10/29/15
 ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ် Yanhee Lee ရဲ့ အထွေထွေညီလာခံမှာ တင်ပြသွားတာနဲ့ ပတ်သက်ပြီးတော့ အဲဒီညီလာခံကို တက်ရောက်လာတဲ့ မြန်မာကိုယ်စားလှယ် အပါအ၀င် တခြားနိုင်ငံတွေက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကလည်း ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
ကုလသမဂ္ဂ အထူး စုံစမ်းစစ်ဆေးရေးမှူး မစ် Yanhee Lee အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ဇန်န၀ါရီလနဲ့ သြဂုတ်လက သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တွေ့ရှိခဲ့တဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေကို ဗုဒ္ဓဟူးနေ့က တင်ပြခဲ့ရာမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင့် က အစီရင်ခံစာကို အခုလို ဝေဖန်ခဲ့ပါတယ်။
“လွပ်လပ်တဲ့ သီးခြား စုံစမ်းစစ်ဆေးရေးမှူး တဦးအနေနဲ့ ဘက်မလိုက်တဲ့ မျှတတဲ့ အစီရင်ခံစာတွေကို အမြဲ ထုတ်ပြန်လိမ့်မယ်လို့ အလေးအနက် မျှော်လင့်ခဲ့ပါတယ်။ ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဒီနှစ် အစီရင်ခံစာဟာ အဲဒီိလို မဖြစ်တဲ့အတွက် ၀မ်းနည်းမိပါတယ်။ အစီရင်ခံစာမှာ မမှန်ကန်မှုတွေ၊ လုပ်ကြံမှုတွေ၊ အထင်လွဲမှားစေတဲ့ စွပ်စွဲချက် အများအပြား ပါနေတာ တွေ့ရပါတယ်။ အပြုသဘော မဆောင်တဲ့ ရှုထောင့်ကနေ ရေးသားထားတာ တွေ့ရပါတယ်။”
ဒါ့အပြင် လူ့အခွင့်အရေး ကိုယ်စားလှယ်အနေနဲ့ အစီရင်ခံစာကို အချိန်ကိုက် ထုတ်ပြန်ခဲ့တဲ့အတွက်ကြောင့်လည်း နေပြည်တော်ကို ပြန်ညွှန်းဖို့နဲ့ သေသေချာချာ လေ့လာဖို့ အချိန်ကောင်းကောင်း မရတဲ့အတွက်လည်း မြန်မာသံအမတ်ကြီးက တရားဝင် မကျေနပ်ချက်ကို တင်သွင်းခဲ့ပြီး မစ် Yanhee Lee ရဲ့ အစီရင်ခံစာမှာ ချို့ယွင်းချက်တွေကို အခုလို ထောက်ပြခဲ့ပါတယ်။
“လူ့အခွင့်အရေးကို အကဲဖြတ်ရာမှာ ဒီနေ့ မြန်မာနိုင်ငံအခြေအနေနဲ့ လွန်ခဲ့တဲ့ ၄ နှစ်က အခြေအနေကို နှိုင်းယှဉ် ကြည့်သင့်ပါတယ်။ မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းမှု ကာလအတွင်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့ ပက်သက်လို့ ကြီးမားတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါတယ် ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ အခြားနိုင်ငံများလို လွတ်လပ်ခွင့်ရှိတဲ့အပြင်၊ လူ့အဖွဲ့အစည်းများလည်း လွပ်လပ်ခွင့် နယ်ပယ်ကျယ်ပြန့်လာသလို၊ မီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ စုရုံးခွင့်တွေ ရှိလာပါပြီ။ စီးပွားရေးလည်း ပိုတံခါး ပွင့်လာပြီး၊ ပေါ်လစီလည်း ပိုမို ပွင့်လင်းလာတဲ့အပြင် နိုင်ငံရေး စုဝေးပွဲကြီးတွေ ကျင်းပနိုင်တဲ့ အတိုင်းအတာဟာလည်း ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေ ရရှိလာတယ် ဆိုတဲ့ အရိပ်လက္ခဏာပါပဲ။ ဒီအချက်အလက်တွေကို အစီရင်ခံစာမှာ ဖော်ပြထားခြင်း မရှိပါဘူး။”
မစ် Yanhee Lee ရဲ့ အစီရင်ခံစာကို တုံ့ပြန်ခဲ့ကြတဲ့ ညီလာခံတက်ရောက်တဲ့ ကိုယ်စားလှယ်များနဲ့ ဗြိတိန်သံအမတ်ကြီးကတော့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မှုတွေကို တင်ပြခဲ့ပါတယ်။
“ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန်မှာ အခြေခံလူမှုအဖွဲ့အစည်းရဲ့ လုပ်ပိုင်ခွင့် နယ်မြေကျဉ်းမြောင်းလာပြီး၊ မီဒီယာနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေအတွက် ပိုမို အခက်အခဲ ကြုံလာတာ တွေ့ရပါတယ်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ စုရုံးခွင့်တို့နဲ့ ပတ်သက်ပြီးတော့လည်း ကန့်သတ်ချုပ်ချယ်မှုတွေ တိုးလာတာ တွေ့ရသလို၊ ဖမ်းဆီးမှုတွေရှိပြီး စွဲချက်တင်ခံထားရသူတွေ ရှိနေပါတယ်။ ရခိုင်မှာ ရိုဟင်ဂျာလူ့အဖွဲ့အစည်းရဲ့ အခြေအနေဟာလည်း မြန်မာနိုင်ငံအတွက် အရေးတကြီး လုပ်ဆောင်ပေးရမယ့် ကိစ္စရပ်တခု ဖြစ်နေပါတယ်။ ဒီလို အကဲစမ်းမှုတွေ ရှိနေပေမဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှု စတင်ခဲ့ချိန်နောက်ပိုင်း ခရီးပေါက်ခဲ့တယ်လို့ ဆိုရမှာပါ။”
တရုတ်ကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာကို ချီးကျူးလိုက်ပါတယ်။
“တရုတ်နိုင်ငံအနေနဲ့ ဒီငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အစဉ်တစိုက် ထောက်ခံအားပေးလာတာဖြစ်ပြီး၊ မြန်မာအစိုးရအနေနှင့် လူမှုရေး တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်တဲ့ ကြိုးပမ်းမှုတွေကို ချီးကျူးပါတယ်။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရာမှာ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းရေး ကိစ္စရပ်ဖြစ်ပြီး၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို နိုင်ငံတကာက လေးစားဖို့နဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုကို ၀ိုင်းဝန်း ကူညီကြဖို့ တိုက်တွန်းပါတယ်။”
အမေရိကန်အမျိုးသမီး ကိုယ်စားလှယ်က ရိုဟင်ဂျာမူဆလင်တွေ ခွဲခြားဆက်ဆံမှု ခံနေရတဲ့အကြောင်း စိုးရိမ်မကင်း ဖြစ်မှုကို အခုလို ထပ်လောင်းပြောခဲ့ပါတယ်။
“ရိုဟင်ဂျာတွေနဲ့ မြန်မာနိုင်ငံတခွင် မူဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ထပ်လောင်း ပြောလိုပါတယ်။         အစီရင်ခံစာမှာ ဖော်ပြထားတဲ့အတိုင်း ရိုဟင်ဂျာတွေနဲ့ မူဆလင်တွေဟာ ဆက်လက်ပြီး ခွဲခြားဆက်ဆံခံနေရပါတယ်။ ခရီးသွားလာခွင့်၊ အသက်မွေးဝမ်းကျောင်းခွင့်နဲ့ ပညာရေးနဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်ခွင့် ခံစားခွင့်တွေမှာ ကန့်သတ်ခွင့်တွေ ရင်ဆိုင်နေရပြီး၊ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရလည်း နှိပ်ကွပ်ခံနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ် တခြားနိုင်ငံတွေကို အခြေချဖို့ ထွက်ပြေးကြသူတွေအရေးလည်း ကျမတို့ စိုးရိမ်ပါတယ်။” - လို့ အမေရိကန်ကိုယ်စားလှယ်က ပြောသွားတာဖြစ်ပါတယ်။
EU ဥရောပသမဂ္ဂကိုယ်စား ချက်ကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေကို ကြိုဆိုလိုက်ပေမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ အခုလို တောင်းဆိုလိုက်ပါတယ်။
“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကြောင့် အကျဉ်းကျနေကြသူအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပြုဖို့အပြင် ဘေးအန္တရာယ်ကင်းရှင်းစွာ လှုပ်ရှားလုပ်ဆောင်ခွင့် ပြုဖို့ တိုက်တွန်းပါတယ်။ ဒါ့အပြင် အထူးကိုယ်စားလှယ်ကိုလည်း သူ သွားလိုတဲ့နေရာကို သွားခွင့်ပြုဖို့နဲ့ လူ့အခွင့်အရေး မဟာမင်းကြီး ရုံးခွဲ ဖွင့်လှစ်နိုင်မယ့်အချိန် ချမှတ်ပေးဖို့ကိုလည်း တိုက်တွန်းပါတယ်။”
အီရန်၊ ကျူးဘား၊ ရုရှား၊ မြောက်ကိုရီးယားနဲ့ လောနိုင်ငံက ကိုယ်စားလှယ်တွေကတော့ မြန်မာနိုင်ငံအပေါ် အခုလို လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး ခန့်အပ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကာ အထွေထွေညီလာခံ တတိယကော်မတီမှာ တင်ပြဆွေးနွေးတာထက် ဂျနီဗာရှိ လူ့အခွင့်အရေးကောင်စီမှာ ကျင်းပတဲ့ UPR ခေါ် နိုင်ငံတကာ ပုံမှန် ပြန်လည် လေ့လာသုံးသပ်တဲ့ စနစ်အရ ဆွေးနွေးဖို့ လိုလားတဲ့အကြောင်း တိုက်တွန်းခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ လူ့အခွင့်အရေးကောင်စီရဲ့ UPR မှာ တင်ပြဆွေးနွေးဖို့လည်း ရှိပါတယ်ရှင်။
ဒေါ်လှလှသန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
 မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်စရာ အခြေအနေတွေ ရှိနေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ပြဿနာတွေလို စိန်ခေါ်မှုတွေ ရှိနေတဲ့ အခြေအနေတွေကိုလည်း အထူးကိုယ်စားလှယ် Yanghee Lee က နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ တင်ပြသွားခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။
ရွေးကောက်ပွဲတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ လွတ်လပ်မျှတမှုရှိရှိ ကျင်းပသွားမယ်လို့ မြန်မာအစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့က ကတိပြုပြောကြား ထားတဲ့အပေါ် ကြိုဆိုပေမဲ့ စိုးရိမ်စရာတွေ၊ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က အထွေထွေညီလာခံကို အစီရင်ခံစာ တင်သွင်းရာမှာ ပြောကြားခဲ့တာပါ။ ရွေးကောက်ပွဲကို နိုင်ငံတကာကပါ စောင့်ကြည့်လေ့လာခွင့် ပေးတာတွေလို အပြုသဘောဆောင်တဲ့ အစီအစဉ်တွေ တွေ့ရပေမဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်စရာတွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း မစ် Yanghee Lee က ပြောဆိုခဲ့ပါတယ်။
“ပြည်တွင်းပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေကို ဖိတ်ကြားခဲ့တဲ့အပေါ် ကြိုဆိုပေမဲ့လည်း ကိုယ့်မဲဆန္ဒနယ်မြေမှာ မဟုတ်တဲ့သူတွေ ကြိုတင်မဲ ပေးခွင့်နဲ့ ပတ်သက်လို့ မကြာသေးခင်တုန်းက ကြေညာခဲ့ရာမှာ၊ စစ်တပ်နဲ့ မိသားစုဝင်တွေ ကြိုတင်မဲပေးတဲ့အခါမှာတော့ စောင့်ကြည့်လေ့လာခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့တာကတော့ စိတ်ပျက်စရာပါ။ ဒါဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျမကို ကတိပေးထားတာနဲ့ ကွဲလွဲနေပါတယ်။”
ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေ အလွဲလွဲအမှားမှား ဖြစ်နေတာဟာလည်း စိတ်ပျက်စရာကောင်းတဲ့ ကိစ္စအဖြစ် အထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါ တယ်။ လုံခြုံရေးအခြေအနေကြောင့် ရာနဲ့ချီတဲ့ မြို့နယ်တွေနဲ့ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲတွေ မကျင်းပဖို့ ကော်မရှင်က ဆုံးဖြတ်ခဲ့တဲ့ အပေါ်မှာလည်း စိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။ ဒီလိုအခြေအနေအောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် ရလဒ်တွေဟာ အများလက်ခံနိုင်စရာ မဖြစ်ဘူးဆိုရင် လည်း ရွေးကောက်ပွဲလွန် ကာလဟာ ပိုပြီးစိုးရိမ်စရာတွေ ကြုံရလိမ့်မယ်လို့ အထူးကိုယ်စားလှယ်က သတိပေးသွားခဲ့ပါတယ်။
“ရွေးကောက်ပွဲ ရလဒ်တွေအပေါ် ယုံကြည်လက်ခံမှုနဲ့ တရားဝင်မှုရှိတယ်လို့ အများက လက်မခံခဲ့ဘူး ဆိုရင်တော့ ရွေးကောက်ပွဲနောက်ပိုင်း၊ သမ္မတသစ်တဦး ရွေးချယ်ရာမှာ၊ အစိုးရသစ်တရပ် ဖွဲ့စည်းရာမှာ မတည်မငြိမ် အခြေအနေတွေ တင်းမာမှုတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်သွားဖို့ အလွန်ပဲ အရေးကြီးပါတယ်။”
ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေအဖြစ် ယှဉ်ပြိုင်ကြမယ့်အထဲက မူဆလင် အများစု အပါအ၀င် ကိုယ်စားလှယ် ၆၀ ကျော်ကို နိုင်ငံသားဖြစ်-မဖြစ် ဆိုတဲ့အပေါ် အခြေခံပြီး ယှဉ်ပြိုင်ခွင့် ပယ်ဖျက်လိုက်တာကိုလည်း အထူးကိုယ်စားလှယ်က ထောက်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင် လာတဲ့ ၄ နှစ်တာ ကာလအတွင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုတချို့ ရှိလာတာကို အထူးကိုယ်စားလှယ်က အသိအမှတ်ပြု ပြောဆိုခဲ့ပေမဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ပွင့်လင်းမြင်သာမှုရှိရှိ၊ ကျင်းပဖို့အပြင် နိုင်ငံရေးမှာ ဘာသာရေးကို ခုတုံးလုပ်လာနိုင်တဲ့ အန္တရာယ်တွေ ရှိနေတာဟာလည်း ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်တဲ့အကြောင်း အလေးထား ပြောဆိုသွားပါတယ်။
“နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဘာသာရေးကို အသုံးမချဖို့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေက တားမြစ်ထားသလို၊ ဘာသာရေး အကြောင်းပြပြီး မဲဆွယ်တာတွေမလုပ်ဖို့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ဥပဒေတွေက တားမြစ်ထားပါတယ်။ ဒါပေမဲ့လည်း ဘာသာရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ပါတီတွေက လူနည်းစုတွေအပေါ် မုန်းတီးအောင် လှုံ့ဆော်တဲ့ စိတ်ပျက်စရာ လုပ်ရပ်တွေကိုလည်း ကျမလေ့လာစုံစမ်း သိရှိရပါတယ်။ လူနည်းစုတွေ အခွင့်အရေးအတွက် ကာကွယ်၊ ရပ်တည် ပြောဆိုကြတဲ့ အရပ်ဖက် လူမှုအသိုင်းအ၀ိုင်းကလူတွေ၊ နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေကို ခြိမ်းခြောက်နှောင့်ယှက်တယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။”
အထွေထွေညီလာခံမှာ အစီရင်ခံစာ တင်သွင်းခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကတော့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့ မကြာသေးခင်တုန်းက အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့တာလို  တိုးတက်မှုတချို့ ရှိတယ်ဆိုပေမဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူတာ၊ လူနည်းစု မူဆလင် ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ရှိနေတာဟာ အနှုတ်လက္ခဏာဆောင်တဲ့ လုပ်ရပ်တွေအဖြစ်နဲ့ ပြောဆိုခဲ့တာပါ။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တချိန်တည်းမှာပဲ ဒေသခံ အရပ်သားတွေကို အဓမ္မတ တပ်သားစုစောင်းတာ၊ စစ်ပေါ်တာဆွဲတာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကို စိုးရိမ်ကြောင်းလည်း ပြောဆို သွားခဲ့ပါတယ်။
ပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြသူတွေကို လက်ပံတန်းမှာ အာဏာပိုင်တွေက အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး တချို့ကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထားတာနဲ့ မြန်မာသတင်းထောက်တွေဟာလည်း တရားစွဲဆိုခံနေရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာတွေကိုလည်း အထူးကိုယ်စားလှယ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးခင်က မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သရော်တဲ့ပုံတွေ Facebook မှာ ဖြန့်ဝေမှုနဲ့ တရားစွဲဆိုခံနေရတဲ့ ပက်ထရစ် ကွမ်ဂျာလီနဲ့ မချောစန္ဒီတို့ နှစ်ဦး ဖမ်းဆီးခံနေရတဲ့ကိစ္စကိုလည်း အထူးကိုယ်စားလှယ်က ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။ ဒီအတွက်လည်း ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမယ့် အစိုးရသစ်အနေနဲ့ နိုင်ငံရေး၊ လက်နက်ကိုင် ပဋိပက္ခတွေ သာမကပဲ လူ့အခွင့်အရေး ပြဿနာတွေကိုလည်း ဦးစားပေး ဖြေရှင်းဖို့ လိုမယ်လို့ တိုက်တွန်း ပြောကြားသွားပါတယ်ရှင်။
မနန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
   ​အိမ်​ရှေ့​စံ​မင်း​သား​ရဲ့ ​အ​မည်​ကို ​သုံး​ပြီး ​ကိုယ်​ကျိုး​ရှာ​ခဲ့​တယ် ​ဆို​တဲ့ ​ဗေ​ဒင်​ဆ​ရာ​အ​ပေါ် ​သက်​သေ ​အ​ထောက်​အ​ထား​တွေ​နဲ့ ​ရဲ​က​တ​ရား​စွဲ
ထိုင်း​ဘု​ရင့် ​မိ​သား​စု​ကို ​ဂုဏ်​သိ​က္ခာ ​ညှိုး​နွမ်း​စေ​မှု​နဲ့ ​နာ​မည်​ကျော် ​ဗေ​ဒင်​ဆ​ရာ​တ​ဦး ​အ​ပါ​အ​ဝင် ​လူ၃​ဦး​ကို ​ထိုင်း ​အာ​ဏာ​ပိုင်​တွေ​က ​ပြီး​ခဲ့​တဲ့ ​သီ​တင်း​ပတ်​တုန်း​က ​စွဲ​ချက် ​တင်​လိုက်​ပါ​တယ်။
အဲ​ဒီ​ထဲ​မှာ​ပါ​တဲ့ ​အ​ထင်​က​ရ ​ရဲ​တ​ဦး​က​တော့ ​ထိန်း​သိမ်း​ခံ​ထား​ရ​စဉ် ​ပြီး​ခဲ့​တဲ့ ​သော​ကြာ​နေ့​တုန်း​က ​သေ​ဆုံး​သွား​ခဲ့​ပါ​တယ်။ ​သူ့​ရှပ်​အ​င်္ကျီ​နဲ့​ပဲ ​သူ့​ကို​သူ ​သတ်​သေ​သွား​တာ​လို့ ​ထိုင်း​ရဲ​က ​ပြော​ပါ​တယ်။
ထိုင်း​ဘု​ရင့်​မိ​သား​စု ​ဂုဏ်​သိ​က္ခာ ​ညှိုး​နွမ်း​စေ​တဲ့ ​ရာ​ဇ​ဝတ်​မှု​နဲ့ ​စွဲ​ချက်​တင်​ခံ​ထား​ရ​သူ​တွေ​ရဲ့ ​အ​မှု​တွေ​နဲ့ ​ပတ်​သက်​လို့ ​အ​တိ​အ​လင်း ​ထုတ်​ဖော်​ပြော​တာ​မျိုး ​အ​ရင်​က ​သိပ်​မ​ရှိ​ခဲ့​ပေ​မယ့် ​ဒီ​အ​မှု​မှာ​တော့ ​ထိုင်း​အာ​ဏာ​ပိုင်​တွေ​က ​လူ​သိ​ရှင်​ကြား ​ထုတ်​ပြန်​ကြေ​ညာ​ခဲ့​ပါ​တယ်။
ဗု​ဒ္ဓ​ဟူး​နေ့​က ​ထိုင်း​ရဲ​ချုပ်​ကြီး ​ဂျက်​တစ် ​ချိုင်​ချင်​ဒါ​က ​ဒီ​အ​မှု​နဲ့ ​ပတ်​သက်​လို့ ​သ​တင်း​စာ ​ရှင်း​လင်း​ပွဲ​မှာ ​သ​တင်း​ထောက်​တွေ​ကို ​ရှင်း​ပြ​သွား​သ​လို ​အဲ​ဒီ ​ဗေ​ဒင်​ဆ​ရာ​ကို ​တ​ရား​စွဲ​ရာ​မှာ ​သက်​သေ ​အ​ထောက်​အ​ထား​တွေ​အ​ဖြစ် ​အ​ဘိုး​တန် ​ဂစ်​တာ​တွေ ၊ ​သေ​နတ်​တွေ၊​နာ​ရီ​တွေ၊ ​အ​ဆောင်​လက်​ဖွဲ့​တွေ ​တ​ပုံ​ကြီး​ကို​လည်း ​ချ​ပြ​သွား​ခဲ့​ပါ​တယ်။
သူ့​ကို ​မ​ဖမ်း​ဆီး​ခင်​အ​ထိ ​အဲ​ဒီ​ဗေ​ဒင်​ဆ​ရာ​ဟာ ​ထိပ်​တန်း ​အ​စိုး​ရ ​အ​ရာ​ရှိ​တွေ​နဲ့ ​အ​ဝင်​အ​ထွက် ​ရှိ​ခဲ့​ပြီး ​အိမ်​ရှေ့​စံ​မင်း​သား ​ကို ​လူ​ထု ​ပို​ကြည်​ညို​လေး​စား​လာ​အောင် ​စည်း​ရုံး​ပြော​ဆို​မှု​တွေ​မှာ ​အ​ထင်​က​ရ​အ​ခန်း​က​ဏ္ဍ​က​နေ ​ပါ​ဝင်​ခဲ့​သူ​ဖြစ်​ပါ​တယ်။
အ​ခု ​သူ​ဟာ ​အိမ်​ရှေ့​စံ​မင်း​သား​ရဲ့ ​အ​မည်​ကို ​သုံး​ပြီး ​ထိုင်း​ကု​မ္န​ဏီ​ကြီး​တ​ချို့​ဆီ​က​နေ ​ငွေ​တောင်း​တာ​တွေ ​လုပ်​ခဲ့​တယ် ​ဆို​ပြီး ​ရဲ​က ​ပြော​ပါ​တယ်။ဒါ​ပေ​မယ့်​လည်း ​အ​သေး​စိတ်​ကို ​ရေ​ရေ​ရာ​ရာ ​ပြော​မ​သွား​ပါ​ဘူး။
တ​ခါ ​ထိန်း​သိမ်း​ခံ​ထား​ရ​တဲ့ ​ရဲ​အ​ရာ​ရှိ ​ဘယ်​လို ​သေ​ဆုံး​သွား​တာ​လဲ ​ဆို​တာ​ကို​လည်း ​အ​သေ​အ​ချာ ​ရှင်း​ပြ​မ​သွား​သ​လို ​သီး​ခြား​လွတ်​လပ်​တဲ့ ​သေ​မှု​သေ​ခင်း ​စစ်​ဆေး​မှု ​လုပ်​ပေး​ဖို့​ကို​လည်း ​ငြင်း​ဆန်​ခဲ့​ပါ​တယ်။
ဒီ​အ​မှု​ဟာ ​မ​နှစ်​တုန်း​က ​အိမ်​ရှေ့​စံ​မင်း​သား​နဲ့ ​ကွဲ​နေ​တဲ့ ​ကြင်​ယာ​တော်​ဟောင်း​နဲ့ ​မိ​သား​စု ​အ​ပေါ် ​စွဲ​ဆို​ခဲ့​တဲ့ ​အ​မှု​နဲ့ ​အ​တော်​လေး ​ဆင်​တူ​နေ​တာ ​တွေ့​ရ​ပါ​တယ်။
သူ​တို့​ကို​လည်း ​အိမ်​ရှေ့​စံ​မင်း​သား​ရဲ့ ​အ​မည်​ကို ​သုံး​ပြီး ​အ​မြတ်​ထုတ်​ခဲ့​တယ်​လို့ ​စွပ်​စွဲ ​ထား​တာ​ပါ။ ​အဲ​ဒီ ​အ​မှု​မှာ ​ပါ​တဲ့ ​အ​ဓိ​က ​ရဲ​အ​ရာ​ရှိ ​သေ​ဆုံး​ခဲ့​မှု​က​လည်း ​ပ​ဟေ​ဠိ ​ဆန်​နေ​ပါ​တယ်။
ထိုင်း​နိုင်​ငံ​မှာ ​ထုတ်​ပြန်​ထား​တဲ့ ​ဥ​ပ​ဒေ​အ​ရ ​သ​တင်း​သ​မား​တွေ ​အ​နေ​နဲ့ ​ထိုင်း​ဘု​ရင့် ​မိ​သား​စု​အ​ပေါ် ​အ​ဆိုး​သ​ဘော ​တ​စုံ​တ​ရာ ​မ​ကောင်း ​ပြော​ခွင့် ​မ​ရှိ​ပါ​ဘူး။
ဒါ​ပေ​မယ့်​လည်း ​ထီး​နန်း ​အုပ်​ချုပ် ​စိုး​စံ​လာ​တာ ​နှစ်​ပေါင်း ၆၉​နှစ် ​ရှိ​နေ​ပြီ ​ဖြစ်​တဲ့ ​ဘူ​မိ​ဘော ​ဘု​ရင်​ရဲ့ ​ကျန်း​မာ​ရေး ​အ​ကြီး​အ​ကျယ် ​ချွတ်​ယွင်း​လာ​နေ​တာ​က​တော့ ​ဖုံး​ကွယ်​ထား​လို့ ​မ​ရ​ပဲ ​ထိုင်း​ပြည်​သူ​တွေ​ကြား​မှာ ​အ​တော့်​ကို ​စိုး​ရိမ်​မ​ကင်း ​ဖြစ်​နေ​ကြ​တယ်​လို့ ​ဘီ​ဘီ​စီ ​သ​တင်း​ထောက် Johnathan Head ​က ​ဘန်​ကောက်​မြို့​က​နေ ​သ​တင်း​ပေး​ပို့​ထား​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုအကောင်အထည်ဖော်ဖို့နဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေ ပယ်ဖျက်ပေးဖို့အတွက်တောင်းဆိုပြီး ပဲခူးကနေ နေပြည်တော်ကို လမ်းလျှောက်နေတဲ့ ၈၈ ကရင်အမျိုးသား ကျောင်းသားအစည်းအရုံးဟာ ဒီနေ့ ညောင်လေးပင်မြို့ကို ရောက်သွားပြီဖြစ်ပါတယ်။
သူတို့အဖွဲ့မှာ ခြေထောက်မသန်သူတစ်ဦးအပါအဝင် စုစုပေါင်း ၆ ယောက် ပါဝင်လမ်းလျှောက်နေပြီး သူတို့တောင်းဆိုချက်အတွက် သမ္မတဦးသိန်းစိန်နဲ့တွေ့ခွင့်ရ ဖို့ အခုလို မိုင်ရှည်ချီတက်လမ်းလျှောက် နေတာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုအတွက် ငြိမ်းစုစီ ဥပဒေအရ ပဲခူးကနေ နေပြည်တော်ထိ ကြားမှာဖြတ်သန်းရမယ့် မြို့နယ် ၉ မြို့နယ်မှာ ခွင့်ပြုချက်တွေတောင်းခံထားပေမယ့် ရေတာရှည်မြို့နယ်က ခွင့်ပြုချက်ပေးဖို့ ငြင်းဆန် နေတယ်လို့ အဖွဲ့ခေါင်းဆောင် မနန်းမူခမ်းက RFA ကိုပြောပါတယ်။
"ကျမတို့ကို ခွင့်ပြုမိန့်အစီရင်ခံစာက တောင်ငူထိပေါ့နော်၊ ရေတာရှည်ကတော့ ခွင့်ပြုမိန့် အတင်မခံဘူး၊ သူတို့ပြောတာကတော့ ရွေးကောက်ပွဲလည်း နီးနေပြီ၊ နေပြည်တော် ဝင်ပေါက်ဖြစ်တော့ သူတို့ကခွင့်ပြုမိန့်မပေးတာတော့မဟုတ်ဘူးပေါ့၊ သူတို့ခွင့်ပြုလို့ မရဘူးပေါ့၊ ကျမတို့ကို အများကြီးရက်တွေနောက်ဆုတ် ခိုင်းတာပေါ့နော်"
သူတို့အဖွဲ့ဟာ နေပြည်တော်ကို နောက်သုံးရက်လောက်ကို အရောက်သွားဖို့ ရည်မှန်းထားတဲ့အတွက် တကယ်လို့ ကြားမြို့နယ်တခုခုက ခွင့်ပြုချက်မပေးရင် အဖွဲ့နဲ့မလျှောက်တော့ပဲ၊ အခြေခံဥပဒေပြဌာန်းချက်ပါ နိုင်ငံသားအခွင့်အရေးအရ တကိုယ်တော်လျှောက်ဖို့ ရည်ရွယ်ထားတယ်လို့ မနန်းမူခမ်းကပြောပါတယ်။
မနန်းမူခမ်းတို့အဖွဲ့ဟာ စပြီးလမ်းလျှောက်ခဲ့တဲ့ ပဲခူးတိုင်းအစပ်မှာ ပုဒ်မ ၁၈ နဲ့ တရားစွဲခံရပြီး၊ ဒဏ်ငွေကျပ်တစ်သောင်းစီ အသီးသီးပြစ်ဒဏ်ချခံခဲ့ရပါတယ်။ အဲဒီနောက်ခွင့်ပြုချက်တင်ပြီး တနင်္လာနေ့မှာ ပဲခူးကနေ ထွက်လာကြတာဖြစ်ပါတယ်။
RFA
နိုင်ငံရေးအကျဉ်းသားတွေနဲ့ဖမ်းဆီးထိမ်းသိမ်းခံကျောင်းသားတွေကို ရွေးကောက်ပွဲမတိုင်ခင် ပြန်လွှတ်ပေးဖို့ သာယာဝတီထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကိုအောင်မှိုင်းဆန်းနဲ့၊ ဒီနေ့ကစပြီး အစာငတ်ခံဆန္ဒပြမယ့် အခြားကျောင်းသား ၃ ယောက်ကို ထောက်ခံဝန်းရံတဲ့လှုပ်ရှားမှုတွေ မြို့တစ်ချို့ မှာ ဒီနေ့ပြုလုပ်ခဲ့ ကြပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်-ဗကသ မုံရွာခရိုင်က ကျောင်းသားတွေနဲ့ အားပေးကူညီသူတွေက မုံရွာရွှေစည်းခုံဘုရားမှာ ဝတ်ပြုဆုတောင်း ကြသလို၊ စတစ်ကာဝေတာတွေ ပိုစတာတွေကိုင်ပြီး လမ်းလျှောက်တဲ့လှုပ်ရှားမှုတွေ ဒီနေ့မနက်က ပြုလုပ်ခဲ့ကြပါတယ်။
အလားတူ တောင်တွင်းကြီးမြို့မှာလဲကျောင်းသားတချို့က ဆုတောင်းပွဲပြုလုပ်ခဲ့ကြသလို ပြည်မြို့မှာဆိုရင်လည်း ကျောင်းသားတွေက ဗိုလ်ချုပ်ကြေးရုပ် ကနေရွှေဆံတော်ဘုရားထိ ချီတက်လမ်းလျှောက်ပြီး ဘုရားမှာ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။
သာယာဝတီတရားရုံးမှာ မနေ့က ရုံးထုတ်ချိန်မှာတော့ အမေရိကန်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပုဂ္ဂိုလ်တချို့နဲ့နိုင်ငံခြားသတင်းထောက် တချို့က ဖမ်းဆီးခံကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီကျောင်းသားတွေထဲက ၇ ဦးက တရားစီရင်ရေးကိုအယုံအကြည် မရှိတော့တဲ့အတွက်ဆိုပြီး ရှေ့နေပါဝါတွေလည်း ပြန်ရုပ်သိမ်းခဲ့ပါတယ်။
RFA
ဓါတ်ပုံ- Tai Tang Yan ဖေ့စ်ဘုမှ
အောက်တိုဘာလ ၂၉ ရက် ၂၀၁၅
SSPP/SSA သျှမ်းပြည်တပ်မတော်နှင့် အစိုးရ စစ်တပ်တို့အကြား မိုင်းရှူးမြို့ နယ် မိန်းအက် ဒေသတွင် အောက်တိုဘာလ ၂၇ ရက်နေ့က တိုက်ပွဲ များ ပြင်း ထန်စွာဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ် မှသိမ်းယူထားသော တပ်စခန်းတခုအား သျှမ်းပြည်တပ်မတော်မှပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
“ အဲဒီ ကောင်းမုံမိန်းက ကျနော်တို့တပ်စခန်းကို အောက်တိုဘာလ ၁၆ ရက်ေ န့တုန်းက အစိုးရဘက်က သိမ်းယူထားတာဖြစ်တယ်။ ကျနော်တို့ဘက် က ပြ သနာတွေ သိပ်မကြီးလာအောင်လို့ ဆုတ်ပေး လိုက်တာ။ သူတို့က အဲဒီ ကုန်းပေါ်ကနေ ပြည်သူလူထုနေတဲ့ ရွာတွေထဲ လျှောက်ပစ်နေ တယ်လေ။ ဒါေ ကြာင့် ကျနော်တို့က ပြန်သိမ်းလိုက်တာ။ အကျအဆုံးရှိပေမဲ့ တိတိကျကျ စာရင်းမရသေးဘူး” ဟု သျှမ်းပြည်တပ်မတော် မြောက်ပိုင်းမှ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလ က အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြောသည်။
အောက်တိုဘာလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ ညနေ ၃ နာရီ ခန့်မှစတင်ခဲ့၍ အချိန်အတော်ကြာပစ်ခတ်ခဲ့ရသည်။ အစိုးရ စစ်တပ်မှာအတွင်း ပိုင်းတွင်ပိတ်မိနေရာညအမှောင်ကို အကာအကွယ်ယူကာ အဆိုပါ ကောင်း မုံမိန်း တပ်စခန်းမှ စွန့်ခွာထွက်ပြေးခဲ့ရ်ကြောင်းသိရသည်။
“တိုက်ပွဲက ခလရ ၅၁၇ နဲ့ ဖြစ်တာ။ သူတို့က တောင်ကုန်းပေါ်ကနေ ပစ်ပစ်ေ နတော့ ရွာသားတွေက ရွာတွေကို စွန့်ခွာထွက်ပြေးကုန်ပြီလေ၊ အခုသူ တို့ လည်း ပြေးရတာပဲ သေနတ်တောင် မယူသွားအား တဲ့ သူတောင်ရှိတယ် ”ဟု ရှေ့တန်းရောက် သျှမ်းတပ်မှူးတစ်ဦးက ပြောသည်။
ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲထားသည့် သျှမ်းပြည်တပ်မတော် မြောက် ပိုင်းနှင့် အစိုးရ စစ်တပ် တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်မှာ တလနီးပါးခန့်ကြာမြင့်ပြီဖြစ်ပြီး NCA လက်မှတ် ရေးထိုးရာတွင်လည်း အားလုံးပါဝင် လက်မှတ်ရေးထိုးမှ လက်မှတ်ရေးထိုးမည်ဟု SSPP/SSA က ဆိုသဖြင့် အစိုးရ စစ်တပ်ဘက်မှ ရမယ်ရှာ တိုက်နေခြင်း ဖြစ်ကြောင်း သျှမ်းပြည်တပ်မတော် ကပြောဆိုသည်။
စစ်ပွဲကြောင့်ထောင်ချီသည့် ဒေသခံများမှာ မိမိတို့နေရပ်ကို စွန့်ခွာထွက်ပြေးနေရပြီးတိုက်ပွဲ အကြောင်း ပြချက်ဖြင့် ကျေးသီး၊ မိုင်းရှူုးမြို့နယ်များတခုလုံးနှင့်တန့်ယန်း ၊ ဟိုပန်တို့တွင် အုပ်စုတချို့ရွေးကောက် ပွဲကျင်းပမည် မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ ကြေငြာထားသည်။
သျှမ်းသံတော်ဆင့်/ စိုင်းထွန်းအောင်လွ
https://www.facebook.com/Panglong.burmese
ကိုကိုးကျွန်းမှာ မဲဆွယ်စည်းရုံးမယ့် NLD ကိုယ်စားလှယ်လောင်းတွေ အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင် ရှိ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းစဉ်။ ဓါတ်ပုံ - မမိုးကလျာဦး/RFA
 ဟိုင်းကြီးကျွန်းက ရေတပ်စခန်းဌာနချုပ်မှာရှိတဲ့ မဲပေးခွင့်ရှိသူစာရင်းထဲက လူ ၂၀၀ ဟာ ကိုကိုးကျွန်းမဲဆန္ဒနယ်က မဲပေးပိုင်ခွင့်ရှိသူစာရင်းထဲမှာ ပါနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေက ပြော ပါတယ်။
ကိုကိုးကျွန်းက အမှတ် ၂၇ ရေတပ်စခန်းက မဲဆန္ဒရှင်စာရင်းနဲ့ ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ် ပမ္မ၀တီရေတပ်စခန်းဌာနချုပ်က စာရင်းကို စစ်ဆေး ကြည့်တဲ့အခါ မဲပေးခွင့်ရှိတဲ့ တပ်မတော်သားဦးရေ ၂၀၀ လောက်ဟာ တူနေတာကို တွေ့ရတယ်လို့ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။
အဲဒီလိုနာမည်တူနေတာနဲ့ပတ်သက်ပြီး တင်ပြရာမှာ မြို့နယ်ကော်မရှင်ဥက္ကဌက ခရိုင်ကော်မရှင်ထံ တင်ပြပေး မယ်လို့ အကြောင်းပြန်ကြောင်း ဦးဝင်းမင်း က ပြောပါတယ်။
ကိုကိုးကျွန်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၅၀၀ ရှိပြီး အဲဒီထဲမှာ အမှတ် ၂၇ ရေတပ်စခန်း နဲ့ GE အင်ဂျင်နီယာတပ် တို့မှာ မဲပေးခွင့်ရှိတဲ့ တပ်မတော်သားနဲ့ မိသားစု ၀င် ၇၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်မှာ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင် ကို အောက်တိုဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ Photo: Satt Paing Toe/ RFA
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ မဲပေးခွင့်ရှိသူ စာရင်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅ ထောင်ကျော် ပိုနေတယ်လို့ မန္တလေးတိုင်း အန်အယ်လ်ဒီပါတီက ပြောပါတယ်။
ပိုနေတဲ့ လူတွေစာရင်းကို ကော်မရှင်ဆီ တင်ပြပေမယ့် ဖြေရှင်းပေးတာမရှိဘူးလို့ မဟာအောင်မြေမြို့နယ်ထဲက ရပ်ကွက်ပေါင်း ၂၁ ရပ်ကွက်ကို ကွင်းဆင်းလေ့ လာရာ တွေ့ရှိခဲ့တာကို အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
"ကျနော်တို့က ဘာအငိုက်မိသွားလဲဆိုတော့ လိုတဲ့သူတွေကိုဖြည့်နေတဲ့အချိန်မှာ မဲစာရင်းကပိုနေတယ်၊ အဲ့ပိုတဲ့ သူတွေကို ကျနော်တို့လိုက်ရှာလိုက်တဲ့အခါ မန္တလေးမဟာအောင်မြေရဲ့ရပ်ကွက်ကြီးတစ်ခုရဲ့ ၁၁ နေရာကို ကျနော်တို့ တိတိကျကျ လိုက်လုပ်လိုက်တဲ့အခါ ပိုနေတဲ့သူတွေတွေ့တယ်၊ ရာခိုင်နှုန်းနဲ့ တိတိ ကျကျပြောရရင် အများဆုံးပိုတဲ့ ရပ်ကွက်တစ်ခုမှာ ၆၈ ရာခိုင်နှုန်းပိုတယ်၊ အနည်းဆုံးပိုတာက ၂၅ လောက်ပိုတယ်၊ သူတို့ပေးတဲ့မဲစာရင်းတိုင်းရေးပြီး စာရွက်တွေ လိုက်ဝေလိုက်တော့ အပိုတွေပါနေတယ်၊ မဲစာရင်းပိုနေတာကို ဘယ်လိုလုပ်ပေးမှာလဲမေးတော့ ဒီကိစ္စကိုဘယ်သူမှမဖြေနိုင်ဘူး၊ ပယ်ဖျက်ပေးပါပြောတော့လည်း ဒီလူတွေရှိနေရင် နာမည်နဲ့ပြောတဲ့၊ ဒီလူတွေကလည်း နိုင်ငံသားဖြစ်တဲ့အတွက် ဒီလူတွေကို မဲမပေးရဘူး ဆိုရင် နိုင်ငံသားအခွင့်အရေးဆုံးရှုံးတယ်၊ ဒီရပ်ကွက်မှာ မနေပဲနဲ့ ကျနော်တို့ဘယ်လိုပြောပြော ဘာမှလုပ်မပေး ဘူး"
မဟာအောင်မြေမြို့နယ်က မဲပေးခွင့်ရှိသူစာရင်းထဲမှာ ၁၀ နှစ် ကျော်ကြာ မနေထိုင်တော့ဘဲ ပြောင်းရွှေ့သွား သူတွေရဲ့ နာမည်တွေ ပါနေတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲမှာ မဲမသမာတဲ့နည်းနဲ့  အနိုင်ရရှိသွားမယ်ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ တရားစွဲသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်း အောင်နိုင်ရေး ဥက္ကဌ ဦးရွှေလှက ပြောပါတယ်။
ဒါ့အပြင် မြို့နယ်အတော်များများမှာ မဲပေးခွင့်ရှိသူ သောင်းနဲ့ချီ ပိုနေကြောင်းနဲ့ အစိုးရထိပ်ပိုင်းအရာရှိတွေ ၀င်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေမှာ သိသိသာသာ ပိုနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုက ပါတီအောင်နိုင်ရေး အဖွဲ့အသီးသီးထံ အသိပေးထားတယ်လို့လည်း သိရပါတယ်။
ပိုနေတဲ့စာရင်းတွေကို အမြန်ဆုံးစိစစ်ဖော်ထုတ်ပြီး သက်ဆိုင်ရာမြို့နယ် ကော်မရှင်ရုံးတွေထံ တင်ပြကြဖို့လည်း တိုက်တွန်းထားပါတယ်။
အဲဒီပိုလျှံနေတဲ့စာရင်းတွေကြောင့် ရွေးကောက်ပွဲနေ့မှာ မဲမသမာမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာရှိတယ်လို့ လည်း ဗဟိုက ပေးပို့တဲ့ အကြောင်းကြားစာမှာ ပါရှိပါတယ်။
RFA Burmese
http://www.rfa.org/burmese
 ကယား(ကရင်နီ)ပြည်နယ် ဘောလခဲမြို့နယ်တွင်းရှိ စစ်တပ်များမှ ကြိုတင်မဲပေးမည့် သူများစာရင်းကို ဘောလခဲခရိုင်ရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ(၂၆)ရက်နေ့က ကြေညာလိုက်သည့်အပေါ် ယင်းမဲဆန္ဒနယ်တွင် ဝင်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်းများက မဲမသမာမှုတွေ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုတွေရှိနေကြောင်း သိရသည်။ ]
ဘောလခဲမြို့နယ်တွင်းရှိ အမှတ်(၄၂၉)၊ အမှတ်(၄၃၀)၊ အမှတ်(၃၃၇) စတဲ့ တပ်ရင်း ၃ ရင်းအပြင် စစ်ဗျူဟာနှင့် ဘောလခဲမြို့နယ်ခွဲ ဖြစ်သော ရွာသစ်တွင်ရှိသည့် (၁၀၀၅)နယ်ခြားစောင့်တပ်ရင်းတို့အပါအဝင် စုစုပေါင်း ကြိုတင်မဲပေးမည့်သူများမှာ (၁၁၂၄) ဦးရှိကြောင်း ဘောလခဲခရိုင်ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။
အခုလိုထုတ်ပြန်ရာတွင် ကြိုတင်မဲပေးမည့်သူများစာရင်းမှာ များပြားလှသောကြောင့် မဲပေးကြရာတွင် ကြိုတင်မဲပေးမည့် မဲဆန္ဒရှင်များမှာ လွတ်လပ်စွာ မဲပေးခွင့် မရှိဘဲ တစ်စုံတစ်ရာဖိအားပေးလာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်လောင်း ဦးမိုးကျော်ဇင်ကပြောသည်။
“ကြိုတင်မဲတွေထုတ်ပြန်တဲ့စာရင်းအရများတယ် ဒီမဲတွေက တစ်စုံတစ်ယောက်ရဲ့ဖိအားပေးမှု ခံရနိုင်တယ်။ ဟိုဟာကိုပဲ ပေးရမယ် ဒီဟာကိုပဲပေးရမယ်ဆိုတဲ့ ဖိအားတွေခံရနိုင်တယ် အဲ့ဒီ့အတွက် ကြိုတင်မဲပေးမယ့် မဲဆန္ဒရှင်တွေက သူတို့ရဲ့ဆန္ဒအမှန်အတိုင်း မဲမပေးနိုင်မှာကို စိုးရိမ်တယ်” ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
စစ်တပ်အတွင်းရှိ ကြိုတင်မဲပေးမည့်သူများစာရင်းတွင် တပ်တွင်းမှ တပ်မတော်သားများအပါအဝင် တပ်တွင်းရှိ မှီခိုမိသားစုများပါ ပါဝင်နေကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရသိရှိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ကယားလူမျိုးစုဒီမိုကရေစီပါတီ ဘောလခဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မိမိမော်ကလည်း “အခုလိုကြိုတင်မဲစာရင်းတွေ ထုတ်ပြန်တာ ကျမတို့တောင် ဘာမှ မသိလိုက်ရဘူး။ ထုတ်ပြီးမှသိရတယ်။ ဒီစာရင်းတွေ ကြည့်ခြင်းအားဖြင့် မဲဆန္ဒရှင်တွေက သူတို့က လွတ်လွတ်လပ်လပ်မဲပေးနိုင်ပါ့မလားဆိုတာရယ် တပ်ထဲက မိသားစုတွေကိုပါ ကြိုတင်မဲစာရင်းထဲထည့်ထားတာက မဲမသမာမှုတွေ လုပ်ဖို့များလား ဆိုတာကို ကျမတို့စိုးရိမ်တယ် ဖြစ်လည်းဖြစ်လာနိုင်တယ်” ဟု ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။
ကြိုတင်မဲစာရင်းများ ထုတ်ပြန်မှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်မှ ပြဌာန်းထားသော ဥပဒေများအတိုင်း လုပ်ထုံးလုပ်နည်းများအတိုင်းသာ လုပ်ဆောင်သွားဖို့ရှိကြောင်း ဘောလခဲခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးကျော်လင်းက ပြောသည်။
“ဒီကိစ္စမျိုးက ကျနော်တို့ကြိုတင်မဲပေးမယ့် မဲဆန္ဒရှင်စာရင်းတွေကို အခုထုတ်ပြန်လိုက်ပေမယ့် ကျနော်တို့က လုပ်ထုံးလုပ်နည်းအတိုင်း ကြိုတင်မဲထည့်မယ့် လူစာရင်းကို ပြုစုပြီး ကျနော်တို့ထုတ်ပြန်တာပေါ့ အခုကိစ္စကတော့ ကျနော်တို့က ဥပဒေနဲ့အညီပဲ လုပ်သွားမယ် မဲဆန္ဒရှင်တွေကတော့ သူတို့ကြိုက်တာသူတို့ ထည့်မှာပါပဲ”ဟု ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။
အခုလိုတပ်အတွင်းမှ ကြိုတင်မဲပေးမည့် မဲဆန္ဒရှင်စာရင်းများမှာ ရှေ့တန်းမှ တပ်သားများကသာ ကြိုတင်မဲပေးကြရမှာဖြစ်ပြီး မြို့တွင်းရှိ တပ်တွင်းမိသားစုများမှာတော့ မဲပေးမည့်နေ့တွင် မဲလာရောက်ပေးနိုင်သည့်အတွက် ကြိုတင်မဲ မလုပ်သင့်သလို မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ကြရမည့် ကျောင်းဆရာ/ဆရာမ များနှင့် အထူးရဲတပ်ဖွဲ့ဝင်များပါ ကြိုတင်မဲ လုပ်ရမှာဖြစ်တဲ့အတွက် ကြိုတင်မဲတွေ များပြားနေပြီး တစ်စုံတစ်ရာ ပါတီ သို့မဟုတ် တစ်စုံတစ်ယောက်က ဖိအားပေးလာမည်ကို စိုးရိမ်ကြောင်းနှင့် တပ်တွင်းရှိ မဲရုံများမှာ ထားရှိရန်မလိုအပ်တော့သည့် အခြေနေမျိုးဖြစ်နေတယ်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမိုးကျော်ဇင်က ဆက်ပြောသည်။
“မဲဆန္ဒရှင်တွေ ဆန္ဒအမှန်တိုင်း မဲပေးခွင့်မရမှာကို စိုးရိမ်တယ် တပ်မိသားစုတွေကိုပါ ကြိုတင်မဲထဲထည့်ထားတော့ တပ်ထဲမှာထားမယ့် မဲရုံက သုံးဖို့တောင် မလိုတော့ဘူး”ဟုပြောသည်။
ယေဘုယျအားဖြင့် ဘောလခဲမြို့နယ်တွင်းရှိ တပ်ရင်းများတွင် မဲပေးနိုင်သည့် မဲဆန္ဒရှင် (၈၀၀)ကျော်နှင့် ရွာသစ်ရှိ နယ်ခြားစောင့်တပ်ရင်း (၁၀၀၅) တပ်ရင်းတွင် (၃၀၀)ကျော်ရှိကြောင်းသိရသည်။
ဘောလခဲမြို့နယ်အတွင်း မဲရုံပေါင်း (၁၆)ရုံရှိပြီး ထိုမဲရုံများထဲမှ တပ်တွင်းမှာတော့ စစ်ဗျူဟာနှင့် အမှတ်(၄၂၉)တပ်ရင်းတို့တွင် မဲရုံနှစ်ရုံထားရှိမည်ဖြစ်ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ (၂၉)ရက်နေ့မှ နိုဝင်ဘာ (၇)ရက်နေ့ထိ ကြိုတင်မဲပေးမည့်သူများ စာရင်းကို လိုက်လံ ကောက်ခံမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဘောလခဲမြို့နယ်၌ ကြိုတင်မဲ (၅၉%)ထိရှိခဲ့ကြောင်းသိရသ
ဆန်းဖြိုးထွန်း၊ စိုင်းလင်းလင်းဦး
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
သာယာဝတီအကျဉ်းထောင်မှာ အဖမ်းခံနေရတဲ့ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်
သာယာဝတီအကျဉ်းထောင်မှာ အဖမ်းခံနေရတဲ့ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်
အရေးကြီးတဲ့ မြန်မာ့ ရွေးကောက်ပွဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ၊ အထိန်းသိမ်းခံနေရသူတွေ ပါဝင်ခွင့် ရသင့်တယ်လို့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရဖို့ နိုင်ငံရေးအကျဉ်းသားတွေ၊ ဖမ်းဆီးခံ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အစိုးရကို တောင်းဆိုလိုက်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပဖို့ သတင်းတပတ်ကျော်လောက်ဘဲ လိုတော့တဲ့ အချိန်မှာဘဲ နိုင်ငံရေး အကျဉ်းသားတွေ၊ ဖမ်းဆီးခံ ကျောင်းသားတွေနဲ့ ၀န်ရံပြည်သူတွေကို လွှတ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တောင်းဆိုလိုက်ပါတယ်။ ဒီလူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတ ဦးသိန်းစိန်ထံကိုလည်း မေတ္တာရပ်ခံထားပြီး အကျဉ်းကျနေသူ ဖမ်းဆီးခံရသူ တချို့ ပြန်လွတ်လာဖို့ မျှော်လင့်တဲ့ အကြောင်းမြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမြက ပြောပါတယ်။
“ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတန်းမှာ ဒါ နိုင်ငံရေးမှာ ပြည်သူ့အခွင့်အရေးများကို ပါဝင်ကျင့်သုံးပိုင်ခွင့်ကို ပြဌာန်းထားပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံဟာဆိုရင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတန်းကို ထောက်ခံထားတဲ့ နိုင်ငံဖြစ်တဲ့အခါမှာ ဒီလိုအချိန်အခါမျိုးမှာတော့ အားလုံးလည်းပဲ ပါဝင်ပြီးတော့ ဆန္ဒမဲပေးပိုင်ခွင့် ရှိသင့်တယ်လို့ ယူဆတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။မျှော်လင့်ချက်ဆိုတာတော့ လူတိုင်းမှာ ရှိသင့်တာပေါ့နော်။ ဒီမျှော်လင့်ချက်အတိုင်းအားလုံး ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွင်ရွင်နဲ့ ပါဝင်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကိုလည်း ကျနော်တို့ ရည်ရွယ်တာပါ။ ဆိုတော့ ကျနော်တို့က ဒီကျောင်းသားတွေနဲ့ ပက်သက်ပြီးတဲ့ အခါမှာ ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေ စာမေးပွဲဖြေခွင့် ပေးဖို့နဲ့ ပက်သက်လို့လည်း Right To Education ပေါ့နော်၊ ဒါကို ကျင့်သုံးနိုင်ဖို့အတွက် ဆိုပြီးတော့ ကျနော်တို့ ထုတ်ပြန်ခဲ့ပြီးတာဖြစ်ပါတယ်။ အခုရွေးကောက်ပွဲ ကျင်းပမယ့် အချိန်မှာတော့ ကျနော်တို့ နိုင်ငံအတွက် အရေးကြီးဆုံးအချိန်အခါ ဖြစ်တဲ့အတွက် သူတို့လည်း အားလုံး လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါးနဲ့ ဒီမိုကရေစီ တည်ဆောက်တဲ့အခါမှာ ပါဝင်နိုင်အောင် ဆိုပြီးတော့ ရည်ရွယ်ပြီးတော့ ကျနော်တို့ ထုတ်ခြင်းဖြစ်ပါတယ်။”
မြန်မာ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား အရေအတွက် အတိအကျကိုတော့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အတိအကျ ပြောဆိုနိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသားဆိုတာကို သမ္မတ အနေနဲ့ ထည့်သွင်းစဉ်းစားနိုင်အောင် အစဉ်တစိုက် ထည့်သွင်း တောင်းဆိုနေတာ ဖြစ်တယ်လို့ ကော်မရှင်က ဥက္ကဌက ပြောပါတယ်။ ဒါပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်မှာ လူထု အတွက် အန္တရာယ် ဖြစ်စေမယ့်သူတွေ ပါမလာဖို့ကလည်း အရေးကြီးတယ်လို့လည်း ပြောပါတယ်။
“ကျနော်တို့က လွတ်တဲ့အခါမှာဆိုရင် ဒီမိုကရေစီ တည်ဆောက်တဲ့အခါမှာ၊ ရွေးကောက်ပွဲတွေ ကျင်းပတဲ့ အခါမှာ ငြိမ်းချမ်းစွာနဲ့ ပါဝင်နိုင်တဲ့ လူမျိုးကို ကျနော်တို့ ရည်ရွယ်တယ်။ ဘာကြောင့်လဲဆိုတော့ လွှတ်လိုက်တိုင်းလည်း မရဘူးနော်။ လွှတ်လိုက်ပြီးတဲ့အခါမှာလည်း အပြင်ဖက်မှာ ရာဇ၀တ်မှု ကျူးလွန်တာတို့ ဘာတို့ မဖြစ်ဖို့လည်း အရေးကြီးတာကိုး။ ဟိုတခါတုန်းက လွှတ်လိုက်တုန်းကလည်း ရဲ ၂ ယောက် အသက်ခံရတဲ့ ကိစ္စနဲ့ ပက်သက်ပြီးတော့ ဝေဖန်မှုတွေလည်း အများကြီးဖြစ်လာပါတယ်။ ဒါကြောင့်ကျနော်တို့ကနေပြီးတော့ ငြိမ်းချမ်းစွာနဲ့ ပါဝင်ဆွေးနွေးနိုင်မယ့် ဆိုတာလေးကို အလေးပေးပြီး ဖော်ပြထားပါတယ်။”
မြန်မာသမ္မတရဲ့ အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးနေပေမယ့် လွတ်မြောက်လာသူတွေ ထဲမှာလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ အနည်းငယ်ဘဲ ပါရှိပြီး အများစုက ပြစ်မှုကျူးလွန်သူတွေ ဖြစ်နေတဲ့ အပေါ်မှာလည်း ဝေဖန်မှုတွေ ရှိနေတာပါ။မြန်မာ့ အကျဉ်းထောင်တွေ ထဲမှာတော့ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသူတွေ၊ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြတဲ့ ကျောင်းသားတွေနဲ့ ပြည်သူတွေကို စီရင်ချက် မချနိုင်သေးဘဲ ထိန်းသိမ်းထားသလို တက်ကြွလှုပ်ရှားသူတွေ၊ အလုပ်သမား အခွင့်အရေး တောင်းဆိုခဲ့ကြသူတွေ၊ သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည်ရရှိရေး ဆန္ဒပြခဲ့ကြသူတွေ တရားရင်ဆိုင်နေရဆဲ၊ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။
သိဂီ င်္ထိုက်VOA
Freedom House အစီရင်ခံစာသစ်မှာ မြန်မာ အင်တာနက် လွတ်လပ်ခွင့် ကျဆင်းနေ 
 မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့်ဟာ ဒီနှစ်ထဲ ထပ်မံကျဆင်းသွားခဲ့တယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Freedom House ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။ အင်တာနက် လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံများ စာရင်းမှာ ထည့်သွင်းခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေနဲ့ အွန်လိုင်းအသုံးပြုသူတွေအပေါ် ထိန်းချုပ်မှုတွေ ရှိနေတယ်လို့လည်း မြန်မာမီဒီယာသမားတွေ၊ ကွန်ပြူတာ ပညာရှင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်လာခဲ့တဲ့ လွန်ခဲ့တဲ့ ၄ နှစ်ကစလို့ အင်တာနက်သုံးစွဲသူ ပိုများလာပေမဲ့ လွတ်လပ်ခွင့်တော့ မရှိသေးဘူးလို့ Freedom House အဖွဲ့ရဲ့ ၂၀၁၅ အင်တာနက် လွတ်လပ်ခွင့် အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ အင်တာနက် သုံးစွဲနိုင်တဲ့ အခက်အခဲတွေ ရှိနေတာ၊ အွန်လိုင်းစာမျက်နှာတွေမှာ အကန့်အသတ်တွေ ရှိနေတာ၊ အဆိုးဆုံးအဖြစ်နဲ့ အင်တာနက် သုံးစွဲသူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာတွေ ပိုများလာတယ်ဆိုပြီး၊ ပြီးခဲ့တဲ့နှစ်မှာ တစိတ်တပိုင်း လွတ်လပ်ခွင့်ရှိတဲ့ အဆင့်ကနေ ဒီနှစ်မှာတော့ လွတ်လပ်ခွင့် မရှိတဲ့အဆင့်ကို ပြောင်းလဲ သတ်မှတ်ခဲ့တာပါ။ မြန်မာနိုင်ငံ ကွန်ပြူတာ လုပ်ငန်းရှင်များအသင်း (မန္တလေး) ရဲ့ နာယက ကိုရဲမြတ်သူ ကတော့ အရင်တုန်းကလို အင်တာနက် သုံးစွဲသူတွေကို စောင့်ကြည့်တာ၊ အရေးယူတာမျိုး သိသိသာသာ မရှိတော့ပေမဲ့လည်း၊ အင်တာနက်သုံးစွဲသူ ပိုများလာတာနဲ့အမျှ ပုံစံအမျိုးမျိုးနဲ့ အရေးယူခံရတဲ့ သူတွေလည်း ပိုများလာတယ်လို့ ပြောပါတယ်။
“အင်တာနက်မှာ ကျနော်တို့ ကြည့်ရင် ၊ ကျနော်တို့ကို စောင့်ကြည့်တဲ့လူတွေရှိတယ်။ ကျနော်တို့ကို နောက်က trail လိုက်တာတွေရှိတယ်။ ကိုယ့် email တွေကို ၀င်ဖတ်တာတွေရှိတယ်။ ကျနော်တို့နဲ့ ပက်သက်တဲ့ အင်တာနက် လွတ်လပ်ခွင့်တွေကို ၀င်ပြီးတော့ ကျနော်တို့ ရဲ့ privacy ကိုထိတာတွေ ရှိတယ်။ အဲဒီဟာတွေကိုတော်တော်များများ အခုကျနော်တို့ Telenor သုံးတဲ့အခါမှာ ပျောက်သွားပြီ။ ကျနော်တို့အနေနဲ့က အင်တာနက်လွတ်လပ်ခွင့်ကြီးက ပိုကျပ်လာတာမဟုတ်ဘူး။ အင်တာနက် website က ပိုကောင်းလာတယ်။ ဒါပေမယ့် အင်တာနက်ပေါ်မှာ သုံးတဲ့လူတွေက အရမ်းများလာတဲ့အတွက်ကြောင့် မှုခင်းတွေကများလာတဲ့အတွက် အဲဒါတွေအကုန်လုံးမှာ မူတည်ပြီးတော့ တချို့ကိစ္စတွေမှာ ဖမ်းတဲ့ ကိစ္စတွေ ခေါင်းစဉ်တွေများသွားတာ။ ကျနော်တို့က ပိုလည်းကောင်းမလာသလို ၊ ပိုလည်း ဆိုးမလာဘူးလေ။ အင်တာနက်ရဲ့ ပေတံနဲ့တိုင်းရင် ပိုဆိုးမလာဘူးလို့ ကျနော်ကပြောတာ။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ အင်တာနက် တယ်လီဖုန်းသုံးနေတဲ့လူ ၃၂ သန်းလောက်ရှိသွားတယ်။ အရင်တုန်းကဆိုရင် ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်က ၅ သန်းလောက်ပဲရှိတာ။ အဲဒီအချိန်မှာ တ၀က်လောက်က အင်တာနက်သုံးနေတယ်။ ၇၀ ရာခိုင်နှုန်းက စမတ်ဖုန်းတွေသုံးနေတယ်။ အဲဒီအနေအထားမှာ အမှုအခင်းရှိတဲ့အခါကျတော့ အမှုအခင်း ၇ ခုရှိတယ်ဆိုရင် အဲဒါနဂိုအတိုင်းပဲ။ ဟို လျှော့ချပေးတာမဟုတ်သလို၊ freedom ဖြစ်သွားတာလည်း မဟုတ်ဘူး။ သူတို့ process တွေအကုန်လုံးက မီဒီယာနဲ့ ပက်သက်တာတွေပဲ။ အင်တာနက်နဲ့ ပက်သက်တာတွေလည်း နဂိုအတိုင်းပဲ။”
လက်ကိုင်ဖုန်းတွေ ဖောဖောသီသီ သုံးစွဲခွင့်ရလာတာနဲ့အမျှ အင်တာနက်ကို အသုံးများလာပေမဲ့ ဆက်သွယ်နိုင်မှု အရည်အသွေး ကတော့ ကမ္ဘာမှာ အနိမ့်ဆုံးအဆင့်မှာ ရှိနေတုန်းပဲလို့လည်း Freedom House ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ အင်တာနက် စာမျက်နှာတွေကို ဆင်ဆာဖြတ်တောက်တာ၊ ပိတ်ပင်တာမျိုး မရှိပေမဲ့ ထိလွယ်ရှလွယ် နိုင်ငံရေးကိစ္စမျိုးတွေကိုတော့ ဖော်ပြသင့်သလောက် ဖော်ပြတာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။ စစ်တပ်လို အဖွဲ့အစည်းမျိုးတွေက ဂုဏ်သိက္ခာထိခိုက်မှာ စိုးတာကြောင့် အင်တာနက် သုံးစွဲတဲ့သူတွေကို ဖိအားပေးတာမျိုးတွေလို အွန်လိုင်းပေါ်က အကြောင်းအရာတွေကို ကန့်သတ်မှုတွေ ရှိတာကိုလည်း အစီရင်ခံစာက ထောက်ပြခဲ့တာပါ။ မြန်မာသတင်းသမားများကွန်ယက် အဖွဲ့ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမြင့်ကျော် ကတော့ မကြာသေးခင်ကပဲ Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြခဲ့တာတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးမှုတွေ ရှိခဲ့တာလို အင်တာနက်သုံးသူတွေအပေါ် ပုံစံတမျိုးနဲ့ ဖိနှိပ်မှုတွေ ရှိနေတာဟာ စိုးရိမ်စရာကောင်းတယ်လို့ ပြောပါတယ်။
“ကျနော့်အမြင်မှာပေါ့လေ။ website တွေ ပိတ်ပင်တာတွေတော့ ဘာမှ မရှိဘူးပေါ့လေ။ ၂၀၁၁ နောက်ပိုင်းမှာ လျှော့ချလိုက်တဲ့နောက်။ သို့သော် ဒီမှာအများဆုံးသုံးတဲ့ မီဒီယာကနေ ရေးသားတဲ့ဟာတွေက အစိုးရတို့၊ နိုင်ငံတော် တပ်တို့ ကို ရေးသားတာမျိုးတွေမှာ သူတို့က အသရေပျက်စေတဲ့အတွက် ရေးသားတဲ့ဟာတွေက ဒီလပိုင်းတွေမှ ဖမ်းဆီးတာတွေ ၊ ဒီနှစ်အတွင်းမှာလည်း ဖမ်းဆီးတာတွေရှိလာတယ်။ သူတို့ကို ပုဂ္ဂိုလ်ရေးရာ ဝေဖန်တာတွေလည်းဖြစ်ဖြစ် ၊ အဖွဲ့အစည်းပေါ့နော်၊ တပ်တို့ ဘာတို့ကို ဝေဖန်တာတွေကို သီးခံမှာ မဟုတ်ဘူးဆိုတာတွေ ပြလာတယ်ပေါ့။ ဒီလပိုင်းမှာဆိုရင် ပိုတောင် ဆိုးဆိုးဖြစ်လာတယ်။ တယောက်ပြီးတယောက် ဖမ်းတာတွေကို တွေ့ရတယ်။”
ကမ္ဘာပေါ်က နိုင်ငံပေါင်း ၆၅ နိုင်ငံက အင်တာနက် လွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သက်လို့ Freedom House အဖွဲ့က ဗုဒ္ဓဟူးနေ့က အစီရင်ခံစာ ထုတ်ပြန်ရာမှာ ၆ နှစ်မြောက်ဖြစ်တဲ့ ဒီနှစ်မှာတော့ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၃၂ နိုင်ငံမှာ ကျဆင်းမှုတွေ တွေ့ခဲ့ရတယ်လို့ ဖော်ပြခဲ့တာပါ။ ၅ နှစ်ဆက်တိုက် ကမ္ဘာတ၀ှမ်း အင်တာနက်လွတ်လပ်ခွင့်တွေ ကျဆင်းလာနေတဲ့အထဲ ဒီနှစ်မှာ အဆိုးဆုံးကတော့ တရုတ်နိုင်ငံ ဖြစ်တယ်လို့လည်း ဖော်ပြထားသလို၊ အမေရိကန်ကိုတော့ လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ်နဲ့ အစီရင်ခံစာက သတ်မှတ်ထားခဲ့ပါတယ်။
ကိုအောင်လွင်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
၂၂-ရက်နေ့က ထုတ်ပြန်တဲ့ စာမျက်နှာ (၃၂)မျက်နှာပါ ပြည်ခိုင်ဖြိုးပါတီကျေညာချက်နဲ့ အမေရိကန်အခြေစိုက် CBS သတင်းဌာနနဲ့ လုပ်တဲ့ အင်တာဗျူးမှာ သမ္မတသိန်းစိန်ဖြေကြားသွားတဲ့အချက်တွေကို ထောက်ရင် -
(၁) ပြည်ခိုင်ဖြိုးနိုင်ခဲ့ရင် စစ်မှန်တဲ့ ဒီမိုကရေစီရဖို့၊ ဖက်ဒရယ်မူကို ကျင့်သုံးဖို့ ဖွဲ့စည်းပုံကို ပြင်ပေးမယ်၊
(၂) အခြားပါတီနိုင်ခဲ့ရင်လည်း အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးမယ်လို့
ပါရှိတယ်။ ဒါပေမဲ့ ပြည်ခိုင်ဖြိုးပါတီကို မျက်ခြေမပြတ် စောင့်ကြည့်နေသူတို့က ပြည်ခိုင်ဖြိုးပါတီဟာ ဘယ်တုန်းကမှ အပြောနဲ့အလုပ် မညီခဲ့ဘူးဆိုတာ သိရှိထားကြပါတယ်။ ဥက္ကဋ္ဌလုပ်ဖူးတဲ့ ဦးရွှေမန်းက ပြည်ခိုင်ဖြိုး အနိုင်ရဖို့ ခက်ခဲကြောင်း၊ ဖွဲ့စည်းပုံပြင်ဖို့လည်း မလွယ်ကူကြောင်း ဖြူးမှာ ပူပူနွေးနွေး ပြောသွားတော့ ပြည်ခိုင်ဖြိုးပါတီကြားမှာ ဖွတ်မြီးတိုကုန်ကြတယ်လို့ သိရပါတယ်။
မိမိတို့က ပြည်ခိုင်ဖြိုးပါတီ အခြေအနေကောင်းတယ်လို့ မယူဆပါ။ မိမိတို့မှာ ခိုင်လုံတဲ့ သတင်းတွေ ရှိပါတယ်။
(၁) NCA အပစ်ရပ်ရေးမှာ အိနြေ္ဒမဲ့တဲ့ အဖွဲ့တွေကိုပဲ ရလာလို့ MPC နဲ့ မအလတို့ အငြိုးအငြင်ခံနေရကြောင်း၊
(၂) နိုင်ငံတကာရှိမြန်မာသံရုံးဝန်ထမ်းတွေတောင် ပြည်ခိုင်ဖြိုးကို မဲမပေးဘဲ NLD ကို မဲပေးမှာကို ရိပ်မိတဲ့ စစ်သားဟောင်းသံအမတ်အချို့က ဖြုတ်ပစ်မယ်၊ လစာ မပေးဘဲ နေမယ်လို့ ခြိမ်းခြောက်ကြောင်း၊
(၃) စစ်တပ်မိသားစုက ငြိမ်းချမ်းရေးကို လိုလားလွန်းလို့ NLD ပါတီကိုပဲ မဲပေးမယ်တကဲကဲ ဖြစ်နေလို့ မအလကိုယ်တိုင် မသိမသာ သတိပေးရကြောင်း၊
(၄) ဝန်ထမ်းလောကမှာလည်းပဲ ပြည်သူ့ဝန်ထမ်းဘဝဆုံးရှုံးနေရတာတို့၊ အစိုးရခြယ်လှယ်သလို ကပြအသုံးတော်ခံနေရတာတို့ကို စိတ်ပျက်နေကြပြီး NLD ကိုပဲ မဲထည့်ပေးဖို့ ကြိုးစားနေကြတာကို ရိပ်မိလို့ ရာထူး၊ လခ၊ ခြောက်လုံးမက်လုံးတွေ သုံးကာ ဖြားယောင်းသွေးဆောင်နေကြောင်း၊
(၅) တိုင်းရင်းသားဒေသအချို့တွေမှာ ပြည်ခိုင်ဖြိုးက မဲလုံးဝမရနိုင်ကြောင်း သိရလို့ စစ်ပွဲများကို ဖန်တီးခြင်း၊ တိုင်းရင်းသားတွေက ရွာမှာ မနေဝံ့အောင် ခြိမ်းခြောက်ခြင်း၊ IDPs တွေက ရွာပြန်ပြီး မဲပေးဖို့ ကြိုးစားတာတောင် ခွင့်မပြုခြင်း စတဲ့ မလိမ့်တပတ်တွေကို လုပ်နေဆဲဖြစ်ကြောင်း
သိရပါတယ်။ သီတဂူဆရာတော်တပည့်တွေ၊ မဘသတပည့်တွေ၊ မြန်မာအမျိုးသားရေးဝါဒီတွေ၊ စစ်တပ်မိသားစုတွေ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကချင်တို့က ပြည်ခိုင်ဖြိုးကို မဲပေးကြမှာဖြစ်လို့ NLD အကြီးအကျယ်ရှုံးနိမ့်မယ်လို့ မျိုးချစ်ဇာမဏီဆိုသူက ရေးတယ်။ ပြောင်းပြန် မှတ်ယူပါ။ သူရေးတဲ့အချက်တွေဟာ နေ့ခင်းကြောင်တောင်မှာ ကယောင်ကတမ်း ပြောနေခြင်းမျှသာ ဖြစ်တယ်။
ရွေးကောက်ပွဲမှာ အသက်ကယ်ဆေးလို သဘောထားတဲ့ NCA ကလည်း တကယ့်တကယ်ကျတော့ ဆေးက မတိုးဘဲ ဆေးလေးရုံပဲ ရှိနေတာကို တွေ့ရမှာ ဖြစ်တယ်။ မအလက ရှက်ကိုးရှက်ကန်းနဲ့ SSPP ကို ထိုးစစ်သွားဆင်တယ်။ အကြောင်းကတော့ NCA ကိစ္စမှာ MPC နဲ့ အဖွဲ့ (၈)ဖွဲ့တို့မှာ အခြေအနေကောင်းများ မရှိဘူးဆိုတာ ထင်ရှားစေတယ်။ မအလတို့ ထိုးစစ်ဆင်လေ NCA ကို ပြက်ရယ်ပြုလေ ဖြစ်မှာမို့ လက်မှတ်ထိုးသွားတဲ့ (၈)ဖွဲ့ကိုလည်း နာမည်ဖျက်ပြီးသား ဖြစ်နေတယ်။ ကျန်အဖွဲ့တွေက ရွေးကောက်ပွဲအဖြေကို အေးအေးဆေးဆေး ထိုင်စောင့်နေတာကို မအလက သိလို့ မင်းတို့အေးအေးဆေးဆေး စောင့်ခွင့်မပေးနိုင်ဘူးကွဆိုပြီး သူက ရှမ်းပြည်ဘက်မှာ ဆူဆူပူပူ သွားလုပ်နေတာပါ။
ဒီတော့ -
(၁) NCA မှာ တိုင်းရင်းသားအားလုံးကို လက်မခံဘဲ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖွဲ့စည်းပုံကို ပြင်ပေးမယ်ဆိုတာ ယုံပါသလား။
(၂) တိုင်းရင်းသားတွေကို ထိုးစစ်ဆင်နေမှုကို မရပ်တန့်ဘဲ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်မယ်ဆိုတာ ယုံပါသလား။
(၃) စစ်တပ်နဲ့ သူ့အုပ်စုက ပါတီတစ်ခုအတွက် ပြောင်ပြောင်တင်းတင်း အားပေးနေတဲ့အခါမှာ စစ်တပ်ချုပ်ကိုင်ထားတဲ့ ကော်မရှင်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုကို လုပ်ပေးမယ်လို့ ယုံပါသလား။
(၄) နောက်ဆုံး အာဏာလွှဲပြောင်းမဲ့ ကိစ္စကို ပြောမယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ မရှိတဲ့နေရာမှာ ဗုံးကွဲခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သည်းမခံနိုင်အောင် ရန်စစော်ကားခြင်း၊ အတိုက်အခံများနဲ့ တိုင်းရင်းသားများ အထင်မှားခံရအောင် ကောလာဟလသတင်းများကို ထုတ်လွှင့်ခြင်း စတဲ့ အဖျက်အမှောင့်လုပ်ရပ်များကို စစ်တပ်က လုပ်နေတုန်းပါ။ ဒါဟာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးမဲ့ လက္ခဏာတွေလို့ ယုံပါသလား။
မယုံရေးချမယုံပါ။ ဒါကြောင့် စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးတို့ ထောင်ထားတဲ့အကွက်တွေကို အများကြီး ကျော်လွှားတတ်ဖို့ လိုပါ့မယ်။ ဒါမှသာ NLD က ပြည်ထောင်စုအဆင့်မှာ အစိုးရဖွဲ့စည်းနိုင်မှာ ဖြစ်ပြီး တိုင်းရင်းသားတွေကလည်း ပြည်နယ်အဆင့်တွေမှာ အစိုးရဖွဲ့နိုင်ပါလိမ့်မယ်။
(၁) NLD နိုင်မှ ဖွဲ့စည်းပုံကို ပြင်ဖို့ ဖိအားပေးနိုင်မယ်။
(၂) NLD က တိုင်းရင်းသားတွေအားလုံးကို လက်ခံမှာမို့လို့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်မယ်။
အော် တစ်ခု မေ့နေလို့။ ဓာတ်ပုံကို ကြည့်ပါ။ ဘယ်သူလဲ အားလုံးသိကြပါတယ်။ တိုင်းပြည်က ဒီလောက် မွဲနေတာ အင်ကျီအနက်နဲ့လူက ချမ်းချမ်းသာသာနဲ့ အေးဆေးပဲနော်။ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးဆိုတာ ဒီလူတွေအတွက်ပဲ ဖြစ်ပါလိမ့်မယ်။ နောက်တစ်ယောက်က ကာကွယ်ရေးဝန်ကြီးဆိုသူပါ။ တိုက်ပွဲတွေ ဒီလောက်ဖြစ်နေတာ သူ့ကို မီဒီယာမှာ တစ်ခါမှ မမြင်မိသလိုပဲ။ ရှိချင်လည်း ရှိမှာပေါ့လေ။ ဒီနှစ်ယောက်ကို ဒီမှာ တွေ့ရတာဟာ သွေးရိုးသားရိုးမဟုတ်ပါ။ မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး အရူးလုပ်ခံနေရတဲ့ဘဝကနေ လွတ်မြောက်ဖို့ အရင်လုပ်ရမယ်။
Credit.U Ravika
[ads-post]
[youtube src="uw9yIwPKitM"/]
နိုင်ငံရေးပါတီတွေ ကနေ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေလည်း အတော်များများ ပါဝင်ကြပါတယ်။ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်ထဲရောက်ဖို့အတွက် ကိုယ်စားလှယ် တဦးချင်းစီအလိုက် ကြိုးပမ်းနေတာတွေ ရှိသလို သူတို့တတွေ အရွေးခံရဖို့အတွက် နှိုးဆော်တာတွေ လည်း ရှိနေပါတယ်။
RFA
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့် ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ ဟောပြောပွဲအား ခွင့်ပြုချက် မရရှိသေးဘဲ ပွဲကျင်းပခွင့် လျှောက်ထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဟောပြောပွဲကို နိုဝင်ဘာ ၁ ရက် ညနေ ၃ နာရီခွဲတွင် ကျင်းပရန် စီစဉ်နေခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဖြစ်သည်။
ထိုကဲ့သို့ ခွင့်ပြုချက်မရရှိမှုမှာ အောက်တိုဘာ ၂၇ ရက်နေ့ကတည်း စတင်သိရှိခဲ့ရခြင်းဖြစ်ပြီး ယနေ့တွင်လည်း ရုံးပိတ်ရက် ဖြစ်သည့်အတွက် အောက်တိုဘာ ၂၉ ရက်ရောက်ရှိမှ အဖြေအတိအကျ သိရှိနိုင်မည် ဖြစ်ကြောင်း
NLD ပါတီ၏ ရန်ကုန်တိုင်းဒေသကြီး အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်ထိန်က အောက်တိုဘာ ၂၈ ရက် ညနေပိုင်းတွင် ပြောကြားပါသည်။
"ဒီနေ့ကလည်း လပြည့်နေ့ဖြစ်တယ်လေ။ ပိတ်ရက်လည်းဖြစ်နေတော့ မနက်ဖြန်ဆိုရင်တော့ တစ်စုံတစ်ရာ အဖြေထွက်မှာပါ။ လက်ရှိကတော့ တင်ထားတဲ့အတိုင်းပဲရှိပါသေးတယ်။ ခွင့်ပြုတယ်။ ခွင့်မပြုဘူးဆိုတာတော့ ပြောလို့မရသေးဘူးပေါ့နော်။ နှုတ်အားဖြင့်တော့ ခွင့်ပြုမှာပါ။ အဆင်ပြေမှာပါတယ်လို့ ဒီလိုတော့ပြောတယ်။ ဒါပေမဲ့ သူတို့က မနက်ဖြန်ခါ သူတို့ တိုင်းဒေသကြီး အစည်းဝေးက ကြာသပတေးနေ့တိုင်း ပုံမှန်ရှိတာကို။ မနက်ဖြန်မှ
အဲဒီက ကျတဲ့အဖြေကသိရမယ်" ဟု NLDရန်ကုန်တိုင်းဒေသကြီး အောင်နိုင်ရေးအဖွဲ့ဥကဋ္ဌ ဦးစိုးမြင့်ထိန်က ဆိုပါသည်။
မူလက ဟောပြောပွဲကို ရန်ကုန်မြို့ရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ (MCC) တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ပွဲကျင်းပခွင့် လျှောက်ထားရာတွင် အခြားပွဲ တစ်ပွဲနှင့် တိုက်နေသဖြင့် မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်း ဘောလုံးကွင်းသို့ ပြောင်းရွှေ့ ကျင်းပရန် စီစဉ်ခဲ့ရာ အဆိုပါ နေရာမှာလည်း နေရာ ကျဉ်းနေသဖြင့် ဟောပြောပွဲသို့ လာရောက်သူများနှင့် ကားများကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်နိုင်သဖြင့် နေရာ အခက်အခဲကြောင့် ပြည်သူ့ရင်ပြင်သို့ ထပ်မံပြောင်းရွှေ့ခြင်း ဖြစ်ပါသည်။
“ကျိုက်ဝိုင်းကနေ ပြည်သူ့ရင်ပြင် ပြောင်းတယ်။ ပြည်သူ့ရင်ပြင်မှာလည်း အသုံးပြုခွင့်ကို အစိုးရအဖွဲ့ကို တောင်းတော့ အစိုးရအဖွဲ့က သူတို့နဲ့ မဆိုင်ဘူးဆိုပြီး ကော်မရှင်ကို လွှဲတယ်။ ကော်မရှင်ကိုပြောတော့ ကော်မရှင်က သူတို့နဲ့ မဆိုင်ဘူးဆိုပြီး အစိုးရအဖွဲ့ကို ပြန်လွှဲတယ်။ အခု အစိုးရအဖွဲ့ကိုသွားခွင့် တောင်းနေပြီ။ ရလား။ မရလား မသိသေးဘူး။ ရတဲ့ နေရာမှာတော့ လုပ်မှာ” ဟု NLD ဗဟိုအောင်နိုင်ရေး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးကာလ စတင်သည့် စက်တင်ဘာ ၈ ရက် နောက်ပိုင်းတွင် ပထမဆုံး ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲအဖြစ် ကယားပြည်နယ်သို့ သွားရောက်ခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့၌ လည်းကောင်း၊ သူမ ၀င်ရောက်ယှဉ်ပြိုင်မည့် ကော့မှူးမဲဆန္ဒနယ်၌ လည်းကောင်း၊ ဖျာပုံမြို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ဟုမ္မလင်းမြို့များ၌ လည်းကောင်း ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲများ ပြုလုပ်ထားသည်။ ထို့ပြင် ကချင်ပြည်နယ် မြစ်ကြီးနား၊ ၀ိုင်းမော်၊ နမ္မတီး၊ မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း၊ ဗန်းမော်၊ မိုးမောက်မြို့များ၌ လည်းကောင်း၊ ရခိုင်ပြည်နယ် တောင်ကုတ်၊ သံတွဲ၊ ဂွမြို့များ၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်မြို့များ၌ လည်းကောင်း၊ ရှမ်းပြည်နယ် တာချီလိတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံမြို့များ၌ လည်းကောင်း ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲများ ပြုလုပ်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲတိုင်း လိုလိုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ ဖြစ်ပါက ဘာသာခြား၊ လူမျိုးခြားများ ကြီးစိုးသွားမည်ဟု ၀ါဒဖြန့် သတင်းများနှင့် ပတ်သက်၍ အများဆုံး မေးခွန်း မေးမြန်းခြင်းခံရပြီး ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ မမှန်သတင်း ဖြန့်နေသူများ သတ္တိရှိပါက စာဖြင့် တရားဝင် စွပ်စွဲ ရေးသားနိုင်ပြီး တရားဥပဒေအရ ရင်ဆိုင်မည် ဖြစ်ကြောင်းနှင့် ပြည်သူများ အနေဖြင့်လည်း ယင်းကဲ့သို့ ၀ါဒဖြန့်ချိမှု ပြုလုပ်နေသူများအား သိပါက သက်သေနှင့်တကွ NLD သို့ တိုင်ကြားနိုင်ပြီး တရားစွဲဆိုမည်ဖြစ်ကြောင်း ပြောကြားထားသည်။
ထို့အတူ NLD အစိုးရ ဖြစ်ပါက ငြိမ်းချမ်းရေး ကိစ္စရပ်အား ဦးစားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အဂတိ လိုက်စားမှုအား အမြစ်ပြတ် မတိုက်ဖျက်နိုင်သည့်တိုင် သန့်ရှင်းသည့် အစိုးရ တစ်ရပ်အဖြစ် ထူထောင်မည်ဖြစ်ကြောင်း၊ အခွန်အကောက် ကောက်ခံရာတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ စာချုပ်ပါ အချက်အလက်များ သိရှိအောင် ပြုလုပ်ပြီး ပြည်သူလူထု သိရှိအောင် ချပြမည်ဖြစ်ကာ မည်သို့ ဆက်လက်ဆောင်ရွက်ရမည်ကို ပြည်သူထံ အကြံဉာဏ် တောင်းခံမည်ဖြစ်ကြောင်း ပြောကြားထားသည်။
Eleven Media Group
[ads-post]
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) ၏ မီးပုံးပျံ လွှတ်တော်ပွဲကို ယနေ့ (အောက်တိုဘာ ၂၈ ရက်) သီတင်းကျွတ်လပြည့်နေ့တွင် နေပြည်တော် ဥပါတသန္တိစေတီ တပေါင်းကွင်း၌ ပြုလုပ်ခဲ့ရာ မီးပုံးပျံ မီးလောင်ပျက်ကျခဲ့ကြောင်း သိရှိရသည်။
ပျက်ကျခဲ့သည့် မီးပုံးပျံသည် မှိုင်းတိုက်စဉ်ကပင် လောင်ကျွမ်းမှု ရှိခဲ့ပြီး အဆိုပါ လောင်ကျွမ်းမှုအား ပြန်လည်ပြင်ဆင်၍ လွှတ်တင်ခဲ့ရာ အမြင့် ပေ ၄၀၀ ခန့် ရောက်ချိန်တွင် မီးလောင်ပြီး ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
ပြည်ခိုင်ဖြိုးပါတီ၏ မီးပုံးပျံလွှတ်တော်ပွဲ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ အောင်နိုင်ရေး ဦးစီးကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့ညတွင် ပြုလုပ်ခဲ့သော မီးပုံးပျံလွှတ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ ၀င်ပြိုင်ကြမည့် ဦးသိန်းညွန့်၊ ဦးဝေလွင်၊ ဦးမြတ်ဟိန်း၊ ဦးလှဌေးဝင်းတို့လည်း တက်ရောက်ခဲ့ကြပြီး မီးပုံးပျံ လွှတ်တင်ပွဲ ပြုလုပ်ရခြင်းမှာ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်လာရေး အတွက်
ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးလှဌေးဝင်းက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
နေပြည်တော် ဥပါတသန္တိစေတီတော် တပေါင်းကွင်း၌ မီးပုံပျံလွှတ်တင်ပွဲ ပြုလုပ်ခြင်းသည် ပထမဆုံးဖြစ်ပြီး ဘုရားဖူး လာရောက်ကြသည့် ပရိသတ်များဖြင့် စည်ကားခဲ့နေချိန်၌ ယင်းကဲ့သို့ မီးပုံပျက်ကြခဲ့ခြင်း ဖြစ်ပါသည်။
မီးပုံးပျံ လွှတ်တင်ပွဲ ပြုလုပ်ခဲ့သည့် ဥပါတသန္တိစေတီတော် တပေါင်းကွင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲ ပြုလုပ်ရန်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုမိန့် မရခဲ့ကြောင်း သိရပါသည်။
Eleven Media Group
dassk-zayyarthiri-620.jpg
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၂ဝ ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာမှာ ရွေးကောက်ပွဲအသိပညာပေး ဟောပြောပွဲကျင်းပစဉ်
Photo: Win Naung Toe/RFA
လာမယ့် နိုဝင်ဘာလ ၁ရက်နေ့ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရွေးကောက် ပွဲအောင်နိုင်ရေး ဟောပြောပွဲ အတွက် နေရာခွင့်ပြုချက်မရသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အန်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးမြင့်ဌေးက ပြောပါတယ်။
မနက်ဖြန် ကျင်းပမယ့် ရန်ကုန်တိုင်းအစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြပေးမယ်လို့ တိုင်းရွေးကောက်ပွဲ ကော်မရှင် က အကြောင်းပြန်ထားတယ်လို့ ဦးမြင့်ဌေးက ပြောပါတယ်။
"ခွင့်ပြုချက်မရသေးတာပေါ့ဗျာ၊ ကော်မရှင်ကိုလျှောက်တော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ပြောတယ်ဗျာ၊ အစိုးရအဖွဲ့ကိုပြောတော့လည်း ကော်မရှင်နဲ့ဆိုင်တယ် ပဲပြောတယ်၊ မနေ့ကတုန်းကတော့ ကျနော်တို့တိုင်းအတွင်းရေးမှူးတော့လိုက်ပြီး စီစဉ်ဆောင်ရွက် နေတယ်၊ ကြာသပတေးနေ့ပုံမှန်ကတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့အစည်းအဝေး ရှိတယ်လေ၊ အဲ့မှာတင်ပြမယ်လို့တော့ ကျနော်သိရတယ်၊ ကြာသပတေးနေ့ကျမှ ကျနော်တို့ ခွင့်ပြုချက်ရမရဆိုတာကို ကျနော်တို့ သေချာသိရမယ်၊ ကျနော်တို့ တိုင်းအတွင်းရေးမှူး ကိုထွန်းမြင့်ကိုပြောလိုက်တာကတော့ ဒဂုံမြို့နယ်ထဲမှာ ဒီကွင်းက ကျယ်တယ်ပေါ့နော်၊ ဒဂုံမြို့နယ် က ပြောမယ့်ကိုယ်စားလှယ်မပါလို့တော့ အကြောင်း ပြချက်ပြောသံကြားတာပဲ"
အရင်က အဲဒီဟောပြောပွဲကို ရန်ကုန်မြို့မှာရှိတဲ့ မြန်မာကွန်ဗင်းရှင်းစင်တာ MCC မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အဆင်မပြေတာကြောင့် မရမ်းကုန်းမြို့နယ်က ကျိုက်ဝိုင်းဘောလုံးကွင်းမှာ ကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။ ကျိုက်ဝိုင်းဘောလုံးကွင်းမှာ နေရာအခက်အခဲကြောင့် ပြည်သူ့ရင်ပြင်ကို ပြောင်းရွှေ့ဖို့ စီစဉ်ကြ တာဖြစ်ပါတယ်။
အဲဒီဟောပြောပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းအတွင်း ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်းတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဟောပြောခဲ့ပြီး သူဝင်ရောက် ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်မှာလည်း ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွေ ကျင်းပခဲ့ပါတယ်။
RFA
[ads-post]
sspp-ssa-620.jpg
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။
Photo courtesy of SSPP/SSA
ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ်နဲ့ မိုင်းရှုးမြို့နယ်စပ်က ဝမ်လွေဒေသမှာ အစိုးရတပ်နဲ့ SSPP/SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့ မနေ့က ညနေပိုင်းအထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ မနေ့က ညနေပိုင်းအထိ ၀မ်လွေဒေသက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက အခုလို ပြောပါတယ်။
"ဖြစ်တာက မနေ့က ညနေ ၃ နာရီခွဲကနေ၊ ၆ နာရီခွဲပါ၊ ဝမ်လေဆိုတာ ကျေးသီးမြို့နယ် နဲ့ မိုင်းရှုးမြို့နယ်စပ်ပေါ့၊ ထိခိုက်မှုတော့မရှိသေးပါဘူး၊ မနေ့ကတော့ ပြင်းပြင်းထန်ထန် တော့ဖြစ်တယ်၊ အစိုးရတပ်တွေက ဝမ်လွေဖက်ကနေပြန်ဆုတ်သွားတယ်လေ၊ မိုင်းနောင်မြို့နယ် ရိန်းကောင်ရွာက ည ၁ဝ နာရီမှာလေ၊ သူတို့လက်နက်ကြီးနဲ့ ပစ်တာ အိမ် ၃ လုံးထိသွားတယ်"
လက်နက်ကြီးကျတဲ့ မိုင်းနောင်မြို့နယ် ရိန်းကောင်ရွာက အိမ်ခြေ သုံးလုံးပျက်စီး သွားခဲ့ပေမယ့် အဲဒီအိမ်ကလူတွေတော့ ထိခိုက်ဒဏ်ရာရမူ မရှိဘူးလို့ သိရပါတယ်။
ရှမ်းပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့အတွက် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA က နိုင်ငံတော် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို စာပေးပို့အကြောင်းကြားခဲ့ပေမယ့် သူ့အနေနဲ့ လုပ်ပေးပိုင်ခွင့်မရှိဘူးလို့ အကြောင်းပြန်ခဲ့ကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကတည်းက အစိုးရတပ်နဲ့ SSPP/ SSA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် မိုင်းရှုး၊ကျေးသီးမြို့နယ်နဲ့ မိုင်းနောင်မြို့နယ် ထဲမှာရှိတဲ့ ရွာပေါင်း ၂၂ရွာက စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စာသင်ကျောင်း ၁၄ ကျောင်းပိတ်ထားရ တာကြောင့် ကျောင်းသူ ကျောင်းသား တစ်ထောင့်နှစ်ရာကျော် စာသင်ကြားခွင့်ဆုံးရှုံးနေရပါတယ်။
ဒါ့အပြင် မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တွေအပြင် တန့်ယန်း၊ ဟိုပန်မြို့နယ်တွေမှာ လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။
RFA
[youtube src="u1MQZUnmq1I"/]
နိုင်ငံကျော် အနုပညာရှင်တွေဟာ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဖျော်ဖြေရေး အစီအစဉ်နဲ့ မဲဆွယ်ပေးခဲ့ကြပါတယ်။
မီးပုံးပျံ သေးသေးလေး လွှတ်တာကို မှတ်တမ်းတင်,,,,
အပြင်က ဗျောက်အိုးသံ ကြောက်တဲ့ တာချီဒို,,,,
လူသွားလမ်းလေးဘေးက ဖယောင်းတိုင် လေးတွေတန်းစီထားတာ လိုက်ကြည့်ပြီး အင်းယားကန်ဘေးက မီရှူးပန်းတွေကို မကြည့်အား,,,,
ဝါမှိန်မှိန် ဖယောင်းတိုင် မီးကြောင့် သိပ်မမြင်ရဘဲ လှနေတဲ့ အပင်ကြီးတွေကို ဓါတ်ပုံရိုက်,,,
ကိုယ်ရိုက်တာလေးတွေကြည့်ပြီး သဘောတွေကျ,,,,,
ဪ အမေ အမေ,,,,
အမေမြင်ချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံကြီး ပေါ်ပေါက်လာပါစေ,
အမေချစ်တဲ့ ပြည်သူပြည်သားတွေ ဘေးအန္တာရာယ် ကင်းဝေးပါစေ,
အမေ့ရဲ့ ရိုးသားမှုကို အခွင့်အရေးယူမယ့် အရှုပ်အထုပ် လူတန်းစားတွေနဲ့ ကင်းဝေးပါစေ အမေ...
Photo..အဆိုတော် လင်းလင်း/Htwe Lynn Ko Fb
political-prisoner-620.jpg ၂ဝ၁၃ ခုနှစ် မေလ ၁၇ ရက်နေ့က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားများကို လာကြိုသူများနဲ့အတူ တွေ့ရစဉ်-Photo: Kyaw Zaw Win/RFA
လာမယ့်ရွေးကောက်ပွဲကို ကြိုဆိုတဲ့အနေနဲ့ အကျဉ်းထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေး အကျဉ်း သားတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က နိုင်ငံတော်သမ္မတထံ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။
အထွေထွေရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ရေးအတွက် ရည်ရွယ်ပြီး တင်ပြတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာဥာဏ်ဇော်က ပြောပါတယ်။
''နိုင်ငံရေးပါတီတွေရော၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေရော၊ ပြည်သူတွေရော အားလုံးပါဝင်ပြီးတော့ လွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ချင် တာရယ်၊ ဒီရွေးကောက်ပွဲမှာလည်း ကျနော်တို့ အကျဉ်းထောင်မှာရှိတဲ့နိုင်ငံရေး အကျဉ်းသားတွေ၊ အခြားဒီမိုကရေစီတည်ဆောက်ရေးမှာ ပါဝင်တဲ့သူတွေ ထိမ်းသိမ်းခံရတဲ့ကျောင်းသား၊ ကျောင်းသူတွေ၊ ဒါတွေအားလုံးကို ကျနော်တို့ရွေးကောက်ပွဲမှာ ပါဝင်ဆင်နွှဲစေ ချင်တဲ့ ရည်ရွယ်ချက်တွေပါ၊ လွတ်ငြိမ်းချမ်းသာ ခွင့်ရရင် ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်၊ သူတို့က အဲ့အကျိုးဆက်တွေတော့ရမှာပေါ့"
လွတ်ငြိမ်းချမ်းသာခွင့်ပေးတာမှာ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေသာ အကျုံးဝင်တယ်လို့ သိရပြီး လက်ရှိဖမ်းဆီးခံ ထားရတဲ့ ကျောင်းသူကျောင်းသားတွေဟာ အမှုရင်ဆိုင်နေရ ဆဲဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ မရှိသေး ပါဘူး။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ပြီးခဲ့တဲ့ စက်တင်ဘာလ ကုန်အထိ ကောက်ယူထားတဲ့ စာရင်းအရ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ၉၆ ဦး ရှိပြီး အမှုရင်ဆိုင်နေရသူ ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
RFA
 ၂၀၁၅ ရွေးကောက်ပွဲက ရက်ပိုင်းမျှသာလိုတော့သည်။ မြန်မာနိုင်ငံတွင် ပါတီများမှိုလိုပေါက်ခွင့်ပြုထားသည့် အနေအထားကို ဖန်တီးထားသော်လည်း ရွေးကောက်ပွဲတွင် အဓိက ယှဉ်ပြိုင်ဘက် ပါတီ ၂ ခုသာရှိပါသည်။ အားလုံးသိကြသည့် အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီတို့ဖြစ်ကြပါသည်။ လူထုက ဒီ-ချုပ် နှင့် ကြံ့ဖွံ့ ဟုအတိုကောက် ခေါ်ကြပါသည်။ ယခု၂၀၁၅ အဓိက ပြိုင်ဘက်ပါတီ နှစ်ခု အတွက် အမည်သစ်တိုးလာသည်။ အနီ နှင့် အစိမ်းပါတဲ့။
သည် အမည်သစ်ရလာခြင်းမှာ အောက်တိုဘာ ၁၀ ရက်နေ့တွင် သုဝဏ္ဏမြို့ဦးစေတီနား၌ ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ ဟောပြောပွဲ၌ ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင်တဦးက ပြောခဲ့သောစကားများကြောင့် ပေါ်ထွက်လာခြင်းဖြစ်သည်။
ရွေးကောက်ပွဲတွင် သက်ဆိုင်ရာပါတီများက မိမိပါတီမဲရရှိရေး အတွက် မဲဆန္ဒရှင်လူထုကို စည်းရုံးမဲဆွယ်မှုများပြုရပါသည်။ ဟောပြောသူများ၏ ဟောပြောချက်များမှ တဆင့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တို့၏ ဥာဏ်ပညာ အတိမ်အနက်၊ ပါတီက လုပ်ဆောင်မည့် လမ်းစဉ်၊ တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်စားပြုမည့်သူ ဟုတ်၊ မဟုတ် နားထောင်အကဲဖြတ်နေသည့် လူထုက ဆုံးဖြတ်ကြပါသည်။ မဲဆွယ်ရာတွင် တဖက်နှင့် တဖက် ပုတ်ခတ်ဟောပြောခြင်းရှိသကဲ့သို့၊ တဖက်သား၏ ပျော့ကွက်ဟာကွက်များကို ထောက်ပြကာ၊ မိမိ သာ လုပ်ပိုင်ခွင့်ရခဲ့လျှင် ဖြည့်ဆည်းပေးမည်ဟု ဟောပြောမဲဆွယ်ခြင်းများလည်းရှိပါသည်။ တနည်းအားဖြင့် မဲဆန္ဒရှင်လူထုအတွက် လုပ်ဆောင်ပေးမည့်အရာများကို ကတိပေးရခြင်းဖြစ်ပါသည်။
ကိုယ်စားလှယ်လောင်းများ စတင်ဟောပြောခွင့် မရမီကပင်၊ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ပညာပေးဟောပြောပွဲများပြုလုပ်ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပွဲတိုင်း ပရိတ်သတ် ကြိတ်ကြိတ်တိုးလာရောက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်ခွင့် ရသည်ရက်မှစ၍ တနေရာပြီးတနေရာ မြန်မာပြည်တဝန်း တရစပ်သွားရောက်ဟောပြောတော့သည်။ သွားရောက်သည့် နေရာတိုင်း၊ ဟောပြောသည့်ပွဲတိုင်း ပရိသတ် သောင်းချီ၊ သိန်းချီတက်ရောက်လာကြသည်။
ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲများတွင်၊ ဘာမျှမကျွေးမွေး၊ မည်သည့် ပစ္စည်းမျှပေးဝေခြင်း မရှိ။ ရေတပေါက်ပင် မတိုက်။ သို့သော် လူထုက အုံနှင့်ကျင်းနှင့် လာရောက်နားထောင်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ဟောပြောမှုများကို လူအများစိတ်ဝင်စားကြသည်။ တန်ဖိုးထားကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း၊ ဟောပြောနိုင်စွမ်းရှိသည်။ ဟောပြောမှုပိုင်နိုင်သည်။ တဖက်ပါတီက ပွဲဦးထွက်လာသူက ဗိုလ်ချုပ်ဟောင်းဝေလွင်ဖြစ်သည်။ သူက မီးရရှိရေး ငွေလှုသည်။ သူ၏ တပ်မတော်အမှုထမ်းရာဇဝင်ကို ဟောပြောသည်။ သူကို ကျိန်းသေမဲထည့်ပါ မပြော။ သူ့ကိုထည့်သွင်းစဉ်းစားရန်သာပြောသည်။ သူအရွေးမခံရပါက တရားဘာဝနာပွားမည်ဟု ထည့်ပြောသွားသည်။ နောက်နေ့တွင် စိတ်ပုတီးကမ်းပေးနေသော ကာတွန်းများ၊ တရားအားထုတ်ရန် အခန်းပြင်ထားပါပြီအဘ ဆိုသော ကာတွန်းများတက်လာသည်။ ပြည်သူက နားပါတော့ဟု ချက်ခြင်းပြန်ဖြေခြင်းဖြစ်သည်။
နေပြည်တော်ကောင်စီနေရာတွင်၊ ဒုတိယမြောက် မဲဆွယ်ရန်ထွက်လာသူက၊ လယ်သမားများကို ထမင်းတနပ်လျှော့စားပါ ပြောမိသဖြင့် နာမည်ကျော်ခဲ့သည့် ဝန်ကြီးဖြစ်ပါသည်။ သူက မိသားစုအစုံအလင်ဖြင့် ပွဲထွက်လာသည်။ သူသည် လူပုံအလယ်သို့ ယခုကဲ့သို့ မိစုံဖစုံထွက်လာနိုင်သူဖြစ်ကြောင်း ပြောခြင်းဖြင့်၊ သွယ်ဝှိုက်သောနည်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်လိုက်သည်။ လာရောက်သော ပရိသတ်ထဲမှ တဦးကထ၍ “ ဝန်ကြီူ၏ဇနီးအမည်ဖြင့် သိမ်းထားသော မြေကွက်ကိစ္စ “ ထမေးမြန်းသည်။ သည်တွင် မဲဆွယ်ပွဲ တဝက်တပျက်နှင့် ရပ်လိုက်ရတော့သည်။
ထိုနောက် ဟင်္သာတနယ်တွင် လက်ရှိပြည်ခိုင်ဖြိုးပါတီ၏ ပူးတွဲပါတီဥက္ကဋ္ဌ ရာထူးယူထားသူက မဲဆွယ်ပွဲတွင် “ အိုဘားမား နှစ်ခါလာတော့၊ နှစ်ခါ အနမ်းခံရတာပေါ့ “ ဟုပြောလိုက်သည့် စကားက၊ ချက်ခြင်း ဖွဘုတ်တွင် တက်လာသည်။ ဝင်ရောက်ဖတ်ရှုသူ သိန်းကျော်ပြီး၊ တသောင်းသုံးထောင်ကျော်က နှုတ်လွန်ကြူးသူ ပူးတွဲပါတီဥက္ကဋ္ဌ ကို တုန့်ပြန်အပြစ်တင်သော စာများတက်လာတော့သည်။ တချို့ရေးသားချက်များက ပြင်းထန်လှသည်။ တုန့်ပြန်သူများထဲတွင် ရခိုင်ခေါင်းဆောင် ဒေါက်တာအေးမောင်လိုလူမျိုးများပင်ပါဝင်လာသည်။ ပူးတွဲဥက္ကဋ္ဌ ကြီးကား၊ အမှတ်တမဲ့ ပြောမိတာပါဟုသာ ဖြေရှင်းနိုင်တော့သည်။
ဤသို့ဤပုံ အာဏာရပါတီနှင့် အတိုက်အခံပါတီ တဖက်က လူထုထောက်ခံမှု အုံနှင့်ကျင်းနှင့်ရနေပြီး၊ တဖက်က လူထုကို ဒန်ပေါက်ပြခေါ်ရ၊ ပုဆိုး၊ ထမီကမ်းခေါ်ရ၊ ငွေ ငါးထောင်၊ တသောင်းပေးခေါ်ရ ဖြစ်နေသည့်တိုင် လူမများ၊ ပွဲမစည်ခြင်းအပေါ် အစိမ်းခေါင်းဆောင်တချို့သည်းမခံနိုင်ဘဲ၊ ပေါက်ကွဲကြခြင်းဖြစ်သည်။
ပူးတွဲဥက္ကဋ္ဌ၏ နှစ်ခါလာ နှစ်ခါနမ်း ဂယက်ရိုက်ကောင်းတုန်း၊ သူ့ထက်သူ လူစွမ်းကောင်းပေါ်ထွက်လာပြန်သည်။ ယင်းကား သုဝဏ္ဏကွင်း အစိမ်းတို့ဟောပြောပွဲတွင် “ အာဇာနည်ကုန်းကို ဗုံးခွဲတာ ဇင်ဘိုတို့ပါ “ သီချင်းရွတ်ပြသည့်၊ အစိမ်းဗဟိုကော်မီတီဝင်၏ အရုပ်ဆိုးလှသော အပြောနှင့်လုပ်ရပ်ဖြစ်ပါသည်။ သူက အနီရောင်ကို သွေးနှင့်ပမာပြ ပြောလိုခြင်းကို ရိုးရိုးပြောလျှင် ကိစ္စမရှိပါ။ ယခုကဲ့သို့ မိမိ နိုင်ငံ၏ ဂုဏ်ထူးဆောင်ဧည့်သည် တောင်ကိုရီးယား သမ္မတ နှင့် အဖွဲ့လာရောက်စဉ်၊ ထိုအဖွဲ့က အာဇာနည်ဗိမာန်သို့သွားရောက် ပန်းခွေချအလေးပြုခိုက် မြောက်ကိုရီးယားများက ဗုံးခွဲသတ်ဖြတ်ခြင်း နှင့် နှိုင်းယှဉ်ပြောဆိုသွားမှုက အလွန်အကျည်းတန်၊ ရုပ်ပျက်လှပါသည်။
ပြောင်းလဲချိန်တန်ပြီဟု အနီပါတီက ပြောနေခြင်းအပေါ် အနာပေါ် တုတ်ကျဘိသကဲ့နာနေခြင်းကိုလည်း၊ မဖုံးဖိနိုင်။ ၈၈ အရေးတော်ပုံကြောင့်ပဲ၊ ဒီမိုစနစ်သို့ပြောင်းပြောင်း၊ အနားယူစာဖတ်နေသည်ဆိုသော စစ်ခေါင်းဆောင်ကပဲ စေတနာ ဗရပွနှင့်ပေးခဲ့သည် ဖြစ်စေ၊ သည်စနစ်နှင့် လျှောက်လှမ်းတော့မည်ဟု၊ ပြည်တွင်းပြည်ပ သို့ကတိပြုထားပြီးဖြစ်ပါသည်။
ဒီမိုကရေစီ စနစ်ကျင့်သုံးပြီဆိုလျှင်၊ ဒီမိုကရေစီက ပြဋ္ဌာန်းချက်များကို လိုက်နာရမည်သာဖြစ်ပါသည်။ မလွဲမရှောင်သာ၍ ဒီမိုကရေစီအရိပ်ခိုလျက်၊ စည်းကမ်းရှိသောဒီမိုကရေစီဟု ခေါင်းစဉ်တတ်ကာ၊ မစို့မပို့ ဒီမိုကရေစီကို ပေးထားခြင်းကြောင့်၊ အနီပါတီက ပြည်သူလိုချင်နေသည့် အလုံးစုံပြောင်းလဲရေး ဖော်ဆောင်ပေးမည် ပြောဆိုစည်းရုံးခြင်းကို၊ လူထုဆန္ဒနှင့်ထပ်တူပါဟု၊ အုံနှင့်ကျင်းနှင့် ထွက်လာသော ပြည်သူက ပြန်တုန့်ပြန်ပြခြင်းဖြစ်ပါသည်။
အစိမ်းခေါင်းဆောင်တချို့က အနီနှင့်ပြည်သူ လက်တွဲညီနေမှု၏ အကြောင်းရင်းကိုမျှ မမြင်နိုင်ဘဲ၊ တုန်လှုပ်ခြောက်ခြားမှုကို၊ နှစ်ခါလာ နှစ်ခါနမ်း၊ အာဇာနည်ကုန်းဗုံးခွဲတာ ဇင်ဘိုပါ၊ စသဖြင့် မထော်မနှမ်းတုန့်ပြန် တိုက်ခိုက်လာကြသည်။ ပြည်သူက အစိမ်းခေါင်းဆောင်များ၏ အသိဥာဏ်တိမ်လှသည်။ အောက်တန်းကျလှသည် ဟု ရေးကြ၊ ပြောကြ၊ မှတ်ချက်ချကြသည်။
အစိမ်းခေါင်းဆောင် လေးငါးယောက်၏ မထော်မနှမ်း အပြောများကြောင့်၊ လူထုက အစိမ်းပါတီကို ပိုအထင်သေးလာသည်။ သည်လိုလူတွေ ခေါင်းဆောင်နေခဲ့လို့ တိုင်းပြည်ဒီလိုဖြစ်ခဲ့တာကိုးဟု ဆိုသူကဆို၊ ဒီလိုလူတွေ ဆက်အုပ်ချုပ်မယ်ဆိုရင်၊ ဆိုက္ကားသမားကို တက်အုပ်ချုပ်ခိုင်းတာကမှ တော်ဦးမယ် ဆိုသူဆိုနှင့်သည်ရက်ပိုင်းအတွင်းမှာပင် အစိမ်းပါတီအပေါ်ထောက်ခံမှု ဒလဟောကျဆင်းသွားသည်။
အစိမ်းခေါင်းဆောင်များ မထော်မနှမ်းပြောလာသမျှများအနက်၊ ဗဟိုကော်မတီဝင် အစိမ်း၏ ပြောစကားများက အဆိုးဝါးဆုံးဖြစ်ပါသည်။ ဗဟိုကော်မတီဝင်တဦးတွင် ဒီမိုကရေစီ စံချိန်စံညွှန်းများကို နားမလည်ဘဲ၊ လူမိုက်စကားပြောသည်ဟု မှတ်ချက်ချကြသည်။ အချိုပေါ်သကာလာမလောင်းနဲ့ ပြောစကားက ဒီမိုကရေစီကို နားမလည်ကြောင်းပြသနေပါသည်။ ဒီမိုကရေစီကျင့်စဉ်အရ၊ ယခင်အစိုးရ မပြီးပြတ်ခဲ့သော အလုပ်များကို၊ နောက်အစိုးရက ဆက်အကောင်အထည်ဖော်ရခြင်းသည်၊ ဒီမိုကရေစီကျင့်စဉ်ပင်ဖြစ်ပါသည်။
သည်မျှပင်နားမလည်ဘဲ၊ ငါ့အဘ ပေးခဲ့တဲ့ ဒီမိုကရေစီ၊ ငါတို့ပဲ ဆက်လုပ်မှာ၊ ဘယ်သူမှဝင်မလာနဲ့ အဓိပ္ပာယ်သက်ရောက်သော စကားများပြောထွက်ခြင်းက အစိမ်းပါတီအတွက် အနှုတ်လက္ခာများရစေခဲ့ပါသည်။ ထို့ပြင် မိမိနိုင်ငံသို့လာသည့် ဧည့်သည်၏ လုံခြုံရေးကို၊ မိမိနိုင်ငံက တာဝန်မယူနိုင်၍ ခမျာများ၊ နိုင်ငံတော်အဆင့် ဧည့်သည်ဖြစ်စေကာမူ၊ အာဇာနည်ကုန်းလို မြန်မာနိုင်ငံ၏ နေရာထူး၊ နေရာမြတ်၌ လွယ်လင့်တကူ ဗုံးခွဲ လုပ်ကြံခံရသည်ကို၊ ရှက်ရမည့်အစား၊ အနီခေါင်းဆောင်ကို လုပ်ကြံမည်ဟု ဆိုနေကြောင်း၊ အဓိပ္ပာယ်ကောက်ယူစေနိုင်သည့်၊ နမိတ်ပြစကားများ ပြောထွက်ခြင်းက၊ အာဏာလက်လွှတ်ရမည်ကို မည်မျှတုန်လှုပ်ခြောက်ခြားနေကြောင်း၊ တိုင်းပြည်နှင့် လူထုကို အထုပ်ဖြေပြလိုက်ခြင်းဖြစ်ပါသည်။
မည်သို့ဖြစ်စေ၊ မည်သည့်အခြေအနေရောက်သည်ဖြစ်စေ၊ အနီခေါင်းဆောင်က လူထုကို ဒီမိုကရေစီဆိုတာ ဘာလဲ သင်ပြလာသည်မှာ ကြာခဲ့ပြီ။ အနီပါတီ၏ အာဘော်ဖြစ်သော ဒီလှိုင်းစာစောင်တွင် “ ဒီစကား’’ အမည်ဖြင့် အနီခေါင်းဆောင်ရေးသားနေသော ဆောင်းပါးများက ဒီမိုကရေစီအကြောင်း လူထုကို ပြောပြနေခြင်းဖြစ်သည်။ ယခု လက်တွေ့ကွင်းဆင်းဟောပြောခြင်းဖြစ်သည်။
ဒီလှိုင်းစာစောင်သည်၊ စတင်ထုတ်ဝေချိန်က သိန်းချီရိုက်နှိပ်ရပြီး၊ လက်ရှိ စောင်ရေ လေးသောင်းခန့်ဖြန့်ချိနေရသည့် စာစောင်ဖြစ်သည်။ ထိုစာစောင်၏ ပျံ့နှုံ့နှုန်းက မဲဆောက်၊ ချင်းမိုင်၊ အိန္ဒိယ- မြန်မာနယ်စပ် အထိပျံနှုံ့သည့် စာစောင်ဖြစ်သည်။
အစိမ်းပါတီက ထုတ်ဝေနေသည့် နေ့စဉ်သတင်းစာ၊ ဂျာနယ်များ လူထုအကြား မည်မျှပေါက်ရောက်ကြောင်း၊ အစိမ်းများ အသိဆုံးဖြစ်ပေသည်။ အနီက လူထုဘာလိုအပ်နေသနည်း၊ လေ့လာ၍ အမှန်တကယ် အချိန်မဆွဲဘဲ၊ အပေး အယူနည်း မသုံးဘဲ ဆောင်ရွက်ပေးမည်ဟု၊ ဘာပစ္စည်းမျှ မပေးဝေဘဲ မဲတောင်းနေသည်။ အာဏာလက်ရှိပါတီ အနေဖြင့် ဒုတိယသက်တမ်းဆက်လိုပါက၊ ပြည်သူကို ရိုးရိုးသားသား အလွဲများကို လွဲခဲ့သည့်အတိုင်း၊ ပြုပြင်ရမည့် အချက်များကို အာဏာရှိစဉ်သက်တမ်းအတွင်း မဆောင်ရွက်ခဲ့နိုင်သည့် အကြောင်းရင်များကို ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး၊ လာမည့် ငါးနှစ်သက်တမ်း ခရီးဆက်ခွင့်ကို တောင်းခံရမည်ဖြစ်သည်။ ထိုသို့ မဲမတောင်းဘဲ၊ ငါတို့ပေးခဲ့တဲ့ ဒီမိုကရေစီ၊ ငါတို့သာ ဆက်ဖော်ဆောင်ခွင့်ရှိသည်ဆိုသော အပြောများ၊ အပြများက အစိမ်းအတွက် မဲတိုးစေမည့်မဟုတ်ဘဲ၊ အနီဘက်သို့ မဲများတွန်းပို့ပေးနေခြင်းသာဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကား၊ မည်သည့် အတားအဆီးရှိစေကာမူ၊ သွားစရာရှိသည့်နေရာသွားမည်၊ ပြောစရာရှိသည်ကို ပြောမည်ဟု အလုပ်ဖြင့်ပြသနေပါသည်။ ပျားအုံပမာ ထွက်လာသော လူထုကြား၊ နီးကပ်စွာ သွားလာနေသည်။ အကယ်၍ ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို မည်သူကပဲ အန္တရာယ်ပြုသည်ဖြစ်စေ၊ လူထုက အစိမ်းဟု စွပ်စွဲကြမည်ဖြစ်ပါသည်။
ထိုသို့ စွပ်စွဲစေaသာ အကြောင်းကလည်း၊ အာဇာနည်ကုန်းဗုံးဖောက်တာ ဇင်ဘိုတို့ပါ စကားကြောင့်ဆိုသည်ကို သတိချပ်လျက်၊ အစိမ်းခေါင်းဆောင်များ၊ ဒီမိုကရေစီကျင့်စဉ် အကြောင်း ပြန်လေ့လာသင့်ပါသည်။ ဒီမိုကရေစီ စနစ်အရ လူထုက ပေးအပ်မည့် အဆုံးအဖြတ်ကို ကြည်ကြည်သာသာ လက်ခံရန် ပြင်ဆင်ကြချိန်တန်ပါပြီ။
ခင်နှင်းဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ကြံ့ခိုင်ရေးပါတီ၏ မီးပုံးပျံလွှတ်တင်မှု မအောင်မြင်ဘဲ ပျက်ကျ(ရုပ်/သံ) နေပြည်တော်၊ ဥပ္ပါတသန္တိစေတီကွင်းတွင် အောက်တိုဘာ ၂၈ရက်(သီတင်းကျွတ်လပြည့်နေ့)ညက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်ထောင်စုနယ်မြေအောင်နိုင်ရေးဦးစီးကော်မတီမှပြုလုပ်သော မီးပုံးပျံလွှတ်တင်မှုသည် မီးလောင်ပြီး ပျက်ကျကာ မအောင်မြင် ဖြစ်ခဲ့ရသည်။ ပါတီ၏ သင်္ကေတဖြစ်သော ခြင်္သေ့တံဆိပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟူသော စာတမ်းရေးသားသော ပင်မ မီးပုံးပျံမှာ မလွှတ်တင်မီကတည်းက မီးလောင်ကျွမ်းကာ လွှတ်တင်ပြီး စက္ကန့်ပိုင်းအတွင်း မီးတောက်များဖြင့် ပျက်ကျသွားသည်။ အဆိုပါ မီးပုံးပျံလွှတ်တင်ပွဲသို့ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုကာ နေပြည်တော်မှ ရွေးကောက်ပွဲဝင်ပြိုင်ကြမည့် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်း၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်၊ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်း၊ ဒေါ်ဝင်းဝင်းသီ၊ ဦးမှတ်ကြီးနှင့် ဦးခင်မောင်ဌေးတို့ စုံစုံလင်လင် တက်ရောက်ကြသည်ကို တွေ့ရသည်။ မဇ္ဈိမသတင်းဌာန
Posted by Mizzima - News in Burmese on Wednesday, October 28, 2015
နေပြည်တော်၊ ဥပ္ပါတသန္တိစေတီကွင်းတွင် အောက်တိုဘာ ၂၈ရက်(သီတင်းကျွတ်လပြည့်နေ့)ညက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်ထောင်စုနယ်မြေအောင်နိုင်ရေးဦးစီးကော်မတီမှပြုလုပ်သော မီးပုံးပျံလွှတ်တင်မှုသည် မီးလောင်ပြီး ပျက်ကျကာ မအောင်မြင် ဖြစ်ခဲ့ရသည်။ ပါတီ၏ သင်္ကေတဖြစ်သော ခြင်္သေ့တံဆိပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟူသော စာတမ်းရေးသားသော ပင်မ မီးပုံးပျံမှာ မလွှတ်တင်မီကတည်းက မီးလောင်ကျွမ်းကာ လွှတ်တင်ပြီး စက္ကန့်ပိုင်းအတွင်း မီးတောက်များဖြင့် ပျက်ကျသွားသည်။
အဆိုပါ မီးပုံးပျံလွှတ်တင်ပွဲသို့ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုကာ နေပြည်တော်မှ ရွေးကောက်ပွဲဝင်ပြိုင်ကြမည့် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်း၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်၊ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်း၊ ဒေါ်ဝင်းဝင်းသီ၊ ဦးမှတ်ကြီးနှင့် ဦးခင်မောင်ဌေးတို့ စုံစုံလင်လင် တက်ရောက်ကြသည်ကို တွေ့ရသည်။
မဇ္ဈိမသတင်းဌာန
နေပြည်တော်ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ဖွံဖြိုးရေးပါတီ အောင်နိုင်ရေးကော်မတီမှ မီးပုံးပျံလွှတ်တင်ပွဲကို ဥပ္ပါတသန္တိ တပေါင်းကွင်းထဲတွင် ယနေ့ အောက်တိုဘာ ၂၈ ည ၇ နာရီခန့်မှစတင်၍ ကျင်းပပြုလုပ်နေပါတယ်။
 အဆိုပါ ပွဲသို့ နေပြည်တော်ကောင်စီဥက္ကဌ ဦးသိန်းညွန်နှင့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရပါတယ်။
ယခု ပြည်ခိုင်ဖြိုးမီးပုံပျံလွှတ်တင်ပွဲကျင်းပရာကွင်းကြီးသည် ဗိုလ်ချုပ်ရာပြည့်ပွဲကျင်းပရန် NLD မှ ခွင့်တောင်းခဲ့စဉ်က ဘာသာရေးအထိမ်းအမှတ်ပွဲသာ ကျင်းပတဲ့ကွင်းဖြစ်လို့ နိုင်ငံရေး ပါတီတွေရဲ့ ပွဲတွေကို ကျင်းပခွင့်မရှိကြောင်း တားမြစ်ခဲ့သောကွင်း ဖြစ်ပါသည်။
ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ယနေ့နံနက် ၁၀ နာရီက NLD ဋ္ဌာနချုပ်ရုံးတွင် ဝါကျွတ်ကန်တော့ပွဲကျင်းပရာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နာယကဦးတင်ဦး ဝါရင့်နိုင်ငံရေးသမား သံအမတ်ကြီးဟောင်း သခင်ချန်ထွန်း၊ ဦးအုန်းမောင်၊ ဦးလှဖေနှင့် သက်ကြီးစီအီးစီများအား ကန်တော့ခဲ့ကြပြီး ဦးတင်ဦးနှင့်သခင်ချန်ထွန်းတို့က ဆုတောင်းမေတ္တာ ပို့သပေးကြသည်။ သခင်ချန်ထွန်းက လာမည့်ရွေးကောက်ပွဲတွင် NLD အပြတ်အသတ် အနိုင်ရရန် ဆုမွန်ချွေခဲ့သည်။
ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်က ကန်တော့ပစ္စည်းနှင့် အလှူငွေများပေးအပ်ခဲ့ပြီး NLD အဖွဲ့ဝင်များက ဥက္ကဋ္ဌအား ဆက်လက်ကန်တော့ကြကာ ဆုတောင်းပထ္တနာပြု၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေက IS အစ္စလမ်မစ်နိုင်ငံ စစ်သွေးကြွတွေကို အမေရိကန်ရဲ့ မဟာဗျူဟာ အပြောင်းအလဲနဲ့ ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter က ပြောကြားလိုက်ပါတယ်။
IS တွေကို အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပြီး မြေပြင်တပ်တွေကိုလည်း ပိုမိုတိုးချဲ့သုံးစွဲလာနိုင်စရာ ရှိတယ်လို့ အမေရိကန် ဆီးနိတ်အထက်လွှတ်တော်ရဲ့ စစ်မှုထမ်းရေးရာ ကော်မတီရှေ့မှာ မစ္စတာ Carter က ထွက်ဆိုပြောကြားခဲ့တာ ဖြစ်ပါတယ်။
အရင်တပတ်ကလည်း အမေရိကန်နဲ့ ကာ့ဒ်တပ်တွေ ပူးတွဲပြီးတော့ အီရတ်နိုင်ငံမြောက်ပိုင်းက IS တွေရဲ့ အကျဉ်းထောင်တခုကို သိမ်းပိုက်ခဲ့ပြီးနောက် အကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
 တနင်းလာနေ့က ငလျင်ဒဏ်ခံစားခဲ့ရတဲ့ အာဖဂန်နစ်စတန်နဲ့ ပါကစ္စတန်နိုင်ငံက ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေဟာ အမိုးအကာမပါဘဲ နှစ်ညဆက်တိုက် အိပ်ခဲ့ကြရပါတယ်။ ဒီအတွက် လူတွေသေဆုံးနိုင်တဲ့အန္တရာယ်ရှိတယ်လို့လည်း သိရပါတယ်။
အေးမြတဲ့ရာသီဥတုနဲ့ မလုံခြုံမှုတွေကြောင့် ကလေးငယ်တွေအတွက် အန္တရာယ်ရှိတယ်လို့လည်း ကုလသမဂ္ဂကလေးသှူုငယ်များ ရန်ပုံငွေအဖွဲ့က ပြောကြားခဲ့ပါတယ်။
အလှူရှင်တွေ စတင်ရောက်ရှိနေပေမယ့်လည်း ပိတ်ပိနေတဲ့ဒေသတခုမှာ အနည်းဆုံးရွာသား ၅ ထောင်ကျော်လောက်ဟာ အိုးအိမ်မဲ့ဖြစ်နေကြတယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒီငလျင်ကြောင့် သေဆုံးသူပေါင်း ၃၆၀ အနည်းဆုံးရှိသွားပြီ ဖြစ်ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
ဓါတ်ပုံ- စစ်ရှောင်စခန်းတွေမှာရောက်ရှိနေတဲ့ စစ်ပြေးဒုက္ခသည်များ
 အောက်တိုဘာ ၂၈ ရက် ၂၀၁၅
 ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် လက်မှတ်ထိုးထားပေမယ့်လည်း အစိုးရတပ်မတော်ရဲ့ ထိုးစစ်ဆင်မှုကို ခံနေရတဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေ ယနေ့ထိ တိုက်ပွဲ ရာကျော်ထက်မနည်း ဖြစ်ပွားခဲ့တယ်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု အတွက် ကမ်းလှမ်းသော လက်ကို တိုင်းရင်းသားလက်နက်ကိုင်ဘက်က အဆင်သင့်မဖြစ်သေးသော်လည်း အစိုးရဘက်က ဖိအားပေးထိုးစစ် ဆင်ခဲ့ပါတယ်။
ပြည်ထောင်စုအဆင့်ထိ လက်မှတ်ရေးထိုးထားသော သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA အား အစိုးရတပ်မတော်က မည်သည့် အကြောင်ြး ပ ချက်ဖြင့် ထိုးစစ်ဆင်နေရသလဲ။ အောက်တိုဘာ ၁၅ ရက်နေ့ က နေပြည်ေ တ်ာမှာ ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် မူကြမ်း N.C.A ကို တိုင်းရင်းသား လက် နက်ကိုင် ၈ ဖွဲ့က လက်မှတ်ထိုးသွားပေ မယ့်လည်း ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အဆင်သင့် မဖြစ်သေးတဲ့အတွက် လက်မှတ်မထိုးရသေးပါဘူး။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့် ရှိသူ စိုင်းလိတ်က “သျှမ်းပြည်တပ်မတော် မြောက်ပိုင်းဘက်က NCA လက်မှတ် မရေးထိုးတဲ့အတွက်ကြောင့် ထိုးစစ်ဆင်နေတာလား - မေးစရာဖြစ်နေပါ တယ် ” လို့ ပြောပါတယ်။
တစ်လနီးပါး ထိုးစစ်ဆင်မှုဖြစ်နေတဲ့ အစိုးရတပ်မတော် နဲ့ သျှမ်းပြည်တပ် မတော် မြောက်ပိုင်းတို့အကြားဖြစ်ပွား နေတဲ့ တိုက်ပွဲကြောင့် မိုင်းနောင်မြို့ နယ်၊ မိုင်းရှူးမြို့နယ် ပြည်သူထောင်ပေါင်းများစွာ စစ်ဘေးသင့်ကာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။
“ရွာထဲမှာ ဗုံးသံဆက်တိုက်ကြားရတော့ အိမ်မှာမနေရဲဘဲ ထွက်ပြေး လာခဲ့ရ တယ်။ ဘာမှလည်း မရခဲ့ဘူး ” ပြောရင်း သူမရဲ့ မျက်နှာကို ပုဝါ ခြုံပြီး မျက်ရည်စတို့ စီးကျလာတာကို သိသိသာသာ ဖယ်ရှားရင်း စစ်ဘေးရှောင် ပါနန်းလူ ကပြောတယ်။
ဗုံးသံ ကြားတာနဲ့ တမံတလင်းပေါ် မှောက်လျက်နေနေရတယ်လို့ အသက်ခြောက် ဆယ်အရွယ်ခန့်် အဘွား ကပြောပြပါတယ်။
“အဘွားဒီမှာရောက်တာ တစ်လရှိတော့မယ် အိမ်ပြန်ချင်တယ် သေတောင် မှ အိမ်မှာဘဲ သေချင်တယ် အဘွား အသက် ၁၀၄ နှစ် ရှိပြီ ဒီလိုမျိုး တိုက်ပွဲ ကြီးကြီးကျယ်ကျယ် ဖြစ်ပြီး ထွက်ပြေးတာ မကြုံဖူးဘူး ” စစ်ဘေးသင့်ပြည်သူ အဘွား မယ့်ထောက်နန်းက ကြောက်လန့်စွာနဲ့ ပြောပါတယ်။
အသက်ဆယ့်ငါးနှစ်အရွယ် လမ်းမလျှောက်နိုင်တဲ့ သမီးကို စစ်ပွဲတွေကြား ကနေ မိခင် ဒေါ်နန်းမတ် က ခြေဗလာနဲ့ ဒရွတ်တွဲ ခေါ်ခဲ့ရပါတယ်။
“အဒေါ့်ကလေးကို စစ်ပွဲကြားကနေ ခွေးဆွဲသလိုဆွဲပြီး အသက်လုယူ ထွက်ပြေး ခဲ့ရတယ်” လို့ အသက် ၄၅ နှစ်အရွယ် ဒေါ်နန်းမတ် ကပြောပါ တယ်။
တမိသားစုလုံးဝမ့်ဆော့ရောက်နေတဲ့ ဦးဆန်လူက “အခုချိန်ဆို ကောက်ရိတ် ချိန်လေ၊ ကျနော့မှာ ရိတ်သိမ်းဖို့ ပြောင်းခင်းတွေလည်း ပျက်စီးကုန်ပြီ၊ ဒီစစ်ပွဲ ကို မြန်မြန်ပြီးစေချင်ပြီ” လို့ပြောတယ်။
“စစ်ပွဲကို မြန်မြန်ပြီးစေချင်ပြီ။ အခု ကျနော်တို့ ကြောက်နေကြတာက အဝေး ကနေ ဗုံးနဲ့ လှမ်းပစ်နေတဲ့ အစိုးရ စစ်သားတွေကို ကြောက်နေတယ်” လို့ စစ်ဘေးရှောင် လုံးတိယ ကပြောပါတယ်။
စစ်ဘေးသင့်ပြည်သူ အများစုဟာ မိန်းကလေး နဲ့ ကလေးငယ်တွေဖြစ် ပါ တယ်။ သူတို့မှာ ကျန်းမာရေးမကောင်း တာကို ခံစားနေရပါတယ်။ စစ်ဘေးေ ရှာင်တွေဟာ နေအိမ်ကနေစွန့်ခွါလာတာတလနီးပါး ရှိပြီဖြစ်တဲ့ အတွက် ခြံ ထွက် သီးနှံတွေ အိမ်မွေးတိရစာန်တွေ ပျက်စီး သေကြေကုန် ပါတယ်။
ကိုယ်ဝန်အရင့်အမာနဲ့ စစ်ဘေး ရှောင်ရင်း တစ်လမ်းလုံး နာကျင်တဲ့ ဝေဒနာ ကိုခံစားပြီး တောထဲမှာ မည်သူ တစ်ဦး တစ်ယောက်ရဲ့ အကူအညီ မပါဘဲ နန်းနော်ဟာ ဗုံးသံ သေနတ်သံတွေကြားထဲမှာ ကြောက်ကြောက် ရွံ့ရွံ့နဲ့ သမီးလေးတစ်ယောက်ကို ခက်ခက်ခဲခဲ မွေးဖွားခဲ့တယ်လို့ သူမ ကိုယ်တိုင် က ပြောပြပါတယ်။ အခုဆိုရင် သမီးလေးဟာ ရက် ၂၀ ကျော်သာ ရှိသေးတယ်လို့သိရပါတယ်။
အရွယ်မရောက်သေးတဲ့ ကလေးငယ်တစု ကိုမေးကြည့်တော့ သူတို့က -
“ ဗုံးသံကြားတာနဲ့ အော်ငိုချင်တယ်”
“ အရမ်းကြောက်စရာကောင်းတယ်”
“ဗုံးပေါက်သံက မြေကြီးတောင် ခါသွားတယ်” လို့ အသီးသီးပြောပြကြပါတယ်။
ပညာရေး၊ ကျန်းမာရေး၊ လူမှုဘ၀ နေထိုင်ရေး အဘက်ဘက်က နောက်ကျေ နသေးတဲ့ ၊ ဘ၀လုံခြုံမှု မရှိတဲ့ သျှမ်းပြည်ကျေးလက်တောရွာသားတွေ ကို သေနတ်သံ ယမ်းငွေ့တွေနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ မရနိုင်ဘူး ဆိုတဲ့အကြောင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီလမ်းပေါ်ရောက်ေ အာင်ကြိုးစားနေတဲ့ နိုင်ငံတော်အစိုးရသိအောင် စွမ်းဆောင်ပေးမယ့်သူကို တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက မျှော်လင့်နေ ဆဲဖြစ်ပါတယ်။ ဒါတွေကို မိုင်းရှူးမြို့နယ်က ၀မ့်ဆော့စစ်ဘေးရှောင်စခန်းက လူတွေရဲ့ မျက်လုံးတွေကို ကြည့်တာနဲ့ သိနိုင်ပါတယ်။
သျှမ်းသံတော်ဆင့်/ စိုင်းစိုင်း နှင့် ဆိုင်ဖူး
https://www.facebook.com/Panglong.burmese
 ကမ္ဘာ့အရှည်ကြာဆုံး မြန်မာပြည်တွင်းစစ်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက အစိုးရတပ်ကို နှစ်ပေါင်း ၇၀ နီးပါး ဆန့်ကျင် တိုက်ခိုက်နေ သည့် နယ်စပ်ဒေသများတွင် ကချင်ပြည်နယ်လည်း ပါဝင်သည်။ မြန်မာနိုင်ငံ ၏ တိုင်းရင်းသား ၁၃၀ ကျော်အနက် အများစုမှာ နယ်စပ်ဒေသများ တွင် နေထိုင်ကြပြီး ဘာသာစကားနှင့် ယဉ်ကျေးမှုများ ကွဲပြားကြသည်။
ဗြိတိန်ထံမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ကတည်းက တိုင်းရင်းသားများသည် နိုင်ငံရေးအရ ကိုယ်တိုင်ပြဋ္ဌာန်းခွင့် ပိုမိုရရှိရန် ဗဟိုအစိုးရကို ဆန့်ကျင် တိုက်ခိုက်ခဲ့ကြသည်။ အာဏာဆုပ်ကိုင် ထားရန်အတွက် ပဋိပက္ခများကို အကြောင်းပြချက်အဖြစ် အသုံးပြုနေသည့် စစ်တပ်က တိုင်းရင်းသား ဒေသများတွင် အပြင်းအထန် ဖိနှိပ်မှုများ ပြုလုပ် ခဲ့သည်။
၂၀၁၁ နောက်ပိုင်း တဖန်စတင်ခဲ့သည့် ကချင်ပြည်နယ်တွင်း စစ်ပွဲများကြောင့် ဘ၀တွင် ဒုက္ခအကြီးအကျယ် ကြုံတွေ့ခဲ့ရသော ဒေါ်ထန် အဖို့ ဇာတိ ကချင်ပြည်နယ်ကို ငြိမ်းချမ်းလုံခြုံ စေလိုသည့်ဆန္ဒမှာ လာမည့်လ ရွေးကောက်ပွဲအတွက် မဲဆွယ်ကတိများထက် ပိုမိုသည်။ မြေး ၈ ဦး၏ အဘွား အသက် ၆၄ နှစ်အရွယ် ဒေါ်ထန်သည် ၂၀၁၁ တွင် သူ၏ ရွာသို့ စစ်ပွဲများ ကူးစက်လာခဲ့ရသည်။ အစိုးရနှင့် KIA ကြား ၁၇ နှစ်ကြာ တည်ခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကျိုးပျက်သွားပြီးနောက် စစ်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒေါ်ထန်သည် စစ်တပ်ကို လမ်းပြရန် စေခိုင်းခံခဲ့ရပြီးနောက် တိုက်ပွဲအတွင်း တစ်နေ့လုံး ပိတ်မိနေခဲ့သည့် ထိတ်လန့်ဖွယ် အတွေ့အကြုံကို ပြန်လည်ပြောပြခဲ့သည်။ သူမ ပြန်လည်လွတ်မြောက်လာပြီးနောက် မြစ်ကြီးနားမြို့ အနီးရှိ ဒုက္ခသည်စခန်းတစ်ခုတွင် မိသားစုနှင့် ပြန်လည် ဆုံစည်းခဲ့သည့် ဒေါ်ထန် က “ကျွန်မ သေနတ်ကိုင်မထားပေမယ့် စစ်ပွဲရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်” ဟု ဆိုသည်။
အစိုးရက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရန် ကြိုးစားနေသည်ဟု ဆိုသော်လည်း ကချင်နှင့် ရှမ်းပြည်နယ်များတွင် ထိုးစစ်များ ဆက်လက်ဖြစ်ပွားနေသည့် စစ်ပွဲများက တိုင်းရင်းသားပါတီများ၏ အောင်မြင်မှုကို မှေးမှိန်စေနိုင်သည်။ အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးရာတွင် မပါဝင်သည့် KIO ဒုတိယဥက္ကဋ္ဌ ဟောင်း မနန်တူးဂျာက “လုံခြုံရေးမရှိရင် ရွေးကောက်ပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
စစ်အာဏာရှင် အုပ်ချုပ်ရေး လက်အောက်၍ အနှစ် ၆၀ ကျော် ဖြတ်သန်းခဲ့ရသည့် မြန်မာနိုင်ငံအတွက် နိုဝင်ဘာ ၈ ရွေးကောက်ပွဲမှာ ဆယ်စုနှစ်များစွာအတွင်း လွတ်လပ်မှု အရှိဆုံး ဖြစ်လာမည်ဟု ယူဆထားကြသည်။ နိုင်ငံရေးပါတီများက မဲဆွယ်ကတိအဖြစ် တိုင်းရင်းသား ဒေသများအတွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် အာဏာ ခွဲဝေမှုများ ရရှိစေမည်ဟု ကတိပြုကြသည်။
နိုင်ငံလူဦးရေတွင် ၃ ပုံ ၁ ပုံ ပါဝင်သဖြင့် တိုင်းရင်းသားများသည် ပါတီများအတွက် အရေးပါသော မဲဆန္ဒရှင်များဖြစ်သည်။ ကချင်ပြည်နယ်ကဲ့သို့ စစ်ပွဲဒေသတွင် မဲဆွယ်ရေးလုပ်ငန်းများမှာ ခက်ခဲသည့် စိန်ခေါ်မှုဖြစ်သည်။ စိန့်ဂျိုးစပ်မိုင်နာ ဒုက္ခသည်စခန်းတွင် မဲပေးခွင့်ရှိသူ ၆၅၀ အနက် မဲပေးရန် မှတ်ပုံတင်ထားသူ ထက်ဝက်ခန့်သာရှိသည်ဟု ဆိုသည်။ စစ်ပွဲတွင် အသက်ရှင်နိုင်ရေးက ဒီမိုကရေစီရေးကို လွှမ်းမိုးနေသည်။
ပြီးခဲ့သည့် ၄ နှစ်အတွင်း နေအိမ်မှ ထွက်ပြေးခဲ့ရသည့် ကချင်စစ်ဘေးဒုက္ခသည် ၁၀၀,၀၀၀ အနက် တစ်ဦးအပါအ၀င် ဖြစ်သည့် ဒေါ်ထန်က မဲပေးရန် မှတ်ပုံတင် စာရင်းပေးထား သော်လည်း မည့်သည့်ပါတီကို ပေးမည်ဟု မဆုံးဖြတ်ရသေးဟု ဆိုသည်။ သို့သော် ရွေးကောက်ပွဲက အပြောင်းအလဲဖြစ်စေနိုင်သည်ဟု သူက အကောင်းမြင်ထားသည်။
“ရွေးကောက်ပွဲပြီးရင် ငြိမ်းချမ်းရေး ရလာမယ်လို့ ထင်ပါတယ်။ သေနတ်သံတွေ ရှိနေရင် ဘ၀ကို ဘယ်လို ရှေ့ဆက်နိုင်ပါ့မလဲ” ဟု ဒေါ်ထန်က ပြောကြားခဲ့သည်။
ကချင်ပြည်နယ်မှာ ကျောက်စိန်းနှင့် သစ်အပါအ၀င် ကြွယ်ဝသည့် သယံဇာတများက ပြည်နယ်အတွင်း စစ်ပွဲများအတွက် တွန်းအားဖြစ်စေပြီး စစ်ပွဲများ ရပ်တန့်ရန်လည်း အတားအဆီး ဖြစ်စေသည်ဟု ဆိုသည်။ ငြိမ်းချမ်းရေးက ပြည်နယ်အတွက် နိုင်ငံရေးအာဏာပါ မြင့်မားလာစေမည်ဟု ဒေသခံများက ယုံကြည်လျက်ရှိသည်။
ပြီးခဲ့သည့် လက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး NLD က ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် စနစ် ကို ဖော်ဆောင်ပေးမည်ဟု ကတိပြု ခဲ့သည်။ မြစ်ကြီးနားမြို့ အနီးတွင် ဟောပြောပွဲပြုလုပ်စဉ် NLD ပါတီမှာ မတူကွဲပြားသော တိုင်းရင်းသား မျိုးစုံ ပါဝင် သည့် ပြည်ထောင်စု တစ်ခုလုံးကို ကိုယ်စားပြုသည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ခရီးစဉ်တွင် ပရိသတ် အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲသို့ လာရောက်သူ ကချင်လူမျိုး အမျိုးသားတစ်ဦက “တကယ်လို့ ဒေါ်စု ရွေးကောက်ပွဲ နိုင်ပြီး တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ သဘောတူလက်မှတ် ထိုးနိုင်ရင် အခြေအနေက ပိုကောင်းလာမှာပါ။ ဒီလိုဖြစ်လာဖို့ “ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
အစိုးရနှင့် KIA ကြား ၁၇ နှစ်ကြာ တည်ရှိခဲ့သည့် အပစ်ရပ်သဘောတူညီချက် အကြောင်း ဒေသခံများက ခါးသီးစွာ ပြန်ပြောပြကြသည်။ ထိုစဉ်က KIA သည် အစိုးရစစ်တပ်နှင့် ပူးပေါင်းကာ သစ်လုပ်ငန်းနှင့် သတ္တုတွင်းလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့ပြီး ခေါင်းဆောင်ပိုင်းက ချမ်းသာကြွယ်ဝခဲ့သော်လည်း ကချင်လူထုမှာ ဆင်းရဲတွင်း နက်ခဲ့သည်။
NLD သည် ကချင်ပြည်နယ်တွင် ဒေသခံ ကချင်ပါတီ ၄ ခုအပြင် စစ်တပ်ကျောထောက်နောက်ခံ အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၉၀ ကျော်အနက် ၃ ပုံ ၂ ပုံခန့်မှာ တိုင်းရင်းသား လူနည်းစု ကိုယ်စားပြုပါတီများဖြစ်သည်။
KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies
 မန္တလေးတိုင်းNLD ပါတီ၊ မဲစာရင်းစီစစ်ရေးအဖွဲ့များက အောက်တိုဘာ ၁၄ ရက်မှစ၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ မဲပေးခွင့်ရှိသူစာရင်း ပိုလျှံမှုများတွေ့ရသဖြင့် လာမည့်ရွှေးကောက်ပွဲ တရားမျှတမှုကို စောင့်ကြည့်ရမည့် အနေအထားဖြစ်သည်ဟု မန္တလေးတိုင်း NLD ဥက္ကဌ ဦးတင်ထွဋ်ဦးက အောက်တိုဘာ ၂၈ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“တွေ့ရှိချက်တွေအရ မဲစာရင်းဖောင်းပွနေတာ ရာခိုင်နှုန်းများနေတယ်။ထိုက်သင့်တဲ့လွဲတာမှားတာဆိုရင် အကြောင်းမဟုတ်ဘူး။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ စောင့်ကြည့်ရမယ့်အနေအထားပဲ။ တကယ် ကွင်းဆင်းကောက်ယူတဲ့ ကိန်းဂဏန်းနဲ့ အချက်အလက်တွေအရ စဉ်းစားဖို့လိုလာပြီ”ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ မဲစာရင်းများပိုလျှံနေမှုကို သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်၍ စနစ်တကျကောက်ယူခဲ့ခြင်းဖြစ်ပြီး အခြားမြို့နယ်များတွင်လည်း မဲစာရင်းကွဲလွဲမှုများ ရှိနိုင်သည်ဟု ဆိုသည်။
“မဲစာရင်းက ပထမဆုံးမှာ သိန်းလေးဆယ်ကျော်ကနေ ဒုတိယ အကြိမ် စက်တင်ဘာလထဲမှာ ၄၂သိန်းကျော်ရှိလာပြီး နောက်ဆုံးစာရင်းအရ ပုံစံ-၃(က)နဲ့ တိုးလာတာက တသိန်းခွဲပတ်ဝန်းကျင်ဆိုတော့ ၄၄ သိန်း လောက်ရောက်သွားတယ်”ဟု တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်ထွဋ်ကပြောသည်။
တိုင်း NLD မှ မဟာအောင်မြေမြို့နယ်၊ ရပ်ကွက် ၂၁ ရပ်ကွက်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည့် စာရင်းများအရ မဲဆန္ဒရှင်ဦးရေမှာ ၈၇၂၅ ဦးသာ ရှိသော်လည်း ကော်မရှင်မှကြေညာသည့်မဲဆန္ဒရှင် (၁၃၉၇၃) ဦးဖြစ်၍ အပိုမဲဆန္ဒရှင် ၅၂၄၈ ဦးရှိသဖြင့် မဲပိုရာခိုင်နှုန်း ၃၇ ဒသမ ၆ % ရှိကြောင်း NLD မှ ထုတ်ပြန်သည့် စာရင်းတွင် ဖေါ်ပြထားသည်။
ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မော်စကို ၊ ၂၈-၁၀-၂၀၁၅
ရုရှားတပ်ဖွဲ့ဝင် များက ပြုလုပ်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှု များကြောင့် ISIS စစ်သွေးကြွ များ၏ ထောက်ပံ့ရေး လမ်းကြောင်းများ ပြတ်တောက် ခဲ့ရပြီးနောက် ISIS စစ်သွေးကြွ များမှာ ယခုအခါ အစာရေစာ ပြတ်လပ်လျက် ရှိကြောင်း သတင်း အရင်းအမြစ် များ၏ ထုတ်ပြန်ချက် အရ သိရသည်။
ရုရှား တိုက်လေယာဉ် များ၏ လေကြောင်း တိုက်ခိုက်မှု များကြောင့် ISIS စစ်သွေးကြွ များ၏ အစားအစာများ ထောက်ပံ့ရေး လမ်းကြောင်းများ သာမက လက်နက်ခဲယမ်း များနှင့် ဆေးဝါး ပစ္စည်းများ ပျက်စီးခဲ့ ရသည်ဟု ဆီးရီးယား နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် ကိုကိုးကား၍ RIA Novasti သတင်းဌာန က ဖော်ပြခဲ့သည်။
ISIS စစ်သွေးကြွ များသည် ယခုအခါ စားနပ်ရိက္ခာ အခက်အခဲ များစွာနှင့် ရင်ဆိုင်နေရပြီး အချို့ ISIS စစ်သွေးကြွ စခန်းများ၌ ရက်သတ္တပတ် အတွင်း အစားအစာများ လုံးဝပြတ်လပ် သွားနိုင်ကြောင်း သတင်း အရင်းအမြစ် တစ်ခုက ပြောကြားသည်။
ထို့ပြင် ISIS စစ်သွေးကြွ အဖွဲ့သည် ဒဏ်ရာရ သူများကို ကုသရန် အတွက်လည်း ဆေးဝါးများ ပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်နေ ရကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။
PyiChitThar
http://www.pyichitthar.com
 နယူးယောက် ၊ ၂၈-၁၀-၂၀၁၅
 ယမန်နေ့တွင် အမေရိကန် ပြည်ထောင်စု တောင်ပိုင်း ကာရိုလိုင်းနား ပြည်နယ် ချက်စတာဖီးလ် ပြည်နယ်ခွဲရှိ နေအိမ် တစ်အိမ်ကို ရဲတပ်ဖွဲ့ဝင် များက သတင်းအရ ဝင်ရောက် ရှာဖွေရာ သေနတ် အလက်ပေါင်း ၁ဝဝဝဝ ခန့်ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အဆိုပါ နေအိမ်ပိုင်ရှင်မှာ ဘရန့် နစ်ကိုလ်ဆင် ဖြစ်ကြောင်း၊ သေနတ်များမှာ အမျိုးအစား စုံလင်ကြောင်း၊ အများစုမှာ ခိုးရာပါ ပစ္စည်းများကို ဝယ်ယူထားခြင်း ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ပြီး သေနတ် အရေအတွက် များပြား လွန်းသည့် အတွက် တာဝန်ရှိ သူများက အချိန်ယူစိစစ် ခဲ့ရကာ သယ်ယူရာ ၌လည်း နောက်တွဲယာဉ် အများအပြား ကို အသုံးပြု ခဲ့ရကြောင်း သိရသည်။
''ဒီလောက်များတဲ့ သေနတ်တွေကို တစ်နေရာတည်း ကနေ သိမ်းဆည်းရမိ ဖူးတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဒီလောက်များတဲ့ သေနတ်တွေ စုဆောင်းနိုင်ဖို့ ဒီလူဟာ ဖောက်ထွင်း ဝင်ရောက် ခိုးယူမှုပေါင်း ဘယ်နှကြိမ် လုပ်ခဲ့ ရသလဲဆိုတာ စဉ်းစားလို့ မရပါဘူး'' ဟု ချက်စတာဖီးလ် ပြည်နယ်ခွဲ ရဲတပ်ဖွဲ့မှူး က ပြောပြသည်။
နစ်ကိုလ်ဆင်၏ နေအိမ်တွင် ခိုးရာပါ သေနတ်ပေါင်း ၁ဝဝဝဝ ခန့်နှင့်အတူ ချိန်းဆောလွှစက် အလုံး ၁၅ဝ နှင့် အခြားခိုးရာပါ ပစ္စည်းမျိုးစုံ ကို တွေ့ရှိရပြီး ထပ်မံ သိမ်းဆည်း ရမိထားသော ခိုးရာပါ ပစ္စည်းများ၏
တန်ဖိုးမှာ အမေရိကန် ဒေါ်လာ တစ်သန်းခန့် ရှိမည် ဖြစ်ကြောင်း သိရှိရသည်။
PyiChitThar
http://www.pyichitthar.com
 လာမယ် ​၁၀ ​ရက်ကျော် ​အတွင်းမှာ ​ကျင်းပမယ့် ​ရွေးကောက်ပွဲအတွက် ​မဲပေးနိုင်မယ့် ​မဲစာရင်းမှာ ​အမှားပြင်ဆင်ဖို့ ​လုပ်ပြီး ​ထပ်မှားတာကို ​အတိအကျ ​တိုင်တန်းနိုင်ရင် ​အရေးယူမှု ​လုပ်ပေးမယ်လို့ ​ရွေးကောက်ပွဲ ​ကော်မရှင်က ​ပြောပါတယ်။
မဲစားရင်းမှာ ​မပါခဲ့လို့ ​တင်ပြတဲ့အခါ ​မဲစာရင်းမှာ ​နာမည် ​ထပ်မပါဘူးလို့ ​တိုင်ကြားလာမယ်ဆိုရင် ​ရပ်ကွက်ကျေးရွာ ​ကော်မရှင်အဖွဲ့ကို ​အရေးယူပေးမယ်လို့လည်း ​ပြောဆိုခဲ့တဲ့အကြောင်း ​ဗွီအိုအေ ​သတင်းမှာ ​ဖော်ပြထားတာပါ။
စာရင်းကို ​အရင်တုန်းက ​နှစ်ကြိမ် ​ထုတ်ပြန်ခဲ့ပြီး ​အမှားတွေ ​ဆက်ပါနေတဲ့အတွက် ​စိတ်ပျက်နေကြပါတယ်။
အမှန်မှာတော့ ​မဲစာရင်းကို ​မနေ့တုန်းက ​ထုတ်ပြန်မှာ ​ဖြစ်ပြီး ​အခုလောလောဆယ် ​အချိန်အထိ ​အမှားပြင်ဆင်ပေးဖို့ ​လျှောက်လွှာတွေ ​ရှိနေသေးတဲ့အတွက် ​နိုဝင်ဘာလ ​၂ ​ရက်နေ့ ​မတိုင်ခင် ​ထုတ်ပြန်ဖို့ ​ဆုံးဖြတ်တာ ​ဖြစ်ကြောင်း ​ပြောပါတယ်။
ချင်းပြည်နယ် ​မဲစာရင်းမှာ ​ပြည်ပကို ​အလုပ်သွားလုပ်နေကြတဲ့ ​လူတွေရဲ့ ​နာမည်တွေနဲ့ ​တခြားဒေသမှာ ​သေပြီးသား ​လူတွေရဲ့ ​နာမည် ​ပါနေတယ်ဆိုတဲ့ ​ပြောဆိုမှုနဲ့ ​ပတ်သက်ပြီး ​အဲဒီ ​နာမည်ကို ​ဖျက်ပေးဖို့ ​တရားဝင် ​တောင်းဆိုလာရင် ​လုပ်ဆောင်ပေးမယ်လို့လည်း ​ရွေးကောက်ပွဲ ​ကော်မရှင်က ​ပြောပါတယ်။
ပြည်ပက ​မြန်မာသံရုံးမှာ ​ကျင်းပခဲ့တဲ့ ​ကြိုတင်မဲတွေမှာလည်း ​အမှားတွေ ​များခဲ့တဲ့အပေါ် ​စိတ်ဆိုးဒေါသထွက်နေကြပြီး ​ဒီကိစ္စမှာတော့ ​ရွေးကောက်ပွဲ ​ကော်မရှင်ရဲ့ ​အမှားသာ ​ဖြစ်ကြောင်း ​ဝန်ခံထားပါတယ်။
 ပြည်ထောင်စု ​ကြံ့ခိုင်ရေးပါတီက ​အများဆုံး ​ပစ္စည်းတွေ၊ ​ငွေကြေးတွေပေးပြီး ​မဲဆွယ်လို့ဆို
နိုဝင်ဘာလ ​၈ ​ရက်နေ့မှာ ​ကျင်းပမယ့် ​ရွေးကောက်ပွဲအတွက် ​မဲဆွယ်တဲ့အခါ ​ပြည်ထောင်စု ​ကြံ့ခိုင်ဖွံ့ဖြိုးရေး ​ပါတီက ​ပစ္စည်းနဲ့ ​ငွေကြေးတွေ ​ပေးပြီး ​မဲဆွယ်တာကို ​အများဆုံး ​တွေ့ရတယ်လို့ ​ရွေးကောက်ပွဲ ​စောင့်ကြည့်တဲ့ ​အဖွဲ့တစ်ဖွဲ့က ​ပြောပါတယ်။
People’s ​Alliance ​for ​Credible ​Elections ​လို့ခေါ်တဲ့ ​ယုံကြည်ရသောရွေးကောက်ပွဲများ ​ပေါ်ပေါက်ရေးအတွက် ​ပူးပေါင်းလှုပ်ရှားမှုအဖွဲ့က ​ထုတ်ဖော်ပြောဆိုလိုက်တာပါ။
စက်တင်ဘာ ​၈ ​ရက်ကနေ ​အောက်တိုဘာ ​၁၈ ​ရက်အထိ ​နိုင်ငံတ၀န်းက ​မြို့နယ်ပေါင်း ​ ၁၂၉ ​မြို့နယ်မှာရှိတဲ့ ​ကိုယ်စားလှယ်တွေနဲ့ ​အကြိမ် ​၂၆၀၀ ​ကျော် ​တွေ့ဆုံမှုတွေအပြင် ​မဲဆွယ်ဟောပြောမှုပေါင်း ​၁၆၀၀ ​ကျော်ကို ​စောင့်ကြည့်ခဲ့ပြီးနောက် ​ကနဦး ​တွေ့ရှိချက်တွေအရ ​အခုလို ​ထုတ်ဖော်ပြောဆိုလိုက်တာလို့ ​အဖွဲ့ရဲ့ ​အမှုဆောင်ဒါရိုက်တာ ​ဦးစိုင်းရဲကျော်စွာမြင့်က ​ဒီဗွီဘီကို ​ပြောပါတယ်။
စောင့်ကြည့်လေ့လာတဲ့အခါမှာ ​ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ​ဖွံ့ဖြိုးရေးပါတီ၊ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အပြင် ​အခြားပါတီကြီး ​ပါတီငယ်နဲ့ ​တသီးပုဂ္ဂလ ​ကိုယ်စားလှယ်တွေကိုပါ ​စောင့်ကြည့်ခဲ့တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရင် ​ပါတီကိုယ်စားလှယ်လောင်းတွေ ​ကိုယ်တိုင်မဲဆွယ်တာထက် ​ပါတီ ​ထိပ်ပိုင်းခေါင်းဆောင်တွေက ​မဲဆွယ်စည်းရုံးတာ ​တခြားပါတီတွေထက် ​ပိုများတယ်လို့ ​ဆိုပါတယ်။
နိုဝင်ဘာ ​၈ ​ရက်နေ့မှာ ​ကျင်းပမယ့် ​ရွေးကောက်ပွဲကို ​စောင့်ကြည့်လေ့လာဖို့ ​ပြည်ထောင်စု ​ရွေးကောက်ပွဲကော်မရှင်က ​ပြည်တွင်းအဖွဲ့အစည်း ​၉ ​ဖွဲ့နဲ့ ​ပြည်ပအဖွဲ့အစည်း ​၅ ​ဖွဲ့ကို ​တရားဝင် ​ခွင့်ပြုထားတယ်လို့လည်း ​ဖော်ပြထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese