11/18/15


ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က အသက် ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို တပ်ပြေးတစ်ဦးက အဓမ္မပြုကျင့်ခဲ့တာကြောင့် ဒီကိစ္စအပေါ် ဥပဒေနဲ့အညီ အမြန်ဆုံး ထိရောက်စွာအရေးယူပေးဖို့ ရခိုင်အမျိုးသမီးများ အစည်းအရုံး(RWU)နဲ့ ရခိုင်ပြည်နယ်အမျိုးသမီးများကွန်ရက်တို့က ဒီကနေ့ သဘောထားထုတ်ပြန်ပြီး အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေ အဓမ္မပြုကျင့်ခံရတဲ့ကိစ္စတွေအပေါ် အစိုးရဘက်က ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေ အားနည်းတာကြောင့် အခုလို သဘောထားထုတ်ပြန် တိုက်တွန်းရတာလို့ ရခိုင်အမျိုးသမီးများအစည်းအရုံး(RWU)ရဲ့ ဒုတိယ ဥက္ကဌ စောစံငြိမ်းသူကပြောပါတယ်။

"အခုဖြစ်နေတဲ့ သက်ငယ်မုဒိန်းမှုတွေကိုကြည့်မယ်ဆိုရင်များသောအားဖြင့် စစ်သားတွေမုဒိန်းကျင့်တာရယ်၊ ဒါမှမဟုတ်တပ်ပြေးတွေကမုဒိန်းကျင့်တဲ့ အနေ အထားမျိုးတွေကို တွေ့နေရပါတယ်၊ ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတဲ့အနေအထားမှာတောင်မှ အခုလိုမျိုးနေရာအနှံ့မှာ မုဒိန်းမှုတွေပြုကျင့်နေတဲ့ အနေအထားတွေကို တွေ့ရပါတယ်၊ ဘယဖြစ်လို့လဲဆိုတော့ ဒါကကျုးလွန်တဲ့အမှုကိစ္စ တစ်ခုပေါ်လာပြီဆိုရင် အဓိကက ဥပဒေကြောင်းအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်တဲ့အားနည်းနေတဲ့အတွက်ကြောင့်လို့ ကျမယူဆပါတယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာနေထိုင်တဲ့ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မြောက်ဦးမြို့ ခမရ- ၃၇၈ တပ်ရင်းမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့တပ်ပြေးတစ်ဦးက အဓမ္မပြုကျင့်ခဲ့တာကြောင့် အဲဒီမိန်းကလေးငယ် မှာ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသ ခံယူနေတာဖြစ်ပါတယ်။

အခုလိုဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားရအောင် အစိုးရအနေနဲ့ ကြိုတင်တားဆီးကာကွယ် နိုင်မယ့်နည်းလမ်းတွေကို အထူးအလေးထားချမှတ်ဆောင်ရွက်ပေးဖို့ကို လည်း ဒီနေ့ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ဓညဝတီရပ်ကွက်မှာနေထိုင်တဲ့ ရောဂါဝေဒနာခံစားနေရတဲ့ အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို စစ်တွေမြို့အခြေစိုက် ခမရ- ၃၅၄ တပ်ရင်းက တပ်သားတစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/rwu-request-rape-rakhine-11172015133616.html

badokwalhtoowin-knu-620.jpg ဖဒိုစောကွယ်ထူးဝင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့က နေပြည်တော် Horizon Lake View ဟိုတယ်မှာ တွေ့ရစဉ်

အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးကိစ္စတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေတွေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုကော်မတီဝင် ဖဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဒီကနေ့ နေပြည်တော် Horizon Lake View ဟိုတယ်မှာကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရေး လက်တွေ့ အကောင်အထည်ဖော်ရေး အစည်းအဝေးတွေအပြီးမှာ ဖဒိုစောကွယ်ထူးဝင်းက ပြောတာဖြစ်ပါတယ်။

"တွေ့တော့တွေ့သင့်တယ်လို့ ကျနော်တို့ဆုံးဖြတ်ထားပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုလောလောဆယ်လက်ရှိနိုင်ငံတော်အစိုးရနဲ့ ပူးပေါင်း ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်သလို တက်လာမယ့်အစိုးရသစ်အတွက် ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါ တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လက်မှတ်ရေးထိုးတဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲသဘောတူစာချုပ်တိုင်း ကျနော်တို့အကောင်အထည်ဖော်သွား မှာဖြစ်တယ်၊ နိုင်ငံရေးပါတီအစုအဖွဲ့ကလည်း သူတို့ပါဝင်ရမယ့် အစုအဖွဲ့မှာပါဝင်လာနိုင်ဖို့အတွက် ကျနော်တို့ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ နောက် တစ်ခုက NLD ကကျနော်တို့လေ့လာရသလောက် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် ရှေ့လုပ်ငန်းစဉ်မှာ ချမှတ်တဲ့အပိုင်းလဲပါဝင်တဲ့ အတွက်ကြောင့် ဒီကိစ္စကို သူတို့လည်းဆောင်ရွက်မယ်လို့ ကျနော်ယုံကြည်ပါတယ်"

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေနဲ့ အစိုးရတို့ အားလုံးပါဝင်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဦးဆောင်ကျင်းပသွားမယ့် ပူးတွဲကော်မတီ အစည်းအဝေးကို လာမယ့်နိုဝင်ဘာလ ၂၄ရက်နေ့မှာ ကျင်းပဖို့ လျာထားတယ်လို့လည်း မြန်မာငြိမ်းချမ်းရေးစင်တာက အကြံပေး ဦးလှမောင်ရွှေ က ပြောပါတယ်။

"ဒီကျနော်တို့ ကော်မတီအစည်းအဝေးကဘာဆုံးဖြတ်လိုက်လဲဆိုရင် နိုင်ငံရေးပါတီ ၉၁ ပါတီကို ၂၁ ရက်နေ့မှာ ကျနော်တို့ဖိတ်ကြားပြီးတော့ သူတို့ရဲ့ ၁၆ ဦးရွေးဖို့ ကို ကျနော်တို့က တိုက်တွန်းမယ်၊ ၂၁ ရက်နေ့မှာ ၁၆ ယောက်ရပြီဆိုရင်တော့ အစိုးရတပ်မတော်လွှတ်တော် ၁၆ ယောက်၊ EAO ၁၆ ယောက်နဲ့ နိုင်ငံရေးပါတီ ၁၆ ယောက်၊ ၄၈ ဦးဆွေးနွေးပွဲကိုတော့ ၂၄ ရက်မှာလုပ်ဖို့ ကျနော်တို့လျာထားပါတယ်၊ အဲ့ဒါပြီးရင် ရေးဆွဲဖို့အတွက် ကျနော်တို့ ကော်မတီတွေပြင်ဆင်ပြီး ကျနော် တို့ ဖွဲ့ဖို့လည်းပြင်ဆင်နေတယ်၊ အဲ့ဒါတွေကအလုပ်လုပ်တဲ့ ၈ ရက်၊ ၉ ရက်ပဲကျနော်တို့ရတယ်၊ ပြီးရင်အားလုံးညှိနှိုင်းလို့အဆင်ပြေရင် ဒီဇင်ဘာ ၈၊ ၉၊ ၁ဝ လောက် မှာ နေပြည်တော်မှာပဲ ရေးဆွဲတဲ့အခမ်းအနားကို ဖွင့်ဖို့ ကျနော်တို့ရည်မှန်းထားပါတယ်"

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို နေပြည်တော် Horizon Lake View ဟိုတယ်မှာ ဒီကနေ့ နံနက်ပိုင်းက စတင်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တွေကို နေ့လည်ပိုင်းမှာ သီးခြားစီ ဆွေးနွေးခဲ့ကြတာပါ။

RFA
http://www.rfa.org/burmese/news/dassk-meet-ethnic-groups-11172015131114.html

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့သည် သူ့လက်ထက်တွင် ဖမ်းဆီးထားခဲ့သော ရာနှင့်ချီသည့် နိုင်ငံရေး အကျဉ်းသားများ၊ ရာဇ၀တ်မှု မဟုတ်ဘဲ ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးထားသူများ၊ သပိတ်မှောက် ကျောင်းသား သမဂ္ဂ၀င်များ၊ ၀န်းရံပြည်သူများကို ၇ လကျော် ၈ လရှိသည့်တိုင် တရားရုံးတွင် အချိန်ဆွဲ စစ်ဆေးကာ လူမမည်ကျောင်းသားများကို ဖမ်းဆီးထားခဲ့လေသည် ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရွေးကောက်ပွဲပြီးပြီ ဆိုသော်လည်း ယခင် ၅ နှစ်သက်တမ်း အုပ်ချုပ်ခဲ့သော အစိုးရ၏ တာဝန်ကား မပြီးသေးပေ။ တိုင်းပြည်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ တည်ဆောက်ရေးစသည့် အစိုးရအဖွဲ့ ၏ တာဝန်များကို ဆက်လက် ဆောင်ရွက်ရဦးမည်ဖြစ်၏။ သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့သည် နောင် အစိုးရအဖွဲ့လက်ထဲ တာဝန်များကို လွှဲပြောင်းပေးရဦးမည်။ နောက်ဆက်ခံသော အစိုးရအဖွဲ့သည် တည်ငြိမ်သော အစိုးရအဖွဲ့ ဖြစ်ရေးအတွက်လည်း ဆက်လက် ကူညီရဦးမည်ဖြစ်သည်။ မိမိတို့ပါတီ အနိုင်ရသည်ဖြစ်စေ၊ ပြိုင်ဘက်ပါတီ အနိုင်ရသည်ဖြစ်စေ၊ အခြေအနေအရ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့သည် ဖြစ်စေ လက်ရှိအစိုးရက တာဝန်များကို လွှဲပြောင်းပေးရမည် ဖြစ်သည်။ နောက်အစိုးရအတွက် အဆင်ပြေအောင် အမြဲတမ်း အတွင်းဝန်များ ခန့်ထားခြင်းဖြစ်သည်ဟု ဆိုပါသည်။ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အမှန်တကယ်လည်း အတိုင်းအတာ တစ်ခုအထိ အုပ်ချုပ်ရေးတွင် အဆင်ပြေစေပါ သည်။ ဒီမိုကရေစီ နိုင်ငံများတွင် သမ္မတ သက်တမ်းကို နိုင်ငံအများစုက ၂ ကြိမ် သတ်မှတ်၏။ အမေရိကန် လို နိုင်ငံမျိုး၌ ပထမသက်တမ်း၊ ဒုတိယသက်တမ်း ၂ ကြိမ် ရွေးချယ်ခံခွင့်ရှိ၏ ရုရှားလိုနိုင်ငံမျိုးတွင် သမ္မတ သက်တမ်း ၂ ကြိမ်မက ယူခွင့်ပေးထားလေသည်။ သမ္မတသက်တမ်း အကြာဆုံးနှင့် လူထုက ဆက်ကာ ဆက်ကာ ရွေးချယ်တင်မြှောက်ခွင့် ပေးထားသော နိုင်ငံမျိုးမှာရှား၏။ ထိုနိုင်ငံများကို တစ်ပါတီ အာဏာရှင် စနစ်နိုင်ငံများအဖြစ် သတ်မှတ်ကြလေသည်။

ပါတီစုံ စနစ်ကျင့်သုံးသော နိုင်ငံများဟုဆိုပြီး သမ္မတနေရာကို သိမ်းပိုက်ထားသည်မှာ ဇင်ဘာဘွေနိုင်ငံ မှ ရောဘတ်မူဂါဘီပါ၏။ အသက် ၉၁ နှစ်ရှိပြီ ဖြစ်သော်လည်း သမ္မတအဖြစ် တာဝန်ယူနေသည်။ မူဂါဘီမှာ သူ့ကိုယ်သူပင် အနိုင်နိုင်ဖြစ်၏။ ယခင်ပြောဖူးသော မိန့်ခွန်းများကို ပြန်ပြောသည်။ စင်ပေါ်တက်ဖို့ပင် ခြေထောက်များမှာ ခွေကျနေသည်။ အသက် ၉၀ ကျော်ဖြစ်၍ ဦးနှောက်အသိမှာ တည်ငြိမ်ခြင်းမရှိတော့။ ကျန်းမာရေး ကောင်းနေသည့်တိုင်၊ မိမိကို လူထုက သမ္မတအဖြစ် ဆက်လက် ရွေးချယ်သည့်တိုင် ငြင်းပယ်ခဲ့သူမှာ တောင်အာဖရိက သမ္မတနယ်လ်ဆင် မင်ဒဲလား ဖြစ်လေသည်။ သူက““လူတစ်ယောက်ဟာ အသက် ၈၀ အရွယ် နီးတာနဲ့ တွေးခေါ်မှုဟာ ကျဆင်းလာတယ်။ စဉ်းစားချင့်ချိန်မှု နည်းလာတယ်။ အဆုံးအဖြတ်တွေဟာ မှန်မှန်ကန်ကန် မရှိတော့ဘူး တစ်ခါတစ်ရံ မပြတ်မသား ဖြစ်သလို တစ်ခါတစ်ရံ စိတ်လိုက်မာန်ပါ ဖြစ်တတ်တယ်။ သတိတရား တွေလည်း မေ့လျော့ လာတတ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ကို ဦးဆောင်ဖို့ အဖွဲ့အစည်းတွေကို ခေါင်းဆောင်ဖို့ ဆိုတာ မဖြစ်နိုင်တာ့ဘူး””လို့ဆိုတယ်။ ဒါကြောင့် သူကိုသမ္မတအဖြစ်က အနားယူခွင့်ပေးပါ လို့လည်း ခွင့်ပန်ကြားခဲ့ပါသည်။ သို့သော် ရောဘတ်မူဂါဘီမှာ ထိုသို့မဟုတ်။ အသက် ၉၀ ကျော်သည် အထိ အာဏာကို လက်မလွှတ် ချင်သောကြောင့် အာဏာရူးဟု သတ်မှတ်ရပေမည်။ အာဏာရဖူးသူများ၊ အာဏာကို ဆက်ကာဆက်ကာ ရချင်သူများကို အာဏာရူးများဟု ခေါ်ရပေ မည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်ကတည်းက အာဏာ ရယူထားသော စစ်အာဏာရှင် အဆက်ဆက်မှာ အာဏာရူးများပင်ဖြစ်၏။ သူတို့ အာဏာကို ထိပါးလာလျှင် သေနတ်ဖြင့် အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းမှာ အာဏာမပေးချင်၍ တစ်နည်း အာဏာရူး၍ ဖြစ်လေသည်။

နောက်ထပ် အာဏာသက်တမ်း ဆက်ကာဆက်ကာ ဖက်တွယ်ထားသူမှာ ကမ္ဘောဒီးယားမှ ၀န်ကြီးချုပ် ဟွန်ဆန်ဖြစ်၏။ သူလည်း ၀န်ကြီးချုပ်ရာထူးမှ ဖယ်မပေးလိုသူ ဖြစ်သည်။ ရွေးကောက်ပွဲတိုင်း သူအနိုင်ရ အောင်ကြိုးစား၏။ အကြမ်းနည်းရော အနုနည်းပါ ကျင့်သုံးသည်။ သူ့ကို လူထုကမည်မျှပင် ကြည်ညို လေးစားသည်ဟုဆိုစေ အနှစ် ၃၀ ကျော် ဆက်ကာဆက် ကာ ရွေးကောက်ပွဲတွင် ၀င်ပြိုင်အနိုင်ရ၊ ၀န်ကြီး ချုပ်လုပ်ဖြင့် အမြဲအာဏာရ နေသောကြောင့် ၀န်ကြီးချုပ် လုပ်စားသူဟုပင် ခေါ်ရပေ မည်။ နောက်ထက် လူငယ်မျိုးဆက်သစ် ဆက်ခံသူများကို ရွေးချယ်သင့်သည်။ အသက် ၈၀ ကျော်၊ ၉၀ ကျော် အာဏာရူး သူများနှင့် အာဏာမဖယ်ချင် သူများကို တွေ့ရသောအခါ ပြီးခဲ့သော ဗြိတိန်နိုင်ငံ ရွေးကောက်ပွဲမှ ပါတီ ခေါင်းဆောင်များ၏ ၀န်ကြီးချုပ် ရွေးချယ်ခြင်းကို သတိရမိသည်။ အတိုက်အခံ ၀န်ကြီးချုပ်လောင်းရော၊ အာဏာရ ၀န်ကြီးချုပ်ရော အသက် ၄၀ ကျော်များဖြစ်၍ လုပ်နိုင် ကိုင်နိုင်စွမ်းလည်းရှိ၊ ရေရှည် တိုင်းပြည်ကို တာဝန်ယူနိုင်သောကြောင့် အတုယူသင့်လေသည်။

ယခု သမ္မတဦးသိန်းစိန် အစိုးရသည် နောက်ထပ် ၄-၅-၆ လ အစိုးရ တာဝန်များကို လုပ်ဆောင်နေပေ ဦးမည်။ ထိုသူ၏ သက်တမ်းတွင် လူထုမထောက်ခံသော၊ လူထုဆန့်ကျင်သော လုပ်ရပ်များကို လုပ်ဆောင် ခဲ့သည်ကား အမှန်ပင်ဖြစ်၏။ လက်ပံတောင်းတောင် အရေးအခင်းလို လုပ်ရပ်မျိုး၊ စာနယ်ဇင်းသမားများကို နှစ်ရှည် ထောင်ဒဏ်ချသည့် လုပ်ရပ်မျိုး၊ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ လို ဥပဒေများထုတ်ကာ ဒီမိုကရေစီရေး လှုပ်ရှားသူများကို ရာနှင့်ချီ ဖမ်းဆီးခြင်းမျိုး၊ အဆိုးဆုံးမှာ လက်ပံတန်းတွင် အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်သော ကျောင်းသားများအား အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးထားမှု စသည်တို့မှာ အစိုးရအဖွဲ့၏ အမည်းစက်များဖြစ်၏။ ထိုအမည်းစက်များကို သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့မှာ သူ့သက်တမ်း ကာလတွင် ချေဖျက်သင့်ပါသည်။ ထိုအမည်းစက်၊ အမည်းကွက်များဖြင့် ၅ နှစ်တာ အစိုးရသက်တမ်းကို မကုန်ဆုံးဖို့လို ပါသည်။ မိမိအစိုးရအဖွဲ့ လက်ထက်တွင် မည်သည့်အကြောင်းနှင့် ဖမ်းဆီးထားသည် ပင် ဖြစ်စေနိုင်ငံရေး အကျဉ်းသား မှန်သမျှကို နိုင်ငံရေးသမား ပီသသည်ဆိုလျှင် သဘောထားကြီးကြီး၊ သိစိတ်ရှိရှိဖြင့် လွှတ် ပေးသင့်ပါသည်။ သမ္မတ ဦးသိန်းစိန်၏ ၅ နှစ် သက်တမ်းတွင် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်များ မကြာခဏ ပေးခဲ့လေသည်။ သို့သော် နိုင်ငံရေးသမား သီးသန့်ပေးသော လွတ်ငြိမ်း ချမ်းသာခွင့်ကား မရှိပေ။ ဘက်လိုက်သော တရားရေးမဏ္ဍိုင်ဖြင့် လွှတ်ချင်သူများကို လွှတ်၊မလွှတ် ပေးချင်သူကို မပေးဖြင့် ပြည်သူများက မယုံကြည်နိုင်ကြခြင်း ဖြစ်သည်။ ဥပမာပြရလျှင် တရုတ်သစ်သူခိုး ၁၅၀ ကျော်ကို ဥပဒေ လက်တစ်လုံးခြားလုပ်ကာ လွှတ်ပေးလိုက်ခြင်းကို သိနိုင်လေသည်။ ထို တရုတ် သစ်သူခိုးများကို တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ပေး၏။ တစ်ပတ်သာကြာသည်၊ သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွှတ်ကာ တရုတ်ပြည် ပြန်ရောက်သွားသည်။ ထိုတရုတ် သစ်သူခိုးများမှာ ထောင်ပုံစံကိုပင် စားခဲ့ရပုံမရပေ။ လူမြင် မကောင်း၊ လူကြားမကောင်း တရုတ်သစ်သူခိုးများကို အခွင့်ထူးခံများအဖြစ် လွှတ်ပေးလိုက်ခြင်း ဖြစ်လေ သည်။

ထိုက်သင့်သော ပြစ်ဒဏ်နှင့် အရေးယူမှုကား လုပ်သင့်လေသည်။ တစ်သက်တစ်ကျွန်းချသည် မချသည်ထား၊ နိုင်ငံတွင်း ဂရုမစိုက်ဘဲ ထင်ရာလာစိုင်းသော တိုင်းတစ်ပါးသားများကို ထိထိရောက်ရောက် နှစ်အကန့်အသတ် တစ်ခုအထိတော့ ပြစ်မှုနှင့် ပြစ်ဒဏ်မြောက်အောင် ဆောင်ရွက်သင့်၏။ သို့သော် ဦးသိန်းစိန် အစိုးရက တရုတ်အပေါ် မထိရဲ၊ မတို့ရဲသလို တရုတ်ကို အရေးမယူလွှတ်ပေး လိုက်ခြင်းမှာ နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသလို နိုင်ငံအပေါ် အထင်သေးစေနိုင်သည်။ မထီမဲ့မြင် သဘောထား နိုင်သည်။ လေးလေးနက်နက် စဉ်းစားပြီးမှ လုပ်သင့်လေသည်။ သို့သော် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ သည် သူ့လက်ထက်တွင် ဖမ်းဆီးထားခဲ့သော ရာနှင့်ချီသည့် နိုင်ငံရေး အကျဉ်းသားများ၊ ရာဇ၀တ်မှု မဟုတ်ဘဲ နိုင်ငံရေး ပြစ်မှုကျူးလွန်သူများ၊ ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးထားသူများ၊ သပိတ်မှောက်ကျောင်းသား သမဂ္ဂ၀င်များ၊ ၀န်းရံပြည်သူများကို ၇ လ ကျော် ၈ လရှိသည့်တိုင် တရားရုံးတွင် အချိန်ဆွဲ စစ်ဆေးကာ လူမမည် ကျောင်းသားများကို ဖမ်းဆီးထားခဲ့လေသည်။ သူ၏အစိုးရအဖွဲ့ နောက်ဆုံး ကာလများတွင် ထိုနိုင်ငံရေး အကျဉ်းသား အားလုံး အပြစ်ရှိသည်ဟုဆိုဆို၊ အပြစ်မဲ့သည်ဟု ပြောပြောသူတို့ကို လွှတ်ပေး သင့်ပါသည်။ ဦးသိန်းစိန်သည် သူ၏ သက်တမ်းအတွင်း လွတ်ငြိမ်းချမ်းသားခွင့် အကြိမ်ကြိမ် ပေးခဲ့ရာတွင် ရာဇ၀တ် အကျဉ်းသား ထောင်နှင့်ချီ လွှတ်ပေးကာ နိုင်ငံရေး အကျဉ်းသားများကို အနည်းငယ်သာ လွှတ်ပေးလေသည်။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် (General Amnesty) ကို တစ်ခါမျှ မပေးခဲ့ပေ။ သူ့သက်တမ်း ၅ နှစ်တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် တစ်ကြိမ်တစ်ခါ ပေးနိုင်လျှင်၊ အားလုံးနှင့် လွှမ်းခြုံသော မေတ္တာဓာတ် အပြည့်ပါသည့် လွတ်ငြိမ်း ချမ်းသာခွင့်တစ်ခု ဖော်ဆောင် ပေးနိုင်လျှင် အစိုးရ တာဝန်လွှဲမပြောင်းခင် ကာလ၌ ကောင်းမှုကုသိုလ် တစ်ခုလုပ်လိုက်ခြင်း ဖြစ်ပေသည်။ သမ္မတ ဦးသိန်းစိန် အစိုးရ စတက်လာကတည်းက ကျောင်းသားများနှင့် အဆင်ပြေသည်ဟုမရှိခဲ့ပေ။

ယခင်စစ် အစိုးရကာလ ကတည်းက ကျောင်းသားများကို ရန်သူဟု သဘောထားကာ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ဆက်ဆံခဲ့သည်။ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် လည်း ကျောင်းသားများကို စိမ်းကားစွာ ဆက်ဆံခဲ့သည်။ ကျောင်းသားများကို ဗကပများဟု ထင်နေသည်။ ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေတို့က ဗကပကို အငြိုးထား ခဲ့သည်။ ထိုအငြိုးအတေးဖြင့်ပင် ကျောင်းသား သမဂ္ဂကိုလည်း သဘောထားမကြီးဘဲ ဆန့်ကျင်ဖိနှိပ် ခဲ့ပါသည်။ စင်စစ်အားဖြင့် ကျောင်းသားများအပေါ် အမြင်မရှင်းဘဲ မျက်မှန်စိမ်းတပ်ကာ ကြည့်နေသရွေ့၊ အာဃာတဖြင့် ဆက်ဆံနေသရွေ့၊ ကွန်မြူနစ် တံဆိပ်တပ်ကာ ဆက်ဆံနေသရွေ့ တစ်ဖက်နှင့်တစ်ဖက် အမြင်မကြည် ဖြစ်နေမည်မှာ အသေအချာပင်။ ယခုသက်တမ်း တွင် ပြည်သူလူထုကလည်း အမြင်ကောင်း သွားပြီးအားလုံး သာဓုခေါ်နိုင်သော ခွင့်လွှတ်သည်းခံခြင်းဖြင့် နိုင်ငံရေး အကျဉ်းသားအားလုံး၊ ကျောင်းသား သမဂ္ဂအားလုံး အလွန်သဘောထားကြီးကာ ကျောင်းသားများကို သားသမီးသဖွယ် သဘောထားသော သမ္မတကြီး တစ်ယောက်၏ စိတ်ဖြင့် အဖမ်းခံထားရသော ကျောင်းသား အားလုံးကို လွှတ်ပေးသင့်ပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

[youtube src="LqxOmehttMo"/]

မြန်မာစာပေလောကမှာ နာမည်ကျော် စာပေဝေဖန်ရေးသမားအဖြစ်ရော၊ ကဗျာဆရာအဖြစ်နဲ့ပါ ကျော်ကြားခဲ့တဲ့ ဆရာမောင်စွမ်းရည်ဟာ အမေရိကန်နိုင်ငံကနေ ပြန်ရောက်လာပြီး နိုဝင်ဘာ ၁၇ရက်က သူ့ရဲ့ စာပေမိတ်ဆွေတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Kamayut Media

ဖိလစ်ပိုင်ရေတပ်သင်္ဘော BRP Gegorio del Pilar ကို လှည့်လည်ကြည့်ရှု့ပြီးတဲ့နောက် သမ္မတအိုဘားမား မိန့်ခွန်းပြော။
 အာရှ-ပစိဖိတ်ဒေသမဟာမိတ်တွေရဲ့ ရေကြောင်းဆိုင်ရာလုံခြုံရေးကို မြင့်တင်ဖို့ အကူအညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ကတိပြုလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ အာရှပစိဖိတ်ဒေသခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း သူကပြောကြား လိုက်တာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ပံ့ပိုးကူညီမှုတွေကို အပြည့်အ၀ရထားတယ်လို့ ဖိလစ်ပိုင်ရေတပ်သင်္ဘော BRP Gegorio del Pilar ကို လှည့်လည်ကြည့်ရှု့ပြီးတဲ့နောက် သမ္မတအိုဘားမားက သတင်းထောက်တွေနဲ့ သင်္ဘောအမှုထမ်းတွေကို ပြောကြားခဲ့ပါတယ်။

 "ဒီဒေသတွင်းရေကြောင်းလုံခြုံရေး နဲ့ လွတ်လပ်စွာရေကြောင်းခရီး သွားလာပိုင်ခွင့်အပေါ်မှာ ကျနော်တို့ကြား ခိုင်မာတဲ့ ကတိက၀တ်တွေရှိတယ် ဆိုတာကို ကျနော် ဒီခရီးစဉ်က မီးမှောင်းထိုးပြနေပါတယ်။ အခုဒီနေရာဟာဆိုလိုရှိရင်လည်း အမေရိကန်ရဲ့ အထောက်အပံ့နဲ့ တည်ဆောက်ထားတာဖြစ်သလို၊ ကျနော်သွားရောက်ကြည့်ရှုခဲ့တဲ့ အရင်က အမေရိကန်ကမ်းခြေစောင့်သင်္ဘောကလည်း အခုဆိုရင် ဖိလစ်ပိုင်ရဲ့ သဘာဝဘေးအန္တရာယ်တွေကို ကူညီတဲ့နေရာ၊ အကြမ်းဖက်မှုတန်ပြန် တိုက်ခိုက်တဲ့နေရာ၊ နဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း ကင်းလှည့်တာတွေမှာ အကူအညီတွေပေးနေပါတယ်"လို့ သမ္မတအိုဘားမားကပြောပါတယ်။

လာမယ့် ၂ နှစ်အတွင်း ဖိလစ်ပိုင်က ၇၉ သန်း၊ ဗီယက်နမ်က သန်း ၄၀ ၊ အင်ဒိုနီးရှားက ၂၁ သန်း၊ နဲ့ မလေးရှားက ၂သန်းခွဲအပါအ၀င် အမေရိကန်ဒေါ်လာ ၂၅၉ သန်း တန်ဖိုးရှိတဲ့ အကူအညီသစ်တွေထပ်ပေးသွားမှာဖြစ်တယ်လို့ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။

ဒါ့အပြင် အမေရိကန်က ကမ်းခြေစောင့်ရေယာဉ်တစင်းနဲ့ သုတေသန သင်္ဘောတစင်းကို ဖိလစ်ပိုင်နိုင်ငံကို လွှဲပြောင်းပေး သွားမှာဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်နိုင်ငံက နယ်မြေပိုင်ဆိုင်တယ် လို့ ကြေညာခဲ့တာကြောင့် တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေကြား တင်းမာမှုတွေဟာ တိုးလာနေတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဆာလာ အက်ဘ်ဒီဆလမ်ရဲ့ ပုံကို ဘယ်လ်ဂျီယံက ထုတ်ပြန်ထား။

ပြင်သစ် နိုင်ငံမှာ သောကြာနေ့ည တိုက်ခိုက်သူတွေ နေသွားခဲ့တယ် ဆိုတဲ့ နေရာတွေကို ပြင်သစ် ရဲတွေက ဝင်ရောက် စစ်ဆေး နေပါတယ်။

နိုင်ငံတကာက ရှာဖွေနေတဲ့ ၈ ယောက်မြောက် သေနတ်သမားလို့ သံသယ ရှိတဲ့ ဆာလာ အက်ဘ်ဒီဆလမ် Salah Abdeslam ဟာ ပဲရစ်မြို့က အခန်းတစ်ခန်းနဲ့ ဟိုတယ်ခန်း ၂ ခန်းကို ငှားရမ်း ခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ အကြမ်းဖက်သမားတွေကို ဘယ်လ်ဂျီယံကနေ ပြင်သစ်ကို သွားရောက် ခေါ်ဆောင်ရာမှာ သုံးခဲ့တယ်လို့ ယူဆရတဲ့ ကားတစ်စီးကိုလည်း ငှားရမ်းခဲ့ပြီး၊ အဲဒီ ကားကိုလည်း မှုခင်း စစ်ဆေးရေး အဖွဲ့က စစ်ဆေး နေပါတယ်။

သူ ငှားခဲ့တဲ့ ဟိုတယ်ခန်းတွေကို ရှာဖွေရာမှာ ဗုံးလုပ်ဖို့ သုံးတဲ့ ပစ္စည်းတွေလို့ ယူဆရတဲ့ ဆေးထိုးပိုက်တွေ၊ ပြွန်တွေကို တွေ့ကြရပါတယ်။

၁၂၉ ယောက် သေဆုံးခဲ့ရတဲ့ သောကြာနေ့ ပဲရစ် တိုက်ခိုက်မှုကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က သူတို့ လုပ်ခဲ့တာလို့ ပြောထားပါတယ်။

အစောပိုင်းကတော့ ပြင်သစ် လုံခြုံရေး အင်အား ၁ သိန်း ၁ သောင်း ၅ ထောင်ကို အစောင့်ချထား လိုက်တယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး Bernard Cazeneuve က ပြောခဲ့ပါတယ်။

လွတ်မြောက်နေတဲ့ ဆာလာ အက်ဘ်ဒီဆလမ် Salah Abdeslam ဟာ သူ့ဇာတိဖြစ်တဲ့ ဘယ်လ်ဂျီယံကို ထွက်ပြေး ရောက်ရှိသွားပြီလို့ ယူဆ နေကြပါတယ်။ သူ့ကို ရှာဖွေရာမှာ သတင်းပေးနိုင်ဖို့ ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က သူ့ဓာတ်ပုံကို ထုတ်ပြန်ထားပါတယ်။

BBC Burmese

 ဖောက်ခွဲရေး ပစ္စည်း အစအနတွေကို တွေ့ရတယ်လို့ ဆို။
 ပြီးခဲ့တဲ့ လက အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်မှာ လူ ၂၂၄ ယောက် သေဆုံးခဲ့ရတဲ့ ရုရှား ခရီးသည်တင် လေယာဉ် ပျက်ကျမှုဟာ အကြမ်းဖက် တိုက်ခိုက်ခံရလို့ ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ရုရှား လုံခြုံရေးဌာန အကြီးအကဲက ပြောလိုက်ပါတယ်။

အဲဒီ လေယာဉ် အကြွင်းအကျန်တွေထဲမှာ ဖောက်ခွဲရေး ပစ္စည်း အစအနတွေ တွေ့ရတယ်လို့ ရုရှား လုံခြုံရေး အကြီးအကဲ အလက်ဇန်ဒါး ဘော့တ်နီကော့ဗ်က သမ္မတ ပူတင်ကို ပြောပါတယ်။

သမ္မတ ပူတင်ကတော့ အဲဒီ တိုက်ခိုက်မှုရဲ့ လက်သည်ကို ရှာဖွေ အပြစ်ပေး သွားမယ်လို့ ပြောပါတယ်။ အီဂျစ် အခြေစိုက် IS အဖွဲ့ခွဲ တစ်ခုကတော့ အဲဒီ တိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာလို့ ပြောထားပါတယ်။

ရုရှား Metrojet လေကြောင်းပိုင် လေယာဉ်ပေါ်မှာ တီအန်တီ ယမ်းအား ၁ ကီလိုဂရမ်နဲ့ ညီမျှတဲ့ ဗုံးတစ်လုံး ပါသွားခဲ့တာလို့ မစ္စတာ ဘော့တ်တီကော့ဗ်က ပြောပါတယ်။

ဆိုင်းနိုင်း လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ ရရှိဖို့အတွက် ရုရှားက ဆုကြေးငွေ ဒေါ်လာ သန်း ၅၀ ထုတ်ထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ ညက ဖြစ်ခဲ့တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က လူ ၁၂၉ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကိုလည်း IS အဖွဲ့က သူတို့ လက်ချက်လို့ ပြောထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

စီးနင်း ရှာဖွေမှု ၁၂၈ ကြိမ် တနင်္လာနေ့ ညလုံးပေါက် ထပ်တိုး လုပ်ဆောင်ခဲ့။
 သောကြာနေ့ည ပဲရစ်မြို့ တိုက်ခိုက်မှုကို ကြုံခဲ့ရပြီးနောက် ပြင်သစ် နိုင်ငံ အနှံ့မှာ လုံခြုံရေး ဝန်ထမ်း အင်အား ၁ သိန်း ၁ သောင်း ၅ ထောင်ကို အစောင့်ချထား လိုက်တယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး Bernard Cazeneuve က ပြောပါတယ်။

IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေလို့ သံသယရှိသူ တွေကို စီးနင်း ရှာဖွေမှုတွေလည်း ထပ်တိုး လုပ်ဆောင် ခဲ့ပြီး တနင်္လာနေ့ ညကနေ အင်္ဂါနေ့အထိ စီးနင်း ရှာဖွေမှုပေါင်း ၁၂၈ ကြိမ် ပြုလုပ် ခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးက ဆိုပါတယ်။

ဆီးရီးယားမှာ ရှိတဲ့ IS ပစ်မှတ်တွေကို ပြင်သစ်က လေကြောင်း တိုက်ခိုက်မှုတွေလည်း တနင်္လာနေ့ ညမှာ ဆက်လက် ပြုလုပ်ခဲ့ပါတယ်။

လူ ၁၂၉ ယောက် သေဆုံးခဲ့ရတဲ့ သောကြာနေ့ ည တိုက်ခိုက်မှုကို IS အဖွဲ့က သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

လွတ်မြောက်နေတဲ့ ဆာလာ အက်ဘ်ဒီဆလမ် Salah Abdeslam ကို ဖမ်းမိနိုင်ဖို့ ရဲတွေက ရှာဖွေနေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဇာတိဖြစ်တဲ့ ဘယ်လ်ဂျီယံကို ထွက်ပြေး ရောက်ရှိသွားပြီလို့ ယူဆ နေကြပြီး၊ ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က သူ့ဓာတ်ပုံကို ထုတ်ပြန် ထားပါတယ်။

ပြင်သစ်နိုင်ငံမှာ တနင်္လာနေ့ အစောပိုင်း တုန်းကလည်း စီးနင်း ရှာဖွေမှုတွေ အကြိမ် ၁၆၀ ကျော် ပြုလုပ်ခဲ့ပြီး လူ ၂၃ ယောက် ဖမ်းဆီးခဲ့ကာ လက်နက်တွေ သိမ်းဆည်း ရမိခဲ့ပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်က IS အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ ပိုင်းဖြတ်ထားတယ်လို့ တနင်္လာနေ့က ပါလီမန် ၂ ရပ်ပေါင်း ပူးတွဲ ညီလာခံမှာ ပြောခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ခင်ဗျားတို့နားမလည်တာလား..ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ခံတပ်ကြီးရဲ့

ပထမအဆင့်ကို ငြိမ်းချမ်းစွာကျော်နိုင်ခဲ့တယ်ဆိုတာ..

.
အခုတလောပြောနေ ဝေဖန်နေကြတယ်..

ရွေးကောက်ပွဲမှာ NLD ရဲ့ တောင်ပြိုကမ်းပြိုအနိုင်ရရှိမှုအပေါ်..အထူးသဖြင့် NDF က

ဦးခင်မောင်ဆွေတို့..နောက် ဒီမိုသမားလို့လူသိများတဲ့ ဦးသိန်းညွှန့်လိုလူတွေအပါအဝင်

ပေါ့..တကယ်အံ့သြမိတယ်..လွှတ်တော်ထဲမှာ NLD အမတ်တွေချည့်ပဲ ဘာညာပေါ့..

အုပ်ချုပ်ရေးအတွေ့အကြုံမရှိတဲ့ NLD အမတ်တွေနဲ့ချည့် ဘယ်လိုစခန်းသွားမလဲ

ကြည့်ချင်တယ် ဘာညာပေါ့လေ..ဒီတော့ တွက်ကြည့်မယ်..

.
ပထမအချက် NLD ရဲ့တောင်ပြိုကမ်းပြိုဆိုတဲ့အနိုင်ရရှိမှု..

အခု NLD က ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံအမတ် ၄၉၈ နေရာရှိတဲ့

အနက် ၄၉၁နေရာ ရွေးကောက်ပွဲလုပ်ရာမှာ ၃၉၀နေရာအနိုင်ရတယ်..ဒီတော့

၇၉.၄၂% အနိုင်ရတယ်..ဟုတ်ပြီ..

.
သို့သော် ပြည်ထောင်စုလွှတ်တော်ကြီးတစ်ရပ်လုံးမှာ စစ်တပ် ၂၅%ကိုထည့်တွက်ရင်

အမတ်ဦးရေဟာ ၆၆၄ နေရာရှိတယ်..လက်ရှိမှာတော့ ၆၅၇ နေရာရှိမယ်..ဒါနဲ့တွက်ရင်

NLD ရဲ့အနိုင်ဟာ လွှတ်တော်တစ်ခုလုံးရဲ့ ၅၉% ပဲရှိတယ်..ဒါဟာ အစိုးရတစ်ရပ်ကို

ဖွဲ့စည်းနိုင်ရုံပဲ..

.
အဲဒီတော့ ပါတီတစ်ခုဟာ တောင်ပြိုကမ်းပြိုအနိုင်ရမှသာ လွတ်လပ်စွာ အစိုးရဖွဲ့

နိုင်မယ့်အနေအထား..ဒါဟာ စစ်တပ်ကဆွဲသွားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြောင့်ပဲ..

ဘယ်နိုင်ငံမှာမဆို နိုင်ငံရေးပါတီကြီးတစ်ခုထားရမယ့် ရည်မှန်းချက်ဟာ ကိုယ့်ပါတီက

အစိုးရဖွဲ့စည်းနိုင်ရေးပဲ..တကယ်က ၂၀၀၈ အရ တော်ရုံတန်ရုံနဲ့ဆို စစ်တပ်ထောက်ခံ

မှုမရပဲ အစိုးရတစ်ရပ်ဖွဲ့ဖိုဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး..ဒီရည်ရွယ်ချက်နဲ့ စစ်အစိုးရက

၂၀၀၈ကို ဆွဲထားခဲ့တာ..

.
တော်ရုံထောက်ခံမှုနဲ့ ရွေးကောက်ခံရဲ့ ၈၀% အနိုင်ရဖို့ဆိုတာ ဘယ်နိုင်ငံ ဘယ်ပါတီမှ

မလွယ်ဘူး..ဒါဟာ ၂၀၀၈ ခံတပ်ကြီးရဲ့ ရည်ရွယ်ချက်ပဲ..ဒီတော့ ဒီအခြေအနေမှာ

ဒေါ်အောင်ဆန်းစုကြည်နဲ့သူရဲ့ NLD ပါတီရှိနေလို့သာ စစ်အစိုးရတည်ဆောက်ခဲ့တဲ့

၂၀၀၈ခံတပ်ကြီးရဲ့ ပထမစည်းကို ကျော်နိုင်ခဲ့တာ..ဒီတော့ စစ်တပ်လွမ်းမိုးမှုကို မလိုလား

တဲ့ ဒီမိုကရေစီလိုလားသူအားလုံးက ဒေါ်စုနဲ့ NLD ကို ကျေးဇူးတင်ကြရမှာ..

.
နောက်တစ်နည်းရှိတာက ဒီ ၂၀၀၈ကို ကျော်ဖြတ်ဖို့ဟာ လူထုအုံကြွတဲ့တော်လှန်ရေး

တစ်ရပ်လိုမယ်..ဒါဟာ အများသိတဲ့အတိုင်း အနိုင်အရှုံးမသေချာတဲ့ ပေးဆပ်မှုပေါင်းများ

စွာနဲ့စတေးရမယ်..တိုင်းပြည်ဟာ ဆူပူမှုသံသရာထဲမှာ နစ်မွန်းသွားနိုင်တယ်..

ဒါကို ဒေါ်စုကောင်းကောင်းနားလည်နေတယ်..ုအကယ်၍ ဒေါ်စုနဲ့ NLD လိုပါတီ

သာမရှိခဲ့ရင် စစ်တပ်လွှမ်းမိုးမှုကို ကျော်လွှားဖို့ အန္တရယ်အလွန်ကြီးတဲ့ တော်လှန်ရေးကြီး

တစ်ရပ်ကို ဆင်နွှဲရုံအပြင်မရှိတော့..တိုင်းပြည်ရဲ့ကံကြမ္မာဟာ ဆူပူမှုညွံထဲကိုနစ်သွားနိုင်

တယ်ဆိုတာ အားလုံးအသိ..

.
အခုတော့ ဒေါ်စုက သူ့ရဲ့ခေါင်းဆောင်စည်းရုံးနိုင်စွမ်းနဲ့ ပြည်သူအားကိုယုံကြည်လို့

ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးချယ်ခဲ့တယ်..ဒေါ်စုလိုလူရှိနေလို့သာ ဒီလမ်းကြောင်း

ကိုရွေးလို့ရတာ..မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့

သူနှစ်ယောက်သာ ဒီလိုစွမ်းအင်မျိုးကို ပိုင်ဆိုင်ထားတာ..ဒါ ကျနော်တို့ မြန်မာနိုင်ငံကံ

ကောင်းနေသေးတယ်မှတ်ပါ..သူသာမရှိရင် လူထုအုံကြွမှုကလွဲရွေးစရာမရှိတော့..

.
အခုတော့ ဒေါ်စုရဲ့စွမ်းအားကြောင့် ငြိမ်းချမ်းစွာနဲ့ စစ်တပ်ထောက်ခံမှုမပါတဲ့ ဒီမိုကရေစီ

အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်တော့မယ်..ဒါတွေကိုနားလည်မယ်ဆို ဒေါ်စုကို တစ်တိုင်း

ပြည်လုံးက ကျေးဇူးရှင်တစ်ယောက်အဖြစ် ကျေးဇူးတင်နေသင့်တဲ့ ငြင်းမရတဲ့အချက်ပဲ..

.
၂၀၀၈ရဲ့ ဒုတိယ ခံစစ်စည်းက လွှတ်တော်မှာ ၇၅%ပြည့်မှ ၂၀၀၈ကိုပြင်နိုင်မယ်ဆိုတဲ့

အချက်ပဲ..ဒါဟာ စစ်တပ်မပါပဲ ဖွဲ့စည်းပုံကိုပြင်မရအောင်လုပ်ထားတဲ့အချက်ပဲ..ဒီအချက်

ကို ဒေါ်စုဟာ ပြတ်ပြတ်သားသားအနိုင်ရရှိမှုကနေ အစိုးရတစ်ရပ်ကိုဖွဲ့စည်းပြီးချိန်မှာ

စစ်တပ်နဲ့အပေးအယူတစ်ချို့လုပ်ပြီး ဖွဲ့စည်းပုံရဲ့ပထမအဆင့်ကို ပြင်ပါလိမ့်မယ်..

နောက်ပိုင်းမှာ နိုင်ငံ့ခေါင်းဆောင် အစိုးရအဖွဲ့ရဲ့ပါဝါနဲ့ ၂၀၀၈ကို ပြင်ဆင်သွားမှာပဲ..

.
ဒီတော့ NLD ရဲ့တောင်ပြိုကမ်းပြိုအနိုင်ရရှိမှုဟာ အဲလိုမနိုင်ပဲ စစ်တပ်လွှမ်းမိုးမှုကနေ

ငြိမ်းချမ်းစွာ ရုန်းထွက်လို့မရနိုင်ဘူးဆိုတာကို မသိတာလား..သိရဲ့နဲ့ ကိုယ်အနိုင်မရတာ

နဲ့ပဲ တောင်ပြောမြောက်ပြောပြောနေကြတာလား မေးပါရစေ..

.
ခင်ဗျားတို့ဟာ စစ်အာဏာရှင်စနစ်ကနေရုန်းထွက်ချင်လှပါချည်ရဲ့ဆိုရင် ဒီ NLD ရဲ့

အောင်မြင်မှုကို ကျေးဇူးတင်နေရမှာမဟုတ်လား..ိခင်ဗျားတို့ကို အံ့သြမိတယ်..

NLD သာ ဒီလိုမနိုင်ခဲ့ရင် စစ်တပ်မပါပဲအစိုးရဖွဲ့မရဘူး..ဒီတော့ စစ်တပ်လွှမ်းမိုးတဲ့

အစိုးရအောက်မှာပဲ ခင်ဗျားတို့တော်လှန်ရေးသမားကြီးတွေက နေချင်ပြန်နေပြီးလား

ဒီလိုပဲ ကျနော်မေးမယ်..

.
နောက်ဆုံးအချက်က ဦးခင်မောင်ဆွေပြောတဲ့ အုပ်ချုပ်ရေးအတွေ့အကြုံမရှိတဲ့ NLD

အစိုးရတဲ့.. အတော်ထူးဆန်းတယ်..နှစ်ပေါင်း ၅၀ကျော် စစ်အာဏာရှင်အုပ်ချုပ်မှုအောက်

မှာနေလာခဲ့ကြရတော့ အုပ်ချုပ်ရေးအတွေ့ကြုံဟာ စစ်တပ်မှာပဲရှိနေမှာပဲ..ဒါပေမဲ့

ဒီစစ်တပ်အုပ်ချုပ်ရေးကြောင့် တိုင်းပြည်ဒုက္ခရောက်ခဲ့ရတယ်..ဒါကြောင့် ကျနော်တို့

ဒီမိုကရေစီခရီးကြမ်းကို ပေးဆပ်မှု စတေးမှုများစွာနဲ့ လျှောက်ခဲ့ကြ ဆန့်ကျင်ခဲ့ကြတာ

မဟုတ်လား..

.
ဒီတော့ အုပ်ချုပ်ရေးအတွေ့အကြုံမရှိတဲ့ NLD အစိုးရလို့ ခင်ဗျားပြောလိုက်တာဟာ

အုပ်ချုပ်ရေးအတွေ့ကြုံရှိတဲ့ စစ်တပ်ကိုပြန်အုပ်ချုပ်စေချင်တဲ့သဘော သက်ရောက်

မနေဘူးလား..ဒီတော့ စစ်အာဏာရှင်စနစ်ကိုမလိုလားလို့ ဒီမိုကရေစီတည်ဆောက်ရေး

ကို လုပ်ခဲ့ကြတဲ့ ခင်ဗျားအပါအဝင် ဒီမိုကရေစီသမားတွေကို သစ္စာဖောက်ရာကျပြီး

စစ်အုပ်ချုပ်ရေးအောက်ပြန်သွားချင်တဲ့သဘောရောက်နေတော့ ခင်ဗျားယုံကြည်ခဲ့တဲ့

ဒီမိုကရေစီနဲ့ ခင်ဗျားစကားက ရှေ့နောက်မညီဖြစ်နေပြီဆိုတာ ခင်ဗျားသိပါစေ..

.
အချုပ်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယလွတ်လပ်ရေး

ဗိသုကာ..ဒုတိယ ဗိုလ်ချုပ်အောင်ဆန်း..တိုင်းပြည်ကို စိတ်မချလို့ ဗိုလ်ချုပ်က သူ့အစား

သူလိုလူ သမီးတစ်ယောက် ထားခဲ့တယ်လို့မှတ်ပြီး သူတို့သားအဖရဲ့ကျေးဇူးကို

မြန်မာနိုင်ငံကြီးက ရင်ထဲမှာ နက်နက်နဲနဲ ကျေးဇူးတင်နေရမှာပါ...

သက်ဒွေးအောင်


“ နာလန်ထတိုင်းပြည်အတွက် ဆေးဝါးဓာတ်စာ မှန်စေရာ “

အခုချိန်အခါမှာတော့ စစ်အာဏာရှင်စနစ်ဆိုး ဗိုင်းရပ်စ်ပိုးကြောင့် ညှိုးချုံးပိန်ခြောက် နိုင်ငံရုပ်ပျောက်ခဲ့ရတဲ့ နာတာရှည်ရောဂါသည် မြန်မာနိုင်ငံဟာ ဒီမိုကရေစီသြသဓဆေး အစွမ်းပြလို့  အိပ်ယာထဲလဲနေတဲ့ ဘ၀ကနေ နာလန်ထဖို့ အားယူနေချိန်လို့ပြောရင် ရနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ပိုး မစင်သေးသလို အားအင်လည်း မပြည့်ဝင်သေးတာမို့ ကိုယ်ခံအားနည်းပါးနေချိန်ဆိုတာ သတိပြုကြဖို့ လိုပါတယ်။

အချိန်မရွေး ပိုးမွှားတွေ သန်စွမ်းထကြွ သောင်းကျန်းလာနိုင်ပါသေးတယ်။ ဒါကြောင့် နာလန်ထလူမမာ ပြည်မြန်မာဟာ အစားအသောက်၊ အနေအထိုင်၊ အတွေးအကြံ၊ အပြုအမူ၊ အပြောအဆို သတိကြီးစွာ ဆင်ခြင်ရမယ့် အရေးကြီးတဲ့ အချိန်ပိုင်းလည်း ဖြစ်ပါတယ်။

နှစ်ရှည်လများ ခံစားလာရတဲ့ လူမမာကို မြန်မြန်ဆန်ဆန် နာလန်ထစေလိုပြီး စေတနာပိုနေတဲ့ ပြည်သူတချို့ကလည်း ကောင်းနိုးရာရာ နတ်သုဓာ၊ ဒန်ပေါက်၊ ထောပတ်ထမင်း၊ ရသာစုံဟင်းတွေ ကျွေးမွေးစေချင်ပေမယ့် လူမမာရဲ့ အစာလက်ခံချေဖျက်နိုင်အား မရှိတာနဲ့ အဆီအဆိမ့် မစားနိုင်သေးတာကို သတိချပ်ဖို့ လိုပါတယ်။
စိတ်ပူလို့ ရေးမယ့်သာ ရေးရတာပါ။ မြန်မာပြည်သူပြည်သား အများစုက အခြေအနေမှန်ကို ကောင်းကောင်းသဘောပေါက်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက်မမြှောက်ဖို့  မေတ္တာရပ်ခံ ပန်ကြားချက်ကို နှလုံးသားအသိနဲ့ စည်းကမ်းရှိရှိ လိုက်နာနေတဲ့ သတင်းတွေ အင်တာနက် စာမျက်နှာတွေပေါ်မှာ ကြည်နူးဝမ်းမြောက်ဖွယ် မြင်တွေ့နေရတာမဟုတ်လား။

ဘယ်လိုအကြောင်းတရားတွေ ရှိခဲ့ရှိခဲ့၊ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့၊ မျက်မှောက်အချိန်အခါ ပြည်မြန်မာမှာ ဘယ်သူမှ ငြင်းပယ်ခြင်းမပြုနိုင်တဲ့ အလွန်ထင်ရှားတဲ့ အခြေအနေကြီးသုံးရပ် ဖြစ်တည်လို့ နေပါပြီ။
အဲ့ဒါတွေကတော့ …

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံအောမဲပေးခြင်းနဲ့ ပြသခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ အပြောင်းအလဲဖြစ်ချင်တဲ့ဆန္ဒ။

၂။ ဖိနှိပ်သူ စစ်အာဏာရှင် အသိုင်းအ၀ိုင်းနဲ့ အဖိနှိပ်ခံ ပြည်သူတွေကြားက သံသယနဲ့ အာဃာတ။

၃။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မဖြစ်မနေ တည်ဆောက်ရမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေး … စတာတွေပါပဲ။

ဒီဆောင်းပါးမှာတော့ အထက်ပါ အခြေအနေသုံးရပ်ထဲက နံပါတ် ၃ အခြေအနေဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အကြောင်းကို ပြောချင်ပါတယ်။
ရွေးကောက်ပွဲအနိုင်ရပါတီ အန်အယ်လ်ဒီ အစိုးရဖွဲ့ပြီး အာဏာလွှဲပြောင်းမယူနိုင်မချင်း စိတ်မချရသေးဘူးလို့ တချို့သူတွေက ထင်မြင်ကြပါတယ်။ ဦးသိန်းစိန်အစိုးရက ကတိအတိုင်း အာဏာလွှဲပြောင်းပေးလိုက်ရင် အတော်အသင့် စိတ်ချရပြီလို့ ဆိုချင်တဲ့သဘောပါပဲ။

စာရေးသူ တွေးမိတာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး မတည်ဆောက်နိုင်မချင်း ကျနော်တို့ တိုင်းပြည်ဟာ စိတ်ချရတဲ့ အခြေအနေ ရောက်ပြီလို့ ပြောလို့မရနိုင်ပါဘူး။
ကြီးမားတဲ့ကွာဟမှုများနဲ့ ရာစုနှစ်ဝက်ကျော် နက်ရှိုင်းစွာ အမုန်းသင့်ခဲ့တဲ့ လူ့အဖွဲ့အစည်းတခုရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ လွယ်လွယ်နဲ့တည်ဆောက်လို့ မရနိုင်သလို အချိန်ကာလတို တခုအတွင်းမှာလည်း မပြီးမြောက်နိုင်ပါဘူး။
ရောဂါသက်သာလာစ လူမမာကို မှန်ကန်တဲ့ ဆေးဝါးဓာတ်စာတွေနဲ့ စနစ်တကျ နာလန်ထလာအောင် လိုအပ်သလို အချိန်ယူ ကုသရမှာပါ။

ဒါကြောင့် အာဏာရှင်ဗိုင်းရပ်စ်ပိုး ကိုက်နေဆဲ တိုင်းပြည်တပြည်ဖြစ်တဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ လက်ရှိအာဏာရှင် မူဂါဘီရဲ့သြဇာ မကင်းဘူးလို့ စွပ်စွဲခံရတဲ့ Institute of Peace Leadership and Governance, Africa University ကထုတ်ဝေတဲ့ National Healing and Reconciliation in Zimbabwe : Challenges and Opportunities ဆိုတဲ့ စာတမ်းမှာပါတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ကုစားရေးအတွက် မရှိမဖြစ် လိုအပ်ချက်များကို စာဖတ်သူတွေ ထည့်သွင်းစဉ်းစားနိုင်ဖို့  အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ ဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆုံးသတ်ရန် ဥပဒေပြုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ (Legislative Reform)
၂။ စစ်မှန်သော လူမျိုးစုအားလုံး ပေါင်းစည်းရေးသို့ ဦးတည်သည့် နိုင်ငံရေးစိတ်ဓာတ် ရှင်သန်စေမှု (Political will)
၃။ ငြိမ်းချမ်းသောလူ့ဘောင်သို့ ဦးတည်ပြောင်းလဲရန် တရားဥပဒေ ပြန်လည်စိုးမိုးရေး တည်ဆောက်မှု (Transformative and restorative justice)
၎။ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် လူထုလူတန်းစား အလွှာပေါင်းစုံ အရပ်ဘက် လူ့အဖွဲ့ အစည်းများ ပူးပေါင်းပါဝင်လာစေမှု (Civil society engagement)
၅။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လူထုသဘောထားခံယူပြီး အဆုံးဖြတ်ခံသည့် ယဉ်ကျေးမှု တည်ဆောက်မှု (Consensus building)
၆။ သမိုင်းမှန်များ ဖော်ထုတ်၍ အမှန်တရားကိုသာ ပြောဆိုမှု (Truth-telling)
၇။ နာကျင်မှုများ ကုစားရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အာမခံမည့် ပညာရေးစနစ်ပြဋ္ဌာန်းမှု (Education for national healing and reconciliation)
၈။ နှစ်ရှည်လများ ဖိနှိပ်မှုများကြောင့် ရရှိခဲ့သော နာတာရှည် အနာတရများနှင့် နစ်နာဆုံးရှုံးခဲ့ရမှုများ၊ နာကျင်ခံစားခဲ့ရမှုများအပေါ် သုတေသနပြု အဖြေရှာမှု (Research on trauma and grief)
၉။ နှစ်ရှည်လများ ဖိနှိပ်မှုများကြောင့် ရရှိခဲ့သော နာတာရှည် အနာတရများနှင့် နာကျင်ခံစားခဲ့ရသူများအတွက် အတိုင်ပင်ခံ အကြံပြုဝန်ဆောင်မှု၊ နစ်နာဆုံးရှုံးခဲ့ရသူများရဲ့ဘ၀ ပြန်လည်ထူထောင်နိုင်ရန် ကူညီဆောင်ရွက် (Counselling for trauma and grief)
၁၀။ နာကျင်ခံစားမှုများ ကုသရေးဆိုင်ရာ အထူးပြုနေရာဌာနများနှင့် လူထုအခြေပြု စွက်ဖက်ထိန်းညှိမှု (Special healing places and community intervention programmes)
၁၁။ နာကျင်ခံစားခဲ့ရမှုများအတွက် စာနာမှုဖြင့် အထိမ်းအမှတ်ပြုခြင်း၊ ဘာသာရေးအခမ်းအနား ထုံးတမ်းပြုပေးမှု (Memorialisation and ritualization)
၁၂။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နစ်နာဆုံးရှုံးခဲ့ရသူများရဲ့ဘ၀ ပြန်လည်ထူထောင်ရေးအတွက် လုံလောက်ပြည့်စုံသော ရန်ပုံငွေ သတ်မှတ်သုံးစွဲမှု (Funding) စတာတွေပဲ ဖြစ်ပါတယ်။

နှစ်ပရိစ္ဆေဒကြာမြင့်စွာ လက်နက်၊ အာဏာ၊ ငွေကြေး အပေါ်စီးယူထားသူတွေရဲ့ အနိုင်ကျင့်မှုဒဏ်ကို သေကောင်ပေါင်းလဲ ခံခဲ့ရလို့ ရုပ်ပိုင်းစိတ်ပိုင်း နှစ်မျိုးစလုံးမှာ အဖိနှိပ်ခံ ပြည်သူတွေဟာ နက်နက်ရှိုင်းရှိုင်း ဒဏ်ရာရခဲ့တာပါ။ ဒါကြောင့် စစ်မှန်တဲ့ အမျိုးသားပေါင်းစည်းရေးနဲ့ ပြန်လည်သင့်မြတ်နိုင်ဖို့အတွက် သူတို့ နာကျင်ခံစားခဲ့ရတဲ့ ဝေဒနာတွေကို ကုစားတဲ့အခါ အပေါ်ယံ အယောင်ပြ ကုစားလို့ မရပါဘူး။ ကိုယ်နဲ့မခြားဘဲ စာနာမှု ရိုးသားမှုအပေါ် အခြေခံတဲ့ စိတ်ရင်းစေတနာတွေနဲ့ ကိုယ်ဖိရင်ဖိ အချိန်ယူ ကုသမှ ရနိုင်ပါလိမ့်မယ်။

တချိန်တည်းမှာပဲ အပြစ်ကျူးလွန်ခဲ့ကြလို့ နောက်ကျောမလုံ၊ လိပ်ပြာမလုံဘဲ စိုးရွံ့နေသူတွေကို အခွင့်သာရင် လက်စားချေမယ်ဆိုတဲ့ အာဃာတ အမုန်းတရားနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်လို့ မရနိုင်ပါဘူး။ ထို့အတူပဲ ကျူးလွန်ခဲ့သူတွေကလည်း မိမိနဲ့ မိမိတို့အဖွဲ့အစည်းရဲ့ အမှားတွေအတွက် နာကျင်ခံစားခဲ့ရသူတွေကို တောင်းပန်ဝန်ချမှု၊ ထိုက်သင့်တဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုတွေ ရိုးရိုးသားသားပြသဖို့ လိုပါတယ်။

ဒီလိုပြောလို့ အတိတ်က ကြေကွဲဖွယ်ရာ အဖြစ်အပျက်တွေကို မေ့ဖျောက်ပစ်ရမယ်လို့ မဆိုလိုပါဘူး။ နိုင်ငံ့အကျိုးစီးပွား၊ အများပြည်သူ ရေရှည်အကျိုးစီးပွားအတွက် ခွင့်လွှတ်သင့်တာတွေ ခွင့်လွှတ်ရမှာဖြစ်ပေမယ့် အတိတ်က အမှားတွေကို သင်ခန်းစာယူနိုင်အောင်၊ နောင် ဒီလိုအဖြစ်ဆိုးတွေ ထပ်မဖြစ်အောင် ရှုတ်ချမှုတွေလုပ်၊ သမိုင်းမှန်တွေ ဖော်ထုတ်ရင်း နောင်လာနောက်သား မျိုးဆက်သစ်တွေကို အစဉ်အလာကောင်း၊ အမွေခံကောင်းတွေ ပေးကြရမှာပါ။

အနှစ်ချုပ်ရရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ကြတဲ့အခါ တရားဥပဒေ မစိုးမိုးဘဲ လုပ်လို့မရဘူး၊ နစ်နာဆုံးရှုံးခဲ့ရမှုများ မကုစားဘဲ လုပ်လို့မရနိုင်ဘူး၊ ထုံးသုတ်ဆေးမှုတ် အပေါ်ယံလုပ်လို့မရဘူး၊ မရိုးမသား လုပ်လို့မရဘူး၊ အချိန်မယူလို့ မရဘူး၊ ပြည်သူမပါဝင်ဘဲ လုပ်လို့မရနိုင်ဘူး၊ လက်စားချေချင်စိတ်နဲ့ လုပ်လို့မရဘူး၊ သမိုင်းမှန်တွေ မဖော်ထုတ်ဘဲ လုပ်လို့မရဘူး၊ ပြည်သူ့ဆန္ဒ မခံယူဘဲ လုပ်လို့မရနိုင်ဘူး၊ ပညာရေးစနစ်ဟောင်းကို မပြောင်းလဲဘဲ လုပ်လို့မရဘူး ဆိုတာပါပဲ။
လူသားတွေ အပါအ၀င် သက်ရှိသတ္တ၀ါတွေ ရှင်သန်ကျန်းမာနိုင်ဖို့ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ မျှတဖို့လိုပါတယ်။ ထို့အတူပဲ မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်ဆိုး ဗိုင်းရပ်စ်ပိုး အကိုက်ခံထားရတဲ့ နာလန်ထတိုင်းပြည်အတွက် အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုကံတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး ရယူပိုင်ဆိုင်လိုတဲ့စိတ်၊ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေးရာသီဥတုတွေနဲ့ အထက်မှာဖော်ပြခဲ့တဲ့ ဆေးဝါးဓာတ်စာ အာဟာရတွေ မျှတပြည့်စုံအောင် ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း မီးမောင်းထိုးလို့ အကြံပြုလိုက်ပါတယ်။

မင်းကောင်းချစ်
နိုဝင်ဘာ (၁၇) ရက် ၊ ၂၀၁၅ ခုနှစ်
ကိုးကား – National Healing and Reconciliation in Zimbabwe: challenges and opportunities. By Pamela Machakanja (Institute of Peace Leadership and Governance, Africa University)

ကာဗာဒီဇိုင်း နှင့် ဆောင်းပါးကို DVB ( ဒီဗွီဘီ ) မှ ကူးယူဖေါ်ပြပါသည်။[full-post]

တကယ်တော့ အဲဒီ ကောင်းမြတ်ထွဋ်လို ပါတီတစ်ခုထောင်၊ လူထုထောက်ခံမှုလည်း လုံးဝ ရမထားတဲ့ ပါတီတွေကို တကယ့် ပြည်သူလူထု ထောက်ခံမှုရတဲ့ ပါတီတွေနဲ့ တစ်တန်းတည်းထားပြီး ဆက်ဆံတာကိုက သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ မူမမှန်တဲ့ လုပ်ရပ်ပါ။ အခု လူပုံအလည်မှာ တိုင်းပြည်အတွက် အလွန်အန္တရယ်များတဲ့ စကားပြောဆိုခဲ့တာနဲ့ ပါတ်သက်ပြီးတော့လည်း သမ္မတ ပြောခွင့်ရတွေ အပါအ၀င် အစိုးရဘက်က တစ်စုံတစ်ရာမှ သဘောထား ထုတ်ဖော်ပြောဆိုခြင်း မရှိတာကလည်း ရိုးသားမှု မရှိဘူးလို့ယူဆနိုင်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီ စုစုပေါင်း ၈၆ ပါတီတောင် ရှိပါတယ်။ နည်းနည်းနောနော မဟုတ်ပါဘူး။ အဲဒီ ဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန်ဟာ ကောင်းသော စကားတွေ ပြောဆိုခဲ့ပါတယ်။ အဓိက ပြောခဲ့တာကတော့ သူ့အနေနဲ့ အစိုးရတာဝန်ကို စနစ်တကျ လွှဲပြောင်းပေးသွားမှာဖြစ်လို့ စိုးရိမ်မှုမရှိကြဖို့ ဆိုပြီးဖြစ်ပါတယ်။ ပြောရရင် သမ္မတ ဦးသိန်းစိန်ဟာ ပြည်သူလူထုရဲ့ စိုးရိမ်မှု၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ စိတ်မချနိုင်မှုကို သိပုံရပါတယ်။ ဒါကြောင့် အဲလို စကားမျိုး ပြောခဲ့တာပါ။ အပြောင်းအလဲကာလနဲ့ ပါတ်သက်ပြီး ပြည်သူလူထုက စိတ်မချဘူးဆိုရင်လည်း စိတ်မချစရာပဲ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အဲဒီအစည်းအဝေးမှာကိုပဲ နိုင်ငံရေးပါတီ ခေါင်းဆောင်ဆိုသူ တစ်ယောက်က အစိုးရနဲ့ တပ်မတော်ကို အာဏာသိမ်းပါဆိုပြီး အဓိပ္ပါယ်ရတဲ့ စကားမျိုးကိုလည်း ပြောင်ပြောင်တင်းတင်း ပြောဆိုသွားလို့ပါပဲ။ ဒါဟာ ဒီမိုကရေစီလား၊ ဒီလိုအခြေအနေ ဘာကြောင့် ရောက်လာရသလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

လောလောဆယ် ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိသွားတဲ့တိုင် လက်ရှိ တပ်မတော် ကျောထောက်နောက်ခံပြု သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က အေးအေးချမ်းချမ်း အဆင်ပြေပြေနဲ့ အာဏာလွှဲပြောင်းပေးလိမ့်မယ် ဆိုပြီး စိတ်ချလက်ချ ဖြစ်နေသူဆိုလို့ သိပ်ပြီး ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ အားလုံးဟာ သံသယတွေနဲ့ပါ။ အနိုင်ရ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ကိုယ်တိုင် အဲလို နားလည် ခံစားနေရတယ်ဆိုတော့ ပြည်သူတွေအနေနဲ့ ဆိုဖွယ်ရာတောင် မရှိတော့ပါဘူး။ သာမန်ပြည်သူတွေအကြား ပြောဆိုနေကြတာကတော့ ရွေးကောက်ပွဲ နိုင်တယ်ဆိုတာ မှန်တယ်၊ ဒါပေမယ့် တပ်မတော်က အကြောင်းတစ်စုံတစ်ရာ ပြပြီး တိုင်းပြည် ချောက်ထဲကျဖို့ လက်သုံးလုံးလောက်ပဲ လိုတော့တဲ့ အန္တရာယ်ကနေ ကယ်တင်ဖို့ဆိုပြီး တိုင်းပြည်ရဲ့ အာဏာကို ထိမ်းသိမ်းလိုက်ရပါတယ်ဆိုတဲ့ စကားမျိုး ပြောဆို၊ ရယ်ပွဲဖွဲ့နေကြလို့ပဲ ဖြစ်ပါတယ်။

ဒီလို ဖြစ်ရတာကလည်း အကြောင်းရှိပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး ဦးနေ၀င်း ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း လက်ရှိ ၂၀၁၅ ခုနှစ် နှစ်ပေါင်း ၅၀ ကျော်တိုင်အောင် မြန်မာနိုင်ငံကို စစ်အစိုးရနဲ့ စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကပဲ အုပ်ချုပ်ခဲ့လို့ဖြစ်ပါတယ်။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်သူတွေ အုပ်ချုပ်တယ်ဆိုတာမျိုး တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ဖူးပါဘူး။ ၁၉၉၀ ခုနှစ်တုန်းကလည်း ပြည်သူလူထုကြီးက အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးကို အပြတ်အသတ် မဲပေးခဲ့ကြဖူးပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေပေးတဲ့ အဲဒီ မဲရလာဒ်ကို စစ်အာဏာရှင်တွေက ဥပေက္ခာ ပြုခဲ့ကြပါတယ်။ ၂၀၁၀ ကျတော့ ရွေးကောက်ပွဲ လုပ်တော့ လုပ်ပါရဲ့၊ အင်န်အယ်လ်ဒီ ၀င်ပြိုင်လို့မရအောင် လုပ်ပြီးမှ ကျင်းပတဲ့ ရွေးကောက်ပွဲပါ။ ဒီရွေးကောက်ပွဲကမှ လက်ရှိအစိုးရနဲ့ လွှတ်တော်တွေကို မွေးဖွားပေးလိုက်တာပါ။ ပြောရရင် ပြည်သူတွေဟာ အင်န်အယ်လ်ဒီ အနိုင်ရတဲ့တိုင် အာဏာလွှဲပြောင်းပေးမယ်ဆိုတာကို မယုံကြည်ကြသေးပါဘူး။ စစ်တပ်က အကြောင်းတစ်ခုခုပြပြီး အာဏာပြန်သိမ်းလိမ့်မယ်ဆိုတဲ့ သံသယက ကြီးဆဲပါ။

ဒီသံသယတွေကို ပိုကြီးစေတာကတော့ သမ္မတနဲ့ နိုင်ငံရေးပါတီတွေရဲ့ တွေ့ဆုံပွဲနေ့မှာပါ။ အဲဒီ ပွဲမှာ အများသူငါ ကောင်းရာကောင်းကျိုးပြောဆိုကြပေမယ့် ဘယ်ရွေးကောက်ပွဲမှာမှ ပြည်သူတွေက မဲမပေးလို့ အမတ်တစ်ယောက်မှ အရွေးမခံရတဲ့ အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဌ ကောင်းမြတ်ထွဋ်ကတော့ သမ္မတနဲ့ တပ်မတော်ကို အာဏာသိမ်းဖို့ စကားတွေကို ပေါ်ပေါ်တင်တင်ကြီးပဲ ပြောခဲ့ပါတယ်။ သူပြောတာကို လေ့လာကြည့်ပါဦး။

“ယခုအခါ စာရင်းအင်းတက်လာသော ရွေးကောက်ပွဲ ရလဒ်များအရ အစိုးရတရပ်ဖွဲ့နိုင်ရန် အလားလာရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ ရွေးကောက်ပွဲမတိုင်မှီနှင့် ရွေးကောက်ပွဲအပြီး ပြည်တွင်းနှင့် နိုင်ငံတကာသို့ သမ္မတအထက်တွင် ၄င်းက တည်ရှိနေမည့် နိုင်ငံကို ဦးဆောင်သွားမည်။ မြန်မာနိုင်ငံတွင် ၄င်းတို့ တင်မြှောက်မည့် သမ္မတသည် အာဏာတစုံတရာ မရှိဘဲ ၎င်းကသာ ညွှန်ကြားစေခိုင်းမည်၊ စသော သဘော အဓိပ္ပါယ်ရသည့် အချက်များကို ထပ်ခါထပ်ခါ ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြောကြားနေကြောင်း တွေ့ရပါသည်။ တိုအပြင် ရွေးကောက်ပွဲ မတိုင်မှီ ငြီမ်းချမ်းရေး လက်မှတ်ထိုးမှုကို ရှောင်လွှဲခဲ့သည့် ဝ အဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအား ကမ်းလှမ်းခဲ့မှုသည်လည်းကောင်း၊ ရွေးကောက်ပွဲပြီးကာစ ၎င်းတို့၏ မဟာမိတ် SSPP/SSA တို့က ပြင်းထန်သော တိုက်ပွဲများ စတင်လာခြင်းသည်လည်းကောင်း ဆက်စပ် တွေ့ရှိရပါသည်။ အထက်ဖော်ပြပါ အချက်နှစ်ချက်နှင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းကို ယှဉ်တွဲ စဉ်းစားမည်ဆိုလျှင် ပြည်တောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အချုပ်အခြာ အာဏာပိုင်မှုကို (၁) နိုင်ငံရေးအရ (၂) စစ်ရေးအရ ထိပါးစော်ကားမှုများ ရှိနေပြီဟု မြန်မာအမျိုးသား ကွန်ဂရက်ပါတီက မှတ်ယူပါတယ်။ သို့ပါ၍ နိုင်ငံအကြီးအကဲဖြစ်သော နိုင်ငံတော် သမ္မတကြီးအနေဖြင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုသော မြန်မာနိုင်ငံသားများအပေါ် ရင်ဝယ်သားကဲ့သို့ သက်ညှာ စောင့်ရှောက်သောအားဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များနှင့်အညီ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းကာ ဖြစ်သင့်ဖြစ်ထိုက်သည်များ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည်များကို စတင်နိုင်ပါရန် ရိုသေလေးစားစွာ ပန်ကြားအပ်ပါသည်။” ဆိုပြီး ဖြစ်ပါတယ်။

ဘယ်လောက် ပေါ်တင်ကျလိုက်ပါသလဲ။ တိုင်းပြည်မှာ အားလုံးက အေးအေးချမ်းဖြစ်ချင်နေချိန်မှာ မဟုတ်မမှန်စကားတွေပြောပြီး စစ်တပ်က အာဏာသိမ်းပါဆိုပြီး အဓိပ္ပါယ်ပါတဲ့ စကားကို သမ္မတ ကိုယ်တိုင်ရှိနေတဲ့ လူပုံအလည်မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါကို နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်၊ ဒီမိုကရေစီ သဘောအရ သူပြောလိုရာကို ပြောလို့ရတယ်လို့ သဘောထားမလားဆိုတာ မေးခွန်းထုတ်စရာပါ။ တကယ်တော့ အဲဒီ ကောင်းမြတ်ထွဋ်လို ပါတီတစ်ခုထောင်၊ လူထုထောက်ခံမှုလည်း လုံးဝ ရမထားတဲ့ ပါတီတွေကို တကယ့် ပြည်သူလူထု ထောက်ခံမှုရတဲ့ ပါတီတွေနဲ့ တစ်တန်းတည်းထားပြီး ဆက်ဆံတာကိုက သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ မူမမှန်တဲ့ လုပ်ရပ်ပါ။ အခု လူပုံအလည်မှာ တိုင်းပြည်အတွက် အလွန်အန္တရယ်များတဲ့ စကားပြောဆိုခဲ့တာနဲ့ ပါတ်သက်ပြီးတော့လည်း သမ္မတ ပြောခွင့်ရတွေ အပါအ၀င် အစိုးရဘက်က တစ်စုံတစ်ရာမှ သဘောထား ထုတ်ဖော်ပြောဆိုခြင်း မရှိတာကလည်း ရိုးသားမှု မရှိဘူးလို့ယူဆနိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ အခုလို ပြည်သူလူထု ထောက်ခံမှု လုံးဝ မရှိတဲ့ နာမည်ခံ ပါတီတွေက တိုင်းပြည် မတည်မငြိမ်ဖြစ်အောင် ပြောဆိုနေမှုတွေကို လျစ်လျူရှုထားတာမျိုး ရပ်တန်းက ရပ်သင့်ပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်
Mizzima

ဒေါ်အောင်ဆန်းစုကြည် သမ္မတ အထက်မှာရှိနေမယ်ဆိုတာ အခြေခံဥပဒေနဲ့ကိုက်ညီကြောင်း
ရှေ့နေ ဦးကိုနီပြောပါပြီ
သမ္မတ ကို ပါတီခေါင်းဆောင်ကညွန်ကြား အုပ်ချူပ်ရမှာ ဖြစ်ကြောင်း
ရှင်းပြပါတယ်

အမေစု သည် သမ္မတ အထက်မှာရှိနေမယ်ဆိုတာ အခြေခံဥပဒေနဲ့ကိုက်ညီကြောင်းရှေ့နေ ဦးကိုနီပြောပါပြီသမ္မတ ကို ပါတီခေါင်းဆောင်က ညွန်ကြား အုပ်ချူပ်ရမှာ ဖြစ်ကြောင်းရှင်းပြပါတယ်

Posted by Le Le Tun on Tuesday, November 17, 2015

ရွေးကောက်ပွဲ ရှုံးနိမ့်သွားသည့် အာဏာရ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အာဏာကို မစွန့်လွှတ်မီအချိန်တွင် မည်သို့ဆောင်ရွက်မည် မည်သို့ ဆုံးဖြတ်ထားသည်ကို အစိုးရသစ် ဖွဲ့စည်းတည်ထောင်မည့် NLD ပါတီ၏ ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်လိုက်သည်။

NLD ပါတီခေါင်းဆောင် “ဒေါ်အောင်ဆန်းစုကြည် က ရွေးကောက်ပွဲနှင့် အစိုးရသစ်ဖွဲ့ချိန်ကြားမှာ ဒီလောက်ထိ အချိန်ကွာခြားချက်များတာ ဒီ အခြေခံ ဥပဒေပဲ ရှိတယ်” ဟုနိုဝင်ဘာ ၅ရက် ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

“ (ရွေးကောက်ပွဲပြီးသည့်အခါ ) ပုံရိပ်တစ်ခုပြောင်းလဲသွားပေမယ့် လက်ရှိလွှတ်တော်က အနည်းဆုံး ဇန်န၀ါရီ ၃၁ အထိ ဆက်ရှိနေတာ စိုးရိမ်စရာဖြစ်ပါတယ်”။ ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

စင်ကာပူ အရှေ့တောင်အာရှ လေ့လာရေးအင်စတီကျူ့မှ ဦးတင်မောင်သန်း က နိုင်ငံအများစုမှာတော့ ရွှေးကောက်ပွဲပြီးတာနဲ့ လွှတ်တော်ကို ပယ်ဖျက်ပြီး အနိုင်ရ ပါတီ က ပြန်လည်ခေါ်ယူပါတယ်” ဟုပြောကြားသည်။ ယင်းက “ မြန်မာနိုင်ငံက စနစ်ကိုက ရှားရှားပါးပါးဖြစ်ပြီး လက်တွေ့ ကျင့်သုံးဖူးခြင်း လည်း မရှိသေးပါဘူး” ဟု ပြောကြားခဲ့သည်။

ယခုလွှတ်တော်နောက်ဆုံးခေါ်ယူမှုတွင် အမတ်များ၏ တရားဝင်မှု အခြေအနေမှာ ရှင်းလင်းခြင်း မရှိဘဲ၊ အမတ်များ ၏ ဆုံးဖြတ်ချက်များ မှာလည်း ဆန့်ကျင်ခံရနိုင်သည်ဟု ဦးတင်မောင်သန်းက ဆိုသည်။ “

အခုလွှတ်တော်မှာ လုပ်ခဲ့တာကို နောက်လွှတ်တော် အများစု ပါတီက မနှစ်သက်ပဲ အတည်ပြုထားတဲ့ ဥပဒေတွေကိုပြင်ချင်တယ်ဆိုရင် ရှုပ်ထွေး မှုတွေဖြစ်လာနိုင်ပါတယ်” ။ ဟု ဦးတင်မောင်သန်း က ပြောကြားခဲ့သည်။

ယခု လွှတ်တော်ကျင်းပစဉ်တွင် ကုမဏီ ဥပဒေကဲ့သို့ စီးပွားရေးအတွက် အရေးကြီးသော ဥပဒေအချို့ ဆွေးနွေးရန် စီစဉ်ထားသည်။ ဆွေးနွေးမည့် အခြားအစီအစဉ်များတွင် ဘဏ္ဍာရေးနှင့် သက်ဆိုင်ရာဥပဒေများ ၊ အစိုးရအသုံးစရိတ်များပါဝင်သည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလေ့လာရေးမြန်မာအင်စတီကျု့မှ အမှုဆောင် ဒါရိုက်တာ ဒေါ်ခင်မမမျိုးက ကြားကာလအတွင်း ကြံ့ခိုင်ရေးပါတီ၏ ရည်ရွယ်ချက်အပေါ် စိုးရိမ်မှုများရှိနေသည်ဟု ဆိုသည်။

ယင်းက “ဆုတ်ခွာသွားတဲ့ တပ်တွေဟာ သူတို့ စခန်းတွေမှာ မိုင်းတွေ အပြည့် ထားခဲ့နိုင်ပါတယ်။” ဟုပြောကြားခဲ့သည် ။

လွှတ်တော်အမတ်များဖြုတ်ချခွင့် Right to Recall ဥပဒေမှာ အငြင်းပွားဖွယ် အကြောင်းအရာတစ်ခုဖြစ်ပြီး ယခင်နှစ်က ပယ်ချခံခဲ့ရသော်လည်း ယခု လွှတ်တော် တွင် ပြန်လည်တင်သွင်းလာနိုင်သည်။

ထိုဥပဒေအရ ရွေးချယ်ခံအမတ်များသည် ယင်းတို့၏ မဲဆန္ဒနယ်မှ မဲဆန္ဒရှင် အရေအတွက်၏ တစ်ရာခိုင်နှုန်းတောင်းဆိုလာပါက ဖြုတ်ချခံရရန် စစ်ဆေးမှု ခံယူရမည်ဟု ဆိုသည်။

နိုဝင်ဘာ ၈ ရက်ရွှေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ အမတ်ဦးလှဆွေက “ ဥပဒေမှာ ရှိသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒီဥပဒေကို ထပ်မံဆွေးနွေးပါမယ် “ ဟုပြောကြားခဲ့သည်။

ကြံ့ခိုင်ရေးပါတီအမတ် ဦးစိုးဝင်းက ပါတီသည် ကြားကာလ တည်ငြိမ်စေမည် ဟု ပြောကြားသည်။ “အာဏာ လွှဲပြောင်းရေး လုပ်ငန်းစဉ်တွေကို အခြေခံ ဥပဒေမှာ ပြဌာန်းထားတဲ့ အတိုင်း ဆောင်ရွက်သွားမှာပါ’’ ဟု ပြောကြား ခဲ့သည်။

KHTun

The Ladies News Journal

စာပေဝေဖန်ရေး ဆရာနှင့် ကဗျာစာဆို တစ်ဦးဖြစ်သူ ဆရာမောင်စွမ်းရည်နှင့်
မိတ်ဆွေများ စာပေစကားဝိုင်းကို ၂၀၁၅ နိုဝင်ဘာ ၁ရ ရက် ( အင်္ဂါနေ့ ) ၊ မနက် ၁၀
နာရီက မိုးမခမီဒီယာ ၊ HOME မီဒီယာတို့၏ စီစဉ်မှုဖြင့် ဗိုလ်အောင်ကျော်လမ်း
( အောက်ဘလောက် ) ရှိ HOME ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဆရာမောင်စွမ်းရည် ၊ ဆရာဦးဝင်းဖေ ၊ ဆရာမောင်မိုးသူ ၊
ဆရာဇော်ဇော်အောင် ၊ ဆရာမဒေါ်ခင်ဆွေဦး ၊ ဆရာဂုဏ်ထူး ဦးသိန်းနိုင်တို့နှင့်အတူ
စာပေမိတ်ဆွေများ ၊ စာရေးဆရာ ၊ ကဗျာဆရာများ ၊ မီဒီယာအသီးသီးမှ
သတင်းသမားများ တက်ရောက်ခဲ့ကြသည်။

"မြန်မာစာပေ ကဗျာနှင့် ယဉ်ကျေးမှုစကားဝိုင်း " ဟု အမည်ရသည့် အဆိုပါပွဲတွင်
ဆရာမောင်စွမ်းရည်နှင့် ပတ်သက်သည်များကို မိတ်ဆွေ စာရေးဆရာများက
တခုတ်တရ ပြောကြားခဲ့ကြပြီး စာပေသမားများ မေးမြန်းသည့် စာပေဆိုင်ရာများ ၊
ကျောင်းသုံးပြဋ္ဌာန်းစာအတွက် အကြံပြုချက်များကို ဆရာမောင်စွမ်းရည်နှင့်
သက်ဆိုင်ရာ ဆရာများက ဖြေကြားပေးခဲ့ကြသည်။

ဆရာမောင်စွမ်းရည်သည် စာပေနယ်၌ ထင်ရှားသည့်အပြင် ပညာရေးလောကတွင်
အထက်တန်းပြ ဆရာအဖြစ် တာဝန်ထမ်းခဲ့ပြီး မြန်မာစာသင်ရိုး အဖွဲ့တွင်လည်း
အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ဆရာသည် ၂၀၀၂ ခုနှစ်ကစ၍
ပြည်ပသို့ ထွက်ခွာခဲ့ကာ နှစ်ပေါင်းများစွာကြာမှ မိခင်မြေသို့ ပထမဆုံးအကြိမ်
ပြန်ရောက်လာခြင်း ဖြစ်သည်။

The Ladies News Journal

ပြည်သူ့လွှတ်တော်မှ ပေးပို့ထားသည့် ဥပဒေကြမ်း ၃၃ ခု ပြီးစီးအောင် ဆောင်ရွက်
ရမည်ဖြစ်သဖြင့် လိုအပ်ချက် မရှိပါက အခြားမေးခွန်းများ မေးမြန်းခြင်းနှင့်
အဆိုတင်သွင်းခြင်း မပြုကြရန် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က
လွှတ်တော်ကို မေတ္တာရပ်ခံလိုက်ကြောင်း သိရှိရသည်။

ပထမအကြိမ် အမျိုးသား လွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေး ပထမနေ့
နိုဝင်ဘာလ ၁၆ ရက်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က
လွှတ်တော်သို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များအား နှုတ်ခွန်းဆက်
စကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ယခုကျင်းပတဲ့ အစည်းအဝေးမှာ ကျန်ရှိတဲ့ ဥပဒေများကို လက်စသတ် ပြီးစီးအောင်
ဆောင်ရွက်သွားရမှာ ဖြစ်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်အားလုံး လွှတ်တော်
အစည်းအဝေး ကာလများကို တတ်နိုင်သမျှ စုံစုံညီညီ တက်ရောက်ပြီး အင်တိုက်
အားတိုက် ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်။ ပထမအကြိမ် အမျိုးသား
လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေး ကျင်းပပြီးစီးပြီး နောက်ဆက်လက်
ဆောင်ရွက်ရန် ဥပဒေကြမ်း ၃၃ ခု ရှိခဲ့ပါတယ်” ဟု ဦးခင်အောင်မြင့်က ပြောသည်။

အမျိုးသား လွှတ်တော်တွင် ဆောင်ရွက်ဆဲ ဥပဒေကြမ်း ၁၄ ခု၊ အမျိုးသား
လွှတ်တော်က ပြည်သူ့လွှတ်တော်တွင် ဆောင်ရွက်နိုင်ရန် ပေးပို့ထားသည့်
ဥပဒေကြမ်း ၁ ခု၊ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည် ပေးပို့လာသည့်
ဥပဒေကြမ်း ၂ ခု၊ ပြည်သူ့လွှတ်တော်က အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနိုင်ရန်
ပေးပို့ထားသည့် ဥပဒေကြမ်း ၁၆ ခု၊ စုစုပေါင်း ၃၃ ခု ရှိကြောင်း သိရသည်။

“ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေးမှာ
ပြည်ထောင်စု ဝန်ကြီးဌာနများနဲ့ အဖွဲ့အစည်းများက ပေးပို့ထားတဲ့ နည်းဥပဒေ ၉
ခုကို ဖြန့်ဝေဖို့ရှိပါတယ်။ ၂၀၁၅ ခုနှစ် အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေ
၂၀၅ မှာ ဖြန့်ဝေတင်ပြထားသော နည်းဥပဒေများဟာ သက်ဆိုင်ရာ ဥပဒေပါ
ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိပါက ပယ်ဖျက်ရန် သို့မဟုတ်
ပြင်ဆင်စေရန် နည်းဥပဒေ များ ဖြန့်ဝေတင်ပြသော နေ့ရက်မှ ရက်ပေါင်း ၉၀
အတွင်း လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်တွင် အဆိုတင်သွင်းနိုင်ပါ
တယ်” ဟု ဦးခင်အောင်မြင့်က ပြောသည်။

၂၀၁၀ အစိုးရသစ် ပထမအကြိမ် လွှတ်တော်သက်တမ်းသည် ၂၀၁၆ ခုနှစ်
ဇန်နဝါရီလ ၃၁ ရက်တွင် ကုန်ဆုံးမည် ဖြစ်သဖြင့် အကျိုးဖြစ်ထွန်းစေမည့်
ဥပဒေများကို အချိန်မီ ပြီးစီးနိုင်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းကြပါဟု
ဦးခင်အောင်မြင့်က တိုက်တွန်း ပြောဆိုလိုက်သည်။

သတင်း -MMK
The Ladies News Journal


SNLD
SNLD

ရှမ်းပြည်နယ်တွင်းနေရာအများစုအနိုင်ရလိုက်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အနေနဲ့ အခုလက်ရှိ တိုက်ပွဲတွေပြင်းထန်နေလို့ ရှမ်းပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေး အခြေအနေကို လွှတ်တော်သစ်မှာ အရေးတကြီးအဆိုတင်ပြီး ဖြေရှင်းသွားမှာဖြစ်တယ် လို့ပြောဆိုလိုက်ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံစဉ် အမြန်ဆုံးတိုက်ပွဲတွေ ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုလည်း တိုက်ပွဲတွေ ရပ်တန့်ပေးစေလိုကြောင်း SNLD အနေနဲ့ မေတ္တာရပ်ခံပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ရဲ့ ဒုဥက္ကဋ္ဌ ဦးစိုင်းစောအောင်ကို မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ ရှမ်းပြည်နယ်တွင်း စစ်ရေးတင်းမာနေတဲ့အခြေအနေအပေါ် SNLD အနေနဲ့ ဘယ်လိုဖြေရှင်းဆောင်ရွက်ပေးနေပါသလဲဆိုတာ အခုလိုရှင်းပြပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဒုဥက္ကဋ္ဌ နဲ့ မေးမြန်းခန်း


ဒါကတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ရဲ့ ဒုဥက္ကဋ္ဌ ဦးစိုင်းစောအောင်ကို ဗွီအိုအေ မြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/snld-shan-tension/3061542.html

ထိုင်း-မြန်မာနယ်စပ် ။
ထိုင်း-မြန်မာနယ်စပ် ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အနိုင်ရလိုက်တဲ့ အတွက် ထိုင်းနိုင်ငံရောက်ရွှေ့ ပြောင်း လုပ်သားတွေကြား အိမ်ပြန်နိုင်ဖို့ အရေး မျှော်လင့်ချက်တွေတိုးလာနေကြပါတယ်။ ဒါပေမယ့်လည်း ဆယ်စုနှစ်ချီကြာအောင် ဖြစ်ပွါးနေတဲ့ စစ်ပွဲတွေကနေ ထွက်ပြေးလာကြသူ ဒုက္ခသည်တွေကြားမှာတော့ သံသယတွေနဲ့ စိုးရိမ်မှုတွေ ရှိနေကြဆဲဖြစ်ပါတယ်။ Ron Corben ရဲ့ သတင်းလွှာကို အခြေ ခံပြီး နန်းလောင်ဝ် က တင်ပြထားပါတယ်။

မြန်မာ စစ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ ဖြစ်ပွါးနေတဲ့ ပြည်တွင်းစစ်ကြောင့် ဒုက္ခသည်ပေါင်း တသိန်း နှစ်သောင်းလောက်ဟာ နေရပ်စွန့်ခွါထွက်ပြေးခဲ့ကြရတာပါ။ ဒုက္ခသည်အများစုဟာ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေခဲ့ရပြီး အနည်းစုလောက် ကသာ နေရပ်ပြန်ဖို့ မျှော်လင့်ချက် နည်းနည်းလေးသာထားနေကြတာပါ။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က အပြတ်အသတ် အနိုင်ရလိုက်တဲ့အတွက် ဒုက္ခသည်တွေကြား အမြင်တွေ ပြောင်းလာနေကြပါတယ်။ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူ အများစုက မြန်မာစစ်အစိုးရကို အချိန်လုံး ဆန့်ကျင်နေခဲ့ကြ သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောက်ခံနေကြတာဖြစ်ပါတယ်။

Burma Border Consortium ရဲ့ ညွှန်ကြားရေးမှုးဖြစ်တဲ့ Sally Thompson ဟာ မြန်မာ့စစ်ဘေးဒုက္ခသည်တွေရဲ့အရေးကို နှစ်ပေါင်း ၂၀ ကျော်ကြာအောင် လုပ်ကိုင်လာခဲ့သူဖြစ်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲ ရလဒ်ကြောင့် ဒုက္ခသည်စခန်းတွေ အမှန်တကယ်ပဲ ပိတ်ရတော့မလားဆိုတဲ့ ထင်မြင်ယူဆမှုတွေရှိလာနေတယ်လို့ သူက ခုလိုပြောပါတယ်။

"ဒုက္ခသည်စခန်းတွေ တကယ်ဘဲ ဆက်ရှိနေတော့မှာ မဟုတ်ဘူးဆိုတာ နားလည်မှုတွေရှိလာကြပါပြီ။ ဒါကသေချာပါတယ်။ မြန်မာနိုင်ငံအတွင်း အခြေအနေတွေပြောင်းလဲလာနေသလို ဒုက္ခသည်တွေအိမ်ပြန်နိုင်ဖို့ အချိန်ကလည်း နီးကပ်လာနေပါပြီ။ ဒါကဖြစ်နိုင်ခြေကိုပြောတာပါ။ ဘယ်အချိန်မှာ ပြန်ဖို့ အကောင်းဆုံးလဲ ဆိုတာ အတိအကျပြောဖို့တော့ မလွယ်ပါဘူး။ မတူတဲ့ လူမှုအသိုင်းအ၀ိုင်းကြား ပြန်ပြီး အခြေချဖို့ အချိန်ကလည်းကွဲပြားပါလိမ့်မယ်။"

ဒုက္ခသည်အများစုကတော့ နေရပ်ပြန်ဖို့ နောက်တွန့်နေကြတယ်လို့ သူကဆက်ပြောပါတယ်။ ရေရှည် စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ ဒေသ ကလူတွေဟာ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေရှိနေကြတာပါ။

"သူတို့ရဲ့ဘ၀တွေ လုံခြုံမှုရှိပါ့မလားဆိုတာ သူတို့ ခုချိန်ထိ သိချင်နေကြပါတယ်။ သူတို့နဲ့ သူတို့ရဲ့မိသားစုတွေ၊ မြေယာတွေနဲ့  သူတို့ အသက်ရှင် ရပ်တည်ရေးအတွက် အကာအကွယ်ဖြစ်မယ့်ကိစ္စတွေ အကြောင်း စဉ်းစားနေကြတာပါ။ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ဖို့ အဆင်သင့်မဖြစ်သေးခင်ဖြေရှင်းရမယ့် အကြောင်းအရာတွေက အများကြီးရှိနေပါသေးတယ်။"

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန်တို့ အောက်တိုဘာလ အတွင်း လက်မှတ်ရေးထိုးလိုက်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကြောင့်လည်း အခြေအနေတွေက အကောင်းဘက်ကို တိုးလာပါတယ်။ ဒါပေမယ့်လည်း လောလောဆယ် ရေးထိုးခဲ့တဲ့ NCA စာချုပ်မှာ လက်နက်ကိုင် ၁၅ ဖွဲ့ထဲက၇ ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း မရှိတာဟာ မြန်မာ အစိုးရနဲ့ စစ်တပ်ကို ယုံကြည်မှုမရှိတဲ့ သဘောလည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပချိန်ကတည်းက NCA မှာ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိတဲ့တိုင်းရင်းသား လက်နက်ကိုင်တပ်တွေက နောင်တက်လာမယ့် NLD ဦးဆောင်တဲ့ အစိုးရနဲ့ အနာဂတ်မှာ ဆွေးနွေးဖို့ ပိုပြီး လိုလားတယ် လို့ ပြောဆိုထားကြပါတယ်။ ဒါပေမယ့်လည်း စစ်ရေး ပဋိပက္ခတွေရှိနေဆဲ တိုင်းရင်းသား ဒေသတွေ အရေးကိုင်တွယ်ဖို့ကတော့ မြန်မာ စစ်တပ်နဲ့ လာမယ့်အစိုးရသစ်က ဆက်ဆံရဦးမှာပါ။

ဒုက္ခသည်တွေ နေရပ်ရင်းပြန်မယ့် ဆုံးဖြတ်ချက်ဟာ အပစ်အခတ်ရပ်စဲရေး စာချုပ်အပေါ် အဓိမူတည်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ ပြောခွင့်ရ Vivian Tan ဆိုပါတယ်။

"တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုက ဒုက္ခသည်တွေအတွက် သိပ်ကိုအရေးကြီးပါတယ်။ ဒီသဘောတူညီမှုကို ဘယ်လောက်အထိ လိုက်နာမှုရှိသလဲဆိုတာကို သူတို့တွေ့မြင်ချင်ကြပါတယ်။ ဒါမှလည်း ပဋိပက္ခတွေအဆုံးသတ်ပြီး သူတို့လည်းအိမ်ပြန်နိုင်ကြမှာပါ။"

ဒုက္ခသည်တွေ သူတို့ဆန္ဒနဲ့ အိမ်ပြန်နိုင် ဖို့အတွက် နိုင်ငံတကာအလှုရှင်တွေရဲ့ အကူအညီအထောက်အပံ့တွေ လိုတယ်လို့UNHCR ကဆိုပါတယ်။ ဒုက္ခသည်စခန်းကို ပေးနေတဲ့ နိုင်ငံတကာက အလှုရှင်နိုင်ငံတွေကလည်း စခန်းတွေခပ်မြန်မြန်ပိတ်နိုင်ဖို့အတွက် အကူအညီတွေ ကိုလျှော့ချလာခဲ့ပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ဒုက္ခသည်တွေဟာ မှတ်ပုံတင်လို တရားဝင် စာရွက်အထောက်အထားတွေမရှိကြ တဲ့အတွက်နေရပ်ပြန်ဖို့ အခက်အခဲရှိနေကြတာပါ။ ဒါကြောင့်လည်း ဒီလိုလူတွေအတွက် ထိုင်းနိုင်ငံနဲ့ အခြားနိုင်ငံတွေမှာ အခြေချနေထိုင်ဖို့ လိုအပ်လာပါတယ်။

၂၀၀၅ ခုနှစ်ကတည်းက ထိုင်းနိုင်ငံအတွင်း ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်ပေါင်း ၆ သောင်းကျော်ကို တတိယနိုင်ငံတွေမှာ အခြေချဖို့လွဲပြောင်းပေးခဲ့သလို အမေရိကန်နိုင်ငံထဲမှာတော့ ဒုက္ခသည်ပေါင်း ၅ သောင်းလောက် အခြေချနေထိုင်နေကြပါတယ်။

တချိန်ထဲမှာဘဲ ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်တွေပိတ်သိမ်းဖို့နဲ့ ဒုက္ခသည်တွေ အိမ်ပြန်နိုင်ဖို့ မျှော်လင့်ချက်တွေတိုးလာနေပေမယ့်လည်း ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ မြန်မာစစ်တပ်က ဆက်တိုက်ဆိုသလို လေကြောင်းကပါ ထိုးစစ်တွေဆင်နွဲနေတာကြောင့် ကျေးရွာအတော်များများက ထောင်နဲ့ချီတဲ့ ရွာသား တွေဟာ စစ်ဘေးလွှတ်ရာကို ထွက်ပြေးနေကြရဆဲဖြစ်ပါတယ်။

နန်းလောင်ဝ်/VOA
http://burmese.voanews.com/content/migants-hope-to-return-home/3061539.html


ရှမ်းပြည်မြောက်ပိုင်းတပ်။
ရှမ်းပြည်မြောက်ပိုင်းတပ်။

ရွေးကောက်ပွဲအလွန် ကာလတွေမှာ ရှမ်းပြည်နယ်ဘက်မှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးနေတဲ့ အခြေအနေမှာ ဒီကနေ့မှာလဲ မြောက်ပိုင်း ရှမ်းပြည် တပ်မတော် SSPP/ SSAနဲ့ မြန်မာ့တပ်မတော်တို့အကြားမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးနေဆဲဖြစ်ပါတယ်။ ဒီကနေ့ တိုက်ပွဲဖြစ်ပွါးတဲ့ မိုင်းရှူး မြို့နယ် ၀မ်ခွေအနီး လွယ်ဖေး တောင်ကုန်းတိုက်ပွဲမှာ မနေ့ကလိုပဲ မြန်မာတပ်မတော်က လေတပ်အကူနဲ့ စစ်ဆင်မှု တွေ လုပ်ဆောင်နေတယ်လို့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်ဘက်ကပြောပါတယ်။

ရွေးကောက်ပွဲ အလွန်ကာလတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် အခုလိုထိုးစစ်တွေ ပိုမိုလုပ်ဆောင်နေတာဟာ လုံခြုံရေးကိုအကြောင်းပြပြီး အာဏာ လွှဲပြောင်းပေးဖို့ကြန့်ကြာအောင် လုပ်ဆောင်နေတယ်လို့လဲ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေကရှုမြင်နေကြပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို သတင်း ပေးပို့ထားပါတယ်။

မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် SSPP/SSAနဲ့ မြန်မာ့တပ်မတော်တို့ အကြားမှာ ဒီကနေ့မှာလဲ ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်းက လွယ်ဖွေးတောင်ကုန်းပေါ်မှာ တိုက်ပွဲပြင်းထန် စွာဖြစ်ပွါးနေဆဲ လို့ မြောက်ပိုင်းရှမ်းပြည် တပ်မတော်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလကအခုလိုပြောပါတယ်။

ဒီကနေ့ဖြစ်ပွါးနေဆဲ တိုက်ပွဲမှာ မြန်မာစစ်တပ်ကနေ ကြည်းတပ် အပါအ၀င် လေကြောင်းအကူနဲ့ တိုက်ခိုက်နေတာ ဖြစ်ပြီး နှစ်ဖက် ထိခိုက်မှုအခြေအနေကိုတော့ မသိရှိရသေးဘူးလို့လဲ သူကပြောပါတယ်။

မနေ့ကလဲ မြောက်ပိုင်းတပ်မတော်ကနေ ခြေကုတ်ရယူထားတဲ့ ၀မ်လွေအနီးက လွယ်ဖွေးတောင်ကုန်းကို မြန်မာ့တပ်မ တော်ကနေ ကြည်းတပ် လေတပ်အားသုံးပြီး အပြင်းအထန်တိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာလ(၈)ရက်နေ့မှာကျင်းပခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲအလွန် ကစပြီး မြောက်ပိုင်း ရှမ်းပြည်တပ်မတော်နဲ့ မြန်မာ့ တပ်မတော်တို့အကြားမှာ ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်ပွါးနေခဲ့တာပါ။

ဒီလိုဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့်ကျေးသီး မိုင်းရှူး မိုင်းနောင်မြို့နယ် အတွင်းက ကျေးရွာသား(၈၀၀၀)ကျော်ဟာ ဌာနေကနေထွက်ပြေးနေရပြီး စစ်ပြေးဒုက္ခသည်တွေအဖြစ် တိမ်းရှောင်နေရပါတယ်။

မြောက်ပိုင်းရှမ်းပြည်တပ်မတော်အနေနဲ့ NCAအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုး ဖို့ ပြင်းဆို ခဲ့တဲ့နောက်ပိုင်း အောက်တို ဘာ(၆)ရက်နေ့ကစပြီး မြန်မာ့ တပ်မတော်ကနေ ထိုးစစ်ဆင်မှု စတင်ပြုလုပ်လာခဲ့ပါတယ်။

အလားတူ မြန်မာ့အစိုးရနဲ့စစ်ရေးတင်းမာနေဆဲ လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ တအာင်းပလောင် လွတ်မြောက်ရေး (TNLA) အဖွဲ့နဲ့လဲ ဒီကနေ့ မိုးမိတ်မြို့နယ်၊ တော်ကွန့်ကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

ရွေးကောက်ပွဲရက် အလွန်ကနေ ဒီကနေ့အထိ မြန်မာ့တပ်မတော်နဲ့ TNLAတို့အကြား တိုက်ပွဲ ဆက်တိုက်ဖြစ်ပွါးနေတယ် လို့လဲ TNLA ပြန်ကြားရေး အရာရှိ ဗိုလ်ကြီး တာအိုက်ကျော် ကပြောပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ ရွေးကောက်ပွဲအလွန်ကာလမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် ယခင်က ထက် ထိုးစစ်တွေပြုလုပ် လာနေတဲ့ဖြစ်စဉ်အပေါ် မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက သုံးသပ်ပြောဆိုပါတယ်။

အလားတူ ကချင်ပြည်နယ် မိုးညှင်း မြို့နယ်ဒေသတွေမှာလဲ ကချင်လွတ်လပ်ရေး အဖွဲ့ KIOနဲ့ မြန်မာ တပ်မတော်တို့အကြားမှာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တနင်္လာနေ့က လေကြောင်းနဲ့တိုက်ခိုက်တဲ့အထိ တိုက်ပွဲ ပြင်းထန် ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၅ရွေးကောက်ပွဲရလဒ်အရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကနေ အောင်မြင်မှု အမြင့်ဆုံးရရှိခဲ့ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းနိုင်မဲ့အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကြိုဆိုခဲ့ကြသလို ကာလအတန်ကြာဖြစ်ပွါးနေခဲ့တဲ့ ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းသွားနိုင် လိမ့်မယ်လို့လဲ မျှော်လင့်နေကြပါတယ်။

ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ကနေ နောင်တက်လာမယ့် အစိုးရကို ချောချောမွေ့မွေ့ အာဏာ လွှဲပြောင်းပေးမယ်လို့ တရားဝင် ပြောဆိုခဲ့ပေမဲ့ လက်ရှိမြန်မာ့ တပ်မတော်ကနေ ဒေသအတွင်း မတည်ငြိမ်သေး တာကို အကြောင်းပြုပြီး အာဏာကို ဆက်လက် ထိန်းသိမ်းသွားဦးမယ့် အခြေအနေရောက်ရှိမှာကို စိုးရိမ်နေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ရှုမြင် ကြောင်း မြောက်ပိုင်း ရှမ်းပြည် တပ်မတော်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလကနေ သုံးသပ်ပြောဆိုခဲ့ပါတယ်။



မိုးညှင်းတိုက်ပွဲပြမြေပုံ
မိုးညှင်းတိုက်ပွဲပြမြေပုံ “ကချင် တိုက်ပွဲ အရှိန်လျော့”
ကချင်ပြည်နယ် မိုးညှင်း မြို့အနီးမှာ တနင်္လာနေ့က လေကြောင်းက ၃ကြိမ် တိုက်ခိုက်တဲ့အထိ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပေမဲ့ ဒီကနေ့မှာတော့ တိုက်ပွဲတွေ ငြိမ်သက်ပြီး မိုးညှင်းမြို့ အခြေအနေဟာလည်း ပုံမှန်အတိုင်း ရှိနေတယ်လို့ မိုးညှင်း ခရိုင် အုပ်ချုပ်ရေးမှုးက ပြောပါတယ်။
အစိုးရစစ်တပ်ပိုင် မြ၀တီသတင်း ဌာနရဲ့ လူမှုကွန်ယက်စာမျက်နှာ်မှာတော့ တပ်မတော်က နယ်မြေ ရှင်းလင်းစဉ်မှာ KIAတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ကချင်တပ်ဖက်က အင်အား အများအပြားနဲ့ တပ်မတော်စစ်ကြောင်းကို တိုက်ခိုက်လာတာကြောင့် လေကြောင်း အပြင် အမြောက်ပစ်ကူနဲ့ပါ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။ မိုးညှင်း ဒေသက နောက်ဆုံး အခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ မိုးညှင်း ဒေသအတွင်း တိုက်ပွဲတွေဟာ ၁၅ရက်နေ့ နေ့ခင်းပိုင်းက စတင်ဖြစ်ပွားခဲ့ရာက ၁၆ရက်နေ့မှာ တော့ အစိုးရတပ်ဖက်က ရဟတ်ယာဉ် ၂စီးနဲ့ ၂ကြိမ်၊ တိုက်လေယာဉ်၂စီးနဲ့ ၁ကြိမ် လေကြောင်းပစ်ကူ သုံးပြီး တိုက်ခိုက်ခဲ့ရတဲ့အထိ တိုက်ပွဲတွေ ကြီးမားခဲ့ပါတယ်။
ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်ချိန်ဟာ အထက ၁ ဘုံကထိန်လှည့်ပွဲ အပြီးလောက်မှာ စတင်ဖြစ်ပွားခဲ့တာကြောင့် မြို့တွင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့သလို လေကြောင်းက ပစ်ခတ်တာတွေကို မြို့ခံတွေမြင်တွေ့ခဲ့တဲ့နောက် ညပိုင်းမှာတော့ အသွားအလာတွေ ကျဲပါးခဲ့ပြီး ညဈေးကိုပါ ပိတ်ထားခဲ့ရပါတယ်။
ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မိုးညှင်းမြို့ အခြေအနေဟာ ပုံမှန်အတိုင်းရှိနေတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှုး ဦးအောင်စိုးမိုးကပြောပါတယ်။

“ဒီကနေ့တော့ အေးအေးချမ်းချမ်းပါပဲ။ ဘာမှမရှိပါဘူးဗျာ ၊ မနေ့ကတော့ လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ပစ်တဲ့ အခါကျတော့ မြို့သူမြို့သားတွေ နည်းနည်းလေးတော့သူတို့ ထိတ်လန့်မှုတော့ရှိတာပေါ့နော်။ မနေ့ညက ထိတ်လန့်မှု ဆိုတာက ၇နာရီ ၊ ၈ နာရီက အရင်အချိန်ထက်စာရင် နည်းနည်းလေး သွားလာသူနည်းသွားတာပေါ့နော်။ အခုက ပုံမှန်အတိုင်းပါပဲ ပြန်စည်ကားနေပါတယ်။”

မိုးညှင်းအနီး တိုက်ပွဲနဲ့ ပတ်သက်ပြီး အစိုးရ စစ်တပ်ပိုင် မြ၀တီ သတင်းဌာနရဲ့ လူမှုကွန်ယက် စာမျက်နှာမှာတော့ တပ်မတော်စစ်ကြောင်းက ၁၅ရက်နေ့က မိုးညှင်းမြို့ဝန်းကျင်မှာ နယ်မြေ ရှင်းလင်းစဉ်မှာ ကချင်လွတ်လပ်ရေး တပ်ဖွဲ့ KIA နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ သေနတ်တလက်နဲ့ ခဲယမ်း အချို့အပြင် စခန်းတခုကို သိမ်းယူရရှိ ခဲ့ကြောင်း၊ ၁၆ရက်နေ့မှာတော့ KIA ဖက်က အင်အားဖြည့်တင်းပြီး တပ်မတော် စစ်ကြောင်းကို တိုက်ခိုက် လာတာကြောင့် လေကြောင်းက ၃ကြိမ် ပစ်ခတ်ခဲ့ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်ကရှင်းလင်းရတာဟာ KIA က မိုးညှင်းမြို့ အနီးမှာ မိုင်းထောင်တာ၊ လူသစ်စုတာနဲ့ ဆက်ကြေးကောက်ယူတာတွေ ရှိသလို ဒေသခံတွေ မိုင်းထိသေဆုံးတာ၊ ထိခိုက်တာတွေ ရှိတာကြောင့်လို့လည်း ဖော်ပြပါတယ်။
မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှုး ဦးအောင်စိုးမိုးကတော့ ဒီနှစ်အတွင်း မိုင်းထိသူ ၁၈ယောက်ရှိ တယ်လို့လည်း ပြောပါတယ်။
KIA ဖက်ကတော့ မိုးညှင်းအနီးမှာ သူတို့ တပ်စခန်းတွေကို အရင်တည်းက အခြေစိုက်ထားတာဖြစ်ကြောင်း နဲ့ ဒီရက်ပိုင်းမှာမှ ဆင်ဘိုတပ်ရင်းကို KIA တပ်ဖွဲ့ဝင် ၅ယောက်က ၀င်ရောက်ပစ်ခတ်တယ်လို့ အကြောင်းပြပြီး မိုးညှင်းအနီးက စခန်းတွေကို တိုက်ခိုက်လာတာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ဒေသခံတချို့ကတော့ ဒီကနေ့ မှာ အာဏာပိုင်တွေက တိုက်ပွဲဖြစ်ရာဒေသ ဖက်က တောင်ယာတွေကို သွားလာခွင့် ပိတ်လိုက်ကြောင်းနဲ့ မိုးညှင်းမြို့ပေါ် မှာတော့ ဈေးတွေ၊ ကျောင်းတွေ ပုံမှန်ဖွင့် ထားကြောင်းလည်း ပြောပါတယ်။
လတ်တလောဖြစ်ပွားခဲ့တဲ့ မိုးညှင်း တိုက်ပွဲမှာ အစိုးရတပ်ဖက်က အရာရှိတယောက်နဲ့ စစ်သည်၂ယောက် ကျဆုံးခဲ့ပြီး KIA ဖက်က အခြေအနေကိုတော့ မသိရသေးပါဘူး။ မိုးညှင်းဒေသ အတွင်းမှာ အရင်က အခုလို ပြင်းထန်တဲ့ တိုက်ခိုက်တာတွေ မရှိခဲ့ဘဲ ရွေးကောက်ပွဲပြီးချိန်မှ အခုလို တိုက်ပွဲတွေ ပြင်းထန်လာတဲ့အပေါ်မှာတော့ ဒေသခံတွေက စိုးရိမ်မှုတွေ ရှိနေပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာတော့ KIA တပ်ဖွဲ့ဝင်တွေက မိုင်းထောင်တာ၊ လူသစ်စုတာ၊ ဆက်ကြေးကောက်ခံတာတွေ ရှိနေတဲ့အတွက် နယ်မြေရှင်းလင်းရင်း တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့တာ လို့ ပြောပါတယ်။ တိုက်ပွဲတွေအတွင်း KIA ထိန်းချုပ်နယ်မြေတချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို၊ တပ်မတော်က အရာရှိနဲ့ စစ်သည်တချို့ ကျဆုံးခဲ့တယ်လို့ လည်း ဖော်ပြထားပါတယ်။

နိုင်ကွန်းအိန်, မိုးဇော် /VOA
http://burmese.voanews.com/content/tensions-in-ethnic-area/3061531.html


 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း နဲ့ မနက် ၁၀ နာရီခွဲလောက်ကနေ ၁၂ နာရီအထိ ပြည်သူ့လွှတ်တော်ဥက္ကဌ ရုံးခန်းမှာ တွေ့ဆုံခဲ့တာလို့ သိရပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် နဲ့လည်း နေ့လည် ၂နာရီလောက်ကနေ ၃ နာရီအထိ အမျိုးသားလွှတ်တော်ဥက္ကဌ ရုံးခန်းမှာ ၁ နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လွှတ်တော်ဥက္ကဌတွေနဲ့ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကို မသိရှိရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဖို့ မေတ္တာရပ်ခံထားပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ တွေ့ဆုံမယ်လို့ အကြောင်းပြန်ကြားထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ကတော့ ရွေးကောက်ပွဲရလဒ်အားလုံး ကြေညာပြီးရင် တွေ့ဆုံနိုင်မယ်လို့ အကြောင်းပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


“ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအင်အားစုများ မေတ္တာရပ်ခံမှုကြောင့်
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြခြင်း ယာယီ
ရပ်နားလိုက်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစာငတ်ခံ တိုက်ပွဲဝင်နေသည့်
ကျောင်းသားများထံ လူကြုံစကားဖြင့် လည်းကောင်း ၊ လူကိုယ်တိုင်အဖြစ် လည်း
ကောင်း ၊ ကြေညာချက် ထုတ်ပြန်၍ လည်းကောင်း ၊ အစာငတ်ခံ တိုက်ပွဲဝင်နေမှု
အပေါ် အောက်ပါ အချက်အလက်များဖြင့် မေတ္တာရပ်ခံ လာကြခြင်းများ ရှိသည့်
အတွက် နိုင်ငံရေး အခြေအနေများကြောင့် ရပ်နားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်
အရ သိရသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးမှ ပြည်သူများသည် အပြောင်းအလဲ အတွက် ငြိမ်းချမ်းစွာ
အာဏာ လွှဲပြောင်းနိုင်ရေး ကို မျှော်လင့် စိုးရိမ်နေကြသည့်
တစ်ချိန်တည်းတွင် အစာငတ်ခံ တိုက်ပွဲဝင်နေသူများ အပေါ် များစွာ စိုးရိမ် ပူပန်
နေကြပါကြောင်း၊ အဆိုပါ စိုးရိမ်ပူပန်မှု အား အချိန်အတိုင်းအတာ တစ်ခုထိ လျှော့ချ
ပေးနိုင်ရန် အတွက် ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းမှု အချိန်ထိ ရွေ့ဆိုင်းပေးစေလို
ကြောင်း ဖော်ပြလျက် အဖွဲ့အစည်း အသီးသီးမှ အစာငတ်ခံ ဆန္ဒပြနေသူများနှင့်
ဗကသများ အဖွဲ့ချုပ်ထံသို့ မေတ္တာ ရပ်ခံလာကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ယင်းအတွက် ပြည်သူများ စိုးရိမ်ပူပန်မှုကို အလေးထားခြင်း၊ နိုင်ငံရေး မိတ်ဖက်
အဖွဲ့အစည်းများ၏ မေတ္တာရပ်ခံမှုအပေါ် လေးစားတန်ဖိုးထားခြင်း ဗကသများ
အဖွဲ့ချုပ်မှ ကိုအောင်မှိုင်းဆန်း နှင့် အတူ သာယာဝတီ ထောင် ၊ မြင်းခြံထောင်တို့
တွင် အစာငတ်ခံ တိုက်ပွဲဝင်မှုကို ငြိမ်းချမ်းစွာ အာဏာလွှဲ ပြောင်းချိန်အထိ ယာယီ
အားဖြင့် ရပ်ဆိုင်း လိုက်ထားကြောင်း ထုတ်ပြန် ကြေညာချက်အရ သိရသည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကိုအောင်မှိုင်းဆန်း အပါအ၀င်
သာယာဝတီ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူများသည် အစာငတ်ခံ
ဆန္ဒပြခြင်းများအား စတင်ခဲ့ကြပြီး နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကိုဖြိုးဓန အရေးပေါ်
ရန်ကုန်ဆေးရုံကြီးသို့ တင်ရပြီး ယင်းနောက် ကိုအောင်မှိုင်းဆန်းနှင့် ကိုမျိုးမြတ်စံတို့
သည်လည်း ကျန်းမာရေး မကောင်းသဖြင့် နိုဝင်ဘာ ၁၂ ရက်တွင် သာယာဝတီ
ထောင်ဆေးရုံတွင် ကုသမှုခံယူရကာ အခြေအနေ စိုးရိမ်ရသဖြင့် နိုဝင်ဘာ ၁၃
ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသခံယူရကြောင်း သိရသည်။

ထို့သို့ ခံယူနေစဉ်အတွင်း နိုဝင်ဘာ ၁၄ ရက်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် မှ
ဦးဝင်းထိန်က ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသခံယူနေသည့် ကိုအောင်မှိုင်းဆန်းနှင့်
ကိုမျိုးမြတ်စံအား ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှ ဆက်သွယ်ပြီး သွား
ရောက်ရန် ခိုင်းသည့်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အကူး
အပြောင်းကာလတွင် မီးစတစ်စ ဖြစ်မည်ကို စိုးရိမ်သည့်အတွက် အစာငတ်ခံ
တိုက်ပွဲဝင်မှုကို ရပ်တန့်ရန် မေတ္တာရပ်ခံပါကြောင်း၊ တိုက်ပွဲကို ရပ်တန့်ရန် အမိန့်
ပေးခြင်း မဟုတ်ကြောင်း၊ စဉ်းစားပြီးမှ ဆက်လုပ်စေချင်ကြောင်း ပြောကြားသွားခြင်း
များရှိကြောင်း ဗကသ သတင်းနှင့် ပြန်ကြားရေး သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းနောက် နိုဝင်ဘာ ၁၆ ရက် ရက်စွဲဖြင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၊
ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း၊ ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့
အပါအ၀င် လွှတ်တော်ပြင်ပ နိုင်ငံရေး အဖွဲ့အစည်း ကိုးဖွဲ့တို့ကလည်း အစာငတ်ခံ
ဆန္ဒပြမှုအား ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းသည့် အချိန်အထိ ရွှေ့ဆိုင်းပေးရန်
မေတ္တာရပ်ခံသည့် အနေဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး နိုဝင်ဘာ ၁၇
ရက်နေ့တွင် ရွှေဝါရောင် သံယာတော်များကပါ ရန်ကုန်ဆေးရုံကြီးသို့ လူနာလာကြည့်
ရင်း မေတ္တာရပ်ခံပြီးနောက် ယခုကဲ့သို့ အစာငတ်ခံ ဆန္ဒပြခြင်းရပ်နားကြောင်း
ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ဗကသများ အဖွဲ့ချုပ်မှ ကိုအောင်မှိုင်းဆန်းသည် နိုင်ငံရေး အကျဉ်းသားများ လွတ်
မြောက်ရေးအတွက် ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြခြင်းကို အောက်တိုဘာ ၂၃
ရက်မှ စတင်ခဲ့ရာ နိုဝင်ဘာ ၁၆ ရက် အထိဆိုလျှင် ရက်ပေါင်း၂၅ ရက်အထိ
ရှိကြောင်း သိရသည်။

သတင်း - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies


မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနိုင်ရရှိခဲ့တဲ့အပေါ်မှာ ဂုဏ်ယူကြောင်း ဥရောပကော်မရှင်အဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ Federica Mogherini က ပြောကြားလိုက်ပါတယ်။ ဥရောပကော်မရှင်ရဲ့ ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံခြားရေး နဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ Ms. Mogherini က ၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ အင်္ဂါနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ပြောကြားခဲ့တာဖြစ်တယ်လို့ EU ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေး နဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောဆိုနေတာတွေကို လက်ခံကြိုဆိုတယ်လို့လည်းသူကပြောပါတယ်။

အခုချိန်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲတွေကနေ တဆင့် ငြိမ်းချမ်းစွာအသွင်ကူးပြောင်းမှုဖြစ်ရေးကို ဦးတည်လုပ်ဆောင်သွားဖို့ အရေးကြီးတဲ့အချိန်ဖြစ်တာကြောင့် ပါတီအားလုံးအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့ အရေးကြီးတယ်လို့ Ms. Mogherini က ပြောလိုက်ပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကာလမှာ မိတ်ဆွေကောင်းအနေနဲ့ ကူညီထောက်ပံ့သွားဖို့ အဆင်သင့်ရှိနေတယ်လို့ အလေးပေးပြောကြားလိုက်ပါတယ်။

Ms. Mogherini နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ လာမယ့်အသွင်ကူးပြောင်းရေးကာလအတွင်းမှာ ဆက်လက်ဆက်သွယ်သွားမယ်လို့လည်း ပြောကြားလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee 
မြန်မာနိုင်ငံမှာ မကြာသေးခင်က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံသမိုင်းမှာကဏ္ဍသစ်တခု ဖြစ်တယ်လို့ဆိုပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee က ကြိုဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက လူထုအားလုံးအတွက် လူ့အခွင့်အရေးအခြေအနေ တိုးတက်စေဖို့ သက်ဆိုင်သူအားလုံးနဲ့ လက်တွဲလုပ်ဆောင်မယ် ဆိုတဲ့ သူ့ရဲ့သန္နိဋ္ဌာန်ကိုလည်း ထပ်ပြီး အာမခံပြောဆိုပါတယ်။

လူထုက သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်လိုက်ပြီဖြစ်ပြီး အခုဆို နောက်ကြောင်းပြန်လှည့်ဖို့ မရှိတော့ဘူးလို့ တနင်္လာနေ့ထုတ်ပြန်ချက် တခုထဲမှာ မစ္စ ယန်ဟီးလီကပြောထားပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေး နောက်ထပ်လုပ်ဆောင်တာတွေမှာ အစိုးရသစ်နဲ့ လက်တွဲလုပ်ဆောင်ချင်သူတွေကို အကာ အကွယ်ပေးဖို့နဲ့ အထောက်အကူပြုဖို့ ရွေးကောက်ပွဲပြီး အခင်းအကျင်းသစ်မှာ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီးတော့ ဒီမိုကရေစီနည်းကျ လုပ်ကိုင်ခွင့်ရရှိရေး သေချာအောင်လုပ်ရပါမယ်လို့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က လူထောင်ပေါင်းများစွာ မဲရုံတွေကိုသွားကြတာကို တွေ့ရတာကို တကယ့်ကို အားတက်ဝမ်းသာစရာပါ လို့ ဆိုသလို အဲဒီထဲကအများအပြားဟာ သူတို့ဘ၀မှာ ပထမဆုံးအကြိမ် မဲပေးကြတာဖြစ်တယ်ဆိုတာကိုလည်း ထောက်ပြထား ပါတယ်။

တချိန်ထဲမှာပဲ ရွေးကောက်ပွဲမတိုင်ခင် ကာလတွေမှာ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ချက်တွေ ရှိခဲ့တာကိုလည်း ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်က ထောက်ပြပါတယ်။ အဲဒီထဲမှာ လူထောင်ပေါင်းများစွာ မဲပေးခွင့်မရတာ၊ မူစလင်ကိုယ်စားလှယ်အများအပြား အပယ်ခံရတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ဖွဲ့စည်းခွင့်တွေ ဆက်ပြီး ကန့်သတ်ခံထားရတာတွေကို ဥပမာပေး ဖော်ပြထားပါတယ်။

အဲဒီစိုးရိမ်ချက်တွေဟာ အစိုးရသစ်အနေနဲ့ ချက်ခြင်း အာရုံစိုက်လုပ်ဖို့ လိုအပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျယ်ပြန့်တဲ့စိန်ခေါ်မှု တွေ ဖြစ်ပါတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ယန် ဟီးလီက ပြောထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

(မနီလာမြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွား) ဓါတ်ပုံ AFP
 ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ဒီကနေ့ စတင်ကျင်းပမယ့် အာရှ-ပစ္စဖိတ်ထိပ်သီးညီလာခံ အတွက် ပဲရစ်မြို့မှာဖြစ်သွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးအင်အား သုံးသောင်း ချထားပြီး မနီလာမြို့က လမ်းတွေကိုလည်း ပိတ်ဆို့ထားလိုက်ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေကို ဒီကနေ့မနက်က မနီလာမြို့မှာ ကန့်ကွက်ဆန္ဒပြကြပြီး ရဲတပ်ဖွဲ့ဝင်တွေ နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက "သုံးမရတဲ့ အာရှပစ္စဖိတ်ထိပ်သီးညီလာခံ" လို့ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြပါတယ်။

အာရှ-ပစ္စဖိတ်ထိပ်သီးညီလာခံကို အမေရိကန်သမ္မတ ဘာရက်အိုဘာမား၊ တရုတ်သမ္မတ ချီကျင်းပင် ၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့အပါအ၀င် နိုင်ငံပေါင်း ၂၀က နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်နေကြတာ ဖြစ်ပါတယ်။

ဒီညီလာခံဟာ တူရကီနိုင်ငံမှာကျင်းပပြီးစီးသွားတဲ့ G20 ထိပ်သီးစက်မှုနိုင်ငံများ အစည်းအဝေးအပြီး ဆက်တိုက်ဆိုသလို ကျင်းပတဲ့ ညီလာခံဖြစ်ပါတယ်။

သမ္မတအိုဘားမား မနီလာမြို့မှာ ရှိနေမယ့် ၂ရက်အတွင်း ဖိလစ်ပိုင်လေတပ်က တိုက်လေယဉ် ၁၃ စီးကို အဆင်သင့်ချထားသလို အမေရိကန်ရေတပ်က USS Fitzgerald နဲ့ တိုက်ရေယဉ်တွေလည်း မနီလာ ပင်လယ်ကွေ့ထဲမှာ ချထားတယ်လို့ ဆိုပါတယ်။

သမ္မတအိုဘားမားဟာာ မနီလာပြီးရင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် အရှေ့အာရှ ညီလာခံကို ဆက်လက်တက်ရောက်မှာ ဖြစ်ပါတယ်။ ပြီးရင်မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ်လို့လည်း ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


 ပြင်သစ်နိုင်ငံသတင်းများအရ နိုဝင်ဘာလ ၁၆ရက် သတင်းများအရ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Stade de France အားကစားရုံရှေ့တွင် အသေခံဗုံးခွဲသူ Bilal Hadfi ၏ Facebook ရှိအချက်အလက်များစတင်ထွက်ပေါ်လာသည်။ ထိုသူ၏ profileစာမျက်နှာ တွင်ဓာတ်ပုံများအမြောက်အများ တင်ထားတာကိုတွေ့ရှိရသည်။


ယခင်တစ်ပတ်က Hadfi ပါဝင်သော ၃ဦးအဖွဲ့သည် ပြင်သစ်နိုင်ငံ Stade de Franceတွင် ကျင်းပပြုလုပ်မည့် Germany League ပြိုင်ပွဲတွင်တိုက်ခိုက်ရန် ကြိုတင်စီစဉ်ထား ခဲ့ကြသည်။ ထောက်လှမ်းရေးwebsiteတစ်ခုဖြစ်သော Bellingcat က အသက်၂၀ အရွယ် ရှိသော Bilal Hadfi၏ ယခင်အမည်မှာ Billy du Hoodဖြစ်ပြီး ၂၀၁၄ခုနှစ် နွေဦးရာသီမတိုင်မှီကတည်းကပင် အစ္စလာမ်စစ်သွေးကြွအဖွဲ့ IS ၏တိုက်ခိုက်ရေး အစွန်းရောက် အဖွဲ့ဝင်လည်းဖြစ်သည်။ တစ်နှစ်နောက်ပိုင်းတွင် မိုဘိုင်းဖုန်းနှင့်ရိုက်ကူးထား သည်ဟုယူဆရသော submachine gunပုံကိုတင်ထားခဲ့သည်။


Hadfi၏ Facebookအချက်လက်များကို အမှုတွဲထဲတွင် ထည့်သွင်းလိုက်ပြီဖြစ်သည်။ ၂၀၁၃ခုနှစ်တွင်ရိုက်ကူးထားသော ဓာတ်ပုံများအရ သူသည် မျက်နှာအုပ်ထားသော အခြားသော အမျိုးသားတို့နှင့်အတူ ရဲကားပေါ်တွင်ရပ်၍ရိုက်ကူးထားသောပုံပေါ်တွင် ရဲအဖွဲ့ကိုရင့်သီးစွာရေးသားထားသောစာများကိုလည်းတွေ့ရှိခဲ့ရသည်။ Bellingcat က သူ၏ Facebookစာမျက်နှာပေါ်ရှိပုံများ နှင့် ပုံတူပန်းချီများကို သတိထားခဲ့မိကြပြီး သူသည် Facebookအကောင့်ကို အသုံးပြုကာအခြားသော တိုက်ခိုက်သူများနှင့် အဆက်အသွယ် များရှိနိုင်ကြောင်းကိုလည်းတွေ့ရှိထားသည်။

china.com Myanmar
https://www.facebook.com/china.com.mm/


 ကမ္ဘောဒီးယားပါလီမန်က အတိုက်အခံခေါင်းဆောင်လည်းဖြစ် ပါလီမန်အမတ်လည်းဖြစ်သူ ဆမ် ရိမ်ဆီ Sam Rainsy ကို အမတ်အဖြစ်ကနေ ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်တဲ့အပြင် တရားရုံးက ဖမ်းဝရမ်းပါ ထုတ်ပြန်လိုက်တဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံရေး အခြေအနေဟာ အစိုးရနဲ့အတိုက်အခံပါတီအကြား တင်းမာနေပါတယ်။

လက်ရှိအတိုက်အခံခေါင်းဆောင်အမတ်ဟာ တောင်ကိုရီးယားနိုင်ငံမှာရှိနေပြီး တနင်္လာနေ့က ကမ္ဘောဒီးယားကို ပြန်ဖို့ စီစဉ်ခဲ့ပေမယ့် ပြန်ဖို့ရက်ကိုရွှေ့ဆိုင်းလိုက်ပါတယ်။

အမေရိကန်အစိုးရ နဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို အတိုက်အခံခေါင်းဆောင်ကို အမတ်အဖြစ် ပြန်လည်ခန့်အပ်ဖို့တောင်းဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ခုနှစ်က ဆမ်ရိမ်ဆီက အဲဒီအချိန်က လက်ရှိဝန်ကြီးချုပ် ဟွမ်ဆန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ခမာနီအစိုးရရဲ့ ထောင်တစ်ခုကို စီမံခန့်ခွဲခဲ့သူဖြစ်တယ်လို့ ပြောဆိုတာကြောင့် ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ဒေါ်လာ ၂၀၀၀ ပြစ်ဒဏ်ချမှတ်ခံထားရဖူးပါတယ်။ အဲဒီအမှုနဲ့အခုအချိန်မှာ ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပြီး လွှတ်တော်အမတ်အဖြစ်ကနေ ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။
အတိုက်အခံခေါင်းဆောင်ကတော့ ကမ္ဘောဒီးယားကို ပြန်မှာဖြစ်ပြီး ရက်ရွှေ့ဆိုင်းလိုက်တာဟာ အစိုးရ နဲ့ သူ့ကိုထောက်ခံသူတွေအကြား အကြမ်းဖက်မှုတွေ ဖြစ်မှာစိုးတဲ့အတွက်လို့ ဆိုပါတယ်။

ဓါတ်ပုံ AFP
RFA Burmese
https://www.facebook.com/RFA-Burmese


 မကြာသေးခင်က ပြူလုပ်ခဲ့သောေ၇ွးကောက်ပွဲမှာ အပြတ်အသတ် အောင်ပွဲခံသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချူပ်၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သီရီလင်္ကာ ၀န်ကြီးချုပ် Ranil Wickremesinghe က ချိုးကျူးဂုဏ်ယူကြောင်း အမှာစကား ပြောကြားလိုက်ပါသည်။

အဆိုပါ အမှာစမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၂၀၁၅ ခုနှစ်နိုဝင်ဘာလ ၈ရက် မှာကျင်းပခဲ့သောေ၇ွးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ၏ ပြောစမှတ်တင်ရသည့်အောင်ပွဲအတွက် ဂုဏ်ပြုစကားပြောကြား ရသည့် အတွက် ကျွန်တော် နှစ်ထောင်းအားရ ရှိလှပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ပေါင်းများစွာ ဒီမိုကရေစီအတွက် မဆုတ်မနစ်ငြိမ်းချမ်းသည့်နည်းဖြင့် အနစ်နာခံမှုက ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတီအတွက်
အပြတ်အသတ်အောင်ပွဲကို ပေးအပ်ခဲ့ ပါသည်။

မြန်မာပြည်သူတွေက ပေးလိုက်သည့် ပြတ်သားသောဆုံးဖြတိချက်သည် မြန်မာနိုင်ငံကို တိုးတက်ကြီးပွားချမ်းသာလာစေဖို့ လမ်းပြပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှူအပေါ် ပြည်သူပြည်သားတွေက နက်နက်ရှိုင်းရှိုင်း ယုံကြည်အားကိုးမှုကို ပြသနေပါသည်။

သည်နှစ်မှာ သီရိလင်္ကာပြည်သူတွေကလည်း သမ္မတ Maithripala Sirisena နှင့် လက်ရှိ လွှတ်တော်ကို ရွေးချယ်ခဲ့ခြင်းက ဒီမိုကရေစီအပေါ် သူတို့ ၏ ယုံကြည်ကိုးစားမှု ကို ပြသအတည်ပြုခဲ့ပါသည်။

နှစ်နိုင်ငံစလုံး ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်းလာရေး အတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ဖို့ သီရိလင်္ကာနိုင်ငံက မျှော်လင့်စောင့်စားနေပါသည်။

သမိုင်းကြောင်း ဘာသာရေးနှင့်ယဉ်ကျေးမှုထုံးစံများအရ သီရိလင်္ကာနှင့် မြန်မာတို့ သည် ကာလရှည်ကြာသည့် ဆက်ဆံရေးရှိပါသည်။ နှစ်နိုင်ငံကြားမှာ ရှိပြီးသား ခိုင်မာသည့် ဆက်ဆံရေး ပိုမိုအားကောင်းလာရန် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရသစ်တို့ နှင့် အတူ ပူးပေါင်းလုပ်ဆောင်ရေးကို ကျွန်တော်မျှော်လင့်ပါသည်။

မြန်မာပြည်သူတွေ၏ ကြီးပွားချမ်းသာရေးနှင့် အတူ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာချမ်းသာစေကြောင်းလည်း ကျွန်တော်က လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာပို့ သပါသည် ..... ဟု ရေးသားထားသည်။

လင်းလင်း

Ref - Colombo Times
The Ladies News Journal
https://www.facebook.com/News.TheLadies


 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းပါတီမှ အနိုင်ရရှိထားသည့် တိုင်းနှင့်ပြည်နယ်အချို့မှ လွှတ်တော်ကိုယ်စားလှယ်များ နိုဝင်ဘာ ၂၈ ရက်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အနိုင်ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင် သီရိခန်းမတွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့က ကိုယ်စားလှယ်တွေ တွေ့ဆုံမယ်ဆိုတဲ့ စာဝင်လာလို့ ထုတ်ပြန်ပေးတာပါ။ အခြား ဘာသတင်း အချက်အလက်မှ မသိရပါဘူး။”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)မှ ပြန်ကြားရေး တာဝန်ခံ ဦးသိန်းဦးက ပြောသည်။

ရန်ကုန်တိုင်း၊ တနသာင်္ရီတိုင်း၊ မွန်ပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များကို နိုဝင်ဘာလ(၂၈)ရက်နေ့ နံနက်(၉း၀၀)နာရီတွင်လည်းကောင်း ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်များမှ လွှတ်တော် ကိုယ်စားလှယ်များကို နေ့လည်(၁း၀၀)နာရီတွင်လည်းကောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည့်သူလွှတ်တော်တွင်(၂၅၅) ဦး၊ အမျိုးသားလွှတ်တော်တွင် (၁၃၅)ဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်တွင် (၄၉၁)ဦး အနိုင်ရရှိထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်မှ နိုဝင်ဘာ ၁၅ ရက်က ထုတ်ပြန်ထားသည်။

သတင်း -MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

 KIA နဲ့ အစိုးရ စစ်တပ်ကြား ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က စပြီး တိုက်ပွဲ ပြင်းထန်။
 ကချင်ပြည်နယ် မိုးညှင်းမြို့ အနီး ဒေသခံ ကချင် လက်နက်ကိုင် KIA နဲ့ အစိုးရ စစ်တပ်ကြား ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက် တနင်္ဂနွေ နေ့က စပြီး တိုက်ပွဲ ပြင်းထန် နေပြီး အစိုးရ တပ်ဘက်က လေကြောင်း တိုက်ခိုက်မှု တွေပါ ပြုလုပ် ခဲ့ပါတယ်။

တိုက်ပွဲတွေ ဟာ မိုးညှင်းနဲ့ ၂ မိုင် ဝန်းကျင်လောက် အကွာ မြို့ နဲ့ နီးနီး ကပ်ကပ် ဖြစ်ပေါ် နေတဲ့ အတွက် မြို့သူ မြို့သားတွေ အနေနဲ့ တိုက်ပွဲ ကို မျက်ဝါးထင်ထင် တွေ့မြင် ကြားသိ နေရပြီး ခြောက်ခြား နေကြတယ် လို့ မြို့ခံ တစ်ယောက် ဖြစ်တဲ့ ဦးစိုးချန့်က ဘီဘီစီ ကို ပြောပါတယ်။

တိုက်ပွဲ အတွင်း အသေအပျောက် သတင်းကိုတော့ ၂ ဘက်စလုံး ကနေ ထုတ်ပြန် မပေး သေး ပါဘူး။

နိုဝင်ဘာ ၁၆ ရက် တနင်္လာ နေ့ နေ့လည်ပိုင်း မှာ အစိုးရ တပ်က ရဟတ်ယာဉ် ၂ စင်း သုံးပြီး လေကြောင်း ကနေ တိုက်ခိုက် ခဲ့ သလို ညနေ ပိုင်းမှာလည်း တိုက်လေယာဉ် နဲ့ လာရောက် တိုက်ခိုက် ခဲ့တယ် ဆိုပြီး မျက်မြင် ကြုံရသူ တွေက ပြောပါတယ်။

မိုးညှင်းမြို့ပေါ် မှာတော့ လူတွေ အပြင် မထွက်ဝံ့ပဲ လမ်းတွေ ဟာ တိတ်ဆိတ် ခြောက်ကပ် နေတယ် လို့ ဦးစိုးချန့်က ပြောပါတယ်။

အခုလို အစိုးရ ဘက် က စစ်ရေး အရ ဖိအား တွေ ပေး လာတာ ဟာ KIA အနေနဲ့ တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ကို လက်မှတ် မထိုးလို့လား ဒါမှမဟုတ် ထွက်ပေါ် လာခဲ့တဲ့ ရွေးကောက်ပွဲ ရလာဒ် တွေ ကြောင့်လား ဆိုတာ အမျိုးမျိုး တွေးစရာ ဖြစ်နေတယ် လို့ လည်း ဦးစိုးချန့်က ဆိုပါတယ်။

ရှမ်းပြည်နယ် ထဲ မှာလည်း ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA ၊ တအာင်း ပလောင်တပ် TNLA စတဲ့ လူမျိုးစု လက်နက်ကိုင် တွေ နဲ့ အစိုးရ တပ်အကြား ရွေးကောက်ပွဲ အပြီး မှာ တိုက်ပွဲ တွေ တိုးမြင့် ဖြစ်လာ ခဲ့ ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဓါတ်ပုံ- မိုင်းရှူးရှိ စစ်ဘေးရှောင်စခန်း
 နိုဝင်ဘာ ၁၆ ရက် ၂၀၁၅

 သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ၏ တောင်ဘက်ခြမ်း လုံခြုံရေးတပ်စခန်းအား မြန်မာ့တပ်မတော် မှ တိုက်ယာဉ် ၈ စင်းဖြင့် တိုက်ခိုက်ရာ ဒေသခံ သောင်းကျော်နေရပ်မှ စွန့်ခွာနေရသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် တောင်ဘက် နှင့် အနောက်ဘက် ၊ ကျေးသီးမြို့နယ် ဝမ့်ဟိုင်း မြို့သစ် SSPP/SSA ဌာနချုပ်တောင်ဘက် ဝမ့်လွေ၊ မိုင်းအတ်၊ ဝမ့်ဆော့၊ ဝမ့်ထမ်၊ နမ့်ပါမုံး တလွှားရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်၏ တောင်ဘက်ခြမ်းလုံခြုံရေး တပ်စခန်းများအား မြန်မာ့ တပ်မတော်မှ ရုရှားလုပ် ဂျတ် MIG 29 တိုက်လေယာဉ် နှစ်စီး၊ ရုရှားလုပ် MI 35 တိုက်ပွဲဝင် ရဟတ် ယာဉ် ၆ စီးဖြင့် ယနေ့ တနေကုန် ပစ်ခတ်တိုက်ခိုက်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဆု ကပြော သည်။

“ဝမ့်ဆော့ ရဲ့ အနောက်တောင်ဘက် တကျောလုံးကို တိုက်လေယာဉ် ၈ စီးနဲ့ အပြင်းအထန် တိုက်ခိုက် နေတယ်။ ဝမ့်ဆော့မှာလဲ ဒေသခံတွေ၊ စစ်ဘေးရှောင်တဲ့သူတွေလဲ မရှိတော့ဘူး။ အဲဒီလေယာဉ်တွေက အဲဒီအနီးတဝိုက်က မြေပြင်တပ်တွေကို ကူတိုက်ပေးနေတာ တနေကုန်ပဲ။ အခုလဲ ပစ်နေတုန်း” - ဟု ပြောရေးဆိုခွင့် ဗိုလ်မှူး စိုင်းဆု ကပြောသည်။

အောက်တိုဘာ ၆ ရက်နေ့မှ ယနေ့ အထိ သျှမ်းပြည်တပ်မတော် ၏ ကျေးသီးမြို့နယ် မိုင်းနောင် နှင့် မိုင်းရှူးမြို့နယ် အတွင်းရှိ တပ်စခန်း များအား မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ ယနေ့ ဒေသခံ စစ်ဘေး ဒုက္ခသည် ၁၀၀၀၀ ကျော်စစ်ဘေးရှောင် နေရသည်ဟု ဆိုသည်။

“ကျနော်တို့ တပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်သလို ဒေသခံ လူနေရပ်ရွာကို လဲ ပစ်ခတ်တိုက်ခိုက် တယ်။ လူထု စိုးရိမ်ထိပ်လန့်အောင် ပစ်ခတ်ခြိမ်းခြောက်တယ်။ ကျနော်တို့ ကို လာတိုက်လို့ ကျနော်တို့ အနေနဲ့ ခုခံတိုက်ခိုက်တာဘဲ ရှိသေးတယ်။ နေရာအနှံ့ တန်ပြန်တိုက်ခိုက်တာ ကျနော်တို့ မလုပ်သေး ဘူး။ ဒီအချိန်က လူထု စပါးရိတ်သိမ်းတဲ့ ရာသီဗျာ။ အခုမှာ စပါးမရိတ် ရရင်နောက်နှစ်ဘာ စားမလဲ” - ဟု ဗိုလ်မှူးကြီး စိုင်းလ ကလည်းသျှမ်းသံတော်ဆင့်သို့ပြောသည်။

သျှမ်းပြည်တပ်မတော်အားထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်- ကျေးသီးမြို့နယ် ၊ မိုင်းရှူးမြို့နယ်၊ လားရှိုးမြို့နယ်၊ လဲချားမြို့နယ်သို့ စစ်ဘေးတိမ်းရှောင်သူများ တရက်ထက်တရက် များပြား လာသကဲ့သို့ တောတောင်အတွင်း ပုန်းအောင်းနေသူများလည်း အများ အပြားရှိနေသည်ဟု မိုင်းရှူးမြို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသည့် နန်းစိန် က ပြောသည်။

တိုက်ပွဲကြောင့် နှစ်ဘက်တပ်အကျအရှုံးများသည်ဟုလည်းသိရသည်။
သျှမ်းပြည်တပ်မတော် သည် နေပြည်တော် အစိုးရ နှင့် ပြည်နယ် အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ကာ အပစ်ရပ်စာချုပ်ထိုးထားသည့် သျှမ်းလက်နက်ကိုင် တပ်မတော် တခုဖြစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese