10/15/15
ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွက် ရှေ့ပြေး သွားရောက်ခဲ့သော အဆိုတော် လင်းလင်းနှင့် အဖွဲ့၏ တောင်ကုတ် အသွားလမ်းတွင် လင်းလင်းနှင့် ဦးစိုးဝင်းအား အစ္စလာမ် ဘာသာဝင်များဟု သတင်းလွှင့်ထားသဖြင့် လူအုပ်များ စောင့်နေကာ အသက်အန္တရာယ် ရှိသောကြောင့် လှည့်ပြန်ရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ရဲများ၊ အရပ်ဝတ်များ၊ ထွေအုပ် အ၀တ်အစားနှင့် လူများက ပြောဆို၍ ပြန်လွှတ်မှု ရှိခဲ့ကြောင်း သိရသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် ကြိုတင် ပြင်ဆင်ရသည်များ ရှိ၍ တောင်ကုတ်မြို့သို့ ဆက်လက် သွားရောက်ခဲ့ကာ မည်သည့် အတားအဆီးမျှ ကြုံတွေ့ခဲ့ရခြင်း မရှိဘဲ ယခု သံတွဲမြို့သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ထို့အတူ တောင်ကုတ်သို့ မသွားမီ သံတွဲမြို့သို့ ရောက်ရှိချိန်ကလည်း ယာဉ်မောင်းသူများ၏ အမည်ကို နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက လာရောက် တောင်းယူခြင်း ရှိခဲ့ကြောင်း လင်းလင်းက ၄င်း၏ Facebook တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၆ ရက်တွင် ရခိုင်ပြည်နယ်သို့ စတင်သွားရောက်မည် ဖြစ်ပြီး တောင်ကုတ်နှင့် ဂွမြို့တို့တွင် လူထုဟောပြောပွဲများ ပြုလုပ်မည် ဖြစ်ကာ ခရီးစဉ် သုံးရက် ကြာမြင့်မည် ဖြစ်ပါသည်။
(Photo : လင်းလင်း Facebook)
Eleven Media Group
 အောက်တိုဘာ ၁၅ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
 ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅)မှ တပ်သားသစ်များ အတင်းအဓမ္မ စုဆောင်းကြောင်း သတင်းရေးသားထွက် ပေါ်ခဲ့သည့်အတွက် ယင်းကိစ္စများမှာ ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း KNU တပ်မဟာ(၅)က အောက်တိုဘာလ ၁၄ရက်နေ့တွင် ကြေညာချက်ထုတ်ကာ တုန့်ပြန်ဖြေရှင်းလိုက်သည်။
တပ်မဟာ(၅) ၏ ဖာပွန်ခရိုင် အတွင်းရေးမှူး ပဒိုစောထဲဒယ်က “ခုလို ဖြေရှင်းရတာက သတင်းအမှားတွေထွက်လို့ရယ်၊ နောက် တစ်ခုက လူထုကို အမှန်အတိုင်း သိစေချင်တဲ့အပြင် နောက်တစ်ခုက ကျနော်တို့ တပ်မဟာ (၅)ရဲ့သဘောထားကို သိစေချင်လို့ အခုလို ဖြေရှင်းချက် ထုတ်ပြန်ရတာဖြစ်တယ်”ဟု ကေအိုင်စီသို့ ယနေ့ ပြောဆိုသည်။
အောက်တိုဘာလ ၂ရက်မှ ၁၀ရက်နေ့အထိ လူသစ်စုဆောင်းခြင်းကြောင့်ဆိုကာ ဖာပွန်မြို့နယ်ရှိ ကျေးရွာ ၁၅ရွာမှ ဒေသခံ ရွာ သူရွာသားများမှာ လှိုင်းဘွဲမြို့ နယ်၊ မြိုင်ကြီးငူသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ယခုလို ဖြေရှင်းချက် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။
၎င်းတို့တပ်မဟာ၏ ပြန်လည်ဖြေရှင်းချက်ထဲတွင် ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ရခြင်းမှာ လစ်ဟင်းသွားသော တပ် သားနေရာများကို ပြန်လည်ဖြည့်ဆည်းရန် ဆောင်ရွက်ရာတွင် မမှန်သတင်းလွှင့်မှုများ ဖြစ်ပေါ်ခြင်း နယ်ခြားစောင့်တပ်မှ ရွာသား များအား ခြိမ်းခြောက်ထားမှုများ ရှိသည့်အပြင် ဗိုလ်ဖါးမီးအား တိုက်ခိုက်ရှင်းလင်းမည် ဟူသောသတင်းများကြောင့် တိုက်ပွဲများ ဖြစ်မည်ကိုစိုးရွံ့သည့်အတွက်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းကိစ္စများနှင့်ပတ်သက်ပြီး ဒဏ်ငွေတပ်ခြင်း၊ လူသစ်စုဆောင်းရန် ညွန်ကြားထားခြင်းများမရှိသကဲ့သို့ ၂ဝ၁၂ခုနှစ်၊ ပဏာမအ ဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တစ်ကြိမ်တစ်ခါမျှ တပ်သားသစ်စုဆောင်းခဲ့ခြင်း မရှိခဲ့ ကြောင်း တပ်မဟာ(၅)က ပြန်လည်ဖြေရှင်းထားသည်။
တပ်သားသစ်ကိစ္စအပေါ် KNU တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက “အရင်တုန်းက လိုအပ်ချက်အရ ရှိခဲ့ပေမယ့် ၂၀၁၂နောက်ပိုင်း စစ်သားသစ်စုဆောင်းဖို့ ဗဟိုအနေနဲ့ ညွှန်ကြားထားတာ မရှိသလို တပ်မဟာအသီးသီးကလည်း ညွန်ကြား တာ မရှိပါဘူး။ ရှိခဲ့ရင်လည်း လုပ်တဲ့သူကို အရေးယူသွားရမှာပဲ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
၎င်းအပြင် KNU ၏ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒများကို ချိုးဖောက်ပြီး တပ်မဟာ(၅)မှ ထုတ်ပယ်ထားသည့် ဗိုလ်ကြီးအဆင့်ရှိ စောဖားမီးကို တပ်မဟာ(၅)မှ အရေးယူရန်ရှိသည့်အပြင် ယခုဖြစ်ပွားခဲ့သည့်ကိစ္စများနှင့် ပတ်သက်၍ KNU ဗဟိုဌာနချုပ်သို့ အသိပေး၊ အကြောင်းကြားထားသည်ဟုလည်း သိရသည်။
ယခုသတင်းထွက်ပေါ်ရာ နေရာဒေသများသည် ဟတ်ကြီးရေကာတာစီမံကိန်းနှင့်လည်း တိုက်ရိုက် ဆက်နွယ်မှုရှိကြောင်း KNU တပ်မဟာ(၅)ဘက်က ထုတ်ဖော်ပြောဆိုထားပြီး ယင်းဒေသများတွင် KNLA တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင် များ၊ ဒီကေဘီအေနှင့် အစိုးရတပ်များ အခြေစိုက်လှုပ်ရှားသောနေရာဖြစ်သည်ဟု သိရသည်။
သတင်းဖော်ပြမှုများအရ စစ်သားစုဆောင်းခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများမှာ ဖာပွန်မြို့နယ်ရှိ ရွှေဖလားကျ၊ ဟတ် ကြီး၊ မြင်းတပြေး၊ ပိုင်လာ၊ သောလယ်ထာ့၊ ဝါ့မုလော၊ မယ်ညော၊ စာကောလော်၊ ကွင်းတလ၊ မယ်ပရီ၊ မဲကလား၊ ရေပူ၊ ပြည့်စုံ (လဲပွယ်)၊ ကွီးလောချနှင့် ရှမ်းတောင် ကျေးရွာများမှ အိမ်ထောင်စု ၃၇၈စု၊ လူဦးရေ ၂,၄၄၅ဦးရှိကြောင်း သိရသည်။
 စဖန်းရှောင်း
ကေအိုင်စီ - KIC
http://kicnews.org
    ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
    ရွှေတစ်ကျပ်သားကို ကျပ် ၇၈၀,၀၀၀ မှ ကျပ် ၈၀၀,၀၀၀ သို့  တစ်ပတ် အတွင်း မြင့်တက်လာခဲ့ပြီး ယခု ပေါက်ဈေးသည် ၂၀၁၅ ခုနှစ်အတွင်း စံချိန်တင် မြင့်တက်သည့် ဈေးဖြစ်ကြောင်း ရွှေဆိုင် လုပ်ငန်းရှင် တစ်ဦး က ဆင်ဟွာကို ယနေ့ပြောကြားသည်။
အောက်တိုဘာ ၈ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးအရ တစ်အောင်စကို ၁,၁၄၄ ဒေါ်လာရှိပြီး ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့ တွင် တစ်အောင်စကို ၁,၁၈၅ ဒေါ်လာ အထိ မြင့်တက်လာသည့် အတွက် မြန်မာ့ ရွှေဈေးလည်း မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလ ၈ ရက်နေ့တွင် မြန်မာ့ ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၇၈၂,၀၀၀ ရှိသည်။
၂၉ လမ်း အောက်ဘလောက်ရှိ ကောင်းစံ ရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော်က “ မြန်မာ့ ရွှေဈေးတက်တာ ကတော့ ကမ္ဘာ့ ရွှေဈေးတက်လို့ တက်တာပါ။ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁,၁၄၀ ဒေါ်လာကနေ တစ်အောင်စကို ၁,၁၈၅ ဒေါ်လာ အထိ တက်လာတယ်။ Bloomberg မှာ ခန့်မှန်းထားချက်အရ ဆိုရင် ရွှေဈေး က ဆက်တက်နိုင်တဲ့ အနေအထားမှာ ရှိတယ်’’ ဟု ပြောသည်။
ကမ္ဘာ့နိုင်ငံတချို့ တွင်စီးပွားရေး အေးစက်လာခြင်း၊ အမေရိကန်မှ ဘဏ်တိုးနှုန်း တက်မယ်ဆိုပြီး ဘဏ်တိုးနှုန်း မတိုးနိုင်သေးခြင်း စသည့် အချက်များကြောင့်  ကမ္ဘာတွင် ဒေါ်လာဈေး ပြန်ပျော့လာကာ ရွှေဘက်ကို ပြန်လှည့်လာသည့် အတွက် ရွှေဈေး ပြန်လည် ဦးမော့လာခြင်း ဖြစ်ကြောင်း သိရသည်။
ရွှေဘုံသာရှိ ရွှေဝယ် ရောင်းတစ်ဦးက “ ရွှေဈေးကတော့ အခုအနေအထား အရတော့ ထပ်တက်နိုင်တဲ့ အနေအထား မှာ ရှိနေတယ်’’ ဟုပြောသည်။
အောက်တိုဘာ ၁၅ ရက် ညနေဘက်တွင် အခေါက်ရွှေ (၁၆ ပဲရည်) တစ်ကျပ်သားကို ကျပ် ၈၀၀,၀၀၀၊ ကမ္ဘာ့ ရွှေဈေး တစ်အောင်စကို ၁,၁၈၅ ဒေါ်လာ၊ အမေရိကန် တစ်ဒေါ်လာ ပေါက်ဈေး ကျပ် ၁,၂၈၆ ဖြင့် ဈေးပိတ်ခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
 မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့အထွက် ဧရာဝတီတံတား ( မကွေး) ၏ တံတားဖြတ်သန်းခကောက်ခံရာတိုးဂိတ်အနီးတွင် ၁၅.၁၀.၂၀၁၅ နံနက် ၁၁း၀၀ ခန့်တွင် တံတားချဉ်းကပ်တောင်ကမ်းပါး ပြိုကျမှုဖြစ်ပွားရာ မွန်လွဲ ၁၂း၅၀ အထိ လူနှစ်ဦးကို ဆွဲထုတ်ကယ်တင်နိုင်ပြီဖြစ်ကြောင်း မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးက ပြောကြားသည်။
“အောက်မှာ သုံးဘီးဆိုင်ကယ် ပိနေသေးတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောလို့ရှာဖွေနေပါတယ်။ အခုကယ်ဆယ်ရေးလုပ်ငန်းအခြေအနေအရဆိုရင် ပိနေသေးတဲ့လူမရှိလောက်တော့ပါဘူး”ဟုယင်းကသုံးသပ်ပြောဆိုသည်။
သို့သော် တံတားချဉ်းကပ် တောင်ကမ်းပါးရံ ပြိုကျမှုကို တွေ့ရှိသူတွေက ကယ်ဆယ်နိုင်လိုက်တဲ့ လူနှစ်ယောက်အပြင် သုံးဘီဆိုင်ကယ်တစ်စီး မြေကြီးအောက်တွင်ရှိနေသေးသည်ဟု တံတားအနီးရှိမျက်မြင်တွေ့ရှိသူတဦးက ပြောပါသည်။
ထိုသို့ မြေပြိုမှုအောက်တွင် ပိတ်မိနေသူများကို ဘတ်ဖိုး ၃စီးမြေသယ်ယာဉ်များစွာဖြင့် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးက ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ကနဦးသတင်းများအရ ထိခိုက်သေဆုံးမှုများကို လောလောဆယ် အတိအကျမပြောနိုင်သေးပဲ ကယ်ဆယ်ရေဆက်လက်လုပ်ဆောင်နေကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
 ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံပေါ်မှာ ဖိနပ်နဲ့နင်းထားတဲ့ပုံကို ဖေ့ဆ်ဘွတ်လူမှုရေး စာမျက်နှာမှာ ထပ်ဆင့်ဝေငှခဲ့တဲ့ ဦးပက်ထရစ်ခွန်ဂျာလီ ကိုတွေ့ရစဉ်။ Photo:Patrick Kum Jaa Lee(facebook)
 ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံပေါ်မှာ ဖိနပ်နဲ့နင်းထားတဲ့ပုံကို ဖေ့ဆ်ဘွတ်လူမှုရေး စာမျက်နှာမှာ ထပ်ဆင့်ဝေငှထားလို့ဆိုပြီး ရန်ကုန်မြို့က ကချင်အမျိုးသားတစ်ဦးဖြစ်တဲ့ ဦးပက်ထရစ်ခွန်ဂျာလီ  ကို လှိုင်မြို့နယ်ရဲစခန်း တာဝန်ရှိသူတွေက မနေ့က အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၇ နာရီကျော်လောက် မှာ နေအိမ်ကနေဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဦးပက်ထရစ်ခွန်ဂျာလီကို လာဖမ်းတဲ့အခါ ဖမ်းဝရမ်းပြတာမျိုးမရှိပဲ အဆင့်သင့်ပုံနှိပ်ထုတ်ယူလာတဲ့ ဓါတ်ပုံတစ်ပုံပြ ပြီးခေါ်သွားတာဖြစ်တယ်လို့ သမီးဖြစ်တဲ့ မအဖန် က RFA ကိုပြောပါတယ်။
ဦးခွန်ဂျာလီရဲ့ ဇနီးသည်ဟာ ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်က လူ့အခွင့်အရေးလှုပ်ရှား သူ ဒေါ်မေစပါယ်ဖြူဖြစ်ပြီး၊ အခုရက်ပိုင်းမှာ ဥရောပနိုင်ငံတွေကို ရောက်နေပါတယ်။
ဒါကြောင့် သူတို့မိသားအိမ်မှာ အဖွားအိုတစ်ယောက်နဲ့ သားသမီးတွေပဲကျန်ရစ်ခဲ့ပါတယ်။ မိတ်ဆွေတချို့က ရဲစခန်းကိုလိုက်သွားပေမယ့် စစ်ဆေးရေးကာလဖြစ်လို့ တွေ့ခွင့်မပြုနိုင်ဘူးလို့ ရဲအရာရှိတွေကပြောတယ်လို့လည်း သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
 စင်ကာပူနိုင်ငံရောက် မြန်မာများသည် အောက်တိုဘာ ၁၅ ရက် စင်ကာပူနိုင်ငံ ဆိုင်
ရာ မြန်မာသံရုံးတွင် ကြိုတင်မဲများ စတင်ပေးနေကြပြီဖြစ်ပြီး ကြိုတင်မဲပေးရမည့်
ရက်ကို အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်ထိ လေးရက်ကြာ သတ်မှတ်ထား
ကြောင်း စင်ကာပူနိုင်ငံရောက် မြန်မာပြည်သူများထံမှ သိရသည် ။
မြန်မာသံရုံးရှိ မဲရုံအား နံနက် ကိုးနာရီခွဲမှ စတင်ကာ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး မဲပေး
ရက် လေးရက်တွင် နံနက် ၉ နာရီခွဲမှ ညနေလေးနာရီခွဲအထိ သတ်မှတ်ထား
ကြောင်း ၊ မဲပေးရာတွင် မဲလက်မှတ် အပြည့်မရရှိဘဲ မဲလက်မှတ်နှစ်စောင်သာ ရရှိ
သည့်အတွက် ထပ်မံ တောင်းယူရသည်များလည်း ရှိကြောင်း သံရုံးတွင် ဆန္ဒမဲသွား
ပေးခဲ့သူများက ဆိုသည် ။
“လူတစ်ယောက်ကို မဲ ၃ စောင်ပေးရမှာ တိုင်းရင်းသားဒေသပါရင် လေးစောင်ပေးရ
မှာကို တချို့ဆို နှစ်စောင် တချို့ဆို တစ်စောင်ပဲပေးနေတယ် ။ တချို့သိတဲ့သူက
အတင်းတောင်းမှ ပေးတာမျိုးတွေ ရှိတယ် ။ တချို့ အလုပ်ကခွင့်ယူပြီး မဲလာပေး
တာ တစ်စောင်လောက်ပဲ ပေးလိုက်ရတာမျိုးတွေ ရှိတယ်၊ တချို့မဲလက်မှတ်တွေ
မှာ မဲရုံမှူး လက်မှတ်မပါဘူး” ဟု စင်ကာပူနိုင်ငံ မြန်မာသံရုံးတွင် မဲပေးရန် တန်းစီ
နေသည့် ဦးဘထူး က The Ladies သို့ပြောသည် ။
"ကျွန်မက စစ်ကိုင်းတိုင်းဆိုတော့ ကောင်တာ ၁၂ ကို သွားရပါတယ်။ ကောင်တာ
၁၂ က ကျွန်မကို မဲနှစ်မဲပဲ ထုတ်ပေးပါတယ် ။ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသ
ကြီး လွှတ်တော် နှစ်ခုပဲ ပေးပါတယ် ။ အဲဒါနဲ့ ကျွန်မက ပြည်သူ့လွှတ်တော်အတွက်
မရသေးဘူးဆိုပြီး တောင်းပါတယ်။ ကောင်တာက အမျိုးသမီးက ပြန်ပြောပါတယ်။
တချို့ဒေသတွေမှာ သုံးမဲလုံး အကုန်မရဘူးတဲ့ ။ ကျွန်မလည်း မဟုတ်သေးဘူးပေါ့။
လူတိုင်းက သုံးမဲကတော့ ရရမယ်ပေါ့ ။ ကျွန်မအတွက် ပြည်သူ့လွှတ်တော် ထပ်ရှာ
ပေးပါလို့ဆိုပြီး ဘေးကနေ စောင့်နေလိုက်တယ် ။ ခဏလေး ရှာပေးမယ်ဆိုပြီး
စောင့် နေတယ်။ ဘေးက နောက်တစ်ယောက်ကိုလည်း နှစ်မဲပဲ ထုတ်ပေးတယ်။
အဲအစ်ကိုကြီးကတော့ အဲနှစ်မဲပဲယူပြီး ထွက်သွားတယ် ။ ကျွန်မက စောင့်နေရင်း
နည်းနည်းကြာတာနဲ့ ဘေးက ကြီးကြပ်တဲ့ ဦးလေးကြီးကို ကျွန်မအတွက် ပြည်
သူ့လွှတ်တော်မဲ ဘာလို့ မရတာလဲ လှမ်းမေးတယ် ။ အဲကျမှ ကောင်တာက အ
မျိုးသမီးက ထပ်ရှာပေးတယ် ။ တွေ့တယ်။ ကျွန်မကတော့ ပေကပ်တောင်းနေလို့
သုံးမဲလုံး ရခဲ့ပါတယ်” ဟု TOo Lwin အမည်ဖြင့် ဖေ့ဘုတ်သုံးစွဲသူက သူမ၏ အ
တွေ့အကြုံကို ရေးသားထားသည် ။
ထို့အတူ သံရုံးဝက်ဆိုဒ် စာမျက်နှာတွင် အောက်တိုဘာလ ၁၃ ရက်နေ့ က
ထုတ်ပြန် ကြေညာခဲ့သည့် မဲစာရင်းတွင် မှားယွင်းနေခြင်း၊ ပျောက်ဆုံးနေခြင်း
များ ရှိကြောင်း စင်ကာပူနိုင်ငံရှိ မြန်မာများ အနေဖြင့် ကြိုတင်မဲစာရင်းတွင် မှား
ယွင်းခြင်း၊ ရပ်ကွက်လိုက် ပျောက်ဆုံးခြင်းများကို ကြုံတွေ့နေရပါသဖြင့် ကြိုတင်
မဲပေးခွင့် မဆုံးရှုံးစေရန် အချိန်မီ ပြင်ဆင် ဆောင်ရွက်ပေးစေလိုကြောင်း စင်ကာပူ
နိုင်ငံ မြန်မာ့လူမူရေး အဖွဲ့၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး ထောက်ကူပြုအဖွဲ့
က စာရေးသားပေးပို့ တောင်းဆိုထားကြောင်း သိရသည် ။
သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
 ရန်ကုန်တိုင်းဒေသကြီး ရပ်ကွက်တစ်ခုမှာ မဲစာရင်းလာရောက်ကြည့်ရှုဖို့ နှိုးဆော်ကြော်ငြာထားစဉ်။ Photo: Aung Thain Kha/ RFA
 တောင်ကိုရီးယားနိုင်ငံမှ ကြိုတင်မဲပေးမယ့်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မယ့် ကော့မူးမြို့ နယ် တစ်မြို့နယ်လုံးရဲ့စာရင်း ပါမလာကြောင်း ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေကပြော ပါတယ်။
ကိုရီးယားနိုင်ငံမှာ ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ ဖြည့်စွက်ပြီး တင်ပြလာသူ ၆ သောင်းခွဲခန့်ရှိပေမဲ့ အောက်တိုဘာလ ၁၄ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်းမှာ ပါလာသူ ၃ သောင်းကျော်ပဲရှိတယ်လို့ တောင်ကိုရီးယားနိုင်ငံက ရွေးကောက်ပွဲ စစ်တမ်းကောက်အဖွဲ့က ကိုဝင်းလှိုင်က ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မယ့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က တစ်မြို့နယ်လုံးမပါ ဘူးပေါ့နော်၊ အရေအတွက်ကတော့ ၂ဝဝ နဲ့ ၃ဝဝ ကြားဖြစ်လိမ့်မယ်၊ မန္တလေးတိုင်းမှာဆိုရင် လည်း တောင်သာတို့ ဘာတို့ဆိုလည်း မပါဘူးပေါ့ဗျာ၊ တောင်သာမြို့နယ်က မရှိဘူးဆိုလို့ရှိရင် ၄ဝဝ နဲ့ ၅ဝဝ ကြားကိုဖြစ်လိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုရင် ဒီမှာက တောင်သာတို့ မြင်းခြံတို့ဘက်က တော်တော်လေးများတယ် ဒီမှာလာပြီးတော့ အလုပ်လုပ်ကြတဲ့သူတွေလေ၊ သံရုံးကထုတ်ပြန်တဲ့ ဒီမှာရောက်တဲ့ မဲပေးခွင့်ရှိသူစာရင်းက ၃၇၈၈ ဦးပဲပါတယ်၊ ကျန်တာကို သူတို့နိုင်ငံခြားရုံးကို လှန်းပြီးတော့လည်း ကိုးရီးယားကြိုတင်မဲတွေ မရှိတော့ပါဘူးဆိုပြီး လှမ်းပြီးတော့ဖြေတာကို၊ အဲ့အတွက်ကြောင့်မို့လို့ ကိုးရီးယားသံရုံးကထုတ်ပြန်တဲ့ မဲပေးဖို့ရှိသူစာရင်းထဲမှာ မပါတဲ့ညီအစ်ကိုတွေကတော့ မဲပေးပိုင်ခွင့် ဆုံးရှုံးမယ်ဆိုတဲ့သဘောပေါ့"
အခုလိုမဲစာရင်းမှာ မပါလာသူတွေထဲမှာ မြန်မာပြည်က ထုတ်ပြန်တဲ့မဲစာရင်းမှာ ပါဝင်သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ခုလိုမဲစာရင်းမပါသူများနေတဲ့အတွက် သံရုံးက ထုတ်ပြန်တဲ့စာမှာ မဲစာရင်းမှာ မပါသူတွေဟာ ပုံစံ ၁၅ ကို ဖြည့်စွက်ရာမှာ အမှားအယွင်းများရှိလို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ မဲစာရင်းမှာ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့သံရုံးက ဝန်ထမ်းအချို့ အမည်များလည်း ပျောက်နေတယ်လို့ ကိုရီးယားနိုင်ငံရောက် မဲဆန္ဒရှင်တွေက ပြောဆိုနေကြပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ကော်မရှင် ဥက္ကဌ ဦးတင်အေးကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
 နိုင်ငံရေးပါတီတွေ ကိုကိုးကျွန်းကို သွားရောက်ပြီး မဲဆွယ်စည်းရုံးဖို့အတွက် လိုအပ်ချက်တွေကို စီစဉ်ပေး ဖို့ နိုင်ငံတော်အစိုးရဆီကို စာရေးသားတင်ပြလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက RFA ကို ပြောပါတယ်။
RFA နဲ့ မနေ့ ညနေပိုင်းက သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ကော်မရှင် ဥက္ကဌ ဦးတင်အေးက အခုလိုပြော တာဖြစ်ပါတယ်။
"အခုပဲ ကျနော်စာရေးပါတယ် မလွဲမသွေ ခင်ဗျားတို့ ကိုကိုးကျွန်းသွားနိုင်အောင်လို့ လေယာဉ်ရော ရေ ယာဉ်ရော စီစဉ်ပေးပါလို့ အစိုးရကို ကျနော်စာရေးပါတယ်၊  ယခင်ကတော့ ရန်ကုန်တိုင်း အစိုးရ ကို ရေးဖူးပါတယ်၊ အခုကတော့ ကျနော် အစိုးရကိုရေးပါပြီ၊ သက်ဆိုင်ရာ ပို့ဆောင်ရေးဝန်ကြီးဌာနကို မိတ္တူပို့ပြီးတော့ ကျနော်ရေးတယ်၊ အချို့ကလည်း ဂျာနယ်ထဲမှာ ကျနော်ဖတ်မိတာလေး ရန်ကုန်မြို့မှာ ပါတီငယ်လေးတွေက စည်းရုံးခွင့်မရသေးဘူး၊ ပါတီကြီးတွေပဲ စည်းရုံးတယ် ဆိုတဲ့အခါကျတော့ ဒီပါတီတွေလည်း စည်းရုံးခွင့်ရအောင် ကျနော်ပေးရမယ်လေ"
ဒါ့အပြင် ဦးတင်အေးက လောလောဆယ်မှာ ပါတီတွေ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးရာမှာ တစ်ပါတီနဲ့ တစ်ပါတီ ပုတ်ခတ်ပြောဆိုနေကြတာတွေကို ရှောင်ကြဉ်ဖို့လည်း သတိပေးလိုက်ပါတယ်။
ရွေးကောက်ပွဲအပြီး အနိုင်ရတဲ့ပါတီက တိုင်းပြည်ကို ဦးဆောင်မှာဖြစ်ပြီး ကျန်တဲ့ပါတီက အတိုက်အခံအဖြစ် အပြုသဘော ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း၊ မဲပေးခွင့်ရှိသူစာရင်းတွေ မှန်ကန်ဖို့အတွက်လည်း တတ်နိုင်သလောက် ဆောင်ရွက်နေကြောင်း ဦးတင်အေးက ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
 NLD အဖွဲ့ဝင် မချောစန္ဒီထွန်း ကိုတွေ့ရစဉ်။ ဓါတ်ပုံ - ချောစန္ဒီထွန်း (facebook)
 ကာကွယ်ရေးဦးစီးချုပ်ကို လူမူရေးကွန်ရက် FB စာမျက်နှာကနေ သိက္ခာချတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ အောက်တိုဘာလ ၁၃ ရက်နေ့က အဖမ်းခံရတဲ့ မအူပင်မြို့က မချောစန္ဒီထွန်းကို အီလက်ထရောနစ်ဥပဒေနဲ့ အရေးယူထားရာက နောက်ထပ် အသရေဖျက်မူ (ပုဒ်မ ၅ဝဝ) ထပ်တိုးလိုက်တယ်လို့ မနေ့က သမီးဖြစ်သူကို မအူပင်ထောင်မှာသွားတွေ့စဉ်က မချောစန္ဒီထွန်းက ပြောဆိုကြောင်း မိခင် ဒေါ်အိစံက RFA ကိုပြောပါတယ်။
မချောစန္ဒီထွန်းကို   မအူပင်ထောင်မှာ ချုပ်နှောင်ထားတာဖြစ်ပြီး ရမန် ယူထားစဉ်မှာ စစ်ဆေး မေးမြန်းတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့ကပြောခဲ့ပေမဲ့ မနေ့က ၀န်ခံချက်တွေ ဖိအားပေးပြီး ထိုးခိုင်းခဲ့တယ်လို့  မိခင်ဒေါ်အိစံက ပြောပါတယ်။
"လူတွေဘာတွေ ရဲတေဘာတွေခြံရံပြီးတော့ ကိုယ့်မြို့နယ်မှူး အဲ့လိုပေါ့ ခြံရံပြီးတော့ အထဲကိုခေါ်သွားတာတွေတယ်၊ ကျမတို့ မတွေ့ရဘူး၊ မနက် ၁ဝ နာရီခွဲသွားတော့လေ မတွေ့ရဘူး၊ အဲ့ဒါ ညနေ ၃ နာရီခွဲသွားတဲ့အခါကျတော့မှ သူ့ကိုတွေခွင်ရတယ်၊ တွေ့ခွင့်ရတော့ သူ့ကိုရဲ ၁ဝ ယောက်လောက်ကပေါ့နော် ဘေးနားမှာ မြို့နယ်မှူး၊ စခန်းမှူး၊ စစ်ဘက်ဆိုင်ရာတွေ့တော့ ပါမှာပေါ့၊ ကျမတို့လည်း သေသေချာချာ သတိထားပြီးတော့ မကြည့်တာဖြစ်မယ်၊ သူ့ကိုတောက်လျှောက် ဖိအားပေးပြီးတော့ မေးခွန်းတွေမေးတယ်ပေါ့၊ လက်မှတ်တွေ သူ့ကိုအတင်းထိုးခိုင်းတယ်၊ အဲ့ဒါတွေလုပ်ပါတယ် ထွက်ချက်တွေ သူတို့ကလူမသိတဲ့ ယူနေတဲ့ပုံစံလုပ်နေတာ၊ ပုဒ်မကို တိုးတယ်တဲ့ ၅ဝဝ တဲ့ ကျမရှေ့နေကို ကျမ မပြောရသေးပါဘူး"
မိခင်ဖြစ်သူ အဆိုအရ မချောစန္ဒီမှာ FB အကောင့် တစ်ခုမကရှိပြီး သူ့မိတ်ဆွေတချို့က သူ့နာမည်ယူပြီး ဓါတ်ပုံနဲ့ စာများကို တင်တာရှိလို့  သူ့မှာအပြစ်မရှိဘူးလို့ ပြောပါတယ်။
လောလောဆယ်မှာ မချောစန္ဒီထွန်းကို ရမန်နှစ်ပတ်ပေးထားပြီး ဒုတိယအကြိမ်ရုံးချိန်းကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ ရုံးထုတ်မှာဖြစ်ပါတယ်။ သူ့ရဲ့အမူကို လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်က လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်။
BBC Burmese
http://www.rfa.org/burmese
မဲပေးဖို့ သံရုံးနဲ့ အနီးတဝိုက်မှာ စောင့်ဆိုင်းကြသူများ (ဓာတ်ပုံ - M Thet Mon) (Credit: ABC) 
 စင်္ကာပူရောက် ​မြန်မာနိုင်ငံသားတွေ ​မြန်မာသံရုံးကို ​သွားပြီး ​ကြိုတင်မဲ ​ပေးနေကြပြီ ​ဖြစ်ပါတယ်။ ​မဲပေးတဲ့အခါမှာ ​တံဆိပ်တုံး ​ထုစရာ ​မလိုပဲ ​အမှန်သာ ​ခြစ်ရတယ်လို့ ​သိရပါတယ်။
မနက် ​၉ ​နာရီလောက်မှာ ​မဲပေးဖို့ ​သွားခဲ့ပေမယ့် ​အဲဒီမှာ ​လူတွေ ​အများအပြား ​ရောက်နင့်နေတာကို ​တွေ့ရတယ်လို့ ​မဲပေးဖို့ ​သွားတဲ့ ​မသက်မွန်က ​ပြောပါတယ်။
ဒီကနေ့နဲ့ ​၁၈ ​ရက်နေ့မှာ ​မဲပေးခွင့် ​ရထားပြီး ​ရုံးပိတ် ​ကျောင်းပိတ်ရက် ​ဖြစ်တဲ့ ​၁၈ ​ရက်နေ့မှာတော့ ​အိမ်အကူ ​အလုပ်လုပ်တဲ့ ​မြန်မာတွေ ​အများအပြား ​မဲပေးမယ်လို့ ​မျှော်လင့်ရကြောင်းလည်း ​ပြောပါတယ်။
စီစဉ်သူတချို့ကလည်း ​အကျီင်္အနီ ​ဝတ်လာဖို့ ​ပြောထားတဲ့အတွက် ​အနီရောင်တွေ ​ဝတ်လာပြီး ​တန်းစီတာကိုလည်း ​တွေ့နေရတယ်လို့ ​ဆိုပါတယ်။
သြစတြေးလျရောက် ​မြန်မာတွေကလည်း ​မနေ့တုန်းက ​မဲပေးခွင့် ​ရရှိပေမယ့် ​တချို့ကတော့ ​မြန်မာနိုင်ငံ ​မဲစာရင်းမှာ ​နာမည်ပါပေမယ့် ​သံရုံးမဲစာရင်းမှာ ​မပါလို့ ​မဲပေးခွင့် ​မရလို့ ​မကျေမနပ် ​ဖြစ်နေကြပါတယ်။
လာမယ့် ​၁၇ ​ရက်နေ့မှာလည်း ​ကင်ဘာရာမြို့က ​မြန်မာ ​သံရုံးမှာ ​မဲပေးနိုင်ဖို့ ​သံရုံးက ​စီစဉ်ထားပေမယ့် ​အဲဒီမတိုင်ခင် ​မဲပေးခွင့် ​မရှိတဲ့ ​သူတွေအတွက် ​အချိန်မှီ ​ပြင်ဆင်ပေးနိုင်မလား ​ဆိုတာတော့ ​မသိရသေးပါဘူး။
မြန်မာနိုင်ငံမှာ ​သြစတြေးလျနိုင်ငံလို ​မဲကို ​မပေးမနေရ ​အဖြစ် ​သတ်မှတ်ထားတာ ​မရှီပေမယ့်လည်း ​အဝေးရောက် ​မြန်မာတွေ ​တကူးတက ​သံရုံးရှိရာကို ​သွားပြီး ​စိတ်ရှည်လက်ရှည် ​မဲပေးကြတာ ​ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
[youtube src="dZK-K18tOC0"/]
ဒီမိုကရေစီပညာရေးစနစ်ကို တောင်းဆိုရင်း လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ ဗကသ ကျောင်းသားတွေကို အောက်တိုဘာ ၁၃ ရက်နေ့က သာယာဝတီတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
Kamayut Media
 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရိုက်ကူး
သည့် “ပြောင်းလဲချိန်တန်ပြီ” ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းကြောင့်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းအား အစည်းအရုံး နာယကများက
အောက်တိုဘာလ ၁၂ ရက်နေ့က ခေါ်ယူသတိပေးခဲ့ကြောင်း သိရှိရသည် ။
“Facebook တွေမှာ တက်နေသလို ခံဝန်ထိုးခိုင်းတာမျိုး မဟုတ်ပါဘူး ။ ကျွန်တော်
တို့အနေနဲ့လည်း ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ မိမိနှစ်သက်ရာ
ပါတီမှာ ပါဝင်တာမျိုးကို မဖြစ်စေဖို့ နောက်သတိထားဖို့ ခေါ်ပြောတာပ
ါ ။ ဘယ် အဖွဲ့အစည်းကမှလည်း ဖိအားပေးခိုင်းတာမျိုး မဟုတ်ပါဘူး ။ မင်းသားတစ်ယောက်
အနေနဲ့က ကိုယ်ကြိုက်တာ ကိုယ်လုပ်တာကို ကျွန်တော်တို့က တားလို့မရပေမယ့်
ဥက္ကဋ္ဌဆိုတော့ သတိပေးတဲ့သဘောပါ” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက
တစ်ဦးဖြစ်သူ ဦးနှင်းမိုးက ပြောသည် ။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဖြစ်သူ ဦးလူမင်းအနေဖြင့် “ပြောင်းလဲချိန်
တန်ပြီ” ဇာတ်လမ်းတွင် ပါဝင်ရိုက်ကူးခြင်းမှာ အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက
်အ ဖြစ် ပါဝင်ခြင်းမဟုတ်ဘဲ မင်းသားတစ်ယောက်၏ ပုဂ္ဂလိက ခံစားချက်ဖြင့်သာ ဝန်းရံ
ခြင်းဖြစ်ကြောင်း ယခုကဲ့သို့ဆိုသည် ။
“ကျွန်တော့်အနေနဲ့ ဥက္ကဋ္ဌတစ်ယောက်ဆိုပြီးတော့ ပါဝင်ခဲ့တာမဟုတ်ဘူး။ ပုဂ္ဂလိက
ခံစားချက်နဲ့ ပါဝင်ခဲ့တာပါ။ ခံဝန်ထိုးခိုင်းတာတော့ မဟုတ်ပေမယ့် ခေါ်တော့ သတိ
ပေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဥက္ကဋ္ဌဆိုတဲ့ နေရာကို အသုံးချပြီးတော့ လုပ်
ခဲ့တယ်ဆိုရင် ကိုယ်တိုင်နုတ်ထွက်မှာပါ ။ အခုကတော့ မင်းသားတစ်ယောက်အနေ
နဲ့ ရိုက်ခဲ့တဲ့အတွက် ဘာမှပြောစရာမရှိပါဘူး။ နောက်လည်း ဒီလိုကားတွေမှာ ကမ်း
လှမ်းရင် ရိုက်မှာပါ။ အခုလတ်တလောတော့ ကမ်းလှမ်းထားတာ မရှိသေးဘူး” ဟု
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် သရုပ်ဆောင် လူမင်းက ဆိုသည်။
“အစ်မကတော့ ဒီဇာတ်ကားမှာ ဦးလူမင်း ပါဝင်တာဟာ မင်းသားတစ်ယောက် ၊ ရုပ်
ရှင်အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက်ဆိုတာထက် ပြောင်းလဲချိန်တန်ပြီဖြစ်တဲ့ မြန်မာ
နိုင်ငံအတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ ပါဝင်တယ်လို့ပဲမြင်တယ် ။ မြန်မာနိုင်ငံ
ရဲ့ စနစ်ဆိုးနဲ့ ကြုံခဲ့တဲ့လူကြီးတွေက တိုင်းပြည်အတွက် လုပ်နေတဲ့ လူငယ်တွေကို
ဒီလိုလုပ်တာကို အံ့သြမိတယ် ။ မလုပ်သင့်ဘူး လို့လည်း မြင်တယ် ။ လူကြီးတွေ
ဥာဏ်ကြီး သင့်ပါတယ်” ဟု “ပြောင်းလဲချိန်တန်ပြီ” ဇာတ်ကားတွင် ဒါရိုက်တာတစ်
ယောက်အဖြစ် ပါဝင်ရိုက်ကူးသူ ကြည်ဖြူသျှင်က ပြောသည် ။
အနုပညာရှင် အများစုမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ အောင်နိုင်ရေး
အစီအစဉ်တွင်ပါဝင်၍ မဲဆွယ် စည်းရုံးသည့် ဇာတ်လမ်းများ၊ တေးသီချင်းများ ရိုက်
ကူးစပ်ဆိုခဲ့ကြကာ “ပြောင်းလဲချိန်တန်ပြီ” ဇာတ်လမ်းတွင်လည်း ဦးလူမင်း အပါအ
ဝင် သရုပ်ဆောင်များ၊ ဒါရိုက်တာများ၊ အဆိုတော်များစွာ ပါဝင်ထားသည် ။
သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
Secretary Kerry and Ambassador-at-Large for International Religious Freedom David Saperstein release the International Religious Freedom Report for 2014 at Department of State. (Credit: state.gov)
Secretary Kerry and Ambassador-at-Large for International Religious Freedom David Saperstein release the International Religious Freedom Report for 2014 at Department of State. (Credit: state.gov)
မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဖိနှိပ်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေ ဆက်ရှိနေဆဲဖြစ်တယ်လို့ - အမေရိကန်အစိုးရရဲ့ လောလောဆယ် ထုတ်ပြန်ခဲ့တဲ့ ၂၀၁၄ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံမှာ မကြာသေးခင်က အတည်ပြုပြဌာန်းခဲ့တဲ့ ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားခြင်း၊ ဘာသာကူးပြောင်းခြင်းတွေအပေါ် ကန့်သတ်တဲ့ ဥပဒေတွေကို အမေရိကန်အစိုးရက လက်မခံတဲ့အကြောင်း ပြောဆိုထားတာပါ။ ဒါ့အပြင် ရိုဟင်ဂျာမူဆလင်တွေနဲ့ ခရစ်ယာန်ဘာသာဝင် လူနည်းစုတွေအပေါ် ကန့်သတ်မှုတွေ ရှိနေတာကိုလည်း ထောက်ပြထားတဲ့ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။
ဟုတ်ပါတယ်… အောက်တိုဘာလ ၁၄ ရက် ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ခဲ့တဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ နှစ်စဉ် အစီရင်ခံစာမှာ - မြန်မာနိုင်ငံမှာ သူတို့အခေါ် လူနည်းစု ရိုဟင်ဂျာ မူဆလင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေအပေါ် ကန့်သတ်ချက်တွေရှိနေတာနဲ့ သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ မူဆလင်ဆန့်ကျင်ရေး ပြောကြားချက်တွေကို အဓိက မီးမောင်းထိုးပြထားပါတယ်။ ရခိုင်ပြည်နယ်မှာ ရဲအရာရှိတဦး သေဆုံးခဲ့မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ ဒါဇင်နဲ့ချီ ရိုဟင်ဂျာတွေ သေဆုံးခဲ့ရတယ်ဆိုတဲ့ ၂၀၁၄ ဇန်န၀ါရီလက စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေးမှုလုပ်ဖို့ မြန်မာအစိုးရရဲ့ ပျက်ကွက်မှုကိုလည်း ဒီအစီရင်ခံစာမှာ ဝေဖန်ထားတာပါ။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က အခုလို ပြောကြားခဲ့ပါတယ်။
“၀မ်းနည်းစရာကတော့ ဒီကနေ့ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ၊ အီရန်၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယားနဲ့ တခြားနိုင်ငံတွေလို လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို လျစ်လျူရှု ခံနေရတာတွေနဲ့ အပြည့် ဖြစ်နေတာပါပဲ။”
အလားတူ - မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ - ဘာသာရေးလွတ်လပ်မှုဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး David Saperstein ကလည်း မြန်မာနိုင်ငံမှာ မကြာသေးခင်က အတည်ပြု ပြဌာန်းခဲ့တဲ့ ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားခြင်း၊ ဘာသာကူးပြောင်းခြင်းတွေအပေါ် ကန့်သတ်ထားတဲ့ ဥပဒေတွေကို အမေရိကန်အစိုးရက လက်မခံတဲ့အကြောင်း အဲဒီအစီရင်ခံစာထုတ်ပြန်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ ဘာသာခြားနဲ့ လက်ထပ်တာ၊ ဘာသာကူးပြောင်းတာတွေကို တားမြစ်တဲ့ ခွဲခြားဆက်ဆံမှုတွေကို ကနေဒါသံအမတ်ကြီး Bennett နဲ့အတူ ကျနော်လည်း ဖိအားပေးပြောဆိုခဲ့ပါတယ်။”
ဒါကြောင့်လည်း ၁၉၉၉ ခုနှစ်ကစလို့ မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ရတဲ့ နိုင်ငံများစာရင်း CPC မှာ ထည့်သွင်း ထားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၁၇ ကြိမ်မြောက် ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာထဲမှာ - ခရစ်ယာန် ဘာသာဝင်တွေ၊ ၀ီဂါမူဆလင်တွေနဲ့ တိဘက်ဗုဒ္ဓဘာသာဝင်တွေအပေါ် တရုတ်အစိုးရရဲ့ ကန့်သတ်ဖိနှိပ်မှုတွေကိုလည်း ဝေဖန်ထားပြီး၊ ထိန်းသိမ်းခံထားရတဲ့ တရုတ်ခရစ်ယာန် လူ့အခွင့်အရေးရှေ့နေ Zhang Kai ကို ပြန်လွှတ်ပေးဖို့အတွက်ကိုလည်း ၀န်ကြီး ကယ်ရီ က တောင်းဆိုသွားခဲ့ပါတယ်။
အလားတူ သီရိလင်္ကာနိုင်ငံမှာလည်း - ဘာသာခြားတွေကို တိုက်ခိုက်ဖို့အတွက် ယခင်အစိုးရကနေ ဗုဒ္ဓဘာသာ အစွန်းရောက်ဝါဒီအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့ပုံ ရှိတယ်လို့ ဖော်ပြထားပါတယ်။ အီရတ်မှာ ရှီယာစစ်သွေးကြွတွေ၊ ဆီးရီးယားက al-Nusra တပ်ဦး အကြမ်းဖက်အဖွဲ့၊ နိုင်ဂျီးရီးယားက ဘိုကိုဟာရမ်းစစ်သွေးကြွအုပ်စု၊ ပါကစ္စတန်မှာတော့ Lashkar I Jhangvi အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကိုလည်း ဒီအစီရင်ခံစာမှာ ဝေဖန်ထောက်ပြထားပါတယ်။
ဝန်ကြီးကယ်ရီကတော့ - ဘာသာရေးလွတ်လပ်ခွင့် ဆိုတာဟာ သာမာန် ကိုးကွယ်ခွင့် ပြုထားတယ်ဆိုတာထက် ပိုတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဘာသာတခုကို ကိုးကွယ်ယုံကြည်သူတွေအနေနဲ့ တခြားလူတွေကို အတင်းအကျပ်စည်းရုံး သိမ်းသွင်းတာ၊ ဘာသာကူးပြောင်းခိုင်းတာ၊ နှုတ်ပိတ်ထားတာ၊ ဒါမှမဟုတ်ရင်လည်း ယုံကြည်သက်ဝင်မှုကြောင့် အသက်ဆုံးရှုံးအောင် လုပ်ပိုင်ခွင့် မရှိစေရဘူးလို့လည်း ၀န်ကြီးကယ်ရီက ပြောဆိုခဲ့ပါတယ်ရှင်။
VOA
http://burmese.voanews.com/content/us-religious-freedom-report/3006216.html
 အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုအကြံပေးအရာရှိ Ben Rhodes ဟာ အောက်တိုဘာလ ၁၈ ရက်ကနေ ၂၀ နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သမ္မတ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း မစ္စတာ Rhodes ရန်ကုန်နဲ့ နေပြည်တော်တို့ကိုသွားရောက်ပြီး အရာရှိကြီးတွေ၊ လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားနဲ့ ဘာသာရေး ခေါင်းဆောင်တွေကို တွေ့ဆုံမှာ ဖြစ်ပါတယ်။
နိုင်ငံတွင်းရှိ လူထုအားလုံးရဲ့ အခွင့်အရေးကို လေးစားပြီး တိုးတက်မှု အခွင့်အလမ်း ဖော်ဆောင်မယ့် ပြုပြင်ပြောင်းလဲရေးတွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံကြောင်း အတည်ပြု ပြသမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေနဲ့ အမေရိကန်အစိုးရရဲ့ မျှော်လင့်ချက်တွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို မသွားခင် မစ္စတာ Rhodes ဟာ အောက်တိုဘာလ ၁၆ ရက်ကနေ ၁၈ ရက်နေ့အထိ လာအိုနိုင်ငံကို သွားရောက်ပြီး Vientiane မြို့တော်မှာ အစိုးရအရာရှိကြီးတွေနဲ့ တွေ့ဆုံပြီး အမေရိကန် - လာအို သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အခမ်းအနားကို တက်ရောက်မှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန် - လာအို ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး၊ အထူးသဖြင့် ၂၀၁၆ ခုနှစ်အတွင်း အရေးကြီးတဲ့ အာဆီယံ ဥက္ကဋ္ဌရာထူးကို လာအိုနိုင်ငံ ထမ်းဆောင်နိုင်ရေး ကိစ္စတို့ကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ Vientiane နဲ့ Luang Prabang မြို့တွေမှာ လာအိုလူငယ်တွေနဲ့ တွေ့ဆုံပြီး အမေရိကန် အထောက်အပံ့နဲ့ ဆောင်ရွက်နေတဲ့ အစီအစဉ်တွေကိုလည်း သွားရောက် ကြည့်ရှုမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
 ဇူလိုင်လ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာအိမ်ရာဝင်းအနီး ကားထဲမှသိမ်းဆည်းရမိတဲ့ ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးတွေကို တွေ့ရစဉ်။ Photo: MOI
 ပြီးခဲ့တဲ့ဇူလိုင်လကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၄ ခုမှာ မူးယစ်ဆေးဝါးတွေ စံချိန်တင် ဖမ်းဆီးရမိတာနဲ့ပတ်သက်တဲ့ သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီးရမိထားတယ်လို့ နေပြည်တော် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အဖွဲ့က ပြောပါတယ်။
အဲဒီမူးယစ်ဆေးဝါးအမှုတွေနဲ့ပတ်သက်တဲ့ အဓိက တရားခံတွေက လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ နေပြည်တော် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့က ရဲမှူးကြီး မြင့်သိန်းက ပြောပါတယ်။
"ဇူလိုင် ၂၆ ပေါ့၊ အခင်းဖြစ်ပြီးနောက်ပိုင်းကနေ ဒီထိ ၁၂ ယောက်ပေါ့၊ ကျနော်တို့ ဖမ်းထားပြီးဖြစ်ပါတယ်၊ အဓိကကျတဲ့တရားခံလည်း လွတ်မြောက်နေဆဲ ဖြစ် တယ်ဗျာ၊ သူတို့ကိုမိမှသာ တစ်ကယ့်နောက်ကွယ်က တရားခံကို ဖော်ထုတ်သိရှိရမှာပေါ့၊ ကျနော် တို့ဖမ်းမိဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်၊ အရင်းအမြစ်ကနေ သယ်လာတဲ့ အုပ်စုကို ကျနော် တို့ဖမ်းဆီးနိုင်ခြင်းမရှိဘူး၊ သို့သော်လည်း အကြမ်းအားဖြင့်တော့ နယ်စပ်ပေါ့နော်၊ ရှမ်းပြည်နယ်ဖက်ကနေ သယ်လာတယ်လို့ ကျနော်တို့ခန့်မှန်းတာပေါ့"
ပြီးခဲ့တဲ့ဇူလိုင်လကစပြီး ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ၊ သာကေတ၊ မြောက်ဒဂုံနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တို့မှာ မူးယစ်ဆေးတွေ ဆက်တိုက်ဖမ်းဆီးရမိ ခဲ့တာဖြစ်ပြီး အဲဒီအမှုတွေဟာ ဆက်စပ်နေတယ်လို့လည်း ပြောပါတယ်။
အဲဒီအမှုတွေနဲ့ပတ်သက်ပြီး ကုလားတန်မြစ်ဝှမ်းဒေသဖံွ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက် ဦးမင်းဦးခိုင်အပါအ၀င် ၁၂ ဦးကို ဖမ်းမိထားတာဖြစ်ပြီး အဲဒီအမှု တွေမှာ ရေလုပ်ငန်းရှင်တချို့ပါဝင်တယ်လို့လည်း ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ သန်းနဲ့ချီ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စီမံကိန်းချလုပ်ဆောင်နေတဲ့ မူးယစ်တိုက်ဖျက်ရေး ၁၅ နှစ်တာ ကာလအတွင်း အများဆုံး ဖမ်းဆီးရရှိမှု ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ပက်ထရစ်ကွမ်ဂျာလီ 
 တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လှောင်ပြောင် သရော်ထားတဲ့ ဓါတ်ပုံကို Facebook လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ အတွက် လှိုင်မြို့နယ်မှာ နေထိုင်သူ ပက်ထရစ်ကွမ်ဂျာလီ ကို လှိုင်ရဲစခန်းက လာရောက် ဖမ်းဆီး သွားခဲ့ပါတယ်။ ဒါဟာ Facebook စာမျက်နှာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လှောင်ပြောင်သရော်တဲ့ ဓါတ်ပုံတွေကို တင်တဲ့အတွက် အခုရက်ပိုင်းအတွင်း အာဏာပိုင်တွေဘက်က ဒုတိယမြောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပက်ထရစ်ကွမ်ဂျာလီရဲ့ ဇနီးဖြစ်သူ မမေစံပယ်ဖြူကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ မမေစံပယ်ဖြူရဲ့အမျိုးသား အဖမ်းခံရတယ်လို့ ကြားရပါတယ်။ အဲဒါဟုတ်ပါသလား ခင်ဗျာ။
ဖြေ။ ။ဟုတ်ပါတယ်။ ကျမကလည်း တနေ့လုံး အစည်းအဝေးတွေနဲ့ဆိုတော့လေ။ အခု ဟိုတယ်ပြန်ရောက်ပြီးတော့မှ facebook ဖွင့်လိုက်တဲ့အခါကျတော့မှ သတင်းတက်လာတာကို ကျမလည်း အခုမှသိရတာပါ။
မေး။ ။ အဲတော့ ဘယ်သူက ဖမ်းသွားတာလဲ။
ဖြေ။ ။ဟုတ်ကဲ့။ ဒီမှာ ကျမ မိတ်ဆွေတွေက ကျမကို လှမ်းပြီးတော့ အကြောင်းကြားထားတာပေါ့နော်။ အကြောင်းကြားထားတာကတော့ ညနေ ၆:၄၅ လောက်က လှိုင်မြို့နယ် ရဲစခန်းက ၄ ယောက်နဲ့ ကျမတို့ရပ်ကွက်ထဲက ရရက ၁ ဦးပေါ့နော်၊ စုစုပေါင်း ၅ ယောက်က လာပြီးတော့။ အိမ်မှာလည်း ဟိုရှာဒီရှာလုပ်တယ်ပေါ့နော်။ ကွန်ပြူတာနဲ့ ဖုန်းကိုလည်း သိမ်းသွားပါတယ်တဲ့။ ၇:၄၀ လောက်က ခေါ်သွားတယ်လို့ အဲလို ကျမကို လှမ်းအကြောင်းကြားထားပါတယ်ရှင့်။
မေး။ ။ကျနော်တို့သိရတာကတော့ ဒီ facebook မှာ အခုတလောတင်ထားတဲ့ ဒီ post တခုအတွက် အဖမ်းခံရတယ်လို့ ကြားပါတယ်။ အဲတာဟုတ်ပါသလား။ သူတို့ဘက်က ဘယ်လို ကြောင်းပြချက်နဲ့ဖမ်းသွားတာလဲ။
ဖြေ။ ။ကျမ မိတ်ဆွေတွေက လှမ်းပြီးတော့ ပို့တာကတော့ အဲဒီမှာ သူတို့ကနေပြီးတော့ A4 နဲ့ စာရွက် print တခုထုတ်လာတယ်တဲ့ ။ အဲဒီဟာကို ပြပြီးတော့မှ ဖမ်းဝရမ်းတွေလည်း မပါဘူးလို့ ပြောပါတယ်ရှင့်။ အဲလိုနဲ့ ဒီ facebook ဟာကို share ထားတဲ့အတွက်ကြောင့်ဆိုပြီးတော့မှာ အဲဒီ A4 နဲ့ print ထုတ်ထားတဲ့ ဟာကို ပြပြီးတော့မှ ခေါ်သွားတယ်လို့ ကျမကို လှမ်းအကြောင်းကြားထားပါတယ်။
မေး။ ။ခေါ်သွားတယ်ဆိုတော့ ဘယ်ကို ခေါ်သွားသလဲဆိုတာကောသိလား။
ဖြေ။ ။လှိုင်ရဲစခန်းကိုပါရှင့်။ ကျမ မိတ်ဆွေတွေက စခန်းကို လိုက်သွားတယ်ရှင့်။ ဒါပေမယ့် စခန်းထဲကို အ၀င်မခံဘူးလို့ သိရပါတယ်ရှင့်။
မေး။ ။သူတို့ဘက်က ဘာအမှုနဲ့ ဖမ်းတယ်လို့ ပြောသေးသလဲ။
ဖြေ။ ။ လောလောဆယ်တော့ ကျမလည်း အသေးစိတ်တော့ မသိရသေးဘူးရှင့်။ ကျမလည်း အဲဒါကြောင့် တော်တော်လေးကို စိတ်ပူနေတယ်ရှင့်။ အိမ်မှာလည်း ကလေး ၃ ယောက်နဲ့ သူ့အမကလည်း လေဖြတ်ထားတာလေ။ ကျမတို့နဲ့ အတူတူနေတယ်။ ဟိုတလောကပဲ တော်တော်နေမကောင်းလို့ ဆေးခန်းပြနေရတာပေါ့။ ဘာမှအကြောင်းအရာ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ကျမ မိတ်ဆွေတွေကလည်း ကျမ စိတ်ပူမှာစိုးလို့ ဖြစ်ပါလိမ့်မယ်။ သူတို့သိရသလောက် အကြောင်းအရာတွေကို ကျမကို message ပို့ထားပါတယ်။ ကျမလည်း သေသေချာချာ အတိအကျ မသိရသေးပါဘူး။
ပက်ထရစ်ကွမ်ဂျာလီကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး လှိုင်မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူးခင်ဗျာ။
ကိုရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Facebook ​မှာ​တင်​တဲ့ ​ပုံ​တ​ပုံ ​ကြောင့် ​က​ချင် ​အ​မျိုး​သား ​တ​ယောက် ​ရန်​ကုန်​မှာ ​ဗု​ဒ္ဓ​ဟူး​နေ့ ​က ​ဖမ်း​ဆီး​ခံ​ရ ​ပါ​တယ်။
ည ၇ ​နာ​ရီ​လောက်​မှာ ​ရပ်​ကွက် ​လူ​ကြီး​တွေ​နဲ့ ​ဦး​ခွန်​ဂျာ​လီ ​အိမ်​ကို ​လာ​ရှာ​ပြီး Facebook ​လူ​မှု ​ကွန်​ယက်​မှာ ​ရေး​သား​မှု ​တ​ခု ​ကြောင့် ​မေး​စ​ရာ​ရှိ​တယ် ​ဆို​ပြီး ​ရဲ​စ​ခန်း​ကို ​ခေါ်​သွား​တယ် ​လို့ ​သ​မီး​ဖြစ်​သူ ​မ​မာ​လု​က ​ပြော​ပါ​တယ်။
ဦး​ခွန်​ဂျာ​လီ Facebook ​မှာ ​တ​ယောက်​ယောက် ​ကို ​ဖိ​နပ်​နဲ့ ​နင်း​ထား ​တဲ့ ​ပုံ​တင်​ထား​တယ် ​ဆို​ပြီး ​လာ​ရှာ​တာ ​ဖြစ်​ပြီး ​ပုံ​ထဲ​က ​ဖိ​နပ်​ဝါ ​ကို ​ဦး​ခွန်​ဂျာ​လီ ​အိမ်​မှာ ​ရှာ​မ​တွေ့​ဘူး ​လို့ ​လည်း ​သိ​ရ​ပါ​တယ်။
အဲ​ဒိ ​ဓာတ်​ပုံ​ကို​လည်း ​သူ့ Facebook ​စာ​မျက်​နှာ ​မှာ ​ရှာ​မ​တွေ့​ဘူး ​လို့ ​မိ​သား​စု​က ​ပြော​ပါ​တယ်။
အ​မှု​ဖွင့် ​တိုင်​တာ​က ​စစ်​တပ်​ဘက်​က ​ဖြစ်​ပါ​တယ်။
ရဲ​စ​ခန်း ​ခေါ်​သွား​ပြီး​နောက် ​ခု​ချိန်​ထိ ​မိ​သား​စု​နဲ့ ​တွေ့​ခွင့် ​မ​ပေး​သေး​ဘူး​လို့​လည်း ​ဆို​ပါ​တယ်။
ဦး​ခွန်​ဂျာ​လီ ​ဟာ ​က​ချင် ​ငြိမ်း​ချမ်း​ရေး ​လှုပ်​ရှား ​ဆောင်​ရွက်​နေ​တဲ့ ​ဒေါ်​မေ​စ​ပယ်​ဖြူ ​ရဲ့ ​ခင်​ပွန်း​လည်း ​ဖြစ်​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
KNLA ​တပ်​သား​များ
KNU ​က​ရင်​အ​မျိုး​သား ​အ​စည်း​အ​ရုံး ​ထိန်း​ချုပ်​တဲ့ ​နယ်​မြေ​မှာ ​အ​စိုး​ရ​စစ်​တပ်​က ​အင်​အား​တိုး​ချဲ့​တာ ​မ​လုပ်​ဖို့​နဲ့ ​ဖြတ်​သန်း ​သွား​လာ​ရင် ​အ​သိ​ပေး​အ​ကြောင်း​ကြား​ဖို့ ​အ​ပါ​အ​ဝင် ​ကန့်​သတ်​ချက် ​တွေ​ကို KNLA ​က​ရင်​အ​မျိုး​သား ​လွတ်​မြောက်​ရေး​တပ်​မ​တော်​က ​ကြေ​ညာ​ချက်​ထုတ်​ပြန် ​ပြော​ဆို​လိုက်​ပါ​တယ်။
အောက်​တို​ဘာ ၁၄ ​ရက်​နေ့​ထုတ် ​ကြေ​ညာ​ချက်​မှာ ​သူ​တို့​နယ်​မြေ​ထဲ​က ​အ​စိုး​ရ ​တပ်​စ​ခန်း​တ​ချို့ ​ဖယ်​ရှား​ပေး​ဖို့၊ ​အ​စိုး​ရ ​အုပ်​ချုပ်​ရေး​နဲ့ ​တ​ရား​စီ​ရင်​ရေး​တွေ​ပါ ​မ​လုပ်​ဆောင်​ဖို့ ​အ​သိ​ပေး​ချက် ​တွေ​လည်း ​ပါ​ရှိ​ပါ​တယ်။
အောက်​တို​ဘာ ၁၅ ​ရက်​နေ့​မှာ KNU ​ဥ​က္က​ဌ ​ဦး​ဆောင်​ပြီး ​တစ်​နိုင်​ငံ​လုံး ​အ​ပစ်​အ​ခတ် ​ရပ်​စဲ​ရေး ​လက်​မှတ်​ရေး​ထိုး ​ပွဲ​ကို ​ဒု​တိ​ယ ​ဥ​က္က​ဌ ​ပ​ဒို​နော်​စီ​ဖိုး​ရာ​စိန် ​မ​တက်​ဘူး​လို့ ​ထုတ်​ပြော​ထား​ချိန်​မှာ​ပဲ KNLA ​က ​အ​ခု​လို ​ကြေ​ညာ​ချက် ​ထုတ်​ပြန်​တဲ့ ​အ​တွက် ​ဗ​ဟို​က ​လက်​မှတ်​ရေး​ထိုး​မှာ​ကို ​အောက်​ခြေ​တပ်​က ​သ​ဘော​မ​တွေ့​တာ​လား ​ဆို​တဲ့ ​ဝေ​ဖန်​မှု​တွေ ​ရှိ​လာ ​ပါ​တယ်။
KNLA ​ဗ​ဟို ​စစ်​ဦး​စီး ​ဌာ​န​ချုပ်​က ​လက်​ထောက် ​စစ်​ရေး​ချုပ် ​ဗိုလ်​မှူး​ချုပ် ​မန်း​ရှာ​တူး​ဝေါ ​က​တော့ ​အ​ဖွဲ့ ​အ​တွင်း​မှာ ​ရပ်​တည်​ချက် ​မ​တူ​တာ​တွေ​အ​ပေါ် ​မူ​တည်​ပြီး ​သ​ဘော​ထား​တွေ ​အ​မျိုး​မျိုး ​ရှိ​ပေ​မဲ့ ​စည်း​စည်း​လုံး​လုံး ​ရှေ့​ဆက်​ဆောင်​ရွက်​သွား​ကြ​မှာ ​ဖြစ်​တယ်​လို့ ​ပြော​ပါ​တယ်။
ဒါ​ပေ​မဲ့ ​ရှေ့​မှာ ​ဖြစ်​လာ​မယ့် ​ရ​လဒ်​ကို ​ကြည့်​ပြီး KNLA ​အ​ပေါ်​ကို ​တ​စုံ​တ​ရာ ​ဖိ​အား​ပေး​လာ​မယ် ​ဆို​ရင်​တော့ ​သူ​တို့ ​သ​ဘော​အ​တိုင်း ​လုပ်​သွား​မှာ ​ဖြစ်​တယ်​လို့ ​ဗိုလ်​မှူး​ချုပ် ​မန်း​ရှာ​တူး​ဝေါ​က ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
 ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီးဒေသမှာ မြေပြိုကျတဲ့ နေရာ တစ်ခုကို အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။Photo: MOI
 ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီး သတ္တုတွင်း ဒေသက မြေပြိုမှုမှာ သေဆုံးသူ ၂၈ ဦး ထိရှိသွားပြီလို့ အရပ်ဖက်ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နေ သူတွေကတဆင့် ဒီနေ့ စုံစမ်းသိရှိရပါတယ်။
အဲဒီဒေသမှာ မြန်မာနိုင်ငံ အနှံ့ကနေလာပြီး အလုပ်လုပ် နေကြသူတွေများသလို အလုပ်သမားတွေကို စနစ်တကျ မှတ်ပုံထားတာမရှိတဲ့အတွက် သေဆုံးသူတွေကို ဘယ်သူဘယ်ဝါ၊ ဘယ်ဒေသကဆိုတာ အတည်ပြုဖို့ခက်နေတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ကရင်နီ ပြည်လူငယ်များသမဂ္ဂအဖွဲ့ ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က RFA ကို အခုလို ပြောပါတယ်။
"၁၈ ယောက်အပြင်၊ နောက်ထပ် ၁ဝ ယောက်က အလောင်းထပ်တွေ့တယ်ဆိုပေမယ့် ဘယ်သူတွေ၊ ဘာတွေဆိုတာမသိရသေးဘူး၊ သေဆုံးသူစာရင်းက ၂၈ ယောက် ထိထပ်တက်လာတယ်လို့ ကျနော်တို့ပြောလို့ရပါတယ်"
လက်ရှိအချိန်ထိ ကယ်ဆယ်ရေးနဲ့ ကူညီရေးတွေလိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ အဲဒီဒေသမှာ လူတွေဆက်နေသင့် မသင့်ဆိုတာနဲ့ ပတ်သက်လို့ ပညာရှင်တွေနဲ့ စမ်းသပ်စစ်ဆေးတိုင်ပင်ပြီး ဆုံးဖြတ်သွားမှာဖြစ်သလို၊ ဒုက္ခသည် တစ်ထောင်ကျော်လောက်ကို ကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်ပြီး ကူညီနေပြီး၊ ပျောက်နေတဲ့သူတွေကိုလည်း ဆက်ပြီးရှာဖွေနေတယ်လို့ ကယားပြည် နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းယုရှိန်က RFA ကို ပြောပါတယ်။
"မော်ချီးမှာရှိတဲ့ ဒေသခံပြည်သူတွေကို အထက မော်ချီးမှာတော့ လူဦးရေ ၃၅၉ ယောက်ရှိပါတယ်၊ စီမံကိန်းဆေးရုံမှာ ၁၃ဝ ရှိပါတယ်၊ လိုခါးလိုဘုရားကျောင်းမှာ ၄၀၂ ယောက်ရှိပါတယ်၊ လိုခါးလို အမကမှာ ၂၁၅ ယောက်ရှိပါတယ်၊ ယူကောခိုမှာက ၇၃ ယောက်ရှိပါတယ်၊ ယူကောခိုအောက်ကရွာမှာ ၂၁၀ ရှိပါတယ်၊ စုစုပေါင်း ၁၃၈၉ ယောက်ရှိပါတယ်၊ အဲ့ဒါဒေသခံတွေပါ၊ ကျနော်တို့အစိုးရအဖွဲ့တွေနဲ့ ပေါင်းပြီးတော့ စားနပ်ရိက္ခာကို ဆန်၊ ဆား၊ ပဲ၊ ငါးခြောက်၊ ငါးသေတ္တာ၊ ကြာဇံ၊ အဲ့ဒါတွေနဲ့ ချက်ပြုတ်ကျွေးမွေးနေပါတယ်"
အောက်တိုဘာလ ၁၀ ရက်နေ့က မိုးကြီးခဲ့ရာကနေ နောက်တစ်နေ့ ညနေပိုင်းကစပြီး သတ္တုတူးဖော်နေတဲ့ တောင်ပေါ်ကျေးရွာတွေမှာ မြေပြိုပြီး ရွာတွေ ပျက်စီးခဲ့တာပါ။
အဲဒီမှာ ကျောက်ပန်းတောင်း၊ တောင်ငူ၊ မိတ္ထီလာ စတဲ့ဒေသအသီးသီးကလူတွေ အလုပ်လုပ်နေကြတဲ့အတွက် သူတို့ကိုလည်း နေရပ်တွေကို ပြန်ပို့နေပြီ လို့ ပြောပါတယ်။
မော်ချီးဒေသမှာ မြေဧကအများဆုံး သတ္တုတူးဖော်ရေးလုပ်ကိုင်နေတာ ရဲထွတ်ကျော် ကုမ္ပဏီဖြစ်ပြီး အဲဒီကုမ္ပဏီကို ဦးပိုင်ကုမ္ပဏီကလုပ်ပိုင်ခွင့်ငှါးထားတာလို့ သိရပါတယ်။ ရဲထွတ်ကျော်ကုမ္ပဏီပိုင်ရှင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွတ်တင် ဖြစ်တယ်လို့ လဲ ကရင်နီလူငယ်များသမဂ္ဂအဖွဲ့က ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
“မဲထည့်ရမယ့်ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာပါတီတွေရဲ့ သတင်းအချက်အလက်ကို ရရှိပိုင်ခွင့်ရှိတယ်၊ အဲ့ဒီတော့ ဒီသတင်းအချက်အလက် ရရှိပိုင်ခွင့်ကို ပိတ်ပင်ခြင်းသည် ၀န်ထမ်းတွေကို လူအဖြစ်တောင်မသတ်မှတ်တဲ့ အစိုးရတစ်ရပ်လို့ ကျွန်တော့အနေနဲ့ ဝေဖန်ရလိမ့်မယ်ဗျ”(ဦးဖြိုးဇေယျာသော်)
(ရိုက်ကူး - မင်းမင်း၊ မဇ္ဈိမသတင်းဌာန)
ဝန်ထမ်းအိမ်ရာတွေမှာ မဲမဆွယ်ဖို့ နေပြည်တော်မှာ NLDအမတ်လောင်း တာ...
ဝန်ထမ်းအိမ်ရာတွေမှာ မဲမဆွယ်ဖို့ နေပြည်တော်မှာ NLDအမတ်လောင်း တားမြစ်ခံရ(ရုပ်/သံ)“မဲထည့်ရမယ့်ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာပါတီတွေရဲ့ သတင်းအချက်အလက်ကို ရရှိပိုင်ခွင့်ရှိတယ်၊ အဲ့ဒီတော့ ဒီသတင်းအချက်အလက် ရရှိပိုင်ခွင့်ကို ပိတ်ပင်ခြင်းသည် ၀န်ထမ်းတွေကို လူအဖြစ်တောင်မသတ်မှတ်တဲ့ အစိုးရတစ်ရပ်လို့ ကျွန်တော့အနေနဲ့ ဝေဖန်ရလိမ့်မယ်ဗျ”(ဦးဖြိုးဇေယျာသော်)(ရိုက်ကူး - မင်းမင်း၊ မဇ္ဈိမသတင်းဌာန)
Posted by Mizzima - News in Burmese on Wednesday, October 14, 2015
အတိုက်အခံကိုယ်စားလှယ်လောင်းများအနေဖြင့် အောက်တိုဘာ ၂၀ ရက်တွင် ကိုကိုးကျွန်းသို့ မဲဆွယ်စည်းရုံးရန် သွားခွင့်ရရှိပြီဟု ကိုကိုးကျွန်း NLDအမတ်လောင်း ဦးဝင်းမင်းက မဇ္ဈိမကိုပြောသည်။
"နေ့ခင်းလောက်က အစိုးရအဖွဲ့ အတွင်းရေးမှူးက ၂၀ရက်နေ့သွားခွင့်ရမည်လို့ အကြောင်းကြားတယ်။ သင်္ဘောနဲ့ပါ။ ကျွန်တော်တို့ ၁၀ဦးသွားမယ်။ ကိုယ်စားလှယ် ၃ ဦးရယ်၊ ပါတီဝင်နဲ့ ကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ်တွေပါမယ်။" ဟု ၄င်းက အောက်တိုဘာ ၁၄ရက်တွင် ပြောသည်။
ကိုကိုးကျွန်းသို့ သွားရောက်ရမည့် အစီအစဉ်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးက ဦးဝင်းမင်းထံသို့ တယ်လီဖုန်းမှ တဆင့် အသိပေးခဲ့ခြင်းဖြစ်သည်။
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပိုင် ခရီးသည်တင် သဘောင်္ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကာ၊ လိုက်ပါလိုသူများ အနေဖြင့် တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (သန်လျင်) မှတစ်ဆင့် ကိုကိုးကျွန်းမြို့နယ်ရုံးသို့ အသိပေး အကြောင်းကြားရမည်ဟု တောင်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးက မဇ္ဈိမကို ပြောသည်။
"ရေကြောင်းက သင်္ဘောနဲ့ တိုင်းအစိုးရက စီစဉ်ပြီး အထူးအစီအစဉ်နဲ့ ပြေးဆွဲပေးတာပါ။ လိုက်ပါမယ့်သူတွေက ကျွန်တော်တို့ဆီကိုတင်ရင် ကျွန်တော်တို့ကတစ်ဆင့် တိုင်းအစိုးရကို လိုက်ပါနိုင်ဖို့ ထပ်ပြီးတင်ပေးမှာပါ။ ဈေးနှုန်းကတော့ ကျွန်တော်တို့မသိဘူး။" ဟု ၎င်းကပြောကြားသည်။
မဲဆွယ်စည်းရုံးရေး စတင်ခွင့်ရှိသည့် စက်တင်ဘာ ၈ရက်မှ စ၍ ကိုကိုးကျွန်းသို့ သွားရောက်နိုင်ရန် NLD အမတ်များက သုံးကြိမ်တိုင်တိုင် ခွင့်တောင်းခဲ့သော်လည်း ခွင့်ပြုသည်ဟုသာဆိုပြီး သွားလာနိုင်ရေးအတွက် တိုင်းအစိုးရက စီစဉ်ပေးခဲ့ခြင်းမရှိဟုသိရသည်။
အပတ်စဉ်အင်္ဂါနေ့တိုင်း ပြေးဆွဲပေးနေသည့် လေယာဉ်ခရီးစဉ်ဖြင့်လည်း NLD များအနေဖြင့် လိုက်ပါခွင့် မရရှိခဲ့သော်လည်း ပြည်ခိုင်ဖြိုးမှ သူရဦးသက်ဆွေကမူ စက်တာဘာ ၂၂ရက်တွင် ကိုကိုးကျွန်းသို့ အဆိုပါလေယာဉ်ဖြင့် ရောက်ရှိပြီး မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ကာ အောက်တိုဘာ ၆ရက်တွင် ရန်ကုန်သို့ ယင်းလေယာဉ်ဖြင့်ပင် ပြန်လည်ရောက်ရှိသည်ဟု ကိုကိုးကျွန်းနေဒေသခံနှင့် NLD အမတ်များထံမှ သိရသည်။
အောက်တိုဘာ ၂၀ရက်မှသာ သွားရောက်နိုင်သဖြင့် NLD များအနေဖြင့် မဲဆွယ်စည်းရုံးရန် ရက်ပေါင်း ၁၅ ရက်ကျော်သာ ကျန်ရှိတော့သည်။ ကိုကိုးကျွန်းသည် ရန်ကုန်နှင့် ရေမိုင် ၂၆၀ ကွာဝေးပြီး စက်တပ်သဘောင်္များဖြင့် သွားရောက်ပါက အနည်းဆုံး နာရီ ၃၀ မှ အများဆုံး ၃၆နာရီအထိ ကြာမည်ဖြစ်သဖြင့် အသွားအပြန် လမ်းပေါ်တွင် ၃ ရက်ကြာမည်ဖြစ်ဟု ဒေသခံများထံမှ သိရသည်။
ကိုကိုးကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်နေရာကို NLD အမတ်လောင်း ဦးဝင်းမင်းနှင့် ပြည်ခိုင်ဖြိုးမှ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးသက်ဆွေ တို့သာ ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။
ယင်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ နှင့် ၂ တို့အတွက် NLD မှ ဦးကျော်သူနှင့် ဦးဝင်းကိုကိုဝင်း၊ ပြည်ခိုင်ဖြိုးမှ ဦးတင်ဝင်းနှင့် ဦးအောင်နိုင်၊ အမျိုးသားဒီမိုကရေစီပါတီသစ် NNDP မှ ဦးနေဝင်းသန်းတို့ အသီးသီး ဝင်ပြိုင်ကြမည်။
Mizzima - News in Burmese
- See more at: http://mizzimaburmese.com/article/6035#sthash.hK85ubAY.8AERN9mh.dpuf
ဒေါ်အောင်ဆန်းစုကြည်ကို နဖူးစည်းအနီစည်းထားတဲ့ အမျိုးသားတစ်ယောက်က ရုတ်တရက်ဖက်နမ်းတယ်။ အဲဒါကို လုံခြုံရေးတွေက ဖယ်လိုက်တဲ့အချိန်မှာပဲ နောက်တစ်ဖက်က အမျိုးသမီးတစ်ယောက်က ထပ်ပြီး ဖက်နမ်းတယ်။ ဝိုင်းဆွဲကြပြီး ရှေ့ကို တစ်လှမ်းအလှမ်းမှာ မိန်းမခပ်ဝဝကြီးတစ်ယောက်က အားကုန်အတင်းဝင်ဖက်လို့ အင်အားသုံးပြီး ဆွဲခွာရတယ်။ ဒေါ်အောင်ဆန်းစုကြည်ခမျာ
လဲမလိုကို ယိုင်ထွက်သွားခဲ့တယ်။
(ဒီရက်ပိုင်းတကယ်ဖြစ်ခဲ့တယ်။)
ဒီဖြစ်စဉ်မတိုင်မီကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့
လုံခြုံရေးအတွက် အားလုံးက စိတ်ပူကြတယ်။ ပင်နီဝတ်ထားတိုင်း၊ ပါတီတံဆိပ်တပ်ထားတိုင်း၊ နဖူးစည်းအနီစည်းထားတိုင်း ကိုယ့်လူမဖြစ်နိုင်ဘူး။ အတုအယောင်တွေ ရောပါလာနိုင်တယ်။
အားလုံးက စိတ်ပူနေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က သူ့အိမ်ကို အစည်းအဝေးခေါ်တယ်။ လုံခြုံရေးကိစ္စအတွက်လို့ ဆိုတဲ့အတွက် အားလုံးဝမ်းသာကြတယ်။ ဘာပဲဖြစ်ဖြစ် အစည်းအဝေးမှာ ဘယ်လိုတွေ ကာကွယ်မယ်။ လူဘယ်နှစ်ယောက်နဲ့ အမေ့ကို စောင့်ရှောက်မယ်။ အမေ့အတွက် သားတို့အသက်တွေ ပေးပါ့မယ်ပေါ့။ ပြောဆိုကြဖို့ စကားလုံးတွေ ရင်နဲ့အပြည့်ဖြစ်နေကြတယ်။
ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ လေးလေးနက်နက်ပြောတယ်။ သူ့လုံခြုံရေးအတွက် သူ့ခြံထဲက လူငယ်တချို့ကိုပဲ တာဝန်ပေးပါတယ်။ ကျန်တဲ့ ပါတီဝင်တွေ၊ မြို့နယ်တွေက လုံခြုံရေးတာဝန်ယူထားတဲ့ ပါတီဝင်တွေဟာ သူ့လုံခြုံရေးကို တာဝန်ယူဖို့ မလိုပါဘူးတဲ့။ အခုလုပ်နေတဲ့ လူထုဟောပြောပွဲတွေမှာ လာရောက်နားထောင်တဲ့ လူထုက သိပ်များတဲ့အတွက် အဲဒီလူတွေအတွက်ပဲ သူစိုးရိမ်ပါတယ်တဲ့။ ဒါကြောင့် လုံခြုံရေးတာဝန်ယူသူတိုင်းဟာ ကျွန်မလုံခြုံရေးကို တာဝန်ယူဖို့မလိုပါ။ လူထုလုံခြုံရေးကိုသာ တာဝန်ယူပေးပါတဲ့။ ဟောပြောနေချိန်မှာလည်း လူထုကို ဂရုတစိုက် စောင့်ရှောက်ကြပါတဲ့။
အားလုံးအသံတိတ်။ အစည်းအဝေးက ပြန်လာခဲ့ကြတယ်။
လူထုခေါင်းဆောင်ဆိုတာ အဲလိုလူမျိုးကို ခေါ်တာပေါ့ဗျာ။
---တင်တဲ့သူက friend onlyနဲ့ တင်လို့ credit မပေးတော့ပါ။
ကျေးဇူးပါ ကိုမအခသခင်ဗျား။
( Credit- Maung Thet)
 farmers-protest-hinthada-620.jpg လယ်သိမ်းခံတောင်သူတွေ အောက်တိုဘာလ ၁၄ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဟသာင်္တမြို့နယ်မြို့နယ်မှာ ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Wai Yan Moe Myint/ RAF
ဧရာဝတီတိုင်းဒေသကြီး ဟသာင်္တမြို့နယ် မြို့ကွင်းကျေးရွာက မြစ်ရေတင်စီမံကိန်း အတွက်ဆိုပြီး လွန်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်က သိမ်းယူထားတဲ့ လယ်ယာမြေဧက ၅ဝဝ ကျော် အတွက် လျှော်ကြေးပေးဖို့ ဒေသခံတောင်သူ ၈ဝ လောက်က ဒီနေ့ ဟင်္သာတမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
အဲဒီအချိန်က လက်ရှိ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦး ဧရာဝတီတိုင်းမှူးအဖြစ် တာဝန်ယူခဲ့စဉ်က သိမ်းဆည်းခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။
လျော်ကြေးပေးဖို့အတွက် တောင်းဆိုနေတာကို ဖြေရှင်းမပေးတာကြောင့် ဆန္ဒပြတာ ဖြစ်တယ်လို့ ဟင်္သာတမြို့နယ် မြို့ကွင်းကျေးရွာက တောင်သူ ဦးပြည်ငြိမ်းအောင် က ပြောပါတယ်။
"၂ဝဝ၃ ခုနှစ်က ဧရာဝတီတိုင်းမှူးဗိုလ်ချုပ် ဌေးဦးပေါ့၊ အဲ့ချိန်မှာ စပြီးတော့အကောင် မထည်ဖော်တာ၊ အခုလွှတ်တော်ကိုယ်စားလှယ်ဦးဌေးဦးပေါ့၊ ၂ဝဝ၃ ခုနှစ်ကနေ ဒီနေ့ထိ ၁၂ နှစ်ကြာဆုံးရှုံးနစ်နာသွားတဲ့ လယ်သမားမိသားစုဟာ ၆ဝ၅ ဦးရှိတယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးထံကို ကျနော်တို့ အကြောင်းကြားစာပေးပို့ထား ပါတယ်၊ အခုချိန်ထိဘာမှ ပြန်ကြားမှုမရှိသေးပါဘူး"
အဲ့ဒီမြစ်ရေတင်စီမံကိန်းဟာ ပြီးခဲ့တဲ့၂ဝ၁ဝ ခုနှစ်မှာ ရပ်ဆိုင်းလိုက်ပြီး အခုထိအကောင် အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး။
ဒါ့အပြင် ဆန္ဒပြသူတွေက ဟင်္သာတမြို့နယ် ရေဘေးဒဏ်ခံခဲ့ရစဉ်က အလှူရှင်တွေ လှူဒါန်းတဲ့ ပစ္စည်းတွေကို ရောင်းချခဲ့တယ်ဆိုပြီး မြို့ခံ ၈ ဦးကို မြို့နယ်တရားရုံး မှာ တရားစွဲဆိုထားတာကို မြို့နယ်တရားသူကြီးက အာမခံပေးလိုက်တာကိုလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
မြို့နယ် တရားသူကြီးက သူ့အနေနဲ့ အာမခံပေးခွင့်မရှိမှန်းသိပေမယ့် သူ့ရဲ့ဆင်ခြင်တုံ တရားနဲ့ အာမခံပေးလိုက်တာလို့ RFA ကို ပြောပါတယ်။
ဆန္ဒပြပွဲကို မြို့ကွင်းကျေးရွာက လယ်ယာမြေသိမ်းဆည်းခံထားရတဲ့ တောင်သူတွေ၊ လယ်သမားသမဂ္ဂအဖွဲ့ဝင်တွေ၊ ဟင်္သာတဒေသခံတွေ ပါဝင်ခဲ့ပြီး တရား ဥပဒေစိုးမိုးရေးရှိဖို့၊ အဂတိလိုက်စားသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
RFA
http://www.rfa.org/burmese/news/farmers-hinthada-protest-over-land-10142015115300.html
စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင်ပါဝင်တည်ထောင်ထားသည့် အာဏာရ ကြံ့ခိုင်ရေးပါတီမှ လာမည့် ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို အတုံးအရုန်း ရှုံးနိမ့်နိုင်သည်ဟု ကြံ့ခိုင်ရေးပါတီ၏ နိုင်ငံရေးအကြံပေးများက လျှို့ဝှက်ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခု၏ ရလဒ်တွင် ဖော်ပြထားသည်ဟု ယူကေနိုင်ငံထုတ် The Times သတင်းစာကြီးက ဖော်ပြလိုက်သည်။
အာဏာရ ကြံ့ခိုင်ရေးပါတီသည် ယခင်စစ်အစိုးရက ပြုလုပ်ခဲ့သော အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၃ ပုံ ၂ ပုံ အနိုင်ရခဲ့သည်။ The Times သတင်းဌာနက ရရှိခဲ့သည့် ကြံ့ခိုင်ရေးပါတီ၏ လှို့ဝှက် စာရွက်စာတမ်းများတွင် ဖော်ပြချက်အရ လာမည့်လတွင် ပြုလုပ် မည့် ရွေးကောက်ပွဲ ၌ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့် ယှဉ်ပြိုင် ရမည့် ကြံ့ခိုင်ရေးပါတီသည် ပြည်သူ့လွှတ်တော်တွင် အမတ်နေရာ ၅% အောက်သာ ရရှိနိုင်သည်ဟု ဆိုသည်။
စစ်အစိုးရ ရေးဆွဲခဲ့သည့် လက်ရှိအခြေခံဥပဒေတွင် အတားအဆီး အများအပြားရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံအတွင်း လူကြိုက် အများဆုံး နိုင်ငံရေးသမားအဖြစ် ပြိုင်ဘက်ကင်း တည်ရှိနေ ဆဲဖြစ်ကြောင်း အဆိုပါ ကြံ့ခိုင်ရေးပါတီ၏ စစ်တမ်းရလဒ်က ဖော်ပြ ထားသည်ဟု The Times သတင်းစားက ရေးသားခဲ့သည်။ လက်ရှိ အခြေခံဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် ထမ်းဆောင်ခွင့် မရှိပေ။
ကြံ့ခိုင်ရေးပါတီ၏ လျှို့ဝှက်စစ်တမ်းအရ ရွေးကောက်ပွဲ တွင် ပြည်သူ့ လွှတ်တော်အတွက် မဲဆန္ဒနယ် ၃၃၀ အနက် ကြံ့ခိုင်ရေးပါတီက ၁၆ နေရာသာ အနိုင်ရဖွယ်ရှိသည်ဟု ဆိုသည်။ ထိုစစ်တမ်း စီမံကိန်းကို ယခုနှစ် ဖေဖော်ဝါရီက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်တစ်ခုစီအတွက် ကြံ့ခိုင်ရေးပါတီ အပေါ် ထောက်ခံမှုကို လေ့လာခဲ့ခြင်းဖြစ်သည် ။
စစ်တမ်းတွင် ပါဝင်လုပ်ဆောင်ခဲ့သည့် နိုင်ငံရေး အကြံပေး ဖြစ်သူက “ ပြီးခဲ့တဲ့ အကြိမ်တုန်းကလို (၂၀၁၀ ရွေးကောက်ပွဲ) လုပ်နေမယ် ဆိုရင် ရွေးကောက်ပွဲ မှာ ပြတ်ပြတ်သားသား ရှုံးနိမ့်သွားနိုင်ပါတယ်။ ဒါကြောင့် မတူညီတဲ့ ပုံစံနဲ့ ဆောင်ရွက်ရမယ်လို့ ကျွန်တော် ပြော ခဲ့ပါတယ်” ဟု The Times သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။
ကြံ့ခိုင်ရေးပါတီ အနေဖြင့် အကောင်းဆုံးအခြေအနေတွင် ပင် ပြည်သူ့လွှတ်တော် အမတ်နေရာ ၃ ပုံ ၁ ပုံသာ ရရှိနိုင်ပြီး NLD ကို ရှုံးနိမ့်နိုင်ခြေ ရှိနေသည်ဟု ဆိုသည်။ အဆိုပါ စစ်တမ်းမှာ ယခုအခါ ပါတီဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားခံခဲ့ရသည့် သူရဦးရွှေမန်းက ပြုလုပ်စေ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ အကောင်းဆုံး အခြေအနေရရန်မှာ လူကြိုက်များသည့် ကိုယ်စားလှယ်လောင်းရှိရာ အနိုင်ရနိုင်ခြေရှိသော မဲဆန္ဒနယ်များတွင် အရင်းအမြစ်များ အသုံးပြုနိုင်မှုပေါ်တွင် မူတည်ပြီး ယခုအချိန်အထိ ထိုသို့ ပြုလုပ်နိုင်ခြင်း မရှိခဲ့ဟု အဆိုပါ နိုင်ငံရေးအကြံပေးက ဆိုသည်။
KHTun
The Ladies News Journal
ကိုးကား - http://www.thetimes.co.uk/…/n…/world/asia/article4579168.ece
“ တပ်မတော်ရဲ့ဂုဏ်သိက္ခာ ပြန်ဆယ်နိုင်မဲ့ နောက်ထပ်အခွင့်အလမ်း”
လက်ရှိ အခြေအနေမှာတော့ စစ်နဲ့ အခွင့်ထူးခံခွင့်ရပြီး ကျိကျိတက်ချမ်းသာနေရလို့ စစ်သိပ်တိုက်ခြင်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့အုပ်စီးခံ မြန်မာ့တပ်မတော်ဟာ သူတို့ ရဲ့ ရိုးသားမှု့မရှိတဲ့ တပြည်လုံးအပစ်ရပ် လက်မှတ်ရေးထိုးပွဲ (NCA ) ကို အောက်တိုဘာ (၁၅) ရက်မှာ သဘောတူတဲ့ အဖွဲ့ အချို့ နဲ့ ဘဲ ရသလောက်သာ လက်မှတ်ထိုးဖို့ ပြင်ဆင်နေကြတယ်။ လက်မှတ်မထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကိုတော့ လုပ်နေကျ အကျင့်ဟောင်းအတိုင်း စစ်အင်အားသုံး ဖိအားပေးခြိမ်းခြောက်နေပြန်တယ်။
ရှမ်းပြည်မြောက်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ဌာနချုပ် ဝမ်ဟိုင်းအထိ တိုက်ခိုက်မယ်လို့ အစိုးရတပ်ဘက်က ကြွေးကြော်ပြီး တိုက်ပွဲကြီးတွေ ဆင်နွှဲနေသလို တအာင်းပလောင်တပ် TNLA နဲ့ ကချင်တပ် KIO တပ်ဖွဲ့တွေအပေါ်မှာလည်း စစ်ရှိန်မြှင့် လာတာတွေ့ ရတယ်။
တစက္ကန့် တမိနစ်နောက်ကျရင် နောက်ကျသလောက် ပြည်တွင်းစစ်မီးတောက်အောက်မှာ စစ်ဂျပိုးလူဂျပိုးတွေရဲ့ လက်အောက်မှာ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေ အဖမ်းခံရမှု့ အသတ်ခံရမှု့ တပ်မတော်သားတွေ မလိုအပ်ဘဲ အသက်ဆုံးရှုံးမှု့ နိုင်ငံအနှံ့ လူသတ်မဒိမ်းမြေသိမ်းမှု့တွေ မတရားပုဒ်မတွေနဲ့ မမျှမတ တရားစီရင်ခံရမှု့တွေ ဆက်ဖြစ်နေမှာအသေအခြာပါဘဲ။
လက်နက်ခဲယမ်းမီးကျောက်နဲ့ ကျည်ဆံဖိုး နဲ့ စစ်စရိတ် ဘီလျှံနဲ့ ချီကုန်ကျခဲ့တဲ့အပြင် နှစ်ဖက်စလုံးက အောက်ခြေတပ်မတော်သားတွေ၊ အရာရှိပေါက်စတွေ မြေဇာပင်ဖြစ်နေတဲ့ ဒေသခံပြည်သူတွေရဲ့ တန်ဘိုးရှိတဲ့ လူ့ အသက်သွေးပေါင်း များစွာ ၀မ်းနည်းဖွယ်ရာ အလဟဿဆုံးရှုံးနေတာ နှစ်ပေါင်း(၇၀) နီးပါးရှိပါပြီ။ ဒီပြည်တွင်းစစ်ဟာ ပြည်သူလူထုကို ဘာကောင်းကျိုးမှ မပေးစွမ်းနိုင်ပေမဲ့ တိုင်းပြည်အပေါ် အောက်ပါ ဆိုးကျိုးပေါင်းမြောက်များစွာ တော့သက်ရောက်လို့ နေပါပြီ။
၁) တိုင်းပြည်ဘဏ္ဍာတွေကို ဖွံ့ ဖြိုးတိုးတက်အောင်လုပ်ဖို့ နေရာတွေမှာမသုံးစွဲနိုင်ဘဲ စစ်စရိတ်အတွက်သုံး နေရပြီး အချည်းအနှီးဆုံးရှုံး ပြုန်းတီးကုန်တယ်။
၂) ပြန်မရနိုင်တဲ့ နိုင်ငံသားတွေရဲ့အသက်သွေးချွေးတွေ မလိုအပ်ဘဲ ပေးဆပ်ဆုံးရှုံးနေရတယ်။
၃) အပြစ်မဲ့တဲ့ ဒေသခံပြည်သူတွေ ဘ၀လုံခြုံမှု့မရှိဘဲ စစ်မီးတောက်အောက်မှာ ငရဲတွင်းထဲကျသလို နာတာရှည်ဒုက္ခတွေခံစားနေရတယ်။
၎) တိုင်းပြည်အတွက် အရေးတကြီးလိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အတွက် အနှောင့်အရှက် အဟန့် အတားဖြစ်စေတယ်။
၅) ဒေသတွင်း ရောင်းဝယ်ဖေါက်ကားမှု့တွေပျက် စီးပွားရေးလုပ်လို့ မရတာမို့  ဖွံ့ ဖြိုးတိုးတက်မှု့ရပ်ဆိုင်း သွားတယ်။
၆) စစ်ပွဲတွေကြောင့် ပညာရေးနဲ့ လူမှု့ရေးဘ၀တွေ ကမောက်ကမဖြစ် ဘ၀တွေအဖျက်ခံနေရတယ်။
၇)အချုပ်အခြာ အာဏာတည်မြဲရေးတို့  ပြည်ပကျူးကျော်မှု့ဆိုတဲ့ ငါးစာတွေကိုသုံးပြီး လူမျိုးကြီးဝါဒ ၊ အစွန်းရောက်မျက်ကန်းမျိုးချစ်ဝါဒတွေကို မီးလောင်ရာလေပင့်ပြီး လမ်းမှားကိုဆက်လျှောက်အောင် ပို့ ဆောင်ခံနေရတယ်။
၈) မီးစာကုန်ဆီခမ်းနေတဲ့ စစ်တပ်ကြီးစိုးဗိုလ်ကျတဲ့ အာဏာရှင်စနစ်၊ လက်နက်နဲ့ အကြမ်းဖက်ဖြေရှင်းနည်းကို ပြန်ခေတ်စားအောင်လုပ်ပြီး စစ်ဂျပိုးတွေ ပိုပေါက်ဖွားလာအောင် အခြေအနေကိုဖန်တီးနေတယ်။
ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ ကျောက်စိမ်းတွင်းတွေသိမ်းပိုက်နိုင်ဘို့ အဟန့်အတားဖြစ်နေတဲ့ KIA ရှိတဲ့ ကချင်ဒေသကို နှိပ်ကွပ်ဖို့ စစ်အင်အားသုံး စစ်အင်းအားတိုးချဲ့ ရန်စနေတာကလည်း စစ်ဗိုလ်ချုပ်ကြီးတွေရဲ့အကျိုး စီးပွားနဲ့ တရုပ်ကြီးအကျိုးစီးပွားအတွက်ရည်ရွယ်လှုပ်ရှားနေတာထင်ရှားပါတယ် ။ KIA ကိုအင်အားချိနဲ့ သွားအောင်နဲ့ နယ်မြေစိုးမိုးမှု့ရအောင်… တချိန်တုံးက ကရင်တွေရဲ့ မာနယ်ပလောကို သိမ်းသလို မကြာခင် အကြောင်းတခုခုရှာပြီး KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာစခန်းကို တိုက်ဖို့ ဦးတည်နေပုံရတယ် ။ တဖက်မှာတော့ အယောင်ပြ တပြည်လုံးအပစ်ရပ်သဘောတူစာချုပ်မှာ လက်မှတ်ထိုးမဲ့ KNU စတဲ့အဖွဲ့ တွေနဲ့ ပွေ့ ဖက်လက်ဆွဲနှုတ်ဆက်နေလိမ့်မယ်။ လက်မှတ်မထိုးမဲ့အဖွဲ့ တွေကို စစ်ရေးဖိအားပေးခြိမ်းခြောက်မယ်။ စစ်အာဏာရှင်တွေဟာ သိပ်ပါးနပ်တယ်။ စစ်နဲ့ လုပ်စားနေတာအံခွနေကြပြီ။ တော်လှန်ရေးသတိအထူးရှိဖို့ လိုပါတယ်။။ သမိုင်းဆိုတာ အမြဲဖုံးကွယ်လို့ မရနိုင်ပါဘူး ။
လူမျိုးကြီးဝါဒ အလံထူပြီး ဗိုလ်ကျခြင်တိုင်းဗိုလ်ကျခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ဆန့် ကျင်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းတွေကို သောင်းကျန်းသူတွေ၊ သူပုန်တွေလို့ နံမည်တပ် သိက္ခာချခဲ့ တာ စစ်အာဏာရှင်တွေပါ။ သူတို့ လုပ်စားနေတာကို တိုင်းပြည်အသက်ပေးကာကွယ်နေတဲ့ပုံမျိုးဖြစ်အောင်၊ သူတို့ မတရားသဖြင့် အခွင့်ထူးခံနေတာကို ထိုက်တန်သယောင် ၀ါဒဖြန့် နေတာကို သံယောင်လိုက်မသုံးမိ အောင်သတိပြုကြဖို့ လိုတယ် ။
သူတို့ အာဏာထိပါးတဲ့သူဆို ဘယ်သူ့ ကိုမဆို သူပုန်လို့ သမုဒ်တာဘဲ ။ ကျောင်းသားဆိုလည်းသူပုန်လို့  ခေါ်တာဘဲ ။ သံဃာအစစ်တွေတောင် သင်္ကန်းဝတ်တွေလို့ ခေါ်ခဲံတာမဟုတ်လား။ ကျောင်းသားသမဂ္ဂဆိုတဲ့ နာမည်နဲ့ တော်လှန်ရေးဆိုတဲ့စကားတောင် တလျှောက်လုံး အသိအမှတ်မပြုခဲ့ဘူး မဟုတ်လား။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ အသက်မသေရလို့  သူတို့ ခြေပြတ်လက်ပြတ်မဖြစ်လို့ ပြည်တွင်းစစ်ပွဲကို အားရပါးရဆင်နွှဲနေတာဖြစ်တယ်။
အောက်ခြေစစ်ဗိုလ် စစ်သားလေးတွေမသေဘဲ သူတို့ (သို့ ) သူတို့ သားသမီးတွေ ရှေတန်းကတိုက်ရမယ် သေရမယ်၊ ခြေပြတ်လက်ပြတ်ဖြစ်ရမယ်ဆိုရင် ဒီစစ်ဗိ့လ်ချုပ်ကြီးတွေ ပြည်တွင်းစစ်ကိုတိုက်မှာမဟုတ်ဘူး။ သူတို့ အိပ်ကပ်ထဲက ပိုင်ဆံစိုက်ပြီးမှ တိုက်ရမယ်ဆိုရင် သူတို့ ဒီပြည်တွင်းစစ်ကိုမဆင်နွှဲဘူး။ ပြည်သူ့ဘဏ္ဍာ၊ ပြည်သူတွေသက်သာချောင်ခြိရေးအတွက်သုံးရမဲ့ငွေကြေးတွေနဲ့ မို့ သာစစ်တိုက်နေကြတာ။ ပြည်တွင်းစစ်ပွဲ ကိုစဉ်းစားဥာဏ်ရှိတဲ့ ပြည်သူတိုင်းကမလိုလားဘူး။ မထောက်ခံဘူး။ ရာစုနှစ်ဝက်ကျော် တိုင်းပြည်အဖက်ဖက် က ချွတ်ခြုံကျဆင်းရဲတွင်းနက်ခဲ့ရတာဟာ.. ပြည်တွင်းစစ်မီး မငြိမ်းသတ်ခဲ့လို့ ပါ။
ပြည်ပကျူးကျော်မှု့၊ အချုပ်အခြာအာဏာထိပါးလာမှု့ စသည်ဖြင့် ဘာအကြောင်းဘဲပြပြ စစ်တိုက်ခြင်သူတွေ စစ်ကိုထောက်ခံသူတွေ စစ်မီးမငြှိမ်းလိုသူတွေဟာ တနည်းမဟုတ်တနည်း စစ်ကြောင့်အရေးပါနေသူ အခွင့်အရေးရနေသူ၊ စစ်နဲ့ လုပ်စားနေသူဖြစ်ရင်ဖြစ် မဖြစ်ရင် လူမျိုးကြီးဝါဒမှိုင်းမိပြီး ကျပ်မပြည့်တဲ့ မျက်ကန်းမျိုးချစ်တွေဘဲဖြစ်လိမ့်မယ်။ တကယ့်တကယ် စစ်ကြောင့်အသက်ပေးရတာ ဘ၀တွေအဖျက်ဆီးခံ ရတာ သူတို့ မဟုတ်ဘူး။ နှစ်ဖက်လုံးက အောက်ခြေစစ်သည်စစ်သားနဲ့ ဒေသခံပြည်သူတွေပါ။
ဒါကြောင့် အပြစ်မဲ့ပြည်သူတွေနဲ့  နှစ်ဖက်စလုံးက စစ်ဗိုလ်စစ်သားလေးတွေအသက်ပေးနေရတဲ့ပြည်တွင်း စစ်ပွဲတွေကို ချက်ခြင်းရပ်ပါ။
တိုင်းပြည်ဘဏ္ဍာ၊ ပြည်သူ့ ပိုင်ငွေကြေးတွေ အချည်းအနှီးဆုံးရှုံးနေရတဲ့ ပြည်တွင်းစစ်ပွဲတွေကို ချက်ခြင်းရပ်ပါ။
တိုင်းသူပြည်သားတွေ မတိုက်ခိုင်းတဲ့ ပြည်တွင်းစစ်ပွဲတွေကို ချက်ခြင်းရပ်ပါ။
စားပွဲဝိုင်းပေါ်ဝင်ထိုင်ပြီး ငြိမ်းချမ်းစွာအဖြေရှာတတ်တဲ့ ယဉ်ကျေးတဲ့ နိုင်ငံရေးအလေ့အထကို မွှေးမြူပါ။
အားကြီးသူက အနိုင်ကျင့်စတမ်းဆိုတဲ့ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ တောရိုင်းဥပဒေသကို အပြီးတိုင်စွန့် လွှတ် ပြီး ရိုးရိုးသားသားနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဆီ ဦးတည်ပါ။
တကယ်တော့ ဗြိတိသျှကိုလိုနီနယ်ချဲ့နဲ့  ဖက်ဆစစ်ဂျပန်ကိုတွန်းလှန်ဖို့ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ပေါ်လာစဉ်ကာလတုံးကတော့
“ စစ်တပ်ဆိုတာ အမှန်သာ လိုက်နာနိုင်ရင် …
တကယ့်ယောကျာင်္းကောင်း၊ ယောကျာင်္းမြတ်ဖြစ်စေနိုင်တဲ့တရားတွေကို …
သင်ကြားပေးတဲ့ ကျောင်းကြီးပေါ့ ”
လို့ ဆိုခဲ့ရလောက်အောင် တိုင်းရင်းသားမိဘပြည်သူတွေရဲ့ အားထားယုံကြည် မြတ်နိုးလေးစားခံခဲ့ရလို့ လူတိုင်းက ပန်းကုံးစွပ်ခြင်ကြတဲ့ ပြည်သူချစ်တဲ့တပ်မတော်ဖြစ်ခဲ့ဘူးတာ လူတိုင်းအသိပါ။
ဒါပေမဲ့ ကံဆိုးစွာနဲ့ ဘဲ ၁၉၆၂ ခုနှစ်မှာ မြန်မာ့တပ်မတော်ဟာ အတ္တကြီးမားသလောက် အကျင့်သီလချို့ ယွင်းတဲ့ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေ၀င်းလက်အောက်ရောက်ခဲ့ရတယ်။ သူခိုးဓါးမြရွာရောက်ခဲ့ရတဲ့ ကျေးသားငယ်လို မြန်မာ့တပ်မတော်ဟာ အတုမြင်အတတ်သင်ပြီး ပြည်သူကိုတောင်သတ်ဖြတ်နှိပ်စက်ကလူပြုတဲ့ အာဏာရှင် ခါးပိုက်ဆောင်တပ်ဘ၀ ရောက်မှန်းမသိရောက်သွားခဲ့တယ်။
ပိုဆိုးသွားစေတာက တကမ္ဘာလုံးကိုတောင် အံ့အားသင့်စေခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးကို သွေးချောင်းစီးသတ်ဖြတ်ခဲ့ပြီးတဲ့နောက် ပိုမိုကျမ်းကျုတ်ရက်စက်တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့လက်အောက်မှာ မြန်မာ့တပ်မတော်ဟာ ပြည်သူတွေရဲ့ကျိန်စာအတိုက်ခံရတဲ့ ပြည်သူ့ ချဉ်ဖတ်တပ်မတော်အဖြစ် ၀မ်းနည်းကျေကွဲဖွယ်ရောက်ရှိသွားခဲ့ရတယ်။ တပ်မတော်ဟာ ဥပဒေအထက်မှာနေခွင့်ရပြီး စစ်ကိုအကြောင်းပြလို့ လိုင်စင်ရ လူသတ်၊ မုဒိမ်း၊ မြေသိမ်းဓါးမြ အခွင့်ထူးခံဘ၀ရောက်ရင်း ပြည်သူတွေနဲ့ ဝေးကွာသထက်ဝေးကွာခဲ့ရတယ်။
မြန်မာစစ်တပ်ရဲ့ ထင်ရှားတဲ့သမိုင်းအမဲကွက်ကြီးတခုကတော့ အတားအဆီး ခြိမ်းခြောက်မှု့တွေကြားက သက်စွန့် ဆံဖြား ဆန္ဒပြုထားတဲ့ ပြည်သူ(၅) သန်းရဲ့သဘောထား စစ်ကျွန်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို မြေမှာချနင်းပြီး အာဏာရှင်အလိုကျ ဆန့် ကျင်ပြခဲ့တာမဟုတ်လား။
ဒီတော့ …
“ စစ်တပ်ဆိုတာ အမှန်သာ မလိုက်နာနိုင်ရင် …
တကယ့်ယောကျာင်္းဆိုး၊ ယောကျာင်္းဂျပိုးဖြစ်စေနိုင်တဲ့တရားတွေကို …
လက်ဆင့်ကမ်းပေးတဲ့ကျောင်းကြီးဖြစ်ခဲ့တော့တာပေါ့ ”
အခုလာမဲ့ နိုဝင်ဘာ (၈) ရက်နေ့ မှာ အထွေထွေရွေးကောင်ပွဲကျင်းပတော့မှာပါ။ ပြည်သူလက်ခံတဲ့ အစိုးရတရပ် တင်မြှောက်နိုင်မလား မတင်မြှောက်နိုင်ဘူးလားဆိုတာ အဆုံးအဖြတ်ပေးမှာမို့ မြန်မာ့သမိုင်းမှာ အရေးကြီးတဲ့ မှတ်တိုင်တခု ဖြစ်ကျန်ရစ်မဲ့ ပွဲကြီးပါဘဲ။
အဲ့ဒီအချက်အပြင် နောက်အရေးကြီးတဲ့အချက်က ဒီရွေးကောက်ပွဲဟာ သမိုင်းအညစ်အကြေး ဗလပျစ်ပေကြံနေ တဲ့ မြန်မာ့တပ်မတော်ကို ဆေးကြောသုတ်သင် သန့် စင်ပေးနိုင်စွမ်းရှိပါတယ်။ တကယ်လို့ များ မြန်မာ့တပ်မတော်ဟာ ပရော်ဖက်ရှင်နယ်တပ်မတော်တခုလို ရိုးသားရဲရင့်စွာ ကြားနေခဲ့၊ ဘက်မလိုက်ဘဲ ရပ်တည်ခဲ့မယ်ဆိုရင်ပေါ့။
ဘယ်လိုကြားနေနိုင်မလဲဆိုရင် ပထမအချက်က စစ်ဗိုလိစစ်သား တပ်မတော်သားအားလုံး သူတို့ ယုံကြည်ရာပါတီကို မဲပေးနိုင်တဲ့ ခြိမ်းခြောက်မှု့ကင်းတဲ့ အခြေအနေပတ်ဝန်းကျင်ဖြစ်အောင် ခွင့်ပြုပေးဖို့ လိုပါတယ်။ ဒုတိယအချက်ကတော့ ထောင်ချထားသလို အရပ်သားပြည်သူတွေနဲ့  အဆက်ဖြတ်ခံထားရတဲ့ မြန်မာတပြည်လုံးက တပ်မိသားစုအားလုံးကို ပြည်သူတွေရဲ့ အစိတ်အပိုင်းတခု ဖြစ်အောင် ပြန်လည်ဆက်သွယ် ပေါင်းစည်းခွင့်ပေးဖို့ လိုပါတယ်။
အရေးအကြီးဆုံးကတော့ တပ်မတော်ရဲ့ ဘက်မလိုက်မှု့ကို ကမ္ဘာသိ ထင်ထင်ရှားရှားပြသပြီး သန့် ရှင်းမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် စောင့်ရှောက်ပေးဖို့ လိုသလို မှန်ကန်တဲ့ရွေးကောက်ပွဲရလာဒ်ကို ရဲရဲဝံ့ဝံ့အသိအမှတ်ပြုမယ်ဆိုရင် ပြည်သူတွေအားကိုးလေးစားထိုက်တဲ့ ပြည်သူချစ်သောတပ်မတော်ကြီးပြန်ဖြစ်လာပါလိမ့်မယ်။
ဒါကြောင့် တပ်မတော်ရဲ့ဂုဏ်သိက္ခာ ပြန်ဆယ်နိုင်မဲ့ ကြုံတောင့်ကြုံခဲ နောက်ထပ်အခွင့်အလမ်းဖြစ်တဲ့ (၂၀၁၅) ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ တကယ့်ယောကျာင်္းကောင်း၊ ယောကျာင်္းမြတ် ဖြစ်စေတဲ့ အစဉ်အလာကောင်းတွေ ဖေါ်ထုတ်ပြသလို့ မိဘပြည်သူအပေါ်တင်ရှိခဲ့တဲ့ အတိတ်ကအမှားကြွေးတွေ ပြန်ဆပ်နိုင်ကြပါစေ၊ အသုံးချခံဘ၀ကလွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဒီဆောင်းပါးကိုနိဂုံးချုပ်လိုက်ပါတယ်။
လေးစားစွာဖြင့်
(မင်းကောင်းချစ်)
အောက်တိုဘာ (၁၂) ရက် ၂၀၁၅ ခုနှစ်
လွတ်လပ်စွာပြောဆိုရေးသားခွင့်
ဒီမိုကရေစီ အသံလွှင့်ပြီး
အတင့်ရဲရဲ လက်မဲမဲနဲ့
လက်ထဲဗလာ လက်နက်မပါ
ဖေ့ဘုတ်ပေါ်မှာ ဝေဖန်တာနဲ့
အရှက်မပါ တမင်တကာဖမ်း
ရက်စက်နေတာ ထင်လေရာကြမ်း
အမြီးကရမ်း ရုပ်ကကြမ်း
ဆိုးသွမ်းတဲ့ သရဲစခန်း…။
ဒင်းတို့အကြိုက် ဒင်းတို့အလိုမလိုက်ရင်
သောက်မြင်ကပ်ပုဒ်မ အမျိုးမျိုးတပ်ပြ
ထောင်ချတယ်ဆိုတာ လုပ်ရိုးလုပ်စဉ်ပါ…။
မျိုးဆက်သစ် တိုးတက်ရစ်ဖို့
မျိုးစစ်တဲ့ချောစန္ဒာထွန်းသမီးငယ်
အမြင်ကျယ်ကျယ် ဥာဏ်ထယ်ထယ်နဲ့
ခင်တွယ်ဖွယ် ကိုယ့်လူမျိုး
အသွင်ဆိုးအမြင်ဆိုး ရင်ကျိုးရတဲ့စံနစ်ဆိုးက
အသစ်တဖန် ပြောင်းလဲတိုးတက်လာဖို့ရန်
ဥာဏ်မီသလောက်ရေး တွေးမိသလောက်ပြော
စိတ်သဘောအမှန်ကန်နဲ့ ဒင်းတို့အကြံကိုဖေါ်
မတော်သူ ဒင်းတို့က ငြင်းဖို့အခက်ကြုံ
အရှက်ကုန်သူများပီပီ ရီစရာပုဒ်မနဲ့
ထုတ်ပြပြီးတကယ် သမီးငယ်ကိုဖမ်း…။
အသက်ထွက်လုနီးသူ အသက်ရှူတွေမှား
မဟားဒယားနဲ့ မတရားဇောကပ်လာရင်
ငရဲအထပ်ထပ်က အသင့်စောင့်ကြပ်လို့
မိုက်ဇာတ်မိုက်ယိမ်း ဇာတ်သိမ်းသွားတော့မည်…။
တက္ကသိုလ်ဘုန်းကြွယ်(၁၃-၁၀-၁၅)
[youtube src="nJoqbCBIEFM"/]
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကန်ကြီးထောင့်ကျေးရွာမှာ ၈၈ငြိမ်း/ပွင့်အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးဗေလုဝတို့က မဲဘယ်လိုပေးရမယ်ဆိုတဲ့ အသိပညာပေးတာနဲ့ အန်အယ်လ်ဒီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဟောပြောပွဲကျင်းပခဲ့ပါတယ်
RFA
ဓါတ်ပုံ- SSPP/SSA မှ အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းေ ရးဆွေးနွေး စဉ်
 အောက်တိုဘာ ၁၄ ရက် ၂၀၁၅
 သျှမ်းပြည်တပ်မတော် SSPP/SSA အား အစိုးရတပ်မတော်မှ မည်မျှပင်အင် အားသုံး ဖိအားပေး ထိုးစစ်ဆင် တိုက်ခိုက်စေကာမူ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်အား အားလုံးပါဝင်မှ လက်မှတ်ရေးထိုးမည် - ဆိုသည့် မူဝါဒမှာ မပြောင်းလဲ ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ပြော ခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်အား လက်မှတ် ထိုးဖို့ ငြင်းဆန် သည့်နောက်ပိုင်း သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာနချုပ် အနီးရှိ တပ်စခန်းများ အစိုးရ တပ်မတော်၊ အရှေ့အလယ် ပိုင်းတိုင်း စစ်ဌာန ချုပ် လက်အောက်ခံ တပ်များဖြစ်သည့် စစ်ဆင်မှုကွပ်ကဲရေးဌာန ချုပ် စကခ အမှတ် (၂) မိုင်းနောင် နှင့် စကခ ၁၇ မိုင်းပန် လက်အောက်ခံတပ်ရင်းများက အင်အားအလုံးအရင်းဖြင့် အောက်တိုဘာလ ဆန်းပိုင်းမှစ၍ ယနေ့တိုင် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ က ပြောသည်။
“အင်အားသုံးပြီးဖိအားပေးတိုက်ခိုက်နေသမျှ ကျနော်တို့ ဘယ်တော့မှ လက် မှတ်ရေးထိုးမှာ မဟုတ်ဘူး။ ကျနော်တို့က ငြိမ်းချမ်းရေး တည်ဆောက်ချင် လို့ ပြည်နယ် အဆင့် ပြည်ထောင်စု အဆင့်လက်မှတ်ရေး ထိုးထားတာဘဲ။ တကယ်ငြိမ်းချမ်းချင်လို့ အားလုံးပါဝင်မှ လက်မှတ် ရေးထိုးမယ်လို့ပြောဒါပေါ့။ ကျနော်တို့လက်မှတ်ရေးထိုးပြီး ကိုးကန့်တို့၊ ပလောင်တို့၊ ကချင်တို့ကို တိုက် ခိုက်နေရင်လဲ တိုင်းပြည်က ငြိမ်းချမ်းမှာမှမဟုတ်တာ။ ကျနော်တို့ ပြည်နယ် အတွင်း ကျနော်တို့ ပြည်ထောင်စုအတွင်း စစ်မီးက လောင်နေဒါပဲ။ ဒါကြောင့် စစ်ရေးနဲ့ ဖိအားပေးနေသမျှ ။ ဒါက ကျနော်တို့ဆန္ဒမဟုတ်ဘူး။ ဒီလို လုပ်နေ သမျှ ဘယ်တော့မှ လက်မှတ်ထိုးမှာမဟုတ်ဘူး” - ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၁ ဖွဲ့အနက် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA အပါ အဝင် ၈ ဖွဲ့က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်အား အောက်တိုဘာ ၁၅ ရက် ၌ လက် မှတ်ရေးထိုးမည်ဖြစ်သည်။ အားလုံးပါဝင်မှ လက်မှတ်ရေးထိုးမည်ဆိုသည့် UNFC တပ်ဖွဲ့ဝင်အများစုတွင် သျှမ်းပြည်တပ်မတော် SSPP/SSA ကပါဝင်သည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
 ရန်ကုန်၊ အောက်တိုဘာ ၁၄
 ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ရန္ဂာမတီ ခရိုင်တွင် ဦးရန်နိုင်စိုးအား ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်သည့် သံသယဖြင့် ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။
ဘင်္ဂလာဒေ့ရှ် သတင်းများတွင် ရေးသားချက်အရ ဦးရန်နိုင်စိုးအား ရန်ဂါမတီခရိုင် ရာစတောလီရှိ ဆောက်လုပ်ဆဲ ဗလီတစ်ခုအတွင်းမှ ဗုဒ္ဓဟူးနေ့ နံနက် ၃ နာရီခန့်တွင် ဖမ်းဆီးမိသည်ဟု ဆိုသည်။
ဦးရန်နိုင်စိုးသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံသူ ရခိုင်အမျိုးသမီး တစ်ဦးနှင့် အိမ်ထောင်ပြုပြီး ဒုက္ခသည်အဖြစ်ဖြင့် နေထိုင်စဉ် UNHCR ၏ ရွှေ့ပြောင်း အခြေချ နေထိုင်မှု အစီအစဉ်အရ ၂၀၀၁ ခုနှစ်အတွင်းက ဘင်္ဂလာမှ တဆင့် နယ်သာလန်နိုင်ငံတွင် ခိုလုံခွင့် ရရှိခဲ့ပြီး မိသားစုနှင့် အတူ နေထိုင်နေသူ တစ်ဦးဖြစ်သည်။
နယ်သာလန်တွင် နှစ်အတန်ကြာနေထိုင်ပြီး ပြန်လာကာ ဘင်္ဂလာဒေ့ရှ်တွင် အိမ်ထောင်ကျခဲ့သော ဇနီးဖြစ်သူ ကျေးရွာရှိနေထိုင်နေစဉ် ယခုလို ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ဘင်္ဂလာဒေ့ရှ် သတင်းစာများက ဦးရန်နိုင်စိုးအား ရက္ခိုင့်တပ်မတော်မှ ထိပ်တန်း ခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း ရေးသား ဖော်ပြကြသည်။ သူ့မှာ ရက္ခိုင့်တပ်မတော်မှ ထိပ်တန်းခေါင်းဆောင် တစ်ဦးမဟုတ်ဘဲ ကူညီနေသူ တစ်ဦးသာ ဖြစ်ကြောင်း သူနှင့် နီးစပ်သူ တစ်ဦးက ပြောဆိုသည်။
သြဂုတ်လ ၂၄ ရက်နေ့က မြန်မာနယ်စပ်အနီးတွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တစ်ခုကို ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ တစ်ခုမှ ၀င်ရောက် ပစ်ခတ်စဉ် ဘင်္ဂလာတပ်ဖွဲ့ တစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သည်။
၎င်းနောက်ပိုင်းတွင် ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များမှ ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်သူများကို ရှာဖွေ ဖမ်းဆီးခဲ့သည်။ ထိုအထဲတွင် ဦးရန်နိုင်စိုးအိမ်တွင် တည်းခိုနေထိုင်သူ တစ်ဦးလည်း ဖမ်းဆီးခံခဲ့ရသည်။
အခုအခါ ဦးရန်နောင်စိုးအား ရာစတောလီ ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။
နိရဉ္စရာ
Arakan State
https://www.facebook.com/NarinjaraNews
 နိရဉ္စရာ၊ အောက်တိုဘာ ၁၄
 ဒေါ်အောင်ဆန်းစုကြည်၏ သံတွဲမြို့ မဲဆွယ် ခရီးစဉ်တွင် ဆန္ဒပြရန် လျှောက်လွှာ တင်ထားသူများသည် ယနေ့တွင် သူတို့၏ ဆန္ဒပြခွင့် လျှောက်လွှာကို ပြန်လည် ရုတ်သိမ်းသွားခဲ့ပြီဟု သံတွဲ မြို့နယ်မှူး ရဲမှူးခင်ဇော်က ပြောသည်။
“ အချက်အလက်တွေလည်း မပြည့်စုံဘူး။ အခုတော့ သူတို့တင်ထားတဲ့ လျှောက်လွှာကို ပြန်လည်ရုတ်သိမ်းသွားပါပြီ” ဟု ရဲမှူးက ပြောသည်။
ဆန္ဒပြရန် ငြိမ်းစီစု တင်သူ နှစ်ဦးမှာ ဦးသိန်းရွှေနှင့် ဦးစံတင်တို့ ဖြစ်ကြောင်း သိရသည်။
(ဓာတ်ပုံ- နိရဉ္စရာ)
ဒေါ်အောင်ဆန်းစုကြည် သံတွဲခရီးစဉ်အတွင်း ဆန္ဒပြရန် ခွင့်ပြုချက်တောင်းခံ
နိရဉ္စရာ၊ အောက်တိုဘာလ ၁၄
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သံတွဲခရီးစဉ် အတွင်း ဆန္ဒပြရန် လူနှစ်ဦးက သံတွဲမြို့နယ် ရဲစခန်းတွင် အောက်တိုဘာလ ၁၃ ရက်နေ့က ခွင့်ပြုချက်တောင်းခံ ထားသည်ဟု သတင်းရရှိသည်။
“ ဟုတ်ပါတယ်ဗျာ။ ဦးသိန်းရွှေနဲ့ ဦးစံတင်တို့က တင်ထားပါတယ်။ ခွင့်ပြုမယ်/ ခွင့်မပြုဆိုတာကတော့ မသိရသေးပါဘူးခင်ဗျား။ သူတို့ကို အချက်အလက်တွေ မပြည့်စုံသေးတဲ့ အတွက် ရုံးကို ခေါ်ထားပါတယ်” ဟု သံတွဲမြို့နယ်မှူးက ပြောကြားသည်။
ဆန္ဒပြရန် လျှောက်ထားရသည့် ရည်ရွယ်ချက်မှာ “ ဒေါ်အောင်ဆန်း စုကြည်ခရီးစဉ်အား ရခိုင်ပြည်သူများ ကန့်ကွက်ခြင်း” ဟုသာ ပါရှိသည်ဟု ဆိုသည်။
“ သူတို့ ဆန္ဒပြဖို့ တင်ထားတဲ့ နေ့က ၁၈ ရက်နေ့ဆိုတော့ သတ်မှတ်ချက်နဲ့ မညီ ဖြစ်နေတယ်။ ဒါကြောင့် သူတို့ကို ရဲစခန်းကို ခေါ်ထားပါတယ်” ဟု ဆက်လက် ပြောဆိုသည်။
သံတွဲဒေသခံများအကြားတွင် ယခု ဆန္ဒပြရန် ငြိမ်းစုစီ တင်သူနှစ်ဦးမှာ ဒေသခံများ မဟုတ်ကြသဖြင့် သံတွဲမြို့၏ ပုံရိပ်ကိုဖျက်လို၍ ယခုလို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသဖြင့် သူတို့မှာ သံတွဲ ဒေသခံများ ဟုတ်မဟုတ်ကို ဆက်လက်မေးမြန်းရာ “ တစ်ယောက် ကိုသိန်းရွှေက စစ်တွေကပါ။ နောက် ဦးစံတင်က ဂျိတ္တောကပါ” ဟု ပြောဆိုသည်။
“ ဥပဒေမှာက နိုင်ငံသား တစ်ဦးဦးက ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုခုက ဖြစ်စေဆိုတာကတော့ ပါတယ်ခင်ဗျား။ ကျွန်တော်တို့က လက်ခံပြီးတော့ မြို့နယ် ထွေအုပ်တို့ဆီက ခွင့်ပြုချက်တွေတော့ ယူရသေးတယ်ဗျာ” ဟု မြို့နယ်မှူးက ဆိုသည်။
ဆန္ဒပြရန် လျှောက်ထားသူ ဦးသိန်းရွှေနှင့် ဦးစံတင်အား ဆက်သွယ်ရန်ကြိုးစားသော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။
ဒေါ်အောင်ဆန်းစုကြည် သံတွဲသို့ လာရောက်စဉ် ဆန္ဒပြပွဲဖြစ်ပွားပါက ယင်းကဆင့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာမည်ကို သံတွဲ ဒေသခံများက စိုးရိမ်လျက် ရှိနေကြောင်း သိရှိရသည်။
Arakan State
https://www.facebook.com/NarinjaraNews
နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီ ကလင်တန်နဲ့ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders
 ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးစားနေတဲ့ ကိုယ်စား လှယ်လောင်းတွေရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲကို ဒေသစံတော်ချိန် အင်္ဂါနေ့ညက လုပ်ခဲ့ပါတယ်။ ဒီပွဲမှာ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီ ကလင်တန်နဲ့ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders တို့နှစ်ဦး အများဆုံး လွှမ်းမိုးခဲ့တာပါ။
အခုစကားစစ်ထိုးပွဲမှာ သူတို့နှစ်ဦးအပြင် မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Martin O’Malley ၊အထက်လွှတ်တော် အမတ်ဟောင်း Jim Webb ၊ Rhode Island ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Lincoln Chafee တို့လည်းပါဝင်ပါတယ်။ ဒါပေမဲ့ ကလင်တန်နဲ့ Sanders တို့နှစ်ဦးက လက်ရှိမှာ ထိပ်ကပြေးနေပြီး ကျန်တဲ့ ကိုယ်စားလှယ်လောင်းသုံးဦးအပေါ် ထောက်ခံမှုက ခုချိန်ထိတော့ သိပ်ကို နည်းလွန်းပါတယ်။
အင်္ဂါနေ့ညက Las Vegas မြို့ ကက်ဆီနို လောင်းကစားရုံတခုအတွင်းလုပ်တဲ့ နှစ်နာရီကြာ စကားစစ်ထိုးပွဲမှာ သေနတ်ပိုင်ဆိုင်ခွင့် ထိန်းချုပ်ရေးကိစ္စ၊ စီးပွားရေးမူဝါဒဆိုင်ရာနဲ့ အမေရိကန်စစ်ဘက်ရဲ့ ပြည်ပအခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်လောင်း တွေကြား အချေအတင် ငြင်းခုန်ကြပါတယ်။
ဆွေးနွေးပွဲအစောပိုင်းမှာတော့ ကလင်တန်ရဲ့ အီးမေးလ်အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်လောင်းတွေကြား မျှော်လင့် မထားဘဲ တညီတညွတ်ထဲရှိခဲ့ကြတာကို တွေ့ရပါတယ်။ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပိုင်းမှာတော့ ဆီးရီးယားမှာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ စစ်ရေးအခန်းကဏ္ဍနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်လောင်းတွေ အထူး အာရုံ စိုက် ပြောဆို ဆွေးနွေးကြပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်။ (ဖေဖော်ဝါရီ-၂၀၁၂)
 ကချင်ပြည်နယ် ချီဖွေမြို့နယ်အတွင်းမှာ မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းတွေ ကို ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းတွေကနေ ဟန့်တားတိုက်ခိုက်မှုတွေနဲ့တွေ့ ကြုံနေရပါတယ်။ ချီဖွေနဲ့ပန်ဝါဒေသအတွင်း NLD ပါတီကနေ မဲဆွယ်စည်းရုံးရေးမဆင်းဖို့ လက်နက်ကိုင်အဖွဲ့အစည်းတွေကနေ ဟန့်တားနေမှုအပေါ် သက်ဆိုင်ရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူညှိနှိုင်းပေမဲ့ ထိရောက်မှုမရှိသေးဘူးလို့ ဒေသခံ NLD ကိုယ်စားလှယ်လောင်းတွေကပြောပါတယ်။ အခုလိုနိုင်ငံရေးပါတီတွေအပေါ် ဟန့်တားတိုက်ခိုက်တဲ့လုပ်ရပ် ဟာ ရွေးကောက်ပွဲရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ တိုင်းရင်းသားနိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ရူမြင်နေကြပါတယ်။ ဒီအခြေ အနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။
လာမဲ့အထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက်အရွေးခံမဲ့ ကချင်ပြည်နယ် ချီဖွေမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ အတိုက်ခိုက်ခံရတာပါ။
ကချင်အထူးဒေသ ၁ နယ်မြေ ကန်းဖန့်ရွာမှာ NLD အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း(၃)ဦး အပါဝင် အဖွဲ့ဝင်(၄)ဦး တနင်္လာနေ့ ညဖက်မှာ အတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပက်သက်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေ၀င်းက အခုလိုပြောပါတယ်။
“၁၂ ရက်နေ့က ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ လူချင်းတွေ့ဆုံတဲ့အချိန်မှာ အဖွဲ့တစ်ဖွဲ့ကရောက်လာပြီးတော့ သူတို့ကို ထိုးကြိတ်တယ်။သူတို့ပါသွားတဲ့ ဂစ်တာတို့၊ ပစ္စည်းတွေလည်း ဖျက်ဆီးခံရတယ်။”
ဒီတိုက်ခိုက်မှုမှာ ဘယ်အဖွဲ့အစည်းလက်ချက်ဆိုတာ ယတိပြတ်မပြောနိုင်သေးပေမဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့ အစည်းတခုရဲ့လက်ချက်လို့ တိုက်ခိုက်ခံရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ပြောဆိုချက်အပေါ်ကိုးကားပြီး ဦးနေ၀င်းက အခုလိုဆက်ပြောပါတယ်။
 “ဒီဖြစ်နေတဲ့ ပြဿနာကတော့ ဦးစခုန်တိန်ယိန်း ကနေပြီးတော့မှ NLD မလာဖို့ဆိုပြီးတော့မှ စာတွေထုတ်ထားတာတွေရှိတယ်။ကျနော်တို့ ပါသွားတဲ့ ဦးကျော်ကျော်အေးရဲ့ ပြောစကားအရဆိုရင် ဦးစခုန်တိန်ယိန်း ရဲ့သားကနေပြီးတော့မှ ညွှန်ကြားချက်ပေးနေတဲ့အသံတွေပေါ့ဗျာ။ သူတို့ စကားပြောနေတဲ့အသံတွေ ကြားတယ်လို့ပြောပါတယ်။”
အတိုက်ခိုက်ခံ ရတဲ့ ချီဖွေမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦး အပါအ၀င် အဖွဲ့တွေ ဟာ ထိခိုက်ဒဏ်ရာရရှိခဲ့သလို စည်းရုံးရေးခရီးစဉ်အတွက် အထောက်အကူပစ္စည်း ကာလတန်ဖိုးကျပ်သိန်း(၃၀)ဖိုး လောက်ပျက်စီးသွားခဲ့ပါတယ်။
အခုလိုတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွက် သက်ဆိုင်ရာရဲစခန်း ၊ရွေးကောက်ပွဲကော်မရှင်တွေမှာ တိုင်တန်းသွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေ၀င်းကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့က ချီဖွေမြို့နယ် ပန်ဝါမြို့နယ် ၀ိုင်းမော်မြို့နယ်တွေမှာ NLD ပါတီ ကိုယ်စားလှယ်လောင်း တွေကို မဲဆွယ် ဟောပြောပွဲတွေမလုပ်ဖို့ ကချင်အထူးဒေသ ၁ ခေါင်းဆောင် ဦးဇခုန်တိန်ယိန်းအဖွဲ့ကနေ တားမြစ်ခဲ့ပါတယ်။
ဒီလို မဲဆွယ်စည်းရုံးခွင့်တားမြစ်တာဟာ ရွေးကောက်ပွဲဥပေဒနဲ့ မကိုက်ညီတာကြောင့် နိုင်ငံရေးပါတီတွေကနေ ကချင် ပြည် နယ်ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြခဲ့ရာမှာ စက်တင်ဘာလ ၂၉ရက်နေ့ မှာ ကော်မရှင်ကနေ ဦးစခုန်တိန်ယိန်း ကို ခေါ်ယူအသိပေးခဲ့ပေမဲ့ ထိရောက်မှုမရှိဘူးလို့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေ၀င်းကအခုလို ပြော ပါတယ်။
“ရွေးကောက်ပွဲပြည်နယ်ကော်မရှင်ကနေ ဦးစခုန်တိန်ယိန်းနဲ့ ကျနော်တို့ NLD အပါအ၀င် ပါတီတွေနဲ့သူတို့ တွေ့ဆုံညှိနှိုင်းပေးတာရှိတယ်။ အခုအချိန်အထိ ညှိနိုင်းပွဲမှာ အမှန်အတိုင်းပြောရလို့ရှိရင် ပြည်နယ်ကော်မရှင်က ထိထိရောက်ရောက် ညှိနှိုင်းပေးနိုင်ခြင်းမရှိဘူးခင်ဗျာ။ တဖက်က ပြေလည်စေအောင်ပေါ့ဗျာ အဲဒီလောက်ပဲပြောသွားတာတော့ရှိတယ်။ ဦးစခုန်တိန်ယိန်းကနေ လာနိုင်၊ မလာနိုင်ပြောတာမရှိဘူး။ သူ့ရဲ့ထွက်ထားတဲ့ စာကို ပြန်ရုတ်သိမ်းပေးခြင်းလည်းမရှိဘူး။ ဒါပေမယ့် ပြည်နယ်ကော်မရှင်အနေနဲ့ပြောတာကဗျာ အဆင်ပြေတဲ့သဘောနဲ့ပြောတာပဲ။”
မဲဆွယ်စည်းရုံးရေးကာလမှာ အခုလိုလက်နက်ကိုင်အဖွဲ့တွေကနေ နိုင်ငံရေးပါတီတွေအပေါ် ဟန့်တားတိုက်ခိုက် နေတဲ့ဖြစ်စဉ်နဲ့ပက်သက်လို့ ချီဖွေမြို့နယ်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကိုဆက်သွယ်ခဲ့ပေမဲ့လဲ ဆက်သွယ်လို့မရရှိခဲ့ပါဘူး။
ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလမှာ အခုလိုနိုင်ငံရေးပါတီတွေအပေါ် ဟန့်တားတိုက်ခိုက်တဲ့လုပ်ရပ်ဟာ ရွေးကောက်ပွဲရဲ့ပုံရိပ်ကိုထိခိုက်စေတယ်လို့ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်ကအခုလိုပြောပါတယ်။
“ဒီ မဲဆွယ်စည်းရုံးတာကတော့ ပါတီတိုင်းကတော့ လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရှိသင့်တာပေါ့။ တချို့မြို့နယ်ဒေသတွေမှာ နယ်မြေဒေသရဲ့ တည်ငြိမ်မှု၊ အေးချမ်းမှု၊ ပဋိပက္ခအနေအထားတွေအရကတော့ သူ့ဒေသနဲ့သူ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတဲ့ဒေသတွေမှာ ဒီအခက်အခဲကတော့ အနည်းနဲ့အများဖြစ်လေ့ဖြစ်ထ ရှိတဲ့ အနေအထားတခုဖြစ်တယ်။ အခုလိုဖြစ်တဲ့ဟာတွေကတော့ အနည်းနဲ့အများ ရိုက်ခိုတ်မှုတော့ရှိမှာပဲ။”
ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းတချို့ကနေ နိုင်ငံရေးပါတီပါတီတွေရဲ့မဲဆွယ်စည်းရုံးရေး ခရီးအပေါ် ဟန့်တားတိုက်ခိုက်မှုတွေရှိနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလပထမအပါတ်မှာ ကချင်ပြည်နယ်ဖါးကန့်မြို့နယ်က တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီဝင်နှစ်ဦး ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တွေကနေ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိနေပါတယ်။
ဒီလိုမတည်ငြိမ်သေးတဲ့ဒေသအနေအထားကြောင့် ပါတီမဲဆွယ်စည်းရုံးရေးရပ်တန့်ခဲ့ရတယ်လို့လည်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ လော်ဝေါ် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီတွေလည်း ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
နိုင်ကွန်းအိန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
 ကယားပြည်နယ် မော်ချီးဒေသမှာ မြေပြိုတာကြောင့် လိုခါးလိုဘုရားကျောင်းမှာ ခိုလှုံနေရတဲ့ ဒေသခံတွေကို အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: Taw Thi Kho Poe Facebook
ကယားပြည်နယ် ဖာဆောင်းမြို့နယ်က မော်ချီးသတ္တုတွင်းဒေသကို ပညာရှင်တွေနဲ့ စမ်းသပ်ပြီး ဒေသခံတွေ ဆက်လက် နေသင့် မနေသင့် ဆုံးဖြတ်သွားမယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
လက်ရှိမှာ မြေပြိုကျမှုကြောင့် မနေ့ကအထိ လူ ၁၇ ဦး သေဆုံးခဲ့ကာ ဒေသခံဒုက္ခသည် တစ်ထောင်ကျော်လောက်ကို ကယ်ဆယ်ရေးစခန်း ၆ ခုဖွင့်ကာ ယာယီနေထိုင်ခွင့်ပြုထားပြီး နောက်ထပ်ပျောက်ဆုံးနေသူတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲပဲလို့ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းယုရှိန်က ပြောပါတယ်။
"မော်ချီးဒေသက ဒေသခံပြည်သူတွေကို အထက မော်ချီးမှာ ၃၅၉ ယောက်ရှိပါတယ်၊ စီမံကိန်းဆေးရုံမှာ ၁၃ဝ ရှိပါတယ်၊ လိုခါးလိုဘုရားကျောင်းမှာ ၄ဝ၂ ယောက်ရှိပါတယ်၊ လိုခါးလိုအမကမှာ ၂၂၅ ယောက် ရှိပါတယ်၊ ယူကော်ခိုမှာ ၇ဝ၃ ယောက်ရှိပါတယ်၊ ယူကော်ခိုအောက်ကရွာမှာ ၂၁ဝ ရှိပါတယ် စုစုပေါင်း ၁၃၈၉ ယောက်ရှိပါတယ်၊ အစိုးရအဖွဲ့တွေနဲ့ ပူပေါင်းပြီးတော့ သူတို့တွေအတွက် စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ငါးသေတ္တာပေါ့နော် အဲဒါတွေနဲ့ ချက်ပြုတ်ကျွေးမွေးနေပါတယ်"
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့က မိုးကြီးခဲ့ရာကနေ နောက်တစ်နေ့ ညနေပိုင်းကစပြီး သတ္တုတူးဖော်နေ တဲ့ တောင်ပေါ်ကျေးရွာတွေမှာ မြေပြိုကျပြီး ရွာတွေပျက်စီးခဲ့တာပါ။
မော်ချီးသတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ကျောက်ပန်းတောင်း၊ တောင်ငူ၊ မိတ္ထီလာ စတဲ့နယ်ဒေသတွေကနေ လာရောက်လုပ်ကိုင်ကြသူတွေလည်းရှိကြရာမှာ သူတို့ကိုလည်း နေရပ်ဒေသအသီးသီးဆီ ပြန်ပို့နေပြီလို့ ပြောပါ တယ်။
မော်ချီးဒေသမှာ အဓိက သတ္တုတူးဖေါ်ရေးလုပ်နေတာ ရဲထွတ်ကျော်ကုမ္ပဏီဖြစ်ပြီး အဲဒီကုမ္ပဏီကို ပိုင်ဆိုင်တာ လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦရဲထွတ်တင်ဖြစ်တယ်လို့ ကရင်နီလူငယ်များသမဂ္ဂအဖွဲ့က ပြော ပါတယ်။
သတ္တုတူးဖော်နေတဲ့အတွက် မြေအောက်တွင်း၊ ဂလိုင်တွေကြောင့် မိုးကြီးတဲ့အခါ ခံနိုင်ရည်မရှိတော့ဘဲ မြေပြို တာတွေများတာလို့ ဒေသခံတွေက ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
 လွန်ခဲ့သော ဇူလိုင်လကုန်ရက်များနှင့် သြဂုတ်လဆန်းပိုင်းအထိ ရက်ရှည် ရေကြီးနစ်မြှပ်ခဲ့သော စေတုတ္တရာမြို့နယ်ရှိ ကျေးရွာများနှင့် စေတုတ္တရာမြို့ခံအိမ်ထောင်စု ၆၀၀၀ခန့်မှာ အနာဂတ် မသေချာမှုများကြောင့် မြို့ပြောင်းရွှေ့ပေးရေးအတွက် ပြည်သူများထံမှ လက်မှတ်များ စုဆောင်းနေကြောင်း စေတုတ္တရာမြို့နယ်အနာဂတ်အတွက် ဦးဆောင်လှုပ်ရှားနေသော အရှိုချင်းလူငယ်တစ်ဦးဖြစ်သူ ဦးဝင်းမြင့်ထွေးက ပြောကြားသည်။
စေတုတ္တရာမြို့နယ်မှာ အရှိုချင်းတိုင်းရင်းသား လေးသောင်းလောက်ရှိပြီး တမြို့နယ်လုံးတွင် လူဦးရေ ၅၆၆၆၄သာ ရှိသည်။ ထိုအထဲမှ ရေဘေးသင့်ပြည်သူအများစုမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ချင်သော်လည်း ပြန်လည်အခြေချနေထိုင်ရေးအတွက် ငွေကြေးမတတ်နိုင်ခြင်း စိုက်ပျိုးမြေအသစ်ရရှိရန် ခက်ခဲခြင်းစသောအချက်များကြောင့် ပြောင်းရွှေ့နိုင်ခြင်းမရှိဘဲ အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း စေတုတ္တရာမြို့နယ် လယ်ပြင်စုဒေသခံများက ပြောဆိုသည်။
“တော်တော်များများက ထောက်ခံလက်မှတ်တွေ ထိုးထားကြပါတယ် လက်ရှိ ပါတီဝင် ၁၅ရာခိုင်နှုန်းကသာ ထောက်ခံမှု မပေးသေးတာပါ မြို့နယ်တစ်ခုလုံးမှာ ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ လိုတဲ့ အိမ်ထောင်စု ၆၀၀၀လောက်ရှိပါတယ် သူတို့တွေအတွက် အိမ်ထောင်စု တစ်စုကို စိုက်ပျိုးမြေ၅ဧကလောက်ရမယ်ဆိုရင် ပြောင်းရွှေ့ချင်ကြပါတယ် ကျွန်တော်တို့တွေကို အစိုးရက အကူအညီပေးသင့်ပါတယ် အစိုးရစီမံကိန်းတွေအတွက် ယူထားတဲ့မြေ တစ်ဝက်တောင်မရှိပါဘူး”ဟု စေတုတ္တရာမြို့ ပြောင်းရွှေ့ရေးအတွက် ဒေသခံအများစု၏ ထောက်ခံမှုကို ရရှိထားသည့် ဦးဝင်းမြင့်ထွေးကဆိုသည်။
စေတုတ္တရာမြို့မှာ အထက်ပိုင်းတွင် တောင်နှစ်လုံးကို ပိတ်ဆို့ပြီး တည်ဆောက်ထားသော မုန်းဆည်ကြီး ရှိသလို မုန်းဆည်မှ လွှတ်ထုတ်လိုက်သော ရေပိုများကို ကြီးအုံးကြီးဝဆည်က တဆင့် ထပ်မံပိတ်ဆို့ထား၍ ရေနစ်မြှပ်ဧရိယာအတွင်း ကျရောက်နေသောကြောင်း လူတစ်ဦးချင်းတစ်နေ့ဝင်ငွေ ၁၇၅၆ကျပ်သာရှိပြီး တစ်နှစ် လူတစ်ဦးချင်းဝင်ငွေ ၆၄၁၂၃၄သာ ရှိသော စေတုတ္တရာဒေသခံများစွာနှင့် တွေ့ဆုံမေးမြန်းထားမှုအရ သိရသည်။
စေတုတ္တရာမြို့ရှိ လူဦးရေ၅သောင်း၆ထောင်ကျော်မှ အများစုမှာ ရေကြီးနစ်မြှပ်နိုင်သော မုန်းချောင်းဘေးဒေသများတွင်သာ လယ်ယာစိုက်ပျိုးရေးအတွက် မဖြစ်မနေ နေထိုင်ကြရပြီး ကျန်ဒေသများမှာ စိုက်ပျိုးမြေမကောင်းသော ပေ၁၅၀၀မှ ပေ၂၀၀၀အထိ မြင့်သော တောင်တန်းများ ဖြစ်နေသောကြောင့် အိမ်ခြေ၇၇၆၈အိမ်တွင် အိမ်ထောင်စု ၆၀၀၀လောက်မှာ ရေဘေးသင့်ခဲ့ပြီး ထိုရေဘေးသင့် ပြည်သူများစွာက ဘေးလွတ်ရာ ဒေသများသို့ ပြည်ထောင်စုအစိုးရ၏ အစီအစဉ်ဖြင့် ပြောင်းရွှေ့ရမည်ဆိုပါက ပြောင်းရွှေ့ချင်ကြောင်း စေတုတ္တရာအနာဂတ် အေးချမ်းရေး အဓိကဆောင်ရွက်နေသူ ကိုထွေးက ပြောပြသည်။
စေတုတ္တရာမြို့နယ်ရှိ ရေဘေးသင့်ဒေသများကို အစိုးရအစီအစဉ်ဖြင့် ပြောင်းရွှေ့ရေးပေးကို သက်ဆိုင်ရာသို့ တင်ပြထားပြီး လောလောဆယ်တွင် ရေကြီးနစ်မြှပ်မှုခံခဲ့ရသော ဒေသများမှာ ပြန်လည်ထူထောင်ရေးအတွက် စိုက်ပျိုးမြေ ပြန်လည်ဖော်ထုတ်ရေး၊ ပဲမျိုးစုံမျိုးစေ့ရရှိရေး၊ စိုက်ပျိုးချိန်ကာလအတွင်း အိမ်းစားဖူလုံရေးစသော အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး လူသူအရောက်အပေါက်နည်းသော ဒေသများမှာ အခြေချပြန်လည်နေထိုင်ရေးပင် အခက်အခဲများစွာ ရှိနေသေးကြောင်း စေတုတ္တရာမြို့နယ် ဒေသစုံမှ ဒေသခံများက ပြောဆိုကြသည်။
စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းလင်းကျေးရွာက နားဟိုင်းလုံဒေသ ရွှေတူးဖော်ရေးလုပ်ငန်းခွင်ပြ မြေပုံကိုတွေ့ရစဉ်။ Photo: Shan Human Rights Foundation
 ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းလင်းကျေးရွာမှာရှိတဲ့ နားဟိုင်းလုံဒေသ ရွှေတူးဖော်ရေးလုပ်ငန်းခွင်ကို မနေ့က သွားရောက်ခဲ့တဲ့ ရွာသားတချို့ကို စစ်တပ်က သေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နဲ့ ရှမ်းလယ်သမားများကွန်ရက်က ကြေညာချက်ထုတ်လိုက်ပါတယ်။
မိုင်းလင်းကျေးရွာက ဒေသခံရွာသား ၂၀ လောက်က လယ်ယာမြေစိုက်ပျိုးဖို့ ချောင်းရေမရတော့တဲ့အတွက် ရွှေတူးဖော်ရေးလုပ်ကွက်နေရာကို သွားရောက်ကြည့်ရှုတာမှာ စီမံကိန်းကို လုံခြုံရေးယူပေးထားတဲ့ မိုင်းဖြတ်အခြေစိုက် ခမရ ၃၃၀ က ပစ်ခတ်တာဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နဲ့ ရှမ်းလယ်သမားများကွန်ရက် ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းခွန်းမိုင်က ပြောပါတယ်။
"ရွှေတူးဖော်ရေးကုမ္ပဏီက လာညှိနှိုင်းပြီးတော့ ဆွေးနွေးဖို့အတွက် တောင်းဆိုခဲ့တယ်၊ ဒါပေမဲ့ မန်နေဂျာက ရွာသားတွေပြောဆိုတာကို လက်မခံဘဲနဲ့ အနီးနားမှာရှိတဲ့ အစိုးရတပ် ခမရ ၃၃ဝ ကိုခေါ်ပြီးတော့ သူတို့ခြိမ်းခြောက်ခဲ့တာပေါ့၊ စစ်သားတွေအယောက် ၂ဝ လောက် လာတာမြင်တော့ သူတို့တွေလည်း အဲ့ကနေပြီးတော့ သွားလိုက်တာပေါ့၊ ဒါပေမဲ့ နည်းနည်းအဝေးတစ်နေရာ ရောက်တဲ့အခါကျတော့ စစ်သားကနေပြီး သေနတ်နဲ့ပစ်ခဲ့တယ်၊ အဲဒီ့မှာ တစ်ယောက် သေနတ်ထိမှန်ပြီး ဆေးရုံမှာပဲသေဆုံးခဲ့တယ်"
သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နေရာဟာ လွိုင်ခမ်းလုံကုမ္ပဏီ ရွှေတူးဖော်နေတဲ့ လုပ်ကွက်ဖြစ်ပါတယ်။
နားဟိုင်းလုံဒေသမှာရှိတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို ဒေသခံတွေက ကန့်ကွက်နေတာကြောင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့တဲ့နှစ်ကတည်းက ရပ်ဆိုင်းထားတာဖြစ်ပါတယ်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နဲ့ ရှမ်းလယ်သမားများကွန်ရက်က ထုတ်ပြန်တဲ့ကြေညာချက်မှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကို အရေးယူပေးဖို့နဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရပ်ဆိုင်းဖို့ ညွှန်ကြားထားတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို လက်ရှိအချိန်ထိ ဆက်လက်လုပ်ကိုင်နေတာတွေကို အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။
နားဟိုင်းလုံဒေသမှာရှိတဲ့ တချို့ရွှေတူးဖော်ရေးကုမ္ပဏီတွေက နေပြည်တော် သတ္တုတွင်းဝန်ကြီးဌာနရဲ့ အမိန့်နဲ့ ဆက်လက်လုပ်ပိုင်ခွင့် ရရှိထားတာဖြစ်တယ်လို့ ရှမ်းပြည်နယ် သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်း က RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကစပြီး လွယ်ခမ်းတောင်ကြောမှာ လွိုင်ခမ်းလုံ၊ စိုင်းတစ်၊ ရွှေတောင်၊ စိုင်းစိုက်ပျိုးရေးစတဲ့ ကုမ္ပဏီတွေက ရွှေတူးဖော်နေတာဖြစ်ပြီး လုပ်ကွက်တွေကြောင့် ဒေသခံတွေရဲ့ စိုက်ပျိုးမြေတွေ ပျက်စီးခဲ့တဲ့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က လုပ်ငန်းလုပ်ကိုင်ခွင့်ကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
၀၀၁- နားဟိုင်းလုံ ရွှေလုပ်ကွက်
 အောက်တိုဘာ ၁၄ ရက် ၂၀၁၅
 ရွှေတူးဖေါ်မှုကြောင့် လယ်ယာမြေပျက်စီးသွားသော တာချီလိတ်ခရိုင် နားဟိုင်းလုံ ဒေသခံ များက ချောင်းဦး ရေထွက် ရွှေတူးဖေါ်ရာဒေသသို့ သွားရောက်ကြည့်ရှုရာတွင် ရွှေတွင်း လုံခြုံရေးယူပေးသည့် အစိုးရတပ်မှ ပစ်ခံသဖြင့် ဒေသခံတောင်သူ လယ်သမား တဦး သေဆုံးသွားကြောင်း သိရသည် ။
အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီအချိန် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ နားဟိုင်းလုံဒေသခံများ နမ့်ခမ်းချောင်းဦးပိုင်း ချောင်းဦးရေထွက် စစ်ဆေးရန် သွားရောက်ကြည့် ရှုစဉ် ရွှေတွင်းလုံခြုံရေးယူပေးသည့် မိုင်းဖြတ်အခြေစိုက် ခမရ ၃၃၀ မှ ပစ်ခတ်ရာ နားဟိုင်းလုံဒေသခံ အသက် ၅၃ အရွယ် စိုင်းဆမ် ဆိုသူ သေဆုံးသွားသည်ဟု သိရသည် ။
“ ရွှေမတူးဖို့ ကျမတို့ ဝန်ကြီးစိုင်းအိုက်ပေါင်း ကို ပြောထားတယ် ။ သူလဲ လာရောက်စစ်ဆေး တယ် ။ ဒါပေမယ့် ရွှေတူးတာမရပ်ဘူး။ တူးနေတုန်း ။ ရေချောင်းလဲ သုံးမရတော့ဘူး ။ မိုးတအားရွာတော့ ရေက စီးချင်သလိုစီးဆင်းနေတာ ။ အဲဒါကို ကုမ္ပဏီအသစ်လဲ လာတူး နေတယ်ဆိုလို့ သွားကြည့်ဖို့ပါ ။ အဲဒီဒေသမှလုံခြုံရေးယူပေးတဲ့ အစိုးရတပ်နဲ့ သွားတိုးလို့ ပစ်ခတ်ခံလိုက်ရတာ ” - ဟု စိုင်းဆမ် အလောင်း ပြန်လည်ရရှိရေးအတွက် သွားရောက် တောင်းဆိုသူ ဆရာမ နန်းလာ ကပြောသည် ။
ယမန်နေ့က ပစ်ခတ်ခံရသည့် လုံး(ဦး)စိုင်းဆမ် ၏ အလောင်းအား မည်သူမျှ မတွေ့ရှိ သေးကြောင်း ၊ စစ်ဖက်လုံခြုံရေးအရာရှိတဦး အတည်ပြုပြောပြချက်အရ လုံးစိုင်းဆမ် သေဆုံးသွားသည်ဟုသိရကြောင်း ၊ ဒဏ်ရာရရှိစဉ် မိုင်းဖြတ်သို့ သယ်ဆောင်သွားကြောင်း ၊ မိုင်းဖြတ်၌ကုသစဉ် သေဆုံးကြောင်း ၊ ထို့အတွက် အလောင်းရရှိရေးအတွက် မိုင်းဖြတ်သို့ ဒေသခံများရောက်ရှိ တောင်းဆိုနေကြောင်း သိရှိရသည် ။
“ ဒီကိစ္စက မိုင်းဖြတ်မြို့မှာ ရွေးကောက်ပွဲဝင်မဲ့ အမတ်လောင်း စိုင်းဆမ်တစ်ဖေ က ကိုယ်တိုင်သွား ရောက် ကူညီပေးနေတယ် ။ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ မဆုံးဖြတ်ရ သေးဘူး ။ အချက်အလက်တွေ ကောက်ယူနေ တုန်း ” - ဟု တာချီလိတ်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဆိုင်လျန်းခေး ခေါ် စိုင်းသိန်းအောင် က ပြောသည် ။
သီးခြားအတည်ပြုချက် မရသေးသည့် သတင်းအရ စိုင်းဆမ်အား အစိုးရတပ်မတော်မှ ပစ်ခတ်သေဆုံးကာ တောတောင်အတွင်း ပစ်ထားကြောင်း ဆိုသည် ။
နားဟိုင်းလုံရွာဦး နမ့်ခမ်းချောင်းဦးရေထွက်ရှိရာ လွယ်ခမ်းတောင်ကျောတွင် ၂၀၀၇ မှ စ၍ ကုမ္ပဏီများ ရွှေတူးဖေါ်နေပါသည် ။ ရွာသားများတောင်းဆိုချက်အရ ၂၀၁၄ နှစ်လယ် ပိုင်းက ကုမ္ပဏီများအား ရွှေတူးဖေါ်မှုရပ်ဆိုင်း၍ ဒေသခံများ လယ်ယာ မြေပျက်ဆီးဆုံးရှုံးမှုများအားလုံးလျော်ကြေးပေးရန် သျှမ်းပြည်နယ် အစိုးရ သစ်တောနှင့်သတ္တုတွင်းဝန်ကြီး စိုင်းအိုက်ပေါင်းက ညွှန်ကြားခဲ့သည် ။ ၎င်းကိုယ်တိုင်လည်း ထိုဒေသသို့ နှစ်ကြိမ်တိုင်တိုင် သွားရောက်ကွင်းဆင်းညွှန်ကြားခဲ့ပါ သည် ။ သို့သော် ယနေ့တိုင်ရွှေတူးဖေါ်မှု ရပ်ဆိုင်းခြင်းမရှိသေးပေ ။
လက်ရှိတွင် စိုင်းစိုင်းစိုက်ပျိုးရေး ၊ စိုင်တစ် ၊ လွယ်ခမ်းလုံ ကုမ္ပဏီများအပြင် အခြားကုမ္ပဏီငယ်များလည်း အများအပြားရွှေများ တူးဖေါ်ကျင်ယူနေသည်ဟု ဒေသခံများပြောပြချက်အရ သိရသည် ။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese