09/29/15
 တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ သတ္တုတူးဖော်နေတဲ့ Delco ကုမ္ပဏီရဲ့ စွန့်ပစ်နုန်းရေကို စက်တက်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Lwin Oo/RFA
 တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ သတ္တုတူးဖော်ရေး လုပ်နေတဲ့ Delco ကုမ္ပဏီဝင်းမှာ စွန့်ပစ်ရေကန်ကျိုးကျတာကြောင့် အနီးကရွာက ကလေးတစ်ဦးသေဆုံးခဲ့တဲ့အတွက် ကုမ္ပဏီက လျော်ကြေး ကျပ်သိန်း ၇ဝ ပေးတယ်လို့ သိရပါတယ်။
ကုမ္ပဏီကပေးတဲ့ လျော်ကြေးကို မိဘတွေက လက်ခံလိုက်တယ်လို့ ရေကန်ကျိုးကျမှု ကြောင့် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေသူတွေကို ကူညီပေးနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးခင်စိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က စွန့်ပစ်ရေကန်ကျိုးကျပြီး လူသေဆုံးမှု ဖြစ်ခဲ့တာကြောင့် Delco ကုမ္ပဏီရဲ့ စက်ရုံမန်နေဂျာ ၂ ယောက်ကို သေမှုသေခင်း နဲ့ ရေဖြူမြို့နယ်ရဲစခန်းက အမှုဖွင့်ပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ရေကန်ပြိုကျမှုကြောင့် မြသီတာ၊ ခိုင်သဇင်နဲ့ မဂ္ဂင်ရပ်ကွက်တွေက နေအိမ် ၁၉ လုံး ရေစီးနဲ့ မျောပါပျက်စီးသွားပြီး အဲဒီအိမ်တွေအတွက် ကျပ်သိန်း ၃ဝ တန်ဖိုးရှိတဲ့ အိမ်တွေကို ပြန်ဆောက်ပေးနေတယ်လို့ သိရပါတယ်။
အဲဒီ ၁၉ လုံးအပြင် ကျန်တဲ့ နုန်းတွေဖုံးလွှမ်းခံရတဲ့ အိမ်ခြေ ၄ဝ ကျော်နဲ့ ရေစီးနဲ့မျောပါ သေဆုံးခဲ့တဲ့ တိရိစ္ဆာန်တွေအတွက်တော့ လျော်ကြေး ပေးခြင်းမရှိဘူးလို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
အ​င်္ဂါ​ဂြိုလ် ​ပေါ်​မှာ ​အ​စ​ဦး ​သက်​ရှိ​ပုံ​စံ ​တွေ ​ရှိ​နေ​နိုင်​ဖို့ ​ဖြစ်​နိုင်​ခြေ​လည်း ​တိုး​တက် ​လာ​ပါ​တယ်။
မားစ် ​လို့ ​ခေါ်​တဲ့ ​အ​င်္ဂါ​ဂြိုလ် ​ပေါ်​မှာ ​ရေ​ရှင် ​စီး​ဆင်း ​နေ​တယ် ​ဆို​တာ ​ကို ​ပြ​သ​နေ​တဲ့ ​ထင်​ရှား​တဲ့ ​အ​ထောက်​အ​ထား​တွေ ​ကို ​အ​မေ​ရိ​ကန် ​အာ​ကာ​သ ​အေ​ဂျင်​စီ NASA ​က ​ရ ​ရှိ ​ခဲ့ ​ပါ​တယ်။
ဒါ့​ကြောင့် ​အ​င်္ဂါ​ဂြိုလ် ​ပေါ်​မှာ ​အ​စ​ဦး ​သက်​ရှိ​ပုံ​စံ ​တွေ ​ရှိ​နေ​နိုင်​ဖို့ ​ဖြစ်​နိုင်​ခြေ​လည်း ​တိုး​တက် ​လာ​ပါ​တယ်။
အ​င်္ဂါ​ဂြိုလ် ​ရဲ့ ​ဂြိုလ်​ပတ်​လမ်း​ထဲ NASA ​က ​လွှတ်​တင် ​ထား​တဲ့ ​လူ​မဲ့ ​အာ​ကာ​သ ​ယာဉ်​ပျံ ​က​နေ ​ပေး ​ပို့ ​ခဲ့​တဲ့ ​ဓာတ်​ပုံ ​တွေ ​ထဲ​မှာ ​အ​င်္ဂါ​ဂြိုလ်​ရဲ့ ​နွေ​ရာ​သီ ​လ ​တွေ​တုန်း​က ​ဆား​ပျော်​ရည် ​တွေ ​စီး​ဆင်း​လို့ ​ဖြစ်​ပေါ် ​ခဲ့​တဲ့ ​လမ်း​ကြောင်း ​တွေ ​ကို ​တွေ့​မြင် ​နေ​ရ​ပါ​တယ်။
အ​ခု​ချိန် ​မ​တိုင်​ခင်​အောင်​ထိ ​အ​င်္ဂါ​ဂြိုလ် ​ပေါ်​မှာ ​သက်​ရှိ ​နဲ့ ​အ​ပင်​တွေ ​ရှင်​သန် ​နိုင်​စ​ရာ ​ရေ​မ​ရှိ ​ဘူး ​ဆို​ပြီး ​ယူ ​ဆ ​ထား​ခဲ့​ကြ​တာ ​ဖြစ်​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်လာကြတဲ့ အမေရိကန်သမ္မတ အိုဘားမားနဲ့ ရုရှားသမ္မတ ပူတင် (စက်တင်ဘာ ၂၈၊ ၂၀၁၅)
 အမေရိကန်သမ္မတ Barack Obama နဲ့ ရုရှားသမ္မတ ဗလာတီမီယာပူတင်တို့နှစ်ဦး ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားတဲ့မိန့်ခွန်းအတွင်း သိသာတဲ့ သဘောထားကွဲပြားမှုတွေ ဖြစ်ပေါ်နေပါတယ်။
ဆီးရီးယားနိုင်ငံအတွင်း သွေးထွက်သံယိုမှုတွေ ကြီးမားစွာ ဖြစ်ပေါ်အပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် စစ်မဖြစ်ခင်ကာလ တုန်းက အခြေအနေကို ပြန်ရောက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ခေါင်းဆောင်နှစ်ဦး မျက်နှာချင်းဆိုင် မတွေ့ဆုံခင် ကုလသမဂ္ဂ အထွေထွေညီလာခံကို ပြောကြားတဲ့မိန့်ခွန်းအတွင်း သမ္မတအိုဘားမားက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ်အာဆတ်ကို ရာထူးကဖယ်ရှားပစ်မယ့်၊ ထိန်းချုပ်ပြုလုပ်တဲ့အသွင်ကူးပြောင်းမှုလုပ်ဆောင်ဖို့ သမ္မတ အိုဘားမားက တောင်းဆိုလိုက်ပါတယ်။
ဒါပေမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကို ဆယ်စုနှစ်အတွင်းမှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားတဲ့ သမ္မတပူတင်ကတော့ ဆီးရီးယားခေါင်းဆောင် ရာထူးကပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေတဲ့ IS အစ္စလာမ်မစ်စစ်သွေးကြွတွေကို တိုက်ခိုက်နိုင်ရေးအတွက် သမ္မတအာဆတ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းမရှိရင် ကြီးမားတဲ့မှားယွင်းမှုဖြစ်လိမ့်မယ်လို့ သတိပေး ပြောကြားပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဟစ်တလာပြုတ်ကျရေးအတွက် နိုင်ငံတကာက ပူးပေါင်းတိုက်ခိုက်ခဲ့သလိုမျိုး ကျယ်ပြန့်တဲ့နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းပြီး IS စစ်သွေးကြွတွေကို တိုက်ခိုက်ကြဖို့ သမ္မတပူတင်က တောင်းဆိုလိုက်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
က​ချင် ​ပြည်​နယ် ​နဲ့ ​က​ရင် ​ပြည်​နယ် ​ထဲ​က ​တ​ချို့ ​ဒေ​သ​တွေ​မှာ ​လုံ​ခြုံ​ရေး ​အ​နေ ​အ​ထား​ကြောင့် ​ရွေး​ကောက်​ပွဲ ​ကျင်း​ပ ​နိုင်​ဖို့ ​မ​ရှိ ​ဘူး​လို့ ​သိ​ရ​ပါ​တယ်။
က​ချင် ​ပြည်​နယ် ​တ​ချို့ ​မြို့​နယ် ​တွေ​မှာ ​တိုက်​ပွဲ ​တွေ ​ဖြစ်​ပွား ​နေ​တာ​ကြောင့် ​စောင့်​ကြည့် ​နေ​ရ ​သ​လို၊ ​က​ရင် ​ပြည်​နယ် ​မှာ​က​တော့ ​တိုင်း​ရင်း​သား ​လက်​နက်​ကိုင် ​အ​ဖွဲ့​အ ​စည်း​တွေ​ရဲ့ ​အ​နီး ​တစ်​ဝိုက် ​မှာ​ရှိ ​ပြီး ​လုံ​ခြုံ​ရေး ​ကြောင့် ​မ​ကျင်း ​ပ​နိုင် ​တာ ​ဖြစ်​တယ် ​လို့ ​ပြည်​နယ် ​ကော်​မ​ရှင်​တွေ ​ဘက်​က ​ပြော​ပါ ​တယ်။
က​ရင် ​ပြည်​နယ် ​ထဲ​က ​ကျေး​ရွာ ​ပေါင်း ၄၀၀ ​ကျော် ​ရှိ​တဲ့ ​နေ​ရာ ​မှာ ​တစ်​ရာ ​ကျော်​က ​တော့ ​ရွေး​ကောက်​ပွဲ ​မ​လုပ်​ဖို့ ​သေ​ချာ ​သွား​ပြီ​လို့ ​က​ရင် ​ပြည်​နယ် ​ရွေး​ကောက် ​ပွဲ ​ကော်​မ​ရှင် ​ဥ​က္က​ဌ ​က ​ပြော​ပါ​တယ်။
ဒီ​လို ​ရွေး​ကောက်​ပွဲ ​မ​ကျင်း​ပ ​နိုင်​တဲ့ ​အ​ခြေ ​အ​နေ ​ကို ​ပြည်​ထောင်​စု ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင် ​ကို ​တင်​ပြ ​ထား​ပြီး ​ဖြစ်​တယ် ​လို့ ​လည်း ​ပြော​ပါ​တယ်။
က​ချင် ​ပြည်​နယ် ​မှာ ​လည်း ​လတ်​တ​လော ​အ​စိုး​ရ ​စစ်​တပ် ​နဲ့ ​က​ချင် ​လွတ်​မြောတ်​ရေး ​တပ်​တို့​ကြား ​ဖြစ်​ပွား ​နေ​တဲ့ ​တိုက်​ပွဲ ​တွေ ​အ​ခြေ ​အ​နေ ​ကြောင့် ​ဆွန်​ပ​ရာ ​ဘွန်​တို့ ​မန်​စီ​တို့ ​ဘက်​မှာ ​စောင့်​ကြည့် ​နေ​ရ ​တဲ့ ​အ​ခြေ ​အ​နေ ​ရှိ​ပါ​တယ်။
က​ချင် ​ပြည်​နယ် ​မှာ ​လက် ​ရှိ ​ဖြစ်​ပွား ​နေ​တဲ့ ​တိုက်​ပွဲ ​တွေ​ကြောင့် ​မဲ ​ရုံ​ပေါင်း ၈၀၀ ​ကျော် ​ဖွင့်​ဖို့ ​လျာ​ထား​တဲ့ ​နေ​ရာ ​မှာ ​အ​နည်း ​ဆုံး ၅၀ ​နဲ့ ​တစ်​ရာ ​ကြား ​မဲ ​ရုံ​တွေ ​ဖွင့်​ဖို့ ​မ​လွယ် ​နိုင်​ဘူး​လို့ ​က​ချင် ​ပြည်​နယ် ​ဒီ​မို​က​ရေ​စီ ​ပါ​တီ ​ဥ​က္တ​ဌ ​ဒေါက်​တာ ​တူး​ဂျာ ​က ​ပြော​ပါ​တယ်။
ပြည်​နယ် ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင် ​က​တော့ ​အဲ​လို​မဲ ​ရုံ​တွေ ​ပိတ် ​ရ​ရင် ​အဲ​ဒီ ​ဒေ​သ​က ​လူ​တွေ ​လုံ​ခြုံ​တဲ့ ​နေ​ရာ ​မှာ ​မဲ ​ပေး​နိုင် ​ဖို့ ​စီ​စဉ် ​သွား​မယ် ​လို့ ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
နိုင်​ငံ​ရေး ​ကြောင့် ​ဖမ်း​ဆီး ​အ​ကျဉ်း​ချ ​ခံ​ရ​သူ ​အ​ရေ​အ​တွက် ​ပြန်​လည် ​များ​ပြား ​လာ။
မြန်​မာ ​အ​စိုး​ရ ​အ​နေ​နဲ့ ​ပြည်​တွင်း ​ငြိမ်း​ချမ်း​ရေး ​ရ​ရှိ ​ဖို့ ​လုပ်​ဆောင် ​နေ​တဲ့ ​ကာ​လ ​ဖြစ်​သ​လို ၊ ​လာ​မယ့် ၂၀၁၅ ​ရွေး​ကောက်​ပွဲ ​ကို​လည်း ​လွတ်​လပ် ​ပြီး ​တ​ရား​မျှ​တ ​မှု ​ရှိ​ရ​စေ​မယ် ​ဆို​ပြီး ​အာ​မ​ခံ ​ထား​တဲ့ ​အ​တွက် ​အ​ခု​လို ​နိုင်​ငံ​ရေး ​အ​ကျဉ်း​သား ​တွေ ​ရှိ ​နေ​တာ ​ဟာ ​မ​ဖြစ်​သင့် ​ဘူး ​လို့ FPPS ​အ​ဖွဲ့ ​က ​ဦး​ဆောင် ​ကော်​မ​တီ​ဝင် ​တစ်​ဦး ​ဖြစ်​တဲ့ ​ကို​တင်​မောင်​ဦး ​က ​ဘီ​ဘီ​စီ ​ကို ​ပြော​ပါ​တယ်။
သ​မ္မ​တ​ဦး​စိန် ​အ​စိုး​ရ ​တက်​လာ ​ခဲ့​ပြီး​တဲ့ ​နောက် ​နိုင်​ငံ​ရေး ​အ​ကျဉ်း​သား ​တွေ ​ကို ​လွှတ်​ပေး ​ခဲ့ ​တာ​မှာ ၂၀၁၃ ​အ​ကုန်​ပိုင်း ​မှာ​တော့ ​အ​ကျဉ်း​သား ၂၇ ​ဦး ​ပဲ ​ကျန် ​တော့ ​တာ​က​နေ ​နိုင်​ငံ​ရေး ​ကြောင့် ​ဖမ်း​ဆီး ​အ​ကျဉ်း​ချ ​ခံ​ရ​သူ ​အ​ရေ​အ​တွက် ​ပြန်​လည် ​များ​ပြား ​လာ​တာ ​ဖြစ်​တယ် ​လို့​လည်း ​ကို​တင်​မောင်​ဦး ​က ​ဆို​ပါ​တယ်။
ပြည်​တွင်း ​ငြိမ်း​ချမ်း​ရေး ​လုပ်​ငန်း​တွေ ​နဲ့ ​နိုင်​ငံ​ရေး ​ဖြစ်​စဉ် ​တွေ ​မှာ ​ပါ​ဝင် ​နိုင်​ဖို့ ​ဖမ်း​ဆီး ​ခံ​ထား​ရ​တဲ့ ​နိုင်​ငံ​ရေး ​အ​ကျဉ်း​သား​တွေ ​အား​လုံး ​ကို ​အ​မြန်​ဆုံး ​ပြန်​လွှတ် ​ပေး​ပါ ​ဆို​ပြီး ​နိုင်​ငံ​ရေး ​အ​ကျဉ်း​သား​များ ​စောင့်​ရှောက်​ရေး ​အ​ဖွဲ့ AAPP ​နဲ့ ​နိုင်​ငံ​ရေး ​အ​ကျဉ်း​သား ​ဟောင်း​များ ​အ​ဖွဲ့ FPPS ​က ​စက်​တင်​ဘာ ၂၈ ​ရက်​စွဲ ​နဲ့ ​ကြေ​ညာ​ချက် ​ထုတ်​ပြန် ​တောင်း​ဆို ​ထား​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက အင်အား ၁,၀၀၀ ကျော်ဖြင့် မြို့အနှံ့ စတင်လှည့်လည် မဲဆွယ်နေကြောင်း သိရှိရသည် ။ ကား ၂၀ စီးခန့် နှင့် ဆိုင်ကယ်အစီး ၁၀၀ ကျော်ပါဝင်ပြီး သံချပ်ထိုးသည့် ကားများနှင့် ပါတီအောင်နိုင်ရေး သီချင်းများဖွင့်ကာ ပုသိမ်မြို့အနှံ့ လှည့်လည် မဲဆွယ်ကြခြင်း ဖြစ်သည် ။
“ဒီကနေ့ကတော့ မြို့ထဲရပ်ကွက် နည်းနည်းလောက်နဲ့ သလပ်ခွာကျေးရွာ ၊ ရှောပြာကျေးရွာနဲ့ အနီးတစ်ဝိုက်က ရွာတွေပါဝင်ပါတယ် ။ အခုလို ပါဝင်လှည့်လည်ပေးတဲ့ သူတွေထဲမှာ ပါတီဝင်တွေပါဝင်သလို တချို့မြို့ပေါ်က လူငယ်တွေက ကိုယ့်စရိတ်ကိုယ်စား ၊ ကိုယ့်အင်္ကျီကိုယ် ၀ယ်ဝတ်ပြီး လိုက်လာကြတာတွေ များပါတယ် ။ ပါတီကတော့ စတေကာလေးတွေ အလံလေးတွေ ပေးတာလောက် ပဲလုပ်နိုင်ပါတယ်” ဟု ပုသိမ်မြို့နယ် NLD ပါတီ အောင်နိုင်ရေးအဖွဲ့မှ ကိုလပြည့်ထွန်းက ပြောသည် ။
ပုသိမ်မြို့နယ်အတွင်း ပါတီကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် ပြည်သူကို မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး `ပြောင်းလဲဖို့ အချိန်တန်ပြီ´`အမှန်တကယ် ပြောင်းလဲဖို့ NLD ကိုမဲပေးစို့´ ဟူသော စာတန်းပါ ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင် မဲဆွယ်သွားမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သိရသည် ။
“တစ်ခုထူးခြားတာက သူတို့လှည့်တဲ့ဟာကို မြင်တဲ့ လူငယ်တွေက ချက်ချင်း သူတို့နောက် ပါသွားကြတာပဲ ။ သလပ်ခွာကျေးရွာမှာဆို သူတို့စလှည့်တဲ့ လူထက် ၂ ဆလောက် ပိုများသွားတယ် ” ဟု ပုသိမ်မြို့နယ် ၊ သလပ်ခွာကျေးရွာနေ ဦးမြသိန်းက ပြောသည် ။
၂၀၁၅ ရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးဝေလှိုင်ထွန်း ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုးမိုး ၊ တိုင်းဒေသကြီး အမှတ် ၁ ကိုယ်စားလှယ်လောင်းအဖြစ် ဒေါက်တာဦးစိုးဝင်းနှင့် တိုင်းဒေသကြီး ၂ ကိုယ်စားလှယ်လောင်းအဖြစ် ဦးအောင်သူထွေးတို့က ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည် ။
သတင်း - MMK
The Ladies News Journal
နေပြည်တော်၊ စက်တင်ဘာ ၂၈ ။ ။ စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွက်လာသည့် ၂၀၀၈ခုနှစ်ကတည်းက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲသင့်ကြောင်း သိရှိနားလည်ခဲ့သည်ဟု ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ပြောသည်။
“၂၀၀၈ခုနှစ်ကတည်းက ပြည်သူတွေလိုလားနေတဲ့ ဒီမိုကရေစီအပြောင်းအလဲကို ပြည်သူ့ဆန္ဒအတိုင်း ပြောင်းလဲချိန်တန်ပြီလို့ အဲ့ဒီအချိန်ကတည်းက သုံးသပ်ခဲ့လို့ အဲ့ဒီလိုပြင်ဆင်ပြီးတော့မှ ပြောင်းလဲနိုင်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ဦးတင်နိုင်သိန်းက ပြောသည်။
စက်တင်ဘာ ၂၈ရက်၊ နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ပြည်စံအောင်ရပ်ကွက်တွင် ပြုလုပ်သော ပါတီဝင်များနှင့် တွေ့ဆုံပွဲတွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဒီမိုကရေစီပြောင်းလဲမှုအစ ပြည်ခိုင်ဖြိုးကလို့ ဆိုရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
သို့သော် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးကို ၂၀၀၈ခုနှစ်ကတည်းက သိရှိခဲ့ပြီး ပြောင်းလဲရန် သိရှိနားလည်ခဲ့သည် ဆိုသည့် ကြံ့ခိုင်ရေးပါတီသည် အာဏာရလာသည့် ၂၀၁၁ခုနှစ်ကစတင်ပြီး ပြုပြင်ပြောင်းလဲရေးကို ကြိုးပမ်းခဲ့သော်လည်း အစိုးရသက်တမ်းတစ်ခုဖြင့် ဒီမိုကရေစီရင့်ကျက်သည့် နိုင်ငံတစ်ခုမဖြစ်နိုင်ဟု ဆိုသည်။
“ဒီမိုကရေစီအသီးအပွင့်ခံစားဖို့အတွက်ကို ဒီမိုကရေစီပင်စိုက်မယ်ဆိုလို့ရှိရင် ရာသီပင်စိုက်သလိုမဟုတ်ပါဘူး။ စပါးတို့၊ ပြောင်းတို့၊ ပဲတို့ စိုက်သလိုမဟုတ်ပါဘူး။ နှစ်ရှည်သီးနှံပင်ကြီး စိုက်ပျိုးရသလိုပါပဲ” ဟု ဦးတင်နိုင်သိန်းက ပြောသည်။
ပါတီဝင် ထောင်ပေါင်းများစွာ တက်ရောက်သည့် အဆိုပါ တွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီနယ်မြေမှ ရွေးကောက်ပွဲဝင်ပြိုင်ကြမည့် ကြံ့ခိုင်ရေးပါတီအမတ်လောင်းများလည်း တက်ရောက်ကာ ပါတီဝင်များနှင့် မိတ်ဆက်ကြသည်။
ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်လောင်းဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်က “ဒီရွေးကောက်ပွဲကို ယုံကြည်ချက်အပြည့်အဝနဲ့ ဝင်ရောက်မှာဖြစ်ပါတယ်” ဟု မဲဆွယ်စကား ဆိုသည်။
ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သူ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးလှဌေးဝင်းကလည်း ပြောင်းလဲချိန်တန်ပြီလို့ ပြောဆိုနေမည့်အစား စစ်မှန်သော ပြောင်းလဲမှုကို လိုလားလျှင် ကျွန်တော်တို့နဲ့ လက်တွဲပါဟု ပြောဆိုသွားသည်။
အဆိုပါ တွေ့ဆုံပွဲမပြီးဆုံးခင် ပါတီဝင်များက ထပြန်ကြသည့်အတွက် “ပါတီဝင်လူထုကြီးခင်ဗျာ…။ ကျွန်တော်တို့ပါတီရဲ့ စည်းကမ်းပြည့်ဝတယ်ဆိုတဲ့အတိုင်း ကျွန်တော်တို့ အခမ်းအနားလေးပြီးဆုံးအောင် ခေတ္တအောင့်အီးပေးကြပါ။ မေတ္တရပ်ခံပါတယ်” ဟု ပါတီ၏ တာဝန်ရှိသူတစ်ဦးက ကြေငြာခဲ့ရသေးသည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကလည်း “ပြောင်းလဲချိန်တန်ပြီ၊ အမှန်တစ်ကယ်ပြောင်းလဲဖို့ NLDကို မဲပေးစို့” ဟူသည့် ဆောင်ပုဒ်မဖြင့် နိုင်ငံအဝှမ်း မဲဆွယ်စည်းရုံးနေပြီဖြစ်သည်။
မဲဆွယ်ပွဲ လုပ်နေတုန်း တန်းလန်းကြီး လူတွေ အထုပ် ကိုယ်စီဆွဲပြီး ပြန်ကုန်လို့ စင်ပေါ်က လူကြီးက မျက်နှာမကောင်း။ ဒီအချိန်မှာ အဘတွေ မျက်နှာ မပျက်ရအောင် တစ်ယောက်က ကမန်း ကတန်းတော့ ၀င်ထိန်း ရှာပါရဲ့။ သူထိန်းတဲ့ စကားကျမှ ပိုဆိုးသွားတယ်။"ပါတီဝင် လူထုကြီး ခင်ဗျား။ ကျွန်တော်တို့ ပါတီရဲ့ စည်းကမ်း ပြည့်ဝတယ် ဆိုတဲ့အတိုင်း အခမ်းအနားလေး ပြီးဆုံးအောင် ခေတ္တ "အောင့်အည်း"ပေး ကြပါ။ မေတ္တာရပ်ခံ ပါတယ်"တဲ့။ Zin thaw naing
Posted by Kyaw Soe Htut on Monday, September 28, 2015
Mizzima - News in Burmese
http://mizzimaburmese.com/article/5330#sthash.xWNXuU4s.dpuf
 88-nld-620.jpg NLD နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ နိုင်ငံရေးပူးတွဲ ကြေညာချက်စာတမ်း သတင်းစာရှင်းလင်းပွဲကို မေလ ၂၇ ရက်နေ့က ရန်ကုန်မြို့ NLD ရုံးချုပ်မှာပြုလုပ်စဉ်
ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးက အောက်တိုဘာလ ၆ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အသိပညာပေးဟောပြောပွဲကို NLD နာယက ဦးတင်ဦးနဲ့အတူ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုမြအေးတို့ တက်ရောက်ဟောပြောမယ်လို့ သိရပါတယ်။ အခမ်းအနား စီစဉ်နေသူတစ်ဦးဖြစ်တဲ့ ပန်းဘဲတန်းမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေဖူးဘဆွေက ကုန်ဈေးတန်းလမ်းနဲ့ အနော်ရထာလမ်းထောင့် မှာ ကျင်းပမယ့် အဲဒီဟောပြောပွဲဟာ ၈၈ မျိုးဆက်နဲ့ NLD နဲ့ ပူးပေါင်းမှုကို သက်သေပြရာကျပါလိမ့်မယ်လို့ RFA ကိုပြောပါတယ်။
"၃ နာရီမှာ ဦးတင်ဦး ဟောပါမယ်၊ ၈၈ ဘက်က ဦးမင်းကိုနိုင်နဲ့ ဦးမြအေး ဟောပါမယ်၊ အတူတူလုပ်နေတယ် ဆိုတာ ပြည်သူအရှေ့မှာထွက်ပြီးတော့ ဟောပြောပေးပါမယ်"
အချကျင်းပမယ့် ဟောပြောပွဲအတွက် ခွင့်ပြုမိန့်ရရှိပြီးပြီလို့လည်း သိရပါတယ်။ ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦး ကလည်း အဲဒီအခမ်းအနားကို ကိုမင်းကိုနိုင် တက်ရောက်ဟောပြောမှာဖြစ်တယ်လို့ RFA ကို အတည်ပြုပြောဆို ပါတယ်။
RFA
http://www.rfa.org/burmese/news/88-elections-campaign-for-nld-candidates-09282015115840.html
political-prisoner- ၂ဝ၁၃ ခုနှစ် မေလ ၁၇ ရက်နေ့က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားများကို လာကြိုသူများနဲ့အတူ တွေ့ရစဉ်
လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့ FPPS နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့က ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမှသာ လာမယ့်ရွေးကောက်ပွဲဟာ အားလုံးပါဝင်ခွင့် ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်မှာဖြစ်တယ်လို့ AAPP အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။
"ကြေညာချက်ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကလည်း လုပ်တော့မယ်ဆိုတော့ ကျနော်တို့အတွက် ဒီလိုမျိုးအပြောင်းအလဲ ကာလမျိုးတွေမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်ကိုသော်၎င်း၊ ဒီမိုကရေစီရေးအတွက်သော်၎င်း နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခြင်းအားဖြင့် လွတ်လပ်မယ်ဆိုတဲ့ အမြင်မျိုးကို ပြည်သူတွေ မြင်လာဖို့ရှိပါတယ်၊ ထို့အတူပဲ နိုင်ငံတကာကလည်း အဲ့လိုအမြင်မျိုးတွေ မြင်လာဖို့ရှိပါတယ်"
မကြာခင်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုတော့ မှာဖြစ်တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်လို့ဆိုပြီး ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေး ဖို့လည်းလိုတယ်လို့ ဦးတိတ်နိုင်က ပြောပါတယ်။ AAPP က ပြုစုထားတဲ့ စာရင်းတွေအရ လက်ရှိအကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ကျော် ရှိပြီး တရားရင်ဆိုင်နေရသူ ၅၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။
RFA
http://www.rfa.org/burmese/news/aapp-fpps-urges-political-prisoners-09282015114317.html
မယုံမရှိနဲ့ ကျုပ်တို့ တိုင်းပြည်ရဲ့ ယတြာပွဲ လုပ်တဲ့နေ့က
၂၇-၉-၂၀၁၅ (တနင်္ဂနွေနေ့)
နံမည်က '' ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ''
အင်္ဂလိပ်လိုအဓိပ္ပါယ်က
" Bogyoke Aung San Die. "
" ဗိုလ်ချုပ်အောင်ဆန်း သေသည် " ပေါ့ဗျာ ။
ဗမာလိုလဲ ဒိုင်း !!!!!ဆိုတာ သေနတ်မှန်တာပေါ့။
ပြီးတော့ ခြေနင်းပတ်မှာဗျာ။
မသင့်တော်မှန်း မှားမှန်းပွဲမစခင်က ပြင်လို့ရတာပေါ့။
မပြင်ပဲ ဗိုလ်ချုပ်တွေက တက်နင်းတယ်။
ဒါ သက်သက်လုပ်တာ။ လွတ်လပ်ရေးကိုစော်ကားတာ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စတဲ့ နံမယ်တွေကို အဲသလိုခြေနဲ့နင်းရင်
ငြိမ်ခံနေမှာလား ။ ဘယ်နေမလဲဖမ်းမှာပေါ့။
မလုပ်ပါနဲ့ ကိုဇော်ဇော်
ကျုပ်စိတ်မကောင်းဘူး။ ပြည်သူပြည်သားတွေ သဘောကောင်းတယ်
ဆိုပြီး မစော်ကားပါနဲ့။ အခုလဲ ခွင့်လွှတ်လိမ့်မယ်မထင်ပါနဲ့။
( လူရွှင်တော် အရိုင်း )
https://www.facebook.com/aung.thanoo.16/posts/679942802143347?fref=nf
ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်ကြတဲ့ ဦတင်နိုင်သိန်း၊ ဦးလှဌေးဝင်းတို့ ဦးဆောင်ကျင်းပတဲ့ ကြံ့ခိုင်ရေးပါတီ နေပြည်တော်ကိုယ်စားလှယ်လောင်းများ ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောစည်းရုံး ရေး ပွဲအတွေ့အကြုံလေး ဝေမျှချင်ပါတယ် ။ အရင်ဆုံး ကြံ့ခိုင်ရေးပါတီ ဗဟို အတွင်းရေးမှုး ဦးတင်နိုငိသိန်း ရဲ့ ဟောပြောဆွေနွေးချက်မှာပါဝင်တဲ့ နိုင်ငံရေး အရ အရေးကြီးတဲ့ message လေး၂ ခု အကြောင်း အရင်ပြောချင်ပါတယ်။ ပထမ တချက်က အခြားပါတီ တွေ အနေနဲ့ ပြောင်းလဲချိန်တန်ပြီ လို့ ဝေဖန်နေကြမယ့် အစား ပြောင်းလဲချိန်တန်ပြီ လို့ အရင် ဆုံးဖြတ်ပြီး အပြောင်းအလဲ တွေလုပ်နေတဲ့ ကြံ့ခိုင်ရေးပါတီ နဲ့ လက်တွဲဆောင်ရွက်ကြဖို့ ဒီနေရာ ကနေဖိတ်ခေါ်ကြောင်း ၊ ဒုတိယ တစ်ချက် က ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်နိုင်ဖို့ လိုအပ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးတွေကို လုပ်ဆောင်မယ် .. ဆိုတဲ့ အချက်တွေပါပဲ ။ ဟောပြောဆွေးနွေးခြင်းကို ဦးတင်နိုင်သိန်း တယောက် ကသာ ဆောင်ရွက်ခဲ့ပြီးကျန် ကိုယ်စားလှယ်များ က မိတ်ဆက်စကားအနည်းငယ် သာပြောဆိုခဲ့ကြပါတယ်။ ကိုယ်စားလှယ်လောင်း တွေထဲမှာ လူသိများသူတွေ ကတော့ ဗိုလ်ချုပ်မောင်ဦး (ယခင်ပြည်ထဲရေး ဝန်ကြီးဟောင်း) ၊ ဗိုလ်မှုးချုပ်ဇင်ယော်၊ ဗိုလ်ချုပ်ကြီးလှဌေးဝင်း ၊ ဗိုလ်ချုပ်ဝေလွင် တို့ပါဝင်ကြပါတယ်။ တက်ရောက် လာတဲ့ လူဦးရေကတော့ တစ်ထောင်ကျော် လောက် ရှိမယ်လို့မှန်းပါတယ် ။ ထူးခြားတာကတော့ ပြိုင်ဖက်ပါတီ ကို အပြင်းအထန်ဝေဖန်ပုတ်ခတ် တဲ့ ပြောဆိုသုံးနှုံးမှုများ မပါဝင်ပဲ အမျိုးဘာသာသာ သနာ ကိုလည်း အားထားထည့်သွင်း သုံးစွဲသွားခြင်း မရှိတာပါပဲ။
သို့သော် ကြံ့ခိုင်ရေးပါတီရဲ့ နိုင်ငံရေး ဆိုင်ရာ အယူဝါဒရေးရာ နိုင်ငံရေး မျှော်မှန်းဆောင်ရွက်ချက် တွေ နဲ့ ပတ်သပ်ပြီး ပြောတဲ့ အခါမှာတော့ ပြည်သူတွေ အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင် နေနိုင်ရေး နဲ့ စီးပွါးရေးကောင်းမွန်ရေး ဆိုတဲ့ အချက် ၂ ချက် ကိုသာ အခြေခံပြီးပြောကြားခဲ့တဲ့ အတွက် ကြံ့ခိုင်ရေးပါတီ ရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ ဘုန်းတော်ကြီးတွေ ဘိုးတော်တွေပေးတဲ့ ဆုလဘ်လာဘလောက်ပဲ ရှိသလိုဖြစ်နေပါတယ်။ လက်ရှိကြံ့ခိုင်ရေးပါတီ က ဖွဲ့စည်းထားတဲ့ အစိုးရ က ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ကြောင့် အခုအခါ ရွာတွေမှာ မော်တော်ဆိုင်ကယ် တွေများလာကြောင်း၊ လက်ကိုင်ဖုန်းတွေလည်း လူတိုင်းလို ကိုင်ဆောင် အသုံးပြုနိုင်ကြတာဟာ ဒီမိုကရေစီ အဖူးအညွန့် တွေဖြစ်ကြောင်း ပြောတော့ တက်ရောက်လာ တဲ့ ပရိတ်သတ်တောင် ထ ရီကြပါ တယ်။ ကြံ့ခိုင်ရေး လက်ရှိ အမျိုးသားလွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ စိုက်ပျိုးရေး ဝန်ထမ်းဟောင်း ဦးမှတ်ကြီး က လယ်ယာမြေ ပြဿနာတွေဖြေရှင်းပေးမယ်ဆိုတဲ့ ပြောကြားချက် ကိုတော့ တက်ရောက်သူတွေ သဘောတွေ့ ကြတာတွေ့ ရပါတယ် ။ တက်ရောက်လာတဲ့ လူတွေထဲမှာ ဗိုလ်ချုပ်ဝေလွင်ကို အများစုက သဘောကျတာတွေ့ရပါတယ် ။ တိုတိုရှင်းရှင်းပြော တဲ့ ဗိုလ်ချုပ်မောင်ဦး က လက်ခုပ်သံအများဆုံးရရှိ ပါတယ်။ ပရိတ်သတ် နဲ့ အတူမြေကြီးပေါ်မှာ ကိုယ်စားလှယ်အားလုံး ထိုင်ကြတာဖြစ်ပြီး ထိုင်ခါစ မှာ ဗိုလ်ချုပ်မောင်ဦးက ဖိနပ် ဖင်ခုထိုင်မလိုလုပ်ရင်း ဖိနပ်ပျောက်မှာစိုးကြောင်း ဒါမျိုးရိုးနေပြီလို့ အရွှန်းဖေါက် ပါတယ်။ ပရိတ်တွေထဲမှာ လက်ခုပ်လိုက်မတီးတဲ့သူတွေအများအပြားရှိတာ သတိထားမိပါတယ်။ အဆိုးဆုံးကတော့ ကိုယ်စားလှယ်တွေ မိတ်ဆက်စကားပြောအပြီး ပရိတ်သက် တရောက်က ပြန်လည်ဆွေးနွေးတဲ့ အစီအစဉ်ကျင်းပနေစဉ်မှာ လူတွေ အများအပြား ထပြန်ကုန်ကြလို့ စည်းကမ်းတကျ
အခမ်းးအနား ပြီးသည်အထိ နေကြဖို့တားယူရပါတယ် ။
မဲဆွယ်ပွဲ လုပ်နေတုန်း တန်းလန်းကြီး လူတွေ အထုပ် ကိုယ်စီဆွဲပြီး ပြန်ကုန်လို့ စင်ပေါ်က လူကြီးက မျက်နှာမကောင်း။ ဒီအချိန်မှာ အဘတွေ မျက်နှာ မပျက်ရအောင် တစ်ယောက်က ကမန်း ကတန်းတော့ ၀င်ထိန်း ရှာပါရဲ့။ သူထိန်းတဲ့ စကားကျမှ ပိုဆိုးသွားတယ်။"ပါတီဝင် လူထုကြီး ခင်ဗျား။ ကျွန်တော်တို့ ပါတီရဲ့ စည်းကမ်း ပြည့်ဝတယ် ဆိုတဲ့အတိုင်း အခမ်းအနားလေး ပြီးဆုံးအောင် ခေတ္တ "အောင့်အည်း"ပေး ကြပါ။ မေတ္တာရပ်ခံ ပါတယ်"တဲ့။ Zin thaw naing
Posted by Kyaw Soe Htut on Monday, September 28, 2015
နေအရမ်း ပူနေတာကြောင့် လူအတော်များများ ပွဲစကတည်း က ဖင်တကြွကြွဖြစ်နေတာပါ။ ကျွန်တော့ အမြင်ပြော ရရင်တော့ ဦးရွှေမန်းတို့ ဦးဇော်မြင့်ဖေတို့ လို ပြောတက်ဆိုတက် ပုဂ္ဂိုလ်တွေကို ရုတ်တရက် ဖယ်ရှား လိုက်တာကြောင့် ကြံ့ခိုင်ရေး မှာ အထောင်ကစားသမား မရှိသလိုဖြစ်သွားတာ ဟာ လူထုနဲ့ ထိတွေ့တဲ့ အခါ အဓိက ပြဿနာဖြစ်လာပါ တယ်။ အခြေခံ အကျဆုံးလိုအပ်ချက်ကတော့ လူထု ရင်ထဲကို ရောက်တဲ့ ပါတီဖြစ်အောင် လူထု နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ပါတီဖြစ်အောင် အစိုးရအာဏာပိုင် တွေ ဆိုတဲ့ အရိပ်ကြီးထိုးနေတာကို ဖယ်ရှားနိုင်ဖို့လို ပါတယ်။ နိုင်ငံရေး အပိုင်း မှာလည်း ပြည်သူတွေ နှစ်ပေါင်း ၃၀ နီးပါးကြားခဲ့ ရတဲ့ လမ်းတွေတံတား တွေ အကြောင်း မပြောပဲ ပြင်ပ ကမ္ဘာကြီး ကို ပြတင်းပေါက် လှမ်းမြင်ရသလို မြင်နေရတဲ့ အခုလို အင်တာနက် ခေတ်ကြီးမှာ လူထုကို ကမ္ဘာ နဲ့ ရင်ပေါင်တန်းပြီး ဘယ်လိုနေနိုင်အောင် နိုင်ငံ ကို ကမ္ဘာ့အလယ်မှာ ခေါင်းမော့ရင်ကော့ပြီး နေနိုင် အောင် ဘာတွေလုပ်မယ် ဆိုတာမျိုး သာပြောဆို စည်းရုံးခြင်း ကသာ လူထု စိတ်ဝင်စားမှု အာရုံစိုက် မှုကို ရနိုင်မယ်လို့ထင်ပါတယ်။
၂၈-၉-၂၀၁၅
နေပြည်တော်
Thiha Thwe
 နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ၈ မြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၉ ဦးကို စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ Photo: Win Naung Toe/RFA
 လာမယ့်ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် လွှတ်တော်သက်တမ်း ၅နှစ်အတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဆောင်ရွက်သွားမယ်လို့ ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ၈မြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၉ ဦးနဲ့ ပါတီဝင်တွေ တွေ့ဆုံပွဲမှာ ဦးတင်နိုင်သိန်းက ပြောခဲ့တာဖြစ်ပါတယ်။
"လာမယ့် ၅ နှစ်အတွင်းမှာ တိုင်းရင်းသားတွေရဲ့ ဆန္ဒအပေါ် မူတည်ပြီးတော့ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ ဖက်ဒရယ်မူအတွက်ကို လိုအပ်မယ့် ဥပဒေအချက်အလက်တွေကို ဖြည့်စွက်ပြင်ဆင်ဖို့ လိုအပ်ပါတယ်၊ ဒီမိုကရေစီရှင်သန် ဖွံ့ဖြိုးရင့်ကျက်ခိုင်မာရေးအတွက် လိုအပ်မယ့် ဥပဒေအချက်အလက်တွေ ဖြည့်စွက်ပြင်ဆင် သွားရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လာမယ့် ၅ နှစ်အတွင်းမှာ ပြင်ဆင်ရေးကို တိုင်းရင်းသား အဖွဲ့အစည်းမျိုးစုံ အစိုးရ၊ ပြည်သူအားလုံးနဲ့ ကျနော်တို့ ညှိနှိုင်းတိုင်ပင်ပြီးတော့မှ ဆောင်ရွက် သွားရမှာဖြစ်ပါတယ်"
ဒါ့အပြင် သမ္မတဦးသိန်းစိန်လက်ထက် ၅ နှစ်တာကာလအတွင်းမှာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေဟာ အားရစရာမရှိဘူးဆိုပြီး ပြောဆိုဝေဖန်နေကြတာဟာ လက်တွေ့မကျကြောင်းနဲ့ အစိုးရသက်တမ်းအတွင်း မှာ ကျေးလက်ဒေသတွေမှာ  ဆိုင်ကယ်တွေနဲ့ လက်ကိုင်ဖုန်းတွေ ကိုင်ဆောင်သုံးစွဲနေကြပြီဖြစ်ကြောင်းလည်း လက်ရှိအစိုးရရဲ့ အောင်မြင်မှုအဖြစ် ပြောခဲ့ပါတယ်။
နေပြည်တော်ကောင်စီ မြို့နယ် ၈ မြို့နယ်က မဲဆန္ဒနယ် ၁၀ခုမှာ ပြည်ခိုင်ဖြိုးပါတီကနေ အငြိမ်းစားဗိုလ်ချုပ် ကြီးဟောင်း ဦးလှဌေးဝင်း၊ အငြိမ်းစားဗိုလ်ချုပ်ဟောင်း ဦးဝေလွင်၊ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်း၊ ဦးမောင်ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်လှိုင် စတဲ့ ထိပ်တန်းအစိုးရနဲ့ တပ်မတော်ဘက်က ကူးပြောင်းလာတဲ့ ပုဂ္ဂိုလ်တွေ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲကို နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်မှာ ကျင်းပခဲ့တာဖြစ်ပြီး လူ ၃၀၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese
http://www.rfa.org/burmese
 မြန်မာအမျိုးသားလက်ရွေးစင် ဘောလုံးအသင်းဟာ သိပ်မကြာသေးခင်က ကျင်းပတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၀က်ဝက်ကွဲရှုံးပွဲဆင်သွားခဲ့ပါတယ်။ နှစ် ၃၀ ၀န်းကျင်အတွင်း အဆိုးရွာဆုံးရှုံးပွဲတွေနဲ့ ရင်ဆိုင်ရတယ်လို့ ဘောလုံးဝါသနာရှင်တွေက ပြောကြပါတယ်။ ကမ္ဘာ့ဘောလုံးအဆင့်သတ် မှတ်ချက်အရလည်း အောက်ပိုင်းကို ထိုးဆင်းသွားပါတယ်။ ဘောလုံးအကြောင်း ကြီးကြီးကျယ်ကျယ်တွေပြော၊ သက်တမ်းအလိုက် ပြိုင်ပွဲတွေ ကျင်းပ၊ နိုင်ငံတကာပြိုင်ပွဲတွေ ၀င်ပြိုင်လုပ်နေရင်းမှာပဲ အမျိုးသားလက်ရွေး စင် အသင်းရဲ့ အခြေအနေဟာ ဟိုးတုန်းက အခြေအနေကိုပဲ ပြန်ရောက်သွားပါပြီ ခင်ဗျာ။ မောင်မှန်တို့တတွေ အားငယ်ရပါသော်ကော။
ဘောလုံးမှာ အားငယ်နေရပေမယ့် တဖက်မှာ အားတက်စရာတွေရှိနေလို့ တော်ပါသေးတယ်။ ကမ္ဘာ့အဆင့် အနေနဲ့ တတိယလိုက်တဲ့ကိစ္စတခုရှိတယ်။ ကမ္ဘာ့သစ်တောပြုန်းတီးမှုမှာ မောင်မှန်တို့နိုင်ငံက တတိယစွဲပါ တယ်။ (တလောက တပတ်တကျွန်းကျသွားတဲ့ သစ်စောရတွေရဲ့ နိုင်ငံကြီးကတော့ သစ်တောများ ပြန်လည် ဖုံးလွှမ်းလာမှုမှာ ကမ္ဘာ့အဆင့် ၁ ချိတ်ပါတယ်။ ကိုယ့်ဆီက အလုံးလိုက်ခုတ်ပြီး သူ့ဆီမှာ ကိုင်းကူးစိုက်နည်းနဲ့ အလုံးလိုက်များ ပြန်စိုက်လေသလား မပြောတတ်ဘူး၊ ထားတော့) ဒါတင် တတိယစွဲသလားဆိုတော့ မကသေး ဘူး၊ ကမ္ဘာ့မူးယစ်ဆေး ထုတ်လုပ်မှုမှာကျ ဒုတိယဗျာ၊ မကြာသေးခင် ရန်ကုန်မှာမိလိုက်တဲ့ စိတ်ကြွဆေးပြားတွေ ဆိုလည်း ဒေါ်လာသန်းချီတန်ပြီး ကမ္ဘာမှာ ဒုတိယအများဆုံး စံချိန်တင်ပြန်သတဲ့။ ခုထိလည်း အဲဒါကြီးက ပိုင်ရှင် မပေါ်သေးဘူး။ ပြင်တလင်းသား ငနင်းပြားဖြစ်နေတုန်းပဲ၊ (ပြင်တလင်းသားဆိုတာ အဖမဲ့သားကိုခေါ်တာပါ၊ ဆရာကြီး မင်းသုဝဏ်သုံးခဲ့ဖူးပါတယ်) ရန်ကုန်ရွှေမြို့တော်ကြီးထဲကို စိတ်ကြွဆေးတင် ကွန်တိန်နာယာဉ်ကြီး ဘယ်လိုဝင်ရောက်လာတယ်ဆိုတာကိုလည်း ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိကြရသေးဘူး။ ရှေ့မှာလည်း ဒါမျိုးကြီးတွေ ဘယ်လောက်လွတ်သွားခဲ့ပြီလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ ဒါကြီးလည်း လွတ်တယ်ဆိုရင် ဂွတ်ရှယ်ပဲ။
ရွေးကောက်ပွဲကြီးကလည်း နီးပြီမို့လား၊ ဟ, မူးယစ်ဆေးမိတာနဲ့ ရွေးကောက်ပွဲနီးတာ ဘာဆိုင်လို့တုံး မောင်မှန် ရာဆိုပြီးတော့ဖြင့် မမေးနဲ့နော်။ မောင်မှန်တို့ဆီမှာ လက်ဆုပ်လက်ကိုင် မပြနိုင်သေးပေမယ့် နိုင်ငံတကာမှာ တော့ ဒါမျိုးကြီးတွေဖြစ်လေ့ရှိတယ်။ ဘိန်းဘုရင်ကြီးတွေ၊ မူးယစ်ရာဇာကြီးတွေက သူတို့လုပ်ငန်းကရတဲ့ ငွေ တွေပုံအောသုံးပြီး သူတို့ကိုယ်တိုင် အတွက်ဖြစ်စေ၊ သူတို့ဆရာရဲ့ ဆရာမွေး၊ တပည့်မွေးတွေအတွက် ဖြစ်စေ ရွေးကောက်ပွဲ မဲဆွယ်လေ့ရှိကြပါတယ်။ ပေါ်သွားရင်တော့လည်း ကမ္ဘာ့ပြည်သူများ သိကြရတာပေါ့။ မပေါ်ရင် တော့လည်း အစိုးရအဖွဲ့ထဲ ဒါမှမဟုတ် လွှတ်တော်ထဲ ဘိန်းငနဲကိုယ်စားလှယ်တွေရောက်သွားတော့တာပေါ့။ ရွေးကောက်ပွဲ ရန်ပုံငွေကိစ္စဆိုတာ စည်းမျဉ်းအကန့်အသတ်တွေရှိပေမယ့် တကယ်တမ်းမှာ လက်တလုံးခြား မက၊ ဆံခြည်တမျှင်ခြားပါ လုပ်လို့ရတာတွေ အများကြီး၊ မဲဆိုတာ ဆွယ်ရုံမက ၀ယ်လို့ပါရတဲ့ အမျိုးပဲဟာ၊ နိုင်ငံ တကာမှာ ပြောတာနော်။ နိုင်ငံတကာမှာ ပြောတာ။
မောင်မှန်တို့ဆီမှာကတော့ မဲဝယ်ဖို့မဆိုထားနဲ့၊ မဲဆွယ်ဖို့တောင် မလိုသူတွေ မလိုဘူး၊ အေးဆေးပဲ၊ သူတို့ကို လူထုက အပြည့်အ၀ထောက်ခံပြီးသား၊ ပြည်ခိုင်ဖြိုးကနေ ဖြူးမြို့နယ်မှာ အရွေးခံမယ့် သူရဦးရွှေမန်းက သူ့ အနေနဲ့ ဖြူးမှာမဲဆွယ်ဖို့မလိုကြောင်း၊ မဲဆန္ဒရှင်တွေကို မျက်နှာလာပြခြင်းသာ ဖြစ်ကြောင်း၊ ဖြူးလူထုကိုပြောခဲ့ တယ်။ ဒီလိုပဲ သမ္မတကြီးရဲ့လမ်းညွှန်တာဝန်ပေးမှုနဲ့ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အဖြစ် (ပြည်ခိုင်ဖြိုးကမဟုတ်ဘဲ) တသီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် နေပြည်တော်ကောင်စီဝင် ဦးမျိုးညွန့်က ''ပွင့်ပွင့်လင်းလင်းပြောရရင် ယုံကြည်မှုလွန်ကဲတာ မဟုတ်ဘူး။ နိုဝင်ဘာ ၇ ရက် တနေ့တည်းနဲ့ ကျွန်တော့်အတွက် (မဲဆွယ်စည်းရုံးရန်) လုံလောက်တယ်။ နေပြည်တော်အတွက်''လို့ ပြောပါတယ်။ သုံးမိနစ်ပဲ စောင့်တော့မဟုတ်ဘူး၊ ၂၄ နာရီပဲစောင့်တဲ့၊ သုံးမိနစ်က ခေါက်ဆွဲပြုတ်ဆိုတော့ လွယ်တယ်၊ ကိစ္စမရှိဘူး။ ၂၄ နာရီက နိုင်ငံရေးရာမှာ အကြီးအကျယ် ယှဉ်ပြိုင်ရမယ့်ကိစ္စကြီး၊ ခက်တယ်။ ဒါပေမဲ့ တရက်ဆိုလည်း တရက်ပဲ ပေါ့။ ဦးမျိုးညွန့်ပြောတာကို သဘောပေါက်ပေမယ့် တကယ်က နိုဝင်ဘာ ၇ ရက်ဆိုတာ မဲမဆွယ်ရနေ့ (Silent Day) ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း မဲဆွယ်စရာကို လုံးဝ(လုံးဝ) မလိုအပ်ဘူးလို့ ဆိုလိုတာလည်း ဖြစ်နိုင်ပါ တယ်။ ဂလောက်ကြီးပြောထားဆိုထားတာတောင် မလိုသူတွေက ဦးမျိုးညွန့်ကို နေပြည်တော်ကောင်စီရုံးနားက ရပ်ကွက်နှစ်ခုမှာ အာဏာသုံးပြီး မဲပေးခိုင်းတယ်ဆိုပြီး လျှောက်ပြောကြသေးတယ်။ ဒါကို ဦးမျိုးညွန့်က ''မဲပေး နည်းပါ၊ ကျွန်တော့်အောင်နိုင်ရေးအဖွဲ့က ကျွန်တော့်လက်ကမ်းစာစောင်မှာ ကျွန်တော့်ကို ထောက်ခံရင် တံဆိပ် တုံး ဒီမှာထုပါ၊ ဒါမျိုးပြောတာပါ။ ကျွန်တော့်ကို သဘောကျရင် ဒီနေရာလေးမှာထုပါ။ အဲဒါလေးပြောတာပါ''လို့ ဖြေရှင်းပါတယ်။ ဒါလေးများ၊ ဒါလေးများလာပြီး ပြောနေရတယ် အချစ်ရယ်ပေါ့။
မလိုသူတွေဆိုတာတော့ ဒီလိုပဲ ရှာကြံအပြစ်ပြောနေကြမှာပဲ။ သိကြားမင်းဖန်ဆင်းတဲ့ နွားတောင်ဖင်ရှုံ့တယ် အပြောခံရသေးတာမို့လား၊ မဲမဆွယ်ပြန်တော့တပြစ်၊ ဆွယ်ပြန်တော့လည်း တပြစ်၊ ခုပဲကြည့်ဦး။ ရွေးကောက် ပွဲနီးတော့ ထီးဝေ၊ အင်္ကျီဝေလုပ်တဲ့သူတွေလည်း လုပ်ကြတာပေါ့။ ဒါကို မဲဆွယ်ရက်ထက်စောလုပ်လို့ဆိုပြီး ကော်မရှင်ကို တိုင်တဲ့သူက တိုင်သေးတယ်။ ဒါဘာဖြစ်သတုံး၊ ထီးပေးတော့ ဆောင်းရတာပေါ့။ အင်္ကျီဝေတော့ ၀တ်ရတာပေါ့။ ပြည်သူတွေ အကျိုးရှိတာပဲ ဟုတ်ဖူးလား။ ဒါတွေဝေတဲ့ ပါတီကြီးဟာ အသင်းကြီးဘ၀ကတည်း က စုဆောင်းခဲ့တဲ့ငွေတွေမနည်ဘူး။ အသင်းကြီးတုန်းက အမျိုးသားရေးအသင်းကြီးအဖြစ်အမည်ခံလေတော့ အဲဒီအထဲ ပြည်သူ့ငွေတွေလည်းပါသပေါ့။ ပြည်သူထံမှ ပြည်သူထံသို့ ပြန်လည်စီးဆင်းတာ မနာလိုမရှိကြပါနဲ့ ခင်ဗျာ။ တခါ အာဏာပါဝါသုံးပြီး ပြည်သူတွေကို ဆေးလိုက်ကုသခိုင်းသတဲ့။ ပြောကြသေးတယ်။ စေတနာ အပြည့်နဲ့ ကျေးရွာအရောက် ခရီးပေါက်အောင်သွားပြီး ဆေးကုခိုင်းတာကိုတောင်မှ မဲဆွယ်နည်းတမျိုးလို့ ဆိုကြ သေးတယ်။ ဒါလည်း ပြည်သူတွေအကျိုးရှိတာပဲ ဟုတ်ဖူးလားလို့၊ ဘယ်သူဘယ်ဝါတွေကပဲ ကုပေးကုပေး၊ ရောဂါပျောက်ရေး အဓိကပဲမို့လား၊ ဒါကိုတော့ ကော်မရှင်တိုင်သံမကြားရဘူး။
ရွေးကောက်ပွဲဝင်မယ့် အငြိမ်းစားဗိုလ်ချုပ်ကြီးတယောက်ကလည်း နေပြည်တော်အနားက ကျေးရွာ ၁၆ ရွာ လျှပ်စစ်မီးရရှိရေးအတွက် သိန်း ၆၄၀ လှူတယ်။ ဒါလည်း သာဓုခေါ်ရမှာပဲ။ ဘယ်ကပိုက်ဆံလဲ၊ ဘာလဲ ညာလဲ စသဖြင့် အကျယ့်အကျယ် မငြိမ်းဖွယ်တွေ လျှောက်လုပ်နေစရာမလိုပါဘူး။ ဒါကို တချို့မျက်စောင်းခဲချင်သူတွေ ရှိသေးတယ်။ နောက်ပြီး အဲဒီ အငြိမ်းစားဗိုလ်ချုပ်က တရားဘာဝနာသမား၊ ရွေးကောက်ပွဲမှာ ပြည်သူတွေက မကြိုက်လို့ မဲမပေးရင် တရားအားထုတ်ပြီး အေးအေးဆေးဆေးနေတော့မယ်လို့ ပြောထားပြီးသား။ (ဟိုအရင် တုန်းက စိတ်မျိုးဆိုရင်တော့ မောင်မှန် ရေးမိဦးမှာ၊ ဘာလဲ တရားအားထုတ်မယ်ဆိုတာ တရုတ်အားထားမယ်လို့ ပြောတာလား၊ ဘာလားပေါ့လေ၊ ခုတော့ မောင်မှန် မရေးချင်တော့ပါဘူး။ တရားရနေပါပြီ)ကြည့်လေ၊ ရွေး ကောက်ပွဲမှာ ယှဉ်ပြိုင်သူ အတော်များများ ပြောလေ့ရှိသလို နိုင်ကိုနိုင်ရမယ်၊ ဘာဟယ် ညာဟယ် အတင်း မပြောဘူး။ သိန်း ၆၄၀ လှူပြီး အေးအေးဆေးဆေးပဲ နေရှာတယ်။
ခုလောလောဆယ် နယ်တကာနယ်၊ ဆွယ်တကာ့ဆွယ်ထဲမှာ ရှယ်တကာ့ရှယ်ကတော့ မြောင်းမြပွဲပဲခင်ဗျ။ စက်တင်ဘာ ၁၈ ရက်ကျင်းပခဲ့ပြီး အင်အားသောင်းချီတက် ရောက်ခဲ့ပါတယ်။ ရှယ်တကာ့ရှယ်လို့ ပြောရတာက အရင့်အရင်တွေနဲ့မတူလို့ပါ။ လူအင်အားရော၊ မဲဆွယ်လှုံ့ဆော်ပုံတွေရော ထူးပါတယ်။ လူအင်အားသောင်းချီက မြို့ခံမဟုတ်သူတွေ၊ အနီးဝန်းကျင်ရွာကလူတွေဆိုပေမယ့် များတာကတော့ များတာပဲလေ။ ဒါကို အလေ နတ္တော ပြောကြသေးတယ်။ ပိုက်ဆံပေးခေါ်လာတယ်တို့၊ ကြာဆံကြော်နဲ့ အင်္ကျီပေးမယ်ဆိုပြီး ခေါ်လာတယ်တို့ စသဖြင့်ပေါ့။ ဒါနဲ့ပတ်သက်ပြီး မြို့နယ်အဆင့်တာဝန်ရှိသူတယောက်က ''ကျွန်တော်တို့ ပါတီအနေနဲ့တော့ လာ ရောက်ထောက်ခံအားပေးကြတဲ့ သူတွေကို အခကြေးငွေပေးတာ မရှိပါဘူး။ အဆာပြေအဖြစ်သာ ကြာဆံ ကြော်ဘူးတွေ ပေးတာပှဲပါတယ်။ ဒီပွဲကလည်း ကျွန်တော်တို့ပါတီကို ထောက်ခံအား ပေးတဲ့သူတွေက ပါတီကို အားပေးမှုနဲ့ လုပ်ဆောင်တာပါ''လို့ပြောပါတယ်။ (ဇလွန်ပွဲတုန်းက ဘုရားမဲဖောက်ပေးတယ်၊ ၀က်သားဝေတယ်၊ တောင်သာပွဲမှာ ဒံပေါက်ဝေတယ်၊ လုကြယက်ကြလို့ ရန်တွေတောင် ဖြစ်ကြသေးတယ်ဆိုပဲ၊ ဒါတွေက နည်း နည်းကြာပါပြီ) ကိုယ့်ဟာနဲ့ကိုယ် ဘာဝေေ၀၊ ဘာလုပ်လုပ် လုပ်ချင်ရင်ရာလုပ်မှာပေါ့။ ပြည်သူ့ဘဏ္ဍာတွေနဲ့ လုပ်သလား၊ ဘာလားသိချင်ရင် လာစစ်ကြည့်ကြပေါ့။ တွေ့သွားမယ်၊ ပါတီကြီးရဲ့တလသုံးငွေကို ပေါ်တင်ထုတ် ပြောထားတာ ဘာမှမကြားသေးဘူး။ မဲဆွယ် လှုံ့ဆော်ပုံထူးတာက အရင်လို ဦးဘယ်သူကို မဲပေးပါဆိုတာမျိုး မဟုတ်တော့ဘူး။ ကဗျာ ဆန်လာတယ်။ ဆန်းသစ်လာတယ်။ ရင်မှာစွဲလမ်း ဦးတင့်ဆန်းတဲ့၊ ပြည်သူချစ်ကြည် ဦးခင်ရီတဲ့၊ မြညိုချစ်သော ကိုရင်သြတဲ့၊ ဟာ,မှား ကုန်ပြီ၊ ဒါက ဘီအီးဒီအောင်သိုက်ရဲ့ ကက်ဆက်ဇာတ်လမ်း နာမည် ချည်းပဲ။ ဦးတင့်ဆန်းကို ပြည်သူတကယ်စွဲလမ်း၊ မလမ်းတော့ မသိဘူး။ မောင်မှန်ကတော့ အမှန်အကန် စွဲလမ်းတယ်။ မောင်မှန်အစမှာ ရေးခဲ့တဲ့ မြန်မာဘောလုံးနိမ့်ကျမှုကြီးဟာ ဦးတင့်ဆန်း အားကစားဝန်ကြီးအဖြစ် တာဝန်ယူစဉ်မှာ ပေါ်ပေါက်ခဲ့တာမို့လား၊ မမေ့တော့ပါဘူး။ ဦးခင်ရီကိုတော့ ပြည်သူရော မောင်မှန်ပါ တကယ် ကြီး ချစ်ကြည်တာပါ။ နအဖခေတ်မှာ ရဲချုပ်လုပ်ခဲ့ကြီး လ၀က၀န်ကြီးဘ၀မှာ မဲစာရင်းနဲ့နှိုင်းယှဉ်ဖို့ သန်းခေါင် စာရင်းကောက်ပေးခဲ့တာမို့လား၊ မချစ် ဘယ်ခံနိုင်ပါ့မတုန်း၊ ထားပါတော့ (မြောင်းမြကို တုပပြီး ကျန်တဲ့နယ်တွေ မှာလည်း ပါးရိုက်ဂုဏ်တင့်ဦးအုန်းမြင့်တို့၊ တနပ်ပိုင်ပိုင် ဦးမြင့်လှိုင်တို့ စတဲ့ဟာမျိုးတွေလည်း ပေါ်လာနိုင်ပါသေး ခင်ဗျာ)
ဒါနဲ့ မောင်သစ်မင်းရေးပြီး ကျော်ဟိန်းဆိုတဲ့ စဉ်းစားကြဆိုတဲ့ သီချင်းကို စာဖတ်သူများ နားထောင်ဖူးကြတယ် မဟုတ်လား။ ''မှောင်နေရင်လေ မီးထွန်းလိုက်၊ နာကျင်သူကို ပြုစုလိုက်၊ ဆာလောင်သူကို ကိုယ့်အထဲက တ၀က်ဝေမျှလိုက် . . . လူတွေစဉ်းစားကြ၊ စဉ်းစားကြ၊ လောကအတွက် . . . သင်ဟာ သမိုင်းကြောင်း ကောင်းဖို့ တခုခုလုပ်ခဲ့သလား''တဲ့။ ကြည့်လေ သိန်း ၆၄၀ လှူတယ်ဆိုတာ မှောင်နေတာကို မီးထွန်းတာပဲ၊ ဆေးတွေ လိုက်ကုပေးတယ်ဆိုတာ နာကျင်သူကို ပြုစုတာပဲ၊ ဒံပေါက်တွေ၊ ကြာဆံကြော်တွေ၊ ၀က်သားတွေ ဝေတယ်ဆိုတာ ဆာလောင်သူကိုဝေမျှတာပဲ၊ (တ၀က်တော့ ဟုတ်ချင်မှဟုတ်မှာပေါ့)ဒါတွေဟာ လောက အတွက် စဉ်းစားပြီး လုပ်တဲ့လုပ်ရပ်တွေလို့ မောင်မှန်မြင်ပါတယ်။ (ခဏလား၊ တဘ၀လားတော့ မသိဘူးပေါ့ နော်) သမိုင်းကြောင်းကောင်းဖို့လုပ်တဲ့လုပ်ရပ်တွေလို့ မောင်မှန်ထင်ပါတယ်။ ဒါကိုပဲ စည်းကျော်ဘောင်ကျော် တယ်။ အချိန်မတိုင်ခင် စည်းရုံးတယ်၊ ပါဝါအာဏာသုံးတယ်။ ပြည်သူ့ဘဏ္ဍာနဲ့ မဲဆွယ်တယ် စသဖြင့် သွားပုပ်လေလွင့်ပြောနေကြသူတွေ ဟိတ်ဆိုဟိတ် တိတ်ဆိုတိတ်လိုက်ကြပေရော့။
မောင်မှန်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
[youtube src="ay7m1XB-OXk"/]
ဟုမ္မလင်းဒေသခံပြည်သူများမှ လူထုခေါင်းဆောင်အားကြိုဆိုနုတ်ဆက်ကြစဉ်
၂၇.၉.၂၀၁၅  ရက်နေ့ က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်   စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ သို့ သွားရောက်ပြီး  နံနက်တွင် ဒေသခံပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မိန့်ခွန်း ဟောပြော ခဲ့သည်။
  သတင်း/ရုပ်သံ  - NLD Chairperson
[youtube src="_vXEjLKYpRY"/]
၂၅.၉.၂၀၁၅  ရက်နေ့ က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကိုင်းတိုင်း၊ ခန္ဒီးမြို့ သို့ သွားရောက်ပြီး  နံနက် (၁၀း၀၅) နာရီတွင် ဒေသခံပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မိန့်ခွန်း ဟောပြော ခဲ့သည်။
သတင်း/ရုပ်သံ - NLD Chairperson
[youtube src="vEt132FVKoc"/]
၂၆.၉.၂၀၁၅ ရက်နေ့ က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကိုင်းတိုင်း၊ ထမံသီကျေးရွာ သို့ သွားရောက်ပြီး ဒေသခံပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မိန့်ခွန်း ဟောပြော ခဲ့သည်။
 သတင်း/ရုပ်သံ - NLD Chairperson
 လကြတ်ခြင်းဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ supermoon လို့ခေါ်တဲ့ ကြီးမားတောက်ပတဲ့ လမင်းကြီးကို မြင်တွေ့ရဖို့ ကမ္ဘာတ၀န်းက လူတွေဟာ အာကာသ ကောင်းကင်ကြီးကို ကြည့်ရှုခဲ့ကြပါတယ်။
လကြတ်ပြီး လမင်းကြီးက ကမ္ဘာနဲ့အနီးဆုံး ဂြိုဟ်ပတ်လမ်းထဲကို ရောက်လာတဲ့အခါမှာ အကြီးမားဆုံးနဲ့ အတောက်ပဆုံးအဖြစ် လမင်းကြီးကို မြင်ရတာဖြစ်ပါတယ်။
ကမ္ဘာကြီးက နေ နဲ့ လ အကြား တည့်တည့်ကြရောက်တဲ့အချိန်မှာ လကြတ်တာဖြစ်ပြီး အဲဒီဖြစ်စဉ်ကြောင့် လမင်းကြီးဟာ နီရဲ လှပနေတာ ဖြစ်ပါတယ်။ အဲဒီ supermoon လကြတ်တာကို မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ အနောက်အာဖရိက နဲ့ အနောက် ဥရောပတိုက်တွေမှာ တွေ့မြင်ရတာ ဖြစ်ပါတယ်။
အခုလို ကြီးမားတဲ့ လကြီးကို ၁၉၈၂ ခုနှစ်က လူတွေ တွေ့မြင်ခဲ့ရပြီးတဲ့နောက် အခုတခါ ထပ်မံတွေ့ရတာဖြစ်ပြီး နောက်တချိန်တွေ့ရှိရဖို့ကတော့ ၂၀၃၃ ခုနှစ်အထိ စောင့်ရမှာဖြစ်ပါတယ်။
လကြတ်ခြင်း ဖြစ်စဉ်ကို ဗြိတိန်နိုင်ငံမှာ တနင်းလာနေ့ မနက်အစောပိုင်းမှာ တွေ့မြင်ခဲ့ရပြီး တောင်နဲ့ မြောက်အမေရိကတိုက်မှာတောတနင်္ဂနွေညနေပိုင်းမှာ တွေ့မြင်ခဲ့ကြရပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
 ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ မျိုးစောင့်ဥပဒေအောင်ပွဲ အခမ်းနားကို သီတဂူဆရာတော်ဘုရားကြီး အရှင်ဦးဥာဏိဿရ တက်ရောက်မှာဖြစ်ပြီး အမေရိကန်၊ ဗြိတိန်အပါအဝင် နိုင်ငံခြားသံရုံး ၂၅ ရုံးကို ဖိတ်ကြားထားတယ်လို့ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ဦးဝီရသူ က RFA ကို ဒီကနေ့ မိန့်ပါတယ်။
လာမယ့် အောက်တိုဘာလ ၄ ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ မျိုးစောင့်ဥပဒေကို ကမ္ဘာအသိအမှတ်ပြုအောင် ရည်ရွယ်ပြီး ကျင်းပမှာဖြစ်တယ်လို့ RFA က လျှောက်ထားမေးမြန်ရာမှာ အရှင်ဦးဝီရသူ က အခုလို မိန့်ကြားခဲ့တာပါ။
"နံပါတ်တစ်ကတော့ မျိုးစောင့်ဥပဒေကို ကမ္ဘာကအသိအမှတ်ပြုအောင်လို့ပေါ့နော်၊ ဦးဇင်းတို့ မျိုးစောင့်ဥပဒေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူလူထုက ဘယ်လောက်ထောက်ခံတယ်ဆိုတာကို ပြချင်လို့ပါ၊နံပါတ်နှစ်ကတော့ ဒီမျိုးစောင့်ဥပဒေ ဒီလောက်အရေးကြီးတယ်၊ ဒီလောက်လိုအပ်တယ်၊ ဘယ်လိုကြိုးပမ်းခဲ့တယ်ဆိုတာကို သိလို့ရှိရင် နောက်နောင်အစိုးရတွေက ဒီမျိုးစောင့်ဥပဒေကို လုံလုံခြုံခြုံဖြစ်အောင် ထိန်းသိမ်းကာကွယ်နိုင်စေဖို့ပါ"
ထိုင်း၊ မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး မန္တလေးမြို့မှာ သံဃာတစ်သောင်း ဆွမ်းလောင်းလှူပွဲအခမ်းနားကို တက်ရောက်လာတဲ့ ထိုင်းသံဃာတော်တွေနဲ့ တွေ့ဆုံပြီး ထိုင်းနိုင်ငံမှာလည်း အမျိုးဘာသာသာသနာ စောင့်ရှောက်ဖို့ လုပ်ဆောင်ရမယ့် အချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆရာတော် ဦးဝီရသူ က မိန့်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံတောင်ပိုင်းမှာ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာတွေကို ကန့်ကွက်တဲ့ ဆန္ဒပြလှုံ့ဆော်မှုတွေ ထိုင်းနိုင်ငံမှာလုပ်ဆောင်သွားဖို့ကိုလည်း ထိုင်းသံဃာတော်တွေနဲ့ တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့တယ်လို့ ဦးဝီရသူ က မိန့်ပါတယ်။
RFA Burmese
https://www.facebook.com/RFA-Burmese
ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံမည့် NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း လေးဦးအတွက် အနှေးယာဉ် လုပ်သားများက ဆိုက္ကားအစီး နှစ်ရာကျော်ဖြင့် မြို့နယ်အတွင်း ပထမဆုံးအကြိမ် လှည့်လည် မဲဆွယ်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည် ။
မင်္ဂလာတောင်ညွန့်မြို့နယ်မှ အနှေးယာဉ်လုပ်သားများ စုပေါင်းကာ စက်တင်ဘာလ၂၇ ရက် နေ့လယ် ၁း၀၀ နာရီတွင် ဂျိုးဖြူလမ်းမှ စတင်ကာ ဖ.ဆ.ပ.လ.ရပ်ကွက် ၊ ဒေါ်သိန်းတင်လမ်း ၊ အထက်ပန်းဆိုးတန်းလမ်း ၊ မြန်မာ့ဂုဏ်ရည်လမ်း ၊ မင်္ဂလာဈေးတို့သို့ လှည့်လည်ကာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည် ။
"မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက အနှေးယာဉ်လုပ်သားတွေ စုပေါင်ပြီး NLD အောင်နိုင်ရေး အတွက် တတ်နိုင်တဲ့ဘက်က ကူကြတာပါ ။ ပိုက်ဆံလည်း ရတာမရှိပါဘူး ။ ကိုယ့် အသိစိတ်ဓာတ်နဲ့ နိုင်ငံပြောင်းလဲဖို့ ဝိုင်းလုပ်ကြတာပါ" ဟု မင်္ဂလာတောင်ညွန့် မြို့နယ်မှ အနှေးယာဉ်လုပ်သား ကိုမောင်နိုင်က ပြောသည် ။
အဆိုပါ အနှေးယာဉ်လုပ်သားများက မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း မဲဆွယ် စည်ရုံးခြင်းမှာ NLD ပါတီမှ လုပ်ဆောင်ခိုင်းခြင်း မဟုတ်ဘဲ ၎င်းတို့၏ စိတ်ဓာတ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။
"သူတို့စိတ်ကူးလေးနဲ့ လုပ်တာပါ ။ ကိုယ်စားလှယ်တွေကတော့ မြို့နယ် ကော်မရှင်ရုံးမှာ ခွင့်ပြုချက် ယူပေးရတာပေါ့ ။ ဘေးကနေ ဝန်းရံပေးရတာပေါ့" ဟု မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှ ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြုအနေဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပြည်သူ့ လွှတ်တော်အတွက် ဒေါ်ဖြူဖြူသင်း ၊ တိုင်းဒေသကြီးလွှတ်တော်အမှတ် (၁) မှ ဦးလှဌေး ၊ အမှတ်(၂)မှ ဦးရန်အောင် ၊ အမျိုးသား လွှတ်တော်နေရာအတွက် ဦးသန်းစိုး (ဘောဂဗေဒ) တိှု့က ဝင်ရောက် အရွေးချယ်ခံကြမည်ဖြစ်သည် ။
MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
 ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့နယ်ရှိ ဆိပ်ခံတံတားများအနီး ကမ်းနားလတာပြင်ပေါ်တွင် ပင်လယ်ပြင် ငါးဖမ်းထွက်ရာမှ မောပန်းသဖြင့် ကမ်းကပ်နားနေသည့် ငါးဖမ်းစက်လှေများနောက်တွင် မှိုင်းညိုညို တိမ်စိုင်ကြီးများက မကြာမီငိုတော့မည့်ဟန် မည်းမှောင်နေသည်။
အဆိုပါ ငါးဖမ်းစက်လှေများထဲမှ မြတ်စန္ဒာထွန်း ငါးဖမ်းစက်လှေပေါ်တွင် မြစ်ရေပြင်ပေါ် တိုက်ခတ်သည့် လေနှင့် နေရောင်တိုက်စားမှုများကြောင့် အသားရောင် ခပ်ရင့်ရင့် ပိုင်ဆိုင်သည့် လူလတ်ပိုင်း အသက်အရွယ်ခန့်ရှိ ငါးဖမ်းသမားတစ်ဦး ဖြစ်သူ ဦးခင်ဦးသည် ငါးဖမ်းနားခိုက် ငါးဖမ်းပိုက်များကို စစ်ဆေးနေသည်။
စီးပွားရေး အဆင်မပြေမှုများ၊ လူအချင်းချင်း ခွဲခြားနှိမ့်ချ ခံနေရမှုများကို တွန်းလှန်နိုင်ရန် မိသားစုစီးပွားရေးပြေလည်စေရန် ရည်ရွယ်ချက်ဖြင့် ခရစ်နှစ် ၂၀၀၀ ပြည့်ဝန်းကျင်တွင် လူငယ်ဘ၀၏ အသန်စွမ်းဆုံးအချိန်၌ ဦးခင်ဦးသည့် ငါးဖမ်းသမားတစ်ယောက်အဖြစ် လုပ်ကိုင်ရန် မြတ်စန္ဒာထွန်းလှေပေါ် အရဲစွန့်ကာ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော် ဒီအလုပ်ကို လုပ်မယ်လို့ ရည်ရွယ်ချက်မရှိဘူး။ တော်တော် ဒုက္ခရောက်ပြီးတော့ သူများရဲ့အနှိမ်ခံ ဘ၀ကနေ လွတ်မြောက်အောင် ကြိုးစားရင်း ၀င်လုပ်ခဲ့တာ” ဟု ဦးခင်ဦးက ရန်ကုန်မြစ်ဘက်ကို တစ်ချက် ငေးကြည့်ရင်း ပြောသည်။
ငါးဖမ်းသမားဘ၀ လုပ်ကိုင်ရာတွင် ခက်ခဲကြမ်းတမ်းခြင်းများရှိပြီး မကြာခဏ အသက်အန်္တရာယ်များ ကြုံတွေ့ရသော်လည်း အတွေ့အကြုံရှိသူများ၏ လုပ်ကိုင်ဆုံးမမှုများခံယူပြီး အသက်ရှင်ရပ်တည်ရေးအတွက် ငါးဖမ်းသမားဘ၀ကို ခင်တွယ်စွာ လုပ်ကိုင် ဖြစ်ကြောင်း အားတက်သရော ပြောဆိုသည်။
ခက်ခဲကြမ်းတမ်းသည့် ပင်လယ်လှိုင်းကို အန်တုပြီး ဦးခင်ဦးအနေဖြင့် အဆိုပါ ငါးဖမ်းစက်လှေပေါ်တွင် ၁၅ နှစ်ကျော် ကြာသည့်တိုင်အောင် လုပ်ကိုင်ခဲ့ကာ တစ်လ ၃၀၀၀ ကျပ်သာ ရရှိသည့် ငါးဖမ်းသမားကလေးဘ၀မှ ယခုအချိန်တွင် တစ်လလျှင် ကျပ်တစ်သိန်းတစ်သောင်းခန့်ကနေ တစ်သိန်းရှစ်သောင်းရသည့် ဒေသအခေါ် ရေရှု (ရေဒါကိုကြည့်ရှုပြီး ငါးရနိုင်၊မရနိုင် ကြည့်ရှုပြီး ငါးဖမ်းလှေသမားများကို ကြီးကြပ်ရသောသူ) တစ်ဦးဖြစ်ပြီး ယင်းအထက်တွင် စက်ဆရာ၊ ပဲ့နင်းငယ်၊ ပဲ့နင်းသာရှိကြောင်း ဆိုလေသည်။
ဦးခင်ဦးလိုက်ပါသည့် ငါးဖမ်းလှေပေါ်တွင် ပျမ်းမျှလူ ၂၅ ဦးလိုက်ပါပြီး အသက် ၁၈ နှစ်မှ အသက် ၄၀ ကြားရှိ အမျိုးသားလုပ်သားများ ဖြစ်ကြသည်။ ယင်းတို့အနေဖြင့် တစ်နှစ်လျှင်လေးခါ ပျှမ်းမျှငါးဖမ်းထွက်ရပြီး တစ်ကြိမ်ထွက်လျှင် ရေပြင်တွင် သုံးလခန့် ကြာမြင့်တတ်ကြောင်း ဆိုသည်။
လက်ရှိကမ်းကပ်နားနေသည့် ငါးဖမ်းလှေများ ငါးဖမ်းသွားရသည့် နေရာအများစုမှာ မွန်၊ တနင်္သာရီနှင့် ဧရာဝတီတိုင်း ဒေသကြီးဘက်တွင် အဖမ်းများကြောင်းဆိုသည်။ ယင်းသို့ငါးဖမ်းရာတွင် ဧရာဝတီတိုင်း ဒေသကြီးဘက်တွင် ပုစွန်အဖမ်းများပြီး မွန်၊ တနင်္သာရီ တိုင်းဒေသကြီးဘက်သို့ ငါးသီးသန့် ဖမ်းကြောင်း ယင်းလုပ်ငန်းအကြောင်း ပြောပြသည်။
ယင်းလိုက်ပါသည့် ငါးဖမ်းလှေသည် ဧရာဝတီတိုင်း ဒေသကြီးဘက်တွင် နိုင်ငံခြားပို့ကုန် တစ်ခုဖြစ်သည့် ကျားပုစွန်ခေါ်သည့် Tiger ပုစွန်များ ကို ဖမ်းသည့် လုပ်ငန်းလုပ်ကိုင်နေ ကြောင်း ဆက်လက်ပြောသည်။ ကျား ပုစွန်များဖမ်းရာတွင် အကောင်ကြီးများ အား နိုင်ငံခြားပို့ကုန်အဖြစ် ရွေးချယ် ပြီး ယင်းထဲမှ အပယ်များအား ပြည် တွင်းသို့ ရောင်းချကြောင်း ပွင့်လင်းစွာ ပြောပြသည်။
“ကျွန်တော်တို့က အကောင်ရေနဲ့ သွားတာ၊ တစ်စည်းကိုဆိုရင် အကောင် ၄၀ ရရင်လည်းရတယ်။ ၁၀ ကောင် ရရင်လည်းရတယ်။ အကြီးဆုံးကတော့ တစ်ကောင်တည်းကိုပဲ တစ်ဆယ်သား၊ ဆယ့်ငါးကျပ်သားရှိတယ်” ဟု ဦးခင်ဦးကဆိုသည်။
ကြမ်းတမ်းသည့် ငါးဖမ်းသမားများ ဖြစ်သည့်အတွက် အစဉ်အမြဲ စိန်ခေါ်နေသော သဘာဝစိန်ခေါ်မှုများ ရင်ဆိုင်ရသကဲ့သို့ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေတုန်း ငါးဖမ်းပိုက်ကြိုးများ ပြတ်ခြင်း၊ ငါးဖမ်းပိုက်များ ရိုက်မိခြင်းများကြောင့် မတော်တဆ ထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည့်အတွက် သတိထားကာလုပ်ကိုင်ရကြောင်း ဆိုသည်။
ဦးခင်ဦးက “ကျွန်တော်တို့ ပိုက်တွေဘာတွေ ဆွဲကြတာက အန္တရာယ် ဖြစ်တာတွေပဲ။ ပိုက်ကိုဆွဲထားတဲ့ကြိုး မခိုင်ရင် ပြန်ပြီးရိုက်မိတာတွေရှိတယ်။ ရိုက်မိပြီး မူးပြီးကျသွားတာတွေ ရှိတယ်။ လှိုင်းလေနဲ့ လုပ်ရတာဆိုတော့ မျက်စိလျင်လျင်၊ နားလျင်လျင်ထားရတယ်” ဟု ဆိုသည်။
ငါးဖမ်းလုပ်ငန်းသည့် အန္တရာယ်မျိုးစုံ ကြုံတွေ့ရကြောင်း ငါးဖမ်းပိုက်များပျက်ခြင်း၊ စက်လှေပန်ကာ တစ်ခုတစ်ခုနှင့် ငြိသည့်အခါမျိုးတွင် မဆင်းချင်သော်လည်း တာဝန်အရ ရေထဲဆင်းကာ ပြင်ရခြင်း၊ ဖယ်ရခြင်းများရှိကြောင်း ဆိုသည်။
ထိုသို့ ဆင်းသည့်အခါမျိုးတွင် ဘေးပတ်လည်ကို သတိထားရကြောင်း ရေနက်ပိုင်းတွင် ပင်လယ်အတွင်း ဆင်းမည်ဆိုပါက သွေးထွက်လျှင် မဆင်းရကြောင်း ထိုသို့ဆင်းပါက သွေးညှီနံ့ကြောင့် ငါးမန်းများရောက်လာပြီး ရန်ပြုခြင်းများရှိကြောင်း ယင်းအတွေ့ အကြုံများကို ပြန်ပြောလေသည်။
ယင်းအနေဖြင့် ငါးဖမ်းလုပ်သက်အားဖြင့် ၁၅ နှစ်ကာလ ရှည်ကြာခဲ့သည့်အတွက် မြန်မာနိုင်ငံအတွက် ၀မ်းနည်းကြေကွဲစရာ အတိတ်ဆိုးတစ်ခုဖြစ်ခဲ့သည့် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်ကာလအတွင်း ငါးဖမ်းလှေပေါ်တွင်သာ ရှိခဲ့ကြောင်း ထိုစဉ်က ကြုံတွေ့ခဲ့ရသည့် ငါးဖမ်းသမားဘ၀ အတွေ့အကြုံ၊ အဖြစ်အပျက်များအားဆိုလေသည်။
ထိုစဉ်ကာလက မုန်တိုင်းဖြစ်မည့် သတင်း ၄ နာရီ ကြိုတင်ကြားရသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မိကျောင်း အရမ်းပေါသည့်ကဒုံ (ကဒုံကနိ)နေရာ အနီးကမ်းစပ်တွင် ငါးဖမ်းလှေသုံးစီးကို ရေထွက်ပေါက်ချင်း ချိတ်ဆက်ပူးချည်ပြီး မိကျောင်းများရှိသည့် ဦးရှင်ကြီးမိန်းမလှကျွန်းသို့ ငါးဖမ်းလှေမှကြိုးများ သွားရောက်ချည်ရကြောင်း၊ လေမုန်တိုင်းတိုက်သဖြင့် လှိုင်းလုံးများ တက်လာသည့်အခါ နာဂစ်လှိုင်းလုံးများဘက် ဦးတည်ကာ တစ်ညလုံး စက်ကုန်ဖွင့်မောင်းကာ အသက်အန်္တရာယ်ကို အလူးအလဲရင် ဆိုင်ခဲ့ရကြောင်း ပြောပြသည်။
“အန္တရာယ်ကတော့ အမျိုးမျိုးကြုံဖူးတယ်။ နာဂစ်မှာဆို ကျွန်တော်တို့ အလူးအလဲခံရတာ။ လေးနာရီထိုးကတည်းက ဒုက်္ခရောက်တာပေါ့။ အဲဒါနဲ့ လတာနုန်းကို ထိုးစိုက်ပြီး ကြိုးချည်ရတာ။ အောက်ဆင်းရတာလည်း အန္တရာယ် ကြည့်ရသေးတယ်။ သူတို့က ရေငန်ဆိုတော့ မိကျောင်းပေါတယ်။ တကယ်လည်း တိုက်လာရော ကမ်းစပ်မှာချည်ထားတဲ့ သစ်ပင်ပါကျွတ် ထွက်တဲ့အထိ ခံခဲ့ရတယ်” ဟု ရင်ဆိုင်ခဲ့ရသည့် ဘေးအန်္တရာယ်များအကြောင်း ပြောလေသည်။
ယခုနှစ်ပိုင်းအတွင်း ငါးဖမ်းပင် လယ်ပြင်အတွင်း ငါးဖမ်းသမားအများစုအနေဖြင့် ငါးဖမ်းရာတွင် ငါးအရနည်းလာခြင်းများ ကြုံတွေ့ရခြင်းများ ရှိလာသည်ဟုဆိုသည်။ ထိုသို့ ငါးအရနည်းလာရခြင်းမှာ ငါးဖမ်းရာတွင် ငါးသားပေါက်များပါလာခြင်းနှင့် ထိုင်းဘက်မှ လာရောက်ခိုးဖမ်းခြင်းများ ကြောင့်ဖြစ်ကြောင်း ပြောပြသည်။
“ငါးက မနှစ်ကတည်းကနေ ဒီနှစ်အထိ ရှားလာတာပေါ့။ အရင်နှစ်တွေကတော့ အသင့်အတင့်လောက် ရတယ်။ ဒီနှစ်မှာကျတော့ အကုန်လုံးက သွားနေကြတော့ ပိုက်ထဲငါးသား ပေါက်လေးတွေအထိ ပါလာတော့ မျိုးတုံးကုန်တာပေါ့” ဟု သူ့အမြင်ကိုပြောပြသည်။ ယခုအချိန်ဆိုလျှင် ငါးရစ်ပေါပြီး နွေရာသီဖြစ်သည့် တပေါင်း၊ တန်ခူးဆိုလျှင်တော့ ငါးများရှားသွားတတ်ကြောင်း ဆက်လက်ပြောသည်။
ဦးခင်ဦး၏ဇာတိမှာ ဒေးဒရဲမြို့ ဖြစ်ပြီး လုပ်ကိုင်သည့်ကာလ ကြာရှည်မှုအလျောက် တစ်ဖက်တွင်လည်း သမီးသုံးယောက်၊ သားတစ်ယောက်၏ ဖခင်ဖြစ်သည့် အိမ်ထောင်ဦးစီးဘ၀ကို ပိုင်ဆိုင်ထားလေသူ ဖြစ်သည်။ ငါးဖမ်းသမားဖြစ်သည့်အတွက် မိသားစုအတွက် အချိန်များ မပေးနိုင်သော်လည်း ရံဖန်ရံခါ အလုပ်နားလျှင် မိသားစုထံသွားရောက် တွေ့ဆုံခြင်းများရှိကြောင်း ဆိုလေသည်။
ဦးခင်ဦး၏ မိသားစုဝင်အများစုသည့် စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်သူများဖြစ်ပြီး ယင်းကဲ့သို့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိချေ။ လက်ရှိအချိန်တွင် သူ့အနေဖြင့် ငါးဖမ်းသမားအဖြစ် လုပ်ကိုင်ခဲ့သည်မှာ အသက် ၄၂ နှစ်သို့ ရောက်ရှိလာပြီဖြစ်သဖြင့် အသက်အရွယ်ကြီး မြင့်လာခြင်းကြောင့် တခြားအလုပ် ပြောင်းလုပ်ရန် ရည်ရွယ်ထားကြောင်း ယင်းရည်ရွယ်ချက်အား ပြောပြသည်။
“အသက်ကြီးပိုင်း ရောက်လာတော့ ဒီအလုပ်နဲ့ မအပ်စပ်တော့ဘူး။ မလုပ်နိုင်တော့ဘူး။ အသက်ကြီးလာရင် လှိုင်းဒဏ်၊ လေဒဏ်ခံရတာတစ် ကြောင်း၊ မလုပ်နိုင်ရင်လည်း သူများ အပြောအဆိုခံရတာတစ်ကြောင်းပေါ့။ ကျွန်တော် ဒီလှေပေါ်မှာ အသက် ၆၀ လောက်ရှိနေတဲ့ အဘိုးကြီးတစ်ယောက် ရှိခဲ့တယ်။ အဲဒါသူလည်း တစ်ခါတည်းလုပ်ရင်းနဲ့ လှေပေါ်မှာတင် ဆုံးသွား တာကြုံဖူးလို့လည်း စဉ်းစားမိတာဖြစ်တယ်” ဟု အလုပ်ပြောင်းလုပ်ရန် ရည်ရွယ်သည့်အကြောင်းကို ပြောလေသည်။
ဦးခင်ဦး၏ ထူးခြားချက်မှာ လှေလုပ်သားအဖြစ် စတင်လုပ်ကိုင်သည့် ကာလမှစပြီး ယနေ့အချိန်အထိ အခြား ငါးဖမ်းစက်လှေများသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်းမရှိဖူးကြောင်း။ မပြောင်းရွှေ့သည်မှာ “စလုပ်ကတည်းကပဲ။ မပြောင်းဖူးဘူး။ တစ်လှေနဲ့ တစ်လှေပြောင်းရင် လူအသစ်တွေနဲ့ ပေါင်းရလွန်းလို့၊ အမူးသမား၊ အရူးသမားတွေနဲ့တွေ့ရင် ကိုယ်ပဲ စိတ်ဆင်းရဲရလွန်းလို့” ဖြစ်ကြောင်း ဆိုလေသည်။
စီးပွားရေးမပြည့်စုံခြင်း၊ အဖိနှိပ်ခံဘ၀ကို ကိုယ်တိုင်ကျော်ဖြတ်လာသည့် အတွက်လည်း ပညာရေး ကောင်းစွာမသင်ကြား နိုင်ခဲ့ခြင်းများကြောင့် မိမိသားသမီးများအား သူ့လို အသက်မွေးဝမ်းကျောင်း မလုပ်စေချင်သည်မှာ ယင်း၏ ရင်တွင်းမှ ဆန်္ဒတစ်ခုဖြစ်ကြောင်း ဦးခင်ဦးကဆိုသည်။
“ကျွန်တော့်ကလေးတွေက ကိုးတန်း၊ ဆယ်တန်းရောက်ပြီ။ တစ်ယောက်တည်းနဲ့ လုပ်ကျွေးရတာပေါ့။ ယောက်ျားလေးက နို့ညှာတစ်ယောက် ပဲပါတာ။ သူက ဒီအလုပ်တွေ စိတ်မ၀င်စားဘူး။ ပညာတတ်ဖို့ပဲ။ ကျွန်တော့် အနေနဲ့ကတော့ ကိုယ့်သားသမီးတစ်ယောက်ကို ပညာတတ်ကြီး ပိုဖြစ်စေချင်တာပေါ့” ဟု မိမိသားသမီးများ အနာဂတ်ကို ပီပြင်စွာပုံဖော်စေလိုသည့် ဦးခင်ဦးသည် ငါးဖမ်းစက်လှေကြီးပေါ် ပြန်တက်သွားပြီး ငါးဖမ်းပိုက်များကို သေချာစစ်ဆေးရင်း ကျန်ခဲ့လေသည်။
စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက ဦးခင်ရွှေက ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြဖို့ တိုက်တွန်း လိုက်ပါတယ်။
ကော့မှူးဒေသ ဘက်ကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်အဖြစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ဦးခင်ရွှေက ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် သူ့ကိုမီနိုင်တဲ့ ပြိုင်ဘက် ရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံအတွက် အနစ်နာခံခဲ့တာ များလှပြီမို့ သူ့အတွက်လည်း နိုင်ငံအတွက် လုပ်စရာ နေရာတခုပေးသင့်တယ်လို့လည်း သူက မြင်ပါတယ်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်နိုင်လိမ့်မယ်လို့ သူ ထင်မြင်ကြောင်းလည်း ဘီဘီစီကို ပြောပါတယ်။
ဦးခင်ရွှေ ကိုယ်တိုင်ကတော့ ကော့မှူးဘက်နေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း တယောက် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာဖြစ်ပြီး သူလည်း နိုင်မှာလို့ သူ့ကိုယ်သူ မျှော်လင့်ထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဟုမ္မလင်းမြို့မှာ ရွေးကောက်ပွဲစည်းရုံးရေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ 
 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို တည်ထောင်လာခဲ့တဲ့ ၂၇ နှစ်မြောက်နေ့မှာ ဟုမ္မလင်းမြို့ကိုရောက်နေတဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူအားလုံးအတွက် လုံခြုံမှုနဲ့ လွတ်လပ်မှုကိုပေးနိုင်တဲ့ ဒီမိုကရေစီစနစ် လိုအပ်တယ်လို့ ပြောကြားသွားပါတယ်။ NLD အနေနဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် မားမားမတ်မတ် ရပ်တည်လှုပ်ရှားနိုင်ခဲ့တယ်လို့လည်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြပေးထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ (၂၇) နှစ်တာသက်တမ်းအတွင်း အာဏာရှင်စနစ်ရဲ့ ဗိုလ်ကျစိုးမိုးမှုအမျိုးမျိုးကို အန်တုယှဉ်ပြိုင်နိုင်ခဲ့ပြီး ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက် မားမားမတ်မတ်ရပ်တည်လှုပ်ရှားနိုင်ခဲ့တယ်လို့ မနေ့ကကျရောက်တဲ့ ပါတီ တည်ထောင်ခြင်း ၂၇ နှစ်မြောက်နှစ်ပတ်လည်နေ့မှာထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ပြည်သူ့အကျိုးအတွက်ထူထောင်ခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအထက်ပိုင်းကို မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း မနေ့က ဟုမ္မလင်းမြို့ လူထုဟောပြောပွဲမှာ အခုလို ပြောကြားသွားပါတယ်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စပြီးတော့ ထူထောင်ကတည်းက ပြည်သူ့အကျိုးအတွက်ဆိုပြီး ကျမတို့ ထူထောင်ခဲ့တာ။ ဒီနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက် ပြည်သူများဟာ အခြေခံလူ့အခွင့်အရေးများအားလုံးနဲ့ ပြည့်စုံဖို့အတွက် အဲဒီဟာအတွက် ကျမတို့ ကြိုးစားတာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုတာဟာ ကျမတို့တိုင်းရင်းသားတွေအားလုံး လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ် စိတ်ချမ်းချမ်းသာသာနဲ့ ဖွံ့ဖြိုးတိုးတက်နိုင်မယ့် ပြည်ထောင်စုကို ဆိုလိုတာဖြစ်ပါတယ်။”
မြန်မာနိုင်ငံအနာဂတ်အတွက် ဖယ်ဒရယ်ပြည်ထောင်စုနဲ့အတူ လိုအပ်နေတဲ့ ဒီမိုကရေစီစနစ်မှာ ပြည်သူအားလုံးအတွက် လုံခြုံမှုနဲ့ လွတ်လပ်မှုကိုပေးနိုင်တဲ့ အာမခံချက်ရှိရမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဟုမ္မလင်းက မဲဆွဲစည်းရုံးဟောပြောပွဲမှာ အခုလိုပြောသွားပါတယ်။
“ကျမက ကျမတို့ပြည်သူတွေကို ဒီမိုကရေစီကို ဘာလို့ ကျမတို့ လိုလားတယ်ဆိုတာကို ရှင်းပြတဲ့အခါမှာ ကျမက ပြောလေ့ရှိပါတယ်။ ဒီမိုကရေစီဆိုတာဟာ ပြည်သူလူထုကို လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံနေနိုင်အောင်လို့ အာမခံချက်ပေးမယ့်စနစ်ပဲ။ ဒါပေမယ့် ကိုယ်လွတ်လပ်လုံခြုံသလို တခြားလူတွေလည်း လွတ်လပ်လုံခြုံမှုရှိရမယ်ဆိုပြီးတော့ ကျမတို့ ဒီလိုပဲ ရှင်းပြတယ်။”
NLD ပါတီရဲ့ ၂၇ နှစ်မြောက် နှစ်ပတ်လည် ထုတ်ပြန်ကြေညာချက်မှာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို အမှန်တကယ် လက်တွေ့ကျကျ ပြောင်းလဲပေးနိုင်မယ့် နိုင်ငံရေးပါတီဟာ လူထုထောက်ခံမှုအပြည့်အဝရထားတဲ့ NLD ပဲဖြစ်တယ်လို့ ရေးသားထားပါတယ်။ အခုလာမယ့် နိုဝင်ဘာလရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့အနာဂတ်ကိုအဆုံးအဖြတ်ပေးမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း စည်းရုံးရေးခရီးစဉ်မှာ ပြောကြားသွားပါတယ်။
“တကမ္ဘာလုံးမှာ ဒီလို အရေးပါတဲ့ရွေးကောက်ပွဲမှာ ….များဟာ ဖြစ်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲပါ။ နိုင်ငံတနိုင်ငံရဲ့အနာဂတ်ကို ပြတ်ပြတ်သားသား အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲမျိုးဆိုတာ ကမ္ဘာမှာတောင်မှ ဖြစ်ခဲပါတယ်။ ဒီတော့ ကျမတို့ ရွေးကောက်ပွဲကို အများကြီး အလေးအနက်ထားဖို့ လိုပါတယ်။ ကျမတို့ ပြည်ထောင်စုသားအားလုံး၊ ကျမတို့ တိုင်းရင်းသူ တိုင်းရင်းသားများအားလုံးက စည်းစည်းလုံးလုံးနဲ့ ဒီရွေးကောက်ပွဲရဲ့အဓိပ္ပာယ်ကို နားလည်ဖို့ လိုပါတယ်။”
၂၇ နှစ်တာသက်တမ်းအတွင်း NLD ပါတီထဲမှာ လူငယ်မျိုးဆက်တွေကို လေ့ကျင့်ပြုစုပျိုးထောင်ပြီး တာဝန်ပေးဖို့ အားနည်းချက်တွေ ရှိခဲ့တယ်လို့ မြန်မာ့အရေးသုံးသပ်သူတွေက ဝေဖန်ထားပါတယ်။ ဒါအပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အရေးကြီးဆုံးဖြစ်တဲ့ တပ်မတော်နဲ့ ညှိနှိုင်းဆွေးနွေးရေးမှာ NLD ဘက်က အောင်မြင်မှုတွေမရခဲ့ဘူးလို့လည်း ထောက်ပြပြောဆိုကြပါတယ်။
ဒါပေမယ့် စက်တင်ဘာလ (၁၂) ရက်နေ့ညက နိုင်ငံတဝှမ်းကို ရုပ်မြင်သံကြားနဲ့ရေဒီယိုကတဆင့် ပြောကြားသွားတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မိန့်ခွန်းမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တပ်မတော်အကြား သံသယတွေ ဖယ်ရှားပြီး ပြည် ထောင်စုအရေး၊ ဒီမိုကရေစီ အရေးအတွက် အပြန်အလှန်ယုံ ကြည်လေးစားစွာ ပူးပေါင်း ဆောင်ရွက်လိုကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ထိုင်း​နိုင်​ငံ​က ​ထွက်​တဲ့ ​ဆန်​တွေ​ကို ​ရန်​ကုန် ​မြို့​ပေါ် ​ဈေး​ကွက်​ထဲ ​မှာ ​တွေ့​လာ ​နေ​ရ​ပါ​တယ်။
ဒါ​ဟာ ​မြန်​မာ​ပြည်​လို ​ဆန်​စ​ပါး ​အ​ဓိ​က ​စိုက်​ပျိုး ​ရောင်း​ချ​ရာ ​တိုင်း​ပြည်​ရဲ့ ​စီး​ပွား​ရေး ​မြို့​တော် ​မှာ ​ဆယ်​စု ​နှစ်​ပေါင်း​များ​စွာ ​အ​တွင်း ​ပ​ထ​မ​ဆုံး ​အ​နေ​နဲ့ ​အိမ်​နီး​ချင်း ​နိုင်​ငံ​ရဲ့ ​ဆန်​တွေ ​ဈေး​ကွက်​ထဲ ​ဝင်​ရောက် ​နေ​ရာ​ယူ ​လာ​တာ ​ဖြစ်​ပါ​တယ်။
ထိုင်း​ဆန် ​အ​မျိုး​စား IR-6 ​နဲ့ IR-8 ​ဆန်​တွေ​ဟာ ​တ​ရား​မ​ဝင် ​ကုန်​သွယ်​ရေး ​လမ်း​ကြောင်း ​က​နေ ​ဝင်​လာ ​ဖြစ်​တယ် ​လို့ ​ရန်​ကုန် ​မြို့​ခံ ​ကုန်​သည် ​တွေ ​က ​ပြော​ပါ​တယ်။
အဲ​ဒီ့ ​ဆန်​တွေ ​ဟာ ​မြန်​မာ​ပြည် ​ထွက် ​ဆင်း​သွယ်​လတ် ​နဲ့ ​ရ​တ​နာ​တိုး ​ဆန် ​တွေ ​နဲ့ ​အ​မျိုး​အ​စား ​တူ​ပါ​တယ်။
ဒါ​ပေ​မယ့် ​ထိုင်း​ဆန်​တွေ​ဟာ ​ဈေး ​ပို​မို ​သက်​သာ ​တဲ့ ​အ​ပြင် ​အ​ရည်​အ​သွေး ​ပို ​ကောင်း​တဲ့ ​အ​တွက် ​ဈေး​ကွက်​ထဲ ​နေ​ရာ​ရ ​လာ​တာ ​ဖြစ်​တယ် ​လို့ ​ဆန်​ကုန်​သည် ​တွေ​က ​ဆို​ပါ​တယ်။
ထိုင်း​ဆန် ​တစ်​အိတ်​ကို ​ရန်​ကုန် ​အ​ရောက် ​ကျပ် ၂​သောင်း ၄​ထောင် ​လောက်​ပဲ ​ရှိ​နေ​ချိန်​မှာ ​အ​မျိုး​စား​တူ ​မြန်​မာ ​ဆန် ​ဈေး​က ၂ ​သောင်း​ခွဲ ​လောက် ​ရှိ ​နေ​ပြီး ​ထိုင်း​ဆန်​နဲ့ ​ယှဉ်​ရင် ​အ​ကျိုး​အ​ကျေ ​များ​ပါ​တယ်။
ပြည်​တွင်း ​ဆန်​ဈေး ​က​လည်း ​သ​င်္က​နြ်​ပြီး ​က​တည်း​က ​တ​ဖြည်း​ဖြည်း ​တက်​နေ​ပါ​တယ်။
ငွေ​လဲ​နှုန်း ၂၀% ​လောက် ​တက် ​သွား​တဲ့ ​အ​တွက် ​ကျန် ​ဆန်​ဈေး ​ဆီ​ဈေး ​တွေ​ပါ ​လိုက်​တက် ​ကုန်​ကြ ​တာ ​ဖြစ်​တယ် ​လို့ ​ဆန်​ကုန်​သည် ​ကို​မျိုး​သူ​ရ​အေး ​က ​ပြော​ပါ​တယ်။
ဈေး​နှုန်း ​သက်​သာ​ပြီး ​အ​ရည်​အ​သွေး ​ကောင်း​တဲ့ ​ထိုင်း ​ဆန် ​တွေ ​သာ ​မြန်​မာ​ပြည်​ထဲ ​အ​ဝင်​များ ​လာ​ရင် ​ပြည်​တွင်း ​ဆန်​ဈေး​ကွက် ​ထိ​ခိုက် ​နိုင်​တဲ့ ​အ​တွက် ​အ​ခု​လို ​ဝင်​ရောက် ​နေ​တဲ့ ​အ​ခြေ​အ​နေ ​အ​ပေါ် ​ကိုင်​တွယ် ​နိုင်​ဖို့ ​စဉ်း​စား ​သင့်​တယ် ​လို့ ​မြန်​မာ ​နိုင်​ငံ ​ဆန်​စ​ပါး ​အ​သင်း​ချုပ် ​ရဲ့ ​တွဲ​ဘက် ​အ​ထွေ​ထွေ ​အ​တွင်း​ရေး​မှုး ​ဦး​လူ​မော်​မြင့်​အောင် ​က ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese