11/01/15

ဗမာပြည်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ အနည်းဆုံး အရူးနှစ်ယောက်ကတော့ ပေါ်ထွက်လာတော့မှာ မြင်နေရပြီဖြစ်ပါတယ်။ တစ်ယောက်က သမ္မတဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူ့သူငယ်ချင်းအရင်းခေါက်ခေါက် UEC ဥက္ကဋ္ဌဖြစ်ပါတယ်။ နောက်ဆက်တွဲ ရူးလတ္တံ့တွေကတော့ လက်ရှိအာဏာရပါတီက ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်တွေပါ။

၉၀ ရွေးကောက်ပွဲအပြီးတုန်းကလည်း ဗမာ့တပ်မတော်က အရူးတစ်ယောက်အောင်မြင်စွာ မွေးထုတ်ပေးပါခဲ့ဖူးပါသေးတယ်။ ရွေးကောက်ပွဲအဖြေဟာ စစ်တပ်ထင်သလိုမဟုတ်ဘဲ NLD က စစ်တစ်ပိုင်းပါတီ မဆလတစ်ဖြစ်လဲ တစညကို ဝက်ဝက်ကွဲနိုင်သွားခဲ့တုန်းကပါ။ ရွေးကောက်ပွဲအပြီး စစ်တန်းလျားပြန်မယ်လို့ပြောခဲ့တဲ့ကာချုပ်ကို အရူးပါလို့ သူ့စစ်တပ်ကပဲ ပြောခဲ့ပြီး ဖယ်ရှားပစ်ခဲ့တာဖြစ်ပါတယ်။

အခုလည်း ဗမာပြည်မှာ မကြာခင် အရူးဇာတ်ခင်းကြတော့မှာပါ။

သမ္မတက မကြာခင်က CBS News နဲ့ Interview မှာပြောခဲ့တာပါ။ သူ့အပြောအရဆိုရင် မည်သည့်ပါတီမဆို အနိုင်ရပါက အာဏာကို ငြိမ်းချမ်းစွာလွှဲမယ်ဆိုပြီး ပြောခဲ့တာပါ။ ဒါပေမယ့် Oct,29 သူ့ဇာတိ ငပုတောက ရွာတစ်ရွာမှာကျတော့ သူတို့ဒီလောက်ပြောင်းနေတာတောင် နားမလည်ကြလွန်းလို့ နောက်ထပ်ပြောင်းရင် ကွန်မြူနစ်ပဲရှိတော့တယ်ဆိုပြီး ပတ်ကြမ်းတိုက်လိုက်ပါတော့တယ်။ အဲဒီကတည်းက ယဉ်ယဉ်လေးနဲ့ စပြီးရူးနေပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ သဘောက အပြောင်းအလဲကို သူတို့ပဲဆက်လုပ်မယ်။ ဘယ်သူ့မှအာဏာမလွှဲနိုင်ဘူးလို့ပြောချင်နေတာ။ စကားကို ရက်ပိုင်းလေးအတွင်း အခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ ကမ္ဘာသိ အတည်ပေါက်ပြောတက်တာဟာ ကမ္ဘာပေါ်မှာ အီရတ်က ဆဒန်ဟူစိန်တို့၊ လစ်ဖျားက ကဒါဖီတို့၊ ဇင်ဘာဘွေက မူဂါဘီတို့၊ ယူဂန္ဓာက အိုင်ဒီအာမင်တို့လောက်ပဲရှိတယ်။ ကျန်သေးလို့ ဂျာမနီက ဟစ်တလာပါသေးတယ်။ အကုန်အာဏာရူးတွေပါ။ လူ့သမိုင်းမှာ အဲဒီလိုလူတွေဟာ ဘာဖြစ်ကုန်ကြတယ်ဆိုတာ ရှည်ရှည်ဝေးဝေးပြောစရာတောင်မလိုပါဘူး။ အခုနောက်ဆုံး ပေါ်ထွက်လာတာကတော့ မြောက်ကိုရီးယားက ကင်ဂျုံးအွန်း ကမ္ဘောဒီယားက ဟွန်ဆန်တို့နဲ့ခေတ်ပြိုင် ဗမာ့ဂုဏ်ဆောင်(ရူးစပြု)သမ္မတပဲရှိတာပါ။ လောလောဆယ် အကဲဖြတ်လို့ရသရွေ့ကတော့ ဗမာသမ္မတဆိုတဲ့သူက အရင်ဆုံးသွက်သွက်ခါတော့မယ်ထင်ရဲ့။

နောက်တစ်ယောက်ဖြစ်တဲ့ သမ္မတရဲ့သူငယ်ချင်းခေါက်ခေါက် မေမြို့အရည်းကြီးကျောင်းထွက် UEC ဥက္ကဋ္ဌကလည်း သမ္မတနဲ့ရောဂါဖြစ်နေပုံချင်းတူနေပါတယ်။ အဲဒီကျောင်းမှာတက်တုန်းကတည်းက အတူကူးစက်ခဲ့တာထင်ပါတယ်။ စကားကို ဗလောင်းဗလဲပြောတက်ပုံချင်းတူပါတယ်။ ပြည်သူ့ဘဏ္ဍာငွေတွေ နိုင်ငံတကာကအထောက်အပံ့တွေ သောက်သောက်လဲအရှက်မရှိယူ နှစ်နဲ့ချီပြီး အချိန်တွေယူပြီးလုပ်ထားတဲ့မဲစာရင်းတောင် မှန်မှန်ကန်ကန် အပြောအဆိုလွတ်အောင်မပြုစုနိုင်ပါဘဲ ရွေးကောက်ပွဲ သမာသမတ်ကျအောင် ဘယ်လိုလုပ်မလဲဆိုတာ သံသယဝင်စရာမလိုပါဘူး။ ရွေးကောက်ပွဲမလုပ်ခင် အကြိုကာလမှာကတည်းက ရွေးကောက်ပွဲဥပဒေ နည်းဥပဒေတွေရှိပြီးတာတောင်မှ ခုတစ်မျိုး တော်ကြာတစ်မျိုး ညွှန်ကြားချက်တွေပေး အဲဒီညွှန်ကြားချက်တွေကလည်း အဖြူပေါ်အမည်းတင် စာရွက်စာတမ်းနဲ့ တရားဝင်ပေးတာမဟုတ်ဘဲ အရူးချေးပန်းသလို ဟိုနေရာတစ်မျိုးပြော ဒီနေရာတစ်မျိုးပြောနဲ့ပါ။ လတ်တလောဖြစ်နေတဲ့ နမူနာလေးနှစ်ခုလောက်ပဲပြောပြမယ်။ မဲသက်သေခံလက်မှတ်ကိစ္စဟာ ဥပဒေမှာ မပါတဲ့ကိစ္စ။ မှတ်ပုံတင်ပါမှ မဲပေးရမယ်ဆိုပြီး လုပ်ခဲ့ရာကနေ ခုတော့ ဘာအထောက်အထားမှမပါလည်း မဲစာရင်းမှာ နာမည်ပါရင် မဲသက်သေခံလက်မှတ်နဲ့ မဲပေးလို့ရတယ်ဆိုပြီး လုပ်ချလိုက်ပြန်ပါတယ်။ ကြိုတင်မဲနဲ့ ၂၀၁၀ တုန်းကလိုလုပ်မရတော့ ခုတစ်ခါ မဲသက်သေခံလက်မှတ်နဲ့ ဥပဒေကျော်ပြီးလုပ်ထားပုံပါ။ နောက်တစ်ခုက ကြိုတင်မဲတွေကို အမှန်ခြစ်နဲ့ပေးရမယ်ဆိုပြီး သတ်မှတ်ထားတာ။ နိုင်ငံခြားကြိုတင်မဲတွေ ဒီအတိုင်းပဲပေးခဲ့ကြပြီးပြီ။ အခု ပြည်တွင်းကြိုတင်မဲတွေစပေးချိန် Oct,29 မှာ ပေးပြီးနောက်တစ်နေ့ Oct,30 ကျတော့ အဲဒီဥက္ကဋ္ဌဆိုတဲ့ ငှက်ပျောတောမင်းသားကြီးက တံဆိပ်တုံးထုပြီးပေးခိုင်းပြန်ပါတယ်။ ဒီမှာက အမှန်ခြစ်နဲ့ပေးပြီးတဲ့သူတွေရှိနေပြီ။ သူတို့အတွက်မဲတွေ ဘာလုပ်ရမှာလဲ။ ပယ်မဲလုပ်ရမှာလား။ အဲဒီအချိန်မှာ ဒုသမ္မတဆိုတဲ့သူတောင် ကြိုတင်မဲကို အမှန်ခြစ်နဲ့ ပေးခဲ့ပြီးကြောင်းပြောနေပါပြီ။ ဒါတွေဟာ နဂိုထဲက နည်းဥပဒေမှာပါပြီးသားတွေ။ သူ့ပါးစပ်က အရူးချီးပန်းသလို အိနြေ္ဒမရ ဗလောင်းဗလဲပြောဆိုနေပုံတွေကြောင့် အခြေအနေတွေ ရှုပ်ထွေးကုန်တာ။

အဲဒီပြဿနာကို အောက်ခြေကော်မရှင်ကလူတွေကမသိပေမယ့် မဲဆန္ဒရှင်တွေကသိပြီး သူတို့မဲတွေ ပယ်မဲဖြစ်မှာစိုးလို့ တံဆိပ်တုံးထုတ်ပေးဖို့တောင်းဆိုနဲ့ အောက်ခြေမှာ အဲဒီလို ရုတ်ရုတ်သဲသဲတွေဖြစ်။ အခြေအနေကတော့ ဒီအတိုင်းပဲ။ ဒါကြောင့် သူလည်း သွက်သွက်မခါရုံတစ်မယ်ပါပဲ။ နှစ်ယောက်လုံးကတော့ ရောဂါအခြေအနေ အနုအရင့်က အတူတူပဲ။ ကြောင်တကာ့ဗိုလ်ရဲ့ ကြောက်ချက်ကတော့ လက်လန်ပါတယ်။ ရွေးကောက်ပွဲရက် ကြေညာတုန်းကလည်း ဟိုလိုလို ဒီလိုလိုလုပ်ပြီး ပဟေဠိဖွက်သလိုလုပ်နေခဲ့သေးတယ်။ သူ့ကို လူတွေဝိုင်းကြည့်ပြီဆိုတော့မှ လူတကာအာရုံအစိုက်ခံပြီးကြေညာခဲ့တာ။ မဲစာရင်းတွေ သောက်သောက်လဲမှားနေချိန်တုန်းကလည်း ငါ့ကိုအပြစ်မပြောနဲ့ မဲစာရင်းကိုသာ လာကြည့်ထား ပြီးမှ ကိုယ့်နာမည်မပါရင် မဲပေးခွင့်မရမှ အပြစ်မပြောကြနဲ့ဆိုပြီး ပွဲကြမ်းပြလိုက်ပါသေးရဲ့။ ဒီမဲစာရင်းလေးပြုစုဖို့ နိုင်ငံတကာက ခွက်ထိုးခံထားလို့ရတဲ့ပိုက်ဆံနဲ့ သူတောင်းစားဂုဏ်မောက် မာနထောင်လွှားပြလိုက်ပါသေးတယ်။ ဒီကြားထဲ သူ့အဘလက်ရာ နာဂစ်ဖွဲ့စည်းပုံရဲ့ မျက်နှာသာပေးမှုနဲ့ လူတကာသောက်မြင်ကပ်လောက်အောင် အခွင့်အရေးရထားတာမို့ သူကြီးသား လူရမ်းကားစတိုင်နဲ့ ဒီကြားထဲ ဟိုပါတီအော် သည်လူ့ငေါက်နဲ့ အတော့ကို မိုက်ရိုင်းရမ်းကားပြခဲ့ပါသေးတယ်။

ခုလို ရူးသလို ကြောင်သလိုလုပ်နေတဲ့ UEC ဥက္ကဋ္ဌရဲ့ ပြောပုံဆိုပေါက်နဲ့ လုပ်ပုံကိုင်ပေါက်တွေဟာ အရူးဆိုပြီး လွှတ်ထားလို့ရတာတွေမဟုတ်ပါဘူး။ ဘက်မလိုက် တော်တည့်မှန်ကန်ရမယ့် ရွေးကောက်ပွဲကော်မရှင်လိုနေရာမျိုးနဲ့ မထိုက်တန်တဲ့ ဘက်လိုက်တဲ့အပြောတွေ အလုပ်တွေ အတည်ပြုပြီး ဥပဒေ နည်းဥပဒေတွေကိုကျော်လွန်ပြီး နှုတ်နဲ့ညွှန်ကြားချက်ပေးတာတွေဟာ ကော်မရှင်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ကြည့်ရင် မဖြစ်သင့်တဲ့ အရည်အချင်းမရှိတဲ့ အရည်အချင်းပျက်ယွင်းမှုတွေဖြစ်သလို နိုင်ငံတကာအထောက်အပံ့တွေနဲ့ နိုင်ငံ့ဘဏ္ဍာတွေကို ရယူခံစားပြီးလုပ်ကိုင်နေကြပေမယ့် ထွက်ပေါ်လာတဲ့လုပ်ငန်းရလဒ်တွေဟာ အချိန်နဲ့ငွေတွေကုန်ဆုံးသွားခဲ့ရသလို ပြန်ရချက်တွေက အဆင့်အတန်းမရှိတဲ့ ဥပမာ အကြိမ်ကြိမ်မှားနေတဲ့မဲစာရင်းနဲ့ မတော်မတရားလုပ်မှု တိုင်တန်းချက်တွေ ၈၀ ကျော်မှာ ၃ ခု ၄ ခုလောက်သာ ဖြေရှင်းပေးနေပုံတွေဟာ ဥပဒေကြောင်းအရ ပြည်သူတွေမှာ အလွန်နစ်နာတာမို့ တရားစွဲရတော့မယ့်အကြောင်းတရားတွေ ဖြစ်နေပါပြီ။

အဲဒီလို မကြာခင် အရူးစာရင်းဝင်တော့မယ့် ပုဂ္ဂိုလ်များနည်းတူ အရူးစာရင်းဝင်လတ္တံ့ပုဂ္ဂိုလ်တွေကလည်း အာဏာရပါတီထဲမှာ တန်းစီပြီးစောင့်နေကြတာ မနည်းမနောပါ။ ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်ဆိုသူတွေရဲ့ အပြောတွေကြောင့် အတော်တရားကျမိပါတယ်။ အာဏာမရဖူးသေးတဲ့ အာဏာရူးတွေဆိုပြီး အတိုက်အခံပါတီကို အပုပ်ချနေတာတွေ၊ ဖုန်းဆင်းကဒ်ကို ၁၅၀၀ နဲ့ရအောင်လုပ်ပေးတဲ့ ကျုပ်တို့ပါတီကို ဘာမပြောင်းဘူးပြောတာလဲ၊ ကားသွင်းခွင့်ရတာတွေ ပြောင်းလဲတာမဟုတ်ဘူးလား၊ စီးပွားရေးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာတာ ကျုပ်တို့အစိုးရကြောင့်မဟုတ်ဘူးလား စသည်ဖြင့် အလေနတောစကားများက စိတ်ပျက်စရာပါ။ တစ်ဖက်ကပြန်ကြည့်ရင် သူတို့က အရင်ခေတ်ရဲ့မကောင်းကွက်တွေကို ချေဖျက်ပြီး ပြောင်းလဲပေးခဲ့တာလို့ဆိုနေလေတော့ အရင်ခေတ်ကအစိုးရဆိုတာလဲ သူတို့ပဲမို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေတာလား၊ ကိုယ့်ကိုယ်ကိုဝေဖန်ရေးလုပ်နေတာလား ဘောင်းဘီချွတ်က ဘောင်းဘီဝတ်ကိုဆဲနေတာလားမသိ ဖြစ်ရပါတော့တယ်။

ပြည်သူတွေက ဒီလိုစကားတွေကိုစိတ်မဝင်စားပါ။ သူများနိုင်ငံတွေမှာ Hand Set ဝယ်ရင် Sim Card အလကားထည့်ပေးနေတာ ရိုးပေါ့။ ဒီတိုင်းပြည်မှာသာ သိန်း ၂၀.၃၀ ပေးပြီး ဝယ်ကိုင်ခဲ့ရတာ။ အစိုးရဆက်သွယ်ရေးလုပ်ငန်းရဲ့ တရားဝင်ရောင်းဈေး ၅ သိန်းထက်ပိုတဲ့ ကျန်ပိုက်ဆံတွေ ဘယ်ထဲစီးဝင်သွားတယ်ဆိုတာလဲသိတယ်။ ဆင်းကဒ်ကို ၅၀၀၀ နဲ့ (ရွှေပြည်တံခွန်) လုပ်ပေးနိုင်တယ်ဆိုတဲ့သူပေါ်လာမှ နိုင်ငံခြားကုမ္ပဏီတွေဝင်ဖို့ စဉ်းစားလာရတာနဲ့ အဲဒီကိစ္စအတွင်းမှာ ဝန်ကြီးဘယ်နှယောက်ပြုတ်သွားရတယ်ဆိုတာကော။ ပြည်သူတွေဟာ အားလုံးကိုစောင့်ကြည့်နေကြတာပါ။ မသိဘူးမထင်ပါနဲ့။ ကားသွင်းခွင့်ပါမစ်ကိစ္စကလည်း အတူတူပါဘဲ။ ပါမစ်တွေကို အဘတို့က ခံစားခွင့်တစ်ခုအနေနဲ့ချီးမြှင့်ပြီး ရစ်ထားတာမို့ ကားတစ်စင်းရဲ့တန်ဖိုးဟာ ကမ္ဘာပေါ်မှာ မကြားဝံ့မနာသာဈေးတွေ ဖြစ်ခဲ့ရတာမဟုတ်လား၊ နောက်ဆုံး ဒီဘက်ခေတ်ရောက်လို့ ကားသွင်းခွင့်တွေပေးလိုက်ပြန်တော့ အလုအယက်သွင်းကြလို့ ခုချိန်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်လာရတဲ့အထိပါ။ အဲဒါလည်း အဆင်ခြင်ဉာဏ်နည်းလို့ဖြစ်ရတာမဟုတ်လား။ ကားဈေးကျသွားတယ်ဆိုလို့ ဘယ်သူမှကျေးဇူးမတင်ပါ။ အခြေခံပြည်သူတွေရဲ့ ဝင်ငွေ လူနေမှုအဆင့်အတန်း မြင့်မားဖို့သာအဓိကပါ။ ကားကျပ်နေတာကိုအကြောင်းပြပြီး အမြန်ဘတ်စ်စကားစနစ်လုပ်မယ်ဆိုပြန်တော့ လေသံပဲဟရသေး သွားလေသူ အာဏာရှင်ဟောင်းအဖေကြီးရဲ့ ထောင်ထွက်မြေးတွေက ဝင်လုပ်ပြန်ဦးမတဲ့။ သင်္ချိုင်းထဲက တစ္ဆေတွေ လူကြားထဲပြန်ရောက်လာသလိုပါပဲ။ သာမန်ပြည်သူတွေ လုပ်စားစရာမရှိလောက်အထိကို လုပ်ငန်းအခွင့်အလမ်းတွေကို အုပ်စီးနေကြသူတွေပါ။

အဲဒီလိုစကားတွေနဲ့ မဲဆွယ်စည်းရုံးနေကြတယ်ဆိုတော့ ကာယကံရှင်တွေကသာမသိတာ ဘယ်သူ့မဲပေးရမှန်းမသိဖြစ်နေတဲ့ သူတွေတောင် သူတို့စကားကြားလိုက်ရတာနဲ့ ဘယ်သူတွေကိုမဲပေးရတော့မယ်ဆိုတာကို ယတိပြတ်ဆုံးဖြတ်သွားနိုင်ခဲ့ကြပါတယ်။ အဲဒီလိုလူမျိုးတွေကိုမှ ရူးခါနီးတွေပါလို့ပြောရင် မှားတယ်လို့ပြောနိုင်ပါဦးမလား။

အဲဒီလိုလူမျိုးတွေနဲ့ သူတို့ရဲ့အခေါင် သမ္မတတို့ UEC ဥက္ကဋ္ဌတို့ နောက်ဆုံး တစ်လက်စထဲ စစ်တပ်ကာချုပ်တို့ကို ပြည်သူတွေက သိစေချင်တာက ဗမာပြည်ဟာ လက်ရှိအခြေအနေကနေ ၆၂ မတ်လ ၁ ရက်နေ့ကအခြေအနေကို ပြန်ရောက်မှသာ ပြောင်းလဲမှုအစစ်အမှန်ဖြစ်တယ်လို့ ယူဆမှာဖြစ်ပြီး အဲဒီအတိုင်း ပြန်ပြောင်းလဲဖို့တောင်းဆိုနေတယ်ဆိုတာကို မသိရင်လည်း ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေရင်လည်း သိအောင်ပြောချင်နေတာဖြစ်တယ်။ အဲဒီတော့ ခုနကပုဂ္ဂိုလ်တွေကိုလည်း တစ်လက်စတည်း သိစေချင်တာက ရူးချင်ယောင်ဆောင်နေတာဆိုရင်တော့ ပြန်သတိလည်ဖို့ဖြစ်ပြီး တကယ့်ကို ရူးတော့မှာပါ ဆိုရင်တော့လည်း မတက်နိုင်တော့ဘူးပေါ့။
__________________________________

လေးစားစွာဖြင့်

Ko Soe Win

Photo.EMG

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ သုဝဏ္ဏတွင် ကျင်းပသော ရွေးကောက်ပွဲ အောင်နိုင်ရေးပွဲ တွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

    ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရလျှင် မည်သူ့ကိုမျှ အာဃာတ မထားဘဲ အတူတွဲ လုပ်ကိုင်လိုကြောင်း အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ သုဝဏ္ဏတွင် ကျင်းပသော ရွေးကောက်ပွဲ အောင်နိုင်ရေးပွဲ တွင် ပြောကြားသည်။

“အားလုံးကို ကျောသား ရင်သားမခွဲ ဆက်ဆံရေးဟာ သိက္ခာရှိတဲ့၊ အဆင့်အတန်းရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းများ အားလုံးရဲ့ တာဝန်ဖြစ်လို့ ဘယ်သူ့ကိုမျှ အာဃာတ မထားဘဲနဲ့ အဖွဲ့ချုပ်က ၁၀၀ ရာခိုင်နှုန်း နိုင်ခဲ့ရင်တောင်မှ လက်ကမ်း ကြိုဆိုပြီး အတူတွဲပြီး လုပ်ချင်တဲ့ စိတ်ရှိပါတယ်လို့ ပြောချင်ပါတယ်” အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ သုဝဏ္ဏတွင် ကျင်းပသော ရွေးကောက်ပွဲ အောင်နိုင်ရေးပွဲသို့ တက်ရောက်လာသော ပြည်သူများ (ဆင်ဟွာ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ သုဝဏ္ဏတွင် ကျင်းပသော ရွေးကောက်ပွဲ အောင်နိုင်ရေးပွဲသို့ တက်ရောက်လာသော ပြည်သူများ (ဆင်ဟွာ)
ရန်ကုန် ပြည်သူများ၏ ထောက်ခံမှုသည် တစ်နိုင်ငံလုံး၏ ထောက်ခံမှုကို ရောင်ပြန်ဟပ်ပြီး ပြည်သူများ၏ အင်အားသည် NLD ၏ အင်အားဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁ ရက် ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲ၌ ပြောကြားခဲ့သည်။

ရွေးကောက်ပွဲသည် နိုင်ငံ၏ အပြောင်းအလဲအတွက် ကြီးမားသည့် အပြောင်းအလဲ ဖြစ်ပြီး အပြောင်းအလဲကို ဖော်ဆောင်ရန် အခွင့်အရေး ဖြစ်ကြောင်း၊ ထိုအခွင့်အရေးကို မိမိရရ အသုံးပြုရန်မှာ နိုင်ငံသူ၊ နိုင်ငံသား အားလုံး၏ တာဝန် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိ ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းများနှင့် မကိုက်ညီသောကြောင့် ကော်မရှင်ထံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အမှုပေါင်း ၁၀၀ နီးပါး တို်င်ထားကြောင်း  ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ မြို့ဦး စေတီတွင် ယနေ့ ကျင်းပခဲ့ပြီး လူဦးရေ သိန်းနှင့်ချီ တက်ရောက် ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

[youtube src="Ds8khZCAVgc"/]
"အခုရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ကျွန်မတို့ အဖွဲ့ချုပ်ကတော့ ပြည်သူတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဒီရွေးကောက်ပွဲ အောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ကူညီကြပါဆိုပြီးတော့ ထပ်တလဲလဲ မေတ္တာ ရပ်ခံပါတယ်။ တချို့ကတော့ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဘယ်လို မသမာတဲ့နည်းတွေနဲ့ ရွေးကောက်ပွဲ နိုင်အောင် လုပ်ရမလဲဆိုပြီး စဉ်းစားနေတဲ့သူတွေလည်း ရှိပါတယ်။ ဒါကျွန်မ အနေနဲ့ ပုတ်ခတ်ချင်လို့ တိုက်ခိုက်ချင်လို့ မဟုတ်ပါဘူး။ အဖြစ်ကို အဖြစ်အတိုင်း မြင်ဖို့ လိုပါတယ်။ ကျွန်မတို့ သတိနေရာမှာ မလစ်ဟင်းအောင်လို့ ပြောတာပါ။ သတိဆိုတာ လွန်ကဲတယ်ရယ်လို့ မရှိနိုင်ဘူးဆိုတာ တရားတော်ထဲမှာလည်း ပါပါတယ်။ အခုအခြေအနေမှာလည်း ဒီအတိုင်းပါပဲ။ ကျွန်မတို့ အားလုံး အင်မတန်မှ သတိနဲ့ ပြည့်ဝရပါလိမ့်မယ်။ ကျွန်မတို့ နိုင်ငံကို ကျွန်မတို့ အေးချမ်းစေချင်တယ်။ ချမ်းသာစေချင်တယ်။ တိုးတက်စေချင်တယ်။ ဒီရွေးကောက်ပွဲဟာ ဒီလို အေးချမ်းရေး၊ ညီညွှတ်ရေး၊ တိုးတက်ရေးအတွက် အခြေချလိုက်တဲ့ ပွဲကြီးတစ်ခု ဖြစ်စေချင်ပါတယ်။ အဲဒီတော့ ကျွန်မတို့ ဒီရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ကျွန်မတို့ ပြည်သူလူထုက ဘယ်လောက် စည်းကမ်းရှိရှိ၊ ဘယ်လောက်မှန်မှန်၊ ဘယ်လောက် စိတ်ထားပြည့်ဝစွာနဲ့ ဒီရွေးကောက်ပွဲကို ဖြစ်မြောက်အောင် လုပ်သွားတယ်ဆိုတာ တစ်ကမ္ဘာလုံးက မြင်စေချင်တယ်။ အသိအမှတ်ပြုစေချင်တယ်။ ဒါကြောင့် ကျွန်မတို့ နိုင်အောင်လုပ်မယ်။ မှန်ကန်တဲ့နည်းနဲ့ နိုင်အောင်လုပ်မယ်။ ကျွန်မတို့ ပြည်သူတွေ မခံချင်အောင်လို့ ဆွတာရှိရင် အဲဒီဟာတွေကို ဒါကြောင့်မို့လို့ လမ်းမလွှဲပါစေနဲ့။ ကိုယ့်ရဲ့ စိတ်ဓာတ်က ပိုပြီးတော့ ခိုင်သလား။ အဖျက်သမားတွေရဲ့ စိတ်ဓာတ်က ပိုပြီးတော့ ပြင်းသလားဆိုတာ ပြိုင်ကြစို့လို့ ကျွန်မက ဒီလိုပဲ ပြောချင်ပါတယ်"

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွေအနက် အကြီးကျယ်ဆုံးဖြစ်တဲ့ သုဝဏ္ဏ မြို့ဦးစေတီကွင်း ဟောပြောပွဲကို နိုဝင်ဘာ ၁ ရက်၊ ညနေ ၄ နာရီကျော်မှာ စတင်ခဲ့ပါတယ်။ ရန်ကုန်မြို့အတွက် ပွဲသိမ်းသတ်မှတ်နိုင်ပြီး ရန်ကုန်လူထုရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံတဲ့ပွဲကို ကွင်းပြည့်လျှံတဲ့အထိ လူသိန်းချီ လာရောက်ကြတာကို တွေ့ရပါတယ်)

Eleven Media Group
[ads-post]

အစိုးရလုပ်ပေးရမယ့်အထဲမှာ မီးရအောင် ရေရအောင် လုပ်ပေးတာလည်းပါတယ်
လမ်းတွေလုပ်ပေးရတာလည်းပါတယ်
အဲဒါပြည်သူ့ဘဏ္ဍာနဲ့လုပ်တာ ကျေးဇူးတင်စရာမလိုဘူး
မလုပ်ပေးရင်တော့ အပြစ်တင်ကြရမယ်
အခုအစိုးရသည်
နှစ်၅၀အုပ်ချူပ်ခဲ့ပြီးပြီ ပြည်သူတွေလည်းအတွေ့ကြုံအမျိုးရခဲ့ပြီးပြီ
ကျွန်မတို့ နောက်တဖွဲ့ကိုပြောင်းပြီးခိုင်းကြရအောင်ပါ
မခိုင်ရေ ကျေးဇူးတင်ပါတယ်
ပြည်သူချစ်တဲ့အနုပညာရှင် ပီသပါပေတယ်

(ရိုက်ကူး - စည်သူမောင်မောင်၊ မဇ္ဈိမ)

NLD အောင်နိုင်ရေးအတွက် အနုပညာရှင်များ ဖျော်ဖြေ
လက်ရှိတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင် မဲဆန္ဒနယ်တွင #NLD အောင်နိုင်ရေးအတွက် အနုပညာရှင်များ ဖျော်ဖြေ (ရိုက်ကူး - စည်သူမောင်မောင်၊ မဇ္ဈိမ)
Posted by Mizzima - News in Burmese on Saturday, October 31, 2015

ရန်ကုန်ပြည်သူများ၏ ထောက်ခံမှုသည် တစ်နိုင်ငံလုံး၏ ထောက်ခံမှုကို ရောင်ပြန်ဟပ်ပြီး ပြည်သူများ၏ အင်အားသည် NLD ၏ အင်အားဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁ ရက် ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲ၌ ပြောကြားခဲ့သည်။

"ကျွန်မတို့ကိုလာပြီးတဲ့ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ပြည်သူရဲ့အင်အားဟာ ကျွန်မတို့ အင်အားပါ။ အခုရန်ကုန်တိုင်းမှာ ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာရှိတဲ့ ပြည်သူလူထု အလွှာအသီးသီး အတန်းအစားအသီးသီး တိုင်းရင်းသားအသီးသီးကို တွေ့နိုင်တဲ့တိုင်းဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းရဲ့ထောက်ခံမှုဆိုတာ ကျွန်မတို့ တစ်နိုင်ငံလုံးရဲ့ ထောက်ခံမှုကို
ရောင်ပြန်ဟပ်တယ်လို့ ကျွန်မတို့ ဒီလိုပဲယူဆပါတယ် ။ ရန်ကုန်တိုင်းရဲ့အားပေးမှုဟာ ကျွန်မတို့ရဲ့ ရွေးကောက်ပွဲ့ ရလဒ်အတွက် အင်မတန်မှကောင်းပါတယ်။ ကျွန်မတို့ဟာ တရားသဖြင့်နဲ့ ၈ ရက်မှာ ကျရောက်မယ့် ရွေးကောက်ပွဲကို အားလုံးအတူ လက်တွဲပြီးတော့ သွားနိုင်မယ်လို့လည်း ကျွန်မက ယုံကြည်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် ရွေးကောက်ပွဲသည် နိုင်ငံ၏အပြောင်းအလဲအတွက် ကြီးမားသည့် အပြောင်းအလဲဖြစ်ပြီး အပြောင်းအလဲကို ဖော်ဆောင်ရန် အခွင့်အရေးဖြစ်ကြောင်း၊ ထိုအခွင့်အရေးကို မိမိရရ အသုံးပြုရန်မှာ နိုင်ငံသူ၊ နိုင်ငံသား အားလုံး၏ တာဝန်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံကိုထူထောင်ရာတွင် ငြိမ်းချမ်းအောင်၊ တိုးတက်အောင် လုပ်ဆောင်ရန် နိုင်ငံသူနိုင်ငံသားများ၏ ပါဝင်မှုက အဓိကဖြစ်ပြီး "နိုင်ငံသူ နိုင်ငံသားများမပါဘဲ ငါတို့ချည်းပဲ လုပ်မည်" ဆိုသည်မှာ အာဏာရှင်စနစ်သာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့သည်။

“ကျွန်မတို့ ဒီနေ့မှာဆိုရင် ဘဘ ဦးတင်ဦးနဲ့ ကျွန်မနဲ့ အတူတူ ပြည်သူလူထုကို ဟောပြောတာပေါ့။ ဘဘ ဦးတင်ဦးနဲ့ ကျွန်မဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် စတင်ပြီးတော့ ထူထောင်ကတည်းက ကျွန်မတို့အတူ လက်တွဲပြီးတော့ လုပ်ခဲ့တာပါ။ ကျွန်မတို့ဟာ တပ်မတော်နဲ့ ပြည်သူ ကြည်ဖြူရေးရဲ့ သင်္ကေတဖြစ်ပါတယ်လို့ ကျွန်မပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။

ထို့အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တစ်ဦးဖြစ်သူ ဦးတင်ဦးနှင့် ပတ်သက်ပြီး နိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။

“အဲ့ဒီလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ယောက် ကျွန်မတို့နိုင်ငံမှာ ရှိခဲ့တယ်ဆိုတာ ဒီနိုင်ငံအတွက် အင်မတန်မှ ဂုဏ်ယူစရာဖြစ်ပါတယ်။ နောင်လည်း ဒီလိုဂုဏ်ယူစရာကိစ္စတွေ ဖြစ်ပေါ်ပါစေလို့ ကျွန်မအနေနဲ့ ဆုတောင်းပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရာနှုန်းပြည့် အနိုင်ရချင်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“အားလုံးကို ကျောသားရင်သားမခွဲ ဆက်ဆံရေးဟာ သိက္ခာရှိတဲ့၊ အဆင့်အတန်းရှိတဲ့၊ နိုင်ငံရေးအဖွဲ့အစည်းများအားလုံးရဲ့ တာဝန်ဖြစ်လို့ ဘယ်သူ့ကိုမှ အာဃာတမထားဘဲနဲ့ အဖွဲ့ချုပ်က ၁၀၀ ရာခိုင်နှုန်း နိုင်ခဲ့ရင်တောင်မှ လက်ကမ်းကြိုဆိုပြီး အတူတွဲပြီး လုပ်ချင်တဲ့စိတ် ရှိပါတယ်လို့ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။

(ဓာတ်ပုံ - ကြည်နိုင်၊ စုမှူးနိုင်)
Eleven Media Group

ဓားဖြင့်ခုတ်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ သာကေတမြို့နယ်၊ ရန်ကုန်တိုင်းလွှတ်တော်အမတ်လောင်း ဦးနိုင်ငံလင်းကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် ဓာတ်မှန်ရိုက်အပြီး ထွက်လာစဉ် ။ (ဓာတ်ပုံ-သက်ကို၊မဇ္ဈိမ)

အောက်တိုဘာလ ညပိုင်းက သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဲဆွယ်စည်းရုံးရေး အလှပြယာဉ်များ လှည့်လည်လာစဉ် လူတစ်ဦးက ဓါးနဲ့ လိုက်ခုတ်လို့ လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ ပါတီဝင်အချို့  ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

တခါ ဒီကနေ့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပုံနှင့်တကွ တက်လာတဲ့ သတင်းတစ်ပုဒ်မှာက ကျောက်ပန်းတောင်းမြို့မှာ မဲဆွယ်စည်းရုံးနေရေး လုပ်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူတွေရှိရာကို ထွန်စက်တစ်စီး လမ်းပြောင်းပြန်ဝင်လာပြီး လူတစ်ယောက်က ရုန့်ရင်းကြမ်းတမ်းစွာ စိန်ခေါ်ဆဲမှု ဖြစ်ခဲ့တယ်လို့ တွေ့ရပါတယ်။

ဒီိလို ဥပမာပေးရတဲ့ အချက်တွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရယ်လို့ မဟုတ်ပါဘူး။ ဘယ်နိုင်ငံရေးပါတီကိုမဆို အခုလို တရားလက်မဲ့ ပြုလို့မရတဲ့ ကိစ္စများဖြစ်တယ်ဆိုတာ ပြချင်လို့ ဥပမာပေးလိုက်တာပါ။ ဒီအချက်တွေဟာ လာမယ့် ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု မဖြစ်အောင် ခြိမ်းခြောက်လိုက်တဲ့ သဘောပါပဲ။

မိမိတို့နိုင်ငံက မကြာမီ ကျင်းပမယ့် ရွေးကောက်ပွဲဆိုတာ ရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင်က ၃၀ ရာခိုင်နှုန်းသာ မှန်တယ် အာမခံနိုင်တယ်လို့ ဝန်ခံထားတဲ့ မဲစာရင်းတွေအပေါ် မူတည်ပြီး ကျင်းပကြရမှာပါ။ ရွေးကောက်ပွဲ နီးလာလေလေ မဲစာရင်း မမှားတဲ့ နေရာရယ်လို့ မရှိလောက်အောင် ဖြစ်နေတာတွေကိုလည်း ဆက်တိုက် ကြားနေကြရပါတယ်။ ဒီလိုမှားနေတယ်ဆိုတဲ့ နေရာမှာ တချို့နေ ရာတွေမှာ တပ်မတော်သား မဲဆန္ဒရှင်စာရင်းတွေ ပိုများနေတယ်ဆိုတဲ့ သတင်းတွေ၊ မဲပေးပုံပေးနည်း ခက်ခဲလွန်းလို့ မဲပေးတဲ့ အလေ့အကျင့် မရှိခဲ့ကြဖူးသေးတဲ့ မဲဆန္ဒရှင်တွေအဖို့ ပယ်မဲဖြစ်ဖို့က များနေတဲ့ အကြောင်း ဥပမာ တံဆိပ်တုံးထုအပြီး မင်မခြောက်သေးခင် မဲကို ခေါက်လိုက်ရင် မင်စွန်းသွားစေမှာဖြစ်ပြီး ပယ်မဲဖြစ်နိုင်တယ်ဆိုတဲ့ အသေးစိတ် အခက်အခဲကအစ ဒီလို အခက်အခဲနဲ့ မှားယွင်းမှုတွေဟာ မဲဆန္ဒရှင်တွေကို စိတ်ရှုပ်ထွေးစေ၊ မသင်္ကာဖြစ်စေ၊ ဒေါသ ဖြစ်လာစေတဲ့အထိ တွန်းပို့သလို ဖြစ်စေနိုင်ပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးခဲ့စဉ်တုန်းက မဲစာရင်းတွေ နိုင်ငံမှားပို့တဲ့ အနေအထားကစပြီး မဲစာရင်း မပြည့်စုံတာတွေ မဲစာရင်း မှားနေတာတွေကြောင့် နိုင်ငံတကာမှာ အုတ်အော်သောင်းနင်း သတင်းတွေ ထွက်ပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့  မကျေနပ်တဲ့ အသံတွေ ကြားခဲ့ကြရပါတယ်။

မဲဆွယ်စည်းရုံးစဉ် ကာလမှာ နိုင်ငံရေး ပါတီကြီးတစ်ခုက နိုင်ငံပိုင် သတင်းစာတွေ၊ နိုင်ငံပိုင်ကားတွေကို အသုံးပြု မဲဆွယ်စည်းရုံးကြတဲ့ သတင်းကိုလည်း တွေ့နေ ကြားနေကြရပါတယ်။ ဒါဟာလည်း တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ မဖြစ်အောင် ဖန်တီးနေသလိုပါပဲ။

သည်လို အခြေအနေမျိုးမှာ အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ သည်လို ပြဿနာကို ထိန်းထိန်းသိမ်းသိမ်း လုပ်ရပါလိမ့်မယ်။ အနိမ့်ဆုံးအဆင့် ဥပဒေအရ အရေးယူတာမျိုးအပြင် ပြစ်မှုကျူးလွန်သူများ၊ ဥပဒေနဲ့ မညီညွတ်တဲ့ အပြုအမူများ မပြုလုပ်မိကြဖို့ တိုက်တွန်းရပါလိမ့်မယ်။ ရွေးကောက်ပွဲ နီးလာချိန်မှာ တနိုင်ငံလုံး စစ်မှန်ပြီး တည်ငြိမ်အေးချမ်းတဲ့ ရွေးကောက်ပွဲ တစ်ခု ဖြစ်လာစေရေး ဝိုင်းဝန်း ကူညီ ထိန်းသိမ်းကြဖို့ တိုက်တွန်း နှိုးဆော်သင့်ပါတယ်။

သို့သော်လည်းပဲ ကော်မရှင်ဥက္ကဋ္ဌရဲ့သတင်းဌာနတစ်ခုကို ထုတ်ဖေါ် ပြောဆိုတဲ့စကားမှာ အခြေအနေတွေကို ထိန်းဖို့ သဘောမပါရှိပဲ ပြဿနာတွေကို မျက်ကွယ်ပြုတဲ့သဘော မည်သည့် ပြဿနာမှ မရှိသည့်သဘော သက်ဝင်သည့်စကားကို ပြောသွားခဲ့ပါတယ်။

ငြိမ်းချမ်းမရယူနိုင်သေးတဲ့ နေရာနဲ့ သဘာဝဘေးဥပါဒ် ဖြစ်နေတဲ့ နေရာတချို့ကလွဲပြီး ကျန်ဒေသများမှာ တည်ငြိမ်စွာနဲ့ ရွေးကောက်ပွဲ လမ်းကြောင်းဟာ ဆက်သွားနေတဲ့သဘော ပြောခဲ့ပါတယ်။

မိမိတို့ အနေနဲ့ကတော့ ရွေးကောက်ပွဲဟာ လူတွေရဲ့ စိုးရိမ်မှု မသင်္ကာဖြစ်မှု၊ စိတ်ဝမ်းကွဲမှုနဲ့ ရှုပ်ထွေးမှုများအောက်မှာ သွားနေကြရတယ်လို့ ယူဆပါတယ်။ တရားဥပဒေကို ပြောင်စိန်ခေါ်မှု အောက်က ရွေးကောက်ပွဲ လမ်းကြောင်းပေါ် သွားနေကြရတယ်လို့ ယူဆပါတယ်။

ဒါကြောင့်မို့ မိမိတို့ ပြည်သူများအနေနဲ့ကတော့ လာမယ့် ရွေးကောက်ပွဲကို အေးချမ်းမျှတစွာ ဖြစ်မြောက်စေရေး သတိကြီးစွာထား လျှောက်လှမ်း သွားနိုင်ကြဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။
Mizzima - News in Burmese

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြု လုပ်မည့် ရွေးကောက်ပွဲတွင် ဥပဒေနှင့် အညီ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများအား ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေ ရန် မဲဆန္ဒရှင်သက်သေခံ လက်မှတ် များကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ၇ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီ အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေးနေပြီ ဖြစ်သည်။

မဲဆန္ဒရှင်သက်သေခံလက်မှတ် ထုတ်ယူခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ပါသဖြင့် ထုတ်ယူကြရန် တိုက်တွန်းအပ်ပါသည် –

က) မဲစာရင်းပါကြောင်းနှင့် မဲပေးခွင့်ရရှိကြောင်း သေချာခိုင်လုံစေသည်။

ခ) မည်သည့်မဲရုံတွင် မဲပေးရမည်ဖြစ်ကြောင်း သိရှိနိုင်မည်။

ဂ) မဲစာရင်းအမှတ်စဉ်ဖော်ပြထားသဖြင့် မဲစာရင်းစိစစ် လက်မှတ်ရေးထိုး ရာတွင် လည်းကောင်း၊ မဲလက်မှတ်ထုတ်ယူရာတွင်လည်းကောင်း လွယ်ကူမြန်ဆန်စေမည်။

ဃ) စိစစ်ချိန်တွင် မှတ်ပုံတင်အစား ဤလက်မှတ်ဖြင့် အထောက် အထားပြသနိုင်မည်။

င) မဲစာရင်းမှန်ကန်ရေး အထောက်အကူဖြစ်စေမည်။

မဲပေးမည့်ရက်တွင် မဲရုံတစ်ရုံအတွက် မဲပေးမည့် မဲဆန္ဒရှင်ပေါင်း ၃ဝဝ မှ ၃ဝဝဝ အထိရှိနိုင်တဲ့အတွက် မိမိ အမည်စာရင်းကို မဲစာရင်းတွင်ရှာရာတွင်ကြာနေပါသည်။ ဒါကြောင့် မိမိအမည်ကို မဲစာရင်းတွင်ရှာရာတွင် ပိုမိုလွယ်ကူလျင်မြန်စေရန် ကြိုတင်ပြီး မိမိမဲရုံ၊ မိမိ မဲစာရင်းအမှတ်စဉ် တို့ကို မဲဆန္ဒရှင်သက်သေခံလက်မှတ် ထုတ်ယူခြင်းဖြင့် ကြိုတင် သိရှိပြီး ပိုမိုမြန်ဆန်စေပါသည်။

ဒါကြောင့် ယနေ့မှ စတင်ပြီး မဲဆန္ဒရှင်သက်သေခံလက်မှတ် ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွင် မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စုဇယားပြ၍ သွားရောက်ထုတ်ယူကြပါရန် တိုက်တွန်းအပ်ပါသည်။

The Ladies News Journal

 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ သုဝဏ္ဏ မြို့ဦးစေတီ ဘောလုံးကွင်းတွင် နိုဝင်ဘာလ ၁ ရက်နေ့ ယနေ့မွန်းလွဲ ၄ နာရီက ဟောပြောသော မိန့်ခွန်း ကောက်နုတ်ချက်
"အားလုံးကို ကျောသားရင်သားမခွဲ ဆက်ဆံရေးဟာ သိက္ခာရှိတဲ့၊ အဆင့်အတန်းရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းများအားလုံးရဲ့ တာဝန်ဖြစ်လို့ ဘယ်သူ့ကိုမှ အာဃာတ မထားဘဲနဲ့ အဖွဲ့ချုပ်က ၁၀၀ ရာခိုင်နှုန်း နိုင်ခဲ့ရင်တောင်မှ လက်ကမ်းကြိုဆိုပြီး အတူတွဲပြီးလုပ်ချင်တဲ့စိတ်ရှိပါတယ်လို့ ပြောချင်ပါတယ်"


သုဝဏ္ဏမြို့ဦးစေတီ ဘောလုံးကွင်းတွင် နိုဝင်ဘာလ ၁ ရက်နေ့ ယနေ့မွန်းလွဲ ၄ နာရီက ဟောပြောသောမိန့်ခွန်းကောက်နုတ်ချက်

Posted by National League for Democracy on Sunday, November 1, 2015

“ ခင်ဗျား … ထပါ ” တော်လှန်ကဗျာကို ပြန်လည်ခံစားခြင်း

ရက်စက်ကြမ်းကျုတ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဖိနှိပ်မှု့ဒါဏ်မခံနိုင်တဲ့အဆုံး အလွန်သီးခံခွင့်လွှတ်တတ်တဲ့ မြန်မာနိုင်ငံသားတွေဟာ ၁၉၈၈ ခုနှစ် သြဂုတ်လ (၈) ရက်နေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့  လမ်းမတွေပေါ် ထွက်ပြီး မတရားမှု့ကို လက်မခံနိုင်တော့ကြောင်း ဆန္ဒထုတ်ဖေါ်ခဲ့ကြတယ်။

မြန်မာ့သမိုင်းမှာတင်မက ကမ္ဘာ့ သမိုင်းမှာပါ ထင်ရှားကျော်ကြားခဲ့တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးနဲ့ ပြည်သူလူထုရဲ့ဆန္ဒကို စစ်အာဏာရှင်တွေဟာ အသိအမှတ်မပြုယုံမက နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဘို့ မကျိုးစားဘဲ လက်နက်အားကိုးနဲ့ သွေးချောင်းစီးသတ်ဖြတ်နှိမ်နှင်းပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈) ရက်နေ့မှာ သမိုင်းဆိုးကို ကမ္ဗည်းထိုးလို့ ပြည်သူ့ ဒီမိုကရေစီအရေးတော်ပုံကြီးကို အနိုင်ကျင့် ဖြိုခွဲခဲ့တယ်။
အဲ့ဒီလို တောရိုင်းဥပဒေသနဲ့ မိဘပြည်သူတွေအပေါ် သတ်ဖြတ်အနိုင်ကျင့်ယုံတင်မက အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ မဟာဂန္ဓဝင်ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်လာရတဲ့ အကြောင်းတရားအရင်းခံ သမိုင်းအမှန် တွေကို ဖုံးကွယ်ဖျောက်ဖျ က်ထားခဲ့တယ်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု့တည်ဆောက်ရေးအဖွဲ့ ဆိုတဲ့ အမည်နာမကိုယူပြီး မမှန်ကန်တဲ့နည်းလမ်းတွေသုံးပြီး နေ့စဉ်ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာတွေကနေ သမိုင်းအမှားတွေ ထပ်ဖန်တလဲလဲ ထုတ်ပြန်လိမ်ညာခဲ့တယ်။ ဒါကြောင့်ပြည်သူတွေဟာ အာဏာသိမ်းအစိုးရကို ကလိန်စေ့ငြမ်းစင် ငြိမ်ပိလမ်းစဉ်လို့ သရော်ခဲ့ကြတယ်။ အများပြည်သူတွေဟာ နေ့ တဓူဝ မဟုတ်ကဟုတ်က တွေ န၀တစစ်အစိုးရရဲ့ လုပ်ကြံသတင်းဖြန့် ဗြောင်လိမ်နေမှု့တွေအပေါ် အိမ်ထဲကနေ တောက်တခေါက်ခေါက် အံတကြိတ်ကြိတ်ဖြစ်ရင်း စစ်အာဏာရှင်တွေကို ကျိန်ဆဲနေခဲ့ကြတယ်။
န၀တအမည်ခံ အာဏာသိမ်းအစိုးရရဲ့စစ်ထောက်လှမ်းရေးတွေဟာ သူတို့ အာဏာသိမ်းမှု့ကို ဆန့် ကျင် ဖီဆန်တဲ့သူမှန်သမျှကို မလှန်ရဲအောင် တနိုင်ငံလုံးက သပိတ်ခေါင်းဆောင်တွေ၊ ကျောင်းသူကျောင်းသား၊ ရဟန်းသံဃာတွေအပါအ၀င် ဒီမိုကရေစီအင်အားစုတွေကို ရက်ရက်စက်စက် ဖမ်းဆီးညှင်းပမ်းနှိပ်စက် ထောင်ချခဲ့တယ်။ အကြောက်တရား မိုးတိမ်ထုကြီး မြန်မာတနိုင်ငံလုံး အုံ့ ဆိုင်းသွားအောင် လက်နက်နဲ့  အာဏာကို အလွှဲသုံးစားပြုခဲ့ကြတယ်။
ငြိမ်ဝပ်ပိပြားမှု့တည်ဆောက်ရေးဆိုတဲ့ နာမည်ယူပုံကို ကြည့်လိုက်ရင်ကိုဘဲ အာဏာသိမ်းစစ်အစိုးရရဲ့ ပြည်သူတွေအပေါ်ထားခဲ့တဲ့ အာဃာတ ဘယ်လောက်ကြီးမားတယ်ဆိုတာ မြင်သာပါတယ်။ သူတို့ (၂၆) နှစ်လုံးလုံးစိတ်တိုင်းကျ အနိုင်ကျင့် ဗိုလ်ကျခဲ့တာကို ကမ္ဘာသိ အရှက်တကွဲအကျိုးနည်းဖြစ်အောင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အုံကြွတော်လှန်တာခံခဲ့ရမှု့အပေါ် ပြည်သူတွေကို မိုက်မိုက်မဲမဲ လက်စားခြေခဲ့တာပါဘဲ။

စစ်တိုင်းမှူးတွေကို ပဒေသရာဇ်စစ်မင်းတွေလို လုပ်ခြင်သလို လုပ်ပိုင်ခွင့်အာဏာအပြည့်ပေးပြီး တိုင်းရင်းသားမိဘပြည်သူတွေအပေါ် ပြင်းပြင်းထန်ထန်နှိပ်ကွပ်စေပြီး ငြိမ်ဝပ်ပိပြား၊ တုံးအောက်က ဖါးတွေလိုဖြစ်အောင် နိုင်တဲ့အချိန်မှာ ရှုံးဖို့ မချန်ဘဲ ရက်စက်ခဲ့ကြတာပါ။ သူတို့ ကိုဆန့် ကျင်သူဆိုရင် ဘုရားသားတော် သံဃာတော်အရှင်သူမြတ်တွေ၊ ထေကြီးဝါကြီးဆရာတော်ကြီးတွေ၊ တိပိဋကနှုတ်ငုံရတဲ့ ဆရာတော်ပါမချန် သင်္ကန်းဝတ်လို့ ခေါ်ဝေါ်သမုဒ်ပြီး ဇွတ်အဓ္ဓမ သင်္ကန်းချွတ်၊ ရိုက်နှက်ညှင်းပမ်းနှိပ်စက် ထောင်ချယုံမက ရာဇ၀ါတ်သားတွေလို ရဲဘက်အကျဉ်းစခန်းတွေဆီ ပို့ ခဲ့တာ အားလုံးသိပြီးသားပါ။

ဝန်ထမ်းတွေကိုလည်း နိုင်ငံရေးနဲ့ မပတ်သက်အောင်ရဲအောင် ရှစ်လေးလုံးအရေးအခင်းကြီးမှာ ပါဝင်ခဲ့သလား စတဲ့ အချက် (၃၃) ချက်ပါတဲ့ မေးခွန်းတွေဖြေခိုင်းပြီး ခြိမ်းခြောက်အလုပ်ဖြုတ်၊ ထင်ရာလုပ်ခဲ့ကြတယ်။ ကျောင်းဆရာ၊ ဆရာမတွေကိုလည်း ကျောင်းသားတွေကို ထိန်းဖို့ ဝန်ခံကတိလက်မှတ်တွေ ဖိအားပေးထိုးစေခဲ့တယ်။ တိုးတက်တဲ့အမြင်ရှိတဲ့ ကျောင်းသားတွေကိုလည်း ကျောင်းတက်ခွင့်ပိတ်ပင် ကျောင်းထုတ်ပစ်ပြီး ပညာရေးဘ၀တွေကို အညွှန့် ချိုးခဲ့တယ်။
ပြိုပျက်ယိုယွင်းနေတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးပြဿနာတွေကို ပိုဆိုးဝါးအောင် ဆေးမြီးတိုနည်းလမ်းသုံးပြီး ၀န်ထမ်းတွေကို လစာတိုးပေးခြင်းနဲ့ ချွေးသိပ်ခဲ့တယ်။ ထိရောက်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု့တွေမလုပ်ဖဲ ပြည်သူ့ ဘဏ္ဍာကို အသုံးပြုပြီး လူပြိန်းကြိုက် တနပ်စားကျေးဇူးရှင်အထင်ခံရအောင်လုပ်ခဲ့တာပါ။
ပြည်သူပိုင်မြေနေရာတွေကို ဓါးမြတိုက်သိမ်းပိုက်ပြီး စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇ၀ါတ်မှု့တွေကို ထောက်ခံတဲ့ နောက်လိုက်နောက်ပါတွေဟာ ဘိုးမွေဘမွေခွဲယူသလို သိမ်းပိုက်ခဲ့ကြတယ်။ နိုင်ငံရေးစကားနဲ့  ပြောရရင် ဆိုးဖေါ်မိုက်ဖက်တွေများလာအောင် မြေကွက်တွေချပေး၊ တိုက်ခန်းတွေပေး၊ သစ်ခုတ်ခွင့်တွေပေး၊ ကားပါမစ်၊ တယ်လီဖုန်းတွေပေးပြီး အမှု့တွဲခေါ်ခဲ့တာပါ။
အသိနိမ့်ကျပြီး ကိုယ်ကျင့်သီလမကောင်းသူတွေဟာ မရယူထိုက်တဲ့ သူတို့ ရတဲ့ အခွင်းအရေးတွေဟာ ပြည်သူပိုင်ပစ္စည်းလို့ မမြင်တတ်တော့ ပေးတဲ့သူ စစ်အာဏာရှင်ဗိုလ်ချုပ်တွေကို ကျေးဇူးရှင်ထင်မှတ်ပြီး မိဘထက်တောင်ကျေးဇူးကြီင်္းသယောင် အဘခြင်းမိုးမွှန်အောင်ခေါ်ခဲ့ကြ၊ ထောက်ခံခဲ့ကြတာ ဒီနေ့ အထိတိုင် မဟုတ်လား။

တကယ်တော့ န၀တ၊ နအဖ အာဏာသိမ်းအစိုးရဆိုတာ မသန့် ရှင်းတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ လိမ်လည်ပြီး လက်ရှိတိုင်းပြည်အစိုးရတက်လုပ်နေတဲ့ ဦးသိန်းစိန်တို ရဲ့ စစ်ဘောင်းဘီချွတ်အစိုးရပါဘဲ။ ဦးသိန်းစိန်ကိုယ်တိုင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု့တည်ဆောက်ရေးအဖွဲ့ မှာ အဆင့်မြင့်ရာထူးနဲ့ တိုင်းပြည်ကို စိမ်ပြေနပြေ ဖျက်ဆီးခဲ့ရာ မှာပါဝင်ခဲ့တာပါ။ အဆိုးဝါးဆုံးအချက်ကတော့ မြန်မာနိုင်ငံကို ထာဝရစစ်ကျွန်ပြုဖို့ ပြည်သူတွေရဲ့နောက်ကျော ကို ဓါးတဆုံးထိုးသွင်းထားသလို အကြံပက်စက်တဲ့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာမှာ သဘာပတိတာဝန်ယူခဲ့တဲ့ သမိုင်းတရားခံလည်းဖြစ်ပါတယ်။

စစ်အာဏာရှင်တွေ တိုင်းပြည်အပေါ်ဖျက်ဆီးကျူးလွန်ခဲ့တာတွေရေးမယ်ဆိုရင် မကုန်နိုင်မခမ်းနိုင်အောင်ပါဘဲ။ ဒီဆောင်းပါးမှာရေးခြင်တာက အာဏာသိမ်းပြီးစ ၁၉၈၈/၈၉ ကာလတွေတုံးက စစ်ဦးဘီလူးဆိုသလို အလွန်ပြင်းထန်တဲ့ ဖိနှိပ်မှု့ယန္တရား စစ်သံကွန်ညှပ်ကြီးအောက်မှာ ပြည်သူလူထုကို သွေးမအေးစေဖို့ ၊ အကြောက်တရားက လွန်မြောက်ပြီ နိုင်ငံရေးနိုးကြားလာစေဖို့ ပြည်သူချစ်တဲ့ ကဗျာစာဆိုတော်ကြီးတွေဟာ သူတို့ ရဲ့ကလောင်စွမ်းနဲ့ လမ်းပြနိုးဆော်ခဲ့ကြတဲ့အကြောင်းပါ။ ကျွန်တော်တို့ ချစ်တဲ့ ကဗျာက၀ိ ဖန်လ်မီးအိမ်ရှင် ဆရာတင်မိုးတို့ ၊ နဘေဆရာမောင်ခိုင်မာတို့ ရဲ့ တော်လှန်ကဗျာတွေဟာ ပြည်သူတွေရဲ့နှလုံးသားကို သိမ်းကျုံးငြို့ငင်ဆွဲထင်ရစ်စေခဲ့ပါတယ်။

“ တုနှိုင်းမရတဲ့ ဒို့ သမိုင်းအလှ” ၊ “ ကွန်မြူနစ်ဆန့် ကျင်ရေးလူကြီးမင်းများ” စတဲ့ ဂန္တ၀င်ကဗျာတွေလိုဘဲ (၁၉၈၉) ခုနှစ်မှာပေါ်ပေါက်ခဲ့တဲ့ “ ခင်ဗျား … ထပါ ” တော်လှန်ကဗျာဟာ ဖတ်ရသူတွေကို နိုင်ငံရေးအမြင် တော်လှန်ရေးအသိ၊ ထိထိမိမိပေးစွမ်း လှုပ်နိုးနိုင်ပါတယ်။ စာရေးသူအမှတ်မမှားဘူးဆိုရင် ဒီကဗျာကို ဖွဲ့ သီခဲ့သူဟာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မန္တလေးမြို့က နံမည်ကျော် လမင်းတရာအငြိမ့်ပိုင်ရှင် ဇါတ်ဆရာ ဆရာဦးမြတ်မှိုင်းပါ။

“ ခင်ဗျား … ထပါ ” ကဗျာနဲ့ တကွ အထက်မှာရေးပြခဲ့တဲ့ ဂန္တ၀င်ကဗျာတွေဟာ စစ်ထောက်လှမ်းရေးတွေ ခြေချင်းလိမ်ပြီး ပိုက်စိပ်တိုက်ဖမ်းဆီးနေတဲ့ကာလ ၁၉၈၉ ခုနှစ်ထဲမှာ “ အလင်းရောင် ” ဆိုတဲ့ အပတ်စဉ် စာစောင်နဲ့ အတူ “ စစ်ဖိနပ်အောက်ကဗမာပြည် ( Burma Under The Boot ) ” ဘာသာပြန်ဆောင်းပါး စတဲ့ ကောင်းနိုးရာရာ လှုံ့ဆော်စာကောင်းများစွာကို နိုင်ငံရေးစိတ် ပြန်လည်နိုးကြားလာစေဘို့ ရည်ရွယ်ပြီး

မန္တလေးမြို့ခံသံဃာတော်အရှင်သူမြတ်များ၊ ဈေးချိုတော်အသိုင်းအ၀ိုင်း၊ စာပေအနုပညာနယ်ကပုဂ္ဂိုလ်အချို့  အကူအညီနဲ့  ဂက်စ်တက်နာ လက်လှည့် စာကူးစက်နဲ့ လိမ့်တဲ့အခါလိမ့်၊ စာကူးစက်မရတဲ့အခါ မီးချောင်းတွေနဲ့ လိမ့်လို့  ပင်ပမ်းဆင်းရဲကြီးစွာ ကော်ပီပေါင်းသောင်းချီ ကူးယူဖြန့် ချီခဲ့ကြတာပါ။
(၁၉၈၈)ခုနှစ် ကနေရေတွက်ရင် စစ်အာဏာသိမ်းမှု့ နှစ်ပေါင်း (၂၇) နှစ်ကျော်ကြာမြင့်ခဲ့ပေမဲ့ စစ်အာဏာရှင် သံကွန်ညှပ်အောက်က ခုချိန်ထိမလွတ်သေး၊ မပြောင်းလဲသေးတာမို့ မသိမှီတဲ့ လူငယ်မျိုးဆက်တွေ ဖတ်ရှု့နိုင်ဖို့  “ ခင်ဗျား … ထပါ ” ကဗျာကို ဒီဆောင်းပါးမှာ ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့် ခံစားကြည့်ရင်း လာမဲ့နိုဝင်ဘာလ (၈) ရက်နေ့ မှာကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ စစ်ကျွန်ဘ၀က အပြီးတိုင်လွတ်မြောက်ဖို့ မြန်မာနိုင်ငံသားတိုင်း မိမိအသဲကြားကမဲတပြားကို စစ်မှန်တဲ့ဒီမိုကရေစီအင်အားစု၊ ပြည်သူ့ ပါတီ အဲန်အယ်ဒီ ( NLD) နဲ့ တကွ မဟာမိတ်ပါတီတွေကိုပုံအောမဲပေးနိုင်အောင် အားလုံး ညီညီညွတ်ညွတ် ထကြပါ … ၀ိုင်းကြပါလို့ မေတ္တာရပ်ခံ တိုက်တွန်းနိုးဆော်လိုက်ပါတယ်။

“ ခင်ဗျား … ထပါ ”
အောက်တန်းကျတဲ့ မြန့်မာ့ရုပ်သံ
လုပ်ကြံသတင်း အဖျင်းအညာ
သတင်းစာတွေနဲ့ ဘာလို့ရန်ဖြစ်နေမှာလဲ။

တရားတာ … မတရားတာဟာ
စကားအရာတွေနဲ့ အလကားဝါနေမယ့်အစား
ခင်ဗျားပါဖို့မလိုဘူးလား။

ကွယ်ရာမှာပြော … အတင်းတဲ့
အရေးအခင်းအပမှာ
လေးခင်းပြနေမယ့်အစား
ခင်ဗျားပါဖို့ မသင့်ဘူးလား။

စာရွက်တွေဖတ် … ကျေနပ်နေမဲ့အစား
ခင်ဗျားပါဖို့ မထိုက်ဘူးလား။

BBC VOA ရေဒီယိုကက်ဆက်
ထွက်သမျှခွေ နားထောင်ကျေနပ်
ယပ်ခတ်နေမယ့်အစား
လက်ခုတ်တီး အံကြိတ်နေမယ့်အစား
ခင်ဗျားပါဖို့ … မကောင်းဘူးလား။

ထင်ရှားနေလျက် … ခင်ဗျားနေရက်သလား
ခင်ဗျားအသိ … ခင်ဗျားအဘိဓမ္မာဟာ
လက်တွေ့မွေးဖွားမလာရင်
ဘာလုပ်မလဲ … အမြုံပဲပေါ့။

ဝေဖန်မနေနဲ့ … လေကန်မနေနဲ့တော့
ညည်းညူမနေနဲ့ ဂျီးထူမနေနဲ့
တောက်ခေါက်နေတာလည်း
လက်မြောက်နေတာပဲ
ဆင်ခြေ မြင်းခြေ အသင်္ချေကို
လေတိုက်ပွဲမှာ ထားခဲ့ပါတော့။

ဈေးဆိုင်ကန္နားကြောင့်
ဘေးထိုင်နားနေသလား
လစာတိုးတဲ့လာဘ်ကြောင့်
ဘဝပါထိုးပြီး အပ်လိုက်တာလား။

တရားရေးပျောက်ပြီး
စပါးဈေးနောက်တကောက်ကောက် လိုက်နေသလား
ထမင်းတနပ် … ဟင်းတဖတ်ကြောင့်
တင်းကျပ်နေကြသလား

အလကား ….
ခင်ဗျားလိုပဲ လူတိုင်းလည်း
အလားတူ … အပူနဲ့ချည်းမှတ်ပါ။

ဒါပေမယ့် … ခင်ဗျားစဉ်းစားကြည့်ပါ
သွားနေသူတွေသွားနေကြတယ်
ဝင်နေသူတွေဝင်နေကြတယ်
လုပ်နေသူတွေလုပ်နေကြတယ်
ခင်ဗျားကသီးခြား … အခွင့်ထူးခံလား
အသနားခံလား … အကယ်ဆယ်ခံလား။

ခင်ဗျားတို့ ဘဝကို … ခင်ဗျားမှအပ
ဘယ်သူက ကယ်တင်နိုင်မှာလဲ
မျိုးဆက်တစ်ခုလုံးအရေး
ခင်ဗျားမပါသေးသမျှ … ဝေးနေဦးမှာပဲ။

ဘဝဆုံးတဲ့အဖြစ် … လူဖြစ်ရှုံးတဲ့အဖြစ်
တစ်ရစ်ပြီးတစ်ရစ် နစ်ပြီးရင်းနစ်နေတဲ့
ဖက်ဆစ်စနစ်စစ် … အာဏာရှင်စနစ်အောက်မှာ
နောက်ထပ်ဆုံးရှုံးစရာ ဘာကျန်သေးလို့လဲ
သံနှောင်ကြိုးဘဲ မဟုတ်လား
စစ်သံဖနှောင့်ဘဲ မဟုတ်လား။

ဘာလဲ … လက်ရှိနဲ့လက်မဲ့ဆိုတဲ့စကား
အင်အားချင်းမမျှဘူးဆိုတဲ့စကား
ခင်ဗျားပြောဦးမလို့လား။

ဒီမှာ ခင်ဗျားပါရင် တအား
ကျုပ်ပါရင်တအား … သူပါရင်တအား
အားလုံး အားလုံးပါဝင်ပြီး
အင်အားတွေစုစည်း … ကြီးသထက်ကြီးလာရင်
မြက်ပင်တွေနဲ့ကျစ်ယူတဲ့ လွန်ဟာ
ခွန်အားဘုရင် … ဆင်ဆိုတာတောင်ဆွဲပြီး
ဆွဲပြီးပစ်လှဲ ပစ်နိုင်တယ် မဟုတ်လား။

ရေမှုန်ကလေးတွေနဲ့ဖွဲ့စည်းထားတဲ့ “လှိုင်း” ဟာ
ကျောက်ဆောင်တံတိုင်းတွေကိုတောင်
ဖြိုချပစ်နိုင်တယ် မဟုတ်လား။
ကျေးဇူးပြုပြီး … ခင်ဗျား ထပါ။
ထစမ်းပါ ….. ။ ။

ဆရာဦးမြတ်မှိုင်း (လမင်းတရာ)

ဒါကြောင့် မြန်မာပြည်သူပြည်သားတိုင်း ထထကြွကြွနဲ့ လာမဲ့နိုဝင်ဘာလ (၈) ရက်နေ့ မှာ အဖိနှိပ်ခံပြည်သူလူထုကြီး စစ်ဖိနပ်အောက်က အပြီးတိုင်လွတ်မြောက် စေဘို့  ရည်စူးရည်မှန်းလို့  မိမိအသဲကြားကမဲတပြားကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ထံ ရက်ရက်ရောရော ပေးအပ်ခြင်းဖြင့် မွန်မြတ်တဲ့ မဲကုသိုလ် ယူနိုင်လှူနိုင်ကြပါစေကုန်သော်(၀်)။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
အောက်တိုဘာလ (၂၈) ရက် ၂၀၁၅ ခုနှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၁ ရက်နေ့ ယနေ့မွန်းလွဲ ၄ နာရီက ရွေးကောက်ပွဲအောင်နိုင်ရေးမိန့်ခွန်းဟောပြောနေစဉ် (သုဝဏ္ဏမြို့ဦးစေတီ ဘောလုံးကွင်း)

[youtube src="fIdPEk4oINQ"/]
ဖြူးမြို့နယ် ကညွှတ်ကွင်းမြို့ကွင်းအရှေ့ရပ်ကွက် အောင်တော်မူခန်းမမှာ အောက်တိုဘာ ၃၁ရက်နေ့က ပြုလုပ်တဲ့ ဒေသခံပြည်သူတွေနဲ့ တွ့ဆုံပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ပြိုင်မယ့် သူရဦးရွှေမန်း က လာမယ့် ရွေးကောက်ပွဲမှာ အပြောတမျိုး အလုပ်တမျိုး လုပ်တဲ့သူတွေကို မရွေးချယ်ဖို့ ထည့်သွင်းပြောကြားသွားပါတယ်။

ရိုက်ကူး – ကိုသားကြီး DVB TV

[youtube src="Ds8khZCAVgc"/]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောမှုကို Eleven Media Group ၏ Web TV ၀န်ဆောင်မှုမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။

အဆိုပါ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောမှုကို နိုဝင်ဘာ ၁ ရက် (ယနေ့) ညနေ ၄ နာရီအချိန်တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့ဦးစေတီကွင်း၌ ပြုလုပ်သွားမည်ဖြစ်ပြီး ဟောပြောပွဲ မစတင်မီ ဖျော်ဖြေရေးအစီအစဉ်များ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောမှု ရုပ်သံကို ၂း၄၅ မှ စတင်၍ အောက်ပါလင့်၌ တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။
Eleven Media Group

အာအက်ဖ်အေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး
ဟောပြောပွဲကို LIVE

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီကွင်းမှာ ညနေ ၄ နာရီမှာ ဟောပြောမှာ ဖြစ်ပါတယ်။

ဒီကနေ့ ညနေ ၄ နာရီမတိုင်ခင်လောက်ကစပြီး အောက်ပါလင့်ခ်ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

http://mfile.akamai.com/21308/live/reflector:56328.asx

တိုင်း​ရင်း​သား ​ဒေ​သ​တွေ ​မှာ ​မြေ​သိမ်​မှု ​ပြ​ဿ​နာ ​ကြီး​မား ​အ​စိုး​ရ ​နဲ့ ​စစ်​တပ် ​က ​ထုတ်​ပြန် ​ခဲ့ ​သ​မျှ ​မြေ ​ပ​မာ​ဏ ​တွေ ​ဟာ ​မူ​လ ​ပိုင်​ရှင် ​တွေ ​ဆီ​ကို ​ပြန်​ရောက် ​တာ​ထက် ​စာ​ရင် ​တ​ခြား​သူ ​တွေ ​လက်​ထဲ ​ရောက်​ရှိ ​ကုန်​တာ ​များ 
 တိုင်းရင်းသား ဒေသတွေ မှာ အစိုးရ နဲ့ စစ်တပ် တို့ က ပြုလုပ် ထားတဲ့ မြေယာ သိမ်းဆည်းမှု ပြဿနာ ဟာ တစုံတရာ အတိုင်းအတာ ထိအောင် ဖြေရှင်း နိုင်တာ မျိုး မရှိပဲ အင်မတန် ကြီးမား နေတဲ့ ပြဿနာ ဖြစ်တယ် လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း က ထုတ်ပြန် လာပါတယ်။

ပြည်နယ် တွေ မှာ ဖြစ်ပေါ် နေတဲ့ မြေယာ အသိမ်းခံ ရတဲ့ အဖြစ် တွေ ကို ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ရဲ့ လယ်ယာ စီးပွားနှင့် တောင်သူ လယ်သမားရေးရာ ဌာန ကနေ "တောင်ယာခင်းနဲ့ သွေးချင်းမျက်ရည် " ဆိုပြီး စာတမ်း တစ်စောင် ထုတ်ပြန် လာတာ ဖြစ်ပါတယ်။

အဲဒီ့ စာတမ်း ထဲမှာ သိမ်းဆည်းခံ မြေဧက ၄ သိန်း ဝန်းကျင် အကြောင်း ကို သုတေသန လုပ် ထားခဲ့ ပမယ့် တတိုင်း ပြည်လုံး အနှံ့ နဲ့ ယှဉ်ရင် ၁၀ ပုံ ၁ ပုံ ပမာဏ လောက် သာ ရှိတယ် ဆိုပြီး ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) က တောင်သူ လယ်သမားရေး ဒုတိယ တာဝန်ခံ ကိုမျိုးသန့် က ဘီဘီစီ ကို ပြောပါတယ်။

သိမ်းဆည်း မြေ တွေ ကို ပြန်ပေး တယ် ဆိုပြီး အစိုးရ နဲ့ စစ်တပ် က ထုတ်ပြန် ခဲ့ သမျှ မြေ ပမာဏ တွေ ဟာ မူလ ပိုင်ရှင် တွေ ဆီကို ပြန်ရောက် တာထက် စာရင် တခြားသူ တွေ လက်ထဲ ရောက်ရှိ ကုန်တာ များတာကို တွေ့ရှိ ထားရတယ် လို့လည်း ကိုမျိုးသန့် က ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော် စီမံကိန်း အနေနဲ့ သိမ်းပြီး ကုမ္ပဏီ တွေ ကို လက်လွှဲ ပြောင်း ပေးတဲ့ အခါ မူလ က ကြေညာ ထားတဲ့ စီမံကိန်း အတိုင်း အကောင်းအထည် ဖော် မဆောင်ရွက်တာ ကလည်း ၉၀% လောက် ရှိတယ် လို့ ဆိုပါတယ်။

တိုင်းရင်းသား ဒေသတွေ မှာ စိုက်ပျိုးမြေ တွေ အပြင် တဆက်တစပ် တည်း ရှိနေတဲ့ မြေနေရာ တွေ ကိုပါ အကုန် သိမ်းယူတဲ့ အခါ စိုက်ပျိုးမြေ တွေ ကိုသာ သိမ်းဆည်း မြေ အဖြစ် လျော်ကြေး ပေးပြီး ကျန် မြေနေရာ တွေ ကိုတော့ သစ်တော နဲ့ မြေလွတ်မြေရိုင်း တွေ အဖြစ် သတ်မှတ်တာ ဖြစ်တယ်လို့ ကိုမျိုးသန့်က ပြောပါတယ်။

ဒါ့ဟာ ဒေသခံ တွေ ရဲ့ ဓလေ့ ထုံးထမ်း ဆိုင်ရာ မြေယာ ပိုင်ဆိုင်မှု ကို အစိုးရက အသိအမှတ် မပြုတာ ဖြစ်တယ်လို့ ကိုမျိုးသန့်က ဝေဖန် ပါတယ်။

BBC Burmese
http://www.bbc.com/burmese


“ပြည်သူလူထုအတွက် အစွမ်းကုန်အားထုတ်ပေးတဲ့ ကျွန်တော့်ကို မဲပေးကြပါ”

“နိုင်ငံနဲ့ပြည်သူ့အကျိုးအတွက် ရိုးသားစွာ ယှဉ်ပြိုင်သွားပါမယ်”

“တောင်သူလယ်သမားဘ၀ ၀င်ငွေနှစ်ဆတိုးရန် ဆောင်ရွက်ပေးပါမယ်၊ မနက်ဖြန်မှစပြီး တနှစ် နှစ်နှစ်အတွင်း ပြည်သူတွေဘ၀ တိုးတက်ဖို့အတွက် ဆောင်ရွက်ပေးပါမယ်၊ တွေဝေနေစရာ မလိုပါဘူး၊ တခုတည်သော အမျိုးသားရေးပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးကို မဲပေးကြပါ”လို့ ဦးမြင့်လှိုင်က ပြောပါတယ်။

လက်ရှိ လယ်/ ဆည် ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင် (ဒုတိယဗိုလ်ချုပ်ကြီး-ငြိမ်း) သည် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ရွေးကောက်ခံမှာဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်၊ နံနက် ၈ နာရီခွဲတွင် ရွှေဂဲအင်းကျေးရွာအတွင်းရှိ
မဲဆွယ်စည်းရုံးစဉ်က ဒက္ခိဏသီရိမြို့နယ်အတွင်း ဦးမြင့်လှိုင်နှင့်ဇနီး ဒေါ်ခင်သန့်ဇင်တို့ ၂၀၁၁ ခုနှစ်က သိမ်းဆည်းထားသည့် ယာမြေကွက်တွေနှင့်ပတ်သက်ပြီး ဂူနှစ်လုံးဆယ်စုရွာသား ဦးခင်မောင်တင့်၏ မေးခွန်းကို ပြေလည်အောင် မဖြေကြားပေးနိုင်ခဲ့ကြောင်း သိရသည်။

ဦးခင်မောင်တင့်က''ကျွန် တော်ကတော့ ဦးခင်မောင်တင့်ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတုန်းက အဘဦးမြင့်လှိုင်ကို မဲပေးခဲ့ တယ်။ ကျွန်တော်တို့ရွာသားတွေ မဲပေးခဲ့လို့ ကိုယ်စားလှယ်ဖြစ်ပြီး လယ်/ဆည်မှာ ပြည်ထောင်စုဝန်ကြီး ဖြစ် သွားပါတယ်။ ၂၀၁၁ ခုနှစ်ကျတော့ ကျွန်တော်တို့ မြေတွေကိုသိမ်းပါတယ်။ ဖြေရှင်းပေးမလားလို့ ကျွန်တော်တို့ စောင့်နေခဲ့ကြပါတယ်။ ဒါပေမဲ့ တောင်သူတွေကို လုံးဝအသိအမှတ်မပြုခဲ့ပါဘူး။ ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်း မရှိပါဘူး။ ၂၀၁၄ ခုနှစ်ကုန်ခါနီးမှာ သိမ်းဆည်းထားတဲ့ ယာမြေတွေကို အုတ်တံတိုင်းတွေခတ်ပါတယ်။ ကျွန်တော် တို့တွေက ဘာမှဖြေရှင်းမှုမပေးသေးဘူး။ ခြံစည်းရိုးမခတ်ပါနဲ့လို့ တောင်းပန်ခဲ့ပါတယ်”လို့ ဦးခင်မောင်တင့်က တင်ပြခဲ့ပါတယ်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/


စစ်တွေ၊ အောက်တိုဘာ ၃၀

NLD ပါတီ၏ နာယက ဦးတင်ဦးနှင့် ဟာသ လူရွှင်တော် မောင်မေတ္တာ၊ ဗေလုဝတို့သည် အောင်နိုင်ရေးတရား ဟောပြောရန် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရောက်ရှိ လာမည်ဟု အဖွဲ့ချုပ် စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးသင်ခါကျော် ပြောသည်။

“အဖွဲ့နာယက ဦးတင်ဦး နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ စစ်တွေမြို့သို့ ရောက်ရှိလာပြီးတော့၊ မွန်းလွဲ ၁ တစ်နာရီလောက်မှာ စစ်တွေမြို့ အာရီယာန် ခန်းမမှာ အောင်နိုင်ရေး အတွက် ဟောပြော မှာ ဖြစ်ပါတယ်”ဟု ဦးသင်ခါကျော်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဦးတင်ဦးနှင့်အတူ ဟာသလူရွှင်တော် မောင်မေတ္တာနှင့် ဗေလုဝတို့လည်း လိုက်ပါလာမည်ဟု သိရသည်။

“ဦးတင်ဦး ဟောပြောပွဲ မလုပ်မီ ဟာသ လူချွန်တော် မောင်မေတ္တာ နဲ့ ဗေလုဝတို့က ပျော်ဖြေရေးအစီအစဉ် နာရီဝက်လောက် လုပ်ပြီးမှ ဦးတင်ဦးက ဟောပြောမှာဖြစ်ပါတယ်”ဟု ဦးသင်ခါကျော်က ပြောသည်။

ဦးတင်ဦးဟောပြောပွဲ အပြီးတွင် ဗေလုဝတို့ အဖွဲ့သည် စစ်တွေမြို့ကို ပတ်ပြီး ပျော်ဖြေရေး ဆက်လုပ်သွားမည်ဟု သိရသည်။

ဦးတင်ဦးသည် ယခင်က စစ်တွေခရီးစဉ်အပြီးတွင် ပုဏ္ဏား ကျွန်း၊ ကျောက်တော်နှင့် မြောက်ဦးတို့သို့ ခရီးဆက်ရန် စီစဉ်ထားသော်လည်း အဆိုပါခရီးစဉ်အစား အမ်းနှင့် ကျောက်ဖြူသို့ သွားရောက်မည်ဟု သိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် အောင်နိုင်ရေးဟောပြောပွဲ အတွက် တောင်ကုတ်၊ သံတွဲ၊ဂွမြို့များသို့ သွားရောက်ခဲ့သည်။

စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews/

မြန်မာနိုင်ငံ၏ လွတ်လပ်သော ပုဂ္ဂလိကပိုင် မီဒီယာများမှ ထုတ်ဝေသည့် သတင်းစာများ ဂျာနယ်များ မဂ္ဂဇင်းများ အွန်လိုင်းမီဒီယာများကို ဖတ်ရှုမည် ဆိုလျှင် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပြည်လုံးကျွတ် ရွေးကောက် ပွဲ ၌ ပါတီ ၉၀ ကျော် ပါဝင်ယှဉ်ပြိုင်မည်ကို သတိပြုမိမည် မဟုတ်ပေ။

အဘယ်ကြောင့် ဆိုသော် အစိုးရပိုင် မဟုတ်သည့် ပုံနှိပ်နှင့် အွန်လိုင်းမီဒီယာ များတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမှုများ လှုပ်ရှားမှု များကိုသာ အသာပေး မြင်တွေ့ရမည် ဖြစ်သည်။

လွန်ခဲ့သည့် ၅ နှစ်ကဆိုလျှင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ သတင်း (သို့) ဓာတ်ပုံကို ဖော်ပြမိသည့် မီဒီယာမှာ စစ်အစိုးရ၏ အရေးယူခြင်းနှင့် ရင်ဆိုင် ရမည်ဖြစ်သည်။ ၂၁ နှစ်အတွင်း ၁၅ နှစ်ကြာ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည်။

သူမ လွှတ်မြောက်သည့် ညက ဓါတ်ပုံများကို မျက်နှာဖုံးပြည့် ဖော်ပြခဲ့သည့် ဂျာနယ်များမှာ ထုတ်ဝေခွင့် ၁-၂ ပါတ်ခန့် ရပ်ဆိုင်းခံခဲ့ရသည်။ အဆိုပါ ဂျာနယ်များတွင် 7Day News Journal လည်း တစ်ခုအပါအ၀င်ဖြစ်သည်ဒ

မြန်မာနိုင်ငံတွင် အရောင်းရဆုံး သတင်းစာတစ်စောင်ဖြစ်သည့် 7Day Daily ၏ ဖော်ပြမှုများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သတင်းများက လွှမ်းမိုး ထားသည်။ ရက်သတ္တပတ်အတွင်း 7 Day News က တင်ခဲ့သည့် ဖေ့စ်ဘုတ် သတင်းပို့စ် များ၏ ၂၀% သည် ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် NLD ပါတီ၏ သတင်းဖြစ်သည်။ ကြံ့ခိုင်ရေး ပါတီသတင်း ၄% ခန့်သာ ပါဝင်သည်။

“လူထု စိတ်ဝင်စားမှုက NLD ဆီမှာပဲ ရှိနေပါတယ်။ တခြားပါတီ အကြောင်း ရေးရင် သူတို့က မဖတ်ချင်ဘဲ ကျော်သွားကြပါတယ်” ဟု 7 Day News ၏ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းက ဆိုသည်။

နိုင်ငံပိုင် ရုပ်သံနှင့် သတင်းစာများတွင်မူ သမ္မတဦးသိန်းစိန်၏ အကြောင်းများ ကို အဓိက ဖော်ပြသည်။

ပုဂ္ဂလိက မီဒီယာများတွင် ဒေါ်အောင်ဆန်းစုကြည် လွှမ်းမိုးထားနိုင်မှုမှာ ၁၉၉၀ က အခြေအနေနှင့် သိသာစွာ ကွာခြားသည်။ ထိုစဉ်က မီဒီယာ အားလုံးမှာ နိုင်ငံပိုင်ဖြစ်ပြီး အစိုးရကို ထောက်ခံသည့် အကြောင်းရာများ သာ ဖော်ပြသည်။ ဒေါ်အောင်ဆန်းစုကြည်မှာလည်း နေအိမ် အကျယ်ချုပ် ကျခံနေရပြီး မဲဆွယ်ခြင်း မပြုလုပ်နိုင်ပေ။

ထိုသို့ ပိတ်ပင်ကန့်သတ်မှုများ ရှိသော်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ သို့သော် ရွေးကောက်ပွဲ ရလဒ်ကို စစ်တပ်က လျစ်လျူရှုကာ အာဏာသိမ်းခဲ့သည်။

ယခုအခါတွင် ဂျာနယ်လစ်များမှာ နိုဝင်ဘာ ၈ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကန့်သတ်ချက် မရှိသလောက် အနေအထားဖြင့် ဖော်ပြနိုင်ကြပြီး အများစု က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ပွင့်ပွင့်လင်းလင်း ပြော ဆိုကြသည်။ အချို့က ဒေါ်အောင်ဆန်းစုကြည်ကို “အမေစု” ဟု ခေါ် ဆိုကြသည်။

The Voice သတင်းစာမှ ဦးနော်ကိုကိုက “ကျွန်တော် သူ့ကို ချစ်ပါတယ်။ သူ့အကြောင်း ဝေဖန်တာ။ ဒါမှမဟုတ် အနုလက္ခဏာဆောင်တာမျိုး တစ်ခုခု ရေးရတော့မယ်ဆိုရင် အလွန် သတိထားရပါတယ်” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မီဒီယာလွှမ်းမိုးနိုင်စွမ်းနှင့် ပတ်သက်၍ ကြံ့ခိုင်ရေး ပါတီက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ အာဏာရ ကြံ့ခိုင်ရေး ပါတီသည် ယခင်စစ်အာဏာရှင် အစိုးရ၏ လူမှုရေး အဖွဲ့အစည်း အဖြစ်မှ နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်း ဖွဲ့စည်းထားခြင်းဖြစ်ပြီး စစ်ဘက် အရာရှိဟောင်း အများအပြား ပါဝင်သည်။

သတင်းစာဆရာ အသင်းဖြစ်မြောက်ရေး ကော်မတီ (MJA) မှ ဦးသီဟစော က ဒေါ်အောင်ဆန်းစုကြည်ကို မီဒီယာများက အလေးထား ဖော်ပြနေခြင်းမှာ လူအများစုအတွက် ရွေးကောက်ပွဲက တော်လှန်ရေးတစ်ခု ဖြစ်သည်ဆိုသော အချက်ကို ဖော်ပြခြင်းဖြစ်သည်ဟု ဆိုသည်။ “ဒီလူတွေ ( အာဏာရပါတီ ) ကို ဖြုတ်ချနိုင်ဖို့ ရွေးကောက်ပွဲက အခွင့်အရေး ပါ။ လူအများစု အတွက် တော်လှန်ရေးပါ” ဟု ဦးသီဟစောက ပြောကြားခဲ့သည်။

ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသူ ဦးရန်မျိုးသိန်း က ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြည်တွင်းပြည်ပ မီဒီယာများက ဝေဖန်မှုများမှာ မြန်မာမဲဆန္ဒရှင်များ၏ အမြင် မဟုတ်ဟု ဆိုသည်။ သူက “မြန်မာနိုင်ငံက လူများစုက ပြောင်းလဲချင်နေပါပြီ။ ပြောင်း လဲချင်တဲ့ လူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်က တစ်ခု တည်းသော ရွေးချယ်စရာပါ” ဟု ပြောကြားခဲ့သည်။

KHTun

Ref - Reuters

The Ladies News Journal

ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ တွင် မီးပျက်ခဲ့ပါက ညပိုင်း မဲရေတွက်ရာမှာ အထောက်အကူဖြစ်စေရန် လျှပ်စစ်မီး အချိန်ပြည့်မရတဲ့ မဲရုံတွေ အတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးအိမ်ပေါင်း ၅ သောင်းကျော်ကို ဂျပန်နိုင်ငံက ရွေးကောက်ပွဲကော်မရှင်ထံ လှူဒါန်းလိုက်ကြောင်း သတင်းရရှိပါသည်။

အဆိုပါ နေရောင်ခြည်သုံး မီးအိမ်များကို ရန်ကုန်နဲ့ မန္တလေးမြို့တွေက တဆင့် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေကို ခွဲဝေပေးပို့ပြီး ဖြစ်ကြောင်း၊ ဆိုလာမီးအိမ်များကို ၁၂ နာရီကြာ အသုံးပြုနိုင်ပြီး နေရောင်ခြည် စွမ်းအင်သာမက ဓာတ်ခဲ၊ ဘက်ထရီတို့နဲ့လည်း တွဲဖက် အသုံးပြုနိုင် မည် ဖြစ်သည်။

အဆိုပါအစီအစဉ်ကို ဂျပန်နိုင်ငံနဲ့ ကုလသမဂ္ဂတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး လျှပ်စစ်မီး မရရှိတဲ့ ဒေသတွေမှာ မဲရေတွက်နိုင်ဖို့ ခုလို ဆိုလာမီးအိမ်တွေ ဖြန့်ဝေထုတ်ပေးနိုင်ခြင်းသည် မီးမရှိတဲ့ ဒေသတွေက ကိုယ်စားလှယ် လောင်းတွေနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကို မြင့်မားစေမည်ဖြစ်သည်။

မောင်နိုး
The Ladies News Journal


ဘာသာရေးအရေခြုံတွေရော
စွမ်းအားရှင်ဆိုသူတွေကိုပါ
မွေးထုတ်ပေးသူဟာ
မင်းတြားကြီးတွေပါလို့ပြောရင်
ယုံမလား..မယုံရင်လဲ ပုံပြင်ပေါ့ဗျာ
ရွှေသမင်ဟာ ဘယ်နေရာကထွက်
မင်းကြီးတာကိုထွက်နေတယ်ဆိုတာ
သိကြမှာပါ…။

ဘာသာရေးကိုအရေခြုံ
နိုင်ငံရေးထဲခိုလုံပြီး
နုံအတဲ့ အဖြစ်သနစ်ဆန်းဆန်းနဲ့
ဘာသာရေးကိုညစ်နွမ်းအောင်လုပ်
စစ်တမ်းထုတ်ကြည့်လိုက်ရင်လေး
သီလပေးပြီး အတင်းအဓမ္မအုပ်ချုပ်
ယုတ်ညံ့တဲ့ဥာဏ်နဲ့ ဒင်းတို့ကကြံရက်တယ်…။
အတွေးကလဲရောက်ပါဘိသနဲ့
မျိုးစောင့်တဲ့ဥပဒေ အတည်ပြုပေးလိုက်သတဲ့
လူအခွင့်ရေးတွေ ကျိုးပေါက်လာ
ဘာသာရေးကို နိုင်ငံရေးထဲရောထည့်ထားတာ
ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ မတွေ့ပါ
နိုင်ငံရေးဟာ နိုင်ငံရေး
ဘယ်ဘာသာရေးမှ ထိုးထည့်မထား
ပြည်သူပြည်သား လူအများ
မိမိတို့လေးစားအားထားရာဘာသာကို
လွတ်လပ်စွာ ကိုးကွယ်နိုင်တယ်…။
ခုတော့ မျိုးစောင့်နဲ့ လူ့အခွင့်ရေးကိုချိုးဖေါက်
ကိုယ့်ဘာသာကိုစောင့်ရှောက်ဖို့
တခြားဘာသာ တိုးလို့မပေါက်အောင်
ဥပဒေထောင်ပြီး အဟုတ်တကယ်
ချုပ်ချယ်ခဲ့ရင် ကိုယ့်ဘာသာလဲညစ်နွမ်းပြီး
အဖြစ်သနစ်ဆန်းဆန်းနဲ့ ဒီမိုပန်းတိုင်
ရောက်နိုင်ပါတော့မလား စဉ်းစားစရာပါ…။

တက္ကသိုလ်ဘုန်းကြွယ်(၃၁-၁၀-၁၅)

မည်သူမဆို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ဖြစ်ခွင့်ရှိပါတယ် ။
ဒီ ဗီဒီယို မှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာလိုသူများ သိရှိရန်
အတတ်နိုင်ဆုံး ပြည့်စုံအောင် တင်ပြထားတာကို တွေ့ရပါတယ် ။
[accordion]
[item title="မည်သူမဆို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ဖြစ်ခွင့်ရှိ (ရုပ်-သံ)"]
မည်သူမဆို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ဖြစ်ခွင့်ရှိ

မည်သူမဆို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ဖြစ်ခွင့်ရှိပါတယ် ။ဒီ ဗီဒီယို မှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာလိုသူများ သိရှိရန်အတတ်နိုင်ဆုံး ပြည့်စုံအောင် တင်ပြထားတာကို တွေ့ရပါတယ် ။.Credit : Dir U Tun Lin. ပြန်လည်မျှဝေပေးပါတယ်လေးစားလျက်Martin Swe31-10-2015

Posted by Martin Swe on Saturday, October 31, 2015
[/item]
[item title="မည်သူမဆို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ဖြစ်ခွင့်ရှိ (ရုပ်-သံ)"]test[/item]
[/accordion]