10/12/15
NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့တဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ရဲ့ တာဆန်ဖူးတပ်စခမ်းနဲ့ ဝမ်ဟိုင်းဗဟိုဌာန ချုပ်ဘက်ကို မြန်မာအစိုးရ စစ်တပ်ဘက်ကနေ ရက်ဆက်တိုက် ထိုးစစ်ဆင်နေခဲ့တာကြောင့် ဒေသခံ ကျေးရွာသား အများအပြားဟာလည်း စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
မြန်မာအစိုးရစစ်တပ်ဘက်ကနေ တာဆန်းဖူးတပ်စခန်းကို ထိုးစစ်ဆင်ခဲ့တဲ့အပြင် ကျေးသီးမြို့နယ်ထဲက ဝမ်းဟိုင်းဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက အခုလိုပြောပါတယ်။
“တိုက်ပွဲအခြေအနေကတော့ ၁၁ ရက်နေ့မှာ နောက်ထပ်တကြိမ်တိုက်တာပါ။ တိုက်တာကတော့ အဲဒီ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချူပ်နဲ့ အောက်ခံတပ်ဖြစ်တဲ့ ခမရ ၅၂ဝ ရယ်၊ ခမရ ၅၇၇ ရယ်၊ ၂၉၆ ရယ် သုံးရင်းပါ။ ဝမ်းဟိုင်းဌာနနဲ့ နှစ်မိုင်၊ သုံးမိုင်လောက်ပေါ့၊ အဲဒီ ခြေကုပ် ယူထားတဲ့ တပ်စခန်းကနေပြီးတော့ ၁၂၀ လောင်ချာနဲ့ ကျနော်တို့ဝမ်ဟိုင်းဌာနချုပ်ကို ရှစ်လုံးလောက်ပေါ့ ပစ်ခတ်ခဲ့တယ်လေ။”
ဒီလိုပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တာဆန်ဖူးဒေသမှာ နေထိုင်နေတဲ့ဒေသခံအများအပြားဟာ စစ်ဘေးလွတ်ရာ မိုင်းရှူးမြို့နဲ့ ဝမ်ဟိုင်း ဌာနချုပ်အနီး ဟိုင်းပါရွာဘက်မှာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း ကျေးသီးမြို့နယ် ဒေသခံတဦးဖြစ်သူ စိုင်းရွှေသိန်းက အခုလို ပြောပါတယ်။
“တာဆန်ဖူးဘေးနားက ရွာပေါ့ဗျာ။ နားစီ၊ နောင်ခေတ်…ဆိုတဲ့ ကျေးရွာမှာ အဲဒီ ရွာတစ်ရွာတွေကတော့ တိမ်းရှောင်ထားတယ်ခင်ဗျ။ တချို့လည်း မှူးထက်ရွာ၊ တချို့လည်း မိုင်းနောင်ဘက် ရောက်လာတယ်။ တချို့လည်း သူရဘက်မှာ ရောက်လာတယ်ခင်ဗျ။ ရွာလုံးကျွတ်ဆိုတော့ အဓိကက ကလေးငယ်ရယ်၊ အဖိုးကြီး၊ အဖွားကြီးတွေ နောက်ပြီး အမျိုးသမီးတွေ များတယ်ခင်ဗျာ။ ထွက်ပြေးတယ်ဆိုတော့ ဘာမှတော့ မရခဲ့ဘူးဗျာ။ တချို့လည်း အဝတ်တစ်ထည် ကိုယ်တခုနဲ့ပေါ့၊ တချို့တော့ တန်ဖိုးကြီးတဲ့ပစ္စည်းတော့ သယ်လာတယ်။ မိုင်းနောင်မှာက ၆၇ ဦးရောက်နေတယ်။ တချို့လည်း ဘုန်းကြီးကျောင်းမှာ။ တချို့တော့ ကိုယ့်ဆွေမျိုး၊ သူ့ဆွေမျိုးပေါ့ဗျာ။ အိမ်မှာ လာပြီးတော့နေကြတယ်။”
အခုလို စိုက်ပျိုးရေးရာသီမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် သူတို့ရဲ့လုပ်ငန်းအတွက်ထိခိုက်မှု ရှိနေတယ်လို့ စိုင်းရွှေသိန်းက ပြောပါတယ်။
“ဒီအချိန်က ပြောင်းခြွေတဲ့အချိန်ကျတော့ လုပ်ဖို့အချိန်မရတော့ဘူးပေါ့ဗျာ- ဒီ လယ်ရယ်၊ ယာရယ်လည်း ဆုံးရှုံးမှုလည်းဖြစ်နိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပိုင်ရှင်မရှိတော့ ကျွဲနွားတွေ ဝင်စားမယ်ဆိုရင်လည်း ပျက်စီးတယ်။”
မိုင်းရှူးမြို့နယ်၊ တာဆမ်ပူးဒေသက နားလေ နောင်ခေတ်အစရှိတဲ့ရွာသား (၄ဝဝ) ကျော်ကနေ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရ တာလည်း ဖြစ်ပါတယ်။ ဒီစစ်ပြေးဒုက္ခသည်တွေအတွက် ရှမ်းနိုင်ငံရေးပါတီတွေကနေ စားသောက်ရေးနဲ့ပက်သက်ပြီး အကူညီပေးဆောင်ဖို့ စီစဉ်နေတယ်လို့လည်း စိုင်းရွှေသိန်းကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ(၆) ရက်နေ့ကစပြီး မြန်မာ့တပ်မတော်ကနေ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/ SSA တပ်စခမ်းချရာ မိုင်းရှူးမြို့နယ်ထဲက တာဆမ်ပူးတပ်စခမ်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်လာပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးလာခဲ့တာပါ။
မြန်မာ့တပ်မတော်အနေနဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/ SSA တပ်စခမ်းကို ဝင်ရောက်တိုက်ခိုက်တာဟာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA လက်မှတ်မရေးထိုးတဲ့ အကြောင်းအရင်းကြောင့်လို့ SSPP ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။
“NCA ကိစ္စနဲ့ ကျနော်တို့ လက်မှတ်မထိုးဖြစ်သေးတဲ့အခြေအနေမှာပဲ သူတို့က အဲဒီလို ဖိအားပေးသလားလို့ ကျနော်တို့က ယူဆရတာပေါ့ နော်။ ၆ ရက် နေ့မှာ ကျနော်တို့ ချောင်းကူးပြီးတော့ အဲဒီ တာဆမ်ပူးဒီဖက်ကမ်းမှာရှိတဲ့ ကျနော်တို့ ဝမ့်ဟိုင်းဌာနချုပ်၊ လုံခြုံရေးယူနေတဲ့ ကျနော်တို့တပ်တွေကို ဝင်တိုက်တယ်။”
ပြီးခဲ့တဲ့ အောက်တိုဘာလ (၈) ရက်နေ့မှာလည်းရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်နဲ့ မိုင်းရှူးမြို့နယ်ထဲက တာဆမ်ပူးဒေသမှာ အခြေပြု လှုပ်ရှားနေတဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/ SSA တပ်ဖွဲ့တွေ တပ်ဆုတ်ပေးဖို့ မြန်မာစစ်တပ် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ ညွှန်ကြားချက်ပေး လာခဲ့တာပါ။
မြောက်ပိုင်းရှမ်းပြည်တပ်မတော်ကိုထိုးစစ်ဆင်ရတာဟာ NCA အပစ်ရပ်လက်မှတ်ရေးထိုးရေးကိစ္စ ရပ်ကြောင့်မဟုတ်ဘဲ နယ်မြေရှင်းလင်းရေး ကိစ္စရပ် အတွက်လုပ်ဆောင်နေတာဖြစ်ကြောင်း အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်ဘက် အရာရှိတွေကနေပြောဆိုခဲ့ကြောင်းကိုလည်း ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။
လက်ရှိမြန်မာ့တပ်မတော်ကနေ ထိုးစစ်ဆင်နေတာကိုရပ်တန့်ပေးဖို့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်ကနေ UPWC က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းကို တင်ပြထားပေမဲ့ တစုံတရာ အကြောင်းပြန်ကြားတာမရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးနေကြ ပေမဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေ သေးတဲ့ ဖြစ်စဉ်အပေါ် မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိသူတဦးဖြစ်သူ ဦးညိုအုန်းမြင့်က အခုလိုပြောပါတယ်။
“အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့အတွက်ကြောင့်မို့လို့ တဘက်နဲ့တဘက်ကြား နားလည်မှုမရှိသေးပါရင် အပစ်အခတ် ဖြစ်နေသေးရင် ကျနော်တို့ နှစ်ဦး၊ နှစ်ဖက်ယုံကြည်မှုနည်းသေးတယ်လို့ ကျနော်ထင်ပါတယ်။ အဲတော့ ကျတော်တို့ ကြိုးစားနေတာက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတိုင်းအတာနဲ့ ပေါ့နော်၊ အပစ်အခတ်တွေ ရပ်စဲပြီးတဲ့အခါမှပဲ အနည်းဆုံးဖြစ်အောင်လို့ ကြိုးစားမှာဖြစ်ပါတယ်။”
မြောက်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မီတီတို့ဟာ ၂ဝ၁၂ခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ အချက် (၇) ချက်ပါတဲ့ နှစ်ဘက်သဘောတူညီအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမဲ့လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ရဲ့ တာဆမ်ပူးကူးတို့ဆိပ် တပ်စခန်းကို နောက်ဆုတ်ဖယ်ရှားပေးဖို့ အောက်တိုဘာလမှာ မြန်မာအစိုးရက ညွှန်ကြားချက် ပေးလာခဲ့ပြီး တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ စက်တင်ဘာလအကုန်အစည်းအဝေးကနေ KNU ကရင်အမျိုး သားအစည်းအရုံး၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အစရှိတဲ့အဖွဲ့ (၇) ဖွဲ့ အနေနဲ့ NCA လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ကြသလို KIO ကချင်လွတ်လပ်ရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်၊ TNLA တအာင်းပလောင် တပ်ဖွဲ့ အစရှိတဲ့အဖွဲ့ (၁ဝ) ဖွဲ့ကတော့ အားလုံးစုံမပါဝင်တဲ့အတွက် လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့ပါတယ်။
NCA လက်မှတ်မရေးထိုးနိုင်သေးတဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်ကိုမြန်မာ့တပ်မတော်ကနေ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့လုပ်ရပ်နဲ့ ပက်သက်လို့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/ SSA နဲ့ကျားခေါင်းပါတီ SNLD ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ကနေ အပြင်းအထန်ရှုတ်ချ ကန့်ကွက်ကြောင်း အောက်တိုဘာ ၈ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ကွန်းအိန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
 အောက်တိုဘာလ ၁၂ ရက် ၂၀၁၅
 ယမန်နေ့က သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်ဌာနချုပ် ဝမ့်ဟိုင်း အနီး SSPP/SSA နှင့် အစိုးရတပ်တို့တိုက်ပွဲဖြစ်ပွါးရာ တိုက်ပွဲအ တွင်း အစိုးရစစ်တပ်၏စစ်လက်နက်အသုံးအဆောင်ပစ္စည်း အများအပြားကို SSPP/SSA မှ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
“ အောက်တိုဘာ ၁၁ ရက်နေ့က မွန်းတည့် ၁၂ နာရီ ၂၅ မိနစ် အစိုးရတပ်နဲ့ SSPP/SSA တို့ မိုင်းရှူးမြို့ နယ် ဟိုင်းပါအုပ်စု ထဲက တာ့ဆမ်ပူးကူးတို့ဆိပ် အနောက်တောင်ဘက်မှာရှိတဲ့ မိုင်းခန်တူယားရွာနားက လွယ်လာကန့်မှာ ဖြစ် တာ။ အစိုးရတပ်ရဲ့ ပစ္စည်းတွေအများအပြားသိမ်းဆည်းရမိတယ်” ဟု ဝမ့်ဟိုင်းဌာန ချုပ်က အရာရှိတဦးကပြောသည်။
အဆိုပါတိုက်ပွဲတွင် အစိုးရတပ်မတော်၏ ကျောပိုးအိပ် ၁၅ လုံး၊ စကားပြော စက် တလုံး၊ စက်သေနတ် ၁ လက် ကို SSPP/SSA က သိမ်းဆည်းရမိပြီး သျှမ်းပြည်တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရမှုအနည်း ငယ်ရှိကြောင်း၊ စိုးရိမ်စရာတော့မရှိခဲ့ကြောင်း ဆိုပါသည်။
တရက်တည်းမှာပင် အစိုးရတပ်သည် SSPP/SSA ဌာနချုပ်ဝမ့် ဟိုင်း တောင် ဘက် ၂ မိုင်ခန့်အကွာရှိ လွယ်ကျူမောက်ခေါဝ် တပ် စခန်းမှနေ၍ (အောက် တို ဘာ ၁၁ ရက်) မွန်းတည့်ချိန်မှ၍ အဆိုပါစခန်း၏ အနောက်မြောက်ဘက်ရှိ ဖွီးဂျပန်တောင် တပ်စခန်းသို့ ၈၁ မမ ၈ လုံး၊ ၇၉ မမ ၄ လုံး ပစ်ခတ်ခဲ့သည်။
လွယ်ကျူမောက်ခေါဝ်စခန်းသည် ဝမ့်ဟိုင်းအဝင် မိုင်းရှူးနှင့် မိုင်းနောင် ကျေးသီးလမ်းခွဲတွင် တည်ရှိပါ သည်။ ဝမ့်ဟိုင်းဌာနချုပ်နှင့် ၂ မိုင်ခန့်သာ ဝေးပါသည်။
တိုက်ပွဲကြောင့် ဝမ့်ဟိုင်းပါသို့ စစ်ဘေးရှောင် ၄၀၀ ခန့်ရောက်ရှိ ကြောင်း မည်သည့်အဖွဲ့အစည်းနှင့် မည်သည့်ပါတီမျှ သွားရောက်ကြည့်ရှုခြင်း မရှိသေးကြောင်း မိုင်းရှူးမှလူငယ်အဖွဲ့က ပြောသည်။
သျှမ်းပြည်တပ်မတော်နှင့် ပစ်ခတ်တိုက်ခိုက်မှုပြုနေသော အစိုးရတပ်မှာ မိုင်းပန်မြို့ အခြေ စိုက် စကခ ၁၇ လက်အောက်ခံ ခမယ ၅၇၅ ၊ ၅၂၄ တို့ပါဝင်သည့်ပူးပေါင်းတပ် များဖြစ် ကြောင်းသိရသည်။
တနိုင်ငံလုံးအပစ်ရပ်စဲရေး NCA တွင်လက်မှတ်ရေးထိုးရန် SSPP/SSA က အားလုံးပါဝင် ရေးမူကိုသာ လက်ခံသောကြောင့် အစိုးရတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း SSPP ကပြောသည်။
“ NCA လက်မှတ်ထိုးဖို့ကျနော်တို့ကိုခြိမ်းခြောက်ဖိအားပေး တာလည်း ဖြစ် နိုင်တယ် ” ဟု လည်း SSPP ဘက်က ပြောဆိုပါသည်။
အစိုးရတပ်များအင်အားဖြည့်တင်းမှုကြောင့် အောက်တိုဘာလ ၆ ရက်နေ့ ကစ၍ ယနေ့တိုင် SSPP/SSA နှင့် နေ့စဉ်တိုက်ပွဲများဖြစ်ပွါးခဲ့သည်။
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်သည် အစိုးရနှင့် အပစ်ရပ်ရေး သဘောထူထားပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက်နေ သည့်အဖွဲ့ဖြစ်သည်။
ဓါတ်ပုံ- တိုက်ပွဲအတွင်း အစိုးရတပ်ထံမှ သိမ်းဆည်းရမိ ပစ္စည်းများ
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
 မကွေးတိုင်းဒေသကြီး ၊ ပေါက်မြို့နယ်တွင် အောက်တိုဘာ ၁၁ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီ မဲဆွယ် စည်းရုံးရေး ပြုလုပ်စဉ် ပါတီဝင် အမျိုးသမီးတစ်ဦး ယာဉ်ပေါ်မှ ပြုတ်ကျ၍ သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ပေါက်မြို့နယ် ရေပြာနယ်မြေ ရဲစခန်းမှ သိရှိရသည် ။
အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့် တွင် ပေါက်မြို့ ပြည်ခိုင်ဖြိုး မဲဆွယ် စည်းရုံးရေးအဖွဲ့မှ အတွင်းရေးမှူး ဦးမိုးကိုကို ဦးဆောင်သည့် အင်အား ၂၀၀ ဦးတို့သည် ယာဉ်အစီးရေ ၁၁ စီးဖြင့် ပေါက်မြို့နယ် ၊ ဆေးပင်ကြီးကျေးရွာသို့ မဲဆွယ်စည်းရုံးရေး လှည့်လည်စဉ် ဆေးပင်ကြီးကျေးရွာသို့ မရောက်မီ ၂ ဖာလုံအကွာ၌ ယာဉ်မောင်း ငြိမ်းဝင်း မောင်းနှင်သည့် တီအီးယာဉ်ပေါ်၌ လိုက်ပါလာသော ပေါက်မြို့နယ် အင်းတောတောင်စု ရွာနေသူ အသက် ၄၈ နှစ်အရွယ်ရှိ ပါတီဝင် မဌေးရီမှာ ယာဉ်ပေါ်မှ ပြုတ်ကျကာ သေဆုံးခြင်းဖြစ်ကြောင်း ရေပြာနယ်မြေ ရဲစခန်းမှ ရဲအုပ်စိုးခိုင်က ပြောသည် ။
“သွေးထွက်ဒဏ်ရာ မရှိဘဲ ဝဲဘက်ဒူး ပြုတ်ဒဏ်ရာနဲ့ မြိုင်မြို့နယ် ကိုင်းတောမကျေးရွာ ဆေးပေးခန်းကို ပို့ဆောင်ဖို့အသွား လမ်းတစ်ဝက် အရောက်မှာပဲ သေဆုံးသွားတာပါ” ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ညိုက ပြောသည် ။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ ငြိမ်းဝင်းအား ပေါက်မြို့နယ် ရေပြာနယ်မြေ ရဲစခန်းမှ ယာဉ်(ပ) ၁၄/၂၀၁၅ ၊ ပြစ်မှုဥပဒေပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း အဆိုပါ ရဲစခန်းမှတ်တမ်းအရ သိရသည် ။
သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
[youtube src="X7fLJe_DMRA"/]
ကလေးငယ်တွေကို လွတ်လပ်ရေးကြေညာစာတမ်းဖတ်ပြခဲ့လို့ ပုဒ်မ ၁၈ နဲ့ ရင်ဆိုင်နေရတဲ့ ကိုနေမျိုးဇင်ကို ကျောက်တံတားတရားရုံးကတော့ အပြစ်မရှိဘူးလို့ အောက်တိုဘာ ၁၂ရက်နေ့က ဆုံးဖြတ်ပေးလိုက်ပါပြီ။
ုKamayut Media
[youtube src="7Z945Iyk0gE"/]
မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မင်္ဂလာတောင်ညွန့်မြို့နယ်က သိမ်ဖြူ မီးရထားရပ်ကွက်မှာ အောက်တိုဘာ ၁၁ ရက်က မဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့ပါတယ်။
Kamayut Media
 လက်ရှိ မဘသဦးဆောင်သံဃာတချို့၏ပြောဆိုဟော ကြားမှုများနှင့်ပတ်သက်၍ ဝေဖန်မှုများမြင့်တက်လျက် ရှိသည်။ ထိုသံဃာတချို့၏ ဟောပြောမှုများသည် နိုင်ငံရေးအသွင်ဆောင်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများနှင့်လည်းကောင်း ညီညွတ်မှုမရှိကြောင်း သုံးသပ်ဝေဖန်ချက် များလည်း ထွက်ပေါ်လျက်ရှိသည်။ အစိုးရသည် ထိုသံဃာများ၏နိုင်ငံရေးဆန်သည့်ဟောပြောချက်များအပေါ် မသိချင်ယောင်ဆောင်နေသည့်အနေအထားတွင်ရှိနေပြီး မဘသဦးဆောင်ဆရာတော်ကြီးများအနေဖြင့်လည်း တစုံတရာဟန့်တား ဆုံးမတားမြစ်မှုပြုသည်ကို မတွေ့ရသေးပေ။ ရွေးကောက်ပွဲသည် တဖြည်းဖြည်း နီးကပ် လာနေပြီး ထိုသံဃာများ၏ဟောပြောချက်များအပေါ် တားဆီးအရေးယူမှုမျိုး ပြုလုပ်သွားရန်လိုအပ်နေသည်။ အောက်တိုဘာ ၄ ရက်က မျိုးစောင့်ဥပဒေပေါ်ပေါက်လာခြင်း အထိမ်းအမှတ်ဂုဏ်ပြုကြိုဆိုပွဲကို မဘသ(ဗဟို)မှ ဦးဆောင်ကာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံကွင်း(၁)တွင် ပြုလုပ်ခဲ့သည်။ ထိုပွဲတွင် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရက ဘာသာ၊ သာသနာစောင့်ရှောက်ရေးလုပ်ကိုင်ကြရာတွင် သံဃာအချို့သည် နယ်ကျော်နေကြောင်း မိန့်ကြားခဲ့သည်။ သဘောက ဘာသာရေးမှနယ်ကျော်ကာ နိုင်ငံရေးဘက်သို့ နယ်ကျော် ဆောင်ရွက်ချက်များရှိနေကြောင်း သတိပေးမိန့်ကြားခဲ့ခြင်းဖြစ်သည်။
သီတဂူဆရာတော်ကြီးသည် မြန်မာ သာမက ကမ္ဘာကပါ လေးစားကြည်ညိုခံရသည့် ပုဂ္ဂိုလ်ဖြစ်သည့်အလျောက် သီတဂူဆရာတော်ကြီး၏ မိန့်ဆိုချက်သည်လည်း သံဃာ့အသိုင်းအ၀ိုင်းအတွက် များစွာသတိထားစရာဖြစ်သည်။ ထို့အတူ မန္တလေးတိုင်း ဒေသကြီး မဘသအဖွဲ့ဥက္ကဋ္ဌ ၀ါခင်းကုန်းဆရာတော်ဘဒ္ဒ န္တတိက္ခကလည်း ''မဘသအနေနဲ့ မည်သည့်နိုင်ငံရေး ကိစ္စမှစွက်ဖက်မှာမဟုတ်ဘူး။ နိုင်ငံရေးကို တချို့ပါနေကြတယ်လို့ ထင်နေကြတယ်။ တချို့ရှင်ငယ်၊ ရဟန်းငယ် တွေက နိုင်ငံရေးမှာ ပါဝင်ကူညီနေတယ်ဆိုတာကြားတယ်။ ဒါဟာ မဘသရဲ့ဆုံးဖြတ်ချက်နဲ့လုပ်တာ မဟုတ် ဘူး။ သူ့သဘောနဲ့သူလုပ်နေကြတာ။ ဒါကိုဦးပဉ္ဇင်းတို့ကတွေ့ရင် ဟန့်တားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု မိန့်ကြားခဲ့သည်။ မဘသသံဃာတချို့နိုင်ငံရေးနှင့်ဘာသာရေးကို ရောထွေးကာ ပါတီတချို့အောင်နိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးနေသည်ဆိုသည့်အချက်ကို ၀န်ခံခဲ့သည့်သဘောဖြစ်သည်။ ၀န်ခံရုံနှင့်တော့မပြီး ပေ။ ထိုသံဃာများအပေါ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန် လိုအပ်နေသည်။
မဘသဦးဆောင်သံဃာတပါးဖြစ်သည့် ဦးဝီရသူသည် မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ NLD အပေါ် ဆန့်ကျင် ဝေဖန်ခဲ့ပြီး သမ္မတဦးသိန်းစိန် ဒုတိယအကြိမ် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ၀န်းရံပေးသွား မည်ဟု ပြောဆိုခဲ့သည်။ ''ဘုန်းကြီးတို့ နိုင်ငံနှင့်လူမျိုးအတွက် အကောင်းဆုံးရွေးချယ်ရမယ်ဆိုရင်တော့ အဲဒါက သမ္မတကြီးဦးသိန်းစိန်ရဲ့ အစိုးရပါပဲ။ သူတို့က တံခါးဖွင့်ပြီး ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးအတွက် အဆင့်ဆင့် ဆောင်ရွက်နိုင်ပါတယ်''ဟု ဦးဝီရသူက အောက်တိုဘာ ၄ ရက်က ရိုက်တာသတင်းဌာနသို့ မိန့်ကြားခဲ့သည်။ ၀ါခေါင်လဆန်း ၁၂ ရက်၊ စက်တင်ဘာ ၁၃ ရက် ရက်စွဲဖြင့် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အစ္စလာမ်ဘာသာဝင်များသို့ နှုတ်ခွန်းဆက်စကား'ဟူသောခေါင်းစဉ်ဖြင့် ကြေညာချက်အတုတစောင် အွန်လိုင်း ပေါ်တွင် ပျံ့နှံ့ခဲ့သည်။ ထိုကြေညာချက်အတုကို စက်တင်ဘာ ၂၆ ရက်က မြောက်ဥက္ကလာပမြို့နယ်၌ မျိုးစောင့်ဥပဒေအောင်ပွဲအဖြစ် ပြုလုပ်သောတရားပွဲတွင် ဖတ်ကြားခဲ့ကြောင်း သိရသည်။ ထို့အပြင် စက်တင်ဘာ ၂၀ ရက်က မန္တလေးမြို့၌ပြုလုပ်သော မျိုးစောင့်ဥပဒေအောင်ပွဲတွင် မဘသအဖွဲ့ဝင် ဆရာတော်တပါးဖြစ်သည့် မြတောင်ဆရာတော်က NLD ကို မဲမပေးရန် မိန့်ကြားခဲ့ကြောင်းသိရသည်။ ဤလုပ်ဆောင်ချက်များသည် ဘာသာရေးနှင့် နိုင်ငံရေးကိုရောထွေးစေပြီး ဘာသာရေးကို နိုင်ငံရေးတွင်အသုံးချခြင်းအဖြစ် နိုင်ငံရေးလေ့လာ သုံးသပ်သူ အသိုင်းအ၀ိုင်းက ရှုမြင်လျက်ရှိသည်။
ဤသံဃာတချို့၏ လုပ်ဆောင်ချက်များသည် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း၏ လက်အောက်ခံမှ မဟုတ်ဟု ကြွေးကြော်ထားသည့် မဘသ၏ပုံရိပ်ကို ညှိုးနွမ်းစေသည်။ နိုင်ငံရေးကိစ္စများတွင် ၀င်ရောက်စွက် ဖက်မည်မဟုတ်ဟု ကြွေးကြော်ထားသည့် မဘသဦးဆောင်ဆရာတော်ကြီးများအနေဖြင့် ထိုသံဃာတချို့၏ လုပ်ဆောင်ချက်အပေါ် တစုံတရာ ပိတ်ပင်ဟန့်တားမှုမရှိသေးသည်မှာ ထူးခြားချက်ဖြစ်သည်။ မဘသ ဦးဆောင် ဆရာတော်ကြီးများနှင့် ဦးသိန်းစိန်အစိုးရအဖွဲ့တို့အကြား ပြေပြစ်စွာရှိနေသည့်ဆက်ဆံရေးကို လူတိုင်းသိသည်။ ဦးသိန်းစိန်အစိုးရအဖွဲ့ သို့မဟုတ် သာသနာရေးဝန်ကြီးဌာနသည်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ညီညွတ်မှုမရှိသည့်တိုင် ထိုသံဃာတချို့၏ လုပ်ဆောင်ချက်အပေါ် တစုံတရာအရေး ယူဆောင်ရွက်မှု မရှိသေးသည်ကို တွေ့ရသည်။ မပြေးသော် ကန်ရာရှိ၊ ယခုကိစ္စသည် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၏ နိုင်နိုင်ခြေကို အတိုင်း အတာတခုအထိ အထောက်အကူပြုစေရန် တမင်သက်သက်များ ခွင့်ပြုထားလေသလား သံသယရှိစရာဖြစ်လာသည်။
ရွေးကောက်ပွဲကျင်းပမည့်ရက် နီးကပ်လာသည်နှင့်အမျှ ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးသည့် ဟောပြောလှုံ့ဆော်မှုများ ပိုမိုများပြားလာနိုင်ခြေရှိနေသည်။ သို့သော် လက်ရှိအချိန်ထိ အရေး ယူဆောင်ရွက်မည့် အနေအထားကိုတော့ မတွေ့ရသေးပေ။
မင်းထင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
 ဖတ်ပြီးသိပြီးသားတော့ ဖြစ်မယ်ထင်ပါတယ်။ ဆရာအောင်သင်း ရေးထားတဲ့ ပုံပြင်လေးတပုဒ် ဖတ်ဖူးမှတ်ဖူးထားတာ။ ကြာတော့ ကြာပါပြီ။ ဆရာအောင်သင်းဟာ သူ့ရဲ့စာတွေနဲ့ဆုံးမရာမှာ တခါတရံ ပုံပြင်လေးတွေနဲ့ ဆုံးမလေ့ရှိပါတယ်။ သူ့ရဲ့ပုံပြင်တွေက တစိမ့်စိမ့်နဲ့တွေးပြီး ခေတ်ကာလနဲ့ညီနေတာမို့ စွဲလမ်းနှစ်ခြိုက်မိပါတယ်။ အခု ဒီတရုတ်ပုံပြင်လေးကို ရေးထားတာကြာပေမယ့် အခုခေတ်အချိန်အခါနဲ့ ပိုပြီးကိုက်ညီနေလို့ အကျဉ်းချုံးပြောပြပါရစေ။
တခါက ရွာတရွာကို တရုတ်အဘိုးကြီးတယောက် ရောက်လာပြီးနေထိုင်တယ်တဲ့။ အဲ . . . နိုင်ငံခြားသားဆို အထင်ကြီးလေးစားတတ်တဲ့ မြန်မာတို့ရဲ့အကျင့်အတိုင်း သူ့ကို အဲဒီရွာကလူတွေက ပညာရှိကြီးလို့ထင်မှတ်ပြီး ကိုးကွယ်ကြတယ်။ သူတို့ရွာမှာ ဘာလေးဖြစ်လိုက်ဖြစ်လိုက် အဲဒီ တရုတ်အဘိုးကြီးဆီပြေးပြီး အကူအညီတောင်းတော့တာပဲ။ အဲဒီ တရုတ်ကြီးကလည်း အခုခေတ် နှစ်လုံးသုံးလုံးတွက်တဲ့သူတွေလို ၀မ်းချိန်းလေး ပေးလိုက်ပေါ့။ အဲဒါနဲ့ သူတို့ရဲ့အခက်အခဲတွေ ပြေလည်သွားတဲ့လူတွေကလည်း တရုတ်ကြီးကသာ သူတို့ရဲ့ မဟာ့မဟာ ကျေးဇူးရှင်ကြီးပါပေါ့။ တရုတ်ကြီးပေးတဲ့ အကြံဥာဏ်ကြောင့် သေဆုံးတဲ့လူတွေ၊ ငတ်ပြတ်တဲ့လူတွေကလည်း တရုတ်ကြီးကို ကျေးဇူးတင်နေတဲ့ လူတွေရဲ့ကြားမှာ တရုတ်ကြီးမကောင်းကြောင်း မပြောရဲ၊ မဆိုရဲပေါ့။ ဒါပေမဲ့ တရုတ်ကြီးကတော့ အဲဒီရွာမှာ ပညာရှိကြီး၊ ကျေးဇူးရှင်ကြီးအဖြစ်နဲ့ပဲ ဆက်လက် နေထိုင်နေခဲ့တာပါပဲ။
တနေ့ အဲဒီရွာက ရွာသားတယောက်ရဲ့ နွားတကောင်ဟာ စဥ့်အိုးထဲကို ရေငုံ့သောက်ရင်း နွားရဲ့ခေါင်းက ပြန်ထုတ်မရဘဲဖြစ်နေတယ်။ အဲဒါနဲ့ ရွာသားတယောက်က ပညာရှိကြီးဆီ အားကိုးတကြီး ပြေးသွားပြီး “ပညာရှိကြီးခင်ဗျာ ရွာထဲက မောင်မဲရဲ့နွားကတော့ စဥ့်အိုးထဲ ရေငုံ့သောက်ရင်း ခေါင်းပြန်ထုတ်မရတော့ဘူး။ အဲဒါ အကြံဥာဏ်လေးများ ပေးပါဦး''ဆိုပြီး အကြံသွားတောင်းသတဲ့။ အဲဒီမှာ တရုတ်အဘိုးကြီးက ''အဲဒါများ အလွယ်လေးကွာ။ အဲဒီစဥ့်အိုးကြီးကိုခွဲလိုက်ပေါ့''လို့ အကြံပေးသတဲ့။ ရွာသားလည်း ပြန်ပြေးသွားပြီးပြောပြတော့ နွားပိုင်ရှင်က စဥ့်အိုးကြီးကိုခွဲလိုက်တယ်တဲ့။ အဲ ဒါပေမဲ့ စဥ့်အိုးသာ ကွဲသွားပြီး စဥ့်အိုးရဲ့ကရွတ်က နွားရဲ့လည်ပင်းမှာ စွပ်နေတာပေါ့။ ခုနက ရွာသားလည်း ပညာရှိကြီးဆီပြန်ပြေးပြီး အကျိုးအကြောင်းပြန်ပြောပြီး အကူအညီတောင်းပြန်တယ်။ တရုတ်ပညာရှိကြီးကလည်း သူ့ရဲ့လက်သုံး စကားဖြစ်တဲ့ ''ဒါများအလွယ်လေး နွားရဲ့လည်ပင်းကိုဖြတ်လိုက်ပေါ့ကွ''လို့ အကြံပေးပြန်တယ်။ ရွာသားလည်း ပြန်ပြေးပြီး အဲဒီစွပ်နေတဲ့နွားရဲ့ လည်ပင်းကို ဖြတ်လိုက်တယ်တဲ့။ အဲဒီတော့ စဥ့်အိုးလည်းကွဲ နွားလည်း သေပေါ့။ ရွာသားတွေလည်း အဲဒီသေသွားတဲ့ နွားကို ၀ိုင်းဝန်းဖျက်ကြ၊ ဟင်းချက်ကြပြီး တရုတ်ပညာရှိကြီးထံကို ဟင်းတခွက် သွားပို့တယ်တဲ့။ အဲဒီမှာ တရုတ်ပညာရှိကြီးက မျက်ရည်တွေ တွေတွေကျရှာတယ်တဲ့။ ဒါနဲ့ရွာသားတွေလည်း ပြူးပြူးပျာပျာဖြစ်ပြီး ပညာရှိကြီး ဘာဖြစ်လို့များ ငိုကြွေးရတာလည်းလို့ ၀ိုင်းပြီးမေးကြတဲ့အခါ တရုတ်ပညာရှိကြီးပြန်ပြော လိုက်တာက အင်း မင်းတို့တွေ ငါမရှိရင်ခက်ဦးမယ်လို့ ပြန်ပြောလိုက်သတဲ့။
အဲဒီပုံပြင်လေးထဲက အတိုင်းပဲ။ ကျွန်တော်ရဲ့ အသိဥာဏ်တထွာတမိုက်နဲ့ မြင်တဲ့အတိုင်းပြောရရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ငါမရှိရင် ခက်ဦးမယ်ဆိုပြီး တိုင်းပြည်အပေါ်စေတနာ ထားနေကြတဲ့လူတချို့က တိုင်းပြည်ကို စောင့်ရှောက်ချင်နေကြတယ်။ စောင့်လည်းစောင့်ရှောက်နေဆဲဖြစ်တယ်။ ဒါဟာ တိုင်းပြည်အပေါ်ထားတဲ့ နည်းတဲ့စေတနာမဟုတ်ဘူးနော်။ စဉ်းစားကြည့် တချိန်တုန်းကလည်း တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံး အလိုတို့ လက်နှစ်လုံးအလိုတို့မှာ ကယ်တင်ထားခဲ့ရတာပဲ မဟုတ်လား။ သူတို့ကယ်တင်ထားတဲ့ တိုင်းပြည်က တရုတ်ပညာရှိကြီး အကြံပေးတဲ့ နွားလို ကျွန်တော်တို့ တိုင်းပြည်ကြီး တူမနေဘူးလား။ အရင်တုန်းက ဆိုရင် အာရှကျားလို့ခေါ်ဆိုရတဲ့ မြန်မာနိုင်ငံတော်ကြီးဟာ အခုဆိုရင် ဘယ်လိုအခြေအနေရောက်နေပြီလဲဆိုတာ စာဖတ်သူတိုင်း နားလည်ထားကြပါတယ်။
ရယ်စရာကောင်းလိုက်ပုံများ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို (၁၀)နှစ် (၁၀)မိုး အချိန်အကုန်ခံပြီး ရေးဆွဲခဲ့ကြ။ ပြီးတော့ နာဂစ်မုန်တိုင်းကာလ ပြည်သူတွေ အတိဒုက္ခရောက်နေချိန်မှာပဲ အတင်းအတည်ပြုခဲ့ကြတာ။ အံ့သြကုန်နိုင်ဖွယ် ထောက်ခံမဲတွေ ရခဲ့ကြတယ်ဆိုပဲ။ ကမ္ဘာမှာ မြောက်ကိုးရီးယားကလွဲလို့ ဘယ်နိုင်ငံမှာမှ မရခဲ့ဘူးတဲ့ ထောက်ခံမဲတွေဆိုပြီး အခြားတိုင်းပြည်တွေကတောင် ငေးယူရတယ်။ ဒီအခြေခံဥပဒေကြီး ဘယ်လောက်မှန်ကန်တယ်ဆိုတာ ကာယကံရှင်တွေရော၊ ပြည်သူတွေရော အကုန်သိသဗျ။ ထားတော့ အဲဒီကိစ္စ။
ဒီအခြေခံဥပဒေကြီးဟာ တကယ်ကို အကျိုးများစေခဲ့သလားဆိုတာ မဟာပညာရှိကြီးတို့ သိမယ်ထင်ပါတယ်။ ဘာကြောင့်များ မျက်စိစုံမှိတ်ပြီး နေကြသလဲဆိုတာကိုသာ ပြည်သူတွေက နားမလည်နိုင်ခဲ့တာပါ။ အခု လက်ရှိ ပြည်သူတွေက ပုံပြင်ထဲက ရွာသားတွေမဟုတ်ကြပါဘူး။ သိသင့် သိထိုက်တဲ့ နိုင်ငံရေးရေချိန်တွေလည်း မြင့်နေပါပြီ။ အဲဒါကြောင့် ပြင်သင့်တယ်လို့ ယူဆကြတဲ့အတွက် အခြေခံဥပဒေပြင်ဆင်ရေးကို နေရာအနှံ့ အပြား တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ပြည်သူ့အသံကို နားထောင်ပါတယ်ဆိုတဲ့ သမ္မတကြီးရဲ့ ဒီမိုကရေစီအစိုးရက ဒီနေရာမှာတော့ ရွှေနားတော်လေချော်နေတယ်ထင်ပ။
ပြီးတော့ ကျွန်တော်တို့တွေကို တရုတ်ပညာရှိကြီးကဲ့သို့ စီမံခန့်ခွဲမှုတော်သည့် ကျွန်တော်တို့ အစဉ်အဆက် အစိုးရမင်းများရဲ့ စီမံကိန်းများကိုလည်း ပြန်သုံးသပ်ကြည့်ကြပါဦး။ သစ်ဆိမ့်ပင်စီမံကိန်းတဲ့၊ ကြက်ဆူ ပင်စီမံကိန်းတဲ့၊ ရွာသားနဲ့တူတဲ့ ၀န်ထမ်းတွေကလည်း ပေးဆပ်လိုက်ကြရ။ သူတို့အတွက်ကတော့ ဆီးသီးဗန်းကြီးတွေရလို့။ ပြည်သူတွေခမျာတော့ သစ်ဆိမ့်ပင်ကရတဲ့ဆီကို ၀၀လင်လင် ပေါပေါများများ စားသုံးရခြင်းတို့၊ ကြက်ဆူပင်ကရတဲ့ ဘိုင်အိုဒီဇယ်နဲ TV တွေမှာ ကြော်ငြာနေသလိုမျိုး ဘယ်သူ့လယ်တွေ၊ ဘယ်သူ့ကားတွေ မောင်းနေတာလဲမတွေ့ရ။ အဲဒီ စီမံကိန်းတွေကို အကြောင်းပြုပြီးတော့သာ တောင်သူတွေရဲ့ လယ်တွေယာတွေ ပိုင်ဆိုင်မှုပြောင်းသွားပြီး တောင်သူတွေဘ၀ ပြောင်းကုန်ကြတယ်။
ဒီထက် ရင်နာစရာကောင်းတဲ့အဖြစ်တွေ အများကြီးမြင်တွေ့နေရပါသေးတယ်။ အဲဒါတွေကတော့ ဆီးသီးဗန်း မှောက်ကျမယ့်စီမံကိန်းတွေကိုရေးဆွဲပြီး တိုင်းသူပြည်သားတွေလည်း အကျိုးမရှိ၊ လယ်သမားတွေလည်း အကျိုးမရှိတဲ့အဖြစ်တွေပါပဲ။ ကျွန်တော်တို့ မြို့ပတ်ဝန်းကျင်က မြင်တွေ့နေရတဲ့အရာတခုကိုပဲ ပြောပါမယ်။ အဲဒါကတော့ ပြည်-ပေါက်ခေါင်း-တောင်ငူဆိုပြီး မီးရထားလမ်းဖောက်တဲ့ကိစ္စပါပဲ။
စီမံကိန်းတွေရေးဆွဲလိုက်ကြ၊ တောင်သူတွေဆီက လယ်တွေသိမ်းလိုက်ကြ၊ တိုင်းပြည်ဘတ်ဂျက်တွေ ထုတ်သုံးလိုက်ကြနဲ့ နောက်ဆုံးမှာ စီမံကိန်းလည်း အပြီးမသတ်။ တောင်သူတွေနစ်နာမှုတွေလည်း ဖြေရှင်း မပေးနိုင်။ မီးရထားပြေးဆွဲမှုမရှိဘဲ မီးရထားလမ်းကြီးကလည်း ချုံပုတ်တွေကြားထဲမှာ ငုတ်တုတ်။ အဲဒီလိုနဲ့ လယ်လုပ်ရမယ့် လယ်မြေနေရာတွေလည်း ဆုံးရှုံး၊ တောင်သူတွေလည်း နစ်နာ၊ နိုင်ငံတော်ဘတ်ဂျက် တွေလည်း ဆုံးရှုံးနဲ့ တိုင်းပြည်က မိအေးသုံးခါနာပဲ။
ဒါတွေကို ကျွန်တော်တင်ပြနေတာက အတိတ်ကိုပြန်လည်တူးဆွပြီး အပြစ်ပြောဆိုနေခြင်း မဟုတ်ပါ။ ဒါပေမဲ့ သမိုင်းကိုကြည့်ခြင်းဟာ အဲဒီသမိုင်းကပေးတဲ့ အသိတရား၊ အမှားအမှန်တွေကို ခွဲခြားဆုံးဖြတ်တတ်ဖို့လို့ ကျွန်တော်ယုံကြည်ထားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အာဏာရှင်ကလည်း အာဏာကိုလိုသလိုအသုံးပြုပြီး ထင်ရာစိုင်းခဲ့ကြသလို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ကလည်း ပုံပြင်ထဲကရွာသားတွေလို အယုံလွယ်မှု၊ အသိပညာနိုးကြားမှု အားနည်းခြင်း၊ နိုင်ငံရေးရေချိန် လိုအပ်မှု၊ နေရာတကာမှာ အကြောက်လွန်စိတ်တွေ ဖုံးလွှမ်းမှုတို့ကြောင့်ဖြစ်ခဲ့ကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။ အဲဒါတွေကိုသိချင်ရင် တောရွာတွေနဲ့ ၀န်ထမ်း တွေကြားထဲ စာရင်းကောက်ကြည့်လို့ ရပါတယ်။
အဲဒါကြောင့် ကျွန်တော်ဆိုလိုချင်တာက အခုအချိန်ဟာ ကျွန်တော်တို့သွားရမယ့်လမ်းကြောင်းကို ကျွန်တော်တို့ကိုယ်တိုင် ရွေးချယ်ကြရတော့ပါမယ်။ ပြောင်းလဲမှုဆိုတာ မိုးပေါ်ကကျလာမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူအများအားနဲ့ ရွှေ့ယူကြရမှာပါ။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း ကိုယ်လုပ်ရမယ့်အလုပ်ကို တာဝန်ကျေတတ်ဖို့တော့ လိုအပ်ပါတယ်။ ဟိုတလောက ဖေ့စ်ဘွတ်ပေါ်မှာ ရုပ်ရှင်မင်းသားတယောက် ပြောသွားတဲ့စကားလေးတခွန်းက ကြိုက်စရာပါ။ စာသားကို တိတိကျကျ မမှတ်မိတော့ပေမယ့် သူဆိုလိုချင်တာက ပြည်သူတွေအနေနဲ့ ကိုယ့်ဘက်ကလုပ်ရမယ့်အလုပ်ကို တာဝန်ကျေအောင်မလုပ်ဘဲ ကိုယ့်အပေါ်တာဝန် ကျေတဲ့အစိုးရကို မမျှော်လင့်ပါနဲ့ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
အဲဒီတော့ ကျွန်တော်တို့တွေ ကျွန်တော်တို့အပေါ်မှာ တာဝန်ကျေမယ့်အစိုးရကို ကျွန်တော်တို့ကိုယ်တိုင် မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့ လိုပါလိမ့်မယ်။ အဲဒီလို ရွေးချယ်နိုင်အောင်လည်း ကျွန်တော်တို့ ပြည်သူ တွေအနေနဲ့ မှန်ကန်တဲ့အသိတွေရှိနေဖို့ နေရာတကာမှာ အယုံမလွယ်ကြဖို့ လိုအပ်သလို ကိုယ်ရရှိထားတဲ့အခွင့်အလမ်းတွေကိုလည်း လက်လွှတ် ဆုံးရှုံးမှုမရှိစေဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့တွေ ပေါ့လျော့ခဲ့ကြလို့ ကျွန်တော်တို့လက်ထက် နှစ်ပေါင်းမြောက်မြားစွာ ခံရပြီးတာကို အမှတ်ရစေချင်ပါတယ်။ ဘာလိုလိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီး နီးလာနေပါပြီ။ ဒီရွေးကောက်ပွဲမတိုင်ခင်မှာ ပြည်သူတွေအနေနဲ့လည်း ဘာတွေကို ပြင်ဆင်ထားသင့်သလဲဆိုတာကို တွေးထားသင့်ပါပြီ။ ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်တွေကို အတတ်နိုင်ဆုံးမြင့်အောင် ကြိုးစားသင့်ပါပြီ။ ဒီအရေးဟာ ပြည်သူတွေရဲ့အရေးဖြစ်လို့ အားလုံးမှာတာဝန်ရှိတယ်လို့ ခံယူထားကြစေချင်ပါတယ်။
အတိုက်အခံပါတီကြီးတခုအနေနဲ့ရော ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားဖို့လိုပါပြီ။ လက်ရှိအာဏာရပါတီဟာ အတိုက်အခံပါတီထက် နှာတဖျားသာနေတဲ့ အခွင့်အလမ်းတွေရှိနေတတ်တာကို အမြဲမပြတ်သတိ ရှိဖို့လိုအပ်ပါပြီ။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ လက်ရည်ညီညီနဲ့ ယှဉ်ပြိုင်တဲ့ပွဲမျိုးကိုပဲ တွေ့ချင်ကြတာပါ။
ကျွန်တော်တို့တွေဟာ အခုချိန်မှာ ပုံပြင်ထဲကရွာသားတွေလိုပဲ နေနေကြဦးမယ်ဆိုရင် ပုံပြင်ထဲက တရုတ်ပညာရှိရဲ့ ငါမရှိရင်ခက်ဦးမယ်ဆိုတဲ့ အစိုးရရဲ့သနားစွာနဲ့စီမံတာကို ခံနေရဦးမှာပါ။ ဒီလို လက်ရည်တူ ယှဉ်ပြိုင်ကြမယ့်ပွဲမှာ သမာသမတ်ကျစွာနဲ့ တရားသောပြိုင်ဆိုင်မှုမျိုး ဖြစ်စေဖို့လည်း ပြည်သူများ မမေ့မလျော့စောင့်ကြည့်ကြဖို့ တိုက်တွန်းရင်း ပြည်သူများ မိမိတို့လိုအပ်သော အစိုးရတရပ်ကို တင်မြှောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
မင်းယွန်း(ခေတ္တရာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဓါတ်ပုံ- အောက်တိုဘာလ ၁၁ ရက်နေ့က ကျောက်မဲမြို့တွင် ရေကြီးနေပုံ
 အောက်တိုဘာလ ၁၂ ရက် ၂၀၁၅
 စနေနေ့ညက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သျှမ်းပြည်မြောက် ပိုင်း ကျောက်မဲမြို့အတွင်းဖြတ် သန်းစီး ဆင်းသော နမ့်စောင်းငေါဝ်း ချောင်းရေလျှံကာ မြို့တွင်းရပ်ကွက်တော်တော် များများ ရေလွှမ်းခြင်းခံပြီး လက်ရှိတွင် သောက်သုံးရေ အထူးလိုအပ်ေ နကြောင်း စုံစမ်းသိရှိရသည်။
“ မိုးသည်းထန်စွာရွာလို့ နမ့်စောင်းငေါဝ်း ချောင်းရေလျှံ တယ်။ ကျောက် မဲမြို့ထဲကို ရေလွှမ်းတယ်။မိုးကမတိတ်သေးတော့ ရေအကျနှေးတယ်။ ချောင်းရေ တလျှောက်က နေအိမ် ၇၀၀ လောက်ရေ လွှမ်းတယ်။ ရေတွင်းတွေ လည်း ပျက်စီးကုန်တယ်။ ရေတွင်းရေသုံးလို့မရတော့ သောက်သုံးရေ အထူး လိုအပ်နေတယ်အခု ။ ” ဟု ကျောက်မဲမြို့သား စိုင်းသန်းမောင် ကပြော သည်။
အောက်တိုဘာလ ၁၁ ရက်နေ့က ကျောက်မဲမြို့ ရပ်ကွက် ၃-၄-၅-၆-၇-၉ တို့တွင် ရေလွှမ်းခြင်းခံရကြောင်း ရပ်ကွက် ၆ တွင် ထိခိုက် ပျက်စီးမှုများေ ကြာင်း၊ ကန်မိန်းဘုန်းကြီးကျောင်းခြံ စည်းရိုးမှာရေနှင့်ပါသွားကြောင်း၊ သဓမ္မပါလ ကျောင်းတိုက်လည်း အလားတူ အုတ်တံတိုင်း ပြိုကျပျက်စီးေ ကြာင်း၊ အမက ၁ ကျောင်းဝင်းလည်း အလားတူ အုတ်တံတိုင်း ၁၀ ခန်း ပြိုကျပျက်စီးကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က စိုင်းသန်းမောင်ကပြောသည်။
အလားတူ မိုင်းတန်ဘက်တွင်လည်း လယ်ယာမြေ ၁၀ ဧကကျော် ပျက်စီးပြီး ရွာသားများ သွားလာ ရေး အတွက် အဓိကဖြစ်သော ကြိုးတံတားမှာ ကျိုးပြတ် သွားသဖြင့် သွားလာရေးခက်ခဲနေ ကြောင်း ဆိုပါသည်။
“မိုင်းတန်ဘက်မှာလည်း သောက်သုံးရေအထူးလိုအပ်တယ်။ အခု ရေဘေး သင့် လူထုကိုသွားရောက် ကူညီပေးနေတာကတော့ ကျောက်မဲမြို့ က ကျေးလက် လူထု ရယ် လူမှု အသင်းအဖွဲ့ရယ် ဘိုးဘွား ရိပ်သာ ကအဖွဲ့ ရယ် နောက်ပြီး ပါတီတွေရယ်ဘဲ ကိုယ့်အားကိုယ်ကိုးပြီးသွားကူနေရတယ်။ ထမင်း ရယ် ကြက်ဥကြော်ရယ်ဘူးထဲထည့်ပြီးတော့သွားပေးတယ်။ သူတို့ မီးမွေးလို့မရသေးဘူး။ ” ဟု ဆိုပါသည်။
ထိုသို့သော မြစ်ရေလျှံခြင်းရေကဲ့သို့ ယမန်နေ့ကလည်း တကြိမ်ဖြစ်ပွါးခဲ့ဖူး သည်ဟု ဆိုပါသည်။ မြစ်ရေ ချောင်းရေ မြောင်းရေများအတွင်း ဒိုက်များ အမှိုက်များ ပိတ်ဆို့သည်ကို သက်ဆိုင်ရာများက ရှင်းလင်းခြင်း မပြုသောေ ကြာင့် ထိုသို့ ရေလျှံမှုဖြစ်ပွါးခြင်းဖြစ်သည်ဟု စိုင်းသန်းမောင်ကပြော သည်။
တဖက်တွင်လည်း ကျောက်မဲမြို့အတွင်းတောတောင်များပေါ်တွင် သစ်တော သစ်ပင်ပြုန်းတီးမှု ကြောင့် တောင်ကျချောင်းရေများကိုထိန်းနိုင်စွမ်းမရှိသဖြင့် လည်း မြို့တွင်းရေလွှမ်းခြင်းခံရသည်ဟု ဒေသခံများက ပြောဆိုနေကြ ပါသည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
[soundcloud src="41611414"/]
သံစဉ်စာသား - မျိုးချစ်မြန်မာ
မျိုးချစ်မြန်မာ Studio တွင် ဖန်တီးသည်။
" ဒေါင်းတံဆိပ်ရဲ့ဘေး "
၈၈ ရဲ့ မျိုးဆက်လူသားများ
သွေးနဲ့ရင်းပြီးခင်းခဲ့ရတဲ့ ဒီလမ်းမမှာ
မြင်နေပြီရောင်နီရဲ့ အလင်းများ
တို့လက်တွေ တွဲလို့မြဲလို့ ရှေ့ဆက်ခြေလှမ်းများ
ခါးသီးတဲ့ အိပ်မက်ဆိုးတွေထဲကပြန်နိုးထ
သူငယ်ချင်းရေ ပြတင်းပေါက်တွေကို ခု ဖွင့်ကြည့်လိုက်ပါ
ဟိုမှာ လာနေပြီ ခွပ်ဒေါင်းများ
တူညီနေ ရင်ခုန်သံ လမ်းမမှာ
နိုင်ငံတော် မဟာအနာဂါတ်ကြီးက
မင်းရဲ့လက်ထဲကရှိနေတဲ့ အဲ့ဒိမဲလေးမှာ
ဒေါင်းတံဆိပ်ရဲ့ဘေးက မင်းလက်နဲ့အမှန်ခြစ်လိုက်ပါ
ချို့တဲ့လွမ်းတဲ့ တပ်မတော်သားများ
နွမ်းပါးစွာ အထက်ကအမိန့်ကို ကြောက်လိုက်ရတာ
မဆီမဆိုင် ဟိုလူတွေသာကြီးပွား
တွေးကြည့်ပါ ခင်ဗျားတို့ အိပ်မက်များက ဒီတိုင်းလား
ခေါင်းမော့ကာ အေးအေးဆေးဆေး သေနပ်ချကာစဉ်းစား
ဗိုလ်ချုပ်သာ ဘေးနားရှိရင် တောက်ခေါက်လိုက်မိမှာ
CHO:
SOLO:
တိုင်းရင်းသားတွေ သွေးကွဲနေသေးလား
ပေးခဲ့ဗိုလ်ချုပ်ရဲ့ကတိတွေ အမြဲတမ်းပြန်သတိရပါ
တစ်ချိန်မှာ တူညီတဲ့အခွင့်အရေးများ
ရရှိအောင် အပြောထက်အလုပ်ကိုအမြဲတမ်းတန်ဖိုးထား
သူ့ဘဝကို အမျိုးသားရေးအတွက် စတေးခံရင်းထား
အမေစု ကို စိတ်ချလက်ချ မဲပေးမှဖြစ်မှာ
CHO:
CHO:
____
မူရင်း - myochitmyanmar
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးဖို့ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဖို့လိုအပ်ကြောင်း အားလုံးမပါဝင်ဘဲ လက်မှတ်ရေးထိုးလိုက်မယ်ဆိုရင် တိုင်းရင်းသားတွေကြားထဲ စိတ်ဝမ်းကွဲအောင် လုပ်သလိုမျိုး ဖြစ်သွားမလားလို့ စိုးရိမ်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့မှာ မနေ့ညနေက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးဟောပြောရာမှာ တက်ရောက်လာတဲ့ ဒေသခံတစ်ဦးက အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့်မတက်တာလဲလို့ မေးမြန်းရာမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။
"အခု ကျမတို့သိသလောက်ကတော့ ၈ ဖွဲ့နဲ့ လက်မှတ်ထိုးမယ်လို့ကြားပါတယ်၊ အဲ့တော့ ကျမတို့အဖွဲ့ချုပ်ကို ဖိတ်ရင်တော့ ကျမတို့က ကိုယ်စားလှယ်လွှတ်မှာပါ၊ ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ကျမတို့သက်သေလက်မှတ်ထိုးရမယ်ဆိုရင် တိုင်းရင်းသားတွေအားလုံး စုံစုံညီညီပါစေချင်ပါတယ်၊ စုံစုံညီညီပါတဲ့အခါမှ ကျမတို့ထိုးသင့်တယ်လို့ ကျမတို့ယုံကြည်ပါတယ်၊ ကျမတို့က မစုံညီပဲလက်မှတ်ထိုးလိုက်ရင် တိုင်းရင်းသားတွေကြားထဲမှာ စိတ်ဝမ်းကွဲအောင်လုပ်သလိုများဖြစ်သွားမလားဆိုပြီး စိုးရိမ်စိတ်ရှိပါတယ်၊ အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်သလောက်ဖြစ်မြောက်တာကို ကျမတို့အနေနဲ့ ကြိုဆိုပါတယ်၊ အပြည့်အဝဖြစ်မြောက်သည်ထိစောင့်ပြီးတော့မှ ပါဝင်ချင်ပါတယ်"
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ဟာ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က လက်မှတ်မရေးထိုးသေးဘူးလို့ ပြောထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမတိုင်ခင်မှာ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်လာမှာတွေ ရှိနိုင်ကြောင်း မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့အဲဒီလို လုပ်ဆောင်မှုတွေရှိလာရင် သတိရှိကြဖို့ကိုလည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ စနေနေ့က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းရှိတဲ့ ဖောင်ကြီး၊ ရဲမွန်ရွာသစ်နဲ့ ရဲမွန်တပ်မြို့ တို့မှာလည်း ဟောပြောခဲ့ပြီး တနင်္ဂနွေနေ့က လှည်းကူးမြို့မှာ ဟောပြောခဲ့တာ ဖြစ်ပါတယ်။
RFA
https://www.facebook.com/RFA-Burmese-39218993127/timeline/
မင်းဟိန်း(အောက်တိုဘာ ၁၂ရက်)
===========================
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဒုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်မှ လွတ်လပ်ရေးကြေငြာစာတမ်းကို ဖတ်ကြားမှု ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုခံထားရသော ကိုနေမျိုးဇင်ကို ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်တရားရုံးက တရားသေလွှတ်ရန် အောက်တိုဘာ ၁၂ရက်တွင် အမိန့်ချမှတ်ခဲ့သည်။
ကိုနေမျိုးဇင်က "မြို့နယ်တရားသူကြီး ဦးဝင်းဇော်ညွန့်က ကြောင်းကျိုးဆက်စပ် ဆုံးဖြတ်ချက်အရ အမှုခိုင်လုံစွာ တည်ဆောက်နိုင်စွမ်းမရှိဘူး။ ငြိမ်းစုစီဥပဒေ ပုဒ်မနဲ့ ညှိစွန်းခြင်းမရှိတဲ့အတွက် တရားသေလွှတ်လိုက်တယ်။ အမှုရုတ်သိမ်းလိုက်တယ်လို့ ဆုံးဖြတ်ချက်လိုက်ပါတယ်။ စစ်အာဏာရှင် ခေတ်ကစပြီး ယနေ့အချိန်အထိ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အုပ်ချုပ်ရေး အစိုးရဘက်က တာဝန်ပေးစွဲဆိုလာတဲ့ ပုဒ်မ ၁၈အမှုတိုင်းမှာ တရားသူကြီးဘက်က အပြစ်မရှိဘူးဆိုပြီး တရားသေလွှတ်တာ ပထမဆုံးဖြစ်တယ်လို့ မြင်ပါတယ်။ တရားရေးဘက်က ရဲရဲဝံ၀ံ ဆောင်ရွက်နိုင်တာလား အုပ်ချုပ်ရေးဘက်က ဆုံးဖြတ်ပိုင်ခွင့်ပေးလိုက်ပြီးတော့ တရားရေးဘက် တည့်မတ်လာအောင်လို့ စတင်လှုံဆော်မှုလားတော့ ဆက်လက်ပြီးစောင့်ကြည့်သွားရမှာပါ" ပြောကြားသည်။
၂၀၁၄ခုနှစ် ဒီဇင်ဘာ ၇ရက်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဒုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်မှ လွတ်လပ်ရေးကြေငြာစာတမ်းကို ကျောင်းသားကလေးငယ်များကို ဖတ်ကြားပြရာမှ လူစုလူဝေးဖြစ်မှု ပုဒ်မ ၁၈ဖြင့် ကိုနေမျိုးဇင်ကို ကျောက်တံတား မြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
The Street View
ရန်ကုန်တိုင်း ကိုကိုးကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ကြံ့ခိုင်ရေးနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နှစ်ပါတီသာ ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ကြံ့ခိုင်ရေးပါတီ မဲဆွယ်စည်းရုံးခွင့် ရနေပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မဲဆွယ် စည်းရုံးရန် သွားရောက်ခွင့် မရသေးသည့်အပေါ် မရှက်တတ်ပါက အနိုင်ယူနိုင်သည်ပြီး သိက္ခာရှိရှိ အရှုံးပေးမည်ဟု အမတ်လောင်း ဦးဝင်းမင်းက ဝေဖန် ပြောဆိုလိုက်သည်။
“ပြိုင်ဖက်ပါတီနှစ်ခုမှာ တစ်ခုသာ မဲဆွယ်စည်းရုံးခွင့်ရပြီး NLD အနေနဲ့ ယနေ့ အချိန်အထိ ၂၈ ရက်သာ လိုတော့တဲ့ အချိန်မှာ မဲဆွယ်စည်းရုံးခွင့် မရသေးပါဘူး၊ အဲဒီလိုနေရာမျိုးမှာ မရှက်တက်ရင်တော့ ရွေးကောက်ပွဲကို အနိုင်ယူလိုက်ပေါ့။ကျွန်တော်တို့က သိက္ခာရှိရှိနဲ့ အရှုံးခံမယ်” ဟု NLD အမတ်လောင်း ဦးဝင်းမင်းက ပြောသည်။
ကိုကိုးကျွန်းသို့ အတိုက်အခံ အမတ်များ ယနေ့အထိ မဲဆွယ်စည်းရုံးခွင့်အတွက် မသွားရောက်နိုင်သေးသည့် ကိစ္စရပ်နှင့် ပက်သက်ပြီး အောက်တိုဘာ ၁၂ရက်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
မဲဆွယ်စည်းရုံးခွင့် စတင်သည့်အချိန်မှ စတင်ကာ ကိုကိုးကျွန်းသို့ အတိုက်အခံ အမတ်များ သွားရောက် နိုင်ရေး စတင်လျောက်ထားခဲ့ပြီး ၂၂ရက်တွင် သွားရောက်ရန် ခွင့်ပြုခဲ့သော်လည်း ခရီးစဉ် ပျက်သည်ဟုဆိုကာ အတိုက်ခံအမတ်များ သွားရောက်ခွင့် မရရှိခဲ့ပေ။
MIZZIMA
http://mizzimaburmese.com/article/5925#sthash.KmTm4Y9D.dpuf
ကိုကိုးကျွန်းတွင် NLD မဲဆွယ်ခွင့်မရသေး မရှက်တတ်ပါက အနိုင်ယူလ...
ကိုကိုးကျွန်းတွင် NLD မဲဆွယ်ခွင့်မရသေး မရှက်တတ်ပါက အနိုင်ယူလိုက်ပါဟု ဝေဖန်“ပြိုင်ဖက်ပါတီနှစ်ခုမှာ တစ်ခုသာ မဲဆွယ်စည်းရုံးခွင့်ရပြီး NLD အနေနဲ့ ယနေ့ အချိန်အထိ ၂၈ ရက်သာ လိုတော့တဲ့ အချိန်မှာ မဲဆွယ်စည်းရုံးခွင့် မရသေးပါဘူး၊ အဲဒီလိုနေရာမျိုးမှာ မရှက်တက်ရင်တော့ ရွေးကောက်ပွဲကို အနိုင်ယူလိုက်ပေါ့။ကျွန်တော်တို့က သိက္ခာရှိရှိနဲ့ အရှုံးခံမယ်” ဟု NLD အမတ်လောင်း ဦးဝင်းမင်းက ပြောသည်။ (ဟိန်းကိုစိုး - သတင်း၊ ရုပ်သံ၊ ဓာတ်ပုံ) ဆက်ဖတ်ရန် - http://mizzimaburmese.com/article/5925
Posted by Mizzima - News in Burmese on Monday, October 12, 2015
မော်ချီးမှာ မြေပြိုမှုတွေ ဖြစ်တဲ့အတွက် သွားလာရေး ခက်ခဲတယ်လို့ သိရ (ဓာတ်ပုံ - Kantarawaddy Times)  
 ကယားပြည်နယ် ​မော်ချီးဒေသမှာ ​မြေပြိုင်မှု ​ဖြစ်ခဲ့တဲ့အတွက် ​လူ ​၆ ​ယောက် ​သေဆုံးခဲ့တယ်လို့ ​သိရပါတယ်။
မိုးသည်းထန်မှုကနေ ​ရတနာ ​အောင်မြေ ​ရပ်ကွက်မှာ ​မြေပြိုင်မှုတွေ ​ဖြစ်ပြီး ​ဘုရားကျောင်း၊ ​စာကြည့်တိုက်အပြင် ​အိမ်တွေလည်း ​ပျက်စီးခဲ့တယ်လို့ ​ကန္တာရဝတီထိုင်းမ်စ် ​သတင်းမှာ ​ဖော်ပြထားပါတယ်။
မနေ့တုန်းက ​မြေပြိုမှုတွေ ​ဖြစ်ခဲ့ပြီး ​အဲဒီ ​ဖြစ်ရပ်ကြောင့် ​အိမ်ထောင်စု ​ငါးဆယ်လောက် ​ဒုက္ခရောက်နေကြပြီး ​အခုလောလောဆယ် ​ဓမ္မာရုံမှာ ​စုနေကြရတယ်လို့ ​ဆိုပါတယ်။
အဲဒီဒေသကို ​သွားဖို့ ​ဆက်သွယ်ထားတဲ့ ​လမ်းတွေ၊ ​တံတားတွေလည်း ​ပျက်စီးနေတဲ့အတွက် ​ပိုပြီး ​ဒုက္ခရောက်နေရတယ်လို့လည်း ​ဆိုပါတယ်။
အလားတူ ​ကလေးဝမြို့နယ် ​ကျောင်းကြီးရွာမှာလည်း ​တောင်ကျချောင်းရေကြောင့် ​နေအိမ်တွေ ​မျောပါပြီး ​လူ ​၁၄ ​ဦး ​မျောပါ ​ပျောက်ဆုံးနေတယ်လို့ ​ဘီဘီစီ ​သတင်းမှာ ​ဖော်ပြထားပါတယ်။
ကလေးဝမြို့နယ်က ​မဟာမြိုင်တောဟာ ​အရင်တုန်းက ​သစ်ပင်တွေ ​ထူထပ်တဲ့တော ​ဖြစ်ခဲ့ပေမယ့် ​သစ်တွေ ​အလွန်အကျွံခုတ်ထွင်းမှုကြောင့် ​တောပြုန်းပြီး ​ရေမထိန်းနိုင်လို့ ​နှစ်ထပ်အိမ်အမြင့်လောက်ရှိတဲ့ ​တောင်ကျရေလှိုင်းတွေ ​ဖြစ်ပေါ်တာ ​ဖြစ်တယ်လို့ ​ပြောဆိုနေကြပါတယ်။
 ABC Radio Australia
http://www.radioaustralia.net.au/burmese
[youtube src="ZfhPPt8hXhY"/]
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ (၁၁)ရက်နေ့  မွန်းလွဲ ၁ နာရီ ၅၀ မိနစ်က ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့တွင် ဒေသခံ ပြည်သူများအား ရွေးကောက်ပွဲ အောင်နိုင်ရေး မိန့်ခွန်း ဟောပြောခဲ့သည်။
သတင်း/ရုပ်သံ - National League for Democracy
 https://www.facebook.com/NLDParty
မနေ.က ရဲမွန်တပ်မြို့ဟောပြောပွဲတွင်အလှူ ရှင် ဦးဟန်ငြိမ်း + ဒေါ်အေးနွဲ့ရွှေဥသား ငါးမွေးမြူ ရေးလုပ်ငန်းမိသားစု မှ ဇာတိမြေဖြစ်တဲ့ မရွှေဥ
ကျေးရွာ ၊ထန်းတစ်ပင်မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး မှအဖွဲ့ချုပ်ေ၏ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းများအသုံးပြု ရန်ငွေကျပ်သိန်း
( ၁၀၀ ) ကျပ်အားလာရောက်လှူ ဒါန်းရာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူပေးခဲ့ပါသည် ။
သတင်းဓါတ်ပုံ-Theint Theint Min Han
 အောက်တိုဘာ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
 ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ တပ်သားသစ် စုဆောင်းမှုကြောင့် အောက်တိုဘာလ ၂ရက်မှ ၁၀ရက်နေ့အထိ လှိုင်းဘွဲမြို့ နယ်၊ မြိုင်ကြီးငူသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဖာပွန်မြို့နယ်ရှိ ကျေးရွာ ၁၅ရွာမှ ဒေသခံ ရွာသူရွာသား ၂,၄၄၅ဦး ရှိသွားပြီဟု ၎င်းတို့အား ကူညီပံ့ပိုးနေကြသူများက ပြောသည်။
ထွက်ပြေးတိမ်းရှောင်လာသူများမှာ ဖာပွန်မြို့နယ်ရှိ ရွှေဖလားကျ၊ ဟတ်ကြီး၊ မြင်းတပြေး၊ ပိုင်လာ၊ သောလယ်ထာ့၊ ဝါ့မုလော၊ မယ်ညော၊ စာကောလော်၊ ကွင်းတလ၊ မယ်ပရီ၊ မဲကလား၊ ရေပူ၊ ပြည့်စုံ (လဲပွယ်)၊ ကွီးလောချနှင့် ရှမ်းတောင် စသည့်ကျေးရွာ များမှ အိမ်ထောင်စု ၃၇၈စုရှိပြီး အများစုမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးဇေ ဝဏ္ဏလှိုင်က ပြောသည်။
“ဒီမှာရောက်တော့ ကျနော်တို့ လှိုင်းဘွဲမြို့နယ်ကနေပြီးတော့ အချိန်နဲ့တပြေးညီ ပြည်နယ်အစိုးရကို တင်ပြပြီးတော့ ရောက်တယ် ဆိုတာနဲ့ တန်းပြီးတော့ ထောက်ပံ့မှုတွေပေးနိုင်အောင် လုပ်နေပါတယ်။ သူတို့တွေ ဒုက္ခသည်လို့လည်း သုံးနှုန်းရတာ တစ်မျိုး လေး ဖြစ်တယ်ပေါ့။ တခြားဒေသတွေလို တိုက်ပွဲကြောင့်၊ သဘာဝဘေးဒဏ်ကြောင့် မဟုတ်ဘူး။ စိုးရိမ်စိတ်တစ်ခုကြောင့် သူတို့ တွေ ခဏတိမ်းရှောင်လာတဲ့ သဘောမျိုးပေါ့။”ဟု ဆိုသည်။
တပ်သားသစ်ကောက်ခံသည့် အဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၊ တပ်မဟာ(၅) နယ်မြေ၌ လှုပ်ရှားနေသည့် ဗိုလ်ဖားမီးဆိုသူ ဦးဆောင်သော အဖွဲ့ကဖြစ်ပြီး စစ်သားစုဆောင်းရာတွင် မသွားနိုင်ပါက မိသားစုဝင်များကို ဖမ်းဆီးခြိမ်းခြောက် ခြင်း၊ ငွေကြေး အဆမတန် ကောက်ခံခြင်းများ လုပ်ဆောင်သောကြောင့် ရွာ၌ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်လာရခြင်း ဖြစ်သည်ဟု ရှောင်တိမ်းလာသူထဲမှ စောမောထာ့က ပြောသည်။
ပြည့်စုံရွာသူကြီး စောမောထက “စစ်သားဖမ်းလို့ ထွက်ပြေးလာတာပါ။ အစက ဖမ်းတာ မဟုတ်ဘူးလေ။ စည်းရုံးပုံစံမျိုးနဲ့ လုပ် တယ်။ လုပ်မရတော့ ဖမ်းတယ်။ ကျနော်တို့ကို ဖမ်းဆွဲတာလည်း ကျနော်လည်းပါတယ်။ အဲဒီမှာ ၄-၅-၆ရက် သွားနေရတယ်။ ကျနော့်မှာ သားလူပျိုရှိတယ်။ သားမှမရှိတာ သားဘန်ကောက်မှာပဲလေ။ ဒီမှာလာနေတာလည်း လာချင်လို့ လာတာ မဟုတ်ဘူး လေ။ ကြောက်လို့လာတာ။ ရွာက အေးချမ်းရင် ပြန်ချင်တာပေါ့။”ဟု ကရင်ဘာသာဖြင့် ကေအိုင်စီသို့ ပြောသည်။
ယခုလ အောက်တိုဘာ ၁၅ရက်နေ့တွင် ကေအဲန်ယူ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၈ဖွဲ့နှင့် အစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးကြမည်ဟု စီစဉ်နေသည့် တပြိုင်နက်တည်း ကရင်ပြည်နယ် နေရာအချို့တွင် ပစ်ခတ်မှုများနှင့် စစ်ရှောင်ရွာသားများ ဖြစ်ရှိလာခြင်းလည်း ဖြစ်သည်။
KNU တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲကလည်း “ရွာသားတွေ ထောင်ချီထွက်ပြေးတဲ့ကိစ္စကိုတော့ ကျနော်တို့ သိရ တယ်။ ဒီကိစ္စက စစ်သားစုဆောင်းမှုဆိုတဲ့ ကိစ္စအသေးအဖွဲလေးကို အမှိုက်ကအစ ပြဿဒ်မီးလောင်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ သတင်းရဲ့ နောက်ကြောင်းဆက်ကို ပြန်ကြည့်ရင် ကတိုင်တိ၊ ကမမောင်း လမ်းမလျှောက်မှာ BGF တပ်ရင်း ၃ရင်း၊ ရတခ တိုင်း က စစ်တပ်ကလည်း တပ်ရင်း ၃ရင်းလောက် ၀င်ရောက်လှုပ်ရှားတာရှိတယ်။ လူထုကို သူတို့ရှေ့ထုတ်တယ်။ ဒီအကြောင်းရင်း တစ်ခုတည်းနဲ့ ထွက်ပြေးရတယ်ဆိုတာက စဉ်းစားစရာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လတ်တလောတွင် မြိုင်ကြီးငူရှိ ဇိနမာရ်အောင် ရေပြန်ကျွန်းဘုရားကြီး အဆောက်ဦးတွင် ထွက်ပြေးတိမ်းရှောင်သူများအား ခိုလှုံ စရာများ စီစဉ်ထားပြီး စားနှပ်ရိက္ခာ၊ နေရာထိုင်ခင်းနှင့် အ၀တ်အစားများကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်နယ်ခြားစောင့် (BGF)၊ ဝေဠုကျော်ဖောင်ဒေးရှင်းနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းတို့က ထောက်ပံ့ကူညီပေးထားသည်။ အလားတူ အောက်တိုဘာလ ၁၀ရက်နေ့ကလည်း ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်အဖွဲ့က ဆန်အိတ် ၃၀၀၊ ဆီပါကင် ၆၀နှင့် ပြည်နယ် အစိုးရအဖွဲ့က ဆန်၊ ဆီ၊ ဆား၊ မာမားခေါက်ဆွဲ၊ ကျောင်းသုံးစာအုပ်၊ ကျောင်းသုံးဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများ သွား ရောက်လှူဒါန်းပေးခဲ့သည်။
အဆိုပါ တပ်သားသစ်ကောက်ခံသည့်ကိစ္စကို အချိန်မီ ကိုင်တွယ်ဖြေရှင်းမှု မလုပ်ဆောင်နိုင်ပါက ဖာပွန်မြို့နယ်ရှိ ယင်းဒေသခံ ရွာသားများသည် မြိုင်ကြီးငူဒေသသို့ ထပ်မံ ထွက်ပြေးလာနိုင်မည့် အခြေအနေရှိကြောင်း ၎င်းဒေသအခြေစိုက် လူမှုကယ်ဆယ် ရေးအဖွဲ့များက ခန့်မှန်းပြောဆိုသည်။
 ကေအိုင်စီ
http://kicnews.org
IS အဖွဲ့ခေါင်းဆောင် Abu Bakr al-Baghdadi. (Credit: AFP) 
  အီရတ်နိုင်ငံ ​အနောက်ပိုင်းမှာ ​ပြုလုပ်တဲ့ ​ဝေဟင်တိုက်ခိုက်မှု ​တစ်ခုအတွင်း ​IS ​အစ္စလာမ်မစ် ​အဖွဲ့ ​အရာရှိ ​၈ ​ဦး ​သေဆုံးခဲ့ပေမယ့် ​အဲဒီအထဲမှာ ​အဖွဲ့ခေါင်းဆောင် ​Abu ​Bakr ​al-Baghdadi ​ကတော့ ​ထွက်ပြေးလွတ်မြောက်သွားတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။
သေဆုံးသူတွေထဲမှာ ​IS ​အဖွဲ့ခေါင်းဆောင်ရဲ့ ​အလောင်းကို ​မတွေ့ရဘူးလို့ ​ဆေးရုံ ​အမှုထမ်းတွေနဲ့ ​ဒေသခံတွေက ​ပြောကြောင်း ​အေအက်ဖ်ပီ ​သတင်းအရ ​သိရပါတယ်။
အီရတ်အစိုးရရဲ့ ​အဆိုအရ ​တနင်္ဂနွေနေ့တုန်းကပဲ ​IS ​အဖွဲ့တွေ ​အစည်းအဝေး ​ကျင်းပမယ့် ​နေရာကို ​ဗုံးကျဲခဲ့သလို ​IS ​အဖွဲ့ခေါင်းဆောင် ​al-Baghdadi ​ကို ​တင်ဆောင်လာတဲ့ ​ယာဉ်တန်းကိုလည်း ​တိုက်ခိုက်ခဲ့တာလို့ ​ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ​IS ​ခေါင်းဆောင် ​တချို့ ​သေဆုံး၊ ​ဒဏ်ရာရကြသလို ​ခေါင်းဆောင် ​al-Baghdadi ​ကိုတော့ ​ယာဉ်တစ်စင်းက ​သယ်ဆောင်သွားတဲ့အတွက် ​သေဆုံးပြီလား၊ ​အသက်ရှင် ​သလားဆိုတာ ​မသိရဘူးလို့ ​အီရတ် ​အစိုးရက ​ပြောပါတယ်။
အီရတ် ​အစိုးရရဲ့ ​ပြောဆိုချက်က ​မှန်ကန်သလား၊ ​မမှန်ဘူးလား ​ဆိုတာကို ​အမေရိကန်က ​အတည်ပြုချက်တွေ ​ပြောဆိုခြင်း ​မရှိပါဘူး။
IS ​အဖွဲ့ဝင် ​တစ်ယောက်ကို ​ဆက်သွယ်ရာမှာတော့ ​ဒီကိစ္စကို ​အတည်မပြုနိုင်ဘူးလို့ ​ပြောဆိုလိုက်သလို ​အဖွဲ့ခေါင်းဆောင် ​သေဆုံးသွားရင်တော့ ​IS ​အဖွဲ့ကတော့ ​တိုက်စရာ ​ရှိတာကို ​ဆက်တိုက်ဦးမယ်လို့ ​ပြောပါတယ်။
Baghdadi ​သေဆုံးရင် ​ခေါင်းဆောင်တစ်ယောက် ​ဆုံးရှုံးရမှာ ​ဖြစ်ပေမယ့် ​IS ​အဖွဲ့ထဲမှာ ​Baghdadi ​လိုလူတွေ ​အများကြီး ​ရှိတဲ့အတွက် ​တစ်မိနစ်မှာ ​ခေါင်းဆောင်တစ်ယောက် ​မွေးဖွားနေတယ်လို့ ​ပြောပါတယ်။
အီရတ် ​အာဏာပိုင်တွေက ​အရင်တုန်းကလည်း ​Baghdadi ​သေဆုံးတဲ့အကြောင်း၊ ​ဒဏ်ရာ ​ရတဲ့အကြောင်းတွေ ​ပြောခဲ့ဖူးပေမယ့် ​သတင်းမှားတွေ ​ဖြစ်ခဲ့ဖူးပါတယ်။
Baghdadi ​ကို ​သတ်ပစ်နိုင်တဲ့လူကို ​အမေရိကန် ​ဒေါ်လာ ​၁၀ ​သန်း ​ဆုချမှာ ​ဖြစ်တဲ့အတွက် ​သူ့ကို ​သတ်ပစ်နိုင်ပြီ၊ ​ဒဏ်ရာရသွားပြီ ​ဆိုတဲ့ ​ကောလဟာလ ​သတင်းတွေ ​ထွက်ပေါ်လေ့ရှိပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
အီရန်မှာ ထုတ်လုပ်တဲ့ missiles ဒုံးကျဉ် (Credit: Reuters)
နျူကလီးယား ​ထိပ်ဖူးတွေ ​သယ်ဆောင်နိုင်တဲ့ ​missile ​ဒုံးကျဉ်တွေကို ​မစမ်းသပ်ဖို့ ​ကုလသမဂ္ဂက ​တားမြစ်တဲ့ ​ကြားက ​အီရန်က ​precision-guided ​ballistic ​ဒုံးကျဉ်ကို ​အောင်မြင်စွာ ​စမ်းသပ်ခဲ့ပါတယ်။
ပစ်မှတ်ကို ​အသေအချာ ​ပစ်နိုင်တဲ့ ​တာဝေးပစ် ​ဒုံးကျဉ် ​လက်နက်မျိုး ​ဖြစ်ပြီး ​ရန်ဘက် ​အစ္စရေးနဲ့ ​အရှေ့အလယ်ပိုင်း ​ဒေသမှာ ​ချထားတဲ့ ​အမေရိကန် ​စစ်စခန်းကိုပါ ​ပစ်ခတ်နိုင်စွမ်းရှိတဲ့ ​လက်နက်မျိုး ​ဖြစ်ပါတယ်။
အီရန်ရဲ့ ​လုပ်ရပ်ကို ​ဝေဖန်တဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​အီရန်ရဲ့ ​ကာကွယ်ရေး ​အင်အားနဲ့ ​ဒုံးကျဉ်စွမ်းဆောင်နိုင်မှုတွေ ​တိုးတက်အောင် ​လုပ်ဆောင်ဖို့ ​ဘယ်သူ့ရဲ့ ​ခွင့်ပြုချက်မှ ​ရယူစရာ ​မလိုဘူးလို့ ​အီရန်က ​တုန့်ပြန်လိုက်ပါတယ်။
ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​အစ္စရေးနဲ့ ​အီရန်အကြား ​တင်းမာမှုတွေ ​ပိုဖြစ်နေပါတယ်။
အီရန်ကတော့ ​ကာကွယ်ရေး ​အင်အားတိုးတက်အောင် ​လုပ်ဆောင်ရုံသာဖြစ်ပြီး ​သူများကို ​ခြိမ်းခြောက်ချင်လို့ ​လုပ်တာ ​မဟုတ်ဘူးလို့ ​ပြောပါတယ်။
ကုလသမဂ္ဂက ​တားမြစ်တဲ့ကြားက ​လက်နက်ကို ​စမ်းသပ်တာကို ​ကြည့်ပြီး ​နျူကလီးယား ​ကိစ္စမှာလည်း ​ကမ္ဘာနဲ့ ​အီရန်အကြား ​သဘောတူညီမှု ​ရထားပေမယ့် ​အီရန်က ​လိုက်နာပါ့မလားလို့လည်း ​အစ္စရေးက ​စိုးရိမ်နေပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
နီပေါဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ Khadga Prasad Oli (ဝဲ)
 နီပေါနိုင်ငံ ကွန်မြူနစ်ပါတီခေါင်းဆောင် Khadga Prasad Oli ကို နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် လွှတ်တော်ကနေ ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
အမတ်စုစုပေါင်း ၅၉၇ နေရာရှိတဲ့အနက် ၃၃၈ ယောက်က Oli ကို ထောက်ခံမှုပေးခဲ့ကြောင်း၊ အရင် ဝန်ကြီးချုပ် Sushil Koirala ကို ထောက်ခံသူ ၂၄၉ ယောက်သာရှိကြောင်း လွှတ်တော်သဘာပတိ Subah Nemwang က ကြေညာခဲ့ပါတယ်။
Communist Party of Nepal ရဲ့ခေါင်းဆောင် အသက် ၆၃ နှစ်အရွယ် Oli ဟာ ပါတီငယ်လေးတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ အဲဒီလိုသူ့အပေါ် ထောက်ခံမှုပေးခဲ့တဲ့အထဲမှာ ပြိုင်ဘက် United Communist Party of Nepal Maoist လည်း ပါဝင်ပါတယ်။
နိုင်ငံရဲ့ အခြေခံဥပဒေသစ်အပေါ် မကျေနပ်မှုကြောင့် ဆန္ဒပြမှုတွေ လုပ်နေတာကို ပြေလည်အောင် ဝန်ကြီးချုပ်သစ်က ညှိနှိုင်းပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လောင်စာဆီတင်သွင်းမှု အပိတ်ဆို့ခံနေရတဲ့အတွက် နီပေါမှာ ဝေပုံကျ ခွဲဝေသုံးစွဲနေရတာတွေ အဆုံးသတ်စေဖို့လည်း လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။
နီပေါနိုင်ငံ တောင်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို မကြိုက်တဲ့အတွက် ဆန္ဒပြမှုတွေကနေ အဝေးပြေးလမ်းမကြီးတွေ ပိတ်ဆို့မှုဖြစ်ခဲ့ပြီး နယ်စပ်ဂိတ် တွေကိုပါ ပိတ်ပစ်ခဲ့ရတာပါ။
စက်တင်ဘာလ ၂ဝ ရက်နေ့က အခြေခံဥပဒေကို အတည်ပြုလိုက်ပြီးတဲ့နောက် ဒီအခြေခံ ဥပဒေအပေါ် မကျေနပ်ကြတဲ့ Madhesis နဲ့ တခြားလူနည်းစု လူမျိုးစုနွယ်ဝင်တွေက နိုင်ငံတောင်ပိုင်းက နယ်စပ်တွေကိုပိတ်ပစ်ခဲ့ပြီး လောင်စာဆီနဲ့ ကုန်ပစ္စည်းတင်ပို့ မှုတွေကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။
အဲဒီလို နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အခြေခံဥပဒေဆန့်ကျင်ရေး အဓိကရုဏ်းတွေအတွင်း လူပေါင်း ၄၅ ယောက် သေဆုံးခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
(ဓာတ်ပုံ- စစ်ကဲတော်မင်းကျောင်း ရှင်းလင်းပွဲ)
 စစ်တွေ၊ အောက်တို ၁၁
 စက်တင်ဘာလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ ဓည၀တီ က ရပ်ကွက်နေ နာမကျန်းဖြစ်နေသည့် ၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံထားရသော တပ်ရင်း ၃၅၄ မှ ဒုတပ်ကြပ် နေ၀င်းအောင်ကို မူးယစ်သောက်စားမှု၊ တာဝန်ပျက်ကွက်မှု၊ တပ်မတော်ကို ပြည်သူကြားထဲ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုတို့ဖြင့် စစ်ခုံရုံးတွင် စွဲချက်တင်ထားသည်ဟု စစ်တွေအခြေစိုက် ရခိုင်လူမှုအဖွဲ့အစည်းများ ညှိနှိုင်းရေးကော်မတီက ဒစက မှူးကို ကိုးကားပြီး ပြောဆိုသည်။
၎င်းအမျိုးသမီးငယ် အမှုကိစ္စနှင့် ပတ်သက်ပြီး ရခိုင်လူမှုအဖွဲ့အစည်းများ ညှိနှိုင်းရေးကော်မတီက အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်းတွင် ရှင်းလင်း ပွဲ တစ်ရပ် ပြုလုပ်စဉ် ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။
ဒုတပ်ကြပ်နေ၀င်းအောင်သည် ၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်သည်ဟု စက်တင်ဘာလ ၂၃ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ် ၁ ရဲစခန်းတွင် ပ-၂၀၃/၃၇၆ ဖြင့် အမှုဖွင့်ထားသော်လည်း စက်တင်လာလ ၂၅ ရက်နေ့က စစ်ခုံရုံးဖြင့် စစ်ဆေးမည်ဟုဆိုကာ တပ်မတော်မှ ဒေသဆိုင်ရာ အရာရှိများက ရဲစခန်းမှ ထုတ်ယူသွားသည်ဟု သိရသည်။
ယင်းနောက်ပိုင်း တပ်မတော်အနေဖြင့် အမှုကို ဖျောက်ဖျက်ပစ်ရန် ကြိုးစားနေသည်ဟု ပြည်သူကြားထဲတွင် သတင်းများ ထွက်ပေါ်နေခဲ့၍ အဖြစ်အမှန်အတိအကျကို သိရှိရန် ရခိုင်ပြည်နယ် လှုမှုအဖွဲ့အစည်းများ ညှိနှိုင်းရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
အဆိုပါညှိနှိုင်းရေးကော်မတီက အမှတ် ၁ ရဲစခန်း၊ စစ်တွေဆေးရုံကြီး ၊ ဖြစ်ပွားသည့် ရပ်ကွက်ကို သွားရောက်လေ့လာပြီး အောက်တိုဘာလ ၇ ရက်နေ့က ဒစကမှူးနှင့်တွေ့ဆုံပြီး ဒုတပ်ကြပ်နေ၀င်းအောင် ကိစ္စနှင့် ပတ်သက်ပြီးမေးမြန်းရာ သူ့အား တပ်မတော် စစ်ခုံရုံးက မူးယစ်သောက်စားမှု၊ တာဝန်ပျက်ကွက်မှု၊ ပြည်သူကြားထဲ တပ်မတော် ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုတို့ဖြင့် တရားစွဲထားသည်ဟု ပြောဆိုကြောင်း အဆိုပါကိစ္စကို လိုက်ပါဆောင်ရွက်ခဲ့သူ မြို့မိမြို့ဖ ဦးသာပွင့်ကပြောသည်။
စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews
[ads-post]
မလျော်သြဇာသုံးခြင်း၊ ခြိမ်းခြောက်ခြင်း၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေဖြင့် ဆန္ဒမဲပေး ခိုင်းခြင်းသည် အာဏာ သုံးနိုင်ခြေရှိသော ကြိုတင်မဲများ ဖြစ်လာနိုင်သကဲ့သို့ ဆန္ဒမဲပြားများ၏ လျှို့ဝှက်စနစ် အား ဖောက်ဖျက်၍ မည်သည့်ပါတီကို မဲပေးထားသည်ကို သြဇာအာဏာသုံး သိပိုင်ခွင့်ရှိနေသော ကြိုတင်မဲများဖြစ်လာနိုင် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အောက်တိုဘာ ၁ရက်က စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ပြုလုပ်သော မဲဆွယ်ဟောပြောပွဲတွင် အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်နာယက၊ ဗဟိုအောင်နိုင်ရေးဥက္ကဋ္ဌ ဦးတင်ဦးက ““၂၀၁၀ ရွေးကောက်ပွဲတုန်းက သူ တို့တောင်ပြို ကမ်းပြိုနိုင်ခဲ့တယ်လို့ ကြေညာတာဟာ ကြိုတင်မဲတွေ နဲ့ နိုင်သွားတာပါ။ အခုတစ်ခါမှာလည်း ကြိုတင် မဲတွေရှိ ကောင်းရှိလာ မှာ ဖြစ်တယ် ဆိုတာတော့ သတိထားရမှာပါပဲ။ ဒါ့အပြင် အရေးအကြီးဆုံးက မဲပေးတဲ့အချိန် အခါ မှာ အင်မတန် ဂရုစိုက်ရမယ့်ကိစ္စကတော့ ကြိုတင်မဲမဟုတ်တော့ဘူး။ ဒီတစ်ခါမှာတော့ ပယ်မဲတွေနဲ့ လုပ်မယ် ဆိုတာ အားလုံးသတိထားရပါမယ်လို့ ပြောချင် ပါတယ်””ဟု သတိပေးပြောကြားသွားခဲ့သည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကလည်း ဆန္ဒမဲများ ပယ်မဲမဖြစ်သွား ရေး အတွက် မဲဆွယ်ဟောပြောပွဲများ၌ စနစ်တကျ မဲပေးနည်းများအကြောင်း ထည့်သွင်းဟောပြောနေသလို ဗီဒီယိုဖိုင်မှတစ်ဆင့် လူမှုကွန်ရက်၌မျှဝေ၍ ပယ်မဲမဖြစ်အောင် မဲပေးနည်းအား ပြည်သူ သို့ ဆော်သြဟောပြော နေ သည်ကို တွေ့ရမည်။…
ရက် ၃၀ ခန့်သာလိုတော့သော ရွေးကောက်ပွဲ၌ ရလဒ်အားပြောင်းလဲ သွားစေနိုင်သော မဲအမျိုးအစား ၃ မျိုးရှိနေ ပါသည်။ ၎င်းတို့မှာ ကြိုတင်မဲ၊ ပယ်မဲနှင့် မသမာမဲဟူ၍ဖြစ်သည်။
● ပယ်မဲမဖြစ်ရေး
ပြည်သူရွေးချယ်ပေးလိုက်သည့် ဆန္ဒမဲများ ပယ်မဲမဖြစ်ရေးအတွက် ယခုအခါ ပါတီခေါင်းဆောင်များ၊ ကိုယ်စား လှယ်လောင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများက လိုက်လံဆော်သြလျက်ရှိသည်ကို တွေ့ရသည်။ သို့သော် ပယ်မဲမဖြစ်ရေး အဓိကတာဝန်ရှိသူမှာ ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ကိုယ်တိုင်ပင်ဖြစ်သည်။ ဤအတွက် သတင်းစာ၊ ဂျာနယ်နှင့် လက်ကမ်းစာစောင်များ၊ ရုပ်သံမီဒီယာများမှ မဲပေးရေး ပညာပေးအစီအစဉ် များကို ကြိုတင်လေ့လာထားသင့်ပါသည်။
● ကြိုတင်မဲနှင့်မသမာမဲများအား ဘယ်လိုတားဆီးမလဲ
[ရွေးကောက်ပွဲနေ့ မနက် ၆နာရီမတိုင်မီ ကြိုတင်မဲများအား လုပ်ထုံးလုပ်နည်းနှင့် အညီ ရွေးကောက်ပွဲ ကော်မ ရှင်အဖွဲ့ဝင် ၂ဦးက သွားရောက်ယူရပါသည်။ ထိုသို့ကြို တင်မဲသွားရောက်ယူရာတွင် လွှတ်တော် ကိုယ်စား လောင်း၊ အကူကိုယ်စားလှယ်၊ မဲရုံအကူကိုယ်စားလှယ်နှင့် ခွင့်ပြုချက်ရ ယူထားသော ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများက လိုက်ပါကြည့်ရှုခွင့်ရှိသည်။ မနက် ၆နာရီမတိုင်မီ နိုးကြားသော အသိဖြင့် လိုက်ပါကြည့်ရှု စောင့်ကြည့်ရေးသည် ကြိုတင်မဲ မသမာမှုမရှိရေးအတွက် အထူးပင်အရေးပါပါသည်။
သို့သော် အထက်ပါပုဂ်္ဂိုလ်များ လိုက်ပါကြည့်ရှုခွင့်မရှိသော ကြိုတင်မဲများလည်းရှိသေးသည်။ ရပ်ကွက်ရွေးကော် အဖွဲ့ဝင်များက သွားရောက်ရယူရခြင်းမဟုတ်သော ကြိုတင်မဲများကို ဆိုလိုသည်။ တပ်မတော်သားများ နှင့် မိသားစုဝင်များ၏ ကြိုတင်မဲများ၊ အစိုးရ၀န်ထမ်းများ၊ အချုပ်ကျခံနေရသူများ၊ ဆေးရုံဆေးခန်းရှိလူနာများ၏ကြို တင်မဲများအား မဲရုံကိုယ်စားလှယ်၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ အစရှိသူများက လိုက်ပါကြည့်ရှုခွင့် မရရှိချေ။
ထိုကြိုတင်မဲများကို သက်ဆိုင်ရာတပ်မှူးများ၊ သက်ဆိုင်ရာအစိုးရဌာနအကြီး အမှူးများ၊ သက်ဆိုင်ရာထောင်မှူး ထောင်ပိုင်များ၊ သက်ဆိုင်ရာရဲစခန်းတာဝန်ခံများ၊ သက်ဆိုင်ရာဆေးရုံအုပ်ကြီးများက တာဝန် ယူဆောင်ရွက် ပေးရပါသည်။ ကြိုတင်မဲပေး ခွင့်ရှိပြည်ပရောက်မဲဆန္ဒရှင်များကိုမူ သံရုံးအကြီးအမှူးစသည်တို့က တာဝန်ယူ ဆောင်ရွက်ပေးရပါသည်။]
စာကိုး။ ။ ကြိုတင်မဲမသမာမှုကို ဘယ်လိုကာကွယ်တားဆီးမလဲ (ရှေ့နေမောင်ကံ)
ဤတွင် အဆိုပါ ကြိုတင်မဲများ၏ မသမာမှုကင်းရှင်းရေးသည် အထက်ပါ တာဝန်ရှိသူများ၏ သမာသမတ်ကျမှု အပေါ် လုံးဝမူတည်နေပါသည်။ မလျော်သြဇာသုံးခြင်း၊ ခြိမ်းခြောက်ခြင်း၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေဖြင့် ဆန္ဒမဲပေးခိုင်းခြင်းသည် အာဏာသုံးနိုင်ခြေရှိသော ကြိုတင်မဲများဖြစ်လာနိုင်သကဲ့သို့ ဆန္ဒမဲပြားများ၏ လျှို့ဝှက် စနစ်အား ဖောက်ဖျက်၍ မည်သည့်ပါတီကိုမဲပေးထားသည်ကို သြဇာအာဏာသုံး သိပိုင်ခွင့်ရှိနေသော ကြိုတင် မဲများဖြစ်လာနိုင်ကြောင်း အထူးသတိပြုသင့်ပါသည်။ ထိုကြိုတင်ဆန္ဒမဲပြားများအတွက် စောင့်ကြည့်လေ့လာ ခွင့်ရဖို့ရန် အခွင့်အလမ်းနည်းပါးပါသည်။ စောင့်ကြည့်လေ့လာခွင့်အား ဥပဒေ၌လည်း ပြဋ္ဌာန်းမထား ဟုဆို သည်။
စက်တင်ဘာ ၁၇ရက်က ပြန်ကြားရေးဝန်ကြီးဌာနမှ မဲလက်မှတ်များ ရိုက်နှိပ်ထားမှုနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ၌ တာဝန်ရှိ ပုဂ်္ဂိုလ်များပြောကြားသော မဲလက်မှတ်အရေအတွက် ကိန်းဂဏန်းများကလည်း သံသယ ဖြစ်ဖွယ်ရာ အကြောင်းအချက်များကို ပေါ်ပေါက်စေခဲ့ပါသည်။
ပြန်ကြားရေးတာဝန်ရှိသူများ၏ ရှင်းလင်းချက်ထဲတွင် ကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်သိန်း ၁၀၀ ပုံနှိပ်ခဲ့သည် ဟုဆိုသည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် ၃ရပ် အတွက် လွှတ်တော်တစ်ရပ်လျှင် ကြိုတင်ဆန္ဒမဲ ၃၁ သိန်းစီ ရိုက်နှိပ်ထားသည်ဟုဆိုသည်။ ဤကိန်း ဂဏန်း အားထောက်ဆလျှင် လူ ၃သန်းကျော်အတွက် ကြိုတင်မဲအရေအတွက် ရိုက်နှိပ်ပြင်ဆင်ထားခြင်း ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်ရုံးက ပြောကြားရာတွင် ပြည်ပရောက် မြန်မာနိုင်ငံသား ၃၄၆၉၇ ဦး (သုံးသောင်းကျော်သာ) ပုံစံ ၁၅ ဖြင့် မဲပေးခွင့်လျှောက်ထားသည်ဟု ဆိုသည်။ ပြည်ပရောက် မြန်မာနိုင်ငံ သားများမဲပေးမည့် ကြိုတင်မဲအရေအတွက်မှာ သုံးသောင်းကျော်သာရှိသည်ဆိုလျှင် အဆိုပါ လူ ၃သန်းစာအ တွက် ရိုက်နှိပ်ထားသော ကြိုတင်မဲလက် မှတ်စာအိတ်များသည် ပြည်တွင်းအတွက် အများစုရည်ရွယ် ထားပုံ ပေါက်နေပါသည်။ ပြည်တွင်း၌ ကြိုတင်မဲပေးရန် အရေအတွက်သည် လူ ၃သန်းကျော် ရှိနေသည်လား၊ ၂၀၁၀ ကဲ့သို့ ကြိုတင်မဲပေးမည့် အရေအတွက်များပြားမည်လား။ ၀ိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့ ကောင်းနေပါသည်။
ပြန်ကြားရေးဌာနက ဆက်လက်ရှင်းလင်းရာတွင် ကော်မရှင်၏ အမှာစာအရ ပြည်သူ့လွှတ်တော်အတွက် မဲ လက်မှတ် ပေါင်းသန်း ၄၀ကျော်၊ အမျိုးသားလွှတ်တော်အတွက် ၃၈သန်းကျော်၊ တိုင်းဒေသကြီး (သို့) ပြည်နယ် လွှတ်တော်အတွက် မဲလက်မှတ်ပေါင်း သန်း ၄၀နီးပါးရိုက်နှိပ် ပေးရန်ရှိသည်ဟုဆိုသည်။
နောက်ဆုံးစာရင်းဇယားအရ တစ်နိုင်ငံလုံး ဆန္ဒမဲပေးခွင့်ရှိသူအရေအတွက်မှာ ၃၃ သန်းကျော်ဖြစ်သည်။ မဲလာ ပေးမည့်ဦးရေမှာ ဒီ့ထက်နည်းပါးနိုင်သည်။ သို့သော် ကော်မရှင်မှ ရိုက်နှိပ်ခိုင်းသည်ဟူသော လူဦးရေ သန်း ၄၀ အတွက် မဲလက်မှတ်များသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၃သန်းကျော်ထက်များစွာ ပိုမိုနေပါသည်။ ဆန္ဒမဲ လက်မှတ် ၇သန်းခန့် ပိုမိုရိုက်နှိပ်ထားမည့် သဘောဖြစ်နေသည်။
မဲစာရင်းမှားယွင်းမှုများကြောင့် မဲပေးပိုင်ခွင့် ဆုံးရှုံးဖွယ်ရှိနေသော ပြည်သူများအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူများ၏မဲပြားများ ပယ်မဲမဖြစ်ရေးသည်လည်း အထူးဂရုစိုက်ရမည့်ပြဿနာဖြစ်နေပါသည်။ ထို့ပြင် မသမာ ကြိုတင်မဲများ မပေါ်ပေါက်လာရေးသည်လည်း အထူးစောင့်ကြည့်ရမည့် ပြဿနာအဖြစ် သံသယဖြစ်ဖွယ်ရာ များ ပြည့်နှက်နေပါသည်။ ပွင့်လင်းမြင်သာသော၊ တရားမျှတသော ရွေးကောက်ပွဲကြီး ဖြစ်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့်တကွ ပြည်သူအပေါင်းနှင့်မီဒီယာများ၏ နိုးကြားသောသတိ၊ အသိ တို့ဖြင့် စောင့်ကြည့်ဝေဖန်မှုကသာ စစ်မှန်သော အပြောင်းအလဲတစ်ရပ်ကို ပုံဖော်သွားနိုင် မည်ဖြစ်ကြောင်း စေတနာအကျိုးမျှော် တိုက်တွန်းနိုးဆော်လိုက်ရပါသည်။
မြန်မာသံတော်ဆင့်သတင်းဌာန
http://www.facebook.com/myanmarherald
ကန်ကြီးထောင့်၊ အောက်တိုဘာ ၁၁။ ။ သရုပ်ဆောင်၊ စာရေးဆရာ ကိုဗေလုဝကို စာပေဟောပြောပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မဲဆွယ်သည့် အသုံးအနှုန်းများ ထည့်သွင်းမပြောရန် တားမြစ်ခံရသည်ဟု ဗေလုဝက ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့တွင်၊ အောက်တိုဘာလ ၁၁ ရက်၊ ညက ကျင်းပသည့် စာပေဟောပြောပွဲတွင် ပြောဆိုသွားသည်။
၎င်းကို ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်တွင် မြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်များက တားဆီးခြင်းဖြစ်ပြီး ၎င်းက ကန်ကြီးထောင့် ဟောပြောပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
"စာပေဟောပြောပွဲမှာ မဲဆွယ်တာတွေမပြောဖို့ တားမြစ်တယ်"ဟု သရုပ်ဆောင်စာရေးဆရာ ကိုဗေလုဝက ကန်ကြီးထောင့်မြို့ စာပေဟောပြောပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ယင်းစာပေဟောပြောပွဲကို ကန်ကြီးထောင့်မြို့နယ် လူမှုရေးအသင်းအဖွဲ့များက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ကျောင်းသားသပိတ်ခေါင်းဆောင် နည်းပညာတက္ကသိုလ်မှ ဆရာဦးဝေယံအောင်၊ သရုပ်ဆောင်၊ စာရေးဆရာကိုဗေလုဝ၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ ဟောပြောခဲ့ကြသည်။
Mizzima - News in Burmese
http://mizzimaburmese.com/article/5901#sthash.V9lt4CiQ.YkAzwdhu.dpuf
NLD ပါတီက ရွေးကောက်ပွဲမဲပေးနည်းလေ့ကျင့်ပေးစဉ်။ 
 နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲဟာ ပွင့်ပွင့်လင်းလင်းနဲ့ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရှိမရှိ တနိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံငုံပြီး သိနိုင်အောင် ကြိုးစားဆောင်ရွက်သွားမယ်လို့ ဥရောပသမဂ္ဂစောင့်ကြည့်လေ့လာရေးအဖွဲ့ (EU EOM) ကပြောကြားလိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ဖိတ်ကြားချက်နဲ့ လာရောက်လေ့လာမယ့် EU EOM အနေနဲ့ ဘက်မလိုက်ဘဲ နိုင်ငံတကာ နည်း စနစ်တွေနဲ့အညီ ရွေးကောက်ပွဲကို ဘက်ပေါင်းစုံကနေ လေ့လာသုံးသပ်မှာဖြစ်တယ်လို့လည်း EU EOM ရဲ့အကြီးအကဲတဦးက ပြောပါတယ်။ Reuters သတင်းကိုအခြေခံပြီး မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ EU EOM ရဲ့ ကာလရှည်လေ့လာသူတွေအဖြစ် အဖွဲ့ဝင် (၃၀) ဦးကိုနိုင်ငံအနှံ့ စတင်စေလွှတ်လိုက်တဲ့အကြောင်း ဥရောပသမဂ္ဂစောင့်ကြည့်လေ့လာရေးအဖွဲ့ ဒုတိယခေါင်းဆောင် Mark Stevens က ရန်ကုန်မြို့မှာ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ဒီအဖွဲ့မတိုင်ခင် EU EOM ရဲ့ ပထမဦးဆုံးလေ့လာရေးအဖွဲ့ဟာ စက်တင်ဘာလ (၂၆) ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလေ့လာခဲ့ကြတာပါ။ အခု တခေါက်မှာတော့ တိုင်းနဲ့ပြည်နယ် (၁၄) ခုလုံးမှာ EU EOM အဖွဲ့ဝင်တွေအနေနဲ့ သီတင်းငါးပတ်ကနေ ခြောက်ပတ်အထိ လေ့လာ စောင့်ကြည့်သွားမှာ ဖြစ်ပြီး ရွေးကောက်ပွဲကာလမှာ နိုင်ငံအတွင်း ဒေသအားလုံးအရေးပါတယ်လို့Mark Stevens ကပြောပါတယ်။
“နေရာတိုင်းဟာ အရေးကြီးပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်နေ့မှာ မြန်မာပြည်သူတွေအနေနဲ့ မဲပေးခွင့် အခွင့်အရေးအပြင် လွတ်လပ်စွာ မဲပေးပိုင်ခွင့်နဲ့ လျှို့ဝှက်စွာမဲပေးခွင့်ရဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေဟာ တိုင်းနဲ့ပြည်နယ်ဒေသအားလုံးမှာ မဲဆွယ်စည်းရုံးရေး ဆင်းကြမှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ မဲဆန္ဒနယ်မြေတနေရာထဲအတွက် ထူးထူးကဲကဲစောင့်ကြည့်တာမျိုးမဟုတ်ဘဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံငုံပြီးသိနိုင်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
ကာလရှည်စောင့်ကြည့်လေလာမယ့်အဖွဲ့ဝင်တွေအနေနဲ့ ဘာတွေဆောင်ရွက်မလဲဆိုတာကိုလည်း Mark Stevens က အခုလိုပြောပါတယ်။
“ကာလရှည်လေ့လာသူတွေဟာ ရွေးကောက်ပွဲကော်မရှင်တွေရဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုတွေ၊ မဲရုံဝန်ထမ်းတွေကို လေ့ကျင့်သင်တန်း ပေးမှုတွေ ကို လေ့လာကြည့်ရှုမှာဖြစ်သလို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကို စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ နိုင်ငံရေးပါတီတွေကို တွေ့ဆုံပြီး မဲဆွယ်စည်းရုံးရေးအခြေအနေတွေကို မေးမြန်းကြမှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ လွတ်လပ်စွာ စည်းရုံးပြောဆိုလှုပ်ရှားခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တွေရမရကိုလည်း စောင့်ကြည့်လေ့လာမှာဖြစ်ပါတယ်။”
ရွေးကောက်ပွဲကျင်းပခါနီး ရက်ပိုင်းအလိုမှာ နောက်ထပ် ကာလတိုလေ့လာရေးသမား (၆၂) ဦးနဲ့အတူ ဥရောပပါလီမန်က ကိုယ်စားလှယ်အဖွဲ့ကနေ ဥရောပသမဂ္ဂစောင့်ကြည့်လေ့လာရေးအဖွဲ့မှာ ပူးပေါင်းအားဖြည့်သွားမှာဖြစ်တယ်လို့လည်း မနေ့ကထုတ်ပြန်တဲ့ သတင်းကြေညာချက်မှာ ဖေါ်ပြထား ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာတော့ နော်ဝေ၊ ဆွစ်ဇာလန်နဲ့ ကနေဒါအပါအဝင် နိုင်ငံပေါင်း (၂၈) နိုင်ငံက နောက်ထပ် လေ့လာသူပေါင်း (၁၅ဝ) အထိ နိုင်ငံအနှံ့အပြား စေလွှတ်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက အခုလို နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို အရင်နအဖစစ်အစိုးရက ခွင့်မပြုခဲ့သလို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက အရှေ့တောင်အာရှနိုင်ငံတွေက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကိုပဲ သမ္မတဦးသိန်းစိန်အစိုးရက ဖိတ်ခေါ်ခဲ့ပါတယ်ရှင်။
 အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
 က​လေး​ဝ​မြို့​နယ် ​ကျောင်း​ကြီး ​ကျေး​ရွာ​မှာ ​တောင်​ကျ ​ချောင်း​ရေ ​ကြောင့် ​ရေ​ကြီး ​ရေ​လျှံ​မှု ​တွေ ​ဖြစ်​ပေါ်​ခဲ့​ပါ​တယ်။
တောင်​ကျ ​ချောင်း​ရေ ​စီ​ဆင်း​မှု ​ပြင်း​ထန် ​တဲ့ ​အ​တွက် ​လူ ၁၄ ​ဦး ​မျော​ပါ ​ပျောက်​ဆုံး​ခဲ့​ပြီး ​အောက်​တို​ဘာ ​လ ၁၀ ​ရက်​နေ့​မှာ​တော့ ၆ ​ဦး​ရဲ့ ​အ​လောင်း​တွေ​ကို ​ပြန်​လည် ​တွေ့​ရှိ​တယ်​လို့ ​ဆို​ပါ​တယ်။
ည ၁၁ ​နာ​ရီ​လောက်​မှာ ​ချောင်း​ရေ ​အ​ကြီး​အ​ကျယ် ​ကျ ​လာ​ခဲ့​ရာ​မှာ ​လယ်​တော ​အိမ် (၅) ​လုံး​လောက် ​ရေ​ထဲ ​မျော​ပါ​ခဲ့​ပြီး ​လယ်​တော ​အိမ်​တွေ ​ထဲ​မှာ ​နေ​ထိုင် ​နေ​တဲ့ ​မိ​သား​စု​တွေ ​ရေ​နဲ့ ​အ​တူ ​မျော​ပါ​သွား​တာ ​ဖြစ်​တယ်​လို့ ​ဒေ​သ​ခံ ​ဖြစ်​သူ ​ကို​အောင်​မျိုး​ဇော်​က ​ပြော​ပါ​တယ်။
ပျောက်​ဆုံး ​သူ​တွေ ​ထဲ​မှာ ​အ​မျိုး​သ​မီး​နဲ့ ​လူ​မ​မယ် ​အ​ရွယ် ​က​လေး​ငယ် ​အ​ချို့ ​ပါ​ဝင် ​နေ​ပြီး ​ရာ​သီ​ဥ​တု ​ဆိုး​ရွား ​လွန်း​တဲ့ ​အ​တွက် ​ရှာ​ဖွေ​ရေး ​လုပ်​ငန်း​တွေ​ကို ​ရပ်​ဆိုင်း ​ထား​ကြောင်း ​ဘီ​ဘီ​စီ ​သ​တင်း​ထောက်​က ​ပြော​ပါ​တယ်။
မိုး​သည်း​ထန်​စွာ ​ရွာ​သွန်း​ခဲ့​တဲ့ ​အ​တွက်​ကြောင့် ​တောင်​ကျ ​ချောင်း​ရေ ​တွေ ​ကျ​ဆင်း​မှု​ဟာ ​နှစ်​ထပ်​အိမ် ​အ​မြင့်​လောက် ​လှိုင်း​လုံး​ကြီး​တွေ ​ဖြစ်​ခဲ့​တယ်​လို့ ​မျက်​မြင် ​တွေ့ ​ရှိ​ခဲ့​တဲ့ ​ဒေ​သ ​ခံ​တွေ​က ​ပြော​ပါ​တယ်။
က​လေး​ဝ ​မြို့​နယ် ​ထဲ​မှာ ​ရှိ​တဲ့ ​မ​ဟာ​မြိုင် ​တော​ဟာ ​အ​ရင်​တုန်း​က ​တော ​အ​လွန် ​ထူ​ထပ် ​ခဲ့​ပေ​မဲ့ ​သစ် ​အ​များ ​အ​ပြား ​ထုတ်​လုပ်​ခဲ့​တာ​ကြောင့် ​တော​ပြုန်း​ပြီး ​ရေ​မ​ထိန်း ​နိုင်​ပဲ ​အ​ခု​လို ​ရေ​ကြီး ​ရေ​လျှံ​မှု​တွေ ​ဖြစ်​နေ​တာ ​လို့ ​ဒေ​သ ​ခံ​တွေ​က ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ စွပ်စွဲပြီး ဖမ်းဆီးခံထားရသူ မြန်မာ အလုပ်သမားနှစ်ဦးဖြစ်တဲ့ ကိုဇော်လင်း (ဝဲ) နဲ့ ကိုဝင်းဇော်ထွန်း (ယာ) 
 တစ်နှစ်ကျော် ကြာလာပြီဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန် ကမ္ဘာလှည့်ခရီးသွားနှစ်ဦး အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်လို့ တရားရုံးကနေ တရားခံတွေ ဘက်ကိုရော၊ တရားလိုဘက်ကိုပါ စစ်ဆေးမေးမြန်းချက်တွေ ကတော့ အောက်တိုဘာလ ၁၁ ရက် နေ့မှာ ပြီးဆုံးသွားပါပြီ။ လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ အမှုကို စီရင်ချက်ချမှာ ဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အပြည့် အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ အောက်တိုဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ကော့စမွေတရားရုံးကနေ တရားခံအဖြစ် စွပ်စွဲခံထားရသူ မြန်မာ လူငယ်နှစ်ဦးရဲ့အမှုကို အပြီးသတ် စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးမှုပြီးဆုံးခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့မှာ စီရင်ချက်ချဖို့ တရားရုံးက ဆုံးဖြတ် ခဲ့ကြောင်း တရားခံအဖြစ် စွပ်စွဲခံရသူနှစ်ဦးရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
“၂၄ ရက်၊ ၁၂ လ၊ ၂၀၁၅ မှာ နောက်ဆုံးအမိန့်ချမယ်။ ဝေဖြိုး (ခေါ်) ဝင်းဇော်ထွန်းလေးကို ပြီးအောင်စစ်လိုက်ရတယ်ပေါ့။ နှစ်ချက်ကတော့ သူတို့ ကိုယ်တိုင်၊ ကလေးတွေကိုယ်တိုင်က ပြစ်မှုကျူးလွန်တာ မဟုတ်တဲ့အခါကျတော့ သူတို့ရဲ့ဖြစ်ရပ်မှန်ကို တရားခွင်မှာ စီကာပတ်ကုံးနဲ့ အမှန်အတိုင်း ထွက်ဆိုသွားနိုင်ကြပါတယ်။ ဒါပေမယ့် အစိုးရရှေ့နေဘက်ကတော့ DNA တူတဲ့ကိစ္စလည်း သိပ်မမေးတော့ပါဘူး။ ပြီးတော့ CCTV ပုံရိပ်တွေ အကြောင်းလည်း သိပ်မမေးတော့ပါဘူး။ အခုမေးတာကတော့ ဝန်ခံတဲ့အချက်နဲ့ပတ်သက်ပြီးတော့ ၁၀ ရက်၊ ၁၀ လ၊ ၂၀၁၄ က ဝန်ခံချက်နဲ့ ၆ ရက်၊ ၁၁ လ၊ ၂၀၁၄ က ဝန်ခံချိန်မှာလည်း အကျဉ်းဦးစီးထဲမှာရောက်နေရဲ့သားနဲ့ ဝန်ခံတယ်ဆိုတဲ့အချက်တွေကို သတိထားပြီးတော့ မေးသွားတာဖြစ်ပါတယ်။”
ဒီအမှုနဲ့ပတ်သက်လို့ စွပ်စွဲခံရသူ မြန်မာလူငယ်ဘက်က တရားခံပြသက်သေတွေအဖြစ် ထိုင်းလူ့အခွင့်အရေးအဖွဲ့က တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံ အမျိုးသားမှုခင်း စစ်ဆေးရေးဌာန တာဝန်ရှိသူတွေ၊ မြန်မာသံရုံးက တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထွက်ဆိုချက် အသီးသီးပေးအပြီးမှာ မြန်မာလူငယ်နှစ်ဦးက ဒီလူသတ်မှုကို ကျူးလွန်းခဲ့ခြင်းမရှိဘူးဆိုတာ အထောက်အထားတွေနဲ့ သက်သေပြနိုင်ခဲ့တာကြောင့် အမှုသွားအမှုလာ အခြေအနေကောင်းမွန်တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
“ဥပဒေနားလည်တဲ့ တရားစစ်အဖွဲ့က စွဲဆိုထားတဲ့အချက်က နှစ်ချက်ရှိပါတယ်။ တစ်ချက်ကတော့ ဝန်ခံချက်ပေးတယ်ဆိုတဲ့အချက်၊ နောက် ဒုတိယအချက်ကတော့ DNA တူတယ်ဆိုတဲ့အချက်။ ဒါတွေနဲ့ပေါင်းပြီးတော့ CCTV ကပုံတွေနဲ့ တရားခံတွေကို တရားစွဲခဲ့တာပါ။ အဲဒီတော့ ဒီအချက်တွေနဲ့ပတ်သက်လို့လည်း အမှုတွဲတောက်လျှောက်မှာ တရားခံပြသက်သေစစ်ပြီးတဲ့အခါမှာ DNA ကိစ္စဆိုတာ ရှင်းသွားပါပြီ။ လူသတ် လက်နက်ဖြစ်တဲ့ပေါက်တူးရိုးပေါ်မှာ DNA တွေ့တယ်။ သို့သော် တရားခံတွေရဲ့ DNA မဟုတ်ဘူးဆိုတာကြောင့် DNA နဲ့ပတ်သက်လို့ ရှင်းသွားပါပြီ။ CCTV နဲ့ပတ်သက်လို့ ပြောမယ်ဆိုရင် ကလေးတွေရဲ့ပုံဟာ တရားလိုဘက်က ဝေဖြိုးပုံပါ-လို့ ပြောချင်တယ်။ ဒါပေမယ့် CCTV ရဲ့မိတ္တူကို မြန်မာနိုင်ငံက technician ပညာရှင်တွေနဲ့ စစ်ဆေးကြည့်တဲ့အခါမှာ ဝေဖြိုးမဟုတ်ဘူးဆိုတဲ့ ၂၅ ရက်၊ ၉ လ၊ ၂၀၁၅ ထွက်ဆို ချက်ပါ …ဆိုရင် ဒီအချက်ကလည်း ရှင်းသွားပါပြီ။ ပြီးတော့ ဝန်ခံချက်နဲ့ပတ်သက်လို့လည်း ဒီအချိန်မှာ ရှေ့နေမရှိဘူး။ နောက်တရားခံတွေရဲ့ ဆွေမျိုးသားချင်းမရှိဘူး၊ ဒါကြောင့်မို့လို့ တရားမဝင်ဘူးလို့ ပြောခဲ့တယ်။ ဒါတင်မကသေးဘူး၊ တရားရုံးကိုရောက်တော့ ဒီ (၆) ချက်ကို ပြန်ပြီးတော့ တရားဝင် … ဆိုတာ ရှင်းသွားပါတယ်။”
မြန်မာရွှေ့ပြောင်းအလုပ်သမား (၄) ထောင်ခန့် အလုပ်လုပ်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ခဲ့ပြီး ရက်ပိုင်း အတွင်း တရားခံတွေအဖြစ် လက်ရှိ စွပ်စွဲခံရသူ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို တခြား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့အတူ သံသယရှိသူတွေအဖြစ် ရဲတွေက DNA ရယူ စစ်ဆေးခဲ့တာပါ။ အဲဒီအချိန်တုန်းက DNA တူညီမှုမရှိဘူးဆိုပြီး ပြန်လွှတ်ပေးခဲ့ပြီးမှ သီတင်းနှစ်ပတ်ကြာပြီးတဲ့နောက် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းမှာ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့နှစ်ယောက်ကို လူသတ်မှုနဲ့ပြန်လည်ဖမ်းဆီးပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ တရားခံအဖြစ် စွပ်စွဲခံထားရသူ မြန်မာလူငယ်နှစ်ဦးကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကစလို့ အခုချိန်ထိ ထိုင်းနိုင်ငံ၊ ကော့စမွေအကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခံထားရပြီး ဒီအမှုကို ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။
မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အာ​ဇာ​နည်​ကုန်း ​ဗုံး​ခွဲ​ခံ​ခဲ့ ​ရ​တဲ့ ​နေ့​ရက် ​လို ​မျိုး ​အ​ချက်​အ​လက် ​တွေ ​ကို ​အ​တိ​တ​ကျ ​ထည့်​သွင်း ​ပြော​ခဲ့​တာ ​ကို ​ကြည့်​ရင် ​အ​သေ​အ​ချာ ​ပြင်​ဆင် ​ပြီး ​ပြော​ခဲ့​တာ​ကို ​ဖော်​ပြ ​နေ​တယ်။ 
 အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ က အောက်တိုဘာလ ၁၀ ရက် နေ့မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်း မဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ပြောခဲ့တဲ့ စကားနဲ့ ပတ်သက်ပြီး ဝေဖန်သံ တွေ ထွက်ပေါ် နေပါတယ်။
ကြံခိုင်ရေး ပါတီဝင်ရဲ့ ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်တဲ့ ဦးမြငြိမ်း က ရန်ကုန်မြို့မှာ အနီ မလွှမ်းရဘူး၊ အစိမ်းတွေပဲ လွှမ်းရမယ် လို့ ပြောခဲ့သလို အနီလွှမ်းတယ် ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း အာဇာနည်ကုန်း ဗုံးခွဲ ခံခဲ့ရတဲ့ ဖြစ်ရပ် အပေါ် ရည်ညွှန်း ပြောဆိုခဲ့တဲ့ အတွက် ပြိုင်ဘက် ပါတီ အပေါ် ထိုးနှက်တာ သာမကပဲ ခြိမ်းခြောက် ပြောဆိုရာလည်း ရောက်တယ် ဆိုပြီး ဝေဖန် နေကြတာ ဖြစ်ပါတယ်။
အာဇာနည်ကုန်း ဗုံးခွဲခံခဲ့ ရတဲ့ နေ့ရက် လို မျိုး အချက်အလက် တွေ ကို အတိတကျ ထည့်သွင်း ပြောခဲ့တာ ကို ကြည့်ရင် အသေအချာ ပြင်ဆင် ပြီး ပြောခဲ့တာကို ဖော်ပြ နေတယ် လို့ နိုင်ငံရေး ဝေဖန်သူ သတင်းစာ ဆရာ စည်သူအောင်မြင့် က ပြောပါတယ်။
အနီ ဆိုတာ ကို ပြိုင်ဘက် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို ရည်ညွှန်းပြီး အစိမ်း ဆိုတာ ကို ကြံ့ခိုင်ရေးပါတီ ကို ဆိုလိုတဲ့ အနေနဲ့ ယူဆ နေကြတာ ဖြစ်ပါတယ်။
ကြံ့ခိုင်ရေး ပါတီ ရဲ့ ရန်ကုန်တိုင်း အောင်နိုင်ရေး တာဝန်ခံ ဦးသာဝင်းကတော့ ဦးမြငြိမ်း ရဲ့ ပြောဆိုမှုဟာ ပါတီ ဝင်တွေအပေါ်မှာ စည်းရုံးရေး စကားမျိုး ပြောတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပဖို့ တစ်လတောင် မလိုတော့တဲ့ အချိန် မှာ အခုလို အပြိုင်အဆိုင် ရွေးကောက်ပွဲ မဲဆွယ်မှု တွေ ပြင်းထန် လာပြီး ဆယ်စုနှစ်ပေါင်း များစွာ အတွင်း အကြိတ်အနယ် အရှိဆုံး ဖြစ်မယ့် ရွေးကောက်ပွဲ တစ်ရပ် ဖြစ်လာလိမ့်မယ် ဆိုပြီး လေ့လာသူတွေ က ခန့်မှန်း ထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
တရုတ်လူ့အခွင့်အရေးရှေ့နေရဲ့သား Bao Mengmeng တရုတ်လူ့အခွင့်အရေးရှေ့နေရဲ့သား Bao Mengmeng
တရုတ်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ လူ့အခွင့်အရေး ရှေ့နေတဦးရဲ့ အသက် ၁၆ နှစ်အရွယ် သားဖြစ်သူဟာ အမေရိကန်ပြည်ထောင်စုကို ထွက်ပြေးဖို့ ကြိုးစားရင်း မြန်မာနိုင်ငံမှာ ပျောက်ဆုံးသွားတယ်လို့ တရုတ် လူ့အခွင့်အရေးလှုပ်ရှားသူတဦးက တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။
Bao Mengmeng လို့သိကြတဲ့ Bao Zhuoxuan ကို မြန်မာ-တရုတ် နယ်စပ်မြို့တမြို့က တည်းခိုခန်းတခုကနေ သူ့ကိုကူညီနေသူ အမျိုးသားနှစ်ဦးနဲ့အတူ မြန်မာရဲတပ်ဖွဲ့က ခေါ်သွားတယ်လို့ Zhou Fengsuo က အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ကနေ တယ်လီဖုန်းဆက်ပြောတဲ့အကြောင်း AP သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ မိုင်းလားမြို့ တည်းခိုခန်းကရတဲ့ သတင်းကို သူက ကိုးကားပြောတာပါ။
Bao Zhuoxuan ကို မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကိုသွားရောက်ပြီး အမေရိကန် ပြည်ထောင်စုမှာ ပညာသင်ကြားခွင့်ရဖို့ အကူအညီပေးနေတာ ဖြစ်တယ်လို့ Zhou Fengsuo က ဗွီအိုအေကို ပြောပါတယ်။
တရုတ်ပြည်မှာ အဖမ်းခံထားရတဲ့ လူ့အခွင့်အရေးဆိုင်ရာရှေ့နေ Wang Yu
တရုတ်ပြည်မှာ အဖမ်းခံထားရတဲ့ လူ့အခွင့်အရေးဆိုင်ရာရှေ့နေ Wang Yu
သူ့မိဘတွေ ဇူလိုင်လ ၉ ရက်နေ့က ဖမ်းဆီးခံရပြီးနောက် သားဖြစ်သူ Bao Zhuoxuan ရဲ့ နိုင်ငံကူးလက်မှတ်ကိုလည်း တရုတ်အစိုးရက သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။ Bao ရဲ့မိခင်ဟာ တရုတ်နိုင်ငံမှာ ဇူလိုင်လ ၉ ရက်နေ့က ပျောက်သွားတဲ့ လူ့အခွင့်အရေးရှေ့နေ Wang Yu ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေကို နှိမ်နင်းဖြိုခွဲတာမှာ လူ့အခွင့်အရေးရှေ့နေတွေနဲ့ လှုပ်ရှားသူတွေ ဒါဇင်ပေါင်းများစွာ ဖမ်းဆီးထိန်းခံရတဲ့ထဲမှာ ရှေ့နေ Wang Yu လည်း ပါသွားတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာ တာဝန်ရှိသူတွေ ဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
[ads-post]
VOA
http://burmese.voanews.com/content/son-of-rights-lawyer-miss-wang-yu-missing-in-myanmar-/3001396.html
[youtube src="TpqCO6O5nu0"/]
အောက်တိုဘာ ၁၁ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများ သင်တန်းပို့ချရာ နေရာဖြစ်တဲ့ ဖောင်ကြီးဒေသမှာ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောမှု ပြုလုပ်ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးမှာ လာဘ်ပေးလာဘ်ယူ ရှိရတဲ့ အကြောင်းတစ်ခုက ၀န်ထမ်းတွေကို လုံလောက်အောင် လခ မပေးထားတဲ့ အခါကျတော့ လုံလောက်အောင်လို့ လက်ဖက်ရည်ဖိုးနဲ့ ဖြည့်ရတော့တာပေါ့။ အဲဒီကနေ စလာတဲ့ ပျက်စီးမှုတွေပါ။ ဒါကြောင့် စနစ်တစ်ခုကို မပြင်ဘဲနဲ့ ကျွန်မတို့ ပြည်သူတွေရဲ့ နိစ္စဓူဝ ဘ၀တွေ ကောင်းမွန်လာအောင် ကျွန်မတို့ လုပ်လို့ မရဘူး’’ လို့ ပြောခဲ့ပါတယ်။
Eleven Web TV
“ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာမှ အသက်ပေးကာကွယ်မည့်အစား အများတောင်းဆိုမှုများနှင့် အတူ ဦးတင်အေးနုတ်ထွက်ပေးပြီး အနည်းဆုံး ၉၀ ရာခိုင်နှုန်းအာမခံနိုင်သည့် မဲစာရင်း ထုတ်ပြန်နိုင်အောင် သမ္မတဦးသိန်းစိန် တာဝန်ယူဖို့ . . .”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာနိုင်ငံတွင်သမိုင်းတွင်မည့် ရွေးကောက်ပွဲကျင်းပဖို့ တစ်လပြူပြူသာ လိုတော့သည်။ ရွေးကောက်ပွဲတွင် အပြတ်အသတ် Democratic Landslide အနိုင်ရရှိရေး NLD က အစွမ်းကုန်ကြိုးပမ်းလျက်ရှိသည်။ ကျေး လက်နှင့် မြို့ပြအနှံ့ အနီရောင်လွှမ်းနေတော့သည်။ မကြာခင် Paint the town Red ကျင်းပဖို့ ထောက် ခံ သူတွေ မျှော်လင့်နေကြသည်။
ရွေးကောက်ပွဲကြီး စတင်ခင်းကျင်း ကြတော့မည်ဆိုကတည်း က ပြည်သူအများ၏ ရင်ထဲတွင် စိုးရိမ်စရာတွေ တဖွားဖွားပေါ်ပေါက် ခဲ့သည်။ ပေါ်ပေါက်နေဆဲဖြစ်သည်။ (၁) လူထုခေါင်းဆောင် ဘေးမသီ ရန်မခရေး၊ (၂) NLD အပါအ၀င် ဒီမိုကရက်တစ်အုပ်စုများ အနိုင်ရရှိရေး၊ (၃) အနိုင်ရရှိသည့် ရွေးကောက်ပွဲ ရလဒ်အတိုင်း အာဏာ လွှဲပြောင်းပေးရေးတို့ဖြစ်သည်။ ဤသို့သော အခြေအနေမျိုး တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လွတ်လပ်မျှတသည့် ရွေးကောက်ပွဲရလဒ်ကို အသက်နှင့်ရင်းပြီး ကာကွယ်သွားမည်ဟု အာမခံပေးလျက် ရှိသည်။…
ရင်ထဲတွင် တငွေ့ငွေ့လောင်မြိုက်နေသည့် စိုးရိမ်စိတ်များသည် ရွေးကောက်ပွဲ နီးလာသည်နှင့် မီးညွန့်များ တ လူလူ တက်နေတော့ သည်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် အာဖရိကနိုင်ငံက ဇင်ဘာဘွေ ရွေးကောက်ပွဲ တူညီ သည့် အချက်များရှိသည်။ ကမ္ဘာပေါ်မှာ ရွေးကောက်ပွဲမသမာမှု အရှိဆုံး နိုင်ငံသည် ဇင်ဘာဘွေဖြစ်သည်။
ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီး ပြည်သူတွေက မလိုလားတော့လျှင် နိုင်ငံရေးက စွန့်ခွာသင့်ပြီဟု ပြောခဲ့သည့် ရော ဘတ်မူဂါဘီသည် ဘုရားသခင်သာလျှင် သူ့ကိုဖယ်ရှားနိုင်သည်ဆိုပြီး သိသာထင်ရှားသည့် ရွေးကောက် ပွဲ မသမာမှုများနှင့်အတူ သတ္တမအာဏာသက်တမ်း (Seventh Term) ကို ချုပ်ကိုင်အုပ်ချုပ်လျက်ရှိသည်။
ရောဘတ်မူဂါဘီသည် ၁၉၈၀ ပြည့်နှစ် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး စတင်ရရှိချိန်မှ ဇင်ဘာဘွေနိုင်ငံ ၀န်ကြီး ချုပ်ဖြစ်လာပြီး ၁၉၈၇ ခုနှစ်တွင် သမ္မတတာဝန်ကို စတင်ထမ်းဆောင်လာသည်မှာ ယနေ့ထိအောင် ၃၈ နှစ် ကျော်ပြီဖြစ်သည်။ ၂၀၁၈ခုနှစ်တွင် သတ္တမအကြိမ် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ရောဘတ်မူဂါဘီ၏ အသက်သည် ၉၁နှစ်ကျော်ပြီဖြစ်ကာ ယနေ့အသက် ၅၀အရွယ် ဒုတိယဇနီးဂရေ့စ်သည် သူ၏နေရာကို ဆက်ခံ မည့် အလားအလာအရှိဆုံးသူအဖြစ် စာရင်းပေါက်လျက်ရှိသည်။
ရောဘတ်မူဂါဘီနှင့် ဇင်ဘာဘွေရွေးကောက်ပွဲ Profile ကို လေ့လာမည်ဆိုလျှင် မြန်မာနိုင်ငံ ရွေးကောက်ပွဲ အခင်းအကျင်းနှင့် တူညီနေသည့် အချက်များရှိသည်။ ယင်းအချက်များက လွတ်လပ်ပြီး တရားမျှတရပါ မည်ဆိုသည့် အုပ်ချုပ်သူ အာဏာရှင်များ၏ ကတိစကားများကို မျက်စပစ်ပြီး ခေါင်းခါလျက်ရှိသည်။
ဇင်ဘာဘွေ ရွေးကောက်ပွဲကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် ကျင်းပ သည်။ ဇင်ဘာဘွေ တစ်နိုင်ငံလုံး အုတ်အော်သောင်းတင်း ထောက်ခံမှု ရရှိခဲ့သည့် ၀န်ကြီးချုပ် မော်ဂန်ရှန်ဂရိုင်း (Morgan Tsvangirai) သည် ရွေးကောက်ပွဲတွင် မဲလိမ်ခံလိုက်ရသည်။ ရောဘတ်မူဂါဘီက ၆၁ ရာခိုင်နှုန်း မဲရရှိပြီး မော်ဂန် ရှန်ဂရိုင်း က ၃၄ ရာခိုင်နှုန်းသာမဲ ရရှိသည်။ မော်ဂန်ရှန်ဂရိုင်းအား ထောက်ခံသည့် အဓိကကျ သည့် ကျေးလက်ဒေသရှိ လူဦးရေ တစ်သန်းမဲပေးပိုင်ခွင့် မရရှိခဲ့။ ရောဘတ်မူဂါဘီအား ထောက်ခံသည့် သူ့ရဲဘော်ရဲဘက်များ နှင့်ဖွဲ့စည်းထားပြီး ၀န်ထမ်းအင်အား ၇၀၀၀ ကျော်ပါဝင်သည့် ရွေးကောက်ပွဲကော်မရှင် (ZESN) ကတော့ ဇင်ဘာဘွေရွေးကောက် ပွဲသည် လွတ်လပ်ပြီး တရားမျှတသည်ဟုဆိုသည်။ သို့ရာတွင် ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဟု စွဲချက် များဖြင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၉ဦးနုတ်ထွက်သွားသည်။ လူထုထောက်ခံမှုများ ရရှိခဲ့သော်လည်း ရှုံး နိမ့်သွားသည့် မော်ဂန်ရှန်ဂရိုင်းက ရွေးကောက်ပွဲတွင် လိမ်လည်မှုများရှိသည်။ ဥပဒေကြောင်းအရ အရေး ယူ မည်၊ ကမ္ဘာသိအောင် စွဲချက်တင်မည်ဟုဆိုသော်လည်း မော်ဂန်ရှန်ဂရိုင်းမှာ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ရက် နေ့က နိုင်ငံတကာ လူမှုရေးအကူအညီများ အလွဲသုံးစားမှုစွဲချက်ဖြင့် ထောင်သွင်းအကျဉ်းချခံ လိုက်ရသည်။
မဲပြားမှာ တံဆိပ်တုံးထုပြီး မဲပေးကြသည့်စနစ် ကမ္ဘာပေါ်တွင် ရောဘတ်မူဂါဘီ၏ ဇင်ဘာဘွေနှင့် မြန်မာနိုင်ငံပဲ ရှိသည်။ ဇင်ဘာဘွေနိုင်ငံမှာ မဲပေးနိုင်ခွင့်က ၃၈သန်းရှိသော်လည်း မဲလာပေးသူ ၂၁သန်း သာရှိကြောင်း ရော ဘတ်မူဂါဘီက မဲစာရင်းကို လိမ်ခဲ့သည်။ ၄ နှစ်ကျော်ကြာ ပြည်သူ့ဘဏ္ဍာငွေဖြင့် တာဝန်ထမ်းဆောင် ခဲ့သော မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်သည် မဲစာရင်းကို ၃၀ရာခိုင်နှုန်းသာ မှန်ကန်နိုင်ကြောင်း အာမခံထား သည်။ နှစ်ကြိမ်တိုင် မဲစာရင်းထုတ်ပြန်ရာတွင် မှားယွင်းမှုများပြားလျက် ရှိသေးသည်။ ပင်လယ်ရပ်ခြား၊ နိုင်ငံခြား ရောက်နေသူ ရွှေ့ပြောင်းလုပ်သားများ အပါအ၀င် ပြည်သူသန်းဂဏန်းတွင် မဲပေးမည့်သူစာရင်းသည် သောင်း ဂဏန်းကျော်သာ ရှိနေသည်မှာလည်း စိတ်မချရသည့်ကိန်းဂဏန်းဖြစ်သည်။ အိမ်ထောင်စုစာရင်းပါအရပ်တွင် မနေထိုင်ဘဲ ဧည့်စာရင်းဖြင့် နေထိုင်သူဦးရေသန်းနှင့်ချီရှိသည်။ ဧည့်စာရင်းဖြင့် နေထိုင်သူများ မဲပေးနိုင်ရေး လျှောက်ထားသည့် မဲစာရင်းအား ထုတ်ပြန်တော့မည် မဟုတ်ဘဲ ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အလိုတွင် ထုတ်ပြန်မည့် မဲပေးခွင့်ရှိသူများ စာရင်း၌သာ ထုတ်ပြန်တော့မည်ဟုဆိုသည်။
ဒီနေရာမှာ ၂၀၁၃ ခုနှစ်၊ ဇင်ဘာဘွေ နိုင်ငံရွေးကောက်ပွဲအတွက် ရောဘတ်မူ ဂါဘီ၏လုပ်ရပ်တချို့နှင့် တူနေ သည်။ မော်ဂန်ရှန်ဂရိုင်းကိုထောက်ခံ သည့် ကျေးလက်ဒေသများမှာ လူဦးရေတစ်သန်း မဲပေးနိုင် ခွင့်မရှိအောင် ပြုလုပ်ထားသကဲ့သို့ ရောဘတ်မူဂါဘီကို ထောက်ခံသည့် နယ်မြေများတွင် မဲဆန္ဒရှင်မှတ်ပုံတင်ခြင်းကို ကြို တင်လုပ်ထားပြီး နှစ်လ အကြာမှ ရွေးကောက်ပွဲလုပ်မည်ဖြစ်ကြောင်း ကြေညာလိုက်ခြင်းအားဖြင့် တစ်နိုင်ငံ လုံးမှာရှိသည့် မဲဆန္ဒရှင်များအားလုံး မှတ်ပုံတင်ဖို့အခက် အခဲတွေ့သွားသည်။
ZESN အဖွဲ့အစည်း၏ အစီရင်ခံစာ အရရောဘတ်မူဂါဘီ၏အာဏာရ ZANU- PF ပါတီက သူ့မဲဆန္ဒနယ်မြေ ကျေးလက်ဒေသများမှာ မဲပေးပိုင်ခွင့်ရှိသူ ၉၉ ဒသမ ၉၇ ရာခိုင်နှုန်း မှတ်ပုံတင်ထားပြီး မော်ဂန်ရှန် ဂရိုင်၏ အတိုက်အခံပါတီ (MDC- Movement for Democratic Change) က မြို့ပြဒေသမှာရှိသည့် MDC ကိုထောက် ခံသည့် မဲဆန္ဒနယ်မြေများတွင် ၆၇ ဒသမ ၉၄ ရာခိုင်နှုန်းသာ မှတ်ပုံတင်နိုင်သည်။
ဇင်ဘာဘွေ (ဒေသတွင်းမှာတော့ ကမ္ဘောဒီးယား) နိုင်ငံများမှာ မဲပေးပြီးဖြစ်ကြောင်း ဆန္ဒမဲပေးသူ၏ လက်သန်း တွင် သုတ်လိမ်းပေးသည့် မင်အမျိုးအစားမျိုး မြန်မာပြည်တွင်လည်း သုံးမည်ဖြစ်သည်။ သာမန်အားဖြင့် ဖျက် မရသည့် မင်အမျိုးအစားဖြစ်သည်။ သို့ရာတွင် အစွန်းချွတ်ဆေး(သို့မဟုတ်) သံပရာရည်သုတ်ပြီးအ ခြောက်ခံ လျှင် မင်ကျွတ်သွားပြီး တစ်ကြိမ် ထက်မက မဲပေးနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။
ဇင်ဘာဘွေနိုင်ငံ ရွေးကောက်ပွဲကာလအတွင်း မဲပေးရာ၌ ကျေးလက်ဒေသများတွင် ပယ်မဲ ၈၂ ရာခိုင်နှုန်းရှိပြီး မြို့ပြတွင် ၃၈ ရာခိုင်နှုန်းသာရှိသည်။ ရွေးကောက်ပွဲတွင် မဲလက်မှတ် (Ballot Papers) က ၈ ဒသမ ၇ သန်း ရိုက်နှိပ်ရာ အမှန်တကယ် မဲပေးခွင့်ရှိသူဦးရေ ၆ ဒသမ ၄ သန်းထက် ၃၅ ရာခိုင်နှုန်းပိုပြီး ရိုက်ထားသည်။ နိုင်ငံ တကာစံနှုန်းများသည် ၅ ရာခိုင်နှုန်းနှင့် ၁၀ရာခိုင်နှုန်း အကြားတွင်သာရှိသည်။ မဲလက်မှတ်များ ပိုရိုက်သည်၊ ယာယီမဲရုံများ ရုတ်ခြည်းအသစ်ဆောက်သည်။
မြန်မာရွေးကောက်ပွဲ အခင်းအကျင်းနှင့် ဇင်ဘာဘွေ ရွေးကောက်ပွဲသည် ထပ်တူနီးပါး ကျနေသည့် အချက် များကို တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် ဦးသိန်းစိန်ကြံ့ဖွံ့အဖွဲ့က ဦးထုပ်အစိမ်းဆောင်းသည်။ ဒီချုပ်က အနီရောင်။ မူဂါဘီအာဏာရှင်က ဦးထုပ်အစိမ်း၊ အတိုက်အခံ မော်ဂန်ရှန် ဂရိုင်းက အနီရောင်။
ဇင်ဘာဘွေက ZESN ဟုခေါ်သည့် ရွေးကောက်ပွဲကော်မရှင်တွင် ဥက္ကဋ္ဌကနေ သာမန်အဖွဲ့ဝင်တွေအထိ မူဂါ ဘီ့လူတွေချည်း၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကနေ အောက်ခြေအဖွဲ့ဝင်တွေ အထိလည်း မိုးကျ ရွှေကိုယ်တွေချည်း။ မြန်မာပြည်က NLD ၏ ကြွေးကြော်သံက Real Change ဆိုသည့်ဆောင်ပုဒ်။ ဇင်ဘာဘွေ အတိုက်အခံမော်ဂန်ရှန်ဂရိုင်း Democratic Change ။
ဇင်ဘာဘွေကျေးလက်ဒေသများမှာ ပယ်မဲ ၈၂ရာခိုင်နှုန်းထိ များပြားရသည့် အကြောင်းရင်းတွင် တံဆိပ်တုံးနှိပ် ရာတွင် ““လွဲချော်ရွေ့စောင်း””မှုများကြောင့် ရာခိုင်နှုန်းများရခြင်းဟုဆိုသည်။ ကျေးလက်ဒေသများသည် တံ ဆိပ်တုံးနှင့် သော်လည်းကောင်း၊ တံဆိပ်တုံးနှိပ်သည့် အလုပ်နှင့်သော်လည်းကောင်း မရင်းနှီးကြ။ မြန်မာရွေး ကောက်ပွဲကော်မရှင်ကလည်း တံဆိပ်တုံးနှင့်လုပ်စားပြီး ထွက်ပေါ်လာသည့်ရလဒ်ပေါ်တွင် အသက်နှင့်လောင်း ကြေးထပ်ထားပြန်သည်။ မြန်မာမဲဆန္ဒရှင်ပြည်သူများသည်လည်း တံဆိပ်တုံးနှင့် လက်ပွန်းတတီးမရှိကြ။
ဇင်ဘာဘွေရွေးကောက်ပွဲတွင် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူ (Watchdog) ၇၀၀ နီးပါးရှိသည်။ Observer အချို့ကသာ မဲလိမ်မှုရှိကြကြောင်း အသံထွက်ပြောဆို ကြပေမယ့် အများစုက ရောဘတ်မူဂါဘီ အနိုင်ရသည်ဟု အတည်ပြုကြသည်။ ဤ Watchdog များ၊ Observer များက လွတ်လပ်စွာ မဲပေးခွင့်ကိုပဲ ကြည့်ကြသည်။ မဲရုံမသွားခင် ခြိမ်းခြောက်မှု၊ မင်ချွတ်ပြီး အကြိမ်ကြိမ်မဲပေးမှု၊ ယာယီမဲရုံ အသစ်ဆောက်ပြီး အပိုမဲများကို မဲပေးနေကြပုံများကို မသိလိုက်ကြ။ နိုင်ငံတကာစောင့်ကြည့် ပုဂိ္ဂုလ်များရှိနေလျက်နှင့် တံဆိပ် တုံးစနစ်ဖြင့် မူဂါဘီရိုက်စားသွားခြင်းဖြစ်သည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရားဟောစဉ် လူများတောင်ပြိုကမ်းပြို နေပူထဲလာပြီး နားထောင် ကြသလို ဇင်ဘာဘွေ အတိုက်အခံခေါင်းဆောင် မော်ဂန်ရှန်ဂရိုင်း မဲဆွယ်စည်းရုံးရာသို့လည်း လူများထောင်နှင့် ချီပြီး တက်ရောက်ကြသည်။ သို့ရာတွင် မော်ဂန်ရှန်ဂရိုင်း ရွေးကောက်ပွဲမှာမဲလိမ်ခံလိုက်ရသည်။ ရှုံးသွား သည်။ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်သူများတိုင်းကို အားကိုးလို့မရမှန်း သူသိသွားသည်။ ပတ်ဝန်းကျင် အိမ်နီး ချင်း နိုင်ငံများကလည်း ဘာသာလ၀ါဆိုတာ သူသဘောပေါက်သွားသည်။ ခုတော့ခမျာ ထောင်ထဲရောက်နေ ရရှာသည်။
မြန်မာ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးဟောပြောပွဲများမှာ နေပူထဲတွင် ထီး ကလေး ဆောင်းပြီး ထောင်သောင်းချီသည့် ပြည်သူများကို သူပေးဆပ်မည့် အကြောင်းေ တွ ဟောပြောေ နသည်။ မြက်ခင်းပေါ်တွင် ဒေသခံများနှင့် တစ်သားတည်းနေလေ့ရှိသည်။ ပြည်သူ သန်း ၅၀ကျော်၏ အိပ်မက်များကို သူ အကောင်အထည်ဖော်ပေးနိုင်သည်။
သို့ရာတွင် ဇင်ဘာဘွေက မော်ဂန်ရှန်ဂရိုင်းလို ဒေါ်အောင်ဆန်းစုကြည်မဖြစ် ဖို့လိုသည်။ ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာမှ အသက်ပေးကာကွယ်မည့် အစားအများ တောင်းဆိုမှုများနှင့်အတူ ဦးတင် အေး နုတ်ထွက်ပေးပြီး အနည်းဆုံး ၉၀ရာခိုင်နှုန်း အာမခံနိုင်သည့် မဲစာရင်းထုတ်ပြန်နိုင်အောင် သမ္မတ ဦးသိန်းစိန် တာဝန်ယူဖို့လိုပြီ ဖြစ်ကြောင်းပါခင်ဗျား။
Ref:(1) Zimbabwe election: Aguide to rigging elections
(2) Zimbabwe President Mugabe re-elected amid fraud clams.
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald