10/31/15

သမ္မတ အနေဖြင့် ရွေးကောက်ပွဲနီးချိန်ရောက်မှ ပုံမှန် အချိန်များထက် ပြည်တွင်း ခရီးစဉ်များ ဆက်တိုက် သွားရောက်နေခြင်း၊ ထိုသို့ သွားရောက်ချိန်တွင်လည်း ပြည်ခိုင်ဖြိုးပါတီဝင်များက ကြိုဆိုခဲ့ကြခြင်း၊ ယင်းသို့ ကြိုဆိုမှုများကို အစိုးရ သတင်းစာများနှင့် ရုပ်မြင်သံကြား သတင်းများတွင် အကျယ်တ၀င့် ဖော်ပြခဲ့ခြင်းများကြောင်း သမ္မတ၏ ခရီးစဉ်များသည် ဒေသဖွံ့ဖြိုးရေး၊ သဘာဝဘေးသင့်ဒေသ ကူညီကယ်ဆယ်ရေးများထက် ပြည်ခိုင်ဖြိုးပါတီအတွက် တစ်ဖက်လှည့်ဖြင့် မဲဆွယ်စည်းရုံးမှု ပြုလုပ်နေသည့် ပုံစံဖြစ်နေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေ
သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပါဝင်သောအဖွဲ့ သည်
အောက်တိုဘာ ၃၁ ရက်တွင် မနက် ၈နာရီတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ထားဝယ်လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ထားဝယ်လေဆိပ်မှတဆင့် ထားဝယ်မြို့ ရွှေတောင်စားစေတီနှင့် လောကမာရ်ဇိန်ဘုရားတို့ အားသွားရောက်ဖူးမျှော်ခဲ့ပြီး ခေတ္တရပ်နားကာ ဘုရားဂေါပကအဖွဲ့ ဝင်များနှင့်အစိုးရအဖွဲ့ဝင်များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့ နောက် သမ္မတနှင့်အဖွဲ့ သည် ယာဉ်တန်းများဖြင့် ထားဝယ်မြို့ အတွင်းသို့ လှည့်လည်ခဲ့ပြီး ကမြောကင်းတံတားအနီးရှိ DDPC ရှော့ပင်းစင်တာကို ကားပေါ်မှ ကြည့်ရှုခဲ့ပြီး နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ထားဝယ်လေဆိပ်သို့ ပြန်လည် ထွက်ခွာခဲ့ပြီး လေဆိပ်မှတဆင့် ကော့သောင်းမြို့ သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်မတိုင်မီ ၎င်းတို့အား ကြိုဆိုရန် အတွက် ဌာနဆိုင်ရာများအား အကြောင်းကြားခဲ့ကြောင်းခဲ့ပြီး သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့  မြို့ တွင်းသို့ ဖြတ်သန်းစဉ် လမ်းဘေးဝဲယာ၌ နိုင်ငံတော် အလံများနှင့်သမ္မတ၏ပုံပါ ပြည်ခိုင်ဖြိုးပါတီ ပြက္ခဒိန်များဖြင့် ကြိုဆိုသူများ ရှိခဲ့ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် တနသာင်္ရီတိုင်းဒေသကြီး ခရီးစဉ်အဖြစ် အောက်တိုဘာ ၃၁ ရက်နေ့ မနက်မှစတင်ကာ ထားဝယ်မြို့ သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ထားဝယ်မြို့ တွင် ၂ နာရီခန့် သာရပ်နား၍ နေ့လည်ပိုင်းတွင်
ကော့သောင်းမြို့ သို့ သွားရောက်ပြီး ယင်းမှတဆင့် မြိတ်မြို့ သို့ ပြန်လာကာ ညအိပ်ရပ်နားမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁ ရက်နေ့ နံနပ်ပိုင်းတွင် မြိတ်မြို့ ၌လှည့်လည်မည်ဖြစ်ပြီး ကျွန်းစုမြို့နယ်သို့ သွားရောက်ကာ ခရီးစဉ်ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ် တစ်နှစ်ကာလုံးတွင် ပြည်တွင်း ခရီးစဉ် ၁၈ ခု၊ ၂၀၁၄ ခုနှစ် တစ်နှစ်လုံးတွင် ပြည်တွင်း ခရီးစဉ် ၃၁ ခုသာ သွားရောက်ထားခဲ့ရာမှ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ယခုနှစ် သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာ ၂၂ ရက် သုံးလတာကာလအတွင်း ပြည်တွင်းခရီးစဉ် ၃၉ ခုထိ သွားရောက်ခဲ့ပြီး ဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်က ၎င်း၏ ဇာတိဖြစ်သော ငပုတောနှင့် ပုသိမ်သို့ သို့ သွားရောက်ခဲ့ပါသည်။ ထိုခရီးစဉ်သည် သုံးလတာကာလအတွင်း ဧရာဝတီတိုင်းသို့ တတိယအကြိမ် သွားရောက်သည့် ခရီးစဉ် ဖြစ်ပါသည်။ အောက်တိုဘာ ၃၀ ရက်တွင်မူ ပဲခူးတိုင်းသို့ သွားရောက်ခဲ့ပါသည်။ သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာမှ ၂၀၁၅ ခုနှစ် သြဂုတ်အထိ ပဲခူးတိုင်းသို့ ခြောက်ကြိမ်ထက်မနည်း သွားရောက်ခဲ့ပြီး ဖြစ်ကာ အောက်တိုဘာ ၃၀ ရက်တွင် ထပ်မံ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

သမ္မတ အနေဖြင့် ရွေးကောက်ပွဲနီးချိန်ရောက်မှ ပုံမှန် အချိန်များထက် ပြည်တွင်း ခရီးစဉ်များ ဆက်တိုက် သွားရောက်နေခြင်း၊ ထိုသို့ သွားရောက်ချိန်တွင်လည်း ပြည်ခိုင်ဖြိုးပါတီဝင်များက ကြိုဆိုခဲ့ကြခြင်း၊ ယင်းသို့ ကြိုဆိုမှုများကို အစိုးရ သတင်းစာများနှင့် ရုပ်မြင်သံကြား သတင်းများတွင် အကျယ်တ၀င့် ဖော်ပြခဲ့ခြင်းများကြောင်း သမ္မတ၏ ခရီးစဉ်များသည် ဒေသဖွံ့ဖြိုးရေး၊ သဘာဝဘေးသင့်ဒေသ ကူညီကယ်ဆယ်ရေးများထက် ပြည်ခိုင်ဖြိုးပါတီအတွက် တစ်ဖက်လှည့်ဖြင့် မဲဆွယ်စည်းရုံးမှု ပြုလုပ်နေသည့် ပုံစံဖြစ်နေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေပါသည်။

Eleven Media Group

“ကွန်မြူနစ်အစိုးရတွေဖြစ်တဲ့ တရုတ်၊ ဗီယက်နမ်နဲ့ မြောက်ကိုရီးယားတွေနဲ့ ပလဲနံပ သင့်လွန်းတဲ့ သူတွေက ပြည်တွင်းမှာ အင်အားမရှိတော့တဲ့ ဗကပ နဲ့ ပြည်သူကို ခြိမ်းခြောက်ပြီး အုပ်ချုပ်ခဲ့တာ ၁၉၈၈ ကတည်းကပါပဲ။ ဓာတ်ပြားဟောင်း ပြန်ဖွင့်ကြည့်တဲ့ သဘောပါပဲ။ ဒါပေမယ့် ခေတ်တွေ ပြောင်းကုန်ပါပြီ။ အဲဒီ သီချင်းဟောင်းကြီးကို လူတွေ နားမထောင်ကြတော့ဘူးဗျ”

ကိုရဲမင်းဦး
သမ္မတနဲ့အဖွဲ့တွေ ခုတစ်လော ကွန်မြူနစ်တစ္ဆေအခြောက်ခံရပြီး သွေးပျက်နေသဗျ။ တကယ်တော့ သူတို့ သွေးကြောင်နေတာ ကွန်မြူနစ်ကြောင့် မဟုတ်ဘူး။ အနီရောင်ကြောင့် .. အနီတွေကြောင့်ဗျ။

ကွန်မြူနစ်ဆိုရင် “အနီ” လို့ တစ်သက်လုံး လေ့ကျင့်ပေးခြင်း ခံထားရတဲ့ သူတွေဆိုတော့ အနီမြင်လိုက်ရင် ကြောက်ဒူးတွေ တုန်ကြတာ အဆန်းတော့ မဟုတ်ပါဘူး။

ခုတစ်လော တစ်တိုင်းပြည်လုံးလည်း အနီရောင်တွေ လွှမ်းနေလေတော့ သွေးပျက်မယ် ဆိုရင်လည်း သွေးပျက် လောက်သပေါ့။ ဒါကြောင့် ကြံရာမရ “ကွန်မြူနစ်” ဆိုပြီး အော်လိုက်တာ အကြောင်းရှိပါတယ်။ တစ်နည်း ပြောရရင် အနီတွေ အားကောင်းနေတဲ့ ပါတီကို တစ်ဘက်လှည့်နဲ့ တိုက်ကွက်ဗြူဟာဆင်လိုက်တာလို့ လည်း ပြောနိုင်ပါတယ်။

နယ်တွေမှာ မြို့တိုင်း ရွာတိုင်း အနီရောင်တွေလွှမ်းနေတယ်။ အနီရောင်ပင်လယ်ပြင်ကြီးလား အောင့်မေ့ရ တယ်။ ဒါကြောင့် အနီကြောက်တဲ့ အဘတွေ သွေးပျက်လာပြီး “ကွန်မြူနစ်” တွေလို့ တစ်ရေးနိုး အော်လိုက် ကြတာပေါ့။

ကွန်မြူနစ်စနစ်ဆိုတာ အာဏာရှင်စနစ်တစ်မျိုးလို့ ပြည်သူတွေ နားလည်ထားကြပါတယ်။ ဒါကြောင့် ဘယ်သူမှ မက်လောက်စရာလို့ သဘောမထားတော့ဘူးခင်ဗျ။ ခုတောင်း ဆိုနေကြတာ “ဒီမိုကရေစီ” ပါဗျာ။ ဒီမိုကရေစီ ဆိုတာတောင် ခင်ဗျားတို့ တီထွင်ထားတဲ့ တစ်မတ်သားရေရော “စည်းကမ်းရှိသော ဒီမိုကရေစီ” ကို ပြည်သူတွေ တောင်းဆိုနေတာ မဟုတ်ဘူး။ စစ်မှန်သော ပြည်သူ့ဒီမိုကရေစီ စစ်စစ်ကို တောင်းဆိုနေကြတာပါ။

အနီကြောက်တဲ့သူတွေကို ခုတစ်လော လက်ကိုတောင် ဓားမရှအောင် ဂရုစိုက်ကြစေချင်သဗျ။ ဘာကြောင့်လဲ ဆိုတော့ ဓားရှလိုက်လို့ ခင်ဗျားတို့ကိုယ်ထဲက ထွက်လာမှာ အစိမ်းရောင်တွေမှ မဟုတ်တာ။ ရဲရဲနီတဲ့ အနီရောင် သွေးတွေဗျ။

လူတိုင်းကိုယ်ထဲမှာ စီးဆင်းနေတာ အနီရောင်သွေးတွေ။ ပြည်သူတွေ အားလုံးရဲ့ နှလုံးသားထဲ ဦးနှောက်ထဲ စီးဆင်းနေတာ အနီရောင်သွေးတွေ။ လူတိုင်း ပြည်သူတိုင်းရဲ့ အတွင်းကိုယ်ထဲမှာ အားလုံး ရဲရဲနီနေပါတယ်။ ဘာပြောပြော သမ္မတနဲ့ အပေါင်းအပါအားလုံးရဲ့ ကိုယ်ထဲမှာ စီးဆင်းကိန်းဝပ်နေ တာတောင် သွေးနီနီရဲရဲ တွေပါခင်ဗျ။ အစိမ်းရောင်တွေ မဟုတ်ဘူးဆိုတာ မေ့မထားကြနဲ့ပေါ့ဗျာ။

၃၁.၁၀.၂၀၁၅
တင်ညွန့်

88gen-land-press-620.jpg
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တိုင်းရင်းသားဒေသတွေက မြေယာပြဿနာတွေကို လေ့လာပြုစုထားတဲ့ အကြံပြုစာတမ်းကို အောက်တိုဘာလ ၃ဝ ရက်နေ့က ရှင်းလင်းစဉ်
Photo: Kyaw Zaw Win/RFA

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တိုင်းရင်းသားဒေသတွေက မြေယာပြဿနာတွေကို လေ့လာပြုစု ထားတဲ့ "တောင်ယာခင်းနဲ့ သွေးချင်းမျက်ရည်"လို့ အမည်ပေးထားတဲ့ အကြံပြုစာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။

အစီရင်ခံစာပါ တွေ့ရှိချက်တွေဟာ တိုင်းပြည်အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနုနုအောင်က ရန်ကုန်မြို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းရုံးမှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"တိုင်းရင်းသားဒေသတွေမှာ မြေယာသိမ်းဆည်းမှုနဲ့ သယံဇာတ အလိုရှိသလောက် ထုတ်ယူသုံးစွဲမှုတွေ ရှိတယ်။ အခု သယံဇာတပြဿနာက ဘယ်လောက်အထိ အရေးကြီးနေသလဲဆိုတာ ကျောက်မီးသွေးပြဿနာ ရှိတယ်၊ ကျောက်စိမ်းပြဿနာရှိတယ်၊ သစ်တောအလွန်အကျွံခုတ်ယူမှုတွေ အဲ့ဒါတွေကဘာတွေလဲ ဆိုတော့ ဒေသဆိုင်ရာ တိုင်းရင်းသားတွေရဲ့ လုပ်ကိုင်ခွင့်တွေကို အလေးမထားတာတွေ၊ ဒေသဆိုင်ရာ တိုင်းရင်းသာတွေကို လုံးဝမျက်ကွယ်ပြု တန်းတူအခွင့်အရေးမပေးတာတွေ၊ ဗဟိုအစိုးရကနေချုပ်ကိုင်ပြီးတော့ ထင်သလို ထင်တိုင်းကြဲတဲ့အချက်တွေပေါ့၊ အဲဒီအချက်တွေကိုအဓိကထားပြီးတော့ ကျမတို့ ပြောဆိုတာပါ ။အဲဒါတွေကိုသာ အခုနေမပြင်ဆင်နိုင်ရင် မြန်မာတစ်နိုင်ငံလုံးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတွေဟာ ဒီနှစ် နောက်နှစ်တွေမှာ ကြုံတွေ့ရရတဲ့ အခြေအနေတွေကိုပြောပြတာပါ"

အကြံပြုစာတမ်းမှာပါတဲ့ မြေယာပြသနာတွေကို အချက် ၇ ချက်နဲ့ သုံးသပ်ထားရာမှာ မြေယာပြဿနာဟာ တစ်မျိုးသား လုံးနဲ့ဆိုင်တဲ့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတဲ့ အမျိုးသားရေးပြဿနာဖြစ်ပြီး မြေယာတွေကို မတရားသိမ်းဆည်းထား တာကြောင့် တိုင်းရင်းသား လူမျိုးတွေအကြား မယုံကြည်မှုနဲ့ စိတ်ဝမ်းကွဲမှုကိုပါ ဖြစ်စေပြီးတော့ ပြည်တွင်းစစ်ကို တနည်းတဖုံ တွန်းအားပေးနေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒီအကြံပြုစာတမ်းဟာ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်ပြီး တိုင်းကြားထားတဲ့စာတွေနဲ့ နေရာအနှံ့မှာဖြစ်ပေါ်နေ တဲ့ မြေယာပြဿနာများကို ၈၈ အဖွဲ့က သွားရောက်လေ့လာပြီး တွေ့ရှိချက်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။

မြေယာသိမ်းဆည်းမှုတွေမှာ အစိုးရတပ်မတော်က သိမ်းဆည်းထားတာတွေ၊ ဌာနဆိုင်ရာတွေက သိမ်းဆည်းထားတာတွေ၊ ကုမ္ပဏီ၊ လုပ်ငန်းရှင်တွေက သိမ်းဆည်းထားတာတွေကို ဖော်ပြထားပါတယ်။

ဒီအကြံပြုစာတမ်းမှာ စာမျက်နှာပေါင်း ၂ဝဝ ပါဝင်တာဖြစ်ပြီး ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရ၊ ဌာနဆိုင် ရာတွေ အရပ်ဖက်လူ့မှုအဖွဲ့အစည်းတွေ အပါဝင် နိုင်ငံတော်အစိုးရကိုလည်း ပို့ပေးသွားမှာဖြစ်ပါတယ်။

RFA

မြိတ်ဆိပ်ကမ်းတွင် တွေ့ရသော ကမ်းဝေးငါးဖမ်းလှေကြီးများ

မြိတ်ခရိုင်အတွင်းရှိ ကမ်းဝေးလှေကြီး များတွင် လုပ်ကိုင်နေသော ရေလုပ်သား ၇၅ ရာခိုင်နှုန်းကျော်မှာ မဲပေးခွင့်ဆုံးရှုံးဖွယ်ရှိ နေကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

ကမ်းဝေးလှေကြီးများမှာ ယခုရက်ပိုင်းအတွင်း ပင်လယ်ပြင်သို့ စတင်ထွက်ခွာ နေကြပြီဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပမည့်ရက်မှာ ပင်လယ်ပြင်အတွင်း လုပ်ငန်းခွင် ၀င်နေရမည့် အနေအထား ဖြစ်နေကြောင်း သိရသည်။ “ကမ်းဝေးလှေကြီးတွေဖြစ်တဲ့ ၀ါလတ်၊ ၀ါတန်း၊ မြုံးလှေ၊ ငါးမျှားတန်း၊ ကင်းမွန်လှေတွေ အားလုံးပေါင်းလိုက်ရင် ၇၄၁ စင်းလောက် ရှိပါတယ်။ အဲဒီမှာ ရေလုပ်သား ၁၇၀၀၀ လောက် လုပ်ကိုင်နေကြတယ်။ သူတို့ကို ကျွန်တော်တို့ ငါးလုပ်ငန်း အဖွဲ့ချုပ်အနေနဲ့ မဲပေးခွင့်ရဖို့ မြိတ်မြို့မှာ မဲပေးခွင့်ရဖို့ အကြိမ်ကြိမ် အလီလီ ဆောင်ရွက်ပေးခဲ့တယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်က ရွှေ့ပြောင်းလုပ်သား အများစု ဖြစ်နေတာရယ် ပထမမဲစာရင်း ကြေညာတဲ့အချိန်က ရေလုပ်သား ရာခိုင်နှုန်း ၅၀ က ပင်လယ်ထဲမှာရှိနေပြီး တစ်ဝက်က သူတို့နေရပ်မှာ ဖြစ်နေတာတွေကြောင့် အခက်အခဲ ကြုံခဲ့ရတယ်။ မဲစာရင်းမှာ ပါ၊ မပါ သူတို့ ကိုယ်တိုင်ကလည်း မသိဖြစ်နေခဲ့တယ်။ ဒုတိယအကြိမ် မဲစာရင်း ကြေညာတော့ ၇၅ ရာခိုင်နှုန်းက ပင်လယ်ထဲမှာ လုပ်ငန်းခွင် ၀င်နေကြတဲ့ အချိန်ဖြစ်တယ်။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ရဲ့ အလုပ်သမား ၇၀၀ လောက်ကို မြိတ်မြို့မှာ မဲပေးခွင့်ရဖို့ ကော်မရှင်ကို တင်ပြခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး” ဟု မြိတ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစန်းမောင်က ပြောကြားသည်။

မဲပေးသည့်နေ့တွင် ကမ်းဝေး ငါးဖမ်းလှေကြီးများကို ဆိပ်ကမ်းသို့ အတတ်နိုင်ဆုံး ပြန်ဝင်ကြရန် တိုက်တွန်းထားသော်လည်း မဲပေးခွင့်ရမည့် ရေလုပ်သားများမှာ၂၅ ရာခိုင်နှုန်းခန့်သာ ရှိနိုင်ပြီး လှေတစ်စင်းတွင် လှေသားတစ်ဦးမှ နှစ်ဦးအထိသာ မဲပေးခွင့်ရှိသူ စာရင်းတွင် ပါနိုင်သောကြောင့် လှေရှင်များ အနေဖြင့် အခက်အခဲ ကြုံနိုင်ကြောင်း သိရသည်။ ကမ်းဝေးလှေကြီးတွေမှာ လာရောက်လုပ်ကိုင် နေကြတဲ့ သူတွေထဲမှာ ထားဝယ်ဘက်မှ အများဆုံး ရှိပါတယ်။ လှေသားအားလုံးရဲ့ ရာခိုင်နှုန်း ၈၀ လောက်ရှိပါတယ်။ ကျန်တာက ဧရာဝတီတိုင်း ဒေသကြီးဘက်က နည်းနည်းရှိမယ်။ ကော်မရှင်ကလည်း မဲစာရင်းမှာပါမှ မဲပေးခွင့်ရမယ်။ ရေလုပ်သားတွေကို ကြိုတင်မဲပေးခွင့် မရှိဘူးလို့ ပြောထားတော့ ရေလုပ်သားတွေ အနေနဲ့ မဲပေးခွင့်ရဖို့ အတော်ခက်ခဲနေပါတယ်။ ဒါကြောင့် ကျွန်တော့်အထင်ပြောရရင် ကမ်းဝေးရေ လုပ်သားအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းလောက်ပဲ မဲပေးနိုင်လိမ့်မယ်” ဟု ဦးစန်းမောင်က ပြောကြား သည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ငါးဖမ်းလှေကြီးများမှ ရေလုပ်သားများမှာ ကြိုတင်မဲပေးခွင့် ရခဲ့သော်လည်း ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် စီးပွားရေး အဖွဲ့အစည်း ဖြစ်နေသောကြောင့် ငါးဖမ်းလှေကြီးများမှ ရေလုပ်သားများမှာ ကြိုတင်မဲပေးခွင့် မရရှိခြင်း ဖြစ်ကြောင်း သိရသည်။ ရေလုပ်ငန်းဖြင့် အဓိက စီးပွားရေး လုပ်ကိုင်သည့် မြိတ်မြို့တွင် ငါးဖမ်းလှေကြီးများစွာ ရှိသော်လည်း ရေလုပ်သား အများစုမှာ ရွှေ့ပြောင်း လုပ်သားများသာ ဖြစ်ပြီး မဲပေးသည့်ရက်တွင် မိမိနေရပ်သို့ပြန်ရန် မလွယ်ကူခြင်း၊ မဲစာရင်းတွင် ပါ၊ မပါ မသိရှိကြခြင်းနှင့် မြိတ်မြို့တွင် စုပေါင်းမဲပေးခွင့် မရနိုင်သောကြောင့် အများစုမှာ မဲပေးခွင့် ဆုံးရှုံးဖွယ် ရှိနေကြောင်း သိရသည်။


Writer:
ဇော်မိုးဦး (မြိတ်)
Eleven Media Group

ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြို့နယ်အချို့၌ ပြည်ခိုင်ဖြိုး ပါတီ၏ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်နှင့် လက်ကမ်း စာစောင်တို့၌ နိုင်ငံတော်သမ္မတနှင့် ၀န်ကြီးချုပ်၏ ရာထူး အရှိန်အ၀ါကို အသုံးပြုကာ မဲဆွယ်မှုများ ပြုလုပ်နေသည့် အပေါ် ဝေဖန်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

“လက်ရှိ နိုင်ငံတော် အဆင့်မြင့် အာဏာ ရရှိထားတဲ့ သူတွေက ရွေးကောက်ပွဲမှာ လွှမ်းမိုးမှု ရှိဖို့၊ အခွင့်ထူး ရဖို့အတွက် မိမိတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာကို အသုံးမပြုရဘူးဆိုတာ နိုင်ငံရေး ပါတီများနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းများရဲ့ ကျင့်ဝတ် Code of Conduct မှာ ပါပြီးသားပါ။ ကျင့်ဝတ် ဖောက်ဖျက်ရာ ကျပါတယ်။ မလုပ်သင့်ပါဘူး။ သို့သော် ဥပဒေ အရတော့ အရေးမယူနိုင်ပါဘူး။ ရွေးကောက်ပွဲမှာ သူတို့က အသာစီး ရဖို့အတွက်၊ လွှမ်းမိုးမှု ရဖို့အတွက် ဒါကိုအသုံးချတာ ပေါ်လွင်ပါတယ်” ဟု ဧရာဝတီတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးညွန့်က ပြောကြားသည်။

“ကျွန်တော်တို့ အဖွဲ့ကတော့ ဖြစ်နိုင်သရွေ့ နိုင်ငံရေး ပါတီများနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းများရဲ့ ကျင့်ဝတ်အတိုင်း အတိအကျ ကြိုးစားပါတယ်။ ရွေးကောက်ပွဲ ဥပဒေတွေနဲ့လည်း ကိုက်ညီအောင် အထူးသဖြင့် ကြိုးစားပါတယ်။ ဒါပေမဲ့ တစ်ဖက်ပါတီက အဲလို ကျင့်ဝတ် မညီတာတွေ၊ ဥပဒေ ချိုးဖောက်တာတွေကို သက်သေ အထောက်အထားနဲ့ တကွ တင်ပြပေမယ့် ရွေးကောက်ပွဲ ကော်မရှင်က သူတို့မှာ လုပ်ပိုင်ခွင့် မရှိဘူးဆိုတဲ့ စကားတစ်ခုတည်းနဲ့ အခုအထိ တိကျစွာ အရေးယူ ဆောင်ရွက်မှု မရှိခြင်းဟာ တစ်နည်းအားဖြင့် သဘောတူ ခွင့်ပြုထားရာ ရောက်ပါတယ်” ဟု ဒေါက်တာ မျိုးညွန့်က ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ပါတီအားလုံးတွင် တန်းတူညီမျှမှု အခွင့်အရေး မရရှိဘဲ ရွေးကောက်ပွဲ မတိုင်မီ ကာလ၌ပင် အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေသည့်အတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် ဆောင်ရွက်ပါမည်ဆိုသော ရွေးကောက်ပွဲ ကော်မရှင်၏ ကတိစကားအပေါ် သံသယ ဖြစ်စရာများစွာ ရှိနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက်မှ ကိုထွန်းထွန်းဦးက ဝေဖန် ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကော်မရှင်၏ သဘောထားကို သိရှိနိုင်ရန် ဧရာဝတီတိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌထံ ဆက်သွယ်ခဲ့ရာ အလုပ်များနေသည် ဟုဆိုသဖြင့် မေးမြန်းခွင့် မရခဲ့ပေ။

နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ် အခန်း (၆) တန်းတူရည်တူ ယှဉ်ပြိုင်ခွင့်ရှိသော အခြေအနေ အပိုဒ် (၂) ၌ အစိုးရ အဆင့်မြင့် အရာရှိများအနေဖြင့် ကိုယ်စားလှယ်လောင်းအတွက် ၎င်းတွင်ရှိသော ရာထူး၊ အခွင့်အာဏာနှင့် ငွေကြေး အရှိန်အ၀ါကို အသုံးပြု၍ မဲဆွယ်ပေးခြင်း မပြုလုပ်ရဟု ဖော်ပြထားသည်။
Writer:
အောင်ကျော်မျိုး (ဟင်္သာတ)
Eleven Media Group

မြိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အောက်တိုဘာ ၂၉ ရက်က လက်ယက်မ ကျေးရွာတွင် ပြုလုပ်သည့် စည်းရုံးရေး ဟောပြောပွဲသို့ တက်ရောက်ခဲ့သော ကန်နီကျေးရွာသားများမှာ ဟောပြောပွဲ အပြီး ကျေးရွာသို့ အပြန်တွင် ကျေးရွာအတွင်း မ၀င်ရောက်ရန် ပြည်ခိုင်ဖြိုးပါတီ အမှတ်အသားများ ၀တ်ဆင်ထားသူ ၄၀ ခန့်က တားမြစ်ခဲ့ကြောင်း သိရသည်။

လက်ယက်မ ကျေးရွာတွင် ပြုလုပ်သည့် ဟောပြောပွဲအပြီး ကန်နီရွာမှ ဦးမြင့်နိုင်နှင့် လူ ၅၀ ခန့်သည် ၎င်းတို့၏ ကန်နီကျေးရွာသို့ ကားဖြင့် ပြန်လာရာ ရွာ၏ အရှေ့တံခါးနှင့် တောင်တံခါးပေါက် တို့၌ လူ ၄၀ ခန့်က ကြိုတင် စောင့်ဆိုင်း၍ ကျေးရွာအတွင်း မ၀င်ရောက်ရန် တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ၀င်မယ့် ဘက်တွေကနေ တုတ်တွေနဲ့ စောင့်ပြီး ရွာထဲမ၀င်ဖို့ တားတာပါ။ ၀င်ရင် ရိုက်မယ်ဆိုပြီး တားတဲ့အတွက် ရွာအုပ်ချုပ်ရေးမှူးကို ခေါ်ပါတယ်။ အုပ်ချုပ်ရေးမှူးကလည်း ကားပေါ်က လူတွေ ရွာထဲ တစ်ယောက်ချင်းဝင်။ ကားထားခဲ့လို့ ပြောတဲ့အတွက် ကျွန်တော်တို့က လူရော၊ ကားရော ၀င်ရမှဝင်မယ်။ မ၀င်ရဘူး ဆိုတဲ့အတွက် ထိပ်တိုက် တွေ့တာကို ရှောင်ပြီး မြိုင်မြို့မှာ ညသွားအိပ်တာပါ” ဟု ကျေးရွာအတွင်း ၀င်ရောက်ရန် တားမြစ်ခံရသူ ကန်နီရွာသား ဦးမြင့်နိုင်က ပြောကြားသည်။

Eleven Media Group


NLD ကိုယ်စားလှယ်လောင်းတဦးကို တိုက်ခိုက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒါဟာ ရွေးကောက်ပွဲကို ပျက်အောင် လုပ်ချင်တာလား၊ ရွှေ့ဆိုင်းအောင် လုပ်ချင်တာလား ဆိုတာ စိုးရိမ်စရာ ရှိလာတယ်လို့ ဦးမိုးသီးဇွန် က ပြောဆိုလိုက်ပါတယ်။ သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးနေချိန် ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းနဲ့ NLD အဖွဲ့ဝင်တွေ ကြာသပတေးညက ဓားနဲ့ တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး - အမေရိကန်ပြည်ထောင်စု ဖို့ဝိန်းမြို့မှာနေထိုင်တဲ့ ဦးမိုးသီးဇွန် ကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်း က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

တောင်းဆိုထားသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှု အခြေအနေများအပေါ် မူတည်၍ အစာငတ်ခံ ဆန္ဒပြမှုကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သာယာဝတီအကျဉ်းထောင်တွင် အကျဉ်းချခံထားရပြီး အစာငတ်ခံ ဆန္ဒပြမှုကို လုပ်ဆောင်နေသည့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက အောက် တိုဘာ၂၇ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

လာမည့် နိုဝင်ဘာ၈ရက်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက် ပွဲတွင် နိုင်ငံရေးအကျဉ်းသားများပါ ပါဝင်ခွင့် ရရှိရန်အတွက် ၎င်းတို့ကို လွှတ်ပေးရန် အစိုးရထံ တောင်းဆိုခဲ့သော်လည်း အစိုးရဘက်မှ လိုက် လျောမှုမရှိ သည့်အတွက် အောက်တိုဘာ ၂၃ ရက်မှ စတင်ကာ အစာငတ်ခံဆန္ဒပြနေသည့် သပိတ် မှောက်ကျောင်း သားခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုအောင်မှိုင်းဆန်းက ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ဆောင်ချက်များ အပေါ် ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။

““ကျွန်တော်က တောင်းဆိုထားတဲ့နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဆိုတဲ့ အခြေအနေပေါ်မူ တည်ပြီးတော့ပဲ ကျွန်တော်သွားမယ်။ အစာငတ်ခံဆန္ဒပြတာကို အတိုးအလျှော့လုပ်မယ်။ ရပ်တာ၊ ပြုတာပေါ့။ အဲဒီကျမှပဲ စဉ်းစားမယ်။ ကျန်းမာရေးကတော့ ပုံမှန်ပါပဲ။ ကောင်းတယ်။ နည်းနည်းနုံးတာပဲ ရှိမယ်””ဟု ကိုအောင်မှိုင်းဆန်း က ပြောသည်။

လက်ရှိတွင် အစာငတ်ခံဆန္ဒပြနေသည့် ကိုအောင်မှိုင်းဆန်းအား သာယာဝတီအကျဉ်းထောင်အတွင်း သီးသန့် ထားရှိကာ အကျဉ်းထောင်မှ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးသော်လည်း ကိုအောင်မှိုင်းဆန်း၏ လုပ် ဆောင်ချက်များနှင့် ပတ်သက်၍ သာယာဝတီအကျဉ်းထောင်မှ တစ်စုံတစ်ရာသတင်း ထုတ်ပြန်ခြင်းမရှိပေ။

ကိုအောင်မှိုင်းဆန်း၏ အစာငတ်ခံဆန္ဒပြမှုအား သပိတ်မှောက် ကျောင်း သားများနှင့်ဝန်းရံပြည်သူ များကလည်း ၀ိုင်းဝန်းပံ့ပိုးပေးကြောင်းကို ““သူတို့ပံ့ပိုးပေးပါတယ်။ သူတို့(အကျဉ်းထောင်ဘက်မှ) ကျွန်တော့်ကို လုပ်ချင်တာ လုပ်လို့ မရအောင် ၀ိုင်းရံပြီးတော့ ထောင်ဝင်စာအတိုင်း ဆက်သွယ်ပြီးတော့ ပံ့ပိုးပေးသလို နောက်အသုတ်တွေ လည်း လိုက်လာဖို့ အနေအထားလည်းရှိတယ်။ အစာငတ်ခံဆန္ဒပြတာကိုလေ။ ကျွန်တော်တစ်ယောက် တည်း မဟုတ်ဘူးလေ””ဟု ကိုအောင်မှိုင်း ဆန်းက ပြောသည်။

ယခုအခါ ကိုအောင်မှိုင်းဆန်း၏ အစာငတ်ခံဆန္ဒပြမှုတွင် ဒုတိယအသုတ်အဖြစ် သာယာဝတီအကျဉ်း ထောင် တွင် အကျဉ်းချခံထားရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ဗကသ)မှကိုသန်း ထိုက်၊ ကိုမျိုးထက်ပိုင်နှင့် ၀န်းရံပြည်သူ ကိုမျိုးမြတ်စံတို့ ၃ ဦးတို့ပါ အောက်တိုဘာ၂၈ ရက်မှ စတင်၍ သာယာဝတီ အကျဉ်းထောင်တွင် ပါဝင်လုပ်ဆောင်သွားမည်ဖြစ်သည်။

ကိုအောင်မှိုင်းဆန်း၏ အစာငတ်ခံဆန္ဒပြမှုနှင့်ပတ်သက်၍ သာယာဝတီ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရ သည့် ကျောင်း သားများနှင့် ၀န်းရံပြည်သူများကအပြည့် အ၀ထောက်ခံကြောင်း၊ ၎င်း၏တောင်း ဆိုချက်မှာ မှန်ကန်ပြီး တရားမျှတမှုရှိသည့်အပြင် အစာငတ်ခံ ဆန္ဒပြနေသည့်အတွက် ကြုံတွေ့လာရနိုင် သည့် အသက် အန္တရာယ်၊ ကျန်းမာရေးအခြေအနေများကို အလွန်စိုးရိမ်ပူပန်သည့်အတွက် ၎င်း၏တောင်း ဆိုချက်ကို အမြန်ဆုံး လိုက်လျော ပေးရန်တောင်းဆိုကြောင်း ကျောင်း သားများနှင့်ဝန်းရံပြည်သူများ (သာယာဝတီအကျဉ်းထောင်)က အောက် တိုဘာ၂၇ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ထည့်သွင်းဖော် ပြ ထားသည်။ ကျောင်း သား ခေါင်း ဆောင်ကိုအောင်မှိုင်းဆန်း၏ အစာငတ်ခံဆန္ဒပြမှုနှင့်အတူ ထပ်မံပါဝင်လာသူများ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍မူ အစိုးရကတစ်စုံတစ်ရာ ထုတ်ပြန်ရှင်းလင်းခြင်း မရှိသေးပေ။

- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရန် အစာငတ်ခံဆန္ဒပြနေသည့် ကျောင်းသားခေါင်းဆောင်ကိုအောင်မှိုင်းဆန်းအား အောက်တိုဘာ ၂၇ ရက်က သာယာဝတီတရားရုံး ရုံးချိန်းတွင် တွေ့ရစဉ်

မြန်မာသံတော်ဆင့်သတင်းဌာန - https://facebook.com/myanmarherald

သမ္မတကြီးခင်ဗျာ

သမ္မတကြီးက ဘာကိုပြောင်းလဲရမှာလဲလို့ မေးလာတဲ့အတွက် နိုင်ငံကို အုပ်ချူ ပ်လာတာ ၅ နှစ်တောင် ရှိပြီ ဖြစ်တဲ့သူတယောက်၊ နောက်ထပ်လည်း ၅ နှစ် ဆက် အုပ်ချူ ပ်ဘို့ ကြံနေတဲ့ သူတယောက်စီက အခုလို ဘူးလက် လှဆွေ လို လူမျိုး နဲ့ မခြား ပြောလိုက်တဲ့အတွက် အံသြမိတာတော့ အမှန်ပါပဲ ခင်ဗျာ။

သမ္မတကြီး အနေနဲ့ အခုလို ပြောလိုက်ခြင်းအားဖြင့် မြန်ပြည်တ၀ှမ်း သာယာဝပြောပြီး တိုင်းသူ ပြည်သားတွေ ဖွံ့ ဖြိုး စည်ပင်နေပြီလို့များ အောက်မေ့နေပါသလား ခင်ဗျာ။

သမ္မတကြီး ပြောင်းလဲသင့်တာက အခုလို တပ်မတော်က ဆောင့်ကြီး အောင့်ကြီး နဲ့ ပေးထားတဲ့ ရွှေရည်စိမ် ဒီမိုကရေစီ ကြီးအစား တရားဥပဒေ စိုးမိုးတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲပေးသင့်တယ်ဆိုတာ ထမင်းစားကြီးတဲ့ သူတိုင်း သိကြပါတယ် ခင်ဗျာ။

သမ္မတကြီး က ကွန်မြူ နစ် စကား ထုတ်သုံးလာလို့ ကွန်မြူ နစ် တရုတ်ပြည်ကြီးမှာ လာဒ်ပေးလာဒ်ယူတွေ တိုက်ဖျက်နေတာ အားရစရာကြီးဗျာ။ ဒီမှာတော့ တဦးတလေကိုမျ ရုံးတင်တရားစွဲခြင်း တောင် မရှိတာ ဝေခွဲမရ ဖြစ်နေရပါတယ်။

အဲ့လို တရားဥပဒေ စိုးမိုးမှု မရှိ၊ အကျင့်ပျက်ခြစားမှုတွေက ဒင်းကြမ်း ကြားမှာ ပြညိသူတွေဘ၀ ဘယ်သူ့ အားကိုးရမှန်းမသိ၊ မျက်ကလဲဆန်ပြာနဲ့ ကာလကြာမြင့်စွာ နေထိုင်နေရပြီး၊ တိုင်းပြည်က ထွက်တဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို နည်းအမျိုးမျိုး
နဲ့ ထုတ်ယူရောင်းစား တိုင်းပြည်ရဲ့ ဘဏ္ကာတိုက်ထဲ ပြန်ရောက်တာက နည်းနည်း၊ လက်နက်ကိုင် ပဋိပက္ခတွေကိုလည်း နိုင်ငံရေး ကျားကွက်လို သဘောထား၊ စစိမှန်တဲ့ နိုင်ငံရေး ဖြေရှင်းမှု ဆိုတာက ဗလာနတ္ထိ၊ ပြည်သူတွေမှာတော့ ရေ မီး လေတောင် မှန်မှန်မရ၊ သယ်ယူ ပို့ဆောင်ရေး ဆိုတာကလည်း ဖြစ်ဖြစ်မြည်၊ အပေါ်ထပ် အဆောက်အအုံတွေကလည်း ယိုင်လဲနေ၊ ပညာရေး ကျန်းမာရေး ဆိုတာကလည်း အာဖရိကရဲ့ အဆင်းရဲဆုံး နိုင်ငံ နဲ့ နင်လားငါလား၊ စာသင်ခန်းထဲ မ၀င်နိုင်ပဲ အပြင်မှာ ၀မ်းတထွာအတွက် ရုန်းကန်နေရတဲ့ ကလေးတွေဆို ၄ သန်း ကျော်လောက် ရှိနေပြီ။

ဘာကို ပြောင်းလဲရမှန်းမသိ ဆိုတော့ နတ်ဆိုးများ ၀င်စီး ခံနေရသလားတောင် ထင်မိပါရဲ့။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက လာပါရဲ့ အများအားဖြင့် ရေနံ နဲ့ တယ်လီကွန်း ကဏ္ကတွေမှာ။ လက်ကိုင်ဖုန်းတွေ အများကြီး ကိုင်နိုင်ကြပြီလို့ ဂုဏ်ယူ နိုင်ပါပေရဲ့။ ဒါပေမယ့် ပြည်သူတွေ အလုပ်အကိုင် အမှန်တကယ်ရရှိမယ့် စက်ရုံ အလုပ်ရုံကြီးတွေ ဘယ်မှာလဲ။

ဘယ်ရှိပါ့မလဲ၊ ခရိုနီတွေ အကုန်လုံးက ထားစရာ မရှိအောင် ဖြစ်နေတဲ့ သူတို့ ငွေတွေနဲ့ ရန်ကုန် နဲ့ အချက်အခြာကျတဲ့ နေရာတွေမှာ လိုက်ဝယ်ပြီး လက်ဝါးကြီးအုပ်ထားကြတော့ မြေဈေး အိမ်ဈေးတွေက ခေါင်ခိုက်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမယ့်သူတွေ ၀င်လို့မရ။

ဈေးပေါပေါ လုပ်အားကို ဂုတ်သွေးစုတ်လို့ ရမယ့် အထည်ချူ ပ်လုပ်ငန်းတွေမှာတောင် သူများနိုင်ငံနဲ့ ယှဉ်ရင် အနည်းဆုံး လုပ်ခလောက်နဲ့ မြန်မာတွေ ခ္ဈေးတဒီးဒီး ကျအောင် လုပ်နေကြရတယ်။

GDP ဆိုရင် $1270 ပဲ ရှိတယ်။ ဒေါ်လာ ၁၆၇၀ ရှိနေတဲ့ လာအို အောက်မှာ ရှိသေးတယ်။

အဲ့တော့ သမ္မတကြီး ရဲ့ ရီပို့ကပ်ကို ပြန်ကြည့်ရင် ဒေသတွင်းမှာ ခုထိ အဆင်းရဲ ဆုံးနိုင်ငံ က နေ မတက်သေးဘူး၊ ဘိန်းထုတ်လုပ်တဲ့နေရာမှာ နံပါတ်နှစ် ဖြစ်နေတာက ဘယ်တော့မှ မကျဘူး၊ သစ်တောပြုန်းတီးမှုက နံပါတ် မှာ သုံး။သမ္မတကြီး သက်တမ်းတလျောက် ဆုံးရှုံးခဲ့တဲ့ သစ်တောဧက က တနှစ်ကို ပျမ်းမျ လေးသိန်းခွဲ၊ ကျန်းမာရေး စောင့်ရှောက်မှုက အဆင့် ၁၉၁။

သမ္မတကြီးက ဘာကို ပြောင်းလဲရအုန်းမှာလဲဆိုတော့ ခက်တယ်ဗျာ။ ဘူးလက် လှဆွေလို ခေါင်းရှော်ရည်တို့ ဆင်ချီးတုန်း ဆပ်ပြာတို့၊ မီးခြစ်တို့ ထည့်မပြောသွားတာပဲ ကျေးဇူးတင် ကံကောင်းတယ် ယူဆရတော့မှာပါပဲ။

သမ္မတကြီးရယ် အခုဆို လူငယ် ခေတ်ပညာတတ်တွေ နိုင်ငံရေး လောကထဲ ၀င်လာကြတာများ တိုင်းပြည်အတွက် အားရစရာကြီးဗျာ။ ဒီလူငယ်တွေကိုတော့ ငါနဲ့ မတူ ငါ့ရန်သူ ဆိုပြီးတော့ အညွန့် မချိုးလိုက်ပါနဲ့ဗျာ။ သမ္မတကြီးတို့လည်း အသက်ကြီးပါပြီ၊ တပ်မတော်က ဗိုလ်ချူ ပ်ကြီးတွေလည်း ပင်ပန်းလှပါပြီ။ လူငယ်တွေကို မြေတောင် မြှောက်တဲ့ အနေနဲ့ လုပ်ပိုင်ခွင့် ပေးလိုက်ပါလို့ တိုင်းပြည်အကျိုးမျော်ကိုးပြီး အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ။

HSW
BrainWave ဉာဏ်လှိုင်း

လက်​ရှိ ​အ​စိုး​ရ ​လက်​ထက်​မှာ ​အ​ပြောင်း ​အ​လဲ​တွေ ​လုပ်​ထား​ပြီး​ပြီ​လို့ ​သ​မ္မ​တ ​ဦး​သိန်း​စိန်​ပြော
 သ​မ္မ​တ​ဦး​သိန်း​စိန်​က ​ဒီ​မို​က​ရေ​စီ ​အ​ပြောင်း ​အ​လဲ​ကို ​သူ​တို့ ​အ​စိုး​ရ​က ​ပြု​လုပ်​ခဲ့​ပြီး ​ဖြစ်​တဲ့ ​အ​တွက် ​နောက်​ထပ် ​ပြောင်း​လဲ​စ​ရာ ​မ​ရှိ​တော့​ဘူး၊ ​ထပ်​ပြောင်း​ချင်​ရင် ​ကွန်​မြူ​နစ် ​စ​နစ်​ပဲ ​ပြောင်း​ဖို့ ​ရှိ​တော့​တယ်​လို့ ​သူ့ ​မွေး​ရပ်​မြေ ​င​ပု​တော ​မြို့​နယ် ​က ​ဒေ​သ​ခံ​တွေ​ကို ​အောက်​တို​ဘာ​လ ၂၉ ​ရက်​နေ့​က ​တွေ့​ဆုံ​စဉ် ​ပြော​ခဲ့​ပါ​တယ်။

တ​ကယ်​တန်း​တော့ ​လက်​ရှိ ​အ​စိုး​ရ ​လက်​ထက်​မှာ ​လွှတ်​တော် ​ပေါ်​လာ​တာ​နဲ့ ​တ​ရား ​စီ​ရင်​ရေး ​စ​နစ် ​ရှိ​တယ် ​ဆို​တဲ့ ​ပုံ​စံ​လေး ​နည်း​နည်း ​ပြောင်း​လာ​တာ​သာ ​ဖြစ်​ပြီး ​ဒီ​မို​က​ရေ​စီ ​စ​နစ်​ကို ​ပြောင်း​လဲ​တယ် ​ဆို​တဲ့ ​အ​ပြောင်း​အ​လဲ​က ​မ​ဖြစ်​သေး​ဘူး​လို့ ​လက်​ရှိ ​မြန်​မာ့​နိုင်​ငံ​ရေး ​အ​ခြေ ​အ​နေ​ကို ​စောင့်​ကြည့်​လေ့​လာ ​နေ​တဲ့ ​ပြည်​သူ့ ​အ​ရေး ​ဂျာ​နယ် ​အယ်​ဒီ​တာ​ချုပ် ​ဦး​မော်​လင်း​က ​ပြော​ပါ​တယ်။

ပြောင်း​လဲ​ချင်​သေး​ရင် ​ကွန်​မြူ​နစ် ​စ​နစ်​ကို​ပဲ ​ပြောင်း​ဖို့ ​ရှိ​တယ် ​လို့ ​ပြော​တာ​က ​လူ​တွေ​အ​နေ​နဲ့ ​ကွန်​မြူ​နစ် ​စ​နစ်​ကို ​မုန်း​တီး​နေ​ကြ​တယ်​လို့ ​သ​မ္မ​တ​က ​ထင်​နေ​ပုံ​ရ​လို့ ​ခြိမ်း​ခြောက်​တဲ့ ​သ​ဘော ​ပြော​တာ​လို့ ​ဦး​မော်​လင်း​က ​မြင်​ပါ​တယ်။

ပြောင်း​လဲ​ချိန် ​တန်​ပြီ ​လို့ ​ကြွေး​ကြော်​ပြီး ​ရွေး​ကောက်​ပွဲ ​တိုက်​ပွဲ​ကို ​သွား​နေ​တဲ့ ​အန်​အယ်လ်​ဒီ ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ်​ကို ​ပြည်​သူ ​လူ​ထု​က ​နေ​ရာ​တိုင်း​မှာ ​အုံး​အုံး ​ကြွက်​ကြွက် ​ထောက်​ခံ ​နေ​ကြ​တာ​ကို ​မြင်​နေ​တဲ့ ​အ​တွက် ​အား ​ပေး ​နေ​ကြ​သူ​တွေ​ကို​ရော ​ရှေ့​က ​နေ​ခေါင်း​ဆောင်​ပြီး ​သွား​နေ​တဲ့ ​ပါ​တီ​ကို​ပါ ​နောက်​ထပ် ​ပြောင်း​လဲ​စ​ရာ ​မ​လို​တော့​ဘူး​လို့ ​ခပ်​ကြမ်း​ကြမ်း ​ပြော​လိုက်​တဲ့ ​သ​ဘော​လို့ ​ဦး​မော်​လင်း​က ​သုံး​သပ် ​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese


အောက်တိုဘာ ၃၀ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့ အခြေ စိုက် အမှတ် ၂ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် ၌ တိုက်ပွဲအတု တခု အား ယမန်နေ့ အောက် တိုဘာ ၂၉ ရက် မှ ယနေ့ နံနက် အောက်တိုဘာ ၃၀ ရက်နေ့နံပိုင်း အထိ အစိုးရတပ်က ညလုံးပေါက် ဆင်နွဲသောကြောင့် ဒေ သခံများ စိုးရိမ်ထိပ်လန့်နေကြသည်ဟု သိရသည်။

အောက်တိုဘာ ၂၉ ရက်ညမှစ၍ ယနေ့အောက်တို ဘာ ၃၀ ရက်နေ့ နံနက်မိုးလင်း သည့်အထိ အစိုးရတပ်ဘက်မှ ညလုံးပေါက် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှု ကြောင့် ရွာသားများ စိုးရိမ်ထိပ်လန့်ကာ ခြံအတွင်းအသင့်တူးထားသော ခံတုတ်ကျင်း များအတွင်း ပြေးဝင်ခိုလှုံခဲ့ရ သည်ဟု ဒေသခံ စိုင်းခမ်းဆိုင် က ဤကဲ့သို့ ပြောသည်။

“ကျနော်တို့ မိုင်းနောင်မှာလေ တညလုံးပဲ၊ ကိုးနာရီတခါ၊ ၁၀ နာရီတခါ တနာရီခြားတခါ လက်နက်ကြီး အကြိမ်ကြိမ် ပစ်တယ်။ စကခ ၂ မိုင်းကောင်ဝ် တပ်ကပေါ့။ မိုးလင်းတဲ့ အထိဘဲ အကြိမ်တရာ ကျော် တယ်။ ဘယ်သူမှ သူတို့ကိုလာမပစ်ဘူး၊ သေနတ်သံ နား ထောင်ရင်လဲ သိတယ် ။ တဘက်တည်းပစ်တဲ့အသံလေ။ တညလုံးပစ်တာ မိုးလင်းတဲ့ အထိဘဲ”

ထို့အတူ မိုင်းရှူးမြို့နယ် မိုင်းစံမြို့ အခြေစိုက် ခလရ ၁၅၀ ကလည်း သီတင်း ကျွတ် လပြည့်ညက မိုင်းစန်ဒေသခံများ တိုးနယား ကိန္နရီ ကိန္နရာ အကတို့  ဖြင့် မြတ်စွာ ဘုရားအား ရည်စူး၍ ပူဇော်ကပြစဉ် လက်နက်ကြီး လက်နက် ငယ်များပစ်ခတ်သောကြောင့် ပွဲလန့်ကာ ထွက်ပြေးကြသဖြင့် အချင်းချင်း တက်နင်းမိ၍ ဒဏ်ရာရသူ များရှိသည်ဟု လည်းသိရသည်။

ထိုနေ့ကပင် ၀မ့်ဟိုင်းဌာနချုပ်အား မိုင်းရှူးမြို့တောင်ဘက် လွယ် ကျူ မောက်ခေါဝ် တပ်စခန်းချ နေထိုင်နေသည့် တပ်မတော် စစ်ကြောင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပါသေးသည်။

“ကျနော်တို့က ဘယ်သူ့ကိုမှ သွားပြီးရန်မရှာဘူး။ ကျနော်တို့ကို ရန်လုပ် ပြီး လာရောက် တိုက်ခိုက်လို့ ကိုယ့်ကိုကိုယ် ခုခံတဲ့အဆင့်နဲ့ပဲ ပြန်လည်ခုခံတာပဲ ရှိသေးတယ်။ ၁၉ ရက် နေ့ တုန်းကလဲ အစိုးရ သတင်းစာမှာပါလာသေးတယ် ကျနော်တို့ကနေ ပြီး အဲဒီတပ်ကို သွားတိုက်တယ်ဆိုဘဲလေ ” - ဟု SSPP/SSA ဌာနချုပ်ရုံးအရာရှိ ဒု ဗိုလ်မှူးကြီးတဦးက ပြောသည်။

၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ‘SSA ဝမ့်ဟိုင်းမှ သျှမ်းပြည် တပ်မ တော် က မိမိတို့၏ တပ်စခန်းများအား ၁၈ ရက်နေ့တကြိမ်၊ ၁၆ ရက်နေ့ ည က တကြိမ်လာ ရောက်တိုက်ခိုက်သည့်အတွက် တပ်မတော် စစ်ကြောင်းမှ လိုက်လံ တိုက်ခိုက်ရှင်းလင်း လိုက်ရသည် ’ ဟု ပါရှိသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ခု က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်ရေးလက်မှတ်ရေးထိုးထား သည့် တပ်ဖြစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

တောင်တရုတ်ပင်လယ်တွင်းက ကန်သင်္ဘော။ 
တောင်တရုတ် ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရေပိုင်အတွင်း တရုတ်တို့ ဆောက်ထားတဲ့ ကျွန်းအတု အနီး အမေရိကန်တို့က ရေတပ်ဖျက် သင်္ဘော ခုတ်မောင်းသွားတဲ့ လုပ်ရပ်ဟာ အန္တရာယ်များပြီး ရန်စတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တရုတ်ရေတပ် အကြီးအကဲက အမေရိကန် ရေတပ် အကြီးအကဲကို ပြောကြား လိုက်ပါတယ်။

အမေရိကန်ရေတပ် စစ်ဆင်ရေးအကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး John Richardson နဲ့ တရုတ်ရေတပ်ဗိုလ်ချုပ်ကြီး Wu Shengli တို့ ကြာသပတေးနေ့က အလျင်အမြန်စီစဉ်ပြီး ဗွီဒီယိုနဲ့ တိုက်ရိုက်ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်း တရုတ်ဖက်က အဲဒီလို ပြောကြားလိုက်တာပါ။

ဆွေးနွေးမှုဟာ အလုပ်သဘောဆန်ပြီး အကျိုးရှိတဲ့ ဆွေးနွေးမှုဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးအရာရှိတွေက ပြောကြားလိုက်ပြီး နှစ် ပုံမှန် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်သွားဖို့နဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေက ရှောင်ရှားနိုင်အောင် လုပ်ထုံး လုပ်နည်းတွေကို လိုက်နာသွားကြဖို့ နှစ်ဖက် သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဆွေးနွေးမှုတွေဟာ တင်းမာတဲ့သဘောရှိကြောင်း တရုတ်အရာရှိတွေဖက်က ပြောပါတယ်။ အဲဒီလို အန္တရာယ်များပြီး ရန်လိုတဲ့ လုပ်ရပ်မျိုးဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ခြိမ်းချောက်နေပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိပါးစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တရုတ်ရေတပ်ဗိုလ်ချုပ်ကြီး Wu Shengli ပြောကြားခဲ့ကြောင်း အစိုးရပိုင် ဆင်ဟွာသတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 အိမ်ခြံမြေတိုက်ခန်းရောင်းဝယ်မှုဈေး ကွက်အတွင်း စာချုပ်အတုများ၊ ဆင့်ပွားရောင်းချခြင်းများဖြစ်ပေါ်လျက်ရှိ ကြောင်း အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ထိုကဲ့သို့ အိမ်ခြံမြေတိုက်ခန်းကဲ့သို့ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများအား စာချုပ်အတုများပြုလုပ်ခြင်း၊ ပိုင်ဆိုင်မှု စာချုပ်များကို ဆင့်ပွားရောင်းချခြင်းများကြောင့် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုကိစ္စရပ်များ ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။ အခန်းပေး အခန်းယူ ကန်ထရိုက် စနစ် ခေတ်စားခဲ့သည့် သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ သာကေတ၊ မြောက်ဥက္ကလာပစသည့် မြို့နယ်များတွင် တိုက်ခန်းပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စာချုပ်ဆင့်ပွား ရောင်းချမှုများအပြင် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သန်လျင်စသည့်မြို့နယ်အများစုတွင် အိမ်ခြံမြေပိုင်ဆိုင်မှုအတွက် စာချုပ်အတုပြုလုပ်ရောင်းချမှုများရှိကြောင်း သိရသည်။

''ပထမတော့ စပေါ်ပျောက်နဲ့ ငှားနေတာပေါ့။ ငှားလာတာ ကြာလာတော့ ပတ်ဝန်းကျင်မှာ သူပိုင်သလိုဖြစ်လာ တယ်။ နောက်တော့ တိုက်ခန်းပိုင်ဆိုင်ကြောင်း စာချုပ်အတုတွေလုပ်ပြီး ရောင်းတယ်။ အဲဒီ ၀ယ်လိုက်တဲ့လူက လည်း ဈေးကောင်းရလို့ထပ်ပြီး နောက်တယောက်ကို ရောင်းတယ်။ ပိုင်ရှင်ကပေါ်လာတော့ အရှုပ်အရှင်းတွေ ဖြစ်လာရော။ အခုနောက်ပိုင်း ဒီလိုပြဿနာတွေများလာတယ်''ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

''မြေကွက်တကွက်ကို ပိုက်ဆံလိုနေလို့ပါဆိုပြီး ပွဲစားကနေ ပိုင်ရှင်ဆိုတဲ့ လင်မယားနှစ်ယောက်ကိုခေါ်လာ တယ်။ သိန်းတရာနဲ့ ၀ယ်ထားတာကို ငွေလိုလို့ သိန်း ၆၀ လောက်နဲ့ အရောင်းအ၀ယ်လုပ်မယ်ပြောတယ်။ နောက်တရက်မှ ပိုင်ဆိုင်မှု တွေပြတယ်။ အရောင်းအ၀ယ်လုပ်ပြီး သုံး၊ လေးရက်လောက်မှာ ပွဲစားခေါ်လာတဲ့ အိမ်ရှင်ဆိုတဲ့ လင်မယားတွေက ၀ယ်လိုက်တဲ့လူဆီဖုန်းဆက်တယ်။ သူတို့က ပိုင်ရှင်မဟုတ်ပါဘူး။ ပွဲစားခေါ်လို့ လိုက်လာရတာပါလို့ ပြောတယ်။ သူတို့တွေပေးထားတဲ့ မြေကွက်ပိုင်ဆိုင်မှုစာချုပ်က အတုကြီးဖြစ်နေတယ်။ အဲဒီတော့ ပြဿနာတွေ ဖြစ်ကုန်ရော''ဟု မြောက်ဒဂုံမြို့နယ်တွင် စာချုပ်အတုဖြင့် လိမ်လည်ရောင်းချမှု ဖြစ်ခဲ့ပုံကို ဒေသခံတဦးက ပြောသည်။

ထိုကဲ့သို့ ပိုင်ဆိုင်မှု အငြင်းပွားဖွယ်များ၊ စာချုပ်စာတမ်း အရှုပ်အရှင်းပြဿနာများ ဖြစ်ပွားရခြင်းသည် ၀ယ်ယူသူ (သို့) ရောင်းချသူများကုန်ကျစရိတ်များပြားမည်ဟုထင်ကာ တတ်ကျွမ်းနားလည်သည့် ဥပဒေပညာရှင်များ ခေါ်ယူလေ့မရှိခြင်းစသည်တို့ကြောင့် ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။ အိမ်ခြံမြေ တိုက်ခန်းအရောင်း အ၀ယ်များပြုလုပ်ပါက အရောင်းအ၀ယ်ပြုလုပ်ထားသည့် စာချုပ်အား ၀ယ်ယူထားသည့်တန်ဖိုးနှင့်ညီမျှသည့် တံဆိပ်ခေါင်း ခွန်ထမ်းဆောင်ခြင်း၊ စာချုပ်စာတမ်း မှတ်ပုံတင်ကြေးပေးဆောင်၍ မှတ်ပုံတင်ဆောင်ခြင်း စသည်တို့ကို ပြုလုပ်သင့်ကြောင်း ဥပဒေပညာရှင်များက အကြံပြုပြောဆိုသည်။ ထို့အပြင် အရောင်းအ၀ယ် ပြုလုပ်နေစဉ် ကာလများအတွင်း ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ကန့်ကွက်မှုရှိ၊ မရှိကို သတ်မှတ်ရက်တခုထား၍ နိုင်ငံပိုင်သတင်းစာမှ ကြေညာခြင်းသည်လည်း အရှုပ်အရှင်းများရှိခဲ့ပါက သိရှိနိုင်ကြောင်း သိရသည်။

''အခန်းတခန်းတည်းကို သုံး၊ လေးဦးက ဆင့်ပွားရောင်းချလာတာကို တွေ့လာရတယ်။ အဲဒီတော့ အိမ်ခြံမြေ တိုက်ခန်းပဲဖြစ်ဖြစ် မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေရောင်းဝယ်တဲ့အခါ သတင်းစာ ထဲထည့်ပြီး ကန့်ကွက်မှုရှိ၊ မရှိ ကြေညာလိုက်၊ နားလည်တတ်ကျွမ်းတဲ့ ရှေ့နေတွေရဲ့အကြံဥာဏ်ကို ရယူပါ။ အိမ်ခြံမြေ တိုက်ခန်းဝယ်တာပဲ၊ ဒါပေမဲ့ ပြဿနာဝယ်မိသလို ဖြစ်နေတယ်။ နောက်တခုက အခွန်ရှောင်ချင်ကြတယ်။ အဲဒီတော့ မလိုအပ်တဲ့ ပြဿနာတွေဖြစ်နိုင်ပါတယ်''ဟု အထက်တန်းရှေ့နေတဦးဖြစ်သည့် ဦးအေးထွန်းဒွေးက အကြံပြုပြောဆိုသည်။

၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် အိမ်ငှားရမ်းခြင်း ၀န်ဆောင်မှုလုပ်ငန်းအတွက် ကုန် သွယ်လုပ်ငန်းခွန် မကျသင့်ကြောင်း ဖော်ပြထားပြီး နိုင်ငံတော်အတွင်း ဆောက်လုပ်ပြီး ရောင်းချသည့် အဆောက်အအုံ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင် သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရ မည်ဟု ပြဋ္ဌာန်းထားသည်။

မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မဲလက်မှတ်တွေပေါ်က ခွပ်ဒေါင်းနဲ့ကြယ်ဖြူ ကို
ကြယ်ဝါပြောင်းထားတာကို graphic designer တစ်ဦးက အချက်အလက်နဲ့ ယုတ်မာခဲ့ကြသူများကို စိန်ခေါ်လိုက်ပါပြီ။
==========

ကျွန်တော် Graphic Designer
တစ်ယောက်ပါ
Paper (စက္ကူ) ပုံနှိပ်လုပ်ငန်းဆိုတာ
ကျွန်တော့်ရဲ့ အဓိက
သက်မွေးဝမ်းကျောင်းလုပ်ငန်းပါ
ရခိုင်ကနေ ရန်ကုန်ကို
CD ခွေနဲ့ ပို့လိုက်တဲ့
(ဖြစ်ကလက်ဆန်း) ပြည်ထောင်စုနေ့စဉ်သတင်းစာရဲ့
ဒီဇိုင်းတွေကိုလည်း
အမြဲလိုလိုပြင်ဆင်ပေးခဲ့ရဖူးပါတယ်
နာမည်ထုတ်မပြောခြင်တဲ့
တခြားဝန်ကြီးဌာနတွေက
ဒီဇိုင်းတွေကိုဆိုလည်း
ဆွဲပေးခဲ့ရဖူးပါတယ်
အခုမဲလက်မှတ်တွေနဲ့ပတ်သတ်ပြီးတာဝန်ယူရေးဆွဲပေးရတဲ့ Designer တွေကိုကျွန်တော်သိပါတယ်
ဒါပေမယ့် အဓိက လက်သည်ကတော့
အားလုံးသိကြတဲ့ ကမ္ဘာကျော်သူခိုးကြီးတွေလက်ချက်ပါ
တမင်တကာရည်ရွယ်ချက်ရှိရှိအောက်တန်းကျတာပါ
ကျွန်တော့်ရဲ့ လုပ်သက်တစ်လျှောက်လုံးမှာ
Paper (စက္ကူ) ပေါ်မှာ
ပုံနှိပ်ရိုက်တဲ့အခါမှာ ဆေးအဖြူသုံးရတယ်ဆိုတာ
တစ်ခါမှ မကြားဖူးပါဘူး
ရှိလည်းမရှိပါဘူး
တခြား Plastic တို့
Shirt တို့စတဲ့လုပ်ငန်းတွေမှာပဲ
ဆေးအဖြူဆိုတာသုံးရတာပါ။
နောက်တစ်ချက်က မဲလက်မှတ်တွေကို
ရိုက်နှိပ်တဲ့ Paper (စက္ကူ) က
အဖြူရောင်ဖြစ်ပါတယ်
ဒါကြောင့်ကြယ်ဖြူနေရာကို
ဘာမှင်မှမထည့်ပဲရိုက်ရင်
မဲလက်မှတ် Paper (စက္ကူ) ရဲ့
မူရင်းအဖြူနဲ့ညီမျှတဲ့
အဖြူရောင်ကြယ်ဖြူကို
ရရှိမှာဖြစ်ပါတယ်
အခု ကြယ်က အဝါရောင်ဖြစ်နေတယ်ဆိုတာ
မဲလက်မှတ်ဒီဇိုင်းရေးဆွဲတဲ့
Designer က ကြယ်ဖြူနေရာမှာ
တမင်တကာ
အဝါရောင်မှင်ကိုထည့်ပြီး
ရေးဆွဲခဲ့လို့သာ
ပုံနှိပ်ရိုက်တဲ့အခါမှာ
အဝါရောင်ဖြစ်သွားရတာဖြစ်ပါတယ်
ဒါဟာ မတော်တဆဖြစ်ရပ်မျိုးမဟုတ်သလို
မှင်အရောင်မှားတာလည်း
မဟုတ်ပါဘူး
Paper Printing မှာ
အဖြူရောင်စက္ကူကိုရိုက်တဲ့အခါ
အဖြူရောင်မှင်ကိုသုံးရတယ်ဆိုတာအဲဒီ့ရွေး/ကော်က နွားပြောခဲ့သလို
ဟုတ်ခဲ့မယ်ဆိုရင်
လက်ရာသစ် ခန်းမရှေ့ထွက်ပြီး
လူလုံးပြ ပါးရိုက်ခံပါ့မယ်
လက်ရာသစ်စကားမှားယွင်းကြောင်းသက်သေပြနိုင်သူမည်သူမဆို
လာပြီးရိုက်ပါ
အခု ပို့စ်တင်ပြီးစိန်ခေါ်ပါတယ်

(လက်ရာသစ်)

ဗကသ ကျောင်းသားဥက္ကဋ္ဌ ကိုကျော်ကိုကိုအား နိုဝင်ဘာ ၅ ရက်တွင် ပိုပို၊
နန္ဒာစစ်အောင် တို့နှင့်အတူ ကမာရွတ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း
ဗကသ သတင်းနှင့်ပြန်ကြားရေး ကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။

ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုအား ရန်ကုန်
သင်္ကန်းကျွန်းမြို့နယ် စံပြဈေး အနီးတွင် အောက်တိုဘာ၂၉ရက် နေ့လယ် ၁၂ နာရီ
အချိန်ခန့်က ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ပြီးနောက်
အောက်တိုဘာ ၃၀ ရက်တွင် ကမာရွတ်တရားရုံးသို့ ခေါ်ဆောင်ပြီး ရမန်ယူကာ
နိုဝင်ဘာ ၅ ရက်တွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်ကိုကိုအား ပုဒ်မ ၁၄၃ ၊ ၁၄၅ ၊ ၁၄၇ ၊ ၅၀၅ (ခ) တို့ဖြင့် အမှုဖွင့်ထားပြီး
လာမည့် နိုဝင်ဘာ ၅ ရက်တွင် မူလအတူ တရားစွဲဆို ခံထားရသော
ကိုနန္ဒာစစ်အောင် (ဗကသ) ၊ မပိုပို (ဗကသ) တို့နှင့်အတူ ကမာရွတ်မြို့နယ်
တရားရုံးသို့ ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း ကမာရွတ်မြို့နယ် စခန်းမှူး ရဲမှူး
သိန်းဟန်၏ ပြောပြချက်အရ သိရသည်။

ဗကသ ဗဟိုအလုပ်အမှုဆောင် ကိုအောင်နေပိုင်က" ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅၀၅(ခ)
နဲ့ စွဲထားတာရှိတယ်။ ရုံးထုတ်က ၅ ရက်နေ့ ။ မနေ့က ဘယ်မှာထားလဲဆိုတာ
ကျွန်တော်တို့ မသိလိုက်ရဘူး။

သူတို့ကို စစ်ကြောရေး လုပ်နေတယ်လို့ သိရတယ်။ သူ့ကို ထိန်းသိမ်းထားတဲ့ အချိန်မှာပဲ တစ်ဖက်သူနေတဲ့အိမ်မှာပဲ ပစ္စည်းတွေ ရှာဖွေသိမ်းဆည်း သွားတာ
ရှိတယ်။ အခုတော့ အင်းစိန်မှာ ထားတယ်လို့ သိရတယ်။ ဒီနေ့မှထုတ်ဖြစ်တာလို့
သိရတယ်" ဟု The Ladies မေးမြန်းချက်အား ပြန်လည်ဖြေကြားသည်။

အဆိုပါအမှုမှာ ၂၀၁၅ ခုနှစ် မတ်၁၀ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး
ကမာရွတ်မြို့နယ်တွင် ကျောင်းသားသပိတ် နောက်ဆက်တွဲ ဆန္ဒပြရာ၌ ဗကသ
ကျောင်းသား ကိုကျော်ကိုကို၊ ကိုနန္ဒာစစ်အောင်၊ ဦးဝင်းကျော့မှူး၊ ကိုဂျိမ်း(ခ)
လင်းထက်နိုင်၊ ဦးထက်ခိုင်စိုးနှင့် မပိုပို(ခ) ရတနာဆုပိုခိုင် တို့အား ကမာရွတ်မြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ပုဒ်မ-၁၄၃/ ၁၄၅/ ၁၄၇နှင့် ပုဒ်မ-၅၀၅(ခ)ဖြင့်
အရေးယူပေးရန် ကမာရွတ် တရားရုံးတွင် စွဲချက်တင်ထားခြင်းဖြစ်သည်။

သတင်း - စိုင်းဟန်
The Ladies News Journal

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင်ပြည်သူများကို မဲအသိပညာပေးခြင်းနဲ့ မဲပေးပုံပေးနည်း ကို ပြသနေစဉ်။ Photo: National League for Democracy Facebook
ရွေးကောက်ပွဲနေ့မှာ တည်ငြိမ်အေးချမ်းပြီး တရားမျှတမှုတွေရှိဖို့ ပြည်သူလူထုအားလုံး ၀ိုင်းဝန်းကြိုးပမ်းဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

"မဲဆန္ဒရှင်ပြည်သူများသို့ ပန်ကြားချက်" အမည်ရှိတဲ့ ဗီဒီယိုဖိုင်ကို NLD ပါတီရဲ့ အင်တာနက် ဖေ့စ်ဘွတ်လူမှုရေး ကွန်ရက် စာမျက်နှာကနေ ဒီကနေ့ ဖြန့်ချီလိုက်ရာမှာ မဲပေးစဉ် ပါတီကိုယ်စားပြုတဲ့ ၀တ်စားဆင်ယင်တာတွေ မလုပ်ဖို့အပြင် ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲရလဒ်ကို လူထုက တည်ငြိမ်အေးချမ်းစွာ လက်ခံနိုင်ဖို့ ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းထားတာပါ။

"မဲစာရင်းထဲမှာ မပါရင် လှည့်မပြန်ပါနဲ့ ပြဿနာမရှာပါနဲ့ တာဝန်ရှိတဲ့လူ မဲရုံမှူးနဲ့ တွေ့ပြီးတော့ အကျိုး အကြောင်းပြောပြပါ၊ တတ်နိုင်သမျှ ပြေလည်အောင်ဖြေရှင်းဖို့ ကြိုးစားပါ၊ မဲသွားပေးတဲ့အခါ ပါတီအဖွဲ့အစည်းရဲ့ အထိမ်းအမှတ်တံဆိပ်တွေ ဝတ်ဆင်ယူဆောင်မသွားပါနဲ့ ဦးထုပ်၊ တီရှပ်၊ တံဆိပ်၊ အလံ၊ နဖူးစီး စသဖြင့် အားလုံး ယူဆောင်သွားခွင့် မရှိပါဘူး၊ ကိုယ့်ရဲ့ပါတီကိုပဲ ထိခိုက်ပါလိမ့်မယ်၊ ဒါကိုသတိပြုပြီးတော့ အားလုံးလုပ်သွားကြပါ၊ ရိုးရိုးသာမာန် အဝတ်အစားနဲ့ပဲသွားပါ၊ မဲရေတွက်တာကို စိတ်ဝင်စားလို့ရှိရင် စောင့်ကြည့်လို့ရပါတယ်၊ မဲရုံမှာ ဘယ်သူနိုင်သလဲဆိုတာကို နားစွင့်ထားပါ၊ တစ်ညလုံးစောင့်ပြီး နားထောင်ရတယ်ဆိုရင် ပျော်စရာကောင်း ပါတယ်၊ ကိုယ့်ရဲ့အပေါင်းအဖော်တွေနဲ့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ နားထောင်ကြပါ၊ ကိုယ့်ဘက် က နိုင်လို့ရှိရင်လည်း သိပ်ပြီးတော့ အုတ်အော်သောင်းနင်းဖြစ်အောင် မလုပ်ပါနဲ့ ကံကောင်းအကြောင်းမလှလို့ ကိုယ့်ဘက်က ရှုံးလို့ရှိရင်လည်း အိနြေ္ဒရရနဲ့ ရင်ဆိုင်ပါ"

ဒါ့ပြင် ရွေးကောက်ပွဲနေ့မှာ ပြဿနာဖြစ်နိုင်တဲ့ ရန်စမှုတွေကို သတိထားရှောင်ကျဉ်ကြပြီး ရွေးကောက်ပွဲ တည်တည်ငြိမ်ငြိမ် ပြီးဆုံးရေးကိုသာ ဦးတည်ကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။

"အရေးကြီးတာက ဒီရွေးကောက်ပွဲနေ့မှာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်ဖို့ပါ၊ ဘယ်သူကပဲ ရန်စ ပြည်သူတွေဟာ ထိန်းထိန်းသိမ်းသိမ်းပဲနေကြပါ၊ တချို့က သူတို့အကြောင်းကြောင်းကြောင့် ရုန်းရင်း ဆန်ခတ်ဖြစ်စေချင်တဲ့ ပုဂ္ဂိုလ်တွေလည်းရှိနိုင်ပါတယ်၊ အဲ့ဒါတွေကို အထူးသတိထားပါ၊ ကိုယ့်အချင်းချင်းကိုလည်း သတိပေးကြပါ၊ ဒီလူတွေကို သတိထားရမယ်ဆိုတာ ဒီရွေးကောက်ပွဲ အောင်မြင်ခြင်းဆိုတာ ကျမတို့နိုင်ငံရဲ့ အနာဂါတ်အတွက် အများကြီးအရေးကြီးပါတယ်၊ ကျမတို့နိုင်ငံသူ နိုင်ငံသားတွေဝိုင်းလုပ်မှ ကျမတို့နိုင်ငံ အနာဂါတ်အတွက် စိတ်ချရမှာပါ၊ ရွေးကောက်ပွဲနေ့မှာ အောင်မြင်ဖို့အတွက် ပြည်သူပြည်သားများအားလုံး ကိုယ်ရောစိတ်ပါ အင်အားပြည့်ဝစွာနဲ့ ပါဝင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်"

ဒါ့အပြင်လည်း မဲပေးဖို့အတွက် လိုအပ်တဲ့ အထောက်အထားတွေ ယူသွားကြဖို့၊ ပယ်မဲမဖြစ်ရေးအတွက် သတိထားကြဖို့အပြင် အသက်အရွယ်ကြီးရင့်သူတွေ၊ နာမကျန်းသူတွေနဲ့ မသန်စွမ်းသူတွေလည်း မဲပေးခွင့်ရှိတယ်ဆိုတာတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြထားပါတယ်။

NLD ပါတီဝင်တွေအနေနဲ့ မဲဆန္ဒရှင်တွေမဲပေးနိုင်ရေး ကူညီကြဖို့၊ ၁၈ နှစ်အောက် မဲမပေးနိုင်တဲ့ လူငယ်တွေ၊ အကြောင်းကြောင်းကြောင့် မဲမပေးဖြစ်တဲ့ သူတွေအားလုံးကပါ ရွေးကောက်ပွဲအောင်မြင်ရေး ၀ိုင်းဝန်းကူညီကြဖို့ ကိုလည်း တိုက်တွန်းထားတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲပေးပုံမဲပေးနည်းကို သရုပ်ပြထားတာတွေ လည်း ပါဝင်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


kyawkoko-student-620.jpg
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို ကိုတွေ့ရစဉ်
Photo: RFA

မနေ့က ဖမ်းဆီးခံလိုက်ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ဥက္ကဌ ကိုကျော်ကိုကို ကို ကမာရွတ်မြို့နယ် တရားရုံးမှာ နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအဝင် ပုဒ်မ ၅ ခုနဲ့ ဒီကနေ့ တရားစွဲဆိုလိုက်ပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။

ကိုကျော်ကိုကို ရုံးထုတ်လာတာကို မိဘတွေထံ အကြောင်းကြားတာမရှိတဲ့အတွက် မတွေ့လိုက်ရဘူးလို့ သူ့ရဲ့ဖခင် ဦးကျော်အေးက ပြောပါတယ်။

"ခုနကတုန်းက ကမာရွတ်မှာ ရုံးထုတ်သွားတယ်၊ ၅ ရက်နေ့ ရုံးချိန်းလို့ ပြောတယ်ခင်ဗျ၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ နဲ့ ၅ဝ၅(ခ) ပြောတယ်၊ ချက်ချင်းရောက်ပြီး ခေါ်ပြီး ချက်ချင်းပြန်ထွက်သွားတယ်၊ လမ်းတဝက်မှာ ကျနော်တို့ ပြန် လှည့်လာတယ်ခင်ဗျ တနင်္လာနေ့ကျမှ အင်းစိန်ကို သွားတွေ့မယ်ခင်ဗျ"

ကိုကျော်ကိုကို ကို သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီးမှာ မနေ့က အထူးသတင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ငမိုးရိပ် ၇ လမ်းက ကိုကျော်ကိုကိုရဲ့ နေအိမ်ကို ၀င်ရောက်ရှာဖွေပြီး ကွန်ပျူတာ၊ မှတ်ပုံတင်၊ ဘဏ်စာအုပ် ၃ အုပ် နဲ့ ကျောင်းသားသမဂ္ဂအကြောင်း ရေးထားတဲ့ စာရွက်စာတမ်းတွေကို လာရောက်သိမ်းဆည်းသွားတယ်လို့လည်း သိရပါတယ်။

ကိုကျော်ကိုကိုဟာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့အတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက လှည်းတန်းအနီးတ၀ိုက်မှာ ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် မတ်လ ၁ဝ ရက်နေ့မှာလည်း လက်ပံတန်းကျောင်းသား သပိတ်စစ်ကြောင်းကို အကြမ်းဖက်မဖြိုခွဲဖို့ တောင်းဆိုဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ တရားမ၀င် စီတန်းလှည့်လည်မှုနဲ့ ၃မှု၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု စတဲ့ ပုဒ်မ ၅ခုနဲ့ ကိုကျော်ကိုကို ကို စွဲဆိုထားတာဖြစ်ပါတယ်။

သူနဲ့အတူ ကိုရဲရင့်ကျော်၊ ကိုမြတ်သူအောင်၊ ကိုလင်းထက်နိုင်တို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။

RFA


sspp-ssa-620.jpg
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။
Photo courtesy of SSPP/SSA

SSPP/SSA ရှမ်းပြည်တပ်မတော်ဌာနချုပ် ဝမ်ဟိုင်းနဲ့ ၅ မိုင်လောက်အကွာ မိုင်းအန်ရွာမှာ ဒီနေ့မနက်ပိုင်းကစပြီး အစိုးရတပ်မတော်နဲ့ SSPP/SSA တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့တိုက်ပွဲအခြေအနေအကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက အခုလို အတည်ပြု ပြောပါတယ်။

"နှစ်ဘက်ထိခိုက်ကျဆုံးမှု နည်းနည်းတော့များတယ်၊ အတိအကျတော့မသိဘူး၊ ကျနော်တို့ဘက်ကတော့ ၁ဝ ယောက် ဝန်းကျင်လောက်ရှိပြီ၊ သူတို့ဘက်ကပိုများတယ်၊ ဖြစ်လာတဲ့တောက်လျောက်မှာ သူတို့က ထိခိုက်ကျဆုံးတာ ရာဂဏန်းလောက်ရှိသွားပြီ၊ တာဆမ်ပူးနေရာရယ် မိုင်းအန်နဲ့ မိုင်းရှူးကားလမ်း တောင်ဘက် အခြမ်းတော့ သူတို့ကဆက်ပြီး စစ်ဆင်ရေးလုပ်နေမှာပဲ၊ သူတို့က ကျနော်တို့ အဲဒီဘက်မှာ အခြေမချနိုင်အောင် လုပ်ဆောင်နေတယ်"

အစိုးရတပ်မတော်က တာဆမ်ပူးနဲ့ မိုင်းအန်ဖက်က SSPP/SSA တပ်စခန်းတွေ အခြေချထားတဲ့နေရာကို အင်အား အလုံးအရင်းနဲ့ တိုက်နေတာလို့ ပြောပါတယ်။ တိုက်ပွဲဖြစ်နေတာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကတည်း က တစ်လနီးပါးရှိနေပြီဖြစ်ကာ ဒေသခံရွာသားတွေလည်း ထွက်ပြေးနေကြရပါတယ်။ ဝမ်ဟိုင်းဌာနချုပ်အနီး ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ဒေသခံရွာသားတွေဟာ တစ်နေ့ထက်တစ်နေ့ တိုက်ပွဲပြင်းထန်လာနေတဲ့အတွက် ဆက်ပြီးမနေရဲကြတော့ဘဲ ဝမ်ဆော့၊ ဟိုင်းပါနဲ့ မိုင်းရှုးမြို့ပေါ်တွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရာ ဒုက္ခသည် သုံးထောင်ကျော်ရှိနေပြီလို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

RFA

 mid-620.jpg ရွေးကောက်ပွဲကာလအတွင်း သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြ ထုတ်လွှင့်ချက်တွေကို လေ့လာခဲ့တဲ့ Myanmar Institute for Democracy (MID) အဖွဲ့ အောက်တိုဘာလ ၃ဝ ရက်နေ့က ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ သတင်းစာရှင်းလင်းစဉ်

အစိုးရမီဒီယာတွေဟာ အစိုးရတစ်ခုတည်းကိုသာ အသားပေးရေးသားဖော်ပြကြပြီး ပုဂ္ဂလိက မီဒီယာတွေက အတိုက်အခံပါတီ အန်အယ်လ်ဒီကိုသာ ဦးစားပေးဖော်ပြနေကြတာတွေ့ရတယ်လို့ ရွေးကောက်ပွဲကာလအတွင်း သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြ ထုတ်လွှင့်ချက်တွေကို လေ့လာခဲ့တဲ့ Myanmar Institute for Democracy (MID) အဖွဲ့က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ အဲဒီအဖွဲ့က သတင်းစာရှင်းလင်းပွဲကျင်းပပြီး သူတို့တွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင် မီဒီယာတွေဟာ အစိုးရပိုင်မီဒီယာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြတာတွေ့ရပေမယ့် အတိုက်အခံ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွေအကြောင်းကို အဓိက ရေးသားဖော်ပြကြတာ တွေ့ရတယ်လို့ MID အဖွဲ့က ဒါရိုက်တာ ဦးမျိုးမင်းဇော် ပြောပါတယ်။

"အစိုးရပိုင် မီဒီယာတွေ ထက်စာရင် နိုင်ငံခြားအသံလွှင့်ဌာနတွေကနေပြီးတော့ တင်ပြထားတဲ့ တင်ပြချက်တွေမှာ ပိုပြီးတော့ စုံစုံလင်လင်နဲ့ မျှမျှတတဖြစ်အောင် တင်ပြပေးနေတာကို ကျနော်တို့ တွေ့ရှိရတယ်၊ သူတို့က ပါတီတွေအကြောင်းတွေ ကိုယ်စားလှယ်တွေအကြောင်းတွေ ပိုပြီးတော့စုံလင်တယ်၊ ပုဂ္ဂလိကပိုင် မီဒီယာတွေထဲက တချို့မီဒီယာတွေကတော့ အစိုးရမီဒီယာထက်စာရင် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးတာကိုတွေ့ရတယ်၊ အဓိကယှဉ်ပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ USDP နဲ့ NLD အကြောင်းကို အဓိကဇောင်းပေးပြီး ဖော်ပြနေတာကိုတွေ့ရှိရပါတယ်"

အစိုးရနဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေအပြင်၊ BBC ၊ VOA ၊ RFA နဲ့ DVB သတင်းမီဒီယာတွေရဲ့ ရွေးကောက်ပွဲအပေါ် ဖော်ပြမှုတွေလည်း လေ့လာတွေ့ရှိချက်တွေကို ဖော်ပြခဲ့ပါတယ်။

သူတို့လေ့လာမှုမှာ ရေဒီယိုလိုင်း ၈ခု၊ တီဗီရုပ်သံလိုင်း ၅ ခု၊ နေ့စဉ်ထုတ်နဲ့ အပတ်စဉ်ထုတ် သတင်းစာ ၁၄ စောင်၊ အင်တာနက် အွန်လိုင်းသတင်းဌာန ၃ ခုကို စက်တင်ဘာ ၂၉ရက်ကနေ အောက်တိုဘာ ၂၄ ရက်နေ့အထိ လေ့လာစောင့်ကြည့်ခဲ့တာလို့ သိရပါတယ်။

MID အဖွဲ့အနေနဲ့ မီဒီယာတွေကို လေ့လာစောင့်ကြည့်မှု ပထမအကြိမ် အစီရင်ခံစာကို အောက်တိုဘာ ၁၆ ရက်နေ့ကထုတ်ပြန်ခဲ့ပြီး တတိယအကြိမ်အစီရင်ခံစာကို နိုဝင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး နောက်ဆုံးအစီရင်ခံစာကို ရွေးကောက်ပွဲပြီးနောက်သုံးပတ်အကြာမှာ ထုတ်ပြန်မှာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/mid-media-elections-report-10302015124351.html

ရန်ကုန်ဆေးရုံကြီးမှာ အောက်တိုဘာလ ၃ဝ ရက်နေ့က သာကေတမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း ကို တွေ့ရစဉ်။ Photo: Htet Arkar/RFA
 ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှာ မနေ့ညက ဓါးနဲ့ခုတ်ခံရတဲ့ အန်အယ်လ်ဒီပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းကို ခွဲစိတ်မှုအောင်မြင်ပေမယ့် လက်နှစ်ဖက်ဟာ ဓါးဒဏ် ရာတွေကြောင့် လနဲ့ချီလှုပ်ရှားလို့ ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဦးခေါင်းကို ၁၀ ချက်ချုပ်လိုက်ရပြီး လက်အကြောတွေ ပြတ်သွားတဲ့အတွက် အသက်အန္တရာယ် မစိုးရိမ်ရတော့ပေမယ့် လှုပ်ရှားလို့မရသေးဘူးလို့ ဦးနိုင်ငံလင်းရဲ့ဇနီး မခင်စန္ဒာဝင်းက ပြောပါတယ်။

"ခေါင်းက ၁ဝ ချက် ချုပ်ရပါတယ်၊ ညာဘက်လက်ကကျတော့ လက်မ၊ လက်သန်း၊ လက်ခလယ် ရယ်ဖြစ်တယ်၊ လက်မသွေးကြော ၃ ချက်ရှိတာ ၁ ကြောပြတ်သွားတယ်၊ ၁ ကြောပဲကျန်တယ်၊ လက်သန်းတစ်ချောင်းကတော့ လုံးဝလှုပ်ရှားလို့မရဘူး၊ ဘယ်ဘက်ကကျတော့ လက်ကောက်ဝတ်ရယ် လက်ခလယ် ရယ်ဖြစ်ပါတယ်၊ အခုလောလောဆယ် ပင်မသွေးကြောတွေကို ပြန်စုထားပြီးပြီပေါ့နော်၊ လက်ချောင်းလေးတွေကတော့ ၃၊ ၄ လလောက် ကြာမယ်ပေါနော့်၊ လှုပ်ရှားလို့မရဘူးလို့ ပြောပါတယ်၊ ဒါပေမဲ့ အဲဒါတွေကို ကြိုးစားပြီးကုပေး ပါမယ် ပြောပါတယ်ရှင့်၊ တနင်္လာနေ့ကျရင် ခွဲစိတ်မှုပြန်လုပ်ရမယ်ရှင့်"

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံနေတဲ့ ဦးနိုင်ငံလင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါတီရဲ့ နာယက သူရဦးတင်ဦးတို့ လာရောက်ကြည့်ရှုခဲ့ပါတယ်။

ဦးနိုင်ငံလင်းဟာ မနေ့ညက သာကေတမြို့နယ် မန်ပြေရပ်ကွက် ၉လမ်းထိပ်မှာ ပါတီဝင်တွေနဲ့အတူ မဲဆွယ်စည်းရုံးရေးဆင်းပြီးအပြန်မှာ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း ဓါးနဲ့အခုတ်ခံရတဲ့အမှုကို သာကေတမြို့နယ် NLD ပါတီဝင်တစ်ဦးဖြစ်တဲ့ ဒေါ်ချိုက သာကေတမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး ဓါးနဲ့ခုတ်ရာမှာ ပါဝင်ခဲ့သူ ၄ ဦးကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ သိရပါတယ်။

ဦးနိုင်ငံလင်းဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပါတယ်။

ဒီအတောအတွင်း ဦးနိုင်ငံလင်း တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပါတီဝင်တွေအနေနဲ့ လက်တုန့်ပြန်တာတွေ မလုပ်ကြဖို့ သတိပေးနှိုးဆော်တဲ့ ကြေညာချက်တစ်စောင်ကို အန်အယ်လ်ဒီပါတီက ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်ထဲမှာ ဦးနိုင်ငံလင်းနဲ့ ပါတီဝင်တချို့ကို တိုက်ခိုက်ခဲ့သူတွေကို ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ စီစဉ်ထားပြီးဖြစ်ကြောင်းနဲ့ တိုက်ခိုက်ခံရသူတွေရဲ့ အသက်အန္တရာယ်ဟာလည်း စိုးရိမ်စရာအခြေအနေ မရှိတော့ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းနိုင်ရေး အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် အားလုံးလက်တုံ့ပြန်မှုတွေ မပြုလုပ်ကြဖို့ကိုလည်း သတိပေးထားပါတယ်။

ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးမှုတွေကို အရှိန်မပျက် ဆက်လက်ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

မဲစာရင်းစိစစ်နေတဲ့ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံး။ (အောက်တိုဘာ ၃၀၊ ၂၀၁၅)
 မဲစာရင်းမှာ လူပို အမည်စာရင်းတွေ ပါနေတာကြောင့် ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဒီကိစ္စကို အရေးယူဆောင်ရွက်ပေးဖို့ NLD ပါတီက ရွေးကောက်ပွဲကော်မရှင် ကို အကြောင်းကြားထားပါတယ်။ လောလောဆယ် မန္တလေးတိုင်းနဲ့ တနင်္သာရီ တိုင်းတွေ မှာ မဲစာရင်းထဲ လူပိုပါနေတာကို တွေ့ရှိရတယ်လို့ ဒေသခံ NLD ပါတီ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရွေးကောက်ပွဲနီး လာချိန်မှာပဲ မဲစာရင်းထဲမှာ လူပို အမည်စာရင်းတွေ ပါနေ တာကြောင့် သတိထားပြီး ရပ်ကျေး အဆင့်ထိ စိစစ်ဆောင်ရွက်ကြဖို့ NLD ပါတီ ဗဟိုက သူ့ရဲ့ပါတီဝင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သတိပေးချက် ထုတ်ပြန် ထားပါတယ်။

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်မှာဆိုရင် လူသောင်းဂဏန်းကျော် မဲပို စာရင်းထဲ ပါနေတာကို NLD ပါတီက စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ NLD ပါတီ မန္တလေးတိုင်း ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ဦးရွှေလှက VOA ကိုပြောပါတယ်။

"မဟာအောင်မြေကို ကွင်းဆင်းစစ်ဆေးဖို့ လာအကြောင်းကြားတဲ့အခါမှာ သူတို့ မြို့နယ်က အရင်ဆုံး တက်လာတာတွေပေါ့။ ရပ်ကွက်ကြီး ဆိုရင် လေးရပ်ကွက်လောက် ကို ဆင်းကြည့်လိုက်တဲ့အခါမှာ မဲစာရင်းထဲမယ် လူနေထိုင်ခြင်း မရှိပဲနဲ့ လူတွေပိုနေတာ သောင်းဂဏန်း အထိအောင် တွေ့တယ် ဆိုတော့ အဲ့တာနဲ့ပတ်သက်လို့ တင်ပြတဲ့အခါမှာ မြို့နယ်ကော်မရှင် က ဖြေရှင်းပေးနိုင်ခြင်း မရှိပါဘူး။ "

တနင်္သာရီတိုင်း မြိတ်မြို့ မြင်းခြံရပ်ကွက်မှာဆိုရင်လဲ ရပ်ကွက်တခုထဲမှာတင် လူ ၇၀၀ ကျော် မဲစာရင်းထဲ အပိုပါနေတယ်လို့ တနင်္သာရီတိုင်း မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ရီရီချိုက ပြောပါတယ်။

" အမှတ်(၁) နယ်မြေ မြင်းခြံရပ်ကွက်မှာတော့ တော်တော်လေးကို ပိုနေတာ တွေ့ သွားရပြီ။ လူ ၇စ၀ ကျော်လောက် ပိုတယ်လို့ပြောတယ်။ အခု ကျမတို့တွေက ရပ်ကွက်တိုင်းကို လှုံ့ဆော်စာ ပို့ပြီ။ ကျမတို့ မဲစာရင်းမတိုက်ရသေးဘူး။ ရွေးကော်ကို သွားပြောနေတယ် ခရိုင်ရွေးကော်ကို။ အဲ့တာကို သူတို့က ကျမတို့ကို ၂ရက်နေ့မှ ထုတ်ပေးမယ်ပြောနေတယ်။ ရပ်ကွက်မဲစာရင်းကိုတော့ ထုတ်ပေး လိုက်ပြီပြောတယ်။ ဒါပေမဲ့ မြင်းခြံရပ်ကွက်ကတော့ မဲစာရင်းတွေ ပိုနေတယ်။ ကျမတို့ အခုရပ်ကျေးတိုင်းကို စာပို့ပြီးတော့ ဆင်းနေကြပြီ။"

မဲစာရင်းထဲ လူပိုပါနေတာကို စိစစ်ပြီးတင်ပြနိုင်မယ် ဆိုရင် ရွေးကောက်ပွဲနေ့ မတိုင်ခင် ပြန်လည်ပြင်ဆင် ပေးသွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောကြောင်း ဦးရွှေလှက ပြောပါတယ်။

"မဲစာရင်းနဲ့ပတ်သက်လို့ သူတို့ကပြောတာတော့ မြို့ကွက်သစ်တွေ ရိုက်တုန်းက ပုံစံ(၆)နဲ့ ရိုက်ပြီး အရင်တုန်းက အိမ်ထောင်စုစာရင်းတွေ ဝင်ထားပြီး လူတွေက တခြားတနယ်တကျေးပြောင်းသွားပြီး အိမ်ထောင်စုစာရင်းကျတော့ မပြောင်းဘူး ကျန်နေတဲ့သဘောမျိုး ပြောပါတယ်။ တကယ်လို့သာ အထောက်အထား တိတိကျကျနဲ့ ပိုလျံနေတာကို တင်ပြနိုင်ရင်တော့ နောက်ဆုံး မဲစာရင်းစစ်ဆေးတဲ့ အထိအောင် ပယ်ဖျက်ပေးမယ်လို့ ပြောပါတယ်"

အခုလို မဲစာရင်း မမှန်မကန်တာတွေ များနေရင် ရွေးကောက်ပွဲမှာ မမျှတတာတွေ ရှိလာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ရီရီချို က ထောက်ပြ ပါတယ်။

"မဲစာရင်းကိုယ်တိုင်က မှန်မှန်ကန်ကန်ရှိမှပဲ သမာသမတ်ပိုကျမှာပေါ့။ မဲစာရင်း ပိုနေတယ်ဆိုတာ အကြိမ်က မနည်းတော့ဘူးလေ။ တတိယအကြိမ်ပဲ။ ဒီတခါ အတည်ပဲ ယူရတော့မယ့် စာရင်းဖြစ်ပါတယ်။ မဲစာရင်းပိုနေတဲ့ဆိုတဲ့ ဥစ္စာက ကျမတို့အတွက် ထိခိုက်နစ်နာမှု ရှိနိုင်တယ်။ အဲ့တာ မမျှတဘူးလို့ပဲ ပြောရမယ်။"

နိုဝင်ဘာ ၈-ရက် ရွေးကောက်ပွဲနေ့မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း တယောက်အတွက် မဲရုံကိုယ်စားလှယ်တဦးနဲ့ အကူကိုယ်စားလှယ် တဦး စုစုပေါင်း ၂ဦးသာ မဲရုံးမှာ လာရောက်စောင့်ကြည့်ခွင့် ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင် က ကြေညာချက် ထုတ်ပြန်ထားပေမယ့် လောလောဆယ် မန္တလေးမှာတော့ မဲရုံစောင့်ကြည့်ဖို့ ကိုယ်စားလှယ် တဦးစီသာ ခွင့်ပြုမယ်ဆိုပြီး မန္တလေးတိုင်းရွေးကောက်ပွဲ ကော်မရှင်က နှုတ်မိန့်နဲ့ ပြောဆိုလာတဲ့အပေါ် မန္တလေးတိုင်းမှာ ရှိတဲ့ NLD ပါတီနဲ့ အခြားပါတီတွေကပါ ကန့်ကွက်ထားကြောင်း ဦးရွှေလှက ပြောပါတယ်။

"မဲပေးမယ့်နေ့မယ် ကျနော်တို့က မနက် ငါးနာရီ လောက်ကနေ မဲရေတွက်ပြီးလို့ မဲထုတ်တွေကို မြို့နယ် ကော်မရှင်ရုံး သယ်သွားပြီး နောက်ဆုံးပိတ် မဲစာရင်းတွေ အပြီးသတ် ပြုစုပြီးတဲ့အထိ ဆိုလို့ရှိရင် နာရီနှစ်ဆယ်လောက် မဲရုံကိုယ်စားလှယ်တွေက မဲလက်မှတ်တွေ ပို့တဲ့ မြို့နယ် ကော်မရှင် အထိအောင် လိုက်ပါဆောင်ရွက်မှာဖြစ်တဲ့အတွက် ဒီနှစ်ယောက်တည်းနဲ့ဆိုရင် ဘယ်လိုမှ သူတို့က မလုံလောက်ဘူးပေါ့။ မလုံလောက်တဲ့အပြင်ကိုမှ ဒီ မဲရေတွက်တဲ့အခါ ကြည့်ဖို့၊ မဲပေးတဲ့အခါ ကြည့်ဖို့ လက်မှတ်တွေ စစ်ဆေးဖို့ပဲ လူမလုံလောက်တဲ့ အတွက် စစ်ဆေးနိုင်ဖို့ အမှားအယွင်းဖြစ်သွားလို့ရှိရင် ကိုယ်စားလှယ်လောင်းတွေ အတွက်ရော ပါတီအတွက်ရော နစ်နာဆုံးရှုံးမှုတွေ အများကြီးပေါ်လာနိုင်တယ်။ တကယ်လို့သာ မမှန်မကန်ဆောင်ရွက်မှုတွေ၊ လွဲမှားမှုတွေ ကြီးကြီးကျယ်ကျယ်ဖြစ်သွားရင် ကိုယ်စားလှယ်လောင်းရှုံးသွားနိုင်တဲ့အတွက် တချို့မြို့နယ်တွေ က ခွင့်မပြုပဲ ကန့်သတ်ထားလို့ တိုင်းကော်မရှင်ကို ကျနော် တင်ပြပါတယ်။ "

မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းမှာလိုပဲ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလဲ မဲပိုစာရင်းတွေ ရှိကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဓားခုတ်အတိုက်ခိုက်ခံလိုက်ရတဲ့ NLD လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း ဆေးရုံတက် ကုသခံယူနေစဉ်။
NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မှာ မဲဆွယ်စည်းရုံးစဉ် ဓားခုတ်ခံရတာနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပါတီ နဲ့ နိုင်ငံရေးလှုပ်ရှားသူတွေက ရှုတ်ချလိုက်ပြီး အခုလိုဖြစ်ပျက်တာဟာ တရားဥပဒေ စိုးမိုးရေးကို ပိုမိုဆောင်ရွက်သင့်တယ်လို့ ရှုမြင်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ကိုယ်စားပြုပြီး သာကေတမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ် ၀င်ရောက် အရွေးချယ်ခံမယ့် ဦးနိုင်ငံလင်းနဲ့ အခြား ပါတီဝင်၂ဦးဟာ ကြာသာပတေးနေ့ည ၉နာရီလောက်က သာကေတမြို့နယ် အတွင်း မဲဆွယ် စည်းရုံးနေစဉ်မှာ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်တဲ့ ဦးနိုင်ငံလင်းဟာ ဦးခေါင်းမှာ ရရှိတဲ့ ဓားဒဏ်ရာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ကုသခံယူနေရပါတယ်။

ဒီတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ပြောရေးဆိုခွင့် ရှိသူ ဦးဟန်ရွှေက အခုလို ပြောဆိုပါတယ်။

"ဒီဥစ္စာက အင်မတန် အရုပ်ဆိုးတဲ့ကိစ္စလို့ ကျနော်တို့ ထင်ပါတယ်။ မဲဆွယ် စည်းရုံးတယ်ဆိုတာ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအနေနဲ့ လုပ်ရမယ့် လုပ်ငန်းတာဝန်ပါပဲခင်ဗျ။ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဖြစ်စဉ် Process မှာ ဒီ Voters Education ဆိုတာလည်း တခုပါတဲ့အခါကျတော့ ကျနော်တို့ နိုင်ငံရေး ပါတီတွေ အနေနဲ့လည်း ပြည်သူတွေ၊ မဲဆန္ဒရှင်တွေကို Voters Education ပိုပြီးတော့ လုပ်ရမယ်ဆိုတာကိုလည်း ကျနော်တို့ပါတီအနေနဲ့ အလေးအနက် ခံယူမိပါတယ်။ "

ဒီအဖြစ်မျိုးကနေ အုပ်စုလိုက် အဓိကရုဏ်းတွေအထိ ဖြစ်လာနိုင်တာကြောင့် တရားဥပဒေ စိုးမိုးရေးဟာ ပိုအရေးကြီးလာတယ်လို့လည်း ဦးဟန်ရွှေက သုံးသပ်ပါတယ်။

"ဒီလိုဟာကနေ လူအုပ်စုလို သဘောမျိုးကို သူ့ထောက်ခံတဲ့သူ၊ ကိုယ့်ထောက်ခံတဲ့သူ ပေါင်းလာရင် ပိုပြီးတော့ ဆိုးတဲ့ အခြေအနေဖြစ်လာနိုင်ပါတယ်။"

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF က လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

"ဒီသတင်းကြားလိုက်ရတဲ့အခါမှာ ထိတ်လန့်သွားတယ်။ လူကို ထိခိုက်လောက်တဲ့ အထိဖြစ်သွားတာကိုတော့ ကျနော်တို့အနေနဲ့ ဒီလိုလုပ်ရပ်မျိုးကို လုပ်ခဲ့တာကိုတော့ ရှုတ်ချပါတယ်။ "

ဓားခုတ်မှုကျူးလွန်သူဟာ NLD ပါတီ မဲမဆွယ်ဖို့ သူ့နေအိမ်မှာ စာကပ်ထားတယ်လို့ သိရတဲ့ အပေါ်မှာတော့ ဦးခိုင်မောင်ရည်က ဆက်ပြောပါတယ်။

ပဏ္ဍိတဖောင်ဒေးရှင်းက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးတာဝန်ခံ ကိုဖြိုးတင့်ဦးကတော့ အခုလို သုံးသပ်ပြောဆိုပါတယ်။

" အဓိကကတော့ဗျာ အခု မဲဆွယ်စည်းရုံးရေးလုပ်နေတဲ့ အမတ်လောင်းတွေအတွက် လုံခြုံရေးပေါ့ဗျာ။ ဒီလုံခြုံရေးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တိတိကျကျ ပေးသင့်တယ်ပေါ့။ ကျနော်တို့ ဒီဥပဒေအရ မဲဆွယ်မယ် ဆိုရင် ကော်မရှင် ကိုကြိုပြောရတယ်။ သင့်တင့်တဲ့ လုံခြုံရေး အစီအမံကို ပြည်ထဲရေးကနေ ပြန်ပြီး ပေးရတယ်ဆိုတာ ကျနော်တို့ သိတယ်ပေါ့နော်။ အဲ့ဒီ့တော့ စာတင်ထားပါရက်နဲ့ လုံခြုံရေး မပေးတာလား။ ဒါမှမဟုတ် စာမတင်ပဲနဲ့ ဒီအတိုင်း သွားလိုက်လို့ လုံခြုံရေးမရှိတာလား အဲ့ဒီ့ဟာတော့ ကျနော်တို့ ပြန်ကြည့်ရမယ့် ပုံစံမှာ ရှိတယ်ခင်ဗျ။ အမှန်ကတော့ ဒီလိုရွေးကောက်ပွဲကာလဆိုတာ ထိလွယ် ရှလွယ်တဲ့ ကာလဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အကူအညီ တောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ သက်ဆိုင်ရာ မြို့နယ်တွေမှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားသင့်တယ်။"

အထူးသဖြင့် အသွင်ကူးပြောင်းစနိုင်ငံတွေမှာ ရွေးကောက်ပွဲ အကြမ်းဖက် တိုက်ခိုက်တာတွေ အများဆုံးဖြစ်တတ်တာကြောင့် လုံခြုံရေးအစီအမံကို ပိုမိုတင်းတင်းကျပ်ကျပ် ချမှတ်သင့်တယ်လို့လည်း ထောက်ပြပြောဆိုပါတယ်။

ဦးနိုင်ငံလင်းကို ကုသပေးတဲ့ ခွဲစိတ်ပါရဂူ ဒေါက်တာတင်မျိုးဝင်းကတော့ ဦးနိုင်ငံလင်းရဲ့ အခြေအနေက စိုးရိမ်စရာမရှိကြောင်း အခုလို ပြောပါတယ်။

"ကျနော်ပြောနိုင်တာကတော့ မနေ့ညက ဆရာဝန်ကြီးတွေရော၊ လက် ခွဲစိတ် ဆရာဝန်ကြီးတွေရော မျက်နှာနဲ့ ပလက်စတစ် ဆာဂျင်၊ မေ့ဆေး ဆရာဝန်ကြီးတွေရော အကုန်လုံး ဆရာဝန်တွေ ဝိုင်းဝန်းပြီးတော့ပဲ ခွဲစိတ်ပေးကြပါတယ်။ အခြေအနေက ကောင်းတယ်။ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူး။ ဒီလောက် ဆရာပြောလို့ရပါတယ်။"

ဒီနေ့နေ့ခင်းပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရန်ကုန်ဆေးရုံကြီးကို သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လူမှုကွန်ယက် စာမျက်နှာမှာတော့ ဒီအခင်းဖြစ်ပွားမှုဟာ NLD ပါတီဝင်တဦး ကွမ်းယာဝယ်ယူရာကနေ စကားများခဲ့ရာက ဓားခုတ်မှုဖြစ်ပွားခဲ့ တာဖြစ်ကြောင်းနဲ့ ကျူးလွန်သူ ၃ဦးဟာ မည်သည့်ပါတီဝင်မှ မဟုတ်ကြောင်းနဲ့ လောလောဆယ် ရဲက ဖမ်းဆီးထားကြောင်း ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၁၉ရက်နေ့ကလည်း မင်္ဂလာဒုံမြို့နယ်အတွင်း မဲဆွယ်စည်းရုံးတာနဲ့ ပတ်သက်ပြီး NLD ပါတီဝင် ၂ဦး တိုက်ခိုက်ခံခဲ့ရတာကြောင့် ဆေးရုံတင်ခဲ့ရပါတယ်။ ဒီတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက လုံလောက်တဲ့ အရေးယူဆောင်ရွက်မှု မရှိဘူးလို့လည်း NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း နော်လှလှစိုး က အောက်တိုဘာလ ၃ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

“ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာလဲနှင့် နောက်ထပ်ပြောင်းရန် အခြားမရှိဘဲ ကွန်မြူနစ်ပဲ ရှိတော့ဟု သမ္မတ ဦးသိန်းစိန် ပြောကြား”

“ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကို ပြောတာလဲနှင့် နောက်ထပ် ပြောင်းရန် အခြားမရှိဘဲ ကွန်မြူနစ်သာ ရှိတော့ဟု သမ္မတ ဦးသိန်းစိန်က ငပုတောမြို့နယ် ဥသျှစ်ကွင်း ကျေးရွာ ဒေသခံများနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့ကြောင်း သိရသည်”

“သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၂၉ ရက်က ၎င်း၏ ဇာတိဖြစ်သော ငပုတောသို့ သွားရောက်ခဲ့ပြီး ဥသျှစ်ကွင်း ကျေးရွာသို့ ရောက်ရှိချိန်တွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါ သည်”

အထက်က စကားတွေက သမ္မတဦးသိန်းစိန်ရဲ့ စကားကောက်နုတ်ချက်တွေ။ Eleven Media Group က Facebook ပေါ်တင်လိုက်တာ ဖတ်လိုက်ရပြီး ကွန်မြူနစ်တစ္ဆေ အခြောက်ခံနေရတဲ့ စစ်အစိုးရဟာ ခုထိ မရှိတော့တဲ့ ကွန်မြူနစ်နဲ့ ပြည်သူကို ဖြဲချောက်နေတုန်းပါလားဆိုပြီး အံ့အားသင့်သွားမိသဗျာ။

ခု ပြောင်းလဲချိန်တန်ပြီဆိုတာ ကွန်မြူနစ်စနစ်ပြောင်းဖို့ မဟုတ်ဘူးဗျ။ သမ္မတကြီး မသိချင်ယောင်ဆောင်ပြီး ပြောနေတာလား၊ အိပ်ပျော်နေတာလားတော့ မပြောတတ်ပါဘူး။ သမ္မတကြီးရဲ့ ကြံ့ဖွံ့ပါတီကလွဲပြီး ခု ပြည်သူတွေ က ပြောင်းလဲဖို့ အော်နေတာ ကွန်မြူနစ်စနစ်ကို မဟုတ်ပါဘူးခင်ဗျ။

သမ္မတကြီး … ထ .. ထ … ထတော့ဗျာ။ အိပ်မနေပါနဲ့။ အိပ်ချင်ယောင်လည်း မဆောင်ပါနဲ့။ ခု ပြောင်းလဲချိန် တန်ပြီလို့ ပြည်သူတွေ အော်နေကြတာ
သမ္မတကြီးနဲ့တကွ အပေါင်းအပါတွေ မြန်မာ့နိုင်ငံရေးက ဆင်းပေးပါတော့လို့ တည့်ပြောနေတာဗျ။ ကဲ … ဝေ့ပြောလို့ သဘောမပေါက်သေးတဲ့ သမ္မတနဲ့ အပေါင်းအပါတွေကို တည့်ပြောရတော့မှာပဲ ..

ပြောင်းလဲပါတော့ ဆိုတာ နှစ်ပေါင်း ၅၀ ကျော် စိုးမိုးလာတဲ့ လူတစ်စုကောင်းစားဖို့ လုပ်နေသူတွေ ပြောင်းပါ တော့။ မြန်မာနိုင်ငံကို ဒီလောက် ဒုက္ခပေးရရင်တော်ပါတော့။ မြန်မာ့နိုင်ငံရေးမှာ နှစ်ပေါင်း ၅၀ ကျော်လုပ်ခဲ့ပြီး ကျွေးတင် ကျွန်ဖြစ် နွံနစ်နေရတဲ့ဘဝရောက်အောင် လုပ်နေတဲ့ အစိုးရပြောင်းပါတော့၊ ဆင်းပါတော့လို့ ပြော နေကြ၊ အော်နေကြတာပါခင်ဗျ။

သမ္မတကြီး မသိသေးရင် ထပ်ပြောဦးမှာ။ ပြောင်းလဲချိန်တန်ပြီဆိုတာ သမ္မတကြီးနဲ့တကွ အားလုံးသော မြန်မာ နိုင်ငံကို ဒီလိုဖြစ်အောင်လုပ်နေတဲ့တစ်ဖွဲ့လုံးကို ပြောင်း လည်းပြောင်း၊ ဂျောင်းလဲ ဂျောင်းလို့ ပြောနေခြင်း ဖြစ်ပါတယ်။

ဟုတ်ကဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာလဲလို့ ပြည်သူက မဲခွဲပြီး တိတိကျကျ ပြောပါ့မယ်။ ဟုတ်ကဲ့ သမ္မတကြီးနဲ့ အဖွဲ့များ “ပြောင်းဖူး” စားပြီးတော့သာ ယတြာချေထားကြပေါ့ဗျာ။
ည်သူကို တရားခံမလုပ်ပါနဲ့ သမ္မတကြီးရာ

ဒီမနက် လက်ဖက်ရည်ဆိုင်မှာ မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ ဒီနေ့ထုတ်သတင်းစာကိုကိုင်ပြီး

“သမ္မတကြီးလည်း သနားပါတယ်။ ဘာပြောင်းရမှန်းမသိဘူး။ သူ့နားကလူတွေ မပြောပြဘူးလား မသိဘူး” လို့ စကားစလိုက်တယ်။

မနေ့က သမ္မတကြီး ငပုတောကို သမ္မတခရီးလိုလို၊ ပါတီစည်းရုံးရေးယောင်ယောင်၊ မဲဆွယ်သလိုတစ်နည်း ခရီးထွက်စဉ်က ပြောသွားတဲ့ စကားဟာ အကြောင်းမဲ့ ပြောသွားတာ မဟုတ်ပါဘူးဗျာ။

ဘာကြောင့်လည်းဆိုတော့ သမ္မတက ဘာမှစဉ်းစားစရာ၊ တွေးစရာမှမလိုတာ။ အနားမှာ ပြည်သူ့အခွန်တော်စား အကြံပေးများကို ခေါ်ထားတာ အလကားမဟုတ်ပါဘူး။ ပညာရှင်ကြီးတွေ အကွက်ရွှေ့လိုက်တဲ့အတိုင်း သမ္မတက လိုက်ကပြီး သူ့ကိုယ်သူ ချောက်ထဲခုန်ချလိုက်တာလည်း ဖြစ်နိုင်တာပဲ။

ကွန်မြူနစ်ဆိုတာ စစ်တပ်ရဲ့ သည်းခြေစာဗျ။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က အင်ဒိုနီးရှားမှာ ကွန်မြူနစ်တွေ စစ်ဗိုလ်ချုပ်ကြီးတွေကို သတ်တယ်ဆိုပြီး ဆူဟာတိုက တိုင်းပြည်အာဏာသိမ်း၊ အမေရိကန်ကို မျက်နှာချို သွေးခဲ့တာ။ မြန်မာနိုင်ငံမှာလည်း စစ်အစိုးရ အစဉ်အဆက် ကွန်မြူနစ်အမြစ်ဖြတ်ချေမှုန်းရေးဆိုပြီး လုပ်ခဲ့ကြ တာပဲ။

ခုတစ်ခါ ကျွန်တော်တို့သမ္မတက ဘာပြောင်းမှာလဲ။ ကွန်မြူနစ်စနစ်ကိုပြောင်းမှာလားဆိုတာကတော့ တစ်တိုင်း ပြည်လုံးကွန်မြူနစ်ဖြစ်ချင်နေလို့ စစ်တပ်ကပြန်ပြီး အာဏာသိမ်းရပါတယ်ဆိုတဲ့ အချိုးမျိုးကို အကွက်ဆင်နေ တယ် ဆိုရင်တော့ အလွန်ခေတ်မမီတော့တဲ့ အတွေးအခေါ်တွေလို့ ပြောရတော့မှာပဲ။

သမ္မတကြိးခင်ဗျား

သမ္မတကြီးက ပြည်သူကို ကွန်မြူနစ်စနစ်ပြောင်းချင်တာလားလို့ ပြောင်ပြောင် တင်းတင်း စော်ကားလိုက်တာဟာ ဘယ်သူ့အကျိုးအတွက် ပြောတာလဲဆိုတာ အရှင်းကြီးပါ။

ဖုန်ကြားရှင် တစ်ချိန်ကဘာလဲ။ ကွန်မြူနစ်တွေကို မြန်မာပြည်ထဲမှာ နယ်စားပယ်စားတွေလိုနေထိုင်ခွင့် ပြုထားတာ ဘယ်သူတွေလဲ။ ခုတစ်ခါ ဖုန်ကြားရှင်ကို မြန်မာနိုင်ငံထဲ ကြိုက်တဲ့ နေရာ လာနေနိုင်ပါတယ်ဆိုပြီး ခေါ်နေတာ ဘယ်သူလဲ။ ဖုန်ကျားရှင်ကို ကျောထောက်နောက်ခံပေးထားတာ ကွန်မြူနစ်တွေပါဗျာ။ ပြည်သူတွေကို ကွန်မြူနစ်ကြောက်ချင်ယောင်ဆောင်ပြီး ကွန်မြူနစ် တရုတ်နိုင်ငံကြီးက တရုတ်ခေါင်းဆောင် ကြီးတွေကို ရှိခိုးနေတာ ဘယ်သူများလဲဗျာ။

ပြည်သူကို ကွန်မြူနစ်တွေလို့ ချနင်းပြီး အမေရိကန်ထောက်ခံမှုရအောင် လုပ်တဲ့ ဗျူဟာ ခေတ်မမီတော့ပါ သမ္မတ ကြီးရာ။ ကွန်မြူနစ်ဟာ စိုးရိမ်စရာလို့ သမ္မတကြီးမြင်ရင် ရှိခိုးပြီး စီးပွားလုပ်၊ အကျိုးတူပူးပေါင်းနေတဲ့ တရုတ်နဲ့ တရုတ်မွေးသူပုန်တွေကိုသာ ခင်ဗျားတို့ အမြစ်ဖြုတ်ချေမှုန်းရမှပါ။ တိုင်းပြည်ထဲမှာ ကွန်မြူနစ်တွေ မရှိပါ။ မရှိတဲ့ ကွန်မြူနစ်တွေကို မြန်မာပြည်ထဲခေါ်သွင်းနေတာ သမ္မတကြီးကိုယ်တိုင်ပါ။ ဒါကြောင့် တရားခံဟာ …

၃၀.၁၀.၂၀၁၅
၂၉.၁၀.၂၀၁၅


သမ္မတနဲ့ အဖွဲ့သားတွေက ပြည်သူတိုင်း ဖုန်းသုံးနိုင်အောင် လုပ်ဆောင်ပေးခဲ့တာကို ဂုဏ်ယူပြီး ကြွားလုံးထုတ် မဲဆွယ်နေတာ တွေ့ရသဗျ။

တစ်ချိန်က ဖုန်းတစ်လုံး ပိုင်ဆိုင်ဖို့အရေး ဘယ်သူတွေ ထိန်းချုပ်ထားသလဲဗျာ။ ဦးနေဝင်းရဲ့ မိသားစုတွေတောင် ဖုန်းကုမ္ပဏီထောင်ပြီး ဗြောင်လိမ်ဗြောင်စား လုပ်တဲ့အထဲမှာ ပါသေးတာပဲ။ အင်တာနက်နဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေကိုလည်း ဘယ်သူတွေထိန်းချုပ် ဘယ်သူ့သားသမီးတွေ လက်ဦးမှုရပြီး ကြီးပွားသွားကြသလဲဗျာ။

လူတိုင်း ဖုန်းပိုင်ဆိုင်နိုင်ဖို့ သမ္မတကြီး ဦးသိန်းစိန် လုပ်ပေးခဲ့တယ်ဆိုတာတော့ လက်မခံနိုင်ဘူးခင်ဗျ။ ခေတ် အခြေအနေက လုပ်ပေးခဲ့တာ။ ခေတ်ကပြောင်းလဲလာတဲ့ အပေါ် သမ္မတက အကွက်ရိုက်ပြီး လူတိုင်းအံ့သြ သွား ရပါစေ့မယ်လို့ နာမည်ကောင်း ဝင်ယူလိုက်တာပါ။

ကမ္ဘာမှာ ဆက်သွယ်ရေးစနစ်တွေ ဖွံ့ဖြိုးတိုးတက်လာတယ်။ ဖုန်းကတ်ကို ကွမ်းယာဆိုင်မှာဝယ်ပြီး သုံးနိုင်တဲ့ အဆင့်ကို အိမ်နီးချင်းနိုင်ငံတွေမှာဖြစ် လာပြီး မြန်မာနိုင်ငံမှာ မဖြစ်လာရင် စစ်ဗိုလ်တွေ ပေးတဲ့ ဒီမိုကရေစီကို လက်ညှိုးထိုးလာကြတော့မှာပေါ့။ ခေတ်တောင်းဆိုချက်ကို မြင်အောင်ကြည့်ကြပါ။

ဆက်သွယ်ရေးလုပ်ငန်းဆိုတာ အရမ်းအကျိုးအမြတ်ရှိတဲ့ လုပ်ငန်းတွေပဲ။ အစိုးရကိုယ်တိုင်က ဖွင့်ပေးမလား၊ ပိတ်ထားမလား မစဉ်းစားဘဲ နေမှာ မဟုတ်ဘူး။ ပေါင်းစားတော့ အရိုးနူးပြီး အိအိလေးစားရတာပေါ့။ တစ်ယောက်တည်း ဝါးလာရတာ ထားစရာနေရာမရှိတော့ ပေါင်းစားဖို့ အကြောင်းကြားလာတာကို သူလည်း အကျိုးရှိ ငါလည်း ဂုဏ်တက်၊ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်ရတာ သမ္မတစေတနာကြောင့်လို့ မထင်ပါ။

ဈေးကွက်စီးပွားရေးစနစ်ဆိုတာ ဖွင့်ပေးရတော့မှာပဲ။ ဒါကြောင့် သားတော်တွေ သမီးတော်တွေအတွက် လမ်းတွေဖွင့်ပေးပြီး ထားစရာနေရာမရှိအောင် ကြံဆောင်ပြီးတော့မှ၊ နိုင်ငံခြားကုမ္ပဏီတွေနဲ့ အကျိုးတူ ပူးပေါင်း တိုင်းပြည်ကောင်းအောင်လုပ်တယ်ဆိုပြီး အသံကောင်းဟစ်တာ ကျွန်တော်တို့ပြည်သူတွေက သူတို့ကို ကျေးဇူး တင်စရာ၊ ထိုင်ပြီးရှိခိုးစရာလားဗျာ။

ခေတ်ကြောင့် ပြောင်းရတာခင်ဗျ။ စနစ်ကြောင့် ပြောင်းရတာပါခင်ဗျ။ ပြောင်းသင့်တဲ့ အချိန်မှာ မပြောင်းလိုက်ရင် ရိုက်ခတ်လာတဲ့ လှိုင်းကပိုပြီးတော့ ပြင်းထန်ကြမ်းတမ်း တတ်ပါတယ်။ ဒါကြောင့် အစိမ်းစားမလား၊ ဖုတ်စား မလား၊ ပြုတ်စားမလားဆိုပြီး အနေအထားဖြစ်လာတာကို “အဘတို့ကတော့ အသက်တွေကြီး အရွယ်လေး ရလာလို့ ပေါင်းစားကြရအောင်” ဆိုပြီး လုပ်လာကြတာ ကျွန်တော်တို့ ကျေးဇူး တင်စရာလားဗျာ။

၃၀.၁၀.၂၀၁၅

တင်ညွှန့်

[youtube src="EBk3sDTMZJs"/][full-post]
ပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာကြပါစေ။ကျမတို့အခု အထွေထွေရွေးကောက်ပွဲကဆိုရင် တစ်ပတ်ကျော်ကျော်လေးပဲ လိုပါတော့တယ်။ဒီရွေးကောက်ပွဲဟာ အေးအေးချမ်းချမ်းနဲ့တရားမျှမျှတတဖြစ်ဖို့အတွက် ကျမတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းရပါမယ်။ပြည်သူတွေရဲ့ကဏ္ဍဟာ အရေးကြီးပါတယ်
ဒါကြောင့်မို့ ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူသိဖို့အတွက် အခုလို အသိပေးလိုက်တာ ဖြစ်ပါတယ်။ကျမတို့ ဒီအချက်တွေကိုဖတ်ပြပါမယ်။မရှင်းတာရှိလို့ရှိရင် အဖွဲ့ချုပ်ရုံးကို ဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်။

*ရွေးကောက်ပွဲနေ့မှာ မဲပေးဖြစ်အောင်ပေးကြပါ၊ကိုယ်တိုင်ပေးပါ၊ကိုယ်စားမဲပေးလို့မရပါဘူး။

*မဲရုံကိုအတတ်နိုင်ဆုံးစောစောသွားပါ၊ညနေ၄နာရီမဲရုံမပိတ်ခင်ရောက်အောင်သွားပါ၊လူများနေရင်တန်းစီစောင့်ပါ၊ပြန်မသွားပါနဲ့၊မဲရုံပိတ်ချိန်လွန်ပေမယ့်လည်း မဲရုံပရဝုဏ်အတွင်း တန်းစီစောင့်နေရင် မဲပေးပိုင်ခွင့်ရှိပါလိမ့်မယ်။

*မဲပေးရာမှာ လိုအပ်မယ့်အထောက်အထားတ်ေယူသွားပါ-မှတ်ပုံတင်၊မဲဆန္ဒရှင်သက်သေခံလက်မှတ်၊စသည်တို့ အဲဒါတွေတစ်ခုခုတော့ပါအောင်ယူသွားပါ၊ဒါမှ ကိုယ်ဟာမဲပေးခွင့်ရှိသူဆိုတာ သေချာအောင်ပါ။
*မဲပေးတဲ့အခါ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ဆိုပြီး ၃နေရာအတွက် ၃ကြိမ်ပေးရပါလိမ့်မယ်၊တချို့တွေကျတော့ တိုင်းရင်းသားကိုယ်စားလှယ်အတွက်လည်း မဲပေးပိုင်ခွင့်ရှိပါတယ်၊၄ကြိမ်ပေးရပါမယ်။
ပယ်မဲမဖြစ်အောင်ဂရုစိုက်ပါ၊မဲလက်မှတ်တွင်အစွန်းအထင်းမပါရပါ၊မဲရုံမှူးလက်မှတ်နဲ့ကောက်မရှင်တံဆိပ်တုံးပါရပါမယ်၊ဒါမှတရားဝင်ဖြစ်မှာပါ။

*နောက်ပြီး မဲပေးတဲ့ဟာမှန်ရမှာပေါ့နော်၊ကိုယ်ပေးချင်တဲ့ အဖွဲ့အစည်းအပေါ်မှာ မှန်မှန်ကန်ကန်ရှိဖို့လိုပါမယ်၊ကျမတို့လုပ်ပြမှပါ။
*မဲလက်မှတ်တစ်ခုထပ်တောင်းလို့ရပါတယ်၊ရပိုင်ခွင့်ရှိပါတယ်။
*မဲပေးတာ လျှို့ဝှက်စနစ်ဖြစ်ပါတယ်၊ဘယ်သူမှလာကြည့်ခွင့်မရှိပါဘူး၊cctv,video၊ဓာတ်ပုံလည်းမတပ်ဆင်ထားပါဘူး၊ကိုယ်ဘယ်သူ့ကိုမဲပေးတယ်ဆိုတာ ဘယ်သူမှမသိပါဘူး၊မဲရုံကလူတွေကလည်း ဘယ်သူဘယ်အဖွဲ့အစည်းကိုမဲပေးပါလို့ ပြောပိုင်ခွင့်မရှိပါဘူး၊အဲဒါဟာဥပဒေကိုချိုးဖောက်ရာရောက်ပါတယ်၊သူတို့ပြောတာကိုနားထောင်နေဖို့မလိုပါဘူး။
*ကိုယ်တိုင်မဲမပေးနိုင်ရင်-မသန်စွမ်း၊အသက်ကြီး၊နေမကောင်းရင် တစ်ယောက်ခေါ်သွားပြီး မဲပေးပိုင်ခွင့်ရှိပါတယ်၊စောထဲကကြိုစီစဉ်ထားပါ။

*မဲစာရင်းမှာမပါရင်လှည့်ပြန်မသွားပါနဲ့၊ပြဿနာမရှာပါနဲ့၊တာဝန်ရှိသူမဲရုံမှူးနဲ့တွေ့ပြီး အကျိုးအကြောင်းပြောပြပါ၊တတ်နိုင်သမျှ ပြေလည်အောင်ဖြေရှင်းဖို့ပဲကြိုးစားပါ။
*မဲသွားပေးတဲ့အခါ ပါတီအဖွဲ့အစည်းရဲ့အထိန်းအမှတ် အသုံးအဆောင်ပစ္စည်းတွေယူဆောင်မသွားပါနဲ့-ဦးထုပ်၊တီရှပ်၊တံဆိပ်၊အလံ၊နှဖူးစည်း စသဖြင့်အဲဒ်ီအရာအားလုံးယူဆောင်သွားခွင့်မရှိပါဘူး၊ကိုယ့်ရဲ့ပါတီကိုပဲထိခိုက်နိုင်ပါတယ်၊ဒါတွေအားလုံးသတိပြုပြီးသွားပါ၊ရိုးရိုးသာမန်အဝတ်အစားနဲ့ပဲသွားပါ။

*မဲရေတွက်တာကို စိတ်ဝင်စားရင် စောင့်ကြည့်လို့ရပါတယ်၊ကိုယ့်မဲရုံမှာ ဘယ်သူနိုင်လဲဆိုတာ နားစွင့်ထားပါ၊တစ်ညလုံးစောင့်ပြီးနားစွင့်ရမယ်ဆိုရင် ပျော်စြာကောင်းပါတယ်၊ကိုယ့်ရဲ့အပေါင်းအဖော်တွေနဲ့အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နားထောင်ကြပါ၊ကိုယ့်ဘက်ကနိုင်ရင်လည်း သိပ်ပြီးအုတ်အော်သောင်းနင်းဖြစ်အောင်မလုပ်ပါနဲ့၊ကံမကောင်းအကြောင်းမလှလို့ရှုံးခဲ့ရင်လည်း ဣနြေ္ဒရရနေပေးကြပါ။
*အဖွဲ့ချုပ်အဖွဲ့ဝင်များအနေနဲ့ မဲဆန္ဒရှင်တွေမဲပေးနိုင်ရေး အကူအညီပေးကြပါ၊ဒီလိုအကူအညီပေးတဲ့နေရာမှာ ၁၈နှစ်အောက်မဲပေးခွင့်မရသေးသူတွေလည်း ကူညီခွင့်ရှိပါတယ်၊နည်းအမျိးမျိုးနဲ့ကူညီလို့ရပါတယ်၊အခြားသူတွေမဲပေးနိုင်ဖို့ဆော်သြတာ၊မဲရုံသွားဖို့အတွက်ကူညီပေးတာ၊အိမ်စောင့်ပေးတာ စသဖြင့်ကူညီပေးကြပါ၊တချို့ကမသိလို့အဖွဲ့ချုပ်တံဆိပ်တို့အဖြားပါတီတံဆိပ်တို့ ဝတ်ဆင်သွားမိတယ်ဆိုရင် အဲလိုလုပ်ပိုင်ခွင့်မရှိဘူးဆိုတာကို သတိပေးလို့ရပါတယ်၊၁၈နှစ်အောက်တင်မကပါဘူး၊အကြောင်းအမျိုးမျိုးကြောင့် မဲပေးခွင့်မရသူ-မဲစာရင်းမှာမပါတဲ့နိုင်ငံသူနိုင်ငံသားများလည်း ရွေးကောက်ပွဲဖြစ်စဉ်တွေမှာ ပါဝင်ခွင့်ရပါတယ်။

*အရေးကြီးတာက ရွေးကောက်ပွဲနေ့လတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းဖြစ်ဖို့ပါ၊ဘယ်သူကပဲရန်စစ ပြည်သူတွေက ထိန်းထိန်းသိမ်းသိမ်းနေပေးပါ၊တချို့ကသူတို့အကြောင်းနဲ့သူတို့ ရုန်းရင်းဆန်ခတ်ဖြစ်စေချင်သူပုဂ္ဂိုလ်တွေရျိနိုင်ပါတယ်၊အဲဒါတွေကိုအထူးသတိထားပါ၊ကိုယ့်အချင်းချင်းလည်းသတိပေးဖို့လိုပါတယ်၊ဒီရွေးကောက်ပွဲ အောင်မြင်ခြင်းဆိုတာ ကျမတို့နိုင်ငံရဲ့အနာဂတ်အတွက် အများကြီးအရေးကြီးပါတယ်။

"ရွေးကောက်ပွဲ အောင်မြင်ဖို့အတွက် ပြည်သူပြည်သားများအားလုံး ကိုယ်ရောစိတ်ပါအင်အားပြည့်ဝစွာနဲ့ ကူညီမစနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်!"

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမှ ကောက်နှုတ်တင်ပြသည်။

.

သာကေတမြို့နယ်တွင် ပါတီအောင်နိုင်ရေး လှည့်လည်စဉ် ဓားခုတ်ခံခဲ့ရသည့် NLD ပါတီ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ( လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးနိုင်ငံလင်း ဆေးကုသမှု ခံယူနေသော ရန်ကုန်ဆေးရုံကြီး (၅ + ၆) ဆောင် အခန်းအတွင်းသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာရောက်အားပေး ပြောကြားနေစဉ်။

(ဓာတ်ပုံ - လင်းလင်း Facebook)
.
Credit : EMG

ပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာကြပါစေ။ကျမတို့အခု အထွေထွေရွေးကောက်ပွဲကဆိုရင် တစ်ပတ်ကျော်ကျော်လေးပဲ လိုပါတော့တယ်။ဒီရွေးကောက်ပွဲဟာ အေးအေးချမ်းချမ်းနဲ့တရားမျှမျှတတဖြစ်ဖို့အတွက် ကျမတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းရပါမယ်။ပြည်သူတွေရဲ့ကဏ္ဍဟာ အရေးကြီးပါတယ်
ဒါကြောင့်မို့ ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူသိဖို့အတွက် အခုလို အသိပေးလိုက်တာ ဖြစ်ပါတယ်။ကျမတို့ ဒီအချက်တွေကိုဖတ်ပြပါမယ်။မရှင်းတာရှိလို့ရှိရင် အဖွဲ့ချုပ်ရုံးကို ဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်။

*ရွေးကောက်ပွဲနေ့မှာ မဲပေးဖြစ်အောင်ပေးကြပါ၊ကိုယ်တိုင်ပေးပါ၊ကိုယ်စားမဲပေးလို့မရပါဘူး။

*မဲရုံကိုအတတ်နိုင်ဆုံးစောစောသွားပါ၊ညနေ၄နာရီမဲရုံမပိတ်ခင်ရောက်အောင်သွားပါ၊လူများနေရင်တန်းစီစောင့်ပါ၊ပြန်မသွားပါနဲ့၊မဲရုံပိတ်ချိန်လွန်ပေမယ့်လည်း မဲရုံပရဝုဏ်အတွင်း တန်းစီစောင့်နေရင် မဲပေးပိုင်ခွင့်ရှိပါလိမ့်မယ်။

*မဲပေးရာမှာ လိုအပ်မယ့်အထောက်အထားတ်ေယူသွားပါ-မှတ်ပုံတင်၊မဲဆန္ဒရှင်သက်သေခံလက်မှတ်၊စသည်တို့ အဲဒါတွေတစ်ခုခုတော့ပါအောင်ယူသွားပါ၊ဒါမှ ကိုယ်ဟာမဲပေးခွင့်ရှိသူဆိုတာ သေချာအောင်ပါ။
*မဲပေးတဲ့အခါ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ဆိုပြီး ၃နေရာအတွက် ၃ကြိမ်ပေးရပါလိမ့်မယ်၊တချို့တွေကျတော့ တိုင်းရင်းသားကိုယ်စားလှယ်အတွက်လည်း မဲပေးပိုင်ခွင့်ရှိပါတယ်၊၄ကြိမ်ပေးရပါမယ်။
ပယ်မဲမဖြစ်အောင်ဂရုစိုက်ပါ၊မဲလက်မှတ်တွင်အစွန်းအထင်းမပါရပါ၊မဲရုံမှူးလက်မှတ်နဲ့ကောက်မရှင်တံဆိပ်တုံးပါရပါမယ်၊ဒါမှတရားဝင်ဖြစ်မှာပါ။

*နောက်ပြီး မဲပေးတဲ့ဟာမှန်ရမှာပေါ့နော်၊ကိုယ်ပေးချင်တဲ့ အဖွဲ့အစည်းအပေါ်မှာ မှန်မှန်ကန်ကန်ရှိဖို့လိုပါမယ်၊ကျမတို့လုပ်ပြမှပါ။
*မဲလက်မှတ်တစ်ခုထပ်တောင်းလို့ရပါတယ်၊ရပိုင်ခွင့်ရှိပါတယ်။
*မဲပေးတာ လျှို့ဝှက်စနစ်ဖြစ်ပါတယ်၊ဘယ်သူမှလာကြည့်ခွင့်မရှိပါဘူး၊cctv,video၊ဓာတ်ပုံလည်းမတပ်ဆင်ထားပါဘူး၊ကိုယ်ဘယ်သူ့ကိုမဲပေးတယ်ဆိုတာ ဘယ်သူမှမသိပါဘူး၊မဲရုံကလူတွေကလည်း ဘယ်သူဘယ်အဖွဲ့အစည်းကိုမဲပေးပါလို့ ပြောပိုင်ခွင့်မရှိပါဘူး၊အဲဒါဟာဥပဒေကိုချိုးဖောက်ရာရောက်ပါတယ်၊သူတို့ပြောတာကိုနားထောင်နေဖို့မလိုပါဘူး။
*ကိုယ်တိုင်မဲမပေးနိုင်ရင်-မသန်စွမ်း၊အသက်ကြီး၊နေမကောင်းရင် တစ်ယောက်ခေါ်သွားပြီး မဲပေးပိုင်ခွင့်ရှိပါတယ်၊စောထဲကကြိုစီစဉ်ထားပါ။

*မဲစာရင်းမှာမပါရင်လှည့်ပြန်မသွားပါနဲ့၊ပြဿနာမရှာပါနဲ့၊တာဝန်ရှိသူမဲရုံမှူးနဲ့တွေ့ပြီး အကျိုးအကြောင်းပြောပြပါ၊တတ်နိုင်သမျှ ပြေလည်အောင်ဖြေရှင်းဖို့ပဲကြိုးစားပါ။
*မဲသွားပေးတဲ့အခါ ပါတီအဖွဲ့အစည်းရဲ့အထိန်းအမှတ် အသုံးအဆောင်ပစ္စည်းတွေယူဆောင်မသွားပါနဲ့-ဦးထုပ်၊တီရှပ်၊တံဆိပ်၊အလံ၊နှဖူးစည်း စသဖြင့်အဲဒ်ီအရာအားလုံးယူဆောင်သွားခွင့်မရှိပါဘူး၊ကိုယ့်ရဲ့ပါတီကိုပဲထိခိုက်နိုင်ပါတယ်၊ဒါတွေအားလုံးသတိပြုပြီးသွားပါ၊ရိုးရိုးသာမန်အဝတ်အစားနဲ့ပဲသွားပါ။

*မဲရေတွက်တာကို စိတ်ဝင်စားရင် စောင့်ကြည့်လို့ရပါတယ်၊ကိုယ့်မဲရုံမှာ ဘယ်သူနိုင်လဲဆိုတာ နားစွင့်ထားပါ၊တစ်ညလုံးစောင့်ပြီးနားစွင့်ရမယ်ဆိုရင် ပျော်စြာကောင်းပါတယ်၊ကိုယ့်ရဲ့အပေါင်းအဖော်တွေနဲ့အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နားထောင်ကြပါ၊ကိုယ့်ဘက်ကနိုင်ရင်လည်း သိပ်ပြီးအုတ်အော်သောင်းနင်းဖြစ်အောင်မလုပ်ပါနဲ့၊ကံမကောင်းအကြောင်းမလှလို့ရှုံးခဲ့ရင်လည်း ဣနြေ္ဒရရနေပေးကြပါ။
*အဖွဲ့ချုပ်အဖွဲ့ဝင်များအနေနဲ့ မဲဆန္ဒရှင်တွေမဲပေးနိုင်ရေး အကူအညီပေးကြပါ၊ဒီလိုအကူအညီပေးတဲ့နေရာမှာ ၁၈နှစ်အောက်မဲပေးခွင့်မရသေးသူတွေလည်း ကူညီခွင့်ရှိပါတယ်၊နည်းအမျိးမျိုးနဲ့ကူညီလို့ရပါတယ်၊အခြားသူတွေမဲပေးနိုင်ဖို့ဆော်သြတာ၊မဲရုံသွားဖို့အတွက်ကူညီပေးတာ၊အိမ်စောင့်ပေးတာ စသဖြင့်ကူညီပေးကြပါ၊တချို့ကမသိလို့အဖွဲ့ချုပ်တံဆိပ်တို့အဖြားပါတီတံဆိပ်တို့ ဝတ်ဆင်သွားမိတယ်ဆိုရင် အဲလိုလုပ်ပိုင်ခွင့်မရှိဘူးဆိုတာကို သတိပေးလို့ရပါတယ်၊၁၈နှစ်အောက်တင်မကပါဘူး၊အကြောင်းအမျိုးမျိုးကြောင့် မဲပေးခွင့်မရသူ-မဲစာရင်းမှာမပါတဲ့နိုင်ငံသူနိုင်ငံသားများလည်း ရွေးကောက်ပွဲဖြစ်စဉ်တွေမှာ ပါဝင်ခွင့်ရပါတယ်။

*အရေးကြီးတာက ရွေးကောက်ပွဲနေ့လတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းဖြစ်ဖို့ပါ၊ဘယ်သူကပဲရန်စစ ပြည်သူတွေက ထိန်းထိန်းသိမ်းသိမ်းနေပေးပါ၊တချို့ကသူတို့အကြောင်းနဲ့သူတို့ ရုန်းရင်းဆန်ခတ်ဖြစ်စေချင်သူပုဂ္ဂိုလ်တွေရျိနိုင်ပါတယ်၊အဲဒါတွေကိုအထူးသတိထားပါ၊ကိုယ့်အချင်းချင်းလည်းသတိပေးဖို့လိုပါတယ်၊ဒီရွေးကောက်ပွဲ အောင်မြင်ခြင်းဆိုတာ ကျမတို့နိုင်ငံရဲ့အနာဂတ်အတွက် အများကြီးအရေးကြီးပါတယ်။

"ရွေးကောက်ပွဲ အောင်မြင်ဖို့အတွက် ပြည်သူပြည်သားများအားလုံး ကိုယ်ရောစိတ်ပါအင်အားပြည့်ဝစွာနဲ့ ကူညီမစနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်!"

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမှ ကောက်နှုတ်တင်ပြသည်။

"မဲဆန္ဒရှင်များအားလုံးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲနေ့ဆိုင်ရာ သတင်းစကား ရုပ်သံကို -ဒေါ်အောင်ဆန်းစုကြည်၏ ဆိုရှယ်မီဒီယာစာမျက်နှာမှ 7Day News က ပြန်လည်မျှဝေပေးလိုက်ပါသည်"

Posted by 7Day News Journal on Thursday, October 29, 2015
.
Credit : love hunter

[youtube src="icduhRNzqxU"/]
သာကေတ မြို့ နယ်မှာ ဖြစ်ပျက်ခဲ့တဲ့အမှုကို အမှန်အတိုင်းဖော်ပြလိုက်ပါတယ်
အခု ကြံ့ဖွတ်ပါတီက ကြေငြာချက်စာရွက်မှာ ရေးထားသလို ကိုနိုင်ငံလင်းတို့ NLD ပါတီဝင်တွေက အရင်ရန်စ ထိုးကြိတ်လို့ဖြစ်တာဆိုတဲ့ စကားဟာ လုံးဝလိမ်လည်နေခြင်းဖြစ်ပါတယ်!

ရှေ့ပြေးလမ်းရှင်းပေးသူကို ဓါးနဲ့ခုတ်တဲ့အချိန်မှာ ကိုနိုင်ငံလင်းက အဲ့လူကိုတွန်းထုတ်ပြီး
အစားဝင်ခံပေးလိုက်လို့ အခုတ်ခံလိုက်ရခြင်းပါ…
ကိုနိုင်ငံလင်းသာ အတင်းပြေးပြီး ဝင်မခံခဲ့ဘူးဆိုရင်
ဓါးနဲ့ခုတ်ခံရမဲ့ ရှေ့ပြေးလမ်းရှင်းပေးသူဟာ နေရာမှာတင် သေနိုင်ပါတယ်…

အခုဖိုင်ထဲမှာပါနေသူတွေက ကိုနိုင်ငံလင်းဖြစ်ပျက်ခဲ့တဲ့  အထဲက ဘေးမျာရှိနေတဲ့  မျက်မြင်သက်သေတွေဖြစ်ပါတယ်
အခုဖေ့ဘုတ်မှာ ရေးနေကြသူတွေဟာ တချို့  ပေ့ခ်ျတွေမှာ အမှားသတင်းများ ဖြန့် ချီလျှက်ရှိတာ အမြဲ လိုလိုပါဘဲ
မျက်မြင်သက်သေတွေရဲ့  ပြောကြားချက်များကို သေချာစွားနားထောင်ကြပေးဖို့ တင်ပြလိုက်ပါတယ်။

လေးစားလျှက်

မူရင်း Aung Kyaw Soe


naypyadaw-early-vote-620.jpg
နေပြည်တော် ပျဉ်းမနားမြို့ ရန်အောင်၂ရပ်ကွက် ကော်မရှင်ရုံးနဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့ ဇေယျသိဒ္ဓိရပ်ကွက် ကော်မရှင်ရုံးတို့ မှာ အောက်တိုဘာလ ၃ဝ ရက်နေ့က ကြိုတင်မဲလာရောက်ပေးနေသော အစိုးရဝန်ထမ်းတချို့ကို တွေ့ရစဉ်
Photo: Myo Thant Khaing/ RFA

နေပြည်တော် ဇေယျသိဒ္ဓိမြို့နယ် မှာ မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး ဝန်ထမ်းတွေ ကြိုတင်မဲပေးရာ ကြိုတင်မဲ ၂၃ မဲဟာ ဘောပင်နဲ့ သာအမှန်ခြစ်ခဲ့ပြီး မှားယွင်းနေတဲ့အတွက် ဘယ်လိုဆက်လက်ဆောင်ရွက် ရမယ်ဆိုတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတယ် လို့သိရပါတယ်။

မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့အထိ မဲရုံဝန်ထမ်းတွေနဲ့ တခြား အစိုးရဝန်ထမ်းတွေ ကြိုတင်မဲစတင်ပေးနိုင်ပြီ လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ပေးထား တာဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် ကြိုမဲပေးတဲ့အခါ အရင်လို အမှန်ခြစ်လို့မရဘဲ တံဆိပ်တုံးထု မဲပေးကြရတာ ဖြစ် ပါတယ်။

နေပြည်တော်က ဇေယျသိဒ္ဓိ၊ ဘောဂသိဒ္ဓိ၊ မင်္ဂလာ သိဒ္ဓိ၊ ဓနသိဒ္ဓိ၊ ဝဏ္ဏသိဒ္ဓိ၊ ဉာဏသိဒ္ဓိ၊ သုခသိဒ္ဓိ တို့မှာ ကြိုတင်မဲတွေ ပေးနေကြတာဖြစ်ပါတယ်။

ဒီကနေ့ နေပြည်တော်ပျဉ်းမနားမြို့ရန်အောင်၂ ရပ်ကွက် ကော်မရှင်ရုံးနဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့ဇေယျသိဒ္ဓိ ရပ်ကွက် ကော်မရှင်ရုံးတို့မှာ ကြိုတင်မဲတွေ လာရောက်ပေးနေတာကိုတွေ့ရပါတယ်။

RFA
http://www.rfa.org/burmese/news/early-vote-error-naypyidaw-10302015020641.html


 ငါးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည့်နေအိမ်၌ Royal Legacy စားသောက်ဆိုင်ဖွင့်လှစ်ရန် စီစဉ်နေမှုကို စီအိုင်ဒီမှ ကန့်ကွက်ထားသည်ဆိုသောသတင်းသည် မဟုတ်မှန်ကြောင်းနှင့် ဆိုင်ဖွင့်ရန် အစီအစဉ်အား စီအိုင်ဒီမှ ကန့်ကွက်ခြင်းမရှိကြောင်းသိရသည်။

''တို့ဆီကတော့ ဆိုင်ဖွင့်တာကို ကန့်ကွက်တာမရှိပါဘူး။ ကန့်ကွက်တာတို့ ဘာတို့ဆိုတာ စည်ပင်တို့၊ ထွေအုပ်တို့မှာ ရှိတယ်လေ။ စီအိုင်ဒီကတော့ အမှုစုံစမ်း တဲ့အပိုင်းပဲရှိမယ်။ အွန်လိုင်းသတင်းထဲမှာ ရေးထားသလို ဒီဆိုင်ဖွင့်တဲ့ကိစ္စ ထွေအုပ်ရုံးကို ကန့်ကွက် တယ်ဆိုတဲ့စာလည်း မပို့ထားဘူး။ ညွှန်ကြားချက်လည်းမရှိဘူး''ဟု စီအိုင်ဒီမှ တာဝန်ရှိသူတဦးက အောက်တို ဘာ ၂၉ ရက်တွင် News Watch ဂျာနယ်သို့ ပြောသည်။

ပုဂ္ဂလိကမီဒီယာတခုမှ ''ငါးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့သည့်နေအိမ်ကို စားသောက်ဆိုင်ဖွင့်လှစ်ရန် စီစဉ်မှု စီအိုင်ဒီကန့်ကွက်''ဟု ဖော်ပြရေးသားခဲ့ရာတွင် စီအိုင်ဒီသို့ မေးမြန်ထားခြင်းမရှိဘဲ၊ ထွေအုပ်ရုံးသို့မေးမြန်၍ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

အဆိုပါ သတင်းအား ရေးသားဖော်ပြခဲ့သည့်သတင်းမီဒီယာသည် ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ကိုသာ မေးမြန်ရေးသားထားခြင်းဖြစ်ပြီး ထွေအုပ်ဖြေကြားသည့် စကားလုံးများနှင့် သတင်းတွင် ဖော်ပြထား သည့်စာသားများမှာ မှန်ကန်မှုမရှိကြောင်း အဆိုပါမြို့နယ်ထွေအုပ် က News Watch ဂျာနယ်သို့ ပြောသည်။

''အဲဒီသတင်းမီဒီယာက မေးတာတော့ရှိတယ်။ ဖြေလိုက်တာက အခု ညီလေးတို့ကို ဖြေတဲ့အတိုင်းပဲ စီအိုင်ဒီက ကန့်ကွက်စာ ရုံးကိုပို့တာ ဒီနေ့အထိမရှိဘူး။ အဲ့ဒါကို သတင်းက ဖော်ပြတဲ့အခါမှာ စီအိုင်ဒီက ကန့်ကွက်စာ ထွေအုပ်ရုံးကို ပို့ထားတယ်ဆိုတော့ အဲ့ဒီသတင်းကမမှန်ပါဘူး။ ဆိုင်ဖွင့်ဖို့မဖွင့်ဖို့ကို လိုင်စင်အထက်ကိုတင်ပြဖို့ လုပ်ထုံးလုပ်နည်းအတိုင်း မြေ ပြင်ကိုစစ်ဆေးနေတယ်။ သတင်းမှာဖော်ပြသလို စီအိုင်ဒီက ဆိုင်မဖွင့်ဖို့ ကန့်ကွက်စာ ကိုယ်တို့ရုံးကိုပို့တာ ဒီနေ့အထိမရှိဘူး''ဟု ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းနိုင်ထွန်းက ပြောသည်။

ငါးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့သည့် ကမာရွတ်မြို့နယ်၊ စိမ်းလဲ့ကန်သာလမ်း၊ အမှတ် ၁၂၆ တွင် အိန္ဒိယ လုပ်ငန်းရှင်တဦးမှ နိုင်ငံတကာအဆင့်မီစားသောက်ဆိုင်ဖွင့်ရန် ကမာရွတ်မြို့နယ်ထွေအုပ်ရုံးသို့ တင်ပြထား ကြောင်းနှင့် လက်ရှိတွင် အဆိုပါအိမ်အနီးနားမှ ရပ်မိ ရပ်ဖတို့၏ သဘောတူညီချက်ရရှိရန် အောက်တိုဘာ ၁၉ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ နှစ်ပတ်ခန့် စောင့်ဆိုင်းနေပြီး အဆိုပါနှစ်ပတ်အတွင်း ကန့်ကွက်သူရှိခဲ့ပါက ဆိုင်ဖွင့်ခွင့်လိုင်စင်ရရှိမည်မဟုတ်ကြောင်း ထွေအုပ်က ဆက်ပြောသည်။

နေမင်းခ၊ လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


၁၉၄၅၊ မတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ။ စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်းသည် ဘောင်ဒရီလမ်း (ယခု ဓမ္မစေတီလမ်း) နှင့် ဦးဝိစာရလမ်း ထောင့်ရှိ ဂေါ့ဖ်ကစားကွင်း(ယခုတော်လှန်ရေးပန်းခြံ)အတွင်းတွင် သမိုင်း တွင်မည့် အောက်ပါမိန့်ခွန်းကိုပြောခဲ့သည်။
''ရဲဘော်တို့၊ အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး။ အခုစစ်မြေ ပြင်ကိုထွက်ရမယ်။ ဆင်းရဲမယ်။ ငတ်မယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်။ ဗမာပီပီ ဗမာ့သွေးကိုပြပါ။ အထက်ဗိုလ်များရဲ့အမိန့်ကို နာခံကြပါ။ အထက် ဗိုလ်တွေကလည်း သာတူညီမျှရဲဘော်စိတ်ထားပါ။ ရဲဘော်တို့ကို ကတိပေးထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့နဲ့အတူ ချီတက်မယ်။ ဗမာ့ရန်သူကို ချေမှုန်းကြ။ အနီးကပ်ဆုံး ရန်သူကိုတိုက်ကြ။ ဒါပဲ''

ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းသည် ဤမျှမတိုဟုလည်းကောင်း။ မူရင်းမိန့်ခွန်းတွင် အနီးကပ်ဆုံးရန်သူဆိုသော စကားမပါဘဲ စာရေးဆရာဗိုလ်ဥတ္တကျော်(နတ်မောက်ဘုန်းကျော်)က ဥာဏ်ကွန့်ပြီး ဖြည့်စွက်ခဲ့ခြင်းဖြစ်သည်ဟု အချို့ကဆိုကြသည်။ ထားတော့။ တိုသည် မတိုသည်က အဓိကမကျ။ အဓိကအရေးကြီးသောအချက်မှာ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာတပြည်လုံးကို ဖိစီးနှိပ်စက်နေသော ဖက်ဆစ်စနစ်ဆိုးကြီးကို တမျိုးသားလုံးက ပြန်လည်တွန်းလှန်တိုက်ခိုက်ရန် မတ်လ ၂၇ ရက်နေ့ကို သတ်မှတ်ခဲ့ပြီး သတ်မှတ်နေ့မတိုင်မီ ၁၀ ရက်အလို မတ်လ ၁၇ ရက်နေ့တွင် တော်လှန်ရေးအတွက် စစ်ထွက်ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေး တရပ်ဆင်နွှဲရာတွင် ရက်အတိအကျသတ်မှတ်ဖို့အရေးကြီးသလို၊ ထိုနေ့ထိုရက်တွင် တနိုင်ငံလုံးတပြိုင်နက် စတင်တော်လှန်နိုင်ရန် အချိန်ကိုက် စီစဉ်နိုင်မှုသည် အင်မတန်အရေးကြီးလှကြောင်း ပြောလိုရင်းဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေး သည် မြန်မာတပြည်လုံး၊ တိုင်းရင်းသားအားလုံး၊ လူထုလူတန်းစားအားလုံး ပူးပေါင်းပါဝင်ခဲ့သောကြောင့် အောင် မြင်ခဲ့ခြင်းဖြစ်သည်။ ဘုံရန်သူသည် ဖက်ဆစ်ဂျပန်ဖြစ်သည်။ ထိုရန်သူကို မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ကယား ကျောင်းသား၊ လယ် သမား၊ အလုပ်သမား၊ နိုင်ငံရေးသမား၊ တပ်မတော် အားလုံးပေါင်း၍ အနိုင်ယူခဲ့ခြင်းဖြစ်သည်။ နံပါတ် ၁ ရန်သူကိုသိရမည်။ နံပါတ် ၂ တော်လှန်တိုက်ခိုက်ရန် နေ့ရက် အတိအကျသတ်မှတ်ရမည်။ နံပါတ် ၃ အားလုံး တညီတညွတ်တည်း တပြိုင်နက်တော်လှန် တိုက်ခိုက်ရမည်။ ထိုအခါ တော်လှန်ရေးသည် အောင်မြင်တတ်ပါ၏။

ယခုအခါ မြန်မာနိုင်ငံသည် ဒုတိယတော်လှန်ရေးတရပ်ကို ရင်ဆိုင်နေရ၏။ ၂၀၁၅ နိုဝင်ဘာလ ၈ ရက်တွင် ကြုံတွေ့ရမည့် ရွေးကောက်ပွဲသည် သာမန်ရွေးကောက်ပွဲမျှသာမဟုတ်။ ပါတီကြီးနှစ်ခု၏ အားပြိုင်မှုသာမဟုတ်။ မြန်မာ့သမိုင်းဝယ် ၁၉၆၂ မှအစပြုကာ အမြစ်တွယ်နေသော စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်ဖြုတ်ချရမည့် ခေတ်ပြောင်းတော် လှန်ရေးဆင်နွှဲရမည့်နေ့ဖြစ်သည်။ ဓမ္မနှင့် အဓမ္မ၊ အာဏာရှင်ဘက်တော်သားနှင့် ပြည်သူ့ ဘက်တော်သား၊ အဖြူနှင့်အမည်း။ လူကောင်းနှင့်လူဆိုး အားပြိုင်ကြတော့မည့်ပွဲဖြစ်သည်။ ပြည်သူ့အာဏာကို ပြည်သူ့လက်သို့ ပြန်ပို့လိုသူများနှင့် မိမိအဖွဲ့အကျိုးစီးပွားအတွက် အာဏာကိုလက်မလွှတ် လိုသူတစု၏ သူနိုင် ကိုယ်နိုင်အားပြိုင်ရတော့မည့် အနေအထားဖြစ်သည်။ ထို့ကြောင့် သာမန်ရွေးကောက်ပွဲနှင့်မတူ ဒုတိယ တော်လှန်ရေးနေ့ဟုပင် သမုတ်၍ရနိုင်သော အနေအထားဖြစ်သည်။ ပြည်သူလူထုဘက်တော်သားများရှုံးခဲ့ လျှင် တသက်လုံး နာလန်မထူနိုင်တော့ဘဲ ကိုယ်ကျိုးရှာ အတ္တသမားများ၏ စစ်အာဏာရှင်စနစ်ဆိုးအောက်တွင် နှစ်ပေါင်းများစွာ ပြားပြားမှောက်ရတော့မည်ဖြစ်သည်။ မည်သည့်အခါမှ မော်မကြည့်ဝံ့လောက်အောင် စစ်အာဏာရှင်ဝါဒကို ဒူးထောက်အရှုံးပေးရတော့မည် ဖြစ်သည်။ ယခုအကြိမ်ရှုံးနိမ့်ခဲ့လျှင် ၂၀၂၀ တွင်လည်း ကောင်း၊ ၂၀၂၅ တွင်သာမက ၂၀၃၀၊ ၂၀၃၅ အလွန်ကာလများအထိ စစ်ဝါဒီအဖွဲ့ကို အန်တုဖက်ပြိုင်နိုင်သော အတိုက်အခံအဖွဲ့ ပေါ်ပေါက်နိုင်တော့မည်မဟုတ်ချေ။ ယခုအချိန်သည် အပွဲပွဲနွှဲလေသော ဒီမိုကရေစီတိုက်ပွဲ တွင် အကြီးမားဆုံးသော နောက်ဆုံးပွဲသိမ်းတိုက်ပွဲကြီးဖြစ်သည်။

၁၉၄၅၊ မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့တုန်းကတော့ ဖက်ဆစ်စနစ်ကို လက်နက်အားကိုး၍ ၀ိုင်းဝန်းတိုက်ထုတ်ပစ်ရသည်။ ယခုအခါ အခြေအနေသည် ပြောင်းခဲ့ပြီ။ လက်နက်ကိုင်တော်လှန် စရာမလို တော့။ မြန်မာနိုင်ငံသားအားလုံးကို ဒုက္ခပေးနေသောစနစ်တရပ်ကို ငြိမ်းချမ်းသောမဲဆန္ဒနည်းဖြင့် တော်လှန် ဖြုတ်ချနိုင်သော အခွင့်အရေး တိုင်းသူပြည်သားတွေလက်ထဲမှာ ရောက်နေပြီဖြစ်သည်။ ထိုသို့ တိုက်ထုတ် နိုင်အောင် ကျွန်တော်တို့ညီညွတ်ကြဖို့လိုပါသည်။ ၂၄-၁၀-၂၀၁၄ ရက်က DVB ရုပ်သံမှ Debate ခေါ် အချေအတင်စကားစစ်ထိုးငြင်းခုံပွဲသို့ ကျွန်တော့်ကိုဖိတ်သဖြင့် တက်ရောက်ခဲ့ပါသည်။ ထိုစကားဝိုင်းတွင် ဆွေးနွေးမည့်ခေါင်းစဉ်မှာ (Why should we vote?) ဘာကြောင့် မဲပေးသင့်သလဲဟူ၍ ဖြစ်ပါသည်။ ထိုစကားဝိုင်းတွင် အဓိကစကားပြော မည့်သူများအဖြစ် ဒေါ်ညိုညိုသင်း(တသီးပုဂ္ဂလအမတ်လောင်း)၊ ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့်၊ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုလွင်ကိုလတ်၊ မွန်တိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ်လောင်း ကိုကျော်ဇေယျာဦးတို့ဖြစ်ပါသည်။ ဆိုရလျှင် စကားပြော သော လေးယောက်တွင် တိုင်းရင်းသားနှစ်ယောက်၊ NLD တယောက်၊ တသီးပုဂ္ဂလတယောက် ဖြစ်ပါသည်။ သူတို့ပြောသော စကားများကို နားထောင်သောအခါ မြန်မာတပြည်လုံး စစ်အာဏာရှင်စနစ်ဆိုးကြီးတခု အောက်မှ ညီညာဖြဖြရုန်းထွက်ကြဖို့ထက် မိမိတို့နယ်မြေကွက်ကွက်ကလေးပေါ်တွင် ရွေးကောက်ခံရရေး ဟူသော ရပ်တည်ချက်ပေါ်တွင် အဓိကထားကာ NLD ကို တောက်လျှောက် တိုက်ခိုက်ဝေဖန်ပြောဆိုနေကြ ခြင်းဖြစ်သည်ကို အံ့သြစဖွယ်တွေ့မြင်ရပါသည်။ ကျွန်တော်သည် နားထောင်သူအဖြစ်ရောက်လာသူဖြစ်သော် လည်း သူတို့ပြောဆိုသမျှကို ဘ၀င်မကျသဖြင့် ၀င်ရောက်ပြောဆိုဆွေးနွေးမိပါသည်။ သင်္ဘောကြီး တစင်းနစ် မြုပ်နေသောအခါ မိမိနေနေရသောအခန်းလေးတခုတည်းကို ကွက်ကွက်ကြည့်၍ မိမိအခန်းရေမစိုဖို့ ကြိုးစား နေသည်နှင့်တူလှ၏။ သင်္ဘောတစင်းလုံးနစ်မှာကိုမြင်သဖြင့် ယောက်ယက်ခတ်ပြေးလွှားလှုံ့ဆော် ဖာထေးနေ သူကို မိမိအခန်းလေးထဲမှမထွက်ဘဲ ထိုင်၍အပြစ်ပြောနေသူများသို့ ထင်မြင်မိပါသည်။

ပင်လယ်ကူးသင်္ဘော တစင်းသည် ရေလယ်ကောင်၌ နစ်မြုပ်ခဲ့လျှင် မည်သည့်ပထမတန်းအခန်းသည် မနစ်မြုပ်ဘဲ ကျန်ခဲ့သနည်း။ မည်သည့်သင်္ဘောကြမ်းပြင်သည် ရေမစိုပဲရှိအံ့နည်း။ လေယာဉ်တစင်းပျက်ကျသောအခါ မည်သည့်ခရီးသည် ထိုင်ခုံသည် ကွက်ကွက်ကလေး ဘေးမသီရန်မခဘဲ ကျန်ခဲ့ပါသနည်း။ တလှေတည်းစီး တခရီးတည်းသွားခြင်း ဖြစ်သဖြင့် သေလျှင်အားလုံး၊ ရှင်လျှင်အားလုံး ဖြစ်ပါသည်။ အိမ်တအိမ်မီးလောင်နေသောအခါ တအိမ်လုံးကို မီးမလောင်ရန် ထိုမီးကြီးကို ၀ိုင်းဝန်းငြှိမ်းသတ်ရမည့်အစား ငါကဧည့်ခန်းမှာနေတာ၊ ငါက နောက်ဖေးမီးဖိုချောင် မှာနေတာ ငါနဲ့မဆိုင်ဘူးဟုယူဆ၍မရ၊ မီးသည် တအိမ်လုံးကို ၀ါးမျိုလောင်ကျွမ်းသွားသကဲ့သို့ ဒီမိုကရေစီ အယောင်ဆောင် အာဏာရှင်စနစ်ဆိုးလက်အောက်သို့ ရောက်သွားသောအခါ ဗမာလူမျိုးတမျိုးသာ ထိုဒဏ်ကို ခံရမည်မဟုတ်၊ မွန်လည်းခံရမည်ဖြစ်သည်။ ရှမ်းလည်း လွတ်မည်မဟုတ်။ ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ကယား အားလုံး ထိုဒဏ်ကို ခံခဲ့ဖူးကြပြီဖြစ်သည်။ တိုင်းရင်းသားတို့သည် သူတို့ဒေသတွင် လူတစုက လက်နက် ကိုင်အနိုင်ကျင့်နှိပ်စက်သောအခါ ဗမာတွေနှိပ်စက်သည်ဟု မှတ်ယူတတ်သည်။ အာဏာရှိသော၊ လုပ်ပိုင်ခွင့် ရှိသော အစိုးရအရာရှိဆိုးများ ဒုက္ခပေးသောအခါ ဗမာများကိုသာ ပြေးမြင်ကြပြီး မုန်းတီးကြသည်။ တကယ်စင်စစ် ဗမာလူမျိုးအများစုမှာ တိုင်းရင်းသားတို့ နေထိုင်ရာ အတွင်းပိုင်းဒေသများသို့ ရောက်ဖူးပေါက်ဖူး သူ နည်းပါးလှသည်။ တိုင်းရင်းသားတို့ ဒေသများဆီသို့ ရောက်လာသူများသည် ဗမာအားလုံးကို ကိုယ်စားပြု သူများမဟုတ်။ ဗမာဆိုးများ ကျေးလက်တောရွာများတွင် မင်းမူသောင်းကျန်းကြသည်ကို ခံရပါများလာသော အခါ လူမျိုးရေးမုန်းတီးကာ ဗမာဆန့်ကျင်ရေးစိတ်ဓာတ် ၀င်လာကြခြင်းဖြစ်သည်။ စင်စစ် နှိပ်စက်သူ ဗမာတစု ကြောင့် မဆီမဆိုင်ဗမာတမျိုးလုံး အမုန်းခံကြရခြင်းမှာ စဉ်းစားတတ်လျှင် မမျှတသော အကြောင်းတရား တခုဖြစ်သည်။ ထိုအချက်များကိုသာစွဲကိုင်လျက် စဉ်းစားဆုံးဖြတ်လျှင် ဒေသစွဲ၊ လူမျိုးစွဲစိတ်ဓာတ်များသာ ဖြစ်ပေါ်လာစေမည်ဖြစ်ပြီး တနိုင်ငံလုံး စစ်အာဏာလက်အောက်မှ လွတ်မြောက်ရေးဆိုသော ပန်းတိုင်ပျောက် သွားနိုင်ပါသည်။

ဒေါ်ညိုညိုသင်းက ပြောသည်မှာ ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံလွှတ်တော်အမတ်နေရာ ၄၉၈ နေရာရှိသည့်အနက် NLD သည် ၃၃၃ နေရာရလျှင် အစိုးရဖွဲ့နိုင်မည်ဖြစ်သောကြောင့် ၃၃၃ နေရာသာယူပြီး ကျန်သည့် ၁၆၅ နေရာကို တသီးပုဂ္ဂလများ၊ တိုင်းရင်းသားပါတီများအတွက် နေရာခွဲဝေပေးသင့်ကြောင်း၊ နေရာအားလုံးတွင် ၀င်ရောက် မယှဉ်ပြိုင်သင့်ကြောင်းပြောသွားသည်ကို ကျွန်တော်သဘောမတူပါ။ ပြင်းထန်စွာ ကန့်ကွက်ပါသည်။ အဘယ့်ကြောင့်နည်း။ နံပါတ် ၁ အချက်မှာ NLD သည် လွှတ်တော်တွင် အမတ်နေရာ ၃၃၃ နေရာ အတိရပါမည်ဆိုခြင်းမှာ မည်ကဲ့သို့သိပါမည်လဲ။ ရုပ်ရှင်ရုံတွင် လက်မှတ်သွားဝယ်သလို လွှတ်တော် အမှတ်နေရာ ၃၃၃ စောင်ပေးပါဟု အတိအကျဝယ်၍ရပါသလား။ ဒေါ်ညိုညိုသင်းသည် အရည်အချင်းရှိသော လွှတ်တော်အမတ် တဦးဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်အတွင်း ရောက်သင့်သူတယောက် ဖြစ်သည်ဆိုခြင်းကို ကျွန်တော် လက်ခံပါသည်။ သို့သော် သူပြောသလို တသီးပုဂ္ဂလများ၊ တိုင်းရင်းသားအမတ်များအတွက် NLD က ဘေးရှောင်ပေးသင့်သည်ဆိုခြင်းကိုတော့ ထိုအယူအဆမှာ ကလေးကလားဖြစ်နေသဖြင့် သဘောမတူ နိုင်ပါ။ ဖြစ်သင့်သည်မှာ ပန်းတိုင်းပွင့်ပါစေ။ ဒေါ်ညိုညိုသင်းတော်လျှင် ဒေါ်ညိုညိုသင်းကို ဗဟန်းလူထုက ရွေးကြပါစေ။ NLD တော်လျှင် NLD ကိုရွေးကြပါစေ။ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်မှာလည်း ထိုနည်းနှင်နှင် ဖြစ်သည်။ ကျွန်တော်တို့သည် အင်မတန်ကြီးမားသော အာဏာရပါတီကြီးနှင့် တပြည်လုံးတွင် စစ်မျက်နှာ ဖွင့်တိုက်ပွဲကြီးနွှဲရမည်ဖြစ်ရာ အချင်းချင်း စစ်မျက်နှာပြန်မဖွင့်သင့်ပါ။ ဘုံရန်သူသည် ပြည်သူလူထုကို တသက်လုံးဒုက္ခပေးလာသောအဖွဲ့ဖြစ်သည်။ စစ်မျက်နှာကို ထိုသူများဘက်သို့ လှည့်ရပါမည်။ ထိုသူများ ဘာလုပ်နေသနည်း။ ဘာတွေညစ်တော့မည်နည်း။ မည်သို့ရှုံးမဲမဲမည်နည်း။ မည်သို့ဥပဒေကို ချိုးဖောက်မည် နည်း။ မည်သို့အာဏာကို အလွဲသုံးမည်နည်း။ အစိုးရဘဏ္ဍာငွေနှင့် အထောက်အပံ့ကို ပါတီတခုအတွက် မည်သို့သုံးစွဲမည်နည်း။ ဒါတွေကို အာရုံစိုက်၍ ဖော်ထုတ်သင့်ပါသည်။ အိမ်ကြက်ချင်း မည်သူကမှ အိုးမဲ မသုတ်ဘဲ ကိုယ့်မျက်နှာကိုယ်အိုးမဲသုတ်ကာ မခွပ်သင့် တော့ပါ။ ကျွန်တော်တို့မညီညွတ်လျှင် ခြင်္သေ့တွေ စားသွားပါမည်။ ကြံ့ခိုင်ရေးပါတီသည် လွှတ်တော်တွင် ၂၆ ရာခိုင်နှုန်းအမတ်ဦးရေရရုံနှင့် (၁၆၇ ယောက် နိုင်ရုံနှင့်) စနစ်ဟောင်း၊ လူဟောင်းများနှင့် နေရာဟောင်းတွင် ဆက်ထိုင်နေနိုင်သည်ကို မြင်အောင်ကြည့်နိုင်ဖို့ လိုပါသည်။ ကြံ့ခိုင်ရေး ပါတီသည် တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ယောက်ကို သူ့လူအဖြစ် တရားဝင် ထုတ်ဖော်တွက်ဆထားရာ ထိုပြောဆိုမှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိတ်ဆိတ်နေခဲ့သည်။ ထို့ကြောင့် NLD သည် အမတ် ၃၃၃ ယောက်နိုင်မှ အစိုးရဖြစ်နိုင်မည့်အချိန်တွင် ကြံ့ခိုင်ရေးပါတီသည် ၁၆၇ ဦး နိုင်ရုံနှင့် အစိုးရဖြစ်နိုင်ပေရာ စနစ်ကိုက တဖက်စောင်းနင်းဖြစ်နေချိန်တွင် တိုင်းရင်းသားများနှင့် တသီးပုဂ္ဂလ များသည် NLD ၃၃၃ ယောက်ပဲယူပါဟု မဝေဖန်သင့်ပေ။ ၃၃၃ ယောက်နိုင်အောင်ပင် NLD သည်အတော် ရုန်းကန်ရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြို့ကြီးများတွင် NLD ပါတီ အားကောင်းသော်လည်း ကျေးလက်ဒေသများတွင် အာဏာရကြံ့ခိုင်ရေးပါတီက ငွေအင်အား၊ လုပ်ပိုင်ခွင့်အင်အား၊ လက်ရှိအာဏာ ရှိသူတို့ အကူအညီအင်အားဖြင့် မနိုင်နိုင်အောင် နည်းအမျိုးမျိုးနှင့် လုပ်ဆောင်နေတာကိုတွေ့ရ၍ ဖြစ်သည်။ ဥပမာ ကျေးရွာများတွင် သမ၀ါယမချေးငွေကို ပြည်ခိုင်ဖြိုးပါတီချေးငွေကဲ့သို့ ငွေထုတ်ချေးပြီး ပါတီဝင်ခိုင်းခြင်း၊ စက်ရေတွင်းတူးပေးခြင်း၊ ကျေးရွာလမ်းခင်းပေးခြင်း၊ ကျေးလက်မီးလင်းရေးလုပ်ပေးခြင်း၊ ဆိုလာပြားများပေး ခြင်း စသည့်နိုင်ငံတော်ဖွံ့ဖြိုးရေး နဂိုတည်းက လုပ်ရမည့်အရာများကို ရွေးကောက်ပွဲနီးခါမှ မိမိပါတီက လုပ်ပေးသည့်သဖွယ် လုပ်ကိုင်လာကြသော အန္တရာယ်သည် အတော်ကြီးပေသည်။ ရိုး,အသော တောသူ တောင်သားများမှာ လက်ငင်းရောက်လာသော တိုးတက်မှုများကိုသာမြင်လျက် ထိုသူများ၏စည်းရုံးမှုနောက်သို့ ရွာလုံးကျွတ်ပါသွားသည်များလည်း အညာဘက်တွင် တော်တော်များပါသည်။ ဒါကို မြို့မှာနေသော အမတ် လောင်းများနှင့် ပြည်သူလူထုသည် သိချင်မှသိပေလိမ့်မည်။ တောရွာများတွင် ပြည်ခိုင်ဖြိုးပါတီ လူထုစည်းဝေးပွဲများသို့လိုက်လျှင် နေ့တွက်စရိတ်ထုတ်ပေးသည်။ ဆိုင်ကယ်ဆီထည့်ပေးသည်။ တီရှပ်နှင့် ဦးထုပ်ပေးသည်။ ငွေလိုချင်သဖြင့် နေ့စဉ်လို လိုက်ပါသောရွာသားများ ရှိသည်။ ထိုရွာသားလူငယ်များမှာ ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရသည်။ ပါတီဝင်ကတ်ပြားများ လုပ်ရသည်။ အချို့ပါတီဝင်များကို ခရီးသွားမည် အကြောင်းပြစေပြီး ကြိုတင်မဲများပေး စေသည်။ ထိုနည်းဖြင့် ချည်ပြီးတုပ်ပြီးဖြစ်သွားသော မဲများရှိနေတာ ထိတ်လန့်ဖွယ်ဖြစ်သည်။

မဲရုံများတွင်လည်း လမ်းအလိုက် မဲပုံးများကိုခွဲထားသောစနစ်ကိုလည်း ကျင့်သုံး လာနိုင်သည် (၂၀၁၀ ရွေးကောက်ပွဲတွင် ကျွန်တော်တို့ရပ်ကွက် မြောက်ဥက္ကလာ အထက-၁ မဲရုံ၌ ထိုသို့ လုပ်ခဲ့သည်)။ မဲထည့်သူများကို တလမ်းလျှင်တပုံး သီးသန့်ခွဲထည့်ခိုင်းသောအခါ ကိုယ့်လမ်းကမဲပုံးတွင် ကြံ့ခိုင်ရေးရှုံးလျှင် ခင်းလက်စလမ်း ဆက်ခင်းမပေးမှာစိုးသောကြောင့် ကျွန်တော်တို့လမ်းသည် ကြံ့ခိုင်ရေးကို မဲပေးခဲ့ကြသော နမူနာလည်းရှိပါသည်။ ဆိုလိုသည်မှာ NLD ရင်ဆိုင် နေရသောပြိုင်ဘက်မှာ လုပ်ရည်ကိုင်ရည် အလွန်ကြီးမားသော အလိမ်အလှည့်တွင် အံခွနေသော ဧရာမသတ္တ၀ါကြီးတကောင်ဖြစ်သည်ဆိုခြင်းကို အားလုံးသတိချပ်စေလိုခြင်းဖြစ်သည်။ နိုင်ငံပိုင်သတင်းစာဖြစ်သော ကြေးမုံနှင့် မြန်မာအလင်းသတင်းစာကပင် ၂၄-၁၀-၂၀၁၅ ရက်နေ့ထုတ် သတင်းစာမျက်နှာဖုံးတွင် မိတ္ထီလာမြို့နှင့် မိတ္ထီလာလွင်ပြင်တခုလုံး အစိမ်းရောင် လွင်ပြင်ဖြစ်ရမည်ဟု အစိမ်းရောင်စာလုံးကြီးများနှင့် ကြံ့ခိုင်ရေးပါတီ ကြော်ငြာလိုလို ဘာလိုလိုဖြင့် နိုင်ငံ့ဘဏ္ဍာ ကိုယ့်ပါတီအတွက်လုပ်ကာ သတင်းဖော်ပြခဲ့၏။ နိုင်ငံတော်သမ္မတ၏ သမ္မတတယောက်အဖြစ် အလုပ်သဘော သွားရောက်သည့်ခရီးကိုလည်း ပါတီစည်းရုံးရေးခရီးလိုလို ဘာလိုလိုဖြင့် ကြံ့ခိုင်ရေးပါတီဝင်များ ဦးထုပ်များ၊ အလံများ၊ တံဆိပ်များဖြင့် ပါတီတခုဘက်သို့ သိသိသာသာ ဘက်လိုက်ဖော်ပြခဲ့သည်။ ပြည်သူ့ဘဏ္ဍာငွေဖြင့် ထုတ်ဝေသောကြေးမုံနှင့် မြန်မာအလင်းသတင်းစာတွင် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လူထုစည်းဝေးပွဲများတွင် စကားပြောသော သတင်း၊ ပြည်သူများသောင်းနှင့်ချီ၍ ကြိုဆိုသော သတင်းဓာတ်ပုံ များကို ဘယ်တော့မှမဖော်ပြဖူးတာလည်း အံ့သြမိလေသည်။ ပြည်သူတွေပိုက်ဆံနှင့်ထုတ်သော နိုင်ငံပိုင် သတင်းစာသည် ကြံ့ခိုင်ရေးသတင်းစာ မဟုတ်သဖြင့် မမျှမတ လုပ်ခွင့်မရှိပေ။

သို့သော် လုပ်နေခဲ့၊ လုပ်နေဆဲ၊ လုပ်နေဦးမည်သာ ဖြစ်သည်။ ဤသည်မှာ ပြည်သူ့ငွေဖြင့် ပြည်သူကို ဖိနှိပ်မည့်အစိုးရတရပ်ပေါ်ပေါက်အောင် မဲဆွယ်နေခြင်းဖြစ် သည်။ တဖက်တွင်တော့ ပြီးခဲ့သည့်အောက်တိုဘာ ၂၂ ရက်က မကွေးတိုင်း၊ နတ်မောက် မြို့နယ်၊ မြင်းတဲကြီးကျေးရွာတွင် ကျွန်တော်၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ သရုပ်ဆောင်ဗေလုဝတို့ စာပေဟော ပြောပွဲဖိတ်၍သွားရာ ဗေလုဝမှာ ဟောပြောခွင့်မပြုသဖြင့် မဟောရပေ။ ဗေလုဝပါလျှင် ဟောပြောပွဲပါမစ်မပေး နိုင်ဟု နတ်မောက်မြို့နယ် အုပ်ချုပ်ရေးမှူးဦးဌေးအောင်က အမိန့်ထုတ်ခြင်းဖြစ်သည်။ ဘာကြောင့် ထိုသို့ခွင့် မပြုသလဲဟုမေးတော့ တိုင်းအဆင့်ဖြစ်သော အထက်ကခွင့်မပြုခိုင်းသဖြင့် တားမြစ်ကြောင်းသိရသည်။ အထက် ဆိုသည်မှာ မကွေးတိုင်းဝန်ကြီးချုပ်ကို ဆိုလိုသည်လားတော့ ရှင်းရှင်းလင်းလင်း မပြောချေ။ တကယ်တော့ ဗေလုဝသည် NLD ပါတီအောင်နိုင်ရေးအတွက် မကြာခဏလိုက်ပါစည်းရုံးပေးသည့်အတွက် NLD အတွက် မဲမဆွယ်နိုင်ရန် ညစ်ပြီးစာပေဟော ပြောပွဲတွင် ပါမစ်မပေးခြင်းဖြစ်သည်။ ထို့အပြင် စာပေဟောပြောပွဲ စင်မြင့် တွင် ဗိုလ်ချုပ်အောင်ဆန်း ဗွီနိုင်းဓာတ်ပုံကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်ဗွီနိုင်းဓာတ်ပုံကြီးကိုပင် ချိတ်ဆွဲခွင့်မပြု သဖြင့် ပြန်ခွာရသည်။ ကျွန်တော်တို့ ဟောပြောနေစဉ်တွင်လည်း ဘာတွေပြောနေသလဲဟု ၁၅ မိနစ်တကြိမ် ဖုန်းဖြင့် လှမ်းမေးနေသေး၏။ စာပေဟောပြောပွဲကြောင့် ဒေသခံများ မျက်စိပွင့်နားပွင့်ဖြစ်ကာ အကြောက်တရား တို့ကင်းမဲ့လျှင် NLD ပါတီဘက်သို့ပါကုန်မှာ စိုးရိမ်ကြခြင်းဖြစ်သည်။ ဤသို့လျှင် အာဏာရအဖွဲ့သည် ကိုယ့်ပါတီကို သာသာထိုးထိုးပံ့ပိုး၍ တဖက်ပါတီ NLD ဘက်ယိမ်းမည်ယူဆရသူများကို ဒုက္ခပေးခဲ့ပါသည်။ ထိုသို့သော သာဓကများမှာ စာအုပ်ထုတ်လျှင် တထောင့်တညပုံပြင်များထက်ပင် ရှည်လျားပေဦးမည်။

မည်သို့ပင် ထိုသူများက ကြံစည်အားထုတ်သည်ဖြစ်စေ ပြည်သူသည်သာ အခရာဖြစ်သည်။ ၂၀၁၅ ရွေးကောက် ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်တွင် မဲရုံသို့သွားဖြစ်အောင်သွားကြပါ။ မည်သူ၏သွေးဆောင် ဖြားယောင်း ခြိမ်းခြောက်မှုကိုမှမကြောက်ဘဲ ပြောင်းလဲချိန်တန်ပြီဆိုသော ပြည်သူ့ပါတီကိုသာမဲပေးခဲ့ပါ။ ယနေ့မှစ၍ နောက်ရှစ်ရက်မြောက်တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲသည် မြန်မာ့သမိုင်းကိုပြောင်းမည့်နေ့တနေ့ ဖြစ်သည်။ လက်နက်ဖြင့် မတော်လှန်သော်လည်း ဆန္ဒမဲဖြင့် အသံတိတ်တော်လှန်ရေးဆင်နွှဲကာ တော်လှန်ရေး ကိုစကြပါ။ ဖက်ဆစ်စနစ်ကို ဗိုလ်ချုပ်အောင်ဆန်းအောင်မြင်စွာ တော်လှန်ခဲ့သလို သူ၏သမီး ဒေါ်အောင်ဆန်း စုကြည်နှင့်ပေါင်းကာ အာဏာရှင်တော်လှန်ရေးအဖြစ် လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ပါဝင်ကြပါ။ ဒုတိယတော်လှန်ရေးနေ့သည် ၁၃၇၇ ခု၊ သီတင်းကျွတ်လဆုတ် ၁၁ ရက်၊ ၂၀၁၅ ခု နိုဝင်ဘာလ ၈ ရက် ဖြစ်သည်။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal