11/22/15

လူမှုကွန်ရက်စာမျက်နှာမှာ ပြန့်နှံနေခဲ့ တဲ့ တပ်မတော်သားလွတ်တော်ကိုယ်စားလှယ်လောင်း အိမ်မှာအနှိပ်စက်ခံခဲ့ရတဲ့  အသက်ရှစ်နှစ်အရွယ် မစုဝေ ဟာနှိပ်စက်ခံခဲ့ရတာ နှစ်ပတ်ကျော်ကြာခဲ့ပြီး စိတ်ပိုင်းဆိုင်ရာမှာလဲထိခိုက်မှုရှိနေတယ်လို့ အမူကိုလိုက်ပါကူညီနေတဲ့ အန်အယ်ဒီပါတီရဲ့ ဗဟန်းပြည်သူ့လွတ်တော်မဲဆန္ဒနယ်မှာအနိုင်ရထားတဲ့ကိုယ်စားလှယ်ဦးထွန်းမြင့်ကပြောပါတယ်။

မစုဝေ က ဆေးရုံမှာဆေးစစ်ချက်ယူစဉ် သူ့ကိုနေပူထဲတွင် ဒူးထောက်ခိုင်းချင်းမျက်နာကို ၀ါးခြမ်းပြားဖြင့် အစိတ်စိတ်ကွဲအောင် အရိုက်ခံခဲ့ ရတယ် လို့ ပြောတယ် လို့ ဦးထွန်းမြင့် က ပြောပါတယ်။

ကလေးနဲ့ ကလေးမိခင်ဖြစ်သူကိုတော့ သည်နေ့ နေ့လည့်ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာဆေး စစ်ဆေးချက်တွေယူခဲ့တယ်လို့ သိရပါတယ်။

ဆေးစစ်ချက်ယူတဲ့ နေရာမှာဒါဏ်ရာတွေကရစရာတောင်မရှိဘူး ဆရာဝန်တွေက သေချာစစ်ဆေးတဲ့ အခါ ကလေးကစိတ်ဓါတ်ပိုင်းဆိုင်ရာမှာတော်တော်လေးကြောင်တောင်တောင်နိုင်နေပြီစိတ်ထိခိုက်ထားပုံရတယ် ။ မျက်နှာမှာလဲအညိုအမဲတွေနဲ့ လက်ကိုလဲကျောက်ပါတ်တီးကိုင်ထားပေးတယ်။ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာတွေ အရိုးအရေပြာပိုင်းဆိုင်ရာတွေ ဆေးစစ်ချက်တွေ အကုန်စစ်ဖြစ်တယ် ။ဆေးစစ်ချက်တွေအားလုံးနဲ့ ရဲစခန်းကိုခေါ်သွားပြီကလေးကိုလဲသူ့မိခင်နဲ့အတူထားတယ် လို့သိရပါတယ်။
အရွယ်မရောက်သေးတဲ့ကလေးကိုညဉ်းပန်းနှိတ်စက်နေသူမှာကလေးရဲ့ အဒေါ်ဖြစ်သူမဟုတ်ပဲ ကလေးကိုညဉ်းပန်းနှိတ်စက်သူဒေါ်သန်းနွဲ့ ကိုကလေးသူငယ်များညှင်းပန်းနှိတ်စက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပ/၄၆၅/၂၀၁၅ ပုဒ်မ၆၆(ဃ) ဖြင့် အမှုဖွင့်ထားပြီးကလေးရယ် ကလေးမိခင်ရယ် ကလေးကိုညဉ်းပန်းနှိတ်စက်တဲ့ ဒေါ်သန်းနွဲ့ရယ် အိမ်ရှင် မိသားစုရယ် ကိုဗဟန်းမြို့နယ်စခန်းမှာစစ်ချက်ယူနေတယ်လို့ သိရပါတယ်။

ဘာကြောင့် အခုလိုရိုက်နက်ခဲ့တယ်ဆိုတာကိုတော့ ဗဟန်းရဲစခန်းမှာစစ်ဆေးနေဆဲဖြစ်ပါတယ်။
ဒေါ်သန်းနွဲ့ကို သည်ပရ၀ဏ်အတွင်းမှာ ရိုက်ခွင့်ပေးတာပဲဖြစ်ဖြစ် တာခွင့် ရှိတာပဲ ဖြစ်ဖြစ် အိမ်ရှင်မှာ တာဝန်ရှိတယ်။ သည်အမှုနဲ့ ပတ်သက်လို့ အိမ်ရှင်မှာ လုံးဝ တာဝန်မကင်းဘူးလို့ ကျနော်ပြောချင်တယ် လို့ ဦးထွန်းမြင့် က ပြောပါတယ်။

ကလေးကိုအ၀တ်အစားမပါဘဲ ညဉ်းပန်းနှိတ်စက်နေတာ ကိုမြင်တဲ့ အိမ်နီးချင်းကဓာတ်ပုံရိုက် ပြီး ဖေ့ဘုတ်စာမျက်နှာမှာတင်ကာ ကူညီပေးကျဖို့ အတွက်ဝေမျှခဲ့တဲ့နာရီပိုင်းအတွင်းမှာပဲ မီဒီယာတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက သွားရောက်စစ်ဆေးတဲ့အခါမှာတော့ အဒေါ်ဖြစ်သူက ရိုက်နက်တာဖြစ်ပြီးရွာပြန်သွားပြီလို့ အိမ်ရှင်တွေကနေပြောခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်တဲ့နေရာကတပ်မတော်သားလွတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးရဲ့ အိမ်ပရ၀ဏ်ထဲမှာဖြစ်တယ် သူတို့မှာတာဝန်ရှိတယ် အခင်းဖြစ်ခဲ့တဲ့ နေရာကနေ နှစ်ယောက်ပျောက်သွားတာကလဲသူတို့ရဲ့ ခွင့်ပြုချက်မရပဲထွက်သွားလို့မရဘူး သူတို့မှာတာဝန်ရှိတယ် လို့ ဗဟန်းမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်းဦးထွန်းမြင့် ကပြောပါတယ်။

ကလေးနဲ့အတူကလေးကိုရိုက်နက်သူတို့ က နေရပ်ကို ပြန်သွားခဲ့တာမဟုတ်ဘဲ မင်္ဂလာဒုံဘက်ကနေအိမ်တစ်အိမ်မှာပုန်းနေတာကိုရှာတွေ့ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
အိမ်ရှင်ဖြစ်သူဗိုလ်မှူးကျော်နုမော် ကမြိတ်ြမို့ စစ်အင်ဂျင်နီယာတပ်ရင်း ၉၁၈ မှာ တာဝန်ထမ်းဆောင်ရင်းနဲ့ သူ့ရဲဘော်တစ်ဦးရဲ့သမီးကိုသူအိမ်မှာလဲသူ့ကလေးနဲ့ အဖေါ်ရမယ် မွေးစားတဲ့ ပုံစံမျိုးနဲ့ စာချုပ်စာတမ်းချုပ်ကာ ငွေ၁၀သိန်းပေးပြီး စက်တင်ဘာ လ အတွင်းထဲ က ခေါ်ယူလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဗိုလ်မှုးကလွတ်တော်သွားတက်နေတဲ့အချိန်မှာ မစုဝေ က အခုလို နှိပ်စက်ခံဖြစ်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

ကလေးနဲ့ ကလေးမိခင်ကိုတရားဥပဒေအကြောင်းအရကိစ္စတွေပြီးသွားရင်တော့ လူမှုရေးကိစ္စရေးတွေမှာကူညီဆောင်ရွက်ပေးသွားမယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူလွတ်တော် ကိုယ်စားလှယ်လောင်းဦးထွန်းမြင့် က ပြောပါတယ်။

Author-စရာဇာအောင်
Kumudra

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကလေးငယ် ၁ ဦးကို ကြိုးတုပ် ရိုက်နှက်နေတဲ့ဓာတ်ပုံတပုံက စတင်လိုက်တဲ့ ကလေးသူငယ်နှိပ်စက်မှုဟာ အခုဆိုရင်အမှုမှန်ပေါ်ပေါက်လာပါပြီ။ အိမ်ရှင် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ကိုယ်တိုင် နှိပ်စက်ခံရတဲ့ကလေးငယ်မစုဝေနဲ့နှိပ်စက်သူ အိမ်ဖော် ဒေါ်သန်းနွဲ့ကို ဒီနေ့ ညနေ ၃ နာရီမှာ ဗဟန်းရဲစခန်းမှာ အပ်နှံလိုက်ပါတယ်။

အိမ်ဖော် ဒေါ်သန်းနွဲ့ကို ကလေးသူငယ် ပုဒ်မ ၆၆ (ဃ) နဲ့အမှုဖွင့်လိုက်ပါပြီ။ ဒါပေမယ့်အမှုမှာ အဓိကကျတဲ့ အိမ်ရှင်တွေကိုတော့ တရားဥပဒေအရ အရေးယူတာမျိုးမရှိပါဘူး။ ကလေးငယ်မစုဝေ နှိပ်စက်ခံနေရတဲ့ဓာတ်ပုံထွက်လာစဉ်က အိမ်ရှင် ဗိုလ်မှုးကျော်နုမောင်ဇနီးက နယ်ပြန်သွားပြီ ကလေးငယ်က ဒေါ်သန်းနွဲ့ရဲ့တူမဖြစ်တယ်လို့ လိမ်လည်ထွက်ဆိုခဲ့ပါတယ်။
ဒါဟာ ဥပဒေကိုမျက်ကွယ်ပြု လိမ်လည်ထွက်ဆိုခဲ့တာပါပဲ။

နောက်တချက်က ကလေးငယ်မစုဝေကို ၂၇-၉-၂၀၁၅ မှာ မိခင် ဒေါ်သန္တာချို+ဖခင် ရဲဘော် သန်းဦး (မြိတ်မြို့နယ်၊ အင်ဂျင်နီယာတပ်ရင်း ၉၁၈) ထံမှ ငွေ ၁၀ သိန်းမေတ္တာနဲ့ပေး အမွေစားအမွေခံမဟုတ် စာချုပ်ချုပ်ဆို မွေးစားတယ်လို့ ဆိုထားပါတယ်။ ဥပဒေအရ သာမန် အရပ်စာချုပ်လေးတခုနဲ့ကလေးမွေးစားခွင့်မရှိပါဘူး။ ဒါဟာလည်း အိမ်ရှင်တွေရဲ့ ဥပဒေမဲ့လုပ်ရပ်တွေဖြစ်ပါတယ်။

ဒီအမှုမှာ တာဝန်အရှိဆုံးဖြစ်တဲ့ ဗိုလ်မှုးကျော်နုမော်နဲ့ ဇနီး ကို အရေးယူ၊ မယူ စောင့်ကြည့်ရပါ့မယ်။ နောက်ဆုံး အချက်ကတော့ တပ်မတော် အင်ဂျင်နီယာ ဗိုလ်မှူးရဲ့ ချမ်းသာမှုပါ။ တပ်မတော်အင်ဂျင်နီယာတပ်ရင်းမှာ တပ်ကြပ်ကြီး၊ အရာခံဗိုလ် အေဂျီတီအိုင်ကျောင်းဆင်း (AGTI ဒီပလိုမာလက်မှတ်ရ) အင်ဂျင်နီယာတွေ(အရပ်အခေါ် ဝန်ထောက်) အတော်များများ ကျိကျိတက် ချမ်းသာနေတာမို့ အင်ဂျင်နီယာဗိုလ်မှူးရဲ့ချမ်းသာမှုက မယုံကြည်နိုင်လောက်အောင်ပါပဲ။ သိန်းပေါင်းများစွာတန်တဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်လိုနေရာမျိုးမှာ ရှိတဲ့နေအိမ်မှာ ခမ်းနားကြီးကျယ်စွာနေထိုင်နိုင်ကြတာတခုတည်းနဲ့တင် ချမ်းသာမှုကို သိနိုင်ပါတယ်။

ကဲ မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေး ဘာလဲ၊ ဘယ်လဲ မေးခွန်းထုတ် အဖြေရှာဖို့အချိန်ကျပါပြီ။

The Irrawaddy (Burmese Version)

နိုဝင်ဘာ ၉ ရက်က ရန်ကုန်မြို့ NLD ရုံးချုပ်ရှေ့တွင် ရွေးကောက်ပွဲရလဒ်များ ကြေညာမှုကို ကြည့်ရှုအောင်ပွဲခံနေသည့် ပြည်သူများအား တွေ့ရစဉ်(Photo:AFP)

(၁)

အများပြည်သူ လူထုတစ်ရပ်လုံး ဖြစ်စေလိုတဲ့ ဆန္ဒတွေအတိုင်း ယခုအခါမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရ ဖွဲ့နိုင်လောက်တဲ့ အမတ်ဦးရေ အင်အားနဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီးကို အနိုင်ရဖို့ သေချာသလောက်ရှိသွားပါပြီခင်ဗျ။ ရှုံးသွားတဲ့ ပါတီတချို့က ရယ်ရွှင်ဖွယ်စကားအဖြစ် သူတို့တော့ NLD ဆူနာမီ ထိသွားတယ်လို့ ပြောကြပါတယ်။ အဲဒီလောက်ကို အရှိန်အဟုန် ကြီးမားစွာ နိုင်ခဲ့တာပါ။

(၂)

တကယ်တော့ ကျွန်တော်အပါအ၀င် နိုင်ငံရေးကို အသေအချာ လေ့လာနေသူ အားလုံးက ဒီလိုပဲ ဖြစ်လာမယ် သိထားကြပါတယ်။ နိုင်ငံရေးထွက်ပေါက်အဖြစ်၊ ပါတီတွေနဲ့ စစ်အာဏာရှင်တွေက ဒီတစ်ပေါက်တည်းကိုပဲ ဖွင့်ပေးထားခဲ့တာပါ။ ၂၀၀၈ အခြေခံဥပဒေ ထွက်ပေါက်ပေါ့ဗျာ။ ဒီထွက်ပေါက်မှာ ရှေ့ဆုံးရောက်နေပြီး အနစ်နာခံ အပင်ပန်းခံထားပြီး ပြည်သူ့ရှေ့မှာ ရပ်ပြနေလို့ အစောကြီးကတည်းက နံပါတ် (၁) တိုကင်လည်း ရထားတဲ့ ခေါင်းဆောင်နဲ့ ပါတီလည်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်သင့်နိုင်ထိုက်ပါတယ်။ ဒီအတွက် ၀မ်းမြောက်စွာ ဂုဏ်ပြုရပါတယ်။

(၃)

သို့သော် အပြည့်အ၀ ၀မ်းမသာနိုင်တာကတော့ ၂၀၀၈ အခြေခံဥပဒေ ဆိုတဲ့ ဥပဒေကြီး ကြောင့်ပါပဲ။ ဒီဥပဒေအရ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေတဲ့ အချက်တွေကို အခိုင်အမာ ထည့်သွင်းထားလို့ ဖြစ်ပါတယ်။ ဘယ်အချက်တွေလဲဆိုတာ ပြည်သူလူထု တစ်ရပ်လုံး ပိုမိုသိရှိနိုင်ရန် ပြည်သူကို မျက်နှာမူလို့ ထပ်မံနှိုးဆော် သတိပေးရပါတယ်ခင်ဗျ။ အဲဒီဥပဒေတွေကတော့

ပုဒ်မ - ၆ (စ) နိုင်ငံ၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်။

၂၀။ (က) တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော် ဖြစ်သည်။

(ခ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက် ပိုင်ခွင့်ရှိသည်။

(ဂ) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲ ဖြစ်သည်။

(ဃ) တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့် ရှိသည်။

(င) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိက တာဝန်ရှိသည်။

(စ) တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်။

ပုဒ်မ ၄၀ (ခ) တိုင်းဒေသကြီး တစ်ခုတွင် ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင် ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိလျှင် ထိုအန္တရာယ်ကို (တပ်မတော်သည်) ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ် ပြဋ္ဌာန်းထားချက်များနှင့်အညီ တားဆီးကာကွယ် စောင့်ရှောက်ခွင့်ရှိသည်။

(ဂ) နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုစသော အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်း အားထုတ်ခြင်းကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည်) နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်။

ပုဒ်မ ၄၈။ နိုင်ငံတော် အခြေခံမူများသည် ဥပဒေပြုလွှတ်တော်များက ဥပဒေပြဋ္ဌာန်းရာတွင် လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားဥပဒေများပါ ပြဋ္ဌာန်းချက်များ ကို သက်ဆိုင်ရာက အနက်အဓိပ္ပာယ်ဖွင့်ဆို ရာတွင်လည်းကောင်း လိုက်နာရမည့် လမ်းညွှန်များဖြစ်သည်။

အခန်း (၇)

တပ်မတော်

ပုဒ်မ ၃၃၇။ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိက အကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

ပုဒ်မ ၃၃၈။ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်။

ပုဒ်မ ၃၃၉။ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။

ပုဒ်မ ၃၄၀။ တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေး နှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ် မဟာဗျူဟာကို ဖော်ဆောင်ရမည်။

ပုဒ်မ ၃၄၁။ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် တပ်မတော်က ကူညီ ဆောင်ရွက်ရမည်။

ပုဒ်မ ၃၄၂။ နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ် တာဝန်ပေးရမည်။

ပုဒ်မ ၃၄၃။ စစ်ဘက်တရားစီရာတွင် (က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်။

(ခ) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည်။

ပုဒ်မ ၂၀၁။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ

(က) နိုင်ငံတော်သမ္မတ

(ခ) ဒုတိယသမ္မတ

(ဂ) ဒုတိယသမ္မတ

(ဃ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ

(င) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ

(စ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

(ဆ) ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်

(ဇ) ကာကွယ်ရေးဌာန၀န်ကြီး

(ဈ) နိုင်ငံခြားရေးဌာန၀န်ကြီး

(ည) ပြည်ထဲရေးဌာန၀န်ကြီး

(ဋ) နယ်စပ်ရေးရာဝန်ကြီး

အမှတ်အသား ပြထားတဲ့ အဖွဲ့ဝင်တွေကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တာဝန်ခံမယ့် သူတွေပါ။ သူတို့မဲက ၆ မဲရှိ ပါတယ်။ ၁၁ မဲမှာ တစ်ဝက်ကျော် အသာစီးယူထားတာပါ။ နိုင်ငံတော်မှာ သမ္မတနဲ့ လွှတ်တော် (၂) ထက် ပိုအားကောင်းတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါ ကတော့ ၂၀၀၈ အခြေခံဥပဒေကို လက်ခံပါမယ်လို့ လွှတ်တော်နှစ်ရပ်မှာ ကျမ်း ကျိန်ထားတဲ့သူတွေ လောလောဆယ် လိုက်နာရမှာ ဖြစ်ပါတယ်။

(တစ်ဖက်မှာလည်း ယခင်စစ်အစိုးရအ ဆက်ဆက်ထားခဲ့တဲ့ အလုပ်သမားအရေး၊ လယ်သမားအရေး၊ ကျောင်းသားအရေး၊ သယံဇာတများ ခိုးထုတ်မှု၊ ပေါင်းစားမှု၊ ပျက်ပြားနေသော တရားစီရင်ရေး၊ အရည်အသွေးနိမ့်ပြီး စေတနာနဲသော ရဲတပ်ဖွဲ့၊ လစာနဲ့ မလောက်သော ၀န်ထမ်းများ၊ အလုပ်သမားများ၊ မြင့်မားနေသော အိမ်လခများ၊ ကုန်ဈေးနှုန်းများ၊ စိတ်ဓာတ်ကျနေသော လူထုကြီး၊ ပြည်တွင်းစစ်ကြီး မရပ်စဲနိုင်သေးခြင်းစတဲ့ ပြဿနာများကလည်း NLD အစိုးရသစ်ကို ကြိုဆိုနေမှာ ဖြစ်ပါတယ်။)

(၄)

တစ်ဖက်မှာလည်း ၂၀၀၈ အခြေခံ ဥပဒေဆိုတာ၊ တပ်မတော်က အခုထိ ၂၀၀၈ အခြေခံဥပဒေကို မပြင်နိုင်မချင်း ဆက်လက်အုပ်ချုပ်တဲ့ ဥပဒေတံတိုင်းကြီးပါပဲ။ ဒီတံတိုင်းကို ကျော်ဖို့ ကြိုးစားတာနဲ့ စစ်တပ်က အာဏာသိမ်းနိုင်ခွင့် အပြည့်ရှိနေအောင် ၂၀၀၈ အ ခြေခံဥပဒေက ပြုလုပ်ပေးထားတာပါခင်ဗျ။

ဒါကြောင့် ဒီတံတိုင်းကို ဘယ်လိုကျော်ကြမလဲ၊ အာဏာလွှဲပြောင်းခွဲဝေရေး ချောမွေ့အောင်၊ လူထုကို မျက်နှာမှုတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကတော့ ကနေ့ ရွေးကောက်ပွဲကို အနိုင်ရထားတဲ့ NLD ပါတီကြီးရဲ့ အဓိက တာဝန်ဖြစ်သလို ၀န်းရံကြမယ့် ပြည်သူတွေရဲ့ တာဝန်လည်း ဖြစ်တယ်လို့ ထင်မြင်မိပါတယ်ခင်ဗျ။

မြန်မာနိုင်ငံရဲ့ တပ်မတော်ဆိုတာက လက်ရဲဇက်ရဲရှိလှပြီး ဘာမဆိုမလုပ်ရဲတာ မရှိသလောက်ဆိုတာ အတိတ် သင်ခန်းစာ အထပ်ထပ်က ပြထားပြီးဖြစ်ပါတယ်။ သန်းခေါင်ထက် ညဥ့်မနက်ဆိုသလိုပါပဲ။ ဒါကြောင့် ရွေးကောက်ပွဲနိုင် ပါတီအနေနဲ့ တပ်မတော်နဲ့ စကားပြောရတဲ့အခါ (အထူးသဖြင့် နောက်ကွယ်က ဦးသန်းရွှေ၊ ဦးမောင်အေးတို့ရဲ့ ရပ်တည်ချက်ကိုလည်း) မမေ့မလျော့ သတိထား ကြရပါမယ်လို့ ထင်မြင်မိပါတယ်။

(၅)

ရွေးကောက်ပွဲနိုင် NLD အနေနဲ့ နည်းဗျူဟာ၊ မဟာဗျူဟာကို ကိုင်တွယ်နိုင်ပါက NLD အောင်ပွဲ၊ လူထုအောင်ပွဲ ဒုတိယလွတ်လပ်ရေး အောင်ပွဲ ဖြစ်နိုင်သလို တပ်မတော်နဲ့ ဆွေးနွေးမှု မအောင်မြင်ခဲ့ရင်တော့ ကြိုဆိုနေသော ပြဿနာများကို အကြောင်းပြုပြီး အဆုံးတစ်နေ့မှာ ထိုင်းနိုင်ငံမှာလို (သုည) ပြန်ရောက်သွားနိုင်ခြေ ရှိနိုင်ပါတယ်။

ဒါကြောင့် အောင်ပွဲနှင့်အတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေး သဘောတူညီချက် များရယူထားနိုင်ရန် အထူးလုံ့လ စိုက်ထုတ်ရလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ထို့အတူ ပြည်သူ လူထုကြီးဘက်မှလည်း NLD အနေဖြင့် တပ်မတော်နဲ့ ဆက်ဆံရေးမှာ ချောမွေ့ အဆင်ပြေရေးအတွက် ပြည်သူကိုမျက်နှာမူ၍ ၀ိုင်းဝန်းအကြံပြု ၀န်းရံကြရန် လိုအပ်မည်ဟု ထင်မြင်ယူဆမိသလို တဖက်မှာလည်း NLD ဟာ တိုင်းရင်းသားများ၊ ဒီမိုကရေစီ လိုလားသူများနှင့် မကင်းကွာ ခိုင်မြဲစွာရှိနေရန် အစဉ်မပြတ် ကြိုးပမ်း အားထုတ်နေရမယ်လို့ ယုံကြည်ကြောင်းပါဗျာ။
Writer:
ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)
Eleven Media Group[full-post]

နှိပ်စက်ခံရသည့် အိမ်အကူ မိန်းကလေး နေထိုင်ခဲ့ရာ နေအိမ်အား မြင်တွေ့ရစဉ်

ဗဟန်းမြို့နယ်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ နေအိမ်တွင် ရှစ်နှစ်အရွယ် အိမ်အကူ မိန်းကလေးအား အကျီင်္ချွတ်၍ ကြိုးတုတ်ကာ ရိုက်နှက်ခဲ့သည့် ဒေါ်သန်းနွဲ့ကို ဗဟန်းမြို့မ ရဲစခန်းမှ ယနေ့ (နိုဝင်ဘာ ၂၂ ရက်) ညနေပိုင်းက အမှုဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။

ယင်းအမှုဖြစ်စဉ်မှာ လူမူကွန်ရက် Facebook ပေါ်တွင် အသက်ရှစ်နှစ်ခန့်ရှိ မိန်းကလေး တစ်ဦးအား ၀တ်လစ်စားလစ်ဖြင့် ကြိုးနှင့် တုပ်နှောင်ရန် ပြုလုပ်နေသည့် အမျိုးသမီးနှင့် အခြားအမျိုးသမီးတို့၏ ဓာတ်ပုံနှင့် နှိပ်စက်ခံနေရသည့် မိန်းကလေးအား ကယ်ထုတ်ပေးရန် ရေးသားထားသော စာများပါဝင်သည့် Post တစ်ခု ပျံ့နှံခဲ့ပြီးနောက် နိုဝင်ဘာ ၁၉ ရက် ညနေ ၃ နာရီက ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးပြီး ၃ ရက် အကြာတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသက်၈နှစ်အရွယ် မိန်းကလေးငယ်အား အကျီင်္ချွတ်၍ ကြိုးတုတ်ကာ ရိုက်နှက်ခဲ့သည့် ဒေါ်သန်းနွဲ့အား ဗဟန်းမြို့မ ရဲစခန်းက (ပ) ၄၆၅/၁၅၊ ကလေးသူငယ် ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်သာ လမ်းသွယ်ရှိ ခြံအမှတ် ၂၅ (၅ဃ) နေအိမ်တွင် ဖြစ်ပွားခဲ့သည့် အမှုဖြစ်စဉ်အား ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းမှုကို အိမ်ရှင် ဒေါ်ယဉ်ယဉ်နွယ်က ဖြေကြားပေးခဲ့ပြီး အဆိုပါ မိန်းကလေးငယ်၏ အမည်မှာ မ---- အသက် ရှစ်နှစ်ဖြစ်ကြောင်း၊ ဓာတ်ပုံပါအတိုင်း ကြိုးဖြင့် တုပ်၍့ ၀ါးခြမ်းပြားဖြင့် ရိုက်နှက်ဆုံးမသူမှာ သူမ၏ အဒေါ်ရင်း ဒေါ်သန်းသန်းနွဲ့ ဆိုသူဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်အား ရဲတပ်ဖွဲ့မှ နိုဝင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီခန့်က လာရောက်မေးမြန်းပြီး နာရီဝက်ခန့် အကြာတွင် အဒေါ်ဖြစ်သူက ၎င်းမိန်းကလေးအား ခေါ်ဆောင်၍ ထွက်သွားကြောင်း အိမ်ရှင် အမျိုးသမီးက ဖြေကြားခဲ့ကြောင်း စုံစမ်း သိရှိရသည်။

လက်ရှိအချိန်တွင် ဗဟန်းမြို့နယ် မြို့မရဲစခန်းသို့ သွားရောက် စုံစမ်းမေးမြန်းရာတွင် အိမ်အကူ မိန်းကလေးအား နှိပ်စက်ခဲ့သည့် ဒေါ်သန်းနွဲ့သည် အဆိုပါ မိန်းကလေးနှင့် ဆွေမျိုးတော်စပ်ခြင်း မရှိကြောင်း၊ အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဗဟန်း မြို့မရဲစခန်းတွင် ဒေါ်သန်းနွဲ့အား စတင် စစ်ဆေးနေပြီဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် အကျီင်္ချွတ်၍ ကြိုးတုတ်ကာ ရိုက်နှက်ခံခဲ့ရသည့် အသက် (၈) နှစ်အရွယ် အိမ်အကူ မိန်ကလေးကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဆေးစစ်ချက် ရယူနေကြောင်း သိရသည်။

Eleven Media Group

၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် နိုဝင်ဘာ ၂၀ ရက်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့သော အမေရိကန် သမ္မတ အိုဘားမားသည် ယနေ့ (နိုဝင်ဘာ ၂၂ ရက်) ညနေပိုင်းတွင် မလေးရှားနိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

သမ္မတ အိုဘားမား၏ မလေးရှား ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် သီးသန့်တွေ့ဆုံမည်ဟု သတင်းထွက်ခဲ့သော်လည်း တွေ့ဆုံခြင်း မရှိခဲ့ပေ။

သို့သော် နိုဝင်ဘာ ၂၁ ရက်က ပြုလုပ်သော အာဆီယံ-အမေရိကန် အစည်းအဝေး အပြီး၌ အစည်းအဝေးခန်း အတွင်းမှာပင် သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန်အား မိနစ်ပိုင်းမျှ စကားပြောကြားမှု ပြုလုပ်ခဲ့သည်။ ထိုသို့ ပြောကြားရာတွင် သမ္မတ အိုဘားမားက အချက်နှစ်ချက်ကို အဓိက ထားပြောဆိုခဲ့ပြီး ပထမအချက်မှာ ရွေးကောက်ပွဲ အောင်မြင်မှုကို အသိအမှတ် ပြုခြင်း ဖြစ်ပြီး ဒုတိယ အချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်လားဟု မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ရွေးကောက်ပွဲ အောင်မြင်မှု အတွက် အသိအမှတ် ပြုခြင်းကို ကျေးဇူး တင်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း "တွေ့မှာပါ" ဟု သမ္မတ ဦးသိန်းစိန်က ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

Photo-Bernama
Eleven Media Group

[soundcloud src="234179357"/]
သာယာဝတီအကျဉ်းထောင်မှာ ထိန်းသိမ်းဖမ်းဆီးခံနေရတဲ့ ကျောင်းသူ မဟန်နီဦးကို ရန်ကုန်ဆေးရုံကြီးတင်ပြီး ဆေးကုသဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး မဟန်နီဦးရဲ့ ဖခင် ဦးထွန်းဦးကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

Photo : AFP

ဖားကန့်ဒေသ၌ နိုဝင်ဘာ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် စွန့်ပစ်မြေစာပုံ ပြိုကျမှုတွင် ကုမ္ပဏီများမှ ဘက်ဟိုးအကူအညီဖြင့် ရှာဖွေမှု ပြုလုပ်ခဲ့ရာ ယခုအခါ အလောင်း (၉၀) ကျော် တူးဖော်တွေ့ရှိထားပြီး ရှာဖွေမှု ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

မြေစာပုံ ပြိုကျမှုမှာ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဆန်ခတ်ကူးကျေးရွာအပိုင်အတွင်း ဖြစ်ပွားခဲ့ပြီး နံနက် ၃ နာရီ ၃၀ မိနစ် အချိန်တွင် ပြိုကျခဲ့ခြင်း ဖြစ်သောကြောင့် မြေစာပုံအောက်ခြေ အနီးတစ်ဝိုက်တွင် နေထိုင်သူများမှာ အိပ်ပျော်နေကြရာ ရှောင်ပြေးချိန် မရလိုက်ဘဲ လူအများအပြား သေဆုံးသွားခဲ့သည်။

“ကျွန်မယောက်ျားကို တစ်နေရာရာမှာများ ရောက်နေမလားတွေးပြီး လွတ်မယ်ထင်နေတာ။ သူက ဒီမှာလာနေပြီး ကျောက်ရှာတာ သုံးလလောက်ရှိပြီ။ ခုထိ မတွေ့ရတော့ သူသေပြီလို့ ပြောလို့ရပါတယ်။ လူပျောက်စာရင်းတွေတော့ သွားပေးထားတယ်။ ဖြစ်နိုင်ရင် သူ့အလောင်းကို ကျွန်မတို့ ပြန်ရတဲ့အထိ ဖော်ပေးစေချင်တယ်” ဟု ပျောက်ဆုံးသူတစ်ဦး၏ ဇနီးဖြစ်သူ မချိုချိုအေးက ပြောကြားသည်။

အဆိုပါ မြေစာပုံ အနီးတစ်ဝိုက်တွင် လာရောက်နေထိုင်သူများမှာ ရေမဆေးကျောက် ရှာဖွေရန်အတွက် မိမိသဘော ဆန္ဒအရ မှော်ဒေသ အများအပြားမှ လာရောက်နေထိုင်သူများဖြစ်ရာ မည်သည့်ကျေးရွာ အုပ်စု၏ အုပ်ချုပ်အောက်တွင်မှ မရှိကြောင်း၊ ထို့ကြောင့် သေဆုံးသည့် စာရင်းမှာလည်း အတိအကျ မရနိုင်ကြောင်း သိရသည်။

“ဒီမှာ လာနေရင်က အိမ်ခန်းငှားခတို့၊ ဆိုင်ကယ်ဆီဖိုးတို့လည်း သက်သာတယ်။ ပြီးတော့ အဝေးကနေ ရေမဆေး လာရှာမယ်ဆိုရင် ကားကြီးတွေက မပြတ်သွားလာနေတော့ ကားကြိတ်တာတွေလည်း ခဏခဏ ဖြစ်နေတယ်။ ဒီတော့ အဝေးကလာရင် အန္တရာယ်ကလည်း များတယ်။ အသွားအပြန်ကဝေးတော့ ဒီမှာပဲ တဲတွေထိုးပြီး နေကြတော့တာပါ” ဟု ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးက ဆိုသည်။

အလောင်းရှာဖွေမှုအား ကုမ္ပဏီများမှ ဘက်ဟိုး (၁၀) စီးဖြင့် ရှာဖွေမှု ပြုလုပ်ပေးနေပြီး တွေ့ရှိသည့် အလောင်းများအား ဖားကန့်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ကာယကံရှင်တွေကနေ မိမိတို့နဲ့ သက်ဆိုင်တဲ့ အလောင်းဆိုပြီး လာယူတဲ့ သူရှိရင်တော့ ပေးသွားမှာပါ။ အခုတွေ့ရတဲ့ အလောင်းတွေကိုတော့ ဖားကန့်ဆေးရုံကို ပို့ထားပါတယ်” ဟု ဖားကန့်မြို့နယ် ရဲမှူးဦးမြင့်ဆွေက ပြောကြားသည်။

ပျောက်ဆုံးအလောင်း ရှာဖွေမှုအား အခြေအနေအရသာ ရှာဖွေမှု လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ရက်များတွင် ဆက်လက်ရှာဖွေရန် မသေချာသေးကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒေသခံများ အနေဖြင့် ပြိုကျမြေစာများအောက်တွင် အလောင်းအမြောက်အများ ကျန်ရှိနေသေးသည်ဟု ယူဆထားပြီး ကုမ္ပဏီများ အနေဖြင့် ရှာဖွေမှု ဆက်လက်ပြုလုပ်စေချင်ကြောင်း သိရသည်။
Writer:
အောင်ဟိန်းမင်း
Eleven Media Group

ဒီအမှု့ကိုပြည်သူအများစိတ်ဝင်စားနေကြပါတယ်။ဒီအမှု့ဖြစ်စဉ်ရဲ့အစကတော့facebook အသုံးပြုသူတစ်ဦးဖြစ်တဲ့ ကိုစည်သူက သူရဲ့လူမှုကွန်ယက်အကောင့်ကနေ ကလေးငယ် မစုဝေ ကိုကြိုးတုတ်ပြီးရိုက်နှက်နေတဲ့ပုံကို facebook ပေါ်တင်ခဲ့ရာမှ လူအများစိတ်ဝင်စား လာခဲ့ပါတယ်။ဗဟန်းမြို့နယ်နေအိမ်ရဲ့ ပါတ်ဝန်းကျင်ကလူတွေကသက်ဆိုင်ရာရဲစခန်းကိုအကြောင်းကြားခဲ့ပေမယ့် ဗဟန်းမြို့နယ်စခန်းမှူးကတော့ ဒီလိုအကြောင်းကြားတာမျိုးမရှိပါဘူးလို့ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီး ရဲ့ကြိုးပမ်းမှုကြောင့် ကလေးငယ်မစုဝေ ရဲ့ဖခင်ဖြစ်သူ နဲ့အဆက်အသွယ်ရခဲ့ပါတယ်။ဘိတ်မြို့နယ်က စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း ၉၁၈ က မစုဝေရဲ့ဖခင်ဖြစ်သူ ရဲဘော်သန်းဦးရဲ့ပြောကြားချက်အရ သမီးဖြစ်သူ မစုဝေကို ၂၇ .၉ .၂၀၁၅ နေ့ကတည်းက ဗိုလ်မှူးကျော်နုမော် တို့လင်မယားကို စာချုပ်စာတမ်းနဲ့မွေးစားဖို့ပေးခဲ့တာဖြစ်ပါတယ်။

ဗိုလ်မှူးကျော်နုမော် တို့လင်မယားက မစုဝေရဲ့မိဘများကို လူမှု့ရေးအရသနားညာတာသောအားဖြင့် ငွေဆယ်သိန်း ကိုပေးခဲ့ပါတယ်။ဗဟန်းရဲစခန်းကထုတ်ပြန်ခဲ့သလို အိမ်ဖော်ဒေါ်သန်းသန်းနွဲ့ နှင့် တူမတော်စပ်တယ်ဆိုတာ လုံးဝမှားယွင်းနေပါတယ်။မစုဝေရဲ့အဓိကအုပ်ထိန်းသူတွေပဲဖြစ်ပါတယ်။ဒီနေရာမှာ ဗဟန်းမြို့နယ်ရဲစခန်းရဲ့ဒီအမှု့ ကိုင်တွယ်မှု့ပုံစံဟာ တစ်မျိုးဖြစ်နေပါတယ်။ဒီကလေးငယ် နှိတ်စက်ခံနေရတဲ့ဓါတ်ပုံတွေ လူမှု့ကွန်ယက်ပေါ်မှာ တတ်လာပြီးနောက်ပိုင်းလေးရက်ကျော်ကြာတဲ့အထိမည်သူတစ်ဦးတယောက်ကိုမှ အရေးယူခြင်း အမှု့ဖွင့်ခြင်း တစ်စုံတရာမပြုလုပ်ခဲ့ပါဘူး။မြန်မာနိုင်ငံလူကုန်ကူးမှု့တားဆီးနှိမ်နှင်းရေးမှလည်းဒီကိစ္စကိုကိုင်တွယ်ဖြေရှင်းနေပါတယ်လို့မီဒီယာတွေကိုဖြေကြားခဲ့ပါတယ်။

ဒီနေရာမှာကျမတို့မြင်တာက မမီးမီးလို ဘာ အာဏာဘာရာထူး ဘာလုပ်ပိုင်ခွင့် မှမရှိတဲ့သူတွေက ဒီကလေးလေးရဲ့ မိဘတွေကိုရအောင် ဆက်သွယ်ပြီး ကလေးကိုစာချုပ်စာတမ်းနဲ့မွေးစားခဲ့တယ် ဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့အိမ်မှာ ၈ နှစ်အရွယ်ကလေးလေး တစ်ယောက်လူမဆန်စွာ နှိတ်စက်ခံနေရတာကို နှောက်နှေးစွာလုပ်နေတာဟာ အိမ်ရှင်ကတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတာကြောင့်လားဆိုတာက စဉ်းစားစရာပါ။မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးမှု့ဟာ နေ့ခင်းဘက်နေရောင်အောက်မှာတောင် မီးထွန်းပြီးရှာ ရလောက်အောင်ကိုခက်ခဲနေပါတော့တယ် ။

လှလှဝင်း
The Myanma Age

ညီတူး ၊ ရန်ကုန်၊ နိုဝင်ဘာ ၂ဝ

ရွေးကောက်ပွဲအလွန်အစိုးရဖွဲ့နိုင်သည့်အထိ အနိုင်ရခဲ့သော ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)ဦးသန်းရွှေ၊ မြေးဖြစ်သူ ဖိုးလပြည့်တို့ တွေ့ဆုံခဲ့သည့်သတင်းမှာ မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြောရေး ဆိုခွင့်ရှိသူများက ပြောသည်။

နိုဝင်ဘာ၁၉ ရက်ညဦးပိုင်းက ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး
(ငြိမ်း)ဦးသန်းရွှေဆီသို့ သွားရောက်တွေ့ဆုံညှိနှိုင်းကြောင်းနှင့် ဦးသန်းရွှေ၏မြေးဖြစ်သူ နေရွှေသွေးအောင်(ခ)ဖိုးလပြည့်က အဆိုပါနေ့ ညဦးပိုင်းတွင် တွေ့ဆုံခွင့်တောင်းပြီး တွေ့ဆုံကြကြောင်းစသည်ဖြင့် သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

''ဦးသန်းရွှေဆီကို ဒေါ်အောင် ဆန်းစုကြည်သွားတွေ့တယ်ဆိုရင် ကျွန်တော် တို့သိမှာပေါ့။ အခုကျွန်တော်တို့မသိရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ဦးသန်းရွှေဆီ သွားပြီး တွေ့ဆုံဆွေးနွေးတယ်ဆိုတာ ခင် ဗျားတို့ပြောမှသိရတာပါ။ ကျွန်တော်က အခု နေပြည်တော်ရောက်နေတာပဲမသိ ပါဘူး''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်ကပြောသည်။

ထို့အပြင်''ဖိုးလပြည့်ကတွေ့ဆုံခွင့်တောင်းတယ်။ သူတို့ တွေ့ဆုံကြတယ်ဆို တာလည်းမဟုတ်ပါဘူး။ သူတို့တွေ့ဆုံကြ တယ်ဆိုတာလည်း ကျွန်တော်တို့တွေကို မသိကြဘူး''ဟု ¤င်းကဆက်လက်ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှု ဆောင်ဦးဝင်းထိန်ကလည်း ဒေါ်အောင်ဆန်း စုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်း ရွှေတို့တွေ့ဆုံကြသည်ဆိုခြင်းမှာ မဟုတ် ကြောင်းပြောသည်။

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်း ရွှေ၏မြေးဖြစ်သူ ဖိုးလပြည့်က သူ၏ဖေ့ ဘွတ်စာမျက်နှာတွင် ¤င်းတို့တွေ့ဆုံဆွေး နွေးဖြစ်ကြသည်ဆိုသည့် ''ထွက်ပေါ်နေတဲ့
သတင်းများမှာ လိုရာဆွဲရေးကြတဲ့ ကော လာဟလသတင်းများသာဖြစ်ပါတယ်ခင် ဗျာ''ဟု ရေးကာငြင်းဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏တရားဝင်ပြောရေးဆိုခွင့်ရှိကြသူများက ¤င်းတို့မတွေ့ဆုံကြကြောင်း၊ တွေ့ဖို့အစီအစဉ်ရှိ၊မရှိကိုလည်း မသိကြကြောင်းနှင့် ထို့နေ့ကတွေ့ဆုံမှုမှာ နိုင်ငံတကာမှသံတမန် အရာရှိ(၅ဝ)နှင့်သာတွေ့ဆုံဖြစ်ခဲ့ကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြီးခဲ့ သည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ရှစ်ဆယ်ရာခိုင်နှုန်းကျော် နိုင်ထားပြီး အစိုးရတစ်ရပ်ဖွဲ့နိုင်တော့မည် ဖြစ်ကာ သမ္မတဦးသိန်းစိန်၊ တပ်ချုပ်ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်တို့နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံခွင့် ရရန်တရားဝင်တောင်းဆိုထားသည်။

(Flower News Journal, Vol-11, No-45)[ads-post]

[youtube src="FOQnUN38oNo"/]
Info Digest Media Group က စီစဉ်တင်ဆက်တဲ့ "ဘာကြောင့် ဘယ်သို့" စကားဝိုင်း အစီအစဉ် ဖြစ်ပါတယ်။

ဒီတစ်ပတ်မှာ " အစိုးရအဖွဲ့ကို ဘယ်လိုဖွဲ့စည်းသင့်သလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ နိုင်ငံရေးစောင့်ကြည့်လေ့လာသူ ဒေါ်ခင်မမမျိုးနဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ တို့က လာမယ့်အစိုးရသစ်ဖွဲ့တဲ့အခါ ကြုံတွေ့လာရနိုင်တဲ့ အကြပ်အတည်းတွေကို ဆွေးနွေးထားပါတယ်။

အောင်လံတွင် NLD ပါတီဝင်များနှင့် မဲရုံမှူးအဖြစ် ဆောင်ရွက်ခဲ့သော ဆရာ၊ ဆရာမများကို ပြည်ခိုင်ဖြိုးပါတီက စတင်တိုင်ကြား အမှုဖွင့်မှုများ ပြုလုပ်လာကြောင်း သတင်းရရှိသည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး အောင်လံမဲ ဆန္ဒနယ်၌ အနိုင်ရရှိခဲ့သော NLD ပါတီ၏ ပါတီဝင်များနှင့် မဲရုံမှူးအဖြစ် ဆောင်ရွက်ခဲ့သော ဆရာ၊ ဆရာမများကို ရှုံးနိမ့်ခဲ့သော ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲ ဥပဒေနှင့် မညီဘဲ မဲဆွယ်ခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ တိုင်ကြားမှုများ ပြုလုပ်ထားပြီး ယင်းတိုင်ကြားမှုများနှင့် ပတ်သက်၍ ကော်မရှင်က နှစ်ဖက်ပါတီအကြား ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ဘဲ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) အတိုင်း ဆက်လက် အရေးယူ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပြီး လက်ရှိအချိန်တွင် ပြည်ခိုင်ဖြိုးပါတီဘက်မှ ရဲစခန်း၌ ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်တိုင်ကြားမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

ပြည်ခိုင်းဖြိုးပါတီမှ ရွေးကောက်ပွဲတွင် အောင်လံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၁) မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးခင်ဆွေက “ရဲစခန်းကိုတိုင်ဖို့ ၁၁ မှု ၊ ၀န်ကြီးဌာနတွေကို တင်ဖို့ သုံးမှု၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုတင်ဖို့ ငါးမှုရှိမယ်။ အဲဒါတွေကို နိုဝင်ဘာ၂၃ ရက် နောက်ဆုံးထား လုပ်ဆောင်သွားမှာပါ”ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်စုံစမ်းခဲ့ရာတွင် အမှုဖွင့်တိုင်ကြားထားသည်မှာ မှန်ကန်ကြောင်း၊ သိလိုသည်များကို မေးခွန်းများ ပေးခဲ့ပေးပါရန်နှင့် အထက်ကို တင်ပြပြီးမှ ဖြေပေးကြားရမည်ဖြစ်၍ ပြန်လည်ဆက်သွယ် ပေးမည်ဖြစ်ကြောင်းသာ ပြောကြားသည်။

အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြည်ခိုင်ဖြိုးပါတီမှ နိုဝင်ဘာ ၁၉ ရက် ညက စတင်ပြီး ရဲစခန်းတွင် အမှု ၁၀ မှုဝန်းကျင်အထိ ဖွင့်ထားကြောင်းနှင့် အမှုဖွင့်ခံရသူများတွင် ကျောင်းဆရာ၊ ဆရာမ ခုနစ်ဦးနှင့် NLD ပါတီဝင်များ ပါဝင်ကြောင်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၁ (က) ဖြင့် အများဆုံး တိုင်ကြား အမှုဖွင့်ထားကြောင်း ပြောကြားသည်။

အမှုဖွင့် တိုင်ကြားခံထားရသည့် နိုင်ငံ့ ၀န်ထမ်း ဆရာ၊ ဆရာမများနှင့် ပါတီဝင်များကို NLD ပါတီဘက်မှ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း အောင်လံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ထူး မြင့်က ပြောကြားထားသည်။
Writer:
သက်ပိုင်ဇော် (အောင်လံ)
Eleven Media Group

ပါရီ၊ နိုဝင်ဘာ -၂၁ ။ ။ နိုဝင်ဘာ ၁၃ရက် ပါရီတိုက်ခိုက်မှုများအတွင်း တစ်ခုသောပစ်မှတ်ဖြစ်သည့် Comptoir Voltaire ကဖေးတွင် ဗုံးပေါက်ကွဲ၍ ၀ရုံးသုဉ်းကားဖြစ်နေစဉ်အတွင်း သူနာပြုဒေးဗစ်မှာ သဘာဝအလျောက် ဒဏ်ရာရသူများကို ကူညီရန် ကြိုးစားမိသည်ဟု ဆိုသည်။

ဒဏ်ရာရသူများကြားတွင် ကျွမ်းထိုးမှောက်ခုံဖြစ်နေသည့် စားပွဲကုလားထိုင်များကြားတွင် လူတစ်ယောက် လဲလျောင်းနေသည်။ သူ၏ ပထမနာမည် ဒေးဗစ်ဟုသာသုံးရန် တောင်းဆိုသည့် သူနာပြုက ထိုလူကို ပြုစုပေးနေခဲ့သည်။ ထိုလူမှာ ဒဏ်ရာကြီးကြီးမား ရရှိပုံမရသော်လည်း သတိမေ့နေပုံရသည်။ ဒေးဗစ်က သူ ကျင့်သားရပြီးသည့်နည်းအတိုင်း ရှေးဦးသူနာပြုနည်းဖြင့် ထိုလူကို သတိပြန်လည် လာအောင် လုပ်နေခဲ့သည်။

ထိုလူ၏ တီရှပ်ကို ဖြဲဖွင့်လိုက်သည့်အခါတွင် သေနတ်သမားများက လူ ၈၉ယောက်ကို သတ်ဖြတ်ခဲ့ရာ ဘာတာကလန် ဂီတခန်းမအနီးရှိ ကဖေးတွင် ဓာတ်ငွေ့ပေါက်ကွဲမှုမှာ ပိုမိုဆိုးရွားသည်ဟု ကနဦးက တွေးခဲ့မိသည်ကို ဒေးဗစ် သဘောပေါက်သွားခဲ့သည်။

‘သူ့ရင်ဘတ်မှာ ၀ါယာကြိုးတွေ။ အဖြူ၊ အနက်၊ အနီနဲ့ လိမ္မော်ရောင်ဝါယာကြိုးတွေ။ အရောင်လေးမျိုးနဲ့။ သူဟာ အသေခံဗုံးခွဲသမားဆိုတာ ကျနော်သိသွားခဲ့တယ်’’ဟု ဒေးဗစ်က ရိုက်တာသို့ ပြောကြား ခဲ့သည်။.

ဒေးဗစ်တစ်ယောက် နှလုံးပြန်ခုန်လာအောင် ကြိုးစားနေသူမှာ ဘားများ၊ စားသောက်ဆိုင်များ၊ ဘောလုံးကွင်းနှင့် ဂီတခန်းမတို့တွင် လူပေါင်း ၁၃၀ သေဆုံးခဲ့ရသည့် အတွဲလိုက်တိုက်ခိုက်မှုများတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် ဘရာဟင် အက်ဒီစလမ်ဆိုသူပင်ဖြစ်သည်။ ကဖေးတွင်မူ အက်ဒီစလမ်မှလွဲ၍ တစ်ဦးတစ်ယောက်မှ သေဆုံးခြင်းမရှိခဲ့ပေ။

ရိုက်တာက ရိုက်ယူထားသည့် အပျော်တန်းဗွီဒီယိုထဲတွင်မူ ကြမ်းပြင်ပေါ် လဲနေသူကို နှလုံးပြန်ခုန်လာအောင်လုပ်နေသည့် လူနှစ်ဦးကို ကဖေးအပြင်ဘက်မှ မြင်နေရသည်။ တစ်ယောက်မှာ ဒေးဗစ်ဖြစ် ဖွယ်ရှိပြီး အခြားတစ်ယောက်မှာမူ မည်သူမည်ဝါ မသိရပေ။။

၎င်းတို့အနီးတွင်မူ အခြားပုဂ္ဂိုလ်တစ်ယောက် သွေးအိုင်ထဲတွင် ဒဏ်ရာနှင့် လဲနေသည်။ ‘ကျနော်မြင်လိုက်တဲ့ ပထမဆုံးဝါယာက အနီ။ အဲဒါက စနက်တံဖြစ်လိမ့်မယ်လို့ ကျနော်ထင်တယ်။ အဆုံးမှာတော့ တစ်ခုခု ရှိလိမ့်မယ်’’ဟု ဒေးဗစ်က ပြောသည်။

သူကယ်တယ်ရန်ကြိုးစားနေသူမှာ သူ့ကို သတ်ရန် ကြိုးစားခဲ့သူမှန်း သိလိုက်သည့်အချိန်တွင်ပင် မီးသတ်တပ်ဖွဲ့များရောက်လာရာ သူသိသည့် မီးသတ်သမားတစ်ဦးလည်း ပါလာသောကြောင့် သူက မြင်ခဲ့သမျှကို ပြန်ပြောပြသည်တွင် မီးသတ်သမားက သူ့ကို စေ့စေ့ကြည့်ပြိး လူတိုင်းကို နေရာမှ ဖယ်ရှားပေးကြရန် အော်ဟစ် အမိန့်ပေးလိုက်သည်ဟု ဆိုသည်။

Mizzima - News in Burmese


အစိုးရကိုစီမံခန့်ခွဲသူ   ကျွန်မဖြစ်လိမ့်မယ် 
                                            " ဒေါ်အောင်ဆန်းစုကြည် "
ရန်ကုန်မြို့ ရေကန်နံဘေးကအိမ်မှာ ဒေါ်အောင် ဆန်းစုကြည် ဆက်ပြီးနေ စရာမလိုတော့ပါ။ သူ့အတွက် နေရာမှန်ပြန်ရဖို့ သူစောင့်မျှော်နေ သည်။ နောက်ဆုံးမှာ တော့ အဲဒီ အချိန်ရောက်လာခဲ့ပြီ။ နှစ် ၂၀ အချိန်ကာလ အကျယ်ချုပ်ကို ကြံ့ကြံ့ခံခဲ့သည့် အမျိုး သမီး ဦးဆောင် သောပါတီက ထိုအမျိုးသမီးကို ပိတ်လှောင်အကျဉ်းချ ထားခဲ့သည့် အာဂ
ဗိုလ်ချုပ်ကြီးတွေ အပေါ် ရွေးကောက် ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရအောင်ပွဲခံ လိုက်ပြီ။ နေ ပြည်တော် တွင်ရှိသည့် သူ့ရုံးခန်းတွင် ဒေါ်အောင်ဆန်း စုကြည်သည်
ဝါရှင်တန်ပို့စ်သတင်းစာ က လေလီဝေး မောက်တ်နှင့်တွေ့ ဆုံကာ ဒီမိုကရေစီအစပျိုးခြင်း၊ တိုင်း ရင်းသားမျိုးနွယ်စုများ အကြမ်းဖက် ခံရခြင်းအား အဆုံး သတ်စေခြင်း၊ စစ်တပ် (တပ်မတော်)နှင့် အာဏာခွဲဝေယူ ခြင်းနှင့် သူသမ္မတဖြစ်လာစေရေး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်းကိစ္စရပ်များအပေါ် ပြောကြားခဲ့ပါသည်။အောက်ပါတို့မှာ တည်းဖြတ် ထားသော အနှစ်ချုပ်ဖြစ်ပါ သည်။ 


တရုတ်ရဲ့လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးကြတာအများ ကြီးပဲ။ သူတို့ကောင်းသလား၊ ဆိုးသလား။ တောင်တရုတ်ပင်လယ်မှာ သူတို့ ဘာကိုရည်ရွယ်နေသလဲ။ ရှင့်အမြင်ကရော။
 အင်းပေါ့လေ။ အမေရိကန်ပြည်ထောင်စုရဲ့ တရုတ် အပေါ်အမြင်က အခြားသူတွေအမြင်နဲ့ ဘယ်လိုလုပ်ပြီး တစ်ထပ်တည်းကျနိုင်မှာလဲ။


ဟုတ်ပါပြီ။ အဲဒါဆို ရှင့်ရဲ့အမြင်က။
 ကျွန်မတို့ရဲ့အမြင်က တရုတ်ဟာ ကျွန်မတို့ရဲ့အိမ် နီးချင်းဖြစ်တယ်။ ကျွန်မတို့ရဲ့အိမ်နီးချင်းတွေနဲ့ ကျွန်မတို့ ဆက်ဆံရေးကောင်းထားရှိဖို့ ရည်ရွယ်တယ်။


ဒီနိုင်ငံကို တကယ်ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ ရှင်ထင်သလား။ လူနေ မှုအဆင့်အတန်းမြှင့်တင်ပေးချင်တယ်လို့ ရှင်ပြောခဲ့တယ်။
 မြှင့်တင်ချင်တာတွေက အများကြီးပဲ။ ငြိမ်းချမ်းမှု နဲ့ လုံခြုံမှုကနေစပြီးတော့ပေါ့။


အစိုးရနဲ့ အချို့တိုင်းရင်းသားအုပ်စုတွေအကြား လက်ရှိအပစ်အခတ် ရပ်စဲတာတွေကို ရှင်ကညွှန်းဆိုတာလား။ 
 လုံခြုံမှုဆိုတာ အပစ်အခတ်ရပ်မှုသက်သက်မဟုတ် ပါဘူး။ အဲဒါဟာ တရားဥပဒေစိုးမိုးမှုလဲဖြစ်တယ်။ လူတွေဟာ သူတို့မြို့မှာ သူတို့လုံလုံခြုံခြုံနေထိုင်လိုကြ   တယ်။ သူတို့ ဘယ်ဥပဒေတွေနဲ့ နေထိုင်နေကြသလဲ သူတို့မသိကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေစိုးမိုးမှု မရှိလို့။ တရားရုံးတွေကို ကျွန်မတို့သန့်ရှင်းစေချင်တယ်။ကျွန်မတို့မှာ ဥပဒေကောင်းကောင်းတွေရှိပါတယ်။ ဒါ ပေမဲ့ အဲဒီဥပဒေတွေကို နည်းမှန်လမ်းမှန်အတိုင်းကျင့် သုံးအကောင်အထည်ဖော်တာဖြစ်စေချင်တယ်။


နိုင်ငံတကာရဲ့ နောက်ထပ်စိုးရိမ်ပူပန်မှုက ရိုဟင်ဂျာမူဆလင် လူနည်းစု အုပ်စုတွေအပေါ် ဆက်ဆံမှုတွေပဲဖြစ်ပါတယ်။
 အဲဒါပြဿ     နာတစ်ရပ်ပဲ။ ကျွန်မ မငြင်းလိုပါဘူး။ ဒါပေမဲ့ ဒီနိုင်ငံမှာ အဲဒါအပြင် အခြားပြဿ     နာတွေမရှိ ဘူးလို့ သူတို့ထင်နေတာကို ကျွန်မဖြင့်အံ့သြတယ်။ ဒါဟာ အခြေအနေကို ရွဲ့ရွဲ့စောင်းစောင်း ရှုမြင်နေတာပဲဖြစ် တယ်။ ကျွန်မတို့နိုင်ငံမှာ ဒီကိစ္စတစ်ခု တည်းပဲ ဖြေရှင်း ရ တော့မလိုမြင်ထားတယ်။ ခပ်စောစောပိုင်းက ကျွန်မတို့ က အပစ်အခတ်ရပ်စဲရေးကိစ္စပြောခဲ့တယ်။ အဖွဲ့ ၁၇ ဖွဲ့ က လက်မှတ်ရေးထိုးဖို့ရာမှာ အခုရှစ်ဖွဲ့ထဲ လက်မှတ်ထိုး ရသေးတယ်။ ဒါဟာလဲ ပြဿ     နာတစ်ခုလို့ ကျွန်မကတော့ တွေးနေတယ်။


ရိုဟင်ဂျာတွေအပေါ် ရှင့်အနေနဲ့ စာနာသနားစိတ်မဖြစ်ဘူးလား။
 ကမ္ဘာကြီးမှာခံစားနေရတဲ့ လူတွေအားလုံးအပေါ် ကျွန်မစာနာသနားပါတယ်။ မြန်မာတစ်နိုင်ငံတည်းမဟုတ် ပါဘူး။


အချို့ကပြော တယ်။ အခုအစိုးရဟာ အစွန်းရောက်ဗုဒ္ဓဘာသာရဟန်း တွေ မဘသလို အဖွဲ့မျိုးကိုမဲဆွယ်ကာလမှာ မူဆလင်တွေ ကိုတိုက်ခိုက်ပြီး လူမျိုးရေးတင်းမာမှုကို
မီးမွှေးဖို့ စည်းရုံးခဲ့တယ်လို့ပြောကြတယ်။
 မဲဆွယ်ကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ကျွန်မရဲ့ပါတီ)ကို ဆန့်ကျင်ဖို့ ဘာသာရေးကိစ္စတွေ အ များကြီးသုံးခဲ့ကြတယ်လို့ပြောချင်တယ်။ တရားဝင်ကန့်ကွက်လွှာတွေ ကျွန်မတို့တင် ထားတယ်။ အချို့နေရာတွေမှာ ရဲမှာအမှုဖွင့်ထားတယ်။


မဘသက ပြည်သူတွေဟာ အင်န်အယ်လ်ဒီကိုမဲပေးခဲ့ရင် မြန်မာလူမျိုး တွေအမျိုးပျက်မယ်။ ပြီးတော့ ဒီနိုင်ငံမှာ မူဆလင်တွေကြီးစိုးလာလိမ့် မယ်လို့ပြောခဲ့ကြတယ်။
 သိပ်ဟုတ်တာပေါ့။ အဲဒါဟာမှားတယ်။ အခြေခံဥပ ဒေနဲ့မညီညွတ်ဘူး။ အခြေခံဥပဒေမှာ ဘာသာရေးကို နိုင်ငံရေးအလို့ငှာ မသုံးရဘူးလို့ ရှင်းရှင်းလင်းလင်းပြဋ္ဌာန်း ထားတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ဘာတစ်ခုမှမလုပ် ခဲ့ဘူး။


အဲဒီလိုလုပ်တာ အလုပ်ဖြစ်ခဲ့သလား။
 အချို့နေရာတွေမှာတော့ အလုပ်ဖြစ်ခဲ့တယ်။ နယ် စပ်ဒေသအချို့ နေရာတွေမှာပါ။ ဒါဟာ မှားယွင်းတဲ့ဝါဒ ဖြန့်ချိရေးတွေ လို့ ပြည်သူတွေနားလည်သဘောပေါက် အောင် ကျွန်မတို့လုပ်ခဲ့ရတယ်။


လွန်ခဲ့တဲ့နှစ်အနည်းငယ်မှာ အစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေနောက် ပြန်သွားခဲ့တယ်လို့ရှုမြင်မှုတွေအပေါ် ရှင်ဘယ်လိုမြင်သလဲ။
 သူတို့ဟာ ပြုပြင်ပြောင်းလဲမှုတွေကို နောက်ပြန် ဆုတ်သွားခဲ့တာ နှစ်အနည်းငယ်ကြာပါပြီ။


ဘယ်လိုမျိုးလဲ။
 လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်မတို့ရဲ့ဂျာနယ် လစ်တွေဆီကကြားရတယ်။ ဒီမိုကရေစီလှုပ်ရှားမှုတွေ ကို အလွန်ထောက်ခံ အားပေးခဲ့တဲ့ အလဲဗင်းအပတ်စဉ် က အယ်ဒီတာတစ်ယောက် ပြည်ပထွက်ခွာရာမှာ လေ ဆိပ်မှာအတားခံရတယ်တဲ့။ သူက ပြည်ပ အလည်သွား တာပါ။ ဒါမျိုးက နည်းနည်းထူးဆန်းနေသလိုပဲ။


တပ်အကြောင်းပြန်လှည့်ရအောင်။ သူတို့ရဲ့အနီရောင်မျဉ်းဟာ ရှင်တို့ အစိုးရအတွက်လား။ ပြီးတော့ ရှင်တို့ရဲ့အနီရောင်မျဉ်းကရော ဘာလဲ။
 ဒီအကြောင်းကို အခုဆွေးနွေးနိုင်လိမ့်မယ်လို့ ကျွန် မတော့မထင်ဘူး။ တပ်ချုပ်နဲ့ကျွန်မ အရင်ဆုံးတွေ့ရပါ ဦးမယ်။


တပ်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ရှင်လိုလားသလား။ 
 ကျွန်မတို့အသုံးပြုနေတဲ့ အသုံးအနှုန်းက အမျိုးသား ပြန်လည်သင့်မြတ်ရေးပဲဖြစ်ပါတယ်။


ဒါပေမဲ့သူတို့ဆက်ဆံခဲ့တာတွေကို နာကြည်းနေတဲ့သူတွေရှိနေတယ်လေ။
 နာကြည်းမှုဟာ တစ်ယောက်ယောက်ကို တကယ့် ကိုအကျိုးရှိစေလိမ့်မယ်လို့ ကျွန်မသိမထားဘူး။


ထောင်ချခံ ခဲ့ရတဲ့ သူတွေကို အဲဒီလိုပြောဖို့တော့ ခက်လိမ့်မယ်ထင်တယ်။ 
 ဘဝဆိုတာပင်ပန်းခက်ခဲလှပါတယ်။ ကျွန်မတို့ အ တော်များများဟာ ထောင်ချခံခဲ့ကြရတယ်။ အင်န်အယ်လ် ဒီထဲမှာ ထောင်ချခံခဲ့ ရတာ ဘယ်သူဘယ်ဝါဆိုတာ ကျွန်မထပ်တလဲလဲပြောနိုင်တယ်။ ကျွန်မအမြဲတမ်း ပြောတယ်။ လူတွေထောင်ကျတာ ရှင်တို့မြင်ချင်သလား။ ဘာလိုချင်တာလဲ။ ငါးနှစ်လား၊ ခြောက်နှစ်လား၊ ဆယ် နှစ်လား၊ အနှစ် ၂ဝလား။ အဲဒါတွေအားလုံး အင်န် အယ်လ်ဒီကပေးနိုင်တယ်။ ပြီးတော့သူတို့ဟာ နာကြည်း မနေကြပါဘူး။ ဝေဒနာတစ်ပုံတစ်ခေါင်းခံစားခဲ့ရတဲ့ လူတွေအများကြီးဟာ အနာဂတ် ကို ပိုပြီးကောင်းမွန်အောင် တည်ဆောက်ဖို့သာ စိတ်ဝင်စားကြပါတယ်။


အခုအချိန်ကစပြီး နောက်ငါးနှစ်တာကာလမှာ နိုင်ငံကိုဘယ်လိုမြင်တွေ့ ချင်သလဲ။
  အခုကစပြီးမဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ အနာ ဂတ်ကို ကျွန်မက မပြီးဆုံးတဲ့လုပ်ငန်းစဉ်ကြီးလို့ အမြဲ တွေးထင်ထားပါတယ်။ လမ်းတစ်လျှောက်မှာ အခုထက် ပိုဝေးဝေးမြင်တွေ့ချင်ပါတယ်။


လျှပ်စစ်မီးက ဒီမှာတကယ့်ပြဿ     နာတစ်ခုပဲ။ မီးက မကြာခဏဆိုသလို လာလိုက်ပျက်လိုက်။
 မီးပျက်သွားတိုင်း ကျွန်မ အမြဲပြောတာရှိတယ်။ မြန်မာပြည်မှာ တို့တွေရှိနေတယ်ဆိုတာ သက်သေပြလိုက် တာပဲလို့။ ဒါဟာ ပုံမှန်လိုပါ။ မီးပျက်တာဟာ ကျွန်မတို့ အတွက် အသေးငယ်ဆုံးပြဿ     နာပါ။


မြေယာပြုပြင်ပြောင်းလဲရေးကိစ္စက ဘယ်လောက်ကြီးသလဲ။


စိုက်ပျိုးရေးက အလုပ်ကိစ္စကြီးဖြစ်ပါတယ်။ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျွန်မတို့ပြည်သူတွေဟာ ကျေးလက် တွေမှာ နေထိုင်ကြပါတယ်။


မြေယာပိုင်ဆိုင်ခွင့်မရှိဘူးမဟုတ်လား။

 ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကမြေယာ အားလုံး ပိုင်ဆိုင်ပါတယ်။ အဲဒါကြောင့် နိုင်ငံတော်က ခွင့်ပြုထားသမျှကာလပတ်လုံး ပိုင်ရှင်တွေဟာ မြေကို ပိုင်ခွင့်ရှိပါတယ်။ လယ်သမားတွေကိစ္စမှာတော့ သူတို့ ဟာ မြေကို ပေါင်နှံခွင့်မရှိဘူး။ ဒါဟာ ပြဿ      နာနည်းနည်း ကြီးတယ်။ ကျွန်မတို့ ဖြေရှင်းကြရမယ်။


အခွန်စနစ်ကို တီထွင်ဖို့မြေပိုင်ဆိုင်မှုမလိုအပ်ဘူးလား။

 အခွန်ကောက်ခံမှုကလည်း ကျွန်မတို့နိုင်ငံမှာ ပြ ဿ      နာကြီးပဲ။ ကျွန်မတို့မှာ အခွန်ယဉ်ကျေးမှုကောင်း ကောင်းမထွန်းကားဘူး။


အဲဒါဆို ဝင်ငွေတိုးအောင်ဘယ်လိုလုပ်မလဲ။


ပြည်သူတွေကို ဘာကြောင့် အခွန်ပေးကြရတယ် ဆိုတာ နားလည်သဘောပေါက်အောင် ကျွန်မတို့ လုပ် ရလိမ့်မယ်။ အခွန်ဆို တာ သူတို့ရဲ့အကျိုးစီးပွားအတွက် သာဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာဖြစ်တည်ခဲ့တဲ့ အာ ဏာရှိသူတွေရဲ့ အိတ်ကပ် အတွက်မဟုတ်ဘူးဆိုတာ  ကျွန်မတို့ သက်သေပြရလိမ့်မယ်။ အခု အခွန်ရှိနေပါ တယ်။ ဒါပေမဲ့ နိုင်ငံတော်က မှီခိုလို့မရဘူး။


ရှင့်ရဲ့အမွေကို ဘယ်လိုဖြစ်ချင်သလဲ။

 ကျွန်မတို့ခေတ်မှာ နိုင်ငံဟာ ရှေ့သို့တက်လှမ်းမယ့် ခေတ်လို့ကျွန်မတွေးထင်ချင်ပါတယ်။ ကျွန်မကစတောင် မစရသေးပါဘူး။ အမွေကိစ္စပြောနိုင်တဲ့အချိန်အထိ ကျွန်မတို့ စောင့်ကြပါစို့။

 (နိုဝင်ဘာ ၁၉ ရက်ထုတ် ဝါရှင်တန်ပို့စ်သတင်းစာ တွင်ပါရှိသော သတင်းစာဆရာမ  Lally Weymouth  ၏ Aung San Suu Kyi: "I'am going to be the one who is managing the government"  အင်တာဗျူး ကို  ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)


အယ်ဒီတာတစ်ဦး#Democracytoday

ရန်ကုန်မြို့ ရေကန်နံဘေးကအိမ်မှာ ဒေါ်အောင် ဆန်းစုကြည် ဆက်ပြီးနေ စရာမလိုတော့ပါ။ သူ့အတွက် နေရာမှန်ပြန်ရဖို့ သူစောင့်မျှော်နေ သည်။ နောက်ဆုံးမှာ တော့ အဲဒီ အချိန်ရောက်လာခဲ့ပြီ။ နှစ် ၂၀ အချိန်ကာလ အကျယ်ချုပ်ကို ကြံ့ကြံ့ခံခဲ့သည့် အမျိုး သမီး ဦးဆောင် သောပါတီက ထိုအမျိုးသမီးကို ပိတ်လှောင်အကျဉ်းချ ထားခဲ့သည့် အာဂ ဗိုလ်ချုပ်ကြီးတွေ အပေါ် ရွေးကောက် ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရအောင်ပွဲခံ လိုက်ပြီ။ နေ ပြည်တော် တွင်ရှိသည့် သူ့ရုံးခန်းတွင် ဒေါ်အောင်ဆန်း စုကြည်သည် ဝါရှင်တန်ပို့စ်သတင်းစာ က လေလီဝေး မောက်တ်နှင့်တွေ့ ဆုံကာ ဒီမိုကရေစီအစပျိုးခြင်း၊ တိုင်း ရင်းသားမျိုးနွယ်စုများ အကြမ်းဖက် ခံရခြင်းအား အဆုံး သတ်စေခြင်း၊ စစ်တပ် (တပ်မတော်)နှင့် အာဏာခွဲဝေယူ ခြင်းနှင့် သူသမ္မတဖြစ်လာစေရေး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်းကိစ္စရပ်များအပေါ် ပြောကြားခဲ့ပါသည်။အောက်ပါတို့မှာ တည်းဖြတ် ထားသော အနှစ်ချုပ်ဖြစ်ပါ သည်။

+++++++++++++++++++

ရှင့်ရဲ့ တောင်ပြိုကမ်းပြိုအောင်ပွဲကို အံအားသင့်သွားသလား။

ဟင့်အင်း။ မအံ့ဩမိပါဘူး။ ပြည်သူတွေရဲ့ထောက် ခံအားပေးမှုရထားတာ ကျွန်မတို့သိ ပါတယ်။ ဒါပေမဲ့ မူမမှန်တာတွေအများကြီးရှိမှာကို စိတ်ပူနေ ခဲ့မိတာပဲရှိပါ တယ်။ မဲ(ဆန္ဒရှင်)စာရင်းတွေ သိပ်ပြီးတိကျမှန်ကန်မှု မရှိခဲ့တာက စတာပဲလေ။

မဲ(ဆန္ဒရှင်)စာရင်းတွေကပြဿ နာတွေပေါ့။

အစပိုင်း၊ မဲဆွယ်စည်းရုံးမှုတွေမစခင်မှာ ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌက သူ့အနေနဲ့ မဲစာရင်း ရဲ့ ၃ဝရာခိုင်နှုန်းကိုပဲ တာဝန်ယူနိုင် လိမ့်မယ်လို့ပြောခဲ့ တယ်။ အဲဒီစကားက နည်းနည်းတော့ စိတ်ပူစရာပဲ။ အဲ ဒါကြောင့် ကျွန်မက ပြည်သူတွေကို ကျန်တဲ့ ၇၀ ရာခိုင် နှုန်းကို ကျွန်မတို့တွေ စောင့်ရှောက်ရတော့မှာပေါ့လို့ပြော ခဲ့တာပေါ့။

အချို့ဒေသတွေမှာ လူတွေကသူတို့ရဲ့တိုင်းရင်းသားပါတီတွေကို မဲမပေး ဘဲ ရှင့်ကိုသာမဲပေးခဲ့ကြတယ်။

အရင်က ကျွန်မ တို့ တောင်ပြို ကမ်းပြိုရှိခဲ့တယ် လေ။ ရှင်မမေ့နဲ့ဦး။

၁၉၉၀ မဟုတ်လား။ အရင်တုန်းကသူတို့လုပ်ခဲ့သလို စစ်တပ်(တပ်မတော်) က စွက်ဖက်လာမှာ ရှင်မစိုးရိမ်ဘူးလား။

လုပ်ငန်းစဉ်က မပြီးသေးပါဘူး။ (စစ်အစိုးရမှ အ ရပ်သားအစိုးရသို့ ကူးပြောင်းခြင်း)။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း မတ်လအထိ ဆက်သွားရဦးမှာပါ။ အခု က ၁၉၉၀ မဟုတ်ပါဘူး။ ဆက်သွယ်ရေးတွေဟာ သိပ် ကောင်းနေပြီ။ သွားသင့်တဲ့အတိုင်း အရာခပ်သိမ်း အသေ အချာသွားနိုင်ဖို့ ပြည်သူတွေက အရမ်းကိုတက်တက်ကြွကြွ ပါဝင်နေကြပြီလေ။

တပ်က ပါလီမန်(လွှတ်တော်)ရဲ့ ၂၅ ရာခိုင်နှုန်းထိန်းချုပ်ထားတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်နဲ့ ရှင်လက်တွဲလုပ်နိုင်လိမ့်မယ်ထင်သလား။

ဘယ်သူနဲ့မဆို ကျွန်မတို့လက်တွဲလုပ်နိုင်ပါတယ်။အစိုးရဖွဲ့တော့မယ်ဆိုရင် တပ်နဲ့လက်တွဲလုပ်တာကို ရှောင် လွှဲလို့မရဘူးလေ။

အကူးအပြောင်းအတွက် သမ္မတနဲ့တပ်ချုပ်ကို ရှင်မကြာခင်ဆွေးနွေးမှာ မဟုတ်လား။

ရွေးကောက်ပွဲကော်မရှင်လုပ်ငန်းတွေပြီးရင် တွေ့ မယ်လို့ သူတို့ကပြောကြပါ တယ်။ အဲဒါဘာကိုဆိုလိုတာ လဲဆိုတာကိုတော့ ကျွန်မသိပ်မရှင်းဘူး။

သူတို့က ရှင့်ကိုရက်မပေးသေးဘူးပေါ့။

ဟင့်အင်း။ မပေးသေး ဘူး။ ကြည့်ရတာ သူတို့က ၄၅ ရက်စောင့်ဦးမယ်ထင်တယ်။ သိပ်ပြီးတော့ တိတိပပ မရှိလှဘူး။

ရှင်စိတ်ပူသလား။

သိပ်သေချာတာပေါ့။ ကျွန်မတို့စိတ်ပူတယ်။ အတိတ်က ခပ်ဆန်းဆန်း အတွေ့အကြုံတွေ ကျွန်မတို့ မှာအများကြီးရှိခဲ့တာ စိတ်ပူစရာမလို ဘူး။ ပြည်သူ တွေက ကျွန်မတို့အနောက်မှာရှိတာကို ကျွန်မတို့သိပါ တယ်။ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမယ်ဆို တာကို လုပ်ငန်းစဉ်ကြီး မှာ ပါဝင်ပတ်သက်တဲ့လူတိုင်းက လူသိရှင်ကြားကြေ ညာချက်ထုတ် ထားကြပြီးသားပါ။

နှစ်ပေါင်း ၂၀ နီးပါး အကျယ်ချုပ်မှာနေခဲ့ရတာကို ကျွန်မဖြင့်စဉ်းစားလို့ ကိုမရဘူး။

အဲဒီအိမ်မှာ နှစ် ၂၀ နေခဲ့ရတာကို ခက်ခဲလှတယ်လို့ ကျွန်မ မထင်မိပါဘူး။ အခုအိမ်လိုပါပဲ။ ကျွန်မ စာတွေ အများကြီးဖတ်ဖြစ်တယ် ။ ကောင်းကောင်း အိပ်စက်ဖြစ် တယ်။ အခုမလုပ်ဖြစ်တော့တာတွေလေ။

ဒီမိုကရေစီဟာ တစ်နေ့တော့ရောက်လာလိမ့်မယ်လို့ ရှင်ယုံကြည်နေသလား။

အင်း...ဟုတ်ကဲ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ တွေကိုယုံကြည်ရင် ဒီမိုကရေစီကိုလဲယုံကြည်တယ်လေ။

သိပ်မကြာသေးခင်က သမ္မတရဲ့အထက်မှာရှင်နေမယ်လို့ရှင်ပြောခဲ့တယ်။ ဆိုလိုချင်တာက သားသမီးတွေက နိုင်ငံခြားသားတွေဖြစ်နေလို့ သမ္မတဖြစ် ခွင့်ပိတ်ထားတဲ့အခြေခံဥပဒေကို ရှင်ပြင်ချင်တယ်လို့ပြောချင်တာလား။

သမ္မတဆိုတဲ့ဂုဏ်ထူးက အလွန်ကိုဆွဲဆောင်မှုရှိ လှတယ်လို့ ကျွန်မမမြင်ပါ ဘူး။ တိုင်းပြည်အတွက် အ လုပ်အကျွေးပြုနိုင်မယ့် အခွင့်အလမ်းကိုသာ ကျွန်မတို့ လိုချင်တာပါ။ ကျွန်မကို သမ္မတလို့ပဲခေါ်ခေါ်၊ ဘာပဲခေါ် ခေါ် ဘာမှမသက်ဆိုင်လှပါဘူး။ တကယ်ပါ။

ဒါပေမဲ့ အချို့ဟာတွေမှာတော့ဆိုင်ပါတယ်။ အာဆီယံအစည်းအဝေး လုပ်တာ ။ ဒါမှမဟုတ် အခြားနိုင်ငံခေါင်းဆောင်တွေတွေ့ဆုံကြတာမျိုး တွေမှာ သူတို့က ရှင့်ကိုပဲရှိစေချင်မှာလေ။ အခြားသူ တစ်ယောက်ယောက် ဘယ်ရှိစေချင်မလဲ။

ကျွန်မအဲဒီကိုသွားမှာပါ။ သမ္မတနဲ့အတူသွားမှာ ပါ။ ကျွန်မဘေးမှာ သူ(သမ္မတ) ထိုင်နိုင်တာပေါ့။

နိုင်ငံခြားမှာမွေးတဲ့ကလေးဆိုတဲ့အပိုဒ်ကို ဖွဲ့စည်းပုံထဲထည့်ထားတာဟာ ရှင့်ကိုသမ္မတမဖြစ်အောင်တားထားတာလို့ ရှင်ယုံကြည်သလား။

အဲဒီလိုပဲထင်ပါတယ်။

အဲဒါကိုပြောင်းအောင် တပ်ကိုရှင်စည်းရုံးနိုင်မလား။

ချက်ချင်းကြီးတော့ သူတို့ပြောင်းလိမ့်မယ်မဟုတ် ဘူး။ ကျွန်မတို့ ကတော့ ပြင် ဆင် ထားရမယ်။ အခြေခံဥပ ဒေပြင်တယ်ဆိုတာ တစ်ခါတစ်ခါ အချိန် ယူရတတ်တယ်။

ဒါပေမဲ့ဖွဲ့စည်းပုံဟာပြင်ကိုပြင်ရမယ်လို့ အရင်တုန်းကရှင်ပြောခဲ့တယ်လေ။

တစ်ချိန်ချိန်မှာ ဖွဲ့စည်းပုံကိုပြင်ရမယ်ဆိုတာ ကျွန်မ သိပ်ယုံကြည်တယ်။ ဒါပေမဲ့ နောက်နှစ်လကြာရင် ပြင် ရမယ်လို့ ကျွန်မမပြောဘူး။ သင့်တော် တဲ့ကာလအပိုင်း အခြားတစ်ခုမှာတော့ ဒါဟာပြင်သင့်တာပဲ။

ဒါဆိုရှင်က သမ္မတကိုခန့်တော့မယ်ပေါ့။

ဟုတ်ပါတယ်။

ဘယ်သူ့ကိုခန့်မှာလဲ။

ကျွန်မအနေနဲ့ ဒါကိုရှင့်ကိုပြောဦးမှာမဟုတ်ဘူး။

ပါလီမန်(လွှတ်တော်)ရဲ့ ဥက္ကဋ္ဌရာထူးကို ရှင်လက်ခံမှာလား။

အစိုးရကို စီမံခန့်ခွဲမယ့်သူပဲ ကျွန်မလုပ်မှာ။ အဲဒါက ကျွန်မသွားသင့်တဲ့ အကွာအဝေးလို့ကျွန်မထင်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ရှင့်နိုင်ငံဆက်ဆံရေးကိုဘယ်လိုမြင်သလဲ။

ကောင်းပါတယ်။ အဲဒီလိုမျှော်လင့်ပါတယ်။

သူတို့မျှော်လင့်တဲ့အတိုင်း ဒီရွေးကောက်ပွဲဖြစ်လာလို့ အမေရိကန် ပြည်ထောင်စုကို အမှတ်ပေးချင်သလား။

ဟင့်အင်း။ ကျွန်မတို့အရွေးခံရတာက ပြည်သူတွေ ကြောင့်ပါ။ အခြား ဘယ်သူကြောင့်မှမဟုတ်ဘူး။

အိုဘားမား အစိုးရ က ဒီနိုင်ငံကို စိတ်ဝင်စားမှုကြီးကြီးမားမားထားခဲ့တယ်။

အစိုးရတော်တော် များများ က ဒီမှာဖြစ်ပျက်နေတာ ကို အကြီး အကျယ်စိတ်ဝင်စားနေကြတာပါ။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုတော်တော်များများကို ရုပ်သိမ်းပေးခဲ့တယ်လေ။ ပြီးတော့ သမ္မတအိုဘားမား၊ နိုင်ငံခြားရေး ဝန်ကြီးတွေဖြစ်တဲ့ ကလင်တန်နဲ့ ကယ်ရီတို့လည်း ဒီကိုလည်ပတ်ခဲ့ကြ တယ်။ အဲဒါဟာ တကယ့်ကို ဝါယမစိုက်လုပ်ဆောင်မှုနဲ့မတူဘူးလား။

ဟုတ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်တော်များများလည်း ကြိုးပမ်းအား ထုတ်ကြပါတယ်။ ဗြိတိန်၊ နော်ဝေးနဲ့ စကင်း ဒီနေဗီယန်းနိုင်ငံတွေ (မြောက်ဥရောပကျွန်းဆွယ်)လည်း လုပ်ခဲ့ကြတာပဲ။ ကျွန်မတို့ရဲ့ ဒီမိုကရေစီ တည်ဆောက် ရေး လုပ်ငန်းစဉ်ကြီးကို နိုင်ငံတော်တော်များများ ထောက် ခံအားပေးကြတယ်။ နိုင်ငံတစ်နိုင်ငံလောက်ကို ထုတ်ဖော် မပြောချင်ဘူး။

ဒါပေမဲ့ကျွန်မက အမေရိကန်သတင်းစာအတွက်ရေးနေတာပါ။ အမေ ရိကန်တွေက သူတို့ရဲ့ကူညီမှုတွေအတွက် ကြားချင်နေကြတယ်။

ကျွန်မတို့မှာ သိပ်ကိုသိပ်ကိုကောင်းတဲ့ အမေရိကန် မိတ်ဆွေတွေရှိပါ တယ်။ နှစ်ပေါင်းများစွာ သူတို့လုပ်ဆောင် ပေးခဲ့ကြတာကို ကျွန်မလေး စားပါတယ်။ သူတို့အနေနဲ့ အကောင်းဆုံးတွေ ဆက်လုပ်ပေးဦးမယ်လို့ ကျွန်မယုံ ကြည်ပါတယ်။

ကျန်နေသေးတဲ့ ပိတ်ဆို့အရေးယူမှုတွေရုပ်သိမ်းဖို့ဆိုလိုတာလား။

ဒီနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းမှုနဲ့ပတ်သက်ရင် ပိတ် ဆို့အရေးယူမှုတစ်ခုတည်း အရေးကြီးတာမဟုတ်ပါဘူး။

အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာအသိုက်အဝန်းက ဘာလုပ်ပေး တာကို ရှင်တွေ့ချင်သလဲ။

လတ်တလောမှာတော့ လူတိုင်းက ချောမွေ့ငြိမ်း ချမ်းတဲ့ အသွင်ကူပြောင်း မှုကို ထောက်ခံအားပေးလိမ့်မယ် လို့ ကျွန်မယုံကြည်တယ်။ ပြည်သူတွေက သူတို့ရဲ့ဆန္ဒတွေ ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသပေးခဲ့ပြီးပြီဆိုတာ လူတိုင်းနားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကိုအ လေးထားကြရမယ်။ ဒါပေမဲ့ အဲဒီအပြင်...ကျွန်မတို့ အစိုးရဖြစ်ပြီဆိုရင် အဲဒီအခါရှင်တို့ကို ကျွန်မပြောပါ့မယ်။

ရှင့်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဒီကိုလာစေချင် တယ်လို့ကျွန်မ ထင် နေတယ်။

ဟုတ်တာပေါ့။ ဒါပေမဲ့ ကျွန်မက နည်းမှန်လမ်းမှန် စီးပွားရေးနဲ့ နည်းမှန်လမ်းမှန်အကျင့်စရိုက်တွေပဲ လိုချင် တယ်။ အောင်မြင်နေ တဲ့စီးပွားရေးလုပ်ငန်းတွေ ကျွန်မ လိုချင်တယ်လို့ အမြဲပြောခဲ့တယ်။ တစ်ဖက်မှာလဲ ဆက် ဆံရေးပြင်ပကနေ အကျိုးစီးပွားရယူဖို့လိုတယ်။ တစ်ဖက် သတ်စီးပွားရေးမျိုးတော့မဖြစ်ရဘူး။

ကျန်နေတဲ့ အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းလိမ့်မယ်လို့ ရှင်မြင်သလား။

အင်း။ စစ်မှန်တဲ့ဒီမိုကရေစီအစိုးရတစ်ရပ်ရဲ့ အာဏာ နဲ့အတူပေါ့။ အရေးယူပိတ် ဆို့မှုတွေ သူတို့ဆက်ထား ချင်လိမ့်မယ်လို့ ကျွန်မတော့မမြင်မိဘူး။

ရှင့်အနေနဲ့ အာဏာရလာရင် ရှင်ဖြစ်ချင်တာတွေကဘာတွေလဲ။

ဒါတွေကို ကျွန်မဖြစ်ချင်တဲ့စာရင်းတွေအနေနဲ့ မ တွေးချင်ဘူး။ ကျွန်မရဲ့ ပင်ပန်းကြိုးစားအလုပ်လုပ်တဲ့ အစီအစဉ်(အာဂျင်ဒါ)တွေ လို့သာ တွေး ချင်ပါတယ်။

တရုတ်နဲ့မြန်မာဆက်ဆံရေးကို ဘယ်လိုမြင်သလဲ။

ကောင်းပါတယ်။ အိမ်နီးချင်းတွေအားလုံးနဲ့ ကျွန် မတို့ ကောင်းမွန်တဲ့ ဆက်ဆံရေး ဆက်လက်ထားရှိဖို့ ရည် ရွယ်ထားပါတယ်။

ဘက်မလိုက် တဲ့ပုံစံနဲ့ပေါ့။

ဟုတ်ပါတယ်။ လွတ်လပ်ရေးရကတည်းက ကျွန်မ တို့ရဲ့ အဲဒီနိုင်ငံခြားရေးမူဝါဒဟာ သိပ်ကိုအောင်မြင်ခဲ့ပါ တယ်။

****************

ဒေါ်အောင်ဆန်းစုကြည်နှင့် ဝါရှင်တန်ပို့စ်သတင်းစာတွေ့ဆုံခြင်း
၂၁-၁၁-၂၀၁၅ ရက်နေ့ထွက် ဒီမိုကရေစီတူဒေးနေ့ စဉ် သတင်းစာ ။

+++++++++++++

# Democracy Today

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဆန္ဒပြ တောင်းဆိုခဲ့ကြသည့် ကျောင်းသားများနှင့် ၀န်းရံပြည်သူများအား သာယာဝတီ အကျဉ်းထောင်၌ ဖမ်းဆီး၍ တရားစွဲဆိုထားမှုအား ပယ်ဖျက်ပေးရန်နှင့် အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် တောင်းဆို ခဲ့မှုများအပေါ် တရားရုံးမှ အမိန့်ချပြီးမှသာ သမ္မတအနေဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည့် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ ပြောစကားအပေါ် ကျောင်းသားခေါင်းဆောင်များက နိုဝင်ဘာ ၁၇ ရက်တွင် မြန်မာသံတော်ဆင့်မှတစ်ဆင့် ဝေဖန်လိုက်သည်။

နိုဝင်ဘာ ၁၅ ရက်က သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ၌ ပါတီ ၇ ခုခန့်မှ ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံပြည်သူများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် သမ္မတထံ တင်ပြ တောင်းဆိုခဲ့ကြမှုနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်အား မီဒီယာများက မေးမြန်း စဉ် ပြန်လည် ဖြေကြားခဲ့ သည့်အပေါ် ယခုကဲ့သို့ ဝေဖန်ကြခြင်းဖြစ်သည်။

““တရားရုံးကိစ္စ ပြီးသွားတော့မှ နိုင်ငံတော်သမ္မတက အခြေခံဥပဒေ အရ ပေးအပ်ထားတဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်အရ စဉ်းစားပြီး လုပ်ဆောင်လို့ ရတာရှိတယ်။ ဒါကတော့ လက်ရှိ ဥပဒေသဘောအရ ပြောတာပေါ့။ သမ္မတကြီး ကတော့ ၀ိုင်းဝန်းဆွေးနွေး သွားတာတွေကို နားထောင် သွားတာတော့ ရှိတယ်၊ ဆုံးဖြတ်ပြီးတော့ လုပ်ဆောင် သွားမှာပေါ့””ဟု ဦးရဲထွဋ်က ပြောသည်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ ပြောဆိုမှုနှင့် ပတ်သက်၍ ““တရားရုံးမှာ ရင်ဆိုင်နေရတဲ့ အမှုတွေက ကျွန်တော်တို့နဲ့ မဆိုင်ဘူး၊ တရားရေးဌာနနဲ့ပဲ ဆိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး သူတို့ပြောတယ်။ တကယ်တမ်းက ကျွန်တော်တို့ကို တရားစွဲတာဟာ အစိုးရ၊ အစိုးရက တရားစွဲဆိုမှုကိုသာ ရုတ်သိမ်းပါတယ်၊ လက်ရှိ ကျွန်တော် တို့အပေါ်မှာ စွဲဆိုထားတဲ့ တရားစွဲဆိုမှုတွေကို သူတို့ဘက်က ခွင့်လွှတ် နားလည်စွာနဲ့ ပြန်လည် ရုပ်သိမ်းပါတယ်၊ မစွဲဆိုတော့ပါဘူး ဆိုလို့ရှိရင် ဒီကိစ္စက တစ်ချက်ကလေး ပြီးသွားမယ့်ကိစ္စ၊ ဒါကို ဆင်ဝှေ့ရန်ရှောင် လုပ်ပြီးတော့ တရားရေးကိစ္စဖြစ်ပြီး သူတို့နဲ့ မဆိုင်ဘူးပြောတာ၊ ဒါလုံးဝအဓိပ္ပာယ် မရှိဘူး။ ဒါလုံးဝ ဆင်ခြေဆန်တဲ့ စကားပဲဖြစ်တယ်””ဟု အစာငတ်ခံ ဆန္ဒပြကျောင်းသား ခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက ဝေဖန်ပြောကြားသည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က ဦးဆောင်၍ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ သပိတ်မှောက် တောင်းဆိုကာ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည့် ကျောင်း သား ခေါင်းဆောင်များနှင့် လွှတ်တော်၊ အစိုးရ၊ NNER တို့ လေးပွင့်ဆိုင် သဘောတူ ညီချက်များ ရှိထားသော်လည်း ယင်းသဘော တူညီချက်မှာ ကျောင်းသားများ၏ သတ်မှတ် စည်းကမ်းများကို လိုက်နာမှု မရှိသည့်အတွက် ပျက်ပြယ်ခဲ့ပြီဖြစ်ကြောင်း အစိုးရဘက်မှ ပုဂ္ဂိုလ်များက ပြောဆိုမှုများ ရှိနေပြီး ကျောင်းသား များဘက်ကလည်း အစိုးရအနေဖြင့် ၄ ပွင့်ဆိုင် သဘောတူညီချက်ကို မျက်ကွယ်ပြုနေကြောင်း အစဉ်တစိုက် စွပ်စွဲပြောဆိုမှုများ ရှိနေသည်။

““အခုအချိန်ထိ တရားလိုတစ်ယောက်တောင် စစ်လို့မပြီးသေးဘူးဗျာ၊ အဲဒီတော့ သူတို့က ဒီတရားစီရင် ရေးပြီးမှ လွှတ်လို့ရမယ် ဆိုတဲ့ သဘော ပြောတာက ကျွန်တော်တို့ကို ထပ်ပြီးဖမ်းထားချင်တယ် ဆိုတဲ့သဘော ကိုထပ်ပြီး သက်ရောက်နေတာ။ သူတို့တကယ်တမ်း လွှတ်ပေးချင်တယ် ဆိုလို့ရှိရင် သမ္မတက ပြည်ထဲရေးကို စာပို့ပြီး ပြည်ထဲရေးက တစ်ဆင့် အမှုပိတ်သိမ်းတယ်ဆိုပြီး လုပ်လို့ရတယ်၊ အခုလို သူတို့ပြောလာတာက ခေါင်းရှောင်တာပါပဲ””ဟု အစာငတ်ခံ ဆန္ဒပြ ကျောင်းသားတစ်ဦးဖြစ်သူ ကိုဖြိုးဓနက ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ သက်တမ်းအတွင်း ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်း ချမ်းသာခွင့်တွင် လတ်တလော တရားစွဲဆိုမှု များကိုပါ ပိတ်သိမ်း ပေးခဲ့ဖူးသည်။

လက်ပံတန်း အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်၍ သမ္မတက ဖွဲ့စည်းပေးခဲ့သော မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင်မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ ကျောင်းသားများနှင့် ၀န်းရံ ပြည်သူများအား အကြမ်းဖက် ရိုက်နှက်ခဲ့သော ရဲဝန်ထမ်းများအား ဥပဒေနှင့်အညီ စစ်ဆေးသင့်ကြောင်း ပါရှိခဲ့သော်လည်း ရဲဝန်ထမ်းများအား လက်ရှိအချိန်ထိ အရေးယူ စစ်ဆေးမှုများ ပြုလုပ်ခြင်း မရှိသေးပေ။

ကျောင်းသား ခေါင်းဆောင်များ၏ ဝေဖန်ပြောဆိုမှုနှင့် ပတ်သက်၍ ““အမှု ပိတ်သိမ်းပေးတဲ့ ကိစ္စတွေ ဦးသိန်းစိန် လက်ထက်မှာ လုပ်ခဲ့ဖူးသေးတာပဲ။ အခုအခါကျမှ အုပ်ချုပ်ရေးက တရားရေးကို မစွက်ဖက်ပါဘူးဆိုပြီး ပြောနေ တဲ့ ၀န်ကြီးတစ်ပါးရဲ့ စကားဟာ မမှန်ကန်တဲ့စကားပါ။ အဲဒီတော့ဝန်ကြီးက သူ့ဘက်ကမှန်တယ် ဆိုရင် Statement ထုတ်စေချင်ပါတယ်။ အုပ်ချုပ်ရေးက တရားရေးကို စွက်ဖက်လာတာ နှစ်ပေါင်း ၆၀ လောက် ရှိသွားပါပြီ၊ စက်ဆုပ်ရွံရှာဖွယ် ကောင်းလောက်အောင်ကို အုပ်ချုပ်ရေး အာဏာပိုင်တွေက နှိပ်စက် ညှဉ်းပမ်း နေတဲ့အတွက် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးက ပြားပြားဝပ်နေခဲ့ရတယ်။ အခုကိစ္စမှာလည်း သူတို့တည်ထောင် ထားတဲ့ တရားရုံးနဲ့ သူတို့ဖွဲ့စည်းထားတဲ့ ရဲတွေကစွဲတဲ့အမှု၊ သူတို့က လွှတ်မလားဗျ၊ အပြစ်ရှိတယ်လို့ ဆုံးဖြတ် မှာ ဆုံး ဖြတ်ပြီးမှပဲ သူတို့က ကယ်တင်ရှင် သဘောမျိုးနဲ့ ငါတို့ သဘောထားကြီးစွာနဲ့ လွှတ်လိုက်ပြီပေါ့။ ဒါမျိုး တော့ လက်မခံနိုင်ဘူး။ ဒါတရားမျှတမှုမရှိတဲ့ အရေးယူမှုတစ်ရပ် ဖြစ်တဲ့အတွက် ကိုအောင်မှိုင်းဆန်း တို့ပြောတာ မှန်ပါတယ်””ဟု ကျောင်းသားများအရေး လိုက်ပါ ဆောင် ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောသည်။

အောင်မှူး

- ၂၀၁၅ ရွေးကောက်ပွဲအပြီးနိုဝင်ဘာ ၁၅ ရက်တွင်ပြုလုပ်သောနိုင်ငံတော် သမ္မတနှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ၌ ရန်ကုန် ကျောက်တန်းတွင် မဲရှုံးခဲ့သည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအုန်းမြင့်နှင့် အတူ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်ကို တွေ့ရစဉ်

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

သမ္မတဦးသိန်းစိန် (ဓာတ်ပုံ – Tomohiro Ohsumi / Bloomberg)
အာဏာလွှဲပြောင်းရေးနှင့် ပတ်သက်၍ သံသယဖြစ်နေမှုများကို တုံ့ပြန်သည့် အနေဖြင့် သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က တိုင်းပြည်၏ နုနယ်သေးသော ဒီမိုကရေစီ အတွက် အစဉ်အလာကောင်းတခု ချမှတ်ပေး နိုင်ရန် သမ္မတဦးသိန်းစိန်တွင် ရည်ရွယ်ချက် ရှိကြောင်းပြောကြားလိုက်သည်။ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးခြင်းကို အစိုးရအဖွဲ့၏ “နောက်ဆုံး အောင်ပွဲ”ဖြစ်သည်ဟု လည်းသူက ဆိုသည်။

“ကျနော်တို့ အခုကြိုးစားနေတာက ကောင်းမွန်တဲ့ ဒီမိုကရေစီ အစဉ်အလာတခုကို တည်ထောင်ရေးဖြစ်ပါတယ်။ ရွေး ကောက် ပွဲတခုကနေ ဖွဲ့စည်းခဲ့တဲ့ အစိုးရက နောက်ထပ် ရွေးကောက်ခံ အစိုးရတခုကို ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း ပေးတာမျိုး ကျနော် တို့ နိုင်ငံရဲ့ သမိုင်းမှာ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကထဲက ဒီလိုမျိုး မရှိခဲ့ပါဘူး။ ကျနော်တို့ အစိုး ရရဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ နောက်ဆုံး တာဝန် တခုအနေနဲ့ ကျနော်တို့ ဒါကိုလုပ်ပါမယ်။ အဲဒါက ကျနော်တို့ရဲ့ နောက်ဆုံး အောင်ပွဲပါ။” ဟု ဦးရဲထွဋ်က ဧရာဝတီသို့ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိခဲ့ပြီးနောက် NLD ပါတီ ဥက္ကဌ ဒေါ်အောင် ဆန်း စုကြည် နှင့် တွေ့ဆုံ ဆွေးနွေးရန် သဘောတူခဲ့ပြီး ဖြစ်သော သမ္မတ ဦးသိန်းစိန်က လွန်ခဲ့သော ၁၀ ရက် NLD ပါတီ အနိုင်ရကြောင်း သေချာသွားသည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတနှင့် တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုခဲ့ ပါသည်။

သမ္မတက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု ချက်ချင်းမပြုလုပ်ခဲ့ဘဲ နှောင့်နှေးနေခြင်းက NLD ပါတီ ဦးဆောင် သော အစိုးရသစ်တခု ပေါ်ပေါက်လာရေးကို အတားအဆီးဖြစ်နိုင်သည်ဟု တချို့က သတိပေးခဲ့ကြ သည်။

အဆိုပါ စိုးရိမ်မှုများက အခြေအမြစ် မရှိဟု ဦးရဲထွဋ်က ပြောသည်။ ရွေးကောက်ပွဲပြီးသည့် နောက် ပထမဆုံးကျင်းပ သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် သမ္မတဦးသိန်းစိန်က ချောမွေ့ငြိမ်းချမ်းသော အာဏာလွှဲပြောင်းရေးအတွက် ပြင် ဆင်ထား ရန် မှာကြားခဲ့ပြီး ဖြစ်သည်ဟု သူက ထပ်ပြောသည်။

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံဆွေးနွေးမှု မည်သည့် အချိန်တွင် ဖြစ်လာမည်ဆိုသည်နှင့် ပတ်သက်၍ လည်း သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူက ယခင်က ထုတ်ပြန်ခဲ့ပြီး ဖြစ်သည့် အတိုင်း ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်း စဉ်များ ပြီးဆုံးသည့် အချိန်တွင် တွေ့ဆုံမည်ဟု အခိုင်အမာပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ ရွေးကောက်ပွဲပြုလုပ်ပြီး ၄၅ ရက်အတွင်းတွင် ရွေးကောက်ပွဲကော်မရှင် ၏ လုပ်ငန်းများကို ပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်သည်။ အညင်းပွားမှုများ၊ တိုင်ကြားမှုများ ရှိလာပါကလည်း အဆိုပါ ရက် အတွင်းတွင် ကော်မရှင်က ဖွဲ့စည်းပေးသည့် ခုံရုံးက ကြားနာဖြေရှင်းပေးရမည် ဖြစ်သည်။ ရွေးကောက်ပွဲက နိုဝင်ဘာ လ ၈ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ၄၅ ရက်ပြည့်မည် ဖြစ်သည်။

“နိုင်ငံတော် သမ္မတက သူအဆင်ပြေတဲ့အချိန် သူဆုံးဖြတ်မှာပေါ့။ အဲဒါရှင်းနေတာပဲလေ။ ဒါပေမယ့် နားလည်ထားဖို့ က တွေ့ခြင်း မတွေ့ခြင်းနဲ့ တာဝန်လွှဲပြောင်းနဲ့ ဘာမှမဆိုင်ဘူး။ အဲဒါတော့ နားလည်ထားဖို့ လိုတယ်။” ဟု ဦးရဲထွဋ် ကပြော သည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ကတိပေးခဲသည့်အတိုင်း လုပ်ဆောင်ခဲ့သည့် အစိုးရတခုကို အသိအမှတ် မပြုဘဲ သံသယရှိနေသူများကိုလည်း ဝေဖန်ခဲ့သည်။

“ကျနော်ပြောမယ်၊ သမ္မတကြီး ဦးသိန်းစိန် ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ ၂၀၁၁ ကလည်း မယုံဘူး။ ငြိမ်းချမ်းရေး လုပ်မယ် ပြောတော့လည်း မယုံဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတော့လည်း မယုံဘူး။ ဒါပေမယ့် သမ္မတကြီး ဦးသိန်းစိန်က ကတိပေးထားတဲ့ အတိုင်းလုပ်ပြခဲ့ပြီးပြီ။ တာဝန်လွှဲပေးတာကိုလည်း လုပ်ကိုလုပ်မှာ။” ဟု ဦးရဲထွဋ်က ဧရာဝတီသို့ပြောသည်။

မဲမသမာမှုများစွာရှိခဲ့သည်ဟု အများက ယူဆထားခဲ့သော ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ဦးသိန်းစိန် ခေါင်းဆောင်သော အရပ်သား တပိုင်းအစိုးရ၏ သက်တမ်းက လာမည့် ၂၀၁၆ ခုနှစ် မတ်လ တွင် ကုန်ဆုံးမည်ဖြစ်သည်။

ပြီးခဲ့သည့် အပတ်အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် နှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့ နှင့် တွေ့ဆုံရန် စာရေးသား တောင်းဆိုခဲ့သည်။ စာ များထဲတွင် အတိုက်အခံ ခေါင်းဆောင်က အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆွေးနွေးရန် ဆန္ဒရှိနေကြောင်းဖော် ပြ ထားပြီး နောက် အပတ်တွင် တွေ့ဆုံနိုင်ရေးအတွက် စီစဉ်ပေးရန် မေတ္တာရပ်ခံခဲ့သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လည်း သမ္မတ ဦးသိန်းစိန်ကဲ့သို့ ပင် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းစဉ်များ ပြီးဆုံးသည့် အချိန်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ပြန်ကြားခဲ့ပါသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ကိုယ်စားလှယ် နေရာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ပါသည်။ ရွေးကောက်ပွဲတွင် NLD နှင့် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြည် ထောင်စုကြံ့ခိုင်ရေး ပါတီ အပါအ၀င် နိုင်ငံရေးပါတီ ၉၀ ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

စမ်းယမင်းအောင် .Irrawaddy

လူချစ်လူခင် များသလောက်ကို လူမုန်းလည်း များတဲ့သူ။
ဒါပေမယ့် ချစ်သူရော၊ မုန်းသူရောက လေးစားကြတဲ့သူ … ။
ဆရာဝန်ဆိုပေမယ့် သူ့ပုံစံက ကျနော်နဲ့ခပ်ဆင်ဆင်။ "အသားမည်းမည်း၊ဂင်တိုတို၊ပုကွကွ" ဆိုတာ ကျနော်တို့နှစ်ယောက်ကို အနီးစပ်ဆုံးပုံဖော်တဲ့ဝေါဟာရဖြစ်မယ်။ မျက်နှာမှာ မှဲ့ခြောက်ပေါင်းများစွာပါတာက ကျနော့်ထက်သာသေး။ ဒါပေမဲ့ ဆရာဇော်က ကျနော့်ထက်ပိုပြီး ကြံ့ခိုင်တောင့်တင်းပါတယ်။ အကျဉ်းထောင်ထဲမှာ ကိုယ်လက်လှုပ်ရှားမှုကျန်းမာရေး အလိုက်စားဆုံးပုဂ္ဂိုလ်ဟာ ဆရာဇော်ပါပဲ။ ကျနော်သူ့ကို လူကိုယ်တိုင် မမြင်ဖူးခင် ကတည်းက နာမည်ကို ကြားဖူးနေတာပါ။ မန္တလေးအမရပူရသား။ဒေါက်တာမျိုးရိုး။ အဖေဒေါက်တာ၊ဇနီးဒေါက်တာ၊ ညီအစ်ကိုမောင်နှမတွေဒေါက်တာ၊
ယောက္ဖဒေါက်တာ။ (နောက်ပိုင်းမှာဆို သားသမီး သုံးယောက်စလုံးပါ ဒေါက်တာ)။

ဒေါက်တာဇော်မြင့်မောင် ဆရာဝန်ဘွဲ့ရတော့ မန္တလေးဆေးတက္ကသိုလ်မှာပဲ ဆရာပြန်လုပ်တယ်။ ရှစ်လေးလုံး အရေးတော်ပုံကျတော့ တက်တက်ကြွကြွ ပါဝင်လာတယ်။ NLD ပါတီဝင်တယ်။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ အမရပူရမြို့နယ်ကနေ အမတ်အဖြစ် အရွေးခံရတယ်။၁၉၉၀၊ ဂန္ဓီညီလာခံနောက်ပိုင်း နဝတစစ်အစိုးရက လွှတ်တော်ခေါ် ပေးဖို့ ပျက်ကွက်တာကနေစပြီး နိုင်ငံရေး တင်းမာမှုတွေ ဆက်တိုက်မြင့်မားလာတယ်။ နိုင်ငံရေးအင်းအားစုတွေ (ဒီမိုကရက်တစ်တွေ)ကို တစ်စတစ်စ ဖြိုခွင်းလာတယ်။ ဒီလိုနဲ့ပဲ ဒေါက်တာဇော်မြင့်မောင်အပါအဝင် အမတ်တချို့ကို စင်ပြိုင်အစိုးရထောင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးထောင်ချတယ်။ အမတ်တချို့ကို ရရာပုဒ်မတွေနဲ့အရေးယူတယ်။ ဒေါက်တာစိန်ဝင်းအပါအဝင် အမတ်တချို့က နယ်စပ်(ပြည်ပ)ကို တိမ်းရှောင်သွားကြတယ်။ တချို့က သွေဖည်သွားကြ တယ်။ တချို့လည်း ဖောက်ပြန်သွားကြတယ်။

ကျနော် ဆရာဇော့်ကို စမြင်ဖူးတာက သိပ်တော့ ကဗျာမဆန်လှပါဘူး။ နေရာက အင်းစိန်ထောင်ရဲ့ စစ်ခွေးတိုက် ထဲမှာ။ အချိန်က ဝေလီဝေလင်း။ အဲဒီ့နေ့က မှတ်မှတ်ရရ ဧပြီလ ၁ရက်နေ့။ မနက်အစောကြီး ၃ နာရီခွဲလောက်မှာ ကျနော် တို့အခန်းတံခါးတွေရဲ့သော့ခလောက်တွေကို တဂျောင်းဂျောင်းနဲ့ လာဆွဲခါရင်း "ထောင်ပြောင်းပါတယ်။ ပြင်ထားကြ" လို့ လာပြောတယ်။ ဘယ်လောက် စိတ်တိုဖို့ကောင်းသလဲဗျာ။ အိပ်လို့ အကောင်းဆုံးအချိန်ကြီးမှာ အဓမ္မလာနှိုးတာလေ။ ဒါပေမယ့် အကျဉ်းထောင်မဟုတ်လား။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်မှ မဟုတ်တာ။ ဒီလိုနဲ့ပဲ လာခေါ်တဲ့ဝါဒါနောက်ကိုလိုက်။ စစ်ခွေးတိုက်ရှေ့မှာ ခြေကျင်းအခတ်ခံ။ စစ်ခွေးတိုက်ထဲက သူတို့ဝင်ခိုင်းတဲ့ အခန်းထဲကိုဝငရတယ်။ ကိုယ့်လူတွေချင်းလဲ ကွဲကုန်တယ်။ ပြောင်းရွှေ့ရမယ့် ထောင်အလိုက် လူတွေပြန်တွဲလိုက်တာကိုး။ ကျနော်တို့အခန်းထဲကို ပါလာတဲ့ တစ်ယောက်က ကိုကြည်ဖေကျော်(ဘိုကလေး)။ သူက ထောင်သက်ရင့်နေပြီ။ ထောင်ထဲမှာနေသားတင် ၇နှစ်ကျော်လို့ မူလအမှုကလည်း လွတ်ပြီ။ ဒါပေမယ့် လွတ်ရက်မစေ့ခင် ထောင်ထဲမှာ
နောက်အမှုထပ်ဖြစ်လို့၊ထောင်ထဲမှာ ထောင်ထပ်ကျ နေသူ။ ထောင်တွင်း နောက်အမှုမှာ ဒေါက်တာဇော်မြင့်မောင်က သူ့အမှုတွဲ။ ကျနော် ကြားဖူးရုံသာ ကြားဖူးတဲ့
ဒေါက်တာ ဇော်မြင့်မောင်ဆိုတာကို သူပဲ ပြတာ။ ခြေကျင်း အခတ်ခံပြီးတဲ့အခါ ကျနော်တို့ အခန်းရှေ့ကနေ ဖြတ်ဖြတ်လျှောက်သွား ကြတဲ့သူတွေထဲက တစ်ယောက်ကို "အဲဒါပေါ့ ဒေါက်တာဇော်မြင့်မောင်" ဆိုပြီး ညွှန်ပြတာ။ ဒါပေမယ့် ကျနော်က လွဲပါ တယ်။ ဆရာဝန်ဆိုတော့ ဖြူဖြူသန့်သန့်၊ခန့်ခန့်ချောချောကို လိုက်ရှာကြည့်နေတာနဲ့ ကျော်သွားတော့မလို့။ ဆရာဝန်ဆိုတော့ ကျနော့်လို အသားမည်းမည်း၊ဂင်တိုတို၊ပုကွကွလို့ ဘယ်ထင်မှာလဲဗျာ။ပြီးတော့ အဲဒီ့နေ့မှာ မြင်တွေ့ လိုက်ရတဲ့ သူ့ပုံစံကိုလည်းကြည့်ဦးလေ။ ထောင်ကပေးတဲ့ ဖျင်ကြမ်းအဖြူ ပုံစံအင်္ကျီကို လက်မောင်းရင်းကနေ ဖွာလန် ကြဲအောင် ဖြတ်ထားတယ်။ ဝါကျင့်ကျင့်ဖြစ်နေတဲ့ ပုံစံပုဆိုးကိုလည်း ဒူးခေါင်းဖုံးရုံ တိုတိုလေးဝတ်ထားတယ်။ ပြီးတော့ သူ့အရပ်နီးပါး လောက်ရှိတဲ့ ဆာလာအိတ်ကြီးကို နောက်ကျောမှာပိုး၊ သိုင်းကြိုးကို နဖူးမှာချိတ်လို့။ လက်တစ်ဖက်မှာလည်း အထုပ်တစ်ထုပ်က ဆွဲထားသေးတယ်။

ကျန်တဲ့လက်တစ်ဖက်က ခြေကျင်းကိုကိုင်။ မြင်ရတာ ကို့ယို့ကားယားဆိုတော့ ဘယ်လိုလုပ် ဆရာဝန်လို့ ထင်ရက်ပါ့မလဲ။အဲဒီ့နေ့ ထောင်ပြောင်းတာ
နိုင်ငံရေးအကျဉ်းသားတွေချည့်ပါပဲ။ အရေအတွက်လည်း အတော်များပါတယ်။ ပြောင်းရတဲ့ထောင်တွေက တောင်ငူ၊မန္တလေး၊မြင်းခြံ၊မြစ်ကြီးနား။ ပြောင်းရတဲ့သူစုစုပေါင်းက တစ်ရာကျော်လောက်ရှိမယ်။ လူဟောင်းတွေရော၊လူသစ်တွေရော၊လူငယ်တွေရော၊လူကြီးတွေရော အရောရောအထွေးထွေး။ အထူးတိုက်ကလူတွေကို ဘယ်တုန်းကမှ
ထောင်ပြောင်းလေ့ မရှိခဲ့ပေမယ့်၊ဒီတစ်ခေါက်မှာတော့ အထူးတိုက်ကနေ ဦးဝင်းထိန်(NLD) ထောင်ပြောင်း ပါလာလို့ အားလုံး တအံ့တသြ ဖြစ်ကြရတယ်။ ဦးဝင်းထိန်ကိုယ်တိုင်တောင် April Fool အဖြစ် လာနောက်တယ်လို့ ထင်နေတာတဲ့။ ဒါပေမဲ့ ဘယ်သူက ဘယ်ထောင်ကိုပြောင်းရမယ်ဆိုတာတော့ ဘယ်သူမှမသိရ။ ကြိုပြောလေ့လည်း မရှိ။ ခေါ်တဲ့နောက်ကိုသာ တစ်သီတစ်တန်းကြီး လိုက်သွားရတာ။ အဲဒီ့နေ့ ထောင်ပြောင်းရတဲ့သူတွေ အများကြီးထဲမှာ အပြင် မှာကတည်းက လက်တွဲခဲ့ဖူးသူတွေ၊ ခင်မင်ရင်းနှီးခဲ့တဲ့သူတွေလည်း အတော်များများပါလာပါတယ်။ ကျနော်တို့အမှုတွဲ ကျောင်းသား ၄ယောက်စလုံး ပါတယ်။ လှိုင်သာယာက ဦးဖိုးအေးတို့ သားအဖပါတယ်။ ကိုသားကြီး၊ကိုမျိုးမင်းနိုင် (မျိုးကြီး/နန္ဒ)တို့အတွဲတွေပါတယ်။

ဘယ်ထောင်ကို ဘယ်သူတွေပြောင်းကြရမယ်ဆိုတာ အတိအကျ မသိရပေမယ့် အရင်ဆုံးသွားရ မယ့်လမ်း ကြောင်းက မန္တလေးထောင်ဆိုတော့၊ မန္တလေးသား
ဒေါက်တာဇော်မြင့်မောင် အလွန်ပျော်နေပါတယ်။ ထောင်ထဲမှာ နေလာရတာလည်း ၇နှစ်လောက်ရှိနေပြီဆိုတော့ အခုလိုအုတ်ရိုးပြင်ပက မြင်ကွင်းတွေကို
မြင်ရ၊ ပြင်ပလေကို ရှူရှိုက် ခွင့်ရတာကြောင့်လည်း ဆရာဇော်တစ်ယောက် အတော်လေး ရွှင်ရွှင်လန်းလန်း၊တက်တက်ကြွကြွဖြစ်နေပါတယ်။ ဆရာဇော့်မှာ တက်ကြွဖြတ်လတ်တဲ့ ဟန်ပန်ရှိတယ်။ စကားပြောရင်လည်း မျက်နှာသာမက၊ တစ်ကိုယ်လုံး ပါအောင် ပြောတတ်တယ်။ ဟန်ဆောင်ပလွှားမှုတွေ လုံးဝမရှိဘဲ ဟောဟောဒိုင်းဒိုင်းနဲ့ အားရပါးရ ပြောတတ်တယ်။ " နောက်ထပ် ၇ နှစ်နေဖို့ ခွန်အားတွေ ရှိသွားပြီ" တဲ့။ (ဒါပေမဲ့ နောက်ထပ် ၁၀နှစ်ကျော်လောက် ထပ်နေရဦးမယ်ဆိုတာကိုတော့ ဘယ်သူမှ မထင်ရက်ကြ ဘူးလေ) ရထား အချုပ်တွဲထဲမှာဆိုလည်းသူ့အသံချည့်ပါပဲ။ကျနော်တို့စီးရတဲ့ ရထားကလည်း အတော်နှေး ပါတယ်။လမ်းမှာတွေ့သမျှ ဘူတာစဉ် အကုန်ရပ်တယ်။ ဧပြီလ ၁ရက်နေ့၊ နေ့လည်လောက်ကတည်းက ရန်ကုန်ဘူတာ ကြီးကနေ ထွက်ခဲ့တဲ့ရထားဟာ နောက်တစ်ရက် နေ့ခင်းပိုင်းမှ မန္တလေးကိုရောက်တယ်။

အဲဒီ့ကာလမှာ မန္တလေးထောင်က နန်းတွင်းထဲကနေ အိုးဘိုဘက် ရွှေ့ပြီးနေပါပြီ။ ဒါပေမဲ့ ဆောက်လက်စတွေလည်း ရှိနေပါသေးတယ်။ အကျဉ်းထောင်ရဲ့ ထုံးစံအတိုင်း၊ ကျနော်တို့ထောင်ပြောင်းလူသစ်တွေ ရောက်လာတဲ့အခါ ဦးချိုးဖို့ ကြိုးစားပါတယ်။ ပါလာသမျှ ပစ္စည်းတွေ အတော်များများကို အကြောင်းအမျိုးမျိုးပြပြီး သိမ်းပစ်တယ်။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို၊ အင်းစိန်ထောင်မှာ တရားဝင်တဲ့ပစ္စည်းဟာ မန္တလေးထောင်ရောက်မှ တရားမဝင်
ဖြစ်ရတာမျိုးလည်း ရှိတယ်။ ကျနော်တို့ရောက်လာမှ အရေးပေါ် ထုတ်ပြန်လိုက်တဲ့ စည်းကမ်းအသစ်တွေလည်း ပါတယ်။ ဖိနပ်လုံးဝမစီးရဘူး၊ ပလပ်စတစ်ခွက် လုံးဝ မသုံးရဘူး ဆိုတာမျိုးပေါ့။ ကျနော်တို့ကတော့ ဒီမန္တလေးထောင်မှာနေရမှာမဟုတ်ပါဘူး။ တခြားထောင်ကို ထပ်ပြောင်းရဦးမှာပါဆိုပြီး ဆရာဇော်က ပြန်တောင်းလို့ ဖိနပ်တွေ ပြန်ရခဲ့တယ်။ဘူးဝမှာ တန်းစီလူစစ် နေတုန်း၊ ထောင်အရာရှိတွေ သူတို့အချင်းချင်း ပြောနေသံတွေအရ၊တချို့ကို မြင်းခြံထောင်၊ တချို့ကို မြစ်ကြီးနားထောင် ပြောင်းမယ်ဆိုတာတော့ သိလိုက်ရတယ်။ ကျနော်တို့အားလုံးကို မန္တလေးထောင်ရဲ့တိုက်ခန်းတွေထဲခွဲထည့်တယ်။ ညနေစောင်းမှာတော့ တချို့ကို တိုက်ရုံး ခန်းခေါ်ပြီး ကျန်းမာရေး စစ်ဆေးတယ်။ ကျနော့်အရှေ့မှာက ဆရာဇော်။ နောင်မှ သိလိုက် ရတာက မနက်ဖြန်မြစ်ကြီးနား ထောင် ဆက်ပြောင်းရမယ့်သူတွေကို fit for travel ဖြစ်မဖြစ် စစ်ဆေးတာ တဲ့။ အဲဒီ့မှာ မန္တလေးထောင်ဆေးရုံအုပ်ကြီး ဒေါက်တာဦးအောင်သန်းနဲ့ ဆရာဇော်တို့ တွေ့ကြတယ်။ ရှေ့မှာပြောခဲ့ပါရောလား။ ဆရာဇော်တို့ကဒေါက်တာမျိုးရိုး ဆိုတာလေ။ ဆရာဇော့်အဖေ ဒေါက်တာဦးချစ်မောင်
ဆိုတာက ဒေါက်တာဦးအောင်သန်းရဲ့ဆရာရင်း။ ဆရာဇော့်ကို ဆေးစစ်ရင်းနဲ့ မိသားစုဆီ အကျိုးအကြောင်း ပြောပေးပါ့မယ်လို့ ဂတိပေးတယ်။ နဝတရဲ့မျက်စောင်း အကြောင်းသုံးပါး မရွေးတဲ့ကာလမို့၊ အမှန်တကယ်အကြောင်းကြားပေးရဲလိမ့်မယ်လို့ ဘယ်သူမှ မယုံကြည်ခဲ့ကြပါဘူး။

နောက်တစ်ရက်၊နေ့လည်မှာတော့ မြစ်ကြီးနားထောင်ကို ဆက်ပြောင်းရမယ့်
ကျနော်တို့(၁၂) ယောက်ကို လာခေါ်ထုတ်ပါတယ်။ မန္တလေးထောင်ကနေ အချုပ်ကားပြာကြီးနဲ့ မန္တလေးဘူတာကြီးကို သွားရတယ်။ မြစ်ကြီးနားကို ထွက်မယ့်ရထားက အဆင်သင့်မရှိသေးတော့ ကားပြာကြီးပေါ်မှာပဲ အတော်ကြာကြာ နေနေရတယ်။ အဲဒီ့အချိန်မှာပဲ ဆရာဇော့်ရဲ့ဇနီးဒေါက်တာဒေါ်ယုယုမေဆိုင်ကယ်လေးနဲ့ ရောက်လာပါတယ်။ဒေါက်တာဦးအောင်သန်းအကြောင်းကြား လို့တဲ့။

ကျနော်တို့မှာ မန္တလေးထောင်ဆေးရုံအုပ်ကြီး ဒေါက်တာဦးအောင်သန်းကို ကြည်ညိုလေးစားလို့မဆုံး ဖြစ်ခဲ့ရ ပါတယ်။ ရထားပေါ်ကို တက်ရတော့လည်း ရထားက အတော်နဲ့မထွက်ပါဘူး။ ရထားမထွက်သ၍ ဆရာဇော့်ဇနီး ဒေါက်တာ ဒေါ်ယုယုမေလည်း အတော်ပင်ပမ်းရှာပါတယ်။ လိုအပ်မယ်ထင်တာတွေ သွားဝယ်ပေးလိုက်၊ ရထားဆီ ပြန်လာလိုက်။ အိမ်လိပ်စာတွေပေး၊ဖုန်းနံပါတ်တွေပေးပြီး အိမ်တွေကို ဆက်သွယ်ခိုင်းတဲ့ သူတွေကလည်း ခိုင်းပေါ့။ ညနေစောင်းမှာ ရထားထွက်တော့လည်း၊ ရထားလမ်းနဲ့ယှဉ်လျက် ကားလမ်းကနေ ဆိုင်ကယ်နဲ့ လိုက်လာပါသေးတယ်။ ရထားပေါ်နဲ့ ဆိုင်ကယ်ပေါ်ကနေ တစ်ယောက်နဲ့တစ်ယောက် လက်ပြနှုတ်ဆက် ကြလို့မဆုံး။ လမ်းချင်း ကွာသွားတဲ့အခါ မြင်ကွင်းကနေ ပျောက်သွားလိုက်၊ခနနေတော့ ပြန်ပေါ်လာလိုက်။ ဒီလိုနဲ့ ထုံးဖိုဘူတာမှာ ရထားခနကလေးရပ်တော့၊ ကြိုတင်အကြောင်း ကြားထားလို့ထင်ပါရဲ့ ဆရာဇော့်ရဲ့သားသမီးတွေနဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ လာပြီးနှုတ်ဆက်ကြတယ်။ ဆရာဇော် စတင်အဖမ်းခံရစဉ် တုန်းက တစ်နှစ်သမီးလေးက အခုဆို ၇နှစ်ကျော်နေပြီ။ ဖခင်ဖြစ်သူကို ပထမဆုံးအကြိမ် နီးနီးကပ်ကပ် မြင်ခွင့်ရတာဆိုတော့ ကလေးက မျက်ရည်ဝဲနေပါတယ်။ မျက်ရည်ဥလေးက မျက်ဝန်းစပ်မှာ တွဲလဲလေး။
" သမီး ဖေဖေက ငိုတာမကြိုက်ဘူးနော်" လို့ အမေကလည်း ပြောလိုက်ရော၊ တွဲလဲခိုနေတဲ့ မျက်ရည်ဥလေး ပြန်ဝင်သွားတာကို ကျနော်တို့ တတွေ တအံ့တသြ
မြင်လိုက်ကြရတယ်။ ဆရာဇော်က အတော်လေးကို စိတ်ခိုင်ပါတယ်။ ဘေးက ကျနော်တို့လူငယ် တွေတောင် မျက်ရည်မဆယ်နိုင်ဖြစ်ကြရတဲ့ မိသားစုတွေ့ဆုံပွဲမှာ ဆရာဇော် တစ်ချက်မှ မျက်နှာမပျက်ခဲ့ပါဘူး။မြစ်ကြီးနားထောင်ဟာကျနော်တို့ မရောက်ခင်အထိက ဂငယ်ထောင်ပါ။ ထောင်အသေးလေး။ အကျဉ်းသားစုစု ပေါင်းမှ(၈၀၀)လောက်ရှိတာပါ။ ထောင်ဆေးရုံဆိုတာလည်း မရှိပါဘူး။

ကျနော်တို့ကို အဓမ္မ ပြောင်းရွှေ့ပြီး ကကြီးထောင် အဖြစ် မဟားဒယားသတ်မှတ်လိုက်တာပါ။ကျနော်တို့တတွေ မြစ်ကြီးနားထောင်ကိုရောက်တော့ ည ၉နာရီထိုးပါပြီ။ ခပ်မှိန် မှိန်မီးရောင်မှာမြင်နေရတဲ့ တိုက်ဟောင်းတစ်ခုထဲကို ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာခင်ဇော်ဝင်းတို့ကို ခေါ်သွားပါ တယ်။ ကျန်တဲ့ ကျနော်တို့ ၁၀ယောက် ကိုတော့ ငါးခန်းတွဲမျက်နှာချင်းဆိုင် အခန်း ၁၀ခန်းရှိတဲ့ တိုက်သစ်ထဲမှာ တစ်ခန်းစီ ထားပါတယ်။ ရောက်စ မှာ ထုံးစံအတိုင်း အနေနည်းနည်းကြပ်ပေမယ့်၊ ICRC ရောက်လာပြီးနောက်ပိုင်း မှာတော့ အနည်းငယ်သက် တောင့်သက်သာ ဖြစ်လာပါတယ်။ ဆရာဇော်ဟာ ကိုယ့်အချင်းချင်း စည်းရုံးရေးထက်၊ ထောင်ဝန်ထမ် တွေကိုစည်းရုံးတာ ပိုအောင်မြင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်းပြောတတ်တဲ့ သူ့စရိုက်သဘာဝကြောင့် မလိုမုန်းထားဖြစ်သူတွေလည်း ရှိပါတယ်။ ထောင်ဝန်ထမ်းတွေအပေါ် စည်းရုံးရေးကောင်းတဲ့ ဆရာဇော်ကြောင့် ထောင်တွင်းနိုင်ငံရေးလှုပ်ရှားမှုတွေတော့ အများကြီးလုပ်နိုင်ခဲ့ပါတယ်။ အမှတ်တရ စာစောင်တွေ၊ လက်ရေးဂျာနယ်၊ မဂ္ဂဇင်းတွေ အတော်များများလည်း ထုတ်နိုင်ခဲ့ပါတယ်။ ဆရာဇော်က စာလည်း အတော် ဖတ်ပါတယ်။ သိပ်မညံ့လှတဲ့ ကဗျာအတိုအစလေးတွေလည်း
ရေးပါတယ်။ နိုင်ငံရေး ရပ်တည်ချက်ကလည်း အတော်ကို ခိုင်မာပါတယ်။ ကျနော့်လိုပဲ လူပုစိတ်တို ဆိုပေမယ့် အခက်အခဲ အကြပ်အတည်းကြားထဲ၊ မိုးထဲရေထဲ
ရောက်တဲ့အခါတွေမှာတော့ အလွန်ကို စိတ်ရှည် သည်းခံနိုင်စွမ်း ရှိပါတယ်။ သူ့တစ်ဦးတည်း ရပ်တည်ချက်အရ ခေါင်းမာတတ်ပေမယ့် အများကျိုးနဲ့ ယှဉ်လာတဲ့အခါမျိုး၊ အထူးသဖြင့် လူငယ်တွေနဲ့ ပတ်သက်လာရင်ပျော့ပြောင်းလေ့ရှိပါတယ်။ ဆရဇော့်ဆီကနေ ကျနော်တို့ တတွေ အတုယူရ တဲ့ ထူးခြားမှုကတော့၊ ထောင်ထဲမှာပေမယ့် အချိန်ကို အလဟဿ မဖြစ်စေတာပါပဲ။ သူ့ရဲ့အချိန်အများစုကိုလည်း စာဖတ်ခြင်း၊ ကျန်းမာရေးလေ့ကျင်းခန်းလုပ်ခြင်း၊ တရားထိုင်ခြင်းတွေနဲ့သာ ကုန်လွန်စေပါတယ်။

၂၀၀၄ခုနှစ်နောက်ပိုင်း၊ နိုင်ငံရေးအကျဉ်းသားတချို့ကို သာမန်အကျဉ်းသားတွေအများစုနဲ့ရောပြီး အသုတ်လိုက်၊ အသုတ်လိုက် ပြန်လွှတ်ပေးတဲ့အခါ အများနည်းတူပဲ ဆရာဇော်လည်း မျှော်လင့်ခဲ့မိမှာပါ။ ဒါပေမယ့် ကိုယ်မပါဘဲ ကျန်နေ ရစ်လို့လည်း ဘယ်တော့မှ အနေအစား ပျက်လေ့မရှိပါဘူး။ ဒါကလည်း ထုံးစံပါပဲ။ ထောင်ထဲမှာ ကျန်နေရစ်ရသူအတွက်က ဆက်လက်ရှင်သန်၊ရပ်တည်နိုင်ဖို့အတွက် ရုန်းကန် ရင်ဆိုင်ရဦးမှာ မဟုတ်လား။ ထိုင်မှိုင်နေလို့မှ မရတာ။ ဒါပေမယ့် ၂၀၀၅ခုနှစ်၊ ဇူလိုင်လ ကျနော်တို့တတွေ လွတ်တဲ့အခါမှာတော့ ဆရာဇော် အတော်လေး စိတ်မကောင်းဖြစ် ကျန်ရစ်ခဲ့ပုံရ ပါတယ်။ လွတ်သွားတဲ့သူ ၅ယောက်က သူနဲ့အရင်းနှီးဆုံးသူတွေဖြစ်ယုံမက၊ လူကလည်း မကျန်တော့သလောက် ဖြစ်သွား တာကိုး။ စစ်အစိုးရက ဆရာဇော့်အပေါ်မှာတော့ အတော်ကို အညှိုးကြီးခဲ့ပုံ ရပါတယ်။ ကျနော်တို့ လွတ်မြောက်ပြီးမှကိုပဲ အကြိမ်ကြိမ်ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေမှာလည်း ဆရာဇော်မပါပါဘူး။၂၀၁၁ခုနှစ်၊နှစ်ဆန်း ပိုင်းလောက်မှ ဆရာဇော် ပြန်လွတ်တယ်လို့ ကြားပါတယ်။ ထောင်ထဲမှာ ဆရာဇော်နေခဲ့ရတာ အနှစ် ၂၀ကျော်လိမ့်မယ် ထင်ပါတယ်။ ဆရာဇော် ထောင်ကလွတ်တော့ ဆရာဝန်လိုင်စင် ပြန်လျှောက်တာ မရတဲ့အကြောင်း ကြားရပါတယ်။

ထုံးဖိုဘူတာမှာ မျက်ရည်ဥလေးတွေပြန်သိမ်းနိုင်ခဲ့တဲ့ သမီးငယ်လေးတောင် ဆရာဝန်ဘွဲ့ရသွားပြီ ဆိုတာလည်း ကြားရပါတယ်။ ထောင်ထဲမှာ ကိုယ်ရောစိတ်ပါ ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ခဲ့ပြီး၊ ကိုယ့်ရဲ့ယုံကြည်ချက်၊ ရပ်တည်ချက်တွေ မယိုင်မလဲ၊ မပွန်းပဲ့ခဲ့တဲ့ ဆရာဇော့်အတွက် ကျနော်ဂုဏ်ယူပါတယ်။ ဒါ့အပြင် မမေ့မလျော့ ထပ်ဆင့်ဂုဏ်ပြုသင့်သူ
တစ်ယောက်ကတော့ ဆရာဇော့်ရဲ့ဇနီး ဒေါက်တာဒေါ်ယုယုမေပါပဲ …. ။ ။

ဇူလိုင်လ(၂၀)ရက်နေ့ထုတ် အာရှအလင်းဂျာနယ်မှ …. ….
ကိုမာကီ(၈၈မျိုးဆက်)

မြစ်ကြီးနားမြို့၌ ဆန္ဒပြနေကြသူများကို နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ်

ဖားကန့်ဒေသတွင် ရှမ်းအမျိုးသားနှစ်ဦး အသတ်ခံခဲ့ရနှင့် ဆက်စပ်ပြီး မြစ်ကြီးနားမြို့တွင် ရှမ်းတိုင်းရင်းသားများ ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

ဆန္ဒထုတ်ဖော်မှုကို မြစ်ကြီးနား၊ ဖားကန့်၊ နမ္မတီး၊ တာလောကြီး တိုက်နယ်၊ ဆင်ဘို တိုက်နယ်၊ စစ်ကိုင်းတိုင်း ဟုမ္မလင်းဒေသမှ ဒေသခံ ရှမ်းတိုင်းရင်းသား ရှစ်ရာကျော် တက်ရောက်ခဲ့ပြီး မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများရေးရာအဖွဲ့မှ ဦးဆောင်ခဲ့သည်။

ဆန္ဒထုတ်ဖော်မှုကို နိုဝင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်မှ ၁၂ နာရီခွဲအထိ ရှမ်းစုမြောက်ရပ်ကွက် ၀န်းသိုကျောင်းမှ စီတာပူတံကွေ့အထိ လေးမိုင်းနီးပါး လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး “စိုင်းထွန်းလွင်နှင့် ဦးစိုင်းကံဆက်တို့အား သတ်ဖြတ်သည့် တရားများဖော်ထုတ်ပေး” “ လက်နက်အားကိုး အနိုင်ကျင့်သတ်ဖြတ်သည့် အဖွဲ့အစည်း အလိုမရှိ” “အဓမ္မဆက်ကြေးကောက်ခံသည့် အဖွဲ့အစည်း အလိုမရှိ” ၊ “အဓမ္မတပ်သားသစ် ဖမ်းဆီးသည့် အဖွဲ့အစည်း အလိုမရှိ”၊ “တိုင်းရင်းသား အချင်းချင်း အနိုင်ကျင့် လွှမ်းမိုးမှု အလိုမရှိ”၊ “ လူ့အခွင့်အရေး ချိုးဖောက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်း အလိုမရှိ”၊ “ရှမ်းမျိုးနွယ်စုများ တည်တံ့ခိုင်မြဲရေး ဒို့အရေး” စသည့် ကြွေးကြော်သံများဖြင့် လှည့်ပတ်ကြွေးကြော်ခဲ့ကြသည် ။

ယင်းဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သည့် ရှမ်းမျိုးနွယ်စုများရေးရာအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစန်းဝေက “ဦးစိုင်းထွန်းလွင်နှင့် ဦးကံဆက်တို့သတ်ဖြတ်ခံရတဲ့ ကိစ္စ၊ ဆက်ကြေးကောက်ခံရမှုကိစ္စ၊ တပ်သားသစ် စုဆောင်းခံရတဲ့ ကိစ္စရပ်တွေ၊ လယ်ယာအနီး မိုင်းထောင်တဲ့ ကိစ္စတွေ အဲဒါတွေကြောင့် ကျွန်တော်တို့ ခံနေရတယ်ဆိုတာကို မြန်မာသိ၊ ကမ္ဘာသိ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်။ ဖားကန့်မှာ အသတ်ခံရပြီး ချက်ချင်းဆန္ဒထုတ်ဖော်ဖို့ လုပ်ပေမယ့် အောက်တိုဘာ ၂၀ ရက်ကနေ ဒီနေ့အထိ ရွှေ့လိုက်ရတာ ဖြစ်ပါတယ်။ ကေအိုင်အေလို့ ကျွန်တော်တို့ဘာကြောင့် စွပ်စွဲရသလဲဆိုရင် စက်တင်ဘာ ၁၆ ရက်က ကောင်ဆန် တိုက်နယ်မှူးအိမ်မှာ သယံဇာတအဖွဲ့က ဆက်ကြေးလာတောင်းပါတယ်။ နှစ်စဉ်လည်း ပေးခဲ့ပါတယ်။ဆက်ကြေးကိစ္စသည် ဒီနှစ်တွေမှာ မဖြစ်သင့်တော့ဘူးဆိုတဲ့ ပြောခဲ့တာရှိပါ။ ဦးထွန်းလွင်နှင့်အတူ တခြားလူတွေလည်း မပေးဖို့ သွားရောက်တောင်းဆိုတယ်။ မပြေလည်လို့ ၂၄ ရက်မှာ ပြန်ခေါ်တယ်။ ပြေလည်ခဲ့တယ် ပြောပါတယ်။ ကျွန်တော်တို့ ရေးရာအဖွဲ့ကလည်း မြစ်ကြီးနားနည်းပညာအကြံပေးအဖွဲ့ရုံးကို စာပို့ခဲ့ပါတယ်။ ဆက်ကြေးကောက်ခံခြင်း သက်ညှာပေးဖို့ပါ။ မိတ္တူကို မြောက်ပိုင်းတိုင်းမှူး၊ နယ်လုံဝန်ကြီး၊ စစ်ထောက်လှမ်းရေကိုလည်း ပို့ခဲ့ပါတယ်။ အဲဒီလို့နဲ့ အောက်တိုဘာ ၅ ရက်မှာ အိမ်ကို လူငါးယောက်လောက်လာပြီး ပစ်သတ်သွားတဲ့ သဘောပါ။ ရှမ်းနီပါတီဝင်ဖြစ်လို့ ကေအိုင်အိုနည်းပညာအကြံးပေးအဖွဲ့ရုံးကို သွားပြီး ဆွေးနွေးကြပါတယ်။ UNFC ကိုလည်း တိုင်ကြားခဲ့ပါတယ်။
ဦးကံဆက်ကတော့ ရှမ်းနီပါတီစည်းရုံးဆင်းတဲ့အခါ ကေအိုင်အေကို ဆက်ကြေးပေးစရာ မလိုဘူးဆိုတဲ့စကားကို တွင်ကျယ်စွာသုံးနှုန်းခဲ့တာကြောင့် ဒီလိုလုပ်ခံရခြင်းဖြစ်တယ်လို့ ယူဆကြပါတယ်။ ကျွန်တော်တော်တို့ဟာ တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ရဲ့သားနဲ့ သူများနဲ့မတူဘဲ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ ဥပဒေစိုးမိုးလိုတဲ့ဆန္ဒကြောင့် ဆန္ဒဖော်ထုတ်ရတာပါ။ အမှုဖွင့်ထားပေမယ့် ဒီအတိုင်း မပြီးသွားစေချင်ဘူး။ နှစ်ဦးစလုံးကိုသတ်တဲ့ ကျည်ဆန်တွေလည်း တူပါတယ်။ လူသတ်တရားခံဟာ တစ်ယောက်တည်းလို့တောင် ယူဆပါတယ်။
အမှုမှန်ကို ပေါ်ပေါက်အောင် ဆောင်ရွက်မယ်လို့ ယူဆပါတယ်”ဟု လူထုကို ပြောကြားသည်။

ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရုံးမှ တာဝန်ရှိသူများကမူ ယင်းဖြစ်စဉ်ကို ကေအိုင်အေမှ စစ်ဆေးမှုများလုပ်ခဲ့ကြောင်း ကေအိုင်အေလက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်မဟုတ်ကြောင်း ပြောဆိုထားသည်။

အောက်တိုဘာ ၅ ရက်တွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာတွင် အသတ်ခံရသည့် ဦးထွန်းလွင်၏ ဇနီးဖြစ်သူက “ကျမတို့တော့ ကေအိုင်အေက ဆက်ကြေးမပေးလို့ သတ်တယ်လို့ပဲ ယူဆတယ်။ မသတ်ခင် ရက်ပိုင်းလေးတွေအထိ အိမ်အထိ လိုက်ခေါ်နေတာ ရှိပါတယ်။ ကျွန်မ အောက်ပိုင်းဆင်းပြီးနောက်ရက် ငွေလိုလို့ ငွေလွှဲခိုင်းပြီး အပြင်ထွက်တော့ နောက်ကနေလိုက်ပြီး သတ်တဲ့သဘောပါ။ ခါတိုင်းရက်တွေက တိုက်နယ်ရုံးမှာငြင်းခဲ့ပြီး အိမ်ပြန်လာတော့ သူစိတ်မလုံတဲ့သဘော ရှိနေတယ်။ဘာဖြစ်ဖြစ်ကျွန်မတော့ အိမ်ထောင်ဦးစီးဆုံးတော့ ဒုက္ခရောက်နေတယ်” ဟု ပြောကြားသည်။

ဆန္ဒထုတ်ဖော်မှုတွင် “လက်နက်မဲ့ ပြည်သူလုံခြုံမှုသည် နိုင်ငံတော်အစိုးရတွင် တာဝန်ရှိသည်”၊ “KIO/KIA တို့ ဥပဒေမဲ့ သတ်ဖြတ်မှု ကျဆုံးပါစေ” စသည့် ကြွေးကြော်ချက်နှင့် စီတာပူကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရုံးသို့ သွားရောက်သည့်အတွက် ခွင့်ပြုမိန့်ကို ရုပ်သိမ်းကြောင်း မြို့ နယ်ရဲတပ်ဖွဲ့မှူးမှ ၁၁ နာရီ မိနစ် ၄၀ အချိန်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသားများ အခွင့်အရေးဆုံးရှုံးမှုများမှာ ဘက်ပေါင်းစုံတွင် ရှိနေကြောင်း၊ ဒေသခံကြောက် စိတ်ကြောင့် ပြောဆိုထုတ်ဖော်ခွင့် မရခဲ့သောကြောင့် လွှတ်တော် ငါးနှစ်သက်တမ်းတွင် ရှမ်းတိုင်းရင်းသားများအရေးနှင့် ပတ်သက်ပြီး တစ်ကြိမ်သာ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ကြောင်း ကချင်ပြည်နယ် လက်ရှိ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ပြုံးရည်က ပြောကြားသည်။

Eleven Media Group

(Credit: Ye Htut's Facebook)
(Credit: Ye Htut's Facebook)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ အရှေ့အာရှနိုင်ငံများ ထိပ်သီးညီလာခံမှာ စနေနေ့က အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ ခဏတာ တွေ့ဆုံပြီး - ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေကို ပြောဆိုခဲ့ကြ တယ်လို့ မြန်မာသမ္မတရုံးရဲ့ ပြောခွင့်ရ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ပြောဆိုမှု အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။

အလားတူ သမ္မတ ဦးသိန်းစိန်ဟာ - ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ - အာဆီယံနဲ့ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံတို့ရဲ့ ထိပ်သီးညီလာခံ ဘေးပန်းမှာ ခဏတာ တွေ့ဆုံခဲ့ကြပြီး - ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် အဆင်ပြေ ချောမွေ့စွာ အာဏာလွှဲပြောင်းနိုင်ရေး မြန်မာအစိုးရကို ကူညီသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း ကျိုဒိုသတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ရဲ့ ဦးဆောင်မှုအောက်မှာ - ပြုပြင်ပြောင်းလဲမှု ရလဒ်အနေနဲ့ သမိုင်းဝင်ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့တဲ့ အပေါ်မှာလည်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတ ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ထိပ်သီးညီလာခံ အဖွင့်မိန့်ခွန်းမှာလည်း အိမ်ရှင်ဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်က - မြန်မာနိုင်ငံမှာ သမိုင်းဝင် ရွေးကောက်ပွဲ တွေကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အပေါ် အာဆီယံအသင်းကြီးအနေနဲ့ ချီးကျူးခဲ့ပြီး၊ မြန်မာနိုင်ငံသာမက ဒေသတခုလုံး တည်ငြိမ်ရေးနဲ့ တိုးတက်ရေး အတွက် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်မှုတွေ ကို မလေးရှားက ဆက်လက် အားပေး သွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) နဲ့ အမေရိကန်၊ ရုရှား၊ သြစတြေးလျ၊ အိန္ဒိယ၊ တရုတ်၊ နယူးဇီလန်၊ တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံတို့ ပါဝင်တဲ့ အရှေ့အာရှနိုင်ငံများရဲ့ ထိပ်သီးညီလာခံကို လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ ပထမနေ့ ဆွေးနွေးပွဲတွေကို စနေနေ့က စတင် ကျင်းပခဲ့တာပါ။ တနေကုန် ဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြပြီးနောက် မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇတ် က ညီလာခံတက်ရောက်လာတဲ့ ခေါင်းဆောင်တွေကို ရိုးရာ အဆိုအကတွေ ပါဝင်တဲ့ Gala ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့တာ ဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/obama-thein-sein-meeting/3068336.html

 dassk-620.jpg
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ်

ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံကို အရင်ဆုံးလာရောက်လည်ပတ်ဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖိတ်ကြားလိုက်ကြောင်း ဂျပန်နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းကိုလည်း ဂျပန်ဝန်ကြီးချုပ်က ချီးကျူးပြောဆိုလိုက်ပါတယ်။

မစ္စတာ အာဘေးရဲ့ ချီးကျူးဂုဏ်ပြုစကားနဲ့ ဖိတ်ကြားချက်ကို မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အထူးကိုယ်စားလှယ်က NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို ပေးအပ်လိုက်တယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/dassk-japan-prime-minister-invite-11212015112058.html

kayah-students-620.jpg နိုဝင်ဘာလ ၂၁ ရက်နေ့က ရှမ်းပြည်နယ် စစ်ဘေးသင့်ပြည်သူတွေအတွက် ကယားပြည်နယ်ကျောင်းသားသမဂ္ဂနဲ့ ကယန်းမျိုးဆက်သစ်လူငယ်တွေ အလှူငွေ ကောက်ခံနေစဉ်

ရှမ်းပြည်နယ်ထဲက စစ်ဘေးသင့်ပြည်သူတွေအတွက် ကယားပြည်နယ်ကျောင်းသားသမဂ္ဂ၊ ကယန်းမျိုးဆက်သစ် လူငယ်နဲ့ ကယားပြည်နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေစုပေါင်းပြီး ဒီမော်ဆိုမြို့၊ မြို့မဈေးမှာ ဒီကနေ့ အလှူခံခဲ့ကြပါတယ်။

အခုလိုက်လံကောက်ခံရရှိလာတဲ့ အလှူငွေတွေကို ရှမ်းပြည်စစ်ဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းသွားမှာဖြစ် တယ်လို့ ကယားပြည်နယ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ခွန်ရဲမင်းကျော်က RFA ကို ပြောပါတယ်။

"အခုအချိန်မှာ စစ်ဘေးဒဏ်သင့်တဲ့ ပြည်သူတွေအများကြီးရှိတာပဲနော်၊ အခုလက်ရှိဖြစ်နေတာတော့ ကချင်နဲ့ ရှမ်းပြည်နယ်မှာ ဖြစ်နေတယ်ပေါ့နော်၊ ဆိုတော့ ကျနော်တို့အလှူခံမှာ ရှမ်းပြည်နယ်တဝိုက်လုံး၊ တစ်နိုင်ငံလုံး မှာစစ်တွေဖြစ်ကြတယ် ဒါတော့ ကျနော်တို့ ရှုတ်ချတယ်၊ ရှုတ်ချတဲ့အနေနဲ့ ဒီလှုပ်ရှားမှုတွေလုပ်ခဲ့တယ်ပေါ့နော် ၊ နောက်တစ်ခုက အခုချိန်မှာရတဲ့အလှူငွေလေးတွေ ကျနော်တို့ တက်နိုင်သမျှ အလှူခံကြတယ်၊ ကျနော်တို့နဲ့ ကယားပြည်နယ်မှာ အနီးစပ်ဆုံးဖြစ်တဲ့ ရှမ်းပြည်နယ်ကို ကျနော်တို့က ပေးလှူသွားမှာပေါ့နော်"

မနေ့ကလည်း လွိုင်ကော်မြို့ မှာ အလှူငွေတွေ လိုက်လံကောက်ခံခဲ့ပါတယ်။

သူတို့အဖွဲ့ အနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မိုးဗြဲ၊ ဖယ်ခုံ စတဲ့မြို့တွေမှာ အလှူငွေဆက်လက် ကောက်ခံသွား မှာဖြစ်ပြီး ရှမ်းပြည်စစ်ဘေးသင့် ပြည်သူတွေဆီကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမှာဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် မိုင်းရှုးဘက်မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေ တာ တစ်လကျော်ကြာခဲ့ပြီး အနီးပတ်ဝန်းကျင်က ဒေသခံတစ်သောင်းကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြ ရပါတယ်။

RFA
http://www.rfa.org/burmese/news/kayah-students-activists-seek-donation-war-refugees-11212015103613.html


shan-refugees-620.jpg
အစိုးရတပ်နဲ့ SSPP/SSA တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ် ဟိုက်ပါကျေးရွာမှာ တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်အလယ်ပိုင်း မိုင်းနောင်မြို့တစ်ဝိုက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ တာကြောင့် ကျေးရွာတွေကနေ ထွက်ပြေးကြတဲ့ စစ်ပြေးဒုက္ခသည်တွေ နေရပ်မှာ ပြန်နေကြဖို့ တပ်မတော်ဘက်က ပြန်ခေါ်နေတယ်လို့ သိရပါတယ်။

တပ်မတော်ကနေ မိုင်းနောင်မြို့က ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ဒေသခံတွေကို ပြန်လာနေကြဖို့ ပြီးခဲ့တဲ့ ၂ ရက်လောက်ကစပြီး ပြောသွားပေမယ့် ဒေသခံတွေအနေနဲ့ ပြန်မလာရဲသေးဘူးလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် က ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းခွန်မိုင်က ပြောပါတယ်။

"သူတို့ အဲ့ဒီရွာသားတွေကိုပြောတော့ ဘာမှမဖြစ်ဘူး ပြန်လာနေဖို့ အဲ့လိုမျိုးတော့ ပြောတယ်ခင်ဗျ၊ စစ်သားတွေ ကလည်း ပြည်သူပြည်သားတွေကို အရင်လိုမျိုး ပြန်နေစေချင်တယ် ဒါပေမဲ့ ပြည်သူပြည်သားတွေကလည်း ဘယ်အချိန် ထပ်ဗုံးကျဦးမယ်၊ ဘယ်အချိန် တပ်ပြီးတော့ ရဟတ်ယာဉ်တွေနဲ့လာပြီး ဗုံးထပ်ကြဲဦးမလဲဆိုတာ သူတို့က အဲ့ဒီဟာကိုမသိဘူး၊ အဲ့ဒီဟာတွေအတွက်လည်း စိုးရိမ်နေကြတယ်၊ နောက်ထပ်တချို့ အဲ့ဒီမှာ ကျန်ရစ်ခဲ့တဲ့လူတွေကလည်း အဲလိုမျိုး ကတုတ်ကျင်းတွေလို ကျင်းတွေတူးပြီး နေကြတဲ့ဟာတွေလည်းရှိတယ်၊ မိုင်းနောင်ကနေထွက်ပြီးတော့ မထွက်ရဲတဲ့ဟာတွေလည်း ရှိနေသေးတယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ မိုင်းနောင်မြို့နဲ့အနီးတဝိုက်မှာ လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ် တာတွေကြောင့် ဒေသခံ ၁၅ဝ ကျော်က တောင်ကြီးမြို့ကို ထွက်ပြေးလာကြပြီး ၇ဝဝ ကျော်လောက်ဟာ လဲချားမြို့ဘက်ကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အဲ့ဒီလို ပစ်ခတ်ခံခဲ့ရပြီး မိုင်းနောင်မြို့ထဲက နေအိမ် ၉ လုံး၊ အထက်တန်းကျောင်း ၁ ကျောင်း ပျက်စီးခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၂ ရက်လောက်ကစပြီး တပ်မတော်သားတွေက ကျောင်းကို ပြန်လည်ပြင်ဆင်ပေးနေကြတယ်လို့လည်း သိရပါတယ်။

အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲတွေဟာ မိုင်းနောင်မြို့အရှေ့ဘက်နဲ့ မြောက်ဘက်တွေမှာ တိုက်ပွဲတွေဖြစ်နေတာပါ။

RFA
http://www.rfa.org/burmese/news/shan-refugees-fighting-intensifies-mongnaung-11212015101728.html

လက်ရှိအစိုးရနဲ့ ပတ်သက်ပြီး သူငယ်ချင်းတွေ စကားပြောဖြစ်ကြတဲ့အခါတိုင်း ပါဝါဥပဒေသ (၄၈)ရပ် (48 Laws of Power) စာအုပ်အကြောင်းက အမြဲပါပါလာတတ်ပါတယ်။ အဲဒီစာအုပ်က လောကမှာ ပါဝါလို ချင်တဲ့သူတွေ မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပဲ ဆိုပါတော့။ အဲဒီနည်းလမ်းတွေထဲမှာ ကိုယ့်ဘ၀အတွက် အသုံးကျတဲ့ နည်းတွေလည်း ပါသလို ညစ်ပတ်တဲ့ နည်းလမ်းတချို့လည်းပါတယ်။ ရက်စက်တဲ့နည်းတချို့ လည်း ပါဝင်ပါတယ်။ ဒီလိုနည်းလမ်းတွေကို ကိုယ်က ရိုးရိုးရှင်းရှင်းပဲ ဘ၀ကို တည်ဆောက်ချင်လို့ အသုံးမပြုချင်ဘူး ဆိုရင်တောင်မှ သိထားဖို့တော့ လိုမယ်။ ဒါမှတစ်ဖက်က သုံးလာခဲ့ပြီဆိုတဲ့အခါမှာ ဥာဏ်နဲ့ဆင်ခြင်နိုင်မှာ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာပါတဲ့ ဥပဒေသတစ်ခုကို ထုတ်နုတ်တင်ပြပါမယ်။ ကြိုတင်ပြောလိုတာကတော့ အတိအကျ ဘာသာပြန်မှာမဟုတ်ဘဲ နားလည်လွယ်အောင်သာ ရေးမှာဖြစ်ပါတယ်။

ပါဝါဥပဒေသ (၁၆) - ရှားပါးအောင်လုပ်ပြီး တန်ဖိုးတက်အောင် ကြိုးစားပါ။

Law (16) - Use ‘Absence’ to increase respect and honor

ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုကို ပြောပါမယ်။ အာဆီးရီးယန်း (Assyrians) တွေရဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်မှုကို ခံခဲ့ကြရတဲ့ မီဒီးစ် (Medes) တွေဟာ ဘီစီ(၈) ရာစုအရောက်မှာတော့ တော်လှန်ပုန်ကန်ပြီး လွတ် လပ်ရေးရယူခဲ့ကြတယ်။ သူတို့ကိုယ်ပိုင်အုပ်ချုပ်မှု လုပ်ရတော့မယ်ဆိုတဲ့အခါကျတော့ အတိတ်ကဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး ဘုရင်စနစ်နဲ့မလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီလို ဦးဆောင်သူမဲ့ အုပ်ချုပ်ကြတဲ့ အခါကျတော့ တိုင်းပြည်က တည်ငြိမ်မှုတွေ ပျောက်ဆုံးလာခဲ့ရတယ်။ တရားသူကြီးတွေ အကျင့်ပျက်လာကြတယ်။ တရားရုံးက ဆုံးဖြတ်ပေးလိုက်လည်း ဘယ်သူကမှ လေးလေးစားစား မလိုက်နာကြတော့ဘူး။

အဲဒီလိုအချိန်မျိုးမှာ ကျေးရွာတစ်ရွာက Deioces ဆိုတဲ့ လူတစ်ယောက်ဟာ မတရားမှုတွေကို ကိုင်တွယ်ဆုံးဖြတ်တဲ့နေရာမှာ နာမည်တော်တော်လေးကြီးလာတယ်။ နောက်ဆုံးရှိသမျှ ရွာနီးချုပ်စပ်က လူတွေအားလုံးကပါ သူ့ဆီလာပြီး အဆုံးအဖြတ် ယူလာကြတဲ့အထိပဲ။ အဲဒီလို အားလုံးက ယုံကြည်အားကိုးနေတဲ့အချိန်မှာ ရုတ်တရက်ဆိုသလို မလုပ်တော့ဘူးဆိုပြီး ရပ်ပစ်လိုက်တယ်။ အဲဒီမှာတင်ပဲ တိုင်းပြည်က အရင်လိုမတည်မငြိမ်နဲ့ ဒုစရိုက်မှုတွေ ထူပြောလာပြန်တော့ ရွာတွေရွာတွေစုပြီး အစည်းအဝေးလုပ်ကြတယ်။ ဒီအတိုင်းတော့ မဖြစ်ချေဘူး။ ဘုရင်စနစ်ကို ပြန်ထူထောင်မှ ဖြစ်တော့မယ်။ အဲဒီ ဘုရင်နေရာကိုလည်း သမာသမတ်လည်းရှိ၊ အရည်အချင်းလည်းရှိတဲ့ ခုနက တရားသူကြီးကိုပဲ ပေးအပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာကနေ နောက်ဆုံးမှာ သူဟာဘုရင် အဖြစ်နဲ့ တိုင်းပြည်ကို ၃၅ နှစ်တိုင်တိုင် အုပ်ချုပ်သွားနိုင်ခဲ့တယ်။ နောင်တစ်ချိန် ပါရှန်း အင်ပါယာ ဖြစ်လာစေမယ့် တိုင်းပြည်ကြီးကို အုတ်မြစ်ချပေးနိုင်ခဲ့တယ်။

သူရဲ့ဥပမာကို လေ့လာကြည့်ရင် သူဟာ The law of presence and absence ကို ကောင်းကောင်း အသုံးချသွားတာကို တွေ့ရပါမယ်။ အရင်ဆုံးရှိနေအောင် ကြိုးစားတယ်။ လူအများကို သတိထားမိစေတယ်။နှစ်သက်စေတယ်။ ကိုယ့်ရဲ့ရှိတည်မှုကို အားလုံးက အသိအမှတ်ပြုနေချိန်၊ လိုချင်နေချိန်ကျတော့မှ လူမြင်ကွင်းကနေ ဖျောက်နေလိုက်တယ်။ အဲဒီအခါ ကိုယ့်ရဲ့တန်ဖိုးက ပိုတက်လာပြီး ဘုရင်နေရာထိ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ဒီနည်းလမ်းကို ချစ်ရေးချစ်ရာ ကိစ္စမှာလည်း အသုံးချလို့ရပါတယ်။ ချစ်သူဆီမှာ ကိုယ့်ကိုသတိရနေစေမယ့် အရာတွေရှိနေအောင် လုပ်ထားပြီးမှ ရုတ်တရက် ခွဲခွါသွားခဲ့မယ်ဆိုရင် အနေဝေးလို့ သွေးအေးမှာ မဟုတ်တဲ့အပြင် ကိုယ့်ကို အမြဲသတိရနေပြီး ပိုလို့တောင် ချစ်နေဦးမှာပါ။ Love never dies of starvation but often of indigestion လို့ ဆိုထားပါတယ်။ ဆီလျော်အောင် ဘာသာပြန်ရရင်တော့ မတွေ့ရလို့ သေမသွားပါဘူး။ အတွေ့ရများပြီး အဆင်မပြေပါမှသာ သေဆုံးသွားတတ်တာ အချစ်ဖြစ်ပါတယ်တဲ့။

မိမိဘ၀မှာလည်း အသုံးချလို့ရပါတယ်။

အရင်ဆုံး အောင်မြင်အောင် ကြိုးစားပါ။ နောက်ပြီးရင် ဘယ်အချိန်မှာ အနားယူသင့်သလဲ ဆိုတာကိုလည်း သိထားပါ။ တချို့နာမည်ကျော် ဘောလုံးသမားတွေ၊ ရုပ်ရှင်မင်းသားမင်းသမီးတွေ နာမည်တက်နေတဲ့ အချိန်မှာ ရုတ်တရက် အနားယူလိုက်တာမျိုးတွေ မြင်ဖူးမှာပါ။ အဲဒါဟာ ဒီသဘောတရား ပါပဲ။ ဘယ်သူမှ ခေါ်မသုံးတော့လို့ အနားယူရတာမဟုတ်ဘဲ နာမည်တက်နေချိန်မှာ အနားယူလိုက်တာက အားလုံးကို တသသနဲ့ ဖြစ်ကျန်နေစေခဲ့ပါတယ်။ အရာအားလုံးမှာ အတက်ပြီးရင် အကျရှိပါတယ်။ နေရာတစ်ခု မှာ ကိုယ်အမြင့်ဆုံးထိ ရောက်ပြီးရင် ပြန်ကျတဲ့အထိ စောင့်မနေပါနဲ့၊ အနိုင်နဲ့ပိုင်း ထွက်လာခဲ့ပြီး နယ်ပယ်သစ်မှာ နာမည်ကောင်းနဲ့ စတင်လိုက်ပါ။

စီးပွားရေးမှာဆိုလည်း ဒီလိုပါပဲ။

တချို့သော ကုန်ပစ္စည်းတွေ Limited edition နဲ့ထုတ်ပါတယ်။ ရုတ်တရက် တွေးကြည့်တော့ ဒီထက်ပိုထုတ်ရင် ဒီထက်ပိုရောင်းရပြီး ပိုတောင်မြတ်ဦးမယ် ထင်ချင်စရာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုကန့်သတ် ပမာဏ ထုတ်လိုက်တဲ့အတွက် ၀ယ်သူတွေရဲ့ စိတ်ထဲမှာ ဒါကိုကိုင်နိုင်တာ ဘယ်လိုလူတန်းစားတွေဆိုတဲ့ အဆင့်တစ်ခု သတ်မှတ်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒီရှားပါးပစ္စည်းကို လိုချင်ကြတဲ့အခါ ၀ယ်လိုအားက အဆမ တန်တက်လာတယ်။ ၀ယ်လိုအားက ရောင်းလိုအားထက် ပိုမြင့်နေတဲ့အခါကျတော့ ဈေးက ဘယ်လောက်မြင့်မြင့်ဆိုတဲ့အထိ ဖြစ်လာတယ်။

အပြောချင်ဆုံးအပိုင်း လာပါပြီ။ နိုင်ငံရေးပါ။

ဆင်းမ်ကတ်တစ်ကတ်ကို သိန်း ၃၀ လောက် ပေးဝယ်ရအောင် လုပ်ထားခဲ့ပြီးမှ တစ်ကတ် ၁၅၀၀ နဲ့ရအောင် လုပ်ပေးလိုက်တာ၊ ကားအသစ်တွေကို ဈေးနည်းနည်းနဲ့ ၀ယ်စီးလာနိုင်တာ၊ ဒါတွေဟာ အစိုးရသစ် ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့်လို့ ထင်နေကြသူတွေကလည်း မနည်းဘူး။

တစ်သက်လုံး အဖက်လေးတောင် လှည့်မလုပ်ခဲ့ကြရာကနေ မိဘပြည်သူများရယ်လို့ ခေါ်ခံလိုက်ရတော့ ကျွန်တော်တို့မှာ အကြီးအကျယ် ဟတ်တွေကိုထိလို့။

မီးလည်းမပေး ၊ လမ်းလည်းမရှိ၊ ဖြစ်ချင်သလိုဖြစ်၊ နေတတ်သလိုနေ နှစ်ပေါင်းများစွာ ထားခဲ့ပြီးမှ ရွေးကောက်ပွဲမှာ အရွေးခံရဖို့ မီးတွေလာအောင်လုပ်ပေး၊ လမ်းတွေခင်းပေး လုပ်နေကြတာကို သူတို့တာဝန် သူတို့လုပ် တာလို့ မမြင်ကြတော့ဘူး။ သူတို့လုပ်ပေးလို့ ကျေးရွာဘယ်လို တိုးတက်တာ ဖြစ်ကုန်ကြတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ အာဏာလွှဲမပေးခဲ့ဘူး။ ၂၀၁၀ မှာ ကြိုတင်မဲနဲ့ အနိုင်ယူခဲ့တယ်။ ခု ၂၀၁၅မှာလည်း တစ်ဖက်သတ် နီးပါး အသာစီးရယူခဲ့တယ်။ အဲဒီလိုတွေ နည်းမျိုးစုံနဲ့ လုပ်ဖူးခဲ့လေတော့ အခုတီဗွီမှာ ရွေးကောက်ပွဲအနိုင်ရလဒ်ကို ကြေညာပေးရုံ၊ ရွေးကောက်ပွဲရလဒ်အတိုင်း လက်ခံပါမယ် ပြောရုံရှိသေး၊ စစ်မှန်တဲ့အပြောင်းအလဲ တစ်ခုသဖွယ် တင်စားနေကြပြန်ပါပြီ။

ဒါတွေဟာ အဆိုးဘက်ကမြင်ပြီး မကောင်းပြောနေတာ မဟုတ်ပါဘူး။ မလုပ်ပေးတာထက်စာရင် နည်းနည်းလုပ်ပေးလာတာ၊ ခုရွေးကောက်ပွဲအပြီး မြင်နေကြားနေရတာတွေဟာ ဘယ်လိုပဲဖြစ်ဖြစ် အသိအမှတ်ပြုပေးလို့တော့ ရပါတယ်။ ဒါပေမဲ့ အဲဒါလေးကိုကြည့်ပြီး စစ်မှန်တဲ့ အပြောင်းအလဲတော့ ဖြစ်နေပြီ မယုံကြည်လိုက်ကြဖို့ လိုပါတယ်။ ယုံကြည်မှုလွန်ကဲခြင်းဟာ ရှုံးနိမ့်သွားစေ နိုင်လို့ပါပဲ။
ရှေ့ဆက်လျှောက်စရာ အဝေးကြီး လိုပါသေးတယ်။ ကျွန်တော်တို့ ပြည်သူတွေ သတိမလျော့ကြပါနဲ့ဦး။
Writer:
ဒေါက်တာ ဖြိုးသီဟ
Eleven Media Group[full-post]

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ ရွေးကောက်ပွဲ အသုံးစရိတ်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ရလဒ်ကို ၁၉၉၀ ရွေးကောက်ပွဲကကဲ့သို့ စိစစ်ပယ်ချရန် ကြိုးပမ်းနေသည် ဆိုသည့် သတင်းများအပေါ် စိတ်ပူပန်နေ သည့် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနိုင် အမတ်အချို့  ကို ပြစ်တင်ဆူပူခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြရေးသား ထားသည်။

ရွေးကောက်ပွဲ လှုပ်ရှားမှုနှင့် ပတ်သက်ပြီး ကော်မရှင်ထံ အစီရင်ခံစာများ မပို့မီ အသေအချာ စစ်ဆေးကြရန် ပါတီမှ အကြံပေးများ၊ အနိုင်ရ အမတ်များနှင့် သီးသန့်အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ပါတီ စာရင်းစစ်များကို သတိပေးထားကြောင်း သိရသည်။

NLD ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်လှုပ်ရှားမှုမှာ သတ်မှတ်ထား သည့်ထက် ငွေကျွံ သုံးစွဲခဲ့သည်ဟု စွပ်စွဲပြီး မရွေးချယ်သင့် ကြောင်း ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည် ပြည်ခိုင်ဖြိုးပါတီက လျှောက်ထား တိုင်ကြားမည်ဟု ပြည်တွင်းမီဒီယာများမှ သတင်းရေးသား ဖော်ပြမှုများရှိသည်။

သို့ အတွက် တင်းမာမှုများ ရှိလာခြင်း၊ ပါတီဝင်တွေကြား စိုးရိမ်စိတ်များ ဖြစ်လာခြင်းတို့ကြောင့် အရေးပေါ်လှို့ဝှက်အစည်းအဝေးကို ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

NLD ပါတီက ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် တစ်ဦးစီ အသုံးပြုခွင့် သတ်မှတ်ထားသောငွေမှာ မြန်မာကျပ်ငွေ ငါးသန်းသာ ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် ပမာဏ၏ ထက်ဝက်သာ ဖြစ်သည်။

"ဘယ်သူကပြောလဲ ။ ကျွန်မတို့ အသုံးစရိတ် ငွေငါးသန်းကျော်တယ်လို့။ ကျွန်မတို့ အပြတ်အသတ်နိုင်ပြီးပြီ ။ ဘာအကြောင်းနဲ့မှ လွှတ်တော်ထဲမှာ ကျွန်မတို့ ရဲ့ လုပ်ပိုင်ခွင့်လျော့ မပေးနိုင်ဘူး." ဟု ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်များကို ဆူခဲ့ကြောင်း အဆိုပါ အစည်းအဝေးကို တက်ရောက်သည့် အမည်မဖော်လိုသူ အန်အယ်ဒီ အကြီးတန်းပါတီဝင် တစ်ဦင်္းက ပြောသည်။

ပါတီအတွင်းရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ဒီမိုကရေစီ လှုပ်ရှားသူများမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ နိုင်စဉ်ကလို ပါတီ၏ အောင်မြင်မှုကို တရားမ၀င်ဆိုကာ အစိုးရက ပယ်ချမည်ကို စိုးရိမ်ကြောက်ရွံမှုများ ရှိသည်။

ထိုစဉ်က NLD အနေဖြင့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ရလဒ်ကို လစ်လျူရှုပြီး ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် ချခဲ့သည်။ အနိုင်ရ အမတ် ၈၀ ကျော်က ထိုစဉ်က ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်။

" ကျွန်တော်တို့ ကို နေရာတကာမှာ အနောက်က လိုက်နေပြီး အားလုံးကို ဓာတ်ပုံရိုက် မှတ်တမ်းတင်တာတွေ ရှိတယ်" ဟု ယခုလ ရွေးကောက်ပွဲတွင် အထူးရဲများ၏ သတင်းအချက်အလက် ရယူပုံကို စိုးရိမ်စိတ်ဖြင့် NLD တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ကျွန်တော်တို့ ခရီးစဉ်တစ်လျှောက် သုံးခဲ့တဲ့  ရွေးကောက်ပွဲ ကားတွေမှာ ထည့်ခဲ့တဲ့  ဂတ်စ်တွေ လီတာတိုင်းကိုလည်း တွက်ရမယ် ၊ သူတို့ က သက်သေနဲ့  လာနိုင်တယ်လေ."

ဝေးလံခေါင်းပါးသော ဒေသသို့ သွားသည့် စရိတ်ကြီး ခရီးစဉ်များအတွက် အသုံးစရိတ်များကို မည်သို့ ခွဲဝေမည် ဆိုသည်ကိုလည်း ပါတီတွင်း အချေအတင် ဆွေးနွေးခဲ့သည်ဟု NLD မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကိုယ်စားလှယ်လောင်းများ အနေဖြင့် အသုံးစရိတ်များကို ကော်မရှင်ထံသို့ တစ်လအတွင်း တင်ရမည်ဖြစ်ပြီး မကျေနပ်သူများက ၄၅ ရက်အတွင်း တိုင်ကြားနိုင်သည်။ တိုင်ကြားသူအနေဖြင့် အထောက်အထားနှင့် တိုင်ကြားခ ကျပ်ငွေ ၅ သိန်း ပေးရမည် ဖြစ်သည်။

ထိုလုပ်ငန်းစဉ်မှာ အချိန်ကြာမြင့်မည် ဖြစ်သည်။ ထို့ ပြင် NLD က အများအပြား အနိုင်ရထားသည့်အတွက် တချို့အမတ်များကို အရည်အချင်းနှင့် မညီဟုဆိုကာ ဖယ်ရှားလင့်ကစား လွှတ်တော်နှစ်ရပ်စလုံးတွင် အများဆုံး နိုင်သည်ကို ပယ်ရှားရန် မဖြစ်နိုင်ချေ။ သမ္မတကို NLD ကသာ ရွေးချယ်နိုင်မည် ဖြစ်သည်။

နိုဝင်ဘာလ ၈ ရက်နေ့ မှာရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ရာထူးမှ ဆင်းရတော့ မည့် ပြည်ခိုင်ဖြိုးးပါတီ အများစု လွှမ်းမိုးထားသည့် လွှတ်တော်က ဇန်န၀ါရီလအထိ ရှိနေမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ပါတီ အာဏာရသည့် ပထမနှစ်အတွင်း ဘဏ္ဍာရေး အသုံးစရိတ်ကိုလည်း လက်ရှိလွှတ်တော်ကသာ သတ်မှတ်ပေး သွားမည် ဖြစ်သည်။

လွှတ်တော်အသစ်ကို ၂၀၁၆ ဖေဖော်ဝါရီလတွင် စတင်ပြီး မတ်လအတွင်း သမ္မတအသစ်ကို လွှတ်တော် ၂ ရပ်ရှိ ကိုယ်စားလှယ်များက ရွေးချယ်မည်ဖြစ်သည်။ ထို့ နောက် အစိုးရသစ်ကို နောင် လေးလ ကျော်ခန့် အကြာ မတ်လကုန်မှသာ ဖွဲ့ စည်းမည် ဖြစ်သည်။

လင်းလင်း

ကိုးကား - ရိုက်တာ

The Ladies News Journal

မြန်မာနိုင်ငံ၏ အာဏာရပါတီ အနေဖြင့် ရွေးကောက်ပွဲ ရလဒ် ကို လေးစားပြီး ပြည်သူက ရွေးချယ်သည့်အတိုင်း အာဏာ လွှဲပြောင်းပေး ပါက မြန်မာအပေါ် ထားရှိသည့် အရေးယူပိတ်ဆို့မှု အချို့ကို ဖြေလျှော့ပေး ရန် အမေရိကန်နိုင်ငံ ရီပါဘလစ်ကန် ပါတီက ထိပ်တန်း လွှတ်တော် အမတ်နှစ်ဦးက အမေရိကန်အစိုးရကို တိုက်တွန်းလိုက်သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက အနိုင်ရ ခဲ့သည့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲကို ဂုဏ်ပြုသည့်အနေဖြင့် ထိုအဆိုပြုချက်ကို ရီပါဘလစ်ကန် လွှတ်တော်အမတ် မစ်ခ်ျမက်ကောနဲလ်နှင့် ဂျွန်မက်ကိန်း တို့က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ၏ အဆိုပြုချက်တွင် ရွေးကောက်ပွဲသည် အများအားဖြင့် လွတ်လပ်ပြီး မျှတခဲ့သည်ဟူသော နိုင်ငံတကာ လေ့လာသမားများ၏ အစီရင်ခံချက် ကိုလည်း ကိုးကားဖော်ပြထားသည်။

မြန်မာအစိုးရအနေဖြင့် အစီအစဉ်တကျ ပြည်သူ့ထံ အာဏာ ပေးပါက အမေရိကန်နှင့် မြန်မာဆက်ဆံရေးကို ပုံမှန်ဖြစ်လာအောင် လုပ်ရန်လည်း တိုက်တွန်း အားပေးခဲ့သည်။

အမေရိကန်ပြည်ထောင်စု အနေဖြင့် ၂၀၁၂ ခုနှစ် မြန်မာအပေါ် အရေးယူ ပိတ်ဆို့မှု အတော်များများကို လျှော့ပေါ့ ပေးခဲ့သော်လည်း စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် စစ်အစိုးရနှင့် ပတ်သက်သည့် ခရိုနီစီးပွားရေး သမားများနှင့် စီးပွားရေးကဏ္ဍများကို အရေးယူ ကန့်သတ်ထားဆဲ ဖြစ်သည်။

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် အမေရိကန် လွှတ်တော် အတွင်း မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဦးဆောင်ပြောဆိုသူ အမတ်တစ်ဦးဖြစ်သည်။

ထိုနည်းတူစွာ မစ်ခ်ျမက်ကောနဲလ်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒများကို လွှတ်တော်သို့ တင်သွင်းခြင်း၊ သုံးသပ်ခြင်းများ ပြုလုပ်ရာတွင် အဓိကပုဂ္ဂိုလ်ဖြစ်သည်။

လင်းလင်း

Ref - AP

The Ladies News Journal

ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာချုပ်နဲ့ ပြည်ထောင်စုလွှတ်တော် နာယကတို့ကို တွေ့ဆုံဖို့ လွန်ခဲ့တဲ့ရက်ပိုင်းက တောင်းဆိုတယ်။ အကြောင်းပြန်ချက်တွေကို ကြည့်ရသလောက် အခြေအနေတွေက ကောင်းမနေဘူးလား။ ဘယ်လိုသုံးသပ်မိလဲ။

“ကျနော်တို့ပြည်သူတွေလည်း အသည်းတထိတ်ထိတ်နဲ့ တကယ့်စွန့်စားခန်းကို ကြည့်နေရသလိုပဲ။ ဒါပေမယ့် ကျနော်တို့ပြည်သူတွေက ပရိသတ်မဟုတ်ဘူးဗျ၊ တကယ်ကျတော့။ ဒီရဲ့ဖြစ်လာမယ့် ကောင်းကျိုးဆိုးမွေ အကုန်လုံးကို ကျနော်တို့ပြည်သူတွေက ခံစားကြရမှာ။ ဆိုတဲ့အခါကျတော့ ဒီပုဂ္ဂိုလ်တွေ ဘယ်လိုပုံစံတွေ့မယ်ဆိုတာတော့ ပြည်သူတွေက မသိဘူး။ ဆိုလိုတာက လေးပွင့်ဆိုင်တွေ့မှာလား၊ တယောက်ချင်းတွေ့မှာလား ဆိုတာကိုရော။ ပြည်သူတွေ လိုချင်တာက ရလဒ်ကိုဗျာ။ အဲဒီရလဒ်က နံပါတ် ၁ လုံလောက်တဲ့ အချိန်အတွင်းမှာ ထွက်ရမယ်၊ မဟုတ်လို့ရှိရင် အချိန်နှောင်းသွားတာမျိုး လုံးဝမရဘူးနော်။ နောက်ပြီးတော့ ထွက်လာတဲ့ရလဒ်၊ သဘောတူညီချက်ပေါ့နော် အဲဒါကလည်း ပြည်သူအားလုံး ၀မ်းမြောက်ဝမ်းသာရှိပြီးတော့ ဒါဆိုရင်တော့ ငါတို့ ညီညီညွတ်ညွတ်နဲ့ နောက်ထပ်ရုန်းကန်ကြမယ်၊ လိုက်ပါကြမယ်ဆိုတာမျိုး ဖြစ်လာရမယ်။ အဲဒီတော့ ပြည်သူတွေ စိတ်ပျက်သွားလောက်တဲ့ အချိန်ဆွဲမှုမျိုး မဖြစ်ရဘူး။ ပြည်သူတွေ လက်မခံနိုင်လောက်တဲ့ ရလဒ်ပျက်ပြယ်တာမျိုးလည်း မဖြစ်ရဘူး။ ဒါ အရေးကြီးဆုံးပဲဗျ။”

အခု ဒေါ်အောင်ဆန်းစုကြည် ခေါ်ထားတဲ့ ဆွေးနွေးပွဲတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ပိတ်ထားတဲ့ ပုဒ်မပြင်ဆင်ရေးကိစ္စတွေ ဆောင်ရွက်လို့ မရနိုင်ဘူးလား။

“ကျနော်ပြောချင်တာက သမ္မတဟာ ဘယ်သူဖြစ်ရမယ်ဆိုတာက တပိုင်းဗျ။ သမ္မတ တယောက်ရဲ့လုပ်ပိုင်ခွင့်၊ သူ့မှာ ရှိသင့်ရှိထိုက်တဲ့ အာဏာ အပြည့်ရှိရဲ့လားဆိုတာကို ကျနော်က နံပါတ် ၁ အရင်ပြောချင်တာ။ ဒီဖွဲ့စည်းပုံက ခင်ဗျားလည်း သိတဲ့အတိုင်းပဲ။ ခုနမေးထားတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ၁၁ ဦး အဲဒါက သမ္မတထက် တကယ်အမြင့်မှာ ရှိနေတာနော်။ ကျန်တဲ့ကိစ္စတွေက ဖြစ်လာမယ်လို့ ပြောကြတာပဲ ရှိသေးတယ်။ အခုဟာက စာထဲမှာ ချည်ပြီးတုပ်ပြီး ရေးထားတယ်။ သမ္မတအထက်မှာရှိနေတယ် ဒီ ၁၁ ဦး။ ၁၁ ဦးမှာ ၆ ဦးက စစ်တပ်ကနေ ခန့်တဲ့လူ။ ဟော ဆိုတဲ့အခါကျတော့ အဲဒီမှာတင်ကိုက သမ္မတဟာ တစုံတရာရဲ့အောက်မှာ ရှိနေတယ်ဆိုတာ ခင်ဗျားတို့ပေါ်တယ်။ နောက်တခုဗျာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် သမ္မတကနေပြီးတော့ မတိုက်ပါနဲ့၊ ရပ်ထားပါလို့ ပြောတဲ့အချိန်မှာ စစ်တပ်က သွားတိုက်နေတယ်ဗျာ။ ဆိုတော့ အဲဒီလိုမျိုး နာခံမှုမရှိတဲ့ စစ်တပ်နဲ့ အပေါ်မှာရှိနေရမယ့် သမ္မတကိုတော့ အရင်ပြင်သင့်တယ်။ ဆိုတော့ သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ အပြည့်အ၀ရှိတဲ့ စနစ်ရောက်မှ ဘယ်သူဖြစ်သင့်တယ်ဆိုတာကို ကျနော်က ပိုပြီးတော့ စိတ်ဝင်စားတယ်။”

၁၉၉၀ ပြည့် ပါတီစုံရွေးကောက်ပွဲတုန်းကလည်း အန်အယ်လ်ဒီ နိုင်ခဲ့တယ်။ အာဏာမရဘဲ ပါတီခေါင်းဆောင်တွေ ဖမ်းခံရပြီး ပါတီကို ချည့်နဲ့အောင် လုပ်ခံရတယ်။ အခုလည်း နိုင်တာကရော စိတ်ချရပါ့မလားလို့ အများပြည်သူ စိုးရိမ်မှုတွေအပေါ် ဘယ်လိုပြောချင်ပါသလဲ။

“ဒါတွေအားလုံးက ဒီတိုင်းပြည်မှာ အရေးပါတဲ့ အပြောင်းအလဲအပေါ်မှာ သြဇာညောင်းနေကြတဲ့၊ အင်အားကိုယ်စီ ရှိနေကြတဲ့ ခေါင်းဆောင်တွေပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီတော့ အတိတ်ကဟာက အင်မတန်ခါးသီးပြီးတော့ ရုပ်ဆိုးအကျည်းတန်လှပါတယ်။ အဲဒီလူတွေက ဒီနေ့မှာ သမိုင်းမှာ ၀န်ခံသည်ဖြစ်စေ၊ မ၀န်ခံသည်ဖြစ်စေဗျ အဆိုးရွားဆုံး တရားခံတွေထဲမှာ ပါတယ်ဗျ။ အဲဒီလို ပြုမူခဲ့တဲ့လူတွေအားလုံး။ ပြည်သူက ရွေးလိုက်တဲ့ ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲ ပို့ရမယ့်အစား ထောင်ထဲပို့တယ်ဆိုတာက အင်မတန် ရိုင်းစိုင်းကြမ်းတမ်းပါတယ်။ အခု ကျနော်တို့ဖြစ်ရမှာက လူမှန်နေရာမှန် ဖြစ်ရမယ့်ခေတ်ကို ရောက်ပါပြီ။”

မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ လပိုင်းအတွင်း သူ့အစီအစဉ်အတိုင်း ကျင်းပတော့မယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပါတီက ပုဂ္ဂိုလ်တွေ၊ ပြည်သူလူထုတွေ၊ ဒီဖြစ်စဉ်က နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံး ပေါ်တာပေါ့နော်၊ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘာပြောစရာရှိမလဲ။ ဘာတွေဆောင်ရွက်ဖို့ရှိမလဲ။

“ခင်ဗျားမေးခွန်းထဲမှာ မပါတဲ့ဟာကိုပဲ ကျနော်က ထောက်ပြရမယ်။ ရွေးကောက်ပွဲရလဒ်။ ရွေးကောက်ပွဲရလဒ်ကို ချန်လှပ်ပြီးတော့ စဉ်းစားတာမျိုးက ဘယ်အရေးကြီးတဲ့ အစ်ရှူးမှာမှ မဖြစ်သင့်ဘူး။ အဲဒီတော့ ငြိမ်းချမ်းရေး လုပ်ချင်သလား၊ ရွေးကောက်ပွဲရလဒ်နဲ့ ချိတ်ဆက်ပါ။ ဘာဖြစ်လို့လဲ။ သူက နောင်အခါမှာ အာဏာသုံးရပ်ကို ပါရတော့မယ်လေ။ အဲဒီလူတွေနဲ့ သဘောတူညီမှု မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ လက်တွေ့ကျမလဲ။ ကျနော်ပြောတာ အဲဒါပဲ။ အဲဒီတော့ ငြိမ်းချမ်းရေးလုပ်တာ မကောင်းဘူးလားမေးရင် ကောင်းတယ်။ သို့သော် ဖြစ်သင့်ဖြစ်ထိုက်၊ ပါသင့်ပါထိုက်တဲ့ တရားတွေတော့ ပါရလိမ့်မယ်။ ဒါမှလည်း အရှည်ကောင်းမှာပေါ့ဗျာ။ အခုလတ်တလော ငါရှိတုန်းမှာ ငါက တပိုင်းထားမယ်၊ ကျန်တာ ငါမသိဘူးဆိုလို့ မရဘူး။ ဒါကြောင့်မို့လို့ အခုလာမယ့် တွေ့ဆုံဆွေးနွေးပွဲတွေဟာ အချိန်မီအတွင်းမှာ ဖြစ်လည်းဖြစ်ရမယ်။ ပြီးလို့ရှိရင် အရေးကြီးတဲ့ အချက်တွေအတွက် သဘောတူညီချက်တွေတော့ ထွက်လာရမယ်။ ကျနော်ပြောတဲ့ဟာက ပြီးပြည့်စုံတဲ့ဟာ မဖြစ်သေးရင်နေပါ။ သက်ပြင်းချချင်ပြီဗျာ လူတွေ၊ ပြည်သူလူထုကြီးက သက်ပြင်းချချင်ကြပြီ။ ပြီးတော့မှ ယုံကြည်စိတ်နဲ့ နောက်ထပ်လိုက်ပါဖို့ ပြည်သူလူထုက စောင့်နေကြပါတယ်။ ဒါကြောင့်မို့ တိုင်းပြည်မှာ အရေးကြီးတဲ့ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးဟာ ပြည်သူလူထုအပေါ်မှာ အမြော်အမြင်တရား ထားပြီးတော့ အမြန်ဦးဆောင်ပြီးတော့ အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးပြီးတော့ ဖြေရှင်းကြဖို့ ကျနော် အားလုံးကိုယ်စား တိုက်တွန်းချင်တယ်။”

- မင်းကိုနိုင်