09/22/15
 students-tharyarwaddy-court-620.jpg
သာယာဝတီမြို့နယ် တရားရုံးကို တွေ့ရစဉ်
လက်ပံတန်း ကျောင်းသားသပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို စွဲဆိုထားတဲ့ အမှုတွေကို ပယ်ဖျက်ပေးဖို့အတွက် ကျောင်းသားတွေက ရှေ့နေ့ကနေတဆင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် ထံ တင်ပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။
ကျောင်သားအားလုံးနီးပါးက သူတို့ကိုယ်စား အမှုကိုချေဖျက်ပေးဖို့ တင်ပြနိုင်အောင် လက်မှတ်ရေးထိုးပေးထားတဲ့ အတွက် ဒီတစ်ပတ်အတွင်းမှာ ဆောင်ရွက်သွားမယ်လို့ ကျောင်းသားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေ တဲ့ ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။
"ရှေ့နေကိုယ်စားလှယ် လွှဲစာရတဲ့အခါကျမှ အန်ကယ်တို့က ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ကို တင်လို့ရ တယ်၊ အမှုချေဖျက်ပေးဖို့အတွက် လျှောက်လွှာကိုတင်လို့ရတယ်၊ လိုက်ပါဆောင်ရွက်ပေးပါလို့ ရှေ့နေကို အပ်တယ်၊ ရှေ့နေကိုယ်စားလှယ်လွှဲစာက ဒီရှေ့နေကို လုပ်ပိုင်ခွင့်ပေးလိုက်တယ်ပေါ့၊ ရှေ့နေကနေပြီးတော့ သူတို့ကိုယ်စား အမှုချေလို့ရတယ်၊ လုပ်လို့ရတယ် အဲ့သဘောမျိုးတွေ၊ ကလေးတွေက သဘောတူပြီးသား အန်ကယ့်ကို လက်မှတ်ထိုးပေးလိုက်ပြီ၊ အန်ကယ်တင်ဖို့ အစီအစဉ်ရှိပါတယ်"
အဲ့ဒီလျှောက်လွှာကို ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က လက်ခံပြီး ဥပဒေနဲ့အညီ အချက်ကျကျတင်ပြနိုင်မယ် ဆိုရင် အမှုတွဲအားလုံးပျက်သွားပြီး တရားစွဲဆိုခံထားရသူအားလုံး လွတ်မြောက်နိုင်မှာဖြစ်တယ်လို့ ဦးလှမျိုးမြင့် က ပြောပါတယ်။
ကျောင်းသားတွေကို ဒီနေ့ သာယာဝတီမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် အမှုတွဲဟာ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ထံ ရောက်ရှိနေတာကြောင့် အမှုစစ်ဆေးနိုင်ခြင်းမရှိဘဲ လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့ကို ရုံးချိန်းသတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှု စတဲ့ ပုဒ်မ ၅ ခုနဲ့ သာယာဝတီအကျဉ်းထောင် မှာ ကျောင်းသား ကျောင်းသူနဲ့ ၀န်းရံသူ ၅၄ ယောက်ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အာမခံနဲ့ တရားရင်ဆိုင်နေရ တဲ့ ကျောင်းသားအယောက် ၂၀ ကျော်ရှိပါတယ်။
RFA
http://www.rfa.org/burmese/news/lawyer-appeal-detained-students-free-09222015101141.html
၀၀၇ စက်တင်ဘာ ရွှေဝါရောင်အရေး အခင်းတုန်းက ဘုန်းကြီးတွေကို ရိုက်နှက်၊ သတ်ဖြတ်၊ ဖမ်းဆီးခဲ့တာ ဘယ်သူတွေလဲ။ ၁၉၈၈ အရေးအခင်း တုန်းကလည်း ဘုရား သားတွေရော ကျောင်းသားတွေကိုရော သတ်ဖြတ်ခဲ့တာ ဘယ်သူလဲ။ မစိုးရိမ် ဆရာ တော်ကြီး ဦးကောဝိဒ၊ တိပိဋက ဆရာတော် ဦးသုမင်္ဂလတို့ အပါအ၀င် ဆရာတော်ကြီး များစွာကို ထောင်သွင်း အကျဉ်းချ၊ လူဝတ် လဲ၊ ညှဉ်းပန်း နှိပ်စက်ခဲ့တာ ဘယ်သူတွေလဲ။ ထေရ၀ါဒ ဗုဒ္ဓ သာသနာတော် ထွန်းကား အောင် လုပ်ပေးတယ် အမည်ခံပြီး တကယ်တမ်းမှာ တန္တရ၊ မန္တရ၀ါဒတွေ၊ ဓာတ်လိုလို နတ်လိုလိုတွေ၊ နှစ်လုံး သုံးလုံး ဘောလုံး လောင်းကစားနဲ့ အတိတ်ပေးတဲ့ ပုဂ္ဂိုလ်တွေ ကို ချီးမြှောက် ပံ့ပိုးပြီး ထေရ၀ါဒ ဗုဒ္ဓဘာ သာထဲမှာ အတုအယောင်တွေ၊ အရောအ နှောတွေ အားကောင်း လာအောင် ပံ့ပိုးခဲ့ တာ ဘယ်သူတွေလဲ။ တကယ်တမ်း ထေရ ၀ါဒ ဗုဒ္ဓ သာသာနာတော်ကို ဘယ်သူ ဖျက်ဆီး နေတာလဲ။ မိစ္ဆာဒိဋ္ဌိ အယူဝါဒတွေကို ဘယ် သူတွေက သာသနာတော်ထဲ တင်သွင်းလာ ခဲ့တာလဲ။ ဒီမေးခွန်းတွေကို ဖြေပြီးရင် ဘာသာ သာသနာကို ဘယ်သူတွေက ကွယ် အောင် လုပ်နေတယ် ဆိုတဲ့အဖြေ ရလိမ့်မယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာကို နားလည် သက်ဝင် ယုံကြည်တဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ အတု အယောင် အစီအရင်တွေ ရောယှက်ထား တဲ့ အကျိုးစီးပွား အလို့ငှာ ကိုးကွယ်မှုတွေကို ပဲ အများစုလုပ်တဲ့ လူစုနဲ့ ဘယ်ဘက်က သာသနာဖျက်မလဲ၊ ဘယ်သူက သာသနာ ဖျက်လဲ စဉ်းစားကြည့်ပါ။
အမျိုးသားရေးလို့ ပြောကြတဲ့အခါမှာ ကျုပ်တို့က ရှမ်း၊ ရခိုင်၊ ကရင်၊ ဗမာ ဆိုတာ တွေကိုပဲ အရင်ဆုံးမြင်တယ်။ ပြီးရင် မြန်မာ နိုင်ငံသားဆိုတဲ့ စုစည်းထားတဲ့ အမှတ်သညာ တစ်ခုဆိုပြီး မြင်ကြတယ်။ အဲဒီ အမှတ်သညာဟာ စစ်အစိုးရ လက်ထက်မှာ ဘယ် လောက်တောင် ယုတ်လျော့ လာခဲ့သလဲ။ ကိုယ့်တိုင်းပြည်မှာ သမာအာဇီဝ ရှာစားရ ခက်လို့၊ စစ်အစိုးရနဲ့ အသိုင်းအ၀ိုင်း ကသာ ချမ်းသာပြီးရင်း ချမ်းသာနေ၊ လူထုက မွဲ သည်ထက် မွဲလာလို့ ထိုင်းမှာ၊ မလေးရှားမှာ၊ စင်ကာပူမှာ၊ အခုဆိုရင် ယူအေအီး၊ ဒူဘိုင်း မှာအထိ တိုင်းရင်းသားတွေ သွားအလုပ် လုပ်နေကြရ ပါတယ်။ ဒါတွေဟာ သိန်းချီ သန်းချီတယ်။ သူတို့တစ်တွေဟာ ကိုယ့် အမျိုးသားရေး၊ ကိုယ့်ဘာသာရေးကို အစွမ်း ကုန် ထိန်းသိမ်း စောင့်ရှောက်တယ် ဆိုပေမယ့် နှစ်ကာလ များလာတာနဲ့ အမျှ သူများတိုင်း ပြည်၊ သူများဘာသာ၊ သူများ ယဉ်ကျေးမှု ရဲ့လွှမ်းမိုးမှုကို ခံရမှာ ဖြစ်တယ်။ အဲဒီတိုင်းပြည် များမှာ နိုင်ငံသားများ ဖြစ်သွားကြပြီး ကိုယ့် အမျိုးသား လက္ခဏာ ပျောက်သွားနိုင်တယ်။ သူတို့တွေဟာ ပျော်လို့ သွားလုပ်နေကြတာ မဟုတ်ဘဲ သက်မွေးမှု၊ သားကျွေးမှု၊ မယား ကျွေးမှု အတွက် သွားနေ ကြရတာက အများ စုဖြစ်တယ်။
ဒီလိုနဲ့ ဌာနေ တိုင်းရင်းသားတွေ ဟာ တစ်စတစ်စ တိုင်းပြည်က ထွက်ပြီး တိုင်း တစ်ပါးမှာ အလုပ်သွားလုပ်ရ (တိုင်းပြည်မှာ သင်ပေးလိုက်တဲ့ ပညာကလည်း အဆင့်မမီ တော့ အများစုက အောက်ခြေသိမ်း အလုပ်တွေ၊ ရိုင်းရိုင်းပြောရရင် ကျွန်သွားခံနေရ) တာဟာ သယံဇာတပေါကြွယ်ဝပြီး နိုင်ငံသားတိုင်း သာယာဝ ပြောနိုင်တဲ့ တိုင်းပြည်တ စ်ပြည်ရဲ့ အမျိုးသားရေး လက္ခဏာ ယိမ်းယိုင်လာမှု စစ်စစ်ဖြစ်တယ်။ ဒီအချိန်မှာ တိုင်းပြည်မှာ ရှိတဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို ကျတော့ အောက်ဈေးနဲ့ ထိုးရောင်းတယ်။ ပြီးတော့ကျတော့ တရားခံရှာစရာ လူမျိုး ခြား၊ ဘာသာခြားကို ထိုးချတယ်။ အရှေ့ ဘက် ခြံစည်းရိုးရော၊ အနောက်ဘက် ခြံစည်း ရိုးပါ ကျိုးပျက်ခဲ့တာဟာ ဘယ်သူ့ လက်ထက် မှာလဲ။
အကျင့်ပျက် ခြစားနေတဲ့ အုပ်ချုပ်မှု စနစ်ကြောင့် ပေးနိုင်ကမ်းနိုင်၊ လူရည်လည် တဲ့လူမျိုးခြား၊ ဘာသာခြားများက ချမ်း သာကြွယ်ဝ လာကြတဲ့ အခါကျတော့ "ဒီ ကောင်တွေကြောင့် မင်းတို့ ဆင်းရဲတာ၊ ဒီကောင်တွေကိုမုန်း" ဆိုတာမျိုးနဲ့ ထိုးချ တယ်။ တကယ့် တရားခံက ဘယ်သူလဲ။ ဘယ်အုပ်စိုး မှုကြောင့် ဌာနေ တိုင်းရင်းသား တွေမှာ အောက်ကျ နောက်ကျဖြစ်၊ တိုင်း တစ်ပါးမှာ ကျွန်သွားခံ နေရတာလဲ။ အမျိုး သားရေး လက္ခဏာ ဆိုတာ တိုက်ပုံနဲ့ ပုဆိုး ၀တ်ရုံနဲ့ ပြီးတာမဟုတ်ဘူး။ တစ်ချိန်က သခင်မျိုးဟေ့ တို့ဗမာဆိုပြီး အင်္ဂလိပ်ကိုရော၊ ဂျပန်ကိုရော တော်လှန်ခဲ့တဲ့ လူမျိုးဟာ စစ် အာဏာရှင်စနစ်ဆိုး လက်အောက်မှာ တိုင်း ပြည်မှာ နေတော့ စစ်ကျွန်၊ တိုင်းပြည်က ထွက်တော့ တစ်ပါးကျွန် ဖြစ်ခဲ့ရတယ်။ ငါး ပါးသီလကို အခြေခံတဲ့ ကိုယ်ကျင့်သီလ စောင့် ထိန်းမှု အားကောင်းတဲ့ ဗုဒ္ဓဘာသာ နိုင်ငံမှာ ၀န်ထမ်းတွေ အကုန် လာဘ်ပေး လာဘ်ယူနဲ့ သူခိုးဖြစ်မှ ထမင်းနပ်မှန် အောင်လည်း ဘယ် သူတွေ လုပ်ခဲ့တာလဲ။ အမျိုးသားရေး လက္ခ ဏာ၊ ဘာသာရေး လက္ခဏာတွေကို ဘယ်သူ တွေက ဖျက်ခဲ့တာလဲ။ အခုပြောနေကြတဲ့ ဘာသာခြားတွေက သိမ်းသွင်းတယ်၊ ၀ါးမျို တယ် ဆိုတာကလည်း ပညာမပြည့်၊ ဆင်းရဲ မွဲတေ၊ မှီခိုစရာ မရှိအောင် ဖြစ်လာကြတဲ့ သူတွေများ လာအောင်လုပ်တဲ့ သူတွေကြောင့်၊ အဲဒီလို ဒုက္ခရောက်တဲ့သူ တွေကို ထောက်ပံ့ ကူညီပေးမယ့် တာဝန်ယူစိတ် မရှိတဲ့ အုပ်ချုပ် သူများကြောင့်လို့ ပြောရမှာပဲ။
ရွေးကောက်ပွဲကြို ကာလ နိုင်ငံရေး အောက်လုံးများ ရှင်းတမ်း Facebook
စက်တင်ဘာ ၂၂ရက်၊ ၂၀၁၅ခုနှစ်။
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ခလောက်နို့ကျေးရွာအုပ်စု အုန်းတပင်ရွာရှိ ဖားအံ-မြဝတီ အဝေးပြေး လမ်းမဘေး လယ်မြေများ အပေါ် အဆောက်အဦး ဆောက်လုပ်နေထိုင်ခွင့်ရှိသည့် ဥယျာဉ်ခြံမြေအဖြစ် ဂရံပြောင်းပေးရန် လယ်ပိုင်ရှင်များက ပြည်နယ်ဝန် ကြီးချုပ်ထံ ယမန်နေ့က စာရေးသားတောင်းဆိုထားသည်ဟု ဒေသခံတစ်ဦးဖြစ်သူ နန်းရွှေရည်က ကေအိုင်စီသို့ ပြောသည်။
အဆိုပါကားလမ်းမဘေးရှိ လယ်မြေများပေါ်တွင် ဒေသခံများ နေအိမ်ဆောက်လုပ် နေထိုင်ခြင်းများရှိသည့်အပေါ် မြို့နယ်လယ် ယာမြေ စီမံခန့်ခွဲမှုကော်မတီက ဒေသခံ ၁၂ဦးကို တရားစွဲဆိုမှု ဖြစ်ပွားခဲ့သည့်အတွက် ယခုကဲ့သို့ လူနေထိုင်ခွင့်ရှိသည့် မြေဂရံ ထုတ်ပေးရန် ဒေသခံများက တောင်းဆိုလိုက်ခြင်းဖြစ်သည်။
“ကျမတို့ အခု ဝန်ကြီးချုပ်ဆီ စာတင်လိုက်ပြီး။ ဒီလိုတရားစွဲမှုတွေဖြစ်လာမှာကို အရင်က ဘယ်သိမလဲ။ လယ်မြေအပေါ် အိမ် ဆောက်လို့ မရဘူးဆိုတာ ဘယ်သိမလဲ။ သူများတွေလည်း ဆောက်တယ်ဆိုတော့ ကိုယ်လည်း ပိုင်တဲ့ မြေပေါ်မှာ အိမ်ဆောက် တာပေါ့။ ပြန်ဖျက်ပြီး အခြားနေရာမှာ ဆောက်ဖို့လည်း ကျမတို့ဘန်ကောက်မှာ အလုပ်သွားလုပ်၊ ပိုက်ဆံစုဆောက်ထားတာ။ ဒီ အိမ်ဖျက်ဖို့ ကျမတို့လည်း ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး”ဟု နန်းရွှေရည်က ယမန်နေ့က ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ဖားအံမြို့နယ်၊ ခလောက်နို့ကျေးရွာ ကားလမ်းမဘေးတွင် အဆောက်အဦးများ ဆောက်လုပ်ထားသူ မြေပိုင်ရှင် ၁၂ဦးကို မြို့နယ်လယ်ယာ စီမံခန့်ခွဲရေးကော်မတီမှ ပြီးခဲ့သည့် ဇွန်လတွင် တရားစွဲဆိုထားသည့်အတွက် အလားတူမျိုး မဖြစ်အောင်ကျန် သည့် ဒေသခံအချို့ကို သတိပေးပြီး ဥယျာဉ်ခြံ အိမ်မြေပြောင်းခွင့်ရရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အခုလို စာတင်ခိုင်းခြင်း ဖြစ်သည်ဟု အုန်းတပင်ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင် စောဝင်းကြည်က ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် တရားစွဲခံထားရသူများက အသနားခံစာတင်သည့်အတွက် တရားစွဲဆိုမှုကို ရုပ်သိမ်းပေးမည်ဖြစ်သော်လည်း ထို တရားစွဲခံရသူများအနေဖြင့် အဆောက်အဦးများ ပြန်ဖျက်ပြီးမှသာ လယ်ယာမြေမှ လူနေထိုင်ခွင့်ရှိသည့် ဥယျာဉ်ခြံမြေပြောင်းရန် ဂရံပြောင်းလျှောက်ထားရမည်ဟု အုန်းတပင်ကျေးရွာ၊ လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။
“ကျနော်က တရားစွဲခံရသူတွေထဲမှာပါတယ်ဆိုတော့ သူများလို လျှောက်လို့မရဘူး၊ ဒီဆိုင်တွေကိုဖြိုလိုက်ပြီးမှ ပြန်လျှောက်လို့ရ တယ်လို့ ပြောတယ်။ တရားစွဲခံရတုန်းက လယ်ယာပေါ် တိုက်အိမ်တွေဆောက်တဲ့သူတွေကျ တရားမစွဲဘူး၊ ဆိုင်ဆောက်တဲ့လူ၊ တိုင်စိုက်တဲ့လူတွေ၊ နောက်ပြီး မြေဖို့ထားတဲ့လူတွေကိုတော့ စွဲတယ်။ အဲဒါကို နားမလည်ဘူး။ ရုံးချိန်း ၄ကြိမ်သွားရတယ်။ တကြိမ်သွားဖို့ကျန်သေးတယ်”ဟု စောကျော်မွီက ပြောသည်။
လက်ရှိ လယ်ယာမြေ ဥပဒေများပြဌာန်းထားခြင်းရှိသော်လည်း ထိုသို့  လယ်မြေများအပေါ် အဆောက်အဦး ဆောက်လုပ်နေ ထိုင်ခွင့် ရှိမရှိကို ဒေသခံအများစု ရှင်းရှင်းလင်းလင်း သိရှိခြင်းမရှိကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
 နန်းဝေဖြိုးဇာ
ကေအိုင်စီ - KIC News
http://kicnews.org
(၁)
သူမ..
မိန့်ခွန်းပြောတဲ့..
ပုံစံလေးကိုကြည့်ပြီး..
ဝမ်းနည်းလာတယ်..
သူမရဲ့မိန့်ခွန်းကို..
အစိုးရပိုင်ရုပ်သံတွေ..
မီဒီယာတွေကနေ....
မကြာခဏနားထောင်ချင်ပေမဲ့..
ခုထိ....
နားထောင်ခွင့်မရခဲ့တဲ့..
ပြည်သူတွေရဲ့ဘ၀ကိုလည်း..
ဝမ်းနည်းလာတယ်..
နှစ်ပေါင်း (၂၀) ကျော်ပေါ့..
ကျွန်တော်တို့တွေ..
တော်တော်စောင့်ခဲ့ကြရတာပဲဗျာ..
သူမလဲ နှိပ်ကွပ်မှုတွေကြားထဲက..
ပါးရေတွန့်နေတဲ့..
အဘွားအိုဖြစ်တဲ့အထိ..
တလူလူလွင့်နေဆဲပါပဲ..
-------------------
(၂)
သူမ..
ဘယ်လောက်အထိဆိုးရွားခဲ့သလဲဆိုရင်..
သူမဂုဏ်သတင်းတွေ..
CCTV, CNN, BBC စတဲ့..
ကမ္ဘာ့ ဂုဏ်သရေရှိမီဒီယာကြီးတွေမှာ..
ဘယ်လောက်ပဲ ဖေါ်ပြနေကြပါစေ..
အစိုးရမီဒီယာတွေမှာ..
ယောင်လို့တောင်မဖေါ်ပြခဲ့တဲ့..
သူမ သတင်းတွေ..
သူမရဲ့ ကမ္ဘာကျော်မိန့်ခွန်းတွေ..
သူမရဲ့ ကမ္ဘာကျော်တက္ကသိုလ်တွေက
သင်ခန်းစာတွေ..
ယုတ်မာပက်စက်ပြီး..
ကလိမ်ကျစ်ကျတဲ့သူတွေကြောင့်..
ပြည်သူတွေသိသင့်သလောက်..
မသိခဲ့ကြတာကို..
တောက်ခေါက်ပြီး..ခံစားမိတယ်..
မဆလခေတ်မှာမွေးတဲ့..
ကလေးတွေ..
ဦးသန့်အကြောင်း..
မသိကြသလိုပေါ့..
သန်းရွှေလက်ထက်မှာ..
ထွက်လာတဲ့စစ်ဗိုလ်တွေ..
ဗိုလ်ချုပ်အောင်ဆန်းကို..
အထင်မကြီးတတ်သလိုပေါ့..
အခုတောင်မှ..
ပါတီခေါင်းဆောင်တစ်ဦးအနေနဲ့
ထုတ်လွှင့်ပေးလို့သာ...
ပြည်သူတွေနားထောင်ကြရတာ.လေ..၊
မြန်မာပြည်သူတွေရဲ့..
သည်းခံနှိုင်မှုနဲ့..
ခွင့်လွှတ်ခြင်းတရားကို..
အမြဲတစ်စေ အမြတ်ထုတ်တတ်တဲ့
လူတစ်စုရဲ့အောက်မှာ..
သူမသမိုင်းကို..
အပျောက်မခံနိုင်တော့ဘူးလို့
ကြိမ်းဝါးမိခဲ့တယ်..
------------------------
(၃)
သူမ..
သူမစကား..
ရှင်းလင်းလှပလွန်းတယ်..
ပြည်သူကိုဘယ်လောက်..
သံယောဇဉ်ကြီးကြောင်း
ထင်ရှားစွာပေါ်လွင်လှတယ်..
သူမပါတီရဲ့ လှိုင်းတံပိုးဒဏ်ကြားက..
လူးလွန့်ခဲ့ရတဲ့ (၂၇)နှစ်တာခရီးရှည်ကြီးကို
ပြန်မြင်ယောက်ပြီး..သက်ပျင်းချမိတယ်..
သူမလိုချင်တဲ့..
ဖက်ဒရယ်ပြည်ထောင်စုကြီးကို..
ကြိုမြင်ယောင်မိပြီး ကျေနပ်မိတယ်..
ဖက်ဒရယ်ရဲ့နောက်မှာ..
ပြည်ထောင်စု..ဆိုတာကို..
ကပ်ထားတယ်ဆိုကတည်းက..
တိုင်းရင်းသားတွေအားလုံး..
သာတူညီမျှတဲ့အခွင့်အရေးဆိုတာကို
နားလည်မိပြီး...
ရင်ထဲလှိုက်ခနဲပါပဲ..
ပင်လုံစိတ်ဓာတ်ဆိုတဲ့စကားကိုက..
လေးနက်တဲ့ သွေးစည်းမှုကိုပြပြီးသားလေ..
သူမ..အနေနဲ့..
သူမဖခင်ထူထောင်ခဲ့တဲ့..
တပ်မတော်ကြီးကို..
ပြည်သူနဲ့တစ်သားတည်းဖြစ်ချင်တယ်တဲ့..
သူမ တော်တော်မမျှော်လင့်ထားပုံပါပဲ..
သူမရဲ့အရည်အချင်းနဲ့လုပ်နိုင်စွမ်းကိုလဲ..
ကျွန်တော်ယုံတယ်...
ဆန်ကွဲအစုတ်အပြတ်..
ပဲပိုးထိုးစားပြီး..
ခြင်းတောင်းလွယ်..
အာကာထွန်းဘောင်းဘီဝတ်ပြီး..
စစ်တိုက်နေရတဲ့..
လက်ရှိ မြန်မာစစ်တပ်ရဲ့..
အောက်ခြေအဆင့်ကိုကြည့်ပြီး.
သူမရဲ့ရင်ထဲက အဆင့်မီတပ်မတော်ကို..
ကျွန်တော်တို့ပြည်သူတွေ ..
ထင်းကနဲတွေ့လိုက်ရတယ်..
------------------
(၄)
ရင်ကိုလာထိတဲ့ စကားစုကတော့..
"တိုင်းပြည်မထိ၊ ပြည်သူမနာတဲ့ ..
နည်းလမ်းတွေနဲ့သာ
ဒီမိုကရေစီဖယ်ဒရယ်
ပြည်ထောင်စုကြီးကို..
ပြည်ထောင်စုသားအားလုံးနဲ့အတူ
ပူးပေါင်းလက်တွဲ အကောင်အထည်
ဖော်လိုတဲ့ဆန္ဒ ရှိတယ်.."
ဆိုတဲ့ စကားလေးပါပဲ..
"တိုင်းပြည်မထိ..
ပြည်သူမနာ.."တဲ့လား..
ဒီစကားကိုကြားပြီး..
မျက်လုံးထဲမှာ..
မျက်ရည်စတွေဝေ့လာတယ်..
သူမ....သိနေပါလား.လို့ပါ..
တိုင်းပြည်နဲ့..
ပြည်သူဟာ..
ဒီနှစ်(၅၀)အတွင်းမှာ..
တော်တော်ကို..
နာနေခဲ့ပြီ..
တော်တော်ကို..
ထိခိုက်ပျက်စီးနေခဲ့ပြီ..
တော်တော်ကို..
ယိုယွင်းသွားပြီ..
တော်တော်ကို..
"..............."
အဲဒီတော့..
သူမ..
သူမချစ်တဲ့တိုင်းပြည်နဲ့...
ပြည်သူကို..
ဘယ်အထိခံတော့မလဲ..
ကျွန်တော် နားလည်သွားပြီ..
မျက်လုံးထဲမှာ..
ကြက်သားပေါက်ကလေးတွေကို..
အတောင်အုပ်ပြီး...
ဝပ်နေတဲ့...
ကြက်သားအုပ်မကြီးရဲ့..
မျက်လုံးအကြည့်ကို..
မြင်လာတယ်..
အမေ...
တိုင်းပြည်ရဲ့အမေ...
ကျွန်တော်တို့ရဲ့အမေ..
သူမဟာ..
ကျွန်တော်တို့ရဲ့အမေပါပဲ.ဗျာ..
( Pa Yit)
(Credit: ABC) 
မြန်မာနိုင်ငံမှာ ​အမျိုးသမီး ​သမ္မတ ​ဖြစ်လာမယ်ဆိုရင်လည်း ​လက်ခံနိုင်တယ်လို့ ​ကာကွယ်ရေး ​စစ်ဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်က ​ပြောပါတယ်။
ဒါပေမဲ့ ​၂၀၀၈ ​ခု ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​မပြင်နိုင်မခြင်း ​ဒေါ်အောင်ဆန်းစုကြည်ကတော့ ​သမ္မတဖြစ်ခွင့် ​ရှိမှာ ​မဟုတ်ပါဘူး။
အမျိုးသမီး ​သမ္မတအပေါ် ​အမြင်ကို ​မေးရာမှာ ​ဗိုလ်ချုပ်မှူးကြီးက ​ဒီအဆင့် ​ရောက်ရှိလာတာဟာ ​မိခင်တွေရဲ့ ​ပြုစု ​စောင့်ရှောက်မှုကြောင့် ​ဖြစ်ရတဲ့အတွက် ​တိုင်းပြည်ဝန်ကို ​ထမ်းဆောင်မယ့် ​အမျိုးသမီးတွေကို ​ကြိုဆိုတယ်လို့ ​ဆိုပါတယ်။
ဒါ့အပြင် ​မြန်မာ ​စစ်တပ်အတွင်းက ​ရာထူးကြီးကိုလည်း ​အမျိုးသမီး ​တချို့ကို ​ခန့်အပ်ထားတယ်လို့ ​ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်က ​သမ္မတလုပ်ပေးဖို့ ​တောင်းဆိုမှုတွေ ​ရှိလာမယ်ဆိုရင် ​စဉ်းစားသွားမယ်လို့ ​ဇူလိုင်လတုန်းက ​မေးမြန်းခန်းတစ်ခုမှာ ​ပြောခဲ့ဖူးပါတယ်။
လက်ရှိဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေအရ ​ရွေးကောက်ပွဲမှာ ​ဝင်ရောက်အရွေးခံမှာ ​မဟုတ်တဲ့ ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်တို့ဟာ ​လွှတ်တော်နဲ့ ​စစ်တပ်အမတ်တွေကသာ ​ရွေးချယ်ရင် ​သမ္မတ ​ဖြစ်ခွင့်ရရှိထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
 နေပြည်တော် ၊ စက်တင်ဘာ ၂၃
တစ်စုံတစ်ဦးက ဖိအာပေးကာ ပါတီတစ်ခုကို မဲထည့်ခိုင်းသည့်တိုင် အစိုးရ၀န်ထမ်းများအနေဖြင့် မကြောက်မရွံ့ ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုမဲထည့်ပေးရန် ဇဗ္မူသီရီမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း (ပုဗ္ဗသီရီမြို့ နယ် ၊ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်) ဦးဖြိုးဇေယျာသော်ကပြောသည်။
ဦးဖြိုးဇေယျာသော် ၀င်ရောက်ယှဉ်ပြိုင်မည့် ဇဗ္မူသီရီမြို့ နယ်အတွင်းရှိ ရပ်ကွက် နှင့် ကျေးရွာများသို့ မဲဆွယ်စည်းရုံးရေးဟောပြောပွဲများပြုလုပ်လျက်ရှိပြီး စက်တင်ဘာလ ၂၁ ရက်နေ့ က အလျင်လိုကျေးရွာရှိ ဒေသခံများနှင့်တွေ့ ဆုံပွဲမစတင်မီ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“သိဒ္ဓိ ကိုးရပ်ကွက်လို့ ပြောလို့ ရတဲ့ ပြည်သူ့ ဝန်ထမ်းတွေအများစုနေထိုင်တဲ့ ရပ်ကွက်တွေမှာတော့ ကျွှန်တော်တို့ က ဟောပြောပွဲတွေလုပ်ဖို့ အခက်အခဲရှိတယ် ဘာဖြစ်လို့ လည်းဆိုတော့ အဲ့ဒီရပ်ကွက်တွေမှာဆိုရင် လူထုစုစည်းလို့ ရလောက်တဲ့ နေအီမ်မျိုးလည်းမရှိဘူး အမှန်တော့ အဲ့ဒီရပ်ကွက်တွေမှာ ရပ်ကွက် ဓမ္မာရုံ တွေမှာဟောပြောခွင့်ပေးရင်တော့ဟောပြောပိုင်ခွင့်ရှိမှာပေါ့ လက်ရှိအခြေအနေမှာတော့ ဓမ္မာရုံတွေမှာဟောပြောဖို့ အခက်အခဲဖြစ်နေတဲ့အတွက်ကြောင့်မို့ လို့ ဟောပြောပွဲတော့တော့ အခုချိန်ထိစီစဉ်နိုင်ခြင်းမရှိသေးဘူး အဲ့ဒီတော့ ကျွှန်တော်တို့ ကတော့ တစ်အီမ်တစ်ဆင်း မဲဆွယ်စည်းရုံးမှုပဲလုပ်ကိုင်ဆောင်နိုင်မှာပါ ” ဟု ၎င်းကပြောသည်။
တစ်အီမ်တစ်ဆင်းမဲဆွယ်စည်းရုံးဟောပြောမှုများပြုလုပ်ရန်မှာလည်း ၀န်ထမ်းများရုံးဆင်းကာအီမ်ပြန်ရောက်ချိန်ညနေပိုင်း (သို့ မဟုတ်) စနေ ၊ တနင်္ဂနွေ နေ့ ရက်များမှသာပြုလုပ်ရန်စီစဉ်ထားကြောင်းသိရသည်။
“ ဒီမိုကရေစီရရှိရေးအတွက်နဲ့ စစ်မှန်တဲ့လူ့အခွင့်အရေးတွေ၊ ပြည့်ဝတဲ့လူ့အခွင့်အရေးတွေရရှိဖို့အတွက်လည်း ပြည်သူ့ရဲ့ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ဆက်အကောင်အထည်ဖော်သွားမယ်လို့လည်း ရဲရဲကြီး အာမခံပါတယ်” ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ပါက ပြည်သူ့ ဘဏ္ဍာများကို ခိုးယူစားသုံးမည်သူမဟုတ်ပဲ ပြည်သူ့ လူထု၏ချွေးနှဲစာနိုင်ငံဘဏ္ဍာများကို ခိုးယူစားသုံးမှုလုံးဝပြုလုပ်မည်မဟုတ်သည်ကို အာမခံသည်ဟုဆိုသည်။
၂၀၁၂ ရွေးကောက်ပွဲတွင် ဇမ္ဗူသီရီမြို့ နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူ ငါးသောင်းကျော်ရှိခဲ့သည့်အနက် အစိုးရ၀န်ထမ်းများမှာ မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ သုံးပုံနှစ်ပုံပမာဏဖြစ်သော သုံးသောင်းကျော်ရှိခဲ့ပြီး ယခုမဲစာရင်းများထုတ်ပြန်ရာတွင် ဇမ္ဗူသီရီမြို့ နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူနှစ်သောင်းကျော်သာပါရှိခဲ့ပြီး အစိုးရ၀န်ထမ်းများ၏မဲစာရင်းများ အတိအကျ မပါရှိသေးကြောင်း ဦးဖြိုးဇေယျာသော်ကပြောသည်။
ပြည်ခိုင်ဖြိုးပါတီ၏ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း (လေတပ်ဦးစီးချုပ်ဟောင်း ၊ ဆက်သွယ်ရေးဝန်ကြီး) ဦးမြတ်ဟိန်း ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ခိုင်မိုး ၊ တ.စ.ည ပါတီပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်အေး နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
ဇမ္ဗူသီရီမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ သမ္မတအဖြစ်ရွေးချယ်တင်မြောက်ခံခဲ့ရပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုပြည်ဥူ့ လွှတ်တော်ကိုယ်စားလှယ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဦးဖြိုးဇေယျာသော်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခံခဲ့ရသူတစ်ဦးဖြစ်ကာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြု  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပုဗ္ဗသီရီမြို့ နယ်တွင်အနိုင်ရရှိခဲ့သူဖြစ်သည်။
စလုံး
The Street View
http://thestreetviewjournal.com
တပ်မတော်သားများကို အရပ်ဘက်ကို ပြောင်းရွေ့ခန့်ထားတာကို နိုင်ငံ့ဝန်ထမ်း ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က စက်တင်ဘာ ၂၁ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့နှင့် စာနယ်ဇင်း ကောင်စီ (ယာယီ)၊ မီဒီယာများတွေ့ဆုံပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် စစ်ဥပဒေချုပ်ဒုတိယဗိုလ် ချုပ်ကြီးရဲအောင်က ယင်းသို့ ပြောင်းရွှေ့ခန့်ထားခြင်းဟာ လို အပ်ချက်အရတောင်းဆိုမှုများကို နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၈(က)၊(ခ)၊နိုင်ငံ့ဝန်ထမ်းနည်းဥပဒေပုဒ်မ ၂၃(က)၊(ခ)နှင့်ပုဒ်မ ၂၄(င)အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖြည့်စွက်ရှင်းလင်းခဲ့ပါတယ်။
အခုလို သူတို့ ဥပဒေအတိုင်း ဆောင်ရွက်ပါတယ်ဆိုတာဟာ အမှန်ပဲလား၊ ပြည်သူကို နားရှုပ်ထွေးအောင် လိုရာ ဆွဲပြောတာလားဆိုတာ သုံးသပ်ကြည့်ဖို့ လိုလာပါပြီ။
သူတို့ code လုပ်တဲ့ ဥပဒေက နှစ်ခုပါ။ နိုင်ငံဝန်ထမ်း ဥပဒေနဲ့ နိုင်ငံဝန်ထမ်း နည်းဥပဒေပါ။ နိုင်ငံဝန်ထမ်း ဥပဒေမှာ သူညွှန်းထားတဲ့ ပုဒ်မကို ပြန်ကြည့်တော့
၈။ (က) ၀န်ကြီးဌာနနှင့် ၀န်ထမ်းအဖွဲ့အစည်း တစ်ခုခုမှ ပြန်တမ်းဝင် အရာရှိတစ်ဦးဦးကို အခြားဝန်ကြီးဌာနနှင့် ၀န်ထမ်းအဖွဲ့အစည်း တစ်ခုသို့ ပြောင်းရွေ့ခန့်ထားလိုပါက သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံလျှင် သက်ဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်းသည် ရာထူးဝန် အဖွဲ့နှင့် ညှိရမည်။
(ခ) ရာထူးဝန်အဖွဲ့သည် ပုဒ်မခွဲ (က)အရ ညှိနှိုင်းလာသည့်အပေါ် စိစစိပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြရမည်……
လို့ ပါရှိပါတယ်။
ရုတ်တရက်ကြည့်လိုက်ရင် ဥပဒေနဲ့ ညီညွတ်နေသလိုပါပဲ။ ဒါပေမယ့် နိုင်င့ဝန်ထမ်း ဥပဒေက ညွှန်းဆိုတဲ့ ၀န်ထမ်းဆိုတာက သူတို့ အခုပြောတဲ့ နိုင်ငံဝန်ထမ်းဥပဒေမှာပဲ အဓိပ္ပါယ်ပြန်ဖွင့်ထားပါတယ်။ နိုင်ငံဝန်ထမ်းဥပဒေ အပိုဒ်ရေ ၂။ (င) မှာ …
‘၀န်ထမ်းဆိုသည်မှာ ၀န်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်း ခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုလိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေပါကိစ္စအလို့ငှာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ မပါဝင်။’
လို့ အတိအလင်း ဆိုထားပါတယ်။ ဒါကြောင့် နိုင်ငံဝန်ထမ်း ဥပဒေကို code လုပ်ပြီး ပြောမယ်ဆိုရင် တပ်မတော်သားတွေကို နိုင်ငံဝန်ထမ်း ဥပဒေ အရ ၀န်ထမ်းအဖွဲ့အစည်း အချင်းချင်း ပြောင်းရွေ့သကဲ့သို့ ကောက်ယူလို့ မရပါဘူး။ ဒါကြောင့် နိုင်ငံဝန်ထမ်း ဥပဒေကို code လုပ်ရင် တပ်မတော်သားတွေနဲ့ အကျုံးမ၀င်ဘူးဆိုတာ သိရပါ့မယ်။
ဒါကြောင့် တပ်မတော်သားတွေကို နိုင်ငံဝန်ထမ်းတွေရဲ့ ၀န်ထမ်းအနေနဲ့ မသတ်မှတ်ပဲ ပြင်ပပုဂ္ဂိုလ်အနေနဲ့ပဲ အနည်းဆုံး သတ်မှတ်ရပါမယ်။ ဒါ ဥပဒေအရ ပြောတာပါ။
နောက်တခါ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ပုဒ်မ ၂၃(က)၊(ခ)နှင့်ပုဒ်မ ၂၄(င)အရ ပြောင်းတယ်ပြောပါတယ်။ (ရှည်နေလို့ ရိုက်မတင်တော့ပါဘူး။ ပူးတွဲဖေါ်ပြပါ့မယ်။) ဒါပေမယ့် သေသေချာချာ ပြန်ကြည့်ရင် ခုနကပြောတဲ့ ၀န်ထမ်းအချင်းချင်း ပြောင်းရွေ့သော ပရောဆက် process ကိုသာ code လုပ်ထားတာပါ။ သူ့ထက် လက်ရင်းကျတဲ့ နည်းဥပဒေတွေ ရှိပါသေးတယ်။
နိုင်ငံဝန်ထမ်း နည်းဥပဒေရဲ့ ပုဒ်မ ၁၉(ခ) ၂၀ (င/၁၀) ၂၂(ခ) တွေကို ဖတ်ကြည့်ရင် စတင်ခန့်ထားသော ရာထူးများအတွက်သာ ပြင်ပပုဂ္ဂိုလ်ကို ရွေးချယ်ပြီး (အရည်အချင်းစစ် စာမေးပွဲ ကျင်းပပြီး) ခန့်ထားရမှာပါ။ ကျန်အဆင့်များကို ရာထူးတိုး အစီအစဉ်နဲ့ပဲ ခန့်ထားရပါမယ်။
ဆိုလိုတာက သူ့ထက် တစ်ဆင့်နိမ့်ရာထူးက ၀န်ထမ်းတွေကို လုပ်သက် အရည်အချင်း ပြည့်မီရင် ရာထူးတိုးပေးတဲ့ စာမေးပွဲ ကျင်းပပြီး ရွေးချယ်ရမှာပါ။ တကယ်လို့ သတ်မှတ်အရည်အချင်း ပြည့်မီသူ တစ်ဆင့်နိမ့်ရာထူးမှာ ရှိမနေရင်တော့ ပြင်ပပုဂ္ဂိုလ်ကို ရွေးချယ် ခန့်ထားလို့ရပါတယ်။ ဒါပေမယ့် အခု တပ်မတော်သားအရာရှိတွေကို ကျန်းမာရေး ၀န်ကြီးဌာနမှာ ခန့်ထားတဲ့ နေရာတွေကို ကြည့်ရင် သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံသူရှိပါလျက် ခေါ်ချင်လို့ကို ခေါ်လိုက်တာပါ။ ဒါဟာ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေကို ဖောက်ဖျက်တာပါ။
အရပ်ဘက် အဖွဲ့အစည်းမှာ တိကျတဲ့ မူဝါဒတွေ ရှိပါတယ်။ ဥပဒေ၊ နည်းဥပဒေတွေမှာလည်း ရှင်းနေအောင် ရေးထားပြီးသားပါ။ ကိုယ်ကိုယ်တိုင် ရာထူးတိုးရမယ့် နေရာ၊ လုပ်သက်ကို ရောက်နေချိန်မှာ ဘယ်က ရောက်လာမှန်း မသိတဲ့ မိုးကျရွှေကို စစ်သားတွေက ၀င်ရောက်နေရာယူသွားတာဟာ အရပ်ဖက်ဝန်ထမ်းတွေကို ဆုံးရှုံးနစ်နာအောင် လုပ်လိုက်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်ကို ပြည်သူလူထု (အထူးသဖြင့်) ၀န်ထမ်းပြည်သူလူထုက စိတ်နာမုန်းတီးအောင် ဆောင်ရွက်လိုက်တာပဲ ဖြစ်ပါတယ်။
ဒါတင်မကပါဘူး။ သဘောသဘာဝမတူတဲ့ training နှစ်မျိုး အောက်က လူတွေဟာ တွေးခေါ် ကြံဆပုံချင်းလည်း တူမှာမဟုတ်ပါဘူး။ အမိန့်ကို နာခံတပ်အောင် သင်ကြားပေးထားတဲ့ စစ်ဘက် အဖွဲ့အစည်းနဲ့ တာဝန်ယူမှုကို သင်ကြားထားတဲ့ အရပ်ဘက် အဖွဲ့အစည်းဟာ ဆန့်ကျင်ဘက်ပါ။ ဒါကြောင့် မိုးကျရွှေကိုယ်တွေ ၀င်ရောက်လာတာကို ၀န်ထမ်းအသီးသီးက ဖဲကြီုးရောင်စုံနဲ့ ကန့်ကွက်နေခဲ့ပါပြီ။
ဒီလို ကန့်ကွက်တဲ့နေရာမှာ လူကို မုန်းလို့မဟုတ်ပဲ မသင့်တော်တဲ့ မူဝါဒကို ကန့်ကွက်တာပါ။ အဲလို ကန့်ကွက်တာကို လိမ်လည်လှည့်ဖျားပြီး ဥပဒေနဲ့ ညီပါတယ်လို့ ပြောလို့မရပါဘူး။ ဥပဒေနဲ့ လုံးဝ (လုံးဝ) မညီပါ။ အမှန်တကယ် လိုအပ်မှ ထပ်မံစေလွှတ်မယ်လည်း မပြောပါနဲ့။ (လုံးဝ) မလိုအပ်ပါ။
ထပ်လည်း မလွှတ်ပါနဲ့။ လာပြီးရင်လည်း ပြန်ပါ။ မြန်မြန်သာ ပြန်ပါခင်ဗျား။
သက္က မိုးညို
NLD ရဲ့ အမတ်လောင်းတွေကို အံ့သြသွားအောင်စီစဉ်ထားပြီး လာကြိုတဲ့ ထနောင်းတိုင်ကျေးရွာက၂၁ ရာစုရဲ့ NLD မြင်းစီးခွပ်ဒေါင်းများ ....NLD အမတ်တွေလဲ ဒီမြင်ကွင်းကြောင့် အတော်လေးပဲအံ့သြဝမ်းသာ ဖြစ်ခဲ့ကြမယ်ထင်ပါတယ်။
ထနောင်းတိုင် နဲ့ မြင်းခြံဒေသခံတွေအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။
လာမယ့်ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အစိုးရဖွဲ့နိုင်ခဲ့ရင် ပြည်တွင်း ငြိမ်းချမ်ရေးအတွက် တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ မနေ့ညက နိုင်ငံပိုင်သတင်းမီဒီယာတွေက နေထုတ်လွင့်ခဲ့တဲ့ ရွေးကောက်ပွဲမဲဆွယ် မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့ ည ၇ နာရီ မနေ့က နိုင်ငံပိုင်သတင်းမီဒီယာတွေကတဆင့် ထုတ်လွှင့်ခဲ့တဲ့ NLDပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲမဲဆွယ်ဟောပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။
"အပစ်ခတ်ရပ်စဲရေးစာချုပ် အောင်မြင်စွာ သဘောတူညီ လက်မှတ်ရေးထိုးပြီးတဲ့အခါမှာ ဒီမိုကရစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းစေဖို့ မဖြစ်မနေလိုအပ်နေတဲ့ ထာဝရငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်ချခြင်းဖြစ်တဲ့ ဒုတိယအဆင့်နဲ့ တတိယအဆင့်တို့ကို အကောင်အထည်ဖော်ရမှာဖြစ်တယ်၊ တကယ်တော့ ဒီအဆင့်နှစ်ဆင့်ကို တပြိုင်တည်းလုပ်သွားဖို့လိုပါတယ်၊ ဒုတိယအဆင့်ဖြစ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တာဝန်ယူဆောင်ရွက်ရမှာကတော့ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာမယ့် အစိုးရပဲဖြစ်ပါတယ်၊ ပြည်သူကလိုလားထောက်ခံခဲ့ရင် ဒီတာဝန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထမ်းဆောင်ဖို့အသင့်ဖြစ်ပါတယ်"
လက်ရှိအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ အလားအလာရှိနေပြီး အပစ်အခတ်ရပ်စဲရေးစာချုပ်ဟာ အပြန်အလှန်နားလည် လေးစားယုံကြည်မှုတွေအပေါ်မှာ အခြေခံဖို့လိုတယ်လို့လည်းပြောပါတယ်။
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ သဘောထားအမြင်တွေဟာ ကွဲလွဲနေပေမယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် တပ်မတော်နဲ့NLD ကြား တူညီမှုရှိမယ်လို့ ယုံကြည်ထားကြောင်းလည်းပြောပါတယ်၊
NLD ပါတီစတင်ထူထောင်ထဲက အခုအချိန်အထိ ၂၇ နှစ်ကာလအတွင်း အခက်ခဲပေါင်းစုံနဲ့ ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောင်ဖို့ ရည်မှန်းပြီး အကြမ်းမဖက်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ သဟဇာတဖြစ်ရေး အာဃာတကင်းစင်းရေး စတဲ့သဘောတရားတွေကို စွဲကိုင်ပြီး NLD ရဲ့ ရည်မှန်းချက်ရောက်တဲ့အထိ ခိုင်ခိုင်မာမာလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က သူရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။
RFA Burmese
https://www.facebook.com/RFA-Burmese-39218993127/timeline/
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းက လိုင်ကာကျေးရွာအနီး အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် အနီးအနား ကျေးရွာ ၆ ရွာလောက်က ရွာသူရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
တိုက်ပွဲကြောင့် လိုင်ကာ၊ ဇုပ်ဂျာ၊ ဂျေဆောန်၊ မုန်းလူ၊ ဖတ်ကာရိုင်နဲ့ ကုန်ခါးပါ ကျေးရွာတွေက ရွာသူရွာသားတွေဟာ မိုင်းခေါင်ကျေးရွာဘက်ကို ထွက်ပြေးခိုလှုံနေကြ ရတယ်လို့လည်း မိုင်းခေါင်ကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်အသင်း (ကေဘီစီ) က ဆရာခါးအောင်က ပြောပါတယ်။
“ဒီ ကေဘီစီ စခန်းမှာတော့ ၁၉၀ ကျော်ရှိနေပြီ။ အခုက သူတို့က သိပ်ပြီးအဆင်မပြေဘူး။ မနေ့တုန်းကတော့ ယူအန်အိပ်ခ်ျစီအာ ကူညီထောက်ပံ့ရေးအဖွဲ့က အကူအညီပစ္စည်း နည်းနည်းပဲ လာပို့ထားသေးတယ်။ အဲဒါကြောင့် တချို့ ဒီမှာ စောင်တွေ၊ အ၀တ်အစားလည်း ဘာမှမပါကြဘူး။ နောက်ပြီးတော့ ဂျေဆောန်မှာ ကျောင်းက မူလတန်းအထိ ဖွင့်ထားတာရှိတယ်။ အဲဒါကလည်း ထွက်ပြေးလာကြတယ်။ စာအုပ်စာတန်းတွေ ဘာမှမပါဘူး။ ဒီတိုင်း ကိုယ်လွတ်ပဲ တောလမ်းကနေ ထွက်ပြေးလာကြတယ်။ ကျောင်းသူကျောင်းသားတွေကတော့ ၃၅ ယောက်ရှိတယ်လို့ ဆရာဆရာမတွေက ပြောပါတယ်။”
မိုင်းခေါင်က ကေဘီစီ ဒုက္ခသည်စခန်းအပြင် အာစီကျောင်းတွေမှာလည်း သွားရောက်ခိုလှုံတာတွေ ရှိတယ်လို့လည်း ဆရာခါးအောင်က ပြောပါတယ်။
ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လက်ရှိ ဒုက္ခသည်တွေနေတဲ့ နေရာဟာလည်း အစိုးရတပ်နဲ့ နီးတဲ့အတွက် စိုးရိမ်ရတဲ့ အနေအထား ရှိတယ်လို့လည်း ပြောပါတယ်။
“ဒီမနက်ရော ကျနော်တို့ အိပ်ယာမထခင် ၅ နာရီလောက် ပြန်ပြီး လက်နက်ကြီးတွေနဲ့ ထုနေတယ်။ တခု စိုးရိမ်စရာ ကောင်းတာကတော့ ကေဘီစီအိုင်ဒီပီကမ်းနဲ့ ဒီမိုင်းခေါင်တပ်စခန်းက ကျောကပ်ပဲ။ ကပ်တော့ မိုင်းခေါင်နဲ့ တိုက်ပွဲဖြစ်တဲ့ လိုင်ကာဆိုတာတော့ တမိုင်ကျော်ပဲ ရှိတာပေါ့နော်။ အဲဒီဘက် လက်နက်ကြီးတွေနဲ့ ပစ်ကူနေတယ်။ ဆိုတော့ တကယ်လို့များ ကေအိုင်အေကနေပြီး ဒီမိုင်းခေါင်တပ်ကို လက်နက်ကြီးတွေနဲ့ ပြန်ပစ်လာမယ်ဆိုရင် ဒုက္ခသည်စခန်းကတော့ စိုးရိမ်စရာရှိတာပေါ့။”
အဆိုပါဒေသမှာ အခုလ ၁၈ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး အဲဒီဒေသက ကေအိုင်အေ ရှေ့တန်းစခန်း တချို့ကိုလည်း အစိုးရတပ်က သိမ်းယူခဲ့တာတွေ ရှိခဲ့ပါတယ်။
တနိုင်ငံလုံး အပစ်ခတ်ရပ်စဲနိုင်လို့ ကချင်ခေါင်းဆောင်တွေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက ကြိုးပမ်းဆောင်ရွက်နေချိန်မှာ အခုလို တိုက်ပွဲ ဆက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – ဆရာခါးအောင်
By နော်နိုရင်း /DVB
http://burmese.dvb.no/archives/113059
လွန်ခဲ့သော ၁၃ နှစ်က မိခင်ကိုရီးယားနိုင်ငံကို စွန့်ခွာကာ အမေရိကန်နိုင်ငံတွင်အမေရိကန်နိုင်ငံသားအဖြစ် ဘ၀သစ်စတင်ခဲ့သည့် မစ္စတာယူးသည် တောင်ကိုရီးယားတွင်
စစ်မှုထမ်းရန် ပျက်ကွက်ခဲ့ခြင်းအတွက် ပြီးခဲ့သည့် လအနည်းငယ်က လူသိရှင်ကြားတောင်းပန်ခဲ့သည်။ ကိုရီးယားအဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သူ မစ္စတာယူးမှာ ယခုအခါ
ဇာတိမြေသို့ပြန်လိုသော်လည်း နောက်ကျခဲ့ပြီဖြစ်သည်။ တောင်ကိုရီးယား၏စစ်မှုမထမ်းမနေရ ဥပဒေကိုတိမ်းရှောင်သည်ဟု သံသယရှိသဖြင့် မစ်္စတာယူးမှာ
နိုင်ငံသို့ပြန် လာခွင့်ပိတ်ပင်ခံထားရသည်။ မစ္စတာယူး၏ အဖြစ်အပျက်ကြောင့် PGAပြိုင်ပွဲဝင် ကိုရီးယားဂေါက်သီးသမား ဘေဆန်မွန်းသည်
သူ၏အားကစားလှုပ်ရှားမှုများကို ဇူလိုင်လက ရပ်တန့်ကာ ကိုရီးယားသို့ ပြန်လာပြီးစစ်မှုထမ်းခဲ့သည်။ ဘေသည် လာမည့်နွေရာသီတွင်ပြုလုပ်မည့် ရီယို ၂၀၁၆ အိုလံပစ်တွင်
ပါဝင်ခွင့်ရရန်မျှော်လင့်နေပြီး ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိပါကစစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။
ကိုရီးယားလူမျိုးအများအပြားအနေဖြင့် နိုင်ငံမှာ မြောက်ကိုရီးယားနှင့်စစ်ပွဲဆက်လက်ဖြစ်ပွားနေဆဲဟု ခံယူထားသဖြင့် စစ်မှုထမ်းခြင်းမှာ အရေးပါသည့်
တာဝန်ဖြစ်သည်။ သို့သော် စစ်မှုထမ်းရန် တိမ်းရှောင်သူများ ပိုမိုများပြားလာပြီးနိုင်ငံသား ၂ မျိုးခံယူထားသည့် နေထိုင်သူများသည်အသက် ၁၈ နှစ်ပြည့်လျှင်
တစ်မျိုးကိုစွန့်လွှတ် ရမည်ဖြစ်သည်။ စစ်မှုထမ်းမှုကိုရှောင်တိမ်းရန်အကြောင်းပြချက် ကောင်းကောင်းမရှိသည့်သူများမှာစစ်မှုထမ်းခြင်းကင်းလွတ်ခွင့်ရသည့် အသက် ဖြစ်သော ၃၇ နှစ်ရောက်သည်အထိ
နိုင်ငံခြားတွင်နေရန် ရွေးချယ်လေ့ရှိသည်။ နောက်ဆုံးရအချက်အလက် များအရရာထူးမြင့်အစိုးရအရာရှိ ၁၈ ဦး၏သားများမှာ ကိုရီးယားနိုင်ငံသားအဖြစ်မှ
စွန့်လွှတ်ထားကြသည်ဟုဆိုသည်။ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခဲ့သည့်ကိုရီးယားလူငယ်အရေအတွက်မှာ ၂၀၁၃ တွင် ၃,၀၀၀ ခန့်ရှိရာမှ ၂၀၁၄ တွင် ၄,၄၀၀
နီးပါးအထိမြင့်တက်ခဲ့သည်။ ၎င်းင်းတို့အနက် အများစုမှာအမေရိကန်နိုင်ငံသားအဖြစ်ရွေးချယ်ကြပြီး အခြားသူများမှာ ကနေဒါ၊ သြစတြေးလျနှင့်
နယူးဇီလန်နိုင်ငံ သားများအဖြစ် ရွေးချယ်ခဲ့ကြသည်။ ဥပဒေပြုလွှတ်တော်အမတ်အချို့ကထိုသို့ ရှောင်ရှားမှုများကို ပိုမိုတင်းကျပ်ရန် ကြိုးစားလျက်ရှိသည်။
KHTun
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏
နိုင်ငံပိုင်ရုပ်သံလိုင်းများမှ ထုတ်လွှင့်ဟောပြောမှုကို စက်တင်ဘာလ ၂၁ ရက်နေ့ ယနေ့ည ၇ နာရီတွင် ထုတ်လွှင့်ခဲ့ရာ ဥက္ကဋ္ဌအနေဖြင့် တပ်မတော်နှင့် အဖွဲ့ချုပ်အကြားတွင် သံသယများဖယ်ရှားကာ ဒီမိုကရေစီအရေးအတွက် ယုံကြည်စွာပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ထည့်သွင်းပြောကြား သွားခဲ့သည်။
" တချို့ကပြောပါတယ်။၂၇ နှစ်ကျော်ကြာအတိုက်အခံအနေနဲ့ရပ်တည်ခဲ့တဲ့
အဖွဲ့ချုပ်ဟာ နိုင်ငံအစိုးရ တာဝန်ကိုထမ်းဆောင်နိုင်ဖို့အရည်အချင်းရှိနိုင်ပါ့မလားပေါ့။
ရှိနိုင်ရုံတင်မက ရှိကိုရှိပါတယ်။ တကယ်တမ်း တာဝန်တစ်ရပ်ကိုကျေပွန်စွာ
ထမ်းဆောင်ဖို့ သိရမယ့်အသိတရားနှစ်ရပ် ရှိပါတယ်။ အဲဒါကတော့ ဘာမလုပ်သင့်၊ ဘာလုပ်သင့်ပါပဲ။ ဘာမလုပ်သင့်ဘူးဆိုတာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံကို အရှေ့တောင်အာရှရဲ့ အတောက်ပဆုံးကြယ်အဖြစ်ကနေ မှေးမှိန် သေးသိမ်တဲ့ အခြားဂြိုဟ်လေးအဖြစ် ရောက်ရှိသွားစေတဲ့ အဖြစ်ကနေ သင်ခန်းစာတွေ
အများကြီးရခဲ့ပါတယ်။ ဘာတွေလုပ်သင့်တယ်ဆိုတာကတော့ ပြည်သူတွေက
သင်ကြားပေးလို့ သိနေရတာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မြန်မာ့တပ်မတော်အမြင်သည် တစ်ထပ်တည်းမဟုတ်ကြောင်းပြည်သူ ပြည်သားများ
အသိဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။" ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ လာမယ့်ရွေးကောက်ပွဲတွေမှာ ထွက်ပေါ်လာမယ့် ပြည်သူ့ဆန္ဒကို လေးစားလိုက်နာမှု
ကာကွယ်မှု အပါအဝင် နိုင်ငံရဲ့ကံကြမ္မာဖန်တီးဖို့အတွက် လိုအပ်တဲ့ကိစ္စအဝဝမှာ တပ်မတော်နဲ့ပြည်သူ တစ်သားတည်းရှိဖို့ လေးလေးနက်နက်လိုလားနေကြတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာ့တပ်မတော်ကို ဒီမိုကရေစီစံနှုန်းစံညွှန်းတွေနဲ့ အညီ တိုးတက်ခေတ်မီပြည့်စုံစွာ ပြည်သူတွေလေးစားချစ်ခင်မှုကြောင့် ကမ္ဘာ့အလယ်` လေးစားတင့်တယ်တဲ့ တပ်မတော်ဖြစ်စေချင်တယ်" ဟု ပြောကြားသွားခဲ့သည်။ ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပြည်သူ့ဆန္ဒအပေါ်အခြေခံပြီး
ကဏ္ဍလေးရပ်သတ်မှတ်ထား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပြည်သူ့ဆန္ဒကို လေးစားလိုက်နာသွားမည်ဟု
ပြောကြားခဲ့သည်။
MWT
The Ladies News Journal
စက်တင်ဘာလ ၂၂ ရက် ၂၀၁၅
စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာငြိမ်း ချမ်းရေးနေ့တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ် မတော် RCSS/SSA နှင့် မြန်မာစစ်တပ်တို့အကြား သျှမ်းပြည်နယ် အတွင်းရှိ အနည်းဆုံးနေရာ ၂ နေရာခန့်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဒီနေ့ မနက် ၈ နာရီကျော်မှာ ခလရ ၅၁၆ နဲ့ RCSS/SSA ရဲ့ ပျောက်ကျား တပ်တွေ နမ့်စန်မြို့နယ် ၀မ်နောင်ကုန်းမုန့် တိုက်နယ်နားက တောထဲမှာ ရင်ဆိုင်တိုက်ပွဲဖြစ်တယ်။ ညနေပိုင်းမှာ ရပ်စောက်မြို့နယ်မှာ တပွဲဖြစ်တယ် သူတို့ဘက်က အကျဆုံးရှိနိုင်ပေမဲ့ RCSS/SSA ဘက်ကတော့ မရှိပါဘူး ” - ဟု သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS မှ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှက ပြောသည်။
ရပ်စောက်မြို့နယ် မိုင်းယွန်းတိုက်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ အတန် ငယ်ပြင်းထန်ခဲ့ကြောင်းနှင့် တပ်မတော်မှ SSA တပ်များကိုလိုက်လံပိတ်ဆို့ တိုက်ခိုက်နေသည့်အတွက်တိုက်ပွဲများ ဖြစ်နေရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းလှက ဆိုသည်။
သျှမ်းပြည်တပ်မတော် တောင်ပိုင်း၏ RCSS/SSA တပ်များကို ထိုင်းမြန်မာ နယ်စပ် မိုင်းထားဒေသသို့ ရွှေ့ပြောင်း ပေးရန် မြန်မာစစ်တပ်ဘက်မှ ညွှန် ကြားခဲ့သည့် နောက်ပိုင်း မြန်မာစစ်တပ်နှင့် ရှမ်းပြည်တပ်မတော်တို့အကြား ထိတွေ့မှုများနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်ပြီး ခိုလမ်ဒေသ တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်မှ လေယာဉ်နှင့် ရဟတ်ယာဉ်များကိုပါ အသုံးပြုခဲ့သည်။
တိုက်ပွဲများကြောင့် ရန်ကုန်တွင်စက်တင်ဘာလ ၂၀ ရက်နေ့က ပြုလုပ် သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ RCSS/SSA မှ တက်ရောက်ခြင်း မပြုခဲ့ပေ။ တိုက်ပွဲများမှာ စက်တင်ဘာလ ၇ ရက်နေ့မှစ၍ ပြန်လည်ဖြစ်ပွားနေခြင်းြ ဖစ်ပြီး ဒေသခံအရပ်သားအချို့မှာလည်း မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
သျှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲများကိစ္စ ဖြေရှင်းပေးမှသာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် ဆက်လက်ပါဝင်ရန် စဉ်းစားမည်ဟုလည်း RCSS/ SSA မှ သတင်းမီဒီယာများကို ပြောဆိုထားသည်။
“အခုက အစိုးရက ရန်ကုန်မှာက ဆွေးနွေးလိုက် အောက်ခြေမှာက တမျိုးဖြစ် လိုက်ဖြစ်နေတယ်။ မလွဲ မရှောင် သာ ဖြစ်တာလား တကယ်ရည်ရွယ်ချက် ရှိရှိဖြစ်နေတာလား မေးရတော့မယ်။ ဒီလို အချိန်မှာ တိုက်ပွဲတွေ ဖြစ် နေ တာဟာ ယုံကြည်မှု ပျက်ပြားစေပြီး ငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေတယ် ” - ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
အစိုးရမှ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးကို အောက်တိုဘာလ ပထမ အပတ်အတွင်းပြုလုပ်မည်ဟု ကြေငြာ ခဲ့သော်လည်း တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တော်တော်များများမှာ အားလုံးပါဝင်သည့် အပစ်ခတ်ရပ် စဲရေး ဖြစ် လာရန် တောင်းဆိုနေသောကြောင့် လက်ရှိအနေထားအရ စစ်မှန်သည့် ပြည် လုံးကျွတ်အပစ်ခတ်ရပ်စဲရေး ဖြစ်လာရန် မလွယ်သေးဟု လေ့လာသူများက သုံးသပ်နေကြပါသည်။
သျှမ်းသံတော်ဆင့်/စိုင်းအောင်ဆိုင်း ( ပင်လုံ)
https://www.facebook.com/Panglong.burmese
 စက်တင်ဘာလ ၂၂ ရက် ၂၀၁၅
 သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ အစိုးရအာဏာပိုင်များက လယ်သမားများအား အထူး ဒေသ ၄ မိုင်းလား နှင့် အထူးဒေသ (၂) ၀ ဒေသဘက်သို့ စပါးသယ်ဆောင် ရောင်းချခွင့် ပိတ်ပင်ထားသည့်အတွက် ဒေသခံလယ်သမားများ အခက်တွေ့နေသည်ဟု စုံစမ်းသိရှိရ သည် ။
ထိုသို့ ဆန် စပါး တင်ပို့ရောင်းချခွင့်ပိတ်ပင်သည်မှာ လွန်ခဲ့သည့်ဂျွန်လကစပြီး ယနေ့တိုင် ဖြစ်သည်ဟုသိရသည် ။ စစ်ဆေးတွေ့မိပါက ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်း ပြောဆိုပါ သည် ။
ကျိုင်းတုံဒေသခံ စိုင်းနွဲ့က - “ ကျနော်တို့က တနှစ်မှာ ၂ ကြိမ် စပါးစိုက်တယ် ။ နွေစပါးနဲ့ မိုးစပါး ။ လယ်လုပ်ရင်တကြိမ် တကြိမ်အရင်းထည့်ရတာ မလွယ်ဘူး ။ သိန်းနဲ့ချီတယ်လေ ။ ဒီနှစ်က စပါးဈေးကျတယ် ။ မိုင်းလားဘက် ပို့မယ်ဆိုရင်လည်း ပို့ခွင့်မပေးပြန်ဘူး ။ ဆိုတော့ လယ်သမားတွေက အခက်အခဲတွေ့တာပေါ့ ။ ဒီလိုသာဖြစ်ရင်တော့ နောက်နှစ်တွေထဲမှာ လယ်လုပ်တဲ့သူတွေ မရှိမှာကိုဘဲစိုးရိမ်ရတယ် ” - ဟုပြောဆိုသည် ။
လယ်သမ များအား လုပ်အားခ တရက် ၇၀၀၀ မှ ကျပ် ၁၀၀၀၀ အထိပေးငှားရကြောင်း ၊ မြေဩဇာတအိတ်ကျပ် ၂ သောင်းထက်မနည်းပေးရကြောင်း ၊ ထို့ကြောင့် လယ်တကြိမ်စိုက် ပါက အရင်းအနှီးများပြားကြောင်း ကျိုင်းတုံသားများက ပြောဆိုပါသည် ။
စပါးကုန်သည်စိုင်းနွံက - “ ဒီနှစ်ကျနော်တို့ စပါးအဝယ်တော်အလုပ် မဖြစ်ဘူး ။ မိုင်းလားပို့ခွင့် မပေးဘူးကော် ။ ဆိုတော့ အခက်အခဲတော့ ရှိတာပေါ့ ကုန်သည်တွေအတွက်လည်း ။ ရွှေလီ ဘက်က ဈေးကွက်ရှာကြည့်နေတယ် အခု ။ အခွန်အခ မများရင် ၊ စပါးသယ်ခွင့်မပိတ်ရင် တော့ ဟိုဘက်ကို ယူသွားရောင်းနိုင်ဖို့လေ ” - ဟု ပြောသည် ။
ယခုနှစ်စပါးဈေးမှာ ၄၀ ကီလို တအိတ် ကျပ် ၉ ထောင်ရှိကြောင်း ၊ ယမန်နှစ်စပါးဈေးမှာ တအိတ်ကျပ် ၁၃၀၀၀ ရှိကြောင်း ၊ ဈေးနှုန်း ကျပ် ၄၀၀၀ ကျသွားကြောင်း ၊ ထိုသို့ဈေးကျ သော်လည်း အဝယ်တော်မရှိကြောင်း ၊ မကြာခင် ဆန်သစ်ထပ်ထွက်တော့မည် ဖြစ်သဖြင့် ယခုနှစ်ဆန်ဈေးမှာ ထပ်ကျဖွယ်သာရှိကြောင်း ကျိုင်းတုံဈေးအတွင်းမှ ဆန်ကုန်သည် အမျိုးသမီး ၂ ဦးကလည်းပြောသည် ။
ကျိုင်းတုံ လယ်သမားများအား မိုင်းလားသို့ စပါးပို့ခွင့်မပေး သကဲ့သို့ မိုင်းယောင်းဘက်တွင် လည်း မိုင်းယု-မိုင်းလားဘက်သို့ စပါးပို့ရောင်းခွင့် မပေးကြောင်း ၊ ထို့အတူ မိုင်းခတ် ၊ မိုင်းယန်း ဘက်မှ အထူးဒေသ (၂) ၀ ဒေသဘက်သို့လည်း သယ်ယူရောင်းချခွင့် မပေး ကြောင်း ၊ သိ၍ဖြစ်စေ မသိ၍ဖြစ်စေ သယ်ဆောင်သွားသူများ စပါးအသိမ်းခံရသည်များ လည်း ရှိကြောင်း ၊ ထိုသို့ပိတ်ပင်ထားခြင်းမှာ စပါးများကို ၀ နှင့် မိုင်းလားမှတဆင့် ကိုးကန့် ဘက်သို့ ပို့ဆောင်ရောင်းချမည်ကို စိုးရိမ်မှုကြောင့်ဖြစ်သည်ဟု လည်း ကျိုင်းတုံအာဏာပိုင် နှင့်နီးစပ်သည့် ဆန်ကုန်သည်များ ပြောပြချက်အရ သိရပါသည် ။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသားပြီး
ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးတဲ့
အရမ်း သိပ်ကိုကောင်းတဲ့ ... NLD ကို မဲ ပေးပါ။ (Music Video) ...
Nld ကိုမဲပေးပါ ... သားသားအတွက်မဲပေးပါ ... မီးမီးအတွက် မဲပေးပါ...
NLD ကို မဲ ပေးပါ။ (Music Video)
စာသား ... ဒေါ်အောင်ဆန်းစုကြည်
ပါဝင်သူများ .... ရုပ်ရှင် ဂီတ အနုပညာရှင်များ
ဒါရိုက်တာ .... ကြည်ဖြူသျှင်
တည်းဖြတ် ... နီသစ်
.
Credit : Ni Thit နီသစ်
 မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်က ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံကို တွေ့ရစဉ် Photo: RFA
 မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်က ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံမှာ ခွင့် ၅ ရက်ယူတဲ့ အလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပယ်တာတွေ ရှိနေတဲ့အတွက် အလုပ်သမား ၇ဝဝ ကျော်က မနေ့က စက်ရုံတွင်းမှာ မိုးပြာရောင်ဖဲကြိုး တပ်ဆင်ပြီး ကန့်ကွက်ကြပါတယ်။
အလုပ်သမားတွေအတွက် အလုပ်သမားဝန်ကြီးဌာနနဲ့ စက်ရုံပိုင်ရှင် ပန်ဒါကုမ္ပဏီတို့ ချုပ်ဆိုတဲ့ စာချုပ်မှာ ငါးရက်ခွင့်ယူရင် အလုပ်ကနေ ထုတ်ပယ်ခံရမယ် ဆိုတဲ့  စည်းကမ်းမပါဘူးလို့လည်း ပြောပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ စည်းကမ်းလိုမျိုး ဖြစ်လာမှာစိုးတဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံ အလုပ်သမား ကိုချမ်းမိုးအောင်က ပြောပါတယ်။
"စက်ရုံမှာရှိတဲ့ အဖွဲ့ဝင် ၇ဝဝ ကျော်လောက်ပေါ့၊ ဖဲကြိုးပြာတပ်ဆင်ပြီး အလုပ်လုပ် တယ်ပေါ့၊ တစ်လအတွင်း ခွင့်မဲ့ ၅ ရက်ပျက်ကွက်တယ်ဆိုပြီး အလုပ်ထုတ်ခြင်း ဆိုပြီးတော့ နောက်ထပ်ထုတ်တဲ့ စည်းကမ်းချက်ထဲမှာ ထပ်ထည့်လိုက်တဲ့အတွက် အလုပ်သမားတွေကမကျေနပ်ဘူးပေါ့၊ အလုပ်သမားတွေကို အဲ့အချက်တွေနဲ့ ပတ်သက်ပြီး ဆက်တိုက်ထုတ်နေတဲ့အနေအထားတွေလည်းရှိတယ်၊ ဒီလိုသာဆို အလုပ်သမားတွေအလုပ်လက်မဲ့ပိုဖြစ်လာနိုင်ဖွယ်ရှိတဲ့အတွက် ကျနော်ကဒီအချက်ကို ကန့်ကွက်ရတာပါ"
တစ်လအတွင်း ခွင့်ငါးရက်ယူလို့ဆိုပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၂ ဦးအပါအဝင် စုစုပေါင်း ၅ ဦးကို အလုပ်ကနေ ထုတ်ပယ်ထားတယ်လို့ သိရပါတယ်။
အဲဒီစက်ရုံမှာ အလုပ်သမား ၁၂ဝဝ လောက်ရှိပြီး မိုးပြာရောင်ဖဲကြိုးလှုပ်ရှားမှုမှာပါဝင်တဲ့ အလုပ်သမား ၇ဝဝ ကျော်ဟာ အရင်က အမှတ် ၁ စက်မှုဝန်ကြီးဌာန လက်အောက်ကနေ လွှဲပြောင်းခံရတဲ့ ဝန်ထမ်းတွေ အများစု ဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
မြန်မာ့အရေးထည့်ပြောသွားတဲ့ အိုင်ယာလန်သံကိုယ်စားလှယ်
မြန်မာ့အရေးထည့်ပြောသွားတဲ့ အိုင်ယာလန်သံကိုယ်စားလှယ်
မြန်မာနိုင်ငံမှာလာမယ့်နိုဝင်ဘာမှာကျင်းပမယ့်ရွေးကောက်ပွဲတွေဟာ နိုင်ငံရဲ့ဒီမိုကရေစီပြုပြင်ရေး လမ်းမှန်ပေါ် ရောက်မရောက်ဆိုတာကို ဘယ်လို သက်သေပြရာရောက်မလဲလို့ ဂျနီဗာမှာလက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အကြိမ် (၃၀) မြောက် ညီလာခံမှာ အနောက်နိုင်ငံ ကိုယ်စားလှယ်တွေက ပြောဆိုလိုက်ကြပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအရေးကို စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောဆိုကြတာပါ။ အကြောင်းစုံကိုတော့ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
ဂျနီဗာမြို့မှာကျင်းပနေတဲ့ အကြိမ် (၃၀) မြောက် လူ့အခွင့်အရေးကောင်စီရဲ့ (၁၇) ကြိမ်အစည်းအဝေးပွဲမှာ နိုင်ငံတကာ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီက သိသင့်တဲ့အချက်အလက်တွေကို ညီလာခံတက်ရောက်တဲ့ကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးခဲ့ရာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နိုဝင်ဘာ (၈) ရက်နေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးအနေနဲ့ နိုင်ငံတကာ ယုံကြည်ကိုးစားမှုရှိတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်ဖို့ အရေးကြီးတယ်လို့ ဗြိတိန်သံကိုယ်စားလှယ်က အခုလို ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲဟာ နိုင်ငံအနေနဲ့ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို မှတ်ကျောက်တင် အကဲစမ်း အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲပဲဖြစ်ပါတယ်။ နိုင်ငံတကာလူ့အဖွဲ့အစည်းတွေအနေနဲ့ အနီးကပ်စောင့်ကြည့်နေမှာဖြစ်သလို ဒီရွေးကောက်ပွဲက ယုံကြည်လေးစားမှုရှိပြီး အုပ်စုအားလုံး ပါဝင်ခွင့်ရရမယ့်အပြင် ထင်သာမြင်သာရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကိုလည်း ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိဖို့အပြင် လူ့အခွင့်အရေးကို လေးစားလိုက်နာမှုရှိဖို့လည်း တိုက်တွန်းပါတယ်။”
အလားတူပဲ ညီလာခံကိုတက်ရောက်ခဲ့တဲ့ အမေရိကန် သံကိုယ်စားလှယ်ကလည်း ၂၀၁၅ ရွေးကောက်ပွဲဟာ ထင်သာမြင်သာရှိဖို့ အရေးကြီးတယ်လို့ဆိုပါတယ်။
“နိုဝင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲတွေဟာ ယုံကြည်ကိုးစားမှုရှိမယ့်အပြင် ထင်သာမြင်သာရှိပြီး အုပ်စုအားလုံးတို့ပါဝင်ခွင့်ရှိမယ့် ရွေးကောက်ပွဲမျိုး ကျင်းပပေးပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဆက်လက် ဖော်ဆောင်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။”
မြန်မာနိုင်ငံမှာ လက်ရှိရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲက ၉၀ ကျော်ဟာ သတ်မှတ်ချက်နဲ့ ကိုက်ညီခြင်းမရှိလို့ ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့သလို အခုလို ပယ်ချခံခဲ့ရတဲ့ ထက်ဝက်ကျော်ဟာ နိုင်ငံသားဖြစ်မှု မဖြစ်မှုအပေါ် အခြေခံတဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဌာနက စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိပယ်ချခံခဲ့ရတဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ မူဆလင်ကိုယ်စားလှယ်လောင်း အားလုံးနီးပါး ပါဝင်ပြီး သူတို့ကို ပယ်ချရတဲ့ အကြောင်းအချက် ခိုင်လုံမှုကို အာဏာပိုင်တွေဘက်က တိတိကျကျ ရှင်းပြခြင်းမရှိတာကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေးခွန်းထုတ်ခဲ့ပါတယ်။ အလားတူပဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ရဲ့ ၂၅ % မှာ တပ်မတော်သားကိုယ်စားလှယ်တွေ ခန့်အပ်မှုနဲ့ ယာယီနိုင်ငံသားလက်မှတ် White Card ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်မပြုတာကိုလည်း စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ် ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့လည်း စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း အမေရိကန်သံကိုယ်စားလှယ်က တင်ပြသွားပါတယ်။
“မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်အခြေအနေ၊ အထူးသဖြင့် ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့အခြေအနေနဲ့ပတ်သက်လို့ အထူး စိုးရိမ်မကင်းဖြစ်ပါတယ်။”
အလားတူပဲ အိုင်ယာလန် အမျိုးသမီးသံကိုယ်စားလှယ်ကလည်း ရိုဟင်ဂျာလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်း အခုလို ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံက ရခိုင်ပြည်နယ်ရှိ လူမျိုးရေးတင်းမာမှုဖြစ်တဲ့အခြေခံ အကြောင်းရင်းတွေကို အရေးပေါ်ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ အဲဒီမှာ မူဆလင် IDP တွေရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ဆိုးရွားနေပြီး အခြေခံ ခံစားခွင့်တွေမရှိဘဲ နေထိုင်နေရတာဟာ စိုးရိမ်မကင်းဖြစ်စရာပါ။ ဒါ့အပြင် ရိုဟင်ဂျာတွေကို နိုင်ငံအနှံ့ နိုင်ငံသားခံယူခွင့် စိစစ်ရာမှာလည်း မှန်မှန်ကန်ကန် ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အခြေခံလူ့အခွင့်အရေးကို နိုင်ငံသားအားလုံးတို့ ခံစားခွင့်ရရှိသင့်ပါတယ်”- လို့ အိုင်ယာလန် သံကိုယ်စားလှယ်က ပြောသွားတာ ဖြစ်ပါတယ်။
စက်တင်ဘာလ (၁၅) ရက်နေ့ကလည်း ရန်ကုန်ရှိ အမေရိကန်သံရုံးနဲ့ ဗြိတိန်သံရုံးအပါအဝင် သံရုံး (၉) ရုံးတို့က နိုဝင်ဘာလ ရွေးကောက်ပွဲ တွေ အတွင်း ဘာသာရေးကို ခုတုံးလုပ် အသုံးချမှုတွေလုပ်မှာ စိုးရိမ်တဲ့အကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ အခုလို ထုတ်ပြန်တာကို မြန်မာအစိုးရ နိုင်ငံခြားရေးဌာနက ဒီလိုထုတ်ပြန်တာဟာ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုကို လျစ်လျှူရှုရာ ရောက်တယ်လို့ တုံ့ပြန်ခဲ့သလို မြန်မာနိုင်ငံခြားရေးဌာနအနေနဲ့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့အတွက် အားပေးထောက်ခံမှုကို အသိအမှတ်ပြုပေမယ့် အပြုသဘောဆောင်တဲ့၊ မလိုလားအပ်တဲ့အခြေအနေမျိုး ဖြစ်ပေါ်စေနိုင်တာကို စိုးရိမ်မကင်းဖြစ်မိတယ်လို့လည်း တုံ့ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလှုပ်ရှားလုပ်ဆောင်တဲ့ဘောင် ကျဉ်းမြောင်းလာတယ်ဆိုတဲ့ စိုးရိမ်မကင်းဖြစ်မှုနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီမှာ ဝေဖန်ခံခဲ့ရမှုနဲ့ပတ်သက်လို့လည်း ညီလာခံကိုတက်ရောက်နေတဲ့ မြန်မာကိုယ်စားလှယ်က ပြီးခဲ့တဲ့သီတင်းပတ်က တုံ့ပြန်ခဲ့ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုကိုအခြေခံပြီး ခွဲခြားဆက်ဆံမှုကို တားမြစ်ထားတဲ့အကြောင်း တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။
VOA
http://burmese.voanews.com/content/internartional-watches-on-myanmar-2015-election-/2973483.html
chit-hlaing-620.jpg မြစ်ကြီးနားမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဥက္ကဋ္ဌ ဦးချစ်လှိုင်ကို တွေ့ရစဉ်
၂ဝ၁၅ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမယ့် အစိုးရကို ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးဖို့ တင်ပြတောင်းဆိုသွားမယ်လို့ ကချင်ပြည်နယ် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ NUP က ပြောပါတယ်။
နောက်တက်လာမယ့် အစိုးရ အဖွဲ့နဲ့ လွှတ်တော်ကို ပထမဆုံး ဒီကိစ္စတင်သွင်းမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဥက္ကဋ္ဌ ဦးချစ်လှိုင်က ပြောပါတယ်။
"ကျနော်တို့လည်း အခုထက်ထိတော့ ဘယ်လိုအစိုးရတက်လာမလဲဆိုတာ မသိသေးဘူး၊ လူထုဆန္ဒနဲ့ လုပ်မလား၊ မလုပ်ဘူးလား၊ အဲ့ဒါတစ်ပိုင်းထား၊ ကချင်ပြည် နယ်နောက်တစ်နိုင်ငံလုံးအနေအထားအရ မြစ်ဆုံကိစ္စကို အပြီးအပိုင် ပယ်ဖျက်ဖို့၊ ဘယ်သောအခါမှ ဧရာဝတီမြစ်ကိုမထိပါးဖို့ အဲ့ဒီရည်မှန်းချက်နဲ့ လူထုရဲ့ သဘောတူညီချက်၊ လူထုရဲ့ထောက်ခံချက်၊ လူထုရဲ့အင်အားဆိုပြီးတော့မှ ၂ဝ၁၆ မှာ အသစ်ပေါ်ထွန်းလာမယ့်အစိုးရကို ဆက်လက်ပြီး တရားဝင်လမ်းကြောင်း ကနေ တင်သွားပါမယ်၊ လွှတ်တော်ကိုလည်းတင်မယ်၊ အစိုးရအဖွဲ့ကိုလည်းတင်မယ်"
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူဟာ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့ က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့ မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့ရဲ့အစိုးရ သက်တမ်းအတွင်းမှာ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းဖို့ တောင်းဆိုတဲ့ ဒေသခံတွေရဲ့လက်မှတ်တွေကို စုဆောင်းလိုက်လံကောက်ယူနေတာ အခုအခါ လက်မှတ် သုံးသောင်းလောက် ရနေပြီ်လို့လဲ သိရပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ တစညပါတီဟာ ကိုယ်စားလှယ်လောင်း ၇ဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
RFA
စက်တင်္ဘာလ ၂၁ ရက်နေ့  နေ့ လည် (၁၂း၁၅)နာရီတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်။ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှ ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ် သို့  ရွေးကောက်ပွဲ အောင်နိုင်ရေး ခရီးစဉ် အဖြစ် သွားရောက် ခဲ့ပါသည်။ အဖျောက်ကျေးရွာ၊ နတ်စင်ကုန်းကျေးရွာ၊ မဆယ်ဆိပ်ကျေးရွာ များသို သွားရောက်ပြီး ဒေသခံ မဲဆန္ဒရှင် ပြည်သူများနှင့်တွေ့ ဆုံ မိန့်ခွန်း ပြောကြားသည်။ စက်တင်္ဘာလ(၂၂)ရက်နေ့ ယနေ့နံနက် ၇ နာရီမှာတော့ ကော့မှူးမြို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ထမ္မနိုင်ကျေးရွာသို့ သွားရောက်ပြီး ရွှေးကောက်ပွဲ အောင်နိုင်ရေး မိန့်ခွန်း ဟောပြောခဲ့သည်။ ဆက်လက်ပြီး ဝါးဘလာက်သောက် ကျေးရွာတွင် ဒေသခံပြည်သူများအား ရွေးကောက်ပွဲ အောင်နိုင်ရေး မိန့်ခွန်း ဟောပြောခဲ့သည်။
သတင်း - ဓါတ်ပုံ ။ ။ National League for Democracy
ရှမ်း​ပြည်​တောင်​ပိုင်း ​နမ်​ဆန် ​မြို့​နယ် ​ထဲ​မှာ ​အ​စိုး​ရ ​စစ်​တပ် ​နဲ့ ​ရှမ်း​ပြည်​တပ်​မ​တော် ​တောင်​ပိုင်း RCSS/SSA ​တို့ ​အ​ကြား ​အ​ခု​ရက် ​ပိုင်း ​ထဲ​မှာ​ပဲ ​တိုက်​ပွဲ​တွေ ​ဖြစ်​ပေါ် ​လာ​ခဲ့ ​ပြန်​ပါ​တယ်။
RCSS/SSA ​အ​ခြေ​စိုက်​ရာ ​ဒေ​သ ​ကို ​အ​စိုး​ရ ​တပ် ​ခ​လ​ရ ၅၁၆ ​က ​အင်​အား ၄၀ ​လောက် ​ရှိ​တဲ့ ​စစ်​ကြောင်း ​ဝင်​ရောက် ​လာ​တဲ့ ​အ​တွက် ​ကူ​မုမ်​နဲ့ ​လွိုင်​လင်း ​ကြား ​တော​လမ်း ​မှာ ​ထိ​တွေ့ ​ပစ်​ခတ် ​မှု ​တွေ ​ဖြစ်​ပေါ် ​ခဲ့​တယ် ​လို့ RCSS/SSA ​က ​ပြော​ပါ​တယ်။
ရွေး​ကောက်​ပွဲ​ကြို ​ကာ​လ ​မှာ ​အ​စိုး​ရ​တပ် ​ဘက် ​က​နေ ​နယ်​မြေ​လုံ​ခြုံ​ရေး၊ ​နယ်​မြေ ​ရှင်း​လင်း​ရေး ​ဆို​တဲ့ ​အ​ကြောင်း​ပြ​ချက် ​တွေ ​နဲ့ ​လူ​မျိုး​စု ​လက်​နက်​ကိုင် ​တွေ ​အ​ခြေ​ချ​ရာ ​တော​တောင် ​တွေ ​ထဲ​မှာ ​လိုက်​လံ ​တိုက်​ခိုက် ​နေ​တယ် ​ဆို​ပြီး RCSS/SSA ​ရဲ့ ​ပြော​ခွင့်​ရ ​ဒု​တိ​ယ ​ဗိုလ်​မှုး​ကြီး ​စိုင်း​မိန်း​က ​ဘီ​ဘီ​စီ ​ကို ​ပြော​ပါ​တယ်။
အ​စိုး​ရ ​စစ်​တပ် ​အ​ကြီး​အ​ကဲ ​ဗိုလ်​ချုပ်​မှုး​ကြီး ​မင်း​အောင်​လှိုင် ​က​တော့ ​စက်​တင်​ဘာ ၂၁ ​ရက် ​နေ့​က ​ပြု​လုပ်​ခဲ့​တဲ့ ​သ​တင်း​စာ ​ရှင်း​လင်း​ပွဲ ​မှာ ​တော့ ​တိုင်း​ရင်း​သား ​ဒေ​သ​တွေ ​မှာ ​တိုက်​ပွဲ ​တွေ ​ပေါ်​ပေါက် ​နေ​ရ​တာ ​နဲ့ ​ပတ်​သက်​ပြီး ​လူ​မျိုး​စု ​လက်​နက်​ကိုင် ​တွေ ​အ​နေ​နဲ့ ​သူ​တို့ ​နယ်​မြေ ​မ​ဟုတ်​တဲ့ ​နေ​ရာ ​တွေ ​ကို ​ဝင်​လာ ​တဲ့ ​အ​တွက် ​တိုက်​ပွဲ ​ဖြစ်​ရ​တာ ​လို့ ​ပြော​ခဲ့ ​ပါ​တယ်။
အ​စိုး​ရ ​စစ်​တပ် ​ကာ​ကွယ်​ရေး ​ဦး​စီး​ချုပ် ​ရဲ့ ​အ​ခု​လို ​ပြော​ကြား ​မှု ​အ​ပေါ် ​မြို့​ပေါ် ​နေ​ရာ​တွေ ​မှာ​ပါ ​တ​ရား​ဝင် ​ဆက်​ဆံ​ရေး ​တွေ ​ဖွင့်​လှစ် ​ထား​တဲ့ RCSS/SSA ​က ​ငြင်း​ပယ် ​လိုက်​ပြီး ​နှစ် ​ဘက် ​စစ်​ကြောင်း ​လှုပ်​ရှား ​မှု ​တွေ ​ကို ​အ​ပြန်​အ​လှန် ​အ​သိ​ပေး ​ညှိ​နှိုင်း ​ဆောင်​ရွက်​ရင် ​တိုက်​ပွဲ ​တွေ ​ဖြစ်​ပေါ် ​လာ​စ​ရာ ​မ​ရှိ ​ဘူး ​လို့ ​ပြော​ပါ​တယ်။
ဒါ့​အ​ပြင် ​အ​ခု ​ပေါ်​ပေါက် ​လာ​တဲ့ ​တိုက်​ပွဲ ​တွေ​ဟာ ​အ​စိုး​ရ ​ဘက်​က ​စီ​မံ​ချက် ​နဲ့ ​ဆောင်​ရွက် ​နေ​တာ ​ဖြစ်​တယ် ​လို့​လည်း ​ဒု​ဗိုလ်​မှုး​ကြီး ​စိုင်း​မိန်း​က ​စွပ်​စွဲ ​ပြော​ဆို​ပါ​တယ်။
တ​နိုင်​ငံ​လုံး ​အ​ပစ်​ရပ် ​စာ​ချုပ် NCA ​လက်​မှတ် ​ထိုး ​နိုင်​ဖို့ ​ကြိုး​စား ​နေ​ကြ ​တုန်း​မှာ​ပဲ ​က​ချင် ​ပြည်​နယ် ​နဲ့ ​ရှမ်း​ပြည်​နယ် ​ထဲ ​က ​နေ​ရာ ​တ​ချို့ ​မှာ ​အ​စိုး​ရ ​စစ်​တပ် ​နဲ့ ​က​ချင် ​လက်​နက်​ကိုင် KIA၊ ​ရှမ်း​လက်​နက်​ကိုင် RCSS/SSA ​နဲ့ ​တ​အာင်း​ပ​လောင် ​လက်​နက်​ကိုင် TNLA ​တို့ ​နဲ့ ​အ​ကြား ​တိုက်​ပွဲ ​တွေ ​ပြန်​လည် ​ဖြစ်​ပေါ် ​လာ​နေ​တာ ​ဖြစ်​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးဟောပြောမှုမှာတော့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိကထား ပြောဆိုပြီး တပ်မတော်ရဲ့အခန်းကဏ္ဍကိုလည်း အထူး အလေးပေး ပြောဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ဖယ်ဒရယ်ကို အာမခံပေးနိုင်တဲ့ အခြေခံဥပဒေတရပ် ဖြစ်ပေါ်လာရေးတို့ကို တပြိုင်နက်တည်းလုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း တနလာင်္နေ့မှာပဲ ပါတီ မူဝါဒနဲ့ပတ်သက်လို့ မြန်မာ အစိုးရရုပ်သံကနေ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီ မူဝါဒတွေကို တနလာင်္နေ့မှာ ပြောဆိုတာမှာတော့ တပ်မတော်ရဲ့အခန်းကဏ္ဍကို အထူးတလည် ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်ဟာ အဓိကကျတယ်ဆိုတာနဲ့ တပ်မတော်နဲ့ NLD ကြား သံသယတွေ ဖယ်ရှားပြီး ပြည်ထောင်စုအရေးအတွက် ပူးပေါင်းဆောင်ရွက်လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရာမှာ တပ်မတော်ရဲ့ကဏ္ဍက အဓိကဖြစ်တယ်ဆိုတာ ကျမတို့ ပြည်သူပြည်သားများ အသိဖြစ်ပါတယ်။ ပြင်ဆင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အမြင်နဲ့ တပ်မတော်ရဲ့အမြင်ဟာ တထပ်တည်း မဟုတ်ဘူးဆိုတာလည်း ပြည်သူပြည်သားများအသိ ဖြစ်ပါတယ်။ သို့သော်လည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးရဲ့ အနာဂတ် တည်ငြိမ်တောက်ပရေးကို လိုလားတဲ့နေရာမှာ တပ်မတော်နဲ့ကျမတို့အကြား လုံးဝကွဲပြားမှုမရှိဘူးလို့ ယုံကြည်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းက ပြည်သူတွေနဲ့ ထူထောင်ခဲ့တဲ့ ပြည်သူ့တပ်မတော်ကို ပြည်သူ့အကျိုးကိုသာဦးတည်ဆောင်ရွက်တဲ့၊ ပြည်သူချစ်တဲ့ အဖွဲ့အစည်းအဖြစ် ပြည်သူပြည်သားများက ပြင်းပြစွာ မြင်နေလိုကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ လာမယ့် ရွေးကောက်ပွဲတွေမှာ ထွက်ပေါ်လာမယ့် ပြည်သူ့ဆန္ဒကို လေးစားကာကွယ်ရေးများအပါအဝင် နိုင်ငံ့ရဲ့ကံကြမ္မာမှာ ဖန်တီးဖို့အတွက် ပတ်သက်တဲ့ကိစ္စအဝဝမှာ ပြည်သူနဲ့ တပ်မတော် တစ်သားတည်းရှိဖို့ကို လေးလေးနက်နက် လိုလားနေကြပါတယ်။
အဖွဲ့ချုပ်ဟာ မြန်မာ့တပ်မတော်ကို ဒီမိုကရေစီစံနှုန်း စံထားများနဲ့ အညီ တိုးတက်ခေတ်မီ ပြည့်စုံစွာ ပြည်သူတွေလေးစားချစ်ခင်မှုကြောင့် ကမ္ဘာ့အလယ် တင့်တယ်တဲ့၊ နိုင်ငံနဲ့ပြည်သူ လွတ်လပ်၊ လုံခြုံ၊ အေးချမ်းရေးတို့ကို အခိုင်အမာ ကာကွယ်ပေးမယ့် နိုင်ငံက အားကိုးရတဲ့ အဖွဲ့အစည်း ဖြစ်စေလိုပါတယ်။ အဖွဲ့ချုပ်နဲ့ တပ်မတော်အကြား သံသယတွေဖယ်ရှားပြီး ပြည်ထောင်စုအရေး၊ ဒီမိုကရေစီအရေးအတွက် အပြန်အလှန် ယုံကြည်လေးစားစွာ ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ပြောင်းလဲရေးမှာလည်း နိုင်ငံရဲ့ တည်ငြိမ်မှု၊ ပြည်သူတွေရဲ့ နှလုံးစိတ်ဝမ်း အေးချမ်းမှုတို့ကို မထိခိုက်စေဘဲ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီစွာ အတူလုပ်ဆောင်ချင်ပါတယ်။ အဖွဲ့ချုပ်ဟာ ပြည်သူပြည်သားအားလုံး အေးချမ်းတည်ငြိမ်စွာ ရှင်သန်ပြီး၊ လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်နိုင်မယ့် လူ့အဖွဲ့အစည်းကို ထူထောင်ချင်ပါတယ်။”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ တပ်မတော်ကြား တကယ်တန်း ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလားအလာ အပေါ်မှာတော့ အရင် စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်က အခုလို ရှုမြင်ပါတယ်။
 “အခုချိန်ခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်လည်း သူ့ရဲ့မူလ ၂၅ % လည်း သူ ပြောင်းသွားတဲ့အနေအထားမျိုးရှိတယ်။ ၂၅ % ကိုတော့ သူလက်ခံလို့သာ ၂၀၁၂ ဝင်ခဲ့တယ်။ ဒါပေမယ့် တဖြည်းဖြည်း ဖွဲ့စည်းပုံကို ပြောင်းသွားမယ်ဆိုတဲ့ ပေါ်လစီကို ပြောင်းလာတာရှိတယ်။ တပ်မတော်ဘက်ကလည်း ဒီ ၂၅ % ကို ဖြည်းဖြည်းချင်း လျှော့သွားမယ်ဆိုတဲ့ အနေအထားတွေ ရှိပါတယ်။ ကျနော်ပြောချင်တာက တေ့တေ့ဆိုင်ဆိုင်ပေါ့လေ- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ပေါ့လေ၊ တေ့တေ့ဆိုင်ဆိုင် တွေ့ပြီးတော့မှ ဆွေးနွေးလိမ့်မယ်ဆိုရင်တော့ တပ်မတော်နဲ့ NLD နဲ့ အဆင်မပြေစရာအကြောင်း မရှိပါဘူး။”
စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေ ပြင်ဆင်ရေး ခါးခါးသီးသီး ဖြစ်နေတဲ့ တပ်မတော်နဲ့ ပြေလည်ရေး အတွက်ကတော့ NLD အနေနဲ့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို အထူးတလည် ပြင်ဆင်ဖို့ လိုအပ်တယ်လို့ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။
“ဟုတ်ကဲ့၊ ကျနော်မြင်တာတော့ တပ်မတော်ဆိုတာက သူ့ institution ပေါ့နော်၊ သူ့ရဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ သူ့အနေနဲ့ အကျိုးစီးပွား ကိစ္စတွေ ရှိပါတယ်။ ဆိုတော့ အဲဒီအနေအထားပေါ်မှာ NLD အနေနဲ့က ပြောမယ်ဆိုလို့ရှိရင် သေချာလည်း သုတေသနလုပ်သင့်တယ်။ သေချာလည်း စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးပြဿနာကို ကိုင်တွယ်ဖို့ သူတို့အနေနဲ့ သေချာ မဟာဗျူဟာ ချပြီးတော့ လုပ်ကိုင်သင့်တယ်လို့တော့ မြင်ပါတယ်။ ကျနော်တို့လို နိုင်ငံမျိုးတွေမှာ စစ်တပ်က အချိန်မရွေးလည်း အာဏာပြန်သိမ်းတတ်ပါတယ်။ နောက်တခုကကျတော့ စစ်တပ်က သူ့ရဲ့ Insitution အကျိုးစီးပွားပေါ့ဗျာ- ဒါတွေ ထိလာလို့ရှိရင်လည်း အမြဲတမ်း ပြဿနာကြုံရတဲ့ အနေအထားမျိုးလေးတွေ တွေ့ပါတယ်။ ဒါက ကျနော်တို့ နိုင်ငံမှာတင် မဟုတ်ပါဘူး။ ကျန်တဲ့နိုင်ငံတော်တော်များများလည်း ဖြစ်တတ်တဲ့ဟာပါ။”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်ကတော့ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် ပါတီ မူဝါဒတွေ ချမှတ်ထားရာမှာ ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးထားပြီး အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားမျှတတဲ့အုပ်ချုပ်မှုစနစ်တရပ်ပေါ်ပေါက်ရေးနဲ့ လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ကြားတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုဟာ တည်တံ့ခိုင်မြဲဖို့ လိုအပ်တယ်လို့ထောက်ပြပြီး ဒီနောက်ပိုင်း ဆက်လက် လုပ်ဆောင်ရမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးတို့ အတွက် ပြည်သူလူထုက လိုလား ရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ ထမ်းဆောင်ဖို့ အသင့် ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ထိုင်း-မလေးရှား နယ်စပ်က စွန့်ပစ်သွားတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ စခန်းချရာ နေရာ။
ထိုင်းနိုင်ငံတောင်ပိုင်းက တရားရုံးတစ်ခုက ရိုဟင်ဂျာတွေကို လူကုန်ကူးမှုနဲ့ ဆက်နွယ်နေတဲ့ စစ်အရာရှိလေးဦးကို ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။
တနင်္လာနေ့က ထိုင်းရဲအရာရှိချုပ် Paveen Pongsirin ရဲ့ ပြောကြားချက်အရ လူ ၁၆၃ ဦးကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားပြီး ဒီအထဲက လူ ၉ဝ ထိကို လာရောက်အဖမ်းခံလို့ ဒါမှမဟုတ် ဖမ်းဆီးရမိလို့ ထိန်းသိမ်းထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ မလေးရှားနယ်စပ်အနီးမှာ ရွှေ့ပြောင်းလာသူတွေကို သိုဝှက်ထားဖို့ ဖြစ်သလိုဆောက်ထားတဲ့ စခန်းတစ်ခုမှာ မြှုပ်နှံထားတဲ့ လူသေအလောင်း ၁၀၀ ကျော်ကို ရှာတွေ့ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့မေလကစလို့ ဖမ်းဆီးထိန်းသိမ်းမှုတွေ စလုပ်ခဲ့တာဖြစ်ပါတယ်။
ရိုဟင်ဂျာတွေဟာ နှိမ်ချဆက်ဆံခံရမှုကနေ လွတ်မြောက်ဖို့နဲ့ ပိုကောင်းတဲ့ စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေဖို့ မြန်မာနိုင်ငံကနေ ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။
ဝရမ်းထုတ်ခံရတဲ့ သူတွေထဲမှာ ထိုင်း စစ်တပ်က ဗိုလ်မှူးကြီးတစ်ဦးနဲ့ ဗိုလ်ကြီးနှစ်ဦးတို့ပါဝင်ခဲ့ပြီး သူတို့ဟာ သောင်းကျန်းသူတွေကို နှိမ်နင်းဖို့ ဖွဲ့စည်းထားတဲ့ ပြည်တွင်းလုံခြုံရေး ဌာနရဲ့ လက်အောက်ကဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ရေတပ်က အရာရှိတစ်ဦးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဂျွန်လကလည်း လူကုန်ကူးမှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် စစ်တပ်က ဗိုလ်ချုပ်တစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
မိတ်ဆွေတို့ သတိပြုမိကြပါလိမ့်မည်။
အခြားမဟုတ်ပါ။ ထီး၊ ဖိနပ်များပေးကာ မဲဆွယ်ခြင်း၊ ထရန်စဖော်မာများဆင်ပေးမည်ဆိုကာ မဲဆွယ်ခြင်း၊ ပိုက်ဆံ ၅၀၀၀ ပေးကာ မဲဆွယ်ခြင်း တို့ လုပ်နေကြခြင်းအကြောင်း ဖြစ်ပါ၏။
နိုင်ငံတစ်နိုင်ငံကို ဆင်းရဲနွံတွင်းကျစေသော၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားဖြစ်စေသော အရာများတွင် လာဘ်ပေး လာဘ်ယူမှုသည် ထိပ်ဆုံးကပါ၏။
လာဘ်ပေးလာဘ်ယူမြင့်မားသောတိုင်းပြည်တွင် အဘယ်ကဲ့သို့သော တရားဥပဒေစိုးမိုးရေးကို ထူထောင်နိုင်ပါမည်နည်း။
လူသတ်သူက တရားသူကြီးကို လာဘ်ပေးပြီး အရပ်ထဲတွင် ပေါ်ပေါ်ထင်ထင်နေနိုင်သည်။
ဓားမြဗိုလ်က မြို့မျက်နှာဖုံး ဖြစ်နိုင်သည်။
အနောက်ဘက်မှခိုးဝင်လာသူများက ဆယ်သိန်းမျှသောငွေပေးရုံဖြင့် ရန်ကုန်မြို့ကို ရောက်နိုင်သည်။
မြန်မာပြည်အရှေ့မြောက်ပိုင်းမှ မျက်ပေါက်ကျဉ်းများက မြန်မာပြည်ရှိ ရှိသမျှ သယံဇာတများကို သူတို့အဖိုးအေဆီမှ အမွေရထားသည့်အလား ပေါ်ပေါ်ထင်ထင် ကားကြီးကားငယ်များဖြင့် ထုတ်ယူသွားနိုင်သည်။
သစ်လုံးကားကြီးများဖြင့် အများပြည်သူမြင်ကွင်းမှ ထုတ်သွားသောကြောင့် လူမြင်ကောင်းရုံ အဖမ်းပြသည့်တိုင် ၈ ရက်မျှ လောက်နှင့် ပြန်လွတ်နိုင်သည်။
လာဘ်ပေးလာဘ်ယူစနစ်သာ ထွန်းကားနေပါက ဘာမဆို လုပ်လို့ရသည်။ ဘာမဆို ဖြစ်ချင်လို့ရသည်။ လာဘ်မပေးနိုင်သူ ပြည်သူလူထုမှာမူ ငရဲကြီး ၈ ထပ်မှ မဟာအ၀ီစိငရဲတွင် နေရသကဲ့သို့ ရှိပေလိမ့်မည်။
အသင့်တွင် ပိုက်ဆံများသာ ထားစရာမရှိအောင် ချမ်းသာသည်ဖြစ်အံ့။
သင့်အိမ်ထဲ၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဘီလျံနှင့်ချီမိသည့်တိုင် ဟေ၊ အဲဒါ ငါမသိရပါလားကွာ ဟုပြောနိုင်မည် ဖြစ်လေ၏။
ယခုလည်း ကြည့်ပါဦးခင်ဗျာ။
ရွေးကောက်ပွဲ မဲဆွယ်တာပါတဲ့။
ဘယ့်နဲ့ မဖြစ်ညစ်ကျယ်၊ ထီးကလေး၊ ယပ်တောင်ကလေးတွေနဲ့ လာဘ်ထိုးပြီး မဲဆွယ်ရတယ်လို့။
မသကာ တစ်အိမ်ထောင် မာစီးဒီးတစ်စီးလောက်ဆို ဟုတ်တုတ်တုတ်ရှိသေး။
အမိုက်အမဲကြီးတွေမို့ ဗွေမယူပါနှင့်ခင်ဗျာ။
နော်တို့က လာဘ်ပေးလာဘ်ယူလုပ်ငန်းလုပ်ရတာ အကျင့်ပါနေလို့ပါ။
အဲဒီတော့ မလုပ်ရမနေနိုင်လို့မို့ မဲဆွယ်တာမှာလည်း လာဘ်ပေး လာဘ်ယူလုပ်ပြီး မဲဆွယ်မိတာပါ။
အနို့ လာဘ်ပေးပြီး မဲဆွယ်ရုံကလွဲလို့ တခြားလည်း ဘာမှ မလုပ်တတ်ဘဲကိုးခင်ဗျ။
မိတ်ဆွေများခင်ဗျာ -
အနှီပုဂ္ဂိုလ်များ လာဘ်ပေးပြီးမဲဆွယ်ကတည်းကိုက ကျုပ်တို့သာနိုင်လို့ အစိုးရဖွဲ့နိုင်ခဲ့ရင် တစ်နိုင်ငံလုံး လာဘ်ပေးလာဘ်ယူ စနစ် လှိုင်လှိုင်ကြီး ထွန်းကားစေရပါမယ်လို့ ကြေငြာနေတာနဲ့ မတူပေဘူးလားခင်ဗျာ။
သို့ကလိုဖြင့် ဖျား ဖျား -
မောင်မင်းကြီးသားတို့သာ နိုင်လို့ကတော့ -
ကျွန်ုပ်တို့ရွှေမြန်မာနိုင်ငံတော်ကြီးတွင် လာဘ်ပေးလာဘ်ယူကိစ္စများ ယခုထက် ပိုမိုထွန်းကားလာဖွယ်ရှိပေသည်။
လာဘ်ပေးလာဘ်ယူကိစ္စများ ပိုမိုထွန်းကားလေလေ မတရားမှုများ သည့်ထက်ပိုများလာလေလေ -
ပြည်သူတို့၏ ဘ၀များ အမိုက်တိုက်အတွင်း ပိုမိုကျဆင်းလေလေ -
ဘာမဆို လာဘ်ပေးလျှင် အောင်မြင်နိုင်သည့်အတွက် မည်သူမှ ရိုးရိုးသားသား ကြိုးစားဘို့ မစဉ်းစား -
မတရားသောနည်းဖြင့် ချမ်းသာဘို့သာ အားထုတ်ကြပေရော့မည်။
ဤမျှ ဗရုတ်သုတ်ခဖြစ်နေသော တိုင်းပြည်သို့ အဘယ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့ လာပါတော့မည်နည်း။
ဤသည်မှာ အမှိုက်ကစ၊ ပြဿာဒ်မီးလောင်ခြင်းဖြစ်၏။
ဦးမြင့်လှိုင်အနေနှင့် ထီးတစ်ချောင်း၊ ယပ်တောင်တစ်ချောင်းပေးလိုက်ရတာ သူ့အနေနှင့် ဘာမှမထောင်းတာ။
သို့သော် ကျွန်ုပ်တို့ ပြည်သူများ၏ ကိုယ်ကျင့်စာရိတ္တကို ထိုမဖြစ်ညစ်ကျယ် ထီး၊ ယပ်တောင်ကလေးများနှင့် ရိုက်ချိုး ဖျက်ဆီးပစ်လိုက်သည်။ ပြည်သူများအား လာဘ်ပေးလာဘ်ယူလိုစိတ်ကို မွေးမြူပေးလိုက်သည်။
ဦးမြင့်လှိုင်တစ်ဦးတည်းသာမဟုတ်။ ၎င်း၏ ပုလင်းတူ၊ ဘူးဆို့ အားလုံးသည်လည်း သည်ပုပ်ထဲကသည်ပဲ၊ အတူတူပင် မဟုတ်ပါလော။ ထိုနည်းအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ကြသည်ချည်းဖြစ်လေ၏။
နိုင်ငံ့ထိပ်ဆုံးပိုင်းခေါင်းဆောင်ကြီးများကစ၍ လာဘ်ပေးလာဘ်ယူမှုကို စံနမူနာပြ လုပ်ကိုင်နေကြသည်ဖြစ်ရာ ၎င်းတို့၏ အောက်လက်ငယ်သားများမှာမူ အဘယ်ဆိုဘွယ်ရာ ရှိပါတော့အံ့နည်း။
မိတ်ဆွေများခင်ဗျား -
၎င်းတို့ပေးသော ထီးနှင့်ယပ်တောင်သည် အဘယ်မျှ တန်ဘိုးရှိပါသနည်း။
ထိုထီးနှင့်ယပ်တောင်မျှလောက်ကို အသင်တို့မ၀ယ်နိုင်တော့ပြီလော။
အကယ်တန်တု၊ မ၀ယ်နိုင်သည်ဖြစ်အံ့။
ထိုထီးနှင့်ယပ်တောင်မရှိကာမျှဖြင့် သင်တို့ဘ၀မည်ကဲ့သို့ ယုတ်နိမ့်၊ ကျဆင်း၊ ဆုတ်ယုတ်သွားပါသနည်း။
ထို့ကြောင့် အသင်တို့သည် ၎င်းတို့ပေးသော ထီးနှင့်ယပ်တောင်ကို ဘယ့်အတွက် လက်ခံရပါမည်နည်း။
မိမိတို့၏ ကိုယ်ကျင့်သိက္ခာကို ပျက်စီးစေမည့် မည်သည့်လာဘ်ပဒ်သကာကိုမျှ လက်မခံကြပါနှင့်။
ဤပစ္စည်းတို့မှာ သင်တို့အတွက် အပင်းများဖြစ်သည်ဟု မှတ်ပါ။
ရတုံးယူမယ်ဆိုသော အချောင်သမားစိတ်ကို မမွေးကြပါနှင့်။
ထိုအချောင်သမားစိတ်များကြောင့်ပင် ကျွန်ုပ်တို့နိုင်ငံသည် ကမ္ဘာအလယ်မှာ မျက်နှာအငယ်ရဆုံးတိုင်းပြည် ဖြစ်နေရပြီ မဟုတ်လော။
မင်းတို့ပေးတာယူမကွာ၊ နောက်ပြီး ငါကြိုက်တဲ့ပါတီ ငါ မဲထည့်မပေါ့ကွ ဟုလည်း မလုပ်ပါလေနှင့်။
သူ့ပေးတာယူပြီး သူ့ကိုမထောက်ခံခြင်းသည် တစ်နည်းအားဖြင့် သစ္စာဖောက်ခြင်းမည်၏။ ကျေးစွပ်ခြင်းလည်း ဖြစ်၏။
ထိုကဲ့သို့သောစိတ်ဓာတ်များဖြင့် ကောင်းမွန်မြင့်မြတ်သော လူ့အဖွဲ့အစည်းကို မည်ကဲ့သို့တည်ဆောက်ပါမည်နည်း။
မိတ်ဆွေများခင်ဗျား -
ယခင်က မည်ကဲ့သို့ဖြစ်နေပါစေ။
ယခုပြောင်းလဲဘို့အချိန်တန်ပါပြီ။
ကောင်းမွန်လှပသော ကျွန်ုပ်တို့၏အနာဂတ်ကို ကျွန်ုပ်တို့ကိုယ်တိုင် တည်ဆောက်ကြပါစို့။
အသင်ကိုယ်တိုင်က မဟုတ်သည့်အလုပ်ကိုလုပ်နေလျှင် အသင့်မျိုးဆက်ကို အဘယ်ကဲ့သို့ ကိုယ်ကျင့်တရားကောင်းမွန်သော၊ အတွေးအခေါ်မြင့်မားသော တိုင်းပြည့်သားကောင်းဖြစ်အောင် ပျိုးထောင်ပါမည်နည်း။
ကျွန်ုပ်တို့၏မျိုးဆက်သစ်များကို လူကောင်းသူကောင်းများဖြစ်အောင် လေ့ကျင့်ပေးရန်မှာ ကျွန်ုပ်တို့ကိုယ်နှိုက်က လူကောင်း သူကောင်းများဖြစ်အောင် နေမှဖြစ်မည်။
လာဘ်ပေးပြီးမဲဆွယ်ခြင်းသည် အလွန်မှားယွင်းလှသော လုပ်ရပ်ဖြစ်၏။
ပြည်သူအပေါင်း၏ ကိုယ်ကျင့်တရားကို ဖျက်ဆီးခြင်းဖြစ်၏။
ထို့ကြောင့် မှားယွင်းသောလုပ်ရပ်ကို အားမပေးမိကြဘို့ -
လူကြီးလူမကောင်းများကို မရွေးချယ်မိကြစေဘို့ -
မိတ်ဆွေတို့ ပတ်ဝန်းကျင်ရှိ မိဘပြည်သူများခင်ဗျား (အဲလေ ယောင်လို့) ပြည်သူအပေါင်းကို ရှင်းလင်းပြောပြကြပါဟု တိုက်တွန်းလိုက်ရပါသည်။
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်လို့ အစိုးရဖွဲ့နိုင်ရင် အဂတိလိုက်စားမှုကင်းတဲ့အစိုးရဖြစ်စေရမယ်လို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျွန်ုပ်က နိုင်ငံသားတစ်ယောက်အနေနှင့် အလွန်ကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ။
ကျွန်တော်တို့လိုတာ ထီးမဟုတ်၊ ဖိနပ်မဟုတ်၊ ထရန်စဖော်မာမဟုတ်၊ မီးမဟုတ်၊ လမ်းမဟုတ်။
ကျွန်ုပ်တို့လိုတာ၊ အကျွန်ုပ်တို့မြန်မာပြည်သူလူထုကြီးတစ်ရပ်လုံးလိုနေတာသည် ကောင်းမွန်သော၊ မှန်ကန်သော၊ အဂတိကင်းသော အစိုးရတစ်ရပ်သာ ဖြစ်ကြောင်းပါ။
အဓိကနှင့် သာမညကို ခွဲခြားနိုင်ကြပါစေ။)
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၁ စက်တင်ဘာ၊ ၂၀၁၅။ နေ့လည် ၁၂း၀၇ နာရီ
 minaunghlaing-press-620.jpg ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ခန်းမမှာ စက်တင်ဘာလ ၂၁ ရက်နေ့က ပြည်တွင်းမီဒီယာတချို့နဲ့ တွေ့ဆုံစဉ်
တပ်မတော်အနေနဲ့ အာဏာသိမ်းဖို့ အစီအစဉ်လည်းမရှိသလို ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ လုပ်ဆောင်ရ မှာဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒီကနေ့ နေပြည်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ခန်းမမှာ ဗိုလ်ချုပ်မှူးကြီး နဲ့ ပြည်တွင်းမီဒီယာတချို့ တွေ့ဆုံရာမှာ ပြောသွားတာပါ။
"အာဏာသိမ်းတာမျိုးကို မလိုလားပါဘူး၊ အဲ့ဒါကျနော့်ရဲ့ တကယ်ဆန္ဒပါ၊ ကျနော်ကိုယ်တိုင် မကြိုက်တာပါ၊ တပ်မတော်ဆိုတာ စည်းကမ်းကိုအခြေခံပြီးလုပ်ရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်၊ ဒါကြောင့် စည်းကမ်းနဲ့သွားဖို့ လိုလားပါတယ်၊ ဒါကြောင့် တစ်ဘက်ကပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာရှိပါတယ်၊ ဒီပြဌာန်းတဲ့အတိုင်းသွားပါမယ်၊ ဒီဟာကိုကျော်လို့မရပါဘူး"
ဒါ့အပြင် လတ်တလောဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း အားလုံးက မြန်မာဆိုတဲ့စိတ်နဲ့ ဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ ဥပဒေအရ အခွင့်အရေးတွေ ပေးထားသလို ဆွေးနွေးလို့လည်းရပေမယ့် တချို့က ထင်မြင်ချက် နဲ့ လုပ်နေကြတာကြောင့် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေကြောင်း၊ မြန်မာပြည်ကိုချစ်တဲ့စိတ်နဲ့ လုပ်ကြစေလိုကြောင်း သူကတိုက်တွန်းသွားပါတယ်။
လတ်တလော အစိုးရ၀န်ကြီးဌာနတွေကို တပ်မတော်ကအရာရှိတွေ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေတာနဲ့ ပတ်သတ်လို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ အစိုးရလိုအပ်ချက်၊ ကာယကံရှင်ရဲ့ သဘောဆန္ဒအရ ၀န်ထမ်းရွေးချယ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြောင်းရွှေ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။
RFA
http://www.rfa.org/burmese/news/mainaunghlaing-promised-no-coup-09212015111242.html
ရွေး​ကောက်​ပွဲ ​အ​တွက် ​သီး​သန့် ​ဆို​ရင်​တာ့ ​ဆောင်​ရွက် ​ခွင့်​ရ​မှာ ​ဖြစ်​တယ်​လို့ ​နိုင်​ဟံ​သာ ​ပြော
က​ရင် ​ပြည်​နယ် ​ကြာ​အင်း​ဆိပ်​ကြီး ​မြို့​နယ် ​က ​ကျေး​ရွာ ​တ​ချို့​မှာ ​သောင်း​ဂ​ဏန်း ​ရှိ​တဲ့ ​မဲ​ဆ​န္ဒ ​ရှင်​တွေ ​အ​တွက် ​မဲ​စာ​ရင်း ​လုပ်​ခွင့် ​မ​ရ​တော့ ​တာ​ကြောင့် ​မဲ​ပေး​ခွင့် ​ဆုံး​ရှုံး ​ရ​တော့​မယ့် ​အ​ခြေ ​အ​နေ ​ဖြစ်​နေ ​ပါ​တယ်။
အ​ကြောင်း ​က​တော့ ​ဒီ​ကျေး​ရွာ ​တွေ​ဟာ ​မွန်​ပြည်​သစ် ​ပါ​တီ ​ထိန်း​ချုပ် ​နယ်​မြေ​တွေ ​ဖြစ်​ပြီး၊ ​အဲ​ဒီ​မှာ ​ကျေး​ရွာ ​အုပ်​ချုပ်​ရေး ​မှူး ​ခန့်​ခွင့် ​မ​ရ​တာ ​ကြောင့် ​လို့ ​က​ရင် ​ပြည်​နယ် ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင် ​အ​တွင်း​ရေး​မှူး ​ဦး​သော်​တာ​ငြိမ်း​က ​ပြော​ပါ​တယ်။
အုပ်​ချုပ်​ရေး​မှူး ​ခန့်​ပြီး ​မှ​သာ ​ရပ်​ကျေး ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင် ​ခန့်​ရ​မှာ ​ဖြစ်​ပြီး၊ ​ဒါ​မှ​သာ ​မဲ​စာ​ရင်း ​ကောက်​ယူ ​လို့​ရ​မှာ ​ဖြစ်​တယ်​လို့ ​ဦး​သော်​တာ​ငြိမ်း ​က ​ဆို​ပါ​တယ်။
ကြာ​အင်း​ဆိပ်​ကြီး ​အ​ပြင် ​တ​ခြား ​ကေ​အန်​ယူ ​နယ်​မြေ ​ရပ်​ကျေး ​တ​ချို့ ​မှာ​လည်း ​အ​ခု​လို ​ဖြစ်​ရပ်​တွေ ​ရှိ​ပေ​မယ့် ​ကေ​အန်​ယူ ​က​တော့ ​နောက်​ပိုင်း​မှာ ​ခွင့်​ပြု ​ပေး​ခဲ့ ​တယ်​လို့ ​ဆို​ပါ​တယ်။
မွန်​ပြည်​သစ် ​ပါ​တီ ​ဒု​တိ​ယ ​ဥ​က္က​ဌ ​နိုင်​ဟံ​သာ ​က​တော့ ​ရွေး​ကောက်​ပွဲ ​နဲ့ ​ပတ်​သက်​ပြီး ​ဘာ​မှ ​ဝင်​ရောက် ​တား​မြစ် ​တာ​တွေ ​မ​လုပ် ​ဘူး ​လို့ ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။
ဒါ​ပေ​မယ့် ​သူ​တို့ ​ထိန်း​ချုပ် ​နယ်​မြေ​မှာ ​ရပ်​ကျေး ​အုပ်​ချုပ်​ရေး​မှူး ​ခန့်​ဖို့ ​က​တော့ ​အောက်​ခြေ ​ပိုင်း​က ​သ​ဘော​တူ​ဖို့ ​မ​ရှိ​နိုင် ​ဘူး​လို့ ​ပြော​ပါ ​တယ်။
ရွေး​ကောက်​ပွဲ ​အ​တွက် ​သီး​သန့် ​ဆို​ရင်​တာ့ ​ဆောင်​ရွက် ​ခွင့်​ရ​မှာ ​ဖြစ်​တယ်​လို့​လည်း ​နိုင်​ဟံ​သာ​က ​ပြော​ကြား ​သွား​ခဲ့ ​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေက ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲတွေနဲ့ပတ်သက်လို့ သတင်းဌာနများကို တွေ့ဆုံရှင်းလင်းစဉ်။ (စက်တင်ဘာ ၂၁၊ ၂၀၁၅)
 နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း မှားယွင်းနေမှုတွေအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဝေဖန်လိုက် ပါတယ်။ ဒါ့အပြင်ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဥပဒေနဲ့မညီတဲ့လုပ်ဆောင်မှုတွေရှိတယ်လို့လည်း ပြောလိုက်ပါတယ်။ ပါတီအချို့ရဲ့ ဥပဒေမဲ့ လုပ်ဆောင်နေမှုတွေကို ကော်မရှင်ကိုတိုင်ကြားပေမယ့် အရေးယူပေးခြင်းမရှိဘဲ မျက်ကွယ်ပြု ထားတယ်လို့လည်း NLD က ပြောပါတယ်။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခကသတင်းပေးပို့ထားပါတယ်။
ဒီကနေ့ ပါတီအောင်နိုင်ရေးရုံးခန်းမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မီဒီယာနဲ့တွေ့ဆုံ ပြောကြား ချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ခုလိုပြောဆိုလိုက်တာပါ။
“ဦးတင်ဝင်း..ဆိုတဲ့ အနေနဲ့ပေါ့။ ………… သွားရောက်ပြီးတော့ မှတ်ပုံတင်တင်တယ်။ အဓိပ္ပာယ်ကတော့ တပ်မတော်က ကင်းရှင်းသွားပြီ ဖြစ်တယ်၊ ဒါကြောင့်မို့လို့ သူဟာ ရွေးကောက်ပွဲဝင်ရောက်တယ်ဆိုပြီးတော့ကာ …အဲဒီမှာသွားပြီးတော့ ကြေညာချက်အတိုင်းပဲ သွားပြီး ပြောတယ်၊ လုပ်တယ်ပေါ့။ သို့ပေမယ့် အဲဒီပုဂ္ဂိုလ်ဟာ ပြန်လာပြီးတဲ့အခါမှာ ဦးတင်ဝင်းမဟုတ်တော့ဘဲနဲ့ မူလတာဝန်ဖြစ်တဲ့ ဗိုလ်မှူးကြီး တင်ဝင်းအနေနဲ့ တန်းပြည့် ပြန်လည် စစ်မှုထမ်းခိုင်းတယ်ဆိုတာပေါ့။ စစ်မှုထမ်းဆောင်ရွက်တဲ့အဆက်ဆက်ကို ပြန်လည်ပြီးတော့ တန်းပြည့် ပြန် ဆောင်ရွက်ခွင့်ပေးလိုက်တယ် ဆိုပြီးတော့ လုပ်တဲ့ကိစ္စဟာ ဒါကိုလည်း ကန့်ကွက်လွှာတင်တာကိုလည်း နောက်ကျသွားပြီဆိုပြီး အကြောင်းပြချက်နဲ့ ….လျစ်လျှူရှုလိုက်တဲ့ကိစ္စပုံစံမျိုး တွေ့ပါတယ်။”
မကြာသေးခင်က ရန်ကုန်တိုင်းလုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတာဝန်ကနေ အငြိမ်းစားယူခဲ့တဲ့ ဦးတင်ဝင်းနဲ့ပတ်သက်ပြီး NLD နာယက ဦးတင်ဦးက ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိမှာ တပ်မတော်ကနေအငြိမ်းစားယူပြီး နိုင်ငံရေးနယ်ပယ်ထဲဝင်ရောက်လာတဲ့ တပ်မတော်သားဟောင်းတွေဖြစ်ကြတဲ့ ဦးလှဌေးဝင်း၊ ဦးဝေလွင်နဲ့ ဝန်ကြီးဟောင်း ဦးမြင့်လှိုင်တို့ဟာ ထုတ်ပြန်ထားတဲ့စည်းကမ်းချက်ကို မလိုက်နာဘဲ မဲဆွယ်စည်းရုံးမှု လုပ်ဆောင်ခဲ့တဲ့ အထောက်အထားတွေ ရှိပေမယ့် ရွေးကောက်ပွဲကော်မရှင်က အရေးမယူခဲ့ဘူးလို့ သူက ထောက်ပြ ပြောဆိုခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဗဟိုကော်မတီဝင်ဦးဝင်းထိန်ကလည်း မအူပင်ကနေ ကြံ့ခိုင်ရေးပါတီလွှတ်တော် ကိုယ်စားလှယ် အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးသိန်းညွှန့်မှာ မိဘနှစ်ပါးစလုံး နိုင်ငံခြားသားဖြစ်ကြောင်း အထောက်ထားတွေရှိနေပေမယ့် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပေးထားကြောင်း ဒီအပေါ် NLD အနေနဲ့တင်ပြခဲ့ပေမယ့် ကော်မရှင်အနေနဲ့ ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းခြင်းမရှိဘဲ စစ်ဆေးနေဆဲ ဖြစ်တယ်လို့သာ အကြောင်းပြချက်ပေးခဲ့တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
ဒါ့အပြင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးရေး ပါတီကြီးတခုနဲ့ မဘသအဖွဲ့က လှုံ့ဆော်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့တော့ သူက အခုလို ပြောပါတယ်။
“အဲဒီကြေညာချက်က မဘသကထုတ်တာ၊ သေချာတယ်။ ကျနော်တို့ပါတီဥက္ကဋ္ဌကို နာမည်နဲ့တကွ ဖော်ပြတဲ့အပြင်ကို ကျနော်တို့ဟာ သူတို့ အမျိုး၊ ဘာသာ၊ သာသနာ၊ ဥပဒေကို မထောက်ခံတဲ့အတွက်ကြောင့် မဲမပေးဖို့ဆိုတဲ့ လှုံ့ဆော်တဲ့စာ။ အဲဒါနဲ့ပတ်သက်လို့ ဖြန့်ဝေတဲ့ပုဂ္ဂိုလ်က အာဏာရ ပါတီကြီးက ပုဂ္ဂိုလ်။ မြစ်ဝကျွန်းပေါ်တို့၊ ဟင်္သာတတို့၊ ပုသိမ်တို့မှာဆိုလို့ရှိရင် အဲဒီ ရန်ကုန်ကနေ ပို့လိုက်တဲ့ကြေညာချက် အထုတ်လိုက်၊ အထုတ်လိုက်ကို ဓာတ်ပုံရှိတယ်၊ ဖြန့်ဝေတဲ့စာတွေရှိတယ်။ ဖြန့်ဝေတဲ့ပုဂ္ဂိုလ်တွေရှိတယ်။အဲဒါတွေနဲ့ပတ်သက်ပြီးတော့ အကျိုးအကြောင်း ဖော်ပြပြီးတော့ UEC ကို တင်ပြတဲ့ အခါမှာ ကျနော်တို့ ပြောတာကို ဘယ်လိုမှ အရေးယူမပေးဘူး။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဗဟိုကော်မတီဝင်ဦးဝင်းထိန်ပြောဆိုထားတာပါ။ လက်ရှိ နောက်ဆုံးထုတ်ပြန်ထားတဲ့ မဲစာရင်းနဲ့ ပတ်သက်ပြီး ကြုံတွေ့ နေရတဲ့အပေါ်မှာလည်း သူကခုလိုပြောပြပါတယ်။
“ရန်ကုန်တိုင်းက တချို့မြို့နယ်တွေမှာတွေ့တာရော၊ ရှမ်းပြည်မှာရော၊ တနင်္သာရီမှာရော တိုင်းနဲ့ပြည်နယ်အနှံ့မှာတွေ့တာက တချို့ မိသားစုတွေမှာ ကိုယ့်မိသားစုမဟုတ်ဘဲနဲ့ လေးယောက်ပိုတာရှိတယ်။ ၈ ယောက်ပိုတာရှိတယ်။ အဲဒါကို သက်ဆိုင်ရာမိသားစုတွေက မြို့နယ်ကော်မရှင်ကို သွားပို့တယ်။ ကန့်ကွက်မယ်လို့ပြောတာ၊ ကန့်ကွက်ပိုင်ခွင့်မရှိဘူး။ လဝက-သွား၊ လဝက-ကို သွားပြီးပြောတဲ့ အခါကျတော့ လဝက-က သူတို့နဲ့မဆိုင်ဘူး၊ ကော်မရှင်နဲ့ ဆိုင်တယ်- အဲဒီလို ဘောလီဘောပုပ်တယ်-တဲ့။ ပိုတဲ့ပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲ မသိဘူး။ အဲဒီတော့ တမြို့နယ်၊ တမြို့နယ်မှာ ပိုနေမယ် ဆိုလို့ရှိရင် တတိုင်းလုံးဆိုလို့ရှိရင်သောင်းနဲ့ သိန်းနဲ့ချီ ရှိမယ်လို့ ကျနော်တို့ မှန်းဆရ တယ်။”
မဲစာရင်းမှားယွင်းမှုတွေကြောင့် ပါတီအောင်နိုင်ရေးအပေါ်မှာထိခိုက်နိုင်တယ်လို့ လည်း ဦးဝင်းထိန်က ခုလိုပြောပါတယ်။ ပါတီအောင်နိုင်ရေး လုပ်ဆောင်တဲ့ အပေါ်မှာ အခက်ခဲတွေရှိနေပေမယ့် ရာခိုင်နှုန်းပြည့်အောင်မြင်အောင်လုပ်ဆောင်မှာ ဖြစ်ကြောင်း နာယကဦးတင်ဦးက ပြောပါတယ်။
မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
 မျိုးစောင့်ဥပဒေ ကြိုဆိုထောက်ခံပွဲ အခမ်းအနားကို မန္တလေးမြို့မှာ စက်တင်ဘာလ ၂၁ ရက်နေ့က အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)က ဦးစီးပြီး စီတန်းလှည့်လည်ကြစဉ်။ Photo: Hset Paing Toe/RFA
မျိုးစောင့်ဥပဒေ ကြိုဆိုထောက်ခံပွဲ အခမ်းအနားကို မန္တလေးမြို့မှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)က ဦးစီးပြီး မန္တလေးတိုင်းအတွင်းမှာရှိတဲ့ သံဃာတော်၊ သီလရှင်နဲ့ မဘသအဖွဲ့ဝင် သုံးသောင်းကျော်တို့က စီတန်းလှည့်လည်ပြီး ပြုလုပ်ခဲ့ပါတယ်။
အခုလို တိုင်းနဲ့ပြည်နယ်တွေမှာ အောင်ပွဲခံပြီး အင်အားပြရတာဟာ မျိုးစောင့်ဥပဒေကို ဖျက်ဆီးလိုသူတွေရဲ့ အန္တရာယ်ကင်းဝေးစေဖို့ ဖြစ်တယ်လို့ ဆရာတော်ဦးဝီရသူ ကမိန့်ပါတယ်။
"အဓိကကတော့ အနှစ်နှစ်အလလက တောင့်တခဲ့တဲ့ အိမ်မက်ကြီး အကောင်အထည်ဖော်လာလို့ ဝမ်းမြောက် ဝမ်းသာ အောင်ပွဲခံတဲ့သဘောပါပဲ၊ ဒီလိုအင်အားပြရတာဟာ မျိုးစောင့်ဥပဒေကို မြန်မာပြည်သူပြည်သားတိုင်း သံဃာထု၊ သီလရှင်ထုအားလုံးက တခဲနက်ထောက်ခံတယ်ဆိုတာကို ကမ္ဘာကြီးသိစေချင်လို့ပါ၊ အဲ့လိုအင်အားကို သိသွားမှသာရင် မျိုးစောင့်ဥပဒေကို ဖျက်လိုဖျက်ဆီးလုပ်မယ့် အန္တရာယ်တွေ ကင်းသွားမှာဖြစ်ပါတယ်"
ပြည်ထောင်စုလွှတ်တော်က လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ၄ ရပ်ကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။
အလားတူ မျိုးစောင့်ဥပဒေ အောင်ပွဲအခမ်းအနားတွေကို ရန်ကုန်၊ စစ်တွေ၊ စစ်ကိုင်း၊ ပဲခူးနဲ့ မော်လမြိုင်မြို့တွေမှာ ပြုလုပ်ခဲ့ပြီး ကျန်မြို့ကြီးတွေမှာလည်း ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရွေးကောက်ရက်ဖြစ်တဲ့ နိုဝင်ဘာလ (၈) ရက်နေ့မှာ မဲပေးခွင့် မရတဲ့ ပြည်သူတွေရဲ့ မကျေနပ်မှုတွေကြောင့် မဲရုံတွေရှေ့မှာ ဆူပူမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ မြေနီကုန်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင် ဦးဝင်းထိန်က ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အတွေအကြုံတွေကို အခြေခံပြီး ပြောကြားလိုက်တာပါ။
12020624_1180375038644557_1871278140_o
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့ NLD ဗဟိုအောင်နိုင်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
“အခုမဲစာရင်းတွေ မှားတဲ့အတွက်ကြောင့်မို့ မဲရုံရှေ့မှာ ပြဿနာတွေပေါ်မယ်။ ပြဿနာတွေပေါ်ရင် ဆူပူမှုလောက်အထိဖြစ်နိုင်တာတွေရှိတယ်။”
ဒါအပြင် ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးအဆင့် ထုတ်ပြန်ကြေညာထားတဲ့ မဲစာရင်းမှာလည်း အရင် ထုတ်ပြန်ခဲ့တဲ့မဲစာရင်းထက်အမှားအယွင်းတွေရှိနေတဲ့အပြင် ကော်မရှင်ဥက္ကဌရဲ့ ပြောဆိုမှုတွေ ကြောင့်လဲ ရွေးကောက်ပွဲရဲ့ တရားမျှတမှုအပေါ် သံသယစေတယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ဆိုပါတယ်။
“ကျွန်တော်တို့က အမှားကိုတွေ့လို့ ၀ိုင်းကူတဲ့အနေနဲ့တင်ပြတယ်။ ဒါကိုမပြင်ဘူး ပြန်ထုတ်တယ်။ အဲတော့ ကျွန်တော်တို့က တက်နိုင်သမျှတင်ပြမယ်။ မရရင် အခြားနည်းလမ်းပေါ့။”
ဒါကြောင့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိဖို့အတွက် NLD ပါတီအနေနဲ့ကတော့ မဲစာရင်း ကိုင်ထားတဲ့ ပါတီကိုယ်စားလှယ်တွေကို မဲရုံတိုင်းမှာ ထားရှိသွားမှာဖြစ်ပြီး မဲထပ်တာမျိုးတွေ့ရင် ကန့်ကွက်သွားမယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒါအပြင် NLD အနေနဲ့ ရွေးကောက်ပွဲ တရားမျှတဖို့ အတွက် မဲစာရင်းအမှားတွေကို ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်ပေးချိန်မရှိတော့ဘူးလို့လည်း ပြောပါတယ်။
“အဲတော့ လာမဲ့ရွေးကောက်ပွဲမှာ တရားမျှတမှုဆိုတာ မျှော်လင့်ဖို့ အရမ်းကို ခက်ခဲတယ်၊ အမှားက အရင်ကြိမ်တွေထက်ပိုများနေတယ်။ နောက်ထက်ပြန်လုပ်ဖို့လည်း အချိန်မရှိတော့ဘူး။ လုပ်ရင်လည်း ဒီထက်ပိုမှားအုံးမှာပဲ”
လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမျာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက တနိုင်ငံလုံးမှာရှိတဲ့ လွှတ်တော်အရပ်ရပ်က မဲဆန္ဒနယ်မြေအသီးသီးမှာ ၁၁၃၈ ဦး ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတာပါ။ မြန်မာနိုင်ငံလုံးမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော် ၀င်ရောက်ယှဉ်ဖို့ရှိနေပြီးတော့ အဲ့ဒီထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အချိုးအစားဟာ ၁၇.၇ % ရှိနေတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ကိန်းဂဏန်းတွေမှာ ဖော်ပြနေထားပါတယ်။
MCN TV News
http://www.mcntv.biz/news/4155/
ဗလောင်းဗလဲပြောတက်လေသူတစ်ဦးအား ရွေးကောက်ပွဲကော်မရှင်အခွင့်အာဏာအပြင် နိုင်ငံရေးပါတီများကိုပါ ထိန်းချုပ်ခွင့်ပေးလိုက်လေတော့ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာဇာတ်လမ်းများ စဉ်ဆက်မပြတ် ဆက်တိုက်ပေါ်လာရပေတော့သည်။
၂၀၁၅ ရွေးကောက်ပွဲလုပ်ငန်းများစတင်သည့်အချိန်မှစ၍ မဲစာရင်းဒုတိယအကြိမ်ကြေငြာသည့် ယခုအချိန်ထိ တစ်တိုင်းပြည်လုံး အုံးအုံးကြွက်ကြွက် ကြိတ်မနိုင် ခဲမရ အံတကြိတ်ကြိတ် တက်ခေါက်ဆဲဆိုသံများ လျှံကျသွားသလို နိုင်ငံတကာမှစောင့်ကြည့်နေသည့် ပုဂ္ဂိုလ်များပင် ပါးစပ်အဟောင်းသားဖြစ်သွားရကာ နောက်ဆုံး ဟောလီးဝုဒ်မင်းသမီးပင် မနေနိုင်မထိုင်နိုင်ဖြစ်ကာ ပြည်သူတွေ မဲစာရင်းသွားကြည့်ကြဖို့ မဲပေးနိုင်သည့်အခွင့်အရေး မဆုံးရှုံးအောင်ကာကွယ်ဖို့အထိ နိုးဆော်တိုက်တွန်းနေရသည်အထိ ဗမာစစ်သားတို့ မာကြောချက် မွှေချက်ကဖြင့် ကမ္ဘာကျော်ပါပေ၏။
ကိုယ်လုပ်ခဲ့သောလုပ်ရပ်တို့၏ အကျိုးသက်ရောက်မှုအပေါ် တာဝန်ယူခြင်း၊ တာဝန်ခံခြင်း အလျဉ်းကင်းမဲ့ပြီး ကိုယ်နှင့်မဆိုင်သလိုနေကာ ဝေဖန်သူတွေဘာပြောပြော ရေငုံနှုတ်ပိတ် တုံဏှီဘာဝေ မျက်ကန်းနားကန်း ဘာခံစားချက်မှမရှိသည့် ဖုတ်ကောင်များပမာ နေတက်ထိုင်တက်ပုံမှာလည်း ဂင်းနစ်ကမ္ဘာ့စံချိန်ဝင်လောက်ပါ၏။ ၆၂ မတ်မှ ဗမာစစ်တပ်က ထိုစံချိန်တင်ထားခဲ့သည်မှာ ယနေ့ထိတိုင် တစ်ဆက်တည်းဖြစ်ပြီး မည်သူကမျှလည်းမချိုးနိုင်သေးပါ။ ကမ္ဘာပေါ်ရှိ တာဝန်အမဲ့ဆုံးအစိုးရပါပေ။ ယခုလက်တလောဖြစ်နေသော အခင်းအကျင်းများကြည့်ခြင်းဖြင့် ရှင်းနေပါပြီ။
ရွေးကောက်ပွဲဝင်မည့်ကိုယ်စားလှယ်များကိုသာ ရွေးကောက်ပွဲအသုံးစရိတ်စာရင်းများကို စစ်ဆေးမည် စောင့်ကြည့်မည်ဟုသာ တောခြောက်စကားပြောနေသည်။ သူကတော့မူ နိုင်ငံတကာငွေ(ဒေါ်လာသန်း ၂၀)၊ ပြည်သူ့ဘဏ္ဍာ ကျပ်ငွေ(၆၈ ဘီလီယံ)များကို စာရင်းမရှိ(ရှိလျှင်လည်းဖျောက်)သုံးနေပုံများကို မြင်တွေ့ရသောကြောင့်ဖြစ်ပါသည်။ လောလောဆယ် မဲကတ်ပြားရိုက်နှိပ်သည့်ကိစ္စများတွင် ပွင့်လင်းမြင်သာမှုမရှိ၊ သတင်းထောက်များ၏အမေးကို မဖြေနိုင်ခြင်းများက သက်သေပြနေပါပြီ။
လုံခြုံရေးအဆင့်အတန်းရှိစက္ကူများကို ရွေးကောက်ပွဲကော်မရှင်သို့တင်သွင်းပေးသည့် ကုမ္ပဏီသို့မေးမြန်းချက်တွင် လုပ်ငန်းတန်ဖိုးကို ဖွင့်မပြောနိုင်ခြင်းမျိုးမှာ ရိုးသားမှုရှိသည်ဟု မယူဆနိုင်။ ယခုတစ်ခါ မဲကတ်ပြားရိုက်နှိပ်မည့် အစိုးရပြန်ကြားရေးဝန်ကြီးဌာန၏ ပြောဆိုပုံများမှာလည်း လွဲနေသည်။ ရွေးကောက်ပွဲမသမာမှုအတွက် ပြင်ဆင်နေသည်ဟု စွပ်စွဲနိုင်သည့်ကိစ္စများ တွေ့နေရပါသည်။ ဥပမာ မဲပေးခွင့်ရှိသူ ၃၂ သန်းအတွက် သန်း ၄၀ စာမဲကတ်ပြားရိုက်နှိပ်မည်၊ ကြိုတင်မဲအတွက် ၃ သန်းစာ စာအိပ်များရိုက်နှိပ်မည်ဆိုသည်မျိုး။
မဲလက်မှတ်များကို ပိုပိုသာသာရိုက်နှိပ်ထားရမည်မှန်သော်လည်း ၂၀%အထိ ပိုနေပုံများကတော့ ရိုးသားပါသည်ဟု မည်သို့မျှမပြောနိုင်တော့။ ကြိုတင်မဲ လူ ၃ သန်းစာအတွက် လုပ်ထားသည်ဆိုလျှင်တော့ လွန်နေပြီဟုဆိုရပါမည်။ ရွေးကောက်ပွဲကော်မရှင်ကပြောထားသည်က ၂၀၀၀၀ ဆိုတော့ ကွာလွန်းလှသည်။ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားဆိုသည်က ၃ သန်းဆိုတော့ စဉ်းစားစရာပင်မလိုပါ။ ကြိုတင်မဲဆိုသည့် ဆေးနည်းဟောင်းကြီးနှင့်ပင် ကြံ့ဖွတ်က ရွေးကောက်ပွဲကို ရင်ဆိုင်တော့မည်ဖြစ်သည်။
သူတို့ကို ရင်ဆိုင်ဖြေရှင်းနည်းက သိပ်မခက်လှ။ တစ်မြို့နယ်ချင်းအလိုက် မဲပေးခွင့်ရှိသူဦးရေ ရရှိပြီးဖြစ်ရာ ကော်မရှင်ထုတ်ပေးမည့် မဲကတ်ပြားအရေအတွက်အတိအကျကို ဗဟိုအဆင့် နိုင်ငံရေးပါတီအကုန်လုံးနှင့် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအလိုက် ရွေးကောက်ပွဲဝင်မည့်ကိုယ်စားလှယ်လောင်းများက သိခွင့်ရှိရပေမည်။ မဖြစ်မနေ သိခွင့်ရှိရမည်ဖြစ့်သည့်အတွက် ကော်မရှင်က ဤစာရင်းကိုထုတ်ပြန်မပေးပါက ရွေးကောက်ပွဲတရားမျှတမှုကို စီစဉ်လုပ်ဆောင်နေပါသည်ဆိုသော ကတိစကားကို ယုံကြည်နိုင်ရန်ခက်ခဲမည့်အကြောင်းများဖြင့် ဖော်ထုတ်ဖွင့်ချရပါမည်။ လိုအပ်လျှင် ပြည်သူ့အားကိုသုံးရပါမည်။ ပြည်သူ့အကူအညီကိုရယူသုံးစွဲသင့်ပေသည်။
ဤနေရာတွင် ရွေးကောက်ပွဲကော်မရှင်၏ အသုံးစရိတ်များကို စစ်ဆေးခြင်းမပြောနှင့် ရှင်းတမ်းများတင်ပြဖို့တောင်းဆိုခြင်းပင် မပါဝင်သေးပါ။ အဘယ့်ကြောင့် ထိုသို့ပြောရသနည်းဆိုမူ ယခုကဲ့သို့ အသုံးစရိတ်များထဲမှ အစိပ်အပိုင်းသေးသေးလေးဖြစ်သော မဲကတ်ပြားရိုက်နှိပ်မှုတွင်ပင် ရိုးသားပွင့်လင်းမှုကို ပြည်သူတို့မမြင်ရသောကြောင့် ပြောရခြင်းဖြစ်သည်။
တစ်ခုတော့ ပြောချင်ကပြောနိုင်ပါသေးသည်။ ကော်မရှင်ဥက္ကဋ္ဌသည် သမ္မတကခန့်ထားသည်ဖြစ်၍ သမ္မတတစ်ဦးတည်းကိုသာ တာဝန်ခံရမည်ဖြစ်၍ ပြည်သူကိုရှင်းစရာမလိုဟူသောအယူအဆ။ ပြောနိုင်သည်မှာ ကော်မရှင်၏ လုပ်ငန်းဆောင်တာများသည် ပြည်သူ့ဘဏ္ဍာငွေများ၊ နိုင်ငံတကာအထောက်အပံ့များကို ရယူ၍ဆောင်ရွက်ရသည်ဖြစ်သည့် ငွေကြေးဆောင်ရွက်မှုများကို ပမာဏကြီးကြီးမားမားဖြင့်လုပ်ဆောင်ရသည်ဖြစ်၍ အများသံသယရှင်းအောင် ဆောင်ရွက်ရမည်ဖြစ်သလို ဆောင်ရွက်မှုအဆင့်တိုင်းမှာ ပွင့်လင်းမြင်သာမှုရှိရန်အထူးလိုအပ်ပါသည်။ ပြည်သူ့ဘဏ္ဍာငွေမှ သုံးစွဲခြင်းဖြစ်၍ ပြည်သူတို့အသေးစိတ်သိခွင့်ရှိသလို ရွေးကောက်ပွဲလုပ်ငန်းပြီးစီးပါက ကော်မရှင်၏အသုံးစရိတ်ရှင်းတမ်းကို အများသိရန် ပြန်ကြားရေးဝန်ကြီးဌာနမှပင် တာဝန်ယူ ဖြန့်ချီသင့်ပါသည်။
ငွေကြေးပမာဏကြီးမားမှုအကြောင်းကိုသိရန် တစ်ခြားမကြည့်နှင့် အသေးဆုံးဖြစ်သော ကော်မရှင်ဥက္ကဋ္ဌ၏ခံစားခွင့်များတွင် နေအိမ်၊ တစ်လ သိန်း ၃၀ ဟူသောလစာနှင့် ကား ၄ စီးကို ဝန်ကြီးအဆင့်အတန်းအတိုင်းပေးထားသည်ဟု သိထားရပါသည်။ ဗမာပြည်လိုမျိုးအတွက် သေးသေးပမာဏမဟုတ်ပါ။ ဒါတစ်ခုပဲမြင်ရသေးပါသည်။
ထို့ကြောင့် ကော်မရှင်၏လုပ်ငန်းများတွင် ငွေကြေးသုံးစွဲမှုကို ပြည်သူတို့မြင်ခွင့်သိခွင့်ရှိရန် အထူးလိုအပ်သည်မှာ ပြောရန်ပင်အကြောင်းမရှိပါ။ ကော်မရှင်လုပ်ငန်းပြီးစီးပါက စာရင်းစစ်ဆေးမည့်အစီအစဉ်များကို ယခုကတည်းကပင် တောင်းဆိုထားသင့်ပါသည်။
ဆိုခဲ့ပါ ကော်မရှင်လုပ်ငန်းများနှင့် ငွေကြေးသုံးစွဲမှုများကို စစ်ဆေးရန်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်တွင် တာဝန်ရှိသလို ပြင်ပစာရင်းစစ်(နိုင်ငံတကာ)များကို တာဝန်ပေးစစ်ဆေးရန်လည်းလိုအပ်ပါမည်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ အဓိကလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာထဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးသား နိုင်ငံသားအားလုံးကို မဲစာရင်းထဲအားလုံးပါဝင်နိုင်အောင် ဆောင်ရွက်ပေးရမယ်ဆိုတဲ့လုပ်ငန်းဟာ အဓိကမဖြစ်မနေလုပ်ဆောင်ရမယ့် အနည်းဆုံးအခြေခံလုပ်ငန်းတစ်ခုပါ။ ပြည်သူတွေရဲ့ အနည်းဆုံးရပိုင်ခွင့်ဖြစ်တဲ့
အခြေခံအကျဆုံးအခွင့်အရေးဖြစ်တဲ့ ရွေးချယ်တင်မြှောက်ခွင့်နဲ့ ရွေးချယ်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့
အကျင့်သိက္ခာ ပျက်ပြားတယ်နေတဲ့၊ အခြေခံအကျဆုံးမဲစာရင်းကိုတောင် အဂတိကင်းကင်းနဲ့လုပ်ဆောင်မပေးနိုင်တဲ့၊ အရည်အချင်းပျက်ယွင်းနေတဲ့ ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိပါ။ အခြေခံအကျဆုံးမဲစာရင်းကိစ္စကိုတောင် မှန်ကန်အောင်မလုပ်ဆောင်နိုင်တဲ့၊ တာဝန်ပျက်ယွင်းနေတဲ့ ရွေးကောက်ပွဲကော်မရှင်ကို စွပ်စွဲပြစ်တင်လို့ ရနေပါပြီ။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါရှိတဲ့ ‘ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ခြင်း’ အပိုင်း ပုဒ်မ ၄၀၀၊ ပုဒ်မခွဲ (၃)အရ အကျင့်သိက္ခာ ပျက်ပြားတယ်ဆိုရင် အဲဒီသူကို စွပ်စွဲ ပြစ်တင်ပြီး ရာထူးက ဖြုတ်ချလို့ ရပါတယ်။
ရွေးကောက်ပွဲပျက်ပြားသွားမှာ နောက်ကိုဆုတ်သွားမှာမလိုအပ်လို့ စွပ်စွဲပြစ်တင်ပြီး ရာထူးကဖြုတ်ချဖို့မလုပ်နိုင်သေးရင်တောင် ရွေးကောက်ပွဲအလွန်ကာလအတွက် အစစကြိုတင်ပြင်ဆင်ထားရပါလိမ့်မယ်။
ထို့ပြင် ရွေးကောက်ပွဲမတော်မတရားလုပ်မှုနှင့် ကော်မရှင်အသုံးစရိတ်များတွင် ဆင်ခြင်တုံတရားမပါဘဲ သုံးစွဲခြင်း၊ လေလွင့်မှုများရှိခြင်း၊ အလွဲသုံးစွဲမှုများရှိနေကြောင်း စစ်ဆေးတွေ့ရှိပါကလည်း အရေးယူနိုင်သည့် အခွင့်အရေးများအတွက် တရားစွဲဆိုခွင့်ရရှိရန် ယခုကတည်းက ပြင်ဆင်ထားသင့်ပါပြီ။ ယခုတာဝန်ကို အဓိကထမ်းဆောင်ရမည့်သူမှာ နိုင်ငံရေးပါတီများဖြစ်ပါသည်။ ရွေးကောက်ပွဲပျက်မှာစိုး၍ ကော်မရှင်မျက်ထောင့်နီမှာကြောက်၍ မပြောဝံ့ မဆိုဝံ့ မရေးဝံ့သော နိုင်ငံရေးပါတီများ အထူးသတိထားကြပါကုန်။
သို့မဟုတ်ပါက ဆိုခဲ့ပါအခွင့်အရေးများရရှိရေးအတွက် လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများကသာ တောင်းဆိုရတော့မည်ဟု မြင်နေရပါသည်။
__________________________________
လေးစားစွာဖြင့်
Ko Soe Win