် အရာရှိချုပ်နှင့် စီမံခန့်ခွဲရေးအဖွဲ့တို့က ဂါရ၀ပြုတွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး ““မှန်ရင်လည်းမှန်မယ်၊ မှားရင်လည်းမှားမယ်။ အဘအမြင်ပေါ့နော်။ မဘသက NLD တက်လာမှာကို သူကကြောက်တယ်။ တော်တော်ဆိုးတာ။ အဲဒါပါပဲ၊ အဲဒီတော့ ဦးသိန်းစိန်ကို အားပေးတာ။ ဖြစ်နိုင်ခြေ တွက်တဲ့အခါကျတော့ possibility က ဦးသိန်းစိန် များသွားတယ်။ ဒီဘက်အုပ်စုနဲ့ပေါ့နော်။ ဘာပဲဖြစ်ဖြစ်လေ ဦးသိန်းစိန်ရဲ့ ဥပဓိရုပ်နဲ့၊ စိတ်သဘောထား နဲ့ ပြည်သူကလည်း လက်ခံတဲ့သူ များမှာပဲ။ နောက်တော့ လုပ်တာကိုင်တာ ခြေတံလက်တံက အစိုးရဆိုတော့ ပိုကျယ်တာပေါ့””ဟု ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

ဦးခင်အောင်မြင့်သည် အာဏာရ ကြံ့ ခိုင်ရေးပါတီတွင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော သူရဦးအေးမြင့်၊ ဦးဌေးဦးတို့ထက် အဆင့်မြင့်ပါတီ တာဝန်ဖြစ်သည့် ဗဟိုအတိုင်ပင်ခံ တာဝန်ပေးအပ်ခြင်း ခံထားရသူဖြစ်ကာ အမျိုးသားလွှတ်တော်အတွင်း အစိုးရ တာဝန်ရှိသူများ၏ မမှန်ကန်သော လုပ်ရပ်များကို ဆီးသီးဗန်း မှောက်သည့် ဥပမာနှင့် ခိုင်းနှိုင်းဝေဖန်ခဲ့ခြင်းအတွက် သမ္မတဦးသိန်းစိန်နှင့် တစ်ယောက်တစ်ခွန်း အချင်းများ သည်အထိ ဖြစ်ခဲ့ရသော်လည်း မီဒီယာများနှင့် အဖိနှိပ်ခံပြည်သူများ၏ ၀မ်းမြောက်ဝမ်းသာ အားပေး ထောက်ခံမှုကိုလည်း ခံခဲ့ရသော ပြည်ခိုင်ဖြိုးပါတီ၏ ရှားပါးထိပ်တန်း ဗဟိုကော်မတီဝင် တစ်ဦးလည်း ဖြစ်သည်။ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် သမ္မတဦးသိန်းစိန် အလိုကျ ထောက်ခံရေးသား ပေးလေ့ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကိုလည်း ““ရဲထွဋ် အမြဲမုန်လာဥ လုပ်တယ်””ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့် ပြောကြားသော မှတ်ချက် စကားမှာလည်း အစိုးရနှင့် နီးစပ်သူစာနယ်ဇင်းများ မဖော်ပြခဲ့ကြသည့် သမိုင်းဝင် မှတ်ချက်စကားဖြစ်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာချိန်တွင် သမ္မတနေရာအတွက် အင်အားကြီး ပါတီကြီးများ အပြိုင်အဆိုင် ပြောဆို စည်းရုံးလာချိန်တွင် မီဒီယာများမှာလည်း ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်း၊ ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ဓာတ်ပုံများဖြင့် သမ္မတလောင်း ဖြစ်နိုင်မည့်သူများ ဟူ၍ ရေးသား ဖော်ပြခြင်းများလည်း ရှိခဲ့ကာ သြဂုတ် ၁၂ ရက်နေ့ညပိုင်း နေပြည်တော် ပြည်ခိုင်ဖြိုး ပါတီဌာနချုပ် ရုံးတွင် လက်နက်ကိုင်များ ၀ိုင်းရံစောင့်ကြပ်၍ တာဝန်ရှိသူ ဥက္ကဋ္ဌသူရ ဦးရွှေမန်းနှင့် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းတို့ကို မဖိတ်ကြားဘဲ အစိုးရဘက်မှ ကြီးမှူးပြုလုပ်သည့် ပါတီဗဟို အလုပ်အမှုဆောင် အစည်းအဝေးဖြင့် ပါတီဥက္ကဋ္ဌနေရာ ဦးသိန်းစိန် အမည်တပ်၍ တရားဝင် ပြန်လည်ကြေညာသည့် နောက်ပိုင်း ၂၀၁၅ ရွေးကောက်ပွဲအပြီး ဖြစ်နိုင်သော သမ္မတလောင်းမှာ မီဒီယာများပင် ရေးသားနေကြသော သူရဦးရွှေမန်း အမည် ပြန်လည် ပျောက်ကွယ်သွားခဲ့ကာ မရေမရာ ဖြစ်နေခဲ့ကြသည်။

သမ္မတရုံး ပြည်ထောင်စုဝန်ကြီးများ အနေဖြင့် ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့တွင် ပြန်လည် ပါဝင်လာပြီး သမ္မတဦးသိန်းစိန် နောက်သက်တမ်း သမ္မတနေရာ ပြန်လည် ရရှိရေးအတွက် အားထုတ် ကြိုးပမ်း မှုများလည်း ပေါ်ပေါ် ထင်ထင် ဖြစ်လာခဲ့သည်။

ပြည်ပမှ မြန်မာ့အရေးကို တစိုက်မတ်မတ် လေ့လာဝေဖန် ရေးသား ခဲ့ရှိသော ဆောင်းပါးရှင် လာရီဂျေဂင်၏ ၂၀၁၅ နောက်ပိုင်းတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သာ သမ္မတ ဖြစ်လာမည်ဟူ၍ သုံးသပ် ရေးသားချက် ထွက်ပေါ်လာခြင်းနှင့်အတူ သမ္မတရုံး၏ ငြိမ်းချမ်းရေးစင်တာ (MPC)မှလည်း ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ နောက်ကြောင်းများကို စုံစမ်းထောက်လှမ်း မှုရှိကြောင်း၊ ပြည်ပနိုင်ငံအချို့ကပင် သိရှိကြောင်း ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် မြန်မာသံတော်ဆင့် တွေ့ဆုံခဲ့စဉ်က ““အာဆီယံ ပါလီမန် ညီလာခံ ကမ္ဘောဒီးယား သွားရတယ်။ လာရီဂျေဂင်က အဘကို လိုက်လိုက်ချောင်းတယ်။ အဲဒါနဲ့ သွားမေး လိုက်တယ်။ ဘာလုပ်ချင်လဲ၊ အင်တာဗျူး လုပ်ချင်တာလားဆိုတော့ ဟုတ်တယ်တဲ့။ ဒီနေ့ လုံးဝမအားပါဘူးလို့ မနက်ဖြန် အချိန်ပေးမှာပါလို့၊ တစ်မနက်လုံး အချိန်ပေးမှာပါ မနက် ၉နာရီ ကျွန်တော့် အခန်းလာခဲ့ပါ။ ရှိတယ်၊ လာခဲ့ပါ စောင့်နေတယ်။ ၉ နာရီကျတော့ ရောက်လာတယ်။ သူကပမာဏရှင်းပြတယ်။ အကြာကြီးပဲ ၂ နာရီ လောက်တောင်ကြာတယ်။ သူက ရှင်းပြတယ်။ ကဲပြီးတော့မေးပါလို့။ မေးစရာမရှိတော့ဘူးတဲ့ အကုန်ပါသွားပြီ တဲ့။ ခင်ဗျားကလို့ နယ်စပ်သွားပြီး သောင်းကျန်း သူတွေ ပြောတာကို ယူပြီးတော့ရေး ရေးနေတယ်။ မှားနေ တယ်လို့။ ကျွန်တော် ပြည်ဝင်ခွင့် ၁၁ ကြိမ်ကြိုးစားပါတယ် မပေးပါဘူးတဲ့။ ပေးအောင်မှ မရေးဘဲနဲ့လို့၊ ပေးချင်အောင် အရင်ရေးပါလား။ ၀င်ခွင့်ရပြီဆိုမှ Source တွေ ခင်ဗျားလိုက်ပြီး ကျမ်းတောင်ရေးလို့ ရသေး တာပဲလို့။ ဟုတ်ကဲ့ပါတဲ့။ ဒါပဲ သူနဲ့ငါနဲ့ပြောတာ။ အဲဒီပြီးသွားတည်းက ပျောက်သွားတာ ပျောက်သွားပြီးတော့မှ မြန်မာပြည် လာမယ်ဆိုတော့ အဘကို တွေ့ခွင့်တောင်းတယ်။ အဘက မတွေ့ဘူးဆိုပြီး။ သူတောင်းပုံ တောင်းနည်းကလည်း တိုက်ရိုက် တောင်းတာမဟုတ်ဘူး။ ပြည်ထောင်စု လွှတ်တော်ကတစ်ဆင့် တောင်းတာ။ အဘက ပြည်ထောင်စု လွှတ်တော်ရဲ့ လက်အောက်ခံပေါ့။ မဟုတ်ဘူး”” ဟု ဦးခင်အောင်မြင့်က ပြောသည်။

မြန်မာ့နိုင်ငံရေး လေ့လာသူအနေဖြင့် ပြည်ပတွင် ဗန်ကောက်ပို့စ် ပင်တိုင်ဆောင်းပါးရှင် လာရီဂျေဂင်က အများ သုံးသပ်နေသည့် သမ္မတလောင်း ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို မခန့်မှန်းဘဲ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို သမ္မတကျိန်းသေဖြစ်ရမည် ဟု ကမ္ဘာသိ ထုတ်ဖော်ရေးသားခဲ့ခြင်း အပေါ်တွင်လည်း ““အဘကသြဇီ (သြစတြေးလျ) သွားရတယ်။ Myanmar Update Conference မှာ Keynote Speech ပေးဖို့ ကမ်းလှမ်းတယ်။ ကမ်းလှမ်းတဲ့ အခါကျတော့ သူတို့ကလည်း တော်တော် အကုန်အကျခံတယ်။ အဘတစ်ယောက်အတွက် ဒေါ်လာ တစ်သောင်းလောက် အကုန်အကျခံတယ်။ ပြီးတော့ အဘရဲ့ family member တစ်ယောက်ပါ။ အသေအချာ သွားရတာပေါ့။ ပြင်ဆင်ချိန်တောင် သိပ်မရှိပါဘူး။ အဲဒီမတိုင်ခင်မှာ တောင်ကိုရီးယား၊ ဘီလာရုစ်၊ ပိုလန်၊ ပြန်လည်းပြန်လာရော ၃ ရက်အတွင်း ဆက်ထွက်ရတယ်။ ဘာမှ ပြင်ဆင်ချိန်မရဘူး။ ဟိုရောက်တဲ့ နေ့ကျတော့ ပန်းခွေချဖို့ပေါ့နော် စီစဉ်ထားပြီးပြီ၊ ဖျက်တယ်ဗျာလို့ ကျွန်တော် မလုပ်တော့ဘူး၊ တောင်းပန်ပါတယ်။ ကျွန်တော် မရေးရသေးဘူး။ အဲဒါနဲ့ အကြမ်းတွေတော့ လုပ်ထားတယ်၊ ကွန်ပျူတာ စီခိုင်းပြီးတော့၊ မနက် ပြောခါနီးမှရတယ်။ စာရွက်တွေ တောင်ချုပ်တောင် မချုပ်နိုင်ဘူး။ ကျောင်းသားတွေ တွေ့တော့ ကျောင်းသားတွေထဲမှာ ၈၈ အရေးအခင်း ကနေပြီးတော့ ပြည်ပြေးဖြစ်နေတဲ့ ကောင်လေးတွေပါတယ်။ ဒီကောင်တွေက အော်တယ်၊ သမ္မတကြီး ဖြစ်ပါစေ။ အော်တော့ အဘလန့်သွားတယ်။ ဟာ မင်းဘာအော်တာလဲလို့။ ငါမှသမ္မတ မဖြစ်ဘဲ ဘာကြောင့် မင်းက သမ္မတဖြစ်ပါစေ အော်တာလဲ။ ကျန်တဲ့သူတွေ၊ သမ္မတတွေ သွားလို့ရှိရင် ဆန့်ကျင်ဘက်နဲ့ အော်တယ်။ ငါ့ကျတော့ ဘာလို့ ဒီလိုအော်တာလဲ။ ထပ်အော်တယ်။ မလုပ်ပါနဲ့ကွာ ဘာညာ ရယ်မောပြီးတော့ ထွက်သွား ရော။ နောက်ရက်ကျတော့မှ မြန်မာနိုင်ငံက Ph.D တက်နေတဲ့ တစ်ယောက်ရှိတယ်။ ဒီကောင်က အရင်တုန်းက အဘရဲ့ စကားပြန်လုပ်နေတော့ အဘရဲ့ကွန်ထရိုးတွေကို သိပြီးတော့ အဘရဲ့နိုင်ငံရေးအမြင် တွေကို ရေးပြီးတော့ ဟိုမှာ Ph.D လျှောက်တဲ့အခါမှာ ဟိုကပေးတာ။ စကောလားပေးတာ။ ဒီကောင့်ကို ဘယ်လိုဖြစ် တာလဲ။ ငါ့ကို ဘာဖြစ်လို့ဒီလို အော်တာလဲ။ အဘတဲ့ မကြာသေးဘူးတဲ့ သတင်းစာထဲမှာ နိုင်ငံရေး သုံးသပ်ချက် ဆောင်းပါးထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ရေးတယ်တဲ့။ နောက်ဆုံး မှာ ရေးထားတဲ့ ဥစ္စာကတော့ သူကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုက ယုံကြည်လက်ခံသော သူ၊ နိုင်ငံရေးပါတီ အများစုက လက်ခံနိုင်သောသူ၊ စစ်အစိုးရအဖွဲ့ဝင် အဟောင်းများထဲမှ လူမုန်းအနည်းဆုံးသူ၊ တပ်မတော်နှင့် ဆက်ဆံရေး မပျက်ယွင်းသူ။ အဲဒါ ဦးခင်အောင်မြင့်ပဲ ရှိတယ်တဲ့။ အဲဒီလိုမျိုး ပြောထားတယ်။ ဒါကြောင့်မို့လို့ အော်နေတာတဲ့။ အဲဒါဆိုလည်း ပြီးတာပဲကွာ၊ မင်းတို့ဘာသာ ရေးရင်ရေးပေါ့။ ဘယ်သူရေးမှန်း လည်း မသိဘူး။ နောက်ကျတော့ တစ်ခါတစ်ယောက်က အဘသမ္မတဖြစ်ရင်တဲ့ သမီးတို့လာလုပ်မယ်၊ သူတို့လည်း Ph.D အတွက် လုပ်နေတယ်။ ဘာဖြစ်လို့လဲမေးတော့ လာရီဂျေဂင် ဖေ့စ်ဘုတ်မှာရေးနေတယ် တဲ့ လောင်းရဲတယ်ပေါ့နော်၊ သူ့ပိုက်ဆံ အားလုံး လောင်းမယ်၊ ဦးခင်အောင်မြင့် သမ္မတဖြစ်မယ်။ သူလောင်းရဲတယ်။ တောက်လျှောက် ရေးနေတယ် သူ့ဖေ့စ်ဘုတ်မှာ”” ဟု ဥက္ကဋ္ဌဦးခင်အောင်မြင့် က မြန်မာ သံတော်ဆင့် သို့ သုံးသပ်ပြောကြားခဲ့သည်။

စက်တင်ဘာလတွင် နိုင်ငံရေးပါတီများ မဲဆွယ်ခြင်းများ စတင်နေစဉ်မှာပင် မျိုးစောင့်ဥပဒေ အောင်ပွဲများ ကျင်းပ၍ သမ္မတဦးသိန်းစိန်ကို ပြန်လည်ထောက်ခံကြသည့် နိုင်ငံရေး လှုပ်ရှားမှုများ ထွက်ပေါ်လာပြီး မြန်မာတစ်နိုင်ငံလုံး သဲသဲလှုပ် ထောက်ခံနေကြသည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လိုလားသူများနှင့် အစိုးရ ထောက်ခံသူများအကြား ပဋိပက္ခ ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများလည်း အများပြည်သူ ကြား ဖြစ်ပေါ်လာ သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ခြေမရှိဘဲ တပ်မတော် ဗိုလ်ချုပ်ကြီးဟောင်းများ အသိုင်းအ၀ိုင်းမှသာ သမ္မတ တာဝန်ရယူ နိုင်သည့်အတွက် မကျေမနပ် ဖြစ်နေသူများက ဂျာနယ် စာစောင်များနှင့် ရုပ်ပြကာတွန်းများ၊ လူမှုကွန်ရက် စာမျက်နှာများတွင် မိမိတို့၏ ခံစားချက်များကို ထုတ်ဖော်ရေးသားလျက် ရှိနေချိန်မှာပင် တစ်ချိန်စစ် အစိုးရလက်ထက် စာပေစိစစ်ရေး ညွှန်ကြားရေးမှူးအဖြစ် လက်သံပြောင်ခဲ့သော ဦးတင့်ဆွေ (ရဲရင့်တင့်ဆွေ) (ယခုပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်) ကလည်း ထိုသို့ရေးသားမှုမျိုးတွင် ထောင်ဒဏ်အထိ ကျခံရနိုင်ကြောင်း သတိပေး ပြောကြားချက်များလည်း ထွက်ပေါ်လာပြန်သည်။

မြန်မာနိုင်ငံတွင် သမ္မတနေရာအတွက် အသည်းအသန် ဖြစ်ချင်သူများ ကြိုးစားနေကြ၍ ကမ္ဘာပေါ်တွင် သမ္မတ အဖြစ်ချင်ဆုံး တိုင်းပြည် ဟူ၍ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် တောင်ကလေးဆရာတော်က သတိပေး ရေး သားခဲ့သည်။ ကရင်ပြည်နယ် လူထုနှင့် ပြည်တွင်းပြည်ပ ကြည်ညိုသူ များပြားလှသည့် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာသာမိ တောင်ကလေးဆရာတော်သည် သမ္မတဦးသိန်းစိန်ကို စစ်ရေးအမြင်၊ အုပ်ချုပ်ရေးအမြင် မရှိသူဖြစ်ကြောင်း လက်ပံတောင်းတောင် အရေးအခင်း၊ မိတ္ထီလာ အရေးအခင်းများနှင့် နှိုင်းယှဉ်၍ ဝေဖန်ရေးသား ခဲ့သည်။

မြန်မာနိုင်ငံတွင် သမ္မတဖြစ်လိုသူများ ကြိုးစား အားထုတ်လျက်ရှိသော်လည်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အနေဖြင့် သမ္မတထက် သမထ (တရားအားထုတ်ခြင်းဆိုလို) အလုပ်ကိုသာ ပို၍အား သန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ လာမည့်မြန်မာနိုင်ငံ သမ္မတလောင်း ဖြစ်နိုင်ခြေ အတွက်လည်း ““သမ္မတဖြစ်ဖို့ ၃ ယောက်တည်း ပြိုင်ရမယ်။ လွှတ်တော်ထဲမှာ ရွေးကောက်ပွဲရလဒ်အရ NLD များ နိုင်တယ်။ အဲဒီတော့ တပ်မတော်သားရှိတယ်။ တပ်မတော်သားက ဘယ်သူ့ကို တင်မလဲဆိုတော့ ဦးသိန်းစိန် သို့မဟုတ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ ဒါရှင်းပါတယ်။ ပြည်သူမှာ ဘယ်သူ့ကို တင်မလဲဆိုတော့ ဦးရွှေမန်း၊ NLD နဲ့ ညှိလို့ရရင် ဦးရွှေမန်းဖြစ်မှာပေါ့။ အစိုးရဘက်ကလည်း ဘယ်သူတွေ ၀င်ပြိုင်ဦးမလဲမှ မသိတာ””ဟု ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့် သို့ ပြောကြားခဲ့သည်။

အသက် ၆၉ နှစ်ရှိ အငြိမ်းစားဗိုလ်ချုပ် တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ၏ လက်ရုံးတစ်ဆူဖြစ်ကာ သိုသိပ်စွာ နေထိုင်တတ်သူ တစ်ဦးဖြစ်ပြီး ၎င်းအား တွေ့ဆုံလိုသည့် မီဒီယာအချို့ကိုလည်း ၂၀၁၅ ရွေးကောက်ပွဲ ပြီးမှသာ တွေ့ဆုံကြရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။

MH-0011

- အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရုံးတွင် သြဂုတ်လအတွင်း မြန်မာသံတော်ဆင့် သတင်းဌာန အမှုဆောင် အရာရှိချုပ်နှင့် စီမံခန့်ခွဲရေးအဖွဲ့တို့က ဂါရ၀ပြုတွေ့ဆုံခဲ့စဉ်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

ဧရာဝတီတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ထားမှုနှင့် ၀န်ကြီးချုပ် ဦးသိန်းအောင် က မှတ်ပုံတင်အခမဲ့ပြုလုပ်ပေးပြီး မဲဆွယ်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD ပါတီဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောဆိုလိုက်သည်။

“နိုင်ငံရေးပါတီများ လိုက်နာရမယ့် ဥပဒေဆိုတာရှိပါတယ်။ အခုက သူတို့ ပါတီအနေနဲ့ လက်ရှိအာဏာရထားတာကို အသုံးချလုပ်ဆောင်နေတဲ့ အတွက် ကန့် ကွက်ပါတယ်”ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီမှ ဧရာဝတီတိုင်းဒေ သကြီးဥက္ကဋ္ဌဒေါက်တာမျိုးညွန့်က ပြောသည်။

အင်္ဂပူမြို့နယ်အတွင်းရှိ ရွာများတွင် ၀န်ကြီးချုပ် ဦးသိန်းအောင်က မှတ်ပုံတင် အခမဲ့ပြုလုပ်ပေးနေခြင်းကို ရွေးကောက်ပွဲကော်မရှင်သို့ အဆင့်ဆင့် တိုင်ကြား ထားသော်လည်း အရေးယူမှုမရှိသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များထံမှ သိရသည်။

“မဲစာရင်းမှာပါပြီး မှတ်ပုံတင်မရှိလို့ မဲမပေးရတာမျိုးတွေ ဖြစ်လာမှာစိုးလို့ မှတ်ပုံတင်အခမဲ့လုပ်ပေးတာပါ။ မှတ်ပုံတင်လုပ်ပေးလို့ ပါတီကို မဲပေးရမယ် လို့လည်း ပြောတာမဟုတ်ပါဘူး” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဧရာဝတီတိုင်းဒေသကြီး အတွင်းရေးမှူး ဦးအောင်တင်မြင့် က ပြောသည်။

MMK

The Ladies News Journal

ကျမ သမ္မတ ဖြစ်ချင်တယ်..ဆိုတဲ့စကားကို ဒေါ်စု ပြောတယ်ဆိုတာ သိရတော့
ဒေါ်စုကို ထောက်ခံသူတစ်ယောက် အနေနဲ့ စိတ်ကသိ ကအောက်အတော်ဖြစ်ရ သလို
ရင်းနှီးတဲ့ နာမည်ကြီး လွှတ်တော်အမတ် တစ်ယောက်ကလဲ ဒီကိစ္စ္စနဲ့ ပတ်သက်ပြီး
ကိုယ့်ရှေ့မှာပျက်ရယ်ပြု စကား ပြောတာ ကြားရပြန်တော့ ပိုပြီးဒေါသ ဖြစ်မိပါတယ်...

သူကြိုးပမ်း နေတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးခရီးမှာလုပ်ပိုင်ခွင့်အာဏာ လက်ဝယ်
ရရှိရေးဟာ အရေးအပါဆုံး ဖြစ်တာကို နားလည် သဘောပေါက်ပေမယ့်..ဒေါ်စု အနေနဲ့
ကျမ သမ္မတဖြစ်ချင်လှချည်ရဲ့လို့ ပြောမှဖြစ်မှာလား....

အာဏာရှင်စနစ် ကိုတွန်းလှန်ဆန့်ကျင်လိုတဲ့ ပြည်သူတွေရဲ့တစ်ဦးတည်းသော
ခေါင်းဆောင်.. တစ်ကမ္ဘာလုံးက အသိအမှတ် ပြုထားတဲ့ ဒီမိုကရေစီ ခေါင်းဆောင်
တစ်ယောက်အနေနဲ့ အောင်မြင်မှုရတဲ့ တစ်ချိန်ချိန်မှာ မလွဲမသွေ အာဏာရခေါင်းဆောင်
တစ်ဦးဖြစ်လာမယ် ဆိုတာ အများကလက်ခံပြီးသား ဖြစ်ပါတယ်...

အစကထဲက ဒေါ်စု နဲ့ NLD ကို အာဏာမက်သူ အာဏာကို ဖြတ်လမ်းကလိုချင်သူ အဖြစ်
စစ်အာဏာရှင် လော်ဘီတွေက ပုံဖော်ပြီး အပုပ်ချနေတာကို သိနေပါလျက် သူ သမ္မတဖြစ်
ချင်တဲ့ ကိစ္စ္စကို ဒေါ်စုက ဘာကြောင့်များ ရေးကြီးခွင်ကျယ် လုပ်ပြီးပြောနေတာလဲ...

ဒေါ်စုက မြန်မာပြည်မှာသာမက ကမ္ဘာပတ်ပြီးတော့ ကျမ သမ္မတဖြစ်ချင်ပါတယ် ..ကျမကို
ကူညီကြပါလို့တောင် ပြောလိုက် ပါသေးတယ်....စစ်လော်ဘီ တွေကလည်း ဝမ်းသာအားရ
ဝေဖန် အပုပ်ချကြပါတယ်...အဲဒီအချိန်က ဒေါ်စုရဲ့ရင်တွင်းက ရိုးသားစွာ ပြောတဲ့စကားကို
လေးစားမိပေမယ့် ..လူထုခေါင်းဆောင်တစ်ယောက် အနေနဲ့ မလိုအပ်ပဲ ဘာကြောင့်များ
ဒီလို စကားတွေ ပြောရတာလဲ လို့စဉ်းစားရင်း မကျေမနပ်တွေ ဖြစ်ခဲ့မိ ပါတယ်...

အခုတော့လည်း ဒေါ်စုဒီစကားကို ဘာကြောင့် ကျယ်ကျယ် လောင်လောင်ကြီး ပြောခဲ့သလဲ
ဆိုတာ ကောင်းကောင်းကြီး သဘောပေါက်သွား ပါပြီ...
ဒေါ်စုဟာ 'ကျမ သမ္မတကြီး ဖြစ်ချင်ပါတယ်' ဆိုတဲ့ စကားတစ်ခွန်းထဲနဲ့.....
ဟန်ဆောင် လိမ်ညာနေတဲ့ စစ်ခေါင်းဆောင် တွေရဲ့အတွင်း စိတ်ထား တွေ..
ဥာဏ်နီဥာဏ်နက် မျိုးစုံနဲ့ရေးဆွဲထားတဲ့ ကလိမ်ကကျစ် အခြေခံဥပဒေ အကြောင်းတွေကို
တစ်ကမ္ဘာလုံး သိအောင် ပုံဖော်ပေးလိုက်တာပဲ ဖြစ်ပါတယ်.....

ဒေါ်စုရဲ့သမ္မတဖြစ်ချင်တယ် ဆိုတဲ့ စကားတစ်ခွန်းကြောင့် လူတွေအားလုံး ပုဒ်မ(၅၉ စ)ကို အသဲအသန် လေ့လာကြတယ်.....ဒေါ်စုသမ္မတ မဖြစ်နိုင်အောင် တမင်တကာ ရည်ရွယ် ရေးဆွဲ
ထားတဲ့ အချက်တွေကို အားလုံးသိသွားကြတယ်.....

အဲဒီ ကတဆင့် ပုဒ်မ ၅၉(စ) ကိုပြင်နိုင်တယ်
ဆိုတဲ့ ပုဒ်မ(၄၃၆) ကိုရောက်သွားတော့ သူတို့ရေးဆွဲထားသမျှ မတရားတဲ့ ဥပဒေ ကို ဘယ်လိုမှ
ပြင်လို့ မရအောင်လုပ်ထား သလို ပြည်သူတွေ ဆန္ဒ မပါပဲ လွှတ်တော်ထဲမှာ အခန့်သားဝင်ထိုင်နေတဲ့
စစ်သား အစိတ်သားရဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်းကြီး သဘောပေါက်သွားစေပါတယ်....

တကယ်တော့ ပုဒ်မ ၅၉(စ) ဟာ ပုဒ်မ(၄၃၆)နဲ့ယှဉ်ရင် ဘာမှအရာမရောက်ပါဘူး..
ဒီနာဂစ် ဥပဒေကြီး ကိုအဓိက ကာကွယ် ထားတာဟာ ပုဒ်မ (၄၃၆) သာလျင်ဖြစ်ပါတယ်..
ပုဒ်မ (၄၃၆) ကိုပြင်နိုင်ခဲ့ရင် ပုဒ်မ ၅၉(စ) ဟာ အလွယ်တကူ ပြင်နိုင်မယ်ဆိုတာသိပါလျက်နဲ့
ဒေါ်စုဟာ လူစိတ်ဝင်စားမှု အများဆုံးဖြစ် နိုင်တဲ့ ပုဒ်မ၅၉(စ) ကို သူသမ္မတဖြစ်ချင်တယ် ဆိုတဲ့
စကားနဲ့ အစဆွဲထုတ် ခဲ့ပါတယ်......

ဒေါ်စုပစ်လိုက်တဲ့ ၅၉(စ) ဆိုတဲ့ ခဲလုံးဟာ တစ်ဖက် အဖွဲ့အစည်းကို ပြင်းပြင်းထန်ထန် လှုပ်ရှား
ထိခိုက် စေခဲ့ပါတယ်...ဒေါ်စု ဒီတစ်သက် သမ္မတမဖြစ်စေရဘူးလို့ ပေါတောတောလွှတ်တော်
အမတ် တစ်ယောက်က မအောင့်နိုင် မအီးနိုင် ပြောထွက် သလို ဒေါ်စုသမ္မတဖြစ်ရင် တောခိုမယ်
လို့သွေးရူး သွေးတန်း ပြောတဲ့သူလဲရှိပါတယ်...

အဆိုးဝါးဆုံး ကတော့ သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်..BBC နဲ့တွေ့ဆုံ မေးမြန်းခန်းမှာ ပုဒ်မ ၅၉(စ)ဟာ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်
ရေးဆွဲခဲ့တဲ့ ပုဒ်မဖြစ်တယ် ဆိုပြီးပြောင်လိမ်ရတဲ့ အထိ ကယောင်ကတန်း ဖြစ်ခဲ့ရတယ်
လိမ်ပြောတတ်တဲ့ သမ္မတအဖြစ် မှတ်တမ်းဝင်သွားပါတယ်

၅၉(စ) နဲ့၄၃၆ ဇာတ်လမ်းဟာ နောက်ဆုံး လွှတ်တော်ထဲမှ ဇာတ်သိမ်းသွားပါတယ်.....
ရိုးရိုးလေး ကြည့်ရင်တော့ ကာချုပ်နဲ့စစ်တပ်ကိုယ်စားလှယ်တွေ သူတို့ဆန္ဒအတိုင်း ခြေဥကို
အောင်အောင်မြင်မြင် ကာကွယ်သွားနိုင်တယ်လို့ ထင်စရာရှိပေမယ့် ပြည်သူတွေရဲ့ ဆန္ဒကို
လုံးဝ လစ်လျူရှု တဲ့ စစ်ခေါင်းဆောင်တွေရဲ့  သဘောထားကို ပြည်သူအားလုံး ရှင်းရှင်းလင်းလင်း
သိမြင်လိုက်စေတယ်..

ပိုဆိုးတာကတော့ ၅၉(စ) ၄၃၆ ဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှု ရှုံးနိမ့် သွားချိန်မှာစစ်တပ် ကိုယ်စားလှယ်များဟာ မအောင့်နိုင် မအီးနိုင် လက်ခုပ်လက်ဝါး တီးပြီးတော့ အောင်ပွဲခံမှု ပါပဲ
တပ်မတော်ရဲ့ အဆင့်မြင့် အရာရှိကြီးတွေ ဖြစ်ပါလျက်နဲ့လူကြီးလူကောင်း မဆန်တဲ့ ဒီလို လုပ်ရပ်ဟာ
သူတို့ရဲ့အတွေးအခေါ်နဲ့ဥာဏ်ရည် အဆင့်အတန်းကို ပေါ်လွင်စေပြီး ပြည်သူတွေရဲ့ အထင်အမြင်
သေးမှုနဲ့ ကဲ့ရဲ့ရှုံ့ချမှုကို ခံလိုက်ရပါတယ်...

ဒီဖြစ်ရပ်ကြောင့် သိက္ခာ အကြီ်းအကျယ် ကျသွားရတဲ့ စစ်တပ်နဲ့သမ္မတ အုပ်စုရဲ့ဒေါသဟာ
ဥပဒေပြင်ဖို့ ကြိုးစားခဲ့တဲ့ ဦးရွှေမန်းကို သစ္စ္စာဖောက်အဖြစ် စွပ်စွဲပြီး ပါတီဥက္ကဌ ရာထူးက ဖယ်ရှား
ပြစ်တဲ့ အထိ ပေါက်ကွဲခဲ့ပါတယ်..
ဦးရွှေမန်းဟာ မူလကတည်းက ဒေါ်စုနဲ့မိတ်ဆွေဖွဲ့နိုင်ခဲ့သလို ပြည်သူတွေရဲ့ထောက်ခံမှု ကိုလည်း
ရနိုင်အောင် အခြေခံဥပဒေကို ပြင်ဖို့ကြိုးစားခဲ့ပေမယ့်သူ့ရဲ့ပြင်ဆင်မှုဟာ ဟန်ပြပြင်ဆင်မှုသာဖြစ်ပါတယ်

သူတို့ရဲ့ပြင်ဆင်မှုမှာ ၅၉(စ) အရ ဒေါ်စုလည်း သမ္မတ မဖြစ်နိုင်၊ ပုဒ်မ၄၃၆ မှာလည်း၊ ရ၅% ကနေ ၇၀%
ပြောင်းယုံနဲ့ထူးထူးခြားခြား မပြောင်းလဲ နိုင်တာကြောင့် စစ်တပ်ကိုယ်စားလှယ် တွေက ထောက်ခံမှု
ပေးလိမ့်မယ်လို့ သေချာပေါက် ယူဆခဲ့ပုံ ရပါတယ်...

ဒါပေမယ့်လဲ စစ်တပ်ရဲ့တယူသန် အစွန်းရောက်
မှုနဲ့ ဘဘကြီးရဲ့စာအုပ်စိမ်းကြီးကို အသက်နဲ့လဲပြီးကာကွယ်မယ် ဆိုတဲ့ စိတ်ဓါတ်ကို ကျော်လွှား နိုင်ခြင်း
မရှိခဲ့ ပါဘူး... ဦးရွှေမန်း ရဲ့ ရည်ရွယ်ချက်တွေ သဲထဲရေသွန်ဖြစ်ခဲ့ ရပါတယ်... လွှတ်တော်တွင်း အခြေခံဥပဒေ ပြင်ဆင်ရေးမအောင်မမြင် ဖြစ်သွားတဲ့အတွက် ဒေါ်စုနဲ့ NLD အတွက်
ဘာဆုံးရှုံး မှုတွေ ရှိခဲ့ပါသလဲ ...

ဟန်ပြပြင်ဆင်မှု အောင်မြင်သည် ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ
NLD အတွက် ဘာသက်ရောက်မှုမှမရှိ နိုင်ပါဘူး... မတရားတဲ့ ဥပဒေ တွေနဲ့တစ်ဖက်သတ် အနိုင်ကျင့်
ခံရတဲ့ ဒေါ်စုနဲNLD ဟာပြည်သူတွေရဲ့ သနားဂရုဏာ သက်တဲ့ ထောက်ခံမှုကို ပိုမို ရရှိသွားပြီး..ပြည်သူ့
ဆန္ဒကို မျက်ကွယ်ပြုလို့ ၂၀၀၈ စာအုပ်စိမ်းကြီးကို ပြတ်ပြတ်သားသား ကာကွယ် ပေးသွားတဲ့ စစ်တပ်
ကိုယ်စားလှယ်တွေအပေါ် ဒေါသအမြက် ထွက်ခဲ့ကြပါတယ် အဲဒီနောက်ပိုင်း လွှတ်တော်တွင်း စစ်သား ၂၅%ထားရှိမှုကို ယခင်ထက်ပိုပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်လာတာတာကို တွေ့ရပါတယ်...

နောက်ဆုံးအခြေအနေမှာတော့ ထက်ခြမ်း ကွဲသွားတဲ့ ပြည်ခိုင်ဖြိုးပါတီဟာ အောက်ဆုံးရောက် သွားတဲ့
သူ့ပါတီရဲ့ ဂုဏ်သိက္ခာကို အသည်းအသန် လိုက်ဆယ် နေချိန်မှာ NLD ပါတီကတော့ ရွေးကောက်ပွဲ ကျင်းပဖို့သုံးလအလိုမှာပဲလူထုထောက်ခံမှုအမြင့်မားဆုံးအခြေအနေကို ရောက်နေပြီဆိုတာ ဒေါ်စုရဲ့ နောက်ဆုံး
ခရီးစဉ်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်...

အခုတော့ ဒေါ်စုရဲ့ ကျမသမ္မတ ဖြစ်ချင်တယ် ဆိုတဲ့ ဇာတ်လမ်းလဲ တစ်ခန်းရပ်သွားပါပြီ..
NLDအမတ် လေးဆယ် ကျော်လေးနဲ့ ဘာမှစွမ်းဆောင် နိုင်မှာ မဟုတ်တဲ့ လွှတ်တော်ကြီးရဲ့ အခင်းအကျင်း၊
အခန့်သားထိုင်နေတဲ့ စစ်သား ၂၅% ရဲ့ရည်ရွယ်ချက်နဲ့ သဘောထား တွေကို ပြည်သူတွေ ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက် ရပါပြီ...
ဦးသိန်းစိန် အစိုးရရဲ့ သူ့အပေါ် ရိုးသားမှု မရှိပုံကို ရှင်းရှင်းလင်းလင်း သိသွားတဲ့ အချိန်မှာ မှဒေါ်စုက ဒီစကားကိုဆိုခဲ့တာပါ...

ဒေါ်စု သမ္မတ ဖြစ်သည် ဖြစ်စေ မဖြစ်သည် ဖြစ်စေ NLD အာဏာရရင် ဒေါ်စု အာဏာရမယ် ဆိုတာ
ဒေါ်စု သိပြီးသားဖြစ်ပါတယ်...
ကာချုပ်နဲ့ သမ္မတတို့ရဲ့စဉ်ဆက်မပြတ် နှုတ်ထွက် စကားများအရ အခြေခံဥပဒေကို လုံးဝပြောင်း
ပေးမှာ မဟုတ်တဲ့ အတွက် လာမယ့် လွှတ်တော်သက်တမ်းမှာ သူသမ္မတ လုံးဝမဖြစ်နိုင်ဘူးဆိုတာလည်း
ဒေါ်စု မသိစရာ အကြောင်း မရှိပါဘူး...

ဒါဆိုရင်မဖြစ်နိုင်မှန်း သိပါလျက်နဲ့ကျယ်ကျယ်လောင်လောင် ပြောခဲ့တဲ့ ဒေါ်စု ရဲ့သမ္မတ ဖြစ်ချင်ပါတယ်
ဆိုတဲ့စကားဟာနိုင်ငံရေး ပရိယာယ် တစ်ခုလို့ယူဆနိုင်ပါတယ်
ထူးခြားတာက ဒေါ်စု ရဲ့နိုင်ငံရေး ပရိယာယ်မှာ လိမ်လည်လှည့်ဖျားမှုမပါ ၊ ကောက်ကျစ်မှုမပါ...
ကျိုးကြောင်း ဆီလျော်တဲ့ ရင်တွင်းဆန္ဒ တစ်ခုကို အချိန်အခါကိုက် ရိုးသားစွာ ကျယ်ကျယ်လောင်လောင်
ဖွင့်ဆိုလိုက်ခြင်း ပါပဲ.......

အဲဒါဟာ ပညာတတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြိုင်ဘက်တွေထက်အပြတ်အသတ်သာလွန်တဲ့
အတွေးအခေါ်နဲ့ဥာဏ်ရည် အဆင့်အတန်းပဲ ဖြစ်ပါတယ်..
၂၀၁၂ ခု လူမျိုးရေး ဘာသာရေးပြသနာများ ရှုတ်ထွေး နေချိန်မှာ ကျနော့်ရဲ့တူအရင်း စစ်ဗိုလ်ဟောင်း
တစ်ယောက်က ( ဘင်ဂါလီ ပြသနာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရပ်တည်ချက် ကတော့ လုံးဝမှားသွားပြီ
ဒီပုံစံ အတိုင်းဆို လာမယ့်ရွေးကောက်ပွဲမှာ အခြေအနေ ကောင်းဖို့မလွယ်တော့ဘူး ) လို့အားတက်သရော
မှတ်ချက် ပေးလာပါတယ်...

ကျနော်က ဘာမှ စောဒက တက်မနေပဲ (ရွေးကောက်ပွဲ ရောက်ဖို့အချိန်တွေ..
..အများကြီးကျန်ပါသေးတယ်.သူဘာလုပ်မလဲ ဆိုတာ စောင့်ကြည့်လိုက်ပါအုံးကွာ...တခြားလူမှ မဟုတ်တာ
..ဒေါ်အောင်ဆန်းစုကြည် ပဲဟာကို) လို့ တုံ့ပြန်ခဲ့ပါတယ်..ဒီစကားဟာ အယူအဆချင်း မတူသူတစ်ယောက်ကို
စကားနိုင်လု ပြောခြင်းမဟုတ်ပဲ ရင်ထဲမှာ အမှန်တကယ် ရှိနေတဲ့ ခံစားချက်ကို ထုတ်ပြောခဲ့ခြင်းသာ ဖြစ်ပါတယ်...

အခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်..လူထုထောက်ခံမှုတွေ ကျဆင်းနေပြီလို့ ပြောခဲ့တဲ့ သမ္မတ
အကြံပေး ဒေါက်တာဘွဲ့ရဆိုသူလည်း နှုတ်ဆိတ်နေပါပြီ......
များပြားလှတဲ့နိုင်ငံရေးလေ့လာသူတွေ၊ နိုင်ငံရေးအကဲဖြတ်သူတွေနိုင်ငံရေးဆိုင်ရာ ဒေါက်တာဘွဲ့ရ ဂုရုကြီး
များရဲ့ နိုင်ငံရေး ဝေဖန်ချက်တွေ ဟာ တစ်ခါတစ်ရံမှာ ကျနော်တို့လိုသာမန် လူတစ်ယောက် အတွက်တော့
ရယ်စရာ ဖြစ်နေတတ်ပါတယ်....

ဒေါ်စု သမ္မတ လုပ်ခွင့် မရတာနဲ့ပဲ ဒေါ်စုနဲ့ NLD ဟာ အစိုးရဖွဲ့နိုင်ရင် သူရဦးရွှေမန်းကို သမ္မတ တောင်တင်လိမ့်မယ်ဆိုပါလား...
နောက်တစ်ဦးကတော့ NLD ကိုယ်စားလှယ် ရွေးချယ်မှုနဲ့ပတ်သက်လို့ ပြည်သူတွေက ကျေနပ်ချက်မရှိလို့
ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် စာရင်းကိုပြန်မပြင် ပေးရင်ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား နိုင်ဖို့ မဖြစ်
နိုင်တော့ဘူး ဆိုပါလား...

ကိုယ်ကိုယ်တိုင်လဲ သဘောကျတဲ့ ကိုယ်စားလှယ်မပါလို့ ဘဝင်မကျ ဖြစ်မိပါတယ် သို့ပေမယ့် ကိုယ်စားလှယ် လောင်းစာရင်း အပေါ် မကျေနပ်သူ ဦးရေဟာ ဘယ်နှစ်သန်းများ ရှိနေလို့ ရွေးကောက်ပွဲ ရလာဒ် ကိုထိခိုက် နိုင်စေရတာလဲ....
ဆိုလို ချင်တာက ဒေါ်စု ကိုလျှော့တွက်ရင်တော့ မှားလိမ့်မယ် ဆိုတာပါပဲ....

ငါးနှစ်ကြာ လွှတ်တော် အစည်းအဝေးကြီးလည်း ပြီးဆုံးခဲ့ပါပြီ...
လွှတ်တော်ထဲ ဝင်ပြီး စစ်သည်ငါးသိန်း စောင့်ကြပ်နေတဲ့ ၂၀၀၈ ခြေဥ ကို မပြင်နိုင်ခဲ့လို့
ဒေါ်စု အပေါ် ဝေဖန်ရှုံ့ချမှုတွေလဲ တွေ့နေရပါတယ်....
ဒါပေမယ့် လွှတ်တော်ရဲ့ နောက်ဆုံးကွင်းပိတ်ပွဲမှာတော့ ၂၅ %အဖွဲ့ကလဲရုပ်ပျက်ဆင်းပျက်
အလဲလဲ အပြိုပြို ဖြစ်ရသလို....ဆန့်ကျင်ဘက် ပါတီကြီးအထဲမှာ တိုင်းကျော်ပြည်ကျော်
ဆော်ကြ နှက်ကြ ကွဲကြ ပြဲကြ နဲ့အရှက်တကွဲ ပြီးဆုံးသွားတာတွေ့ကြ ရမှာပါ....

ဒါကြောင့် ပြောပါတယ် ဒေါ်အောင်ဆန်းစုကြည်ကို လျှော့မတွက်ကြ ပါနဲ့လို့.........
ရွေးကောက်ပွဲ အကြို မဲဆွယ်ကာလမှာ အောင်နိုင်ရေးအတွက် ဒေါ်စုဘာတွေ လုပ်ပြအုံးမှာလဲ...
ကျနော်တို့ တစ်တွေကိုတော့ လူကိုမကြည့်ပဲ မူကိုကြည့်ပြီး NLD ကိုပဲ မဲပေးကြဖို့ တာဝန်ပေးလိုက်ပါပြီ.....

ကျနော်တို့ မသိတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ထောင်ကျော် လောက်ကိုတော့ ဒေါ်စု ကောင်းကောင်းကြီး
ထိန်းသိမ်း ဦးဆောင်နိုင်လိမ့် မယ်လို့ လုံးဝဥဿုံယုံကြည်ပါတယ်....
နှစ်ပေါင်း ငါးဆယ်ကျော် အတိဒုက္ခ ရောက်ခဲ့ကြရတဲ့ စစ်အာဏာရှင် စနစ် အောက်ကလွတ်မြှောက်ဖို့
ရလာတဲ့ အခွင့် အရေးကို လက်လွတ်ခံလို့ မဖြစ်ပါဘူး....
ဒေါ်စု သမ္မတဖြစ်သည်ဖြစ်စေ..မဖြစ်သည်ဖြစ်စေ ကျနော်တို့ပြည်သူတွေ အတွက်တော့ ဒေါ်စုဟာ
သမ္မတ ထက်မြင့်တဲ့ နေရာမှာ လူထုခေါင်းဆောင် အဖြစ် အမြဲတမ်း ရှိနေမှာပါ........

အကယ်၍များ...... မကြာမှီ ကျင်းပတော့မယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး
တရားမျှတမှု ရှိခဲ့မယ် ဆိုရင် .... NLD ဟာ ၁၉၉၀ ရွေးကောက်ပွဲ လိုပဲ တောင်ပြိုကမ်းပြို အနိုင်ရရှိမှာ သေချာပါတယ်.........

ဘာကြောင့်လဲ ဆိုတော့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ အတွေ့အကြုံ အရ ၁၉၉၀ တုန်းက
မဆလ အစိုးရကို အမုန်းကြီး မုန်းပြီး.... NLD ကိုမဲပေးခဲ့ကြတဲ့ ပြည်သူတွေ ထက်
အခု ပြည်သူတွေဟာ လက်ရှိ ဒီမိုကရေစီ အမည်ခံ အာဏာရှင်အစိုးရ နဲ့ နောက်ခံ
အင်အားစု တွေကို အဆပေါင်းများစွာ ပိုပြီးမုန်းနေတာ တွေ့ရလို့ပဲ ဖြစ်ပါတယ်...

YM (Bonny)

အဲဒီနေ့ရောက်ရင် သေရွာကလူတွေ ပြန်လာလိမ့်မယ်၊ ဘယ်ကမှန်းမသိတဲ့ တစ္ဆေတွေ ရောက်လာတော့မယ်။ မျက်နှာစိမ်းတွေက မင်စတွေ စွန်းထင်းနေတဲ့ လက်ချောင်းကြီးတွေနဲ့ ကလေးတွေရဲ့ အနာဂတ်ကို လုယက် ဖျက်ဆီးကြလိမ့်မယ်။ အဲဒါ ဘယ်နေ့လဲ… အဲဒါ ဘယ်နေ့လဲ…

မေးမနေကြနဲ့၊ အဲဒါ နိုဝင်ဘာ ၈ ရက်၊ တနင်္ဂနွေနေ့။ တိတိကျကျ ပြောရရင် မြန်မာနိုင်ငံ ရွေးကောက်ပွဲနေ့။

မဲစာရင်းကို သွားစစ်သူတွေက ကိုယ့်နာမယ်၊ ကိုယ့်မိသားစုဝင်တွေ နာမယ် ပါမပါ ဆိုတာကိုပဲ မဲနေကြတယ်။ သေပြီးသူတွေရဲ့ နာမယ် မဲစာရင်းထဲမှာ ပါနေတာကို ရယ်စရာလုပ်ကြတယ်လေ။ ဘယ်သူမှ သေရွာက ပြန်လာပြီး မဲမပေးနိုင်တော့ဘူးလို့ ပေါ့ပေါ့ဆဆ တွေးကြတယ်။

ပြီးတော့ ကိုယ့်ရပ်ကွက် မဲစာရင်းထဲမှာ တစ်ခါမှ မသိမမြင်ဖူးတဲ့ လူစိမ်းတွေရဲ့ နာမယ်ပါနေတာကိုလည်း အမှတ်တစ်မဲ့ သတိမထားမိကြဘူး။ ဦးအောင်နက်ဆိုတာ ဘယ်အိမ်မှာ နေမှန်းမသိဘူး၊ ဒေါ်ရွှေဝါကိုလည်း တစ်ခါမှ မမြင်ဖူးဘူး။ ဒါတွေဟာ အလွဲလွဲချော်တဲ့ ရွေးကော်ရဲ့ ပေါ့လျော့မှုလို့သာ တွေးကြမှာပေါ့။

အမှန်ကတော့ သေသေချာချာ တွေးကြည့်ရင် မဲလိမ်မှုကြီး ကျူးလွန်ဖို့ စနစ်တကျ ပြင်ဆင်ထားတာပါ။ သေသူတွေရဲ့ နာမယ်နဲ့ မဲပေးမယ်၊ တစ်ကယ်မရှိသူတွေရဲ့ နာမယ်နဲ့ မဲလိမ်မယ်။ သူတို့ရဲ့ လိုရာသုံး စွမ်းအားရှင် လက်ပတ်နီတွေကို ကားနဲ့တင်ပြီး ရပ်ကွက်တကာလှည့် မဲထည့်ခိုင်းတော့ ဘယ်သူသိမှာလဲ။

နှစ်ခါပြန်၊ သုံးခါပြန် မဲမပေးနိုင်အောင် မဲထည့်ပြီးသူတွေရဲ့ လက်သန်းကို မင်တို့ပြီး အမှတ်အသား လုပ်ထားမယ် ပြောလို့ မယုံစားလိုက်ပါနဲ့။ မင်ဆိုတာ ဖျက်လို့ ရတာပဲ။ သာမန် လွယ်လွယ် ဖျက်လို့ မရရင်တောင် သက်ဆိုင်တဲ့ ဓာတုဆေးကို သုံးရင် ပျက်တယ်။ သူတို့ သုံးတဲ့ မင်ကို ဘယ်ဆေးနဲ့ ဖျက်ရင် ပျက်မယ်ဆိုတာ သူတို့ ကောင်းကောင်း သိတာပေါ့။ (ဓာတုပညာရှင်များအတွက် အထူး ပညာစမ်းပွဲပဲ။)

ပြီးတော့၊ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာဆိုပြီး မဲသွားမပေးတဲ့ တာဝန်မဲ့ လူ့ငနွားတွေရဲ့ မဲလက်မှတ်ဟာလည်း အာဏာရှင်တွေရဲ့ မဲပုံးထဲကို ရောက်သွားလိမ့်မယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြံ့ဖွတ်ရဲ့ ဝှက်ဖဲဟာ ကြိုတင်မဲတွေ မဟုတ်လား။ တစ်ဖက်ပါတီက နိုင်နေသားနဲ့တောင် ဘယ်ကမှန်း မသိတဲ့ ကြိုတင်မဲတွေ တစ်အိတ်ပြီး တစ်အိတ် ရောက်လာပြီး ကြံ့ဖွတ်ပဲ နိုင်သွားတာ အားလုံးသိတယ်။

ဒီတစ်ခါ ကြိုတင်မဲသာမကပါဘူး၊ သူတို့ရဲ့ ဝှက်ဖဲကတော့ သေသူတွေ၊ တစ်ကယ်မရှိသူတွေရဲ့ မဲနဲ့ အနိုင်ယူဖို့ အောက်လမ်းဆရာကြီးတွေ၊ မှော်ဆရာကြီးတွေ သရဲမွေးထားတာ မြင်အောင် ကြည့်ကြပါလို့ သတိပေးလိုက်ပါရစေ။

ဒီထက်ပိုပြီး လျှို့ဝှက်တဲ့ အကွက်တွေလည်း ရှိပါသေးတယ်။

ကဲကဲ…ဒါဖြင့်ရင် သူတို့ အဲဒီလို ကလိမ်စေ့ငြမ်းဆင်ပြီး မဲလိမ်တာကို နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ၊ ပြိုင်ဖက်ပါတီတွေက သိပြီး ကွိကနဲ ဖမ်းလိုက်တော့ ဘယ်လို လုပ်ကြမလဲ။

အိုးဟိုးဟိုး… ဒါမျိုးကို လိုချင်လို့ စောင့်နေတာပါခင်ဗျာ။ တာဝန်ရှိသူအဖြစ် ရွေးကောက်ပွဲ ဥက္ကဋ္ဌ တင်အေးကို ဖြုတ်ပစ်လိုက်ပြီး ရွေးကောက်ပွဲကို တရားမဝင်ကြောင်း ကြေညာလိုက်မှာပေါ့။ မကျေနပ်ရင် တစ်က ပြန်စကြမယ်လေ။ ဒီတစ်ခါ ၃ နှစ်လောက် အချိန်ယူပြီး သေသေချာချာ စီစဉ်ပါ့မယ် မိဘပြည်သူများခံဗျားလို့ ကြောင်ချေးလေသံလေးနဲ့ ကြေညာမှာပါ။ (ဒါကြောင့်မို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တာဝန်ခံရမယ့်သူက သမ္မတ ဖြစ်တယ်။ တင်အေး မဟုတ်ဖူး။ ဒါပေမယ့် အာဏာရှင်တွေအနေနဲ့ သမ္မတ သိန်းစိန်ကိုလည်း အချိန်မရွေး အမှိုက်ပုံးထဲ ပစ်ထည့်နိုင်ပါတယ်။)

ဒီထက် ပိုကြိုက်တဲ့ အကွက်ကတော့ မဲလိမ်တာ ပေါ်သွားပြီး ပြည်သူလူထုက မခံမရပ်နိုင်လို့ ဆူပူအုံကြွရင် ချောက်ထဲကျဖို့ လက်တစ်လုံးအလိုမှာ ကယ်တင်မယ့် တပ်မတော်ကြီး ရှိပါတယ်။

မြန်မာနိုင်ငံကို ၅၃ နှစ်ကြာတဲ့အထိ အုပ်ချုပ်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေကို ပညာမတတ်ဖူး၊ ဉာဏ်မရှိဘူးလို့ အရမ်းကာရော အပြစ်မတင်ကြပါနဲ့။ သူတို့အားလုံး (အောက်တန်းကျစွာ) ယုတ်မာကောက်ကျစ်တဲ့ နေရာမှာတော့ ဉာဏ်များလှတဲ့ ဒေဝဒတ်တောင် အရှုံးပေးရပါလိမ့်မယ်။

Min Myat Maung' FB


အားကလည်းမအား၊ ရေးကလည်း ရေးချင်ဆိုတော့ ခပ်တိုတိုရေးလိုက်ပါသည်။

ကော်မတီငှက်ကဌ (ဟုတ်ပေါင်) ဥက္ကဌကြီးက မဲစာရင်းများမှန်ဘို့ ၃၀% သာ အာမခံပါမည်ဟု ယခင်ကတည်းက နိမိတ်ဖတ်ထားခြင်းမှာ ငါတို့ မင်းတို့အတွက် တစ်နိုင်ငံလုံးက မဲစာရင်းတွေကို ၃၀%ပဲ အမှန်ထုတ်ပေးမယ်။ ကျန်တဲ့ ၇၀% ရာခိုင်နှုန်းကိုတော့ အကုန်အကြံအဖန်လုပ်ပြီး အမှားတွေချည်းဖြစ်အောင်လုပ်ပစ်မယ်ဟု တရားဝင် ကြေငြာ ထားသည့်သဘော ဖြစ်ပေမည်။ ဘာမှမလုပ်ခင်ကတည်းက အနှီပုဂ္ဂိုလ်က သည်လိုကြိုတွက်ထားခြင်းမှာ တမင် သက်သက် အကောက်ကြံခြင်းသာ ဖြစ်မည်ဟု ကျွန်တော်ထင်ပါ၏။ ဘယ်လိုနည်းနဲ့ပြိုင်ပြိုင် ငါတို့တော့ သေချာပေါက် ရှုံးမှာပဲ၊ အဲဒီတော့ ရှိသမျှနည်းပေါင်းစုံသုံးပြီး ညစ်နိုင်မှ တော်ကာကျမယ်ဟုတွက်ကာ ကြိုတင်ကြံစည်ခြင်း ဖြစ်ပါလိမ့်မည်။

အကယ်၍ထိုလူကြီးသည် သွေးရိုးသားရိုး အမှန်အကန်ပြောသည်ဆိုပါစို့။ သည်မျှ ညံ့ဖျင်းနုံချာသော၊ သည်မျှ အသုံးမကျသောသူကို အဘယ်ကြောင့် ဥက္ကဌ ခန့်ရပါမည်နည်း။ သည်ကိစ္စလုပ်တတ်သည့်သူ မြန်မာနိုင်ငံတွင် မရှိတော့ပြီလော။

(အောင်မယ်လေးဟဲ့၊ ဒါနဲ့များတောင် နောက်တစ်ခါလုပ်ခိုင်းရင် ဘယ်လိုနည်းနဲ့မှမလုပ်နိုင်တော့ပါဘူး လို့ ပြောလိုက်သေး။ အရှက်ကလည်း နည်းပါ့။ အခုမလုပ်နိုင်တော့ပါဘူး။ ထွက်ပါတော့မယ်ဆိုရင်တောင် ကျွန်ုပ်တို့က ၀မ်းသာလွန်းလို့ သာဓု ၆ ကြိမ်လောက် ခေါ်လိုက်ချင်ပါ၏။)

တစ်နိုင်ငံလုံးကလူတွေကို မဲစာရင်းအမှန်ရအောင်ကောက်ဘို့ဆိုတာ လွယ်ပါ့မလားကွာ - ဟုမေးသည်ဆိုအံ့။ ထိုသူသည် ဦးဏှောက်မရှိသော ခပ်ချာချာလူသာ ဖြစ်ပေလိမ့်မည်။ သည်ကိစ္စလောက်ကတော့ အများကြီး စာတတ်စရာမလို။ အနည်းငယ် ဦးဏှောက်သုံးတတ်သူပင် လုပ်တတ်သည်။

မြန်မာပြည်ဟူသည် တိုင်းနှင့်ပြည်နယ်များ စုစည်းထားတာ ဖြစ်၏။
တိုင်း/ပြည်နယ်ဟူသည် မြို့နယ်များ စုစည်းထားတာ ဖြစ်၏။
မြို့နယ်ဟူသည် ရပ်ကွက်အုပ်စုများ စုစည်းထားတာ ဖြစ်၏။
ရပ်ကွက်ဟူသည် အိမ်ထောင်စုများ စုစည်းထားတာဖြစ်၏။

ရပ်ကွက်တိုင်း ရာအိမ်မှူးရှိသည်။
ကျေးရွာအုပ်စုတိုင်း ကျေးရွာအုပ်စုကောင်စီ ဥက္ကဌရှိသည်။
မြို့နယ်တိုင်း မြို့နယ်ဥက္ကဌရှိသည်။
တိုင်း တိုင်း တိုင်းဥက္ကဌရှိသည်။

ရာအိမ်မှူးကသူ့ရပ်ကွက်မှာကောက်၊ အုပ်စုဥက္ကဌကိုပေး၊ အုပ်စုဥက္ကဌက မြို့နယ် --> တိုင်း --> ဗဟို။

ရာအိမ်မှူးတစ်ယောက်လျှင် အိမ်ခြေဘယ်လောက်ကောက်ရမည်နည်း။ အဲသည်ရပ်ကွက်မှာ ဘယ်သူတွေနေတယ် ဆိုတာ ရာအိမ်မှူး မသိပါသလော။ သေချာပေါက်သိရမည်သာဖြစ်၏။ အကယ်၍ ကိုယ့်ရပ်ကွက်ထဲ ဘယ်သူတွေနေတယ်ဆိုတာ ရာအိမ်မှူးမသိဟု ဆိုပါစို့။ ထိုရာအိမ်မှူးသည် ထိုရပ်ကွက်မှ မဟုတ်တန်ရာ။ ယခုခေတ်စားနေသည့် မိုးကျဒန်ကိုယ် (ဟုတ်ပေါင်) မိုးကျရွှေကိုယ် ရာအိမ်မှူးသာ ဖြစ်ရပေမည်။ ကိုယ့်ရပ်ကွက်ထဲ အိမ်ခြေဘယ်လောက်ရှိသည် ဆိုတာကိုမှမသိသော ရာအိမ်မှူးကို ဘာရာအိမ်မှူးဟု ခေါ်ပါမည်နည်း။

(အဲလေ၊ အပျင်းထူတဲ့ရာအိမ်မှူးမို့ တကယ်စာရင်းလိုက်မကောက်ဘဲ စိတ်ထဲထင်ရာတွေ လျှောက်ရေးပေးလိုက်တယ် ဆိုရင်တော့လည်း မပြောတတ်ပါ။ သို့သော် ဤမျှလောက်ထိ လုပ်လိမ့်မယ်မဟုတ်ဟု ထင်မိပါသည်။)

သဟာဆို ထိုရာအိမ်မှူးများကောက်ပေးသော စာရင်းသည် အဘယ်ကြောင့် မှားရပါမည်နည်း။ ထိုစာရင်းများနှင့် ပေါင်းစုထားသော မြန်မာတစ်နိုင်ငံလုံးမှ မဲစာရင်းများသည် အဘယ်ကြောင့် အသည်းအသန် မှားရပါမည်နည်း။ မှားသည်ဆိုလျှင်ပင် ခြေချော်လက်ချော် အနည်းငယ်မျှ မှားရမည်သာ ဖြစ်၏။

ယခုတော့ သေသူများ စာရင်းထဲပါလာသည်။ သည်ရပ်ကွက်ထဲ အနှစ် (၂၀) လောက်နေလာသူတွေကျ တစ်မိသားစုလုံးမပါ။ မွေးနေ့သက္ကရာဇ်များ အစုလိုက်အပုံလိုက် အတူတူဖြစ်နေသည် စသည့်ကိစ္စများကို မိတ်ဆွေတို့က ဘယ်လိုထင်ထင်။ ကျွန်တော်ကတော့ မတော်တဆ မှားယွင်းမှုဟု ဘယ်လိုမှ ထင်လို့မရပါ။ ဒါ တမင်သက်သက် လည်ဆည်မှုဟုသာ ထင်ပါသည်။

ဒီလောက်မှားရအောင် သည်ရွေးကောက်ပွဲအတွက်သုံးသည်ဆိုသော ဟို ကျပ်ငွေ ၆၈ ဘီလျံနှင့် အမေရိကန်ဒေါ်လာ သန်း ၂၀ က ဘယ်ရောက်သွားလို့ပါနည်း။ တကယ်လုပ်မည့်သူများကို သေသေချာချာ သင်ပေးထားပြီး လုပ်ခိုင်းလျှင် သည်လောက် မှားနိုင်ပါမည်လော။ သူတို့ဘယ်လိုတွေလုပ်နေတယ်ဆိုတာ ကျွန်တော်မသိပါ။

ကျွန်တော်ငယ်ငယ်က သည်လို အိမ်ထောင်စုစာရင်း လိုက်ကောက်ပေးသော အလုပ်များ မကြာခဏ လုပ်ပေးဖူး ပါသည်။ ကျွန်တော့်မရီးက သားဖွားဆရာမဆိုတော့ တစ်နိုင်ငံလုံး မွေး/သေစာရင်းကောက်တော့လည်း ကျွန်တော် ကောက်ပေးဖူးသည်သာ ဖြစ်၏။ အိမ်ထောင်စုစာရင်း ကောက်သည့်ကိစ္စကို အနည်းဆုံး ၃ ခါလောက် ကျွန်တော် လုပ်ဖူး၏။ အနို့ ကျွန်တော့်အဖေက ဟိုတုံးက ကောင်စီလူကြီးပေကိုး။

မဲပေးရအောင် ရန်ကုန်ပြန်ရကောင်းမလားဟု စဉ်းစားသေးသော်လည်း ယခု ကျွန်တော် မပြန်ဖြစ်တော့ပါ။ ကျွန်တော်တို့ထည့်မည့် ကြိုတင်မဲများ ဘယ်ရောက်သွားမည်၊ ဘာဖြစ်သွားမည်ဆိုသည်ကိုတော့ စိုးထိတ်လှပါသည်။

နတ်ပြည် ၆ ထပ်မှ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များခင်ဗျား။ ကျွန်ုပ်တို့၏ဒုက္ခကို လက်ပိုက်ကြည့်တော်မူ မနေကြပါနှင့်။ တခြားအချိန်တွေ မကူချင်နေ။ သည်တစ်ကြိမ်လောက်တော့ သည်းခံပြီး ကူညီမှိုင်းမကြပါဟု မေတ္တာရပ်ခံလိုက်ရပါသည်။

ရွေးကောက်ပွဲအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးသော မဲစာရင်းကိုမှ မှန်မှန်ကန်ကန် ထုတ်ပြန်မပေးလျှင် (သို့မဟုတ်) ထုတ်ပြန်မပေးနိုင်လျှင် . . . . .

အင်း . . .

ကျွန်တော်ကတော့ အတော်လေး ရင်တုန်လှပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၉ စက်တင်ဘာ၊ ၂၀၁၅။ ည ၁၁း၅၆ နာရီ



၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်လမ်းနဲ့ ဆူးလေလမ်းထောင့်နားမှာ စစ်တပ်ရဲ့ပစ်ခတ်ဖြိုခွဲမှုကြောင့် ကျဆုံးခဲ့တဲ့ ကျောင်းသားနဲ့ ရဟန်းရှင်လူပြည်သူတွေထဲက မဝင်းမော်ဦးအတွက်ကို ကျန်ရစ်သူမိဘတွေက လှိုင်သာယာမြို့နယ်က နေအိမ်မှာ ဒီနေ့မနက်က အခမ်းအနားပြုလုပ်ပြီး သံဃာတွေကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။

သမီးဖြစ်သူသေဆုံးခဲ့ရတာ ၂၇ နှစ်ပြည့်ပေးမယ့် မမေ့နိုင်တဲ့အကြောင်းနဲ့ သမီးမကွယ်လွန်ခင်က မှာခဲ့တဲ့အတိုင်း အမျှမဝေသေးဘူးလို့ မဝင်းမော်ဦးရဲ့ မိခင်ဒေါ်ခင်ဌေးဝင်းက RFA ကိုပြောပါတယ်။

"ဘုန်းကြီးဆွမ်းကပ်တယ်ပေါ့နော် အခမ်းအနားလည်းလုပ်တယ်၊ ဒီမိုကရေစီမရလို့ဆိုပြီးတော့ ရခဲ့ရင် သမီးနာမည်ခေါ်ပြီးတော့ အမျှဝေပေးပါလို့ အဖေကတိပေးပါဆိုပြီးတော့ အဖေကို ကတိတောင်းသွားတယ်၊ အခုသူပြောသွားတဲ့အတိုင်းပဲပေါ့နော် အရင်တုန်းက အမျှလည်းမဝေပေးဘူး၊ လာတာကတော့ ဒီမိုကရေစီအင်အားစုတွေပေါ့နော်"

သူတို့ရဲ့ ဆွမ်းကပ်လှူပွဲကို အရပ်ဝတ်ထောက်လှမ်းရေးတွေကလည်း လာစောင့်ကြည့်ကြတယ်လို့ ဒေါ်ခင်ဌေးဝင်း ကပြောပါတယ်။

မဝင်းမော်ဦးဟာ ၁၉၈၈ ခုနှစ်က အလက (၄) ကြည့်မြင်တိုင်မှာ အဌမတန်းတက်နေတဲ့ ကျောင်းသူဖြစ်ပြီး၊ စစ်တပ်ကအာဏာသိမ်းပြီး နောက်တစ်နေ့ချီတက်တဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကိုင်ရင်း သေနတ် ကျည်ဆန်ထိမှန်ပြီး၊ ရန်ကုန်ဆေးရုံကြီးမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအချိန်က မဝင်းမော်ဦးနဲ့အတူ ချီတက်ကြသူတွေထဲမှာ ကျောင်းသား ၁၇ ယောက် ကျည်ဆန်ထိမှန်ပြီး၊ အဲ့ဒီထဲက ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/mawinmawoo-27th-memorial-09192015115158.html



၂၀၁၅ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူတွေရဲ့ စာရင်း နောက်ဆုံးထုတ်ပြန်မှုမှာ အမှားအယွင်းတွေ ပိုများလာတဲ့အပြင် အမည်ရှာ ဖွေဖို့ အခက်အခဲတွေ ပိုရှိလာတာဟာ တာဝန်အရှိဆုံးဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က မဲဆန္ဒရှင် ပြည်သူတွေကို စိတ်ပျက်သွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လိုက်တာလားလို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက သံသယရှိနေကြပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဘက်ကတော့ ဒီတကြိမ်ထုတ်ပြန်ချက်ဟာ ယခင်ပုံစံနဲ့ကွဲလွဲနေတာမို့ အမည်ရှာဖို့ အခက်အခဲရှိတဲ့ပြည်သူတွေ အတွက် လွယ်ကူလမ်းညွှန်ချက်ကိုလည်း ထုတ်ပြန်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်း နောက်ဆုံးအဆင့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ချိန်မှာ ပိုပြီးတော့မှ အမှားအယွင်းများလာတာ၊ အမည်စာရင်းပုံစံ အရင်ကနဲ့ ကွဲလွဲသွားတဲ့ အတွက် ရှာဖွေရ မလွယ်ကူတဲ့ အခက်အခဲတွေနဲ့ ပြည်သူတွေကြုံနေရတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

ဘာကြောင့် ဒီတကြိမ်မှာပိုအမှားအယွင်းတွေ များလာရပါသလဲဆိုတာကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ Myanmar Institute for Democracy က ဒါရိုက်တာ ကိုအောင်စိုးမင်းက အခုလိုသုံးသပ်ပါတယ်။

“အခု ဒီဥစ္စာက အရင်တုန်းကလုပ်ခဲ့တဲ့ system နဲ့မတူတော့ဘူးဗျ၊ တခါ ထပ်ပြောင်းသွားပြန်ပြီပေါ့နော်။ ပြီးခဲ့တဲ့တခေါက်က ပါလာတဲ့လူစာရင်းက ဒီတခေါက် ပါမလာတာမျိုးတွေလည်း ရှိတယ်။ တကယ့်တကယ်ကျတော့ သူတို့က စနစ်တကျလုပ်တယ်။ ပြီးခဲ့တဲ့အခေါက်က အမှားအယွင်းတွေကို ပြန်ပြင်တယ်လို့သာပြောတာ။ အဲလိုမျိုးမဟုတ်ဘဲနဲ့ စနစ်အသစ်ကြီးတခုကိုစပြီးတော့ မိတ်ဆက်လိုက်သလို ဖြစ်သွားတယ်။ ပြီးတော့ public ကနေ လာပြီးရှာရဖွေရတာ မလွယ်ဘူးဖြစ်သွားတယ်ဗျ။ အဲဒီတော့ ကျနော်တို့မြင်တာကတော့ ဒါဟာ မှန်အောင်လုပ်နေတာလား၊ လူထုကို မျက်စိလည်အောင်လုပ်နေသလားဆိုတာ သံသယရှိတယ်ဗျ။ ဒီလိုစနစ်မျိုး ပြောင်းသွားတယ်လို့လည်း တခါမှ coordination meeting တွေမှာ အသိမပေးခဲ့ဘူး။ အဲဒီတော့ နည်းပညာ အခက်အခဲ ဖြစ်တယ်ဆိုလို့ရှိရင်တော့ ကျနော်မြင်တာကတော့ IFES မှာ တာဝန်ရှိတယ်ဗျ။ နည်းပညာအားလုံးကို သူတို့တာဝန်ယူထားတာ၊ သူတို့ပဲ supporting ပေးနေတာ။ တကယ့်တကယ်တန်းကျတော့ အဲလိုမျိုးဖြစ်လာနိုင်တယ်ဆိုတာကို IFES က ကြိုမသိဘူးလားဆိုတာကို ကျနော်တို့ မေးခွန်းထုတ်စရာရှိတယ်။ အဲဒီတော့ impeach လုပ်ရမယ်ဆိုရင်တော့ ကျနော်တို့ UEC ကိုရော၊ IFES ကိုရော impeach လုပ်ရမယ်။ IFES ကလွဲနေတာကို UEC က ဘာဖြစ်လို့လက်ခံရသလဲဆိုတာ ကျနော်တို့ မေးစရာတွေ ပေါ်လာပြီ။”

ရွေးကောက်ပွဲတခုအတွက် အရေးပါ အဓိကအကျဆုံးဖြစ်တဲ့ မဲဆန္ဒရှင်စာရင်း အမှားအယွင်းဖြစ်ရတာ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန် အရှိဆုံးဖြစ်ပြီး ဒီလိုဖြစ်အောင် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သလားလို့ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့လည်း ကိုအောင်စိုးမင်းက ပြောပါတယ်။

မဲဆန္ဒရှင်စာရင်း အလွဲများရင်များသလောက် ရွေးကောက်ပွဲမှာ ထိခိုက်နစ်နာမှုတွေ ဖြစ်မှာပဲလေ။ ဆိုလိုတာက မဲဆန္ဒရှင်စာရင်းမှာ ၅၀ % ပဲမှန်တယ်ဆိုရင် ကျနော်တို့ရွေးကောက်ပွဲကလည်း ၅၀ % ပဲ fair ဖြစ်မှာပေါ့ဗျာ။ အမှန်ကိုသိနိုင်ဖို့ တော်တော်ကို ခက်ခဲသွားတာဖြစ်တဲ့ အတွက် ရွေးကောက်ပွဲရဲ့ result ပေါ်မှာ ….fair ဖြစ်ပါ့မလားဆိုတဲ့ကိစ္စက တော်တော် သံသယဖြစ်ဖို့ ကောင်းပါတယ်။ effect တွေ အများကြီးရှိနိုင်တယ်လို့ ကျနော် ယူဆပါတယ်။”

ဒါပေမယ့်လည်း နိုင်ငံသားအခွင့်အရေးနဲ့အညီ ဆန္ဒမဲပေးနိုင်ရေး ရပ်ကွက်ရွေးကောက်ပွဲကော်မရုံးတွေမှာတော့ အမှားလာရောက်ပြင်ဆင်သူ ပြည်သူလူထု တော်တော်များများရှိတာကို တွေ့ရတယ်လို့လည်း သူကပြောပါတယ်။

“ကျနော်သွားကြည့်ရသလောက်တော့ အမြဲတမ်း ရွေးကောက်ပွဲကော်မရှင်ရုံးမှာ လူတွေတော့ အုံခဲနေတာပဲ။ တနာရီအတွင်းမှာ ကျနော်တို့ ထိုင်ကြည့်နေတာ အယောက် ၂၀ အစိတ် လောက်တော့ အမြဲတမ်းရှိတယ်။ ရပ်ကျေးကော်မရှင်ရုံးက စာရေးကတော့ အနားကိုမပေးရဘူး၊ တချိန်လုံး ပြင်နေရတာချည်း။”

ရန်ကုန်မြို့ခံ ကိုစိုးမိုးမြင့်ကတော့ ဒီတကြိမ် မဲစာရင်း ထုတ်ပြန်မှုမှာလည်း အမှားအယွင်းတွေ အတော်ပါနေဆဲမို့ ရပ်ကွက်နေ ပြည်သူတွေ အနေနဲ့ မဲစာရင်း သွားကြည့်တော့မယ်ဆိုရင် အမည်စာရင်း မှန်ကန်ဖို့၊ မှတ်ပုံတင်နံပါတ် မလွဲစေဖို့ စတာတွေအတွက် အနည်းဆုံး မိမိတို့ရဲ့ သန်းခေါင်စာရင်းလေးကို သယ်သွားပြီး စနစ်တကျ သေချာ တိုက်ပြီး စစ်ဆေးသင့်တယ်လို့ အကြံပြုပါတယ်။

“မပါလို့ဖျက်ထားတဲ့သူတို့၊ နည်းနည်းမှားလို့ ပြန်ပြီးတော့ ပြင်ထားတဲ့လူတို့၊ အဲဒါတွေကတော့ မှားတုန်းပဲခင်ဗျ။ ဥပမာ- ကျနော့်အမေ ဆိုရင်လေ ကျနော့အမေက ကွယ်လွန်သွားတဲ့အတွက် ကျနော် ဖျက်ထားတယ်။ ကျနော် ဖျက်ထားပြီးသား၊ ဒီတခေါက်ထွက်တော့လည်း ကျနော့်အမေနာမည်ပြန်ပါလာတယ်။ ပြီးတော့ သူတို့ကပ်ထားတဲ့ပုံစံကလေ ကျနော်တို့ ကြည့်ရတာ တော်တော်ခက်ခဲတယ်ဗျ။ သူက အိမ်နံပါတ်ကိုမူတည်ပြီးတော့ အဲဒီအိမ်နံပါတ်ကလည်း ဒီရပ်ကွက်ထဲမှာဗျာ- ဘယ်လမ်း ဘယ်လမ်းက - အဲဒီအိမ်နံပါတ်ရှိတဲ့အိမ်ပေါင်း ဘယ်နှစ်အိမ်ရှိလဲဆိုတာ မသိဘူးပေါ့နော်။ သူက အဲလိုမျိုးတွေ အစဉ်လိုက်ပြီးတော့ တပ်ထားတယ်။ အက္ခရာစဉ်နဲ့လည်း ကပ်ရင်ကပ်ထားတယ်။ အဲဒီအခါကျတော့ ကြည့်တဲ့လူတွေမှာကျတော့ တော်တော်လေးကို ခက်ခက်ခဲခဲကြည့်ရတာပေါ့ဗျာ။ အရင်တုန်းက ပထမကပ်ထားတာကျတော့ လမ်းအလိုက်ကပ်ထားတယ်ဆိုတော့ ကြည့်ရတာလွယ်သေးတယ်ခင်ဗျ။ အဓိက ကျနော်တို့ပြည်သူတွေက သွားကြည့်ကြတယ်ဆိုတာက ကြည့်ရုံပဲကြည့်ကြတာခင်ဗျ။ ကျနော်တို့က လက်ထဲမှာ သန်းကောင်စာရင်းမိတ္တူလေးကိုကိုင်ပြီး သွားကြည့်ရင်တော့ ကျနော်ကတော့ ပိုကောင်းလိမ့်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အိမ်တစ်အိမ်လုံးရဲ့ မှတ်ပုံတင်နံပါတ်တို့၊ ဘာတို့ညာတို့ဆိုတာကလည်း အလွတ်ရချင်မှရမှာလေ။”
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေး ပြည်ထောင်စုနယ်မြေအတွင်း မဲစာရင်းအခြေအနေ သွားရောက်ကြည့်ရှုစဉ်။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ဒီတကြိမ် ထုတ်ပြန်မှုဟာ IT စနစ်နဲ့ ဆောင်ရွက်ထားတယ်လို့ ဆိုပြီး ပြည်သူတွေ ရှာဖွေရ အခက်အခဲရှိတယ်လို့ ကြားသိရတဲ့အတွက် ရှာဖွေရလွယ်ကူအောင် မိမိနေထိုင်တဲ့လမ်းကိုရှာပါ။ အိမ်နံပါတ်ကိုရှာပါ။ နံပါတ်တွေက ငယ်စဉ်ကြီးလိုက်စီထားပြီး နာမည်တွေကတော့ အက္ခရာစဉ်အတိုင်း စီထားပါတယ်။ အခက်အခဲတွေ့ရင် ရပ်ကွက်ကျေးရွာအုပ်စုတွေက ရွေးကောက်ပွဲကော်မရှင်တွေကို အကူအညီတောင်းခံကြပါလို့ လမ်းညွှန်ချက်ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မဲစာရင်းကြေညာထားမှု ရပ်ကျေးအဆင့်တွေမှာ ဘယ်လိုအနေအထားရှိတယ်ဆိုတာကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးကိုယ်တိုင် နေပြည်တော်က မြို့နယ်တွေနဲ့ ပျဉ်းမနားမြို့တွေမှာ လိုက်လံစစ်ဆေးနေတာတွေ့ရပါတယ်။

မဆုမွန်/VOA
http://burmese.voanews.com/content/election-watches-suspect-on-intentionally-erras-/2970488.html

tinaye-voter-lists-620.jpg ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးဟာ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား၊ ဒက္ခိဏသီရိနဲ့ ဇမ္ဗူသီရိမြို့နယ်တွေက မဲစာရင်းကပ်ထားတဲ့ အုပ်ချုပ်ရေးရုံးတွေကို စက်တင်ဘာလ ၁၉ ရက်နေ့က လိုက်လံကြည့်ရှုစဉ်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးဟာ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား၊ ဒက္ခိဏသီရိနဲ့ ဇမ္ဗူသီရိမြို့နယ်တွေက မဲစာရင်းကပ်ထားတဲ့ အုပ်ချုပ်ရေးရုံးတွေကို ဒီကနေ့ လိုက်လံကြည့်ရှု ခဲ့ပါတယ်။

မဲဆန္ဒရှင်စာရင်းတွေကို ကွန်ပျူတာစနစ်နဲ့ ပြန်စီလိုက်တဲ့အခါမှာ မဲစာရင်းရှာဖို့ ခက်ခဲမှုတချို့ ဖြစ်ပေါ်ခဲ့တာကို သွားရောက်စစ်ဆေးတာလို့ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

"ကျနော်တို့ကျတော့ ကွန်ပျူတာထဲထည့်ရတဲ့အခါကျတော့ ဒေါ်ဆိုတာ တီ ကစလာတယ်လေ၊ ဦးဆိုတော့ ယူ ကစတယ်၊ အဲ့လိုမျိုးတွေဖြစ်ကုန်တာတွေ ရှိတာကျတော့ ကျနော်တို့က ဒါကိုလူထုကို ကြိုပညာပေးတာပေါ့ အဲ့ဒီလိုမျိုး၊ ကျနော်တို့ မပေးလိုက်မိဘူးဗျ မပေးလိုက်မိဘူးဆိုတော့ ကွန်ပျူတာ ဒီလိုလုပ်ထားတယ်ဆိုတာ အခုမှသိရတယ်လေ၊ သိရတဲ့အခါကျတော့ လူထုအခက်အခဲရှိတယ်၊ ဘာကြောင့်အခက်အခဲရှိသလဲ ကျနော်မေးတာ၊ မေးတော့ ဒီလိုတွေကြောင့် ကွန်ပျူတာမှာ ဒီလိုလုပ်ထားတယ် အခက်အခဲရှိတယ်၊ အဲ့လိုဆိုရင် ပညာပေးမှရမယ်"

နေရာအနှံ့မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းအမှားအယွင်းတွေ များနေတာဟာ ရွေးကောက်ပွဲကော်မရှင်က အသုံးပြုနေတဲ့ ဆော့ဖ်ဝဲလ် အမှားအယွင်းကြောင့်ဆိုပြီး အောက်ခြေ ရွေးကောက်ပွဲကော်မရှင် အရာရှိတွေက အာအက်ဖ်အေကို ပြောပါတယ်။

နေပြည်တော် ကောင်စီနယ်မြေမှာ လူဦးရေ တစ်သန်းကျော်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ခြောက်သိန်း ခုနှစ်သောင်းကျော် ရှိပါတယ်။

RFA
http://www.rfa.org/burmese/news/utinaye-inspects-voter-lists-09192015104404.html

 aungtheinlinn-620.jpg တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုး ပါတီက ဦးအောင်သိန်းလင်းဟာ စက်တင်ဘာလ ၁၉ ရက်နေ့က မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်နေစဉ်

လာမယ့်ရွေးကောက်ပွဲမှာ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးအောင်သိန်းလင်းဟာ မဲဆွယ် စည်းရုံးမှုတွေ စတင်နေပြီဖြစ်ပါတယ်။

၂ဝ၁၅ နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂ဝ၁ဝ ရွေးကောက်ပွဲထက် ယှဉ်ပြိင်မယ့်ပါတီတွေ ပိုများတဲ့အတွက် ပိုမိုဝါယမစိုက်ထုတ်ပြီး စည်းရုံးရမှာဖြစ်တယ်လို့ ဦးအောင်သိန်းလင်းက ပြောပါတယ်။

"အခုလူထုတွေကြည့်ရတာ ဘယ်ပါတီကိုရွေးရမယ်ဆိုတာ သိပ်ပြီးတော့ မဆုံးဖြတ်ရသေးပါဘူး ၊ စောင့်ကြည့်နေတုန်းပဲဆိုတော့ ဘယ်ဟာကအဓိကဖြစ်မလဲဆိုတာ သေချာတော့မပြောနိုင်သေးပါဘူး၊ ပြိုင်တဲ့ ပါတီတွေကလည်း များတာကိုး၊ လူတွေကလည်း ဘယ်ပါတီကိုအားကိုးရမလဲ ဘယ်သူ့ကို ဘယ်လွှတ်တော် ကိုယ်စားလှယ်ကို အားကိုးရမလဲဆိုတာကို စဉ်းစားနေကြတုန်းဖြစ်ပါတယ်၊ ၂ဝ၁ဝ ထက်တော့ ပိုခက်ခက်ခဲခဲ စည်းရုံးရမယ်လို့ ကျနော့်အနေနဲ့မြင်တယ်၊ ပါတီများလာတာဖြစ်တဲ့အတွက် အပြိုင်အဆိုင်တွေများလာတာပေါ့၊ အပြိုင်အဆိုင်များလာတဲ့အခါကျရင်လည်း ပိုကြိုးစားရမှာပေါ့ဗျာ၊   လွှတ်တော်ထဲမှာ အားဖြည့်ဖို့ဟာ တကယ့်ကို လုပ်ရည်ကိုင်ရည်ရှိတဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ သတ္တိရှိတဲ့ကိုယ်စားလှယ်ကို ရွေးရမှာဖြစ်ပါတယ်၊ ကိုယ်စား လှယ်ကောင်းမှ တိုင်းပြည်ကောင်းမယ်လို့ ကျနော်ကတော့မြင်ပါတယ်"

ဦးအောင်သိန်းလင်းနဲ့အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွက် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ်၂ ကနေ ပါဝင်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်သူ ဦးမျိုးမြင့်အောင်လည်း ပါဝင်မဲဆွယ်စည်းရုံး ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ တောင်ဥက္ကလာပမြို့နယ် အမှတ် ၁၂၊ ၁၃ နဲ့ ၁၄ ရပ်ကွက်တွေကလူထုကို လိုက်လံနှုတ် ဆက် စည်းရုံးခဲ့ကြတာဖြစ်ပါတယ်။

 dassk-yamaethin-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့က ကျောက်ဖြူကုန်းကွင်းပြင် မှာပြုလုပ်တဲ့ ရွေးကောက်ပွဲအသိပညာပေးဟောပြောပွဲမှာ စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Myo Thant Khaing/ RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ အစိုးရဖွဲ့နိုင်ခဲ့ရင် အဂတိကင်းစင်တဲ့ အစိုးရဖြစ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ကတိပေးပြောကြားလိုက်ပါတယ်။

ဒီကနေ့ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့က ကျောက်ဖြူကုန်းကွင်းပြင်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲအသိ ပညာပေးဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ကတိပေးပြောလိုက်တာဖြစ်ပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့ရင် အဂတိကင်းစင်စေရမယ်၊ ကျမတို့ အခုထဲက ကိုယ်စားလှယ်လောင်းတွေဟာ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်တဲ့အခါမှာ မိမိတို့ ပိုင်ဆိုင်မှုတွေကို ကျမတို့ကိုအသိပေးရတယ်၊ နောက်လက်မှတ်ထိုးပြီးတော့ ဒီပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ သံသယဖြစ်လာရင် မေးမြန်းတာ၊ စိစစ်တာကိုခံယူပါ့မယ်လို့ ဝန်ခံချက်ထိုးခိုင်းပါတယ်"

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးတုန်းက ဒီမိုကရေစီအစိုးရရှိခဲ့ဘူးကြောင်း အဲဒီအချိန်က အစိုးရအဖွဲ့ဝင်တွေ အဂတိလိုက်စားတယ်ဆိုတာ မကြားဘူးကြောင်း လည်းထည့်သွင်းပြောကြားပါတယ်။

ပြည်သူတွေ အနေနဲ့ နိုင်ငံရေးမှာ ပါဝင်ရမှာဖြစ်ကြောင်းနဲ့ အဲဒီလိုပါဝင်ဖို့ဆိုတာဟာ ပထမဆုံးအနေနဲ့ မိမိတို့ရဲ့ အမည် မဲစာရင်းမှာပါဖို့အတွက် ကြိုးစားရမယ် လို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီပေါင်း ၉ဝ ကျော်ရှိပြီး အင်မတန်များလွန်းတဲ့ အတွက် စဉ်းစားပြီးမဲပေးကြဖို့ကိုလည်း ပြောကြား ခဲ့သလို အန်အယ်လ်ဒီကို မဲပေးဖို့ကိုလည်း တိုက်တွန်းပြောကြား ခဲ့ပါတယ်။

ဒီကနေ့ ရမည်းသင်းမြို့က ဟောပြောပွဲကို ဒေသခံပရိသတ် ၃ဝဝဝ ကျော်လောက် တက်ရောက်တယ်လို့ ခန့်မှန်းကြ ပါတယ်။

RFA
http://www.rfa.org/burmese/news/dassk-yamethin-speech-09192015075234.html


 ဝန်ကြီးဌာနတွေမှာ တပ်မတော်က အရာရှိတွေ ပြောင်းရွှေ့တာဝန်ထမ်းဆောင်တာကို ကန့်ကွက်တဲ့ ခရမ်းရောင်ဖဲကြိုးလှုပ်ရှားမှုကို ပျဉ်းမနားအလယ်ရိုးမ ကဗျာဆရာအဖွဲ့က ဒီကနေ့ နေပြည်တော်မှာ စတင်လိုက်ပါတယ်။

တစ်နိုင်ငံလုံးက ကဗျာဆရာတွေနဲ့ စာရေးဆရာတွေ ခရမ်းရောင်ဖဲကြိုးလှုပ်ရှားမှုမှာ ပါဝင်ကြပြီး သက်တန့်ရောင်လှုပ်ရှားမှုကို စတင်ဖို့ တိုက်တွန်းကြောင်း ပျဉ်းမနားမြို့က ကဗျာဆရာ မောင်ကြူးရင့် က ပြောပါတယ်။

"အခု ၂ဝ၁၅ ရွေးကောက်ပွဲအပြီးကာလကို ကြိုတင်တွက်ချက်ပြီး တက်လာမယ့်အစိုးရကို ဌာနအသီးသီးက စစ်အနွယ်၊ ထိပ်တန်းအရာရှိကြီးတွေနဲ့ ဝိုင်းဝန်းအကျပ်ကိုင်ပြီး ထပ်မံ ကြံစည်လာတယ်လို့ ယူဆတဲ့အတွက် ဒီလုပ်ရပ်ကိုဆန့်ကျင်တဲ့အထွေထွေဖဲကြိုးရောင်စုံ လှုပ်ရှားမှုကြီးထဲမှာ ပါဝင်ဖို့ ကျနော်တို့ဆုံးဖြတ်လိုက်ပါတယ်၊ နိုင်ငံရဲ့နယ်ပယ်အသီးသီးပေါ် အထွေထွေစစ်တပ်သွင်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ခရမ်းရောင်ဖဲကြိုးလှုပ်ရှားမှုကို စတင်ဆင်နွှဲလိုက် ပါပြီ၊ တစ်နိုင်ငံလုံးက စာရေးဆရာတွေ၊ ကဗျာဆရာတွေ အားလုံးစုစည်းပါဝင်ကြဖို့ တိုက်တွန်း အပ်ပါတယ်"

ပျဉ်းမနားမြို့က ကဗျာဆရာ စာရေးဆရာ ၁၅ ယောက်လောက်ဟာ ပျဉ်းမနားမြို့က Rain လက်ဖက်ရည်ဆိုင်မှာ စုဝေးကြပြီး ခရမ်းရောင်ဖဲကြိုးလှုပ်ရှားမှုကို စတင်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်ကစပြီး ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ တောင်ကြီးနဲ့ မြို့တချို့မှာ ရှေ့နေတွေ ဆရာဝန်တွေ လျှပ်စစ်ဝန်ကြီးဌာန ဝန်ထမ်းတချို့က တပ်မတော်က အရာရှိတွေကို ဌာနဆိုင်ရာတွေမှာ ထိပ်ပိုင်းတာဝန်တွေ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတာကို ကန့်ကွက်လိုက်ကြတာ ဖြစ်ပါတယ်။

ဖဲကြိုးအရောင်စုံလှုပ်ရှားမှုတွေပေါင်းပြီး သက်တန့်ရောင်လှုပ်ရှားမှုဖြစ်လာအောင် ကြိုးစားသွားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

Photo: Win Naung Toe/ RFA
RFA Burmese
https://www.facebook.com/RFA-Burmese


 ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် အမှန်တကယ် ပြောင်းလဲပေးနိုင်မယ့်သူဆိုတာ မှတ်ကျောက်တင်ခံနိုင်တယ်လို့ NLD နာယက သူရဦးတင်ဦးက ပြောပါတယ်။

ဒီကနေ့ ဧရာဝတီတိုင်းဒေသကြီး ဟသာင်္တမြို့နယ် ဟုန်ဆန်စီခန်းမမှာကျင်းပတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲမှာ NLD နာယက သူရဦးတင်ဦးက ပြောလိုက်တာဖြစ်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ မဲစာရင်းတွေမှာ အမှားအယွင်းတွေများနေပေမယ့် ပြည်သူတွေအနေနဲ့ မဲစာရင်းတွေကို သွားရောက်စစ်ဆေးကြဖို့ကိုလည်း ပြောပါတယ်။

ဟင်္သာတမြို့နယ် မဲဆန္ဒနယ်ဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဦးဌေးဦးရဲ့ မဲဆန္ဒနယ်မြေဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒီနေ့ ဟင်္သာတမြို့က အခမ်းအနားကို ဒေသခံ တစ်ထောင်ကျော်လောက် တက်ရောက်ကြပြီး ဟသာင်္တမြို့နယ်ကနေ ရွေးကောက်ပွဲကို ဝင်ရောက်ရွေးချယ်ခံကြမယ့် NLD ပါတီက ကိုယ်စားလှယ်လောင်းတွေကိုလည်း ဒေသခံတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese