10/18/15
 usdp-myeik-620.jpg ပြင်ဆင်ထားတဲ့ ပြောင်းလဲချိန်တန်ပြီ အခွေတွေကို ဖြန့်ချီတာကြောင့် အရေးယူပေးဖို့ ပြည်ခိုင်ဖြိုးပါတီကတိုင်ကြားတာကို ကျွန်းစုမြိုနယ်ရွေးကောက် ပွဲကော်မရှုင်ရုံးမှာ ညှိနှိုင်းရေးလုပ်နေစဉ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရိုက်ကူးဖြန့်ဝေနေတဲ့ ပြောင်းလည်းချိန်တန်ပြီ ဇာတ်ကားမှာ နိုင်ငံတော် အကြည်ညို ပျက်စေတဲ့ အကြောင်းအရာတွေပါဝင်တဲ့ အခွေတွေ ဖြန့်ဖြူးနေတာကို အရေးယူပေးဖို့ ပြည်ခိုင်ဖြိုးပါတီက ကျွန်းစုမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတယ်လို့ မြို့နယ်ကော်မရှင် ဥက္ကဌက ပြောပါတယ်။
NLD ပါတီက ဖြန့်ချီနေတဲ့ ပြောင်းလဲချိန်တန်ပြီ အခွေမှာ နဂိုမူရင်းအတိုင်းမဟုတ်ဘဲ ပြင်ဆင်ထားတဲ့ အခွေတွေကို ဖြန့်ချီတာကြောင့် အရေးယူပေး ဖို့ ပြည်ခိုင်ဖြိုးပါတီက တိုင်ကြားတာလို့ ကျွန်းစုမြိုနယ်ရွေးကောက်ပွဲ ကော်မရှုင်ဥက္ကဌ ဦးအောင်ဝင်းက ပြောပါတယ်။
"ပြောင်းလဲချိန်တန်ပြီဆိုတာက နောက်ထပ်ပြန်ပြုပြင်ထားတဲ့ခွေလားမသိဘူး၊ ၈၈ အရေးခင်းပါတယ်၊ နောက်ပြီးတော့ ကျောင်းသားအရေးခင်း ပါတယ်၊ ပြောင်းလဲချိန်တန်ပြီဆိုတာ ဟိုကနေမူရင်းပေးတဲ့အခွေမဟုတ်ဘူး၊ ထပ်ပြီးတော့ဖန်တီးထားတဲ့ အခွေဖြစ်တယ်"
မြို့နယ်ကော်မရှင်ရုံးမှာ ဒီကနေ့ ပြုလုပ်တဲ့ နိုင်ငံရေးပါတီတွေညှိနှိုင်းဖြေရှင်းရေး ကော်မတီအစည်းအဝေးမှာတော့ ပြည်ခိုင်ဖြိုးပါတီ က တိုင်ကြားတဲ့ အမှု ၃ မှုနဲ့ တိုင်းရင်းသားစည်းလုံးညွတ်ရေးပါတီက တိုင်တဲ့အမှုတစ်မှုကို ဖြေရှင်းနေခဲ့ရတယ် လို့ သိရပါတယ်။
ကျွန်းစုမြိုနယ်မှာ ကျေးရွာအုပ်စု ၂၂ အုပ်စု၊ ကျေးရွာပေါင်း ၁၆၂ ရွာရှိပြီး မဲပေးခွင့်ရှိသူ ၈၅ဝဝဝ နီးပါးရှိပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်မရှိ အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်တင်တင်ရီ အနိုင်ရရှိခဲ့တဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။
RFA
http://www.rfa.org/burmese/news/usdp-complaint-myeik-10182015080657.html
 dassk-yaykyi-trip-620.jpg ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့ ပြည်သူ့အားကစားကွင်းမှာ အောက်တိုဘာလ ၁၈ ရက်နေ့က ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေစဉ်
Photo: Win Naing/ RFA
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မဲလိမ် မဲခိုးမှာကို စိုးရိမ်မိကြောင်းနဲ့ မဲပေးတာတွေ မှန်ကန်ဖို့အတွက် လာမယ့် အောက်တိုဘာလ ၂ဝ ရက်နေ့ကစပြီး ဧရာဝတီတိုင်း မှာ မဲဘယ်လိုပေးရမယ်ဆိုတာ သင်တန်းပေးသွားမယ်လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့ ပြည်သူ့အားကစားကွင်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ရွေးကောက် ပွဲအောင်နိုင်ရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က တက်ရောက်လာတဲ့ ပရိတ်သတ်တစ်ဦးက သူတို့စိုးရိမ်မှုကို ပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူလည်းစိုးရိမ်ကြောင်း ပြောလိုက်တာဖြစ်ပါတယ်။
"မဲလိမ်မှာ၊ မဲခိုးမှာပြည်သူတွေစိုးရိမ်သလို၊ ကျမတို့လည်းအင်မတန်မှစိုးရိမ်ပါတယ်၊ အဲ့တော့ နံပါတ် ၁ က ပြည်သူများဟာမဲဘယ်လိုပေးရမလဲဆိုတာ ကို သေသေချာချာ သိအောင်တော့လေ့လာပါ၊ ကျမတို့အဖွဲ့ချုပ်က ၂ဝ ရက်နေ့ ကနေစပြီးတော့ ရွေးကောက်ပွဲမှာဘယ်လိုမဲပေးရမလဲဆိုတဲ့ ပညာပေး သင်တန်းတွေကို ဧရာဝတီ တိုင်း အနှံ့ဆင်းပြီးတော့ ကျမတို့လုပ်ပါမယ်၊ သေသေချာချာလေ့လာပါ၊ အခုကျမတို့က ရွေးကောက်ပွဲက အရင် လိုခြစ်ရတာမဟုတ်ဘူး၊ တံဆိပ်ကလေး နှိပ်ရတာ၊ တံဆိပ်က ဝေးသွားရင် ပယ်မဲဖြစ်သွားနိုင်တယ်"
ဒါ့အပြင် ရွေးကောက်ပွဲကာလမှာ မတည်မငြိမ်ဖြစ်လို့ဆိုပြီး အကြောင်းပြပြီးတော့ ရွေးကောက်ပွဲရလာဒ်တွေ မထိရောက်မှာကိုလည်း စိုးရိမ်ရကြောင်း နဲ့ ပြည်သူတွေသတိရှိကြဖို့ကိုလည်း ပြောခဲ့ပါတယ်။
အန်အယ်လ်ဒီအနေနဲ့ အစိုးရဖွဲ့နိုင်လို့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတ မဖြစ်ရင်လည်း အစိုးရအဖွဲ့ကို ဦးဆောင်ပေးသွားမယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် ဂွမြို့မှာ ဟောပြောအပြီး ဧရာဝတီတိုင်းဒေသ ကြီး ရေကြည်နဲ့ ကျုံပျော်မြို့တွေမှာ ဟောပြောခဲ့တာဖြစ်ပါတယ်။
RFA
http://www.rfa.org/burmese/news/dassk-say-anxious-cheats-vote-10182015070440.html
 war-refugees-camp-620 ရှမ်းပြည်နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်တချို့ကို တွေ့ရစဉ်
ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP /SSA နဲ့ အစိုးရတပ်မတော်တို့ မိုင်းရှုးမြို့နဲ့ ကျေးသီးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေး ဒုက္ခသည် ၂၇ဝဝ ကျော်ရှိနေပြီး သူတို့ကို မိုင်းရှုးမြို့နယ် ဟိုင်းပါနဲ့ ဝမ်ဆော့ ဘုန်းတော် ကြီးကျောင်းတွေမှာ နေထိုင်ရေးအတွက် ကူညီထားရတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။
ဒ့ါကြောင့် စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေး ထောက်ပံ့မှုတွေ အရေးတကြီး လိုအပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်း လူငယ်ကွန်ရက်အဖွဲ့က ကိုစိုင်းစုက ပြောပါတယ်။
"မနေ့ကမှ ရှမ်းပြည်နယ်လုံးဆိုင်ရာကနေသွားပြီးတော့ ဆန်တွေသွား ထောက်ပံ့တာလေ၊ ကျနော်တို့မေး ကြည့်တော့ ခန့်မှန်း ၂ နှစ်ရာရှိတယ်၊ မိုင်းရှုးကြားထဲက ဟိုင်းပါရယ်၊ နောက်တစ်ခုက ဝမ်ဆော့ရယ်၊ နှစ်နေ ရာပေါင်းတော့ ဒုက္ခသည်ပေါင်း ၂၇ဝဝ ရှိသွားပြီ၊ စားဝတ်နေရေးကအရမ်းဒုက္ခဖြစ်တယ်၊ စိတ်ပိုင်းဆိုင်ရာရယ်၊ ရုပ်ပိုင်းဆိုင်ရာရယ်၊ ကျန်းမာရေးစောင့်ရှောက်မှုက အရမ်းလိုအပ်တယ်၊ အဓိကကတော့ ဝမ်ဟိုင်းပတ်လည် ဆိုတော့ ကျေးသီးရယ်၊ မိုင်းရှုးရယ်ပေါ့"
စစ်ဘေးရှောင် ဒုက္ခသည်ဦးရေများလာတဲ့အတွက် အခက်အခဲ ကြုံတွေ့နေရတယ်လို့ ရှမ်းလူငယ်ကွန်ယက်အဖွဲ့ က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကတည်းက မိုင်းရှုးနဲ့ကျေးသီးမြို့နယ်ကြားတိုက်ပွဲ တွေအဆက်မပြတ်ဖြစ်နေ တာကြောင့် အဲဒီမြို့နယ်တွေမှာရှိတဲ့ ကျေး ရွာတွေက ရွာသားတွေဘေးလွတ်ရာကို ထွက်ပြေးနေရတာဖြစ်ပါတယ်။
RFA
http://www.rfa.org/burmese/news/more-war-refugees-10182015063211.html
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အောက်တိုဘာလ ၁၈ ရက်  မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် ဧရာဝတီတိုင်း ကျုံပျော်မြို့သို့ ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူများအား  ရွေးကောက်ပွဲ အောင်နိုင်ရေး မိန့်ခွန်း ဟောပြောခဲ့သည်။
သတင်း - ဓါတ်ပုံ ။ ။ National League for Democracy
 https://www.facebook.com/NLDParty
[youtube src="oHh-gOg5ooI"/]
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၁၇ ရက် ယနေ့ မွန်းတဲ့ ၁နာရီက ရခိုင်ပြည်နယ် ကျိန္တလီ မြို့နယ်သို့ ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူများအား ရွေးကောက်ပွဲ အောင်နိုင်ရေး မိန့်ခွန်း ဟောပြော ခဲ့သည်။
သတင်း/ရုပ်သံ - National League for Democracy
https://www.facebook.com/NLDParty
 ရခိုင်ပြည်နယ် ဂွမြို့က ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲမှာ အောက်တိုဘာလ ၁၈ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ်။ Photo: Myo Thant Khaing/ RFA
 ရွေးကောက်ပွဲမှာ နိုင်မှာကြောက်လို့ အမုန်းတရား အကြောက်တရားတွေ နဲ့ ပြောဆိုစည်းရုံးနေတာတွေကို မယုံကြည်ကြဖို့နဲ့ အဲဒီလိုစည်းရုံးပြောဆိုတာတွေ ဟာ ပြည်သူတွေကို အထင်သေးစော်ကား တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီကနေ့ ရခိုင်ပြည်နယ်ဂွမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ် စည်းရုံးရေး ဟောပြောပွဲမှာ တက်ရောက်လာတဲ့ လူငယ် တစ်ဦးက ပုဂ္ဂိုလ်ရေး လူမျိုးရေးကို အခြေခံပြီး ပြောဆို တိုက်ခိုက်မှုတွေရှိနေတဲ့အပေါ် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာဖြစ်ပါတယ်။
"ရွေးကောက်ပွဲမှာနိုင်မှာကြောက်လို့ ဒီလိုဥပဒေနဲ့မကိုက်ညီတဲ့ စည်းရုံးရေးတွေလုပ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့ အစည်းတွေကို ယုံကြည်စရာရှိလို့လားလို့ ကျမ အကြံပေးချင်ပါတယ်၊ အမုန်းတရား၊ အကြောက်တရားကို အခြေခံပြီးတော့ စည်းရုံးတယ်  ဆိုတာပြည်သူကိုစော်ကားတာပဲ၊ ပြည်သူကိုအထင်သေးတာပဲဆိုတာ သဘောပေါက်ပါ၊ ပြည်သူတွေဟာ အမုန်းတရား၊ အကြောက်တရားနဲ့ပဲဆွယ်လို့ရတယ်လို့ ထင်တဲ့ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများဟာ ပြည်သူတွေကို တန်ဖိုးမထားတာပဲ၊ ဒါကြောင့်ကိုယ့်ကိုလာပြီးတော့ ဘာသာရေးကိစ္စ၊ လူမှုရေးကိစ္စ၊ အမုန်းတရား၊ အကြောက်တရားတွေကိုအခြေခံတဲ့ ဝါဒဖြန့်ချီမှုတွေနဲ့ စည်းရုံးရင် ကျနော်တို့ကို ဘယ်လိုအဆင့်များထင်လို့လဲလို့၊ ခင်ဗျားတို့နဲ့ အဆင့်တူတယ်ထင်လို့လားလို့ ပြန်မေးလိုက်ပါ၊ ဒါဟာအာဏာရှင် များရဲ့လုပ်ရိုးလုပ်စဉ်ပါ"
ရခိုင်ပြည်နယ်ဟာ သဘာဝအရ လှပပြီးသယံဇာတပေါကြွယ်ဝတဲ့ ပြည်နယ်ဖြစ်ပေမယ့် ပြည်သူတွေဆင်းရဲနေတာ ဟာ တိုင်းပြည်ရဲ့စနစ်မကောင်း လို့ ဖြစ်ကြောင်း အဲဒီစနစ်ကို ပြောင်းလဲဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင်ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလာဒ်ဟာ အလဟသ ဖြစ်မသွားကြောင်း အဲဒီရွေးကောက်ပွဲရလာဒ်ကို အကောင်အထည် မဖေါ်ပေးပေမယ့် လက်ရှိ ၂၀၁၅ ရွေးကောက်ပွဲ ဖြစ်လာတာဟာ ၁၉၉၀ ရွေးကောက်ပွဲနိုင်ငံရေး အရှိန်အဟုန်ကြောင့် ပြောင်းလဲလာ တာဖြစ်ကြောင်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဂွမြို့အပြီးမှာ ရခိုင်ရိုးမကိုဖြတ်ပြီး တဖက်မှာရှိတဲ့ ဧရာဝတီတိုင်း ငါးသိုင်းချောင်း နဲ့ ကျုံပျော်မြို့တွေမှာ ရွေးကောက်ပွဲအောင်နိုင်ရေး ဆက်လက် ဟောပြောမှာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ကန်ကြီးထောင့်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှုးသန်းထွန်းအား ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများအား မဖွယ်မယာပြုပြင်ပြီး အပုတ်ချစာသားများရေးသား၍ ဆိုရှယ်မီဒီယာပေါ် ဖြန်ဝေမှုကြောင့်ပုတ်မ(၆၆ဃ)ဖြင့်မနေ့က တရားစွဲဆိုလိုက်ကြောင်းသိရသည်။
အဆိုပါပုဂ္ဂိုလ်မှာ တကုန်းကြီးတိုက်နယ်ကံကုန်းကျေးရွာတွင် စည်းစိမ်အမည်ဖြင့် အရက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပြင် ၈၈ငြိမ်းပွင့်အဖွဲ့နှင့် ကိုဗေလုဝတို့အားလည်း မဟုတ်မမှန်လုပ်ကြံ၍ စာရေးသားဖြန့်ဝေခြင်း ဓာတ်ပုံများဖြန့်ဝေခြင်းတို့အား ၎င်း၏Facebook စာမျက်နှာပေါ်တွင်တွေ့ရှိရသည်။
အဆိုပါကြံ့ခိုင်ရေးပါတီ တွင်းရေးမှုးအား ကန်ကြီးထောင့်မြို့နေ ဦးစည်သူအောင်မှ ရဲစခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ သက်ဆိုင်ရာမှ ဦးသန်းထွန်းအား ဖမ်းဆီးအရေးယူခြင်းမရှိသေးသလို တရားလိုဦးစည်သူအောင်၏ မိသားစုဝင်များမှာလည်း ခြိမ်းခြောက်နှောက်ယှက် ခံနေရကြောင်း တရားလိုမိသားစု၏ ပြောကြားချက်အရသိရသည်။
The Myanma Age
ပြည်သူချစ်သော လူထုခေါင်းဆောင်အား..ဧရာဝတီတိုင်းသားများကရခိုင်ပြည်နယ် နယ်စပ်အထိ သွားရောက်ကြိုဆိုခဲ့ကြပြီး..ငါးသိုင်းချောင်းမြို့သို့ ရောက်ရှိ လာသောလူထုခေါင်းဆောင်အားလမ်းများပြည့်လျှ့သည်အထိ ကြိုဆိုနှုတ်ဆက်နေကြသည့်
ယနေ့မြင်ကွင်းများ
ဘုန်းထက်ကြယ်
[youtube src="Ez6ZqZr5JTI"/]
အောက်တိုဘာလ ၁၈ ရက်နေ့ ယနေ့နံနက် ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအောင်နိုင်ရေးမိန့်ခွန်း
ရခိုင်လူထုကြီးရဲ့  အမေစုအပေါ် ချစ်ခင်မှု အားကိုးမှုကတော့  အံ့ မခန်းပဲဗျာ
ပြောင်လဲချိန်တန်ပြီ ရခိုင်သားတို့ 
National League for Democracy
 ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းပြီး ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်စုစုပေါင်း (၆၆၄) ဦး ရှိတဲ့အနက် တဝက်ကျော် (သို့မဟုတ်) (၅၁) ရာခိုင်နှုန်းက ထောက်ခံသူဟာ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး အစိုးရ ဖွဲ့နိုင်မှာ ဖြစ်ပါတယ်။ NLD ပါတီ သမ္မတအစိုးရ ဖွဲ့စည်းနိုင်ဖို့အတွက် အနည်းဆုံး ကိုယ်စားလှယ် (၃၃၃) ဦး (သို့မဟုတ်) (၅၁) ရာခိုင်နှုန်းရဲ့  ထောက်ခံမှု လိုအပ်ပါတယ်။ ကြံ့ဖွံ့ တဖြစ်လဲ ပြည်ခိုင်ဖြိုးပါတီကတော့ အနည်းဆုံး ကိုယ်စားလှယ် (၁၆၇) ဦး သို့မဟုတ် (၂၆) ရာခိုင်နှုန်း ရရုံနဲ့ စစ်တပ်ကိုယ်စားလှယ် (၁၆၆) ဦးနဲ့ပေါင်းရင် (၅၁) ရာခိုင်နှုန်းရပြီး သမ္မတအစိုးရ ဖွဲ့နိုင်မှာ ဖြစ်ပါတယ်။
အထွေထွေရွေးကောက်ပွဲဟာ သမ္မတအစိုးရကို ဖွဲ့စည်းနိုင်တာ မဟုတ်ဘဲ လွှတ်တော်ကသာ သမ္မတသစ်ကို ရွေးချယ်တင်မြှောက်နိုင်ပါတယ်။ သမ္မတ မရွေးမီ ဒုသမ္မတကို အရင်ရွေးရပါတယ်။ ပြည်သူ့လွှတ်တော်အမတ် ပါဝင်တဲ့အစုအဖွဲ့၊ အမျိုးသားလွှတ်တော်အမတ် ပါဝင်တဲ့အစုအဖွဲ့ နဲ့ စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့စတဲ့ အဖွဲ့ (၃) ဖွဲ့ဟာ ဒု-သမ္မတ (၃) ဦးကို အရင်ဆုံး ရွေးချယ်တင်မြှောက်ရပါတယ်။ နောက်တော့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ရွေးပွဲကျင်းပပြီး မဲအများဆုံးရတဲ့ ဒုသမ္မတ က သမ္မတ ဖြစ်လာပါတယ်။ ဒုတိယ မဲအများဆုံးရသူက ဒုသမ္မတ (၁) ဖြစ်လာပြီး၊ မဲအနည်းဆုံးရသူက ဒုသမ္မတ (၂) ဖြစ်လာပါတယ်။
လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ် (၁၆၆) ဦး ရှိနေတာမို့ ကျန်ကိုယ်စားလှယ် (၄၉၈) ဦးအတွက် ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ မညီမျှတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဖန်တီးထားတာမို့ စစ်တပ်ကိုယ်စားလှယ် ထောက်ခံတဲ့ပါတီဟာ ကိုယ်စားလှယ်အများစုမရလည်း အစိုးရဖွဲ့နိုင်မယ့်သဘော ရှိပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄၄၀) ဦးမှာ NLD ဟာ အနည်းဆုံး ကိုယ်စားလှယ် (၂၂၁) ဦး သို့မဟုတ် (၅၁) ရာခိုင်နှုန်းရမှ ဒုသမ္မတ တင်မြှောက်နိုင်ပါလိမ့်မယ်။ ပြည်ခိုင်ဖြိုးကတော့ အနည်းဆုံးကိုယ်စားလှယ် (၁၁၁) ဦး သို့မဟုတ် (၂၆) ရာခိုင်နှုန်းရရုံနဲ့ စစ်တပ်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းပေါင်းပြီး ဒုသမ္မတကို ရွေးချယ်တင်မြှောက်နိုင်ပါတယ်။ ရွေးကောက်ပွဲဝင်တဲ့အမတ် (၃၃၀) မှာ NLD ဟာ အနည်းဆုံး ကိုယ်စားလှယ် (၂၂၁) ဦး သို့မဟုတ် (၆၇) ရာခိုင်နှုန်း အနိုင်ရမှ ဒုသမ္မတကို တင်မြှောက်နိုင်မှာ ဖြစ်ပါတယ်။
ကိုယ်စားလှယ် (၆၆၄) ဦးရှိတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ရွေးချယ်တင်မြှောက်ရာမှာ NLD ဟာ အနည်းဆုံး ကိုယ်စားလှယ် (၃၃၃) ဦး သို့မဟုတ် (၅၁) ရာခိုင်နှုန်း ထောက်ခံမှသာ အစိုးရ ဖွဲ့နိုင်မှာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးကတော့ ကိုယ်စားလှယ် (၁၆၇) ဦး သို့မဟုတ် (၂၆) ရာခိုင်နှုန်းရရုံနဲ့ စစ်တပ်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းနဲ့ပေါင်းပြီး အစိုးရဖွဲ့နိုင်ပါတယ်။ ဒါကြောင့်မို့ ဒုသမ္မတ တင်မြှောက်နိုင်ဖို့အတွက် NLD ဟာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမှာ အနည်းဆုံး (၆၇) ရာခိုင်နှုန်းနိုင်ဖို့လိုပြီး လွှတ်တော်နှစ်ရပ်ပေါင်း ကျင်းပတဲ့ သမ္မတရွေးပွဲမှာ (၅၁) ရာခိုင်နှုန်း ထောက်ခံမှုရမှသာ အစိုးရ ဖွဲ့နိုင်ပါလိမ့်မယ်။ ပြည်ခိုင်ဖြိုးကတော့ (၂၆) ရာခိုင်နှုန်းရရုံနဲ့ အစိုးရ ဖွဲ့နိုင်မယ့်အခြေအနေ ရှိပါတယ်။
ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ် (၃၃၀) သာရှိပြီး သမ္မတ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်ဦးရေက (၃၃၃) ဦး ဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်နေရာအားလုံး နိုင်ရင်တောင် NLD ဟာ အစိုးရ မဖွဲ့နိုင်သေးပါဘူး။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ရာခိုင်နှုန်းပြည့်တဲ့ပါတီကို အစိုးရဖွဲ့လို့မရအောင် လုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်မှာ အပြတ်အသတ်နိုင်ရင်တောင် NLD ဟာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရဲ့  ထောက်ခံချက် လိုအပ်ပါတယ်။ အကြံ့အဖန်မလုပ်ရင် ကြံ့ဖွံ့ တဖြစ်လဲ ပြည်ခိုင်ဖြိုးဟာ ရွေးကောက်ပွဲနိုင်ဖို့ အလားအလာ မရှိပါဘူး။ ပြည်ခိုင်ဖြိုးဟာ အခွင့်ထူးခံ လူတန်းစားပါတီ ဖြစ်နေတာမို့ လူထုဆန္ဒမဲရဖို့ အခက်အခဲရှိတယ်လို့ သုံးသပ်ကြပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးသြဇာခံ နေပြည်တော်မဲဆန္ဒနယ်မြေ (၄) ခုစလုံးမှာ NLD နိုင်သွားတာဟာ အာဏာရပါတီအတွက် အလွန်စိုးရိမ်စရာ ဖြစ်လာပါတယ်။
ဒါကြောင့်မို့ ပြည်ခိုင်ဖြိုးပါတီဟာ မသမာနည်းမျိုးစုံသုံးပြီး ကိုယ်စားလှယ်နေရာ (၁၆၇) နေရာ အနိုင်ရအောင် ကြိုးပမ်းလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ စစ်တပ်ကိုယ်စားလှယ် (၁၆၆) ဦးပေါင်းရင် (၃၃၃) ဦး ဖြစ်သွားပြီး အစိုးရ ဖွဲ့နိုင်ပါလိမ့်မယ်။ ကျန်တဲ့ကိုယ်စားလှယ် (၃၃၁) နေရာကို NLD နဲ့ အခြားပါတီတွေက ရရှိပါလိမ့်မယ်။ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ အများစုကို အနိုင်ရပေမယ့် နိုင်ငံရေးအာဏာကို မရနိုင်အောင် တမင်လုပ်ထားတဲ့စနစ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲနိုင်သူက အစိုးရမဖွဲ့နိုင်ဘဲ လွှတ်တော်က တင်မြှောက်တဲ့ သမ္မတကသာ အစိုးရဖွဲ့နိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
သမ္မတလောင်းဖြစ်မယ့် ဒုသမ္မတ (၃) ဦးကို ရွေးချယ်တင်မြှောက်ရာမှာ စစ်တပ်ကိုယ်စားလှယ်ဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တန်းတူရည်တူ ဖြစ်နေပါတယ်။ စစ်တပ်ကိုယ်စားလှယ်က တင်မြှောက်သူဟာ ဒုသမ္မတနေရာကို အမြဲတမ်းရနေမှာ ဖြစ်ပါတယ်။ အရပ်သားအမတ်တွေထဲမှာ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်နေတာ တွေ့ရှိရပေမယ့် စစ်တပ်ကိုယ်စားလှယ်ကတော့ အမြဲတမ်း ရာခိုင်နှုန်းပြည့်ရှိနေတာဟာ တပန်းသာတဲ့အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးချိန်နဲ့ သမ္မတအစိုးရ ဖွဲ့ချိန်ဟာ (၄) လလောက် ကွာခြားတာမို့ ကြားကာလမှာ အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။
ဦးအောင်ခင်, ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
[youtube src="jMBOqLim9A4"/]
တာဝန်မယူသောရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှုတ်ထွက်ပေးပါ
( မဲမပေးရဘဲ ပေးပြီးစာရင်းပါနေသောပဲခူးတိုင်းမှ ညီအကို၂ဦး )
ဂျပန် တိုကျိုမြန်မာသံရုံးမှ မဲမပေးရဘဲ ပေးပြီးစာရင်းပါနေသူတဦးရဲ့ ခံစားချက်
Photo..7 day daily
ကျနော်တို့နိုင်ငံမှာ လွှတ်တော်အနေနဲ့ပြောရရင် လွှတ်တော် (၃) ရပ်ရှိပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီး(သို့) ပြည်နယ်လွှတ်တော် ဆိုပြီးဖြစ်ပါတယ်။ အဲဒီ့မှာမှ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ခုပေါင်းကို ပြည်ထောင်စုလွှတ်တော်လို့ခေါ်ပါတယ်။
ပြည်သူ့လွှတ်တော်ဆိုတာက မြို့နယ်တွေကို အခြေခံပြီး ရွေးကောက်တင်မြှောက်တာဖြစ်တဲ့အတွက် မြို့နယ်တစ်ခုစီ တစ်ခုစီတိုင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက် ရှိကိုရှိပါတယ်။ (သင်္ဃန်းကျွန်းမှာဆိုရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက ဦးရွှေလှဝင်းဖြစ်တဲ့အတွက် သင်္ဃန်းကျွန်းက မဲဆန္ဒရှင်တိုင်းဟာ ဦးရွှေလှဝင်းကို မဲပေးခွင့်ရှိပါတယ်)
အမျိုးသားလွှတ်တော်ကတော့ လူဦးရေကိုအခြေခံပြီး ရွေးကောက်တင်မြှောက်တာဖြစ်တဲ့အတွက် မြို့နယ်တွေမှာရှိတဲ့ လူဦးရေအရ မြို့နယ် တစ်မြို့နယ်မှာ တစ်ယောက်ဖြစ်နိုင်သလို မြို့နယ် ၂ မြို့နယ် ၃ မြို့နယ် မှာ တစ်ယောက် ဆိုတာမျိုးလဲ ဖြစ်နိုင်ပါတယ် (မြို့နယ်တွေထဲက လူဦးရေအရ သင်္ဃန်းကျွန်း၊တာမွေ၊ရန်ကင်း၊တောင်ဥက္ကလာ လေးမြို့နယ်ပေါင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁)ယောက်သာရွေးကောက်တင်မြှောက်ပေးရတာကြောင့် အဲဒီ့လေးမြို့နယ်စလုံးဟာ အမျိုးသားလွှတ်တော်အတွက် ဒေါက်တာမြတ်ဥာဏစိုးကို မဲပေးခွင့်ရမှာဖြစ်ပါတယ်)
တိုင်းဒေသကြီး(သို့) ပြည်နယ်လွှတ်တော်တွေကတော့ တစ်မြို့နယ်ကို နှစ်ဦးစီ ရွေးကောက်တင်မြှောက်ရတာဖြစ်တဲ့အတွက် မြို့နယ်တွေထဲက ရပ်ကွက်တွေကို မဲဆန္ဒနယ် အမှတ်(၁)နဲ့(၂) လို့ခွဲခြားပြီး အမှတ်(၁)ထဲကရပ်ကွက်တွေမှာ နေသူတွေက အမှတ်(၁) က ကိုယ်စားလှယ်လောင်းကိုသာ မဲပေးခွင့်ရမှာဖြစ်ပြီး၊ အမှတ်(၂)ထဲက ရပ်ကွက်တွေမှာ နေသူတွေကတော့ အမှတ်(၂) မှာ အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းကို မဲပေးခွင့်ရမှာဖြစ်ပါတယ်။ (သင်္ဃန်းကျွန်းမှာတော့ မဲဆန္ဒနယ်အမှတ်(၁) မှာ ကျနော် နေဘုန်းလတ်က အရွေးခံမှာဖြစ်ပြီး၊ အမှတ်(၂)မှာတော့ ဦးမောင်မောင်ဦးက အရွေးခံမှာဖြစ်ပါတယ်)
သင်္ဃန်းကျွန်းမဲဆန္ဒနယ် အမှတ်(၁) မှာပါဝင်တဲ့ရပ်ကွက်တွေကတော့ (ဦးစံဖေ၊ ဆယ်သိန်း၊ သွပ်ဝိုင်းကြီး၊ စ/သုမင်္ဂလာ၊ ဇ/တောင်၊ ဇ/မြောက်၊ ကျိုက်နောက်၊ ဇဝန၊ မိကျောင်းကန်(၁/၂/၃)၊ ၁၆(၁/၂/၃/၄)၊ ဆ/က၊ ဆ/ခ၊ ဘဝမြင့်၊ ငမိုးရိပ်၊ စံပြ/စီမံကိန်း၊ ကြီးပွားရေး၊ လေးထောင့်ကန်) တို့ဖြစ်ပါတယ်။ အဲဒီ့ရပ်ကွက်မှာနေတဲ့သူတွေက NLD ကိုမဲပေးချင်တယ်ဆိုရင် ဦးရွှေလှဝင်း၊ ဒေါက်တာမြတ်ဥာဏစိုးနဲ့ နေဘုန်းလတ် သုံးယောက်ကို ပေးရမှာဖြစ်ပါတယ်။
မဲဆန္ဒနယ် အမှတ်(၂) မှာပါဝင်တဲ့ရပ်ကွက်တွေကတော့ (သုဝဏ္ဏ၂၄/၂၅/၂၉၊ င-က၊ င-ခ၊ က၊ခ၊ဂ၊ဃ၊ရန်အောင်၊ ဘဏ်ရိပ်သာ၊ရန်ကုန်သစ်၊ စုပေါင်း၊ အောင်ဆုပန်) တို့ဖြစ်ပါတယ်။ အဲဒီ့ရပ်ကွက်မှာနေတဲ့သူတွေက NLD ကိုမဲပေးချင်တယ်ဆိုရင် ဦးရွှေလှဝင်း၊ ဒေါက်တာမြတ်ဥာဏစိုးနဲ့ ဦးမောင်မောင်ဦးသုံးယောက်ကို ပေးရမှာပါ။
နောက်ပြီး တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်တွေအတွက် အဲဒီ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးတွေဟာ နိုင်ငံတော်ရှိလူဦးရေစုစုပေါင်းရဲ့ ၀.၁ ရာခိုင်နှုန်း ရှိတယ်ဆိုရင် အဲဒီ့တိုင်းရင်းသားလူမျိုးအတွက် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း (၁) ယောက် ထပ်ရွေးကောက်တင်မြှောက်ခွင့်ရှိပါတယ်။
ရန်ကုန်တိုင်းမှာ ဆိုရင် ကရင်လူမျိုးနဲ့ ရခိုင်လူမျိုးက အဲဒီ့အရေအတွက်ရှိတာကြောင့် ကရင်လူမျိုးကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်ပန်းသဌ္ဇာမျိုးကဝင်ရောက်အရွေးချယ်ခံမှာဖြစ်ပြီး ရခိုင်လူမျိုးကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်ခင်စောဝေက ဝင်ရောက်အရွေးချယ်ခံမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဘယ်မြို့နယ်မှာပဲနေနေ ကိုယ်က ကရင်(သို့) ရခိုင် လူမျိုး ဖြစ်နေမယ်ဆိုရင် အထက်မှာ ပြောခဲ့တဲ့ မဲ (၃) ပြားအပြင် တိုင်းရင်းသားမဲအတွက်ပါ တစ်မဲ ထပ်ပေးခွင့်ရှိမှာဖြစ်ပါတယ်။
မဲပြားတစ်ပြားမှ အဆုံးရှုံးမခံပဲ မဲပေးကြခြင်းအားဖြင့် တိုင်းပြည်အတွက် လိုအပ်နေသော အပြောင်းအလဲကို ဝိုင်းဝန်းဆောင်ယူကြပါစို့ လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
[youtube src="pMNlEUMjJfM"/]
လာမယ့်ရွေး ကောက်ပွဲအပေါ်ပြည်ပရှိ မြန်မာတွေရဲ့သဘောထား အမြင်တွေကို အနီးအဝေးအတွေးအမြင် အစီအစဉ်ကနေ အောက်တိုဘာ ၁၆ရက် မြန်မာစံတော်ချိန် ညနေ၆၃၀မှာ ဘီဘီစီ Facebook နဲ့ Youtube တို့ကနေ တိုက်ရိုက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။
[soundcloud src="228828934"/]
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်မှာ မဲဆန္ဒရှင်စာရင်းဟာ တကယ်ရှိနေတဲ့ မဲပေးခွင့်ရှိသူ စာရင်းထက် ၅၀ ရာခိုင်နှုန်းကျော်ပိုနေတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မြို့တော်ဝန် ဦးအောင်မောင်းနဲ့ ယှဉ်ပြိုင်ရမယ့် NLD ကိုယ်စားလှယ်လောင်း ဦးဇာနည်အောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး အတွက် ထောက်ခံတဲ့အနေနဲ့ ဒေသခံ တစ်သောင်းခွဲလောက်က ဒီနေ့ အင်အားပြလှည့်လည်ကြပါတယ်။
အန်အယ်လ်ဒီပါတီ အောင်နိုင်ရေးအတွက် လိုလားသူတွေ စုပေါင်းပြီး စီစဉ်တာဖြစ်တယ်လို့ ဟင်္သာတမြို့ခံ ဒေါ်သင်းသင်းလှိုင်က ပြောပါတယ်။
"တစ်ဈေးလုံးက ကျမတို့ စုပေါင်းပြီးတော့လှူတယ်၊ NLD အလံတွေလည်းလှူတယ်၊ တံဆိပ်တွေလည်းလှူတယ်၊ ဒီပါတီကို ယုံကြည်တဲ့သူတွေ ဒီပါတီ အောင်နိုင်ရေးအတွက် လိုလားသူတွေ အကုန်လုံးက စုပေါင်းလှူတာပေါ့"
အင်အားပြလှည့်လှည်ပွဲမှာ အလှပြယာဉ်တစ်စီးပါဝင်ပြီး ဟသာင်္တမြို့မှာရှိတဲ့ ရပ်ကွက်ကျေးရွာတွေက NLD ပါတီကို ထောက်ခံအားပေးကြတဲ့ ဒေသခံတွေဟာ ဆိုင်ကယ်တွေ၊ ကားတွေ၊ ထော်လာဂျီတွေမှာ ပါတီအလံတွေ တပ်ဆင် လိုက်ပါခဲ့ကြပါတယ်။ ပြည်သူတချို့ကလည်း လှည့်လည်သူတွေကို အစားအသောက်တွေ ဝေငှခဲ့ပြီး အားပေးခဲ့ကြပါတယ်။
လှည့်လည်သူတွေဟာ မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ ဟသာင်္တမြို့ပေါ် ရပ်ကွက်တွေနဲ့ နတ်မော်၊ ရှားခဲကျေးရွာတွေထိ သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။
အလားတူ အင်အားပြလှည့်လည်ပွဲတွေကို မအူပင်၊ မြောင်းမြ၊ မြင်းခြံ စတဲ့ မြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
RFA
Ko Than Htut Oo က ည ၁၂ နာရီ ကတည်းက လမ်းမပေါ်မှာ ညအိပ်စောင့်ပြီးမဲပေးဖို့ ပြင်ဆင်ခဲ့သော်လည်း မဲ ပေးခွင့် မရရှိတဲ့ အတွက် အခုလို သူရဲ့ ခံစားချက်တွေ ရင်ဖွင့်ခဲ့ ပါတယ်Video by : Ye Myo
Posted by Kyaw Soe Htut on Saturday, October 17, 2015
Ko Than Htut Oo က ည ၁၂ နာရီ ကတည်းက လမ်းမပေါ်မှာ ညအိပ်စောင့်ပြီး
မဲပေးဖို့ ပြင်ဆင်ခဲ့သော်လည်း မဲ ပေးခွင့် မရရှိတဲ့ အတွက် အခုလို သူရဲ့ ခံစားချက်တွေ ရင်ဖွင့်ခဲ့ ပါတယ်
ကိုခင်မောင်ဟိန်း Khin Mg Hein က အမျိုးသားလွတ်တော် အတွက် မဲလက်မှတ် မရရှိခဲ့တဲ့ တာကြောင့်မဲမပေးခဲ့ ရကြောင်းကို အခုလိုရင်ဖွင့်ခဲ့ပါတယ် ခင်မျာသူက ည ၉ နာရီ ကတည်းက မြန်မာသံရုံးရှေ့မှာ ည အိပ်တန်းစီ ပြီး ကြိုတင်မဲပေးနိုင်ဖို့ ပြင်ဆင်ထားခဲ့ရတာပါတဲ့ ခင်မျာVideo by : Ye Myo
Posted by Kyaw Soe Htut on Saturday, October 17, 2015
ကိုခင်မောင်ဟိန်း Khin Mg Hein က အမျိုးသားလွတ်တော် အတွက် မဲလက်မှတ် မရရှိခဲ့တဲ့ တာကြောင့်
မဲမပေးခဲ့ ရကြောင်းကို အခုလိုရင်ဖွင့်ခဲ့ပါတယ် ခင်မျာ
သူက ည ၉ နာရီ ကတည်းက မြန်မာသံရုံးရှေ့မှာ ည အိပ်တန်းစီ ပြီး ကြိုတင်မဲပေးနိုင်ဖို့ ပြင်ဆင်ထားခဲ့ရတာပါတဲ့ ခင်မျာ
ပြည်သူတွေ..မဲပေး ဘို့တောင် ဒီလိုဖြစ်နေတဲ့ အစိုးရ@#*¿¿%^^©®®စင်္ကာပူရှိ မြန်မာ သံရုံးတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွက်အခက်အခဲကြုံတွေ့ခဲ့သူ တစ်ဦး က သူ့အခက်အခဲများကို ပြောပြခဲ့ပါသည်။ (၁၆.၁၀.၂၀၁၅)Saw Myo Min Hlaing
Posted by Kyaw Soe Htut on Friday, October 16, 2015
မ သဇင်သိန်းက ကြိုတင် မဲစာရင်းမှာ သူမ နာမည်ပါသော်လည်း မြန်မာသံရုံး ရဲ့ လက်ခံ စာရင်းမှာ မျဉ်းတား ပြီး ဖျက် ထားတဲ့ အတွက်ကြောင့် နိုင်ငံသားတစ်ယောက် ရဲ့အခွင့် အရေး ဖြစ်တဲ့ မဲပေးခွင့်ဆုံးရှုံးခဲ့ရ ပါတယ်တဲ့Interviewer : Ko Thant HtikeVideo : Ye Myo
Posted by Kyaw Soe Htut on Saturday, October 17, 2015
မ သဇင်သိန်းက ကြိုတင် မဲစာရင်းမှာ သူမ နာမည်ပါသော်လည်း မြန်မာသံရုံး ရဲ့ လက်ခံ စာရင်းမှာ မျဉ်းတား ပြီး ဖျက် ထားတဲ့ အတွက်ကြောင့် နိုင်ငံသားတစ်ယောက် ရဲ့အခွင့် အရေး ဖြစ်တဲ့ မဲပေးခွင့်ဆုံးရှုံးခဲ့ရ ပါတယ်တဲ့
Interviewer : Ko Thant Htike
Video : Ye Myo
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မြန်မာသံရုံးရှေ့မှာ ကြိုတင်မဲပေးဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာလူမျိုးများ။ (အောက်တိုဘာ ၁၇၊ ၂၀၁၅။ ဓာတ်ပုံ- မိုင်ကျော်ဦး)
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မြန်မာသံရုံးရှေ့မှာ ကြိုတင်မဲပေးဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာလူမျိုးများ။ (အောက်တိုဘာ ၁၇၊ ၂၀၁၅။ ဓာတ်ပုံ- မိုင်ကျော်ဦး)
နိုင်ငံတကာရောက် မြန်မာတွေအနေနဲ့ ကမ္ဘာ့မြို့ကြီးအသီးသီးက မြန်မာသံရုံးတွေမှာ နိုဝင်ဘာရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲတွေ ပေးနေကြပြီ ဖြစ်ပါတယ်။ မဲစာရင်းမှာ မဲပေးဖို့ နာမည်မပါတာ၊ မဲပေးဖို့ မဲပြားအလုံအလောက် မရရှိတာ စတဲ့ ပြဿနာအတော်များများကြုံနေရပါတယ်။ ဒီအခြေအနေတွေကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ဆက်ပေးထားပါတယ်။
တောင်ကိုရီးယားနိုင်ငံက ကိုရဲလှထွန်းကတော့ မိမိပေးရမယ့်မဲလက်မှတ် ဆိုးလ်မြို့ မြန်မာသံရုံးကို ရောက်မလာခဲ့တဲ့အတွက် မိမိနေထိုင်ခဲ့တဲ့ အခြားရပ်ကွက်ကမဲပြားနဲ့ အစားထိုးပြီး သံရုံးက သူ့ကို မဲပေးခိုင်းကြောင်း ပြောပါတယ်။
“ကျနော့်မဲနံပါတ်တောင်းတယ်။ အပြင်မှာရှိတဲ့ ကြိုတင်မဲနံပါတ်ကဘယ်လောက်လဲလို့ တောင်းတယ်။ ကျနော် ပေးလိုက်တယ်။ မှတ်ပုံတင် ထုတ်ပြလိုက် တယ်။ ပြီးရင် ကျနော် ဘယ်မြို့နယ်လဲမေးတယ်။ တောင်ဒဂုံမြို့နယ်၊ (၇၁) ရပ်ကွက်ဆိုပြီး ကျနော် ပြောပြတယ်။ ဒါပေမယ့် (၇၁) ရပ်ကွက်က မဲပေးပိုင်ခွင့် ရှိသူက တစ်ယောက်ပဲပါလာတယ်လို့ ပြောတယ်ခင်ဗျ။ သူတို့က (၇၀) ရပ်ကွက်ထဲမှာရှိတဲ့ လူဦးရေထဲကနေပြီး မဲပေးလို့ရမယ့် စာရွက်သုံးရွက် ကျနော့်ကို ထုတ်ပေးတယ်။ အဲဒီတော့ ဒီစာရွက်ကိုယူပြီး ကျနော် မဲပေးလိုက်လို့ရှိရင် အဆင်ပြေမလားလို့ သူတို့ကို ကျနော် မေးတယ်နော်။ ရပါတယ်-ဆိုပြီး (၇၀) ဆိုတဲ့နေရာမှာ သုည - ဆိုတဲ့နေရာမှာ correction pen နဲ့ဖျက်ပြီး (၁) လို့ ရေးပေးလိုက်တယ်။”
ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးမှာလည်း မဲပြားမပြည့်စုံတဲ့ ပြဿနာတွေ ရင်ဆိုင်ရတယ်လို့ ကိုယ်တိုင် မဲသွားပေးခဲ့သူ ကိုဇော်မင်းထွန်းက ပြောပါတယ်။
“သူတို့ရှင်းပြတာက ပြည်တွင်းကနေပြီး ရွေးကောက်ပွဲကော်မရှင်က ပို့လိုက်တဲ့ မဲပေးခွင့်လူစာရင်းရယ်၊ မဲစာရွက်စာတမ်းတွေ၊ စာအိတ်တွေက ၁၄ ရက် နေ့မှ ရောက်ပြီးတော့ သူတို့ အားချင်း စီစဉ်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် မဲမလောက်တာကို မနေ့ညကမှ သူတို့သိတယ်ပေါ့နော်။ သိသိချင်းပဲ သူတို့ ရန်ကုန်ကို လှမ်းအကြောင်းကြားတယ်။ …. သူတို့ကတော့ နိုင်ငံခြားရေးရုံးနဲ့ ပတ်သက်တာဖြစ်တဲ့အတွက် နေပြည်တော်ကိုပြောပြီးတော့ ဒီလိုမျိုး - မဲတွေ မလောက်ပါဘူး၊ အမြန်ဆုံးပြန်ပို့ပေးပါလို့- အဲလိုပြောထားတယ်လို့ပဲ ဖြေရှင်းချက်ပြောတယ်။ ဒီမဲကို ထပ်ပြီးတော့ မဲပေးပိုင်ခွင့် ရနိုင်မလားလို့ ပြောတော့ သူတို့က ရွေးကောက်ပွဲကော်မရှင်ကနေ အဲဒီမဲတွေကို အမြန်ဆုံး ဒီကို ပို့ပေးလို့ရှိရင် မဲပေးခွင့်ပေးမယ်၊ ဒီအတွက်ကြောင့်လည်း ကျနော်တို့ကို ကြိုတင်မဲပေးခွင့်ကိုက (၂၃) ရက်နေ့အထိ သက်တမ်းထပ်တိုးထားပေးတယ်ပေါ့နော်၊ အဲဒီအတွက်ကို သူတို့ ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။”
၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးရာမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်လောင်း တွေအတွက် ဆိုပြီး ၄ မျိုးရွေးချယ်ရတာရှိပေမယ့် မဲပြားအမျိုးအစား မပြည့်စုံတဲ့ အခြေအနေနဲ့ရင်ဆိုင်ရတယ်လို့ စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှာ မဲပေးခဲ့သူ မဇာဇာက ပြောပါတယ်။
“….လုပ်တဲ့ကိစ္စတခုအတွက် ညီမတို့တော့ သိပ်ပြဿနာမရှိခဲ့ဘူး။ ညီမတို့ရပ်ကွက်က ရန်ကင်းဆိုတော့ ညီမတို့ရပ်ကွက်က မြန်တယ်။ ဒါပေမယ့် ညီမဘေးနားက တစ်ယောက်ကကျတော့ ရခိုင်အမကြီး။ သူကကျတော့ ရန်ကုန်မှာနေတယ်။ ဒါပေမယ့် ရခိုင်ဆိုတော့ သူက တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် ပေးရမှာပေါ့။ ဒါပေမယ့် သူ့ရဲ့မဲ မပါလာဘူး။ သူ့ရဲ့ရခိုင်မဲ မပါတဲ့အတွက် တောင်းတယ်။ ဒါပေမယ့် ဟိုဘက်ကလည်း သူတို့ဆီမှာပါလာတဲ့ list ထဲမှာ ပါလာတဲ့လူမဟုတ်တဲ့အတွက်ပေါ့နော်၊ အဲလိုပဲ သူတို့ပြဿနာတက်တက်နေတာတော့ ကြားတယ်။”
ဗြိတိန်နိုင်ငံ လန်ဒန်မှာ အခုအသံလွှင့်ချိန် မြန်မာနိုင်ငံသားတွေ သံရုံးမှာ မဲပေးနေကြပါတယ်။ မဲပေးချင်ပေမယ့် အဝေးကနေမဲလာပေးဖို့ အခက်အခဲ ရှိနေတယ်လို့ လန်ဒန်မြို့က ဒေါက်တာသက်ကိုကိုက ပြောပါတယ်။
“တော်တော်များများက လန်ဒန်မြို့ပေါ်မှာ မနေကြဘူး၊ အဝေးမှာနေကြတာဆိုတော့- ကျနော်နဲ့ လန်ဒန်နဲ့ဆို မိုင် ၂၅၀ လောက် ဝေးပါတယ်။ အဲဒီတော့ အကယ်၍များ မီးရထားလက်မှတ်ကို ကပ်ဝယ်လို့ရှိရင် (၁) ပေါင် US ဒေါ်လာ 1.58 လောက် ပေါက်ပါတယ်။ အဲဒါ ကျနော်တို့ ဘယ်လောက်လောက် ကုန်လဲဆိုရင် ၁၅၀ လောက်အထိ ကုန်နိုင်ပါတယ်။ တခါတလေကျရင် ကံဆိုးရင် ၂၀၀ လောက်အထိ ကုန်သွားနိုင်ပါတယ်။”
နိုင်ငံကြီးတခုဖြစ်တဲ့ သြစတြေးလျားနိုင်ငံမှာလည်း အလားတူပြဿနာရှိနေတယ်လို့ သြစတြေးလျားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက VOA ကို ပြောပါ တယ်။ ကြိုတင်မဲကောက်ခံတဲ့ကိစ္စမှာ မြန်မာသံရုံးတွေက အတတ်နိုင်ဆုံး လုပ်ဆောင်နေတယ်ဆိုပေမယ့် အလွဲအမှားပြဿနာ တွေ အများအပြားရှိနေပြီး သံရုံးက ဘာမှ တာဝန်ယူ ဖြေရှင်းနိုင်ခြင်း မရှိဘူးလို့ တိုကျိုမြို့က ကိုဇော်မင်းထွန်းက ထောက်ပြပါတယ်။
“ကျနော်တို့ ပြည်ပရောက် နိုင်ငံသားတွေအနေနဲ့က မဲပေးခွင့်ကိုပုံစံ (၁၅) တင်ရဲ့သားနဲ့ မဲပေးခွင့်မရတဲ့သူတွေ ဂျပန်မှာရှိတဲ့ ဗမာသံရုံးကထုတ်တဲ့ list ထဲမှာ မပါလာတဲ့သူတွေက တော်တော်များများကြုံရတယ်။ အဲဒါကြောင့်မို့လို့လည်း ကျနော်တို့ပြင်ပမှာလာတဲ့ ဥပမာ - ကျောင်းသားတွေ၊ ကိုယ့်သဘောနဲ့၊ ကိုယ့်စာအုပ်နဲ့ကိုယ်လာတဲ့ အမည်စာအုပ်တွေအပြင်ကို သူတို့ အစိုးရကလွှတ်တဲ့လူတွေမှာလည်း မပါတာတွေ အများကြီးကြုံရပြီးတော့ …တခေါက် ပြန်သွားရတယ်ပေါ့နော်။ အဲဒီလူတွေကိုလည်း သူတို့က စာရင်းယူပြီးတော့ နေပြည်တော်ကို ပြန်မေးပေးမယ်။ (၂၃) ရက်နေ့ မှီခဲ့လို့ရှိရင်တော့ ပေးပါ။ မမီလို့ ရှိရင် မရပါဘူးဆိုတဲ့ဟာမျိုးပေါ့နော်။ အဲဒါမှ မကျေနပ်လို့ရှိရင် ဗမာပြည်မှာပြန်ပြီးတော့ မဲသွားပေးကြပါဆိုပြီး အဲလိုပုံစံနဲ့ သူတို့ ဖြေရှင်းတာကို တွေ့ရတယ်ခင်ဗျ။”
အခုလို မဲပေးလိုစိတ်ရှိကြတဲ့ နိုင်ငံခြားရောက်မြန်မာတွေရဲ့အခက်အခဲတွေကြောင့် စင်္ကာပူနိုင်ငံမှာဆိုရင် အောက်တိုဘာ (၂၁) ရက်နေ့ထိ မဲပေးခွင့်ရက်ကို တိုးမြှင့်သတ်မှတ်ထားပြီး ဂျပန်နိုင်ငံမှာလဲ အောက်တိုဘာ (၂၃) ရက်နေ့အထိ ရက်တိုးထားကြောင်း သိရပါတယ်ခင်ဗျား။
VOA
http://burmese.voanews.com/content/situations-of-overseas-burmese-for-their-advance-ballot-/3011886.html
“ ဒေါင်းမိခင်နဲ့ အတူ သမိုင်းသစ်ကို ထုဆစ်ပါ ”
အခုရက်ပိုင်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်စည်းရုံးရေးခရီးစဉ်တလျှောက် သံတွဲ၊ တောင်ကုပ်ဒေသခံပြည်သူတွေက လေဆိပ်နဲ့ လမ်းဘေးဝဲယာကနေ အမေစု … အမေစုနဲ့ နှစ်ထောင်းအားရ သံပြိုင်ကြွေးကြော် တိုင်တည်ကြိုဆိုသံတွေ သတင်းမီဒီယာရုပ်မြင်သံကြားသတင်းတွေမှာ တွေ့ နေမြင်နေ ခဲ့ရတယ်။
ရိုးရိုးသာမန် အရပ်ထဲရွာထဲမှာတောင် သားယောကျာင်္းလေးများစွာနဲ့ သားသမီးတပုံတပင် စည်ပင်ဖွံ့ ထွားအောင် မွေးမြူစောင့်ရှောက်နိုင်တဲ့ မိခင်တွေဆိုရင် အမျိုးကောင်းသမီးကြီးတွေအဖြစ် တလေးတစား၊ တရိုတသေ အလေးအမြတ်ပြုကြရတာမဟုတ်လား။
ဗုဒ္ဓစာပေသမိုင်းထဲမှာလည်း သားသမီးတွေ တပုံတပင်နဲ့ အလွန်ထင်ရှားပြီး လူအများက လေးစားအားကျ စံပြုရတဲ့ အာဇာနည်အမျိုးကောင်း သမီးကြီးတွေပေါ်ထွန်းခဲ့ဘူးပါတယ်။
‘မိဂါရမာတာ မိဂါရသူဌေးကြီး၏မိခင်’လို့ လည်းအခေါ်ခံရတဲ့အပြင် လှူဒါန်းစွန့်ကြဲသည့် အမျိုးသမီးများတွင် အသာလွန်ဆုံးဖြစ်တဲ့ ဒါယိကာမဧတဒဂ် ဘွဲ့ရတဲ့ ၀ိသာခါ ကျောင်းအမကြီးဟာ အသက်ရာကျော်ရှည်နေနိုင်ပြီးး သားသမီးမြေးမြစ်ပေါင်းမြောက်များစွာ စောင့်ရှောက်မွေးမြူနိုင်ခဲ့လို့ လူအပေါင်းက လေးစားစံထားကြရတာ။
ပြီးတော့ သုံးဆယ့်နှစ်ယောက်သော သားတော်တွေကိုဖွားမြင်ခဲ့တဲ့ စစ်သူကြီးဗန္ဓုလရဲ့ ကြင်ယာတော် မလ္လိကာမိဖရားကြီးဆိုရင်လည်း အားလုံးက လေးစားခန့် ညား အရိုအသေပေးခဲ့ကြတာ မဟုတ်လား။
အခု စာရေးသူတို့ ခေတ်မှာတော့ လူပေါင်းသန်းပေါင်း (၆၀၀၀) ကျော်ရှိတဲ့ တကမ္ဘာလုံး လေးစားအသိအမှတ်ပြု ခံရတဲ့၊ တခေတ်မှာတယောက်ဆိုသလိုပေါ်ထွန်းလာတဲ့ လူရှင်အာဇာနည် အမျိုးကောင်းသမီးကြီးကတော့ “စတုပစ္စယ သံဃာ့မာတာ” လို့ ခေါ်တဲ့ ပစ္စည်းလေးပါးဒါယိကာ သံဃာမိခင်ဘွဲ့ အပ်နှင်းခြင်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ်မထင်ပါဘူး။
အဲ့ဒါအပြင် မြန်မာပြည်တနံတလျှားမှာမှီတင်းနေထိုင်ကြတဲ့ ဖိနှိပ်မှု့ကို လက်မခံလိုတဲ့ မြန်မာနိုင်ငံသူနိုင်ငံသား များသာမက၊ တိုင်းပြည်ကဆင်းရဲနုံခြာနေလို့ ရေကြည်ရာမြက်နုရာ ကမ္ဘာအနှံ့ အပြားမှာ ပြန့် ကျဲရောက်ရှိ နေကြရတဲ့ မြန်မာနိုင်ငံသားအများစုရဲ့ စိတ်နှလုံးမှာ တညီတညွတ်ထဲ အားကိုးလေးစား စံထားယုံမက အမေခေါ်ခြင် အမေတော်ခြင်သူတွေဒုနဲ့ ဒေးရှိတာမို့ လူသန်းပေါင်း (၅၀) ရဲ့ မိခင်ကြီးလို့ တင်စားရင်လည်း မမှားနိုင်ပါဘူး။
ဒါကြောင့် အဲ့ဒီလို ကျော်ဇောသတင်းဂုဏ်ရှိန်ပြင်းတဲ့အပြင် သီလဂုဏ် ပညာဂုဏ်၊ သမာဓိဂုဏ်၊ တွေနဲ့ ပြည့်စုံယုံမက လူသာမန်တွေမပြုနိုင်တဲ့ စာဂ - အများအတွက် စွန့် လွှတ်အနစ်နာခံမှု့တွေ နှစ်ရှည်လများပြုခဲ့သလို ၊ အဖိနှိပ်ခံပြည်သူတွေရဲ့ လွတ်မြောက်မှု့ဖက်က ပြတ်ပြတ်သားသားရပ်တည်နေတဲ့ ဒေါင်းမိခင်ကြီးဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ( NLD) ကို အခုလာမဲ့ နိုဝင်ဘာ(၈) ရက်နေ့ အထွေထွေရွေးကောက်ပွဲကြီးမှာ သမိုင်းတခေတ်ပြောင်းအောင် ယုံယုံကြည်ကြည် ရဲရဲဝံ့ဝံ့နဲ့ မဲပေးခြင်းဟာ အမိမြန်မာနိုင်ငံတော်ကြီးကို ကျေးဇူးဆပ်ရာရောက်သလို၊ စစ်အာဏာရှင်စနစ်က လွတ်မြောက်အောင် ကယ်တင်ရာလည်းရောက်ပါကြောင်းအချိန်မနှောင်းခင် မြန်မာနိုင်ငံသားအပေါင်းကို ထပ်လောင်းတိုက်တွန်းလိုက်ပါတယ်။
လေးစားစွာဖြင့်
(မင်းကောင်းချစ်)
အောက်တိုဘာ (၁၇) ရက် ၂၀၁၅ ခုနှစ်
ပြည်ပရောက် မြန်မာနိုင်ငံသားများ ဒုက္ခခံ၍ ကြိုတင် မဲပေးရာတွင် မဲလက်မှတ် အပြည့်အစုံ မရရှိခြင်းကဲ့သို့ မဲမသမာမှုဟု ယူဆရသော ဖြစ်စဉ်များ နိုင်ငံ အများအပြားတွင် တွေ့ကြုံနေရ
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများသည် ၎င်းတို့ရောက်ရှိရာ နိုင်ငံများတွင် ကြိုတင်မဲများ စတင်ပေးနေပြီ ဖြစ်ပြီး ထိုသို့ ကြိုတင်မဲပေးရာတွင် ညမအိပ်ဘဲ ဒုက္ခခံကာ တန်းစီပြီး မဲပေး နေကြခြင်း ဖြစ်သည်။ ထို့ပြင် အချို့သည် မိုင်ရာချီ ဝေးသော ဒေသမှ လာရောက်၍ မြန်မာသံရုံးတွင် ကြိုတင်မဲ လာရောက်ပေးကြခြင်း ဖြစ်သည်။ ထိုသို့ ကြိုတင်မဲပေးရာတွင် ကြိုတင်မဲ ပေးရန်အတွက် ပုံစံ ၁၅ ဖြင့် စာရင်း ပေးထားသော်လည်း မဲစာရင်း၌ အမည်မပါခြင်း၊ မဲလက်မှတ် အပြည့်အစုံ မရရှိခြင်းကဲ့သို့ မဲမသမာမှုဟု ယူဆရသော ဖြစ်စဉ်များ နိုင်ငံ အများအပြားတွင် တွေ့ကြုံနေရကြောင်း သတင်းရရှိသည်။
ကြိုတင်မဲပေးမှုများကို အောက်တိုဘာ ၁၅ ရက်က စင်ကာပူနိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံတို့တွင် စတင်ခဲ့ပြီး အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့ တွင် အောက်တိုဘာ ၁၇ ရက်၌ ပေးခဲ့ကြခြင်း ဖြစ်ကာ နိုင်ငံတိုင်းရှိ မြန်မာသံရုံးများတွင် မဲစာရင်း၌ အမည်မပါခြင်း၊ မဲလက်မှတ် မ ပြည့်စုံခြင်း (လွှတ်တော် သုံးရပ်အတွက် ပြည်သူ့လွှတ်တော် မဲလက်မှတ်မရရှိခြင်း၊ တိုင်းဒေသကြီးလွှတ်တော်အတွက် မဲလက်မှတ် မရရှိခြင်း) အစရှိသည်တို့ကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
"မဲကတော့ လာတုန်းက သုံးမဲပေးမယ် ဆိုပြီးတော့ လာခဲ့တာ။ ဒါပေမဲ့ ပြည်သူ့ လွှတ်တော်ဖြစ်တဲ့ အဓိက အရေးကြီးတဲ့မဲက ကျွန်မ မရပါဘူး။ ကျွန်မ တောင်ဥက္ကလာပ မြို့နယ်ကပါ။ တောင်ဥက္ကလာပမြို့နယ်မှာရှိနေ တဲ့သူတွေ အကုန်လုံး ပြည်သူ့လွှတ်တော်မဲ မပါဘူးလို့ သံရုံးက တာဝန်ရှိတဲ့သူတစ် ယောက်က ပြောပါတယ်။ အဲဒီအတွက် ကြောင့် ကျွန်မ ၂၃ ရက်နေ့မှာ ထပ်ပြီးတော့ တိုးတဲ့မဲမှာ ထပ်လာပေးရမယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ဃသည်ငမာ ကျွန်မတို့ ဘက်ကိုဘာမှ မပေးပါဘူး။ ကျွန်မတို့ တောင်း ပေမယ့် မရပါဘူး။ အဲဒီအတွက်တော့ အ ဆင်မပြေတာလေးတွေ တော်တော်လေး ရှိ ခဲ့ပါတယ်ဓဟု ဂျပန်တွင် ကြိုတင်မဲထည့်ခဲ့သူ အမျိုးသမီးတစ်ဦး၏ အတွေ့အကြုံကို ဂျပန် ရောက် မြန်မာများ၏ ကြိုတင်မဲပေးမှု အခြေ အနေကိုအဆက်မပြတ် ဖော်ပြခဲ့သော Aung Tun Lin အမည်ရှိ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသော ဗီဒီယိုဖိုင်၌ ပါရှိခဲ့သည်။
ထို့အတူ “ဘယ်လိုပဲ တောင်းတောင်း တောင်ဥက္ကလာပအတွက်က နှစ်မဲပဲ ရပါတယ်။ ဘာလို့လဲလို့ မေးတဲ့အခါ မသိပါဘူးတဲ့”ဟု ဂျပန်ရောက် မြန်မာနိုင်ငံသားတစ်ဦးက ကြိုတင်မဲပေးမှု အခြေအနေနှင့် ပတ်သက်၍ ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
“ယနေ့ ဂျပန်ရှိ မြန်မာသံရုံး မှာ မနက် ၈ နာရီကစပြီး ကြိုတင်မဲပေးနေပြီး မဲမရိုးသားမှု၊ မဲမသမာမှုတွေ ဖြစ်ပေါ်နေပါ တယ်။ အဲဒီအထဲမှာ မဲပေးခွင့် မရသူ၊ နှစ်မဲ၊ တစ်မဲပဲ ပေးခွင့်ရခဲ့သူတွေ၊ မဲပေးခွင့် ပုံစံ (၁၅) တင်ထားပြီး မဲပေးခွင့်မရသူတွေကိုလည်း အတော်များများ တွေ့ခဲ့ရသလို ပုံစံ (၁၅) လင်မယားနှစ်ယောက်အတူတူတင်ပြီး မိန်း မက မဲပေးလို့ မရခဲ့တာ၊ ယောကျာ်းက မဲပေး ခွင့်စာရင်းထဲ ပါမလာတာ၊ သူငယ်ချင်းတွေ စုပြီး တစ်ပြိုင်နက်တည်း စာတိုက်ကနေ မဲ ပေးခွင့်တင်တာ တစ်ယောက်ပဲ မဲပေးခွင့် ရခဲ့ တာ စတဲ့ပြဿနာတွေ၊ တောင်ဥက္ကလာပမြို့ နယ်အတွက် အားလုံး မဲနှစ်နေရာအတွက်ပဲ ပေးခွင့်ရခဲ့တာ၊ ဦးအောင်သိန်းလင်း ၀င် ရောက်ယှဉ်ပြိုင်တဲ့ ပြည်သူ့လွှတ်တော်အ တွက် မဲစာရွက်ကို သံရုံးက မပေးဘူး၊ မဲရုံမှူး လက်မှတ်မပါတာတွေ၊ စာအိတ်ပြဲနေတာ တွေ၊ အစွန်းအထင်းပါတဲ့သူတွေလည်း ရှိနေ ပါတယ်။ နယ်ကနေ ရထားတစ်ညလုံး စီး လာပြီး အင်းစိန်မဲဆန္ဒနယ်အတွက် တစ်မဲပဲ ပေးခွင့်ရခဲ့တဲ့အစ်မတစ်ယောက်လည်း စိတ်ပျက်လက်ပျက်နဲ့ နယ်ပြန်သွားတာကို တွေ့ခဲ့ရတယ်”ဟု Swe Myint အမည်ရှိ Facebook Account တွင် ရေးသားထားသည်ကို တွေ့ရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းတွင် နေထိုင်နေ ပြီး ပုံစံ ၁၅ ဖြင့် မဲပေးခွင့် လျှောက်ထားခဲ့သူ များမဲစာရင်း၌ အမည်မပါခဲ့ခြင်း၊ တောင် ဥက္ကလာပမြို့နယ်နည်းတူ အင်းစိန်အပါအ ၀င် အခြားမြို့နယ်များတွင် နေထိုင်ကြသူ များ မဲလက်မှတ်အပြည့်အစုံမရရှိခြင်းများရှိခဲ့ကြောင်း Aung Tun Lin Facebook Account တွင် ဖော်ပြထားသောဗီဒီယိုဖိုင် အင်တာဗျူးများမှတစ်ဆင့် သိရှိရသည်။
ထို့အတူ ကြိုတင်မဲပေးရန်အတွက် မိုင် ရာချီသွားပြီး မဲပေးခဲ့သူ သြစတြေးလျနိုင်ငံရှိ ဒေါက်တာထွန်းအောင်ရွှေက “ကင်ဘာရာ မြန်မာသံရုံးက တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပြတာပါ။ အင်းစိန်မြို့နယ်က ကြိုတင်မဲ ပေးခွင့်ရသူတွေအတွက် ပို့လိုက်တဲ့မဲပြား တွေက အမျိုးသားလွှတ်တော်အတွက်ပဲ ပါ လာပါတယ်တဲ့။ ဒီအတွက် သြစီရောက် မဲ ပေးခွင့်ရသူ အင်းစိန်သူ။အင်းစိန်သားများ ပြည်သူ့လွှတ်တော်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နဲ့ တိုင်းရင်းသားကိုယ်စားလှယ် များကို မဲပေးခွင့် မရခဲ့ကြပါ။ အလားတူအ ဖြစ်မျိုး အခြားမြို့နယ်များမှာလည်းဖြစ်ခဲ့ ကြောင်း မဲလာပေးသူများမှလည်း ပြောပြလို့ သိရပါတယ်။ တာမွေနဲ့ ဗဟန်းကတော့ မဲအ စုံ ပါလို့ အဲဒီမြို့နယ်များအတွက် ကြိုတင်မဲ ပေးကြရသူများ ကံကောင်းခဲ့ကြပါတယ်”ဟု ၎င်း၏ Facebook Account တွင် ရေးသားထားသည်။
“ဒီတော့ မေးပါရစေ။ (၁) ရွေး/ကော် ဗဟိုနဲ့ အဖွဲ့ခွဲတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည် ညံ့ဖျင်းချက်နဲ့ နိုင်ငံသားများရဲ့ အခြေခံအခွင့်အရေး ဆုံးရှုံးမှုများအတွက် မည်သူ့တွင် တာဝန်ရှိပါသလဲ။ (၂) မပါလာတဲ့ မဲများကို ကြားတစ်ဆင့်တွင် လိုသလို ဖြည့်စွက်၊ မဲရုံး မှူးလက်မှတ်အတုထိုး၊ ပြီးမှ သက်ဆိုင်ရာ မဲရုံကို နိုင်ငံခြားမှ ရောက်လာသော ကြိုတင် မဲများဟု ပေးပို့ခြင်းမျိုး မဖြစ်စေရပါဘူးလို့ မည်သူက အာမခံချက်ပေးနိုင်ပါသနည်း။ ၂၀၀၈ ခြေဥအရ ရွေး။ကော်ကို သမ္မတက ဖွဲ့စည်းပေးရပြီး တာဝန်မဲ့မှုများအတွက် သမ္မတကသာ စွပ်စွဲပြစ်တင်လို့ရတယ်လို့ ဆိုထားပါတယ်။ နိုင်ငံသားများရဲ့ အခြေခံ အခွင့်အရေး ဆုံးရှုံးမှုများအတွက် နိုင်ငံသားများက တိုက်ရိုက်စွပ်စွဲ အပြစ်တင်ခွင့် ပေးမထားပါ။ သမ္မတကြီးခင်ဗျာ။ သမ္မတကြီးရဲ့သမိုင်း သမ္မတကြီးပဲ ရေးရပါမည်”ဟု ၎င်းက ဆက်လက်ရေးသားထားသည်။
ပြည်ပရောက် မြန်မာများ၏ ကြိုတင်မဲ ပေးမှုများအနက် စင်ကာပူတွင် အောက်တို ဘာ ၁၅ ရက်က စတင်ခဲ့ပြီး စင်ကာပူ၌ ကြို တင်မဲပေးသည့် ပထမနေ့တွင်လည်း မဲလက် မှတ်ပြည့်စုံစွာမရရှိခြင်း ပြဿနာအချို့ရှိခဲ့သည်။ ထို့အတူ တောင်ကိုရီးယား၌ မဲပေးမှု မှာလည်း အောက်တိုဘာ ၁၅ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကာ မဲစာရင်း၌ အမည်မပါ သူ ၃၀၀၀ ကျော်နှင့် မဲလက်မှတ်အပြည့်အစုံမရသူများထွက်ပေါ်လာခြင်းဖြစ်သည်။ ဂျပန်၊ ထိုင်းနှင့် မလေးရှားတို့၌ ကြိုတင်မဲ ပေးမှုကို အောက်တိုဘာ ၁၇ ရက်တွင် ပြု လုပ်ခဲ့ခြင်းဖြစ်ကာ ဂျပန်နှင့် သြစတြေးလျ၌ မဲစာရင်းမပါသူ၊ မဲလက်မှတ် အပြည့်အစုံမရ သူအလုံးအရင်းထွက်ပေါ်လာခြင်းဖြစ်သည်။
“ဒီနေ့ ကြိုတင်မဲအတွက် အဖြစ်ပျက်လေးကို မျှဝေချင်ပါတယ်။ ကျွန်မတို့ ဆောမြို့ နယ် မဲဆန္ဒနယ်မဲစာရင်းအတွက် စင်ကာပူ ကမဲပေးသူ အရမ်းနည်းပါတယ်။ ဒီနေ့ မဲ သွားပေးတာမှာ ကိုယ့်နယ်စာရင်းအရဆို ကျွန်မနောက်ဆုံးမဲပေးသူပါ။ အဲဒါနဲ့ မဲရုံမှူး လက်မှတ်တွေစစ်၊ မဲဆန္ဒနယ်တွေစစ်တော့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဲပဲမှန် တယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အတွက်က စာအိတ်ပေါ်က စာလဲမှား အထဲ မှာ မဲပေးဖို့ဟာလဲမပါဘူး။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကျတော့  စာအိတ် ရော အထဲက မဲရော မဲဆန္ဒနယ်မှားနေတယ်။ အဲဒါနဲ့ မဲရုံမှူးကိုမေးတော့ မဲရုံမှူးက သူရှာ ပေးမယ်ဆိုပြီးရှာတော့ တခုမှမရှိတော့ဘူး။ ကျွန်မမဲက ဆောမြို့နယ်အတွက်ကနောက် ဆုံးဖြစ်နေပါပြီတဲ့။ အဲဒါဆိုဘယ်လိုလုပ်ပေး မှာလဲပြောတော့ ရွေးကောက်ပွဲကော်မရှင် ကိုလိပ်မူပြီး ဒီလို ဒီလိုတွေဖြစ်လို့ မဲပေးခွင့် မရခဲ့တဲ့အကြောင်း ရေးပြီးသူ့ကိုပေးပါတဲ့။ ကျွန်မက ပြောတယ်။ ဟုတ်ပြီ မဲပေးခွင့်မရ ဘူးဆိုပြီးရေးတာပဲရှိတာလေ အခုကျွန်မ အတွက် မဲပေးခွင့်နှစ်ခုကိုဘယ်လိုလုပ် ပေး မှာလဲ။ အခုရေးလိုက်တဲ့စာကရော Officially ကော်မရှင်ကိုရောက်ရောရောက်မှာလား..။ ဘယ်လို Action ယူတယ်ဆိုတာရော ဘယ်လိုသိနိုင်မလဲ။ ဘယ်တော့ သိရမလဲ မေးတော့ အဲဒါ ကော်မရှင်ကပဲအကုန်ဆုံး ဖြတ်မှာ .. သူတို့ဘာမှမသိဘူးတဲ့။ ဘယ်တော့ အကြောင်းပြန်မယ်ဆိုလဲမသိဘူး .. ကော်မရှင်ဖက်ကအကြောင်းပြန်ဖြစ်ရင် ဖုန်းဆက်ပေးမယ်တဲ့။ အဲဒါဆိုကျွန်မရဲ့ ဒီနှစ်မဲက ပယ်မဲဖြစ်သွားမှာပေါ့လို့ပြောတော့ သူတို့က ခိုင်းတဲ့အတိုင်းပဲလုပ်ရတာ သူတို့လဲ မသိပါဘူးတဲ့ရှင့်။ အန်ကယ်တို့ အခုလို လက်လွယ်စပယ်တော့ မပြောနဲ့လေ.. သမီးတို က ညကတည်းက မဲပေးချင်လို့မအိပ်ဘဲနဲ့ တောင် စောင့်နေရတာ ပြောလိုက်တယ်။ ပြောရင်း နဲ့ အသံတောင်တုန်တယ်”ဟု မ၀င်းသိင်္ဂီ ထွန်းက ၎င်း ၏ Facebook Account တွင် ရေးသားထားသည်။
“အဲဒါနဲ့ နောက်ထပ် အန်ကယ်တစ်ယောက် Smart ကျကျဝတ်ထားပြီး အသားဖြူဖြူနဲ့တစ်ယောက်က ရောက်လာပြီး ဘာဖြစ်တာလဲ ဘာညာနဲ့ မဲရုံမှူးကိုမေးတော့ ဒီလို ဒီလိုတွေ မှားနေပါတယ်ပေါ့ ရှင်းပြတယ်။ အဲအန်ကယ်က အဲဒါဆို ဖြစ်သမျှကို A4 စာ ရွက်ပေါ်မှာချရေးပြီးထားခဲ့တဲ့။ တခါတလေ မဲစာရွက်တွေက တခြားနိုင်ငံတွေလဲရောက် နေတတ်တယ်တဲ့။ ကျွန်မကပြောတယ် သမီး ရေးလိုက်မယ့်ဟာက မဲပေးလို့ မရဘူးဆိုတဲ့ အကြောင်းပဲပါမှာလေ.. သမီး ဒီနောက် နှစ်မဲကိုပေးချင်တယ်.. အဲဒီမဲပေးခွင့်ရ၊ မရ Offical သိချင်တယ်။ ပြောတော့ အဲအန် ကယ်က “မင်းပြောတဲ့ Official ဆိုတာ ဘာကိုပြောတာလဲ ငါနားမလည်ဘူး..အခုဖြစ်တာတွေအကုန်စာရွက်ပေးကို ချရေးခဲ့.. ငါတို့ Singapore Myanmar Embassy က သူတွေ တာဝန်မယူဘူး ဘာညာ မင်းကြိုက် တာ အကုန်ချရေးလို့ရတယ်..အခု မဲပေးချင် လဲရတယ်..မပေးချင်လဲရတယ်.. မဲစာရွက်ကို ယူသွားချင်လဲရတယ်..သဘောပဲ..ကြိုက်တဲ့ နေရာတိုင်လဲရတယ်.. မင်းရေးတဲ့ အခုစာကို By Hand နဲ့ ဟိုသွားပို့ လဲရတယ်.. မင်းမဲပေးချင်တဲ့  Party နာမည်ကို စာရွက်ထဲ မှာ ထည့်ရေးလဲရတယ်.. ငါတို့က လုပ်ပေး နိုင်တာ ဒါအကုန်ပဲ”လို့  အသံကျယ်ကျယ်နဲ့ ပြောပြီးထွက်သွားလေရဲ့  ..”ဟု ၎င်းက ဆက်လက်ရေးသားထားသည်။
မ၀င်းသိင်္ဂီထွန်းက “စာရေးဖို့ခုံနားလဲ ရောက်ရော ကိုယ့်လိုပဲ မဲပေးခွင့်မရတဲ့သူတွေ အများကြီးပဲ..။ သူတို့လည်း ဒေါတွေ ကန်နေကြတာ..။ တချို့ကကျ ယခုရောက် ရှိနေတဲ့ နိုင်ငံနေရာမှာ ဘာမှရေးထားတာ မရှိလို့ မဲပေးလို့ မရဘူးလို့ ပြောတယ်။ သူတို့ ပုံစံ ၁၅ တင်တုန်းကကျလိပ်စာစုံ အကုန် ဖြည့်ပါတယ်တဲ့။ တချို့တွေက အကုန်အဆင် ပြေပြေနဲ့ မဲပေးသွားနိုင်တဲ့သူတွေကကျ သံရုံးကလူတွေ အရမ်းသဘောကောင်းတယ် ပြောကြမှာပါ။ ကျွန်မလိုအဖြစ်တူတွေ ဒီနေ့ သံရုံးမှာ အများကြီးပါ..”ဟု ၎င်း၏ Facebook Account တွင် ရေးသားထားသည်။
အမေရိကန်ပြည်ထောင်စုရောက် မြန် မာနိုင်ငံသားများအနေနှင့်လည်း အောက် တိုဘာ ၁၇ တွင် ကြိုတင်မဲပေးခြင်းကို လုပ် ဆောင်ခဲ့ကြောင်း သိရသည်။ အမေရိကန် နိုင်ငံ Wisconsin ပြည်နယ်ရောက် မြန်မာ ကျောင်းသားတစ်ဦးသည် လေယာဉ်ဖြင့် ၀ါ ရှင်တန်ဒီစီသို့ သွားရောက်ကာ မြန်မာသံရုံး တွင် ကြိုတင်မဲပေးရန် သွားရောက်ခဲ့ကြောင်း၊ ကြိုတင်မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ခဲ့သော် လည်း ကြိုတင်ဆန္ဒမဲလက်မှတ်မပါသော ကြောင့် ကြိုတင်မဲပေးခွင့်ဆုံးရှုံးခဲ့ရကြောင်း RFA သတင်းဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
“ကြိုတင်မဲပေးနိုင်ဖို့ သံရုံးက ပုံစံပို့ပေးတဲ့အတွက် နှစ်လကျော်လောက်ကတည်းက ပုံစံ (၁၅) နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပို့ထားပြီး ကိုယ့်မဲဆန္ဒနယ်မှာလည်း မဲစာရင်း ထဲ ပါထားတဲ့သူအတွက် ဘာကြောင့် ကြို တင်မဲပေးနိုင်တဲ့သူစာရင်းထဲ မပါရသလဲဆိုတာလည်း တာဝန်ခံဖြေရှင်းပေမယ့်သူ ရွေး။ ကော်ကရော ဘယ်လို ပြန်လုပ်ပေးနိုင်မလဲ ဆိုတာ သိပ်ကို သိချင်ပါတယ်။ မိုးကုတ်မြို့နယ် ကြိုတင်မဲပေးနိုင်သူစာရင်းကလည်း နံပါတ် (၅) ကနေပဲ စဖော်ပြထားတယ်။ နံပါတ် (၁)ကနေ (၄) ဘာကြောင့် ပျောက်နေသလဲ။ ဒါတွေ ဘာကြောင့် ဒီလိုဖြစ်ရသလဲ”ဟု ပတ္တမြားမြေစန္ဒာက Facebook တွင် မှတ်ချက်ပြုထားသည်ကို တွေ့ရသည်။
ထိုင်းနိုင်ငံတွင်လည်း ကြိုတင်မဲပေးရန် ပုံစံ ၁၅ ဖြင့် လျှောက်ထားသူ ၁၀၀၀၀ ကျော် ရှိသည့်အနက် ၅၀၀ ကျော်သာ မဲပေးခွင့်ရခဲ့ သည်။ ကြိုတင်မဲပေးခွင့်ရရှိသူများထဲတွင် နေပြည်တော်မှ ၂၅ ဦး၊ ကချင်ပြည်နယ်မှ ၂၃ ဦး၊ ကယားပြည်နယ်မှ သုံးဦး၊ ကရင်ပြည် နယ်မှ ၆၀ ဦး၊ ချင်းပြည်နယ်မှ ၁ ဦး၊ စစ်ကိုင်း တိုင်းဒေသကြီးမှ ၁၃ ဦး၊ တနင်္သာရီ တိုင်း ဒေသကြီးမှ ၂၃ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂၂ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၁၇ ဦး၊ မန္တလေး တိုင်းဒေသကြီးမှ ၆၈ ဦး၊ မွန်ပြည်နယ်မှ ၆၄ ဦး၊ ရခိုင်ပြည်နယ်မှ နှစ်ဦး၊ ရှမ်းပြည်နယ်မှ ၁၀ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ၂၂၂ ဦး တို့ပါဝင်ကြောင်း ဘန်ကောက်မြို့ မြန်မာသံ ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သို့သော် အဆိုပါ ကြိုတင်မဲပေးခွင့်ရ သူများထဲမှာပင် သန်လျင်မြို့နယ်၌ နေထိုင် သူများ မဲပေးခွင့်မရခဲ့ကြောင်း သိရပါသည်။
“ကျွန်တော် သံရုံးကိုမနက် ၈ နာရီ လောက်ကတည်းက ရောက်နေတာ။ ၉ နာရီ လောက်တော့ မဲစပေးတယ်။ ၁၀ နာရီကျော် လောက်ကျတော့ လူတစ်ရာလောက် ထပ် ရောက်လာတယ်။ တချို့လည်းမဲပေးခွင့်မရ ဘဲ ကျန်ခဲ့သူတွေရှိတယ်။ သန်လျင်မြို့နယ် တစ်ခုလုံးဆိုမပါဘူးလို့ သိရတယ်”ဟု ထိုင်း နိုင်ငံတွင် ကြိုတင်မဲပေးခဲ့သူ ကိုကျော်မင်း ထွန်းက ပြောကြားသည်။
“ကျွန်တော်ကတော့ ကြိုတင်မဲပေးခွင့် လျှောက်ပေမယ့် မြန်မာပြည်မှာ မဲစာရင်း မပါလို့ မဲပေးခွင့်မရဘူး။ သံရုံးမှာလည်း ကြိုး စားကြည့်ပြီးပြီ။ ကျွန်တော်တို့က မဲပျောက် တွေဖြစ်နေတယ်။ နိုင်ငံပျောက်နေတဲ့သူ တွေဖြစ်နေတယ်။ ကျွန်တော်ဆို ဒီမှာ ပတ်(စ်) စာအုပ်နဲ့ Work Permit နဲ့စနစ်တကျနေတဲ့သူပါ။ မြန်မာပြည်ကိုပြန်ပြီး ပတ်(စ်)ပို့ လုပ်ထားတာ။ ထိုင်းမှာ လုပ်တာတောင် မဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာလည်း လိပ်စာပျောက် ဖြစ်နေတယ်။ ရန်ကုန်မိသားစုဆီမှာလည်း မပါဘူး။ ပါအောင်လည်း ကြိုးစားခဲ့ပေမယ့် မရဘူး။ သန်းခေါင်စာရင်းလည်း ရန်ကုန်မှာ ရှိတယ်”ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့မှ ဦးကျော်သောင်းက ပြောပါ သည်။
“ကြိုတင်မဲပေးခွင့်ရသူတွေမှာ အစိုးရ ၀န်ထမ်းပိုင်းတွေ ပိုများပါတယ်။ အလုပ် သမားတွေကတော့ သိပ်စိတ်မ၀င်စားကြပါဘူး။ ဒီကိစ္စကို အလုပ်သမားတစ်ဦးအနေနဲ့ နစ် နာရကောင်းမှန်းမသိကြဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်တွင် မဲစာရင်းမပါမှု၊ မဲလက်မှတ် ပြည့်စုံစွာမရရှိခြင်းတို့နှင့် ပတ် သက်၍ တောင်ကိုရီးယားရှိ မြန်မာသံရုံးက အောက်တိုဘာ ၁၆ ရက်တွင် ရှင်းလင်းချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်အရ ကြိုတင်မဲလက်မှတ်များကိုအောက်တိုဘာ ၁၃ က လက်ခံ ရရှိခဲ့ပြီး မဲလက်မှတ်များကိုစိစစ်ခဲ့ရာ မဲဆန္ဒ ရှင် ၃၇၈၈ ဦးအတွက် မဲလက်မှတ်သာ ပါဝင် ခဲ့ကြောင်း သိရသည်။ သို့သော် ဆိုးလ်မြို့ မြန်မာသံရုံးအနေဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံသို့ ပုံစံ ၁၅ ဖြင့် စောင် ရေ ၆၃၃၁ စောင်ပို့ထားကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကပေးပို့လာသည့် မဲလက်မှတ် များနှင့်ပတ်သက်၍ တွေ့ရှိရသည့် အချက်သုံးချက်ကို ဖော်ပြခဲ့သည်။
ထိုအချက်များအနက် ပထမအချက် မှာ မဲဆန္ဒရှင်တစ်ဦးလျှင် လွှတ်တော်သုံးရပ် အတွက် မဲလက်မှတ်သုံးစောင်နှင့် တိုင်းရင်း သားဖြစ်ပါက လူမျိုးစုလွှတ်တော်အတွက် မဲလက်မှတ် တစ်စောင်၊ စုစုပေါင်းသုံးစောင် သို့မဟုတ် လေးစောင် ပါရှိလာရမည် ဖြစ် သော်လည်း မဲလက်မှတ်များ ပြည့်စုံစွာပါရှိမ လာသည့် အချက်ဖြစ်သည်။
ဒုတိယအချက်မှာမဲလက်မှတ်များနေရာလွဲမှားစွာရောက်ရှိခြင်းဖြစ်ပြီး ဥပမာ မြန် မာသံရုံးဆိုးလ်မြို့အတွက် မဲလက်မှတ်များ သည် မြန်မာသံရုံးစင်ကာပူမြို့၊ မြန်မာသံရုံး ကွာလာလမ်ပူမြို့များသို့ ရောက်ရှိသွားခြင်း၊ မြန်မာသံရုံး ကွာလာလမ်ပူမြို့အတွက် မဲ လက်မှတ်များသည် မြန်မာသံရုံး ဆိုးလ်မြို့သို့ ရောက်ရှိခဲ့ခြင်းများ ဖြစ်သည်။
တတိယအချက်မှာမူ ပြည်ပရှိ မြန်မာ သံရုံးအသီးသီးတွင် မဲပေးပိုင်ခွင့်ရှိသူများစာ ရင်းချုပ်တွင် အမည်ပါရှိခဲ့သော်လည်း သက် ဆိုင်ရာ မြန်မာသံရုံးသို့ ပေးပို့လာသည့် မဲလက် မှတ်များတွင် ၎င်းင်းအတွက် မဲလက်မှတ်ပါရှိ မလာခြင်း၊ ဥပမာအားဖြင့် စာရင်းချုပ်တွင် ဦးကကြီးသည် သစ်သီးမြို့နယ်၌ မဲပေးပိုင်ခွင့် ရှိသည်ဟုဖော်ပြထားသော်လည်း ဦးကကြီး အတွက် မဲလက်မှတ်တစ်စောင်မျှ ပါရှိမလာ ခြင်း၊ ပါရှိလာသော်လည်းလွှတ်တော်သုံးရပ် နှင့် လူမျိုးစုလွှတ်တော်တို့အတွက် မဲလက် မှတ် မပြည့်စုံခြင်းစသည်တို့ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ယင်းဖြစ်စဉ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထံသို့ တင်ပြသွားမည်ဟု တောင်ကိုရီးယားရှိ မြန်မာသံရုံးက ထုတ်ပြန်ခဲ့သည်။
မဲစာရင်း၌ ပါဝင်ခြင်းမရှိသူများထဲတွင် လတ်တေ လာရရှိသောအချက်အလက်များ အရ တောင်ကိုရီးယားကအများဆုံးဖြစ်နေ ပြီး ပုံစံ ၁၅ ဖြင့် လျှောက်ထားသူ ၆၀၀၀ ကျော် ရှိသည့်အနက် ၃၀၀၀ ကျော်သာ မဲစာရင်း၌ ပါဝင်ခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယား နိုင်ငံနည်းတူ ဂျပန်နှင့် ထိုင်းနိုင်ငံတို့တွင် လည်း ယင်းကဲ့သို့ ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပြီး ကြိုတင်မဲ စတင်ပေးသည့် အောက်တိုဘာ ၁၇ ရက်မှာပင် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပြည်ပရောက် မြန်မာများ ကြို တင်မဲပေးရာတွင် မဲလက်မှတ် အပြည့်အစုံ မရရှိခြင်းများတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်အတွက် မဲလက်မှတ်မရရှိမှု အများဆုံး ဖြစ်နေသည်ဟု စုံစမ်းသိရပြီး အဆိုပါမဲဆန္ဒ နယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်သူများ သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော် မှ အငြိမ်းစားယူခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း များဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မဲလက်မှတ်အပြည့်အစုံ မရ ရှိဘဲ မဲလက်မှတ်တစ်စောင် (သို့မဟုတ်) နှစ်စောင်ကိုသာ ရရှိခဲ့သူများက ၎င်းင်းတို့ မရရှိခဲ့ သည့် မဲလက်မှတ်များကို အသုံးပြုပြီး မဲမသ မာမှု ပြုလုပ်ရန် စိုးရိမ်မှုများရှိနေပြီး ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ယုံ ကြည်မှုလုံးဝမရှိဘဲ သံသယရှိကြောင်း ပြောဆိုမှုများ ရှိခဲ့ပါသည်။
နောက်ဆက်တွဲအနေဖြင့်လည်း ၎င်းင်းတို့ မပေးလိုက်ရသည့် မဲများကို ခုတုံးလုပ်ပြီး မဲမသမာမှုလုပ်မည်ကို စိုးရိမ်နေကြသဖြင့် တစ်ဦးချင်းစီအလိုက် မိသားစုဝင်များကို ဆက်သွယ်ပြီး မဲပေးသည့်နေ့၌ မဲရုံများကို စောင့်ကြည့်ရန် တိုက်တွန်း ပြောဆိုမှုများလည်း ရှိလာခဲ့ပါသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲပေးမှုတွင် အခက်အခဲများစွာရှိနေ ပြီး နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဆုံးရှုံးမှု များ ဖြစ်ပေါ်နေသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တာဝန်ယူခြင်း မရှိဘဲ လက်ရှိ ဖြစ်ပေါ်နေသော အခက်အခဲ များကို နားလည်ပေးစေလိုကြောင်း မေတ္တာ ရပ်ခံသည့် ကြေညာချက်တစ်စောင်ကို အောက်တိုဘာ ၁၆ ရက်ကထုတ်ပြန်ခဲ့ပြီး မြို့ နယ်ကော်မရှင်အဖွဲ့ခွဲများကို အပြစ်ဖို့သည့် ပုံစံဖြင့် တာဝန်ရှောင်လွှဲခဲ့ပါသည်။
ယခုကဲ့သို့ ပြည်ပရောက် မြန်မာနိုင်ငံ သားများ ကြိုတင်မဲပေးရာတွင် မဲလက်မှတ် အပြည့်အစုံ မရရှိခြင်းကဲ့သို့ မဲမသမာမှုဟု ယူဆရသောဖြစ်စဉ်ကိစ္စသည် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး အနေဖြင့် မြို့နယ်ကို လွှဲချ၍ မရကြောင်း၊ အားလုံးကို ဗဟိုက စနစ်တကျ စီစဉ်ထားပြီး ဖြစ်သည့်အတွက် ယခုကိစ္စသည်လည်း စနစ် တကျ စီစဉ်ပြီး လုပ်သလို ဖြစ်နေကြောင်း၊ ထို့ကြောင့် ပြည်သူကို ဖြေရှင်းချက်ပေးရမည် ဖြစ်ကြောင်း ရွေးကောက်ပွဲလေ့လာသူများက ပြောကြားသည်။
လက်ရှိဖြစ်နေသော အခြေအနေများ အရ ကြိုတင်မဲများကို အသုံးပြု၍ မဲလိမ်၊ မဲ ခိုး၊ မဲမသမာမှု ပြုလုပ်ခဲ့သည် ဆိုပါက ထို လုပ်ဆောင်မှုတွင် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ကိုယ်တိုင် ပါဝင်ပတ်သက်နေ သည့် ပုံစံ ဖြစ်နေပါသည်။ ထို့ အတွက်ကြောင့် ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့်ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူကာ မဲဆန္ဒရှင်ပြည်သူများ ကျေနပ် ရန်အတွက် တောင်းပန်ရှင်းလင်းရန် လိုအပ် ပြီး မဖြေရှင်းနိုင်ပါက တာဝန်မှ နှုတ်ထွက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို ဖျက်သိမ်းရမည့် အခြေအနေသို့ ဆိုက်ရောက်လာပါသည်။
“ဒါက ခွင့်လွှတ်လို့ မရဘူး။ မဲသုံးပြား ဒါမှမဟုတ် မဲလေးပြားနဲ့ မဲထည့်တယ်ဆိုတာ ခုမှမဟုတ်ဘူး။ ၂၀၁၀ တုန်းကလည်း ဒီအတိုင်းပဲ ကြိုတင်မဲ ထည့်ခဲ့ကြတယ်။ အဲဒီတုန်း ကတော့ အခုလို ပြဿနာ မပေါ်ဘဲ အခုကျမှ ပေါ်လာတာဟာ ဦးတင်အေးမှာ လုံးဝတာဝန်ရှိတယ်။ အခု ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက သူတို့ရဲ့ မဲပေးခွင့်ကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ စင်ကာပူက လမ်းဘေးမှာညစောင့်အိပ်ပြီး ဒုက္ခခံ တဲ့သူတွေကို ကြည့်ရင်သိနိုင်တယ်။ ဘာကြောင့် ဒီလိုအခက်အခဲဒုက္ခခံပြီး သူတို့ မဲပေးခွင့်မဆုံးရှုံးဖို့ လုပ်ကြတာလဲ။ ဒါပေမဲ့ အခုလို ကိစ္စတွေပေါ်လာတော့ ဘယ်ကောင်းမလဲ။ ဒါဟာ ရိုးသားလား၊ မရိုးသားလား၊ မသမာမှု ဟုတ်သလား၊ မဟုတ်သလားဆိုတာ ရွေး ကောက်ပွဲကော်မရှင်က တာဝန်ယူ ဖြေရှင်း ရမှာပါပဲ။ ပြီးတော့ အခုမှာ နားလည်ပေးပါ ဆိုပြီး မေတ္တာရပ်ခံချက် ထုတ်ပြန်တာဟာ အခုပေါ်ပေါက်နေတဲ့ပြဿနာတွေကို ဖြေ ရှင်းတဲ့နည်းလမ်းအစစ်အမှန်လို့ မထင်ဘူး။ တကယ်လက်တွေ့လုပ်ရမှာက ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မှားယွင်းလွဲချော်မှုတွေအတွက် တာဝန်ယူ၊ တာဝန်ခံရမယ်။ မှားရင် တောင်း ပန်ဖြေရှင်းရမယ်။ ဘယ်သူမှ မဲပေး ခွင့်မဆုံး ရှုံးဖို့ အာမခံပေးရမှာပါ။ တကယ်တော့ မြန်မာ နိုင်ငံပြင်ပက မဲပေးခွင့်ရတဲ့ ပမာဏက ၃၄၀၀၀ ကျော်ပဲရှိပါတယ်။ စင်ကာပူတစ်နိုင်ငံ တည်းမှာ အများဆုံး ၂၀၀၀၀ ကျော်ရှိတာပါ။ ဒီတော့ ပြည်သူ့ဘဏ္ဍာတွေ အများကြီး အသုံးပြုထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် တစ်ရပ်အနေနဲ့ ဒီလို လူ ၃၀၀၀၀ ကျော်ရဲ့ မဲ ပေးခွင့်ကိုတောင် အာမ မခံနိုင်၊ တာဝန်မခံနိုင် ရင် လာမယ့်ရွေးကောက်ပွဲမှာ သန်း ၃၀ ကျော် ရှိတဲ့ မဲပေးမယ့်သူတွေအတွက် ဘယ်လိုများ လုပ်ကြမလဲ။ ဒီတော့ အခုဖြစ်တဲ့ကိစ္စတွေ အားလုံးမှာ ရွေးကောက်ပွဲကော်မရှင်ကသာ တာဝန်အရှိဆုံးပါ။ ကော်မရှင်ရဲ့ဥက္ကဋ္ဌ ဦးတင် အေးကတာဝန်အရှိဆုံးပါ။ သူတာဝန်ယူ ရပါလိမ့်မယ်”ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားသည်။
၂၀၁၅၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲ ကာလတွင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများတွင် ပါဝင်သူများအနေဖြင့် ကြံ့ခိုင်ရေးပါတီဘက်တွင် ရပ်တည်မှု မရှိတော့ဘဲ အင်အားကြီး အတိုက်အခံ ပါတီဖြစ်သည့် NLD ကိုသာ ကူညီပေးနိုင်ဖွယ်ရာ ရှိတော့ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ထိပ်တန်း ကေဒါတစ်ဦးဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် (ဘဏ္ဍာ/အခွန်)၀န်ကြီး ဦးဝင်းကိုကိုက မြန်မာသံတော်ဆင့် သို့ ပြောကြားလိုက်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် NLD မပါသော ၂၀၁၀ ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် တံတားဦးမြို့နယ်မှ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး ဦးသိန်းစိန် သမ္မတ ဖြစ်လာချိန်တွင် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး (ဗိုလ်ချုပ်-ငြိမ်း)ကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌအဖြစ် ပြောင်းရွှေ့ ခန့်အပ်ခဲ့ကာ သမ္မတ ဦးသိန်းစိန်က ၎င်း၏ ကျောင်းနေဖက် သူငယ်ချင်း အရင်းအချာလည်းဖြစ်သူ ကြံ့ခိုင်ရေးပါတီဝင် ဦးတင်အေးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ရွေးကောက် ပွဲ ကော်မရှင် အပေါ် ကြံ့ခိုင်ရေး ဘက်လိုက်မည့် ကြံ့ခိုင်ရေးပါတီ၏ လက်ကိုင်တုတ် အဖွဲ့အစည်း တစ်ရပ်သဖွယ် ရှုမြင်ခြင်းခံခဲ့ရ ကာ ပြည်တွင်းပြည်ပ နိုင်ငံရေး အဖွဲ့အစည်း များမှလည်း ရွေးကောက် ပွဲ ကော်မရှင်၏ သမာသမတ်ကျစွာ လုပ်ကိုင်ဆောင်ရွက် နိုင်မှုများအပေါ် သံသယဖြင့် စောင့်ကြည့်ခြင်း ခံနေရဆဲ ဖြစ်သည်။
ယင်းအခြေအနေများအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အချို့တွင် လိုက်ပါပြီး ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံရေးများကို အများမြင်ကွင်း၌ တင်ပြ ပြောဆိုခြင်းများနှင့် မြန်မာနိုင်ငံ ရွေးကောက်ပွဲသမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးသော မဲစာရင်း အကြီးအကျယ် မှားယွင်းမှုများသည် နိုင်ငံခြား အကူအညီ အထောက်အပံ့ ငွေကြေးများနှင့် ၀န်ထမ်းလစာ အမြင့်ဆုံး ရရှိခံစားနေရပါလျက် တာဝန်မကျေပွန်သော လုပ်ရပ်များသဖွယ် ဖြစ်ပေါ်ခဲ့ခြင်းသည် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ မိခင်ပါတီ ကြံ့ခိုင်ရေး၏ အတိုက်အခံ NLD ပါတီကို ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကဲ့သို့ ရာနှုန်းပြည့်နီးပါး ထောက်ခံမဲထည့်ကြမည့် မဲဆန္ဒရှင်များအား မဲစာရင်း အမည်ပါ၊ မပါ စိတ်ဖိစီးမှုများ ပေးလျက် ၂၀၁၅ ရွေးကောက်ပွဲကို စီစဉ်နေသည့်သဘော ဖြစ်နိုင်ကြောင်း ပြောဆို သုံးသပ်မှုများလည်း နေရာအနှံ့ ဖြစ်ပေါ် လာခဲ့သည်။
ထို့အတွက်ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌသည် ကြံ့ခိုင်ရေးပါတီဝင် ဒုတိယ ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်နေခြင်းကို မလိုလားသူ နိုင်ငံရေး အသိုင်းအ၀ိုင်းများနှင့် စာနယ်ဇင်းသမားများက ၀ိုင်းဝန်းဝေဖန်မှုများ တဖြည်းဖြည်း မြင့်တက်လာ ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအနေဖြင့်လည်း ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ကို အသက်နှင့်လဲ၍ပင် ကာကွယ်ပေးမည်ဖြစ်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့ရသည်။
ယင်းအခြေအနေများအတွင်း ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီ အစည်းအဝေးကို နေပြည်တော်တွင် အောက်တိုဘာ ၁၃ ရက်နေ့က နိုင်ငံရေးပါတီ ၇ ပါတီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တို့ တက်ရောက်လျက် ကျင်းပခဲ့ရာတွင် ဥက္ကဋ္ဌ ဦးတင်အေး က ရွေးကောက်ပွဲရက်ကို ရွှေ့ဆိုင်း သင့်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ခြင်းသည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် မည်သည့်ငွေကြေး၊ အစားအသောက်မျှ မပေးရဘဲ လူထုအင်အား ပရိသတ် သိန်းနှင့်ချီ၍ အားပေးနေကြသော အင်အားကြီး NLD ကို ရွေးကောက်ပွဲ အမြန်အနိုင်ရ၍ မြန်ဆန်စွာအစိုးရ ဖွဲ့စည်းဖြစ်ပေါ် သွားမည်ကို စိုးရိမ်မှု အားကြီးနေသည့် စစ်ခေါင်းဆောင် ဟောင်းများအသွင် ပေါ်ပေါက် နေကြောင်း ယင်းအောက်တိုဘာ ၁၃ ရက် ညနေပိုင်း အတွင်းမှာပင် နိုင်ငံရေး အသိုင်းအ၀ိုင်းများ အကြား ဝေဖန် သုံးသပ်မှုများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့်လည်း ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် အဖွဲ့က နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းခြင်း မပြုတော့ကြောင်း ယင်းနေ့ ညပိုင်းတွင်ပင် ပြန်လည် ကြေညာပေးခဲ့သည်။
သို့သော်လည်း နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ သမ္မတ ဦးသိန်းစိန် ဓာတ်ပုံနှင့် မဲဆွယ်လျက် ရှိသည့် ကြံ့ခိုင်ရေးပါတီ၏ ပါတီဝင်တစ်ဦး ဖြစ်ခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးအပေါ် လူထုယုံကြည်မှုမှာ ကျင်းပမည့် ရွေးကောက်ပွဲ၏ ရလဒ်နှင့် နောက်ဆက်တွဲ ဖြစ်ပေါ် လာမည့် အဆုံးအဖြတ်များကသာ အဖြေပေးသွားမည် ဖြစ်ပေသည်။
ဧရာဝတီတိုင်းဒေသကြီး ကြံ့ခိုင်ရေးအသင်း စတင်ဖွဲ့စည်းစဉ်မှ ကြံ့ခိုင်ရေးပါတီ ပြောင်းသည်အထိ တိုင်းဒေသကြီး အလုပ် အမှုဆောင် ကော်မတီဝင်၊ လူငယ်ရေးရာ တာဝန်ခံ၊ ပါတီဌာနချုပ် သင်တန်းများကို အများဆုံး စေလွှတ်တက်ရောက် စေခဲ့ခြင်း ခံရသူ တစ်ဦးအနေဖြင့် ကြံ့ခိုင်ရေးပါတီ ထိပ်တန်း ကေဒါ တစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးဝင်းကိုကိုသည် မြောင်းမြမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း အနေဖြင့် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များသွားရောက် နေသည့် အောက်တိုဘာ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်၏ ယခင်ကြိုတင်မဲ စနစ်များဖြင့် ကြံ့ခိုင်ရေးပါတီ အနိုင်ရစေခဲ့သည့် ပုံစံအတိုင်း ကြံ့ခိုင်ရေး ပါတီအပေါ် ကူညီဖေးမနိုင်မှု အလားအလာနှင့် စပ်လျဉ်း၍ မြန်မာသံတော်ဆင့်၏ ဆက်သွယ်မေးမြန်းမှုကို ““မဟုတ်ဘူး။ လုံးဝ မဟုတ်ဘူး။ တကယ်တမ်း ကျရင် ကိုယ့်ဘက်ကို ထဲထဲဝင်ဝင် ကူမယ့်လူမရှိဘူး။ ဟိုဘက် (NLD) ကိုကူမယ့်လူပဲ။ တို့ဘက်က ကလေးတွေရော၊ လူကြီးတွေရော ပြောတယ်။ ရွေးကောက်ပွဲက ပေါ်လာတဲ့အတိုင်းပဲ လက်ခံမယ်။ မဲရုံထဲဝင်တဲ့ မဲရုံကိုယ်စားလှယ်တွေက ဒါတွေကိုကြည့်ပြီး တားရင်တားလို့ရတယ်””ဟု ၀န်ကြီးဦးဝင်းကိုကိုက မြန်မာ သံတော်ဆင့်သို့ ပြောသည်။
ရွေးကောက်ပွဲမတိုင်မီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဖယ်ရှားကာ သမ္မတ ဦးသိန်းစိန် ပါတီဥက္ကဋ္ဌ အဖြစ် ပြန်လည် နေရာယူ ကြေညာ၍ ၎င်း၏ဓာတ်ပုံများဖြင့် ကြံ့ခိုင်ရေးများ မဲဆွယ်လျက်ရှိနေချိန်မှာပင် ကြံ့ခိုင်ရေးပါတီ အတွင်း ထိပ်ပိုင်း ဗဟိုကော်မတီဝင်များအကြား အကျင့်ပျက် ခြစားမှုများနှင့် ပါတီဝင်များကပင် လက်မခံသော ဗဟိုကော်မတီဝင်များ ရှိနေသည့်အပေါ် ““အရင်ဝန်ကြီးချုပ် ဦးသိန်းအောင်နဲ့ အခုဦးသိန်းအောင်နဲ့ တခြားစီပဲ။ သူလည်း ရွေးကောက်ပွဲပြီးရင် ပါတီသန့်စင်မှု မလုပ်ရင် မဖြစ်ဘူးဆိုတာ လက်ခံတယ်။ တချို့ဗဟိုကော်မတီဝင် လူကြီးတွေ သူတို့တွေလည်း တော်တော်များများ ထွက်ပေးဖို့ကောင်းတယ်””ဟု ကြံ့ခိုင်ရေးပါတီဝင် ၀န်ကြီး ဦးဝင်းကိုကိုက ပြောသည်။
ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့သည် ပါတီဗဟိုမှ လက်မခံသောကြောင့် တစ်သီးပုဂ္ဂလများအဖြစ် မဲဆန္ဒရှင် လွန်စွာ နည်းပါးသော ကယားပြည်နယ် မြို့နယ်များမှ ရွေးကောက်ပွဲဝင်ရန်လည်း အားထုတ်လျက်ရှိကြသည်။
MH-0011
- ကြံ့ခိုင်ရေးပါတီထိပ်တန်းခေါင်းဆောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင် ၏ အားအထားရဆုံးကြံ့ခိုင်ရေးကေဒါ ၀န်ကြီး ဦးဝင်းကိုကို အား ၄င်း၏အစိုးရရုံးခန်း၌ တွေ့ရစဉ်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
ဂျပန်နိုင်ငံရှိ တိုကျိုသံရုံးတွင်ပြုလုပ်သည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှု အစီအစဉ်မှ မသမာမှုများကို ၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေးကော်မတီ(ဂျပန်)မှ စီစစ်တွေရှိချက်များ။
ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား လူဦးရေ ဂျပန် လဝက ထုတ်ပြန်ချက်စာရင်းမှာ မြန်မာနိုင်ငံသား စုစုပေါင်း ၁၀,၂၅၂ ,ဦးရှိပြီး ပုံစံ ၁၅ တင်ပြသူများထဲမှသံရုံးမှထုတ်ပြန်သည့် မဲပေးနိုင်သူ မဲစာရင်း ၁၀၇၈, ကျော်သာပါဝင်ခဲ့ပြီး မြန်မာနိုင်ငံသားများ မဲပေးနိုင်ခွင့် အများအပြား ဆုံးရှုံးခဲ့ကြရတာကို တွေ့မြင်ကြရပါတယ်။
ပုံစံ ၁၅ တင်ပြသော်လည်း မဲစာရင်း အမည်မပါခြင်း နာမည် စာလုံး မှားခြင်း မွေးသက္ကရာဇ်မှား ခြင်း မဲစာရွက်မှားခြင်း မဲစာအိတ်တွင် ခြစ်ရာပါခြင်း မဲစာအိတ်ကြံ့ခိုင်မှုမရှိခြင်း မဲပုံး ၁ပုံးထဲသာရှိခြင်း မဲစာရွက်တွင် ကော်မရှင် တံဆိပ်တုံး ပါမပါ အမျိုးမျိုး သော အခက်အခဲများရင်ဆိုင်နေရပါတယ်။
မြန်မာပြည် နေပြည်တော်မှ အစိုးရပညာတော်သင် (စာအုပ်အစိမ်း) လာရောက်သည့်သူအချို့ မဲပေးခွင့် ဆုံးရုံးမှုရင်ဖွင့်သံကိုလဲ ကြားရမိပါတယ်။
စာအိတ်ပြဿနာမှာ စာအိတ်ထက် မဲစာရွက်က ကြီးနေပြီ မဲကအပြင်ထွက်နေပြန် ပြန်ပိတ်ရင် ကော်က မဲစာရွက်ပေါ် ဖိမိနိုင်။ စာအိတ် ပိတ်ထားသည်ဘက်မှာ လွယ်ကူစွာနဲ့ ခွာလို့ရတာတွေ့ရ။ စာအိတ်ပြဲနေတာ ပေါက်နေတာ တွေ့ရှိသော်လည်း ပြန်လည်လဲပေးခြင်းမရှိပါ။ အမျိုးသားလွတ်တော် အတွက် စာအိတ်တွင် ပြည်သူလွတ်တော်ကိုယ်စားလှယ်မဲအား လွဲမှားစွာထည့်ထားခြင်း မဲစာအိတ်ပေါ်ရှိလိပ်စာတွင် ရပ်ကွက်နှင့် မြို့ ကိုက်ညီမှုမရှိပဲ လွဲမှားမှားနေတာကိုလဲ တွေ့ရှိရပါတယ်။
အဓိက စိုးရိမ်စရာ ဆုံးရှုံးမှုအများဆုံးကတော့ တောင်ဥက္ကလာပ နေ ပြည်သူတွေဆိုရင် အမျိုးသားလွတ်တော် /တိုင်းလွတ်တော် အတွက် ၂ မဲသာ ထုတ်ပေးခဲ့ပြီး ပြည်သူ့လွတ်တော်မဲအတွက် ထုတ်ပေးခြင်းမရှိပါ ပြည်သူလွတ်တော်အတွက် မဲပေးရွှေးခွင့်မရသည့်အတွက် မကျေနပ်ရင်ဖွင့်သံလဲကြားရ။
ရန်ကင်းမြို့နယ် နေပြည်သူများမှာလဲ မဲ ၂ မဲသာ ထုတ်ပေးသည့်အတွက် တမဲပေးပိုင်ခွင့် ဆုံရှုံးခဲ့ရပါတယ် ၊ ထိုအတူ အင်းစိန်မြို့နယ်နေ ပြည်သူများမှာလဲ အမျိုးသားလွတ်တော်အတွက် တမဲထဲသာ ပေးခွင့်ရပြီး တိုင်းဒေသကြီး နှင့် ပြည်သူလွတ်တော်အတွက် မဲ ၂ မဲ ဆုံးရှုံးခဲ့ရပါတယ်။
မကွေးတိုင်း ပခုက္ကူ က အမျိုးသားလွတ်တော် မဲပေးခွင့်မရ။
တိုင်းရင်းသားဒေသများအတွက် မဲလာပေးသူများတွင် ကိုယ်စားလှယ်ရှိသော်လည်း မဲအပြည့်ထုတ်ပေးခြင်းမရှိသဖြင့် တိုင်းရင်းသားကိုယ်စားလှယ်အား မဲရွေးချယ်ပိုင်ခွင့် မရရှိခဲ့ပါ ။ တချို့တိုင်းရင်းသားဒေသများအတွက် မဲကို မဲ ၂ မဲသာ ထုတ်ပေးနေတာလဲ သိရပါတယ်။
မဲပေးခွင့် လက်မှတ်မပြည့်စုံမှုနှင့်ပတ်သက်၍ မဲရုံတာဝန်ခံမှ ဖြေရှင်းမှုမှာ ပြည်တွင်းရွေးကောက်ပွဲကော်မရှင်မှ ပေးပို့လိုက်သည့် အရည်အတွက်အတိုင်းသာ ဖြစ်ကြောင်းနှင့် ယခုလို မဲပေးရန် ကိုယ်စားလှယ် မဲ မပြည့်မစုံဖြစ်နေသည့်ကိစ္စကို ပြည်တွင်းရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားပြီး မဲပေးခွင့် ထပ်မံတောင်းဆိုပေးမည်ဖြစ်ကြောင်း မဲထပ်မံပေးရန်အတွက် ၂၃ ရက်ထိ သက်တမ်းတိုးထားပြီး ထိုရက်အမှီ မဲများရောက်ရှိလာပါက မဲပေးခွင့်ဆက်လက်ပြုပေးမည်ဖြစ်ပြီး အချိန်မှီ မရောက်ရှိလာပါက မဲဆုံးရှုံးမည့်သဘောမျိုး ပြောဆိုဖြေရှင်းသွားပါသည်။
ဂျပန်မှာ သံရုံးသို့ မဲဝင်ရောက်ပေးသူ ဦးရေ Volunteer ကော်မတီမှ ရေတွက်ပြီး စာရင်းအရ ယနေ့ ၈:၀၀ ကနေ ညနေ ၆:၀၀ ထိ စုစုပေါင်း (၄၄၇) ရှိပါတယ်။
၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေးကော်မတီ - ဂျပန်။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်။
Mai Kyaw Oo
[youtube src="NGpx_AxUhS0"/]
ဗဟန်းမြို့နယ်မဲဆန္ဒနယ်က တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်းဟာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရာမှာ နှောင့်ယှက်တားဆီး ခံရတာတွေနဲ့ ပတ်သက်ပြီး ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြု လုပ်ခဲ့ပါတယ်။
RFA
ရခိုင် ပြည်နယ် သံတွဲမြို့က ရွေးကောက် ပွဲ အောင် နိုင်ရေး ဟောပြော ပွဲမှာ အောက်တို ဘာလ ၁၇ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ဟောပြောစဉ်။ Photo:Myo Thant Khaing/RFA
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံရေး လုပ်တယ်ဆိုတာ ပြည်သူတွေကို အားကိုးပြီး လုပ်ဆောင်တာဖြစ်ကြောင်းနဲ့ ဘယ်နိုင်ငံခြား အစိုးရကိုမှ အားကိုးနေတာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီကနေ့ ရခိုင်ပြည်နယ် သံတွဲမြို့က ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲမှာ တက်ရောက်လာတဲ့ ပရိတ်သတ် တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ဟာ RSO ရိုဟင်ဂျာ အဖွဲ့အစည်းကို စာရေးအကူအညီတောင်းတယ်ဆိုပြီး အင်တာနက် လူမှုရေး စာမျက်နှာတွေမှာ ပျံ့နေတာ ဟုတ်ပါသလားလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က ဖြေကြားလိုက်တာ ဖြစ်ပါတယ်။
"ကျမတို့ နိုင်ငံရေးလုပ်တယ်ဆိုတာ ကျမတို့ ပြည်သူကိုအားကိုးပြီးတော့လုပ်တာ၊ ဘယ်နိုင်ငံခြား အစိုးရကိုမှ အားကိုးပြီးတော့ လုပ်တာမဟုတ်ပါဘူးလို့ ပြောပါရစေ၊ အဲ့ဒီလိုစွပ်စွဲတဲ့လူတွေက သူတို့ကိုယ်တိုင်က ဘယ်နိုင်ငံခြားအစိုးရတွေကို အားကိုးနေလို့လဲလို့ ကျမပြန်ပြီးတော့ မေးချင်ပါတယ်"
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ခဲ့ရင် သန့်ရှင်းတဲ့အစိုးရဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်းပြောပါတယ်။
ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးရာမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ ကျပ်သိန်းတစ်ရာထက် ပိုသုံးလို့မရကြောင်း ပိုသုံးရင် ဥပဒေကို ချိုးဖေါက်နေတာဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးဖို့အတွက် တစ်ဦးကို ကျပ်သိန်း ၅ဝ သုံးစွဲနိုင်ဖို့ဆိုတာတောင် မတတ်နိုင်ကြောင်းလည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သံတွဲမြို့ ဟောပြောပွဲအပြီးမှာ အဲ့ဒီကနေ ၃နာရီလောက်ဝေးတဲ့ ကျိန္တလီ မြို့နယ်ခွဲမှာ ဒေသခံလူထုတွေနဲ့တွေ့ဆုံပြီး ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောမှာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဘူး၊​ငါ့​ခြံ ​ငါ့​ကို​ပြန်​ပေး ​ကြ​ပါ” ​ဟု ​နံ​နက်​မိုး​လင်း​တိုင်း ​တစ်​ယောက်​တည်း ​အိမ်​က​ပြင်​မှာ​ထိုင်​ကာ ​ရှိုက်​သံ​နဲ့ ​သူ​ရူး​တစ်​ယောက်​ပ​မာ ​တ​စာ​စာ ​ပူ​ဆွေး​နေ​ဆဲ​ပါ။
၎င်း​သည် ​မွန်​ပြည်​နယ်၊ ​သံ​ဖြူ​ဇ​ရပ်​မြို့​နယ်၊ ​ပ​င​ကျေး​ရွာ​မှ ​အ​သက် (၇၀) ​ရှိ​ပြီး​ဖြစ်​သော ​လယ်​သ​မား ​နိုင်​ထွန်း​သီ ​ဖြစ်​သည်။ ​၎င်း​၏​ရော်​ဘာ​ခြံ​ကို ​မွန်​ပြည်​နယ်၊ ​သံ​ဖြူ​ဇ​ရပ်​မြို့ ​အ​ခြေ​စိုက် ​အ​မှတ် (၃၁၅) ​အ​မြှောက်​တပ် ​တပ်​ရင်း​က ​သိမ်း​ပိုက်​လိုက်​သော​ကြောင့် ​နိုင်​ထွန်း​သီ​ရဲ့ ​ဘ​ဝ​ဟာ ​ထို​အ​ခြေ​အ​နေ​သို့ ​ရောက်​ခဲ့​ရ​ပါ​တယ်။ ​ထို​အ​ပြင် ​လူ​အ​ယောက် (၄၀) ​ကျော်​ကျော်​တို့​ရဲ့ ​ရော်​ဘာ​ခြံ ​ဧ​က​ပေါင်း (၄၀၀) ​ကျော်​ကျော် ​သည်​လည်း ​သိမ်း​ပိုက်​ခံ​ခဲ့​ရ​ပါ​တယ်။
၂၀၀၀ ​ခု​နှစ်​မှ ၂၀၀၃ ​အ​ထိ ​ဝယ်​က​လီ ​တပ်​မ​တော် ​တန်း​မြင့်​လေ့​ကျင့်​ရေး ​စစ်​သင်​တန်း​ကျောင်း ​အ​ပါ​အ​ဝင် ​သံ​ဖြူ​ဇ​ရပ်​မြို့​နယ်​မှ ​ရေး​မြို့​နယ် ​တစ်​လျှောက် ​စစ်​တပ်​က ​သိမ်း​ပိုက်​လိုက်​တဲ့ ​မြေ​ဧ​က​ပေါင်း (၈၀၀၀) ​ခန့် ​ရှိ​ကြောင်း​မွန်​လူ့​အ​ခွင့်​အ​ရေး​ဖောင်​ဒေး​ရှင်း HURFOM ​ရဲ့ ၂၀၁၃ ​ခု​နှစ် ‘No Land to Farm’ (​စိုက်​ပျိုး​စ​ရာ​မြေ​မ​ရှိ​ပြီ) ​အ​မည်​ရှိ ​အ​စီ​ရင်​ခံ​စာ​တွင် ​ပေါ်​ပြ​ထား​ပါ​တယ်။
သ​မ္မ​တ ​ဦး​သိန်း​စိန် ​အ​စိုး​ရ ​တက်​လာ​ပြီး​တဲ့​နောက်​ပိုင် ​စစ်​အ​စိုး​ရ ​လက်​ထက်​သိမ်း​ပို​က ​ခံ​ခဲ့​ရ​တဲ့ ​မြေ​တွေ​ကို ​မွန်​လွှတ်​တော် ​ကိုယ်​စား​လှယ်​တို့​၏ ​တွန်း​အား​ကြောင့် ​မွန်​တောင်​သူ ​လယ်​သ​မား​များ​က ​မိ​မိ​တို့​လယ်​ယာ​မြေ ​ပြန်​လည်​ရ​ရှိ​ရေး​ကို ​ထပ်​မံ​တောင်း​ဆို​လာ​ကြ​တာ​ပါ။
အ​သိမ်း​ခံ ​မြေ​ယာ​တောင်း​ဆို​ရေး​ကိ​စ္စ ​ပြန်​လည်​ဦး​မော့​လာ​သော​ကြောင့် ၂၀၁၂ ​ခု​နှစ် ​သြ​ဂုတ်​လ​တွင် ​သ​မ္မ​တ ​ဦး​သိန်း​စိန် ​အ​စိုး​ရ​က “​လယ်​ယာ​မြေ​နှင့် ​အ​ခြား​မြေ​များ ​သိမ်း​ဆည်း ​ခံ​ရ​မှု​ကြောင့် ​ပြည်​သူ​များ ​နစ်​နာ​မှု​မ​ရှိ​စေ​ရေး​အ​တွက် ​စုံ​စမ်း​ရေး​ကော်​မ​ရှင်”​ကို ​ဖွဲ့​စည်း​ပေး​ခဲ့​တယ်။
ကော်​မ​ရှင်​၏ ​လုပ်​ငန်း​စဉ်​တွေ​က (၁) ​စုံ​စမ်း​ရေး (၂) ​သုံး​သပ်​ရေး (၃) ​အ​ကြံ​ပြု​ရေး ​များ​ပင် ​ဖြစ်​တယ်။ ​အ​သိမ်း​ခံ ​လယ်​ယာ​မြေ​နှင့် ​ခြံ​မြေ​များ​ကိ​စ္စ ​အ​ကောင်​အ​ထည်​ဖေါ် ​ဆောင်​ရွက်​နေ​စဉ် ​ကော်​မ​ရှင် ​စ​ဖွဲ့​သည့် ၂၀၁၂ ​ခု​နှစ်​မှ ၂၀၁၅ ​ဖေ​ဖေါ်​ဝါ​ရီ (၂၅) ​ရက်​နေ့​အ​ထိ ​အ​ကြောင်း​ပြ​ချက်​မ​ရှိ​ဘဲ ​လယ်​ယာ​မြေ​သိမ်း​ပိုက်​မှု ​တိုင်​ကြား​စာ ​အ​မှု​တွဲ​ပေါင်း (၁၃၆၃၂) ​လ​က္ခံ​ရ​ရှိ​ထား​တဲ့​အ​ကြောင်း ​စုံ​စမ်း​ရေး​ကော်​မ​ရှင်​မှ ​သက်​ဆိုင်​ရာ​သို့ ​တင်​ပြ​ထား​သော်​လည်း ​ဆောင်​ရွက်​နိုင်​ခြင်း ​မ​ရှိ​ပါ။ ​သိမ်း​ဆည်း ​လယ်​ယာ​မြေ​များ​ကို ​တောင်​သူ ​လယ်​သ​မား​များ​ထံ ​ပြန်​လည်​လွှဲ​ပြောင်း​ပေး​မယ်​လို့ ​သ​တင်း​ထုတ်​ထား​ပေ​မယ့်​လည်း ​ပြန်​လည်​လွှဲ​ပြောင်း​ပေး​အပ်​ခဲ့​တာ ​အင်​မ​တန် ​နည်း​ပါး​နေ​ပါ​တယ်။
မွန်​ဒေ​သ​အ​တွင်း​ရှိ ​အ​သိမ်း​ပိုက်​ခံ ​လယ်​ယာ​မြေ ​ကိ​စ္စ​ကို ​မွန်​တောင်​သူ ​လယ်​သ​မား​များ​က ​မွန်​လွှတ်​တော် ​ကိုယ်​စား​လှယ်​များ​ကို​သာ ​အား​ကိုး​လာ​ကြ​သ​လို ​မွန်​လွှတ်​တော် ​ကိုယ်​စား​လှယ် ​တွေ​က​လည်း ​၎င်း​တို့ ​စွမ်း​ဆောင်​နိုင်​သ​မျှ ​လွှတ်​တော် ​အ​ဆင့်​ဆင့်​သို့ ​တင်​သွင်း​ခြင်း​နှင့် ​တင်​ပြ​လွှာ​ကိ​စ္စ ​မည်​သို့​မည်​ပုံ ​လုပ်​ဆောင်​ရ​မည်​ကို ​ဝိုင်း​ဝန်း​ဆောင်​ရွက်​ပေး​ကြ​ပါ​တယ်။ ​သို့​သော် ​အုပ်​ချုပ်​ရေး​ပိုင်း​က ​အ​ရေး​မ​ထား ​လယ်​ယာ​သိမ်း​ပိုက်​ထား ​တပ်​တွေ​က​လည်း ​အ​ရေး​မ​လုပ်​ဘဲ ​တိတ်​ဆိတ်​နေ​ကြ​ဆဲ​ပင်။
ပြန်​လည် ​ရ​နိုင်​ခြေ​ရှိ​တဲ့ ​မြေ​ယာ​များ ​ရှိ​နေ​သော်​လည်း ​ယ​နေ့​ထိ ​အ​ကောင်​အ​ထည် ​မ​ပေါ်​သေး​ပေ။ ​အ​သိမ်း​ပိုက်​ခံ​ခဲ့​ရ​သော ​မြေ​ယာ​များ​သည် ​များ​သော​အား​ဖြင့် ​အ​စိုး​ရ ​တပ်​ဖွဲ့​တွေ ​အ​ခြေ​စိုက်​ထား​တာ​ကြောင့် ​မူ​လ​ပိုင်​ရှင်​များ​ထံ ​ပြန်​လည်​ပေး​အပ်​ဖို့​က ​လွယ်​ကူ​မည်​မ​ဟုတ်​ပါ။
(​က) ​မိ​သား​စု​အ​ပေါ် ​ရိုက်​ခတ်​မှု​အ​ခြေ​နေ
မွန်​ပြည်​နယ်၊ ​သံ​ဖြူ​ဇ​ရပ်​မြို့​ရှိ ​အ​မှတ် (၃၁၅) ​အ​မြှောက်​တပ်​ရင်း ​သိမ်း​ပိုက်​ခဲ့​တဲ့ ​မြေ​ယာ​များ​တွင် ​အ​သိမ်း​ပိုက်​ခံ ​ပ​င​ကျေး​ရွာ၊ ​ဝယ်​က​လီ​ကျေး​ရွာ၊ ​ဝါ​ရက်​ကျေး​ရွာ​များ​မှ ​ခြံ​ပိုင်​ရှင် ​အ​ယောက် (၄၀)​ကျော်​တို့​၏ ​ခြံ​မြေ​များ ​ဆုံး​ရှုံး​ခဲ့​ရ​ပြီး ​အ​လုပ်​လက်​မဲ့​ဖြစ်​ကာ ​ထိုင်း​နိုင်​ငံ​အ​တွင်း ​ရွေ့​ပြောင်း​ဝင်​ရောက် ​လုပ်​ကိုင်​ကြ​ရ​ပါ​တယ်။
မိ​မိ​တို့ ​လုပ်​ကိုင် ​စား​သောက်​ရ​မည့် ​ခြံ​များ​ဆုံး​ရှုံး​သွား​သ​ဖြင့် ​လူ​ငယ်​နှင့် ​လူ​လတ်​ပိုင်​များ ​ရွာ​မှ​ထွက်​ကာ ​ထိုင်း​နိုင်​ငံ​သို့ ​အ​လုပ် ​သွား​လုပ်​ကြ​သော​ကြောင့် ​ရွာ​မှာ ​ကျန်​ရှိ​နေ​သော ​သက်​ကြီး​ရွယ်​အို​များ ​အ​လုပ်​လက်​မဲ့​များ ​ဖြစ်​ကြ​ပြီး ​၎င်း​တို့ ​စား​ဝတ်​နေ​ရေး​အ​တွက် ​ထိုင်း​မှ ​ပေး​ပို့​မည့် ​သား​သ​မီး​တို့​၏ ​ဝင်​ငွေ​များ​ကို ​တ​ခေါ်​ခေါ်​နှင့် ​အိမ်​မှာ​မျှော်​နေ​ကြ​ရ​ရှာ​တယ်။
(​ခ) ​စီး​ပွား​ရေး​အ​ပေါ် ​ရိုက်​ခတ်​မှု
သိမ်း​ဆည်း​ခံ​ရ​သော ​ခြံ​ပိုင်​ရှင်​များ​သည် ​သာ​မန်​လူ​တန်း​စာ​အ​ဆင့်​သာ​ဖြစ်​တယ်။ ​ချမ်း​သာ​ကွှယ်​ဝ​မှု ​မ​ရှိ​ပါ။ ​ယ​ခင်​ဈေး​နှုန်း​နှင့် ​မြေ​ကွက်​ဝယ်​ယူ​ကာ ​ရော်​ဘာ​စိုက်​ပျိုး ​လုပ်​ကိုင်​ခဲ့​ကြ​ပြီး ​တ​ချို့​သော ​ခြံ​တွေ​ဟာ ​ခြံ​လုပ်​သား​ငှား​ခ​နှင့် ​ဓါတ်​မြေ​သြ​ဇာ ​ကျွေး​ဖို့​အ​တွက် ​အ​တိုး​နဲ့​ငွေ​ချေး​ယူ​ပြီး ​လုပ်​ကိုင်​တာ​လည်း​ရှိ​ခဲ့​တယ်။ ​ရော်​ဘာ​ထွက်​ချိန်​ရောက်​တော့ ​စစ်​တပ်​ကို ​အ​ခွန်​ပေး​ရ​သည့်​အ​တွက် ​အ​ရင်​လည်း​မ​ရ ​ချေး​ငွေ​ကိ​စ္စ​လည်း ​ပြ​ဿ​နာ​တက် ​သည်​လို ​အ​ခက်​အ​ခဲ ​ကြုံ​နေ​ရ​တဲ့​ကြား​က ​ခြံ​ပါ​သိမ်း​ဆည်း​ခံ​ရ​ပြန်​တော့ ​ဘာ​မှ​မ​ကျန်း​တော့​တဲ့​ဘ​ဝ​မှာ ​အ​ကွှေး​ဆပ်​ဖို့​အ​တွက် ​ရုန်း​ကန်​ရ​ပြန်​ပါ​တယ်။
(​ဂ) ​အ​မြှောက်​တပ် ​တစ်​တပ်​၏ ​နှစ်​စဉ်​ဝင်​ငွေ
၂၀၀၇-၈ ​ခု​နှစ်​မှ​စ​ပြီး ​စစ်​တပ်​မှ ​အ​ခွန်​စ​တင်​ကောက်​ခံ​ခဲ့​ရာ ​တစ်​လ​လျင် ​ရော်​ဘာ​တစ်​ပင်​ကို ၂၅၀ ​ကျပ်​နှုန်း​နှင့် ​တစ်​နှစ်​မှာ (၂) ​ခါ​သွင်း​ရ​ပါ​တယ်။ ​ထို​နှစ်​မှ​စ​ပြီး ၂၀၁၂-၁၃ ​အ​ပြီး​အ​ပိုင် ​သိမ်း​ဆည်း​တဲ့​နှစ် ​ရောက်​တော့ ​တစ်​လ​လျင် ​တစ်​ပင်​ကို ၄၀၀ ​ကျပ်​နှုန်း​နှင့် ​ပေး​သွင်း​ရ​ပြန်​တယ်။ ​၎င်း​တပ်​၏ ​ဝန်း​ကျင်​တွင် ​ခြံ​မြေ​ဧ​ရိ​ယာ (၄၈၀) ​ဧ​က ​ရှိ​ပြီး ​ခြံ​ပိုင်​ရှင်​က (၆၅) ​ဦး​ရှိ​တယ်။ ​တစ်​နှစ်​စာ​အ​တွက် ​အ​ကြမ်း​အား​ဖြင့် ​တွက်​လျင် ​တစ်​ဧ​က​တွင် ​အ​နည်း​ဆုံး ​အ​ပင် (၂၅၀) ၊ ​တစ်​ပင်​ကို ၄၀၀ ​ကျပ်​နှုန်း၊ ​ဧ​က​ပေါင်း​က ၄၈၀ ​ဆို​တော့ (၂၅၀×၄၀၀×၄၈၀=၄၈ ၀၀၀ ၀၀​ဝိ) ​တ​နှစ်​မှာ ​အ​နည်း​ဆုံ ​တပ်​တွင်း ​ဝင်​ငွေ​က ​ကျပ်​ငွေ ၄၈ ​သန်း​ခန့်​ရှိ​ပါ​သည်။(​တစ်​ဧ​က ​အ​ပင် ​အ​နည်း​ဆုံး​နှုန်း​ဖြင့် ​တွက်​ချက်​ထား)။
(​ဃ) ​ရော်​ဘာ​ခြံ​၏​တန်​ဖိုး
ခြံ​မြေ​များ​ကို ​စစ်​တပ်​က ​သိမ်း​ဆည်း​ချိန်​တွင် ​တပ်​ဝန်း​ကျင်​ခြံ ​တစ်​ဧ​က​မှာ ​အ​ပင် ၂၅၀ ​မှ ၃၀၀ ​အ​ထိ ​ရှိ​ပြီး ​ကာ​လ​တန်​ဖိုး​မှာ ​သိန်း (၂၀၀) ​ဝန်း​ကျင်​ခန့်​ရှိ​ပါ​တယ် ​များ​သော​အား​ဖြင့် ​အ​ပင်​သက်​တမ်း ၁၀ ​နှစ် ​အ​ထက်​ရှိ​ပြီး ​အား​လုံး ​အ​စေး​လှီး​ခြစ်​ရ​သော ​အ​ပင်၊ ​ခြံ​အ​ရွယ်​အ​စား​က ​အ​ပင် ၇၀၀ ​ရှိ​သော​ခြံ၊ ၁၀၀၀ ​ရှိ​သော​ခြံ၊ ၂၀၀၀ ​ရှိ​သော​ခြံ ​စ​သည်​ဖြင့် ​အ​ရွယ်​အ​စား ​မ​တူ​ညီ​ကြ​ပါ။ ​များ​သော​အား​ဖြင့် ​ငယ်​သော​ခြံ​က ​များ​ပါ​တယ်။ ​မည်​သို့​ဆို​စေ​ကာ​မူ ​ခြံ​မြေ​တစ်​ဧ​က​ကို ​သိန်း ၂၀၀ ​နှုန်း​နှင့်​တွက်​လျင် (​ဧ​က ၄၈၀ ​ကို ​ကျပ် ​သိန်း ၂၀၀ ​နှင့်​မြှောက်​လျင် ​ကျပ် ​သန်း​ကိုး​ရာ​ခြောက်​ဆယ် (၉,၆၀၀,၀၀၀,၀၀၀) ​တန်​ဖိုး ​ရှိ​ပါ​တယ်။
စစ်​တပ်​က ​လယ်​ယာ​မြေ​ဆက်​လက်​သိမ်း​ဆည်း​ထား
သိမ်း​ဆည်း​ခံ​ရ​သော ​ခြံ​ပိုင်​ရှင်​များ​သည် ​၎င်း​တို့​၏​မြေ ​ပြန်​လည်​ရ​နိုင်​ခြေ ​မ​ရှိ​သော​ကြောင့် ​အ​လုပ်​လက်​မဲ့​ဖြစ်​ကာ ​ထိုင်း​နိုင်​ငံ​မှာ ​အ​လုပ်​သွား​လုပ်​ကြ​သ​လို ​စိတ်​ဆင်း​ရဲ​ဒဏ်း​ကြောင့် ​သူ​ရူး​ပ​မာ​ကဲ့​သို့ ​ဘ​ဝ​ပျက်​သွာ​သော ​နိုင်​ထွန်း​သီ ​ရဲ့ ​အ​ဖြစ်​ဟာ​လည်း ​ရင်​နာ​စွာ ​တွေ့​မြင်​ရ​ပါ​တယ်။
၂၀၁၄ ​ပြည်​ထောင်​စု​နေ့ ​ည​စာ ​စား​ပွဲ​တွင် ​ကာ/​ချုပ် ​ဗိုလ်​ချုပ်​မှုး​ကြီး ​မင်း​အောင်​လှိုင်​က “​တပ်​မ​တော်​သိမ်း​ဆည်း​ထား​တဲ့​မြေ​တွေ​မှာ ​မ​လို​အပ်​တဲ့​နေ​ရာ​တွေ​ကို ​ပိုင်​ရှင်​ထံ ​ပြန်​လည်​လွှဲ​ပြောင်း​ပေး​မည်”​ဟု ​ပြော​ခဲ့​ပါ​တယ်။(​မှီ​ငြမ်း-​ငြိမ်း​ချမ်း​ရေး​နှင့် ​မြေ​ယာ​ပြ​ဿ​နာ​များ-၂၀၁၅/​ဇန်​န​ဝါ​ရီ ၂၈)။
မွန်​ပြည်​သူ​လူ​ထု​ထံ​မှ ​စစ်​တပ် ​သိမ်း​ဆည်း​လိုက်​သော ​မြေ​ယာ​ကိ​စ္စ​ကို ​မွန်​အ​မတ်​များ​၏ ​တွန်း​အား​ဖြင့် ​တိုင်​ကြား​စာ ​ဆက်​တိုက်​တက်​နေ​သော​ကြောင့် ​သိမ်း​ဆည်း​ထား​တဲ့​မြေ​များ ​တ​ရား​ဝင်​ဖြစ်​အောင် ​စစ်​တပ်​မှ ​ကြိုး​စား​လာ​ပြန်​တယ်။ ​ထို့​ကြောင့် ​ထို​မြေ​များ​သည် ​တပ်​တည်​ဆောက်​ရန်​အ​တွက် ​လူ​ထု​မှ ​လှူ​ဒါန်း​သော​မြေ​အ​ဖြစ် ​လုပ်​ဆောင်​ရန် ​ခြံ​ပိုင်​ရှင်​များ​ကို ​ခေါ်​ပြီး ​အ​တင်း​လက်​မှတ် ​ထိုး​ခိုင်​ခဲ့​ပါ​တယ်။
“​ကျေး​ရွာ​အုပ်​ချုပ်​ရေး​မှ ​ကျ​မ​တို့​ကို​လာ​ပြော​တော့ ​ကိုယ့်​ခြံ ​ကိုယ်​ပြန်​ရ​မယ်​လို့ ​ထင်​ထား​တာ။ ​ကျ​မ​တို့ ​တင်​ပြ​ထား​လည်း ​မ​နည်း​တော့​ဘူး​လေး။ ​ဒါ​ပေ​မဲ့ ​တပ်​ကို​ရောက်​တော့ ​ကိုယ့်​ခြံ ​သူ​တို့​ကို​ပေး​ဖို့ ​လက်​မှတ် ​အ​တင်း​ထိုး​ခိုင်​တော့​တာ​ဘဲ။ ​ကျ​မ ​မ​ထိုး​တော့ ​သူ​တို့ ​ကျ​မ​ကို ​တပ်​ထဲ​မှာ ၃/၄ ​နာ​ရီ​လောက် ​ထိန်း​ထား​တယ်” ​ဟု ​အ​မှတ် (၃၁၅) ​အ​မြောက်​တပ်​ရင်း ​သိမ်း​ဆည်း​လိုက်​သော ​ခြံ​ပိုင်​ရှင် ​မိ​ကြူ ​က ​ပြော​ပြ​ပါ​တယ်။
မွန်​အ​မတ်​များ​မှ ​အ​ဆင့်​ဆင့် ​တင်​ပြ​မှု​ကြောင့် ​တ​ရား​ဝင်​မြေ​ဖြစ်​အောင် ​လွန်​ခဲ့​တဲ့​နှစ်​က ​ခြံ​ပိုင်​ရှင်​များ​ကို ​လက်​မှတ် ​အ​တင်း​ထိုး​ခိုင်​ခဲ့​ပါ​တယ်။ “​သည်​နှစ် ​တစ်​နှစ်​ထဲ​မှာ​ပင် ​ကျ​နော်​တို့ ​တိုင်​ကြား​စာ​တင်​တာ (၄) ​ကြိမ်​ရှိ​ပါ​ပြီး။ ​ဘာ​မှ​လည်း ​မ​ထူး​ဘူး။ ​ခြံ​ပိုင်​ရှင်​တွေ​က​လည်း ​အ​ခြေ​အ​နေ ​သိ​ချင်​လို့ ​ခ​ဏ ​ခ​ဏ ​လာ​မေး​တယ် ​ကျ​နော်​လည်း ​ရှင်း​ပြ​မ​နိုင်​တော့​ဘူး” ​ဟု ​ဝယ်​က​လီ​ရွာ​မှ ​သိမ်း​ဆည်း​ခံ ​ခြံ​မြေ​များ​ကိ​စ္စ ​ဆောင်​ရွက်​ပေး​နေ​သော ​နိုင်​ဂု ​က​ပြော​ပါ​တယ်။
၂၀၀၃ ​ခု​နှစ်​မှ ၂၀၁၂ ​ခု​နှစ်​အ​ထိ ​အ​မှတ် (၃၁၅) ​အ​မြှောက်​တပ်​ရင်း​နှင့် ​သံ​ဖြူ​ဇ​ရပ်​မြို့​နယ် ​ဝယ်​က​လီ​ရှိ ​တန်း​မြင့် ​လေ့​ကျင့်​ရေး​တပ်​တို့ ​သိမ်း​ဆည်း​ထား​သော ​မြေ​ဧ​ရိ​ယာ​သည် ​ဧ​က (၂၀၀၀) ​ခန့်​ရှိ​နိုင်​တယ်​လို့ HURFOM ​အ​စီ​ရင်​ခံ​စာ​မှာ ​ဖေါ်​ပြ​ထား​ပါ​တယ်။
မွန်​ပြည်​နယ်​လွှတ်​တော်​ကိုယ်​စာ​လှယ် ​နိုင် ​အောင်​နိုင်​ဦး​က “​လွှတ်​တော်​ဥ​က္က​ဌ ​သူ​ရ​ဦး​ရွှေ​မန်း ​မော်​လ​မြိုင်​မြို့​ကို​ရောက်​တုန်း​က ​သူ​ပြော​သွား​တာ​က ​သံ​ဖြူ​ဇ​ရပ်​နယ်​မှာ ​အ​မှတ် (၃၁) ​တပ်​ရင်း​မှ​လွဲ​၍ ​မည်​သည့်​တပ်​မှ ​ပြည်​သူ​လူ​ထု​၏ ​မြေ​ယာ​များ​ကို ​သိမ်း​ဆည်း​ထား​တာ​မ​ရှိ​ဘူး၊ ​ရှိ​ရင် ​တင်​ပြ​ပါ ​ဟု​ပြော​တဲ့​စ​ကား​က ​လူ​သူ​ကြား​မှာ ​ဗြောင်​လိမ်​တဲ့​စ​ကား​ဘဲ၊ ​လ​က္ခံ​နိုင်​စ​ရာ ​အ​ကြောင်း​မ​ရှိ​ပါ၊ ​ဒါ​ကြောင့် ​ကျ​နော်​တို့​က ​အ​ခြား​လွှတ်​တော်​ကိုယ်​စာ​လှယ်​တွေ​နဲ့ ​ပူး​ပေါင်း​ကာ ​တစ်​လျှောက်​လုံး ​တင်​ပြ​လာ​ခဲ့​ကြ​တယ်၊ ​ဒါ​ပေ​မဲ့ ​စစ်​တပ်​ဖက်​မှ ​ဘာ​မှ​အ​ရေး​မ​လုပ်​ဘူး” ​လို့ ​ပြော​ပါ​တယ်။
သံ​ဖြူ​ဇ​ရပ်​မြို့​နယ်​မှာ​ရှိ​တဲ့ ​အ​မှတ် (၃၁၅) ​အ​မြှောက်​တပ်​ရင်း ​သိမ်း​ဆည်း​ထား​တဲ့ ​ခြံ​မြေ​များ​ကို ​ယ​ခု​အ​ခါ ​အ​မြောက်​တပ်​က ​အ​ခြား​သူ​တွေ​ကို ​တ​ဆင့်​ပြန်​လည်​ရောင်း​ချ​လိုက်​ပြီး ​အ​ပင်​သစ်​တွေ​နဲ့ ​အ​စား​ထိုး ​စိုက်​ပျိုး​ထား​တာ ​တွေ့​ရ​ပါ​တယ်။ “​ကျ​နော်​တို့ ​အ​သိမ်း​ဆည်း​ခံ ​ခြံ​မြေ ​အ​ကုန်​လုံး​မှာ ​ယ​ခု​ဆို​ရင် ​ခြံ​ပိုင်​ရှင် ​အ​သစ်​တွေ​ဖြစ်​ပြီး ​အ​ပင်​တွေ​က​လည်း ​အ​ပင်​သစ်​တွေ​ဘဲ​ဖြစ်​နေ​ပါ​တယ်။ ​ကိုယ့်​ခြံ​ကို ​ကိုယ်​ပြန်​မြင်​တော့ ​ရင်​နာ​စ​ရာ​ဖြစ်​ခဲ့​ရ​တယ်” ​ဟု ​ခြံ​မြေ​သိမ်း​ဆည်း​ခံ​ရ​သူ ​ပ​င​ရွာ​မှ ​နိုင်​သန်း​ထိုက်​က ​ဆို​ပါ​တယ်။
သိမ်း​ဆည်း​ခံ ​လယ်​ယာ​မြေ​များ​နှင့် ​ပတ်​သက်​ပြီး ​စုံး​စမ်း​စစ်​ဆေး​ရေး​ကော်​မ​ရှင်​က ​အ​ကောင်​အ​ထည် ​ဖေါ်​ရာ​မှာ ​နှေး​ကွေး​နေ​သော​ကြောင့် ​လွန်​ခဲ့​တဲ့​နှစ်​တုန်း​က ​မြို့​နယ်​လယ်​ယာ ​မြေ​စီ​မံ​ခန့်​ခွဲ​မှု​အ​ဖွဲ့ ​သို့ ​ပြန်​လည်​လွှဲ​အပ်​ကာ ​မိ​မိ​တို့​မြို့​နယ်​အ​လိုက် ​ဆက်​လက်​ဆောင်​ရွက်​သွား​ရန် ​တာ​ဝန်​ပေး​အပ်​ခဲ့​ပါ​တယ်။
သို့​သော် ​မြို့​နယ်​လယ်​ယာ ​မြေ​စီ​မံ​ခန့်​ခွဲ​မှု​အ​ဖွဲ့​သည်​လည်း ​တ​ရား​မျှ​တ​မှု​မ​ရှိ​ပေ။ ​သိမ်း​ဆည်း​မြေ​ယာ​ကိ​စ္စ​ကို ​ဖြေ​ရှင်း​သည့်​အ​ခါ ​သက်​ဆိုင်​ရာ​ဒေ​သ​မှ ​လွှတ်​တော်​ကိုယ်​စား​လှယ်​တွေ​နှင့် ​ပူး​ပေါင်း​လုပ်​ဆောင်​ရန် ​နို​ငံ​တော် ​သ​မ္မ​တ​မှ ​ညွှန်​ကြား​ထား​သော်​လည်း ​လက်​တွေ့​အ​ကောင်​အ​ထည် ​ဖေါ်​သည့်​အ​ခါ ​သက်​ဆိုင်​ရာ​ဒေ​သ​မှ ​လွှတ်​တော်​ကိုယ်​စား​လှယ်​မ​ပါ​ဘဲ ​ဖြေ​ရှင်​သည်​အ​တွက်​ကြောင့် ​ခြံ​ပိုင်​ရှင်​ဟောင်း​နှင့် ​ပိုင်​ရှင်​သစ်​တို့​ကြား ​ပြ​ဿ​နာ ​တက်​ခဲ့​ကြ​ပါ​တယ်။
၎င်း​လုပ်​ရပ်​သည် ​တ​ရား​မျှ​တ​မှု​မ​ရှိ​တဲ့​အ​တွက် ​မွန်​အ​မတ်​များ​က ​မ​ကျေ​နပ်​ကြ​ပေ။ ​ခြံ​ပိုင်​ရှင်​ဟောင်း​များ​သည် ​၎င်း​တို့​၏​ခြံ​မြေ​နှင့်​ပတ်​သက်​ပြီး ​အ​သိ​မှတ်​ပြု​ခံ​ရ​မှု ​လုံး​ဝ​မ​ရှိ​တာ​မို့ ​လက်​ရှိ ​အ​စိုး​ရ ​လက်​ထက်​မှာ ​မြေ​ယာ​သိမ်း​ဆည်း​မှု​ပြ​ဿ​နာ ​ညိမ်​သက်​နေ​သ​လို ​ထင်​ရ​ပေ​မယ့် ​နောင်​တက်​လာ​မယ့် ​အ​စိုး​ရ​သစ်​လက်​ထက်​ရောက်​ရင် ​ခြံ​မြေ​သိမ်း​ဆည်း​ခံ​ရ​သော ​လူ​ထု​နှင့် ​အ​စိုး​ရ​သစ်​တို့ ​သည် ​ထို​ပြ​ဿ​နာ​ကို ​ဆက်​လက်​ဖြေ​ရှင်း​ရ​ဦး​မှာ ​မြေ​ကြီး​လက်​ခတ်​မ​လွဲ​ပေ။
ရေး​သား​သူ: ​ဆောင်း​ပါ > ​ဝ​ဏ္ဏ​မာန်
လွတ်​လပ်​သော​မွန်​သ​တင်း​အေ​ဂျင်​စီ
http://burmese.monnews.org
“ဒါ အဘအိမ်က ကားကွ''၊ ''ငါ ဒုဗိုလ်မှူးကြီး ဘယ်သူပါကွ''၊ ''ငါ့ကို ဘယ်ဌာနက ထင်လို့လဲ''၊ ''ကိုယ့်အဖေက . . . ပါကွာ''
စည်းကမ်းချိုးဖောက်လာသောယာဉ်များကို ဒဏ်ငွေကျပ်သုံးသောင်းထိ ပြစ်ဒဏ်ချမှတ်မည်ဆိုသည့်သတင်း ပေါ်ထွက်လာသောအခါ ဘတ်စ်ကားလိုင်း ယာဉ်မောင်းများက ဆန္ဒပြသပိတ်မှောက်ကြသည်။ ထိုအခါ နေ့စဉ် ဘတ်စ်ကားကို အားကိုးအားထားပြုနေကြရသည့် ပြည်သူလူထုများ၊ ကျောင်းသားများနှင့် ထိပ်တိုက်တိုးမိပါ တော့၏။ သူတို့ကို ဘယ်သူကမှမထောက်ခံကြသည့်ပြင် ယာဉ်မထွက်လျှင် လိုင်းပိတ်ပစ်ပြီး အသစ်လျှောက် ထားသူများကို လိုင်းဝင်ပြေးဆွဲခွင့်ပြုလိုက်မည်ဟူသော သတင်းသဲ့သဲ့ထွက်ပေါ်လာအခါ ဘတ်စ်ကားယာဉ် မောင်းများ အားမတန်မာန် လျှော့ခဲ့ကြရပါသည်။ ၎င်းတို့ဘက်က တင်ပြလာသည်မှာ ''တနေ့လုပ်ခ သုံးသောင်း မရရှိဘဲနှင့် ဒဏ်ကြေးသုံးသောင်းတော့ မဆောင်နိုင်ပါ''ဟူ၍ ဖြစ်ပါသည်။ ယာဉ်ထိန်းများဘက်ကလည်း ''ဒဏ်ကြေးသုံးသောင်းဆိုသည်မှာ အများဆုံးချမှတ်နိုင်သော ဒဏ်ကြေးပမာဏကိုဆိုလိုခြင်း ဖြစ်ပါသည်။ အနည်းဆုံးဒဏ်ကြေးမှာ ကျပ်တသောင်းငါးထောင် ဖြစ်ပါတယ်။ ဒဏ်ကြေးမဆောင်လိုပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတိုင်း လိုက်နာမောင်းနှင်ပါလျှင် မည်သည့်ပြစ်မှုမှမဖြစ်ဘဲ ဒဏ်ကြေးလည်း ဆောင်စရာ မလိုပါ'' ဟု ပြန်လည်တုံ့ပြန်ပါသည်။
ထိုအခါ ဘတ်စ်ကားယာဉ်မောင်းများဘက်က ''ယာဉ်ထိန်းရဲများ သည် တနေ့တာ ပြစ်မှုခွဲတမ်း မပြည့်သေးပါက (သို့မဟုတ်)ရန်ပုံငွေလိုအပ်ပါက ဘတ်စ်ကားများကို အပြစ်ရှာ၍ (သို့မဟုတ်) ထောင်ချောက်ဆင်၍ ဖမ်းဆီးကာ ငွေကြေးတောင်းခံခြင်း၊ တောင်းမရလျှင် အမှုဖွင့်ခြင်းများပြုလုပ်နေသောကြောင့် တားဆီးထိန်းသိမ်းပေးပါရန်'' ထပ်မံတင်ပြလာပါ သည်။ မထသ (ဗဟို)အဖွဲ့၏ ဥက္ကဋ္ဌကလည်း ''တနိုင်ငံလုံးတွင် 'င'ယာဉ် မောင်းလိုင်စင်ရရှိ ထားသူဦးရေမှာ (ကညနစာရင်းမှတ်တမ်းများအရ) တသိန်းကျော်ရှိပါကြောင်း၊ သို့သော် ယာဉ်စီးရေ ၇၀၀၀ ကျော်သာရှိသည့် မထသယာဉ်လိုင်းများတွင် မောင်းမည့်သူ မလုံလောက်ပါကြောင်း၊ ယာဉ်မောင်းအတော်များ များမှာ ဘတ်စ်ကားမမောင်းတော့ဘဲ အခြားကားများ သွားမောင်းကြမည်ဟု ပြောနေကြကြောင်း''ပြောပြဖူး ပါသည်။
ယာဉ်ထိန်းရဲများဘက်ကသာ တမင်ညစ်ပြီး ဖမ်းတာမျိုးမဟုတ်လျှင် ဘတ်စ်ကားယာဉ်မောင်းများဘက်က ထိန်းထိန်းသိမ်းသိမ်းမောင်းမည်ဆိုပါ က ဘာပြစ်မှုမှမမြောက်ဘဲ ဘာဒဏ်ကြေးမှလည်းပေးစရာမလိုပါ။ ဘတ်စ် ကားယာဉ်မောင်းများဆိုတာကလည်း ရန်ကုန်မြို့မှာ စည်းကမ်းအဖောက်ဆုံးယာဉ်မောင်းများ ဖြစ်နေကြပါ သည်။ သည်လောက် စည်းကမ်းဖောက်နေပါလျက်နှင့် ဘတ်စ်ကားယာဉ်မောင်းတော်တော်များများကို အရေး မယူဘဲ လွှတ်ပေးထားမှန်းသိလာတော့ အငှားယာဉ်မောင်းများ၊ တဖြည်းဖြည်းနှင့် ကိုယ်ပိုင်ယာဉ်မောင်း သူများသည်ပင် စည်းကမ်းဖောက်ဖျက်ဖို့ ၀န်မလေးကြတော့ပါ။
စည်းကမ်းဖောက်ဖျက်သောယာဉ်များကို ဓာတ်ပုံရိုက်ပြီး Viber (ဗိုက်ဗာ) ဖြင့် တိုင်ကြားလျှင် အရေးယူပါ ကြောင်း ယာဉ်ထိန်းဌာနက သတင်းတင်လာခဲ့ပါသည်။ ဗိုက်ဗာဖြင့်တင်မှ အရေးယူတာလည်းယူပါ။ လက်တွေ့လည်း ကြပ်ကြပ်မတ်မတ်လိုက်ဖမ်းစေလိုပါသည်။ ယာဉ်ထိန်းရဲအင်အားနည်းတာ၊ လူမလုံလောက် တာ ပြောမနေပါနှင့်။ လိုက်ရှာပြီး ဖမ်းရတာမျိုးမဟုတ်ဘဲ သေချာပေါက်စောင့်ဖမ်းနိုင်သည့်နေရာ အများကြီး ရှိပါသည်။
ဥပမာ တခုတင်ပြပါရစေ။ ကျွန်တော် မကြာခဏတွေ့နေရသည့် နေရာဖြစ်ပါသည်။ ညနေ ၄ နာရီခွဲခန့်တွင် ဆူးလေဘုရားလမ်းအတိုင်း မောင်းလာခဲ့ပြီး အောင်ဆန်းကွင်း၊ အနောက်ဘက်မှပတ်၍ ဖဆပလကိုကျော်ပြီး ကမ္ဘာအေးစေတီလမ်းပေါ်တက်လာခဲ့ပါ။ တိရစ္ဆာန်ရုံဘေးရောက်သည်နှင့် (ရုံးဖွင့်ရက်ဆိုပါလျှင်) ဦးထောင်ဘို အ၀ိုင်းထိ တသီတတန်းကြီးပိတ်နေသော ယာဉ်တန်းကြီးများကိုတွေ့ရပါလိမ့်မည်။ ဦးထောင်ဘိုအ၀ိုင်းမှ မြို့ထဲဘက်သို့ပြန်မည့် ယာဉ်ကြောမှာမူ ရှင်းလင်းလျက်ရှိနေပါသည်။ ထိုယာဉ်ကြောမှာလည်း အလံပြဘုရား လမ်း မက်စ်မြန်မာရုံးချုပ်မရောက်မီ ဗြိတိသျှသံအမတ်ကြီး နေအိမ်နားရောက်လျှင်ပင် တောင့်ခံနေသော ယာဉ် အုပ်ကြီးအဖြစ် (ဒဂုံ အထက(၁) ကျောင်းတက်/ဆင်းချိန်တိုင်း) တွေ့နိုင်ပါသည်။
ဦးထောင်ဘိုအ၀ိုင်းဘက်သွားမည့် ယာဉ်ကြောမှာ သုံးကြောရှိရာ ကားတွေ ဟိုကသည်က ခေါင်းဝင်တိုးကြလျှင် တခါတရံ လေးစီးတန်း ဖြစ်သွားတတ်ပါသေးသည်။ သူများတကာကဲ့သို့ တန်းစီစောင့်ဆိုင်းလိုခြင်း မရှိသော ယာဉ်မောင်းများကမူ လမ်းလယ်ကောင်မှ လမ်းပြောင်းပြန်မောင်း၍ ဦးထောင်ဘိုအ၀ိုင်းနှင့်နီးရာသို့သွားပြီး လမ်း လယ်တုံးများချထားသည့် နေရာနားရောက်မှ ယာဉ်တန်းထဲအတင်း ခေါင်းထိုးဝင်တတ်ကြပါသည်။ စိတ်ရှည် လက်ရှည်နှင့် အများနည်းတူတန်းစီ၍ သည်းခံစောင့်ဆိုင်းနေကြသော ယာဉ်မောင်းများမှာ ယခုလို လူလည်ကျ သောယာဉ်များကို မနှစ်မြို့ မသဒ္ဓါကြသော်လည်း အချို့က သဘောကောင်း၍၊ အချို့ကကြောက် တတ်၍ ကိုယ့်ကားရှေ့မှ အ၀င်ခံလိုက်တတ်ကြပါသည်။
ယင်းသို့ လမ်းပြောင်းပြန်မောင်းလာသောယာဉ်များအနက် ဘတ်စ်ကားများပါရှိသလို ဆူးလေ-အောင်မင်္ဂလာ တယောက် ၁၀၀၀ ဖြင့် ဆွဲပေးနေသော ဟွန်ဒိုင်းစတားရက်စ် မှန်လုံယာဉ်လေးများလည်း အများစု တွေ့ရတတ် ပါသည်။ အငှားယာဉ်များလည်း ဘယ်နေလိမ့်မလဲ၊ သူ့ထက် ငါဦးအောင် ပြောင်းပြန်မောင်းသွားတတ်ကြ ပါသည်။ ကိုယ်ပိုင်ယာဉ်များကိုလည်း တစီးစ၊ နှစ်စီးစမကတော့ဘဲ အစီးရေမြောက်မြားစွာ (လင်န်ကရူဇာ၊ လက်ဆပ်စ်၊ ဆပ်ဖ်၊ ကီယာ အစရှိသည့်) ကားကြီးကားကောင်းများပါ အပါအ၀င်ဖြစ်လာသည်ကို တွေ့မြင်ရပါ သည်။
တကယ်တော့ လမ်းပြောင်းပြန်မောင်းနှင်ခြင်းသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိုသာ ချိုးဖောက်သည့် အပြစ်မကတော့ပါချေ။ သူများတကာလို အေးအတူပူအမျှ ဒုက္ခခံပြီး စိတ်ရှည်သည်းခံကာ တန်းစီစောင့်ဆိုင်း နေကြသည့် ယာဉ်မောင်းများကို လုံးဝလူမထင်သည့် အပေါက်ချိုးလိုက်ခြင်းဖြစ်သလို အများတကာကိုလည်း ''တန်းစီနေရင် အလကားပါပဲကွာ၊ ပြောင်းပြန်မောင်းသွားမှ ရှေ့ရောက်ပြီး အချိန်ကုန်သက်သာမှာ။ ငါတို့တန်းစီနေလည်းအလကားပဲ။ ပြောင်းပြန်မောင်းတဲ့လူတွေ ဘာမှမဖြစ်တာ၊ ငါလည်းသူတို့လိုပဲ လုပ်တော့ မယ်''ဟု(ကောင်းမွန်သည့် စိတ်ဓာတ်ကိုပျက်ပြားစေပြီး) တကိုယ်ကောင်းစိတ်ဓာတ်ပေါက်ဖွားလာစေရန် လှုံ့ဆော်ပေးသည့် အပြစ်လည်းရှိပါသည်။ သည်လို စိတ်မိုက်စိတ်ညံ့မျိုး တွေဝင်လာသဖြင့် မူလက ဘတ်စ်ကား တွေသာ လမ်းပြောင်းပြန်မောင်းခဲ့ကြရာမှ ယခုအခါတွင်မတော့ အငှားယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များပါ (ပြောပါရ စေတော့၊ တခါကဆိုလျှင် သာသနာရေး ယာဉ်နံပါတ်တပ် ကားကြီးကားကောင်းကြီးတစီးပါ တွေ့လိုက်ပါသေး သည်) လမ်းပြောင်း ပြန်မောင်းခြင်းကို ထမင်းစားရေသောက်သလို လွယ်လွယ်ပေါ့ပေါ့သဘောထားပြီး လိုက်အတုယူနေကြပြီ ဖြစ်ပါသည်။
ယခင်တုန်းက လမ်းပြောင်းပြန်မောင်းသည့်ကားသည် ကိုယ်နှင့်မျက်နှာချင်းဆိုင်မှ လမ်းမှန်ယာဉ်ကြောအတိုင်း မောင်းလာသည့်ကားနှင့် ထိပ်တိုက်တွေ့လျှင် ကိုယ်ကပင် ညာဘက်ခေါင်းထိုးပေး၊ ကပ်ပေး၊ လက်ပြ တောင်းပန်ပေးတတ်ကြသော်လည်း ယခုတော့မူ ပြောင်းပြန်မောင်းလာသူကပင် မျက်နှာချင်းဆိုင်ယာဉ်ကို ခေါင်းတည်ပေးခြင်း၊ ''ဟေ့ကောင် လာမရှုပ်နှင့်၊ ဖယ်ပေးစမ်း'' ဟူသော သဘောမျိုးဖြင့် မီး'တောက်' ပြခြင်း များပင် လုပ်လာတတ်ကြသည်ထိ အတင့်ရဲလာကြပါ၏။
သည်လို အဖြစ်မျိုးတွေ ပပျောက်စေလိုပါလျှင် လမ်းပြောင်းပြန် မောင်းသူများကို ထိထိရောက်ရောက်၊ ပြင်းပြင်း ထန်ထန် အပြစ်ပေးမှ ဖြစ်ပါတော့မည်။ အထက်က ကျွန်တော်တင်ပြခဲ့သည့် ကမ္ဘာအေးစေတီလမ်းနေရာတွင် ရုံးဖွင့်ရက်တညနေ သွားရောက်စောင့်ကြည့် ဖမ်းဆီးလိုက်လျှင်ပင် စီးရေများပြားလှစွာ ဖမ်းဆီးရမိနိုင်ပါသည်။ ဖမ်းဆီးရမိလာလျှင် ယာဉ်မောင်းကို ဒဏ်ငွေကျပ်သုံးသောင်း ချမှတ်ရမည့်အပြင် မော်တော်ယာဉ်များကိုပါ အနည်းဆုံးခုနစ်ရက်မျှ ယာဉ်ရပ်နားစခန်းတခုတွင် ထိန်းသိမ်း၍ သံကြိုးချည်သော့ခတ် (ထူးခတ်)ထားကာ ရှစ်ရက်မြောက်မှ ပြန်ထုတ်ပေးသည့် ပြစ်ဒဏ်မျိုးချမှတ်သင့်ပါ၏။ ယာဉ်ကိုထိန်းသိမ်းထားရသည့်ရက်များ အတွက် ကျသင့်ငွေကိုလည်း ယာဉ်မောင်း(ယာဉ်မောင်း ထွက်ပြေးလျှင်) ယာဉ်ပိုင်ရှင်က ပေးဆောင်စေရပါ မည်။ ယာဉ်ကိုပါ ဖမ်းဆီးထိန်းသိမ်းထားရစေခြင်းမှာ အချို့ယာဉ်မောင်း (သို့မဟုတ်) ယာဉ်ပိုင်ရှင်များက ဒဏ်ကြေးသုံးသောင်းလောက်ကိုမမှုဘဲ ''ရော့၊ တသိန်းယူထားလိုက်၊ နောက်ထပ် ဒါမျိုးနှစ်ခါထပ်မောင်းလိုက်ဦး မယ်''ဟု ငွေဂုဏ်မောက်နိုင်သူများ ရှိနိုင်သောကြောင့် ဖြစ်ပါသည်။ လမ်းပြောင်းပြန်မောင်း၍ ဖမ်းမိခြင်း၊ တကြိမ်မှနှစ်ကြိမ်၊ နှစ်ကြိမ်မှ သုံးကြိမ်ဖြစ် လာလျှင်မူ ယာဉ်မောင်းကို ထောင်ဒဏ်အပြစ်ပေးခြင်း၊ မော်တော် ယာဉ်ကို အစိုးရဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းများ ပြုလုပ်သင့်ပါ၏။
''ဒါ အဘအိမ်က ကားကွ''၊ ''ငါ ဒုဗိုလ်မှူးကြီး ဘယ်သူပါကွ''၊ ''ငါ့ကို ဘယ်ဌာနက ထင်လို့လဲ''၊ ''ကိုယ့်အဖေက . . . ပါကွာ'' ဟူသော ကားမျိုးတွေကိုပါ ရဲရဲတင်းတင်း အရေးယူစေလိုပါသည်။
ပြင်ပလောကမှာကြားခဲ့ရသော သတင်းလေးတခုကိုလည်း ဖောက်သည်ချပါရစေ။ ယာဉ်တစီးသည် အခြား ယာဉ်များ (သို့မဟုတ်) လူတဦး ဦးကိုတိုက်မိလျှင်ဖြစ်စေ၊ တိမ်းမှောက်သွားလျှင်ဖြစ်စေ၊ ဥပဒေနှင့် မလွတ်ကင်း သည့် ပစ္စည်းတခုခု တင်ဆောင်လာသည်ကို ရှာဖွေတွေ့ရှိလျှင်ဖြစ်စေ ယာဉ်မောင်းသည် အဖမ်းမခံဘဲ ထွက်ပြေး တိမ်းရှောင်သွားတတ်ပါသည်။ အနည်းဆုံးသိန်း ၈၀၊ ၉၀ မှသည် သိန်းရာကျော် တန်သောကားကို ထိုသို့ပစ်စလက်ခတ်ထား၍ ထွက်ပြေးသွားခြင်းကို အံ့သြမိပါသည်။ တခါမှာတော့ ကျွန်တော်စီးလာသည့် အငှား ယာဉ်မောင်းနှင့် စကားစပ်မိ၍ ထိုသူက ပြောပြမှအောက်ပါအတိုင်း သိရှိရပါသည်။
''၀စ်သောက်ကားတစီး (ပရိုဘောက်စ်ဆိုပါစို့) သိန်း ၂၀ လောက်ပဲရှိ တယ်။ ဖောင်းကြွနံပါတ်ပြားအတု၊ ၀ှီးတက်စ်အတု နှစ်မျိုးပေါင်းမှသုံးသိန်းကနေ ငါးသိန်းလောက်ပဲ ရှိတယ်။ ယာဉ်မောင်းလိုင်စင်အတုကလည်း နှစ်သိန်းလောက်ပဲရှိတာ။ ဒီတော့ ၂၇ သိန်း၊ ၂၈ သိန်း လောက်ရင်းရင် ပရိုဘောက်စ်နံပါတ်အနက် ဒါမှမဟုတ် အနီတစီးကို ခပ်တည်တည် မောင်းနေနိုင်ပြီပေါ့ဗျာ။ ဘာပြဿနာမှ မဖြစ်ဖို့ရယ်၊ ကိုယ်နှင့် နံပါတ်တူ ကားနှင့် တနေရာတည်းမှာ သွားမဆုံမိဖို့ရယ်ဘဲလိုတယ်။ ပြဿနာဖြစ်ရင်လည်း ဒီလောက်ငွေနှင့်တော့ လူကိုအထိ မခံတော့ဘဲ ကိုယ်လွတ်ရုန်းပြေးရုံပဲပေါ့ဗျာ။''
ကျွန်တော်က ထိုသူ့ကို ''ခင်ဗျားကားကလည်း အဲဒါမျိုးပဲလား'' ဟု နောက်လိုက်ရာ ''မဟုတ်ပါဘူးဆရာရယ်၊ ရှိုးရွမ်း (Show Room) ကနေ အရစ်ကျနဲ့ဝယ်ထားတာပါ။ နောက်ခြောက်လကျမှ ငွေကျေမှာပါ''ဟု ပျာပျာသလဲ ပြန်ဖြေပါသည်။
မှန်ဘီလူး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal