10/27/15

 kohtao-620.jpg ထိုင်းနိုင်ငံ ကော့တောင်းကျွန်း လူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာနှစ်ဦးကို မြင်ရစဉ်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦး ရဲ့အမှု အဆုံးသတ်အမိန့်ချရမှာ တရားသူကြီးအနေနဲ့ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကို စုစည်းထားတဲ့ ၅၆ မျက်နှာပါ အစီရင်ခံစာကို အဲဒီအမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲဒီအစီရင်ခံစာဟာ အမှုရင်ဆိုင်စဉ်တလျှောက် သက်သေတွေရဲ့ ထွက်ချက်တွေကို စုစည်းထားတာဖြစ်ပြီး စာမျက်နှာထောင်နဲ့ချီတဲ့ သက်သေထွက်ချက်မှတ်တမ်းတွေကို အနှစ်ချုပ်ထားတာဖြစ်ပါတယ်။ အစီရင်ခံစာ မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝေဖြိုး ခေါ် ကိုဝင်းဇော်ထွန်းတို့ဟာ လူသတ်မှု ကျူးလွန်ခဲ့တာမဟုတ်ကြောင်းနဲ့ အမှုစစ်ဆေးစဉ်တလျှောက် လုပ်ထုံးလုပ်နည်းနဲ့ မညီခဲ့တာတွေကို ထောက်ပြထား တယ်လို့ သူတို့နှစ်ဦးရဲ့အမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ရဲ့ ဥက္ကဌ ဦးစိန်ဌေးက ပြောပါတယ်။

"ကျနော်တို့ DNA နဲ့ ပတ်သက်တဲ့ အကြောင်းအရာမှာ ဆိုလို့ရှိရင်လည်း DNA ယူတဲ့နည်းစနစ်တွေ လိုက် နာဆောင်ရွက်ရမယ့် နည်းလမ်းအဆင့်ဆင့်တွေကို မလုပ်ထားပါဘူး၊ ဒီမှုခင်းအသွားအလာနဲ့ ပတ်သက်ပြီးတော့ သက်သေခံပစ္စည်းတွေ သိမ်းဆည်းတဲ့အခါမှာ တကယ်အရေးပါတဲ့ အကြောင်းအရာတွေကို မသိမ်းခဲ့ဘူး၊ သို့မဟုတ် တရားရုံးကို မတင်ပြခဲ့ဘူးဆိုတဲ့ အကြောင်းအရာတွေ ထောက်ပြပါတယ်၊ ဥပမာဆိုလို့ရှိရင် သေဆုံးသူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေ အဲဒါတွေကို မစစ်ဆေးထားဘူး၊ ခန္ဓာကိုယ်မှာလည်း DNA တွေ လိုက်မစစ်ထားဘူး၊ ဒါဘာကြောင့်လဲပေါ့၊ အမှန်က ဒါကအရေးကြီးတယ်ပေါ့နော်"

ကိုဇော်လင်းနဲ့ ကိုဝေဖြိုး ခေါ် ကိုဇော်ထွန်းတို့ရဲ့အမှုကို လာမယ့် ဒီဇင်ဘာလမှာ အပြီးသတ်အမိန့်ချမှာ ဖြစ်ပါ တယ်။ ရှေ့နေအဖွဲ့ဟာ ဒီအမှုနဲ့ပတ်သက်ပြီး အတတ်နိုင်ဆုံး၊ အကောင်းဆုံးဆောင်ရွက်ခဲ့ကြတဲ့အတွက် အမှုနိုင်မယ်လို့ထင်မြင်ကြောင်းနဲ့ တကယ်လို့ အမှုမနိုင်ခဲ့ရင်လည်း ထိုင်းနိုင်ငံ တရားလွှတ်တော်ချုပ်အထိ အယူခံဝင်မှာဖြစ်ကြောင်း ဦးစိန်ဌေးကပြောပါတယ်။

RFA

 chaungthar-baech-620.jpg ချောင်းသာကမ်းခြေကို တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေတစ်လျှောက်မှာ ဒီရေတောတွေကိုခုတ်ပြီး မြေဧက ရာနဲ့ချီတဲ့ အိမ်ယာစီမံကိန်း ဆောက်လုပ်နေတာကို ဆက်မလုပ်ဖို့ ဒေသခံတွေက တားမြစ်ပေမဲ့၊ ကုမ္ပဏီဘက်ကတော့ ဆက်လုပ်နေကြတယ်လို့ ချောင်းသာဒေသခံတွေက ပြောပါတယ်။

အိမ်ယာစီမံကိန်းအတွက် ဒီရေတောတွေခုတ်လိုက်ပြီး အဲဒီက စွန့်ပစ်လိုက်တဲ့အမှိုက်တွေဟာ ကမ်းခြေမှာလာ တင်နေတဲ့အတွက် ကမ်းခြေပျက်စီးနိုင်မှာစိုးရိမ်လို့ အခုလိုကန့်ကွက်ရတာလို့ ချောင်းသာရွာဒေသခံ ဦးမောင်ပု က ပြောပါတယ်။

"အိမ်ယာစီမံကိန်းတွေကို ဒီရေတောမှာ တောက်လျှောက်လုပ်မယ်ဆိုရင် ချောင်းသာကမ်းခြေဟာ အချိန်မကြာခင် အတောအတွင်းမှာပဲ ပျက်စီးသွားနိုင်တယ်၊ ချောင်းသာကမ်းခြေ ညစ်ပတ်နေတာက ဒီရေပင်တွေကို ခုတ်ထွင် ရှင်းလင်းလို့ဖြစ်တာ၊ အဲ့ကနေ အရွက်တွေ နှုံးတွေအားလုံးက ချောင်းသာကမ်းခြေပေါ် အမှိုက်တွေကလာ တင်တယ်၊ ချောင်းသာမှာရှိတဲ့ လူတွေအကုန်လုံး မှီခိုနေတာ ကမ်းခြေပဲဖြစ်တယ်"


ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်လောက်ကစပြီး ချောင်းသာကမ်းခြေမှာရှိတဲ့ ဒီရေတောတွေကို ခုတ်ထွင်ရှင်းလင်းပြီး Sun Light ကုမ္ပဏီက ပါရမီအိမ်ယာစီမံကိန်း၊ ဒေါနတောင်အိမ်ယာ စီမံကိန်းနဲ့ မရမ်းကျွန်းအိမ်ယာစီမံကိန်းဆိုပြီး အိမ်ယာ စီမံကိန်း ၃ ခုကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒေါနတောင် အိမ်ယာစီမံကိန်းဆိုရင် မြေဧက ၁ဝဝ ကိုအသုံးပြုဖို့ အစိုးရထံမှာ တရားဝင်တင်ပြထားပြီး ပါရမီစီမံကိန်းနဲ့ မရမ်းကျွန်းအိမ်ယာစီမံကိန်းတွေကတော့ မြေဧက ဘယ်လောက်သုံးစွဲထားသလဲဆိုတာ မသိရဘူးလို့ ပြောကြပါတယ်။

ဒေသခံတွေက အဲဒီစီမံကိန်းကို ရပ်တန့်ပေးဖို့ မြို့နယ်နဲ့ တိုင်းဒေသကြီးအဆင့်ဆင့်က တာဝန်ရှိသူတွေကို တိုင် ကြားခဲ့ကြပါတယ်။

ဒါကြောင့် အောက်တိုဘာလ ၂၃ ရက်နေ့မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်ကိုယ်တိုင် လာရောက်ပြီး အဲဒီစီမံကိန်းတွေကို ဆက်မလုပ်ဖို့ တားမြစ်ခဲ့ပေမယ့် Sun Light ကုမ္ပဏီက ဆက်လုပ်ခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်နေတဲ့ ကုလားတန်မြစ်ကြောင်းစီမံကိန်းရဲ့ နောက်ဆုံးအခြေအနေတွေ ကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တာဝန်ရှိသူတွေက စစ်တွေမြို့မှာ ဒေသခံတွေကို ရှင်းပြခဲ့ပါတယ်။

RFA

 army-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ကင်းလှည့်နေတဲ့ အစိုးရစစ်သားတွေကို တွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟူဖြတ်ကျေးရွာအနီးမှာ ကေအိုင်အိုနဲ့ အစိုးရတပ် ဒီနေ့ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။

အစိုးရတပ်မ ၉၉ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အို တပ်ရင်း ၉ တို့ကြား တိုက်ပွဲတွေဖြစ်နေကြောင်း ကေအိုင်အို တပ်မဟာ ၄ က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဇော်ဂန် က ပြောပါတယ်။

"တပ်ရင်း ၉ ဘက်မှာဖြစ်နေတယ်၊ ဒီမနက် ၉ နာရီကနေ စဖြစ်တယ်၊ ဟူဖြတ်ရွာဘေးမှာ ခုနက တောက်လျှောက်ဖြစ်နေတုန်းပဲလို့ပြောတယ်၊ ဒီကနေ့ဖြစ်တာ ကျနော်တို့ အရင်စခန်းချတဲ့ ရွာဟောင်းမှာပဲ"

အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး၊ တိုက်ပွဲကြောင့် ထိခိုက်မှုအခြေအနေ အသေးစိတ် ကိုတော့ မသိရသေးကြောင်း၊ မနေ့ မနက်ပိုင်းကလည်း ကေအိုင်အိုတပ်ရင်း ၉ စခန်းကို စစ်ရေးအခြေအနေအရ လုံခြုံမှုမရှိတော့တာကြောင့် ဆုတ်ပေးခဲ့ရကြောင်း ဗိုလ်မှုးကြီး ဇော်ဂန် က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ဒေသမှာ ကေအိုင်အေတပ်ရင်း အတော်များများရှိပေမဲ့၊ အခုတလော တပ်ရင်း ၉ နေရာတစ်ခုမှာပဲ တိုက်ပွဲတွေဖြစ်ပွားနေတာလို့ သိရပါတယ်။
RFA

 taunggyi-bomb-620.jpg ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့ညက ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ ကားတစ်ဦးကို တွေ့ရစဉ်

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မနေ့ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပေမဲ့၊ လာမယ့်ရွေးကောက်ပွဲအတွက် လုံခြုံရေးကို ထိခိုက်ခံမှာ မဟုတ်ဘူးလို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်နေပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ကိစ္စအပေါ် စုံစမ်းနေတယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲမှူးကြီး စန်းလွင်က ပြောပါတယ်။

"ရွေးကောက်ပွဲရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့က အထိအခိုက်မခံပါဘူးခင်ဗျ၊ လုံခြုံရေးအစီမံတွေ လည်း တိုးမြှင့်ဖို့အတွက် ကျနော်တို့ ဆောင်ရွက်နေတာရှိပါတယ်၊ ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ တာဝန်ရှိတဲ့လူတွေပေါ့ မြို့နယ်မှူး၊ ခရိုင်မှူး အစရှိသဖြင့် အဖွဲ့တွေနဲ့ ကျနော်တို့က လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက် ဖို့ နောက်တစ်ခါ မြို့အဝင် အထွက်တွေမှာ ရှာဖွေစိစစ်မှုတွေပြုလုပ်ဖို့၊ နောက်မသင်္ကာတဲ့နေရာတွေမှာ ရှာဖွေ စစ်ဆေးတာတွေ တိုးမြှင့်လုပ်ဖို့ မနက်ကပဲ အစည်းအဝေးလုပ်ပြီးမှ ဆောင်ရွက်ထားတာရှိပါတယ်"

မနေ့ည ၈ နာရီခွဲဝန်းကျင်က တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက် ဗိုလ်ချုပ်လမ်းနဲ့ မြတ်လေးလမ်းဆုံ၊ တောင်ကြီး မြို့မရဲစခန်းအနီး၊ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှာ လူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စဝ်စံထွန်းဆေးရုံမှာ တက်ရောက် ကုသခံယူနေရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရှမ်းပြည်မြောက်ပိုင်း မိုင်းရှုးမြို့မှာ မိုင်းတစ်လုံး ပေါက်ကွဲခဲ့တဲ့အတွက် ကိုရင်နှစ်ပါးနဲ့ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

RFA

(၁)

အခုတလောအစိုးရသစ်ကာလအတွင်း
မြန်မာနိုင်ငံသည် ပြည်ပ ကြွေးမီ ဒေါ်လာ (၁၁) ဘီလျံ
အထိဖြစ်လာခဲ့သည်ဟု သတင်းများကဖေါ်ပြလာခဲ့သည်..

ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်..
ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးခဲ့ပြီး..
ဒီမိုကရေစီအသံကောင်းဟစ်ခဲ့မှုကြောင့်..
နိုင်ငံတော်တော်များများက စီးပွားရေးပိတ်ဆို့မှုများအား
ဖွင့်ပေးခဲ့ကြပြီး ဦးသန်းရွှေလက်ထက်တုန်းက
ချေးချင်တိုင်းချေးခဲ့ကြသော..
အကြွေးအချို့ကိုလည်း လျော်ပေးခဲ့သလို..
တစ်ချို့အကြွေးများကိုလဲ ပြန်ဆပ်ဖို့ကူညီပေးခဲ့ကြသည်..
သို့သော် သမ္မတဦးသိန်းစိန်မှ
နိုင်ငံတကာပတ်ကာထပ်မံချေးငှားမှုကြောင့်..
အကြွေးများ တောင်ပုံရာပုံပြန်ဖြစ်လာခဲ့ပြန်ပါသည်..
ယခုနှစ် တွင် အကြွေး ၁၁ ဘီလျံပင်ဖြစ်လာခဲ့သည်..

တိုင်းပြည်နှင့် ပြည်သူများမှာ နေရင်းထိုင်ရင်း..
ဒေါ်လာ (၁၁)ဘီလျံ ဆိုသောပမာဏ...
( မြန်မာငွေကျပ်- ၁၁,၀၀၀,၀၀၀,၀၀၀,၀၀၀)
အထိ အကြွေးပြန်တင်ကုန်ကြသည်..

တကယ်တော့...
အာဏာရှင်ဟောင်းများနှင့် ခရိုနီများသည်..
ထိုမှ များပြားလှသော ပမာဏ ကို..
အသာလေးပေးဆပ်နိုင်သည်အထိ
ချမ်းသာနေကြပြီဖြစ်သည်..

မည်သို့ ပြောနိုင်သနည်း..

----------------------------

(၂)

ဦးသိန်းစိန်လက်ထက်တွင်..
ကြီးမားသောအထုတ်ဖြေခံရမှုသတင်းများ
မကြာခဏထွက်ပေါ်ခဲ့ရာ....
ထွက်သည့်သတင်းတိုင်း မှန်ကန်မှုရာခိုင်နှုန်း
များပြားခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း ဦးသိန်းစိန်အစိုးရကာလတွင်..
အထောက်အထားအတိအကျဖြင့်သတင်းထွက်လာသော..
မြန်မာနိုင်ငံသား (၅)ဦးပိုင်ဆိုင်သည့် နိုင်ငံခြားဘဏ်တစ်ခုရှိ
အကောင့် ငွေပမာဏသည် ၁၁ ဘီလျံရှိသည်....
ထိုငွေပမာဏကိုဖေါ်ထုတ်သူမှာ နိုင်ငံခြားဘဏ်ကြီးမှ
ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး မြန်မာပြည်မှကြွေးမီများမဆပ်
သည့်ကိစ္စနှင့်ပတ်သက်ပြီး မြန်မာတွေပိုက်ဆံရှိသော်လဲ
ဘာလို့အကြွေးမဆပ်သနည်း ဆိုသည့် အနေအထားမျိုးဖြင့်
ပြောခဲ့ခြင်းဖြစ်သည်.....
ထို့နောက် တစ်နိုင်ငံလုံး ပွထသွားပြီး
အစိုးရက ထိထိရောက်ရောက်
မငြင်းနိုင်ပဲ အဖျားရှူးသွားခဲ့သည်......

နောက်တစ်ခုသတင်းထွက်လာသည်မှာ..
ဦးသန်းရွှေလက်ထက် ဒေါ်လာဈေး တရာမ၀င် (၁၅၀၀)ခန့်
ပေါက်နေချိန်တွင် ထိုင်းနိုင်ငံသို့တင်ပို့ခဲ့သည့် သဘာဝဓာတ်ငွေ့
ရောင်းရငွေ နှစ်စဉ် ဒေါ်လာသန်းထောင်နှင့်ချီသည့် ၀င်ငွေများကို
အာဏာရှင်များက...အစိုးရဈေး တစ်ဒေါ်လာ ၆ ကျပ်ခွဲနှင့် ဖြတ်ကာ
မြန်မာငွေသားဖြင့်အစိုးရဘဏ္ဍာထဲသို့ထည့်သွင်းပြီး
ဒေါ်လာစစ်စစ်များကို ပေါက်ဈေးဖြင့်ပြန်ရောင်းကာ အမြတ်ထုတ်
ခဲ့ကြသည်ဟူသောသတင်းပင်ဖြစ်သည်.....
ဘယ်လောက်ကြာအောင်ပင် ထိုသို့လုပ်ခဲ့သည်ကိုမသိရချေ
ထိုသတင်းသည်လည်း ဟိုးလေးတကျော်ဖြစ်ကာ..
အစိုးရက အာရုံမနည်းပြောင်းခဲ့ရသည်...

နောက်သတင်းတစ်ခုမှာ ဦးနေ၀င်း၏မြေးများအားထောင်မှ
လွှတ်ပေးလိုက်ပြီးသည့်နောက် မည်သိုမည်ပုံ ရရှိထားသည်မသိသော
ဒေါ်လာ ၄ ဘီလီယံကျော်အားဦးနေ၀င်းမြေးများက
ပိုင်ဆိုင်ထားပြီး AGD ဘဏ်ရှယ်ယာကို ၀ယ်ယူခဲ့ခြင်းပင်ဖြစ်သည်..
ထိုငွေများသည် အလကားရသောငွေများမဟုတ်တန်ရာပေ.....
မည်သို့မည်ပုံ ပိုင်ဆိုင်ထားသည်ကို မသိရပေ..

နောက်ထပ်သတင်းတစ်ခုမှာ မြန်မာနိုင်ငံတွေင် ဒေါ်လာဘီလျံကျော်
ချမ်းသာသည့် သူဌေးများ ၄၀ ကျော်ခန့်ရှိနေသည့်သတင်းပင်ဖြစ်သည်..
သေချာသည်ကတော့ ထိုသူများသည် စွန့်ဦးတီထွင်ရိုးသားကြိုးစား
သူများလည်းမဖြစ်နိုင်ချေ.....

နောက်သတင်းတစ်ခုမှာ အဆိုးဝါးဆုံးဖြစ်သည်..
Global Witness အဖွဲ့ကြီးမှ စနစ်တကျသုတေသနာပြုချက်အရ
မြန်မာ့ကျောက်စိမ်းဈေးကွက်အား လွှမ်းမိုးထားသူများမှာ...
ဦးသန်းရွှေမိသားစုများနှင့် ဦးပိုင်အပါအ၀င် ဗိုလ်ချုပ်များဖြစ်ကြောင်း
သတင်းစာရှင်းလင်းပွဲလုပ်ကာ သုတေသနာစာတမ်းထွက်လာခဲ့ခြင်း
ပင်ဖြစ်သည် ၊ ထိုတွေ့ရှိချက်များထဲတွင် ၂၀၁၄ တစ်နှစ်တွင်ပင်
ကျောက်စိမ်းရောင်းရငွေ ၃၀ ဘီလျံခန့်ရှိပြီး ဦးသန်းရွှေ ၊ ဦးပိုင်နှင့်
အာဏာရှင်များမှ ရရှိငွေ ၁၂ ဘီလျံခန့်ရှိခဲ့သည်ဟုဆိုသည်..၊
ထိုပမာဏသည် ကျောက်စိမ်းအမျိုးအစားတစ်ခုတည်းသာဖြစ်ပြီး
ဦးသိန်းစိန်အစိုးရလက်ထက်တွင် လက်ရဲဇက်ရဲဖြစ်လာခဲ့သော..
သစ် ၊ ရွေ ၊ ကျောက်မြက် နှင့် မြေကွက်များမြေနေရာများအား
ရောင်းစားခဲ့သည့်ဝင်ငွေများမပါဝင်သေးချေ..

ထိုငွေပမာဏများကို ကြည့်ပါက..
လက်ရှိနိုင်ငံတကာအကြွေး ၁၁ ဘီလျံဆိုသည်မှာ..
ဂရုစိုက်စရာမလိုသည့်အနေအထားပင်ဖြစ်သည်.......

အာဏာရှင်အနွယ်၊ ဦးပိုင်နှင့်ခရိုနီများပိုင်ဆိုင်မှုများမှာ
ဒေါ်လာ ဘီလျံပေါင်းရာဂဏန်းလောက် ရှိနေပြီ“
ဟုယူဆကြပြီဖြစ်သည်...

အမျိုးကိုချစ်လှသည်ဟု ပြောဆိုကြသော..
ဦးသိန်းစိန်အစိုးရသည်...
ထိုပိုက်ဆံများကို ဘာကြောင့်မတို့မထိပဲ..
နိုင်ငံတကာသို့ပတ်ကာ လိုက်လံချေးနေရသနည်း...?

-----------------------------

(၄)

ထိုပိုင်ဆိုင်မှုများကို မထိစေရန်နှင့် ထိုပိုင်ဆိုင်မှုများ
ထပ်မံပွားများလာစေရန် ဦးသိန်းစိန်အစိုးရမှ..
နောက် ၅ နှစ်ဆက်ပြီးအုပ်ချုပ်ချင်သည့်အနေအထားရှိသည်.....

ထို့ကြောင့်...
နောက်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ..နှင့်
အမျိုးသားရေးပါတီတို့မှအနိုင်ရစေရန်အတွက်..
နည်းအမျိုးသုံနေခြင်းဖြစ်သည်...

အာဏာရှင်အနွယ်များနှင့် ခရိုနီများကလည်း..
ပြည်ခိုင်ဖြိုးအနိုင်ရရန်အတွက် ငွေကြေးများစွာ..
နောက်ကွယ်မှ သုံးစွဲနေနိုင်ပါသည်..။

စွမ်းအားရှင်အဖွဲ့များအတွက်ငွေကြေးများ..
မဲဆွယ်ရာတွင်ပြည်သူများအတွက်သုံးသည့်ငွေကြေးများ..
ဖွတ်ပါတီ၏လက်ဝေခံပါတီများအတွက်ငွေကြေးများ..
ဖွတ်လော်ဘီများအတွက်ငွေကြေးများ..
ဘာသာရေး စည်းရုံးမှုများနှင့် ဘုန်းကြီးအများအတွက်
သုံးသည့်ငွေကြေးများ..

အားလုံး အားလုံးသည်..

ကျောက်စိမ်း ၊ သစ်နှင့် သယံဇာတ များကရရှိခဲသော
ငွေကြေးများထဲကပင်ဖြစ်သည်။
ထောင်မြင်ရာစွန့်ကြခြင်းပင်တည်း...

တကယ်ဆို...
ဦးသိန်းစိန်သာအမျိုးချစ်ခဲ့သည်ဆိုပါက..
တိုင်းည်ြကို ကြွေးပူမိအောင် လုပ်စရာအကြောင်းမရှိချေ

အစိမ်ရောင်နောက်တွင်..
ဒေါ်လာဘီလျံပေါင်းများစွာရှိပါသည်...

( Pa Yit)

က္ကသိုလ်နှစ်ဝက် စာမေးပွဲနီးနေလို့ အခန်းအောင်းပြီး စာကြည့်နေတုန်း ဖုန်းဝင်လာတယ်။ ဖုန်းနံပါတ် အစိမ်းဖြစ်နေလို့ ကောက်ကိုင်လိုက်တော့ မနှစ်ကနွေရာသီမှာ ဓမ္မစကူးလ်သင်တန်း သွားရောက်ပို့ချပေးခဲ့တဲ့ နယ်ဘက်က ဒကာကြီးတစ်ယောက်ဖြစ်နေတယ်။ ဖုန်းဆက်ရခြင်း အကျိုးအကြောင်းမေးကြည့်တော့ ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးရင် ကောင်းမလဲလို့ လှမ်းပြီးမေးလျှောက်ခြင်း ဖြစ်ပါတယ်ဘုရားတဲ့။ ဒီတော့မိမိကလည်း ဒကာကြီးက ဘယ်ပါတီကို မဲပေးဖို့ စိတ်ကူးထားလို့လဲလို့ ပြန်မေးလိုက်တော့။ တပည့်တော်က အမှန်တကယ် တိုင်းပြည်အပေါ်ကို အကျိုးပြုဆောင်ရွက်ပေးမည့် ပါတီကိုသာ မဲပေးဖို့ ရည်ရွယ်ထားပါတယ် တဲ့။ သူတို့နယ်ဘက်က ပါတီတစ်ချို့ဆိုလျှင် တခြားပါတီတွေလို ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် ပြောပြီး မဲမဆွယ်ဘူးဆိုပဲ။ အမျိုးဘာသာ၊ သာသနာကိုချစ်ရင် သူတို့ပါတီကို မဲပေးပါ၊ အမျိုးသားရေး စိတ်ချရအောင် သူတို့ပါတီက ဆောင်ရွက်ပေးမယ် ဒီလိုအထူးအဆန်း မဲဆွယ်နည်းတွေ သုံးသတဲ့။

ဒါနဲ့မိမိလည်း စိတ်ရှည်လက်ရှည်နဲ့ ခေါင်းဆောင်ကောင်းကို ဘယ်လိုရွေးချယ်သင့်တယ်၊ နိုင်ငံ့အကျိုးပြုပါတီဆိုတာ ဘယ်လိုအနေအထားရှိတယ်၊ အမျိုးဘာသာ၊ သာသနာကို ဘယ်လိုနည်းနဲ့ စောင့်ရှောက်ရမည်ဆိုတဲ့ အကြံဥာဏ်အချို့ကို မအားတဲ့ကြားထဲကနေ တိုင်းပြည်အတွက် ရှေးရှုပြီး အောက်ပါအတိုင်း ရှင်းပြပေးခဲ့ဖြစ်ပါတယ်။ (မိမိသဘောကျနှစ်ခြိုက်တဲ့ ပါတီကို မဲပေးဖို့ လုံးဝ မမိန့်ကြားခဲ့ပါ)

“ရွေးချယ်သင့်သည့်တိုင်းပြည်ခေါင်းဆောင်”

တိုင်းပြည်ခေါင်းဆောင်ဆိုသည်မှာ ပြည်သူလူထု၏ လွပ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ဘာသာရေး စသည်တို့ကို ကိုယ်ဆောင်းပြုဆောင်ရွက်သော ပုဂ္ဂိုလ်ကိုသာ ဆိုလိုခြင်းဖြစ်တယ်။ မိမိကိုယ်ကို မိမိတင်မြှောက်ပြီး ခေါင်းဆောင်ဖြစ်လာသောသူ၊ မိမိဘက်တော်သား မိုက်ကြေးခွဲလူနည်းစုတစ်စုက ရွေးချယ်ထားသော ခေါင်းဆောင်မျိုးကို တိုင်းပြည်ခေါင်းဆောင်ဟု အသိအမှတ်မပြုသင့်ပေ။ ပြည်သူလူထုက ပြည်သူတို့အကျိုးကို ပြည်သူတို့ဆန္ဒနှင့်အညီ ပြည်သူတို့ကိုယ်စား ဆောင်ရွက်ပေးသဖြင့် ခေါင်းဆောင်ဟု ရင်ထဲက သဒ္ဓါကြည်ညိုစွာ ရွေးကောက်တင်မြှောက်ထားသော ခေါင်းဆောင်မျိုးကိုသာ မိမိတို့အနေဖြင့် အားကိုးအားထားပြုသင့်ပါတယ်။

နိုင်ငံရေးနယ်ပယ်မှာ လေ့လာကြည့်ရင် ခေါင်းဆောင်ဆိုတာ နှစ်မျိုးတွေ့ရှိနိုင် တယ်။ အရင်းရှင် ခေါင်းဆောင်နဲ့ ပစ္စည်းမဲ့ခေါင်းဆောင်။ အရင်းရှင်ခေါင်းဆောင်ဆိုတာ လူနည်းစု လက်တစ်ဆုပ်စာ အရင်းရှင်ခရိုနီများရဲ့ အကျိုးကိုသာကြည့်တတ်တဲ့ ဖောက်ပြန်သည့် ခေါင်းဆောင်ကို ဆိုလိုပါတယ်။ ထိုအရင်းရှင်ခေါင်းဆောင်က ပစ္စည်းမဲ့ပြည်သူတို့ရဲ့ အကျိုးကို ဆန့်ကျင်ပြီး၊ ခရိုနီတစ်စုရဲ့ အကျိုးကိုသာ ကာကွယ်ပေးတယ်။ ပစ္စည်းမဲ့ခေါင်းဆောင်ကတော့ တကယ့်ပြည်သူလူထုဖြစ်တဲ့ ပစ္စည်းမဲ့ လုပ်သားလူထုရဲ့ အကျိုးကိုသာကြည့်ပြီး ပြည်သူတွေရဲ့ရှေ့ကနေ အမြဲတမ်း မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးတယ်။ ထိုပစ္စည်းမဲ့ခေါင်းဆောင်က အရင်းရှင်ခရိုနီများရဲ့ အကျိုးကို ဆန့်ကျင်ပြီး လယ်သမား၊ အလုပ်သမား၊ ဆင်းရဲသားတို့ရဲ့ အကျိုးကို ပြုလုပ်ပေးတယ်။ ဒီလိုခေါင်းဆောင်နှစ်မျိုးအနက် ပစ္စည်းမဲ့ခေါင်းဆောင်ကိုသာ လိုလားတင်မြှောက်မှ အရင်းရှင်ခရိုနီများကို တိုက်ဖျက်ရာမှာ သစ္စာရှိပြီး ရဲရဲဝံ့ဝံ့တိုက်ပေလိမ့်မည်။

ဒါကြောင့် လယ်သမား၊ အလုပ်သမား၊ ဆင်းရဲသားစတဲ့ ပစ္စည်းမဲ့လူတန်းစားတွေရဲ့ ပါတီခေါင်းဆောင်အဖြစ် မည်သူ့ကို တင်မြှောက်သင့်သလဲဆိုတာ နဖူးပေါ်လက်တင်ပြီး စဉ်းစားကြပါ။ ဒီလိုမှမဟုတ် အရင်းရှင်ခေါင်းဆောင်ကို မှားယွင်းလို့ပဲဖြစ်ဖြစ်၊ မလွဲမရှောင်သာလို့ပဲဖြစ်ဖြစ် ခေါင်းဆောင် တင်မြှောက်မိရင် ပြည်သူလူထုသည် အဖိနှိပ်ခံ ရမည်မှာမလွဲပေ။ ပြည်သူလူထုရဲ့ အခွင့်အရေးတွေလည်း လျော့ပါးသွားပြီး အရင်းရှင်ခရိုနီစနစ်သည်သာ ခိုင်မြဲသထက် ခိုင်မြဲလာမည်ဆိုတာ အထူးသတိပြုသင့်ပါတယ်။

“ပါတီ၏မူဝါဒများကိုလေ့လာပါ”


အဖွဲ့အစည်းတစ်ခုကို ကောင်းသည် ဆိုးသည်ဟု ဝေဖန်သုံးသပ်လိုလျှင် ပထမဦးဆုံး ကြည့်ရမည်ကား ထိုအဖွဲ့အစည်း ကျင့်သုံးနေသည့် မူဝါဒပဲဖြစ်ပါတယ်။ မိမိတို့ကိုလာရောက် မဲဆွယ်သည့် ပါတီတိုင်းကို သူတို့၏ မူဝါဒများ ဘယ်လိုရှိသလဲဆိုတာ မဖြစ်မနေ မေးမြန်းဖို့ လိုအပ်ပါတယ်။ တစ်ချို့ပါတီများဆိုလျှင် မူဝါဒကို အရေးမကြီးသလိုပြော၊ ထမင်းရည်ပူလျှာလွဲလုပ်ပြီး မက်လုံးအချို့နဲ့ နှပ်ကြောင်းပေးလေ့ရှိပါတယ်။ မကြာသေးမှီကမှ ပါတီကြီးတစ်ခုရဲ့ မဲဆွယ်ဟောပြောပွဲ ဗွီဒီယိုဖိုင်တစ်ခုကို ကြည့်လိုက်ရတယ်။ အဲဒီမှာ ပါတီတာဝန်ရှိပုဂ္ဂိုလ်ကြီးက ဘာပြောသလဲဆိုတော့ အခုအချိန်မှာ ပါတီရဲ့မူဝါဒတွေကို ပြောစရာမလိုပါဘူးတဲ့၊ အရေးကြီးတာက ကျနော်တို့ပါတီ နိုင်ကိုနိုင်ရမည်တဲ့။ အဲဒါကိုက မှားနေတာပဲဖြစ်တယ်။ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီလမ်းစဉ်ကို လျှောက်လှမ်းနေတယ်ဆိုပါက၊ မဲဆွယ်ရာမှာ အရင်ဦးဆုံး ပြောဆိုဆွေးနွေးရမည့် ကိစ္စက မိမိတို့ပါတီ၏ ကျင့်သုံးမည့်မူဝါဒပဲဖြစ်ပါတယ်။ ဒီမူဝါဒကို ပြည်သူတွေအနေနဲ့ ရှင်းရှင်းလင်းလင်း သိထားရမယ်။

ဒါမှ အဲဒီမူဝါဒကို သဘောတူရင် လက်ခံမယ်၊ သဘောမတူရင် ကွဲလွဲမယ်၊ စစ်မှန်တဲ့ဒီမိုကရေစီဆိုတာ ဒီလိုဖြစ်နေရမယ်။ ဟိုတစ်လောတုန်းက ဒီဗွီဘီသတင်းဌာနက ဒီဘိတ် (စကားရည်လုပွဲ) အစီအစဉ်မှာ ရှမ်းပြည်နယ်ဘက် တာဝန်ရှိသူတစ်ဦး ဆွေးနွေးသွားတာ နားထောင်ပြီး အတော်လေးကို စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ သူပြောတာက “သူတို့နယ်ဘက်ကို ပါတီကြီးတစ်ခု မဲလာဆွယ်တယ်၊ အဲဒီမှာ ဘာပြောသလဲဆိုတော့ ရှမ်းပြည်နယ်က ပြည်သူတွေအနေနဲ့ သူတို့ပါတီကို မဲထည့်ပေးခဲ့ကြလို့ သူတို့ပါတီနိုင်ခဲ့ရင် နောက်ငါးနှစ်တိတိ အဲဒီနယ်မြေတွေမှာ ဘိန်းစိုက်ခွင့်ကို လွပ်လွပ်လပ်လပ် ခွင့်ပြုပေးမယ်”တဲ့။ ဘယ်လောက်ရှက်စရာ၊ ရင်နာစရာ ကောင်းလိုက်သလဲ။ သူတို့လူတစ်စု ကောင်းစားဖို့အတွက် ပြည်သူလူထုကို အဆိပ်ခပ်နေတာ အင်မတန်မှ အောက်တန်းကျလွန်းပါတယ်။

နောက်ရှိပါသေးတယ် ပါတီတစ်ချို့က သူတို့ပါတီသာ အနိုင်ရခဲ့ရင် သံဃာတော်တွေ မဲပေးခွင့်ရှိအောင် လွှတ်တော်ထဲမှာ တောင်းဆိုပေးမယ်။ ဒါကြောင့် သူတို့ပါတီကို မဲပေးပါ စသည်ဖြင့် မဲဆွယ်စည်းရုံးနေကြတယ်။ ထို့ကြောင့် ပြည်သူလူထုအနေနဲ့ မိမိတို့မဲပေးမည့် ပါတီ၏ မူဝါဒများကို သေချာကျနစွာ လေ့လာထားကြပါ။ မဲလိုချင်လို့ ခဏတာအဖြစ်ပေးတဲ့ ကတိကဝတ်တွေ၊ အာမခံချက်တွေ၊ မက်လုံးတွေကိုပဲ မကြည့်ဘဲ၊ ထိုပါတီတွေဟာ ပေးထားတဲ့ကတိ၊ ပေးထားတဲ့အာမခံချက်တွေကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးနိုင် မပေးနိုင်ဆိုတာကို စဉ်းစားဆုံးဖြတ် ပြီးတော့မှ ယုံကြည်ကြဖို့လည်း အထူးပင်လိုအပ်ပါတယ်။

“နိုင်ငံရေးနဲ့ဘာသာရေး ကွဲကွဲပြားပြား သိထားဖို့လိုအပ်သည်”

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင် ဘာသာရေးကို အကြောင်းပြုပြီး နိုင်ငံရေးမလုပ်ရ၊ မဲမဆွယ်ရဟု ပုဒ်မ(၅၈-ဂ)တွင် ပါရှိပါတယ်။ သို့သော် ယခုအခါ ပြည်သူလူထုကို သွေးစူစေမည့် ဟိုလူ့မဲမပေးနဲ့၊ ဒီလူ့မဲပေး၊ ဟိုပါတီကို မဲမပေးနဲ့၊ အဲဒီပါတီကို မဲပေးမိရင် ဘာနိုင်ငံဖြစ်သွားမယ်၊ ညာနိုင်ငံဖြစ်သွားမယ် စသည်စသည်ဖြင့် ပြည်သူတွေကြားထဲမှာ ပေါ်ပေါ်ထင်ထင် ဟောပြောနေကြ၊ ရေးသားနေကြသည့် မျိုးချစ်ခေါင်းဆောင်တစ်ချို့ကို တွေ့မြင်၊ ကြားသိနေရပါတယ်။ သို့သော် တာဝန်ရှိအဖွဲ့အစည်းများနှင့် အာဏာရှင်စစ်အစိုးရကား မသိကျိုးကျွံပြုနေသည့်အပြင် ဝေဖန်ထောက်ပြသူများကိုပင် ရန်သူသဖွယ် ဆက်ဆံနေကြပါတယ်။ အမှန်တကယ်တော့ ဒီလိုအရေးကိစ္စဆိုတာ လုံးဝ(လုံးဝ)ကို မဖြစ်သင့်ပါဘူး။ နိုင်ငံရေးကို ဘာသာရေးနဲ့ အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ ပါတီတွေကို သမာသမတ်ကျတဲ့ ပါတီစာရင်းထဲကနေ ထုတ်ပယ်ထားရပါမယ်။ မဲပေးဖို့ ထိုက်တန်တဲ့ ပါတီအမျိုးအစားထဲမှာလည်း မပါဝင်ပါဘူး။

တကယ်တော့ နိုင်ငံရေးဆိုတာ စီးပွားရေးလိုလားချက်တစ်ခုကို ရရှိအောင် လူစုလူဝေး နိုင်ငံနဲ့ချီပြီး လှုပ်ရှားတဲ့ အရေးပါပဲ။ လူ့အဖွဲ့အစည်းဆိုတာ ရှိနေသည်နှင့်အမျှ လူ့အဖွဲ့အစည်းရဲ့စီးပွားရေးဆိုတာလည်း ရှိရမှာပါပဲ။ ဒီစီးပွားရေး စနစ်မှာ မပြည့်ဝတာတွေ့ရင် ပြည့်ဝအောင် လုပ်ရမှာပဲ။ အဲဒီတော့ နိုင်ငံရေးဆိုတာ လူတွေနဲ့ မကင်းနိုင်ပါဘူး။ နိုင်ငံရေးဆိုလိုက်တိုင်း လူမှုကိစ္စတိုင်း ဝင်ပါစရာ မလိုပါဘူး။ တကယ်တမ်း တိုင်းပြည်နဲ့ချီပြီး အကျိုးဆောင်ရမည့် လူထုလုပ်ငန်းတွေကိုသာ ဆိုလိုပြီး၊ လူနည်းစု အကျိုးဘက်က ဝင်ပါတာမျိုးဟာ လူထုနိုင်ငံရေး လုံးဝ(လုံးဝ) မဟုတ်ပါ။ ဒါကြောင့် နိုင်ငံရေးလုပ်တဲ့နေရာမှာ ဘာသာရေး ဝင်ရောက် စွက်ဖက်လာလျှင် ပဋိပက္ခတွေဖြစ်ပြီး တိုင်းပြည်နဲ့ပြည်သူလူထုအတွက် အကျိုးများဖို့ထက် ဆုတ်ယုတ်ဖို့က ရာခိုင်နှုန်းပိုများပါတယ်။ ထို့ကြောင့် ဘာသာရေးကို အကြောင်းပြုပြီး လာရောက် မဲဆွယ်စည်းရုံးလျှင် တိုင်းပြည်အတွက် စဉ်းစားပေးပြီး မဲမထည့်မိစေဖို့လည်း အင်မတန်မှ အရေးကြီးလှပါတယ်။ အချိန်အခါကို ကြည့်ပြီး နိုင်ငံရေးနဲ့ ဘာသာရေးကို ကွဲကွဲပြားပြား သဘောပေါက်ထားဖို့လည်း လိုအပ်ပါတယ်။

“ရွေးကောက်ပွဲမှာ ပြည်သူလူထု၏ အရေးပါပုံ”

၂၀၁၅အထွေထွေရွေးကောက်ပွဲကြီးဟာ မကြာခင်ရက်ပိုင်းအလိုမှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကြီးမှာ ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာ သိပ်အရေးပါတယ်ဆိုတာ မိမိတို့ပြည်သူတွေ အနေနဲ့ နားလည်ထားရမှာဖြစ်ပါတယ်။ ပြည်သူလူထုက အစိုးရတစ်ရပ်နဲ့ လွှတ်တော်ကြီးပေါ်ပေါက်လာဖို့အတွက် ကိုယ်စီကိုယ်စီ မဲပေးကြရမှာဖြစ်ပါတယ်။ ပြည်သူလူထုတွေပေးလိုက်တဲ့ မဲက တိုင်းပြည်နဲ့နိုင်ငံသားတွေရဲ့ဘဝ၊ တိုင်းပြည်အတွင်းမှာရှိနေတဲ့ သယံဇာတတွေရဲ့ အနာဂါတ်ကို အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ မဲပေးပြီး ရွေးချယ်တာ မှန်ကန်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ပြည်သူလူထုအနေနဲ့ မဲပေးရာမှာ ဦးနှောက်နဲ့ပဲ ပေးပေး၊ နှလုံးသားနဲ့ပဲ ပေးပေး တိုင်းပြည်အပေါ် အမှန်တကယ် အကျိုးပြု ဆောင်ရွက်ပေးမယ့် ပါတီအဖွဲ့အစည်း တစ်ရပ်ကိုသာ မဲပေးကြဖို့ တိုက်တွန်းလိုပါတယ်။ မှန်မှန်ကန်ကန် မဲပေးရွေးချယ်မှု မပြုလုပ်နိုင်လို့ အစိုးရဆိုးတစ်ရပ် ပေါ်ပေါက်လာခဲ့ရင်၊ လွှတ်တော်အမတ်ဆိုးတွေ ပေါ်ပေါက်လာခဲ့ရင် မိမိတို့မှာသာ တာဝန်ရှိပါတယ်။ မိမိတို့တာဝန်ကို မိမိတို့မကျေလို့ လမ်းချော်သွားလျှင် မိမိတို့အပါအဝင် အများပြည်သူ ဒုက္ခရောက်မည့်အရေးကို အထူးသတိပြုထားရပါမယ်။

တစ်ချို့သော ပြည်နယ်များရှိ လူထုဆိုလျှင် မိမိတို့၏လူမှုစီးပွားရေး၊ အိမ်ထောင်ရေး၊ ဘာသာရေး စတဲ့ အရေးတွေနဲ့ပဲ လုံးချာလိုက်နေလို့ နိုင်ငံရေးဆိုတာကို လုံးဝစိတ်မဝင်စားကြတဲ့ ကျေးလက်ဒေသနေ လူထုတွေကိုလည်း တွေ့ရှိနေရပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ နိုင်ငံရေးကို စိတ်ဝင်စား ချင်ကြပေမယ့် သူတို့နားလည်ထားတဲ့ နိုင်ငံရေးဆိုတာကြီးက မှားယွင်းနေလို့၊ နိုင်ငံရေးကို ဝင်ရောက် မစွက်ဖက်ရဲကြပါဘူး။ တကယ်တော့ ယနေ့နိုင်ငံရေးဆိုတာ တစ်ချိန်က (စစ်အာဏာရှင်ဖိနပ်အောက် ရောက်နေတဲ့အချိန်က)လို ကြောက်စရာ၊ စိုးရွံ့စရာ နဲနဲမျှ မလိုအပ်တော့ပါဘူး။ တရားမျှတစွာ ယှဉ်ပြိုင်နေကြတဲ့ ပါတီအသီးအသီးမှာ မိမိတို့အနေနဲ့ ကိုယ်ကြိုက်နှစ်သက်ရာ ပါတီကို ရွေးချယ်အားပေးခွင့်၊ မဲထည့်ခွင့် အပြည့်အဝရှိနေပါပြီ။ ဒါကြောင့် နိုင်ငံရေးကို စိတ်မဝင်စားဘူးဆိုပြီး မည်သူမျှ လျစ်လျူမရှုသင့်ပါဘူး။

ဒါမှမဟုတ် နိုင်ငံရေးကို စိတ်မဝင်စားဘူး၊ ကြားနေလူတန်းစားလုပ်မည်ဆိုလျှင် တိုင်းပြည်အပေါ် သစ္စာဖောက်ရုံမက အုပ်ချုပ်သူကိုပါ စိတ်ကြိုက်ချယ်လှယ်ခွင့် ပေးနေခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် မဲပေးခွင့်ကို စိတ်မဝင်စားဘူးဆိုလျှင် အာဏာရှင်ကို ထောက်ခံနေခြင်းပဲ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ မျက်တောင်မွှေး တစ်ဆုံးမကြည့်ပဲ မျက်စိတစ်ဆုံး ကြည့်ကြဖို့လိုအပ်ပါတယ်။ ယခုလို တိုင်းပြည်အတွက် အလွန်အင်မတန်မှ အရေးကြီးနေတဲ့အချိန်မှာ ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်း၊ အမိန့်အာဏာမှိုင်းစတဲ့ နိုင်ငံရေးအမြတ်ထုတ်မည့် မှိုင်းမျိုးစုံကိုလည်း လိမ္မာပါးနပ်စွာ ရှောင်ရှားနိုင်ကြဖို့လည်း ပြည်သူလူထုအနေနဲ့ မျက်စိကြီးကြီး၊ နားကြီးကြီးဖြင့် နေထိုင်ကြဖို့ လိုအပ်နေပါပြီ။ အမှန်တကယ်တော့ မိမိတို့တိုင်းပြည်ဟာ ပြောင်းလဲဖို့ အချိန်တန်ပြီဆိုတာထက်၊ ပြောင်းလဲဖို့အတွက် အချိန်တွေနောက်ကျနေပြီဆိုရင် ပိုမှန်ပါလိမ့်မယ်။ ပြည်သူတွေရဲ့အင်အား ပြည်သူတွေရဲ့ဆန္ဒတွေကို ဒီတစ်ကျော့မှာမှ ထုတ်ဖော်အသုံးမပြုနိုင်ခဲ့ဘူးဆိုလျှင် မိမိတို့လိုချင်နေကြတဲ့ စစ်မှန်တဲ့ဒီမိုကရေစီဆိုတာ ဝေးကွာနေအုံးမှာပါ။ ထို့ကြောင့် တိုင်းပြည်အတွက် မိမိတို့သည် တရားခံမဖြစ်ဖို့နဲ့ မိမိတို့ရဲ့ အသီးအသီးသော အမျိုးဘာသာကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ဖို့ဆိုတာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာ မိမိတို့ပေးမည့် မဲတစ်မဲက အင်မတန်မှ အရေးပါတယ်ဆိုတာ တိုက်တွန်း နှိုးဆော် လိုက်ရပါတယ်။

(လွပ်လပ်စွာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီး နိုင်ကြပါစေ၊ ဖန်တီးရဲတဲ့ သတ္တိလည်း ကိုယ်စီကိုယ်စီ ရှိကြပါစေ)

ဓမ္မသုတေသီ(မန္တလေး)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


dassk-kawmu-sep21-620.jpg
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်မှာ ဟောပြောနေစဉ်
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်နိုဝင်ဘာလ ၁ ရက်နေ့ မှာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဟောပြောမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ကွင်းအမှတ်(၁) မှာ ညနေ ၃ နာရီကနေ စတင်ဟောပြောမှာဖြစ်တယ်လို့ NLD ပါတီရဲ့ပြန်ကြားရေးတာဝန်ခံ ဦးသိန်းဦးက ပြောပါတယ်။

"၁ ရက်နေ့ ပြည်သူ့ရင်ပြင်မှာရတယ်၊ ပထမတော့ ကျိုက်ဝိုင်း သမိုင်းလေ၊ သမိုင်းကွင်းက တအားကျဉ်းတယ်၊ ကျဉ်းတော့ ပြည်သူ့ရင်ပြင်မှာရတယ်လို့ ကျနော်တို့ သတင်းရထားပါတယ်၊ ညနေ ၃ နာရီလောက်ဖြစ်မယ် ထင်ပါတယ်၊ ကျနော်တို့နှစ်ယောက်ရှိတုန်း ရန်ကုန်တိုင်းက ဖုန်းဝင်လာပါတယ်၊ ပြည်သူ့ရင်ပြင်မှာ ၁ ရက်နေ့ ညနေ ၃ နာရီပေါ့နော်၊ ဘဘ ဦးတင်ဦး နည်းနည်းပြောမယ်၊ နောက်ပြီးတော့ အန်တီပြောမယ်ပေါ့နော်"

အဲဒီနေ့ ဟောပြောပွဲမှာ(NLD) ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နာယက ဦးတင်ဦး လည်း တက်ရောက်မယ်လို့ သိရပါတယ်။

အရင်က မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားနားက ကွင်းပြင်မှာ ဟောပြောဖို့စီစဉ်ခဲ့ပေမယ့် နေရာ အခက်အခဲကြောင့် ပြည်သူ့ရင်ပြင်ကို ပြောင်းရွှေ့လိုက်တာလို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လူထုသဘောထား၊ ရွေးကောက်ပွဲနေ့ ပေါ်ပေါက်လာနိုင်တဲ့ အဖြစ်အပျက်တွေ နဲ့ ရွေးကောက်ပွဲအပြီး ဖြစ်လာနိုင်တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအောင်နိုင်ရေး ဆောင် ရွက်နေတဲ့ နာမည်ကျော် ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) ရဲ့ အတွေးအမြင်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်း တပ်နယ်မြေအတွင်းက ရွှေ့ပြောင်းလုပ်သားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်းတွေ အခုထိ မဲဆွယ်စည်းရုံးခွင့် မရသေးပါဘူး။ ဒီအတောအတွင်းမှာပဲ ပုသိမ်ဟိုင်းကြီးကျွန်းက တပ်မိသားစုတွေကို ကိုကိုးကျွန်းကို တပ်မတော်ရေယာဉ်တွေနဲ့ ပို့ဆောင်နေတယ်လို့ ကိုကိုးကျွန်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။

RFA

သစ်​တွေ ​က​တော့ ​မြန်​မာ​ပြည် ​အ​နောက်​ဘက် ​က​နေ ​အ​လာ ​များ​တယ်​လို့ ​ပြော​ပါ​တယ်
က​ချင် ​ပြည်​နယ် ​မန်​စီ​ဘက်​မှာ ​သစ်​တင် ​တဲ့​ကား ​အ​စီး ၂၀၀ ​ကျော် ​ဖမ်း​ဆီး ​ခံ​လိုက်​ရ ​တယ်​လို့ ​ပြည်​နယ်​အ​စိုး​ရ ​အ​ရာ​ရှိ ​တ​ဦး​က ​ပြော​ပါ​တယ်။

ဒီ​လို ​ဖမ်း​ဆီး​မှု​ကို ​အ​စိုး​ရ ​စစ်​တပ်​က ​လုပ် ​ခဲ့​တာ​လို့ ​က​ချင် ​ပြည်​နယ် ​အ​စိုး​ရ ​ပြည်​နယ် ​စက်​မှု​ဝန်​ကြီး ​ဦး​စိုင်း​မောင်​ရွှေ ​က ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။

ကား​တွေ​ဟာ ​သစ်​တင် ​ထား​တာ ​မ​ဟုတ်​ဘဲ ​အ​လွတ်​တွေ ​ဖြစ်​ကြ​ပြီး ​လိုင်​စင်​မဲ့ ​ကား​တွေ ​ဖြစ်​ကြ​ပါ​တယ်။ ​ဒီ​လို ​ဖမ်း​ဆီး​မှု ​အ​တွက် ​ပြည်​နယ် ​အ​စိုး​ရ​က ​ဘာ​မှ ​ညွှန်​ကြား ​တာ​မျိုး ​မ​ရှိ​ဘူး ​လို့​လည်း ​သူ​က ​ပြော​ပါ​တယ်။

ကား​တွေ ​က​တော့ ​တ​ရုတ် ​နိုင်​ငံ ​လုပ် ​ကား​တွေ ​ဖြစ်​ပြီး၊ ​ကား​တွေ ​ရှိ​တဲ့ ​နေ​ရာ​ကို ​လိုက်​လံ​ပြီး ​ဖမ်း​ဆီး ​တာ​လို့ ​ဆို​ပါ​တယ်။ ​ဒါ​ပေ​မယ့်​လည်း ​ပိုင်​ရှင် ​တွေ​ကို ​တော့ ​အ​ရေး ​ယူ​တာ​မျိုး ​မ​ရှိ​ဘူး ​လို့​လည်း ​သိ​ရ​ပါ​တယ်။

ဒီ ​ဖမ်း​ဆီး​မှု ​တွေ​ဟာ ​အ​ရင် ​တ​ရုတ် ​နိုင်​ငံ​က ​ဝင်​ရောက် ​သစ်​ခိုး ​ထုတ်​တဲ့ ​ကိ​စ္စ​နဲ့ ​ဆက်​စပ်​မှု ​မ​ရှိ​ဘဲ၊ ​အ​စိုး​ရ ​ထိန်း​ချုပ်​တဲ့ ​နယ်​မြေ ​အ​တွင်း​မှာ ​ဖြစ်​တယ်​လို့ ​ဆို​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese


 အောက်တိုဘာ ၂၅ ရက် ၂၀၁၅

တိုက်ပွဲများရပ်တန့်ကာ စစ်ဘေးဒုက္ခသည်များအမြန်ဆုံးငြိမ်းချမ်း မှုရရှိစေရေး အတွက် သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ ကောင်းမူးဓါတ် အမည်ရ သဗ္ဗေညု ဇုမ့်မိန်းစေတီတော်၌ ဆုတောင်းပွဲကျင်းပရန် ပြင်ဆင်ထားသော် လည်း စေ တီေ တာ် ဝင်းတံခါး ပိတ်ထားခြင်းခံရသည့်အတွက် ဆုတောင်းပွဲေ နရာ ပြောင်းရွှေ့လိုက်ရ သည်ဟုသိရသည်။

သျှမ်းပြည်မြောက်ပိုင်း မြို့နယ်ပေါင်းစုံ အလွှာအသီးသီးမှ သျှမ်းလူ ထု ထောင်ကျော်က အောက်တိုဘာ ၂၅ ရက် ယနေ့ နံနက်ပိုင်းက သိန္နြီ မို့ ကောင်းမူးဓါတ်တော် စေတီတော်၌ ဆုတောင်းပွဲကျင်းရန် ချိန်းဆို ထားေ ကြာင်း မြို့နယ် ၁၃ ခုမှ လူထု တထောင့်နှစ်ရာကျော်တက်ရောက်ေ ကြာင်း၊ ဆုတောင်းပွဲ ကျင်းပ ရန် အလိုမရှိသည့် လူတစုက စေတီတော်ဝန်း တံခါး အား သော့ခတ်ထားပြီး တိုက်ပွဲရပ်တန့်ရေး၊ စစ်ဘေးသင့်လူထု အမြန်ငြိမ်း ချမ်းမှုရှိစေရေးအတွက် ဆုတောင်းမည့်အဖွဲ့အား ဝင်ခွင့် မပေးသော ကြောင့် မိုင်းလီကျေးရွာအုပ်စု ကိုးမြို့ရှင်နတ်နန်းဝင်း သို့ နေရြာေ ပာင်းရွှေ့ လိုက်ရ သည် ဟုသိရသည်။

ပါဝင်သည့် သျှမ်းလူငယ်ကွန်ယက်အဖွဲ့ ပြောရေးဆိုခွင့် စိုင်းဆိုင်မိန်း က - ဓါတ်တော် စေတီတော် ဝင်းတံခါးပိတ်တာက ကျောင်းထိုင် ဘုန်းကြီးမဟုတ် ဘူး။ ဘုရားအလှူရှင် သားသမီးတချို့နဲ့ဆုတောင်းပွဲ အလိုမရှိတဲ့ ကြိုးကိုင်အုပ်စု ရှိမယ်လို့ ထင်တယ်။ ဒီခေတ်မှာ ဒီလိုရှိတယ်ဆိုတာ မဖြစ် သင့်ဘူး။ ဒါပေမယ့် ကျနော်တို့အတွက် အခွင့်အရေးဘဲ။ ဒီအခက်အခဲကနေ တဆင့် သိသင့်သိ ထိုက်တဲ့ဟာ တွေ လေ့လာသိရှိနိုင်ဖို့ အခွင့်အလှမ်းတခုဘဲလို့ မှတ်ယူတယ်” - ဟု သို့ပြောသည်။

အမည်မဖေါ်လိုသည့် အာဏာပိုင် အသိုင်းအဝိုင်း တဦးက အဆိုပါ ကိစ္စသည် ၎င်းတို့နှင့် မသက်ဆိုင် ကြောင်း၊ ဘုရားဂေါပက နှင့်သာ သက်ဆိုင်ေ ကြာင်းပြော ဆိုသည်။

ဘုရားဂေါပက အဖွဲ့ဝင်များအား အကြိမ်ကြိမ်ကြိုးစားဆက်သွယ်သော်လည်း သျှမ်းသံတော်ဆင့် မှ ပြောခွင့်မေးမြန်းခွင့် မရခဲ့ပေ။

ဒေသခံများ စစ်ဘေးကင်းဝေးပြီး ငြိမ်းချမ်းမှုရရှိစေရေးအတွက် သျှမ်းရိုးရာ ဓလေ့ထုံးတမ်းအရ ဘုရား တရား သံဃာ မိဘ ဆရာ အား တိုင်တည်ပြီး မြို့ ရွာ တောတောင်ရေမြေအား ပိုင်စိုးသည့် ကိုးမြို့ ရှင်နန်းမင်းအား တိုင်တည် ဆုတောင်းခြင်း၊ စစ်ဘေးရှောင်များအတွက် အလှူငွေ ကောက်ခံခြင်း များပြု လုပ် သည်ဟု ဆုတောင်းပွဲ တက်ရောက်သည့် နန်းအေးခမ်း က ပြောသည်။

“အလှူငွေက ကျပ် သိန်း ၉၀ ကျော်ရတယ်။ မကြာမီ စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ကူညီမယ်။ တိုက်ပွဲ ရပ်တန့် ပေးပါရန်လဲ နိုင်ငံတော် သမ္မဆီကို စာပို့ တောင်းဆိုသွားမယ်” ဟု စိုင်းဆိုင်မိန်းက ပြောသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့် သျှမ်းပြည် တပ်မတော် SSPP/SSA ၏ ကျေးသီး-မိုင်းနောင်၊ မိုင်းစံ နှင့် မိုင်းရှူးမြို့နယ် အတွင်းရှိ တပ်စခန်းများအား အောက်တိုဘာ ၆ ရက်နေ့ မှ စ၍ ယနေ့အထိ အစိုးရ တပ်မတော် မှ ထိုးစစ်ဆင်တိုက်ခိုက်ရာ တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက် မနည်း၊ ဒုက္ခသည် ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

သျှမ်းသံတော်ဆင့်

ဓာတ်ပုံ- ဦးမင်းသူဖေ့စ်ဘုတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အောင်နိုင်ရေးအတွက် ပျော်ဘွယ်မြို့ နှင့် ရမည်းသင်းမြို့တွင် သွားရောက်ဖျော်ဖြေသည့် အနုပညာရှင်များ ရန်ကုန်အပြန် တပ်ကုန်းအဝင် စစ်ဆေးရေးဂိတ်တွင် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၂၆ရက် ညနေက တားမြစ်ခဲ့သည်ဟု ထိုဂိတ်တွင် တာဝန်ကျသည့် ရဲအရာရှိက မဇ္ဈိမကို ပြောသည်။

တားဆီးသည့် အကြောင်းရင်းကို မသိသေးကြောင်း ၎င်းက ပြောသည်။

"တပ်ကုန်းအဝင် စစ်ဆေးရေးဂိတ်က တားတာပါ။ ကျွန်မတို့က သူတို့က နေပြည်တော်မှာ ဝင်ပြီး ဖျော်ဖြေဦးမလားမေးတော့ မဖျော်ဖြေပါဘူး။ ကျွန်မတို့ ဖျော်ဖြေရေးပြီးပြီ။ ရန်ကုန်ကို တန်းပြန်မှာပါလို့ပြောတော့.. ဟုတ်ကဲ့ ခဏလေးပါတဲ့။ ဘာကြောင့်တားတာလဲလို့ ကျွန်မတို့မေးတော့ ဘယ်သူမှလည်း ရေရေရာရာ မဖြေနိုင်ဘူး။ ခဏလေးပါ။ နေပြည်တော်ကို အကြောင်းကြားနေပါတယ်။ ဟိုကထွက်ခွင့်ပြုရင် သွားရပါမယ်ဆိုတာနဲ့ပဲ ရပ်နေတာ တစ်နာရီခွဲလောက် ရှိနေပါပြီ"ဟု အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်က ပြောသည်။

ထွန်းအိန္ဒြာဗိုလ် အပါအဝင် အဆိုတော် ခြောက်ဦး၊ တီးဝိုင်းအဖွဲ့ လေးဦး အပါအဝင် စုစုပေါင်း အယောက် ၂၀ခန့်က အဲကွန်းဘတ်စ် တစ်စီးဖြင့်ကို တပ်ကုန်းအဝင် ဂိတ်တွင် စစ်တပ် နှင့် ရဲများက ညနေ ၆နာရီခွဲခန့်မှစပြီး တားဆီးထားခြင်းဖြစ်ပြီး ယခု ၇နာရီ ၅၀အထိ အကြောင်းအရင်း မသိရသေးခြင်းဖြစ်သည်။

တားဆီးခံရသည့် ဖျော်ဖြေရေးအဖွဲ့ကို ညနေ ၆နာရီကျော်က တားမြစ်ခဲ့ပြီး ၇နာရီ ၄၅ မိနစ်တွင် ပြန်လည် သွားရောက်ခွင့် ပြုခဲ့သည့်ဟု ထိုဂိတ်တွင် တာဝန်ကျသည့် ရဲအရာရှိက ပြောသည်။

တပ်ကုန်းမြို့နယ် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ် ဦးကျော်တင့်က သတင်းသိသိချင်း သွားရောက်ခဲ့ပြီး တပ်ကုန်းမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်မေးမြန်းရာ နေပြည်တော် ကောင်စီနယ်မြေက တားခိုင်းသည့်အတွက် တားမြစ်ရခြင်း ဖြစ်သည်ဟုသာ ပြောကြောင်း ဦးကျော်တင့်က မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ဖျော်ဖြေပြီးအပြန် အတားခံရသည့်အပေါ် ၎င်းက "တားရင်လည်း တားတဲ့အကြောင်းကို ပီပီပြင်ပြင် သိချင်ပါတယ်။ ဘာမှန်းမသိ ရပ်ခိုင်းထားတော့ နိုင်ငံသားအချင်းချင်း စော်ကားသလို ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ ရဲတွေရော၊ တပ်တွေရော ကျွန်မတို့အားလုံးက ပြည်သူတွေပဲလေ။ ဘာမှန်းမသိ သူရပ်ခိုင်းတိုင်း ကိုယ်ရပ်နေရတဲ့ ဒုက္ခကတော့ နည်းနည်းတော့ စိတ်အနှောက်အယှက်ဖြစ်တယ်"ဟု ပြောသည်။

Mizzima - News in Burmeset

ရွေးကောက်ပွဲပညာပေး (မန္တလေး)
ရွေးကောက်ပွဲပညာပေး (မန္တလေး)


ဒါနဲ့ ပါတ်သက်ရင် အဖြစ်နိုင်ဆုံးကတော့ ကြိုတင်မဲနဲ့ မဲပေးထားပြီးသူတွေဟာ နိုဝင်ဘာ ၈ ရက်နေ့မှာ မသမာမှုလုပ်ပြီး နောက်တစ်ကြိမ် မဲပေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ကြိုတင်မဲလက်မှတ် လူ ၃ သန်းစာလောက် ရိုက်နှိပ်ထားတယ် ဆိုတာကို သတိမမေ့ကြဖို့ လိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ မဲစာရင်းမှာ ပါတဲ့ ပြည်သူတွေ အနေနဲ့ ဆန္ဒမဲပေးခွင့် မဆုံးရှုံးအောင် “မဲဆန္ဒရှင် သက်သေခံ လက်မှတ်”တွေကို ထုတ်ပေးတော့မယ် ဆိုပြီး ကြေငြာပါတယ်။ တကယ်တော့ ဒီ အစီအစဉ်ဟာ နဂို ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေထဲမှာ မပါဝင်ပါဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသစ် ချမှတ်လိုက်တဲ့ ဒီ အစီအစဉ်ကြောင့် ဘာတွေ ဖြစ်လာနိုင်သလဲ၊ ဒီ အစီအစဉ်ဟာ ပြဌာန်းထားပြီးဖြစ်တဲ့ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ နဲ့ ဆန့်ကျင်နေသလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ကော်မရှင်ရဲ့ ကြေငြာချက်မှာ မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထုတ်ပေးရတဲ့ အကြောင်းနဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြထားပါတယ်။ ထုတ်ပေးရတဲ့ အကြောင်းကတော့ မဲစာရင်းပါသူတွေ မဲပေးခွင့် မဆုံးရှုံးစေရေး ဖြစ်ပြီး ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ မဲစာရင်းပါကြောင်းနဲ့ မဲပေးခွင့် ရရှိကြောင်း သေခြာခိုင်လုံစေတယ်၊ ဘယ်မဲရုံမှာ မဲပေးရမယ် ဆိုတာကို သိနိုင်မယ်၊ မဲစာရင်း အမှတ်စဉ် ဖော်ပြထားလို့ မဲစာရင်း စိစစ်လက်မှတ်ထိုးရာမှာ၊ မဲလက်မှတ် ထုတ်ယူရာမှာ လွယ်ကူလျင်မြန်စေမယ်၊ စိစစ်ချိန်မှာ မှတ်ပုံတင် အစား ဒီလက်မှတ်နဲ့ အထောက်အထား ပြသနိုင်မယ်၊ မဲစာရင်း မှန်ကန်ရေး အထောက်အကူ ဖြစ်စေမယ် ဆိုပြီး ဖြစ်ပါတယ်။

မဲဆန္ဒရှင် သက်သေခံ လက်မှတ်ထုတ်ပေးတာ၊ ဘာ ပြသနာတွေ တက်လာနိုင်သလဲ
မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေကို သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေက လာမယ့် နိုဝင်ဘာ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ နေ့စဉ် မနက် ၈ နာရီ ကနေ ညနေ ၆ နာရီအထိ ထုတ်ပေးမယ်လို့ ဆိုထားပါတယ်။ မဲပေးမယ့်သူတွေ အနေနဲ့ အဲဒီ လက်မှတ်တွေကို သွားထုတ်ယူနိုင်သလို၊ တကယ်လို့ လက်မှတ် မထုတ်ယူပဲနဲ့လည်း မဲပေးတဲ့နေ့မှာ မဲသွားပေးနိုင်မယ် လို့ ဆိုထားပါတယ်။ ဒါပေမယ့် အဲဒီမဲပေးမယ့်နေ့မှာ သက်သေခံ လက်မှတ် ပါမလာရင် မှတ်ပုံတင်တော့ ပြရပါလိမ့်မယ်။ တကယ်တော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး အနေနဲ့ ဒီလို မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထုတ်ပေးမယ် ဆိုတဲ့ အစီအစဉ် လုပ်မယ် ဆိုတဲ့အကြောင်း သိပ်မကြာသေးခင် အချိန်တုန်းကပဲ ထုတ်ဖော် ပြောဆိုခဲ့ပြီးသားပါ။ သူက မြန်မာနိုင်ငံ ရေဘေး ကျရောက်ခဲ့တဲ့ အခြေအနေကို အကြောင်းပြပြီး အဲဒီ ဒေသက လူတွေ မှတ်ပုံတင် ပျောက်ဆုံးမှုတွေ ရှိတယ်၊ အိမ်ထောင်စု စာရင်း ပျောက်ဆုံးမှုတွေ ရှိနေတယ်၊ ဒါကြောင့် မဲပေးတဲ့အခါ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်း ပြစရာ မလိုတဲ့ ဒီ မဲဆန္ဒရှင် သက်သေခံ လက်မှတ်မျိုး ထုတ်ပေးမယ် ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း အဲဒီ အစီအစဉ်ကို ရေဘေး ကျရောက်ခဲ့တဲ့ ဒေသတွေတင် မကပဲ တစ်တိုင်းပြည်လုံးမှာ လုပ်မယ်လို့ ပြောဆိုလိုက်တော့မှ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ရွေးကောက်ပွဲ တစ်ခု ကျင်းပတယ် ဆိုတာဟာ မဲပေးပိုင်ခွင့် အရည်အချင်းရှိသူတွေ မဲစာရင်းမှာ ပါရေး၊ မဲစာရင်းမှာ ပါတဲ့သူတွေဟာ အမှန်တကယ် မဲပေးပိုင်ခွင့် ရှိသူတွေ ဟုတ်မဟုတ်၊ မဲလာပေးတဲ့ အခါကျရင် လာတဲ့သူဟာ မဲစာရင်းထဲမှာ ပါတဲ့ လူ ဟုတ်မဟုတ်၊ လွတ်လပ်ပြီး လျှို့ဝှက်စွာနဲ့ မဲပေးခွင့် ရမရ၊ စတာတွေကို သက်ဆိုင်ရာ ပြိုင်ပွဲဝင်မယ့် အမတ်လောင်းတွေက စိစစ်နိုင်တဲ့ အနေအထား ရှိအောင် ပြုလုပ် ကျင်းပရတာမျိုး ဖြစ်ပါတယ်။ အကြောင်းကတော့ ကော်မရှင်ကပဲ ကိုယ့်သဘောနဲ့ကိုယ် စိတ်ကြိုက် အစီအစဉ်ချ ကျင်းပခဲ့ရင် မသမာမှုပေါင်းများစွာ ထွက်ပေါ်လာနိုင်လို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အရင် လုပ်ခဲ့တဲ့ မဲပေးပွဲ အသီးသီးမှာ မဲရုံကို မဲလာပေးတဲ့သူတွေဟာ မဲစာရင်းထဲ ပါတဲ့သူ ကိုယ်တိုင် ဟုတ်မဟုတ် မဲရုံမှာ ရှိနေတဲ့ မဲရုံတာဝန်ရှိသူတွေ၊ အမတ်လောင်းတွေရဲ့ မဲရုံကိုယ်စားလှယ်တွေက မှတ်ပုံတင် ကဒ်ပြားတွေကို ပြသစေပြီး စိစစ်ခွင့် ရခဲ့ကြတာချည်း ဖြစ်ပါတယ်။ အခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်တဲ့ အစီအစဉ် အတိုင်း ဆိုရင်တော့ မဲပေးတဲ့နေ့၊ မဲရုံမှာ မဲလာပေးတဲ့ သူတွေဟာ မဲစာရင်းမှာ ပါတဲ့ သူတွေ ဟုတ်မဟုတ် အမတ်လောင်းတွေ၊ သူ့ရဲ့ မဲရုံကိုယ်စားလှယ်တွေက စိစစ် စစ်ဆေးခွင့် ရှိတော့မှာ မဟုတ်တော့ပါဘူး။ အကြောင်းကတော့ သူတို့အနေနဲ့ မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထုတ်ပြရုံနဲ့ မဲပေးပိုင်ခွင့် ရ၊ မဲလက်မှတ် ထုတ်ခွင့်ရသွားမှာ ဖြစ်ပြီး အဲဒီ လက်မှတ်တွေကို ထုတ်ပေးတဲ့ လုပ်ငန်းစဉ်မှာလည်း အမတ်လောင်း ကိုယ်စားလှယ်တွေ လုံးဝ ပါဝင်ခွင့် မရလို့ ဖြစ်ပါတယ်။

အဓိပ္ပါယ်ကတော့ သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင် အဖွဲ့ခွဲတွေဟာ မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထုတ်ပေးရာမှာ မသမာမှု လုပ်ပြီး တကယ် မဲစာရင်းထဲ ပါသူတွေ မဟုတ်ပဲနဲ့ ထုတ်ပေးခဲ့ရင်တောင် အဲဒါကို ဘယ်သူမှ စိစစ်ခွင့်မရတဲ့အတွက် ဘယ်သူမှလည်း သိလိုက်မှာ မဟုတ်လို့ပါပဲ။ ကောင်းပါပြီ။ ကော်မရှင် ဥပဒေ နည်းဥပဒေထဲမှာ မဲလာပေးသူတွေကို မဲရုံမှာ ရှိနေတဲ့ အမတ်လောင်း ကိုယ်စားလှယ်တွေက မသင်္ကာရင် မဲရုံမှူးကို ပြောဆို တိုင်တန်းလို့ ရနိုင်ပါတယ်။ ဒါပေမယ့် မဲလာပေးတဲ့သူရဲ့ မဲစာရင်း ဖော်ပြချက်နဲ့ သူ့ရဲ့ မှတ်ပုံတင်လို ခိုင်လုံတဲ့ အထောက်အထား ကို တိုက်ဆိုင် စစ်ဆေးတာမျိုး မလုပ်ခဲ့ရင် ဒီလောက် များပြားလှတဲ့ လူတွေကို မဲစာရင်းထဲ တကယ်ပါသူ ဟုတ်မဟုတ် ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။

နောက်တစ်ချက် ရှိပါသေးတယ်။ မဲတစ်ကြိမ် ပေးပြီးသူတွေ နောက် တစ်ကြိမ် မဲပြန်မပေးအောင် လက်သန်းမှာ မှင်သုတ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ မဲပေးတဲ့နေ့မှာ လူတစ်ယောက်ဟာ နှစ်ကြိမ် မဲပေးဖို့ ဘယ်လိုနည်းနဲ့မှ ရမှာ မဟုတ်ဘူးလို့ ကော်မရှင်က ပြောပါလိမ့်မယ်။ ဒါဆိုရင် ဘယ်လို လူတွေကများ မဲစာရင်းထဲက နာမည်နဲ့ လိမ်လည်ပြီး မဲလာပေးမလဲ မေးခွန်း ထုတ်ပါလိမ့်မယ်။ ဒါနဲ့ ပါတ်သက်ရင် အဖြစ်နိုင်ဆုံးကတော့ ကြိုတင်မဲနဲ့ မဲပေးထားပြီးသူတွေဟာ နိုဝင်ဘာ ၈ ရက်နေ့မှာ မသမာမှုလုပ်ပြီး နောက်တစ်ကြိမ် မဲပေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ကြိုတင်မဲလက်မှတ် လူ ၃ သန်းစာလောက် ရိုက်နှိပ်ထားတယ် ဆိုတာကို သတိမမေ့ကြဖို့ လိုပါတယ်။ ခုဆို ပြည်ပရောက် မြန်မာတွေ ကြိုတင်မဲပေးပြီးလို့ လူဦးရေ ၃ သောင်းဝန်းကျင် တောင် ပြည့်တာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေကို သံသယ တွေလို့ ပြောမယ်ဆို ပြောနိုင်ပါတယ်။

တကယ့်တကယ် ဖြစ်သင့်ဖြစ်ထိုက်တာက မဲလာပေးသူတွေဟာ မဲစာရင်းမှာ ပါတဲ့သူ ဟုတ်မဟုတ် မဲရုံမှာ ရှိနေတဲ့ အမတ်လောင်းရဲ့ မဲရုံ ကိုယ်စားလှယ်တွေ စစ်ဆေးခွင့် ရကို ရရပါမယ်။ အခု အဲဒီ စစ်ဆေးတဲ့ အလုပ်ကို မဲပေးတဲ့နေ့ မတိုင်ခင်မှာ ကော်မရှင်က သူတို့ တစ်ဖွဲ့ပဲ စိတ်ကြိုက် လုပ်လိုက်တဲ့ သဘောဖြစ်ပါတယ်။ တကယ်တော့ ကော်မရှင်က ပြောသလို မှတ်ပုံတင်ပျောက်လို့ မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိသူတွေအတွက် လ၀က နဲ့ ရဲစခန်းက ထောက်ခံစာပေး ဖြေရှင်းတဲ့နည်း သုံးလို့ ရပါတယ်။ မဲပေးတဲ့နေ့ လွယ်ကူအောင် ခုလို လက်မှတ်ထုတ်ပေးတာမျိုး လုပ်ပေးလည်း ရပါတယ်။ ဒါပေမယ့် ဒီလက်မှတ်ဟာ မဲစာရင်းနံပတ် ရှာဖွေရ လွယ်ကူဖို့ အတွက်ပဲ သုံးသင့်ပြီး မှတ်ပုံတင်လို ခိုင်လုံတဲ့ သက်သေ အထောက်အထား အစား အသုံးပြုစေတာမျိုးကတော့ မသင့်တော်ပါဘူး။ ဒါကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေ ထုတ်ပေးပြီး မဲပေးခိုင်းမယ့် အစီအစဉ်ဟာ ဥပဒေ နည်းဥပဒေ နဲ့လည်း မညီ၊ မသမာမှုတွေလည်း ပေါ်ပေါက်လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

VOA

[youtube src="Z6-O9E66upU"/]
ပါတီဝင်များရဲ့အိမ်များသို့ဝင်ထွက်မသွားလာဖို့တားဆီးမှုအချို့ရှိနေဟုဆို (ရုပ်သံ)

ကိုကိုးကျွန်းမြို့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေရဲ့ အိမ်တွေကို ၀င်ထွက်မသွားလာဖို့ တားဆီးမှု အချို့ရှိနေကြောင်း ကိုကိုးကျွန်းမြို့နယ် NLD ဥက္ကဌဖြစ်သူ ဦးလှထွန်းက ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေဟာ သွားရောက် မဲဆွယ်စည်းရုံးဖို့ အခက်အခဲတွေ ရှိခဲ့တဲ့ ကိုကိုးကျွန်းကို အောက်တိုဘာလ ၂၀ ရက်နေ့ charites သင်္ဘောနဲ့ သွားရောက်ခဲ့ရာမှာ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ကိုကိုးကျွန်းကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။
Elevenmedia group
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်အတွင်း မဲဆွယ်စည်းရုံးခွင့် နယ်မြေများ
တားမြစ်ထားခြင်းသည် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
တပ်မတော်သားများ လွတ်လွတ်လပ်လပ် မဲပေးရန် ပြောဆိုထားသည့် အမိန့်ကို
ဖီဆန်သကဲ့သို့ဖြစ်နေကြောင်း NLD လွှတ်တော် ကိုယ်စားလှယ်လောင်း
ဦးဝင်းမင်းက The Ladies သို့ပြောသည်။

“အကြောက်တရား ရှိနေတဲ့ ကိုကိုးကျွန်းမြို့ အာဏာရှင်တွေရဲ့ ဖိနှိပ်မှု ဥပဒေမဲ့
ပြုကျင့်မှုတွေက ယနေ့အချိန်ထိ မပျောက်ပျက်သေးပါဘူး အဲဒီအတွက်
နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ဒီတပ်မတော်က အကြီးအကဲတွေ ကိုယ်တိုင်
မလိုက်နာလို့ရှိရင် ဒီဟာက ကမ္ဘာမှာ အင်မတန်မှ ရှက်စရာကောင်းတယ် ။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်သားတွေ
လွတ်လွတ်လပ်လပ် မဲပေးဖို့ ပြောဆိုထားတဲ့ နေရာမှာ ကိုကိုကျွန်း
ရေတပ်စခန်းကနေ ဒီလိုဆောင်ရွက်နေတာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်ကို
ဖီဆန်သလိုများ ဖြစ်နေလား” ဟု ဦးဝင်းမင်းက ပြောသည်။

ကိုကိုကျွန်းမြို့နယ်တွင် မဲဆန္ဒရှင် ၁၅၇၁ ဦးရှိပြီး ရပ်ကွက်နှစ်ခုသာရှိကြောင်း၊
ကိုကိုးကျွန်းသည် ဧက ၃၀၀၀ ခန့် ကျယ်ဝန်းပြီး မြို့မြေက ဧက ၅၀၀ ရှိ၍
တပ်ပိုင်မြေ ဧက ၂၅၀၀ ကျော်ရှိကြောင်း ၊ တားမြစ်နယ်မြေများတွင်
မဲဆွယ်စည်းရုံးခွင့် ရရှိရန်အတွက် ရွေးကောက်ပွဲကော်မရှင်ထံ စာတင်ခဲ့သော်လည်း
စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရ ကန့်သတ်ထားခြင်း ဖြစ်သည်ဟု
အကြောင်းပြန်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

“အကယ်၍ ဒီဟာကို မဲဆွယ်စည်းရုံးခွင့် မရဘူးဆိုရင် ကန့်သတ်ဧရိယာထဲမှာရှိတဲ့
မဲဆန္ဒရှင် ပြည်သူတွေက တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် မဲပေးခွင့်ကော
ရမှာလား ကိုကိုးကျွန်းမြို့နယ်မှာ နိုဝင်ဘာ၈ ရက်ကျင်းပမယ့်
ရွေးကောက်ပွဲကြီးကကော တရားမျှတတဲ့ ရလဒ်ကိုရမှာလား ဆိုတာ မေးစရာမေးခွန်း
ဖြစ်လာတယ် ။ အဲဒီအတွက် ဒီရွေးကောက်ပွဲကြီးဟာဆိုရင် မြန်မာနိုင်ငံ
အပြောင်းအလဲအတွက် လက်ရှိအာဏာရ အစိုးရ နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်က ဦးစီးကျင်းပခဲ့ပါတယ် ။ အဲဒီမှာ ဥပဒေတွေ ပြဋ္ဌာန်းခဲ့ပါတယ် ။
သူတို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ချိုးဖောက်တာက လွှတ်တော်
ကိုယ်စားလှယ်လောင်းတွေ ၊ ပါတီတွေမဟုတ်ဘဲနဲ့ သက်ဆိုင်ရာ အာဏာပိုင်
အဖွဲ့အစည်းတွေက ချိုးဖောက်နေခြင်းသာ ဖြစ်တယ်” ဟုလည်း ဦးဝင်းမင်းက
ဆက်လက် ပြောကြားခဲ့သည်။

ကိုကိုးကျွန်းမြို့နယ် တွင် မြို့ပေါ် အိမ်ခြေ ၁၃ဝ ခန့်ရှိပြီး မဲပေးနိုင်သူဦးရေ ၃၀၀
ခန့်သာ ရှိကြောင်း ကန့်သတ်နယ်မြေများတွင် မဲပေးနိုင်သူ ဦးရေ တစ်ထောင်ကျော်
ရှိသည်ဟုလည်း ၎င်းကပြောဆိုခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal


panghsang-map-620.jpg
"ဝ" ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် ထိန်းချုပ်နယ်မြေ ပန်ဆန်း(ပန်ခမ်း)မြို့ပြမြေပုံ
Photo: RFA

လာမယ့် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမယ့် အစိုးရသစ်အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ သဘောထားတွေကို စုစည်းနိုင်ဖို့ အတွက် "ဝ" ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် ထိန်းချုပ် နယ်မြေ ပန်ဆန်း(ပန်ခမ်း)မြို့မှာ ဆွေးနွေးပွဲ ကျင်းပသွားမယ်လို့ ၀ပြည်သွေးစည်းညီညွတ်ရေး ပါတီက ပြော ပါတယ်။

အဲဒီအစည်းအဝေးကို လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပသွားမယ်လို့ "ဝ’"ပြည်သွေး စည်းညီညွှတ်ရေး တပ်မတော် UWSA ပြင်ပ ဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းက ဘာသာပြန်နဲ့ တဆင့် ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး ဆက်လက်အကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက်နဲ့ လာမယ့်ရွေးကောက်ပွဲကို ဘယ်လိုသဘောထားနဲ့ လာမယ့်အစိုးရသစ်ကို ဘယ်လို ဆက်ဆံရမလဲ၊ အဲ့လိုနဲ့ လုပ်တာပါတဲ့၊ ခြုံပြောရမယ်ဆိုရင် တိုင်းပြည်ငြိမ်းချမ်းရေး အတွက်ပါတဲ့၊ ရွေးကောက်ပွဲကို အဖွဲ့စည်းအသီးသီးက အမြင်ဘယ်လို လဲ၊ လာမယ့် အစိုးရသစ်နဲ့ ရင်ဆိုင်မယ့် သဘောထားကဘယ်လိုလဲ အဲ့လိုနဲ့ဆွေးနွေးတာပါ"

အဲဒီပွဲကို "ဝ’"ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA အပါအ၀င် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် မှာ လက်မှတ်မထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ တက်ရောက်မယ်လို့သိရပါတယ်။

ဖိတ်ကြားထားတဲ့ အဖွဲ့တွေကတော့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ် မထိုးရသေးတဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု NDAA၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ KNPP၊ ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းSSPP/SSA ၊ မွန်ပြည်သစ် ပါတီ NMSP ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA ကိုးကန့်တပ်ဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၊ ရက္ခိုင့်တပ်မတော် AA၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် NSCN-K ၊ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ KNDO နဲ့ ကယန်းပြည်သစ်ပါတီ KNLP အဖွဲတို့ ဖြစ် ပါတယ်။

ပြီးခဲ့တဲ့ မေလက "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကို ပထမတစ်ကြိမ် ကျင်းပခဲ့စဉ်က တက်ရောက် ခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA နဲ့ ကရင်အမျိုးအသား အစည်းအရုံး KNU စတဲ့ အဖွဲ့တွေကို ဒီတကြိမ်ဆွေးနွေးပွဲကို ဖိတ်ကြားခြင်းမရှိဘူး လို့ ပြောပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရ တို့ အောက်တိုဘာလ ၁၅ရက်နေ့က နေပြည်တော်မှာ လက်မှတ်ရေးထိုး ခဲ့ကြပေမယ့် "ဝ" တပ်မတော် UWSA ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO စတဲ့ အဖွဲ့တွေက ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိခဲ့ပါဘူး။
RFA

ကိုးကန့်ဒေသပြ မြေပုံ။
ကိုးကန့်ဒေသပြ မြေပုံ။

ရွေးကောက်ပွဲနီးကပ်လာချိန် ရှမ်းပြည်တလွှားမှာ ထူးထူးကဲကဲ တိုက်ပွဲတွေ အရှိန်မြင့်လာတဲ့ အထဲမှာ ကိုးကန့် ဒေသ စစ်ပွဲတွေလည်း တကျော့ပြန် ပြင်းထန်လာပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ရှောင် ထွက်ပြေးနေရတဲ့ အထိ သိသိသာသာ အရှိန်မြင့်လာတဲ့ ရှမ်းပြည်တလွှားက တိုက်ပွဲတွေ အပေါ် တိုင်းရင်းသား လက်နက်ကိုင်တို့ဘက်က မြန်မာ့ တပ်မတော်ရဲ့ ထိုးစစ်တွေ အဖြစ် အပြစ်ဖို့ ပါတယ်။ တပ်မတော်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တို့ဘက်က နယ်မြေကျူးကျော် ဝင်ရောက်မှုကြောင့် ဖြစ်ရတာလို့ ဖြေရှင်းပါတယ်။ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

လနဲ့ချီ ခပ်အေးအေး ဖြစ်နေတဲ့ ကိုးကန့်ဒေသတိုက်ပွဲတွေလည်း ဒီရက်ပိုင်း အတွင်းမှာဘဲ အရှိန်မြင့်လာခဲ့ပါတယ်။ ဖုန်ကြားရှင်ရဲ့ ကိုးကန့်လက်နက်ကိုင် တပ်တို့ ခြေကုပ်ယူထားတဲ့ တရုတ်မြန်မာနယ်စပ်တလျှောက် ၄ နေရာလောက်မှာ ဒီရက်ပိုင်း အတွင်း တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ပစ်ပြီး ခြေလျင်တပ်နဲ့ပါ ထိုးစစ်ဆင်တယ်လို့ ကိုးကန့်ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ လှမ်းပစ်နေပါတယ်ခင်ဗျာ။ ထိုးစစ်ဆင်တာကတော့ တပတ်ကို လေး-ငါးကြိမ်လောက်ရှိပါတယ်။ ဒါပေမယ့် တနေ့တုန်း ကတော့ စနေနေ့တုန်းက တော်တော်လေးပြင်းထန်ပါတယ်။ တစ်ရက်တည်းကို လေးကြိမ်ဖြစ်ပါတယ်။ မနေ့တုန်းကဆို ၂ ကြိမ်ပစ်တယ်။ ဒီနေ့ကတော့ ကျနော် မသိရသေးပါဘူးခင်ဗျာ။ ကျနော်တို့ ဒီ မော့ချိုင်ရဲ့တောင်ဘက် ၊ နယ်စပ်မိုင် ၁ မှတ်တိုင် PP111 ကနေပြီးတော့ 113 ရဲ့ကြားတလျှောက်ပေါ့၊ နယ်စပ်နဲ့တော့ ၁၀ ကီလိုမီတာလောက်ဝေးမယ်ထင်တယ်ဗျာ။”

ကိုးကန့်တပ်တို့က လောက်ကိုင်မြို့ကို အစဦး တိုက်ခိုက်ခဲ့တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ လနဲ့ချီပြီး တပ်မတော်နဲ့ ကိုးကန့်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက်ပိုင်း တပ်မတော်ဘက်က ကိုးကန့်ဒေသတလွှားကို ထိန်းချုပ်ထားခဲ့တာကနေ အခု ရက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ပြီး ပြင်းထန်လာတာ ဖြစ်ပါတယ်။ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်တယ်ဆိုတာကို မြန်မာ့တပ်မတော်ဘက်ကလည်း အတည်ပြုပါတယ်။ ဒါပေမယ့် ရှမ်းပြည်တလွှားမှာ တပ်မတော်ဘက်က ထိုးစစ်ဆင်နေတာမရှိဘူးဆိုပြီးတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ပြန်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းက ငြင်းဆိုပါတယ်။

“ကျနော်တို့ဘက်ကတော့လေ စစ်ဆင်ရေးလုပ်တာတော့မရှိပါဘူး။ တိုက်ပွဲတော့ ရှိကောင်းရှိပါလိမ့်မယ်၊ အဲဒီမှာတော့။ ထိတွေ့မှုတော့ရှိပါတယ်။ သူတို့လာပစ်တာရယ်၊ ကျနော်တို့ပြန်ပြီးတော့ လှမ်းပစ်တာရယ် ဒါမျိုးတွေတော့ရှိပါတယ်။ SSP ဝမ့်ဟိုင်းတွေနဲ့ ပက်သက်ပြီးတော့ ကျနော်တို့ သတင်းထုတ်ထားတာလေးတွေတော့ရှိပါတယ် ခင်ဗျာ။ သီးခြားကျနော်တို့ သတင်းထုတ်ပြန်ဖို့တော့ မရှိပါဘူး။ မှန်တာတခုကတော့ ကျနော်တို့ ထိုးစစ်ဆင်တာတွေမရှိပါဘူး။ သူတို့နယ်မြေကျော်လာတာတွေပဲ များပါတယ်။”

ကိုးကန့်လက်နက်ကိုင်တပ်ဘက်ကတော့ အစိုးရတပ်ရဲ့ ထိုးစစ်အဖြစ် ခုခံပြောဆိုပြီး အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်ပြသနာကို စေ့စပ်ဆွေးနွေး အဖြေမရှာလိုဘဲ အပြုတ်တိုက်ဖို့ ပိုင်းဖြတ် လုပ်ဆောင်လာတာလို့ စွပ်စွဲ ပြောဆိုပါတယ်။

“ကျနော်ထင်တယ်။ သူတို့ရဲ့ အပြုတ်တိုက်တဲ့ မဟာဗျူဟာက မပြောင်းလဲပါဘူး။ အဲလိုပါပဲ။ နိုင်ငံရေးကို စစ်ရေးနဲ့ပဲ၊ အင်အားနဲ့ပဲ သူတို့ကဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ထင်ပါတယ်။ အရင်တုန်းကအတိုင်းပါပဲ။”

တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိခိုက်ကျဆုံးမှု အရေအတွက်၊ နောက် စစ်ရှောင်ထွက်ပြေးရသူ အရေအတွက်တို့ကိုတော့ နှစ်ဘက်လုံးတို့က မထုတ်ပြန် ပါဘူး။ ဒါပေမယ့် ကိုးကန့်တပ်ဘက်ကတော့ တပ်မတော်ဘက်က တပ်အင်အား ၈ ထောင်လောက် အသုံးပြုတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ ရှမ်းပြည်တလွှား တိုက်ပွဲတွေအရှိန်မြင့်လာချိန်မှာဘဲ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ အခြေစိုက်ရာ ပန်ဆန်းမှာ အစိုးရနဲ့အပစ်မရပ်နိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ စည်းဝေး တိုင်ပင်ကြဖို့အတွက် UWSA က တိုင်းရင်းသား လက်နက်ကိုင်တပ်တချို့ကို ဖိတ်ကြားထားတယ်လို့လည်း ကိုးကန့်တပ်ဘက်က အတည်ပြုပါတယ်။ ရှမ်းပြည်တလွှား တိုက်ပွဲတွေ အတွင်း မိုင်းရှုးမြို့မှာ ဗုံးပေါက်ကွဲ လူသေဆုံးခဲ့ရသလို မနေ့ညပိုင်းကလည်း တောင်ကြီးမြို့မှာ ဗုံးကွဲမှုထပ်ဖြစ်တယ်လို့ မြန်မာ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မသိဂီ င်္ထိုက်VOA


ပြု​ပြင် ​ထား​တဲ့ ​အ​သား​တွေ​ကို ​စား​သုံး​ခြင်း​ကြောင့် ​ကင်​ဆာ ​ရော​ဂါ​ကို ​ဖြစ်​ပွား ​စေ​နိုင်​တယ်​လို့ ​က​မ္ဘာ့ ​ကျန်း​မာ​ရေး ​အ​ဖွဲ့ WHO ​ရဲ့ ​အ​စီ​ရင်​ခံ​စာ ​အ​သစ်​မှာ ​ဖော်​ပြ ​ထား​ပါ​တယ်။

ကင်​ဆာ ​ဖြစ်​စေ​နိုင်​တဲ့ ​အ​ကြောင်း​ရင်း ​အုပ်​စု ၅ ​ခု​ရဲ့ ​ထိပ်​ဆုံး ​အုပ်​စု​ထဲ​မှာ ​ဆေး​လိပ်​သောက်​ခြင်း​နဲ့ ​အ​တူ ​ဝက်​ပေါင်​ခြောက်၊ ​ဝက်​ဆား​နယ်​ခြောက်၊ ​ဝက်​အူ​ချောင်း၊ ​ကြက်​အူ​ချောင်း ​တို့​လို ​ပြု​ပြင်​ထား​တဲ့ ​အ​သား​တွေ​ကို ​ထည့်​သွင်း ​ဖော်​ပြ ​ထား​ပါ​တယ်။

ပြု​ပြင်​ထား​တဲ့ ​အ​သား ​မ​ဟုတ်​ပေ​မယ့် Red meat ​လို့ ​ခေါ်​တဲ့ ​ဝက်​သား၊ ​အ​မဲ​သား၊ ​ဆိတ်​သား၊ ​သိုး​သား​တွေ​ကို​လည်း ​ဒု​တိ​ယ ​အ​န္တ​ရာယ် ​အ​ရှိ​ဆုံး ​အုပ်​စု​မှာ ​ဖော်​ပြ ​ထား​ပါ​တယ်။

ဒါ​ပေ​မယ့် ​အ​သား​တွေ ​စား​သုံး​တာ​ဟာ ​ဆေး​လိပ် ​သောက်​တာ ​လောက်​တော့ ​အ​န္တ​ရာယ် ​မ​ကြီး​ဘူး​လို့ ​ပ​ညာ​ရှင်​တွေ​က ​အ​လေး​အ​နက် ​ပြော​ကြ​ပါ​တယ်။

က​မ္ဘာ့ ​ကျန်း​မာ​ရေး ​အ​ဖွဲ့​ရဲ့ ​အဲ​ဒီ ​အ​စီ​ရင်​ခံ​စာ​မှာ ​ဝက်​ပေါင်​ခြောက်၊ ​ဝက်​အူ​ချောင်း ​တို့​လို ​ပြု​ပြင်​ထား​တဲ့ ​အ​သား​တွေ​ကို ​နေ့​စဉ် ၅၀ ​ဂ​ရမ် ​စား​သုံး​မယ် ​ဆို​ရင် ​အူ​မ​ကြီး ​ကင်​ဆာ ​ဖြစ်​နိုင်​ခြေ ၁၈ ​ရာ​ခိုင်​နှုန်း ​တိုး​မြင့် ​လာ​လိမ့်​မယ်​လို့ ​ကောက်​ချက် ​ချ​ထား​ပါ​တယ်။

နှစ်​စဉ် ​သေ​ဆုံး​တဲ့ ​ကင်​ဆာ ​ရော​ဂါ​ရှင် ၃ ​သောင်း ၄ ​ထောင်​ဟာ ​ပြု​ပြင် ​ထား​တဲ့ ​အ​သား​တွေ ​အ​လွန်​အ​ကျွံ ​စား​သုံး​မှု​ကြောင့် ​ဖြစ်​တယ်​လို့ ​ခန့်​မှန်း ​ပါ​တယ်။

ဆေး​လိပ် ​သောက်​ခြင်း​က ​တ​ဆင့် ​ဖြစ်​တဲ့ ​ကင်​ဆာ​ကြောင့် ​နှစ်​စဉ် ​သေ​ဆုံး​သူ​က ၁ ​သန်း ​ရှိ​ပြီး ​အ​ရက်​သောက်​ခြင်း​က ​ဖြစ်​တဲ့ ​ကင်​ဆာ​ကြောင့် ​သေ​ဆုံး​သူ ၆ ​သိန်း ​ရှိ​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese

တောင်ကြီးမြို့ ရဲစခန်းရှေ့တိုက်တန်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုမြင်ကွင်း။ (photo-MOI)
 တောင်ကြီးမြို့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လာမယ့် ရွေးကောက်ပွဲမှာ တစုံတခုဖြစ်မှာကို ဒေသခံပြည်သူတွေ စိုးရိမ်နေကြပြီး ဒီလို စိုးရိမ်နေတာကတော့ တိတိကျကျ သတင်းမထုတ်နိုင် သေးတာကြောင့်လို့ ဒေသခံတွေကသုံးသပ် ပြောဆိုပါတယ်။ ဒီ ပေါက်ကွဲမှုဟာ တနင်္ဂနွေနေ့ ညဦးပိုင်းကမြို့လယ်ခေါင် အမှတ် (၁) ရဲစခန်းအနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

 ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာချိန်၊ ရှမ်းပြည်နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေချိန်မှာ တောင်ကြီးမြို့မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကြီးခရိုင်ဥက္ကဌ ဦးတင်မောင်တိုးက အခုလို ပြောပါတယ်။

“မနေ့က ၈ ခွဲကျော်ကျော်လောက်ပေါ့နော်။ ၈ ခွဲနဲ့ ၉ နာရီ ကြားလောက်မှာ။ နေရာကတော့ အမှတ် ၁ ရဲစခန်းတိုက်တန်း၊ ရဲစခန်းရှေ့တည့်တည့်ပဲ။ ရဲစခန်းမှာ တိုက်တန်းရှိတယ်၊ အဲဒီတိုက်တန်းအောက်ဆုံး တိုက်ခြေ။ သူရပ်ထားတဲ့ ပလက်ဖောင်းဘေးမှာရပ်ထားတာပေါ့နော်။ ကားအောက်ကို လက်ပစ်ဗုံး ပစ်ထည့်လိုက်တယ်ပေါ့ အဲဒီလိုပြောတယ်။ ထိခိုက်မှုကတော့ နည်းနည်း ပြင်းပြင်းထန်ထန်ဖြစ်တာတော့ လမ်းသွားတဲ့လူ ၂ ယောက်ထိတယ်။ ထိတာတော့ ၄ ယောက်လောက်ထိတယ်။ နည်းနည်း ပြင်းထန်တာကတော့ ၂ ယောက်ကတော့ ပြင်းထန်တယ်။ အခု စဝ်စံထွန်း ဆေးရုံမှာပဲ။ မစိုးရိမ်ရဘူးလို့တော့ ပြောတယ်။”

ဒီပေါက်ကွဲမှုမှာ ကား ၃ စီးနဲ့ ဆိုင်ကယ် ၂ စီး အနည်းဆုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တောင်ကြီးမြို့အမှတ် ၁ ရဲစခန်းနဲ့ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ပြည်နယ် ရဲတပ်ဖွဲ့ ရုံးတွေကို ဆက်သွယ်ခဲ့ပေမဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ကိုသာဆက်သွယ်ဖို့ ပြန်လည်ပြောဆိုခဲ့ကြပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့မှူးကို ဆက်သွယ်ရာမှာတော့ အစည်းအဝေးတွေနဲ့ မအားလပ်တာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြည်တွင်းထုတ် သတင်းစာတွေမှာတော့ ပေါက်ကွဲမှုဟာ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၈ နာရီ မိနစ်၂၀ မှာ ဖြစ်ပွားပြီး လူ၎ ဦးထိခိုက်ခဲ့သလို ကား၎ စီးနဲ့ ဆိုင်ကယ် ၂ စီး ထိခိုက်ပျက်စီးခဲ့ကြောင်းနဲ့ ဒီပေါက်ကွဲမှုဟာ လက်ပစ်ဗုံးပေါက်ကွဲတာဖြစ်ကြောင်းကို ပြည်နယ်ရဲမှူးချုပ်က သုံးသပ်ကြောင်း ဖော်ပြကြပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဒီနေ့ညနေပိုင်းအထိတော့ ဘယ်သူ့လက်ချက်ဖြစ်ကြောင်းနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ တိုက်ခိုက်တယ်ဆိုတာကို သတင်းထုတ်ပြန်နိုင်တာ မရှိသေးတာကြောင့် လူအများက ရွေးကောက်ပွဲမှာ တစုံတရာဖြစ်မှာကို စိုးရိမ်နေကြောင်းလည်း ဦးတင်မောင်တိုးက ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ ပက်သက်ပြီးတော့မှ လူတွေကတော့ ထိတ်လန့်မှုတော့ရှိတာပေါ့နော်။ အခုက မြို့လယ်ခေါင်ကြီးဗျာ၊ နောက်ပြီး ရဲစခန်းရှေ့၊ ပြီးတော့ သီးသီးသန့်သန့်လေး သတင်းမထုတ်ပြန်ပေးဘူး။ ဗုံးပေါက်ကွဲတာကြောင့် ဘေးကားတွေကော အများကြီးမှန်ထားတာကို။ လေး၊ ငါး စီးလောက်။ အဲဒါကို အခုထိ သူတို့က သတင်းလည်း မထုတ်ပြန်ပေးဘူးဆိုတော့ အများက ပိုပြီးတော့ သံသယဖြစ်တာလေနော်။”

အခြား တောင်ကြီးဒေသခံတယောက်ကလည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“လူထုတွေကတော့ အထိတ်တလန့်ဖြစ်တာပေါ့နော်။ ဒီကိစ္စကတော့ ပြည်သူတွေက သတင်းထုတ်ဖော်မယ်ထင်တာပဲ။”

အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းကလည်း ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တာကြောင့် ကိုရင်၂ ပါးအပါအ၀င် လူ ၄ ယောက်ထိခိုက်ခဲ့ပြီး အသက် ၇၅ နှစ်အရွယ်အဖွားအိုကတော့ ခိုလမ်မြို့စစ်ဆေးရုံကို ပို့ဆောင်စဉ်မှာပဲ သေဆုံးခဲ့ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA မြောက်ပိုင်း ဌာနချုပ်ဝမ်ဟိုင်းဒေသမှာ အစိုးရတပ်နဲ့ ရှမ်းတပ်အကြားတိုက်ပွဲတွေ ပြင်းထန်နေသလို ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ ကွတ်ခိုင်နဲ့ ကုန်းကြမ်းဒေသဘက်တွေမှာလည်း ကချင်တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 သိုးသား အမဲသား ၀က်သား စတဲ့ red meat သွေးနီသားတွေနဲ့ ဓာတုပစ္စည်းတွေနဲ့ အရသာရှိအောင် စီမံပြုပြင်ထားတဲ့ processed အသားတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျွမ်းကျင်သူတွေက ထုတ်ဖော်ပြောကြားဖို့ ရှိနေပါတယ်။

ကင်ဆာဖြစ်စေတဲ့ carcinogen ဆိုတဲ့ ဒြပ်ဝတ္တုတမျိုးကို တချို့အသားတွေမှာ ပါမပါ WHO အဖွဲ့က ထုတ်ဖော်ပြောဆိုမှာ ဖြစ်ပါတယ်။

အဆိုပါအသားတွေကြောင့် အူမကြီးနဲ့ တခြားကင်ဆာရောဂါတွေ ဖြစ်စေနိုင်တဲ့ အထောက်အထားတွေကို WHO အဖွဲ့ကြီးရဲ့ ကင်ဆာဆိုင်ရာလေ့လာရေးအဖွဲ့က လေ့လာစမ်းစစ်နေပါတယ်။

အဲဒီလို အနီရောင်ရှိတဲ့ အမဲ၊ သိုး၊ ၀က် စတဲ့ အသားတွေနဲ့ အထူးစီမံထားတဲ့အသားတွေကို အစားများသူတွေဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ့ များတယ်လို့ ဗြိတိန်နိုင်ငံက အကြံပြုပြောဆိုထားပါတယ်။ ဒါပေမယ့် ကျန်းမာရေးဌာနကတော့ သွေးနီသားဟာ ကျန်းမာတဲ့အစားအစာ တစ်ခုဖြစ်တယ်လို့ ပြောဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

က​ဘူး​မြို့ ​အ​နောက်​တောင်​ဘက် ​ဂါ​ဇ​နီ​မြို့​က ​အ​ပျက်​အ​စီး ​မြင်​ကွင်း။
 အာ​ဖ​ဂန် ​န​စ္စ​တန် ​နိုင်​ငံ ​အ​ရှေ့​မြောက်​ပိုင်း​ကို ​ဗ​ဟို​ပြု​ပြီး ​အင်​အား​ပြင်း ​င​လျင် ​တစ်​ခု ​လှုပ်​ခတ် ​ခဲ့​တဲ့ ​အ​တွက် ​အာ​ဖ​ဂန်၊ ​ပါ​က​စ္စ​တန်​နဲ့ ​အိ​န္ဒိ​ယ ​မြောက်​ပိုင်း ​ဒေ​သ​တွေ ​အ​ထိ ​င​လျင် ​လှုပ်​မှု​ကို ​ခံ​စား ​ခဲ့​ကြ​ရ​ကာ ​လူ ​အ​နည်း​ဆုံး ​အ​ယောက် ၇၀ ​သေ​ဆုံး ​ခဲ့​ပါ​တယ်။

ပါ​က​စ္စ​တန် ​မြောက်​ပိုင်း​မှာ ၉၄ ​ဦး ​သေ​ဆုံး​တယ်​လို့ ​ပါ​က​စ္စ​တန် ​အာ​ဏာ​ပိုင်​တွေ​က ​ပြော​ပါ​တယ်။

အာ​ဖ​ဂန် ​န​စ္စ​တန် ​ဘက်​က ​ဂျက်​ခါး ​ပြည်​နယ်​မှာ​တော့ ​ကျောင်း​အ​ဆောက်​အ​အုံ ​ပြို​ကျ​လို့ ​ကျောင်း​သူ ၁၂ ​ယောက် ​သေ​ဆုံး​ကာ ၂၅ ​ယောက် ​ဒဏ်​ရာ ​ရ​ခဲ့​ကြ​ပါ​တယ်။

အာ​ဖ​ဂန် ​အ​ရှေ့​ပိုင်း​က ​နန်​ဂါ​ဟာ ​ပြည်​နယ်​မှာ​လည်း ​အ​နည်း​ဆုံး ၇ ​ဦး ​သေ​ဆုံး​ပြီး ​အ​ယောက် ၇၀ ​ကျော် ​ဒဏ်​ရာ​ရ​ခဲ့​ပါ​တယ်။

ပြင်း​အား ၇.၅ ​ရှိ​တဲ့ ​င​လျင်​ဟာ ​အာ​ဖ​ဂန် ​အ​ရှေ့​မြောက်​ပိုင်း​က ​တောင်​ထူ​ထပ်​ရာ ​ဟိ​န္ဒူ​ကက်​ရှ် ​ဒေ​သ​ကို ​ဗ​ဟို​ပြု​ပြီး ​လှုပ်​ခဲ့​တာ​လို့ ​အ​မေ​ရိ​ကန် ​ဘူ​မိ​ဗေ​ဒ ​လေ့​လာ​ရေး ​အ​ဖွဲ့​က ​ပြော​ပါ​တယ်။

အာ​ဖ​ဂန်၊ ​ပါ​က​စ္စ​တန်​နဲ့ ​အိ​န္ဒိ​ယ ​နိုင်​ငံ​တို့​ရဲ့ ​မြို့​တော် ၃ ​ခု​က ​အ​ဆောက်​အ​အုံ​တွေ​က​နေ ​လူ​တွေ ​စွန့်​ခွာ​ခဲ့​ကြ​ပြီး ​ဒေ​သ ​အ​တော်​များ​များ​မှာ ​ဆက်​သွယ်​ရေး​တွေ ​ဖ​ရို​ဖ​ရဲ ​ဖြစ်​ခဲ့​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese


 ''အရောင်းအ၀ယ်ကတော့ မြင်တဲ့အတိုင်းပဲ ဈေးဝယ်လာသူ တယောက်၊ နှစ်ယောက်ကိုပဲ အမိအရ ရောင်းနေရ တာ''ဟု နေပြည်တော် သပြေကုန်းဈေးရှေ့ ကွမ်းယာရောင်းသူတဦးက ခြောက်ကပ်နေသော သပြေကုန်းဈေး ကြီးအား လက်ညှိုးထိုးကာ ပြောပြနေသည်။ ၎င်းပြောပြ သကဲ့သို့ အမှန်တကယ်ပင် သပြေကုန်းဈေးကြီး သည်ကား ဈေးရောင်းသူ အများစုသည် စကားပြောသူပြော၊ မိုဘိုင်းဖုန်းများနှင့် ဂိမ်းကစားသူ ကစားကာ ဈေးလာဝယ်လည်း တယောက်စ၊ နှစ်ယောက်စဖြင့် ငြိမ်သက် တိတ်ဆိတ်နေသည်။

ယင်းကဲ့သို့ မြင်ကွင်းရှိရာ ဈေးအတွင်းသို့ ၀င်ရောက်ကာ အရောင်းစာရေးမလေးများအား မေးမြန်းတီးခေါက် ကြည့်မိသောအခါ ''စနေနေ့ အစိုးရ ရုံးပိတ်ရက်မို့ လူမစည်တာလား''ဆိုသည့် ကျွန်တော့်မေးခွန်းကို ''မဟုတ်ပါဘူး၊ ဒါက ပုံမှန်ပါပဲ''ဟု ဖြေကြားသည်။ ယင်းအဖြေကြောင့် ခြောက်ကပ်နေသည့် ဈေးကြီးရှိဈေးဆိုင် ပိုင်ရှင် အများစုဒုက္ခရောက်နေသည်ဟု ကြားသိရသော သတင်းစကားသည် အမှန်ပင်ဖြစ်ကြောင်း'' နည်းနည်း လေးမှ ယုံမှားသံသယမဖြစ်မိတော့ပေ။
သပြေကုန်းဈေးသည် နေပြည်တော်ကောင်စီနယ်မြေ၌ ဒုတိယအစည်ဆုံးဈေးဖြစ်သည်ဟု မှတ်သားသိရှိထား သော်လည်း ဒုတိယအစည်ကားဆုံးဈေးဖြစ်သည့် သပြေကုန်းဈေးသည်ပင် ယခုကဲ့သို့ ခြောက်ကပ်နေပါက ကျန်ရှိနေသည့် ဈေးရှစ်ဈေး၊ ကိုးဈေးခန့်မှ ဈေးဆိုင်ပိုင်ရှင်များ၏ဘ၀မှာ ဆိုဖွယ်ရာမရှိချေ။
ဈေးအတွင်းသို့ဝင်ရောက်လေ့လာမိသောအခါ ပိတ်ထားသည့်ဆိုင်ခန်းများ အစီအရီတွေ့မြင်နေရပြီး ဆိုင်ခန်း ငှားမည်၊ ရောင်းမည်ဆိုသည့် ကြော်ညာချက်များလည်း အပြိုင်အဆိုင် ချိတ်ဆွဲထားသည်ကို တွေ့မြင်နေရ သည်။

ယင်းနှင့်ပတ်သက်၍ ဈေးဆိုင်ရှင်တဦးက''မလိုအပ်ဘဲနဲ့ ဈေးတွေ အများကြီးဆောက်ခဲ့တဲ့ စီမံကိန်းအမှားကို ဈေးဆိုင်ပိုင်ရှင်တွေ ခံစားနေရပြီး ငွေကြေးချမ်းသာတဲ့သူတွေ ဆိုင်ခန်းရင်းနှီးမြှုပ်နှံတာက ပြဿနာမဟုတ်ဘူး။ မရှိမဲ့ရှိမဲ့ ငွေလေးနဲ့ရင်းပြီး ဆိုင်ခန်းဝယ်ရောင်းတဲ့သူတွေက ဘ၀တွေ ပျက်သွားကြတယ်''ဟု ပြောကြားခဲ့သည်။
နေပြည်တော်ကောင်စီနယ်မြေ အာဟာရသုခဈေးအတွင်း ဆန်၊ ဆီ၊ ကုန်ခြောက်ရောင်းဝယ်ရန် ဆိုင်ခန်းဝယ် သူခဲ့ယူတဦးက ''ဈေးအရောင်းအ၀ယ်မဖြစ်လို့ ကျွန်တော်ဆို ကယ်ရီမောင်းတဲ့ဘ၀ရောက်နေတယ်။ ကျွန်တော့် လိုပဲ ဆိုင်ခန်းဝယ်ပြီး ဘ၀ပျက်သွားတဲ့သူတွေ အများကြီးပဲ နေပြည်တော်လို ကျိုးတိုးကျဲတဲနေရာမှာ ဈေးတွေ အများကြီးဆောက်ထားတာ ဘာအတွက်လဲ ကျွန်တော့်ဆိုင်ကို ငှားမယ်ဆိုတာတောင် ငှားမယ့်သူ မရှိဘူး''ဟု ပြောကြားခဲ့သည်။

သပြေကုန်းဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ ရောင်းမည်၊ ငှားမည်ဟု ကြော်ညာထားသည့် ဆိုင်အချို့အား ဆက်သွယ်မေးမြန်းခဲ့ရာ တလကျပ် ငါးသောင်းခြောက်လစာချုပ်ရမည်ဖြစ်ပြီး တနှစ်စာချုပ်လျှင် ကျပ်သုံး သောင်းခွဲဖြင့် စာချုပ်နိုင်သည်ဟု ကမ်းလှမ်းနိုင်ကြောင်း ပြောကြားခဲ့သည်။ အရောင်းအ၀ယ်ပြုလုပ်လျှင်တော့ လက်ရှိ အရောင်းအ၀ယ်မဖြစ်သလောက်ရှိနေ၍ ဈေးနှုန်းတန်ဖိုးအား ပြောပြရန်ခက်ကြောင်း ဆိုသည်။

ယင်းကဲ့သို့ နေပြည်တော်ရှိ ဒုတိယအစည်ကားဆုံးဈေးဖြစ်သည့် သပြေကုန်းဈေးရှိ ဆိုင်ခန်းငှားခသည် ကျပ် သောင်းဂဏန်းဝန်းကျင်သာရှိခဲ့ပြီး ရန်ကုန်ရှိ ပလက်ဖောင်းဈေးဆိုင်တနေရာ မြို့လယ်ကောင်ဆိုလျှင် ကျပ်သိန်း ခြောက်ဆယ်ခန့်ဖြင့် အရောင်းအ၀ယ်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
နေပြည်တော် ဒက္ခိဏသီရိဈေးရှိဈေးဆိုင်ဖွင့်ထားသူတဦးက ''မလိုအပ်ဘဲ ဈေးတွေဘာလို့ ဒီလောက်ဆောက် တာလဲ မသိဘူး။ အကုန်ဒုက္ခရောက်ရတယ်။ ဈေးဆိုင်ခန်းပိုင်ရှင်တွေက ကွမ်းယာသည်လောက်တောင် တွက်ခြေမကိုက်ဘူး။ အဲဒီလိုပဲ ရွာတော်ဈေး၊ အာဟာရသုခဈေးစတာတွေ အများကြီးပဲ ခြောက်ကပ်နေတာပဲ ဆိုလိုချင်တာက ဘာမှမသေချာဘဲ ဈေးတွေအများကြီးဆောက်တာ ဈေးတိုင်းသွားကြည့်ပိတ်ထားတဲ့ ဆိုင်ခန်း တွေကြီးပဲ''ဟု ပြောကြားခဲ့သည်။
သပြေကုန်းဈေး မြို့မဈေးစသည့် ဈေးကြီးများတွင်မတော့ နေ့ခင်းအရောင်းအ၀ယ်ထက် ညဈေးများက ပိုမိုစည် ကားကြောင်း သိရသည်။ ဈေးရောင်းရန်အတွက် နေ့ခင်း ၁၂ ခန့်မှပြင်ဆင်ပြီး ၃ နာရီခန့်မှ စတင်၍ စည်ကားသည်ဟု သိရသည်။ ''ညဈေးက ၁၀ နာရီလောက်အထိ စည်တတ်တယ်။ လူအများစုကလည်း ညဘက်ဈေးကို အားထားပြီး ၀ယ်ကြတာများပါတယ်''ဟု ပြောကြားခဲ့သည်။

နေပြည်တော်၌နေသူ အများစုသည် ၀န်ထမ်းများသားဖြစ်ပြီး စနေ၊ တနင်္ဂနွေနေ့များ၌ ဈေးစည်ကားမည်ဟု ထင်ခဲ့သော်လည်း ထိုကဲ့သို့မဟုတ်ကြောင်းအား ''စနေလည်း မစည်ဘူး၊ တနင်္ဂနွေလည်း မစည်ဘူး။ အလုပ် မဖြစ်လည်း ဒါပဲ လုပ်စရာရှိတော့ရောင်းနေရတာပဲ''ဟု သပြေကုန်းဈေးမှ ဈေးဆိုင်ရှင်တဦးက ပြောကြားခဲ့သည်။

သပြေကုန်းဈေးသို့ စနေနေ့က ရောက်ရှိခဲ့ပြီး ဈေးအတွင်း သေချာလေ့လာကြည့်သောအခါမှ ယခုကဲ့သို့ ခြောက် သွေ့နေသော၊ နေပြည်တော် ဈေးများထဲမှ လူမှုဘ၀အား ထဲထဲဝင်ဝင် သိရှိခဲ့ရသည်။ သပြေကုန်းဈေးရှေ့ရှိ ပွဲရုံဈေးတန်းသည်လည်း မည်သည့်အရောင်းအ၀ယ်မျှပြုလုပ်နေသည်ကို မတွေ့ရဘဲ လူနေအဆောင်အဖြစ် သာ တွေ့မြင်နေခဲ့ရသည်။ယင်းဈေးအတွင်း လေ့လာအပြီး အပြင်ထွက်လာစဉ် အော်တိုတယ်လီဖုန်းအား မြင်တွေ့၍ ဖုန်းဆက်သည့်ပုံစံဖြင့် ဓာတ်ပုံတပုံနှစ်ပုံရိုက်ရန် ဟန်ပြင် ခဲ့မိမိ၏။ ယင်းသို့ ဓာတ်ပုံအရိုက်ခံနေစဉ် ဖုန်းခလုတ်နံပါတ်များအား နှိပ်ကြည့်ရာ အောက်မလေး မြောက်မြားစွာသော ပုရွက်ဆိတ်များ ဖုန်းခလုတ်များ အကြားမှ ထွက်ပေါ်လာခဲ့သည်။

ယင်းကဲ့သို့ မစည်ကားသော ဈေးများအများအပြားဆောက်ခဲ့သောကြောင့် ဈေးဆိုင်ပိုင်ရှင်များ ဒုက္ခရောက်နေရ သကဲ့သို့ မလိုအပ်သည့်၊ အမှန်တကယ် မသုံးသည့်အရာများ၊ အသုံးမ၀င်သည့်အရာများဖြင့် တန်ဆာဆင်ထား သည့် နေပြည်တော်ကြီးဟု ယင်းအချက်များအားကြည့်ကာ တွေးမိခဲ့တော့သည်။

ကိုခက်၊ မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 ဘင်္ဂါလီ အများဆုံးနေထိုင်ရာ မောင်တောဒေသတွင်း ရွေးကောက်ပွဲ နီးကပ်လာချိန် အကြမ်းဖက် ခြိမ်းခြောက်မည်ဟု သတင်းထွက်ပေါ်နေမှုကြောင့် ဒေသခံများအနေဖြင့် ဒေသတွင်း ကုန်စည် ကူးသန်းသွားလာမှု လုပ်ငန်းများ အများစုမှာ အောက်တိုဘာ လလယ်မှစ၍ ရပ်ဆိုင်းထားရကြောင်း သိရှိရသည်။

နယ်စပ် တစ်ပိုင်တစ်နိုင် ပို့ကုန်သွင်းကုန်လုပ်ငန်းနှင့် ခရိုင်တွင်း မောင်တောဒေသအပြင် ဘူးသီးတောင်မြို့နယ်တွင်းရှိ ဒေသများတွင်လည်း ကုန်စည်ကူးသန်းခြင်း လုပ်ငန်းများအားလုံး ရပ်ဆိုင်းထားရခြင်း ဖြစ်ကြောင်း မောင်တောနယ်စပ် ပို့ကုန်လုပ်ငန်းရှင် ဦးထွန်းအေးက ပြောကြားသည်။

ဘဂါင်္လီများ မဲပေးပိုင်ခွင့် မရရှိသည့်အတွက် RSO (ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရိုဟင်ဂျာ လွတ်မြောက်ရေးတပ်ဦး)နှင့် ဒေသဧည့်နေ ဘင်္ဂါလီများပူးပေါင်းပြီး ဒေသခံများ၊ မဲရုံများနှင့် ဒေသတွင်း အစိုးရ၀န်ထမ်းများကို အကြမ်းဖက် တိုက်ခိုက်မည်ဟူသော ခြိမ်းခြောက်မှုသတင်း ထွက်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ဘူးသီးတောင်- မောင်တောကားလမ်း ကုန်သွယ်မှုကလွဲပြီး နယ်စပ်ပို့ကုန် လုပ်ငန်းနဲ့ ဒေသတွင်း ကုန်စည်ကူးသန်းမှု လုပ်ငန်းတွေ အခုလလယ်ပိုင်းကစပြီး အားလုံး ရပ်ဆိုင်းနေကြတယ်။ လမ်းခရီး လုံခြုံမှုမရှိဘဲနဲ့ ဘဂါင်္လီကျေးရွာတွေ အထပ်ထပ်ကို ဖြတ်သန်းပြီး သွားလာကုန်ကူးသန်းမှု မလုပ်ရဲကြဘူး။ ဒါကြောင့် စားဝတ်နေရေး အကျပ်အတည်း ဖြစ်ပေါ်နေကြတယ်” ဟု မောင်တောမြို့နယ် ကြိမ်းချောင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။

ထိုသို့ သတင်းထွက်ပေါ်နေမှုကြောင့် ဒေသခံများအနေဖြင့် ကျေးရွာများတွင် ကိုယ်ပိုင်အစီအစဉ်နှင့် နေ့ညမပျက် ကင်းစောင့်နေကြပြီး ရွာရှိမိန်းမများနှင့် သက်ကြီးရွယ်အိုအချို့မှာ မြို့ပေါ်နှင့် နီးစပ်ရာ လုံခြုံရေးစခန်း ၊ နီးသည့် ကျေးရွာများသို့ ရွှေ့ပြောင်းနေထိုင်လာကြောင်း မောင်တောမြောက်ပိုင်း မင်းကြီးကျေးရွာမှ ဦးမြင့်ဝင်းထံမှ သိရသည်။

“နယ်စပ် ပို့ကုန်သွင်းကုနု လုပ်ငန်းက ကျဆင်းနေတယ်။ တစ်ဖက်ကို သွားလာမှုလည်း လတ်တလောမှာ မရှိသလောက်ဖြစ်နေပြီး တစ်ဖက်ကလည်း လူရော၊ ကုန်ရော အ၀င်မရှိ ဖြစ်နေပါတယ်” ဟု မောင်တော ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူ ဦးရွှေကျော်က ဆိုသည်။

မောင်တောခရိုင်တွင်း ရွေးကောက်ပွဲကာလတွင် အရေးပေါ် အထူးအစီအစဉ်တစ်ရပ် အနေဖြင့် ခရိုင်ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်ရဲတို့ ပူးပေါင်းလုံခြုံရေး အင်အားနှစ်ထောင်ကျော် ဖြန့်ကြက် ဆောင်ရွက်နေသော်လည်း ဒေသခံ ကျေးရွာများနှင့် လမ်းခရီးလုံခြုံရေးအတွက် အကာအကွယ် ဆောင်ရွက်ပေးနိုင်မှု မရှိသေးကြောင်း ဒေသတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရှိရသည်။

သတင်း - MMK
Photo - Narinjara
The Ladies News Journal
https://www.facebook.com/News.TheLadies

ကော့မှူးမြို့နယ်အတွင်း ရွေးကောက်ပွဲ စည်းရုံးရေး ခရီးဆင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ် မှတ်တမ်းဓာတ်ပုံ။ (အောက်တိုဘာ ၂၅၊ ၂၀၁၅)
 ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲကတဆင့် ကိုယ်လိုချင်တဲ့ အစိုးရကို တင်မြှောက်ပိုင်ခွင့် အပြည့်အဝရှိရမယ်လို့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ကော့မှူးမြို့နယ် တနင်္ဂနွေနေ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း ပြောသွားပါတယ်။ ဒါ့အပြင် လက်ရှိအစိုးရဟာ နိုင်ငံအတွက် တိုးတက်သင့် သလောက် တိုးတက်အောင်မလုပ်နိုင်ခဲ့ဘူးလို့ ထောက်ပြသွားပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြပေးထားပါတယ်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်ကို အောက်တိုဘာ ၂၅ တနင်္ဂနွေနေ့က မဲဆွယ်စည်းရုံးရေး သွားရောက် ခဲ့ရာမှာ ပြည်သူတွေအနေနဲ့ ကိုယ်လိုချင်တဲ့အစိုးရကို ရွေးကောက်ပွဲကတဆင့် တင်မြှောက်ပိုင်ခွင့်ရှိရမယ်လို့ ပျားမွှတ်ကျေးရွာအရောက်မှာ ပြောသွားပါတယ်။

“ပြည်သူများဟာ ကိုယ်လိုချင်တဲ့အစိုးရကို ကိုယ်တင်မြှောက်ပိုင်ခွင့် အပြည့်အဝ ရှိရပါမယ်။ အဲဒီတော့မှ အစိုးရက ငါတို့ပြည်သူတွေကို ချမ်းသာအောင် မလုပ်ပေးရင်၊ ပြည်သူတွေကောင်းကျိုးအတွက် မဆောင်ရွက်ပေးလို့ရှိရင် ငါတို့ဆက်ပြီးတော့ အုပ်ချုပ်လို့မရဘူးဆိုတာ သဘောပေါက်သွားမှာဖြစ်တယ်။ အဲဒါက ရွေးကောက်ပွဲကနေတဆင့် လုပ်ရတယ်။”

လက်ရှိအာဏာရအစိုးရဟာ သူ့ရဲ့သက်တမ်းအတွင်း နိုင်ငံအတွက် တိုးတက်သင့်သလောက် တိုးတက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ပျားမွှတ်ကျေးရွာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမြို့နယ်ခရီးစဉ်။ (အောက်တိုဘာ ၂၅၊ ၂၀၁၅)
“ကျမတို့ရဲ့အမြင်မှာတော့ လက်ရှိအစိုးရဟာ ကျမတို့နိုင်ငံကို တိုးတက်သင့်သလောက်တိုးတက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ဒီလိုပဲ ကျမတို့မြင်ပါတယ်။ ဒါကြောင့် ကျမတို့က အပြောင်းအလဲလိုပြီလို့ ပြောရတာပါ။ အခု ကျမ ဒီလာတဲ့လမ်းကို ကြည့်ခဲ့တယ်။ ဒီလာတဲ့လမ်းက ၂၀၁၂ တုန်းကလည်း ဒီအခြေအနေပဲ၊ အခုလည်း ဒီအခြေအနေပဲ။ တိုးကို မတိုးတက်ဘူး။ တစ်နှစ်တစ်တခါ ဒီအတိုင်းပဲ ပြန်လုပ်နေရတယ်။”

ဒါ့အပြင် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရတယ်ဆိုတာဟာ ပြည်သူတွေရသင့်တဲ့ အခွင့်အရေးတရပ်ဖြစ်သလို၊ တာဝန်တရပ်လဲ ဖြစ်တာကြောင့် မဲရုံသွားပြီး မဲပေးကြဖို့ ဘို့ဒင်ကျေးရွာမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

“ရွေးကောက်ပွဲတစ်ခုမှာ ပါဝင်ဆင်နွှဲနိုင်တယ်ဆိုတာ တကယ်တော့ ပြည်သူများရဲ့အခွင့်အရေးပါ။ အဲဒါကို ရွှင်ရွှင်လန်းလန်း၊ နက်နက်နဲနဲနဲ့ ဒီအခွင့်အရေးကို ဆုတ်ကိုင်ပြီးတော့ ၈ ရက်နေ့ကျရင် မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသူ နိုင်ငံသားတိုင်း မဲရုံကိုသွားပြီးတော့ မဲပေးကြပါ။”

ယခင်အစိုးရ အဆက်ဆက်ရဲ့ စီမံခန့်ခွဲရေး ညံ့ဖျင်းမှုတွေကြောင့် ဆင်းရဲနိမ့်ကျလာခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတဲ့ စိတ် ဝင်နေကြတာကြောင့် အဲဒီစိတ်ဓါတ်ကိုလဲ ပြောင်းလဲကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။ ကော့မှူးမြို့နယ် ခရီးစဉ် အပြီးမှာတော့ ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ဆရာတော်ဦးဥတ္တမပန်းခြံမှာ အောက်တိုဘာလ ၂၅ ရက်နေ့က မျိုးစောင့်ဥပဒေ ထောက်ခံကြိုဆိုပွဲ ကျင်းပစဉ်။ Photo:Kyaw Htoon Naing/RFA
 အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ မဘသ အဖွဲ့ဝင်တွေက မျိုးစောင့် ဥပဒေတွေကို အတည်ပြုပြဌာန်းနိုင်တဲ့ အထိမ်းအမှတ်နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ဆရာတော်ဦးဥတ္တမပန်းခြံမှာ မနေ့က ထောက်ခံကြိုဆိုပွဲ ကျင်းပကြပါတယ်။

မျိုးစောင့်ဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တဲ့သူတွေရှိလာရင် တရားရုံးထံ တိုင်ကြားရမှာဖြစ်ပြီး အရေးယူတာ မရှိခဲ့ရင် မ.ဘ.သ အဖွဲ့က လိုက်လံဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ရမ္မာဝတီဆရာတော် ဘဒ္ဒ န္တအကုင်္ရက မျိုးစောင့်ဥပဒေကြိုဆိုထောက်ခံပွဲမှာ မိန့်ပါတယ်။

"ဒီဥပဒေ ၄ ရပ်မှာ တစ်ခုခုကိုဖောက်ဖျက်မယ်ဆိုရင် နိုင်ငံတော်အစိုးရကို တိုင်လို့ရတယ်၊ ကျောက်ဖြူမှာဆိုလို့ ရှိရင် မြို့နယ်တရားရုံးကို တိုင်လို့ရတယ်၊ တိုင်တဲ့အခါမှာ လိုက်စားလို့ရှိတဲ့တရားသူကြီးတွေက မဆောင်ရွက်ပေးဘူးဆိုရင် ရဟန်းသံဃာများအဖွဲ့ လူအဖွဲ့က ပါဝင်ပြီးတော့ ဆောင်ရွက်ပေးရမယ်၊ နိုင်ငံအနှံ့ မှာလည်းပဲ ဒါတွေအကုန်လုံး ဆောင်ရွက်ထားပါတယ်၊ ကိုယ့်အမျိုးသမီးတစ်ယောက် ဘာသာခြားနဲ့ နှိပ်စက် ခံရပြီဆိုလို့ရှိရင် ကြားရာအရပ်က လိုက်ပြီးတော့ ဆောင်ရွက်ပေးရမှာ"

ကြိုဆိုပွဲမှာ ပါဝင်သူတွေဟာ ကျောက်ဖြူမြို့ သာသနာဗိမာန်ကနေ ဆရာတော် ဦးဥတ္တမပန်းခြံထိ ချီတက်ခဲ့ကြပြီး ဆရာတော် ဦးဥတ္တမပန်းခြံမှာ ဆရာတော်တွေက မျိုးစောင့်ဥပဒေ ပေါ်ပေါက်လာတာတွေနဲ့ ပတ်သက် ပြီး ဟောပြောခဲ့ကြပါတယ်။

လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတွေကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးအတည်ပြုခဲ့တာဖြစ်ပါတယ်။

ကြိုဆိုပွဲကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဆရာတော်တွေ၊ ကျောက်ဖြူမြို့ ဒေသခံတွေ နဲ့ ကျောက်ဖြူမြို့ ပညာရေးကောလိပ်က ကျောင်းသူ၊ ကျောင်းသားတွေ ၅ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese