10/20/15
ရွေးကောက်ပွဲ ကာလအတွက် မိမိနှစ်သက်အားပေးသည် ပါတီအမှတ်တံဆိပ် ဖော်
ဆောင်ပေးသည့် ဆော့ဝဲလ်အသုံးပြုရာတွင် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ကြောင်း
အဆိုပါ အပလီကေးရှင်း လင့်ခ်ရေးသားသူ တစ်ဦးဖြစ်သည့် ကိုသူရလှိုင်က ယင်း
၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြချက်အရ သိရသည်။
လက်ရှိအချိန်တွင် ဖေစ့်ဘုတ်သုံးစွဲသူ အများစုသည် မိမိတို့ ဖေ့စ်ဘုတ် စာမျက်နှာ
များပေါ်တွင် မိမိနှစ်သက်သည့် ပါတီများအကြောင်း ရေးသားဖော်ပြခြင်းများ ပြု
လုပ်ရုံသာမက မိမိတို့ နှစ်သက်သည့် ပါတီများအား ထောက်ခံကြောင်း ပြသသည့်
အနေဖြင့် ပရိုဖိုင်းပုံများတွင် တွဲတင်ခြင်းများ ရှိလာသည် ။
ယင်းအတွက် ဆော့ဝဲလ် ရေးသားသူများက ပရိုဖိုင်းပုံချိန်းရာတွင် အဆင်ပြေစေမည့်
နည်းလမ်းများ လုပ်ဆောင်ရန်အတွက် လူငယ် ဆော့ဝဲလ် ရေးသားသူများက ရည်
ရွယ်ရေးဆွဲခဲ့ပြီး အသုံးပြုသူ များလာသည့်အခါ အကောင့်များ ချိုးဖောက်ဝင်ရောက်
ကာ ကိုယ်ရေးအချက်အလက်များ ခိုးယူနိုင်ကြောင်း ပြောဆိုခြင်းများရှိလာခဲ့သည်။
ဖေ့စ်ဘုတ် အဖွဲ့သည် သုံးစွဲသူများ ကိုယ်ရေးအချက်အလက်ကို လုံခြုံစွာသိမ်းပေး
သည့် လူမူကွန်ရက် ဝက်ဆိုက်ဖြစ်သည့် ယခုကဲ့သို့ ပရိုဖိုင်းချိန်းပေးရုံဖြင့် ကိုယ်ရေး
အချက်အလက်များအား ချိုးဖောက်ရယူနိုင်ခြင်း မရှိကြောင်း ကွန်ပျူတာကျွမ်းကျင်
ပညာရှင်အချို့က ဆိုသည် ။
"ဒီ App ကို သုံးရင် Password ခိုးခံရမယ် ဆိုပြီး မှားယွင်းစွာ သတိပေးနေကြတာ
လည်း တွေ့ရပါတယ်။ မဖြစ်နိုင်ပါဘူး။ Facebook app တစ်ခုဖြစ်တဲ့အတွက် Face-
book ကနေ စိစစ်ထုတ်ပေးတာပဲ ရသွားမှာပါ။ Password တွေ တခြား private data
တွေ app ရေးသူတွေဆီ မရောက်သွားပါဘူး” ဟု ယင်းဖေ့စ်ဘုတ် စာမျက်နှာတွင်
ရေးသားထားသည် ။
Profile Picture တွင် ပါတီတံဆိပ်တပ်ရန် http://chaparty.kagyi.io ကို သွားပါ။
ကိုယ်နှစ်သက်ရာ ပါတီတံဆိပ်ကို နှိပ်ပါ။ ယင်းနောက် Facebook ကို ရောက်သွားပြီး
App ကို သင့်ရဲ့ အချက်အလက် အချို့ ရယူခွင့် တောင်းပါမယ်။ Okay နှိပ်ပါ။ ဆက်
လက်ပြီး Chaparty app သည် Facebook သို့ သင့်ကိုယ်စား ပုံ/စာသား တင်ရန်
ခွင့်ပြုပါ။ Chaparty က Profile Picture ကို ပြောင်း Okay နှိပ်ပါ ယင်းနောက်
Zoom in/out ဆွဲပြီး crop လုပ်နိုင်ပါသည်။ ပြီးလျှင် သင့်ယခင် Facebook profile
picture သည် သင်နှစ်သက်ရာ ပါတီတံဆိပ် ခတ်ပြီးသား ဖြစ်နေပြီး Public အားလုံး
မြင်သွားရပြီး ကျေနပ်သည့် အနေအထားအထိ ပြောင်းနိုင်ပါသည်။
ရေးသားသူတစ်ဦးဖြစ်သည့် ကိုသူရိန်လှိုင်သို့ ဆက်သွယ်မေးမြန်းရာ “ ကျွန်တော်ရေး
ထားတဲ့အပေါ် လုံခြုံကြောင်း ကျွန်တော်ပြောနိုင်ပါတယ်”ဟု ပြန်လည်ဖြေကြားသည်။
သတင်း - စိုင်းဟန်
The Ladies News Journal
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့
နိုင်ရန်နှင့် စနစ်ကို ပြောင်းလဲနိုင်ရန် အပြတ်အသတ် အနိုင်ရလိုသော်လည်း နောင်
လာမည့် ရွေးကောက်ပွဲများတွင် အမြဲတမ်းနိုင်သည့် ပါတီအဖြစ် မိမိအနေဖြင့် မမြင်
တွေ့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့တွင် အောက်တိုဘာလ ၁၈ ရက်နေ့က ကျင်းပ
ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလူထု တွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြော
လိုက်ခြင်း ဖြစ်သည်။
“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထာဝရ ဆက်ပြီးနိုင်တာကို ကျွန်မအနေနဲ့ မမြင်ချင်
ဘူး။ တိုင်းပြည်အတွက်လည်း မဖြစ်သင့်ဘူး။ ပါတီအနေနဲ့လည်း မဖြစ်သင့်ဘူး။ တစ်
ပါတီတည်း ဆက်လက် အုပ်ချုပ်နေရင် ဒီပါတီ ပျက်စီးမှာပဲ။ ဒီပါတီမှာ အာဏာရှင်
ပါလာမယ်။ ပါတီအတွက်လည်း မကောင်းသလို တိုင်းပြည်အတွက်လည်း မကောင်း
ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည် ။
မိမိတို့ပါတီကို ကြိုက်လျှင် ယခုသက်တမ်း တစ်ရပ်သာ တာဝန်ထမ်းဆောင်ရန် ရွေး
ချယ်စမ်းသပ်နိုင်ပြီး ဆက်လက်၍ ကြိုက်နှစ်သက်လျှင် နောက်သက်တမ်း တစ်ရပ်
တာဝန် ဆက်လက် ပေးနိုင်သော်လည်း NLD ပါတီအား မြန်မာနိုင်ငံ၏ ထာဝရအစိုးရ
အဖြစ် မမြင်ကြပါရန် မိမိအနေဖြင့် ပြည်သူများအား မေတ္တာရပ်ခံလိုကြောင်း ဒေါ်
အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည် ။
ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ အောင်နိုင်ရေး ခရီးစဉ်အဖြစ် ရခိုင်ပြည်နယ်မှ တစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့၊ ရေကြည်မြို့၊ ကျုံပျော်မြို့မှ ပြည်သူများနှင့် လူထုတွေ့ဆုံ ဟောပြောပွဲများ ပြုလုပ်ခဲ့ရာ ပြည်သူ ခြောက်သောင်းကျော်အထိ
လာရောက် တက်ရောက်ခဲ့ကြောင်း သိရှိရသည် ။
သတင်း - MMK
The Ladies News Journal
အမေရိကန်သမ္မတအိုဘားမားရဲ့ အနီးကပ်အကြံပေးလည်းဖြစ်၊ အမျိုးသားလုံခြုံရေး ဒုအကြံပေးအရာရှိလည်းဖြစ်တဲ့ မစ္စတာ Ben Rhodes
အမေရိကန်သမ္မတအိုဘားမားရဲ့ အနီးကပ်အကြံပေးလည်းဖြစ်၊ အမျိုးသားလုံခြုံရေး ဒုအကြံပေးအရာရှိလည်းဖြစ်တဲ့ မစ္စတာ Ben Rhodes
အမေရိကန်သမ္မတအိုဘားမားရဲ့ အနီးကပ်အကြံပေးလည်းဖြစ်၊ အမျိုးသားလုံခြုံရေး ဒုအကြံပေးအရာရှိလည်းဖြစ်တဲ့ Ben Rhodes ရဲ့ မြန်မာ နိုင်ငံခရီးစဉ်ဟာ အမေရိကန်ရဲ့ အာရှ၊ ပစိဖိတ်ဒေသဆက်ဆံရေးချိန်ခွင့်လျှာညှိရေးမူဝါဒအတွက် အရေးပါတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်ကပြောပါတယ်။ နိုဝင်ဘာလ (၈) ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေနဲ့ အမေရိကန်အစိုးရဘက်က မျှော်လင့်ထားတာတွေကို သုံးရက်ကြာ ခရီးစဉ် အတွင်းမှာ ဆွေးနွေးမှာဖြစ်တယ်လို့လည်း သမ္မတအိမ်ဖြူတော်ရဲ့ အာရှရေးရာဆိုင်ရာ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြပေးထားပါတယ်။
မစ္စတာ Rhodes ရဲ့မြန်မာနိုင်ငံခရီးစဉ်ထူးခြားချက် အရေးပါမှုကတော့ အမေရိကန်ပြည်ထောင်စုနဲ့ အာရှ၊ ပစိဖိတ် ဒေသ ဆက်ဆံရေးမှာ ချိန်ခွင်လျှာ ညှိရေးမူဝါဒကို ဆက်လက်ထားရှိဖို့ဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော် အဆင့်မြင့်အရာရှိတဦးက ဗွီအိုအေကိုပြောပါတယ်။ ဒါ့အပြင် အရေးပါတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ဒေသတခုလုံးနဲ့ ဆက်ဆံရေး တည်ဆောက်မှုမှာ အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် အမေရိကန်အစိုးရက ထည့်သွင်းစဉ်းစားကြောင်းလည်း သူကဆိုပါတယ်။
အောက်တိုဘာလ (၁၈) ရက်နေ့က မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ မစ္စတာ Rhodes ရဲ့ သုံးရက်ကြာခရီးစဉ်မှာ မြန်မာ့ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက်တွေအပါအဝင် ရွေးကောက်ပွဲနဲ့ အမေရိကန်ဘက်မျှော်လင့်ချက်တွေကို ဆွေးနွေးမှာဖြစ်တယ်လို့လည်း သမ္မတအိမ်ဖြူတော်ရဲ့ အာရှရေးရာ ဆိုင်ရာပြောခွင့်ရပုဂ္ဂိုလ် Myles Caggins (မိုင်လ်စ် ကက်ဂင်န်စ်) က ဗွီအိုအေကိုပြောပါတယ်။
“မစ္စတာ Rhodes ဟာ မြန်မာနိုင်ငံ ရန်ကုန်နဲ့နေပြည်တော်ကိုသွားပြီး အစိုးရအရာရှိကြီးတွေ၊ လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားနဲ့ ဘာသာရေး ခေါင်းဆောင်တွေကို တွေ့ဆုံမှာ ဖြစ်ပါတယ်။ ပြည်သူအားလုံးရဲ့ အခွင့်အရေးလေးစားပြီးတိုးတက်မှု အခွင့်အလမ်းတွေကို ဖေါ်ဆောင်မယ့် ပြုပြင်ပြောင်းလဲရေးကို အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးနေကြောင်း ထပ်လောင်း အတည်ပြု ပြောဆိုမှာဖြစ်ပါတယ်။ လာမယ့်နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေနဲ့ ဒါနဲ့ပတ်သက်လို့ အမေရိကန်ဘက်က မျှော်လင့်ချက်တွေကို ဆွေးနွေးမှာပါ။”
ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ ရှိမရှိကိုတော့ သမ္မတအိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က အတိအကျ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။ မစ္စတာ Rhodes ဟာ မြန်မာခရီးစဉ်မတိုင်ခင် လာအိုနိုင်ငံကို အရင်ဆုံး သွားရောက်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်အတွင်း အလှည့်ကျ အာဆီယံဥက္ကဋ္ဌရာထူးကို လက်ခံမယ့် ကိစ္စရပ် အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေး ဒုအကြံပေးအရာရှိလည်းဖြစ်၊ သမ္မတအိုဘားမားရဲ့ အနီးကပ် အကြံပေးလည်းဖြစ်တဲ့ Ben Rhodes ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ စတုတ္ထ အကြိမ်မြောက် ဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ (၂ဝ) ရက်နေ့ မြန်မာနိုင်ငံက မထွက်ခွာခင်မှာ မစ္စတာ Rhodes ရဲ့ ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်မှာဖြစ်ပါတယ်။
အသက် (၃၇) နှစ်အရွယ် မစ္စတာ Rhodes ဟာ သမ္မတအိုဘားမားရဲ့ လက်ရှိ နိုင်ငံခြားရေး မူဝါဒနဲ့ပတ်သက်ပြီး လမ်းကြောင်းပေးနိုင်သူအဖြစ် လူသိများ ထင်ရှားသူဖြစ်ပါတယ်။ အထူးသဖြင့် စစ်ဗိုလ်ချုပ်ဟောင်း သမ္မတဦးသိန်းစိန်ရဲ့ အရပ်သားတပိုင်းအစိုးရ တက်လာတဲ့ အချိန်မှာ မြန်မာနဲ့ အနီးကပ်မူဝါဒ ချ မှတ်ဆက်ဆံဖို့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး လမ်းပွင့်လာဖို့ အဓိကအခန်းကဏ္ဍက ဆောင်ရွက်ခဲ့သူဟာ Ben Rhodes ဖြစ်တယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း Kurt Campbellက ထုတ်ဖေါ်ပြောဆိုခဲ့ဖူးပါတယ်။
အင်ကြင်းနိုင်/ VOA
http://burmese.voanews.com/content/white-house-said-ben-rhodes-trip-to-myanmar-is-inportant-for-region-countries-/3014771.html
ဓါတ်ပုံ- ၀မ့်ဆော့ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်များအား မူစယ်သျှမ်းစာ/ ယဉ်အသင်းနှင့် မြောက်ပိုင်း လူငယ်များက ထောက်ပံ့ကူညီမှုပေးနေစဉ်
အောက်တိုဘာလ ၂၀ ရက် ၂၀၁၅
သျှမ်းပြည်အလယ်ပိုင်း စစ်ဘေးရှောင်စခန်း ၃ နေရာတွင် စစ်ဘေးရှောင် ၃၀၀၀ ကျော်ရှိနေပြီး စခန်းအချို့သည် စစ်မြေပြင်အတွင်းရှိနေသောေ ကြာင့် စေတနာရှင်များ မှသွားရောက်ကြည့်ရှုခြင်းမပြုနိုင်သေးကြောင်း အကူ အညီပေးနေသည့် လူငယ်များအဖွဲ့ကပြောဆိုသည်။
အောက်တိုဘာလ ၆ ရက်နေ့ကစပြီး SSPP/SSA သျှမ်းပြည်တပ်မတော်အား အစိုးရ ထိုးစစ်ဆင်မှုကြောင့် ၊ မိုင်းရှူးဒေသခံ ကျေးလက်ရွာသား သုံးထောင် ခန့်၊ တန့်ယန်းမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ ၃၀၀ ကျော် စစ်ဘေးရှောင်နေရကာ စားဝတ်နေရေးအတွက် အကူအညီ လိုအပ်နေကြောင်း၊ အချို့ စစ်ဘေးရှောင်ဒေသခံများက မိုင်းရှူး မိုင်းနောင် ကျေးသီး မြို့သို့တက်ကာ နီးစပ်ရာဆွေမျိုးများထံ ခိုလှုံနေရ သည်ဆိုသည်။
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် သျှမ်းစာပေယဉ်ကျေးမှု အသင်း နှင့် ကျောက်မဲမြို့ လားရှိုးမြို့မှလူငယ် များစုပေါင်းကာ အောက်တိုဘာလ ၁၈ ရက်က ၀မ့်ဆော့ဘုန်းကြီးကျောင်းမှ စစ်ဘေးဒုကသည်များအား အစား အသောက်နှင့် အ၀တ်အထည်များသွားရောက် ကူညီထောက်ပံ့ခဲ့ကြောင်း၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်လည်း အောက်တိုဘာ ၁၈ ရက်နေ့အထိ နှစ်ကြိမ် သွားရောက်ကူညီခဲ့ကြောင်းသိရသည်။
မူစယ်မှလူငယ်တဦးဖြစ်သည့်စိုင်းလိတ်က - ၀မ့်လွေ ၀မ့်ကျောင်း လိဆော ရွာက စစ်ဘေးရှောင် တွေပေါ့။ စုစုပေါင်း ၁၀၁၅ ယောက်ရှိနေပြီ။ အဲဒီအထဲမှာ သံဃာ ၄၂ ပါး ပါတယ်။ အခုအဲ့ဒီ ၀မ့်ဆော့ဘုန်းကြီးကျောင်းမှာ လာတည်း နေတယ်။ စစ်ပွဲတော့ရပ်မယ့်ပုံမပေါက်သေးဘူး - ဟုပြောသည်။
စစ်ဘေးရှောင်များသည် မိုင်းရှူးမြို့ အနောက်တောင်ဘက် ဟိုင်းပါဘုန်းကြီးကျောင်းတွင် ၁၀၀၀ ကျော်၊ ၀မ့်ဆော့တွင်တထောင်ကျော်၊ ၀မ့်ဟိုင်း တွင် ၈၀၀ ကျော်၊ တန့်ယန်းလုံမုန့်တွင် ၃၀၀ ကျော် ရှိသည်ဟု သိရသည်။
စစ်ဘေးရှောင်များအားထောက်ပံ့ရန်အတွက် ရပ်နီးရပ်ဝေး ပြည်တွင်းပြည်ပမှ အလှူရှင်များပေးပို့လာသည့် ငွေကြေးနှင့်အတူ လက်လှမ်းမီသလောက် စုစည်းကောက်ခံရရှိငွေ စုစုပေါင်း ကျပ် ၁၀၈ သိန်းခန့်ရှိကြောင်း မူစယ်လူင ယ်က ဆိုပါသည်။
ကလေး လူကြီး အ၀တ်အစား၊ စောင်၊ ခေါက်ဆွဲခြောက်၊ ဖိနပ် (တမျိုး ၆၀၀ ၀န်းကျင်စီ) ဆီ၊ ဆန် ၆၂ အိတ်၊ ဆား၊ သကြား တို့အပြင် စစ်ဘေးရှောင်ရှင်း မီးဖွားသည့် မီးနေသည်များအတွက် အိုဗာတင်းနှင့်လိုအပ်သည့် အသုံးအေ ဆာင်များလည်းပါဝင်သည်ဟုဆိုပါသည်။ ထို့အပြင် (၁ အိတ် ၅၀ ပါ) ဆပ်ပြာ မှုန့် ၁၅ အိတ် နှင့် မိုးကာများ ပါသည်ဟုဆိုပါသည်။
သူတို့အလိုအပ်ဆုံးထဲမှာ ဖိနပ်နဲ့ အ၀တ်အစား အိပ်ရာအိပ်ခင်း၊ မိုးကာတွေ ပါပါတယ်။ အစားအသောက် လိုတယ်။ သူတို့ကျန်းမာရေးအတွက် သူနာပြုနဲ့ ဆရာဝန်တွေရှိနေပါတယ်။ အဖြစ်များဆုံးက အခု ကလေး တွေဝမ်းရော ဂါ ဖြစ်နေတယ်။ စစ်ဘေးရှောင်တွေက မွေးကင်းစ ကနေအသက် ၈၀ အရွယ် အထိရှိတယ်။ အသက်ကြီးဆုံးက အသက် ၁၀၈ နှစ်ရှိပြီဖြစ်တဲ့ ဘုန်းဘုန်း တပါးရှိတယ်။ ကလေးနဲ့အမျိုးသမီးများတယ်။ တချို့ လည်း တောထဲမှာ ရှိနေတုန်းဘဲ ။ အခုဝမ့်ဟိုင်းမှာရှိနေတာ ၈၀၀ ကျော်တယ်။ ၀မ့်ဆော့မှာ နီးစပ်ရာဆွေမျိုးတွေဆီမှာ တည်းခိုတယ်။ - ဟု စိုင်းလိတ်ကဆက် လက်ပြောပြသည်။
စစ်ဘေးရှောင်များ စုဝေးနေထိုင်သည့် စခန်း ၃ ခု မှာ မိုင်းရှူးမြို့နယ်အတွင်းရှိ ဟိုင်းပါနှင့် ၀မ့်ဆော့ဘုန်းကြီး ကျောင်း၊ တန့်ယန်းမြို့နယ်အတွင်းရှိ လုံမုန့် ရွာဘုန်ကြီးကျောင်းတို့တွင် တည်ရှိပါသည်။ လုံမုန့်ဘက်တွင် တိုက်ပွဲများဖြစ်ပွါးနေဆဲဖြစ်သောကြောင့် စေတနာရှင်များအနေဖြင့် သွားရောက်နိုင်ခြင်းမရှိသေးဟု လည်းသိရပါသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက် မှုရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရန် ငြင်းဆိုထားေ သာကြောင့် ခြေမှုန်း တိုက် ခိုက်ခြင်းခံရသည်ဟု ဆိုသော်လည်း နေပြည်တော် အစိုးရ နှင့် ပြည် နယ် အဆင့် ပြင်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောင်ထားသည့် တပ်ဖွဲ့ဖြစ်သည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
 တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေမှာရှိတဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဥရောပသမဂ္ဂ အီးယူရွေးကောက်ပွဲလေ့လာရေးအဖွဲ့ကို ခွင့်ပြုလိုက်ပါတယ်။
မနေ့က နေပြည်တော်မှာ အီးယူရွေးကောက်ပွဲလေ့လာရေးအဖွဲ့နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံရာမှာ သဘော တူညီမှုရခဲ့တာလို့ ဒီကနေ့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အီးယူ ရွေးကောက်ပွဲလေ့လာရေးမှူးချုပ် Alexander Graf Lambsdorff က ပြောပါတယ်။
"တပ်မတော်ရဲ့အမျိုးသားလုံခြုံရေးနဲ့ဆိုင်တဲ့နေရာတွေမှအပ တပ်မတော် မဲဆန္ဒနယ်မြေတွေမှာ အီးယူအဖွဲ့ဝင်တွေကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာဖို့ မိမိတို့အဖွဲ့နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံရာမှာ သဘောတူညီမှုရရှိခဲ့တာ ဖြစ်တယ်လို့ အီးယူ ရွေးကောက်ပွဲလေ့လာရေးမှူးချုပ် Mr Lambosdorff က ပြောသွားတာဖြစ်ပါတယ်"
အီးယူအဖွဲ့အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်နိုင်ငံရေးပါတီ အနိုင်ရတာက အရေးမကြီးဘဲ စစ်မှန်မှု ဘက်မလိုက်မှုနဲ့ ပွင့်လင်းမြင်သာရှိမရှိဆိုတာတွေကိုသာ အလေးထား စောင့်ကြည့်သွားမယ့်လို့လည်း ပြောပါတယ်။
ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့လုပ်ငန်းစဉ်တွေဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတာတွေ့ကို အီးယူအနေနဲ့ တွေ့ရှိခဲ့ရင်တောင် ရွေးကောက်ပွဲ လမ်းကြောင်းအပေါ်ဖိအားပေး တောင်းဆိုသွားမှာမဟုတ်ဘူးလို့လည်းပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ အီးယူအဖွဲ့အနေနဲ့ တိုင်းရင်းသားလူနည်းစုတွေ နေထိုင်တဲ့ မဲဆန္ဒနယ်မြေတွေအပါအ၀င် တိုင်းနဲ့ ပြည်နယ် ၁၄ ခုလုံးမှာ လူအင်အား ၁၅ဝ နဲ့ စောင့်ကြည့်လေ့လာသွားမှာ ဖြစ်သလို ရွေးကောက်ပွဲပြီး နောက်မှာ အစီအရင်ခံစာတစ်စောင်ထုတ်ပြန်သွားမှာလည်း ဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/RFA-Burmese
[youtube src="WqibOQJh3qo"/]
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အောက်တိုဘာလ ၁၈ ရက်  မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် ဧရာဝတီတိုင်း ကျုံပျော်မြို့သို့ ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူများအား  ရွေးကောက်ပွဲ အောင်နိုင်ရေး မိန့်ခွန်း ဟောပြောခဲ့သည်။
 သတင်း - ရုပ်/သံ ။ ။ National League for Democracy
 https://www.facebook.com/NLDParty
ကိုးကိုကျွန်းမဲဆန္ဒနယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမင်း
 အခက်အခဲအမျိုးမျိုးကြောင့် မဲဆွယ်စည်းရုံးရေးဆင်းရန် အခက်အခဲဖြစ်ခဲ့ရသော ကိုကိုးကျွန်းသို့ NLD မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် မဲဆွယ်စည်းရုံးရေးဆင်းရန် ရေကြောင်းဖြင့် စတင်ထွက်ခွာနေပြီဖြစ်ကြောင်း သိရသည်။ NLD အဖွဲ့တွင် ပါတီဝင် ၁၀ ဦးအပြင် ၀န်းရံသူ ၁၄ ဦးတို့လည်း လိုက်ပါကြမည်ဖြစ်သည်။
ကိုးကိုကျွန်းမဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် NLD ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးဝင်းမင်း၊
အမျိုးသားလွှတ်တော်အမတ်နေရာအတွက် ယှဉ်ပြိုင်မည့် ဦးကျော်ထွေး၊
တိုင်းဒေသကြီး ၁ အတွက် ဦးကျော်သူ၊
တိုင်းဒေသကြီး ၂ အတွက် ဦးဝင်းကိုကိုတို့သည်
ရွှေးကောက်ပွဲအပြီးအထိ ကိုးကိုးကျွန်းတွင် ဆက်လက်ကျန်ရစ်မည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့က မပြိုင်ခင်ကတည်းက နိုင်တယ်။ ဘာလို့လဲဆိုတော့ အကြောင်းအမျိုးမျိုးပြပြီး ကျွန်တော်တို့မဲဆွယ်ခွင့်ကို တားထားတယ်။ သူတို့ကျတော့ နိုင်ငံပိုင်လေယာဉ်တွေ၊ သင်္ဘောတွေ သုံးပြီးမဲဆွယ်နေပေမယ့် ကျွန်တော်တို့က အခုမှသွားခွင့်ရတယ်။ ဒါပေမယ့် နိုင်မယ်လို့ ယုံကြည်ပါတယ်"
ဦးဝင်းမင်းမှ ပြောကြားသည်။
k မိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
(Credit: AFP) 
 ဆီးရီးယားနိုင်ငံ ​အလယ်ပိုင်းနဲ့ ​မြောက်ပိုင်းက ​အဓိက ​နေရာတချို့ကို ​ဆီးရီးယားတပ်က ​ပြန်လည် ​ရယူဖို့ ​ကြိုးစားနေတဲ့အတွက် ​တိုက်ပွဲတွေ ​အကြီးအကျယ် ​ဖြစ်နေတယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။
Allepo ​မြို့ ​တောင်ပိုင်းမှာ ​တိုက်ခိုက်မှုတွေ ​ပြင်းထန်နေတဲ့အတွက် ​အဲဒီ ​ဒေသတစ်ခုထဲမှာပဲ ​လူပေါင်း ​သုံးသောင်းခွဲ ​ထွက်ပြေးနေရပြီလို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။
အခုလောလောဆယ် ​စစ်ပြေး ​ဒုက္ခသည်တွေက ​အစားအသောက်နဲ့ ​နေရာထိုင်ခင်းတွေ ​အရေးပေါ် ​လိုအပ်နေတယ်လို့ ​ပြောပါတယ်။
ဆီးရီးယား ​အစိုးရတပ်ဟာ ​ရုရှားရဲ့ ​အကူအညီနဲ့ ​ပြည်နယ်ငါးခုမှာ ​ထိုးစစ်ဆင်မှုတွေ ​လုပ်နေပါတယ်။
အမေရိကန် ​ဦးဆောင်တဲ့ ​ညွန့်ပေါင်းတပ်၊ ​ဆီးရီးယားတပ်နဲ့ ​ရုရှားတို့ ​အားလုံးက ​IS ​အစ္စလာမ်မစ် ​အဖွဲ့ကို ​ချေမှုန်းဖို့ ​ထိုးစစ်ဆင်နေတာ ​ဖြစ်ပေမယ့် ​ဆီးရီးယားတပ်ကတော့ ​အစိုးရကို ​ဆန့်ကျင်တဲ့ ​တခြား ​သူပုန် ​တပ်ဖွဲ့တွေကိုလည်း ​ထိုးစစ်ဆင်နေတယ်လို့ ​အနောက်တိုင်း ​နိုင်ငံတွေက ​ပြောပါတယ်။
ဆီးရီးယား ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​အမေရိကန် ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဂျွန်ကယ်ရီက ​ဒေသတွင်း ​အစိုးရနဲ့ ​တွေ့ဆုံဆွေးနွေးဖို့ ​ရှိတယ်လို့လည်း ​သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေတွေ လက်ခံကိုင်ဆောင်ခွင့် လိုင်စင် ရုပ်သိမ်းလိုက်ခြင်း အပေါ် ဗဟိုဘဏ်က အကောင်းဆုံး ဆောင်ရွက်မှု ဖြစ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်အချို့နဲ့ ပညာရှင်တွေက သုံးသပ်ပေမယ့် စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ရုပ်သိမ်းမှုမှာ ရလဒ်ကောင်း ထွက်ပေါ်ဖို့ ရက်ကာလ တိုးပေးသင့်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မေခကသတင်းပေးပို့ထားပါတယ်။
မြန်မာ့ငွေကြေး တန်ဖိုးတက်လာဖို့၊ ဒေါ်လာသုံးစွဲမှု လျော့လာဖို့နဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်မဖြစ်လာနိုင်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေတွေ လက်ခံကိုင်ဆောင်ခွင့် လိုင်စင်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ရုပ်သိမ်းခဲ့ပါတယ်။ ဒီလို ရုပ်သိမ်းမှု အပေါ် အခုလို စီးပွားရေးလုပ်ငန်းရှင်အချို့နဲ့ပညာရှင်တွေက သုံးသပ်လိုက်တာပါ။ စီးပွားရေးလေ့လာသုံးသပ်သူ ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်လိုက်ပါတယ်။
“ဒီကိစ္စက ဗဟိုဘဏ်ကနေပြီးတော့မှ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီးတော့မှလုပ်တဲ့ကိစ္စလို့ ကျနော် ယုံကြည်တယ်။ အဲလိုဖြစ်တဲ့အတွက် တိုင်းပြည်စီးပွားရေး ကမောက်ကမဖြစ်မယ်လို့ ပြောခြင်းဟာ ဘာမှ အဓိပ္ပာယ်မရှိဘူးလို့ ကျနော် ထင်တယ်။ ရလဒ်က ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှမသိသေးဘူး။ မိမိရဲ့သက်ဆိုင်ရာ local currency တက်လာအောင် လုပ်ပေးတဲ့ သဘောဖြစ်တဲ့အတွက် ထိုက်သင့်တဲ့ ကောင်းကျိုးတော့ ရရှိလာလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။ သို့သော် တဘက်က စီးပွားရေးအခြေခံ အချက်အလက်တွေ၊ ကုန်သွယ်ရေးလိုငွေပြမှုတို့၊ ဘဏ္ဍာရေးလိုငွေပြမှုတို့များနေတဲ့နိုင်ငံတစ်ခုမှာ ဘယ်လိုဖြစ်လာမယ်ဆိုတာ ဒေါင့်စုံ စဉ်းစားရမယ့် ပြဿနာတွေရှိတယ်။”
ဗဟိုဘဏ် ထုတ်ပြန်ချက်အရ အစိုးရနဲ့ပုဂ္ဂလိက လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေ၊ ဟိုတယ်နဲ့ ခရီးလှည့်လည်ရေး လုပ်ငန်းတွေ၊ စားသောက် ဆိုင်တွေ၊ Duty Free Shop တွေ၊ လေကြောင်းလိုင်းတွေ၊ ဆေးရုံတွေ၊ ဆက်သွယ်ရေး လုပ်ငန်းတွေ၊-အချိုရည်နဲ့ ယမကာ၊ အမြန်ချောပို့၊ ပိုးသတ်ဆေးဖျန်း၊ မီဒီယာ အခန်းတွေ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် စသောလုပ်ငန်းတွေ ယွန်းထည်၊ ပိုးထည်၊ အမှတ်တရပစ္စည်း အရောင်းဆိုင်၊ စူပါမားကတ်၊ ဂေါက်သီး ကလပ်တွေနဲ့ နာရေးကူညီမှုလုပ်ငန်း စတဲ့လုပ်ငန်းတွေမှာ နိုင်ငံခြားသုံးငွေတွေ လက်ခံ ကိုင်ဆောင်ခွင့် မရှိတော့ပါဘူး။ လိုင်စင်တွေကို အောက်တိုဘာ ၁၉ ရက် ကစတင်ကာ ရုပ်သိမ်းနေပြီဖြစ်ပါတယ်။ ဒီလိုင်စင်တွေကို နိုဝင်ဘာ ၃၀ နောက်ဆုံး ထားပြီး လိုင်စင်တွေကို ပြန်လည်အပ်နှံရမယ် လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။ ကမ္ဗောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်ကတော့ လုပ်ဆောင်သင့်တဲ့လုပ်ငန်းဖြစ်ပေမယ့် ဒီထက်ပိုပြီး အချိန်ယူ သင့်တယ်လို့ သုံးသပ်ပါတယ်။ Ruby Land ခရီးသွားလုပ်ငန်း ပိုင်ရှင် ဦးအေးကျော်ကလည်း အခုလိုသုံးသပ်ပါတယ်။
“ကမ္ဘာပေါ်မှာရှိတဲ့အစိုးရတွေအားလုံးက မိမိနိုင်ငံမှာရှိတဲ့ငွေကြေးကိုပဲ အဓိက တန်ဖိုးထားတာပဲ။ အဲလိုအခါမျိုးကျ အခက်အခဲဖြစ်ပါတယ် ဆိုတော့ ဘာခက်ခဲလဲလို့ ကျနော် မစဉ်းစားတတ်တော့ဘူး။ ငွေကြေးလဲလှယ်နှုန်းက အချိန်နဲ့အခါ floading ဖြစ်နေတဲ့အတွက် သိပ်မဟုတ်တော့ဘူး။ ဒါ အပြောင်းအလဲဖြစ်မှာပဲ။ စီးပွားရေးလုပ်တယ်ဆိုတာက တသမတ်တည်း အမြတ်တွေချည့် ရချင်နေလို့လည်း မရဘူး။ နောက်တစ်ချက်၊ ဒါက နိုင်ငံတကာမှာ ကျင့်သုံးနေတာပဲ။ ဗမာနိုင်ငံက ထူးခြားပြီးတော့ ထိခိုက်မယ် ဘာညာ ဆိုတာ မှားနေတာလေ။”
စီးပွားရေး ပညာရှင် ဒေါက်တာခင်မောင်ညို (ဘောဂဗေဓ) ကတော့ ဗဟိုဘဏ်လုပ်ဆောင်မှု အပေါ်မှာ ခုလိုသုံးသပ်ပါတယ်။
“အမှန်ကတော့ ဒေါ်လာသုံးစွဲမှု တွင်ကျယ်တဲ့ဟာက မကောင်းဘူး။ အဲဒါကတော့ …ရမှာပဲ။ မူအားဖြင့် မှန်ပါတယ်။ ဆရာတို့က အသွင်ကူးပြောင်းတဲ့ အခါမှာ ဘယ်လောက် အချိန်ယူမလဲ၊ ဘယ်လောက်ချောမွေ့မလဲ အဲဒါကတော့ မသေချာဘူး။ တချို့လူတွေပြောသလို ကမောက်ကမဖြစ်လိမ့်မယ်လို့တော့ ဆရာမယူဆဘူး။ သို့သော်လည်း ကသီလင်တနိုင်တဲ့ဟာလေးတွေကတော့ ရေတိုမှာရှိနိုင်တယ်။ ဒီလို လုပ်တဲ့အတွက် ဒေါ်လာဈေးတွေ ချက်ချင်း လက်ငင်းကြီး ကျသွားမယ်လို့ ဆရာကတော့ မယုံကြည်ဘူး။ ကုန်သွယ်ရေးမှာ တောက်လျှောက် လိုငွေပြနေမယ်။ ကုန်သွယ်ရေးလိုငွေတွေပြနေတာနဲ့ တခြားနေရာကနေပြီးတော့ မပါသေးနိုင်သေးသမျှက တက်မယ်။ ဗမာငွေကကျမယ်။”
Central ဟိုတယ်လုပ်ငန်းရှင် ဦးတင်ဝင်းကတော့ နိုင်ငံခြားသုံးငွေတွေ လက်ခံ ကိုင်ဆောင်ခွင့်လိုင်စင်ရုပ်သိမ်းမှုကြောင့် ဟိုတယ်တွေမှာ ရုတ်တရက် ကြုံတွေ့ရတဲ့အခက်အခဲကို ခုလိုပြောပါတယ်။
“ကျနော်တို့က ဒီငွေကိုမကိုင်နဲ့ဆိုတော့ ….လိုက်လုပ်ရမယ့်သဘောဖြစ်နေတော့ လက်ထဲရှိတဲ့ငွေတွေကို ဘယ်လို လုပ်မလဲ၊ ဘယ်လိုလဲမှာလဲ။ မလဲဘူး ဆိုရင် ဝန်ထမ်းနိုင်ငံခြားသားက - ဒီ Information တွေက မပြန့်သေးဘူးလေ။ ဘယ်သူမှလည်း မသိသေးတော့ ငွေသားက ဘယ်လို လက်ခံရမှာလဲ၊ လက်မခံရဘူးလား။ ပြန်လွှတ်ရမှာလား ဆိုတဲ့အခက်အခဲတော့ တော်တော်များပါတယ်။ အဲဒီထဲမှာလည်း …….။ အခုအတိုင်းဆိုရင်တော့ တော်တော် ခက်ခဲတယ်။”
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထုတ်ပြန်ထားချက်အရ မြန်မာလက်ရှိ စီးပွားရေး ကျဆင်းစေမှုတွေမှာ ဒေါ်လာတန်ဖိုး အားကောင်း လာခြင်းကလည်း အချက်တချက် အနေနဲ့ပါဝင်နေကြောင်း ထောက်ပြထားတာရှိပါတယ်။ လက်ရှိမြန်မာ့ငွေကြေး ဖောင်းပွမှုနှုန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ အထိ ၁၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ် ကလည်းထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။
မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးက ကချင်စစ်ပြေးဒုက္ခသည်စခန်းတွင်းက ကလေးငယ်များ ( ဇန်နဝါရီ ၄၊ ၂၀၁၃)။
 မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့တို့အကြား အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးလိုက်နိုင်ခဲ့တာဟာမြန်မာနိုင်ငံအတွင်း ကာလရှည်ကြာ ပြည်တွင်းစစ် လက်နက်ကိုင်ပဋိပက္ခဘေးဒဏ် ခံစားနေရတဲ့ ကလေးသူငယ်တွေအတွက် သမိုင်းဝင် ခြေလှမ်းတစ်ခုဖြစ်ပါတယ်။
ကုလသမဂ္ဂကလေးများဆိုင်ရာ ရံပုံငွေအဖွဲ့ UNICEF အဖွဲ့ကတော့ ဒီသဘောတူညီတဲ့အဖွဲ့တွေရဲ့ နယ်မြေတွေမှာမပါတဲ့ ကလေးသူငယ် ၁.၈ သန်း အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
UNICEF က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လက်နက်ကိုင် ပဋိပက္ခအတွင်းနေထိုင်နေကြရတဲ့ ကလေးငယ်တွေအပေါ် အထူးသဖြင့် အကာအကွယ် ပေးနိုင်မှာဖြစ်တဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုကို ကြိုဆိုတဲ့အကြောင်း ပြောဆိုလိုက်သလို ဒီသဘောတူညီမှုက ကလေးတွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တခြားမြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ကလေးသူငယ်တွေကိုလည်း တန်းတူ အခွင့်အလမ်းတွေ၊ အကျိုးကျေးဇူးတွေခံစားနိုင်ခွင့်ရှိဖို့ လမ်းစဖွင့်ပေး တာမျိုး ဖြစ်သင့်တယ်လို့ ထောက်ပြပြောဆိုပါတယ်။
ပါဝင်ပတ်သက်နေကြတဲ့ အဖွဲ့အစည်းတွေအားလုံးအနေနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေ ရပ်တန့်ကြဖို့ကိုလည်း UNICEF က တောင်းဆိုထားပါတယ်။
ဒီအထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေထဲ ကလေးတွေကို သိမ်းသွင်းတာ၊ စာသင်ကျောင်းတွေကို တိုက်ခိုက်တာ၊ ကလေးတွေအတွက် လူသားချင်း စာနာမှု ဆိုင်ရာအထောက်ကူတွေ မရရှိအောင် လုပ်တာမျိုးတွေ မလုပ်ကြပါနဲ့လို့ UNICEF ကတိုက်တွန်းလိုက်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
[youtube src="S6uuOhuiBps"/]
ကျောက်တံတားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အောက်တိုဘာ ၁၈ရက်က ပြည်သူနဲ့ မိတ်ဆက်ပေးရင်း အောင်နိုင်ရေးဟောပြောမှုမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
Kamayut Media
[youtube src="CX-ZRlvRIAE"/]
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရခိုင်ပြည်အောင်နိုင်ရေးခရီးစဉ်အဖြစ် တောင်ကုတ်မြို့ကို စည်းရုံးရေးဆင်းလို့အပြီးမှာတော့ အောက်တိုဘာ ၁၇နဲ့ ၁၈မှာ သံတွဲနဲ့ ဂွမြို့မှာ အဆုံးသတ်ခဲ့ပြီး ဧရာဝတီတိုင်း ငသိုင်းချောင်းကနေ ရေကြည်နဲ့ ကျုံပျော်မြို့တို့ကို သွားရောက်ခဲ့ပါတယ်။
[youtube src="0gofUEmLv5I"/]
စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေဟာ အောက်တိုဘာ ၁၈ရက်က မဲဆန္ဒရှင် ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
 ရခိုင်ပြည်နယ် ခရီးစဉ်မှ ဒေသခံပြည်သူများ၏ စိတ်ဝင်စားဖွယ်ရာ မေးခွန်းများအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ပြန်လည်ဖြေကြားချက်များ ရခိုင်ပြည်နယ်အားNLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်အစိုးရလက်အောက်တွင် တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့များ သို့ ၂၀၀၂ ခုနှစ်က ရောက်ရှိခဲ့ပြီး နောက်ပိုင်း နေအိမ်အကျယ်ချူပ်ခံရခြင်းများကြောင့် မရောက်ရှိခဲ့သည်မှာ ၁၂ နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
ယင်းနောက် လက်ရှိအစိုးရ တက်လာပြီးကာလအတွင်း ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့်ဖြစ်ပေါ်လာသည့် ဘင်္ဂါလီ အရေးကိစ္စတွင် ရခိုင်တိုင်းရင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား စည်းလုံးမှုပျက်ပြားစေသည့် တစ်ဖက်သတ် သတင်းစကားများကြောင့် ရခိုင်တိုင်းရင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အထင်လွဲမှုများ ရှိခဲ့သည်ဟု ပြည်သူများက မှတ်ယူခဲ့ကြသော်လည်း ယခု တစ်ခေါက် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်ခရီးစဉ်သည် ရခိုင်ပြည်သူများနှင့် ပြန်လည်နီးစပ်ခွင့် ရရှိခဲ့ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်မှုများက ဆိုသည်။
ရခိုင်တိုင်းရင်းသားအများစုသည့် ဒေသခံ ရခိုင်တိုင်းရင်းသား ပါတီများကို မဲထည့်မည်ဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်တွင် အခြား တိုင်းရင်းသားပြည်နယ်များ နည်းတူ မြို့လုံးကျွတ်နီးပါး ကြိုဆိုခဲ့ကျသည်။
ယင်းအပြင် ရခိုင်ပြည်သူတို့ လက်ရှိခံစားနေရသော အခက်အခဲများအား လက်တွေ့ခံစားသိမြင်ပြီး နောင်အနာဂတ်ကာလ၌ ရခိုင်တိုင်းရင်းသားများ ဘက်မှ ပိုမိုရပ်တည်ရုန်းကန် လာမည်ဟု ယင်းတို့ အနေဖြင့် မျှော်လင့်မိကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ ခရီးစဉ်ကို ကြိုဆိုကြောင်း ဆိုကာ ထုတ်ပြန်ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ခြင်းများရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် ခရီးစဉ် လုံခြုံရေးမှာလည်း စိုးရိမ်စရာ မရှိကြောင်း ၊ ရဲတပ်ဖွဲ့ဝင်များစွာကလည်း လိုက်လံစောင့်ရှောက်ခဲ့ ကြသည်။ သံတွဲလေဆိပ်သို့ ရောက်ရှိစဉ် ဒေသခံများစွာက ကြိုဆိုခဲ့ကြကြောင်းလည်း သိရသည်။
လူဦးရေ အလွန်ခေါင်ပါးသည့် သံတွဲ တောင်ကုတ်လမ်း တစ်လျောက် မှာပင် ရွာသူရွာသားများက လမ်းဝဲယာ တစ်လျောက် ကြိုဆိုမှုများကို အံ့သြမိသည်ဟု ပြည်တွင်းမှ နိုင်ငံခြားသတင်းဌာနမှ တစ်ဦးက ၄င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ပုံများဖြင့် ဖော်ပြခဲ့သည်။ ခရီးစဉ်ဖြင့် လိုက်ပါခဲ့သော် ပြည်တွင်းပြည်ပ သတင်းအသိုင်းအ၀ိုင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ်သည် အားရဖွယ် အောင်မြင်ခဲ့သည်ဟု ရေးသားဖော်ပြခဲ့ကြသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရခိုင်ပြည်သူများအား တွေ့ဆုံပြီး မဲဆွယ်စည်းရုံးရေး မိန့်ခွန်းများအပြင် ဒေသခံသိလိုသည် အမေးများ ပြန်လည်ဖြေကြားရာတွင် ဒေသခံများအနေဖြင့် စိတ်ကျေနပ်မှု များရရှိခဲ့ခြင်းများရှိကြောင်း ဒေသခံ များက The Ladies သတင်းဂျာနယ်သို့ပြောပြကြသည်။
အချို့သော မေးခွန်းများသည် ဒေသခံများအပေါ် တစ်ဖက်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝေးသွားစေရန် အထင်အမြင်လွဲမှားစေသည့် သတင်းများ လွှင့်ထားခြင်းများရှိကြောင်းကို ပေါ်လွင်ထင်ရှားစေခဲ့သည်။ တောင်ကုတ်တွင် လာရောက်အားပေးသည့် လူအုပ်ကြီးကဲ့သို့ ပင် အောက်တိုဘာ ၁၇ ရက်တွင် သံတွဲမြို့တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးရေးအခမ်းအနားတွင် လျော့နည်းသွားခြင်းမရှိဘဲ ပိုများလာကာ ကွင်းပြည့်ကွင်းလျှံ အားပေးခဲ့ခြင်းများရှိကြောင်း ပြည်တွင်း ဓာတ်ပုံသတင်းထောက်များ တင်ဆက်သည့် ဓာတ်ပုံများမှ သိနိုင်သည်။
ထို့ကြောင့် ရခိုင်ပြည်နယ်ခရီးစဉ်တွင် ဒေသခံရခိုင်တိုင်းရင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အပြန်အလှန် မေးမြန်ဖြေကြားချက်များမှ ကောင်းနိုးရာရာများကို စုစည်းဖော်ပြလိုက်ပါသည်။
အွန်လိုင်းတွင် ပြန်နှံနေသည့် နိုင်ငံခြားအဖွဲ့အစည်းများနှင့်ပတ်သက်နေသည့် သံသယမေးခွန်းများ ၊ NLD အနိုင်ရပါက အခြားလူမျိုးစု တစ်ခုမှ လွှမ်းမိုးခံရနိုင်ဖွယ်ရှိကြောင်း မေးခွန်းများအပြင် NLD မဲအနိုင်ရရှိခဲ့ပြီး အစိုးရ ဖွဲ့ပါက တစ်ဖက်မှ တုန်ပြန်မှုများအပေါ် စိုးရိမ်မိသည့် အနေဖြင့် ရခိုင်ဒေသခံတိုင်းရင်းသားများ မေးမြန်းမှုများကို မဲဆန္ဒရှင်ပြည်သူများနားလည်အောင် ပြန်လည်ဖြေကြားခဲ့ခြင်းများရှီခဲ့သည်။
တောင်ကုတ်ဒေသခံတစ်ဦးက`` အမေစုတို့နိုင်ရင် သူပုန်တွေဝင်လာမယ်ဆိုပြီးပြောနေကြပါတယ် ။ အဲဒါဖြစ်နိုင်သလားဆိုတာသိချင်ပါတယ်။ ´´
ဒေါ်အောင်ဆန်းစုကြည်က`` ဘယ်ကသူပုန်တွေလဲ ´´
မေးမြန်းသူက`` မသိပါဘူး ။ ရခိုင်သူပုန်တွေ …´´
ဒေါ်အောင်ဆန်းစုကြည်က ``ဘယ်ကမှန်းလဲ မသိဘဲနဲ့ သူတို့ ဘာသူတို့လျှောက်ပြော နေကြတာဖြစ်တယ် ။ အဲဒီလိုအဆင့်အတန်း မရှိတဲ့ နိုင်ငံရေးစည်းရုံးမှုတွေဟာ ကျွန်မတို့နိုင်ငံအတွက် အန္တရာယ်ပဲ ။ ကျွန်မတို့ အဖွဲ့ကိုတိုက်ခိုက်နေကြတယ်ဆိုရင် အဲဒီလိုလုပ်တဲ့ သူတွေဟာ ဘယ်လိုလုပ် ဒီနိုင်ငံရဲ့အကျိုးကိုထမ်းဆောင်နိုင်မှာလဲလို့ ပြောချင်ပါတယ်။ ဒါကြောင့် အဲဒီအဖွဲ့တွေကို မဲမပေးနဲ့နော် ။ ကျွန်မတို့ ကိုပဲပေးပါ ´´ဟု ရယ်မောရင်းပြန်လည်ဖြေကြားခဲ့သည်။
ယင်းကဲ့သို့ပင်အခြား တောင်ကုတ်မြို့ဒေသခံ `` ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ အများအားဖြင့်ခံစားချက်ရှိနေတာက ( ကျွန်တော်ကတော့ မယုံပါဘူး ) အမေစုသမ္မတဖြစ်ရင် ကုလားတွေဝင်လာမယ်ဆိုတာကိုပြောနေကြတယ်။ ဒါဟုတ်နိုင်ပါသလားဆိုတာကိုဖြေကြားပေးစေလိုပါတယ်´´
ဒေါ်အောင်ဆနုးစုကြည်က`` ဒါဟာ တစ်စုတစ်ဖွဲ့ကနေပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၊ စနစ်တကျနဲ့ ၀ါဒဖြန့်ချိမှု လုပ်နေတယ်လို့ ကျွန်မ ဒီလိုပဲထင်ပါတယ်။ ဒီမိုကရေစီအစိုးရ တစ်ရပ်ဆိုတာ လုပ်ချင်တိုင်းလုပ်လို့ရတာမဟုတ်ပါဘူး။ ပြည်သူ့ရဲ့ဆန္ဒကိုဆန့်ကျင်ပြီးတော့ ဘာမှလုပ်လို့မရပါဘူး ။ နောက်တစ်ခုက ဒီလို လူမျိုးရေး ဘာသာရေး ကိစ္စတွေကို နိုင်ငံရေးအရ စည်းရုံးမှုတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်တယ်။ ဥပဒေအရ အရေးယူနိုင်ပါတယ်´´ဟု ဖြေကြားခဲ့သည်။
နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက``ကျွန်တော်တို့ အွန်လိုင်းပေါ်မှာတက်နေတဲ့ ၊ ပြန့်နေတဲ့ RSO ခေါင်းဆောင်တွေဆီ စာရေးပြီး အကူအညီတောင်းတယ်ဆိုတာဟုတ်ပါသလား´´ဟု အွန်လိုင်း သတင်းများပတ်သက်ပြီး သိလိုသည်ကို မေးမြန်းခြင်းခဲ့ကြောင်း သိရသည်။
ယင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က``ကျွန်မတို့နိုင်ငံရေးလုပ်တယ်ဆိုတာ ကျွန်မတို့ ပြည်သူတွေကိုအားကိုးပြီးလုပ်တာပါ ။ ဘယ်နိုင်ငံခြားအစိုးရတွေကိုမှ အားကိုးပြီးလုပ်တာမဟုတ်ပါဘူး ။ အဲဒီလိုစွပ်စွဲတဲ့သူတွေကိုယ်တိုင်လည်း ဘယ်နိုင်ငံခြားအစိုးရ ကိုအားကိုးနေသလဲလို့ ကျွန်မပြန်ပြီး မေးချင်ပါတယ် ´´ဟု ဖြေကြားရင်း သတင်းလွှင့်သူများအပေါ် မေးခွန်း ပြန်ထုတ်ခဲ့သည်။
ဆက်လက်ပြီး ၁၉၉၀ ဖြစ်စဉ်တွင် NLD မဲ အပြတ်အသတ် အနိုင်ရခဲ့သည့်အတွက် ထိုစဉ်က တာဝန်ယူခဲ့သည့် စစ်အစိုးရတာဝန်ရှိသူများက အခြေခံ ဥပဒေ အကြောင်းပြကာ အာဏာပေးခြင်းများမရှိခဲ့သည့် အတွက် ယခုတခါ အနိုင်ရရှိခဲ့လျှင် အာဏာလွှဲပြောင်းမှုဖြစ်စဉ်သည် ချော့မွေ့နိုင်ပါ့မလား မေးမြန်းရာတွင် ၁၉၉၀ ကာလနှင့် ၂၀၁၅ ကာလတို့ သည် ကွာခြားသွားပြီဖြစ်ကြောင်း ပြည်သူများက အနိုင်ရရှိမှုအပေါ် ခိုင်မာစွာ ရပ်တည်နိုင်လျှင် မဖြစ်မနေလွှဲပေးရမည့်ဖြစ်ကြောင်း ရှင်းလင်းစွာဖြေကြားခဲ့သည်။
ထို့ကဲ့သို့ အမေးအဖြေများ ဖြေကြားခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ၏ ရခိုင်ပြည်နယ် တောင်ပိုင်းခရီးစဉ်ဖြစ်သည့် တောင်ကုတ်၊ သံတွဲ၊ ဂွမြို့နယ် ခရီးစဉ်သည် ရခိုင်ပြည်နယ်အတွင်း ကြယ်ဖြူခွပ်ဒေါင်းအလံများဝဲပျံနိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးဖြစ်သည့် ဦးကျော်အေး ကပြောသည်။
ရခိုင်ပြည်နယ်ခရီးစဉ်အပြီးတွင် ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့၊ ရေကြည်၊ ကျုံပျော်မြို့များသို့ သွားရောက်ရာတွင် အခြား တိုင်းဒေသကြီးပြည်နယ်များ နည်းတူ ကွင်းလုံးကွင်းလျှံအောင်အားပေးမှုရရှိခဲ့ပြီး ယင်းမှ အောက်တိုဘာ ၁၈ ရက် ည ၈ နာရီကျော်မှ ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းဟန်
ဓါတ်ပုံ - MFA
The Ladies News Journal
https://www.facebook.com/News.TheLadies
 ပင်နီနဲ့ ကချင်ပုဆိုးဝတ်ထားတဲ့ NLD ကိုယ်စားလှယ်လောင်းတချို့ကို တွေ့ရစဉ်။ Photo: RFA
 နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ၊ ရွေးကောက်ပွဲကိုယ်စားလှယ်တွေ၊ မဲရုံကိုယ်စားလှယ်တွေနဲ့ အကူကိုယ်စားလှယ်တွေအနေနဲ့ ပါတီရဲ့ ရင်ထိုး တံဆိပ်ကလွဲပြီး ပင်နီတိုက်ပုံ၊ အင်္ကျီနဲ့ ကချင်ပုဆိုးတွေ မဝတ်ဆင်ကြဖို့ NLD ဗဟိုက ဒီကနေ့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားချက်ကို တစ်ပြည်လုံးက NLD ပါတီဝင်တွေဆီထပ်ဆင့် ညွန်ကြားချက်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟံသာမြင့်က ပြော ပါတယ်။
"မဲရုံထဲမှာ စည်းရုံးလှုံ့ဆော်မှု အသွင်ဆောင်တဲ့ကိစ္စတွေ မလုပ်ဖို့ဆိုတဲ့ စာပါပဲ၊ စည်းရုံးလှုပ်ရှားတဲ့အခါ ကချင်ပုဆိုးနဲ့ တိုက်ပုံအင်္ကျီက အမြဲတမ်းတွဲနေတယ်ဆိုတော့ ဒီဟာတွေ မလုပ်ပါနဲ့ဆိုတော့သဘော ပါ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ မကိုက်ညီဘူးပေါ့၊ ဒါနဲ့ပတ်သက်ပြီး ကန့်ကွက်ချက်တွေဘာတွေ ပေါ်လာနိုင်တယ်၊ မဖြစ်အောင် ကြိုပြီးညှိနှိုင်းတဲ့သဘောပါ"
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၄၈ (ခ) (၆) အရ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲဆွယ်စည်းရုံးတဲ့အသွင်ဆောင်တဲ့ ဝတ်စားဆင်ယင်မှုတွေကို ခွင့်မပြုကြောင်း ပါရှိပါတယ်။
ဒါကြောင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တစ်ပြည်လုံးမှာရှိတဲ့ NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ မဲရုံကိုယ်စားလှယ်တွေနဲ့ အကူကိုယ်စားလှယ်တွေကို ထပ်ဆင့်ညွှန်ကြားလိုက်တာဖြစ်ကြောင်း သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
 ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ကြိုတင်မဲပေးခွင့်ရှိသူ စာရင်းမှာပါပေမယ့် မဲလက်မှတ်မပါ တာကြောင့် မဲမပေးခဲ့ရသူတွေနဲ့ မဲပေးခွင့်ရပေမယ့် မဲလက်မှတ် အားလုံးမရခဲ့သူတွေ ပြန်လည်မဲပေးခွင့်ရ မှာဖြစ်ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးက ဒီနေ့ ကြေညာလိုက်ပါတယ်။
ကြိုတင်မဲပေးခွင့်ရှိသူစာရင်းမှာ မပါတာတွေ ဆန္ဒမဲလက်မှတ် အပြည့်အစုံမရတာတွေကို မြန်မာနိုင်ငံသားတွေက သံရုံးကို တင်ပြတာကြောင့် အခုလိုသံရုံးက ဆောင်ရွက်ပေးတာဖြစ်တယ်လို့ ဂျပန်နိုင်ငံရောက်ရှိ နေတဲ့ ကိုသောင်းမြင့်ဦးက ပြောပါတယ်။
"အဲဒါကတော့ သူတို့အနေနဲ့ အတတ်နိုင်ဆုံး လုပ်ကိုင်ဆောင်ရွက်ပေးတယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်၊ ဒါပေမဲ့ တမင်သက်သက်လုပ်တာလား၊ အားနည်းတာလား၊ တိကျသေချာမှု မရှိတာကတော့ သေချာတာဗျာ၊ ဒီဟာက ရွေးကောက်ပွဲကော်မရှင်က လုပ်ကိုင်ဆောင်ရွက်မှုအပေါ်မှာ မူတည်ပါတယ်လို့ မြင်ပါတယ်"
ဂျပန်နိုင်ငံမှာ ကြိုတင်မဲပေးခွင့်ကို အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ၂၃ ရက်နေ့အထိ ခွင့်ပြုပေးထားတာဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ သြစတြေးလျ၊ ဂျပန်၊ ကိုရီးယား၊ အင်္ဂလန်၊ အမေရိကန်စတဲ့ ၄၆ နိုင်ငံကို ရောက်ရှိနေ တဲ့ မြန်မာနိုင်ငံသားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ရက်နေ့ကစပြီး သက်ဆိုင်ရာသံရုံးတွေက သတ် မှတ်ပေးတဲ့ရက်မှာ ကြိုတင်မဲပေးနေကြတာဖြစ်ပါတယ်။
အောက်တိုဘာလ ၁၃ရက်နေ့ကစပြီး ၁၇ရက်နေ့အထိ ၅ရက်အတွင်း ကြိုတင်မဲပေးတဲ့ ပြည် ပရောက် မြန်မာနိုင်ငံသား တစ်သောင်းတစ်ထောင်ကျော် ရှိတယ်လို့ ကော်မရှင်က ကြေညာထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
တရုတ်နိုင်ငံတောင်ပိုင်းက Rapoo နည်းပညာစက်ရုံအတွင်း အဝါရောင်စက်ရုပ်လက်တွေကြားမှာ အလုပ်လုပ်နေတဲ့ တရုတ်အမျိုးသားတစ်ဦး။
 တရုတ်နိုင်ငံရဲ့စီးပွားရေးဟာ ဒီနှစ် တတိယလေးလပတ်မှာ တိုးတက်မှုနှုန်းနှေးပြီး ၆.၉% ပဲရှိပါတယ်။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းချိန် ကတည်းကဆိုရင် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံမှာ တိုးတက်မှုနှုန်း အနှေးဆုံးကာလဖြစ်ပါတယ်။
တရုတ် အမျိုးသားစာရင်းအင်းဗျူရိုက ဒီကနေ့ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ တရုတ်နိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုး GDP ဟာ ၂၀၀၉ ခုနှစ် ဒုတိယလေးလပတ်မှာ ၆.၂% ထိ ကျခဲ့ပြီးကတည်းကဆိုရင် ပထမဆုံးအကြိမ် ခုနစ်ရာခိုင်နှုန်းအောက် ကျသွား တာပါ။
စက်ရုံတွေရဲ့ထုတ်လုပ်မှုဟာ စက်တင်ဘာလအတွင်း ၅.၇% ပဲရှိတယ်လို့ စာရင်းဌာနကပြောတာကြောင့် ဒါဟာ စီးပွားရေး တိုးတက်မှုနှေးကွေးတဲ့ နောက်ထပ်လက္ခဏာတခုပါပဲ။
တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ၂၅ နှစ်အတွင်း အနိမ့်ဆုံး တိုးတက်တဲ့အခြေအနေ ရောက်နေပါတယ်။ တင်ပို့ကုန်တွေအတွက် ကမ္ဘာလုံးဆိုင်ရာ ၀ယ်လိုအားကျဆင်းတာက အကြောင်းတခုပါ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကကတည်းကဆိုရင် အတိုးနှုန်းကို ငါးကြိမ်လျှော့ချပေးခဲ့ပြီး အခြေခံ အဆောက်အအုံဆိုင်ရာ အသုံးစရိတ် တိုးမြှင့်ခဲ့တဲ့ကြားကပဲ စီးပွားရေးဆက်ကျနေတာပါ။
မကြာသေးခင်က အစုရှယ်ယာဈေးကွက် ပြိုကွဲပြီး ယွမ်ငွေတန်ဖိုးကို တရုတ်အစိုးရက ရုတ်တရက် ချပစ်လိုက်တာတွေက အခြေအနေ ပိုဆိုးစေခဲ့ပါတယ်။ တင်ပို့ကုန်အပေါ် မှီခိုအားထားတဲ့ စီးပွားရေးကနေ ပြည်တွင်းစားသုံးမှုအပေါ် အဓိကထားတဲ့ စီးပွားရေးအဖြစ် အသွင်ကူးပြောင်းနေတာနဲ့အမျှ အကျဖိအားတချို့ကို ရင်ဆိုင်နေရတယ်လို့ စာရင်းအင်းဌာန ပြောခွင့်ရတဦးက ဘေဂျင်းမြို့တော်မှာ သတင်းထောက်တွေကိုပြောပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
(ဘင်္ဂလာဒေ့ရှ် မီဒီယာများတွင် ဖော်ပြသော ဦးရန်နိုင်စိုးနှင့် သက်တော်လှန်ရေး ခေါင်းဆောင် ချန်တူ လာလမား (အလယ်လူ) တို့အား တွေ့ရစဉ်)
ရန်ကုန်၊ အောက်တိုဘာ ၁၉
ရက္ခိုင့်တပ်မတော် တပ်မှူးအဖြစ်စွပ်စွဲ ဖမ်းဆီးခံရသူ ဦးရန်နိုင်စိုးကို ရမန်ယူ စစ်ဆေးပြီးနောက် ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက စစ်တကောင်းတောင်တန်းနယ် ရန်ဂါမတီ (သက်ထောင်) ထောင်ကိုပို့ဆောင်လိုက်ပြီဟု သိရသည်။
ဦးရန်နိုင်စိုးအား (၅) ရက်ကြာ ရမန်ယူစစ်ဆေးစဉ်အတွင်း အချက် အလက်အများအပြားကို မေးမြန်း ဖော်ထုတ်နိုင်ခဲ့သည်ဟု ဘင်္ဂလာရဲက ပြောဆိုသည်။
ဦးရန်နိုင်စိုးသည် အောက်တိုဘာလ ၁၃ ရက်နေ့က သူဇနီးသည်ရွာ ဖြစ်သော ရန်ဂါမတီခရိုင် ရာစတောလီ ဒေသတွင် ဘင်္ဂလာဒေ့ရှ် ပူးပေါင်းတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ယင်းနောက်ပိုင်း ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက သူ့အား (၅)ရက် ရမန်ယူ စစ်ဆေးခဲ့သည်။
စစ်ဆေးရန် လိုအပ်ပါက တရားရုံးက ထပ်မံ ရမန်ယူမည်ဟု ရာဂျတာလီရဲစခန်းမှ ရဲအုပ် ၀ါဟစ်အူလ် ဆာကာ (Wahid Ullah Sarkar) က ပြောကြောင်း Bdnews 24 com တွင် ဖော်ပြထားသည်။
ဦးရန်နိုင်စိုးသည် နယ်သာလန်နိုင်ငံတွင် ခိုလုံခွင့်ရထားသူ ဖြစ်ပြီး ဘင်္ဂလာဒေ့ရှ်သို့ ပြန်လာကာ ရက္ခိုင့်တပ်မတော်ကို ကူညီနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
Arakan State
https://www.facebook.com/NarinjaraNews
ဒေါက်​တာ ​မြတ်​နု​ခိုင်​ကို ​ဒ​ဂုံ​မြို့​နယ် ​တ​ရား​ရုံး​မှာ ​အောက်​တို​ဘာ​လ ၁၉ ​ရက်​နေ့​က ​ရုံး​ထုတ်​ပြီး ​အာ​မ​ခံ​မ​ပေး​ဘဲ ​ရ​မန်​ယူ​ပြီး​တဲ့​နောက် ​အင်း​စိန်​ထောင်​ကို ​ပို့​လိုက်​တယ်​လို့ ​သူ့​အ​မှု​ကို ​လိုက်​ပါ ​ဆောင်​ရွက်​ပေး​မယ့် ​ရှေ့​နေ ​ဦး​သန်း​ဇော်​အောင်​က ​ပြော​ပါ​တယ်။
ပြီး​ခဲ့​တဲ့​နှစ်​က ​လက်​ပံ​တောင်း​မှာ ​ဆ​န္ဒ​ပြ​မှု​အ​တွင်း ​ရဲ​ရဲ့ ​ပစ်​ခတ်​မှု​ကြောင့် ​သေ​ဆုံး​ခဲ့​ရ​တဲ့ ​တောင်​သူ ​ဒေါ်​ခင်​ဝင်း ​ကိ​စ္စ​နဲ့ ​ပတ်​သက်​လို့ ​တ​ရုတ်​သံ​ရုံး ​ရှေ့​မှာ ​ဆ​န္ဒ​ပြ​ခဲ့​တဲ့ ​အ​တွက် ​ပုဒ်​မ ၇ ​ခု​တပ်​ပြီး ​တ​ရား​စွဲ​ထား​တယ် ​လို့​လည်း ​ဦး​သန်း​ဇော်​အောင်​က ​ပြော​ပါ​တယ်။
ရွေး​ကောက်​ပွဲ ​ဝင်​ပြိုင်​မယ့် ​ကိုယ်​စား​လှယ်​လောင်း ​တစ်​ယောက်​ဟာ ​ကိုယ်​စား​လှယ်​အ​ဖြစ် ​အ​သိ​မှတ်​မ​ပြု​ခင် ​က​တည်း​က ​ပြစ်​မှု​ကင်း​ရှင်း​ကြောင်း ​အ​ဆင့်​ဆင့် ​စစ်​ဆေး ​ခံ​ရ​ပြီး ​ကင်း​ရှင်း​တယ်​လို့ ​အ​သိ ​အ​မှတ်​ပြု ​ခံ​ရ​ပြီး​ကာ​မှာ ​အ​ခု​လို ​ဖမ်း​ဆီး ​တ​ရား​စွဲ​တဲ့ ​အ​ပေါ် ​နား​မ​လည်​ဘူး​လို့ ​သူ​က ​ဆို​ပါ​တယ်။
စွဲ​ဆို​ထား​တဲ့ ​အ​မှု​တွေ​က ​ခွင့်​ပြု​ချက် ​မ​ပါ​ဘဲ ​စီ​တန်း​လှည့်​လည်​မှု၊ ​နိုင်​ငံ​တော် ​အ​ကြည်​ညို​ပျက်​စေ​မှု၊ ​တာ​ဝန်​ကျ ​ပြည်​သူ့​ဝန်​ထမ်း​ကို ​ဝ​တ္တ​ရား ​နှောင့်​ယှက်​မှု၊ ​ဆဲ​ဆို​မှု၊ ​ရုန်း​ရင်း​ဆန်​ခတ်​မှု ​စ​တဲ့ ​ပုဒ်​မ​တွေ​ဖြစ်​ပါ​တယ်။
ဒေါက်​တာ ​မြတ်​နု​ခိုင်​ရဲ့ ​ရွေး​ကောက်​ပွဲ ​ဆိုင်​ရာ ​ကိုယ်​စား​လှယ် ​ဦး​တင်​အေး​က​တော့ ​သူ့​အ​နေ​နဲ့ ​စည်း​ရုံး​မဲ​ဆွယ်​မှု​တွေ ​ဆက်​လုပ်​သွား​မယ်​လို့ ​ပြော​ပါ​တယ်။
ဒေါက်​တာ ​မြတ်​နု​ခိုင်​ဟာ ​မ​ရမ်း​ကုန် ​မု​ဒိ​တာ ​အိမ်​ရာ​မှာ ​နေ​သူ​ဖြစ်​ပြီး ​ပြီး​ခဲ့​တဲ့ ​နှစ်​ကုန်​ပိုင်း​က ​ဒေါ်​နော်​အုံး​လှ​တို့​နဲ့ ​အ​တူ ​တ​ရုတ် ​သံ​ရုံး​ရှေ့​မှာ ​ဆ​န္ဒ​ပြ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။
သူ​နဲ့ ​အ​မှု​တွဲ​တူ​တဲ့ ​ဒေါ်​နော်​အုံး​လှ​နဲ့ ​ကို​နေ​မျိုး​ဇင်​တို့​က​တော့ ​ထောင်​ဒဏ် ၄​နှစ်​နဲ့ ၄​လ ​ကျ​ခံ​နေ​ရ ​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင် ကို တွေ့ရစဉ်။ Photo: RFA
၈၈ မျိုးးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် သူတို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပါဝင်စည်းရုံးနေတာဟာ တိုင်းပြည်အကျိုးကို ရှေးရှုပြီးဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
သူတို့အဖွဲ့ဝင်တွေကို ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခြင်းမပြုခဲ့ပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် သူတို့အဖွဲ့က တက်တက်ကြွကြွ မဲဆွယ်စည်းရုံးပေးနေတာနဲ့ ပတ်သက်ပြီး RFA က ဒီကနေ့ မေးမြန်းခဲ့ရာမှာ ကိုမင်းကိုနိုင်က မိမိတို့အနေနဲ့ အဓိကနဲ့ သာမညကို ခွဲခြားဆုံးဖြတ်ခဲ့တယ်လို့ပြောပါတယ်။
"ကျနော်တို့က အဓိကနဲ့ သာမညကို ခွဲတာပဲဗျ၊ ဒီတိုင်းပြည်အတွက် အဓိကကဘာလဲဆိုတာကို ကျနော် တို့ ရွေးချယ်လိုက်တာပါပဲ၊ ကျနော်တို့ ဒီလောက်ခရီးကြမ်းကြီးမှာ ခံစားချက်တို့ တစ်ကွေ့ခြင်းအကြောင်းတွေပြော ရင် မဆုံးဘူးလေ၊ ဒါပေမဲ့ ကျနော်တို့က ဒီအချိန်မှာ အရေးကြီးဆုံးအလုပ်ဟာ ကျနော်တို့ ကွဲပြားလို့မရဘူး၊ ကျနော်တို့စုထားမှရမယ်၊ ဒါကျနော်တို့ အခြေခံနားလည်ပြီးသား အဲတော့ ဘယ်လိုရလဒ်မျိုးပဲထွက်ထွက်ပေါ့ အမတ်လောင်းစာရင်းမှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာကို အစောကြီးကတည်းက စဉ်းစား ပြီးသားပါ"
ဒ့ါအပြင် လာမယ့်ရွေးကောက်ပွဲဟာ အမှန်တကယ် ရိုးဖြောင့်မှု လွတ်လပ်မှုနဲ့ သန့်ရှင်းမှု ရှိမယ်ဆိုရင် ဒီမိုကရေစီအဖွဲ့သားတွေဘက်က မုချအနိုင်ရမှာဖြစ်ကြောင်းလည်း သူကပြောကြားလိုက်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
နှောင့်​ယှက်​မှု​တွေ ​အ​တွက် ​အ​မှု ​ဖွင့်​ထား ​ပေ​မယ့် ​အ​ရေး​ယူ ​တာ ​မ​ရှိ​သေး​ဘူး​လို့ ​အန်​အဲလ်​ဒီ ​ပြော
 လာ​မယ့် ​နို​ဝင်​ဘာ ​ရွေး​ကောက် ​ပွဲ​မှာ ​နေ​ပြည်​တော် ​နယ်​န​မိတ် ​က​နေ ​ဝင်​ရောက် ​ယှဉ်​ပြိုင်​မယ့် ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် (​အန်​အဲလ်​ဒီ)​ကိုယ်​စား​လှယ် ​လောင်း​တွေ​ရဲ့ ​ကျေး​ရွာ ​မဲ​ဆွယ် ​စည်း​ရုံး ​မှု​တွေ ​အ​ပေါ် ​နှောင့်​ယှက်​မှု ​တ​ချို့ ​ရှိ​နေ ​ပါ​တယ်။
အန်​အဲလ်​ဒီ ​အ​ဖွဲ့​ဝင် ​တွေ​ဟာ ​နေ​ပြည်​တော် ​ဒ​က္ခိ​ဏ ​သီ​ရိ ​မြို့​နယ် ​ရန်​အောင်​မြင် ​ကျေး​ရွာ ​ထဲ​မှာ ​တ​န​င်္ဂ​နွေ ​နေ့​က ​မဲ​ဆွယ် ​စည်း​ရုံး ​စဉ် ​လေး​ခွ​နဲ့ ​ပစ်​ခံ​ရ ​သ​လို ​နှောင့်​ယှက် ​ဟန့်​တား ​မှု​တွေ ​ကြုံ​တွေ့ ​ခဲ့​ရ​တာ ​ဖြစ်​ပါ​တယ်။
နှောင့်​ယှက် ​မှု​တွေ​ကို ​ကော်​မ​ရှင် ​နဲ့ ​ရဲ​စ​ခန်း​မှာ ​အ​မှု ​ဖွင့်​ထား ​ပေ​မယ့် ​အ​ခု ​ထိ​တော့ ​အ​ရေး​ယူ ​ဆောင်​ရွက်​တာ ​မ​ရှိ​သေး ​ဘူး​လို့ ​အန်​အဲလ်​ဒီ ​က ​ပြော​ပါ​တယ်။
ဒါ​ဟာ ​ပြိုင်​ဘက် ​ပါ​တီ​ဝင် ​တစ်​ချို့ ​ရဲ့ ​သား​သ​မီး​တွေ ​က ​နှောက်​ယှက် ​ဆို​ပြီး ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် ​နေ​ပြည်​တော်​ခ​ရိုင် ​ဥ​က္က​ဌ​က ​သူ​တို့ ​ကြုံ​တွေ့ ​ခဲ့​ရ ​တာ​တွေ​ကို ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။
နေ​ပြည်​တော်​မှာ​က ​အ​စိုး​ရ ​အ​ဖွဲ့​ဝင် ​ဝန်​ကြီး​တွေ ​နဲ့ ​ဗိုလ်​ချုပ် ​ကြီး​ဟောင်း ​တွေ ​ဝင်​ရောက် ​ယှဉ်​ပြိုင် ​ဖို့​ရှိ ​နေ​ပါ​တယ်။
ဒ​က္ခိ​ဏ ​သီ​ရိ ​မြို့​နာ ​မှာ​တော့ ​ကြံ့​ခိုင် ​ဖွံ့​ဖြိုး​ရေး ​ပါ​တီ​က ​လက်​ရှိ ​အ​စိုး​ရ ​အ​ဖွဲ့​ဝင် ​ဝန်​ကြီး ​ဦး​မြင့်​လှိုင်​က ​ဝင်​ရောက် ​ယှဉ်​ပြိုင်​ဖို့ ​ရှိ​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
[soundcloud src="229081668"/]
လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းပွင့်ခေါင်းဆောင် ကိုမင်းကိုနိုင် ကို RFA အဖွဲ့သား ဦခင်မောင်စိုးက ၈၈ ဌာနချုပ်မှာ ဒီကနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။
ချင်းမိုင်၊ အောက်တိုဘာ ၁၉ ။ ။ ကိုးကန့်တပ်မတော် - မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ဥက္ကဋ္ဌ ဖုန်ကြားရှင်က လောက်ကိုင်မြို့တွင် ပြန်လည်အခြေချလိုကြောင်း သမ္မတထံ တောင်းဆိုမှုကို သမ္မတက ခွင့်ပြုခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက အောက်တိုဘာ ၁၅ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု စာချုပ် လက်မှတ်ရေးထိုးသည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောဆိုမှုကို MNDAAက သတင်းမှားဖြစ်ကြောင်း ပြန်လည်ငြင်းဆိုလိုက်သည်။
မြန်မာမီဒီယာအချို့ မှားယွင်းသော သတင်းများကို ထုတ်ပြန်ခဲ့ပြီး သွေးခွဲ ကြံစည်ခဲ့သည်ဟု အောက်တိုဘာလ ၁၇ ရက်က ကြေငြာချက်တစောင် ထုတ်ပြန်ကာ တုံ့ပြန်လိုက်သည်။
“သတင်းတွေမှာ တွေ့တယ်။ ဝန်ကြီး ဦးအောင်မင်းကနေ ၁၆ ရက်နေ့ ထင်တယ်။ ဖုန်ကျားရှင်ကနေပြီးတော့မှ လူ ၆၀ ကိုခေါ်ပြီးတော့ ပြည်တွင်းထဲ ပြန်နေမလို့ လောက်ကိုင်လည်း ဖြစ်ရင်လည်း ဖြစ်မယ်ပေါ့။ သမ္မတနဲ့ ခွင့်တောင်းဖူးတယ်ပေါ့။ သမ္မတကလည်း ခွင့်ပြုတယ်ပေါ့။ ဒါပေမဲ့ လက်နက်တော့ ပေးမယူဘူးတဲ့၊ ဒီဥစ္စာတွေက မဟုတ်မမှန်ကြောင်း ကျနော်တို့ ပြန်ပြီးတော့ ချေပထားတာပါ ခင်ဗျ”ဟု MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက မဇ္ဈိမကို ပြောသည်။
ကိုးကန့်တပ်မတော် ဥက္ကဋ္ဌ ဖုန်ကြားရှင်က လောက်ကိုင်မြို့တွင် ပြန်လည်အခြေချလိုသည်ဟု သမ္မတ ဦးသိန်းစိန်အား ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိ၍ ခွင့်တောင်းသည်ကို သမ္မတက လောက်ကိုင်တွင်သော်လည်းကောင်း၊ ရန်ကုန်တွင်သော် လည်းကောင်း၊ မန္တလေးတွင်သော်လည်းကောင်း နေထိုင်ခွင့်ပြုမည်ဟု အကြောင်းပြန်ကြောင်း ဝန်ကြီးဦးအောင်မင်းက မီဒီယာများကို ပြောသည်။ သို့သော် ဖုန်ကြားရှင်အဖွဲ့က လက်နက် ၆၀ ယူဆောင်ခွင့်တောင်းသဖြင့် လက်နက်ယူဆောင်ခွင့်မပြုကြောင်း ပြန်လည်အကြောင်းပြန်ခဲ့သည်ဟု ဝန်ကြီးက ပြောဆိုခြင်းဖြစ်သည်။
“အဲဒါတွေက မဟုတ်မမှန်ပါဘူး။ သူပြောတာတွေ တခုမှ မရှိခဲ့ဖူးပါဘူး။ ဦးအောင်မင်းကတော့ အမြဲတမ်းလိုလိုပါပဲ။ လျှောက်ပြောနေတယ်။ အဓိက ကျနော်တို့ကို ပြိုကွဲအောင်၊ နာလည်မှု လွဲအောင်ပေါ့ဗျာ”ဟု သူက ပြောသည်။
လက်ရှိ MNDAA ၏ တပ်အင်အားသည် ၅၀၀၀ ခန့်ရှိပြီး မြန်မာမီဒီယာများ ထုတ်ပြန်ခဲ့သော လက်နက် ၆၀ ခန့်ဖြင့်သာ ဆုတ်ခွာခဲ့ရသည် ဟူသော သတင်းမှာလည်း မှားယွင်းနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်းမှားများကြောင့် ကိုးကန့် တိုင်းရင်းသားများက MNDAA အပေါ် သံသယဝင်စေနိုင်ခြင်းကြောင့် ယခုကဲ့သို့ ထုတ်ပြန်ချက်ထုတ်ကာ ငြင်းဆိုရခြင်းဖြစ်သည်ဟုလည်းဆိုသည်။
ဖုန်ကြားရှင်သည် အသက် ၈၅ နှစ် ပြည့်ပြီ ဖြစ်သော်လည်း တော်လှန်ရေးအတွက် ဘဝကုန်ကြိုးစားပြီး အမျိုးသား တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု မရမချင်း မိမိမွေးရပ်မြေကို ပြန်မည်မဟုတ်ဟု ကတိပြုပါကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
အစိုးရနှင့် MNDAA တပ်တို့အကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်မှစတင်၍ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ကျဆုံးမှု များပြားခဲ့ပြီးနောက် ဇွန်လ ၁၀ ရက်က ဦးဖုန်ကြားရှင်က တစ်ဖက်သတ် စစ်ရပ်စဲလိုက်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
လက်ရှိ လောက်ကိုင်ဒေသတွင် အစိုးရစစ်တပ်က တစ်ပတ်လျှင် ၄ ရက်၊ ၅ ရက်ခန့် ထိုးစစ်ဆင်မှုများ ရှိကာ ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း အောက်တိုဘာလ ၁၅ ရက်နောက်ပိုင်း လောက်ကိုင်၏ အရှေ့မြောက်ဘက်တွင် အစိုးရ စစ်တပ်က လက်နက်နှင့် စစ်အင်အားများ တိုးမြင့်မှုများ ရှိသဖြင့် အစိုးရ စစ်တပ်မှာ ဆက်လက် ထိုးစစ်ဆင်မှု ရှိလာမည့် အခြေအနေတွင် ရှိနေသည်ဟု ဦးထွန်းမြတ်လင်းက ပြောသည်။
MIZZIMA
http://www.mizzimaburmese.com/article/6261#sthash.Y00C4yoO.dpuf
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွာနှင့်
ရှင်တော်ကုန်းကျေးရွာအုပ်စုမှ ဒေသခံတောင်သူ ၂၀၀ ခန့်က
ဗဟိုမီးသတ်သင်တန်းကျောင်းတည်ဆောက်ရန် သိမ်းဆည်းခံခဲ့ရသည့် မြေပေါ်တွင် အောက်တိုဘာ ၁၉ ရက် နံနက်က
မကျူးကျော်ရဆိုင်းဘုတ်များ ၀င်ရောက်စိုက်ထူ၍ ထွန်ယက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အသုံးပြုထားသည့် မြေ ၅ ဧကမှ ပိုလျှံမြေများပြန်လည်ပေးအပ်ရန်အတွက် ၂၀၀၅ ခုနှစ်မှစတင်၍ သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ပေးအပ်ခြင်းမရှိသောကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။
“တံခါးဖွင့်ခိုင်းတာ မရလို့ ဖြုတ်ပြီး ၀င်ခဲ့တယ်။ မကျူးကျော်ရ
ဆိုင်းဘုတ်တွေ စိုက်တယ်။ အစောင့်တဲတွေဆောက်ပြီး ထွန်စက်တွေနဲ့
ထွန်ယက်ခဲ့တယ်။ ပိုလျှံမြေကို ပေးဖို့တောင်းဆိုခဲ့တာ မထူးခြားခဲ့ဘူး”ဟု
ရေကြည်ရွာမှ ဦးမောင်သောင်းက ပြောသည်။
အဆိုပါမြေများအား ၁၉၉၇ ခုနှစ်တွင် နိုင်ငံတော်အစိုးရက
ဗဟိုမီးသတ်သင်တန်းကျောင်းတည်ဆောက်ရန် သိမ်းဆည်းခဲ့ကြောင်း၊ ၂၀၀၃ တွင်မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကာ
စစ်မှုထမ်းဟောင်းလေ့ကျင့်ရေးသင်တန်းကျောင်း တည်ဆောက်အသုံးပြုခဲ့ရာမှ ပိုလျှံမြေအား ပြန်လည်ပေးအပ်ရန် ဦးဆောင်သူ ဦးမျိုးဝင်းက ပြောသည်။
မြေသိမ်းခံတောင်သူ မနှင်းအေးက “မူလစီမံကိန်းမအောင်ရင် ကျွန်မတို့ကို
ပြန်လွဲပေးရမှာ ဖြစ်ပေမယ့် စစ်မှုထမ်းဟောင်းကို လက်ပြောင်းပေးတယ်။
မြေပိုင်တွေက ငတ်နေရတယ်။ မခံနိုင်တော့လို့ အခုလိုလုပ်တာပဲ။
ထွန်တုံးတိုက်ပွဲမဟုတ်ဘူး။ မြေသိမ်းပွဲပါ“ဟု ပြောသည်။
စစ်မှုထမ်းဟောင်းလေ့ကျင့်ရေးသင်တန်းကျောင်းမှ ဗိုလ်ကြီးမြင့်အောင်က
“ကျွန်တော်တို့အနေနဲ့ ဘာမှပြောစရာမရှိသေးဘူး။ အထက်ကိုတင်ပြပြီးမှ ပြောလို့ရမယ်။ တံခါးကိုဖျက်ပြီး ကျွန်တော်တို့ ပိုင်နက်ထဲဝင်လာတယ်။ သူတို့ဘာဆက်လုပ်မယ်မသိသေးဘူး။ အေးအေးဆေးဆေး ဖြစ်စေချင်တယ်”ဟု ပြောသည်။
ခိုင်ဆက်ဝေ
ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည့်
ဒေါက်တာခင်ရွှေ ၏ ချွေးမဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဒေါ်နန္ဒာလှိုင်မှ ဆိပ်ကြီးခ
နောင်တိုနှင့် ဒလမြို့နယ် ရှိ မဲဆန္ဒရှင်များနှင့် တွေ့ဆုံရာတွင် ၀ိုင်းဝန်းမဲဆွယ်စည်း
ရုံးကြောင်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင်
ဖော်ပြချက်အရ သိရသည် ။
အဆိုပါ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားချက်မှာ မဲဆန္ဒရှင်ပြည်သူများနှင့် သွား
ရောက် တွေ့ဆုံ ဟောပြောရာ၌ ဒေါက်တာခင်ရွှေ နှင့်အတူ ဦးဇေသီဟ၊ ဒေါ်နန္ဒာ
လှိုင်၊ ဦးစောမြင့်ဆွေ တို့မှလည်း မဲဆန္ဒရှင်ပြည်သူများ နှင့် တရင်းတနှီး တွေ့ဆုံဟော
ပြောခဲ့ကြပြီး နန္ဒာလှိုင်မှ “ရွေးကောက်ပွဲမှာ မဲပေးမမှားဖို့” ပြောထားကြောင်း ရေးသား
ဖော်ပြထားသည် ။
ဆက်လက်ပြီး အဆိုပါ ဟောပြောပွဲသို့ လူထုပရိသတ် ၅ဝဝဝ ခန့် တက်ရောက်ခဲ့ကြ
ပြီး မဲဆန္ဒရှင် ပြည်သူများသည် ဒေါက်တာခင်ရွှေအား ရာနှုန်းပြည့် ဆန္ဒမဲပေးကြမည် ဟု တညီတညွတ်တည်း ထောက်ခံပြောဆိုခဲ့ကြောင်း အဆိုပါ ဖေ့စ်ဘုတ်စာမျက်နှာ
တွင် ရေးသား ဖော်ပြထားချက်အရ သိရသည် ။
အဂ္ဂမဟာသီရီသုဓမ္မ မဏီဇောတဓရ ၀ဏ္ဍကျော်ထင် ဒေါက်တာခင်ရွှေသည် ရန်ကုန်
တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သည့် တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊
ကွမ်းခြံကုန်းမြို့နယ်၊ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၊ ကိုကိုးကျွန်းမြို့နယ်များ
ပါဝင်သည့် မဲဆန္ဒနယ် အမှတ် ၈ ၀င်ရောက် ယှဉ်ပြိုင်မည် ပြည်ခိုင်ဖြိုးပါတီ၏ အမျိုး
သားလွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း
သိရသည်။ ယင်းအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း အဆိုပါ မဲဆန္ဒနယ်မှပင်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ကြောင်း သိရသည်။
ဒေါက်တာခင်ရွှေသည် လူမှုထူး
ချွန် (ပထမအဆင့်)၊ လူမူထူးချွန်(ဒုတိယအဆင့်)၊ Honorary Doctor of Philoso-
phy in Business Administration ၊ Degree of World Buddhist Outstanding
Leader Award 2015 နှင့် Honorary Doctor of Philosophy in Business Admi-
Nistration တို့ရရှိထားကြောင်း မဲဆွယ်စည်းရုံးရေး ဗီနိုင်းတွင် ရေးသားဖော်ပြပြီး အ
ဆိုပါ ဘွဲ့များကို ချီးမြှင့်ပေးသည့် သက်ဆိုင်ရာ တက္ကသိုလ်များအမည်ကို ထည့်သွင်း
ဖော်ပြမထားပေ။
သတင်း - စိုင်းဟန်
The Ladies News Journal
မဲဆန္ဒရှင်စာရင်များ အကြိမ်ကြိမ် မှားယွင်းနေမှုအပေါ် တာဝန်မခံသော ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နုတ်ထွက်ပေးရန် အရပ်ဘက် အဖွဲ့အစည်းများက
အောက်တိုဘာ ၁၈ ရက်နေ့၌ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်း
များ၏ သတင်းစာ ရှင်းလင်းပွဲတွင် တောင်းဆိုလိုက်သည် ။
“အခုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက မဲစာရင်းမှားလို့ မီဒီယာကရော၊ အရပ်ဘက်
အဖွဲ့အစည်းတွေက ပြောကြတာ ဖိအားပေးတယ်လို့ ပြောတယ်။ တာဝန်မခံနိုင်ဘူး။
Pressure မခံနိုင်ဘူးဆိုရင် နုတ်ထွက်ပေးဖို့ပဲ ရှိတယ်” ဟု TRIANGLE Women Su-
pport Group ဒါရိုက်တာ မခင်လေးက ပြောသည်။ ရန်ကုန်မြို့၊ Orchid ဟိုတယ်၌ အောက်တိုဘာ ၁၈ ရက်နေ့က မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲနှင့် ပတ်
သက်၍ အရပ်ဘက် အဖွဲ့အစည်းများ၏ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်
ပါအတိုင်း ပြောဆိုခဲ့ ခြင်းဖြစ်သည်။
“မဲစာရင်းမှားတာ သူကိုယ်တိုင် ဝန်ခံထားတာရှိတယ်။ မီဒီယာတွေ ပြောတာ၊ အရပ်
ဘက် အဖွဲ့အစည်းတွေ ပြောတာ ဖိအားပေးတာ မဟုတ်ဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ အဓိ
ကကြတဲ့ အသက်သွေးကြောကို သူ့ရဲ့တာဝန်ယူမှုအပေါ် ဝေဖန်ကြတာ။ ဝေဖန်တာ၊
ဖိအားတွေ မခံနိုင်ဘူးဆိုရင် ဒီနေရာက ဖယ်သွားလိုက်” ဟု Women’s Organiza-
tion Network မှ မသိန္ဒီဦးက ပြောသည်။
တစ်နိုင်ငံလုံး အခြေခံမဲဆန္ဒရှင် စာရင်းများ အကြိမ်ကြိမ် မှားယွင်းနေသည့်အပြင်
ဧည့်စာရင်းဖြင့် နေထိုင်သူများ မဲစာရင်းတွင် မပါဝင်သေးသည့် မဲဆန္ဒရှင်များ ရှိနေ
သဖြင့် လာမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိနိုင်ကြောင်း အရပ်
ဘက် အဖွဲ့အစည်းများက သုံးသပ်ပြောသည်။
မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများက အောက်တိုဘာ ၁၈ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ရာ အဆိုပါ သဘောထား ကြေညာချက်တွင် အခြေခံ မဲစာရင်းများ အကြိမ်ကြိမ် မှားယွင်းနေမှုသည် တိုင်းရင်းသား ပြည်သူလူထု၏ စစ်မှန် သော မဲပေးပိုင်ခွင့်၊ လာမည့် ရွေးကောက်ပွဲ၏ ရလဒ်၊ လာမည့်ရွေးကောက်ပွဲ၏ လွတ် လပ်၍ တရားမျှတမှု တို့အပေါ် အပျက်သဘော ရောက်စေနိုင်ကြောင်း၊ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထုအပေါ် တာဝန်ပုံချ
လျက်ရှိခြင်းသည် တာဝန်ခံမှု၊ တာဝန်ယူမှု လုံးလုံးမရှိခြင်း ဖြစ်သည်ဟု ဖော်ပြထား
သည်။
ယင်းအပြင် လက်ရှိ အာဏာရပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် အစိုးရ
အဖွဲ့ဝင် ကိုယ်စားလှယ်လောင်းများ အနေဖြင့် မလျော်ကန်သည့် သြဇာကျင့်သုံး၍
ဖိအားပေးခြင်း၊ အစိုးရဖွံ့ဖြိုးရေး စီမံကိန်းများကို အချိန်ကိုက် ဖော်ဆောင်ကာ တစ်
ဖက်လှည့် မဲဆွယ်စည်းရုံးခြင်း၊ တပ်မတော်၏ ကျောထောက် နောက်ခံရှိသည့် အ
သွင် သွယ်ဝိုက် ပြောဆိုစည်းရုံးခြင်းတို့ ပြုလုပ်လာပါက ရွေးကောက်ပွဲ၏ သန့်ရှင်းမှု၊
လွတ်လပ်မှု၊ တရားမျှတမှုတို့ ထိခိုက်စေနိုင်ကြောင်း ထောက်ပြထားသည်။
ဘာသာရေးနှင့် လူမျိုးရေးကို အသုံးချ၍ သော်လည်းကောင်း၊ မသမာသော နည်း
လမ်းမျိုးစုံကို အသုံးပြုကာ ရွေးကောက်ပွဲ အောင်နိုင်ရေးကို လုပ်ဆောင်မည့် အလား
အလာများ၊ လုပ်ရပ်များ ဖြစ်ပေါ်လာနိုင်မည့် အပေါ်စိုးရိမ်ကြောင်း ဖေါ်ပြထားသည်။
သတင်း - MID News
The Ladies News Journal
မဲဆွယ်စည်းရုံးသည့် ကာလအတွင်း နိုင်ငံပိုင် သတင်းစာများတွင် အာဏာပိုင် အဖွဲ့အစည်းများကို ထောက်ခံနေသည့် သတင်းများကို အများဆုံးဖော်ပြနေသည်ဟု
Myanmar Institute for Democracy (MID) ၏ အစီရင်ခံစာတွင် ဖော်ပြလိုက်
သည်။
MID အဖွဲ့က လေ့လာဆန်းစစ်ရာတွင် နိုင်ငံပိုင်သတင်းစာနှင့် ရုပ်သံများတွင် မဲဆန္ဒ
ရှင်များ၏ ဆန့်ကျင်ဘက် အမြင်တို့ကို တင်ဆက်မှုမရှိဘဲ တစ်ဖက်ထဲမှ အမြင်များကို
အများအပြား တွေ့ရသည်ဟု ဖော်ပြထားသည် ။
နိုင်ငံတော် ငွေကြေးအထောက်အပံ့ဖြင့် ရပ်တည်နေသော သတင်းမီဒီယာများတွင်
နိုင်ငံရေး ဆောင်ရွက်နေသူများနှင့် ပက်သက်သည့် တင်ဆက်မှုများတွင် ဘက်ညီပြီး
မျှတသည့် တင်ဆက်မှုမျိုးဖြစ်ရန် ပြည်သူ့ဘဏ္ဍာငွေနှင့် ရပ်တည်နေသော ရုပ်သံများ
တွင် ပိုမိုတာဝန်ရှိသည်ဟု အစီရင်ခံစာက ထောက်ပြထားသည် ။
မဲဆွယ်ကာလ စက်တင်ဘာ ၈ ရက်မှ ၂၈ ရက်အတွင်း MID အဖွဲ့က လေ့လာစောင့်
ကြည့်ထားမှုများမှ တွေ့ရှိချက်များကို ဖေါ်ပြထားသည့် အစီရင်ခံစာကို အောက်တို
ဘာလ တတိယပတ်တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည် ။
နိုင်ငံပိုင်သတင်းစာများတွင် နိုင်ငံတော်သမ္မတသတင်းများကို ၃၆ % ၊ ဒုသမ္မတ၏ သတင်းများကို ၁၃ % ၊ တပ်မတော်၏ သတင်းများကို ၉.၈ % အထိ ရေးသားဖြော်ပ
နေသည်ဟု MID အဖွဲ့က ဆိုသည်။
“အစိုးရပိုင် မီဒီယာတွေမှာ အစိုးရအရာရှိတွေရဲ့ ခရီးစဉ်တွေ ၊ ဖွင့်ပွဲတွေ သွားနေတာ
ကို ဖော်ပြတာ များနေတယ်။ အတိုက်အခံတွေဘက်က အမြင်တွေ ဖြစ်စဉ်တွေ အ
ပေါ် အမြင်တွေကို ဖော်ပြတာ မတွေ့ရဘူး” ဟု MID မှ အလုပ်အမှုဆောင် ကိုမော်
ဇင်က ပြောသည်။
နိုင်ငံပိုင်သတင်းစာများ ဖြစ်သည့် ကြေးမုံနှင့် မြန်မာ့အလင်းတို့က နိုင်ငံတော်အာဏာ
ပိုင်များ ၊ နိုင်ငံတော် သမ္မတနှင့် ဒုသမ္မတ ၊ အစိုးရအဖွဲ့ဝင်များ ၊ တပ်မတော်သတင်း
များကိုသာ ဦးစားပေး ဖော်ပြကြပြီး အခမဲ့ မဲဆွယ်ရန် သတ်မှတ်ထားသည်မှလွဲ၍
နိုင်ငံရေးပါတီများနှင့် ပက်သက်သည့် သတင်းတင်ပြမှု အလွန်နည်းသည်ကိုလည်း
တွေ့ရှိရကြောင်း ဖော်ပြထားသည် ။
“အစီရင်ခံစာတွေကို ဘယ်ကိုမှ ပို့မှာ မဟုတ်ပါဘူး။ အဓိကက မီဒီယာတွေ လေ့လာ
ဆန်းစစ်နိုင်ဖို့ အတွက်သာ ထုတ်ပြန်ပေးသွားမှာ” ဟု MID အဖွဲ့မှ ဒါရိုက်တာ ကို
အောင်စိုးမင်းက ပြောသည် ။
ပုဂ္ဂလိကမီဒီယာများတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ပြည်ထောင်စု ကြံ့
ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတင်းများကို အသားပေး ဖော်ပြကြပြီး နိုင်ငံရေး ပါတီ
၁၄ ခုမှ ၂၉ ခုအထိ ဖော်ပြကြသော်လည်း အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ်ပါတီကိုသာ အများအားဖြင့် အသားပေးဖော်ပြကြကြောင်း အစီရင်ခံ
စာတွင် ဖော်ပြထားသည် ။
ပုဂ္ဂလိက မီဒီယာများသည် နိုင်ငံတော် အာဏာပိုင်များ၏ ဆောင်ရွက်ချက်များကို
အဓိက ဦးစားပေး ဖော်ပြခြင်း မရှိသည့်အပြင် ဝေဖန်ထောက်ပြရန်လည်း စိုးရွံ့မှု
မရှိဘဲ ရေးသားဖော်ပြကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
Myanmar Institute for Democracy (MID) သည် ၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင်
ကျင်းပမည့် ရွေးကောက်ပွဲများနှင့် ဆက်စပ်သည့် အကြောင်းအရာများကို မီဒီယာ
များက ဖော်ပြပုံကို မဲဆွယ် စည်းရုံးသည့် စက်တင်ဘာ ၈ ရက်တွင်စတင်ကာ ရုပ်မြင်
သံကြားလိုင်း ၅ လိုင်း ၊ ရေဒီယို ၅ လိုင်း ၊ သတင်းစာ ၇ စောင် နှင့် အင်တာနက် သ
တင်းစာ ၃ စောင်ကို လေ့လာစောင့်ကြည့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။
စစ်တမ်းကို အောက်တိုဘာလတွင် တစ်ကြိမ်ကောက်ယူမည် ဖြစ်ပြီး ရွေးကောက်ပွဲ
အပြီးတွင် အပြီးသတ် အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်မည်ဖြစ်ကြောင်း သိရ
သည်။ လေ့လာစောင့်ကြည့်သည့် နည်းစနှစ်မှာ နိုင်ငံပေါင်း ၅၁ နိုင်ငံတွင် အသုံးပြု
ခဲ့သည့် MEMO 98 နည်းစနစ်ဖြင့် လေ့လာစောင့်ကြည့်ခဲ့ခြင်း ဖြစ်သည်ဟု သိရ
သည်။
စစ်တမ်းများ ကောက်ယူရန်အတွက် Democracy Reporting International (DRi)၊
(EU) မှ ရန်ပုံငွေ မတည်ထားသည့် STeP Democracy နှင့် National Endowment
for Democracy (NED) တို့က ကူညီပံ့ပိုးထားခြင်း ဖြစ်သည်။
သတင်း -MMK
The Ladies News Journal
နိုင်ငံခြားကမဲတသိန်းလောက်ကိုတောင်
မှန်ကန်အောင်မစီမံနိင်ဘူး ဆိုတာဟာ..
ကျနော်တို့တိုင်းပြည်ကိုဘယ်နည်းနဲ့မှ
တိုးတက်အောင်လုပ်ဆောင်နိုင်စွမ်းမရှိဘူးဆိုတာ
သက်သေပြလိုက်တာပါပဲ...
ကျနော်တို့လိုချင်တဲ့အပြောင်းအလဲဆိုတာ
ကားတွေ ဖုန်းတွေမဟုတ်ဘူး...
တာဝန်ယူမှူ...
တာဝန်ခံမှူမရှိတဲ့..
အောက်တန်းကျတဲ့စိတ်ဓာတ်တွေကိုပြောင်းလဲချင်တာ....
ဒါရိုက်တာဝိုင်း
ရွေးကောက်ပွဲဖြစ်မလား
မဲခိုးမလား
ဘာဖြစ်မလား ညာဖြစ်မလားမစဉ်းစားကြပဲ
မြန်မာနိုင်ငံသားတယောက် တာဝန်အရ မဲ့ထဲ့ရမှာ ကျွန်တော့တို့ တာဝန်ပါ
အဲဒါကြောင့် ဘာမှ စဉ်းစားမနေပဲNld ကို မဲထဲ့ကြပါ...
ကိုဝိုင်း(ဒါရိုက်တာ)
ရွေးကောက်ပွဲဖြစ်မလားမဲခိုးမလားဘာဖြစ်မလား ညာဖြစ်မလားမစဉ်းစားကြပဲမြန်မာနိုင်ငံသားတယောက် တာဝန်အရ မဲ့ထဲ့ရမှာ ကျွန်တော့တို့ တာဝန်ပါအဲဒါကြောင့် ဘာမှ စဉ်းစားမနေပဲNld ကို မဲထဲ့ကြပါ...ကိုဝိုင်း(ဒရိုက်တာ)
Posted by Le Le Tun on Sunday, October 18, 2015
utinaye-party-620
ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ကော်မရှင် ဥက္ကဌ ဦးတင်အေးကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA
သတင်းဌာနတွေအနေနဲ့ မိမိတို့ရဲ့သိက္ခာကိုလေးစားပြီး မီဒီယာကျင့်ဝတ်တွေနဲ့အညီ ရေးသားထုတ်လွှင့်ကြ ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၈ ရက် မနေ့က ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
အဲ့ဒီ ကြေညာချက်ထဲမှာ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှာ ပြည်ခိုင်ဖြိုးပါတီက ငွေပေးပြီး မဲဆွယ်စည်းရုံးတာတွေ ရှိနေကြောင်း မှတ်ပုံတင်တွေ တောင်းယူကြောင်း စသဖြင့် ထုတ်လွှင့်ခဲ့တယ်ဆိုပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က သတိပေးလိုက်တာဖြစ်ပါတယ်။
ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က လှိုင်သာယာမြို့နယ်မှာ နေထိုင်သူ ကိုအောင်ဆိုသူနဲ့ အင်တာဗျူးထုတ်လွှင့်တာ လို့ ကြေညာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် သတင်းဌာနတွေအနေနဲ့ ဘက်မလိုက်ဘဲ တိကျမျှတတဲ့ သတင်းတွေကိုသာ ထုတ်လွှင့်သင့်ကြောင်း၊ မမှန်ကန်တဲ့ ဘက်လိုက်တဲ့ သတင်းထုတ်လွှင့်ချက်တွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို ထိခိုက်လာနိုင်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
RFA
http://www.rfa.org/burmese/news/news-media-commission-warns-10192015081434.html
ပါတီတွေအနေနဲ့ ရွေးကောက်ပွဲမှာ ငွေပေးမဲဆွယ်ရင် ရွေးကောက်ဥပဒေတွေအရ ထောင်ဒဏ်ချမှတ် ခံရနိုင်သလို ငွေဒဏ်လည်း ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
alxender-graf-lambsdorff-620.jpg ဥရောပသမဂ္ဂ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ခေါင်းဆောင် မစ္စတာ Alxender Graf Lambsdorff ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့မှာ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဥရောပသမဂ္ဂ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့က အဖွဲ့ဝင်အင်အား ၁၅ဝ ကျော်နဲ့ လေ့လာစောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ ဥရောပ သမဂ္ဂ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တို့ တွေ့ဆုံပွဲအပြီးမှာ အဖွဲ့ခေါင်းဆောင် Alxender Graf Lambsdorff က သတင်းထောက်တွေကို ပြောခဲ့တာပါ။
"ရွေးကောက်ပွဲနေ့မှာ ဥရောပသမဂ္ဂအဖွဲ့က ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့ဝင် ၁၅၀ ကျော်နဲ့ တစ်နိုင်ငံလုံးမှာ ထားရှိလေ့လာသွားမှာ ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့ တွေ့ရှိချက်တွေကို အမှီပြုပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုလုံးကို သုံးသပ်သွားမှာဖြစ်ပါတယ်လို့" ပြောသွားတာ ဖြစ် ပါတယ်။
ဥရောပသမဂ္ဂ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ဝင် ၄ဝ လောက်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပြီး ကျန်တဲ့အဖွဲ့ဝင်တွေဟာ မကြာခင်ရောက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီအဖွဲ့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးရဲ့ ဖိတ်ကြားချက်နဲ့ စောင့်ကြည့်လေ့လာ မှာဖြစ်ပြီး ဒီကနေ့ ဆွေးနွေးတာတွေကိုတော့ ထုတ်ဖေါ်ပြောကြားခြင်းမရှိပါဘူး။
အီးယူလေ့လာစောင့်ကြည့်ရေးအဖွဲ့ဟာ သူတို့သတ်မှတ်ရွေးချယ်ထားတဲ့ မဲဆန္ဒနယ်တွေမှာ မဲပေးတာ၊ မဲရေတွက်တာနဲ့ မဲရလဒ်ထုတ်ပြန်တာ စတဲ့လုပ်ငန်းစဉ်တွေကို စောင့်ကြည့်မှာဖြစ်ပြီး နိုင်ငံရေးပါတီတွေ လွတ်လပ်စွာစည်းရုံးခွင့် ရှိ မရှိ နဲ့ သတင်းမီဒီယာသမားတွေရဲ့ သတင်းတင်ပြမှုတွေကိုလည်း စောင့်ကြည့်သွား မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်း ၄ ဖွဲ့ကို စောင့်ကြည့် ခွင့်ပြုထားပြီး အဲ့ဒီအဖွဲ့တွေထဲမှာ အီးယူအဖွဲ့က အဖွဲ့ဝင်အင်အားအများဆုံး ဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ပြည်တွင်းက လေ့လာစောင့်ကြည့်မယ့် အဖွဲ့တွေကို လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့အထိ လျှောက်ထားခွင့်ပြုထားပြီး လက်ရှိအချိန်ထိ ပြည်တွင်း အဖွဲ့ ၉ ဖွဲ့က စောင့်ကြည့်မယ့်သူ ၆ ထောင်ကျော်ကို ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။
RFA
http://www.rfa.org/burmese/news/eu-election-monitoring-10192015071556.html
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ မြန်မာအစိုးရတို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးလိုက်တဲ့ ဂယက်ကြောင့် အိန္ဒိယနယ်စပ်ကနေ တချို့စိမ့်ဝင်လာကောင်း လာနိုင်တဲ့အတွက် မြန်မာနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ မဏိပူရပြည်နယ်က ခရိုင်သုံးခုက အလျားကီလိုမီတာ ၃၈ဝ တလျှောက်မှာ ၆ လ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
အိန္ဒိယစစ်တပ်နဲ့ အာသံရိုင်ဖယ်တပ် အာဏာပိုင်တွေက မေတ္တာရပ်ခံတဲ့အတွက် ညနေ ၅ နာရီက မနက် ၅ ထိ ညမထွက်ရအမိန့် ထုတ်ပြန်တာပါ။ ခရိုင်သုံးခုက တရားသူကြီးတွေက ဆိုင်ရာ နေရာတွေမှာ ညမထွက်ရအမိန့် သီးခြားစီထုတ်ပြန်လိုက်ပြီး နယ်စပ်က ၃ ကီလိုမီတာအကွာမှာ ဘာမှမလှုပ်ရှားဖို့လည်း အမိန့်ထုတ်ပြန်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
မဏိပူရ ပြည်နယ်နယ်စပ်တလျှောက်မှာချထားတဲ့ အိန္ဒိယစစ်တပ်နဲ့ အာသံရိုင်ဖယ်တပ်တွေဟာ ညဘက်လှုပ်ရှားမှုတွေကို နိုးနိုးကြားကြား စောင့်ကြည့်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
 ဖိ​လစ်​ပိုင် ​နိုင်​ငံ ​မြောက်​ပိုင်း​မှာ ​အင်​အား​ပြင်း​တဲ့ ​ကော့​ပူး ​တိုင်​ဖွန်း ​မုန်​တိုင်း​ဟာ ​နှေး​ကွေး​တဲ့ ​အ​ရှိန်​နဲ့ ​ဖြတ်​သန်း ​တိုက်​ခတ် ​နေ​တဲ့​အ​တွက် ​ဒေ​သ ​အ​တော်​များ​များ​မှာ ​မိုး​များ​ပြီး ​ရေ​ကြီး ​ရေ​လျှံ​မှု​တွေ ​ဖြစ်​ပေါ် ​နေ​ပါ​တယ်။
လူ​အ​တော်​များ​များ​ဟာ ​နေ​အိမ် ​ခေါင်​မိုး​တွေ​ပေါ်​က​နေ ​ကယ်​ဆယ်​ရေး​တွေ​ကို ​စောင့်​မျှော် ​နေ​ကြ​ပြီး ​သောင်း​နဲ့ ​ချီ​တဲ့ ​လူ​တွေ​ဟာ​လည်း ​နေ​ရပ် ​စွန့်​ခွာ ​ခဲ့​ကြ​ရ​ပါ​တယ်။
ကယ်​ဆယ်​ရေး ​လှေ​တွေ​ကို​လည်း ​စေ​လွှတ်​ထား​တယ်​လို့ ​ဖိ​လစ်​ပိုင် ​ကြက်​ခြေ​နီ ​အ​ဖွဲ့ ​ခေါင်း​ဆောင်​က ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။
မိုး​များ​လွန်း​တဲ့ ​အ​တွက် ​တ​ချို့ ​နေ​ရာ​တွေ​မှာ ​ရေ​အ​နက် ၁၅ ​ပေ ​လောက် ​ရှိ​တဲ့​အ​ထိ ​ရေ​ကြီး​မှု​တွေ ​ဖြစ်​နေ​တယ်​လို့ ​သူ​က ​ဆို​ပါ​တယ်။
အ​ခု​ချိန်​အ​ထိ ​အ​နည်း​ဆုံး ​လူ ၉ ​ဦး ​သေ​ဆုံး​ပြီး ​အ​ချို့ ​ပျောက်​ဆုံး ​နေ​တယ်​လို့ ​သိ​ရ​ပါ​တယ်။
တိုင်​ဖွန်း ​ကော့​ပူး​ဟာ ​အ​ခု​တော့ ​အ​နည်း​ငယ် ​အား​ပျော့​သွား​ပြီ​လို့ ​ဆို​ပေ​မယ့် ​နောက်​ထပ် ​အ​နည်း​ဆုံး ၂ ​ရက်​လောက် ​ထပ်​ရှိ ​နေ​ဦး​မယ်​လို့ ​ခန့်​မှန်း​ကြ​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
Koppu မုန်တိုင်းဒဏ်ကနေ အကာအကွယ် ယူနေတဲ့ တံငါသည် တချို့ (Credit: AFP) 
ဖိလစ်ပိုင်နိုင်ငံထဲ ​ဝင်ရောက်ခဲ့တဲ့ ​Koppu ​ဆိုင်ကလုန်းမုန်တိုင်းကြောင့် ​အနည်းဆုံး ​လူ ​၃ ​ယောက် ​သေဆုံးပြီး ​တစ်ယောက် ​ပျောက်ဆုံးနေပါတယ်။
ဖိလစ်ပိုင် ​နိုင်ငံ ​မြောက်ပိုင်းကို ​ဝင်ရောက်ခဲ့တဲ့ ​မုန်တိုင်းကြောင့် ​မြေပြိုမှုတွေအပြင် ​ရွာပေါင်း ​၇၀ ​လောက်မှာ ​ရေကြီးမှု ​ဖြစ်ခဲ့ရာက ​လူပေါင်း ​သောင်းနဲ့ချီလည်း ​နေရာရွှေ့ပြောင်းနေရပါတယ်။
ရာသီဥတု ​အခြေအနေက ​ရက်ပိုင်းအတွင်း ​ဆက်လက် ​ဆိုးဝါးမှာ ​ဖြစ်တဲ့အတွက် ​သေဆုံးသူ ​ဦးရေ ​ဒီထက် ​များပြားနိုင်တယ်လို့ ​ဖိလစ်ပိုင် ​အစိုးရက ​ပြောပါတယ်။
ရေကြီးတဲ့ ​နေရာမှာ ​ပိတ်မိနေတဲ့ ​လူတွေကို ​ကယ်ဆယ်ရေး ​သမားတွေ ​ကယ်ဆယ်နေဆဲ ​ဖြစ်ပြီး ​အိမ်ခေါင်မိုးပေါ်မှာ ​ကယ်ဆယ်ခံရဖို့ ​စောင့်ဆိုင်းနေသူတွေကို ​တွေ့နေရပါတယ်။
အဆိုးထဲက ​အကောင်းကတော့ ​el ​nino ​ရာသီဥတု ​ဖြစ်စဉ်ကြောင့် ​ရေတွေ ​ခန်းခြောက်နေချိန်မှာပဲ ​မိုးသည်းထန်မှုကြောင့် ​တချို့ရေလှောင်ကန်မှာ ​ရေတွေ ​ပြန်လည် ​ရရှိနေပြီ ​ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ​သတင်းပါတ် ​အနည်းငယ်တုန်းကပဲ ​ဖိလစ်ပိုင် ​နိုင်ငံရဲ့ ​၂၀% ​မှာ ​မိုးခေါင်ရေရှားမှု ​ဖြစ်ပွားခဲ့တာ ​ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
 အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းနှင့် ပတ်သက်ပြီး ဆရာ၊ ဆရာမများကို
ချုပ်ကိုင်ထားခြင်း မရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြား
သည်။
“ဆရာ၊ ဆရာမတွေအနေနဲ့ ဆန္ဒမဲပေးတာကို ဘယ်သူကိုမဆို၊ ဘယ်ပါတီကိုမဆို မဲ
ပေးနိုင်ပါတယ်။ ဟိုလူကိုမှ မဲပေးရမယ်၊ ဒီလူကိုမှ မဲပေးရမယ်ဆိုတာမျိုး ကျွန်တော်
တို့ ရွေးချယ်မပေးထားပါဘူး။ လွတ်လပ်စွာ မဲပေးနိုင်ပါတယ်” ဟု ယင်းက ဆက်
လက် ပြောကြားသည် ။
ပညာရေးဝန်ကြီးဌာန လက်အောက် အခြေခံပညာ၊ အဆင့်မြင့်ပညာရှိ ပညာရေးဝန်
ထမ်းများကို မဲပေးခြင်းနှင့်ပတ်သက်ပြီး ဖိအားပေးကာ အတင်းအကျပ် ဆန္ဒမဲတောင်း
ခံခြင်း၊ ကြိုတင်မဲ ပေးခိုင်းခြင်းများကိုလည်း ဆောင်ရွက်ထားခြင်း မရှိကြောင်း သိရ
သည် ။
“ဖေ့စ်ဘွတ်ခ်တွေမှာ ဆရာ၊ ဆရာမတွေ မဲပေးတာနဲ့ ပတ်သက်ပြီးတော့ ကြံ့ခိုင်ရေး
ကိုပဲ ပေးရမယ်။ မပေးရင် ရာထူးမတိုးတာတို့၊ နယ်ပြောင်းခံရတာတို့ လုပ်မယ်ဆိုတာ
မျိုးတွေကို တွေ့နေရပါတယ်။ အဲဒီလိုကိစ္စမျိုး လုံးဝမရှိပါဘူး” ဟု ယင်းက ဆက်လက်
ပြောကြားသည် ။
အွန်လိုင်းစာမျက်နှာအချို့တွင် ပညာရေးဝန်ထမ်းများ အနေဖြင့် ခေတ်အဆက်ဆက်
အကြောက်တရားဖြင့် တာဝန်ထမ်းဆောင်လာကြသည့် သူများဖြစ်သည့်အတွက်
အထက်မှ ဖိအားပေးပြီး ယင်းတို့အလိုကျ ပါတီကို မဲပေးခိုင်းမည့် အခြေအနေတွင် ရှိ
နေကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်ပညာကဏ္ဍမှ ဆရာ၊ ဆရာမများကို
ချုပ်ကိုင်နိုင်ခြင်း မရှိဘဲ ယင်းတို့ ချုပ်ကိုင်မည့်သူများမှာ အခြေခံပညာမှ ဆရာ၊ဆရာမ
များ ဖြစ်ကြောင်းကို ဖော်ပြရေးသားလျှက် ရှိနေကြသည်။
အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမပေါင်း ၄ သိန်းဝန်းကျင်တွင် ရှိနေပြီး အဆင့်
မြင့်ပညာကဏ္ဍတွင် ဆရာ၊ ဆရာမတစ်သောင်းကျော် ရှိနေကြောင်း သိရသည် ။
သတင်း - သူရိယ
The Ladies News Journal
https://www.facebook.com/News.TheLadies
ကြိုတင်မဲပေးခြင်းလုပ်ငန်းကို ကောင်စစ်ဝန်ရုံးနှင့် မြန်မာနိုင်ငံသားများ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်စွာ အဆုံးသတ်နိုင်ကြောင်း လော့စ်အိန်ဂျလိစ် ကောင်စစ်ဝန်ရုံးမှ ထုတ်ပြန်ချက်။
 အမေရိကန်ပြည်ထောင်စုမှာ အောက်တိုဘာ ၁၈ ရက် တနင်္ဂနွေနေ့ဟာ ကြိုတင်မဲပေးခွင့်ရှိတဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။ ဒီလိုမဲပေးရာမှာ မဲပြား အစုံအလင်နဲ့ မဲပေးခွင့်ရသူတွေရှိသလို မဲပြား မစုံလင်တဲ့အတွက် ရသလောက်ပဲ မဲပေးခဲ့ကြသူတွေလည်း ရှိပါတယ်။ အကြောင်းစုံကို ကိုဉာဏ် ဝင်းအောင်က တင်ပြပေးထားပါတယ်။
အောက်တိုဘာ ၁၇-၁၈ နှစ်ရက်မှာ အမေရိကန်ပြည်ထောင်စုအတွင်း နေရာသုံးခုမှာ ကြိုတင်မဲပေးနိုင်တယ်လို့ မြန်မာသံရုံးက ကြေညာထားခဲ့ တာပါ။ ဝါရှင်တန်ဒီစီက မြန်မာသံရုံး ၊ နယူးယောက် မြန်မာအစိုးရကိုယ်စားလှယ်ရုံးနဲ့ Los Angeles မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွေမှာ မြန်မာပတ်စ်ပို့ ကိုင်ထားတဲ့ မြန်မာနိုင်ငံသားတွေမဲသွားပေးကြရတာပါ။
Los Angeles စစ်ဝန်ချုပ်ရုံးမှာ မဲပေးခွင့်ရသူ ၈၅ ဦးရှိတယ်လို့ ကြေညာထားပါတယ်။ Los Angeles မြို့ တက္ကသိုလ်တခုမှာကျောင်းတက်နေတဲ့ ကိုကောင်းထက်ကတော့ မဲပေးပိုင်ခွင့် ရှိသူစာရင်းထဲမှာ သူ့နာမည်ပါပေမယ့် တကယ်တန်း သူအနေနဲ့ မဲခွင့်မရခဲ့ဘူးလို့ VOA ကို ပြောပါတယ်။
“LA ကောင်စစ်ဝန်ရုံးက ထုတ်ပြန်ထားတဲ့စာရင်းထဲမှာ ကျနော့်နာမည်က မပါလာဘူး။ မပါလာတော့ သူတို့ကိုပြတယ်၊ အစိုးရ၏ခွင့်ပြုချက်ဖြင့် ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း-ဆိုပြီးတော့ အဲဒီထဲမှာ ကျနော့်နာမည်ပါလာတယ်။ ဒါပေမယ့် အဲဒီမှာပါလာရက်နဲ့ ဘာလို့ ကောင်စစ်ဝန်ရုံးရဲ့စာရင်းထဲမှာမပါလာတာလဲဆိုတော့ - တို့လည်း အဲဒါကို မသိဘူးတဲ့။ ရုံးထဲက ဝန်ထမ်းတွေ နှစ်ယောက်လားမသိဘူး၊ စာရင်းထဲမှာ မပါလာဘူး-ပေါ့။ အဲဒီတော့ သူတို့ နိုင်ငံခြားရေးဝန်ကြီးရုံးနဲ့ ရွေးကောက်ပွဲကော်မရှင်ကိုပဲ သူတို့လွှဲချလိုက်တယ်။ နိုဝင်ဘာ ၈ ရက်နေ့ မြန်မာပြည်မှာ မဲပေးတဲ့အချိန်မှာ သွားပေးမှ ရလိမ့်မယ်-တဲ့။ အဲဒါအပြင်တော့ တခြား ဘာမှ လုပ်နိုင်စရာမရှိတော့ဘူးလို့ ပြောတယ်။ ဒါပေမယ့် နိုဝင်ဘာ ၈ ရက်နေ့ ပြန်ဖို့ဆိုတာကတော့ နည်းနည်းခက်ခဲတာပေါ့။”
ဝါရှင်တန်ဒီစီက မြန်မာသံရုံးမှာ မဲသွားပေးခဲ့တဲ့ မေရီလန်းပြည်နယ်မှာနေထိုင်သူ ကိုတင်ထွန်းဦးကတော့ မဲပြား မစုံလင်တဲ့ပြဿနာနဲ့ရင်ဆိုင် ခဲ့ရတယ်လို့ ပြောပါတယ်။
“လွှတ်တော်သုံးခုအတွက် မဲပြား သုံးခု ရရမယ့်ဟာ တစ်ခုပဲရတယ်ပေါ့နော်။ အမျိုးသားလွှတ်တော်အတွက်ပဲ မဲပြားပါလာတယ်။ ကျနော့်ရဲ့ အင်းစိန်မြို့နယ် ကပေါ့နော်။ သံရုံးကတော့ ရှင်းပြတာက သူတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီးတော့ သံရုံးတွေကို ပို့လိုက်တဲ့အထဲမှာ ကျနော်တို့အတွက် မဲတစ်မဲ အတွက်ပဲပါတယ်။ တချို့မြို့နယ်တွေက မပါဘူးပေါ့။ ကော်မရှင်ရုံးကို ဗမာပြည်ကို ချက်ခြင်းပဲ အကြောင်းကြား ထားပါတယ် ပေါ့နော်။ သူတို့လည်း မသိသေးဘူးပေါ့။ နိုဝင်ဘာ ၈ ရက်ကို ဗမာပြည်အရောက် ပြန်လာခဲ့မယ်ဆိုလို့ရှိရင် သံရုံး၊ သံမှူးတွေဆီက ထောက်ခံစာယူပြီးလို့ သွားရင် သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ မဲပေးလို့ရတယ်ဆိုတဲ့ ဝဘ်ဆိုက်မှာ သူတို့ကြော်ငြာတွေကို တင်ထားတယ်။ ကိုယ်တိုင်သွားပြီးပေးဖို့ဆိုတာက ဒါ မဖြစ်နိုင်တဲ့ကိစ္စပေါ့ နော်။ ”
နယူးယောက်မြို့က မဝေဝေနိုင်ကတော့ သူကိုယ်တိုင် မဲပေးရာမှာ အဆင်ပြေခဲ့ပေမယ့် သူ့နဲ့ တရက်ထဲ မဲပေးသူတွေမှာတော့ မဲစာရင်းထဲ မိမိ အမည်စာရင်း ပါမလာတာ၊ မဲပြားမစုံတာတွေ ရှိတယ်လို့ ရှင်းပြပါတယ်။
“အဲဒီမှာ ညီမလေးတစ်ယောက်ကိုတွေ့တယ်။ သူက မီချီဂန်ကနေတောင် လာပေးရတာ။ Form 15 တင်ပြီးပြီ-တဲ့။ တင်ပြီးပေမယ့် သူ့နာမည်က လာတဲ့ အခါမှာ ရှာလို့မတွေ့ဘူး။ သံရုံးတွေက ရှင်းပြတာကတော့ သူတို့ရဲ့ တမြို့နယ်လုံးက မပါလာဘူးလို့ ပြောတယ်။ ဗမာပြည် ပြန်ပေးပါလို့ ပြောတယ်-တဲ့။ ဗမာပြည်ကိုလည်း သူက ဘယ်လိုမှ မသွားနိုင်ဘူးဆိုတော့ အဲဒီမှာ သူက မကျေနပ်ဘူး၊ မကျေနပ်တော့ အဲဒီမှာ သူ့ကိုတော့ ထောက်ခံစာလေး ပေးလိုက် တယ်-တဲ့။ နောက် တယောက်ကကျတော့ မဲပေးခွင့်ရလိုက်ပေမယ့် မဲပြား တစ်ပြားပဲပါလာတယ်။ အမျိုးသားလွှတ်တော်ပဲ။ အဲဒီနှစ်မဲက ပါမလာတဲ့အခါကျ တော့ အဲဒီအတွက် ရှုံးသွားတဲ့သဘောမျိုးမို့လို့ မကျေနပ်ဘူး။”
အမေရိကန်ပြည်ထောင်စုမှာ ကြိုတင်မဲပေးခွင့်ရဖို့ ပုံစံ ၁၅ လျှောက်ထားသူ ဦးရေ ၄၂၃ ဦးရှိတယ်လို့ အစောပိုင်းမှာ ဝါရှင်တန်ဒီစီ မြန်မာသံရုံး က ကြေညာခဲ့ပါတယ်။ တကယ်တမ်း မဲပေးချိန်မှာတော့ ဝါရှင်တန်ဒီစီမှာ ၁၃၁ ဦး၊ နယူးယောက်မှာ ၁၉၃ ဦးနဲ့ Los Angeles မှာ ၈၅ ဦး စုစုပေါင်း ၄ဝ၉ ဦးသာ မဲပေးခွင့်ရခဲ့ကြပါတယ်။
ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ရခိုင်ပြည်နယ် မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံပြည်သူများ။ (အောက်တိုဘာ ၁၈၊ ၂၀၁၅)
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သုံးရက်ကြာ ရခိုင်ပြည်နယ် မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ အများစိုးရိမ်နေကြ သလို ပြဿနာတ စုံတရာ ဖြစ်ပွားတာမျိုး မရှိဘဲ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ အသိုင်းအဝိုင်း နှစ်ဘက်ကြား ပဋိပက္ခ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းခဲ့သလို နိုင်ငံတွင်း မှီတင်းနေထိုင်သူအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး လုံခြုံမှုရှိစေရေးဟာ သိပ်ကို အရေးပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အလေးပေး ပြောကြား ခဲ့ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မတိုင်ခင်မှာ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး လုံခြုံရေးအရစိုးရိမ်မှုတွေ၊ ဒေသခံတွေက ဆန့်ကျင် ကန့်ကွက် ဆန္ဒပြကြမယ်ဆိုတဲ့ အသံတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုသုံးရက်ကြာခရီးစဉ်အတွင်း ရခိုင်ဒေသခံပြည်သူတွေသိန်းနဲ့ချီပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုအားပေးခဲ့တာကို တွေ့ခဲ့ကြရပါတယ်။
ခရီးစဉ် စတင်ခဲ့တဲ့ သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကုတ်မြို့က ရခိုင်ပြည်သူတွေနဲ့တွေ့ဆုံ ပြီး လူမျိုးရေး၊ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်ကြောင်းပြောကြားခဲ့ပါတယ်။ စနေနေ့မှာတော့ သံတွဲမြို့မှာ လူထု ဟောပြောဘွဲကျင်းပခဲ့ပြီး ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ နိုင်ငံသားတိုင်းစိတ်အေးအေးချမ်းချမ်းနေနိုင်ရေး၊ လုံခြုံမှုရှိရေး အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆိုခဲ့ပါတယ်။
“ကျမတို့နိုင်ငံမှာ မှီတင်းနေထိုင်တဲ့ ပုဂ္ဂိုလ်တွေအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး လုံလုံခြုံခြုံနဲ့ နေထိုင်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒီလို လုံလုံခြုံခြုံနဲ့ စိတ်လုံခြုံမှု၊ ကိုယ်လုံခြုံမှုရှိမှ ဒီနိုင်ငံဟာ အေးချမ်းနိုင်မှာပါ။”
တနင်္ဂနွေနေ့က ဂွမြို့ စည်းရုံးဟောပြောပွဲမှာတော့ နိုင်ငံသားအားလုံးညီညွတ်နေထိုင်ရေးအရေးကြီးကြောင်း အထူးအလေးပေး ပြောကြား ခဲ့သလို အရင် မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာလိုပဲ ရွေးကောက်ပွဲမှာ ပြည်သူတွေစိတ်ချရတဲ့ ပါတီအနိုင်ရဖို့ လူကိုမကြည့်ဘဲ ပါတီကိုပဲ ကြည့်ပြီးမဲထည့်ဖို့အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။
ဒါ့အပြင် အမုန်းတရားနဲ့ကြောက်ရွံ့မှုဟာ မြန်မာနိုင်ငံအတွက် အကျိုးမရှိဘူးလို့ ပြောကြားခဲ့ပြီး မဲထည့်ရာမှာလည်း တိုင်းရင်းသားဒေသခံတွေ အနေနဲ့ ခြိမ်းခြောက်တိုင်းမကြောက်ကြဖို့ အခုလိုပြောပါတယ်။
“ခြောက်တိုင်းလည်း မကြောက်ပါနဲ့ဆိုတာတော့ အားလုံးနားလည်ပါတယ်နော်၊ အထူးသဖြင့် ဒီတခါမှာ ရွေးကောက်ပွဲမတိုင်မီမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမပေးချင်လို့ နည်းအမျိုးမျိုးနဲ့ခြောက်နေတိုင်းလည်း မကြောက်ပါနဲ့လို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ခရီးစဉ်မှာ လုံခြုံရေးအတွက် NLD လူငယ်အဖွဲ့ဝင် (၇ဝဝ) ကျော်လောက် တာဝန်ယူဆောင်ရွက်ခဲ့ကြတယ်လို့ NLD သံတွဲခရိုင် ဥက္ကဋ္ဌက ဗွီအိုအေကိုပြောပါတယ်။
တနင်္ဂနွေနေ့က ရခိုင်ပြည်နယ်ခရီးစဉ်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်းက ငသိုင်းချောင်း၊ ရေကြည်နဲ့ ကျုံပျော်မြို့တွေမှာ လူထုနဲ့တွေ့ဆုံဟောပြောခဲ့ပြီးနောက် ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အ​စိုး​ရ​ဝန်​ကြီး ​မဲ​ဆွယ်​တာ​ကို ​ဒေ​သ​ခံ ​အာ​ဏာ​ပိုင်​တွေ​က ​ကူ​ညီ
 လက်ရှိ သမ္မတရုံး ဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းဟာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ ကျရင် သူ တသီး ပုဂ္ဂလ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကယားပြည်နယ် ရှားတော မြို့နယ် ထဲ မှာ မဲဆွယ် စည်းရုံးတဲ့ အခါ ဒေသခံ အာဏာပိုင် တွေက ဝိုင်းဝန်း ပံ့ပိုး ကူညီ ခဲ့တဲ့ အတွက် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က ကန့်ကွက်မှု တွေ ပြုလုပ် ထားတယ် လို့ NLD ပါတီ ဘက်က ပြောပါတယ်။
ကယား ပြည်နယ် ထဲမှာ ဦးအောင်မင်း အပါအဝင် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် နောက် တစ်ဦး ဖြစ်တဲ့ ဝန်ကြီး ဦးစိုးသိမ်း နဲ့ လက်ရှိ ကယားပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဦးခင်မောင်ဦး တို့လည်း ဝင်ရောက် ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ဝင်မယ့် အမတ်လောင်းတွေ မဲဆွယ်တဲ့ အခါ ကျပ်ငွေ သိန်း ၁၀၀ ထက် ပို မသုံးရ ဘူး ဆိုတဲ့ ဥပဒေ အကန့်အသတ် ရှိနေပေမယ့် အာဏာလက်ရှိ ထိပ်သီးတွေ မဲဆွယ်တဲ့ အခါ ငွေကြေး ပုံအော သုံးစွဲ နေတယ် ဆိုတဲ့ ဝေဖန်သံတွေ ရှိနေရုံ သာမက အစိုးရ ရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေ ကိုပါ အသုံးချပြီး ဒေသခံ တွေကို မက်လုံးပေး မဲဆွယ် နေတယ် လို့လည်း စွပ်စွဲ မှု တွေ ထွက်ပေါ် လာ ပါတယ်။
ဒီလို အချက်အလက် တွေ ကို NLD ပါတီ အနေနဲ့ စုစောင်း စိစစ် နေဆဲ ဖြစ်ပြီး အထောက်ထား ခိုင်လုံ မှသာ ထုတ်ဖော် ကန့်ကွက်မှု တွေ ပြုလုပ်မယ် လို့ NLD ရဲ့ ပြောခွင့်ရ တစ်ဦး ဖြစ်တဲ့ ဦးဝင်းထိန် က ဘီဘီစီ ကို ပြောပါတယ်။
ကယား ပြည်နယ် ထဲ မှာ အခုလို ထိပ်သီး အစိုးရ အဖွဲ့ဝင် တွေ လာရောက် ယှဉ်ပြိုင် ကြမှာ ဖြစ်သလို အဓိက အတိုက်အခံ ပါတီ အဖြစ် ရှုမြင် ထားကြတဲ့ NLD ပါတီ လည်း ဝင်ပြိုင် မှာ ဖြစ်တဲ့ အတွက် ရွေးကောက်ပွဲ အတွင်း အကြိတ်အနယ် အရှိ နိုင်ဆုံး နေရာ တွေ ထဲ က တစ်ခု ဆိုပြီး စောင့်ကြည့် လေ့လာသူတွေ က ခန့်မှန်း ထားကြပါတယ်။
မဲဆန္ဒရှင် နည်းပါး တဲ့ ကယား ပြည်နယ် ထဲမှာ လွှတ်တော် နေရာ တွေ သေချာ ပေါက် ရရှိ နိုင်တယ် လို့ ယူဆပြီး အစိုးရ နဲ့ အတိုက်အခံ ပါတီ တွေ အာရုံစိုက် လာပြိုင် နေကြတာ ဖြစ်တယ် လို့ ဒေသခံ ကယား ပါတီ တွေ ဘက် ကလည်း ဝေဖန် နေကြ ပါတယ်။
BBC Burmese
http://www.bbc.com/burmese