10/14/15
စွဲချက်တင်ခံရသည့် မချောစန္ဒီထွန်း
 တပ်မတော်က အသစ် ပြောင်းလဲလိုက်တဲ့ အစိမ်းနုရောင် ၀တ်စုံသစ် ကို ဒေါ်အောင်ဆန်းစုကြည် ရဲ့ အ၀တ်အစား အရောင်နဲ့ နှိုင်းယှဉ်ပြီး လူမှုကွန်ယက် Facebook စာမျက်နှာမှာ တင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧရာဝတီတိုင်း မအူပင်မြို့က မချောစန္ဒီထွန်း ခေါ် ချစ်သမီးကို မအူပင်မြို့နယ် တရားရုံးက ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။
မချောစန္ဒီထွန်းကို အာမခံ မပေးဘဲ မအူပင် ရဲစခန်းမှာ ထိန်းသိမ်းထားတယ် လို့လည်း မိသားစု အသိုင်းအ၀ိုင်းက ပြောပါတယ်။ ပုသိမ် အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်က အရာရှိ ဗိုလ်မှူးကြီး ကျော်ထင်က မအူပင်မြို့မ ရဲစခန်းတွင် တရားလို ပြုလုပ်၍ အောက်တိုဘာ ၁၂ ရက်နေ့က အမှုဖွင့်ခဲ့တာ ဖြစ်တယ် လို့လည်း သိရပါတယ်။
အသက် ၂၅နှစ်အရွယ် မချောစန္ဒီထွန်းဟာ သူရဲ့ ကိုယ်ပိုင်ဖေ့ဘုတ် အကောင့် အပေါ်မှာ တပ်မတော်ရဲ့ အစိမ်းနုရောင် စစ်ဝတ်စုံသစ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အ၀တ်အစား အရောင်နဲ့ နှိုင်းယှဉ်တဲ့ ဓါတ်ပုံတင်ပြီး ဝေဖန်သရော်ခဲ့တာလို့ စွတ်စွဲခံထားရပါတယ်။
အဖွဲ့အစည်း တခုခု ဒါမှမဟုတ် ပုဂ္ဂိုလ်တဦးဦးကို ထိခိုက်နစ်နာစေရန် ဂုဏ်သိက္ခာ ကျဆင်းစေရန် သတင်း အချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုလုပ် ထားသည့် အချက်အလက်ကို ဖြန့်ချီခြင်းဆိုတဲ့ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၄ (ဃ)နဲ့ အမှုဖွင့်ဖို့ နတခ ဒု ဗိုလ်မှုးကြီးကျော်ထင်က မအူပင်ရဲစခန်းမှာ တိုင်ကြားခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် အောက်တိုဘာ ၁၂ ရက်နေ့ကတော့ ရန်ကုန်မှာကို သူ့ကို ဖမ်းဆီးပြီး၊ မအူပင် ရဲစခန်းကို လွှဲပြောင်း ဖမ်းဆီးထားတာဖြစ်ပါတယ်။ ဒီကနေ့ မအူပင်မြိ့နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ်တော့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ အမှုပြောင်းတင်ခဲ့ တယ်လို့လည်း မိသားစုဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။
ဆက်သွယ်ရေး ကွန်ရက်တခုကို သုံးပြီး အသရေဖျက်မှု ဆိုတဲ့ ပုဒ်မ ၆၆ (ဃ) ပုဒ်မဟာ ပိုမိုပြင်းထန်တဲ့ စွဲချက်ဖြစ်ပြီး၊ ထောင်ဒဏ် ၃နှစ်အထိ ချနိုင်တဲ့ ပုဒ်မဖြစ်တယ် လို့ လူ့အခွင့်အရေး ရှေ့နေ ဦးကိုနီက ဗွီအိုအေကို ပြောပါတယ်။
စွတ်စွဲခံရသူ မချောစန္ဒီဟာ မအူပင် နည်းပညာတက္ကသိုလ်က ဘွဲ့ရရှိခဲ့သူဖြစ်ပြီး၊ မအူပင်ခရိုင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်းဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖ၀ါရီလက အမျိုးသား ပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ဧရာဝတီ ကျောင်းသားသပိတ် စစ်ကြောင်းမှာ ပါဝင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အမေရိကန်သမ္မတကိုယ်တိုင်တောင်
တက္ကသိုလ်ရိပ်သာအိမ်ထိလာတွေ့ရ
တဲ့အမျိုးသမီး။
နေပြည်တော်
ရန်ကုန်--စုန်ဆန်ကူး
ပြီးအမေရိကန်သမ္မတလောင်းဟီလာ
ရီကလင်တန်ကိုယ်တိုင်အပြေးလာတွေ့
တဲ့အမျိုးသမီး။
အမေရိကန် သမ္မတအိမ်ဖြူတော်
ဘဲဥပုံဧည့်ခန်းမထဲ ထိုင်ပြီးအမေရိကန်
သမ္မတကိုယ်တိုင်က တရိုတသေဦးညွှတ်
ပေးခဲ့တဲ့ မြန်မာအမျိုးသမီး။
ဗြိတိသျှ အိမ်ရှေ့မင်းသားနဲ့
ကြင်ရာတော်ကမ်မီလာတို့က
ဘမ်ကင်ဟမ်နန်းတော်ထဲထိ
ဖိတ်ခေါ်ပြီးဘက်ကင်ဟမ်ထဲမှာ
နိုင်ငံခေါင်းဆောင်တောင်မဟုတ်ဘဲ
အထိမ်းအမှတ်သစ်ပင်စိုက်ခွင့်ရတဲ့
တစ်ဦးတည်းသော အာရှအမျိုးသမီး။
အင်္ဂလန် ဝန်ကြီးချုပ်ကိုယ်တိုင်က
ထီးလိုက်ဆောင်းပေးခဲ့ရတဲ့တစ်ဦး
တည်းသောမြန်မာအမျိုးသမီး။
တစ်ချိန်ကနေမဝင်အင်ပါယာ
ဆိုတဲ့ ဗြိတိသျှတော်ဝင်စစ်တပ်
ကိုတောင် မိန့်ခွန်းပြောခဲ့တဲ့
မြန်မာအမျိုးသမီး။
ပြင်သစ်သမ္မတကိုယ်တိုင်အိမ်တော်
အပေါက်ဝအထိ ဆင်းကြိုခဲ့ရတဲ့
မြန်မာအမျိုးသမီး။
တရုတ်နဂါးကြီးကဖိတ်တာတောင်
တူတူတန်တန်မဖိတ်ရင်မလာနိုင်
ဘူးဆိုလို့ ဘေဂျင်းပြည့်သူ့ခန်းမ
ဆောင်ထဲကို ကောဇောနီခင်းပြီး
ကြိုဆိုပေးခဲ့တဲ့ တရုတ်သမ္မတ
ရှီကျင့်ပင်နဲ့ခေါင်းမော့ရင်ကော့ပြီး
စကားပြောခဲ့တဲ့အမျိုးသမီး။
စင်ကာပူ ဝန်ကြီးချုပ်ကိုယ်တိုင်
လေယာဉ်လွှတ်ပြီးဖိတ်ခေါ်ခြင်း
ပြုခဲ့တဲ့ မြန်မာအမျိုးသမီး။
ထိုင်းနိုင်ငံမှာကျင်းပတဲ့ကမ္ဘာ့စီးပွားရေး
ဖိုရမ်(2012)--မှာအထူးဧည့်သည်တော်
အဖြစ်မိန်းခွန်းပြောဖို့--တက်ရောက်လာ
တော့ထိုင်းအထူးတပ်ဖွဲ့ကပင်လုံခြုံရေး
ယူပေးတာခံခဲ့ရတဲ့အမျိုးသမီး။
အင်္ဂလန်ပါလီမန်ဝက်မင်စတာရဲ့
နှစ်ပေါင်း(၉၀၀)အတွင်းမှာမိန့်ခွန်း
ပြောခွင့်ရသူလေးဦးထဲဝယ်တစ်ဦး
အပါအ၀င်ဖြစ်ခဲ့တဲ့မြန်မာအမျိုးသမီး။
မွန်ဂိုလီးယားနိုင်ငံမှာသတင်းထောက်
များရဲ့အင်မတန်ထိလွယ်ရှလွယ်တဲ့
တရုတ်နဲ့ပတ်သက်တဲ့ အထောင်မေး
ခွန်းမျိုးကိုပါးနပ်ထက်မြက်စွာဖြေနိုင်
လို့ပညာရှင်များသတင်းထောက်များ
နှင့်မွန်ဂိုလီးယားသမ္မတကြီးကိုယ်တိုင်
လေးစားဦးညွှတ်ခဲ့ရသောမြန်မာအ
မျိုးသမီး။
အိန္ဒိယရဲ့ ထိပ်တန်းတက္ကသိုလ်
တစ်ခု့ဖြစ်တဲ့လေဒီရှရီယမ်ကျောင်း
အုပ်ကြီးကိုယ်တိုင် ရွေကရားကိုင်
ပြီးလက်ကိုရေဆေးပေးခံခဲ့ရတဲ့
အမျိုးသမီး။
ဂျပန်ကျိုတိုတက္ကသိုလ်-မိန့်ခွန်းပြောဖို့အလာ
ကျောင်းသား--ကျောင်းသူတွေ
ဘယ်လိုကြိုဆိုခဲ့သလဲ။-----
ကိုးရီးယား
ဂွန်ကျုးဒေကဘယ်လိုကြိုဆိုခဲ့သလဲ။
သြစတြေးလျား သိတော်မူကြတဲ့အ
တိုင်းပါပဲ။
အဲလောက်ဆိုသဘောပေါက်။
သူလိုလူ ဇမ္ဗူမှာ မရှိဘူး။
သူလိုလူကို မရွေးလို့..
ဘယ်လိုလူကို ရွေးမှာလဲ ။
လူလိုလူကို သမ္မတ မဖြစ်စေချင်လို့..
ဘယ်လိုလူကို သမ္မတ
ဖြစ်စေချင်လို့လဲ။
ဒါကြောင့် နိုင်ငံနဲ့ လူမျိုး တိုးတက်စေဖို့..
နိုင်ငံနဲ့လူမျိုး
ကမ္ဘာ့အလယ်မှာ ခေါင်းမော့လာနိုင်ဖို့..
ခွင့်သာခိုက်မှာ အရွေးမမှားကြပါနဲ့လို့ ရေးသားရင်း ..
မှတ်ချက်/
ဒကာတော် Aung Kyaw Sint ၏ပိုစ့်အား
ဖြည့်စွပ်၍ပြန်လည်တင်ပြပါ၏။
အရှင်နန္ဒမာလာ
Copy from ..ဆရာတော် Nanda Mala
စစ်မှန်သော ဒီမိုကရေစီကို ယုံကြည်လျှင် မှန်ကန်သော နိုင်ငံရေးလမ်းစဉ်ကို တိုင်းပြည်သို့ ချပြနိုင်ရမည် ။ နိုင်ငံရေးသမား ပီသလျှင် ရွေးကောက်ပွဲကို တည့်တည့်မတ်မတ် ရင်ဆိုင်ရမည် ။ ပြည်သူကို မိမိ ယုံကြည်သည့်အတိုင်း တင်ပြရဲရမည် ။ နိုင်ငံရေးလမ်းစဉ် မရှိဘဲ တိုင်းပြည်ကို ဦးဆောင်ဖို့ မဖြစ်နိုင်တာကို အာဏာလက်မဲ့ ရက်နီးလာနေသော အာဏာပိုင်များ အမှန်အတိုင်း မမြင်နိုင်သေးတာကို မြင်တွေ့ရသည် ။ သို့သော်လည်း နဂိုကတည်းက နိုင်ငံရေး ယုံကြည်ချက်ကြောင့် အာဏာရလာခြင်း မဟုတ်ဘဲ အမိန့်ကြောင့် ရွေးကောက်ပွဲဝင်ကာ နေရာချထားသည့် တာဝန်ကို ဝင်ယူသူများ ဖြစ်သောကြောင့် သူတို့ကို အပြစ်တင် ပြောဆိုရန်အတွက် ခက်နေသည် ။
ညစ်ပတ်သော နည်းလမ်းများဖြင့် ပြိုင်ဘက်ကို အနိုင်ယူရန် ကြိုးစား အားထုတ်လာသည်များ ကို မြင်တွေ့ရသောအခါ နောင်လာ နောင်သား များအတွက် မှားယွင်းသော နမူနာ မဖြစ်အောင်တော့ တားဆီး သင့်သည်မှာ အမှန်ပင်ဖြစ်သည် ။ ရွေးကောက်ပွဲ ဟူသည်မှာ နိုင်ငံရေး အားပြိုင်ပွဲပင်ဖြစ် သည် ။ စစ်မြေပြင်လို ရဲစိတ်ရဲမာန် တက်အောင် ဟောပြောရုံမျှဖြင့် ဘယ်သူ မှ ယုံယုံကြည်ကြည် ပုံအော၍ မဲထည့်မည် မဟုတ်တာ သေချာပါသည် ။ ဒီမိုကရေစီ၏ အနှစ်သာရကို နကန်းတစ်လုံးမျှနားမလည်သောသူများ အတွက် ပြိုင်ဘက်ကို အလဲထိုးနိုင်လျှင် အနိုင်ရမည်ဟု သာမန်အားက စားပြိုင်ပွဲလို ထင်မြင်ယူဆ နေကြတာကို ရက်ပိုင်းသာ လိုတော့သော ရွေးကာက်ပွဲ တဖြည်းဖြည်း နီးလာချိန်အထိ တွေ့မြင်နေရ သည် ။
စစ်ဗိုလ်ဟောင်းများ အစုလိုက်အပြုံလိုက် ပါဝင်သော အာဏာရပါတီကြီးနှင့် ၂၇ နှစ်ကျော်ကြာအောင် အဖိနှိပ်ခံ ခွဲခြားဆက်ဆံ ခံနေရသော ပြည်သူ့ ပါတီကြီး၏ အားပြိုင်ပွဲ ဖြစ်သည် ။ နိုင်ငံရေးတွင် ၂၅ ရာခိုင်နှုန်း ဝင်ရောက် စွက်ဖက်ခွင့်ရှိသော တပ်မတော်နှင့် ကြားနေ ဒိုင်လူကြီးဖြစ်ရ မည့် ရွေးကောက်ပွဲ ကော်မရှင်ကို ပြည်သူတွေက မယုံမရဲ ဖြစ်နေကြ တာကို မြင်ရသည် ။ မည်သူတွေ မည်မျှပင် ဘက်လိုက်ပါစေ ပြည်သူ ၏ နောက်ဆုံးပိတ် ရွေးချယ်မှုကို လေးစားလိုက်နာရမည်မှာ မလွဲမသွေပင် ဖြစ်သည် ။ သို့သော် မဲဆွယ်ခွင့်ပြုသော အချိန်မှစ၍ ပါတီကြီးတစ်ခုကို ဦးတည်ကာ အဆက်မပြတ် တိုက်ခိုက်လာ သည်ကို တွေ့ရသည် ။ ရွေးကောက်ပွဲရက် နီးလာလေလေ ညစ်ညစ်ပတ်ပတ် လုပ်ကြံဖန်တီးတာတွေ များလာလေလေ ဖြစ်သည် ။
ရွေးကောက်ပွဲ နီးလာသောအခါ ဥာဏ်နီဥာဏ်နက်တွေ ထုတ်သုံး လာကြသည် ။ အဆိုးဝါး ဆုံးမှာ အသက် ၇၀ အရွယ် အဘွားအိုကို နိုင်ငံတ ကာ ခေါင်းဆောင်များက အနောက်တိုင်း ယဉ်ကျေးမှုဖြင့် တလေးတစား နမ်းရှုပ်နှုတ်ဆက်ခြင်းကို ပါတီမဲဆွယ်ပွဲတွင် ဟာသလုပ်သူ ပါတီခေါင်းဆောင်က မျက်နှာ ပြောင်တိုက်ကာ ရယ်စရာလုပ်ပြောသည် ။ လှိုက်လှဲစွာ ပွေ့ဖက်နှုတ်ဆက်နေသော ဓာတ်ပုံကိုပြ၍ ပြ၍ ဤအမျိုးသမီး အာဏာရသွားလျှင် တစ်နိုင်ငံလုံး ဒီလိုအလုပ်ခံရတော့မည် ဟူသော လမ်းဘေးစကားတွေကို ဝန်ကြီးချုပ် အဆင့်ရှိသူ ကိုယ်တိုင် လိုက်ပြောသည် ။ ရှားရှားပါးပါး မြန်မာ့သမိုင်းတွင် နိုဘယ်ငြိမ်းချမ်းရေးဆု ရထားသော အကြမ်းမဖက်သည့် လူထုခေါင်းဆောင် ၊ နိုင်ငံတကာမှ အရိုအသေပြု အလေးထားရသော ဒီမိုကရေစီ၏ သင်္ကေတ အဘွားအရွယ် အမျိုးသမီးကြီး ကို မရှက်မကြောက် သိက္ခာချနေသည့် စစ်ဗိုလ်ချုပ်ဟောင်းတွေ အတွက် စစ်သားကောင်းတွေ ရှက်တတ်လျှင် လဲသေလို့ရသည် ။
ဘာမဆိုင် ညာမဆိုင် နိုင်ငံခြားသားနှင့် လက်ထပ်ထားခြင်းကိစ္စကို ပုံကြီးချဲ့ကား ဟောပြော ကြပြန်သည် ။ မဲဆွယ်ကာလ ဖြစ်သောကြောင့် တစ်ခါမှမသွားဖူး မလာဖူးသော တောကြိုအုံကြား နေရာများ အထိ သွားကာ မဲဆွယ်ဟောပြောရာတွင် "ကုလားနှင့် လက်ထပ်ထားသူ" ဟု မျက်စိစုံ မှိတ် ဟောပြောနေကြ တာတွေကို ကြားရသောအခါ ၁၉၈၈ ခုနှစ် ဩဂုတ်လက ဇာတ်လမ်းကို ပြန်သတိရမိသည် ။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ ကာလအထိ ဒေါ်အောင်ဆန်းစုကြည်ဟူသော အမည်မှာ တစ်ပါတီ ဆိုရှယ်လစ်စနစ် လက်အောက် ပြားပြားဝပ်နေရသော မြန်မာနိုင်ငံ သားများအတွက် အစိမ်းသက်သက်သာ ဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်း၏ သားသမီးများအနက် တစ်ဦးသော သမီးအဖြစ်သာ လူတွေက သိထားသည် ။ ဒေါ်အောင်ဆန်းစုကြည် နှင့်စာလျှင် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးကိုသာ ရှစ်လေးလုံး ကာလအတွင်းက ဗိုလ်ချုပ်အောင်ဆန်း၏ သွေးအဖြစ် မျှော်လင့် သူတွေက မျှော်လင့်ခဲ့ကြသည် ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကိုကား မည်သူမျှ သတိမထားမိကြချေ ။
မှန်ပါသည် ။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားနှင့် လက်ထပ်ကာ နိုင်ငံခြားတွင် နေထိုင်လျက် ရှိသည်မှာ အမှန်ပင်ဖြစ်သည် ။ သို့သော် တိုင်းပြည်၏ ကံကြမ္မာဟုပင် ပြောရပါလိမ့်မည် ။ ၁၉၈၈ ခုနှစ် အရေးတော်ပုံ၏ အစ မတ်လနှင့် ဇွန်လ ကျောင်းသား အရေးအခင်း ကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် ပြင်းပြင်းထန် ထန် လေဖြတ်ဝေဒနာ ခံစားခဲ့ရသည် ။ မိခင်ဖြစ်သူ၏ နောက်ဆုံး ကျန်းမာရေး အခြေအနေအတွက် အနီးကပ် စောင့်ရှောက်ရန် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့သည် ။ ဤတွင် ရှစ်လေးလုံး အရေးတော်ပုံဖြစ်သည့် ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် ရက်နေ့နှင့် တည့်တည့်ဝင်တိုးမိသည် ။
အပစ်အခတ်များ ကြားထဲတွင် မဆလပါတီဥက္ကဋ္ဌ အာဏာရှင်ကြီး ဦးနေဝင်း နိုင်ငံရေး ကန့်လန့်ကာနောက်သို့ ဝင်သွားသည် ။ အမိန့်အရ ဦးစိန်လွင်တက်လာသည် ။ ဒီတစ်ယောက်နှင့် မနိုင်တော့ အပျော့ဆွဲ ကာ ဒေါက်တာမောင်မောင် တက်လာပြန်သည် ။ ဒေါက်တာမောင်မောင်၏ အုပ်ချုပ်ပုံမှာ ဒီကနေ့ အစိုးရနှင့် ဆင်သည်ဟုပင် ပြောနိုင်သည် ။ ဆန္ဒပြသူတွေကို မပစ်ခတ် ၊ မဖမ်းဆီးတော့ ။ လမ်းဘေးနံရံကပ် သတင်းစာတွေ အပြိုင်းအရိုင်း ပေါ်ပေါက်လာသည် ။ သပိတ်ပေါင်းစုံ ပေါ်လာသည် ။ တစ်နည်းဆိုရသော် အစိုးရအဖွဲ့ အပြောင်းအလဲကလွဲ၍ နေရာတိုင်းတွင် ယာယီ ပါတီစုံဒီမိုကရေစီ ပေးထား သယောင် အတုအယောင် လွတ်လပ်ခွင့်တွေ ပေးထားသည် ။ သို့သော် တစ်ဖက်တွင်လည်း စစ်ထောက်လှမ်းရေး၏ အစီအမံဖြင့် အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်လာသည် ။ ဂိုထောင်ဖောက်တာ ၊ အဆိပ်ခပ်တာ ၊ လမ်းလယ်ကောင် လူသတ် ခေါင်းဖြတ်တာတွေ လုပ်လာသည် ။ တပ်တွေကို တိတ်တဆိတ် ရွှေ့ပြောင်းတာတွေ လုပ်နေသည် ။
ဒီလိုနှင့် ဩဂုတ်လ ၂၆ ရက်နေ့ တွင် ရွှေတိဂုံဘုရား၌ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တရားဟောမည် ဟူသော သတင်းတွေ ပျံ့နှံ့လာသည် ။ လွတ်လပ်သော တာဝန်သိ သတင်းစာတွေကလည်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီး တရားဟောမည့် သတင်းကို ဝိုင်းဝန်းကာ ကြိုတင်ရေးသား လှုံ့ဆော်ကြကုန်သည် ။ ဒေါ်အောင်ဆန်းစုကြည် တရားဟောမည်ဟူသော သတင်း ထွက်လာသည်နှင့် တစ်ပြိုင်နက် တိုက်ဆိုင်မှုနှစ်ရပ် ဖြစ်ခဲ့သည် ။ တရားပွဲ မလုပ်မီရက်အတွင်း ဖြစ်ပွားခဲ့သည် ။ တစ်ခုက ကျောင်းသား အရေးအခင်းဖြစ်ရန်နှင့် လူထုအရေးအခင်းအထိ ဖြစ်ပွားစေရန် လှုံ့ဆော်စာများ ရေးသားဖြန့်ဝေ ခဲ့သူဟု နာမည်ကြီးသည့် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးကို ထောင် မှ ပြန်လွှတ်ပေးခဲ့သည် ။ နောက်တစ်ခုက ရန်ကုန်မြို့လယ် လမ်းမပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူမှာ နိုင်ငံခြားသားနှင့် လက်ထပ်ထားသူ ဖြစ်သည် ။ ကုလားနှင့် လက်ထပ်ထားသည့် ကုလား မယားဖြစ်သည်ဟူသော စာများ လျှို့ဝှက်ဝေငှခြင်း ၊ လမ်းဘေးနံရံ ကပ် သတင်းစာများအဖြစ် လိုက်လံကပ်ခြင်းများ ဖြစ်ပွားခဲ့သည် ။
ဤသည်ကား အချိန်ကိုက်၍ အပုပ်ချ တိုက်ခိုက်ခြင်းပင် ဖြစ်သည် ။ ၁၉၈၈ ခုနှစ်ဩဂုတ်လ ၂၆ ရက်နေ့ မတိုင်မီအချိန်က ဒေါ်အောင်ဆန်းစုကြည်အား ကုလားမယားအဖြစ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခဲ့ခြင်း လည်း ဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးဆက်သွေးကို ဒီမိုကရေစီအင်အားစုနှင့် ပူးပေါင်းမသွားစေရန် အောက်တန်းကျသော နည်းဖြင့် အပုပ်ချခဲ့ကြသော အင်အားစုတစ်စု အစိုးရနောက်ကွယ်တွင် ရှိခဲ့သည်မှာ အလွန်ထင်ရှားသည် ။ ထိုခေတ်ထိုအခါက ရန်ကုန်မြို့နေ လူပေါင်းများစွာ အပြောများသော ကိစ္စတစ်ရပ်ဖြစ် ခဲ့သည် ။ မဆလအစိုးရ လက်ထက် မည်သူမျှမသိသော နှစ်ပေါင်းများစွာ နိုင်ငံခြားနေ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးအား လူထုက အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးခြင်းလည်း ဖြစ်သည် ။
သို့သော် စစ်အာဏာရှင်တို့၏ အကြံမအောင်မြင်ခဲ့ပါ ။ သတင်းစာများကား အချိန်နှင့်အမျှ ကိုယ့်အသိစိတ်ဓာတ်နှင့် ကိုယ် ရေးသားကာ အမှန်တရားကို ပြည်သူများ သိစေရန် ချေဖျက်ရေးသား နိုင်သောကြောင့် သံယယစိတ်များ ပျောက်ကွယ်သွားကြသည် ။ ထို့ကြောင့်ပင် ဒေါ်အောင်ဆန်း စုကြည်၏ ပွဲဦးထွက် ရွှေတိဂုံဘုရားခြေ ရင်း နိုင်ငံရေးတရားပွဲမှာ လူထုသိန်းချီ တက်ရောက်နားထောင်ခြင်းဖြင့် ဝက်ဝက်ကွဲ အောင် မြင်ခဲ့ သည် ။ ဒေါက်တာမိုက်ကယ်အဲရစ် ဆိုသူမှာ ကုလားမဟုတ်ကြောင်း ၊ ဗုဒ္ဓစာပေ ကျွမ်းကျင်သူ ပညာရှင် တစ်ဦးသာဖြစ်ကြောင်း ရန်ကုန်လူထုက သိသွားသည် ။ သူမကိုယ်တိုင်လည်း တရားဟောရာတွင် "ကျွန်မနိုင်ငံခြားမှာ အကြာကြီးနေတာလည်း မှန်ပါတယ် ။ နိုင်ငံခြားသားနဲ့ လက်ထပ်ထားတာလည်း မှန်ပါ တယ် ။ ဒီအတွက်ကြောင့် မို့လို့ ကျွန်မနိုင်ငံအပေါ်ထားတဲ့ မေတ္တာစိတ်က တစ်စက်ကလေးမှ လျော့ကျသွားမှာ မဟုတ်ဘူး" ဟု ထည့်သွင်း ပြောကြားသွားခဲ့သည် ။
ထူးဆန်းသည်မှာ မဆလအစိုးရသည် အကဲအလွန်ဆတ်သော အစိုးရ ဖြစ်သည် ။ အာဏာရှင် ဦးနေဝင်းကိုယ်တိုင် မနာလိုဝန်တိုစိတ် အလွန်ကြီးမားသည် ။ မိမိနှင့်မတည့်သူ စိတ်အလိုမကျ သူများကို တိုင်းပြည်က လေးစားအားကျသွားမှာ အလွန်စိုးရိမ်သူ လည်း ဖြစ်သည် ။ ဗိုလ်မှူးချုပ်ကျော်ဇော တောခိုပြီး ဗမာပြည် ကွန်မြူနစ်ပါတီထံ ရောက်သွားသောအခါ ဗကပနှင့် ကေအင် ယူ ပေါင်းမသွားစေရန်အတွက် ဂျပန်ခေတ်အတွင်း ဧရာဝတီ တိုင်း မြစ်ဝကျွန်းပေါ် ဝါးခယ်မအနီးက ကနစိုးကျေးရွာမှ ကရင်လူမျိုးများကို အစုလိုက် အပြုံလိုက်သတ်ခဲ့သူမှာ ဗိုလ်ကျော်ဇောဖြစ်သည်ဟု အစိုးရပိုင် သတင်းစာများတွင် ရေးသားခဲ့သည် ။ သူပုန်နှစ်ဖွဲ့ ပေါင်းစည်းမသွားနိုင်ရန် အတွက် လူမျိုးရေး ပြသ၁နာကို အစပြန်ထုတ်သည်အထိ ယုတ်မာသော နည်းလမ်းကို သုံးခဲ့သည် ။ ဗိုလ်မှူးချုပ်ကျော်ဇောက သူမဟုတ်ကြောင်း ပြန်ရှင်းခဲ့ပါသည် ။
နဝတနှင့် နအဖခေတ် တစ်လျှောက်လုံး ဤအောက်တန်းကျသော အပုပ်ချနည်းကို ဆက်သုံးစွဲသွားသည် ။ စစ်တပ်အတွင်း၌ မိခင်အရွယ် နိုဘယ်ဆုရှင်ကို ကုလားမဟူသော နာမ်စားဖြင့် သာ ခေါ်စေသည်အထိ ရိုင်းစိုင်းအောင် မျိုးဆက်သစ် အရာရှိများအား ပျိုးထောင်ပေးခဲ့သည် ။ အလွန့်အလွန်ဆိုးဝါးသော နာမ်စားအဖြစ် အစိုးရပိုင် သတင်းစာများတွင် ဒေါ်စုကြည်ဟု ရေးသားခဲ့ကြသည် ။ ဗုဒ္ဓဘာသာ ရှူထောင့်မှ ကြည့်မည်ဆိုလျှင် အောင်ဆန်းစုကြည် ဟူသော အမည်မှာ သူမ၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် မြတ်မြတ်နိုးနိုး ပေး သွားသော အမည်ဖြစ်သည် ။ မိဘပေးသောအမည်ကို မိမိသဘောဖြင့် ပြင်ဆင်ပြောင်းလဲဝံ့သူ ရှားပါလိမ့်မည် ။
သူမ၏ ဖခင်ကား အခြားသူငါကဲ့သို့ အညတရ သာမညဖခင် မဟုတ်ပါ ။ မြန်မာ တစ်မျိုးသားလုံး၏ ကျေးဇူးရှင် ၊ လွတ်လပ်ရေး၏ ဗိသုကာ အာဇာနည်ခေါင်းဆောင်ကြီး ဦးအောင်ဆန်း ဖြစ်သည် ။ စစ်ဗိုလ် စစ်သားများအတွက်မူ သာ၍ပင် ဆိုးသေးသည် ။ မိမိဖခင်ပေးသော အမည်အား အတင်းအကျပ် ပြောင်းလဲခေါ် ဆိုခြင်းကို လက်မခံနိုင်လျှင် သူတစ်ပါး ဖခင်ကိုယ်တိုင် ပေးခဲ့သောအမည်ကိုလည်း ပြောင်းလဲခေါ်ဆိုခြင်း မပြုသင့်ပါ ။ ထိုတပ်မတော်၏ ဖခင်ကြီး ကိုယ်တိုင်ပေးခဲ့သော သူ့သမီး၏ နာမည်အား အာဏာရှင် တစ်ဦးတစ်ယောက်၏ အမိန့်ညွန်ကြားချက်ဖြင့် ရုပ်ဖျက် ခေါ်ဆိုခြင်းသည် စော်ကားခြင်းပင် ဖြစ်တော့သည် ။
ရွေးကောက်ပွဲ နီးလာသောအခါတွင်မှ တစ်ကြော့ပြန် စော်ကားနေကြသူများတွင် စစ်ဗိုလ်ဟောင်းများ သာမက စစ်တပ် ကျောထောက်နောက်ခံဖြင့် အာဏာရလာသူ အရပ်သား အရာရှိကြီးအချို့ပင် ပါဝင်နေကြတာကို တွေ့ရသည့်အတွက် စိတ် မကောင်း ဖြစ်ရသည် ။ ယဉ်ကျေးသော မြန်မာလူမျိုးများမှ ဟုတ်ပါလေစဟုပင် ပြန်တွေးမိသည် ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကျောင်းနေဖက် ဖြစ်ခဲ့ဖူးသူ ဒုတိယဝန်ကြီးကိုယ်တိုင် ဒေါ်စုကြည်ဟူသော အသုံးအနှုန်းဖြင့် ခေါ်ဝေါ်ပြော ဆိုသည်ကို တခြားသူများက အားရပါးရ လူမှုမီဒီယာတွင် မျှဝေနေကြတာကို မြင်ရတာ စိတ်ချမ်းသာစရာမရှိပါ ။ ယဉ်ကျေးအောင် တာဝန်ခံရသည့် ဝန်ကြီးဌာနမှ လူကြီးကိုယ်တိုင် မယဉ်ကျေးခြင်းအတွက် မည်သူ့ကို အပြစ်တင်ရမည်နည်း ။
အာဏာရှင် ခိုင်းသည့်အတိုင်း နာမ်စားကအစ အမည်အဆုံး အပုပ်ချသလို ခေါ်ဝေါ်သုံးစွဲ နေကြသော ဤလူများသာ တိုင်းပြည်ကို ဆက်လက် ထိန်းကျောင်းသွားပါက အနာဂတ် လူငယ်များအတွက် ရင်လေးဖွယ်ရာပင် ဖြစ်သည် ။
လူကို တိုက်ရအောင် စစ်ပွဲမဟုတ်ပါ ။ စစ်ပွဲများမှာတောင် လူကိုတိုက်ခြင်း မဟုတ်တော့ ။ နိုင်ငံရေးဝါဒကို လက်နက်ကိုင် လမ်းစဉ်ဖြင့် တိုက်နေခြင်းသာ ဖြစ်သည် ။ ရွေးကောက်ပွဲတွင်လည်း (နိုင်ငံရေး) မူကိုသာ တိုက်ကြပါ ။ လူကို မတိုက်ကြပါနှင့်တော့ ။ သို့သော် ဒီလူဟောင်းတွေ ရွေးကောက်ပွဲ နီးလာသောအခါ ဇာတိကိုယ်စီ ပြလာကြပြန်သည် ။ ရွေးကောက်ပွဲတွင်လည်း ကြိုက်သလိုသာ ယှဉ်ပြိုင်ပါ မညစ်ပတ်ပါနှင့်ဟုသာ ပြောလိုပါတော့သည် ။
လှမျိုးထွန်း
The Ladies News Journal
မြန်မာ နိုင်ငံမှ နိုင်ငံသားများ မိမိတို့ ဘ၀ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် စာမေးပွဲကြီး ဖြေဆိုရန် ရက်ပေါင်း (၂၆) ရက်သာ ကျန်ပါတော့တယ်။ မိမိတို့ ညဏ်ရည်ညဏ်သွေးဖြင့် ဖြေဆိုရမည့် ပွဲလည်း ပါတယ်။ မဖြေဆိုလိုက်ရပဲ ကျသွားမယ့် လူတွေလည်း ဒု နဲ့ ဒေးနဲ့ရှိနိုင်ပါတယ်။
မနေ့က ထုတ်တဲ့ ကမ္ဘာ့သတင်းစာများမှာ ကိုးကိုးကျွန်း ကို NLD ကိုယ်စားလှယ် ဦးဝင်းမင်း သွားရောက်နိုင်ခြင်း မရှိခဲ့ပဲ ကြံဖွံ့မှ ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးသက်ဆွေသာ အတားအဆီး မရှိ ရပ်ကွက် ၂ ကွက် သာရှိတဲ့ ကျွန်းပေါ် လှည့်လည် သွားနေတဲ့အတွက် မြန်မာအစိုးရရဲ့ ရွေးကောက်ပွဲ နဲ့ ပါတ်သက်ပြီး လွတ်လပ်၍ တရားမျှတမှု ရှိပါမယ် ဆိုတဲ့ ကတိကို သံသယ ၀င်လာရကြောင်း စွပ်စွဲရေးသးမှုတွေ ထွက်ပေါ်လာပါတယ်။
နောက်တချက်က စက်မှု ၀န်ကြီး ဦးမောင်မြင့်က သူ့ မင်းကင်း မဲဆန္ဒနယ်မြေ ရွာတွေကို တခုတည်းသော ပြိုင်ဘက် NLD အဖွဲ့ရောက်လာရင် ညိုသကျည်းကိုဖြတ်ရိုက်ပြစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ကြားက NLD ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် ကို ကျေး ရွာသူ ရွာသားများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။
တသီးပုဂ္ဂလိက အဖြစ် လူဦးရေ ၄၀၀၀ သာ ရှိတဲ့ ရှားတော မြို့မှာ မထင်မရှား ၀င်ပြိုင်နေရပြီး ရှိတာကို ရောင်းချ ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်နေတဲ့ ဦးအောင်မင်းကလည်း ရွေးကောက်ပွဲ ဥပဒေတွေကို မမှုနိုင်ရှာတော့ပဲ သူသာ ရွေးချယ်ခံရရင် တမြို့လုံးကို ခြောက်လစာ ရိက္ခာထောက်ပံသွားမယ်လို့ ခပ်ပြောင်ပြောင်ပဲ ပြောကြားလိုက်ပါတယ်၊
မုံရွာမှာ ဆိုက္ကားသမား ၁၀၀ ကျော်က NLD အောင်နိုင်ရေး စီတန်း လှည့်လည်ရာမှာ ပါဝင်ခဲ့တဲ့အတွက် ခေါင်းဆောင် ၄ ဦးကို ဖမ်းဆီးထားကြောင်း ဧရာဝတီ သတင်း က ဆိုပါတယ်။
ပုံတွင်ပါ ချောစန္ဒီထွန်း ဆိုတဲ့ အမျိုးသမီးလေးကု နိုင်ငံတော် (သှိုမဟုတ်) တပ်မတော် အကြည်ညို ပျက်စေမှုနဲ့ အီလက်ထရောနစ် အက်ဥပဒေ ဖြင့် ဗဟန်း ရဲစခန်းက ဖမ်းဆီးလိုက်ပြီး မအူပင် ကို လွှဲပြောင်း ပို့ဆောင် ပေးလိုက်ပါတယ်။
ဒီလို မတရားမှုတွေ ထူထပ်များပြားလာနေတာကို ထူးထူးခြားခြား ငြိမ်ချက်သား ကောင်းနေတာကတော့ အမေရိကန် နဲ့ အီးယူ နိုင်ငံများပဲ ဖြစ်ပါတယ်၊ အမေရိကန် သမ္မတ အိုဘားမား နဲ့ ယခင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန် တို့နှစ်ဦး စလုံးက မြန်မာ အစိုးရကို ဒီမိုကရေစီ လမ်းကြောင်းပေါ် တင်ပေးခဲ့တာဟာ အာဏာရှင်တွေနဲ့ ဆက်ဆံရေးမှာ အမေရိကန် နိုင်ငံခြားရေး မူဝါဒရဲ့ အောင်ပွဲလို့ ကြွေးကြော်နေပြီး အခုအချိန်မှာလည်း နောက်ထပ် အာဏာရှင်နိုင်ငံ ဖြစ်တဲ့ အီရန် နဲ့ ညူကလီယား သဘောတူညီချက်ကို ကွန်ဂရက်က အတည်ပြုနိုင်ရေး အိုဘားမား အသဲအသန် မဲဆွယ်နေရတဲ့ အချိန်ပါ၊
ဒီလို အချိန်မျိုးမှာ အမေရိကန်က ၎င်းတို့ရဲ့ မြန်မာအစိုးရ အပေါ် မူဝါဒ အမှားလို့ ထုတ်ဖေါ်ဝန်ခံရာ ရောက်မယ့် စကားမျိုးကို ပြောဘို့ကို အင်မတန် ၀န်လေးနေတဲ့ အတွက် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အမှားတွေနဲ့ ပြောင်ပြောင်တင်းတင်း ဘက်လိုက်မှုတွေကို တခွန်းတပါဒမျှ ပြောဆို ခဲ့ခြင်း မရှိသေးပါဘူး
ရွေးကောက်ပွဲ လေ့လာ စောင့်ကြည်သူတွေဟာ ဇင်ဘာဘွေ၊ ကင်ညာ၊ ကမ္ဘောဒီးယား ရွေးကောက်ပွဲတွေမှာလည်း လာရောက်ခဲ့ကြပေမယ့် မတရားမှုတွေက ဖြစ်ပျက်နေဆဲဖြစ်ပြီး သူတို့ကိုယ်တိုင် မတရားပါဘူးလို့ မှတ်ချက်ချခဲ့တာတောင် ဘာမှ အရာမထင်ခဲ့ပါဘူး၊
အခု အီးယူ နိုင်ငံ ၂၈ နိုင်ငံမှ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည်သူတွေ နိုင်ငံထဲ ရောက်နေကြပြီ ဖြစ်ပေမယ့် သူတို့အနေနဲ့ သတင်းအချက်အလက်ရယူရေး နဲ့ ဘယ်လို လုပ်သွားတယ်ဆိုတာ စောင့်ကြည့်ဘို့ သက်သက်ပဲ တာဝန်ရှိတာမို့ ဘာမှ ၀င်ရောက်စွက်ဖက် ဝေဖန် ပြောဆိုနိုင်ခြင်း မရှိပါဘူး၊
အာဏာရှင်များကလည်း အကြောက်တရားတွေကြောင့် ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရဲခြင်း မရှိသေးပါဘူး၊ အခုဆို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက နိုင်ငံရေး အကျဉ်းသား စုစုပေါင်းက ၂၀၁၃ မှာ နှစ်ယောက်သာ ရှိရာကနေ အခု လှုပ်ရှားတက်ကြွသူတွေ၊ ရှေ့နေတွေ၊ သတင်းစာ ဆရာတွေ၊ ကျောင်းသား၊ အလုပ်သမားတွေ စုစုပေါင်း တရာကျော်အထိ တိုးတက်လာနေပြီ ဆိုနေပြီး ရွေးကောက်ပွဲ မတိုင်မှီ ပြန်လွှတ်ပေးရေး တောင်းဆိုလိုက်ပါတယ်။
(မနေ့က ရန်ကုန်တိုင်း ကျောက်တံတား တရားရုံးက မဟာဗန္ဒုလ ပန်းခြံက လွတ်လပ်ရေး ကျောက်တိုင် ကြေငြာစာတမ်းကို ဖတ်ပြခဲ့မှုနဲ့ တရားစွဲဆိုထားတဲ့ ကိုနေမျိုးဇင်ကို အပြစ်မရှိ ဆိုကာ လွှတ်ပေးလိုက်ပါပြီ၊ အခြားပုဒ်မတွေနဲ့ကတော့ ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်)
ထို့အတွက် မိမိ တို့ရဲ့ ဘ၀ အဖိနှိပ်ခံ ဘ၀မှ လွတ်မြောက်ရေး အတွက် ကိုယ့်အားကိုယ်ကိုး ဘို့သာ ရှိပါတော့တယ်။ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဆိုရှယ် မီဒီယာကို အသုံးပြုသူ စုစုပေါင်းဟာ လူဦးရေရဲ့ ၃၅% အထိ ဖြစ်လာနေတာဟာလည်း အားရစရာ ကောင်းပြီး မိမိတို့ရဲ့ လက်နက်များနဲ့ ကိုယ့်အားကိုယ်ကိုးပြီး မတရားမှုတွေကို ဖေါ်ထုတ်ဟန့်တားဘို့ သုံးကြရတော့မှာ ဖြစ်ပါတယ်။
အားမလျော့ကြပါနှင့်၊ တိုးတက်အုံကြွလာနေသော အင်အားစုကြီးမှ ဖေါက်ပြန်သော အင်အားစုကို တိုက်ပွဲဝင်ရာမှာ ရှုံးနိမ့်ခြင်းဆိုတာ ဘယ်တော့မှ မရှိပါဘူး၊ ယာယီ အရေးနိမ့်ခြင်းမျှသာ ဖြစ်ပါတယ်။
HSW
BrainWave ဉာဏ်လှိုင်း
ဒေါ်အောင်ဆန်းစုကြည်၏ ထဘီအရောင်နှင့် အရောင်ပြောင်းလဲခဲ့သည့် တပ်မတော်ဝတ်စုံကို ခိုင်းနှိုင်းပြီး Facebook တွင် ရေးသားခဲ့သည်ဟုဆိုကာ မအူပင်မြို့နယ်မှ မိန်းကလေး တစ်ဦးကို ရန်ကုန်မြို့ တရားစခန်း တစ်ခု၌ သက်ဆိုင်ရာ ရဲစခန်းက ၀င်ရောက် ထိန်းသိမ်းခဲ့ကြောင်း အောက်တိုဘာ ၁၂ရက် ညပိုင်းတွင် စုံစမ်းသိရှိရသည်။
“ကျွန်တော်တို့ စခန်းက တာဝန်အရ ပါဝင်ကူညီပေးရတာပါ။ အဲဒီ ကောင်မလေးကို မအူပင်မြို့နယ် ရဲစခန်းမှာပဲ Electronic ဆက်သွယ်ရေး ဥပဒေ၊ ပုဒ်မ ၃၄(ဃ)နဲ့ အမှုဖွင့်ထားတယ်လို့ ကျွန်တော်တို့ကို သက်ဆိုင်တဲ့ ရဲစခန်းက အကြောင်းကြားတဲ့ အတွက် ကျွန်တော်တို့က အဲဒီကောင်မလေး လာဝင်တဲ့ တရားစခန်းကို သွားတယ်။ ပြီးတော့ အကျိုးအကြောင်း ပြောပြပြီးတော့ ကျွန်တော်တို့ ရဲစခန်းကို ခေါ်လာတာပါ။ အခုတော့ အမှုဖွင့်ထားတဲ့ ရဲစခန်းက သူ့ကိုခေါ်သွားတာ ဖြစ်ပါတယ်။ အဲဒီကိစ္စမှာ ကျွန်တော်တို့က ပါဝင်ကူညီရတာပဲ ရှိပါတယ်။ ကျွန်တော်တို့ အမှုဖွင့်ထားတဲ့ အကြောင်းအရင်း အတိအကျကိုလည်း မသိပါဘူး” ဟု ဗဟန်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက စက်တင်ဘာ ၁၂ရက် ညပိုင်းက ပြောကြားသည်။
အဆိုပါ ဖမ်းဆီး ထိန်းသိမ်းခံရသည့် မိန်းကလေးမှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် နေထိုင်ကြောင်း သိရပြီး အမည်မှာ မချောစန္ဒီထွန်း ဆိုသူဖြစ်ကာ ၎င်း၏ Facebook အကောင့်တစ်ခု၏ အမည်မှာ ယင်းအမည်ဖြင့်ပင် ဖြစ်ကြောင်း သိရသည်။
သူမအနေဖြင့် ရဲတာဝန်ရှိသူများ ဖမ်းဆီး ထိန်းသိမ်းခံရစဉ်တွင် ၎င်း၏ Facebook စာမျက်နှာတွင် “ချစ်သမီး အခု ဗဟန်းရဲစခန်းမှာပါ။ မအူပင်ရဲစခန်းမှာ ဆက်သွယ်ရေး ပုဒ်မနဲ့ အမှုဖွင့်ထားပါတယ်။ ညတွင်းချင်း မအူပင်ကို ပြန်ခေါ်သွားလိမ့်မယ်။ အားလုံးကို အသိပေးပါတယ်။ ဖုန်းနှစ်လုံး သိမ်းသွားပါတယ်” ဟု အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် ရေးတင်ခဲ့ပြီးနောက် Facebook ပေါ်တွင် သူမ၏ အကောင့်အား ရှာဖွေ၍ မရတော့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး မအူပင်မြို့မ ရဲစခန်း၌ အောက်တိုဘာ ၁၂ ရက် ည ၇ နာရီ ခန့်တွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်း တာဝန်ကျ အဆင့်မြင့် တပ်မတော် အရာရှိတစ်ဦးက ယင်းတိုင်းဒေသကြီး ပုသိမ်မြို့နေသူ မချောစန္ဒီထွန်း၏ Facebook အကောင့်တွင် “ အဲသလောက် အမေ့ကို ချစ်ကြရင်လဲ အမေ့ထဘီစခေါင်းမှာ ပတ်ထားပါတော့လားဗျာ” ဟူ၍ ခေါင်းစဉ်ဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေသောပုံနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တပ်မတော်သားများအား မိန့်ခွန်းပြောနေသည့် ဓာတ်ပုံတို့ကို ယှဉ်တွဲကာ ရေးတင်ခဲ့သည်ဟုဆိုကာ သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ယှဉ်တွဲထားသည့် ဓာတ်ပုံများပေါ်တွင် “ အမေစုဝတ်တဲ့ ထဘီအရောင် ကြိုက်လို့တဲ့ သူတို့ ချုပ်ဝတ်ကြလေပြီ” ဟု ရေးသားထားသည်ကို တွေ့မြင်ခဲ့ရပြီး တပ်မတော်သားများ ၀တ်ဆင်ခဲ့သော ၀တ်စုံများအား ယခင်ဝတ်ဆင်သည့် စစ်စိမ်းရောင်အစား အစိမ်းနုရောင်သို့ ပြောင်းလဲဝတ်ဆင်ခဲ့မှု အပေါ်စာ၊ အမှတ်အသား၊ ပုံသဏ္ဌာန်တို့ဖြင့် အင်တာနက် စာမျက်နှာသို့ တင်မှုအပေါ် အဖွဲ့စည်း တစ်ခုခု (သို့မဟုတ်) တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် သတင်းအချက်အလက်ကို Electronic နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိ ခဲ့သည့် အဆိုပါ မိန်းကလေးအား အရေးယူပေးရန် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
“သူက ဦးဂိုအင်ကာ တရားစခန်းမှာ တရားစခန်းဝင်နေကျပါ။ တရားစခန်း နာမည်က ဓမ္မဇောတိပါ။ သူက ဒီနေ့ပဲ တရားစခန်း ၀င်ဖို့ရောက်လာတာ။ အဲဒါကို သူ့အမေက လိုက်ပို့တာဖြစ်တယ်။ သူ့အမေတောင် မပြန်ရသေးခင် သမီးကို ရဲအယောက် ၂၀ လောက်နဲ့ တရားစခန်းမှာ ၀ိုင်းပြီး ဖမ်းသွားတယ်လို့ သိရတယ်။ အခုညတွင်းချင်းပဲ သမီး ချောစန္ဒီထွန်းကို မအူပင်ကို ရဲစခန်းက ကားနဲ့လာခေါ်သွားတယ်။ သူ့အမေပါ တစ်ခါတည်း ရဲကားနဲ့ ပါသွားတယ်။ သူ့ကို မအူပင်ရဲစခန်းမှာ အမှုဖွင့်တာ စစ်ဘက်က ဖွင့်တာလို့ သိရတယ်” ဟု မချောစန္ဒီထွန်း ထိန်းသိမ်းခံရသည့် ဗဟန်းရဲစခန်းသို့ လာရောက်သော ၎င်း၏ ဆွေမျိုးတစ်ဦးက ပြောကြားသည်။
မချောစန္ဒီထွန်းအား အောက်တိုဘာ ၁၂ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ၎င်းအား ထိန်းသိမ်းထားသော ဗဟန်းမြို့မ ရဲစခန်းမှ မအူပင်မြို့မ ရဲစခန်းမှူး အပါအ၀င် တာဝန်ရှိသူ အချို့က မအူပင်မြို့နယ်သို့ ခေါ်ဆောင်သွားခဲ့ပြီး လက်ရှိတွင် မအူပင်မြို့မ ရဲစခန်းက ၎င်းကို (ပ) ၂၉၄/၂၀၁၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Website တွင် ဖတ်ရှုရန် >>>>> http://goo.gl/s6QR3h
.
Credit : Eleven Media Group
.
အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် မုံရွာမြို့ရှိ အနှေးယာဉ် ဆိုက္ကားလုပ်သား ၂၀၀ နီးပါးက NLD ပါတီ ထောက်ခံပွဲအား ဆိုက္ကားများဖြင့် မုံရွာမြို့ပေါ်ရှိ အထင်ကရ လမ်းမကြီးများ တစ်လျှောက်တွင် NLD ပါတီကို မဲပေးကြပါစို့ တီရှပ်များဖြင့် လှည့်လည်ခဲ့မှုတွင် ဦးစီးဦးဆောင် ပြုလုပ်ခဲ့သည်ဟုဆိုကာ မုံရွာမြို့မှ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုး၊ ကိုနေသီဟ (ခ) ကိုမှတ်ကြီး (မုံရွာမြို့နယ် NLD ပါတီ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ)၊ ကိုမျိုးသီဟ (မုံရွာခရိုင် ဗကသဥက္ကဋ္ဌ) နှင့် ကိုကွန့်ကျော် (မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ) တို့အား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၈) ဖြင့် အရေးယူပေးရန် မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်မင်းက တရားလိုပြုလုပ်ပြီး တိုင်တန်းအမှုဖွင့်ကာ မြို့မစခန်းမှူး ဒုရဲမှူးပြုံးလွင်က အမှုစစ်အဖြစ် ဆောင်ရွက်နေကြောင်း သိရသည်။
အမှုဖွင့်ခံရသူ အလွတ်တန်း ဓာတ်ပုံသတင်းထောက်ဖြစ်သူ ကိုအောင်နေမျိုးက “ကျွန်တော်တို့ အနေနဲ့က ဦးစီးဦးဆောင် လုပ်တယ်ဆိုတာ သက်သက်စွပ်စွဲချက် တစ်ခုပါ။ ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ကမှ ဦးစီးဦးဆောင် လုပ်ခဲ့တာ မရှိပါဘူး။ အနှေးယာဉ် ဆိုက္ကားလုပ်သားတွေက သူတို့ရင်ထဲမှာ ရှိနေတဲ့ ဆန္ဒသဘောထားတွေအရ လုပ်ကြတယ်။ ဒါကို နောက်ကနေလိုက်ပြီး ပါဝင်ခဲ့တာပဲ ရှိတယ်။ ကျွန်တော်တို့ အနေနဲ့ အခုလို ထောက်ခံပွဲ တစ်ခုကို NLD ပါတီ မဟုတ်ဘဲ ပြည်ခိုင်ဖြိုး ပါတီကိုသာ လုပ်ကြည့်လိုက်ပါ ဘယ်လိုစီတန်းနဲ့မှ အခုလို တရားစွဲခံရတာမျိုး ရှိလာမှာ မဟုတ်ပါဘူး။ အခုလို ဆောင်ရွက်တာက တစ်ဖက်သတ် လုပ်ရပ်ကြီးတစ်ခု ဖြစ်နေတယ်လို့ ပြောချင်တယ်” ဟု ပြောကြားသည်။
အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးအား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၂ နာရီခန့်တွင် မုံရွာမြို့ ရဲသတင်းအထူးတပ်ဖွဲ့မှ ရဲမှူးမြင့်လွင်က မူးယစ်ဆေးဝါး ရှာဖွေဝရမ်းဖြင့် ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ရဲစခန်းသို့ ရောက်ရှိချိန်တွင် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံခန့်ခွဲမှု အက်ဥပဒေပုဒ်မ ၅ (က)/(င) တို့အရ အရေးယူရန် ဖမ်းဆီးခံရပြီး မတ် ၂ ရက်၌ ပြန်လွှတ်ပေးခဲ့သည်။
မူးယစ်ဆေးဝါး ၀ရမ်းဖြင့် ၀င်ရောက်ဖမ်းဆီးခဲ့သော်လည်း မူးယစ်ဆေးဝါး တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ကိုအောင်နေမျိုး၏ သတင်းဓာတ်ပုံ မှတ်တမ်းများ စုဆောင်းထားရှိသည့် Memory Card များ ကွန်ပျူတာပုံးများနှင့် ကင်မရာများ၊ ၎င်း၏နေအိမ်၌ တပ်ဆင်ထားရှိသည့် CCTV မှ မှတ်တမ်းများအား သိမ်းယူပြီး ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။
အလွတ်တန်း သတင်းထောက် ကိုအောင်နေမျိုးသည် ပါတီဝင် တစ်ဦးဖြစ်ပြီး လက်ပံတောင်းတောင် သပိတ်စခန်း မီးလောင်ဗုံး ဖြိုခွင်းစဉ်က သတင်းဓာတ်ပုံ ရိုက်ကူးပြီး ဖေ့စ်ဘွတ်တွင် တင်ခြင်း၊ အမျိုးသားပညာရေး အခြေခံဥပဒေမူကြမ်း ကန့်ကွက်ဆန္ဒပြ သပိတ်မှောက် ကျောင်းသားများအား ရန်ကုန်မြို့သို့ အသွားတွင် လည်းကောင်း၊ အပြန်တွင် လည်းကောင်း သူ၏ ထမင်းဆိုင်၌ ထမင်းတည်ကျွေး ဧည့်ခံခြင်း၊ ပြည်တွင်းပြည်ပ မီဒီယာများ မုံရွာမြို့သို့ ရောက်ရှိပါက လိုက်လံပို့ဆောင်ပေးခြင်း စသည့်ကိစ္စရပ်များတွင် အားတက်သရော လိုက်လံကူညီ ဆောင်ရွက်ခဲ့ဖူးသူတစ်ယောက် ဖြစ်နေကြောင်းလည်း သိရသည်။
ဆိုက္ကားများဖြင့် NLD ပါတီအား လှည့်လည်ထောက်ခံပွဲ ပြုလုပ်ခဲ့သည့် ဆိုက္ကားလုပ်သားများက အဲဒီနေ့က ကျွန်တော်တို့ကို ဒီလို လှည့်လည်ဖို့အတွက် လာပြီးတော့ ဦးဆောင်ခေါ်တဲ့သူဆိုလို့ တစ်ယောက်မှ မရှိကြပါဘူး။ ကျွန်တော်တို့ အခုလို ဆောင်ရွက်တာကို သဘောကျလို့ နောက်ကနေပြီး လိုက်လာကြတဲ့ မုံရွာမြို့ခံတွေကတော့ အများကြီးပါ။ တချို့ဆိုရင် ကုန်သည်ကြီးတွေ၊ ပွဲစားကြီးတွေ ကိုယ်တိုင်က ကျွန်တော်တို့နင်းလာတဲ့ ဆိုက္ကားတွေကို သူတို့ ကိုယ်တိုင်ကိုယ်ကျ ၀င်နင်းပြီးတော့ လိုက်လာသူတွေ ရှိခဲ့ပါတယ်” ဟု ဆိုသည်။
ယခု အမှုဖွင့်ခံထားရသည့် လေးဦးထဲတွင် မုံရွာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုနေသီဟ (ခ) ကိုမှတ်ကြီးဆိုသူမှာ ဆိုက္ကားလုပ်သားများ၏နောက်မှ လိုက်ပါခြင်း မရှိခဲ့ဘဲ ပါတီရုံးတည်ရှိရာ သာစည်လမ်းသို့ ဆိုက္ကားနင်းလာသူများ ရောက်ရှိလာချိန်တွင် သတင်းမှတ်တမ်းဓာတ်ပုံ လိုက်လံရိုက်ကူးခဲ့သူ တစ်ယောက်ဖြစ်ကြောင်း ကိုအောင်နေမျိုးက ပြောကြားသည်။
မုံရွာမြို့နယ် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၀ ရက် အစည်းအဝေး အမှတ်စဉ် ၂၉/၂၀၁၅ ဆုံးဖြတ်ချက် အပိုဒ် (၄) အရ မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးထံ စုဝေးစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ခွင့်ပြုချက်တောင်းခံ ရယူခြင်း မရှိဘဲ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွန်ကြားချက် အမှတ် ၁/၂၀၁၄ တို့အား လိုက်နာခြင်း မရှိသဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်မင်းက ပြောကြားသည်။
အမှုအား မုံရွာမြို့ မြို့မရဲစခန်းက (ပ) ၅၁၈/၂၀၁၅ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၈) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ 
Writer: 
စိုးမိုးထွန်း (မုံရွာ)
နယူးရော့ခ်မြို့၌ မြန်မာအနုပညာရှင်များ ဖျော်ဖြေစဉ်
NLD ပညာရေးနှင့်ကျန်းမာရေးကွန်ရက် ရန်ပုံငွေ ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ ရက်တွင် နယူးရော့ခ်မြို့၌ ပြုလုပ်ခဲ့ရာ အမေရိကန်ဒေါ်လာ ၄၆,၀၀၀ ကျော် ရရှိခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဖျော်ဖြေပွဲတွင် မြန်မာအနုပညာရှင် ဆောင်းဦးလှိုင်၊Rဇာနည်၊ ဥက္ကာဦးသာ၊ ထွန်းအိန္ဒြာဗိုနှင့် နီနီခင်ဇော်တို့ ပါဝင် ဖျော်ဖြေခဲ့ကြခြင်း ဖြစ်သည်။ မြန်မာအနုပညာရှင်များသည် NLD ပညာရေးနှင့် ကျန်းမာရေး ကွန်ရက် ရန်ပုံငွေနှင့် ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံရှိ မြို့ကြီးများ၌ ဖျော်ဖြေပွဲများ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုအခါ ပဉ္စမမြောက် ဖျော်ဖြေပွဲအဖြစ် နယူးရော့ခ်မြို့၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ အောက်တိုဘာ ၁၁ ရက်တွင် ဘော့စတွန်မြို့၌ ဖျော်ဖြေပွဲ ပြုလုပ် ခဲ့ကြောင်း သတင်းရရှိသည်။
“အမေရိကန်မှာ တစ်မြို့ပြီးတစ်မြို့ ဖျော်ဖြေခဲ့ရာမှာ မူလ ရည်ရွယ်ချက်အတိုင်းပဲ NLD  ပညာရေးနဲ့ ကျန်းမာရေး ကွန်ရက်ရန်ပုံငွေ၊ ရေဘေးသင့် ဒေသတွေ ပြန်လည် ထူထောင်ရေးအတွက် ရန်ပုံငွေတွေကို ရှာဖွေနိုင်ခဲ့သလို ဖျော်ဖြေပွဲ တစ်ပွဲချင်းစီမှာလည်း နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် သတင်းစကားတွေ၊ မဲပေး ရွေးချယ်ဖို့ အရေးကြီးမှုတွေ၊ NLD  အောင်နိုင်ရေး အတွက် နှိုးဆော်တာတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ပြည်ပရောက် မြန်မာအသီးသီးကလည်း စိတ်ပါ ၀င်စားကြတာ တွေ့ရတဲ့အတွက် အရမ်းအားရစရာ ကောင်းပါတယ်” ဟု အဆိုတော် ဆောင်းဦးလှိုင်က ဆိုသည်။
Eleven Media Group
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးချုပ်တွင် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ်
ဇူလိုင် ၂၁ ရက် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံစဉ်က မဲစာရင်းအမှားကြောင့် ရွေးကောက်ပွဲရွှေ့ရန် မလိုဘဲ မဲစာရင်းမှန်အောင် လုပ်ဟူ၍ ပြောခဲ့သော်လည်း နောက်ဆုံးအကြိမ် ထုတ်ပြန်သည့် မဲစာရင်းကို မှန်ကန်ပြည့်စုံအောင် မလုပ်နိုင်ခဲ့ဘဲ မှားယွင်းမှုများ ဆက်ရှိနေကာ မဲစာရင်းအတွက် ရာခိုင်နှုန်း ၃၀ ကိုသာ အာမခံမည်ဟု ပြောသည် အထိ ဖြစ်ခဲ့ပါသည်။ ယနေ့ အချိန်ထိလည်း မှန်ကန်သော မဲစာရင်းဖြစ်ရန် ဦးတင်အေးက အာမခံခြင်း မရှိသေးဘဲ မဲဆန္ဒရှင် ပြည်သူများ လာရောက် ကြည့်ရှု၊ ဖြည့်စွက်၊ ပယ်ချက်၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်မှသာ မှန်ကန်သော မဲစာရင်းရမည်ဟု ပြောကြားလျက်ရှိပါသည်။ ထို့အတူ မဲဆန္ဒရှင်များ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ မဲစာရင်းမှန်ကန်မှုအပေါ် အာမခံ ပြောကြားရန် မဖြစ်နိုင်ကြောင်းဟု ပြောဆိုပြီး မဲဆန္ဒရှင် ပြည်သူများအပေါ် တာဝန်လွှဲချထားပါသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည့်ရက်ကို မရွှေ့ဆိုင်းဘဲ မူလ သတ်မှတ်ထားသည့်  နိုဝင်ဘာ ၈ ရက်တွင်သာ ပြုလုပ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၃ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပါသည်။
ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီ အစည်းအဝေး (၂/၂၀၁၅) ကို အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ အစည်းအဝေးတွင် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက  အဆိုပြုခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီ ခြောက်ပါတီထံမှ သဘောထား တောင်းယူခဲ့ပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ဖြစ်ပွားနေသော ရေကြီး နစ်မြုပ်မှု၊ သဘာဝ ဘေးအန္တရာယ်များ၊ နယ်မြေအေးချမ်းမှုအပေါ် မူတည်၍ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု အခြေအနေ၊ မဲဆန္ဒရှင်များ အဆင်ပြေစွာ မဲပေးနိုင်မှု အခြေအနေတို့ကြောင့်ဟု ဆိုကာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အဆိုပြုခဲ့ခြင်း ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုခြင်းအား ကန့်ကွက်ခဲ့ပါသည်။
သို့သော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့က ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုခြင်း အဆိုကို ထောက်ခံခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်အမျိုးသား ပါတီနှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီတို့က ကော်မရှင်၏ ဆုံးဖြတ်ချက်ကို လိုက်နာမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ညပိုင်း သတင်းထုတ်ပြန်ချက်တွင် ကော်မတီအဖွဲ့ဝင်များ၏ တင်ပြချက်များအရ ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းလိုက်ပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးအပြစ်များကို လေ့လာသုံးသပ်၍ ရက်ရွှေ့ဆိုင်းခြင်း မပြုတော့ဘဲ မူလ သတ်မှတ်ထားသည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ပင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် အခြေခံမဲစာရင်း မှားယွင်းမှုများကြောင့် ပြည်သူများ၏ မဲပေးပိုင်ခွင့် ဆုံးရှုံးပြီး လွတ်လပ်မျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်သဖြင့် မဲစာရင်း မှန်ကန်အောင် ပြုစုနိုင်ရန် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် လမ်းပြကြယ်ပါတီတို့က တင်ပြခဲ့ဖူးသည်။ သို့သော် မဲစားရင်းအမှားများကြောင့် ရွေးကောက်ပွဲကို မရွှေ့သင့်ကြောင်းနှင့် မဲစာရင်းမှန်အောင် လုပ်ဟူ၍ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ငြင်းပယ်ခဲ့ပါသည်။ ထို့အတူ ချင်းတိုးတက်ရေး ပါတီကလည်း သဘာဝဘေးကြောင့် ရွေးကောက်ပွဲရွေ့ဆိုင်းသင့်ကြောင်း ဇူလိုင် ၂၁ ရက် တွေ့ဆုံပွဲတွင် တင်ပြခဲ့သည်။
အောက်တိုဘာ ၁၃ ရက် အစည်းအဝေးတွင်မူ"ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအချို့တွင် လုံခြုံရေး အခြေအနေအရ နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ် စည်းရုံးရေး ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ရပ်တန့်လျက် ရှိကြောင်း၊ ကိုကိုးကျွန်း မဲဆန္ဒနယ်တွင်လည်း ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးခွင့် မရသေးဟု သိရကြောင်း၊ မဲဆွယ်စည်း ရုံးမှု အခြေအနေ၊ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုနှင့် နယ်မြေ တည်ငြိမ် အေးချမ်းမှုပေါ် မူတည်၍ ရွေးကောက်ပွဲ ရွှေ့ဆိုင်းသင့်သည်ဟု ယူဆရသဖြင့် တက်ရောက်လာသော နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲ ကျင်းပမည့်ရက်အား ရွှေ့ဆိုင်း သင့်/မသင့် အကြံပြုစေလိုကြောင်း" ဦးတင်အေးက ပြောကြားခဲ့ပါသည်။
ဦးတင်အေး အနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ရွေးကောက်ပွဲ ရွှေ့ဆိုင်း ရန် နိုင်ငံရေး ပါတီအချို့၏ အဆိုပြုချက်များ ရှိစဉ်က ငြင်းပယ်ခဲ့ပြီး ရွှေ့ဆိုင်းမှု မလုပ်ရန် ဆုံးဖြတ်ခဲ့သော်လည်း ရွေးကောက်ပွဲ ပြုလုပ်ရန် ၂၆ ရက် အလိုတွင် သဘောထားပြောင်းကာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုခြင်း အဆိုကို အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် တင်သွင်းခဲ့ခြင်း ဖြစ်ပါ သည်။ ထို့နောက် ညပိုင်း သတင်းထုတ်ပြန်မှုတွင် မရွှေဆိုင်းတော့ဘဲ မူလသတ်မှတ်ရက်အတိုင်း နိုဝင်ဘာ ၈ ရက်တွင်သာ ပြုလုပ်မည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဇူလိုင် ၂၁ ရက် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံစဉ်က မဲစာရင်းအမှားကြောင့် ရွေးကောက်ပွဲရွှေ့ရန် မလိုဘဲ မဲစာရင်းမှန်အောင် လုပ်ဟူ၍ ပြောခဲ့သော်လည်း နောက်ဆုံးအကြိမ် ထုတ်ပြန်သည့်  မဲစာရင်းကို မှန်ကန်ပြည့်စုံအောင် မလုပ်နိုင်ခဲ့ဘဲ  မှားယွင်းမှုများ ဆက်ရှိနေကာ မဲစာရင်းအတွက် ရာခိုင်နှုန်း ၃၀ ကိုသာ အာမခံမည်ဟု ပြောသည် အထိ ဖြစ်ခဲ့ပါသည်။ ယနေ့ အချိန်ထိလည်း မှန်ကန်သော မဲစာရင်းဖြစ်ရန် ဦးတင်အေးက အာမခံခြင်း မရှိသေးဘဲ မဲဆန္ဒရှင် ပြည်သူများ လာရောက် ကြည့်ရှု၊ ဖြည့်စွက်၊ ပယ်ချက်၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်မှသာ မှန်ကန်သော မဲစာရင်းရမည်ဟု ပြောကြားလျက်ရှိပါသည်။ ထို့အတူ မဲဆန္ဒရှင်များ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ မဲစာရင်းမှန်ကန်မှုအပေါ်  အာမခံ ပြောကြားရန် မဖြစ်နိုင်ကြောင်းဟု ပြောဆိုပြီး မဲဆန္ဒရှင် ပြည်သူများအပေါ် တာဝန်လွှဲချထားပါသည်။
Eleven Media Group
ဒီကနေ့ ကျင်းပပြုလုပ်တဲ့ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်ရှိ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ခဲ့ခြင်းကို အကြောင်းပြုပြီး လာမဲ့ နိုဝင်ဘာလ ၈ ရက်နေတွင် ကျင်းပပြုလုပ်မည် အထွေထွေရွေးကို ရက်ရွှေ့ဆိုင်ရန် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တက်ရောက်လာသောနိုင်ငံပါတီတွေ အကြံပြုချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မူလသတ်မှတ်ထားတဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မယ် သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒုံး​ကျည်​တွေ ​မ​ကျ​ရောက်​မီ ​သံ​ရုံး​ရှေ့​မှာ ​ထောက်​ခံ ​ဆ​န္ဒ​ပြ​သူ​တွေ ​ရှိ​နေ​ခဲ့။
ဆီး​ရီး​ယား ​နိုင်​ငံ၊ ​ဒ​မာ့​စ​ကပ်စ် ​မြို့​က ​ရု​ရှား ​သံ​ရုံး​ရှေ့​မှာ ​ရု​ရှား​ကို ​ထောက်​ခံ​သူ​တွေ ​စု​ဝေး ​ရောက်​ရှိ​နေ​စဉ် ​သံ​ရုံး ​ဝင်း​ထဲ​ကို ​ဒုံး​ကျည် ၂ ​စင်း ​ကျ​ရောက် ​ထိ​မှန် ​ခဲ့​တယ်​လို့ ​သ​တင်း​တွေ ​ရ​ရှိ​ပါ​တယ်။
ဒုံး​ကျည်​တွေ ​ကျ​ရောက် ​ထိ​မှန်​မှု​ကြောင့် ​သေ​ဆုံး​သူ ​မ​ရှိ​ပေ​မယ့် ​လူ​အ​ချို့ ​ဒဏ်​ရာ ​ရ​ခဲ့​တယ်​လို့ ​ဒ​မာ့​စ​ကပ်စ် ​မြို့​က ​ဘီ​ဘီ​စီ ​သ​တင်း​ထောက်​က ​ပြော​ပါ​တယ်။
အဲ​ဒီ ​ဒုံး​ကျည်​တွေ​ကို ​ဒ​မာ့​စ​ကပ်စ်​မြို့ ​အ​ရှေ့​ဘက်​က​နေ ​ပစ်​လွှတ်​ခဲ့​တာ​လို့ ​ဆီး​ရီး​ယား ​လူ့​အ​ခွင့်​အ​ရေး ​ဆိုင်​ရာ ​စောင့်​ကြည့်​ရေး ​အ​ဖွဲ့​က ​ပြော​ပါ​တယ်။
ဒုံး​ကျည်​တွေ ​မ​ကျ​ရောက်​မီ ​သံ​ရုံး ​အ​ပြင်​ဘက်​မှာ ​ရု​ရှား​ရဲ့ ​လေ​ကြောင်း ​တိုက်​ခိုက်​မှု​တွေ​ကို ​ထောက်​ခံ ​ဆ​န္ဒ​ပြ​သူ​တွေ​က ​ရု​ရှား ​အ​လံ​တွေ​နဲ့ ​သ​မ္မ​တ ​ပူ​တင်​ရဲ့ ​ရုပ်​ပုံ​တွေ​ကို ​ဝှေ့​ယမ်း​ပြီး ​စု​ဝေး ​ရောက်​ရှိ ​နေ​ခဲ့​တယ်​လို့ ​ဆို​ပါ​တယ်။
ရု​ရှား ​နိုင်​ငံ​ခြား​ရေး ​ဝန်​ကြီး ​ဆာ​ဂျေ ​လပ်ဗ်​ရို့ဗ်​က ​အဲ​ဒီ ​တိုက်​ခိုက်​မှု​ကို ​အ​ကြမ်း​ဖက်​မှု ​တစ်​ခု ​ဖြစ်​တယ်​လို့ ​ပြော​လိုက်​ပြီး ​ဘယ်​သူ့ ​လက်​ချက် ​ဆို​တာ ​သိ​ရ​ဖို့ ​ဆီး​ရီး​ယား ​အာ​ဏာ​ပိုင်​တွေ​နဲ့ ​ပူး​ပေါင်း ​ဖော်​ထုတ် ​သွား​မယ်​လို့ ​ဆို​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက နေပြည်တော်ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များနှင့်တွေ့ဆုံနေစဉ်။ 
 မြန်မာနိုင်ငံဒေသအချို့မှာ ရေဘေးအန္တရာယ်ကြုံတွေ့နေရတာကြောင့် ရွေးကောက်ပွဲရက်ကို ရွေ့ဆိုင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်း ဒီကနေ့ ဆွေးနွေးခဲ့ပေမယ့်၊ ကော်မရှင်အဖွဲ့ဝင်အားလုံးရဲ့ ဆုံးဖြတ်ချက်အရ သတ်မှတ် ပုံမှန်ရက်အတိုင်း ဆက်ကျင်းပသွားဖို့ နောက်ဆုံး ဆုံးဖြတ်ခဲ့ပါတယ်။ ဒီမတိုင်ခင်ကတော့ ကော်မရှင်ကနေ နိုင်ငံရေးပါတီ ၁၀ ပါတီကို ခေါ်ယူပြီး ဆွေးနွေးမေးမြန်းမှုလုပ်ခဲ့ပါတယ်။ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေအကြား ဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့တော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက်ကိုမိုးဇော်က စုံစမ်းမေးမြန်းထားပါတယ်။
ရွေးကောက်ပွဲရွှေ့ဆိုင်းလိုကြောင်းကို ဒီကနေ့ကျင်းပတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီကြီး ၆ခုရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တင်ပြ အဆိုပြုခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးသိန်းဦးက အခုလို ပြောဆိုပါတယ်။
“ဒီကနေ့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ သဘာဝဘေးကျရောက်နေတော့လေ အဲဒါနဲ့ ပက်သက်လို့ ဒါရွှေ့ဆိုင်းသင့်၊မသင့် ပေါ့နော်။ဒီနေ့နိုင်ငံရေးပါတီတွေနဲ့ ကျနော်တို့တွေ အစည်းအဝေးလုပ်တာတွေရှိပါတယ်။ စေ့စပ်ညှိနှိင်းရေးကော်မတီမှာပါဝင်တဲ့ ပါတီတွေနဲ့ ပေါ့။ အဲဒါတွေနဲ့ကော ကျနော်တို့ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ရော ကျနော်တို့လုပ်တာတွေလည်းရှိတယ်။ ရွှေ့ဆိုင်းဖို့၊ မရွှေ့ဆိုင်းဖို့တော့ တိတိကျကျဆုံးဖြတ်တာတော့မရှိသေးဘူး။ ဒီအပေါ်မှာရော ပါတီတွေရဲ့တင်ပြချက်တွေအပေါ်မှာရော၊ လက်ရှိဖြစ်နေတဲ့ အခြေအနေအပေါ်မှာရော ဒါကိုတော့ ကော်မရှင်က ပြန်ပြီးတော့ စည်းစားမှာပါ။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာကို ကန့်ကွက်ထားတယ်လို့ အခုလို ပြောပါတယ်။
“ရွေးကောက်ပွဲကော်မရှင်က လုပ်ငန်းညှိနှိုင်း အစည်းအဝေးခေါ်တယ်။ပြီးတော့ ဦးတင်အေးကနေပြီးတော့ ရွေးကောက်ပွဲရွှေ့ဆိုင်းချင်တဲ့ ဆန္ဒရှိတယ်တဲ့။ ပါတီသဘောထားပေးပါဆိုတော့။ ကြံ့ခိုင်ရေးရယ်၊ အမျိုးသားပါတီရယ်၊ တောင်သူလယ်သမား ပါတီရယ်ထောက်ခံတယ်။ တစည၊ ရခိုင်ရယ်၊ NDF ကတော့ ကော်မရှင်သဘောပါပဲတဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ကန့်ကွက်တယ်။ ကျနော်တို့ပြောတာက အဲဒီဟာမခိုင်လုံဘူးလို့။ နာဂစ်မှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း ၂ ခုလုံး သိန်းနဲ့ချီသေတာတောင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေမဲထည့်ရမယ် ဆိုတာကိုတောင် လုပ်တယ်။ ဒါကို မခိုင်လုံကြောင်း ကျနော်ပြောလိုက်တယ်။”
ရွေးကောက်ပွဲကို ဘယ်ရက်အထိ ရွှေ့ဆိုင်းမယ်ဆိုတာတော့ ဆွေးနွေးပွဲမှာတိတိကျကျ သတင်းထုတ်ပြန်တာ မရှိဘဲဒီနေ့ ည ၈နာရီသတင်းမှာ ရွေးကောက်ပွဲရွှေ့ဆိုင်းရေးနဲ့ပတ်သက်ပြီး ကော်မရှင်က တရားဝင်ကြေညာဖို့ ရှိနေပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေရဲ့ ၇၃ရာခိုင်နှုန်းကို ကိုယ်စားပြုထားပြီး ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညိနှိုင်းရေး ဗဟိုကော်မတီတွင် ပါဝင်သည့် ပါတီ ၁၀ ပါတီကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
အဲဒီ ပါတီတွေကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ဖြစ်ပြီး ကရင်နဲ့ ရှမ်းပါတီ ၂ပါတီက မတက်ရောက်ခဲ့ပါဘူး။
ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
MH17 ​မ​လေး​ရှား ​ခ​ရီး​သည်​တင် ​လေ​ယာဉ် ​ဟာ ​ရု​ရှား​လုပ် ​ဘုခ် ​ဒုံး​ကျည်​ကြောင့် ​ပျက်​ကျ ​ခဲ့​တာ ​ဖြစ်​တယ်​လို့ ​ဒတ်​ခ်ျ ​လုံ​ခြုံ​ရေး ​အ​ဖွဲ့​က ​ပြော​ပါ​တယ်။
ဘုခ် ​ဒုံး​ကျည်​ဟာ ​လေ​ယာဉ်​ဦး​ပိုင်း ​ဘယ်​ဘက် ​အ​ခြမ်း ​အ​နီး​မှာ ​ပေါက်​ကွဲ​ခဲ့​တာ​လို့ ​ဒတ်​ခ်ျ ​လုံ​ခြုံ​ရေး ​အ​ဖွဲ့​ရဲ့ ​နောက်​ဆုံး ​အ​စီ​ရင်​ခံ​စာ​မှာ ​ဖော်​ပြ ​ထား​ပါ​တယ်။
အ​နောက်​နိုင်​ငံ​တွေ​နဲ့ ​ယူ​က​ရိန်း ​အ​စိုး​ရ ​တို့​က​တော့ ​အဲ​ဒီ ​ဘို​ရင်း ၇၇၇ ​လေ​ယာဉ်​ကို ​ရု​ရှား​တွေ ​ထောက်​ပံ့​ထား​တဲ့ ​သူ​ပုန်​တွေ​က ​ပစ်​ချ ​ခဲ့​တာ​လို့ ​ပြော​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ရု​ရှား​က​တော့ ​အဲ​ဒီ ​ဒုံး​ကျည်​ဟာ ​ယူ​က​ရိန်း ​ထိန်း​ချုပ်​ထား​တဲ့ ​နယ်​မြေ​က​နေ ​ပစ်​လွှတ် ​ခဲ့​တာ​လို့ ​ပြော​ပါ​တယ်။
ဒီ​အ​စီ​ရင်​ခံ​စာ​မှာ​တော့ ​ဘယ်​သူ့ ​လက်​ချက် ​ဖြစ်​တယ်​လို့ ​ဖော်​ပြ​ခြင်း ​မ​ရှိ​ပေ​မယ့် ​အဲ​ဒီ ​အ​ချိန်​က ​လေ​ကြောင်း ​သွား​လာ​မှု​တွေ​ကို ​ပိတ်​ထား ​ခဲ့​သင့်​တယ်​လို့ ​ဆို​ပါ​တယ်။
လေ​ယာဉ်​ပေါ် ​လိုက်​ပါ​သွား​တဲ့ ​လူ ၂၉၈ ​ယောက်​စ​လုံး​ဟာ ​စ​က္ကန့်​ပိုင်း ​အ​တွင်း ​အ​သိ​စိတ် ​ကင်း​လွတ် ​သွား​ခဲ့​ကြ​နိုင်​ဖွယ် ​ရှိ​တယ်​လို့​လည်း ​ဆို​ပါ​တယ်။
လေ​ယာဉ်​ပေါ် ​ပါ​သွား​သူ​တွေ ​အ​နက် ၁၉၆ ​ယောက်​က ​ဒတ်​ခ်ျ ​နိုင်​ငံ​သား​တွေ ​ဖြစ်​ပြီး ​ဗြိ​တိန် ​နိုင်​ငံ​သား ၁၀ ​ယောက် ​ပါ​ဝင်​ပါ​တယ်။
အဲ​ဒီ MH17 ​လေ​ယာဉ်​ဟာ ​ယူ​က​ရိန်း ​အ​ရှေ့​ပိုင်း​က ​ခွဲ​ထွက်​ရေး ​သူ​ပုန်​တွေ​နဲ့ ​အ​စိုး​ရ​တပ်​တို့ ​အ​ကြား ​တိုက်​ပွဲ​တွေ ​ပြင်း​ထန်း​နေ​ချိန် ၂၀၁၄ ​ခု​နှစ် ​ဇူ​လိုင် ၁၇ ​ရက်​နေ့​က ​အမ်​စ​တာ​ဒမ် ​မြို့​က​နေ ​ကွာ​လာ​လမ်​ပူ ​မြို့​ကို ​ပျံ​သန်း​စဉ် ​ပစ်​ချ ​ခံ​ခဲ့​ရ​တာ​ပါ။
BBC Burmese
http://www.bbc.com/burmese
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက နေပြည်တော် ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များနှင့် တွေ့ဆုံနေစဉ်။ 
 လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို  ရွှေ့ဆိုင်းလိုကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီကနေ့ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး မှာ အဆိုပြုခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ကန့်ကွက်ထားပါတယ်။ ရွေးကောက်ပွဲရွှေ့ဆိုင်း လိုတာကတော့ ချင်းနဲ့ ကယားပြည်နယ်အပါအ၀င် တိုင်းဒေသကြီးတချို့မှာ သဘာဝဘေး အန္တရာယ်ကြုံတွေ့နေရတဲ့ အခြေအနေကြောင့် လို့ ဆိုပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ရွေးကောက်ပွဲရွှေ့ဆိုင်းလိုကြောင်းကို ဒီကနေ့ကျင်းပတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီကြီး ၆ခုရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တင်ပြ အဆိုပြုခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးသိန်းဦးက အခုလို ပြောဆိုပါတယ်။
“ဒီကနေ့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ သဘာဝဘေးကျရောက်နေတော့လေ အဲဒါနဲ့ ပက်သက်လို့ ဒါရွှေ့ဆိုင်းသင့်၊မသင့် ပေါ့နော်။ဒီနေ့နိုင်ငံရေးပါတီတွေနဲ့ ကျနော်တို့တွေ အစည်းအဝေးလုပ်တာတွေရှိပါတယ်။ စေ့စပ်ညှိနှိင်းရေးကော်မတီမှာပါဝင်တဲ့ ပါတီတွေနဲ့ ပေါ့။ အဲဒါတွေနဲ့ကော ကျနော်တို့ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ရော ကျနော်တို့လုပ်တာတွေလည်းရှိတယ်။ ရွှေ့ဆိုင်းဖို့၊ မရွှေ့ဆိုင်းဖို့တော့ တိတိကျကျဆုံးဖြတ်တာတော့မရှိသေးဘူး။ ဒီအပေါ်မှာရော ပါတီတွေရဲ့တင်ပြချက်တွေအပေါ်မှာရော၊ လက်ရှိဖြစ်နေတဲ့ အခြေအနေအပေါ်မှာရော ဒါကိုတော့ ကော်မရှင်က ပြန်ပြီးတော့ စည်းစားမှာပါ။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာကို ကန့်ကွက်ထားတယ်လို့ အခုလို ပြောပါတယ်။
“ရွေးကောက်ပွဲကော်မရှင်က လုပ်ငန်းညှိနှိုင်း အစည်းအဝေးခေါ်တယ်။ပြီးတော့ ဦးတင်အေးကနေပြီးတော့ ရွေးကောက်ပွဲရွှေ့ဆိုင်းချင်တဲ့ ဆန္ဒရှိတယ်တဲ့။ ပါတီသဘောထားပေးပါဆိုတော့။ ကြံ့ခိုင်ရေးရယ်၊ အမျိုးသားပါတီရယ်၊ တောင်သူလယ်သမား ပါတီရယ်ထောက်ခံတယ်။ တစည၊ ရခိုင်ရယ်၊ NDF ကတော့ ကော်မရှင်သဘောပါပဲတဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ကန့်ကွက်တယ်။ ကျနော်တို့ပြောတာက အဲဒီဟာမခိုင်လုံဘူးလို့။ နာဂစ်မှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း ၂ ခုလုံး သိန်းနဲ့ချီသေတာတောင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေမဲထည့်ရမယ် ဆိုတာကိုတောင် လုပ်တယ်။ ဒါကို မခိုင်လုံကြောင်း ကျနော်ပြောလိုက်တယ်။”
ရွေးကောက်ပွဲကို ဘယ်ရက်အထိ ရွှေ့ဆိုင်းမယ်ဆိုတာတော့ ဆွေးနွေးပွဲမှာတိတိကျကျ သတင်းထုတ်ပြန်တာ မရှိဘဲဒီနေ့ ည ၈နာရီသတင်းမှာ ရွေးကောက်ပွဲရွှေ့ဆိုင်းရေးနဲ့ပတ်သက်ပြီး ကော်မရှင်က တရားဝင်ကြေညာဖို့ ရှိနေပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေရဲ့ ၇၃ရာခိုင်နှုန်းကို ကိုယ်စားပြုထားပြီး ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညိနှိုင်းရေး ဗဟိုကော်မတီတွင် ပါဝင်သည့် ပါတီ ၁၀ ပါတီကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
အဲဒီ ပါတီတွေကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ဖြစ်ပြီး ကရင်နဲ့ ရှမ်းပါတီ ၂ပါတီက မတက်ရောက်ခဲ့ပါဘူး။
ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
 တိုင်းလိုင်(ရှမ်းနီ)ပါတီမှ စည်းရုံးရေးတာဝန်ရှိသူ နှစ်ဦး အသတ်ခံရသည့်အတွက်
မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ရပ်လိုက်ရကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသား
များ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုကော်မတီ ဥက္ကဋ္ဌက ပြောသည် ။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင်
အောက်တိုဘာ ၁၃ ရက်က ကျင်းပသည့် ပါတီစည်းရုံးရေး တာဝန်ရှိသူနှစ်ဦး အ
သတ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်
ကြောင်း သိရသည် ။
ဖားကန့်မြို့နယ် ပါတီစည်းရုံးရေးတွင် တက်ကြွစွာပါဝင်သူများဖြစ်သည့် ဦးစိုင်းထွန်း
လွင် အသက်-၃၅ နှစ်သည် အောက်တိုဘာ ၅ ရက်တွင်လည်းကောင်း၊ ဦးကံဆက်
အသက်-၄၆ နှစ် အောက်တိုဘာ ၆ ရက်တွင်လည်းကောင်း အဆိုပါဒေသရှိ လက်
နက်ကိုင်တပ်ဖွဲ့ဝင်ဟု ယူဆသူများထံတွင် အသတ်ခံရပြီး နောက်ပိုင်း ပါတီစည်းရုံး
ရေးပါဝင်ရန် ကြောက်လန့်မှုများရှိသဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ရပ်တန့်
လိုက်ရခြင်းများ ရှိကြောင်း သိရသည် ။
ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းတင်အောင်က" ဒီကိစ္စ ဖြစ်ပြီးနောက်ပိုင်း ရှမ်းနီစည်းရုံးရေးဆင်း
ရင် ကိုယ်စားလှယ်လောင်းတွေလည်း အပြင်မထွက်ရဲတော့ဘူး ။ လူထုတွေလည်း
အကြောက်တရား လွှမ်းမိုးနေတယ် ။ ဒီလိုဖြစ်နေတော့ ပါတီစည်းရုံးရေးကို ထိခိုက်
လာနိုင်ပါတယ်" ဟု ပြောသည် ။
ယင်းသို့ ဖြစ်ပွားခဲ့သည့်အတွက် အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်တွင် ဖားကန့်မြို့
နယ်ရှိ KIO ဆက်ဆံရေးရုံးသို့ သွားရောက်အကြောင်းကြားရာတွင် အဆိုပါရုံးမှ ရွေး
ကောက်ပွဲ မထိခိုက်စေရန် KIO ဗဟိုမှစာထုတ်ထားကြောင်း၊ ယင်းတို့အနေဖြင့် ဗဟို
ကို အကြောင်းကြားပေးမည် ဖြစ်ကြောင်း ဆိုသော်လည်း ယနေ့အထိ အကြောင်း
ပြန်ကြားခြင်း မရှိသေးကြောင်း၊ ဖားကန်မြို့နယ် တိုင်းလိုင်(ရှမ်းနီ)ပါတီဥက္ကဋ္ဌ ဦးစိုင်း
ခင်မောင်လွင်က ပြောသည် ။
ဦးစိုင်းခင်မောင်လွင်က "ကျုးလွန်သွားတဲ့သူကို ဥပဒေအတိုင်း အရေးယူနိုင်ဖို့ ကူညီ
စေလိုပါတယ်။ နောက် အခုကိစ္စကြောင့် ဖားကန့်မှာရှိတဲ့ ရှမ်းနီတွေရော အခြားလူ
မျိုးစုတွေပါ အကြောက်တရား လွှမ်းမိုးသွားပြီ ဖြစ်တယ် ။ ဒီအတွက် လွတ်လပ်စွာ
အကြောက်တရား ကင်းကင်း ဖြစ်စေချင်တယ်" ဟု ပြောသည် ။
ယင်းတို့နှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဖားကန့်မြို့နယ်ရဲစခန်းတွင် ဦးစိုင်း
ထွန်းလွင် အသတ်ခံရမှုအား (ပ)၁၁၀/၂၀၁၅ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂/၁၁၄ ၊ ဦးကံ
ဆက် အသတ်ခံရမှုအား (ပ)၁၁၁/၂၀၁၅ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်
ထားကြောင်း သိရသည် ။
တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အနေဖြင့် ရှမ်းနီတိုင်းရင်း
သားအများစု နေထိုင်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း
ဒေသကြီးတို့တွင် ကိုယ်စားလှယ်လောင်း ၅၄ ဦးသည် တိုင်းရင်းသားရေးရာဝန်ကြီး၊
လွှတ်တော်သုံးရပ်တို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြောပြချက်အရ
သိရသည်။
သတင်း - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
 ထိုင်းနိုင်ငံတွင်း ပန်းရောင်(WorkPermit) ကတ် ကိုင်ဆောင်ထားသော အလုပ်သမားများ အလုပ်ရှင်၏ ခရီးသွားထောက်ခံစာ မပါရှိဘဲ ခရီးသွားပါက ထိုင်းနိုင်ငံ ဥပဒေအရ ဖမ်းဆီးခံရပြီး အလုပ်လုပ်ကိုင်ခွင့် ဆုံးရှုံးမည် ဖြစ်ကြောင်း သိရှိရသည် ။
"အရင်က မြန်မာအလုပ်သမားတွေက ပန်းရောင် အလုပ်သမားကတ်ကိုင်ရင် ကြိုက်တဲ့နေရာ ခရီးသွားလို့ရတယ် ။ အခုက ထိုင်းနိုင်ငံရဲ့ ဥပဒေအရ သွားလို့မရဘူး ။ အလုပ်ရှင်ရဲ့ ထောက်ခံစာလိုတယ် ။ ဘာလို့လဲဆိုတော့ ဥပဒေချိုးဖောက်ပြီး ပြစ်မှုကျူးလွန်တဲ့သူတွေ ဖြစ်မှာကြောက်လို့ စစ်ဆေးနေကြတာပါ" ဟု ထိုင်းနိုင်ငံ ၊ မယ်ဆိုင်မြို့အတွင်း မြန်မာ အလုပ်သမားများအား ကူညီလုပ်ကိုင်ပေးနေသူ ဦးထွန်းက ပြောသည် ။
အလုပ်ရှင်၏ ထောက်ခံစာမပါရှိဘဲ ခရီးသွားခြင်းကြောင့် ထိုင်းနိုင်ငံ ၊ မယ်ဆိုင်မြို့ (လ.၀.က) အချုပ်တွင် လစဉ် ရွှေ့ပြောင်းအလုပ်သမား ငါးဆယ်ဦးခန့် ဖမ်းဆီးခြင်း ခံရလျက်ရှိကြောင်း ၎င်းထံမှသိရသည် ။ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အကြောင်းအမျိုးမျိုးဖြင့် ခရီးသွားလျှင် သော်လည်းကောင်း ၊ မြန်မာနိုင်ငံသို့ ပြန်ရန်သော် လည်းကောင်း အလုပ်ရှင်၏ ထောက်ခံချက် လိုအပ်ကြောင်း ၊ သို့မဟုတ်ပါက Passport, Visa နှင့် အလုပ်သမားကတ်တို့အား သိမ်းဆည်းကာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ရရှိတော့မည် မဟုတ်ကြောင်း သိရသည် ။
"ဒီလအထဲမှာပဲ လူနှစ်ဆယ်လောက် Visa Passport တွေ ပါတယ် ။ ဒါပေမဲ့ သက်ဆိုင်ရာ အလုပ်ရှင်ရဲ့ ခရီးသွား ထောက်ခံစာ မပါလို့ ဖမ်းဆီးခံရတယ် ။ သူတို့ကို မြန်မာနိုင်ငံထဲ ပြန်လွှတ်ပေးပါတယ် ။ အဲ့ဒီနေ့ပဲ ထိုင်းနိုင်ငံ ထဲ ပြန်ဝင်ဖို့ လုပ်တဲ့အခါ လ.၀.က.ရဲ့ မှတ်တမ်းမှာပါနေတော့ ၀င်လို့မရတော့ဘူး" ဟု ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာ လုပ်သားတစ်ဦးက ပြောသည် ။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာလုပ်သားများ အနေဖြင့် ထိုင်းနိုင်ငံ၏ အလုပ်သမားနှင့် ဆိုင်သော ထုတ်ပြန်ချက်များ ဥပဒေများအား အနည်းငယ် သိရှိရန်လိုအပ်ကြောင်း သို့မဟုတ်ပါက ဖမ်းဆီးခြင်းခံရပြီး အလုပ်လုပ်ကိုင်ခွင့် ဆုံးရှုံးမည်ဖြစ်ကြောင်း မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (CNCMC) ထံမှ သိရသည် ။
သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
 လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပဖို့ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲရက်ကို ရွှေ့ဆိုင်းလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး က ဒီကနေ့ နိုင်ငံရေးပါတီ ၇ ပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများမှာ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေ ရတဲ့အတွက် ရွေးကောက်ပွဲရက်ကို ရွှေ့ပြောင်းသင့်၊ မသင့် နိုင်ငံရေးပါတီတွေ စဉ်းစားလို့ရအောင် ခေါ်ပြောတာဖြစ်တယ်လို့ ပါတီတွေနဲ့ ဆွေးနွေးပွဲအပြီးမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက သတင်းမီဒီယာတွေကို ပြောပါတယ်။
"အခုချိန်ထိလည်း သဘာဝဘေးအန္တရာယ်တွေ သင့်နေပါတယ်၊ တိုင်းနဲ့ ပြည်နယ်တော်တော်များများမှာ သဘာဝဘေးအန္တရာယ်ရှိနေတဲ့အတွက်လည်း တစ်ချက်စဉ်းစားတာပေါ့လေ၊ ဘာကြောင့်လဲဆိုတော့ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရတဲ့အချိန်မှာ လုပ်သားပြည်သူများ စိတ်အေးချမ်းသာစွာ ရွေးကောက်ပွဲမှာ မဲပေးနိုင်ပါ့မလား၊ ထို့အတူပဲ ပါတီအသီးသီးအနေနဲ့လည်း မဲဆွယ်စည်းရုံးခွင့်ရပါ့မလား၊ အဲ့ဒါတွေချိန်ဆပြီးနောက်ပိုင်းမှာ ရွေးကောက်ပွဲ ရွှေ့သင့်တယ်၊ မရွှေ့သင့်ဘူးဆိုတာ စဉ်းစားနိုင်အောင် ဒီနေ့ ပါတီတွေကို ခေါ်ပြီးတော့ တွေ့တာပါ"
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို ဒီည သို့မဟုတ် မနက်ဖြန်မှာ ထုတ်ပြန်ကြေညာသွားမယ်လို့လည်း ကော်မရှင်ဥက္ကဌက ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းမယ့်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတစ်ခု တည်းကသာ ကန့်ကွက်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီတို့က ထောက်ခံခဲ့တယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံပွဲအတွက် နိုင်ငံရေးပါတီ ၁ဝ ပါတီကို ဖိတ်ကြားခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖံွ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ နိုင်ငံရေးပါတီ ၇ ပါတီက တက်ရောက်ခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ကချင်၊ ကရင်၊ ရှမ်း၊ မွန်၊ ပဲခူး စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ခုအတွင်းက ကျေးရွာအုပ်စု ၄၀၀ နီးပါးမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်တာကြောင့် အဲဒီနေရာတွေမှာ မကျင်းပတောကြောင်း မနေ့က ကြေညာထုတ်ပြန်ခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/RFA-Burmese
ဗ​ဟန်း ​ရဲ​စ​ခန်း ​က ​နေ ​ဖမ်း​ဆီး ​လိုက်​တာ ​ဖြစ်​ပြီး ​မ​အူ​ပင် ​ရဲ​စ​ခန်း​ကို ​ခေါ်​ဆောင် ​သွား​မယ် ​လို့ ​သိ​ရ​ပါ​တယ်။ 
 ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် တို့ ရဲ့ ပုံ တွေ နဲ့ အတူ နိုင်ငံရေး သရော်တဲ့ စာသားတွေ ပါဝင်တဲ့ ဓာတ်ပုံကို Facebook လူမှု ကွန်ရက် စာမျက်နှာ ပေါ် တင်ခဲ့တဲ့ အမျိုးသမီးငယ် တစ်ဦး ကို အောက်တိုဘာ ၁၂ ရက် နေ့ မှာ ရဲက ဖမ်းဆီး လိုက် ပါတယ်။
အခုလို အဖမ်းခံ လိုက်ရ သူဟာ ချောစန္ဒီထွန်း လို့ ခေါ်ပြီး သူဟာ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကို ဝန်းရံ အားပေးသူ တစ်ဦး ဖြစ်ပြီး အင်တာနက် လူမှု ကွန်ရက် ကနေ တဆင့် NLD အတွက် စည်းရုံးမှု တွေ ကို တက်တက်ကြွကြွ လုပ်ဆောင် နေသူ ဖြစ်ပါတယ်။
မအူပင် မြို့ခံ တစ်ဦး ဖြစ်တဲ့ မချောစန္ဒီထွန်း ကို ရန်ကုန် မှာ ရှိနေတုန်း ဗဟန်း ရဲစခန်း က နေ ဖမ်းဆီး လိုက်တာ ဖြစ်ပြီး မအူပင် ရဲစခန်းကို ခေါ်ဆောင် သွားမယ် လို့ သိရပါတယ်။
အီလက်ထရောနစ် ဥပဒေ ပုဒ်မ တွေ နဲ့ ငြိစွန်းလို့ ဖမ်းဆီးခဲ့တာ ဖြစ်တယ် ဆိုပြီး ရဲ က ပြောကြောင်း မချောစန္ဒီထွန်း က ဗဟန်း ရဲစခန်း မှာ ရှိ နေစဉ် မှာပဲ ဘီဘီစီ ကို ပြောပါတယ်။
ပုသိမ်က ဗိုလ်မှုး တစ်ယောက် က တရားလို လုပ်ပြီး တရားစွဲ ထားတာ ဖြစ်တယ် လို့လည်း မချောစန္ဒီထွန်း က ဆိုပါတယ်။
Facebook ပေါ် သူတင်တဲ့ သရော် ဓာတ်ပုံ ကို ပြန်လည် ဖြုတ်ချ ခဲ့ပြီး ဖြစ်ပေမယ့် တင်ထား စဉ် screenshot လို့ ခေါ်တဲ့ မှတ်တမ်း သက်သေ ရယူပြီး အမှုဖွင့်ပုံ ရတယ်လို့ မချောစန္ဒီထွန်း က ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
 ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မကြာခင်မှာ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ရှိနေတဲ့အပေါ် ဒေသခံနိုင်ငံရေး အသိုင်းအဝိုင်းက မလိုလားတဲ့ သဘောထားတွေ ပြောဆိုနေကြပါတယ်။ ဒေသခံ တိုင်းရင်းသားပါတီတွေ နိုင်ငံရေးအရအခွင့်အလမ်း ဆုံးရှုံးနိုင်တယ်ဆိုပြီး ခရီးစဉ်ကို ပြန်သုံးသပ်ဖို့ တိုက်တွန်းမှုတွေလည်း ရှိနေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခ က သတင်းပေးပို့ထားပါတယ်။
ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်လာနေတဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီသီတင်းပတ်ထဲမှာပဲ ရခိုင်ပြည်နယ်ကို သွားရောက်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက မြို့တော်တော်များများကို သွားရောက်ပြီး လူထုနဲ့ တွေ့ဆုံစကားပြောဖို့လည်း စီစဉ်ထားတယ်လို့ NLD ပါတီ ဗဟိုလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။
“၁၆ ရက်နေ့ လေယာဉ်ပျံနဲ့သွားမယ်၊ ရန်ကုန်ကနေ သံတွဲကို။ နေ့လည် ၁၁ နာရီမှာ။ သံတွဲရောက်လို့ရှိရင် သံတွဲမှာ မနားဘူး။ …ကိုသွားမယ်။ …..မှာ ဟောပြောပွဲလုပ်မယ်။ ……နဲ့တွေ့မယ်။ ပြီးရင် သံတွဲမှာ ပြန်လာညအိပ်မယ်။ နောက်တနေ့မနက်မှာ သံတွဲမှာ ဟောပြောပွဲလုပ်မယ်။ …ကျိန်တလီရောက်မယ်။ ကျိန်တလီပြီးရင် ဂွရောက်မယ်။ ဂွမှာ ညအိပ်မယ်။ …ဂွမှာပြောစရာရှိတာ ပြောပြီးလို့ရှိရင် ငသိုင်းချောင်းသွားမယ်၊ ငသိုင်းချောင်း။ ငသိုင်းချောင်းမှာပြောပြီးရင် ….။ ….ပြီးရင် ရန်ကုန်။”
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်းသားနယ်မြေတွေအပါအဝင် ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးထွက်နေတဲ့ အပေါ်မှာတော့ ဒေသခံ နိုင်ငံရေးသမားတွေကြား ဘဝင်မကျတဲ့သဘောထားတွေလည်း ရှိနေကြပါတယ်။ ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်ကတော့ပြည်ထောင်စုထူထောင်ဖို့ တိုင်းရင်းသားတွေပါပါဝင်ဖို့လိုကြောင်း၊ တပါတီအာဏာအတွက် စည်းရုံးမှု အပေါ်တိုင်းရင်းသားတွေဘက်က ယုံကြည်မှုအားနည်းလာနေပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးမှုအပေါ် ခုလိုပြောပါတယ်။
“အခုချဉ်းကပ်မှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ပါတီ ….ဆိုတဲ့ …..ထောက်ထားပြီးမှ ချဉ်းကပ်တဲ့အခါမှာ တိုင်းရင်းသားတွေနဲ့ မဟာမိတ်၊ လိုအပ်တဲ့ မဟာမိတ်ပြုမှုဆိုတဲ့ကဏ္ဍ၊ နောက်ချန်သွားပါတယ်။ အဲဒါကြောင့် ….သူတို့စည်းရုံးမှုသည် တစုံတခုဖြစ်လာခဲ့လို့ရှိရင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအနေနဲ့ ကျနော်တို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုတဲ့လမ်းကြောင်း ဝေဝါးသွားပြီးမှ အတိုက်အခံပါတီကြီးတစ်ခုအဖြစ် လာမယ့်ပြည်ထောင်စုလွှတ်တော်မှာ ဆက်နေသွားရမှာကို ကျနော်တို့စိုးရိမ်ပါတယ်။ ကျနော်တို့က …အစိုးရကို တိုင်းရင်းသားမဟာမိတ်တွေနဲ့ NLD ဦးဆောင်တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု …။ စစ်မှန်တဲ့ …ဆိုတဲ့ပုဂ္ဂိုလ်တွေနဲ့ ညီညီညွတ်ညွတ်လက်တွဲပြီးမှ မဟာမိတ်ဖွဲ့ပြီးမှ ဖွဲ့စည်းတည်ထောင်ချင်တယ်။ ပြန်သုံးသပ်သင့်တဲ့အတိုင်းအတာ ရှိတယ်လို့ NLD ကို message ပေးလိုပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်ရှိနိုင်ငံရေး အခြေအနေအရ NLD အနေနဲ့ တခဲနက်အနိုင်ရဖို့ လိုအပ်တဲ့အတွက် အင်တိုက်အားတိုက် စည်းရုံးရေးလုပ်နေရတာဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။ ရခိုင်မျိုးချစ်ပါတီ ဥက္ကဋ္ဌဦးမောင်မောင်စော ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုတော့ရနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“သူ့ပါတီရဲ့ …campaign ဆင်းတာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ပါတီအနေနဲ့ ထွေထွေထူးထူး ဘာမှ ပြောစရာမရှိပါဘူး။ သူ့ကိုထောက်ခံနေတာက သူ့ရဲ့ပါတီဝင်တွေကလွဲပြီးတော့ ပြည်သူတွေ မရှိဘူးခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရပ်တည်မှုဟာ ဒီမိုကရေစီပေါ်မှာ အဓိက အခြေခံတယ်။ တိုင်းရင်းသားပြည်သူတွေအပေါ်မှာ အဓိက အခြေမခံဘူး။ …..၂၀၁၂ ခုနှစ်က ရခိုင်နဲ့ကုလားပြဿနာဖြစ်တဲ့အခါ သူက ရခိုင်ဘက်က ရပ်တည်မပြောဘဲ ကုလားဘက်က ရပ်တည်ပြောတယ်။ ကချင်ဘက်က ပြည်တွင်းစစ်တွေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ တစ်ခါမှ ဝင်မပြောဖူးဘူး။ ပြည်သူရဲ့စိတ်ဝင်စားမှုဟာ ဒီမိုကရေစီထက် တိုင်းရင်းသားတန်းတူရေးကိုပဲ အဓိကစိတ်ဝင်စားတယ်လို့ ပြောချင်တာ။”
ရခိုင်ပြည်နယ်ခရီးစဉ် တစိတ်တပိုင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်မယ့် ဂွမြို့က NLD ပါတီ တိုင်းလွှတ်တော် ကိုယ်စားလှယ်လောင်းဦးညီပုကတော့ လူထုအနေနဲ့ ခရီးစဉ်အတွက် စိတ်အားထက်သန်နေကြတယ်လို့ ဆိုပါတယ်။
“ဒီခရီးစဉ်နဲ့ပတ်သက်လို့ အခြေအနေစိုးရိမ်ရမှု ဘာညာ ဆိုတဲ့ဟာကတော့ အခုချိန်အထိတော့ သိပ်ပြီးတော့ မတွေ့ရသေးပါဘူး၊ နည်းနည်းပါးပါး အသံလေးတွေ၊ ဘာလေးတွေတော့ ထွက်တာတော့ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ တတ်နိုင်သမျှ ကြိုဆိုရေးကိစ္စတွေ၊ လုံခြုံရေးကိစ္စတွေ မြို့နယ်အလိုက်ရော၊ နောက်ဆုံး ရွာတွေအထိပါ ဒါတွေလုပ်ဖို့ကို ညွှန်ကြားထားပါတယ်။”
 ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ခရီးစဉ်မှာ ၃ရက်ကြာမြင့်မှာဖြစ်ပြီး ရခိုင်ကနေတဆင့် ဧရာဝတီတိုင်းကိုပါ ကားနဲ့ ဆက်လက် ခရီး ဆက်မှာပါ။ ဒီရခိုင်ခရီးစဉ်ဟာ ၂ဝဝ၂ ခုနှစ်နေအိမ်အကျယ်ချုပ်မှလွတ်အပြီး ၁၃နှစ်အတွင်း ပထမအကြိမ်သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်အပြီး အောက်တိုဘာ ၂ဝ၊ ၂၁မှာ ရှမ်းပြည်နယ်ကျိုင်းတုံမြို့ကို ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆွယ်ရေးခရီးစဉ်ဆက် လက်ထွက်မှာဖြစ်ပါတယ်ရှင်။
မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
စ​ခန်း​တွေ ​သာ ​ကျ​သွား​ရင် ​ဝမ်​ဟိုင်း ​ဌာ​န​ချုပ် ​အ​တွက် ​စိုး​ရိမ် ​ရ။ 
ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA ရဲ့ ဝမ်ဟိုင်း ဌာနချုပ် ကို လုံခြုံရေး ယူပေး နေတဲ့ ရှေ့တန်း စခန်း တွေ ကို ပြီးခဲ့တဲ့ တနင်္ဂနွေ အောက်တိုဘာ ၁၁ ရက်နေ့ က အစိုးရ စစ်တပ် ကနေ တိုက်ခိုက် ခဲ့ ပါတယ်။
ဌာနချုပ် စခန်းနဲ့ ၁၀ မိုင် အကွာလောက် မှာ ရှိတဲ့ နမ့်ပန်ချောင်း နံဘေး က စခန်း တွေ ကို ဖယ်ရှား မပေးရ ရင် ဌာနချုပ် ထိ တက်သိမ်း မယ် ဆိုပြီး အစိုးရတပ် က ရာဇသံ ပေး ထားတဲ့ အတိုင်း အခုလို ထိုးစစ် ဆင်လာ တာ ဖြစ်သလို ဌာနချုပ် ကိုပါ ၁၂၀ မမ လက်နက်ကြီး ကျည် ၈ လုံး ပစ်ခတ် ခဲ့ပါတယ်။
ဒါပေမယ့် လက်နက်ကြီး ကျည်တွေဟာ ကွင်းပြင် ထဲပဲ ကျပြီး ဌာနချုပ် ကို အထိအခိုက် မရှိ ခဲ့ဘူး လို့ SSPP ရဲ့ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ က ဘီဘီစီ ကို ပြောပါတယ်။
အစိုးရ က ဖယ်ရှားပေးဖို့ ပြောနေတဲ့ အဲဒီ့ စခန်းတွေ သာ ကျသွားရင် ဝမ်ဟိုင်း ဌာနချုပ် အတွက် စိုးရိမ် ရတယ် လို့ လည်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ က ဆိုပါတယ်။
အခုလို အစိုးရ စစ်တပ် က ထိုးစစ်ဆင် လာတဲ့ အပေါ် အစိုးရ ရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ UPWC ကို ဦးဆောင် နေသူ တစ်ဦး ဖြစ်တဲ့ ဦးသိန်းဇော် ကို အီးမေးလ် ကနေ တဆင့် ဆက်သွယ် မှုတွေ ပြုလုပ် ထားပေမယ့် အကြောင်း မပြန် သေးဘူးလို့ လည်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။
အစိုးရ စစ်တပ်ဘက် က နောက်ထပ် စစ်အင်အား ၅၀၀ လောက် ထပ်ဖြည့် လာတယ် လို့လည်း ဆိုပါတယ်။
တကယ် လို့ အစိုးရ တပ်တွေက ဝမ်းဟိုင်း ဌာနချုပ်ကို တိုက်ခိုက် လာမယ် ဆိုရင် ဖြန့်ကျက် နေတဲ့ သူတို့ တပ်တွေက နေရာအနှံ့ တိုက်ပွဲတွေ ဖော်ဆောင် သွားမယ် လို့ ဒုတိယဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
လေယာဉ်အစိတ်အပိုင်းတစ်ခုပေါ်ကို ပန်းတွေ တင်ထားစဉ် (Credit: AFP) 
  ယူကရိန်းနိုင်ငံထဲ ​ပျက်ကျသွားတဲ့ ​မလေးရှား ​လေကြောင်းလိုင်းပိုင် ​MH ​17 ​လေယာဉ် ​ဘာကြောင့် ​ပျက်ကျရသလဲ ​ဆိုတာကို ​နယ်သာလန် ​စုံစမ်းစစ်ဆေးရေးအဖွဲ့က ​တစိတ်တပိုင်း ​ထုတ်ဖော်ပြောဆိုတော့မှာ ​ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးမှုအရ ​အဲဒီလေယာဉ်ဟာ ​ရုရှားနိုင်ငံထုတ် ​လက်နက်တစ်ခုနဲ့ ​ပစ်ခတ်ခံရလို့ ​ပျက်ကျရတာလို့ ​ပြောဆိုမယ့် ​အနေအထား ​ရှိနေပါတယ်။
နယ်သာလန် ​စံတော်ချိန် ​အင်္ဂါ ​မနက်မှာ ​ဒီအကြောင်းကို ​မီဒီယာတွေနဲ့ ​ကွယ်လွန်သူတွေရဲ့ ​ကျန်ရစ်သူ ​မိသားစုကို ​စုံစမ်းစစ်ဆေးရေး ​သမားတွေက ​ပြောပြမှာ ​ဖြစ်ပါတယ်။
အဲဒီအသေးစိတ် ​အချက်အလက်တွေကို ​ကြားနိုင်ဖို့ ​Thomas ​Schansman ​ဆိုတဲ့ ​လူကတော့ ​တစ်နာရီလောက် ​ကားမောင်းပြီး ​သူ့သားပါဝင်တဲ့ ​လေယာဉ် ​ဘာကြောင့် ​ပျက်ကျရသလဲ ​ဆိုတာကို ​ကိုယ်တိုင်း ​နားဆင်မှာ ​ဖြစ်ပါတယ်။
ကျန်ရစ်သူ ​မိသားစုဝင်တွေက ​၁၅ ​လအကြာ ​မသေခြာ ​မရေရာမှုတွေနဲ့ ​ကြုံရပေမယ့် ​မကြာခင်မှာ ​လေယာဉ်က ​ဘာကြောင့် ​ပျက်ကျသလဲ ​ဆိုတာကို ​အတိအကျ ​သိရမယ့်အတွက် ​သွားတာလို့ ​ပြောပါတယ်။
ရုရှားထုတ် ​လက်နက်ကြောင့် ​ပျက်ကျတယ်ဆိုတာကို ​အများက ​ယူဆကြပေမယ့် ​အခုလို ​တရားဝင် ​ကြားသိရဖို့က ​အရေးကြီးတယ်လို့ ​ပြောပါတယ်။
တစ်ဖွဲ့ဖွဲ့ကနေ ​ခရီးသည်တင် ​လေယာဉ်မှန်းမသိလို့ ​မတော်တဆ ​ပစ်ခတ်မိတာလို့ ​ယူဆတဲ့အတွက် ​ရုရှားဘက်ကပဲ ​ဖြစ်ဖြစ် ​တစ်ယောက်ယောက်က ​ဖြစ်ဖြစ် ​မှားယွင်းစွာ ​ပစ်ခတ်မိတဲ့အတွက် ​တောင်းပန်ပါတယ်လို့ ​ပြောလိုက်ရုံနဲ့ ​သူ့အနေနဲ့ ​ကျေနပ်မိမယ်လို့ ​ပြောပါတယ်။
ဒါပေမဲ့ ​သူ့သား ​သေဆုံးခဲ့ရတဲ့ ​ကိစ္စမှာ ​ဘယ်သူက ​ဘာမှ ​မပြောကြဘူးလို့ ​Thomas ​က ​ပြောပါတယ်။
နယ်သာလန် ​အာဏာပိုင်တွေက ​သူတို့တွေ့ရှိတဲ့အကြောင်း ​တစိတ်တပိုင်းကို ​မီဒီယာတွေကို ​ပြောပြမှာ ​ဖြစ်သလို ​ရုရှားကလည်း ​မီဒီယာတွေကို ​ဘာကြောင့် ​လေယာဉ် ​ပျက်ကျရသလဲဆိုတာ ​ရှင်းပြဖို့ ​ရှိတယ်လို့ ​သိရပါတယ်။
ရုရှားကို ​ထောက်ခံတဲ့ ​ယူကရိန်း ​သူပုန်တွေရဲ့ ​လက်ချက်ကြောင့် ​ဖြစ်ရတယ်ဆိုတဲ့ ​စွပ်စွဲချက်ကို ​ငြင်းဆိုဖို့အတွက် ​ဖြစ်မယ်လို့ ​သုံးသပ်နေကြပါတယ်။
ရုရှားက ​လေယာဉ်ကို ​ပစ်ခတ်ခဲ့တဲ့ ​လက်နက်ကို ​ရုရှားက ​ထုတ်တာ ​မှန်ပေမယ့် ​အဲဒီ ​လက်နက်ကို ​ရုရှားက ​အသုံးမပြုတော့ပဲ ​ယူကရိန်းကသာ ​အသုံးပြုနေတာလို့ ​ပြောဆိုဖူးပါတယ်။
စုံစမ်း ​စစ်ဆေးမှု ​အပြည့်အစုံကိုတော့ ​နောင်နှစ်လည်မှ ​ထုတ်ပြန်မှာ ​ဖြစ်ပါတယ်။
လေယာဉ်ပျက်ကျမှုအတွင်း ​နယ်သာလန် ​နိုင်ငံသား ​တစ်ရာကျော်ပါဝင်ပြီး ​သြစတြေးလျနိုင်ငံသား ​၃၈ ​ကျော် ​သေဆုံးခဲ့ရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
 ဗန်ကောက် အောက်တိုဘာ ၁၂
 ထိုင်းဝန်ကြီးချုပ်ဟောင်း သက် ဆင်ရှင်နာဝပ်အား အသရေဖျက်မှု ဖြင့် တရားရုံးသို့ လာရောက် အစစ် ဆေးခံရန် ပျက်ကွက်ခဲ့ပြီးနောက် ထိုင်းတရားရုံးက တနင်္လာနေ့တွင် ဖမ်းဝရမ်းထုတ်လိုက်သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင် သည် မေ ၁၉ မှ ၂၂ ရက်အထိ တောင်ကိုရီးယားနိုင်ငံတွင် အင်တာ ဗျူးလုပ်ခဲ့စဉ်အတွင်း ထိုင်းတပ်မတော် ၏ ဂုဏ်သိက္ခာကို ထိခိုက်အောင် စွပ်စွဲပြောဆိုခဲ့မှုဖြင့် ထိုင်းတပ်မတော် က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
တရားရုံးက ယင်းအမှုကို လက်ခံ ခဲ့ပြီး တနင်္လာနေ့က ပထမဆုံးအကြိမ် ကြားနာစစ်ဆေးရန် စီစဉ်ထားခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင် သည် နိုင်ငံခြားတိုင်းပြည်တွင် ရောက် ရှိနေ၍ ကြားနာစစ်ဆေးခံရန်မဖြစ်နိုင်ကြောင်း သက်ဆင်၏ ရှေ့နေက တရားရုံးသို့ ပြောသည်။
၎င်းသည် ၂ဝဝ၆ ခုနှစ်ကတည်းက အာဏာသိမ်းခံရပြီးနောက် နိုင်ငံခြားတိုင်းပြည်တွင် ရောက်ရှိနေကြောင်း သိရသည်။
(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
 မြန်မာနိုင်ငံမှာ ပညာရေးလွတ်လပ်ခွင့် ဦးဆောင်လှုပ်ရှားနေသူ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်လွတ်မြောက်ရေး နိုင်ငံတကာ လှုပ်ရှားမှုကြီးကို AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက စတင်လိုက်ပါတယ်။ ဒါဟာ နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲ မတိုင်ခင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူအားလုံး လွတ်မြောက်ရေး အောက်တိုဘာလ (၈) ရက်နေ့ကစတင်ခဲ့တဲ့ AI အဖွဲ့ကြီးရဲ့ Campaign လှုပ်ရှားမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြပေးထားပါတယ်။
သာယာဝတီအကျဉ်းထောင်မှာ (၇)လ နီးပါး ထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သူ မဖြိုးဖြိုးအောင်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုတဲ့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ ပါဝင်လက်မှတ်ရေးထိုးကြဖို့ AI အဖွဲ့ကြီးရဲ့ အင်တာနက်စာမျက်နှာမှာ စတင်လှုံ့ဆော်ထားပါတယ်။ ကျောင်းသားခေါင်းဆောင် ဖြိုးဖြိုး အောင်ကိုဖမ်းဆီးတာဟာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့လည်းအာရှပစိဖိတ်ရေးရာတာဝန်ခံ Olof Blomqvist က ဗွီအိုအေကို အခုလိုပြောပါတယ်။
“အခုလို မတရားဖမ်းဆီးထောင်ချခံထားရသူတွေထဲမှာ ဖြိုးဖြိုးအောင်ရဲ့အမှုဟာ အဓိကထင်ရှားတဲ့အမှုတခုဖြစ်နေပါတယ်။ သူဟာ အခြား တက်ကြွလှုပ်ရှားတဲ့ ကျောင်းသားကျောင်းသူပေါင်းအယောက် ၁၀၀ နီးပါးနဲ့အတူ ဒီနှစ်အစောပိုင်းက ဖမ်းဆီးခံခဲ့ရပြီး တဖက်သတ် စွဲချက်တင် ခံထားရတာပါ။ လက်ရှိလောလောဆယ်မှာ ထိမ်းသိန်းခံနေရဆဲဖြစ်ပြီး ထောင်ဒဏ် (၉) နှစ်ထိ ရင်ဆိုင်ရဖို့ရှိနေပါတယ်။ သူ့ကိုဖမ်းဆီးတာဟာ တရားမဝင်ဖမ်းဆီးခြင်းဖြစ်သလို မြန်မာအစိုးရကလိုက်နာပ့ါမယ်ဆိုတဲ့ နိုင်ငံတကာဥပဒေကိုလည်း ချိုးဖောက်နေတယ်လို့ AI အဖွဲ့ကြီးက မြင်ပါတယ်။ ဒါကြောင့်သူ့ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးစေချင်ပါတယ်။”
ဒါ့အပြင် မဖြိုးဖြိုးအောင်အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူ (၁၀၀) နီးပါးကို အားလုံး အမြန်ဆုံးလွှတ်ပေးရေး မြန်မာအစိုးရကို ဖိအားပေးတောင်းဆိုတဲ့လှုပ်ရှားမှုမှာ တကမ္ဘာလုံးမှာရှိနေတဲ့ AI အဖွဲ့ဝင် သန်းနဲ့ချီ ပါဝင်လာရေး စည်းရုံးကြိုးစားသွားမှာ ဖြစ်တယ်လို့ Olof Blomqvist ကပြောပါတယ်။
AI အဖွဲ့ရဲ့လှုပ်ရှားမှုမှာ ထိန်းသိမ်းခံထားရတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ကမ္ဘာသိအောင်ထုတ်ဖေါ်တောင်းဆိုသွားမှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
“ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူ တစ်ဦးချင်းစီလွတ်မြောက်ရေး အလေးထားလှုပ်ရှားမှုဟာ AI အဖွဲ့ကြီးရဲ့ အဓိကလုပ်ငန်းစဉ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်ကြည့်မယ်ဆိုရင်လည်း ဒီလှုပ်ရှားမှုရဲ့ထိရောက်မှုတွေကို မကြာခဏ တွေ့ခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်က ရခိုင်ပြည်နယ်မှာ အသိုင်းအဝိုင်းနှစ်ခုကြား ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ရိုဟင်ဂျာမူဆလင်တစ်ဦးဖြစ်သူ ဒေါက်တာ ထွန်းအောင် ဖမ်းဆီးခံရတုန်းက သူ့လွတ်မြောက်ရေးအတွက် AI အဖွဲ့ကြီးက ကြိုးပမ်းလှုပ်ရှားခဲ့ပြီးနောက် ဒီနှစ်အစောပိုင်းမှာ သူဟာ အကျဉ်းထောင်ကနေလွတ်မြောက်လာခဲ့ပါတယ်။”
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ငြိမ်းချမ်းစွာဆန္ဒပြချီတက် တောင်းဆိုလှုပ်ရှားခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေကို လွန်ခဲ့တဲ့ မတ်လက လက်ပံတန်းမြို့မှာ အစိုးရအာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းဖမ်းဆီးခဲ့တာပါ။ လက်ရှိသာယာဝတီထောင်နဲ့အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားကျောင်းသူပေါင်း ၆၀ ကျော်ရှိနေပါတယ်။
အခုလို မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးခံထားရသူတွေကို ရွေးကောက်ပွဲမကျင်းပခင် လွှတ်ပေးဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေကြချိန်မှာပဲ မအူပင်နည်းပညာတက္ကသိုလ်ကျောင်းသူ မစန္ဒီချောကို အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေချိုးဖောက်မှု စွပ်စွဲချက်နဲ့ မနေ့က မအူပင်မြို့ရဲအာဏာပိုင်တွေကဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
စစ်ယူနီဖောင်းဝတ်စုံကို စစ်စိမ်းရောင်ကနေ အစိမ်းနုရောင်အဖြစ် ပြောင်းလဲလိုက်တာကို အင်တာနက်ပေါ်မှာ ဝေဖန်ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတစ်ခုခု (သို့) ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်အောင် ဂုဏ်သိက္ခာကျဆင်းအောင် သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာနဲ့ ပြုလုပ်ဖြန့်ချီခဲ့တယ်ဆိုပြီး မစန္ဒီချောကို ပုဒ်မ ၃၄ (ဃ) အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ အာဏာပိုင်တွေဘက်က စွဲချက်တင်ထားပါတယ်။
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com