11/06/15

ရန်ကုန်မြို့ သုဝဏ္ဏမြို့ဦးစေတီကွင်း ပြည်ခိုင်ဖြိုး မဲဆွယ်စည်းရုံးပွဲ။ (နိုဝင်ဘာ ၆၊ ၂၀၁၅)
 နှစ်လနီးပါးကြာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု သတ်မှတ်ချိန် နောက်ဆုံးရက် မှာတော့ ထောင်ဂဏန်းရှိတဲ့ အာဏာရကြံ့ခိုင်ရေးပါတီကို ထောက်ခံသူတွေ ရန်ကုန်မြို့ သုဝဏ္ဏမြို့ဦးစေတီကွင်းမှာ ဒုတိယအကြိမ် စုဝေးခဲ့ကြသလိုပဲ၊ အခြားနိုင်ငံရေး ပါတီတွေကလည်း သူတို့ရဲ့ မဲဆွယ်စည်းရုံးမှုတွေ အဆုံးသတ်နေပြီဖြစ်ပါတယ်။ ရန်ကုန်မြို့ပေါ်က ဒီအခြေအနေတွေကို ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ပါတီပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေဟာ အခု နှစ်လနီးပါးကြာ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့ကြပြီး ဒီကနေ့မှာ စည်းရုံးလှူပ်ရှားမှုတွေကို အဆုံးသတ်ဖို့ ပြင်ဆင်နေကြပါပြီ။ သတ်မှတ်ချိန်အရဆိုရင် အခု နိုဝင်ဘာလ ၆ ရက် သောကြာနေ့ညသန်းခေါင်း ၁၂ နာရီ တိတိမှာ မဲဆွယ်စည်းရုံးမှုတွေ အားလုံး အဆုံးသတ်ရမှာဖြစ်ပါတယ်။

အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သူတို့ရဲ့ မဲဆွယ်စည်းရုံးမှု အားလုံးကို တရက်စောပြီး နိုဝင်ဘာလ ၅ ရက်နေ့ ညသန်းခေါင်က စပြီး အဆုံးသတ်ခဲ့တာပါ။ ဒီလို အဆုံးသတ်တာနဲ့ အတူပဲ မော်တော်ယာဉ်တွေ ဆိုင်တွေ ပေါ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံ တဆိပ် စည်းရုံးရေး လှူံ့ဆော်စာတွေ ပြန်သိမ်း၊ ပြန်ခွာတဲ့ လှူပ်ရှားမှုကိုလည်း မနေ့ညကတည်းက လုပ်ခဲ့ကြပါတယ်။

ဒါကြောင့် မဲဆွယ်စည်းရုံး သတ်မှတ်ချိန် နောက်ဆုံးရက် ဒီကနေ့မှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလံ တံဆိပ်တွေကို အရင်လို လမ်းတွေပေါ်မှာ သိပ် မတွေ့ရတော့ပါဘူး။ ဒါ့အပြင် မဲပေးမယ့်ရက်မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလံတံဆိပ် တွေကို မဲရုံတွင်း ၀င်ရောက်ချိန် မတပ်ဆင်ကြဖို့ ညွှန်ကြားထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဝင်းထိန်က ဗွီအိုအေကို ပြောပါတယ်။

"အခုဟာက ကျနော်တို့ ၁၉၉၀ ခုနှစ် အတွေ့အကြုံအရဆိုရင် ရွေးကောက်ပွဲ မဝင်ခင်မှာ ကန့်သတ်ခံရတာတမျိုး၊ ရွေးကောက်ပွဲနီးရင် ရန်ရှာခံရတာက တမျိုး အဲ့နှစ်မျိုးကြောင့် ဒီလိုအချက်လေးတွေ အသေးစိတ် အချက်လေးတွေကို လက်ညိုးထိုး အပြစ်ရှာပြီး ကျနော်တို့ရဲ့ Candidate ကို disqualified အပယ်ခံရမှာစိုးလို့ ကြိုတင်ပြီးတော့ စည်းကမ်းသတ်မှတ်ထားတာ။"

မဲဆွယ်စည်းရုံးမှူကာလအတွင်း အပြိုင်အဆိုင်နဲ့ အကြိမ်အများဆုံး လူထု စည်းဝေးပွဲတွေ လုပ်ခဲ့ကြတာကတော့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ တို့ဖြစ်ကြပါတယ်။

အာဏာရပါတီကို ထောက်ခံသူ ထောင်ဂဏန်းဟာ ရန်ကုန်နေရာအသီးသီးကနေ အခု လူထုစည်းဝေးပွဲ ကျင်းပရာနေရာကို အလံတွေထူထားတဲ့ ကားအသီးသီး ဒီကနေ့ညနေပိုင်း စုဝေးရောက်ရှိခဲ့ပါတယ်။ ဒီလူအများစုဟာ ရန်ကုန်နယ်ဖက်က လူတွေ ဖြစ်ပုံရတယ်လို့ ရန်ကုန်ဒေသခံတွေက ပြောပါတယ်။

ဒီကွင်းမှာပဲ နိုဝင်ဘာလ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရာမှာ လူထုသောင်းနဲ့ချီ တတ်ရောက်ခဲ့တာမို့ တကွင်းလုံး နီသွားခဲ့တယ်လို့ သတင်းတွေမှာ တင်စား ရေးသားခံ ခဲ့ရပါတယ်။

ဒါကြောင့် အခု ဒီကွင်းမှာပဲ သူတို့အနေနဲ့ ပထမအကြိမ် လုပ်ပြီးသွားပေမယ့်၊ သူတို့ကိုထောက်ခံသူရှိတဲ့ အင်အားကို ပြသဖို့ အခုလို ဒုတိယအကြိမ် ဒီနေရာမှာ ထပ်လုပ်တာဖြစ်တယ်လို့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးမြင့်သန်း က ပြောပါတယ်။

ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်စည်းရုံးမှူတွေမှာ တတ်ရောက်လာသူတွေ ကို ငွေပေး စည်းရုံးတယ်လို့ စွပ်စွဲခံရမှူတွေ အတော်လေး ကျယ်ပြန့်တဲ့ သတင်းဖြစ်နေတာပါ။ ဒါပေမယ့် ဦးစိုးမြင့်သန်းကတော့ သူတို့အနေ နဲ့ ငွေကြေးပေး ခေါ်ယူတာမျိုး မရှိပါဘူးလို့ ငြင်းပါတယ်။

" ကျနော်တို့က တစုံတရာပေးပြီးတော့ မဲဆွယ်စည်းရုံးတာတော့ မရှိပါဘူး။ တစုံတရာ ပေးတယ်ဆိုတဲ့နေရာမှာ သူတို့လာတဲ့နေရာမှာ ခရီးစားရိတ်နဲ့ ကားစားရိတ် ပေးတာပဲ ရှိမှာပါ။ ဒါပေမဲ့ အဲ့တာ သူတို့ဘာသာသူတို့ ဝယ်စားလည်းပဲ ရပါတယ်။ ဒါက လာတဲ့အတွက် သူတို့အတွက် တချို့နေရာတွေဆိုရင် တိုင်းနဲ့ပြည်နယ်က လာရတာ ဟို တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ တချို့ကျေးရွာတွေက လာရတာ ရှိပါတယ်။ သူတို့လာရတဲ့ ကားစားရိတ်တွေ ဘာတွေ ရှိမှာပါ။ ဒါပေမဲ့ သူတို့ဘာသာ သူတို့ လာတဲ့ဟာတွေလည်း ရှိပါတယ်။ လူတိုင်းတော့ မယူပါဘူး။ "

မဲဆွယ်စည်းရုံးမှု ကာလအတွင်းမှာ မရိုးသားမှူတွေ ရှိခဲ့ပြီး၊ ရွေးကောက်ပွဲကော်မရှင် က ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ချိုးဖောက်မှုရှိတဲ့အပေါ်မှာ အန်အယ်လ်ဒီ အနေနဲ့ ကော်မရှင်ကို တိုင်ကြားထားတာတွေ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။ ဒါပေမယ့် ကော်မရှင်ဖက်က ဒါကိုအရေးယူကိုင်တွယ်မှုမရှိဘူးလို့ သူမက ဝေဖန်ခဲ့ပါတယ်။

အထူးသဖြင့် သမ္မတဦးသိန်းစိန်ရဲ့ အခု နိုင်ငံတွင်း လှည်လည်တဲ့ ခရီးစဉ် တလျှောက်ဟာ ပါတီစည်းရုံးရေး သဘောဖြစ်နေတယ်လို့ အန်အယ်လ်ဒီ က ထောက်ပြခဲ့တာပါ။ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတွင်းလှည့်လည်တဲ့ ခရီးစဉ်မှာ ကြံ့ခိုင်ရေးပါတီဝင်တွေက အလံတွေနဲ့ ကြိုဆိုခဲ့ကြတာကြောင့် ဒါဟာ ပါတီမဲဆွယ်စည်းရုံးမှု သဘောဖြစ်နေတယ်လို့ ဝေဖန်ကြတာပါ။ ဒါ့အြ့ပင် သမ္မတ ဦးသိန်းစိန်နဲ့အတူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဒီခရီးစဉ်တွေမှာ ပါဝင်နေတဲ့အပေါ်မှာလည်း ဝေဖန်မှုတွေရှိပါတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒီကနေ့ညမှာတော့ ရွေးကောက်ပွဲဆိုင်ရာ မိန့်ခွန်း တရပ်ပြောဆိုဖို့ရှိနေပါတယ်။

မဲဆွယ်စည်းရုံးမှူတွေကို ရွေးကောက်ပွဲမတိုင်ခင် တရက်ကြိုပြီး အဆုံးသတ်စေ တာဟာ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မဲပေးနိုင်ဖို့ အေးအေးဆေးဆေး စဉ်းစားချိန် ရအောင် စဉ်းစားပေးမှုဖြစ်တယ်လို့ ကော်မရှင်က ပြောထားပါတယ်။ ဒါကြောင့် မနက်ဖြန် နိုဝင်ဘာ ၇ ရက်နေ့ကတော့ ရန်ကုန်တမြို့လုံးမှာ အရင်နေ့တွေလို မဟုတ်တော့ပဲ မဲဆွယ်စည်းရုံးမှုတွေ တိတ်ဆိတ် ပြီး အေးအေးလူလူ ရွေးကောက်ပွဲ ကို ကြိုဆိုရမယ့်နေ့ လို့ ပြောရမှာဖြစ်ပါတယ်။

သားညွန့်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 အသက် (၁၂) နှစ်အရွယ် မြတ်နိုးဆိုတဲ့ မိန်းကလေးဟာ စားပွဲတခု ကတခုကို ကူးချည်သန်းချည်လုပ်ပြီး စားသောက်စရာတွေ လိုက်ချပေးနေတယ်။ စီးကရက်တိုတွေကိုလည်း တံမြက်စည်းနဲ့အမှိုက်လှဲပစ်နေရ တယ်။ သူရတဲ့လုပ်ခက ကမ္ဘာမှာ ကလေးလုပ်သားတွေအတွက် အဆိုးဆုံး အခြေအနေနဲ့ လုပ်ခဖြစ်တဲ့ တရက်မှ တဒေါ်လာဝန်းကျင်ပဲ ရပါတယ်။ မမြတ်နိုးလိုပဲ တချိန်က စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ကလေး အလုပ်သမားတွေ ခိုင်းစေထားတာ အများကြီးရှိပါတယ်။ လက်ဖက်ရည် ဆိုင်ကအစ စက်ရုံအလုပ်ရုံတွေအထိ ကလေးအလုပ်သမားတွေနဲ့ ကျားကန်ပေးထားကြတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေနဲ့ သဘောထား တွေပြောင်းလဲဖို့ ဖိအားပေးတာတွေ လုပ်လာပါပြီ။

ရန်ကုန်မြို့က လမ်းဘေးလက်ဖက်ရည်ဆိုင်တွေ ကြည့်လိုက်ရင် ကလေးတွေကို စားပွဲထိုးလုပ်ခိုင်းထား တာတွေ့ရမှာ ဖြစ်ပါတယ်။ တချို့ကလေးတွေဆိုရင် အသက် (၁၀)နှစ်တောင် မပြည့်ကြသေးပါဘူး။ ''ကျွန်မ ရွာကနေပြီး လာအလုပ်လုပ်နေတာပါ။ ကျွန်မ မိဘတွေက ငွေကြေးမပြည့်စုံတော့ မိဘတွေကို ပိုက်ဆံရှာ ပေးနေရတယ်''လို့ မမြတ်နိုး (နာမည်ရင်း မဟုတ်) က AFP သတင်းထောက် ကို ပြောပြခဲ့တယ်။
ရန်ကုန်မြို့က အခြားကလေးအလုပ်သမားတွေလိုပဲ မြတ်နိုးဟာ ဆင်းရဲတဲ့ တိုင်းရင်းသား လူမျိုးစုတစုကနေ ရန်ကုန်လာပြီး တရက်ကို လုပ်ခတထောင်ကျော်နဲ့ အလုပ်လုပ်နေတာ ကိုးနှစ်သမီးအရွယ် ကတည်းက ဖြစ်ပါ တယ်။ ကလေးအလုပ်သမားတွေဟာ တရက်ကို ၁၄ နာရီ လောက် အလုပ်လုပ်ကြတယ်။ အိပ်တဲ့အခါမှာလည်း အခန်းတခုတည်းမှာ အခြားကလေးတွေနဲ့အတူ စုပေါင်းအိပ်ကြရသလို နေ့ဘက်လက်ဖက် ရည်သောက်တဲ့ ပလတ်စတစ်စားပွဲတွေခင်းပြီး အိပ်ရတဲ့အခါလည်းရှိတယ်။ ကလေးတွေဟာ ကျောင်းစာသင်ဖို့မပြောနဲ့ ဆော့ကစားဖို့တောင် အချိန်မရှိကြပါဘူး။ ဒီကလေးတွေအနေနဲ့ တသက်လုံးအလုပ်ကြမ်းသမားဘ၀နဲ့ ဆင်းဆင်းရဲရဲနေသွားကြရပါလိမ့်မယ်။

၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်ထောင်စာရင်းဇယားအရ မြတ်နိုးဟာ မြန်မာနိုင်ငံမှာ (၁၈) နှစ်အောက် ကျောင်း စာမသင်နိုင်တဲ့ လူဦးရေ ၄ ဒသမ ၄ သန်းထဲက တယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ကလေးလုပ်သားနဲ့ပတ်သက်ရင် အဆိုးရွားဆုံးအဆင့်ရရှိတဲ့ နိုင်ငံတခုဖြစ်ကြောင်း သုတေသီတဦးဖြစ်တဲ့ ဗာရစ် မက်ပဲလ်စကရော့က ပြောပါတယ်။ တိုင်းပြည်စီးပွားရေးလုပ်ကိုင်ခွင့်တွေ ဖွင့်ပေးလိုက်တဲ့အတွက် ဟို တယ် အသစ်တွေ၊ လက်ဖက်ရည်ဆိုင်သစ်တွေနဲ့ စက်ရုံတွေ မှိုလိုပေါက်အောင် ပွားများလာတာနဲ့အမျှ ကလေး အလုပ်သမား ဦးရေလည်း တိုးပွားလာစရာ ရှိတယ်လို့ သုံးသပ်ထားပါတယ်။ အရှုပ်အထွေးတွေရှိနေတဲ့ အလုပ် သမားဥပဒေကလည်း ကလေးတွေ အလုပ်ခွင်ခိုင်းစေမှုကို မတားမြစ်နိုင်ပါဘူးလို့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း (ILO)မှ ပီရမယ် ပီချိုင်ဝေါင်စီက ဝေဖန်ခဲ့တယ်။ ''ဘယ်အသက် အရွယ်မှစပြီး အလုပ်လုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမရှိဘူး။ ဥပဒေတွေကို လက်တွေ့ ကျင့် သုံးတာ မတွေ့ရဘူး''လို့ မစ္စပီချိုင်ဝေါင်စီက ပြောခဲ့တယ်။

၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ILO ကွန်ဗင်းရှင်းမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တယ်။ အတင်းအကျပ် အလုပ်ခိုင်း စေမှု၊ စစ်တပ်နဲ့ လိင်လုပ်ငန်းတွေ အပါအ၀င် အဆိုးရွားဆုံး ကလေးတွေကို အလုပ်ခိုင်းစေမှုတွေဟာ တရားဥပဒေနဲ့ မညီညွတ်ဘူးလို့ ကွန်ဗင်းရှင်းက ဆုံးဖြတ်ထားတယ်။ အစိုးရကတော့ ဥပဒေအရ မဖြစ် မနေလုပ်ရမယ့် သတ်မှတ်ချက်ပြဋ္ဌာန်းမှုမရှိသေးချိန်မှာ အခြေအနေတွေကို ဖြေရှင်းချင်ပေမယ့် ကလေးငယ် တွေအနေနဲ့ အလုပ်ခိုင်းစေမှုတွေ ရှိနေဦးမှာပါလို့ အစိုးရက ပြောတယ်။ ''မိဘတွေက ဆင်းရဲတဲ့အတွက် သူတို့ကလေးတွေကို လက်ဖက်ရည်ဆိုင်ပို့ပြီး ငွေရှာခိုင်းနေကြတယ်''လို့ အလုပ်သမားဝန်ကြီးဌာနက အရာရှိ တဦးက AFP ကို ပြောပြခဲ့တယ်။

ဒီလို အလုပ်လုပ်နေတဲ့ ကလေးတွေကို အလုပ်လုပ်ရင်းနဲ့ ပညာသင်နိုင်အောင် အဖွဲ့အစည်းပေါင်းစုံက ကူညီ ဆောင်ရွက်ပေးနေတာလည်းတွေ့ရပါတယ်။ မြန်မာရွေ့လျားပညာရေးစီမံချက် (myME) အဖွဲ့ကတော့ ရန်ကုန်နဲ့ မန္တလေးမှာ ကလေးသူငယ် ၆၀၀ လောက်ကို လက်ဖက်ရည်ဆိုင်ပိတ်ချိန်မှာ အခမဲ့ပညာသင်ပေးနေပါ တယ်။ စေတနာ့ဝန်ထမ်းလူငယ်တွေဟာ လမ်းဘေးမှာရပ်ထားတဲ့ မီနီဘတ်စ်ကားတွေထဲမှာ ဖြစ်သလို စာသင် ခန်းလုပ်ပြီး ကလေးတွေကို စာသင်ပေးနေကြတယ်။
တချို့ကလေးတွေကိုတော့ အခြေခံကစပြီး စာဖတ်တတ်၊ ရေးတတ်၊ သင်္ချာတွက်တတ်အောင် သင်ပေး နေရသလို အချို့အခြေခံရှိတဲ့ ကလေးတွေကိုတော့ အင်္ဂလိပ်စာနဲ့ကွန်ပျူတာ အခြေခံတွေ သင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တနေကုန်ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရတဲ့ ကလေးတွေ စာသင်ရတာ မလွယ်ပါဘူး။

''ကလေးတော်တော်များများက တနေကုန် အလုပ်လုပ်ခဲ့ရတော့ စာသင်တာကို အာရုံမစိုက် နိုင်ကြဘူး''လို့ စေတနာဆရာတယောက်က ပြော တယ်။
''လမ်းပေါ်က ကလေးများ ပညာသင်ဆု'' အဖွဲ့ကတော့ အလုပ်လုပ်ခိုင်းလို့ ၀င်ငွေရနေတဲ့ မိဘတွေကို ငွေကြေး အစားထိုးပေးပြီး ကလေးတွေကို ပညာသင်ကြားပေးနေတာလည်း ရှိပါတယ်။ ဒီနိုင်ငံက တကယ့်ကို ဆင်းရဲတဲ့ နိုင်ငံပါ။ ပညာ ရေးစနစ်ကလည်း ပျက်စီးခဲ့ရတယ်။ ဒါကြောင့် ပညာရေးကို တန်ဖိုးထားဖို့နဲ့ ကလေးတွေကို စာသင်ကျောင်းပို့ဖို့ မိဘတွေကို တိုက်တွန်းရတာ တော်တော်ခက်ပါတယ်''လို့ အဆိုပါအုပ်စုကို စတင် ထူထောင်ခဲ့တဲ့ ဂျွန်မက္ကကွန်နဲလ်က ပြောပါတယ်။

ဒီကနေ့အထိတော့ ကလေးငယ် ၃၀၀ လောက်ကို ပညာသင်ဆု ပေးထားပါတယ်။ ဒါပေမဲ့လည်း ကလေးငယ်တော်တော်များများကတော့ အလုပ် လုပ်ဖို့အတွက်ပဲ စိတ်ရောက်နေကြပါတယ်။ ပညာရေးကို စိတ်ဝင်စားမှုမပြကြတော့ပါဘူး။ ကလေးလူငယ် မျိုးဆက်လေးတွေဟာ ဆင်းရဲမွဲတေမှုရဲ့သားကောင်ဘ၀ ကျရောက်နေကြပါပြီ။

''သူတို့လေးတွေ ကြီးပြင်းလာရင် ဘယ်လိုအလုပ်မျိုးလုပ်ကြမလဲ။ သူတို့ရဲ့အနာဂတ်က ဘယ်မှာလဲ။ တိုင်းပြည်ရဲ့ အနာဂတ်ကရော ဘယ်လိုလဲ''လို့ ဂျွန်မက္ကကွန်နဲလ်က မေးခွန်းထုတ်ပါတယ်။

ထွဋ်ဝင်းထွဋ် -Ref; AFP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးရန် စင်ကာာပူနိုင်ငံမှ
မြန်မာနိုင်ငံသား ၁၅၈ ဦး ညနေ့ ၃ နာရီကျော်ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ ရောက်ရှိကြောင်း သိရသည်။

စင်ကာပူနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိပြီး သံရုံးတွင် ကြိုတင်မဲမပေးဘဲ
မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၈ ရက်နေ့တွင် တိုက်ရိုက်မဲပေးလိုသူများ စုပေါင်းကာ fly to
vote အစီအစဉ်ဖြင့် ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လာသူများထဲမှ ကိုစည်သူက "ကျွန်တော် ဟိုမှာ မဲအကြိမ်ကြိမ် သွားလျှောက်
တယ်။ ရန်ကုန်က မဲစာရင်းမှာမပါလို့ မရဘူးဆိုပြီး ကြိုတင်မဲပေးလို့ မရခဲ့ဘူး။
အိမ်ကနေ မဲစာရင်းအမည်ပြင်တာ၊ နာမည်ထည်ပေးတာ အခုသက်သေခံ ကတ်ပြား
ရပြီ။ နိုဝင်ဘာ ၈ ရက်နေ့ ဒဂုံမြောက်က ကျွန်တော်အိမ်နားက မဲရုံမှာ မဲပေးမှာဖြစ်
တယ်"ဟု ပြောသည်။

စင်ကာပူတွင် ကြိုတင်မဲပေးရာတွင် မဲသမာမှုများ ဖြစ်ပေါ်မည် စိုးရိမ်သည့်အတွက်
မဲပေးသူများအား စင်ကာပူရှိ လူငယ်များက စစ်တမ်းကောက်ယူရာ ရာခိုင်နှုန်း
၉၀ ကျော်ခန့်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား မဲပေးထားခြင်းများရှိကြောင်း
ပြောပြချက်အရ သိရသည်။

စင်ကာနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးတွင် မြန်မာနိုင်ငံသား တစ်သောင်းကျော်ခန့် သည်
ကြိုတင်မဲပေးထားပြီး မြန်မာနိုင်ငံတွင် ပြန်ပြီး မဲပေးရန် fly to vote အစီအစဉ်ဖြင့်
မဟုတ်ဘဲ မိမိအစီအစဉ်ဖြင့် မဲပေးရန် ပြန်လာခြင်းများလည်း ရှိကြောင်း သိရသည်။

သတင်း - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies


 ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ မှားယွင်းသည့်
အားနည်းချက်မှာ နိုင်ငံရေး ပါတီများနှင့် သက်ဆိုင်မှုမရှိကြောင်း အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောဆိုလိုက်
သည်။

မဲစာရင်းများ ကြေညာပြီးနောက် မဲစာရင်းများ မှန်ကန်စေရန်အတွက် ပူးပေါင်း
ဆောင်ရွက်ရန် နိုင်ငံရေးပါတီများမှာ စည်းလုံးမှု မရှိသဖြင့် မှန်ကန်သော
မဲစာရင်းများ ဖြစ်ပေါ်လာခြင်း မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က
နိုဝင်ဘာ ၅ ရက်က ထုတ်ပြန် ကြေညာသည့်အပေါ် ယင်းကဲ့သို့ တုံ့ပြန်လိုက်ခြင်း
ဖြစ်သည်။

“နိုင်ငံရေးပါတီက ကော်မရှင် မဟုတ်ဘူး။ မဲစာရင်းနဲ့ ပတ်သက်ပြီး လုပ်ဆောင်တာတွေ
ကိုလည်း ဘယ်ပါတီကမှ နှောင့်ယှက်တာ မရှိပါဘူး။ ဆန့်ကျင်တာလည်းမရှိဘူး။ အခုက
 ရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းမှားတာကို တာဝန်မယူချင်လို့
ပြောတာပါ” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

မဲဆန္ဒရှင်စာရင်းအား စက်တင်ဘာ ၇ ရက်မှ ၁၄ ရက်အထိ တစ်နိုင်ငံလုံးတွင်
တစ်ပြိုင်တည်း ကြေညာခဲ့သော်လည်း ပါတီကြီးတစ်ခု၏ ဝေဖန်ပြစ်တင်မှုများကြောင့်
သတ်မှတ်ကာလတွင်း လာရောက်ကြည့်ရှုသူ နည်းပါးခဲ့ပြီး မဲဆန္ဒရှင်များ အတည်ပြု
ထားသော မဲစာရင်းအမှန်များ မဖြစ်ပေါ်ခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်ကြေညာ
ခဲ့သည်။

မဲစာရင်းများ မှားယွင်းသည့် အားနည်းချက်များမှာ ရွေးကောက်ပွဲ ကော်မရှင်၏
အားနည်းချက် တစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် အပြစ်တင်မည့်အစား ပိုမို
ကောင်းမွန်အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း တိုင်းရင်းသား
စည်းလုံးညီညွှတ်ရေး ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေကဆိုသည်။

“ကော်မရှင်ဘက်က အားနည်းတယ်။ ရပ်ကျေးကော်မရှင်တွေက အဓိက
အားနည်းချက်လို့ နိုင်ငံရေးပါတီဘက်ကို အပြစ်တင်စရာ မလိုဘူး။ ကျွန်တော့်
အမြင်ကတော့ ဟိုလူကြောင့်၊ ဒီလူကြောင့် အပြစ်တင်မယ့်အစား အဖြေရှာ
ရမှာပါ” ဟု ဦးဟန်ရွှေကပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က လေးကြိမ် ထုတ်ပြန် ကြေညာခဲ့ပြီး ပထမအကြိမ်
ထုတ်ပြန်ချက်တွင် မဲစာရင်းမှားယွင်းမှုများမှာ ၅၀ ရာခိုင်နှုန်းကျော် ရှိသောကြောင့်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဝေဖန်မှုများရှိနေခြင်း ဖြစ်သည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies


 နိုဝင်ဘာ ၈ ရက်နေ့ မဲရုံပိတ်သိမ်းပြီးနောက် ညနေ ၅ နာရီကျော်တွင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဌာနချုပ်ရုံး ဆောက်လုပ်ဆဲ နေရာတွင် ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ တက်ရောက်လာသောပြည်သူများအား နှုတ်ခွန်းဆက် စကားပြောကြားမည်ဟု NLD ပါတီထံမှ သတင်းရရှိသည်။

ထိုနေ့ညနေပိုင်းတွင် ရွေးကောက်ပွဲ ကနဦးရလဒ်များ ထွက်ပေါ်လာသည့်အပေါ် NLD ဥက္ကဌက တည်ငြိမ်အေးချမ်းစွာ ပြီးမြောက်နိုင်ရေးအတွက် နှုတ်ခွန်းဆက်စကား ပြောကြားမည်ဖြစ်သည်။
“အဲဒီနေ့မှာ ရွေးကောက်ပွဲရလဒ်က မဲရုံပိတ်သိမ်းပြီးချိန်နောက်ပိုင်းမှာ အနိုင်/အရှုံးရလဒ်တွေ သိသင့်သလောက် သိပြီးချိန်မှာ NLD အနိုင်ရခဲ့ရင် NLD ကိုထောက်ခံသူ မဲဆန္ဒရှင်ပြည်သူတွေက အပျော်လွန်ပြီး အောင်ပွဲခံမယ်ဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်လာမှာကို ကြိုတင်ထိန်းကွပ် အသိပေးမယ်လို့ သိရတယ်။ မကျေနပ်တဲ့ ရလဒ်တခု ထွက်လာရင်လည်း အကြမ်းဖက်မှုတွေနဲ့ကင်းတဲ့ တုံ့ပြန်မှုတွေနဲ့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးဖြစ်အောင် ပြောဆိုမယ်လို့ သိထားတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း စည်းလွတ်ဝါးလွတ် အောင်ပွဲမခံဖို့ ဒေါ်စုကိုယ်တိုင် ကော့မှူးကပြည်သူတွေ၊ အဖွဲ့ဝင်တွေကို တိုက်ရိုက်မှာကြားခဲ့တာတွေ ရှိတယ်။ မဲမသမာမှုတွေနဲ့ ရလဒ်ကတမျိုးဖြစ်လာရင်တော့ ကျွန်တော်တို့ ဥက္ကဌက ပြည်သူတွေကို ဘယ်လိုကျေနပ်အောင်ပြောမလဲဆိုတာကတော့ အဲဒီနေ့ကျရင် ဘာပြောမလဲဆိုတာ စိတ်ဝင်စားစရာပဲ”ဟု NLD ရုံး အုပ်ချုပ်ရေးဌာနမှ ဦးကျော်ဆွေက ပြောသည်။

NLD ဥက္ကဌသည် နိုဝင်ဘာ ၈ ရက် နံနက် ၇ နာရီကျော်တွင် ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁) ရပ်ကွက်ရှိ အမက (၃) မဲရုံတွင် သွားရောက်မဲပေးမည်ဖြစ်ပြီး သူမ၀င်ရောက်အရွေးချယ်ခံမည့် ကော့မှူးမြို့နယ်သို့ ဆက်လက်ထွက်ခွာကာ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ မဲဆန္ဒပေးသည့် အခြေအနေကို လေ့လာကြည့်ရှုပြီး သက်ဆိုင်ရာ ကော်မရှင်ရုံးသို့ ၀င်ရောက် လေ့လာကြမည်ဖြစ်ကြောင်း NLD ပါတီမှ သိရသည်။ NLD ဌာနချုပ်ရုံးရှေ့တွင် မဲဆန္ဒနယ်အလိုက် အနိုင်အရှုံးစာရင်းများကို သတင်းရရှိသည်နှင့် တပြေးညီ LED ဘုတ်ကြီးဖြင့် ပြည်သူများအား ပြသသွားရန် စီစဉ်ထားကြောင်း သိရသည်။

ကိုဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 ကျွန်တော်တို့ တိုင်းပြည်အတွက် အရေးကြီးဆုံးဖြစ်တဲ့ ရွေးကောက်ပွဲကျင်းပဖို့ဟာ ခုဆိုရင် ရက်ပဲလိုပါတော့တယ်။ ဒီ ၂၀၁၅ ရွေးကောက်ပွဲဟာ ကျွန်တော်တို့ပြည်သူတွေအတွက် နောက်ဆုံးအခွင့်အရေးလို့ပြောမယ်ဆိုရင်မမှားပါဘူး။ အခြားသူများအတွက် အရေးကြီးချင်မှကြီးပေမယ့် ကျွန်တော်တို့ပြည်သူတွေအတွက်ကတော့ သေရေးရှင်ရေးပါ။ နောက်ထပ်မှားခွင့် လွှဲချော်ခွင့်မပေးတော့ပါဘူး။ ဒီအခွင့်အရေးကို အမိအရဖမ်းဆုပ်နိုင်ဖို့လိုပါတယ်။ ဒီအခွင့်အရေးကိုလက်လွှတ်လိုက်ရင် ခံရမှာက နောက်ထပ် ၅ နှစ်ထဲမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာကြာသွားနိုင်တယ်ဆိုတာ အားလုံးသတိမူစေချင်ပါတယ်။

ခုဆိုရင်ပြည်သူအများစုဟာ ဘယ်ပါတီကိုမဲပေးမယ်ဆိုပြီးဆုံးဖြတ်ထားပြီးဖြစ်ပေမယ့် တစ်ချို့ကတော့ ဘယ်ပါတီကိုမဲပေးရမလဲ မသိသေးသူများရှိသလို ငါတို့ထည့်လည်း ဘာမှမထူးပါဘူးလို့ ယူဆနေတဲ့သူတွေလည်း အများကြီးရှိပါသေးတယ်။ ဒါကြောင့် ဘယ်ပါတီကိုမဲပေးရမလည်းမသိသေးတဲ့သူတွေ ၊ ငါ့တို့ထည့်လည်း ဘာမှမထူးပါဘူးလို့ ယူဆနေတဲ့ သူတွေကို ကျွန်တော်ပေးမယ့် မဲအပေါ်ခံယူချက် လေးပြောပြချင်ပါတယ်။ ကျွန်တော်ပေးလိုက်တဲ့မဲတစ်ပြားဟာ ကျွန်တော့်အတွက် ကျွန်တော့်မိသားစုအတွက် ကျွန်တော့်မိတ်ဆွေဆရာသမားများအတွက် မဖြစ်စေရဘူးလို့ ခံယူထားပါတယ်။ ကျွန်တော့်ရဲ့မဲတစ်ပြားဟာ သန်း ၅၀ ကျော်သောပြည်သူတွေအတွက်ပဲဖြစ်ရမယ်။ ပြည်သူတွေဘာဖြစ်ချင်လည်း ဘယ်ပါတီကိုမဲပေးစေချင်လဲ ပြည်သူအများစုပေးစေချင်တဲ့ပါတီကိုမဲပေးပါမယ်။ ပြည်သူ့ဆန္ဒကိုဖြည့်ဆည်းပေးပါမယ်။ ခုဝင်ရောက်ယှဉ်ပြိုင်ကြမယ့်ပါတီတွေထဲမှာ ကျွန်တော့်အသိမိတ်ဆွေတွေပါပါတယ်။ ဒါပေမယ့် မတက်နိုင်ပါဘူး ။ ကျွန်တော်ပေးချင်ရာပေးမှာမဟုတ်ဘူး ပြည်သူတွေအတွက် တိုင်းပြည်အတွက် ရည်ရွယ်ပြီးပေးပါမယ်။ ဒါမှတာဝန်ကျေတဲ့နိုင်ငံသားတစ်ယောက်လို့ ခံယူထားတယ်။

ဘာလို့အဲ့လိုသဘေားထားလဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေကြောင့်ပဲလို့ အတိုချုပ်ပြောရမှာပဲ။ မဲပေးတာပဲ ကိုယ်ကြိုက်တဲ့ပါတီပေးမှာပေါ့ ဒါလူ့အခွင့်ရေးပဲလို့ပြောကြပါလိမ့်မယ်။ တစ်ခြားနိုင်ငံအတွက်တော့မှန်ပါလိမ့်မယ်။ နိုင်ငံရဲ့လက်ရှိအနေအထားအရ ကျွန်တ်ာတို့မှာ အဲ့လိုအခွင့်ရေးမရှိသေးဘူးလို့ မြင်ပါတယ်။ ဘာကြောင့်တုန်းဆိုတော့ နှစ်ပေါင်း ၅၀ ကျော်အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်စနှစ်ဆိုးအောက်ကနေ ရုန်းထွက်နိုင်ဖို့အတွက် ကျွန်တော့်တို့ ကိုယ့်ကြိုက်ရာကိုယ်ပေးလို့မရသေးပါဘူး။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ပြည်သူတွေဟာ မိမိတို့ကိုအုပ်ချုပ်မယ့် မိမိခေါင်းဆောင် သမ္မတတောင် ကိုယ်တိုင်ရွေးချယ်လို့မရသေးတဲ့အခြေအနေမှာ ကျွန်တော်တို့အရင်ဆုံးလုပ်ရမှာက အာဏာရှင်စနစ်ကို အပြစ်ပြတ်အောင်အရင်ရှင်းရမှာပါ။ အဲ့တော့ မိမိစိတ်ခံစားချက်တွေ အခွင့်အရေးတွေကိုလောလောဆယ် ဘေးချိတ်ထားပြီး တိုင်းပြည်အနာဂတ်အတွက် ပြည်သူအတွက် နောက်မျိုးဆက်သစ်တွေအတွက် မိမိမဲတစ်ပြားကို ရင်နှီးပေးဆပ်ရမှာပဲဖြစ်ပါတယ်။

ဒီအချိန်ဟာ ပြည်သူအားလုံးစုစည်းမှုနဲ့ စနစ်ဆိုး အောက်ကနေ လက်တွဲညီညီရုန်းထွက်ရမယ့်အချိန်ဖြစ်ပါတယ်။ မိမိမဲတစ်ပြားဟာ ပြည်သူလည်ပင်းစွပ်မယ့်ကြိုးကို ကူကျစ်ပေးတဲ့မဲ မဖြစ်ဖို့လိုပါတယ်။ နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲတွင်းထဲနစ်နေတဲ့ပြည်သူတွေ၊ ခေတ်အဆက်ဆက် အာဏာရှင်လက်အောက်မှာ အသက်ပေးခဲ့ရတဲ့ ရဟန်းရှင်လူပြည်သူတွေ၊ ဘ၀ပျက်ကုန်တဲ့သူတွေ၊ ထောင်နန်းစံခဲ့ရသူတွေအတွက်၊ အနာဂတ်ပျောက်နေတဲ့လူငယ်တွေအတွက် တာဝန်ကျေတဲ့ မဲတစ်ပြားဖြစ်ဖို့လိုပါတယ်။

ဒါဆိုကျွန်တော်တို့ ဘယ်ပါတီကိုမဲပေးမလဲ။ အားလုံးသိတော်မူတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံရဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်မယ့် ပါတီတွေအများကြီးရှိပေမယ့် အဓိကအစိုးရဖွဲ့နိုင်တဲ့ပါတီက ၂ ခုထဲရှိတာပါ။ ကျွန်တော်တို့ပြည်သူတွေရဲ့ ရွေးချယ်မှုဟာ ၄ ခုထဲက တစ်ခုလည်းမဟုတ်သလို ၃ ခုထဲကတစ်ခုလည်းမဟုတ်ပါဘူး။ ၂ ခုထဲက တစ်ခုပဲရွေးချယ်ခွင့်ရှိသူတွေပါ။ အဲ့နှစ်ခုထဲမှာမှ ကျွန်တော်တို့စဉ်းစားကြည့်ရအောင် တစ်ခုက နှစ်ပေါင်း ၅၀ ကျော်တိုင်းပြည်ကို ယနေ့အထိ ပုံစံအသွင်အမျိုးမျိုးနဲ့ အုပ်ချုပ်လာတဲ့ တစ်ပါတီ တစ်ဖွဲ့စည်းပါ။ သူတို့ နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်ခဲ့တဲ့တိုင်းပြည်ရဲ့ အခြေအနေဟာ လက်ရှိအချိန်မှာ ဘယ်လိုအခြေအနေဖြစ်နေသလဲဆိုတာ ပြည်သူအားလုံးဟာ ကိုယ်တိုင်သိရှိခံစားနေရသူတွေဖြစ်တဲ့အတွက် အထူးပြောပြစရာတောင်လိုမယ်မထင်ပါဘူး။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းမှာ အဆင့် ၈၊ ကမ္ဘာ့ဘိန်းထုတ်လုပ်မှုမှာအဆင့် ၂၊ အဂတိလိုက်စားမှု တရားဥပဒေစိုးမိုးမှုမှာ အဆင့် ၁၄ ကျန်းမာရေးအဆင့်အတန်းက နောက်ဆုံးပိတ် အဆင့် ၁၉၀ ပညာရေးအဆင့်အတန်းအနိမ့်ကျဆုံး သဘာဝသံယံဇာတ ပျက်ဆီးဆုံးရှုံးမှုအများဆုံးစတဲ့ ကမ္ဘာ့ညွန်းကိန်းအဆင့်တိုင်းမှာ အောက်ဆုံးအဆင့်ရောက်နေတဲ့တိုင်းပြည်တစ်ခုပါ။ တိုင်းပြည်က သဘာသသံယံဇာတတွေပေါကြွယ်ဝေနေပေမယ့် လူငယ်အများစုက သူများနိုင်ငံမှာ ကျွန်သွားခံနေရတယ် မိန်မပျိုလေးတွေက လိင်ကျွန်အဖြစ်ရောင်းစားခံနေရတယ်။ လက်တစ်ဆုပ်စာလူတန်းစားက ထားစရာမရှိဖြစ်နေချိန်မှာ ပြည်သူတွေက စားစရာမရှိအောင်ဖြစ်နေရတယ်။ ဒီလိုအခြေအနေမှာ ပြည်သူလူထုဟာ ပြောင်းလဲမှုကိုတောင်းဆိုတာ မဆန်းဘူးလို့ထင်ပါတယ်။ ပြောင်းလဲမှုကို မလိုလားတဲ့ သူတွေကပဲဆန်းနေကြတာပါ။

ပြောင်းလဲမှုကို မလိုလားတဲ့သူတွေကိုကြည့်ရင်လည်း အာဏာရှင်အဖွဲ့အစည်းနဲ့ သူတို့ပေါင်းအပါတွေပဲများပါတယ်။ ခေတ်ပျက်လေကြိုက်လေဆိုတဲ့ အကျင့်ပျက်ဝန်ထမ်းတွေရယ် အာဏာရှင်နဲ့ပေါင်းစားနေတဲ့ ခရိုနီလူတန်းစားတွေပဲများတာတွေ့ရမှာပါ။ သူတို့ကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့သူတွေပါပဲ။ ဒီလူတွေဟာလည်း ပြည်သူတွေရဲ့ ဒဏ်ခတ်ခြင်းကို မကြာမှီမှာ ခံကြရတော့မှာပါ။

ဒါကြောင့်ဒီစနစ်ဆိုးအောက်ကနေလွတ်မြောက်ဖို့အတွက် ဘယ်သူကိုမဲပေးရမယ်ဆိုတာ ပြောပြနေဖို့လိုမယ်မထင်တော့ပါ။ ပြောင်းလဲမှုအစစ်အမှန်ကို ရချင်တယ် အရပ်သားအစိုးရစစ်စစ်လိုချင်တယ် ဆိုရင်တော့ လက်ရှိအခြေအနေအရ Nld ပါတီမှလွဲ အခြားရွေးချယ်စရာမရှိပါဘူး။ ဒါကြောင့် NLD ပါတီကိုပဲ ရဲရဲဝံ့ဝံ့မဲပေးပြီးတော့ ပြောင်းလဲမှုကိုရယူပါမယ်။ အဲ့လိုပြောတဲ့အတွက် ကျွန်တော်ကို NLD ဘက်တော်သားဖြစ်တယ် လော်ဘီလုပ်ပေးနေတယ်လို့ မြင်ချင်မြင်ပါလိမ့်မယ်။ ကျွန်တော်ဟာ ဒီနေ့ဒီအချိန်ထိ ဘယ်ပါတီမှ မ၀င်ခဲ့ဘူးပါဘူး။ ရှင်းရှင်းပြောရရင် NLD ပါတီကိုတောင် ရာနှုန်းပြည့်မထောက်ခံသေးပါဘူး။ ဒါပေမယ့် ခုနပြောသလို ကျွန်တော်တို့ဟာ အများကြီးထဲကရွေးရတာမဟုတ်ဘူး။ ၂ ခုထဲက တစ်ခုကိုရွေးရတာပါ။ ဒါကိုနားလည်ဖို့လိုပါတယ်။ တိုင်းပြည်ရဲ့ လက်ရှိအနေအထားအရ NLD ပါတီမှလွဲအခြားရွေးချယ်စရာ မရှိသေးလို့ပါ။ အရပ်သားအစိုးရစစ်စစ်ဖြစ်ပြီးတဲ့နောက်ပိုင်း နောက်ထပ်ရွေးကောက်ပွဲတွေမှာတော့ မိမိကြိုက်ရာပေးလို့ရပါပြီ။ ဒီတစ်ခါတော့ ပြည်သူ့အတွက် NLD ကိုပဲမဲပေးလိုက်ပါ။

ဒီနေရာမှာ NLD ကိုမကြိုက်ဘူးဆိုတဲ့ သူများကိုပြောချင်ပါတယ် NLD ကိုမကြိုက်ချင်မကြိုက်ပါနဲ့။ NLD ကိုမကြိုက်တာနဲ့ အာဏာရှင်ကိုထောက်ခံမယ်ဆိုတာကတော့ လုံးဝမဖြစ်သင့်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို သင်မကြိုက်တာအပြစ်မဟုတ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကိုမကြိုက်တာနဲ့ ဂဠုန်ဦးစောကိုထောက်ခံမယ်ဆိုရင်တော့ သင်ဟာလူမိုက်အားပေး တစ်ယောက် လူယုတ်မာတစ်ယောက် ဖြစ်သွားပါပြီ။ ဒါကိုခွဲခြားသိဖို့လိုပါတယ်။

နောက် ဆုံးအနေနဲ့ NLD ပါတီတက်တော့ရော တိုင်းပြည်ကောင်းသွားမှာလားလို့မေးတဲ့သူများကိုပြောချင်ပါတယ်။ ကောင်းမကောင်းဆိုတာ အုပ်ချုပ်ခိုင်းကြည့်မှ သိပါလိမ့်မယ်လို့ပြောရမှာပဲ။ တကယ်လို့ NLD အစိုးရဖြစ်လာပြီး ပြည်သူအပေါ်မကောင်းခဲ့ဘူးထားအုံး ကိစ္စမရှိပါဘူး။ ကျွန်တော်တို့အားလုံး Nld ကိုအချိန်မရွေးဖြုတ်ချလို့ရတယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ NLD ပါတီနောက်မှ စစ်တပ်မရှိလို့ပါပဲ။ ဒီနေ့မကြိုက် ဒီနေ့ဖြုတ်ချလို့ရပါတယ်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

NLD လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းက နိုဝင်ဘာလ ၃ ရက်နေ့က သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးနေစဉ်။ Photo: Aung Thain Kha/ RFA
 ဒီမိုကရေစီယဉ်ကျေးမူနဲ့ကျင့်စဉ်အရ  သဘောထားကွဲလွဲခွင့်ရှိပေမဲ့၊ သဘောထားချင်း မတိုက်ဆိုင်သူနဲ့ အဖွဲ့ အစည်းကို တိုက်ခိုက်တာမျိုး၊ အသက်အန္တရာယ် ရန်ရှာတာမျိုး  မလုပ်သင့်ဘူးလို့ မဲဆွယ်စည်းရုံးစဉ်အတွင်း တိုက်ခိုက်ခံခဲ့ရတဲ့  သာကေတမြို့နယ်ကနေ ထပ်မံအရွေးခံမယ့် NLD လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း က RFA ကို ပြာပါတယ်။

ဦးနိုင်ငံလင်းဟာ ဓါးဒါဏ်ရာကြောင့် ဦးခေါင်းနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့တဲ့အတွက်၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး မှာ တက်ရောက်ကုသခဲ့ရပြီး၊ နိုဝင်ဘာလ ၃ ရက်နေ့က ဆေးရုံက ပြန်ဆင်းလာပြီဖြစ်ပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဦးနိုင်ငံလင်းက သူ့ရဲ့ သဘောထားအမြင်ကို RFA ကို အခုလိုပြောပါတယ်။

"အကြမ်းဖက်မှုဆိုတာ ဘယ်သူမှလက်ခံတဲ့ကိစ္စမဟုတ်ဘူးပေါ့နော်၊ အကြမ်းဖက်မှုကို ဥပဒေအရလည်းခွင့်ပြု မထားသင့်ဘူး၊ ဥပဒေကတစ်ကယ်လည်း တားမြစ်ထားပါတယ်၊ အချင်းချင်း ဒီမိုကရေစီစနစ်အရ ကျနော် တို့တွေ သဘောထားကွဲလွဲခွင့်ရှိတယ်၊ ကိုယ်ယုံကြည်ရာကို ကိုယ်လုပ်လို့ရတယ်၊ ဒါပေမယ့် လူတစ်ဦး ရဲ့အသက်အန္တရာယ်၊ အဖွဲ့အစည်းတစ်ခုရဲ့အန္တရာယ်ဖြစ်လောက်တဲ့အထိတော့ မည်သူမျှမလုပ်သင့်ဘူးလို့ တိုက်တွန်းချင်တယ်၊ မေတ္တာရပ်ခံချင်တယ်"

တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူထားတဲ့ အစိုးရအနေနဲ့လည်း အကြမ်းဖက်မှုတွေကို လစ်လျူရှု မထားသင့်ဘူးလို့လည်း ပြောပါတယ်။

ဦးနိုင်ငံလင်းဟာ နိုဝင်ဘာ ၃ ရက်နေ့မှာ ဆေးရုံးက ပြန်ဆင်းလာပြီးအဲဒီနေ့မှာပဲ သာကေတမြို့နယ်မှာ မဲဆွယ် စည်းရုံးပွဲ ဆက်လက်ဆောင်ရွက်ခဲ့ရာမှာ ရပ်ကွက်ပြည်သူတွေ၊ သံဃာတော်တွေက ၀န်းရံပို့ဆောင် ပေးခဲ့ကြသလို၊ အနှေးယဉ် အစီး ၅၀၀ ခန့်လည်း လိုက်ပါခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က NLD ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးဆင်းနေစဉ်  အတွင်း သာကေတမြို့နယ် မာန်ပြေ (၈)လမ်းမှာ လူသုံးဦးက ဓါးနဲ့တိုက်ခိုက်တာကြောင့် ဦးနိုင်ငံလင်း ဒဏ်ရာရရှိခဲ့ တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရှားတောမြို့တွင် ဦးအောင်မင်းနှင့် အဖွဲ့များ ဌားနေသည့် ဖြစ်သည်။ ဓါတ်ပုံ - ဖြိုးဝေအောင်
ဦးအောင်မင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မည့် ရှားတောမြို့နယ်တွင် မည့်ရွေးကောက်ပွဲ မဲလိမ်၊ မဲခိုး၊မဲဝယ် မည်ကို စိုးရိမ်နေကြသည်ဟု တခြားသော နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်လောင်းများက ပြောဆိုနေကြသည်။

“ကျနော် ကတော့ ကျနော်တို့ ပါတီအနေနဲ့ပြောချင်တာတော့။ လွတ်လပ်ပြီးတော့တရားမျှတမှုရှိမယ်ဆိုရင် ကော်မရှင်က ကောင်းကောင်းမွန်မွန်မှန်မှန်ကန်ကန် လုပ်မယ်ဆိုရင် ကျနော်တို့ တိုင်း၇င်းသားပါတီကတော့ ဘယ်လိုဖြစ်ဖြစ် အပြတ်အသတ်နိုင်မယ်လို့ကျနော်ပြောပါတယ်။ ကျနော် အခုမှ ပြောတာမဟုတ်ဘူး။ နကိုယ်ကတည်းက ကျနော် ဒီအတိုင်းပြောလေ့ရှိတဲ့ စကားပဲ။” ဟု ရှားတောမြို့နယ် ပြည်နယ်လွတ်တော်(၁)တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကယားလူမျိုးစုဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်း စိုင်းအုံးမြင့်က ဆိုသည်။

အာဏာရပါတီနှင့် တသီးပုဂ္ဂလဝင်ပြိုင်သည့် ဦးအောင်မင်းတို့သည်လည်းကောင်း ငွေလုံးငွေရင်းဖြင့် မဲဆွယ်ကြခြင်း ၊ တဖက်မှာလည်း ရှားတောမြို့နယ်ရှိ မဲဆန္ဒရှင်များကလည်း ပညာတတ်နည်းပါးပြီး အချို့ ပြည်သူများသည် ဗမာစကားမပြောတတ်ခြင်း၊ နိုင်ငံရေး ဗဟုသုတနည်းခြင်းကြောင်း စိုးရိမ်စရာဖြစ်နေကြခြင်းဖြစ်သည်။

“ရှားတောမြို့နယ် ဒီရွေးကောက်ပွဲမှာ ဒီအတိုင်းပဲပုံမှန်သွားမယ်ဆိုရင် NLD ကနိုင်ပြီးသားပဲ ။ ဆိုလိုတာက မဲလိမ်၊ မဲခိုး၊ မဲဝယ် မရှိဘူးဆိုရင်ပေါ့.။” ဟု NLD ပါတီဝင်တစ်ဦးကဆိုသည်။

ရှားတောမြို့နယ် လက်ရှိမဲဆွယ်ကာလတွင် ကိုယ်စားလှယ်လောင်းအချို့က မဲတစ်မဲကို ငွေကျပ်(၂) သိန်းဖြင့် ၀ယ်မည်ဆိုသည့် သတင်းကလည်း ထွက်ပေါ်နေကြောင်း သိရသည်.။

ရှားတောမြို့နယ်သည် မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း ဆိုပြီး ကျေးရွာအုပ်စုများ ရှိပြီး နောက်ဆုံး မဲဆန္ဒရှင် (၄၂၆၂)ကျော်ရှိကြောင်းသိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်မဲ စာရင်း ဆရာ/မ ဦးရေ ၈၂ ဦးဖြစ်ပြီး ရပ်ကွက်အလိုက်အတွင် ၄၃ ဦး စုစုပေါင်း ၁၂၅ ဦးရှိသည်ဟု သိရသည်။

ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes/

အမေရိကန် သံအမတ်ကြီး Derek Mitchell မြန်မာ့ရွေးကောက်ပွဲဆိုင်ရာ တိုက်တွန်းနိုးဆော်စဉ်။ 
 မြန်မာနိုင်ငံမှာ လာမယ့်တနင်္ဂနွေနေ့ ကျင်းပမယ့် ရွေးကောက်ပွဲတွေ လွတ်လပ်မျှတမှု ရှိမရှိ အမေရိကန် ပြည်ထောင်စုက အနီးကပ်စောင့်ကြည့် သွားဖို့ ပြင်ဆင် ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆို လိုက်ပါတယ်။

အမေရိကန် သံအမတ်ကြီး Derek Mitchell သံရုံးဝန်ထမ်းတွေ၊ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ လက်ထောက်အကြီးအကဲ Jonathan Stivers နဲ့ ကွန်ဂရက်လွှတ်တော်က တာဝန်ရှိသူတွေဟာ ရွေးကောက်ပွဲ ကာလတလျှောက် စောင့်ကြည့် အကဲခတ်သွားကြမှာ ဖြစ်တဲ့အကြောင်း ကြာသပတေးနေ့က အမေရိကန်နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခွင့်ရပုဂ္ဂိုလ် John Kirby က သတင်းထောက်တွေ ကို ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန် သံရုံးအနေနဲ့ ဥရောပသမဂ္ဂ၊ ကာတာစင်တာနဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်မြောက်ရေး အာရှကွန်ယက် တို့ အပါအ၀င် နိုင်ငံတကာက အကဲခတ်အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့လည်း ဆက်လက်ပြီး အနီးကပ် လက်တွဲပြီး ရွေးကောက်ပွဲ ကို စောင့်ကြည့် သွားမှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရ အနေနဲ့လည်း ပြည်တွင်းပြည်ပ က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ ကို ကြိုတင်မဲပေးတဲ့ လုပ်ငန်းတွေ အပါအ၀င် ရွေးကောက်ပွဲကို အပြည့်အ၀ အကဲခတ်ခွင့်ပြုဖို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက တိုက်တွန်းခဲ့ပါတယ်။

ကြာသပတေးနေ့ အစောပိုင်းမှာ တုန်းကတော့ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရခဲ့ရင်တောင် ပြိုင်ဘက်တွေကို လုံးဝအနိုင်ယူတာမျိုး မဟုတ်ဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်စေမယ့် အစိုးရ ဖြစ်စေရမယ် လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း NLD ပါတီ အနိုင်ရခဲ့ရင်တောင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရအဖွဲ့ရဲ့ အကြီးအကဲ သမ္မတဖြစ်ခွင့် မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ သူ့အနေနဲ့ သမ္မတအထက်ကနေ တာဝန်ယူဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ရန်ကုန်မြို့ နေအိမ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပါ။

ဒီသတင်းစာရှင်းလင်းပွဲမှာပဲ ရွေးကောက်ပွဲ ရွေးကောက်ပွဲမတိုင်ခင် ကြုံနေရတဲ့ ပြဿနာတွေကိုလည်း ထောက်ပြသွားခဲ့သလို၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုင်တွယ်ဖြေရှင်းမှုတွေဟာလည်း အားနည်းတယ် လို့ ဝေဖန်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကျောင်းသား ခေါင်းဆောင် တွေ အခုလို အဖမ်း ခံခဲ့ လာရပြန် တဲ့ အပေါ် အင်မတန် စိုးရိမ် တယ် ဆိုပြီး အာရှ လူ့အခွင့် အရေး ကော်မရှင် က ထုတ်ပြန်။ 
 မြန်မာ့ နိုင်ငံရေး ရဲ့ အလှည့်အပြောင်း ဖြစ်စေမယ့် သမိုင်းဝင် ဖြစ်ရပ် ဆိုပြီး အာဏာပိုင် တွေ ကရော အတိုက်အခံ ကပါ ရည်ညွှန်း ပြောဆို နေကြတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်း ပဲ လိုတော့ တဲ့ အချိန် မှာ ကျောင်းသား တွေ အပါအဝင် နိုင်ငံရေး တက်ကြွ လှုပ်ရှား ကြသူ တချို့ ဆက်လက် ဖမ်းဆီး ခံနေကြရပါတယ်။

အင်တာနက် လူမှုကွန်ရက် စာမျက်နှာ ဖြစ်တဲ့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ ကဗျာရေးပြီး သမ္မတ ဦးသိန်းစိန်ကို သရော်ခဲ့တဲ့ ကဗျာဆရာ မောင်ဆောင်းခကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ကမာရွတ်မြို့နယ် တရားရုံးအနီးမှာ နိုဝင်ဘာ ၅ ရက်နေ့ တုန်းက ဖမ်းဆီးလိုက်ပါတယ်။

အဲဒီ့ လူငယ် ကဗျာဆရာ ဟာ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ နဲ့ အမှုဖွင့် စွပ်စွဲ ခံနေရပါတယ်။

ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဌ ကျော်ကို⁠ကိုနဲ့ အလုပ် အမှုဆောင် တစ်ဦး ဖြစ်တဲ့ လင်းထက်နိုင် တို့ လည်း ဒီ ရက်ပိုင်း တွေ မှာပဲ ဖမ်းဆီး ခံခဲ့ရပြီး နိုဝင်ဘာ ၅ ရက်နေ့ မှာပဲ ရုံးထုတ် ခဲ့ပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ကို သပိတ် မှောက် ခဲ့ကြတဲ့ အတွက် ကျောင်းသား တွေနဲ့ ဝိုင်းရံသူ တွေ အကြမ်းဖက် ဖြိုခွဲ ဖမ်းဆီး ခံခဲ့ရတဲ့ နောက် ၇ လ အကြာမှာ ကျောင်းသား ခေါင်းဆောင် တွေ အခုလို အဖမ်း ခံခဲ့ လာရပြန် တဲ့ အပေါ် အင်မတန် စိုးရိမ် တယ် ဆိုပြီး အာရှ လူ့အခွင့် အရေး ကော်မရှင် က ထုတ်ပြန် ပါတယ်။

မိမိတို့ရဲ့ သဘော ဆန္ဒတွေကို ဒီမို ကရေစီ နည်းကျကျ ထုတ်ဖော် ခဲ့မှု ကြောင့် အဖမ်းခံခဲ့ရ သူတွေ ကို မြန်မာ အာဏာပိုင် တွေ အနေနဲ့ ချက်ခြင်း ပြန်လွှတ် ပေးပါ ဆိုပြီးတော့လည်း အာရှ လူ့အခွင့်အရေး ကော်မရှင် က တောင်းဆို ထားပါတယ်။

ဖမ်းဆီးမှု တွေကို နိုင်ငံတကာ ကနေ အခုလို ဝေဖန် ကန့်ကွက် နေကြ သလို ထောင်တွင်း အစာငတ်ခံ တိုက်ပွဲ တွေ လည်း ဆင်နွှဲ ကြတာမှာ မြင်းခြံ ထောင်ထဲ က ဗကသ ကျောင်းသား ၂ ဦး ဖြစ်တဲ့ ကိုစည်သူမြတ် နဲ့ ကိုစိုးလှိုင် တို့လည်း အောက်တိုဘာ ၅ ရက် နေ့ က စလို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အတွက် အစာငတ်ခံ ဆန္ဒ ပြလာ ကြပါတယ်။

သာယာဝတီ ထောင်ထဲ က ဗကသ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ကိုအောင်မှိုင်းဆန်း အစာငတ်ခံ တိုက်ပွဲ စတင်ခဲ့တာ ၂ ပတ်ကျော် သွားပေမယ့် အာဏာပိုင်တွေ ဘက်က ညှိနှိုင်း ဆွေးနွေး လာတာမျိုး မရှိတဲ့ အပြင် ထပ်မံ ဖမ်းဆီးမှု တွေ ပြုလုပ် လာတာပါ။

ဒီ အပြုအမူဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ် မပြီးမချင်း နိုင်ငံရေး အကျဉ်းသားတွေ ကို လွှတ်ပေးဦး မှာ မဟုတ်ဘူး ဆိုတာ အာဏာပိုင် တွေက ပြသ လိုက်တာ ဖြစ်တယ် ဆိုပြီး ကိုယ်တိုင် အဖမ်း နေရတဲ့ အထက် ဗမာပြည် ဗကသ ဥက္ကဌ ဟောင်း ကိုသန့်ဇင် က မြင်းခြံ တရားရုံး မှာ ရုံးထုတ်တုန်း ဘီ⁠ဘီစီ ကို ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


ကန်နီဒေါစဲကျေးရွာမှ ဒေသခံများနှင့် မြစိမ်းရောင်စီမံကိန်းအိမ်ရာမြင်တွေ့ရစဉ်ဖြစ်သည်။ photo - ဖြိုးဝေအောင်
 မြစိမ်းရောင်ကျေးရွာချေးငွေစီမံကိန်းကို ကျေးရွာအချို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးးနှင့်ဖွံ့ဖြိုးရေပါတီမှ ချေးပေးသည်ဟု ပြည်သူများက ထင်မြင်နေကြောင်း သိရသည်။

၎င်းစီမံကိန်းနှင့် ပတ်သက်ပြီး လက်ရှိရွေးကောက်ပွဲအတွက် မဲဆွယ်ကာလတွင် မြစိမ်းရောင်စီမံကိန်း ၀င်ထားသော ကျေးရွာများကို ကျေးရွာအတွင်းတွင် တန်ဖိုးနည်းအိမ်ရာ ဆောက်ပေးခြင်း၊ ရေသယ်ပေးခြင်း၊ လမ်းခင်းပေးခြင်း၊ကျောင်းဆောက်ပေးခြင်းနှင့် ငွေချေးပေးခြင်း စသည်ဖြင့် ရှိသည့်အတွက် ပြည်သူများက ပြည်ခိုင်ဖြိုးပါတီမှ လုပ်ဆောင်ပေးသည်ဟု ယုံကြည်ကြခြင်းဖြစ်သည်ဟု လောပိတကျေးရွာအုပ်စု ရှိ ကန်နီကျေးရွာမှာ အဒေါ်တစ်ဦးက ဆိုပါသည်။

၎င်းက “ကြံ့ခိုင်ရေးပါတီက ကျမတို့ကျေးရွာကို ပိုက်ဆံချေးပေးတယ်။ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်ပေးတယ်။ ရေသယ်ပေးတယ်။ လမ်းခင်းပေးတယ်။ ပြီးတော့ ကျောင်းဆောက်ပေးတယ်။ အဲတော့ ဒီရွာမှာက မဲထည့်ရင် ကြံ့ခိုင်ရေးပါတီကို ပဲ ထည့်ဖို့များတယ်။ ဘာလို့လဲဆို ခုဏ ပြောတဲ့ဟာတွေ လုပ်ပေးတယ်လေ။” ဟု ဆိုပါသည်။

ကန်နီကျေးရွာသည် အိမ်ခြေ(၇၀)ကျော်ရှိသည့်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း မှ ချေးငွေရရှိရန် ကျေးရွာတွင်း မဲနိုက်စနစ်ဖြင့် သွားလေ့ရှိပြီး မဲပေါက်သူများကသာ ၄င်းချေးငွေရရှိမည်ဖြစ်ပြီး အိမ်ခြေ(၄၇)အိမ်ရရှိပြီး လူဦးရေ (၄၇)ဦး ရရှိကြောင်းသိရသည်။

“ဒီရွာက အိမ်ခြေ(၇၀)ကျော်ရှိတယ်။ အိမ်တိုင်းက ချေးငွေမရဘူးပေါ့။ အဲတော့ မဲစနစ်နဲ့ သွားတာ။ မဲပေါက်တဲ့အိမ်၊ မဲပေါက်တဲ့သူက ချေးငွေ၇တာပေါ့။ အခုက မဲပေါက်တဲ့သူတွေက သူဌေးတွေပဲ ပေါက်တာများတယ်။ အိမ်မှာ အဆင်ပြေပြီးသားအိမ်တွေက မဲပေါက်တာများတယ်။ ဆင်းရဲတဲ့သူတွေက မရတာပိုများတယ်။”ဟု ကန်နေကျေးရွာမှာ ခူးပလုရယ်က ဆိုသည်။

ကန်နီကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို (၄)သိန်းရရှိသူများ(၉)ဦး၊ (၃)သိန်းက (၁၅)ဦး၊ (၂)သိန်းက (၂၂)ဦးနှင့် (၁)သိန်းက (၁)ဦး စုစုပေါင်း (၄၇)ဦး ရရှိထားပြီး ၄င်းကျေးရွာတွင် ချေးငွေစုစုပေါင်း (၁၂၆)သိန်းဖြစ်ပြီး ကျောက်တောင်ကျေးရွာနှင့် ကန်နီကျေးရွာ စုစုပေါင်းချေးငွေ ရရှိမှု သိန်း(၃၀၀)ဖြစ်ကြောင်းနှင့် ကန်နီကျေးရွာတွင် ၄င်းစီမံကိန်းမှ တန်ဖိုးနည်းအိမ်ရာ အလုံး(၄၀)လည်း ဆောက်လုပ်ပြီးစီးထားကြောင်းသိရသည်

ထို့ကြောင့် စီမံကိန်း ၀င်လျက်ရှိသော လောပိတကျေးရွာအုပ်စုရှိ ကန်နီကျေးရွာသည် ပါတီစုံမဲဆွယ်စည်းရုံးရေး ရှိနေသော်လည်း ကြံ့ခိုင်ရေးပါတီကိုသာအားပေးထောက်ခံသူများနေခြင်းဖြစ်သည်ဟု သိရသည်။

ချေးငွေကို ဖေဖော်ဝါရီ (၉)ရက် ၂၀၁၅ခုနှစ်တွင် စတင်ပြီး (၁)သိန်းလျှင် (၁)ထောင်ကျပ် အတိုးပေးသွင်းရပြီး (၃)လ(၁)ကြိမ် ပြန်လည်ပေးသွင်းရကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို လောပိတကျေးရွာအုပ်စုတွင် ကန်နီကျေးရွာနှင့် ကျောက်တောင်ကျေးရွာတွင် ရရှိထားပြီး မထောခူကျေးရွာအုပ်စုတွင် ၀မ်ကွန်ကျေးရွာမှ ရရှိထားကြောင်းသိရသည်။

မြစိမ်းရောင် ကျေးရွာ စီမံကိန်းသည် စိုက်ပျိုးရေး ၊ မွေးမြူရေး ကို အဓိက လုပ်ကိုင်နေသော ကျေးရွာများကို အဓိက ချေးငွေချပေးနေခြင်းဖြစ်သည်။

ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes/


 မြန်မာနိုင်ငံတွင် အင်အားကြီး နိုင်ငံရေးသမား တစ်ဦးဖြစ်သည့် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ NLD ပါတီသည် နိုင်ငံအတွင်း လူကြိုက်အများဆုံး ဖြစ်သည်ဟု ပြောကြားလိုက်ပြီး ရွေးကောက်ပွဲပြီးပါက လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

သြဂုတ်လအတွင်းက ပါတီဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားခံခဲ့ရသည့် ဦးရွှေမန်းသည် ကြံ့ခိုင်ရေးပါတီ၏ အားကောင်းသော လွှတ်တော်အင်အားစုကို ဦးဆောင်သူဖြစ်သည်။

ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသည့်အကြောင်း လူသိရှင်ကြား ပြောကြားမှု အနည်းငယ်သာရှိသည်။ ထိုရင်းနှီးသည့် ဆက်ဆံရေးက ကြံ့ခိုင်ရေးပါတီဝင်အချိုကကို သံသယများ ဖြစ်ပေါ်စေခဲ့ပြီး စစ်အုပ်ချုပ်ရေး အဆုံးသတ်ခဲ့သည့် ၂၀၁၁ နောက်ပိုင်း မြန်မာနိုင်ငံရေးတွင် အကြီးမားဆုံး လှုပ်ခတ်မှုဖြစ်သည့် ဦးရွှေမန်းအား ပါတီခေါင်းဆောင်အဖြစ်မှ ပယ်ထုတ်မှု ဖြစ်ပွားစေခဲ့ခြင်းဖြစ်သည်။ ဦးရွှေမန်းနှင့် အပေါင်းအပါများအား သမ္မတ ဦးသိန်းစိန်က ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်ရပ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားမီဒီယာများနှင့် တွေ့ဆုံမှုအဖြစ် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတွင် ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တူညီသည့် နိုင်ငံရေး အခြေခံများ တွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက အများစု အနိုင်ရမည်ဟု မျှော်လင့်ခံထားရသည်။ ဇာတိ ဖြူးမြို့တွင် မဲဆွယ်ပြီးနောက် နေအိမ်၌ ပြုလုပ်သည့် အင်တာဗျူးတွင် ဦးရွှေမန်းက “NLD ကသာ လူထုထောက်ခံမှု အများဆုံး ရရှိထားပါတယ်” ဟု ပြောကြားခဲ့သည်။

ဦးရွှေမန်းက သူ၏ပါတီ ရွေးကောက်ပွဲအနိုင်ရရန် မျှော်လင့်သော်လည်း နိုင်ငံအကျိုးစီးပွားက ပါတီနှင့် လူတစ်ဦးစီအကျိုးစီးပွားထက် ပိုအရေးကြီးပြီး ပါတီချင်း ပူးပေါင်းဆောင်ရွက်ရေးမှာ နိုင်ငံအနာဂတ်အတွက် အရေးပါသည်ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကို အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲအဖြစ် မှတ်ယူခံထားရသည့် နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ပြည်သူ သန်း ၃၀ ကျော် မဲပေးကြမည်ဖြစ်သည်။

အပြာရောင်ရှပ်အကျီင်္ နှင့် အစိမ်းရောင် ပုဆိုး ၀တ်ဆင်ထားသည့် ဦးရွှေမန်း က “ကျွန်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆုံတိုင်း တိုင်းပြည် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အမြဲ ဆွေးနွေးခဲ့ပါတယ်” ဟု ပြောကြားသည်။

“ဒီပူးပေါင်းဆောင်ရွက်မှုကို လာမယ့် လွှတ်တော်မှာ ဆက်လက် ဆောင်ရွက်မှာပါ။ တိုင်းပြည်အတွက် အတူတူ အလုပ်လုပ်သွားမှာပါ” ဟု ဦးရွှေမန်းက ဆိုသည်။ ဦးရွှေမန်းက အခြားပါတီများနှ့င့်လည်း ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် မဲဆွယ်ပွဲတွင် သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်အား စံပြပုဂ္ဂိုလ်တစ်ဦးဟု ရည်ညွှန်းခဲ့သည်။

KHTun
Ref - Reuters
The Ladies News Journal
https://www.facebook.com/News.TheLadies

ရွေးကောက်ပွဲ အပြီးမှာ NLD landslide နိုင်ရင် ဆူပူ အုံကြွ မှုတွေ ဖြစ်မယ် လို့ အစိုးရ ရဲ့ PR လုပ်နေတဲ့ larry gargan ကလည်းပြောပါတယ်။ သမ္မတ ကိုယ်တိုင်ကလည်း သူ့ပါတီ ရှုံးရင် သွေးထွက်သံယိုမှုတွေ ဖြစ်နိုင်တယ် လို့ သတိပေးတာ လိုလို ခြိမ်းချောက် တာလိုလို ပြောပါတယ်။
သူတို့ရဲ့ အစီ အမံတွေကတော့

၁။ NLD ထောက်ခံ အားပေး သူတွေ အောင်ပွဲ ခံ တဲ့ အချိန်မှာ ရန်ပွဲတွေ ဖြစ်အောင် ဖန်တီးပါလိမ့်မယ်။

၂။ မဘသ အဖွဲ့ဝင်တွေ က အနိုင်ရ NLD ကိုယ်စားလှယ် ကို ဆန့်ကျင် ဆန္ဒ ပြပါလိမ့်မယ်။

၃။ သူတို့ရဲ့ လူ မူစလင် ဘာသာဝင်များ က NLD အယောင်ဆောင်ပြီး ဗုဒ္ဓဘာသာ ကို ပုတ်ခတ် ပြောပါလိမ့်မယ်။

၎။ ဘယ်တော့ မှ မရိုးတဲ့ ကုလား ဗမာ အဓိကရုဏ်း တစ်ခု ထပ်ပြီး ဖန်တီးပါလိမ့်မယ်။

၅။ အနိုင်ရရှိတဲ့ NLD ကိုယ်စားလှယ်လောင်းတွေ ကို ပုဒ်မ အမျိုးမျိုး တပ်ပြီး ဖမ်းဆီး ဖို့ ကြိုးစား ပါလိမ့်မယ်။

၆။ ပြည်ခိုင်ဖြိုး ရုံးတွေ ၊ ဆိုင်းဘုတ်တွေ ကို သူ့လူ ကိုယ့်ဘက်သား လုပ်ပြီး ဖျက်ဆီးကြလိမ့်မယ်။

၇။ ကုန်ဈေးနှုန်း ကြီးသွားအောင်၊ လူတွေ စားဝတ်နေရေး ကြပ်တည်းအောင် ဖန်တီးကြလိမ်မယ်။

၈။ သောင်းကျန်းသူ အယောင်ဆောင်ပြီး လူစု လူဝေးများတယ့်နေရာ တွေမှာ ဗုံးတွေ ခွဲပြလိမ့်မယ်။

NLD ထောက်ခံသူများ ကျေးဇူးပြု၍ သူတို့ရဲ့ လှည့်ကွက်ထဲ မဝင်မိပါစေနဲ့။ လမ်းပေါ် ထွက်ပြီး အလွန်အကျူး အေင်ပွဲခံတာ မလုပ်ပါနဲ့။ အောင်နိုင်ရေး ရုံးရှေ့ အရောက်လာပြီး ဆဲဆို တာ တွေ ခံရလိမ်မယ်၊ဘာမှ မတုန့်ပြန်ပါနဲ့။

ရွေးကောက်ပွဲ အပြီး ၃လ ကြာ ၂၀၁၆ မတ်လ ထဲ ရောက်မှ အာဏာလွှဲပြောင်း ပေးအပ်မှာပါ။ ဒီကြားထဲ မှာ လူထု အုံကြွမှု မဖြစ်ဖြစ်အောင် နည်းအမျိုးမျိုး နဲ့ လုပ်ပြီး အာဏာ သိမ်းဖို့ ကြံစည် ပါလိမ့်မယ်။ မြန်မာ ပြည်ရဲ့ နိုင်ငံရေးဟာ ဘယ်သော အခါမှ သမားရိုးကျ မဖြစ် ဖူးပါဘူး။
ဒီ ၃ လ အတွင်း မှာ ကြံ့ကြံ့ခံ ပြီးနေကြပါ။

Ye Min Win

myanmar-teachers-federation-620.jpg မန္တလေးမြို့ Hazel ဟိုတယ်မှာ မေလ ၄ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် ပထမအကြိမ် ညီလာခံကျင်းပစဉ်
ရွေးကောက်ပွဲနေ့မှာ မဲရုံးမှူးတွေအဖြစ် တာဝန်ထမ်းဆောင်ရမယ့် နယ်ပယ်အသီးသီးက ဆရာ/ဆရာမတွေအနေနဲ့ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်ဆောင်ရွက်တဲ့အခါမှာ ဘယ်လို ဖိအားမျိုးကိုမှ မကြောက်ကြဖို့နဲ့ အခက်အခဲ အကြပ်အတည်းဖြစ်လာရင် ဆက်သွယ်ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်က ဒီနေ့ပန်ကြားလိုက်ပါတယ်။

ဖိအားအမျိုးမျိုးတွေရှိခဲ့ရင် ဝန်ထမ်းဖြစ်နေရတဲ့အတွက် စိုးရိမ်ပူပန်ပြီး အခက်အခဲတွေ့မှာကို ကူညီလိုတဲ့အတွက် အခုလိုကြေညာလိုက်တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဆရာဦးသန်းထိုက်အောင်က RFA ကိုပြောပါတယ်။

"မဲရုံမှာတာဝန်ကျမယ့် ဆရာဆရာမတွေရဲ့ သောကပေါ့ဗျာ၊ ကိုယ်တိုင်ကလည်း ဝန်ထမ်းတွေဖြစ်နေတော့ ငါတို့ အလုပ်ကိုပဲ ထိခိုက်နိုင်မလား စိုးရိမ်ပူပန်မှုတွေ နည်းနည်းမြင့်တက်လာတယ်၊ သမာသမတ်ကျစွာ ဆောင်ရွက်ပေး တဲ့အတွက်လည်း သူတို့မှာ ဖိအားပေးမှုမျိုးတွေပေါ့ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ရွေးကောက်ပွဲကော်မရှင် ကပဲဖြစ်ဖြစ် တခြားသောအဖွဲ့အစည်းကပဲဖြစ်ဖြစ် အတိုက်အခံပါတီတွေကပဲဖြစ်ဖြစ် သူတို့ကိုသြဇာသုံးပြီး ဖိနှိပ်မှာတွေကို တွန်းလှန်နိုင်အောင် ကျနော်တို့က နောက်ကနေ တွန်းအားပေးထားတယ်၊ မှန်ကန်စွာရပ်တည်ပြီး သမာသမတ်ကျစွာ ဆောင်ရွက်ပေးခြင်းအားဖြင့် ဖြတ်သန်းကြဖို့ သူတို့ကို ကူညီပေးချင်တဲ့သဘောပေါ့"

သူတို့အဖွဲ့ချုပ်ကို ကြေညာချက်မှာဖော်ပြထားတဲ့ အီးလ်မေးတွေ၊ တယ်လီဖုန်းတွေကနေ ရွေးကောက်ပွဲနေ့မှာ ဘယ်အချိန်မဆို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။ ဆရာ/ဆရာမများအဖွဲ့ချုပ်ဟာ တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်ရေးအတွက် တခြားအရပ်ဘက်အဖွဲ့တွေနဲ့လည်း ဆက်သွယ်ဆောင်ရွက်ထားတယ်လို့ပြောပါတယ်။
RFA
http://www.rfa.org/burmese/news/myanmar-teachers-federation-11052015111353.html

[ads-post]
[accordion]
[item title="(အပိုင်း ၁ )"]


"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ ရုပ်သံ "(အပိုင်း ၁ )
Posted by 7Day News Journal on Wednesday, November 4, 2015
[/item]
[item title="အပိုင်း ၂"]


"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ ရုပ်သံ "(အပိုင်း ၂)
Posted by 7Day News Journal on Wednesday, November 4, 2015
[/item]
[item title="အပိုင်း ၃"]


" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ ရုပ်သံ "(အပိုင်း ၃ )
Posted by 7Day News Journal on Thursday, November 5, 2015
[/item]
[/accordion]
7Day News Journal

“ မဲကုသိုလ်ပြုလိုရင် သွေးကွဲစေကြောင်း သပ် (၄) ချောင်းကို ဆွဲနှုတ်ပါ ”

(၁၉၇၄) ခုနှစ်ကနေ (၁၉၉၀) ကျော်ဝန်းကျင်ထိ ဖြစ်ပွားရိုက်ခပ်လာခဲ့တဲ့ ကမ္ဘာဒီမိုကရေစီ တတိယလှိုင်းကြီးထဲမှာ အရှိန်အဟုန်ပြင်းစွာပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုချိန်ထိ ဘာကြောင့် အာဏာရှင်လက်အောက်က မလွတ်မြောက်နိုင်ရသလဲဆိုတာကို သေသေခြာခြာ စေ့ငုလိုက်ရင် ထင်ထင်ရှားရှားတွေ့ ရမဲ့ အကြောင်းတရားကတော့ အဖိနှိပ်ခံပြည်သူတွေကြားမှာ စည်းလုံးညီညွတ်မှု့ ပျောက်ဆုံးနေခြင်းပါဘဲ။
မညီညွတ်တဲ့ လူ့ အဖွဲ့ အစည်းတခုကို ဖိနှိပ်အုပ်ချုပ်ရတာ မခက်ခဲပါဘူး။ အိမ်ကြက်ခြင်းအိုးမဲသုတ်ပြီး လွယ်လင့်တကူ ခွပ်ခိုင်းရင်ရသလိုပါဘဲ။ အပြန်အလှန်လေးစားမှု့၊ အပြန်အလှန်ယုံကြည်မှု့၊ အပြန်အလှန်နားလည်မှု့မရှိတဲ့ လူ့ အသိုင်းအ၀ိုင်းတခုဟာ အစည်းပြေထင်းစည်းနဲ့ တူသလို၊ ကွဲနေတဲ့နွားအုပ်ကြီးနဲ့ လည်းတူပါတယ်။ တချောင်းခြင်းစီဆွဲယူ ချိုးဖဲ့တာခံရတတ်သလို တကောင်ခြင်း၊ တဖွဲ့ ခြင်းစီ ကျားဆွဲအစားခံရတတ်ပါတယ်။
တကယ်ညီညွတ်တဲ့လူ့ အဖွဲ့ စည်းတွေကိုတော့ ဘယ်လိုရန်သူမျိုး၊ ဖိနှိပ်သူမျိုးမှ အနိုင်ကျင့်ခြင်တိုင်းကျင့်၊ ဒုက္ခပေးခြင်တိုင်းပေးလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အန္တရာယ်တွေနဲ့ ကြုံလာရတိုင်း သူတို့ ဟာ ညီညီညွတ်ညွတ်နဲ့ စုပေါင်းကာကွယ်လေ့ရှိတာကြောင့်ဖြစ်တယ်။ ပြီးတော့အခြင်းခြင်းအပြန်အလှန်ဖေးမ စောင့်ရှောက်ကြသလို၊ သစ္စာစောင့်သိကျေးဇူးပြုတတ်လို့ ပါဘဲ။
မြန်မာစစ်အာဏာရှင်တွေအပါအ၀င်၊ ကမ္ဘာပေါ်မှာပေါ်ထွန်းခဲ့ဘူးသမျှ ဖိနှိပ်သူအစိုးရတိုင်းဟာ ဒီအချက်ကို ကောင်းကောင်းနားလည် သဘောပေါက်သလို အုပ်ချုပ်ခံပြည်သူတွေကြားမှာ စည်းလုံးညီညွတ်မှု့ မရှိအောင် နည်းအမျိုးမျိုးနဲ့ သွေးခွဲအုပ်ချုပ်လေ့ရှိပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ သမိုင်းဖြစ်စဉ်တလျှောက်လုံးမှာ အဓိကအခန်းက အမြဲတမ်းပါဝင်ခဲ့ပြီး အလွန်ထင်ရှားအရေးပါတဲ့ အင်အားစုကြီးရှစ်ဖွဲ့ ရှိပါတယ်။ သား (၄) သားနဲ့ မား (၄) မားလို့ အတိုကောက် ခေါ်နိုင်ပါတယ်။ အဲ့ဒီအင်အားစုတွေကတော့
(၁) ကျောင်းသား
(၂) ဘုရားသား
(၃) တိုင်းရင်းသား
(၄) စစ်သား … ဆိုတဲ့ သားလေးသား နဲ့ 
(၅) လယ်သမား
(၆) အလုပ်သမား
(ရ) အတတ်ပညာသမား
(၈) စီးပွားရေးသမား … ဆိုတဲ့ မားလေးမားတို့ ပါဘဲ။
ဒီဆောင်းပါးမှာတော့ သား (၄) သားအကြောင်းဘဲရေးပါ့မယ်။ အဲ့ဒီအင်အားစုကြီးလေးရပ်ဟာ ပင်ကိုယ် သဘောသဘာဝအားဖြင့် စုစည်းလုပ်ကိုင်ရာမှာ အလွန်လွယ်ကူမြန်ဆန်ထိရောက်သလို ခေတ်အဆက်ဆက် မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှု့ သမိုင်းတလျှောက်လုံးမှာ အရေးပါတဲ့အခန်းကဏ္ဍတွေမှာ အမြဲပါဝင်ခဲ့ကြပါတယ်။
ဒါကြောင့် စစ်အာဏာရှင်အဆက်ဆက်ဟာ သား (၄) သား ဆိုတဲ့ နိုင်ငံရေးအင်အားစုကြီးတွေကြားထဲမှာ ညီညွတ်မှု့ပြိုကွဲစေဘို့ ရည်ရွယ်ပြီး သွေးကွဲစေကြောင်း သပ်ကြီး(၄) ချောင်းကို စနစ်တကျ စီမံကိန်းချ သပ်လျှိုရိုက်သွင်းခဲ့ကြပါတယ်။

( ၁) ကျောင်းသားထုကြားက - ပထမသပ်
ကျောင်းသားဆိုတာ ခေတ်ပြောင်းတော်လှန်ရေးတိုင်းမှာ တပ်ဦးအလံကို အမြဲကိုင်စွဲ ဦးဆောင်ပါဝင်ခဲ့ကြတာ ဘယ်သူမှ မငြင်းဆန်နိုင်ပါဘူး။ ဂုဏ်ရောင်ပြောင်တဲ့ ပထမကျောင်းသားသပိတ် ( ၁၉၂၀) ၊ ဒုတိယကျောင်းသားသပိတ် (၁၉၃၆) ၊ ဆဲဗင်းဇူလှိုင်အရေးအခင်း (၁၉၆၄)၊ ဦးသန့် အရေးအခင်း (၁၉၇၄)၊ မှိုင်းရာပြည့်အရေးအခင်း (၁၉၇၆)၊ ငွေစက္ကူအရေးအခင်း (၁၉၈၇)၊ ဖုန်းမော်အရေးအခင်း (၁၉၈၈)၊ ရှစ်လေးလုံးအရေးတော်ပုံ ( ၁၉၈၈)၊ ၁၉၉၆ ကျောင်းသားအရေးအခင်း ၊ ကိုးလေးလုံးအရေးအခင်း(၁၉၉၉) ၊ လောင်စာဆီဈေးမြင့်တက်မှုလမ်းလျှောက်ပွဲ( ၂၀၀၇) နဲ့  ဒီမိုကရေစီပညာရေးလမ်းလျှောက်ချီတက်ပွဲ (၂၀၁၅) စတဲ့ သမိုင်းတိုင်တွေက သက်သေခံပြီးသားပါ။
အင်္ဂလိပ်နယ်ချဲ့ ဖက်ဆစ်ဂျပန် တိုင်းတပါးကျူးကျော်သူတွေကနေ အသားထဲကလောက်ထွက်လာတဲ့ ပြည်တွင်းစစ်အာဏာရှင်တွေအထိတိုင်အောင် ဖိနှိပ်အုပ်ချုပ်သူတိုင်းဟာ ကျောင်းသားဆိုရင် အလွန်ကြောက်ကြတဲ့အပြင် ချေမှုန်းရမဲ့ ထိတ်တန်းရန်သူအဖြစ် အမြဲရှု့မြင်ကြပါတယ်။
ဘာကြောင့်လို့ လဲဆိုတော့ ကျောင်းသားဆိုတာ ဘယ်လိုဖိနှိပ်မှု့မျိုးကိုမှ ခေါင်းငုံ့ မခံတတ်သလို၊ ဘယ်လို မတရားမှု့မျိုးကိုမဆို လည်စင်းပေးရိုးထုံးစံမရှိပါဘူး။ တပွင့်ချွေရင် နှစ်ပွင့်ဝေတတ်တဲ့အမျိုးပါ။ ဒါကြောင့် ဖိနှိပ်သူတိုင်းဟာ ကျောင်းသားအင်အားစုကြီး ညီညွတ်မှု့မရှိအောင် ခေတ်အဆက်ဆက်မှာ သွေးခွဲဖို့  နည်းအမျိုးမျိုးနဲ့ ကျိုးပမ်းအားထုတ်လေ့ရှိပါတယ်။

ကျောင်းသားထုကြားကို စစ်ထောက်လှမ်းရေးတွေလွှတ်ပြီး သွေးကွဲအောင်ကြံဆောင်ခဲ့သလို အခွင့်အရေးနဲ့ မျှားပြီးဖြားယောင်းခဲ့ကြတယ်။ အဲ့ဒီလိုလုပ်ခဲ့ကြတဲ့အထဲမှာ အထင်ရှားဆုံးက စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့် ပါဘဲ။

ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးကို သွေးချောင်းစီးသတ်ဖြတ်လို့ အာဏာသိမ်းယူခဲ့တဲ့ န၀တစစ်အစိုးရခေတ် ကျောင်းသားလှုပ်ရှားမှု့တွေဖြိုခွဲဖို့ ဗမာနဲ့ မြန်မာ နံမည်ကိုအကြောင်းပြုလို့ ဗကသ ( ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ) နဲ့ မကသ (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ) တို့ ကြားမှာ ပထမသပ်ကိုရိုက်သွင်းခဲ့တယ်။ မကသ ကျောင်းသားအဖွဲ့ ကို ရန်ကုန်တက္ကသိုလ်ထဲမှာ တရားဝင်ရုံးခန်းတွေဖွင့်ခွင့်ပေးထားချိန်မှာ ဗကသ ကျောင်းသားတွေကို လိုက်လံဖမ်းဆီးနှိပ်ကွပ်နေခဲ့တယ်။
အခုနောက်ဆုံး ဒီမိုကရေစီပညာရေးဥပဒေသပိတ်မှာပါတဲ့ ကျောင်းသားအဖွဲ့ တွေဖြစ်တဲ့ ဗကသ၊ တကသ၊ အကသ စတဲ့အဖွဲ့ အမျိုးမျိုးကြားမှာ အထင်မှားအောင် သွေးကွဲအောင် ခွဲခြားဆက်ဆံခဲ့တာပါဘဲ။ ပညာရေးဥပဒေကိစ္စတွေဆွေးနွေးဖို့ လွှတ်တော်ထဲ တက်ရောက်ဖို့ ဖိတ်ကြားတဲ့ကိစ္စမှာတောင် အကြံအစည်တွေပါနေတာ မြင်သာပါတယ်။
အဆိုးဝါးဆုံးကတော့ ပြည်သူ့ လွှတ်တော်ထဲမှာ တနိုင်ငံလုံးရှေ့မှောက် ကျောင်းသားတွေကို ကတိပေးပြီးမှ လက်ပံတန်းပင်မကျောင်းသားသပိတ်ကို အကြမ်းဖက်ရိုက်နှက်ဖြိုခွင်းခဲ့တာပါဘဲ။ သိက္ခာတွေထပ်တလဲလဲ ကျပြီးသားမို့ မထူးတော့တဲ့ စစ်တပိုင်းအစိုးရဟာ နောက်ထပ်သိက္ခာထပ်ကျခံပြီး ကတိချိုးဖျက်ခဲ့ခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သပိတ်မှောက်ကျောင်းသားတွေ၊ ၀န်းရံပြည်သူတွေ၊ သူတို့ ကိုထောက်ခံအားပေးနေသူ အားလုံးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကြား ကြီးမားတဲ့ သပ်ကြီးတချောင်းရိုက်သွင်းခြင်လို့ ပါဘဲ။
ဦးသိန်းစိန်အစိုးရရဲ့ အဲ့ဒီသွေးခွဲရေးကျိုးပမ်းမှု့က တော်တော်ထိရောက်အောင်မြင်ခဲ့ပါတယ်။ (၁၉၉၀) ရွေးကောက်ပွဲတုံးက့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ပခုံးထမ်းတင်ပေးခဲ့ဘူးတဲ့ ကျောင်သားတွေနဲ့  ၀ိုင်းရံပြည်သူတချို့ရယ်၊ နိုင်ငံရေးအင်အားစုတချို့ဟာ ကျောင်းသားတွေအရိုက်နှက်အဖမ်းအဆီးခံရတဲ့အပေါ် NLD က ပြင်းပြင်းထန်ထန် မရပ်တည် မကာကွယ်ခဲ့တာကြောင့် စိတ်ခုပြီး အထင်လွဲလို့ သွေးကွဲနေခဲ့တာ အတိုင်းသားမြင်နေရပါတယ်။
လွှတ်တော်နိုင်ငံရေးအပေါ် အယုံအကြည်မရှိတဲ့ အဲ့ဒီကျောင်းသားတွေနဲ့ နိုင်ငံရေးအင်အားစုတချို့ဟာ တတိုင်းတပြည်လုံး အုံးအုံးကြွက်ကြွက် ရွေးကောက်ပွဲအတွက်နိုးကြားနေတဲ့အချိန်မှာ အသံတိတ်သူကတိတ်၊ NLD နဲ့ ကွဲသူကွဲသွားတာ ၀မ်းနည်းစရာပါ။ တကယ်တော့ လွှတ်တော်နိုင်ငံရေးဘဲဖြစ်ဖြစ်၊ လွှတ်တော်ပြင်ပနိုင်ငံရေးဘဲဖြစ်ဖြစ် မိမိသန်ရာရာကိုလုပ်ရင်း ဒီမိုကရေစီအင်အားစုအခြင်းခြင်း ဟန်ချက်ညီညီ အတူလှမ်းနိုင်သမျှ လှမ်းဖို့ လိုမယ်လို့ ထင်မြင်မိပါတယ်။ ချိတ်ဆက်လုပ်လို့ ရနိုင်တာရှိနိုင်သလို၊ ချိတ်ဆက် လုပ်လို့ မရနိုင်တဲ့အခါလည်းရှိမှာပါဘဲ။ ကိုယ်သန်ရာ ယုံကြည်ရာ နည်းဗျူဟာတွေနဲ့ လုပ်ဆောင်ကြရာမှာ တိုင်းပြည်အကျိုး ပြည်သူ့ အကျိုးကို ဦးထိပ်ထားဖို့  မျက်ခြေမပြတ်ဖို့  အမြဲသတိပြုကြရမှာပါ။

(၂) ဘုရားသား သံဃာထုကြားက - ဒုတိယသပ်

စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေ၀င်းလက်ထက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကထဲက သံဃာထုကြား စည်းလုံးညီညွတ်မှု့မရှိအောင် မဟနအဖွဲ့ ၊ ရဟန်းပျိုသမဂ္ဂ စတဲ့သံဃာတွေကြား ဘွဲ့ တံဆိပ်တော်ကပ်တာကနေ ကျောင်းသင်္ကန်း အဆောင်အယောင်၊ အခွင့်အရေးတွေနဲ့ သွေးခွဲခဲ့ကြတာပါ။
ဦးသိန်းစိန်အစိုးရခေတ်မှာ အထင်ရှားဆုံးသွေးခွဲမှု့ကြီးကတော့ သံဃာထုရဲ့ အစိတ်အပိုင်းတခုမျှသာဖြစ်တဲ့ မဘသ အဖွဲ့ ကို မြှောက်စားပံ့ပိုးပေးခြင်းနဲ့  အမျိုးသားရေးဝါဒနဲ့  လူမျိုးခြား၊ ဘာသာခြားမုန်းတီးရေးစိတ်တွေကို မီးလောင်ရာလေပင့်ပေးခဲ့တာပါဘဲ။
ဘုရားသားတော်တွေကြားမှာသာမက သက်ဆိုင်ရာ ကိုးကွယ်သူ ဒါယကာ၊ ဒါယကာမတွေကြားမှာပါ ၀ိဝါဒတွေ ကွဲ၊ အငြင်းအခုံတွေဖြစ်၊ ညီညွတ်မှု့ပြိုကွဲစေမဲ့ မျိုးစောင့်ဥပဒေတွေကို ရွေးကောက်ပွဲမကျင်းပခင် တက်သုတ်နှင် ပြီး အိနြေ္ဒကိုမဆည်နိုင်အောင် ကမန်းကတမ်း အတည်ပြုပြဌာန်းပေးခဲ့ခြင်းဟာ သံဃာထုအခြင်းခြင်းကြားနဲ့  ပြည်သူတွေကြားမှာပါ သွေးကွဲစေမဲ့ နောက်ထပ်သပ်တချောင်းကို အကြံအစည်ကြီးစွာ ရိုက်သွင်းခဲ့တာပါဘဲ။
ဒီသပ်ကြီးဟာ အပြစ်အနာအဆာ အလွန်ကင်းစင်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အထင်အမြင်လွဲမှားစေအောင်၊ ထောက်ခံမှု့လျှော့ပါးအောင်၊ မဲပြားသွားစေဖို့ ရည်ရွယ်ပုံရပါတယ်။

(၃) တိုင်းရင်းသားများကြားက - တတိယသပ်

စစ်အာဏာရှင်အဆက်ဆက်ဟာ တိုင်းရင်းသားညီအကိုမောင်နှမတွေကြားမှာ စိတ်ဝမ်းကွဲစေအောင်အမြဲ ကြံစည်အားထုတ်ခဲ့တာပါ။ လူမျိုးကြီးက လူမျိုးငယ်စုတွေရဲ့ လွတ်လပ်ခွင့်နဲ့ စာပေယဉ်ကျေးမှု့တွေအပေါ် ချုပ်ခြယ် ကိုယ်ပိုင်ပြဌာန်းခွင့်မပေး၊ သူတို့ ရဲ့သယံဇာတတွေကို လက်ဝါးကြီးအုပ်ခဲ့ကြတာ ဒီကနေ့ ဦးသိန်းစိန် အစိုးရအထိတိုင်ဘဲမဟုတ်လား။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခဲ့တဲ့ ပြည်ထောင်စုဖွား သွေးခြင်းများတို့ ရဲ့ သွေးစည်း ညီညွတ်မှု့သမိုင်းမှတ်တိုင် တခုဖြစ်သလို မြန်မာနိုင်ငံကို လွတ်လပ်ရေးအောင် အထောက်အကူပြုနိုင်ခဲ့တဲ့ ပင်လုံစာချုပ်ပါ ကတိက၀တ် တွေကို ဖေါက်ဖျက်ခဲ့တဲ့အပြင် ဖက်ဒရယ်တစ္ဆေကြီး ဖန်ဆင်းပြီး သွေးခွဲခဲ့ကြတာ မဟုတ်လား။
အခုနောက်ဆုံးသွေးခွဲမှု့ကတော့ တစည်းတလုံးထဲစုစည်းမိလာတဲ့ UNFC လို့ ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုကို ဖြိုခွဲဖို့ ရည်ရွယ်ပုံရတဲ့ နောက်ထပ်သပ်တချောင်းကတော့ NCA လို့ ခေါ်ကြတဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို ဦးသိန်းစိန်အစိုးရသက်တမ်းအတွင်းချုပ်ဆိုနိုင်အောင် လုပ်စားနေတဲ့ကိစ္စပါဘဲ။
ကားပါမစ်တွေ၊ မြေကွက်တွေ၊ စီးပွားရေးလုပ်ကွက်တွေနဲ့ မျှားပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကြား လက်မှတ်ထိုးတဲ့အဖွဲ့ နဲ့ မထိုးတဲ့အဖွဲ့ တွေကြားသွေးကွဲစေခဲ့တာမဟုတ်လား။ ဒီလိုအယောင်ပြ နာလည်းမှု့ အနှစ်သာရမပါတဲ့ အပစ်ရပ်စာချုပ်ဆိုတာ ဘယ်တော့မှ မခိုင်မြဲပါဘူး။ လက်မှတ်မထိုးတဲ့မဖွဲ့ တွေကို စစ်တပိုင်းအစိုးရက စစ်အင်အားသုံးအမြစ်ပြတ် တိုက်ခိုက်ချေမှုန်းနေတာမို့ လက်မှတ်ထိုးတဲ့အဖွဲ့ တွေဟာ သမိုင်းတရာခံဘ၀ရောက်သွားနိုင်သလို သူတို့ အလှည်လည်း မကြာခင်ရောက်လာမယ်ဆိုတာ ညွှန်ပြနေတာမဟုတ်လား။

၎) စစ်သားထုကြားက - စတုတ္ထသပ်
ကိုလိုနီနယ်ချဲ့ လက်အောက်ကလွတ်မြောက်ဖို့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တည်ထောင်ခဲ့တဲ့ မြန်မာ့ တပ်မတော်ဟာ ပေါ်ထွန်းလာစတုံးကတော့ ပြည်သူတွေအားကိုးအားထားရတဲ့ ပြည်ချစ်တပ်မတော် ဖြစ်ခဲ့ဘူးတယ်။ ဒါပေမဲ့ ကံမကောင်းအကြောင်းမလှစွာနဲ့  ကိုယ်ကျိုးသမား စစ်အာဏာရှင် အဆက်ဆက် အောက် သက်ဆင်းခဲ့ရပြီးတဲ့နောက် ပြည်သူအော့နှလုံးနာတဲ့ အာဏာရှင်ခါးပိုက်ဆောင်တပ်ဘ၀ ၀မ်းနည်းဖွယ် ရောက်သွားခဲ့ရတယ်။
စစ်အာဏာရှင်တွေဟာပြည်သူ့ သားသမီးတွေဖြစ်တဲ့ တပ်မတော်သားတွေကို ပြည်သူနဲ့ ကင်းကွာအောင် စစ်သားထုအခြင်းခြင်းကြား သွေးကွဲအောင် နည်းလမ်းမျိုးစုံသုံး ဖျက်ဆီးခဲ့ကြတယ်။ စစ်တပ်ဆိုတာအုပ်ချုပ်တဲ့ အဖွဲ့ အစည်း၊ ပြည်သူလူထုဆိုတာ အုပ်ချုပ်ခံအလွာဆိုတဲ့ အယူအဆဆိုးကြီးရိုက်သွင်းခဲ့တယ်။ တပ်မတော် အရာရှိအရာခံတွေကြားမှာသွေးကွဲအောင် အကိုကြီးညီလေး ဆက်ဆံရေးတွေထူထောင် DSA ဆင်း, OTS ဆင်း, ထောက်လှမ်းရေး နီးစပ်ရာမျက်နှာလိုက်ပြီး မအပ်စပ်တဲ့ အရပ်ဖက်ရာထူး အကြီးအကဲနေရာ တွေပို့ တိုင်းပြည်ဘဏ္ဍာဖေါက်စားခွင့်ပြုခဲ့ကြတယ်။ အခုဆိုပြည်သူတွေက ရောင်စုံဖဲကြိုးတွေနဲ့  သံပုံးတီး မောင်းထုတ်တာခံနေရပြီမဟုတ်လား။

မထိုက်တန် မလျှော်ကန်တဲ့ အခွင့်ထူးတွေခံစားစေယုံမက တရားဥပဒေအထက်နေရာပေးထားတော့ ဗွက်ထအောင် လုပ်ခြင်ရာလုပ်ခဲ့ကြတာမဟုတ်လား။ စစ်ဗိုလ်စစ်သားကျူးလွန်တဲ့ ရာဇ၀ါတ်ကို အရပ်ဖက်ဥပဒေနဲ့ အရေးယူခွင့်မရှိ၊ စစ်ဥပဒေနဲ့ အရေးယူပြန်တော့ မျှတမှု့၊ ပွင့်လင်းမြင်သာမှု့မရှိဆိုတော့ ဘယ်သူကလက်ခံနိုင်မှာလဲ။
လက်ရှိမျက်မှောက်ခေတ်မှာ စစ်သားထုနဲ့ ပြည်သူကြား အထင်ရှားဆုံးသွေးခွဲထားမှု့ ပြယုဂ်ကတော့ လွှတ်တော်ထဲမှာ ရွေးကောက်ခံစရာမလိုတဲ့ မိုးကျရွှေကိုယ် စစ်သားအမတ် (၂၅%) ကိုခွင့်ပြုထားတဲ့ ပုဒ်မ (၄၃၆) ဆိုတဲ့ ဆွဲနှုတ်ဖို့ အလွန်ခက်ခဲအောင်လုပ်ထားတဲ့ သပ်ကြီးတချောင်းပါဘဲ။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အခုချိန်ဟာ အထက်မှာ ဖေါ်ပြခဲ့တဲ့ စစ်ကျွန်သက်ရှည်စေမဲ့ ညီညွတ်မှု့ပြိုကွဲ စေကြောင်း သပ်လေးချောင်းကို ရဲရဲဝံ့ဝံ့ဆွဲနှုတ်ရမဲ့ အချိန်ကောင်းလို့ ပြောခြင်ပါတယ်။ စစ်ဖိနပ်သံခွာအောက် နှစ်ပေါင်း (၆၀) လုံးလုံး အမှောင်တိုက်ထဲ စုန်းစုန်းမြုပ်နေခဲ့ရတဲ့ မြန်တိုင်းရွှေပြည်ကြီးကို ဆွဲထုတ်ကယ်တင်နိုင် ဖို့ လာမဲ့ နိုဝင်ဘာ (၈) ရက် အထွေထွေရွေးကောက်ပွဲကြီးမှာ ခေတ်ပြောင်း၊ စနစ်ပြောင်း၊ လူပြောင်း၊ မူပြောင်း စေဘို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ပုံအောထောက်ခံခြင်းနဲ့  အဆင့်မြင့်နိုင်ငံသားတာဝန်တရပ် ရိုးရိုးလေးထမ်းဆောင်နိုင်ပါတယ်။

ဒါကြောင့် ဒီမိုကရေစီပညာရေးသပိတ် အဖမ်းဆီးခံကျောင်းသားကိစ္စနဲ့ NLD အပေါ်စိတ်ခုနေတဲ့ ၀ိုင်းရံပြည်သူ ကျောင်းသား နိုင်ငံရေးအင်အားစုများ၊ လူမျိုးရေး ဘာသာရေး မျိုးစောင့်ဥပဒေစတာတွေနဲ့NLD အပေါ် အထင်လွဲနေတဲ့ ရဟန်းသံဃာ ဒါယကာ ဒါယကာမများ၊ တိုင်းရင်းသားဒေသတွေမကျန် တပြည်လုံး အတိုင်းအတာနဲ့ ဝင်အရွေးခံနေတဲ့ NLD အပေါ်အမြင်မကြည်တဲ့ တိုင်းရင်းသားသွေးချင်းများ၊ ပြီးတော့ သူတို့ ရယူပိုင်ဆိုင်သင့်တယ်လို့ အမှတ်မှားနေတဲ့ အခွင့်ထူးတွေကို ပြည်သူလူထုအကျိုးရည်မျှော်ပြီး ပြန်လည်ယုတ်သိမ်းဖို့ ကျိုးစားနေတဲ့ NLD အပေါ်အထင်မှားနေတဲ့ တပ်မတော်သားအားလုံးကို လေးနက်စွာ မေတ္တာရပ်ခံခြင်ပါတယ်။ စစ်အာဏာရှင်တွေရိုက်သွင်းထားခဲ့လို့ မိမိနှလုံးသားမှာ စိုက်ဝင်နေတဲ့ စစ်ကျွန်သက်ရှည်စေကြောင်း သပ် (၄) ချောင်းကို့ ဆန္ဒစွဲကင်းကင်း နဲ ညီညီညွတ်ညွတ် ဆွဲနှုတ်ဖယ်ရှားကြစေလိုပါတယ်။
ဆင်းရဲခြင်းနွှံတွင်းမှာ ရာစုနှစ်ဝက်ကျော် ငရဲကျခံနေရတဲ့ ပြည်သူပြည်သားအများစုရဲ့ ၀ဋ်ဒုက္ခကို အဆုံးသတ် စေဖို့ ၊ တိုင်းပြည်ကို စစ်မှန်တဲ့ကောင်းကျိုးချမ်းသားပေးနိုင်ဖို့ ၊ လူတိုင်းလူတိုင်း လုံခြုံတဲ့ဘ၀တွေ ပိုင်ဆိုင်ရလို့  ငြိမ်းချမ်းစွာနေနိုင်ကြဖို့ ၊ အကုသိုလ်အညစ်အကြေးဟောင်းတွေ ဆေးကြောသုတ်သင်နိုင်ဖို့  မြန်မာနိုင်ငံသား အားလုံး တစိတ်တ၀မ်းထဲ တိုင်းပြုပြည်စို မဲကုသိုလ်ယူနိုင်ကြပါစေ။ ။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
အောက်တိုဘာလ ( ၃၁) ရက် ၂၀၁၅ ခုနှစ်

kyawkoko-620.jpg ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုကျော်ကိုကို ကို နိုဝင်ဘာလ ၅ ရက်နေ့က ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုကျော်ကိုကိုနဲ့ ဒုတိယ ဥက္ကဌ ကိုလင်းထက်နိုင်ကို မတရားဖမ်းဆီးထားတာဖြစ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ် ချမ်းသာခွင့်အဖွဲ့နဲ့ AHRC ခေါ် အာရှလူ့အခွင့်အရေး ကော်မရှင်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ AHRC အဖွဲ့က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက RFA ကို အခုလိုပြောပါတယ်။

"ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုကျော်ကိုကိုရယ်၊ ကိုလင်းထက်နိုင်ရယ် နှစ်ဦးကို ဖမ်းဆီးပြီးတော့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တဲ့ ပုဒ်မတွေရယ် ဆန္ဒပြတဲ့အစုအဝေးမှာ ပါဝင်ပတ်သက်တဲ့ကိစ္စမှာ လူစုမခွဲတဲ့ကိစ္စရယ် နောက်တစ်ခါ ၅ဝ၅(ခ)အရ နိုင်ငံတော်အကြည်ညိုပျက်အောင် နည်းမျိုးစုံနဲ့ ဖန်တီးတယ်၊ သတင်းတွေလွှင့်တယ်ဆိုတဲ့ကိစ္စတွေနဲ့ ဖမ်းဆီးထားတာဖြစ်တယ်၊ ဒါပေမဲ့ အခုသူတို့ကို စစ်ဆေးမေးမြန်းတဲ့အခါမှာ ဒီအဖွဲ့တွေကို ငွေကြေးဘယ်ကထောက်ပံ့သလဲ၊ ဒီအဖွဲ့တွေ ဆန္ဒပြဖို့အတွက် ဘယ်လိုစီမံဆောင်ရွက်နေသလဲဆိုတာကို အဓိကထား စစ်ဆေးမေးမြန်းနေတယ်ဆိုတာ ကျနော်တို့သိရတယ်၊ အဲဒီတော့ မတရားဖမ်းဆီးစစ်ဆေးတယ်လို့ ကျနော်တို့ကပြောချင်ပါတယ်"

အလားတူ ဗြိတိနိင်ငံအခြေစိုက် Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း ပညာရေးလွတ်လပ်ခွင့်အတွက် ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ ဖမ်းဆီးခံကျောင်းသားတွေကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုထားပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌ ကိုကျော်ကိုကို၊ ဒုဥက္ကဌ ကိုလင်းထက်နိုင်နဲ့ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်တို့ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလနောက်ပိုင်း စစ်အစိုးရလက်ထက်မှာလဲ နှစ်ရှည်ထောင်ဒဏ်တွေကျခံခဲ့ရပါတယ်။ ကိုလင်းထက်နိုင်နဲ့ မဖြိုးဖြိုးအောင်ဟာ ပြီးခဲ့တဲ့နှစ်က နှစ်ဘက်မိဘတွေရဲ့ သဘောတူမှုနဲ့ ထိမ်းမြားလက်ထပ်ခဲ့ကြသူတွေဖြစ်ပြီး၊ အခုဆိုရင် နှစ်ယောက်လုံးဟာ ဒီမိုကရေစီပညာရေး သပိတ်မှောက် တောင်းဆိုမှုတွေကြောင့် ကိုလင်းထက်နိုင်က အင်းစိန်ထောင်၊ မဖြိုးဖြိုးအောင်က သာယာဝတီထောင်မှာ အဖမ်းခံထားရတာဖြစ်ပါတယ်။

RFA

 maungsaungkha-620.jpg  
ကဗျာဆရာ မောင်ဆောင်းခ ကို နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်

ဆက်သွယ်ရေးဥပဒေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကဗျာဆရာ မောင်ဆောင်းခ (ခေါ်) ကိုအောင်စည်သူကို ဒီကနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တရားရုံးဝင်းထဲမှာ ဖမ်းဆီးလိုက်ပါတယ်။

ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်နဲ့ ဗကသအဖွဲ့ဝင် မပိုပိုနဲ့ ကိုနန္ဒစစ်အောင် အပါအ၀င် ၅ ဦးကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးတာကို လာရောက်တွေ့ဆုံရင်းနဲ့ အဖမ်းခံတာဖြစ်တယ်လို့ မောင်ဆောင်းခ က ပြောပါတယ်။

"ကျနော်က အရင်ကတည်းက တရားကို ရင်ဆိုင်ဖို့ လာခဲ့တာပေါ့နော်၊ သူတို့အနေနဲ့ ကျနော့်ကို ဖမ်းဆီးမယ်ဆိုရင် ရဲအဝတ်နဲ့ လာသင့်တယ်ပေါ့နော်၊ ဒီလိုလာဆွဲတာ ဘယ်သူက လာခေါ်မှန်းလည်း မသိဘူးပေါ့နော်"

မောင်ဆောင်းခကို ကမာရွတ်မြို့နယ် တရားရုံးဝန်းထဲမှာ အရပ်ဝတ်လူနှစ်ဦးက ၀င်ရောက်ဖမ်းဆီးခဲ့တာကြောင့် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး မောင်းဆောင်းခကို ရွှေပြည်သာ တရားရုံးကို ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

မောင်ဆောင်းခကို အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး လာမယ့်နိုဝင်ဘာ ၁၈ ရက်နေ့မှာ ရုံးထုတ် မှာဖြစ်တယ်လို့ သိရပါတယ်။

မောင်ဆောင်းခဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ထိခိုက်တဲ့ ကဗျာရေးသားခဲ့တာကြောင့် ဖမ်းဆီးခံရ တာ ဖြစ်ပါတယ်။

RFA

 alexander-graf-lambsdorff-eu-620.jpg ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ ခေါင်းဆောင် Alexander Graf Lambsdorff ကို နိုဝင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ INYA LAKE ဟိုတယ်မှာ တွေ့ရစဉ်

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြ့ည်လေ့လာဖို့အတွက် အီးယူ ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ EU EOM က ကာလတို လေ့လာသူ ၆၂ ဦးကို မြန်မာနိုင်ငံနေရာ အနှံ့အပြားကို ဒီနေ့ စေလွှတ်လိုက်ပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ၀င်ရောက်စွက်ဖက်ခြင်းမပြုပဲ လေ့လာမှတ်တမ်းပြုလုပ်ဖို့ ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဥရောပ ပါလီမန်ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဂျာမနီနိုင်ငံက လေ့လာရေးမှူးချုပ် Alexander Graf Lambsdorff က သူတို့အဖွဲ့သားတွေကို အခုလို ပြောကြားခဲ့ပါတယ်။

"ဒီရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာပါ၊ မှတ်တမ်းလုပ်ပြီး အစီရင်ခံစာတင်ပြပါ။ ဒါပေမဲ့ အရေးကြီးတာ တစ်ခုက ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ၀င်ရောက်စွက်ဖက်ခြင်း လုံးဝ မပြုလုပ်ပါနဲ့”

အဲဒီ လေ့လာသူတွေ စေလွှတ်တဲ့ အစီအစဉ်ကို ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်မှာ ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ကာလတို လေ့လာသူတွေဟာ ကျေးလက်နဲ့ မြို့ပြဒေသတွေကို လွှမ်းခြုံမိအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး မဲရုံစဖွင့်တဲ့ အချိန်ကနေ မဲရုံပိတ်တဲ့အချိန်အထိ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အကြောင်းအရာမျိုးစုံကို စောင့်ကြည့် သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်ပါတီအနိုင်ရသည့်ဖြစ်စေ ဘက်လိုက်မှာမဟုတ်ပဲ သမာသမတ်ကျကျနဲ့ စောင်ကြည့်လေ့လာ သွားမှာ ဖြစ်ပြီး ရွေးကောက်ပွဲပြီး နှစ်ရက်ကြာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကို ကနဦးအစီရင်ခံစာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

ဒီကာလတို လေ့လာရေးအဖွဲ့ဟာ ပြီးတဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကတည်းက မြန်မာနိုင်ငံကို ရောက် ရှိနေတဲ့ ကာလရှည်လေ့လာသူ ၃၀ ဦးနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပြီး ရွေးကောက်ပွဲနေ့မှာ စစ်တပ် ပရိဝုဏ်အတွင်း ပြုလုပ်မယ့် မဲရုံတွေကိုပါ စောင့်ကြည့်သွားမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့မှာတော့ နော်ဝေ၊ ဆွစ်ဇာလန်၊ ကနေဒါ စတဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံက လေ့လာသူပေါင်း ၁၅၀ ဦးနဲ့ လေ့လာစောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

RFA

ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ သတင်းမှတ်တမ်းဓာတ်ပုံများ
NLD အစိုးရဖွဲ့နိုင်ရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့ကို ဦးဆောင် ကြီးကြပ် သွားမှာဖြစ်သလို၊ ရွေးကောက်ပွဲမှာ ၁၀၀ ရာခိုင်နှုန်းနိုင်ခဲ့ ရင်တောင် ပြိုင်ဖက်တွေကို လုံးဝ အနိုင်ယူတာမျိုးမဟုတ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အစိုးရဖြစ်စေရမယ်လို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြော လိုက်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် အခြေအနေတွေ ပြဿနာရပ်တွေ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေတယ် လို့လည်း ဝေဖန်ခဲ့ပါတယ်။ ဒီကနေ့ သူရဲ့ ရန်ကုန် နေအိမ်မှာ ပြုလုပ် တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားရောက်ယူခဲ့တဲ့ ကိုသားညွန့်ဦးက အသေးစိတ် ပြောပြပါလိမ့်မယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ရွေးကောက်ပွဲ မတိုင်ခင်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ရွေးကောက်ပွဲ မတိုင်ခင် အကြို အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ချက်တွေကို သူတို့ အဓိကထားပြီးပြောပါတယ်။ အဲဒီမှာ ဆိုလို့ရှိရင် ရွေးကောက်ပွဲ ကော်မရှင်ကနေ ဒီကြိုတင်မဲဆန္ဒပေးမှုတွေမှာ တချို့ပြဿနာတွေနဲ့ကြုံနေရလို့ မဖြေရှင်းတဲ့ ကိစ္စတွေ၊ ဒါ့အပြင် NLD ပါတီ ကနေပြီးတော့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းထားတဲ့ကိစ္စတွေ နဲ့ပတ်သက်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘာမှ တုန့်ပြန်ဆောင်ရွက်ပေး တာမျိုးမရှိတာ ဒီအခြေအနေပေါ်မှာ သူက ထောက်ပြပြောဆိုသွားပါတယ်။

“ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ တရပ်ဖြစ်စေဖို့ ဆောင်ရွက်မှု အားနည်းချက် အပေါ်မှာ အလွန် စိုးရိမ်မကင်းဖြစ်ရပါတယ်။ အချို့နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလတွေ ဘက်ကလည်း ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုတွေအပေါ် ကျမတို့အနေနဲ့ အကြိမ်ကြိမ် တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကော်မရှင်ဘက်က အရေးယူကိုင်တွယ်မှု အနည်းအကျဉ်းပဲ ရှိခဲ့ပါတယ်။”

သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်တွင်းခရီးစဉ် လှည့်လည်မှုနဲ့ ပါတီစည်းရုံးရေး လုပ်ဆောင်မှု ရှုပ်ထွေးနေတဲ့ အခြေအနေအပေါ်မှာတည်း NLD ဖက်က ကော်မရှင်ကို တိုင်ကြားမှု ရှိခဲ့တယ်လို့ သိရပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့ ရွှေ့ပြောင်းမြန်မာလူမျိုး လုပ်သားတွေ မြန်မာနိုင်ငံထဲ ပြန်လာကြရာမှာ နယ်စပ်ဂိတ်တွေမှာ အနှောက်အယှက်ပေးခံရမှု အခြေအနေတွေ ရှိတယ်ဆိုတဲ့အပေါ်မှာလည်း စိုးရိမ်မကင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲ စည်းရုံးရေးနဲ့ပတ်သက်လို့ အချို့နေရာတွေမှာ ကန့်သတ်ခံရမှုတွေ၊ ခြိမ်းခြောက်ခံရမှုတွေ ရှိခဲ့ပေမဲ့ သူတို့အနေနဲ့ မဲဆွယ်စည်းရုံးမှုတွေကို မရပ်တန့်စေပဲ ဆက်လက် လုပ်ဆောင်နိုင်ခဲ့တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။

“ကိုကိုးကျွန်းကိစ္စ ဆိုရင် ဒါမဖြစ်သင့်တဲ့ကိစ္စပါ။ ကျမတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ၂ ပတ်ပဲ၊ မဲဆွယ်ပိုင်ခွင့်ကို ရခဲ့ပါတယ်။ အဲဒီတော့ တခြား တပ်မြေတွေထဲမှာ ၀င်ပြီးတော့ မဲဆွယ်ပိုင်ခွင့်မရှိပါဘူး။ မဲပေးတဲ့အခါ ဆိုရင်တော့ လေ့လာသူတွေ ၀င်ခွင့်ပေးမယ် လို့တော့ပြောပါတယ်။ ဒါကတော့ ရွေးကောက်ပွဲနေ့မှာမှ စောင့်ကြည့်ရမှာပါ။”

အခုလာမယ့် ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ နိုင်ငံရေး အခြေအနေတွေနဲ့ မတူညီဘူး ဆိုတာကို ပြောခဲ့သလို၊ ရွေးကောက်ပွဲကို ကြီးကြပ်မယ့်ကော်မရှင်အတွက် အဓိက အရေးကြီးတာကတော့ ရွေးကောက်ပွဲ မသမာမှုတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာဟာ စောင့်ကြည့်ရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲ အတွင်း မေးခွန်းအများစုကတော့ NLD က အစိုးရဖွဲ့နိုင်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ဦးဆောင်မလဲ ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ သူ့အနေနဲ့ သမ္မတမလုပ်နိုင်ပေမယ့် NLD အစိုးရအဖွဲ့ကို ကြီးကြပ်သွားမယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အခိုင်အမာဖြေဆိုပါတယ်။

NLD နိုင်ရင် သမ္မတ ဘယ်သူဖြစ်မလဲဆိုတဲ့ မေးခွန်းကို မဖြေပေမယ့်လို့၊ NLD က တင်မယ့် သမ္မတဟာ NLD ရဲ့မူဝါဒတွေကို လိုက်နာဆောင်ရွက်မှာဖြစ်ပြီး သူ့အနေနဲ့ အဲဒီအစိုးရအဖွဲ့ကို ကြီးကြပ်သွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့်လို့လည်း NLD အစိုးရဲဖွဲ့နိုင်ရင်လည်း အနည်းစုကို အနိုင်ယူတာမျိုး မဖြစ်စေရဘူးလို့ အာမခံ ပြောခဲ့ပါတယ်။

“ NLD အနေနဲ့ အပြတ်အသတ် အနိုင်ရမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း အနိုင်ရတယ် ဆိုရင်တောင်မှ ဒါမျိုး အစဉ်အလာကောင်းတရပ် ထူထောင်မယ့် အမျိုးသားရင်ကြားစေ့ရေး အစိုးရတရပ် ဖွဲ့သွားပါမယ်။ လုံးဝအနိုင်ပိုင်း သိမ်းယူမယ် ဆိုတဲ့ အခြေအနေမျိုးမဖြစ်စေရပါဘူး။”

ရွေးကောက်ပွဲမှာ NLD အနေနဲ့ ပြိုင်ဖက် အာဏာရ ကြံ့ခိုင်ရေးပါတီနဲ့အဓိက ပြိုင်ဆိုင်တာမျိုးဖြစ်ပြီး၊ တိုင်းရင်းသားပါတီတွေကို ပြိုင်ဆိုင်မှု မလုပ်ပါဘူး လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ကြံခိုင်ရေးပါတီယှဉ်ပြိုင်တဲ့နေရာတိုင်းမှာ ၀င်ပြိုင်တာမို့လို့ သူတို့အနေနဲ့ တိုင်းရင်းသားနေရာအားလုံးမှာ ၀င်ပြိုင်ရတဲ့ သဘောမျိုး ပြောပါတယ်။

အပြောင်းအလဲဆိုတဲ့ စကားနဲ့ပတ်သက်လို့တော့ လက်ရှိ အပြောင်းအလဲမှာ အပေါ်ယံ သဘောမျိုးပဲ တွေ့ရပြီး၊ လူထုအများစုက ဆင်းရဲမြဲ ဆင်းရဲနေတာမို့ စစ်မှန်တဲ့ အပြောင်းအလဲ လိုအပ်နေသေးတယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာ အထူးသဖြင့် အနောက်နိုင်ငံတွေဖက်က မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအပေါ်မှာ အကောင်းမြင်လွန်းနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဒီနေ့လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာတော့ ပြည်တွင်းပြည်ပ နိုင်ငံတကာ သတင်းထောက် ၅၀၀ ၀န်းကျင်လောက်တက်ရောက်ခဲ့ပြီး၊ သတင်းထောက်တွေရဲ့ မေးခွန်းအကြောင်းအရာ အတော်များများ ကိုလည်း ဖြေကြားသွားခဲ့ပါတယ်။

သားညွန့်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ကာကွယ်ရေးဌာန မှာ လုပ်တဲ့ စစ်ဘက်ဆိုင်ရာ အစည်းအဝေးမှာ သတင်းထောက်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့တာကတော့ ထိုင်းနိုင်ငံတပ်မတော်မှ ဗိုလ်မှူး အဆင့်ရှိ အရာရှိတဦးမှာ မြ၀တီ မဲဆောက် နယ်စပ် ဂိတ်တံတားမှ မြန်မာဘက်သို့  အောက်တိုဘာ (၃၁)ရက်နေက တိမ်းရှောင်သွား ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အရာရှိကို မြန်မာဘက်မှ တိုင်းရင်းသားအဖွဲ့ တဖွဲ့ က ကားတစီးဖြင့် စောင့်ကြိုခေါ်ဆောင်သွားခဲ့ခြင်းအတွက် မြန်မာအာဏာပိုင်များနဲ့  ဆက်သွယ်ပြီး အဆိုပါ ထိုင်းဗိုလ်မှူးကို ပြန်လည်လွဲအပ်ရန် စစ်ဘက်အာဏာပိုင်ချင်း တောင်းဆို ထားတယ်လို့ လည်း သိရပါတယ်။

ထိုင်းအစိုးရ၏ အမြင့်ဆုံး ပြစ်မှုဖြစ်တဲ့ ပုဒ်မ ၁၁၂ (တိုင်းပြည်၏ အမြင်ဆုံး ဘုရင့်မိသားစုအား စော်ကားခြင်း(သို့ ) ဘုရင်နှင့်ပါတ်သက်၍ အမည်တတ်၍ ကိုယ်ကျိုးရှာခြင်း ) အမှုတွင် အဆိုပါ အရာရှိက ပါဝင်ပါတ်နေလို့  စစ်ရုံးချုပ်က သတင်းပို့ ရန် ညွှန်ကြားချက် ရောက်လာစဉ် ထွက်ပြေးတိမ်ရှောင်သွား ခဲ့ခြင်းဖြစ်သည်။

The Nation
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW

မဲဆွယ်စည်းရုံးရေးကာ လအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေခြင်း အပေါ် လိုအပ်သလိုဆောင်ရွက် ပေးရန်ဟုဆိုကာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီက ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်သို့ နိုဝင်ဘာ ၂ ရက် နေ့စွဲဖြင့် တိုင်ကြားစာပေးပို့ခဲ့သည်။

သမ္မတက ပါတီလုပ်ငန်းများ ဆောင်ရွက်နေမှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၄ ကို ဆန့် ကျင်ချိုးဖောက်ခြင်းဖြစ်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၆၅ ပါ သမ္မတနှင့်ဒုသမ္မတများပြုထား သောကတိသစ္စာကိုပါ ဆန့်ကျင် ချိုးဖောက်ခြင်းဖြစ်ကြောင်း ဒီချုပ် ၏တိုင်ကြားစာတွင်ပါရှိသည်။

သမ္မတက ပါတီလုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် အောက် တိုဘာလအတွင်း ကန့်ဘလူ၊ ထီး ချိုင့်၊ မိတ္ထီလာ၊ ပဲခူး၊ ဘုတ်ပြင်းနှင့်ကော့သောင်းမြို့နယ်များသို့သွား ရောက်သော သမ္မတ၏ ခရီးစဉ် များအတွင်း ပြည်ခိုင်ဖြိုးပါတီဝင်များက ကြိုဆိုနှုတ်ဆက်ခြင်းနှင့်အချို့မြို့နယ်များ၌ ‘‘ဥက္ကဋ္ဌကြီး ကျန်းမာပါစေ’’ဟု ကြွေးကြော်ခြင်းများ ဖြစ်ကြောင်း ဒီချုပ်က ကော်မရှင်ကို ပေးပို့သော စာတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်များတွင် အ ခြားနိုင်ငံရေးပါတီများ လုံးဝမပါ ဝင်ခြင်းက သမ္မတဦးသိန်းစိန်အ နေဖြင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုလှုပ်ရှားခြင်းမှာ ထင်ရှား ကြောင်း တိုင်စာတွင် ဖော်ပြထား သည်။

ရွေးကောက်ပွဲနှင့် ပတ်သက်သော လုပ်ရပ်မှန်သမျှသည် တည်ဆဲဥပဒေများနှင့်လည်းကောင်း၊ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်လည်းကောင်းကိုက်ညီမှုရှိရန် လိုအပ်သဖြင့် လိုအပ်သလို ဆောင်ရွက်ပေးပါရန်တင်ပြခြင်းဖြစ်ကြောင်း ဒီချုပ်ကတိုင်ကြားရခြင်းအကြောင်းကို ရှင်းလင်းထားသည်။

‘‘သူတို့က သူငယ်ချင်းတွေ လေ။ ဘာမှ အရေးယူမှာမဟုတ် ဘူး။ ဒါပေမဲ့ အခု မြန်မာနိုင်ငံမှာ နိုင်ငံတကာက လေ့လာစောင့် ကြည့်သူတွေ ရောက်နေတယ်။ သူတို့ သိသွားတာပေါ့။ ကျွန်တော်တို့က မတရားတာကိုတော့ ဖော်ထုတ်ဖို့ တာဝန်ရှိတယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်း ထိန်က ပြောသည်။

အထက်ပါတိုင်ကြားမှုနှင့် ပတ်သက်၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ ဆက် သွယ်မေးမြန်းရာ အစည်းအဝေး များရှိနေသဖြင့် ယင်းကိစ္စကို မသိ ရှိသေးကြောင်း ကော်မရှင် အ တွင်းရေးမှူး ဦးတင်ထွန်းက ပြော ကြားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ နိုင်ငံ တစ်ဝန်း မဲဆွယ်မှုများတွင် နိုင်ငံ တော်သမ္မတဦးသိန်းစိန်၏အမည် နှင့် ဓာတ်ပုံကို အသုံးပြုကာ မဲ ဆွယ်လျက်ရှိသည်။

နိုင်ငံပိုင်မီဒီယာများ၏ဖော် ပြချက်တွင် သမ္မတခရီးစဉ်များအ တွင်း ပြည်ခိုင်ဖြိုးပါတီဝင်များက ပါတီအလံများဝှေ့ယမ်းကာ ကြို ဆိုနှုတ်ဆက်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပုသိမ်အမတ် ဦးဝင်းမြင့်က ပြီးခဲ့သည့်လွှတ်တော်သက်တမ်း အတွင်း နိုင်ငံတော်သမ္မတက ပါ တီဥက္ကဋ္ဌရာထူး ယူထားခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုး ဖောက်ခြင်း ရှိ၊ မရှိမေးမြန်းခဲ့ပြီး သမ္မတရုံးဝန်ကြီးဦးစိုးမောင်က ပါ တီလုပ်ငန်းများမဆောင်ရွက်ရန် သာပါရှိပြီး ပါတီမှ နုတ်ထွက်ရန် မလိုသဖြင့် အခြေခံဥပဒေကို ချိုး ဖောက်ခြင်း မရှိဟု ဖြေကြားခဲ့ သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဖြစ် သည့် သမ္မတက ပါတီလုပ်ငန်းများ မဆောင်ရွက်နိုင်၍ ဒုဥက္ကဋ္ဌ ဦးဌေး ဦးကို ဥက္ကဋ္ဌပူးတွဲတာဝန် ထမ်း ဆောင်ထားစေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် မ ၆၄ တွင် နိုင်ငံတော်သမ္မတ(သို့ မဟုတ်) ဒုတိယသမ္မတများသည် ရာထူးသက်တမ်းအတွင်း ပါတီ လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက် ခြင်းမပြုရဟုပြဋ္ဌာန်းထားပြီး ပုဒ်မ ၆၅ တွင် ကတိသစ္စာပြုရာ၌လည်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာ ရိုသေပြီး နိုင်ငံတော်၏ ဥပဒေများ ကို လိုက်နာကျင့်သုံး ဆောင်ရွက် ပါမည်ဟူသော စကားရပ်ပါဝင် သည်။
7Day News Journal
46 mins ·

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ အတွက် နောက်ဆုံးအကြိမ်ထုတ်ပြန်တဲ့ မဲပေးပိုင်ခွင့် ရှိသူစာရင်းမှာ မပါတဲ့သူတွေက မဲပေးခွင့်မရမှာကို စိုးရိမ်နေကြပါတယ်။

တနိုင်လုံးအတိုင်းအတာနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းကို နောက်ဆုံးအကြိမ် နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ထုတ်ပြန်ရာမှာ စာရင်းမပါတဲ့သူတွေလည်း ရှိနေပြီး မဲပေးခွင့်ဆုံးရှုံးမှာကို စိုးရိမ်နေကြတာပါ။

မြင်းခြံမြို့နေ မဇာလီမွှေးက “ကျမတို့မှာ မဲပေးပိုင်ခွင့်ရှိသူ ၃ ဦးရှိတယ်။ အဲ့တော့ ကျေးရွာဥက္ကဋ္ဌ ကော်မရှင်ရုံးကို သွားတင်လိုက်ပါတယ်။ ကော်မရှင်လူကြီးတွေက ကျမတို့ရဲ့ အိမ်ထောင်စုစာရင်းကို လွှင့်ပစ်လိုက်ပါတယ်။ ထောက်ခံတောင်းတာကို ထောက်ခံမပေးနိုင်ဘူး ပြောပါတယ်။ မပါလည်း မပေးနဲ့ ဘမှမဖြစ်ဘူးပြောပါတယ်။ မဲပေးချင်းတယ် ပေးခွင့်မရှိလို့ အခုတော့ မဲပေးဖို့ ဆုံးရှုံးတာပေါ့” လို့ ပြောပါတယ်။

မြင်းခြံမြို့နေ ကိုမင်းထွန်းက “အခုရွာမှာ မဲစာရင်းမပါတဲ့ သူတော်တော်များများရှိတယ်။ မြို့နယ်ကို သွားတယ်၊ မြို့နယ်က ရပ်ကျေးသွားပါတဲ့၊ ရပ်ကျေးကိုသွားတော့ မြို့နယ်ကော်မရှင်က လုံးဝထောက်ခံမပေးလို့ ပါလို့ပြောတယ်။ အခုဆိုရင် ကျနော်တို့ ရွာမှာ မဲပေးပိုင်ခွင့် လူ ၅၀ လောက် ဆုံးရှုံးနေတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအတွက် နောက်ဆုံးအကြိမ် မဲစာရင်းထုတ်ပြန်တာနဲ့အတူ မဲပေးပိုင်ခွင့် သက်သေခံလက်မှတ်တွေကိုလည်း နိုဝင်ဘာ ၁ ရက်နေ့ကနေ ၆ ရက်နေ့အတွင်း ထုတ်ပေးနေတာပါ။

မဲစာရင်းမှာ ပါဝင်တဲ့ မဲဆန္ဒရှင်ပြည်သူအနေနဲ့ သက်သေခံလက်မှတ် မရတာ၊ မှားယွင်းတာတွေကို ပြင်ဆင်ခွင့်ရှိပေမယ့်လည်း မဲစာရင်းမပါဝင်သူတွေအနေနဲ့တော့ မဲပေးခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်။

မြင်းခြံခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်က “မဲစာရင်းမှာ တကြိမ်ပါဖူးတဲ့သူ၊ နောက်ဆုံးမှာ မပါရင် မဲစာရင်းမှာ ထုတ်ပေးဖို့၊ နောက်တခု ပုံစံသုံးနဲ့ လျှောက်ထားဖူးလျက်နဲ့ မပါဘူးဆိုရင် မဲစာရင်းထည့်ပေးဖို့ ဆိုပြီးတော့ ကျနော်မြို့နယ်တွေကို ဒီနေ့ပဲ အကြောင်းကြားလိုက်ပါပြီ သူတို့ ဆက်လက်ဆောင်ရွက်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်ရှိပြီး မဲစားရင်းမှာ မပါခဲ့ဘူးဆိုရင် အထက်က ညွှန်ကြားထားတာမရှိလို့ မဲပေးပိုင်ခွင့် ရရှိမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဟင်္သာတခရိုင်မှာလည်း မဲစာရင်းမှာ မပါတာတွေ ဖြစ်ပေါ်နေပြီး ဒီအပေါ် ဟင်္သာတခ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းမောင် “ကျန်ခဲ့နိုင်ပါတယ်၊ မဲစာရင်းတွေက များတာကိုး တယောက်တလေ ကျန်နိုင်တယ်။ အဲ့ဒါက သက်ဆိုင်ရာ ကော်မရှင်ကိုတင်ပြရင် သူတို့ သက်သေခံကတ်ပြားထုတ်ပေးမယ်။ မဲစာရင်းမှာ မပါရင်တော့ ထုတ်ပေးလို့ မရဘူး” လို့ ပြောပါတယ်။

ပဲခူးမြို့ မဲဆန္ဒရှင် သက်သေခံလက်မှတ် မဲပေးမယ့် သူကိုယ်တိုင် သွားရောက်ထုတ်ယူတဲ့အခါမှာ ထုတ်ပြီးသွားတဲ့ အဖြစ်နဲ့ ကြုံတွေ့နေရတဲ့အတွက် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူတွေထံ ဖြေရှင်းပေးဖို့ တောင်းဆိုတာတွေလည်း ရှိနေပါတယ်။

မဲစာရင်းမှာ ပါဖို့ လျှောက်ထားခဲ့ပေမယ့် နောက်ဆုံးထုတ်ပြန်တဲ့စာရင်းမှာ မပါလာသူတွေကို နောက်တိုး မဲစာရင်း ပြုစုနေတယ်လို့ နေပြည်တော်ကောင်စီနယ်မြေ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

DVB

[youtube src="GwGnZTlmA8M"/]
ရွေးကောက်ပွဲမှာ NLD အနိုင်ရရင် သမ္မတ အထက်မှာ နေပြီး အစိုးရကို ဦးဆောင်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

၁။ မိမိအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သမ္မတလောင်းအဖြစ် သတ်မှတ်ထားသည်ဆိုသည်မှာ လုံးဝ မဟုတ်မမှန်ပါ။ လက်ရှိပျံ့နှံ့နေသည့် ကြေငြာချက်မှာ အစစ်အမှန်မဟုတ်။ အတုအယောင်ကြေငြာချက် တစ်ခုသာ ဖြစ်သည်။

၂။ မိမိ၏ဓာတ်ပုံအား ကွန်ပြူတာဖြင့် လုပ်ကြံဖန်တီးထားသည့် စာရွက်စာတမ်းအား ကသာခရိုင်အတွင်း ဖြန့်ဝေနေသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဥပဒေကြောင်းအတိုင်း အရေးယူဆောင်ရွက်နိုင်ရန်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများအား တိုင်ကြားထားပြီး ဖြစ်သည်။

၃။ ဤဆောင်ရွက်ချက်သည် လူမျိုးရေး၊ ဘာသာရေးကို အခြေခံ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်အောင် မတော်မတရား ထိုးနှက်တိုက်ခိုက်ခြင်းသာ ဖြစ်သည်။

ဦးကိုနီ
တရားလွှတ်တော်ရှေ့နေ
.
Credit : Ko Ni

သမ္မတဆိုတာဘယ်သူမဆိုဖြစ်နိုင် ပါတယ်
အားလုံးကိုကျမကပဲ အဆုံးအဖြတ်ပြုပြီးဦးဆောင်မှာပါ
🎤
NLDအနိုင်ရပြီးးအစိုးရဖွဲ့ခွင့်ရခဲ့လျှင် အရင်ကြံ့ဖွတ်ကလူတွေကို နေရာပေးဖို့ရှိမရှိ
‪#‎အစိုးရဖွဲ့ပြီးမှဆုံးဖြတ်ပါမယ်‬
🎤
သမ္မတနာမည်ကိုဘာလို့မပြောသေးတာလဲ
‪#‎မဖြေချင်သေးလို့မဖြေတာပါ‬
🎤
ယခင်အစိုးရလုပ်ခဲ့တာတွေကို
ဆက်လုပ်သွားမလား?ပြုပြင်သွားမလား?
‪#‎ကောင်းတာတွေဆက်လုပ်မယ်မကောင်းတာတွေပြုပြင်သွားပါမယ်‬
🎤
နိုင်ငံခြားပေါ်လစီတွေရော ဘယ်လှိုရှိမလဲ
‪#‎စာအုပ်ပါထုတ်ထားပါတယ်‬
ရာထူးလက်ရှိအစိုးရဝန်ကြီးတွေ့ရဲ့ပါတီမဲဆွယ်မှုကို
ဘယ်လိုပြောပါမလဲ?
သမ္မတကိုယ်တိုင် အဲဒါတွေလုပ်နေလို့ ကော်မရှင်ကို
စာတင် ထားပါတယ် ထူးမလာသေးပါ
ရခိုင်ပြည်သယံဇာတများအတွက် ဘယ်လိုစီစဉ်ပေးပါမလဲ?
ရခိုင် အတွက်တင်မဟုတ်ပါဘူး
တနိုင်ငံလုံးက ဒေသတွေအားလုံးအတွက်လုပ်ပေးမှာပါ
သမ္မတမလုပ် ရရင် ဝန်ကြီးချုပ်လုပ်မှာလား
ဝန်ကြီးချုပ်လုပ်ပါမယ်လို့ပြောမိလို့လားး
အစိုးရကိုဦးဆောင် သွားမှာပါလို့ပြောပြီးပါပြီ

🎤
အစိုးရဖွဲ့ပြီးရင် ခရိုနီကိစ္စဘယ်လိုကိုင်တွယ်ပါမလဲ
ဦးဌေးဦးကတော့ ခရိုနီဆိုတာရှိသင့်ပါတယ်တဲ့
‪#‎သန့်ရှင်းတဲ့စီးပွားရေးအသိုင်းအဝန်းကိုထူထောင်မှာပါ‬
🎤
မြစ်ဆုံကိစ္စဘယ်လိုလုပ်မှာပါလဲ?
‪#‎မြစ်ဆုံစာချုပ်ထဲမှာဘာပါလဲသိအောင်အရင်လုပ်ပါမယ်‬
🎤
တပ်နဲ့ပတ်သတ်တဲ့၂၅%လျော့သွားအောင်တို့
ချော့ပေါင်းမယ်တို့ ဘယ်လိုရှိပါမလဲ?
#၂၅%က ဒီမိုကရေစီနည်းကျမဟုတ်လို့ မဖြစ်သင့်ကြောင်းတင်ထားပြီးသားပါ
ချော့ပေါင်းရအောင် သူတို့က ကလေးတွေမှမဟုတ်တာ
အဖွဲ့ချုပ်နိုင်ခဲ့မယ်ဆိုဘာတွေလုပ်မလဲ
ရှုံးရင်ရောဘာလုပ်မလဲ?
‪#‎ဒါတွေကရိုးနေပါပြီ‬ အနိုင်မရဘဲလုပ်နေခဲ့တာနှစ်၂၀ကျော်ပါပြီ
🎤
လူ့အခွင့်အရေးကိစ္စဘာတွေလုပ်ပေးမလဲ?
‪#‎ပြောခဲ့ဖူးပါတယ်‬ ကတိပေးနိုင်တာကိုပဲလုပ်မယ်
ဥပဒေစိုးမိုးရေးအတွက်လုပ်မှာပါ
🎤
ဦးရွှေမန်းကိစ္စ အတည်ပြုပေးနိုင်မလား?
‪#‎သူများအကြောင်းးပြောလေ့မရှိပါဘူး‬
ကိုယ်တိုင်သွားမေးသင့်ပါတယ်
🎤
ရွေးကောက်ပွဲရလဒ်မမျှတရင်ဘယ်လိုလုပ်မလဲ?
‪#‎ဘယ်လိုမမျှတလဲလေ့လာပြီး‬ ဆက်လုပ်သွားပါမယ်
.
Credit : Love hunter via Nurhad
Photo : Saw Phoe Kwar

သမ္မတလောင်းလျာထားမှုနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့၏ အရေးပေါ်ကြေညာချက်ဟု နိုဝင်ဘာ ၅ ရက် နေ့စွဲဖြင့် ထွက်ပေါ်လာသော ကြေညာချက်မှာ NLD မှ ထုတ်ပြန်ခြင်း မဟုတ်ဘဲ အတုသာ ဖြစ်ကြောင်း ငြင်းဆိုခဲ့ပါသည်။ အဆိုပါ ကြေညာချက်အတုတွင် ဒေါက်တာ တင်မျိုးဝင်းနှင့် ဦးကိုနီတို့အား ယာယီလျာထားပြီး ထိုပုဂ္ဂိုလ်များ အမည်စာရင်းကို ထုတ်ဖော်ပြောဆိုနိုင်သည်ဟု ဖော်ပြထားခြင်း ဖြစ်ပါသည်။

"မဟုတ်ပါဘူး။ ဒီမနက်တင် အစ်မ(ဒေါ်အောင်ဆန်းစုကြည်) ဖြေပြီးပြီလေ။ ဘာမှ မပြောသေးဘူးဆိုတာ ပြောပြီးပြီလေ။ အဲတာ ပြီးပြီပေါ့။ ဘယ်မှာ ဟုတ်မလဲ။ အဲတာ အတုကြီးပေါ့။ အဲတာတွေက လူတွေကို သက်သက်လိုက် ရှုပ်ထွေးအောင် လုပ်နေတာ"ဟု NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ဆိုပါသည်။

နိုဝင်ဘာ ၅ ရက်ဟု ရက်စွဲတပ်ပြီး စာအမှတ် ၁၆၈/ဗအန(အဖွဲ့)/၁၀/၂၀၁၅ ဟု ဖော်ပြခဲ့သော အဆိုပါ ကြေညာချက်အတုကို တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် အောင်နိုင်ရေးအဖွဲ့များ၊ အလုပ်အမှုဆောင် အဖွဲ့များနှင့် ကိုယ်စားလှယ်လောင်းများ အားလုံးသို့ ပေးပို့သည့် အရေးပေါ် ကြေညာချက် ပုံစံမျိုး ဖန်တီးပြုလုပ်ထားခြင်း ဖြစ်ပါသည်။

ကြေညာချက်အတုတွင် စာပိုဒ်သုံးပိုဒ် ဖော်ပြထားပြီး ပထမပိုဒ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်မည်ဟူသော ရည်မှန်းချက်ဖြင့် အောင်နိုင်ရေး ဟောပြောပွဲများအား နိုင်ငံအ၀ှမ်းတွင် ပြုလုပ်ခဲ့ ရာ အတွေ့အကြုံများအရ ပြည်သူလူထု တစ်ရပ်လုံး အနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တင်မြှောက်ပေးသည့် သမ္မတလောင်း၏ အမည်အား သိရှိလိုစိတ် ပြင်းပြနေသည်ကို သတိထားမိသည်ဟု ဖော်ပြထားသည်။ ထို့နောက် ကြေညာချက် အတု၏ ဒုတိယပိုဒ်တွင် သို့ဖြစ်ပါ၍ မေးမြန်းလာသည်ရှိခဲ့ပါက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တင်သွင်းမည့် သမ္မတလောင်းသည် အရပ်သားဖြစ်ရမည် ဟူသော ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒနှင့်အညီ အောက်ဖော်ပြပါ ယာယီလျာထားသော ပုဂ္ဂိုလ်၏ အမည်စာရင်းအား ထုတ်ဖော်ပြောခွင့်ရှိသည်ဟု ဖော်ပြခဲ့ပြီး ဒေါက်တာ တင်မျိုးဝင်းနှင့် ဦးကိုနီ အမည်တို့အား ဖော်ပြခဲ့ခြင်း ဖြစ်သည်။

NLD ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့၏ အမည်ကို အလွဲသုံးစာပြု၍ ထွက်ပေါ်လောသော ကြေညာချက်အတုသည် နိုဝင်ဘာ ၅ ရက်က ထွက်ရှိခဲ့သည့်The Irrawaddy သတင်းဂျာနယ် အတွဲ ၂ ၊ အမှတ် ၄၄ တွင် ဖော်ပြခဲ့သော "NLD သမ္မတလောင်း ဘယ်သူဖြစ်မလဲ" ဆောင်းပါး ပါရှိပြီးနောက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆောင်းပါး၌ ဒေါက်တာ တင်မျိုးဝင်းနှင့် ပတ်သက်သော အချက်အလက်များစွာကို အသားပေး ဖော်ပြထားပြီးနောက် ၀ါဒဖြန့်ချိရေးသမားများ၏ ကြေညာချက်အတု ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။

ဒေါက်တာ တင်မျိုးဝင်းသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဋ္ဌာန (MPC) နှင့် ရင်းနှီးမှုရှိသူဖြစ်ပြီး NLD ကျန်းမာရေးကွန်ရက်တွင် ဥက္ကဋ္ဌ တာဝန်ယူထားသူ ဖြစ်သည်။ ထိုသို့ တာဝန်ယူထားချိန်၌ NLD ကျန်းမာရေးကွန်ရက် တစ်နှစ်ပြည့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ရွှေသံလွင် Sky Net ပိုင် ရွှေထွဋ်တင်ကွင်း၌ ဒေါက်တာ တင်မျိုးဝင်းက ပြုလုပ်ခဲ့ပါသည်။

Eleven Media Group က စုံစမ်းသိရရှိရသော အချက်အလက်များအရ NLD ၏ သမ္မတလောင်းမှာ ဒေါက်တာတင်မျိုးဝင်းနှင့် ဦးကိုနီတို့ နှစ်ဦးစလုံး မဟုတ်ကြောင်း သိရပါသည်။ ထို့အပြင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ ရရှိသော သတင်းများအရ သမ္မတလောင်းကို ရွေးချယ်ရာ၌ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောတူညီချက်ဖြင့်သာ အတည်ပြုထုတ်ပြန်မည် ဖြစ်ကြောင်း သိရှိရပါသည်။

နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲတွင်လည်း သမ္မတလောင်း ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခြင်း မရှိခဲ့ပေ။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် "လက်ရှိအချိန်အထိ အန်တီတို့တင်မယ့် သမ္မတလောင်းကို ပြည်သူကို ချပြခြင်း မရှိသေးတဲ့အတွက် အန်တီတို့အနေနဲ့ ရွေးချယ်ထားတဲ့သူက အများပြည်သူအချို့ စိုးရိမ်နေတဲ့ ပုဂ္ဂိုလ် ဖြစ်နေလို့လား။ ဒါမှမဟုတ် အဲဒီလူနာမည်ကို ထုတ်ဖော် ပြောကြားလိုက်ရင် အန္တရာယ်တစ်စုံတစ်ရာ ကျရောက်မှာစိုးလို့လား"ဟု ပြည်မြန်မာ သတင်းဂျာနယ်မှ သတင်းထောက်ချုပ်က မေးမြန်းခဲ့ရာ "အန်တီ မဖြေချင်လို့ မဖြေတာပါ" ဟု ဒေါ်အောင်ဆန်းစုကြည် က ပြန်လည် ဖြေကြားခဲ့ပါသည်။

(ပုံစာ- နိုဝင်ဘာ ၅ ရက်နေ့စွဲဖြင့် ထွက်ပေါ်လာသော ကြေညာချက်အတု နှင့် The Irrawaddy သတင်းဂျာနယ်တွင် ဖော်ပြခဲ့သော “NLD သမ္မတလောင်း ဘယ်သူဖြစ်မလဲ” ဆောင်းပါး ကိုတွေ့ရစဉ်)
Eleven Media Group

ကဗျာဆရာ မောင်ဆောင်းခအား ရွှေပြည်သာရဲစခန်းအတွင်း တွေ့ရစဉ်

‘သမ္မတကြီး’ စာသားပါ ကဗျာအား Facebook တွင် ရေးသားခဲ့သဖြင့် အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေဖြင့် အမှုဖွင့် ခံထားရသော ကဗျာဆရာ မောင်ဆောင်းခအား နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်းက ဗကသ ကျောင်းသားများအား ရုံးထုတ်သည့် ကမာရွတ်မြို့နယ် တရားရုံးသို့ လာရောက်စဉ် ရဲများက နံပါတ်ပြား မပါသည့် ကားဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ကဗျာဆရာ မောင်ဆောင်းခအား ဖမ်းဆီးရာတွင် ကမာရွတ် တရားရုံးမှ အရပ်ဝတ်ဖြင့် လူနှစ်ဦးသည် နံပါတ်ပြား မပါသော ကားပေါ်သို့ အဓမ္မ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် ကျောင်းသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အဲဒီတုန်းက ညီမက ထမင်းစားနေတာ ကိုနန္ဒာစစ်အောင်ကို ရုံးပြန်ထုတ်သွားတာလို့ပဲ ထင်ခဲ့တာ။ ကြည့်လိုက်တဲ့ အချိန်မှာ ကိုဆောင်းခ ဖြစ်နေတယ်။ ဘေးနားမှာ အရပ်ဝတ်နဲ့ လူနှစ်ယောက်က ညှပ်ထားပြီး ခေါ်သွားတာ။ ကားပေါ်တင်တဲ့အချိန် သူတို့အနောက်ကို ညီမ လိုက်သွားသေးတယ်။ မရဘူး။ သူတို့က အတင်းတွန်းထုတ်ပြီး ကားပေါ်တင်သွားတာ။ ကားက နံပါတ်ပြား မပါဘူး။ ခေါ်သွားတဲ့ ပုံစံကလည်း အရမ်းကို ပရမ်းပတာနိုင်တယ်” ဟု ကိုဆောင်းခအား ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မျက်မြင်တွေ့ရှိခဲ့သည့် တကသ ကျောင်းသူတစ်ဦးဖြစ်သူ မခိုင်ကြည်ဖြူက ပြောကြားသည်။

“ကျွန်တော်တို့က အကြမ်းဖက်တာ မဟုတ်ပါဘူး။ တရားခံ ရရှိရေးအတွက် လုပ်ဆောင်ခဲ့တာပါ။ သူ့ကို ရွှေပြည်သာမှာ ပုဒ်မ ၆၆ နဲ့ အမှုဖွင့်ခံထားရတော့ ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်တယ်။ အဲဒီ အမှုနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့အတွက် ဖမ်းဆီးတဲ့အခါမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၆ အရ လိုအပ်တဲ့နည်းကို သုံးပြီး ဖမ်းဆီးရခြင်း ဖြစ်ပါတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွဋ်က ပြောကြားသည်။

ထိုသို့ ပြောကြားမှုနှင့် ပတ်သက်၍ အဘယ်ကြောင့် မီဒီယာများနှင့် တွေ့ဆုံမေးမြန်းခွင့် မပေးဘဲ ခေါ်ဆောင်သွားပါသလဲဟု မီဒီယာများမှ မေးမြန်းခဲ့ရာ “အဲဒါကတော့ သူရဲ့ ခင်မင်ရင်နှီးရာ မိတ်ဆွေ အပေါင်းအသင်းတွေ ရှိတဲ့အတွက် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေချာမသိဘဲ ၀င်စွက်ဖက်တာတွေ ဖြစ်ခဲ့ရင် ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ၀တ္တရားနှောင့်ယှက်မှု ဖြစ်မှာစိုးလို့ အမြန်ဆုံး ခေါ်သွားတာပါ။ တွေ့ချင်တယ်ဆိုရင်တော့ ရွှေပြည်သာမှာ တွေ့လို့ရပါတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွဋ်က ပြောကြားသည်။

ဆက်လက်ပြီး ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ကျောင်းသားများကို ဖမ်းဆီးလာမှု များပြားလာခြင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် “ငြိမ်းစုစီ ဥပဒေအရ ခွင့်ပြုချက်တင်မယ်။ ခွင့်ပြုချက်ရမှ လုပ်ရင် တရားဝင် ဖြစ်တဲ့အတွက်ကြောင့် ပြဿနာ မရှိဘူး။ အဲလိုမလုပ်ဘဲ လွန်ခဲ့တဲ့ လပေါင်းများစွာ ကတည်းက ကျူးလွန်ခဲ့တာတွေရှိတယ်။ အဲဒီလူတွေကို အမှုဖွင့်ထားပြီးပြီ။ ကျွန်တော်တို့ကလာဖို့ ပြောတယ်။ သူတို့က မလာခဲ့ဘူး။ အဲဒီတော့ သူတို့ကိုဖမ်းပြီး တရားရုံးကို တင်ပေးရမယ့် တာဝန်ရှိလို့ပါ” ဟု အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွဋ်က မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

ကဗျာဆရာ မောင်ဆောင်းခ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ဗကသ ကျောင်းသားတစ်ဦးအား မေးမြန်းရာတွင် ၎င်းက “ကျွန်တော် မြင်တာကတော့ ရွေးကောက်ပွဲ နီးလာတဲ့ အခါမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ကျောင်းသားတွေကို ထောင်ထဲထည့်ပြီးမှ လုပ်ရဲတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်နေတယ်။ ၂၀၁၀ တုန်းကလည်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို ထောင်ထဲထည့်ထားတယ်။ အဲဒီတော့ ၀ရမ်းတွေ ထုတ်ထားပြီးတော့ ရွေးကောက်ပွဲနီးတဲ့ အခါမှာ မည်းမည်းမြင်ရာ အကုန် ထောင်ထဲထည့်တဲ့ဟာကို လူ့ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်လို့ ကျွန်တော် မြင်ပါတယ်။ လူတစ်ယောက်ကို ဖမ်းဖို့အတွက် နံပါတ်မပါတဲ့ Without ကားနဲ့ ဖမ်းတာဟာ စစ်အစိုးရ လက်ထက်က လုပ်တဲ့ လုပ်ရပ်နဲ့ သွားတူနေတယ်” ဟု ပြောကြားသည်။

ယင်းသို့ ကဗျာဆရာ မောင်ဆောင်းခအား အရပ်ဝတ်ဖြင့် လူနှစ်ဦးက အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် တရားရုံးသို့ ရောက်ရှိနေသော ၀န်းရံပြည်သူများနှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၈ ရက်က မောင်ဆောင်းခ အမည်ရှိ လူငယ်ကဗျာဆရာ တစ်ဦးသည် ၎င်း၏ ဖေ့ဘွတ်စ်အကောင့်မှ ‘ပုံရိပ်’ ခေါင်းစဉ်ဖြင့် “သမ္မတကြီး” စာသားပါ ကဗျာတစ်ပုဒ် ရေးသား ဖော်ပြခဲ့သည်။

ယင်းသို့ ရေးသားခဲ့သည့်အတွက် ကလောင်အမည် မောင်ဆောင်းခ၊ အမည်ရင်း ကိုစည်သူအောင်အား ရွှေပြည်သာမြို့နယ် ရဲစခန်းက အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆(ဃ)ဖြင့် အမှုဖွင့်ထားသည်။

အဆိုပါ ပုဒ်မ ၆၆ (ဃ)၏ အနက်အဓိပ္ပာယ်မှာ ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းဟူ၍ ဖြစ်သည်။

“ဖမ်းဆီးခေါ်ဆောင်တဲ့ နေရာမှာ နံပါတ်ပြားမပါတဲ့ ကားကို အသုံးပြုတယ်ဆိုတာ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ ဥပဒေနဲ့ ညီရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။ နံပါတ်ပြား မပါတဲ့ ကားဟာ တရားမ၀င်သလို ဥပဒေနဲ့လည်း မညီညွတ်ရာ ရောက်ပါတယ်” ဟု လာရောက် သတင်းယူသည့် သတင်းထောက်တစ်ဦးက ပြောကြားသည်။
Writer:
ရှိုင်းလင်းအောင်၊မြင့်သူ၊နေမျိုးဝင်း
Eleven Media Group


 မြန်မာနိုင်ငံမှာ ​ရွေးကောက်ပွဲကို ​တရားမျှတစွာ ​ကျင်းပမယ်ဆိုရင် ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​ဖယ်ရှားပြီး ​အမေရိကန်နဲ့ ​ထားရှိတဲ့ ​ဆက်ဆံရေး ​တိုးတက်လာနိုင်တယ်လို့ ​အိမ်ဖြူတော်ရဲ့ ​အကြံပေးတစ်ဦးက ​ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကနေ ​မကြာသေးခင်တုန်းကပဲ ​ပြန်ရောက်လာတဲ့ ​Ben ​Rhodes ​က ​အခုလောလောဆယ် ​ပြဿနာတွေ ​ရှိပေမယ့်လည်း ​တရားမျှတမှု ​များတဲ့ ​ရွေးကောက်ပွဲ ​ဖြစ်ရင်တော့ ​စီးပွားရေးနဲ့ ​သံတမန်ရေးတွေမှာ ​တိုးတက်မှုတွေ ​ဖြစ်လာနိုင်တယ်လို့ ​ပြောပါတယ်။

မြန်မာအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှုတချို့ ​ဖယ်ရှားပေးပြီဆိုပေမယ့် ​အကုန်လုံးကို ​မဖယ်ရှားပေးသေးတဲ့အကြောင်း ​မြန်မာရွေးကောက်ပွဲအပေါ် ​မူတည်ပြီး ​အကျိုးခံစားရမှုတွေ ​ရှိလာမယ်လို့ ​ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​ကျင်းပမယ့် ​နိုဝင်ဘာလ ​၈ ​ရက် ​ရွေးကောက်ပွဲအပြီးမှာ ​အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမား ​မြန်မာနိုင်ငံကို ​တတိယအကြိမ် ​လာရောက်လည်ပတ်မယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

EU EOM ရဲ့ လေ့လာရေးမှူးချုပ် Alexander Graf Lambsdorff နဲ့ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ EU EOM ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့။ (နိုဝင်ဘာ ၅၊ ၂၀၁၅)
မြန်မာနိုင်ငံ ရွေးကောက်ပွဲကို စောင့်ကြည့်သွားမယ့် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EU EOM ဥရောပ သမဂ္ဂ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့ကနေ ကာလတိုလေ့လာသူ ၆၂ ဦးဟာ တိုင်းနဲ့ပြည်နယ် အားလုံးကို လေ့လာဖို့ ဒီကနေ့မှာပဲ ရန်ကုန်မြို့ကနေ ထွက်ခွာသွားကြပါပြီ။ ဒီအဖွဲ့ဝင်တွေဟာ ရွေးကောက်ပွဲနေ့မှာ နိုင်ငံအနှံ့ မဲရုံတွေကို လေ့လာနိုင်မှာဖြစ်သလို စစ်တပ်အတွင်းက မဲရုံတွေမှာလည်း အသေးစိတ် စောင့်ကြည့်သွားမှာဖြစ်ပြီးတော့ ရွေးကောက်ပွဲနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာမှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်သွားမယ်လို့ ဒီအဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထော်က ကိုထက်အောင်က ပြောပြပေးမှာပါ။

နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EU EOM ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ကနေ ကာလတို လေ့လာသူ ၆၁ ယောက်ဟာ ဒီကနေ့မှာပဲ နိုင်ငံအနှံ့ကို သွားရောက်လေ့လာနေကြပါပြီ။ ဒီအဖွဲ့ဝင်တွေဟာ အရင်ရောက်ရှိနေပြီးသားဖြစ်တဲ့ ကာလရှည်လေ့လာသူတွေနဲ့ ပူးတွဲပြီးတော့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသွားမှာဖြစ်တယ်လို့ EU EOM ရဲ့ လေ့လာရေးမှူးချုပ် Alexander Graf Lambsdorff က ပြောပါတယ်။

"ကျန်နော် ဒီကာလတို လေ့လာမယ့် လူ ၆၀ ကျော်ကို ဘယ်နေရာသွားရမယ်ဆိုပြီး သတ်မှတ်ထားတာ မရှိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တစ်ခေါက်က လေ့လာစောင့်ကြည့်နေတဲ့ ကာလရှည်အဖွဲ့တွေထဲမှာ ကာလတိုစောင့်ကြည့်မယ့်အဖွဲ့ ၃ ဖွဲ့ပါဝင်ပါတယ်။ ကာလတို အဖွဲ့တစ်ဖွဲ့မှာ ပုံမှန်အားဖြင့်တော့ ၂ ဦးပါဝင်ပါတယ်။ ဒီအဖွဲ့ဝင်တွေ အားလုံးဟာ ဥရောပတစ်လွှားနိုင်ငံတွေက ဖြစ်ပြီးတော့ ဘယ်သူက ဘယ်သွားရမယ် ဆိုတာ ကန့်သတ်မထားပါဘူး။ ဒီအဖွဲ့ဝင်တွေဟာ ကာလရှည်အဖွဲ့ဝင်တွေနဲ့ ပူးတွဲပြီးတော့ ဒီရွေးကောက်ပွဲကို တိုင်းနဲ့ပြည်နယ် အားလုံးမှာ စောင့်ကြည့်လေ့လာသွားမှာပါ။

ဥရောပသမဂ္ဂရွေးကောက်ပွဲအဖွဲ့ဟာ ရွေးကောက်ပွဲနေ့မှာ ကြိုတင်မဲရေတွက်မှုတွေနဲ့ စစ်တပ်တွေထဲက မဲရုံတွေကိုလည်း အသေးစိတ် လေ့လာသွားမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

"ကျန်နော်တို့အဖွဲ့ဟာ ရွေးကောက်ပွဲ တစ်ခုလုံးကို လေ့လာ သွားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ သဘောတူချက်ရထားတာက ကျနော်တို့ဟာ ကြိုတင်မဲပေးမှုတွေကို လည်း လေ့လာနိုင် မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ စစ်တပ်ဧရိယာထဲမှာရှိတဲ့ မဲပေးမှုတွေကိုလည်း အသေးစိတ် လေ့လာသွားမှာပါ။ အချိန်ယူပြီး အဲဒီ့မဲရုံတွေကို လေ့လာနိုင် မှာဖြစ်တဲ့အတွက် မဲပေးတာတွေဟာ ဘယ်လိုပုံစံဖြစ်နေလည်း ဆိုတာတွေကို ကျနော်တို့ သေချာပေါက် သိရှိနိုင်မှာပါ။

ဒီကာလတို အဖွဲ့ဝင်တွေကို တိုင်းနဲ့ပြည်နယ်အားလုံးကို မစေလွှတ် ခင်မှာ မြန်မာနိုင်ငံ ရဲ့ ရွေးကောက်ပွဲဆိုင်ရာ သမိုင်းအကြောင်းအရင်းတွေ၊ မဲပေးပုံ မဲပေးနည်း အဆင့်ဆင့်နဲ့ နိုင်ငံရေး အခြေအနေတွေကို ရန်ကုန်မြို့မှာ ၂ ရက်တာ ရှင်းလင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ဝင်တွေ ဟာ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်တဲ့အခါမှာ ဘယ်လိုစိန်ခေါ်ချက်တွေနဲ့ ကြုံတွေ့ရနိုင်လဲဆိုတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့သီးသန့်အမေးကိုတော့

"ရွေးကောက်ပွဲတိုင်းကို လေ့လောစောင့်ကြည့်တဲ့အခါမှာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပါပဲ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်းတွေကို တိကျမှန်ကန်အောင် ဘယ်လိုလုပ်ဆောင်လဲဆိုတာကိုလည်း ကျနော်တို့တွေ ရှင်းရှင်းလင်းလင်း လေ့လာသွားရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့အဖွဲ့ဟာ ရွေးကောက်ပွဲနေ့မှာ မဲပေးပြီးလို့ မဲရုံပိတ်တဲ့အခါမှာ မဲပြား ရေတွက်တာကိုလည်း စောင့်ကြည့်ရမှာပါ။ နောက်ပြီးတော့ အဲဒီ့နေ့မှာဆိုရင် မဲရုံမဖွင့်ခင် မနက် ၆ နာရီကတည်းက မဲရုံတွေမှာ ကျနော်တို့တွေ ရှိနေရမယ်၊ မဲပေးနေတဲ့ နေ့ခင်းပိုင်းတွေမှာကော မဲရုံပိတ်တဲ့ အချိန်ထိ စောင့်ကြည့်နေရုံမကပဲ ညပိုင်းထိအောင် မဲပြားရေတွက်တာတွေကို စောင့်ကြည့်လေ့လာနေမှာဆိုတော့ အဲဒီ့နေ့က ကျနော်တို့တွေအတွက် တကယ့်ကို ဖိအားများတဲ့ ရက်ရှည် တစ်ရက်ပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့အဖွဲ့ဝင်တွေဟာ အဲဒီ့စိန်ခေါ်ချက်တွေ အားလုံးကို စောင့်ကြည့်လေ့လာသွားမှာဖြစ်ပါတယ်။

EU EOM အဖွဲ့ဟာ ရွေးကောက်ပွဲနေ့မှာ မဲရုံတွေကို စောင့်ကြည့်လေ့လာ သွားမှာဖြစ်ပေမယ်လို့ မဲပေးတဲ့ လုပ်ငန်းစဉ်တွေကို စွက်ဖက်သွားမှာမဟုတ်ပဲ မဲပေးပုံမဲပေးနည်း စနစ် ဘယ်လိုလုပ်ဆောင်တယ်ဆိုတာကို ကြည့်ရှု့ပြီး မှတ်တမ်းတင်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာကြာပြီးမှ ပထမဆုံးအကြိမ်ကျင်းပတဲ့ ဒီရွေးကောက်ပွဲဟာ မြန်မာလူထုတွေရဲ့ စိတ်ဆန္ဒနဲ့ တစ်ထပ်တည်းကျတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မျှော်လင့်တယ်လို့ Alexander Graf Lambsdorff က ဖွင့်ဟပါတယ်။

"ဒီရွေးကောက်ပွဲမှာ အားလုံးပါဝင်တဲ့ အထွေထွေရွေးကောက်ပွဲဖြစ်ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အရေးကြီးဆုံး ကတော့ ရွေးကောက်ပွဲရလဒ်ဟာ မြန်မာပြည်သူတွေရဲ့စိတ်ဆန္ဒနဲ့ တစ်ထပ်တည်း ကျဖို့ပါပဲ။ ကျနော့် အထင် ဒီတနင်္ဂနွေနေ့မှာကျင်းပတဲ့ ရွေးကောက်ပွဲ ရလာဒ်ဟာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားရောက်တဲ့ ကြီးမားတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။"

EU EOM အဖွဲ့ရဲ့ လေ့လာသုံးသပ်ချက်ထဲမှာ ဥပဒေမူဘောင်တွေ၊ ရွေးကောက်ပွဲ စီမံအုပ်ချုပ်ပုံလုပ်ငန်းအဆင့်ဆင့်နဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေအပါအ၀င် မီဒီယာသမားတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေ၊ မဲပေးတာ၊ မဲရေတွက်တွေနဲ့ မဲစာရင်းသွင်းတဲ့ ရလဒ်တွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေနဲ့ ပတ်သတ်လို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲ စတဲ့ အချက်အလက်တွေ ပါဝင်မှာဖြစ်ပါတယ်။

နောက်ပြီး ရွေးကောက်ပွဲနေ့မှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေကို ရွေးကောက်ပွဲအပြီး ၂ ရက်အကြာမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ် သွားမှာလည်း ဖြစ် ပါတယ်။ နောက်ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် နည်းစနစ်ပိုင်းဆိုင်ရာ အကြံပြုချက်တွေပါဝင်မယ့် အပြီးသတ် အစီရင်ခံစာကို နောက်ပိုင်းမှာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com