10/30/15
htayoo-usdp-620.jpg အောက်တိုဘာလ ၁ဝ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ ရန်အောင်မြင်ဘုရားဝင်း စတုဒီသာထမင်း ကျွေးမွေးလှူဒါန်းတဲ့ အခမ်းအနားမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦး ကိုတွေ့ရစဉ်
လက်ရှိအစိုးရအဖွဲ့ဝင်တွေထဲက ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရာမှာ အစိုးရဌာနဆိုင်ရာ ပစ္စည်းတွေ အဆောင်အယောင်တွေ မသုံးဖို့ ညွှန်ကြားထားတယ်လို့ ပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဟသာင်္တမြို့နယ် နတ်မော်ဘုရားပွဲအလှူကို လာရောက်စဉ် သတင်းမီဒီယာသမားတွေက အစိုးရ၀န်ကြီးတွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေမှာ အစိုးရဌာနဆိုင်ရာ အဆောင်အယောင်တွေ သုံးစွဲနေတာနဲ့ပတ်သက်ပြီး မေးမြန်းချက်အပေါ် ဖြေကြားခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ပါတီကို ယုံကြည်လို့ဝင်ထားတဲ့ ဒါမှမဟုတ်ရင်လည်း အရင်ကတည်းကဝင်ထားတဲ့ အစိုးရထဲပါတဲ့ ပုဂ္ဂိုလ်တွေ သူတို့က နှုတ်ထွက်စရာတော့ မလိုဘူး၊ အစိုးရတာဝန်က နှုတ်ထွက်လို့မရဘူး၊ အစိုးရတော့ရှိနေဦး မှာပဲ သို့သော်လည်း အဲဒီအစိုးရက ပေးထားတဲ့ အဆောင်အယောင်တွေကို ဒီလိုမသုံးရဘူးဆိုတဲ့ဥစ္စာကို အစိုးရရဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် အစိုးရကလည်း ညွှန်ကြားနိုင်တယ်၊ သမ္မတကလည်း ညွှန်ကြားနိုင်တယ်၊ သူတို့ မဲဆွယ်စည်းရုံးတဲ့လုပ်ငန်းတွေ လုပ်မယ်ဆိုလို့ရှိရင်တော့ အစိုးရ အဆောင်အယောင်တွေ ဘာမှမသုံးပါနဲ့ အရှိန်အဝါတွေလည်း မသုံးပါနဲ့ဆိုပြီး ကျနော်တို့ ကြေညာထားတယ်"
ဒါ့အပြင် ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီဟာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ပါတီလုပ်ဆောင်ချက်အဖြစ် ပြောဆို မဲဆွယ်နေတာမျိုးမဟုတ်ဘဲ အစိုးရလုပ်ဆောင်ပေးနိုင်အောင် ပါတီဘက်က တင်ပြဆောင်ရွက်ပေးပြီး ပူးပေါင်းဆောင်ရွက်ပေးတဲ့အဆင့်သာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက လာမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၁၃၄ ယောက် ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီထဲမှာ ဒုတိယသမ္မတ ၂ဦး၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်တွေနဲ့ တပ်မတော်အဆင့်မြင့်အရာရှိတွေလည်း ပါဝင်ပါတယ်။
ဒီအတောအတွင်း နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးရင် လျှပ်စစ်မီတာပုံးတွေ ချထားပေးမယ်ဆိုပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေကို မနေ့က ခေါ်ယူပြောဆိုခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
RFA
ဓာတ်ပုံ (Naing Ngan Lin ဖေ့စ်ဘွတ်)
 သာကေတမြို့ နယ်မှာ ကြာသာပတေးနေ့ ညက ဓါးခုတ်ခံရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ( NLD ) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ကိုနိုင်ငံလင်း ကို အောက်တိုဘာလ ၃၀ ရက်နံနက် ၂ နာရီခွဲ့ ခန့် မှာ အောင်မြင်စွာ ခွဲ စိတ် နိုင်ခဲ့တယ် လို့ ခွဲ စိတ်ရာမှာပါဝင်ခဲ့တဲ့ ခွဲစိတ်အထူးကုဆရာ ၀န်ကြီး ဒေါက်တာ တင်မျိုးဝင်းကဘီဘီစီကိုပြောပါတယ်။
" အသက်အန္တရာယ်လုံးဝ မရှိပါဘူး အခြေအနေကောင်းပါတယ် နဖူးမှာထိတဲဟာက တကယ်လို့ ဦးနှောက်ထဲမှာ တခု ခုဖြစ်တယ်ဆိုရင် သတိထားရတယ်လေ ပြောချင်တာက ဦးနှောက်ထဲမှာသွေးယိုတာတို ဘာတို့ မရှိဘူးပေါ့ နောက်တစ်ခုက သွေးထွက်လွန်တာတို့ အရေးကြီးတဲ့အင်္ဂါရပ်တွေပြတ်သွားတာတို့ အဲဒါတွေဆရာတို့ မတွေ့  ဘူးပေါ့ ဒါကြောင့်အသက်အန္တရာယ်နဲ့ ကင်းလွတ်တယ်လို့ ပြောလို့ ရတာပေါ့ " လို့ ဒေါက်တာတင်မျိုးဝင်းကပြောပါတယ်။
ကိုနိုင်ငံလင်း ဟာသာကေတမြို့ နယ်ထဲမဲဆွယ်စည်းရုံးရေးဆင်းနေချိန်မှာ ဓါးခုတ်ခံရပြီး နဖူးဦးခေါင်းနဲ့ လက်နှစ်ဖက်မှာ ဓါတ်ရာရရှိခဲ့တာဖြစ်ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
သာ​ကေ​တ ​မြို့​နယ်​မှာ ​ကြာ​သ​ပ​တေး ​ည​က ​အန်​အဲလ်​ဒီ ​ပါ​တီ ​က​နေ ​စည်း​ရုံး​ရေး ​ဆောင်​ရွက် ​နေ​စဉ် ​လူ ၃ ​ဦး​က ​ဝင်​ရောက် ​တိုက်​ခိုက် ​ခဲ့​တဲ့ ​အ​တွက် ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် ​အန်​အဲလ်​ဒီ ​လွှတ်​တော် ​ကိုယ်​စား​လှယ် ​ဦး​နိုင်​ငံ​လင်း ​ဓား​ခုတ်​ခံ​ရ ​ပြီး ​ဒဏ်​ရာ ​အ​ပြင်း ​အ​ထန် ​ရ​ရှိ​သွား ​ပါ​တယ်။
အ​ခု​တော့ ​ဆေး​ရုံ ​တင်​ထား ​ရ​ပြီး၊ ​သူ​နဲ့ ​အ​တူ ​တိုက်​ခိုက် ​ခံ​ရ​သူ ​တ​ခြား ၂ ​ဦး​က​တော့ ​ဒဏ်​ရာ ​မ​ပြင်း ​ထန်​ဘူး​လို့ ​သိ​ရ​ပါ​တယ်။
သာ​ကေ​တ ​မြို့​နယ် ​ပြည်​သူ့ ​လွှတ်​တော် ​ကိုယ်​စား​လှယ်​လောင်း ​ဒေါက်​တာ ​ဝေ​ဖြိုး​အောင် ​အ​တွက် ​စည်း​ရုံး​ရေး ​ဆောင်​ရွက် ​နေ​စဉ် ​အ​ခု​လို ​တိုက်​ခိုက် ​ခံ​ရ​တာ ​ဖြစ်​ပါ ​တယ်။
ဝင်​ရောက် ​တိုက်​ခိုက်​သူ ၃ ​ယောက်​မှာ ​တ​ဦး​က ​ဓား​နဲ့ ​ဖြစ်​ပြီး၊ ​တ​ခြား ၂ ​ဦး​က ​တုတ်​နဲ့ ​တိုက်​ခိုက် ​ခဲ့​တာ ​ဖြစ်​တယ် ​လို့ ​ဒေါက်​တာ ​ဝေ​ဖြိုး​အောင်​က ​ပြော ​ပါ​တယ်။
တိုက်​ခိုက်​သူ ​အား​လုံး​ကို ​ရဲ​က ​ဖမ်း​ဆီး ​ထား​ပြီ ​ဖြစ်​ပြီး၊ ​အန်​အဲလ်​ဒီ ​အ​နေ​နဲ့ ​ဥ​ပ​ဒေ ​အ​ရ ​ဆက်​လက် ​လုပ်​ဆောင်​သွား ​မယ်​လို့ ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
 ဦးနိုင်ငံလင်း ဓားခုတ်ခံရ
 အန်အဲလ်ဒီ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း ဓားခုတ်ခံရတဲ့ အကြောင်း နဲ့ ပတ်သက်ပြီး၊ သာကေတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝေဖြိုးအောင် ကို၊ ကိုသက်ထွေးနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
[soundcloud src="230678820"/]
[youtube src="iVbOUsdhbUU"/]
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်လူနာဌာနတွင်ဆေးကုသမှုခံယူနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းနှင့် ပါတီဝင်တချို့ကို သွားရောက်အားပေးခဲ့ပြီးနောက် သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် ကိုမင်းကိုနိုင်ပြောကြားခဲ့သည်များမှ ကောက်နှုတ်ဖေါ်ပြပေးလိုက်ပါတယ်။
"……ကျနော်အရေးပေါ်ခန်း ထဲကိုဝင်ကြည့်ခဲ့ပြီးပါပြီ။ တာဝန်ခံဆရာဝန်ကြီးနဲ့လဲတွေ့ခွင့်ရခဲ့ပါတယ်။ ခန္ဓာကိုယ်နဲ့ လက်မှာရတဲ့ဒါဏ်ရာတွေအပြင် မျက်နှာမှာ ဓါးဒါဏ်ရာရှိတယ်လို့ပြောပါတယ်။ ဦးနှောက်ထဲကိုသွေးယိုစိမ့်မှုမရှိဘူးလို့သိခဲ့ရပါတယ်။ သူတို့ဂရုတစိုက်နဲ့ကုသပါ့မယ်၊ စောင့်ရှောက်ပါ့မယ်လို့ဂတိစကားပေးလိုက်ပါတယ်……"။
"……အားလုံးဟာညဏ်ပညာနဲ့၊ သတိတရားနဲ့ထိန်းကြဖို့လဲ ကျနော်မေတ္တာရပ်ခံချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အဓိကနဲ့ သာမညကိုခွဲကြရလိမ့်မယ်။ ဘာမဆိုငုံ့ခံရလိမ့်မယ်လို့ မဆိုလိုဘူး။ ဒါပေမယ့် ကျနော်တို့ ညီညတ်မှုကိုပြရမယ်၊ သတ္တိကိုလဲပြရမယ်၊ အရေးအကြောင်းဆိုရင် တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်စောင့်ရှောက်ကြတယ်ဆိုတာပြရမယ်။ ဥပဒေရဲ့စောင့်ရှောက်မှုကိုအပြည့်အဝမရနိုင်တဲ့အခါကြတော့ အချင်းချင်းပြန်စောင့်ရှောက်ကြရလိမ့်မယ်။ စောင့်ရှောက်ခြင်းနဲ့အတူထိန်းကြောင်းခြင်းလဲပါကြရလိမ့်မယ်……"။
"……ဖြစ်ပေါ်လာမယ်အန္တာရာယ်အားလုံးကိုကျနော်တို့ကြိုစဉ်းစားထားရမယ်။ ကျနော်တို့ရှေ့ဆက်ပြီးချီတက်ကြရမှာပဲ။ အရင်ထက်စာရင်တော့ပိုပြီးသတိထားကြရလိမ့်မယ်……"။
"……တစ်ယောက်နဲ့တစ်ယောက်သတင်းပေးရင် မှန်ကန်တဲ့သတင်းမျိုးကိုသာပေးကြပါ။ ရည်ရွယ်ချက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မှားတဲ့သတင်းမျိုးပေးမိတယ်ဆိုရင် မလိုလားအပ်တာမျိုးတွေ ကျနော်မဖြစ်စေချင်ဘူး……"။
ပဏ္ဍိတ်ထွန်း
Oct 30, 2015
Photo credit: EC
သာကေတမြို့နယ်တွင် အောက်တိုဘာ ၂၉ ရက်နေ့ညပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ အလှပြယာဉ်ဖြင့် လှည့်လည် ဖျော်ဖြေနေစဉ် အမျိုးသားတစ်ဦးမှ ဓားဖြင့်လိုက်လံခုတ်မှုကြောင့် NLD ပါတီမှ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၁ ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းနှင့် ပါတီဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ယခုလို ဓားဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဦးနိုင်ငံလင်း၏ ဦးခေါင်းတွင် ဒဏ်ရာ ရရှိခဲ့ပြီး အခြားဒဏ်ရာ ရရှိသော ပါတီဝင်များနှင့်အတူ ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနတွင် ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
သာကေတမြို့နယ်အတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် အလှပြယာဉ်ဖြင့် လှည့်လည်ဖျော်ဖြေနေစဉ် အမျိုးသားတစ်ဦးက ဓားဖြင့်လိုက်လံခုတ်မှုကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းနှင့် ပါတီဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သာကေတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဝေဖြိုးအောင်က ပြောကြားသည်။
ယင်းကဲ့သို့ ဓါးဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဦးနိုင်ငံလင်း၏ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး
အခြား ဒဏ်ရာရရှိသော ပါတီဝင်များနှင့်အတူ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် ကုသမှုခံယူနေကြောင်း ထပ်မံသိရှိရသည်။
“ကျွန်မမျက်စိရှေ့မှာတော့ ကိုနိုင်ငံလင်းက အဲ့ဒီလူကို ၀င်တားတယ်။ နှစ်ယောက်စလုံး လုံးသွားတာ တွေ့လိုက်ရတယ်။ ပြီးတော့ ကိုနိုင်ငံလင်း ခေါင်းထိသွားလို့ ဆေးရုံကြီး ရောက်သွားတယ်လို့ သိရတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်(၂) မှ ၀င်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီမှ ဒေါ်သက်ထားနွယ်ဝင်းက အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီခန့်က ပြောကြားသည်။
သာကေတမြို့နယ်၊ မန်ပြေရပ်ကွက်၊ (၈)လမ်းထိပ်တွင် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ဦးနိုင်ငံလင်းအပြင် အလှပြယာဉ် အဖွဲ့ခေါင်းဆောင် NLD ပါတီဝင် ကိုနီနှင့် ဒေါ်သက်ထားနွယ်ဝင်း၏ campaign မန်နေဂျာ NLD ပါတီဝင် မသန္တာမော်တို့ဖြစ်ကြောင်း ကနဦး သတင်းများအရ သိရသည်။
အဆိုပါ အလှပြယာဉ်နှင့်အတူ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သာကေတမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (၁) ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း(လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်)၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (၂) ဒေါ်သက်ထားနွယ်ဝင်း တို့နှင့်အတူ ပါတီဝင်များ လိုက်ပါလာခဲ့ကြောင်း သိရသည်။
အလှပြယာဉ် ဖျော်ဖြေနေစဉ် မန်ပြေရပ်ကွက် အရောက်တွင် အရက်ဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦး ထွက်လာပြီး အလှပြယာဉ်နှင့်အတူ လိုက်ပါလာသူများအား လက်သီးဖြင့် လိုက်ထိုးကြောင်း၊ ယင်းနောက် ပါတီဝင်များက ဖြန်ဖျေခဲ့ရာ အဆိုပါ အမျိုးသားသည် သူ၏အိမ်သို့ ပြန်သွားပြီး ငှက်ကြီးတောင်ဓားဖြင့် အလှပြယာဉ် ဖျော်ဖြေသည့် နေရာသို့ ပြန်လည် ရောက်ရှိလာကြောင်း၊ ယင်းနောက် ဓားဖြင့် လိုက်လံခုတ်သဖြင့် ဦးနိုင်ငံလင်းနှင့်အတူ ပါတီဝင်အချို့က တားဆီးခဲ့ကြောင်း NLD ပါတီဝင် ကိုအောင်ကျော်၏ ပြောကြားချက်အရ သိရသည်။
ဓားကိုင်ဆောင်၍ တိုက်ခိုက်သူအပြင် လက်ဗလာဖြင့် အမျိုးသားသုံးဦးပါ ထပ်မံရောက်ရှိလာပြီး ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း NLD ပါတီဝင် ကိုအောင်ကျော်က ထပ်မံပြောကြားခဲ့သည်။
အဆိုပါ ကျူးလွန်သူများအနက် သုံးဦးကို သာကေတမြို့မ ရဲစခန်းတွင် (ပ) ၆၀၉/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၂၆/၂၉၄/၁၁၄ တို့ဖြင့် စစ်ဆေးနေဆဲဖြစ်ပြီး ၎င်းတို့မှာ ဇော်လတ် (ခ) အောင်ဇော်လတ် (ဘ) ဦးဝင်းအောင်၊ တင်အောင်ခိုင်ဦး (ဘ) ဦးအောင်လွင်၊ မျိုးမင်းခိုင် (ဘ) ဦးဝင်းခိုင် တို့ဖြစ်သည်။
ထို့အပြင် သာကေတမြို့မ ရဲစခန်းသို့ NLD ပါတီမှ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ဖြူဖြူသင်း၊ တေးသံရှင်လင်းလင်းတို့ ရောက်ရှိလာခဲ့ကြောင်း အောက်တိုဘာ ၂၉ ရက် ည ၁၂ နာရီခန့်က သိရသည်။
ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့ချိန်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီတို့၏ အပြိုင်အဆိုင် မဲဆွယ်မှု အရှိန်မြင့်လာချိန်တွင် ယခုကဲ့သို့ ဖြစ်စဉ်မျိုးနှင့် ပတ်သက်၍ နိုင်ငံရေး အကြမ်းဖက်မှုအဖြစ် သုံးသပ်မှုများ ရှိနေသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်ကလည်း သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့် ၀င်ရောက် ယှဉ်ပြိုင်မည့် မအူပင်မြို့တွင် ကျေးရွာဖွံ့ဖြိုးရေးနှင့် ထောက်ကူပြုကော်မတီ ဥက္ကဋ္ဌက NLD အောင်နိုင်ရေး ဥက္ကဋ္ဌအား ရိုက်နှက်မှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ ယင်းဖြစ်စဉ်တွင်လည်း မအူပင်မြို့နယ် ရေလဲကလေး ကျေးရွာ၏ NLD ပါတီ၏ အောင်နိုင်ရေး ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်ဇင်လတ်သည် ဆွမ်းလောင်းလှူရေးအတွက် ဗိုလ်ချုပ်လမ်းရှိ လမ်းမီးများ မှိန်နေသည်ကို ပြင်ဆင်ရန် သွားရောက်ခဲ့ကြောင်း၊ ယင်းသို့သွားရောက်ပြီး အသိမိတ်ဆွေတစ်ဦး၏ နေအိမ်တွင် ခေတ္တရပ်နား စကားပြော၍ ပြန်လည်ထွက်ခွာလာစဉ် ရေလဲကလေး ကျေးရွာ၏ ကျေးရွာဖွံ့ဖြိုးရေးနှင့် အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးစိန်လှိုင်က နေအိမ်မှ တုတ်ယူထွက်လာ၍ “မင်းလားကွ NLD” ဟုဆိုကာ ရိုက်နှက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
(ဓာတ်ပုံ - ထက်ရှိုင်း)
Eleven Media Group
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ရှမ်းဒုက္ခသည်များ။ (သြဂုတ်၊ ၂၀၀၉)
NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့ ငြင်းဆန် ခဲ့တဲ့ မြောက်ပိုင်းရှမ်းပြည် တပ်မတော် SSPP/SSA နဲ့ မြန်မာစစ်တပ် တို့အကြား ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်ဒေသ အနှံ့မှာ တိုက်ပွဲတွေဖြစ်ပွားနေဆဲ လို့ ဒေသခံတွေ က ပြောပါတယ်။ အထူးသဖြင့် မြောက်ပိုင်းရှမ်းပြည်တပ်မတော် ၀မ်ဟိုင်းဌာနချုပ်နဲ့ အနီးဝန်းကျင် ရွာသားတွေကို နေရပ်ကနေ ထွက်ခွာဖို့ မြန်မာစစ်တပ်ရဲ့ ညွှန်ကြားချက်ကြောင့် ဒီမနက်ကစပြီး ဒေသကို စွန့်ခွာနေကြရသလို မြန်မာစစ်တပ် ရဲ့ လက်နက်ကြီးဒဏ်ကြောင့် ၀မ်ဟိုင်းဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းဒေသမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းရှမ်းပြည် တပ်မတော်တို့ အကြား တိုက်ပွဲတွေပြင်း ထန်စွာ ဖြစ်ပွားနေပါတယ်။ အထူးသဖြင့် မိုင်းရှုးမြို့နယ်နဲ့ ဆက်စပ်ရာ မိုင်းဆမ်၊ တန့်ယန်းဘက် မှာ နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေဆဲလို့ မိုင်းရှူးမြို့ခံတဦးဖြစ်သူ ကိုမောင်ခိုင်က အခုလိုပြောပါတယ်။
“အခုဟာက ပတ်ပတ်လည်ပဲ ခင်ဗျာ။ အခုက မိုင်းရှူးမြို့နယ် ပတ်ပတ်လည်ကို အကုန်ဖြစ်နေတယ်။ ဒီဖက်က ဟိုဆူရယ်၊ ကုန်းဖက်ဆန်းပေါ့ အဲဒီဖက်မှာလည်း ဆက်တိုက်ဖြစ်နေတယ်။ မိုင်းရှူး နားပေါ့ အဲဒါလည်း ၂ မိုင်၊၃ မိုင် အကွာပေါ့။ တောင်ဖက် ဆိုရင် လည်း မိုင်းဆမ် ဖက်ပေါ့။ မြောက်ဖက်ဆိုရင်လည်း တန့်ယန်းဖက်ပေါ့။ အနောက်ဖက်မှာတော့ ၀မ့်ဟိုင်းဖက်ပေါ့။ လေးဖက်လေးမျက်နှာ အကုန်လုံးဖြစ်နေတယ် ခင်ဗျာ။ အဓိကတော့ အစိုးရ စစ်ဖက်က ထိုးစစ်ဆင်နေတာပေါ့။”
ဒါ့အပြင် မြောက်ပိုင်းရှမ်းပြည်တပ်မတော် ဌာနချုပ်တည်ရှိရာ ၀မ်ဟိုင်းနဲ့ ဝမ့်လွေ၊ မိန်းအက် အစရှိတဲ့ ရွာက ရွာသားတွေကို ဒီကနေ့ နေ့လယ်(၁၂)နာရီနောက်ဆုံး ထားပြီး ရွာထဲကနေ ထွက်ခွာသွားဖို့   မြန်မာ့တပ်မတော်ကနေ ညွှန်ကြားချက်ပေး လာခဲ့သလို ရွာသားတွေ တိမ်းရှောင်နေရပြီလို့လဲ အဆိုပါ မိုင်းရှူးဒေသခံ ကိုမောင်ခိုင်က အခုလို ဆက်ပြောပါတယ်။
“ဒီနေ့မှ ဆုတ်ခိုင်းတယ်လို့ ကြားတယ်။ တချို့ရွာသားတွေက မနေ့ညကတည်းက ဆုတ်နေကြတယ်ဗျာ။ တချို့ရွာတွေကျတော့ မနေ့ညကတည်းက ပစ် ထည့်နေတော့ ပေးနေကြတယ်ဗျာ။”
လက်ရှိ ၀မ်ဟိုင်းဌာနချုပ် အတွင်းမှာလဲ ကျောင်းသား ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ကို မြောက်ပိုင်းရှမ်းပြည် တပ်မတော်အရာရှိတွေကနေ လုံခြုံရေး အခြေအနေအရ တိမ်းရှောင်ခိုင်းထားတယ်လို့ ၀မ်ဟိုင်းကျောင်းသား တဦးဖြစ်တဲ့ အိုက်စိုင်းလင်းက ရှမ်းဘာသာနဲ့ ပြောပါတယ်။
သူပြောသွားတာကတော့ “ဒီမနက် ကျနော်တို့လူကြီးတွေက ဝမ့်ဟိုင်းရွာထဲက ကလေးနဲ့ သက်ကြီးရွယ်အို တွေကို ရှောင် ထားခိုင်းပါတယ်။ ပြေးရ၊ ရှောင်ရခက် တဲ့သူတွေပေါ့။ ဘာလို့လဲဆို ဗမာစစ်တပ်က ဘယ်ချိန်ပစ်လာမလဲဆိုတာ ခန့်မှန်းလို့ မရနိုင်ဘူးလေ။ ရွာထဲမှာတော့ ဆိတ်ငြိမ်ခြောက်ကပ်နေတယ်”ဆိုပြီး ရှမ်းဘာသာနဲ့ပြောဆိုခဲ့တာပါ။
မနေ့က မြောက်ပိုင်း ရှမ်းပြည်တပ်မတော် ဌာနချုပ်ဝမ်ဟိုင်းအနီး စာသင်ကျောင်းမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့လို့ ရွာသားတွေထိခိုက်ဒဏ်ရာရရှိခဲ့သလို ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေကိုတော့ ရှမ်းသံ တော်ဆင့် သတင်းဌာနကသတင်းထောက်နမ်းဟွမ်က အခုလိုပြောပါတယ်။
“စစ်ဖက်ဆိုင်ရာ အရာရှိတွေပြောတာက ရှောင်သင့်ရင် ရှောင်ထားရမယ်လို့ အဲဒီလိုသတိပေးထားလို့ မနေ့ညကလည်း သူတို့ လက်နက်ကြီးကျ ထားလို့ ကျောင်းသားတွေဆို ညကတည်းကရှောင်ထားတာ။ လက်နက်ကြီးကျ တာက ကျောင်းနဲ့ ကိုက် ၅၀ လောက်ပဲ ဝေးတယ်။ နေအိမ် ၂ လုံးထိတယ်။ အဲဒီအိမ်ပိုင်ရှင် ဇနီးနဲ့ သမီး ထိတယ်။ အဲဒီနောက်ပိုင်း သူတို့ တညလုံး ရှောင်ရတယ်။ အဲဒီ ရွာသားတွေ အကုန်လုံး ဒီမနက် အစောကြီး ကတည်းက ထွက်ပြေးနေကြတယ်။ အလျိုလျိုပေါ့။ ၀မ်ဟိုင်းထဲမှာ ရွာသားတွေ မရှိတော့ဘူး။”
ရွာသားတွေအနေနဲ့ မိုင်းရှူး၊ လားရှိုး၊ မိုင်းနောင်မြို့ဖက်မှာ ထွက်ပြေး တိမ်းရှောင်နေရတာဖြစ်ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးပါဘူး။
အခုလို မြောက်ပိုင်း ရှမ်းပြည်တပ်မတော် ၀မ်ဟိုင်းဌာနချုပ်နဲ့ အနီးဝန်းကျင်ရွာတွေ ထွက်ပြေးတိမ်းရှောင်နေရမှုနဲ့ တိုက်ပွဲ ဖြစ်ပွားမှုအခြေအနေကိုသိရှိဖို့ အတွက် SSPP/SSA ဘက်ကိုကြိုးစားဆက်သွယ်ခဲ့ပေမယ့်လည်း အဆက်အသွယ် မရရှိခဲ့ပါဘူး။
အောက်တိုဘာ (၂၇) ရက်နေ့က မြန်မာ့တပ်မတော်ကနေသိမ်းပိုက်ထားတဲ့ မိုင်းရှူးမြို့နယ်ထဲက ကောင်းမုံမိန်း တပ်စခန်းတခုကို မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ဘက်က ပြန်လည်သိမ်းပိုက်ခဲ့အပြီး မြန်မာစစ်တပ်ဘက်က ထိုးစစ်တွေ ပိုမိုလုပ်ဆောင်လာတာလဲဖြစ်ပါတယ်။
တပြည်လုံးအတိုင်းအတာအပစ်ခတ်ရပ်စဲရေး NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့တဲ့ SSPP/SSA မြောက်ပိုင်း ရှမ်းပြည် တပ်မတော် တပ်ဖွဲ့အပေါ် မြန်မာ့တပ်မတော်ကနေ ပြီးခဲ့တဲ့အောက်တိုဘာလ ၆ ရက်နေ့ကတည်း ကနေ အခုထိ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာကြောင့် ကျေးသီး၊ မိုင်းရှူး၊ တန့်ယမ်း၊ မိုင်းနောင်ဒေသတွေဘက်မှာ တိုက်ပွဲပေါင်း(၅၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ သလို ဒေသခံရွာသား(၃၀၀၀)ကျော်ဟာလဲ စစ်ဘေးလွှတ်ရာကို ဒုက္ခသည်အဖြစ်နဲ့ တိမ်းရှောင်နေရပါတယ်။
ဒီလိုဒေသအတွင်း မတည်ငြိမ်သေးတဲ့အခြေအနေတွေကြောင့်ရှမ်းပြည်နယ်အတွင်း မိုင်းရှူးမြို့နယ်တစ်ခုလုံး၊ ကျေးသီးမြို့နယ်တစ်ခုလုံး၊ တန့်ယန်းမြို့နယ် ကျေးရွာအုပ်စု (၈) အုပ်စုနဲ့ ဟိုပန်မြို့နယ်ရှိ ၈ အုပ်စု၊ ဟိုပန်မြို့နယ်မှာ ကျေးရွာအုပ်စု ၄၈ ခုတို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကနေ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
နိုင်ကွန်းအိန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
 တ​ရုတ် ​နိုင်​ငံ​မှာ ​ဆယ်​စု​နှစ် ​များ​စွာ ​ကျင့်​သုံး ​လာ​ခဲ့​တဲ့ ​တစ်​အိမ်​ထောင် ​က​လေး​တစ်​ဦး ​မူ​ဝါ​ဒ​ကို ​ပယ်​ဖျက်​ဖို့ ​ဆုံး​ဖြတ် ​လိုက်​ပြီ​လို့ ​ရှင်​ဟွာ ​သ​တင်း​ဌာ​န​က ​ကြေ​ညာ ​လိုက်​ပါ​တယ်။
ဇ​နီး​မောင်​နှံ ​အား​လုံး​ကို ​က​လေး ၂ ​ယောက် ​အ​ထိ ​ယူ​ခွင့် ​ပြု​တော့​မှာ ​ဖြစ်​တယ်​လို့ ​ကွန်​မြူ​နစ် ​ပါ​တီ​ရဲ့ ​ထုတ်​ပြန်​ချက်​ကို ​ကိုး​ကား​ပြီး ​တ​ရုတ်​ပိုင် ​သ​တင်း​ဌာ​န​က ​ဖော်​ပြ ​ပါ​တယ်။
အဲ​ဒီ ​က​လေး​တစ်​ဦး ​မူ​ဝါ​ဒ​ကို ၁၉၇၉ ​ခု​နှစ် ​က​တည်း​က ​တ​ရုတ် ​နိုင်​ငံ​ရဲ့ ​လူ​ဦး​ရေ​ကို ​ထိန်း​ချုပ်​ဖို့ ​ကျင့်​သုံး ​လာ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။
ဒါ​ပေ​မယ့် ​တ​ရုတ် ​နိုင်​ငံ​မှာ ​သက်​ကြီး​ရွယ်​အို​တွေ ​များ​လာ​ပြီး ​လုပ်​အား​သစ်​တွေ ​ရှား​ပါး ​လာ​မှု​အ​ပေါ် ​စိုး​ရိမ် ​လာ​ခဲ့​ကြ​ရာ​က ​တ​ချို့ ​ပြည်​နယ်​တွေ​မှာ ​အဲ​ဒီ ​မူ​ဝါ​ဒ​ကို ​စ​တင် ​ဖြေ​လျှော့ ​ပေး​လာ ​ခဲ့​ပါ​တယ်။
အဲ​ဒီ ​တစ်​အိမ်​ထောင် ​က​လေး​တစ်​ဦး ​မူ​ဝါ​ဒ​က ​ဟန့်​တား​ခဲ့​တဲ့ ​မွေး​ဖွား​မယ့် ​က​လေး ​ဦး​ရေ​က ​သန်း ၄၀၀ ​လောက် ​ရှိ​တယ်​လို့ ​ခန့်​မှန်း​ကြ ​ပါ​တယ်။
တ​ရုတ် ​နိုင်​ငံ​မှာ ​လက်​ရှိ ​လူ​ဦး​ရေ​ရဲ့ ၃၀ ​ရာ​နှုန်း​လောက်​က ​အ​သက် ၅၀ ​ကျော် ​အ​ရွယ်​တွေ ​ဖြစ်​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
နိုဝင်ဘာ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လက်မှတ် အရေအတွက်ကို ၁၂၅ သန်းကျော် ရိုက်နှိပ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော်လည်း ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းသို့ မဲဆန္ဒရှင် လက်မှတ်များ ပုံနှိပ်ရန် အပ်နှံသည့် အရေအတွက်သည် သန်း ၁၃၀ ကျော် ဖြစ်ခြင်းကြောင့် ဆန္ဒမဲလက်မှတ် ငါးသန်းကျော် ပိုမိုရိုက်နှိပ်ထားသည်ကို တွေ့ရှိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးဝင်းဦးခိုင်က ရန်ကုန်မြို့ သိမ်ဖြူ လမ်းမပေါ်ရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းရုံးတွင် စက်တင်ဘာ ၁၇ ရက် က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မဲလက်မှတ်ပေါင်း ၁၂၅ ဒဿမ ၅၅ သန်း ရိုက်နှိပ်မည်ဟု ပြောဆိုခဲ့သည်။
သို့သော် ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းသို့ မဲဆန္ဒရှင် လက်မှတ်များ ပုံနှိပ်ရန် အပ်နှံသည့် အရေအတွက်ကို အောက်တိုဘာ ၂၇ ရက်က ထုတ်ပြန်ရာတွင် ၁၃ဝ,၈၁၁,၂၇၂ စောင်ဖြစ်ခြင်းကြောင့် ဆန္ဒမဲ လက်မှတ် ငါးသန်းကျော် ပိုနေခြင်းဖြစ်သည်။
မြန်မာ တစ်နိုင်ငံလုံးတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၃၂ သန်းကျော် ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ပြောဆိုထားသည်။ မဲဆန္ဒရှင် တစ်ဦးသည် ယေဘုယျအားဖြင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးတို့အတွက် ဆန္ဒမဲလေးမဲ ပေးရမည်ဖြစ်သည်။
ထို့ကြောင့် မဲပေးခွင့်ရှိသူ ၃၂ သန်းကျော်နှင့် ဆန္ဒမဲပြား အရေအတွက်ကို တွက်ချက်ကြည့်မည် ဆိုပါက သန်း ၁၂၀ ကျော်သာ ရိုက်နှိပ်ရမည်ဖြစ်သည်။
ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းသို့ မဲဆန္ဒရှင် လက်မှတ်များ ပုံနှိပ်ရန် အပ်နှံထားရာ အချိန်မီ အပ်နှံရန်နှင့် ထိုသို့မဟုတ်ပါက လုပ်ငန်း နှောင့်နှေးနိုင်သည်ဟုလည်း ပြန်ကြားရေး ဝန်ကြီးဌာနက ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားထားကြောင်း အောက်တိုဘာ ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။
အောက်တိုဘာ ၃၁ ရက် မတိုင်ခင် ဆန္ဒမဲ လက်မှတ်များ အပ်နှံရန် တောင်းခံထားပြီး “အဆိုပါနေ့ရက်ထက် နောက်ကျအပ်နှံလာမှုများအပေါ် ပုံနှိပ် လုပ်ငန်းစဉ်အဆင့်ဆင့်အရ အချိန်မီပုံနှိပ် ပြီးစီးနိုင်ရန် ကန့်သတ်ချက်ရှိနိုင်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းသည် မဲဆန္ဒ လက်မှတ်ပေါင်း ၁၃ သန်းကျော် ရိုက်နှိပ်ပြီးဖြစ်သည်ဟု ဆိုသည်။ အတိအကျမှာ ၁၃ဝ,၈၁၁,၂၇၂ စောင် ဖြစ်သည်။ ထိုအထဲတွင် စက်တင်ဘာ ၉ ရက်မှ ၁၉ ရက်အတွင်း အမှာစာ ကိုးကြိမ်ဖြင့် ၁၃ဝ,၆၂ဝ,၂၇၂ စောင်၊ ပြည်ပသို့ ပို့ဆောင်ရန် ဆန္ဒမဲလက်မှတ် ၁၉၁,ဝဝဝ စောင် ရိုက်နှိပ်ပေးခဲ့ပြီးဖြစ်သည်ဟုလည်း ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းက ဆိုသည်။
ထိုအထဲတွင် ပြည်ပသို့ ပို့ဆောင်ရန် ၁၉၁,ဝဝဝ စောင်ရိုက်နှိပ်ခဲ့သည်ဟု ပါရှိရာ နိုင်ငံခြားရောက် မြန်မာများ မဲပေးရန်လျောက်ထားသည့် ဦးရေမှ ၁၈,၀၀၀ ၀န်းကျင်သာရရှိထားသည်ဟု စက်တင်ဘာလ ၃ ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲတွင် လည်းကော်မရှင် ဥက္ကဌ ဦးတင်အေးက မဇ္ဈိမသို့ ဖြေကြားထားခြင်းကြောင့် ထိုအရေအတွက်လည်း ကွာခြားနေသည်ကို တွေ့ရသည်။
တိုက်ဆိုင်စွာပင် ဆန္ဒမဲပေးမည့်သူများစာရင်းတွင် လူပိုများ ပါဝင်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အောက်တိုဘာ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ တောင်ဥက္ကလာပ မြို့နယ်တွင် ၉၀,၀၀၀၊ နေပြည်တော် ကောင်စီနယ်မြေတွင် ၆၀,၀၀၀ နှင့် ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် ပထမ အကြိမ် မဲစာရင်း ထုတ်ပြန်စဉ်က မဲဆန္ဒပေးခွင့်ရှိသူ ၂၈ သိန်းကျော် ရှိခဲ့သော်လည်း နောက်ဆုံးအကြိမ် ထုတ်ပြန်မှုတွင် ၃၂ သိန်းကျော် ရှိလာသည်ကို မဇ္ဈိမက လေ့လာတွေ့ရှိသည်။
.
Credit : မဇ္ဈိမ
ဗကသများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကျော်ကိုကို (ဝဲ) ဦးဆောင်ပြီး လမ်းလျောက် ချီတက်ဆန္ဒပြခဲ့စဉ်။
ဗကသများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကျော်ကိုကို (ဝဲ) ဦးဆောင်ပြီး လမ်းလျောက် ချီတက်ဆန္ဒပြခဲ့စဉ်။
ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို ကိုအာဏာပိုင်တွေက ဘယ်နေရာမှန်း မသိတဲ့ နေရာကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုနဲ့ ဗကသများ အဖွဲ့ချုပ် က ပြောဆိုပါတယ်။ ဒီအတွက် စိုးရိမ်ပူပန်ကြောင်းနဲ့ ဗကသများ အဖွဲချုပ် ကတော့ အခုလို ဖမ်းဆီးတာဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် လူအခွင့်အရေး ချိုးဖောက်တာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
အမျိုးသားပညာရေး ဥပဒေကို ပြုပြင်ဖို့ အတွက် သပိတ်မှောက် ချီတက်မှုကြောင့် ဆူပူအောင် လှူံ့ဆော်မှု အပါအ၀င် တခြားပုဒ်မတွေနဲ့ ဖမ်း၊ ၀ရမ်းထုတ်ခံထားရတဲ့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုဟာ ဒီကနေ့မှာပဲ ဖမ်းဆီးခံခဲ့ရတာပါ။ သူကို ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် စံပြဈေး အနီးမှာ ဖမ်းဆီးသွားကြောင်း ဖခင်ဖြစ်သူ ဦးကျော်က ပြောပါတယ်။
“စံပြဈေးကို ကားစီးသွားပြီးတော့ မုန့်သွားဝယ်နေတဲ့ အချိန်မှာ ဖမ်းသွားတယ် လို့ပြောတယ်။ SP က ဖမ်းသွားတာပါ။ ကျနော် ကမာရွတ်ရဲ့ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံး သွားတယ် ခင်ဗျာ။ အဲဒီမှာ စုံစမ်းလို့ရမယ်ဆိုပြီးတော့ သွားစုံစမ်းတော့ သူတို့က ဌာနပေါင်းစုံ ရှိတယ်တဲ့။ အများကြီးပဲ ပြောခွင့်မရှိပါဘူးဆိုပြီးတော့ ကျနော်တို့ကို ပြန်ပြောလိုက်တယ်ခင်ဗျာ။”
မိသားစုအနေနဲ့ ဖမ်းဆီးသွားတဲ့နေရာတွေကို စုံစမ်းခဲ့ပေမဲ့ စုံစမ်းလို့မရတဲ့အတွက် စိုးရိမ် ပူပန်မူတွေ ရှိနေတဲ့အကြောင်းကိုလည်း ဆက်ပြောပါတယ်။
“လေးရက် ၁၄၊၁၅၊၁၆၊ ၁၇ ဆန္ဒပြပြီးကတည်းက ကျနော့် အိမ်ရှေ့ကို SP တွေက လာစောင့်နေတယ် ခင်ဗျာ။ အဲဒီကနေစပြီး ကျနော်တို့ ရှောင်သွားတာပါ ခင်ဗျာ။ ဆန္ဒပြပြီး လေးရက်ပြီး သွားတဲ့အခါမှာ သူ့ကို အိမ်ရှေ့မှာSP တွေက မနက် ၅ နာရီကနေစပြီး ည ၁၁ နာရီ လောက်အထိ ထိုင်စောင့်နေပါတယ်ခင်ဗျာ။ ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ စဖမ်းတယ် ခင်ဗျာ။ ဒါကတော့ နိုင်ငံကောင်းအောင် လုပ်တာပါ။ ပညာရေးကောင်းအောင် လုပ်တဲ့ဟာပဲ။ အဲဒီကတည်းက သူ့ကို မဲပြီး လိုက်နေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။
သူလဲရှောင်နိုင်သလောက်တော့ ရှောင်နေတာပဲ။ အခုလို ဆွဲသွားတဲ့ အခါကျတော့ စိုးရိမ်မှုတော့ ရှိတာပေါ့နော်။ သူတို့က ဘယ်လိုအငြိုးအတေးတွေနဲ့ လုပ်မယ်ဆိုတာ မသိတော့လေ။ ကျနော်တို့ အရမ်း ပူပန်မှုရှိပါတယ် ခင်ဗျာ။ စစ်ကျောရေးတွေ ဘာတွေ လုပ်မယ်၊ ဘယ်မှာ မှန်းမသိဘူး။ သူရှိတဲ့နေရာ သိသွားပြီဆိုရင် ကျနော်တို့ စိတ်ချရတာပေါ့။ အခုက ဘယ်ရောက်သွားမှန်းမသိဘူးဖြစ်နေတယ်။”
ဗကသများအဖွဲ့ချုပ် ခေါင်းဆောင် ကိုအောင်နေပိုင် ကတော့ အာဏာပိုင်တွေဟာ အခုအချိန်ထိ ကျောင်းသားခေါင်းဆောင်တဦးကို ဖမ်းဆီးတာဟာ ပွင့်လင်းမြင်သာစွာ နဲ့ ဥပဒေကြောင်းအရ ဖမ်းဆီးတာမျိုးမလုပ်တဲ့အတွက် လူအခွင့်ရေး ချိုးဖောက်တာမျိုးတွေ ဖြစ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။
“အခုလိုဖမ်းဆီးတာက အငြိုးတကြီးနဲ့ ဖမ်းဆီးတယ်လို့ ကျနော်မြင် တယ်။ နောက်ပြီးတော့ သူတို့အနေနဲ့လည်း ကိုကျော်ကိုကို ကို ပြစ်မှတ်ထားပြီးတော့ အရင် ကတည်းက စောင့်ကြည့်မှုတွေ အများကြီးလုပ်ခဲ့တာ။ အခုဟာက အစိုးရ အနေနဲ့ အရမ်း အလိုရှိနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အဲတော့ ကျနော်တို့အနေနဲ့ အရမ်း စိတ်ပူတယ်။ အဓိက ကတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုရင်လည်း ဘာပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာလည်း၊ နောက်တခုက ဘယ်လိုနေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတာလဲ ဆိုတာကို မိဘတွေနဲ့ အဖွဲ့အစည်းကိုတော့ အကြောင်းကြား ပေးဖို့လိုတယ်။ အခုဟာက ဖမ်းဆီးသွားတာပဲ သိလိုက်ရတယ်။
အခုထိ ကျနော်တို့ ဘာမှ မသိရသေးဘူး။ ဘယ်လိုမှ ကျနော်တို့အနေနဲ့ စုံစမ်းလို့ မရတဲ့ အနေအထားဖြစ်နေတယ်။ ရဲစခန်းတွေမှာလည်း မရှိဘူး။ ရန်ကုန်မြို့မှာရှိတဲ့ ရဲစခန်းတွေမှာလည်း ဖမ်းဆီးထိန်းသိမ်းထားတာလည်း မရှိဘူး။ မိဘတွေကိုလည်း အသိပေး အကြောင်းကြားထားခြင်းမရှိဘူး။ လုံးဝ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ် လို့ ကျနော်တို့ မြင်တယ်။ ဒါလုံးဝ မဖြစ်သင့်ဘူး။
ဒါက ကျနော်တို့နိုင်ငံ လက်ရှိအခြေအနေကို အများကြီးပြသနေတယ်။ ကျောင်းသား တယောက်ကို နိုင်ငံရေးအယူအဆအရသော်လည်းကောင်း၊ နိုင်ငံရေး အရသော် လည်းကောင်း ၊ သူတို့နဲ့ နိုင်ငံရေးအယူအဆမတူတဲ့ ကိစ္စအရ သော် လည်းကောင်း၊ နောက်တခုက ပြစ်မှုကျူးလွန်သည်ပဲဖြစ်စေ၊ မကျူးလွန်သည်ပဲဖြစ်စေ ဒီလိုမျိုး ဖမ်းဆီးထိန်းသိမ်းမှုတွေ ပြုလုပ်တော့မယ်ဆိုရင် ပွင့်လင်းမြင်သာမှုတို့လုပ်ဖို့ လိုပါတယ်။ ဟို ဘယ်သူမှ မသိတဲ့အချိန်မှာ ဖမ်းဆီးသွားတယ်။ ဒီအတင်း ဖမ်းဆီးသွားတဲ့ပြီးတော့မှ အခုက ဘယ်နေရာမှာ ထိန်းသိမ်းထားတာမျိုးမရှိဘူး။ ကျနော်တို့အနေနဲ့က အများကြီး လူ့ဂုဏ်သိက္ခာနဲ့ ချိုးဖောက်ခံရတယ်လို့ ကျနော်တို့ မြင်ပါတယ်။”
ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုဟာ အမျိုးသားပညာရေး ဥပဒေအတွက် ခရီးရှည် ချီတက် သပိတ်မှောက်ခဲ့ရာမှာ ဦးဆောင်သူတဦးဖြစ်ခဲ့တာကြောင့် အာဏာပိုင်တွေက သူ့ကိုဖမ်းဝရမ်းထုတ်ထားပါတယ်။
လက်ရှိမှာတော့ သူကိုထိန်းသိမ်းထားတဲ့နေရာကို သိရှိနိုင်ဖို့အတွက် နဲ့ သူကို စစ်ကြော မေးမြန်းတာ နှိပ်စက်ညှင်းပမ်းတာမျိုးတွေမရှိစေဖို့အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲနဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့တွေကိုလည်း ဗကသများအဖွဲ့ချုပ်က အကူညီတောင်းထားပြီး စုံစမ်းနေတယ် လို့လည်း ဗကသများအဖွဲ့ချုပ်က ပြောဆိုခဲ့ပါတယ်။
မအေးအေးမာVOA
kyawkoko-620.jpg ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို ကိုတွေ့ရစဉ်
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံ ထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုဟာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီးမှာ ဒီနေ့ ဖမ်းဆီးခံလိုက်ရပါတယ်။
ကိုကျော်ကိုကို ကို ဘယ်ရဲစခန်းက ဖမ်းတယ်ဆိုတာ မသိသေးကြောင်း သူ့ရဲ့ဖခင်ဖြစ်သူ ဦးကျော်အေး က ပြောပါတယ်။
"သူ့ကိုဆွဲသွားတယ်၊ လှမ်းပြောသွားတယ် ဆွဲသွားပြီပေါ့နော်၊ ဘယ်ကိုခေါ်သွားလဲတောင် ပြောလို့မရဘူးလို့ သူပြောသွားတယ်ခင်ဗျ၊ ၁၂ နာရီလောက်ကခင်ဗျ၊ ကျနော်တို့တော့ ကမာရွတ်ဘက်သွားတယ်ခင်ဗျ၊ မရှိဘူးတဲ့"
ကိုကျော်ကိုကို ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး သင်္ဃန်းကျွန်း၊ ဒဂုံနဲ့ ကမာရွတ်မြို့နယ်ရဲစခန်းတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူတို့ဖမ်းဆီးတာ မဟုတ်ကြောင်း ငြင်းဆိုကြပါတယ်။
ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုဟာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့အတွက် ရန်ကုန်တ၀ိုက် က ဆန္ဒပြပွဲတွေနဲ့ လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းမှာ ဦးဆောင်ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ အဲဒီလိုဆန္ဒပြမှုတွေကြောင့် ကိုကျော်ကိုကိုနဲ့အတူ ကိုရဲရင့်ကျော်၊ ကိုမြတ်သူအောင်နဲ့ ကိုလင်းထက်နိုင်တို့ ဖမ်းဝရမ်းထုတ်ခံထားရတာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကျောင်းသား ကျောင်းသူတွေကို ပြန်လွှတ်ပေးဖို့အတွက် သာယာဝတီအကျဉ်းထောင် မှာ ကျောင်းသားနဲ့ ၀န်းရံသူတချို့ အစာငတ်ခံဆန္ဒပြနေစဉ်မှာ ဗကသအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို ကို ဖမ်းဆီး တဲ့အပေါ် သန်လျင်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်ထုတ် လိုက်ပါတယ်။
ဒီအတောအတွင်းမှာပဲ မြင်းခြံနည်းပညာတက္ကသိုလ်က စတုတ္ထနှစ်မြို့ပြ အင်ဂျင်နီယာကျောင်းသူ မနှင်းအိစံကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ နဲ့အမှုဖွင့်ထားတဲ့အတွက် ရဲက မနေ့က ဖမ်းဝရမ်းထုတ်လိုက် ပါတယ်။
ဒီမိုကရေစီပညာရေး ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွဲနှိမ်နင်းတာတွေမလုပ်ဖို့ ပြီးခဲ့တဲ့မတ်လက မြင်းခြံမြို့မှာတောင်းဆိုခဲ့တဲ့ ကျောင်းသား ၁၀ ယောက်ကို ပုဒ်မ ၁၈ နဲ့အမှုဖွင့်ထားပြီး၊ ကျောင်း သားတွေက တရားရုံးကိုမသွားခဲ့တဲ့အတွက် အခုချိန်မှာ ဖမ်းဝရမ်းထုတ်တာဖြစ်တယ်လို့ ဝရမ်းထုတ်ခံထားရတဲ့ နည်းပညာတက္ကသိုလ်ကျောင်းသား ကိုဇော်လင်းအောင်က RFA ကိုပြောပါတယ်။
"လက်ပံတန်းမတိုင်ခင်မှာ ကျနော်တို့က ဒီသပိတ်ကို အကြမ်းဖက် အင်အားသုံးမဖြိုခွင်းဖို့ ထောက်ခံပွဲလုပ်ကြ တယ်၊ အဲဒီပွဲမှာ မြင်းခြံနည်းပညာကောလိပ်က ကျောင်းသား ကျောင်းသူ ၁ဝ ယောက်ကို ပုဒ်မ ၁၈ ဆိုပြီး အမှုဖွင့်လိုက်တယ်၊ အမှုဖွင့်ပြီး ကျနော်တို့ကို တရားရုံးမှာ လာတွေ့ပါဆိုပြီးတော့ စာဆင့်တယ်၊ စာမေးပွဲ ရက်ဖြစ်နေတယ်၊ အဲ့တော့သွားလို့မရဘူး၊ ဗကသကျောင်းသားတွေ သဘောအရလည်း ဒီဥစ္စာကို သွားပြီးတော့ တွေ့မှာမဟုတ်ဘူးဆိုပြီး ဆုံးဖြတ်ချက်ချတယ်၊ အဲဒါကြောင့် ကျနော်တို့ သွားပြီးတော့မရင်ဆိုင်ဘူး၊ အဲဒီအချိန်မှာ ကျနော်တို့ကို ဘာမှမပြောဘဲနဲ့ ဒီအတိုင်းထားတယ်၊ ခုချိန်မှာ ၁ဝ ယောက်ထဲက မနှင်းအိစံကို ရုံးကိုလာရောက်ရန် ပျက်ကွက်တဲ့အတွက်ဆိုပြီး ဝရမ်းထုတ်တယ်"
မနှင်းအိစံဟာ နွားထိုးကြီးမြို့က ဖြစ်တဲ့အတွက် သူ့အိမ်ကို အာဏာပိုင်တွေက ဝရမ်းစာပေးပို့တာလို့ဆိုပါတယ်။ ကျန်တဲ့ကျောင်းသား ၉ ယောက်ဆီတော့ အခုလိုဝရမ်းစာ ရောက်လာတာမရှိသေးဘူးလို့ သိရပါတယ်။ မနှင်းအိစံကတော့ ခုချိန်မှာ ရှောင်တိမ်းနေရပါတယ်။
ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျောင်းသားတွေ၊ ဝန်းရံပြည်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရွေးကောက်ပွဲ မတိုင်ခင် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး၊ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်က သမ္မတဦးသိန်းစိန်ကို မနေ့က စာရေးသားပေးပို့ တောင်းဆိုထားပါတယ်။
အခုလိုတောင်းဆိုထားချိန်မှာပဲ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို ကို ဖမ်းဆီးလိုက်ပြီး၊ ကျောင်းသား ၃၀ လောက်ကလဲ ဝရမ်းထုတ်ခံထားရလို့ တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။
RFA
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အစာအငတ်ခံ ဆန္ဒပြနေသည့် ကိုအောင်မှိုင်းဆန်းအား ရေပူဆရာတော် အပါအ၀င် မန္တလေး အိုဘို အကျဉ်းထောင် အတွင်းရှိ ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများက ထောက်ခံကြောင်း၊ ကျန်းမာရေးအတွက် စိုးရိမ်မိကြောင်း အောက်တိုဘာ ၂၉ ရက်က ကျောက်မျက်မှုနှင့် ပတ်သက်၍ ရုံးထုတ်တွင် ဆရာတော်မှ မိန့်ကြားခဲ့သည်။
“သာယာဝတီ ထောင်ထဲမှာ အကျဉ်းကျနေတဲ့ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုအောင်မှိုင်းဆန်းရဲ့ အစာအငတ်ခံ ဆန္ဒပြနေတဲ့အတွက် သူရဲ့ ကျန်းမာရေးအပေါ် မန္တလေး အိုးဘိုထောင်မှာရှိတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေး အင်အားစုတွေက စိုးရိမ်နေကြတယ်။ လက်ရှိ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ နိုင်ငံသားတွေအပေါ် ထားရှိတဲ့ စိတ်စေတနာမှာ မေတာ၊ ကရုဏာတရားတွေ မရှိတဲ့အတွက် ကိုအောင်မှိုင်းဆန်းရဲ့ ပေးဆပ်မှုကို များစွာ စိုရိမ်မှု ဖြစ်ရတယ်။ ကိုအောင်မှိုင်းဆန်းရဲ့ လုပ်ရပ်ဟာ ကိုယ်ကျိုးအတွက် မဟုတ်ပဲ အများအကျိုး လုပ်ဆောင်တာ ဖြစ်တဲ့အတွက် ထောက်ခံတယ်။ အဲ့အတွက်လည်း အိုးဘိုထောင်မှာရှိတဲ့ ကျောင်းသားတွေနဲ့အတူ နိုင်ငံရေး အကျဉ်းသားတွေကလည်း လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေနဲ့ ၀န်းရံသွားပါ့မယ်” ဟု ပြင်ဦးလွင်ခရိုင် တရားရုံး အရောက်တွင် ရေပူဆရာတော်က မိန့်ကြားခဲ့သည်။
ကျောက်မျက်မှုနှင့် ပတ်သက်၍ ရေပူဆရာတော်အား ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ရာ တရားလိုအဖြစ် အမှုဖွင့် တိုင်းကြားသူ ဦးမောင်မောင်ရှိမ်း (ကျောက်မျက်ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး) နှင့် ဦးကိုကိုဝင်းမြင့် (ကျောက်မျက်ဌာနမှ ဒုတိယ လက်ထောက်ညွှန်ကြားရေးမှူး)တို့ကို နှစ်ဘက်ရှေ့နေများက အပြန်အလှန် စစ်ဆေးမြန်းခဲ့ကြောင်း သိရသည်။
ဦးမောင်မောင်ရှိမ်းအား ရေပူဆရာတော်၏ အကျိုးတော်ဆောင် ရှေ့နေမှ မိုးကုတ်မြို့တွင် တရားမ၀င် ကျောက်မျက်တူးဖော်မှုများကို ကျောက်မျက်ဌာန အနေဖြင့် ဘယ်နှစ်မှု အရေးယူ ဆောင်ရွက်ခဲ့သလဲဟု မေးမြန်းရာ ၎င်းက “ကျနော် တာဝန်ယူနေစဉ် အတွင်း အမှုဖွင့် ဆောင်ရွက်ထားတာ တစ်ဦး ရှိပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့ကြောင်း၊ ထို့နောက် အကျိုးတော်ဆောင်ရှေ့နေမှ မိုးကုတ်မြို့ လယ်အင်း(မုံကွင်း)အတွင်း ကျောက်မျက်စင်တာ ဖော်ဆောင်မည်ကို မြို့သူ၊ မြို့သားများနှင့် ရေပူဆရာတော်မှ ဦးဆောင် ကန့်ကွက်ခဲ့သည့်အတွက် ယခုကဲ့သို့ ဆရာတော်အား အမှုဖွင့် တိုင်းတန်း စွဲဆိုခဲ့သည်လားဟု မေးမြန်ရာ ဦးမောင်မောင်ရှိမ်းက “မိုးကုတ်မြို့ကိုရောက်ပြီး တာဝန်ထမ်းဆောင်တာလည်း သိပ်မကြာသေးဘူး။ မုံကွင်း ကိစ္စကိုလည်း မသိပါဘူး။ ဆရာတော်ကျောင်းကို ရောက်တဲ့အချိန် ကျောက်ရှာဖွေတဲ့ ပုံစံမျိုး တွေ့လို့ အမှုဖွင့် တရားစွဲဆိုခဲ့တာပါ” ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်း ဆရာတော်အား တရားမ၀င် ကျောက်မျက်တူးဖော်ခြင်းနှင့် သစ်စုပုံထားခြင်း အပါအ၀င် စေတီများ ဖြိုဖျက်မှုဖြင့် ဇွန် ၉ ရက် ညပိုင်းက လူဝတ်လဲ၍ ၀င်ရောက်ဖမ်းဆီးခဲ့ပြီး စေတီများ ဖြိုဖျက်မှုနှင့် ပတ်သက်၍ (ပ)၆၄/၂၀၁၅ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် လည်းကောင်း၊ မြေစာများအား ရေပိုက်များဖြင့် ထိုးပတ်မှုကို (ပ)၆၃/၂၀၁၅ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က) (ခ)အရ လည်းကောင်း၊ သစ်စုပုံထားခြင်းနှင့် ပတ်သက်၍ သစ်တောပုဒ်မ ၄၂(ခ)ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။
သာသနာ ညှိုးနွမ်းစေမှုနှင့် ပတ်သက်၍ အဓိက တရားလို ဦးဖေစိန်၏ ထွက်ဆိုချက်များမှာ တိကျသေချာမှု မရှိသည့်အတွက် အမှုကို ခြေဖျက်ပေးရန် တိုင်းဒေသကြီး တရားလွှတ်တော်တွင် တင်လျှောက်ထားရှိကြောင်း၊ ကျောက်မျက်အမှုနဲ့ ပတ်သက်၍လည်း ရုံးပြောင်းစစ်ဆေးခွင့်ပြုရန် တိုင်းဒေသကြီး တရားလွှတ်တော်တွင် တင်ပြထားရှိပြီး နိုဝင်ဘာ ၃ ရက်တွင် ရုံးပြောင်း လျှောက်ထားမှုနှင့် ပက်သက်၍ တိုင်းလွှတ်တော် တရားရုံးမှ လက်ခံရေး လျှောက်လွှဲချက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ရေပူကျောင်း ဆရာတော်ကို ဇွန် ၂၃ ရက် နံနက်ပိုင်းက မိုးကုတ်မြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်မှု ပြုလုပ်ခဲ့ရာ ဒုတိယအကြိမ် ရုံးထုတ်မှုကို ဇူလိုင် ၇ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးသို့ စတင်ပြောင်းရွှေ့ ရုံးထုတ်ခဲ့ပြီး ယင်းနောက် ကျောက်မျက်ဥပဒေနှင့် ပတ်သက်၍ ပြင်ဦးလွင်ခရိုင် တရားရုံးတွင် လည်းကောင်း၊ သစ်စုပုံထားခြင်းနှင့် သာသနာ ညှိုးနွမ်းစေမှုတို့ကို ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် လည်းကောင်း နှစ်ရုံးခွဲကာ ရုံးထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကျောက်မျက်မှုနှင့် ပတ်သက်၍ နိုဝင်ဘာ ၅ ရက်တွင် ရုံးထုတ်သွားမည်ဖြစ်ပြီး သစ်မှုနှင့် သာသနာ ညှိုးနွမ်းစေမှုကိုလည်း နိုဝင်ဘာ ၄ ရက်တွင် ထပ်မံရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယခင်က ရေပူကျောင်း ဆရာတော်ကို မိုးကုတ်မြို့ တောင်ကချင်ရပ်ရှိ အချုပ်ထောင်တွင် ထားရှိရာမှ ဇူလိုင် ၂ ရက်တွင် ပြင်ဦးလွင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဇူလိုင် ၇ ရက်မှ စတင်၍ ယနေ့အချိန်ထိ မန္တလေး အိုးဘိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ ထားရှိကြောင်း သိရသည်။
Writer:
အောင်သူ
Eleven Media Group
ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် မြောက်ပိုင်းတပ်မတော် (SSPP/SSA) ဌာနချုပ် ၀မ့်ဟိုင်းအား ဗုံးကြဲမည်ဆိုသော ကောလဟာလများ ဖြစ်ပေါ်နေသဖြင့် ဒေသခံများ မနေရဲတော့ဘဲ ထွက်ပြေးနေကြရကြောင်း ဌာနချုပ် ၀မ့်ဟိုင်း ဒေသခံများက အောက်တိုဘာ ၂၉ ရက် နေ့လည်ပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ှSSPP ဌာနချုပ် ၀မ့်ဟိုင်းတွင် အောက်တိုဘာ ၂၈ ရက် ည ၁၂ နာရီ ၃၀ မိနစ်နှင့် ၁ နာရီ ၁၅ နာရီကြားတွင် ၀မ့်ဟိုင်းဌာနချုပ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း SSPP ၏ အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းလက ပြောကြားပါသည်။
အောက်တိုဘာ ၂၈ ရက် ည၌ ၀မ့်ဟိုင်း ဘုန်းတော်ကြီးကျောင်းတွင် ၀ါကျွတ်ပွဲတော် ကျင်းပရာ လူများဖြင့် စည်ကားနေချိန်တွင် ဘုန်းတော်ကြီးကျောင်းနှင့် ကိုက် ၇၀ ခန့်ဝေးသော နေရာသို့ လက်နက်ကြီး ကျရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးကြီး စိုင်းလက ၀မ့်ဟိုင်းတွင် အခြေအနေ ရှုပ်ထွေးနေကြောင်း၊ ဒေသခံ လူတွေ ထွက်ပြေးနေကြရကြောင်း ပြောကြားပါသည်။
“မနေ့ည ရွာထဲ လက်နက်ကြီးကျတယ်။ အိမ် နှစ်လုံး ပျက်စီးတယ်။ ကားတစ်စီးပျက်တယ်။ ခွေးတစ်ကောင်သေတယ်။ လူတွေ လန့်ပြီး ပြေးကုန်ပြီ။ ၀မ်ဟိုင်းရွာထဲကို ချနေတာ။ ဘုန်းကြီးကျောင်းကို ထုတာ မထိလို့ အိမ်ကို သွားထိတာ။ မနေ့ည ၁၂ နာရီခွဲလောက်ကနေ ၁ နာရီ ၁၅ အထိ ၁၂၀ မမ ၈ လုံး ထုတယ်။ ၀မ်ဟိုင်း ရွာထဲ ပစ်ချတယ်" ဟု ဗိုလ်မှူးကြီး စိုင်းလက ဆိုသည်။
ထိုသို့ လက်နက်ကြီး ကျမှုကြောင့် ဒေသခံများမှာ ၀မ့်ဟိုင်းဌာနချုပ်တွင် မနေရဲတောဘဲ မိုင်းရယ်၊ လားရှိုး ၊ ကျိန်းလိန်၊ မိုင်းရှူး၊ တို့သို့ ထွက်ပြေးနေရကြောင်း၊ ယနေ့ ညနေဘက်တွင်လည်း ၀မ့်ဟိုင်းကို ဗုံးကြဲမည်ဆိုသာ ကောလာဟလများ ထွက်ပေါ်နေသဖြင့် စိုးရိမ်စိတ်များ ကြီးထွားနေရကြောင်း သိရသည်။ ၀မ့်ဟိုင်း ကျေးရွာအုပ်စုတွင် လူဦးရေ သောင်းကျော် နေထိုင်နေကြောင်း သိရသည်။
“မနေ့ညက ၀မ့်ဟိုင်း ဌာနချုပ်ကို အမြှောက်တွေနဲ့ လှမ်းထုတယ်။ ရည်ရွယ်ချက်ကတော့ ရပ်ကွက်တွေထဲ ရွာတွေထဲကို ထုတာပေါ့။ ဘာလို့ ထုလဲ ဆိုတော့ ထုချင်လို့ ထုတာလား မသိဘူး။ စစ်ရေး အရဆိုရင်တော့ တပ်အချင်းချင်း ထုရမှာပေါ့ဗျာ။ အခုက လူနေအိမ်ထဲတွေ ကျကုန်တယ်။ ဘုန်းကြီးကျောင်းကောပဲ။ ၈ လုံး လောက် ကျတယ်။ ၀မ့်ဟိုင်းဌာနချုပ်ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ လေယာဉ်ပျံတွေ လာလာဝဲနေတယ်။ F-7 ခေါ်တာလား မသိဘူး။ လက်နက်ကြီး ကျတဲ့ နေရာတွေကတော့ စိုးရိမ်စိတ်တွေ ဖြစ်နေကြတာပဲ။ SSPP ဘက် တပ်လှန်းထားတာ မြင်ရတယ်။ လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်။ တပ်ဖက်ကတော့ မသိရဘူး ။ သူတို့က အဝေးကြီးက နေ လှမ်းထုတာဘဲ။ မိုင်းရှူးမှာလည်း လွန်ခဲ့တဲ့ ရက်ပိုင်းက ဖြစ်တယ်။ ရွေးကောက်ပွဲ မကျင်းပတော့ဘူးလို့ ကြေညာချက် ထုတ်တဲ့ ၂၇ ရက် နေ့လည်က မြို့ထဲမှာတော့ သူတို့ လောင်ချာတွေနဲ့ ၅ မိနစ် တစ်ကြိမ်လောက် ပစ်တယ်။ အမှတ် ၁၄၉ တပ်ရင်းက ထုတာပေါ့။ မိုင်းရှူးမြို့ထဲကနေ တောင်ခြေကို လှမ်းပစ်တာပေါ့။ တပ်က မြို့ထဲမှာဘဲလေ။ အဲဒီတော့ လူထုက ကြောက်လန့်ကြတာပေါ့။ ဆိုင်တွေ ဘာတွေ ပိတ်တယ်။ ညနေ ကြေညာချက် ထုတ်တဲ့ရက် ၊ အဖိတ်နေ့ပေါ့ ။ လပြည့်နေ့လည်း ဖြစ်သေးတယ်။ ဘုရားသွား ကျောင်းတက် တောင် မလုပ်နိုင်ဘူး။ ယမ်းငွေ့တွေနဲ့ ဖုံးလွှမ်းနေတယ်” ဟု မိုင်းရှူး SNLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းထွန်းအေး က ပြောသည်။
“အသံတွေ ကြားတာ အကျယ်ကြီးပဲ။ ကြောက်စရာကြီး၊ ကြောက်တယ်။ လန့်တယ်။ ဘယ်မှလည်း မသွားရဲတော့ဘူး။ ကိုယ့်ဘ၀ကို လုံခြုံမှု မရှိဘူးလို့ ခံစားနေရတယ်။ ” ဟု ၀မ့်ဟိုင်း ဒေသခံ နန်းလောင်ငင်းက ပြောသည်။ ထို့ပြင် မိုင်းရှူး ၀မ့်ဆောရွာတွင်လည်း မနေရဲသဖြင့် ထွက်ပြေးနေကြကြောင်း စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှ ကူညီကယ်ဆယ်ရေး အဖွဲ့ဝင် လုံးကျော်ဟန်က ပြောသည်။
“၀မ်ဆော့မှာ အရင်က ဒုက္ခသည် ၁၅၀၀ လောက် ရှိတယ်။ သူတို့လည်း တချို့ မနေရဲတော့ ထွက်ပြေးကုန်တယ်။ ခုတော့ ၁၂၀၀ လောက်ပဲ ကျန်တော့တယ်။ ဒီမှာ စားဝတ်နေရေး ခက်ခဲနေတယ်။ သူများတွေ လာလှူထားတာလေးနဲ့ ရပ်တည်နေရတယ်။ အဖွဲ့တွေ လာလှူတယ်။လေ။ ဒီဒေသခံတွေလည်း ရှိ၊ အခြား ဒေသခံတွေလည်း ရှိတာပေါ့။ ၁၂၀၀ လောက်တော့ ကျန်သေးတယ်” ဟု ၀မ်ဆော့ ဒုက္ခသည်စခန်းမှ လုံးကျော်ဟန်က ပြောသည်။
“မိုင်းရှူးမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။ အဖိတ်နေ့က မိုင်းရှူး အထွက်မှာပေါ့။ ၃၆၉ ကုန်း လို့ ခေါ်တယ်။ ပန်ဆွဲရွာနဲ့ နီးတယ်။ တစ်မြို့လုံးက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပြီးတော့ ဆိုင်တွေလည်းပိတ်၊ ဈေးတွေ လည်း ပိတ်တယ်။ အပြင်မထွက်ရဲကြဘူး။ အားလုံးဟာ ကျီးလန့်စာစား နေနေရတယ်ပေါ့။ နေ့လည် ၂ နာရီ ပတ်ဝန်းကျင်မှာ ဖြစ်တယ်။ ညနေထိ ဆက်ဖြစ်တယ်။ မိုင်းစံက ပြန်လာတော့ ညနေပိုင်းမှာ မြင်ခဲ့တာလေ ”ဟု မိုင်းရှူး NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သူ ဦးဝင်းနိုင် က ပြောကြားခဲ့ပါသည်။
Eleven Media Group
ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကို ပြောတာလဲနှင့် နောက်ထပ် ပြောင်းရန် အခြားမရှိဘဲ ကွန်မြူနစ်သာရှိတော့ဟု သမ္မတ ဦးသိန်းစိန်က ငပုတောမြို့နယ် ဥသျှစ်ကွင်း ကျေးရွာ ဒေသခံများနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၂၉ ရက်က ၎င်း၏ ဇာတိဖြစ်သော ငပုတောသို့ သွားရောက်ခဲ့ပြီး ဥသျှစ်ကွင်း ကျေးရွာသို့ ရောက်ရှိချိန်တွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။
"ကျွန်တော်တို့ အစိုးရဟာ စနစ်ဟောင်း တစ်ခုကနေ စနစ်သစ် တစ်ခုကို ကူးပြောင်းရတဲ့ အစိုးရ ဖြစ်တယ်။ စနစ်ဟောင်း တစ်ခုကနေ စနစ်သစ် တစ်ခုကို ကူးပြောင်းရတယ် ဆိုတာ အလွန်မှ အန္တရာယ် များတယ်။ ပြောရမယ် ဆိုလို့ရှိရင် ကျွန်တော်တို့လိုပဲ တစ်ချိန်ထဲမှာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့ နိုင်ငံတွေ၊ အာရပ်နိုင်ငံတွေ၊ မွတ်စလင်နိုင်ငံတွေ အများကြီး ရှိပါတယ်၊ ဒီနေ့အထိ ဒီမိုကရေစီ စနစ်ကို မပြောင်းနိုင်ဘဲနဲ့ နေ့စဉ်နဲအမျှ သွေးထွက်သံယိုမှုတွေ၊ ခင်ဗျားတို့ တီဗီရှိရင် တွေ့နေရမယ်။ ဟုတ်တယ်မလား။ ဗုံးတွေ၊ မိုင်းတွေ နေ့စဉ်ကွဲနေတယ်။ နေ့စဉ် ခုနလို တိုက်ပွဲတွေ ဖြစ်နေတယ်။ အပေါ်ကနေ နေ့စဉ် လေယာဉ်ပျံတွေနဲ့ ဗုံးကြဲနေတယ်။ တိုင်းပြည်ကြီးက ပျက်နေတယ်။ လူတွေဟာ သိန်းနဲ့ချီပြီးတော့ ခုနကလို ထွက်ပြေးနေရတယ်။ သူတို့လဲ ကျွန်တော်တို့နဲ့ တစ်ချိန်ထဲမှာ ဒီမိုကရေစီစနစ် ပြောင်းတာပဲ။ သို့သော်လည်း ကျွန်တော်တို့ကတော့ ခုနကလို တစ်လှမ်းချင်း သတိထားပြီးတော့ ပြောင်းလဲနိုင်ခဲ့တဲ့ အတွက်ကြောင့် ဒီမိုကရေစီ စနစ်ကို သွေးထွက်သံယို မရှိဘဲကို ပြောင်းလဲလာနိုင်တယ်။ အဲ့တော့ ပြုပြင်ပြောင်းလဲမှု၊ ပြောင်းလဲဖို့ အချိန်တန်ပြီ ဆိုတာ တကယ်တော့ ခုနကလို ကျွန်တော်တို့ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲတဲ့ အခါမှာ ပြောင်းလဲပါပြီ။ အဲဒီတော့ ဒီမိုကရေစီ စနစ်ကို ဆက်ပြီးတော့ ရှေ့ကို ရှင်သန်အောင်လို့ ကြိုးစားဖို့ပဲ လိုပါတယ်။ ဟုတ်ပြီ။ ကျွန်တော်တို့ တပ်မတော် အစိုးရအုပ်ချုပ်တဲ့ စနစ်ကနေပြီးတော့ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ ခုနကလို အစိုးရစနစ်နဲ့ လွှတ်တော်တို့ အစိုးရတို့ စသည်အားဖြင့် ဒီစနစ်နဲ့ အုပ်ချုပ်တဲ့ ဒီမိုကရေစီ စနစ်ကို ကျွန်တော်တို့ ပြောင်းပြီးပြီ။ နောက်ထပ် ဘာများ ပြောင်းချင်သေးလဲ။ နောက်ထပ် ပြောင်းဖို့ကတော့ အခြား မရှိတော့ဘူး ကွန်မြူနစ်ပဲ ရှိတော့တယ်။ ကွန်မြူနစ် ပြောင်းချင်လား၊ ဘယ်သူမှ မပြောင်းချင်ဘူး။ ဟုတ်တယ်မလား"ဟု သမ္မတ ဦးသိန်းစိန်က ဆိုပါသည်။
ထို့နောက် ၎င်းတို့အနေဖြင့် ပြောင်းပြီးပြီ ဖြစ်ကြောင်းနှင့် ပြောင်းပြီးဖြစ်တဲ့ စနစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် လုပ်သွားမည်ဟုလည်း ပြောကြားပါသည်။
"ခင်ဗျားတို့ ဒီဘက်တွေကတော့ သိပ်အန္တရာယ် မရှိဘူး။ ကျွန်တော်တို့က မြစ်ဝကျွန်းပေါ် ဟိုဘက်က ကျောင်းကုန်းတို့ အသုတ်တို့ ကျွန်တော့်အမျိုးသမီးရဲ့ ဇာတိဒေသတွေမှာ ပညာတောင်မှ ကောင်းကောင်းမသင်ရဘူး။ ဟိုပြေးရ ဒီပြေးရ ဟိုမှာကောင်းကောင်းမနေရ။ ဒီမှာကောင်းကောင်းမနေရ။ ဒီကွန်မြူနစ်တွေရဲ့ ဒုက္ခပေးမှုဒဏ်ကြောင့် အလူးအလဲနဲ့ခံရတာ။ မြစ်ဝကျွန်းပေါ်ဒေသက သောင်းကျန်းသူတွေ ချုပ်ငြိမ်းတာ ရေတွက်ကြည့်ရင် ဘာမှသိပ်တောင်မကြာသေးဘူး။ လူငယ်၊ လူရွယ်ပိုင်းက သိပ်မသိသေးဘူး။ လူလတ်ပိုင်းတွေဆို ကောင်းကောင်းမွန်မွန် သိပါတယ်။ ခုနကလို ပြည်သူများလိုလားတဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းပြီးပြီ။ ခုနလို ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာလဲ။ ကျွန်တော်တို့ကတော့ ပြောင်းပြီးပြီ။ ပြောင်းပြီးတဲ့စနစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် ဆက်ပြီးတော့ ကျွန်တော်တို့က လုပ်သွားမယ်။ နောက်တစ်ခုက ဒီမိုကရေစီစနစ်ကို ပြောင်းတာဖြစ်တဲ့အတွက်ကြောင့် ဒီစနစ်နဲ့ လိုက်လျှောညီထွေမှုဖြစ်အောင်လို့ ခုနကလို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ရပါမယ်။ စီပွါးရေးတွေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရပါမယ်။ အုပ်ချုပ်ရေးစနစ်တွေ ပြောင်းလဲမှုတွေလုပ်ရပါမယ်၊ နောက်တစ်ခါ ခုနကလို လူမှုရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ရပါမယ်”ဟု ဦးသိန်းစိန်မှ ပြောကြားသည်။
သမ္မတ ဦးသိန်းစိန်၏ ငပုတော ခရီးစဉ်၌ ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ပြိုင်မည့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ၊ မအူပင်မြို့နယ် မဲဆန္ဒနယ်တွင် ၀င်ပြိုင်မည့် နေပြည်တောင်ကောင်စီ ဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးသိန်းညွှန့်တိုပါ အတူလိုက်ပါလာခဲ့ပြီး၊ ပုသိမ်မြို့သို့ ရောက်ရှိချိန်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များက ကြိုဆိုမှုများပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ ဦးသိန်းစိန်က ဇာတိမြို့ဖြစ်သည့် ငပုတောမြို့သို့ မော်တော်ယာဉ်များဖြင့် သွားရောက်ကာ လမ်းတလျှောက်တွင် ပြည်ခိုင်ဖြိုးပါတီ အကျီင်္ဝတ်ဆင်ထားသူများက နိုင်ငံတော်သမ္မနှင့် ပြည်ခိုင်ဖြိုးပါတီတံဆိပ်ပါ ပြက္ဒဒိန်များကိုင်ဆောင်၍ ကြိုဆိုမှုများ ပြုလုပ်ခဲ့ပြီး ငပုတောမြို့မှ ဥသျှစ်ကွင်းကျေးရွာသို့ ရှပ်ပြေးရေယာဉ်များဖြင့် သွားရောက်ကာ ဒေသခံများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၏ ယခုသွားရောက်သည့် ခရီးစဉ်သည် ပြီးခဲ့သည့် သုံးလတာကာလအတွင်း ဧရာဝတီတိုင်းသို့ တတိယအကြိမ် သွားရောက်သည့် ခရီးစဉ်ဖြစ်ကာ သြဂုတ်တွင် တစ်ကြိမ်၊ စက်တင်ဘာတွင် တစ်ကြိမ် သွားရောက်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အတူ သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ် တစ်နှစ်ကာလုံးတွင် ပြည်တွင်း ခရီးစဉ် ၁၈ ခု၊ ၂၀၁၄ ခုနှစ် တစ်နှစ်လုံးတွင် ပြည်တွင်း ခရီးစဉ် ၃၁ ခုသာ သွားရောက်ထားခဲ့ရာမှ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ယခုနှစ် သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာ ၂၂ ရက် သုံးလတာကာလအတွင်း ပြည်တွင်းခရီးစဉ် ၃၉ ခုထိသွားရောက်ခဲ့သည်။
ထို့ကြောင့် သမ္မတ အနေဖြင့် ရွေးကောက်ပွဲနီးချိန်ရောက်မှ ပုံမှန် အချိန်များထက် ပြည်တွင်း ခရီးစဉ်များ ဆက်တိုက် သွားရောက်နေခြင်း၊ ထိုသို့ သွားရောက်ချိန်တွင်လည်း ပြည်ခိုင်ဖြိုးပါတီဝင်များက ကြိုဆိုခဲ့ကြခြင်း၊ ယင်းသို့ ကြိုဆိုမှုများကို အစိုးရ သတင်းစာများနှင့် ရုပ်မြင်သံကြား သတင်းများတွင် အကျယ်တ၀င့် ဖော်ပြခဲ့ခြင်းများကြောင်း သမ္မတ၏ ခရီးစဉ်များသည် ဒေသဖွံ့ဖြိုးရေး၊ သဘာဝ ဘေးသင့်ဒေသ ကူညီကယ်ဆယ်ရေးများထက် ပြည်ခိုင်ဖြိုးပါတီအတွက် တစ်ဖက်လှည့်ဖြင့် မဲဆွယ်စည်းရုံးမှု ပြုလုပ်နေသည့် ပုံစံဖြစ်နေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေပါသည်။
Eleven Media Group
[youtube src="gqK9HZ2M3OI"/]
ဓာတ်ပုံကိုတေဇ (အာရှ) ၁၉၈၈ ခုနှစ် ဒီဇင်ဘာလက ရိုက်ကူးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ရဲ့ ဈာပနခရီးစဉ် အမှတ်တရ ဓာတ်ပုံပြပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့က စတင်ခဲ့ပါတယ်။
ဓာတ်ပုံပြပွဲမှာ ဒေါ်ခင်ကြည်ရဲ့ နောက်ဆုံးဈာပန အခမ်းအနား ပြုလုပ်ခဲ့တဲ့ ၇ ရက်တာ ကာလပတ်လုံး ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြသထားပါတယ်။ ဈာပန ပြုလုပ်နေစဉ်အတွင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က တာဝန်ရှိသူတွေ၊ ရဲဘောသုံးကျိပ်ဝင်တွေ၊ နိုင်ငံရေးပါတီတွေ၊ တို့ဗမာအစည်းအရုံး၊ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ သတင်းစာဆရာတွေ စသူတွေ တက်ရောက်လာတဲ့ ဓာတ်ပုံတွေကို ပြသထားပါတယ်။
Eleven Media Group
[youtube src="ZE_oxC-E1Vw"/]
အောက်တိုဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ငပုတောမြို့နယ်၊ ဥသျှစ်ကွင်း ဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတဦး သိန်းစိန်က “ကျွန်တော်တို့ တပ်မတော်အစိုးရ အုပ်ချုပ်တဲ့ စနစ်ကနေပြီးတော့ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ ခုနကလို အစိုးရစနစ်နဲ့ လွှတ်တော်တို့ အစိုးရတို့ စသည်အားဖြင့် ဒီစနစ်နဲ့ အုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းပြီးပြီ နောက်ထပ်ဘာလို့များ ပြောင်းချင်သေးလဲ၊ နောက်ထပ် ပြောင်းဖို့ကတော့ အခြားမရှိတော့ဘူး ကွန်မြူနစ်ပဲ ရှိတော့တယ် ကွန်မြူနစ်တော့ ဘယ်သူမှ မပြောင်းချင်ဘူး ဟုတ်တယ်မလား” လို့ ပြောကြားခဲ့ပါတယ်။
Eleven Media Group
[youtube src="9i8cwZOqO0g"/]
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြိုတင်မဲ ပေးတာတွေကို အောက်တိုဘာလ ၂၉ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ ကြိုတင်မဲ စတင်ပေးတဲ့နေ့မှာ သာကေတ မြို့နယ်အတွင်း မဲပေးမှု အခြေအနေတွေကို မဲရုံကိုယ်စားလှယ်တွေနဲ့ လေ့လာစောင့်ကြည့်သူတွေ လိုက်ပါကြည့်ရှုခွင့် မရတာကို သာကေတ မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးက “ကြိုတင်မဲပေးတာကို ရွေးကောက်ပွဲ ကော်မရှင်က ကျွန်တော်တို့ ပါတီကိုလည်း အကြောင်းမကြားဘူး။ ကျွန်တော်တို့က အသံကြားလို့ လိုက်တော့ မဲရုံးကိုယ်စားလှယ်ကိုလည်း ဝင်ခွင့်မပေးဘူး။ အထောက်အထား အကုန်ကို သက်ဆိုင်ရာကို အဆင့်ဆင့် တင်သွားမယ်” လို့ ပြောပါတယ်။
Eleven Media Group
ဒီမို--ညီ ညီမငယ်များ---
အားမလို---အားမရ--ဖြစ်နေကြရာက---
ထ-လောင်ကျွမ်းလာတဲ့မီးတောက်
ရဲရဲတောက်လို့----
မကြောက်တရားနဲ့နောက်နားမခို
ကြောက်အားမပိုတဲ့သမိုင်း--
ဒါ----ငါတို့----စစ်ကိုင်း---
စစ်ကိုင်းဆိုတာ---
ဇေယျာအောင်မြေလေ---
ရဲရင့်သူတွေနေတဲ့---မြို့
သမိုင်း---ရာဇဝင်
အစဉ်အဆက်---သွေးမပျက်
တော်လှန်မယ့်လက်တွေစုစည်း
ငါတို့---ရှေ့ခရီးကို----
မညည်းမညူ အတူတိုက်ဖောက်
အတူလျှောက်မယ့်---
ယောက်ျားကောင်း--သူရဲကောင်းတို့မြေ
ဟောဒီ---ဧရာမြစ်ကြောင်းမှာ
သူရဲကောင်းတို့ဒဏ္ဋာရီ---
သူရဲကောင်းတွေရဲ့ပုံပြင်--
ငါတို့---ငယ်စဉ်
အိပ်ယာဝင်တိုင်းကြားခဲ့ဘူးပေါ့---
အစီခံ--အရပ်က--ခံတပ်
အင်းဝခံတပ်တွေက---
သမိုင်းဖြစ်ရပ်--ပုံရိပ်တွေ
ငါတို့----စိတ်ကိုလှုပ်ရှားစေခဲ့ဖူးပြီ---
၈၈--ပုံပြင်
ငါတို့---ရင်ကိုထိမှန်--
သေနတ်သံ---ဗုံးသံ
ငါတို့---စိတ်ဒဏ်ရာများနဲ့
ငါတို့---သွေးသားတွေရဲရင့်နေခဲ့တယ်--
ကဲ--စစ်ကိုင်း
ခေတ်တိုင်းရဲ့ပုံရိပ်
ရဲရင့်တဲ့စိတ်တွေက-အတိတ်ကိုပြန်လှန်
သမိုင်းအမှန်နဲ့---
မနက်ဖြန်များစွာအတွက်--ရဲရဲနီ
ဒီမြေ---သမိုင်းမှာ
စစ်ကိုင်းဟုခေါ်သည်----
ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ၂၀၁၅ အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ
ကြိုတင်မဲများအား တပ်ရင်းတပ်ဖွဲ့များ၊ ၀န်ထမ်းများက သက်ဆိုင်ရာ ရပ်ကျေးရုံးများ
သို့ မဲလာပေးနေကြပြီး မဲပေးပုံနည်းစနစ် နားလည်သဘောပေါက်မှု အားနည်းသော
ကြောင့် ကြန့်ကြာမှုများ ရှိကြောင်း ကြိုတင်မဲပေးသူများထံမှ သိရှိရသည်။
“အခု မဲပေးတာ သုံးမဲကို ငါးမိနစ်လောက်တော့ ကြာတယ်။ အဲဒါတောင် ကိုယ်တွေ
မဲပေးတဲ့အချိန်မှာ စောင့်နေရတာမျိုးတွေ မရှိသေးဘူး။ နိုင်ငံသား တစ်ယောက်နေနဲ့
မဲပေးဖို့လိုသလို မဲပေးပုံတွေကိုလည်း ကြိုတင်သိထား ဖိုလိုတော့ပေါ့” ဟု ကြိုတင်မဲ
လာပေးသူ မီးရထားရဲဝန်ထမ်း ကိုသန်းထိုက်က ပြောသည်။
ပြည်သူလူထုမှာ စားဝတ်နေရးအတွက်သာ လုံးပန်းနေရသောကြောင့် လေ့လာမှုများ
အားနည်းကြောင်း မဲပေးပုံ နည်းစနစ်အား နိုင်ငံပိုင်ရုပ်သံများနှင့် မီဒီယာများတွင်
လည်း အထပ်ထပ် ထုတ်လွှင့် တင်ပြလျက် ရှိသော်လည်း လေ့လာမှုမှာမူ
အားနည်းကြောင်းနှင့် လာရောက် မဲထည့်ကြသော ၀န်ထမ်းများပင်လျှင် မဲထည့်မှု
များ ကြန့်ကြာနေကြောင်း မဲရုံတာဝန်ရှိသူများက ပြောဆိုသည်။
ပြည်မြို့တွင် မဲရုံတစ်ရုံတည်းမှာပင် မဲဆန္ဒရှင် နှစ်ထောင်ကျော်ရှိသည့် မဲရုံများလည်း
ရှိနေပြီး မဲပေးမှုများ ကြန့်ကြာနေလျှင် လူတန်းစေ့ မဲပေး၍ မရနိုင်သော အခြေအနေ
များနှင့် ရင်ဆိုင်ရမည်ကို ပြည်သူများက စိုးရိမ်နေကြပြီး ပြည်ခရိုင် ရွေးကောက်ပွဲ
ကော်မရှင်ကမူ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး ဆောင်ရွက်သွားမည်ဟု ပြောကြား
ထားသည်။
ပြည်မြို့နယ်တွင် မဲရုံပေါင်း ၁၈၄ ရုံရှိကြောင်း ပြည်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
သတင်း - MMK
The Ladies News Journal
တာဝန်အရ ခရီးသွားလာရန် ရှိသည့် သူများအနေဖြင့် တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် ကျင်းပပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင်
မဲပေးခွင့် မဆုံးရှုံးစေရန် ကြိုတင်ဆန္ဒမဲပေးခြင်းကို သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်နှင့်
ကျေးရွာအုပ်စုများ အလိုက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများထံတွင်
အောက်တိုဘာ ၂၉ ရက်မှ စ၍ စိစစ်မဲပေးခွင့်ပြုနေပြီ ဖြစ်သည်။
ရွေးကောက်ပွဲ ကာလအတွင်း တာဝန်အရ ခရီးသွားရန်ရှိသည့် ၀န်ထမ်းများသည်
ခိုင်လုံသည့် ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲ
ကော်မရှင် အဖွဲ့ခွဲသို့ တင်ပြညှိနှိုင်းပြီး ကြိုတင်ဆန္ဒမဲ ပေးနိုင်ကြောင်း သိရသည်။
“ခရီးသွားဖို့ရှိတဲ့ ၀န်ထမ်းတွေအတွက် သီးသန့်ကြိုတင်မဲကို အောက်တိုဘာ ၂၉
ရက် ကနေပြီးတော့ နိုဝင်ဘာ ၇ ရက်နေ့အထိ လက်ခံဆောင်ရွက် ပေးသွားမှာပါ၊
ရွေးကောက်ပွဲ ကာလအတွင်းမှာ ၀န်ထမ်းတွေ၊ လေ့လာသူတွေ၊ သတင်းမီဒီယာတွေ
အခြားလူမှု အဖွဲ့အစည်းတွေက ခရီးသွားဖို့ တွေရှိကြပါတယ်။ ကျွန်တော်တို့
သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ လက်ခံ ဆောင်ရွက်ပေးဖို့
အဆင်သင့်ပါပဲ” ဟု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးက
The Ladies သို့ပြောသည်။
ကြိုတင်ဆန္ဒမဲ ပေးမည့်သူများ အနေဖြင့် ၀န်ထမ်းဖြစ်ကြောင်း အထောက်အထား၊
ခရီးသွားရန် လိုအပ်သည့်အကြောင်း အထောက်အထားတို့ ခိုင်လုံရန်လိုအပ်
ကြောင်း၊ ကြိုတင်ဆန္ဒမဲများကို ရွေးကောက်ပွဲ ကျင်းပသည့် နေ့မဲရုံမဖွင့်မီ
အပ်နှံထားသော ကြိုတင် ဆန္ဒမဲများမှ အပ မဲရုံသို့ နောက်ကျမှ ရောက်ရှိလာသည့်
ကြိုတင်ဆန္ဒမဲများအား ပယ်မဲအဖြစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ဇော်မင်းထွန်း
The Ladies News Journal
ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာရေလုပ်သား
များနှင့် မြန်မာသံရုံး တာဝန်ရှိသူများ ၊ ၎င်းတို့ မိဘများနှင့် တွေ့ဆုံချိန် လွတ်လပ်စွာ
ပြောဆိုခွင့် မရရှိသဖြင့် လူသတ်မှု ကျူးလွန်ခြင်းမရှိဘဲ ထိုင်းရဲတပ်ဖွဲ့၏ ခြိမ်းခြောက်
ပြောဆိုမှုများကြောင့် ၀န်ခံလိုက်ရခြင်း ဖြစ်သည်ကို စာဖြင့် ရေးသားပေးပို့ခဲ့ကြောင်း
မြန်မာသံရုံး အထူးအဖွဲ့ထံမှ သတင်းရရှိသည်။
ဖမ်းဆီးခံ မြန်မာရေလုပ်သားများနှင့် မြန်မာသံရုံး တာဝန်ရှိသူများ ၎င်းတို့၏
မိဘများက အောက်တိုဘာ ၂၈ ရက်တွင် တွေ့ဆုံခွင့်ရခဲ့ခြင်း ဖြစ်ပြီး ထိုင်းရဲများက
နည်းမျိုးစုံဖြင့် နှိပ်စက်သဖြင့် ၀န်ခံလိုက်ရခြင်း ဖြစ်ကြောင်း၊ ခွေးနှင့်ကိုက်စေပြီး
စစ်ဆေးမှုများ ရှိသကဲ့သို့ ခေါင်းကို ပလတ်စတစ်ဖြင့် ဖုံးအုပ်၍ ခြိမ်းခြောက်
နှိပ်စက် စစ်ဆေးမှုများလည်းရှိသည်ဟု ဖမ်းဆီးခံ မြန်မာရေလုပ်သား မိုးဇင်အောင်၏
မိခင်ဒေါ်အိအိမွန်၏ ပြောကြားချက်အရ သိရသည်။
ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးခံ မြန်မာရေလုပ်သား လေးဦးကို
အောက်တိုဘာ ၂၇ ရက်တွင် ခေါ်ဆောင်ပြီး အခင်းဖြစ်ပွားရာ နေရာများတွင်
လူသတ်မှု ပြုလုပ်သည့် သရုပ်ပြမှုများ ပြုလုပ်ခိုင်းခဲ့သည်။ သရုပ်ပြမှု
ပြုလုပ်သည့်နေ့တွင် မြန်မာသံရုံးအဖွဲ့က ဖမ်းဆီးခံ ရေလုပ်သားများနှင့်
တွေ့ခွင့်တောင်းရာ တွေ့ခွင့်မရရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင် ထိုင်းကျောင်းသူတစ်ဦးကို စက်တင်ဘာ ၂၈ ရက်က
အသက် ၁၅ နှစ်အရွယ် မိုးဇင်အောင်၊ အသက် ၁၆ နှစ် အရွယ် ကျော်ရဲဦးတို့
ညီအစ်ကိုနှစ်ဦးက ဓားဖြင့် ၁၇ ချက် ထိုးသတ်ခဲ့သည်ဟူသော သံသယဖြင့်
ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက်တွင် ဖမ်းဆီးခဲ့ပြီး အစ်ကိုဖြစ်သူကို
လူသတ်မှုတွင် ပါဝင်ခြင်း မရှိဟုဆိုကာ ပြန်လွှတ်ပေးကာ အောက်တိုဘာ ၂၅
ရက်တွင် မြန်မာရေလုပ်သား သုံးဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးထားသည့် မြန်မာ ရေလုပ်သားလေးဦးမှာ အသက် ၁၅ နှစ်အရွယ်ရှိကြသည့်
မိုးဇင်အောင်၊ စိန်ကတုံး၊ ကျော်စိုးဝင်းနှင့် ဝေလင်းတို့ဖြစ်သည်။ သေဆုံးသွားသော
ထိုင်းကျောင်းသူ၏ မိခင်သည် မြန်မာနိုင်ငံသားဖြစ်ပြီး ဖခင်မှာ ထိုင်းနိုင်ငံသား
ဖြစ်သည်။
သတင်း - ဇော်မင်းထွန်း
The Ladies News Journal
[soundcloud src="230615482"/]
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးရင် လျှပ်စစ်မီတာပုံးတွေ ချထားပေးမယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေကို မနေ့က ခေါ်ယူပြောဆိုခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးရင် လျှပ်စစ်မီတာပုံးတွေ ချထားပေးမယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေကို မနေ့က ခေါ်ယူပြောဆိုခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က တင်ပြထားပါတယ်။
Posted by RFA Burmese on Thursday, October 29, 2015
RFA
မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုတွေ စတင်ခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ကစလို့ မဲဆွယ်စည်းရုံးမှုတွေမှာ တားဆီး ကန့်သတ်မှုတချို့နဲ့ အတိုင်းအတာ တခုအထိ လွတ်လပ်မှု ရှိပေမဲ့လည်း ကိုယ်စားလှယ်လောင်းတွေအပေါ် ခြိမ်းခြောက်မှုတွေ ရှိတာကို တွေ့ရတယ်လို့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ Carter Center က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
အမေရိကန်နိုင်ငံအခြေစိုက် ကာတာစင်တာဟာ နိုင်ငံတကာက ရွေးကောက်ပွဲတွေ တရားမျှတမှု ရှိ-မရှိ ဆိုတဲ့အပေါ် စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး၊ မြန်မာနိုင်ငံက ရွေးကောက်ပွဲအတွက်လည်း လွန်ခဲ့တဲ့ လအနဲငယ်ကတည်းက အနီးကပ် စောင့်ကြည့်နေတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေအတွင်း သူတို့တွေ့ရှိထားတဲ့ အချက်အလက်တွေနဲ့ ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေရဲ့ တိုင်ကြားချက်တွေကို အထွေထွေ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ၁၀ ရက်အလို - အောက်တိုဘာလ ၂၈ ရက်နေ့ ရက်စွဲနဲ့ Carter Center က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
စက်တင်ဘာလ ၈ ရက်နေ့က စတင်ခဲ့တဲ့ ရက် ၆၀ ကြာ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေမှာ အတိုင်းအတာတခုအထိ ငြိမ်းချမ်းပြီး လွတ်လပ်မှု ရှိပေမဲ့လည်း တချို့နေရာတွေမှာ ခြိမ်းခြောက်မှုတွေ ရှိနေတာကို တွေ့ရတယ်လို့ Carter Center ရဲ့ ဒီမိုကရေစီအစီအစဉ်က ပူးတွဲညွန်ကြားရေးမှူး တဦးဖြစ်သူ Jonathan Stonestreet က ဗွီအိုအေကို ပြောပါတယ်။
“စိုးရိမ်စရာကောင်းတဲ့ အရာတခုကတော့ နိုင်ငံရေးအရ လှုပ်ရှားနိုင်မှုမှာ ကန့်သတ်ချက်တွေ ရှိနေတဲ့ကိစ္စပါ။ တချို့နေရာတွေမှာ ခြိမ်းခြောက်တာတွေ၊ ကန့်သတ် ချုပ်ခြယ်တာတွေ ရှိနေတာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်တပ်ရှိတဲ့နေရာတွေမှာ နိုင်ငံရေးပါတီဝင်တချို့ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်တယ်ဆိုတဲ့ တိုင်ကြားမှုတွေ ကျနော်တို့ ရရှိပါတယ်။ ဒါပေမဲ့ အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ သိသာ ကြီးမားတဲ့ ပြဿနာတွေ မဖြစ်စေဘဲ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအပေါ် မဲဆွယ်စည်းရုံးမှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို မျှတစွာ ကိုင်တွယ် အသုံးပြုတာကို တွေ့ရပါတယ်။”
အတိုက်အခံ NLD ပါတီကို ထောက်ခံသူတွေ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရတဲ့အကြောင်း သူတို့ထံ တိုင်ကြားတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့ကို ထောက်ခံသူတွေ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရတယ်ဆိုပြီး NLD ပါတီက ကျနော်တို့ကို ၅ ကြိမ် တိုင်ကြားထားပါတယ်။ တခြား တိုက်ခိုက်မှုတွေ ရှိခဲ့တယ်ဆိုတာလည်း ကျနော်တို့ ကြားသိရပါတယ်။ ကျနော်တို့ထံကို တရားဝင် တိုင်ကြားလာကြတဲ့သူတွေထဲမှာ NLD ပါတီအပြင် USDP - ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလည်း ပါပါတယ်။ ဒါတွေဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်တာတွေပါ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက တားဆီး ပိတ်ပင်တာမျိုး မဟုတ်ပါဘူး။”
NLD ပါတီကိုယ်စားလှယ်လောင်းတွေ ကိုကိုးကျွန်းကို မဲဆွယ်စည်းရုံးရေး သွားဖို့ အခက်အခဲ ကြုံခဲ့ရတာနဲ့ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီကတော့ ကိုကိုးကျွန်းမှာ မဲဆွယ်စည်းရုံးဖို့ အခက်အခဲ မရှိခဲ့ဘူးဆိုတဲ့ကိစ္စကိုလည်း Carter Center အနေနဲ့ တရားဝင်မဟုတ်တဲ့ တိုင်ကြားစာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း တဘက်မှာ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေအကြား အမျိုးသားရေးနဲ့ ဘာသာရေးဆိုင်ရာ ဟောပြောစည်းရုံးမှုတွေ ရှိလာမှာကို စိုးရိမ်နေကြဆဲ ဖြစ်ပေမဲ့ အခုချိန်ထိတော့ သူတို့အနေနဲ့ အဲဒီလို ဟောပြော စည်းရုံးမှုတွေရှိတာကို မတွေ့ရသေးဘူးလို့ Jonathan Stonestreet က ပြောပါတယ်။ Carter Center ရဲ့ ကြေညာချက်ထဲမှာ ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရထံ အကြံပြုချက်တချို့ တင်ပြထားတာနဲ့ပတ်သက်လို့လည်း Jonathan Stonestreet က အခုလို ပြောပြပါတယ်။
“ကျနော်တို့အနေနဲ့ အစိုးထံကို တင်ပြထားတဲ့ အကြံပြုချက်ထဲမှာတော့ - ပထမတခုကတော့ အွန်လိုင်းပေါ်မှာ သရော်စာတွေ တင်ပြခဲ့လို့ဆိုပြီး ဖမ်းဆီးခံထားရသူ ၂ ဦး ပြန်လွတ်ပေးဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်။ အဲဒီလို ဖမ်းဆီး ၊ ခြိမ်းချောက်မှုတွေ နောင်မှာ မဖြစ်ရအောင် ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်သင့်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ပတ်သက်လို့တော့ - နိုင်ငံရေးပါတီတွေက တိုင်ကြားလာတာတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့၊ အထူးသဖြင့်တော့ မဲဆွယ် စည်းရုံးတဲ့နေရာမှာ ဘာသာရေးကို အသုံးချတာနဲ့ပတ်သက်လို့ အရေးယူ ဆောင်ရွက်ပေးဖို့၊ မဲပေးခွင့်ရှိသူတွေ စာရင်းကို ကျယ်ကျယ်ပြန့်ပြန် ထုတ်ပြန်ပေးဖို့၊ မဲပေးခွင့်ရှိသူတွေရဲ့ စာရင်းကို ပြုစုတဲ့နေရာမှာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲရှိတာနဲ့ အဲဒီ အခက်အခဲကို ဘယ်လို ကိုင်တွယ်ဖြေရှင်းနေတယ်ဆိုတာကို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်ပေးဖို့၊ မဲရုံမှူးတွေအနေနဲ့ ပြည်တွင်းက ရွေးကောက်ပွဲ စောင့်ကြည့်သူတွေအပေါ် ကန့်သတ်ချုပ်ခြယ်မှုတွေ မလုပ်ဆောင်ပဲ လွတ်လပ်စွာ လာရောက် လေ့လာခွင့် ပေးသင့်တယ်လို့ ကျနော်တို့ အကြံပြုထားပါတယ်။”
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ပြည်တွင်း ပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့်သူတွေကို ဖိတ်ခေါ်ထားပေမဲ့ စစ်တပ်အတွင်းက မဲရုံတွေကို ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ ၀င်ရောက်ခွင့်မပေးဘူးဆိုတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရပ်တည်ချက်ကို ကြေညာချက်ထဲမှာ ထောက်ပြထားပါတယ်။
ပြည်တွင်း ကြိုတင်မဲပေးမှုတွေနဲ့ ပတ်သက်လို့၊ အထူးသဖြင့် တပ်မတော်သားတွေရဲ့ ကြိုတင်မဲပေးမှုတွေနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ သိရှိနိုင်အောင် ထုတ်ပြန်ပေးသင့်တယ်လို့လည်း Carter Center က ပြောပါတယ်။ Carter Center က အခုထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ပါဝင်တဲ့ အကြံပြုချက်တွေဟာ ရွေးကောက်ပွဲမတိုင်ခင်မှာ အချိန်မှီ ပြင်ဆင်လို့ရနိုင်တဲ့ အချက်တွေဖြစ်တယ်လို့ Jonathan Stonestreet က ပြောပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ တင်ပြချက်တွေကို ကာတာစင်တာ အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ထံ တိုက်ရိုက် အသိပေး အကြောင်းကြားတာမျိုး လုပ်ခွင့်မရှိပေမယ့်လည်း ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူတွေနဲ့ မကြာခန တွေ့ဆုံလေ့ရှိတယ်လို့ ဆိုပါတယ်။
အထွေထွေရွေးကောက်ပွဲ ပြီးဆုံးသွားတဲ့နောက်ပိုင်းမှာလည်း သူတို့အဖွဲ့က တွေ့ရှိတဲ့ အချက်အလက် အပြည့်အစုံကို Carter Center အနေနဲ့ ကြေညာချက် ထုတ်ပြန်သွားမယ်လို့ Jonathan Stonestreet က ပြောပါတယ် ခင်ဗျား။
ကိုဇော်ဝင်းလှိုင်VOA
 ဘရာဇီးနိုင်ငံ ပါနမ်ဘူကိုပြည်နယ်ရှိ အချုပ်ခန်းများသည် ဥပဒေမဲ့သားရဲတွင်းများကဲ့သို့ဖြစ်နေပြီး ယင်းအကျဉ်း စခန်းများတွင် မူးယစ်ကိုကင်းများ ရောင်းဝယ်သည့် အကျဉ်းသားများရှိသလို အကြွေးမဆပ်နိုင်သူများမှာလည်း အသတ်ခံကြရကြောင်း စုံစမ်းစစ်ဆေးမှုများမှ ထွက်ပေါ်လာသည်။
အကျဉ်းထောင် အကြီးအကဲများကိုယ်တိုင်ကလည်း ထောင်ကျများကို ကြောက်လန့်နေကြရပြီး 'ချာဗေရို့စ် 'သို့မဟုတ် 'သော့ကိုင်များ'ဟု ခေါ်သည့် အန္တရာယ်ပေးနိုင်သော အကျဉ်းသားများကို ၎င်းတို့ ထောင်ကျ ဆောင်ကို ကိုယ်တိုင်ထိန်းသိမ်းခွင့် ပေးထားရသည်။ သက်ဆိုင်ရာအာဏာပိုင်များက လူသတ်တရားခံများ၊ မုဒိမ်းတရားခံများနှင့် မူးယစ်ဆေးရောင်းဝယ်သူများကို ၎င်းတို့နောက်လိုက် အကျဉ်းသားများအပေါ် ထိန်းချုပ် ရန် အလုပ်ပေးထားရကြောင်း ထောင်အရာရှိတဦးက လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့သို့ ပြောကြားခဲ့သည်။ ဘရာဇီးနိုင်ငံ ပါနမ်ဘူကိုပြည်နယ်တွင် အကျဉ်းထောင် လေးခုရှိပြီး အကျဉ်းထောင်များတွင် အကျဉ်းသားများမှာ ထောင်မဆံ့အောင် များပြားလျက် ရှိသည်။
ယင်းကဲ့သို့ သော့ကိုင်များ လွှမ်းမိုးနေသော အကျဉ်းထောင်များတွင် ရောဂါဘယများ ပျံ့နှံ့လျက်ရှိသည်။ အားနွဲ့သူများမှာ ၀ိုင်း၍အဓမ္မပြုကျင့်ခြင်း ခံရသည်။ ထောင်ကျခံရသူများ အကြွေးတင်သည့်အခါ အပြင်တွင်ရှိသည့် ဆွေမျိုးသားချင်းများ ခြိမ်းခြောက်ငွေညှစ်ခံရသည်။
သာမန်အကျဉ်းသားများမှာ အများနှင့်ရော၍ ကျဉ်းကျပ်စွာ နေကြရသည်။ 'သော့ကိုင်'ဆိုသူများမှာမူ ရေခဲသေတ္တာ၊ တီဗွီ၊ ပန်ကာနှင့် ကိုယ်ပိုင်ရေချိုးခန်းများပါသော အခန်းများနှင့် နေကြသည်။
ဤသို့ဖြင့် ဘရာဇီးအကျဉ်းထောင်ထဲတွင် 'သော့ကိုင်'များသည် ဂိုဏ်းဖွဲ့ပြီး မတရားမှုများ ကျူးလွန်နေကြ စေကာမူ ထောင်အာဏာပိုင်များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ရေငုံနှုတ်ပိတ် လုပ်နေကြသည်။ အချို့သော အမျိုးသားအကျဉ်းသားများသည်လည်း ထောင်တွင်းရှိ ဂိုဏ်းသားများ၏ ၀ိုင်း၍ မုဒိမ်းကျင့်မှုခံကြရကြောင်း၊ သက်ဆိုင်ရာအာဏာပိုင်များ တိုင်ကြားပါက အသတ်ခံရမည်စိုး၍ မပြောရဲဟုဆိုသည်။ ထိုကြောင့် ယင်းထောင် များတွင် HIV ရောဂါပိုး ပြင်ပထက် ၄၂ ရာခိုင်နှုန်း ပျံ့နှံ့ပြားလျက် ရှိသည်။
ဘရာဇီးနိုင်ငံ၏ အကျဉ်းထောင်များမှာ လူပေါင်း ၃၇၇၀၀၀ ခန့်သာ ဆံ့သော်လည်း ယနေ့အချိန်တွင် ၆၀၇၀၀၀ ခန့်ရှိသည်။ ပါနမ်ဘူကိုပြည်နယ် အကျဉ်းထောင်များတွင် လူပေါင်း ၁၀၅၀၀ ခန့်သာ ဆံ့သော်လည်း ၃၂၀၀၀ ခန့်ရှိနေသည်ဟု ဆိုသည်။ ဘရာဇီးအကျဉ်းထောင်များအတွင်း နိုင်ငံတော်က မကောင်းဆိုးဝါးများကို အုပ်စီးခွင့်ပြုထားကြောင်း ဘရာဇီး ရှေ့နေတဦးက ဝေဖန်ခဲ့သည်။
ထွဋ်ဝင်းထွဋ်
Ref: Daily Mail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် အစိုးရ စစ်တပ်တို့အကြား မိုင်းရှူးမြို့နယ်
မိန်းအက် ဒေသတွင် အောက်တိုဘာလ ၂၇ ရက်နေ့က တိုက်ပွဲများ ပြင်းထန်စွာ
ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးသူ စာရင်း အတိအကျ မသိရသေးကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် အောက်တိုဘာ ၁၆ ရက်ခန့်က အစိုးရစစ်တပ်က သိမ်းယူထား
ခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း တပ်စခန်းတစ်ခုအား မြောက်ပိုင်း သျှမ်းပြည်တပ်မတော်
က ပြန်လည် သိမ်းယူသွားကြောင်း အဆိုပါ SSPP/SSA မှပြောခွင့်ရပုဂ္ဂိုလ် ၏
ပြောပြချက်အရ သိရပြီး အဆိုပါတိုက်ပွဲနှင့် ပတ်သက်၍ အစိုးရဘက်မှ သတင်းထုတ်ပြန်
ထားခြင်း မရှိသေးကြောင်း သိရသည်။
သျှမ်းပြည် တပ်မတော် မြောက်ပိုင်းမှ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက “ အဲဒီ
ကောင်းမုံမိန်းက ကျွန်တော်တို့ တပ်စခန်းကို အောက်တိုဘာလ ၁၆ ရက်နေ့တုန်းက
အစိုးရဘက်က သိမ်းယူထားတာ ဖြစ်တယ်။ ကျွန်တော်တို့ဘက် က ပြသ၁နာတွေ
သိပ်မကြီးလာအောင်လို့ ဆုတ်ပေးလိုက်တာ။ သူတို့က အဲဒီ ကုန်းပေါ်ကနေ
ပြည်သူလူထုနေတဲ့ ရွာတွေထဲ လျှောက်ပစ်နေတယ်လေ။ ဒါကြောင့် ကျွန်တော်တို့
က ပြန်သိမ်းလိုက်တာ။ အကျအဆုံး ရှိပေမယ့် တိတိကျကျ စာရင်းမရသေးဘူး ” ဟု
အောက်တိုဘာလ ၂၈ ရက်နေ့က မေးမြန်းထားသည်ကို သျှမ်းသံတော်ဆင့်တွင်
ဖော်ပြထားချက်အရ သိရသည်။
ပြည်ထောင်စုအဆင့် အပစ်ခတ် ရပ်စဲထားသည့် သျှမ်းပြည်တပ်မတော် မြောက်
ပိုင်း (SSPP/SSA)နှင့် အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွား
နေသည်မှာ တစ်လနီးပါးခန့် ကြာမြင့်ပြီဖြစ်သည်။ NCA လက်မှတ် ရေးထိုးရာတွင်
လည်း အားလုံးပါဝင် လက်မှတ်ရေးထိုးမှ လက်မှတ်ရေးထိုးမည်ဟု SSPP/SSA က
ဆိုသဖြင့် အစိုးရ စစ်တပ်ဘက်က တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သျှမ်းပြည်
တပ်မတော်၏ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဖြစ်ပွားသည့်
စစ်ပွဲကြောင့် ထောင်ချီသည့် ဒေသခံများမှာ မိမိတို့နေရပ်ကို စွန့်ခွာထွက်ပြေးနေရပြီး
တိုက်ပွဲ အကြောင်းပြချက်ဖြင့် ကျေးသီး၊ မိုင်းရှူုးမြို့နယ်များ တစ်ခုလုံးနှင့် တန့်ယန်း ၊
ဟိုပန်တို့တွင် အုပ်စုတချို့ ရွေးကောက် ပွဲကျင်းပမည် မဟုတ်ကြောင်း ရွေးကောက်ပွဲ
ကော်မရှင် ကြေညာထားသည့် နေရာများ ဖြစ်ကြောင်း သိရသည်။
သတင်း - စိုင်းထွန်းအောင်လွင် ၊ စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကို အောက်တိုဘာ၂၉ ရက် နေ့လယ် ၁၂
နာရီခန့်တွင် စံပြဈေးအနီး၌ ထိန်းသိမ်းခံရကြောင်း ဗကသ သတင်းနှင့်ပြန်ကြားရေးမှ
ကိုရဲရင့်ကျော်က ပြောသည်။
ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုမှာ ရန်ကုန်
သင်္ကန်းကျွန်းမြို့နယ် စံပြဈေးအနီးတွင် ၂၉-၁၀-၁၅ နေ့လယ် ၁၂ နာရီ အချိန်ခန့်က
ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရကြောင်း အတည်ပြု ထုတ်ပြန်ထားကြောင်း သိရသည်။
ကိုရဲရင့်ကျော်က ”ဟုတ်ပါတယ်။ စံပြဈေးမှာ နေ့လယ်က အဖမ်းခံရတာလို့ သိရပါ
တယ်။ ဘယ်အဖွဲ့က ခေါ်သွားလဲဆိုတာ သေချာမသိရသေးပါဘူး” ဟု ပြောသည်။
ယင်းအတွက် ကိုကျော်ကိုကိုအား ဝရမ်းထုတ်ထားသည့် ကျောက်တံတားနှင့်
ကမာရွတ်မြို့နယ် ရဲစခန်းတို့အား သွားရာက်စုံစမ်းရာ ယင်းတို့အနေဖြင့်
ကိုကျော်ကိုကိုအား ထိန်းသိမ်းထားခြင်း မရှိကြောင်း ပြန်လည် ဖြေကြားချက်အရ
သိရသည်။
ကမာရွတ်မြို့နယ် ရဲစခန်းဒုစခန်းမှူးက “ကျွန်တော်တို့ဆီက ဖမ်းတာမဟုတ်ပါဘူး။
ဘယ်ကဖမ်းလဲဆိုတာ မသိရသေးပါဘူး။ ကျွန်တော်တို့က ဖမ်းတယ်ဆိုရင်
အခုချိန် အလုပ်ရှုပ်နေပြီပေါ့” ဟု ပြန်လည်ဖြေကြားသည်။
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ပြုလုပ်သည့် ကျောင်းသားသပိတ်
နှင့်ပတ်သက်ပြီး လက်ပံတန်းမြို့နယ်၊ ကမာရွတ်မြို့နယ် တို့တွင် အမှုဖွင့်ခံထားရပြီး
ကျောင်းသပိတ်တွင် ထိန်းသိမ်းခံရသည့် ကျောင်းသားနှင့် ဝန်းရံပြည်သူများ
ပြန်လွတ်ရေးအတွက် သိမ်ကြီးဈေးအနီးတွင် မတ်၂၇ ရက်က ဆန္ဒဖော်ထုတ်သည့်
အတွက် ကျောက်တံတားမြို့နယ်ရဲစခန်းက အမူဖွင့်ထားကြောင်း သတင်းများအရ
သိရသည်။
သတင်း - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
ဓါတ်ပုံ- ပျက်စီးသွားသော ဦးလုံးဆိန်းတို့နေအိမ်
အောက်တိုဘာလ ၂၀ ရက် ၂၀၁၅
အောက်တိုဘာ ၂၈ ရက်ည သီတင်းကျွတ်မီးထွန်းပွဲတော်ညက ဝမ့်ဟိုင်း ဌာနချုပ်သို့ အစိုးရတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ထိခိုက်ဒဏ်ရာရ ဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။
သီတင်းကျွတ် လ ပြည့်နေ့ တိုးနယား ကိန္နရီ ကိန္နရာဖြင့် ဗုဒ္ဓမြတ်စွာဘုရား အား ကြိုဆိုပွဲကျင်းပ နေချိန်၊ ညသန်းခေါင်ယံ ၁၂ နာရီ ၄၅ မိနစ်အချိန် က ဝမ့်ဟိုင်းတောင်ဘက်ရှိ လွယ်ကျူ မောက် ခေါဝ်တပ်စခန်းမှ အစိုးရ တပ်မေ တာ် မှ ၁၂၀ မမ ဖြင့် ၈ ကြိမ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
၈ ကြိမ်ပစ်ခတ်ရာတွင် သုံးကြိမ်မှာ ဝမ့်ဟိုင်းမြို့သစ် လူနေရပ်အတွင်းသို့ ကျရောက်ပေါက် ကွဲကြောင်း၊ ကျန်တလုံးမှာ တလုံးမှာ စိုင်းဇွမ်ခမ်း + ဆရာမ နန်းမြသန်း အိမ် နှင့် စိုင်းဆိန်း+ နန်းကိန် တို့အိမ်ကြား အိမ်ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲရာမှ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။
သီတင်းကျွတ်ပွဲတော်လည်း ပွဲလန့်ကာ အသီးသီး ထွက်ပြေးတိမ်းရှောင် ခဲ့ရကြောင်း သိရသည်။
“ ၈ လုံးတောင်ပစ်တယ်။ ဘုန်းကြီးကျောင်းဝင်းအတွင်း မကျလို့တော်သေး တယ်။ ကိုက် ၁၀၀ လောက် ဘဲဝေးတဲ့ ဦးလုံးဆိန်း ပါ့ကိန်တို့အိမ်ဝင်းထဲကို ထိမှန်တယ်။ တော်တော်လေး ထိခိုက် ပျက်စီးတယ်။ ပါ့ကိန် က ခေါင်းမှာ ထိခိုက်ဒဏ်ရာ ရတယ်။ သမီး နန်းဟွမ်ခေါဝ် (အသက် ၅ နှစ်)ကခေါင်းေ ရာ ခြေထောက်မှာရော ကျည်စ ထိတယ်။ ဒဏ်ရာတော့ မပြင်း ဘူး။ သူတို့ကားတစီးက လုံးဝ ပျက်စီးတယ်။ သူတို့ခွေး တကောင်သေတယ်” ဟု ဝမ့်ဟိုင်းဌာနချုပ်တွင် နေထိုင်သည့်လူငယ် စိုင်းကောန်းလျဲန်း ကပြောသည်။
အစိုးရတပ်ပစ်ခတ်လိုက်သော လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျပ်သိန်း ရာဂဏန်း တန်ဖိုး ရှိ ပရိုဘောက်ကား တစီး နှင့် နေအိမ်ထိခိုက်ပျက်စီးမှု ကာလ တန်ဖိုး ကျပ်သိန်းပေါင်း ရာ ကျော် ဆုံးဆုံးကြောင်း မိသားစု အသိုင်းအဝိုင်းက ပြောသည်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသည့်နေရာသည် ကျေးသီးမြို့နယ် ဝမ့်ဟိုင်း အထက ကျောင်းခွဲ၊ စာသင်ခန်း၊ ညအိပ်စာသင်ဝိုင်းကျောင်းေ ဆာင် နှင့်ကိုက် ၅၀ ခန့်သာဝေးသောကြောင့် ဝမ့်ဟိုင်းရွာသားများနှင့် ကျောင်း သူကျောင်း သားရာ နှင့် ချီ ကစဉ့် ကလျား ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း လည်း ဝမ့်ဟိုင်းဌာနချုပ်မှ ပြန်ကြားရေးဌာနမှ တာဝန်ရှိ ဒုတိယ ဗိုလ်မှူးကြီး တဦးကပြောသည်။
အောက်တိုဘာလ ၂၈ ရက်နေ့ကတနေ့လုံး အစိုးရတပ်နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွါးခဲ့ရာ အစိုးရတပ်မှ သိမ်းယူထား သော SSPP/SSA ၏ကောင်းမုံမိန်း တပ်စခန်း အား SSPP/SSA မှ ပြန်လည်သိမ်းယူနိုင်ခဲ့ သည့်နောက်ပိုင်း အခုလက် နက်ကြီးဖြင့် ဝမ့်ဟိုင်းဌာနချုပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခြင်ြး ဖစ်သည်။ ယခုအကြိမ် ဝမ့်ဟိုင်းအား လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက် မှုသည် တတိယ အကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်။
အဆိုပါတပ်စခန်းမှ အစိုးရတပ်ကလက်နက်ကြီးဖြင့် အရပ် ၈ မျက်နှာသို့ ပစ်ခတ်မှုကြောင့် ရွာသားများအား ထိခိုက်ပျက်စီးမှု၊ နေ့ရောညပါ စိုးရိမ် ထိပ်လန့်မှု ဖြစ်နေသောကြောင့် အင်အားသုံးကာ ပြန်လည် သိမ်းယြူ ခင်းဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်က ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလ ကပြောသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထား သည့် သျှမ်း ပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အား အစိုးရတပ်မတော်မှ အောက်တိုဘာလ ၆ ရက်နေ့ကစပြီး အင်အားသုံး တိုက် ခိုက် လာခဲ့သည်မှာ တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့သည်။ သျှမ်းပြည်အလယ်ပိုင်းမှ ဒေသခံလူထု ထောင် နှင့်ချီကာ စစ်ဘေးရှောင်နေ ရပါသည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
 မဲလိမ်မည်ကို စိုးရိမ်သည်က တစ်ကြောင်း ၊ ရွေးကောက်ပွဲကာလတွင် တတ်နိုင်သည့်
ဘက်မှ အကူအညီ ပေးချင်သည့်အတွက် တစ်ကြောင်း စင်ကာပူနိုင်ငံရောက် မြန်မာ
နိုင်ငံသား နှစ်ရာကျော်သည် Fly to Vote အစီအစဉ်ဖြင့် MAI ,MNA လေကြောင်း
လိုင်းများဖြင့် နိုဝင်ဘာ လဆန်းပိုင်းတွင် မဲပေးဖို့ ပြန်လာရန် စီစဉ်ထားကြောင်း Fly
to Vote အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းမြင့်ဝင်း ထံမှ သိရှိရသည်။
“ဒီမိုကရေစီနိုင်ငံ သွားချင်ရင် ရွေးကောက်ပွဲကို ဖြတ်သန်းရမယ်၊ မဲလိမ်ရင် ဘယ်လို
လုပ်မလဲဆိုတာ စိုးရိမ်တာက တစ်ပိုင်း၊ ကျွန်တော်တို့က တတ်နိုင်တဲ့ဘက်က
ပါဝင်ချင်လို့ပါ” ဟု ၎င်းက ပြောသည်။
Fly to Vote အဖွဲ့ကို ယခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး စင်ကာပူ
နိုင်ငံရောက် မြန်မာနိုင်ငံသား ဦးရေ နှစ်ရာကျော် Fly to Vote အစီအစဉ်ဖြင့်
ပြည်တွင်းသို့ ပြန်လာကာ မဲပေးမည့်အစီအစဉ် ဖြစ်သည်။
“ပြည်ပမှာ မဲပေးတဲ့ပုံတွေ လှုပ်ရှားတဲ့ ပုံတွေတွေ့ရပါတယ်၊ ပြည်တွင်းကို
မဲပြန်လာပေးတာ ကြက်သီးတောင် ထပါတယ်၊ ကိုယ့်တိုင်းပြည် ကောင်းဖို့အတွက်
အင်တိုက်အားတိုက် လုပ်တာကတော့ ချီးကျူးတယ်” ဟု NLD ရန်ကုန်တိုင်း
အောင်နိုင်ရေးအဖွဲ့ ဘဏ္ဍာရေးမှူးဦးစိုးညွန့်က ပြောသည်။
နိုဝင်ဘာ ၆ ရက်နေ့တွင် MAI လေယာဉ်ဖြင့် Fly to Vote အဖွဲ့ဝင် ၁၄၀ ဦးခန့်သည်
Fly to Vote တီရှပ်များ ၀တ်ဆင်ကာ စင်ကာပူ စံတော်ချိန် နေ့လယ် ၁း၄၀ နာရီမှ
စတင်ထွက်ခွာကာ မြန်မာစံတော်ချိန် ညနေ ၃း၃၀ ခန့်တွင် ရန်ကုန်လေဆိပ်သို့
ရောက်ရှိကြမည် ဖြစ်ကြောင်း သိရသည်။
ကျန်ရှိသော Fly to Vote အဖွဲ့ဝင်များနှင့် ပူးပေါင်းသူများအတွက် နိုဝင်ဘာလ ၁
ရက်မှ ၅ ရက်အတွင်း မြန်မာ့အမျိုးသား လေကြောင်းလိုင်း(MNA) ဖြင့် လေယာဉ်
တစ်စီးလျှင် လူနှစ်ဆယ်ဦးခန့် လေယာဉ်ငါးစီးဖြင့် သွားရောက်နိုင်ရန် ထပ်မံ
စီစဉ်ထားကြောင်းလည်း သိရသည်။
Fly to Vote အစီအစဉ်ဖြင့် အောက်တိုဘာလ ၆ ရက်နေ့ MAI လေကြောင်းဖြင့်
စင်ကာပူနိုင်ငံ မှ မြန်မာပြည်သို့ အသွားအပြန် ခရီးအတွက် သွားရောက်မည့်
ပထမဆုံး စာရင်းပေးခဲ့ကြသော အဖွဲ့ဝင် တစ်ရာအတွက် စင်ကာပူ ဒေါ်လာ ၂၆၀
ကျသင့်မည်ဖြစ်ပြီး၊ ကျန်အဖွဲ့ဝင်များမှာ မိမိအစီအစဉ်များဖြင့် ၀ယ်ယူထားသူများ
ဖြစ်ကြောင်း သိရပါသည်။
နိုဝင်ဘာလ ၁ ရက်မှ ၅ ရက်အတွင်း MNA လေကြောင်းလိုင်းဖြင့် သွားရောက်
ကြမည့် Fly to Vote အဖွဲ့ဝင် များအတွက် အသွားအပြန် စင်ကာပူဒေါ်လာ ၂၇၈
ကျသင့်မည်ဖြစ်ပြီး၊ မြန်မာပြည်မှ နိုဝင်ဘာလ ၁၁ ရက်မှ ၁၅ ရက်အတွင်း
စင်ကာပူနိုင်ငံသို့ ပြန်ကြမည်ဖြစ်ကြောင်း Fly to Vote စာမျက်နှာ၌ ဖော်ပြထား
သည်။
စင်ကာပူနိုင်ငံတွင် ကြိုတင်မဲလျှောက်လွှာ ပုံစံ(၁၅)တင်သူ စုစုပေါင်း ၂၂,၀၀၀
ခန့်ရှိပြီး ကြိုတင်မဲပေးခွင့် ရသူ ၂၁,၀၀၀ ကျော် ရှိကြောင်း၊ အောက်တိုဘာ ၁၅
ရက်နေ့မှ အောက်တိုဘာ ၂၃ ရက်နေ့အထိ ကြိုတင်မဲ ပေးသူစုစုပေါင်း ၁၆,၀၀၀
ကျော် ရှိကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အထောက်အကူပြုအဖွဲ့
(စင်ကာပူ)မှ မှတ်တမ်းများအရ သိရသည်။
သတင်း- MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
 ၂၀၁၈ ​က​မ္ဘာ့​ဖ​လား ​ပြိုင်​ပွဲ​ကို ​ရု​ရှား ​က ​အိမ်​ရှင် ​အ​ဖြစ် ​လက်​ခံ ​ကျင်း​ပ ​ခွင့်​ရ​ထား။
လာ​မယ့် ၂၀၁၈ ​က​မ္ဘာ့​ဖ​လား ​ပြိုင်​ပွဲ​ကို ​ရု​ရှား ​က ​အိမ်​ရှင် ​အ​ဖြစ် ​လက်​ခံ ​ကျင်း​ပ ​ခွင့်​ရ​ထား​တာ ​နဲ့ ​ပတ်​သက်​ပြီး ​က​မ္ဘာ့ ​ဘော​လုံး ​အ​ဖွဲ့​ချုပ် FIFA ​ထဲ​မှာ ​မဲ​ခွဲ ​မ​ဆုံး​ဖြတ် ​ခင်​က​တည်း ​က ​ကြို​တင် ​သ​ဘော​တူ​ခဲ့​တာ ​မျိုး ​ဖြစ်​တယ် ​ဆို​ပြီး FIFA ​ဥ​က္က​ဌ ​အ​ဖြစ် ​က​နေ ​ဆိုင်း​ငံ့ ​ခံ​ထား​ရ​တဲ့ ​ဆတ်​ဘ​လ​တ္တာ ​က ​ထုတ်​ဖော် ​ပြော​ဆို ​လာ​ပါ​တယ်။
၂၀၂၂ ​က​မ္ဘာ့​ဖ​လား ​ပြိုင်​ပွဲ ​ရဲ့ ​အိမ်​ရှင် ​အ​ဖြစ် ​အ​မေ​ရိ​ကန် ​ကို ​ပေး​ဖို့ ​ဖြစ်​ပေ​မယ့်​လည်း ​ပြင်​သစ် ​က ​ကြား​ဝင် ​ဟန့်​တား ​ခဲ့​လို့ ​မဲ​ခွဲ ​ဆုံး​ဖြတ်​တဲ့ ​အ​ခါ ​ကာ​တာ ​နိုင်​ငံ​က ​ရ​သွား​တာ ​ဖြစ်​တယ် ​လို့​လည်း ​မ​စ္စ​တာ ​ဘ​လ​တ္တာ ​က ​ရု​ရှား ​သ​တင်း​ဌာ​န TASS ​နဲ့ ​တွေ့​ဆုံ ​မေး​မြန်း​ခန်း ​မှာ ​ပြော​လာ​တာ ​ဖြစ်​ပါ​တယ်။
FIFA ​အ​တွင်း ​ငွေ​ကြေး ​မ​သ​မာ​မှု ​တွေ ​ရှိ​နေ​တယ် ​ဆို​တဲ့ ​စွပ်​စွဲ​မှု ​တွေ ​ဟာ ​အ​ခု​လို ​က​မ္ဘာ့ ​ဖ​လား ​အိမ်​ရှင် ​အ​ဖြစ် ​အပ်​နှင်း ​တဲ့ ​လုပ်​ငန်း ​စဉ် ​မှာ ​အ​ကျင့်​ပျက် ​ခြ​စား​မှု ​တွေ ​အ​ဓိ​က ​ရှိ​နေ​တာ ​လို့​ယူ​ဆ​ပြီး ​စုံ​စမ်း ​စစ်​ဆေး ​ခံ​နေ​ရ​တာ ​ဖြစ်​ပါ​တယ်။
၂၀၁၈ ​က​မ္ဘာ့​ဖ​လား ​ပြိုင်​ပွဲ​ကို ​အိမ်​ရှင် ​အ​ဖြစ် ​လက်​ခံ ​ကျင်း​ပ​ခွင့် ​ရ​ဖို့ ​အ​င်္ဂ ​လန် ​က​လည်း ​ဒေါ်​လာ ​သန်း​ပေါင်း ​များ​စွာ ​အ​ကုန် ​ခံ​ပြီး ​ဆော်​ဩ ​လှုပ်​ရှား ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။
အ​ခု​လို ​မဲ ​မ​ခွဲ​ခင် ​က​တည်း​က ​ရု​ရှား ​ကို ​ပေး​ဖို့ ​ဆုံး​ဖြတ် ​ခဲ့​တယ် ​ဆို​တဲ့ ​သ​တင်း ​ထွက်​ပေါ် ​လာ​တဲ့ ​နောက် ​အ​င်္ဂ​လန် ​ဘော်​လုံး ​အ​ဖွဲ့​ချုပ် FA ​ရဲ့ ​အ​ကြီး​အ​ကဲ Greg Dyke ​က ​ကုန်​ခဲ့​ရ​တဲ့ ​ငွေ​တွေ ​ကို ​ပြန်​တောင်း​ဖို့ ​ဖြစ်​ကောင်း ​ဖြစ်​လာ ​နိုင်​တယ် ​ဆို​ပြီး ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese