11/25/15

အစိုးရ၊ နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသားတွေ ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံ (photo-ဦးညိုအုန်းမြင့်)
အစိုးရ၊ နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသားတွေ ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံ (photo-ဦးညိုအုန်းမြင့်)

မြန်မာပြည်မှာ ငြိမ်းချမ်းရေးတည်ဆောင်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ အတွက် မြန်မာအစိုးရ၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ရဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာ စတင်ခဲ့ကြပါတယ်။ ဒီနိုင်ငံရေး ဆွေးနွေးပွဲတွေ ကို အစောဆုံး ရှေ့နှစ်ဆန်းမှာ ပြုလုပ်နိုင်ဖို့ ရည်ရွယ် ဆွေးနွေးနေပေမဲ့ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကတော့ လက်ရှိဆောင်ရွက်တာတွေဟာ အလောသုံးဆယ်နိုင်နေတယ်လို့ယူဆနေပါတယ်။ အကြောင်းစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး အတွက် အစိုးရ၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဒုတိယအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ဒီကနေ့မနက် ၉ နာရီကနေ ညနေ ၆ နာရီလောက်အထိ ကျင်းပခဲ့တာပါ။

ဒီဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အဖွင့် အမှာစကားပြောကြားရာမှာ တနိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် NCA မှာ ပါဝင်တဲ့အတိုင်း နိုင်ငံရေးဆွေးနွေးပွဲကို လာမယ့်နှစ် ဇန်န၀ါရီလ ၁၄ရက်နေ့မှာ စတင်နိုင်ဖို့အတွက် အားစိုက် လုပ်ဆောင်ဖို့ လိုကြောင်း ပြောဆိုပါတယ်။

“နိုင်ငံရေး ဆွေးနွေးပွဲကို ဇန်န၀ါရီလ ၁၄ ရက်နေ့အထိ တွက်ရင် ရက်ပေါင်း ၅၀ လောက်ပဲ ကျန်ပါတော့တယ်။ ဒီကြားထဲမှာ ခရစ်စမတ်နဲ့ တခြား ရုံးပိတ်ရက်တွေ ကို ထည့်တွက်လိုက်လို့ရှိရင် ရက်ပေါင်း ၃၀ လောက်ပဲ ကျန်ပါတော့တယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ အချိန်မှီ ပြီးအောင် ကျနော်တို့ အခုကစပြီး အားစိုက် လုပ်ရမှာပဲခင်ဗျာ။”

နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်တွေ ချမှတ်ရာမှာနိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ရမယ် ကိုယ်စားလှယ် ဦးရေ၊ ပါဝင်သူတွေ ရဲ့အချိုးအစား၊ ဆွေးနွေးမည့် အချက်များ၊ ဆွေးနွေးရမယ့် စည်းမျဉ်းစည်းကမ်းများ၊ ဆုံးဖြတ်ချက်ရမယ့် စည်းကမ်းနည်းလမ်းတွေ ပါဝင်မှာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ် ဦးဝင်းထိန်ကတော့ လက်ရှိဆောင်ရွက်နေတာတွေဟာ အလောသုံးဆယ်နိုင်လွန်းတယ်လို့ ဝေဖန်ပါတယ်။

“သူတို့လုပ်နေပုံက သွားနေတဲ့ လမ်းကြောင်းက ရွေးကောက်ပွဲကြီး မရှိတဲ့ပုံစံမျိုး သွားနေတယ်။ အခု ရွေးကောက်ပွဲပြီးပြီ ပြီးတဲ့အခါမှာ အသွင်ကူးပြောင်းရေး၊ transition ပေါ့၊ အဲဒါကို ချောချော မွေ့မွေ့ လုပ်မယ်ဆိုတဲ့ အင်မတန်အရေးကြီးတဲ့ ကိစ္စကို ထည့်မတွက်ပဲနဲ့ တွန်းအားပေးပြီးတော့ ဇွတ်တွန်းနေတာမျိုးကို ကျနော်တို့က ဒါ လောကြီးလွန်းအားတယ်လို့ ယူဆတယ်။ ဒါတချက်။

နောက်တချက်က NCA ပေါ့ ။ NCA မှာ လက်မှတ်ထိုးတဲ့အဖွဲ့တွေကိုတော့ တရားဝင်အဖွဲ့အစည်း သတ်မှတ်ပေးပြီးတော့ NC A လက်မှတ်မထိုးတဲ့ ပုဂ္ဂိုလ်တွေကို နင်းကန်ပြီးတော့ တိုက်နေတဲ့ ကိစ္စမျိုးက ဒါမလိုလားအပ်တဲ့ကိစ္စ ၊ အဲဒါတော့ ထည့်ပြီးတော့ ခင်ဗျားတို့ ထည့်ပြီးတော့စဉ်းစားသင့်ပါတယ်လို့ ပြောခဲ့တယ်။”

မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကတော့ NCA မှာ သတ်မှတ်ထားတဲ့ရက်အတိုင်း ဆောင်ရွက်ရတာဖြစ်ကြောင်း နဲ့ မူဘောင်ရေးဆွဲရေးကို လာမယ့် ၂၇ရက်နေ့မှာ စတင်ဖို့ သဘောတူခဲ့ကြောင်း ပြောပါတယ်။

“ဒီကနေ့ ဆွေးနွေးပွဲ အဓိက အနှစ်သာရကတော့ NCA timeline အတိုင်းပဲ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ရှဥ့်လည်း လျှောက်သာ ပျားလည်း စွဲသာ နောက်အစိုးရမှာလည်း ဆက်လက်ပြီးဆောင်ရွက်နိုင်မယ့် အချိန်ကောင်းလုပ်ဖို့ foundation ချဖို့ အတွက် သဘောတူတယ်။ Framework တွေ နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကို အဲဒီ NCA timeline အတိုင်းပဲ သွားအောင် လုပ်ဖို့ သဘောတူတယ်။ ပြီးတော့ နိုဝင်ဘာလ ၂၇ ရက်နေ့ ၁ နာရီမှာ စပြီးတော့ ဒီ framework ရေးဆွဲဖို့အတွက် အစုတစုစီက ၈ ယောက်နဲ့ ၂၄ ယောက်ပါတဲ့ ကော်မတီကို ကျနော်တို့ အခု သတ်မှတ်နိုင်တယ်။ အဲဒါတွေက ဒီနေ့ရဲ့ အဓိက အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပါပဲ။"

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့က ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်စဲဖို့ အစဉ် တစိုက် ဆွေးနွေးခဲ့ကြောင်းနဲ့ လက်ရှိမှာလည်း ရှမ်းတပ်ဖွဲ့နဲ့ အစိုးရဆွေးနွေးနေကြောင်း ပြောဆိုပါတယ်။

“NCA ထိုးပြီးတဲ့နောက်မှာ အဖွဲ့တိုင်း အဖွဲ့တိုင်းကတော့ အဲဒီကိစ္စကိုလည်း ဦးစားပေးဆွေးနွေးပါတယ်။ အခုလောလောဆယ်ဆိုရင် ဒီလက်မှတ် မထိုးသေးတဲ့အဖွဲ့ထဲက SSPP က ကိုယ်စားလှယ်တွေ မနေ့ကလည်း ဆွေးနွေးတယ် ။ ဒီကနေ့လည်း ထပ်ရောက်လာပြီးတော့ ဆွေးနွေးနေကြတယ် ခင်ဗျ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ်တော့ တဖွဲ့ချင်း၊ တဆင့်ချင်း ကတော့ တဖြည်းဖြည်း နီးစပ်လာမယ် လို့တော့ ယုံကြည်ရတာပေါ့။ ဘာကြောင့်လဲဆိုတော့ NCA ဆိုတဲ့ ဒီ စာချုပ်ပေါ် မှာတော့ အဖွဲ့အားလုံးက သဘောတူပြီးသားဖြစ်တာကို ။ ဒါကြောင့် NCA ကို စာချုပ်နဲ့အညီ အလုပ်လုပ်တဲ့ အကောင်အထည်ဖော်တဲ့ လုပ်ငန်းမှာကျတော့ တချို့ မပါနိုင်သေးတာပဲ။ ဒါကြောင့် ကျနော်ထင်တယ် ဒီအကောင်အထည်ဖော်ရင်းနဲ့ အားလုံး လိုက်ပါလာနိုင်တဲ့ အခြေအနေတော့ ဖန်တီးနိုင်မယ်လို့တော့ ယူဆတာပေါ့။”

ဒီကနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲကို အစိုးရဘက်က ကိုယ်စားလှယ်ဘက်က ၁၆ဦး၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ် ၁၅ဦးနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ကိုယ်စားလှယ် ၁၅ဦးတို့ တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့တို့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုစာချုပ်ကို သဘောတူ လက်မှတ်ရေး ထိုးပြီးတဲ့နောက်မှာ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်တွေကို ရက်ပေါင်း ၆၀အတွင်း ရေးဆွဲဖို့ နဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ရက်ပေါင်း ၉၀အတွင်း စတင်ဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

မိုးဇော်/VOA
http://burmese.voanews.com/content/updjc-meet-in-mpc-/3071675.html

ရှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝမ်ဟိုင်းဌာနချုပ်မှာ ဝင်ဘာလ ၁ ရက်နေ့က SSPP/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: Kan Thar/RFA
 ရှမ်းပြည်နယ် ကျေးသီးမြို့နယ်က မိုင်းအပ်နဲ့ နာပန်းကျေးရွာတ၀ိုက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ အစိုးရတပ်မတော်တို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ရက်နေ့ကစပြီး မနေ့ကအထိ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဝမ်ဟိုင်းဌာနချုပ်နဲ့ ၆မိုင်အကွာလောက်မှာ တိုက်ပွဲပြင်းထန်နေတာလို့ SSPP/SSA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ စိုင်းဘုန်းဟန်က ပြောပါတယ်။

"၂၁ ရက်နေ့ စပြီးတော့ လက်နက်ကြီးထုတယ်၊ ၂၂ ရက်နေ့ကျတော့ တိုက်ပွဲတွေပြန်ဖြစ်တယ်၊ ၁၂ ခွဲလောက်ကနေစပြီးတော့ ကျနော်တို့တပ်မတော်ကနေ ထိုးစစ်ပြန်ပြီးတော့ ဆင်တဲ့သဘောပါ၊ ဒါကတော့ ကျနော်တို့ဌာနချုပ်နဲ့ တောင်ဘက် ၆ မိုင်၊ ၇ မိုင်လောက်ပဲကွာတယ်၊ တိုက်ပွဲကတော်တော်လေးဖြစ် ထားပါတယ်"

SSPP/SSA နဲ့ အစိုးရတပ်မတော်တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ရက်နေ့ကစပြီး တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရ တဲ့ ဒေသခံ တစ်သောင်းဝန်းကျင်လောက် ရှိနေပါတယ်။

တိုက်ပွဲတွေကြောင့် ကျေးသီးမြို့ နယ်က ၀မ့်ဝဒုက္ခသည်စခန်းမှာ ဒုက္ခသည် တစ်ထောင်ကျော်ရောက်ရှိနေပြီး ဒုက္ခသည်သုံးရာလောက်က ၀မ်းပျက် ၀မ်းလျောရောဂါတွေဖြစ်နေတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြသူတွေထဲက ဒုက္ခသည် ၁၅၀၀ လောက်ဟာ မိုင်းရှူးမြို့နယ်က ဟိုက်ပါဒုက္ခသည်စခန်းမှာ ရောက်ရှိနေပြီး အဲဒီစခန်းဟာ တိုက်ပွဲဖြစ်ပွားနေတဲ့အနီးအနားမှာ ရှိနေတာကြောင့် အကူအညီပေးမယ့်သူတွေ မရှိဘူးလို့လည်း သိရပါတယ်။

တိုက်ပွဲတွေရပ်တန့်ရေးနဲ့ စစ်ဘေးဒုက္ခသည်အခြေအနေတွေကို ဆွေးနွေးဖို့အတွက် အစိုးရဘက်က တာဝန်ရှိသူတွေနဲ့ SSPP/SSA ခေါင်းဆောင်တချို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

 NLD အဖွဲ့ဝင် မချောစန္ဒီထွန်း ကိုတွေ့ရစဉ်။ ဓါတ်ပုံ - ချောစန္ဒီထွန်း (facebook)
 ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ အသရေဖျက်မှု ပုဒ်မ ၅ဝဝ တို့နဲ့ မအူပင် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မချောစန္ဒီထွန်းကို အာမခံပေးဖို့ နဲ့ ပုဒ်မ ၅၀၀ ကို ပယ်ဖျက်ပေးဖို့ ရှေ့နေဖြစ်သူက လျှောက်ထားတာကို မအူပင်မြို့နယ် တရားသူကြီးက ပယ်ချလိုက်ပါတယ်။

မအူပင်မြို့နယ်တရားရုံးမှာ ဒီနေ့ရုံးထုတ်ရာ မြို့နယ်တရားသူကြီးက ပယ်ချလိုက်တာ ဖြစ်တယ်လို့ မချောစန္ဒီထွန်းရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြော ပါတယ်။

"ကျနော်တို့ အာမခံထပ်လျှောက်တယ်၊ အာမခံပေးလို့မရတဲ့ ပုဒ်မဖြစ်လို့ ပယ်ပါတယ်တဲ့၊ နောက်တစ်ချက်က ပုဒ်မ ၅၀၀နဲ့ သီးခြားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက် လို့ ပြစ်မှုဆိုင်ရာတည်ဆဲဥပဒေပုဒ်မ ၁၉၈ အရ စွဲလို့မရလို့ ပယ်ဖျက်ပေးပါဆိုတော့လည်း အဲ့ဒါကိုပယ်လိုက်တယ်"

အသရေဖျက်မှု ပုဒ်မ ၅၀၀ ဟာ ကိုယ်တိုင်နစ်နာသူကသာ စွဲဆိုရတာဖြစ်ပြီး ကိုယ်စားစွဲဆိုလို့မရတာကြောင့် အဲဒီပုဒ်မ ၅၀၀ နဲ့ စွဲဆိုထားတာကို ပယ်ဖျက်ပေးဖို့ တရားရုံးကို လျှောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကျဉ်းထောင်ထဲကို ခြင်ထောင်ယူဆောင်ခွင့်ပေးဖို့ လျှောက်ထားတာ ကိုလည်း ပယ်ချလိုက်တယ်လို့ သိရပါတယ်။

တပ်မတော်ဝတ်စုံအရောင်ပြောင်းလဲတာနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓါတ်ပုံနဲ့ သရော်ထားတဲ့ စာကို ဖေ့စ်ဘွတ်မှာ တင်ခဲ့တာကြောင့် မချောစန္ဒီထွန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖမ်းဆီးခံရ တာဖြစ်ပါတယ်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဓာတ်ပုံကို ပြုပြင်ပြီး ဖေ့စ်ဘွတ်မှာ တင်ခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ကချင်အမျိုးသား ဦးပက်ထရစ်ခွန်ဂျာလီလည်း ကျန်းမာရေးဆိုးရွားနေတာကြောင့် လှိုင်မြို့နယ် တရားရုံးမှာ မနေ့က ရုံးထုတ်ရာ အာမခံပေးဖို့ လျှောက်ထားပေမယ့် ပယ်ချခံခဲ့ရပါတယ်။

ဒီအတောအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သာယာဝတီ အကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြရာကနေ အစာအိမ်ရောဂါကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ကျောင်းသားကိုဖြိုးဓနကို သာယာဝတီမြို့နယ်တရားရုံးက ဒီနေ့ အာမခံပေးလိုက်ပါတယ်။

ကိုဖြိုးဓနက ကျန်းမာရေးအခြေအနေ ဆိုးရွားနေတာကြောင့် ဒီနေ့ ရုံးထုတ်မှာ အာမခံပေးဖို့ တင်ပြတာကို  တရားသူကြီးက လက်ခံလိုက်တာဖြစ်တယ် လို့ ကျောင်းသားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။

ဒီနေ့ ရုံးထုတ်မှာ တရားစွဲခံထားရသူ အားလုံးမစုံတာကြောင့် အမှုကို စစ်ဆေးနိုင်ခြင်းမရှိဘဲ လာမယ့် ဒီဇင်ဘာလ ၁ရက်နေ့ ရုံးထုတ်မှာ တရားလိုဖြစ်တဲ့ လက်ပံတန်းမြို့နယ် ရဲစခန်းမှူး ဦးဖုန်းမြင့်ကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ရုံးထုတ်မှာ ကျန်းမာရေးမကောင်းတဲ့ မဟန်နီဦး၊ ကိုမင်းမင်းဇော်နဲ့ ကိုခင်မောင်ဝင်းတို့ကို သာယာဝတီ မြို့နယ်ဆေးရုံမှာ ဆေးစစ်ပေးခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ပေးဖို့ သပိတ်မှောက်ဆန္ဒပြတာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၅ ခုနဲ့ သာယာဝတီအကျဉ်းထောင် မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူနဲ့ ၀န်းရံသူ ၅၂ ဦး ရှိနေပါတယ်

 RFA Burmese
http://www.rfa.org/burmese

 အစိုးရစီမံကိန်းတွေ တိုက်တက်တယ် ဆိုတာ လက်တွေနဲ့ကွာဟာနေတယ်လို့ ဝေဖန်နေ
 ပြည်ထောင်စု အစိုးရက ပေးပို့လာတဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဒုတိယ ၆ လပတ်ရဲ့ စီမံကိန်းများနဲ့ ဘဏ္ဍာရေး ဖွံဖြိုးတိုးတက်မှု ဆောင်ရွက်ချက် အစီရင်ခံစာမှာပါတဲ့ အချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ခဲ့ ကြပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေး တိုးတက်မှုတွေနဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့ အချက်အလက်တွေ ကိန်းဂဏန်းတွေဟာ အမှန်တကယ် ဖြစ်နေတာ တွေနဲ့ လွဲချော်နေတယ်လို့ ဝေဖန်ကြတာ ဖြစ်ပါတယ်။

အစီရင်ခံစာမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ရဲ့ ဒုတိယ ၆လပတ်မှာ ငွေကြေးဖောင်းပွမှုဟာ ၅ ရာခိုင်နှုန်း ကျော်သာ ရှိတဲ့အပြင် စီးပွားရေး တိုးတက်နှုန်းဟာ ၈ ဒဿမ ၅ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထား ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေက ပြီးခဲ့တဲ့နှစ်က တစ်အိတ်ကို သုံးသောင်းအောက်ပဲ ဈေးရှိတဲ့ ဆန်တစ်အိတ်ဟာ တစ်နှစ်ကျော် အချိန်မှာ လေးသောင်းအထိ ဈေးတက်ခဲ့ပြီး တစ်နှစ် အတွင်း အမေရိကန် ဒေါ်လာဈေး သိသိသာသာ တက်သွားခဲ့တာတွေကို ဥပမာပေး ပြီး အစိုးရဘက်က ပြောဆိုမှုတွေ လွဲချော်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။

တခြားလွှတ်တော် အမတ် တချို့ကလည်း အခုဘဏ္ဍာနှစ် ဒုတိယ ၆ လပတ်အတွင်း ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေဟာ ပြီးခဲ့တဲ့နှစ် အလားတူ အချိန်နဲ့ နှိုင်းယှဉ်ရင် ကျပ်ငွေ ဘီလျံ ၈၀၀ ကျော် လျော့နည်း နေတာဟာလည်း စီးပွားရေး အမှန်တကယ် တိုးတက်မလာဘဲ ကျဆင်းသွားတာ ကိုပြတယ်လို့ ပြောကြပါတယ်။

အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကတော့ သူတို့အနေနဲ့ ငွေကြေးဖောင်ပွမှုနှုန်းကို ကုန်ပစ္စည်း တစ်ခု နှစ်ခု အပေါ်မှာအခြေခံ တွက်ချက်တာမဟုတ်ဘဲ ကုန်ပစ္စည်း တစ်ရာကျော် အပေါ်မှာ အခြေခံတွက်ချက် ထားတာလို့ပြောဆို ပါတယ်။

အကျဉ်းသားတွေကို လွှတ်ပေးတာ မီဒီယာ လွတ်ခွင့်ပေးတာ ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်တာတွေကို နိုင်ငံရေးပြုပြင်ပြောင်းလဲရေးပိုင်းမှာ တိုးတက်မှု အဖြစ် ဖော်ပြထားပေမဲ့ နိုင်ငံရေး အကျဉ်းသား အနည်းအပါးပဲ လွတ်မြောက်တာ၊ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိနေသေးတာတွေကို ကြည့်ရင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို မျက်ကွယ်ပြုနေတဲ့ သဘောပဲလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က ထောက်ပြ ပါတယ်။

အစီရင်ခံစာပါ ကိန်းဂဏန်းတွေဟာ အရင်အစိုးရတွေ အတိုင်းပဲ စာရွက်ပေါ်မှာသာ တိုးတက်နေပြီး တကယ် အခြေအနေမှန်နဲ့ လွဲချော် နေတာကြောင့် ဒါကို နိုင်ငံတော် အကြီးအကဲက ကြည့်တဲ့အခါ တိုင်းပြည် တိုးတက်နေတယ်လို့ ယူဆမှာ စိုးရိမ်လို့ အခုလို ဝေဖန် ထောက်ပြရတာလို့ ဆွေးနွေးကြသူတွေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


တူရကီလေတပ်ရဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်က ဂျက်လေယာဉ်တစ်စင်းကို ပစ်ချလိုက်ပါတယ်။ ဘယ်နိုင်ငံကလေယာဉ်လဲဆိုတာ ခွဲခြားနိုင်ဖို့ ကြိုးစားခဲ့တယ်၊ ပစ်မချခင်မှာလည်း တူရကီလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ လေယာဉ်ကို သတိပေးခဲ့တယ် လို့လည်း တူရကီစစ်ဘက်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ တူရကီ-ဆီးရီးယား နယ်စပ်နားက တာ့ခ်မန်တောင်တန်းမှာ ပစ်ချခဲ့တာလို့ ဆိုပါတယ်။

တူရကီဟာ အိုင်းဆစ်တွေကို တစ်ဘက်တစ်လမ်းက ထောက်ပံ့ကူညီနေတဲ့ နိုင်ငံတွေထဲမှာ ပါနေတယ်လို့ ရုရှားသတင်းတွေက ထောက်ပြပြောကြားထားတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ တူရကီနဲ့ ဆော်ဒီဟာ အိုင်းဆစ်တွေဆီက ရေနံတွေကို ဝယ်ယူပြီး ဘဏ္ဍာငွေပံ့ပိုးပေးနေတဲ့ နိုင်ငံတွေ ဖြစ်တယ် ဆိုတာကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းလည်း ရှိနေပါတယ်။ ဒါပေမယ့် တူရကီဟာ အမေရိကန်၊ နေတိုးတို့နဲ့ မဟာမိတ် သဘောတူညီချက် တွေ ရှိနေပါတယ်။

ဒီနေရာမှာ အိုင်းဆစ်နဲ့ တူရကီ၊ ဆော်ဒီ အဆက်အစပ်ဟာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ပူတင် တောက်လျှောက် ထောက်ပြနေတဲ့အချက်က ကမ္ဘာပေါ်မှာ အချမ်းသာဆုံး၊ ဘဏ္ဍာငွေ အတောင့်တင်းဆုံး အကြမ်းဖက်အဖွဲ့က အိုင်းဆစ်ဖြစ်နေပါတယ်။ ဟားမက်စ်တို့၊ ဟဇ်ဘိုလာတို့တောင် အိုင်းဆစ်နောက်ကို ရောက်နေတာ ဖြစ်ပါတယ်။ ရေနံတွင်းတွေကို အိုင်းဆစ်တွေ သိမ်းပိုက်တယ်၊ ရေနံတွေ ထုတ်တယ်။ ဒီနေရာမှာ ထုတ်ယူရရှိတဲ့ရေနံတွေကို ဘယ်သူတွေက ဝယ်ပြီး ဘယ်လို ငွေပေးချေနေသလဲ ဆိုတဲ့အချက်ကို ပူတင်က ထောက်ပြခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေဟာ ရေရှည်ရပ်တည်နိုင်ဖို့ ထောက်ပံ့မှုတွေ၊ လက်နက်ခဲယမ်းတွေ လိုပါတယ်။

အမှန်တစ်ကယ်မှာ ဆိုဗီယက်ယူနီယံ မပြိုကွဲခင် ၁၉၇၀ ကျော်နှစ်ကာလတွေကို ပြန်ကြည့်ရင် အရှေ့အလယ်ပိုင်းမှာ ဆိုဗီယက်တွေ ထိန်းချုပ်ထားပြီး Balance of Power ကို တည်ဆောက်ထားခဲ့တာပါ။ ဆိုဗီယက်ပြိုကွဲပြီး အမေရိကန် ဆူပါပါဝါ အဖြစ် ရပ်တည်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်မှာ အရှေ့အလယ်ပိုင်းရဲ့ မဆုံးနိုင်တဲ့ ဒုက္ခသံသရာ လည်ခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။ အရှေ့အလယ်ပိုင်းအကြောင်း နောကြေအောင် ရုရှားက သိရှိထားခဲ့တာ ဖြစ်ပါတယ်။

ဒါတွေကို မဖြတ်နိုင်ရင် သက်ဆိုးရှည်နေမှာပဲ ဆိုတာကို ပြောပြီး ဆီးရီးယားမှာ အိုင်းဆစ်တွေ လက်ထဲ ရေနံလှောင်ကန်ကြီးတွေ၊ ဆီသယ်ယာဉ်တွေကို ပစ်မှတ်ထားပြီး ပူတင်က ချေမှုန်းခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အိုင်းဆစ်ဆီက ရေနံဝယ်-လက်နက် ခဲယမ်း ငွေကြေးပေးတာတွေ ရပ်ဆိုင်းဖို့ သတိပေးခဲ့ပါတယ်။ အမှန်တစ်ကယ်မှာလည်း ဒီရေနံတွေကို ဝယ်မယ့်သူမရှိရင် အိုင်းဆစ်တွေ ရောင်းလို့ မရပါဘူး။ ဒါတွေကို သိသိနဲ့ မပိတ်ပင်ရင်၊ ရေသောက်မြစ်ကို မဖြတ်ရင် ဆက်ပြီး ရပ်တည်နေဦးမှာပဲ ဆိုတာပါပဲ။

UK ရဲ့ Independent သတင်းစာကတော့ ပစ်ချခံရတဲ့ ဂျက်လေယာဉ်က ရုရှားလေယာဉ်ဖြစ်ကြောင်း၊ ပိုင်းလော့က သူ ဘယ်နိုင်ငံက ဆိုတာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ဘူး လို့ ဖော်ပြထားပါတယ်။

ရုရှားရဲ့ Interfax သတင်းဌာနကတော့ ရုရှားနိုင်ငံရဲ့ Su-24 တိုက်လေယာဉ်ဟာ ဆီးရီးယား မြောက်ပိုင်းမှာ ပျက်ကျခဲ့ပြီးတော့ ပါသွားတဲ့ ပိုင်းလော့ ၂ ဦးကတော့ ခုန်ထွက်သွားနိုင်ခဲ့တယ် လို့ သတင်း ထုတ်ထားပါတယ်။ (Russia's Interfax news agency cited the Russian defence ministry as saying that a Su-24 had crashed in northern Syria, and that its two pilots had ejected.)

အိုင်းဆစ် ချေမှုန်းရေး စစ်ဆင်တိုက်ခိုက်မှုတွေအပေါ် ရှုပ်ထွေးမှုတွေ ဘယ်လို ဖြစ်လာမလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နောက်ဆုံး သတင်းတွေအရတော့ -

တူရကီဘက်ကတော့ ရုရှား ဆူခွိုင်းတိုက်လေယာဉ်ဟာ တူရကီလေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတယ် ဆိုပြီး ပြောပါတယ်။ အခုနောက်ဆုံး RT သတင်းဌာနက ထုတ်လွှင့်နေတာကတော့ ရုရှားလေယာဉ်ဟာ တူရကီလေပိုင်နက်ထဲ မဝင်ဘူး၊ ဆီးရီးယား လေပိုင်နက်မှာပဲ ရှိနေခဲ့တယ် လို့ မြေပုံတွေပြပြီး အခိုင်အမာ ပြောလိုက်ပါတယ်။

နိုင်ငံတကာ ပိုင်နက်နယ်မြေ ပိုင်းခြားသတ်မှတ်မှုအရ နိုင်ငံတစ်နိုင်ငံရဲ့ လေပိုင်နက်ထဲကို ဝင်မယ် ဆိုရင် ကြိုတင်ပြီး ခွင့်ပြုချက် တောင်းခံရပါတယ်။ အိမ်ရှင်နိုင်ငံအနေနဲ့ ဝင်ရောက်လာတဲ့ လေယာဉ်ကို မေးမြန်းရပါတယ်။ ရန်သူ-မိမိ ခွဲခြားတဲ့ စနစ်တွေနဲ့ စစ်ဆေးရပါတယ်။ ကျူးကျော်နေတယ် ဆိုရင်လည်း ဘယ်နိုင်ငံရဲ့ လေပိုင်နက်ထဲ ရောက်နေပြီ၊ ပြန်ထွက်ပါ၊ မထွက်ရင် ပစ်ချရပါလိမ့်မယ် စသဖြင့် သတိပေးရပါတယ်။ ဒါကိုမှ မလိုက်နာဘဲ ပိုင်နက်ထဲ ဝင်နေရင် ကျူးကျော်တယ် လို့ သတ်မှတ်နိုင်ပါတယ်။

လုပ်နည်းက (၁) သတိပေးမယ်၊ (၂) တိုက်လေယာဉ်တွေနဲ့ ဝန်းရံပြီး ပြန်ကွေ့ခိုင်းတာ၊ နီးစပ်ရာ လေဆိပ်ကို ဆင်းခိုင်းတာ လုပ်နိုင်ပါတယ်၊ (၃) ဒီအဆင့်ကတော့ ပစ်ချတာပါပဲ။ မြေပြင်က ဒုံးကျည်တွေနဲ့ ဖြစ်စေ၊ တိုက်လေယာဉ်တွေနဲ့ ဖြစ်စေ ပစ်ချနိုင်ပါတယ်။

Su-24 က ဗုံးကြဲလေယာဉ် အမျိုးအစားဖြစ်ပြီး တူရကီရဲ့ F-16 ကတော့ အမေရိကန်လုပ် ဖိုက်တာဂျက် ဖြစ်ပါတယ်။ ရုရှားဟာ ဆီးရီးယားသမ္မတ အာဆတ်ရဲ့ အကူအညီတောင်းခံမှုနဲ့ ဆီးရီးယားမှာရှိတဲ့ အိုင်းဆစ်တွေကို တိုက်ခိုက်ချေမှုန်းနေတာ ဖြစ်ပါတယ်။

တူရကီဘက်က ထုတ်ပြန်ချက်အရ တူရကီပိုင်နက်ထဲဝင်လာတဲ့ ဆူခွိုင်းကို ဘယ်နိုင်ငံကလဲ မေးတယ်၊ ပြန်မဖြေဘူး၊ ကြိုတင်သတိပေးတာကို ၁၀ ကြိမ်လောက် လုပ်ခဲ့တယ်၊ အဖြေမရဘူး၊ အန္တရာယ်ပြုလာနိုင်တဲ့အတွက် ပစ်ချရတာ ဖြစ်တယ် ဆိုပြီး ကနဦး သတင်းထုတ်ထားပါတယ်။ ရုရှားကတော့ သူ့လေယာဉ်ဟာ ဆီးရီးယားလေပိုင်နက်ထဲမှာပဲ ရှိနေတယ် ဆိုပြီး ရှင်းထားတဲ့အတွက် တူရကီပိုင်နက်ထဲ မရောက်တဲ့အတွက် သူ့အမှား မဟုတ်ဘူး ဆိုပြီး ဒေါသတကြီး ပြန်ရှင်းထားတာ တွေ့ရပါတယ်။ ခုန်ထွက်သွားခဲ့တဲ့ ပိုင်းလော့ ၂ ဦး သေသလား၊ ရှင်သလား မသိရသေးဘူး လို့ လည်း ဆိုပါတယ်။

ဒီဖြစ်စဉ်မှာ အဆုံးအဖြတ်အချက် Key Point ကတော့ ဆိုခွိုင်းတိုက်လေယာဉ် တူရကီ လေပိုင်နက်ထဲ ဝင်ရောက်ခဲ့ခြင်း ရှိ-မရှိ ဆိုတဲ့အချက်ပါပဲ။ နှစ်နိုင်ငံ ရေဒါတွေ၊ စပိုင်ဂြိုလ်တု၊ ဆီးရီးယားနဲ့ အဲဒီဒေသအတွင်းမှာရှိတဲ့ ရေဒါ၊ ဂြိုလ်တု အချက်အလက်တွေအရ အဖြေ ထွက်မှာ သေချာပါတယ်။

အလားတူ ၂၁ ရာစု စစ်ဘက်ဆိုင်ရာ စစ်သဘောတရားနဲ့ နည်းပညာတွေအရ လေကြောင်း တိက်ခိုက်မှုတွေကို ကွပ်ကဲမှု၊ ကြီးကြပ်မှုတွေ၊ လမ်းညွှန်မှုတွေ ပေးနေတဲ့ C4IRS လို့ ခေါ်တဲ့ စနစ်တွေ ရှိပါတယ်။ ဒီစနစ်တွေမှာလည်း ရုရှားလေယာဉ် ဘယ်နေရာမှာ ပျံသန်းနေသလဲ ဆိုတာကို ပြန်လည် စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

တူရကီ ဝန်ကြီးချုပ် Ahmet Davutoglu ကတော့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတွေနဲ့ တွေ့ဆုံပြီး ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နေတိုးအဖွဲ့၊ ကုလသမဂ္ဂအဖွဲ့တွေနဲ့ ညှိနှိုင်းတိုင်ပင်သွားဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ် လို့ RT News မှာ ဖော်ပြထားပါတယ်။ တူရကီက နေတိုးကို ပြေးကပ်ပြီ လို့ ဆိုရမှာပါ။

ညနေပိုင်း RT က ထုတ်တဲ့ သတင်းတစ်ခုမှာတော့ သေဆုံးနေတဲ့ ရုရှားပိုင်းလော့ကို ဆီးရီးယား သူပုန်တပ်ဖွဲ့တွေ ဝန်းရံ အောင်ပွဲခံနေတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ဝန်းရံ အောင်ပွဲခံနေတဲ့သူတွေဟာ အာရေဗျဘာသာစကားကို လာတာကီယား (ဆီးရီးယား)သံဝဲဝဲနဲ့ ပြောခဲ့ကြတယ် လို့ ဗီဒီယိုမှတ်တမ်းအရ သိရှိရပါတယ်။ "A Russian pilot," a voice is heard saying as a group of men gather around him. "God is great," a voice says. ဒီသတင်းမှာ ပါနေသူတွေကတော့ ဆီးရီးယားလွတ်မြောက်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး အိုင်းဆစ်တွေ မဟုတ်ဘူးလို့ RT က ဆိုပါတယ်။

လက်ရှိအချိန်မှာ စောင့်နေကြတာကတော့ ရုရှားရဲ့ဟီးရိုး ပူတင် ဘယ်လို တုံ့ပြန်မလဲ ဆိုတာပါပဲ။ ရုရှားပြည်တွင်းကရော၊ နိုင်ငံတကာ၊ အထူးသဖြင့် တူရကီရဲ့ မဟာမိတ်ဖြစ်တဲ့ (အမေရိကန် ဦးဆောင်တဲ့) နေတိုးကပါ စောင့်နေကြပြီ ဖြစ်ပါတယ်။ စစ်ဆိုတာ သံခင်းတမန်ခင်းအလွန် နောက်ဆုံး အဆင့် လို့ ဆိုပါတယ်။

ဘလွန်းဘာ့ဂ်ရဲ့ နောက်ဆုံးသတင်းကတော့ တူရကီက ရုရှားဗုံးကြဲလေယာဉ် ပစ်ချမှုရဲ့ နောက်ဆက်တွဲ ဆက်ဖြစ်လာနိုင်တဲ့အလားအလာတွေအရ ဥရောပ စတော့တွေ ချက်ချင်း ထိုးကျသွားပြီ လို့ ဆိုပါတယ်။

Hmuu Zaw
25.11.2015


အနိုင်ရ NLD ပါတီရဲ့ အာဏာအခွင့်အလမ်းများ နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲ ရလဒ်များ နောက်ဆုံးရက် ကြေညာပြီးချိန်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ လွှတ်တော် အရပ် ရပ်မှာ အပြတ်အသတ်အနိုင်ရပြီး အစိုးရဖွဲ့ခွင့် သေချာသွားပြီဖြစ်ပါတယ်။ NLD ပါတီဟာ ကိုယ်စားလှယ်၃၁၆ နေရာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၂၅၅ ဦး အနိုင်ရပြီး ရာခိုင်နှုန်းအားဖြင့် ၇၉ရာခိုင်နှုန်း အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ကနေ ဒုသမ္မတ (သမ္မတလောင်းတစ်ဦး) တင် မြှောက်ခွင့်သေချာသွားပါတယ်။ အမျိုးသားလွှတ်တော်မှာ NLD ပါတီဟာ ၁၆၈ နေရာအပြည့်ဝင်ရောက် ယှဉ် ပြိုင်ရာမှာလည်း ကိုယ်စားလှယ် ၁၃၅ဦး အနိုင်ရရှိပြီး ရာခိုင်နှုန်းအားဖြင့် ၈၀ရာခိုင်နှုန်း အနိုင်ရခဲ့ပါတယ်။ ဒါ ကြောင့် အမျိုးသားလွှတ်တော်ကနေလည်း ဒုသမ္မတ (သမ္မတလောင်းတစ် ဦး) တင်မြှောက်ခွင့် သေချာသွား ပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်း (၂၅၅+၁၃၅) ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီဟာ ကိုယ်စားလှယ် ၃၉၀ ဦး အနိုင်ရရှိခဲ့တယ်လို့ဆို ရမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်စုစုပေါင်းမှာ ရွေးကောက်ခံကိုယ်စားလှယ် ၄၉၁ ဦးနဲ့တပ်၂၅ရာခိုင်နှုန်း ကိုယ်စားလှယ် ၁၆၆ ဦးပေါင်းပြီး ၆၅၇ ဦး ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော် နှစ်ရပ်ပေါင်း ၃၉၀ ဦးအနိုင်ရရှိထား (ရွေး/ ကော်မှ ၃ နေရာ ကြေညာရန်ကျန်သေး။ စာကြွင်း)တဲ့ NLD ပါတီဟာ ပြည်ထောင်စု လွှတ်တော်မှာ ၆၀ ရာခိုင်နှုန်းခန့် အနိုင်ရ ကိုယ်စားလှယ်များ နေရာရရှိမှာဖြစ်ပါတယ်။ ဒီအတွက် အနိုင်ရ NLD ပါတီဟာ ပြည် ထောင်စုလွှတ်တော်မှာ ကျင်းပမယ့် သမ္မတ ရွေးချယ်ပွဲမှာလည်း ၅၀ ရာခိုင်နှုန်းကျော် အနိုင်ရထားလို့ သမ္မတတစ်ဦးကို ရွေးချယ် တင်မြှောက်ခွင့်ရမှာ သေချာသွားပြီ ဖြစ်ပါတယ်။

● အနိုင်ရ NLD ပါတီဟာ

(၁) ပြည်သူ့လွှတ်တော်ကနေ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတစ်ဦးကို တင်မြှောက်ခွင့်ရရှိမှာဖြစ်ပါတယ်။
(၂) အမျိုးသားလွှတ်တော်ကနေ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတစ်ဦးကို တင်မြှောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
(၃) လွှတ်တော်နှစ်ရပ် သမ္မတလောင်း နှစ်ဦးထဲက တစ်ဦးကဒုသမ္မတအဖြစ် တင်မြှောက်ခံရမှာဖြစ်ပါတယ်။
(၄) လွှတ်တော်နှစ်ရပ် သမ္မတလောင်း နှစ်ဦးထဲက တစ်ဦးက သမ္မတအဖြစ် တင်မြှောက်ခံရမှာဖြစ်ပါတယ်။

● အနိုင်ရ NLD ပါတီက တင်မြှောက်လိုက်တဲ့ သမ္မတဟာ

(၁) ကာချုပ် ခန့်အပ်မယ့် ၀န်ကြီး ၃ပါးကလွဲရင် ကျန်ပြည်ထောင်စုဝန်ကြီး အားလုံးကို လွှတ်တော်ကိုယ် စားလှယ်တွေထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ ခန့်အပ်တာဝန် ပေးနိုင် ပါတယ်။ ဒုဝန်ကြီးတွေကိုလည်း ခန့်အပ်နိုင်ပါတယ်။

(၂) တိုင်းဒေသကြီးနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေထဲက ရွေးချယ်ခန့်အပ်တာဝန် ပေးနိုင်ပါတယ်။

(၃) ပြည်ထောင်စုရှေ့နေချုပ်ကို ခန့် အပ်တာဝန်ပေးနိုင်ပါတယ်။ ဒုရှေ့နေချုပ် ကိုလည်း ခန့်အပ်နိုင်ပါတယ်။

(၄) ပြည်ထောင်စု စာရင်းစစ်ချုပ်ကို ခန့်အပ်တာဝန်ပေးနိုင်ပါတယ်။ ဒုစာရင်း စစ်ချုပ်ကိုလည်း ခန့်အပ်နိုင်ပါ တယ်။

(၅) ဘဏ္ဍာရေးကော်မရှင်ကို ဖွဲ့စည်းပြီး ဘဏ္ဍာရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် သမ္မတက ဆောင်ရွက်နိုင်ပါတယ်။

(၆) ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းပေးပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက်္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ခန့်အပ်တာဝန်ပေး နိုင်ပါတယ်။

(၇) နေပြည်တော်ကောင်စီတစ်ရပ်ကို ဖွဲ့စည်းပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့ ကောင်စီဝင်တွေကို ခန့်အပ် တာဝန်ပေးနိုင်ပါတယ်။ (ခြွင်းချက်အနေနဲ့ ကာချုပ်က အမည်စာရင်းပေးတဲ့ တပ်မတော်သားတွေ ကိုတော့ နေပြည်တော်ကော်စီဝင်တွေ အဖြစ် ခန့်ထားပေးရပါမယ်)

(၈) အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ၉ ဦးမှာ သမ္မတဟာ ခုံရုံးဥက္ကဋ္ဌကို ခန့်အပ်ခွင့်ရပြီး အဖွဲ့ဝင်၃ ဦးကိုလည်း ခန့်အပ်ခွင့်ရမှာ ဖြစ်ပါတယ်။

(၉) ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအ၀င်အဖွဲ့ဝင်အနည်းဆုံး ၅ ဦးကို သမ္မတကခန့်အပ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အသစ် တစ်ရပ်ကို ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။

● ပြည်ထောင်စုအစိုးရအဖွဲ့

ဖွဲ့စည်းပုံ ပုဒ်မ ၂၀၀မှာ ပြည်ထောင်စုအစိုးရအဖွဲ့ကို-

(က) နိုင်ငံတော်သမ္မတ၊
(ခ) ဒုတိယသမ္မတများ၊
(ဂ) ပြည်ထောင်စုဝန်ကြီးများ၊
(ဃ) ပြည်ထောင်စုရှေ့နေချုပ်တို့နဲ့ ဖွဲ့စည်းတယ်ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။

● အစိုးရအဖွဲ့မှာ တပ်မတော်အခန်းကဏ္ဍ ပါဝင်နေမှု

၂၀၀၈ ဖွဲ့စည်းပုံအရ အနိုင်ရ NLD ပါတီဟာအစိုးရဖွဲ့ခွင့်ရပေမယ့် ၁၀၀ ရာခိုင်နှုန်းအရပ်သားစစ်စစ် အစိုးရ တစ်ရပ်တော့ ဖြစ်လာနိုင်မှာ မဟုတ်သေးပါဘူး။ ပုဒ်မ ၂၀၀(ခ)အရ အစိုးရအဖွဲ့မှာ ကာချုပ်က တိုက်ရိုက်ခန့်တဲ့ ဒုသမ္မတတစ်ယောက် ပါ ၀င်နေပါမယ်။

ပုဒ်မ ၂၀၀ (ဂ)အရ ပြည်ထောင်စုဝန်ကြီးတွေထဲမှာ ကာချုပ်ကခန့်အပ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ် ရေးရာဝန်ကြီး ၃ပါး ပါဝင်လာမှာ ဖြစ်ပါတယ်။

● တပ်မတော်နဲ့ NLD သဟဇာတဖြစ်ပါမှ

အုပ်ချုပ်ရေးပိုင်းမှာ NLD တင်မြှောက်မယ့် သမ္မတဟာ နိုင်ငံရဲ့အရေးပါတဲ့ အုပ်ချုပ်ရေးကဏ္ဍ အရပ်ရပ်မှာ လုပ်ပိုင်ခွင့်အာဏာအထူးပဲ များပြားလှပါတယ်။

ဒါပေမဲ့ တပ်မတော်ကလည်းကာ/လုံ အဖွဲ့ဝင် ဒုသမ္မတတစ်ဦးနဲ့ တိုင်းပြည်ရဲ့ အရေးပါတဲ့ ၀န်ကြီးဌာနနေရာ ၃နေရာကို ခန့်အပ်ပိုင်ခွင့်ရထားပါတယ်။ ဒါကြောင့် နောင်လာမယ့်အစိုးရအဖွဲ့ဟာ တပ်မတော်နဲ့ NLD ပေါင်းစပ်ဖွဲ့စည်းရမယ့် အစိုးရအဖွဲ့လို့လည်း ခေါ်နိုင်ပါတယ်။

ဥပဒေပြုရေးအပိုင်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကို ကြည့်မယ်ဆိုရင်လည်း အနိုင်ရ NLD ပါတီကကိုယ် စားလှယ် ၃၉၀ဦးနဲ့အများစု နေရာယူထားမှာဖြစ်ပြီး ဒုတိယအများဆုံး ကိုယ်စားလှယ် နေရာယူထားမှာ ကတော့ တပ်၂၅ ရာခိုင်နှုန်းဖြစ်တဲ့ တပ်မတော်ကိုယ်စားလှယ် ၁၆၆ဦး ဖြစ်နေပါ တယ်။ တတိယအင်အား အများစုက တော့ အနိုင်ရတိုင်းရင်းသားပါတီများ ၅၇ ဦးနဲ့ တစ်သီးပုဂ္ဂလ ၃ဦး၊ စုစုပေါင်းကိုယ်စားလှယ် ၆၀ဦးခန့်ဖြစ်ပြီး အင်အားအနည်းဆုံးကတော့ အနိုင်ရပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ၄၁ ဦးတို့ဖြစ်ပါတယ်။

တပ်မတော်၊ ပြည်ခိုင်ဖြိုးနဲ့ တိုင်းရင်းသားကိုယ်စားလှယ်အားလုံးပေါင်းရင် ပြည်ထောင်စုလွှတ်တော်ရဲ့ ၄၀ရာခိုင် နှုန်းပဲရှိပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော်တို့မှာ တပ်မ တော်၂၅ရာခိုင်နှုန်းဟာ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းရင်တောင် ဥပဒေပြုရေး ကိစ္စအရပ်ရပ်မှာ NLD ပါတီကို အနိုင်မရနိုင်ပါဘူး။ လွှတ်တော်အရပ်ရပ်ရဲ့ ဥပဒေပြုမှုမှာ NLD ပါတီကသာ အမြဲအသာရနေမှာဖြစ်ပါ တယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အသီးသီးမှာလည်း ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ကလွဲရင် ကျန် ပြည်နယ်နဲ့ တိုင်းတွေရဲ့ လွှတ်တော်တွေမှာ NLD ကိုယ်စားလှယ်တွေက အများစု အနိုင်ရထားပါတယ်။ တိုင်း ဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေက တပ် ၂၅ ရာခိုင်နှုန်းကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် တွေ ပူးပေါင်းရင်တောင် NLD ချည်းဖြစ်စေ၊ NLD နဲ့ မိတ်ဖက် တိုင်းရင်းသားကိုယ်စားလှယ်တွေ ပူးပေါင်းထားတဲ့ အင်အားကိုဖြစ်စေကျော်လွန် နိုင်ခြေမရှိပါဘူး။

ပြည်သူ့ထောက်ခံမှု အပြည့်အ၀ရပြီး ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ NLD ပါတီဟာ လာမယ့် အစိုးရအသစ်၊ လွှတ်တော်အသစ်မှာ လုပ်ပိုင်ခွင့်အာဏာ အများအပြားရရှိမှာဖြစ်ပေမယ့် ၂၀၀၈ ဖွဲ့ စည်းပုံပါ “တပ်မတော်” ရဲ့အခန်းကဏ္ဍကို ဟန်ချက်ညီညီ၊ သဟဇာတဖြစ်အောင် ပုံဖော်ဖို့ လိုအပ်သလို တပ်မတော် ဘက်ကလည်း ပါဝင်ရမယ့်အခန်းကဏ္ဍကနေအစိုးရအသစ်နဲ့ သဟဇာတဖြစ်အောင်ညှိနှိုင်းဆွေး နွေးမှုများ ဖော်ဆောင်ရင်း ဟန်ချက်ညီညီ ခရီးဆက်နိုင်မှ မြန်မာ့အနာဂတ်လှပပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ဆီ ချီ တက်နိုင်မှာဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ တိုးတိုး တိတ်တိတ်လုပ်ခဲ့ကြတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/ လုံ) အစည်းအဝေးတွေဟာလည်း နောင်အစိုးရသက်တမ်းမှာတော့ ပွင့်လင်းမြင်သာလာနိုင်ပြီး အများ ပြည်သူနဲ့ ကမ္ဘာကပါ သိနိုင်ခွင့်ရှိလာနိုင်ပါတယ်။ ကာ/လုံအဖွဲ့ဝင် ၁၁ဦးမှာ ကာချုပ်၊ဒုကာချုပ်၊ ဒုသမ္မတတစ်ဦး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးစတဲ့ ကာချုပ်ဘက်သား ၆ဦးရှိမှာဖြစ်ပါတယ်။ ကျန် ၅ ဦးဖြစ် တဲ့ သမ္မတ၊ ဒုသမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးတို့ကိုတော့ NLD က အားလုံးခန့်အပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နောင်ဖြစ်လာမယ့် ကာ/လုံကို တပ်မတော် နဲ့ NLD ပေါင်း စပ်ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ပွင့်လင်းမြင်သာလာမှာဖြစ်တဲ့ ကာ/လုံ အစည်းအဝေးဆုံးဖြတ်ချက်တွေကို ၆ မဲ အသာရထားတဲ့ တပ်မတော်က ဥပဒေဘောင်ကျော်လွန်ပြီးတော့ တစ်ဖက်သတ်ဆုံးဖြတ်တာမျိုးတွေ ဖြစ်လာ နိုင်ဖွယ်မရှိပါဘူး။ ကာ/လုံအစည်းအဝေး ဆုံးဖြတ်ချက်တွေကို မီဒီယာနဲ့ပြည်သူက ပွင့်လင်းမြင် သာစွာသိခွင့်ရဖို့ အခြေအနေ အခွင့်အလမ်းများပါတယ်။ ကာ/လုံ အစည်းအဝေးတွေကို တံခါးပိတ်ကျင်းပရမယ်လို့လည်း ဖွဲ့စည်းပုံမှာ မပါပါဘူး။ သမ္မတက ဦးဆောင်ပြီး ဖွဲ့စည်းရမယ်ဆိုတဲ့ ကာ/လုံဖွဲ့စည်းပုံသာ ပါဝင်ပါတယ်။

နောင်လာမယ့် အစိုးရသက်တမ်းမှာ အစိုးရနဲ့ လွှတ်တော်တို့ရဲ့ အပြန်အလှန် ထိန်းကျောင်းမှု (Check and Balance) ထက် တပ်မတော်နဲ့ အစိုးရ၊ လွှတ်တော်တို့ ရဲ့ အပြန်အလှန် ထိန်းကျောင်းမှု (Check and Balance) ဟန်ချက်ညီခြင်းက တိုင်းပြည် အနာဂတ်ဖွံ့ဖြိုးမှုကို ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတ၊ လွှတ်တော်နာယက၊ ကာချုပ်တို့ နဲ့ တွေ့ဆုံဖို့ တောင်းဆိုထားတာကို ထိပ်သီးအသီးသီးက တွေ့ဆုံဖို့ အကြောင်းပြန်ကြားထား ပြီး ဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အစိုးရသစ်နဲ့လက်တွဲပြီး အကောင်းဆုံးဆောင် ရွက်မယ်ဆိုပြီး ပြောကြားထားပါတယ်။

စစ်မှန်တဲ့ ဒိုင်ယာလော့ဂ်ယဉ်ကျေးမှု ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာတဲ့ စားပွဲဝိုင်းများ အမြန်ဆုံးပေါ်ပေါက်ပြီး ညှိနှိုင်းမှုရလဒ်ကောင်းတွေကတစ်ဆင့် အစိုးရသစ်သစ်၊ တိုင်းပြည်သစ်သစ်ဆီ တည်ငြိမ်ချော မွေ့စွာချီတက်ကြစေဖို့ရန် တိုက်တွန်းနှိုး ဆော်လိုက်ရပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

ဝါရှင်တန်ပို့စ်သတင်းစာရဲ့ အကြီးတန်းအယ်ဒီတာ Lally Weymouth က မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံမေးမြန်းထားတာကို ကမာရွတ်မီဒီယာက ဘာသာပြန်ဆိုဖော်ပြလိုက်ပါတယ်။

- အာဏာလွှဲပြောင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်တော့တွေ့မှာပါလဲ။

လာမယ့် ဒီဇင်ဘာမှာပါ။ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေ ပြီးဆုံးတဲ့အခါ ကျနော်တို့ တွေ့ပါမယ်။

- ရွေးကောက်ပွဲမှာ အကြီးအကျယ်အောင်မြင်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ပြောင်းလဲဖို့ဆန္ဒရှိလား။

ကျနော်တစ်ဦးတည်း ဆုံးဖြတ်လို့မရပါဘူး။ အခန်း ၁၂အရ လွှတ်တော်ကပဲ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ဘယ်ကိစ္စကိုမဆို ဆွေးနွေးရမှာပါ။ ကျနော်မှာ တိုက်ရိုက်တာဝန်မရှိပါဘူး။

- ဒါဆို ရှင်က ပြောင်းလဲဖို့ကို အားပေးလား။ တပ်မတော်က လွှတ်တော်ထဲမှာ ၂၅%သောထိုင်ခုံတွေကို ရထားတယ်လေ။ ရွေးကောက်ပွဲမှာ ကြီးကြီးမားမား အောင်ပွဲခံခဲ့တာကိုစဉ်းစားရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာသင့်တယ်ဆိုတဲ့ မျှတတဲ့အမြင်မျိုး မရှိဘူးလားရှင့်။

ကျနော်တို့ရဲ့ ဥပဒေဟာ တစ်ဦးတစ်ယောက်တည်းအတွက် ရေးဆွဲပြဌာန်းထားတာ မဟုတ်ပါဘူး။ ပြင်ဆင်ချက်တွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ လုပ်ရမှာပါ။

- ဆိုတော့ ရှင်ဆိုလိုတာက နိုးပေါ့။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ခွင့်မပြုဘူးပေါ့။

ကျနော်က နိုးလို့ မပြောပါဘူး။ ဒါကတော့ ဥပဒေနဲ့အညီပဲ ဖြစ်ရမှာပါ။

- ဒီနိုင်ငံ ကောင်းကောင်းမွန်မွန်ဖြစ်သွားအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲပြီး အလုပ်လုပ်ဖို့ရှိလား။

အရေးကြီးတဲ့အချက်ကတော့ ကျနော်တို့နိုင်ငံရဲ့ ရေရှည်အမျိုးသားအကျိုးစီးပွားပါပဲ။

- (ဒေါ်အောင်ဆန်းစုကြည်)နဲ့ အလုပ်တွဲလုပ်နိုင်တယ်လို့ထင်လား။

ဘာလို့မဖြစ်နိုင်ရမှာလဲ။

- သူ့ကို ရှင်ယုံကြည်လား။

နိုင်ငံအတွက် ကောင်းကျိုးဖြစ်မယ်ဆိုရင် ကျနော်တို့အတူလက်တွဲလုပ်နိုင်ပါတယ်။ ပူးပေါင်းလုပ်ဆောင်တယ်ဆိုတာ နည်းလမ်းတွေအများကြီးရှိပါတယ်။

- ဒေါ်အောင်ဆန်းစုကြည်နဲ့ရှင်နဲ့ကြားမှာ အပေးအယူလုပ်ဖို့ အခက်အခဲတွေရှိလား။

ကျနော်တို့မှာ ရလဒ်ကောင်းတွေရှိရင် ဒီကိစ္စတွေက စေ့စပ်ညှိနှိုင်းလို့ရပါတယ်။

- အချိန်ကျလာတာနဲ့အမျှ နိုင်ငံ့အာဏာဟာ အရပ်သားအုပ်ချုပ်မှုဆီ ရောက်သွားသင့်တယ်လို့ ရှင်ထင်လား။

တိုင်းပြည်အခြေအနေ တည်ငြိမ်မယ်ဆိုရင် တစ်နေ့မှာတော့ ခင်ဗျားပြောနေတာ ကျနော်တို့လုပ်မှာပါ။

- ဒါဆို နိုင်ငံကလည်း တည်ငြိမ်ပြီဆိုရင် ရှင်က အရပ်သားအစိုးရဆီကို အာဏာတွေပိုပေးမယ့်ဆန္ဒရှိတယ်ပေါ့။

ဟုတ်ပါတယ်။

- တည်ငြိမ်မှုဆိုတာ ရှင်ကဘာကိုရည်ညွှန်းပြီးပြောတာလဲ။

နံပါတ်တစ်ကတော့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခပါ။ တကယ့်စစ်မှန်ပြီး ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းမှု ကျနော်တို့ လိုပါတယ်။ နံပါတ်နှစ်ကတာ့ ပါတီစုံဒီမိုကရေစီစနစ် ရင့်ကျက်တည်ငြိမ်ဖို့ပါ။ တတိယကတော့ တိုင်းရင်းသားနဲ့ အစိုးရကြား ကောင်းမွန်တဲ့ဆက်ဆံရေးတွေဖြစ်လာဖို့ပါ။

- အခု အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားအဖွဲ့ ၈ဖွဲ့ကပဲ လက်မှတ်ထိုးထားတယ်။ ကျန်တဲ့အဖွဲ့တွေ လက်မှတ်ထိုးဖို့ လိုတယ်လို့ ဆိုလိုတာလား။

ဟုတ်ပါတယ်။ ကျန်တဲ့အဖွဲ့တွေလည်း အပစ်အခတ်ရပ်စဲဖို့လိုပါတယ်။

- ရိုဟင်ဂျာတွေကို ပြုမူဆက်ဆံပုံတွေအပေါ် ဝေဖန်မှုတွေကို ရှင်ဘယ်လိုထင်လဲ။

ရိုဟင်ဂျာဆိုတဲ့စကားလုံးကို ကျနော်တို့ခွင့်မပြုပါဘူး။ သူတို့ဟာ ဘင်္ဂါလီတွေပါ။ သူတို့ဟာ ကျနော်တို့ရဲ့ တိုင်းရင်းသားမဟုတ်ပါဘူး။ လူမျိုးမဟုတ်ပါဘူး။ သူတို့က ဘင်္ဂလားဒေ့ရှ်ကနေ လာသူတွေပါ။

- အမေရိကန်ပြည်ထောင်စုရဲ့ ကျန်ရှိနေတဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားသွားစေချင်သလား။

ဟုတ်ပါတယ်။ ပိတ်ဆို့အရေးယူမှုတွေဖယ်ရှားတယ်ဆိုတာ ကောင်းတဲ့ကိစ္စပါ။

- ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆အကြောင်း ကျမပြန်သွားချင်ပါတယ်။ အဲဒီမှာပါ ပြင်ဆင်ပြောင်းလဲဖို့ဆိုရင် ၇၅%နဲ့အထက်ရှိရမယ်လို့ ပြဌာန်းထားတယ်။ တပ်မတော်က ၂၅ရာခိုင်နှုန်းမဲပေးခွင့်ရယူထားတာကြောင့် ပြင်ဆင်ပြောင်းလဲမှုမှန်သမျှကို ပိတ်ဆို့ထားဖို့ ဗီတိုကိုင်ထားတယ်လေ။ ဆိုတော့ NLD က အခုအကြီးအကျယ် အနိုင်ရသွားပြီးနောက်မှာ ဒီပုဒ်မကို ပြင်ဆင်ဖို့ ရှင့်အနေနဲ့ လွယ်အောင် လုပ်ဖို့မရှိဘူးလား။

ကျနော်တို့ တပ်မတော်အနေနဲ့ အမျိုးသားနိုင်ငံရေးကိုပဲ ဦးတည်ပါတယ်။ ပါတီနိုင်ငံရေးလုပ်နေတာမဟုတ်ပါဘူး။ ဖွဲ့စည်းပုံကလည်း မပြင်ဆင်မပြောင်းလဲရဘူးဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့အခုမှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပြီးပြီ။ ကျနော်တို့က တည်ငြိမ်ရင့်ကျက်တဲ့ နိုင်ငံရေးအခြေအနေတွေ လိုအပ်ပါတယ်။ တစ်ဆင့်ချင်း ပြောင်းလဲတာကို လိုအပ်ပါတယ်။ အခုတော့ အဆင်သင့်မဖြစ်သေးဘူး။

- အရပ်သားတွေဆီ တိုင်းပြည်အာဏာကို ပြန်လွှဲပြောင်းပေးဖို့အတွက် ရှင့်အတွက် သက်တောင့်သက်သာဖြစ်စေမယ့် ဘယ်လိုအခြေအနေမျိုး လိုအပ်နေတာလဲ။

တိုင်းပြည်တည်ငြိမ်မှုနဲ့ ပြည်သူတွေ ဒီမိုကရေစီအလေ့အကျင့်တွေကို နားလည်လာမှုအပေါ်မူတည်ပါတယ်။ တစ်ချို့နိုင်ငံတွေမှာ ဒီမိုကရေစီဖြစ်တာနဲ့ ပြဿနာတွေရင်ဆိုင်ရတော့တာပဲ။

- ရှင်က အရှေ့အလယ်ပိုင်းနိုင်ငံနဲ့ အာရပ်နွေဦးကို ရည်ညွှန်းနေတာလား။

အရှေ့အလယ်ပိုင်းနိုင်ငံတွေကတော့ အဆိုးဆုံး ဥပမာတွေပါ။ ကျနော်တို့က ဒီမိုကရေစီဆိုတာ အချိန်တိုလေးပဲ အတွေ့အကြုံရှိခဲ့တယ်။ တိုင်းပြည်ကောင်းဖို့ဆိုရင် စိတ်ရှည်သည်းခံရပါမယ်။ တိုင်းပြည်ကို ချက်ချင်းပြောင်းလဲဖို့တော့ တော်တော်ခက်ပါတယ်။

- မြန်မာပြည်သူတွေ ရွေးကောက်ပွဲနေ့မှာ မဲပေးရွေးချယ်ခဲ့တဲ့အပေါ် ရှင်အထင်ကြီးသလား။

ကျနော်ထင်တာကတော့ လက်ရှိအစိုးရဟာ ပြည်သူ့တွေရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ဘူး။ အခု ပြည်သူတွေက သူတို့ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ့်သူလို့ ထင်တဲ့သူတွေကို ရွေးချယ်ခဲ့ပါတယ်။ နောက်တစ်ဆင့်ကတော့ ရွေးချယ်ခံခဲ့ရသူတွေက ပြည်သူတွေဆန္ဒကို ဖြည့်ဆည်းပေးဖို့ပါပဲ။

- ဒေါ်အောင်ဆန်းစုကြည်နဲ့ရှင် စကားပြောတဲ့အခါမှာ တပ်မတော်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ဆိုရင်ကိစ္စ အာမခံမှုရှိမယ့်အရာတွေ ရှင်လုပ်မှာလား။

အဲဒီကိစ္စ စိတ်ပူစရာလုံးဝမရှိပါဘူး။

- ဟုတ်တာပေါ့။ အရင်ကာလတွေတုန်းက ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအပေါ် ရှင့်မှာတာဝန်မရှိဘူးလေ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသော NLD ခေါင်းဆောင်တွေအပေါ် စစ်တပ်က နှစ်ပေါင်းများစွာ အတိဒုက္ခရောက် ခံစားစေရအောင်လုပ်ခဲ့တာတွေအတွက်ရော နောင်တဆိုတာ ဖြစ်မိလား။

အဲဒီအခြေအနေတွေအတွက် ကျနော့်မှာ တာဝန်မရှိပါဘူး။ အဲဒါတွေက အရင်နိုင်ငံရေးအခြေအနေတွေပဲဖြစ်ပါတယ်။

- အစိုးရသစ်နဲ့ရှင် စေ့စပ်ညှိနှိုင်းမှုတွေလုပ်တဲ့အခါ ရှင့်ရဲ့ Red Lines တွေက ဘာတွေလဲ။ ဘာကိစ္စတွေဆိုရင် ရှင် သဘောထားမပြောင်းဘူးလဲ။

ကျနော်က စကားပြောဖို့၊ ဖြေကြားဖို့၊ ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။ အကန့်အသတ်မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြိုက်တဲ့အကြောင်းအရာပြောပါ။ ကျနော်ဖြေပါ့မယ်။

- ပုဒ်မ ၅၉(စ)ပြောင်းလဲပေးဖို့ ရှင့်ကိုပြောလာရင်ကော … ရှင်ဘာပြောမလဲ။

ကျနော့်သဘောထားအမြင်တွေကို သူ့ကို ရှင်းပြသွားမှာပါ။

- ရွေးကောက်ပွဲရလဒ်တွေကို တပ်မတော်အနေနဲ့ ဝင်ရောက်စွက်မှာ မဟုတ်ဘူးလို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ရှင် အာမခံနိုင်လား။

ကျနော်တို့ရွေးကောက်ပွဲက လွတ်လပ်ပြီး မျှတပါတယ်။ သမ္မတကလည်း အာဏာလွှဲပြောင်းရေးအတွက် သဘောတူညီပြီးသားပါ။ လမ်းကြောင်းမှန်ကတော့ ကျနော်တို့သမ္မတရဲ့အစီအမံနောက် ကျနော်တို့လိုက်ဖို့ပါပဲ။

Kamayut Media


ငါတို့ကို တိုင်းပြည်ဘဏ္ဍာသုံးပြီး တိုက်တယ်၊ သာလွန်အင်အားနဲ့ အနိုင်ကျင့်တယ်ဆိုပြီးတော့ပေါ့ဗျာ ..... တိုင်းရင်းသား ပြည်သူတွေကလည်း ဗမာစစ်တပ်က လေယာဉ်နဲ့ပစ်လို့ ငါတို့ ထွက်ပြေးရတယ် ဆိုတာ လောက်ပဲ သိမှာ ..... ရင်ထဲက နာကြည်းချက်တွေ ပိုပိုလာဖို့ပဲရှိတယ် .....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လာကပေါ် -အောင်ကျော်ရေ၊ တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ်လက်မှတ် ထိုးထားတယ်လို့လည်း ပြောတယ်၊ ရာစု နှစ်တစ်ဝက်ကျော်အတွင်း အရေးအကြီးဆုံးဆိုတဲ့ ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်ကျင်းပ ပြီး သွားပြီလို့လည်း ပြောတယ်၊ တိုက်ပွဲတွေကအကြီးအကျယ် ပြန် ဖြစ်နေပါလား။

အောင်ကျော် - သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်ကတော့ အခု တိုက်ပွဲဖြစ်ပွားနေတဲ့ SSPP/SSA မြောက်ပိုင်းရှမ်း တပ်ဖွဲ့ဟာ အစိုးရနဲ့ အရင်က သဘောတူခဲ့တဲ့ ပြည်ထောင်စုအဆင့် အပစ်ရပ်ရေးသဘောတူ စာချုပ်ပါအချက် တွေကို ချိုးဖောက်လို့ တပ်မတော်က ထိုးစစ်ဆင်ရတာ လို့ ပြောတယ်။

လာကပေါ် - ဟုတ်ပြီ။ ကျွန်တော် ရေဒီယိုတွေမှာ သတင်းကြားရတာတွေနဲ့ တပ်မတော်ဘက်က ပြောတာတော့ ကွာ တာပေါ့ဗျာ။ ထားပါ။ အကြောင်းအမျိုးမျိုး ကြောင့်တိုက်ကြခိုက်ကြထိတွေ့ကြဖြစ်ကြ ပါပြီတဲ့။ ဒီအတိုင်း တိုက်လို့မရဘူးလား။ ဘာကြောင့် လေယာဉ်တွေ၊ ရဟတ်ယာဉ် တွေသုံးပြီး တိုက်ရတာလဲ။

အောင်ကျော် - တပ်မတော်ဘက်က သူ့တပ်မတော်သားတွေ အထိအခိုက်အကျ အဆုံးများမှာ စိုးရိမ်လို့နဲ့ တူပါတယ်။

လာကပေါ် - ကျွန်တော် စဉ်းစားမိတာက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာ ကုန်ကျစရိတ်ကြီး တယ်။ နောက်အဲဒီငွေတွေ၊ ဘတ်ဂျက်တွေဆိုတာ ကလည်း ပြည်သူတွေက အခွန်ဆောင်ထားတဲ့ ငွေတွေ၊ တိုင်းပြည်ဘဏ္ဍာတွေ။ အဲဒီငွေတွေသုံးပြီး ကိုယ့်တိုင်းရင်းသားအချင်းချင်းပဲ ပစ်ဟယ်ခတ်ဟယ် လုပ်တာလုပ် သင့်မလုပ်သင့် ပြန်စဉ်းစားသင့်တယ်။

အောင်ကျော် - ဟဲ ဟဲ ဘူးလက်ကြီး ပြောဘူးတယ်ဗျ။ လေယာဉ်တွေ၊ ရဟတ် ယာဉ်တွေဝယ်တာ ဘာလုပ်ဖို့ လဲ၊ အလှကြည့်ဖို့ မဟုတ်ဘူး။ ပစ်ဖို့ ခတ်ဖို့တဲ့ဗျ။

လာကပေါ် - အဲဒီစကားတွေ မပြောသင့်ပါဖူးဗျာ။ ဒါဟာတိုင်းရင်းသား အချင်းချင်းဖြစ်တဲ့ ပဋိပက္ခလေဗျာ။ ဒီလောက်ကြီး လိုလို့လား။

အောင်ကျော် - ဆောရီးပါ။ ကျွန်တော်က ရယ်စရာပြောတာပါ။

လာကပေါ် - ရယ်စရာမလုပ်ပါနဲ့ဗျာ။ စစ်ပွဲကြောင့် တိုင်းရင်းသားပြည်သူတွေ အတိဒုက္ခရောက်နေတာ ခင်ဗျား မြင်နေရတာပဲ မဟုတ်လား။ အခှု SSPP/SSA မြောက်ပိုင်းရှမ်းတပ်ဖွဲ့တွေနဲ့ အစိုးရတပ် တိုက်ပွဲတွေဖြစ်တော့ တိုင်းရင်းသားတွေ ပြေးရရှောင်ရဖြစ်ပြန်ပြီ။ စစ်ရှောင်ပြည်သူ သောင်း ဂဏန်းလောက် ရောက်နေပြီလို့ဆို ကြတယ်။ မနေ့တစ်နေ့က သတင်းမှာဆိုရင် တချို့တောင်ကြီးဘက်ကိုတောင် သွားခိုလှုံနေရပြီ မဟုတ်လား။

အောင်ကျော်-မှန်ပါတယ်ဗျာ။ ကဲ ပြောစမ်းပါဦး၊ ခင်ဗျားဘယ်လိုဖြစ်စေချင်သလဲ။

လာကပေါ်- အခု တိုက်ပွဲဖြစ်တဲ့ ရှမ်းတပ်ဖွဲ့ဆိုရင် အစိုးရနဲ့ပြည်ထောင်စု အဆင့်အပစ်ရပ်လက်မှတ် ထိုးထားပြီး သား။

အောင်ကျော် - ဟုတ်ပါပြီ။

လာကပေါ်- ဆိုတော့ တိုက်ပွဲတွေ ဆက် မဖြစ်အောင် အခုအပစ်ရပ် လက်မှတ်ထိုးအဖွဲ့တွေနဲ့ လုပ်သလို နှစ် ဖက်တပ်မှူး တွေတွေ့တာ၊ နယ်မြေသတ်မှတ်တာ၊ နှစ်ဖက် စောင့်ကြည့်အဖွဲ့တွေထားတာမျိုး ဘာကြောင့် မလုပ်နိုင်ရတာလဲ။

အောင်ကျော် - အင်း ဒါလည်းစဉ်းစားစရာပဲ။

လာကပေါ်- နောက်တစ်ချက် ကျွန်တော်တွေးမိတာကဟုတ်ပြီ။ အောက်ခြေမှာ အငြင်းပွားကြပြီ။ ပစ်ကြခတ်ကြ မယ် ဆိုပါတော့။ မြေပြင်မှာပဲ တိုက်ပွဲဆင်ကြရင် ဘာဖြစ်မှာမို့လို့လဲ။

အောင်ကျော်-ကျွန်တော်ပြောပြီးပြီလေ။ တပ်မတော်ဘက်က သူ့တပ်မတော် သားအကျအဆုံးနည်းအောင် ဖြစ် မှာပေါ့။

လာကပေါ် -ဒါပေမဲ့တကယ့် လက်တွေ့မှာတော့ လက်နက်ကိုင် တိုင်းရင်းသားတွေဘက်က ကြည့်ရင်တော့ နာ ကြည်းမှု တွေဖြစ်စေတယ်ဗျ။ ငါတို့ကို တိုင်းပြည် ဘဏ္ဍာသုံးပြီးတိုက်တယ်၊ သာလွန်အင် အားနဲ့ အနိုင်ကျင့် တယ် ဆိုပြီးတော့ပေါ့ဗျာ။ တိုင်းရင်းသား ပြည်သူတွေကလည်း ဗမာစစ်တပ်က လေယာဉ်နဲ့ပစ်လို့ ငါတို့ ထွက် ပြေးရတယ် ဆိုတာလောက်ပဲ သိမှာ။ ရင်ထဲက နာကြည်းချက်တွေ ပိုပိုလာဖို့ပဲရှိ တယ် မဟုတ်လားဗျာ။

အောင်ကျော် - အင်း အဲလို စဉ်းစား တော့လည်း မမှားပါဘူး။

လာကပေါ် - တပ်မတော်ဘက်ကလည်း မြေပြင်တပ်ဖွဲ့တွေကို တိုက်ခိုင်းပေါ့ဗျာ။ရင်ဆိုင်ခိုင်းပေါ့ ဗျာ။တစ်ဖက် က ကြည့်ရင်ဒါမှလည်း တပ်မတော်ရဲ့ တိုက်ရေးခိုက်ရေး စွမ်းရည်ကလည်း တက်လာမှာပေါ့ ဗျာ။ မဟုတ်ဘူး လား။

အောင်ကျော် - ခင်ဗျား ပြောတော့လည်း ဟုတ်သလိုလိုပဲ။

လာကပေါ် - နောက် အကျိုးဆက်တွေက ရှိသေးတယ်။

အောင်ကျော် - ဘာများလဲ။

လာကပေါ် - တစ်ဖက်မှာ ဒီလိုတိုက်ကြခိုက်ကြဖြစ်ရင် အခြားတစ်ဖက်မှာလည်း အဲဒီအတွက် ပြင်တာဆင်တာ လုပ်လာရော။

အောင်ကျော် - ဘာများလဲ။

လာကပေါ်-လက်နက်ကိုင် တိုင်းရင်းသားတွေစုပေါင်းထားတဲ့ UNFC တပ်ပေါင်း စုဆိုပါတော့။ အဲဒီကနေပြီး အပစ်ရပ် လက်မှတ်ထိုးတဲ့ ပအိုးဝ်အဖွဲ့နဲ့ ချင်းအဖွဲ့တွေကို ထုတ်ပယ်လိုက်တယ်။ ဆိုတော့ ဒါဟာပိုပြီး တင်းမာ တဲ့ သဘောဘက်ကိုရောက်သွားစေတယ်။ နောက်ပြီး ရှိသေးတယ်။

အောင်ကျော် -အင်း... လုပ်ပါဦး။

လာကပေါ်- အင်အားအကောင်းဆုံး ၀ တပ်ဖွဲ့ကလည်း ပြောထားတာရှိတယ်။ အစိုးရနဲ့ NCA လက်မှတ် ထိုး မထားတဲ့ အဖွဲ့တွေစုပေါင်းပြီး တပ်ပေါင်းစု တစ်ခု ဖွဲ့မယ်လို့ဆိုတယ်။ တကယ်လို့သူတို့ပြောသလိုသာဖြစ်ခဲ့ ရင် နှစ်ပေါင်းများစွာအတွင်း ၀ နဲ့မိုင်းလား တပ်ဖွဲ့တွေပါတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုကြီးတစ်ခုဖြစ် လာလိမ့်မယ်။ ဆိုတော့ အဲဒါမျိုးတွေ ဖြစ်လာတာ မကောင်းဘူးလို့တော့ ကျွန်တော်မြင်တယ်။

အောင်ကျော်- ဒါလည်း မှန်ပါတယ်ဗျာ။

လာကပေါ် - ကျွန်တော် ပြောချင် တာကတော့ လေယာဉ်နဲ့ ဗုံးကြဲပြီးငြိမ်းချမ်းရေး တည်ဆောက်လို့မရနိုင်ဘူး ဆိုတာပါ ပဲဗျာ။

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်ဟာ ကြံ့ဖွံ့ပါတီဌာနချုပ်၊ သမ္မတရုံးနဲ့ အစိုးရအဖွဲ့ ကြံ့ဖွံ့စစ်ဌာနချုပ်တို့အပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲ တာပါပဲ ... ၂၀၁၅ခုနှစ် ရွေးကောက်ပွဲရလဒ်ဟာ ဗမာပြည်မှာ စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေး တံခါးပွင့်ခဲ့ပြီဆိုတဲ့ အမှတ်လက္ခဏာပါပဲ ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီ ၄ရက်နေ့ကနေ ၈၁ရက်အကြာကစပြီး အယူဝါဒရေးအားပြိုင်မှု၊ အမျိုးသားတန်းတူရေး အားပြိုင်မှုများက အာဏာရပါတီတွင်းက အာဏာနဲ့ဥစ္စာဓန အကျိုးစီးပွားပဋိပက္ခ များကြောင့် ဖြစ်ကြတဲ့ ဂိုဏ်း အုပ်စုပဋိပက္ခများကို အကြောင်းပြုပြီး ဖြစ်ခဲ့ရ တဲ့ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်စနစ် ဟာ မြန်မာအမျိုးသားပေါင်းစုံ လူထု ကြီးရဲ့ စီးပွားရေး၊နိုင်ငံရေး၊ လူမှုရေးနဲ့အမျိုးသား တန်းတူရေးဘ၀ကို အကြီးအကျယ် ထိပါးယိုင်နဲ့စေခဲ့ တယ်။

၂၀၁၅ရွေးကောက်ပွဲကြီးကကော။ ဖော်ပြခဲ့တဲ့ နိုင်ငံရေးဘေးဒုက္ခပေါင်းစုံကနေ မြန်မာလူထုကြီးကို ကယ်တင် လွန်မြောက်စေနိုင်ပါ့မလား ဆိုတဲ့ မေးခွန်း ကိုဖြေနိုင် မဖြေနိုင် နိုးနိုးကြားကြားတက်တက်ကြွကြွ ရင်တမမ နဲ့ စောင့်နေကြတာပါ။ ဒီကနေ့ ၁၀-၁၁-၂၀၁၅မှာတော့ ဒီမေးခွန်းရဲ့အဖြေကို ရပ်ဝေးရပ်နီးနေရာအနှံ့မှာရှိနေတဲ့ မီဒီယာပေါင်းစုံကနေသမိုင်းခေတ်ဟာ စစ်အာဏာရှင်များဘက်မှာ မရှိတော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီဖြစ်ပါတယ်။ သမိုင်းကိုဖန်တီးသူ ဟာ ပြည်သူများဖြစ်တယ်။ ပြည်သူများသာဖြစ်တယ်ဆိုတဲ့ လူထု ပဓာန သမိုင်းဂိုဏ်းရဲ့ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်နဲ့ အင်အားကြီးနိုင်ငံကြီး တစ်နိုင်ငံရဲ့ လွတ်မြောက်ရေး ကိုရယူပေးခဲ့တဲ့ နိုင်ငံရေးဒဿနရေး ရာ ရှေ့ဆောင်တစ်ဦးရဲ့မှတ်ချက်က မြန်မာ့သမိုင်းရဲ့ ပစ္စက္ခလူထု နိုင်ငံရေး ဘ၀ကိုလည်း ထင်ဟပ်ခဲ့ပါတယ်။

မြန်မာ့လွတ်လပ်ရေးအာဏာကို အင်္ဂလိပ်နယ်ချဲ့သမားများနဲ့ စိတ်ကြိုက်နိုင်ငံရေး အပေးအယူလုပ်ခဲ့ကြတဲ့ သခင်နုခေါင်းဆောင်တဲ့ ဖဆပလအစိုးရဟာ၂၈-၃-၄၈ ရက်နေ့ ညသန်းခေါင် Zero Hour မှာ ဗကပ၊ ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးများကိုတစ်ပြိုင်တည်း အင်အားသုံးစီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ ဗမာ့တပ်မတော်တွင်း ရှိ BIA.BDA ဗမာ့တပ်မတော်တပ်မှူးကြီး တစ်ဦးရဲ့ သတိပေးနှိုးဆော်ချက်ကြောင့် သခင်နုကိုယ်စားပြုတဲ့ ဖဆ ပလလက်ယာဂိုဏ်းဟာ အဲဒီနေ့ညမှာဗကပကို မချေမှုန်းနိုင်ပေမယ့် မတရားသင်းကြေညာပြီး ၁၉၈၉ ခုနှစ်၊ ဧပြီလ ၁၄ရက်နေ့အထိ (၂၈-၃-၄၈ မှ ၁၄-၄-၈၉ ရက်နေ့အထိ) ၂၆ နှစ်တိုင်တိုင် ဖဆပလ၊ ပထစ၊ မဆလ၊ န၀တ ၊ နအဖ စစ်အစိုးရများ လက်ထက်မှ ၁၄-၄-၈၉နေ့အထိ တစ်လျှောက်လုံး ဗကပကို ထိုးစစ်ကြီးငယ်များနဲ့ တိုက်ခိုက်ခဲ့တယ်။ ၁၄-၄-၈၉ ရက်နေ့မှာ “၀”မျိုးနွယ်စုများ အပါအ၀င် လူမျိုးစုများ ခွဲထွက်ခဲ့ကြတဲ့ အတွက် ၂၈-၃-၄၈မှ၁၄-၄-၈၉ ရက်နေ့ အထိ နှစ် ၄၀ ကျော်ကြာ ဗကပရဲ့တရုတ်ပြည် ဒီမိုကရေစီသစ် လမ်းကြောင်းအတိုင်း လိုက်တဲ့ (PDR/AS ) ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲပြိုကွဲ သွားတယ်။

ဗမာပြည်ရဲ့စစ်ရေး၊ နိုင်ငံရေး မဟာဗျူဟာများလည်း ပြောင်းသွားပါတယ်။ ဗကပဟာယူဂျီပါတီအဖြစ် ပြောင်းပြီး ဆုတ်သွားပါတယ်။ ဒီအခြေအနေကို န၀တ၊ နအဖစစ်အစိုးရများက (exploit) အခွင့် အရေးယူပြီး ဗကပကိုယ် စားပြုတဲ့ နာလန်မထူနိုင်အောင်လူမျိုးစုံ (ASF) လူမျိုးစုံလက်နက် ကိုင်တော်လှန်ရေး အင်အားစုများနဲ့ Status QUO ရှိမြဲ၊ တည်ဆဲ အခြေအနေများ အတိုင်းနယ်မြေ၊ တပ်အဖွဲ့အစည်း တည်ရှိခွင့်များ အားလုံးပေးခဲ့တယ်။ ၁၅-၁၀-၂၀၁၅နေ့ရက်မှာ အပစ်ရပ်ခဲ့တဲ့ ၁၄-၈-၈၉ ရက်နေ့မှစပြီး ၂၆ နှစ်တိုင်တိုင်ဖြတ် စွန်လွှတ်သလိုလူမျိုးစုံ ဒီမိုကရေစီအင်အားစုများနဲ့ နည်းမျိုးစုံနဲ့ လျှော့၊ တင်း၊ ချော့ ခြောက်၊ ဂိုဏ်းကွဲ၊ခွဲ၊ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အပေးအယူမျိုးစုံလုပ်ပြီးနောက် ဆုံးနည်းမျိုးစုံနဲ့ ကွဲ၊ ခွဲပစ်ပြီး ၁၅-၁၀-၂၀၁၅ နေ့ရက်မှာ ဒိုင်ယာလော့ဂ်ဆိုတာနဲ့ သဘောတူထားတယ်ဆိုတဲ့ CNA ဆိုတာမှာ လူမျိုးနွယ်စုဂိုဏ်းကွဲအစုကွဲ၇ ဖွဲ့နဲ့ကြံ့ဖွံ့အစိုးရတို့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးခဲ့ကြပါတယ်။ CNA Dialogue မှာ လက်မှတ်မထိုးကြတဲ့အခြား မျိုးနွယ်စုကြီး ၈ဖွဲ့ဟာ ဒီလ ပထမ ပတ်အတွင်း ပန်ဆန်းမှာ တွေ့ဆုံကြပြီး အရှေ့မှာတွေ့လာဖြစ်လာနိုင်ခြေရှိတဲ့ စစ်ရေး၊ နိုင်ငံရေး ပြဿနာများ ကို ဆွေးနွေးကြပြီးပန်ဆန်းတပ်ပေါင်းစုကို ဖွဲ့စည်းပြီး အဲဒီမှာ ရုံးဖွင့်ထားကြမယ်ဆိုပါတယ်။ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲရလဒ် ပြည့်ပြည့်စုံစုံ ထုတ်ပြန်ပြီးပြီဆိုရင် ၂၀၁၅ ရွေးကောက်ပွဲအလွန် မဟာဗျူဟာ၊ နည်းဗျူဟာ များစဉ်းစားကြဖို့ရှိတယ်ဆိုပါတယ်။

နိုးကြားတဲ့ မီဒီယာများ ရန်ကုန်လူထုကြီးလို့ မှတ်ယူရမယ့် ရန်ကုန်မြူနီစပယ် ဧရိယာအတွင်းကမြို့နယ်များ၊ သာကေတတောင်၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ ဒလ၊ ဒေါပုံစတဲ့ ရန်ကုန်ဆင်ခြေဖုံးမြို့ နယ်များမှ ဒီချုပ် အဆင့်ဆင့်ခေါင်းဆောင် အဖွဲ့အစည်းများနဲ့ ဒီမိုကရေစီပါတီများ၊ အမျိုးမျိုးသောတက်ကြွတဲ့ ဒီမိုကရေစီလို လားသူများအားလုံးဟာ ရှိတဲ့အရပ်မှာ ရွေးကောက်ပွဲ အနိုင်အရှုံးသတင်းများကို ရနိုင်တဲ့ မီဒီယာရင်းမြစ်များက နေရယူနေကြတာပါ။ရွေးကောက်ပွဲကြီးပြီးတဲ့ နောက်တစ်နေ့ သတင်းစာတစ်စောင်ဖြစ်တဲ့ Daily Eleven သတင်းစာ အဖုံးစာမျက်နှာမှာ ပြည်သူအားကိုးရတဲ့သူတွေ၊ အဖွဲ့အစည်းတွေ၊ ပါတီတွေအောင်မြင်မှုရတာကို လိုလားပြီး ရွေးကောက်ပွဲရလဒ်အား မည်သူမဆို လက်ခံရမည်ဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြားလို့ ဖော်ပြထားပါတယ်။ ဒီစာမျက်နှာမှာပဲ ကနဦးရရှိထားသော အချက်အလက်များအရ NLD အပြတ် အသတ်အနိုင်ရထားလို့ ဖော်ပြထားပါတယ်။

ဒီစာမျက်နှာရဲ့ အောက်ဆုံးမှာ မဲပေးသူအများအပြားသည် USDP ပါတီကိုပြင်း ပြင်းထန်ထန်ငြင်း ပယ်ကြလိမ့် မည်ဟုမျှော်လင့်ရကြောင်းနှင့် USDP ပါတီသည် ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်၏ အမည်ခံ အရပ်သား အစိုးရကို မွေးဖွားလိုက်သည့် ရက်စက်ကြမ်းကြုတ်သော အာဏာရှင် စနစ်နှင့် ပတ်သက်နေသောကြောင့် ဖြစ် ကြောင်း ရိုက်တာသတင်းဌာနကဖော်ပြ။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၉ အထူးအချပ်ပို စာ/ဗ ၊မျက်နှာဖုံးစာမျက်နှာမှာ ကနဦးသတင်းများအရ ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးရှုံးနိမ့် လို့ ဖော်ပြထားပါတယ်။ ဦးဌေးဦးဟာ အိုဘားမားနှစ်ခါ လာတော့နှစ်ခါ အနမ်းခံရတာ ပေါ့ဟု အကြီးအကဲတစ်ဦးရဲ့ဂုဏ်သိက္ခာနဲ့မတန်တဲ့စကား မျိုးပြောခဲ့သူဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အာဏာရ ပါတီဥက္ကဋ္ဌ ကိုယ်တိုင်ရွေးကောက်ပွဲမှာ ရှုံးတာမျိုးဟာ ဗမာပြည်မှာ ပထမဆုံး ဖြစ်နိုင်တာကြောင့် ထူးခြားဖြစ်ရပ် အဖြစ် ဂင်းနစ်မှတ်တမ်းမှာ ထည့်သွင်းပေးဖို့တောင်းဆိုကြရင် ကောင်းမယ်ထင်ပါတယ်။

၉-၁၁-၂၀၁၅ The Daily Eleven သတင်းစာ စာ-၂ မှာ မဲရလဒ်အတည်ပြုပြီးပါက လုပ်စရာရှိတာများကို တည်တည် ငြိမ်ငြိမ်ဖြစ်စေရန် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုအပ်ပြီး ထွက်ပေါ်လာသည့် မဲရလဒ် ကိုလက်ခံသွားမည်ဟု ဦးရွှေမန်းပြောကြား စာ-၂ ၊ ၉-၁၁ ၊ The Daily Elevne စာ-၃ မှာ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ ဦးဌေးဦးက ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ ပြည်ခိုင်ဖြိုးပါတီရာခိုင်နှုန်း ၉၀ကျော်ဖြင့် အနိုင်ရမည်ဟု ဟင်္သာ တမှာ မီဒီယာများနဲ့တွေ့ဆုံစဉ် ဥက္ကဋ္ဌဦးဌေးဦး ပြောကြားခဲ့တယ်ဆိုပါတယ်။ ဒါတွေဟာ၂၀၁၅ ရွေး ကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး ကြံ့ဖွံ့ပါတီခေါင်းဆောင်များ၊ တပ်မှူးစစ်ကဲကြီးများရဲ့ နောက်ဆုံးစကားများ (The Last Words:) များဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီခေါင်းဆောင်များ၊ တပ်မှူးစစ်ကဲကြီးများဟာ ၂၀၁၅ရွေး ကောက်ပွဲ ရလဒ် ရဲ့ ဖြစ်နိုင်ခြေများကို ခန့်မှန်းရာမှာ ခုလိုပြောင်းပြန် ဖြစ်ရတာဟာ ဘာကြောင့်များပါလဲ။

စစ်အာဏာပိုင် တပ်မှူးစစ်ကဲကြီး၊ လတ်ငယ်များနဲ့ ကြံ့ဖွံ့ပါတီအဆင့်ဆင့် ခေါင်းဆောင်ကြီးလတ်ငယ်များ အား လုံးဟာ တပ်မှူးကြီးငယ်ဟောင်းများ ကြံ့ဖွံ့အစိုးရရဲ့ အစိုးရအုပ်ချုပ်ရေး ယန္တရားအဆင့်ဆင့် (The rank and file) အားလုံးဟာ အချင်းချင်းသတိဆွဲ၊ အလေးပြုတဲ့ ဗျူရိုကရက်ထက်အောက် ဆက်ဆံရေးခွင်ထဲမှာ ပျော် ပိုက် နေကြပြီး (The common People) အများသူငါလူထုကြီးနဲ့ မိုးနဲ့မြေလို ကင်းကွာနေကြတာကြောင့်ပါပဲ။ ၂၂-၃-၆၂ ခုနှစ်မှ ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ အထိ ၅၃ နှစ်လုံးလုံး မဆလ၊ န၀တ၊ နအဖ၊ ကြံ့ဖွံ့စစ်အာဏာ ရှင်ကြီး များနဲ့ သူတို့ရဲ့ဆွေစဉ်မျိုးဆက်များအားလုံးက ချမ်းသာချင်တိုင်းချမ်း သာနေကြပြီး တောနဲ့မြို့ နေဆင်းရဲသား လူထု ၄၃ ဒသမ ၇ သန်းက မွဲချင်တိုင်းမွဲနေကြတာကြောင့်ပါ။ ဒါကြောင့် လူထုကအခုလို တုံ့ပြန်ကြတာပါ။

၆၂ မဆလစစ်အာဏာရှင်များ လက်ထက်မှ ဒီကနေ့ ကြံ့ဖွံ့အစိုးရ လက်ထက်အထိ လွတ်လပ်မှု၊ တန်းတူမှု၊ တရားမျှတမှု ဆိုတဲ့ လောကပါလတရားများဟာ လုပ်သားလူထုများအတွက် ဘာအာမခံချက်မှ မရှိခဲ့ပါဘူး။

စစ်အာဏာရှင်များကြီးစိုးတဲ့ ခေတ်မှာ၊ စစ်အာဏာပိုင် အစုအအုပ်များအတွက် ဘာမဆိုလိုတရနေပြီး လူထုကြီး အတွက် ဘာလုံခြုံမှုနဲ့ ဘာအာမခံချက်မှ မရှိခဲ့ပါဘူး။ ဒီနစ်နာမှုများကို နှစ်၅၀ကျော် ကုန်းခံခဲ့ကြရတဲ့လူထု ၄၃ ဒသမ ၇သန်းက ဒီ ၂၀၁၅ရွေးကောက်ပွဲဟာ သူတို့အလှည့်ပဲလို့မှတ်ယူပြီး ဒီချုပ်နဲ့သူ့ဥက္ကဋ္ဌကို ပြတ်ပြတ်သား သားထောက်ခံပြလိုက်တာပါပဲ။ မဆလစစ် တပ်ပါတီဟာ ၆၀ဖေဖော်ဝါရီ ရွေးကောက် ပွဲမှာအကြီးအကျယ်ရှုံး နိမ့်ခဲ့ပြီးနောက် အခု ၅၅ နှစ်အကြာမှာ အရပ်ဘက်လူထုကို စစ်အာဏာရှင်စစ်အုပ်စုက အရှုံးပေးလိုက်ရတာပါ။ လူထုဟာ သမိုင်းကိုဖန်တီးတယ် ဆိုတာကို သေနတ်နဲ့စစ်တပ်က ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာ နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ကြရတာပါပဲ။ ဒီ ၂၀၁၅ ရွေးကောက်ပွဲဟာ ကြံ့ဖွံ့စစ်အာဏာရှင်များအတွက် ထားသေနေရှုံး ဆိုတဲ့ ဖဲသမားများရဲ့ဖဲဝိုင်း သုံးစကားနဲ့ လိုက်လျောညီထွေဖြစ်ပါ တယ်။ ရှေ့တိုးထမ်းပိုးနောက်ဆုတ်လှည်းထုပ်ပါပဲ။ ကြံ့ဖွံ့ပါတီနဲ့ အစိုးရဟာတစ်ရက်မှာ ရွေးကောက်ပွဲကော်မရှင်က ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်း ဖို့ပါတီတချို့ကို မနက်ပိုင်းမှာ ခေါ်ပြောပါတယ်။ ၄ နာရီလောက်အကြာ ညနေပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို မရွှေ့တော့ဘူးလို့ ကော်မရှင်ထုတ် ပြန်ကြေညာပြန်ပါတယ်။ ဒါဘာဖြစ်တာပါလဲ၊ ကြံ့ဖွံ့ ပါတီနဲ့ အစိုးရဟာ ၂၀၁၅ ရွေးကောက်ပွဲရဲ့ အနိုင်အရှုံးဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး ပါတီ CEC များအကြားမှာ သို့လောသို့လောဒွိဟ သံသယတစ်စုံတစ်ရာရှိပြီး အကြောင်းကြောင်းကြောင့် ပြည်တွင်းပြည်ပ ဖိအားများကို စိုးရိမ်ပြီး ရွေးကောက်ပွဲကျင်းပရက် နောက်ကိုရွှေ့ဆိုင်းဖို့ စဉ်းစားခဲ့ကြဟန်တူပါတယ်။ ပြီးမှ သန်္နိဋ္ဌာန် တစ်စုံ တစ်ရာချပြီး မူလကြေညာချက်အတိုင်း ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရွေးကောက်ပွဲကို ကျင်းပခဲ့ကြ ရဟန်တူပါ တယ်။ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်, အရှုံးရလဒ်ဟာ ကြံ့ဖွံ့ပါတီဌာနချုပ်၊ အစိုး ရအဖွဲ့နဲ့ သမ္မတရုံး၊ ကြံ့ဖွံ့စစ် ဌာနချုပ် အားလုံးကို Shock အကြီးအကျယ်ရစေခဲ့ လိမ့်မယ်လို့ စဉ်းစားကြည့်ကြစေချင်ပါတယ်။

၁၉၆၆ ခုနှစ်၊ မေ ၁၆ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးကြီး အတွင်းမှာ ဌာနချုပ်ကိုအမြောက်နဲ့ ပစ် (Bambard the Head-Quarter) ဆိုတဲ့ နိုင်ငံရေးလှုံ့ဆော်မှုကြီးတစ်ခု ပေါ်ခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲရလဒ်ဟာ ကြံ့ဖွံ့ပါတီဌာနချုပ်၊ သမ္မတရုံးနဲ့ အစိုးရ အဖွဲ့ကြံ့ဖွံ့စစ်ဌာနချုပ်တို့အပေါ် လက်နက်ကြီး ကျရောက် ပေါက်ကွဲ တာပါပဲ။၂၀၁၅ခုနှစ် ရွေးကောက် ပွဲရလဒ်ဟာ ဗမာပြည်မှာ စစ်အာဏာရှင် စနစ်ဖျက်သိမ်း ရေးတံခါးပွင့်ခဲ့ပြီဆိုတဲ့အမှတ် လက္ခဏာပါပဲ။ ဒီချုပ်ဥက္ကဋ္ဌကနိုင်ပြီဆိုပြီး မကြွစောင်းကြပါနဲ့ဆိုတဲ့ သဘောပါတီ ကိုရော၊ လူထုကိုရောဟန့်ထားပါတယ်။ သူ့ဖခင်ကပန်းတိုင်မရောက်ခင်တက် (လှော်တက်) မထောင်နဲ့လို့ ပြောခဲ့ဖူးပါတယ်။

၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲကြီး အောင်နိုင်ခဲ့ရတဲ့ ပင်မအကြောင်းခံကြီး၂ခု ရှိပါတယ်။ ပထမ အကြောင်းခံကြီး ကတော့ မြန်မာလူထုကြီးဟာ ၁၉၆၂ခုနှစ်မှ ဒီကနေ့ အထိ ၅၃ နှစ်တိုင်တိုင် စစ်အုပ်စုရဲ့ ရက်စက်ရိုင်းစိုင်းတဲ့ စီးပွားရေးအရ သွေးစုပ်မှု ကြီးနဲ့ကျေးကျွန်ခေတ်ကလို နိုင်ငံရေးဖိနှိပ်မှုကြီးများ၊ 7th July ကျောင်းသားသတ်ပွဲ ကြီး၊ ၇၄ အလုပ်သမားသပိတ်နဲ့ ဦးသန့်ဈာပနသတ်ဖြတ်မှုကြီးများ၊ ၆၆ ဧပြီ စစ်တွေဆန်လုပွဲ သတ်ဖြတ်မှုကြီး၊ ၆၇ တရုတ်ဆန့်ကျင်ရေးသတ်ဖြတ်မှုကြီးများနဲ့ ရှစ်လေးလုံးနဲ့ ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုသတ် ဖြတ်ပွဲ ကြီး၊ အခု လက်ပံတန်းပညာရေး ဥပဒေဖျက်သိမ်းရေး ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှုကြီးများကို စစ် အုပ်စုက ကျူးလွန်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒုတိယအကြောင်းက၂၆-၈-၈၈ခုနှစ် နေ့ကစပြီး ရှစ်လေးလုံးဒီမိုကရေစီ အရေး တော်ပုံကြီးအတွင်း ပါဝင်လာခဲ့ တဲ့ ဒီချုပ်ဥက္ကဋ္ဌကို နည်းပေါင်းစုံ ရှုတ်ချပြစ်တင် သိက္ခာချစွပ်စွဲပုတ်ခတ် အကျဉ်းချ၊ မိသား စုဘ၀ကိုဖြိုခွဲပစ်ခဲ့ တာအပြင် ၂၀၀၃ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့မှာကျီရွာအနီး ဒီပဲယင်း ရွာအနားမှာ တရားခံပျောက်သတ်ဖြတ်ပစ် ဖို့ ရိုင်းရိုင်းစိုင်းစိုင်း ကြံစည်ခဲ့တယ်။ ဗမာပီပီပြောရရင် ဒီချုပ်ဥက္ကဋ္ဌဟာ အင်မတန်ကံကြီးလို့ သေကံမရောက် သက် မပျောက်ခဲ့တာဖြစ်ပါတယ်။ ဒီချုပ်ဥက္ကဋ္ဌရဲ့ ပုဂ်္ဂိုလ်ရေး အခန်းကဏ္ဍဟာ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ အရေးကြီးတဲ့ နိုင်ငံရေး အကြောင်းခံကြီးတစ်ခု ဖြစ်ခဲ့တယ်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ အာဏာသိမ်းပွဲကစပြီး မဆလစစ်အုပ်စု က နိုင်ငံရေးအာဏာကို သိမ်းယူရုံသာမ က National Ecnomy တစ်ခုလုံးကိုပါ စစ်အုပ်စုပိုင်အဖြစ်သိမ်းယူပြီး စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် အရင်းရှင် စနစ်၊ စစ်အာဏာရှင်စနစ်တို့နဲ့ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်ခေတ် စစ်ဗျူကရက်နိုင်ငံတော်ကြီး၊ နေပြည် တော်ဆိုတဲ့ စစ်ပဒေသရာဇ်မြို့တော်ကြီး ထူထောင်ရပ်တည်ခဲ့ကြတာ ၁၉၆၂-၂၀၁၅ထိ ၅၃ နှစ်ရှိခဲ့ပါပြီ။ ကြံ့ဖွံ့ အစိုးရတက်လာတဲ့အခါ ဒီချုပ်ဥက္ကဋ္ဌကို ထိန်းချုပ်ရှုတ်ချထားတဲ့ မဟာဗျူဟာကိုစွန့်လိုက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်ခွင်ထဲမှာ လွတ်လပ်ခွင့်ပြုတဲ့ မဟာဗျူဟာသို့ ရွှေ့ပြောင်းကစားလာခဲ့ပါတယ်။ ဒီချုပ်ဖက်တာကို ရန်သူ မဟာဗျူဟာမှ ရန်သူမဟုတ်သူ မဟာဗျူဟာသို့ရွှေ့ပြီး Big Game ကစား လာခဲ့တယ်။ လစ်ဘရယ်ကမ္ဘာကြီးက ဒီ ရွှေ့ကွက်အတွက် ကြံ့ဖွံ့အစိုးရကို Bravo လုပ်ပေးခဲ့တယ်။ ကြံ့ဖွံ့အစိုးရကလည်း PRC နဲ့ US ပါဝါကြီးများ အတွက် သူတို့နဲ့ စင်ပြိုင်ပါဝါဂိမ်းကစားပြီး လိုချင်တာများ စီးပွားရေ၊ နိုင်ငံရေး၊ သံတမန်ရေး အကျိုး အမြတ်များ ရခဲ့တယ်။ ကြံ့ဖွံ့ကဒီချုပ် ဥက္ကဋ္ဌကို သူတို့အတွက် လာဘ်ကောင်အဖြစ် လွှတ်ပေးတဲ့ဗျူဟာခင်းပြီး လစ်ဘရယ် ကမ္ဘာကြီးထံက ရတာအားလုံးယူခဲ့တယ်။ ပေးလည်းပေးခဲ့ ကြတယ်။ ကြံ့ဖွံ့က ဒီချုပ်ဥက္ကဋ္ဌကို PRC သွားခွင့် ပေးပြီ။ ၂၀၁၅ ရွေးကောက်ပွဲအဖြေအတွက် တရုတ်နဲ့ တစ်ကွက်ရွှေ့ ခဲ့တယ်။၂၀၁၅ရွေးကောက်ပွဲ ရလဒ် အကောင်အထည်ဖော်ရေးအတွက် ကြံ့ဖွံ့စစ်အုပ်စုတစ်ခုလုံးရဲ့ ရေရှည်တည် တံ့ရေးမဟာဗျူဟာအတွက် ကြံ့ဖွံ့နဲ့ဒီချုပ်အတွင်း မဟာဗျူဟာအလျှော့အတင်းများ မုချလုပ်ကြရမှာပါ။ ကြံ့ဖွံ့ဘက်မှာ စစ်တပ် ကမားမား ရပ်နေမှာပါ။ US, EU, JPN တို့ကလည်း ဒီချုပ်နောက်က ရှိကြမှာပါ။ PRC ကလည်း နှစ်ဖက်လုံးနဲ့မျှတတဲ့ ဆက် ဆံရေးရှိချင်တာပါ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အလုပ်များပြီးစီးတဲ့အခါ သမ္မတဦးသိန်းစိန်၊ လွှတ်တော်နာယကဦးရွှေမန်း၊ (ကကချုပ်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ ချင် ကြောင်း ဒီချုပ်ဥက္ကဋ္ဌက စာရေးသား တောင်းဆိုကြောင်း ၁၂-၁၁-၂၀၁၅ ရက် နေ့ထုတ် နေ့စဉ်သတင်းစာများမှာ မျက်နှာ ဖုံးသတင်းများ အဖြစ် ဖော်ပြကြပါတယ်။ သမ္မတကြီးက ရွေးကောက်ပွဲကော်မရှင် လုပ်ငန်းများပြီးဆုံး ချိန်မှာ တွေ့ကြမယ့် အကြောင်းအကြောင်းပြန်ကြောင်း The Daily Eleven သတင်းစာမျက်နှာဖုံးစာ မျက်နှာမှာ ဖော်ပြပါတယ်။

ဗမာပြည် ရွေးကောက်ပွဲသမိုင်းကို ဆက်မိဖို့ နောက်ကြောင်း နည်းနည်းပြန်ရပါမယ်။ မြန်မာ့ပထမဖွဲ့စည်းပုံက ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံပါ။ ပါတီစုံဖွဲ့စည်းပုံပါ ၄၇ ဖွဲ့စည်းပုံက ၄၈ လွတ်လပ်ရေးကို ဥပဒေ ဘောင်သွင်းတဲ့ ဖွဲ့ စည်းပုံပါ။ ၁၉၄၇၊ ၅၂၊ ၅၆၊ ၆၀ ရွေးကောက်ပွဲ ၄ ကြိမ်ကျင်းပခဲ့ တယ်။ ၆၀ ဖေဖော်ဝါရီ၊ ရွေးကောက်ပွဲမှာ သခင် နု၊(သန့်ရှင်းဖဆပလ)၊ နောက်ပထစ ပါတီနိုင်ပါတယ်။ ဗိုလ်နေ၀င်း ပထမစစ် အစိုးရက သခင်နုထံ အာဏာ လွှဲခဲ့ပါတယ်။ ဗိုလ်နေ၀င်းပထမ စစ်အစိုးရက သခင်နုထံအာဏာလွှဲခဲ့ပါတယ်။ ၆၂မဆလ စစ်အစိုးရက အာဏာ သိမ်းပြီးတဲ့နောက်၂၈ မတ်လ၊ ၆၄မှာ မဆလစစ်အစိုးရက ပါတီစုံဒီမိုကရေ စီစနစ်ကိုဖျက်သိမ်းခဲ့ပါတယ်။ ၁၉၆၃ ပြည် တွင်း ငြိမ်းချမ်းရေးဖျက်တဲ့ ၁၄-၁၁-၆၃ ရက်နေ့ကစပြီးဗမာပြည်မှာ ယူဂျီနိုင်ငံရေးပဲ ရှိပါတယ်။ မဆလ စစ် အစိုးရကပြဋ္ဌာန်းပေးတဲ့ ၇၄ ဖွဲ့စည်းပုံက တစ်ပါတီစနစ်၊ စစ်အာဏာရှင်စနစ် ဖွဲ့စည်းပုံပါ။ ဒီဖွဲ့စည်းပုံကို ပြည် သူ တွေ၊ ကျောင်းသားတွေ အသက်ရာ ချီပေးဆပ်ပြီး တိုက်ချခဲ့ရတာပါ။ မဆလ ဗိုလ်ချုပ်ကြီးက န၀တ ဗိုလ်ချုပ် ကြီးကို အာဏာလွှဲ။ န၀တဗိုလ်ချုပ်ကြီးက နာအဖ ဗိုလ်ချုပ်ကြီးကို အာဏာလွှဲ၂၀၀၈ ဖွဲ့စည်း ပုံ ရေးဆွဲ၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ကြံ့ဖွံ့အစိုးရကို အာဏာလွှဲစစ်အေး လွန်ခေတ် ၁၉၉၀ လွန်ကမ္ဘာကြီးမှာဖွဲ့စည်းပုံတို့၊ ပါတီစုံစနစ် တို့ဆိုတာဟာစစ်အာဏာရှင်စနစ်၊ တစ်ပါတီစနစ် အစိုးရများရဲ့အုပ်စိုးမှုများကို ကာကွယ်တဲ့ နိုင်ငံရေးပုံသဏ္ဌာန် များဖြစ် လာတာကိုတွေ့နေရ ပါတယ်။ ရွေးကောက်ပွဲတိုင်း၊ ပါတီစုံစနစ်တိုင်းဟာ ဒီမိုကရေစီကို ကိုယ်စားပြုတာ မဟုတ်ကြောင်း သတိပြုရပါမယ်။ ၂၀၀၈ ဖွဲ့စည်းပုံ၊ ၂၀၁၅ ရွေးကောက်ပွဲတို့ဆိုတာဟာ စင်စစ်စစ်အာ ဏာရှင် စနစ်ကို ကာကွယ်ဖို့ဖန်တီးထားတာသာဖြစ်ပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့မှ ၁၁ ရက်နေ့ အထိထွက်တဲ့ ပုံနှိပ်မီဒီယာများ၊ ရုပ်သံ မီဒီယာများအားလုံးက ဖော်ပြပေးခဲ့ ကြတဲ့ ရွေးကောက်ပွဲ ကိန်းဂဏန်းများက ဂလုပ်ဘယ်မီဒီယာများကပေးနေတဲ့ ကိန်းဂဏန်း သတင်းရင်းမြစ်များ အရ ဒီချုပ်ဟာ မိမိဘာသာဒီမိုကရေစီအစိုးရတစ်ရပ် ဖွဲ့စည်း နိုင်တဲ့ ကိုယ်စားလှယ်အရေအတွက် ရနေပြီ ဆိုတာ တွေ့ရပါတယ်။ ဒါပေမဲ့ဒီချုပ် ဥက္ကဋ္ဌနဲ့ CEC ဘယ်လိုစည်းရုံးစုဖွဲ့မှုမျိုးနဲ့ အစိုးရဖွဲ့မလဲဆို တာတော့ စောင့်ကြည့်ရ ပါဦးမယ်။ ဒီချုပ်ဥက္ကဋ္ဌနဲ့ CEC ဟာ -

(၁) နိုင်ငံတော်အာဏာလွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး ကြံ့ဖွံ့ပါတီအစိုးရအဖွဲ့နဲ့ ဒီချုပ်၊ ကကချုပ်တို့အကြား ကျေ ကျေလည်လည် လက်တွေ့ကျကျလူထုကြီးနဲ့ လူမျိုးပေါင်းစုံ အမျိုးသားပေါင်းစုံတို့ရဲ့ အကျိုးစီးပွားများ ကိုရှေးရှု ပြီးညှိနှိုင်းကြရပါလိမ့်မယ်။

(၂) ၂၀၀၈ ဖွဲ့စည်းပုံကို အမျိုးသား အကျိုးစီးပွားနဲ့ ဂလိုဘယ်လယ်ဘယ်ရှိတဲ့ အခြေခံဖွဲ့စည်းပုံဖြစ်ဖို့ ပြင်ဆင် ရေးဆွဲရပါလိမ့်မယ်။ လူထုထောက်ခံမှုရင်းမြစ်ဟာ ငြိမ်ချမ်းရေးနဲ့ ဒီမိုကရေစီရေးက လာတာပါ။

(၃)ပြဿနာက ပြည်တွင်းစစ်ရပ်စဲရေး ပြဿနာပါ။ ပြည်တွင်းစစ်ဟာ ၆၇ နှစ်ရှိပါပြီ။ ဆင်းရဲမွဲတေမှု၊ စစ်အာဏာ ရှင်စနစ်၊ ဒီမိုကရေစီမဲ့မှု၊ အမျိုးသားတန်းမတူမှုတို့ဟာ ပြည်တွင်းစစ်ကလာတာပါ။ ဗမာပြည်မှာ ပြည်တွင်းစစ်ရှိ နေသမျှ ကာလပတ်လုံး အမျိုးသားသွေးစည်းညီညွတ်မှု မရှိနိုင်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး မရနိုင် ဘူး။ စစ်အာဏာရှင်စနစ် ရှိနေသမျှ၊ ဗမာ ဓနရှင်လူမျိုးကြီး ၀ါဒရှိနေသမျှ၊ လူတစ်မျိုး တစ်နိုင်ငံဝါဒ ရှိနေသမျှ စစ်မှန်တဲ့အမျိုး သားညီညွတ်ရေး မရနိုင်ပါဘူး။ ပြည်တွင်း စစ်စစ်အာဏာရှင်စနစ်၊ ဗမာဓနရှင်လူမျိုး ကြီးဝါဒ များကြောင့် လူမျိုးစုံတိုင်းရင်းသားများနဲ့ ညီညွတ်မှုမရနိုင်တာပါ။ ဒီကနေ့ဆို ရင်နိုင်ငံရေးအာဏာနဲ့ အမျိုးသား ဥစ္စာဓနမှန်သမျှကို စစ်ဗျူရိုကရက်များကပုံစံမျိုးစုံ နဲ့ လက်ဝါးကြီးအုပ်ထားတာပါ။ ဒီအခြေအနေကို ဒီချုပ်ကဘာ များပြင်ပေးနိုင်မလဲ။ တိုင်းပြည်နဲ့ လုပ်သားလူထုတစ်ရပ်လုံး LDC နိုင်ငံဖြစ်နေရတဲ့အခြေအနေ၊ မြို့နဲ့ တောနေ ဆင်းရဲသားလူထုအားလုံး ဆင်းရဲမွဲတေနေသမျှကို ကြံ့ဖွံ့ပါတီနဲ့အစိုး ရအဖွဲ့က ဘယ်နည်းဘယ်ပုံများ ဖြေရှင်း ပေးမှာပါလဲ။ လယ်သမားများဟာ အကြီးအကျယ် ကြွေးတင်နေတယ်။ လက်ငုတ် လယ်မြေ တွေ အသိမ်းခံနေရ တယ်။ ကျေးလက်မှာ လယ်ပြန် ငွေပြန်ပြဿနာတွေ ဖြစ်နေရပါ တယ်။လယ်သမားများဟာအခွန် အမျိုးမျိုး ပေးနေရတာကြောင့် ကုန်ထုတ်လုပ်မှုများ ကျဆင်းနေရပါတယ်။

လယ်သမားလူထုကြီးက လက်ငုတ် မြေများပြန်ရဖို့ အကြီးအကျယ် တောင်းဆို လှုပ်ရှားနေခဲ့ကြပါတယ်။ အလုပ် သမားထုကြီးကလည်း အနိမ့်ဆုံးလုပ်ခလစာရရေး အတွက်ရုန်းကန်နေကြရပါတယ်။ လူဦးရေ ရဲ့ ၄၃ ဒသမ ၇ သန်းရှိတဲ့ (Urban and Rural Poor) မြို့နဲ့တောနေ ဆင်းရဲသားများကလည်း နေ့စဉ်သုံးစာရိတ် ကလေး တစ်နေ့ ၁၅၀၀ိ/- လောက်ရဖို့ နေ့စဉ်ပြေးလွှား ရုန်းကန်နေကြရတာပါ။ ဒီချုပ်အပါ အ၀င်မှတ်ပုံတင်ပါတီ ၉၂ပါတီ မှ ကိုယ်စားလှယ်များရနေကြ တဲ့ ထောက်ခံမဲများဆိုတာဟာ ၄၃ ဒသမ ၇ သန်းရှိတဲ့မြို့ နဲ့ တောနေဆင်းရဲသား များ ထံကလာတာပါ။ ဒါပေမဲ့ ဒီချုပ်အပါအ၀င် မှတ်ပုံတင်ပါတီ ၉၂ ပါတီရဲ့ရွေးကောက်ပွဲ ကြေညာစာတမ်း များ မှာ Democracy in general ကြွေးကြော်ထားတာမှ တစ်ပါး ဒီ ၄၃ ဒသမ ၇ သန်းအတွက် ဘာပရိုဂရမ် (Programme) မှမရှိပါဘူး။ ဒီချုပ်အပါအ၀င် ဒီ၉၂ ပါတီ အတွင်းမှာ ဘယ်လိုလူထုလူတန်းစားသမဂ္ဂမျိုးမှ စည်းရုံးစုဖွဲ့ထားတာ မရှိပါဘူး။ လူထုကြီးဆိုတဲ့ General Call ထဲမှာပဲရော ထား ပုံရပါတယ်။ ဒါဟာခဏတော့ ပြဿနာ မရှိပေမယ့်ကြာရင်ပြဿနာဖြစ်မှာပါ။ ဒီက နေ့ မှတ်ပုံတင်ထားကြတဲ့ ပါတီများဟာ ဒီချုပ်အပါအ၀င် လူဆိုတာကို အခြေခံထားတဲ့ ပါတီများချည်းပါပဲ။ လူတန်းစားဆိုတာ ကိုအခြေခံထားတဲ့ပါတီများလုံးဝမရှိပါဘူး။

လစ်ဘရယ်နိုင်ငံရေးစနစ်က လူတန်းစားဆိုတာကို ဖုံးဖိထားတာပါ။ ခေတ်သစ် နိုင်ငံရေးမှာ လူတန်းစားဆိုတာ ကို လူထုဆိုတာနဲ့ ဖုံးကွယ်ထားတာပါ။ လစ်ဘရယ် နိုင်ငံရေး ဖိနှိပ်မှု၊ သွေးစုပ်မှုဆိုတာကို ဒီမိုကရေစီရနံ့လေးနဲ့ ဖုံးဖိထားကြစမြဲပါ။ ဒီမိုကရေစီဆိုတာကိုက လူတန်းစားအရ ဖိနှိပ်မှု၊ သွေးစုပ်မှုများကို ကာကွယ်ထားတာပါ။ ဖွဲ့စည်းပုံတစ်မျိုးမျိုးဆိုတာ လူတန်းစား ဆက်ဆံရေး ပုံသဏ္ဌာန်တစ်မျိုးမျိုး ပါပဲ။အခု ၂၀၀၈ဖွဲ့စည်းပုံကိုပဲ ကြည့် ပါ။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့အသက်ဖြစ်တဲ့ ၃ ပုံ ၂ ပုံ မဲရဲ့ အခွင့်အာဏာပိုင်မှုကို အတိုက်အခံအင် အားစုများသုံးမရ အောင် ကိုယ်စားလှယ် ၄၄၀ရှိတဲ့လွှတ်တော်မှာ စစ်ဗိုလ် ၁၁၀ကို ဗိုလ်ကျပြီးယူထားပါတယ်။ ဒီတော့ စစ်အုပ် စုကို အတိုက်ခံလုပ်မယ့်သူဟာ ဘုရားအလောင်းတော်ဖြစ်စေဦးတော့၊ ကြံ့ဖွံ့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ၃ ပုံ ၂ ပုံ မဲကိုမရနိုင်တော့ပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီချုပ် ဟာကြံ့ဖွံ့ ပါတီမပါဘဲ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ခွင့် အာဏာရှိ တဲ့ ကိုယ်စားလှယ်အရေ အတွက်ရခဲ့ရင် ၂၀၀၈ဖွဲ့စည်းပုံကို မုချပြင် ဖို့ အားထုတ်ရပါမယ်။ အစိုးရသစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ ဦးစွာကြိုးစားရမှာပါ။ အနိုင်ရ ဒီမိုကရေစီအင်အား စုများဟာ (၁) ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဖို့ ကြိုးစားရပါမယ်။ (၂)ပြေပြစ်တဲ့ အစိုးရအာဏာလွှဲပြောင်းမှု ဖြစ်ဖို့ကြိုးစားရပါမယ်။ (၃)ပြည်တွင်းစစ် ရပ်စဲဖို့ လူမျိုးစုံတိုင်းရင်းသားများ အကြွင်းမရှိအပစ်ရပ်စဲဖို့ကြိုးစားရပါမယ်။(၄)ရေရှည် ကြိုးစားရမှာဖြစ်ပေမယ့် ဒီချုပ် ဟာတိုင်း ပြည်နဲ့လူထုကြီးဆင်းရဲတွင်း မှလွတ်မြောက်ရေးကို ဒီချုပ်အစိုးရရဲ့မဟာဗျူဟာ တာဝန် အဖြစ်ခံယူ ကြိုးစားရပါလိမ့်မယ်

https://www.facebook.com/myanmarherald

 dassk-minaunghlaing-620.jpg နေပြည်တော်သမ္မတ အိမ်တော်ဝင်း အစည်းအဝေးခန်းမမှာ အောက်တိုဘာ ၃၁ ရက်နေ့ကကျင်းပတဲ့ နိုင်ငံရေး ထိပ်သီးအစည်း အဝေးပွဲကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံကြစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဇင်ဘာလထဲမှာ တွေ့ဆုံမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောလိုက်ပါတယ်။

ဝါရှင်တန်ပို့စ်သတင်းစာနဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံ မေးမြန်းခန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောဆိုလိုက်တာပါ။

"မကြာခင်တွေ့ဖို့ရှိပါတယ်၊ လာမယ့် ဒီဇင်ဘာလဖြစ်နိုင်ပါတယ်၊ ကျနော်မှန်း တာကတော့ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေပြီးတယ်ဆိုရင် တွေ့မှာပါ"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်မေးသမျှကို ဖြေဆိုမှာဖြစ်တဲ့အပြင် ပြောဆိုဆွေးနွေးမယ့်အကြောင်းအရာတွေကို ကန့်သတ်ထားမှာမဟုတ်ကြောင်း သူက ပြောပါတယ်။

အရပ်သားအစိုးရကို အာဏာပိုမိုပေးအပ်ဖို့ကတော့ တိုင်းရင်းသားပြဿနာတွေ အားလုံးပြေလည်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းသွားတဲ့ တစ်နေ့ကျရင် ဆောင်ရွက် သွားမှာဖြစ်သလို၊ ဒီမိုကရေစီနုနယ်သေးတဲ့အတွက် အရှေ့အလယ်ပိုင်း နိုင်ငံတွေလိုဖြစ်မှာစိုးရိမ်ကြောင်း၊ မြန်မာနိုင်ငံအပြောင်းအလဲ ကို မြန်မြန်ဆန်ဆန် လုပ်မယ်ဆိုရင် အခက်အခဲတွေရှိနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

RFA

“ ပြည်သူ့သဘောထား ”

(၁) တိုင်းပြည်ကိုချောက်ကမ်းပါးထဲမကျအောင် ကယ်တင်မည့် စစ်ဗိုလ်ချုပ်များမလိုပါ။ စစ်ဘားတိုက်သို့ သိက္ခာရှိစွာပြန်မဲ့ ပြည်သူ့ အမိန့် နာခံမဲ့စစ်ဗိုလ်ချုပ်များသာလိုပါတယ်။

(၂) စစ်ပွဲများအနိုင်တိုက်ပေးနိုင်သော စစ်ဗိုလ်ချုပ်များမလိုပါ။ ငြိမ်းချမ်းရေးအရယူပေးနိုင်သော စစ်ဗိုလ်ချုပ်များသာလိုပါတယ်။

(၃) ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်မဲ့စစ်ဗိုလ်ချုပ်များမလိုပါ။ အဲ့ဒီအခြေခံဥပဒေဆိုးကြီးကို ဖျက်သိမ်းပေးမဲ့ စစ်ဗိုလ်ချုပ်များသာလိုပါတယ်။

(၄) စည်းကမ်းပြည့်ဝသောစစ်ကျွန်ဒီမိုကရေစီမလိုပါ။ တရားဥပဒေစိုးမိုးသော ပြည်သူ့ ဒီမိုကရေစီသာလို ပါတယ်။

Min Kaung Chit

၁၉၉၀ ပြည့် ရွေးကောက်ပွဲအပြီး အာဏာကိုလည်း ဆက်လက် ကိုင်စွဲထားသောကြောင့် စစ်တပ်၏ ဂုဏ်သိက္ခာမှာ ကုန်းကောက်စရာ မရှိတော့အောင် ကျဆင်း သွားခဲ့ရလေသည်။ ၂၀၁၀ တုန်းကလည်း အယုံအကြည်ကင်းမဲ့ခဲ့ရသလို ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ....

လုပ်နိုင်ခြေအရှိဆုံးမှာ ၂၀၀၈ ဖွဲ့စည်းပုံတွင် ဥပဒေတစ်ရပ်အဖြစ် ပါရှိပြီးဖြစ်သလို အာဏာကို လုံးဝ လက်မလွှတ်နိုင်သော စစ်အာဏာရှင်တို့၏ စရိုက်အတိုင်း မိုက်လက်စမူကို ကျင့်သုံးပြီး ရွေးကောက်ပွဲတွင် နိုင် သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ စစ်တပ်က ဗြောင်ကျကျ အာဏာသိမ်းလေမလား စသည့် စိုးရိမ်စိတ်များ ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ယခု ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲထည့်ပြီးကြလေပြီ။ ရွေးကောက်ပွဲ အဖြေကိုလည်း ပီပီပြင်ပြင် မြင်လာရပြီ။ ဆိုရလျှင် NLD ပါတီက Landslide Victory ခေါ် သောင်ပြိုကမ်းပြို အနိုင်ရရှိသွားပြီဟု ဆိုရပေလိမ့် မည်။ ရွေးကောက်ပွဲ မတိုင်မီက အနယ်နယ် အရပ်ရပ်တွင် ဒေါ်အောင်ဆန်း စုကြည်၏ မဲဆွယ်စည်းရုံးပွဲများကို လူထု သောင်းသောင်းဖြဖြ တက်ရောက်ခဲ့သောကြောင့် NLD အပေါ် လူထု၏ ထောက်ခံမှု ကြီးမားနေဆဲ ဖြစ်ကြောင်း သိနိုင်သည်။ ပြည်သူလူထုကမူ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းကလို အဖြစ်မျိုးကို စိုးရိမ်ပူပန်နေကြသော် လည်း ရွေးကောက်ပွဲ မကျင်းပခင်ကပင် တပ်ချုပ်ကြီးရော သမ္မတကြီး ဦးသိန်းစိန်ကပါ ကတိပေး ပြောကြားခဲ့သည်။ သူတို့၏ ကတိပေးပြောကြားမှုကို ယခင်ဗိုလ်စောမောင်နှင့် ဗိုလ်ခင်ညွန့်တို့၏ ကတိစကား ထက် လူထုက ယုံကြည်ကြပါသည်။ ၂၀၁၀ မှ ၂၀၁၅ အတွင်း ကာကွယ်ရေး ဦးစီးချုပ်နှင့် သမ္မတကြီး၏ လုပ်ရပ်များအပေါ် ဘ၀င်မကျ ကြသော်လည်း သူတို့ ၂ ဦး၏ တည်ကြည်မှုကို လေးစားကြပါသည်။ သမ္မတ အဖြစ် တိုင်းပြည်ခေါင်းဆောင် ပီသသူ၊ စစ်တပ်ကို အုပ်ချုပ်သော ဗိုလ်ချုပ်တစ်ဦးအဖြစ်လည်း ပြည်သူက အနည်းနှင့်အများ အားထားယုံ ကြည်ခဲ့ကြပါသည်။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို ဥပဒေအတိုင်း အကောင်အထည် ဖော်မည့်သူများ အနေဖြင့် ယုံကြည်စိတ်ချကြသည်။ သံသယရှိသူ များကလည်း သံသယ ရှိနေကြဆဲဖြစ်၏။ သို့သော် အခြေအနေမှာ ၁၉၉၀ ပြည့်ကလို မဟုတ်တော့ပေ။ ထိုစဉ်ကဗိုလ်နေ၀င်း သြဇာ လွှမ်းမိုးထားသော စစ်တပ်အဖြစ် နားလည် ထားသောကြောင့် ၁၉၉၀ ပြည့် ရွေးကောက်ပွဲအပြီး အာဏာ ကိုလည်း ဆက်လက် ကိုင်စွဲထားသောကြောင့် စစ်တပ်၏ ဂုဏ်သိက္ခာမှာ ကုန်းကောက်စရာ မရှိတော့အောင် ကျဆင်းသွားခဲ့ရလေသည်။ ၂၀၁၀ တုန်းကလည်း အယုံအကြည် ကင်းမဲ့ခဲ့ရသလို၂၀၁၅ ရွေးကောက်ပွဲ တွင်လည်း အစပိုင်းက သံသယများဖြင့် ယုံကြည်မှု နည်းခဲ့ကြလေသည်။ ထိုသို့ မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်ခဲ့ရသည့် အကြောင်းများတွင် ပထမတစ်ချက်မှာ ၂၀၁၀ ရွေးကောက်ပွဲကလို ကြိုတင်မဲများဖြင့် နောက်တစ်ကြိမ် အနိုင်ယူကြလေမလား။ ဒုတိယတစ်ချက် ကျေးလက်ဒေသများတွင် လျှပ်စစ်မီးပေးမည်၊ ငွေကြေးပေးမည်ဟု စည်းရုံးခြင်း၊ ထိုင်းနိုင်ငံမှ သက်ဆင်လို ကျေးရွာများနှင့် လယ်သမားများကို တစ်ဦးချင်း စို့စို့ပို့ပို့ ငွေပေးကာ စည်းရုံးခြင်း၊ သမ၀ါယမ ၀န်ကြီးဌာနက လယ်သမားများကို ငွေချေးကာ ပြည်ခိုင်ဖြိုးကို မဲပေးရန် စည်းရုံးကာ အနိုင်ယူမလားဟု စိုးရိမ်ခဲ့ကြသလို လုပ်နိုင်ခြေ အရှိဆုံးမှာ ၂၀၀၈ ဖွဲ့စည်းပုံတွင် ဥပဒေ တစ်ရပ်အဖြစ် ပါရှိပြီးဖြစ်သလို အာဏာကို လုံးဝလက်မလွှတ်နိုင်သော စစ်အာဏာရှင်တို့၏ စရိုက်အတိုင်း မိုက်လက်စမူကို ကျင့်သုံးပြီး ရွေးကောက်ပွဲတွင် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ စစ်တပ်က ဗြောင်ကျကျ အာဏာ သိမ်းလေမလား စသည့်စိုးရိမ်စိတ်များ ဖြစ်နေကြ၏။ ထိုသည်မှာ သမ္မတကြီး ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို အယုံအကြည် နည်းသလို အထင်သေးလိုက် သောအမြင်နှင့် အတွေးများဖြစ်ပါသည်။ ထိုသို့အမြင်၊ အတွေးများဖြစ်ရခြင်းမှာလည်း အစိုးရ အဆက်ဆက် စကားမတည်သော လုပ်ရပ်များကြောင့် ဖြစ်ပါသည်။

သို့သော် ရွေးကောက်ပွဲများ မကျင်းပမီက သမ္မတကရော၊ တပ်ချုပ်ကြီးကပါ ၉၀ ပြည့်ကလို မဖြစ်စေရ။ ရွေးကောက်ပွဲရလဒ်ကို အကောင် အထည် ဖော်ပါမည်ဟု တိုင်းသိပြည်သိ ကမ္ဘာသိ ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းတွင် နိုင်ငံတကာ စောင့်ကြည့်ရေး အဖွဲ့များ ကို စောင့်ကြည့်ခွင့် ပေးလိုက်သည်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကလည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရ မည်ဟု ကတိပေး လေသည်။ အမေရိကန်အစိုးရ အပါအ၀င် အနောက်နိုင်ငံ အားလုံးက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်အောင်ပြု လုပ်ပါ။ ရွေးကောက်ပွဲရလဒ်ကိုလည်း ဥပဒေအတိုင်း အကောင် အထည် ဖော်ပေးပါဟု တောင်းဆိုခဲ့သည်။ အနာဂတ်ကို အကောင်းအဆိုး ဆုံးဖြတ်နိုင်သော ရွေးကောက်ပွဲ တစ်ခုအဖြစ်လည်း ပြည်သူ က စောင့်ကြည့်ခဲ့ကြပါသည်။ ဤသို့ဖြင့် ရွေးကောက်ပွဲကြီးကို လူထုကလည်း သောင်းသောင်းဖြဖြ ပါဝင်မဲပေးခဲ့ကြပါ သည်။၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပါတီစုံ ရွေးကောက်ပွဲ သမိုင်း၊ မြန်မာနိုင်ငံ၏ လစ်ဘရယ် ဒီမိုကရေစီ ရွေးကောက်ပွဲသမိုင်းတွင် မဲဆွယ်မှု အများဆုံး၊ တစ်ပါတီနှင့် တစ်ပါတီ ပြိုင်ဆိုင်မှု အကြီးဆုံး၊ လူထု၏ ပါဝင်မဲထည့်မှု အများဆုံး၊ မဲဆွယ်ပွဲများ၊ ဟောပြောပွဲများ၊ ပါတီများ၏ လှုံ့ဆော်မှုများတွင် လူထုပါဝင်မှုအကြီးဆုံး ရွေးကောက်ပွဲကြီးဟုဆိုလျှင် မှားမည်မဟုတ်ပေ။

ယခုရွေးကောက်ပွဲတွင် တစ်ဖက်နှင့်တစ်ဖက် အပြိုင်အဆိုင် မဲဆွယ်မှုများကြောင့် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ပါသည်။ သို့သော် အပြင်းအထန် အသက်အန္တရာယ် ပေးမှုများကား မရှိခဲ့ပေ။ ပြည်သူများ၏ ရွေးကောက်ပွဲ အပေါ် အလေးအနက် ထားမှုကြောင့်ဟု ဆိုရမည်။ ရွေးကောက်ပွဲတွင် တာဝန်ရှိသော ရွေးကောက်ပွဲ ကော်မရှင်၏ ထိန်းသိမ်းမှု၊ အဓိကအကျဆုံးမှာ အုပ်ချုပ်သော အစိုးရအဖွဲ့၏ မှန်မှန်ကန်ကန် ဆောင်ရွက်မှု များ ကြောင့်ဖြစ်သည်။ လက်နက်ကိုင် တိုက်ပွဲများ ဖြစ်နေသော ဒေသ များတွင် ရွေးကောက်ပွဲများ မကျင်းပနိုင် သော်လည်း တည်ငြိမ်အေး ချမ်းသော ဒေသတိုင်းတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ခဲ့ပါသည်။ မဲမသမာမှုများ အနည်းနှင့် အများရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ သမိုင်းတွင် ပြီးပြည့်စုံသော တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်သည့်တိုင် ယေဘုယျအားဖြင့် လွတ်လပ်ပြီး တရားမျှ တသော ရွေးကောက်ပွဲဟုဆိုလျှင် လက်ခံရပေမည်။

ထို့ကြောင့် ၅ နှစ်သက်တမ်း အစိုးရအဖွဲ့ကို တာဝန်ယူ၍ တိုင်းပြည်ကို အဘက်ဘက်က စီမံ အုပ်ချုပ်ခဲ့သည့် သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့မှာ ၂၀၁၆၊ မတ်လတွင် ပထမသက်တမ်း အစိုးရအဖြစ်မှ နုတ်ထွက် ပေးရတော့ မည်။ ယခုနိုဝင်ဘာလမှစ၍ နောက်ထပ် ၅ လ အစိုးရ၏ တာဝန်များကို ဆက်လက် တာဝန်ယူရ ဦးမည်ဖြစ်သလို နောက်တက်မည့် NLD အစိုးရကို အာဏာလွှဲပေးရမည့် အလုပ်များလည်း ကျန်ရှိနေသည်။ သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့မှာ နောက်တက်လာမည့် အစိုးရအဖွဲ့လို အတွေ့အကြုံ နည်းပါးသူများ မဟုတ်ပေ။ စစ်အစိုးရ လက်ထက်က ၀န်ကြီးများဖြစ်ပြီး ယခင်စစ်အုပ်ချုပ်ရေး ယန္တရားကို ဖြတ်သန်းခဲ့သူများ၊ အသားကျနေသူများဖြစ်၍ သူတို့က နောက်အစိုးရကို လမ်းညွှန်ပြသသင့်သည်များအား လမ်းညွှန်ပြသ ကြရမည် ဖြစ်သည်။ ထိုအချိန်တွင် သမ္မတ ဦးသိန်းစိန်အနေဖြင့် သူ၏နောက်ဆုံး ကာလများတွင် လူသာဓုခေါ်၊ နတ်သာဓု ခေါ်စေမည့် လုပ်ရပ်များကို သဘောထားကြီးကြီး၊ မွန်မွန်မြတ်မြတ်ဖြင့် ဆောင်ရွက် သင့်ပါသည်။ ထိုသို့လုပ်ပေးခဲ့သဖြင့် နောင်သမိုင်း တစ်လျှောက်လူထုက သမ္မတဦးသိန်းစိန်ကို နှုတ်ဖျားက မချရ လောက်အောင် လေးစားကြည်ညို ကြပေလိမ့်မည်။ ယခုလပိုင်းများတွင်း သမ္မတ ဦးသိန်းစိန် လုပ်ဆောင် သင့်သည့် လုပ်ရပ်များမှာ (၁) သမ္မတသက်တမ်း ၅ နှစ်အတွင်း တစ်ခါမျှ မကြေညာဖူးသော အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ကို ကြေ ညာပေးပြီး နိုင်ငံရေး အကျဉ်းသားအား လုံးကို အချုပ်ကာလ၊ အကျဉ်းကာလ အားလုံးတို့ကို ဖျက်သိမ်းပေးရမည်။ ထိုထဲ၌ လက်ပံတန်း သပိတ်မှ ကျောင်းသားအားလုံး အပါအ၀င် ကျောင်း သားများ၊ နိုင်ငံရေးသမား များကို အကျဉ်းထောင်ထဲမှ လွှတ်ပေး ရမည်ဖြစ်သလို အထွေထွေ လွတ်ငြိမ်းချမ်း သာခွင့်နှင့် အကျုံးဝင်သော အကျဉ်းသားအားလုံးကို သမ္မတကြီးက သဘောထားကြီးကြီးနှင့် လုပ်ဆောင် ပေးသင့် ပါသည်။ (၂) တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို တက်တက်ကြွကြွ၊ လေးလေးနက်နက် လုပ်ဆောင်ခဲ့သော သမ္မတ ဦးသိန်းစိန် အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့်သာ လက်မှတ်ရေးထိုး နိုင်ခဲ့သော်လည်း အရေးပါပြီး အင်အားကြီးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့်လည်း လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားရပေမည်။ သူတို့နှင့် မပြေလည်သော အကြောင်းပြချက်များ ရှိသော်လည်း မိမိသမိုင်းတွင် အမှန်ကန်ဆုံး လုပ်ရပ်အဖြစ် မှတ်တမ်းတင်နိုင်အောင် အစိုးရဘက်မှ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို သမ္မတကြီးက ကြေညာပြီး ယခုဖြစ်ပေါ်နေသော တိုက်ပွဲများကို တပ်မတော်ဘက်မှ စတင်ခြင်း၊ ပြန်လည်တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်း၊ ရန်စတိုက်ခိုက်ခြင်းများ မဖြစ်စေဘဲ သဘောထားကြီးကြီးဖြင့် အပစ်အခတ် ရပ်စဲပေးရပေမည်။ (၃) ၁၉၄၈ ခုနှစ်မှစ၍ နှစ်ပေါင်း ၆၇ နှစ်ကြာအောင် အရုပ်ဆိုး အကျည်းတန်လှသော ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီး ဆင်နွှဲခဲ့ရာတွင် တိုင်းရင်း သား လက်နက်ကိုင်များနှင့် လူပုဂ္ဂိုလ်များကို ၁၇ (၁)၊ ၁၇(၂) ပုဒ်မများ ကြေညာ ထားခဲ့လေသည်။ ထိုမတရားသင်း ပုဒ်မမှာ ဖိနှိပ်ချုပ်ချယ်သော ပုဒ်မများအဖြစ် အားလုံးက သဘောပေါက်ကြသည်။ ထို့ကြောင့်သမ္မတကြီး အနေဖြင့် လက်မှတ်ရေးထိုးသော လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ ကိုသာမကဘဲ ၆၇ နှစ်လုံးလုံး လက်နက်ကိုင် တိုက်ခိုက်ခဲ့သော မည်သည့် အဖွဲ့ကိုမဆို မတရားသင်းပုဒ်မများ ပယ်ဖျက်သင့် ပါသည်။ ထိုသို့ လုပ်ရပ်များဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရနှင့် သမ္မတဦးသိန်းစိန်တို့သည် သဘောထား ကြီးသော အစိုးရအဖွဲ့နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးကို အလေးထားသော အစိုးရအဖြစ် လက်တွေ့ပြသ လိုက်ပါဟု တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အစိုးရ၏ လက်ရှိသက်တမ်းအတွင်း
နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားမှုနှင့် တရားစွဲဆို ခံထားရသူ
များကို လွှတ်ပေးသင့်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး
အသင်း(AAPP)မှ ရန်ကုန်ရုံးခွဲက တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အစဉ်တစိုက်
တောင်းဆိုနေပါတယ်။ ရွေးကောက်ပွဲ ပြီးတော့လည်း နိုင်ငံရေးအကျဉ်းသားတွေ
လွှတ်ပေးဖို့ သမ္မတထံ စာပို့ခဲ့ပါသေးတယ်။ အခုချိန်က အစိုးရအပြောင်းအလဲ
လုပ်ကြတော့မယ်လေ။ ဒီအချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်ရင်
အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက်လည်း ဒီအစိုးရအနေနဲ့ ဖော်ဆောင်ရာ
ကျပါတယ်”ဟု AAPP ရန်ကုန် ရုံးခွဲမှ တာဝန်ခံ ကိုအောင်မျိုးကျော်က ပြောသည်။

AAPP အနေဖြင့် မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား
များ လွှတ်ပေးရန်အတွက် ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၀ ရက်က နိုင်ငံတော်
သမ္မတထံသို့ စာပေးပို့ တောင်းဆိုခဲ့ပြီး နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးအကျဉ်းသား
ဟောင်း အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်
ကိုင် အဖွဲ့အစည်း အချို့ကလည်း လက်ရှိအစိုးရထံ တောင်းဆိုမှုများ ပြုလုပ်ထား
ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများ နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်
တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် တွေ့ဆုံရာ၌ အမျိုးသားပညာရေး ဥပဒေ
ပြင်ဆင်နိုင်ရေးအတွက် ဆန္ဒပြခဲ့သည့် အတွက် ဖမ်းဆီးခံထားရသည့် ကျောင်းသား
များနှင့် ဝန်းရံပြည်သူများ၊ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရေး
အတွက် နိုင်ငံရေးပါတီများက သမ္မတထံ မေတ္တာရပ်ခံခဲ့ကြောင်း အဆိုပါပွဲသို့
တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများထံမှ သိရသည်။

“အခုအစိုးရက နောက်အစိုးရ လက်ထက်မှ နိုင်/ကျဉ်းတွေ လွှတ်ပေးလိမ့်မယ်
ဆိုတာမျိုး မလုပ်သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းက ပြည်သူတွေနဲ့
နိုင်ငံတကာ အဖွဲ့အစည်းတွေအမြင်မှာ တစ်မျိုး ဖြစ်နေလိမ့်မယ်။ တကယ်တော့
ဒီအစိုးရသက်တမ်း အတွင်းလေးမှာပဲ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့
လိုတယ် ”ဟု ကိုဥာဏ်လင်းက ပြောသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံရေး
အကျဉ်းသား ၁၁၆ ယောက် ရှိပြီး နိုင်ငံရေး ပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသူ ၄၈၆
ယောက်ရှိကြောင်း မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး
အသင်း(AAPP)မှ သိရသည်။

နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးကို မျှော်မှန်း၍ (တစ်နည်းအားဖြင့်) အာဏာရှင်
စနစ်အမျိုးမျိုးကို ဆန့်ကျင်ခြင်း၊ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ
အရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အတွက် ငြိမ်းချမ်းစွာ လှုပ်ရှားဆောင်
ရွက်ခြင်း၊ တန်းတူညီမျှရေးအတွက် မိမိ ယုံကြည်ရာ နည်းလမ်းမျိုးစုံဖြင့် လှုပ်ရှား
ဆောင်ရွက်ခြင်း၊ ထိုလှုပ်ရှား ဆောင်ရွက်သူများကို ထောက်ခံ အားပေးကူညီခြင်း၊
ဆက်စပ်ပတ်သက်ခြင်း၊ နိုင်ငံရေး လှုပ်ရှားသူများအား နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိဖြင့်
ပြစ်မှုကြောင်းအရ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ် ခံရသူများ အားလုံးကို
နိုင်ငံရေး အကျဉ်းသားအဖြစ် AAPP အပါအဝင် အဖွဲ့အစည်း အချို့က အဓိပ္ပာယ်
ဖွင့်ဆိုထား ခြင်းဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)နှင့် ရန်ကုန်
အခြေစိုက် နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့တို့က ဦးဆောင်ကာ နိုင်ငံရေး
အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့
အစည်း၊ နိုင်ငံရေး ပါတီအချို့၊ ဥပဒေပညာရှင် အချို့တို့သည့် ၂၀၁၄ ခုနှစ် သြဂုတ်လ
အတွင်းက နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ကို ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။

သတင်း - MMK
The Ladies News Journal

တိုက်ခိုက်မှုကို နည်းလမ်း ၃ မျိုးနဲ့ ပြုလုပ်ခဲ့ကြတယ်လို့ ဆို။
အီဂျစ်နိုင်ငံ၊ ဆိုင်းနိုင်း မြောက်ပိုင်းမှာ အသေခံ ဗုံးခွဲသမား နှစ်ယောက်နဲ့ သေနတ်သမား တစ်ယောက်တို့က ဟိုတယ် တစ်ခုကို ဝင်ရောက် တိုက်ခိုက်တဲ့အတွက် လူ ၄ ယောက် သေဆုံး ခဲ့တယ်လို့ အီဂျစ် အရာရှိတွေက ပြောပါတယ်။

el-Arish မြို့မှာ ရှိတဲ့ ဆွစ် ဟိုတယ်ကို တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပြီး တိုက်ခိုက်သူ အားလုံး သေဆုံးခဲ့တယ်လို့ အီဂျစ် အရာရှိ တွေက ပြောပါတယ်။

အဆောက်အဦး ဝင်ပေါက်မှာ ဖောက်ခွဲရေးပစ္စည်း အပြည့်ပါတဲ့ ကားတစ်စီးကို လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့ပြီးနောက် အဲဒီကား ပေါက်ကွဲ ခဲ့ပါတယ်။

ဒါပေမယ့် ဗုံးခွဲ သမား တစ်ယောက်ကတော့ ဟိုတယ်ထဲကို ဝင်သွားနိုင်ခဲ့ပြီး သူ့ကိုယ်ပေါ်က ဖောက်ခွဲရေး ဝတ်စုံကို ဖောက်ခွဲ ပစ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ တတိယ တစ်ယောက်က ဟိုတယ်ခန်း တစ်ခုထဲက တရားသူကြီး တစ်ယောက်ကို ပစ်သတ် ခဲ့ပါတယ်။

ဆိုင်းနိုင်း အခြေစိုက် အစ္စလာမ္မစ် နိုင်ငံအဖွဲ့ခွဲက တိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာလို့ ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း ၁၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့လည်း အီဂျစ် စစ်တပ် ထုတ်ပြန်ချက် တစ်ခုမှာ ဖော်ပြထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

တူရကီနဲ့ဆီးရီးယား နှစ်နိုင်ငံကြားနယ်စပ်မှာ ရုရှား Su-24 တိုက်လေယာဉ် ပစ်ချခံရ (နိုဝင်ဘာ ၂၄၊ ၂၀၁၅)
 တူရကီ နဲ့ ဆီးရီးယား နယ်စပ်မှာ ရုရှားတိုက်လေယာဉ်တစင်းကို တူရကီဘက်က ပစ်ချ လိုက်ပြီး၊ အဲဒီလေယာဉ်ဟာ သူတို့ရဲ့ လေပိုင်နက်ထဲကို ကျူးကျော် လာ တာကြောင့်ဖြစ်တယ်လို့ တူရကီအစိုးရက ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ရုရှား ဘက်ကတော့ သူတို့လေယာဉ်ဟာ ဆီးရီယားနယ်နိမိတ်ထဲကနေ မထွက်သွားဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး - တူရကီဟာ ရုရှားနိုင်ငံအပေါ် နောက်ကျောကို ဓါးနဲ့ ထိုးတာဖြစ်ပြီး၊ IS အဖွဲ့အပါအ၀င် အကြမ်းဖက်အဖွဲ့တွေကို အထောက်အပံ့ပေးနေ တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က စွပ်စွဲ လိုက်ပါတယ်။ အစောပိုင်းတုန်းကတော့ ရုရှားတိုက်လေယာဉ်ကို ပြေပြင်ကနေ ပစ်ချခဲ့ တာကြောင့်ဖြစ်တယ်လို့ ရုရှားတာဝန်ရှိသူတွေက အစောပိုင်းမှာပြောကြား ခဲ့ပေမယ့်လည်း၊ တူရကီ F-16 တိုက်လေယာဉ်တွေက ပစ်ချခဲ့တာဖြစ်တယ်လို့ မစ္စတာပူတင်က ၀န်ခံသွားပါတယ်။

အဲဒီဒေသကထွက်လာတဲ့ ဗွီဒီယိုမှာတော့ လေယာဉ်မှူးနှစ်ဦး ကောင်းကင် ကနေ လေထီးနဲ့ဆင်းလာတာကို ရိုက်ယူထားတာ တွေ့ရပါတယ်။ ဆီးရီးယား သူပုန်တွေက နောက်ပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုထဲမှာတော့ - လေယာဉ်မှူး တစ်ယောက်ကတော့ သေဆုံးသွားတယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်မှူးတွေဟာ တွန်းကန်စနစ်နဲ့ လေယာဉ်ထဲကနေ ထွက်လိုက်နိုင်ကြပေမဲ့ သူတို့ရဲ့အခြေအနေကိုတော့ မသိသေးဘူးလို့ ရုရှားကပြောပါတယ်။

ဒီဖြစ်ရပ်ကို ဆွေးနွေးဖို့အတွက် နေတိုးအဖွဲ့က အင်္ဂါနေ့မှာ အရေးပေါ် အစည်းအဝေး ကျင်းပသွားဖို့ရှိပါတယ်။ တူရကီနိုင်ငံရဲ့ ပန်ကြားချက် အရ နေတိုး မြောက် အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ဟာ အထူးအစည်းအဝေးကို ကျင်းပ သွားမှာဖြစ်ပြီး ၊ ရည်ရွယ်ချက်ကတော့ တူရကီက ရုရှားစစ်လေယာဉ်ကို ပစ်ချခဲ့တာနဲ့ ပတ်သက်ပြီး အသိပေးဖို့ဖြစ်တယ်လို့ နေတိုးတပ်ဖွဲ့က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ပြင်သစ်လေယာဉ်တင်သင်္ဘော Charles de Gaulle ပေါ်ကနေ စစ်လေယာဉ်တွေနဲ့ အစ္စလမ်မစ်နိုင်ငံအုပ်စုကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

အီရတ်နဲ့ ဆီးရီးယားနိုင်ငံ ရက်ကာအပါအ၀င် အိုင်အက်စ်တပ်ဖွဲ့တွေရဲ့ အမာခံစခန်းဌာနတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ပြင်သစ်စစ်ဘက်က ပြောပါတယ်။

မြေထဲပင်လယ် အရှေ့ပိုင်းမှာ အခုလို လေယာဉ်တင်သင်္ဘော တပ်စွဲပြီးတော့ စစ်ဆင်ထားတဲ့အတွက် အိုင်အက်စ်ကို တိုက်ခိုက်နေတဲ့ ပြင်သစ်လေယာဉ်တွေ အရေအတွက်ဟာ သုံးဆတိုးလာခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာတော့ အိုင်အက်စ်တပ်တွေ ထိန်းချုပ်ထားတဲ့ ရေနံစည်ပေါင်း ၂၈၀ ကျော်ကို အမေရိကန် စစ်လေယာဉ်တွေနဲ့ ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ အမေရိကန် စစ်ဘက်က ပြောကြားလိုက်ပါတယ်။

ဒီရေနံစည်တွေကို တနေရာပို့ဖို့ စုပုံထားတဲ့အချိန်မှာ တိုက်ခိုက်ခံရတယ်လို့ ယူဆရပါတယ်။

ယခင်သီတင်းပတ်က ညွန့်ပေါင်းတိုက်ခိုက်မှု တစ်ခုမှာလည်း အိုင်အက်စ်ရဲ့ ယာဉ် ကား ၁၀၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီနယ်မြေမှာ အိုက်အက်စ်တွေ ထိန်းချုပ်ထားတဲ့ ရေနံလုပ်ငန်းကို ချေမှုန်းဖို့ ညွန့်ပေါင်းတပ်တွေက ဆုံးဖြတ်ထားပုံရတယ်လို့ သုံးသပ်သူတွေက ပြောဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/


 ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော မွေး/ရေ ၀န်ကြီး ဦးအုန်းမြင့်က အနိုင်ရ NLD ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုးနှင့်အဖွဲ့အား မတရားတားဆီးကန့်ကွက်မှုဖြင့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ကျောက်တန်းမြို့မရဲစခန်း၌ တိုင်ကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှတ်တမ်းအရ သိရသည်။

ဦးအုန်းမြင့်နှင့်အဖွဲ့သည် နိုဝင်ဘာ ၄ ရက်နေ့က ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဟောပြောပွဲများပြုလုပ်စဉ် NLD အမတ်လောင်းနှင့်အဖွဲ့က ကားများ ဆိုင်ကယ်များဖြင့် ပိတ်ဆို့မှုများပြုလုပ်ခဲ့သည်ဟု တိုင်ကြားမှုမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေါ်အေးမြမြမျိုးအား News Watch မှ ဆက်သွယ်မေးမြန်းရာ “သူတို့ ဘယ်လိုသဘောမျိုးနဲ့တိုင်တယ်ဆိုတာတော့ ကျွန်မ မသိဘူး။ ကျွန်မနေနဲ့ ဘာအမှားမှလုပ်ထားတာ မရှိဘူး။ ၄ ရက်နေ့က ကျွန်မတို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့သွားတာဖြစ်တယ်။ တရားဥပဒေနဲ့အညီ ခွင့်ပြုချက်အရပဲ လုပ်ဆောင်ခဲ့တာဖြစ်တယ်။ အဲဒီနေ့က ကော်မရှင်ရဲ့ခွင့်ပြုချက်နဲ့သွားတာဖြစ်တဲ့အတွက် သူတို့လမ်းကြောင်း ရှိတယ်ဆိုတာလည်း မသိဘူး။ အခု ကျွန်မရှေ့နေတွေနဲ့ တိုင်ပင်နေတယ်။ ဥပဒေအရပဲ ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု ပြေကြားသည်။

တိုင်ကြားမှုကို ကျောက်တန်းမြို့မရဲစခန်းမှ (ပ) ၃၀၈/၂၀၁၅ ပြစ်မှုဆိုင်ရာပုဒ်မ ၃၄၁ ဖြင့် နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် အမှုဖွင့်ပြီး ယာယီစခန်းမှူး ရဲမှူးတင်ထွေးက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုံ-မွေး/ရေ ၀န်ကြီး ဦးအုန်းမြင့်နှင့်ဇနီးတို့ နိုဝင်ဘာ ၈ ရွေးကောက်ပွဲနေ့က မဲပေးပြီးဖြစ်ကြောင်း အမှတ်အသားပါလက်သန်းကို ပြသနေပုံ

နောင်လေး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/


ငှက်ဖျားရောဂါဖြစ်ပွားမှုကို ခုခံကာကွယ်နိုင်တဲ့ မျိုးဗီဇ ပြောင်းလဲထားတဲ့ ခြင်တွေကို အမေရိကန် သိပ္ပံပညာရှင်တွေက မွေးမြူထားတယ်လို့ သိရပါတယ်။

တကယ်လို့ ဓာတ်ခွဲစမ်းသပ်ချက် အောင်မြင်မယ်ဆိုရင် လူတွေကို ခြင်ကိုက်ရာက တဆင့် ကူးစက်နိုင်တဲ့ ငှက်ဖျားရောဂါကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းသစ် တစ်ခု ပေါ်ထွက်လာနိုင်မှာ ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

Crispr လို့ ခေါ်တဲ့ မျိုးဗီဇ ပြုပြင်ပြောင်းလဲတဲ့ ဖြစ်စဉ်မှာ ခြင်ရဲ့ ဒီအန်အေ ထဲကို ခုခံနိုင်စွမ်းရှိ မျိုးဗီဇသစ်ကို ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒီလို မျိုးဗီဇသစ် ပြောင်းထည့်ပေးလိုက်တဲ့ ခြင်တွေ မိတ်လိုက်ပြီး ပေါက်ဖွားလာတဲ့ ခြင်သားပေါက်တွေမှာလည်း ငှက်ဖျားရောဂါကူးစက်မှု ခုခံနိုင်စွမ်း ရှိတာ တွေ့ရှိရတယ်လို့ PNAS ဂျာနယ်မှာ ဖော်ပြပါတယ်။

အခုလို နည်းသစ်အရ မျိုးဗီဇ ပြောင်းလဲထားတဲ့ ခြင်တွေက လူတွေကို ကိုက်မယ်ဆိုရင် ငှက်ဖျားရောဂါဖြစ်စေတဲ့ ကူးစက်ပိုး မပြန့်ပွားနိုင်တော့ဘူးလို့ ဆိုပါတယ်။

ကမ္ဘာ့လူဦးရေ တ၀က်နီးပါးခန့်ရှိတဲ့ လူပေါင်း ၃.၂ ဘီလီယံဟာ ငှက်ဖျားရောဂါ ကူးစက်နိုင်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ခြင်ကိုက်မခံရအောင် ကာကွယ်တဲ့ ခြင်ထောင်တွေ၊ ခြင်ဆေးတွေ၊ ပိုးသတ်ဆေးတွေ နဲ့ ငှက်ဖျားရောဂါ ကုသတဲ့ ဆေးဝါးတွေ ရှိနေပေမယ့် ကမ္ဘာတ၀န်းမှာ ငှက်ဖျားရောဂါနဲ့ တစ်နှစ်ကို လူပေါင်း ၅ သိန်း ၈ သောင်း ခန့် သေဆုံးနေတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီများက အိန္ဒိယနိုင်ငံမှာ တွေ့ရှိရတဲ့ Anopheles stephensi ခြင်အမျိုးအစား တစ်မျိုးကို ယူပြီး အခုလို မျိုးဗီဇ ပြောင်းလဲ စမ်းသပ်နေတာ ဖြစ်ပါတယ်။

ငှက်ဖျားရောဂါပိုး သယ်ဆောင်တဲ့ ခြင်တွေနေရာမှာ အစားထိုးနိုင်ဖို့ မျိုးဗီဇ ပြောင်းလဲထားတဲ့ ခြင်တွေ မွေးမြူနိုင်ရေးဟာ အန်မတန်အရေးကြီးတဲ့ ကဏ္ဍဖြစ်တယ်လို့လည်း သုတေသီတွေက ယုံကြည်ကြပါတယ်။

အခုစမ်းသပ်နေတဲ့ အိန္ဒိယ ခြင်အမျိုးအစားအပြင် တခြား ခြင်အမျိုးအစားတွေမှာလည်း မျိုးဗီဇ ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း၊ အခု စမ်းသပ်တွေ့ရှိချက်ဟာ ငှက်ဖျားရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်တဲ့နည်း မဟုတ်ပေမယ့် တနည်းအားဖြင့် အထောက်အကူပြု နိုင်မှာဖြစ်ကြောင်း ဒေါက်တာ အန်တိုနီ ဂျိမ်းစ် ခေါင်းဆောင်တဲ့ သုတေသီအဖွဲ့က ပြောကြားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/


 မြောက်ကိုရီးယား kimchi ကင်မ်ချီး ပြုလုပ်မှုကို ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်အဖြစ် ဂုဏ်ပြု ပေးအပ်ဖို့ ကုလသမဂ္ဂက စီစဉ်နေတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားက ပြုလုပ်တဲ့ မုန်လာထုပ်အချဉ် ပြုလုပ်မှုကိုလည်း
ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) က ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ပြီး ဖြစ်ပါတယ်။

တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံ စလုံးက ပြုလုပ်တဲ့ ကင်မ်ချီးဟာ အရာသာရှိပြီး မြောက်ကိုရီးယား ကင်မ်ချီးကိုလည်း ဂုဏ်ပြုဆုပေးအပ်ဖို့ ရှိနေပါတယ်။

ကိုရီးယားနှစ်နိုင်ငံစလုံးမှာ ချဉ်ပြီး စပ်တဲ့အရသာရှိ ကင်မ်ချီးကို နေ့စဉ်ပြုလုပ်တာဖြစ်ပြီး များသောအားဖြင့် အိမ်တွင်းထုတ်လုပ်မှု အဖြစ် အရသာ အမျိုးမျိုးကွဲပြား ထုပ်လုပ်တာ ဖြစ်ပါတယ်။

ဒေသအလိုက် မိသားစုအလိုက် အကောင်းဆုံး ကင်မ်ချီးလုပ်နည်းကို ယှဉ်ပြိုင်လုပ်ကိုင်ကြတာလည်း ဖြစ်ပါတယ်။

ယေဘူယျအားဖြင့် တောင်ကိုရီးယား ကင်မ်ချီးက ငရုတ်သီးအနီရောင် အစပ်အရသာ ရှိပြီး မြောက်ကိုရီးယား ကင်မ်ချီးက ငရုပ်သီးမပါတဲ့ အဖြူရောင် ဖြစ်ပါတယ်။

ကင်မ်ချီးကို တခြားနိုင်ငံခြား တိုင်းပြည်တွေမှာလည်း လူကြိုက်များပြီး ၂၀၀၈ ခုနှစ်က တောင်ကိုရီးယား အာကာသယာဉ်မှူး ကိုဆန်က အာဏာသထဲကို ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (အလယ်) (Credit: Reuters) 
မြန်မာနိုင်ငံရဲ့ ​အခြေအနေ ​တည်ငြိမ်လာရင် ​အရပ်သား ​ဦးဆောင်တဲ့ ​အစိုးရကို ​အာဏာတွေ ​အာလုံး ​လွဲပေးနိုင်တယ်လို့ ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်က ​ပြောပါတယ်။

ဝါရှင်တန် ​ပို့စ်က ​တနေ့ကျရင် ​အရပ်သား ​အစိုးရကို ​အာဏာ ​လွဲပြောင်းတာမျိုး ​လုပ်နိုင်မလားလို့ ​မေးတဲ့အခါ ​နိုင်ငံရေး ​အခြေအနေ ​တည်ငြိမ်ရင် ​လွဲပြောင်းပေးနိုင်တယ်လို့ ​ဖြေကြားခဲ့တာပါ။

တည်ငြိမ်ရေးလို့ ​ပြောရာမှာ ​ဘာကို ​ဆိုလိုသလဲလို့ ​မေးတဲ့အခါ ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်က ​တိုင်းရင်းသား ​လက်နက်ကိုင် ​ပြဿနာကို ​ဖြေရှင်းနိုင်ခြင်း၊ ​ပါတီစုံ ​ဒီမိုကရေစီ ​စနစ် ​ရင့်ကျက်လာခြင်းနဲ့ ​အစိုးရနဲ့ ​တိုင်းရင်းသားအကြား ​ဆက်ဆံရေး ​တိုးတက်လာခြင်းတွေ ​ဖြစ်တယ်လို့ ​ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ​အာဏာလွဲပြောင်းရေး ​ကိစ္စကိုလည်း ​လာမယ့် ​ဒီဇင်ဘာလမှာ ​တွေ့ဆုံမယ်လို့ ​ဖြေကြားခဲ့ပါတယ်။ ​ဒေါ်အောင်ဆန်းစုကြည်ကို ​သမ္မတ ​ဖြစ်ခွင့် ​ပိတ်ပင်ထားတဲ့ ​၅၉ ​(စ) ​လို ​ပုဒ်မကို ​ဖယ်ရှားပေးမလားလို့ ​မေးတဲ့အခါမှာ ​ဒီကိစ္စကို ​သူတစ်ယောက်တည်းက ​ဆုံးဖြတ်လို့မရပဲ ​လွှတ်တော်က ​ဥပဒေပြောင်းလဲဖို့ ​ဆွေးနွေးမှသာ ​ဖြစ်နိုင်မယ်လို့ ​ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ​သမ္မတ ​ဖြစ်ရေး ​မဖြစ်ရေးဟာ ​ဥပဒေနဲ့သာ ​ဆိုင်တယ်လို့ ​ပြောပါတယ်။

ဒေါ်အောင်ဆန်း ​စုကြည်နဲ့ ​အတူတူ ​အလုပ်လုပ်နိုင်မလားလို့ ​မေးတဲ့အခါ ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်က ​မလုပ်နိုင်စရာ ​မရှိတဲ့အကြောင်း၊ ​ဒေါ်အောင်ဆန်းစုကြည်ကို ​ယုံကြည်သလားလို့ ​မေးရာမှာတော့ ​နိုင်ငံအတွက် ​အကျိုးတွေ ​ရှိမယ်ဆိုရင် ​အတူတူ ​အလုပ်လုပ်နိုင်ကြောင်း၊ ​ပူးပေါင်း ​လုပ်ကိုင်နိုင်မယ့် ​နည်းလမ်းတွေ ​အများကြီးရှိတဲ့အကြောင်း ​ဝါရှင်တန် ​ပို့စ်နဲ့ ​မေးမြန်းခန်းမှာ ​ဖြေကြားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

သြစတြေးလျ ဝန်ကြီးချုပ် Malcolm Turnbull (Credit: AAP)
သြစတြေးလျ ​ဝန်ကြီးချုပ်က ​နာရီပိုင်းအတွင်းတုန်းကပဲ ​လုံခြုံရေးနဲ့ ​ပတ်သက်ပြီး ​ပထမဆုံးအကြိမ် ​မိန့်ခွန်းပြောကြားခဲ့ပြီး ​IS ​အဖွဲ့ဟာ ​အားနွဲ့တဲ့ ​အဖွဲ့ ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။

IS ​အဖွဲ့ရဲ့ ​လက်ထဲမှာ ​သေနတ်ထက် ​စမတ်ဖုန်းတွေက ​ပိုများနေသလို ​စစ်သားဦးရေထက် ​တွစ်တာ ​လူမှုကွန်ယက်အကောင့်က ​ပိုများနေတဲ့ ​အဖွဲ့ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

အဲဒီလို ​အားနွဲ့တဲ့ ​အဖွဲ့က ​အင်တာနက်ကို ​ထိထိရောက်ရောက် ​အသုံးပြုနိုင်တဲ့အတွက် ​အဲဒီအဖွဲ့ရဲ့ ​အယုံသွင်းမှုကို ​မခံရအောင် ​နေထိုင်ကြဖို့လည်း ​တိုက်တွန်းလိုက်ပါတယ်။

ပါတီတွင်းက ​လူတွေက ​ဆီးရီးယားနိုင်ငံက ​သြစတြေးလျ ​စစ်သားတွေကို ​ပို့ဆောင်ဖို့ ​တိုက်တွန်းထားပေမယ့် ​ဝန်ကြီးချုပ် ​Malcolm ​Turnbull ​ကတော့ ​စစ်မြေပြင်ကို ​စစ်သားတွေ ​ပို့ဆောင်မှာ ​မဟုတ်ဘူးလို့ ​ထပ်မံ ​ပြောဆိုလိုက်ပါတယ်။

ဝေဟင်တိုက်ခိုက်မှုမှာ ​ပါဝင်တာက ​လုံလောက်တယ်လို့ ​ကမ္ဘာ့ခေါင်းဆောင်တွေက ​သုံးသပ်တဲ့အတွက် ​သြစတြေးလျလည်း ​အများနည်းတူပဲ ​ဝေဟင်ကနေသာ ​ဆက်လက် ​တိုက်ခိုက်မှု ​လုပ်သွားမယ်လို့ ​ပြောပါတယ်။

ဒါပေမဲ့ ​သြစတြေးလျ ​နိုင်ငံရဲ့ ​လုံခြုံရေး ​တပ်လှန့်မှု ​စနစ်မှာ ​အပြောင်းအလဲ ​လုပ်မယ်လို့ ​ပြောပါတယ်။

အခုလောလောဆယ် ​တပ်လှန့်မှု ​အဆင့် ​၅ ​ဆင့် ​ရှိတဲ့အနက် ​အဆင့် ​၃ ​မှာ ​တပ်လှန့်ထားပြီး ​အကြမ်းဖက် ​ဖြစ်နိုင်တဲ့အဆင့်မှာ ​ရောက်ရှိနေပါတယ်။

စနစ်သစ်မှာတော့ ​ဘယ်လို ​အန္တာရာယ်တွေနဲ့ ​ကြုံတွေ့နေရသလဲ၊ ​ဘယ်လို ​ခြိမ်းခြောက်မှုမျိုးလည်း ​ဆိုတာ ​လူတွေ ​သိအောင် ​လုပ်ဆောင်သွားမယ်လို့ ​ကြေညာလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


 နိုဝင်ဘာလ ၂၄ ရက် ၂၀၁၅

 သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့တွင် နိုဝင်ဘာလ ၂၄ ရက်ယနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွါးရာ ဒေသခံလူငယ် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နမ့်စန်မြို့ နယ် ခိုလမ်မြို့ သို့ပို့ဆောင်ဆေးကုထားရကြောင်း စုံစမ်းသိရှိရသည်။

မိုင်းရှူးမြို့မှ တန့်ယန်းသို့အထွက်လမ်း မိုင်းရှူးမြို့ပြင်ရှိ ခိုစူမ် ဟူသည့်နေ ရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး လမ်းသွားလမ်းလာ ဒေသခံ ၂ ဦးအား ထိခိုက်ခဲ့မိခြင်းဖြစ်ကြောင်း မိုင်းရှူးမြို့တွင် စစ်ဘေး ဒုက္ခသည်များ အရေးကူညီ ဆောင် ရွက်ပေးနေသည့် နန်းစိန်ကပြောသည်။

“မနက် ၈ နာရီတုန်းက ဗုံးကွဲတယ်။ မိုင်းရှူးကနေ မိုင်းအောတ် တန့်ယန်း အသွားလမ်း ခိုစူမ် ဆိုတဲ့နေရာမှာဖြစ်တာ။ အိမ်တအိမ်ရှေ့ က ခြံစည်းရိုး မှာပေါက်ကွဲတာ။ ၀ါးသွားခုတ်မယ့် လူ ၂ ယောက် ထိခိုက်ဒဏ်ရာရတယ်။ တယောက်က နဖူးနဲ့ ဗိုက်မှာထိတယ်။ နောက်တယောက်က ပါးမှာ၊ လက်မှာ နဲ့ခြေထောက်မှာထိတယ်။ နဖူးမှာထိတဲ့သူက သွေး ထွက် များလို့ ခိုလမ်မှာ သွားကုဖို့ မြို့အာဏာပိုင်တွေက စီစဉ်ပေးလိုက်တယ်” - ဟု နန်းစိန်က သျှမ်းသံတော်ဆင့် အား ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးစလုံးမှာ မိုင်းရှူး ရပ်ကွက် ၄ ကွန်နားရွာ တွင်နေ ထိုင်သူများဖြစ်ကြကြောင်း၊ ကွန်နား စိုင်းဆွေ အသက် ၂၅ နှစ်နှင့်စိုင်းပေါက် အသက် ၁၉ နှစ် တို့ဖြစ်ကြကြောင်းသိရသည်။

“ရွာသားတွေ လူတွေလည်း သွားလာနေကြတာဘဲ။ သူတို့ဆိုင်ကယ် အဲ့နေ ရာမှာဖြတ်သွားမှ ဗုံးပေါက်တာ။ သူတို့လည်းပြောတယ်။ ဘာမှ လည်းသွား မချိတ်မိရဘူးတဲ့။ ၀ုန်းခနဲပေါက်ကွဲပြီးသူတို့ဆိုင်ကယ်လဲကျသွားမှ ဗုံးပေါက် မှန်းသူတို့သိတယ်လို့ပြောတယ်”- ဟု နန်းစိန်ကပြောသည်။

အောက်တိုဘာလ ၆ ရက်နေ့ အစိုးရတပ်မတော်မှ သျှမ်းပြည်တိုးတက်ရေး ပါတီအား စတင်ထိုးစစ်ဆင်သည့်နေ့မှစပြီး စစ်ဘေးစစ်ဒဏ်ခံရ သည့်သူများ မှာ မိုင်းရှူးမြို့သို့တိမ်းရှောင်နေထိုင်ခဲ့ရာ ယနေ့ထိ မိုင်းရှူးမြို့တွင်းတွင် စစ်ဘေးရှောင် ၁၀၀၀ ထက်မနည်းရှိနေပါသည်။

ထိုသို့စစ်ဘေးရှောင်များအများအပြားခိုလှုံနေသည့်မိုင်းရှူးမြို့တွင် အောက်တိုဘာ ၂၁ တွင်တကြိမ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင်တကြိမ် ဗုံးပေါက်ကွဲမှုဖြစ် ခဲ့ပြီး ယခုတကြိမ်ပေါက်ကွဲမှုမှ တတိယ အကြိမ်ဖြစ်ပါသည်။

ဓါတ်ပုံ- ခိုလမ်စစ်ဆေးရုံသို့သွားရန်ပြင်ဆင်နေသည့် စိုင်းဆွေနှင့်အိုက်ပေါက်
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese/


 နိုဝင်ဘာလ ၂၄ ရက် ၂၀၁၅

 သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် အတွင်းရှိ စစ်ဘေးရှောင်းလူထုအား သွားရောက်ကူညီပံ့ပိုးမည့် စေတနာရှင်အဖွဲ့အား တံတားစောင့်အစိုးရ တာဝန်ကျ တပ်မတော် စစ်ဗိုလ်က သုံးနာရီကျော်ကြာ တာဆီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်က စစ်ပြေး ဒုက္ခသည်များအားအ၀တ်အစားနှင့် စာသောက်ဖွယ်ရာများ သွားရောက် ကူညီထောက်ပံ့ပေးမည့် ကမ္ဘောဇ နှင့် နမ့်ခုံးပရဟိတအဖွဲ့ များကို လဲချားမြို့ မတ်လန်းရွာ နမ့်တိန်းတံတား စောင့် တာဝန်ကျ အမှတ် ၆၄ တပ်ရင်းမှ ဗိုလ်ကြီးအောင်ကျော်မိုး ဦးဆောင်သည့် အဖွဲ့မှ တားဆီးခဲ့ခြင်းဖြစ်ကြောင်း အလှူရှင်များအဖွဲ့ တွင် ပါဝင်ကူညီသူ လူငယ် စိုင်းစိုင်းက ပြောသည်။

“ကျနော်တို့ ပစ္စည်းတင်တဲ့ကားကြီး ၅ စီးကိုတားတာ။ တားပြီးစစ်ဆေးတယ်။ ၈ နာရီမှာစတားထားတယ်။ ၁၁ နာရီမှကားထွက်ရတယ်။ လဲချားက လူငယ် နဲ့ဘုန်းဘုန်းတွေလာပြီးပြောပေးမှ ပြန်လွတ်ပေးတယ်လေ။ ဖြစ်ချင်တော့ လဲချားမှာ ဖုန်းလိုင်းက တနေကုန်ပိတ်တယ်အဲ့နေ့” - ဟုလည်း ပါဝင်သူ စိုင်းခမ်းကပြောသည်။

အဆိုပါ ပရဟိတ ကားတန်းများသည် နေ့လည် ၁၁ နာရီမှ ဆက်လက်ခရီး ထွက်ခဲ့ကြရသည်ဟုသိရသည်။

နမ့်တိန်းချောင်းကူးသည့် မတ်လန်းတံတားမှာ လဲချားမြို့ တောင်ဘက် ၃ မိုင်ခန့်အကွာတွင်တည်ရှိပြီး ယခင်အပတ်က ကလေး ၂ ယောက်သေဆုံး သည့်ဗုံးကွဲမှုဖြစ်ပွါးသည့်နေရာဖြစ်သည်။

ဗုံးကွဲမှုဖြစ်ပွားသည့်နောက်ပိုင်း အစိုးရတပ်မတော်မှ လုံခြုံရေး တိုးမြင့်ချထား ကာ ည ၆ နာရီမှ နံနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခွင့်လည်း မပြုတော့ပေ။

နိုဝင်ဘာလ ၈ ရက်ရွေးကောက်ပွဲပြီးနောက်ပိုင်း သျှမ်းပြည်အလယ်ပိုင်းသို့ အစိုးရတပ်မတော်မှ အားဖြည့်ကာ သျှမ်းပြည်တပ်မတော် SSPP/SSA အား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျေးသီး၊ ၀မ့်ဟိုင်းဘက်မှ ဒေသခံများ ထပ်မံစစ်ဘေးရှောင်ရာ လဲချားမြို့၊ နမ့်စန်မြို့၊ တောင်ကြီးမြို့နှင့်မြောက်ပိုင်း လားရှိုးမြို့အထိ ရောက်ရှိခို လှုံခဲ့ကြရသည်။ လဲချားမြို့တွင် စစ်ဘေးရှောင် ၇၀၀ ကျော် ရှိနေသည်ဟုသိရပါသည်။

Photo: Citizen Journalist
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese/


 မန္တလေးမြို့မဟာအောင်မြေမြို့နယ် ၆၂လမ်းမကြီးပေါ်ရှိ လူထုဟစ်တိုင်းကွင်းတွင် မန္တလေးရှမ်းတိုင်ရင်းသားများဦးဆောင်၍ လူအင်အား ၇၅ယောက်တို့ဖြင့် စစ်ပွဲများချက်ချင်းရပ်ဟူသော ဟစ်ကြွေးသံများနှင့်အတူ နံနက် ၁၀ နာရီအချိန်ခန့်ကဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ အခုလိုစစ်ပွဲများ ရပ်တန့်ပေးစေရန် ဆန္ဒပြတောင်းဆိုရသည့် ရည်ရွယ်ချက်ကတော့ အခုလက်ရှိဖြစ်ပျက်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှလူတွေ မသေသင့်ဘဲ ၂ သောင်ကျော်လောက် သေဆုံးနေပါပြီ။ အခုစစ်ပွဲတွေကလဲကျွန်တော်တို့မြန်မာနိုင်ထဲက ပြည်သူတွေဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းစစ်တွေ အခုချက်ချင်းရပ်စေလိုပါတယ်။ လူသားချင်းစာနာပါ ပြည်တွင်းစစ်ရပ်စစ်ပွဲသည်အဖြေမဟုတ် မြန်မာနိုင်ငံသားတိုင်းရင်းသားများအတူတူ စစ်ပွဲများရပ်ပေးစေလိုသည်ဆန္ဒနဲ့ အခုလိုဆန္ဒဖော်ထုတ်ဖြစ်တာဖြစ်ပါတယ်။ ကျန်အဖွဲ့အစည်းတွေကိုလည်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ အခုပွဲမှ ပြင်ဦးလွင်က ရှမ်းတိုင်းရင်းသားလူငယ်အဖွဲ့လဲ မန္တလေးက ကျွန်တော်တို့အဖွဲ့နဲ့အတူ ပါခဲ့ပါတယ်”ဟု ရှမ်းတိုင်းရင်းသားများ ဖွံဖြိုးတိုးတက်ရေး မန္တလေးအဖွဲ့မှ ဦးစိုင်းဆန်လင်းက ပြောသည်။

“လက်ရှိမြန်မာနိုင်ငံအတွင်းမှ စစ်ပွဲတွေဖြစ်ပွာခဲ့တာနဲ့ပက်သက်ပြီး ကျွန်မတို့ကချင်ပြည်နယ်မှာလဲ အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့ရာတာတွေကြောင့် လက်ရှိဖြစ်ပွားနေသည့် ပြည်တွင်းစစ်တွေရပ်ပေးစေလိုပါတယ်။ ဒါကြောင့် ဒီပွဲကို ကချင်တိုင်းရင်သူတယောက်အနေနဲ့ မန္တလေးမှပါဝင်ဖြစ်တာဖြစ်ပါတယ်”ဟု ကချင်တိုင်းရင်းသူ မနန်းဆိုင်းက ပြောသည်။

“ကျွန်မကတော့ မန္တလေးက ရှမ်းတိုင်းရင်းသားလူငယ်အဖွဲ့ထဲကပါ။ ရှမ်းပြည်စစ်ပွဲတခုထဲကြောင့် ဆန္ဒဖော်ထုတ်တဲ့အထဲ ပါဝင်ခဲ့တာမဟုတ်ပါဘူး။ တနိုင်ငံလုံးက ပြည်တွင်းစစ်ပွဲအတွက် စစ်ပွဲတွေမဖြစ်စေလိုတဲ့အတွက်ကြောင့် ပြည်အတွင်းနေထိုင်ကြသူအချင်းချင်း ပစ်ခတ်မှုတွေ မရှိစေလိုပါဘူး အပြစ်မဲ့ပြည်သူတွေ ကျောင်းသားကလေးတွေရဲ့ပညာရေးဆုံးရှုံးမှုတွေ မဖြစ်ဖို့ ကျွန်မ တောင်းဆိုချင်ပါတယ်”ဟု ရှမ်းတိုင်းရင်းသူ မဆိုင်းနန်းနွံက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို နယ်ခံရဲ ဒုရဲမှူးမောင်မောင်သန်းဦးဆောင်၍ လုံခြုံရေးအတွက် ရဲအင်အား ၁၁ ယောက် လာရောက် ကာကွယ်ပေးခဲ့ကြောင်း သိရသည်။

စိုင်းထူးခန့် 
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ကန်-လက်ထောက်ဝန်ကြီး ကာချုပ်နဲ့တွေ့ဆုံ။ နိုဝင်ဘာ ၂၄၊ ၂၀၁၅။
 မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ ဒီကနေ့ နေပြည်တော်မှာ သမ္မတဦသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော် ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နဲ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့တွေ့။
သမ္မတဦးသိန်းစိန် အပါအ၀င် အစိုးရထိပ်ပိုင်း တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံပြီး ပြည်သူ လူထု ရဲ့ဆန္ဒကို ဖော်ထုတ်နိုင်ခဲ့တဲ့ ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပပေးနိုင်ခဲ့တဲ့ အတွက် ချီးကျူးဂုဏ်ပြုစကားပြောတဲ့အကြောင်း ရန်ကုန်မြို့ အမေရိကန် သံရုံး တာဝန်ရှိသူက ဗွီအိုအေကိုပြောပါတယ်။

ရွေးကောက်ပွဲဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်ဖြစ်ပေမဲ့ အမျိုးသား ရင်ကြားစေ့ရေး အပါအ၀င် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာထောက်ထားရမယ့်ကိစ္စရပ်တွေလို စိန်ခေါ်မှုတွေကို ဆက်ပြီးကိုင်တွယ်သွားဖို့ ကျန် နေသေးတယ်ဆိုတာ သမ္မတအပါအ၀င် အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်အတွင်း မစ္စတာရပ်ဆဲလ်က မီးမောင်းထိုးပြခဲ့ပါတယ်။

နိုင်ငံရေးခေါင်းဆောင် အားလုံးအနေနဲ့ မြန်မာပြည်သူတွေအတွက် အလုပ်လုပ် သွားကြဖို့၊ ပြုပြင်ပြောင်းလဲရေးတွေဖော်ဆောင်တဲ့နေရာမှာ အမေရိကန်ပြည်သူတွေ နဲ့ အမေရိကန်အစိုးရက မိတ်ဖက်အဖြစ်နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုတာကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။

Daniel Russel နဲ့ ဒေါ်စုတွေ့ဆုံ။
ဒါ့အပြင် ဒီကနေ့ညနေ ၄ နာရီမှာတော့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ ကော်မတီဆောင် I-12 တွင် မစ္စတာရပ်ဆဲလ်က သွားရောက်တွေ့ဆုံပြီး၊ရွေးကောက်ပွဲအနိုင်ရရှိမှုအပေါ်မှာ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရပ်ဆဲလ်ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း ဒီကနေ့ နေလည်ပိုင်း က တွေ့ဆုံခဲ့ပြီး၊ ရွေးကောက်ပွဲလွန်ကာလ ၂ နိုင်ငံကြား ဆက်ဆံရေးကို ရင်းနှီးပွင့်လင်းစွာဆက်ဆံခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook စာမျက်နှာဖော်ပြထားပါတယ်။

၈၈ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ။
တနင်္လာနေ့တုန်းကတော့ မစ္စတာရပ်ဆဲလ်ဟာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး ရွေးကောက်ပွဲ ကိစ္စရပ်တွေ ၊ နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ တယ်လို့ လည်း အစောပိုင်းက သတင်းထုတ်ပြန်ထားပါသေးတယ်။

လက်ရှိစိန်ခေါ်မှုတွေကို အသစ်တက်လာမယ့် အစိုးရချည်းပဲ ရင်ဆိုင်ဖို့ မဖြစ်နိုင်တဲ့ အတွက် ၈၈ မျိုးဆက်နဲ့ တခြား အဖွဲ့အစည်းတွေ ဟာ နိုင်ငံရဲ့ အနာဂတ်ကို ပုံဖော် တာမှာ အရေးပါတဲ့ အခန်းကဏ္ဍတွေကနေ ဆက်ပြီး ပူးပေါင်းပါဝင် သွားကြဖို့ လိုတဲ့အကြောင်း မစ္စတာရပ်ဆဲလ်က ၈၈ မျိုးဆက်ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံချိန် မှာ ပြော သွားပါတယ်။ မြန်မာ့အသွင် ကူးပြောင်းရေးမှာ အမေရိကန်က ဆက်ပြီး အားပေးကူညီသွားမယ်လို့လည်း ကတိပေးခဲ့တဲ့အကြောင်း သံရုံးရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel ဟာ ရန်ကုန်မြို့က သုခစည်းစိမ် လက်ဖက်ရည်ဆိုင်မှာ မနေ့က သွားထိုင်ပါတယ်။

လက်ဘက်ရည်ဆိုင်ထိုင်။
အဲ့ဒီမှာ လက်ရှိ အစိုးရအနေနဲ့ အစိုးရသစ်ကို အေးချမ်းစွာ အာဏာ လွှဲပေးဖို့ မျှော်လင့်ကြောင်းနဲ့ အစိုးရသစ် လက်ထက်မှာ အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်ခိုင်မာအောင် လုပ်ဖို့မျှော်လင့်ကြောင်း လက်ဖက်ရည်ဆိုင်မှာ လာရောက် စားသောက် သူတွေက လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel ကို သဘောထားပေးခဲ့ကြတယ်လို့ အမေရိကန်သံရုံးရဲ့ တရားဝင် ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com