10/10/15
လာမယ့် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေထဲက သုံးယောက်မှာ တယောက်က မေးပေးခွင့်မရတာနဲ့ မပေး ဘဲနေတာ ဖြစ်လာနိုင်တယ်။ သည်အတိုင်းသာဆိုရင် လွတ်လပ်မှုလည်း ကင်းမဲ့ပြီး တရားမျှတမှုလည်းမရှိတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါမယ်။
နိုင်ငံတကာမီဒီယာမှာ အဲဒါမျိုးကို အခိုးခံရတဲ့ရွေးကောက်ပွဲလို့ ခေါ်ကြပါတယ်။ (ဥပမာ ၂၀၁၃ ကမ္ဘောဒီးယား ရွေးကောက်ပွဲ)
မဲစာရင်းမှတ်ပုံတင်တာကနေစပြီး အဲလိုကြီးမားဆိုးရွားတဲ့ ပြဿနာကို ဖြစ်လာတာပါ။ အမှန်က ဖန်တီးတာပါ။ ၁၉၉၀ တုန်းက ရွေးကောက်ပွဲရလဒ် အဟောသိကံဖြစ်ခဲ့ရတယ်။ ၂၀၁၀ မှာလည်း တယောက်တည်း ပြိုင်တာ တောင် ကြိုတင်မဲနည်းသုံးခဲ့တယ်။ အဲဒါတွေလည်း အခိုးခံရတာသာ ဖြစ်တယ်။
ကော်မရှင်ဥက္ကဋ္ဌက ၃၀ ရာခိုင်နှုန်း (၉ ဒသမ ၆ သန်း)ကိုသာ လူသိရှင်ကြား အာမခံထားတယ်။ အဲတော့ မဲပေး နိုင်သူပေါင်း သန်း ၂၀ ပျောက်နေတယ်။ အစတုန်းကတော့ လူတွေကလာပြီး စာရင်းမပေးကြလို့ဆိုပြီး လူတွေ ကို အပြစ်ဖို့တယ်။ နောက်နယ်ကော်မရှင်တွေ ကောင်းကောင်းမလုပ်ကြဘူးလို့ ပြောတယ်။ ဒုတိယအကြိမ် ထုတ်တော့ ပိုဆိုးနေတယ်။ သွားစစ်တော့ တွေ့တဲ့အမှားတွေက ဗြောင်းဆန်နေတာ တွေ့ကြရတယ်။ နာမည် မပါတာ၊ မွေးသက္ကရာဇ်လွဲတာ၊ သေဆုံးသူတွေနာမည်ပါနေတာ၊ လူနာမည်မဟုတ်ဘဲ လမ်းနာမည်တွေပါနေတာ စသဖြင့်။
ဝေဖန်တာတွေကို ကော်မရှင်က တာဝန်ယူမှုတခုမှမလုပ်ဘဲ ကွန်ပျူတာ ဆော့ဖ်ဝဲလွှဲချနေတယ်။ ဘယ်တိုင်း ပြည်မှ အဲလိုကော်မရှင်က တာဝန်မယူကြဘူးလို့ သူများတွေကိုပါ နာမည်ဖျက်သေးတယ်။ သူတို့စာရင်းတွေမှာ အမှားတွေပါတယ်လို့ ၀န်ခံချက်ပေးတာဟာ ရိုးသားမှုလို့ ဘာသာပြန်မရပါ။
ရေမပါတာက ရေဘူးပေါက်လို့ပါလို့ စစ်တပ်ထွက်ဥက္ကဋ္ဌ ပြောနေတယ်။
၁၉၉၀ တုန်းက လူဦးရေ သန်း ၂၀ ထဲက ၁၅ သန်းမဲပေးနိုင်ခဲ့လို့ ၇၂ ဒသမ ၅၉ ရာခိုင်နှုန်း မဲပေးခဲ့တာ ဖြစ်တယ်။ အဲဒါထဲမှာ ပယ်မဲတွေက ၁၂ ဒသမ ၃ရာခိုင်နှုန်းပါခဲ့သေးတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲစာရင်း ထဲမှာ တကယ့်မဲပေးခွင့်ရှိတဲ့ လူဦးရေထက် ပိုများထားတယ်။ ပြည်သူ့လွှတ်တော်မှာ ၂၉ သန်းကမဲပေးခဲ့ တယ်လို့ ထုတ်ပြန်ပြီး အမျိုးသား လွှတ်တော်မှာ ၂၈ သန်း မဲပေးတယ်လို့ ထုတ်ပြန်ခဲ့တယ်။ အမှန်မဲပေးခွင့် ရှိသူပေါင်းက ၂၇ ဒသမ ၂၉ သန်းသာရှိပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်မှာ ၄၃ ဒသမ ၀၄ ရာခိုင်နှုန်းနဲ့ နိုင်တယ်လို့ ကြေညာတယ်။ အဲဒီထဲမှာ ၅၈ ဒသမ ၄၁ ရာခိုင်နှုန်းက ကြိုတင်မဲတွေသာ ဖြစ်ခဲ့ပါ တယ်။ အမျိုးသားလွှတ်တော်မှာ ၁၆ ဒသမ ၂၆ သန်းနဲ့နိုင်တယ်လို့ ဆိုတာထဲမှာ ကြိုတင်မဲ ၂ ဒသမ ၇ သန်းပါခဲ့ တာဖြစ်တယ်။ အဲဒါကြောင့် စုစုပေါင်း ၈၇ ဒသမ ၆၂ ရာခိုင်နှုန်းနဲ့နိုင်တာ ဖြစ်လာစေခဲ့တယ်။
၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲမဲပေးခဲ့သူတွေထဲက ၇၅ ရာခိုင်နှုန်းဟာ လာမယ့် ၂၀၁၅ မှာ မဲပေးခွင့်ရှိပါမယ်။ အဲတာက ၂၀၁၅ စာရင်းထဲမှာ ၆၅-၇၅ ရာခိုင်နှုန်းပါမယ်။ အဲဒါဟာ ၂၀ ဒသမ ၈ ကနေ ၂၄ သန်းအထိ ရှိမယ်လို့ တွက်ချက်ယူနိုင်တယ်။ လူသစ်တွေနဲ့ပေါင်းရင် ၃၂ သန်းက မဲပေးခွင့်ရှိရပါမယ်။
ကော်မရှင်ဥက္ကဋ္ဌအပြောက ၉ ဒသမ ၆ သန်းကိုသာ အာမခံတယ်ဆိုတော့ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူ လူထုကြီးဆန္ဒကို ထင်ဟပ်မယ်လို့ မပြောနိုင်ပါ။ မဲပေးခွင့်မရှိသူလို့ သတ်မှတ်ဆုံးဖြတ်ရာမှာလည်း ရေရေရာရာ တိတိကျကျမရှိပါ။ အခု ရွေးကောက်ပွဲမှာ ကြိုတင်မဲကို ၅ ရာခိုင်နှုန်းလို့ ပြောထားပါတယ်။ အဲဒါထက်များမယ်၊ ပယ်မဲက ၁၂ ရာခိုင်နှုန်း ထက်ကျော်လာရင် ရလဒ်က အမှန်ဖြစ်ဖို့ ပိုဝေးစေပါမယ်။
၂၀၁၀ အတွေ့အကြုံအရ လူတွေကပြောနေကြတယ်။ ကောလာဟလတွေလည်း ပျံ့နေတယ်။ အဆိုးဆုံးဖြစ် နိုင်တာက စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေ မှာဖြစ်ပါမယ်။ အာဏာပိုင်တွေရဲ့ အဂတိလိုက်စားမှုနဲ့ ခရိုနီအင်အားအရ ပဲခူးနဲ့ မကွေးမှာလည်း အနိုင်ရအောင် လုပ်နေသေးပါတယ်။
လက်ရှိဥက္ကဋ္ဌဟာ ၁၉၉၀ တုန်းက ဥက္ကဋ္ဌလုပ်ခဲ့ရတဲ့ ဦးဘဌေးလို ကြားလူမဟုတ်ပါ။ ဦးတင်အေးဟာ ပြည်ခိုင်ဖြိုး အမာခံဖြစ်ပြီး ဗိုလ်သန်းရွှေ မထွက်ခင်က ရွေးပေးထားခဲ့ပြီး လက်ရှိသမ္မတလုပ်နေသူနဲ့ သမ္မတ ထပ်ဖြစ်ချင် နေသူ ဦးသိန်းစိန်ကနေ ခန့်ထားခဲ့သူဖြစ်တယ်။ အဲဒါကြောင့် ဦးတင်အေး ပါးစပ်ကထွက်သမျှ သမာသမတ်ကျ ရမယ့် ရွေးကောက်ပွဲ ကော်မရှင်ကို ပိုပြီးတန်ဖိုးမဲ့စေတော့တယ်။
ရွေးကောက်ပွဲကော်မရှင်ထဲမှာ စစ်တပ်ကဗိုလ်ချုပ်တွေချည်းသာ ဖြစ်နေတယ်။ ရွေးကောက်ပွဲ လေ့လာစောင့် ကြည့်ဖို့ လူအင်အား တသိန်းလိုမယ်။ သမ္မတက မနေ့ကမှ မဲစာရင်းတွေ ကြည့်လုပ်ကြဦးလို့ ပြောထွက်တယ်။ အဓိကတော့ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးထွက်ပေးရမယ်။
ဦးတင်အေးဟာ DSA စစ်တက္ကသိုလ်ဆင်း ဖြစ်တယ်။ UMEH ဦးပိုင်လီမိတက် ဥက္ကဋ္ဌလည်း လုပ်ခဲ့သေးတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ တံတားဦးကနေ အရွေးခံရတယ်။ သူဟာ ကြံ့ခိုင်ရေးပါတီကနေ ၂၀၁၀ သြဂုတ်လထဲမှာဝင်ခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌလုပ်ဖို့ ၂၀၁၁၊ မတ်လမှာ ထွက်ပါတယ်။ စစ်အစိုးရလက်ထက်တုန်းက ဦးတင်အေးဟာ ဗခမက သန်းရွှေ၊ ဒဗခမက မောင်အေး၊ ဗခက ရွှေမန်း၊ ဗခကတင်အောင်မြင့်ဦး (၂၀၁၂ မှာ ဒုသမ္မတကနေ ထွက်ရသူ)နဲ့ ဗခက သိန်းစိန် (လက်ရှိသမ္မတ)တို့ ပြီးရင် စီနီယာအကျဆုံးဖြစ်ပါတယ်။ မသမာတဲ့ ကော်မရှင်ကြောင့် ၂၀၁၅ ဟာ အခိုးခံရတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတော့မယ်။
ဒေါက်တာတင့်ဆွေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
အမျိုးစောင့်ဥပဒေ စတင်ပေါ်ပေါက်စဉ်အခါက “တိုင်းပြည်အတွက် အကျိုးရှိလျင် လက်သင့်ခံမည်။ အကျိုးမရှိလျင် လက်သင့်မခံ” ဟု ဒေါ်အောင်ဆန်းစုကြည်ဖြေကြားချက်ကို နားထောင်ခဲ့ဖူးသည်။ “မထောက်ခံနိုင်”ဟု ယတိပြတ်ငြင်းပယ်ခဲ့တာ မကြားမိခဲ့။ ဒေါ်အောင်ဆန်းစုကြည် ဆိုလိုသည့်သဘောက ကိုယ့်ဖက် သူ့ဖက် ဘာသာရေးခေါင်းဆောင်တွေ အသိပညာရှင်တွေ တိုင်ပင်ညှိနှိုင်းပြီး လူအများ လက်သင့်ခံနိုင်သော ဥပဒေမျိုးကို ဆိုလိုသည့်သဘော ဖြစ်ဖို့များပါသည်။ ထိုအချိန်မှစတင်၍ မဘသက “ငါတို့ဥပဒေကို မထောက်ခံရကောင်းလား” ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို နည်းမျိုးစုံဖြင့် ဝေဖန်လာခဲ့သည်။ မကြားဝံ့ မနာဝံ့သော စကားတွေ တွင်တွင်သုံးကာ သွေးချွန်တို့လို လူတွေက သာကီသွေးဂျာနယ်မှာ အကျယ်တ၀င့် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သာ မဘသရဲ့ အမျိုးစောင့်ဥပဒေ ကို ထောက်ခံ ပါတယ်၊ လက်ခံပါတယ်၊ အမျိုးဘာသာ သာသနာအတွက် ထမ်းဆောင် ပါမယ်လို့ သာ တစ်ခွန်းလောက်ပြောလိုက်ရင် မဲတွေ အကုန် မရဘူးလား၊ ဘာသာ သာသာနာကို မလေးစားလို့ မချစ်လို့ အဲလို မပြောတာလား၊ အဲဒီစကားကို ရဟန်းတော်အချို့ရော လူပုဂ္ဂိုလ်အချို့ပါ မိမိကိုယ် အတိုက်အခံလုပ်ပြီး မေးကြသည်။ သူတို့ဖြစ်စေချင်တာက ထောက်ခံ လိုက်ပေါ့။ မဲရဖို့အဓိကပဲ ဆိုသည့်သဘောပင်။
ဒီနေရာမှာ ပြောစရာရှိတာက ဒီလိုသာ ထောက်ခံပြီး ပြောလိုက်ရင် မဘသတွေ ဖြစ်စေချင်တဲ့ မဲတော့ရမှာသေချာသည်။ ရေတို အတွက်ကြည့်လျင် မှန်သယောင်ရှိပေမယ့် ရေရှည်အတွက် ဆိုလျင် ဒေါ်အောင်ဆန်းစုကြည်အတွက်ရော နိုင်ငံအတွက်ပါ အန္တရာယ်ကြီးမားသည်။ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေး သီလသိက္ခာ အပြည့်ရှိသူတစ်ယောက်၊ ဥပဒေကို လေးစားလိုက်နာသူ တစ်ယောက်၊ တိုင်းရင်းသား လူမျိုးစု အားလုံးနဲ့ ညီညွတ်စွာ နေထိုင်လိုသူ တစ်ယောက် အနေနဲ့ အဲဒီအမျိုးစောင့် ဥပဒေကိုသာ ထောက်ခံလိုက်ရင် သူမရဲ့ နိုင်ငံရေး သီလသိက္ခာဟာ မြောင်းထဲရောက်သွားမှာ သေချာသည်။
အစိုးရက ဒီအကွက်ကို ကောင်းကောင်းသိလို့ ဘာသာရေးဖက်လှည့် အသုံးချကာ နည်းမျိုးစုံနဲ့ ကျုံးသွင်းဖို့ ကြိုးစားခဲ့တာဖြစ်သည်။ ဒီနေ့အချိန်မှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် တိုင်းရင်းသားရေးရာ အခန်းကဏ္ဍလည်း အရေးပါလာသည်ကား အမှန်ပင်၊ “လူမျိုးကြီးလို့ ဘာသာဝင်များလို့” ဆိုပီး ထင်ရာလုပ်ခဲ့ကြလို့ မိမိတို့အတိတ် က ဖြစ်ပျက် ခဲ့တာတွေ ပြန်ကြည့်လျင် သိနိုင် မြင်နိုင်ပါသေးသည်။ ဒီဥပဒေကို တိုင်းရင်းသားအများစု ငြင်းဆန်ခဲ့ဖူးတာ ကြားသိကြလိမ့်မည်ထင်သည်။ တိုင်းရင်းသား လူမျိုးစုပေါင်းစုံ မှီတင်းနေထိုင်နေတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဒီလိုမျိုးဥပဒေတစ်ခုသည် ကိုယ့်ဖက် သူ့ဖက်ဘာသာရေးခေါင်းဆောင်တွေ လူပညာရှိပုဂ္ဂိုလ်တွေ စုပေါင်းပြီး ညှိနိုင်းတိုင်ပင် အတည်ပြု ပြဌာန်းမယ် ဆိုလျင် အကောင်းဆုံးဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံ ဥပဒေကိုလေ့လာကြည့်လျင် များသောအားဖြင့် အာဏာရှိသူဖက်က အမြဲတမ်း အသာရနေသော ဥပဒေဖြစ်နေသည်။ တနည်းအားဖြင့် “ပါးစပ်ဥပဒေ”ဟု ခေါ်လိုက ခေါ်နိုင်သည်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဘာသာရေးကို အသုံးချပြီး နိုင်ငံရေး အမြတ်မထုတ်ရဟု အတိအလင်း ပြဌာန်းထားတာ တွေ့ရမည်ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည် တစ်ခွန်းပြောလိုက်တာနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်လို့ဆိုပြီး လိုသလို အရေးယူမှာ သေချာသည်။
အဲဒါတင်ပဲလား ဆိုတော့ မဟုတ်သေး။ ဒီအမျိုးစောင့် ဥပဒေရဲ့ နောက်ကွယ် က ဖန်တီးရှင်တွေကို လက်လှမ်းမီသလောက် ဆွဲထုတ်ရရင် အစိုးရ လူတွေ ကနေပြီး ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတာကို တွေ့ရှိ ရသည်။ သေသေ ချာချာစဉ်းစားနိုင်မှ ကွင်းဆက်ကို လေ့လာနိုင်မှာဖြစ်သည်။ မဘသတွေက ဘာကြောင့် အတင်းဖိအားပေးထောက်ခံခိုင်းရသလဲဆိုရင် အစိုးရ က နောက်ကွယ်ကနနေပီး သူတို့လိုချင်တဲ့ အကွက်ထဲကို ဆွဲခေါ်သွင်း ကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး သီလသိက္ခာတရား ကြီးမားမှု ကို ရေစုန်မျှောပစ်ချင်လို့ဆိုတာသိသာသည်။ အခြားသော နည်းလမ်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ဖက်က ဘယ်လိုနည်းနဲ့မှ နိုင်ငံရေးဘက် ယှဉ်ပြိုင်၍ မနိုင်တော့မှန်း သိသောကြောင့်ပင်။ စေ့စ့ ငုငု လေ့လာလိုက်ရင် အင်မတန် အောက်တန်းကျသော လုပ်ရပ်ဖြစ်သည်။
အစိုးရအနေနဲ့ ကိုယ်တိုင်အကြမ်းနည်းဖြင့် အသုံးပြုလို့မရတော့ဘူးဆိုတာ သိနေလို့ အနုနည်းနဲ့ ဦးဝီရသူဦးဆောင်သော မဘသအချို့ကို အသုံးချ ကာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာသာရေးကျူံးသွင်းပြီး ထိန်းချုပ် ဖို့ နိုင်ငံသိက္ခာ အဖတ်ဆယ်လို့မရနိုင်အောင် ကြိုးစားနေသည်ကား အမှန်ပင်။ ထိုအချက်ကို လူတော်တော်များများနဲ့ ရဟန်းတော်အချို့ပါ သိမြင်ကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မဘသအချို့ပြောနေသလိုမျိုး တကယ်ပဲ အမျိုးဘာသာ သာသနာအပေါ် အလေးမထားသလားဆိုတာကို ပြန် သုံးသပ် ရလျင် အထင်နဲ့ အမြင် တည့်တည့်စင်အောင် လွဲနေတာကို တွေ့မြင်နိုင် ပါသည်။ ရွှေတောင်ကုန်း ဆရာတော်ကြီးတို့လို ဆရာတော်ကြီးများရဲ့ သြ၀ါဒကိုခံယူကာ အမြဲမပြတ် တရားဘာဝနာ ပွားများလေ့ရှိသည်။
ဦးခင်ညွှန့်လက်ထက်က ဒေါ်အောင်ဆန်းစုကြည် ရွှေတောင်ကုန်းရိပ်သာကို ၀င်ထွက်သွားလာများလို့ နိုင်ငံရေးကို အကြောင်းပြကာ ရွှေတောင်ကုန်း ရိပ်သာကို သိမ်းပိုင်ဖို့အထိ ကြိုးစားခဲ့ဖူးသည်။ ဘိုးတော် စသည်ကို နေရာပေး ဆည်းကပ်ကိုးကွယ်ပြီး ဗေဒင်စတာတွေကို ယုံကြည်မှု လွန်ကဲကာ ရဟန်းသံဃာတော်တွေကိုပင် ပြစ်မှားဖို့ ၀န်မလေးပဲ ထောင်သွင်း အကျဉ်းချခဲ့ဖူးတဲ့ လက်ရှိအစိုးရ ထိပ်ပိုင်း လူတွေနဲ့ နှိုင်းယှဉ်ရလျင် ပဏ္ဍိတာရာမ ရွှေတောင်ကုန်း ဆရာတော်ကြီး တို့လို သီလ သမာဓိ ပညာအလွန်ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆုံးမသြ၀ါဒကို နာယူ မှတ်သားကာ ၀ိဿနာတရားကို ဆယ်စုနှစ်မက အားထုတ်လာသော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘာသာရေးသီလသိက္ခာကို အနည်းငယ်မျှ ယုံမှားသံသယဖြစ်ဖွယ်မရှိသင့်၊ယုံမှားစရာလည်း လိုမည်မထင်ချေ။
ရိုးရှင်း ထင်ရှားသော သာဓကတစ်ခုပြအံ့၊ ပခုံးပေါ် အပွင့်များစွာ တန်းစီချိပ် ထားသော စစ်ဗိုလ်များစွာ ခြံရံလျက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဖို့ ကြိုးစားတဲ့အခါတိုင်း ဒေါ်အောင်ဆန်းစုကြည်၏ သမာဓိစွမ်းအင် အလွန်ပြည့်စုံသည့် မျက်လုံးအစုံကို ယှဉ်ကြည့်မ၀ံ့ပဲ ရိုးတိုးရှန့်တန်းဖြစ်နေကြသော လက်ရှိ အာဏာရှိပုဂ္ဂိုလ်တွေရဲ့ မျက်နှာကိုကြည့်လျင်ပင် နိုင်ငံရေး, ဘာသာရေး သီလသိက္ခာ မည်မျှနည်းပါးသည်ကို သိနိုင် မြင်နိုင်ပါသည်။
ပါးစပ်ကသာ အမျိုးဘာသာ သာသနာလို့ တွင်တွင်ပြောပြီး သာသနာကို လိုသလိုအသုံးချ မလိုရင် မလိုသလို စော်ကားဖို့ ၀န်မလေးသူတွေတွေထက်
ပါးစပ်က ထုတ်မပြောပေမယ့်လို့ ရင်ထဲက နှစ်နှစ်ကာကာ ယုံကြည်လေးစား
ကျင့်ကြံနေသူကသာ ဘာသာ သာသနာအတွက် ပို၍ အားကိုး ယုံကြည် စိတ်ချရပါသည်။
ဆရာတော် ဦးသြဘာသ (ထားဝယ်)
The Ladies News Journal
 usdp-candidates-umyanyein-620.jpg ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က သုဝဏ္ဏမြို့ရိုးစေတီမှာ အောက်တိုဘာ ၁၀ ရက်နေ့က ကျင်းပတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်စည်းရုံးတဲ့ပွဲမှာ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြငြိမ်းကို တွေ့ရစဉ်
ရန်ကုန်တိုင်းမှာ အနီမလွှမ်းပဲအစိမ်းတွေပဲ လွှမ်းရမယ်၊ အစိမ်းဆိုတာ တိုင်းပြည်ဖွံ့ဖြိုးတာကို ကိုယ်စားပြုပြီး အနီရောင်က အာဇာနည်ဗိမာန် ဗုံးခွဲတာ လို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြငြိမ်းက မဲဆွယ်ပွဲ မှာ ပြောလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က သုဝဏ္ဏမြို့ရိုးစေတီမှာ ကျင်းပတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်စည်းရုံး တဲ့ပွဲမှာ ဦးမြငြိမ်းက ပြောလိုက်တာဖြစ်ပါတယ်။
"ရန်ကုန်တိုင်းတွက် အနီမလွှမ်းဘူး၊ အစိမ်းတွေပဲလွှမ်းရမယ်၊ အစိမ်းဆိုတဲ့ သဘာဝသတ္တိကဘာလဲ၊ နိုင်ငံတော် ဖွံ့ဖြိုးတယ်၊ သာယာတယ်၊ အနီဆိုတာ အာဇာနည် ဗုံးခွဲတာကိုသွားကြည့်၊ ၉ ရက် ၁ လ ၈၃၊ အာဇာနည်ဗုံးခွဲတာ ဇင်ဘိုတို့လက်ချက်ပါ ဆိုပြီးကွဲသွားတယ်၊ ဘာတွေဖြစ်သွားလဲ၊ အဲ့တော့ ဒီနေ့ အစိမ်းတွေကြည့်၊ အင်မတန်အား ရှိစရာကောင်းပါတယ်"
ဦးမြငြိမ်းဟာ လက်ရှိအမျိုးသားလွှတ်တော်ဒုတိယဥက္ကဌ ဖြစ်ပြီး ဒီကနေ့ ဟောပြောပွဲကို ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင်တစ်ဦးအဖြစ် လာရောက်ဟောပြောတာဖြစ်ကြောင်း ပြောပါတယ်။ ဦးမြငြိမ်းဟာ ခရမ်း၊ သုံးခွ နဲ့ ကျောက်တန်းမြို့နယ်တွေက အမျိုးသားလွှတ်တော်အတွက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
လက်ရှိအစိုးရဟာ ၄ နှစ်ခွဲအစိုးရသက်တမ်းသာ ရှိသေးကြောင်း ဆက်လက် ရှင်သန်အောင် ပံ့ပိုးပေးကြဖို့နဲ့ လေး နှစ်ခွဲသာ သက်တမ်းရှိတဲ့ အစိုးရ ကို ခြေထောက်ရိုက်မချိုးကြဖို့လိုအပ်ကြောင်း ပြောပါတယ်။
ဒီကနေ့ အထိ ဧည့်စာရင်းတိုင်ရတယ်ဆိုတာဟာ ကျေးရွာတွေမှာ ဓါးပြတွေရဲ့ရန်ကို ကာကွယ်ဖို့ အတွက်ဖြစ်ကြောင်းနဲ့ ဧည့်စာရင်းဟာ စစ်အစိုးရကရေးဆွဲ ခဲ့တာမဟုတ်ကြောင်း အင်္ဂလိပ်လက်ထက်ကတည်းက ရပ်ရွာတွေ လုံခြုံရေးအတွက် ပြဌာန်းခဲ့တာဖြစ်ကြောင်း၊ ဧည့်စာရင်း တိုင်တယ်ဆိုတာ အမေရိကားမှာ မရှိဘူး ဥရောပမှာမရှိဘူးဆိုပြီး ပြောဆိုနေသူတွေ အဲဒီတိုင်းပြည်တွေမှာ သွားနေကြဖို့ပြောချင်ကြောင်း ဦးမြငြိမ်း က ပြောပါတယ်။
ဒီကနေ့ ဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေလည်း တက်ရောက်ဟောပြောခဲ့ပါတယ်။
RFA
http://www.rfa.org/burmese/news/yangon-must-be-cover-green-10102015014905.html
အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ခေတ်အဆက်ဆက်က မျိုးချစ်သူရဲကောင်းအပေါင်းတို့ရဲ့ကျေးဇူကြောင့် ဗမာပြည် ၁၉၄၈ ခုနှစ်မှာ အင်္ဂလိပ်ကိုလိုနီဘဝက လွတ်မြောက်ခဲ့တယ်။ ဒါပေမယ့် လူမျိုးစုံဗမာလူထုကြီးဘဝကတော့ မလွတ်မြောက်သေးတဲ့အပြင် ကိုလိုနီခေတ်ကထက် ပိုပြီးဆိုးဝါးနိမ့်ကျတဲ့ဘဝကို ကျရောက်နေရဆဲသာဖြစ်တယ်။ ခေတ်အဆက်ဆက် အုပ်စိုးသူတွေရဲ့ကျေးကျွန်သဖွယ် ဆက်ဆံခံနေရဆဲဖြစ်တယ်။ စည်းစိမ်ဥစ္စာပိုင်ဆိုင်ခွင့်နဲ့ လွတ်လပ်စွာ စီမံခွင့်ကင်းမဲ့ပြီး ပြည်သူပြည်သားတွေရဲ့ အသက်ရှင်ခွင့်ဆိုတာတောင် သေဆိုသေရှင်ဆိုရှင် အုပ်စိုးသူတို့ရဲ့လက်ထဲမှာပဲ ရှိနေဆဲဖြစ်တယ်။
တိုင်းပြည်တပြည် ဘယ်လောက်ပဲ လွတ်လပ်တယ်ဆိုဆို တိုင်းသူပြည်သားတွေရဲ့ စားမှု၊ နေမှု၊ သက်ရှင်ကျင်လည်မှုဘဝ မလွတ်လပ်သ၍ အဲဒီတိုင်းပြည်ကို အချုပ်အချာအာဏာပိုင် လွတ်လပ်တဲ့နိုင်ငံလို့ မဆိုနိုင်ပါဘူး။ တိုင်းနိုင်ငံဆိုတာ ပြည်သူပြည်သားလူထုကို အခြေခံထားတာကြောင့် အဲဒီတိုင်းနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အချာအာဏာဆိုတာ အဲဒီလူထုတွေရဲ့အကျိုးစီးပွားအတွက် အဲဒီလူထုတွေရဲ့သဘောဆန္ဒစစ်စစ်ကို အခြေခံပြီး လွတ်လွတ်လပ်လပ် စီရင်ဆုံးဖြတ်စီမံနိုင်မှ လွတ်လပ်တဲ့နိုင်ငံတခုလို့ ဆိုနိုင်ပါတယ်။ အဲလိုမဟုတ်ပဲ တိုင်းတပါးသားဖြစ်စေ၊ ကိုယ့်နိုင်ငံသားပင်ဖြစ်စေ လူတစုက အဓမ္မနည်းနဲ့ဖြစ်စေ မတော်မတရား မရိုးမသား အကောက်ဥာဏ်နဲ့ တိုင်းပြည်နဲ့ပြည်သူတို့ရဲ့ကံကြမ္မာကို သူတို့စိတ်ကြိုက် စီမံချယ်လှယ်နေရင် အဲဒီတိုင်းပြည်ဟာ ကျွန်နိုင်ငံဖြစ်ပါတယ်။ သူတို့ဆန္ဒမပါဘဲ လူတစုရဲ့အမိန်အာဏာအတိုင်း ကျင့်ကြံနေထိုင်ကြရသူပြည်သူတွေကလဲ ကျွန်ပြုခံထားရတဲ့သူတွေသာ ဖြစ်ပါတယ်။
အထင်အရှား သက်သေသာဓကတော့ အာဏာကို အဓမ္မလုယက်ထားပြီး ထင်တိုင်းကျဲ ရိုင်းစိုင်းယုတ်မာတဲ့ ဖက်ဆစ်စစ်ဗိုလ်ချုပ်တွေရဲ့ အုပ်ချုပ်ခံနေရတဲ့ ဗမာပြည်နဲ့ လူမျိုးစုံဗမာပြည်သူတွေပဲဖြစ်ပါတယ်။ ပညာ၊ သိက္ခာနဲ့ သတ္တိကင်းမဲ့ပြီး အရှက်အကြောက် ဟီရိသြတ္တပ္ပ မရှိတဲ့ စစ်အာဏာရှင်တွေရဲ့ ရာစုနှစ်တခုကျော် ကြီးစိုးချယ်လှယ်ခံနေရတဲ့ ဗမာပြည်ဟာ ကမ္ဘာ့အလယ်မှာ မျက်နှာမလှ ဗိုလ်ချုပ်အောင်ဆန်း သတိပေးခဲ့တဲ့ ဟိုလူ့မျက်နှာချိုသွေးရ ဒီလူ့မျက်နှာချိုသွေးရတဲ့ ဖာနိုင်ငံဘဝကို ကျဆင်းသွားခဲ့ပါပြီ။
''စစ်အာဏာရှင်တွေ အလိုကျ ဥပဒေလုပ်ကြတဲ့ မဘသဆိုတဲ့ ဘုန်းကြီးမိုက်တွေရဲ့ မျိုးစောင့်ပုံက ကိုယ့်ဆွမ်းကွမ်းနဲ့ သာသနာ့ဒါယကာပြည်သူတွေကို ကြက်တွေ၊ ဝက်တွေလို ခြံခတ်ပြီး စောင့်ရှောက်ချင်ကြတာပဲ။ ရှုံးတာက ကျွန်ခြေမန်းကွင်း ထပ်စွပ်ခံရတာက လူများစုဆင်းရဲသားလူထု။ အမြတ်ထွက်တာက စစ်အာဏာရှင်တွေဖြစ်ပါတယ်။ သိက္ခာပုဒ် (၂၂ရ) သွယ်နဲ့ ရဟန်းခံထားပြီး မယောင်ရာဆီလူး ဟိုဟာ မလုပ်ရ၊ ဒီဟာ မလုပ်ရနဲ့ ယောင်္ကျားမိန်းမ လင်ယူသားမွေးကိစ္စ ဝင်ရှုပ်နေတဲ့ မဘသဘုန်းကြီးမိုက်တွေကိုယ်တိုင်ကကော ကိုယ်အာမဘန္တေခံထားတဲ့ သိက္ခာပုဒ်တွေမဆိုထားနဲ့ ငါးပါးသီတောင်လုံကြရဲ့လားလို့ မေးခွန်းထုတ်ချင်ပါတယ်။''
လွတ်လပ်ရေးရဲ့ ပဋိညာဉ် ကိုယ့်ကြမ္မာကိုဖန်တီးရေး၊ နယ်မြေအချုပ်အချာတည်တံ့မှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနဲ့ ပြည်သူပြည်သားတွေရဲ့ လွတ်လပ်တရားမျှတတဲ့ အသက်မွေးခွင့်နဲ့ ကျင်လည်ရှင်သန်ခွင့်တို့ဟာ လက်ရှိဗမာပြည်မှာ မူးလို့ရှုစရာတောင် မရှိပါဘူး။ လူများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာရဟန်းတော်တွေတောင် အာဏာရှင်တွေ အလိုဆန္ဒနဲ့ ဆန့်ကျင်ပြီး သူတို့တရားဓမ္မကို မကျင့်နိုင် မဆောင်နိုင်တော့ပါဘူး။ ဒါဟာ ပြည်သူပြည်သားတွေကိုယ်တိုင်က လွတ်လပ်ခွင့်ဆုံးရှုံးနေတာကြောင့်ဖြစ်ပါတယ်။ ဖက်ဆစ်စစ်အာဏာရှင်တစုက လက်နက်အားကိုးနဲ့ ကိုယ့်လူထုကို ပြန်ကျွန်ပြုထားတာကြောင့် ဖြစ်ပါတယ်။
ဒီလိုကိုယ့်လူထုကို ပြန်ကျွန်ပြုဖို့အတွက် လက်နက်အပြင် မတရားတဲ့ ဥပဒေတွေနဲ့ပါ ချုပ်နှောင်ထားတယ်။ အဲဒီမတော်မတရားတဲ့ ဥပဒေတွေထဲမှာ အဆိုးရွားဆုံး လူထုကို ကျွန်ပြုထားတဲ့ ဥပဒေခြေမန်းကွင်းနှစ်ခုကတော့ ကျေးရွာအက်ဥပဒေနဲ့ အရေးပေါ်စီမံမှုဥပဒေ-၁၉၅၀ တို့ဖြစ်တယ်။
ကျေးရွာဥပဒေ (Village Act) ဆိုတဲ့ ကျေးလက်တောင်သူလယ်သမား တောသားဖိနှိပ်ရေးဥပဒေကို အင်္ဂလိပ်တွေက ပြဌာန်းခဲ့တာဖြစ်တယ်။ ကျူးကျော်သူအင်္ဂလိပ်ဝင်စက နယ်ချဲ့ဆန့်ကျင်ရေး အခြေခံစခန်းတွေလိုဖြစ်နေတဲ့ တောသားတွေရဲ့ကျေးရွာတွေကို ချေမှုန်းဖို့ အဲဒီအချိန်က သိမ်းပိုက်နယ်မြေ ကော်မရှင်နာ (Occupied Territory Commissioner) ဖြစ်တဲ့ ခရော့စ်ဝေ့ (MrCrosswave) က (၁၈၉၆) မှာ ထုတ်ခဲ့တယ်။ အဲဒီ့ဥပဒေအရ ကျေးရွာတွေကို စစ်စခန်းတခုလို သတ်မှတ်ပြီး တိုက်ခိုက်ချေမှုန်းဖျက်ဆီးနိုင်တယ်၊ တိုက်ခိုက်နိုင်တယ်၊ ပြောင်းရွှေ့နိုင်တယ်၊ ရွာသားတွေကို စစ်တိုက်ဖို့ကအစ အဓမ္မခိုင်းစေနိုင်တယ်။ လယ်ယာမြေတွေကို သိမ်းပိုက်နိုင်တယ်၊ လယ်ယာမြေတွေကနေ မောင်းထုတ်နိုင်တယ်။ ရွာသားတွေကို ဖမ်းပြီး သတ်မှတ်စခန်းတွေမှာသာ နေထိုင်ရမယ်လို့ အတင်းအကြပ် ခိုင်းစေအမိန့်ပေးနိုင်တယ်။ ကျေးရွာသားတွေရဲ့ ပိုင်ဆိုင်မှုဆိုတာ ဘာအာမခံချက်မှ မရှိပါဘူး။
အဲသည်လောက် ကျေးရွာသားတွေအပေါ်မှာ ဖိနှိပ်ရက်စက်တဲ့ဥပဒေ၊ နယ်ချဲ့တွေက အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးချစ်တွေကို ဖိနှိပ်ဖို့လုပ်ခဲ့တဲ့ ဥပဒေကို လွတ်လပ်ပြီး ဗမာပြည်ရဲ့ဝန်ကြီးချုပ်ဆိုတဲ့ ဦးနုကလည်း ပယ်ဖျက်မပေးခဲ့ဘူး။ ဦးနုအတွက်တော့ အခုမဘသတွေလို ဗမာကျေးတောသားတွေထက် နွားတွေရဲ့အသက်က ပိုအရေးကြီးနေတယ်။ နွားမသတ်ရ ဥပဒေတွေ လုပ်ပေးခဲ့တယ်။ ဒီဥပဒေကိုတော့ ထိတောင်မထိခဲ့ဘူး။ မိစ္ဆာဗိုလ်ချုပ်တွေ တောလက်ကျေးရွာက တောင်သူလယ်သမားတွေကို လယ်သိမ်း၊ ယာသိမ်း အဓမ္ဓမောင်းထုတ်၊ ထွက်တဲ့သီးနှံ လုဆိုတာတွေဟာ ဒီဥပဒေအညီလုပ်တာလို့ တုန့်ပြန်နေတာဖြစ်တယ်။ ဒါကြောင့် ဒီဥပဒေကို မဖျက်သိမ်းနိုင်သမျှ ကျေးတောသားတွေအတွက်တော့ ဘယ်လိုလွတ်လပ်ရေး ဘာညာဒီမိုကရေစီကမှ ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ တိုင်းပြည်လူဦးရေရဲ့ ရှစ်ဆယ်ရာနှုန်းကျော်ရှိတဲ့ ကျေးတောသားတွေရဲ့ဘဝမလွတ်မြောက်သရွေ့ ဘယ်သူတွေအုပ်ချုပ် အုပ်ချုပ်၊ ဘယ်အစိုးရတွေ တက်တက် ဗမာပြည်လွတ်လပ်ရေးဆိုတာ မေးခွန်းထုပ်စရာတွေ အများကြီးရှိနေမှာပဲ။
နောက် လူထုကို ကျွန်ပြုထားတဲ့ ခြေမန်းကွင်း အရေးပေါ်စီမံမှုဥပဒေ-၁၉၅၀ဆိုတာကတော့ လူသိများ အောနှလုံးနာနေကြတဲ့ ငါးည (၅/ည) ပါဝင်တဲ့ ဥပဒေဖြစ်ပါတယ်။ ဦးနု-ဦးကျော်ငြိမ်းတို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ထက် စစ်ဆင်ဖက်ပြိုင်ဖို့ (သို့) ပြည်တွင်းစစ်ခင်းဖို့ စစ်တပ်ကို ဆွဲသွင်းအသုံးချရအောင် အဲဒီအချိန်က စစ်ဦးစီးချုပ်ဗိုလ်နေဝင်းကို ဒု-ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီးခန့်ပြီး သူတို့အစိုးရထဲ ဆွဲသွင်းလိုက်တယ်။ ပြိုင်ဘက်နိုင်ငံရေးအင်းစုတွေကို နှိပ်ကွပ်ဖိထောင်းဖို့ ဒီဥပဒေကို ပြဌာန်းခဲ့တယ်။ လွတ်လပ်ရေးရပြီးပြီးချင်း ပြဌာန်းထားတဲ့ အလားတူ အရေးပေါ်စီမံမှုဥပဒေ-၁၉၄၈ ကို သက်တမ်းနှစ်နှစ်မပြည့်ခင်မှာ ဖျက်သိမ်းပြီး ပိုတင်းကြပ်ပြီး လူထုရဲ့အခြေခံလူအခွင့်အရေးတွေကို ငြင်းပယ်ကန့်သတ်ချက်တွေနဲ့ ပြဌာန်းလိုက်တာဖြစ်တယ်။
ဒီဥပဒေအရ မသင်္ကာသူတွေကို ကြိုတင်စီမံမှုဆိုတဲ့အကြောင်းပြချက်နဲ့ (၆) လ နှစ်ခါ ဥပဒေမဲ့ စွဲချက်တင်စရာမလိုဘဲ ဖမ်းဆီးထိန်းသိမ်းထားနိုင်တဲ့အပြင် စစ်တပ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တရားဥပဒေစိုးမိုးရေးစီမံချက်ကို နှောင့်ယှက်တယ်ဆိုရင် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲဆိုပြီး သေဒဏ်အထိ ပြစ်ဒဏ်ချနိုင်အောင် စီမံထားတယ်။ အစိုးရအဆောက်အဦတွေကို ဖျက်ဆီးသူတွေ၊ စစ်တပ်ရဲ့သတင်းအချက်တွေကို ခိုးယူပေါက်ကြားစေသူတွေကို ထောင်ခုနှစ်နှစ်အထိ ချမှတ်စီရင်နိုင်တယ်။ ဥပဒေရဲ့အချုပ်ကတော့ နိုင်ငံသားတိုင်းကို စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ လုပ်ကြုံသတ်ဖြတ်ခွင့်ကို ဥပဒေနဲ့ တရားဝင် အပ်နှင်းထားတာဖြစ်တယ်။ နိုင်ငံသားတိုင်းဟာ စစ်တပ်နဲ့ အစိုးရက ကြိုက်သလို ဖွဲ့စည်းထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဆိုတာတွေရဲ့ လက်ခုပ်ထဲကရေလိုဖြစ်အောင် စီမံကျွန်ပြုထားတဲ့ ခြေမန်းကွင်းဥပဒေဖြစ်ပါတယ်။
ခုတခါ လူထုကို ကျွန်ပြုဖို့ အဲဒီမတရားဥပဒေခြေမန်းကွင်းတွေကို အင်အားဖြည်ဖို့ မျိုးစောင့်ဥပဒေခေါ် တလင်တမယားဥပဒေဆိုတာ ပေါ်လာပြန်ပါပြီ။ ဒီတခါတော့ ဖောက်ပြန်ရေးသူ စစ်အုပ်စု ကြောင်လက်နဲ့ ပြာပူယက်ဆိုသလို မဘသဆိုတဲ့ ဘုန်းကြီးမိုက်တွေကို အသုံးချပြီး ပြဌာန်းလိုက်တာဖြစ်တယ်။ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ မွတ်ဆလင်ဆန့်ကျင်ရေးရေစီးနဲ့ အနောက်ဖက်နယ်ခြား ရခိုင်ပြည်ဖက်က ခိုးဝင်မွတ်ဆလင်ဘာသာဝင်တွေကို အကြောင်းပြုပြီး ပြည်တွင်းက လူနည်းစု မွတ်ဆလင်ဘာသာတွေကို ရန်သူသတ်မှတ်ပစ်မှတ်ထား လူမျိုးရေးမှိုင်းတိုက်စည်းရုံးပြီး ပေါ်ပေါက်လာတာဖြစ်ပါတယ်။
မနှစ်က (၂၀၁၄) မေလက လွတ်တော်ဥက္ကဌ သူရဦးရွှေမန်းဟာ သမ္မတဦးသိန်းစိန်ဆီက လာတဲ့ မဘသအဖွဲ့ရဲ့ ဥပဒေ (၄) ခု ပြဌာန်းပေးဖို့ တောင်းဆိုချက်ကို ပြဌာန်းဖို့သင့်မသင့် လွှတ်တော်တွင်း ဆွေးနွေးတာတောင် လုံးဝမလုပ်တော့ဘဲ အဲဒီ ဥပဒေ (၄) ခု လုံး ဥပဒေကြမ်းရေးဆွဲဖို့ အစိုးရဘက် ပြန်လွှဲအပ်ပေးခဲ့တယ်။
တကယ်တော့ မျိုးစောင့်ဥပဒေဆိုတာ လူမျိုးဘာသာကို ခွဲခြားကန့်သတ်ပြီး နောက်ဆုံး လူမျိုးတုံးသတ်ဖြတ်မှုတွေကို တရားနည်းလမ်းကျနသယောင် ထောက်ခံအတည်ပြုပေးတဲ့ (သို့မဟုတ်) လမ်းခင်းပေးခဲ့တဲ့ ဟစ်တလာရဲ့ နုရင်ဘတ်ဥပဒေ (Nuremberg Laws 1935) ရဲ့ပုံတူပဲဖြစ်တယ်။
နုရင်ဘတ်ဥပဒေက ဂျူးတွေကို အဓိက ပစ်မှတ်ထားပြီး ဂျာမန်မဟုတ်တဲ့ ကျန်လူမျိုးတွေရဲ့အဆင့်အတန်းကို ခွဲခြားသတ်မှတ်ပြီး အခွင့်အရေး အခွင့်အလန်းတွေကို ဖိနှိပ်ထားတယ်။ ဂျာမန်အမျိုးသမီးတွေနဲ့ ဂျာမန်မဟုတ်တဲ့သူတွေရဲ့ လိင်သဘောဆက်ဆံပေါင်းသင်းမှုကို ပိတ်ပင်ကန့်သတ်ထားတယ်။ ဗမာဖက်ဆစ်စစ်အုပ်စုကလည်း သူတို့ပြုစုနေတဲ့ မျိုးစောင့်ဥပဒေကြမ်းအရ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတို့ရဲ့ လက်ထပ်ထိမ်းမြားခြင်းကို ကန့်သတ်ချက်အမျိုးမျိုး ထည့်သွင်းထားတယ်။
ဒီသားထိန်းမျိုးပွားဥပဒေအရ လူတွေရဲ့ ဖိုမသဘာဝ လင်ခန်းမယားခန်းပေါင်းသင်းဆက်ဆံမှုကို သူ့ဥပဒေက ပြဌာန်းပေးထားတဲ့အတိုင်းပဲ လုပ်ရမယ် (ပုဒ်မ-၁၀)။ အိမ်ထောင်တွေကို ပြိုကွဲအောင် တွန်းပို့ထားတယ်။ အိမ်ထောင်ရှိသူက နောက်တဦးကို ချစ်ကြိုက်ပေါင်းသင်းလိုရင် လက်ရှိပေါင်းသင်းနေသူဆီက ကွာရှင်းလက်မှတ်ရယူရမယ်၊ မကျေနပ်မသင်္ကာရင် အိမ်ထောင်ဖက်အပေါ် တိုင်ကြားနိုင်တယ်တဲ့ (ပုဒ်မ-၁၁၊ ပုဒ်မ-၁၈)။ သူတို့ဥပဒေအတိုင်းမဟုတ်ဘဲ ပေါင်းသင်းနေထိုင်ရင် ထောင်ခုနှစ်နှစ်နဲ့ထောင်ဆယ်နှစ် (ပုဒ်မ-၁၃၊ ပုဒ်မ-၁၇)။ ဥစ္စာပစ္စည်းလဲ ပိုင်ဆိုင်ခွင့်မရှိရ (ပုဒ်မ-၁၅)။ အခြေအနေမလှလို့ နောက်အိမ်ထောင်ဆက်ဖြစ်ရသူတွေရဲ့ အခွင့်အလန်းကို နှိပ်ကွပ်ပိတ်ပင်ထားတယ်။ သူ့ဥပဒေနဲ့ ဆန့်ကျင်ပြီးယူတဲ့ နောက်အိမ်ထောင်က အမွေခံခွင့်မရှိရတဲ့ (ပုဒ်မ-၁၆)။ လေ့လာမိသမျှ ဒီလောက် လူမှုပေါင်းသင်ဆက်ဆံရေးကို စွက်ဖက်တဲ့ ဖက်ဆစ်ဥပဒေမျိုး ကမ္ဘာ့ဘယ်နိုင်ငံမှာမှ မတွေ့မိပါဘူး။ လင်ခန်းမယားခန်း အလွန်တင်းကြပ်တဲ့ ရိုမန်ကတ်သလစ်ဘာသာဝင်အများစုနေထိုင်တဲ့ နိုင်ငံတွေမှာတောင် မရှိပါဘူး။ မျိုးရိုးအမွေဆက်ခံခွင့်လောက်ပဲ ကန့်သတ်ကြတာ တွေ့ရပါတယ်။ ပစ္စည်းဥစ္စာအမွေဆက်ခံခွင့်ကတော့ ကာယကံရှင်ရဲ့ သေတမ်းစာက တရားဝင်လက်ခံထားတော့ သူ့ဆန္ဒအတိုင်း စီမံနိုင်လို့ နောက်မျိုးဆက်နဲ့ ကျန်ရစ်သူတွေအတွက် တစုံတရာ အာမခံချက်ရှိပါတယ်။ ဒါတောင် သက်ဆိုင်ရာဘုရားကျောင်းတော်တွေရဲ့ တင်ပြချက်နဲ့ သူ့ဘာသာဝင်တွေအပေါ်မှာသာ အကျုံးဝင် သက်ရောက်တာဖြစ်ပါတယ်။ နိုင်ငံသားတိုင်းအပေါ် အကျုံးဝင် အာဏာသက်ရောက်တာ မဟုတ်ပါဘူး။
ဒီဥပဒေရဲ့ အကျိုးသက်ရောက်မှုကတော့ တိုင်းသူပြည်သားတွေအတွက် အလွန်ကြောက်စရာကောင်းလှပါတယ်။ သူတို့အကြောင်းပြချက် မယားလေးယောက်ယူခွင့်ရှိတယ်ဆိုတဲ့ မွတ်ဆလင်တွေ ဗုဒ္ဓဘာသာအမျိုးသမီးတွေကို မယူနိုင်အောင်နဲ့ သူတို့လူဦးရေထိန်းချုပ်ပြီး အမျိုးဘာသာကို ကာကွယ်ရှောက်ရေးဆိုပေမယ့် လက်တွေမှာတော့ ကိုယ်ပြည်သူပြည်သားတွေကို စစ်ကျွန်ဘဝက မလွတ်အောင် ထပ်ပြီး ဆင့်ကဲဖိနှိပ်လိုက်တဲ့ ခြေမန်းကွင်းတခုသာဖြစ်ပါတယ်။ တကယ်က မွတ်ဆလင်တိုင်း မယားလေးယောက် ယူနိုင်တာ မဟုတ်ပါဘူး၊ ယူနိုင်တာက စစ်အာဏာရှင်တွေနဲ့ ပေါင်းဖော်သင်းပင်းပြီး ငွေရှိသူတွေသာ ဖြစ်ပါတယ်။ လူတိုင်း မလွဲမရှောင်သာ ကြုံတွေ့ရတတ်တဲ့ သွေးသားဆန္ဒနဲ့ စိတ်အာရုံခံစားချက်တွေကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ပြည်သားပြည်သူယောင်္ကျားမိန်းမတို့ရဲ့ လူမှုရေးဆိုင်ရာ ကမောက်ကမအခြေအနေတွေကို ကိုင်ပြီး နှောင်ကြိုးတည်းထားတာဖြစ်ပါတယ်။ လူထုကို ကျွန်ဖြစ်သည်ထက်ဖြစ်အောင် ခြေမန်းကွင်းစွပ်တဲ့ ဥပဒေသာဖြစ်ပါတယ်။
ဖက်ဆစ်စစ်အုပ်စု လိုချင်တာ ဒါပဲဖြစ်ပါတယ်။ အများစု မလွဲမကင်းသာတဲ့ လူမှုဗီဇသဘာဝအရ ဖြစ်လေ့ဖြစ်ထရှိတဲ့အချက်တွေ ထိန်းချုပ်အကြပ်ကိုင်ခြိမ်းခြောက်နာခံစေပြီး ကျွန်ပြုခြင်းဖြစ်ပါတယ်။ ဒီဥပဒေပြုသူတွေနဲ့ ကိုယ်တွယ်အသုံးချ အကောင်အထည်ဖော်မဲ့သူတွေကိုယ်တိုင်လဲ လူမှုဗီဇသဘာဝအရ ဖြစ်လေ့ဖြစ်ထရှိတဲ့ (သူတို့ဥပဒေနဲ့ ငြိစွန်းတဲ့) အချက်တွေနဲ့ မလွတ်ကင်းနိုင်ပါဘူး။ ဒါပေမယ့် ကမ္ဘာမှာ တရားဥပဒေစိုးမိုးမှုအကင်းမဲ့ဆုံး တိုင်းပြည်ဖြစ်တဲ့ ဗမာပြည်မှာ ဘယ်ဥပဒေမှ သူ့ပြဌာန်းချက်ပါတွေအတိုင်း အသက်မဝင်နိုင်၊ သက်ဝင်လှုပ်ရှားနိုင်ခြင်း မရှိပါဘူး။ အာဏာရှင်များ အလိုကျသာ သက်ဝင်အာဏာစက်ပြန့်ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီဥပဒေကလဲ လူတိုင်းအပေါ် အာဏာသက်ရောက်မှာမဟုတ်ဘဲ ငွေရှိသူ၊ အာဏာရှိသူတွေကတော့ ငွေနဲ့ အာဏာရဲ့အကာအကွယ်နဲ့ ကင်းလွတ်မြဲ ကင်းလွတ်ခွင့်ရနေကြမှာဖြစ်ပါတယ်။ သာမာန်ပြည်သူပြည်သားတွေကတော့ အာဏာပိုင်တွေရဲ့ လိုရင်လိုသလို မလိုရင်မလိုသလို ပိုပြီး ဗိုလ်ကျအနိုင်ကျင့်ခံရတော့မှာ မလွဲဧကန်ဖြစ်ပါတယ်။ အာဏာပိုင်တွေကို ဆန့်ကျင်သူ၊ သူတို့အလိုမကျသူမှန်သမျှ အချိန်မရွေး အရေးယူအပြစ်ပေးနိုင်တော့မှာဖြစ်တယ်။
စစ်အာဏာရှင်တွေ အလိုကျ ဥပဒေလုပ်ကြတဲ့ မဘသဆိုတဲ့ ဘုန်းကြီးမိုက်တွေရဲ့ မျိုးစောင့်ပုံက ကိုယ့်ဆွမ်းကွမ်းနဲ့ သာသနာ့ဒါယကာပြည်သူတွေကို ကြက်တွေ၊ ဝက်တွေလို ခြံခတ်ပြီး စောင့်ရှောက်ချင်ကြတာပဲ။ ရှုံးတာက ကျွန်ခြေမန်းကွင်း ထပ်စွပ်ခံရတာက လူများစုဆင်းရဲသားလူထု။ အမြတ်ထွက်တာက စစ်အာဏာရှင်တွေဖြစ်ပါတယ်။ သိက္ခာပုဒ် (၂၂ရ) သွယ်နဲ့ ရဟန်းခံထားပြီး မယောင်ရာဆီလူး ဟိုဟာ မလုပ်ရ၊ ဒီဟာ မလုပ်ရနဲ့ ယောင်္ကျားမိန်းမ လင်ယူသားမွေးကိစ္စ ဝင်ရှုပ်နေတဲ့ မဘသဘုန်းကြီးမိုက်တွေကိုယ်တိုင်ကကော ကိုယ်အာမဘန္တေခံထားတဲ့ သိက္ခာပုဒ်တွေမဆိုထားနဲ့ ငါးပါးသီတောင်လုံကြရဲ့လားလို့ မေးခွန်းထုတ်ချင်ပါတယ်။
ထေရဝါဒဗုဒ္ဓဘာသာဆိုတာ တခြားမြောက်ပိုင်းမဟာယနဗုဒ္ဒဘာသာတွေနဲ့တောင် မတူပါဘူး။ ဆရာ ဒကာ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းထိန်းသိမ်းစောင့်ရှောက်ရတဲ့ ကျင့်စဉ်နဲ့ အယူဝါဒဖြစ်ပါတယ်။ သာသနာနဲ့ဒါယကာ ရနဲ့ကြာလို ဆက်စပ်နေတယ်။ ရေမြင့်မှကြာတင့် ဆိုသလို သုံးတန်သောသာသနာ့ဝန်တွေနဲ့ သာသနာကိုစောင့်ထိန်းနေကြတဲ့ ထေကြီးဝါကြီးများနဲ့ သံဃာတို့ရဲ့ ဆွမ်းကွမ်းနဲ့ သာသနာ့ဝေယျာဝစ္စတာဝန်တွေကို သဒ္ဓါအရင်းခံစိတ်နဲ့ ထမ်းရွက်ကြတဲ့ ဒါယကာပြည်သူတွေရဲ့ စားဝတ်နေရေးအခြေအနေကို မှီပြီး နိမ့်ပါးခြင်း၊ မြင့်မားပြန်ပွားခြင်း ဖြစ်ရပါတယ်။ ဒီနေ့ သာသနာနဲ့ လူထုတွေကြားမှာ ဗုဒ္ဓအယူဝါဒ ဓလေ့စရိုက် အကျင့်သီလတွေ ယုတ်လျော့နိမ့်ပါးလာခြင်းဟာ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေး ဆင်းရဲကြပ်တည်းခြင်းက အရင်းခံအကြောင်းဖြစ်ပါတယ်။
အူမတောင့်မှ သီလစောင့်တယ် ဆိုတဲ့စကားလည်း ရှိပါတယ်။ ဒီလို အူမမတောင့်လို့ သီလမစောင့်နိုင်လောက်အောင်၊ ဘာသာရေးသာသနာရေးကို အချိန်ပေးမစောင့်ရှောက်နိုင်လောက်အောင် ဆင်းရဲတွင်းကို သွတ်သွင်းနင်းချေခဲ့သူ ဆက်ပြီးလဲနင်းချေနေသူတွေဟာ လက်ရှိတိုင်းပြည်ကို ထင်တိုင်းကျဲ ခိုးဝှက်လုယက်နေတဲ့ စစ်အာဏာရှင်တွေသာဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရှိနေသ၍ တိုင်းပြည်နဲ့လူမျိုးတို့ရဲ့ ဆင်းရဲတွင်းဆက်တာရှည်နေအုံးမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာသာသနာလဲ ခုလိုဆက်လက်ညိုးမှိန်နေအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဥပဒေဟာ တိုင်းပြည်နဲ့လူမျိုးကို ကျွန်ဇာတ်သွင်းတဲ့အပြင် သာသနာကိုပါ ဖျက်ဆီးနေတဲ့ မိစ္ဆာတို့ရဲ့ဖက်ဆစ်ဥပဒေ ဖြစ်ပါတယ်။
ဒီလိုအခြေအနေထဲမှာမှ စစ်အာဏာရှင်တည်မြဲရေးနဲ့ ပြည်သူလူထုကို စစ်ကျွန်ဘဝက မလွတ်မြောက်နိုင်အောင်ပြုလုပ်ထားတဲ့ တလင်တမယားမျိုးစောင့်ဥပဒေကို ဖန်တီးခဲ့သူ မဘသနဲ့ သိန်းစိန်စစ်အစိုးရတို့ဟာ ကိုယ့်လူမျိုးကိုယ် ကျွန်ဇာတ်သွင်းတဲ့ အမျိုးသားသစ္စာဖောက်တွေဖြစ်တယ်၊ ဒီဥပဒေကို မိစ္ဆာဖက်ဆစ်တွေ အလိုကျ အတည်ပြုပြဌာန်းပေးလိုက်တဲ့ စစ်ကျွန်လွတ်တော်တို့ဟာလဲ အမျိုးသားသစ္စာဖောက်တို့ရဲ့ကြံရာပါတွေသာဖြစ်ပါတယ်။
ရဲဘော်ကျော်သန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးဟောပြောပွဲအား မှော်ဘီမြို့ရှိ ကုလားကုန်းဆောက်လုပ်ရေးကွင်း၌ ယနေ့ကျင်းပရာ ရဟန်းရှင်လူပြည်သူလူထုရာပေါင်းများစွာ တက်ရောက်ခဲ့ပါတယ်။
Photo,,Arsenal Ozil,Soejuly
 ncct-nainghanthar-620.jpg ရန်ကုန်မြို့ Green Hill Hotel မှာ ဇွန်လ ၂၃ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကို တွေ့ရစဉ်
NCA အပစ်ရပ်စဲရေး သဘောတူညီချက် လက်မှတ် မထိုးတဲ့အဖွဲ့တွေကို အရေးမယူဘူးလို့  အစိုးရက ပြောပေမယ့် ကချင်နဲ့ ရှမ်း ပြည်နယ်တို့မှာ အခု အခါ ပြင်းပြင်းထန်ထန် ထိုးစစ်တွေ ဆင်နေတာဟာ အပြောတစ်မျိုး အလုပ်တစ်မျိုး လို့ ယူဆစရာ ဖြစ်နေတယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ ဒုတိယ-ဥက္ကဌ နိုင်ဟံသာက ပြောကြားလိုက်ပါတယ်။
NCCT တို့ SD တို့လို ဦးဆောင်တဲ့အဖွဲ့တွေကို အလေးမထားဘဲ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ အစည်းတဖွဲ့ချင်း သူတို့ လက်ခံမယ့် အဖွဲ့တွေ ကို ရွေးပြီး ခေါ်ယူဆွေးနွေးတာမျိုးဟာ မဖြစ်သင့်ဘူးလို့လဲ RFA က ဆက်သွယ်မေးမြန်းရာမှာ သူကပြောပါတယ်။
"အစိုးရကအရင်က တစ်လျှောက်လုံးမှာ ကျနော်တို့တိုင်းရင်းသားတွေကို ခွဲပြီးတော့ အားလျော့သွားအောင်လုပ်မယ်၊ ခွဲပြီးတော့မှချေမှုန်းမယ် ဆိုတဲ့ဟာကို ကျနော်တို့က သံသယရှိခဲ့တယ်၊ အခုအနေအထားမှာလည်း တချို့အဖွဲ့ကို အပစ်အခတ်ရပ်စဲ ရေးထိုးလိုက်ပြီး၊ ကျန်တဲ့အဖွဲ့ကို ဖိအားပေးနေတယ်၊ စစ်ရေးအရ တိုက်နေတယ် ဆိုတဲ့ဟာကလည်း မူထဲကိုပြန်ရောက်နေတယ်ဆိုတာ ကျနော်တို့ကတော့ စဉ်းစားစရာဖြစ်လာ တယ်"
ဒါ့အပြင် NCA စာချုပ် လက်မှတ်မထိုးတဲ့အဖွဲ့တွေကို မတရားသင်း အဖြစ် သတ်မှတ်မယ်လို့  အစိုးရက ပြောတာနဲ့ ပတ်သက်လို့လဲ နိုင်ဟံသာက
"ဒါကတော့အစိုးရပေါ်မှာပဲ မူတည်တယ်၊ ကျနော်တို့ကတော့ တလျှောက်လုံး မတရားအသင်းထဲကနေရပ်တည်လာခဲ့တာပဲ၊ ရှိပြီးသားအနေအထား ကနေပြီးတော့မှ ဘာမှထားခြားလာတာတော့မဟုတ်ဘူးလေ၊ ဒါကြောင့်ပူပင်စရာလည်းမရှိပါဘူး"
အခုဖြစ်ပျက်နေသလို ထိုးစစ်တွေ ဆင်ပြီး ဖိအားပေး အကြပ်ကိုင်တဲ့နည်းကို အစိုးရက မကျင့်သုံးသင့်ဘူးလို့လဲ နိုင်ဟံသာက ပြောသွားပါတယ်။
RFA
http://www.rfa.org/burmese/news/government-should-be-used-pressure-10092015224810.html
 အောက်တိုဘာလ ၁၀ ရက် ၂၀၁၅
 သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရ စစ်တပ်တို့အကြား မိုင်းနောင်ြ မို့နယ် အတွင်း အောက် တို ဘာလ ၉ ရက်နေ့က လေးရက်ြေ မာက်ေ န့အဖြစ် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သျှမ်းပြည် တပ်မ တော် မြောက်ပိုင်း တာဝန်ရှိသူက အတည်ပြု ပြောဆိုသည်။
"မနက် ၆ နာရီကျော်လောက်ကတည်းက ဖြစ်နေတာ ၊ နေ့လည်းပိုင်းမှာလည်း ဆက်ဖြစ်နေတယ် ။ အခုထိတော့ ကျနော်တို့ဘက်က စခန်းကျဆုံးတာ မရှိေ သးဘူး။ မကျအောင်လည်း အတတ်နိုင်ဆုံး တောင့်ခံ တွန်းလှန်နေတယ်။"- ဟု သျှမ်းပြည်တပ်မတော် မြောက်ပိုင်းမှ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။
မိုင်းနောင်မြို့နယ်အတွင်း အောက်တိုဘာလ ၆ ရက်နေ့က စတင် ဖြစ် ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံရာပေါင်းများစွာမှာ မိုင်းရှူး ဟိုင်းပါ စသည့် ဒေသများသို့ ထွက်ပြေးပုန်းရှောင်နေရပြီး တိုက်ပွဲများကြောင့် ထိခိုက်ကျဆုံးမှုများ ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။
"ဖုန်းလိုင်းတွေလည်း ဖြတ်ထားတာ အခုည အောက်တိုဘာလ ၉ ရက် ည မှ ပြန်ရတယ်။ လက်နက်ကြီးတွေကတော့ တဒုန်းဒုန်း တနေကုန် ပစ်နေ သံတွေ ကြားရတယ်။ ကျနော်တို့ ပါတီ အောက်ခြေ တာဝန်ရှိသူတွေက စစ်ဘေးရှောင် အရေးအတွက် ကူညီနေတယ်။" - ဟု လာမည့် ရွေးကောက် ပွဲတွင် မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ကျားခေါင်း SNLD ပါတီ ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်မည့် စိုင်းထွန်းအေးက ပြောသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ် ၀မ့်ဟိုင်းအတွက် စစ်ရေးအရ အရေး ပါသော တာ့ဆမ်ပူး- တာ့ခမ့် ကူးတို့ဆိပ်တ၀ိုက်မှ SSA တပ်များအား ဖယ်ပေး ရန် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက SSA မြောက် ပိုင်း တာဝန်ရှိသူများအား ဖုန်းဆက် အကြောင်းကြားထားပြီး မဖယ်ပေးပါက ဌာနချုပ်ဝမ့်ဟိုင်းအား တိုက်ခိုက်မည်ဟု ပြောဆိုထားကြောင်းလည်း SSA တာဝန်ရှိသူက ဆိုသည်။
"ဘယ်လိုလုပ် ဖယ်ပေးလို့ရမလဲဗျာ။ အခုက တဖွဲ့ချင်း အပစ်ရပ်ပြီးသား အဖွဲ့ ကို နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်လက်မှတ်ထိုးဖို့ အသင့်မဖြစ်သေး ဘူး ပြော လို့ ပြသနာရှာနေတာ။ ကျနော်တို့က လုံးဝ မထိုးဘူး ပြောနေတာ မဟုတ် ဘူးလေ။ "- ဟု ဗိုလ်မှူး ကြီးစိုင်းလက ပြောသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား လာမည့် အောက် တိုဘာလ ၁၅ ရက်နေ့ တွင် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ် စဲရေး ပြုလုပ် ရန်စီစဉ်ထားပြီး KNU နှင့် သျှမ်းပြည်တပ်မတော် တောင်ပိုင်းအပါအ၀င် အဖွဲ့ ၈ ဖွဲ့ကသာ လက်မှတ်ရေးထိုးကြမည်ဖြစ်သည်။
သျှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် အစိုးရတို့အကြား ၂၀၁၂ ခုနစ်ကတည်း က ပြည်ထောင်စု အဆင့် အပစ်ခတ်ရပ်စဲရေး ပြု လုပ်ခဲ့သော်လည်း အပစ် ရပ်ပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ရာနှင့် ချီဖြစ်ပွားခဲ့ကာ ၂၀၁၄ ခုနစ်အတွင်း တာ့ဖာဆောင် ဒေသတိုက်ပွဲများမှာ အပြင်းထန်ဆုံးဖြစ်သည်။
သျှမ်းသံတော်ဆင့်/ စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese
မကြာမီက ရန်ကုန်မှာ အီးယူက ကမကထ ပြု ကျင်းပခဲ့တဲ့ ဒီမိုကရေစီ နေ့ အခမ်းအနားမှာ အီးယူ သံအမတ်ဖြစ်သူ ရိုလန် ကိုဘီယာက မြန်မာပြည်ဟာ အခုလို ကျည်ဆံကနေ မဲပြား ဆီသို (from bullet to ballot)့ လှမ်းလာနေတဲ့ ဖြစ်ရပ်ကို အလွန်နှစ်ထောင်း အားရ ဖြစ်မိတယ်လို့ ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။
ဒီလို ပြောဆိုခဲ့တာဟာ အနောက်အုပ်စုက မြန်မာပြည်အနေနဲ့ စစ်မှန်သော ဒီမိုကရေစီ စနစ်ဆီ အပြည့်အ၀ ကူးပြောင်းနိုင်ရေးကို အခိုင်အမာ ထောက်ခံနေတဲ့ အချက်ကို ထင် ဟတ်စေပါတယ်။
တလသာ လိုတော့တဲ့ ရွေးကောက်ပွဲကလည်း တဖြေးဖြေးနဲ့ မသမာမှူတွေ ပြည့်နှက်လာနေပြီး ၂၀၁၀ ရွေးကောက်ပွဲ နဲ့ တူလာနေပါတယ်။
အီးယူနဲ့ အမေရိကန်တို့က ပြတ်ပြတ်သားသား အနိုင်ရရှိမယ် မျော်လင့်ထားတဲ့ NLD အစိုးရကို စီးပွားရေး အကူအညီတွေ၊ ရင်းနှီးမြှုပိနှံမှုတွေ နဲ့ စစ်ရေး အကူအညီတွေပါ ပုံအော်ပေးဘို့ ရည်ရွယ်ပြီး ဖြစ်တာကြောင့် သူတို့အနေနဲ့ လွတ်လပ်ပြီး တရားမျတတဲ့ ရွေးကောက်ပွဲ လို့ ပြောလို့ရအောင် အခု ဖြစ်ပေါ်လာနေတဲ့ မသမာမှုတွေနဲ့ လှည့်ဖျားမှုတွေကို ဘယ်လောက်အတိုင်းအတာထိ သည်းငြည်းခံနိုင်မလဲ ဆိုတာ မေးစရာ ဖြစ်လာနေပါတယ်။
ပြည်တွင်း မီဒီယာတွေကတော့ ရွေးကောက်ပွဲမှာ ပြသာနာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အခုဆိုရင် ရွေးကော်က မဲစာရင်းကို သုံးကြိမ်တိုင် ပြင်ဆင်ခဲ့ပြီး ဖြစ်ပေမယ့် လူ သန်း ၂၀ လောက် မဲပေးခွင့် မရှိ ဖြစ်နေဆဲပါ။ သုံးတဲ့ ဆော့်ဝဲယားကလည်း လူ ၁၀ သန်း နာမည် အထိသာ မှန်မှန်ကန်ကန် ပြု လုပ်နိုင်စွမ်း ရှိတာမို့ အခုဆို ရွေးကော်က မဲစာရင်းမှန်ကန်ရေးဟာ မဲထည့်သူတွေ တာဝန်လို့ ဆိုနေပါတယ်။ ၎င်းတို့ ပြစ်မှတ်အဖြစ်ထားတဲ့ မဲဆန္ဒနယ်မြေတွေမှာ မဲလာထည့်သူ အရည်အတွက် နည်းသွားအောင် ရည်ရွယ်ဆောင်ရွက်နေတာလို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။
မဲစာရင်းများ အခုလို ကမောက်ကမ ဖြစ်နေတဲ့အတွက် ကြိုတင်မဲ စနစ်နဲ့ ၂၀၁၀ ကလို လုပ်ဘို့ အတော်လေး အခွင့်သာနေပါတယ်။ အလဲဗင်း မီဒီယာ သတင်းအရ ၂၀၁၀ မှာ မဲပေးနိုင်သူ ဦးရေ ၂၇.၃ သန်း ရှိပေမယ့် ကြိုတင်မဲများပါ ထည့်ရေ လိုက်တဲ့အခါ မဲစုစုပေါင်း ၂၉ သန်းထိ ဖြစ်သွားတယ်လို့ သိရပါတယ်။ တံဆိပ်တုန်း ထု မဲပေးတဲ့ စနစ်ကလည်း ကျေးလက်နေသူတွေ အယောင်ယောင် အမှားမှား ဖြစ်စေပြီး ရွေးကော်မှ ပယ်မဲများအဖြစ် အစုလိုက် အပြုံလိုက် ပယ်ချလို့ ရအောင် လမ်းပွင့် သွားစေနိုင်ပါတယ်။
ရွေးကော် ဥက္ကဌ ဦးတင်အေး ရဲ့ လုပ်ရည်ကိုင်ရည်ရှိမှု နဲ့ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှု ရှိမရှိ ကလည်း သံသယ ပွားစရာ ဖြစ်လာနေပါတယ်။ ဂ္ဈန်လက ဧရာဝတီ နဲ့ ပြု လုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူအနေနဲ့ USDP နိုင်တာကို မြင်လိုကြောင်း ဗြောင်ကျကျ ပြောဆို ခဲ့ပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ မဲဆွယ်ရာမှာ၎င်း၊ စာရွက်စာတမ်းတွေ ပုံနှိပ်ဖြန့်ချီရာမှာ၎င်း စစ်တပ်နဲ့ အစိုးရကို အသရေ ပျက်အောင် ပြောဆိုရင် နိုင်ငံတော်ကို ပုန်ကန်မှုနဲ့ပင် တရားစွဲဆို နိုင်ကြောင်း ဆိုပြီး မရေမရာ ကန့်သတ်ချက်တွေ ထုတ်ပြန်လာတဲ့အတွက် NLD မှ ကိုယ်စားလှယ်လောင်းများကို မီဒီယာတွေနဲ့ စကားပြောဆိုခြင်း မပြု ဘို့ ဟန့်တားခဲ့ရပါတယ်။ ဒါတွင်မကသေးပါဘူး ဦးတင်အေး က နောက်တဖန် ရွေးကောက်ပွဲ ရလာဒ်ကြောင့် တိုင်းပြည်မတည်မငြိမ် ဖြစ်လာရင် စစ်တပ်က အာဏာပြန်သိမ်းမယ်လို သတင်းစာ အင်တာဗျူးမှာ ပြောခဲ့ပြန်ပါတယ်။
USDP ကတော့ လက်ရှိ အာဏာရ ပါတီ ဖြစ်တာက တကြောင်း နိုင်ငံတော်ပိုင် ပစ္စည်ုးတွေကို ထင်သလို သုံးခွင့်ရနေတာကြောင့် အလေးသာနေရပါတယ်။ (အခုပင် ကိုကိုးက္ဈန်းကို ကြံ့ဖွတတ် ကိုယ်စားလှယ်များကို ရဟတ်ယာဉ် နဲ့ စစ်တပ်က လိုက်ပို့ ပေးရာမှာ NLD ကိုယ်စားလှယ် လိုက်ပါခွင့် မရပါဘူး)
USDP အနေနဲ့ အရှုံး နည်းနိုင်သမျ နည်းအောင် အတတ်နိုင်ဆုံး ကြိုးပမ်းနေတာလို့ လေ့လာသူတွေက အစောပိုင်းက ခန့်မှန်းးးပြောဆို ခဲ့ကြပေမယ့် အခုအခါမှာ လုပ်ပိုင်ကိုင်ပုံ တွေအရ အာဏာကို ဖြစ်တဲ့နည်းနဲ့ အရယူဘို့ ကြိုးပမ်းလာနေတာ ထင်ရှားပါတယ်။
စစ်တပ်ရဲ့ ၂၅% ဟာ နေပူမရှောင် မိုးရွာမရှောင် မဲဆွယ်စရာ မလိုပဲ လွှတ်တော်ထဲ အခန့်သား နေရာယူပြီးသား ဖြစ်နေလို့ USDP အနေနဲ့ လူများစု အစိုးရ ဖွဲ့နိုင်ဘို့အရေး ၂၆% ပဲ ရဘို့ လိုနေပါတယ်။ ဒီလို ဖြစ်ခဲ့ရင် ဦးသိန်းစိန်ပဲ သမ္မတ အဖြစ် ဒုတိယ သက်တမ်း ပြန်ခန့် ဘို ကြိမ်းသေနေပါတယ်။
ဆက်လက် ဖေါ်ပြ ပါမယ်။
Swe Monoo ရဲ့ ဓါတ်ပုံ — ရေး မြို့  NLD လူထု စည်းဝေးပွဲ
ကိုးကား။ ။ Could Myanmar's Election Devolve into Disorder? (From The Diplomat)
HSW
BrainWave ဉာဏ်လှိုင်း
ဧ​ရာ​ဝ​တီ​တိုင်း ​ဒေ​သ​ကြီး ​အ​စိုး​ရ ​ထုတ်​ပြန်​စာ
တိုင်း ​ဒေ​သ​ကြီး ​စာ​ထဲ​မှာ ​တိုင်း​ရင်း​သား ​လက်​နက်​ကိုင် ​အ​ဖွဲ့ ​ခေါင်း​ဆောင်​တွေ​ကို ​ဗိုလ်​ချုပ်​ကြီး ​ရွက်​ဆစ်၊ ​ဗိုလ်​ချုပ် ​ဂွမ်​မော် ​လို့ ​ခေါ်​မဲ့ ​အ​စား ​အ​ဖွဲ့​တာ​ဝန်​ခံ ​ဒါ​မှ​မ​ဟုတ် ​တိုင်း​ရင်း​သား ​ခေါင်း​ဆောင် ​လို့ ​ခေါ်​ဝေါ် ​သုံး​စွဲ​ဖို့ ​ညွှန်​ကြား​တာ ​ဖြစ်​တယ်​လို့ ​တိုင်း​ဒေ​သ​ကြီး ​အ​စိုး​ရ ​တာ​ဝန်​ရှိ​သူ ​တစ်​ဦး​က ​ပြော​ပါ​တယ်။
ဒီ ​ထုတ်​ပြန်​ချက်​ကို ​ကာ​ကွယ် ​ဦး​စီ​ချုပ်​ရုံး​က ​ထုတ်​ပြန်​ခဲ့​ပြီး ​အ​နောက် ​တောင်​တိုင်း ​စစ်​ဌာ​န​ချုပ် ​က ​နေ ​ဧ​ရာ​ဝ​တီ​တိုင်း ​ဒေ​သ​ကြီး ​အ​စိုး​ရ​အ​ဖွဲ့​ဆီ​ကို ​အောက်​တို​ဘာ ​လ ​အ​စော​ပိုင်း​က ​ပေး​ပို့​ခဲ့​တာ ​ဖြစ်​တယ်​လို့ ​ပြော​ပါ​တယ်။
ဧ​ရာ​ဝ​တီ​တိုင်း ​ဒေ​သ​ကြီး​အ​စိုး​ရ ​အ​ဖွဲ့​က ​လက်​မှတ်​ထိုး ​အ​တည်​ပြု​ပြီး ​ပြန်​ကြား​ရေး​နဲ့ ​ပြည်​သူ့ ​ဆက်​ဆံ​ရေး ​ဦး​စီး ​ဌာ​န​က ​တ​ဆင့် ​မြန်​မာ​နိုင်​ငံ ​သ​တင်း​စာ ​ဆ​ရာ​များ ​အ​သင်း (MJA) ​ဧ​ရာ​ဝ​တီ ​အ​သင်း​ခွဲ​ကို ​ပေး​ပို့ ​ခဲ့​ပါ​တယ်။
အဲ​ဒီ ​ထုတ်​ပြန်​ချက်​နဲ့ ​ပါတ်​သက်​လို့ ​အ​နောက်​တောင်​တိုင်း ​စစ်​ဌာ​န​ချုပ်​ကို ​ဘီ​ဘီ​စီ​က ​ဆက်​သွယ် ​မေး​မြန်း​ဖို့ ​ကြိုး​စား​ခဲ့​ပေ​မဲ့ ​ဆက်​သွယ်​လို့ ​မ​ရ​ရှိ​ခဲ့​ပါ​ဘူး။
မြန်​မာ​နိုင်​ငံ ​သ​တင်း​စာ ​ဆ​ရာ​များ ​အ​သင်း (MJA) ​ဧ​ရာ​ဝ​တီ ​အ​သင်း​ခွဲ ​ဥ​က္က​ဌ ​ဦး​ဇော်​တင့်​က ​သ​တင်း ​မီ​ဒီ​ယာ ​တွေ​နဲ့ ​ညှိ​နှိုင်း ​ဆောင်​ရွက်​ဖို့ ​လုပ်​ဆောင်​တာ ​ဖြစ်​တယ်​လို့ ​ပြော​ပါ​တယ်။
ဒေ​သ​ခံ ​သ​တင်း​ထောက် ​တွေ​က​တော့ ​ထုတ်​ပြန်​ချက်​နဲ့ ​ပါတ်​သက်​လို့ ​ကန့်​ကွက်​မှာ ​ဖြစ်​တယ်​လို့ ​ဧ​ရာ​ဝ​တီ ​သ​တင်း​ထောက် ​ကို​ဆ​လိုင်း ​သန့်​စင် ​က ​ပြော​ပါ​တယ်။
ဒီ​ထုတ်​ပြန်​ချက်​ဟာ ​ဧ​ရာ​ဝ​တီ​တိုင်း ​ဒေ​သ​ကြီး ​တစ်​ခု​တည်း​မှာ​ပဲ ​ထုတ်​ပြန်​တာ ​ဖြစ်​ပြီး ​အ​ခြား ​တိုင်း​ဒေ​သ ​က ​သ​တင်း​ဌာ​န​တွေ​ကို ​အ​ကြောင်း​ကြား​တာ​မျိုး ​မ​ရှိ​သေး​ပါ​ဘူး။
အ​ခြား ​ပြည်​နယ်​နဲ့ ​တိုင်း​တွေ​မှာ ​အ​ကျိုး ​သက်​ရောက်​မှု ​ရှိ ​မ​ရှိ ​ဆို​တာ ​မ​သိ​ဘူး​လို့ ​ဧ​ရာ​ဝ​တီ ​တိုင်း​ဒေ​သ​ကြီး ​အ​စိုး​ရ ​အ​ဖွဲ့ ​တာ​ဝန်​ရှိ​သူ ​က ​ဆက်​ပြော​ပါ​တယ်။
သ​တင်း​ဌာ​န ​တွေ ​အ​နေ​နဲ့ ​တိုင်း​ရင်း​သား ​လက်​နက်​ကိုင် ​ခေါင်း​ဆောင်​တွေ​ကို ​အ​ဖွဲ့​တာ​ဝန်​ခံ ​ဒါ​မှ​မ​ဟုတ် ​ခေါင်း​ဆောင်​လို့ ​မ​သုံး​ပဲ ​ရာ​ထူး ​ကို​ပဲ ​ခေါ်​ဝေါ် ​သုံး​စွဲ​မယ်​ဆို​ရင် ​ဘယ်​လို ​ပြစ်​မှု​မြောက်​တယ် ​ဆို​တာ​ကို ​ထုတ်​ပြန်​ချက် ​ထဲ​မှာ ​ထည့်​သွင်း ​ဖော်​ပြ​ထား​ခြင်း ​မ​ရှိ​ဘူး​လို့ ​ဆို​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
[soundcloud src="227628493"][/soundcloud]
ရန်ကုန် တောင်ဥက္ကလာပမြို့နယ်မှာ နိုင်ငံရေးပါတီကြီးတွေဟာ နေ့တိုင်းနီးပါး မဲဆွယ်စည်းရုံးနေကြပါတယ်။ လာမယ့်ရွေးကောက်ပွဲအပေါ် သာမန်ပြည်သူတွေ ဘယ်လောက် စိတ်ဝင်စားမှုရှိသလဲဆိုတာ သိရအောင် တောင်ဥက္ကလာပမြို့နယ်ထဲက ပြည်သူတွေကို မေးကြည့်ရာမှာ စိတ်ဝင်စားမှုရှိပြီး မဲပေးကြမယ်လို့ အတော်များများက ပြောကြပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင် က တင်ပြထားပါတယ်။
RFA
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းအား အာဏာရ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ်မှ ဖြုတ်ချခံရသည့် သြဂုတ် ၁၂ တွင် ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်း Manifesto ကို ထုတ်ပြန်ကြေညာကာနီး အချိန်ဖြစ်သည်ဟု သူရဦးရွှေမန်းနှင့် နီးစပ်သူများက Frontier သတင်းဌာနသို့ ပြောကြားသည် ။ ထိုကြေညာစာတမ်းတွင် ပြုပြင်ပြောင်းလဲရေး မူဝါဒနှင့် အစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သည်ဟု ဆိုသည် ။
ကြေညာစာတမ်း ရေးဆွဲသည့် အဖွဲ့ဝင် ၈ ဦးပါ အဖွဲ့သည် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များအတွက် ၂၀၁၃ အောက်တိုဘာ ကတည်းက စတင်ကာ လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ကြေညာစာတမ်းကို သြဂုတ် ၁၃ တွင် ထုတ်ပြန်ရန် စီစဉ်ထားခြင်းဖြစ်သည်ဟု ဆိုသည် ။
“လူမှု စီးပွား ပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးရေး ( SEED ) ဟု အမည်ပေးထားသည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်သည် အစိုးရ ယန္တရားနှင့် စစ်တပ်ပိုင်း စီးပွားရေးလုပ်ငန်းများကို ဦးတည်၍ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် ရည်ရွယ်ထားပြီး ကြံ့ခိုင်ရေးပါတီ၏ အဓိက ဗဟိုကော်မတီဝင် အများအပြားက အတည်ပြု ပေးထားသည်ဟု ဆိုသည် ။
စာမျက်နှာ ၁၇၇ ပါ ကြေညာစာတမ်းနှင့် ဆက်စပ်စာရွက် စာတမ်းများ၏ မိတ္တူတစ်စုံကို Frontier က ရရှိထားသည်ဟု ဆိုသည် ။ မဲဆန္ဒနယ် တစ်ခုစီအား ကြံ့ခိုင်ရေးပါတီတွင်း သုံးသပ်လေ့လာသူများ၏ သုံးသပ်မှုအရ နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ပါတီအတွက် အဆိုးဆုံး အခြေအနေ၌ အမတ်နေရာ ၁၆ နေရာသာ အနိုင်ရဖွယ်ရှိသည်ဟု ဖော်ပြထားသည် ။
ပါတီအနေဖြင့် ပိုမို အလုပ်ဖြစ်နိုင်သည့် ပြုပြင်ပြောင်းလဲရေး မူဝါဒများ ချမှတ်ရန်နှင့် ထိုပြုပြင်ပြောင်းလဲရေး မူဝါဒများကို လူထုက ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် မီဒီယာလှုပ်ရှားမှု အကြီးအကျယ် ပြုလုပ်ရန် လိုအပ်သည်ဟု ပါတီတွင်း လေ့လာသူများက ဆိုသည် ။ ထို လုပ်ငန်းအဖွဲ့နှင့် ပါတီ၏ ရွေးကောက်ပွဲ ကြေညာ စာတမ်း အမှန်တကယ် တည်ရှိကြောင်းနှင့် SEED စီမံကိန်းကို သူရဦးရွှေမန်းက အပြည့်အ၀ ထောက်ခံကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ် အများအပြားက အတည်ပြု ပြောကြားသည် ။
ထိုအဖွဲ့က ရေးဆွဲထားသည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွင် SEED , PLANT , GROW နှင့် HERVEST ဟူ၍ အဆင့် ၄ ဆင့် ပါဝင်သည် ။ ၂၀၁၄ တွင် အစီအစဉ် ချမှတ်ခဲ့သည့် SEED က မူဝါဒ ချမှတ်သည့် အဆင့်ဖြစ်ပြီး PLANT ( 2015 ) က လှုပ်ရှားမှုအဆင့် ၊ GROW ( 2016-2020 ) က အကောင်အထည် ဖော်မှုအဆင့် ၊ HARVEST ( 2020-2025 ) က အကျိုးအမြတ်များ ထွက်ပေါ်လာသည့်အဆင့် အဖြစ် ရည်ရွယ်ထားသည် ။
အချို့ မူဝါဒများမှာ ထိပ်တန်းပါတီဝင်များကို ပြသမည့် ကြေညာစာတမ်းတွင် ထည့်သွင်း ဖော်ပြရန် အကဲဆတ်လွန်းသဖြင့် ချန်လှပ်ထားသော်လည်း အဖွဲ့၏ လုပ်ငန်းအစီအစဉ်တွင် ပါဝင်သည်ဟု ဆိုသည် ။ လက်ရှိ စစ်တပ်ထိန်းချုပ်ထားသော ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲရေးမှာ ထိုကဲ့သို့ အစီအစဉ်များတွင် ပါဝင်သည် ။
အကဲဆတ်ဆုံး မူဝါဒမှာ စစ်တပ်နှင့် ဆက်စပ်နေသော မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့၏ အမြတ်ငွေများကို နိုင်ငံ ဘတ်ဂျက်အတွင်း လွှဲပြောင်းရန်လည်း အစီအစဉ်တွင် ဖော်ပြထားသည် ။ အဆိုပါ အချက်သည် သူရဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားမှုတွင် စစ်တပ်၏ ပါဝင်မှုနှင့် ပတ်သက်၍ မေးခွန်းများ ထွက်ပေါ်စေခဲ့သည် ။
သြဂုတ် ၁၂ က ကြံ့ခိုင်ရေးပါတီရုံးချုပ် ၀င်းအတွင်းတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ကားကို တွေ့မြင်ခဲ့ရကြောင်း အဆင့်မြင့် အရာရှိကြီးများ အပါအ၀င် သတင်းရင်းမြစ် အများအပြားက ပြောကြားခဲ့သည် ။ ထို့ကြောင့် ထိုဖြုတ်ချမှုမှာ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် သမ္မတဦးသိန်းစိန် နှင့် သူရဦးရွှေမန်း တို့၏ ပါတီတွင်း အားပြိုင်မှုထက် ပိုမိုသည်ဟု ယူဆလျက်ရှိကြသည် ။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် သြဂုတ် ၁၂ ဖြစ်ရပ်အပြီးတွင် မီဒီယာများနှင့် တွေ့ဆုံခြင်းမပြုဘဲ သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အမတ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဖြူးမြို့နယ် မဲဆန္ဒနယ်တွင် မဲဆွယ်ရေးကိုသာ အာရုံစိုက် ဆောင်ရွက်လျက်ရှိသည် ။
SEED တွင် ပါဝင်သည့် အချက်အလက်များကို လာမည့် အပါတ်တွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Frontier Myanmar တွေ အသေးစိတ်ဖော်ပြသွားမည်ဟု သိရသည်။
KHTun
Ref - Frontier Myanmar
The Ladies News Journal
သင်္ဃန်းကျွန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဆိုက်ကားများဖြင့် မဲဆွယ် စည်းရုံးခြင်းကို အောက်တိုဘာ ၉ ရက် နေ့လယ်က ပြုလုပ်ခဲ့ကြောင်း သိရသည် ။
ထိုသို့ ပြုလုပ်ရာတွင် အောက်တိုဘာ ၉ ရက် နေ့လယ် ၁ နာရီမှစတင်ကာ ဇဝနမှတ်တိုင်မှ လေးထောင့်ကန် လမ်းမကြီးအတိုင်း ဆိုက်ကားအစီး ၇၀ ခန့်က ပါတီအလံနှင့် အင်္ကျီများ ဝတ်ဆင်ကာ စံပြဈေးအထိ သွားရောက်ပြီး ယင်းမှတစ်ဆင့် လေးထောင့်ကန် လမ်းမကြီးအတိုင်း သင်္ဃန်းကျွန်းမြို့နယ် ဇတောက် ရပ်ကွက်သို့ သွားကာ မဲဆွယ် စည်းရုံး ရေး ဟောပြောခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁ မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးနေမျိုးကျော် (ခ) ဦးနေဘုန်းလတ်က "ပါတီကိုကြည့်ပါ ။ ပါတီသမိုင်းကိုလည်း ကြည့်ပါ ။ ပါတီက ဘယ်ကနေ ပေါ်ပေါက်လာလဲဆိုတာ ။ ပါတီတံဆိပ်ကိုလည်း သေချာကြည့်ပါ ။ ခွပ်ဒေါင်း တစ်ကောင်တည်းက NLD မဟုတ်ဘူး ။ ကြယ်တစ်ပွင့်တည်းကလည်း NLD မဟုတ်ဘူး ။ ခမောက်ပါလည်း NLD မဟုတ်ဘူး" ဟု ပြောသည် ။
သင်္ဃန်းကျွန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်အဖြစ် ဦးရွှေလှ (ခ) ဦးရွှေလှဝင်း ၊ အမျိုးသားလွှတ်တော် ကိုယ်စားလောင်းအဖြစ် ဒေါက်တာမြတ်ဥာဏစိုး ၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှ ဦးနေမျိုးကျော် (ခ) ဦးနေဘုန်းလတ်နှင့် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ ဦးမောင်မောင်ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည် ။
သတင်း - စိုင်းဟန်
The Ladies News Journal
မိမိပြောချင်တာက မျိုးစောင့်ဥပဒေကို ထောက်ခံသလိုလိုနဲ့ ဘာသာ သာသနာကို ခုတုံးလုပ်ပြီး ထောက်ခံမဲယူလို့ ဆက်ပြီးအာဏာကိုင်ဆွဲထားလိုသူတွေရဲ့ အသုံးချခံဖြစ်နေလို့ပြောရတာပါ။
မိမိအနေနဲ့ မျိုးစောင့်ဥပဒေကို ကန့်ကွက်စရာမရှိပါဘူး။ မဘသဆရာတော်ကြီးများကိုလည်း မစော်ကားဝံ့ပါဘူး။
မိမိဖြစ်စေချင်တာက တရားဥပဒေ စိုးမိုးပြီး ပညာပြည့်ဝတဲ့နိုင်ငံတော်ကြီး ဖြစ်စေချင်လို့ ခုလို တိုင်းပြည်ရဲ့အပြောင်းအလဲကာလ အရေးကြီးဆုံးအချိန်မှာ အမှားအယွင်းမဖြစ်စေရအောင် ရည်ရွယ်ရေးတာပါ။
တိုင်းပြည်မှာတရားဥပဒေစိုးမိုးဖို့ အလိုအပ်ဆုံးပါ။ တရားဥပဒေ မစိုးမိုးရင် ဘယ်ဥပဒေ ပြဌာန်းပြဌာန်း မထိရောက်နိုင်ပါဘူး။
ဥပမာပြောရရင် ကိုယ့်အမျိုးကို လာစော်ကားလို့ အရေးယူ ဖမ်းပါပြီတဲ့။ ငွေများတဲ့သူနိုင်တဲ့ တရားရေးစနစ်အကြောင်း မသိလေရော့သလား။ ထားပါတော့ နောက်ကနေဘုန်းကြီးတွေ ဖိအားပေးလို့ အရေးယူပြီး အပြစ်ကျူးလွန်တဲ့သူ ထောင်ကျပါပြီတဲ့။ ထောင်ထဲမှာ ငွေပေးနိုင်ရင် အဆင်ပြေအောင်နေလို့ရတဲ့အကြောင်းရော မသိကြလေသရော့လား။ တရားဥပဒေ မစိုးမိုးရင် ဘာဥပဒေထုတ်ထုတ် ဘယ်လိုမှ မထိရောက်နိုင်ပါဘူး။
တရားဥပဒေစိုးမိုးပြီး အစိုးရ လဝကတွေ ရဲတွေ တပ်မတော်သားတွေ သူ့တို့တာဝန်သူတို့ ကျေဖို့လိုပါတယ်။ တကယ် ကိုယ့်တိုင်းပြည်ကို ချစ်ရင် လူမျိုးတစ်စုထဲကိုပဲ မဲပြီးအာရုံစိုက်နေလို့မရပါဘူး။
တစ်ဖက်မှာလည်း ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ မြန်မာနိုင်ငံကို အမှည့်ချွေချွေနေတဲ့၊ တောတွေ တောင်တွေ ပြုန်းတီး၊ မြေပေါ်မြေအောက် သယံဇာတတွေပြုန်းတီးအောင် မတော်မတရားလုပ် အရည်အသွေးမပြည့်မီတဲ့အစားအသောက်တွေ ဆေးဝါးတွေ၊ ပစ္စည်းအသုံးအဆောင်တွေနဲ့ လူတွေကိုဘဝပျက်အောင်၊ ရောဂါဆိုးတွေရအောင် လူမျိုးတုန်းအောင် အနုနည်းနဲ့ သတ်ဖြတ်နေသူတွေကိုလည်း သတိထားရပါမယ်။ ဒါတွေအားလုံးကိုပြည်သူတွေ လိုက်လုပ်နေလို့ ရပါ့မလား။ တာဝန်ယူတတ်တဲ့ တာဝန်ကျေတဲ့ ကိုယ့်တာဝန်ကိုယ်သိတဲ့ အာဏာပိုင်အစိုးရကသာ အမိန့်အာဏာနဲ့ နည်းပညာနဲ့ အင်အားနဲ့ အသုံးပြုမှသာ ရနိုင်မှာပါ။
ဒါကြောင့် တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်နိုင်တဲ့ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်ဖို့လိုပါတယ်။ ဒီအစိုးရ ဒီလူ ဒီမူနဲ့ကတော့ ဘယ်လိုမှ ရှေ့ဆက်လို့ မရနိုင်တော့တာကတော့ ရေရှည်ကြည့်တတ်သူအားလုံး သိမှာပါ။ အားလုံးမကောင်းဘူးလို့တော့ မဆိုပါဘူး။ မကောင်းတာတွေက များနေလို့ပါ။ လူမျိုလို့ လူမျိုးပြုတ်ပါတော့မယ်။
ဌာနဆိုင်ရာအကြီးအကဲတွေ လာဘ်စားတာကိုမြင်ရင် ဒီလိုစားနိုင်ဖို့ ဒီလိုနေရာကိုရဖို့ ပြောင်းရွှေ့ကြေးတွေ မြင့်မားလှတဲ့ သူတို့ရာထူးပေါက်ဈေး သိန်း၅ဝ နဲ့ ၁ဝဝကြား တချို့နေရာဆို ၁၀၀ ကျော်တာတွေ ကို သိရပါမယ်။ အောက်ခြေ၀န်ထမ်းတွေတောင် ပြောင်းချင်ရင် ဘယ်ဈေး မပြောင်းချင်ရင် ဘယ်ဈေးနဲ့ဝင်ရတယ်ဆိုတာ အားလုံးသိကြမှာပါ။
ဒါကလည်း တရားဥပဒေစိုးမိုးမှုမရှိလို့ ဖြစ်နေရတာပါ။ လုပ်ငန်းလုပ်သူတွေ သိပါလိမ့်မယ်။ လုပ်ငန်းလေးလုပ်ခွင့်ရဖို့ ဘယ်ဝန်ကြီးချုပ်ကို ဘယ်လောက်ပေးရတာ၊ ဘယ်ဝန်ကြီးဆို ဘယ်လောက်ပေးရတယ်ဆိုတဲ့ပေါက်ဈေးတွေ က တရားဥပဒေစိုးမိုးမှုမရှိလို့ ဖြစ်လာရတာပါ။
လက်တွေ့ ဥပမာတစ်ခုပြောပြပါမယ်။ ၉၆၉ တွေ အရှိန်ကောင်း တုန်းက ဘာသာခြားဆိုင် မဝယ်ဖို့ ဘယ်ကားမစီးဖို့ ဘယ်ဆီဆိုင်မသုံးဖို့ လှုပ်ရှားလိုက်ရတဲ့ ပြည်သူပြည်သားတွေ ဘုန်းကြီးတွေလေ မှတ်မိကြမှာပေါ့။ အဲဒီအချိန် ဘာသာခြားတွေက တစ်ဘက်မှာ လုပ်ငန်းကြီးပျက်စီးသွားသလိုပြပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးပေါင်းလို့ ဆီဆိပ်ကမ်းကြီး ဆောက် ဆီသိုလှောင်ရုံတွေဆောက်ပြီး ဆီတွေကို တစ်နိုင်ငံလုံးတောင် ဖြန့်ပေးလို့ လုပ်ငန်းရှင်ကြီးဖြစ်နေတာ မသိတဲ့သူတွေ အများကြီးပါ။
ဖုန်းကုမ္ပဏီကိစ္စကလည်း ထင်ရှားတဲ့ သက်သေတစ်ခုပါ။
ဘာသာခြားတွေက လုပ်ငန်းသေးလေးတွေကို စွန့်ပြီး လုပ်ငန်းကြီးတွေမှာ ပေါင်းစားနေကြတာသိကြပါရဲ့လား။
ခရိုနီတချို့နဲ့ မြန်မာနိုင်ငံသား တချို့ကလွဲရင် လုပ်ငန်းကြီးတွေ စက်ရုံကြီးတွေ ဘယ်သူတွေပိုင်လည်း လေ့လာကြည့်ရင် သိနိုင်ပါတယ်။
ဒါကြောင့် လာဘ်စား ချစားမှုတွေပျောက်အောင် နိုင်ငံသားတွေ လုပ်ပိုင်ခွင့်တွေရအောင် ဘာသာခြား လူမျိုးခြားတွေရန်ကနေ ထိထိရောက်ရောက် ကာကွယ်ချင်ရင် တရားဥပဒေစိုးမိုးဖို့လိုပါတယ်။
နောက်တစ်ခုက မြန်မာနိုင်ငံသားအားလုံး ပညာတတ်ဖို့လိုပါတယ်။ ဘွဲ့ရ ပညာမတတ်တွေ ပေါများပြီး ပေါက်ဈေးအမျိုးမျိုးနဲ့ ဘွဲ့တွေရနေတဲ့ သင်ညာရှင်တွေကြားမှာ ပညာတတ်ပေမယ့်လည်း လူရာမဝင်တဲ့ ပညာရှင်တွေအများကြီးပါ။
ပညာမတတ်စေတဲ့ ပညာရေးစနစ်ကိုပြဌာန်းပြီး အုပ်ချုပ်ခဲ့လို့ ကြောက်လန့် ငြိမ်ဝပ်ပိပြားခဲ့ရတဲ့ ကာလတွေကလည်း မနည်းတော့သလို အေးချမ်းသာယာပြီး ဖွံ့ ဖြိုးတိုးတက်လာမလားစောင့်နေတာလည်း ကြာလှပါပြီ။ အမှန်တရားအတွက် မငြိမ်နိုင်တဲ့ကျောင်းသားတွေကတော့ ထောင်ထဲမှာ ထုနဲ့ထေးပါပဲ။
နိုင်ငံမှာလည်း တရားဥပဒေတွေ စိုးမိုးလို့ နိုင်ငံသူနိုင်ငံသားတွေလည်း ပညာတွေတတ်လို့ ပညာရေးနဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးတည်ဆောက်နိုင်ရင် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအရေးက ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။
ဒါကြောင့် တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် အမျိုးကို တကယ်ချစ်တယ်ဆိုရင် အမျိုး ဘာသာ သာသနာကို အမှန်တကယ် စောင့်ရှောက်ချင်တယ်ဆိုရင် တရားဥပဒေစိုးမိုးဖို့ နဲ့ တစ်မျိုးသားလုံး ပညာရည်မြင့်မားဖို့ ကြိုးစားပေးရမှာပါ။
တရားဥပဒေစိုးမိုးရေးနဲ့ တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးကိုဆောင်ရွက်နိုင်တဲ့ အစိုးရသစ်တစ်ရပ်ပေါ်ပေါက်အောင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးက ၀ိုင်းဝန်း ကူညီပေးရမှာပါ။
မျိုးစောင့်ဥပဒေကို ထောက်ခံပြနေတာကို ယုံမှတ်ပြီး ပုံအပ်လိုက်ရင်တော့ သေချာပါတယ်။ နောက်ဆို စောင့်စရာအမျိုးတောင် ကျန်မှာမဟုတ်တော့ပါဘူးဆိုတာ ရဲရဲကြီးပြောရဲပါတယ်။ အမျိုးတောင်မရှိရင်တော့ ဘာသာလည်းပျောက် သာသနာလည်း ပျောက်သွားမှာပါ။
နိုင်ငံရေး လုပ်တာမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးရဲ့ အမျိုး ဘာသာ သာသနာနဲ့ ဆက်စပ်နေလို့ ၀င်ပါရတာပါ။
နိုင်ငံသားအားလုံး မှန်ကန်တဲ့ဘက်က ရပ်တည်ရပါမယ်။ ကြားနေလို့မရပါဘူး။ ကြားနေတာ တာဝန်မကျေ အချောင်နေ လူတန်းစားပါ။ အချောင်နေရင် အနေချောင်ပေမယ့် ကိုယ့်တစ်မျိုးသားလုံး အသေကြပ်ရပါလိမ့်မယ်။
စာဖတ်သူတွေရဲ့အချိန်ကို ငဲ့ညှာပြီး ဒီလောက်ပဲ အကျဉ်းမျှရေးတာပါ။
လိုအပ်ရင် အပိုင်းများစွာ ထပ်ရေးပါဦးမယ်။
@@@ အရှင်စန္ဒဇောတိ(သာသနာနွယ်)
အပိုင်း(၁) မဖတ်ရသေးသူတွေ ဖတ်ရအောင် အပိုင်း(၁)ကို ပြန်တင်ပေးလိုက်ပါတယ်။
အရေးကြီးလွန်းလို့ ဖတ်ပါ၊ Shareပါ၊ ဝေဖန်ပါ၊ ဆွေးနွေးပါ။
--------------------
မျိုးစောင့်ဥပဒေထက် ပို၍အရေးကြီးသော
***********************
တိုင်းပြည်နဲ့ လူမျိုးတိုင်းအတွက် မြင့်မြတ်တဲ့ဘ၀တွေကို တည်ဆောက်ဖို့ရာ အလိုအပ်ဆုံးအရာကတော့ ကိုယ်ကျင့်တရားနဲ့ ပညာပါပဲ။
မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးအရာက တရားဥပဒေစိုးမိုးရေးနဲ့ လူတိုင်း ပညာရည် မြင့်မားရေးအတွက်ပါ။
သမာသမတ်ကျတဲ့ အစိုးရက တရားဥပဒေစိုးမိုးအောင် ကြိုးစားဖို့ လိုသလို မြန်မာနိုင်ငံသားအားလုံးကလည်း ပညာရည် မြင့်မားဖို့လိုပါတယ်။
တရားဥပဒေစိုးမိုးမှု မရှိရင်တော့ ဘာဥပဒေတွေ ဘယ်လောက် ပြဌာန်း ပြဌာန်း မထိရောက်နိုင်ပါဘူး။
တရားဥပဒေစိုးမိုးရင်၊ အစိုးရအဖွဲ့က တရားဥပဒေအတိုင်း ဆောင်ရွက်ကြရင် ဘယ်သူမှ ကိုယ့်နိုင်ငံထဲ မကျူးကျော် မစော်ကားရဲကြပါဘူး။ ဘယ်သူမှလည်း အမျိုးမဖျက်ရဲသလို ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာကိုလည်း မထိပါးရဲကြပါဘူး။ ဒါက တစ်ပိုင်းပါ။
နောက်တစ်ပိုင်းက လူတိုင်း ပညာရည်မြင့်မားကြမယ်ဆိုရင် အကောင်း အဆိုးတွေကို နားလည်နိုင်မှာပါ။ အကောင်းအဆိုးတွေကို နားလည်နိုင်တဲ့ ပညာရှိသူ အားလုံး ဘယ်ဘာသာကောင်းတယ်၊ ဘယ်ဘာသာမကောင်းဘူး၊ ဘယ်လူမျိုးကောင်းတယ်၊ ဘယ်လူမျိုးမကောင်းဘူးဆိုတာ ရွေးချယ်နိုင်ပါတယ်။
တရားဥပဒေ မစိုးမိုးနိုင်သေးရင်တော့ ခေတ်၊ စနစ်အခြေအနေအရ မြတ်ဗုဒ္ဓလမ်းစဉ်အတိုင်း အမျိုး၊ ဘာသာ ၊ သာသနာကိုစောင့်ရှောက်ဖို့အတွက် သံဃာ့အဖွဲ့အစည်းတွေက ထိန်းညှိပေးဖို့ လိုအပ်ပါတယ်။
တရားဥပဒေကို လေးစားလိုက်နာပြီး သမာသမတ်ကျတဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်လာပြီး တရားဥပဒေစိုးမိုးသွားခဲ့ရင်၊ လူတိုင်း ပညာရည် မြင့်မားလာမယ်ဆိုရင်တော့ သံဃာတော်တွေလည်း ဘာမှ ၀င်ပါစရာမလိုဘဲ ကိုယ့်အလုပ် ကိုယ်လုပ်နိုင်ကြမှာပါ။
ခုလို တိုင်းပြည် အပြောင်းအလဲအတွက် အရေးကြီးတဲ့အချိန်အခါမျိုးမှာ မျိုးစောင့်ဥပဒေကို ထောက်ခံတာ မထောက်ခံတာတွေနဲ့ ပါတ်သက်ပြီး စိတ်ဝမ်းကွဲနေကြရမှာမဟုတ်ပါဘူး။
မျိုးစောင့်ဥပဒေကို ထောက်ခံတိုင်း အမျိုးချစ်တယ်လို့ ယုံကြည်လို့မရနိုင်သလို၊ မျိုးစောင့်ဥပဒေကို ကန့်ကွက်တိုင်းလည်း အမျိုးမချစ်ဘူးလို့ သတ်မှတ်လို့မရပါဘူး။ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တယ် မချစ်ဘူး၊ ကာကွယ်နိုင်တယ် မကာကွယ်နိုင်ဘူး၊ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နိုင်တယ် မစောင့်ရှောက်နိုင်ဘူးဆိုတာ မျိုးစောင့်ဥပဒေကို ထောက်ခံခြင်း၊ မထောက်ခံခြင်း တစ်ခုတည်းနဲ့ တိုင်းတာလို့ မရနိုင်ပါဘူး။ နောက်ကွယ်မှာ အကြောင်းအရာ များစွာရှိနေပါသေးတယ်။
ခုချိန်မှာ အမှန်တကယ်အလိုအပ်ဆုံးက တိုင်းပြည်ကို ချစ်မြတ်နိုးပြီး တိုင်းပြည်မှာ တရားဥပဒေစိုးမိုးလို့ ပညာရည်မြင့်မားတိုးတက်အောင်ဆောင်ရွက်ပေးနိုင်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်ဖို့ပါ။
မျိုးစောင့်ဥပဒေကို ထောက်ခံတယ်ဆိုတိုင်း ၀တ်စုံသာပြောင်းပြီး လူမပြောင်း မူမပြောင်းဘဲ တရားဥပဒေစိုးမိုးအောင် တိတိကျကျ ပြတ်ပြတ်သားသားလည်းမဆောင်ရွက်နိုင်တဲ့၊ ကိုယ်ကျင့်တရားလည်း မကောင်းတဲ့၊ သန့်ရှင်းမှုလည်းမရှိ တိုးတက်ကောင်းမွန်မှုလည်းမရှိတဲ့ သူတွေကို ထောက်ခံပေးနေလို့ကတော့ ရှေ့လျှောက် စောင့်စရာ အမျိုးတောင် ကျန်မှာ မဟုတ်ပါဘူး။
မိမိအနေနဲ့ကတော့ ဆရာတော်ဘုရားကြီးများရဲ့စေတနာကို နားလည်သလို၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကိုလည်း နားလည်ပေးလို့ ရပါတယ်။ တစ်ဘက်မှာလည်း အာဏာရှင်တွေရဲ့ လှည့်ကွက်တွေကိုလည်း တွက်စလို့ ရပါတယ်။
ခုလို အချိန်မှာ အရေးကြီးဆုံးက အမျိုး ဘာသာ သာသနာကို ခြစားဖျက်စီးနေတဲ့ သန့်ရှင်းမှုမရှိတဲ့ ကောင်းမွန်မှုမရှိတဲ့ သူတွေကို အရင်ဆုံးဖယ်ရှားပစ်ရပါမယ်။
အစိုးရသစ်တစ်ရပ်က တိုင်းပြည်ကို တရားဥပဒေစိုးမိုးရေးနဲ့ ပညာရည် တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်နိုင်မှသာ တိုင်းပြည်လည်း တိုးတက်မြင့်မားပြီး အမျိုး ဘာသာ သာသနာလည်း တိုးတက်မြင့်မားလာမှာဖြစ်ပါတယ်။
သန့်ရှင်း ကောင်းမွန်တဲ့အစိုးရတစ်ရပ်ပေါ်ပေါက်လာဖို့က တိုင်းပြည်မှာ အရေးပါတဲ့ ဘုရားသား၊ စစ်သား၊ ကျောင်းသား ဆိုတဲ့ သား သုံးသား ညီညွတ်ဖို့ လိုပါတယ်။
နိုင်ငံသူ နိုင်ငံသားတွေနဲ့ တစ်သားတည်းဖြစ်အောင် သား သုံးသားလုံး ညီညွတ် မျှတဖို့ လိုပါတယ်။ သားသုံးသားလုံးက ကိုယ့်နေရာကိုယ်နေ ကိုယ့်အလုပ် ကိုယ်လုပ်လို့ နေရာတကာ ၀င်မပါဘဲ၊ မည်သူ့ကိုမှ ဘက်မလိုက်ဘဲ၊ အတိတ် ပစ္စုပ္ပန်တွေကို အကောင်းအဆိုး ဆန်းစစ်လို့ အနာဂတ်အတွက် အကြောင်း အကျိုး ညီညွတ်အောင် ထိန်းကြောင်းပေးကြရမှာ ဖြစ်ပါတယ်။
ဒီလိုမှ မဟုတ်ဘဲ ငါတကောကောနဲ့ အာဏာပါဝါတွေပြပြီး နေရာတကာ ၀င်ပါနေရင်တော့ တိုင်းပြည်လည်း စုတ်ပြတ်သတ်လို့ လူမျိုးလည်း ကွယ်ပျောက်ရပါလိမ့်မယ်။
အနှစ်ချုပ်ရရင်တော့ အရေးကြီးဆုံးက ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်ဖြစ်နေတဲ့၊ နေရာတကာ စုတ်ပြတ်သတ်နေတဲ့၊ နိုင်ငံတကာအလယ် မှာ မျက်နှာငယ်ရတဲ့ နိုင်ငံအဖြစ်ကနေလွတ်အောင် ရှေ့နောက် နောင်ရေး ရှုမြော်တွေးလို့ မှိုင်းအမျိုးမျိုးက ကင်းလွတ်လို့ ရွှေနိုင်ငံကြီး ဆီသို့ ချီတက်နိုင်ဖို့ သန့်ရှင်း ကောင်းမွန်တဲ့အစိုးသစ်တစ်ရပ် ပေါ်ထွန်းလာဖို့ တာဝန်ရှိရှိ တာဝန်သိသိနဲ့ လိုအပ်တဲ့နေရာကနေ ပူးပေါင်းဆောင်ရွက်သွားကြရမှာပါ။
ဒါမှသာ အမျိုး ဘာသာ သာသနာကို တိုးတက်မြင့်မားအောင်ကာကွယ် စောင့်ရှောက်နိုင်တဲ့ တရားဥပဒေစိုးမိုးကာ လူတိုင်းပညာရည် မြင့်မားတိုးတက်လာတဲ့ ရွှေနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတော့တယ်။
@@@ အရှင်စန္ဒဇောတိ(သာသနာနွယ်)
အမေရိကန်ပြည်ထောင်စု အခြေစိုက် National Democratic Institute NDI
အမေရိကန်ပြည်ထောင်စု အခြေစိုက် National Democratic Institute NDI
မြန်မာနိုင်ငံသားတွေသာ ဂရုတစိုက်နဲ့ လေးလေးနက်နက် အကဲခတ်စောင့်ကြည့်နေမယ် ဆိုရင် မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိစေဖို့ အခွင့်အလမ်းရှိ တယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် National Democratic Institute NDI က ပြောဆိုလိုက်ပါတယ်။ လာမယ့်ရွေးကောက်ပွဲ ကို လေ့လာစောင့်ကြည့် မယ့် ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့တွေကို ပံ့ပိုးသွားမယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးပါမယ်။
၂၀၁၀ ရွေးကောက်ပွဲထက် ပိုပြီး ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲ တစ်ရပ်ဖြစ်လာဖို့အတွက် မြန်မာနိုင်ငံသားတွေဘက်ကလည်း ဂရုတစိုက် အကဲခတ်စောင့်ကြည့်ကြမယ်ဆိုရင် အခွင့်အရေးရှိသေးတယ်လို့ National Democratic Institute NDI မြန်မာဌာနေကိုယ်စားလှယ် Richard Nuccio က အခုလို ပြောဆိုလိုက်ပါတယ်။
"နိုင်ငံတကာ အဆင့်အတန်းမီရွေးကောက်ပွဲလို့ ပြောရင်တော့ အခုနောက်ပိုင်းမှာ စံနှုန်းအမျိုးမျိုးနဲ့ ထည့်သွင်းပြီး တိုင်းတာကြပါတယ်။ ပွင့်လင်းမြင်သာမှု၊ အားလုံး ပါဝင်မှု၊ ယုံကြည်စိတ်ချရမှု စတဲ့ စံနှုန်းတွေက လွတ်လပ်ပြီး တရားတမှုကို ပိုပြီး ဖော်ပြနိုင်တဲ့ စံနှုန်းတွေပါ။ လာမယ့်ရွေးကောက်ပွဲဟာ အဆင့်အတန်းမီရဲ့လား ဆိုတာကတော့ မြန်မာနိုင်ငံသားတွေရဲ့ အဆုံးအဖြတ်မှာပဲ မူတည်ပါတယ်။
ဒီတစ်ကြိမ်မှာက ရွေးကောက်ပွဲကို စောင့်ကြည့်ကြမယ့် ပြည်တွင်း ပြည်ပ အဖွဲ့တွေ ရှိလာပါပြီ။ ပြည်သူတွေအနေနဲ့ အဲ့ဒီအဖွဲ့တွေက ထုတ်ပြန်မယ့် အစီရင်ခံစာတွေ ကို လေ့လာပြီး ဒီရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲထက် ပိုပြီး ယုံကြည်စိတ်ချရသလားဆိုတာကို အကဲဖြတ်နိုင်ဖို့ အခွင့်အရေးရှိပါတယ်။ အဲ့ဒီကနေမှ တဆင့် ရွေးကောက်ပွဲရဲ့ ရလဒ်ကို အကဲဖြတ်ပြီး နောက်ထပ် ဒီမိုကရေစီလမ်းကြောင်း ကို ရှေ့တက်လှမ်းနိုင်မှာဖြစ်ပါတယ်။"
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ လိုအပ်တဲ့ အကူအညီတွေ ကို ထောက်ပံ့ ကူညီနေတဲ့ NDI အနေနဲ့ လာမယ့် ရွေးကောက်ပွဲ မှာ စောင့်ကြည့်လေ့လာကြမယ့် ပြည်တွင်းအဖွဲ့တွေကိုလည်း အကူအညီတွေ ပေးနေတယ်လို့ အခုလို ပြောပါတယ်။
"ရွေးကောက်ပွဲကို ဘက်မလိုက်ဘဲ စောင့်ကြည့်လိုကြတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီထောက်ပံ့တာက ကျွန်တော်လို့ရဲ့ အလုပ်ပါ။ အခု ဆိုရင် ရွေးကောက်ပွဲစောင့်ကြည့် မယ့် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါပြီ။ ဒီအဖွဲ့တွေ ဟာ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ စောင့်ကြည့်ကြ မှာဖြစ်ပြီး စောင့်ကြည့်သူ ဦးရေ ၅၀၀၀ကျော် စောင့်ကြည့်ကြမှာပါ။ ဒါဟာ တော်တော်များ တဲ့ အရေအတွက်ဖြစ်ပါတယ်။"
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်အခြေစိုက် National Democratic Institute NDI ဟာ ၁၉၈၃ ခုနှစ်က စတင်တည်ထောင်တဲ့ ပါတီစွဲမရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၁၃၂ နိုင်ငံမှာ ဒီမိုကရေစီ ထွန်းကား ပြန့်ပွားရေး အတွက် နိုင်ငံသားတွေ ပူးပေါင်းပါဝင်မှု၊ အစိုးရရဲ့ တာဝန်ခံ တာဝန်သိမှု၊ ပွင့်လင်းမြင်သာမှုတွေကို အားပေးထောက်ပံ့နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လွှတ်တော်ကဏ္ဍ ပိုမိုတိုးတက်အောင် လိုအပ်တဲ့ အကူအညီတွေ ပေးနေတာဖြစ်ပါတယ်။
သိင်္ဂီလင်း/VOA
http://burmese.voanews.com/content/national-democratic-institute-ndi-says-people-of-myanmar-to-pay-great-attention-and-monitor-upcoming-election/2998526.html
NCA သဘောတူညီချက် မူကြမ်း နှစ်ဘက် ချုပ်ဆိုနိုင်ခဲ့စဉ်။ (မတ်-၃၁၊ ၂၀၁၅)
NCA သဘောတူညီချက် မူကြမ်း နှစ်ဘက် ချုပ်ဆိုနိုင်ခဲ့စဉ်။ (မတ်-၃၁၊ ၂၀၁၅)
မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် မှာ အားလုံး မပါနိုင်ပဲ ဖြစ်နေရတာဟာ တရုတ် နိုင်ငံက ၀င်ရောက် စွက်ဖက် နေတာကြောင့် ဖြစ်တယ်လို့ အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့ တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ လက်မှတ်ရေးထိုးဖို့ ရက်ပိုင်း အလိုမှာပဲ အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
မကြာခင် ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးကြမယ်ဆိုတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA စာချုပ်မှာ လက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး။ အဖွဲ့အားလုံး ပါဝင်ခွင့်ရမှသာ သူတို့အနေနဲ့ NCA ကို လက်မှတ်ရေးထိုး နိုင်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ က ပြောထားပါတယ်။
အခုလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ တင်းခံနေရတဲ့ အကြောင်းက တရုတ်အာဏာပိုင်တွေက နောက်ကွယ်မှာ ၀င်ရှုပ်နေတာကြောင့် ဖြစ်တယ် လို့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ရဲ့တာဝန်ရှိသူဖြစ်တဲ့ ဦးမင်းဇော်ဦးက VOAကို ခုလိုရှင်းပြ ပါတယ်။
" အဲ့တော့ အဓိကကတော့ ကိုးကန့်ထိုးစစ် ဖြစ်သွားတဲ့အပေါ်မှာ ကိုးကန့်ထိုးစစ်ကို တရုတ်နိုင်ငံထဲမှာ ရှိတဲ့ Logistic ပေါ့နော် လက်နက်ခဲယမ်း မီးကျောက်တွေ၊ ထောက်ပို့ ကိစ္စ လူစုတဲ့ဟာတွေ ဖြစ်လာတဲ့အပေါ်မှာ ကိုးကန့်ထိုးစစ်ထဲ ပါတဲ့အဖွဲ့တွေကို အစိုးရဘက်ကလည်း လုံခြုံရေး အဖွဲ့တွေဘက် ကလည်း ယုံကြည်မှု တော်တော်ကြီးကို နည်းသွားတယ် ဆိုတဲ့ ပြသနာ ရှိတာပေါ့နော်။ အဲ့ပြသနာရှိတဲ့အခါမှာ အခု ကျနော်တို့ ကြားတာက တရုတ်နယ်စပ်မှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို Official ပေါ့နော် ကျနော်တို့ မသိတာက ဘေဂျင်းကလား၊ ယူနန်ကလား မသိဘူးပေါ့နော်။ အဲ့လိုမျိုး တွေ့ပြီးတော့ ဒီ NCA မှာ ကိုးကန့်ပါဝင် လက်မှတ်ရေးထိုးဖို့လိုတယ်ဆိုတဲ့ ပုံစံမျိုး ပြောတယ်ဆိုတာမျိုး ကျနော်တို့ သိရတယ်ပေါ့နော်။ အဲ့တော့ ဒီ UWSA က နောက်ဆုံးထုတ်တဲ့ Statement ထဲမှာလည်း ရေးထားတာက သူတို့အနေနဲ့ တရုတ်အစိုးရကို အနောက်နိုင်ငံတွေ မပါဖို့ဆိုပြီး ပြောထားတယ်။ အခု အနောက်နိုင်ငံတွေ ပါဝင်ပြီး လက်မှတ်ရေးထိုးမယ်လည်း ကြားတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဒီကတိကို မဖျက်သင့်ဘူးဆိုတဲ့ ပုံစံမျိုး ရေးထားတာရှိတယ်။ အဲ့တော့ အဲ့ဒီ့ Statement မတိုင်ခင်တုန်းမှာ UWSA ကို လာတွေ့သွားတယ်ဆိုပြီး ကျနော်တို့ ကြားတယ်ခင်ဗျ။ အဲ့တော့ အဲ့ဒီ့အချက်ပေါ် မူတည်ပြီး လောလောဆည်မှာ အားလုံးပါဝင်ရေးက အခက်အခဲရှိတယ်ဆိုတာကို ကျနော်က သုံးသပ်ပါတယ်။"
ဦးမင်းဇော်ဦးရဲ့ အခုလို စွပ်စွဲပြောဆိုချက်တွေဟာ မဟုတ်မှန်ကြောင်း တရုတ်အစိုးရက ငြင်းဆိုလိုက်တာကို နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြ ကြပါတယ်။ တရုတ်မြန်မာနယ်စပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရှိပြီး မြန်မာစစ်တပ်နဲ့ အဲ့ဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပဋိပက္ခက အခုချိန်ထိ အဆုံးမသတ်နိုင်သေးပါဘူး။
ဒါကြောင့် တရုတ်အစိုးရရဲ့သဘောထားကို သူတို့အဖွဲ့က အလေးထားပါတယ်လို့ UWSA အဖွဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးအောင်မြင့်က ပြောပါတယ်။
"ဥပမာဗျာ ကိုးကန့်မှာဖြစ်တဲ့ကိစ္စ ၊ KIO/KIA နဲ့ ဖြစ်နေတဲ့ကိစ္စ၊ တိုက်ပွဲတွေဖြစ်နေသေး တယ်။ ပစ်တာ ခတ်တာတွေရှိနေသေးတယ်။ ဒီလိုဆိုလို့ရှိရင် တရုတ်-မြန်မာ အစိုးရအချင်းချင်း မှာလည်း ညှိနှိုင်းဖို့ လိုတယ်ဆိုတဲ့ သဘောထားပါ။ ညှိနှိုင်းရင် ပြေလည်နိုင်တာပေါ့ဗျာ။ သူက တမျိုး စဉ်းစား၊ ကိုယ်က တမျိုး စဉ်းစားဆိုရင် ဒါ ပြေလည်နိုင်ဖို့က ခက်တယ်လေ။"
တရုတ်မြန်မာနယ်စပ် ငြိမ်းချမ်းသွားအောင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးခွင့်ရရေးကို တရုတ်အစိုးရက လိုလား နေပေမဲ့ မြန်မာအစိုးရ ကတော့ ကိုးကန့်အဖွဲ့ကို ချန်လှပ်ထားဆဲဖြစ်ပါတယ်။ ကိုးကန့်အဖွဲ့နဲ့ ပတ်သက်တဲ့ မြန်မာအစိုးရ သဘောထားကို ဦးမင်းဇော်ဦး ပြောတာက -
"ကိုးကန့်နဲ့ပတ်သက်တဲ့သဘောထားက ကိုးကန့်အနေနဲ့ ပြန်လာချင်တယ် ဆိုရင် ပြန်လာလို့ရတယ်။ ကိုးကန့်ခေါင်းဆောင်တွေ အနေနဲ့ပေါ့နော်။ နိုင်ငံရေးဖြစ်စဉ်တွေ မှာ ဝင်ပါလို့ရတယ်။ နောက်ပြီးတော့ လူထုလက်ခံလို့ရှိရင် သူ ခေါင်းဆောင် လုပ်လို့လဲ ရတယ်။ အဲ့ ဒါပေမဲ့ လက်နက်တော့ မယူလာပါနဲ့ဆိုတဲ့ ပေါ်လစီရှိပါတယ်။ လောလောဆယ်မှာ။"
NCA စာချုပ်မှာ အားလုံးမပါနိုင်ပဲ ဖြစ်နေရတာဟာတရုတ်နိုင်ငံက ၀င်ရောက် စွက်ဖက်နေတာကြောင့်လို့ မြန်မာအစိုးရဖက်က ပြောပေမယ့် ဒါဟာ အကြောင်းပြချက်ပေးရုံ သပ်သပ် ဖြစ်တယ်လို့ တရုတ်မြန်မာအရေးကျွမ်းကျင်သူ ယူနန်ပြည်မှာနေထိုင်တဲ့ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
"အဓိက မြန်မာပြည်မှာ ငြိမ်းချမ်းရေး လိုချင်ရင် ဗမာ့တပ်မတော်က သူတို့ရထားတဲ့ နိုင်ငံရေး အခွင့်အာဏာ၊ စီးပွားရေး အခွင့်အာဏာတွေကို ကျန်တဲ့သူတွေနဲ့ အနည်းဆုံး မျှဝေစားသုံးမှ ရမယ်ဆိုတဲ့ စိတ်ကလေး ဝင်မှ ဖြစ်မှာ။ အဲ့တော့ အဓိက က ဒီငြိမ်းချမ်းရေး စာချုပ် မဖြစ်ရတာဟာ ဗမာ့တပ်မတော်ရဲ့ သူတို့ရရှိထားတဲ့ အခွင့်အာဏာတွေကို လျှော့မပေးချင်လို့ပဲ ဒါပေမဲ့ ဒါကို ကာကွယ်ချင်တဲ့အတွက် အဲ့လို ဟိုလူ့ပုံ၊ ဒီလူ့ပုံ ပုံတော့ တခြားသူနဲ့ ပိုပြီးတော့ နီးစပ်တဲ့ တရုတ်ကို အပြစ်တင်ပြီး ပြောတာပါ။ အဲ့တော့ တကယ်လို့ ဗမာ့တပ်မတော်အနေနဲ့ အစောကြီးကတည်းက သဘောထားကြီးကြီးနဲ့ အားလုံးကို ပါဝင်စေချင်တယ်ဆိုရင် သူတို့ လုပ်လို့ရတဲ့အချက်တွေ အများကြီး မလုပ်တာဖြစ်တယ်။ SSA ကို လက်နက်ကြီးနဲ့ပစ်တာတို့ ဘာတို့ညာတို့ အခု လျှောက်လုပ်နေတာပဲ။ အဓိက ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးအခြေအနေဟာ ဗမာ့တပ်မတော်ရဲ့ စိတ်နေစိတ်ထားအပေါ်မှာပဲ မူတည်တယ်။"
လာမယ့် ရက်ပိုင်းအတွင်း NCA စာချုပ် လက်မှတ်ရေးထိုးကြတဲ့အခါ နိုင်ငံတကာ အသိသက်သေအဖြစ် တရုတ်၊ ဂျပန်၊ ထိုင်း၊ ကုလသမဂ္ဂနဲ့ EU ဥရောပသမဂ္ဂ အဖွဲ့တွေ ပါဝင်ကြမှာဖြစ်ပါတယ်။
ကိုဉာဏ်ဝင်းအောင်/VOA
http://burmese.voanews.com/content/peace-talks-with-ethnic-blames-china-for-failure-to-all-include-in-nca/2998376.html
 မြန်မာနိုင်ငံက ကမ္ဘာကျော် အင်းစိန်အကျဉ်းထောင်အတွင်း ဗြိတိသျှတဦးကို အိမ်သာခန်းမရှိ၊ ပြတင်း ပေါက်မရှိ ကျဉ်းမြောင်းလှသော အချုပ်ခန်းအတွင်း ထားရှိခြင်းကြောင့် ဗြိတိသျှအစိုးရက ကြားဝင် ဆောင်ရွက်ပေးရန် ပန်ကြားချက်ကိုလည်း လျစ်လျူရှုထားကြောင်း အကျဉ်းချခံထားရသူ၏ဖခင် မစ္စတာဘရီယန်ဘလက်ဝုဒ်က ဂါးဒီးယန်းသတင်းဌာနကို ပြောကြားခဲ့သည်။
အသက် ၃၃ နှစ်ရှိ ဖိလစ်ဘလက်ဝုဒ်နှင့် မြန်မာလုပ်ဖော်ကိုင်ဖက်နှစ်ဦးသည် ပြီးခဲ့သော မတ်လက ဗုဒ္ဓရုပ်ပွားတော်ပုံကို နားကျပ်တပ်ဆင်ပြီး ဗုဒ္ဓဂတ်စထရိုဘား ယမကာဆိုင်ကို ဖေ့စ်ဘုတ်စာမျက်နှာတွင် ကြော်ငြာခဲ့သဖြင့် ဘာသာရေးစော်ကားမှု၊ သာသနာညိုးနွမ်းစေမှုဖြင့် အရေးယူခံခဲ့ရပြီး ထောင်ဒဏ် နှစ်နှစ်နှင့် ခြောက်လ ချမှတ်ခံခဲ့ရသည်။
''ဖိလစ်အဖမ်းခံရပြီးတဲ့နောက် ကိုယ်အလေးချိန်ပေါင် ၅၀ လောက်ကျသွားတယ်။ ပြီးခဲ့တဲ့ ဇွန်လက ထောင်ဝင် စာသွားတွေ့တုန်းက အချုပ်ခန်းရဲ့ ထောင့်မှာ အိမ်သာအဖြစ်သုံးဖို့ အပေါက်တပေါက်ပဲရှိတယ်။ အဲဒီအပေါက်ကနေ မိလ္လာကန်အပွင့်ကြီးထဲကို အပေါ့အလေး သွားရတယ်။ ကောက်ရိုး ကွပ်ပျစ်ပေါ်မှာ အိပ်ရတယ်။ ပြတင်းပေါက်ရှိပေမယ့် ပိတ်ထားတယ်။ သူ့ကို ဆန်နဲ့ ဆန်ပြုတ်ပဲ ကျွေးတယ်။ ကျွန်တော်တို့နဲ့တွေ့တုန်းက သူက ဘာမှမဖြစ်သလို ဟန်ဆောင်ထားတယ်။ သူခံစားနေရတာကို ကျွန်တော်တို့ကို မမြင်စေချင်ဘူး။ ပထမသုံးလအတွင်းမှာ ပြင်ပနဲ့လည်း အဆက်အသွယ် ဖြတ်ထားတယ်''ဟု မစ္စတာ ဘရီယန် ဘလက်ဝုဒ်က ပြောပြခဲ့သည်။
အင်းစိန်အကျဉ်းထောင်သည် အဓိကအားဖြင့် နိုင်ငံရေးအကျဉ်းသားများအတွက် လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ကမ္ဘာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ယင်းအကျဉ်းထောင်သည် သေဒဏ်ကျခံရမှုနှင့် သဘောတူမျှကြောင်း မြန်မာနိုင်ငံ၏ အမှောင်မိုက်ဆုံး ငရဲတွင်းအဖြစ် လူသိများကြောင်း ထောင်ကျခဲ့ဖူးသည့် အကျဉ်းသားဟောင်းတဦးက ပြောပြသည်။
ဖိလစ်သည် ခြောက်ပေရှစ်ပေအကျယ်အ၀န်းရှိသော လေ၀င်နည်းသည့် အခန်းကျဉ်းလေးထဲတွင် တရက်လျှင် ၁၄ နာရီ အကျဉ်းချထားခံရသည်။ နယူးဇီလန်နိုင်ငံသား ပတ်စ်ပို့ကိုလည်း ကိုင်ဆောင်ထားသော ဖိလစ်သည် ဗုဒ္ဓဘာသာကို စော်ကားရန် ရည်ရွယ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။ အဆိုပါဖေ့စ်ဘုတ်ကြော်ငြာကြောင့် အများပြည်သူ ဒေါသထွက်ခဲ့သည်ကို သိရှိပြီးနောက် ၎င်းပုံကို ဖယ်ရှားပစ်ခဲ့ကြောင်း ဖီးလစ်က ပြောသည်။
ဖိလစ်၏မိသားစုကမူ အယူခံဝင်ရန် စီစဉ်ထားကြသော်လည်း မျှော်လင့်ချက်မရှိလှဟု ဆိုသည်။ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးက ဖိလစ်၏အမှုနှင့်ပတ်သက်ပြီး သမ္မတရုံးနှင့် တိုက်ရိုက်အဆက်အသွယ်ပြု၍ မေးမြန်းထားကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ထွဋ်ဝင်းထွဋ်
Ref;Guardian
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အိုးဘိုထောင်မှာ ဖမ်းဆီးထားတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားတွေကို အောက်တိုဘာလ ၉ ရက်နေ့က အမရပူရမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ်။ Photo: Nay Thwae/RFA
နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအ၀င် ပုဒ်မ ၃ခုနဲ့ အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသား ၄ဦးကို အမရပူရမြို့နယ် တရားရုံးက ထောင်ဒဏ် တစ်နှစ်နဲ့ သုံးလအထိ ချမှတ်လိုက် ပါတယ်။
မန္တလေးမြို့က ရတနာပုံတက္ကသိုလ် ကျောင်းသား ၄ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအ၀င် ပုဒ်မ ၃ခုနဲ့ ထောင်ဒဏ် တစ်နှစ်ကနေ တစ်နှစ်နဲ့ ၃လအထိ ကျခံဖို့ အမရပူရမြို့နယ်တရားရုံးက ဒီနေ့ အမိန့်ချလိုက်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုနေသွေး က မန္တလေးမြို့ကနေ ပေးပို့ထားပြီး RFA ၀ိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။ရိုက်ကူး - နေသွေး
Posted by RFA Burmese on Friday, October 9, 2015
တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ပြစ်ဒဏ်ချတာကို လက်ခံပေမယ့် နိုင်ငံတော် အကြည်ညိုပျက်စေမှု စတဲ့ပုဒ်မတွေနဲ့ အမိန့်ချမှတ်တာဟာ မဖြစ်သင့်ဘူးလို့ ကျောင်းသားတွေရဲ့အမှုကို လိုက်ပါကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။
"၅ဝ၅ (ခ)နဲ့ချတာ ကျနော်လုံးဝသဘောမတူဘူး၊ ၅ဝ၅(ခ) လုံးဝမမြောက်ဘူး၊ ပုဒ်မ ၁၈ က ကျောင်း သားတွေက တည့်ရှင်းတာပဲ၊ ဟုတ်တယ် ကျနော်တို့စုရုံးတယ်၊ ဗကသဆိုတာ သမိုင်းအဆက်ဆက်မှာ ဘယ်တုန်းကမှ ဘယ်အာဏာရှင် ဘယ်အစိုးရဆီမှာမှ ဒူးထောက်ပြီးတော့ ခွင့်ပြုမိန့်တောင်းခဲ့တာ ထုံးစံမရှိဘူး၊ အဲဒီ မူအတိုင်းသွားတာ အဲတော့ကြိုက်တဲ့အမိန့်ချ၊ အဲဒါက ကျနော်တို့ပြောစရာမရှိဘူး ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်၊ ၅ဝ၅(ခ)ရယ်၊ ၁၄၃ က ဒါတွေက ဥပဒေနဲ့မညီဘူး"
ရတနာပုံတက္ကသိုလ်က ကိုဂျစ်တူး၊ ကိုအောင်ဆန်းဦး နဲ့ ကိုဥာဏ်လင်းထက်တို့ကို ဥပဒေမဲ့ အစုအဖွဲ့မှာ ပါဝင်မှု ပုဒ်မ ၁၄၃ နဲ့ ထောင်ဒဏ် ၃လ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၆လ၊ တရားမဝင် စီတန်း လှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃လ စုစုပေါင်း ထောင်ဒဏ် ၁နှစ် ချမှတ်လိုက်ပြီး နောက်ထပ်ကျောင်းသား တစ်ဦးဖြစ်သူ ကိုနိုင်ရဲဝေကို အဲဒီပုဒ်မ ၃ခုအပြင် ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃လ ချမှတ်ခဲ့တာကြောင့် သူဟာ ထောင် ဒဏ် တစ်နှစ်နဲ့ ၃လ ချမှတ်ခံရတာဖြစ်ပါတယ်။
အဲဒီပြစ်ဒဏ်တွေကို တစ်ပေါင်းတည်းကျခံဖို့နဲ့ ချုပ်ရက်တွေကို ထည့်သွင်းခံစားဖို့ အမိန့်ချလိုက်တာကြောင့် သူတို့ ၄ ယောက်ဟာ အိုးဘိုထောင်မှာ နောက်ထပ် ၃လ အကျဉ်းကျခံရမှာဖြစ်ပါတယ်။
ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူး နဲ့ ကိုဥာဏ်လင်းထက်တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်နေ့က ရတနာပုံ တက္ကသိုလ် မုခ်ဦးရှေ့မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပြီး "စစ်တစ်ပိုင်းအစိုးရ ကျဆုံးပါစေ" ဆိုတဲ့ စာသားကို ဆေးမှုတ်ပြီး ရေးသားခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုကြောင့် ဇူလိုင်လမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားမ၀င်စီတန်းလှည့်လည်မှု၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှု၊ ရုန်းရင်းဆန်ခတ်မှု စတဲ့ ပုဒ်မ ၄ခုနဲ့ တရားစွဲဖမ်းဆီးခံထားရတာဖြစ်ပြီး ရုန်းရင်းဆန်ခတ်မှုကို ပယ်ချလိုက်ပေမယ့် ကျန်တဲ့ ၃မှုနဲ့ အမိန့်ချလိုက်တာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
 နိုဘယ်လ်ဆုကော်မတီက ၂၀၁၅ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ကြေညာစဉ်။ (အောက်တိုဘာ ၉၊ ၂၀၁၅)
 ၂၀၁၅ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် တူနီးရှားနိုင်ငံက Tunisian National Dialogue Quartet ညွှန့်ပေါင်းအဖွဲ့ကို ရွေးချယ်လိုက်ပါတယ်။ တူနီးရှားမှာ ၂၀၁၁ ခုနှစ်က စံပယ်ဖြူတော်လှန်ရေးလို့ခေါ်တဲ့ ဒီမိုကရေစီရေး အုံကြွတောင်းဆိုမှုတွေအပြီး အားလုံးလက်ခံနိုင်တဲ့ ဒီမိုကရေစီပုံစံတရပ်ကို ဖေါ်ဆောင်ပေးနိုင်ခဲ့တာကြောင့် အခုလို ရွေးချယ်ခဲ့တာပါ။
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ရှိတဲ့ နိုဘယ်လ်ဆုကော်မတီက ဒီကနေ့မှာ အခုလိုရွေးချယ်မှုနဲ့ ပါတ်သတ်လို့ ကြေညာခဲ့တာဖြစ်ပြီး ဒီဆုဟာ တဖွဲ့ချင်းစီကို ချီးမြှင့်တာ မဟုတ်ပဲ အဖွဲ့ ၄ ဖွဲ့ကို ပူးတွဲ ချီးမြှင့်တာဖြစ်တယ်လို့ ဆိုပါတယ်။ တူနီးရှားမှာ အာရပ်နွေဦး တောင်းဆို အုံကြွမှုတွေအပြီး ဒီမိုကရေစီ လုပ်ငန်းစဉ်တွေ ကို ဖေါ်ဆောင်ရာမှာ နိုင်ငံရေးအရ လုပ်ကြံမှုတွေ၊ မတည်မငြိမ်မှုတွေ ရှိလာလိမ့်မယ် လို့ ခန့်မှန်းမှုတွေ ရှိခဲ့ပေမယ့်ငြိမ်းငြိမ်းချမ်းချမ်း နဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖေါ်နိုင်ခဲ့တာကြောင့် အခုလို ဆုချီးမြှင့်ဖို့ ရွေးချယ် လိုက်တာပါ။
ပြည်တွင်းစစ်ဖြစ်လုနီးနီး အခြေအနေမှာ နိုင်ငံကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် Quartet ညွန့်ပေါင်းအဖွဲ့ကြီးက ထိန်းသိမ်းနိုင်ခဲ့တယ် လို့လည်း နိုဘယ်လ်ကော်မတီ က ပြောဆိုခဲ့ပါတယ်။ ဒီညွန့်ပေါင်းအဖွဲ့ကြီးမှာ တူနီးရှား အထွေထွေ အလုပ်သမားသမဂ္ဂ၊ တူနီးရှား စက်မှု၊ ကုန်သွယ်ရေးနဲ့ လက်မှုလုပ်ငန်း အသင်း၊ တူနီးရှား လူ့အခွင့်အရေးအဖွဲ့ချုပ်နဲ့ တူနီးရှား ရှေ့နေများအဖွဲ့တို့ ပါဝင်ပါတယ်
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ခြေ​ထောက်​တွေ ​ယောင်​ယမ်း​နေ​တဲ့ ​ဆင်​ခြေ​ထောက်​ရော​ဂါ။
ဒီ​နှစ်​အ​တွက် ​ဇီ​ဝ​က​မ္မ​ဗေ​ဒ ၊ ​ဆေး​ပ​ညာ​ဆိုင်​ရာ ​နို​ဘယ်လ်​ဆု​ကို ​ကပ်​ပါး​ရော​ဂါ​တွေ​နဲ့ ​ပတ်​သက်​ပြီး ​ဆေး​ကု​ထုံး​သစ်​နှစ်​မျိုး ​ရှာ​ဖွေ​တွေ့​ရှိ​ခဲ့​မှု​အ​ပေါ် ​ပူး​တွဲ ​ပေး​အပ်​လိုက်​ပါ​တယ်။
သု​တေ​သီ​တွေ ​ဖြစ်​ကြ​တဲ့ ​အ​မေ​ရိ​ကန်​နိုင်​ငံ​က ​ဝီ​လီ​ယမ် ​စီ ​ကမ်​ဘဲလ် ၊ ​ဂျ​ပန်​နိုင်​ငံ​က ​ဆာ​တို​ရှိ ​အို​မူ​ယာ ​နဲ့ ​တ​ရုတ်​နိုင်​ငံ​က ​ယူ​ယူ ​တူး ​တို့​သုံး​ဦး​ရဲ့ ​ဆေး​ဘက်​ဆိုင်​ရာ ​သု​တေ​သ​န​နဲ့ ​စမ်း​သပ်​တွေ့​ရှိ​ချက်​တွေ​က ​က​မ္ဘာ​တ​ဝန်း​က ​လူ​ပေါင်း ၃.၄ ​ဘီ​လီ​ယမ်​ကျော် ​ခံ​စား​နေ​ရ​တဲ့ ​ရော​ဂါ​တွေ​ကို ​ကု​သ​ဖို့ ​စွမ်း​ဆောင်​နိုင်​ခဲ့​ကြ​ပါ​တယ်။
အဲ​ဒီ​ရော​ဂါ​တွေ​ထဲ​က ​တစ်​ခု​ဖြစ်​တဲ့ malaria ​ငှက်​ဖျား​ရော​ဂါ​ကို ​လူ​အ​တော်​များ​များ​က ​ကြား​ဖူး​ကြ​ပေ​မယ့် ​တ​ခြား ​ရော​ဂါ​နှစ်​ခု​ဖြစ်​တဲ့ onchocerciasis or "river blindness" ​လို့​ခေါ်​တဲ့ ​မျက်​စိ​နဲ့ ​အ​ရေ​ပြား​မှာ​ဖြစ်​တဲ့ ​ရော​ဂါ​နဲ့ lymphatic filariasis or "elephantiasis" ​လို့​ခေါ်​တဲ့ ​ဆင်​ခြေ​ထောက်​ရော​ဂါ ​တို့​ကို​တော့ ​လူ​သိ​နည်း​ကြ​ပါ​တယ်။ ​အဲ​ဒီ​ရော​ဂါ ​နှစ်​မျိုး​စ​လုံး​ဟာ ​ကပ်​ပါး​သန်​ကောင်​တွေ​ကြောင့် ​ဖြစ်​ကြ​ရ​တာ​ပါ။
ဝီ​လီ​ယမ် ​ကမ်​ဘဲလ် ​နဲ့ ​ဆာ​တို​ရှိ ​အို​မူ​ယာ​တို့ ​တွေ့​ရှိ​ချက်
ယင်၊ ​ခြင် ​စ​တဲ့ ​ရော​ဂါ​ပိုး​ကူး​စက်​စေ​တဲ့ ​ပိုး​မွား​တွေ​က​နေ​တ​ဆင့် ​လူ​ခ​န္ဓာ​ကိုယ်​တွင်း​ကို ​ဒီ​ကပ်​ပါး​ကောင်​တွေ ​ရောက်​ရှိ​ကြ​တာ ​ဖြစ်​ပါ​တယ်။
တ​ကယ်​လို့ ​ကု​သ​မှု​မ​လုပ်​ဘဲ ​ထား​ခဲ့​မယ်​ဆို​ရင် ​လူ​ခ​န္ဓာ​ကိုယ်​ထဲ​မှာ ​သန်​ကောင်​တွေ ​ပွား​များ​လာ​ပြီး ​ကူး​စက်​ခံ​ရ​သူ​တွေ​ဟာ ​မျက်​စိ​ကွယ်​သွား​နိုင်​သ​လို ​ခြေ​ထောက်​တွေ ​ယောင်​ကိုင်း​ပြီး ​သွား​လာ​လှုပ်​ရှား​ဖို့ ​ခက်​ခဲ​လာ​ကြ​ပါ​တယ်။
ယင်​ကောင်​က​တ​ဆင့် ​ကပ်​ပါး​ပိုး​တွေ ​ပြန့်​ပွား​နိုင်။
Ivermectin ​ဆို​တဲ့​ဆေး​ဟာ ​သန်​ကောင်​အ​မ​တွေ​က ​ပွား​လာ​တဲ့ ​ပ​ထ​မ​အ​ဆင့် ​သား​လောင်း​ကပ်​ပါး​တွေ​ကို ​သေ​စေ​နိုင်​တယ်​ဆို​တဲ့​အ​ချက်​ကို ​ဝီ​လီ​ယမ် ​ကမ်​ဘဲလ် ​က ​မြေ​ဆီ​လွှာ ​န​မူ​နာ​တွေ​ထဲ​မှာ ​ရှိ​နေ​တဲ့ ​ဘက်​တီး​ရီး​ယား​တွေ​ကို ​လေ့​လာ​နေ​ရင်း ​သိ​ရှိ​လာ​ခဲ့​ပါ​တယ်။ ​အဲ​ဒီ​မြေ​န​မူ​နာ​တွေ​ကို Shizuoka ​ဒေ​သ Ito ​မြို့​ရှိ ​ဂျ​ပန်​ဂေါက်​ကွင်း​က​နေ ​ဆာ​တို​ရှိ ​အို​မူ​ယာ​က ​စု​ဆောင်း​ရ​ရှိ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။
မြေ​ဆီ​လွှာ ​န​မူ​နာ​တွေ​ထဲ​မှာ ​ရှိ​နေ​တဲ့ ​ဘက်​တီး​ရီး​ယား​ထဲ​က ​သီး​ခြား​မျိုး​ဗီ​ဇ​တစ်​ခု​ဖြစ်​တဲ့ Streptomyces avermitilis ​ဟာ ​ကပ်​ပါး​ရော​ဂါ​ကို ​ထိ​ရောက်​စွာ ​ကု​သ​နိုင်​တဲ့ ​စွမ်း​ရည်​ရှိ​တာ​ကို ​မ​စ္စ​တာ ​ကမ်​ဘဲလ် ​က ​လေ့​လာ​တွေ့​ရှိ​ခဲ့​ပါ​တယ်။
ဒါ​ကြောင့် Merck and Co ​ဆေး​ကု​မ္န​ဏီ​နဲ့ ​ပူး​တွဲ​ပြီး ​ဒီ​မျိုး​ဗီ​ဇ​က​နေ ​ဆေး​ဝါး​ထုတ်​လုပ်​နိုင်​အောင် ​တည်​ထွင်​ဖန်​တီး​ပေး​ခဲ့​ပါ​တယ်။ Merk (MSD) ​က ivermectin ​ဆေး​ကို ၁၉၈၇ ​ခု​နှစ်​က​စ​ပြီး ​လို​အပ်​တဲ့​နိုင်​ငံ​တွေ​ကို ​အ​ခ​မဲ့ ​ပေး​အပ်​ခဲ့​ပါ​တယ်။
ပြီး​ခဲ့​တဲ့​နှစ်​က river blindness ​နဲ့ elephantiasis ​ရော​ဂါ​သည် ​သန်း ၃၀၀ ​ကျော်​အ​တွက်​လည်း ​ဆေး​တွေ ​လှူ​ဒါန်း​ခဲ့​ပါ​တယ်။
တ​ရုတ်​သု​တေ​သီ ​ယူ​ယူ ​တူး ​ရဲ့ ​တွေ့​ရှိ​ချက်
တ​ချိန်​တည်း​မှာ​ပဲ ၁၉၆၀ ​နဲ့ ၇၀ ​ပြည့်​လွန်​နှစ်​တွေ​မှာ ​တ​ရုတ်​သိ​ပ္နံ​ပ​ညာ​ရှင် ​ယူ​ယူ ​တူး ​က ​ငှက်​ဖျား​ရော​ဂါ​အ​တွက် ​ကု​သ​မှု ​ဆေး​နည်း​သစ် ​တစ်​ခု​ကို ​ကြိုး​စား​ရှာ​ဖွေ​ခဲ့​ပါ​တယ်။
ငှက်​ဖျား​ရော​ဂါ​အ​တွက် ​အ​ဓိ​က ​ထုတ်​နေ​တဲ့ ​ကွီ​နိုင်​နဲ့ ​က​လို​ရို​ကွီ​နိုင် ​ဆေး​တွေ​က ​သက်​ရောက်​မှု ​မ​ရှိ​တော့​ဘဲ၊ ​ငှက်​ဖျား​ရော​ဂါ​ဖြစ်​စေ​တဲ့ Plasmodium falciparum ​ကပ်​ပါး​တွေ​က ​ဒီ​ဆေး​တွေ​ကို ​ခု​ခံ​ကာ​ကွယ်​နိုင်​စွမ်း ​ရှိ​လာ​ကြ​တဲ့​အ​တွက် ​ဖြစ်​ပါ​တယ်။
အ​ခု​လို ​ခြင်​ကြောင့်​ဖြစ်​ရ​တဲ့ ​ရော​ဂါ​ကို ​နှိမ်​နင်း​ဖို့ ​ထိ​ရောက်​တဲ့​ဆေး​တွေ ​မ​တိုး​တော့​တာ​ကြောင့် ​တ​ခြား​ဆေး​သစ် ​တစ်​မျိုး​ကို ​ကြိုး​စား​ရှာ​ဖွေ​ဖို့ ​ပါ​မော​က္ခ ​မ​စ္စ ​ယူ​ယူ ​တူး ​က ​တိုင်း​ရင်း​ရိုး​ရာ ​ဆေး​ပ​ညာ​ဘက်​ကို ​ဦး​တည်​ခဲ့​ပါ​တယ်။
တ​ရုတ်​ဆေး​ပ​ညာ
Artemisia annual ​ခေါ် ​သစ်​နံ​ကိုင်း​ပင်​က ​ထုတ်​လို့​ရ​တဲ့​အ​ရည်​ဟာ ​တ​ခါ​တ​ရံ​မှာ ​ထိ​ရောက်​မှု​ရှိ​တာ ​တွေ့​ရှိ​ခဲ့​ပေ​မယ့် ​စမ်း​သပ်​တွေ့​ရှိ​ချက် ​ရ​လဒ်​တွေ ​တ​သ​မတ်​တည်း ​မ​ရ​ရှိ​တာ​ကြောင့် ​လွန်​ခဲ့​တဲ့ ​အေ​ဒီ ၃၅၀ ​လောက်​က ​ချက်​နည်း​ပြုတ်​နည်း​အ​ပါ​အ​ဝင် ​ရှေး​ဟောင်း​စာ​ပေ ​မှတ်​တမ်း​တွေ​ကို ​မ​စ္စ ​တူး​က ​ပြန်​လည် ​လေ့​လာ​ခဲ့​ပါ​တယ်။
အ​ပင်​က ​ထုတ်​ယူ​လို့​ရ​တဲ့ ​အ​ရည်​ကို ​ပ​ထ​မ​ဆုံး ​သောက်​ကြည့်​ခဲ့​ကြ။
အဲ​ဒီ​အ​ခါ Ge Hong ​ရဲ့ ​အ​ရေး​ပေါ် ​ဆေး​ညွှန်း​များ ​လက်​စွဲ​စာ​အုပ် ​ဆို​တဲ့ ​ရှေး​မှတ်​တမ်း​တစ်​ခု​မှာ ​သစ်​ရွက်​သစ်​မြစ် ​လက်​တ​ဆုပ်​စာ​ကို ​ရေ ၂ ​လီ​တာ​ထဲ​မှာ ​စိမ်​ပြီး ​အ​ရည်​အား​လုံး​ကို ​သောက်​ဖို့ ​ညွှန်း​ထား​တာ​ကို ​သူ​လေ့​လာ ​တွေ့​ရှိ​ခဲ့​ပါ​တယ်။
မ​စ္စ ​တူး ​ပြော​တာ​က​တော့ ​တ​ရုတ်​ပြည်​ရဲ့ ​ယဉ်​ကျေး​မှု​တော်​လှန်​ရေး ​ကာ​လ​အ​တွင်း​မှာ ​ဆေး​ဝါး​သစ်​တွေ​နဲ့ ​စမ်း​သပ်​ကု​သ​ဖို့ ​ဆို​တာ​မှာ ​လက်​တွေ့​ကျ​တဲ့ ​လုပ်​ဆောင်​နည်း​တွေ ​မ​ရှိ​ပါ​ဘူး။ ​ဒါ​ကြောင့် ​ငှက်​ဖျား​ရော​ဂါ ​ဝေ​ဒ​နာ​သည်​တွေ​ကို ​ကူ​ညီ​ဖို့​အ​တွက် ​ကျ​မ​နဲ့ ​လုပ်​ဖော်​ကိုင်​ဖက်​တွေ​က ​အ​ပင်​က ​ထုတ်​ယူ​လို့​ရ​တဲ့ ​အ​ရည်​ကို ​ပ​ထ​မ​ဆုံး ​သောက်​ကြည့်​ခဲ့​ကြ​တယ်​လို့ ​ဆို​ပါ​တယ်။
ဒီ​ဆေး​အ​ရည်​ဟာ ​လူ​တွေ​သုံး​ဖို့​အ​တွက် ​အ​န္တ​ရယ်​မ​ရှိ​ဘူး​ဆို​တာ​ကို ​သေ​ချာ​အောင် ​လေ့​လာ​စီ​စစ်​ပြီး​တဲ့​နောက်​မှာ​တော့ ​လက်​တွေ့​ထိ​ရောက်​မှု​ကို ​စမ်း​သပ်​ဖို့ Hainan ​ပြည်​နယ်​ကို ​ကျ​မ​တို့ ​သွား​ခဲ့​ကြ​ပြီး ​ငှက်​ဖျား​ရော​ဂါ​ဝေ​ဒ​နာ​သည်​တွေ​ကို ​စမ်း​သပ်​ကု​သ​ခဲ့​ကြ​တယ်​လို့​လည်း ​မ​စ္စ ​တူး​က Nature Medicine ​မှာ ​ရေး​သား​ခဲ့​ပါ​တယ်။
နောက်​ဆုံး​မှာ​တော့ ​သူ​မ​ရဲ့ ​စူး​စမ်း​ရှာ​ဖွေ ​တွေ့​ရှိ​ချက်​တွေ​ကို ​အ​ခြေ​ခံ​ပြီး ​ယ​နေ့​တိုင် ​အား​ထား​နေ​ရ​ဆဲ​ဖြစ်​တဲ့ artemisinin ​ငှက်​ဖျား​ကာ​ကွယ်​ဆေး​ကို ​တီ​ထွင်​ထုတ်​လုပ်​နိုင်​ခဲ့​ပါ​တယ်။
အ​ခု​နှစ်​တွေ​အ​တွင်း ​ငှက်​ဖျား​ရော​ဂါ ​ဖြစ်​ပွား​နေ​တဲ့​နိုင်​ငံ​တွေ​မှာ artemisinin ​ဆေး​နဲ့ ​ပူး​တွဲ​ကု​သ​နိုင်​တဲ့​ဆေး​တွေ ​အ​လွယ်​တ​ကူ​ရ​ရှိ​နိုင်​တာ​ကြောင့် ​ငှက်​ဖျား​ရော​ဂါ​သေ​ဆုံး​မှု ​လျော့​ကျ​သွား​တာ​ကို WHO ​က​မ္ဘာ့​ကျန်း​မာ​ရေး​အ​ဖွဲ့​ကြီး​က ​အ​သိ​အ​မှတ်​ပြု ​လက်​ခံ​ခဲ့​ပါ​တယ်။
ငှက်​ဖျား​ရော​ဂါ ​ဖြစ်​ပွား​တဲ့​နိုင်​ငံ​တွေ​က ၂၀၀၅ ​ခု​နှစ်​တုန်း​က ACT ​ဆေး​ကို ၁၁ ​သန်း​သာ​ဝယ်​ယူ​ခဲ့​ပေ​မယ့် ၂၀၁၃ ​ခု​နှစ်​မှာ ACT ​ဆေး​ကို ၃၉၂ ​သန်း​အ​ထိ ​တိုး​မြှင့် ​ဝယ်​ယူ​ခဲ့​ပါ​တယ်
ဒါ​ပေ​မယ့် ​အ​ခု​အ​ခါ​မှာ artemisinin ​ဆေး​မ​တိုး​တဲ့ ​ငှက်​ဖျား​ပိုး ​မျိုး​ဗီ​ဇ​တွေ ​ပေါ်​ထွက်​လာ​နေ​ပြီ ​ဖြစ်​ပါ​တယ်။
၂၀၁၅ ​ခု​နှစ်​အ​တွင်း​မှာ ​က​မ္ဘော​ဒီး​ယား၊ ​လာ​အို၊ ​မြန်​မာ၊ ​ထိုင်း​နဲ့ ​ဗီ​ယက်​နမ် ​စ​တဲ့ ၅ ​နိုင်​ငံ​မှာ artemisinin ​ဆေး​မ​တိုး​တော့​တာ ​တွေ့​ရှိ​ရ​ပြီး ​ဆေး​ဝါး​သစ်​ကို ​ဆက်​လက်​ရှာ​ဖွေ​ဖို့ ​လို​အပ်​နေ​ပါ​သေး​တယ်။
BBC Burmese
http://www.bbc.com/burmese
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ရုံးစိုက်ရာ လဟယ်မြို့ မြင်ကွင်း ။ ဓါတ်ပုံ - Nok Tun (fb)
         နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် လဟယ်မြို့နယ်၊ ပင်လုံဟတ္ထိ ကျေးရွာရှိ ကျောင်းဆရာမ နှစ်ဦးအား လုံခြုံရေး တာဝန်ကျ ဒုတပ်ကြပ်တစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ယခုလ(၇)ရက်နေ့တွင် လဟယ် မြို့မရဲစခန်းတွင် စုံခုံဖွဲ့ကာ စစ်ဆေးနေကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာနမှ သိရသည်။
          အဆိုပါ လဟယ်မြို့နယ် ပင်လုံ-ဟတ္ထိကျေးရွာတွင် ယခုလ(၅)ရက်နေ့၊ နေ့လယ်(၁၂)နာရီအချိန်တွင် တာဝန်ကျနေသည့် ဆရာမဖြစ်သူ ဒေါ်ခိုင်မာဌေးသည် ၎င်း၏နေအိမ်အတွင်း၌ တစ်ဦးတည်း ရှိနေစဉ် နန့်စလိန်တံတား လုံခြုံရေး ရဲကင်းတာဝန်ကျ ဒုတပ်ကြပ်တင်မျိုးမှ ရောက်ရှိလာပြီး၊ ရွာဦးဘုန်းကြီးကျောင်းမှ ဆရာတော်မှ ခေါ်ခိုင်းသည်ဟု ပြောဆိုသဖြင့် ထမင်းစားပြီးမှ လာခဲ့ရန် ပြန်လည် ပြောဆိုခဲ့သဖြင့် ဒုရဲတပ်ကြပ်မှာ ပြန်သွားခဲ့ကြောင်း သိရသည်။
          ယင်းနောက် အဆိုပါဆရာမသည် ကျောင်းသူတစ်ဦးအား ဘုန်းကြီးကျောင်းသို့ သွားရန်အတွက် သူငယ်ချင်းဖြစ်သူ ဆရာမ ဒေါ်ဖြိုးမြတ်မော်အား သွားရောက် ခေါ်ရန် စေလွှတ်ခဲ့ကြောင်း၊  ဆရာမရောက် ရှိလာချိန်တွင် ဒုရဲတပ်ကြပ်မှ ရောက်ရှိလာပြီး ““ဗုဒ္ဓဘာသာ မဟုတ်ဘူးလား၊ ကလေးတွေကို စာကောင်းကောင်း သင်မပေးဘူးလား””ဟု ပြောဆိုသဖြင့် ဆရာမနှစ်ဦးနှင့် ဒုရဲတပ်ကြပ်တို့မှာ အချင်းချင်း စကားများ ခဲ့ကြောင်း၊ ၎င်းနောက် ဆရာမနှစ်ဦးသည် ဘုန်းကြီးကျောင်းသို့ ထွက်ခွာခဲ့ချိန်တွင် သေနတ်ပစ်သံ ကြားခဲ့ရကြောင်း ပထမ သတင်းပေးချက်များအရ သိရသည်။
          ယင်းနောက် ဘုန်းကြီးကျောင်းသို့ ရောက်ရှိချိန်တွင် သီတင်းကျွတ်အက တိုက်နေသည့် ကလေးငယ်များအား တွေ့ရှိ၍ ဘုန်းကြီးမှ ခေါ်ခိုင်းသည့် ကိစ္စအား မေးမြန်းရာ ဘုန်းကြီးမှ မခေါ်ခိုင်းခဲ့ကြောင်း ပြန်လည်ပြောကြားနေစဉ် ၎င်းတို့အနီးသို့ ကျေးရွာအုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး ဒုရဲတပ်ကြပ် တင်မျိုးမှ ဆရာမနှစ်ဦးအား နောက်မှနေ၍ သေနတ်ဖြင့် ချိန်ပစ်သည်ကို လက်ဖြင့်ပုတ်ချခဲ့သဖြင့် လွဲချော်သွားခဲ့ကြောင်း၊ ၎င်းနောက်ထပ်မံ၍ နောက်တစ်ချက်ပစ်ရန် ကြံရွယ်စဉ် သေနတ်အား အတင်း လုယူကာ သိမ်းဆည်းထား ခဲ့ကြောင်း ပြောပြခဲ့သည့်အတွက် အဆိုပါ ဆရာမနှစ်ဦးမှ ခန္တီးခရိုင် ပညာရေးမှူးရုံးသို့ တိုင်တန်းခဲ့ သည့်အတွက် ယင်းမှတစ်ဆင့် ခန္တီးခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ အကြောင်းကြားခဲ့ကြောင်း မှုခင်းဖြစ်စဉ်များအရ သိရသည်။
          ယင်းသို့ ဆရာမနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဒုရဲတပ်ကြပ် တင်မျိုး အား အရေးယူထားပြီး ဖြစ်စဉ်အား စုံခုံဖွဲ့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဌာနမှ ဆက်လက်သိရသည်။
The Messenger Media
http://messengernewsjournal.com
တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်သင်္ဘောတွေကို တွေ့ရစဉ် (Credit: Reuters)
 တောင်တရုတ်ပင်လယ်ပြင်က ​သူပိုင်ငါပိုင် ​အငြင်းပွားနေကြတဲ့ ​ဒေသမှာ ​တရုတ်က ​အတင်းအဓမ္မပိုင်ဆိုင်ကြောင်း ​လုပ်ပြနေတာတွေကို ​ဆန့်ကျင်တဲ့အနေနဲ့ ​အမေရိကန် ​စစ်သင်္ဘောတွေကို ​အဲဒီဒေသမှာ ​ဖြတ်မောင်းဖို့ ​စဉ်းစားနေတယ်လို့ ​အမေရိကန် ​အစိုးရက ​ပြောပါတယ်။
ပိုင်ဆိုင်မှု ​အငြင်းပွားနေကြတဲ့ ​နေရာမှာ ​တရုတ်က ​ကျွန်းအတုတွေ ​တည်ဆောက်ပြီး ​ပိုင်ဆိုင်ကြောင်း ​ပြသနေတဲ့အတွက် ​အဲဒီ ​ကျွန်းရဲ့ ​ရေမိုင် ​၁၂ ​မိုင်အတွင်းမှာ ​အမေရိကန် ​စစ်သင်္ဘောကို ​ဖြတ်မောင်းသွားဖို့ ​စဉ်းစားနေတာဖြစ်ပြီး ​နှစ်ပတ်အတွင်း ​လုပ်ဆောင်ဖို့ ​ရှိတယ်လို့ ​ဆိုပါတယ်။
အမေရိကန် ​ရေတပ်ကတော့ ​ရက်ပိုင်းအတွင်း ​သင်္ဘောဖြတ်မောင်းဖို့ ​ဆုံးဖြတ်ထားပေမယ့် ​အစိုးရရဲ့ ​ခွင့်ပြုချက်ကို ​စောင့်ဆိုင်းနေတာ ​ဖြစ်ပြီး ​အစိုးရကတော့ ​ခွင့်ပြုသင့်မသင့် ​စဉ်းစားနေတယ်လို့သာ ​ပြောဆိုထားပါတယ်။
အရင်လတုန်းကတော့ ​အမေရိကန် ​ကာကွယ်ရေးအရာရှိ ​Ash ​Carter ​က ​တရုတ်နိုင်ငံရဲ့ ​လုပ်ရပ်ကို ​ဆန့်ကျင်ကြောင်း ​ပြသဖို့ ​အဲဒီဒေသပေါ်ကို ​လေယာဉ်နဲ့ ​ပျံသန်းတာတွေ၊ ​စစ်သင်္ဘော ​ဖြတ်မောင်းသွားတာတွေ ​အစရှိတဲ့ ​နိုင်ငံတကာ ​ဥပဒေအတွင်း ​လုပ်လို့ရတဲ့ ​နည်းလမ်းပေါင်းစုံနဲ့ ​လုပ်ပြီး ​ဆန့်ကျင်မှုကို ​ပြသသွားမယ်လို့ ​ပြောဆိုခဲ့ဖူးပါတယ်။
အမေရိကန် ​စစ်သင်္ဘောတွေက ​တောင်တရုတ်ပင်လယ်ပြင်က ​Spratly ​ကျွန်းနား ​တဝိုက်ကို ​ဖြတ်သန်းနိုင်တဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​တရုတ်အနေနဲ့ ​အနီးကပ် ​စောင့်ကြည့်နေတယ်လို့ ​တရုတ်အစိုးရက ​တုန့်ပြန်ထားပါတယ်။
တရုတ်နိုင်ငံနဲ့ ​တခြား ​အာရှနိုင်ငံတွေအကြား ​ဖြစ်နေတဲ့ ​နယ်မြေပိုင်ဆိုင်မှု ​ပြဿနာကို ​အမေရိကန် ​အနေနဲ့ ​တရားမျှတစွာ ​ရှုမြင်ပေးဖို့ ​မျှော်လင့်ကြောင်း ​ပြောသွားခဲ့ပါတယ်။
တောင်တရုတ် ​ပင်လယ်ပြင်က ​Spratly ​ကျွန်းတဝိုက်မှာ ​တရုတ်အပြင် ​ဖိလစ်ပိုင်၊ ​ဗီယက်နမ်၊ ​မလေးရှား၊ ​ဘရူနိုင်းနဲ့ ​ထိုင်ဝမ်တို့က ​သူတို့လည်း ​ပိုင်ဆိုင်တယ်ဆိုပြီး ​အငြင်းပွားနေကြတာ ​ဖြစ်ပါတယ်။
ပိုင်ဆိုင်မှု ​အငြင်းပွားနေတုန်းမှာပဲ ​တရုတ်က ​ကျွန်းအတုတွေ ​ထပ်ဆောက်နေသလို၊ ​စစ်သုံးပစ္စည်းတွေပါ ​ထားရှိတဲ့အတွက် ​အမေရိကန်က ​စိုးရိမ်မကင်း ​ဖြစ်နေရတယ်လို့ ​ပြောပါတယ်။
အဲဒီကျွန်းတဝိုက်မှာ ​သဘာဝ ​သံယဇာတတွေ ​ပေါကြွယ်တယ်လို့လည်း ​ခန့်မှန်းနေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခု (Credit: ABC)
 တရုတ်နိုင်ငံကနေ ​မြန်မာအရေးမှာ ​ဝင်ရောက်စွက်ဖက်ခဲ့လို ​တိုင်းရင်းသား ​လက်နက်ကိုင်တွေ ​အားလုံး ​တစ်နိုင်ငံလုံး ​အပစ်အခတ် ​ရပ်စဲရေး ​သဘောတူစာချုပ် ​NCA ​မှာ ​လက်မှတ် ​မရေးထိုးတာလို့ ​ငြိမ်းချမ်းရေး ​အကျိုးတော်ဆောင် ​ဦးမင်းဇော်ဦးက ​ပြောပါတယ်။
ဒေါက်တာ ​မင်းဇော်ဦးက ​ကချင် ​အေအိုင်အိုနဲ့ ​ဝတပ်ဖွဲ့ကို ​လက်မှတ်မထိုးဖို့ ​တရုတ်က ​ဖိအားပေးခဲ့တာကြောင့် ​ဖြစ်တယ်လို့ ​ရိုက်တာ ​သတင်းကို ​ပြောပါတယ်။
တရုတ်တွေရဲ့ ​စွက်ဖက်မှုနဲ့ ​ပတ်သက်ပြီး ​နှုတ်ပိတ်နေခဲ့ပေမယ့် ​ဒီအချိန်ဟာ ​ရေငုံနှုတ်ပိတ်နေရမယ့် ​အချိန်မဟုတ်တော့ဘူးလို့ ​ပြောပါတယ်။
တရုတ်က ​မြန်မာနိုင်ငံမှာ ​တည်ငြိမ်အေးချမ်းမှုကို ​လိုလားပေမယ့် ​တဖက်မှာလည်း ​လွှမ်းမိုးမှု ​ရှိချင်နေတယ်လို့ ​ပြောပါတယ်။
NCA ​ကို ​လက်မှတ်ထိုးတဲ့အခါမှာ ​မျက်မြင်သက်သေအနေနဲ့ ​အမေရိကန်၊ ​ဂျပန်၊ ​ကုလသမဂ္ဂ ​အစရှိတာတွေကို ​ဖိတ်ခေါ်တဲ့အပေါ် ​မကျေနပ်လို့ ​တရုတ်က ​လက်မှတ်မထိုးဖို့ ​ကချင်နဲ့ ​ဝကို ​ဖိအားပေးတာလို့ ​ပြောပါတယ်။
ဒါ့အပြင် ​ကိုးကန့်အဖွဲ့ကို ​မြန်မာ ​အစိုးရက ​NCA ​မှာ ​ပါဝင်ခွင့် ​ပိတ်ပင်ထားတာကြောင့် ​ဖြစ်တယ်လို့လည်း ​ပြောပါတယ်။
တရုတ်နိုင်ငံခြားရေး ​ဝန်ကြီး ​Hong ​Lei ​ကတော့ ​ဒေါက်တာ ​မင်းဇော်ဦးရဲ့ ​စွပ်စွဲချက်တွေကို ​ငြင်းဆိုလိုက်ပါတယ်။
တရုတ်အနေနဲ့ ​မြန်မာနိုင်ငံမှာ ​ပြဿနာတွေကို ​ငြိမ်းချမ်းစွာ ​ဖြေရှင်းပြီး ​တစ်နိုင်ငံလုံး ​အပစ်အခတ် ​ရပ်စဲရေး ​ကိစ္စကို ​အစောကြီး ​ကတည်းက ​အားပေးခဲ့တာလို့ ​တုန့်ပြန်ထားပါတယ်။
တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့အစည်းတွေ ​အားလုံး ​NCA ​မှာ ​လက်မှတ် ​မထိုးတာဟာ ​သမ္မတ ​ဦးသိန်းစိန် ​သက်တမ်းအတွင်း ​ဒီကိစ္စကို ​မဆောင်ရွက်နိုင်ခဲ့တာတွေနဲ့ ​ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ​မဲဆွယ်စရာ ​အားနည်းချက်လို ​ဖြစ်သွားနိုင်တယ်လို့လည်း ​သုံးသပ်နေကြပါတယ်။
ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ဒီမနက်မှာ ​ကချင်၊ ​ဝနဲ့ ​ကိုးကန့်အဖွဲ့ကို ​ဆက်သွယ်ဖို့ ​ကြိုးစားခဲ့ပေမယ့် ​အောင်မြင်မှု ​မရခဲ့ပါဘူး။
ABC Radio Australia
http://www.radioaustralia.net.au/burmese
 အောက်တိုဘာ ၉ ရက်၊ ၂၀၁၅ ခုနှစ်။ ကဆောဝါး
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီ-ကော့ကရိတ် ကားလမ်းဟောင်းအနီးတွင် ယမန်နေ့က BGF နှင့် DKBA ခွဲထွက်ဗိုလ်နားမကြားအဖွဲ့တို့  ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားနေ၍ ဒေသခံများဘေးလွတ် ရာသို့ ထွက်ပြေးခိုလှုံနေကြရပြီး ကောင်းမူ့ရွာ မူလတန်းကျောင်းကို ပိတ်ထားသည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားရခြင်းမှာ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် BGF တပ်ရင်း ၁၀၁၇မှ နယ်မြေရှင်းလင်းရေး လိုက်လံလုပ်ဆောင်နေစဉ် အောက်တိုဘာ ၈ ရက်၊ နံနက် ၁၀ နာရီ
ခွဲကျော်တွင် ကော့ရိတ်-မြဝတီ တောင်တက်လမ်းဟောင်း နောက်ကြောဘက်၊ ကောင်းမှု့ရွာနှင့် ပျားပင်ကုန်းရွာ အထက် ပိုင်း တောင်မဲတောင်ကြောပေါ်၌ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညနေပိုင်းထိ ပစ်ခတ်မှုများ ကြိုကြားဖြစ်ပွား နေဆဲဖြစ်သည်ဟု BGF အရာရှိတဦးက ပြောသည်။
နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကောင်းမှု့ရွာ မူလတန်းကျောင်းကို ပိတ်ထားလိုက်ပြီး လှိုင်းစိမ်း ကျေးရွာအုပ်စု၊ မိကျောင်းအင်းကုန်း ဘုန်းကြီးကျောင်းသို့ ပြောင်ရွှေ့သင်ကြားရန် စီစဉ်နေသည်ဟု ကျောင်းဆရာတဦးက ကေအိုင်စီသို့ အခုလို ပြောသည်။
“ ဒီကနေ့ တိုက်ပွဲပြန်ဖြစ်တော့ ကလေးတွေကို အိမ်ပြန်လွတ်လိုက်တယ်။ ဟိုအရင် ရက်တွေကလည်း တစ်ရက်ခြားဆိုသလို ပစ်ခတ်မှုတွေ တောင်ကြောဖက်မှာ ကြားနေရတယ်။ ဒီအခြေအနေကြောင့် ကောင်းမှု့ရွာကျောင်းကို ခဏပိတ်လိုက်ပြီး၊ အခုမြို့နယ်ပညာရေးမှုးရုံးကို စာလာတင်တာပါ ” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့ အပြင် နှစ်ဖတ်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားရာအနီးရှိ ကောင်းမှု့ရွာတွင် အိမ်ခြေ ၅၀ ခန့် ရှိပြီး ဒေသခံ ရွာသားများနီးစပ်ရာ ဆွေမျိုးသားချင်းများရှိသည့် ရန်ကုတ်ရွာ၊ နောင်နိုင်းရွာနှင့် မဖာလဲ့ရွာ ဘက်များသို့ ဘေးလွတ်ရာ ထွက်ပြေး ခိုလှုံနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
လက်ရှိ အခြေအနေနှင့်ပတ်သက်၍ ပျားပင်ကုန်းရွာသို့ ရောက်ရှိနေသည့် BGF တပ်နယ် ၃ ၊ တပ်ရင်း ၁၀၁၉ မှ ဗိုလ်ကြီးစောပိုင်က “ အဲ့ဒီနားမကြားအဖွဲ့တွေက နောင်ကိုင်းရွာဘက်လူပြန်စုပြီး ကျွန်တော်တို့ကို ပြန်တိုက်နေတယ်။ အခုကောင်းမှု့ဘက်နဲ့ လမ်းဟောင်းဘက်မှာ BGF တပ်ရင်း ၁၀၁၇ ၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀ စတဲ့တပ်တွေကို တပ်နယ်သုံးက လူကြီးတွေဦးဆောင်ပြီး ဒီကနေ့စရှင်းနေပြီး ” ဟု ကေအိုင်စီသို့  ပြောသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နှစ်ဖက်ထိခိုက် ကျဆုံးမှုများကိုမသိရသော်လည်း ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် BGF အမှတ် ၁၀၂၀ တပ်ရင်းမှ အရာရှိတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိ ခဲ့သည် ဟု BGF ဘက်က ပြောသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီးအနီး၌် ပြီးခဲ့သည့် ဇူလိုင် ၂ရက်နေ့မှ စတင်ကာ တစ်လခွဲနီးပါးကြာ BGF နှင့် DKBA ခွဲထွက်အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ကော့ကရိတ်မြို့နယ် ကောင်းမှု့ကျေးရွာ၊ စော်ဟဲကျေးရွာနှင့် သစ်ဝါးကျေးရွာများမှ ဒေသခံ ၁,၀၀၀ ကျော်ခန့် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရမှုများ ရှိခဲ့လို အချို့မှာယနေ့ ထိပြန်လည်အခြေချနေထိုင်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
ကဆောဝါး
ကေအိုင်စီ - KIC
http://kicnews.org