11/05/15
NLD ကိုယ်စားလှယ် ဦးနိုင်ငံလင်း မဲဆွယ်ပွဲပြန်စနေ။
NLD ကိုယ်စားလှယ် ဦးနိုင်ငံလင်း မဲဆွယ်ပွဲပြန်စနေ။
ပြီးခဲ့တဲ့ အပတ်အတွင်းက မဲဆွယ်စည်းရုံးစဉ်မှာ အကြမ်းဖက်မှုခံခဲ့ရတဲ့ NLD ကိုယ်စားလှယ်လောင်း ကိုနိုင်ငံလင်းဟာ ဒီကနေ့ ဆေးရုံဆင်းဆင်းပြီးချင်းမှာပဲ သာကေတမြို့နယ် အတွင်းမှာ မဲဆွယ်စည်းရုံးမှုတွေ ပြန်လည် စတင်လုပ်ဆောင်နေပါပြီ။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မဲဆွယ်စည်းရုံးမှုတွေမှာ အကြမ်းဖက်မှုတွေ ကြုံတွေ့ခဲ့ရတဲ့အပေါ်မှာ အစိုးရအနေနဲ့ ဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်ပေးသင့်တယ်လို့ ဦးနိုင်ငံလင်းက ထောက်ပြ ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ သာကေတမြို့နယ်အတွင်းမှာ လုပ်ခဲ့တဲ့ ဦးနိုင်ငံလင်းရဲ့ မဲဆွယ်စည်းရုံးမှု အကြောင်းကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုထက်အောင်က ပြောပြပေးမှာပါ။
အောက်တိုဘာလ ၂၉ ရက်နေ့ ညပိုင်းက သာကေတမြို့နယ်အတွင်း မဲဆွယ်စည်းရုံးစဉ်မှာ အကြမ်းဖက်မှုခံခဲ့ရတဲ့ NLD ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းဟာ ရန်ကုန်ဆေးရုံမှာ ဆေးကုသမှုခံပြီးတဲ့နောက် ဒီကနေ့ ဆေးရုံဆင်းကာမဲဆွယ်စည်းရုံးမှုတွေ ပြန်လည် စတင်နေပြီဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးမှုတွေမှာ အခုလို အကြမ်းဖက်မှုတွေအပေါ်မှာ အစိုးရအနေနဲ့ ဥပဒေကြောင်းအရ ဆောင်ရွက်သင့်တယ်လို့ ဦးနိုင်ငံလင်းက ထောက်ပြပြောဆိုပါတယ်။
“ဦးနိုင်ငံလင်း။ ။ အစိုးရအနေနဲ့ ဒါ စည်းစနစ်တကျ ဥပဒေစိုးမိုးရေးလုပ်ရမှာပါ။
မေး။ ။ အခုဆိုရင် အကြမ်းဖက်မှုတွေ ကြုံလာတယ်ပေါ့လေ။ UEC က ထိထိရောက်ရောက် အရေးမယူတဲ့ အပေါ်မှာ ဦးနိုင်ငံလင်း အနေနဲ့ ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။
ဦးနိုင်ငံလင်း။ ။ ဒါ UEC တခုတည်း တာဝန်ရှိတာမဟုတ်ဘူးခင်ဗျ။ ကျနော်တို့ တရားဥပဒေစိုးမိုးရေးမှာ အဓိကတာဝန်ရှိတဲ့ အုပ်ချုပ်ရေးရယ်၊ ကျနော်တို့ ပြည်ထဲရေးရယ်ပေါ့နော်၊ နောက်ပြီးတော့ UEC ပေါ့။ ရွေးကောက်ပွဲနဲ့ပက်သက်လို့ သူတို့တွေ ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ရမှာပေါ့နော်။”
မဲဆွယ်စည်းရုံးစဉ်မှာ အသက်အန္တရာယ် ကြုံတွေ့ရခဲ့ပေမယ်လို့ ကိုယ်စားလှယ်လောင်း အဖြစ်ကနေ စွန့်လွှတ်သွားဖို့ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။
“ဦးနိုင်ငံလင်း။ ။ ကျနော့်လို ကိုယ်စားလှယ်တောင် အသက်အန္တရယ် ကြုံရတယ်ဆိုရင် ပြည်သူလူထုက ပိုပြီးစိုးရိမ်စရာရှိတာပေါ့။ အဲတော့ ပိုပြီးလုပ်ရမှာပေါ့။ စွန့်လွှတ်စရာမရှိပါဘူး။
မေး။ ။ ဟုတ်ကဲ့ ဘာကြောင့်များ ချက်ချင်းဆိုသလိုပဲ ဘာကြောင့် ဆေးရုံက ဆင်းပြီးချင်းမှာ ဘာလို့ မဲဆွယ်စည်းရုံးမှုစတင်တာလဲ။
ဦးနိုင်ငံလင်း။ ပြည်သူတွေစိုးရိမ်နေလို့ပါ။ ပြည်သူတွေစိုးရိမ်နေလို့ပါ။ပြည်သူတွေကို တွေ့ချင်လို့လာတွေ့တာပါ။
မေး။ ။ဟုတ်ကဲ့။ ပြည်သူက တခဲနက် အားပေးတဲ့အပေါ်မှာကော အကို့အနေနဲ့ ဘာလိုမျိုးမြင်ပါသလဲ။
ဦးနိုင်ငံလင်း။ ။ အားရှိပါတယ်။အပြန်အလှန်ပေါ့နော်။
မေး။ ။ ရွေးကောက်ပွဲမှာရော နိုင်မယ်လို့ ယုံကြည်ပါသလား။
ဦးနိုင်ငံလင်း။ ။ အပြတ်အသတ်ပဲ။”
နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ အစိုးရအနေနဲ့ လုံခြုံရေး တင်းတင်းကြပ်ကြပ် ချမပေးတဲ့အပေါ်မှာ အကြမ်းဖက်မှုတွေ ကြုံတွေ့လာတာနဲ့အမျှ ဝေဖန်မှုတွေလည်း ရှိနေတာပါ။ လုံခြုံရေးပိုင်းနဲ့ ပတ်သတ်လို့ ဦးနိုင်ငံလင်းရဲ့ အမြင်က
“လုံခြုံရေးမချတာက ကျနော်တို့ ဘယ်လိုပြောရမလဲ။ ဒါအခုမှ မဟုတ်ဘူးခင်ဗျ။ NLD နဲ့ ပက်သက်ရင် ဒီအတိုင်းပဲ လုပ်နေတာပေါ့နော် ။ ဒါပေမယ့် ကျနော်တို့ ကတော့ စိုးရိမ်မှုမရှိပါဘူး။ ဒါသူတို့က ပိုပြီးတော့တောင် အောင်မြင်အောင်လုပ်ပေးသလိုတောင်ဖြစ်သေးတယ်။”
မဲဆွယ်စည်းရုံမှုတွေမှာ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့ရတာ၊ အကြမ်းဖက်မှုတွေ ကြုံတွေ့လာရတာကြောင့် ပြည်သူအများစုကလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။ အခုလို အကြမ်းဖက်မှုတွေအပေါ်မှာ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ မရှိသေးဘူးလို့ မင်္ဂလာဒုံမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဒေါ်လှလှစိုးက အောက်တိုဘာလ အစောပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ သာကေတမြို့နယ်တွင်းမှာ ပြုလုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးရေးမှာတော့ လူထုအမြောက်အများနဲ့ အနှေးယာဉ်လုပ်သား ၂၀၀၀ ထောင်ကျော်ကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
အသွင်ကူးပြောင်းစ နိုင်ငံတွေမှာ ရွေးကောက်ပွဲအကြမ်းဖက်မှုတွေ အများဆုံးကြုံတွေ့ရတာကြောင့် လုံခြုံရေးအစီအမံတွေ တင်းတင်းကြပ်ကြပ် ထိထိရောက်ရောက် ဆောင်ရွက်ပေးသင့်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက ထောက်ပြပြောဆိုနေကြပါတယ်။
ထက်အောင်VOA
linhtetnaing-620.jpg
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)အဖွဲ့ဝင် ကိုလင်းထက်နိုင်ကို တွေ့ရစဉ်
Photo: Lin Htet Naing/ Facebook
မနေ့က ဖမ်းဆီးခံလိုက်ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)အဖွဲ့ဝင် ကိုလင်းထက်နိုင်ကို ကမာရွတ်မြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ပြီး အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။
ကိုလင်းထက်နိုင်ဟာ ဗကသ ဥက္ကဌ ကိုကျော်ကိုကိုနဲ့ အမှုတွဲမှာ ပါတာဖြစ်ပြီး မနက်ဖြန်မှာ ရုံးထုတ်ရှိသေးတယ်လို့ ကိုလင်းထက်နိုင်ရဲ့ မိခင် ဒေါ်ကြီးမြင့် က ပြောပါတယ်။
"သူကတော့ ကျော်ကိုကိုတို့ ပိုပိုတို့နဲ့ အတူတူပဲပေါ့နော်၊ သူတို့နဲ့ ပုဒ်မတူတယ်၊ နောက်ပြီးတော့ ပုဒ်မ ၁၈ ကို ကိုသက်ခိုင်ထွန်းနဲ့ ကိုလင်းထက်နိုင်တို့ကို ၁၁ ရက်နေ့မှာ ပုဒ်မ ၁၈နဲ့ ပြန်ပြီးစွဲထားတာရှိတယ်၊ ၁၁ ရက်နေ့ကို ရုံးထုတ်တစ်ခုရှိတာပေါ့နော်၊ နက်ဖြန်တောင် ရုံးထုတ်ရှိတယ်၊ ပိုပိုရယ်၊ ကျော်ကိုရယ်၊ ကိုနန္ဒစစ်အောင်ရယ်၊ ကိုလင်းထက်နိုင်ရယ်"
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့အတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး ဗကသအဖွဲ့ဝင်တွေ ဆန္ဒပြခဲ့တာကြောင့် ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ ကိုမြတ်သူအောင်၊ ကိုရဲရင့်ကျော်၊ ကိုထက်ခိုင်စိုးနဲ့ ကိုနန္ဒစစ်အောင်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှု၊ တရားမ၀င်စီတန်း လှည့်လည်မှု စတဲ့ ပုဒ်မ ၅ခုနဲ့ အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။
သူဟာ ထွက်ပြေးလွတ်မြောက်နေတာဖြစ်ပြီး အဲဒီထဲက ကိုကျော်ကိုကို ကို ပြီးခဲ့တဲ့ရက်ပိုင်း ဖမ်းဆီးခဲ့ပြီး ကိုလင်းထက်နိုင်ကို မနေ့က ရွှေပြည်သာမြို့နယ်ကို သွားတဲ့ ဘတ်စ်ကားပေါ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်
RFA
http://www.rfa.org/burmese/news/student-linhtetnaing-arrested-11042015115248.html
tnla-620
 ရှမ်းပြည်မြောက်ပိုင်းက TNLA တအာင်းပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်အဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာ လုံခြုံရေးယူနေတဲ့ တပ်ဖွဲ့ဝင်တချို့ကိုတွေရစဉ်
Photo: RFA
ရှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နဲ့ မိုင် ၂၀ အကွာလောက်မှာ အစိုးရတပ်မတော်နဲ့ တအာန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲတွေဖြစ်ပွား နေတယ်လို့ TNLA က ပြောပါတယ်။ ကွတ်ခိုင်မြို့နယ် လုံကန်ရွာနဲ့ နမ့်ပုန်ချောင်းနားမှာ ဒီကနေ့ မနက်ပိုင်းက ဖြစ်ပွားနေတာလို့ TNLA ပြောခွင့်ရသူ ဗိုလ်ကြီးမိုင်းအိုက်ကျော်က ပြောပါတယ်။
"ဟုတ်ကဲ့၊ မနေ့က ကွတ်ခိုင်မြို့နယ် မန့်ပူးရွာနားမှာဖြစ်တယ်၊ ဒီနေ့ ၁၁ နာရီလောက်ကစတယ်၊ ခုချိန်ထိမပြီးသေးဘူး၊ လုံကန်ရွာနဲ့ နမ့်ပုန်ချောင်းနားမှာပါ"
အစိုးရတပ်မတော် တပ်မ ၉၉ လက်အောက်ခံက တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် မန့်ပူးရွာနား မှာ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်းဘက်မှာလည်း အစိုးရတပ်မတော်နဲ့ SSPP/SSA ရှမ်းပြည် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်လနီးပါးရှိနေပြီး ဒုက္ခသည် လေးထောင်ကျော်လောက်လည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို အစိုးရ ပြည် ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ NCA စာချုပ်လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ လက်မှတ်မထိုး ရသေးတဲ့ SSPP/SSA ၊ TNLA တပ်တွေနဲ့ တိုက်ပွဲတွေ ရင်ဆိုင်ဖြစ်ပွားနေတာပါ။
RFA
http://www.rfa.org/burmese/news/gov-army-clash-tnla-11042015113750.html
ကိုလင်းထက်နိုင်ကို တရားရုံးတွင် တွေ့ရစဉ်  
ကိုလင်းထက်နိုင်ကို တရားရုံးတွင် တွေ့ရစဉ်
မကြာသေးခင်က ဖမ်းဆီးခံခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်တဦးဖြစ်တဲ့ ဂျိမ်း (ခေါ်) ကိုလင်းထက်နိုင်ကို ဒီကနေ့ ရန်ကုန် ကမာရွတ်မြို့နယ် တရားရုးမှာ ယမန်ယူပြီး နိုဝင်ဘာလ ၅ ရက်နေ့ ရုံးထုတ်မယ်လို့ ဗကသ အဖွဲ့ဝင် ကိုအောင်နေပိုင်က ပြောပါတယ်။
ကိုလင်းထက်နိုင်ဟာ ပညာရေးဥပဒေကို သပိတ်မှောက်တဲ့ တခြားကျောင်းသား တွေနဲ့အတူ ပုဒ်မ ၅ ခု နဲ့ ဖမ်းဝရမ်းထုတ်ခံရသူ ဖြစ်ပြီး နိုဝင်ဘာ ၃ ရက်နေ့ကမှ သူ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
နိုဝင်ဘာ ၅ ရက်နေ့မှာ ကိုလင်းထက်နိုင်အပါအ၀င် တခြား ဖမ်းဆီးခံကျောင်းခေါင်းဆောင် ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင် တို့နဲ့အတူ ရုံးထုတ်ဖို့ရှိ တယ်လို့ ကိုအောင်နေပိုင်က ပြောပါတယ်။
“ကျော်ကိုကိုရော၊ သူရော၊ မပိုပို၊ နန္ဒစစ်အောင်တို့နဲ့တွဲပြီးတော့ ထုတ်မှာပေါ့။ ပိုပိုရယ်၊ ၀င်းကျော်မှူးရယ်၊ နန္ဒစစ်အောင်ရယ်ဆို ၃ ယောက်နဲ့ သူတို့ ၂ ယောက်နဲ့ ဆို ၅ ယောက်ရုံးထုတ်မှာ။”
သူတို့ကို ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန်အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင် ပါဝင်နေမှု)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ ပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းအား ၀တ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု)၊ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) တွေနဲ့ တရားစွဲဆို ရုံးထုတ်မယ်လို့လည်း ကိုအောင်နေပိုင်က ပြောပါတယ်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ငြိမ်းချမ်းစွာသပိတ်မှောက်ခဲ့ရာမှာ ဦးဆောင်ပါဝင်ခဲ့မှုနဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရတဲ့ ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ကြတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေ သာယာဝတီထောင်မှာ တရားစွဲဆို ချုပ်နောင်ခံနေရပြီး နိုင်ငံရေး အကျဉ်းအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက်လည်း ဗကသကျောင်းသားတွေ ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြနေကြပါတယ်။
By နော်နိုရင်းDVB
“ နိုဝင်ဘာလ (၈) ရက်ဟာ… တိုင်းပြည်အတွက်ဖြစ်ပါစေ ”
မြန်မာသက္ကရာဇ် (၁၃၇၇) ခုနှစ် သီတင်းကျွတ်လဆုတ် (၁၁) ရက်၊ ခရစ်သက္ကရာဇ် (၂၀၁၅) ခုနှစ် နိုဝင်ဘာလ (၈) ရက်တနင်္ဂနွေနေ့ မှာတော့ ကမ္ဘာ့ ဒီမိုကရေစီသမိုင်းဖြစ်စဉ်ထဲမှာပါ ကမ္ဗည်းထိုးရစ်တော့မှာမို့ နိုင်ငံများစွာက စိတ်ဝင်တစားစောင့်ကြည့်ခြင်းခံနေရတဲ့ မြန်မာနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲကြီးကျင်းပတော့မှာဖြစ်ပါတယ်။
ပြည်သူ့ အချစ်တော်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီနဲ့  စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတည်ထောင်ထားခဲ့တဲ့ လက်ရှိစစ်တပိုင်းအစိုးရရဲ့ ပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီအပါအ၀င် ပါတီပေါင်းစုံဟာ ပြည်သူလူထုကြားမှာ မဲဆွယ်စည်းရုံးရေး ဆင်းနေကြတာဖြင့် အရှိန်အတော်ရနေပါပြီ။
တကယ်တော့ ဒီမိုကရေစီရွေးကောက်ပွဲဆိုတာ နိုင်ငံတော်အချုပ်အခြာအာဏာပိုင်ရှင်အစစ်ဖြစ်တဲ့ မိဘပြည်သူတွေက တိုင်းပြည်ကို သုတို့ ကိုယ်စား သက်တမ်းတခုမှာ ပါတီတစုတစ်ဖွဲ့ ကိုရွေးချယ် ယာယီအုပ်ချုပ်ခွင့်ပေးတဲ့ပွဲပါ။ ဒါပေမဲ့ အခုလာမဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကတော့ အစိုးရတရပ်ကို ရွေးချယ်ပေးယုံသက်သက်ပွဲမဟုတ်ပါဘူး နှစ်ပေါင်း (၅၃)နှစ်ကျော် တိုင်းပြည်ကို မျက်နှာဖုံးအမျိုးမျိုးစွပ်ပြီး ဗိုလ်ကျစိုးမိုးနေတဲ့ စစ်အာဏာရှင်စနစ်ကို နိဂုံးသတ်နိုင်မှာလား ဒါမမဟုတ် ဆက်လက်ရှင်သန်ပြီး ပြည်သူကို ဒုက္ခဆက်ပေးခွင့်ပြုမှာလားဆိုတာ အဆုံးဖြတ်ပြုရမဲ့ပွဲလည်းဖြစ်ပါတယ်။
ဒါကြောင့် ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ သမိုင်းဝင်နေ့ တနေ့ ဖြစ်လာမှာပါ။ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကနေ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို တကယ်ကူးပြောင်းလိုစိတ် ရှိမရှိ ဆိုတာကို မြင်ကြရမဲ့ပွဲလည်းဖြစ်ပါတယ်။
ဒါပေမဲ့ (၂၀၁၅) အထွေထွေရွေးကောက်ပွဲဟာ ပုံမှန်အခြေအနေတရပ်မှာ မရှိပါဘူး။ အကြောင်းကတော့ ပြည်သူ့ ကိုယ်စားလှယ် ၁၀၀% ကိုရွေးကောက်ရမှာမဟုတ်ဘဲ ၊ ၇၅%ကိုသာရွေးရမဲ့အခြေအနေရောက် နေလို့ ပါဘဲ။ လွှတ်တော်ကိုယ်စားလှယ်နေရာထိုင်ခုံ ၂၅% ကို လက်ရှိအာဏာယူထားတဲ့ စစ်တပိုင်းအစိုးရနဲ့  မျိုးတူ အာဏာရှင်ဂိုဏ်းသားတွေဖြစ်တဲ့ မြန်မာစစ်တပ်က လုယူယူထားတာ ကမ္ဘာသိမဟုတ်လား။
ဒီလိုမမျှမတတဲ့ အခြေအနေကို ပိုဆိုးဝါးစေတာက အာဏာလက်မလွှတ်ခြင်တဲ့ ပြည်ခိုင်ဖြိုးအစိုးရဟာ ပြည်သူ့ ထောက်ခံမှု့မရမှန်းသိတော့၊ ဘက်လိုက်မဲ့ေ၇ွးကောက်ပွဲကော်မရှင်ကို စစ်ဗိုလ်စစ်သား၊ သူ့ လူများနဲ့ ဘဲစိတ်ကြိုက်ဖွဲ့ စည်းပြီး အခြေခံမဲစာရင်းကို ၃၀%လောက်သာ မှန်အောင်ပြုစုပြီး နိုင်ငံသူနိုင်ငံသားတွေရဲ့ အခြေခံမဲပေးပိုင်ခွင့်ကိုလုယူခဲ့ပြန်ပါတယ်။
အဲ့ဒါတွေအပြင် ၀ယ်မဲ၊ ပယ်မဲ၊ ပိုမဲ၊ ကြိုတင်မဲ၊ ခြိမ်းခြောက်မဲ၊ ခိုးမဲ၊ လုမဲ၊ ညစ်မဲ၊ လိမ်မဲ မဲဓါးမြ စတဲ့ မဲမသမာမှု့ နည်းမျိုးစုံသုံးပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မဲအပြတ်အသတ်နဲ့  (၁၉၉၀) ရွေးကောက်ပွဲတုံးကလို အောင်ပွဲ မခံနိုင်အောင်၊ လွတ်လွတ်ကျွတ်ကျွတ် အစိုးရမဖွဲ့ နိုင်အောင် အဖက်ဖက်က ပြင်ဆင်ကျူးလွန်နေကြတာ အထင်အရှားမဟုတ်လား။
(က) ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ ဖြိုးရေးပါတီကိုမဲမပေးသင့်တဲ့အကြောင်း …
လက်ရှိအခြေအနေဟာ နိုင်ငံသားတိုင်း ရေငုံနှုတ်ပိတ်နေလို့ မရတော့ပါဘူး။ တိုင်းပြည်တခုလုံးရဲ့ အကောင်းအဆိုး အနာဂါတ်ကိုအဆုံးအဖြတ်ပေးမဲ့ နိုင်ငံရေးကိစ္စတွေမှာ ကျွန်တော်တို့ ဟာ မပြတ်မသား အားနာနေလို့ မရပါဘူး။ လူမျိုးတမျိုး၊ ဘာသာတခုအကျိုးအတွက်သာကြည့်ပြီးပြောနေလို့ မသင့်တော်ပါဘူး။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ပြည်ထောင်စုကြီး ညီညီညွတ်ညွတ် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေနိုင်မဲ့အကျိုးကို သာ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ရည်မျှော်ပြောဆိုရပ်တည်ကြဖို့ လိုပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ရဲ့အနာဂါတ်ကို ထပ်မံလုယူဖျက်ဆီးဖို့ ဗြောင်ကျိုးပမ်းလာတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ ဖြိုးရေးပါတီနဲ့ အသွင်တမျိုးယူပြီး ခေါင်းထောင်ဖို့ တာစူလာတဲ့ စစ်အာဏာရှင်မျိုးဆက်သစ်တွေအကြောင်း ပြည်သူလူထုရှင်းရှင်းလင်းလင်းသိအောင်၊ သူတို့ ပါတီကို မဲမပေးသင့်တဲ့အကြောင်း အားမနာတမ်း မီးမောင်း ထိုးပြခြင်ပါတယ်။
အဖိနှိပ်ခံပြည်သူ လူများစုကြီးအတွက် လာခြင်းမကောင်းတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီဆိုတာ အားလုံးသိကြတဲ့အတိုင်း အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးစီးတည်ထောင်ခဲ့တာပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယာဉ်တန်းကို (၂၀၀၃) ခုနှစ် မေလ (၃၀) ရက်နေ့ က သတ်ဖြတ်ဖို့ ကျိုးပမ်းခဲ့တဲ့ ဒီပဲရင်းလူသတ်ပွဲမှာပါဝင်ခဲ့ကြတဲ့ ပြည်သူ့ ချဉ်ဖတ် စွမ်းအားရှင်ဆိုတဲ့လူမိုက်တွေ၊ စစ်အာဏာရှင်စနစ်လိုလားသူ မဆလပါတီဝင်ဟောင်းတွေ၊ စစ်အာဏာရှင်စနစ်ရဲ့အမာခံ စစ်ဗိုလ်စစ်သားတွေ၊ အပြောင်းအလဲမလိုလားဘဲ ကပ်ရပ်ပြီး အခွင့်ထူးခံခွင့်အနည်းအကျဉ်းရတဲ့ မြို့နယ်ရပ်ရွာအုပ်ချုပ်ရေးမှုးတွေ၊ အသုံးချခံ မီးသတ်ကြက်ခြေနီ၊ ၀ိသမစီးပွားရေးလုပ်ငန်းရှင်ခရိုနီတွေ၊ သူတို့ ရဲ့နောက်လိုက်နောက်ပါတွေကို စုစည်းပြီး တပ်မတော်ကို ကျောထောက်နောက်ခံပြုလို့ တည်ထောင်ထားခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးအသင်းကြီးကို (၂၀၁၀) ခုနှစ် ဇွန်လထဲမှာ အာဏာရှင်လက်ကိုင်ဒုတ် ပါတီအဖြစ်ပြောင်းပြီး ပြည်သူပိုင်ဘဏ္ဍာ၊ ငွေကြေးတွေနဲ့ နေရာအဆောက်အဦးတွေ လုယူသိမ်းပိုက်ပြီး တည်ထောင်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အမဲစက်ပေါင်းများစွာ စွန်းထင်းထားရစ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်က ခြေရာလက်ရာ အချက်အလက်တွေကို စေ့စေ့ငုငု လေ့လာတဲ့အခါ … သမိုင်းကြောင်းလည်း မကောင်းဘူး၊ ရည်ရွယ်ချက်လည်း မကောင်းဘူး၊ အကျင့်သီလလည်းမကောင်းဘူး၊ စရိုက်သဘာဝလည်းမကောင်းဘူး၊ အရည်အသွေးလည်းမကောင်းဘူး၊ စိတ်ဓါတ်လည်းမကောင်းဘူး၊ အတွေးအကြံလည်းမကောင်းဘူး၊ လုပ်ရပ်လည်းမကောင်းဘူး၊ လာခြင်းလည်းမကောင်းဘူး၊ လားရာလည်းမကောင်းဘူး၊ လောကအမြင်လည်းမကောင်းဘူး၊ လိပ်ပြာလည်းမကောင်းဘူး၊ ပိုင်ဆိုင်မှု့လည်းမကောင်းဘူး၊ နံမည်လည်းမကောင်းဘူး၊ ကိုးကွယ်မှု့လည်းမကောင်းဘူး၊ ဆရာတင်တာလည်းမကောင်းဘူး၊ ရာဇ၀င်လည်းမကောင်းဘူး ဆိုတာတွေ့ ရမှာဖြစ်တယ်။
ဒါပေမဲ့သူတို့ ဟာ မကောင်းတဲ့ဖက်တွေမှာတော့ ဘက်စုံထူးချွန်နေတာ ပြည်သူတွေအသိဘဲဖြစ်တယ်။ ကိုယ့်တဘို့ သာ ကိုယ်ကျိုးကြည့်တဲ့နေရာကောင်းတယ်၊ ရက်စက်ကျမ်းကျုတ်တဲ့နေရာကောင်းတယ်၊ ဗြောင်လိမ်ဖို့ ရာဆိုကောင်းတယ်၊ ကောက်ကျစ်ယုတ်မာရာမှာကောင်းတယ်၊ လှည်ဖြားရာမှာကောင်းတယ်၊ ခိုဆိုးရာမှာကောင်းတယ်၊ လုယက်ဓါးမြတိုက်ရာမှာကောင်းတယ်၊ ဖိနှိပ်ရာမှာကောင်းတယ်၊ မတရားအနိုင်ကျင့်ရာမှာကောင်းတယ်၊ သူများမျက်ရည်ကြီးငယ်ကျစေရာမှာကောင်းတယ်၊ ကပ်ဖါးရပ်ဖါးလုပ်ရာမှာကောင်းတယ်၊ သူများကိုနင်း နေရာလုရာမှာကောင်းတယ်၊ အခွင့်ထူးခံခြင်တဲ့နေရာမှာကောင်းတယ်၊ အရှက်မရှိလုပ်ရကိုင်ရရင်ကောင်းတယ်၊ တိုင်းပြည်ကိုဖျက်ဆီးရာမှာကောင်းတယ်၊ လူတွေကိုလမ်းမှားပို့ ရာမှာကောင်းတယ်၊ ဘယ်သူသေသေ ငတေမာဘို့ ဆိုရင်ကောင်းတယ်။
အဲ့ဒီလို ဗီဇဆိုး၊ စရိုက်ဆိုးတွေနဲ့ ပြီးပြည်စုံနေတဲ့သူအများစုနဲ့ ဖွဲ့ စည်းတည်ထောင်ထားပြီး ပြည်သူပိုင်ဘဏ္ဍာ၊သယံဇာတတွေခိုးလို့ သူတို့ ကတော့ ထားစရာမရှိအောင်ချမ်းသာ၊ တိုင်းပြည်ကိုတော့ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံအဖြစ်ရောက်ရှိစေခဲ့တာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီပါ။
ဘယ်တုံးကမှ ပြည်သူအကျိုးစီးပွားကို ရိုးရိုးသားသား နှမ်းတစေ့ တဆံခြည်မျှင်သော်မှ မဆောင်ရွက်ခဲ့ဘဲ အခုဆို လျှပ်စစ်မီးဆင်ပေးမယ်၊ မျိုးစပါးပေးမယ်၊ ငွေချေးမယ်၊ လမ်းဖေါက်ပေးမယ်၊ ကြိုးတံတားဆောက်ပေးမယ်စတဲ့ တနပ်စားတပွဲတိုးမက်လုံးတွေပေးပြီး ပြည်သူကို ဖျားယောင်းမဲဆွယ်နေကြတာမဟုတ်လား။ ပြီးတော့ ဘာသာရေးကိုအသုံးချပြီး NLD ကိုတိုက်ခိုက်အပုတ်ချရင်း အထင်မှားအောင် မဲပြားအောင်လုပ်နေတာတွေ လူတိုင်းကြားနေရမြင်နေရပါတယ်။
ကတိမတည်ကြည်သူတွေ၊ ကိုယ့်အမှားကို တာဝန်မယူရဲသူတွေ၊ မုသားစကားပြောရဲသူတွေ မကျူးလွန်ဝံ့တဲ့ အကုသိုလ်ကံဆိုတာ ဒီလောကမှာမရှိတော့မို့  ဘယ်ရာဇ၀ါတ်မှု့မျိုးမဆို ကျူးလွန်ပါလိမ့်မယ် ။
ဗီဇဆိုးစရိုက်ဆိုးနဲ့  ဥာဏ်ပညာချို့တဲ့မှု့ဟာ မိုက်တွင်းကိုသာတူးလေ့ရှိတယ်။ ကိုယ်ကျင့်သီလကျိုးပြတ်မှု့ဟာ လောကပါလတရားလေးပါးနဲ့ တာဝန်ခံလိုစိတ်ကိုလွှတ်ချပစ်လေ့ရှိတယ်။ တာဝန်ယူရဲတဲ့ သတ္တိမရှိတဲ့အခါ ရိုးသားမှု့ဆိုတာပျောက်ဆုံးသွားတော့တာဘဲ။ ရိုးသားမှု့ပျောက်ဆုံးတဲ့အခါ ယုတ်မာကောက်ကျစ်မှု့တွေ မွေးဖွားတော့တာပါဘဲ။ ယုတ်မာကောက်ကျစ်မှု့တွေဟာ အနိဌာရုံတွေဆီနဲ့ မကောင်းသောရလာဒ်နဲ့  လားရာကိုသာ ရှေ့ရှု့စေပါတယ်။
အဲ့ဒီလိုကောင်းကွက်ဆိုတာ ဘာမှမရှိနတ္ထိ၊ မကောင်းတာတွေနဲ့ သာအတိပြီးနေတဲ့ ပြည်ခိုင်ဖြိုးပါတီကို နောက်ထပ်သက်တမ်း(၅)နှစ် ဆက်အုပ်ချုပ်ဖျက်ဆီးခွင့်ပေးစရာ၊ မဲပေးစရာအကြောင်း လုံးဝဥဿုံမရှိပါဘူး။
(ခ) ဦးသိန်းစိန်ရဲ့ပြုပြင်ပြောင်းလဲရေးကို ဘာလို့ လက်မခံနိုင်ရသလဲ
မိဘပြည်သူများခင်ဗျား အစချီတဲ့ ပျားရည်ဖုံး သင်တုန်းဓါးလို့ တင်စားရမဲ့ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ဗွေဆော်ဦးခြေလှမ်းတွေမှာကထဲက ရိုးသားမှု့တွေပျောက်ဆုံးနေခဲ့ပါတယ်။ တကယ်တော့ ဦးသိန်းစိန်တို့  စစ်ဗိုလ်ချုပ်ကြီးတွေဟာ တိုင်းပြည်ကို ဖွတ်ဖွတ်ညှက်ညှက်ချေမွလို့ ၊ ကဏ္ဍစုံအရည်အသွေးကျ၊ ပျက်သုံးနိုင်ငံ အဆင့်ကိုရောက်စေရာမှာ တာဝန်ရှိခဲ့သူတွေပါ။
နောက်တခါ ကမ္ဘာမှာ အရှည်ကြာဆုံးပြည်တွင်းစစ်မီးတောက်အောက်မှာ ဘယ်၍ဘယ်မျှရှိတယ်ဆိုတာ မခန့် မှန်းနိုင်၊ မတွက်ချက်ရဲလောက်တဲ့ တိုင်းရင်းသားပြည်သူလူထုတွေရဲ့အသက်ဆုံးပါးမှု့၊ ဘ၀ပျက်ဆုံးရှုံး ခဲ့ရမှု့တွေ၊ မခံမရပ်နိုင်လို့ လူထုအုံကြွမှု့ပေါ်လာတိုင်း ပစ်ခပ်နှိမ်နင်းခဲ့ရာမှာရော၊ မသေသင့်ဘဲ ပြည်သူပေါင်း တစ်သိန်းခွဲနီးပါး အသက်ဆုံးရှုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်း တာဝန်ပျက်ကွက်မှု့ကြီးမှာပါ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် လို့ ဖြစ်စေ တာဝန်ရှိသူတွေဖြစ်ပါတယ်။
ဒီတော့ အမှန်တကယ် နှောင်တရလို့ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေးလုပ်ခြင်တဲ့သူတွေဆိုရင် မိမိနဲ့ မိမိအဖွဲ့ စည်း က မိဘပြည်သူတွေအပေါ်ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်ခဲ့မှု့တွေ၊ ရာဇ၀ါတ်မှု့တွေ၊ ကျကျနနတောင်းပန်မှု့ အမှားဝန်ခံမှု့၊ တာဝန်ဝန်ခံမှု့ တာဝန်ယူမှု့တွေနဲ့ နစ်နာဆုံးရှုံးခဲ့ရသူတွေကို စာနာကြောင်း ရိုးရိုးသားသား ပြသဖို့ လိုသလို၊ သူတို့ ဘ၀တွေ ပြန်လည်ထူထောင်နိုင်အောင် အကူအညီတွေပေးသင့်တယ်မဟုတ်လား။
ပြီးရင် သူတို့ ရဲ့အစိုးရသက်တမ်း (၅) နှစ်ကာလတွင်းမှာ အောက်ပါအဓိကလုပ်ငန်းစဉ်တွေကို ဦးစားပေးလုပ်ဆောင်သင့်တယ်။
၁) တရားဥပဒေစိုးမိုးရေးအမြန်ဆုံးတည်ဆောက်ဖို့ ၊
၂) ပြည်တွင်းစစ်မီးကို အပြီးတိုင်ငြိမ်းသတ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရစေဖို့ ၊
၃) နိုင်ငံရေးအင်အားစုအားလုံးပါဝင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရစေဖို့ ၊
၎) တဖက်သတ်ရေးဆွဲပြီး ပြည်သူလူထုအကျိုးစီးပွားကိုမဖေါ်ဆောင်နိုင်တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို အများလက္ခံလါအောင် မှန်မှန်ကန်ကန်ပြင်ဆင်ဖို့ ၊
၅) အကျင့်ပျက်ခြစားမှု့တွေကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ … စတာတွေပါဘဲ။
အခုတော့ ဗွက်ပေါက်အောင်ကျူးလွန်ခဲ့ ကိုယ့်ပြစ်မှု့ တွေကို ကိုယ်တိုင်တာဝန်မခံ၊ တာဝန်မယူတဲ့အပြင်ဒီမိုကရေစီဆိုတာ သူတို့ ပေးထားတာလို့ ကျေးဇူးရှင်ပါ အဖြစ်ခံခြင်နေတာဟာ လုံးဝမရိုးသားဘူးလို့ ပြောရမှာပါ။ အထက်မှာရေးပြခဲ့သလို အခြေခံကျကျ ပြုပြင်သင့်တာတွေ ထိထိရောက်ရောက်မပြင်ဘဲ လူပြိန်းကြိုက် အပေါ်ယံအပြောင်းအလဲတွေလုပ်ပြ၊ ဗုဒ္ဓဘာသာဝင်အများစုကတောင်လက်မခံတဲ့၊ မစစ်မှန်တဲ့နည်းလမ်းတွေနဲ့ ဗုဒ္ဓဘာသာတခုထဲကို ကာကွယ်စောင့်ရှောက်သလိုလုပ်ပြ၊ အများအလိုမတူဘဲ ဥပဒေတွေပြဌာန်းပြီး ကာကွယ်သယောင်လုပ်ပြတာဟာ သဘောမတူတဲ့ မိဘပြည်သူတွေနဲ့ ရှိရှိသမျှ တခြားဘာသာဝင်တွေကို စော်ကားပြနေတာဘဲမဟုတ်လား
ဦးသိန်းစိန်တို့ စစ်တပိုင်းအစိုးရဟာ စစ်အာဏာရှင်စနစ်ကို လူအများသည်းခြေကြိုက်မဲ့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးစကားလုံး ရွှေပြားဖုံးပြီး တိုင်းပြည်ရဲ့ညီညွှတ်ရေးဖြိုခွဲခဲ့တာပါဘဲ။
စည်းကမ်းပြည့်ဝသောဒီမိုကရေစီမျက်နှာဖုံးစွပ်လို့ ပြည်သူတွေကို ဒီမိုကရေစီအတုပေးနေတဲ့ ဦးသိန်စိန်ကို မဲပေးအောင်စည်းရုံးမယ်ဆွယ်နေတဲ့လူတွေ၊ မဲပေးမဲ့သူတွေ၊ အမျိုးဘာသာသာသနာအကြောင်းပြပြီး ဆက်လက်အုပ်ချုပ်စေခြင်တဲ့ လူရှင်ရဟန်းတွေကို ဆရာနန္ဒသိန်းဇံရဲ့ ” ကိုယ်ကျင့်တည်ကြည်ခြင်းနှင့်အဆင့်မြင့်ခရီးစဉ်”စာအုပ်ထဲက အောက်ပါ စာသားတွေနဲ့ သတိပေးခြင်ပါတယ်။
“ ငါးပုပ်ကို သမန်းမြက်နှင့်ထုပ်သောအခါ သမန်းမြက်သည်လည်း အပုပ်နံ့ နံသကဲ့သို့  ထို့ အတူ လူမိုက်နှင့် ပေါင်းဖေါ်သောအခါ ပေါင်းဖေါ်သူလည်း သူမိုက်ဖြစ်လာရ၏။”
“မွှေးသောတောင်ဇလပ်ပန်းကို ပေါက်ဖက် ဖြင့်ထုပ်သောအခါ ပေါက်ဖက်သည်လည်း အမွှေးနံ့ သင်းပျံ့  သကဲ့သို့ ထို့ အတူ လူလိမ္မာနှင့်ပေါင်းဖေါ်သောအခါ၌ ပေါင်းဖေါ်သူသည်လည်း လူလိမ္မာဖြစ်လာရ၏။”
ဒီဆောင်းပါးရဲ့ နိဂုံးချုပ်အနေနဲ့  ဦးသိန်းစိန်အစိုးရနဲ့ တကွ တာဝန်ရှိတဲ့စစ်ဗိုလ်ချုပ်ကြီးတွေအားလုံးကိုတိုက်တွန်း အသိပေးလိုတာက နှောင်တဆိုတာဟာ နောက်ကျတယ်ဆိုတာမရှိဘူးဆိုတာပါဘဲ။ အမှားပေါ်အမှားဆင့်ပြီး နစ်သထက်မနစ်ရအောင် ကံနဲ့ ကံ၏အကျိုးယုံကြည်စေဖို့ ၊ နှောင်လါနောက်သားတွေကို ကိုယ့်အမှားကိုယ်တာဝန်မယူတဲ့ ယဉ်ကျေးမှု့နဲ့ အစဉ်အလာကို လက်ဆင့်ကမ်းအမွေမထားရစ်စေဘို့  ကိုယ်ကျူးလွန်ခဲ့တဲ့ပြစ်မှု့တွေအားလုံး အတွက် တိုင်းသူပြည်သား တွေကိုဝန်ချတောင်းပန်ခြင်းကစလို့ တာဝန်ခံမှု့၊ တာဝန်ယူမှု့တွေပြုကြပါလို့  တိုက်တွန်းလိုက်ပါတယ်။
မြန်မာပြည်သူပြည်သားတွေကို တိုက်တွန်းလိုတာက လူ့ ဂျပိုး၊ စစ်ဂျပိုးတွေရဲ့ လှည့်ကွက် အလိမ်အညာတွေကို ကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ခြင်ပိုင်းခြားပါ။ လူမျိုးတမျိုး၊ တစ်ဘာသာအရေးသာမကြည့်ဘဲ နှလုံးသားကြီးကြီးနဲ့  လူမျိုးပေါင်းစုံ သဟဇာတဖြစ်ရေး ပြည်ထောင်စုအရေးကိုဦးထိပ်ပန်ဆင်ကြပါလို့ တိုက်တွန်းခြင်ပါတယ်။
လူရှင်အာဇာနည် ကုဋေချီရှိတဲ့တိုင်းပြည်က မြန်မာပြည်သူပြည်သား သန်း (၅၀) ကျော်နဲ့  သူတို့ ရဲ့နှောင်မျိုးဆက်သစ်တွေကို စစ်ကျွန်ဘ၀က အပြီးတိုင်လွတ်မြောက်ဖို့  ဘုရားဟောတရားနဲ့ ညီညွတ်တဲ့ လူ့ အဖွဲ့ အစည်တခုအဖြစ် ကမ္ဘာ့ အလယ်တင့်တယ် ခေါင်းမော့နိုင်ဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ပုံအောမဲပေးခြင်းနဲ့ လာမဲ့ နိုဝင်ဘာလ (၈) ရက်ကို တိုင်းပြည်အတွက်ဖြစ်ပါစေလို့ ဆန္ဒမွန်ပြုလျှက်။ ။
လေးစားစွာဖြင့်
(မင်းကောင်းချစ်)
နိုဝင်ဘာလ ( ၄) ရက်နေ့ ၊ ၂၀၁၅ ခုနှစ်
[full-post]
 စ​နေ​နေ့​က ​ဆိုင်း​နိုင်း ​ကျွန်း​ဆွယ်​မှာ ​ပျက်​ကျ​ခဲ့​တဲ့ ​ရု​ရှား ​လေ​ယာဉ်​ကို IS ​အ​စ္စ​လာ​မ္မစ် ​နိုင်​ငံ​အ​ဖွဲ့​က ​သူ​တို့ ​စစ်​သွေး​ကြွေ​တွ ​ပစ်​ချ ​ခဲ့​တာ ​ဖြစ်​တယ်​လို့ ​ထပ်​မံ ​ပြော​ဆို ​လိုက်​ပါ​တယ်။
ဆို​ရှယ်​မီ​ဒီ​ယာ ​ပေါ်​မှာ ​ဖြန့်​ဝေ​ခဲ့​တဲ့ ​အ​သံ ​ကြေ​ညာ​ချက် ​ထဲ​မှာ ​အဲ​ဒီ​လို ​ပစ်​ချ​တဲ့ ​စစ်​ဆင်​ရေး​ဟာ ​အီ​ဂျစ် ​အ​ခြေ​စိုက် ​စစ်​သွေး​ကြွ ​အ​ဖွဲ့​ရဲ့ IS ​အ​ပေါ် ​သ​စ္စာ​ခံ​ခဲ့​တဲ့ ​ပ​ထ​မ​ဆုံး ​နှစ်​ပတ်​လည် ​အ​ထိမ်း​အ​မှတ်​နဲ့ ​တိုက်​ဆိုင် ​ခဲ့​တယ်​လို့ ​ပြော​ဆို ​ထား​ပါ​တယ်။
ဘယ်​လို ​ဘယ်​ပုံ ​ပစ်​ချ​ခဲ့​တယ် ​ဆို​တာ​ကို​တော့ ​အဲ​ဒီ ​ကြေ​ညာ​ချက်​က ​ပြော​ဆို​ခြင်း ​မ​ရှိ​ပါ​ဘူး။ ​ကျွမ်း​ကျင်​သူ​တွေ​က​တော့ IS ​စစ်​သွေး​ကြွတွေ ​အ​နေ​နဲ့ ​လေ​ယာဉ်​ကို ​ပစ်​ချ​နိုင်​စွမ်း ​မ​ရှိ​လောက်​ဘူး​လို့ ​သံ​သ​ယ ​ရှိ​ကြ​ပါ​တယ်။
လေ​ယာဉ်​ပျက် ​နေ​ရာ​က​နေ ​ပြန်​တွေ့​တဲ့ ​ဘ​လက်​ဘောက်စ် ​တွေ​က ​အ​ချက်​အ​လက်​တွေ ​ကို​တော့ ​နိုင်​ငံ​တ​ကာ ​စုံ​စမ်း​စစ်​သူ​တွေ​က ​စိ​စစ် ​လေ့​လာ ​စစ်​ဆေး​ဆဲ ​ဖြစ်​ပါ​တယ်။
ရု​ရှား​နဲ့ ​အီ​ဂျစ် ​အ​စိုး​ရ​တွေ​က​လည်း ​လေ​ယာဉ် ​ပျက်​ကျ​ရ​တဲ့ ​အ​ကြောင်း​ကို ​ခန့်​မှန်း ​ပြော​ဆို​ဖို့ ​စော​လွန်း ​နေ​သေး​တယ်​လို့ ​ပြော​ခဲ့​ကြ​ပါ​တယ်။
ရု​ရှား​ရဲ့ Kogalymavia ​လေ​ကြောင်း​ပိုင် ​ခ​ရီး​သည်​တင် ​လေ​ယာဉ်​ဟာ ​အီ​ဂျစ် ​အ​ပန်း​ဖြေ ​စ​ခန်း​မြို့ ​ဖြစ်​တဲ့ ​ရှားမ်​အယ်လ်​ရှိတ် ​မြို့​က​နေ ​စိန့်​ပီ​တာစ်​ဘာ့ဂ် ​မြို့​ကို ​ပျံ​သန်း​စဉ် ​ပျက်​ကျ​ခဲ့​တာ ​ဖြစ်​ပြီး ​လေ​ယာဉ်​ပေါ် ​ပါ​သွား​တဲ့ ၂၂၄ ​ဦး​စ​လုံး ​သေ​ဆုံး ​ခဲ့​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
သ​မ္မ​တ​နဲ့ ​ကာ​ကွယ်​ရေး ​ဦး​စီး​ချုပ်​တို့ ​စစ်​တွေ​ကို ​ရောက်​ခဲ့​စဉ်
ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင်​ကို ​ပေး​ပို့​ခဲ့​တဲ့ ​အန်​အယ်လ်​ဒီ​ရဲ့ ​တိုင်​ကြား​စာ​မှာ ​စစ်​ကိုင်း​တိုင်း၊ ​ပဲ​ခူး​တိုင်း၊ ​တ​န​င်္သာ​ရီ​တိုင်း ​တို့​ကို ​သွား​တဲ့ ​သ​မ္မ​တ​ရဲ့ ​ခ​ရီး​စဉ် ​အ​တွင်း ​တ​ချို့​မြို့​တွေ​မှာ ​ပါ​တီ​ဝင်​တွေ​က ​ကြို​ဆို ​နှုတ်​ဆက်​ကြ​တာ​တွေ​နဲ့ ​မြို့​မိ​မြို့​ဖ​တွေ​နဲ့ ​တွေ့​ဆုံ​ပွဲ​တွေ ​မှာ ​ကြံ့​ခိုင် ​ဖွံ့​ဖြိုး​ရေး ​ပါ​တီ​ဝင်​တွေ ​ပါ​ဝင်​နေ​တာ ​တွေ​ကို ​ထည့်​သွင်း ​ဖော်​ပြ​ထား​ပါ​တယ်။
ဒါ​တွေ​ဟာ ​သ​မ္မ​တ ​အ​နေ​နဲ့ ​အာ​ဏာ​ရ ​ကြံ့​ခိုင်​ရေး​နဲ့ ​ဖွံ့​ဖြိုး​ရေး ​ပါ​တီ​ကို ​ကိုယ်​စား​ပြု ​လှုပ်​ရှား​နေ​တာ ​ထင်​ရှား​ပြီး ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​ကို ​ချိုး​ဖောက်​တာ ​ဖြစ်​တဲ့ ​အ​တွက် ​လို​အပ်​သ​လို ​ဆောင်​ရွက်​ပေး​ဖို့ ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင်​ကို ​တိုက်​တွန်း ​ထား​ပါ​တယ်။
သ​မ္မ​တ​ရဲ့ ​ပြော​ရေး​ဆို​ခွင့် ​ရှိ​သူ ​ပြန်​ကြား​ရေး ​ဝန်​ကြီး ​ဦး​ရဲ​ထွဋ်​က​တော့ ​ဒါ​တွေ​ဟာ ​အန်​အယ်လ်​ဒီ ​ဘက်​က ​စွပ်​စွဲ​ချက်​သာ​ဖြစ်​ပြီး ​သ​မ္မ​တ​က ​သူ့​တာ​ဝန်​ကို ​သူ​ထမ်း​ဆောင် ​နေ​တာ​သာ ​ဖြစ်​တယ်​လို့ ​ပြော​ဆို​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
လာမည့် တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် အကယ်၍ အာဏာရပါတီ ရှုံးနိမ့် ခဲ့ပါက နိုင်ငံတွင် သွေးထွက်သံယို ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည် ဟု ဖော်ပြထားသော ဗီဒီယိုတစ်ခုကို သမ္မတ ဦးသိန်းစိန်၏ သမ္မတရုံး ဖေ့ဘုတ်အကောင့်တွင် လွှင့်တင်ခြိမ်းခြောက်ခဲ့သည်ဟု Sydney Morning Herald သတင်းစာက ဖော်ပြထားသည်။
၎ မိနစ်ကြာ ထိုဗီဒီယိုထဲတွင် အာရပ်နွေဦး လှုပ်ရှားမှုအပြီး အရှေ့အလယ်ပိုင်းဒေသတွင် ပေါ်ပေါက်ခဲ့သော နိုင်ငံ ပြုပြင်ပြောင်းလဲမှု ရှုပ်ထွေးမှုများ သွေးထွက်သံယိုဖြစ်မှုများကို ကြောက်မက်ဖွယ် ဓါတ်ပုံများဖြင့် ဖော်ပြသတိပေးထားသည်။
ဟဲဗီးမက်တယ်ဂီတ နောက်ခံ၊ စိတ်ခြောက်ခြားဖွယ် တီးလုံးများဖြင့် ဖန်တီးထားသည့် ထိုဗီဒီယိုတွင် အရှေ့အလယ်ပိုင်းဒေသမှ သွေးထွက်သံယို ပဋိပက္ခ မြင်ကွင်းများနှင့် မြန်မာနိုင်ငံတွင် ဆယ်စုနှစ် ၅ ခုကြာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်၍ ၂၀၁၁ တွင် အရပ်သားတစ်ပိုင်း အစိုးရ တက်လာပြီးနောက်ပိုင်း တည်ငြိမ်ဖွံ့ဖြိုးမှု ပုံရိပ်များကို ဖော်ပြထားသည်။
ဗီဒီယို၏ အဆုံးသတ်တွင် “ငြိမ်းချမ်းရေး ရရှိမှသာ ဒီမိုကရေစီ ဖော်ဆောင်ရေး ဆောင်ရွက်မည်” ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ မဲဆွယ်ကာလ ၂ လအတွင်း ပဋိပက္ခဖြစ်ပွားမှု အနည်းငယ်သာရှိသော်လည်း ရွေးကောက်ပွဲနေ့တွင် ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကို လေ့လာသူများနှင့် သံတမန်များက စိုးရိမ် လျက်ရှိသည်။ ရန်ကုန်မြို့တွင် ကာလရှည် နေထိုင်လာခဲ့သည့် သြစတြေးလျ နိုင်ငံသားတစ်ဦးက “တင်းမာမှုတွေ မြင့်တက်နေပါတယ်” ဟု ပြောကြားခဲ့သည်။
ရွေးကောက်ပွဲကြို လူထုသဘောထား နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ခိုင်လုံသော စစ်တမ်းကောက်ယူမှု မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်။ NLD ပါတီမှာ ပြည်မတွင် လူထုထောက်ခံမှု များပြားကြောင်း ပေါ်လွင်နေ သည်။ လွှတ်တော်တွင် အမတ်နေရာ ၂၅% ကို စစ်တပ်က ရယူထားသဖြင့် လွှတ်တော်တွင် အများစုအနိုင်ရ ပါတီဖြစ်လိုပါက ရွေးကောက်ပွဲတွင် အနည်းဆုံး ၆၇% အနိုင်ရရန် လိုအပ်သည်။
အာဏာရ ကြံ့ခိုင်ရေးပါတီမှ တာဝန်ရှိသူများကမူ စစ်တပ်၏ ထောက်ခံမှုနှင့် အစွန်းရောက် အမျိုးသားရေးဝါဒီအဖွဲ့ မဘသ၏ လှုပ်ရှားမှုများကြောင့် အာဏာ ဆက်လက် ကိုင်ဆွဲထားနိုင်ရန် ယုံကြည်မှုရှိသည်ဟု ပြောကြားကြ သည်။
KHTun
The Ladies News Journal
NLD ကိုယ်စားလှယ် ဦးနိုင်ငံလင်း မဲဆွယ်ပွဲပြန်စနေ။ 
 ပြီးခဲ့တဲ့ အပတ်အတွင်းက မဲဆွယ်စည်းရုံးစဉ်မှာ အကြမ်းဖက်မှုခံခဲ့ရတဲ့ NLD ကိုယ်စားလှယ်လောင်း ကိုနိုင်ငံလင်းဟာ ဒီကနေ့ ဆေးရုံဆင်းဆင်းပြီးချင်းမှာပဲ သာကေတမြို့နယ် အတွင်းမှာ မဲဆွယ်စည်းရုံးမှုတွေ ပြန်လည် စတင်လုပ်ဆောင်နေပါပြီ။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မဲဆွယ်စည်းရုံးမှုတွေမှာ အကြမ်းဖက်မှုတွေ ကြုံတွေ့ခဲ့ရတဲ့အပေါ်မှာ အစိုးရအနေနဲ့ ဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်ပေးသင့်တယ်လို့ ဦးနိုင်ငံလင်းက ထောက်ပြ ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ သာကေတမြို့နယ်အတွင်းမှာ လုပ်ခဲ့တဲ့ ဦးနိုင်ငံလင်းရဲ့ မဲဆွယ်စည်းရုံးမှု အကြောင်းကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုထက်အောင်က ပြောပြပေးမှာပါ။
အောက်တိုဘာလ ၂၉ ရက်နေ့ ညပိုင်းက သာကေတမြို့နယ်အတွင်း မဲဆွယ်စည်းရုံးစဉ်မှာ အကြမ်းဖက်မှုခံခဲ့ရတဲ့ NLD ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းဟာ ရန်ကုန်ဆေးရုံမှာ ဆေးကုသမှုခံပြီးတဲ့နောက် ဒီကနေ့ ဆေးရုံဆင်းကာမဲဆွယ်စည်းရုံးမှုတွေ ပြန်လည် စတင်နေပြီဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးမှုတွေမှာ အခုလို အကြမ်းဖက်မှုတွေအပေါ်မှာ အစိုးရအနေနဲ့ ဥပဒေကြောင်းအရ ဆောင်ရွက်သင့်တယ်လို့ ဦးနိုင်ငံလင်းက ထောက်ပြပြောဆိုပါတယ်။
“ဦးနိုင်ငံလင်း။ ။ အစိုးရအနေနဲ့ ဒါ စည်းစနစ်တကျ ဥပဒေစိုးမိုးရေးလုပ်ရမှာပါ။
မေး။ ။ အခုဆိုရင် အကြမ်းဖက်မှုတွေ ကြုံလာတယ်ပေါ့လေ။ UEC က ထိထိရောက်ရောက် အရေးမယူတဲ့ အပေါ်မှာ ဦးနိုင်ငံလင်း အနေနဲ့ ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။
ဦးနိုင်ငံလင်း။ ။ ဒါ UEC တခုတည်း တာဝန်ရှိတာမဟုတ်ဘူးခင်ဗျ။ ကျနော်တို့ တရားဥပဒေစိုးမိုးရေးမှာ အဓိကတာဝန်ရှိတဲ့ အုပ်ချုပ်ရေးရယ်၊ ကျနော်တို့ ပြည်ထဲရေးရယ်ပေါ့နော်၊ နောက်ပြီးတော့ UEC ပေါ့။ ရွေးကောက်ပွဲနဲ့ပက်သက်လို့ သူတို့တွေ ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ရမှာပေါ့နော်။
မဲဆွယ်စည်းရုံးစဉ်မှာ အသက်အန္တရာယ် ကြုံတွေ့ရခဲ့ပေမယ်လို့ ကိုယ်စားလှယ်လောင်း အဖြစ်ကနေ စွန့်လွှတ်သွားဖို့ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။
ဦးနိုင်ငံလင်း။ ။ ကျနော့်လို ကိုယ်စားလှယ်တောင် အသက်အန္တရယ် ကြုံရတယ်ဆိုရင် ပြည်သူလူထုက ပိုပြီးစိုးရိမ်စရာရှိတာပေါ့။ အဲတော့ ပိုပြီးလုပ်ရမှာပေါ့။ စွန့်လွှတ်စရာမရှိပါဘူး။
မေး။ ။ ဟုတ်ကဲ့ ဘာကြောင့်များ ချက်ချင်းဆိုသလိုပဲ ဘာကြောင့် ဆေးရုံက ဆင်းပြီးချင်းမှာ ဘာလို့ မဲဆွယ်စည်းရုံးမှုစတင်တာလဲ။
ဦးနိုင်ငံလင်း။ ပြည်သူတွေစိုးရိမ်နေလို့ပါ။ ပြည်သူတွေစိုးရိမ်နေလို့ပါ။ပြည်သူတွေကို တွေ့ချင်လို့လာတွေ့တာပါ။
မေး။ ။ဟုတ်ကဲ့။ ပြည်သူက တခဲနက် အားပေးတဲ့အပေါ်မှာကော အကို့အနေနဲ့ ဘာလိုမျိုးမြင်ပါသလဲ။
ဦးနိုင်ငံလင်း။ ။ အားရှိပါတယ်။အပြန်အလှန်ပေါ့နော်။
မေး။ ။ ရွေးကောက်ပွဲမှာရော နိုင်မယ်လို့ ယုံကြည်ပါသလား။
ဦးနိုင်ငံလင်း။ ။ အပြတ်အသတ်ပဲ။”
နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ အစိုးရအနေနဲ့ လုံခြုံရေး တင်းတင်းကြပ်ကြပ် ချမပေးတဲ့အပေါ်မှာ အကြမ်းဖက်မှုတွေ ကြုံတွေ့လာတာနဲ့အမျှ ဝေဖန်မှုတွေလည်း ရှိနေတာပါ။ လုံခြုံရေးပိုင်းနဲ့ ပတ်သတ်လို့ ဦးနိုင်ငံလင်းရဲ့ အမြင်က
“လုံခြုံရေးမချတာက ကျနော်တို့ ဘယ်လိုပြောရမလဲ။ ဒါအခုမှ မဟုတ်ဘူးခင်ဗျ။ NLD နဲ့ ပက်သက်ရင် ဒီအတိုင်းပဲ လုပ်နေတာပေါ့နော် ။ ဒါပေမယ့် ကျနော်တို့ ကတော့ စိုးရိမ်မှုမရှိပါဘူး။ ဒါသူတို့က ပိုပြီးတော့တောင် အောင်မြင်အောင်လုပ်ပေးသလိုတောင်ဖြစ်သေးတယ်။”
မဲဆွယ်စည်းရုံမှုတွေမှာ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့ရတာ၊ အကြမ်းဖက်မှုတွေ ကြုံတွေ့လာရတာကြောင့် ပြည်သူအများစုကလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။ အခုလို အကြမ်းဖက်မှုတွေအပေါ်မှာ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ မရှိသေးဘူးလို့ မင်္ဂလာဒုံမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဒေါ်လှလှစိုးက အောက်တိုဘာလ အစောပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ သာကေတမြို့နယ်တွင်းမှာ ပြုလုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးရေးမှာတော့ လူထုအမြောက်အများနဲ့ အနှေးယာဉ်လုပ်သား ၂၀၀၀ ထောင်ကျော်ကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
အသွင်ကူးပြောင်းစ နိုင်ငံတွေမှာ ရွေးကောက်ပွဲအကြမ်းဖက်မှုတွေ အများဆုံးကြုံတွေ့ရတာကြောင့် လုံခြုံရေးအစီအမံတွေ တင်းတင်းကြပ်ကြပ် ထိထိရောက်ရောက် ဆောင်ရွက်ပေးသင့်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက ထောက်ပြပြောဆိုနေကြပါတယ်။
ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် မြန်မာလွှတ်တော် ရွေးကောက်ပွဲတွေဟာ တကယ့်ကိုပဲ ချို့ယွင်းအားနည်းချက်တွေနဲ့ ပြည့်နေ တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ပြောလိုက်ပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့ကျရင် မဲဆန္ဒရှင်တွေ လူတန်းရှည်ကြီးနဲ့ တန်းစီမဲပေးကြတာက အခြေခံအားဖြင့် အပြစ်အနာအဆာတွေနဲ့ ပြည့်နေတဲ့ ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတအောင် လုပ်ပေးမှာမဟုတ်ဘူးလို့ HRW ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြား ရေးမှူး Brad Adams ကပြောပါတယ်။ အခုရွေးကောက်ပွဲတွေဟာ စစ်ဘက်က ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်ရေးအပေါ် သန္နိဋ္ဌာန်ခိုင်မာမှုကို အဓိကစမ်းသပ်ချက် တခုဖြစ်တယ်လို့ Brad Adams ကပြောပါတယ်။
ဒါပေမဲ့လည်း ဘက်လိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ အာဏာရ ပါတီကလွှမ်းမိုးထားတာ၊ ရိုဟင်ဂျာနဲ့ တခြားလူတွေ မဲပေးခွင့်၊ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရအောင် ကန့်သတ်ထားတဲ့ ဥပဒေနဲ့ မူဝါဒတွေ စတဲ့အချက်တွေကြောင့် ရွေးကောက်ပွဲဟာ ဆိုးရွားတဲ့ အားနည်းချက်တွေ ရှိနေတာလို့ HRW က ထောက်ပြပါ တယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ လေးရက်ပဲလိုတော့တဲ့အချိန် နိုဝင်ဘာလ ၄ ရက်နေ့ HRW ရဲ့ထုတ်ပြန်ချက်ထဲမှာ အဲဒီလို ဝေဖန် ထောက်ပြထားတာပါ။
ရွေးကောက်ပွဲကော်မရှင်ရဲ့ လွတ်လပ်မှုနဲ့ ဘက်မလိုက်ဘဲ ကြားနေနိုင်မှု အားနည်းတာကို အချက်တချက် အဖြစ် ထောက်ပြထားတဲ့အပြင် ရိုဟင်ဂျာမူစလင်တွေနဲ့ တခြား လူနည်းစုတွေ ဘေးဖယ်ခံထားရတာ၊ ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတာ၊ မဲဆန္ဒ ရှင်စာရင်းတွေမှာ ပြဿနာအများအပြားရှိနေတာ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေအပေါ် ကန့်သတ်ချက်တွေရှိနေတာ၊ စောဒကတက် တိုင်ကြားနိုင်ရေးဆိုင်ရာ သီးခြားလွတ်လပ်ပြီး ဘက်မလိုက်တဲ့နည်းလမ်းတွေ အားနည်းတာ စတာတွေကို HRW က ဝေဖန် ထောက်ပြထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အောက်တိုဘာလ ၃၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့၊မှာ မဲဆွယ်စည်းရုံးနေစဉ်။ Photo: Myo Thant Khaing/RFA
 ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို ပါတီဝင်အဖြစ်ကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ထုတ်ပယ်လိုက်တယ် ဆိုတဲ့ သတင်းတွေ ဟာ ကောလာဟလသာဖြစ်တယ်လို့ နေပြည်တော် ပါတီဌာနချုပ် တာဝန်ရှိသူတစ်ဦးက ဒီကနေ့ ပြောလိုက်ပါတယ်။
သူရဦးရွှေမန်းကို ပါတီကနေ ထုတ်ပယ်လိုက်တယ်လို့ ဖေ့ဘွတ်စ်မှာ ပြန့်နှံ့နေတာဟာ မဟုတ်မှန်ကြောင်း ပါတီရဲ့ ပြည်သူ့ဆက်ဆံရေးဌာန၊ ဌာနမှူး ဦးကျော်သူရက သတင်းမီဒီယာသမားတွေကို ပြောပါတယ်။
"အစည်းအဝေးလဲမရှိဘူး၊ လူကြီးတွေလည်းမရှိဘူး၊ ကျနော်တို့ဒီမှာရှိတဲ့ ပြည်ထောင်စု နယ်မြေ အောင်နိုင်ရေးကော်မတီနဲ့ ကျနောတို့ဌာနချုပ်မှာ ရှိတဲ့လူတွေ ပူးပေါင်းပြီးတော့ သင်တန်းဖွင့်တယ်၊ ဒီသတင်းက ကောလာဟလ သတင်း၊ ကျနော်တို့လည်းပြန်ပြီးတော့ ချေဖျက်ပါမယ်၊ တရားဝင် ဝက်ဘ် ဆိုက်ဖြစ်တဲ့ USDP ဝက်ဘ်ဆိုက်ရယ်၊ နောက် Facebook တို့၊ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုက် တို့မှာ ပြန်ပြီးတော့ရေးပေးပါမယ်၊ ဒီချိန်မှာ ရွေးကောက်ပွဲနီးလာတဲ့ အခါကျတော့ ကောလာဟလတွေကတော့ ရှိလာမှာပဲ၊ ကျနော်တို့ နိုင်ငံရေးအနေအထားကတော့ ဒါကောလာဟလဖြစ်တဲ့အကြောင်း ကျနော်လာပြောတာ"
မနေ့က ကျင်းပတဲ့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ သူရဦးရွှေမန်းကို ပါတီဝင် အဖြစ်ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက် တာဖြစ်ကြောင်း ဖေ့စ်ဘွတ်မှာ ကောလယဟလ သတင်းတွေ ထွက်ပေါ်နေ တာဖြစ်ပါတယ်။
သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့ သြဂုတ်လက ပါတီရဲ့ ပူးတွဲဥက္ကဌ တာဝန်ကနေ ဖယ်ရှားခံထားရတာဖြစ်ပြီး လက်ရှိ ပါတီဝင်အဖြစ် ဖြူးမြို့နယ်ကနေ ရွေးကောက်ပွဲ ၀င်မှာဖြစ်ပါတယ်။
သူရဦးရွှေမန်းဟာ သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ ဖြူးမြို့နယ်က ကျေးရွာတွေမှာ ဒီနေ့ မဲဆွယ်စည်းရုံးရေးဆင်းနေ တာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၄ ရက်နေ့က ဗီဒီယိုကနေတဆင့် ကိုကိုးကျွန်းရှိ မဲဆန္ဒရှင်များသို့ အမှာစကားပြောကြားနေစဉ်။ Photo: Aung San Suu Kyi/ Facebook
၂၀၁၅ ရွေးကောက်ပွဲဟာ ကိုယ်စားလှယ်တစ်ယောက်ချင်းကို ရွေးနေတာမဟုတ်ပဲ အစိုးရတစ်ခုကိုရွေးချယ်တာဖြစ် လို့ အစိုးရဖွဲ့နိုင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောလိုက်ပါတယ်။
ကိုကိုးကျွန်းမဲဆန္ဒရှင်တွေကို ဗီဒီယိုကနေတဆင့်ပြောတဲ့ ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်ဟောပြောချက်မှာ ထည့်သွင်းပြောဆိုလိုက်တာပါ။
ဒါ့အပြင် ကိုယ်တစ်ဦးတစ်ယောက် မဲမပေးလို့ ဘာမှမဖြစ်ဘူးဆိုတဲ့အတွေးမျိုး စိတ်ထဲမှာမထားဘဲ၊ မဲတစ်မဲချင်း စီဟာ တန်ဖိုးရှိတဲ့အကြောင်း၊ အထူးသဖြင့် ကိုကိုးကျွန်းမှာနေထိုင်ကြသူတွေရဲ့ မဲတစ်မဲချင်းစီဟာ တန်ဖိုးကြီးတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
"ပြည်သူများအနေနဲ့ စိတ်ပါလက်ပါနဲ့ ကိုယ့်ရဲ့အနာဂါတ်အတွက် ကိုယ်လုပ်ယူမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ပါဝင်ကြ ပါ၊ ဒါကြောင့်ဝေးလံခေါင်းပါးတဲ့ ကိုကိုးကျွန်းလည်း ကျမတို့နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လို့ လုံးဝတက်တက် ကြွကြွနဲ့ ပါဝင်ကြပါလို့ ကျမအနေနဲ့ ဆော်သြချင်ပါတယ်၊ ၁ဝဝ ရာခိုင်နှုန်းနိုင်ရင် ပြည်ထောင်စုလွှတ်တော်ထဲ မှာ ၇၅ ရာခိုင်နှုန်းပဲ ကျမတို့ရနိုင်ပါတယ်၊ ကျမတို့အပြောင်းအလဲတွေလုပ်ဖို့ဆိုရင် ပြတ်ပြတ်သားသားနိုင်ဖို့ လိုပါတယ်၊ ဒါကြောင့်မဲဆန္ဒရှင် တစ်ဦးချင်းတစ်ဦးချင်းရဲ့ မဲဟာကျမတို့အတွက် အင်မတန်မှ တန်ဖိုးရှိပါတယ်၊ ကိုယ်တစ်ယောက်မဲပေးလည်းထူးပါ့မလားဆိုတဲ့ စိတ်ဓါတ်လုံးဝမထားပါနဲ့ ထူးပါတယ်၊ မဲတစ်မဲဟာ အထူးသဖြင့် ကိုကိုးကျွန်းလို မဲဆန္ဒရှင်နည်းတဲ့ မြို့မှာဆိုရင် မဲတစ်မဲဟာအင်မတန်မှ တန်ဖိုးကြီးပါတယ်၊ ဒါကြောင့် ကျမတို့ ကိုကိုးကျွန်း ကပြည်သူလူထုများဟာ တက်တက်ကြွကြွနဲ့ ရွေးကောက်ပွဲမဲစာရင်းမှာ ပါအောင်လို့ ကြိုးစားကြပါ"
ကိုကိုးကျွန်းကို သူကိုယ်တိုင်မလာနိုင်တဲ့အတွက် ၀မ်းနည်းမိရတယ်ဆိုတဲ့အကြောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ကိုကိုးကျွန်းမြို့နယ်မှာ ယှဉ်ပြိုင်နိုင်တာကို ကျေနပ်မိတဲ့အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရန်ကုန်၊ အောက်တိုဘာ ၎
ရခိုင်ပြည်နယ် တောင်ကုတ်မြို့သို့ နိုင်ငံတော် သမ္မတ ရောက်ရှိလာရာ ကြံ့ခိုင်ရေး ထောက်ခံသူများက UEC အမှတ်တံဆိပ်များ ရိုက်နှိပ်ထားသော တီရှပ်များကို ဆင်တူ ၀တ်ဆင်၍ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။
၎င်းတို့ဝတ်ဆင်ထားသော တီရှပ် ရှေ့မျက်နာတွင် ကြံ့ခိုင်ရေး အမှတ်တံဆိပ် ခြင်္သေ့ပုံကို ရိုက်နှိပ်ထားပြီး နောက်ကျောဘက်တွင် “ UEC တောင်ကုတ်မြို့” ဟု ရိုက်နှိပ်ထားသည်။
“ သူတို့က ထောက်ခံမယ့် ပါတီ တံဆိပ်ဘေးမှာ ရိုက်နှိပ်ရမယ့် UEC တံဆိပ်ကို အကျီင်္ရဲ့ နောက်ကျော့ဘက်မှာ ရိုက်ထားတော့ မြင်ရတဲ့ သူတွေအတွက် ဇဝေဇ၀ါ ဖြစ်စေတာပေါ့။ UEC နဲ့ ကြံ့ခိုင်ရေး ပါတီ အတူတူလို သဘောပေါက်ပြီး နားလည်မှု လွဲမှားတာတွေ ဖြစ်နိုင်တာပေါ့” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။
ယခုကဲ့သို့ နိုင်ငံရေး ပါတီ တစ်ခုမှ ရိုက်နှိပ်သော တီရှပ်တွင် ရွေးကောက်ပွဲ ကော်မရှင် အမှတ်တံဆိပ် UEC ကို ထည့်လို့ ရပါသလားဟု သံတွဲခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးခင်ရွှေက ဆက်သွယ်မေးမြန်းရာ သူက “ ကျွန်တော်တို့ ဘာမှ မသိဘူး။ သူတို့ဟာသူတို့ လုပ်တာ ဖြစ်နိုင်ပါတယ်။ သူတို့ဖာသာ သူတို့ လုပ်တာ ဖြစ်နိုင်ပါတယ်။ ကော်မရှင်ကတော့ ဘာမှမသိပါဘူး။ ဘာမှလည်း လုပ်ခွင့်မပေးဘူး။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကိုတော့ မေးကြည့်လိုက်ပါမယ်။ ဘာကြောင့် ဒီလို လုပ်တယ်ဆိုတာကို ” ဟု ပြောဆိုသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၉ နာရီခန့်က ရဟတ် ယာဉ်များဖြင့် တောင်ကုတ်မြို့သို့ ရောက်ရှိလာပြီး တောင်ကုတ် ကောလိပ် ခန်းမတွင် မြို့မိမြို့ဖများ၊ လူမှု အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။
Arakan State
https://www.facebook.com/NarinjaraNews/
[youtube src="ETUSrOjEevI"/]
အမျိုးသားဒီမိုကရေအဖွဲ့ချုပ် (NLD) ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးဖျော်ဖြေပွဲအဖြစ် မြောင်းမြမြို့တွင် နိုဝင်ဘာ ၄ ရက် (ယနေ့) မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပပြုလုပ်လျက်ရှိရာ ဒေသခံ တစ်သိန်းကျော် လာရောက်ထောက်ခံ အားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖျော်ဖြေပွဲသို့ နိုင်ငံကျော် အဆိုတော်များဖြစ်သည့် လင်းလင်း၊ သအို၊ ဂျီလတ် အပါအဝင် အခြား အဆိုတော်များစွာမှ တေးသီချင်းများစွာ သီဆိုခဲ့ကြပြီး ဧရာ၊ ကျော်ထူးစသည့် ဟာသ သရုပ်ဆောင်များမှလည်း ဖျော်ဖြေလျက်ရှိကြောင်း သိရသည်။
■ ဓာတ်ပုံ - မင်းသူဝင်းထွဋ်
Eleven Media Group
အရှေ့တောင်တိုင်း စစ်ဌာနချုပ် အခြေစိုက်တဲ့ မွန်ပြည်နယ်မှာ တပ်မတော်သားတွေ ပေးရမယ့် ကြိုတင်မဲ ကိစ္စနဲ့ ပတ်သက်လို့ ထင်သာမြင်သာ မရှိတာဟာ လာမယ့်ရက်ပိုင်းအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲ ရလဒ်အတွက် စိုးရိမ်စရာ ဖြစ်နေတယ်လို့ ရွေးကောက်ပွဲ ၀င်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ အသီသီးရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ပြောဆိုပါတယ်။
ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးအကြိမ် မဲစာရင်း ထုတ်ပြန်လိုက်တယ်ဆိုပေမဲ့ နာမည်တူ လူပိုစာရင်းတွေ ပါနေတာကြောင့် ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတွေက စိုးရိမ်နေကြပါတယ်။ ဒီအခြေနေကို ကိုဥာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိတဲ့ မော်လမြိုင်မြို့မှာ မဲပေးပိုင်ခွင့်ရှိတဲ့ အစိုးရတပ်နဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၅,၃၀၀ ကျော်ရှိပြီး လောလောဆယ် ကြိုတင်မဲပေးထားတဲ့ တပ်သားအင်အား ၉၀၀ ကျော် ရှိနေပါတယ်။ ဒီအရေအတွက်ဟာ လက်တွေ့နဲ့ ယှဉ်ကြည့်ရင် သံသယ၀င်စရာတွေ ဖြစ်နေတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မဲပေးခွင့်ရှိသူ အရေအတွက်ကို သွားရောက်စစ်ဆေးခဲ့တဲ့ NLD ပါတီ မော်လမြိုင်မြို့နယ် မဲဆန္ဒ (၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်က ဗွီအိုအေကို ရှင်းပြပါတယ်။
“မော်လမြိုင်မှာဆိုရင် နယ်မြေ (၂) မှာပဲ တပ်ကရှိတာကိုး။ အဲတော့ (၂) မှာပဲ တပ်နဲ့ရဲက များပါတယ်။ များတဲ့အခါကျတော့ ကျမရဲ့ မဲစာရင်းအရဆိုရင် ဆန္ဒမဲပေးမယ့်သူစာရင်းပေါ့နော် စုစုပေါင်း ၅၃၃၁ မဲ ရှိပါတယ်။ အဲဒီမှာက ကြိုတင်မဲပေးတဲ့သူက ၉၁၇ မဲရှိတယ် တပ်က။ ဆိုတော့ နည်းနည်းတော့ များနေတယ်လို့ ကျမ အဲ့လိုတွက်တယ်။ အဲဒီမှာ ခရီးသွားတွေ၊ နောက် သင်တန်းသွားတက်တယ်ဆိုရင် အဲလောက် မများလောက်ဘူးလို့ ကျမကတော့ တွက်ထားတယ်ပေါ့နော်။ နောက်တခုက တပ်မှာကလည်း ဒီလူဟာ တကယ်ရှိတယ်၊ မရှိဘူး၊ တကယ်ပဲ ခရီးထွက်သွားတယ်၊ မထွက်သွားဘူးဆိုတာ ကျမတို့ ၀င်စစ်ခွင့်မရှိဘူး။”
မွန်ပြည်နယ် ရေးမြို့မှာ မဲရုံပေါင်း ၅၈ ရုံရှိပြီး အဲဒီထဲက တပ်တွင်းမဲရုံတချို့မှာ တပ်မတော်သားတွေ မဲပေးကြရမှာပါ။ ဒါပေမဲ့ ဘယ်မဲရုံမှာ ဘယ် တပ်မတော်သားတွေ မဲလာပေးရမလဲဆိုတဲ့ စာရင်းကို ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးထုတ်ပြန်တဲ့ မဲစာရင်းထဲမှာ ဖော်ပြထားတာ မရှိဘူးလို့ မွန်အမျိုးသားပါတီရဲ့ ရေးမြို့နယ် မဲဆန္ဒနယ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။
“မနေ့က ရေးကော်မရှင်အဖွဲ့ခွဲကနေ စီဒီတခွေ ကျနော်ရလာတယ်။ တပ်တွေရဲ့ မဲပေးပိုင်ခွင့်နေရာတွေက မပါလာဘူး။ ကျနော်တို့ဆီမှာ တပ်မကနေ တပ်ရင်း ၁၀ ရင်းလောက်ရှိတယ်။ သူတို့ မဲ ဘယ်လောက် ပေးပိုင်ခွင့် ရှိတယ်ဆိုတာ အဲဒီစီဒီခွေထဲမှာ မပါဘူး။ ပါ မလာတဲ့အခါကျတော့ ကြိုတင်မဲလား၊ မဲပေးမယ့်မဲလား ဘယ်လောက်တက်လာမလဲလို့ ကျနော်တို့ စိုးရိမ်စရာ ဖြစ်နေပါတယ်။ ဒီနေ့ ကျနော်တို့ ကော်မရှင်ကို ထပ်မေးဖို့ အစီအစဉ်ရှိပါတယ်။”
မော်လမြိုင်မြို့က မဲစာရင်းတွေမှာ အခုချိန်ထိ နာမည်တူ လူပိုစာရင်းတွေ ပါနေတာကြောင့် ရွေးကောက်ပွဲရလဒ်အတွက် စိုးရိမ်မိတယ်လို့ NLD ပါတီရဲ့ ဒေါ်နွယ်နွယ်အောင်က ပြောပါတယ်။
“၅-၁ မဲရုံ ၁ ကို ရှာတဲ့အခါကျတော့ အဲဒီမှာ လူ ၁၈၀၀ ကျော် မဲပေးဖို့ရှိတဲ့အနက်မှာ အနည်းဆုံး ၂၅ ယောက်လောက်က ကျမတို့ နာမည်ထပ်တွေ ပါလာတယ်။ အဖေနာမည်တူတယ်၊ အမေနာမည် မတူဘူး။ မွေးသက္ကရာဇ်တူတယ်။ မှတ်ပုံတင်မှာကျတော့ အရှေ့တလုံး၊ အနောက်တလုံး အဲ့လို လွဲတာတွေရှိတယ်။ ဒါပေမဲ့ မဲရုံ ၂ ကျတဲ့အခါကျတော့ အက္ခရာစဉ်မဟုတ်တော့ဘဲနဲ့ သူက ရောကောသောကော လုပ်လိုက်တယ်။ အိမ်အလိုက်လည်းမဟုတ်ဘူး။ အိမ်ထောင်စုလိုက်လည်း မဟုတ်ဘူး။ အက္ခရာစဉ်လိုက်လည်း မဟုတ်ဘူး။ နာမည်တွေကိုလည်း အကုန်လုံး ရောမွှေထားတော့ ကျမတို့ မဲရုံ ၂ ကျတော့ တော်တော်ရှာရခက်နေတယ်။ အဲ့လို အနေအထားရှိတယ်။”
မွန်အမျိုးသားပါတီ MNP ရဲ့ အမှတ်သင်္ကေတဟာ အနီရောင်နောက်ခံမှာ ကြယ်ဖြူနဲ့ ပျံသန်းနေတဲ့ ဟင်္သာအ၀ါရောင် ဖြစ်ပေမဲ့ ရွေးကောက်ပွဲကော်မရှင်က ရိုက်ထားတဲ့ မဲလက်မှတ်မှာ ကြယ်ဝါတွေ ဖြစ်နေတာကြောင့် မဲပေးမယ့်ဒေသခံတွေကို ရှုပ်ထွေးမှုဖြစ်ကြောင်း ဒေါက်တာမင်း စိုးလင်းက ပြောပါတယ်။
“ကျနော်တို့က တောက်လျှောက် မဲဆွယ်စည်းရုံးတဲ့ကာလတွေမှာ ကျနော်တို့ရဲ့ logo ကျနော်တို့ရဲ့ အမှတ်တံဆိပ်ပေါ့နော် အဲဒါ ဟင်္သာ ကြယ်ဖြူလို့ တောက်လျှောက် ပညာပေးခဲ့ပါတယ်။ အခု ဒီရက်ပိုင်းအတွင်းမှာ အဲဒီ ကြယ်ဖြူနေရာမှာ ကြယ်က မဖြူတော့ဘဲနဲ့ အ၀ါဖြစ်လာတယ်။ အဲဒါ ကျနော်တို့မှာ အများကြီး အနှောင့်အယှက်ဖြစ်ပါတယ်။ ကျနော်တို့ ဒေသမှာရှိတဲ့ ပြည်သူအများစုက သူတို့က မျက်စိမကောင်းတာတို့၊ စာမတတ်တာတို့ အဲဒါမျိုး အခက်အခဲရှိတယ်။ အခက်အခဲရှိတဲ့အခါကျတော့ ကျနော်တို့ရဲ့ ဟင်္သာကြယ်ဖြူက ဟင်္သာကြယ်အ၀ါ ဖြစ်တဲ့အခါကျတော့ နည်းနည်းတော့ အနည်းနဲ့အများတော့ တွေဝေတာပေါ့နော်။ ကျနော်တို့ ဟင်္သာကလည်း ကျနော်တို့ ပေးထားတဲ့အတိုင်း မဟုတ်ဘဲနဲ့ အ၀ါရောင် ပိုပြီးတော့ သန်းလာတယ်။”
မွန်ပြည်နယ်မှာ NLD ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် အများဆုံး ၀င်ပြိုင်ကြပြီး မွန်အမျိုးသားပါတီက ၀င်ရောက်ယှဉ်ပြိုင်သူဦးရေ တတိယနေရာမှာ ရှိတယ်လို့ သိရပါတယ်။
[map src="!1m14!1m8!1m3!1d122445.75605631545!2d97.5903399!3d16.4537567!3m2!1i1024!2i768!4f13.1!3m3!1m2!1s0x30c2a8b3d95f5559%3A0x6fafc8c3a8dd3009!2sMawlamyine%2C+Myanmar+(Burma)!5e0!3m2!1sen!2sus!4v1446651672628"/]
ကိုဉာဏ်ဝင်းအောင်VOA
ကိုလင်းထက်နိုင် (ခ)ဂျိမ်းအား ကမာရွတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်ပြီးနောက် တွေ့ရစဉ်
မဖြိုးဖြိုးအောင်၏ ခင်ပွန်းဖြစ်သူ ဗကသများ အဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုလင်းထက်နိုင် (ခ) ဂျိမ်းအား နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့ကြောင်း သိရသည်။
ကိုလင်းထက်နိုင်သည် နိုဝင်ဘာ ၅ ရက်တွင် ကမာရွတ်တရားရုံး၌ ကိုနန္ဒာစစ်အောင်၊ မပိုပို (ခ) ရတနာစုပိုလှိုင်၊ ကိုကျော်ကိုကိုတို့နှင့်အတူ ရုံးထုတ်စစ်ဆေး ခံရမည်ဖြစ်ကြောင်း သိရသည်။
“မနက်ဖြန်မှာ ကျော်ကိုကိုနဲ့အတူ ကျွန်တော့်ကို ကမာရွတ် တရားရုံးမှာပဲ ရုံးထုတ်မှာပါ” ဟု ကိုလင်းထက်နိုင် (ခ) ဂျိမ်းက ကမာရွတ် တရားရုံးအတွင်း ချုပ်ရက်ရမန်ယူခဲ့ပြီးနောက် ပြောကြားသည်။
နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် ဗကသများ အဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုလင်းထက်နိုင် (ခ) ဂျိမ်းသည် ရွှေပြည်သာသို့ သွားသည့် ၄၈ ခရီးသည်တင် ယာဉ်ပေါ်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ်က စုံစမ်းသိရသည်။ အလားတူပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်တွင်လည်း သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီးတွင် ဗကသများ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌဖြစ်သူ ကိုကျော်ကိုကိုမှာ ဖမ်းဆီးခံခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မတ် ၁၀ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် ပိတ်မိနေသည့် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းခဲ့မှုအား ရှုတ်ချသည့် အနေဖြင့် ဗကသများ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌဖြစ်သည့် ကိုကျော်ကိုကိုနှင့် ကိုလင်းထက်နိုင်တို့ အပါအ၀င် ဗကသ ကျောင်းသားများ၊ တကသ ကျောင်းသားများနှင့် ၀န်းရံပြည်သူများသည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဈေးရှေ့မှ စတင်ကာ ပြည်လမ်းမပေါ်သို့ ချီတက်ကာ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
ယင်းသို့ ဆန္ဒထုတ်ဖော်မှုတွင် ကိုလင်းထက်နိုင်မှာ ပါဝင်ခဲ့သဖြင့် ကမာရွတ်မြို့မ ရဲစခန်း၏ ဖမ်းဝရမ်း ထုတ်ခြင်းကို ခံခဲ့ရပြီး ပုဒ်မ ၁၈၊ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅၀၅ (ခ) တို့ဖြင့် အမှုဖွင့်ခံထားရခြင်း ဖြစ်ကြောင်း သိရသည်။
Writer:
ရှိုင်းလင်းအောင်
Eleven Media Group
တောင်တရုတ်ပင်လယ်ပြင်မှာ ​အမေရိကန် ​စစ်သင်္ဘောတစ်စင်း ​ဖြတ်သန်းတဲ့အတွက် ​တရုတ်နိုင်ငံက ​ဝေဖန်လိုက်ပြီးနောက် ​အမေရိကန်က ​နိုင်ငံတကာ ​ဥပဒေအရ ​သွားလို့ရတဲ့ ​နေရာကို ​ဆက်သွားမယ်လို့ ​တုန့်ပြန်လိုက်ပါတယ်။
အရင်တစ်ပါတ်တုန်းကပဲ ​အမေရိကန် ​စစ်သင်္ဘောတစ်စင်းဟာ ​တရုတ်နိုင်ငံက ​တည်ဆောက်နေတဲ့ ​ကျွန်းတု ​တစ်ခုနားအထိသွားပြီး ​တောင်တရုတ်ပင်လယ်ပြင်မှာ ​တရုတ်က ​လွှမ်းမိုးနေတဲ့အပေါ် ​ဆန်ကျင့်ကြောင်း ​ပြသခဲ့ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ ​ပိုင်ဆိုင်မှု ​အငြင်းပွားနေတဲ့ ​နေရာမှာ ​တရုတ်က ​ကျွန်းတု ​တစ်ခု ​တည်ဆောက်နေတာ ​ဖြစ်ပါတယ်။
အမေရိကန် ​စစ်သင်္ဘောဖြတ်သန်းသွားတာကို ​မကျေနပ်လို့ ​တရုတ်အစိုးရက ​အမေရိကန် ​သံအမတ်ကို ​ဆင့်ခေါ်တဲ့အထိ ​မကျေနပ်ကြောင်း ​ပြောဆိုခဲ့ပါတယ်။
အမေရိကန် ​စစ်ဗိုလ် ​Harry ​Harris ​ကတော့ ​နိုင်ငံတကာ ​ပင်လယ်ပြင်နဲ့ ​နိုင်ငံတကာ ​ဝေဟင်ကို ​လူတိုင်းက ​ပိုင်ဆိုင်တာ ​ဖြစ်တဲ့အတွက် ​နိုင်ငံတကာ ​ဥပဒေက ​ခွင့်ပြုထားတဲ့ ​ဘယ်နေရာမှာမဆို ​အမေရိကန်က ​ဆက်လက်သွားလာနေဦးမယ်လို့ ​ပြောသွားခဲ့ပါတယ်။
အမေရိကန်ရဲ့ ​လုပ်ရပ်ကို ​ဖိလစ်ပိုင်နိုင်ငံက ​ထောက်ခံခဲ့ပြီး ​အမေရိကန်က ​ဥပဒေအတိုင်း ​လုပ်ဆောင်တာ ​ဖြစ်တယ်လို့ ​ကာကွယ် ​ပြောဆိုခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
လေယာဉ်ပျက်ကျတဲ့နေရာကို တွေ့ရစဉ် (Credit: ABC licensed)
 အမေရိကန် ​စစ်တပ်ပိုင် ​ဆက်တလိုက်တစ်ခုက ​ရုရှားလေယာဉ်တစ်စင်း ​အီဂျစ်နိုင်ငံမှာ ​ပျက်ကျသွားတဲ့ ​အချိန်နဲ့ ​ပျက်ကျတဲ့ ​နေရာနားမှာ ​အပူဟတ်သွားတာမျိုး ​ဖမ်းမိထားတယ်လို့ ​ဆိုပါတယ်။
ဒီလို ​ပြောဆိုမှုကြောင့် ​လေယာဉ်ပေါ်မှာ ​ဗုံးပေါက်ကွဲလို့ ​လေယာဉ် ​ပျက်ကျရတာ ​ဖြစ်တယ်ဆိုတဲ့ ​ပြောဆိုမှုတွေ ​ထွက်ပေါ်လာနိုင်ပါတယ်။
အဲဒီ ​လျှပ်တပြတ်အပူဟာလည်း ​ဒုံးကျဉ် ​တိုက်ခိုက်မှုကြောင့် ​ဖြစ်တာမျိုး ​မဟုတ်ဘူးလို့ ​CNN ​သတင်းမှာ ​ဖော်ပြထားပါတယ်။
ဗုံးပေါက်ကွဲမှုမဟုတ်ရင်တောင် ​လောင်စာဆီသိုလှောင်ထားတဲ့ ​နေရာမှာ ​ပေါက်ကွဲတာမျိုး ​ဖြစ်နိုင်တယ်လို့ ​ပြောပါတယ်။
အစောပိုင်းတုန်းကတော့ ​ရုရှားနိုင်ငံပိုင် ​လေယာဉ်က ​ဝေဟင်ပေါ်မှာပဲ ​အပိုင်းလိုက် ​ပြတ်တောက်ပြီး ​ပျက်ကျသွားတယ်လို့ ​ရုရှားစုံစမ်းရေးသမားတွေကပြောပါတယ်။
အီဂျစ်အစိုးရကတော့ ​ဝေဟင်မှာပဲ ​အပိုင်းလိုက် ​ပြတ်တောက်တဲ့ ​သက်သေတွေ ​မရှိဘူးဆိုပြီး ​ပယ်ချထားပါတယ်။
အီဂျစ်နိုင်ငံထဲ ​ပျက်ကျသွားတဲ့ ​ရုရှား ​လေယာဉ်ကနေ ​ဒုက္ခရောက်နေပြီလို့ ​အကူအညီလှမ်းတောင်းတာ ​မရှိသလို၊ ​လေယာဉ်အပိုင်းအစတွေကလည်း ​နေရာအနှံ့မှာ ​ပြန့်ကျဲနေတဲ့အတွက် ​လေယာဉ် ​ပျက်ကျရတဲ့ ​အကြောင်းရင်းကို ​အမျိုးမျိုး ​ထင်ကြေးပေးနေကြတာ ​ဖြစ်ပါတယ်။
IS ​အစ္စလာမ်မစ် ​အဖွဲ့ကတော့ ​သူတို့ ​ပစ်ချတာလို့ ​ပြောပေမယ့် ​အဲဒီပြောဆိုချက်ကို ​ပညာရှင်တွေက ​ပယ်ချထားပါတယ်။
လေယာဉ်ပေါ် ​လိုက်ပါသွားသူ ​အားလုံး ​သေဆုံးခဲ့ရပြီး ​အခုအခါမှာတော့ ​အီဂျစ်က ​ဦးဆောင်ပြီး ​စုံစမ်းမှု ​လုပ်သလို ​စုံစမ်းမှုမှာ ​ရုရှား ​ပညာရှင်တွေနဲ့ ​လေယာဉ်မှတ်ပုံတင်ထားတဲ့ ​အိုင်ယာလန်နိုင်ငံကလည်း ​ပါဝင်ပြီး ​စုံစမ်းနေပါတယ်။
လေယာဉ်ပျက်ကျတဲ့ ​နေရာကို ​လေ့လာပြီးရင်တော့ ​လေယာဉ်ပျံသန်းမှု ​မှတ်တမ်း ​Black ​Box ​ကို ​စစ်ဆေးကြမှာ ​ဖြစ်ပါတယ်။
သေဆုံးသူတွေရဲ့ ​အလောင်းကို ​ရုရှားနိုင်ငံကို ​ပြန်သယ်လာနေပြီ ​ဖြစ်ပါတယ်။
ဒီလို ​ဖြစ်ရပ်ကြောင့် ​အီဂျစ်နိုင်ငံကို ​အလည်အပတ်သွားမယ့် ​ရုရှားနိုင်ငံသား ​တချို့ ​ခရီးစဉ် ​ဖျက်သိမ်းတာတွေ ​လုပ်တဲ့အတွက် ​ကမ္ဘာလှည့်ခရီးသွား ​လုပ်ငန်းမှာ ​နစ်နာမှု ​ဖြစ်နေရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
 နိုဝင်ဘာလ ၄ ရက် ၂၀၁၅
 သျှမ်းပြည်တိုးတက်ရေးပါတီအား အစိုးရတပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက် မှုကြောင့် နိုဝင်ဘာ လ ၅ ရက်နေ့အထိ သျှမ်းပြည်အလယ်ပိုင်းတွင် စစ်ဘေး ဒုက္ခသည် ၆၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ကြေငြာချက်တစောင်ထုတ်ပြန်လိုက်သည်။
သျှမ်းပြည်အလယ်ပိုင်း မိုင်းရှူး၊မိုင်းနောင်နှင့် ကျေးသီးမြို့နယ်အတွင်းမှ ဒုက္ခသည် များဖြစ်ကြောင်း ကြေငြာချက်တွင်ပါရှိသည်။
"အဓိကကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအားလုံးကို စစ်ဘေးစစ်ဒဏ် ခံစား နေရတဲ့ သျှမ်းလူထုအကြောင်း သိစေချင်လို့ပါ။ အခု စစ်ဘေးရှောင် ၆၀၀၀ ကျော်ရှိပါပြီ။စုစုပေါင်း ရွာပေါင်း ၅၀ နီးပါးလောက်က စစ်ရှောင်လာကြတဲ့သူတွေဖြစ်ပါတယ်။ မိုင်းရှူး၊ ၀မ့်ဆော့၊ ဟိုင်းပါ တွေ မှာ အပြင် နီးစပ်ရာဆွေမျိုးတွေဆီ သွားရောက်ခိုလှုံနေတာတွေလည်းရှိပါတယ်။ သျှမ်း၊ တအာင်း၊ လိဆူး လူမျိုးတွေဖြစ်ပါတယ်။ ကလေးသူငယ်၊ အမျိုးသမီး နဲ့ သက်ကြီးရွယ်အိုတွေ များပါတယ်။ ကိုယ်ဝန်သည်တွေလည်း များပါတယ်။ အမျိုးသားကတော့အရေ အတွက် နည်းပါတယ်။" - ဟု သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF ကစိုင်းဟော်ရှဲန်က ပြောသည်။
စစ်ဘေးရှောင်များသည် မိုင်းရှူးမြို့နယ် ၀မ့်ဆော့ဘုန်းကြီးကျောင်းတွင် ၁၉၀၀ ကျော်၊ ဟုမ့် ယင် ဘုန်းကြီးကျောင်း ကျောင်းစန်းဘုန်းကြီးကျောင်းနှင့် ရပ်ကွက် ၁ ရှိ ဆွေမျိုးများထံတွင် ခိုလှုံနေသူ ၄၈၀ ၊ ဟိုင်းပါဘုန်းကြီးေ ကျာင်း တွင် ၁၃၀၀၊ မိုင်းနောင်မြို့နယ် မင်္ဂလာရန်အောင် ဘုန်းကြီးကျောင်း တွင် ၂၈၀ ၊ တူယားဘုန်းကြီးကျောင်းတွင် ၁၅၀ ၊ နှင့် ကျေးသီးမြို့နယ်တွင် (၀မ့်ဟိုင်းရွာသူရွာသား) ၂၀၀၀ နီးပါး ရောက်ရှိခိုလှုံနေကြသည်ဟုေ ကြငြာ ချက်တွင်ပါရှိပါသည်။
"အခုလောလောဆယ်တော့ အစားအသောက် ကူညီထောက်ပံ့မှုကို အထူး လိုအပ်နေပါ တယ်။ တိုက်ပွဲကလည်း ဘယ်ချိန်အထိ ဆက်သွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ ဒုက္ခသည် တွေရဲ့ ဆန္ဒကတော့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ပေးစေချင်တယ်။ သူတို့တွေ အိမ်ပြန်ပြီး လယ်ယာလုပ်ငန်း လုပ်ချင်တယ်။ စစ်ရှောင်ရင်း ခလေးမွေးတာတွေရှိတယ်။" ဟု သျှမ်းလူ့အခွင့် အရေးမဏ္ဍိုင်က စိုင်းခွန်းမိုင် ကပြောသည်။
နိုဝင်ဘာလ ၂ ရက်နေ့ကလည်း သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်တွင် အစိုးရတပ်မတော် တဖက်တည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား တဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
"မိုင်းနောင်မြို့နယ် ထဲကအစိုးရတပ်မတော်က ညနေ ၆ နာရီကစပြီး သူတို့ အခြေချတဲ့ စခန်းပေါ် ကနေပြီး အရပ် ၄ မျက်နှာကို တညလုံး တဖက်တည်း လက်နက်ကြီးပစ်တယ်။ တူယားလမ်းခွဲ ဘက်က လိဆောရွာသစ်နားမှာ လည်းကျကွဲတယ်။ရွာသားတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်။ အသေးစိတ် ကျနော် တို့ဆက်လက်စုံစမ်းနေဆဲပါ "- ဟု SSPP ဘက်မှ အရာရှိတဦး ဆိုပါသည်။
အောက်တိုဘာလ ၆ ရက်နေ့ကတည်းက သျှမ်းပြည်တိုးတက်ရေးပါတီအား အစိုးရတပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ရာ ၂ ဖက်ရင်ဆိုင်တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်းရှိပြီး ထိုသို့သော အစိုးရတပ်မတော်ဘက်မှ တဖက် တည်းပစ်ခတ်မှုမျိုး (တိုက်ပွဲအတု) လည်းရှိသည်ဟု SSPP ဘက် က ကပြော သည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
 ပုကလိက မီဒီယာသတင်းဌာန မှ ရေးသားပြီး လူမှုကွန်ယက် စာမျက်နှာတွင် ပျံ့နှံ့လာသည့် သူရ ဦးရွှေမန်း အား ပြည်ခိုင်ဖြိုး ပါတီ မှ အပြီးအပိုင် ထုတ်ပယ် လိုက်သည် ဆိုသော သတင်းမှာ လုံးဝ မဟုတ်မမှန် ကြောင်းပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် မှ ပြည်သူ့ဆက်ဆံရေး ဌာန ဌာနမှူး ဦးကျော်သူရ က News Watch ဂျာနယ်သို့ အတည်ပြုပြောကြားသည်။
“ကောလ ဟာလပါ အစ်ကိုတောင် စောစောက မီဒီယာတွေကို ဖြေပြီးပြီ အဲ့ဒါ ကောလဟာလ သာဖြစ်ပါတယ်။အဲ့ဒီလို ကိစ္စရှိလာပြီဆို တရားဝင် ၀ိုက်ဆိုက်တွေမှာ သူ့ဟာနဲ့ သူ တင်ပေးမှာပါ။အခုကတော့ နိုဝင်ဘာ ၈ ရက်နီးလာပြီးဖြစ်တဲ့အတွက်အားလုံးနယ်မြေတွေဆင်းပြီးအလုပ်လုပ်နေကြပါတယ်။မနက်ကထွက်လာတဲ့ သတင်းက ကောလဟာလပါ။ လုံးဝ မဟုတ်ပါဘူး။” ဟု ဌာနမှူး ဦးကျော်သူရ ကဆိုသည်။
အဆိုပါ ပျံ့နှံ့လာသည့် သတင်းတွင် ပြည်ခိုင်ဖြိုးပါတီတွင် မကြာသေးမီက ပူးတွဲ ဥက္ကဠ တာဝန်ကနေ ဖယ်ရှားခံထားရသည့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း အား ယနေ့ တွင် ပါတီ မှ အပြီးတိုင်ထုတ်ပယ်လိုက်ပြီး ဖြစ်ကြောင်း ဖော်ပြရေးသားထားသည်။
“ပါတီက ထုတ်ပယ်တာ မဟုတ်တဲ့အတွက် သူက နဂို ရှိပြီးသား ရာထူးနဲ့ပဲ ပါတီမှာ ဆက်ရှိနေမှာပါ။ ” ဟု ဌာနမှူး ဦးကျော်သူရ ကဆိုသည်။
အဆိုပါ သတင်းတွင် နိုဝင်ဘာ ၃ ရက်နေ့ ညပိုင်းပြုလုပ်သည့် ပြည်ခိုင်ဖြိုး ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက် အရ ပြည်ခိုင်ဖြိုး ပါတီအား ရွေးကောက်ပွဲတွင်အကြီးအကျယ်ရှုံးနိမ့်မည်ဟု ပြောဆိုထားရှိသည့်အတွက် ယင်းကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြပါရှိသည်။
နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
 နိုဝင်ဘာ ၈ ရက် ပြည်လုံးကျွှတ် ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် နိုင်ငံ အတွင်း ပြည်သူအပေါ် သြဇာတိက္ကမ အကြီးဆုံး နိုင်ငံရေးခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူထောက်ခံမှုနှင့် နိုင်ငံရေးသြဇာမှာ နေ့စဉ် ဆတိုး မြင့်တက်လျက် ရှိသည်။
လာမည့် ရွေးကောက်ပွဲမှာ မြန်မာ့သမိုင်းတွင် ပူးပေါင်းပါဝင်မှု အများဆုံးဖြစ်ဖွယ် ရှိပြီး နိုင်ငံ၏ အကြီးမားဆုံး အတိုက်အခံ နိုင်ငံရေး အင်အားစုဖြစ်သော NLD ပါတီသည် ၁၉၉၀ နောက်ပိုင်းတွင် ပထမဆုံး အကြိမ် အဖြစ် အင်တိုက်အားတိုက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၀င်ရောက် ယှဉ်ပြိုင်မှု ဖြစ်သည်။
NLD ၏ မဲဆွယ်လှုပ်ရှားမှုများမဲဆွယ်လှုပ်ရှားမှုများတွင် NLD ကို ထိပ်ဆုံး၌ ရှိနေစေရန် ဆောင်ရွက် ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မဟာဗျူဟာမှာ နိုင်ငံရေးအရ ထိရောက်မှုရှိကြောင်း တွေ့ရသည်။ တိုင်းရင်းသား လူမျိုးများ အဓိကနေထိုင်ရာ ဒေသများတွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ခရီးစဉ်များမှာ လှိုက်လှိုက်လှဲလှဲ အားပေးခံရသည်။
အာဏာရ ကြံ့ခိုင်ရေးပါတီက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) မှတစ်ဆင့် တိုင်းရင်းသားဒေသများတွင် မဲဆွယ်နိုင် ရန် ကြိုးစား ခဲ့သော်လည်း မျှော်လင့်ထားသည့် ရလဒ် မရရှိခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအတွက် ယုံကြည်ချက် အပြည့်ဖြင့် ဟောပြောမဲဆွယ်ရာတွင် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းကို မကြည့်ဘဲ ပါတီကိုကြည့်၍ မဲပေးရန် တောင်းဆိုခဲ့သည်။ NLD ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ထင်ပေါ်ကျော်ကြားသူ အချို့ကို ချန်လှစ်ထားခဲ့သဖြင့် အစောပိုင်းတွင် အံ့သြခဲ့ကြသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ အခြေခံဥပဒေအရ သမ္မတဖြစ် ခွင့် မရှိသော်လည်း ပါတီတွင် သူ၏ နေရာဆက်ခံမည့်သူ အမည်ကို ထုတ်ဖော် ပြောကြားခြင်းမရှိပေ။ ထို ဆောင်ရွက်မှုမှာ အာဏာရပါတီ၏ ထိုးနှက် ယှဉ်ပြိုင် လာခြင်းကို တားဆီးရန် ဒေါ်အောင်ဆန်းစုကြည် ၏ ဆောင်ရွက်မှု တစ်ခု အဖြစ် ယခုအခါတွင် ရှုမြင်နေကြပြီဖြစ်သည်။
“သူမက ဘာကြောင့် ဒီလို (ပြန်လမ်းမရှိ) ဖောင်ဖျက်လုပ်ရတာလဲ။ NLD ကို ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုနိုင်အောင် ဦးဆောင်နိုင်မယ်လို့ သူက ယုံကြည်ထားပါတယ်။ NLD ကို ရွေးကောက်ပွဲမှာ တောင်ပြို ကမ်းပြို နိုင်အောင် ဦးဆောင်နိုင်မယ်လို့ သူက ယုံကြည်ထားပါတယ်။ သူမ၏ ထင်ပေါ်ကျော်ကြားလှသည့် ပုဂ္ဂိုလ်ရေး ရပ်တည်ချက်နဲ့ အောင်မြင်မှု ရယူနိုင်မယ်လို့ ယူဆထားပါတယ်” ဟု မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဦးမင်းဇင်က ပြောကြားသည်။
အကယ်၍ NLD ပါတီမှ သမ္မတလောင်းအဖြစ် လျာထားသူစာရင်းကို ထုတ်ပြန် ခဲ့ပါကလည်း အဆိုပါသူများအား ပုဂ္ဂိုလ်ရေး စီးပွားရေး လူမူရေး ကိစ္စများ အားလုံးကို အာဏာရပါတီမှ တူးဖော်ထိုးနှက်ပြီး ကောလဟလ သတင်းများ အွန်လိုင်းပေါ်တွင် လွှင့်တင်မည်မှာ မြေကြီးလက်ခတ်မလွဲဟု NLD ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး က ပြောကြား ခဲ့သည်။
NLD ရွေးကောက်ပွဲ အနိုင်ရပါက အစိုးရသစ်ကို သူသာ ဦးဆောင် မည် ဟု ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ၀ါရင့် မီဒီယာသမား ကာရန်သာပါနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြေကြားသည်။
ပြီးခဲ့သည့် နှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် လူ့အဖွဲ့အစည်း များနှင့် နိုင်ငံရေး အဖွဲ့အစည်းများကြား ထိခိုက်အငြင်းပွားမှုများ မဖြစ်စေ ဘဲ ဆွေးနွေး ညှိနှိုင်းမှုကို အသုံးပြုကာ နိုင်ငံအတွက် လိုအပ်နေသော အစိုးရနှင့် နိုင်ငံရေး အပြောင်းအလဲကို ဖော်ဆောင်မည့် ထက်မြတ်သော နိုင်ငံရေးသမား အဖြစ် ပုံပေါ် လာခဲ့သည်။
ရွေးကောက်ပွဲ မတိုင်ခင် တိုင်းရင်းသားမိတ်ဖက်ပါတီများနှင့် တရားဝင် မဟာမိတ် မကြေငှာခြင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရေး ပရိယာယ် ကြွယ်ဝမှု တစ်ရပ်ဖြစ်သည်။ ယခုပင်လျှင် တပ်မတော်က တိုင်းရင်းသားဒေသအချို့ တွင် ထိုးစစ်ဆင် စခန်းသိမ်းမှုများ ပြုလုပ်နေ သကဲ့သို့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲ မကျင်းပနိုင် သည့် ဒေသစာရင်းကို ထပ်တိုး ထုတ်ပြန်လျက်ရှိသည်။
ထို့ပြင် NLD ပါတီသည်လျှင်ပင် ကချင်ပြည်နယ်တွင် အစိုးရ၏ လက်ကိုင်တုတ် ပြည်သူ့စစ်ခေါင်းဆောင်များမှ ၄င်းတို့ ဒေသတွင် မဲဆွယ်ခြင်း မပြုရန် လက်နက်ဖြင့် ခြိမ်းခြောက် ဖိအားပေးမှုများ ရှိနေသည်။
ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး ကျဆုံးခဲ့သည်မှာ နှစ် ၇၀ ကျော် ကြာခဲ့ပြီဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု အမွေမှာ လျော့နည်းသွားခြင်း မရှိသေးပေ။ ပြင်းထန်သော ပြိုင်ဆိုင်မှု များကို နိုင်ငံရေး အမြော်အမြင် ကြီးစွာ တည်ငြိမ်စွာ တုံ့ပြန်ခဲ့ခြင်း၊ ဒီမိုကရေစီ၏ အခြေခံ ရပ်တည်ချက်များက သွေဖယ် မသွားခြင်း တို့က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ၏ အလွှမ်းမိုးနိုင်ဆုံး နိုင်ငံရေး သမား ဖြစ်စေခဲ့သည်။
ယခုအခါ အငြိမ်းစားယူပြီး ဘာသာရေးကိုသာ လုပ်ကိုင်လျက်ရှိသော နအဖအစိုးရအဖွဲ့ဟောင်းတစ်ဦးက "ဒီ ၅ နှစ်စာမှာ (ဦး)သိန်းစိန်ရော၊ (ဦး)ရွှေမန်းရော အရှုံးကြီး ရှုံးတယ်လေ။ သူတို့ တွက်ချက်တာတွေက NLD ခေါင်းဆောင်လောက် ကျွမ်းကျင်မှု မရှိဘူး" ဟု ဆိုသည်။
မကြာမီရက်ပိုင်းအတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် NLD သည် ၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ အပြတ်အသတ် အနိုင်ရလျှင် လွှတ်တော် တွင် နေရာ အများစု အနိုင်ရကာ အစိုးရသစ်အတွက် အရေးပါသည့် နိုင်ငံရေးအင်အားစု ဖြစ်လာမည်ကို ထင်သာမြင်သာ တွေ့မြင်ရသည်။
ထိုသို့ဆိုလျှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး သြဇာသက်ရောက်မှုသည် အမြင့်ဆုံးသို့ ရောက်ရှိရန် တစ်ထစ်သာ လိုတော့သည်ဟု သုံးသပ်ရမည် ဖြစ်သည်။
မောင်နိုး
The Ladies News Journal
https://www.facebook.com/News.TheLadies
 ဒေါ်အောင်ဆန်းစုကြည်၏ ကိုကိုးကျွန်းရှိ မဲဆန္ဒရှင်များသို့ ပြောကြားသော အမှာစကား (ရုပ်/သံ) A message from Daw Aung San Suu Kyi for voters at Kokoa Island
Aung San Suu Kyi (facebook)
https://www.facebook.com/aungsansuukyi/videos
ဒေါ်အောင်ဆန်းစုကြည်၏ ကိုကိုးကျွန်းရှိ မဲဆန္ဒရှင်များသို့ ပြောကြားသော အမှာစကား A message from Daw Aung San Suu Kyi for voters at Kokoa Island
Posted by Aung San Suu Kyi on Tuesday, November 3, 2015