11/23/15


ယခုအခါ NLD မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး နည်းလမ်းများ ရှာကြံလျက် ရှိနေသည်ဟု ဦးတင်ဦးမှ Bangkok Post သတင်းစာကို ပြောကြားလိုက်ပါတယ်။

ပါတီတွင် သူမ သမ္မတ ဖြစ်ရေး ဖေါ်ဆောင်မယ့် Plan Zero ဟု ခေါ်သည့် လမ်းပြမြေပုံ ရှိနေသည်ဟု ဆိုပါတယ်။

ပြည်သူအများက သူမအား သမ္မတ ဖြစ်စေလိုပြီး ဖြစ်လည်း ဖြစ်ထိုက်သူ တဦးဟု ဦးတင်ဦးက ဆိုပါတယ်။

ယခင်က ဦးနုမှ ဗိုလ်ချူ ပ်နေ၀င်းအား အိမ်စောင်အစိုးရ ၀န်ကြီးချူ ပ် အဖြစ် ခန့်အပ်ရန် အတွက် ၁၉၄၇ ဖွဲ့ စည်းပုံပါ တားမြစ်ထားသည့် အပိုဒ်တပိုဒ်အား ယာယီ ရပ်ဆိုင်းပေးခဲ့ပါတယ်။ သို့ပေမယ့် အခု ၂၀၀၈ ဖွဲ့ စည်းပုံမှာ အဲ့သည်လို လုပ်ပိုင်ခွင့် ပေးထားတဲ့ အပိုဒ် မပါဝင်ဘူးလို့ ဥပဒေ ပညာရှင်များက ပြောပါတယ်။

သမ္မတရုံး နဲ့ နီးစပ်တဲ့ သတင်းရပိကွက်တွေကတော့ အခုကိစ္စကို ဘယ်လို လုပ်ပေးရမလဲလို့ နည်းလမ်းရှာဖွေ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက်ဆိုက အသေးစိတ် ဆွေးနွေးရန် လိုနေပြီး တနှစ် နှစ်နှစ်ခန့် အချိန်ယူရအုန်းမှာ ဖြစ်လို့ ဒီကိစ္စအတွက် ၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲခဲ့တဲ့ တပ်မတော် ခေါင်းဆောင်များရဲ့ သဘောတူညီမှု ရဘို့ လိုတယ်လို့ ဦးတင်ဦး က ပြောပါတယ်။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချူပ်မှုးကြီး သန်းရွှေနဲ့ တွေဆုံရေး စာ ရေးသား ပေးပို့ရာမှာ အကြောင်းပြန်စာ ရရှိခဲ့ပြီး စာပါ အကြောင်းအရာများကို လျို့ဝှက်ထားဆဲလို့ သိရပါတယ်။

သမ္မတမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရန် စိတ်အားထက်သန်လျက် ရှိသော်လည်း အကြံပေးများက စောင့်ဆိုင်းရန် ဖိအားပေး နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ APEC အစည်းအဝေးမှာ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည် နဲ့ ဖြစ်နိုင်သမျ အမြန်ဆုံးတွေ့ရန် ဦးသိန်းစိန်အား တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ဦးတင်ဦးက တပ်မတော်ရဲ့ ယုံကြည်မှု တည်ဆောက်နိုင်ရန် တဖြေးဖြေး နဲ့ လိမ္မာပါးနပ်စွာ လုပ်ဘို့ လိုတဲ့အတွက် သက်ဆိုင်သူ အားလုံး တစားပွဲထည်း ထိုင်ပြီး ဆွေးနွေးသွားကြဘို့ လိုအပ်ကြောင်း ပြောပြခဲ့ပါတယ်။

ရည်ညွှန်း။ ။ Bangkok Post

ဓါတ်ပုံ ။ ။ ဦးရဲထွဋ် (ပြန်ကြားရေး)

HSW
BrainWave ဉာဏ်လှိုင်း


ဟားခါးမြို့မှာ နိုဝင်ဘာ ၂၂ ရက်ည ၁၁နာရီခန့်က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေအိမ်အတွင်း ဥပဒေမဲ့လျှို့ဝှက်သိမ်းဆည်းထားတဲ့ ယမ်းတွေပေါက်ကွဲတာကြောင့် ဖြစ်တယ်လို့ ချင်းပြည်နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီလို ပေါက်ကွဲမှုကြောင့် နိုဝင်ဘာ ၂၃ ရက်မွန်းလွဲပိုင်းအထိ လူခြောက်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ ကာ ကားနှစ်စီးနဲ့နေအိမ်ငါးလုံး ပျက်စီးခဲ့ပါတယ်။
Eleven Media Group


ဟားခါးတွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုမှာ နေအိမ်အတွင်းဥပဒေမဲ့သိမ်းဆည်းထားသောယမ်းများ ပေါက်ကွဲခြင်းကြောင့်ဖြစ် ဟားခါးမြို့မှာ နိုဝင်ဘာ ၂၂ ရက်ည ၁၁နာရီခန့်က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေအိမ်အတွင်း ဥပဒေမဲ့လျှို့ဝှက်သိမ်းဆည်းထားတဲ့ ယမ်းတွေပေါက်ကွဲတာကြောင့် ဖြစ်တယ်လို့ ချင်းပြည်နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ဒီလို ပေါက်ကွဲမှုကြောင့် နိုဝင်ဘာ ၂၃ ရက်မွန်းလွဲပိုင်းအထိ လူခြောက်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ ကာ ကားနှစ်စီးနဲ့နေအိမ်ငါးလုံး ပျက်စီးခဲ့ပါတယ်။
Posted by Eleven Web TV on Monday, November 23, 2015


 ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ယာစူကူနီ ဗိမာန်ရဲ့ အများပြည်သူ ကိုယ်လက်သန့်စင်ခန်းမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ပေမယ့် အဆိုပါ ကိုယ်လက်သန့်စင်ခန်းရဲ့ မျက်နှာကျက်၊ ကြမ်းပြင်နဲ့ နံရံတွေ ပျက်စီးသွားခဲ့တယ်လို့ ဂျပန်မီဒီယာတွေမှာ ဖော်ပြပါတယ်။

ပေါက်ကွဲရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲ ဖြစ်ပြီး ပေါက်ကွဲရာနေရာအနီးမှာ ဘက်ထရီနဲ့ ၀ိုင်ယာကြိုးတွေကိုလည်း တွေ့ရှိရကြောင်း၊ အခုလို ပေါက်ကွဲမှုဟာ တမင်ရည်ရွယ် လုပ်ဆောင်တာ ဖြစ်နိုင်ကြောင်း ဂျပန်ရဲတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် မျက်နှာကျက်မှာ ၃၀ စင်တီမီတာခန့် အကျယ်ရှိတဲ့ အပေါက်တစ်ခု ဖြစ်ပေါ်ခဲ့တယ်လို့ NHK သတင်းက ဆိုပါတယ်။

ယာစူကူနီ ဗိမာန်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက သေဆုံးခဲ့တဲ့ ဂျပန်နိုင်ငံသားတွေကို ရည်ရွယ်တည်ဆောက်ထားတာ ဖြစ်ပြီး သေဆုံးသူများအတွက် နှစ်စဉ် ၀တ်ပြုဆုတောင်းပွဲ ကျင်းပတာ ဖြစ်ပါတယ်။

ဒီ ဗိမာန်ကို ယခုလက်ရှိ ဂျပန် ၀န်ကြီးချုပ် Shinzo Abe အပါအ၀င် နိုင်ငံရေးသမားတွေ မကြာခဏ လာရောက် ဂါရ၀ ပြုလေ့ ရှိတယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/


၂၀၁၅နိုဝင်ဘာ ၈ ရက်မြန်မာ့သမိုင်းမှာ အထူး ခြားဆုံးသမိုင်း အလှည့်အပြောင်းတစ်ခုအဖြစ် အ ထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ဒီလိုသမိုင်းဝင်ရွေးကောက်ပွဲကြီး ကို ဝေဖန်မှုများ၊ စိုးရိမ်မှုများကြားက အောင်အောင်မြင်မြင် ကျင်းပပေးနိုင်ခဲ့သည့် နိုင်ငံတော်သမ္မတကြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင်တို့ကို အထူး (အထူး)ကျေးဇူးတင်ကြောင်း ပြည်သူတစ်ယောက်အနေဖြင့် ပြောကြားလိုပါသည်။

ထို့ထက်ပိုသော သတင်း စကားအဖြစ် သမ္မတကြီးနှင့် ကာ ကွယ်ရေးဦးစီးချုပ်၊ ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်များက ပြည် သူတွေက တစ်ခဲနက်အတည်ပြု ထားတဲ့ ဆန္ဒကိုလေးစားပါမည်၊ လိုက်နာမည်ဖြစ်ကြောင်း၊ အနိုင် ရ NLD ပါတီခေါင်းဆောင်ကို သော်လည်းကောင်း၊ ပါတီဝင်တွေ ကိုသော်လည်းကောင်း ဂုဏ်ပြု နှုတ်ဆက်စကား၊ ချီးကျူးစကား များ ထုတ်ဖော်ပြောကြားလာတဲ့ အတွက် ပြည်သူတွေမှာ အချိုပေါ် သကာလောင်းသကဲ့သို့ ၀မ်း မြောက်ဝမ်းသာ ဖြစ်ရသည်ကို ခေါင်းဆောင်ကြီးများ သိရှိစေရန် ဒီနေရာကနေ သတင်းစကားပါး လိုပါသည်။

အနိုင်ရ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကလည်း ရွေးကောက်ပွဲ ကြားကာလတည်ငြိမ်မှုရရှိစေဖို့ အတွက် ခေါင်းဆောင်ကြီးသုံးဦး နှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း နိုဝင်ဘာ ၁၀ ရက်က စာဖြင့်ပေးပို့ ခဲ့သည်ကို ခေါင်းဆောင်ကြီးသုံး ဦးက ဖွင့်ဆိုဆွေးနွေးပါမည်ဆိုတဲ့ အကြောင်းကို အချိန်မဆိုင်းဘဲ ပြန်လည်အကြောင်းပြန်ခဲ့တဲ့အ တွက် မြန်မာပြည်သူအပေါင်းဟာ ရွေးကောက်ပွဲရက် မတိုင်မီက စိုးရိမ်စိတ်များ ပြေလျော့ကာ အ လွန်တရာနှလုံးစိတ်ဝမ်းအေးချမ်း နေကြပါသည်။ သမ္မတကြီး၊ ကာ ကွယ်ရေး ဦးစီးချုပ်တို့ရဲ့ ဦး ဆောင်ကောင်းမှု၊ မြန်မာပြည်သူ တွေရဲ့ အပြောင်းအလဲကို ငြိမ်းချမ်းစွာ ပြောင်းလဲလိုတဲ့စိတ်ဓာတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာတွေကြောင့် ဒီကနေ့ မြန်မာ့ရွေးကောက်ပွဲဟာ အိမ် နီးချင်းနိုင်ငံများသာမက ကမ္ဘာက ပါ သြချချီးကျူးရလောက်တဲ့အထိ ဖြစ်ခဲ့ရပြီး အသွင်ကူးပြောင်းရေးကိုသည် လိုလည်းသွားလို့ရပါလားဆို တာကို ကမ္ဘာ့ပြည်သူတွေကို မက် ဆေ့ခ်ျပေး၊ သင်ခန်းစာပေးလိုက် သလိုဖြစ်သွားတဲ့အတွက် မြန်မာ ပြည်သူတစ်ယောက်အနေနဲ့ အ လွန်ပင်ဂုဏ်ယူကြောင်း ပြောကြားလိုပါသည်။

ဆင်ကောင်ကြီး အမြီးကျမှ တစ်၊ ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသလို အကောင်းဆုံးတွေ လုပ် ပြခဲ့ပြီးခါမှ ဥပဒေပုဒ်မလေးအ ချက်တစ်ချက်ကြောင့်တော့ ကျွန် တော်တို့ရဲ့ အောင်မြင်မှုကို အ ကျည်းမတန်စေလိုပါ။ စာရေးသူ သည် ဥပဒေပညာရှင်မဟုတ်သ ဖြင့် ဥပဒေပိုင်းဆိုင်ရာကို မပြော လိုဘဲ ကျိုးကြောင်းဆီလျော်မှုကိုသာ တင်ပြလိုပါသည်။ ရွေး ကောက်ပွဲဆိုသည်မှာ ပြည်သူ့အ ဆုံးအဖြတ်သာ ဖြစ်သည်။ လွှတ် တော်ရွေးကောက်ပွဲဖြစ်စေ၊ သမ္မတ ရွေးကောက်ပွဲဖြစ်စေ ပြည်သူ့ အဆုံးအဖြတ်သာ ဖြစ်ပါ သည်။ စာရေးသူတို့နိုင်ငံအနေဖြင့် သမ္မတကို ပြည်သူက တိုက်ရိုက် ရွေးကောက်ခွင့်မရှိတဲ့ လွှတ်တော် ရွေးကောက်ပွဲဖြစ်ပါသည်။ ပြည် သူသည် လွှတ်တော်အမတ်ကို ရွေးသည်။ လွှတ်တော်အမတ်တွေ ကမှ သမ္မတကို ရွေးချယ်ရတာဖြစ် သဖြင့် တစ်နည်းဆိုရသော် သမ္မတကို သွယ်ဝိုက်သဘောတောင်မဟုတ်ဘဲ အမတ်တွေကို ကြားကတစ်ဆင့်ခံပြီး ရွေးချယ်စေတာဖြစ်သဖြင့် တိုက်ရိုက်ရွေးကောက်ခြင်းသဘောဆောင်ပါသည်။

ယနေ့ နိုဝင်ဘာ ၈ ရက် ရွေး ကောက်ပွဲတွင် ပြည်သူအားလုံးနီး ပါးသည် NLD ကို မဲအပြတ်အ သတ်ဖြင့် ရွေးကောက်ပြီးပြီဖြစ်ပါ သည်။ ဒီလိုမျိုးရရှိအောင် ပြည်သူ က NLD ကို ဘာကြောင့် မဲပေး လိုက်ရသနည်း။ အဖြေကရှင်းပါ သည်။

NLD ခေါင်းဆောင်ဥက္ကဋ္ဌ ကို ပါတီဥက္ကဋ္ဌခေါင်းဆောင် အဖြစ်မှ တိုင်းပြည်အစိုးရ ခေါင်းဆောင် (သမ္မတ) အဖြစ်သို့ပြောင်းလဲ အုပ်ချုပ်စေလိုသောကြောင့်ဖြစ်သည်။ သမ္မတကို တစ်ဆင့်ခံသာ ရွေးချယ်ခွင့်ရှိတဲ့ ပြည်သူက သူတို့သမ္မတဖြစ်စေလိုသောပါတီခေါင်းဆောင်ကို လွှတ်တော်မှာ မဲအပြတ်သတ်ဖြင့် ရွေးကောက်တင်မြှောက်နိုင်အောင် အဲဒီခေါင်းဆောင်ရှိတဲ့ ပါတီဝင်တွေကို အမတ်တွေအဖြစ် လွှတ်တော်တွင်း အုံနဲ့ကျင်းနဲ့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ပြည်သူက မဲပေးတဲ့နေရာမှာ (၁)ပါတီခေါင်းဆောင်ဘယ်သူလဲ၊ (၂) ပါတီရဲ့နောက်ခံသမိုင်း၊(၃) ပါတီရဲ့ ပေါ်လစီ၊ (၄)ရွေးကောက်ပွဲကြေညာစာတမ်း၊ (၅)ပြည်သူနှင့် ဘယ်လောက်နီးစပ်သလဲဆိုတဲ့အချက်တွေပေါ်အခြေခံပြီး မဲပေးကြခြင်းဖြစ်ပါသည်။ ဒီနေရာမှာ ကိုယ်မဲပေးတဲ့ပါတီခေါင်းဆောင်က ဘယ်လိုလူမျိုး၊ ဘယ်လိုအရည်အချင်းရှိသလဲဆိုတာ မသိဘဲနှင့်တော့ဘယ်ပြည်သူကမှ အဲဒီပါတီကို မဲပေးမည်မဟုတ်ဘူးဆိုတာ အားလုံးအသိပင်ဖြစ်သည်။ ထို့ကြောင့်ပါတီကိုမဲပေးခြင်း၊ ပါတီခေါင်းဆောင်ကို သမ္မတဖြစ်စေလိုခြင်းသည်လည်း ပြည်သူရဲ့ ဆန္ဒအစစ်အမှန်ပင်ဖြစ် ပါသည်။

ယခုအခါ ပြည်သူတွေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်၊ အစိုးရအဖွဲ့ခေါင်း ဆောင်အဖြစ် မြင်တွေ့လို၍ NLD ပါတီကို တောင်ပြို ကမ်းပြို မဲအ ပြတ်အသတ်ဖြင့် အနိုင်ပေးခဲ့ပြီး ဖြစ်ပါသည်။ ဒါပေမဲ့ ပြည်သူ၏ ဆန္ဒသည်ပုဒ်မ ၅၉(စ)ပါ အလွန်အကျူးတားမြစ်ချက်တခုကြောင့် မပြည့်ဝဘဲရှိနေသည်။ ကြက် သားဟင်းကောင်းတစ်ပွဲရထား သော်လည်း ဆားမပါသလိုဖြစ်နေ သည်။

သားသမီးတစ်ဦးနှစ်ဦး နိုင်ငံ ခြားသားအဖြစ် ခံယူလိုက်တာနှင့် ပဲ မြန်မာပြည်သူတွေဟာ အရည် အချင်းရှိတဲ့ခေါင်းဆောင်ကို နေ ရာပေးခွင့်မရဘူးဆိုတာ သန်း ပေါင်းများစွာသော ပြည်သူနှင့် နိုင်ငံအတွက် အလွန်ပဲနစ်နာပါ သည်။ ပုဒ်မ ၅၉(စ) တစ်ခုလုံး ဖြုတ်ပေးရန် ပြောလိုခြင်းမဟုတ် ပါ။ ပုဒ်မ ၅၉(ခ)ပါ နိုင်ငံတော် သမ္မတ၊ဒုသမ္မတများသည် မိမိနှင့် မိမိ မိဘနှစ်ပါးလုံး နိုင်ငံတော် အာဏာပိုင်နက်အတွင်း မွေးဖွား သော တိုင်းရင်းသားမှဖြစ်သည်။ နိုင်ငံသားဖြစ်ရမည်ဆိုတဲ့ တစ် ချက်တည်းနဲ့ပင် အမျိုးသားရေး၊ လုံခြုံရေးကို ကာရံထားမိစေပြီး ပြီးပြည့်စုံသော အချက်တစ်ချက် ပင်ဖြစ်သည်။ သမ္မတ၊ ဒုသမ္မတ ဖြစ်သူများသည် မြန်မာနိုင်ငံသား ဖြစ်ရုံမက တိုင်းရင်းသားပါ ဖြစ်ရ မည်ဆိုကတည်းက အတော်လေး ကို စည်းနှောင်မိပြီးသားဖြစ်နေပါ ပြီ။ ထို့ထက်ပိုချင်ပါက သမ္မတ- ဒုသမ္မတများ၏ ဇနီး၊ ခင်ပွန်းများ ကပါ မြန်မာနိုင်ငံသားဖြစ်နေရ မည်ကို ထပ်မံစည်းနှောင်ပြီးပါက ပို၍ ပြည့်စုံပြီးကောင်းမွန်သော ဥပဒေတစ်ခုဖြစ်သွားပြီဖြစ်၍ တိုင်းပြည်အတွက် စိုးရိမ်စရာဘာ မှ မရှိတော့ပေ။ သမ္မတ၊ ဒုသမ္မတ များ၏ သားသမီးများသည် တိုင်း ပြည်အုပ်ချုပ်ရေးနှင့် အနည်းငယ် မျှ သက်ဆိုင်သူများမဟုတ်ကြပါ။ အဲဒီလောက်ထိ လိုက်ကန့်သတ် နေလျှင် ပြည်သူက အရည်အ ချင်းရှိသည်ဟု ယူဆသော ခေါင်း ဆောင်များကို လက်လွှတ်ဆုံးရှုံး ခံရဖွယ်ရှိနေပါသည်။ ထိုသို့နစ်နာ ဆုံးရှုံးခဲ့ပါက ဒီဥပဒေကို ရေးဆွဲခဲ့ ကြသူ၊ ပြဋ္ဌာန်းခဲ့ကြသူများသာမ က ပြည်သူနဲ့ တိုင်းပြည်အတွက် ပါ နစ်နာဆုံးရှုံးရမည်သာဖြစ်ပါ သည်။

ဒေါ်အောင်ဆန်းစုကြည်က ဥပဒေနှင့်ကိုက်ညီတဲ့ သမ္မတတစ် ယောက်ကို ခန့်ပေးပြီးဆုံးဖြတ် ချက်တွေကို သမ္မတအထက်ကနေ ပြီးတော့ သူမကချမှတ်ဆောင် ရွက်သွားမည်လို့ ပြည်သူ့ဆန္ဒနှင့် ထပ်တူညီစွာ ပြောလိုက်သဖြင့် အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွား ကြသည်။ တကယ်တော့ ဒေါ် အောင်ဆန်းစုကြည်က မီဒီယာ များရှေ့မှာ ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောလိုက်လို့သိရတာ ဖြစ်သလို ဒါဟာ တကယ်ပကတိ လက်ရှိ အရှိတရားပင်ဖြစ်သည်။ သူမထုတ်ဖော်မပြောဘဲ ခပ်ဆိတ် ဆိတ်နေပြီး နောက်ကွယ်က ကြိုး ကိုင်ခဲ့လျှင်လည်း ဘယ်သူမှ သိ မည်မဟုတ်သလို ဘာမှလည်း ပြောလို့မရတာ အမှန်ပင်ဖြစ် သည်။ ဘာလို့လဲဆိုတော့ သူမ သည် စည်းထဲက ကစားနေတာ ဖြစ်သည်။ သူမက ပါတီဥက္ကဋ္ဌဖြစ် သည်။ ပြည်သူရဲ့ တစ်ခဲနက်ပေး ထားတဲ့ Mandate ရပြီးဖြစ်သည်။ သို့သော် ဘယ်လိုပင်ကျိုးကြောင်း ဆီလျော်စေကာမူ ဒီအစဉ်အလာ ကြီးကို ပြည်သူတစ်ယောက်အနေ ဖြင့် မဖြစ်စေလိုပါ။ သမ္မတသည် တိုင်းပြည်၏ ဥပဒေအရ အာဏာ အရှိဆုံး၊ ဆုံးဖြတ်ချက်အချနိုင် ဆုံး ပုဂ္ဂိုလ်သာဖြစ်စေလိုပါသည်။သမ္မတအထက်၊ ဥပဒေအထက် မှာ တစ်ယောက်ယောက်ရှိနေခြင်း ကို ပြည်သူတစ်ယောက်အနေဖြင့် မလိုချင်ပါ။ မလိုအပ်တဲ့ ဥပဒေ တစ်ကြောင်းကြောင့် စည်းနား ကပ်လျှောက်ပြီး လုပ်နေရတဲ့အ ဖြစ်မျိုးကလည်း မဖြစ်သင့်ပါ။ ကပ်လျှောက် နေရသူမှာလည်း တိုင်းပြည်နဲ့ ပြည်သူအပေါ် စေတ နာထားပြီး ကပ်လျှောက်နေရသော ကြောင့် အချိန်မရွေး စည်းပေါ်ကျ နိုင်သောကြောင့် သူ့မှာလည်း မ လွတ်လပ်သလို အန္တရာယ်လည်း များပါသည်။

ဒီမိုကရေစီ နိုင်ငံတော်ဟု ခေါင်းဆောင်များက ကြွေးကြော် ကြပါသည်။ လုပ်ရပ်တွေနှင့်လည်း သက်သေပြခဲ့ပါသည်။ ဤအ တိုင်းမှန်လျှင် ပြည်သူက ပလ္လင် ပေါ်တင်ထားတဲ့ သမ္မတ တစ် ယောက်လုပ်ချင်တိုင်း လုပ်ခွင့်မရ အောင် ပြည်သူနဲ့ဥပဒေတွေအရ တားဆီးထားပြီးဖြစ်ပါသည်။ ဒါ ကြောင့် ပြည်သူက ရွေးချယ်ထား တဲ့ ခေါင်းဆောင်ကို ဥပဒေနှင့် အ ညီသာ ခေါင်းဆောင်ဖြစ်စေလိုတဲ့ အတွက် မလိုလားအပ်သော ပုဒ်မ ၅၉(စ)ပါ အချက်အချို့ကို ပြင်ဆင်ပေးပါလို့ တောင်းဆိုပါရ စေ။ ဒီနေရာမှာ ပုဒ်မ ၅၉(စ)ကို ပြင်ဖို့ လူထုဆန္ဒခံယူပွဲလိုဟာတွေ ထပ်မံလုပ်ဆောင်ဖို့ မလိုအပ်ဘူး လို့ထင်မြင်မိပါသည်။ဘာကြောင့် လဲဆိုတော့ လူထုဆန္ဒကို နိုဝင် ဘာ ၈ ရက်မှာ သက်သေထင်ရှား ပြသခဲ့ပြီးဖြစ်၍ ဆန္ဒခံယူပွဲလိုမျိုး ထပ်မံလုပ်ဆောင်ဖို့ မလိုအပ် တော့ပါ။ လုပ်ခဲ့လျှင်လည်း နိုဝင် ဘာ ၈ ရက်က အဖြေမျိုးပဲထွက် လာမှာမို့ အချိန်ကုန်၊ ငွေကုန်၊ လူ ပင်ပန်းတာပဲ ဖြစ်ပါလိမ့်မည်။

ပြည်သူက သမ္မတအဖြစ် တင်မြှောက်ပြီးခါမှ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်၊ တိုင်းပြည်လုံခြုံရေးကို ခြိမ်းခြောက်ပါက သမ္မတကြီး၊ကာကွယ်ရေးဦးစီးချုပ်တို့ပင် ရှေ့ ထွက်လာစရာမလိုပါ။ ပြည်သူက ရှေ့ကနေဦးဆောင်ပြီး အဲဒီသမ္မ တကို ဆွဲချသွားမှာဖြစ်လို့ အရမ်း စိတ်မပူကြရန် ပြောကြားလို ပါသည်။ ရွေးကောက်ပွဲနှင့်အာဏာလွှဲပြောင်းရေး၊ ပြည်သူက ရွေး ချယ်လိုသော အစိုးရခေါင်းဆောင် (သမ္မတ)ကို ရွေးချယ်ရေးတွေသာ ချောချောမောမော ပြည်သူ့ဆန္ဒ ပြည့်ဝခဲ့ပါက သမ္မတကြီးနှင့် ကာ ကွယ်ရေးဦးစီးချုပ်တို့ အနားယူ သွားတဲ့အခါ တိုင်းပြည်ထဲမှ လုံ ခြုံရေး၊ အစောင့်အရှောက်မပြော နှင့် အပ်တိုတစ်ချောင်းပင်မကိုင် ဘဲ ပြည်သူတွေကြားထဲ လမ်းလျှောက်ခဲ့ပါ။ သမ္မတကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ လုံခြုံရေး အစောင့်အရှောက်တွေဟာ စာရေးသူတို့ ပြည်သူတွေပဲဆိုတာ အသိပေးရင်း ပြည်သူ့ဆန္ဒကို အ လေးအနက်ထား အကောင်အ ထည်ဖော်ပေးနိုင်ပါစေ၊ ကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းပေး ရင်း နိဂုံးချုပ်အပ်ပါသည်။

Byမိုးမြင့်ကြယ်
7Day News Journal


အသက် (၈)နှစ်အရွယ် ကလေးငယ်အား ရိုက်နှက်ညှဉ်း ပန်းခဲ့သည့် အိမ်အကူဖြစ်သူ ဒေါ်သန်းနွဲ့နှင့် ယင်းကလေးငယ် တို့ကို အိမ်ရှင် ဗိုလ်မှူးကျော်နု မော်ကိုယ်တိုင် နိုဝင်ဘာ ၂၂ ရက် ညနေတွင် ဗဟန်းရဲစခန်းသို့ လာ ရောက်အပ်နှံခဲ့ပြီး အိမ်အကူကို အမှုဖွင့်ထားကြောင်း အနောက် ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။

နိုဝင်ဘာ ၁၉ ရက်တွင် နေ အိမ်မှ ကလေးနှင့်အတူ ပျောက် ဆုံးသွားသည့် ဒေါ်သန်းနွဲ့သည် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ကျူသစ်ချောင်းကျေးရွာရှိ အသိ နေအိမ်၌တည်းခိုနေပြီး အိမ်အကူက ကလေးမိခင်ထံသို့ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာမှ အဆက်အသွယ်ရပြီးသွားရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကျော်နုမော်က ပြောကြားခဲ့သည်ဟု ဗဟန်းမြို့နယ်ရဲစခန်းမှ ရဲမှူးခင်မောင်ကြည်က ပြောသည်။

ကလေးငယ်အား ရိုက်နှက်ခဲ့သည်ဆိုသော ဒေါ်သန်းနွဲ့
‘‘ဒေါ်သန်းနွဲ့က ကလေးအမေ သန္တာချိုကို တယ်လီဖုန်းနဲ့ လှမ်းပြီးဆက်သွယ်တယ်။ သန္တာ ချိုကတစ်ဆင့် ဗိုလ်မှူးကျော်နု မော်ကို နေရာပြောပြပြီးသွားခေါ် တယ်။ စခန်းကိုတော့ နိုဝင်ဘာ ၂၂ ရက် ညနေ ၃ နာရီကျော် လောက်မှ ဗိုလ်မှူးကိုယ်တိုင် လာ အပ်သွားတာပါ’’ဟု ရဲမှူးခင်မောင်ကြည်က ပြောသည်။

ကလေးသူငယ်ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်
ရိုက်နှက်ခံရသည့် ကလေး ငယ်မစုဝေ၏ မျက်နှာ၊ ခြေထောက်၊ လက်နှင့် ကျောကုန်းတို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းတွင် ဆေးစာမှတ်တမ်းယူဆောင်နေကြောင်း ရဲမှူးခင်မောင်ကြည်က ပြောသည်။
‘‘အမှုကတော့ ကလေးသူ ငယ်ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ဖွင့် ထားပါတယ်။ ကလေးအမေ လည်းရောက်နေပါပြီ။  ဆေးစစ် ပြီးရင်တော့  အုပ်ထိန်းသူတွေ လက်ထဲကလေးကို ပြန်အပ်ပေး မှာပါ။ လက်ရှိအမှုကတော့ အာ မခံပေးလို့ရပါတယ်။ ဆေးစစ် ချက်အဖြေထွက်လာရင်လည်း နောက်ထပ်အမှုတွေတိုးလာနိုင် ပါတယ်’’ဟု ၎င်းက ဆိုသည်။

ကလေးငယ်နှင့် သူ၏မိခင် ဒေါ်သန္တာချိုတို့ကို နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ်

ကလေးငယ်တွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိ
ကလေးငယ်အမှုအား လိုက် ပါကူညီ  ဆောင်ရွက်ပေးနေပြီးရန်ကုန်ဆေးရုံကြီးအရေးပေါ် ဌာနတွင် ဆေးကုသမှုကို  သွားရောက်ကြည့်ရှုခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းမြင့်က ‘‘ကလေးကတော့ စိတ်ဒဏ်ရာ အများကြီးရထားပုံပဲ။  ကြောင်တောင်တောင်၊ ကြောက်တောက် တောက်ဖြစ်နေတယ်။ ကြောင်လည်းကြောင်နေတယ်။ နာ့စ်မ တွေက သမီးထွက်မ ပြေး ဘူးလားမေးတော့ သမီးဘယ်လိုပြေးမလဲ တဲ့။ သမီးကို ပိတ်ထားတာကိုး တဲ့။ သမီးက ဒဏ်ရာတွေနဲ့ဆိုတော့ ဘာမှန်းကို မသိတော့ဘူးတဲ့။ ဘယ်လိုနှိပ်စက်နေမှန်းလည်း သမီးမသိတော့ဘူးတဲ့။ ကလေးကတော့ စိတ်ဓာတ်ပိုင်း ဆိုင်ရာတော်တော်များများ ထိခိုက်သွားတဲ့ပုံပဲ’’ ဟု ဆိုသည်။
ယခုအမှုမှာ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်၏ နေအိမ်၌ဖြစ်ပွားသောကြောင့် အိမ်ပိုင်ရှင်တွင်ပါ အဓိကတာဝန်ရှိသည်ဟု ဦးထွန်းမြင့်က ဆိုသည်။
‘‘သူတို့ မွေးစားသည်ဖြစ်စေ၊ မမွေးစားသည်ဖြစ်စေ၊ ခိုင်းဖို့ ခေါ် ထားသည်ဖြစ်စေ သူတို့ အုပ်ချုပ် မှုအောက်မှာ၊ သူတို့ပိုင်ဆိုင်မှု ပရ ၀ဏ်အတွင်းမှာ ဖြစ်ပွားခဲ့တာ။ ဒီကိစ္စကို မလုပ်နဲ့ ဆိုပြီးတော့ ဒေါ် သန်းနွဲ့ကို တားလို့ရသလို လုပ်လို့လည်း စေခိုင်းလို့ရတယ်။ သူ တို့ Authority မပါဘဲ လုပ်လို့မရ ဘူး’’ ဟု ဦးထွန်းမြင့်က ဆက်လက်ပြောသည်။

အိမ်ရှင်၏ ပြောကြားချက်တွင် ကွဲလွဲချက်များရှိ
  အခင်းဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၁၉ ရက်တွင် အိမ်ရှင်ဖြစ်သူ ဒေါ်ယဉ်ယဉ်နွယ်၏ ပြောကြားချက်များနှင့် ဗဟန်းရဲစခန်း၌ ရဲမှူးခင်မောင်ကြည်ကို ၎င်း၏ခင်ပွန်း ဗိုလ်မှူးကျော်နုမော်၏ပြောဆိုမှုနှင့် ကွဲလွဲချက်များရှိ နေခဲ့သည်။ ဒေါ်ယဉ်ယဉ်နွယ်က နိုဝင်ဘာ ၁၉ ရက်တွင် ကလေး ငယ်ကို ခိုင်းစေရန် အဒေါ်ဖြစ်သူ ဒေါ်သန်းနွဲ့သည် တောင်ငူမြို့မှ ခေါ်ယူပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း တကယ်တွင် ကလေးငယ်ကို စာချုပ်ဖြင့် မွေးစားထားခြင်းဖြစ်ကာ အိမ်အကူ ဒေါ်သန်းနွဲ့နှင့် ကလေးငယ်မှာ အမျိုးတော်စပ်မှုမရှိကြောင်း ဗဟန်းရဲစခန်းမှ သတင်းရရှိသည်။

ဗဟန်းမြို့နယ် ဆရာစံရပ် ကွက် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ် ခြံဝင်းအတွင်း၌ အသက် (၈)နှစ်အရွယ် မိန်းကလေးငယ်အား လက်ပြန်ကြိုးတုပ် ရိုက်နှက်နေ သည့်ပုံမှာ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင် ရာအဖွဲ့အစည်းများက အဆိုပါ နေအိမ်သို့ နိုဝင်ဘာ ၁၉ ရက်၌ သွားရောက် စစ်ဆေးခဲ့သည်။ ယင်းသို့  သွားရောက်စစ်ဆေး သောအခါ ကလေးငယ်ကိုနှိပ်စက် သူမှာ ကလေးငယ်၏ အဒေါ်ဖြစ် သူ အိမ်အကူဒေါ်သန်းနွဲ့ဖြစ်ပြီး ၎င်းသည် ယင်းနေ့ နေ့လယ်ကပင် ကလေးငယ်အားခေါ်ဆောင်၍ နေအိမ်မှ ထွက်သွားပြီဖြစ် ကြောင်း ဒေါ်ယဉ်ယဉ်နွယ်ကပြော ကြားခဲ့သည်။
သို့သော် အဆိုပါဖြစ်စဉ်ကို လိုက်လံကူညီဆောင်ရွက်ပေးနေ သော (၈၈မျိုးဆက်ပွင့်လင်းလူ့အ ဖွဲ့အစည်း)မှ မမီးမီးက ရိုက်နှက် ခံရသည့် မစုဝေနှင့် ဒေါ်သန်းနွဲ့တို့ သည် သက်ဆိုင်ရာကလာရောက် စစ်ဆေးသည့်နေ့မှပင် မည်သည့် နေရာသို့မျှ သွားရောက်ခြင်းမရှိ ဘဲ နေအိမ်ထဲတွင်သာ နေထိုင် နေခြင်းဖြစ်ကြောင်း ဒေါ်သန်းနွဲ့ က ဖုန်းဖြင့် ဖြေကြားခဲ့သည်ဟု 7DAY အား ပြောသည်။
 ‘‘ဒီအမှုစဖြစ်ကတည်းက တောင်ငူသွားတယ်လို့ပြောတယ်။ ကျွန်မတို့ စုံစမ်းတော့ လမ်းလွဲနေ တာသိတယ်။ နောက်တော့ မြိတ် ဘက်ကို စုံစမ်းတော့ ကလေး နောက်ကြောင်းသိလာရတယ်။ ဒေါ်သန်းနွဲ့နဲ့ ဖုန်းပြောတဲ့အခါမှာ လည်း ဘယ်မှမသွားဘူး။ ဖြစ်တဲ့ နေ့ကတည်းက အိမ်ထဲမှာရှိနေ တယ်ပြောတယ်။ ဒီဖုန်းကိုစပီကာ ဖွင့်ပြောတဲ့အတွက် (ရဲစခန်းမှနေ ၍ ဖုန်းဆက်ခြင်း)ဗဟန်းစခန်းမှူး ကိုယ်တိုင်လည်းကြားပါတယ်’’ ဟု မမီးမီးက ပြောကြားသည်။

ကြိုးတုပ်ရိုက်နှက်ခံရသည့် မစုဝေကို ယခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် မြိတ်မြို့နယ် စစ်မြေ ပြင် အင်ဂျင်နီယာတပ်ရင်း(၉၁၈) မှ တပ်သားသန်းဦး၊ ဒေါ်သန္တာချို တို့ထံမှ အမွေစားအမွေခံ မဟုတ် ဘဲ မွေးစားခဲ့ခြင်းဖြစ်ပြီး လူမှုရေး အရ ထောက်ထားသောအားဖြင့် ကျပ်ဆယ်သိန်းပေးခဲ့ကြောင်း မြိတ်မြို့ (၈၈မျိုးဆက်ပွင့်လင်းလူ့ အဖွဲ့အစည်း)မှ ကိုမြတ်ထွဋ်က ပြောသည်။

 ‘‘ကလေးအဖေဖြစ်တဲ့ ကိုသန်းဦးက အဖေအရင်းတော့မ ဟုတ်ပေမယ့် သူ့ကလေးဒီလိုလုပ် ခံရတာမြင်တော့သူလည်းစိတ်ထိ ခိုက်တယ်။ ၂၁ ရက် မနက်မှာ သူ နဲ့ဆုံပြီး ဒီအဖြစ်အပျက်တွေကို အွန်လိုင်းဓာတ်ပုံပြတော့မှ သူတို့ ကလေးဒီလိုနှိပ်စက်ခံနေရတာကို သိတာပါ။ ကလေးမွေးစားခွင့်စာ ချုပ်ကိုလည်းသူတို့လင်မယားနှစ် ယောက် လက်မှတ်ထိုးပေးခဲ့တာ ပါ’’ဟု ကိုမြတ်ထွဋ်ကပြောသည်။
 အခင်းဖြစ်ပွားချိန်တွင် ဒေါ်ယဉ်ယဉ်နွယ်ပြောဆိုခဲ့သော ထွက်ဆိုချက်များကို ရုံးတင်စစ် ဆေးသည့်အခါ၌ စစ်ဆေးမည် ဖြစ်ပြီး မမှန်မကန်ထွက်ဆိုသူများ ကိုလည်း တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးကျော်ထွဋ် ကပြောသည်။

‘‘အမှုစတင်စစ်ဆေးတဲ့အခါ မှာ အားလုံးကိုစစ်ဆေးသွားမှာဖြစ် ပါတယ်။ ဒီအခါမှာ ပါဝင်ပတ် သက်တဲ့သူတွေအားလုံးကိုလည်း စစ်ဆေးသွားမှာပါ။ ဒီအထဲမှာမှ လိမ်လည်ပြောဆိုမှုတွေရှိခဲ့ရင် လည်း တရားဥပဒေအတိုင်း အ ရေးယူဆောင်ရွက်သွားမှာပါ’’ ဟု ဒုရဲမှူးကြီးကျော်ထွဋ်က ပြောသည်။
ကလေးမပျော်လျှင် မိခင်နှင့် ပြန်ထည့်ပေးမည်ဟုဆို
ကလေးငယ်ကို ဆေးစစ်ချက်များရယူပြီးနောက်ဗဟန်းရှိ အဆိုပါအိမ်မှာပင် ပြန်နေမည်ဖြစ်ပြီး၊အိမ်ရှင်ဗိုလ်မှူးက ကလေးမပျော်ပါက မိခင်ဖြစ်သူနှင့် ပြန်ထည့်ပေးမယ်ဟုပြောကြောင်း ရဲမှူးခင်မောင်ကြည်က ပြောသည်။
အဆိုပါအမှုနှင့် ပတ်သက်၍အချက်အလက်အားလုံးကို စုစည်းပြီး နိုဝင်ဘာ ၂၃ရက်(ယနေ့)တွင် နေပြည်တော်ရှိသက်ဆိုင်ရာဌာနများသို့ စာပို့တိုင်ကြားမည်ဟု မမီးမီးက ပြောသည်။
ထိုကဲ့သို့ ရိုက်နှက်မှုများကိုမည်သူမဆို လူမှုဝန်ထမ်းဦးစီးဌာနသို့ အကြောင်းကြားကာအမှုဖွင့်တိုင်ကြားနိုင်ပြီး ၁၉၃၃ ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူနိုင်ကြောင်း၊ ကလေးကို လည်း မိဘများမကျွေးနိုင်ပါက စာချုပ်ဖြင့်လွှဲပြောင်းပေးအပ်နိုင် ကြောင်း တရားလွှတ်တော်ရှေ့ နေ ဦးမောင်မောင်ကြီးက ပြော သည်။

‘‘ကလေးသူငယ်ဥပဒေအရ အမှုဖွင့်အရေးယူရင် ထောင်ဒဏ်၊ငွေဒဏ်နှစ်မျိုးစလုံးချမှတ်နိုင်ပါ တယ်။ ထောင်ဒဏ်ချမှတ်မယ်ဆို ရင်တော့ အများဆုံး ၂ နှစ်ထိ ချ မှတ်နိုင်ပါတယ်။ ငွေဒဏ်ဆိုရင် လည်း တစ်သောင်းအထိ ချမှတ် လို့ရပြီး ဒဏ်နှစ်ရပ်စလုံးလည်း ချ မှတ်လို့ရတယ်။ စာချုပ်နဲ့မွေးစား တဲ့အတွက် လူကုန်ကူးမှုတွေမ ဖြစ်တော့ဘူး။ ဥပဒေနားလည်တဲ့ သူတွေက အခုလိုပဲလုပ်တယ်’’ဟု ဦးမောင်မောင်ကြီးက ပြောသည်။

နိုဝင်ဘာ ၁၉ရက်တွင် ဖြစ် ပွားခဲ့သည့် ကလေးငယ်အား ကြိုးတုပ်ရိုက်နှက်မှုအတွက် လူ ကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ် ဖွဲ့ (ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု)၊ ဗဟန်းမြို့မရဲစခန်းမှ ရဲအရာရှိများ၊ SaveThe Children  (ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့) တို့က သွားစစ်ဆေးခဲ့ပြီးနောက်လေးရက်မြောက်နေ့တွင် ရဲစခန်းသို့  လာရောက်အပ်နှံခဲ့ခြင်းဖြစ်သည်။
7Day News Journal

“ပြေးခဲ့ပါ ကလေး
ထမင်းတလုပ် တုတ်တချက်နဲ့ဝေးရာ
မင်းကို
ညှင်းမည့်လက်တွေ
တုပ်မည့်ကြိုးတွေနဲ့ဝေးရာ
ခြံဝင်းအပြင်မှာ
လွတ်မြောက်ရာရှိမယ်
ပြေးခဲ့ပါကလေး ...........

ဩော် ဒါပေမယ့်
ကလေးရဲ့ ခြေထောက်လေးတွေက
လွတ်အောင်ပြေးနိုင်ပါ့မလား ...........

ပြေးခဲ့ပါ ကလေး
မီးပွိုင့်နဲ့ ဝေးရာ
ရောင်းလက်စ စံပယ်ကုံးလေးပါ ယူခဲ့
ဒါပေမယ့်
ကားအန္တရာယ်
ကလေးရဲ့ ခြေထောက်လေးတွေက
လွတ်အောင်ပြေးနိုင်ပါ့မလား ............

ပြေးခဲ့ပါ ကလေး
မင်းရဲ့ ကျောင်းလွယ်အိတ်လေးလည်းယူခဲ့
ကိုယ်ကျိုး စီးပွား လောင်မီးကျသွားတဲ့
မင်းတို့တောင်ယာကြားက
ပြေးခဲ့
မင်းရဲ့ ညီမလေးကို
ကျောင်းစာအုပ်တွေနဲ့အတူ ကျောပိုးပြေးခဲ့ .........

ဩော် ဒါပေမယ့်
လူသတ်မိုင်းတွေကို
ကလေးရဲ့ ခြေထောက်လေးတွေက
လွတ်အောင်ပြေးနိုင်ပါ့ မလား ..........

ကမ္ဘာမြေတနေရာမှာ
ခေါင်းလောင်းသံချိုလို့
ကမ္ဘာမြေတနေရာမှာ.
လဲနေသူကိုဖိထောင်းသံတွေငိုလို့

ကမ္ဘာမြေတနေရာမှာ
တိရိစ္ဆာန်ကိုတောင် မိသားစုလိုသဘောထားကြ
ကမ္ဘာမြေတနေရာမှာ
မိသားစုစိတ်အစား လူလူချင်း
တိရိစ္ဆာန်လိုသဘောထားကြ

ကြင်နာမှုကိုရတဲ့ ကလေးတွေက
တနေ့ကြင်နာတတ်သူတွေ ဖြစ်လာမှာ
နာကျင်မှုရတဲ့ ကလေးတွေက
စိတ်ဒဏ်ရာ

ကလေးရေ ပြေးခဲ့
ခနော်နီ ခနော်နဲ့
မင်းရဲ့ခြေနှစ်ဖက်ကို
ဆင်းရဲခြင်း ညှင်းဆဲခြင်းတွေက
ရိုက်ချိုးမခံနဲ့
စာနာခြင်း ညှာတာခြင်းဆီ
မင်း......
ခြေထောက်လေးနဲ့ အရောက်ပြေးခဲ့ ။

‪#‎မင်းကိုနိုင်‬
၂၃.၁၁.၂၀၁၅
ထိုကဗျာနှင့်ပန်းချီကားတို့ကို စာဖတ်ပရိတ်သတ်များ ခံစားနိုင်ရန် ကိုမင်းကိုနိုင်၏ ဖေ့ဘွတ်ခ်စာမျက်နှာမှ မူရင်းအတိုင်း ကူးယူဖော်ပြလိုက်ပါသည်။






၁၀ ၁၁ ၂၀၁၅ ကနေ ၁၄ ၁၀ ၂၀၁၅နေ့ထိတရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် Tian Yang လို့ခေါ်တဲ့ မြို့ငယ်လေးတမြို့က ကျေးလက်ဒေသမှာ သရက်စိုက်ပျိုးနေတဲ့တောင်သူတောသားတရုတ်ကို မူဆယ် မန္တလေး ရွှေကူ မန္တလေး ကျောက်ဆည် မူဆယ် ခရီးစဉ်အတိုင်း ကားနဲ့တင်ပြီးပို့ခဲ့ပါတယ်။
မူဆယ် မန္တလေး ခရီးစဉ်မှာ တရုတ်ကစပြီး အံ့သြပါတော့တယ်။ဒီလောက်ကျ ဉ်းတဲ့လမ်းပေါ်မှာ ကားကြီးကားငယ်မျိုး စုံအဆက်မပြတ်သွားလာနေကြတာ ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွားလည်း မကြုံ ရဘူး။ယာဉ်တိုက်မှုလည်း အများအပြား မကြုံ ရဘူး။ကားငယ်လေးတွေဆိုလည်း ခရီးတွင်အောင်မောင်း နိုင်ကြတယ် သူတို့ဆီမှာဆိုရင် ဒီလိုလမ်းကျ ဉ်းပေါ်မှာ ဒီလောက်ကားများရင် ပြသနာပေါင်းစုံ ကြုံ တွေ့နေရပြီလို့ ပြောပါတယ်။သူအံ့သြတာကမြန်မာပြည်က ယာဉ်မောင်းတွေဟာတစီးနဲ့တစီးညှာတာကြတယ်။ကားကြီးတွေကလည်းကားငယ်လေးတွေကို ကျော်တက်နိုင်တဲ့အနေအထားရှိပြီ ဆိုတာနဲ့ လမ်းပေးပြီး ကျော်တက်ဖို့ အချ က်ပြပေးကြတယ်။မကျော်သင့်ရင်လည်း ကျော်မတက်ဖို့ အချ က်ပြပေးကြတယ်။ဒီလိုစိတ်ဓါတ်ကို တော်တော်အံ့သြချီးကျူးသွားပါတယ်။

မန္တလေးရွှေကူ ခရီးမှာတော့ လမ်းဘေးဝဲယာ စိုက်ခင်းမြေ တွေ လူနေအိမ်တွေ လမ်းတွေ ကြည့်ပြီးအံ့သြပြန်ရောနိုင်ငံ တစ်နိုင်ငံရဲ့ အဆင့်အတန်း ဆင်းရဲတာ ချမ်းသာတာဟာ လမ်းးကြည့်တာနဲ့ သိသာတာကိုး လမ်းဘေးဝဲ ယာ အိမ်တွေကြည့်ပြီးတော့လည်း နိုင်ငံဆင်းရဲတာပေါ်လွင်နေပါတယ် ။

စိုက်ခင်းမြေတွေ၊ရေချောင်းတွေကြည့်ပြီးတော့ မြန်မာနိုင်ငံ ဆင်းရဲနေတာကို မယုံကြည်နိုင်လောက်အောင် အံ့သြ နေပါတော့တယ် ။ သူတို့ဆီက စိုက်ပျိုးမြေတွေဟာ မြေဆီမြေနှစ် ကောင်းတဲ့ မြေပြန့် နဲပါးပြီး မတ်စောက်တဲ့ တောင်စောင်းတွေ ကျောက်ဆောင် ကျောက်တုံးတွေ ကြားမှာ ခက်ခက်ခဲခဲ စိုက်ပျိုး ကြရပါတယ် ။ဒီလိုအနေအထားတောင်မှ သူတို့တောင်သူတွေဟာ ခိုင်ခံ့တဲ့ နေအိမ်တွေ နဲ့ နေထိုင်နိုင်ကြပြီး အရမ်းကြီးမဆင်းရဲကြပါဘူး လူနေရွာရှိရင် မော်တော်ကား သွား နိုင်တဲ့လမ်းရှိတယ် လျှပ်စစ်မီး ရှိတယ် ရေပေးစနစ်ရှိပါတယ်။အဲ့ဒါတွေအားလုံးနိုင်ငံတော်ကလုပ်ပေးတာပါ။ မြန်မာနိုင်ငံ တောသူ တောင်သားတွေ
ဟာ ဒီလောက်ပေါများပြီး မြေဆီ မြေနှစ်အလွန် ကောင်းမွန်တဲ့ တစ်ပြန့် တစ်ပြော စိုက်ပျိုးမြေတွေပေါ်မှာ အများ စုဆင်းရဲ နေကြတာကို တောသားတရုတ် အဖြေရှာမရအောင် အံ့သြနေပါတော့တယ်။ဒီခရီးမှာ သူ့ရဲ့အာရုံကလဲ မြေဆီမြေနှစ် ကောင်းတဲ့တပြန့်တစ်ပြော စိုက်ပျိုးမြေတွေပေါ်မှာပဲနစ်မွန်းနေပါတယ်။

ရွှေကူကနေမန္တလေးပြန်တော့ ရွှေကူအထွက်ဝင်ဝ ကျေးတောလမ်းဆုံကစပြီး မြတောင်နားအထိ ကျောက်ကြမ်းလမ်း ကတော်တော် ဆိုးပါတယ် ။တံတား အများစုကလည်း ပြုပြင်နေဆဲပါ။ ခန့်မှန်းခြေ မိုင်၅၀ နဲ့ ၆၀ ကြား ရှိမယ်ထင်တယ်၅နာနာရီ ၀င်းကျင်လောက်မောင်းရပါတယ် မြတောင်နဲ့ ၇မိုင်င်လမ်း ခွဲကြားမှာလဲ အားလုံး ကတ္တရာလမ်း ဖြစ်နေပေမဲ့ တစ်ချို့ နေရာတွေဟာ လုံးဝတစ်လမ်းမောင်း သတ်မှတ်ထားသလား ထင်ရလောက်အောင် ကားတစ်စီးထဲမောင်းလို့ရတဲ့အလွန်ကျ ဉ်းတဲ့အနေအထားပါ။မျက်နှာချင်းဆိုင် ကားလာရင် တစ်စီးကို လမ်းတစ်ဝက်ချ ဘဲ။မြတောင်နဲ့ ၇ မိုင်လမ်းခွဲက မိုင်၆၀
ဝန်းကျင်ရှိပြီး ၃နာရီဝန်းကျင် လောက်မောင်းရပါတယ် ။၇ မိုင်လမ်းခွဲနဲ့ မန္တလေးက မိုင် ၈၀ ရှိပြီး ၃နာရီဝန်းကျင်မောင်းရပါတယ် ။ မန္တလေးရွှေကူ မိုင် ၂၀၀ ၀န်းကျင်ရှိပြီး ၁၀ နာရီကနေ ၁၂ နာရီ ဝန်းကျင် မောင်းရပါတယ် လမ်းမကောင်းတော့ ၁နာရီကို ၁၅ မိုင်နဲ့ မိုင် ၂၀ ကြားသာ ခရီးရောက်ပါတယ်။

အဲ့ဒီမှာ တရုတ်တောသားက တစ်အံ့ တစ်သြ မေးလာပါတော့တယ် ဒီလမ်းဟာ နိုင်ငံတော် အဆင့်လမ်း မဟုတ်ဘူးလားတဲ့ ကျနော်ကလည်း မန္တလေး- ရွှေကူ-ဗန်းမော်-မြစ်ကြီးနား ပေါက်တဲ့လမ်းမကြီးဟာ နိုင်ငံတော်အဆင့် လမ်းပါလို့ဖြေပါတယ်။ အဲ့ဒီမှာ တရုတ်တောသားက ထပ်မေးပါတယ် မင်းတို့နိုင်ငံမှာ အစိုးရမရှိဘူးလားတဲ့။အဲ့ဒီမှာ ကျနော်ဘာပြန်ပြောရမလဲ မသိတော့ဘူး။ အဲ့ဒီမှာ သူ တရစပ် ပြောတော့တာပါဘဲ။ဒီလမ်း ကို ဒီနိုင်ငံမှာ အစိုးရရှိရင် အစိုးရကဒီလိုပြစ်ထားရသလားတဲ့ ။နိုင်ငံ ဖွံဖြိုး တိုးတက်ရေးအတွက် တောင်သူလယ်သမား ဘ၀မြှင့်တင်ဖို့အတွက်
လမ်းကောင်းဖို့ အရေးကြီးတယ်ဆိုတာ မင်းတို့အစိုးရမသိဘူးလားတဲ့။ငါတို့ဆီ မှာဆိုရင် ကျေးလက် ကုန်ထုတ်လမ်းဟာအရေးကြီးတယ်ဆိုတာ လက်ခံတဲ့ အတွက် ကုန်ထုတ်လမ်းကိုကောင်းအောင် အစိုးရက မဖြစ်မနေလုပ်ပေးတယ်။

ကုန်ထုတ်လမ်းကောင်း တော့ အချိန်ကုန်သက်သာ ကုန်ကျစရိတ်သက်သာပြီး စိုက်ပျိုးရေးထွက်ကုန်တွေဈေးကောင်းရကြတယ်။
စိုက်ပျိုးရေးထွက်ကုန် ကုန်စိမ်း သီးနှံတင်တဲ့ကား ၊ မွေးမြူ ရေး ထွက်ကုန် ကြက်၊၀က်၊ငါး၊နွား အရှင်တင်တဲ့ကား တစ်နိုင်ငံလုံးမှာ ရှိတဲ့ အမြန်လမ်းပေါ်မှာ မောင်းနှင်ကြတာ သက်မှတ်ထားတဲ့ ကုန်တန်ချိန်မကျော်ရင် လမ်းဖြတ် သန်းခ လုံးဝမကောက်ဘူး။လမ်းဖြတ်သန်းခ ကောက်ခံတဲ့ TOLL Gate တွေမှာကုန်စိမ်း သီးနှံနဲ့ မြွေးမြူ ရေးထွက်ကုန်တိရစ္ဆာန် အရှင်တင်တဲ့ကား တွေ အမြန်ဖြတ်သန်းဖို့ free ယာဉ် ကြောထားရှိပြီး လုံးဝ တန်းစီစရာ မလိုဘူးတဲ့။တောင်သူတွေရဲ့
စိုက်ခင်းရှိတဲ့နေရာအထိ အစိုးရက အဖြစ်မနေ လမ်းဖောက်လုပ်ပေးရတယ်။တောင်သူလယ်သမားတွေရဲ့ ထုတ်လုပ်တဲ့ပစ္စည်း မှန်သမျှ ပြည်တွင်းရောင်းသည်ဖြစ်စေ ပြည်ပကို တင်ပို့သည် ဖြစ်စေ ဘာအခွန်ကိုမှ ပေးဆောင်စရာ မလိုသည့် အပြင်လိုအပ်တဲ့ ထောက်ပံ့မှုကို အစိုးရကထောက်ပံ့ပေးပါသတဲ့။
အဲ့ဒီတောသားနဲ့ပါလာတဲ့ ဖူကျ န်ပြည်နယ် ဇာတိ တစ်ယောက် ကလည်း သူ့ဇာတိ ကျန်ရန့်မြို့ကနေ ကီလိုမီတာ ၂၀၀ကျော်ကျော် ဝေးတဲ့ဖူကျန်ပြည်နယ် မြို့တော် ဖူကျိုးကို အရင်ကရိုးရိုးလမ်းပဲ ရှိတဲ့ အတွက် ၇နာရီ ၈နာရီ လောက်သွားရပါသတဲ့။အမြန်လမ်း ပေါက်သွားတဲ့အချိန်မှာ ခရီးလမ်းတိုသွားတဲ့ အတွက် ၂နာရီခရီးပဲရှိပါတော့တယ်။အခုတခါ ကျည်ဆန်ရထား လမ်းပေါက်သွားပြီး မိနစ် ၅၀ ခရီး ပဲရှိပါတော့သတဲ့ဗျာ။အဲ့ဒီမှာ တောသားကဆက်ပြောပါတယ်။ မင်းတွက်ကြည့်တဲ့ တချိန်က ၇နာရီ ၈နာရီသွားရတဲ့ခရီး ကို အခု ၂နာရီ ဘဲသွားရတဲ့ အခါ အချိန်တွေ လောင်စာဆီတွေ
ဘယ်လောက်သက်သာသွားပြီ လဲတဲ့ဗျာ။အချိန် သက်သာတော့ကျေးလက်ထွက် ကုန်ကုန်စိမ်းသီးနှံဟာ လတ်ဆတ်မှုပိုရှိပြီး လမ်းဖြတ်သန်းခလည်း ပေးစရာမလိုတော့ ကားခလည်းသက်သာ တဲ့အတွက် ဒီအပေါ်က အကျိုးကျေးဇူးတွေကို စိုက်ပျိုးထုတ်လုပ်တဲ့သူတွေ ပဲခံစားရပါတယ် ဒါ့ကြောင့်လည်း သူတို့ဆီကကျေးလက်ဒေသနေ စိုက်ပျိုးထုတ်လုပ်တဲ့တောင်သူ လယ်သမားတွေဟာ ဆင်းရဲကြပ်တည်းမှု မရှိသလောက်ပါဘဲ။

တရုတ်တောသားက ခရီးစတုန်းက ကိုယ့်နိုင်ငံက လူတွေကိုအံ့သြ ချီးကျူး သွားပြီး နောက်ပိုင်းကျတော့ မြင်တာတွေ ကို ဒဲ့ပြောတော့တာဘဲ။အဲ့ဒီတော့မှ ကျနော်လည်း ကိုယ့်အစိုးရက ကိုယ့်တောင်သူအပေါ် ထားရှိတဲ့ လုပ်ရပ်တွေ
ကိုတစ်ခုချင်း ခွဲခြမ်း စိပ်ဖြာ တွေးမိပါတော့တယ်။ခေတ်တစ်လျှောက်လုံး ကုန်ဈေးနှုံ ကျ ဆင်းရေး တဲ့။ဘာကုန်တွေလည်းဆိုတော့ဆန် ၊ဆီ၊ငရုတ် ၊ကြက်သွန် တွေပါ။အဲ့ဒါတွေအား လုံးဟာ ကိုယ့်ဆီက တောင်သူလယ်သမားတွေ ဆီကထုတ်တဲ့ ကုန်ပစ္စည်းတွေပါ။ဆန် ဈေးကျအောင်လုပ်တဲ့ သူ ဆန်ဈေး တက်မှာကြောက်တဲ့ သူ အဲ့ဒီလူကို ဝါခေါင်တော်သလင်း လတွေမှာ တစ်ခေါက်လောက် လယ်ထဲကောက်စိုက် ဆင်းကြည့်စေချင်တယ်ဗျာ ....။

လက်ရှိသာမန်လူတွေ စားတဲ့ဆန်တပြည် ဘီယာ တပုလင်း မရပါဘူး။တောင်သူ လယ်သမားတွေ စိုက်ပျိုးထုတ်လုပ်တဲ့ ဖရဲသီးကား လမ်းဖြတ်သန်းခ ကင်းလွတ်ခွင့်မပြောနဲ့ လက်ရှိ ရှိနေတဲ့ အလွန်ချောင်ချိ နေတဲ့ အမြန်လမ်းပေါ်မောင်းနှင်ခွင့် ကိုမရသေးပါဘူး။အမြန်လမ်းဖောက်လုပ်ထားတာ ကုန်စည်စီးဆင်းမှု မြန်ဆန်ဖို့မပါဘူးလား အောက်မေ့ရပါတယ်။
နိုင်ငံခြားပို့ကုန် သစ်သီးတင်တဲ့ကားတွေ ၁၀၅မိုင်မှာ အစစ်ဆေးခံဖို့ X Ray စက် ဖြတ်ရင် အခကြေးငွေ ပေးရသေးတယ်။စစ်ဖို့တာဝန်ရှိတဲ့သူတွေက စစ်ဆေးတာကို အစစ်ဆေးခံ တဲ့ကုန်ပစ္စည်းပိုင်ရှင်က စစ်ဆေးခ ပေးရသေးတယ် ။ဒီဟာတွေကို ကျွန်တော်တို့ မြန်မာပြည်မှာဖြစ်နေတာ တရုတ်တောသားကို သွားမပြောပြရဲဘူး။ ဆရာကောင်းဆက်နိုင် စကားနဲ့ငှားပြောရရင် အံ့သြလွန်းပြီး သေသွားမှာစိုးလို့ပါ။ အဲ့ဒီတော့ လက်ရှိမြန်မာနိုင်ငံမှာ လုပ်နေတဲ့ ဆင်းရဲသားပပြောက်ရေး ဆိုတာဟာ တရုတ်တောသားလိုပဲ ဒဲ့ပြောရရင်တော့ ခါးတောင်းကျိုက်တစ်ခြား ဟို
ဟာတစ်ခြား ပါပဲဗျာ။ အနှစ်ချု ပ်ရရင်တော့ ကုန်စည်သယ်ယူပို့ဆောင်တဲ့လမ်းတွေ မကောင်းဘဲနဲ့တော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ပါးစပ်ကနေ နားရွက် နှစ်ဖက်ထိပြဲနေအောင် အော်နေလဲ အပိုပါဘဲ လို့ ကျနော်ကတော့ အခိုင်အမာပြောရဲပါတယ်ဗျာ........။

(လက်ရှိမြန်မာပြည်မှတင်ပို့သော ဖရဲသီးများ သတ်မှတ်ကုန်တန်ချိန်မကျော်လျှင် တရုတ်တစ်နိုင်ငံလုံးအတွင်း ၌ မည်သည့်ကားမှ လမ်းဖြတ်သန်းခ ပေးဆောင်ရန်မလိုပါ။)
၂၁ ၁၁ ၂၀၁၅


 ရန်ကုန်မြို့ ဧရိယာကို ဧကတစ်သိန်းကျော် ထပ်မံတိုးချဲ့သွားမည့် အစီအစဉ်ကို
အစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၏ မြို့ပြစီမံကိန်း ရေးဆွဲရေးဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်ထံမှ
သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၃၉ မြို့နယ်ကို ကွင်းဆင်း
စစ်ဆေးကာ ပိုလျှံသည့် မြေလွတ်၊ မြေရိုင်းများကို တွက်ချက်ကာ ဧကတစ်သိန်း
ကျော် ထပ်မံတိုးချဲ့နိုင်သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးတိုးအောင်က ဆိုသည်။

“ဧက တစ်သိန်းကျော်ကို မြို့သစ်တွေအဖြစ် တိုးချဲ့ပေးဖို့ ရေးဆွဲထားတာပါ။
အစိုးရအဖွဲ့ကို တင်ပြ ထားပါတယ်။ နောက်အစိုးရ လက်ထက်မှပဲ အကောင်
အထည် ဖော်ဖြစ်မှာပါ။ အကောင်အထည် ဖော်ဖြစ်တဲ့ အချိန်ကျရင် ဒေသခံတွေနဲ့
ဆွေးနွေးတာတွေ လုပ်သွားမှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ မြို့ပြစီမံကိန်း ရေးဆွဲရေးဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က
ပြောသည်။

ရန်ကုန်မြို့ ဧရိယာကို ၁၁၈,၇၃၂ ဧက တိုးချဲ့ရန်အတွက် ရန်ကုန်အရှေ့ပိုင်း
မြို့သစ်ကို ၁၇,၃၇၅ ဧက၊ အနောက်ပိုင်းမြို့သစ်ကို ၂၁,၇၁၆ ဧက၊ သန်လျင်မြို့သစ်
တွင် ၂၁,၁၉၃ ဧက၊ ဒလမြို့သစ်ကို ၁၅,၁၇၃ ဧက၊ ထန်းတပင်မြို့သစ်ကို ၂၄,၇၄၈
ဧက၊ မှော်ဘီမြို့သစ်ကို ၁၁,၅၉၄ ဧကနှင့် လှည်းကူးမြို့နယ် မြို့သစ်ဧရိယာ ကို
၆,၉၃၃ ဧက တိုးချဲ့မည်ဟု မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀
အရ တိုးချဲ့မည့် ဧရိယာများ၌ ထည့်သွင်း ထားကြောင်းကိုလည်း သိရသည်။

“မြေကွက်တွေ အကွက်ရိုက် ရောင်းပေးလိုက်မှာ မဟုတ်ဘူး။ ပုဂ္ဂလိကနဲ့ ပူးပေါင်းပြီး
စီမံကိန်းအကောင်အထည် ဖော်ပြီး ပြန်ရောင်းမယ်”ဟု ရန်ကုန်မြို့တော် စည်ပင်
သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း ရေးဆွဲရေးဌာနမှ ဒုတိယ ဌာနမှူး ဦးတိုးအောင်
က ပြောသည်။

မြို့သစ်စီမံကိန်းများ ဖော်ထုတ်မည့်အပေါ် ပြဋ္ဌာန်းထားသည့် အခြေခံဥပဒေများအရ
ဒေသခံ ပြည်သူလူထု၏ အကျိုးစီးပွား မထိခိုက်အောင် လုထု၏ သဘောဆန္ဒများကို
ရယူရန် လိုအပ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးသိန်းက
ပြောသည်။

“မြို့သစ်တွေ ဖော်ထုတ်မယ်ဆိုရင် အမိန့်အာဏာနဲ့ မလုပ်ဘဲ လူထုအတွက်
ထိုက်သင့်တဲ့ လျော်ကြေးတွေ ပေးပြီး ပြည်သူလူထု အကျိုးစီးပွား မထိခိုက်အောင်
လုပ်ပေးဖို့ လိုအပ်တယ်”ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးအေးသိန်းက ပြောသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ တွင် မြို့သစ်များ ဖော်ထုတ်ခြင်း
များ ပါဝင်ပြီး မြို့သစ်များတွင် လမ်းများ ဖောက်လုပ်ခြင်း၊ စီမံကိန်းများ အကောင်
အထည်ဖော်ခြင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာ
ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies


 “သစ်သမားကြီးတယောက် လာသွားတော့ သူက ၉,၅၀၀ ပဲပေးလို့ ကွန်ဒုံးမသုံးဘဲ ၀င်မိတာ။ ကျွန်မက အဲဒီ အကြောင်းကို သူတို့ကိုပြောတဲ့အခါ သုံးရက်လောက်ကြာမှ ဆေးဝယ်ပေးတယ်။ အဲဒါကြောင့် ကျွန်မမှာ ကိုယ်ဝန်သုံးလရှိသွားပြီ”

 ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာပြီးဆုံးသွားပြီး လူထုမျှော်လင့် တောင့်တနေသော အပြောင်းအလဲတခုကိုတော့ မကြာမီအချိန်ကြီးမှာ မြင်တွေ့ရတော့မယ်ဆိုပြီး လူထုကတော့ အမျှော်ကြီးမျှော်နေကြပါပြီ။ ပြည်သူလူထုက အဲဒီအပြောင်းအလဲဆိုသည့်အရာကြီးကို ဘာကြောင့် တပ်မက်စွာ မျှော်လင့်နေကြပါသနည်း။ အကြောင်းတော့ ရှိရမည်ဖြစ်ပေသည်။

ကျွန်တော် ချေးခြောက်ရေနှူးပြီး ပြောနေခြင်းမဟုတ်ပါ။ လွန်လေပြီးသော အရာတွေကိုလည်း အဆိုးမြင်ဝါဒနဲ့ ကြည့်နေခြင်း မဟုတ်ပါ။ ဒါပေမဲ့ တကယ်ခံစားနေရတဲ့ ဘ၀တွေအတွက်တော့ ရင်နာမိလို့ ရေးဖြစ်တာပါ။ ကျွန်တော်တို့ မြန်မာစကားပုံ တခုရှိသည်။

“ခေါင်က မိုးမလုံတော့ တံစက် မိုးမလုံ”ဆိုသည့် စကားပင် ဖြစ်သည်။ တိုင်းပြည်တပြည်တွင် မိဘသဖွယ်တူသော အုပ်ချုပ်သူများအနေနှင့် ကောင်းမွန်သည့်အုပ်ချုပ်မှု စီမံခန့်ခွဲမှု မရှိခြင်း၊ တရားဥပဒေစိုးမိုးမှု မရှိခြင်းက ပြည်သူပြည်သားတွေအပေါ် ဆင်းရဲမွဲတေမှုထူပြောစေပြီး အလုပ်အကိုင်အခွင့်အလမ်း နည်းပါးကာ ဒုက္ခပင်လယ် ဝေစေခဲ့သည်။

ဆင်းရဲမွဲတေမှုများလာသောအခါ ပြည်သူများအနေဖြင့် မဖြစ်သင့်သည့်အရာများ မိမိမလုပ်ချင်သည့် အရာများကို ဇွတ်ကြိတ်မှိတ်ပြီး လုပ်ကိုင်ရင်း ၎င်းတို့၏ ကိုယ်ပိုင်စိတ်ချမ်းသာမှုများ ပျောက်ဆုံးနေပြီး လူသားဆန်ဆန် နေထိုင်နိုင်မှုများလည်း သိသိသာသာ ပျောက်ဆုံးခဲ့ရတော့သည်။

အဆိုပါဖြစ်ရပ်များစွာ ရှိသည့်အထဲတွင် ယခုတင်ပြမည့်အကြောင်း အရာလေးကတော့ ဆင်းရဲမွဲတေမှု၏ သားကောင်များဖြစ်ကြရင်း မိမိတို့၏ လူသားဆန်ဆန်နေထိုင်နိုင်မှု ပျောက်ဆုံးနေသော အကြောင်းအရာ လေးပင်ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် နိုဝင်ဘာ ၁၂ ရက်က တရားမ၀င်ဖွင့်လှစ်ထားသော အနှိပ်ခန်း (မာဆပ်) မှ အမျိုးသမီးငယ်လေးတဦး ထွက်ပြေးသွားပြီးနောက် ဆက်တိုက်ဆိုသလိုပဲ ယင်း အနှိပ်ခန်းမှ နောက် ထပ်အမျိုးသမီးငယ်လေးသုံးဦး ထပ်မံထွက်ပြေးခဲ့ရာ တာဝန်သိ ပြည်သူများ၏အကူအညီဖြင့် ပြည်မြို့၊ အမှတ်(၃)ရဲစခန်း၌ လူကုန်ကူးမှုကာ ကွယ်တားဆီးရေးဥပဒေပုဒ်မ (၂၄) နဲ့ အမှုဖွင့် အရေးယူနိုင်ခဲ့ပါသည်။

ဖြစ်စဉ်ကိုတော့ ကာယကံရှင် မသီတာ (အမည်လွှဲ) က သူမ၏မိခင်ကို ပြန်လည်ပြောပြရာတွင် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထန်းပေါက် အုပ်စု၊ --- ကျေးရွာမှ ဒေါ်နန်းနု (အမည်လွှဲ) က သူမရဲ့သမီးလေး မသီတာကို လွန်ခဲ့တဲ့တလခန့်က ပြည်မြို့၊ ကားဂိတ်ဝင်းအနီးက ဆည်းဆာလက်ဖက်ရည်ဆိုင်မှာ တလကိုကျပ်ငါးသောင်းနဲ့ အလုပ်လုပ်ဖို့ အပ်ထားခဲ့ပါသည်။

အဆိုပါလက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေစဉ် ဆိုင်ကို မကြာခဏ လက်ဖက်ရည်လာသောက်လေ့ရှိတဲ့ မအိခိုင်နဲ့ ဦးမျိုးဦးဆိုသူတို့နဲ့ရင်းနှီးခဲ့ပြီး နောက်ပိုင်းရက်များမှာ ၎င်းတို့နှစ်ဦးက မသီတာကို ဒီဆိုင်မှာလုပ်တာ ဘယ်လောက်ရလဲလို့ မေးသည့်အတွက် တလကျပ်ငါးသောင်း ရကြောင်းပြန်ပြောပြရာ ၎င်းတို့နှစ်ဦးက ငါတို့ဆီမှာ ထမင်းချက် အလုပ်လာလုပ်ပါလား။ တလ ကျပ်နှစ်သိန်းပေးမည်ဟုပြောပြီး လိပ်စာကတ်ထုတ်ပေးခဲ့ပါသည်။ ထို့နောက် မသီတာမှာ လက်ဖက်ရည်ဆိုင်ရှင်နှင့် စကားများပြီး မလုပ်တော့ဟုဆိုကာ ပြန်မည်ပြောသည့်အတွက် ယင်း လက်ဖက်ရည်ဆိုင်မှ စာရေးလုပ်သူက မသီတာအား ထုံးဘိုကားဂိတ်သို့ လိုက်ပို့ပေးခဲ့ပါသည်။အဆိုပါလိုက်ပို့သည့် နိုဝင်ဘာ ၁၀ ရက်မှာ ဒေပါဝလီနေ့ဖြစ်နေသဖြင့် ကားမရှိတော့ပါ။ မသီတာက တယောက်တည်း ယောင်လည်လည် ဖြစ်နေရင်း သူမခေါင်းထဲကို အတွေးတခုက ရောက်သွားသည်။ ယင်းမှာ မသီတာကို ပေးထားသည့်လိပ်စာကတ်ကလေး ဖြစ်သည်။

အကယ်၍အလုပ်အဆင်ပြေပါက မိဘများအတွက်လည်း ပိုပြီးအဆင် ပြေမည်ဆိုသည့်အတွေးလည်း ပါကောင်းပါပေမည်။ လစာကလည်း မက်လောက်စရာကိုး။ ဒါကြောင့် ယောင်လည်လည်ဖြစ်နေစဉ် အနီးသို့ ဘယ်သွားမလို့လဲလို့ ကပ်လာပြီးမေးသည့် ဆိုင်ကယ်ကယ်ရီသမားအား ယင်းလိပ်စာပြပြီး ပို့ခိုင်းလိုက်သည်။

တွေ့လိုက်ရသည့်နေရာကား အနှိပ်ခန်းတခုပင်တည်း။ ယင်းအနှိပ်ခန်းတွင် မအိခိုင်နှင့် ဦးမျိုးဦးတို့ကို အဆင်သင့်ပင် တွေ့လိုက်သည်။ သို့ပေမဲ့ ခေါ်ကတည်းက ထမင်းချက်အလုပ်လုပ်ရမည်ဆိုတော့ အလုပ် လုပ်ရန်လာကြောင်း ပြောလိုက်သည်။ သို့သော် တကယ်တမ်းအလုပ်ခိုင်းတော့ ထမင်းချက်အလုပ်မဟုတ်ဘဲ ဆိုင်ရှင်မအိခိုင်က ၁၅ မိနစ်ကြာ အနှိပ်နှိပ်လျှင် ကျပ်ငါးထောင်နှင့် ပြည့်တန်ဆာအလုပ်လုပ်လျှင် ကျပ် တသောင်းခွဲရကြောင်း၊ ဧည့်သည်မှ ကွိုင်ဝယ်ရင် ကျပ်ငါးရာဖြင့် ၀ယ်ရကြောင်းပြောပြပြီး မသီတာအား အဓမ္မအလုပ်ခိုင်းစေပါတော့သည်။ ထိုအချိန်မှစတင်ပြီး အပြင်သို့ လုံးဝမထွက်ခိုင်းတော့ပါ။

မသီတာ ဒီလိုဖြစ်နေချိန်မှာ အပြင်မှာတော့ လက်ဖက်ရည်ဆိုင်က မသီတာပြန်မည်ဆိုသည့်အတွက် ကားဂိတ်သို့ ပို့ပေးခဲ့ပြီးဖြစ်ကြောင်း၊ အိမ်သို့ ဖုန်းဆက်အကြောင်းကြားပြီး အိမ်ကအမေဖြစ်သူက ပြန်ရောက် မလာသည့်အတွက် စိတ်ပူပြီး ပြည်ကို နိုဝင်ဘာ ၁၁ ရက်က သမီးပျောက်ရှာရန် ထွက်ခဲ့ပါသည်။ ဒါပေမဲ့ တနေသာကုန်ပြီး သမီးက ရှာမတွေ့တာနဲ့ အိမ်ကိုပြန်ခဲ့ပြီး နောက်နေ့ နိုဝင်ဘာ ၁၂ ရက်မှာ ပြည်မြို့မှာ ရင်းနှီးရင်းစွဲရှိတဲ့ ကံသာဘုန်းတော်ကြီးကို အကူအညီတောင်းပြီး လိုက်လံရှာဖွေရာမှ အောင်ဆန်းပြည် သာယာရပ်ကွက်ရှိ အဲဗားဝမ်း အနှိပ်ခန်းတွင် သမီး ဖြစ်သူရောက်နေကြောင်း သတင်းရသည့်အတွက် သွားရောက်ရှာဖွေ မေးမြန်းရာ ဆိုင်ရှင်က မရှိဘူးဟုပြောသဖြင့် ဆရာတော်က ''ငါတို့ သတင်း အတိအကျ ရထားတယ်။ သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားပြီး ရှာမယ်''ဟု ပြောပြီး ရဲစခန်းကို အကြောင်းကြားရာ ဆိုင်ရှင်ဦးမျိုးဦးဆိုသူက ဆိုင်ကယ်ဖြင့် ရေးကြီးသုတ်ပြာမောင်းပြီး ပြန်ကွေ့လာသည်ကို တွေ့ရပြီး ၎င်းနောက်သို့ လိုက်စဉ် သမီးဖြစ်သူကို တွေ့ရပြီး ပြန်လည်ခေါ်ယူခဲ့သည်။မသီတာက မိခင်ဖြစ်သူဒေါ်နန်းနုကို ပြောပြရာတွင် ဆိုင်ရှင်ဖြစ်သူ ဦးမျိုးဦးက ၎င်းအား နောက်ဖေးအုတ်တံတိုင်းပေါ်သို့ကျော်ပြီး တခြားတဖက်သို တွန်းချခဲ့ကြောင်း၊ ၎င်းက ချုံပုတ်ထဲတွင် ပုန်းနေခိုင်းပြီး နင်တို့ကိုလာဖမ်းတာဟုပြောပြီး ထွက်သွားကြောင်း၊ ၎င်းက ကြောက်လန့်ပြီး အကူအညီတောင်းရန်ကြည့်ရာ ၎င်းရောက်ရှိရာ အိမ်အတွင်းမှ ထမင်းချက်နေသူကိုတွေ့ရပြီး အော်ဟစ်အကူအညီတောင်းရာ အဆိုပါအမျိုးသမီးမှ ၎င်း၏အိမ်တွင်းတွင် ပုန်းနေခိုင်းပြီး ဆိုင်ရှင် ဦးမျိုးဦး လိုက်လံရှာဖွေနေသည်ကို အိမ်ထဲမှမြင်တွေ့ရကြောင်း၊ ၎င်းနောက်မှ ဆရာတော်ကို အကူအညီပေးထားသူက လာခေါ်ကြောင်း ပြန်လည်ပြောပြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) မှ ကိုဇော်ထွန်းကပြောကြားရာတွင် လူကုန်ကူးခံရခြင်း အင်္ဂါရပ်များဖြစ်သည့်အတွက် ပုဂ္ဂိုလ်တဦးတယောက်ကို ထိုသူ၏ သဘောတူတူ၊ သဘောမတူတူ ခေါင်းပုံဖြတ်ခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မခိုင်းစေခြင်း၊ အဓမ္မ၀န်ဆောင်မှုပေးခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း စသည်တို့ဖြင့် အကျုံးဝင်နေသဖြင့် ၁၃-၁၁-၂၀၁၅ ရက်တွင် ပြည်ခရိုင် လူကုန်ကူးမှုရုံးသို့ တိုင်တန်းခဲ့ပြီး ပြည်အမှတ်(၃) ရဲစခန်းတွင် (ပ)၂၆၅/၂၀၁၅၊ လူကုန်ကူးတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ (၂၄) ဖြင့် အမှုဖွင့်ခဲ့ပြီး တရားခံများအား ဖမ်းဆီးထားကြောင်း ပြောသည်။

''ပထမတချက်က ဖြားယောင်းသွေးဆောင်တာ နှစ်သိန်းပေးမယ်ဆိုပြီး ဖြားယောင်းသွေးဆောင်တာ။ နောက်တချက်က လုပ်အားခေါင်းပုံဖြတ်တာ။ စက်ရှင်က လေးထောင်ရမယ်လေ၊ တထောင်ပဲ ပေးပြီး သုံးထောင်ကို သူတို့ယူတယ်။ နောက်တချက်က ပိတ်လှောင်တာလေ၊ ပြင်ပနဲ့ မိသားစုနဲ့ ဆက်သွယ်ခွင့်မရအောင် ပိတ်လှောင်တာ၊ သူ့မိဘ တွေလာခေါ်တော့လည်း ကောင်မလေးကို ခြိမ်းခြောက်ပြီးတော့ တနေရာရှောင်ခိုင်းတယ်။ ဒါတွေက လူကုန်ကူးခံရခြင်းရဲ့ အင်္ဂါရပ်တွေမှာ ပါတယ်။ ဒါကြောင့် ကျွန်တော်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဆရာ့ဆီကိုတိုင်တန်းပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်တာပါ''ဟု ၎င်းက ပြောသည်။

အလားတူ နိုဝင်ဘာ ၁၃ ရက်ကလည်း အဆိုပါ အနှိပ်ခန်းမှ (၁၆) နှစ်အရွယ် အမျိုးသမီးငယ်တဦး၊ အသက် (၂၀) အရွယ် အမျိုးသမီးတဦးနှင့် အသက် (၃၈) နှစ်အရွယ် အမျိုးသမီးတဦးတို့လည်း ထပ်မံထွက် ပြေးခဲ့ကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးလေးဦးစလုံးကို ကံသာကျောင်းဆရာတော်မှ ကူညီစောင့်ရှောက်ထားပြီး ယင်းအမျိုးသမီးများ၏ စားရေးသောက်ရေးတို့ကို တာဝန်ယူထားကြောင်း သိရသည်။

''ဘာလို့ထွက်ပြေးလာလဲဆိုတော့ ဆိုင်ရှင်က ကျွန်မတို့ကို ပိုက်ဆံ ရှင်းမပေးဘူး။ ပြီးတော့ ထမင်းလည်း အကောင်း မကျွေးဘူး။ ပြီးတော့ အသန့်ဆိုပြီးတော့ ဖာခန်းဖွင့်ထားတယ်။ နယ်ထိန်းတွေနဲ့ သမီးတို့ကိုပေး နေခိုင်းတယ်။ ခေါ်လာတုန်းကတော့ မာဆပ်သီးသန့်ဆိုပြီး ဒီရောက်တော့ ဆိုင်ရှင်အစ်မကြီးတွေက တခါဝင်ရင် တသောင်းခွဲဆိုပြီးတော့ ပြောတယ်။ ကိုယ်လုံးဝင်ရမယ်လို့ ပြောတယ်။ ကိုယ်လုံးမ၀င်ရင် ကောင်မလေးတွေကို တသောင်းဖြတ်တယ်။ ကျွန်မတို့က ပြန်မယ် ပိုက်ဆံရှင်းပေးလို့ပြောရင် ပိုက်ဆံရှင်းမပေးဘဲ ဘယ်နှလနေရမယ်ဆိုပြီး ပြောတယ်''ဟု ထွက်ပြေးလာသူထဲမှ ပန်းတနော်မြို့သူလေးက ပြောသည်။

ထွက်ပြေးလာသူ အမျိုးသမီးငယ်လေးတဦးကတော့ သူ့အသက်မှာ (၁၆) နှစ်သာရှိသေးပြီး ၎င်းမှာ ကိုယ်ဝန်သုံးလရနေပြီဖြစ်ကြောင်းကို ယခုကဲ့သို့ ရင်ဖွင့်ပါတယ်။

''ဈေးထဲကို သူတို့လာတဲ့အခါကျတော့ ကျွန်မတို့မှာ မပြေလည်လို့ အလုပ်လုပ်ချင်ကြောင်းပြောတော့ သူတို့တွေက လုပ်ချင်ရင်လာခဲ့ အနှိပ်သီးသန့်လည်းရတယ်။ အရောဝင်ချင်လည်းရတယ်လို့ ပြောတယ်။ ပထမတော့ အနှိပ်အသန့်ဆိုပြီးဝင်လိုက်တာ၊ စစချင်းကျတော့ ကျွန်မ ၂၁ ရက်နေ့က အဘိုးကြီးတယောက်နဲ့ လူငယ်လေးတယောက်လာလို့ ကျွန်မကိုနေခိုင်းတော့ ကျွန်မက မနေချင်ဘူးလို့ပြောတော့ ဒဏ်ကြေး တွေလည်း ရိုက်တယ်။ ပြီးတော့ သူတို့သူငယ်ချင်းတွေလာတုန်းကလည်း ကျွန်မကို အကြွေးပေးနေခိုင်းတယ်။ ပြီးတော့ သမီးတို့ကို ဒဏ်ကြေးတွေလည်း ရိုက်တယ်။ ဒဏ်ကြေးဆိုတာ အပြစ်လုပ်ရင်လည်း ဒဏ်ကြေး ရိုက်တယ်။ အိပ်ယာထနောက်ကျခဲ့ရင် ၈ နာရီထိုးထက် နောက်ကျခဲ့ရင် ဒဏ်ကြေးတသောင်း၊ အဲယားကွန်းမပိတ်မိရင် ဒဏ်ကြေးတသောင်း၊ မွေ့ယာခင်းတွေ မခေါက်မိရင်လည်း ဒဏ်ကြေးရိုက်တယ်။ ပြီးတော့ အိမ်ရှေ့ကို ထွက်မိရင်လည်း ဒဏ်ကြေးရိုက်တယ်။ ကျွန်မအမေက အဲဒီ အလုပ်ကို မလုပ်ခိုင်းဘူး။ ရဲတွေ ဘာတွေလာရင်လဲ အလကားကြေးနဲ့ ၀င်ပေးရတယ်။ ပထမတုန်းက သစ်သမားကြီးတယောက် လာသွားတော့ သူက ၉,၅၀၀ ပဲပေးလို့ ကွန်ဒုံးမသုံးဘဲဝင်မိတာ။ ကျွန်မက အဲဒီ အကြောင်းကို သူတို့ကိုပြောတဲ့အခါ သုံးရက်လောက်ကြာမှ ဆေးဝယ်ပေးတယ်။ အဲဒါကြောင့် ကျွန်မမှာ ကိုယ်ဝန်သုံးလရှိသွားပြီ''ဟု ပြည်မြို့၊ --- ရွာမှ အမျိုးသမီးငယ်လေးက ကြေကွဲစွာပြောသည်။

ဆိုင်တွင်အလုပ်လုပ်နေကြရသော အမျိုးသမီးများအား မတန်တဆ ဈေးနှုန်းများဖြင့် မုန့်များ၊ စားစရာများကိုလည်း ရောင်းချပေးနေပြီး ဒဏ်ကြေးများနှင့် နစ်မွန်းနေကာ သူတို့ဘ၀တွေမှာ အလုပ်လုပ်ပြီး အကျိုးခံစားခွင့်မရှိကြောင်းကိုလည်း ပြောပြကြပါတယ်။

အဆိုပါ အမျိုးသမီးငယ်လေးများကို စောင့်ရှောက်ထားသော ပြည်မြို့၊ ကံသာကျောင်းဆရာတော် ဦးဇောတိပါလမှလည်း ''ဒီကလေးမလေးတွေ သူတို့အခက်အခဲတွေ ပြေလည်တဲ့အထိ ဦးဇင်းတို့အနေနဲ့ စောင့်ရှောက်သွားမှာပါ။ အခုအချိန်မှာ သူတို့ရဲ့စားရေးနေရေးတွေပါမက သူတို့ရဲ့စိတ်ဓာတ်ခွန်အားတွေ တိုးပွားစေဖို့လည်း ဦးဇင်းတို့က အားပေးသွားမှာပါ။ အခု သူတို့တွေရင်ဆိုင်နေရတဲ့ ကိစ္စ၀ိစ္စတွေ ပြီးဆုံးသွားရင် လည်း သူတို့ရဲ့မိဘရပ်ထံကို အိမ်တိုင်ရာရောက် ကားတွေနဲ့လိုက်လံ ပို့ဆောင်ပေးသွားမှာပါ''ဟု မိန့်ကြားသည်။

ဒီဖြစ်ရပ်ကိုကြားသိရတော့ ကျွန်တော်အနေဖြင့် ယခုကဲ့သို့ဖြစ်ရပ်မျိုး မြန်မာနိုင်ငံတ၀ှမ်းမှာ ဘယ်လောက်များ ထူပြောနေမှာပါလိမ့်။ ပြီးတော့ ဒီလိုအရွယ် ဒီလိုအချိန်မျိုးမှာ သူတို့တွေလည်းပဲ လူ့ပတ်ဝန်းကျင်ထဲမှာ အဆင်ပြေပြေနဲ့ လူသားဆန်ဆန် နေချင်ရှာမှာပါပဲလို့ တွေးမိပါတယ်။ ဒီလို အလုပ်မျိုးကို အများစုကတော့ ပျော်လို့လုပ်နေကြတယ်လို့ ကျွန်တော် မယူဆမိပါ။ သူတို့ဘ၀အခက်အခဲတွေကြောင့်သာ ဒီလိုမျိုးဖြေရှင်းနေ ကြရတာဖြစ်မှာပဲလို့ သားသမီးများရှိသူအနေနဲ့ရော၊ လူသားတယောက်အနေနဲ့ပါ တွေးမိပါတယ်။ ဒါ့အပြင် အရွယ်မတိုင်ခင် လက်ဖက်ရည်ဆိုင်တို့၊ စားသောက်ဆိုင်တို့ကိုရောက်နေတဲ့ ကလေးလေးတွေကို မြင်ရ ပြန်တော့လည်း သူတို့လေးတွေရဲ့ ကလေးဘ၀တိုတောင်းမှုအပေါ် စိတ်မကောင်းဖြစ်မိပါတယ်။ အဲဒါတွေကတော့ ဆင်းရဲမွဲတေမှုရဲ့ နောက်ဆက်တွဲပြဿနာလေးတွေပါပဲ။ ဒါတွေကြောင့် ပြည်သူတွေက အပြောင်းအလဲကို မျှော်လင့်နေကြတာ မဟုတ်လား။အဲဒါကြောင့် မြန်မာပြည်သူများမျှော်လင့်နေတဲ့ ပြောင်းလဲခြင်းကို မြန်မြန်လေးရောက်ပြီး ပြည်သူပြည်သားများလည်း တရားဥပဒေစိုးမိုးမှုအောက်မှာ လူသားဆန်ဆန် နေနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါကြောင်း။

မင်းယွန်း(ခေတ္တရာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ပန်းနာရင်ကြပ် ရောဂါကြောင့် တရားခွင်အတွင်းတွင်ပါ ကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီး ဆေးကုသမှု ခံယူနေရသော်လည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့်တရားစွဲခံရသူ ဦးခွန်ဂျာလီကို လှိုင်မြို့နယ် တရားရုံးက အာမခံ မပေးခဲ့ကြောင်းသိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံကို ခြေထောက်ဖြင့် နင်းနေသည့် ဓာတ်ပုံအား ဖေ့ဘွတ်ခ်တွင် တင်သည့်အတွက်ဟု ဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးမင်းထွဋ်က တရားလိုပြုလုပ်ပြီး ကချင်အမျိုးသား ဦးခွန်ဂျာလီအား တရားစွဲဆိုထားသော အမှုကို နိုဝင်ဘာ ၂၃ရက်က ၅ ကြိမ်မြောက်ရုံးချိန်း ခေါ်ယူပြီး တရားလိုဖြစ်သော ဒုတိယဗိုလ်မှူးကြီး လင်းထွဋ်ကို စစ်ဆေးခဲ့သည်။

အဆိုပါရုံးချိန်း၌ တရားခွင်အတွင်း တရားစစ်ဆေးနေချိန်မှာပင် ဦးခွန်ဂျာလီမှာ ပန်းနာရင်ကြပ် ရောဂါကြောင့် အသက်ရှုကြပ်သည့် ဝေဒနာခံစားနေရပြီး မောပန်းနေသည်ကိုတွေ့ရသည်။ သို့သော်လည်း လှိုင်မြို့နယ်တရားသူကြီးက အာမခံလျှောက်ထားမှုကို ပယ်ချခဲ့သည်။

"ကျွန်တော်တို့ကတော့ အာမခံမရမချင်း ဆက်လျှောက်မယ်။ ကျွန်တော်တို့ယုံကြည်တာကတော့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၇(၁) မှာ ဖျားနာ ချိနဲ့နေသူတွေကို အာမခံပေးဖို့ ဆိုပြီး ပြဌာန်းထားတယ်။ဒါကလည်း တရားရုံးရဲ့ဆင်ခြင်တုံတရားပေါ်မှာ မူတည်ပြီး ပေးရတာကိုး။ အဲဒါနဲ့ပတ်သက်ပြီး တရားရုံးကို ဆက်လက်လျှောက်ထားမယ်။ လက်ရှိကတော့ တွေ့တဲ့အတိုင်းပဲ။ အသက်ရှုကြပ်နေတယ်။ သူ့ရဲ့အသက်ရှု ကိရိယာလေးနဲ့ အသက်ရှုနေတယ်။ ဒါပေမယ့် ဆရာဝန်ညွှန်ကြားချက်အရ အဲဒါကလည်း နှစ်ခါထက်အပြင် ပိုရှုလို့မရဘူး။ပန်းနာရင်ကြပ်ရောဂါဆိုတာ လည်ချောင်းပြွန်ကျဉ်းသွားတဲ့ သဘောပေါ့။ အဲဒါလေးကို ပြန်ချဲ့ဖို့ဆေးနဲ့ဖြန်းတယ်။ဆေးနဲ့ဖြန်းတော့ မသက်သာဘူး။ ချွဲတွေအများကြီးထွက်လာတယ်" ဟုဦးခွန်ဂျာလီ၏ရှေ့နေ ဦးအယ်ခွန်ရင်းက ပြောကြားသည်။

ဦးခွန်ဂျာလီမှာ ၁၀နှစ်သားကတည်းက ပန်းနာရင်ကြပ်ရောဂါရှိ နေခြင်းဖြစ်ပြီး ထောင်တွင်းမှာ နေထိုင်ရခြင်းအတွက် အနံ့အသက် မကောင်းသောကြောင့် ယင်းအချက်ကိုလည်း စိုးရိမ်ပူနေကြောင်းနှင့် တရားလိုပြသက်သေ ၄ ဦး ကျန်ရှိနေသေးသည့်အတွက် အမြန်ဆုံးစစ်ပေးရန်အတွက်လည်း တရားသူကြီးကို မေတ္တာရပ်ခံထားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့်ပင်တရားစွဲခံရသော ကန်ကြီးထောင့်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးကိုမူ ရဲတပ်ဖွဲ့ဝင်များက အာမခံပေးခဲ့ပြီး ယင်းပုဒ်မဖြင့်ပင် တရားစွဲခံရပြီး ကျန်းမာရေးမကောင်းသည့် ဦးခွန်ဂျာလီကိုမူ လှိုင်မြို့နယ် တရားရုံးက အာမခံ ပယ်ချခဲ့သည်မှာ ၅ကြိမ် ရှိသွားပြီဖြစ် ကြောင်းသိရသည်။

ကျန်းမာရေး မကောင်းသော ဦးခွန်ဂျာလီကို လှိုင်ဒေသန္တရ ဆေးခန်းသို့ ပို့ဆောင် ဆေးကုသခဲ့ရပြီး၊ နောက်တစ်ပတ်ရုံးချိန်းကို ဒီဇင်ဘာ ၂ရက်တွင် ချိန်းဆိုထားကြောင်း သိရသည်။

ဓာတ်ပုံ - သက်မင်း
Eleven Media Group


ပြီးခဲ့တဲ့ အပတ်က ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသွယ်ရှိ နေအိမ်ခြံဝန်းတစ်ခုမှာ အသက် (၈)နှစ်အရွယ် မိန်းကလေးငယ်အားနှိက်စက်ညှဉ်းပန်းခံနေရမှုဓာတ်ပုံများ ဖေ့ဘုတ်လူမှုကွန်ယက်မှာတက်လာပြီးကယ်ထုတ်ပေးဖို့တောင်းဆိုထားတဲ့ သတင်းဟာ ဖေ့ဘုတ်မှာပွက်လောရိုက်ကုန်ပါတော့တယ်။

အရွယ်မရောက်သေးတဲ့ ကလေးငယ်တယောက်ကို လူမဆန်စွာနှိပ်စက်နေတဲ့ပုံတွေဟာမြင်ရသူအပေါင်းကို အော့နှလုံးနာစေခဲ့ပါတယ်။ ဒီလောက်စာနာတရားကင်မဲ့စွာလုပ်ဆောင်မှုကို ဘယ်လူမူအဖွဲ့အစည်းကမှ လက်သင့်မခံပါဘူး။ ယခုနောက်ပိုင်းဒီလိုကလေးသူငယ်တွေနှိက်စက်ညှဉ်းပန်းခံရမှုတွေ မကြာခဏဖြစ်ပွားနေတော့လူတွေရဲ့ လူသားဆန်တဲ့စိတ်ဓာတ်တွေ တဖြည်းဖြည်းလျော့နည်းလာပြီလားလို့တောင်တွေနေမိပါတယ်။ ခုဖြစ်ပွားတဲ့ကလေးငယ်ကတော့သူတောာ်ကောင်းနဲ့တွေ့သွားတယ်လို့ပြောရမှာပါပဲ။တာဝန်သိပြည်သူတယောက်ရဲ့ သတင်းပေးတိုင်းကြားမှုကနေ ဖေ့ဘုတ်ပေါ်သတင်းများတက်လာပြီး ခဏလေးအတွင်းမှာ အုတ်အော်သောင်းတင်းဖြစ်ကုန်ကြပြီး အဖွဲ့အစည်းအသီးသီးက သွားရောက်စုံးစမ်းမေးမြန်း ကယ်ဆယ်ဖို့ပြုလုပ်ကြပါတော့တယ်။

အခုကိစ္စကိုတွေ့ရှိပြီး သက်ဆိုင်ရာကိုသတင်းပေးတိုင်ကြားတဲ့ ကိုစည်သူဆိုတဲ့သူကို စိတ်ထဲက ချီးကျုးဂုဏ်ပြုနေမိပါတယ်။ငါ့ကိစ္စမှမဟုတ်တာဆိုပြီးမျက်နှာလွှဲမသွားဘဲ မတရားတာလုပ်တာကို လက်မခံချင်တဲ့စိတ် ၊ ကြီးနိုင်ငယ်ညှဉ်းအနိုင်ကျင့်တာကို လက်မခံတဲ့စိတ်၊လူသားဆန်တဲ့စိတ်ဓာတ်အပြည့်အ၀ရှိတဲ့ ကိုစည်သူဟာ ကျွန်တော်တို့အားလုံးအတွက် အတုယူဖွယ်ရာဖြစ်ပေတယ်။

ဘာလို့လဲဆိုတော့ ဒီနေ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “သွားမပါနဲ့ အမှုပတ်လိမ့်မယ်” “ဓားခုတ်ရာလက်ဝင်မလျှို”နဲ့ဆိုတဲ့ လူသားမဆန်တဲ့စိတ်ဓာတ်တွေ အတော်လေးကြီးထွားနေတာ စိတ်မကောင်းစွာ နေ့စဉ်ကြားသိ မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ ဂုဏ်ယူဖွယ်တခုဖြစ်သော သူတပါးကိုရိုင်းပင်းကူညီတတ်ခြင်း၊ စာနာသနားတက်ခြင်း ဆိုတဲ့စိတ်တွေဟာ တစတစနဲ့နည်းပါးလာတာ တွေ့မြင်နေရပါတယ်။ ယနေ့ကမ္ဘာမှာလည်း လူ့ကျင့်ဝတ်တွေ၊လူသားဆန်တဲ့စိတ်ထားတွေ၊ တာဝန်ယူတတ်မှုတွေ ကြင်နာသနားတတ်မှုတွေ တဖြည်းဖြည်းလျော့ကျလာတာဟာ လူမှုအဖွဲ့အစည်းအတွက် များစွာခြိမ်းခြောက်နေပါတယ်။

ပြီးခဲ့ရက်ပိုင်းကပဲ မန်းလေးမှာ မနက်ပိုင်း အပြင်ထွက်တော့ သိပ္ပံလမ်းမှာအမျိုးသမီးငယ်တဦး ပက်လက်အနေအထားနဲ့ နဲ့လဲကျနေတာကို တွေ့ကြုံခဲ့ရပါတယ်။မိန်းကလေးရဲ့ မျက်နှာနဲ့ ဦးခေါင်းများမှသွေးများထွက်နေတာတွေ့ရပါတယ်။ဘေးမှာ ထမင်းဘူးမှ ထမင်းများပြန့်ကျဲနေပြီး စီးလာတဲ့စက်ဘီးကရှေ့ဘီးများ ကွေးကောက်နေပါတယ်။ ကြည့်ရတဲ့အနေအထားအရ မိန်းကလေးဟာ အသက်ရှိသေးတယ်လို့ယူဆရပါတယ်။ ဒဏ်ရာက မများဘူးလို့ ယူဆရပါတယ်။ သူ့ဘေးပတ်လည်မှာတော့ လူအများက ကောက်ချက်အမျိုးမျိုးပေးဝိုင်းကြည့်နေပါတယ်။ ကားတွေကလည်း ထိုလူအုပ်ကိုမနည်းရှောင်မောင်းနေကြပါတယ်။ ကားတစီးနဲ့ ချိတ်မိတာဖြစ်ပြီး ကားကတော့ထွက်ပြေးသွားပြီလို့ သိရပါတယ်။ လူအုပ်ထဲမှ ကြည့်နေသူတယောက်က“ကားတစီးနဲ့ ဆေးရုံးအမြန်ပို့လိုက်ရင်ကောင်းမယ်ထင်တယ် မသေသေဘူးဗျ”လို့ ပြောဆိုလိုက်ပါတယ်။ အဲဒီအချိန်မှာ လူအုပ်ထဲကတယောက်က သွားမထိနဲ့ရဲမလာသေးဘူး အမှုပတ်လိမ့်မယ် လူနာတင်ကားစောင့်အုံးဆိုပြီးပြောဆိုလိုက်တော့ ဘယ်သူမှမကိုင်ကြတော့။ သိပ်မကြာခင်မှာပဲယာဉ်ထိန်းရဲနဲ့ လူမူကူညီရေးကားရောက်လာပြီး ဆေးရုံသယ်သွားကြပါတယ်။

နောက်ဖြစ်စဉ်တခုကတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သူငယ်ချင်းအဖေဖြစ်ခဲ့တာပါ။ သူငယ်ချင်းအဖေဟာ ညနေပိုင်းဆိုင်ကယ်စီးသွားရင် ရုတ်တရက်သွေးတိုးလာကာ လမ်းဘေးကသစ်ပင်ဝင်တိုက်မိပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူငယ်ချင်းအဖေဖြစ်တဲ့နေရာမှာပဲ ပတ်ဝန်းကျင်ရဲ့ ကူညီကယ်ဆယ်မှု ချက်ချင်းမရရှိခဲ့ပဲနာရီဝက်ကျော်ကြာ အခင်းဖြစ်ပွားရာနေရာမှာ အချိန်ကုန်ခဲ့ပါတယ်တဲ့။ဆေးရုံရောက်တော့ အသက်ရှိသေးပြီး ရောက်တာနောက်ကျသွားတဲ့အတွက် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ သူငယ်ချင်းအဖေဖြစ်သူကိုဖြစ်ဖြစ်ချင်း ၀ိုင်းအုံကြည့်မနေပဲဆေးရုံကို အချိန်မှီပို့နိုင်ခဲ့ပါကအသက်မဆုံးရှုံးနိုင်ဘူးလို့ ပြောလို့ရပါတယ်။

လူတယောက်ရဲ့အသက်ဟာ မိနစ်စက္ကန့်နဲ့အမျှအေ၇းကြီးပါတယ် ။ဒီနေ့အချိန်အခါမှာ မော်တော်ယာဉ်များ ပေါများလာပြီးယာဉ်မတော်တဆဖြစ်မှုတွေများလာတဲ့အချိန်မှာ ခုလိုမျိုးဖြစ်နေတာတွေဟာလူမှုအသိုင်းအ၀ိုင်းအတွက် အင်မတန်စိုးရိမ်စရာပဲဖြစ်ပါတယ်။

ဒီလိုမတော်တဆဖြစ်မှုတွေကို ချက်ခြင်းကူညီကယ်ဆယ်မှု မရရှိလို့ဆေးရုံရောက်နောက်ကျပြီး သေဆုံးရတဲ့ ဖြစ်စဉ်တွေနေ့စဉ်နီးပါးလို ရှိနေပါတယ်။ဒီလိုဒုက္ခရောက်နေတဲ့သူကို လူထုကချက်ခြင်းပါဝင် ကူညီကယ်ဆယ်မှုမရှိဘဲ လက်ရှောင်လာရတဲ့ အဓိကအကြောင်းအရာတခုကတော့ လွဲမှားချွတ်ချော်ခဲ့တဲ့တရားဥပဒေတွေနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေရဲ့ ပြည်သူအပေါ်ဆက်ဆံတဲ့ ဆက်ဆံရေးတွေကတွေကြောင့်လို့ ပြောရမှာပဲဖြစ်ပါတယ်။

ကိုယ့်ရှေ့မှာ ယာဉ်တိုက်မှုဖြစ်တာတွေ၊ မတော်တဆမှုဖြစ်တာတွေ၊ကျန်းမာရေးကြောင့်မူးမေ့လဲနေတာတွေစတဲ့ ဒုက္ခရောက်နေသူတွေကို တွေ့ရှိပါကကူညီချင်ပေမယ့် ရဲစခန်း၊ ဆေးရုံးများရဲ့ ကူညီလာတဲ့သူအပေါ်ကူညီပေးလာသူအဖြစ် နွေးထွေးတဲ့ဆက်ဆံမှုမရှိဘဲ တရားခံလို တပည့်လို့ဆက်ဆံတဲ့ဆက်ဆံရေးကြောင့် ကူညီသူတွေ စိတ်ပျက်စေရပါတယ်။ ဒါ့အပြင် တရားရုံးမှာကိုယ့်စရိတ်ကိုယ်စား အလုပ်ပျက်အကိုင်ပျက်ရုံးချိန်းအကြိမ်ကြိမ်လိုက်ရတာတွေ၊ ရဲသက်သေလုပ်ပေးရတာတွေ၊ ဆေးရုံမှာလူနာသွားပို့ရင် ပိုင်ရှင်မဲ့လူနာဆိုရင် ကုသပေးမှုမရှိတော့ မိမိငွေထုတ်ကုသပေးခဲ့ရမှုတွေ၊ လာပို့တဲ့သူကို မယုံသင်္ကာနဲ့ တရားခံစစ်သလိုစစ်ဆေးနေမှုများကြောင့် ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ချစ်စရာကောင်းတဲ့ စိတ်ထားကောင်းလေးတွေ ပျက်စီးကုန်ကြရပါတယ်။

အုပ်ချုပ်ရေးပိုင်းနဲ့ ဌာနဆိုင်ရာအသီးသီးက လူကြီးတွေ အဂတိလိုက်စားမှုတွေ၊မတော်မတရားလုပ်မှုတွေကို သက်ဆိုင်ရာကိုတိုင်ကြားပါကလည်းအာဏာရှင်စနစ်ကြောင့် အတိုင်ခံရသူက ဘာမှမဖြစ်ဘဲ တိုင်တဲ့သူပင်ပြန်အညစ်ခံရပြီး ဒုက္ခရောက်ရကြတာအများကြီးပါ။

ဒီထက်ပိုးဆိုးတာက တိုင်တဲ့သူတင်မဟုတ် တိုင်သူရဲ့မိသားစုဆွေမျိုးလိုက်ပါ ဒုက္ခပေးခံရတဲ့ သာဓကတွေအများကြီးရှိခဲ့ပါတယ်။ ခုခါမှာဆိုရင် မိမိပတ်ဝန်းကျင်မှာ မကောင်းမှုဒုစရိုက်လုပ်ငန်းတွေလုပ်နေတာတွေ ကိုသက်ဆိုင်ရာကို အသိပေးမတိုင်ကြားရဲကြတော့ဘူး။ ကိုယ့်မျက်စိရှေ့မှာတင် ခါးပိုက်နိုက်လုယက်မှုဖြစ်နေတောင် မပြောရဲ မဆိုရဲတဲ့အထိဖြစ်နေကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားခံများက မိမိအပေါ် ရန်ငြိုးဖွဲ့ ပြန်လည်လုပ်ကြံခံရမှာကို ကြောက်ကြလို့ပဲဖြစ်ပါတယ်။ ဒီအဖြစ်တွေက တရားဥပဒေဟာ ပြည်သူတွေကို လုံခြုံကာကွယ်မှုမပေးနိုင်ဘူးဆိုတာ ပြနေပါတယ်။

ဒီလို ဒုက္ခရောက်တဲ့သူများကို ကူညီပေးတဲ့သူတွေ ၊အာဏာပိုင်များရဲ့အဂတိလိုက်စားမှု မတော်မတရားလုပ်မှုတွေကို ဖော်ထုတ်တိုင်းကြားတဲ့သူတွေကိုဥပဒေရဲ့ကာကွယ်စောင့်ရှောက်မှုမရရှိခြင်း မိမိအလုပ်အကိုင်ပျက်ငွေကုန်ကြေးကျများပြီး ၀န်ထုပ်ဝန်ပိုးဖြစ်စေတဲ့အတွက် အားလုံးဟာကိုယ်နဲ့မဆိုင်သလို မပါဝင်ကြတော့ဘဲ မသိချင်ယောင်ဆောင် ရှောင်ဖယ်သွားကြတော့တာပဲဖြစ်ပါတယ်။ ဒီနေ့ပြည်သူတွေဟာ ရဲစခန်းတို့ ၊ဆေးရုံတို့ကို အားကိုးစရာအဖြစ်မမြင်ကြတော့ဘဲ ရဲဆိုရင်ရွှံမုန်းစရာအဖြစ်မြင်နေကြတာဟာ တိုင်းပြည်အတွက်ကောင်းမွန်တဲ့ လက္ခဏာမဟုတ်ပေ။ ရဲစခန်း ဆေးရုံများကို ပြည်သူတွေကသွားလာရာမှာ ကြောက်တဲ့နေရာတွေအဖြစ်မရှိသင့်တော့ပဲ အားကိုးစရာနေရာအဖြစ် ပြုပြင်ပြောင်းလဲသင့်ပါပြီ။

ဒီနေ့ထိကျွန်တ်ေနားးမလည်တဲ့အကြောင်းရာတခုက ကျွန်တော်တို့နိုင်ငံမှာ ယာဉ်မတော်တဆမှုကြောင့်လည်းကောင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့်လည်းကောင်း ထိခိုက်ဒဏ်ရာရပါက အခင်းဖြစ်ပွားတဲ့နေရာနဲ့အနီးအနားမှာ ဆေးရုံဆေးခန်းများရှိသော်လည်း အစိုးရဆေးရုံများမှလွဲ၍ မည်သည့်ပုဂ္ဂလိကဆေးရုံမှ လက်ခံကုသပေးချင်းမရှိတာဘဲ ဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ အမှုပတ်မှစိုးလို့ပါတဲ့။ ဒီလိုလွဲမှားတဲ့ဥပဒေတွေကြောင့် အသက်ဆုံးရှုံးရမှုတွေ ဘယ်လောက်တောင်ရှိခဲ့ပြီလဲဆိုတာ မခန့်မှန်းနိုင်ပေ။ ပုဂ္ဂလိကဆေးရုံအားလုံးကို တရားဝင်အမိန့်ထုတ်ပြန်ပြီး လက်ခံကုသပေးဖို့ညွန်ကြားသင့်ပေသည်။

ခုဖြစ်ပွားခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်းထဲက ကလေးငယ်ကိုညှဉ်းပန်းနှိပ်စက်မှုဆိုရင်လည်း ဒီလုပ်ရပ်ကိုမြင်တွေ့ပြီးလူမှုစိတ်ဓာတ်အပြည့်အ၀ဖြင့် သက်ဆိုင်ရာရဲစခန်းကို ခုလိုလူမှုကွန်ရက်ပေါ်မရောက်ခင် တပတ်လောက်ကတည်းက သွားတိုင်ခဲ့ပေမယ့် ချက်ချင်းအရေးယူဆောင်ရွက်မှုမရှိခဲ့တာ တွေ့ရပါတယ်။ ကလေးငယ်ဟာခုလိုနှိပ်စက်ခံနေရတာ ရက် ၂၀ ကျော်ပြီလို့ ပြောပါတယ်။ ခုလို လူမှုကွန်ရက်ပေါ်မှာဓာတ်ပုံများပြန့်နှံ့သွားမှသာ အရေးယူဆောင်ရွက်မှု ပြုလုပ်တာဖြစ်ပါတယ်။

နေအိမ်သို့သွားရောက်စစ်ဆေးတော့လည်း ခံရတဲ့ကလေးငယ်ရော နှိပ်စက်တဲ့ကလေးအဒေါ်လို့ပြောသူရော နေရပ်ပြန်သွားပြီလို့ ပြောခဲ့ပါတယ်။ လိပ်စာမေးတော့လည်း မသိဘူးလို့ပြောပါတယ်။ အိမ်အကူဖြစ်လုပ်နေတာသုံးနှစ်တောင်ကြာပြီဖြစ်တဲ့ အလုပ်သမားတယောက်ရဲ့လိပ်စာကို အိမ်ရှင်ကမသိဘူးဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ နောက်ပြီး ကလေးငယ်ဟာ ခုလိုနှိပ်ကစက်ခံရတာ ရက် ၂၀ ကျော်ကြာတဲ့အထိ အိမ်ရှင်ကလုံးဝ မသိရှိဘူးလို့ ပြောဆိုတာလည်း ယုံနိုင်ဖွယ်ရာကိစ္စမဟုတ်ဘူး။ ခုချိန်ထိလည်း ဒီကလေးဟာ အိမ်ပြန်မရောက်သေးလို့ အမြန်ဆုံးရှာဖွေပေးဖို့ ကလေးငယ်ရဲ့ဖခင်မှ မေတ္တာရပ်ခံထားတာ ဖေ့ဘုတ်ပေါ်မှာ သတင်းပျံ့နေတော့ လူထုက ဒီအမှုကို ပိုမိုစိတ်ဝင်စားနေပါတယ်။

အိမ်ပိုင်ရှင်ဟာ အရာရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ရဲ့အိမ်ဖြစ်နေပါတယ်။ ဒါကြောင့် ဒီအမှုကိုဘယ်လိုထိရောက်စွာအရေးယူဆောင်ရွက်မလဲဆိုတာ လူအများက သိချင်နေကြပါတယ်။ အိမ်ရှင်က နေရပ်လိပ်စာမသိရှိဘူးလို့ပြောတာကို ရဲတပ်ဖွဲ့ကယုံနေတာနဲ့ပတ်သတ်ပြီး လည်းကောင်း အိမ်ရှင်ကိုစစ်ဆေးမေးမြန်း အရေးယူဆောင်ရွက်မှုနဲ့ပတ်သတ်ပြီး လည်းကောင်း လူထုက အားမလိုအားမရ ဖြစ်နေကြရပါတယ်။ နောက်ပြီး ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်မှုတွေ အမျိုးမျိုးကွဲလွဲနေတာဟာ တပ်မတော်အရာရှိအိမ်မို့ ခုလိုဖြစ်နေတာလားဆိုပြီး အမျိုးမျိုးမေးခွန်းထုတ်နေကြပါတယ်။

နောက်ဆုံးပြောချင်တာက ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ သူတပါးအပေါ် ကူညီရိုင်ပင်ချင်တဲ့ ကောင်းမွန်တဲ့စိတ်ရင်းစိတ်ဓာတ်တွေဟာ လျော့နည်းပျက်စီးသွားခြင်းမရှိသေးဘူးဆိုတာယခုကလေးငယ်အမှုကို ဖော်ထုတ်လိုက်တဲ့ ဦးစည်သူရဲ့စိတ်ဓာတ်က ဖော်ပြနေပါတယ်။ တရာဥပေဒေစိုးမိုးမှုမရှိခြင်း၊ နောက်ဆက်တွဲ မိမိအပေါ်ကျရောက်လာမယ့် အရှုပ်အထွေးများကြောင့်သာ ကူညီရိုင်းပင်းမှုမရှိဘဲ လက်ရှောင်ကုန်တာဖြစ်ပါတယ်။ ဒီလို ကူညီရိုင်းပင်မှုမရှိတော့ဘဲလက်ရှောင်ကုန်မှုတွေကြောင့် ကျွန်တော်တို့လူမှုအသိုင်းအ၀ိုင်းကို ဘယ်လောက်ထိခိုက် ဆုံးရှုံနစ်နာရှိသလဲဆိုတာ အထက်ပါအကြောင်းအရာများကိုကြည့်တာနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ဂုဏ်ယူစရာကောင်းတဲ့ မွန်မြတ်တဲ့စိတ်ထားကောင်းလေးတွေ မပျက်စီးသွားစေဖို့ ခေတ်နဲ့မလျော်ညီတော့သော လွဲမှားနေသော တရားဥပေဒေများ၊ အခြေအနေများကို အမြန်ပြုပြင်ဖို့လိုနေပြီဆိုတဲ့အကြောင်း မီးမောင်းထိုးပြလိုက်ရပါတယ် . . .

- ကျော်ကြီး(MDY)


ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်နှစ်တွင် အာဏာရပြီးပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးဆောင်သွားမည်ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ပြောကြားသည်။

လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရ အစပြုထားသည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဆက်လက် လုပ်ဆောင်သွားရန် ဆန္ဒရှိသည်ဟု ဦးဝင်းထိန်က ဆိုသည်။

ယင်းက “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် မှာပါ။ အခြားသူတွေအကြောင်း မတွေးပါနဲ့” ဟု ပြောကြားခဲ့သည်။

NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်ပွဲကာလ အတွင်း လူနည်းစု တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်များကို သွားရောက် ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က NLD ရွေးကောက်ပွဲ အနိုင်ရပါက ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဦးစားပေးအဖြစ် ဆောင်ရွက်သွားမည်ဟု မဲဆွယ်ပွဲများတွင် ပြောကြား ခဲ့သည်။

ကယားပြည်နယ်၌ ပြုလုပ်ခဲ့သည့် မဲဆွယ်ပွဲတစ်ခု တွင် ဒေါ်အောင်ဆန်းစုကြည် က “ကျွန်မတို့ နိုင်ငံမှာ လုပ်စရာအလုပ်တွေ အများကြီး ရှိနေပြီး တစ်ခုခုကို ထိပ်ဆုံးဦးစားပေးအဖြစ် သတ်မှတ်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ ဦးစားပေးနေရာမှာ ရှိနေမှာပါ” ဟု ပြောကြားခဲ့သည်။

KHTun
The Ladies News Journal


(တစ်)
ကျုပ်စကားပြောရင် စာရေးရင် အညာသားပီပီ ကြားဖူးနားဝ ပုံတိုပတ်စ ၊ ဥပမာ
ဥပမေယျလေး ထည့်ပြောရမှ ပြည့်စုံတယ်လို့ အောက်မေ့တာကလား။ ဟုတ်တယ်ဗျ။
အထူးသဖြင့် အာဏာရှင်မျိုးဆက် အစိုးရမင်းများအကြောင်း စဉ်းစားမိရင်
ကျုပ်ခေါင်းထဲမှာ ပုံတိုပတ်စတွေ အစီအရီ ပေါ်လာတတ်လေရဲ့။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လူထုအကြီးအကျယ် ထောက်ခံတဲ့ အတိုက်အခံပါတီကြီး
အနိုင်ရပြီဟေ့ဆိုတဲ့ သတင်းလည်း ကြားရော ကျုပ်ခေါင်းထဲကို ဒိုင်းခနဲ
ဝင်ဆောင့်လာတာကတော့ ဖိုးသူတော် ပုံပြင်တစ်ပုဒ်ပဲဗျ။

တစ်ခါတုန်းက သီလကြောင် ဖိုးသူတော်တစ်ယောက်ဟာ ကျောင်းနဲ့
မလှမ်းမကမ်းမှာရှိတဲ့ လယ်ကွင်းထဲက လယ်ပုစွန်လုံးတွေကို မြင်တော့
ချက်စားလိုက်မဟဲ့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လယ်ကွက်ထဲဆင်း ပုစွန်လုံးတွေကို ဖမ်း၊
ခါးပိုက်ထောင်ထဲ ထည့်ပြီး ကျောင်းကို ပြန်လာသတဲ့။ ကျောင်းနားကန်နားမှာ
မှီခိုရတဲ့ ဖိုးသူတော်ဆိုတော့ သူတစ်ပါးအသက်ကို သတ်ခြင်းဟာ ကံငါးပါးထဲက
ပါဏာတိပါတာ ကံထိုက်မှာကို ရှောင်လွှဲတဲ့အနေနဲ့ အဲဒီပုစွန်လုံးတွေကို ဝိနည်းလွတ်
ချက်စားနိုင်ဖို့ ဥာဏ်နီဥာဏ်နက်ထုတ်သတဲ့။

အဲဒီ ဖိုးသူတော် ရွှေဥာဏ်တော် စူးရောက်လိုက်ပုံက မီးဖိုပေါ်မှာ ရေနွေးအိုး
ကျိုက်ကျိုက်ဆူအောင် တည်ပြီး အဲဒီရေနွေးအိုး ဟိုဘက်ဒီဘက် အိုးနှုတ်ခမ်းပေါ်ကို
တုတ်တိုတစ်ချောင်း ဖြတ်တင်ပြီး လယ်ပုစွန်လုံးတွေကို ဖြတ်လျှောက်စေသတဲ့။
ပြီးတော့ သူက ပုစွန်လုံးတွေကို ပြောလိုက်သေးတယ်။ မင်းတို့ ဟိုဘက်အိုး
နှုတ်ခမ်းကို ရောက်အောင် ဖြတ်လျှောက်နိုင်ရင် ဇီဝိတဒါနအဖြစ် မင်းတို့အသက်ကို
လွှတ်ပါသကွာ။ တကယ်လို့ ဟိုဘက်နှုတ်ခမ်း မရောက်ခင် အိုးထဲပြုတ်ကျရင်တော့
မင်းတို့ထိုက်နဲ့ မင်းတို့ကံပေပဲ…တဲ့။

(နှစ်)
ဒီလောက် ကျိုက်ကျိုက်ဆူပြီး အငွေ့တထောင်းထောင်း ထနေတဲ့ အပူငွေ့တွေ
ကြားမှာ ခနော်ခနဲ့ တုတ်ချောင်းပေါ်ကို ဘယ်ပုစွန်လုံးက ဖြတ်လျှောက်နိုင်မတုံးဗျာ။
ရေနွေးအိုးထဲ တဖြုတ်ဖြုတ်ပြုတ်ကျပြီး မာလကီးယား ကုန်ကြရတာပေါ့။
ဖြစ်ချင်တော့ အဲဒီလယ်ပုစွန်လုံးတွေထဲက အကြီးဆုံး ပုစွန်လုံးတစ်ကောင်ဟာ
ဖိုးသူတော်ရဲ့ ကလိမ်စေ့ငြမ်းဆင်တဲ့ စိန်ခေါ်ချက်ကို ရင်ဆိုင်၊ ရေနွေးငွေ့
အပူရှိန်ကြားကနေ တုတ်ချောင်းပေါ် ဖြတ်လျှောက်ပြီး အိုးဟိုဘက်နှုတ်ခမ်းအထိ
အောင်မြင်စွာ ကူးသွားနိုင်ခဲ့သတဲ့။

ဒီမှာတင် အကြီးဆုံး ပုစွန်လုံးကို စားချင်ဇောနဲ့ သားရေကျနေတဲ့ ဖိုးသူတော်
နောက်ထပ်ထုတ်လိုက်တဲ့ ဥပဒေကတော့…၊ မင်းက အကောင်ကြီးတယ်၊
နောက်တစ်ခေါက် ထပ်လျှောက်တဲ့ဗျာ။ တိုတိုပြောရရင် နောက်တစ်ခေါက်
ထပ်လျှောက်တော့ အဲဒီပုစွန်လုံးကြီးလည်း သေရရှာတာပေါ့။

အဲဒီပုံပြင်နဲ့ တစ်ထပ်တည်းပါပဲဗျာ။ ဟိုးလွန်ခဲ့တဲ့ ၂၅ နှစ် ၁၉၉၀ တုန်းက
နိုင်ငံနဲ့အဝှမ်း ရွေးကောက်ပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပပြီး အတိုက်အခံပါတီကြီးလည်း
အနိုင်ရရော…. ရွေးကောက်ပွဲလုပ်တာဟာ အာဏာလွှဲပေးဖို့ မဟုတ်ဘူး။ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ရေးဆွဲဖို့သာဖြစ်တယ်လို့ အခုလက်ရှိ အာဏာရ အစိုးရမင်းများရဲ့
ခေါင်းကိုင်ဖခင်ကြီးများက နှစ်ခေါက် ပြန်လျှောက်ခိုင်းခဲ့ဖူးတယ်လေ။

ဒါတင် ဘယ်ကဦးမတုံး။ ၂၀၁၃ ခုနှစ်တုန်းက ဒီပဲယင်းမှာ အတိုက်အခံပါတီ
ခေါင်းဆောင်ကို မသေမချင်း ရိုက်သတ်ဖို့ လမ်းညွန်ခဲ့သူဟာ
အခုစာဖတ်နေပါတယ်ဆိုတဲ့ ဂိုဏ်းချုပ်ကြီးပဲလို့ သူတို့ဂိုဏ်းဝင် အချင်းချင်း
ပြန်ဖော်နေကြလေရဲ့။

(သုံး)
အမှန်တော့ သူတို့ဟာ သူတို့ ဘေးလောင်းတော် ဘိုးလောင်းတော်၊ ၁၉၆၂ ခုနှစ်
တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီးရဲ့ ခြေရာကို ပုံတူလိုက်နင်းတာပေါ့ဗျာ။
ဒီမောင်တွေရဲ့ ညစ်လုံးတွေကို ဇာတ်စုံခင်းရရင် တစ်ထောင့်တစ်ည
ပုံပြင်လိုဖြစ်တော့မှာမို့ လိုတိုရှင်းပဲ ပြောပါရစေတော့။ ဒင်းတို့ဟာ ဘမျိုးဘိုးတူ
ရာဇဝင်လေးနဲ့ခင်ဗျ။

ဟုတ်တယ်လေ။ အဲဒီဥက္ကဋ္ဌကြီး ခေါင်းဆောင်တဲ့ အိမ်စောင့်အစိုးရဟာ
တော်လှန်ရေးကောင်စီ ဖြစ်လာတယ်။ တော်လှန်ရေးကာင်စီကနေ
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အာဏာရပါတီကြီး ဖြစ်လာအောင် ရွက်ဖျဉ်တဲထဲ
သစ်ကုလားအုတ် ဝင်သလိုမျိုး တစ်ဆင့်ပြီးတစ်ဆင့် ကလိမ်ကကျစ် ကျခဲ့တာပါပဲ။

၁၉၆၂ နဲ့ ၁၉၈၈ ခုနှစ်တွေမှာ အာဏာသိမ်းတော့လည်း တောင်သူလယ်သမား
ကျောမွဲလူတန်းစားတွေ ကောင်းစားဖို့၊ တိုင်းပြည်ငြိမ်ဝပ်ပိပြားဖို့ ဆိုတဲ့
လေသံပစ်တာချင်းလည်း တစ်ထပ်တည်း တူညီတယ်ခင်ဗျ။ ရဟန်းသံဃာ၊
တောင်သူလယ်သမား ကျောင်းသားနဲ့ ပြည်သူတွေကို ရက်ရက်စက်စက်
ပစ်ခတ်နှိမ်နှင်းတဲ့ နေရာမှာလည်း ခြေရာတူ လိုက်နင်းခဲ့တာပါပဲ။

မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြုတေပါတီကနေ ပြည်သူ့ပါတီအဖြစ်
ကူးပြောင်းတာနဲ့ ပုံစံတူ တိုင်းပြည်ဘဏ္ဍာငွေတွေနဲ့ တည်ထောင်ထားတဲ့
ကြံ့ခိုင်ဖွံ့ဖြိုးရေး လူမှုရေးအသင်းကြီးကိုလည်း နိုင်ငံရေးပါတီအဖြစ် ဇွတ်အတင်း
ကူလီကူမာနည်းနဲ့ အသွင်ပြောင်းခဲ့တာလည်း တစ်ပုံစံတည်းပါပဲဗျာ။

၂၀၀၈ ခုနှစ်တုန်းက နာဂစ်မုန်တိုင်းဒဏ်ကြောင့် မြန်မာတစ်ပြည်လုံး မသာအိမ်လို
ဖြစ်နေတဲ့အချိန်မှာ ဒင်းတို့ စိတ်တိုင်းကျ တစ်ဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ
အခြေခံဥပဒေကြီးကို အတည်ပြုခဲ့တာ မှတ်မိကြဦးမှာပါ။ အဲဒီလုပ်ရပ်ဟာ ၁၉၈၈
ခုနှစ် တစ်တိုင်းပြည်လုံး ခြွတ်ခြုံကျပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်း ဝင်နေချိန်မှာ
ငွေစက္ကူတွေကို တရားမဝင်ကြောင်း ကြေညာခဲ့တာ၊ မဆလခေတ် (၁၉၇၄)တုန်းက
ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုတုန်းကလည်း မဲမသမာမှုတွေ
လုပ်ခဲ့တာတွေကို ပြန်ပြောင်း သတိရစရာပါပဲ။

နောက်တစ်ချက်က သူတို့အာဏာရနေစဉ် ကာလတစ်လျှောက်လုံးမှာ လုပ်ခဲ့သမျှ
ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲမှန်သမျှ အကြံအဖန်လုပ်ပွဲတွေချည်း ဖြစ်နေတာမို့၊
တစ်သဝေမတိမ်း တူညီနေတာလည်း ထူးလျက်နဲ့ မဆန်းတဲ့အချက်ပဲဗျာ။

ဟော၊ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်မှာလည်း အဲဒီပါတီဟာ မသမာနည်းမျိုးစုံသုံးပြီး
မဲဆွယ်မဲခိုးလုပ်ခဲ့ကြတာ လူတကာ သိနေတဲ့ကိစ္စ။ အေးလေ၊ သင်းတို့ဟာ
အဲသလောက် သမိုင်းကြောင်း မကောင်းခဲ့လို့ အခုရွေးကောက်ပွဲ
ရလဒ်သတင်းတွေလည်း ထွက်လာရော စောစောကပြောတဲ့ သီလကြောင်
ဖိုးသူတော်နဲ့ ပုစွန်လုံးပုံပြင်ကို ကျုပ်ပြေးသတိရမိတာပေါ့။

(လေး)
အခု ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကတော့ ဒင်းတို့ ကံဆိုးလွန်းတယ်။ ထင်တိုင်း
မပေါက်ဘူး ဆိုရမယ်ဗျ။ ဒင်းတို့ကိုယ်ဒင်းတို့ ဟုတ်လှပြီထင်၊ ပြည်သူလူထုကို
နလဗိန်းတုံးတွေလို့ နှလုံးသွင်းပြီး ၂၆ ရာခိုင်နှုန်းလောက်တော့ ရလောက်ရဲ့လို့
တွေးမိတဲ့ ကိုယ်တော်ချောများခမျာ ပြိုင်လေရာ နေရာတိုင်းလိုလို ဟက်တက်ကွဲပြီး
ရှုံးပါရောလားဗျာ။ တကယ်တော့ သူတို့ရဲ့ နိုင်ငံရေးဘဝဟာ သေဆုံးသွားခဲ့ပြီ။
သူတို့ကို ပြည်သူလူထု တစ်ရပ်လုံးက အယုံအကြည် မရှိတော့သလို
နိုင်ငံတကာကလည်း မထောက်ခံတော့ဘူးဆိုတာ ငမိုက်သားခမျာ
မရိပ်စားမိကြရှာဘူးဗျ။

ဒီမှာတင် သမ္မတကြီးနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့လည်း မျက်ကလဲဆန်ပြာဖြစ်ပြီး
လူထုဆန္ဒကို လေးစားပါ့မယ်၊ အာဏာကို အသာတကြည် အေးချမ်းစွာ
လွှဲပြောင်းပေးပါ့မယ် ဆိုတဲ့ လေသံတွေ ထွက်လာတော့တာပါပဲ။ အင်း၊
အဲဒီအသံတွေဟာ လူကြားလို့တော့ ကောင်းပါရဲ့။ မင်္ဂလာရှိတာလည်း မှန်ပါရဲ့။
သို့ပေသည့်….၊ နောက်ဆက်တွဲ သတင်းတွေအရ၊ မဲရှုံးတဲ့ပါတီကြီးဘက်ကနေ
တိုင်စာတွေ ပလူပျံအောင် တက်မယ်ဆိုတဲ့ အပေါက်မျိုး ချိုးလာတယ်။ သမ္မတကြီး
ကိုယ်တိုင်က အနိုင်ရပါတီရဲ့ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို သောင်မတင်
ရေမကျ အကြောင်းပြန်ပြီး ဘာအဓိပ္ပာယ်မှ မရှိတဲ့ ပါတီကိုးဆယ်ကျော်ကို
ခေါ်ယူတွေ့ဆုံတယ်။ အဲဒီပွဲမှာ ဘဲဥမကွဲတဲ့ ကချွတ်ကချောက် ပါတီဥက္ကဋ္ဌတွေက
အနိုင်ရပါတီဥက္ကဋ္ဌကို အရေးယူဖို့ စစ်တပ်က အာဏာသိမ်းဖို့ လေသံပစ်တယ်။
ကာကွယ်ရေး ဦးစီးချုပ်ကလည်း တွေ့ဆုံညှိနှိုင်းရေးကို ထိုနည်းလည်းကောင်း
ပြန်ကြားပြီး မိုးညှင်းဘက်မှာ တိုက်ပွဲတွေ အရှိန်မြှင့်လာတယ်။ ကျုပ်စိတ်ထဲမှာတော့
အာဏာ လွှဲပြောင်းရေး မချောမွေ့အောင်၊ အချိန်ကြန့်ကြာအောင် ပြသ၁နာမျိုးစုံကို
ဆီလိုအပေါက်ရှာ နေကြတယ်လို့ ထင်မိတာပါပဲ။ ဒီတော့ ကျုပ်စိတ်ထဲမှာ
အီစွတ်ပုံပြင်ထဲက ဝံပုလွေနဲ့ သိုးငယ်ဇာတ်လမ်းလေးကို ပြေးသတိရမိပြန်တယ်။

တစ်ခါတုန်းက ဝံပုလွေတစ်ကောင်ဟာ ချောင်းစပ်ကို ရေဆင်းသောက်ရင်း
သိုးငယ်တစ်ကောင်ကို တွေ့တော့ စားလိုက်မဟဲ့ဆိုတဲ့ ကြံရွယ်ချက်နဲ့ ခုန်အုပ်ပြီး
ဖမ်းလိုက်သတဲ့။ ဒီမှာတင် သိုးငယ်ဟာ ကြောက်လန့်တကြားနဲ့.. ကျွန်တော့်မှာ
ဘာအပြစ်ရှိလို့ ခင်ဗျားက ကိုက်သတ်စားမှာလဲ ခင်ဗျာလို့လည်း မေးလိုက်ရော၊
ဝံပုလွေရဲ့ အကြောင်းပြချက်ကတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက
ငါဒီချောင်းထဲမှာ ရေသောက်နေတုန်း မလှမ်းမကမ်းကနေ မင်းဖြတ်ပြေးသွားခဲ့လို့
ရေတွေ နောက်ကုန်တယ်လေ။ ငါရေနောက်တွေ သောက်ခဲ့ရတာ မင်းကြောင့်၊
မင်းမှာ အပြစ်ရှိတာပေါ့လို့ ဆိုသတဲ့။

ဒီမှာတင် သိုးငယ်က..၊ ဟာ၊ ဒါဆိုရင်ခင်ဗျား၊ သိုးချင်းမှားနေပြီဗျ။
ကျွန်တော့်အသက်က အခုမှ ခြောက်လပဲ ရှိသေးတာလို့လည်း ဆိုရော ဝံပုလွေက..၊
အဲဒီအကောင်ဟာ မင်းမဟုတ်ရင် မင်းအဖေပဲ ဖြစ်ရမယ်ဆိုပြီး သိုးငယ်ကို
သတ်စားလိုက်တာပါပဲတဲ့ဗျာ။

(ငါး)
ဟုတ်တယ်ဗျ။ အဲဒီပုံပြင်ဥပမာတွေကို ထောက်ရှု ဆင်ခြင်ကြည့်ရင်
အာဏာရှင်စိတ်ဓာတ် မပျောက်ချင်သေးတဲ့၊ ဒီမိုကရေစီ နွားကန်မနာသေးတဲ့၊
ဒီမိုကရေစီ ထမ်းပိုးမကျင့်ရသေးတဲ့၊ ရွှေကိုယ်တော်များဟာ ပြဿနာမျိုးစုံကို
ဖန်တီးမီးမွှေးဖို့ ကျားချောင်းချောင်းနေမှာ သေချာတယ်။ အာဏာကို မလွတ်စတမ်း
ကျားပိန်တွယ် တွယ်ထားဖို့ စိတ်ကူး ဖဲရိုက်နေကြမှာ သေချာတယ်။

ဒီအချက်တွေကို အနိုင်ရပါတီခေါင်းဆောင်အနေနဲ့ ကောင်းကောင်းကြီး နားလည်
သဘောပေါက်နေပုံရတယ်ဗျ။ ပြည်သူလူထုကို အောင်ပွဲမခံကြဖို့
ဆုံးမဆော်သြတယ်။ ကြီးသုံးကြီးကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ နိုင်ငံတကာ
သံတမန်ငါးဆယ်ကျော်ကို လက်ခံတွေ့ဆုံတယ်။ သူ ရှေ့ဆက်လုပ်သွားမဲ့
လုပ်ငန်းစဉ်တွေကို နိုင်ငံတကာ သတင်းဌာနတွေကတစ်ဆင့် တစ်ခုချင်း
တစ်ဆင့်ချင်း ဖွင့်ဟသတင်းပေးတယ်။ အတော့်ကို အကွက်စေ့စေ့ ထောင့်စေ့စေ့
ကိုင်တွယ်ဆောင်ရွက် နေတယ်ဆိုတာ အများမြင်သာပါတယ်။ သူမက
ခေါင်းအေးအေးနဲ့ ပညာသားပါပါ တစ်ကွက်ချင်း ရွှေ့လေ၊ ဟိုမောင်တွေခမျာ
မျောက်မီးခဲ ကိုင်မိသလို ထိုင်မရ ထမရဖြစ်လေ ဖြစ်နေကြမှာ သေချာတယ်ဗျာ။

နောက်ဆုံးရ သတင်းတွေအရ ဘာအကွက်ဆန်းများ ထွင်ကြဦးမလဲတော့
တပ်အပ်မဆိုနိုင်ဘူး။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးတော်လေးက အနိုင်ရ
ပါတီခေါင်းဆောင်ဆီကို တွေ့ခွင့်လာတောင်းလို့ တွေ့ခွင့်ပြုလိုက်သတဲ့။

ဘယ်လိုပဲဖြစ်ဖြစ် သင်းတို့ဟာ မဟုတ်တာမှန်သမျှ နောက်မဆုတ်စတမ်း
လက်ရဲဇက်ရဲ ပြုမူဖို့ အသင့်ရှိနေတဲ့ လူစားတွေဆိုတာကတော့ မေ့ထားလို့
မဖြစ်ဘူးလေ။

သူမဟာ ရန်စွယ်ကြားက လှဥမ္မာ၊ မီးလျှံထဲက ကြာဖြူ၊ ဘဲအုပ်တွေကြားက
ဗေဒါဘဝမို့ ကျုပ်တို့ ပြည်သူလူထု တစ်ရပ်လုံးက သတိမပြတ်ဘဲ
ဆက်လက်ဝန်းရံပေးကြဖို့ လိုတယ်ဗျ။ ရွေးကောက်ပွဲအကြိုနဲ့ ရွေးကောက်ပွဲ
နေ့ရက်တွေတုန်းကလိုပဲ ပြည်သူတစ်ရပ်လုံး နိုင်ငံရေး အသိစိတ်ဓာတ်
နိုးကြားနေကြဖို့ လိုတယ်။ လူဖျင်းလုံ့လ တစ်ခဏဆိုသလို ကောက်ရိုးမီးလို ဟုန်းခနဲ
ထထောက်ပြီး ဟုတ်ခနဲ ငြိမ်းသွားလို့ မဖြစ်ဘူးလေဗျာ။

(ခြောက်)
အဲဒီတော့ကာ ခင်ဗျားတို့ကျုပ်တို့အနေနဲ့ ဒီမိုကရေစီအရသာကို ခံစားစံစားနိုင်
ကြိုးပမ်းနေကြရပါဦးမယ်။ ခင်ဗျားတို့ ကျုပ်တို့ သဘောဆန္ဒအတိုင်း
တညီတညွတ်တည်း ရွေးကောက် တင်မြှောက်ထားတဲ့ အနိုင်ရပါတီ ခေါင်းဆောင်ရဲ့
ဦးဆောင်မှု နောက်ကို အရှိန်ဟုန်မပျက် ယုံယုံကြည်ကြည် ဆက်လက် လိုက်ပါကြဖို့
အရေးကြီးပါတယ်။

ဟုတ်ပါ့ဗျာ။ ဒီမောင်တွေရဲ့ လက်ထဲကနေ အာဏာကို အေးအေးချမ်းချမ်း
လွှဲယူနိုင်ပြီး ဒင်းတို့ရဲ့ အမြီးနဲ့ဖုန်လုံး၊ လုံးလုံးကြီး မမြင်ရတော့တဲ့ အချိန်မှာတောင်
အဘက်ဘက်က ယိုယွင်းပြီး ပျက်စီးခြင်းငါးပါး ဆိုက်နေတဲ့ တိုင်းပြည်ကြီးကို
ပြန်လည် ထူထောင်ဖို့အတွက် သူများနိုင်ငံတွေ ခြေလှမ်း လေးငါးလှမ်း လှမ်းရင်
ကျုပ်တို့က ခြေလှမ်း အလှမ်းနှစ်ဆယ်တန်သည် သုံးဆယ်တန်သည် လှမ်းနိုင်မှ
တန်ကာကျမှာ၊ ကျုပ်တို့ အရိုးစွဲနေတဲ့ ခေတ်ဟောင်းက အကျင့်ဟောင်းတွေ
အကျင့်ဆိုးတွေ သောက်ကျင့်တွေကို ပြင်နိုင်မှ ဖြစ်မှာမဟုတ်လား။
ဒီမိုကရေစီရပြီဆိုတာနဲ့ ပဒေသာပင်မြေကနေ ချက်ချင်းပေါက်လာမှာ
မဟုတ်ဘူးလေ။ ကျုပ်တို့တစ်တွေ ကုန်းရုန်းပြီး လုပ်နိုင်ပါမှ၊ ပြဲနေအောင် လုပ်နိုင်ပါမှ
တန်ကာကျမှာဗျ။ အဲဒါကြောင့် ကျုပ်တို့ အမျိုးသားခေါင်းဆောင်ကြီး ပြောခဲ့တာပေါ့။
“တောကြီးမျက်မည်းထဲက မထွက်နိုင်ခင်မှာ လွတ်ပြီကျွတ်ပြီလို့ မအော်ကြပါနဲ့”
ဆိုတာလေဗျာ။

မင်းဒင်
The Ladies News Journal


ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရသစ် မတက်မီ မြန်မာနိုင်ငံသို့ အမြန်ဆုံး လာရောက်လိုသည်ဟု အမေရိကန် သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန် သမ္မတ အိုဘားမားနှင့် သမ္မတ ဦးသိန်းစိန်တို့သည် နိုဝင်ဘာ ၂၁ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ပြုလုပ်သော အာဆီယံ-အမေရိကန် ထိပ်သီး အစည်းအဝေး အပြီးတွင် မိနစ်ပိုင်းမျှ သီးခြားတွေ့ဆုံခဲ့ပြီး ထိုသို့ တွေ့ဆုံချိန်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု အာဆီယံရေးရာ ကျွမ်းကျင်သူ သတင်းစာဆရာ Kavi Chongkittavorn က နိုဝင်ဘာ ၂၃ ရက်တွင် The Nation သတင်းစာ၌ ရေးသားခဲ့သော ဆောင်းပါးတွင် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

"အိုဘားမားဟာ ကွာလာလမ်ပူမှာ သုံးရက်ကြာ နေစဉ်အတွင်းမြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေကို အထပ်ထပ်အခါခါ ချီးမွမ်းခဲ့ပါတယ်။ စနေနေ့က သူနဲ့ သမ္မတ ဦးသိန်းစိန်တို့နှစ်ဦးတည်း တွေ့ဆုံချိန်မှာလည်း အစိုးရသစ် မတက်ခင် မြန်မာနိုင်ငံကို တတ်နိုင်သလောက် အမြန်ဆုံး လာရောက်လိုကြောင်း ပြောပါတယ်။

ဒီအတိုင်းပဲ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တပြိုင်နက်တည်း တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာနဲ့ အသွင် ကူးပြောင်းရေး လုပ်ဆောင်မှု အပေါ် အမေရိကန်ရဲ့ အသိအမှတ်ပြုမှုကို ပြလိုတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း သမ္မတ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံကို အချိန်မရွေး လာရောက်နိုင်ကြောင်း ပြန်ပြောခဲ့ပါတယ်"ဟု Kavi Chongkittavorn က ရေးသားခဲ့ပါသည်။သမ္မတ အိုဘားမားနှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှုတွင် မည်သည့် အကြောင်းအရာများ ပြောဆိုခဲ့သည် ဆိုခြင်းအပေါ် သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်အား နိုဝင်ဘာ ၂၂ ရက်က မလေးရှားနိုင်ငံ၌ The Daily Eleven က မေးမြန်းခဲ့ရာတွင် ဦးရဲထွဋ်က သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်လိုခြင်း အချက်ကို ထည့်သွင်း ပြောဆိုခြင်း မပြုခဲ့ပါ။

သမ္မတ အိုဘားမားက မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းကို ဂုဏ်ယူကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ကို လေးစားလိုက်နာပြီး အေးချမ်းစွာ တာဝန် လွှဲပြောင်းမည် ဖြစ်သည့်အတွက် ၀မ်းသာကြောင်း၊ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံရန် ရှိပါသလား စသည့် အချက်များကို ပြောဆိုခဲ့သည်ဟု ဦးရဲထွဋ်က ပြောကြားခဲ့သည်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှာလားလို့ မေးတာပေါ့။ သမ္မတကြီးကတော့ သူ အမြဲတန်း ကတိပေးတဲ့ အတိုင်း ရွေးကောက်ပွဲ လည်း အောင်အောင်မြင်မြင် လုပ်ပြီးပြီ။ ကတိပေးထားတဲ့ အတိုင်း တာဝန်ကိုလည်း စနစ်တကျ လွှဲပြောင်းပေးမယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့မှာပါလို့ ပြောပါတယ်"ဟု ဦးရဲထွဋ်က ဆိုသည်။အမေရိကန် သမ္မတ အိုဘားမားသည် ၂၀၁၆ ခုနှစ်တွင် ၎င်း၏ သမ္မတ သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ထိုသို့ သမ္မတ သက်တမ်း မကုန်ဆုံးမီ ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် လာအိုနိုင်ငံ၌ ပြုလုပ်မည့် ၂၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ လာရောက်မည်ဟု ကတိပြု ပြောဆိုထားပြီုးဖြစ်ပါသည်။

မြန်မာနိုင်ငံသို့မူ မတ်လမတိုင်မီ အချိန်တွင် လာရောက်လိုခြင်း ဖြစ်ပါသည်။အာဆီယံရေးရာ ကျွမ်းကျင်သူ သတင်းစာဆရာ Kavi Chongkittavorn ကမူ မြန်မာနိုင်ငံသည် သမ္မတ အိုဘားမား၏ သက်တမ်းအတွင်း ထင်ရှားသော နိုင်ငံရေး မူဝါဒ မောင်မြင်မှု တစ်ရပ် ဖြစ်သည်ဟု ၎င်းရေးသားခဲ့သည့် Asean Community is here ဆောင်းပါး၌ ဖော်ပြခဲ့ပါသည်။ထို့ပြင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်မှုနှင့် ငြိမ်းချမ်းစွာ နိုင်ငံရေး အသွင်ကူးပြောင်း မှုသည် လာအိုတွင် ပြုလုပ်မည့် ၂၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးအတွက် ထူးခြားသည့် လက္ခဏာတစ်ရပ် ဖြစ်လာမည်ဟုလည်း ၎င်းက ရေးသားခဲ့ပါသည်။

ပုံစာ- သမ္မတ အိုဘားမားအား မလေးရှားနိုင်ငံမှ မထွက်ခွာမီ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်

(ဓာတ်ပုံ- Bernama)
Eleven Media Group


လူခြောက်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိသည့် ချင်းပြည်နယ်၊ ဟားခါးမြို့၊
ဈေးသစ်ရပ်ကွက်၊ သီတာလမ်းရှိ နေအိမ်တစ်လုံးတွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုအား
အတည်ပြုနိုင်ရန် စစ်ဆေးနေဆဲဖြစ်ကြောင်း ဟားခါးမြို့ ရဲစခန်းမှ သိရှိရသည်။

အဆိုပါ နေအိမ်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီ ၃၆ မိနစ်ခန့်က
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် နေအိမ်ရှိ လူခြောက်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာ
ရရှိခဲ့သည့်အပြင် ဗုံးပေါက်ကွဲသည့် အိမ်နှင့်ဘေးချင်း ကပ်လျက်ရှိသည့် အခြား
နေအိမ်လေးလုံးနှင့် မော်တော်ယာဉ် တစ်စီးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ခုချိန်ထိတော့ ဗုံးလား၊ မိုင်းလားဆိုတာကို မသိရသေးပါဘူး။ ပူးပေါင်းအဖွဲ့တွေနဲ့
စစ်ဆေးနေတုန်းပါ။ အမှုဖွင့် ဆောင်ရွက်ခြင်းတော့ မရှိသေးပါဘူး” ဟု ဟားခါး
ရဲစခန်းမှ တာဝန်ကျအရာရှိ ရဲအုပ် သန်းကျော်ဌေးက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့် နေအိမ်အပေါ်ထပ်တွင် လူသုံးဦး၊ အောက်ထပ်တွင် ငါးဦး
နေထိုင်ခဲ့ကြောင်း သိရပြီး သေဆုံးသူ ခြောက်ဦးမှာ အောက်ထပ်တွင် နေထိုင်ကြ
သည့်မိသားစု ငါးဦးနှင့် အနီးရှိအိမ်မှ အမျိုးသမီးတစ်ဦး တို့ဖြစ်ကြောင်း သိရသည်။

“အိမ်ပိုင်ရှင်တွေက ကလေးမြို့မှာ ရောက်နေကြတယ်လို့ ပြောပါတယ်။ ပေါက်ကွဲမှု
ဖြစ်တဲ့အိမ်မှာ နေတဲ့ သူတွေက အိမ်ရှင်အမျိုးသမီးရဲ့အမျိုးတွေနေတာပါ။
အောက်ထပ်မှာနေတဲ့သူ ငါးယောက်စလုံး သေကုန်တယ် ” ဟု ဟားခါးမြို့ခံတစ်ဦး
က ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အသက်ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၆၅
နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်
၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့်
အသက် ၂၅ နှစ် အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့သည်ဟု
ဟားခါးမြို့ရဲစခန်းမှ သိရသည်။

သတင်း -MMK
The Ladies News Journal


ဒီလရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးမှာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ခေါင်းဆောင်ဟာ မြန်မာပြည်ရဲ့ နောက်ထပ်သမ္မတတစ်ယောက်ဖြစ်လာဖို့ ပြင်ဆင်နေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့ကို သမ္မတမဖြစ်အောင် တားဆီးထားလင့်ကစား ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ NLD ပါတီဟာ ဇန်နဝါရီအကုန်မှာ စတင်မယ့် လွှတ်တော်သစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ သမ္မတလောင်းအဖြစ် နာမည်တင်ဖို့ ပြင်ဆင်နေပါတယ်။

အဲဒီအချိန်မတိုင်ခင် တောအတွင်းမှာတော့ ပါတီခေါင်းဆောင်ဟာ သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်းနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ အာဏာလွှဲပြောင်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် မျက်နှာချင်းဆိုင်စကားပြောဖို့ ကြိုးစားနေပါတယ်။ပုဒ်မ ၅၉(စ)အရ သမ္မတဖြစ်ဖို့ တားဆီးထားပေမယ့် NLD ပါတီကတော့ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကိုပဲ လမ်းခင်းမှာပါ။

ပါတီထိပ်တန်းခေါင်းဆောင် နာယကကြီး ဦးတင်ဦးက "ဖြစ်လာနိုင်ဖို့အတွက် လမ်းကြောင်းရှာရပါမယ်”လို့ ဆိုပါတယ်။ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် အနာဂတ်မှာသမ္မတဖြစ်လာရေး လမ်းပြမြေပုံတစ်ခုကို ပါတီတွင်းခေါင်းဆောင်တွေ Plan Zero လို့ ကင်ပွန်းတပ်ထားပါတယ်။

ရွေးကောက်ပွဲရလဒ်တွေကို တရားဝင်ကြေညာခဲ့ပြီးပေမယ့်လည်း ရွေးကောက်ပွဲကော်မရှင်ဟာ ကန့်ကွက်မှုတွေ၊ တရားစွဲတာတွေရှိနေဦးမယ်လို့ ယူဆထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကတော့ အနိုင်ရသွားပါပြီ။ တပ်မတော်သား ၂၅%ထိန်းချုပ်ထားတဲ့ လွှတ်တော်မှာ ၈ဝ%ကျော် NLD က အနိုင်ရထားတာပါ။

"NLD က ၇၅%ထက်မနည်းကြီး ရှင်းရှင်းလင်းလင်းအနိုင်ရသွားတာကို ပြနေတာပါပဲ။ ဒီအဓိပ္ပာယ်ကတော့ အနာဂတ်ကို NLD ကပုံသွန်းလောင်းဖို့ အာဏာရသွားတာပါ”လို့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းက ကိုမြတ်သူက ဆိုပါတယ်။

လွှတ်တော်သစ်ကို ခေါ်ယူတဲ့အခါမှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နှစ်ခုနဲ့ တပ်မတော်ဆိုတဲ့ အစုအဖွဲ့ ၃ခုဟာ ဒုတိယသမ္မတလောင်း တစ်ယောက်စီ (စုစုပေါင်း ၃ယောက်)ကို နာမည်စာရင်းတင်ရမှာဖြစ်ပြီး သမ္မတကိုတော့ ရွေးချယ်ထားတဲ့ ဒုတိယသမ္မတလောင်း ၃ယောက်ထဲကနေ ပြန်ရွေးမှာဖြစ်ပါတယ်။

အဲဒီအဓိပ္ပာယ်အရ NLD ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကနေ ဒုတိယသမ္မတတစ်ယောက်စီ တင်သွင်းခွင့်ရှိနေပြီး ပါတီစိတ်ကြိုက်သူကပဲ သမ္မတဖြစ်လာမယ့်အရေးပါ။

“ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ပဲ သမ္မတဖြစ်စေချင်ပါတယ်”လို့ သူရဦးတင်ဦးက ဆိုပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်ပဲ သမ္မတရာထူးနဲ့ ထိုက်တန်ဆိုတာ မှန်လည်းမှန်တယ်။ သင့်လည်း သင့်တော်တယ်”လို့ ပြောပါတယ်။

ဒီလိုမဖြစ်အောင်တော့ ဖွဲ့စည်းပုံက တားဆီးထားပါတယ်။ ဒါပေမယ့် ဒီအဆင့်ကို ကျော်လွှားနိုင်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို တားဆီးထားတဲ့ပုဒ်မကို ပြန်ပြင်ဆင်ပေးတာ၊ ဒါမှမဟုတ် ဆိုင်းငံ့လိုက်တာမျိုး လုပ်ကောင်း လုပ်နိုင်ပါတယ်။ ၁၉၅ဝပြည့်လွန်နှစ်တွေတုန်းက ဦးနုအစိုးရဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းကို အိမ်စောင့်အစိုးရအဖြစ် အာဏာလွှဲပေးခဲ့တာကို ဦးတင်ဦးက နမူနာပြပါတယ်။ ဒါပေမယ့် အခု ၂ဝဝ၈ ဖွဲ့စည်းပုံဟာ ၁၉၄၇ ဖွဲ့စည်းပုံမျိုးမဟုတ်ပါဘူးလို့ ဥပဒေရေးကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

ပုဒ်မ ၅၉(စ)ကို ဘယ်လိုဖယ်ရှားနိုင်မလဲဆိုတာ စဉ်းစားနေတယ်လို့ သမ္မတရုံးက သတင်းရင်းမြစ်တွေက ဆိုပါတယ်။ မြန်မာ့အရေးလေ့လာသူတွေအဆိုအရတော့ တပ်မတော်အနေနဲ့ လက်ခံနိုင်ဖွယ်ရှိတယ်လို့ ထင်ကြေးပေးကြပါတယ်။

"တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အစိုးရအရာရှိတွေက ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ဖို့ကိုပဲ တစ်လျှောက်လုံး ပြောလာနေတယ်”လို့ ကိုမြတ်သူက ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်ကတောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွဲ့စည်းပုံကို အသက်ပေးပြီး ကာကွယ်ဖို့တောင် မှာကြားခဲ့ပါသေးတယ်။ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရေးကို ခွင့်ပြုဖို့ ဖွဲ့စည်းပုံကို ပြောင်းလဲဖို့ဖြစ်နိုင်ခြေတွေကို သူကို ညွှန်ပြနေတယ်လို့တစ်ချို့က ယူဆနေပါတယ်။

ဒါပေမယ့် ၅၉(စ)ကို ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းအတွက်ပဲ ယာယီဖယ်ရှားပေးလိုက်မယ်ဆိုရင် ၂ဝဝ၈ကိုရေးဆွဲခဲ့တဲ့ တပ်မတော်ခေါင်းဆောင်တွေအတွက်တော့ လက်ခံနိုင်ဖွယ်ရှိကောင်းရှိနိုင်ပါတယ်။

“ပုဒ်မ ၅၉(စ)က အခြားနိုင်ငံခြားသားတွေကိုဖြစ်တဲ့ အိန္ဒိယ၊ တရုတ်တို့ အနာဂတ်မှာ သမ္မတဖြစ်မလာအောင် တားဆီးထားတာပါ။ တပ်မတော်က လက်ခံမယ်ထင်တယ်"လို့ သမ္မတရုံးက သတင်းရပ်ကွက်တစ်ခုက ဆိုပါတယ်။NLD အနေနဲ့ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးဟာ သူတို့ဖွဲ့မယ့် အစိုးရသစ်ရဲ့ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်တယ်လို့ တစ်လျှောက်လုံး ပြောလာနေတာပါ။

ဒါပေမယ့် သူရဦးတင်ဦးလိုမျိုး ပါတီခေါင်းဆောင်တွေကပဲ ဒီလုပ်ငန်းက အချိန်ယူရမယ်၊ အနည်းဆုံး တစ်နှစ်ကနေ ၂နှစ်အထိ ကြာနိုင်တယ်၊ ပြီးရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်အရ ဖယ်ဒရယ်ပြည်ထောင်စုဖော်ဆောင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေလည်း ရှိသေးတယ်လို့ နားလည်ထားပါတယ်။တကယ်တော့ လိုအပ်နေတာက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ထိပ်ပိုင်းခေါင်းဆောင် ၃ယောက်ထိုင်ပြီး အာဏာလွှဲပြောင်းရေးအတွက် စကားပြောကြဖို့ပါပဲ။

"ဒါဟာ အာဏာခွဲဝေရေးကိစ္စပဲ”လို့ ကိုမြတ်သူက ဆိုပါတယ်။ "ဘာဖြစ်လို့လည်းဆိုတော့ တပ်မတော်က အစိုးရအဖွဲ့ထဲ ပါဝင်ပြီးသားဖြစ်သလို ဒုတိယသမ္မတတစ်ယောက်နဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီး ၃ယောက်ကိုလည်း ခန့်ထားနိုင်တာမို့ပါ။ သူတို့တွေ ဘယ်လိုရှေ့ဆက်သွားကြမလဲ။ တည်ငြိမ်မှုရှိမလား၊ မတည်မငြိမ်တွေနဲ့ ဖွဲ့စည်းပုံအကြပ်အတည်းတွေရှိမလား စတာတွေ ပြောရမှာပါ"

လွှတ်တော်တစ်ရပ်လုံးကို ထိန်းချုပ်နိုင်တဲ့ အနေအထားမျိုး NLD ကရရှိနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် အမည်တင်ဖို့ကလည်း သေချာပေါက်ဖြစ်လာမယ့်ကိစ္စပါ။

သမ္မတသစ်ရွေးချယ်ရေးလုပ်ငန်းစဉ်မှာ ပြည်ထောင်စုလွှတ်တော်က လွှတ်တော် ၂ရပ်လုံးအတွက် ဥက္ကဌတွေ၊ ဒုတိယဥက္ကဌတွေ ခန့်အပ်ရမှာပါ။ အဲဒီ ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေက သမ္မတရွေးချယ်စိစစ်ရေးကော်မတီကို ဖွဲ့ပြီး နာမည်စာရင်းတွေကို အတည်ပြု၊ အဲဒီနောက် လွှတ်တော်က မဲပေးရွေးချယ်ရတာပါ။ ဒါ့ကြောင့် လွှတ်တော်နှစ်ရပ်စလုံးရဲ့ ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေဟာ NLD အမတ်တွေ။ ဒါမှမဟုတ် NLD ထောက်ခံသူတွေ တိုင်းရင်းသားပါတီတွေ (ရခိုင်။ ရှမ်းနဲ့ ဇိုမီး)တွေက အမတ်တွေဖြစ်နိုင်ပါတယ်။

သူတို့တွေဟာ ပြည်သူ့လွှတ်တော်ကနေ စာရင်းတင်သွင်းလာမယ့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်းအဖြစ် အတည်ပြုနိုင်တဲ့ အခွင့်အာဏာတွေရှိကြပါတယ်။ ပြီးတော့ လွှတ်တော်ထဲမှာ မဲရာခိုင်နှုန်းအများဆုံးရှိထားတဲ့ NLD ပါတီကပဲ ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတအဖြစ် ရွေးချယ်မှာပါ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတရာထူးယူခြင်းဟာ ဥပဒေပိုင်းဆိုင်ရာအရ စိန်ခေါ်နိုင်သူကတော့ ဖွဲ့စည်းပုံခုံရုံးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အာဏာသိမ်းယူမှုပဲ ဖြစ်ပါတယ်။ နှစ်ခုစလုံးကတော့ မတည်ငြိမ်မှုတွေကိုပဲဖြစ်စေမှာဖြစ်ပြီး နိုင်ငံတကာရဲ့ထောက်ခံမှုတွေ အဆုံးသတ်၊ ပြုပြင်ပြောင်းလဲရေးတွေ နိဂုံးချုပ်မယ့်ကိန်းပါ။ ဒါကိုလည်း လူတိုင်းက ရှောင်ချင်ကြမှာပါ။ဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်၊သူရဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံမှုတွေကပဲ မြန်မာပြည်အတွက် ဘာတွေဆက်ဖြစ်မလဲဆိုတဲ့ အဓိကကျတဲ့ကိစ္စ ဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်းနဲ့ တွေ့ဆုံပြီးလို့ ရှေ့ဆက်သွားရမယ့်ကိစ္စတွေ၊ အာဏာလွှဲပြောင်းရေးကို အေးချမ်းတည်ငြိမ်မှုဖြစ်အောင် လုပ်ကြဖို့ သဘောတူညီမှုတွေ ရခဲ့ကြပါတယ်။ အစိုးရရဲ့ သတင်းရပ်ကွက်တွေအဆိုအရပဲ သူရဦးရွှေမန်း ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးခဲ့တာက အရင်စစ်ခေါင်းဆောင်ဟောင်းလည်းဖြစ် လက်ရှိဖွဲ့စည်းပုံနဲ့ နိုင်ငံရေးစနစ်ရဲ့ ပဲ့ကိုင်ရှင်လည်းဖြစ်တဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံဖို့ ဖြစ်ပါတယ်။ရလဒ်အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်က သီတင်းတစ်ပတ်အတွင်းမှာ တွေ့ဆုံမှုတစ်ခုရဖို့ ကြိုးစားနေပါတယ်။

ဒါပေမယ့် ဦးသန်းရွှေဆီကတုန့်ပြန်မှုဆိုတဲ့ သတင်းစကားတစ်ခုလည်းရခဲ့ပြီး အဲဒီအချက်ဟာ လုံးဝထိပ်တန်းလျှို့ဝှက်ချက်ဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဦးသိန်းစိန်တို့နဲ့တွေ့ဆုံဖို့ တွန်းအားပေးနေပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ ရွေးကောက်ပွဲရလဒ်တွေကို တရားဝင်အပြီးသတ်ကြေညာပြီးနောက်မှသာ တွေ့ဖို့ အချိန်ဆွဲထားပါတယ်။

သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ စိတ်မသက်မသာဖြစ်နေပေမယ့်လည်း အာဏာလွှဲပြောင်းရေး ပြင်ဆင်ဖို့တော့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့အနီးကပ်အကြံပေးတွေရဲ့အဆိုအရတော့ ဆက်ပြီးစောင့်ခိုင်းထားဖို့ ဖိအားပေးတာကို ခံနေရတယ်လို့ နီးစပ်တဲ့သတင်းရပ်ကွက်တွေက ပြောပါတယ်။

အမေရိကန်သမ္မတကလည်း ကွာလာလမ်ပူရ်မှာ ဦးသိန်းစိန်နဲ့တွေ့တုန်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ဆုံးတွေ့ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့ကြောင့် ဒီသီတင်းပတ်အပြီး မကြာခင်မှာတော့ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကောင်း တွေ့ဆုံနိုင်ပါတယ်။

“ကျနော်တို့က တပ်မတော်နဲ့ ယုံကြည်မှုတည်ဆောက်ဖို့ လိုတယ်။ အဲဒါကတော့ တစ်ဆင့်ချင်း၊ ပါးပါးနပ်နပ်နဲ့ လုပ်ရမှာပေါ့”လို့ ဦးတင်ဦးက ဆိုပါတယ်။ "လိုအပ်နေတာကတော့ အဓိကကျတဲ့သူတွေ စားပွဲမှာထိုင်ပြီး စကားပြောကြဖို့ပါပဲ

kamayut media

အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံထိပ်သီး ဆွေးနွေးပွဲတက်ရောက်နေတဲ့ အိုဘားမား။ (နိုဝင်ဘာ၊ ၂၀၁၅)
အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံထိပ်သီး ဆွေးနွေးပွဲတက်ရောက်နေတဲ့ အိုဘားမား။ (နိုဝင်ဘာ၊ ၂၀၁၅)

အစ္စလာမ်မစ် အစွန်းရောက် IS ဂျီဟဒ် တိုက်ခိုက်ရေး သမားတွေကို အမေရိကန်နဲ့ မဟာမိတ်တွေက အမြစ်ဖြုတ် ချေမှုန်းတိုက်ခိုက်နိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်း အမေရိကန် သမ္မတ Barack Obama က ပြောဆိုလိုက်ပါတယ်။ အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်နေရာ မလေးရှားနိုင်ငံမှာ သမ္မတအိုဘားမားက ပြောဆိုလိုက်တာပါ။

ISIL တို့ကို စစ်မြေပြင်မှာ တိုက်ခိုက် ချေမှုန်းနေသလိုဘဲ သူတို့ကို ချေမှုန်းပြီး လက်ရှိ သိမ်းယူထားတဲ့ ဒေသတွေကို ပြန်လည် သိမ်းယူသွားမယ်၊ နောက် သူတို့ရဲ့ ဘဏ္ဍာရေး အထောက်အပံ့တွေကို ဖြတ်တောက်ပြီး သူတို့ရဲ့ ဦးဆောင်မှုတွေကို ခြေရာခံ ဖော်ထုတ်မှာ ဖြစ်သလို သူတို့ရဲ့ အချိတ်အဆက်နဲ့ အထောက်အပံ့တွေကိုလည်း ဖြတ်တောက်ပြီး အစွမ်းကုန် ချေမှုန်း တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။

ဒီလို ချေမှုန်း တိုက်ခိုက်ရာမှာလည်း အမေရိကန်ရဲ့ စံတန်ဖိုးနဲ့ ကျင့်ဝတ်တွေကို မထိခိုက်စေဖို့လည်း အသေအချာ လုပ်ဆောင်ချင်တယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။ အစ္စလာမ္မစ် အစွန်းရောက်တွေက လူတွေအပေါ် အဓိက လွှမ်းမိုးထားတဲ့ စွမ်းအင်က ကြောက်ရွံ့ တုန်လှုပ်စေခြင်း ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ညွှန်းဆိုပြီး ဒီအကြောက်တရားကို ကျော်လွှားနိုင်အောင် ကြိုးစားကြဖို့လည်း သတိပေးခဲ့ပါတယ်။

အစွန်းရောက်သမားတွေကို တုံ့ပြန်တိုက်ခိုက်ဖို့ အတွက် အစွမ်းအထက်ဆုံး လက်နက်ကတော့ အကြမ်းဖက်သမာေးတွကို မကြောက်ကြဖို့ဘဲ ဖြစ်တယ်လို့လည်း အမေရိကန် သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။

VOA
http://burmese.voanews.com/content/obama-isil-at-asean-summit/3068888.html

Zaventem နိုင်ငံတကာလေဆိပ်မှာ ဘယ်လ်ဂျီယံတပ် သားတွေ လုံခြုံရေး ကင်းလှည့်
Zaventem နိုင်ငံတကာလေဆိပ်မှာ ဘယ်လ်ဂျီယံတပ် သားတွေ လုံခြုံရေး ကင်းလှည့်
ဘယ်လ်ဂျီယံအာဏာပိုင်တွေက တနင်္လာနေ့မှာ နိုင်ငံရဲ့ မြို့တော်အတွင်း လုံခြုံရေး သတိပေးမှု အမြင့်ဆုံးအဆင့် ဆက်လက်ထားရှိလိုက်ပါတယ်။ စိုးရိမ်ရပြီး ဖြစ်နိုင်ခြေ ရှိတဲ့ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်တဲ့ ခြိမ်းခြောက်မှုတွေကြောင့် ကျောင်းတွေကို ပိတ်ထားလိုက်တယ်လို့ တနင်္ဂနွေနေ့ အမျိုးသားလုံခြုံရေးကောင်စီ အစည်းဝေ ကျင်းပ ပြီးချိန်မှာ ၀န်ကြီးချုပ် Charles Michel ကပြောပါတယ်။

တိုင်းပြည်ရဲ့ တခြားနေရာဒေသတွေကိုတော့ ခြိမ်းခြောက် ခံရမှု အဆင့် လေးဆင့် ရှိတဲ့အနက် အဆင့် (၃) မှာ ထားရှိပါတယ်။

မကြာသေးခင်က ပြင်သစ်နိုင်ငံ ပဲရစ် မြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်စပ်နေတဲ့ သံသယရှိသူတော်တော်များများကို ဘယ်လ်ဂျီယံ လုံခြုံရေးတပ်ဖွဲ့ ၀င်တွေက လိုက်လံရှာဖွေနေတယ်လို့ ထိပ်တန်းအရာရှိတဦးက တနင်္ဂနွေနေ့ မှာ ပြောဆိုပါတယ်။ Brussels မြို့တော်တ၀ိုက်ကို ပိတ်ဆို့ထားပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေအများအပြားက ကင်းလှည့်နေကြပါတယ်။ မြို့တော်ရဲ့ မြေအောက် ရထားလမ်း ဆက်သွယ်ရေးကိုလည်း တနင်္လာနေ့မှာ ဆက်လက် ပိတ်ထားပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ လူပေါင်း ၁၃၀ သေကြေခဲ့ရတဲ့ ဗုံးဖေါက်ခွဲမှုတွေ ပစ်ခတ် တိုက်ခိုက်မှုတွေကို ကြိုးကိုင်စီစဉ်ခဲ့သူလို့ သံသယရှိတဲ့ Salah Abdeslam ဟာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးပြီးချင်း ဘယ်လ်ဂျီယံ နိုင်ငံဖက်ကို ၀င်ရောက်လာ ခဲ့တယ်လို့ ယုံကြည်ရပြီး သူနဲ့ အတူ IS အစ္စလာမ်မစ် စစ်သွေးကြွတွေက သူတို့ လုပ်ဆောင်တာပါလို့ ကြေညာထားတဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ တိုက်ခိုက်မှုနဲ့ ဆက်နွယ် နေသူတွေကို အာဏာပိုင်တွေက လိုက်လံရှာဖွေနေတယ်လို့ ဘယ်လ်ဂျီယံ ပြည်ထဲရေးဝန်ကြီး Jan Jambon က ပြောပါတယ်။

လက်နက်တွေ ဖေါက်ခွဲရေး ပစ္စည်းတွေ ကိုင်ဆောင်ထားတဲ့ သူတဦးချင်းစီကလည်း မြို့တော်ရဲ့ တနေရာရာ ဒါမှမဟုတ် တနေရာထက်မက မြို့တော်တ၀ိုက်မှာ တိုက်ခိုက် နိုင်ခြေရှိတယ်လို့ ဘယ်လ်ဂျီယံ ၀န်ကြီးချုပ်က သတိပေးလိုက်ပါတယ်။

ဝန်ကြီးချုပ် Michel ရဲ့ သတိပေးချက်က Abdeslam အနေနဲ့ မြို့တော်အတွင်း အသေခံ ဗုံးခွဲတိုက်ခိုက်မှု စီစဉ်လုပ်ဆောင်နိုင်ခြေရှိကြောင်း ယုံကြည်ရတဲ့ သတင်း အချက်လက်တွေကို အခြေခံပြီး ပြောဆိုတာဖြစ်တဲ့ အကြောင်း အာဏာပိုင်တွေက VOA ကို ပြောပါတယ်။

VOA
http://burmese.voanews.com/content/belgium-isis-terrorism-paris/3069603.html

ွJade: Myanmar's "Big State Secret" Global Witness
ွJade: Myanmar's "Big State Secret" Global Witness

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းမှာ မြေပြိုကျ မှုကြောင့် သေဆုံးသူ အများအပြားရှိခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကုမ္ပဏီ နဲ့ မြန်မာအစိုးရတို့က တာဝန်ယူသင့်တယ်လို့ Global Witness အဖွဲ့က ပြောဆို လိုက်ပါတယ်။ ဒါ့အပြင် မြေပြိုကျ မှုကြောင့် သေဆုံးသွားရတဲ့ သူတွေဟာ လျော်ေ ကြးငွေ ရရှိသင့်တယ်လို့လည်း ကချင်မဟာမိတ်အဖွဲ့ကလည်း ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ရှားဖောင်က ပြောပြ ပါမယ်။

လူပေါင်းရာချီပြီး သေဆုံးခဲ့ရတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးေ ဖ်ာရေး လုပ်ငန်း မြေပြိုမှုဟာ သက်ဆိုင်ရာ ကုမ္မဏီတွေက ကျောက်တူးဖော်ရာကနေ စွန့်ပစ်တဲ့မြေတွေကို တနစ်တကျ စွန့်ပစ်မှု မရှိတာကြောင့် ဖြစ်ရတာဖြစ်ကြောင်းနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေကနေ တာဝန်ယူ သင့်တယ်လို့ နိုင်ငံတကာ ထင်သာမြင်သာရှိရေးအဖွဲ့ Global Witness နဲ့ ကချင် လူ့အခွင့်အရေး အဖွဲ့တွေကဆိုပါတယ်။

ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေး မြေပြိုမှုနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ သတ္တု၊ သစ်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်း ထင်သာမြင်သာရှိ မှုကို စောင့်ကြည့်လေ့လာတဲ့ အဖွဲ့ဖြစ်တဲ့ Global Witness အဖွဲ့က အဖွဲ့ဝင် တစ်ဦး ဖြစ်သူ Juman Kubba ကတော့ ဗွီအိုအေကို အခုလို ပြောပါတယ်။

“အစိုးရက လိုင်စင်ချပေးတဲ့ ကုမ္မဏီကြီးတွေဟာ သိပ်ကို အမြတ်အစွန်း ရနေကြ တာဖြစ်ပါတယ်။ သူတို့ဟာ နှစ်စဉ် ဒေါ်လာသန်းရာနဲ့ချီတဲ့ ကျောက်စိမ်းတွေကို တူးယူ နေကြတာဖြစ်ပြီး ဒေသခံတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုတော့ ဒီ ကုမ္ပဏီတွေကနေ စည်းမဲ့ ကမ်းမဲ့ စွန့်ပစ်တဲ့ အလေ့အထတွေကြောင့် လူသေစေ တဲ့ မြေပြိုမှု ဒဏ်တွေကို အဆက်မပြတ် ခံနေရတာဖြစ်ပါတယ်။ နတ်ပြည်က ကျောက်ထွက်ရာ ဖားကန့်မှာ အပြစ်ရှိသူတွေကို အရေးမယူပဲ လျှစ်လျှူ ရှုထား တာတွေကို အဆုံးသတ်ဖို့ အစိုးရက လေးလေးနက်နက် အရေးယူဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ်။ ဒီကျောက်စိမ်းကြောင့် အဲဒီမှာနေတဲ့ ဒေသခံတွေကို ငရဲတွင်းသို့ ပို့ပေးနေသလို ဖြစ်နေပါတယ်။”

Global Witness အဖွဲ့ဟာ အောက်တိုဘာ လကုန်တုန်းကပဲ Jade: Myanmar’s “big state secret” ဆိုတဲ့ မြန်မာနိုင်ငံက ကျောက်မျက် တူးဖော်ရေးလုပ်ငန်း လျှို့ဝှက်ချက်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

Gobal Witness အဖွဲ့ရဲ့ လေ့လာ ဆမ်းစစ်ချက်အရ မြန်မာနိုင်ငံဟာ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းကနေပြီးတော့ နှစ်စဉ် ၀င်ငွေ အမေရိကန် ဒေါ်လာ သန်းေ ထာင်ပေါင်း များစွာရရှိနေပြီး ဒီကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းကနေ ရရှိတဲ့ ၀င်ငွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ထုတ်ကုန်တန်ဖိုး GDP ထုတ်လုပ်မှု အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ ၀င်ငွေပမာဏ ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

တချိန်တည်းမှာပဲ ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းမြေ ပြိုကျမှု ဖြစ်ရ တာဟာ ကုမ္မဏီတွေက စနစ်တကျ မြေစာစွန့်ပြစ်မှု မရှိတာတွေအပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အပိုင်းမှာလည်း အားနည်းမှု ရှိတာကြောင့် ဖြစ်ရ တယ်လို့ ပြည်ပအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ကိုဂွမ်ဆန်က ဗွီအိုအေကို ပြောပါတယ်။

“ဒီဟာက အစိုးရက သဘာဝ ထိန်းသိမ်းမှု အားနည်းလို့ ဖြစ်တဲ့ကိစ္စပဲ ဒီဟာတွေ က။ နောက်တခုကတော့ စည်းကမ်းမရှိလို့၊ စည်းကမ်းမရှိလို့ ဆိုတာက မြေစာပုံတွေ ကို နေရာတိုင်း ပုံတဲ့ဟာတွေပေါ့နော်။ ဒီ လူကြီးပိုင်းတွေရော ပါနေတဲ့ ကုမ္ပဏီတွေ ကလဲ ဒီလိုမျိုး မြေဇာပုံတွေ စည်းမဲ့ကမ်းမဲ့ ပုံတာတို့ နောက်တခုက ဒီရေကြောင်းတွေ လွှဲတဲ့ဟာတို့ အဲဒါတွေကတော့ အာဏာပိုင် အစုအဖွဲ့ကနေပြီးတော့ လုပ်နေတဲ့ ကိစ္စ ဆိုတော့ ဘယ်သူမှလဲ အဲဒါကို ထိန်းသိမ်းဖို့ မလုပ်ရဲဘူး မလုပ်ကြဘူး။ အဲလိုဒီ သဘာဝ ယိုယွင်းလာတာတို့ ပျက်စီးလာတာတို့က ဖြစ်လာ မှာပဲ။ အဲဒါကြောင့် ဖြစ် တာပါ အဓိက ကတော့။”

ဒါ့အပြင် မြေပြိုကျမှုကြောင့် သေဆုံးခဲ့ရတဲ့ သူတွေအတွက် သက်ဆိုင်ရာကုမ္ပဏီနဲ့ အစိုးရတွေအနေနဲ့ တာဝန်ယူသင့်သလို သေဆုံးသူတွေ အတွက်လည်း ထိုက် တန်တဲ့ လျော်ကြေးငွေ ပေးသင့်တယ်လို့လည်း ကချင်မဟာမိတ်အဖွဲ့က ကိုဂွမ်ဆန်က ပြောပါတယ်။

“ဒီဟာက အစိုးရကနေပြီးတော့ စည်းကမ်းကောင်းကောင်း မချလို့ဖြစ်တာ။ နောက် တခုက စည်းကမ်း ဖောက်ဖျက်နေတာ သိရဲ့သားနဲ့ကို လျှစ်လျူ ရှုတာပေါ့နော်။ လျှစ်လျူ ရှုတယ်ဆိုတော့ အစိုးရမှာ တာဝန်ရှိတယ်။ အစိုးရက နေပြီးတော့ လျော်ေ ကြးပေးသင့်တယ်။ အခြား နိုင်ငံမှာလိုပဲ အစိုးရ သို့မဟုတ် ကုမ္ပဏီတွေကလျော်ေ ကြးပေးသင့်တယ်။”

ဒီလိုမျိုး မြေပြိုကျမှုဟာ ခဏခဏ ဖြစ်ပွားလေ့ရှိပေမယ့် ဒီတကြိမ်မြေပြိုမှုဟာ အရင်ဖြစ် ခဲ့တဲ့ မြေပြိုမှုတွေနဲ့ ယှဉ်ရင် လူသေပျောက်နှုန်း အများဆုံးလို့ ပြောလို့ ရကြောင်း ကိုဂွမ်ဆန်က ပြောပါတယ်။

VOA
http://burmese.voanews.com/content/myanmar-kachin-phakant-landslie-deathbody/3069629.html

၂၇ ကြိမ်မြောက် ASEAN ထိပ်သီးညီလာခံမှာ တွေ့ရတဲ့ ခေါင်းဆောင်များ
 ၂၇ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကြီး တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပပြီးစီးသွားခဲ့ပါပြီ။ ဒီ ထိပ်သီး ညီလာခံမှာ စည်းလုံး ညီညွတ်တဲ့ အာဆီယံစီးပွားရေး အသိုက်အဝန်း တရပ်ကို တရားဝင် ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်ကိုလဲ ချီးကျူး ခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးပါမယ်။

မလေးရှားနိုင်ငံက တာဝန်ယူကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံကြီး တနင်္ဂနွေနေ့က ပြီးဆုံးခဲ့ရာမှာ အာဆီယံစီးပွားရေး အသိုက်အဝန်း AEC ကို ထူထောင်ဖို့ ၈ နှစ်ကြာ ကြိုးပမ်းရာမှာ ရလဒ်တခု ပေါ်ထွက်လာတာ တွေ့ရပါတယ်။ အာရှမှာ စီးပွားရေးအင်အားကြီး တရုတ်နဲ့ အိန္ဒိယတို့ကို ယှဉ်ပြိုင်ဖို့အပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကြား မတူကွဲပြားတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေ ပိုမို သဟဇာတဖြစ်ဖို့ကိုလဲ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ် Najib Razak က ထိပ်သီးညီလာခံ နောက်ဆုံးနေ့ ပြောကြားတဲ့ မိန့်ခွန်းမှာ -

“ကျနော်တို့ရဲ့ရည်ရွယ်ချက်က တာဝန်သိပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်မယ့် တိုးတက်တဲ့ လူ့အဖွဲ့အစည်းတရပ် ဖန်တီးရေးပါပဲ။ ခံနိုင်ရည်ရှိပြီး ငြိမ်းချမ်း လုံခြုံတဲ့ပြင် ကိုယ့်နိုင်ငံသားတွေရဲ့လိုအပ်မှုတွေကိုလည်း ဖြည့်ဆည်းပေးဖို့ ဖြစ် ပါတယ်။ တရားဥပဒေ စိုးမိုးမှု တရားမျှတမှု သည်းခံမှုနဲ့ အစွန်းမရောက်တဲ့ ခံစား ချက်တွေကို ထွေးပိုက်နိုင်ဖို့ ဖြစ်ပါတယ်။”

ဒီသမိုင်းတင် အာဆီယံစီးပွားရေး အသိုက်အဝန်း သဘောတူညီမှုကို မြန်မာသမ္မတ ဦးသိန်းစိန် အပါအဝင် အာဆီယံခေါင်းဆောင် (၁၀)ဦးတို့ လက်မှတ်ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။ စုစုပေါင်းထုတ်ကုန် ဒေါ်လာ(၂.၆) ထရီလီယံ တန်းဖိုးရှိတဲ့ လူဦးရေ (၆၂၅)သန်းနေထိုင်တဲ့ အရှေ့တောင်အာရှ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး လွတ်လပ်စွာ စီးဆင်းစေဖို့လဲ ရည်ရွယ်တာ ဖြစ်ပါတယ်။ ၂၀၁၆ မှာ လောနိုင်ငံ အနေနဲ့ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူရမှာ ဖြစ်တဲ့အတွက်လဲ အာဆီယံစီးပွားရေး အသိုက်အ၀န်းကြီးရဲ့ ကြေညာချက် ဖေါ်ဆောင် ဖို့အတွက် ပထမခြေလှမ်းကို တာဝန်ယူရမှာလဲ ဖြစ်ပါတယ်။ ဒီစီးပွားရေး အသိုက်အ၀န်းကြီးရဲ့ ရည်ရွယ်ချက်ကိုတော့ ၂၀၂၅ မှာအပြီး ဆောင်ရွက် သွားနိုင်လိမ့်မယ်လို့လဲ မျှော်လင့် ထားတာဖြစ်ပါတယ်။ ထိပ်သီးညီလာခံ နောက်ဆုံးနေ့ ပြောကြားတဲ့မိန့်ခွန်းရဲ့ နိဂုံးမှာ မလေးရှား ၀န်ကြီးချုပ် Najib Razak က မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံသစ်ကို ဦးတည်ဖေါ်ဆောင် ပေးနိုင်ခဲ့တဲ့အတွက်လဲ အခုလို ချီးကျူးလိုက်ပါတယ်။

“အဆွေတော်ရဲ့ ခေါင်းဆောင်မှုအပြင် ဒီမိုကရေစီ မြန်မာနိုင်ငံတော်သစ် ဖြစ်လာဖို့ အတွက် ဦးဆောင်ခဲ့မှုအတွက်လဲ ချီးကျူးပါတယ်။ နိုင်ငံ့ အတွက် မှန်ကန်တဲ့ လုပ်ရပ် ဖြစ်တယ်ဆိုတဲ့ ခိုင်မာတဲ့ခံယူချက်နဲ့ ယုံကြည်ချက်နဲ့ လုပ်ဆောင်ခဲ့တာကို တွေ့ရ ပါတယ်။ အကဲစမ်းမှုတွေ ရှိနေ ပေမယ့်လဲ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ ပါတယ်။ နိုင်ငံတကာ လူ့အဖွဲ့အစည်းကြီးမှာ ဝင်ဆံ့နိုင်တဲ့ မြန်မာနိုင်ငံတော် အသစ်ကို ကိုယ့် နိုင်ငံအတွက်ရော အာဆီယံအတွက်ပါ ဖေါ်ဆောင်ပေးနိုင်ခဲ့တဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်။”

တချိန်ထဲမှာပဲ အာဆီယံစီးပွားရေး အသိုက်အဝန်း ကြေညာချက် လက်မှတ်ရေးထိုး မှုကို သက်သေအဖြစ် တက်ရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလဲ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့သူ တွေ့ဆုံခဲ့တဲ့အကြောင်းနဲ့ အောင်မြင် စွာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွက်လဲ သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံသားတွေ ကို ချီးကျူးတဲ့အကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ နိုဝင်ဘာလ(၈)ရက်နေ့က သမိုင်းဝင် ရွေးကောက်ပွဲကြီးကို ငြိမ်းချမ်းစွာ ကျင်းပနိုင် ခဲ့တဲ့အတွက် သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံသား အားလုံးကို ကျနော် ဂုဏ်ပြု ချီးကျူးခဲ့ပြီးပါပြီ။ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြသူတွေ များပြားတာအပြင် ငြိမ်းချမ်းစွာ မဲပေးနိုင်ခဲ့တဲ့ အခြေအနေ အတွက် ခေါင်းဆောင်နိုင်မှုကို ဂုဏ်ပြုပါတယ်။ အာဏာ ကို ချောချောမွေ့မွေ့နဲ့ လွှဲပြောင်းပေးအပ်နိုင်မှုဟာလဲ ဒီမိုကရေစီရဲ့ ခိုင်မာတဲ့ စွမ်းအား တရပ်ကို ပြသရာရောက်ပါတယ်။ ရရှိထားတဲ့ တိုးတက်မှုတွေကို ခိုင်မာအောင်ပြုလုပ်ရာမှာ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို အားပေးကူညီ သွားဖို့ အဆင်သင့် ရှိနေပါတယ်။”

ကွာလာလမ်ပူမြို့တော်မှာ အမေရိကန်သမ္မတ အိုဘားမားလဲ အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်ခဲ့ပြီး မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ စနေနေ့က တွေ့ ဆုံခဲ့ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ Facebook မှာ ဖေါ်ပြ ထားတာတွေ့ရပါတယ်။ ဒါ့အပြင် အာဆီယံ ညီလာခံ ဘေးဗန်းမှာလဲ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲ့နဲ့ သမ္မတ ဦးသိန်းစိန်တို့ ခေတ္တ တွေ့ဆုံခဲ့ပြီး သမိုင်းတင် ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ အောင်အောင်မြင်မြင် ကျင်းပပေးနိုင်ခဲ့တဲ့အတွက် ဂျပန်ဝန်ကြီးချုပ်က ချီးကျူးခဲ့တဲ့အပြင် ရွေးကောက်ပွဲမှာ အပြတ်အသပ် အနိုင်ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ NLD ပါတီကို အာဏာချောချောမွေ့မွေ့ လွှဲပြောင်းနိုင်ရေး အတွက် မြန်မာအစိုးရကို ကူညီသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောဆို သွားတဲ့အကြောင်းလဲ ကျိုဒိုသတင်းမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။

ဒေါ်လှလှသန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com