10/04/15
“ အသေ၀နာစ ဗာလာနံ ”
(မင်းကောင်းချစ်)
အဖိနှိပ်ခံပြည်သူ လူများစုကြီးအတွက် လာခြင်းမကောင်းတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီဆိုတာ အားလုံးသိကြတဲ့အတိုင်း အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးစီးတည်ထောင်ခဲ့တာပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယာဉ်တန်းကို (၂၀၀၃) ခုနှစ် မေလ (၃၀) ရက်နေ့ က သတ်ဖြတ်ဖို့ ကျိုးပမ်းခဲ့တဲ့ ဒီပဲရင်းလူသတ်ပွဲမှာပါဝင်ခဲ့ကြတဲ့ ပြည်သူ့ ချဉ်ဖတ် စွမ်းအားရှင်ဆိုတဲ့လူမိုက်တွေ၊ စစ်အာဏာရှင်စနစ်လိုလားသူ မဆလပါတီဝင်ဟောင်းတွေ၊ စစ်အာဏာရှင်စနစ်ရဲ့အမာခံ စစ်ဗိုလ်စစ်သားတွေ၊ အပြောင်းအလဲမလိုလားဘဲ ကပ်ရပ်ပြီး အခွင့်ထူးခံခွင့်အနည်းအကျဉ်းရတဲ့ မြို့နယ်ရပ်ရွာအုပ်ချုပ်ရေးမှုးတွေ၊ အသုံးချခံ မီးသတ်ကြက်ခြေနီ၊ ၀ိသမစီးပွားရေးလုပ်ငန်းရှင်ခရိုနီတွေ၊ သူတို့ ရဲ့နောက်လိုက်နောက်ပါတွေကို စုစည်းပြီး တပ်မတော်ကို ကျောထောက်နောက်ခံပြုလို့ တည်ထောင်ထားခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးအသင်းကြီးကို (၂၀၁၀) ခုနှစ် ဇွန်လထဲမှာ အာဏာရှင်လက်ကိုင်ဒုတ် ပါတီအဖြစ်ပြောင်းပြီး ပြည်သူပိုင်ဘဏ္ဍာ၊ ငွေကြေးတွေနဲ့ နေရာအဆောက်အဦးတွေ လုယူသိမ်းပိုက်ပြီး တည်ထောင်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အမဲစက်ပေါင်းများစွာ စွန်းထင်းထားရစ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ ပါတီဝင်တွေရဲ့ ကိုယ်ရေးရာဇ၀င် အချက်အလက်တွေကို စေ့စေ့ငုငု လေ့လာတဲ့အခါ … သမိုင်းကြောင်းလည်း မကောင်းဘူး၊ ရည်ရွယ်ချက်လည်း မကောင်းဘူး၊ အကျင့်သီလလည်းမကောင်းဘူး၊ စရိုက်သဘာဝလည်းမကောင်းဘူး၊ အရည်အသွေးလည်းမကောင်းဘူး၊ စိတ်ဓါတ်လည်းမကောင်းဘူး၊ အတွေးအကြံလည်းမကောင်းဘူး၊ လုပ်ရပ်လည်းမကောင်းဘူး၊ လာခြင်းလည်းမကောင်းဘူး၊ လားရာလည်းမကောင်းဘူး၊ လောကအမြင်လည်းမကောင်းဘူး၊ လိပ်ပြာလည်းမကောင်းဘူး၊ ပိုင်ဆိုင်မှု့လည်းမကောင်းဘူး၊ နံမည်လည်းမကောင်းဘူး၊ ကိုးကွယ်မှု့လည်းမကောင်းဘူး၊ ဆရာတင်တာလည်းမကောင်းဘူး၊ ရာဇ၀င်လည်းမကောင်းဘူး ဆိုတာတွေ့ ရမှာဖြစ်တယ်။
ဒါပေမဲ့ သူတို့ ဟာ မကောင်းတဲ့ဖက်တွေမှာတော့ ဘက်စုံထူးချွန်နေတာ ပြည်သူတွေအသိဘဲဖြစ်တယ်။ ကိုယ့်တဘို့ သာ ကိုယ်ကျိုးကြည့်တဲ့နေရာကောင်းတယ်၊ ရက်စက်ကျမ်းကျုတ်တဲ့နေရာကောင်းတယ်၊ ဗြောင်လိမ်ဖို့ ရာဆိုကောင်းတယ်၊ ကောက်ကျစ်ယုတ်မာရာမှာကောင်းတယ်၊ လှည်ဖြားရာမှာကောင်းတယ်၊ ခိုဆိုးရာမှာကောင်းတယ်၊ လုယက်ဓါးမြတိုက်ရာမှာကောင်းတယ်၊ ဖိနှိပ်ရာမှာကောင်းတယ်၊ မတရားအနိုင်ကျင့်ရာမှာကောင်းတယ်၊ သူများမျက်ရည်ကြီးငယ်ကျစေရာမှာကောင်းတယ်၊ ကပ်ဖါးရပ်ဖါးလုပ်ရာမှာကောင်းတယ်၊ သူများကိုနင်း နေရာလုရာမှာကောင်းတယ်၊ အခွင့်ထူးခံခြင်တဲ့နေရာမှာကောင်းတယ်၊ အရှက်မရှိလုပ်ရကိုင်ရရင်ကောင်းတယ်၊ တိုင်းပြည်ကိုဖျက်ဆီးရာမှာကောင်းတယ်၊ လူတွေကိုလမ်းမှားပို့ ရာမှာကောင်းတယ်၊ ဘယ်သူသေသေ ငတေမာဘို့ ဆိုရင်ကောင်းတယ်။
အဲ့ဒီလို ဗီဇဆိုး၊ စရိုက်ဆိုးတွေနဲ့ ပြီးပြည်စုံနေတဲ့ သူတွေနဲ့ ဖွဲ့ စည်းတည်ထောင်ထားပြီး ပြည်သူပိုင်ဘဏ္ဍာ၊သယံဇာတတွေခိုးလို့ သူတို့ ကတော့ ထားစရာမရှိအောင်ချမ်းသာ၊ တိုင်းပြည်ကိုတော့ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံအဖြစ်ရောက်ရှိစေခဲ့တာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီပါ။
အဲ့ဒီလိုကောင်းကွက်ဆိုတာ ဘာမှမရှိနတ္ထိ၊ မကောင်းတာတွေနဲ့ သာအတိပြီးနေတဲ့ ပြည်ခိုင်ဖြိုးပါတီကို နောက်ထပ် သက်တမ်း(၅)နှစ်ဆက်အုပ်ချုပ် ဖျက်ဆီးခွင့်ပေးစရာ၊ မဲပေးစရာအကြောင်း လုံးဝဥဿုံမရှိပါခင်ဗျာ။
ဦးသိန်းစိန်တို့ စစ်တပိုင်းအစိုးရဟာ စစ်အာဏာရှင်စနစ်ကို လူအများသည်းခြေကြိုက်မဲ့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးစကားလုံး ရွှေပြားဖုံးပြီး တိုင်းပြည်ရဲ့ညီညွှတ်ရေးဖြိုခွဲခဲ့ပါပြီ။ စည်းကမ်းပြည့်ဝသောဒီမိုကရေစီမျက်နှာဖုံးစွပ်လို့ ပြည်သူတွေကို ဒီမိုကရေစီအတုပေးနေတဲ့ ဦးသိန်စိန်ကို မဲပေးအောင်စည်းရုံးမယ်ဆွယ်နေတဲ့လူတွေ၊ မဲပေးမဲ့သူတွေ၊ အမျိုးဘာသာသာသနာအကြောင်းပြပြီး ဆက်လက်အုပ်ချုပ်စေခြင်တဲ့ လူရှင်ရဟန်းတွေကို ဆရာနန္ဒသိန်းဇံရဲ့ ” ကိုယ်ကျင့်တည်ကြည်ခြင်းနှင့်အဆင့်မြင့်ခရီးစဉ်”စာအုပ်ထဲက အောက်ပါ စာသားတွေနဲ့ သတိပေးခြင်ပါတယ်။
“ ငါးပုပ်ကို သမန်းမြက်နှင့်ထုပ်သောအခါ သမန်းမြက်သည်လည်း အပုပ်နံ့ နံသကဲ့သို့  ထို့ အတူ လူမိုက်နှင့် ပေါင်းဖေါ်သောအခါ ပေါင်းဖေါ်သူလည်း သူမိုက်ဖြစ်လာရ၏။”
“မွှေးသောတောင်ဇလပ်ပန်းကို ပေါက်ဖက် ဖြင့်ထုပ်သောအခါ ပေါက်ဖက်သည်လည်း အမွှေးနံ့ သင်းပျံ့  သကဲ့သို့ ထို့ အတူ လူလိမ္မာနှင့်ပေါင်းဖေါ်သောအခါ၌ ပေါင်းဖေါ်သူသည်လည်း လူလိမ္မာဖြစ်လာရ၏။”
တိုင်းပြည်တပြည်မှာ လူတဦးတယောက်အတွက်(သို့) လူမျိုးတမျိုးအတွက်(သို့ ) ကိုးကွယ်ရာ ဘာသာတမျိုးအတွက်သာ အခွင့်ထူးအဖြစ် သီးခြားကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေတရပ်ပြဌာန်းလိုက်တယ်ဆိုရင် အဲ့ဒီတိုင်းပြည်ဟာ သွက်သွက်ခါအောင် မှားယွင်းနေပြီဆိုတာပြတာပါဘဲ။ ကျန်ရှိတဲ့ လူမျိုးတွေ၊ တခြားဘာသာဝင်တွေကို စော်ကားလိုက်တာဖြစ်သလို ညီညွတ်ရေးကိုဖြိုခွဲလိုက်တာဖြစ်သလို၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ဖျက်ဆီးဖို့ တိုင်းသူပြည်သားအခြင်းခြင်းကြားမှာ သွေးကွဲအောင် အမုန်းပင်စိုက်လိုက်တာပါဘဲ။
မြန်မာနိုင်ငံမှာ အဲ့ဒီလို နိုင်ငံတော်အဆင့် အမုန်းပင်စိုက်မှု့တဲ့ ကျိုးပမ်းအားထုတ်မှု့ကြီး နှစ်ကြိမ်ဖြစ်ခဲ့ပါပြီ။
ပထမတကြိမ်က လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီခေတ်မှာ ၀န်ကြီးချုပ်ဦးနုက သူ့ ပါတီမဲရအောင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြုဖို့ ကျိုးပမ်းချက်ပါ။ အဲ့ဒီအမှားအယွင်းရဲ့အကျိုးဆက်က တိုင်းရင်းသားပေါင်းစုံ လက်နက်ကိုင်ပုန်ကန်မှု့နဲ့ ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီးနဲ့ ဗမာပြည်မွဲစေခဲ့တာပါဘဲ။
ဒုတိယအကြိမ်အဖြစ် လက်ရှိဦးသိန်းစိန်တို စစ်တပိုင်းအစိုးရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ထောက်ခံနေမှု့ လျှော့ကျအောင်၊ ပြည်သူလူထုကြား စည်းလုံးညီညွတ်မှု့ပြိုကွဲအောင် မဘသကို ထောက်ခံအားပေးရင်း မျိုးစောင့်ဥပဒေတွေ ပြဌာန်းပေးလိုက်တာပါဘဲ။ အဲ့ဒီအမှားအယွင်းရဲ့အကျိုးဆက်ကတော့ မဲတွေပြားသွားပြီး NLD လွတ်လွတ်ကျွတ်ကျွတ်အစိုးရမဖွဲ့ နိုင်တော့ဘဲ စစ်မှန်တဲ့ ညအပြောင်းအလဲမလုပ်နိုင်ဘဲ စစ်ကျွန်သက်ကို သက်ဆိုးရှည်စေနိုင်ပါတယ်။
တကယ်တော့အမျိုးဘာသာသာသနာစောင့်ရှောက်ရေးဆိုတာ နံမည်အားဖြင့်ကောင်းပါတယ်။ ဘယ်လူမျိုး ဘယ်ဘာသာမဆို မိမိလူမျိုး၊ မိမိဘာသာကို အရှည်တည်တံ့အောင် စောင့်ရှောက်ထိန်းသိမ်းရမှာပါ။ ဒါပေမဲ့ မှန်မှန်ကန်ကန်စောင့်ရှောက်ထိန်းသိမ်းဘို့ လိုအပ်ပါတယ်။ ဘုရားဟောတရားနဲ့ ကိုက်ညီတဲ့ နှလုံးသားနဲ့ အသိဥာဏ်ဦးစီးတဲ့ စောင့်ရှောက်ခြင်းမျိုးဘဲ ဆောင်ရွက်ရမှာပါ။
ဘယ်တုံးကမှ ကတိမတည်ဘူးတဲ့ တိုင်းပြည်ကို အဖက်ဖက်ကယိုယွင်းပြီး ပျက်သုဉ်း နိုင်ငံအဆင့်ရောက်စေတဲ့ ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်ဘဝအထိကျဆင်းသွားစေရာမှာ တာဝန်ရှိတဲ့အပြင် ထေရဝါဒဗုဒ္ဓဘာသာနဲ့ မအပ်စပ်တဲ့ ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင် ဗေဒင်ယတျာသာယုံတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို အားထားယုံကြည်သူတိုင်း အဖွဲ့အစည်းတိုင်းဟာ သမိုင်းမှာ ဘယ်တော့မှ နံမည်ကောင်းနဲ့ မော်ကွန်းထိုးမကျန်ရစ်ပါဘူး။
မြန်မာပြည်သူရဟန်းရှင်လူတို့ ပိုင်းခြားဆင်ခြင် ကျင်သုံးနိုင်ကြပါစေကုန်။
လေးစားစွာဖြင့်
(မင်းကောင်းချစ်)
Sky Net Up-to-date မှ မျိုးစောင့်ဥပဒေအောင်ပွဲ Live Showမှာ သီတဂူဆရာတော်ကြီးမှ ကြွရောက်လာသောဆရာတော်၊သံဃာတော်များ၊လူအများကို တန်ဖိုးရှိလှသောသြဝါဒစကားချီးမြှင့်မြွက်ကြား
ဆရာတော်ကြီးမှ ရုရှားနိုင်ငံရဲ့ Great October Socialist Revolution အကြောင်းကိုအခြေတည်လို့ ဟောပြောသွားပါတယ်။
ကွန်မြူနစ်ဝါဒရဲ့ ကြမ်းတမ်းယုတ်မာမှု၊ တစ်ဘက်စွန်းရောက်မှုကြောင့် လူပေါင်းများစွာအသက်ဆုံး၊ကိုးကွယ်ရာဘာသာဆုံးပြီး ဦးတည်ရာမဲ့နေချိန်မှာ ခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့ကယ်တင်ခဲ့မှု၊ဦးဆောင်ခဲ့မှုကြောင့် ငြိမ်းချမ်းတဲ့ခေတ်တစ်ခေတ်ပြန်ရောက်ခဲ့ကြရတာကိုထောက်ပြခဲ့ပါတယ်။
ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ လူအများဘာသာရေးယုံကြည်မှုရှိလာအောင်၊ ကြမ်းတမ်းသတ်ဖြတ်မှုတွေအဆုံးသတ်အောင်ကြိုးစားခဲ့ကြပါတယ်။
လူအများစုဟာ နောက်ဆုံးမှာတော့ အစွန်းရောက်ဘာသာမဲ့ကွန်မြူနစ်ပါတီထက် Christian Democratic Partyကိုမဲပေးပြီး အဆုံးသတ်လှတဲ့ နိဂုံးကိုရွေးချယ်သွားခဲ့ကြပါတယ်။
ကြွရောက်လာသောဆရာတော်၊သံဃာတော်များအနေနဲ့ နိုင်ငံအရေးကို ဝင်ရောက်ကူညီကြရာမှာ ဒီလိုမြင့်မြတ်လှစွာသောဦးဆောင်ဦးရွက်ပြုမှုမျိုးပဲလုပ်ဖို့ တိုက်တွန်းသွားပါတယ်။
ဘာသာရေးကိုလုပ်မယ်ဆိုဒီလုံးငှက်ပုံပြင်ဥပမာလိုလုပ်ဖို့ပြောပါတယ်။
သိန်းငှက်ဟာဒီလုံးကိုသုတ်သွားပြီးစားပစ်လိုက်ရုံရှိချိန်မှာ ဒီလုံးရဲ့မခံချိမခံသာဖြစ်အောင်ဆွပေးခြင်းကို သီးခံနိုင်စွမ်းမရှိလို့ ဒီလုံးခေါ်ရာပြန်လိုက်သွားမိပါတယ်။
ဘာသာရေး ၊ နိုင်ငံရေးလုပ်မယ်ဆို မခံချိမခံသာလုပ်နေမှုတွေကို ဥာဏ်သုံးပြီးရှောင်ကွင်းနိုင်စွမ်းရှိဖို့ပြောပါတယ်။
ဒါ့အပြင် ဒီလုံးဟာ ကိုယ်အရပ်နွားခြေရာခွက်ထဲကနေပဲ သိန်းငှက်ကိုတိုက်ခိုက်အောင်နိုင်ခဲ့သလို ကိုယ်နိုင်ဖို့ ကိုယ့်အရပ်ကိုယ့်ယုံကြည်မှုသာအရေးကြီးကြောင်း၊ သူတပါးကိုမည်သည့်အကြောင်းနဲ့မှထိခိုက်စေရန်မလိုကြောင်း ပါးနပ်လှစွာမှာကြားပါတယ်။
နောက်တစ်ချက်ကတော့ ပိယနဲ့အပိယ ချစ်ခြင်းနဲ့မုန်းခြင်းအစွန်းနှစ်ဖက်လွတ်ဖို့မှာပါတယ်။
ချစ်သောသူကိုFavourပေးခြင်းဟာ မုန်းသူကိုPressureပေးခြင်းမို့ မပြုအပ်သောအလုပ်၊ဘုရားမကြိုက်သောအလုပ်ဖြစ်ပါတယ်။
ကိုယ်ချစ်ခင်သူအတွက်နဲ့ ဘုရားမဟောထားတာကိုဟောထားသယောင်ယောင်လုပ်၍လှည့်ဖြားနေကြခြင်းဟာ အပြစ်ကြီးလှကြောင်း ဆုံးမသွားပါတယ်။
ဘာသာရေးယုံကြည်မှုလုပ်ကြရာမှာ အခြားဘာသာဝင်များအပေါ်-
Mutual Understanding (အပြန်အလှန်နားလည်မှု)
Mutual Respect (အပြန်အလှန်လေးစားမှု)
Non-violence (အကြမ်းမဖက်မှု)
Non-interferring (သူတပါးအရေးဝင်ရောက်စွက်ဖက်ခြင်းမရှိမှု)
Coexistence (ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု) စသောအချက်ငါးချက်နှင့်အညီပြုမှုဆက်ဆံကြဖို့မှာကြားပါတယ်။
ဆရာတော်ဘုရားကြီးအနေနှင့် ဗုဒ်ဓဘာသာဝင်(၉၅)ရာခိုင်နှုန်းရှိနေသောမြန်မာနိုင်ငံတော်အတွင်း အတူတကွမှီတင်းနေထိုင်ကြပါသော မည်သည့်ဘာသာခြားအပေါ်တွင်မှ ခွဲခြားအကြမ်းဖက်ဆက်ဆံမှုပြုခြင်းကို ပြင်းထန်စွာကန့်ကွက်ပါကြောင်းအတိအလင်းထုတ်ဖော်ပြောဆိုသွားပါတယ်။
ဆရာတော်ကြီးရဲ့သြဝါဒခံယူအပြီးမှာ အစီအစဉ်(၄)သာရှိသေးသော်လည်း တော်တော်များများထပြန်သွားပါတယ်။
သီတဂူဆရာတော်ကြီးအား ရိုသေလေးမြတ်စွာရှိခိုးဦးတင်ပါတယ်။
Credit kyi pyar nwe
ဒေါ်အောင်ဆန်းစုကြည် မိုးညှင်းမြို့မှာ ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးဟောပြောစဉ်။ (ဓာတ်ပုံ- NLD)
ဒေါ်အောင်ဆန်းစုကြည် မိုးညှင်းမြို့မှာ ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးဟောပြောစဉ်။ (ဓာတ်ပုံ- NLD)
နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်အတွက် အလွန်အရေးကြီးတာကြောင့် မဲပေးနိုင်တဲ့အခွင့် အရေးကို လက်လွတ်မခံဘဲ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ ကချင်ပြည်နယ်ကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပြည်သူတွေရဲ့ဘဝ လွတ်လပ်ပြီးလုံခြုံမှုရှိတဲ့ အခြေအနေမျိုးမှ တိုင်းပြည်မှာ ဒီမိုကရေစီရှိတယ်ဆိုတာကို သတ်မှတ်နိုင်မှာ ဖြစ်တယ်လို့လည်းဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့ညက မိုးညှင်းမြို့မှာ ညအိပ် ခရီးတထောက်နားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေ ဒီနေ့မနက်ပိုင်းမိုးညှင်း မြို့ခံတွေကိုဟောပြောခဲ့ပြီး အခုတော့ မြစ်ကြီးနားမြို့ကို ပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့ NLD ပါတီ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်လောင်းဖြစ်တဲ့ ဦးကျော်ကျော်ဝင်းက ပြောပါတယ်။
“မိုးညှင်းမှာမနက်ကဟောတယ်၊ မိုးညှင်းပြီးတော့မှ နမ့်မွန်းကိုသွားတယ်။ နမ့်မွန်းမှာဟောပြီးတော့မှ နမ့်မွန်းကနေပြီးတော့ အခု မြစ်ကြီးနားကို ထွက်သွားပါပြီ။ ….မှာ ဒေါ်အောင်ဆန်းစုကြည်လာတော့ အခု အကုန်လုံးကို အုန်းအုန်းကျွက်ကျွက် ထွက်ကြပါတယ်။ ရှမ်းနီ၊ ယဉ်ကျေးမှုအဖွဲ့တွေကအစ အကုန်လုံးကြိုဆိုကြတယ်လေ။ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ထောက်ခံတယ်ဗျ။”
ဒီ ၂ဝ၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်အတွက် အလွန်အရေးကြီးကြောင်း ဟိုပင်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့ပါတယ်။
“ရွေးကောက်ပွဲကော်မရှင်က ပြောသွားပါတယ်။ ၃၀ % ပဲ မဲစာရင်းတွေကို တာဝန်ယူနိုင်မယ်-တဲ့။ ရွေးကောက်ပွဲကော်မရှင်က တာဝန် မယူနိုင်ရင် ၇၀ % အတွက်ကို ကျမတို့အားလုံးကနေပြီးတော့ ကြိုးစားပြီးတော့ တာဝန်ယူရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ ကျမတို့အနာဂတ်အတွက် အင်မတန်မှ အရေးကြီးလို့ပါ။ နိုင်ငံတနိုင်ငံရဲ့သမိုင်းမှာ ဆိုလို့ရှိရင် ဒီလိုအကွေ့အပြောင်းဆိုတာ အင်မတန်မှ ရှားပါတယ်။ တစ်ခေတ်မှ တစ်ခါပေါ်တဲ့အခွင့်အရေးပါ။ ဒီလို တစ်ခေတ်မှာတစ်ခါပေါ်တဲ့အခွင့်အရေးကို ကျမတို့လွတ်သွားပြီဆိုလို့ရှိရင် ဘယ်တော့ နောက်အခွင့်အရေးရမယ်ဆိုတာကိုသေသေချာချာ တွက်လို့မရပါဘူး။ အေးအေးချမ်းချမ်းနဲ့ နိုင်ငံတစ်နိုင်ငံကိုပြောင်းဖို့ နည်းဆိုတာဟာ ရွေးကောက်ပွဲနည်းပဲဖြစ်ပါတယ်။”
ဘာသာရေးကို အသုံးချပြီး NLD ပါတီကို တိုက်ခိုက်တာတွေနဲ့ အခြားတဖက်ကို စည်းရုံးနေတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောသွားပါတယ်။
“ဘာသာရေးနဲ့ပတ်သက်လို့ ကျမတို့အဖွဲ့ချုပ်ကို တိုက်ခိုက်နေတယ်။ ဘာသာရေးကိုအသုံးချပြီးတော့ တဘက်ကနေ စည်းရုံးနေကြတာ - အဲဒါကို ဘယ်လိုသဘောရသလဲလို့ ကျမကို မေးကြပါတယ်။ ဘာသာရေးကိုသုံးပြီးတော့ နိုင်ငံရေးလုပ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်ပါတယ်။ ဥပဒေနဲ့မကိုက်ညီတာကြောင့်မို့လို့ ကျမတို့ကိုယ်တိုင်လည်း ဘယ်တော့မှ မလုပ်ပါဘူး၊ လုပ်တဲ့လူတွေကလည်း အပြစ်ရှိပါတယ်။ အပြစ်ရှိမှန်း သိရဲ့သားနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဘာဖြစ်လို့ ကြည့်နေလဲဆိုတာ ပြည်သူလူထုက အများကြီးစဉ်းစားစရာ ဖြစ်ပါလိမ့်မယ်။”
ပြည်သူတွေရဲ့ဘဝကို လွတ်လပ်မှုနဲ့ လုံခြုံမှုပေးနိုင်မှသာ တိုင်းပြည်တခုမှာ ဒီမိုကရေစီရှိတယ်လို့ သတ်မှတ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“နိုင်ငံတစ်နိုင်ငံမှာ တကယ်ပဲ ပြည်သူကို တန်ဖိုးထားတယ်ဆိုလို့ရှိရင် ပြည်သူ တစ်ယောက်ချင်း တစ်ယောက်ချင်းဟာ ကိုယ်က ဘယ်လိုရာထူး ရှိရှိ မရှိရှိ နိုင်ငံတော်က ပေးထားတဲ့အခွင့်အရေးတွေအားလုံးကို ပြည့်ပြည့်ဝဝ ခံစားနိုင်ခွင့်ရှိရမှာပါ။ ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့ဘဝကို လွတ်လပ်မှုလည်း အာမခံရမယ်၊ လုံခြုံမှုလည်း အာမခံရမယ်။”
ကချင်ပြည်နယ်မှာ NLD ပါတီအပါအဝင် ကချင်နဲ့ ရှမ်းနီတိုင်းရင်းသားပါတီတွေကပါ စုစုပေါင်း ပါတီ ၇ ခု ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ ဒေသခံ တိုင်းရင်းသားတွေရဲ့ NLD ပါတီပေါ် သဘောထားနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဝင်းက ရှင်းပြပါတယ်။
“ကျနော်တို့နဲ့အရင်တုန်းက သိပ်အဆင်မချောတဲ့ရွာတွေတောင်မှ - သဘောကဗျာ၊ ကြံ့ခိုင်ရေးက နည်းနည်းအားသာတဲ့ရွာတွေ ရှိတာပေါ့နော်။ အဲလိုရွာတွေကော၊ နောက် ရှမ်းနီဒေသဖြစ်တဲ့အတွက်ကြောင့် ရှမ်းနီ…လွှမ်းမိုးတဲ့နေရာတွေကော နောက်ပြီးတော့မှ မပစ လွှမ်းမိုးတဲ့နေရာတွေရှိတယ်။ အဲဒီနေရာတွေကိုက ကျနော်တို့ ဖိတ်လိုက်တိုင်းတော့ တော်တော်များများတော့ တက်လာပါတယ်။ တက်လာပြီး နားထောင်တယ်။ ကျနော်တို့ဘက်ပြန်ပြီးတော့မှ မဲပေးပါမယ်ဆိုတာတွေလည်း တော်တော်များများ တွေ့ရတယ်ပေါ့။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ည မြစ်ကြီးနားမြို့မှာ ညအိပ်ရပ်နားမှာဖြစ်ပြီး မနက်ဖြန် ကချင်ပြည်နယ်ဆိုင်ရာ NLD ပါတီခေါင်းဆောင် တွေနဲ့ တွေ့ဆုံပြီးနောက်ကချင်ပြည်နယ်ကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
ကိုဉာဏ်ဝင်းအောင်/ VOA
http://burmese.voanews.com/content/daw-aung-san-suu-kyi-urges-not-missing-a-chance-of-vote/2990828.html
နှစ်တရာအတွင်း ဤကဲ့သို့
သားအဖနှစ်ဦး၏ တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက် စွန့်လွတ်ပေးဆပ်မှုမျိုး မြန်မာ့သမိုင်းတင်မက ကမ္ဘာသမိုင်း၌ပင် မတွေ့ဘူးခဲ့ပါ ။
************************
မိုးညင်း အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့ရာ ဒေသခံဆရာတော်မှ ဗိုလ်ချူပ်အောင်ဆန်းရုပ်ထုနှင့်အမေစုရုပ်ထု
နှစ်ခုအား လက်ဆောင်အဖြစ်ပေးအပ်ခဲ့သည် ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ သမီး ဒကာမကြီးတို့ရဲ့ အရပ်အတိုင်းအထွာကို ခန့်မှန်းပြီးထုထားတဲ့ ပန်းပုရုပ်တနှစ်ခုကို လာချီးမြှင့်တာပါတဲ့…
ပန်းပုရုပ်နှစ်ရုပ်အပြင် ပန်းပုရုပ်ဘုရားဆင်းတုတော်တွေပါ အမေ့ကိုလာပေးတာပါ…
တခါမှမမြင်ဖူးခဲ့တဲ့ ဗိုလ်ချုပ်တို့သားအဖပုံကို ပုံတူပန်းပုရုပ်ထုပြီး
အလေးအနက်ထားတဲ့ ဒီဆရာတော်ရဲ့ စိတ်အတွင်းကို မြင်ကြည့်ကြပါ…
ဘယ်လောက်ကြည်နူးဖို့ကောင်းလိုက်သလဲ…
အမေလည်း တနေ့လုံး စည်းရုံးရေးဟောပြောခဲ့ရလို့ ခရီးပန်းခဲ့ရတာတွေ အမောတွေပြေခဲ့ရပါတယ်…
ဒကာမကြီးဒေါ်စုဘက်မှာ ဒီလိုဆရာတော်တွေ ရှိတယ်…
ကျုပ်တို့ အမေ့ကို ချစ်တာ ဒီဆရာတော်ခြေဖျားတောင်မှီမယ်မထင်ဘူး…
ပန်းပုရုပ်ပုံတွေ ပို့ပေးကြလို့ကျေးဇူးတင်ပါတယ်……
_
photo-.K Ki Ki
သံဃာတော်တွေအနေနဲ့ နိုင်ငံရေးနယ်မကျွံမိစေဖို့ သီတဂူဆရာတော် ဦးဥာဏိဿရက
ဒီကနေ့ အောက်တိုဘာလ ၄ ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပတဲ့ မျိုးစောင့်ဥပဒေကြိုဆို ထောက်ခံပွဲ အခမ်းအနားမှာ မိန့်ကြားလိုက်ပါတယ်။
-
ရှင်ဥပဂုတ္တကို တတိယသံဃာယနာတင်ပွဲမှာအမိန့်နဲ့ခေါ်သလို အခေါ်ခံရလို့
မတတ်သာလို့လာခဲ့ရတယ်။ ကမ္ဘာ့ရန်ဖြစ်တဲ့ နဂါးနဲ့ဂဠုန် လက်တွဲသလိုမတည့်တဲ့
ကောင်တွေအတူလက်တွဲနေနိုင်ပါစေ။
-
တကယ်အရေးကြီးတဲ့ သာသနာ့ဆိုင်ရာဥပဒေတွေ ပျောက်ကုန်ပြီ၊
တကယ်အမျိုးဘာသာသာသနာကိုစောင့်ရှောက်ချင်ရင် အဲဒီဥပဒေတွေ
ပြန်လည်အသက်ဝင်လာအောင်စောင့်ရှောက်ပါဦးလို့ ယနေ့ကြွရောက်လာတဲ့
အင်းစိန်ဆရာတော်ဘုရားကြီးအမှူးပြုတဲ့သံဃာတော်တွေကိုလျှောက်ထားပါတယ်။
-
တချို့ကကိုယ့်နေရာကိုယ်မနေဘဲနယ်ကျော်ချင်ကြတယ်၊ ကိုယ့်စားကျက်မှာ
ကိုယ်နေကြပါလို့ ဘုရားဆုံးမထားတာရှိပါတယ်။အူယားတော်မမူကြပါနဲ့။
-
အူယားရင်ဘီလုံးငှက်လို ရှူံးလိမ့်မယ်။ overspeed မဖြစ်အောင်ထိန်းတော်မူကြပါ
ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ ဘုရားတနိုင်ငံလုံး ကိစ္စတမျိုးသားလုံးကိစ္စကို
အနာဂတ်ကိုအရှည်တွေးပြီးသတိရှိရှိစောင့်ကြည့်တော်မူကြပါလို့
သံဃာတော်အရှင်သူမြတ်များကိုလျှောက်ပါတယ်။
-
ချစ်သူကို favourမုန်းသူကို pressure ဆိုတဲ့အစွန်းရှောင်ပြီး
ကျင့်သုံးနိုင်ပါစေလို့ သံဃာတော်များ လျှောက်ထားပါတယ်ဘုရား ဟုမိန့်ကြားသွားပါတယ်။
==================
သီတဂူဆရာတော် ဦးဥာဏိဿရ
ဒီကနေ့ရန်ကုန်မှာ ကျင်းပတဲ့ မျိုးစောင့် ဥပဒေအောင်ပွဲ မှာ သီတဂူဆရာတော် ဦးဥာဏိဿရ မိန့်ကြားသွားတဲ့မိန့်ခွန့် ( ပထမပိုင်း )==============================၄..၁၀..၁၅-သံဃာတော်တွေအနေနဲ့ နိုင်ငံရေးနယ်မကျွံမိစေဖို့ သီတဂူဆရာတော် ဦးဥာဏိဿရက ဒီကနေ့ အောက်တိုဘာလ ၄ ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပတဲ့ မျိုးစောင့်ဥပဒေကြိုဆို ထောက်ခံပွဲ အခမ်းအနားမှာ မိန့်ကြားလိုက်ပါတယ်။-ရှင်ဥပဂုတ္တကိုတတိယသံဃာယနာတင်ပွဲမှာအမိန့်နဲ့ခေါ်သလို အခေါ်ခံရလို့မတတ်သာလို့လာခဲ့ရတယ်။ကမ္ဘာ့ရန်ဖြစ်တဲ့ နဂါးနဲ့ဂဠုန် လက်တွဲသလိုမတည့်တဲ့ကောင်တွေအတူလက်တွဲနေနိုင်ပါစေ။-တကယ်အရေးကြီးတဲ့ သာသနာ့ဆိုင်ရာဥပဒေတွေ ပျောက်ကုန်ပြီ၊တကယ်အမျိုးဘာသာသာသနာကိုစောင့်ရှောက်ချင်ရင် အဲဒီဥပဒေတွေပြန်လည်အသက်ဝင်လာအောင်စောင့်ရှောက်ပါဦးလို့ ယနေ့ကြွရောက်လာတဲ့အင်းစိန်ဆရာတော်ဘုရားကြီးအမှူးပြုတဲ့သံဃာတော်တွေကိုလျှောက်ထားပါတယ်။-တချို့ကကိုယ့်နေရာကိုယ်မနေဘဲနယ်ကျော်ချင်ကြတယ်၊ ကိုယ့်စားကျက်မှာကိုယ်နေကြပါလို့ ဘုရားဆုံးမထားတာရှိပါတယ်။အူယားတော်မမူကြပါနဲ့။-အူယားရင်ဘီလုံးငှက်လို ရှူံးလိမ့်မယ်။ overspeed မဖြစ်အောင်ထိန်းတော်မူကြပါဆရာတော် သံဃာတော် အရှင်သူမြတ်တို့ ဘုရားတနိုင်ငံလုံး ကိစ္စတမျိုးသားလုံးကိစ္စကိုအနာဂတ်ကိုအရှည်တွေးပြီးသတိရှိရှိစောင့်ကြည့်တော်မူကြပါလို့သံဃာတော်အရှင်သူမြတ်များကိုလျှောက်ပါတယ်။-ချစ်သူကို favourမုန်းသူကို pressure ဆိုတဲ့အစွန်းရှောင်ပြီး ကျင့်သုံးနိုင်ပါစေလို့ သံဃာတော်များ လျှောက်ထားပါတယ်ဘုရား ဟုမိန့်ကြားသွားပါတယ်။==================သီတဂူဆရာတော် ဦးဥာဏိဿရ
Posted by April Maung Maung on Sunday, October 4, 2015
ဒီကနေ့ရန်ကုန်မှာ ကျင်းပတဲ့ မျိုးစောင့် ဥပဒေအောင်ပွဲ မှာ သီတဂူဆရာတော် ဦးဥာဏိဿရ မိန့်ကြားသွားတဲ့မိန့်ခွန့် (ဒုတိယပိုင်း - နိဂုံး )==============================၄..၁၀..၁၅-ဘုရားမဟောဒါကို ဘုရားဟောတယ်လို့ စော်စွဲခြင်းဟာ ဒါကို မကောင်ဘူး။-ဂျာနယ်တွေ စာစောင်တွေ ကလည်း မပြောတာကို မပြောတဲ့အတိုင်းရေးပါ ပြောတာကိုပြောတဲ့အတိုင်းရေးပါ ပြောင်ပြန်မလုပ်ကြပါနဲ့ ဟု အထူးဘဲ့ မေတ္တာရပ်ခံထားပါတယ်။-နောက်ဆုံး နိဂုံချုပ်အနေနဲ့တော့ ဘာသာပေါင်းစုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားကြပါလို့ သီတဂူဆရာတော်ကြီး မှမိန့်ကြားသွားပါတယ်။==================သီတဂူဆရာတော် ဦးဥာဏိဿရ
Posted by April Maung Maung on Sunday, October 4, 2015
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲစာရင်းတွေ အမှားအယွင်း များပြားလွန်းတာ၊ မမှန် ကန်တာ စတာတွေနဲ့ ပါတ်သက်ပြီး နဂိုတုန်းက ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဟာ မဲစာရင်း သွားမကြည့်တဲ့ ပြည်သူ တွေကို အပြစ်တင်ခဲ့ပါတယ်။ သူ့အပြောကတော့ ကျုပ်တို့ ပြုစုပြီးသွားပြီ၊ ခင်ဗျားတို့ကမှ သွားမကြည့်တာ၊ သွားမ ကြည့်ရင် ကျုပ်တို့ အာမမခံနိုင်ဘူး၊ သွားမကြည့်တဲ့ ခင်ဗျားတို့ အပြစ်လို့ ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့ပါတယ်။ အခုတစ်ခါ မဲစာရင်း မမှန်တာ ပြည်သူတွေ သွားမကြည့်လို့၊ သွားမကြည့်ချင်အောင် မီဒီယာတွေက ရေးကြ သားကြလို့ ဆိုပြီး မီဒီယာတွေဘက်လှည့် အပစ်ပုံချတာ လုပ်လာ ပြန်ပါတယ်။ ဦးတင်အေး ဘာတွေ ပြောပြန်ပြီလဲ၊ သူပြောတာ မှန်သလား၊ မဲစာရင်း မမှန်တဲ့ ကိစ္စ မီဒီယာတွေမှာ တာဝန်ရှိသလားဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။
စက်တင်ဘာ ၂၉ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်ကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ခုလို မီဒီယာတွေကို အပြစ်တင်တဲ့စကား ဦးတင်အေး ပြောခဲ့တာပါ။ သူပြောခဲ့တာ အပြည့်အစုံက ခုလိုပါ။ “ မီဒီယာတွေရဲ့ အရေးအသားတွေက လုပ်သားပြည်သူများ အတွက်ပေါ့၊ ဟိုတ လောက ကျွန်တော် ဂျာမန်လူမှုရေး အဖွဲ့အစည်းတစ်ခုက အယ်ဒီတာနဲ့ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုမှာ ကျွန်တော် ပြောလိုက်ပါတယ်။ မဲစာရင်းနဲ့ ပတ်သက်ပြီး ကော်မရှင်က ကော်မရှင် အလုပ်လုပ်ပါတယ်။ လုပ်သားပြည်သူများ အလုပ်က ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ပူးပေါင်းဆောင်ရွက်ပြီး အမှန်ဖြစ်အောင် လုပ်သင့်ပါတယ်လို့ ရေးရမယ့် အစား ခင်ဗျားတို့က ကော်မရှင်ကို လာပြီး အပြစ်တင်တဲ့ အခါကျတော့ မဲစာရင်းအပေါ် အယုံအကြည်မဲ့ပြီး လာမကြည့်တော့၊ မဲစာရင်း မှန်သလား မမှန်သလားဆိုတာ မပြောနိုင်ဘူး ဖြစ်နေတယ်။”
“ ဒါကြောင့် ခင်ဗျားတို့က ဥပဒေကို နားလည်ပါ။ ဥပဒေအရ ကော်မရှင်က ပြုစုတဲ့အပေါ်မှာ လုပ်သားပြည်သူ က ပူးပေါင်း ဆောင်ရွက်ရမယ်၊ ပါတီက ပူးပေါင်းဆောင်ရွက်ရမယ်၊ လာကြည့်ပြီး မပါရင်ဖြည့်ဖို့ ပုံစံ ၃ ဖြည့်ရပါမယ်။ မှားနေရင် ပြင်ဖို့ ၄(ဂ) ဖြည့်ရပါမယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှ မဲစာရင်းက မှန်မှာပါ။ ဒါကို အလေးပေး မရေးပဲနဲ့ ကျွန်တော်တို့ကို မှားတယ်ဆိုပြီး အပြစ်တင်ရေးတော့ ကျွန်တော့်မှာ လည်းလုပ်ရတာခက်ခဲနေတယ်။ ဒီလိုပဲပြောလိုက်တယ်။ ပြောရရင် မဲစာရင်းအမှန်ဖြစ်ဖို့ ကျွန်တော်ကလည်း ကြိုးစားပါတယ်။ ကျွန်တော် ကြိုးစားသလောက်အရာမထင်ပဲနဲ့ မီဒီယာရဲ့ အပြောအဆိုအောက် မှာနစ်မွန်းသွားတာပေါ့” ဆိုပြီး ဖြစ်ပါတယ်။
ဦးတင်အေးဟာ ဘယ်ကိစ္စဖြစ်ဖြစ် ဥပဒေကို ကိုးကားပြောလေ့ ရှိပါတယ်။ ဥပဒေအရ ကော်မရှင်ရဲ့ အလုပ် ဟာ မဲစာရင်း ပြုစုဖို့ပဲ ဖြစ်တယ်။ မဲစာရင်း မှန်မမှန် ကော်မရှင်တာဝန် မဟုတ်ဘူး။ စစ်ဆေးဖို့ တာဝန်ရှိတဲ့ ပြည်သူတွေ ရဲ့ တာဝန် ဖြစ်တယ်ဆိုပြီး ပြောဆိုလေ့ ရှိပါတယ်။ တကယ်တော့ မဲစာရင်းပြုစုဖို့ ဆိုကတည်းက အတတ်နိုင်ဆုံး မှန်မှန်ကန်ကန် ဖြစ်အောင် ပြုစုရမယ်ဆိုတာ ဥပဒေအရ မရေးသားထားပေမယ့် နားလည်ရမယ့် ကိစ္စပါ။ မှန်ချင်မှန် မှားချင်မှား ပြုစုလိုက်ပြီဆိုရင် ဥပဒေနဲ့ ညီတယ်လို့ ကလေးကလား စကားမျိုး ဦးတင်အေး ပြောလေ့ ရှိပါတယ်။ ကောင်းပါပြီ။ မဲစာရင်း ပြုစုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ ပြည်သူတွေ၊ မီဒီယာတွေ ပါဝင်သင့်တဲ့ အခန်းကဏ္ဍ ကို ပြောပြပါ့မယ်။
ဦးတင်အေးဟာ အခု ၂၀၁၅ မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ သိထားပြီးသား လူတစ်ယောက်ပါ။ သူတာဝန် ယူချိန်က တွက်ရင် လေးနှစ်ကျော် အချိန်ရပါတယ်။ အဲဒီ အချိန်ကတည်း ကရွေးကောက်ပွဲ လုပ်ရင် ၂၀၁၀ တုန်းက စာရင်းကို သုံးမလား၊ ဒါမှမဟုတ် သန်းခေါင်စာရင်း ပြုစုတာကို စောင့်ပြီး အဲဒီ စာရင်းက ရလာတာ သုံးမလား၊ ဒါမှမ ဟုတ် အသစ်ပြုစုမလား ဆုံးဖြတ်ထားရပါမယ်။ ပြိုင်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေနဲ့ တိုင်ပင်နိုင်သလို၊ ကိုယ့်ဖာသာ ကိုယ် ဆုံးဖြတ်ရင်လည်း ရပါတယ်။ အဲ ကိုယ့်ဖာသာကိုယ် ပြုစုဖို့ ဆုံးဖြတ်ပြီးရင်တော့ ဘယ်လို ပြုစုမလဲ စီမံချက် ရေးဆွဲ ရပါလိမ့်မယ်။
အဲဒီလို ပြုစု ရေးဆွဲမယ့် အချိန်မှာ ဘယ် စာရင်း၊ ဘယ် အထောက်အထားတွေကို အခြေခံပြီး၊ ဘယ်အချိန်မှာ ပြုစုမယ် ပွင့်ပွင့်လင်းလင်း ကြေညာ အလုပ် လုပ်ရပါမယ်။ ဒါမှ နိုင်ငံရေးပါတီ၊ မီဒီယာ နဲ့ပြည်သူတွေ သိကြမှာ ဖြစ်ပါ တယ်။ အဲလို ပြုစုတဲ့ဆီမှာ နိုင်ငံရေး ပါတီတွေ၊ ပြည်သူတွေ ၀ိုင်းဝန်းပူးပေါင်း ကူညီကြပါဆိုပြီး ကြော်ညာလို့ ရပါတယ်။ နိုင်ငံရေးပါတီဆိုတာ ဒီကိစ္စ ကူညီချင်နေတာ တစ်ပိုင်း သေနေတာပါပဲ။ မဲစာရင်းမှန်ရေး မီဒီယာတွေကလည်း ၀ိုင်းပြီး လှုံ့ဆော်ပေးကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးတင်အေး အဲလို မလုပ်ခဲ့ပါဘူး။ မဲစာရင်း ပြုစုတာကို ဘယ်သူ့ ကိုမှ မပြော၊ ဘယ်သူ့ အကြံဥာဏ်မှ မယူ၊ အားလုံး လျှို့ဝှက်ထားပြီး ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်ခဲ့ပါ တယ်။ မှားတာ ငါ့အလုပ်မဟုတ်၊ ငါ့အလုပ်က ပြုစုရင်ပြီးရော သဘော ထားခဲ့ပါတယ်။
ဒါကြောင့်လည်း တကယ့်တကယ် ပထမအကြိမ် မဲစာရင်းကပ်တဲ့အခါ အမှားအယွင်းတွေများပြီး ပြည်သူလူထု အားလုံး၊ နိုင်ငံရေးပါတီတွေ အားလုံး၊ မီဒီယာတွေ အားလုံး အံ့သြ မင်တက် မိကြပါတယ်။ ဘယ်နိုင်ငံမှာမှ မရှိတဲ့ အခြေအနေမျိုးပါ။ တကယ်လို့သာ အဲဒီအချိန်မှာ ကျွန်တော်တို့ မဲစာရင်းပြုစုတာ အဲလို ဗရမ်းဗတာ ဖြစ်နေပြီ၊ ဘယ်လို လုပ်ရင် ကောင်းမလဲ၊ ကျွန်တော်တို့ကို အကြံပေးပါ၊ မဲစာရင်း မှန်ရေး အတူတကွ လုပ်ကြရအောင်ဆိုပြီး ရွေးကောက် ပွဲဝင်မယ့် နိုင်ငံရေး ပါတီတွေကို ဖိတ်ခေါ်ရင် အားလုံးက နည်းနာရှာ ၀ိုင်းဝန်း ကူညီကြမှာပါ။ ဒါပေမယ့် ဦးတင်အေးက အဲလိုလည်း မလုပ်ခဲ့ပြန် ပါဘူး။ ငါ့လှေငါထိုး ပဲခူးရောက်ရောက် ဆက်လုပ်ပါတယ်။ ကြက်တူရွေးတစ်ကောင်လို အမြဲ တန်း ရွတ်ပြတာက မဲစာရင်း ကြည့်ကြပါ။ နာမည်မပါရင် ပုံစံ ၃ နဲ့ ဖြည့်ပေးဖို့ တောင်းပါ၊ မှားနေရင် ပုံစံ ၄ နဲ့ ပြင်ပေးဖို့ ပြောပါ။ သေပြီးသားသူတွေ ပါနေရင် ပုံစံ ၅ နဲ့ ပယ်ဖျက်ခိုင်းပါ ဒါတစ်ခုပဲ ထပ်တလဲလဲ ပြောနေတာ ဖြစ်ပါတယ်။
မီဒီယာအလုပ်ဆိုတာ မှန်ရင် မှန်တယ် ပြောဖို့၊ မှားနေရင် မှားနေတယ် ထောက်ပြဖို့၊ ဦးတင်အေး ရိုးရိုးသား သား မှားသလား၊ တမင် မသမာမှု လုပ်သလား စုံစမ်းဖော်ထုတ်ဖို့ပဲ တာဝန် ရှိပါတယ်။ အခု မီဒီယာတွေက သူ့အလုပ် သူ လုပ်နေကြတာ ဖြစ်ပါတယ်။ ဦးတင်အေးကသာ ကိုယ့်အလုပ်ကိုယ် ကောင်းကောင်း မလုပ်လို့၊ တာဝန်မကျေလို့ ဝေဖန်ခံရတာ ဖြစ်ပါတယ်။ ဒီအတွက်နောက်ဆက်တွဲဖြစ် လာနိုင်တဲ့ ပြဿနာပေါင်းများစွာ အတွက်လည်း ဦးတင် အေး တာဝန်ယူ ရပါဦးမယ်။ ဒီအတွက် လက်ကျန် အချိန်လေးအတွင်းမှာ ကိုယ်တာဝန် မကျေတာကို ဖုံးကွယ်ဖို့၊ ငြင်းဆန်ဖို့၊ တစ်ပါးသူကို အပြစ်တင်ဖို့ မကြိုးစားပဲ နိုင်ငံရေး ပါတီတွေနဲ့ အမြန်ဆုံး တွေ့ဆုံ၊ ပြဿနာတွေကို အတူ ဆွေးနွေး ညှိနှိုင်း ဖြေရှင်းဖို့ သင့်နေပြီ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
__________________________________
အတွေးအမြင်ဆောင်းပါး
စည်သူအောင်မြင့်
တစ်ဆိတ်ရှိယတြာ တစ်ဆိတ်ရှိဗေဒင်ဆရာ
နေရာတကာဗေဒင်အားကိုး
ယတြာအမျိုးမျိုးနဲ့ အရုပ်ဆိုးမှန်းမသိ
ဂုတ်ချိုးမှန်းမသိ အားရှိရှိ အများသိသိ
တအားဖိ လုပ်နေကြပါပကောလား…။
အယူသီးပြီး အရည်းကြီးတွေထက်
တိုးတက်ကြီးစိုး အာဏာတန်ခိုးနဲ့
ဓါးမိုးသေနတ်မိုး လူအမြစ်ချိုးတဲ့
မင်းအစိုးရ အုပ်ချုပ်နေမှတော့
ဒုက္ခပြည့်ပြော သောကတောမှာ
ဖွတ်ကျောပြာစု မွဲကြောင်းပြုလို့
ထောင်းထုညက်ကြေ အသက်သေနေပြီ
ဒါတွေထက်ဆိုးတာ ရှိပါအုံးမလား…။
လူထုတွေရဲ့အသည်း နှစ်ခြမ်းကွဲလို့
ထပ်ခါတလဲလဲ ကွဲစရာအသည်းလဲ
မရှိတော့တာ အမှန်ပါပဲ
အပျော့စွဲနဲ့ ကဲ၍ချော့လာလို့များ
ပျော့သွားခဲ့ပါရင် ငါးပါးတင်မက
သံဃာစင်ပါမှောက်
လူမျိုးပါပျောက်ပေတော့မည်…။
ဒီလိုလူစား မဲပေးသွားရင်
ဘယ်လိုအနေထား ဖြစ်သွားမယ်ဆိုတာ
ကိုယ့်ဖါသာကိုယ်သာ တွေးကြည့်ပါတော့ဗျာ…။
တက္ကသိုလ်ဘုန်းကြွယ်(၃-၁၀-၁၅)
Ukyaw Kyawsoe တင်လှာတဲ့ပုံနဲ့အကြောင်းရာကို
ကဗျာဖွဲ့ဆိုပေးလိုက်ပါတယ်
ပုံအပိုကြည့်လိုလျှင အောက်ပါ် 11 New Photos ကိုကလစ်လိုက်ပါ
Ukyaw Kyawsoe added 11 new photos — with U Ko Ko Lay.
5 hrs • Edited •
*** ထေ ရ ဝါ ဒ ဗုဒ္ဓ ဘာ သာ မှာ
ဒါ တွေ ရှိ ပါ သ လား ခင် ဗျား ***
******* ******** ******* ******* ******
* အင်းစိန်ဈေးကြီး အမိုးထိပ်မှာ . . .
ကျောက်ဖရုံသီး တင်ထားပြီး
ယတြာ ခြေကြသတဲ့ ... ''
* အဓိပ္ပာယ်က ဒီလိုဆိုပဲ . . .''
- အင်း စိန် ဈေး ကြီး = အောင် ဆန်း စု ကြည်
ကျောက် ဖ ရုံ သီး = ကြံ့ခိုင် ဖွံ့ဖြိုး ရေး သင်း
* အင်းစိန်ဈေးကြီး (.အောင်ဆန်းစုကြည် ) အပေါ်မှာ
ကျောက်ဖရုံသီး (.ကြံ့ခိုင်ဖွံ့ဖြိုးရေးသင်း ) ရှိနေအောင် ဆိုတဲ့ အဓိပ္ပာယ်တဲ့ဗျာ ။
* ရွှေဉာဏ်တော် တော်တော်စူးရောက်ကြပါပေ့ ''
ဒီအစိုးရက ထေရဝါဒ မဟုတ်တဲ့ အပြင်ဖက်က အယူတွေ ယူနေကြမှတော့ ...
စစ်မှန်တဲ့ သာသနာတော်ကြီးကို ဘယ်လို ချီးမြှောက်ထိန်းသိမ်း နိုင်မှာလဲဗျာ ။
 ဘင်္ဂလားဒေ့ရှ် နိုင်ငံမြောက်ပိုင်းမှာ စနေနေ့က ဂျပန်နိုင်ငံသားတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်လိုက်တာဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ IS အကြမ်းဖက်အဖွဲ့က ကြေညာလိုက်ပါတယ်။ အရင်ရက်အနည်းငယ်က ဒါကာမြို့မှာ အီတလီနိုင်ငံသား အကူအညီပေးရေးအဖွဲ့ လုပ်သား တစ်ဦးအသတ်ခံရမှုဟာလည်း သူတို့လက်ချက်ဖြစ်တယ်လို့ IS အဖွဲ့က ကြေညာခဲ့ပါသေးတယ်။
ရဲတွေရဲ့ ပြောကြားချက်အရ ရမ်ဂပူ ခရိုင်က ရွာတစ်ရွာမှာ မျက်နှာဖုံးစွပ်ထားတဲ့ မော်တော်ဆိုင်ကယ်စီး တိုက်ခိုက်ရေးသမားတွေဟာ ဂျပန် နိုင်ငံသား Kunio Hoshi ကို ပစ်ခတ်သတ်ဖြတ်သွားခဲ့တာလို့ ဆိုပါတယ်။
ဂျပန်နိုင်ငံသား Hoshi ဟာ ဒါကာမြို့တော်ကနေ ကီလိုမီတာ ၃၀၀ လောက်ဝေးတဲ့ ရမ်ဂပူခရိုင်မှာရှိတဲ့ လယ်ယာစိုက်ပျိုးရေး စီမံကိန်း တစ်ခုမှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။
ဂျီဟတ်အဖွဲ့တွေရဲ့ အွန်လိုင်းပို့စ်တွေကို စောင့်ကြည့်တဲ့ စုံစမ်းထောက်လှမ်းရေးအဖွဲ့ရဲ့ ပြောကြားချက်အရ IS အဖွဲ့က အဆိုပါ တိုက်ခိုက်မှု အတွက် သူတို့လက်ချက်ဖြစ်ကြောင်း အွန်လိုင်းပေါ်မှာ ကြေညာခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြောကြားချက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒါကာမြို့မှာ အီတလီနိုင်ငံသား အကူအညီပေးရေးလုပ်သားတစ်ဦး ပစ်သတ်ခံခဲ့ရပြီး တစ်ပတ်မပြည့်ခင်မှာပဲ အခုဖြစ်ရပ် ထပ်ဖြစ်ခဲ့တာပါ။ အဲဒီ ဖြစ်ရပ်အတွက်လည်း IS အဖွဲ့က သူတို့လက်ချက်ဖြစ်တယ်လို့ ကြေညာခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ငြင်းဆန်ပြီး ဒီတိုက်ခိုက်မှုကို သီးခြားဖြစ်ရပ်အဖြစ် ခေါ်ဆိုခဲ့ပါတယ်။
မွတ်ဆလင်ဘာသာဝင် အများစုနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဘာသာရေးလွှမ်းမိုးမှု ကင်းလွတ်တဲ့နိုင်ငံအဖြစ် ဂုဏ်ယူပြောဆိုလေ့ ရှိပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဘာသာရေးလွှမ်းမိုးမှုမခံလိုတဲ့ ဘလော့ဂါနဲ့ တက်ကြွလှုပ်ရှားသူ အနည်းဆုံး ၁၀ ဦးလောက် အထိ အသတ်ခံခဲ့ရပြီး သတ်ဖြတ်ခဲ့သူ အစ္စလာမ်မစ် စစ်သွေးကြွတွေကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရတဲ့ အခြေအနေ ရောက်နေပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝဘ်ဆိုက်က ထုတ်ပြန်တဲ့ ဆီးရီးယားနိုင်ငံအတွင်းက သူပုန်တွေကို ရုရှားဗုံးကြဲချနေပုံ။ (အောက်တိုဘာ ၃၊ ၂၀၁၅) 
 ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ အကြမ်းဖက်သမားတွေ ခြေကုပ်ယူထားရာနေရာတွေနဲ့ အခြား ပစ်မှတ်တွေကို စနေနေ့က စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရုရှားဘက်က ပြောပါတယ်။ အခုလို လေကြောင်း တိုက်ခိုက်မှုတွေဟာ အနောက်နိုင်ငံတွေက ထောက်ပံ့ ပေးထားတဲ့ သူပုန်အဖွဲ့တွေကို အဓိကပစ်မှတ်ထားပြီး ဗုံးကြဲနေတာဖြစ်တယ်လို့ အနောက်နိုင်ငံတွေက အခိုင်အမာပြောနေပေမယ့်လည်း ရုရှားနိုင်ငံက IS အစွန်းရောက်အဖွဲ့တွေကို ဆက်ပြီး တိုက်ခိုက်သွားမယ်လို့လည်း ပြောပါတယ်။
ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု ဗိုလ်ချုပ်ကြီး Andrei Kartapolov က စနေနေ့က ရုရှား သတင်းထောက် တွေကို ပြောကြားခဲ့ရာမှာ အရာရှိအဆင့် IS အဖွဲ့ဝင်တွေဟာ ကြောက်လန့်ထွက်ပြေးကုန်ကြပြီး ကြေးစားစစ်သား ၆ဝဝ လောက်လည်း ဆီးရီးယားမြောက်ပိုင်း ရာကွာမြို့ကနေ ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။
ကျနော်တို့က လေကြောင်းကဆက်တိုက်နေရုံသာမက ပိုပြီးတော့လည်း အပြင်းအထန် တိုက်ခိုက်သွားမှာပါ- လို့ ဒုဗိုလ်ချုပ် Kartapolov ကရုရှားသတင်းအေဂျင်စီ RIA ကို ပြောပါတယ်။
ရက်ပိုင်းလောက်ပဲရှိသေးတဲ့ ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ရန်သူပတ်လည်ဝိုင်းနေတဲ့ဆီးရီးယားသမ္မတ ဘာရှာ အယ်အာ ဆတ်ကို အကာအကွယ်ပေးတဲ့ ထိုးစစ်ဆင်မှုသာဖြစ်တယ်လို့ပြောပြီး အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
ရုရှားလေကြောင်း တိုက်ခိုက်မှုအားလုံးရဲ့ ၅ ရာခိုင်နှုန်းကသာ IS အစွန်းရောက်အဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီး ရုရှား လေယာဉ်တွေ ကြဲချခဲ့တဲ့ ဗုံးအများစုဟာ အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ အာဆက်အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းနေတဲ့ သူပုန် အဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
နယ်​မြေ​ခံ RCSS ​တာ​ဝန်​ခံ ​တွေ ​က ​နယ်​မြေ ​မ​ငြိမ်း​ချမ်း ​သေး​ဘူး ​ဆို​တဲ့ ​အ​ကြောင်း ​ပြ​ချက် ​နဲ့ ​နိုင်​ငံ​ရေး ​ပါ​တီ ​တွေ ​စည်း​ရုံး​မှု ​တွေ ​မ​လုပ် ​ဖို့ ​တား​မြစ် ​နေ​တယ်။ 
ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA အဖွဲ့ က သူတို့ရဲ့ ထိန်းချုပ်မြေ ထဲ မှာ နိုင်ငံရေးပါတီ တွေ မဲဆွယ် စည်းရုံး ခွင့် ပြန်လည် ခွင့် ပြု လိုက်ပါတယ်။
ဒါပေမယ့် တကယ် လက်တွေ့ မှာတော့ နယ်မြေခံ RCSS တာဝန်ခံ တွေ က နယ်မြေ မငြိမ်းချမ်း သေးဘူး ဆိုတဲ့ အကြောင်း ပြချက် နဲ့ နိုင်ငံရေး ပါတီ တွေ စည်းရုံးမှု တွေ မလုပ် ဖို့ တားမြစ် နေတယ် လို့ လွယ်လင် မြို့နယ် ထဲ ကို သွားရောက် ခဲ့တဲ့ SNLD ပါတီ က ပြောရေး ဆိုခွင့် ရှိသူ စောယွန်းပိုင်က ဘီဘီစီ ကို ပြောပါတယ်။
ဒါ့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ရှမ်းပြည် တောင်ပိုင်း မဲဆွယ်ပွဲ ခရီးစဉ် တွေ လည်း ဖျက်သိမ်း ခဲ့ရတယ် ဆိုပြီး ကျေးသီးမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်က ဝင်ရောက် ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ် ဦးအောင်သန်းဝင်း က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ လလယ် ပိုင်းက အစိုးရ စစ်တပ် နဲ့ RCSS/SSA ကြား တိုက်ပွဲ တွေ ဖြစ်ပေါ် ခဲ့တာပါ။
ရှမ်းပြည် မှာ မြို့နယ် ၅၅ မြို့နယ် ရှိတဲ့ အထဲက ၄ မြို့နယ် မှာ နယ်မြေ စိုးမိုးမှု မရှိလို့ ဆိုပြီး အစိုးရ က ရွေးကောက်ပွဲ ကျင်းပ မှာ မဟုတ်ကြောင်း ပြောထား သလို ၊ နိုဝင်ဘာ လ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုတဲ့ နေရာ တွေ မှာလည်း အခုလို အောက်တိုဘာ ပထမ ပတ် ထဲ ရောက် လာတဲ့ တိုင်အောင် နိုင်ငံရေး ပါတီ တွေ အနေနဲ့ မဲဆွယ် စည်းရုံးရေး လုပ်ငန်း တွေ မလုပ်ဆောင် နိုင် ဖြစ်နေကြတာပါ။
BBC Burmese
http://www.bbc.com/burmese
[youtube src="oGYJpfck6eo"/]
၃.၁၀.၂၀၁၅ ရက်နေ့ က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်၊ ဟိုပင်မြို့ သို့ သွားရောက်ပြီး ဒေသခံ ပြည်သူများအား ရွေးကောက်ပွဲ အောင်နိုင်ရေး မိန့်ခွန်း ဟောပြော ခဲ့သည်။ သတင်း/ရုပ်သံ - National League for Democracy
https://www.facebook.com/NLDParty
[youtube src="aJCymXLhtF8"/]
https://www.facebook.com/NLDParty
[youtube src="8um2BzBIWjA"/]
https://www.facebook.com/NLDParty
thuya-tinoo-620.jpg တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး ရွေးကောက်ပွဲ အသိပညာပေးဟောပြောပွဲအတွက် အောက်တိုဘာလ ၃ ရက်နေ့က ရောက်ရှိလာစဉ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေမှာ အမှားများနေပေမယ့် လည်း ရွေးကောက်ပွဲနေ့မှာ မဲပေးကြဖို့ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက တိုက်တွန်းပြောကြားလိုက်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့ အရှေ့ကျောင်းတိုက်မှာ ဒီကနေ့ ပြုလုပ်တဲ့ ရွေးကောက်ပွဲ အသိပညာပေးဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက တိုက်တွန်းပြောကြား လိုက်တာ ဖြစ်ပါတယ်။
"ဒီမဲစာရင်းနဲ့ပတ်သက်လို့က ဘယ်လိုပဲမှားသည်ဖြစ်စေ ထုတ်ပယ်သော်လည်းပဲ ကျနော်တို့ဟာ ကိုယ်ပေးရမယ့်မဲတစ်ခုကို ပေးနိုင်ဖို့အရေးကြီးပါတယ်၊ ပေးခွင့်ရှိရင်တော့ ပေးနိုင်ဖို့အရေးကြီးပါတယ်၊ အဲ့ဒါကြောင့်မို့လို့ အဲ့ဒါကို ပေးနိုင်ဖို့အတွက်ပဲ လုံးပမ်းဖို့ပဲ ကျနော်ဆောင်ရွက်နေရခြင်းပဲဖြစ်ပါတယ်"
လာမယ့်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုလောမြို့ကနေ ဝင်ရောက်အရွေးချယ် ခံမယ့်သူတွေကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းခင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းတွေအဖြစ် ဦးကျော်မင်းနဲ့ ဦးကြည်လှိုင်တို့ ဖြစ်ပါတယ်။
ဒီကနေ့ ဟောပြောပွဲကို ဒေသခံပြည်သူ ၅ဝဝဝ ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။ သူရဦးတင်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မကွေး၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ရွေးကောက်ပွဲအတွက် လှည့်လည်ဟောပြောခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်ဘက်ကိုလည်း သွားရောက်ဟောပြောမှာဖြစ်ပါတယ်။
RFA
http://www.rfa.org/burmese/news/voter-list-thuya-tinoo-speech-10032015133843.html
theinaung-620.jpg ဟသာင်္တမြို့နယ် မြို့တော်ခန်းမမှာကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးဆွေးနွေးပွဲမှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင် ကို အောက်တိုဘာလ ၃ ရက်နေ့က တွေ့ရစဉ်
လာမယ့်ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအာဏာကို ရယူဖို့ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်တာကြောင့် ပါတီကြီးနှစ်ခု ပြိုင်ဆိုင်မှုပြင်းထန်မှာဖြစ်တဲ့အတွက် လုံခြုံရေးကြပ်မတ်ဖို့လိုတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောပါတယ်။
ဒီနေ့ ဟသာင်္တမြို့နယ် မြို့တော်ခန်းမမှာကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးဆွေးနွေးပွဲမှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
"အခုလာမယ့်ရွေးကောက်ပွဲကတော့ တိုင်းပြည်ရဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကိုရယူဖို့ ယှဉ်ပြိုင်တဲ့ ပွဲဖြစ်တဲ့အတွက် ရည်ရွယ်ချက်ရည်မှန်းချက်ကလည်း အင်မတန်ကြီးမားပါတယ်၊ ပြိုင်ဆိုင်မယ့် ပါတီကြီးနှစ်ခု ကလည်းပဲ ပြိုင်ဆိုင်မှုအဖြစ်ကြီးမားနိုင်တယ်၊ အခုစည်းရုံးရေးကာလမှာ ပြိုင်ဆိုင်မှုကြီးကြီးမားမားဖြစ်တယ်၊ ပြီးရင်လည်း ရွေးကောက်ပွဲကာလမှာလည်းပဲ ပြင်းပြင်းထန်ထန် ရှိနေပါမယ်၊ ဒါကြောင့်မို့လို့ လုံခြုံရေး ကြပ်ကြပ်မတ်မတ်နဲ့ မျှမျှတတ လွတ်လွတ်လပ်လပ် မဲပေးနိုင်အောင်ဆောင်ရွက်ဖို့ အလွန်ပဲအရေးကြီးပါတယ်"
လက်ရှိမဲဆွယ်စည်းရုံးရေးကာလမှာတင် ပြည်ခိုင်ဖြိုးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကြီး နှစ်ခုရဲ့ ပြိုင်ဆိုင်မှုက ပြင်းထန်နေပြီး ပုဂ္ဂိုလ်ရေး ပဋိပက္ခတွေ၊ အဖွဲ့အစည်းပဋိပက္ခတွေ ဖြစ်ပေါ်နေတယ်လို့လည်း ပြော ပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို ဟသာင်္တမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ မြို့နယ် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှုးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတာဝန်ယူကြမယ့် အထူးရဲတွေအင်အား တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။
RFA
http://www.rfa.org/burmese/news/minister-utheinaung-speech-election-security-10032015131550.html
phyominthein-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ မက်လုံးပေး မဲဆွယ်တယ်ဆိုပြီး ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (က)နဲ့ လှည်းကူးမြို့မရဲစခန်းမှာ တရားစွဲလိုက်ပါတယ်။
အဲ့ဒီမက်လုံးပေးမဲဆွယ်မှုဟာ ရဲအရေးပိုင်တာဖြစ်တဲ့အတွက် ရဲစခန်းမှာ တိုင်ကြားတာဖြစ်တယ်လို့ လှည်းကူး မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်း က ပြောပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းလည်းဖြစ်ပြီး လက်ရှိလျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဆွေအောင်နဲ့ လှည်းကူးမဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်မြတ်သူ အပါအဝင် ၇ ဦးကို ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (က) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
တရားစွဲဆိုထားတာနဲ့ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်တို့ ကို အကြောင်းကြားထားပြီး ပြည်ထောင်စုဝန်ကြီးတစ်ယောက်အနေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို လိုက်နာဖို့ တိုက်တွန်းကြောင်းလည်း ထည့်သွင်းရေးသားထားတယ်လို့ သိရပါတယ်။
RFA
http://www.rfa.org/burmese/news/nld-aginst-usdp-candidates-10032015125325.html
[youtube src="nQMglW5gTVg"/]
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီက လပွတ္တာမြို့တွင် ယနေ့ နံနက်ပိုင်းက လှည့်လည် မဲဆွယ်ခဲ့ရာ NLD ပါတီဝင်များနှင့် ထောက်ခံသူ ပြည်သူ များစွာ လိုက်ပါ လှည့်လည်ခဲ့ကြောင်း သတင်း ရရှိသည်။
NLD ပါတီဝင်များနှင့် ပါတီကို ထောက်ခံသူများမှာ နံနက် ၈ နာရီမှ စတင်၍ လပွတ္တာမြို့ရှိ လူစည်ကားရာ နေရာများသို့ စက်ဘီးများ၊ ဆိုက္ကားများ၊ ဆိုင်ကယ် များ၊ ကားများနှင့် ဖျော်ဖြေရေး ယာဉ်များဖြင့် လှည့်လည်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ မဲဆွယ်ပွဲသို့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း၊ ရွေးမေတ္တာ၊ အဖြူရောင် ဧရာဝတီ၊ လပွတ္တာ နာရေးကူညီမှုအသင်း၊ တွဲလက်များနှင့် မောင်ထင် စာကြည့်တိုက်အဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့ NLD မဲဆွယ်ပွဲသို့ အဆိုတော် စည်သူမင်း ဦးဆောင်သည့် တီးဝိုင်းအဖွဲ့သားများကလည်း အခမဲ့ ၀ိုင်းဝန်း ကူညီသီဆိုပေးခဲ့ကြောင်း သိရသည်။
သတင်း...ဧရာဝတီ
ကျောင်းအနောက်ဘက်လမ်းကြားထဲမှာစည်ပင်ကလာထားတဲ့ဖိုက်ဘာအမှိုက်ပုံး ၃ ပုံးရှိပါတယ်။ မိမိနေတဲ့ကျောင်းဆောင်နဲ့ကပ်နေတဲ့အတွက် အမှိုက်လာ
သိမ်းတိုင်းအမှိုက်ပုံးပြန်ပိတ်တဲ့အသံဟာ မိုးခြိမ်းသံအလားအောက်မေ့ရပါတယ်။တခါတရံ စည်ပင်ဝန်ထမ်းအမျိုးသမီးငယ်ရဲ့ လူတွေကအမှိုက်ပုံးထဲ ဖန်ချောင်း
ကွဲတွေထည့်သွားတဲ့အတွက် မြည်တွန်းတောက်တီးနေတဲ့အသံကိုလည်းကြား
ဘူးသလို၊ဘေးမှာစွန့်ပစ်သွားသူများကိုလည်း အမှိုက်ပုံးလေးတောင်လှပ်မထည့်
ချင်ကြဘူးလို့ပြောတဲ့အသံကြားဘူးပါတယ်။ အမှိုက်ပုံးပိတ်လိုက်တဲ့အသံကြောင့်
ဒီအနီးအနားက လူတွေ နားပူမှာဘဲလို့ ကိုယ်ချင်းစာတရားလေးများမရှိဘူးလား
လို့ကြုံရင်မေးမယ်လို့ စိတ်ဆုံးဖြတ်ထားဘူးပါတယ်။
ကနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် အနောက်ဘက်ဝရံတာရပ်နေတုန်း စည်ပင်က
အမျိုးသမီး အမှိုက်သိမ်းတာနဲ့ ကြုံပါတယ်။ အမှိုက်ပုံးလှပ်လိုက်တာနဲ့စူးရှတဲ့အနံ့
ဟာကျောင်းပေါ်မှာရပ်နေတဲ့ မိမိနှာခေါင်းဝ ကိုလာရောက်တိုးဝှေ့နေပါတယ်။
အမျိုးသမီးငယ်ကတော့ အမှိုက်ပုံးထဲ ခေါင်းငုံ့ပြီး အမှိုက်ထုပ်တွေကို အမြန်ထုတ်
ယူနေပါတယ်။ နှာခေါင်းစည်းထားသော်လည်း ဤမျှ စူးရှပြင်းထန်သောအနံ့ ကို
ကုန်းရှူနေသလိုဖြစ်နေတော့ ကျင့်သားရနေလို့ဖြစ်မှာပါလို့ယူဆပြီး ကိုယ်ချင်းမ
စာမိပါ။နောက်ဒုတိယပုံး ထဲကအမှိုက်ထုတ်ယူပြီးပြန်ပိတ်လိုက်တော့လည်း ဒိုင်း
ဆိုတဲ့အသံ ပိုကျယ်လာပါတယ်။ အော် ... အသက်ကြာကြာမအောင့်နိုင်လို့မြန်
မြန် ပိတ်နေတာပါ့လားလို့ သတိထားမိလာပါတယ်။နောက်တတိယပုံးကအမှိုက်
များထုတ်ယူချိန်မှာတော့ အမျိုးသမီးငယ် ကျောင်းဘက်ကိုလှည့်ပြီး ပျို့အန်လိုက်
ပါတယ်။ အန်လိုက်လို့ ပြည့်လျှံသွားတဲ့မျက်ရည်တွေကို အင်္ကျီ စနဲ့သုတ်ပြီးထုတ်
လိုက်စအမှိုက်များကိုထုတ်ပြီး သယ်သွားပါတယ်။ဒီတစ်ခါ ပိတ်တော့ အရင်ပုံး
များလောက်အသံမကျယ်တော့ပါ။
ဘယ်သူတွေဘာဖြစ်ဖြစ်ကိုယ့်အလုပ်ကိုယ်လုပ်တာဆိုပြီး ကိုယ်ချင်းမစာတတ်သူ
ဟုထင်ခဲ့သော မိမိသာလျှင် အမှန်တကယ်ကိုယ်ချင်းမစာတတ်သူဖြစ်နေချေပြီ။
တစ်နေ့တစ်နေ့ ဒီလိုအနံ့အသက်ဆိုး အမှိုက်ပုံးမည်မျှ လိုက်သိမ်းနေရပါသနည်း။
နှစ်ပေါင်းမည်မျှ ဒီအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေရပါသနည်း။မစဉ်း
စားမိခဲ့ပါချေ။အမှန်တကယ်အပြစ်တင်ထိုက်သူက စည်းကမ်းမဲ့ အမှိုက်ပစ်သူများ
သာဖြစ်သည်။ပုပ်ပွစေသော အမှိုက်မျိုးကို သေချာထုပ်ပိုးပစ်သင့်ပါသည်။အခြား
နိုင်ငံတွေရောက်တော့ အမှိုက်ပုံးသုံးပုံးထားခြင်းမှာ Recycle (ပြန်လည်အသုံးပြု
ရနိုင်သည့်အမှိုက်)ပုံး၊ ပုပ်ပွစေသောအရာထည့်သည့်အမှိုက်ပုံးနှင့် အခြားဆိုပြီး
ရေးထားတာတွေ့ဘူးပါသည်။ယခုလာချထားသောအမှိုက်ပုံး ၃ ပုံးတွင်ဘာမှရေး
မထားသလို၊ရေးထားလည်း အသိပညာပေးမရှိသဖြင့် သိကြမည်မထင်ပါ။
မိမိတို့ပါတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် ကျန်းမာရေးနှင့်ရင်းပြီးဆောင်
ရွက်ပေးနေသော စေတနာရှင်စည်ပင်ဝန်ထမ်းမလေးအား ဤစာစုဖြင့်ဂုဏ်ပြု
အပ်ပါသည်။ ဒီအလုပ်မှ အမြန်ဆုံးလွတ်မြောက်ပါစေလို့လည်း ဆုတောင်းလိုက်
ပါသည်။မိမိတို့ပတ်ဝန်းကျင်သန့်ရှင်းသလို သူမဘ၀လေးလဲ ဧမြသန့်ရှင်းပါစေ။
အရှင်ဣဿရိယ
 dassk-moekaung-620.JPG အောက်တိုဘာလ ၃ ရက်နေ့ကကျင်းပတဲ့ ကချင်ပြည်နယ် မိုးကောင်းမြို့၊ နတ်ကြီးကုန်းရပ်ကွက် အားကစားကွင်းက လူထုဟောပြော ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ်
လာမယ့်ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရပြီးအစိုးရဖွဲ့နိုင်မယ်ဆိုရင် သူမကို သမ္မတဖြစ်ခွင့်ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်နိုင်မယ်လို့ ယုံကြည်ကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ပြောကြားလိုက်ပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့၊ နတ်ကြီးကုန်းရပ်ကွက် အားကစားကွင်းမှာ ဒီကနေ့မနက် ၁၂ နာရီခန့်က ကျင်းပတဲ့ မဲဆွယ်လူထုဟောပြောပွဲမှာ အခုလို ပြောကြားလိုက်တာပါ။
"တကယ်လို့ ကျမတို့အပြတ်အသတ်နိုင်မယ် ပြည်သူလူထုက ကျမတို့ရဲ့နောက်မှာ တောင့်တောင့်တင်းတင်း ညီညီညွတ်ညွတ်ရှိတယ်ဆိုတာ ထင်ရှားလို့ရှိရင် ကျမတို့ ဥပဒေဘောင်အတွင်းကနေပြီးတော့ ဒီပုဒ်မ ကိုပြင်နိုင်မယ်လို့ ကျမယုံကြည်ပါတယ်၊ နောက်တစ်ခုက ဒီပုဒ်မကိုချက်ချင်း ကျမတို့ ပြည်သူလူထုလိုလားသလို ချက်ချင်းလက်ငင်းမပြင်နိုင်ရင်တောင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်ရင် ကျမတို့ဦးဆောင် ပြီးတော့ ပြင်သွားမယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောပါရစေ"
ကချင်ပြည်နယ်ကို စည်းရုံးရေးခရီးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက် မြစ်ကြီးနားကနေ နမ္မတီးကို ရောက်ရှိပြီးနောက် ဆယ့်ငါးမိနစ်ခန့် လူထုကိုဟောပြောခဲ့ပါတယ်။
အဲ့ဒီနောက် နမ္မတီးကနေ မိုးကောင်းမြို့ကို ရောက်ရှိပြီး နေ့လည်ပိုင်းမှာ မိုးညှင်းမြို့ကို ဆက်လက်ထွက်ခွာ သွားပါတယ်။ မိုးညှင်းမှာ မနက်ဖြန်မနက် ဟောပြောပြီး အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာကို သွားရောက်မှာဖြစ်ပါတယ်။ မနက်ဖြန်ညမှာတော့ မြစ်ကြီးနားမြို့ကို ပြန်လည်ရောက်ရှိပြီး နောက်တစ်နေ့မှာ ဗန်းမော်မြို့ကို သွားရောက်မယ်လို့ သိရပါတယ်။
RFA
http://www.rfa.org/burmese/news/dassk-moekaung-speech-10032015123355.html
 yehtut-620.jpg
 ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ် ကိုတွေ့ရစဉ်
မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ တရားစွဲဆိုချက်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ ဖက်ဒရယ်တရားရုံးတစ်ခုက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အတူ ပြည်ထောင်စု ဝန်ကြီးတချို့ကို ဆင့်ခေါ်ထားတာနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က တုံ့ပြန်မှာမဟုတ်သလို သွားရောက်ဖြေရှင်းမှာလည်း မဟုတ်ဘူးလို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြောပါတယ်။
ဒါ့အပြင်လည်း လူမျိုးတုံးသတ်ဖြတ်မှုလို့ သုံးနှုန်းထားတာဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဖြစ်ပြီး အစိုးရအနေနဲ့ ဒီအသုံးအနှုန်းကို လက်မခံပဲ ပယ်ချကြောင်းကိုလည်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
"မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေက အမေရိကန်နိုင်ငံရဲ့လက်အောက်မဟုတ်မဟုတ်ဘူးဗျာ၊ ဒါကြောင့်မို့လို့ ဖက်ဒရယ်တရားရုံးရဲ့ ဖိတ်ခေါ်ချက်က ကျနော်တို့ ဘာမှတုန့်ပြန်စရာမလိုဘူး၊ မနှစ်က ရခိုင်ပြည်နယ်မှာဖြစ်နေ တဲ့ လူမျိုးစုနှစ်စုကြားက ပြဿနာအားလုံးကို ကျနော်တို့က ဥပဒေနဲ့အညီဖြေရှင်းတယ်၊ ဥပဒေချိုးဖောက်လို့ရှိရင် တစ်ဖွဲ့လုံးကလူတွေကို အပြစ်ပေးတယ်၊ အခုလို လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတဲ့ကိစ္စကိုလည်း ကျနော်တို့ပယ်ချ ပါတယ်၊ ဒီကနေ့ ကျနော်တို့ အစိုးရသစ်လက်ထက်အောက်မှာက ရခိုင်ပြည်နယ်မှာ နိုင်ငံတကာအဖွဲ့ အစည်းပေါင်းစုံ လွတ်လွတ်လပ်လပ် ကူညီဆောင်ရွက်နေတယ်၊ သူတို့ပြောသလို လူမျိုးတုံး သတ်ဖြတ်မှုဆိုတာ ရှိတယ်ဆိုလို့ရှိရင် အဲ့ဒီမှာအထောက်အထားတွေတွေ့မှာပေါ့၊ အဲ့ဒီတော့ မခိုင်မာတဲ့ အထောက်အထားတစ်ခုကို ဘာမှန်းမသိတဲ့ အဖွဲ့အစည်းတစ်ခုခုကနေတင်တာကို လက်ခံတာကိုတော့ ကျနော်တို့လည်း အံ့သြတာပေါ့၊ ဒါပေမယ့်လည်း အမေရိကန်တရားရေးစနစ်ဆိုတော့ ကျနော်တို့လည်း ဘာမှတော့မပြောလိုဘူး"
ဒီစွပ်စွဲချက်နဲ့ တရားစွဲဆိုချက်တွေဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနီးလာချိန် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိနဲ့ ထိုးနှက်ချက်တွေ ဖြစ်တယ်လို့လည်း ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
ရိုဟင်ဂျာ (ဘင်္ဂါလီ)တွေကို ပစ်မှတ်ထားကာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး မွတ်စလင်အဖွဲ့အစည်း ၁၉ ဖွဲ့ ပူးပေါင်းထားသည့် Burma Task Force USA (BTF) က တရားစွဲဆိုထားကြောင်း အဲ့ဒီအဖွဲ့က အောက်တိုဘာ လ (၁) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံရပ်ခြားသားများ အကျိုးထိခိုက်မှုအခွင့်အရေးဆိုင်ရာ အက်ဥပဒေ (ATCA) နဲ့ ညှဉ်းပမ်းနှိပ်စက်ခံရသူများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (TVPA) တို့အရ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း အဲ့ဒီထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင်လည်း လူဦးရေ တစ်သန်းနီးပါးရှိတဲ့ ရိုဟင်ဂျာတွေဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့်ဆုံးရှုံးနေပြီး လွှတ်တော်ကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ မျိုးစောင့်ဥပဒေပြဌာန်းတာတွေ လုပ်နေကြောင်းကိုလည်း အဲ့ဒီမွတ်စလင် ၁၉ ဖွဲ့ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။
ncct-nainghanthar-620.jpg ရန်ကုန်မြို့ Green Hill Hotel မှာ ဇွန်လ ၂၃ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကို တွေ့ရစဉ်
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးရေးမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အားလုံးပါဝင်ခြင်းမရှိတာဟာ စာချုပ်ပြီးပြည့်စုံမှုမရှိဘူးလို့ UNFC လို့ခေါ်တဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီက သဘောထားကြေညာချက်တစ်စောင် ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေးစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ပြီး ၁၁ ဖွဲ့ကတော့ အားလုံးပါဝင်မှ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အခုလိုအားလုံးပါဝင်မှု မရှိတာကြောင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ပြည့်စုံခြင်းမရှိတဲ့အပြင် ပြည်တွင်းစစ်လည်း မရပ်စဲနိုင်ဘူးလို့ UNFC အဖွဲ့ ဒုတိယဥက္ကဌ ဦးနိုင်ဟံသာက ပြောပါတယ်။
NCA လက်မှတ်ရေးထိုးပြီးနောက် ဆက်လက်ပြုလုပ်မယ့် အစည်းအဝေးတွေမှာ လက်မှတ်ရေးထိုးခြင်းမရှိတဲ့ အဖွဲ့တွေကိုပါ တက်ရောက်ခွင့်ပေးမှာဖြစ်ပေမယ့် ဆွေးနွေးခွင့်တော့ မပြုဘူးလို့ ဆိုပါတယ်။ ဒီအခြေအနေတွေအရ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိတဲ့ အဖွဲ့တွေထဲက အစည်းအဝေးကို မတက်ရောက်တာတွေလည်း ဖြစ်နိုင်တယ်လို့ ဦးနိုင်ဟံသာက ပြောပါတယ်။
UNFC ရဲ့ ကြေညာချက်မှာ NCA စာချုပ်ပါ သဘောတူညီချက်တွေအရ လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးရေး မူဘောင်ရေးဆွဲတာ၊ နှစ်ဘက်တပ်တွေလိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအပါအဝင် ဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်မှသာလျှင် အဓိပ္ပါယ်ပြည့်ဝမှာဖြစ်တယ်လို့ ဆိုပါတယ်။
RFA
http://www.rfa.org/burmese/news/nca-signing-unfc-speak-10032015113355.html