10/23/15
  ဒေါ်လာအပါအဝင် နိုင်ငံခြားငွေ လက်ခံကိုင်ဆောင်ခွင့်လိုင်စင်တွေ ပြန်ရုပ်သိမ်းဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာ ၁၃ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင်ခွင့်မရှိဘဲ မှောင်ခိုဈေးကွက်လွှမ်းမိုးခဲ့တဲ့ ၂၀၁၁ ခုနှစ်မတိုင်ခင် စစ်အစိုးရအဆက်ဆက်လက်ထက်က ကျင့်သုံးခဲ့တဲ့ လမ်းဟောင်းအတိုင်း ပြန်သွားတော့မလားဆိုပြီး လေ့လာသူတွေအကြားမှာ စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာဇော်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
RFA Burmese
https://www.facebook.com/RFA-Burmese
[soundcloud src="229597205"/]
 ကိုကိုးကျွန်းမှာ မဲဆွယ်စည်းရုံးမယ့် NLD ကိုယ်စားလှယ်လောင်းတွေ အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင် ရှိ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းစဉ်။ ဓါတ်ပုံ - မမိုးကလျာဦး/RFA
 ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်မှာ နေရာအတော်များများကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထား တာကြောင့် မဲဆွယ်စည်းရုံးရာမှာ အခက်အခဲတွေရှိတယ်လို့ ကိုကိုးကျွန်းကို ဒီနေ့ ရောက်ရှိနေတဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
မနေ့ကစပြီး ကိုကိုးကျွန်းရဲ့ ၅ ပုံ ၄ ပုံလောက်ကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်တာဖြစ်တယ်လို့ NLD ပါတီရဲ့ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။
"မဲလက်မှတ်တွေ ကျန်နေတဲ့သူတွေပေါ့နော်၊ မနက် ၇ နာရီကနေ ည ၇ နာရီပေါ့နော်၊ မဲလက်မှတ်ဆိုတဲ့နေရာမှာ လွှတ်တော် ၃ ခုမှာ ပထမ လေးရက်ဖွင့်တုန်းက ကျန်နေတဲ့သူတွေစာရင်း ကောက်ထားတယ်၊ အဲ့စာရင်းတွေ ကြည့်လိုက်တော့ ရွေးကောက်ပွဲကော်မရှင်က အဲဒါတွေပြန်ပေးတဲ့အတွက် အဲဒါတွေ ကျနော်တို့ဖွင့်ပြီးတော့ အဲဒါတွေပေးမယ်ပေါ့နော်၊ လုံးလုံးမပါတဲ့ မြို့နယ်တွေကတော့ လူအရေအတွက်နည်းတယ်၊ မြို့နယ်တွေကတော့ များတယ်၊ မြို့နယ်က ၂ဝ၊ ၃ဝ လောက်ရှိတယ်"
NLD ပါတီ ကိုယ်စားလှယ်လောင်း ၃ဦးနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင် ၁၁ ယောက်ဟာ တစ်အိမ်တက်ဆင်းပြီး မဲဆွယ်စည်းရုံးနေတယ်လို့ သိရပါတယ်။
ကိုကိုးကျွန်းမှာ ရေတပ်၊ GE အင်ဂျင်နီယာတပ်၊ အစိုးရ၀န်ထမ်းနဲ့ ပြည်သူတွေ နေထိုင်ကြပြီး မဲပေးခွင့်ရှိသူ ၁၅၀၀ လောက် ရှိတယ်လို့ ကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။
ကိုကိုးကျွန်းမှာ ပြည်ခိုင်ဖြိုးပါတီက အငြိမ်းစားဗိုလ်ချုပ်ကြီးဟောင်း သူရသက်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဟောင်း ဦးတင်ဝင်းတို့ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မဲဆွယ်စည်းရုံးရေး ၂ကြိမ်လောက် ဆင်းခဲ့ပြီးဖြစ်ပါတယ်။
NLD ပါတီ ကိုယ်စားလှယ်လောင်းတွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ရက်နေ့ကမှ သွားရောက်မဲဆွယ်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကိုကိုးကျွန်းမှာ NLD ပါတီက ရာနှုန်းပြည့် အနိုင်ရရှိခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်းက ကလေးသူငယ်လုပ်သားများ။
 မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာရှိတဲ့ လက်ဘက်ရည်ဆိုင်တွေကနေ စက်ရုံတွေအထိ လုပ်ငန်းအသီးသီးမှာ ကလေးသူငယ်လုပ်သားတွေကို တွေ့နေကြရပါတယ်။ သန်းပေါင်းများစွာသော အဲဒီ ကလေးသူငယ်လုပ်သားတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မကြာသေးခင် အချိန်ကာလတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေး လှုပ်ရှား တာ မရှိခဲ့ဖူးပါဘူး။ အခုတော့ ဒီ ကလေးတွေ အပေါ်ထားတဲ့ အမြင်သဘောထားတွေကိုသာမက သက်ဆိုင်တဲ့ ဥပဒေတွေကိုပါ အပြောင်းအလဲလုပ်ဖို့ တွန်းအားပေး လှုပ်ရှားတာတွေ ရှိလာနေပါပြီ။ AFP သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
လက်ဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ ကလေးတွေ စားပွဲထိုး လုပ်နေတဲ့မြင်ကွင်းက မြန်မာနိုင်ငံမှာ ပုံမှန်မြင်တွေ့ နေကြ မြင်ကွင်း တခုပါ။ မြန်မာနိုင်ငံတ၀န်းမှာ ကလေးသူငယ်လုပ်သား လေးသန်းကနေ ငါးသန်းကြားရှိမယ်လို့ ခန့်မှန်းထားကြပါ တယ်။ အဲဒီကလေးတွေထဲမှာ တနေ့ကို ၁၄ နာရီနဲ့ တပတ်လုံး အလုပ်လုပ်ကြရသူတွေတောင်မှ ရှိပါတယ်။
ပညာသင်ရမယ့်အရွယ်မှာ ပညာသင်ခွင့်မရကြဘဲ ၀မ်းရေးအတွက် အလုပ်လုပ်နေကြရတဲ့ အဲဒီကလေးတွေကို အကူအညီပေးနေ တဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေထဲမှာ မြန်မာရွေ့လျား ပညာရေးစီမံကိန်း myME လည်း တခုအပါအ၀င်ပါ။
“မြန်မာနိုင်ငံတ၀မ်းကြည့်လိုက်ရင် လမ်းထောင့်တွေမှာ၊ မီးပွိုင့်တွေမှာ ပန်း ရောင်းနေတဲ့၊ တခြားပစ္စည်းတွေ ရောင်းနေတဲ့ကလေးတွေ၊ စားသောက်ဆိုင်တွေ၊ ဟော်တယ်တွေအပြင် အိမ်အကူတွေအဖြစ် လုပ်နေတဲ့ကလေးတွေကို နေရာတိုင်းမှာ တွေ့ရမှာပါ။ ပြဿနာက ဒီလို ကလေးတွေအလုပ်လုပ်နေရတာကို တခုခုတော့ လွဲနေ တယ်ဆိုပြီး ဘယ်သူကမှ တကယ်တမ်း မထင်ကြတာပါပဲ။”
ကိုတင်မောင်အေးတို့ရဲ့ myME စီမံကိန်းကနေ ရန်ကုန်နဲ့မန္တလေးမြို့တွေက လက်ဘက်ရည်ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့ ကလေးငယ် ၆၀၀ ကို ဆိုင်ပိတ်ချိန်တွေကျရင် လက်ဘက်ရည်ဆိုင်ထဲမှာပဲ စာသင်ပေးနေတာပါ။ အဲဒီထဲမှာ အသက်ငါးနှစ် အရွယ်ကတည်းကစပြီး အလုပ်လုပ်နေရတဲ့ အခုတော့ အသက် ၁၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မောင်နိုင်လင်းအောင်လည်း အပါအ၀င်ပါ။
“myMEမှာကျတော့ ကျနော့်ကို  ကျေင်းသားတွေ အချင်းက ကျနော့်ကိုလာပြောတာပေါ့။ myMEမှာ တက်ရတာ ကိုယ့်ဘ၀မှာ ရှေ့လျှောက် ဘာမှ မဖြစ်နိုင်ဘူးဆိုတာ ကြိုပြောလို့မရဘူးပေါ့နော်။ အဲဒါကြောင့်ရှေ့လျှောက် English စာပိုင်း နဲနဲပါးပါးသိလာအောင်၊ ကျန်းမာရေးဗဟုသုတတွေလည်း ရလာအောင် ပြီးတော့ ဒီ လူတွေနဲ့ပြောဆိုဆက်ဆံတက်လာအောင် ကျနော်လာတက်တာပါ။”
ဆင်းရဲမွဲတေမှုနဲ့ မြန်မာနိုင်ငံရဲ့ ညံ့ဖျင်းတဲ့ ပညာရေးစနစ်တို့ဟာ ဒီလို ကလေးတွေ အလုပ်လုပ်နေရတာရဲ့ အခြေခံအကြောင်းရင်း တွေဖြစ်တယ်လို့ အများအပြားက မြင်ကြပါတယ်။ အသက်ဘယ်နှနှစ်မှာမှ စပြီး အလုပ်လုပ်ခွင့်ရမယ် ဆိုတာကိုအလုပ်သမား ဥပဒေတွေမှာ ရှင်းရှင်းလင်းလင်း ပြဌာန်းထားတာမရှိဘဲ လက်ရှိဥပဒေတွေနဲ့ အကျူံးမ၀င်ဘူးလို့ အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့ချုပ် ILO တာဝန်ရှိသူတဦးက ပြောပါတယ်။
“ကလေးတွေ ကျောင်းဆက်တက်နိုင်မယ်၊ ကျောင်းတက် ပညာသင်တာဟာ သူတို့မိသားစုအတွက်၊ သူတို့ ကလေးတွေအတွက် ပိုကောင်းတဲ့အလုပ်အကိုင် ရလာစေ မယ်ဆိုတဲ့ အနာဂတ်ကို သူတို့မြင်နိုင်မယ်ဆိုရင် ဘယ်မိဘမှ သူတို့ကလေးတွေ အလုပ်လုပ်ရတာကို မြင်ချင်မှာမဟုတ်ပါဘူး။”
၂၀၁၄ ခုနှစ်မှာကောက်ခံတဲ့ သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံမှာ ကျောင်းမတက်နိုင် တဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ခန့်မှန်းခြေ ၄.၄ သန်းလောက်ရှိပါတယ်။ လူမှုစီးပွားဆန်းစစ်လေ့လာတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Verisk Maplecroft ကုမ္ပဏီရဲ့ ၂၀၁၄ ခုနှစ်အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကလေးလုပ်သားအခြေအနေ အဆိုးရွားဆုံးဖြစ်နေတဲ့ ကမ္ဘာ့နိုင်ငံ ၁၀ နိုင်ငံထဲမှာ ဆိုမာလီယာ၊ ဆူဒန်၊ အာဖဂန်နစ္စတန်၊ ယီမန် စတဲ့နိုင်ငံတွေနဲ့အတူ ပါနေပါတယ်ခင်ဗျား။
မကြာသေးခင်က ပြဌာန်းထားတဲ့ အမျိုးသားပညာရေးဥပဒေထဲမှာ အခမဲ့မသင်မနေရ မူလတန်းပညာရေးကို ဦးတည်အကောင် အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ဆောင်ရွက်ရေးဆိုတဲ့ အခြေခံမူတခု ထည့်သွင်းပြဌာန်းထားပေမဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်နေတာမျိုး အခုချိန်ထိတော့ မကြားရသေးပါဘူး။
ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
 SSPP/SSA ​တပ်​ဖွဲ့​ဝင်​များ​အား ​တွေ့​ရ​စဉ်
 တိုက်​ပွဲ​များ ​ဖြစ်​နေ​တဲ့ ​အ​တွက် ​လူ​အ​များ​စု ​အိုး​ပစ်​အိမ်​ပစ် ​ထွက်​ပြေး ​နေ​ကြ​ရ​ပြီး ​မိုင်း​ရူး​မြို့​နယ် ​ဝမ်​စော​နဲ့ ​ဟိုက်​ပါ ​ကျေး​ရွာ၊ ​ပြီး​တော့ ​မိုင်း​နောင် ​က ​ဘုန်း​ကြီး​ကျောင်း​တွေ​မှာ ​စစ်​ဘေး ​အ​တွက် ​သွား​ရောက် ​ခို​လှုံ ​နေ​ရ​ပါ​တယ်။
စစ်​ဘေး​ရှောင် ​ဒု​က္ခ​သည် ​ဦး​ရေ ​အ​လွန် ​များ​ပြား​တဲ့ ​အ​တွက် ​ကျန်း​မာ​ရေး ​ပြု​စု​စောင့်​ရှောက်​မှု​နဲ့ ​စား​ဝတ် ​နေ​ရေး​များ ​ခက်​ခဲ​လျက် ​ရှိ​တယ်​လို့ ​ဆို​ပါ​တယ်။
ကျေး​သီး ​မြို့​နယ်​မှာ​တော့ ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင် ​ရုံး​ကို ​အ​စိုး​ရ ​စစ်​တပ်​က ​ဝင်​ရောက် ​ခဲ့​ပြီး ​မဲ​စာ​ရင်း ​နဲ့ ​မဲ​လက်​မှတ်​တွေ​ကို ​သိမ်း​ယူ ​သွား​တယ်​လို့ ​ဒေ​သ​ခံ​တွေ​က ​ဆို​ပါ​တယ်။
ကျေး​သီး ​မြို​နယ်​က ​မဲ​လက်​မှတ်​တွေ​ကို ​စစ်​တပ်​က ​သိမ်း​ယူ ​ခဲ့​တဲ့ ​အ​တွက် ​ရွေး​ကောက်​ပွဲ ​မ​ကျင်း​ပ​လို​တဲ့ ​သ​ဘော​များ ​ဖြစ်​မ​လား ​လို့ ​ရွေး​ကောက်​ပွဲ ​ဝင်​ရောက် ​ယှဉ်​ပြိုင်​ကြ​မဲ့ ​ကိုယ်​စား​လှယ် ​လောင်း​တွေ​က ​စိုး​ရိမ် ​နေ​ကြောင်း ​ပြော​ပါ​တယ်။
ရှမ်း​တိုင်း​ရင်း​သား​များ ​ဒီ​မို​က​ရက်​တစ်​ပါ​တီ​က ​ပြည်​သူ့ ​လွှတ်​တော် ​ကိုယ်​စား​လှယ်​လောင်း ​စိုင်း​အွမ်​ဆိုင်​မိုင်း ​က ​ပါ​တီ ​အ​နေ​နဲ့ ​ရွေး​ကောက်​ပွဲ ​မဲ​ဆွယ်​မှု​တွေ ​ဆက်​လုပ်​နေ​ပြီး ​အ​သင့်​ပြင်​ထား​ကြောင်း ​နဲ့ ​ကျေး​သီး​မြို့​နယ်​မှာ ​တိုက်​ခိုက်​မှု ​မ​ရှိ​ပဲ ​အေး​ချမ်း​လျက် ​ရှိ​နေ​ရဲ့​နဲ့ ​စစ်​တပ်​က ​ဘာ​ကြောင့် ​မဲ​စာ​ရင်း​နဲ့ ​မဲ​လက်​မှတ်​တွေ ​သိမ်း​ယူ ​ခဲ့​ရ​တယ်​ဆို​တာ ​ကို ​နား​မ​လည်​နိုင်​အောင် ​ဖြစ်​ရ​တယ်​လို့ ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
ရှမ်း​ပြည်​အ​ရှေ့​ပိုင်း ​ခ​ရီး​စဉ်​မှာ ​ဒေါ်​အောင်​ဆန်း ​စု​ကြည်​က ​မဲ​ဆွယ်​စည်း​ရုံး​ရေး ​ကိ​စ္စ​တွေ၊ ​အ​ဂ​တိ ​လိုက်​စား​မှု​တွေ​နဲ့ ​တိုင်း​ပြည် ​ရဲ့ ​စ​နစ်​ကို ​ပြောင်း​လဲ​ဖို့ NLD ​ပါ​တီ​ကို ​မဲ​ထည့်​ပါ​လို့ ​အ​ဓိ​က ​ပြော​ခဲ့​ပါ​တယ်။
မိုင်း​ဖြတ်​မြို့ ​လေ​ယာဉ်​ကွင်း​မှာ ​ဟော​ပြော​ခဲ့​ရာ​မှာ ​ဒေါ်​အောင်​ဆန်း ​စု​ကြည်​က ​လာ​မယ့် ​ရွေး​ကောက်​ပွဲ​ကို ​အန်​အယ်လ်​ဒီ​က ​ဝင်​ပြိုင်​တာ​ဟာ ​နှစ်​ပေါင်း ၅၀ ​ကျော် ​လွှမ်း​မိုး​ခဲ့​တဲ့ ​အာ​ဏာ​ရှင် ​စ​နစ်​ကို ​ပြောင်း​လဲ​ဖို့ ​ဖြစ်​တယ်​လို့ ​ပြော​ခဲ့​ပါ​တယ်။
ပြည်​သူ​တွေ ​အ​နေ​နဲ့ ​စိတ်​လုံ​ခြုံ​မှု ​ရှိ​ရ​မယ်၊ ​ခြိမ်း​ခြောက်​ခံ​ရ​မှု​ကြား​မှာ ​မ​နေ​သင့်​ဘူး၊ ​ကိုယ့် ​အ​ခွင့် ​အ​ရေး​ကို ​သိ​ရှိ​ပြီး ​ရ​ပိုင်​ခွင့်​တွေ​လည်း ​ရှိ​ရ​မယ်​လို့ ​လည်း ​ဒေါ်​အောင်​ဆန်း ​စု​ကြည်​က ​ပြော​ပါ​တယ်။
ကျိုင်း​တုံ​မြို့ ​မ​င်္ဂ​လာ ​ဖား​စည်​ကွင်း​မှာ ​လုပ်​တဲ့ ​ဟော​ပြော​ပွဲ​မှာ ​နိုင်​ငံ​ရေး​ပါ​တီ​တွေ ​ရိုး​သား​တဲ့​နည်း​နဲ့ ​မဲ​ဆွယ်​ဖို့ ​လို​တယ်​လို့ ​ပြော​ခဲ့​ပါ​တယ်။
မိုင်း​ဖြတ်​နဲ့ ​ကျိုင်း​တုံ​မှာ ​လူ​ထု ​ဟော​ပြော​ပွဲ​တွေ ​မ​တိုင်​ခင်​တစ်​ရက်​က​လည်း ​တာ​ချီ​လိတ်​မှာ ​ဟော​ပြော​ခဲ့​ပါ​တယ်။
ပြီး​ခဲ့​တဲ့​လ ​အ​စော​ပိုင်း​က ​ပ​ထ​မ​ဆုံး ​ရှမ်း​ပြည် ​ခ​ရီး​စဉ်​မှာ ​ရှမ်း​ပြည်​တောင်​ပိုင်း ​ပ​အိုဝ်း ​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေ​သ​က ​ဟို​ပုံး​နဲ့ ​ဆီ​ဆိုင်​မြို့​တို့​မှာ ​လူ​ထု ​နဲ့ ​တွေ့​ဆုံ ​ဟော ​ပြော​ခဲ့​ပါ ​သေး​တယ်။
ဒေါ်​အောင်​ဆန်း ​စု​ကြည်​ရဲ့ ​နှစ်​ရက်​ကြာ ​ရှမ်း​ပြည် ​စည်း​ရုံး​ရေး ​ခ​ရီး​စဉ်​ကို ​ဒေ​သ​ခံ ​ရှမ်း​တိုင်း​ရင်း​သား ​အ​တော်​များ​များ​က ​ကြို​ဆို​ခဲ့​ကြ​ပြီး ​ဟော​ပြော​ပွဲ​တွေ​ကို ​လူ​တွေ ​သောင်း​နဲ့ ​ချီ​ပြီး ​တက်​ရောက်​ခဲ့​ပါ​တယ်။
ရှမ်း​တိုင်း​ရင်း​သား​များ ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် ​ဥ​က္က​ဌ ​ဦး​ခွန်​ထွန်း​ဦး​က​တော့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​ရှမ်း​ပြည်​မဲ​ဆွယ် ​ခ​ရီး​စဉ်​တွေ​ကြောင့် ​ရှမ်း​ပြည်​နယ်​တွင်း​မှာ ​နေ​ရာ​စုံ ​ယှဉ်​ပြိုင်​ဖို့ ​ရှိ​တဲ့ ​ရှမ်း​တိုင်း​ရင်း​သား ​ပါ​တီ​တွေ​ကို ​လူ​ထု​ထောက်​ခံ​မှု ​လျော့​သွား​မှာ ​မ​ဟုတ်​ဘူး​လို့ ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
 မဲဆန္ဒရှင် သက်သေခံလက်မှတ်(နမူနာ)ကို တွေ့ရစဉ်။ Photo: Union Election Commission Facebook
 လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေအတွက် မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေကို နိုဝင်ဘာလ ၁ရက်နေ့ကနေ ၇ရက်နေ့အထိ ထုတ်ပေးသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ဒီနေ့ ကြေညာလိုက်ပါတယ်။
အဲဒီသက်သေခံလက်မှတ်မှာ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ မဲရုံအမှတ်၊ မဲစာရင်းအမှတ်စဉ်၊ နာမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ စတာတွေကို ဖော်ပြထားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလက်မှတ်တွေကို သက်ဆိုင်ရာ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ မနက် ၈နာရီကနေ ညနေ ၆နာရီအတွင်း လာရောက်ထုတ်ယူနိုင်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
အဲဒီလက်မှတ်ကို ထုတ်ယူမယ်ဆိုရင် မဲပေးခွင့်ရှိသူစာရင်းမှာ ပါဝင်ကြောင်း ခိုင်လုံစေမှာဖြစ်ပြီး ဘယ်မဲရုံမှာ မဲပေးရမယ်ဆိုတာကို သိရှိနိုင်မယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။ တကယ်လို့ မဲလက်မှတ်ကို မထုတ်ယူတာ သို့မဟုတ် ထုတ်ယူပြီးနောက် ပျောက်ဆုံးသွားခဲ့ရင်လည်း ရွေးကောက်ပွဲနေ့မှာ မဲပေးခွင့်ဆုံးရှုံးသွားမှာ မဟုတ်ကြောင်း ပါရှိပါတယ်။
RFA Burmese
http://www.rfa.org/burmese
အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခဲ့ကြတယ် ။ အဆင်ပြေတာတွေရော အဆင်မပြေတာ တွေပါ တွေ့ခဲ့ရတယ် ။
ဥပမာ - ရန်ကုန်တိုင်းက စမ်းချောင်း ၊ ကြည့်မြင်တိုင် ၊ ဗဟန်း စတဲ့မြို့နယ်တွေက မဲဆန္ဒရှင် တွေ မဲပေးတဲ့အခါအဆင်ပြေခဲ့ကြတယ် ၊ အင်းစိန် ၊ မရမ်းကုန်း ၊ တောင်ဥက္ကလာမြို့နယ်က မဲဆန္ဒရှင်တွေ ကျတော့ အဆင်မပြေဘူး ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကလိမ်ကကျစ်မှုကြောင့်ပေါ့ ။ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော် ၊ တိုင်းရင်းသားလူမျိုးမဲ ဆိုပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေအရ မဲပေးဖို့သတ်မှတ်ထားရဲ့သားနဲ့ အဲဒီအတွက်လိုအပ်တဲ့မဲတွေ ပါတာပါ ၊ မပါတာမပါနဲ့လေ ၊ ဒီကိစ္စမျိုးက မှားလို့ရတဲ့ကိစ္စမဟုတ်ဘူး ၊ မေ့လို့ရတဲ့ကိစ္စမဟုတ်ဘူး ။
အဲဒီလိုအဆင်မပြေတာတွေဖြစ်တော့ မဲဆန္ဒရှင်တွေနဲ့ မဲရုံတာဝန်ယူတဲ့ သံရုံးဝန်ထမ်းတွေ ထိပ်တိုက်တွေ့တော့တာပဲ ။ အဲဒီအခါ သံရုံးဝန်ထမ်းတွေက ကော်မရှင်ကပေးလိုက်တဲ့အတိုင်း ကျနော်တို့ လက်ခံရတာဖြစ်တယ်လို့ ဆင်ခြေပေးတယ် ၊ မပြည့်စုံတာတွေ ၊ မှားယွင်းတာတွေကို တာဝန်ယူဖြေရှင်း တာမရှိသလောက်ပဲ ၊ ကော်မရှင်ကိုပဲ လွှဲချတဲ့သဘောမျိုးတွေနဲ့ပြောကြတယ် ။
မဲဆန္ဒရှင်တွေဟာ မဲပေးဖို့အတွက်လိုအပ်တဲ့ အဆိုပြုလွှာ ပုံစံ ၁၅ ကိုဖြည့်ပြီးတင်ခဲ့ကြတုန်းက ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်တွေ ၊ ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေ ၊ ဥပဒေ စတာတွေနဲ့ အညီ သံရုံးဝန်ထမ်းတွေလုပ်ခဲ့ကြတာပဲလေ ။ မဲဆန္ဒရှင်တွေက အဲဒါတွေနဲ့အညီ လုပ်မှ အဲဒီပုံစံကိုလက်ခံ ပြီး မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ဆီပို့ခဲ့ကြတာပဲမဟုတ်လား ။ အဆင်မပြေတာတွေဖြစ်တော့မှ ကျနော်တို့မသိပါ ။ သူတို့ကော်မရှင်က လုပ်တာဆိုပြီး လွှဲချတယ် ။ အဲဒီလိုမလုပ်နဲ့လေ ။
အလုပ်လုပ်တဲ့အခါ တာဝန်အရပဲလုပ်လုပ် ၊ စေတနာ့ဝန်ထမ်းအဖြစ်နဲ့ပဲလုပ်လုပ် ၊ ခိုင်းလို့ပဲ လုပ်လုပ် ၊ ကြောက်လို့ပဲဖြစ်ဖြစ် ၊ ဖားချင်လို့ပဲဖြစ်ဖြစ် ကိုယ်လုပ်တဲ့အလုပ်နဲ့ပတ်သက်ပြီး အကောင်း အဆိုး ၊ အကျိုးအပြစ်အတွက် အနည်းနဲ့အများဆိုသလို တာဝန်ရှိတာချည်းပဲ ။ ကိုယ်လုပ်တဲ့အလုပ် အတွက် တာဝန်ယူရဲရမယ် ၊ တာဝန်ခံပြီးဖြေရှင်းရဲရမယ် ။ အဲဒီစိတ်ဓာတ်မျိုးရှိရမယ် ။
ဒါပေမဲ့ ကြိုတင်မဲပေးမှုနဲ့ပတ်သက်ပြီးတာဝန်ထမ်းဆောင်ရတဲ့ တိုကျိုကမြန်မာသံရုံးဝန်ထမ်း တွေဟာ ကိုယ်လုပ်ရတဲ့အလုပ်မှာ တိတိကျကျ ပြတ်ပြတ်သားသားလုပ်နိုင်တဲ့အရည်အချင်းအားနည်း တယ် ၊ အဲဒီအလုပ်နဲ့ပတ်သက်ပြီး သေသေချာချာမလေ့လာမထားဘူးဆိုတာကိုတွေ့ရတယ် ၊ လျော့ရဲရဲ နိုင်တာကိုတွေ့ရတယ် ။ ကိုယ်လုပ်ရတဲ့အလုပ်ဟာ တိုင်းပြည်ရဲ့အနာဂတ်အတွက် ဘယ်လောက်အရေး ကြီးတယ် ၊ အရေးပါတယ် ဆိုတာကို ဂဃဏန စဉ်းစားတဲ့ပုံမရဘူး ၊ သာမန်ကာလျှံကာလောက်ပဲတွေးပြီး လုပ်ပုံရတယ်လို့မြင်တယ် ။
ဒါပေမဲ့ မဲပေးကြတဲ့ မဲဆန္ဒရှင်တွေကတော့ သူတို့ရဲ့အနာဂတ် ၊ တိုင်းပြည်ရဲ့အနာဂတ်အတွက် ဆိုတဲ့စိတ်ထားအပြည့်နဲ့ပဲ ။ အမြင်ကျယ်တယ် ၊ အတွေးအခေါ်ကျယ်ပြန့်တယ် ၊ စိတ်ဓာတ်မြင့်မားတယ် ။ သူတို့ရဲ့အခွင့်အရေးနဲ့ ရပိုင်ခွင့်ကို နားလည်တယ် ၊ တန်ဖိုးထားတယ် ၊ အဲဒါကို အပြည့်အ၀အသုံးချဖို့ ကြိုးပမ်းခဲ့ကြတယ် ။
မဲရုံတွင်းမှာကြုံခဲ့ရတဲ့ ကော်မရှင်ရဲ့ချွတ်ယွင်းချက်တွေကို သတ္တိရှိရှိ ၊ ရဲရဲရင့်ရင့် ၊ ပြတ်ပြတ်သား သားပြောဆိုတယ် ၊ ထောက်ပြတယ် ၊ ဝေဖန်ကြတယ် ။ ဒီလိုမျိုး ပြတ်ပြတ်သားသားနဲ့ ပြင်းပြင်းထန်ထန် တောင်းဆိုလို့ထင်ပါရဲ့ ၊ တာဝန်ထမ်းဆောင်ကြတဲ့ သံရုံးဝန်ထမ်းတွေက မဲဆန္ဒရှင်တွေအပေါ် ပြောဆို ဆက်ဆံတာနဲ့ လုပ်ပုံကိုင်ပုံတွေဟာ လိုလားအပ်တဲ့အနေအထားဘက်ကို ရောက်လာတယ် ။
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် တိုကျိုကမြန်မာသံရုံးမှာ အောက်တိုဘာ ၁၇ နဲ့ ၁၈ ရက်နေ့တွေမှာ ကြိုတင်မဲပေးတာနဲ့ပတ်သက်ပြီးမြင်တွေ့ ကြားသိခဲ့ရတာတွေအပေါ် အခုလို သုံးသပ် မိတယ် ။
၁ ။ ကိုယ့်ရဲ့အခွင့်အရေးနဲ့ ရပိုင်ခွင့်ကို တိတိကျကျနဲ့ ရှင်းရှင်းလင်းလင်းသိနားလည်ဖို့ဟာ အရေးကြီး တယ် ။
၂ ။ အဲဒီအခွင့်အရေးနဲ့ရပိုင်ခွင့်ကို စည်းကမ်းမူဘောင်အတွင်းကနေ ပြတ်ပြတ်သားသားရပ်တည်ပြောဆို ပြီး အရယူနိုင်ဖို့လိုအပ်တယ် ။
၃ ။ လက်ခံလို့မသင့်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပေးတဲ့ဆင်ခြေ ၊ အကြောင်းပြချက်တွေကို ဘယ်နည်းနဲ့ မှ လက်ခံလို့မဖြစ်ဘူး။
၎ ။ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ တာဝန်တခုကို ထမ်းဆောင်ရတော့မယ်ဆိုရင် အဲဒီ အလုပ် ၊ တာဝန်နဲ့ ပတ်သက်ပြီး တတ်နိုင်သမျှသိနားလည်အောင် နှံ့နှံ့စပ်စပ်သိအောင် လေ့လာဖို့လိုအပ်တယ် ။
၅ ။ ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူတွေနဲ့တိုက်ရိုက်ထိတွေ့ပြီး အလုပ်လုပ်ကိုင်ရတာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ဆန္ဒ ၊ သဘောထားနဲ့ လက်တွေ့ဖြစ်ပျက်နေတဲ့အခြေအနေတွေကို သိနားလည်အောင် လုပ်ဖို့ အခွင့်အရေးတွေအများကြီးရှိတယ် ၊ အဲဒီလို လက်တွေ့ကြုံရတာတွေကို ကိုယ့်ရဲ့တာဝန်နဲ့ အလုပ်တွေကို ပိုပြီးထိထိရောက်ရောက်လုပ်ကိုင်နိုင်စေမယ့် အရင်းအမြစ်အဖြစ်နဲ့ မှတ်ယူနိုင်ဖို့ လိုအပ်တယ် ။
ကျော်ကျော်စိုး (ဂျပန်)
အောက်တိုဘာ ၂၃ ၊ ၂၀၁၅ ခုနှစ်
နိုင်ငံတော် အစိုးရအနေဖြင့် ပြင်ဦးလွင်ခရိုင် တရားရုံးနှင့် မြို့နယ်တရားရုံးတို့တွင် တရားစွဲဆို ခံထားရသော မိုးကုတ်မြို့ရေပူကျောင်းတိုက် ဆရာတော်အား ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် မြန်မာပြည် အရပ်ရပ်ရှိ အသင်းသားဘ၀ အတူနေခဲ့ဖူးသော ဒဠီမိတ္တ ရဟန်းတော်များက တိုက်တွန်းကြောင်း အောက်တိုဘာ ၂၂ ရက်က သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ရေပူဆရာတော်အား ဖမ်းဆီးချုပ်နှောင်ထားမှုနှင့် ပတ်သက်၍ ကနဦး ဖမ်းဆိးချုပ်နှောင်စဉ် ကတည်းက မတရား(အဓမ္မ) အကွက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သုံးသပ် ဆုံးဖြတ်ကြောင်း၊ ၂၁ ကြိမ်မြောက် ရုံးချိန်းများအထိ လိုပြသက်သေများ၏ ထွက်ဆိုချက်များကို ရှုမြင်ခြင်းအားဖြင့် စွဲဆိုထားသည့်အမှု(ပုဒ်မ)များ မမြောက်ဟု ထင်မြင်သုံးသပ်မိကြောင်း၊ အဆိုပါနှစ်ချက်ကို ထောက်ရှု၍ အမျိုးဘာသာ သာသနာကို တန်ဖိုးထား ကာကွယ် စောင့်ရှောက်သည့် သမ္မတဦးဆောင်သော နိုင်ငံတော်အစိုးရ အနေဖြင့် ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် မေတ္တာရပ်ခံ တိုက်တွန်း တောင်းဆိုကြောင်း ထုတ်ပြန်ခဲ့သည်။
ပြင်ဦးလွင်ခရိုင် တရားရုံး၌ ရေပူဆရာတော်အား ကျောက်မျက်ဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှု ရုံးချိန်းတွင် ရဟန်းတော်များက ဆရာတော်အား လာရောက်တွေ့ဆုံသည့် ပခုက္ကူမြို့၊ ဘုတလင်မြို့၊ ယင်းမာပင်မြို့၊ အမရပူရမြို့နှင့် မိုးကုတ်မြို့တို့မှ ဆရာတော်နှင့်အတူ သီတင်းသုံးခဲ့ဖူးသော ဆရာတော်များနှင့် ရွှေဝါရောင် ဆရာတော်များက လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ သမ္မတ၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု တရားလွှတ်တော်၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
“ဘယ်သူတွေ တရားပျက်ပျက် ကိုယ်မပျက်ရဘူး။ ကိုယ်လက်အင်္ဂါတွေ ပျက်စီးချင် ပျက်စီးပါစေ စိတ်ကတော့ မပျက်ကြနဲ့။ ကိုယ့်ဆရာတော် ဒီလိုဖြစ်နေတာပဲဆိုပြီး စိတ်ဓာတ်မကျရဘူး။ အားငယ်စိတ် မမွေးရဘူး။ အမှန်တရားဆိုတာ အချိန်ကျလာရင် ထွက်ပေါ်လာမြဲပါပဲ” ဟု ပခုက္ကူမြို့ ဗေဓိမဏ္ဍိုင်ကျောင်းတိုက် ဆရာတော်ဦးလက္ခဏက မိန့်ကြားသည်။
ဆရာတော်အား ကျောက်မျက်ဥပဒေဖြင့် စွဲဆိုထားသည့် အမှုအတွက် အောက်တိုဘာ ၂၂ ရက် ရုံးချိန်းတွင် တရားရုံးက ဆင့်ခေါ်ထားသော တရားလိုပြ သက်သေဖြစ်သည့် မိုးကုတ်မြို့ ကျောက်မျက်တူးဖော်ရေးဌာနမှ ဒုညွှန်မှူး ဦးမောင်မောင်ရှိမှာ လာရောက်ခြင်း မရှိသဖြင့် စစ်ဆေးနိုင်ခဲ့ခြင်းမရှိဘဲ အောက်တိုဘာ ၂၉ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်။
တရားလိုဖြစ်သော ဦးမောင်မောင်ရှိမ်းမှာ ရုံးချိန်းသို့ လာရောက်နိုင်ခြင်း မရှိသည်မှာ မိုးကုတ်မြို့သို့ သမ္မတဦးသိန်းစိန် ရောက်ရှိနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
“တရားလိုပြ သက်သေ မလာတာ မိုးကုတ်မှာ သမ္မတကြီး ရောက်နေတယ်လို့ ကြားပါတယ်။ ရဟန်းသံဃာရဲ့ အမှုဟာ အခုဆိုရင် ငါးလထဲ ရှိလာပါပြီ။ ဘုန်းကြီးတို့မှာ အခုချိန်ထိ အမှုနဲ့ပတ်သက်ပြီး အစစ်ဆေး ခံနေရတာဟာ အချိန်ကာလအားဖြင့် ကြာလာပြီ ဖြစ်တဲ့အတွက် အင်မတန်မှ ဒုက္ခရောက်ပါတယ်။ ဘုန်းကြီးတို့ ဒကာ ဒကာမတို့လည်း ဒုက္ခရောက်ပါတယ်။ အခုချိန်မှာ မိုးကုတ်ကို သမ္မတကြီးဟာ ဘာရည်ရွယ်ချက်နဲ့ လာတာလဲ။ စည်းရုံးရေးအတွက် လာတာလား၊ အလုပ်တစ်ခု အတွက်နဲ့ လာတာလား။ နိုင်ငံသူ နိုင်သားတွေအတွက် လာတာဆိုရင် နိုင်ငံသူ နိုင်ငံသားတစ်ယောက် ဒုက္ခရောက်နေတာကို ဥပက္စာပြုဖို့ မသင့်ဘူးလို့ ပြောချင်ပါတယ်” ဟု ရေပူဆရာတော်က မိန့်ကြားသည်။
ဆရာတော်အား ဒကာ ဒကာမများက နှစ်စဉ်ဆောင်ရွက်မြဲဖြစ် သီတင်းကျွတ် ကန်တော့ပွဲကို ယခုနှစ်တွင် ပြင်ဦးလွင် ခရိုင်တရားရုံး အတွင်း၌ပင် ပြုလုပ်ခဲ့ကြသည်။
“အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်တယ်လို့ သမ္မတဦးသိန်းစိန် အစိုးရဟာ သူတို့ကိုယ်သူတ ကြွေးကျော်နေတယ်လေ။ ရေပူဆရာတော်ကို မတရား ဖမ်းဆီးချုပ်နှောင်၊ အမှုဆင်ဖမ်းတာဟာ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက် တာလားဆိုတာ မေးခွန်းထုတ်ရပါမယ်။ ဒီလို မတရား ဖမ်းဆီးထားတဲ့ ဆရာတော်ကို ပြန်လွှတ်ပေး မပေး ဆိုတဲ့အပေါ် မူတည်ပြီး အမျိုးဘာသာ သာသနာကို စောင့်ရှောက်တဲ့ အစိုးရ ဟုတ်မဟုတ် ဆိုတာ စောင့်ကြည့်ရမှာပေါ့” ဟု ရေပူဆရာတော်၏ ဒကာတစ်ဦးဖြစ်သူ ကိုစိုးဌေးက ပြောကြားသည်။
Writer: ငြိမ်းဇော်လင်း
.
Credit : EMG
ဗြိတိန်နိုင်ငံသို့ ဘုရင်မကြီး၏ ဧည့်သည်တော်အဖြစ် ရောက်ရှိလာသည့် တရုတ်သမ္မတ ရှီကျင်ပင်း ၏ အလည်အပတ်ခရီး ပထမဆုံးနေ့ ၌ အောက် လွှတ်တော်နှင့် မိတ်ဆက်ပေးရာတွင် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘာကောင်းက မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ရည်ကို ချီးမွမ်းပြောဆိုပြီး စတင်မိတ်ဆက်ပေးခဲ့သည် ။
အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘာကောင်းက ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ သူရဲကောင်းအဖြစ် တင်စားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ၏ သက်ရှိစံထား လေ့လာစရာတစ်ခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အတုယူ သင့်ကြောင်း အဖွင့်မိတ်ဆက်တွင် ပြောကြားခဲ့သည် ။
တရုတ်သမ္မတကို အောက်လွှတ်တော်နှင့် မိတ်ဆက်ပေးချိန်တွင် မြန်မာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်တင် ချီးကျူး လိုက်ခြင်းဖြင့် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘာကောင်းက တရုတ်သမ္မတ ကို ကလိလိုက်ခြင်းဖြစ်သည် ဟု ဒေးလီးမေးလ် သတင်းစာက ကောက်ချက်ချ ဖော်ပြခဲ့သည် ။
တရုတ်အစိုးရ၏ လူ့ အခွင့်အရေး လိုက်နာမှု အားမကောင်းမှု ကို ပေါ်လွင်စေပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခု ဖြစ်လာအောင် လုပ်ချိန် တွင် တရုတ်အနေဖြင့် ဒီမိုကရေစီစံနှုန်းများကို အတုယူသင့်သည်ဟု ပြော လိုက်ခြင်း ဖြစ်သည်။ ဂျွန်ဘာကောင်းက ကမ္ဘာကြီးသည် တရုတ်နိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည် ။
"သမ္မတကြီးကို ကြိုဆိုပါတယ် ။ ကျွန်တော်တို့ လွှတ်တော်ထဲမှာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အာရှသား အာရှသူတွေထဲက ထင်ရှားတဲ့သူတွေ ရောက် ဖူးတာ လေးယောက်ထက် မပိုပါဘူး ။ ပထမဆုံး စလာသူကတော့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီ သူရဲကောင်းနှင့် လွတ်လပ်မှုနဲ့  လူ့ အခွင့်အရေးအတွက် နိုင်ငံတကာရဲ့ သင်္ကေတ ဖြစ် တဲ့ မြန်မာပြည်က အောင်ဆန်းစုကြည်ပါ ။ ဒီနေ့  ကျွန်တော်တို့ ဆီကို သမ္မတကြီး လာခဲ့တာက ဗြိတိန်နဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံမှု အားကောင်းလာရေး အတွက်ပါ။ သည် ဆက်ဆံရေးတွေမှာ လူမှုရေးအပြင် စီးပွားရေးနဲ့ နိုင်ငံရေးတွေကလည်း အားကောင်းဖို့ လိုပါတယ်" ဟု ဂျွန်ဘာကောင်း၏ မိန့်ခွန်းကဆိုသည် ။
တရုတ်သမ္မတ ရှီကျင်ပင်းကမူ သူ၏ တန်ပြန်မိန့်ခွန်းတွင် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးဆိုင်ရာ ဖိအားပေးမှုများကို တန်ပြန် တွန်းလှန်ခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ လေဘာပါတီဥက္ကဋ္ဌ ဂျာရမီကောဘန်တို့ အပါအ၀င် ဗြိတိန် အောက်လွှတ်တော် အမတ်များကို စကားပြောကြားရာ၌ တရုတ်နိုင်ငံ၏ အစိုးရစနစ်သည် ဗြိတိန်ပါလီမန်ထက် နှစ်ပေါင်းများစွာ ရှေးကျပြီး ခိုင်မာတည်တံ့မှုက အဓိက အားသာချက်ဖြစ်သည်ဟု တရုတ်သမ္မတက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် တရုတ်ပုံစံ ကိုယ်ပိုင်လမ်းစဉ်ဖြင့် တိုးတက်နေပြီး သူ့အနေဖြင့် ဥပဒေများကို လိုက်နာအောင် ဆက်လက် တင်းကျပ်သွားမည်ဟု ဆိုသည်။
လင်းလင်း
Ref - Guardian ၊ Daily Mail
The Ladies News Journal
ရှမ်းပြည်မြောက်ပိုင်း မိုင်းရှူးမြို့ပေါ်က ရပ်ကွက် ၄ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမအနီးမှာ မိုင်းဗုံးတစ်လုံး ပေါက်ကွဲခဲ့တဲ့ အတွက် ကိုရင်နှစ်ပါး အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
မနေ့ ညနေ ၄ နာရီလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး မိုင်းထောင်ထားခဲ့တဲ့ တရားခံတွေကို စုံစမ်းနေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး စန်းလွင်က ပြောပါတယ်။
"ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ စုံစမ်းဆဲပဲရှိသေးတယ်ခင်ဗျ၊ ထောင်သွားတာကို မြင်တွေ့တဲ့လူကမရှိ၊ မိုင်းအမျိုးအစားကို တပ်ကနေ အတည်ပြုချက်ယူပြီးတော့ စုံစမ်းဖို့လုပ်ရမှာဖြစ်တဲ့အတွက် ခုအချိန်အထိ ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာ ဖော်ထုတ်လို့မရသေးပါဘူး"
ဗုံးကွဲမှုကြောင့် အသက် ၇၀ ကျော် အဖွားအိုတစ်ဦး၊ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ ကိုရင်နှစ်ပါးတို့ မိုင်းစထိမှန်ပြီး မိုင်းရှူးဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ အဖွားအိုနဲ့ မိန်းကလေးငယ်တို့ဟာ စိုးရိမ်ရတဲ့ အခြေအနေရှိတာကြောင့် ခိုလန်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ မိုင်းရှူးဆေးရုံကို သွားရောက်ကြည့်ရှုခဲ့တဲ့ မိုင်းရှူးမြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နန်းကောင်ခမ်းက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကစပြီး မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ SSPP/ SSA ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
RFA
http://www.rfa.org/burmese/news/mineshu-bomb-explode-four-injures-10222015111240.html
လာခြင်းကောင်းတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ဟာ အဖိနှိပ်ခံပြည်သူတွေဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ရင်း နှစ်ရှည်လများ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့ သမိုင်းအစဉ်အလာကောင်းတွေ သယ်ဆောင်လာတဲ့ အားကိုးယုံကြည်ထိုက်တဲ့ ပြည်သူ့ ပါတီကြီးဖြစ်တယ်။
လာခြင်းလည်းမကောင်း သမိုင်းလည်းမလှတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေးပါတီ (USDP) ဟာ တိုင်းသူပြည်သားတွေအပေါ်ရက်စက်ကြမ်းကျုတ်စွာ နှစ်ရှည်လများ ဗိုလ်ကျမင်းမူ နှိပ်စက်ကလူပြုခဲ့ယုံမက နိုင်ငံကို အဖက်ဖက်ကချွတ်ခြုံကျ ပျက်သုဉ်းရအောင် ဖျက်ဆီးခဲ့သူတွေဖြစ်သလို ပြည်သူ့ သွေးစွန်းထင်းနေတဲ့အဖွဲ့ ဖြစ်တဲ့အပြင် ကိုယ့်အဖွဲ့ ရဲ့အမှားတွေကို တာဝန်ခံမှု့ တာဝန်ယူမှု့ မပြုခြင်တဲ့ အဖွဲ့ ကြီးဖြစ်တယ်။
ဘယ်ရှု့ထောင့်ကနေကြည့်ကြည့် ဘယ်လိုပဲနှိုင်းယှဉ်နှိုင်းယှဉ် အတိုက်အခံပြည်သူ့ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) နဲ့  ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေးပါတီ (USDP) ဟာ နံ့သာဆီနဲ့ မစင်ဘင်ပုတ်လို ကွာခြားတာ အောက်ပါဇယားတွေကို ကြည့်လိုက်ရင် လူတိုင်းမြင်နိုင်ပါတယ်။
ဒါ့ကြောင့် အခုလာမဲ့ နိုဝင်ဘာ (၈) ရက် အထွေထွေရွေးကောက်ပွဲကြီးမှာ မြန်မာပြည်သူတွေဟာ နံ့သာဆီနဲ့ မစင်ဘင်ပုတ်လို ကွာခြားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) နဲ့  ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေးပါတီ (USDP) အနက် ဘယ်ပါတီကို ရွေးချယ်မဲပေးသင့်သလဲဆိုတာ အမှန်တရားကို မြတ်နိုးပြီး နိုင်ငံနဲ့ လူမျိုးကို ဥာဏ်ဦးစီးပြီးချစ်သူတိုင်း ရှင်းရှင်းလင်းလင်း သိပြီးသားပါ။
လေးစားစွာဖြင့်
(မင်းကောင်းချစ်)
အောက်တိုဘာ (၂၂) ရက် ၂၀၁၅ ခုနှစ်
“ နေခြည်ဖူး ဒေါင်းတွန်ကျူး ပျားရည်လူးသော နေ့ သစ်ဆီ ”
မြန်မာနိုင်ငံနဲ့ တိုင်းသူပြည်သားတွေရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပြုပေးနိုင်သလို၊ စနစ်ဟောင်းဖြိုဖျက်ပြီး ခေတ်ကောင်းကိုပန္နက်ရိုက်ပေးနိုင်တဲ့ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်အနည်းငယ်သာ ကျန်ပါတော့တယ်။
ဒီပွဲကြီးဟာ စစ်ဂျပိုးလူ့ ဂျပိုးတွေလက်အောက်မှာ မချိမဆန့် ငရဲကျခံရင်း ခေတ်ဆိုးခေတ်ပျက်ကြီးထဲ နှစ်ရှည်လများ အညွှန့် ကျိုး နွမ်းရော်ခဲ့ရတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်တပြည်အတွက်တော့ ပြန်လည်လန်းဆန်း ရှင်သန်ခွင့်ရလာဖို့ အခွင့်အလမ်းကောင်းလို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။
ပြည်တွင်းစစ်ကင်ဆာရောဂါဆိုးကြီး နာတာရှည်စွဲကပ်ဖိစီးနေခဲ့လို့ ညိုးခြုံးပိန်ခြောက် နိုင်ငံရုပ်ပျောက်နေတဲ့ မြန်မာပြည်မှာ စစ်အာဏာရှင်တွေ တဗိုလ်ဆင်းတဗိုလ်တက် နိုင်ငံရဲ့အိမ်ဦးခန်းထက်မှာ စိတ်တိုင်းကျ အနိုင်ကျင့်အုပ်ချုပ်လာခဲ့တာ ရာစုနှစ်ဝက်ကျော်သွားပြီမဟုတ်လား။ တော်လောက်ပါပြီ။ ပြောင်းလဲချိန်တန် ယုံမက နောက်တောင် အတော်ကျနေပါပြီ။
မျက်မှောက်ကာလဟာ ခေတ်ပြောင်းဖို့ အချိန်ကောင်းပါဘဲ။ ပြည်သူလူထုအများစုကလည်း ပြောင်းလဲမှု့ကို ပြင်းပြင်းပျပျ လိုခြင်ဆန္ဒလည်းရှိနေပြီ။ အပြောင်းအလဲ မှန်မှန်ကန်ကန်ဖြစ်အောင် ဦးဆောင်မှု့ပေးမဲ့ လူထုခေါင်းဆောင်ကလည်း အဆင်သင့်ရှိနေပြီ။ နိုင်ငံတကာမိသားစုတွေကလည်း အားတက်သယော ကူညီ အားပေးနေပြီလေ။ ထီးလိုမင်းလိုမဟုတ်လား။ ကမ္ဘာကြီးဆိုက်ရောက်နေတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ပုံစနစ်တွေနဲ့  စီးပွားရေးအခြေအနေအရပ်ရပ်မှာလည်း အာဏာရှင်တွေတဖြုတ်ဖြုတ်နဲ့ နိဂုံးကမ္မသတ်နေကြပြီမဟုတ်လား။
ပြီးခဲ့တဲ့ အောက်တိုဘာ (၁၅) ရက်နေ့ ကစလို့ စကာင်္ပူ၊ ကိုရီးယားဂျပန်၊ ယိုးဒယား၊ အမေရိကား စတဲ့နိုင်ငံတွေ မှာ နေထိုင်အသက်မွေးဝမ်းကျောင်းနေကြတဲ့ မြန်မာနိုင်ငံသားတွေ ကြိုတင်မဲလက်မှတ်တွေကို ဘယ်လို ခက်ခက်ခဲခဲ ပင်ပမ်းဆင်းရဲကြီးစွာ ပေးခဲ့ရတဲ့သတင်းတွေကို ပြည်တွင်း ပြည်ပသတင်းမီဒီယာတွေ ပေါ်မှာသာမက ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ ဗြွက်ထအောင်ပါခဲ့တာကို စာဖတ်သူတွေ မြင်ခဲ့ရ ဖတ်ခဲ့ရမှာပါ။
စကာင်္ပူရဲ့အသဲနှလုံး ရှော့ပင်နိဗ္ဗာန်ဘုံ ကမ္ဘာကျော် အောချာဒ် (Orchard ) လမ်းမကြီးဘေးပလက်ဖေါင်းပေါ်မှာ မြန်မာပညာတတ်လူငယ်လူရွယ် လူကြီးကအစ ကလေးတွေအဆုံး အတုံးအရုန်းညအိပ်စောင့်လိုစောင့်ရ၊ နှစ်ကီလိုမီတာကျော်တဲ့ လူတန်းကြီးဟာ နေပူကြဲကြဲအောက် အရှင်လတ်လတ် ငရဲရောက်အောင်ပို့ ခဲ့တဲ့ အစီအစဉ်ညံ့ဖျင်းမှု့အတွက် မြန်မာအစိုးရ ရှက်တတ်မယ်ဆိုရင် အလွန်ရှက်စရာကောင်းပါတယ်။
မကြာခင်ရက်ပိုင်းအတွင်းမှာလည်း ပြည်တွင်းမှာ အသက် (၁၈) နှစ်ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသားတိုင်းဟာ မိမိအကျိုး နိုင်ငံအကျိုးကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးမဲ့ အစိုးရတရပ်ပေါ်ထွက်လာအောင် မဲပေးကြဖို့  ဘယ်လို စီမံပြင်ဆင်ထားသလဲဆိုတာ မြင်ကြရတော့မှာပါ။
ဒီဆောင်းပါးမှာ ရေးပြခြင်တာက အရည်အသွေးမပြည့်မှီသူတွေ နိုင်ငံတော်အဆင့် စီမံခန့် ခွဲခွင့်ကို မထိုက်တန် ဘဲရယူပြီး တိုင်းပြည်ကို အုပ်ချုပ်စီမံကြတဲ့အခါမှာ တတိုင်းတပြည်လုံးမှာရှိရှိသမျှ ပြည်သူပြည်သားအားလုံး သာမက အခြားသက်ရှိဇီဝသတ္တ၀ါတွေအပြင် သက်မဲ့အရာဝတ္ထု ရေမြေတောတောင်မြစ်ချောင်းတွေပါမကျန် ကြီးစွာဒုက္ခရောက် ပျက်ဆီးတတ်ကြောင်းကို ထင်ရှားစေခြင်တာပါ။ ပြည်သူတွေမှာ မလိုအပ်ဖဲ စိတ်နွမ်း ကိုယ်ပမ်းကြရ၊ မလိုအပ်ဖဲ ငွေကုန်ကျေးကြများရ၊ မလိုအပ်ဖဲ အချိန်ကုန်ကြရ၊ ဒုက္ခအမြဲခံကြရတာပါ။
အသိဥာဏ်အားချို့တဲ့သူတွေပြောတတ်တဲ့ အလွန်မိုက်မဲနုံခြာပြီး ကျွန်စော်နံတဲ့ စကားတခွန်းကို ကြားဘူးကြမှာပါ။ “ ဘယ်အစိုးရတက်တက် .. ကိုယ်လုပ်မှာ့ ကိုယ်စားရတာပါ။ ကိုယ့်မှာမရှိရင် ဘယ်သူမှ လာမကျွေးဘူး ။ ကိုယ့်ရှိမှ ကိုယ်စားရတာကွ ” ဆိုတဲ့စကားပါ။
မိမိရှင်သန်နေထိုင်တဲ့တိုင်းပြည်ရဲ့အရေး၊ မိမိနဲ့ မိသားစုရဲ့ ကျန်းမာရေး၊ ပညာရေး၊ ဘ၀လုံခြုံရေး၊ အနာဂါတ်ရေး စတဲ့ကိစ္စရပ်တွေသာမက နေ့ တဓူဝ စားဝတ်နေရေး စီးပွားရေးဘ၀တွေအပေါ် တိုက်ရိုက်သက်ဆိုင်နေတဲ့ နိုင်ငံရေးဆိုတာကို မပတ်သက်ရဲအောင် စစ်အာဏာရှင်တွေက ကောက်ကျစ်ယုတ်မာစွာ မှိုင်းတိုက် ရိုက်သွင်းခဲ့တဲ့ အတွေးမှားတွေပါ။ တနေ့ နေ့ တချိန်ချိန် ကိုယ့်အပေါ်ကျရောက်လာမဲ့ မတရားမှု့တွေကို ကိုယ်နဲ့ မဆိုင်သလို မျက်ကွယ်ပြုတတ်အောင် တာဝန်မဲ့နေတတ်အောင် လမ်းမှားပို့ ခဲ့ကြတာဘဲမဟုတ်လား။
တကယ်တော့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသားအများစုက နိုင်ငံရေးကိုစိတ်မ၀င်စားတဲ့အခါ အရည်အသွေးမမှီတဲ့ အစိုးရတွေ အုပ်ချုပ်ခွင့်ရလေ့ရှိပါတယ်။ အဲ့ဒီအခါမှာ အကျဉ်းတန်ပြီး ညံ့ဖျင်းတဲ့အုပ်ချုပ်ပုံစနစ်ဆိုးတွေအောက် မှာ တနိုင်ငံလုံးက လူသန်းပေါင်းများစွာဟာ ဒုက္ခဆင်းရဲရောက်ရတော့တာပါဘဲ။
လောလောလတ်လတ်ပြီးသွားတဲ့ နိုင်ငံရပ်ခြားရောက် မြန်မာနိုင်ငံသားတွေ မလိုအပ်ဖဲ အလုပ်ပျက် အအိပ်ပျက်ခံ ပင်ပမ်းဆင်းရဲကြီးစွာ နာရီပေါင်းများစွာ တန်းစီဒုက္ခခံပြီးမှ တချို့ ပေးခွင့်မရတဲ့ ကြိုတင်မဲပေးပွဲကို အကဲဖြတ်ကြည့်လိုက်ပါ။ ဒီအစီအမံဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ရှက်စရာကောင်းတဲ့ အရည်အသွေးနိမ့်ပါးမှု့၊ မယုံကြည်ရမှု့၊ တာဝန်မခံလိုမှု့ မရိုးသားမှု့၊ စေတနာနည်းပါးမှု့၊ အမျှော်အမြင်နည်းပါးမှု့တွေ တပြိုင်နက်ပြသ လိုက်တာဘဲမဟုတ်လား။ ဒီလို ရုပ်ပျက်ဆင်းပျက်နိုင်လှတဲ့ နိုင်ငံတော်အဆင့်အရည်အသွေးနိမ့်ကျမှု့တွေမှာ လက်ရှိအုပ်ချုပ်နေတဲ့ ဦးသိန်းစိန်တို့ ရဲ့ စစ်တပိုင်းအစိုးရမှာ အတိအကျတာဝန်ရှိပါတယ်။
တကယ်တော့ အဲ့ဒီလိုအရည်အသွေးမမှီဘဲ တိုင်းပြည်ကို စစ်ဗိုလ်ချုပ်ကြီးတွေ ဗိုလ်ကျအုပ်စီးလာတာ အခုမှမဟုတ်ပါဘူး။ နှစ်ပေါင်း (၅၀) ကျော်လို့ တိုင်းပြည်လည်း ဖြူခါပြာခါကျ နစ်နာလှပါပြီ။
ဒီနေရာမှာကြားဖြတ်လို့ အရည်အသွေးရှိတဲ့ စကာင်္ပူအစိုးရရဲ့ စနစ်တကျ လေ့လာပြင်ဆင်ပြီးမှ စီမံကိန်းချ အကောင်အထည်ဖေါ်မှု့တချို့ကို မျှဝေခြင်ပါတယ်။ စစ်မှန်တဲ့ အုပ်ချုပ်သူအစိုးရကောင်းတရပ်ဆိုတာ ဘာဘဲလုပ်လုပ် တိုင်းပြည်အတွက်အကျိုးရှိစေဖို့ ၊ ပြည်သူပြည်သားတွေ ပိုလို့ အဆင်ပြေချောမွေ့ လာစေဖို့ ၊ တိုးလို့ သက်သာချောင်ချိလာရေးကိုသာ ဦးတည်ချက်ထားရတာပါ။
စကာင်္ပူဆိုတာ အားလုံးသိတဲ့အတိုင်း ကျွန်းအရှေ့ဖြားကနေ အနောက်ဖြားကို ရထားစီးသွားရင် ကွမ်းတယာမညှက်ခင်ရောက်တဲ့ ကျွန်းပေါက်စလေးပါ။ Singapore Land Transport Authority ( LTA) ကထုတ်ပြန်တဲ့ Land Transport Statistics 2014 စစ်တမ်းမှာပါတဲ့ အချက်အလက်အရဆိုရင် ဒီလောက်သေးတဲ့ နေရာလေးမှာ ၂၀၁၃ ခုနှစ်မှာတင်ကို ကားအစီးရေ တစ်သန်းနီးပါးရှိနေပါပြီ။ အဲ့ဒီအထဲမှာ ပျမ်းမျှအားဖြင့် ကားအစီးရေ (၃) သိန်းနီးပါးဟာ နေ့ စဉ်လမ်းတွေပေါ် စဉ်ဆက်မပြတ်သွားနေတယ်လို့ ဆိုပါတယ်။ ပြီးတော့ ကားသစ်အစီးရေကလည်း တနှစ် လေးသောင်းကျော် ပုံမှန်တိုးလာနေတာပါ။ တနိုင်ငံလုံးလူဦးရေ (၅) သန်းကျော်အနက်က (၄) သန်းကျော်ဟာ နေ့ စဉ်ခရီးသွားလာနေကြတာပါ။ တကယ်လို့ များ အရည်အသွေးမမှီတဲ့ အုပ်ချုပ်သူတွေသာ ဒီလိုအမှားမခံနိုင်တဲ့ကိစ္စကို စီမံကိုင်ကွယ်မယ်ဆိုရင် စကာင်္ပူမှာ ဘာဖြစ်သွားမယ်ထင်ပါသလဲ။
ကားတွေမရွေ့ နိုင်တော့ဘဲ လမ်းတွေပိတ်၊ လူတွေခရီးမသွားနိုင်တော့ဘဲ အကုန်ဒုက္ခရောက်ကုန်မှာပါ။ ဒီအန္တရာယ်နဲ့ ဖြစ်လာမဲ့အရေးကို ကောင်းကောင်းကြိုမြင်ခဲ့တဲ့ စကာင်္ပူအစိုးရဟာ စနစ်တကျ ပြင်ဆင်လုပ်ကိုင် ခဲ့ပါတယ်။ မြေအောက်ရထား၊ ကောင်းကင်ရထားတွေ၊ အမြန်လမ်းမကြီးတွေ၊ မြေအောက် ရေအောက် ဥမှင်လှိုင်ခေါင်းကြီးတွေ၊ မိုးပျံလမ်းမကြီးတွေ၊ မိုးပျံတံတားကြီးတွေကို ဘယ်လိုအမျှော်အမြင်နဲ့ ဘယ်လိုစီမံ ဆောင်ရွက်ခဲ့သလဲဆိုတာ အသေးစိတ်ရေးပြနေရင် ဒီဆောင်းပါးဟာ အလွန်ရှည်လျှားသွားလိမ့်မယ်။
ဒါပေမဲ့ ဒီလောက်များပြားတဲ့ မော်တော်ကားတွေနဲ့ အလွန်ကျဉ်းမြှောင်းတဲ့ နေရာလေးမှာ ယာဉ်ပိတ်ဆို့ မှု့ တွေနဲနိုင်သမျှနဲအောင် ဆောင်ရွက်ခဲ့မှု့များစွာအနက်က တခုအပါအ၀င်ဖြစ်တဲ့ မီးပွိုင့်တွေ တတ်ဆင်တာနဲ့  ပတ်သက်ပြီး နည်းနည်းရေးပြခြင်ပါတယ်။ အထက်မှာရေးခဲ့တဲ့ စစ်တမ်းအရ စကာင်္ပူကျွန်းမြို့လေးမှာ ၂၀၁၃ ခုနှစ်မှာတင်ကို မီးပွိုင့်ပေါင်း (၂၂၂၇) ခုတတ်ဆင်ပြီးနေပါပြီ။ နိုင်ငံအကျယ်အ၀န်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကမ္ဘာမှာ မီးပွိုင့်အများဆုံးနိုင်ငံလို့ ဆိုရမှာပါ။
အဲ့ဒီလောက်များတဲ့မီးပွိုင့်တွေကို တတ်ဆင်ရာမှာ ပြီးကပျစ်တတ်ဆင်တာမဟုတ်ပါဘူး။ လမ်းဆုံဖြစ်ယုံ လူကူးယုံသက်သက်အတွက် အကြမ်းဖျင်းမှန်းဆပြီး တတ်တာမဟုတ်ဘူး။ လပေါင်းများစွာ အချိန်ယူပြီး ရုံးတက်ချိန်မှာ ယာဉ်ဘယ်နှစ်စီးဖြတ်တယ်၊ လူဘယ်နှစ်ယောက်ကူးတယ်၊ ရုံးဆင်းချိန်မှာ ဘယ်လောက်၊ ရုံးပိတ်ရက်မှာ ဘယ်လောက်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို မှတ်သားစုဆောင်းပြီး သေသေခြာခြာ ပိုင်းခြားသုံးသပ်ပြီး တတ်ဆင်ဖို့ သင်မသင့်၊ တခြားနည်းလမ်း ဥပမာ မြေအောက်လူကူးလမ်း (သို့ ) ဂုံးကျော်လူကူးတံတားစတဲ့ ရွေးချယ်စရာနည်းလမ်းတွေနဲ့ နှိုင်းယှဉ်တွက်ချက်ပြီးမှ စဉ်းစားဆုံးဖြတ်ကြတာပါ။
တတ်ဆင်ပြီဆိုရင်လည်း အနီးနားမှာရှိတဲ့ တခြားမီးပွိုင့်တွေနဲ့ အဖွင့်အပိတ် အချိန်ကိုက်ညီမှု့ ( Synchronize) ဖြစ်အောင် ချိတ်ဆက်ညှိယူတတ်ဆင်ကြတာပါ။ လိုအပ်ရင် ယာဉ်တိုက်မှု့နဲအောင် ယာဉ်ပိတ်ဆို့ မှု့တွေ ကာကွယ်နိုင်အောင် red light camera, over speed camera မြေအောက် Sensors စတဲ့ ခေတ်မှီနည်းပညာတွေအသုံးပြုတတ်ဆင်ကြတာပါ။
ပြောခြင်တဲ့သဘောက ဘာကိုလုပ်လုပ် အချက်အလက်တွေစုဆောင်း လေ့လာပြီး အရည်အသွေးရှိရှိ သေသေခြာခြာစီမံကိန်းချ လုပ်ကိုင်ကြတဲ့အကြောင်း ထင်ရှားစေလိုရင်းပါ။ တိုင်းပြည်ကို အုပ်ချုပ်စီမံမဲ့ အစိုးရဟာ အရည်အသွေးကောင်းဖို့ ၊ အမျှော်အမြင်ရှိဖို့ ၊ အများအတွက်စေတနာကောင်းရှိဖို့ ၊ တာဝန်ခံလိုစိတ် ရှိဖို့ သိပ်အရေးကြီးပါတယ်။
ဒါ့ကြောင့် အခုလာမဲ့ နိုဝင်ဘာ (၈) ရက် အထွေထွေရွေးကောက်ပွဲကြီးမှာ မြန်မာပြည်သူတွေဟာ မိမိတို့ ကို ဒုက္ခပေးမဲ့ အရည်အခြင်းနိမ့်ပါးတဲ့၊ စေတနာချို့ တဲ့ပြီး တာဝန်မခံလိုတဲ့၊ အမျှော်အမြင်မရှိတဲ့ သမိုင်းကြောင်းမကောင်းတဲ့ ပါတီကို ယောင်လို့ မှ မဲမပေးမိဘို့ ပြတ်ပြတ်သားသား သတိပေးလိုပါတယ်။
ပီးတော့ မဲပေးတဲ့အခါ လူကိုကြည့်ရွေးမလား၊ မူကိုကြည့်ရွေးမလားဆိုတဲ့ပြောဆိုဆွေးနွေး ငြင်းခုံချက်တွေ အပေါ်မှာ ပြည်သူလူထုကြီးကို အကြံပြုခြင်တာက အခုချိန်ဟာ လူကိုကြည့်ရမဲ့အချိန်မဟုတ်သလို မူတွေကို လိုက်ဖတ်ကြည့် ခေါင်းရှုပ်ခံရမဲ့အချိန်လည်း မဟုတ်ဘူးဆိုတာပါဘဲ။
လူကိုကြည့်ပြီး အရည်အခြင်းတွေနှိုင်းယှဉ်အကဲဖြတ်နိုင်ဖို့ ဆိုတာကလည်း အခုချိန်မှာ မလွယ်ပါဘူး။ မူဆိုတာကလည်း ဘယ်ပါတီမဆို ကောင်းတာတွေရေးကြမှာပါဘဲ။ ကိုယ်ကြိုက်တဲ့မူကို လူတိုင်းက ကြည့်ရွေးမယ်ဆိုရင် မဲပြားသွားဖို့ ဘဲ အကြောင်းရှိပါတယ်။ အခုချိန်မှာ မဲပြားသွားရင် စုစုစည်းစည်း လုပ်ဖို့ ခဲယဉ်းသွားမှာဖြစ်သလို ရည်မှန်းချက်တွေ မအောင်မြင်ဘဲ အချိန်တွေထပ်ဆုံးရှုံးနိုင်ပါတယ်။
ဒါကြောင့်မို့ ဒီရွေးကောက်ပွဲကြီးမှာမဲပေးတော့မယ်ဆိုရင် အောက်ပါအချက် (၂) ချက်ကိုသာ ကြည့်ပါ။
(၁) ဖိနှိပ်တဲ့သူတွေလား အဖိနှိပ်ခံဘ၀တူတွေလားဆိုတာ ခွဲကြည့်လိုက်ပါ
(၂) အဖိနှိပ်ခံဘ၀တူတွေထဲကမှ ထပ်ရွေးရရင် ဖိနှိပ်မှု့ကလွတ်မြောက်အောင် ဆောင်ရွက်နိုင်မဲ့အင်အားရှိသလား မရှိဘူးလား ဆိုတာ ထပ်ပြီးခွဲထုတ်လိုက်ရင် အဖြေကရှင်းပါတယ်။
ရွေးရမှာက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ( NLD) ဘဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပြီးသားပါ။
နောက်လာမဲ့ (၂၀၂၀) ရွေးကောက်ပွဲကြမှ လူကိုကြည့်၊ မူကိုလည်းကြည့် အသေးစိတ်ကြည့်တာပေါ့။
မြန်မာပြည်သူပြည်သားအပေါင်းဟာ တညီတညွတ်ထဲ မိမိအသဲကြားကမဲပြားများနဲ့ အားကိုးယုံကြည်ထိုက် သော အရည်သွေးမြင့် အစိုးရကောင်းတရပ်ကို ရွေးချယ်နိုင်ပြီး နေခြည်ဖူး၊ ဒေါင်းတွန်ကျူး၊ ပျားရည်လူးသော နေ့ သစ်များဆီ ဦးတည်နိုင်ပါစေကြောင်း ဆုမွန်တောင်းရင်း ဒီဆောင်းပါးကို နိဂုံးသပ်ပါရစေ။
လေးစားစွာဖြင့်
(မင်းကောင်းချစ်)
အောက်တိုဘာ (၂၂) ရက် ၂၀၁၅ ခုနှစ်
Photo & Design from DVB TV News မှ ကူးယူဖေါ်ပြပါသည်။
Author Name
Contact Form
Name
Email *
Message *
Powered by Blogger.