11/07/15

ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်ကာ ၃၂ ကြိမ် မြောက် ရွှေပါရမီသွေးလှူဒါန်းပွဲကို နိုဝင် ဘာ ၁ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ အမျိုးသားသွေးဌာန၌ ကျင်းပခဲ့ရာ သွေးလှူရှင်ပေါင်း ၁၀၀၀ ကျော် လာရောက် လှူဒါန်းကြပြီး သွေးအိတ်ပေါင်း ၈၀၀ ခန့် ရရှိခဲ့သည်။ ဆရာတော် အရှင်ဆန္ဒာဓိက ကိုယ်တိုင်လည်း သွေးလှူဒါန်းခဲ့ပြီး သွေးအလှူကြောင့် ဆုတောင်းသုံးခုပြည့်ချင်ကြောင်း မိန့်ကြားခဲ့သည်။

''ပထမဆုတောင်းအနေနဲ့ .....မဲစာရင်းမှာပါတဲ့ မဲပေးခွင့်ရသူတိုင်း မဲပေးဖြစ်ကြပါစေလို့'`ဆုတောင်းပါတယ်။ အမှန်ကတော့ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးဖြစ်ကြပါစေလို့ ဆုတောင်းချင်တာပါ။ ဒါပေမဲ့ မဲပေးပိုင် ခွင့်ရှိသူတိုင်း မဲပေးခွင့်မရကြတဲ့အတွက် မဲပေးခွင့်ရသူတိုင်း မဲပေးဖြစ်ကြပါစေလို့ပဲ ဆုတောင်းရတာပါ။ မဲပေးတယ်ဆိုတာ ကိုယ်လိုချင်တဲ့ အစိုးရတရပ်ကို ကိုယ်ကိုယ်တိုင် ရွေးချယ်လိုက်တာပါပဲ။ အစိုးရကောင်း တခု ဖန်တီးနိုင်တဲ့ အခွင့်အရေးကိုယ်ရတယ်ဆိုတာ တွေးကြည့်ရင် တော်တော် ၀မ်းမြောက်ဖို့ကောင်းသလို ဂုဏ်ယူစရာလည်း ကောင်းပါတယ်။

လူတစုကောင်းကျိုးကို ကြည့်တဲ့သူတွေ တိုင်းပြည်ကို ဦးမဆောင်ဘဲ လူထုကောင်းကျိုးကို ကြည့်တဲ့သူတွေ တိုင်းပြည်ကို ဦးဆောင်ခွင့်ရအောင် လုပ်ဆောင်ပေးရမယ့် တာဝန်ဟာ ပြည်သူအားလုံးရဲ့ တာဝန်၊ ပြည်သူတယောက်ချင်းရဲ့ တာဝန်ပါ။

ဒါ့ကြောင့်ကိုယ်ရထားတဲ့ အခွင့်အရေး လက်မလွှတ်ဖို့နဲ့ ကိုယ်ထမ်းရမယ့် တာဝန်ကျေပွန်ဖို့အတွက်မဲပေးခွင့်ရသူအားလုံးမဲပေးဖြစ်အောင် ပေးကြရပါမယ်။
''ဒုတိယဆုတောင်းအနေနဲ့ ရွေးကောက်ပွဲမှာ NLD ပါတီ အပြတ်အသတ် အနိုင်ရပြီး အစိုးရအဖွဲ့ ဖွဲ့နိုင်ပါစေလို့ ဆုတောင်းပါတယ်။ NLD ပါတီဟာ နှစ်ပေါင်း (၃၀) နီးပါး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အစဉ်တစိုက် တောင်းဆိုတိုက်ပွဲ ၀င်လာခဲ့တဲ့ ပါတီဖြစ်တဲ့အတွက် NLD သာ အစိုးရဖြစ်သွားရင် တိုင်းပြည်မှာ စစ်မှန်တဲ့ ဒီမို ကရေစီစနစ် အမြစ်တွယ်ခိုင်မာပြီး လူ့အခွင့်အရေး လေးစားမှုတွေလည်း သိသိသာသာ တိုးတက်လာလိမ့် မယ်လို့ ယုံကြည်ပါတယ်။

ပါတီကိုလည်း ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ခေါင်းဆောင်ကောင်းက ဦးဆောင် နေတာဖြစ်တဲ့အတွက် ပါတီဝင်တွေဟာ စနစ်ကောင်း၊ စနစ်မှန်အတိုင်း စိတ်ဓာတ်မှန်မှန်၊ လုပ်ရပ်မှန်မှန်နဲ့ တိုင်းပြည်ကောင်းကျိုးကို အကောင်းဆုံး သယ်ပိုးထမ်းရွက်ကြလိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

''တတိယဆုတောင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ မျိုးရိုးဂုဏ်အစဉ်အလာအရရော၊ဦးဆောင် နိုင်စွမ်းအရည်အချင်းအရပါ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ် ထိုက်တဲ့သူပါ။ ပြည်သူလူထုရဲ့ ချစ်ခြင်းမေတ္တာကိုထူးထူးခြားခြားရရှိထားတဲ့အတွက် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်မှန်တဲ့ ဦးဆောင်လမ်းညွှန်မှုကို တသွေမသိမ်း လိုက်နာကြပါလိမ့်မယ်။ နိုင်ငံ့ခေါင်း ဆောင်ကပေးတဲ့စိတ်ဓာတ်အင်အားနဲ့ နိုင်ငံသား အားလုံးက အစွမ်းကုန်ကြိုးပမ်းအားထုတ်မှတော့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကသိသိသာသာကြီး မြန်ဆန်သွားပြီပေါ့။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပညာကို တန်ဖိုးထားတဲ့ သူဖြစ်လို့ ပညာရှင်တွေရဲ့ အကြံဥာဏ်ကို တလေးတစားလက်ခံပြီး ပညာပါတဲ့ ဆုံးဖြတ်ချက်တွေနဲ့ပဲ တိုင်းရေး ပြည်ရာအားလုံးကို စနစ်တကျ မှန်မှန် ကန်ကန် စီမံခန့်ခွဲသွားမှာဖြစ်တဲ့အတွက် အချိန်တိုအတွင်းမှာ တိုင်းပြည် ရဲ့ အခြေအနေအရပ်ရပ်ဟာ အံ့သြဖွယ်ကောင်းလောက်အောင် တိုးတက်သွားပါလိမ့်မယ်။ ဒေါ်အောင်ဆန်း စုကြည်ဟာ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုကိုလည်း ထူးထူးခြားခြားရရှိထားတဲ့အတွက် သူသာ သမ္မတ ဖြစ်ရင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်ပကူညီထောက်ပံ့မှုတွေ အလုံးအရင်းနဲ့ လှိမ့်ဝင်လာကြမှာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတသက်တမ်း ငါးနှစ်အတွင်းမှာ တိုင်းပြည်ဟာ မယုံနိုင်စရာကောင်းလောက် အောင် တိုးတက်ပြောင်းလဲသွားမှာ သေချာပါတယ်'' ဟု ဆရာတော်အရှင် ဆန္ဒာဓိကက မိန့်ကြားတော်မူသည်။

သွေးလှူဒါန်းမှုများအပြီး၌ ဆရာတော် အရှင်ဆန္ဒာဓိကနှင့် တပည့် ဒါယကာ၊ ဒါယိကာမများက ၃၉ ကြိမ် မြောက် သွေးလှူရှင် ဂုဏ်ပြုပွဲအတွက် ကျပ် ၃၉ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းရှိ ခန္တီးနှင့် ဟုမ္မလင်းမြို့များမှာ ရှမ်းနီပါတီများ အနေဖြင့် စိန်ခေါ်မှုအသစ်များ ကြုံတွေ့ရနိုင်သည်ဟု ရှမ်းနီ (တိုင်းရင်းသား) နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ (SNSP) ၏ အတွင်းရေးမှူး ဦးစောဝင်းထွန်း က ပြောကြားခဲ့သည်။

“တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဲဆွယ်ခရီးစဉ် မရှိရင် NLD ပါတီ အပေါ် လူထုထောက်ခံမှုက သာမန်ပဲ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မဲဆွယ်ထားတဲ့ နယ်တွေမှာ သူ့ရဲ့ ပုဂ္ဂိုလ်ရေး လွှမ်းမိုးနိုင်စွမ်းကြောင့် ကျွန်တော်တို့ အားလျော့သွားနိုင်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ရှမ်းနီ တိုင်းရင်းသားတွေထဲက အချို့က NLD ကို မဲပေးဖို့ စိတ်အားထက်သန်နေတာ တွေ့ရပါတယ်” ဟု ဦးစောဝင်းထွန်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသား လူမျိုးစုများနှင့် နီးစပ်နိုင် ရန် ဝေးလံခေါင်သီသော တိုင်းရင်းသားဒေသများထံ ခရီးကြမ်းများ နှင်ခဲ့သည်။

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ခန္တီးမြို့သို့ ရောက်ရှိခဲ့ပြီး ချင်းတွင်းမြစ်ကြောင်းအတိုင်း ထမံသီကျေးရွာသို့ သွားရောက်ကာ ညနေတွင် ဟုမ္မလင်းမြို့သို့ ရောက်ရှိခဲ့သည်။

ခန္တီးမြို့သည် လွတ်လပ်ရေးရရှိချိန်အထိ ရှမ်းစော်ဘွားများ အစဉ်အဆက် အုပ်ချုပ်ခဲ့ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရှမ်းနီတိုင်းရင်းသားများမှာ ဟုမ္မလင်းမြို့၌ အများဆုံးနေထိုင်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မှာ ထိုဒေသသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည်။

လာမည့် ရွေးကောက်ပွဲ၌ ထိုဒေသတွင် ရှမ်းနီပါတီ ၂ ခုဖြစ်သော ထိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) နှင့် SNSP တို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပါတီများမှာ NLD ၊ USDP တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဟုမ္မလင်းမြို့နေ ရှမ်းနီလူမျိုး ဦးခွန်နောင်က ‘‘ကျွန်တော်တို့မှာ ရွေးစရာ မရှိဘူး။ အင်န်အယ်လ်ဒီပဲ ရှိ တယ်လေ။ သူတို့ကိုပဲ ပေးရမှာ ပေါ့။ ကိုယ်စားလှယ်လောင်း ဘယ်သူဆိုတာထက် ပါတီက ပိုအရေး ကြီးပါတယ်’’ဟု ပြောကြားခဲ့သည်။

‘‘အမေစုကို အမေတစ် ယောက်လို ယုံကြည်အားကိုးလို့ ရှိတဲ့အလုပ်ကို ပစ်ချပြီးလာခဲ့ တာ။ ကျွန်မတို့ ဘ၀တွေရဲ့ ရှေ့ အနာဂတ်ကို အားကိုးလို့ လာခဲ့ တာဖြစ်ပါတယ်။’’ ဟု စက်တင် ဘာ ၂၇ ရက်က ဟုမ္မလင်းမြို့တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲသို့ တက်ရောက်ခဲ့သူ နာဂလူမျိုး ဒေါ်အားလျန်က ပြောသည်။

ခန္တီးမြို့သည် စစ်ကိုင်းတိုင်း အနောက်မြောက်ဒေသ အစွန်အကျဆုံး ခရိုင်မြို့တစ်ခု ဖြစ်သည်။ ယနေ့အချိန်အထိ လျှပ်စစ်မီးအပြည့်အ၀ မရရှိ သေးဘဲ တစ်နေ့လျှင် ၄ နာရီခန့် သာ လျှပ်စစ်မီးရရှိသည်။

လမ်းပန်းဆက်သွယ်ရေးမှာလည်း ခက်ခဲနေဆဲပင်ဖြစ်ကာ ချင်းတွင်းမြစ်ကြောင်းနှင့် လေကြောင်းကိုသာ အဓိကထား သွား လာနေရပြီး နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသဖြစ်သော လေရှီး၊ လဟယ်၊ နန်းယွန်းဒေသများသို့ ခက်ခဲစွာ သွားလာနေရဆဲ ဖြစ်သည်။

‘‘ကျွန်တော်တို့တစ်တွေက ခေတ်အဆက်ဆက် ခံစားခဲ့ရ တာ။ ဘယ်အစိုးရတက်လာ တက်လာ ကျွန်တော်တို့က ဒီအတိုင်းပဲ မပြောင်းလဲဘူး။ ဒါကြောင့် အပြောင်းအလဲကို အလိုရှိတာပေါ့။’’ ဟု ဒေသခံနာဂတိုင်းရင်းသား ဦးမနော်ခမ်းက ဆိုသည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies



 ရှားတော မဲဆန္ဒနယ်အတွင်းတွင် ယနေ့မနက် ၆ နာရီအထိ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ဂျိုးဖြူငှက် အမှတ်တံဆိပ်များ တစ်ချို့ကို ဒေသခံအိမ်များရှေ့တွင် တွေ့နေရသေးသည်ဟု ကန္တာရဝတိုင်း(မ်)သတင်းထောက်မှ ပြောပါသည်။

၎င်းက “အလယ်ပိုင်းမဲရုံနဲ့လည်နီးတယ်။ တောင်ပိုင်းမဲရုံနဲ့လည်းနီးတယ်။ ဦးအောင်မငိး အိမ်နဲ့တော့ မတွက်တတ်ဘူး။ ကိုက်၅၀၀ တော့မကြော်ဘူး။” ဟု ပြောသည်။

ဦးအောင်မင်း၏ လိုဂိုတံဆိပ် နှင့် အမျိုးသားတိုးတက်ရေးပါတီ၏ အလံကိုလည်း ယနေ့မနက်အချိန်ထိ တွေ့ရသေးသည်ဟု သိရသည်။

နိုင်ငံရေးပါတီကြော်ငာဆိုင်းဘုတ်များ ၊ ကိုယ်စားလှယ်လောင်းများ၏ ကြော်ငြာ အမှတ်တံဆိပ်များကို နိုဝင်ဘာလ ၆ နေ့ည ၁၂ နာရီတွင်နောက်ဆုံးထား ကပ်ရမည်ဖြစ်သည့်အတွက် ယခုလိုတွေ့မြင်နေရခြင်း သည် ဥပဒေကို ချိုးဖောက်သည့်အတွက် မြို့နယ်စည်ပင်မှ တရားစွဲရမည်ဖြစ်သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။

၎င်းက “စည်ပင်အက်ဥပဒေနဲ့တရားစွဲခွင့်ရှိတယ်။ ခွင့်ပြုချက်မရှိဘဲနဲ့ ရွေးကောက်ပွဲ ဥပဒေထဲမှာ လဲပါတယ်။ သူ့ရုံးမဟုတ်ဘူးဆိုရင်ပေါ့။” ဟု ပြောသည်။

ရှားတောမြို့နယ် ကော်မရှင်ကတော့ တာဝန်ရှိသူတစ်ဦးကတော့ “ ကပ်ထားတာတွေ မရှိဘူးပါဘူး ။ဒါကြောင့် ပိုစတာမရှိတဲ့အတွက် ဘယ်ပုဒ်မနဲ့အရေးယူမလဲဆိုတာ မပြောနိုင်ပါဘူး။ ကော်လဟာလတွေဖြစ်မှာပါ။” ဟု ပြောသည်။

"ရပ်ထားတဲ့ကား မှာလည်းမခွာသေးသလို သူစီးတဲ့ကားလည်း မခွားသေးဘဲနဲ့မနင်အစေားကြီး ဘုရားသွားတယ် ကိုးမြို့ရှင် နက်စက်တွေသွားကန်တော့တယ်။" ဟု ရှားတောမြို့မှ မျက်မြင်တစ်ဦးက ပြောပါသည်။

အဘယ်ကြောင့်ဆိုသော် Silent Day ဟု တင်စားခေါ်ဆိုသည့် ရွေးကောက်ပွဲနေ့ မတိုင်မီ ၂၄ နာရီအလို တွင် မည်သည့်ပါတီဝင်များမှ မဲဆွယ်စည်းရုံးခြင်း မပြုရပဲ ပြည်သူများအနေနှင့် မည်သူကို မဲပေးရမည်ကို အချိန်ယူစဉ်းစားရန် ဖြစ်ခြင်းကြောင့် ဖြစ်သည်။

နိုဝင်ဘာလ ၇ ရက်နေ့ မနက် ၆ နာရီအချိန်တွင် ရှားတောမြို့ပေါ်ရှိ ဒေသခံများ အိမ်ရှေ့တွင် တွေ့ရသည့် ဦးအောင်မင်း တံဆိပ်များနှင့် အမျိုးသားတိုးတက်ရေးပါတီ အလံဖြစ်သည်။ ဓါတ်ပုံ - ဆန်းဖြိုးထွန်း

 ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes/


 အချို့ဝန်ထမ်းများသည် ခေတ်ဟောင်း စနစ်ဟောင်းက ၀ါဒဖြန့် မှိုင်းတိုက်မှုများ ယခုတိုင်ခေါင်းထဲသို့ ရောက်နေဆဲဖြစ်သည်။ တလောက ကျေးရွာတရွာတွင် မိန်းကလေးတယောက် ခွေးကိုက်ခံရရာ တိုက်နယ် ဆေးရုံသို့သွားပြီး ခွေးရူးပြန်ကာကွယ်ဆေး သွားထိုးသည်ဆို၏။ ထိုအခါ ကုသမပေးခင် သူနာပြုဆရာမတဦးက လူနာအား နင်ကဘယ်သူ့ကို မဲပေးမှာလဲဟု မေးသည်ဆို၏။ ထိုအခါ ခွေးကိုက်ခံရသူကောင်မလေးက သူ့စိတ်ထဲရှိသည့်အတိုင်း ကျွန်မက အမေစုပါတီကိုပေးမှာပါဟု ပြန်ဖြေလိုက်သည်။ ထိုအခါ သူနာပြုဆရာမက မျက်နှာတင်းမာသွားပြီး အမေစုက နင့်ကို ဘာတွေလာပေးထားဖူးလို့လဲ၊ တံတားတစင်းဆောက်ဖူးသလား၊ လမ်းတခုခင်းပေးဖူးသလားဟု ပြောသည်ဆို၏။ လူနာမှာ ခွေးကိုက်ရာ တန်းလန်းရှိသည့်အပြင် ဆေးထိုးမပေးမည်စိုးသဖြင့် သူနာပြုဆရာမ များနှင့် ဖက်ပြိုင်မငြင်းခုံနိုင်တော့ဘဲ နှုတ်ပိတ်၍သာ နေ ရတော့၏။ ကျောင်းတကျောင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထွက်ကြိုဆိုသော ကျောင်းသားကျောင်းသူ အယောက် ၄၀ အား ကျောင်းအုပ်ဆရာကြီးက ရိုက်နှက်အပြစ်ပေးသည့် သတင်းကိုလည်း ကြားရ၏။ ပညာရေး ဌာနမှ ၀န်ထမ်းများကို နိုင်ငံရေးတွင်မပါကြဖို့ အမိန့်ထုတ်ပြန်ထား၏။ အချို့သော ဌာနဆိုင်ရာဝန် ထမ်းများ၏ အမည်နှင့်မှတ်ပုံတင်နံပါတ်များကို အထက်မှတောင်းသည်ဆိုကာ မှတ်သားယူဆောင်သွားသော ဖြစ်ရပ်များ လည်း ရှိနေပေ၏။ ၀န်ထမ်းများသည် အထက်က ညွှန်ကြားသော ပါတီတခုသို့ မဲထည့်ရမည်ဟု ဖိအားပေး ပြောဆိုမှုများ ရှိနေနိုင်သည်ဟုလည်း အားလုံးက သံသယရှိနေကြသည်။ ရွေးကောက်ပွဲ မဲဆွယ်နေသော NLD အမတ်လောင်းများကို ဓားဖြင့်ခုတ်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း၊ မဲဆွယ်ပွဲကို နှောင့်ယှက်ခြင်းစသည့် ကာယကံမြောက် အကြမ်းဖက်မှုတို့ကိုလည်း မြင်တွေ့လာရသောအချိန် ဖြစ်သည်။

ယနေ့သည် သောကြာနေ့ဖြစ်သည်။ နောက်နှစ်ရက်အကြာ တနင်္ဂနွေနေ့တွင် သင်သည် အသက် ၁၈ နှစ်ပြည့်ပြီးသော မြန်မာနိုင်ငံသားဖြစ်ပါက ရွေးကောက် ပွဲတွင် မဲပေးရတော့မည် ဖြစ်သည်။ သင် ဤစာကို ဖတ် နေချိန်တွင် မဲပေးရန် ၄၈ နာရီပဲ လိုတော့သဖြင့် အလွန် အရေးကြီးသောအပိုင်းအခြားကာလသို့ ရောက် ရှိနေပြီဖြစ်သည်။ နိုင်ငံတကာရွေးကောက်ပွဲ ပညာရှင်များက ပြောသည်မှာ ရွေးကောက်ပွဲတခုတွင် မဲမပေးမီ သုံးရက်တာကာလသည် အရေးအကြီးဆုံးအချိန်ဖြစ်ပြီး ထိုသုံးရက်သည် ဘယ်ပါတီကို မဲပေးရမည်ဟု တိတိကျကျ မဆုံးဖြတ်ရသေးသူများအတွက် ဆုံးဖြတ်ချက်ချလေ့ ရှိသောကာလများ ဖြစ်သဖြင့် ကြားနေမဲများ သည် သူ့ဘက်ကိုယ့်ဘက်ပါသွားတော့မည့်ကာလများ ဖြစ်သည်။ ဤရက်ပိုင်းအတွင်းဖြစ်ပေါ်လာမည့် ထူးခြားဖြစ်စဉ်များသည် ဇဝေဇ၀ါဖြစ်နေသူ မဲဆန္ဒရှင်များကို ဘယ်သူ့ဘက်သို့ မဲပေးရမည်ဟု ဆုံးဖြတ်နိုင်စရာကိစ္စများ ဖြစ်လာနိုင်ပါသည်။ အထူးသဖြင့် ၀န်ထမ်းများသည် ဘယ်ပါတီကို မဲထည့်ရမည်နည်းဟု ဦးနှောက် ခါးတောင်းကျိုက်ရမည့်အချိန်သို့ ရောက်လာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ၀န်ထမ်းများအားလုံး၏ အကြီးအကဲသည် သက်ဆိုင်ရာ ဌာန၏၀န်ကြီးများဖြစ်ပါသည်။ ၀န်ကြီးအားလုံးနီးပါး သည် တပ်မတော်မှ အငြိမ်းစားယူလာသူ ဗိုလ်ချုပ်များဖြစ်ကြသည်။ လက်ရှိတပ်မတော်ရာထူး လက်ရှိဝန်ကြီး သုံးပါးလည်း ပါဝင်သည်။ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ဖြစ်သည်။
ထို့ကြောင့် တပ်မတော် အရာရှိများ အသားကျနေသည်မှာ အမိန့်ပေးအမိန့်ခံစနစ် ဖြစ်သည်။ မဲဆန္ဒရှင်ဝန်ထမ်းများသည် မိမိဦးနှောက်နှင့် အသိဥာဏ်ကိုအသုံးချကာ ဆန္ဒမဲပေးရသည်ထက် အထက်မှလျှို့ဝှက်ညွှန်ကြားမှုများ၊ သတိပေးခြိမ်းခြောက်မှုများ၊ မလွန်ဆန်သာသောဖိအားများနှင့်သာ ဆန္ဒမဲပေးရခြင်း ဖြစ်နိုင်စရာရှိပါသည်။ ဘယ်သူ့ကိုထည့်ပါ၊ ဘယ်ဝါကိုထည့်ပါ၊ ဘယ်ပါတီကိုမထည့်နှင့်၊ ဘယ်ပါတီကိုထည့်ပါဟူသော လျှို့ဝှက်ညွှန်ကြားချက်များကိုလည်း လက်ခံရရှိကောင်းရရှိထားနိုင်ပြီး ဖြစ်ပါ သည်။ မိမိဘ၀ တက်လမ်းနှင့်ယှဉ်သော ခြိမ်းခြောက်အကျပ်ကိုင်မှုများ၊ မိမိခင်ပွန်း၊ ဇနီး၊ သားသမီးများ၏ ရာထူးအာဏာစည်းစိမ် တည်မြဲရေးအတွက် သွယ်ဝိုက် ခြိမ်းခြောက်မှုများလည်း ရှိကောင်းရှိနိုင်ပါသည်။ အကြောက်တရားများ လည်းရှိနိုင်ပါသည်။ အချို့ဝန်ထမ်းများကတော့ မိမိတို့သည် အစိုးရကပေးသော ရိက္ခာ လစာကို ယူထားသဖြင့် အစိုးရကျွေးသောထမင်းကိုစား သဖြင့် အစိုးရလိုလားသောပါတီကိုသာ မဲပေးမည်ဟု လွဲမှားစွာနား လည်ထားသူများလည်းရှိပါသည်။ ဤနေရာတွင် ရှင်းလင်းစရာလိုလာသည်မှာ ၀န်ထမ်းများကို ဘယ်သူက လုပ်ခလစာပေးနေသနည်းဟူသော အဖြေဖြစ်သည်။ တနည်းဆိုရလျှင် ၀န်ထမ်းသည် အစိုးရ ၀န်ထမ်းလော၊ ပြည်သူ့ဝန်ထမ်းလောဟူသည့် ပြဿနာဖြစ်သည်။ ၀န်ထမ်းဆိုရာတွင် ရဲတပ်ဖွဲ့နှင့် တပ်မတော် သားများလည်း ပါဝင်ပါသည်။

မျက်စိတဆုံး သေသေချာချာမကြည့်ဘဲ ကိုယ်မြင်တာကွက်ကွက် ကြည့်ပြောမည်ဆိုလျှင် လခထုတ် သောနေ့တွင် ပိုက်ဆံများထုတ်ပေးသည်မှာ အစိုးရဖြစ်သည်။ အစိုးရဘဏ်များမှ ပိုက်ဆံကို မိမိဌာနမှအကြီး အကဲက သွား၍ ထုတ်ရသည်။ ထိုအကြီးအကဲကမှ လကုန်ရက်တွင် ၀န်ထမ်းများကို လုပ်ခလစာများ အသီးသီး ဝေငှပေးပါသည်။ ထို့ကြောင့် အစိုးရသည် မိမိတို့အလုပ်ရှင်၊ ကျေးဇူးရှင်၊ ထမင်းရှင်ဟု တွေးသော် တွေးနိုင်ပါ၏။ သို့သော် ထို့ထက်အလွန်စဉ်းစားကြည့်ဖို့ လိုသေးသည်။ အစိုးရသည် ထိုငွေများကို မည်သို့ရသနည်း။ မည်သူ တွေ၏ ငွေများနည်း။ ထိုငွေများသည် အစိုးရ၀န်ကြီးများ အာဏာစရသောနေ့တွင် တယောက် ဘယ်လောက် ထည့်ဝင်ကြမည်ဟု ညီညာဖြဖြတိုင်ပင်ကာ စေတနာအလျောက် အချိုးကျလှူဒါန်းထည့်ဝင်ကြသည့် ငွေများ ပေလော။ မဟုတ်ရေးချ မဟုတ်ပါပေ။ နိုင်ငံတော်ဘဏ္ဍာတိုက်အတွင်း ရောက်ရှိလည်ပတ် သုံးစွဲနေသော ငွေများမှာ ပြည်သူလူထု၏ငွေများဖြစ်ပါသည်။ တိုင်းသူပြည်သားများမှ အစိုးရသို့ပေးဆောင်ရသော ရေခွန်၊ မီးခွန်၊ အမှိုက်ခွန်၊ စည်ပင်သာယာခွန်၊ ဆိုင်းဘုတ်ခွန်၊ ကုန်သွယ်ခွန်၊ အမြတ်ခွန်၊ ပရီမီယံကြေး၊ ဈေးဆိုင်ခွန်၊ မြေဂရန်ခွန်၊ ၀ယ်ခွန်၊ ရောင်းခွန်၊ အမြတ်ခွန်၊ ဈေးကောက်ကြေး၊ လေလံကြေး၊ လိုင်စင်ကြေး၊ သတ္တုတူး ဖော်ရေးလုပ် ကွက်ငှားရမ်းကြေး၊ ကမ်းလွန်သဘာဝဓာတ်ငွေ့တူးဖော်ခွင့် လုပ်ကွက်ငှားရမ်းကြေး၊ ဝေဟင် ပိုင်နက် အသုံးပြုခများ၊ တိုင်းသူပြည်သားများပိုင်ဆိုင်သော သစ်တော၊ ကျောက်မျက်၊ ရေထွက်ပစ္စည်း၊ စိုက်ပျိုးရေး ကုန်စည်များ၊ ရေထွက်ပစ္စည်းများ၊ ဓာတ်သတ္တုများ နိုင်ငံခြားသို့တင်ပို့ရောင်းချခြင်းစသော ကဏ္ဍ အသီးသီးမှ ပြည်သူပိုင်ငွေများဖြင့် ဘတ်ဂျက်ခွဲဝေကာ ပြည်သူ့ငွေကိုဝန်ထမ်းများအတွက် သုံးနေခြင်းဖြစ်သည်။ ထို့ကြောင့် ၀န်ထမ်းများသည် အစိုးရငွေကို စားနေခြင်းမဟုတ်၊ ပြည်သူလူထု၏ထမင်းကို စားနေခြင်းဖြစ်သည်။ ၀န်ထမ်း၏ ကျေးဇူးရှင်အစစ်မှာ အစိုးရမဟုတ် ပြည်သူလူထုသာ ဖြစ်သည်။ ထို့ကြောင့် ၀န်ထမ်းသည် နိုင်ငံဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းသာဖြစ်၍ ပြည်သူလူထုက သဘောတူ ကြည်ဖြူသောပါတီကိုသာ မဲပေးရွေးချယ် ရမည်ဖြစ်သည်။ အစိုးရသည် ၀န်ထမ်း၏ကျေးဇူးရှင်ဆိုသော အယူအဆမှာ ပြည်သူလူထု၏ကျေးဇူးကို အစိုးရ က၀င်ပြီး အချောင်နာမည်ခံသော အယူအဆဖြစ်သည်။ နားမလည်သော ၀န်ထမ်းများကို အစိုးရအဆက်ဆက် မျက်လှည့်ပြခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ကတင်နေသော ပြည်ပချေးငွေ ဒေါ်လာသန်းပေါင်းများစွာကို ဆပ်ရမည့် သူများမှာ ပြည်သူများဖြစ်၍ ဆင်းသွားသော အစိုးရက ဆပ်မည်မဟုတ်ချေ။

အမှန်စင်စစ် အစိုးရသည် အိမ်ငှားနှင့်တူ၏။ ပြည်သူမှာ အိမ်ရှင်နှင့်တူပါသည်။ ဒီမိုကရေစီနိုင်ငံများတွင် အိမ်ငှားနှင့်တူသော အစိုးရသည် လေးနှစ်တကြိမ်၊ ငါးနှစ်တကြိမ် အမြဲပြောင်းလဲနေ၏။ အစိုးရဟူသော စကား သည်ပင်လျှင် အမှန်တရားနှင့် ဗုဒ္ဓဘာသာတရားဓမ္မနှင့်ဆန့်ကျင် နေသောစကားလုံးဖြစ်သည်။ အစိုးရဟူသည် တည်သည်၊ မြဲသည်၊ မပျက်မစီးအမြဲတည်နေသည့် (Permanent) ဟူသည့် အတ္တသဘောဖြစ်သည်။ ဗုဒ္ဓဘုရားရှင်က ဟောကြားခဲ့သည့် မည်သည့်အရာမှ အမြဲမတည်တံ့နိုင် (Nothing is permanent) ဟူသည် အနတ္တ၀ါဒ။ ထို့ကြောင့် ငါးနှစ်တကြိမ်ဆင်းသွားရတတ်၊ တက်လာရတတ်သည့် အုပ်ချုပ်သူအဖွဲ့တဖွဲ့ကို အစိုးရဟု နာမည်တပ်လိုက်ခြင်းကပင် အမှားကြီးမှားတော့သည်။ နိုင်ငံတကာတွင်လည်း အုပ်ချုပ်သူအာဏာပိုင် အဖွဲ့ကို Government ဟုပင်ခေါ်သည်။ Govern ဟူသည်မှာ အုပ်ချုပ်သည်ဟု အဓိပ္ပာယ်ရသဖြင့် Government မှာ အုပ်ချုပ်သူ၊ အုပ်စိုးသူဖြစ်ရမည်။ ထိုအဖွဲ့ကို ပြည်သူလူထုက မဲပေးရွေးချယ်ခြင်းဖြစ်သဖြင့် တက်လာလိုက် ဆင်းသွားလိုက်ဖြစ်နေမည်ဆိုခြင်းကြောင့် ထာဝရတည်မြဲခြင်း(အစိုးရခြင်း) ဟူ၍ ဖြစ်နိုင်မည်မဟုတ်ပါ။ အစိုးရဟူသောစာလုံးသည် မြန်မာနိုင်ငံသို့မည်သို့ မည်ပုံရောက်လာသလဲ မသိပါ။ မည်သည့်ပညာရှိက သုံးခဲ့သည်လည်း မသိပါ။ မြန်မာဘုရင်များလက်ထက်က အစိုးရဟူသော စာလုံးကိုမသုံး ပါ။ မင်းတုန်းမင်းအစိုးရဟူ၍ မသုံးပါ၊ အနော်ရထာအစိုးရဟူ၍ မသုံးပါ။ လက်ထက်တော်ကြီး၊ မင်းတရားကြီးနိုင်ငံတော်၊ ရွှေဖ၀ါးတော်အောက် စသည်ဖြင့်သာ သုံးပါသည်။ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးမှ British Administration/British Government ကို ဗြိတိသျှသည် ထာဝရတည်တံ့ မည့်သဘောမျိုး ဗြိတိသျှအစိုးရဟူ၍ ဗြိတိသျှကို(အစိုးရခြင်း)ဆိုသည်နှင့် တွဲချလိုက်ခြင်း ဖြစ်ဟန်တူသည်။ နယ်ချဲ့အလိုတော်ရိ တချို့က ဤစကားလုံးကို မျက်နှာလိုမျက်နှာရ ရှာဖွေပေးကြခြင်းဖြစ်ပုံရသည်။ ထိုအချိန်မှစကာ Governmentသည် မြန်မာနိုင်ငံဝယ်အစိုးရ ဟူ၍ဖြစ်လာခဲ့သည့် လက္ခဏာရှိပေသည်။ အစိုးရဟူသည်မှာ မပျက်စီးနိုင်သည့်သဘော၊ မပြောင်းလဲတော့သည့် သဘောဆောင်နေပါသည်။ အာဏာရှင် များအတွက်တော့ မှန်ပေသည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၆၂ မှစကာ ဗိုလ်ချုပ်နေ၀င်း နိုင်ငံတော် အာဏာကိုလက်နက်ဖြင့် သိမ်းပိုက်လိုက်သည်မှစကာ ၁၉၈၈ အထိ ၂၆ နှစ်တာနည်းအမျိုးမျိုးဖြင့် မဆင်း တော့ဘဲ အုပ်ချုပ်ခဲ့သဖြင့် သူတို့သည် အနိစ္စ၏ပြောင်းပြန် နိစ္စ(အစိုးရ) ဖြစ်ပေတော့သည်။ ၁၉၈၈ မှစကာ အာဏာသိမ်းတပ်မတော် အစိုးရသည်လည်း နိစ္စလမ်းစဉ်ကိုသာလိုက်လျက် ၁၉၈၈ မှ ၂၀၁၀ အထိ ၂၂ နှစ်တိတိ စိုးမိုးအုပ်ချုပ်ခဲ့ပြန်သည်။ ထိုအဖွဲ့ပင် ပါတီထောင်လျက် ၂၀၁၀ မှစကာ အုပ်ချုပ်ခဲ့ပြီး ၂၀၁၅ တွင်လည်း အလျှော့မပေးဘဲ အနာဂတ်တွင် ဆက်လက်၍ အစိုးရချင်ပြန်ပါသည်။ ထို့ကြောင့် မျက်စိလည်သူများကိုလည်းအဆိုးမဆိုသာ၊ မြန်မာနိုင်ငံတွင် နိုင်ငံတော်အာဏာကိုရသည့်အဖွဲ့သည် မဆင်းတော့ဘဲ အမြဲကုတ်ကပ်နေသဖြင့် ထိုလူများကိုအစိုးရ (၀ါ) အမြဲရှိနေမည့်သူများဟု ၀န်ထမ်းများထင်မှတ်လာကာ သူတို့ကိုယ်သူတို့ ပြည်သူ့ဝန်ထမ်းဟူ၍ မမှတ်ယူကြတော့ဘဲ အစိုးရ၀န်ထမ်း ဟုသာ ထင်ယောင်လာကြခြင်းဖြစ်သည်။ အဓိကလက်သည်တရားခံကတော့ ငါးနှစ် တကြိမ် ရွေးကောက်ပွဲ မလုပ်၊ အာဏာလွှဲမပေးဘဲ နှစ်ပေါင်းများစွာ ကုလားထိုင်ပေါ်တက်နေခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် အခိျု့သောသူများ၏ အမြင်တွင် ငါတို့၏ထမင်းရှင်၊ အလုပ်ရှင်မှာ ပြည်သူလူထုဆိုသည်ထက် ကုလားထိုင်ပေါ်မှ လူများဖြစ်သည်ဟု လွဲမှားစွာမှတ်ယူလာခဲ့ကြခြင်းဖြစ် သည်။ အမှန်စင်စစ် ဒီမိုကရေစီစနစ်တွင် ကုလားထိုင်ပေါ်မှ လူများသည် ငါးနှစ် တကြိမ် (သို့မဟုတ်) လေးနှစ်တကြိမ် ပြောင်းကြရမြဲဖြစ်ပြီး မပြောင်းမလဲ (အစိုးရ)နေသည်မှာ ပြည်သူလူထုကြီးဖြစ်သည်။

ထိုသို့စဉ်းစားပြီးသော် ၀န်ထမ်းများ သည် မည်သည့်ဘက်တွင် ရပ်ရမည်၊ မည်သူ့အပေါ်တွင် သစ္စာရှိရမည် ဟူ သည့်အချက်မှာ အထူးအထွေ ရှင်းပြစ ရာလိုတော့မည် မဟုတ်ပေ။ ထမင်းရှင် သည် ပြည်သူလူထုဖြစ်သဖြင့် ပြည်သူ လူထု၏ဘ၀ကို ပိုမိုတိုးတက်ကောင်းမွန် အောင် လုပ်နိုင်မည်ဟု ယူဆသောပါတီ၊ ယူဆသောပုဂ္ဂိုလ်ကို မဲပေးရွေးချယ်ရ မည်ဖြစ်သည်။ ယခင်ကလို အစိုးရ ၀န်ထမ်းမို့ အစိုးရပါတီကိုပဲ မဲထည့်ရမယ် ဟူသော တလမ်းသွား စိတ်ထားများ ထားစရာမလိုတော့ပေ။

အခိျု့ဝန်ထမ်းများကား ယခုထက် တိုင် ကြောက်စိတ်များ မကုန်နိုင်သေး။ မန်နေဂျာ၊ ညွှန်မှူး၊ ညွှန်ချုပ်၊ ၀န်လေး၊ ၀န်ကြီး၊ အစိုးရ၊ ဗိုလ်ချုပ်ကြီးများ၊ အဘ စသည့်စကားလုံးများကို ကြားသည်နှင့် ဒူးဆတ်ဆတ်တုန်အောင်ရိုကျိုး ကြောက်လန့်ကြ၏။ ဘ၀ပေးအခြေအနေအရ ကြောက်လန့်ကြသည်ကို အပြစ်မဆိုပါ။ ကြောက်အောင်လုပ်၍ ကြောက်ရခြင်း ဖြစ်ကောင်းဖြစ်ပါမည်။ သို့သော် တနင်္ဂနွေနေ့တွင် ကျရောက်တော့မည့် ရွေး ကောက်ပွဲမဲပေးရာတွင် မကြောက်ပါနှင့်။ မည်သူမဆို မဲရုံအတွင်း မဲပေးကြရာတွင် မဲလက်မှတ်ပေါ်၌ တံဆိပ်တုံး ထုချိန်ဝယ် မိမိအပါး၌ မည်သူမှ စောင့်ကြည့်နေမည် မဟုတ်ပါ။ ကိုယ်တယောက်တည်း လွတ်လွတ်လပ်လပ် လုပ်နိုင်ပါသည်။ မိမိစေတနာရှိသောပါတီကို မဲပေးခြင်းအတွက် မည်သူကမှ သိနိုင်မည် မဟုတ်ပါ။ မဲလက် မှတ်တွင် နံပါတ်အမှတ်အသား၊ နာမည်များပါသည် မဟုတ်သဖြင့် သင့်ကိုမည်သူကမျှ ဘယ်ပါတီကို မဲပေးသည်ဟု ခြေရာခံနိုင်မည်မဟုတ်ပါ။ ထိုအချက်သည် အရေးကြီးပါသည်။ ထပ်ပြောပါမည်။ သင်ဘယ်ပါတီ ကိုမဲပေးခဲ့သည်ဆိုခြင်းကို မည်သူမျှ မသိနိုင်ပါ။ ငါတို့က မင်းဘယ်ကိုမဲပေးလဲ သိတယ်ဟုပြောလျှင် ထိုလူသည် လိမ်ညာခြင်းဖြစ်သည်။ အကြီးစား မုသာဝါဒ ခြိမ်းခြောက်မှုဖြစ်သည်။ မလျော်သြဇာသုံး ခြင်းဖြစ်၍ ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းပါသည်။ အစိုးရ၀န်ထမ်း မဟုတ်သော်လည်း စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ လည်း ထိုနည်းနှင်နှင် ဖြစ်သည်။

သင်တို့ဘယ်ပါတီကို မဲပေးသည်ဆိုခြင်းကိုမည်သူမျှ မသိနိုင်ပါ။ မဲပြားအားလုံးမှာ တပုံစံတည်း ဖြစ်ပြီး အမှတ်အသားမပါသဖြင့် မည်သူပေးသော မဲလက်မှတ်ဆိုသည် ကိုလိုချင်၍ တမင်ပြန်ရှာသော်မှ တွေ့တော့မည်မဟုတ်ပါ။ ထို့ကြောင့် မဲလက်မှတ်ဆန္ဒပြုခန်းတွင် မည်သူမှမမြင်နိုင်သဖြင့် မိမိနှစ်သက်ရာပါတီ ကို ရဲရဲဝံ့ဝံ့မဲပေးကြပါ။ အလုပ်ရှင်က ဘာပဲပြောသည်ဖြစ်စေ၊ အထက် လူကြီးက ဘာပဲညွှန်ကြားသည်ဖြစ်စေ မိမိဘ၀ရှေ့ရေး၊ မိမိသားသမီး များ နောင်ရေးအတွက် မြန်မာနိုင်ငံကို ဒီထက်ကောင်းအောင်လုပ်နိုင် မည့်အဖွဲ့ ၏ တံဆိပ်ဘေးတွင်သာ တံဆိပ်တုံးတကြိမ်နှိပ်လိုက်ပါ။ တကြိမ်သာနှိပ်ပါ။ ပိုမနှိပ်ပါနှင့်။ ပယ်မဲဖြစ်တတ်သည်။ ဤတကြိမ် တမိနစ်လောက် သတ္တိရှိလိုက်လျှင် တိုင်းပြည်တွင်ကြီးစွာသော အပြောင်းအလဲ စတင်မည်ဖြစ်သည်။

ပထမဆုံးအနေဖြင့် သင်တို့ကိုအမြဲထာဝရ အကြောက်တရားဖြင့် ခြိမ်းခြောက်နေသော ထိပ်ဆုံးမှပုဂ္ဂိုလ်များ အားလုံး အစိုးရအဖွဲ့သစ်တွင် ပြန်ပါလာမည် မဟုတ်တော့ပါ။ သူတို့ပြုတ်ပါလိမ့်မည်။ ထိုသူများနေရာတွင် လူမှန်နေရာမှန်ဝါဒဖြင့် တကယ်တတ်ကျွမ်းသူပညာရှင်များ ၀န်ကြီးဌာနအသီးသီးသို့ ရောက်လာပါလိမ့်မည်။ မတတ်ဘဲနှင့် တတ်ယောင်ကားလုပ်နေသူများ၊ နေရာတကာပါနေသူများကို တားဆီးနိုင်ပါလိမ့်မည်။ အမြဲရှုံးနေသော ဘောလုံးသင်းတသင်းအတွက် အရင်ဆုံးလုပ်ရမည်မှာ နည်းပြပြောင်းရပါမည်။ ထို့အပြင် စွမ်းဆောင်ရည်နိမ့်ကျနေသော ဘောလုံးသမားအားလုံးကို စွမ်းဆောင်ရည်မြင့်သော မျိုးဆက်သစ်ဘောလုံး သမားများနှင့် အစားထိုးရပါမည်။ ထိုသို့လုပ်သောအခါ အောင်မြင်သောသာဓက ရှိခဲ့ပြီးဖြစ်ကြောင်း ပြီးခဲ့သော စင်ကာပူဆီးဂိမ်းတွင် မြန်မာယူ ၂၃ အသင်း ဖိုင်နယ်အထိတက်ကာ ငွေတံဆိပ်ရခဲ့ခြင်း၊ နယူးဇီလန်ယူ ၂၀ ကမ္ဘာ့ဖလားတွင် မြန်မာအသင်းပါဝင်ခွင့်ရခဲ့ခြင်းတို့က သက်သေခံနေပါသည်။ လူအိုခြေကျတို့ဖြင့် ဆက်ကန် လျှင် ဘယ်လိုမှနိုင်ပွဲရမည်မဟုတ်တော့ပါ။ ပြောင်းလဲချိန်တန်ပါပြီ။

ဘာကိုပြောင်းလဲမလဲဟုဆိုလျှင် ကွန်မြူနစ်စနစ်ကိုလဲမဟုတ်၊ ဆိုရှယ်လစ်စနစ်ကိုလဲမဟုတ်၊ လူဟောင်းများ ခြေစွမ်းမပြနိုင်ဘဲ ကွင်းထဲမှာပေကပ်ပြီး ဆက်ကစားနေသောစနစ်ကို ပြောင်းလဲလိုခြင်းဖြစ်သည်။ အာဏာတခါရလျှင် ဘယ်တော့မှဆင်းမပေးချင်တော့ဘဲ ပေကပ်ကာထိုင် ချင်နေသောစနစ်ကို ပြောင်းလဲ လိုခြင်း ဖြစ်သည်။ လူတော်လူကောင်းများကို နေရာမပေးဘဲ တပ်မတော်သားအရာရှိဟောင်းများသာ နိုင်ငံရေး နှင့် အုပ်ချုပ်ရေးကို လွှမ်းမိုးထားချင်သောစနစ်ကို ပြောင်းလဲလိုခြင်းဖြစ်သည်။ ကမ္ဘာတွင် အဘက်ဘက်မှ မျက်နှာငယ်နေရသော မြန်မာတို့၏ဘ၀ကို ပြောင်းလဲလိုခြင်းဖြစ်သည်။

ထိုသို့ပြောင်းလဲဖို့အတွက် ကျွန်ုပ်တို့ဘက်က လုပ်ရမည့်အချက် တခုပဲရှိသည်။ တသက်လုံးကြောက်လာသော အကြောက်တရားကို စက္ကန့်ပိုင်းမျှဘေးဖယ်၍ မိမိလိုလားသောပါတီတံဆိပ်၏ နံဘေးစက္ကူအဖြူကွက်ပေါ်တွင် တံဆိပ်ကလေးနှိပ်လိုက်ဖို့သာဖြစ်သည်။ လူထုလိုလားသောပါတီတွင် သင်က တံဆိပ်နှိပ်ပြီးမဲပေးလိုက်ပါ။ ကျန်တာကိုတော့ နိုင်ငံရေးသမားများက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ အကြောက်တရား ကင်းသောဘ၀တခုကိုရဖို့ဆိုလျှင် စက္ကန့်ပိုင်း မိနစ်ပိုင်းမျှလောက် ရဲရဲဝံ့ဝံ့ သတ္တိမွေးကြပါ။ ၀န်ထမ်းဟူသည် ပြည်သူလူထုကကျွေးသောထမင်းကို တသက်လုံးစားခဲ့သူများဖြစ်သည်။ သင်တို့၏လစာငွေမှာ အစိုးရငွေမဟုတ်၊ ပြည်သူလူထု၏ငွေဖြစ်သည်။ ပြည်သူသာအမိ ပြည်သူသာအဖဖြစ်သည်။ သင့်လက်ထဲမှ မဲတပြားသည် အာဏာရှင် သက်ဆိုးရှည်ရေးမဖြစ်ပါစေနှင့်။ မဲတပြားသည် ကျည်ဆန်တတောင့်နှင့်တူပါသည်။ သင့်ကိုပစ်မည့် သေနတ်ထဲသို့ ကျည်ဆန်ကို ထည့်မပေးမိပါစေနှင့်။

သရ၀ဏ် (ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/


စစ်တွေ၊ နိုဝင်ဘာ ၇

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ပညာရေးဝန်ထမ်းတချို့ ကိုယ်ကြိုက်သည့် ပါတီကို ကြိုတင်မဲ ပေးခွင့် မရဟု အဆိုပါဝန်ထမ်များက နိရဉ္စရာသို့ပြောသည်။

“ကျမတို့ကြိုက်တဲ့ပါတီကို ကြိုတင်မဲပေးမယ်ဆိုရင် တံဆိပ်တုံးမရှိဘူးတို့၊ ဘာတို့ညာ တို့နဲ့ အမျိုးမျိုး အကြောင်းပြပြီး သူတို့(ကော်မရှင်)ကြိုက်တဲ့ပါတီ ဥပမာ ကြံ့ခိုင်ရေးပါတီတို့၊ ရခိုင်မျိုးချစ်ပါတီ ဆိုရင် အဆင်ကိုပြေလို့” ဟု ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ မှ ပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

ဝန်ထမ်းများ ကြိုတင်မဲပေးရာတွင် အပေါက်ဝကျေးရွာအုပ်စုရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ဘက်လိုက်မှုရှိနေသည်ဟုလည်း ကြိုတင်မဲပေးခွင့်မရသေးသည့် ဝန်ထမ်းများက ဆိုသည်။

“ကျမတို့ မနေ့ကလည်း တစ်နေကုန်စောင့်ပြီးပြီ။ အဆင်မပြေဘူး။ မနက်ဖြန်ဆို မဲရုံစောင့်ဖို့ သွားရဦးမယ်။ အခုထိ ကြိုတင်မဲပေးခွင့် မရသေးဘူး။ ကော်မရှင်အဖွဲ့တွေ တော်တော် ဗရုတ်သုတ်ခဖြစ်နေပါတယ်။ အခုဆို ကျမတို့ရွာရဲ့ ချောင်းဖျားရပ်ကွက်အုပ်စုဘက်မှာလည်း အဲလိုဖြစ်နေတယ်လို့ကြားပါတယ်”ဟုလည်း အဆိုပါကျေးရွာနေ ဝန်ထမ်းတစ်ဦးက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အပေါက် ဝကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးဦးသာဖြူအား ဆက်သွယ်မေးမြန်းရာ ယခုကိစ္စမှာ မဟုတ်မှန်ဟုဆိုသည်။

“ကြိုတင်မဲကို ကလိန်ကကျစ်လုပ်တာမရှိဘူး။ အခုထိလည်း လက်ခံနေတုန်းပဲ။ ကျနော်တို့ ကော်မရှင် အဖွဲ့ဆိုတာ ဘယ်ပါတီထည့်ပါ၊ ညာပါတီထည့်ပါလို့ပြောဖို့ကိုထားဦး၊ ပါတီတွေလာစည်းရုံးရင်တောင်မှ သွားနားမထောင်ဘူး။ ကျနော်တို့ကော်မရှင်အနေနဲ့ ဘယ်သူ့ကိုမှလည်း ဘက်လိုက်စရာမလိုဘူး”ဟု ဦးဦးသာဖြူက နိရဉ္စရာသို့ပြောသည်။

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအုပ်စုတွင် ဆန္ဒမဲပေးခွင့်ရှိသည့်ဦးရေ ၆ဝဝဝ ကျော်ရှိသည် ဟုလည်း ဦးဦးသာဖြူ၏ပြောပြချက်အရ သိရသည်။

မာန်ယုကျော် (ရွှေဝမြေ)
Arakan State
https://www.facebook.com/NarinjaraNews




အချိန်ကား ၂၀၁၂ ဂျွန်လ ၂၁ ရက်
ခရမ်းရောင် လက်ရှည် မြန်မာ အမျိုးသမီးရိုးရာ ၀တ်စူံ နှင့် အဖြူရောင် ပါဝါလေးကို သေသေသပ်သပ် ခြုံကာ ၀တ်ဆင်ထားသော ပါးပါးလျလျ မြန်မာ သမျိုး သမီးတဦးက တလှမ်းချင်း တလှမ်းချင်း အိနြေ္ဒရရ နှင့် ၀သ်မင်စတာ ပါလီမာန် အဆောက်အအ ခမ်းမထဲရှိ ဗြိတိသျှ ပါလီမာန်ရဲ့ အထက်လွှတ်တော် နှင့် အောက်လွှတ်တော် ၂ ရပ်ပေါင်း အမတ်များရဲ့ စုဝေးရာ ပူးတွဲ အစည်းအဝေး တွင် မိန့်ခွန်းပြောကြားရန် ရောက်ရှိလာခဲ့သူက မြန်မာပြည်ရဲ့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။

ထိုကဲ့သို့ ပူးတွဲ ပါလီမာန် တွင် မိန့်ခွန်းပြောကြားဘို့ အထူး အခွင့်အရေးကို ရရှိခဲ့သူများမှာ လက်ချိုးရေပါက လက် ၅ ချောင်း ပင် ပြည့်မည်မဟုတ်ပေ၊ သူတို့ကာ အသားအရောင်ခွဲခြားရေးအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့သူ နဲလ်ဆန် မင်ဒဲလား၊ ပုပ်ရဟန်းမင်းကြီး Benedict XVI နှင့် ဘာရက် အိုဘားမား တို့ပဲ ရရှိခဲ့ဘူးပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်က ဘာမှ ရှေရှေဝေးဝေး ပြောမသွားခဲ့၊ အနာဂါတ် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ပြန်လည် တည်ဆောက် ရေး နှင့် စီးပွားရေးတို့တွင် လာရောက် ရင်းနှီးမြှုပ်နှံပေးကြပါရန် မေတ္တာရပ်ခံ တောင်းဆိုသွားခဲ့ပါတယ်။

ဤသည်ကို ကြည့်က “ဆာ” ဘွဲ့ရ နယ်စားပါယ်စား မြို့စားကြီးများသာ ပါဝင်သည့် ဗြိတိသျှ အထက်လွှတ်တော် နှင့် အောက်လွှတ်တော် ၂ ရပ်ပေါင်း နိုင်ငံရေးသမားကြီးများက မည်မျှအထိ သူမရဲ့ ဂုဏ်သိက္ခာ နဲ့ တိုင်းပြည်အတွက် ကိုယ်ကျိုးမဖက် စွန့်လွှတ်နိုင်မှုတို့အား မည်မျှ အလေးထားခဲ့ကြသနည်းကို တကမ္ဘာလုံးက လေးစားခဲ့ရသည့် နဲလ်ဆန် မင်ဒဲလား နှင့် တန်းတူထား ဂုဏ်ပြုခဲ့ကြသည်။

ထိုသို့သော တိုင်းပြည် ခေါငိးဆောင်ကြီးတယောက်ကို မိမိတို့တိုင်းပြည် လူထုက အရှုံးထဲက အမြတ်ဟု ကံကောင်းထောက်မစွာ ပိုင်ဆိုင်ထားခဲ့ပေသည်။

အရှေ့တောင်အာရှရဲ့ တရုတ်တန်း ဟု အခေါ်ခံခဲ့ရသော ဆင်းရဲသော ကျွန်.းစုကလေးအား ကမ္ဘာ့ထိပ်တန်း အချမ်းသာဆုံး နိုင်ငံ စာရင်းဝင်အောင် ဆွဲတင်ပေးနိုင်ခဲ့သော လီကွမ်းယု၊ စစ်အေးတိုက်ပွဲ ကာလတလျောက်လုံး “Our man from East Eden” ဟု ခေါ်ဝေါ် သမုတ်ချင်း ခံရသည့်အထိ အားကိုးရလောက်အောင် အမေရိကန် နှင့် အင်္ဂလိပ်တို့အတွက် ကွန်မြူနစ် အန္တရာယ်ကို မားမားမတ်မတိ ကာကွယ်ပေးခဲ့သည့် လီကွမ်းယု အား ဇြိတိသျှ တို့က ကျောသပ်ရင်သပ် သာ လုပ်ခဲ့ကြပေမယ့် နိုင်ငံအတွက် ကိုယ်ကျိုးမဖက် အနစ်နာခံခဲ့သည့် ဟူသော စံနှုန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား လားလားမျှပင် မမှီဟု သူတို့ မျက်စိထဲတွင် ပုံဖေါ်၍ကား မရခဲ့သဖြင့် မြန်မာ စစ် ဗိုလ်ချုပ်များအား ကုန်စုံဆိုင်တခုတောင် ဖြစ်မြောက်အောင် လုပ်နိုင်စွမ်း မရှိဟု မှန်ကန်စွာ ထောက်ပြ ရှုတ်ချနိုင်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါကို မမှီခဲ့ရရှာပေ၊

ထို အခွင့်အရေးမျိုး ရရန် နည်းမျိုးစုံ ဖြင့် ကြိုးပမ်းခဲ့ပေမယ့် သေသာ သွားခဲ့ရသည်။ ရမသွားခဲ့ရရှာပေ၊

ထိုကဲ့သို့သော ဂုဏ်သိက္ခာကြီးမြင့် လှသည့် ကမ္ဘာတ၀ှမ်းက စံပြုရရှာသည့် ခေါင်းဆောင်ကြီးအား ရွေးချယ်ခွင့် ရထားပါလျက် ထို အခွင့်အရေးကို မသုံးနိုင်ခဲ့ပါက အသိပညာ အရာတွင်ကျွန်တော်တို့ လူမျိုးများအတွက် ကြီးလေးသော ဖျေက်ဖျက်မရသော အမဲကွက်ကြီး စွန်းထင် ကျန်ခဲ့ကြပေလိမ့်မည်ကို အထူးတလည် စိုးရိမ်၍ အခက်အခဲများအကြားမှ ဤ စာစု ကို ကျွန်တော် အမှီရေး၍ တင်ပြ လိုက်ပါသည်။

HSW
BrainWave ဉာဏ်လှိုင်း

၁- ဘာသတင်းကြားကြား ချင့်ချိန်ပြီး ယုံပါ။ ရောက်လာနိုင်စရာရှိတဲ့ သတင်းတွေ အများကြီးပါ၊ ခြောက်ခြားစရာ၊ ဒေါသထွက်စရာ၊ စိတ်ပျက်စရာ ရောမွှေလာပါလိမ့်မယ်။ ဆင်းတုတော် မျက်ရည်ပဲ ကျကျ၊ မျက်လုံးတစ်ဖက်ပဲပွင့်ပွင့် စိုးရိမ်ပူပန်စရာ အကြောင်း မရှိပါ။ တစ်ခုရှိတယ်။ တစုံတစ်ယောက်၊ တစ်သင်းတဖွဲ့က ရုတ်ရုတ်သည်းသည်း ဖြစ်အောင်လုပ်နေရင် ၀ိုင်းအုံရပ်ကြည့်တာမျိုး မလုပ်ပါနဲ့။ တာဝန်ရှိသူတွေကပဲ အမြန်ဆုံး လူစုခွဲအောင် လုပ်ပေးပါ။

၂- ပြည်သူကို ခြောက်ခြားအောင် လုပ်လာလိမ့်မယ်။ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပါ။ ဒီအချိန်မှာ ဖြစ်လာတာမှန်သမျှဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ပါ။ ဖြစ်စဉ်ဖြစ်ရပ်တွေမှာ မျောပါမသွားကြဖို့ သိပ်အရေးကြီးပါတယ်။

၃- နိုင်ငံသားတစ်ယောက်ဟာ နိုင်ငံသားသက်သေခံ မှတ်ပုံတင်ကိုင်ထားတယ်။ မိသားစုနေတဲ့ သန်းကောင်စာရင်း ရှိတယ်။ သူ့ကို မဲစာရင်းမှာ ပါအောင် ထည့်သွင်းရမှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အလုပ်ပါ။ မဲစာရင်းမှာ အမှားပါအောင်လုပ်တာ ရွေးကော်တာဝန်ပါ။ သူမဲစာရင်း စစ်ဖို့ တာဝန် မရှိပါဘူး။ မှန်အောင်ထည့်ဖို့က ရွေးကော်အလုပ်ပါ။ ပြည်သူက တာဝန်ခံ စစ်ပေးတာတောင်ပြည်သူကို အပြစ်တင်လိုက်၊ ပါတီတွေ အပြစ်တင်လိုက်လုပ်နေတဲ့ ရွေးကော်ဟာ ပြည်သူတွေရဲ့ အမြင့်ဆုံးအာဏာဖြစ်တဲ့ မဲပေးပိုင်ခွင့်ကို ဆုံးရှုံးအောင် လုပ်တဲ့ အပြစ်ရှိပါတယ်။ သဘောရိုးနဲ့ဆိုရင် စွပ်စွဲပြစ်တင်ခြင်း မပြုထိုက်ဘူးလို့ ဥပဒေရှိပေမယ့် အခုလောက်အမှားများလာတာ သဘောရိုး ဟုတ်မဟုတ် လူတိုင်း သိပါတယ်။ ဒါတွေအတွက် ရွေးကော်က တာဝန်ခံရပါလိမ့်မယ်။ ပြည်သူတွေတာဝန်က ကိုယ့်ရဲ့ မဲပေးခွင့်အခွင့်အရေး ဘယ်လိုကြောင့် ဆုံး၇ှုံးတယ် ဆိုတာ သိအောင် မှတ်ထားဖို့ပါပဲ။

၎- ၀န်ထမ်းတွေ မဲထည့်တာ ကုတ်နံပါတ်နဲ့ ထည့်တယ် ဘာတယ်ပြောရင် မယုံပါနဲ့။ မဲပေးတာသည် လျှို့ဝှက်ပေးတာပါ။ ဘာကုတ်မှ မရှိပါဘူး။ ကိုယ်ပေးချင်တဲ့ ပါတီကို လွတ်လွတ်လပ်လပ် ပေးနိုင်ပါတယ်။ ပြောရရင် အခုလို ကြောက်နေရတဲ့ ဘ၀က လွတ်အောင် ကိုယ့်မဲတပြားက စပြီး ရဲရင့်လိုက်ပါ။ ကိုယ်ဘယ်သူ့ကို မဲပေးခဲ့တယ်ဆိုတာ ဘယ်သူမှ မပြောချင်ပဲ အတင်းအကြပ်မေးခွင့် မရှိပါ။ မေးလာရင် ငြင်းပယ်ခွင့် ရှိပါတယ်။

၅- ဖြစ်ပျက်သမျှ ထူးခြားမှုတိုင်းကို သက်သေအထောက်အထားနဲ့ မှတ်ထားပါ။ ဘယ်သူက စတင်တယ်။ ဘယ်သူက ဘယ်သတင်းဖြန့်နေတယ်ဆိုတာ မှတ်စုနဲ့ မှတ်ထားရင် ပိုကောင်းပါတယ်။ ပုံမှန်မဟုတ်တဲ့ကိစ္စတိုင်းဟာ နောက်ကွယ်မှာ တခုခု ရည်ရွယ်ရင်း ရှိနေတတ်ပါတယ်။

၆- အားလုံး သတိကြီးကြီး ကျော်လွှားနိုင်ကြမှာပါ။ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ဘယ်သူခြောက်ခြောက် ကြောက်စရာမလိုပါ။ ကိုယ့်ရပ်ကွက် အေးချမ်းအောင် ကိုယ်ပဲ တာဝန်ယူကြပါ။

သက္က မိုးညို

လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အများအပြား ကျူးလွန်ခဲ့တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ကို တာဝန်ရှိသူအဖြစ် အရေးယူဖို့ မြန်မာအစိုးရကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းတင်ပြလိုက်ကြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ Human Rights Council ရဲ့ အဖွဲ့ဝင်နိုင်ငံများအပေါ်သုံးသပ်တဲ့ Universal Periodic Review (UPR) ညီလာခံမှာ မနေ့က တင်ပြလိုက်ကြပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ဖြစ်ပွါးခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ ၂ဝ၁၂ ခုနှစ် လက်ပံတောင်းတောင်ဒေသ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွဲမှုတွေ၊ ၂ဝ၁၅ မတ်လ လက်ပံတန်း ကျောင်းသားများကို အကြမ်းဖက် ဖြိုခွဲမှုတွေမှာ အဓိကတာဝန်ရှိသူအဖြစ် စုံစမ်းအရေးယူဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒီကိစ္စမှာ မြန်မာအစိုးရက အရေးမယူဘူးဆိုရင် နိုင်ငံတကာ ရာဇဝတ်ခုံရုံးအထိ တင်ပြ ဆောင်ရွက်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။

(အောက်တိုဘာလ ၁ ရက်နေ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားမှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို မိန့်ခွန်းပြောကြားစဉ်)

RFA
Arrest Burma's General Ko Ko for War Crimes & Crimes Against Humanity
Human Rights Groups Call for Arrest and Prosecution of Myanmar’s Minister of Home Affairs General Ko Ko arrest for War Crimes and Human Rights Violations.

FOR IMMEDIATE RELEASE

November 5, 2015

Geneva and New York – Tomorrow, an alleged war criminal accused of torture, murder, enslavement, pillage, rape, and forcible population transfer, is scheduled to present Myanmar’s human rights record at the United Nations.

In response, the Global Justice Center (GJC) and Justice Trust released an indictment charging Lieutenant General Ko Ko with war crimes, crimes against humanity, and torture, including rape and other sexual violence crimes.

The indictment expands on the 2014 findings by Harvard Law School’s International Human Rights Clinic that clear evidence exists to arrest and prosecute Ko Ko for his command role in brutal army offences against the civilian population in the Karen ethnic area.

“Despite states’ duties to act when a country terrorizes and tortures its own citizens with impunity, Myanmar remains a protected ‘law free zone.’ Victims of heinous military crimes, including ethnic women and girls, are entitled to justice in their lifetimes,” said GJC President Janet Benshoof.

Local efforts to hold Ko Ko accountable have been stonewalled, and advocates for justice retaliated against. Undeterred, a coalition of more than 500 civil society groups in Myanmar, supported by international human rights organizations, are urging the international community to take steps to hold Ko Ko criminally accountable for past and ongoing crimes.

The indictment also documents his responsibility as Minister of Home Affairs for systemic human rights abuses committed by the police since 2012.

“Under Lieutenant General Ko Ko’s leadership, police forces have engaged in a widespread and consistent pattern of unlawful actions, including a phosphorus weapons attack against monks and villagers protesting the Letpadaung copper mine, and brutal beatings and arbitrary arrests of students,” said Justice Trust Executive Director Roger Normand. “Yet national level efforts to secure justice are blocked by the military and the judiciary at every turn.”

Despite the much-touted transition to a nominally civilian government in 2011, the impunity enjoyed by Ko Ko demonstrates the military’s continued iron grip on power. Despite national elections on November 8, this is not likely to change any time soon, as the military-designed 2008 Constitution enables the military to operate independent of any civilian authority.

Although, due to UN immunities, this indictment cannot be used to arrest Ko Ko in Geneva tomorrow, it can be used as the basis for future prosecution under the principle of universal jurisdiction, including in the International Criminal Court should the Security Council refer the situation in Myanmar to the ICC as it has with Sudan and Libya.

For more information contact:

Akila Radhakrishnan (New York), aradhakrishnan@globaljusticecenter.net, +1.212.725.6530 ext. 203

Roger Normand (Bangkok) roger.normand@justicetrust.net +66.84.524.11
Listing Details
Issues
War Crimes/Crimes Against Humanity
Regions
Burma
Document Types
Miscellaneous
Projects
Burma
Publication Year2015

ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့်မှာ သူတက်လာကတည်းက အခုထိ ခြောက်သောင်း ကျော် သွားပြီ။ ဘာလို့ ဒီရာဇ၀တ် သားတွေကို လွှတ်ပေးနေရတာလဲ ဆိုတာ အမြဲတမ်း ဝေဖန်နေတယ်။ သိပ်သဘောမပေါက်ဘူး။ အခုမှ သဘောပေါက်လာ တယ်။ ဒေါ်အောင်ဆန်းစုကြည်က တရား ဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့အချိန်မှာ လုပ်ကိုင်မရအောင် ရည်ရွယ်ချက်တစ်ခု ပါပုံရတယ်။ အခု ရွေးကောက်ပွဲနားကပ်လာတဲ့အခါမှာ အဲဒီသူတွေက ဆူပူပြီး၊ လှုံ့ဆော်ပြီး လူတွေဟာ အကြောက် တရားတွေဖြစ်လာပြီ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် နိုဝင်ဘာ၈ရက်သို့ နီးကပ်လာသည့် ရက်ပိုင်းအတွင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို မဖွယ်မရာပြုလုပ်ဖြန့် ဝေခဲ့သူ အား အာမခံမပေးရသည့် ပုဒ်မဖြင့် တရားစွဲထားသော်လည်း အာမခံပေးခြင်းနှင့် NLD ပါတီ၏ လက်ရှိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းနှင့်အဖွဲ့ဝင်နှစ်ဦးတို့ ဓား ခုတ်ခံရမှုအား ချက်ချင်းမစစ်ဆေးဘဲ ရွေးကောက်ပွဲပြီးမှသာ စစ်ဆေးရန် အာဏာပိုင်များက ဆုံးဖြတ်ခြင်းတို့ရှိ နေသော်လည်း တစ်ဖက်တွင် ကျောင်းသားခေါင်းဆောင်များအား ဖမ်းဆီးကာ ချက်ချင်းဆိုသလို ရုံးထုတ်ခြင်း များပြုလုပ်နေခြင်းမှာ တရားဥပဒေစိုးမိုးမှုမရှိခြင်း၏ ပြယုဂ် များပင်ဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ …အာမခံမရှိသောအမှုအား အာမခံပေးမှုမှာ လုပ်ထုံးလုပ်နည်းအရလွဲချော်နေခြင်း၊ ဦးနိုင်ငံလင်းမှာ ၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံတော်အား ကိုယ်စားပြုသည့်ပုဂ်္ဂိုလ်ဖြစ်သော်လည်း ကျူးလွန်သူများအား နိုင်ငံတော်နှင့် သက်ဆိုင်သည့် ပုဒ်မများမတပ်ဘဲ ခိုက်ရန်ဖြစ်ပွားမှု ပုဒ်မများသာတပ်၍တရားစွဲခြင်းတို့မှာ လက်ရှိအာဏာပိုင် အဖွဲ့အစည်းများ၏ ဘက်လိုက်မှုဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိသလို ယင်းသို့ဖြစ်ရခြင်းမှာလည်း ၂၀၀၈ အခြေခံဥပဒေပါ တရားစီရင်ရေးစနစ်၏ အားနည်းချက်ဟု သုံးသပ်မှုများလည်းရှိသည်။ ထိုသို့ တရားစီရင်ရေး စနစ်၏ မမျှတမှု၊ အားနည်းမှုများအပေါ် နယ်ပယ်အသီးသီးမှ ဝေဖန်မှုများထွက်ပေါ် လျက်ရှိရာ ယင်းဝေဖန်မှုများ ကိုစုစည်း၍ မြန်မာသံတော်ဆင့် မှ ဖော်ပြလိုက်ပါသည်။

● ရဲမှူးပြည့်စုံ (ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး Mobile Team အဖွဲ့)

““အဲဒီအပေါ်မှာ မှတ်ချက်ပေးစရာ မရှိပါဘူး။ တရားရုံးကတော့ တရားခွင်လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်တာပဲ၊ ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။ ရဲကတော့ ဥပဒေနဲ့အညီ၊ တရားရုံးကလည်း ဥပဒေနဲ့အညီ ဆောင်ရွက်တာပဲဖြစ် တယ်။ နောက်ထပ်ပြောပြစရာမရှိပါဘူး””

● ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေ့နေ)

““ဒီဟာက ရှင်းရှင်းလင်းလင်းပြောရရင် NLD ကို တိုက်ခိုက်တာတွေကို မသိချင်ယောင်ဆောင်ပေးတဲ့ အနေ အထားမျိုးတွေဖြစ်နေတယ်။ NLD ဆိုင်းဘုတ်တွေ ဆွဲဖြဲတာတွေရောပေါ့။ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်ဆို ရွေး ကောက်ပွဲသွားတဲ့နေရာအကုန်လုံးကို မီးလင်းအောင်လုပ်ပေးမယ်လို့ပြည်သူတွေငွေနဲ့ သူပဲလုပ်ပေး သလို လိုမျိုးတွေ လုပ်တာမျိုး၊ ဒါတွေကရွေးကောက်ပွဲဥပဒေနဲ့ မညီဘူးခင်ဗျ။ အဲဒါတွေကျ တော့ မမြင်ချင်ယောင် ဆောင်ပေးနေတယ်။ ဒါကလည်း သဘာဝကျတယ်လေ USDP အစိုးရကိုး။ USDP ကလုပ်တာကို မမြင်ချင် ယောင်ဆောင်တာက သဘာဝကျတယ်လို့ ပြောရမှာပဲ။ ဥပဒေနဲ့မညီသော်လည်းပဲ ဒါက အလားအလာ ရှိတာ ပေါ့။ အင်မတန်မှ ဖြောင့်မတ်တဲ့သူမျိုးမှသာ ဖြစ်မှာကိုး။ တကယ့်ကို တည်တည်ကြည်ကြည်နဲ့ရှုံးရင်လည်း ရိုးရိုး သားသားအရှုံးကို လက်ခံဖို့၊ နိုင်ရင်လည်းမှန် မှန်ကန်ကန်နဲ့ အနိုင်ယူဖို့ဆိုတဲ့ စိတ်မျိုးရှိတဲ့သူမှ သာလျှင် ဒီလို ဖြောင့်မတ်တဲ့ သဘောမျိုးထားနိုင်တာကိုး။ အကုန်လုံးက အဲဒီသဘောထားမျိုးရှိနိုင်ပုံ မပေါ်ဘူး။ အောက်ခြေ ကရော၊ မသိချင်ယောင်ဆောင်နေတာဆိုတာ တော်တော်ထင်ရှားတယ်””

● ဦးပီတာလင်းပင် (၁၉၉၀ ရွေးကောက်ခံကိုယ်စားလှယ်)

““အခုလုပ်နေတဲ့အခြေအနေတွေကို ပြန်သုံးသပ်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပယ်မချင်းက တပ်မတော်က တစ်ဖက်သတ် မတရားလုပ်နေတာပဲ။ ခိုးနေတဲ့ကောင်တွေလည်း တိုင်းပြည်ကိုချစ်တဲ့ ဗိုလ်ချုပ် တွေမဟုတ်ဘူး။ တိုင်းပြည်ကို ခိုးဖို့ဝှက်ဖို့၊ နိုင်ငံခြားကို ရောင်းစားဖို့ လုပ်နေတဲ့ ကောင်တွေချည်းပဲ။ ဘယ် လောက်ညစ်ညစ်ဒီပွဲဟာ သူတို့ရဲ့နောက်ဆုံးပွဲပဲ။ ပြည်သူတွေကလည်းခံမှာ မဟုတ်ဘူး။ လယ်သမား၊ ကျောင်း သားတွေကလည်းခံမှာ မဟုတ်ဘူး။ သူတို့တွေ အသိတရားရပြီးပြောင်း ရင်ပြောင်း၊ မပြောင်းရင်ကျွန်တော် ကိုယ်တိုင် ဦးစီးပြီး တော်လှန်မှာပဲ။ တောင်သူလယ်သမားတွေ မြေနေရာတွေ ဒီကောင်တွေပဲလုပ်ပစ်တာ။ တရုတ်တွေဆီ ရောင်းတယ်။ စစ်တပ်၊ ကာချုပ်၊ ပြည်ထဲရေးလည်း အဲဒီလိုပဲ။ အာဏာရှင်တွေလေ။ ၂၀၀၈ ကို လုံးဝလက်ခံလို့မရဘူး။ ၂၀၀၈ က၊ တပ်မတော်က၊ သူခိုး သူဝှက်တွေက တိုင်းပြည်ကို ရောင်း စားဖို့အတွက် လုပ်ခဲ့တာ။ မဟုတ်မဟတ်တဲ့ ဘုန်းကြီးတွေလည်း နိုင်ငံရေးမှာဝင် ရှုပ်နေတယ်။ ရဲကလည်းတရား ဥပဒေစိုးမိုးမှု မှာ ဒေါ်စုတို့အဖွဲ့က မဲဆွယ်မှုမှာ လက်မခံဘူး။ တိုင်းပြည်ရဲ့ ၀န်ထမ်းတွေက ဘယ်သူစည်းရုံးစည်း ရုံးလက်ခံရ မယ်လေ။ လက်မခံဘူးဆိုက တည်းက သူတို့ကတစ်ဖက်သတ် ဖြစ်ပြီ။ ၂၀၀၈ ကို ပြင်မှသာလျှင် မှန်ကန်တဲ့ တိုင်းပြည်ကို တည်ဆောက်လို့ရမယ်””

● ဦးကြီးမြင့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရှေ့နေများကွန်ရက်)

““၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တရားစီရင်ရေးနဲ့ပတ်သက်လို့ ဘာမှထူးထူးခြားခြားရလဒ် ကောင်းတွေ အဲဒီ တရားစီရင်ရေးမှာ မပါဘူးခင်ဗျ။ ဥပမာ စစ်တပ်နဲ့ ပတ်သက်ရင်လည်း စစ်တရားရုံးအရပဲ အရေးယူမယ်ဆိုတော့ စစ်တပ် တရားစီရင်ရေးနဲ့ အရပ်သားတရား စီရင်ရေးဆိုပြီး ကျွန်တော်တို့က စီးပွားရေးဆိုရင်လည်း ဦးပိုင်တို့၊ အဲဒီလိုနှစ်ခု နှစ်ခုတွေကွဲနေတယ်။ အဲဒီအဆက်က ပြည်သူတွေက တရားဥပဒေအပေါ်မှာ ယုံကြည်မှု အတော် လျော့နည်းလာတယ်။ ဦးသိန်းစိန်က လွတ်ငြိမ်း ချမ်းသာခွင့်မှာ သူတက်လာကတည်းကအခုထိ ခြောက်သောင်း ကျော်သွားပြီ။ ဘာလို့ ဒီရာဇ၀တ်သားတွေကို လွှတ်ပေးနေရတာလဲဆိုတာ အမြဲတမ်း ဝေဖန်နေတယ်။ သိပ် သဘောမပေါက်ဘူး။ အခုမှ သဘောပေါက်လာတယ်။ ဒေါ်အောင်ဆန်း စုကြည်က တရားဥပဒေစိုးမိုးရေး ကော် မတီဥက္ကဋ္ဌဖြစ်တဲ့အချိန်မှာ လုပ်ကိုင်မရအောင် ရည်ရွယ်ချက်တစ်ခု ပါပုံရတယ်။ အခုရွေးကောက်ပွဲနားကပ် လာတဲ့အခါမှာ အဲဒီသူတွေက ဆူပူပြီး၊ လှုံ့ဆော်ပြီး လူတွေဟာ အကြောက် တရားတွေ ဖြစ်လာပြီ။ ဒီမိုကရေစီ အစိုးရတက်လာရင် ဘယ်လိုလုပ်ထိန်းမလဲဆိုတာမျိုးတွေ၊ အဲဒီလိုမျိုး ကြောက်လာအောင်ဖြစ်တယ်။ မင်းတို့ တွေဘယ်ကောင်တွေမှ၊ မင်းတို့တွေ ကြီးကြီးကျယ်ကျယ် လုပ်မနေနဲ့။ မင်းတို့ကို ငါတို့ လက်တစ်ကမ်းပဲရှိတယ်။ အချိန်မရွေး ဒီမိုကရေစီကောင်တွေ သေဖို့သာပြင်၊ ငါတို့ အာဏာသုံး ပြီး၊ ငွေသုံးပြီး မင်းတို့ကို လုပ်လို့ ရတယ် ဆိုတာတွေကို အဲဒီလိုထုတ်ဖော်ပြီးတော့ ခရိုနီတွေနဲ့သက်ဆိုင်ရာ အာဏာကိုချုပ်ကိုင်ထားတယ်။ အဲဒီလို ပြောဆိုရာရောက်တယ်၊ အဲဒီလို သွားတွေ့ရတယ်””

● ဦးအေးသာအောင်(ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ရခိုင်အမျိုးသားပါတီ)

““မှန်ပါတယ်။ တရားဥပဒေစိုးမိုးရေးဟာ မြန်မာနိုင်ငံမှာ တကယ့်ကို အလေးထားဆောင်ရွက်ရမယ့် အရာတစ်ခု ဖြစ်တယ်။ ကျွန်တော်တို့က ပါတီစုံဒီမိုကရေစီကျင့် သုံးနေတယ်၊ လှုပ်ရှားနေတယ်။ ဒီလိုအချိန်မျိုးမှာ ပါတီစုံရွေး ကောက်ပွဲကျင်းပနေတယ်။ ပါတီစုံဆိုတာ ကိုယ်နဲ့မတူတဲ့ ပါတီတွေများစွာရှိတယ်လေ။ မတူလို့ နှောင့်ယှက် တယ်၊ ဟန့်တားတယ်ဆိုတာမဖြစ်သင့်ဘူး။ ပါတီစုံဒီမိုကရေစီမှာ ဘယ်ပါတီဖြစ်ဖြစ် လွတ်လွတ်လပ် လပ်မဲဆွယ် စည်းရုံးနိုင်ခွင့်ရှိရမယ်။ မဲဆွယ်စည်းရုံးတာကို လက်ခံရမယ်။ အဲဒီလိုလက်ခံဖို့က ပါတီခေါင်းဆောင်တွေ၊ ပါတီ ၀င်တွေအားလုံး အလေးအနက်ထားပြီး ဆောင်ရွက်ရမယ်။ ဒါမှ မြန်မာနိုင်ငံမှာပါတီစုံ ဒီမိုကရေစီစနစ်ကို ပါတီ ခေါင်းဆောင်တွေကပဲ နားလည်ကျင့်သုံးလို့မရဘူး။ ပြည်သူတွေ၊ ပါတီဝင်တွေအားလုံးက လက်ခံရမယ်။ ဘယ် ပါတီဖြစ်ဖြစ် ဘယ်ပါတီကိုမဆိုလက်ခံရမယ်။ ပါတီစုံဒီမိုကရေစီစနစ်မှာ မဲဆွယ်စည်းရုံးတာကို ခွင့်ပြုရယ်၊ လက် ခံရမယ်၊ ဒီလိုမျိုးမြင်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ် မှာ နိုင်ငံရေး ပါတီ၊ နိုင်ငံရေးခေါင်းဆောင်ကို ဝေဖန်ခွင့်ပေး ထားပါတယ်။ ဒါပေမဲ့ မတော်မရော်၊ မလျော်မကန်အပြု အမူမျိုးတွေမလုပ်ဖို့ လိုပါတယ်””

● ဦးခင်ဇော် (တရားလွှတ်တော်ရှေ့နေ)

““ဒေါ်အောင်ဆန်းစုကြည်ကို ညစ်ညမ်းပုံတင်ခဲ့တဲ့ ပြည်ခိုင်ဖြိုး အတွင်းရေးမှူးကို အာမခံနဲ့ လွှတ်လိုက်တယ်။ ကာချုပ်အင်္ကျီကို ဒေါ်အောင်ဆန်းစုကြည် ထဘီရောင်ကို ခိုင်းနှိုင်းပြီးပြောတဲ့အမှုကျတော့ အာမခံမရဘူးလေ။ အေး အဲဒီလိုပဲ အခု(ကို) နိုင်ငံလင်းအမှုနဲ့တူချင်မှတူမှာပေါ့။ အားလုံး တစ်ပြေးညီ ဒါဒီလိုလုပ်ရင်ဟိုလည်း ဒီလို လုပ်ရမယ်လို့ မရှိဘူးလေ။ ဥပဒေစာအုပ်မှာ လူသတ်မှုသည် သေဒဏ်လို့ ပြောတယ်။ ဒါပေမဲ့ အခု လူသတ်မှု တွေ ကို သေဒဏ်မှ မပေးတာ။ ၅နှစ်၊ ၃နှစ်လည်း ရှိတယ်။ ဖြစ်ပေါ်တဲ့အခြေအနေ၊ ပတ်ဝန်းကျင်အနေ အထား ပေါ် မူတည်တယ်။ ဒီမှာဒီလိုလုပ်ရင် ဟိုမှာလည်း ဒီလိုလုပ်ရမယ်လို့ အဲဒီလိုတော့မရဘူး။ အခြေအနေ၊ အချိန် အခါ ကျူးလွန်တဲ့သူရဲ့ပြစ်မှုက မတော်တဆ ခိုက်မိတာလား၊ တမင်တကာ ရည်ရွယ်တာလား။ အခုဖြစ်ပေါ်နေ တဲ့မှုခင်းတွေဟာ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ခဲ့ကြတာပဲ””

● မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပါ ပြဋ္ဌာန်းချက်များတွင် စစ်တပ်မှ အသာစီး ယူထားမှုများစွာ ပါရှိနေခြင်းကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲများ မရှိနိုင်သည့်အတွက် တိုင်းရင်းသား တန်းတူရေးမရှိသည့် စစ်အာဏာလွှမ်းမိုးသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဖျက်သိမ်းရန် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က နိုဝင်ဘာလ ၂ ရက်တွင် တောင်းဆိုလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ခြင်း မရှိဘဲ လွှတ်တော်၌ ၂၅ ရာခိုင်နှုန်းအား တပ်မတော်မှ နေရာယူထားခြင်း၊ တပ်မတော်၏ အခန်းကဏ္ဍအား မြှင့်တင်ထားသည့် ပုဒ်မ ၆ (စ) နှင့် ပုဒ်မ ၂၀ ပါ ပြဋ္ဌာန်းချက်များ၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် စစ်ဘက် တာဝန်ရှိသူများ ပါဝင်နေခြင်းနှင့် ယင်းကာလုံအဖွဲ့အား အာဏာ သိမ်းခွင့် ပေးထားခြင်း စသည့်အချက်များ ပါဝင်နေခြင်းကြောင့် နိုဝင်ဘာလ ၂ရက်က တောင်ဥက္ကလာပ မြို့နယ်တွင် ပြုလုပ်ခဲ့သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွန်ရက်၏ သတင်းစာရှင်းလင်းပွဲတွင် တောင်းဆို လိုက်ခြင်း ဖြစ်သည်။

““ပုဒ်မ ၆ (စ) ကနေစပြီး ပုဒ်မတော်တော်များများက စစ်တပ်ရဲ့ အသာစီးယူမှုအရ ရေးဆွဲထားတာ ဖြစ်တယ်။ အဲဒီဥပဒေ ဆက်ရှိနေရင် ကျွန်တော်တို့ တန်းတူညီတူ ငြိမ်းချမ်းရေးလည်း မဖြစ်နိုင်ဘူး။ နောက်တစ်ခုက Free and Fair Election တွေလည်း မရှိနိုင်ဘူး။ အဲဒါကြောင့်မို့ ဒီဥပဒေကို ဖျက်ကို ဖျက်ရမယ်””ဟု ကွန်ရက် အဖွဲ့ဝင် ဦးချစ်စံဦးက ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တိုင်းနှင့် ပြည်နယ်အသီးသီးမှ ကွန်ရက်အဖွဲ့ဝင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ အပါအ၀င် စုစုပေါင်းလူဦးရေ ၅၀ ခန့် တက်ရောက်ခဲ့ကြပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး အလားအလာတို့နှင့် ပတ်သက်၍လည်း သဘောထား ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သေးသည်။

ယင်းကြေညာချက်တွင် ပင်လုံကဲ့သို့သော ညီလာခံတစ်ရပ် ခေါ်ယူ၍ အစိုးရနှင့်တပ်မတော် ကိုယ်စားပြုအစု၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအစု၊ ဒီမိုကရေစီ အင်အားစုများနှင့် ပါတီများ ကိုယ်စားပြုအစု စသည့် အစုအဖွဲ့ ၃ ခု တို့မှ မျက်မှောက် အထွေထွေ အကျပ်အတည်းအား ကျော် လွန်နိုင်ရေးအတွက် အခြေခံမူတစ်ရပ် ရရှိအောင် အမြန်ဆုံး ဆောင်ရွက် သင့်ကြောင်း၊ ဖြစ်ပွားနေသည့် စစ်ပွဲများအား အစိုးရနှင့် စစ်တပ် ဘက်မှ စတင်၍ တစ်ဖက်သတ် ရပ်စဲပေးရန်၊ နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူများအား လွှတ်ပေးရန်နှင့် တရားစွဲဆို ထားမှုများအား ရုပ်သိမ်းပေးရန် စသည့်အချက်များ ပါဝင်သည်။

““မြန်မာနိုင်ငံမှာ ၈၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ လယ်သမား၊ အလုပ်သမားတွေကို အခြေမခံဘဲ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တွေကို အခွင့်အရေး အများကြီးပေး ထားတဲ့ ဒီဖွဲ့စည်းပုံကြောင့် ဒီနေ့ပြည်သူတွေ အတိဒုက္ခ ရောက်နေရတယ်။ အထွေထွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်။ ဒီဖွဲ့စည်းပုံကြောင့် ပဲ ပြည်သူတွေ ထောင်ချခံနေရတယ်။ ဒါကြောင့် ဒီဖွဲ့စည်းပုံကို အလိုမရှိတာ ဖြစ်တယ်။ ဒါကိုဖျက်သိမ်းဖို့ ကျွန်တော်တို့ ကွန်ရက်က အတိအလင်း တောင်းဆိုပါတယ်”” ဟု မုံရွာခရိုင်ရှိ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ကွန်ရက်မှ ဦးအောင်မြင့်ဦးက ပြောသည်။

ကွယ်လွန်သွားပြီ ဖြစ်သည့်ဝါ ရင့်နိုင်ငံရေးသမားနှင့် သတင်းစာဆရာ တစ်ဦးဖြစ်သူ ဟံသာဝတီ ဦးဝင်းတင်မှာ လည်း ၎င်းကွယ်လွန်ချိန်အထိ လက်ရှိကျင့်သုံးလျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကာ အသစ်ပြန်လည် ရေးဆွဲရေးကိုသာ တောက်လျှောက် တောင်းဆိုခဲ့သူဖြစ်သည်။

အောင်မှူး

မြန်မာသံတော်ဆင့်သတင်းဌာန –
https://www.facebook.com/myanmarherald

၁၉၉ဝ ရွေးကောက်ပွဲဟာ ဖုတ်ပူမီးတိုက်ဆိုသလို ကျင်းပခဲ့ရတာပါ။ အာဏာသိမ်းတော့ ပါတီစုံ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ကတိကို မပေးမဖြစ်ပေးခဲ့ရတယ်။ ချက်ချင်းဆိုသလို နိုင်ငံရေးပါတီတွေ ဖွဲ့ခွင့်ပေးတာ ၂၃၅ ပါတီရှိသွားတယ်။ အန်အယ်လ်ဒီ ပါတီဟာ ၂၇-၉-၁၉၈၈ မှာစဖွဲ့ပြီး ၂၇-၅-၁၉၉ဝ မှာ ရွေးကောက်ပွဲဝင်ရတာမို့ ပါတီသက်တမ်းက တနှစ်နဲ့ (၈) လသားပဲ ရှိသေးပါတယ်။ ၂၃၅ ပါတီထဲက ကျန်ရစ်တာ ဆယ်ဂဏန်းလောက်သာရှိပေမယ့် အန်အယ်လ်ဒီ ကတော့ အခုထိရှင်သန်တဲ့အပြင် အားပိုကောင်းလာတယ်။

ရွေးကောက်ပွဲမှာ အရွေးခံကြမယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေရွေးတော့ ပြဿနာတွေရှိခဲ့ပါတယ်။ ရွေးကောက်ပွဲမလုပ်တာ ကြာနေလို့ ပါတီတွင်းအခက်အခဲက ရှိသင့်တာထက်ပိုပြီး ကြီးကျယ်သလိုမြင်ကြတယ်။ အခုရွေးကောက်ပွဲမှာလည်းရှိတာ မဆန်းပါ။ ၁၉၉ဝ အန်အယ်လ်ဒီဟာ ပါတီတွင်းမှာ များသောအားဖြင့် သူ့ကိုယ်မသိ ကိုယ့်သူမသိလို့ ပြောရပါမယ်။ ပိုဆိုးတာက ပါတီခေါင်းဆောင်းနှစ်ဦးကို နေအိမ်အကျယ်ချုပ်ချထားချိန်မှာ ပါတီကို ကျန်ခေါင်းဆောင်တွေက ဦးဆောင်ပြီး ၁၉၉ဝ ရွေးကောက်ပွဲကိုဝင်ရတာဖြစ်တယ်။ အဲဒီကာလမှာ ဗဟိုဦးစီးမှုဆိုတဲ့အသုံးက ပါတီတွင်းမှာ ခေတ်စားပါတယ်။ ၂ဝ၁၂ မှာတော့ မတူတော့ပါ။ ၂ဝ၁၅ မှာ အန်အယ်လ်ဒီဟာ ပုံမှန်နိုင်ငံရေးပါတီအသွင်ဘက်ကို ပိုနီးစပ်လာပါတယ်။

မဲဆွယ်ကာလတွေကတော့ ၁၉၉ဝ နဲ့ ၂ဝ၁၅ အတော်မတူပါ။ ၁၉၉ဝ တုန်းက လွတ်လပ်တယ်လို့ သတ်မှတ်နိုင်တာတော့ မှန်ပေမယ့် စည်းရုံးရေးကာလအတွင်း တင်းကြပ်မှုတွေရှိတယ်။ လူ ၅ဝ ထက်မပို၊ အမိုးအကာတခုအောက်မှာသာ စုဝေးခွင့်ပေးပါတယ်။ ကွင်းကျယ်ကျယ်မှာ မဲဆွယ်ဘို့ရာ ၂ ကြိမ်တည်းသာခွင့်ပေးတယ်။ အနုပညာသည်တွေဆိုတာ မပါနိုင်သလောက်ပါ။ ဖေ့စ်ဘွတ်ခ်အပါအဝင် ဆိုရှယ်မီဒီယာ မရှိပါ။ စာနယ်ဇင်းတခုလုံး၊ မီဒီယာအကုန်က အစိုးရလက်ထဲမှာသာ ဆုပ်ကိုင်ထားတယ်။ န/သ ခေါ်တဲ့ ပုံနှိပ်စာထုတ်ဝေခွင့်နဲ့ ချုပ်ထိန်းထားတယ်။ ရွေးကောက်ပွဲ ကြေညာစာတမ်းသာသာလောက်ပဲ အန်အယ်လ်ဒီက ထုတ်ဝေနိုင်ခဲ့တာပါ။ စည်းရုံးရေးမှူးတွေမှာ အတော်လက်ဝင်ကြပါတယ်။ ဖိုတိုကော်ပီဆိုင်တွေ အပိတ်ခံကြရ၊ အဖမ်းခံကြရတယ်။

မဲစာရင်းဆိုတာ ၁၉၉ဝ မှာ ပြဿနာဖြစ်စရာ မဟုတ်ခဲ့ပါ။ ကြော်ညာသင်ပုန်းကပ်တဲ့နေရာမှာ ကပ်တယ်။ အသံချဲ့စက်နဲ့ အော်ပေးတယ်။ လွဲတာမှားတာ ပုံမှန်သဘောထက်မပိုပါ။ ၂ဝ၁ဝ မှာ ကြိုတင်မဲကိစ္စ ကြားမကောင်း ကြားမကောင်းအောင် ဖြစ်တော့ ၁၉၉ဝ တုန်းက ပုလဲမှာ လုံခြုံရေးအတွက် တောင်ပေါ်ဒေသတွေကို သွားကြရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကြိုတင်မဲ ပေးမသွားရတာကို ကျနော်က မြို့နယ်ကော်မရှင်ဥက္ကဋ္ဌကို ကွန်ပလိမ့် လုပ်တာကို အမှတ်ရမိတယ်။ သူကဘာတခုမှ ဖြေရှင်းမပေးဘဲ ဘုကြည့်သာပြန်ကြည့်တယ်။ သူကအထွေထွေအုပ်ချုပ်ရေးမှူး။ မဲရုံတာဝန်ပေးခံရသူတွေက အစိုးရဝန်ထမ်းတွေ။ တချို့က (မဆလ) တချို့က အန်အယ်လ်ဒီနဲ့ တချို့ကိုတော့ အကဲခတ်မရပါ။ သိလည်း မသိချင်ပါ။ အခုလည်း ၂ဝ၁၅ နိုဝင်ဘာ (၈) ရက်နေ့မှာ ထိုနည်းတူ ဤနည်းလည်းကောင်းလာပါလိမ့်မယ်။

ပြည်ပမှာနေရင်း နိုင်ငံရေးလုပ်ရတာထဲမှာ တခုကတော့ ၁၉၉၃-၉၄ လောက်ကတည်း လော်ဘီလို့ ခေါ်တဲ့ အလုပ်ကို အပတ်တကုပ်လုပ်ခဲ့တာပါ။ နိုင်ငံတကာ လွှတ်တော်များသမဂ္ဂ အစည်းအဝေးတွေကိုတက်ပြီး၊ ၁၉၉ဝ ရွေးကောက်ပွဲက ထောင်ကျနေတဲ့ အကျဉ်းသား အမတ်စားရင်း လုပ်ထားရတယ်။ ထောင်ထဲမှာ ကျန်သေးသူတွေ၊ ထောင်ထဲမှာ သေသွားသူတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ ပြည်ပထွက်ရသူတွေကို အတိုး-အလျော့ ကိန်းဂဏန်း အတိအကျနဲ့ တင်ပြပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲကိန်းဂဏန်းတွေကိုလည်း အလွတ်ရွတ်နိုင်ပါတယ်။ နိုင်ငံရေးပါတီပေါင်း ၂၃၅၊ ရွေးကောက်ပွဲဝင်တော့ ၉၇၊ အနည်းဆုံးတနေရာ အနိုင်ရတာက ၁ဝ ပါတီ။ ကိုယ့်ဖာသာဖျက်တာက ၁ဝ၂ ပါတီ၊ အစိုးရကနေ အပိတ်ခံရတာက ၃ ပါတီ၊ ရွေးကောက်ပွဲမှာ ၃ နေရာဝင်မပြိုင်လို့ ဖျက်ရတာက ၆ ပါတီ၊ ဝင်မပြိုင်လို့ ဖျက်ရတာက ၃၁ ပါတီ၊ အပြီးမှာ ကျန်တော့တာက ၉၃ ပါတီ၊ ထပ်အဖျက်ခံရတာက ၈၃ ပါတီ၊ နောက်ဆုံးမှာ တရားဝင် ရပ်တည်နိုင်တော့တာက ၁ဝ ပါတီ။ အနိုင်ရတာမှာ အန်အယ်လ်ဒီ က ၃၉၂ နေရာ၊ အက်စ်အန်အယ်လ်ဒီ ၂၃ နေရာ၊ အေအယ်လ်ဒီ ၁၁ နေရာ၊ အန်ယူပီ တစညက ၁ဝ နေရာ။ အမတ်နေရာ အနည်းဆုံး ၁ နေရာနိုင်တာက ၂၈ ပါတီ။

ရွေးကောက်ပွဲမှာ တရားဝင်အနိုင်ရပေမယ့် လွှတ်တော်မခေါ်၊ အာဏာမလွှဲတော့ အန်အယ်လ်ဒီကနေ အမျိုးမျိုးကြိုးစားပါတယ်။ ၁၉၉ဝ ဇူလိုင်လ ၂၈-၂၉ မှာ ဂန္ဒီခန်းမ အစည်းအဝေးကြီးက သမိုင်းတွင်ပါတယ်။ စက်တင်ဘာလအကုန်မှာ လွှတ်တော် ခေါ်ပေးဖို့ တောင်းဆိုတယ်။ ကျနော်တို့ကြေညာချက် မထွက်ခင်ကလေးမှ (နဝတ) ကနေ ၁/၉ဝ ကို အလောသုံးဆယ် ထုတ်ပြန်ပြီး တားမြစ်လိုက်တယ်။ ရွေးကောက်ခံရတဲ့ အမတ်တွေဟာ ဖွဲ့စည်းပုံအသစ်ရေးဖို့ တာဝန်ရှိသူတွေဖြစ်တယ်လို့ ၂၇-၇-၁၉၉ဝ မှာ ကြောညာခဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ် လူလတ်ပိုင်းတွေက အစည်းအဝေးတွေ နေရာအမျိုးမျိုးမှာ လုပ်ပြီး စင်ပြိုင်အစိုးရဖွဲ့ဖို့ စီစဉ်ကြတယ်။ ၁၈-၁၂-၁၉၉ဝ နေ့မှာ ဖွဲ့ဖြစ်ပါတယ်။

၁၉၉ဝ နဲ့ ၂ဝ၁၅ နောက်ထပ် ကွာခြားချက်ကြီးတခုရှိပါတယ်။ ၁၉၉ဝ တုန်း အုပ်ချုပ်နေတာက စစ်အစိုးရ။ ပြိုင်ကြတာက အန်အယ်လ်ဒီနဲ့ (မဆလ)။ အခုတော့ အုပ်ချုပ်နေတာကလည်း ပြည်ခိုင်ဖြိုး၊ အန်အယ်လ်ဒီ နဲ့ပြိုင်ရတာကလည်း ပြည်ခိုင်ဖြိုးဖြစ်ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲ နောက်ပိုင်းသမိုင်းကို ပြန်ပြီးဆန်းစစ်ရင် စစ်တပ်ဟာ (မဆလ) ကို အာဏာမသိမ်းခင် ဗဟိုဘဏ်ကနေ ငွေတွေထုတ်ခွင့်ပေးတာ၊ (မဆလ) ပိုင် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေဆက်ခံခွင့်ပေးတာ၊ မဲစည်းရုံးရာမှာ ဘာတခုမှ အပြစ်မလုပ်ဘဲ နေတာသာရှိတယ်လို့ ပြောရပါမယ်။ (မဆလ) အတွက် စစ်တပ်ကနေ မဲဆွယ်မပေးခဲ့ပါ။

အခုတော့ အာဏာဆက်ရချင်နေတဲ့ ပါတီနဲ့ အစိုးရကအတူတူဖြစ်နေတာအပြင် အဆိုးဆုံးလို့ ပြောနိုင်တာက ရွေးကောက်ပွဲကော်မရှင်။ ထပ်ပြီးပိုပြီး အဆိုးကိုကဲစေတာက တပ်မတော်ကနေ တပ်မတော်ပိုင် ရင်းမြစ်တွေသုံးပြီး ပြည်ခိုင်ဖြိုးအတွက် မဲလိုက်ဆွယ်ပေးနေတယ်။ တပ်သားတွေကိုလည်း လူမသိအောင် ပြည်ခိုင်ဖြိုးကိုသာ မဲထည့်ဖို့ အမိန့်ပေးနေတယ်လို့ လူတွေကယုံကြည်ရတယ်။ အဆိုးတကာ့အဆိုးဆုံးဖြစ်နေတယ်။ အစိုးရကလည်း အစိုးရ ဝန်ထမ်းတွေကို တဖက်လှည့်နဲ့ ပြည်ခိုင်ဖြိုးကိုပဲ မဲထည့်ခိုင်းတယ်။ မဲမထည့်ရင် ရာထူးနေရာနဲ့ ခြိမ်းခြောက်နေတယ်။ တိုင်ပြည်ဘဏ္ဍာငွေကိုသုံးပြီး ထူထောင်လည်ပတ်နေတဲ့ အစိုးရပိုင်မီဒီယာအကြီးစားကြီးတွေကိုလည်း ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ဖို့မှာ အသုံးချနေတယ်။ အဲဒီအချက်ကြီးတွေက ၂ဝ၁၅ ဟာ ၁၉၉ဝ ထက်ပိုဆိုးတာတွေ၊ တရားမမျှတာတာတွေ ဖြစ်ပါတယ်။ အဆိုးကမ်းကုန်နေပါတော့တယ်။

၂ဝ၁၅ ရလဒ်ကို ဘယ်လိုလာမလဲဆိုတာ ဘယ်သူကမှ မှန်အောင်မပြောနိုင်ပါ။ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ မျက်မြင်ကိုယ်တွေ့တွေဟာ ရလဒ်အမှန်ကို ဆက်လက်သယ်ဆောင်လိမ့်မယ်လို့ ထင်မှတ်တွက်ဆချက်မှာ အာမခံချက်မရှိ ဖြစ်နေတယ်။ စစ်အစိုးရတက်ကတည်းက လူ့အသက်တောင်မှ အာမခံချက်မရှိတဲ့ ဘဝဖြစ်နေတာက မပြောင်းလဲသေးလို့ ကိန်းဂဏန်းမှာလည်း အာမခံချက်မရှိတာ ဖြစ်ပါတယ်။ စစ်တပ်ကို ဖွဲ့စည်းပုံနဲ့ပတ်သက်ရင် ဗီတိုအာဏာပေးထားသလို၊ ကော်မရှင်ကို ရွေးကောက်ပွဲနဲ့ပတ်သက်ရင် တချက်လွှတ်အာဏာ အပ်နှင်းထားတယ်။

ပြည်သူလူထုအဖို့မှာ ရှုံးစရာလည်း ထူးမရှိ၊ ဆုံးစရာလည်း မကျန်တော့တာမို့ မျှော်လင်ချက်ဆိုတဲ့ တွန်းအား၊ စစ်မှန်တဲ့ အပြောင်းအလဲဆိုတဲ့ ဆွဲအားတွေသာရှိပါတယ်။ ကံတရားကိုလည်း နှစ်နှစ်ကာကာယုံကြည်ကြလို့ မြန်မာပြည်ကြီး ကံကောင်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ
.
Credit : DVB

ကြိုတင်ဆန္ဒမဲပေးမှု။
ကြိုတင်ဆန္ဒမဲပေးမှု။

ကြိုတင်ဆန္ဒမဲ လက်မှတ်တွင်ပါရှိသည့် မဲရုံမှူးနေရာ၌ မဲရုံမှူးလက်မှတ်ထိုးရန် မလိုပါဟူ ၍ ပြည် ထောင် စုရွေး ကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၁ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည့်အပေါ် စိုးရိမ်မှုများရှိနေပြီး ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ ကြိုတင်မဲများအသုံးပြု၍ အနိုင်ရလဒ်ကို ဖန်တီးရယူ သွားနိုင် ကြောင်း ရွေးကောက်ပွဲလေ့လာ စောင့်ကြည့် သည့်အဖွဲ့များက နိုဝင်ဘာ ၃ရက်တွင် မြန်မာသံတော်ဆင့်မှ တစ်ဆင့် ဝေဖန်ပြောကြားလိုက်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အချက် ၇ချက်ပါ ကြေညာချက်တွင် ““မဲဆန္ဒနယ်ပြင်ပ ရောက်မဲ ဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းဖြစ်၍ မဲရုံတွင်ပေးသည့် မဲမဟုတ်သဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်တွင် ပါရှိသည့် မဲရုံမှူးလက်မှတ်ထိုးရန်မလိုပါ””ဟု ထည့်သွင်းဖော်ပြထားသည်။…

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ Myanmar Election Observer Network (မြန်မာ့ရွေးကောက်ပွဲ လေ့လာစောင့် ကြည့်သူများ ကွန်ရက်)မှ ဥက္ကဋ္ဌဦးသန့်ဇင်အောင်က ““ဒါဟာ အင်မတန် အန္တရာယ်ကြီး တယ်ခင်ဗျ၊ ကျွန်တော် တို့ တနင်္သာရီတိုင်း၊ ကော့သောင်းမှာဆိုရင် ကြိုတင်မဲပေးလို့ရတယ်ဆိုတဲ့ အချိန်ကတည်းက စစ်တပ်က အကုန် ထုတ်သွားတယ်။ နောက် မွန်ပြည် နယ်မှာကျတော့ ကျွန်တော်တို့အခု ပဲထွက်တော့မှာ၊ ဒါကြောင့်မို့ ကြိုတင် မဲတွေ ထုတ်ပေးပါဆိုပြီး ထောက်/ပို့ တပ်ကတောင်းပေမယ့် အခုပဲ ကျွန်တော်တို့က ကားတွေ ပြင်ပြီး ဘာညာ ဆိုပြီးတော့ သူတို့ကပြောတယ်၊ ပြောတဲ့ အခါကျတော့ တကယ်ထုတ်မှာလား ဆိုပြီးတော့ သွားကြည့်တဲ့အခါ ကျတော့ဘယ်မှကို ကားတစ်စီးတောင်မရှိဘူး။ လိမ်တာပေါ့ဗျာ။ ဒါဆိုရင် ကြိုတင်မဲကိုဘယ်လောက်ယူမယ်လို့ ပြော ထားလဲဆိုတဲ့အခါကျတော့ သူတို့စာရင်းပေးထားတဲ့ ကြိုတင်မဲရဲ့ နှစ်ဆကျော် သူတို့ထုတ်ဖို့လုပ်တာ၊ ဒီလို မျိုးအခြေအနေတွေ က နေရာအတော်များများ မှာဖြစ်နေတော့ စိုးရိမ်စရာပေါ့ဗျာ။ အခုလို မဲရုံမှူး လက်မှတ်မပါဘဲ မဲပေးလို့ရတယ် ဆိုတဲ့အနီးကပ်ညွှန်ကြားချက်ကြီးကတော့ ကျွန်တော်တို့ ၂၀၁၀ ကို ဦးတည်သွားပြီဗျ၊ ဆယ် အိမ်မှူး၊ ရာအိမ်မှူးလက်မှတ်ထိုးတွေနဲ့ ကြိုတင်မဲတွေနဲ့လိုချင်တဲ့ ရလဒ်ကိုရ အောင်ဖန်တီးသွားနိုင်တယ်။သတိ ထား စောင့်ကြည့်ဖို့တော့လိုပြီဗျ”” ဟုဆိုသည်။ ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန် ချက်တွင် ဆန္ဒပြုရမည့် လေးထောင့်ကွက်အတွင်း၌ တံဆိပ်တုံးနှိပ်၍ ဆန္ဒပြုရမည့်အစား အမှန်အမှတ်အသား ရေးခြစ်၍ဟူ၍လည်း ထည့်သွင်းကြေညာထားရာ ယင်းအချက်မှာမဲဆန္ဒရှင်များ၏ မဲလက်မှတ်များအပေါ်တွင် အမှတ်အသား ပြုလုပ်ရမည့်အနေအထားများ ရှုပ်ထွေးစေနိုင်ပြီး၊ ရွေးကောက် ပွဲကော်မရှင်ကိုယ်တိုင် ပြဋ္ဌာန်းထားသည့် ဥပဒေများကိုသိရှိ နားလည်ခြင်းမရှိကြောင်းလည်း ဝေဖန်မှုများ ရှိနေသည်။ ““ဥပဒေကို ကော်မရှင်ကိုယ်တိုင်က နားမလည်ဘူးဖြစ်နေတယ်။ ဥပဒေမှာပါတာနဲ့ လက်ရှိထုတ် လိုက်တဲ့ ညွှန်ကြားချက်တွေနဲ့က ရှေ့နောက်မညီဘူးလို့ ပြောချင်တယ်။ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးမှာ ဥပဒေပိုင်းဆိုင်ရာ သိရှိမှု အားနည်းနေတယ်”” ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ တစ်ဦးဖြစ်သည့် CPRCG အဖွဲ့မှတာဝန်ခံ ဦးမင်းသူဇင်က သုံးသပ်ပြောဆိုသည်။

အောင်မှူးး

● မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေး အဖွဲ့များမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းနေစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် စောင့်ကြည့်နိုင်ခြင်း မရှိသည့် ဒေသများ ရှိနေပြီး ထိုဒေသများတွင် မဲမသမာမှုများ ရှိနိုင်သည်ဟု ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အမျိုးသားလူငယ် ကွန်ဂရက်မှ ကိုမိုးဃ်သွေးက ပြောကြားသည်။

နိုဝင်ဘာ ၆ ရက်က ရန်ကုန်မြို့တွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖြစ်သည့် တိုင်းရင်းသား လူငယ်များကွန်ရက်၊ အမျိုးသားလူငယ်ကွန်ဂရက်နှင့် ဖန်တီးအိမ် အဖွဲ့တို့၏ ပူးပေါင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲနေ့တွင် ပြုလုပ်စောင့်ကြည့်မည့် လုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲတွင် လူငယ်များ ပိုမိုပါဝင်လာနိုင်ရေး ရှင်းလင်းခဲ့ကြသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ဖြစ်သည့် တိုင်းရင်းသားလူငယ်များ ကွန်ရက်၊ အမျိုးသား လူငယ်ကွန်ဂရက်နှင့် ဖန်တီးအိမ်အဖွဲ့များသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စေတနာ့ ၀န်ထမ်း စောင့်ကြည့်လေ့လာသူ ၃၅၀၀ ခန့်ဖြင့် ရွေးကောက်ပွဲနေ့တွင် စောင့်ကြည့်သွားမည် ဖြစ်သော်လည်း စစ်ပွဲဖြစ်ပွားရာ ဒေသများ၊ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများနှင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့်နေရာများတွင် အကြောင်းအမျိုးမျိုးကြောင့် စောင့်ကြည့်နိုင်ခြင်း မရှိသည့် ဒေသများလည်း ရှိကြောင်း သိရသည်။

ထိုဒေသများ၏ ရွေးကောက်ပွဲရလဒ်မှာ စောင့်ကြည်ရမည်ဖြစ်ပြီး ပြဿနာ ရှိနိုင်ဖွယ် ရှိသည်ဟု ကိုမိုးဃ်းသွေးက ဆိုသည်။

ကိုမိုးဃ်းသွေးက “လုံးဝ ရွေးကောက်ပွဲ ကျင်းပဖို့ ရပ်ဆိုင်းလိုက်တဲ့ နေရာတွေကိုတော့ မစောင့်ကြည့်ဘူး။ လူစုဆောင်းလို့ မရလို့ ပဋိပက္ခဖြစ်တဲ့ နေရာတွေကိုလည်း စောင့်ကြည့်နိုင်မှာ မဟုတ်ဘူး။ အဓိက ပြောချင်တာက အဲဒီလိုနေရာတွေမှာ ပြဿနာ ဖြစ်နိုင်ခြေက ပိုများတယ်။ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် မျက်စိလျင်လျင်ထား၊ နားလျင်လျင်ထားပြီး စောင့်ကြည့်သွားဖို့ရှိတယ်။ အဲဒီလိုနေရာတွေမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အဦးက ပြည်မလို သတင်း ဆက်သွယ်မှု အားကောင်းနေတာ မရှိတဲ့အတွက် အဲဒီနေရာတွေက ပွင့်ပွင့်လင်းလင်း ပြောရရင် အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် ကိုကိုးကျွန်းလို နေရာမျိုးပေါ့။ တစ်ခုခုဖြစ်လာရင် ဖုန်းဆက်လို့ကလည်း မလွယ်သလို ပြေးကြည့်ဖို့ကလည်း မလွယ်တော့ ပြဿနာရှိနိုင်ပါတယ်”ဟု ပြောကြားသည်။

ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များ ဖြစ်သည့် တိုင်းရင်းသား လူငယ်များ ကွန်ရက်၊ အမျိုးသား လူငယ်ကွန်ဂရက်နှင့် ဖန်တီးအိမ်အဖွဲ့များသည် ရွေးကောက်ပွဲနေ့တွင် မဲရုံများအတွင်း အချိန်ပြည့် စောင့်ကြည့် မည်ဖြစ်ပြီး နံနက် ၅ နာရီမှ မဲရေတွက်မှု ပြီးစီးချိန်ထိ စောင့်ကြည့် လေ့လာသွားမည် ဖြစ်ကြောင်းသိရပြီး ထိုသို့ လေ့လာ စောင့်ကြည့်ရေး အဖွဲ့များအား တရားဝင် စောင့်ကြည့်ခွင့် ပြုသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။
Writer:
ဥာဏ်ဝင်းရှိန်
Eleven Media Group

မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်၏ ရုပ်သေးရုပ်အဖြစ် ဖော်ပြထားသည့် အကောက်ကြံ တိုက်ခိုက်မှုတစ်ခုကို ပြိုင်ဘက်များက ရွေးကောက်ပွဲ မတိုင်မီ ရက်ပိုင်းအလိုတွင် ပြုလုပ်ခဲ့သည်။ အမည်မဖော်လိုသူ တစ်ဦးဟု ဖော်ပြကာ ရေးသားထားသော ထို လက်ကမ်း စာရွက်များကို ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ် သည့် ကော့မှူးတွင် ညအချိန်၌ ဆိုင်ကယ်ဖြင့် ဖြန့်ကြဲခဲ့ခြင်းဖြစ်သည်။

ထိုစာရွက် အကယ်၍ ဒေါ်အောင်ဆန်းစုကြည် အာဏာရပါက နိုင်ငံသည် ဗြိတိန်၏ ကျွန်ဘ၀သို့ ပြန်လည်ရောက်ရှိသွားနိုင်ပြီး နှုတ်ခမ်းမွေးနှင့်လူများ (မွတ်ဆလင်များကို ဆိုလိုဟန်ရှိ) က ပဋိပက္ခများ ဖန်တီးကာ ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားစေမည်ဟု ဖော်ပြထားသည်။

ထိုဖော်ပြချက်များမှာ နိုင်ငံအနှံ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအပေါ် လူထုကောက်ခံမှု လျော့ကျရန် ရည်ရွယ်၍ အစွန်းရောက် ဘုန်းတော်ကြီးများနှင့် စစ်ခေါင်းဆောင်များ ပြောကြားသည့် စကားများနှင့် တူညီနေသည်။ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တွင် နေထိုင်ခဲ့ပြီး သား ၂ ဦးနှင့် ကွယ်လွန်သူ ခင်ပွန်းတို့က ဗြိတိန်နိုင်ငံသား ဖြစ် သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်၏ ပတ်သက်မှုကို စစ်ခေါင်းဆောင်များက အကြိမ်ကြိမ် ဝေဖန်ခဲ့ပြီး အန္တရာယ်ရှိသည့် နိုင်ငံခြား လွှမ်းမိုးမှု ခံနေရသူဟု စွပ်စွဲခဲ့ကြသည်။

အစွန်းရောက် ဗုဒ္ဓဘာသာဝင်များကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မွတ်ဆလင်ထောက်ခံသူဟု စွပ်စွဲထားပြီး အာဏာရသွားပါက နိုင်ငံလူဦးရေ၏ ၅% ခန့်ရှိ မွတ်ဆလင်များက နိုင်ငံကို လွှမ်းမိုးသွားမည်ဟု ပြောကြားလျက်ရှိသည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း “နိုင်ငံခေါင်းဆောင်ဟာ နိုင်ငံခြားတိုင်းပြည်တွေ၊ နိုင်ငံခြား အေဂျင်စီတွေ၊ နိုင်ငံခြားသားတွေရဲ့ လွှမ်းမိုးခံရမှု၊ ပတ်သက်မှု မရှိသင့်ပါဘူး” ဟု ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောကြားခဲ့သည်။

ရန်ကုန်မြို့မှ မိုင် ၄၀ ခန့်ဝေးသည့် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်တွင် အများအပြား ဖြန့်ဝေခဲ့သည့် လက်ကမ်းစာစောင်အချို့ကို အတိုက်အခံ ခေါင်းဆောင်အား ထောက်ခံသူတစ်ဦးဖြစ်သည့် ဒေသခံ ဘုန်းတော်ကြီး ဦးခေမာနန္ဒထံမှတစ်ဆင့် တယ်လီဂရပ် သတင်းဌာနက ရရှိခဲ့သည်။ ထိုစာရွက်များအား နံနက် မိုးလင်းချိန်၌ ဘုန်းကြီးကျောင်းအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လုံးချေကာ လွင့်ပစ်ခဲ့သည်ဟု ဦးခေမာနန္ဒက ဆိုသည်။

အလားတူ စာရွက်များကို ၀ါးတောများ ၀န်းရံထားသည့် ၀ါသင်္ခရွာတွင်လည်း တွေ့ရှိခဲ့ရသည်။ ၀ါသင်္ခရွာမှာ ကော့မှူးမြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့်အခါ တည်းခိုလေ့ရှိသည့် ရွာဖြစ်သည်။ ဦးခေမာနန္ဒက “သူတို့က ညသန်းခေါင်နဲ့ နံနက် ၃ နာရီလောက်ကြားမှာ စာရွက်တွေကို လမ်းဘေးမှာ ကြဲချထားပြီး နံနက်လင်းလာရင် လူတွေမြင်အောင် လုပ်တာပါ။ ဒါက ဒေါ်စုကို နာမည်ဖျက် တိုက်ခိုက်တာပါ” ဟု ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အား စွပ်စွဲတိုက်ခိုက်မှုများ ပြုလုပ်နေသည့် မဘသအဖွဲ့မှ ဘုန်းကြီး ၅ ပါး ထိုဒေသသို့ လာရောက်ချိန်နှင့် ထိုစာရွက်များ ဖြန့်ဝေချိန်မှာ တိုက်ဆိုင်နေသည်ဟု ဦးခေမာနန္ဒက ပြောကြားသည်။

မဘသအဖွဲ့က အားပေးဆောင်ရွက်ခဲ့သည့် မျိုးစောင့်ဥပဒေများကို လွှတ်တော်တွင် NLD က ဆန့်ကျင်ခဲ့သည်။ ဒေသတွင်း ပြုလုပ်သည့် NLD ဆန့်ကျင်သော ပွဲသို့ လာရောက်ရန် ဒေသခံများအား စစ်တပ်ကျောထောက်နောက်ခံပြု အာဏာရပါတီက ငွေ ၅၀၀၀ နှင့် လောင်စာဆီများ ပေးခဲ့သည်ဟု ဆိုသည်။ အလားတူ ငွေကြေး၊ အစားအစာနှင့် လက်ဆောင်များပေး၍ မဲဆွယ်မှုများရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား ထို“လာဘ်ပေးမှု” များကို လက်ခံရယူသော်လည်း NLD ကို မဲပေးရန် ပြောကြားခဲ့သည်။

ဝါသင်္ခရွာမှ ပြည်သူများကမူ ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်ဖြန့်ဝေထားသည့် စာများကြောင့် စိုးရိမ်ထိတ်လန့်မှုမရှိဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် တည်းခိုလေ့ရှိသည့် အိမ်တွင် နေထိုင်သူ အသက် ၄၆ နှစ်ရှိ ဦးညွန့်သန်းက “ကျွန်တော်တို့ အန်တီကို ယုံကြည်ပါတယ်။ ဒီလို စကားတွေကို မယုံပါဘူး။ ဒါတွေအားလုံးက အန်တီကို တားဆီးဖို့ လုပ်နေတာပါ” ဟု ပြောကြားခဲ့သည်။

မဘသ အစွန်းရောက်များ၏ တိုက်ခိုက်မှုများက NLD ကို ထိခိုက်စေနိုင်သည်။ မဘသအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးဝိမလဗုဒ္ဓိက NLD သည် နိုင်ငံကို အုပ်ချုပ်ရန် သင့်တော်မှုမရှိဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ယုံကြည်စိတ်ချရသည့် သဘောထားကောက်ယူမှု မရှိသဖြင့် အစွန်းရောက် ဘုန်းကြီးများ၏ ဟောပြောချက်များနှင့် အာဏာရပါတီ၏ တိုက်ခိုက်ပြောကြားမှုများ၏ သက်ရောက်မှုကို တိုင်းတာရန် ခက်ခဲသည်။ ကော့မှူးမြို့ရှိ ဘုန်းကြီးကျောင်းတွင် မဘသဘုန်းကြီးများမှာ ထောက်ခံသူ အနည်းငယ်သာရှိသော အစွန်းရောက်များဖြစ်သည်ဟု ဦးခေမာနန္ဒက ပြောကြားခဲ့သည်။

KHTun

Ref - Telegraph UK
The Ladies News Journal

ခင်ဦးမြို့နယ် မဲဆန္ဒနယ်မြေအတွင်း၌ ပျံ့နှံ့မှုများ ဖြစ်ပေါ်နေသည့် NLD ပါတီ၏ သမ္မတလောင်းကြေညာချက်အတု ဖြန့်ဝေထားမှုအား တွေ့ရစဉ်

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် မဲဆန္ဒနယ်မြေ၌ Facebook တွင် ပျံ့နှံ့နေသည့် NLD ပါတီ၏ သမ္မတလောင်း ကြေညာချက် အတုစာရွက်အား ကျေးရွာအများစုတွင် ပြည်ခိုင်ဖြိုးပါတီဝင်ဟု ဆိုသူများမှ ဖြန့်ဝေမှုများ ရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက်က ခင်ဦးမြို့နယ် မဲဆန္ဒနယ်မြေအတွင်းရှိ ကြို့ကန်၊ အင်းဘတ်၊ ဂွေးကုန်း၊ နှောကုန်းနှင့် သက်ရက်ကုန်း ကျေးရွာများတွင် ပြည်ခိုင်ဖြိုး ပါတီဝင် အချို့ဆိုသူများက Facebook တွင် ပျံ့နှံ့နေသည့် ‘ မြန်မာ့သတင်းထူး သတင်းဦးများ’စာမျက်နှာတွင် ရေးသားထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ပုံစံဖြင့် ကျွန်မတို့ NLD ပါတီ၏ သမ္မတလောင်းမှာ အရပ်သားစစ်စစ်ဖြစ်ကြောင်း ကျွန်မ ပြောခဲ့ပြီးပါပြီ။ အခုတစ်ခါ NLD ပါတီရဲ့ သမ္မတဟာ ဘယ်သူဖြစ်တယ်ဆိုတာ ကျွန်မပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်။ ကျွန်မတို့ NLD ပါတီရဲ့ ဥပဒေ အကြံပေး ဦးကိုနီ ဖြစ်ပါတယ်။ ကျွန်မတို့ NLD ပါတီကို ဦးဆောင်နိုင်သူ တစ်ဦးဖြစ်သလို လူနည်းစု အစ္စလာမ် ဘာသာဝင်တွေ အတွက်လည်း အားကိုးရသူတစ်ဦြး ဖစ်ပါတယ်။ အဘက်ဘက်ကို စဉ်းစားပြီး ကျွန်မရွေးချယ်ခဲ့ရတာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အတု ပါဝင်သည့် အဆိုပါစာမျက်နှာအား စာရွက်ထုတ်ကာ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လိုက်လံဖြန့်ဝေမှုများ ရှိနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

“မနေ့က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်မှုတွေ ပါဝင်တဲ့ စာရွက်တွေကို ခင်ဦးမြို့နယ် အတွင်းက ကျေးရွာတွေမှာ လိုက်ဖြန့်နေတယ်ဆိုပြီး ကျွန်တော်တို့ NLD ရုံးကို ဒေသခံတွေက သတင်းလာပေးကြတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နေတဲ့ NLD ပါတီရဲ့ သမ္မတလောင်း ကြေညာချက် အတုတွေကို ကျေးရွာတွေမှာရှိတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေက လိုက်ဝေနေတယ်ဆိုပြီး လာပြောကြတာပါ။ ပြည်ခိုင်ဖြိုး ပါတီမြို့နယ်ဥက္ကဋ္ဌကလည်း မိတ္တူဆွဲပြီး ဖြန့်ဖို့အတွက် လုပ်နေတာကို ကျွန်တော်တို့ အချက်အလက်တွေ ရထားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးနဲ့ မြို့နယ်ရဲစခန်းကို သွားရောက် အသိပေး အကြောင်းကြားသွားမှာပါ”ဟု ခင်ဦးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အလုပ်အမှုဆောင်ဖြစ်သူ ဦးခင်မောင်ဇင်က ပြောကြားသည်။

ခင်ဦးမြို့နယ် မဲဆန္ဒနယ်မြေတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ဒေသခံပြည်သူများက ထောက်ခံအားပေးမှု အရှိန်မြင့်တက်လျက်ရှိနေပြီး တစ်ဖက်တွင်လည်း NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်အား ဘာသာရေးအရ ထင်ယောင်ထင်မှား ဖြစ်စေရန် စာရွက်များ ဖြန့်ဝေခြင်း၊ လားရှိုးဆရာတော်ဟု အမည်တပ်ထားပြီး ဆရာတော်တစ်ပါးဟု ယူဆရသော ဟောကြားချက်များတွင် ဒေါ်အောင်ဆန်းစုကြည်အား ဆဲဆိုပုတ်ခတ် ထားမှုများ ပါဝင်သည့် အခွေများပါ ဒေသခံများအကြား ပျံ့နှံ့နေကြောင်းလည်း စုံစမ်းသိရသည်။

“သူတို့ပြောသလို စာရွက်တွေ မိတ္တူဆွဲပြီးတော့ ကျွန်တော်ကိုယ်တိုင် ဖြန့်နေတယ် ဆိုတာမဟုတ်ပါဘူး။ စွပ်စွဲတဲ့သဘောပေါ့။ ကျွန်တော်တို့ပါတီ နာမည်ကို အသုံးပြုပြီး တခြားသူတွေက လုပ်နေရင်တော့ ကျွန်တော် လည်း မသိဘူး။ လက်ရှိအချိန်မှာက ကျွန်တော်တို့ပါတီ အောင်နိုင်ရေးအတွက် အာရုံစိုက်ပြီး ကြိုးစားနေတာပါ”ဟု ခင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးအောင်မျိုးငြိမ်းက ပြောကြားသည်။

ခင်ဦးမြို့နယ် မဲဆန္ဒနယ်မြေအတွင်း၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အမျိုးသားတိုးတက်ရေးပါတီတို့မှ ၀င်ရောက်ယှဉ်ပြိုင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁၃၃၈၃ ဦး၊ မဲရုံပေါင်း ၁၀၃ ရုံရှိကြောင်း သိရသည်။
Writer:
ဌေးလှအောင်
Eleven Media Group


ဆင်ပေါင်ဝဲမြို့နယ်တွင် မဲရုံ ၂၀ ကျော်အား NLD ပါတီမှ မဲရုံကိုယ်စားလှယ် ခန့်ခွင့် မရရှိသဖြင့် မသမာမှုများဖြစ်မည်ကို စိုးရိမ်နေကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် တည်ရှိသော ကပစ (၁၃) မဲရုံအပါအ၀င် ကျေးရွာများ ဖြစ်ကြသော ရွာလယ်၊ ရွာမ၊ မကျီးကုန်းလေး၊ ကျင်း၊ ငါးရှဥ့်ချောင်း စသော ကျေးရွာများမှ မဲရုံ ၂၀ ကျော်အား NLD ပါတီမှ မဲရုံကိုယ်စား လှယ်များ ခန့်အပ်ခွင့် မရရှိသဖြင့် မဲမသမာမှုများ ဖြစ်မည်ကို စိုးရိမ်နေကြောင်း သိရသည်။

NLD ပါတီမှ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုနေထက်ဝင်းက “စုစုပေါင်း မဲရုံ ၂၀ ကျော်လောက်တော့ရှိမယ်။ အဲဒါက သူတို့က ပုံစံ (၈) ခန့်စာ ပေးတာ နောက်ကျလို့ဆိုပြီး ပြောတယ်။ ခန့်ခွင့်မပေးဘူးလို့ ပြောတယ်။ မဲရုံကိုယ်စားလှယ် သုံးဦးစလုံးကို ခန့်ခွင့်မရတာ။ သူတို့က အရေးကြီးတဲ့မဲရုံတွေ၊ ကပစ (၁၃) လို နေရာမျိုးတွေမှာ ပြဿနာတက်တယ်ပေါ့။ ကျွန်တော်တို့ လိုချင်တာကလည်း အဲဒီလိုမဲရုံတွေကို လိုချင်တာလေ။ တချို့ရွာတွေကျတော့ ကိုယ့်ရွာနဲ့ ကိုယ့်ဇာတ် နိုင်တယ်လေ။ ဒီလို အရေးကြီးတဲ့ မဲရုံတွေမှာ ခန့်ခွင့်မရတော့ နာတာပေါ့။ သူတို့ ဥပဒေထဲမှာ ပြထားတာတော့ ကော်မရှင်ကို တစ်ပတ်ကြိုတင်ရမယ်ပေါ့။ တစ်ပတ်ကြိုပြီး မတင်လို့ရှိရင်တော့ ခန့်ခွင့်မပေးဘူးလို့ မပါဘူး။ ဒီကိစ္စက မြို့နယ်ကော်မရှင်က လုပ်ပေးရမယ့် တာဝန် သူ့မှာရှိတယ်”ဟု ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “ကျွန်တော်တို့ဆီမှာ ရွေးကောက်ပွဲ စောင့်ကြည်ဖို့ အင်အားလည်း လိုနေပါတယ်။ အဓိက,ကတော့ မြို့ပေါ်မှာပေါ့။ အခုလည်း ကြိုတင်မဲတွေ ကတည်းက သူတို့ မဟုတ်တာတွေလုပ်နေပြီ။ ကျွန်တော်တို့ အမှတ်(၂) ရပ်ကွက်ကနေပြီးတော့ ကော်မရှင်ကို တိုင်ထားတာတွေလည်း ရှိတယ်။ အုပ်ချူပ်ရေးမှူးကိုယ်တိုင်က ဖိအားပေးပြီး မဲပေးခိုင်းတာမျိုးတွေ တော်တော်များတယ်။ မြို့ပေါ်ကိုပဲ ကြိုတင်မဲတွေအတွက် မရိုးသားမှုတွေ တော်တော်များများ တွေ့နေရတယ်။ ကျေးရွာတွေမှာဆိုရင်တော့ ပိုဆိုးပြီပေါ့။ ကျွန်တော်တို့ဆီမှာ ရွေးကောက်ပွဲ စောင့်ကြည့်သတင်းရယူဖို့ မီဒီယာသမားတွေလည်း မရှိကြဘူး”ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆင်ပေါင်ဝဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအား ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ ဖုန်းလာကိုင်သူ အမျိုးသမီးက ဥက္ကဋ္ဌ မအားကြောင်း၊ ဆန္ဒမဲလက်မှတ်တွေ ရပ်ကျေးတွေကို ထုတ်ပေးနေရကြောင်း၊ ညနေ ၄ နာရီလောက်မှသာ ဖုန်းပြန်ဆက်ပေးလိုကြောင်း ပြောကြားသည်။
Writer:
သက်ပိုင်ဇော် (အောင်လံ)
Eleven Media Group


မကွေးမြို့နယ်အတွင်း မဲပေးခွင့်ရှိသူနှင့် မဲရုံအချိုးအစား မညီမျှမှုများရှိနေပြီး သိင်္ဂါဂီရိ ရပ်ကွက်အတွင်း နိုဝင်ဘာ ၆ ရက်က မဲဆန္ဒရှင်လက်မှတ်များ ထုတ်ပေးရာတွင် မဲလက်မှတ်အပိုများ ပါရှိနေခြင်း၊ သေဆုံးပြီးသားသူ များအတွက် လက်မှတ်ပါရှိသော်လည်း အမှန်တကယ် မဲပေးခွင့်ရှိသူများအတွက် မဲလက်မှတ် မပါရှိခြင်းနှင့် မဲလက်မှတ်ထုတ်ပေးရန် ကော်မရှင် ၀န်ထမ်း မလုံလောက်မှုကြောင့် ပြည်သူများကိုယ်တိုင် မဲလက်မှတ်ရှာဖွေယူရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

မကွေးမြို့နယ်အတွင်း ကျေးရွာအချို့နှင့် သိင်္ဂါဂီရိရပ်ကွက် မဲရုံများတွင် ဆန္ဒမဲပေးမည့် လူဦးရေ များလွန်းနေမှုကြောင့် ရွေးကောက်ပွဲနေ့တွင် မဲပေးရန် အချိန်မလုံလောက်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်နေကြောင်း၊ မဲဆန္ဒရှင် ၆၀၀၀ ကျော်ရှိပြီး မဲရုံ ခုနစ်ရုံသာရှိသော သိင်္ဂါဂီရိရပ်ကွက်အတွင်း မဲဆန္ဒရှင် လက်မှတ်များ ထုတ်ပေးရာတွင် ပြည်သူများကိုယ်တိုင် မဲလက်မှတ်များကို ရှာယူကြရပြီး မဲလက် မှတ်ရှာမရမှုများ ရှိခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ မိသားစုမှာ သေဆုံးပြီးသား အမေအတွက် မဲလက်မှတ် ပါနေသလို ကျွန်မရဲ့ အမျိုးသားရော၊ ကျွန်မအတွက်ရော မဲလက်မှတ် အပိုတစ်စောင်စီ ပါနေပါတယ်။ သူများတွေလည်း အပိုပါနေတာနဲ့ သေပြီးသားလူတွေ ပါနေတာတွေ ရှိကြပါတယ်။ မဲလက်မှတ်တွေကို တာဝန်ယူ ထုတ်ပေးသူမရှိတော့ ကိုယ့် ဟာကိုယ် ရှာယူကြရပြီး တချို့က ရှာမတွေ့တာတွေလည်း ရှိပါတယ်”ဟု မကွေးမြို့ သိင်္ဂါရပ် သပြေလမ်းမှ မဲဆန္ဒရှင်တစ်ဦးက ပြောကြားသည်။

မကွေးမြို့နယ် ကျစ်ဆုံပွေးကျေးရွာမှ မဲဆန္ဒရှင်တောင်သူတစ်ဦးက “ကျွန်တော်တို့ ရွာမှာ မဲပေးခွင့်ရှိသူ ၂၅၀၀ လောက်ကို မဲရုံက နှစ်ရုံပဲရှိပါတယ်။ အဲဒီနှစ်ရုံမှာ မဲပေးရမယ့်လူ ခွဲတမ်းက တစ်ရုံမှာ ဦးရေ ၉၀၀ ထားပြီး တစ်ရုံမှာ တစ်ထောင်ကျော်ခွဲထားတော့ မဲရုံတစ်ရုံတည်းနဲ့ လူတစ်ထောင်ကျော် မဲပေးဖို့ အချိန်က ဘယ်လိုမှ မလောက်နိုင်ပါဘူး။ ဒါကြောင့် ရွာထဲက ရပ်ကျေးကော်မရှင်တွေ စုပေါင်းတိုင်ပင်ပြီး မဲပေးချိန် ညနေ ၄ နာရီကျော်တာနဲ့ လူတွေကို မဲရုံပရ၀ဏ်ထဲမှာပဲ နေကြဖို့နဲ့ သူတို့အတွက် ရေနဲ့မုန့်တွေ ဝေပေးဖို့ စီစဉ်နေကြပါ တယ်” ဟု ပြောကြားသည်။

မကွေးမြို့ သိင်္ဂါဂီရိရပ်ကွက် အုပ်ချုပ်ရေးမှူးက “ကျွန်တော့်ရပ်ကွက်ထဲမှာ မဲပေးခွင့်ရှိသူ ၆၀၀၀ ကျော်နဲ့ မဲရုံ ခုနစ်ရုံပဲရှိပါတယ်။ အဲဒါကို ကော်မရှင်ဝန်ထမ်းက ရှစ်ဦးပဲရှိတော့ ကျွန်တော်တို့မှာ လစ်ဟာမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲနေ့မှာ မဲပေးခွင့်ရှိသူအားလုံး အဆင်ပြေပြေ မဲပေးခွင့်ရဖို့ တတ်နိုင်သမျှ လုပ်ဆောင်နေကြပါတယ်။ ကျွန်တော်တို့မှာ မဲကိစ္စနဲ့ ပတ်သက်လို့ အခက်အခဲတွေ အများကြီးပါ။ တီဗွီကနေ ကြေညာတော့ ရွေးကောက်ပွဲနေ့မှာ မဲလက်မှတ် မပါလည်း မှတ်ပုံတင်နဲ့ ရပ်ကွက်မှာနေထိုင်ပြီး မဲပေးခွင့်ရှိသူသေချာရင် ထောက်ခံပေးလိုက်ပါတဲ့။ တကယ့်လက်တွေ့မှာ ကျွန်တော်တို့ကို အဲလိုထောက်ခံ မပေးဖို့ ညွှန်ကြားထားတယ်။ အဲဒီတော့ ပြည်သူက တီဗွီကကြေညာချက်ကို အတည်ယူပြီး လာရင် ကျွန်တော်တို့က ဘယ်လိုဖြေရှင်းရမလဲ” ဟု ပြောကြားသည်။

သိင်္ဂါဂီရိရပ်ကွက်တွင် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက ရာခိုင်နှုန်း ၉၀ ကျော်ဖြင့် အနိုင်ရခဲ့ကြောင်း၊ ယင်းရပ်ကွက်အတွင်း မကွေးမြို့ တပ်မ ၈၈ မှ တပ်သားများ အပါအ၀င် နိုဝင်ဘာ ၆ ရက်အထိ ကြိုတင်မဲပေးသူ ၃၀၀ ခန့်ရှိထားကြောင်း အဆိုပါကဲ့သို့ မဲလက်မှတ်များနှင့် မဲစာရင်းများ အမှားဖြစ်ပေါ်မှုအပေါ် ရွေးကောက်ပွဲကော်မရှင်ကို ရပ်ကွက်နေပြည်သူများက ဝေဖန်မှုများရှိနေသည်။
Writer:
အောင်သူငြိမ်း
Eleven Media Group

ကြံ့ဖွတ်ရဲ့တစ်နပ်စာအန်ဖတ်ကို
ငတ်မနေနဲ့ သင်ရဲ့အကြပ်တည်း
သင်ရဲ့ဘ၀ ဒုက္ခအ၀၀ကို
ကယ်မ-နိုင်သူဟာ NLD-သာဖြစ်တယ်…။

ပြန်ဆန်းစစ်ကြည့်ပါ ဤကမ္ဘာမှာ
သယံဇာတ ပေါပါလျက်နဲ့
အခက်အမျိုးမျိုးကြုံ ဒုက္ခအလီလီဆုံခဲ့တာ
ဘာကြောင့်လဲ…သိလား?
ခိုသားတတွေ တိုင်းပြည်ကိုခွစီး
နည်းအမျိုးမျိုးနဲ့ခိုးနေကြလို့ပဲ...။

တိုင်းပြည်အိတ်ကိုဖေါက်ပြီး
ဖါးကောက်နေလို့ ကောက်သမျှဖါး
တစ်ကောင်မျှမရ
သူတို့သာ ကျိကျိတက်ချမ်းသာကြ
ဟောဒီ-မိုးပေါ်ကကျလာတဲ့
လိုင်စင်ရဓါးပြတွေကိုသာ
မဲပေးသွားပါရင် ခင်ဗျားတို့ရဲ့နှမကိုပါ
မရမက-ထုတ်ကုန်အဖြစ် ရောင်းပစ်လိမ့်မယ်…။

မြန်မာပြည်ရဲ့ သူခိုးဓါးပြဘေးက
ဝေးစေချင်ရင် ခင်ဗျားတို့ရဲ့ ရင်ထဲကမဲတစ်ပြား
သူတို့တတွေကို ထပ်အပေးမမှားနဲ့…။

မဲရုံကိုသွား NLD-ကိုသာမဲပေးသွား
သင်လုပ်နိုင်တဲ့စွမ်းအားနဲ့ ဆင်းရဲသွား
မွဲပြာကျသွားသော မြန်မာကိုကယ်ပါ ဆယ်ပါ…။

အမျိုးသားကောင်း သမီးကောင်းအပေါင်းတို့…။

တက္ကသိုလ်ဘုန်းကြွယ်(နိုဝင်ဘာ ၆ ၁၅)


 နိုဝင်ဘာလ ၊ ၆ ရက် ၂၀၁၅

 ရွေးကောက်ပွဲနေ့ စစ်တပ်လုံခြုံရေးယူမည့်မဲရုံများတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဘက်မှ ရဲဘော်များလည်း ရှိနေသည့်အတွက် ထိပ်တိုက်တွေ့ဆုံမိပါက တိုက်ပွဲဖြစ်မည်ကို စိုရိမ်စိတ်ရှိနေကြသည်ဟု သိရသည်။

လွိုင်ကော်မြို့နယ် တီးလုံကျေးရွာအုပ်စုရှိ မဲရုံ (၁)၊ (၂) ၊ (၃) တွင် တပ်မှ လုံခြုံရေးတာဝန်ယူဖို့ ရှိသည့်အတွက် မဲပေးမည့် မဲဆန္ဒရှင်များ စိုရိမ်းစိတ်တွေ ရှိနေကြသည်ဟု တီးလုံကျေးရွာ အုပ်စု ဒေါစဲကျေးရွာမှ ခူးဘိုးရယ်က ပြောသည်။

“စိုးရိမ်စိတ်တော့ရှိတာပေါ့။ လွတ်လွတ်လတ်လတ် မဲပေးပါလို့ပြောနေကြတယ်။ ဒါမဲ့ ရွာကလူတွေက စိုးရိမ်နေကြတယ်။ ရွာ ရဲ့ အနီးအနားမှာလည်း KNPP ရဲဘော်တွေရှိတယ်လေ။ ငြိမ်းချမ်းရေး ယူထားတယ်ဆိုပေမယ့် မပြောတတ်ဘူးလေ။ မတော်လို့ ဟိုဖက်က ရဲဘော်နဲ့ လုံခြုံရေး ယူမည့် တပ်က ထိပ်တိုက်တွေ့ရင် မလွယ်ဘူး။မပြောတတ်ဘူး။” ဟု ခူးဘိုးရယ်က ပြောပါသည်။

ယခင် ငြိမ်းချမ်းရေး မယူခင်ကာလတွင် တီးလုံကျေးရွာအုပ်စုသည် အမည်းရောင်နယ်မြေဟု သတ်မှတ်ခံထားကြပြီး မကြာခဏဆိုသလို တိုက်ပွဲဖြစ်ခဲ့သောနေရာဖြစ်သည့်အတွက် ကြောက်စိတ်များ ရှိနေကြခြင်းဖြစ်သည်ဟု တီးလုံးကျေးရွာအုပ်စု ၀မ်ငေါ့ကျေးရွာမှာ ခူးပလျားရယ် က ဆိုသည်။


“ ကြောက်စိတ်တွေတော့ရှိနေသေးတာတော့ ရှိတယ်။ အရင်က တပ်တွေက တွေ့ ရင် ဘယ်ကိုပြေးရမယ်ဆိုတာပဲ အမြဲတွေးနေခဲ့ကြတယ်လေ။ အခုက တိုက်ပွဲမဖြစ်တာတော့ ကြာပြီ။ ဒါပေမယ့် အရင်က ရှိခဲ့တဲ့ ကြောက်စိတ်တွေက ရွာသားတွေက မပျောက်နိုင်ဘူးဖြစ်နေတယ်။’’ ဟု ခူးပလျားရယ်က ပြောသည်။

KNPP ဘက်မှတာဝန်ရှိသူများက ရွေးကောက်ပွဲတွင် မိမိတို့ဘက်မှ နှောင့်ယှက်မည်မဟုတ်ကြောင်း သို့သော် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည်ဟု ပြောဆိုထားပါသည်။

လွိုင်ကော်မြို့နယ်အတွင်းတွင် မဲရုံ ၅ ရုံဖြစ်သော တီးလုံကျေးရွာအုပ်စုမှ ၀မ်ငေါ့ကျေးရွာ မူလွန်ကျောင်း ၊ ဒေါစဲကျေးရွာ အ.မ.က ကျောင်း ၊ မဲဖျာကျေးရွာ အ.မ.က ကျောင်း ၊ ပါလောင်းအုပ်စုတွင် ဒေါတရိုးအ.မ.က ကျောင်း ၊ ဆူးဖဲလော အ.မ.က ကျောင်းတို့တွင် စစ်တပ်မှ လုံခြုံရေးယူထားသည်။


၎င်းမဲရုံများတွင် ခမရ(၅၃၀) ၊ ခလရ(၂၅၀) ၊ ခလရ (၂၆၁) ၊ ခလရ (၅၄) ၊ ရတခလရ (၉၄) တပ်တို့မှ တာဝန်ယူမည်ဟု သိရသည်။

မဲရုံလုံခြုံရေးအတွက် မဲရုံ(၁)ရုံတွင် အရံမီးသတ်(၄)ဦး၊ အထူးရဲ(၁)ဦး နှင့် တပ်သား (၁၀)ဦး စီ တာဝန်ယူသွားမည်ဖြစ်ကြောင်းသိရသည်။

တီးလုံးကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်ထောင်စုနှင့်ကြံ့ခိုင်ရေးပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ၊ ကယားလူမျိုးစုဒီကရေစီပါတီ၊ ကျာခေါင်းပါတီ နှင့် ဒူးလေးပါတီ စသည့်ပါတီများက မဲဆွယ်စည်းရုံးထားကြောင်းသိရသည်။

ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes/

မယ်စဲမြို့နယ်အတွင်း ကော်မရှင်ရုံးတွင် ကြိုတင်မဲ မဲထည့်နေကြစဉ်ဖြစ်သည်။ ဓါတ်ပုံ စိုင်းလင်းလင်းဦး


 ကယားပြည်နယ် မယ်စဲမြို့နယ် ဟိုဂျစ်အုပ်စု အတွင်းတွင် ကျေးရွာချင်းလမ်းမပေါက်သည့်အတွက် သက်ကြီးရွယ်အိုများ လမ်းဆုံကျေးရွာသို့ မဲသွားထည့်နိုင်ရန် အခက်အခဲ ဖြစ်နေကြသည်ဟု ဟိုဂျစ်အုပ်စု ဥက္ကဌ ဦးစောကောနာက ပြောပါသည်။

“ရွာကနေ မဲရုံရှိတဲ့နေရာထိရောက်ဖို့က အရင် နှစ်နာရီလောက်လမ်းလျှောက်ရမယ်။ ပြီးတော့ ဟိုဂျစ်ထိ ဆိုင်ကယ်နဲ့ ဆက်သွားရမယ်။ ပြီးတော့ လမ်းဆုံကို ကားနဲ့ထပ်သွားရအုံးမယ်ဆိုတော့ သက်ကြီးသူတွေ မဲသွားထည့်နိုင်ပါ့မလားပေါ့။” ဟု ဦးစောကောနာက ပြောသည်။

ဟိုဂျစ်အုပ်စုအတွင်းတွင် ကျေးရွာများဖြစ်ကြသော ဟိုဂျစ်ကျေးရွာ ၊ တောင်လှကျေးရွာ ၊ ဟိုဖကျေးရွာ ၊ လယ်တောကျေးရွာသည် မဲရုံထားရှိသည့် လမ်းဆုံကျေးရွာနှင့် ခန့်မှန်းခြေ မိုင် ၄၀ခန့် ရှိပြီး လမ်းမပေါက်သေးကြောင်း သိရသည်။
ကော်မရှင်မှ ကြိုတင်မဲကောက်ခံရာတွင်လည်း ဟိုဂျစ်ကျေးရွာထိသာ ကောက်ခံသည့်အတွက် တခြားရပ်ဝေးမှ မလာနိုင်ကြောင်း ဦးစောကောနာက ပြောပါသည်။

“ ကျေးရွာတွေက အရမ်းဝေးတော့ အခက်အခဲဖြစ်တယ်လေး။ လမ်းဆုံကျေးရွာမှာလာထည့်မည့်ရွာတွေက လမ်းက မပေါက်ဘူး။” ဟိုဂျစ်ရွာမှ ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

နိုင်ငံရေးပါတီများ မဲဆွယ်ကာလအတွင်းတွင် ၎င်းကျေးရွာသို့ ရောက်ရှိခဲ့စဉ်အချိန်၌ ဒေသခံများက မဲပေးနိုင်ရန် အချိန်မှီရောက်ရှိလာနိုင်ရေးအတွက် ကားများကြိုပို့လုပ်ပေးစေလိုကြောင်း တောင်းဆိုခဲ့ကြရာ နိုင်ငံရေးပါတီများ အစီအစဉ် မဖြစ်မြောက်ခဲ့ကြောင်း သိရသည်။

“အမှန်နိုင်ငံရေးပါတီတွေအားလုံးက စီစဉ်ပြီး လမ်းခရီးအစဉ်ပြေအောင် ကားငှားပြီးအကြိုအပို့လုပ်ဖို့ စီစဉ်ခဲ့ကြသေးတယ်။ ကြံ့ခိုင်ရေးပါတီက ကန့်ကွက်လိုက်တော့မဖြစ်လိုက်ဘူး။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောသည်။

လမ်းခရီးအခက်အခဲရှိနေသည်ဟု ဆိုသော်လည်း ဥပဒေတွင် ထိုကဲ့သို့ ဆောင်ရွက်ပေးနိုင်ရန် လုပ်ထုံးလုပ်နည်းမရှိသည့်အတွက် ဥပဒေနှင့်ညှိစွန်းမှာစိုးရိမ်သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောသည်။

၎င်းက “ဒီဟာ ဥပဒေနဲ့မညီညွတ်တဲ့အတွက် ကန့်ကွက်ခြင်းဖြစ်ပါတယ်။ တခြားဘာမှမဟုတ်ပါဘူး။” ဟု ပြောသည်။

မဲထည့်မည့် နေ့တွင် ဟိုဂျစ်ကျေးရွာအုပ်စုဥက္ကဌမှ ဦးဆောင်ပြီး ကြိုပို့ပေးနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။
၎င်းမဲရုံသို့ မဲလာထည့်မည့် မဲဆန္ဒရှင်စာရင်းမှာ ၃၆၈ ဦး ရှိပြီး တစ်မြို့နယ်လုံးတွင် ၃၈၆၄ ဦး ရှိသည်။

မယ်စဲမြို့နယ်တစ်မြို့နယ်လုံ နိုဝင်ဘာလ ၆ ရက်နေ့ထိတွင် ကြိုတင်မဲ ၂၈၀ ဦးရှိထားပြီး နယ်ခြားစောင့်တပ် ၁၀၀၄ တပ်မှမဲဆန္ဒရှင် ၂၀၅ ဦးသည် ကြိုတင်မဲ ပေးထားပြီးဖြစ်သည်ဟု သိရသည်။ ၎င်း ကြိုတင်မဲထဲတွင် ဟိုဂျစ်ကျေးရွာအုပ်စုမှ သက်ကြီးရွယ်အိုများ မလာနိုင်သေးကြောင်းသိရသည်။

စိုင်းလင်းလင်းဦး
Kantarawaddy Times
https://www.facebook.com/kantarawaddytimes/


အစိုးရနဲ့ တပ်မတော်အနေနဲ့ လာမယ့်ရွေးကောက်ပွဲ ရလဒ်အပေါ် လေးစား လိုက်နာ သွားမှာဖြစ်တယ်လို့ သမ္မတကြီးကပြောဆိုလိုက်ပါတယ်။ ထွက်ပေါ် လာမယ့် ရွေးကောက်ပွဲ ရလဒ်အပေါ်လေးစားလိုက်နာမှုနဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်မှု မရှိဖို့လည်း ထပ်မံ ကတိပေးပြောဆို ခဲ့ပါတယ်။ ရွေးကောက်ပွဲ အပြီး နောက်ထပ် သမ္မတတာဝန်မယူခင် ကြားကာလ မှာတည်ငြိမ်အေးချမ်း ဖို့ နိုင်ငံရေး အင်အားစုခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး အဖြေရှာမယ်လို့လည်းပြောဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းကမေခကပေး ပို့ထားပါတယ်။

မနေ့က ည၈နာရီမှာ မဲဆန္ဒရှင်ပြည်သူများကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲ ဆိုင်ရာ မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။ ထွက်ပေါ်လာမယ့် ရွေး ကောက်ပွဲ ရလဒ်အပေါ်လေးစားလိုက်နာမှုနဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေကြောင်း ဒီအပေါ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလိုပြောဆိုပါတယ်။

" ကျွန်တော်တို့ အစိုးရ၊ တပ်မတော် အနေနဲ့ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲများရဲ့ရလဒ်ကို လေးစား လိုက်နာသွား မည်ဖြစ်ကြောင်းကို ထပ်မံပြောကြားလိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဲဆန္ဒရှင် ပြည်သူများ ရွေးချယ် တင်မြှောက်လိုက်တဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များဟာ အစိုးရအဖွဲ့ကို ဦးဆောင်မယ့် သမ္မတလောင်းများကို ပြည်သူလူထုကိုယ်စား ဆက်လက် မဲပေး ရွေးချယ်သွားကြမှာ ဖြစ်ပါတယ်။ ဒီလို ရွေးကောက်ပွဲ ရလဒ်များနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့ကို ကျွန်တော့်အနေနဲ့ လက်ခံသွားမှာ ဖြစ်ပြီး နိုင်ငံရေး အင်အားစု အသီးသီးရဲ့ ခေါင်းဆောင်များ အနေနဲ့လည်း လေးစား လက်ခံသွားကြမယ်လို့ ယုံကြည်ပါတယ်။

ရွေးကောက်ပွဲ အပြီး နောက်ထပ်သမ္မတ တာဝန်မယူခင် ကြားကာလ မှာ တည်ငြိမ်အေးချမ်းဖို့ နိုင်ငံရေးအင်အားစုခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး အဖြေရှာမယ်လို့လည်း မိန့်ခွန်း ပြောဆိုခဲ့ပါတယ်။

"ကြားကာလ တည်ငြိမ်အေးချမ်းမှု ရှိစေဖို့အတွက်လည်း နိုင်ငံရေး အင်အားစုများမှ ခေါင်းဆောင်များနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာသွားမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများကလည်း ကြားကာလ တည်ငြိမ်အေးချမ်းမှုနဲ့ နိုင်ငံရေး အခင်းအကျင်းသစ်ကို ချောမွေ့ ညင်သာစွာ အသွင်ကူးပြောင်းစေဖို့ များစွာ အထောက်အကူပြုသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အားလုံး မျှော်မှန်းနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ မြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်တဲ့နေရာမှာ ခရီးရှည်ကြီးကို အားလုံးအတူ ဖြတ်သန်းကြရဦးမှာ ဖြစ်ပါတယ်။ အနာဂတ်မှာလည်း ရွေးကောက်ပွဲပေါင်း များစွာကို ဖြတ်သန်းပြီး နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှု အဆင့်ဆင့်ကို တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ ဒီလို အဆင့်ဆင့် တက်လှမ်းရာမှာ ယခု ကျင်းပတော့မည့် သမိုင်းဝင် ရွေးကောက်ပွဲကြီးကို လွတ်လပ်ခြင်း၊ မျှတခြင်းဆိုတဲ့ ဝိသေသတွေနဲ့ အောင်မြင်စွာ ကျင်းပနိုင်မှသာ ပြုပြင်ပြောင်းလဲမှုများ ရှေ့ဆက်နိုင်မယ့် နိုင်ငံရေး အခင်းအကျင်းသစ် တစ်ခုကို တည်တည်ငြိမ်ငြိမ် ကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်။"

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလိုပြောဆိုခဲ့တာပါ။

ဒီပြင်လာမယ့် တနင်္ဂနွေနေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ စိန်ခေါ်မှုတွေ အခက်ခဲတွေ ရှိနေတယ်လို့လည်း သမ္မတကြီးက မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ ဒီအပြင် ဒီအခြေအနေရောက်လာဖို့ ခက်ခဲစွာဖြတ်သန်းခဲ့ရတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

အစိုးရအနေနဲ့ တပ်မတော်သား တွေနဲ့ ပြည်သူ့ဝန်ထမ်းတွေအပေါ်မှာ ဘာလွှမ်းမိုးမှုမှမရှိ လွတ်လပ်စွာမဲပေးနိုင်ဖို့ လုပ်ဆောင်ထားတယ်လို့လည်း သမ္မတက မိန့်ခွန်းမှာပြောဆိုခဲ့ပါတယ်။

နိုင်ငံ ကံကြမ္မာပြောင်းဖို့ ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေအနေနဲ့ မဖြစ်မနေမဲပေးဖို့ တိုက်တွန်းခဲ့သလို ကော်မရှင်အနေနဲ့လည်း မဲပေးခွင့် မဆုံးရှုံးရအောင် လုပ်ဆောင်ပေးထား ကြောင်းပြောဆိုထားတယ်လို့ သမ္မတကပြောဆိုခဲ့ပါတယ်။

သမ္မတကြီးရဲ့ရွေးကောက်ပွဲဆိုင်ရာ မိန့်ခွန်း အပေါ် နိုင်ငံရေးလေ့လာ သုံးသပ်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကတော့ အခုလိုသုံးသပ်ပါတယ်။

"အဲ့တော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့ လိုတယ်။ အဲ့ဒီ့လွတ်လပ်ပြီးတော့ တရားမျတတဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ရလဒ်ကို ပြည်သူကလည်း ထောက်ခံမယ်။ တပ်မတော်ကလည်း ထောက်ခံမယ် တခြားလူတွေလည်း ထောက်ခံကြပါလို့ ပြောတဲ့စကားကတော့ ဒါဟာ တော်တော်ကောင်းမွန်တဲ့ စကားလို့ပဲ ထင်ပါတယ်။ အခင်းအကျင်း သစ်ကြီးကိုလည်း ခေါ်သွားမယ်ဆိုတော့ ဒါက အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ကြိုးစားမယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးကို မှန်းဆလို့ရတဲ့အခါကျတော့ ကောင်းတယ်လို့ထင်ပါတယ်။ အဲ့တာနဲ့ပတ်သက်လို့တော့ သံသယဖြစ်စရာတွေက အများကြီးရှိနေတယ်။ မဲပေးတဲ့နေရာမှာလည်း မဲဖောင်းပွတာတွေရှိနေတယ်။ ကြိုတင်ဆန္ဒမဲပေးထားတဲ့ သူတွေကလည်း မဲလက်မှတ်တွေရထားတယ်။ ဆိုတဲ့အခါကျတော့ ပြသနာတွေ အများကြီး ရှိနိုင်တယ်။ ဒါကတော့ ကံသေကံမ အာမခံချက်အနေနဲ့ ဘယ်လိုမှ မပြောနိုင်ဘူး။"

မနေ့က မိန့်ခွန်းမှာ သမ္မတကြီးက မဲဆွယ်စည်းရုံးမှုမှာ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာခဲ့တဲ့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ အပေါ် ဝမ်းမြောက်ကြောင်း၊ ငြိမ်းချမ်းစွာ ကိုယ်ထောက်ခံတဲ့သူကို အားပေးခဲ့တဲ့ ပြည်သူတွေကို လည်း ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါအပြင် တက်ကြွစွာပါဝင်လုပ်ဆောင်ပေးကြတဲ့ လူငယ်တွေနဲ့ အရပ်ဘက် အဖွဲ့စည်းတွေကိုလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့သလို ပြည်သူတွေအနေနဲ့ ဆန္ဒမဲမဖြစ်မနေ ထည့်ဖို့တိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့လည်း သမ္မတဟာ ပါတီလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အတွက် အခြေခံ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကန့်ကွက်ခဲ့သလို၊ မဲဆန္ဒရှင်တော်တော်များများဟာ မဲပေးခွင့်ဆုံးရှုံးမှုတွေ ရှိတာကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 တပ်မတော်သားတွေ ပြည်သူနဲ့ သဘောထား တပ်တူကျဖို့ ဦးတင်ဦး တိုက်တွန်း
 ရွေးကောက်ပွဲ မတိုင်ခင်မှာ War of office council ကနေ နိုင်ငံရေးပါတီ၊ အစိုးရ အဖွဲ့အစည်း ဆိုင်ရာ တွေနဲ့ မိမိတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းပစ္စယများနဲ့ ငွေရေးကြေးရေး ဆိုင်ရာတွေမှာ မပါတ်သက်ဖို့ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ တပ်မတော်သားများ အနေနဲ့ မိမိတို့ မဲပေးခွင့်ကတော့ ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို ပေးနိုင်ကြောင်း ကိုလည်း အမိန့်ထုတ်ပြန်ပေး ခဲ့ပါတယ်။

၁၉၆၀ ခုနှစ်မှာတော့ ရစရာ မရှိအောင် ပျက်စီးခဲ့ပြီး နောက်ဆုံးမှာ တပ်မတော်သားတွေကို ကိုယ်ပေးစေချင်တဲ့ ပါတီကို ပေးခိုင်းတာမျိုးတွေ ရှိခဲ့ကြောင်း ဆက်ပြောပါတယ်။

သက်ဆိုင်ရာ တပ်မှူးတွေက တည်မြဲ အဖွဲ့ကို ပေးဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပေမဲ့ အောက်ခြေ စစ်သားတွေဟာ ပြည်သူတွေရဲ့ သဘောထားနဲ့ ထပ်တူ ထပ်မျှ ကျခဲ့ပြီး လွတ်လွတ် လပ်လပ် မဲပေး ခဲ့ကြတယ်လို့ ပြောကြားပါတယ်။

မျက်မှောက်ခေတ် မှာလည်း တပ်မတော်သားတွေ အနေနဲ့ ပြည်သူ တွေရဲ့ သဘောထားနဲ့ ထပ်တူကျ ဖို့ လိုကြောင်း ဦးတင်ဦးက တိုက်တွန်း ပြောကြားသွား ပါတယ်။

ဘီဘီစီ ရဲ့ ဧည့်အစီအစဉ်မှူး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ကိုမင်းကိုနိုင် က ရွေးကောက်ပွဲ အထူး အစီအစဉ် အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ နာယက ဦးတင်ဦးနဲ့ တွေ့ဆုံမေးမြန်း ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကောင့်သောင်းမြို့- သတင်းဓာတ်ပုံ Credit to ကော့သောင်း NLD FB.
 အိမ်နီးချင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ် ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးဖို့ အတွက် ပြန်လာကြပေမဲ့ ဆန္ဒမဲပေးဖို့ အခက်အခဲတွေ့နေကြ ရပါတယ်။ ထောင်ချီ တဲ့ ပြည်ပရောက်အလုပ်သမားတွေဟာ ပြည်ပမှာ မဲပေးခွင့်မရခဲ့ သလို ပြည်တွင်း ပြန်လာတော့လည်း မဲပေးခွင့်မရတဲ့အတွက် မကျေလည်မှုတွေရှိနေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဇာတိမြို့ဖြစ်တဲ့ ကော့သောင်းမြို့ကို ပြန်လာကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ကော့သောင်းမှာပဲ အလုပ် လာလုပ်ကြသူတွေ ကော့သောင်းမြို့ မှာပဲ နေထိုင်ပြီး မဲပေးခွင့်စာရင်းထဲ မဲပေးခွင့်မရှိကြသူတွေ ဟာ ထောင်ဂဏန်းနဲ့ ရှိနေတာပါ။  မကြာခင်မဲပေးရတော့မယ့် ရက်နီးလာတဲ့အချိန်မှာ ဇာတိမြို့ ဖြစ်တဲ့ ကော့သောင်းမြို့ ကို လူအတော်များများ မဲပေးဖို့ ပြန်လာကြချိန်မှာ သူတို့စာရင်း မပါတဲ့အတွက် မကျေလည်မူတွေဖြစ်နေကြပါတယ်။ ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းကနေ မဲပေးဖို့ ပြန်လာ တဲ့ရွှေ့ပြောင်း အလုပ်သမားတဦးကတော့ ထိုင်းနိုင်ငံမှာလည်း ကြိုတင်မဲပေးခွင့် မရခဲ့သလို မြန်မာပြည်ပြန်လာတော့လည်း မဲပေးခွင့်မရဘူးလို့ အခုလိုပြောပါတယ်။

"ကျနော်က ယိုးဒယား ကော့တောင်ကျွန်းမှာ အလုပ်လုပ်ပါတယ်။ ကြိုတင်မဲ ထည့်ခွင့်မရတဲ့အတွက် ကျနော် မြန်မာပြည်ပြန်လာပြီး မဲလာထည့်တာပေါ့နော်။ လာထည့်တဲ့အချိန်မှာ ကော်မရှင်က အရင်ပထမတကြိမ် မလျောက်ဘူးတဲ့သူတွေ၊ ဒုတိယတကြိမ် မလျောက်ဖူးတဲ့သူတွေ လက်မခံတော့ဘူးလို့ပြောပါတယ်။ "

ကော့သောင်းမြို့မှာပဲနေပြီး မဲပေးခွင့်မရသူတဦးကလည်း အခုလိုပြောပါတယ်။

" ကော့သောင်းမှာပါခင်ဗျ။ အေးရိပ်ငြိမ်ရပ်ကွက် ပေါ်ဦးလမ်းမှာ နေပါတယ်။ မဲစာရင်းမှာ မပါဘူး။ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်စလုံးမှာ မပါဘူးခင်ဗျာ။"

ဘန်ကောက်မြို့မှာ အလုပ်လုပ်နေသူတဦးကတော့ မှတ်ပုံတင် သန်းခေါင်စာရင်း အပြည့်အစုံရှိသလို မိသားစုအားလုံး မဲစာရင်းမှာပါပေမဲ့ သူနာမည်မပါတဲ့အတွက် မဲပေးခွင့်မရတဲ့အကြောင်းအခုလိုပြောပါတယ်။

"ကျနော်က ဒီလို အိမ်ထောင်စုစာရင်းရှိတယ်။ မဲပေးဖို့ ဘန်ကောက်ကနေ ဆင်းလာတယ်။ ကျနော် မဲပေးချင်လို့ ဆင်းလာတာ။ အခုက စာရင်းမပါဖြစ်နေတယ်။ ကျနော်တို့ အိမ်ထောင်စုက အကုန်လုံးရှိတယ် ဒီမှာ။"

ပခုက္ကုမြို့ကနေ လာပြီး ကော့သောင်းမြို့မှာ ဖုန်းကုမ္ပဏီ က ကေဘယ်လ်ကြိုးတိုင်တွေ ထောင်ဖို့ အတွက် အလုပ်လာလုပ်သူ တဦးကတော့ သူလည်း မဲပေးခွင်မရဘူးလို့ဆိုပါတယ်။

" ကျနော်တို့က မဲပေးချင်တယ်။ မဲပေးချင်လို့ လိုက်ပေးတာ ဘယ်မှာမှ လိုက်ပေးလို့မရဘူးဖြစ်နေတယ်။ ကျနော်တို့ ပခုက္ကူပါခင်ဗျ။ ဖုန်းကေဘယ်လ်ကြိုး လာလုပ်တာပါ။"

မဲပေးခွင့်မရတဲ့ သူတွေရဲ့ စာရင်းတွေကို ပြုစုနေတဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ တိုင်းစည်းရုံးရေးမှူး ဦးသန်းထွန်းကတော့ သောကြာနေ့မနက်ထိ ကောက်ခံထားတဲ့ စာရင်းကို အခုလိုပြောပြပါတယ်။

"အားလုံးခြုံကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ စာရင်းထဲမှာ မဲထည့်ခွင့်မရတာ သုံးထောင့် လေးဆယ့်နဲ့ခုနှစ်ဦးရှိတယ်။ တခုခု မှားယွင်းနေတယ်လို့ ကျနော်တို့ သုံးသပ်မိတယ်။"

ကော့သောင်းမြို့ ၈၈ငြိမ်းပွင့် အဖွဲ့ ရဲ့ ရုံးအုပ်ဖြစ်တဲ့ ဦးမျိုလွင်ကလည်း သူတို့စာရင်းပြုစု ထားတဲ့ မဲပေးခွင့်မရတဲ့စာရင်းကို အခုလိုပြောပြပါတယ်

" မြို့ပေါ်ရပ်ကွက်က ဆယ်ကွက်၊ ကျေးရွာ က နှစ်ရွာ၊.. ကျေးရွာ ရယ်၊ ရွှေပြည်စိုးကျေးရွာရယ်ကို ကျနော်တို့ပြုစုထားတာပါ။ တစ်ထောင့်ရှစ်ဆယ့်နဲ့ခုနှစ်ယောက်ရှိပါပြီ လောလောဆယ် မဲပေးခွင့်မရတာ။"

ညနေပိုင်းအထိ မဲပေးခွင့်မရတဲ့သူတွေ စာရင်းတွေကောက်ခံနေ တဲ့ စေတနာဝန်ထမ်း အမျိုးသမီးကလည်း အခုလိုပြောပါတယ်။

" ကော့သောင်းအနေနဲ့ကတော့ လူအယောက် လေးထောင်ကျော်ရှိနေပြီရှင့်။ သူတို့ မဲစာရင်းထည့်ခွင့်မရှိလို့။"

ဒါကတော့ ၂၀၁၅ရွေးကောက်ပွဲအတွက် မဲပေးဖို့ အနယ်အရပ်ရပ်ပြန်ကြသူတွေ မဲပေးခွင့်စာရင်းထဲမှာ မပါလာကြတဲ့ အခြေအနေတွေပဲဖြစ်ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဒီရက်ပိုင်းအတွင်း လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ စတင်လက်ခံနေရာမှာ မဲလက်မှတ်တွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီနဲ့ ကိုယ်စားလှယ်လောင်း အမည်တွေ မပါ ၀င်တာတွေ ရှိသလို့ တချို့ဒေသတွေ မှာတော့ ပယ်ဖျက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်တွေ ပါဝင်နေတာတွေရှိနေပါတယ်။ လတ်တလောကြိုတင်မဲပေးရာမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက်ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို ပြီးခဲ့တဲ့လ ၂၉ရက်နေ့က စတင်လက်ခံခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ မဲလက်မှတ် အမှားအယွင်းရှိတဲ့ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်အတွင်းမှာ ကျားခေါင်းပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အမှတ်တံဆိပ်နဲ့ ကိုယ်စားလှယ်လောင်းအမည်တွေ မဲလက်မှတ်တချို့မှာ မပါဝင်တာတွေ ရှိနေတယ်လို့ SNLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှုး ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

"ကျနော်တို့ မဲရုံကိုယ်စားလှယ် လုပ်မယ့်သူတွေက ကြိုတင်မဲပေးတဲ့အခါကျတော့ SNLD Logo နဲ့ SNLD စိုင်းထွန်းအောင်ပေါ့ ကိုယ်စားလှယ် Candidate ကို ပေးဖို့ကြည့်လိုက်တော့ ဘာမှ မပါဘူး။ မပါဘူးဖြစ်နေတော့ complain လုပ်ကြတယ်။ အဲ့တာ သုံးရက်ခြား တခုဖြစ်နေတယ်။ လောလောဆယ်တော့ ဒါကို ရွေးကောက်ပွဲကော်မရှင်ကို မြို့နယ်ကနေ တဆင့် ပြည်နယ်အထိ တင်ထားကြတယ်လေ။"

မိုင်းပန်မြို့နယ်မှာ ကျားခေါင်းခေါ် SNLD ပါတီ၊ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ SNDP၊ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့ဖက်က အခြေအနေကို ဦးစိုင်းညွှန့်လွင်က အခုလို ဆက်ပြောပါတယ်။

"မိုင်းတုံမှာ ပြည်သူ့အဆင့်ရှိတယ်။ နောက် border guards  ပေါ့ နယ်ခြားစောင့်တပ်ပေါ့။ အဲ့ဒီ့တပ်တွေက သူတို့ တပ်လုံးအလိုက်ပေါ့။ အားလုံးကို သူတို့မဲစာရင်းရှိတဲ့အတိုင်း တခါတည်း လာထုတ်ယူသွားတာရှိတယ်။"

ဒီအဖြစ်အပျက်ကိုတော့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားကြောင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာတော့ ကြိုတင်မဲတွေမှာ မဲရုံမှူး ခရီးသွားနေတာကြောင့် မဲရုံမှူး လက်မှတ်မပါဘဲ ထည့်ခိုင်းတာတွေ ရှိနေတာကြောင့် ကန့်ကွက်ထားကြောင်း ဦးစိုင်းညွန့်လွင်ကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာတော့ ပယ်ဖျက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်ဟာ မဲလက်မှတ်တွေမှာပါဝင်နေတယ်လို့ NLDပါတီက စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သန့်ဝေကျော်က ပြောပါတယ်။

" CPP ပါတီက ကိုဘမ့်ဗွေ့လျမ်ခုံးက ခရိုင်ကော်မရှင်နဲ့ တိုင်းကော်မရှင်နဲ့ က စိစစ်တယ်ပေါ့နော်။ စိစစ်တဲ့အခါမှာ သူက အသက်မပြည့်တဲ့အတွက် သူက ပြန်ပြီးတော့ နှုတ်ထွက်လိုက်တယ်လို့ ပြောတယ်။ အဲ့ဒီ့မဲလက်မှတ်တွေက တိုင်းဒေသကြီး မဲဆန္ဒနယ် တစ် မှာ မဲလက်မှတ် ထွက်လာတဲ့အခါကျတော့ သူ့နာမည်ပါနေတယ်။"

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့မှာတော့ စင်္ကာပူနိုင်ငံမှာ ပေးခဲ့တဲ့ ကြိုတင်မဲတွေဟာ ချိတ်မပိတ်ဘဲ နဲ့ အင်းတော်ရွေးကောက်ပွဲကော်မရှင် ကို ရောက်ရှိလာတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ဝင် ဦးသန်းဇော်ဦးက ပြောပါတယ်။

" စင်ကာပူက အင်းတော်ကိုပေါ့နော် ပြည်သူ့အတွက်ကို ၁၆စောင်၊ အမျိုးသားလွှတ်တော်အတွက်ကို ၁၅စောင်၊ တိုင်းဒေသကြီးအတွက်ကို ၁၆စောင် ကြိုတင်မဲ ရောက်လာတယ်ပေါ့နော်။ ပို့လိုက်တာက တိုင်းကော်မရှင်ကနေ အင်းတော်ကော်မရှင်ကို ပို့လိုက်တာ ၊ ပို့တဲ့အချိန်မှာ အိတ်ကနေ ပလက်စတစ်အိတ်နဲ့ ကြက်ပေါင်ကွင်းနဲ့ စည်းပြီးမှ ပို့တယ်။ ချိပ်မပိတ်ပဲနဲ့ ပို့တယ်။ အဲ့တော့ လုံခြုံမှု မရှိဘူးပေါ့ဗျာ မဲက ။ တိုင်းကော်မရှင်ကို ကျနော်တို့ လှမ်းမေးတယ်ပေါ့။ လှမ်းမေးတော့ တိုင်းကော်မရှင်ဥက္ကဋ္ဌက သူတို့ကို သံရုံးက ပို့ပေးတာလည်း ဒီအတိုင်းပဲ ပို့ပေးတာတဲ့ အဲ့လိုပဲ ဖြေပါတယ်ခင်ဗျ။"

စင်္ကာပူကရောက်လာတဲ့ ကြိုတင်မဲတွေကို နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေရှေ့မှာ သက်သေထားပြီး အင်းတော်ရွေးကောက်ပွဲကော်မရှင်က မဲပုံးထဲကို ထည့်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com