12/01/15


laytauk-village-620.jpg
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူ ကားလမ်းပေါ်က လွယ်တောက်ကျေးရွာကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူကားလမ်းပေါ်က အီနိုင်းကျေးရွာ၊ ပန်ဟုမ်းကျေရွာ၊ လွယ်တောက်ကျေးရွာ နဲ့ ကောင်းခါးကျေးရွာတွေက ဒေသခံ ငါးဆယ်နီးပါးလောက်ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က ရွာထဲဝင်ပြီး အတင်းအဓမ္မခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ကောင်းခါးကျေးရွာထဲဝင်ပြီး လက်နက်ကိုင်အဖွဲ့တစ်ခုက ခေါ်ဆောင်သွား တာဖြစ်တယ်လို့ ကောင်းခါးကျေးရွာက ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပါသွားတယ်လို့ ယူဆရတာပေါ့နော်၊ ၂၆ ရက်နေ့ ညနေကပေါ့၊ ရွာမှာလာဖမ်းသွားတယ်၊ ဘယ်အဖွဲ့မှန်းကို မသိဘူး၊ ကြောက်လို့ ကျမတို့လည်း အကုန်လုံးပြေးကြတာ၊ အခုဒီရွာကလူကတော့ သူ့မိန်းမ ကိုယ်ဝန်ဆောင် ထားတာရှိတယ်၊ ကလေးနှစ်ယောက် အမေတစ်ဦးရယ်၊ နောက်တစ်ယောက်ကျတော့ ကလေးသုံးယောက်နဲ့ ကိုယ်ဝန်ရှိတယ်ပေါ့နော်၊ အဲ့ဒါလည်းပါသွားတယ်၊ တစ်ယောက်ကတော့ လူငယ်၊ တစ်ယောက်ကတော့ သားနှစ်ယောက်ရှိတယ်၊ အဲ့ဒါလောလောဆယ်တော့ မတွေ့ဘူးဖြစ်နေတယ်"

အဲဒီလက်နက်ကိုင်အဖွဲ့ဟာ ဘယ်အဖွဲ့က ဖြစ်တယ်ဆိုတာ အတိအကျမပြောနိုင်သေးပဲ အီနိုင်းကျေးရွာက လူဦးရေသုံးဆယ်၊ ပန်ဟုမ်းကျေးရွာက နှစ်ဦး၊ လွယ်တောက်ကျေးရွာက လေးဦး၊သိန္နီကောင်းခါးကျေးရွာက ငါးဦး ပါသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီလို ကျေးရွာတွေထဲကိုဝင်ရောက်ပြီး အဓမ္မလူတွေခေါ်ဆောင်နေတာကြောင့် ကျေးရွာသားတချို့ဟာ လားရှိုးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေသူတွေရှိပါတယ်။

RFA

tiye-workers-620.JPG
နေပြည်တော်အ၀င်မှာ နိုဝင်ဘာလ ၃ဝ ရက်နေ့က တားဆီးခံရတဲ့ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားတွေကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၃မှာရှိတဲ့ တိုင်ရီဖိနပ်စက်ရုံပိုင်ရှင်ဟာ အလုပ်သမားအဖွဲ့အစည်း ဥပဒေကို ချိုးဖောက်တာကြောင့် အရေးယူပေးဖို့ဆိုပြီး နေပြည်တော်၊ သမ္မတရုံးထံ တိုင်ကြားဖို့ ကြိုးစားတဲ့ အလုပ်သမား ၁ဝဝ နီးပါးကို နေပြည်တော်အ၀င်မှာ ဒီနေ့တားမြစ်ကြပါတယ်။

နေပြည်တော်အဝင် တိုးဂိတ်မှာ အတားခံရတာဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင် မမိုးဝေက ပြောပါတယ်။

"အဓိကအကြောင်းရင်းက အဖွဲ့အစည်းဥပဒေကို ချိုးဖောက်တယ်၊ အလုပ်ရှင်ကနေပြီးတော့ ၂ဝ၁၁ ခုနှစ်၊ ၂ဝ၁၂ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေကို ချိုးဖောက်တဲ့ကိစ္စရပ်ကို သက်ဆိုင်ရာမြို့နယ် ညွှန်မှူးတွေကို တောင်းဆို တင်ပြခဲ့ပေမဲ့ သူတို့အနေနဲ့ တာဝန်မယူနိုင်ဘူး၊ ပြည်ထောင်စုဝန်ကြီးနဲ့ ညွှန်ကြားရေးမှူးချုပ်တွေကို တာဝန်ယူခိုင်း ပါဆိုတဲ့ အခြေအနေတွေဖြစ်တဲ့အတွက် ကျမတို့ နေပြည်တော်မှာလာရောက်နေပါတယ်၊ အခုတိုးဂိတ်မှာ ကျမ တို့ကို လုံခြုံရေးအရ ပိတ်ဆို့တားဆီးတာခံနေရပါတယ်"

ဒက္ခိဏသီရိခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းချွန်က အလုပ်သမားတွေပေးမယ့် တိုင်ကြားစာကို နိုင်ငံတော်သမ္မတရုံးထံ ပို့ပေးမှာဖြစ်ကြောင်းနဲ့ ရန်ကုန်မှာသာ ပြန်လည်ရှင်းလင်းကြဖို့ အခုလိုပြောဆိုပါတယ်။

"ခင်ဗျားတို့တင်ချင်တဲ့စာကို ကျနော်တို့ နေပြည်တော်ကောင်စီကနေတဆင့် သမ္မတဆီကို ဆင့်ကဲဆင့်ကဲ တင်ပေးလို့ရတယ်၊ ခင်ဗျားတို့အနေနဲ့ သမ္မတကြီးဆီကို ပေးမယ်ဆိုရင် ဒီစာသည် သမ္မတကြီးရုံး ကို သေချာပေါက်ရောက်တယ်၊ ကျနော်တို့ဆီက တင်တဲ့စာသည် မရောက်ဘူးဆိုတာမရှိဘူး"

မမိုးဝေနဲ့ အလုပ်သမား ၉၆ ယောက်ဟာ မော်တော်ကား ၃ စီးနဲ့ နေပြည်တော်မှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာနရုံး နဲ့ နိုင်ငံတော်သမ္မတရုံးထံ တိုင်ကြားစာပေးဖို့အတွက် မနေ့ညက ရန်ကုန်ကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။

တိုင်ရီဖိနပ်စက်ရုံက အခြေခံအလုပ်သမားသမဂ္ဂ အဖွဲ့ခေါင်းဆောင် မမိုးဝေနဲ့ မနွဲ့ယဉ်ဝင်းတို့ဟာ အလုပ်ကနေ ထုတ်ပယ်ခံထားရတာဖြစ်ပြီး စက်ရုံတွင်းမှာရှိတဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေကို သူတို့ကို ပါဝင်ဖြေရှင်းခွင့်မပေးတဲ့အတွက် အလုပ်ရှင်ဟာ အလုပ်သမားအဖွဲ့အစည်း ဥပဒေကို ချိုးဖောက်တယ် လို့ ပြောတာဖြစ်ပါတယ်။

အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အလုပ်သမားသမဂ္ဂအဖွဲ့ခေါင်းဆောင်တွေ အလုပ်အမှုဆောင်တို့ဟာ အလုပ်သမားအရေးကိစ္စတွေမှာ ၀င်ရောက်တောင်းဆိုခွင့် ဖြေရှင်းခွင့်ရှိတယ်လို့ သိရပါတယ်။

အလုပ်သမားတွေကို တားဆီးရာမှာ ပါဝင်ခဲ့တဲ့ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က အဲဒီပြဿနာကို လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ညှိနှိုင်းဖို့ ညွှန်ကြားချက်ထုတ်ပြန်လိုက်ပြီး အလုပ်ရှင်ကိုလည်း တက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။ အလုပ်သမားတွေဟာ တားမြစ်ခံထားရတဲ့ တိုးဂိတ်ကနေ ရန်ကုန် ကို ပြန်လာတယ်လို့ သိရပါတယ်။

RFA


yangon-hluttaw-620.jpg
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးကို နိုဝင်ဘာလ ၃၀ ရက်နေ့ ပထမနေ့အဖြစ်ကျင်းပစဉ်
Photo: Aung Thain Kha/RFA

ရန်ကုန်တိုင်းဒေသကြီးမှာ တည်ဆောက်ပြီးစီးသွားတဲ့ ခုံးကျော်တံတား ၄ခုရဲ့ ကုန်ကျစရိတ်တွေကို လက်ရှိတိုင်းဒေ သကြီး အစိုးရသက်တမ်းမကုန်မီ အသေးစိတ် ထုတ်ပြန်ကြေညာပေးဖို့ တိုက်တွန်းကြောင်းအဆိုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။

တိုင်းဒေသကြီး အစိုးရအနေနဲ့ ပြီးစီးသွားပြီဖြစ်တဲ့ ခုံးကျော်တံတားတွေရဲ့ ကုန်ကျစရိတ်တွေကို မရှင်းလင်းရသေး ဘဲ နောက်ထပ်တံတား ၃ ခုကို ဆောက်လုပ်ခွင့်ပြုထားတဲ့အတွက် အခုလိုတင်သွင်းတာဖြစ်တယ်လို့ ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အစည်းအဝေးမှာ ပြောပါတယ်။

"ဒီခုံးကျော်တံတားတွေကို ဆောက်လုပ်ခွင့်ရတဲ့ ကုမ္ပဏီတွေဟာ ပထမငွေစာရင်းရှင်းတမ်း မပေးသေးဘဲနဲ့ အခုနောက်ဆုံးဘဏ္ဍာနှစ်မှာ ဆောက်လုပ်နေတဲ့ ခုံးကျော်တံတားသုံးခု ထပ်ပြီးတော့ဆောက်လုပ်ခွင့်ရတာ ကို တွေ့ရပါတယ်၊ ဒါဟာအများပြည်သူကြားထဲမှာ တော်တော်လေးကို ဝေဖန်ထောက်ပြစရာ အချက်တစ်ချက်ဖြစ် ပါတယ်၊ မူလစာရင်းမရှင်းသေးဘဲနဲ့ နောက်ထပ်ခုံးကျော်တံတားတွေ ဘာလို့ဆောက်ခွင့်ရနေတာလဲဆို တာ ပြည်သူလူထုက မေးခွန်းထုတ်နေတဲ့အရာတွေဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကျမအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆောက်ပြီးသွားတဲ့ ခုံးကျော်တံတားလေးခုရဲ့ စာရင်းတွေကို မိမိတို့အစိုးရအဖွဲ့ သက်တမ်း မကုန်ခင်ကိစ္စတွေကို အသေးစိတ်အစီရင်ခံနိုင်မယ်ဆိုလို့ရှိရင် နောင်တက်လာမယ့် အစိုးရအတွက်ကိုလည်း အင်မတန်မှကို နမူနာကောင်းတွေ ချန်ထားခဲ့မှာဖြစ်ပါတယ်"

လှည်းတန်း၊ သမိုင်း၊ မြေနီကုန်းနဲ့ ဘုရင့်နောင်တို့မှာ ခုံးကျော်တံတား ၄ခု ဆောက်လုပ်ခဲ့ပြီး ကုက္ကိုင်း၊ တာမွေနဲ့ ရှစ်မိုင်တို့မှာ နောက်ထပ် ၃ခု ဆောက်လုပ်နေပါတယ်။

ဆောက်လုပ်ပြီးစီးခဲ့တဲ့ ခုံးကျော်တံတား ၄ခုအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုပေးထားတဲ့ ကုန်ကျစရိတ်ဟာ ကျပ်ငွေ ဘီလီယံ ၈၀ ကျော်ရှိပြီး အသေးစိတ်ကို မသိရသေးတာဖြစ်ပါတယ်။

လာမယ့် ၂၀၁၆ ခုနှစ်မှာ မြောက်ဥက္ကလာအ၀ိုင်း ခုံးကျော်တံတား၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ပါရမီလမ်းဆုံ ခုံးကျော် တံတားတို့ကို ထပ်မံဆောက်လုပ်မှာဖြစ်ပါတယ်။ အဲဒီခုံးကျော်တံတား ၂ခုအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ်ငွေ ၃၃ ဘီလီယံကျော် တောင်းခံထားတယ်လို့ သိရပါတယ်။

RFA

child-soldiers-620.jpg
ကလေးစစ်သားများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခြင်း အခမ်းအနားတစ်ခုကို တွေ့ရစဉ်
Photo: RFA

မြန်မာ့တပ်မတော်က ကလေးစစ်သား ၅၃ ယောက် ဒီနေ့ပြန်လွှတ်လိုက်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာကူညီရေးဆိုင်ရာ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Renata Lok- Dessallien က “ဒီကနေ့ ကလေးစစ်သားတွေ ပြန်လွှတ်လိုက်တာဟာ ကလေးတွေကို စစ်သားတွေအဖြစ် ဆွဲခေါ်သုံးစွဲနေတဲ့ လုပ်ရပ်ဆိုး ပပျောက်သွားအောင် မြန်မာအစိုးရနဲ့ တပ်မတော်တို့ ဆက်လက်အားထုတ်နေတဲ့ အကျိုးရလဒ် ပဲဖြစ်ပါတယ်၊ အဲဒီကလေးတွေ သူတို့မိသားစုတွေဆီ ပြန်သွားကြတာကို မြင်ရတော့ ၀မ်းမြောက်ကြည်နူးမိပါတယ်။ ကလေးစစ်သားသုံးစွဲမှု လုံးဝပပျောက်သွားအောင် အခုလို ဌာနအဖွဲ့အစည်းဆိုင်ရာ စစ်ဆေးမှုတွေ ဆက် လက်ဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်လို့ ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။” လို့ ပြောပါတယ်။

မြန်မာ့တပ်မတော်က ဒီနှစ်အတွင်း ကလေးစစ်သား ၁၄၆ ယောက် ပြန်လွှတ်ခဲ့ပါတယ်။ ကလေးစစ်သား အသုံးမပြုဖို့ ကုလသမဂ္ဂနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ဒီကနေ့အထိ ၆၉၉ ယောက် ပြန်လွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

အလားတူ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း ကလေးးစစ်သားသုံးစွဲတာတွေ ရပ်ဆိုင်းကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်က တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့စာရင်းအရ ကလေးစစ်သား ဆက်လက်အသုံးပြုနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ရှိရာမှာ၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့ ပါဝင်ကြပါတယ်။

ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေစဉ်အတွင်း အခုလိုကလေးစစ်သားတွေ ပြန်လွှတ် လိုက်တဲ့ ကြေညာချက်ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာ့တပ်မတော်က ကလေးစစ်သား ၅၃ ယောက် ဒီနေ့ပြန်လွှတ်လိုက်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာကူညီရေးဆိုင်ရာ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Renata Lok- Dessallien က “ဒီကနေ့ ကလေးစစ်သားတွေ ပြန်လွှတ်လိုက်တာဟာ ကလေးတွေကို စစ်သားတွေအဖြစ် ဆွဲခေါ်သုံးစွဲနေတဲ့ လုပ်ရပ်ဆိုး ပပျောက်သွားအောင် မြန်မာအစိုးရနဲ့ တပ်မတော်တို့ ဆက်လက်အားထုတ်နေတဲ့ အကျိုးရလဒ် ပဲဖြစ်ပါတယ်၊ အဲဒီကလေးတွေ သူတို့မိသားစုတွေဆီ ပြန်သွားကြတာကို မြင်ရတော့ ၀မ်းမြောက်ကြည်နူးမိပါတယ်။ ကလေးစစ်သားသုံးစွဲမှု လုံးဝပပျောက်သွားအောင် အခုလို ဌာနအဖွဲ့အစည်းဆိုင်ရာ စစ်ဆေးမှုတွေ ဆက် လက်ဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်လို့ ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။” လို့ ပြောပါတယ်။
မြန်မာ့တပ်မတော်က ဒီနှစ်အတွင်း ကလေးစစ်သား ၁၄၆ ယောက် ပြန်လွှတ်ခဲ့ပါတယ်။ ကလေးစစ်သား အသုံးမပြုဖို့ ကုလသမဂ္ဂနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ဒီကနေ့အထိ ၆၉၉ ယောက် ပြန်လွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
အလားတူ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း ကလေးးစစ်သားသုံးစွဲတာတွေ ရပ်ဆိုင်းကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်က တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့စာရင်းအရ ကလေးစစ်သား ဆက်လက်အသုံးပြုနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ရှိရာမှာ၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့ ပါဝင်ကြပါတယ်။


ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေစဉ်အတွင်း အခုလိုကလေးစစ်သားတွေ ပြန်လွှတ် လိုက်တဲ့ ကြေညာချက်ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

RFA


dassk-shwemann-nov19-620.jpg
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ နိုဝင်ဘာလ ၁၉ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဌ ရုံးရှေ့မှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီကို ကြိုဆိုဂုဏ်ပြုရမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌရုံးခန်းမှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနေ့ သီးသန့်တွေ့ ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံအပြီးမှာ သူရဦးရွှေမန်းက"သူနှင့်သူ့ပါတီဟာ အောင်နိုင်ထားပြီးဖြစ်သော်လည်း မာန်မာန မရှိဘဲ အပြုသဘောဆောင်ပြီး နှိမ့်ချဆောင်ရွက်မှုတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်နေတာတွေကို ကြိုဆိုရမယ်၊ ဂုဏ်ပြုရမယ်။" လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသစ်ဖွဲ့ရာမှာ တိုင်းရင်းသားအစုအဖွဲ့တွေပါဝင်ရေး ကို မျှော်မှန်းထားတာဟာ မင်္ဂလာသတင်းဖြစ်ပြီး အဲဒီအခွင့်ကောင်းကိုယူပြီး နိုင်ငံတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းလည်း ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းဟာ ဒီကနေ့ တစ်နာရီခွဲကြာ တွေ့ဆုံခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးကို လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာကသာ ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီနေ့ တွေ့ဆုံမှုဟာ ၅ကြိမ်မြောက်လည်း ဖြစ်ပါတယ်။

RFA



အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရပေမဲ့ ထိထိရောက်ရောက် အရေးမယူလို့ ဆိုပြီး နေပြည်တော်မှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ သမ္မတရုံးတို့ကို တိုင်ကြားဖို့ ကြိုးစားကြတဲ့ အလုပ်သမားတွေဟာ လုံခြုံရေး အာဏာပိုင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ကြုံခဲ့ရပါတယ်။ ကား ၃ စီးနဲ့ ရန်ကုန်မြို့ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား ၁၀၀ လောက်ဟာ နေပြည်တော်အ၀င်မှာဘဲ ရဲအင်အား အလုံးအရင်းနဲ့ ပိတ်ဆို့တားဆီးခံခဲ့ရတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမူတွေကို တိုင်ကြားစာတွေပေးဖို့ အတွက် နိုင်ငံတော်သမ္မတရုံးကို လာခဲ့တဲ့ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေ ဟာ မနက် ၆ နာရီကျော်ကတည်းကစပြီး နေပြည်တော်အ၀င် ဒက္ခဏသီရိမြို့နယ် ထဲမှာပဲ ၂ ကြိမ် ပိတ်ဆို့ခံနေရတာပါ။ ဘာကြောင့် နေပြည်တော်ကို လာရောက်ပြီး လူအစုအဝေးနဲ့ တိုင်ကြားစာပို့ ရသလဲ ဆိုတာကိုတော့ အလုပ်သမားခေါင်းဆောင် တဦးဖြစ်တဲ့ မချမ်းငြိမ်းကို က အခုလိုပြောပါတယ်။

“ဟုတ်ကဲ့ပါ။ ကျမတို့ တိုင်ရီဖိနပ်စက်ရုံ အလုပ်ရှင်ကနေပြီးတော့ အလုပ်သမား အဖွဲ့အစည်း ဥပဒေကို ချိုးဖောက်တယ်။ အလုပ်အမှုဆောင်အဖွဲ့တွေမှာ ဒီလုပ်ကိုင်ခွင့် တာဝန်ကို အလုပ်ရှင်တွေအနေနဲ့ မပေးပဲ တားမြစ်ပြီးတော့ ချိုးဖောက်တာပါရှင့်။ အလုပ်သမားသမဂ္ဂရဲ့ အမှုဆောင်အဖွဲ့ဝင်တွေပါရှင့်။ အဲဒီချိုးဖောက်တဲ့အခန်းကဏ္ဍ ကို ကျမတို့အနေနဲ့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေဆီကို ကျမတို့ အကြိမ်ကြိမ် စာတင်ပြီးတော့ သက်ဆိုင်ရာ မြို့နယ်၊ဌာန တာဝန်ရှိသူတွေစီမှာလည်း ကျမတို့အနေနဲ့ တောင်းဆို တိုင်ကြားခဲ့ပေမယ့်၊ မြို့နယ်အဆင့်၊ နောက် တိုင်းဒေသကြီးအဆင့် ၊ ညွန်ကြားရေးမှူးအဆင့်တွေ ကနေပြီးတော့ တာဝန်ယူဖြေရှင်းပေးနိုင်ခြင်း လုံးဝမရှိဘူး။ တာဝန်ယူ ဆုံးဖြတ်ပေးပြီးတော့ ဖြေရှင်းနိုင် တဲ့ အဆင့်အထိ ညွှန်ကြားရေးမှူးချုပ် နဲ့ ပြည်ထောင်စု ၀န်ကြီးရှိပါတယ်ဆိုတာကြောင့် ကျမတို့အနေနဲ့ နေပြည်တော် ဒီ ၀န်ကြီးဌာန နဲ့ နိုင်ငံတော် သမ္မတရုံးကို ကျမတို့ လာရောက်ပြီးတော့ ကျမတို့ တောင်းဆို တင်ပြရခြင်းဖြစ်ပါတယ်။”

သူတို့ကို နေပြည်တော်အ၀င်မှာပဲ ၂ ကြိမ် ပိတ်ဆို့ခဲ့ပြီး ဒုတိယအကြိမ် ပိတ်ဆို့တဲ့ အခါမှာတော့ ရဲအင်အားအများအပြားနဲ့ ရန်ကုန်ပြန်လှည့်ဖို့ အတွက် ဖိအားပေးပြောဆိုနေတယ် လို့ ဆိုပါတယ်။

“ဟုတ်ကဲ့၊ ပထမအဆင့် ပိတ်တဲ့နေရာကနေပြီးတော့ ကျမတို့ ထွက်ခွင့်ရှိတယ်။ အခုဒီ ပထမအဆင့်ကတော့ နေပြည်တော် ဒက္ခိဏသီရိ နေပြည်တော် အ၀င်ဝမှာ ပိတ်တယ်။ နောက်ပြီးတော့ နိုင်ငံတော်သမ္မတရုံး၊ အခုအချိန်မှာတော့ နိုင်ငံတော် သမ္မတရုံးကိုသွားတဲ့ အခြေအနေမှာ ကျမတို့ နိုင်ငံတော်သမ္မတရုံးကို တင်ပြတောင်းဆိုမယ့် စာတွေ သွားတင်မယ့် အခန်းကဏ္ဍကို အသွားမှာ ရဲတပ်ဖွဲ့ဝင်တွေ အင်အား အများအပြားနဲ့ ပိတ်ထားတယ်ရှင့်။ ကျမတို့ ပထမဦးဆုံးပြော တာကတော့လေ ဒီ ခကွေးလိုင်စင်နဲ့မို့လို့ ကားတွေကနေပြီးတော့ ယာဉ်မောင်း၊ ဒီယာဉ်တွေဟာ ဖြတ်သန်းခွင့်မရှိဘူးပေါ့နော်။ အဌားယာဉ် မောင်းလို့မရဘူး ဆိုပြီး ပိတ်ပါတယ်။ ပိတ်တဲ့အခြေအနေမှာ ကျမတို့က တာဝန်ရှိတဲ့သူတွေနဲ့ သွားရောက်ဆွေးနွေးတဲ့ အခန်းကဏ္ဍ မှာ ကျမတို့ကားပိတ်ရင်လည်း ကျမတို့ တဖက်မှာ ကားဌားပြီးတော့ အေးအေးချမ်းချမ်း သွားမယ် ဆိုတဲ့အစီအစဉ်ကျတော့ လုံခြုံရေးအရ လူတွေပါ လုံးဝ သွားခွင့်မရှိပါဘူးဆိုပြီး ကျမတို့ကို ပိတ်ဆို့ထားတဲ့ အခန်း ကဏ္ဍရှိပါတယ်ရှင့်။

ကားတွေကို နောက်ကြောင်းပြန်လှည့်ပြီး နောက်ကြောင်းပြန်ပြီးတော့ ကားတွေကိုမောင်းဖို့ပြော ထားတယ်။ နိုင်ငံတော်သမ္မတရုံးကို ကျမတို့ဘယ်ပုံစံနဲ့ပဲ သွားသွား ကျမတို့ကို သွားရောက်ခွင့် လုံးဝ ၊ နိုင်ငံတော်သမ္မတရုံးကို သွားမှာဖြစ်တဲ့ အတွက် ဘယ်လိုပုံစံနဲ့ သွားသွား သွားရောက်ခွင့် လုံးဝမပေးနိုင်ဘူးဆိုတဲ့ အတိုင်းအတာနဲ့ ရဲတပ်ဖွဲ့က ပိတ်တာပါ။”

အလုပ်သမား ၁၀၀ နီးထဲမှာ အမျိုးသား ၈ ဦးခန့် သာပါဝင်ပြီး အများစုက အမျိုးသမီးများဖြစ်ကြပါတယ်။ သူတို့ တွေဟာ တိုင်ကြားစာကိုပေးနိုင်ဖို့ အတွက် ရုံးချိန်အမှီ လာခဲ့ပေမဲ့ ပိတ်ဆို့ တားဆီးထားတဲ့အတွက် ညနေပိုင်းအထိ အတားဆီးတွေ ဖယ်ရှားပေးဖို့အတွက် တောင်းဆိုနေဆဲဖြစ်ပါတယ်။

နေပြည်တော်အထိ ဖိနပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒ ထုတ်ဖော်နေတဲ့ သတင်းဓာတ်ပုံများ

လှိုင်သာယာစက်မူဇုံ (၃) မှာရှိတဲ့ တိုင်ရီဖိနပ်စက်ရုံဟာ ၂၀၁၂ ခုနှစ်ကတည်းကစပြီး အလုပ်သမားတွေရဲ့အနိမ့်ဆုံး အခြေခံလစာ တိုးမြင့်ပေးရေးနဲ့ အလုပ်သမား အခွင့်ရေးတွေအတွက် တောင်းဆိုဆန္ဒပြခဲ့တာပါ။ တိုင်ရီစက်ရုံဟာ အလုပ်သမားတွေ ဦးဆောင်ပြီး အလုပ်သမားသမဂ္ဂကို ဖွဲစည်းထားတဲ့ စက်ရုံလည်း ဖြစ်ပါတယ်။

မအေးအေးမာ/VOA
http://burmese.voanews.com/content/tai-yee-factory-protest-/3080392.html


ဖေ့စ်ဘုတ်တွင် ပျံ့နှံ့ခဲ့သော ဗီဒီယိုဖိုင်

Facebook စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည့် အချုပ်သားများကို ညှဉ်းပန်းနှိပ်စက်နေသော ဗီဒီယိုဖိုင်နှင့် မှတ်တမ်းများမှာ ကချင်ပြည်နယ် မိုးညှင်းအချုပ်ခန်းနှင့် ဆင်တူခြင်း၊ ပါဝင်သည့် နာမည်များ တူညီနေသည့်အတွက် ခုံရုံးဖွဲ့ပြီး စစ်ဆေးနေကြောင်း ပြည်နယ်ရဲမှူးကြီး ချစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ကချင်ပြည်နယ် ရဲမှူးကြီးချစ်ဦးက “အဲဒါနဲ့ ပတ်သက်ပြီး ပုံစံကြီး ၃၆ ဆိုပြီး ဖေ့စ်ဘွတ်မှာ ပလူပျံအောင် တက်လာတော့ ၀န်ကြီးချုပ်ရုံးကရော၊ ရဲချုပ်ရုံးကရော ဖြစ်စဉ်အမှန်ပေါ်ဖို့ စစ်ခိုင်းပါတယ်။ ဖားကန့်ရဲစခန်းကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အနေအထားနဲ့လည်း မတူဘူး။ တန်းစီးခင်ဇော် ဆိုတာလည်း မရှိခဲ့ဘူး။ မိုးညှင်း အချုပ်ခန်းမှာတော့ ခင်ဇော်ဆိုတဲ့ နာမည်နှင့် ရှိခဲ့တယ်။ သစ်သားအခင်းနှင့် ဗီဒီယိုဖိုင်မှာ ပါတဲ့ဟာနဲ့ ဆင်နေတယ်။ အမိုးနှင့် မဆင်ဘူး။ ထုံးအဖွေးလေးတွေလည်း ဆင်နေတယ်။ ရဲချုပ်ရုံးကတော့ ဒါနဲ့ပတ်သက်ပြီး စုံခုံဖွဲ့ပါလို့ ညွှန်ကြားလို့ မနေ့က ဖွဲ့လိုက်ပါပြီ။ မိုးကောင်းက ရဲမှူးခင်ဇော်က ဥက္ကဋ္ဌပေါ့။ ဒုရဲမှူးနှစ်ဦးနှင့် ဒီဇင်ဘာ ၄ ရက်အပြီး စစ်ဆေးဖို့ ညွှန်ကြားထားတယ်။ သူတို့ရဲ့ သုံးသပ်ချက်ပေါ် မူတည်ပြီး မှန်သည်၊ မှားသည်၊ ဆင်သည်ဆိုတာ ပေါ်လာမှာပေါ့။ ပုံစံ ၃၆ ဆိုတာ ရဲလောကမှာ မရှိပါဘူး။ ကင်မရာတွေ ဘယ်လိုရိုက်တာကအစ စိစစ်ရတော့မှာပေါ့။ တန်းစီးခင်ဇော်ကတော့ မြစ်ကြီးနား အကျဉ်းထောင်မှာ ငါးနှစ်ကျနေတယ်။ ဖားကန့်တို့ မိုးညှင်း အကျဉ်းထောင်တွေမှာက အနည်းဆုံး လူနှစ်ရာနှင့် သုံးရာကြားမှာ ရှိနေတာကိုး။ သူ့ကိုလည်း စစ်ရမှာပေါ့။ အရေးယူတဲ့ အပိုင်းမှာတော့ အများကြီးပါ။ ထမင်းချိုင့်ပို့တာ၊ သစ်သီးပို့တာတောင်မှပဲ ခွဲပြီးစစ်တာပဲ။ ဒါကို တမင်ရိုက်တဲ့ သဘောတောင် ရှိတယ်။ ဗြုန်းတာ၊ ဗြင်းတာတွေကို ရိုက်နေတာ။ အဲဒီအချိန်မှာ တာဝန်ကျသူတွေကို သေချာစွာ စစ်ဆေးရမှာပေါ့။ အားလုံးပေါ်မှ ရဲချုပ်ကို အရေးယူသင့်ကြောင်း တင်ရမှာပါ။ ဟိုးလေးတစ်ကြော်ဖြစ်တော့ အရေးယူမှုတော့ ခံရမှာပါ” ဟု ဆိုသည်။

ယင်းအချုပ်သားများကို ညှဉ်းပန်းနှိပ်စက်နေသော ဗီဒီယိုဖိုင်သည် Facebook စာမျက်နှာပေါ်၌ နိုဝင်ဘာ ၂၀ ရက်တွင် ပျံ့နှံ့ခဲ့ကြောင်း သိရသည်။ ယင်းဗီဒီယိုဖိုင်တွင် တန်းစီးဟု ယူဆရသူ သုံးဦးက အချုပ်သား သုံးဦးကို လက်နှစ်ဖက် ခေါင်းပေါ်တင်၊ ဒူးကွေး ဖ၀ါးထောက်ကာ ပုံစံကြီး ၃၆ ဟုဆိုပြီး အချုပ်သားများရှေ့တွင် လုပ်ခိုင်းနေခြင်း ဖြစ်သည်။ ယင်းပုံစံ မလုပ်နိုင်သည့် အချုပ်သား တစ်ဦးကိုလည်း ပါးရိုက် ထိုးကြိတ်ခြင်း၊ ခြေဖြင့် ကန်ခြင်းတို့ ပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။

ရဲစခန်းတွင် စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ရဲဝန်ထမ်း တစ်ဦးက “ပုံစံ ဆိုတာကတော့ အချုပ်မှာ သုံးတယ်။ လူစစ်မယ် ခေါင်းငုံ့ပြီး ဆောင့်ကြောင့်ထိုင်ခိုင်းတယ်။ လက်ခေါင်းပေါ်တင်ပြီး ငုံ့နေရတယ်။ ၁၀ ယောက်တန်း၊ ငါးယောက်တန်း ထိုင်ရတယ်။ တန်းစီးဆိုတာ အချုပ်သား ခေါင်းဆောင်ပေါ့။ ထမင်းစား၊ သန့်ရှင်းရေး၊ အိမ်သာဆေး သူက ခိုင်းရတာပေါ့။ ဥပဒေအရ လုပ်တာ မဟုတ်ပါဘူး။ ဒီလို အဓမ္မ စစ်ဆေးတာတွေက ၂၀၀၂-၀၃ ကတည်းက မလုပ်ဖို့ ညွှန်ကြားထားတာပါ။ နောက်ပိုင်းမှာ သက်သေပဲရှာပြီး ဖော်ထုတ်ရတာပါ” ဟု ဆိုသည်။

ယင်းဗီဒီယိုဖိုင်အား အစပိုင်းတွင် ဖားကန့်ရဲစခန်းဟု Facebook စာမျက်နှာပေါ်တွင် ရေးသားခဲ့ကြသော်လည်း ဖားကန့်ရဲ စခန်းက ယင်းဖြစ်ရပ်မှာ ယင်းရဲစခန်းမှ လုံးဝမဟုတ်ကြောင်း သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
Writer:
ထွန်းလင်းအောင် (မြစ်ကြီးနား)
Eleven Media Group

‘နိုင်ငံမှာ တရားရေးက လုံးဝ ယိမ်းယိုင်နေတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် အလွန် စိုးရိမ်ရတယ်။ လူတွေမှာ နိစ္စဓူဝအန္တရာယ်တွေ ရှိတယ်’

ဦးနိုင်ငံလင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တွင် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ရာ အနိုင်ရခဲ့သူဖြစ်သည်။ ၎င်းသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလ၌ အောက်တိုဘာ ၂၉ ရက်တွင် သာကေတမြို့နယ်အတွင်း လှည့်လည် မဲဆွယ်စည်းရုံးရာ ဓားဖြင့် တိုက်ခိုက်ခံခဲ့ရပြီး အရေးပေါ် ခွဲစိတ်မှုခံယူခဲ့ရသူ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ အနိုင်ရ ကိုယ်စားလှယ်များ နိုဝင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့ တော်ဝင် နှင်းဆီ စားသောက်ဆိုင်၌ တွေ့ဆုံရာတွင် တက်ရောက်လာသူ ဦးနိုင်ငံလင်းအား မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး ■ အခုလို ရွေးကောက်ပွဲမှာ အနိုင်ရရှိတာဟာ ဘယ်သူ့ကြောင့်၊ ဘယ်အကြောင်းတရားတွေကြောင့် အနိုင်ရရှိခဲ့တယ်လို့ ထင်ပါသလဲ။

ဖြေ ■ ပထမဆုံး ပြောရရင်တော့ အမေစုကြောင့် နိုင်တာပါ။ အမေစုရဲ့ ဦးဆောင်မှုကို ပြည်သူလူထုက ယုံတယ်လေ။ နောက်ပြီးတော့ အမေစုရဲ့ ဦးဆောင်မှုနဲ့ NLD ပါတီကို လူထုက အားကိုးတာ။ ပြောင်းလဲဖို့အတွက် မျှော်လင့်နေတာ။ အဲဒါတွေကြောင့်ပါ။

မေး ■ရွေးကောက်ပွဲမှာ NLD ပါတီဟာ တိုင်းဒေသကြီးများမှာသာမက တိုင်းရင်းသား ဒေသတွေဖြစ်တဲ့ ပြည်နယ်တွေမှာလည်း မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာဟာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ ■ကျွန်တော်အခုနက ပြောခဲ့သလိုပါပဲ။ ပြည်သူလူထုက တကယ့်အပြောင်းအလဲကို လိုချင်နေပြီ။ သူတို့ နှစ်ပေါင်းများစွာ အခက်အခဲတွေ၊ အကျပ်အတည်းတွေ ဘ၀ဟာ ရုန်းကန်လာခဲ့ရတာ။ ဒါတွေဟာ ပြောင်းလဲမှုမရှိဘူးလို့ သူတို့က ထင်လို့။ ဒါတကယ်ပြောင်းလဲချင်လို့ သူတို့က NLD ကို မဲပေးခဲ့တယ်လို့ ထင်ပါတယ်။

မေး ■ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် လျာထားတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ အစ်ကို့အမြင်ကို ပြောပြပါဦး။

ဖြေ ■အဲလို မထင်ပါဘူး။ မဖြစ်နိုင်ပါဘူး။

မေး ■ ဘာကြောင့်လို့ မထင်ပါသလဲ။

ဖြေ ■ ကျွန်တော့် အသက်အရွယ်အရ မဖြစ်နိုင်ပါဘူး။ ကျွန်တော်သိတာက ၀န်ကြီးချုပ် တစ်ယောက်က အသက် ၄၀ မှရမှာ ခင်ဗျ။ ကျွန်တော်က ၃၈ နှစ်ပဲ ရှိပါသေးတယ်။

မေး ■ ရွေးကောက်ပွဲမှာ အနိုင်ရ ကိုယ်စားလှယ်တစ်ဦး အနေနဲ့ မဲပေးခဲ့တဲ့ ပြည်သူတွေကို ဘာများ ပြောချင်ပါသလဲ။ သူတို့ရဲ့ စိုးရိမ်မှု၊ ပူပန်မှု၊ မျှော်လင့်ချက်တွေကို ဘယ်လို ဖြေဖျောက် အကောင်အထည် ဖော်သွားဖို့ ရှိပါသလဲ။

ဖြေ ■ ပထမဆုံးပြောချင်တာက NLD အပေါ်မှာ အပြတ်အသတ် မဲပေးလိုက်တဲ့ အပေါ်မှာ ကျွန်တော်တို့ ကျေးဇူး အများကြီး တင်ပါတယ်။ ဒုတိယအချက်ကတော့ ကျွန်တော်တို့က အဲဒီကျေးဇူးတရားကို နားလည်တဲ့သူတွေ ဖြစ်ချင်တယ်။ အဲဒီကျေးဇူးတရားကို ပြန်ဆပ်တဲ့သူတွေ ဖြစ်ချင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ အတတ်နိုင်ဆုံး ရုန်းကန်ကြိုးစားမှာပါ။

မေး ■ အစ်ကိုကိုယ်တိုင်က မဲဆွယ်စည်းရုံးရေး ကာလမှာ အများရှေ့မှာ ဓားနဲ့ အခုတ်ခံရတယ် ဆိုတော့ ရန်ကုန်တိုင်းမှာ ဖြစ်နေတဲ့ မှုခင်းဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တရားဥပဒေ စိုးမိုးမှုရအောင် ဘယ်လို ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဖြေ ■ ကျွန်တော်တို့ အဲဒါတွေကတော့ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်

တစ်ယောက်ပဲ လုပ်နိုင်တာတော့ မဟုတ်ဘူးခင်ဗျ။ ကျွန်တော်တို့ အစိုးရ ဖွဲ့ပြီးရင်တော့ ပြည်ထဲရေးနဲ့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျွန်တော်တို့ရဲ့ရပ်ရွာ၊ ကျွန်တော်တို့ရဲ့ ဒေသပြည်သူလူထုပါ အပါအ၀င်ပေါ့။ အားလုံး လက်တွဲပြီးတော့ အားလုံး လက်တွဲပြီးတော့ ညီညီညွတ်ညွတ် လုပ်မှရမှာပါ။ တရားဥပဒေ စိုးမိုးရေးဆိုတာ တစ်ဦးတစ်ယောက်တည်း တစ်ဖွဲ့တစ်စည်းတည်း လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ နိုင်ငံသားတိုင်းနဲ့ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်မှရမယ့် ကိစ္စပါ။

မေး ■ တရားဥပဒေ စိုးမိုးရေးကိစ္စက ဘယ်လောက်အထိ ကြီးမားတဲ့ ကိစ္စရပ်တစ်ခုလို့ ထင်ပါသလဲ။

ဖြေ ■ ဒီနိုင်ငံမှာတော့ ပထမဆုံးနဲ့ အရေးကြီးဆုံး ကိစ္စရပ်ပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ တရားရေးက လုံးဝယိမ်းယိုင်နေတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် အလွန်စိုးရိမ်ရတယ်။ လူတွေမှာ နိစ္စဓူဝ အန္တရာယ်တွေရှိတယ်။ မူးယစ်ဆေးဝါးကိစ္စ၊ လူကုန်ကူးတဲ့ ကိစ္စတွေက အစ လုပ်စရာတွေ အများကြီးပဲရှိတယ်။ အဲဒီတော့ တရားဥပဒေ စိုးမိုးရေးကိစ္စဟာ ဦးစားပေး လုပ်ရမယ့်ကိစ္စပဲ။

မေး ■ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ရော ဘာများ ပြောချင်ပါသလဲ။ အခုဆိုရင် NLD က မဲအပြတ် အသတ်နဲ့ အနိုင်ရလာတဲ့အတွက် တိုင်းရင်းသားပါတီတွေ၊ တခြားပါတီတွေရဲ့ အနေအထားက ဘယ်လိုများ ဖြစ်လာနိုင်ပါသလဲ။

ဖြေ ■ ကျွန်တော်တို့ အရင်ပိုင်းမှာတော့ ပြဿနာလေးတွေ ရှိသလိုပေါ့။ နောက်ပိုင်းမှာတော့ တကယ်တမ်းကျရင် NLD ရဲ့ ဦးဆောင်မှုက အားလုံးအတွက်ဆိုတာ သိတဲ့အခါကျရင် ညီညီညွတ်ညွတ် ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

မေး ■ NLD လွှတ်တော် ကိုယ်စားလှယ်တွေ ကြီးစိုးမယ့် လာမယ့်လွှတ်တော်မှာ ဘယ်လို အရေးကိစ္စတွေ ကို စတင် ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဖြေ ■ ကျွန်တော်တို့မှာတော့ ရေတို၊ ရေရှည်ခွဲပြီး ဆောင်ရွက်သွားဖို့ ရှိတယ်။ ရေရှည်ဆိုရင် ကျွန်တော်တို့ရဲ့ ပါတီ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အတိအကျ ပါပြီးသားပါ အားလုံးသိပါတယ်။ ဘယ်လိုလုပ်ငန်းတွေ ဦးစားပေးမယ် ဆိုတာလည်း ပါပြီးသား။ ရေတိုကိစ္စနဲ့ ဒေသဆိုင်ရာ ကိစ္စဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ဒေသမှာ ဘာတွေလိုအပ်သလဲဆိုတာ တစ်အိမ်တက်ဆင်း သွားလေ့ လာကြည့်ထားပြီးပါပြီ။

မေး ■ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အစိုးရက ဆောင်ရွက်နေပေမယ့်လည်း လူထုကြားမှာ ဆင်းရဲမွဲတေမှု သိသိသာသာ လျော့ကျမသွားသေးတာ ဘာကြောင့်လို့ ထင်ပါသလဲ။ အဲဒါကြောင့် ပါတီအနေနဲ့ ဘယ်လိုများ ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဖြေ ■ ကျွန်တော်က ပါတီအနေနဲ့တော့ မပြောချင်ပါဘူး။ ပါတီအနေနဲ့က မူဝါဒအတွက် တိုင်ပင်မှု မလုပ်ရသေးပါဘူး။ ကျွန်တော် တစ်ဦးတည်း အမြင်အရ ပြောရရင် ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုတာက အလွန်သိမ်မွေ့တဲ့ကိစ္စပါ။ နိုင်ငံတကာမှာ လုပ်တဲ့နေရာမှာလည်း အလွန်သိမ်မွေ့တဲ့ကိစ္စပါ။ အခု ကျွန်တော်တို့နိုင်ငံမှာ ချေးငွေကိစ္စတွေရှိတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက်ဆိုပြီး လုပ်နေတာတွေပါ။ အဲဒီချေးငွေကိစ္စကိုတောင်မှ ငွေကို နည်းမှန်လမ်းမှန်နဲ့ ပေးနိုင်တဲ့ အခြေအနေမှာ မရှိဘူး။ ဥပမာအနေနဲ့ အစိုးရကနေပြီး ချေးငွေဆိုပြီးတော့ ချပေးလိုက်တယ်။ တကယ်အောက်မှာ ကျတော့ တကယ်လိုအပ်နေတဲ့ ပြည်သူလူထုဆီ ရောက်မသွားဘဲနဲ့ ချမ်းသာတဲ့ လူတွေဆီ ရောက်သွားတယ်။ အဲဒါမှာ ချမ်းသာတဲ့လူတွေက အတိုးကြီးကြီးနဲ့ ပြန်ချေးစားတယ်။ အဲဒီမှာတင် ဆင်းရဲမွဲတေမှု မပပျောက်ဘဲနဲ့ ပိုဆိုးသွားတယ်။ ဒါမျိုးတွေကို ကျွန်တော်တို့က နည်းမှန်လမ်းမှန်ဖြစ်ဖို့ လုပ်မှာပါ။

မေး ■ အစ်ကိုရဲ့ ကိုယ်ရေးအကျဉ်းနဲ့ မိသားစုဘ၀ကိုလည်း ပြောပါဦး။ အစ်ကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလမှာ ဓားနဲ့အခုတ်ခံရတာနဲ့ ပတ်သက်လို့ မိသားစုရဲ့ စိုးရိမ်ပူပန်မှုလည်း ပြောပြပါဦး။

ဖြေ ■ ကျွန်တော်က လောလောဆယ် ဒေါပုံ ဗိုလ်ထွန်းဇံ ရပ်ကွက်မှာ နေပါတယ်။ ကျွန်တော့်အဖွဲ့ဝင်တွေပေါ့နော်။ စပြီး တည်ထောင်ကတည်းက လုပ်ခဲ့တာပါ။ ကျွန်တော် ကလေးဘ၀ကတည်း ပါတီရုံးကို ရောက်ဖူးပါတယ်။ NLD ပါတီမှာ အတည်တကျ အဖွဲ့ဝင် အဖြစ် ပါဝင်လာခဲ့တာက ၂၀၀၇ ခုနှစ် နောက်ပိုင်းပေါ့။ ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာ သံဃာ့ အရေးအခင်းမှာ ပါဝင်ပြီးကတည်းက မဖြစ်မနေ လုပ်ရမယ်လို့ ယူဆလို့ NLD ထဲကို ၀င်လိုက်တာပါ။ ၀င်လိုက်ပြီးတော့ မြောက်ဥက္ကလာပမြို့နယ် တွဲဖက် တာဝန်ခံအနေနဲ့ ကျွန်တော်ဆက်ပြီး လုပ်ခဲ့ပါတယ်။ အဲဒီလို လုပ်ပြီးတော့ အင်္ဂလိပ် စကားပြောကို NLD ရုံးမှာ သင်ပေးပါတယ်။ နောက်ပိုင်းကျတော့ ၂၀၁၂ မှာ ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရပါတယ်။ အိမ်ထောင်ရှိပါတယ်။ သားတစ်ယောက် ရှိပါတယ်။ ကျွန်တော့် မိသားစုကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ပုဂ္ဂလိကခံစားချက်ကတော့ စိုးရိမ်တာပေါ့။ ဒါပေမဲ့ ကျွန်တော့်လုပ်ရပ်အပေါ်မှာ သူတို့ကျေနပ်ပါတယ်။

မေး ■ ဖြည့်စွက် ပြောကြားလိုတာတွေရှိရင် ပြောပေးပါဦး။

ဖြေ ■ ဖြည့်စွက်ပြောချင်တာကတော့ ပြည်သူလူထုဆိုတာ အားလုံးပါတာပေါ့နော်။ အောက်ခြေ ပြည်သူတွေပဲ မဟုတ်ဘူး ချမ်းသာတဲ့လူတွေလည်း ပါတယ်။ တပ်မတော်လည်း ပါမယ်။ တိုင်းရင်းသားတွေလည်းပါမယ်။ ပြည်သူအားလုံးကို နစ်နာမှု နည်းပြီးတော့ အားလုံး ဖွံ့ဖြိုးတိုးတက်မယ့် လမ်းကြောင်းကို ကျွန်တော်တို့ သွားမှာပါ။
Writer:
ငြိမ်းကို
Eleven Media Group

NLD ရုံးချုပ်တွင် ကျင်းပသည့် ကမ္ဘာ့ HIV/AIDS အထိမ်းအမှတ်နေ့ အခမ်းအနားတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။ ဒီဇင်ဘာ ၂၊ ၂၀၁၀။
NLD ရုံးချုပ်တွင် ကျင်းပသည့် ကမ္ဘာ့ HIV/AIDS အထိမ်းအမှတ်နေ့ အခမ်းအနားတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။ ဒီဇင်ဘာ ၂၊ ၂၀၁၀။

NLD ဦးဆောင်မယ့် အစိုးရသစ်ပေါ်ပေါက်လာချိန်မှာ HIV/AIDS ရောဂါပပျောက်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိနေပါတယ်။

ကူးစက်ရောဂါနဲ့ပတ်သက်တဲ့ မှန်ကန်တဲ့ပညာပေးလုပ်ငန်းတွေကို အလျှင်အမြန်ဦးစားပေးဆောင်ရွက်ဖို့လည်း ကနေဒါ ရောက် မြန်မာဆေးပညာရှင်တဦးက တိုက်တွန်း လိုက်ပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

ဒီဇင်ဘာလ (၁)ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂရဲ့ ၂၀၁၅ခုနှစ် ဆောင်ပုဒ်ကတော့ “Getting To Zero” ရောဂါဖြစ်ပွားမှုနှုန်း လုံးဝမရှိတဲ့အခြေအနေ ဆိုပြီး သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အစိုးရသစ် ဖွဲ့စည်းပြီးချိန်မှာ နိုင်ငံတွင်း HIV/AIDS ရောဂါကူးစက်မှု ပပျောက်အောင် အရှိန်အဟုန်နဲ့ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ယုံကြည်မျှော်လင့်ထားကြောင်း ကနေဒါနိုင်ငံ အယ်လ်ဘားတားဆေးတက္ကသိုလ် ကထိက ဒေါက်တာခင်စောဝင်းကပြောပါတယ်။

“ဒေါ်စုက ဟိုတနေ့က သူပြောသွားတဲ့ မိန့်ခွန်းမှာဆိုလည်းသူပြောသွားတာကို ကောက်ချက်ချလိုက်လို့ရှိရင် အရင်ဆုံးက နိုင်ငံကြီးသားစိတ်ဓါတ်ရှိဖို့နဲ့ ဒီ အမှိုက်တွေ စည်းကမ်းမဲ့မပစ်ဖို့ ၊ အမှိုက်ကောက်ဖို့ကနေစပြီးတော့ သူကနေပြီးတော့ ပြောဆိုနေပြီဆိုတော့ ဒါ အဲဒီကနေစပြီးတော့ တဖြည်းတဖြည်းနဲ့ ဒီကျန်းမာရေး ဒီကိစ္စဖက်ကိုလည်း ရောက်လာမယ်လို့ ကျမတို့ အများကြီးယုံကြည်တယ်၊ မျှော်လင့်တယ်ပေါ့နော်။ အစိုးရဟာ အကျင့်စာရိတ္တ၊ ဒီခြစားမှု မရှိတဲ့အစိုးရဖြစ်လို့ရှိရင် နိုင်ငံတကာရဲ့ ယုံကြည်မှုက အများကြီးရမယ်လေ။ ပြည်သူတွေအားကိုးလောက်တဲ့ ဒီမိုကရေစီအစိုးရဖြစ်လာပြီဆိုတာနဲ့ နိုင်ငံတကာ အကူအညီကတော့ ကျမတို့ အနေနဲ့ သိပ်ပြီးတော့ စိုးရိမ်စရာမရှိဘူး။”

ဒါ့အပြင် မြန်မာနိုင်ငံ HIV ရောဂါပိုးကူးစက်ခံနေရသူတွေကို ၀ိုင်းကျဉ်ထားမှုမျိုးတွေ ပပျောက်အောင်ဆောင်ရွက်ဖို့လိုတယ်လို့လည်း ဒေါက်တာခင်စောဝင်းကဆိုပါတယ်။

“HIV ရောဂါပိုးကူးစက်ခံရသူ၊ ရောဂါပိုးသယ်ဆောင်သူတွေနဲ့ပတ်သက်တဲ့အဲဒီလူတွေပေါ်မှာ ထားတဲ့စိတ်ဓါတ်ကလည်း အများကြီး ဒီ ပြည်သူလူထုအနေနဲ့ ပြင်ဆင်ဖို့ အများကြီးလိုအပ်တယ်ပေါ့နော်။ အထူးသဖြင့်ကတော့ ခုန ကပြောသလိုပဲ ‘getting to zero’ ဆိုတဲ့ဟာမှာ ခွဲခြားဆက်ဆံမှု discrimination မရှိရဘူး။ zero ဖြစ်စေရမယ်ဆိုတော့ အခုလောလောဆယ်မှာတော့ ဒီလိုစိတ်ထားမျိုးကို ပြောတာလွယ်သလောက် တကယ့် လက်တွေ့မှာ ကျင့်သုံးတဲ့လူတွေ သိပ်မတွေ့ရသလိုပဲလေ။ အဲတော့ သူကဘယ်လိုဖြစ်သလဲဆိုလို့ရှိရင် အရင်ဆုံးကတော့ လူထုရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာကို ပြုပြင်ပေးဖို့ ထိန်းသိမ်းပေးဖို့ လည်းလိုတယ်။

မေး။ ။ အဲတော့ မြန်မာနိုင်ငံမှာ AIDS ရောဂါပပျောက်ဖို့ဆိုရင် အစိုးရသစ်အနေနဲ့ အရင်ဆုံးဦးစားပေး ဘာတွေဆောင်ရွက်သင့်ပါသလဲရှင့်။

ဖြေ။ ။ပညာပေးကအဓိကပဲ။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် လူတိုင်းလူတိုင်းက ဒီရောဂါ နဲ့ပတ်သက်လို့ဘယ်လိုကူးစက်တယ် ။ ဘာဖြစ်နိုင်တယ်၊ ဆိုတဲ့ သတင်းမှန်မှန်ကန်ကန် လူတိုင်း မသိဘူးပေါ့နော် ။ လူတိုင်းမသိတဲ့အခါမှာ ဘယ်လိုဖြစ်သလဲဆိုတော့ လွှဲမှားတဲ့ အယူအဆတွေကလည်း ရှိတယ်။ မလိုအပ်ပဲနဲ့ ကြောက်ရွံ့နေတာ၊ မလိုအပ်ပဲနဲ့ ကူးစက်မှာစိုးတာ အဲလိုမျိုးကိစ္စတွေဆိုတော့ ပညာပေးကတော့ အင်မတန်အရေးပါတယ်လေ။ နံပတ် (၂) ကတော့ သွေးစစ်ချင်တဲ့ဆန္ဒရှိဖို့ ၊ သွေးစစ်တဲ့အခါမှာလည်း လုံခြုံစိတ်ချရတဲ့ ဒေသမှာသူတို့ရဲ့ သွေးအခြေအနေကိုသိအောင်လို့ သွေး စစ်ဖို့လိုအပ်ပါတယ်။ နောက်ဆုံးကတော့ HIV ရောဂါပိုး ဗိုင်းရပ်ကို သေစေနိုင်တဲ့ဆေးက အခုနိုင်ငံတကာမှာ လူတိုင်းလက်လှမ်းမှီကြတယ်လေ။ သုံးစွဲနိုင်တယ်ဆိုတော့ မြန်မာပြည်မှာလည်း လူတိုင်းဟာ ရောဂါပိုးရှိပြီ ဆိုတာသိတာနဲ့ ချက်ချင်း ဒီပိုးသတ်ဆေးကို သုံးစွဲနိုင်မယ်ဆိုလို့ရှိရင် ဒါအများကြီးထိရောက်နိုင်မယ်လို့ ကျမ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာတော့ HIV ရောဂါပိုးကူးစက်မှုနှုန်းဟာ ၂၀၁၂ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၂၀၁၅ ခုနှစ်မှာ ကျဆင်းသွားခဲ့တယ်လို့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ UNAIDS/ WHO နဲ့ UNICEF တို့နဲ့ ပူးပေါင်းထုတ်ပြန်တဲ့ မြန်မာ့ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံ နိုင်ငံဆိုင်ရာ AIDS အစီအစဉ်ရဲ့ ဒီနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ HIV ရောဂါပိုးရှိနေသူ ဦးရေ ခန့်မှန်းခြေ နှစ်သိန်းကျော် ရှိပါတယ်။ ရောဂါအများဆုံးဖြစ်ပွားတဲ့နေရာတွေက လူဦးရေထူထပ်တဲ့မြို့ပြဒေသတွေနဲ့ မူးယစ်ဆေးထိုးမှု အများဆုံးရှိနေတဲ့ အရှေ့မြောက်ဖျားနဲ့ မြောက်ပိုင်းဒေသတွေဖြစ်တယ်လို့ ရေးသားထားပါတယ်။

အင်ကြင်းနိုင်/VOA
http://burmese.voanews.com/content/new-government-period-there-would-be-better-chance-eliminate-hiv-aids/3080077.html


''တနေကုန် ဖင်ပူအောင်မောင်းတာတောင် အုံနာခမပြည့်ချင်ဘူး။ အရင်ကလို မောင်းလို့မကောင်းတော့ပါဘူး ဗျာ။ ကားပဲမောင်း စားတတ်လို့ ကားပဲမောင်းနေရတာ။ စိတ်တောင်ကုန်လာပြီ''ဟု အငှားယာဉ်မောင်း ကိုထက် အောင်က ညည်းညူသည်။

မြို့ပြ၏ ယာဉ်ကြောပိတ်ဆို့မှုကို တက္ကစီယာဉ်မောင်း၊ ဘတ်စ်ကား ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအတွက် နေ့စဉ်ကြုံတွေ့နေရသည့် ပုံမှန်ပြဿနာတရပ်သာဖြစ်နေသည်။ သို့သော် အငှားယာဉ်မောင်းများအတွက် နေ့စဉ် အုံနာခ၊ ဆီဖိုးအပြင် လုပ်အားခအတွက်ကိုပင် ယာဉ်ကြောပိတ်ဆို့မှုကြားမှ ရှာဖွေနေရသည်။

အငှားယာဉ်(တက္ကစီ)ယာဉ်မောင်းအများစုသည် နေ့ဘက် ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ကွင်းနိုင်ရန်အတွက် ညအချိန်မှစတင်ကာ နံနက် အရုဏ်တက်ချိန်အထိ မောင်းနှင်ကြလေသည်။ သို့သော် ညဘက်မောင်းနှင်ရာ၌ အများစုသည် ခရီးသည်အမျိုးမျိုးနှင့် အန္တရာယ်မျိုးစုံကြား၌ ရုန်းကန်နေကြရသည်။

''ခေတ်က တက္ကစီခေတ်မဟုတ်တော့ဘူး။ မောင်းလို့ မကောင်းဘူး။ ညဘက်မောင်းတော့လည်း ယာဉ်မောင်းက ခရီးသည်ကိုမယုံရဲ၊ ခရီးသည်ကလည်း ယာဉ်မောင်းကို မယုံရဲဖြစ်နေရတယ်။ ဘယ်နေရာမှာတော့ တက္ကစီ ဒရိုင်ဘာကိုရိုက်ပြီး ဘာလုသွားပါပြီဆိုပြီး အမျိုးမျိုးကြားနေရတယ်''ဟု တက္ကစီယာဉ်ညဘက်မောင်းနှင်သူ ကိုအောင်က ပြောသည်။

ညဘက်မောင်းနှင်သူအများစုသည် ခရီးသည်ရရှိသော်လည်း မပျော်နိုင်သေးပေ။ ငှားရမ်းသည့်ဦးရေ၊ သွားမည့် ခရီးအကွာအဝေးအခြေအနေ၊ ဈေးနှုန်းအနေအထား စသည့်အခြေအနေများကို သုံးသပ်လေ့လာကြရကြောင်း ဆိုသည်။

ခရီးသည်များနေလျှင်လည်း မလိုက်ရဲကြ။ သွားရမည့်ခရီးသည် မြို့စွန်လိုနေရာမျိုးကဲ့သို့ ငှားရမ်း လျှင်လည်း အဆင်မပြေပြန်။ ဈေးနှုန်းအရ သာမန်ထက် ပိုမိုပေးခြင်း၊ ဈေးစကားညှိနှိုင်းချိန် အဆင်မပြေခြင်း သည်ကလည်း ညဘက်မောင်းနှင်ရသူများအတွက် စိန်ခေါ်မှုကြီးပမာ ဖြစ်လို့နေသည်။''အသိကားသမားတယောက် လှိုင်သာယာဘက်လိုက်သွားတာ။ ဓားထောက်ပြီး အလုခံလိုက်ရတယ်။ ဘာမှ မတတ်နိုင်ဘူးလေ။ ငွေက အသက်ရှင်သရွေ့ရှာလို့ရတယ်။ သူတို့ကအော်ရင် သတ်မယ်ဆိုပြီးပြောတယ်။ နောက်ကနေနှစ်ယောက် ရှေ့ကတယောက် အနုကြမ်းစီးသလို ဓားထောက်လုတာ။ တချို့ဆို နောက်ကနေ ဂစ်တာကြိုးနဲ့ ယာဉ်မောင်းရဲ့လည်ပင်းကို ညစ်ထားတာ။ လှုပ်လေ ကြိုးကအသားထဲနစ်လေ''ဟု တက္ကစီယာဉ် မောင်းတဦးက ပြောသည်။

ဒုစရိုက်မှုများ များပြားလာလျက်ရှိသည့် မြို့ပြတွင် ဒုစရိုက်သားကောင်များ၏ပစ်မှတ်တွင် အငှားယာဉ်မောင်း သမားများ ပါဝင်လာသည်။ တက္ကစီယာဉ်မောင်းတဦးကို လုယက်ခြင်းသည် ဘ၀အခြေအနေပြောင်းလဲ နိုင်လောက်သည့် ငွေကြေးဥစ္စာများရရှိမည်မဟုတ်သော်လည်း ယာဉ်မောင်းအများစု၌ ငွေကျပ်နှစ်သောင်း၊ သုံးသောင်းဝန်းကျင်ခန့် ရှိတတ်ခြင်းကြောင့် အလွယ်တကူငွေရလွယ်သည့် ပစ်မှတ်ဖြစ်လာကြရသည်။ ထိုကဲ့သို့ ပြစ်မှုကျူးလွန်သူများထဲ၌ ခိုး၊ ဆိုး၊ နှိုက်များ ပါဝင်လာသည့်အပြင် မူးယစ်ဆေးဝါးသုံးစွဲသူများလည်း ပါဝင်လေ့ ရှိကြောင်း သိရသည်။

သဘာဝဓာတ်ငွေ့သုံးယာဉ်ဖြစ်ပါက ညပိုင်းအုံနာကြေးအဖြစ် ကျပ်တသောင်းဝန်းကျင်ခန့်လည်းကောင်း၊ ဒီဇယ်၊ ဓာတ်ဆီ(အောက်တိန်း)သုံး တက္ကစီယာဉ်ဖြစ်ပါက ညပိုင်းအုံနာကြေးငွေသည် ကျပ်ရှစ်ထောင်ဝန်းကျင်ခန့် အထိရှိကြောင်း သိရသည်။ ထိုကဲ့သို့ အုံနာခငွေကြေးကိုပေးရန်အတွက် ဦးစွာရှာဖွေရပြီး ထိုပမာဏငွေကျော် လွန်ပါက ဆီဖိုးငွေနုတ်ပြီး ကျန်ငွေသည် တနေ့တာ လုပ်အားခဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယာဉ် မောင်းအချို့ တစီးနှင့်တစီး လုယက်မောင်းနှင်ခြင်း၊ ခရီးသည်ရှာဖွေရခြင်းကြောင့်လည်း မလိုလားအပ်သော အန္တရာယ်များကျရောက်နိုင်သည်ဟု ဆိုကြသည်။''လူမကြည့်တော့ဘဲ ရတဲ့ဈေးနဲ့သွားမယ့်နေရာလိုက်ပို့တော့ မလိုလားအပ်တဲ့အန္တရာယ်တွေ ဖြစ်ကုန်တယ်။ တစီးနဲ့တစီး အလုအယက်ကိုမောင်းနေကြတာ။ ရှေ့စီးက ခရီးသည်နဲ့ စကားပြောတုန်းရှိသေးတယ်။ နောက်မှာ နှစ်စီးလောက် တန်းစီနေကြပြီ။ ရတဲ့ဈေးနဲ့ ခရီးသည်ငှားတဲ့နေရာပါသွားတော့ လုယက်ခံရတာတွေဖြစ်တယ်''ဟု ယာဉ်မောင်းတဦးက ပြောသည်။

နောက်ပိုင်းကာလများ၌ လုယက်မှုကျူးလွန်သူများထဲတွင် အမျိုးသမီးအချို့ ပါဝင်လာသည်။ စတင်ငှားယူစဉ် အမျိုးသမီးတဦးတည်းဖြစ်ခြင်းကြောင့် ခရီးဝေးသော်လည်းလိုက်ခဲ့မိပြီး ခရီးအဆုံးတွင် ထိုအမျိုးသမီးနှင့်ကြံရာ ပါ အုပ်စုအဖွဲ့များမှ လုယက်တတ်ကြသည့်ဖြစ်စဉ်များလည်း ပေါ်ပေါက်ဖူးကြောင်း သိရသည်။

ထို့အပြင် စတင်ငှားယူစဉ်ကာလအမျိုးသမီးတဦးတည်းဖြစ်သော်လည်း လမ်းကြုံတနေရာတွင် ၎င်း၏အပေါင်း အပါများက ကြိုတင်စောင့်ဆိုင်းကာ လမ်းသင့်၍ ငှားရမ်းသကဲ့သို့ပြုလုပ်ပြီး လူပြတ်သည့်နေရာတွင် လုယက် လေ့ရှိကြကြောင်း သိရသည်။
''ကျွန်တော်ကတော့ အိမ်ကထွက်ပြီဆိုကတည်းက မေတ္တာပို့ အမျှဝေပြီး စေတနာထားပြီးသာ ကားမောင်းထွက် တယ်။ ခရီးသည်တွေက ကိုယ့်ရဲ့ကျေးဇူးရှင်တွေလေ။ သူတို့အဆင်ပြေအောင်၊ စိတ်ချမ်းသာအောင် ပို့ပေး တယ်။ အဲဒါကြောင့် အခုထိတော့ ဘာမှမကြုံသေးဘူး။ တခြားကားသမားတွေ လုယက်ခံရ၊ ဓားထိုးခံရတာ ခဏ ခဏကြားတယ်။ နောက်ဆုံး အဲဒီလို လူနဲ့ကြုံခဲ့ရင်တောင် ဘာလိုချင်လဲပေးလိုက်မယ်ဗျာ။ ကိုယ့်အသက်ထက် ဘာမှတန်ဖိုးမရှိဘူး။ ကျွန်တော့်ဆီက ပိုက်ဆံယူသွားပြီး သူပြန်ဖို့အတွက် အခက်အခဲဖြစ်ရင်တောင် သူခရီး သင့်မယ့်၊ သွားချင်တဲ့နေရာအထိ လိုက်ပို့ပေးမယ်လို့တောင် စဉ်းစားထားပြီးသားပါ။ ညပိုင်းကားမောင်းနေ တော့ တနေ့မဟုတ်တနေ့တော့ ဒါတွေက ကြုံတွေ့နိုင်တယ်လေ''ဟု ယာဉ်မောင်းသက် ၂၀ ခန့်ရှိပြီဖြစ်သော ယာဉ်မောင်းဦးလှအေးက ပြောသည်။

ယာဉ်မောင်းအချို့ကမူ ထိုကဲ့သို့ဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယာဉ်ပေါ်တွင် သံပိုက်လုံး၊ ၀ါးဆစ်ပိုင်း စသည့်လက်နက်များ ဆောင်ထားလေ့ရှိသော်လည်း ရန်ကုန်မြို့၏လုံခြုံ ရေးစစ်ဆေးမှု များရှိလာသော ယနေ့အချိန်၌ ဆောင်ယူခွင့်မရှိတော့ပေ။ ညပိုင်းမောင်းနှင်သူအချို့ကမူ မြို့ထဲဝန်းကျင်နှင့် ၎င်း၏ပုံမှန်အော်ဒါများနှင့်ချိတ်ဆက်ကာ မောငှ်းနင်ကြသူများလည်းရှိသည်။ စားသောက်ဆိုင်ကြီးများ၊ ဟိုတယ် မိုတယ်များ၊ နံနက်ပိုင်းဈေးကြိုသွား၊ ဈေးကြိုပြန်သူများ၊ နိုက်ကလပ်များ၊ KTV များအပြင် အနှိပ်ခန်းများ စသည့် နေရာများနှင့်လည်း ချိတ်ဆက်မောင်းနှင်လေ့ရှိကြောင်း သိရသည်။

ထိုနေရာများနှင့်ချိတ်ဆက်ဆောင်ရွက်ခြင်းသည် ညပိုင်းတက္ကစီမောင်းနှင်သူတဦးအတွက် ပုံမှန်ဖောက်သည်ရ သကဲ့သို့ ခရီးသည်တင်ပေးလိုက်သည့် အထက်ပါဆိုင်များမှလည်း ခရီးသည်အတွက် တာဝန်ယူမှုပြုပေးနိုင် ကြောင်း ဆိုကြသည်။ ရက်ကြီးခါကြီး၊ နေ့ထူးနေ့မြတ်ပွဲတော် ရက်များတွင်တော့ အငှားယာဉ်မောင်းနှင်သူများ အတွက် ရှာဖွေရလွယ်ကူတတ်သည်။

ယာဉ်တင်သွင်းမှု ထိန်းချုပ်ကန့်သတ်ခံခဲ့ရသည့် ပြည်တွင်း၏မော်တော်ယာဉ်မူဝါဒများနှင့်အတူ တခေတ်တခါက ယာဉ်မောင်းခြင်းအလုပ်သည် သူဌေးဖြစ်နိုင်လောက်သည့် အလုပ်အကိုင်အမျိုးအစားတခုတွင် ပါဝင်ပေသည်။ ထိုကဲ့သို့ ယာဉ်မောင်းနှင်သူများကို အတုယူအားကျခြင်းကြောင့်ပင် ကလေးငယ်အချို့၏ စိတ်ကူးအိပ်မက်တွင် ထည့်သွင်းစဉ်းစား ခဲ့ရသည့်အလုပ်မျိုးဖြစ်ခဲ့ရသည်ဟု သိခဲ့ရသည်။

''ကျွန်တော်တို့ခေတ်တုန်းကတော့ အကောင်းဆုံးကားဆိုတာ BM ကားတွေပဲရှိတယ်။ ဟိုင်းလတ်ဆိုရင်တောင် တော်တော်ကြီးကို အလုပ်လုပ်လို့ရနေပြီ။ အဲဒီအချိန် အဖေတွေ၊ အစ်ကိုတွေက ဟိုင်းလတ်မောင်းကြတယ်။ အော်ဒါရလို့ နယ်သွားရပြီဆိုရင် ကျွန်တော်က ခေါင်းခန်းကနေ လိုက်သွားရတယ်။ ကားဆရာဆို လိုလေသေး မရှိအောင်ကို ဂရုစိုက်ကြတယ်။ အဲဒါတွေကိုကြည့်ပြီး ကလေးဆိုတော့လည်း စိတ်ကူးယဉ်ခဲ့တာပေါ့။ ငါလည်း တနေ့ ကားဆရာဖြစ်ရမယ်ဆိုပြီး ကျွန်တော် ကားစမောင်းတာ ၁၆၊ ၁၇ ကတည်းက စမောင်းလာတာ။ အခုလည်းကျရော တော်တော်စိတ်ကုန်နေပြီ ကိုယ်ကိုယ်တိုင်က ဒီအလုပ်ကိုရွေးခဲ့ပြီး ဒါပဲမောင်းတတ်လို့ စိတ် ရှည်ရှည်ထားပြီး လုပ်ကိုင်စားသောက်နေရတာ။ မောင်းလို့မကောင်းတော့ဘူး''ဟု ပန်းဆိုးတန်း ယုဇနတက္ကစီ ဂိတ်မှ အငှားယာဉ်မောင်းတဦးက ပြောသည်။

ယာဉ်မောင်းအများစု၏အဆိုအရ ယနေ့မျက်မှောက်ခေတ်ကာလတွင် မော်တော်ယာဉ်မောင်းနှင်ခြင်းအလုပ် ထက် အနှေးယာဉ်လုပ်သားများ၏အလုပ်က ပိုမိုအလုပ်ဖြစ်လျက်ရှိကြောင်း ဆိုစမှတ်ပြုကြလေသည်။ အနှေး ယာဉ်(ဆိုက်ကား)အငှားဖြစ်ပါက နေ့စဉ်အုံနာခကျပ်တထောင် ၀န်းကျင်ခန့်ဖြင့် ယာဉ်မောင်းအလုပ်ထက် အန္တရာယ်မများသော်လည်း ၀င်ငွေကမူ ပိုမိုရရှိစေကြောင်းဆိုသည်။

အနှေးယာဉ်လုပ်သားတဦးတွက် ကာယလုပ်အားဖြင့် ၎င်း၏တနေ့ဝင်ငွေသည် ကျပ်တသောင်းကျော်ခန့်အထိ ရှာဖွေနိုင်ကြောင်း သိရသည်။ သို့သော် ယာဉ်မောင်းအများစုကမူ အလုပ်ပြောင်းရွှေ့လုပ်ကိုင်လိုမှု နည်းပါးကြ သော်လည်း အနှေးယာဉ်လုပ်သားများအတွက်မူ စပေါ်ငွေလေးတင် ကာ အငှားယာဉ်မောင်းဖို့အတွက် တာစူ လျက်ရှိနေကြသည်။

မည်သို့ပင်ဆိုစေကာမူ ယာဉ်မောင်းနှင်ခြင်းအလုပ်ကို လူငယ်အများစုစိတ်ဝင်စားလာကြသည်။ ညဘက်တွင် ယာဉ်အကူအနေဖြင့် ယာဉ်မောင်းသင်ကြသည်။ မောင်းနှင်တတ်ပြီဆိုပါက လိုင်စင်ကန့်သတ်မှုများရှိနေခြင်း ကြောင့် ညပိုင်းများတွင် မောင်းနှင်လေ့ရှိသည်။ လူငယ်အချို့ကမူ စပေါ်ငွေ အချို့တင်ကာ နံနက်ပိုင်းတွင်ပင် မောင်းနှင်ကြသူများလည်းရှိသည်။

ယာဉ်ထိန်းရဲနှင့်ကြုံလျှင် လက်သိပ်ထိုးဖြေရှင်းမှုအချို့ပြုလုပ်ရလေသည်။ ထိုကဲ့သို့ ဖြေရှင်းမှုပြုလုပ်သည့်နေ့များတွင်တော့ ထိုနေ့လုပ်အားခကျန်အောင် မနည်းကြိုးစားရှာဖွေရလေသည်။ ယခုနှစ်၌ အသစ်ပြဋ္ဌာန်းလိုက်သည့် မော်တော်ယာဉ်ဥပဒေသစ် ထွက်ရှိပြီးနောက်ပိုင်းတွင်တော့ ပြစ်မှုပြစ်ဒဏ်များ တိုးမြှင့်ထားသည့်အတွက် ယာဉ်မောင်းအချို့ ဂရုပြုမောင်းနှင်လာမှုများရှိလာကြောင်း သိရသည်။

''လူငယ်လေးတွေ တက်မောင်းတာတွေတွေ့ရင် ခွေကိုင်တတ်တိုင်း ကားမောင်းတတ်ပြီလို့တွေးကြတဲ့ပုံစံတွေ တွေ့ရတယ်။ကားတွေပိတ်ဆို့ ရှုပ်ထွေးနေတဲ့ကြားကကိုမောင်းနေကြတာအရမ်းပဲ။ သူတို့ကိုယ်သူ တို့ကျတော့ ကျွမ်းကျင်တဲ့ တဖက်ကမ်းခတ်ပုံစံမျိုးပေါ့။ တခုရှိတာက ကားမှာ ဆရာကျတယ်ဆိုတာမရှိဘူး။ သတိတချက် လွတ်သွားတာနဲ့ ဒုက္ခရောက်မှာ။ ကားဆရာဆိုတာ ကရိန်းကားပဲရှိတယ်။ ဘယ်ကားတွေ ဘယ်လိုပဲတိုက်တိုက် နောက်ဆုံး ကရိန်းကားနဲ့ပဲဆွဲကြရတယ်လေ။ လူကတော့ ယာဉ်တိုက်မှုတခုဖြစ်တာနဲ့ သေရင်သေ၊ မသေရင် ထောင်ကျ၊ ဒဏ်ရာရ ဒါမျိုးပဲဖြစ်မှာ။ ဒါက စည်းကမ်းမဲ့မောင်းရင်ဖြစ်မှာပဲ''ဟု ယာဉ်မောင်းသက် (၂၅)နှစ်ကျော် ခန့်ကို ဦးကျော်ဘက မှတ်ချက်ပြုပြောဆိုသည်။

ထို့ကြောင့် လိုင်စင်ကန့်သတ်မှုရှိနေသော လူငယ်ယာဉ်မောင်းအချို့ကမူ ညပိုင်းမောင်းနှင်ခြင်းကို အဓိကထား ကြသည်။ မြို့နယ်လုံခြုံရေးအတွက် လှည့်ကင်းစိစစ်ရေးဂိတ်များရှိသည်မှအပ နံနက်ပိုင်းကဲ့သို့ ယာဉ်ထိန်းရဲမှ စစ်ဆေးခြင်းမရှိသလောက်ပင် နည်းပါးသည်။ ထိုအချက်အချို့ကြောင့် ညပိုင်းမောင်းနှင်သူများထဲတွင် လူငယ် များပါဝင်လာသည်။ တက္ကစီယာဉ်မောင်းအများစု လုယက်ခံရသည့်ဖြစ်စဉ်များနည်းတူ ယာဉ်မောင်းသူများက ခရီးသည်များထံမှ လုယက်သည့်ဖြစ်စဉ်များရှိသော်လည်း ခရီးသည်ဟန်ဆောင်ကာ လုယက်ခြင်းဖြစ်စဉ်များ ထက် နည်းပါးလှသည်။

''ကားသမားတွေက လုပ်တယ်ဆိုတာ ရာခိုင်နှုန်းအရ နည်းတော့ နည်းတယ်။ ဟိုတလောက ကြားလိုက်ရတာ ယာဉ်မောင်းက ခရီးသည် အမျိုးသမီးကို လူပြတ်တဲ့နေရာခေါ်သွားပြီး ငွေလုအဓမ္မပြုကျင့်တဲ့ကိစ္စမျိုးတွေရှိ တယ်။ ဒါပေမဲ့ ရာခိုင်နှုန်းအရ နည်းပါတယ်။ ဒါကြောင့် ခရီးသည်ကလည်း ယာဉ်မောင်းတဦးထက်ပိုနေရင် မစီးရဲတော့ဘူး။ တယောက်နဲ့တယောက် သံသယစိတ်တွေ ကြီးထွားနေရတယ်''ဟု လေ့လာသူတဦးက ပြောသည်။

ထို့ကြောင့် ယာဉ်မောင်းသူအချို့မှာ မိမိခရီးသည် ယုံကြည်စိတ်ချ စွာ စီးနင်းနိုင်ရန်အတွက် ယာဉ်နံပါတ်များကို ကား၏အတွင်းခန်း ထင်သာသည့်နေရာတွင် ရေးထားခြင်း သို့မဟုတ် ယာဉ်မောင်းသူမှ မိမိအမည်နှင့်အတူ ယာဉ်နံပါတ်ကို ကြိုတင်ပြောဆိုထားခြင်းများ ပြုလုပ်လေ့ရှိသည်။

၎င်းကဲ့သို့ဖြစ်ရပ်များကို မဖြစ်ပေါ်စေရန်အတွက် ကုမ္ပဏီအချို့မှ ဖုန်းဆက်ရုံဖြင့် အိမ်အရောက်တက္ကစီ ၀န်ဆောင်မှု စတင်ပြင်ဆင်လျက်ရှိကြသည်။ ခရီးသည်၏လုံခြုံရေးအတွက် အထူးအာမခံချက်များပေးကာ ၀န်ဆောင်မှုအပြည့်အ၀ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု ဆိုသော်လည်း လုပ်ငန်းစတင်နိုင်ခြင်း မရှိကြသေးပေ။နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွက် သတ်မှတ်ထားသည့် CNG သုံး အငှားယာဉ်၏ အုံနာငွေသည် ကျပ် တသောင်းနှစ်ထောင်ဝန်းကျင်ခန့်နှင့် အခြားလောင်စာသုံးကားများ၏ အုံနာခမှာမူ ကျပ်တသောင်းဝန်းကျင်ခန့် ဖြစ်သည်။အငှားယာဉ်မောင်းတဦးအတွက် ထိုကဲ့သို့ ရှုပ်ထွေးများပြားလွန်းသည့် တက္ကစီယာဉ်များစွာကြားမှ ခရီးသည်ကို ရှာဖွေပြေးဆွဲရလေသည်။

ထို့ကြောင့် ယာဉ်မောင်းအများစုအနေဖြင့် လောင်စာသုံးသက်သာသည့် ဈေးနှုန်း ချိုသာသော CNG သုံးကားများကို ပိုမိုစိတ်ဝင်စားကာ မောင်းနှင်ချင်ကြသည်။ ခရီးသည်ရရှိဖို့အတွက် လှည့်လည်ရှာဖွေနိုင်သည်။ တက္ကစီတစီးလျှင် လီတာ ၅၀ မှ ၇၅ လီတာခန့်အထိ CNG အိုးများရှိတတ်ပြီး ၎င်းပမာဏဖြည့်မည်ဆိုပါက ကျပ်လေးထောင်ထက် မပိုပေ။

အခြားလောင်စာဆီသုံး အငှားယာဉ်မောင်းနှင်သူအတွက်မူ ထိုကဲ့သို့ ခရီးသည်ကို လိုက်လံရှာဖွေမှုမပြုနိုင်ဘဲ ဂိတ်ထိုး၍လည်းကောင်း၊ ခရီးသည်တဦးပို့ပြီးချိန် အပြန်ခရီးသည် ပြန်ရရှိစေမှသာလျှင် အဆင်ပြေနိုင်ပေသည်။
''ကားတွေကများလာတော့ ယာဉ်မောင်းကလည်း ရှားလာတယ်။ အများစုကတော့ CNG ကားကိုပဲ မောင်းချင် ကြတယ်။ ဆီကားဆိုရင် ဒရိုင်ဘာကောင်းတယောက်တွေ့ဖို့ လနဲ့ချီအချိန်ယူပြီး ရှာရတာတွေရှိတယ်။ နောက်ဆုံး ဆီကားအုံနာအများစုက ကားရပ်ထားရမယ့်အတူတူ ကိုယ့်ဘာသာ ထွက်မောင်းကုန်ရော လက်တည့်စမ်းသပ်တဲ့ ဒရိုင်ဘာ အသစ်တွေရရင်တော့ အုံနာအတွက် ပြင်ဆင်စရိတ်က ပိုကြီးသွားပြီသာ မှတ်။ နောက်ဆုံးကားပါရောင်းလိုက်ရတဲ့ အုံနာတွေလည်းရှိတယ်။ အရင်ကလို ကားတစီးဝယ်ပြီး အဆင်ပြေလို့ နောက်တစီးထပ်ဝယ်နိုင်တဲ့ခေတ် မဟုတ်တော့ဘူး။ ရှိတဲ့အစီးကိုတောင် ၀င်ငွေရအောင် မနည်းလုပ်နေရ တယ်''ဟု တက္ကစီယာဉ်မောင်းပိုင်ရှင်တဦးဖြစ်သည့် ဒေါ်နီနီက ပြောသည်။

မြို့ပြ၏ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ယာဉ်ကြောပိတ်ဆို့မှု၊ ကျပ်တည်းမှုပြဿနာများဖြင့် ကြုံတွေ့နေရဦးမည်။ ထိုအရာများကို ဖြေရှင်းနိုင်ရန်အတွက်လည်း လွှတ်တော်ကိုယ်စားလှယ်အချို့က မဲဆွယ် စည်းရုံးရေးကာလ တွင် ပြောဆိုခဲ့သည်များလည်းရှိလေသည်။ အများပိုင် ယာဉ်လိုင်း၊ အများပိုင်အငှားယာဉ်များအပြင် တံတားစီမံ ကိန်းများ၊ လမ်းဖောက်လုပ်ခြင်းစီမံကိန်းများစွာကလည်း အပြိုင်အဆိုင်ရှိလို့နေသည်။ မည်သို့သော် တိုးတက် ဖွံ့ဖြိုးမှုပင် ပြောင်းလဲခဲ့ပါစေ အငှားယာဉ်ကတော့ ရှိနေဦးမည်ဖြစ်သည်။ ထိုကဲ့သို့ ဖွံ့ဖြိုးပြီး နှောင်းပိုင်း ကာလများတွင်တော့ တက္ကစီမောင်းနှင်ခြင်းကို ၀မ်းစာရှာဖွေနေသည့်အလုပ်ထက် မြို့ပြ၏ သယ်ယူပို့ဆောင် ရေးတာဝန်ကို ထမ်းရွက်နေရသည့်အလား လုပ်ကိုင်ကြရပေဦးမည်။ သို့သော် ယခုအခြေအနေ၌မူ ဘ၀တည်း ဟူသော ပေတရာလမ်းမထက်တွင် ကူးခတ်မောင်းနှင်ကာ အန္တရာယ်များစွာကြားမှ ခရီးသည်ရရှိရေးအတွက် ရှာဖွေနေရဦးမည်ဖြစ်သည်။ မနက်ဖြန်ပေါင်းများစွာကို အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ဖို့အတွက် ဆန္ဒပြုရင်း။

မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

TNLA ခေါ် ပလောင်တပ်ဖွဲ့
 ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ဒီရက်ပိုင်းတွေ အတွင်း အစိုးရတပ်နဲ့ TNLA ခေါ် ပလောင်တပ်ဖွဲ့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ် ပွားနေပြီး လာမယ့် ရက်တွေအတွင်းမှာ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ပလောင် တပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ည ကတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်ကို ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့က ၀င်ရောက်ပစ်ခတ်တဲ့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ ဒီနောက်မှာတော့ အခြေအနေက ပုံမှန်ရှိနေပါတယ်။ ရှမ်းပြည်နယ် ပလောင်နဲ့ ကိုးကန့်ဒေသက အခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

မိုင်းရှုးမြို့နယ်ဖက်မှာ အစိုးရနဲ့ ရှမ်းပြည် တိုးတက်ရေးပါတီအကြား တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့ရာက ပြီးခဲ့တဲ့ ရက်ပိုင်း မှာ နှစ်ဖက်တွေ့ဆုံဆွေးနွေးပြီး စစ်ရှိန်တွေ လျော့ချလာတဲ့ တချိန်တည်းမှာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာတာဖြစ်ပါတယ်။

လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး တာ့ဘုန်းကျော်က အခုလို ပြောပါတယ်။

“တိုက်ပွဲတွေက နည်းနည်းလေးပြင်းမယ့်အခြေအနေရှိပါတယ်။ မနေ့ညတုန်း ကလည်း တခါဖြစ်တယ်၊ ဒီမနက်လည်းဖြစ်တယ်။ မနေ့ညတုန်းကဖြစ်တာ မန်းဝေါင်းမှာဖြစ်တယ်။ မန်တုံမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်အစပ်ပေါ့။ အခု မိုင်းဝေါင်းရွာရဲ့အပြင်ဖက်မှာရှိတဲ့ကျနော်တို့တပ်တွေ အဲဒီတောင်ကျော တလျှောက်လုံးမှာ ရှိတဲ့ ကျနော်တို့တပ်တွေမှာ အခုဒီ မြန်မာအစိုးရတပ်ဖက်က စစ်ကြောင်း ၄ ဖက်၊ ၅ ဖက်လောက် အဲလို ထိုးလာတယ်။ ဒီမန်တုံဖက်က တက်လာတဲ့ စစ်ကြောင်းရှိတယ်။ နောက် ကျနော်တို့ နမ့်မတူဖက်ကနေတက်လာတဲ့ စစ်ကြောင်းရှိတယ်။ ပြီးတော့ ဒီ ကွတ်ခိုင်တို့ဖက်က နေလာတဲ့ စစ်ကြောင်းရှိတယ်။ နမ့်ခမ်းနဲ့ မိုင်းဝေါင်းပေါင်းပြီးဆင်းလာတဲ့ တက်လာတဲ့ စစ်ကြောင်းရှိတယ်ပေါ့နော်။ အဲဒီမှာနေတဲ့ ကျနော်တို့တပ်တွေနဲ့တော့ မလွဲမသွေ ဒီထက်ပိုပြီးတော့ တိုက်ပွဲတွေဖြစ် လာနိုင်မယ်။ အခုလည်း ဖြစ်နေစဲပဲ။”

လက်ရှိတိုက်ပွဲတွေ ရက်ဆက်ဆိုသလို ဖြစ်ပွားလာတာဟာ သူတို့ စခန်းတွေကို အစိုးရတပ်ဖက်က လိုက်လံ ရှင်းလင်းနေတာကြောင့်လို့လည်း ပြောပါတယ်။

“ကျနော်တို့ဖက်ကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမတိုင်ခင် ၁ လ၊ ၂ လလောက် ကနေပြီးတော့ ကျနော်တို့ စစ်အရှိန်တွေ လျှော့တယ်။ အခုလည်း ရွေးကောက်ပွဲမှာ NLD အဖွဲ့ချုပ်က အများစုနိုင်တယ်၊ အစိုးရဖွဲ့နိုင်တယ်ဆိုတော့ အိုကေ၊ ဒါတိုက်ပွဲဖြစ်လို့တော့ အဆင်မပြေဘူး။ ကျနော်တို့ အတက်နိုင်ဆုံး ရှောင်မယ်၊ လျှော့မယ်။ ဒီလို ဆုံးဖြတ်ချက်နဲ့ ကျနော်တို့ အတက်နိုင်ဆုံး ရှောင်ရှားနေတာ တော်တော်ကြာပါပြီ။ ဒါပေမယ့် အခုမြန်မာအစိုးရ တပ်မတော်က ကျနော်တို့ နည်းနည်း ခေါင်တဲ့တောတွေထဲမှာ ကျနော်တို့ စခန်းထဲထိ တက်လာပြီလို့ ကျနော်ပြောလို့ ရတယ်။ ရှောင်လို့ရတဲ့နေရာတွေတော်တော် များများက နည်းနည်း နည်းသွားတဲ့သဘောရှိတယ်။”

ပြီးခဲ့တဲ့ ၂၈ရက်နေ့က မူးယစ်ဆေးဝါး နှိမ်နှင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ နမ့်ခမ်းမြို့နယ်၊ မန်ပန်ကျေးရွာက ဘိန်းဖြူ၊ ဘိန်းမည်းနဲ့ စိတ်ကြွဆေးပြား ကာလတန်ဖို့ ကျပ်ငွေ သိန်း၈၀၀ကျော်ဖိုး ဖမ်းဆီးရမိတယ်လို့လည်း ပလောင်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပလောင်တပ်ဖွဲ့ဖက်က အစိုးရတပ်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်ရတယ် လို့ ပြောဆိုတဲ့ အပေါ်မှာတော့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ကျော်က အခုလို သုံးသပ်ပြောဆိုပါတယ်။

“ထိုးတယ် ဆိုတာတော့ သူ့တာဝန်အရ သူ သွားလာနေတာနေမှာပေါ့။ TNLA လည်း သွားရင်းလာရင်း၊ တပ်မတော်ကလည်း သွားရင်းလာရင်း ထိပ်တိုက်တွေ့ကြတာ။ အတက်နိုင်ဆုံးကတော့ ရှောင်ကြတာပဲ။ ရှောင်မရတဲ့အခါကျတော့ ထိပ်တိုက်တွေ့ပြီးတော့ ပစ်ကြပြီးတော့ ဒီလိုဖြစ်တာပေါ့ဗျာ။”

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းမှာ ၂၇ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီနေ့မှာပဲ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ လောက်ကိုင်မြို့ ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အစိုးရ တပ်ဖက်က ပြန်လည် တိုက်ခိုက်ရာမှာ ကိုးကန့်တပ်ဖွဲ့ဟာ နယ်စပ်မျဉ်းဘက်ကို ဆုတ်ခွာ သွားကြောင်း မြ၀တီသတင်းဌာနက သတင်းထုတ်ပြန် ထားပါတယ်။

ဒီလို ပစ်ခတ် တိုက်ခိုက်ခဲ့ပေမဲ့ ဒီကနေ့မှာတော့ လောက်ကိုင်မြို့ မှာ ဈေးတွေ ကျောင်းတွေ ဖွင့်ထားပြီး ပုံမှန်အတိုင်းရှိနေကြောင်းနဲ့ ပစ်ခိုက် တာကိုတော့ ညအချိန်မှာ အသံသာ ကြားရကြောင်း လောက်ကိုင်မြို့ခံ တဦးက အခုလို ပြောပါတယ်။

“ ဖွင့်ပါတယ် ။ အကုန်လုံး ဖွင့်ထားတယ်။ အေးအေးဆေးဆေးပါပဲ။ ညကဆို ကျနော်တို့ ၁၁ နာရီ ၊ ၁၂ နာရီလောက်ရှိပြီထင်တယ် နည်း နည်းအသံကြားတာက သေချာ မသိဘူး။ အသံကြားတာပဲသိတာပါ။”

ဒီနှစ်ဖေဖော်ဝါရီလကက ဖြစ်ပွားတဲ့ အစိုးရနဲ့ ကိုးကန့်တပ်အကြား တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့ အပါအ၀င် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ၉လကြာ စစ်အုပ်ချုပ်ရေးပြဌာန်းထားရာက ဒီလ ၁၇ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့အကြားမှာ အောက်တိုဘာလ ၁၅ရက်နေ့က တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့ပေမဲ့ လက်မှတ်ထိုးရာမှာ မပါဝင်တဲ့ ကချင်၊ ရှမ်း၊ ပလောင်တပ်ဖွဲ့တွေနဲ့တော့ လက်မှတ်ထိုးပြီးနောက်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ထပ်မံဖြစ်ပွားနေပါတယ်။

လာမယ့် ဒီဇင်ဘာလ ၂ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပြီး ဒီဆွေးနွေးပွဲမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲရေးကို အချက်တချက်အဖြစ် ထည့်သွင်းဆွေးနွေးဖွယ်ရှိနေပါတယ်။

 မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 လုံခြုံရေး စည်းမျည်းစည်းကမ်း သတ်မှတ်ချက်အားနည်းမှုကြောင့် ဖားကန့်ကျောက်စိမ်းတွင်း မြေစာပုံပြိုကျပြီး လူ ၂၀၀ ခန့် သေဆုံးမှုဖြစ်ပွားခဲ့ရာ ရွေးကောက်တင်မြှောက်ခံ အစိုးရလက်ထက်ရောက်လျှင် လုံခြုံရေးစံနှုန်းကို တိုးမြှင့် သတ်မှတ်မည်ဟု NLD မှ ပြောရေးဆို ခွင့်ရှိသူ ဦးဥာဏ်ဝင်းက နိုဝင်ဘာ ၂၄ ရက် တွင် ပြောသည်။

နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော NLD ပါတီအနေဖြင့် ယင်းသို့ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း ကို တင်းကျပ်စွာကိုင်တွယ်မည်ဖြစ်ရာ မြန်မာ့ကျောက်စိမ်းလုပ်ငန်းကို ချုပ်ကိုင်ထားသော သြဇာအာဏာကြီးမား သူများနှင့် ထိပ်တိုက်တွေ့ဖွယ်ရှိနေသည်။မြန်မာ့ကျောက်စိမ်းလုပ်ငန်းကို ခရိုနီကြီးများ၊ စစ်ဗိုလ်ချုပ်ဟောင်းများနှင့် တိုင်း ရင်းသားလက်နက်ကိုင်များက လွှမ်းမိုးချုပ်ကိုင်ထားကြသည်။

''လက်ရှိလုံခြုံရေးစည်းကမ်းသတ် မှတ်ချက်တွေကို ပြန်လည်သုံးသပ်ရမှာဖြစ်ပြီး လိုအပ်ရင် ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီတွေ လိုင်စင်လျှောက်တဲ့အခါ မှာ သူတို့မှာ မြေစာစွန့်ပစ်ဖို့ လုံလောက်သော အကျယ် အ၀န်းနဲ့ လုံခြုံစိတ်ချမှုရှိမှ လိုင်စင်ချပေးတာမျိုး လုပ်မယ်။ လက်ရှိ စည်းကမ်းသတ်မှတ်ချက်တွေမှာ ဒီအချက် ပါပြီးသားဆိုရင် ကုမ္ပဏီတွေ ဒါကိုအမှန် တကယ်လိုက်နာလာအောင် ဆောင်ရွက် မယ်''ဟု NLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

အဆိုပါ မြေစာပုံပြိုကျမှုကြောင့် လူ ၁၀၀ ကျော်ပျောက်ဆုံးနေပြီး ယခုအချိန် အထိ လူ ၁၁၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ သည်။ မိုင်းတွင်းလုပ်သားများ ယာယီတဲ များတွင် အိပ်စက်နေစဉ်အတွင်း မြေစာပုံကြီး ပြိုကျ၍ မြေပြိုပိမှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

ယခင် မြေစာပုံ ပြိုကျမှုဖြစ်စဉ်များ နောက်ပိုင်းတွင် အစိုးရကချမှတ်ထားသော လုံခြုံရေးသတ်မှတ်ချက်များကို လိုက်နာမှုမရှိကြကြောင်း၊ ယင်းနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ပိုမိုထိရောက်စွာဆောင်ရွက်ရန် လိုအပ်ကြောင်း သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

''စည်းကမ်းသတ်မှတ်ချက်တွေကို တိတိကျကျလိုက်နာမှုရှိအောင် ပြည်နယ် အစိုးရက ၀င်ရောက်စစ်ဆေးတာမျိုးလုပ်ဖို့ လိုပါတယ်''ဟု ၎င်းက ပြောသည်။ပျောက်ဆုံးနေသူများကို ရှာဖွေ ကယ်ဆယ်နိုင်မည့် မျှော်လင့်ချက်ကုန်ခန်း သွားပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေး သမားများက နိုဝင်ဘာ၂၄ ရက်တွင် ပြောသည်။

Ref ; Bangkok Post
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ (Credit: Reuters) 
 သမ္မတ ​ဦးသိန်းစိန်နဲ့ ​စစ်ဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်တို့က ​ဒီဇင်ဘာ ​၂ ​ရက်နေ့မှာ ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​တွေ့ဆုံမှာ ​ဖြစ်ပါတယ်။

ဒီကနေ့ ​ထုတ်ပြန်တဲ့ ​ကြေညာချက်အရ ​စစ်ဦးစီးချုပ်နဲ့ ​တွေ့ဆုံဖို့ ​ဒေါ်အောင်ဆန်းစုကြည်ဘက်က ​တောင်းဆိုထားတာကို ​တုန့်ပြန်တဲ့အနေနဲ့ ​စစ်ဦးစီးချုပ်ရုံးရဲ့ ​ဧည့်ရိပ်သာမှာ ​နေ့လည် ​၂ ​နာရီမှာ ​တွေ့ဆုံဖို့ ​အကြောင်းပြန်ထားတာ ​ဖြစ်ကြောင်း ​ပါရှိပါတယ်။

သမ္မတရုံးရဲ့ ​ဝဘ်ဆိုက်ကလည်း ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​ဒီဇင်ဘာလ ​၂ ​ရက်နေ့ ​မနက်ပိုင်းမှာ ​တွေ့ဆုံမယ်လို့ ​အတည်ပြုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ​နိုဝင်ဘာလ ​၁၀ ​ရက်နေ့တုန်းက ​သမ္မတ ​ဦးသိန်းစိန်၊ ​စစ်ဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်နဲ့ ​လွှတ်တော်နာယက ​သူရဦးရွှေမန်းနဲ့ ​တွေ့ဆုံနိုင်အောင် ​စီစဉ်ပေးဖို့ ​တောင်းဆိုခဲ့ပါတယ်။

လွှတ်တော် ​နာယက ​သူရဦးရွှေမန်းက ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​တွေ့ဆုံခဲ့ပြီး ​ဖြစ်ပေမယ့် ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​စစ်ဦးစီးချုပ်က ​အင်္ဂါနေ့မှ ​သီးသန့်စီ ​တွေ့ဆုံမှာ ​ဖြစ်ပါတယ်။

ရွေးကောက်ခံ ​လွှတ်တော်အမတ်တွေနဲ့ ​ဒေါ်စုတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်ဟာ ​နိုဝင်ဘာ ​၂၈ ​ရက်တုန်းက ​ရွှေးကောက်ခံ ​လွှတ်တော်အမတ်တွေနဲ့ ​တွေ့ဆုံခဲ့ပြီး ​NLD ​အနေနဲ့ ​စည်းကမ်း ​မလိုပ်နာမှုတွေ၊ ​အမှားတွေကို ​လက်ခံမှာ ​မဟုတ်ဘူးလို့ ​သတိပေးလိုက်ပါတယ်။

ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေကို ​နားလည်မှု ​ရှိမရှိ ​ပါတီရဲ့ ​ပေါ်လစီကို ​နားလည်မှု ​ရှိမရှိ ​ဆိုတာတွေကို ​စာမေးပွဲ ​ဖြေခိုင်းမှာ ​ဖြစ်လို့ ​သိအောင် ​လုပ်ထားကြဖို့လည်း ​ပြောဆိုလိုက်ပါတယ်။

ပါတီဝင်အကြား ​စည်းလုံးမှုရှိဖို့ ​မှာကြားတဲ့အပြင် ​ရွေးကောက်ခံရတဲ့ ​မြို့နယ်တွေမှာ ​အမှိုက်ရှင်းလင်းရေးတွေ ​လုပ်ဆောင်ဖို့လည်း ​ညွှန်ကြားလိုက် ​တဲ့အတွက် ​အမှိုက်သိမ်းဆည်းမှုတွေ ​စတင်နေကြပါတယ်။

ပြည်သူတွေ ​ဆင်းရဲတဲ့အတွက် ​အမတ်တွေရဲ့ ​လစာကို ​ဖြတ်တောက်ပြီး ​ဖွံ့ဖြိုးရေးတွေ ​လုပ်ဆောင်မယ့်အကြောင်း ​ပြောပါတယ်။

အင်္ဂလိပ်စာ ​စာမေးပွဲတွေလည်း ​ဖြေဆိုရမှာ ​ဖြစ်ပြီး ​အရည်အချင်း ​ပိုရှိတဲ့ ​လူတွေက ​နိုင်ငံခြား ​ခရီးစဉ် ​ပိုသွားရမှာ ​ဖြစ်တယ်လို့လည်း ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောဆိုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ဆန္ဒပြမှုမှာ ပါဝင်သူ ၂၀၈ ယောက်ကို ပြင်သစ်ရဲ ထိန်းသိမ်းထား (Credit: Reuters) 
ပြင်သစ်နိုင်ငံမှာ ​ရာသီဥတု ​ညီလာခံ ​မစတင်ခင်မှာပဲ ​ဆန္ဒပြသူတွေက ​အစပိုင်းမှာ ​ငြိမ်းချမ်းစွာ ​ဆန္ဒပြခဲ့ကြပေမယ့် ​နောက်ပိုင်းမှာ ​ရဲတွေနဲ့ ​ပဋိပက္ခ ​ဖြစ်ပွားခဲ့ပါတယ်။

ပဲရစ်မြို့ ​ဆန္ဒပြမှုမှာ ​ပါဝင်တဲ့ ​လူပေါင်း ​၂၀၈ ​ယောက်ကို ​ရဲတွေက ​ဖမ်းဆီးထားပါတယ်။

ရာသီဥတု ​ပြောင်းလဲမှုကို ​ကြိုတင်ကာကွယ်ဖို့ ​ကမ္ဘာ့နိုင်ငံ ​ခေါင်းဆောင်တွေ ​ဒီထက် ​ပိုလုပ်သင့်တယ်လို့ ​တောင်းဆို ​ဆန္ဒပြမှုက ​အစပိုင်းမှာ ​ပျော်ပျောင်ရွှင်ရွင် ​ငြိမ်းငြိမ်းချမ်းချမ်း ​ဖြစ်ခဲ့ပေမယ့် ​ပဲရစ်မြို့ ​စံတော်ချိန် ​ညနေ ​၂ ​နာရီလောက်မှာ ​မျက်နှာတွေကို ​ပုဝါစီးထားတဲ့ ​ဆန္ဒပြသူတွေ ​ရောက်ရှိလာပြီး ​သဘာဝ ​ပတ်ဝန်းကျင် ​လှုပ်ရှားမှုတွေ ​မရှိအောင် ​အစိုးရက ​အရေးပေါ် ​ကြေညာချက် ​ထုတ်ပြန်ထားတာ ​ဆိုပြီး ​စွပ်စွဲမှု ​စတင်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ​ရဲတွေကို ​ပုလင်းတွေ၊ ​ဖုရောင်းတိုင် ​တွေနဲ့ ​ပစ်ပေါက်တာမျိုး ​ဖြစ်ပေါ်ပြီးနောက် ​ရဲတွေက ​လူစုခွဲခဲ့ရပါတယ်။

အကြမ်းဖက်မှုအတွင်း ​သေဆုံးရတဲ့ ​လူတွေအတွက် ​ထွန်းထားတဲ့ ​ဖုရောင်းတိုင်နဲ့ ​အောက်မေ့ဖွယ် ​ကျင်းပခဲ့တဲ့ ​နေရာမှာ ​အခုလို ​အကြမ်းဖက်တဲ့ ​ဆန္ဒပြမှု ​ဖြစ်ပေါ်တဲ့အတွက် ​ဆန္ဒပြမှုကို ​စီစဉ်ခဲ့သူတွေက ​ဒီလို ​ရုပ်ဆိုးတဲ့ ​လုပ်ရပ်မျိုး ​ဖြစ်အောင် ​သူတို့ ​မလုပ်ဆောင်ရဘူးလို့ ​ပြောဆိုနေပါတယ်။

အကြမ်းဖက်မှုအတွင်း ​သေဆုံးသူတွေကို ​အောက်မေ့တဲ့ ​နေရာမှာ ​အခင်းဖြစ်ပွားတဲ့အတွက် ​ပြင်သစ် ​သမ္မတကလည်း ​အမျက်ဒေါသထွက်နေပါတယ်။

ရာသီဥတု ​ညီလာခံကို ​တက်ရောက်ဖို့ ​သြစတြေးလျ ​ဝန်ကြီးချုပ်အပါအဝင် ​နိုင်ငံတကာ ​ခေါင်းဆောင်တွေလည်း ​ရောက်ရှိနေကြပြီ ​ဖြစ်ပါတယ်။

ညီလာခံ ​အနီးတဝိုက်ကို ​ရဲအယောက်ပေါင်း ​၂၈၀၀ ​က ​စောင့်ရှောက်နေပြီး ​ပဲရစ်မြို့ ​အနှံ့မှာတော့ ​ရဲအယောက်ပေါင်း ​၆၃၀၀ ​လုံခြုံရေး ​ယူထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


 လာမယ့် ​နှစ်မှာ ​NLD ​ဦးဆောင်တဲ့ ​အစိုးရသစ် ​တက်လာတဲ့အခါ ​မြန်မာနိုင်ငံရဲ့ ​မိုင်းတွင်းလုပ်ငန်း၊ ​စိုက်ပျိုးရေးနဲ့ ​ပညာရေးကဏ္ဍမှာ ​သြစတြေးလျနိုင်ငံက ​ကျွမ်းကျင်သူတွေက ​အရေးပါတဲ့ ​ကဏ္ဍမှာ ​ပါဝင်ဖို့ ​အလားအလာများတယ်လို့ ​ဆိုပါတယ်။

အစိုးရသစ် ​တက်လာတဲ့အခါ ​စိုက်ပျိုးရေး ​ကဏ္ဍ ​ပြုပြင်ပြောင်းလဲမှုက ​ပထမ ​ဦးစားပေး ​ကဏ္ဍဖြစ်လာနိုင်ပြီး ​ဒီလို ​ကဏ္ဍမှာ ​သြစတြေးလျ ​အနေနဲ့ ​ပညာတွေ ​အများကြီး ​ဝေဌနိုင်တာကြောင့် ​မြန်မာရဲ့ ​စိုက်ပျိုးရေးကဏ္ဍမှာ ​သြစတြေးလျက ​အရေးကြီးလာနိုင်တယ်လို့ ​Macquarie ​တက္ကသိုလ်က ​စီးပွားရေး ​ပညာရှင် ​Sean ​Turnell ​က ​ပြောပါတယ်။

Sean ​Turnell ​ဟာ ​NLD ​ခေါင်းဆောင်တွေကို ​အကြံဥာဏ်တွေ ​ပေးနေတဲ့ ​ပညာရှင်လည်း ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ​လူဦးရေ ​၇၀% ​လောက်ဟာ ​နယ်တွေမှာ ​နေထိုင်ကြသူတွေ ​ဖြစ်ပြီး ​စိုက်ပျိုးရေး ​လုပ်ကိုင်သူတွေဟာ ​အကြွေးသံသရာထဲ ​လည်နေရတဲ့အတွက် ​ပြုပြင်ပြောင်းလဲရေးတွေ ​လုပ်တဲ့အခါကျရင် ​ဘဏ်တွေအနေနဲ့ ​နယ်က ​လယ်သမားတွေကို ​သက်သာစေမယ့် ​အကြွေးတွေ ​ပိုလုပ်လာနိုင်ပါတယ်။

အခုလောလောဆယ် ​သြစတြေးလျက ​မြန်မာနိုင်ငံရဲ့ ​မိုင်းတွင်း ​ဥပဒေကြမ်းကို ​ကူညီရေးဆွဲနေပေမယ့် ​လွှတ်တော်မှာ ​အတည်ပြုမှု ​မရသေးပဲ ​အစိုးရသစ် ​တက်လာတဲ့အခါမှသာ ​အတည်ပြုဖို့ ​အလားအလာရှိတယ်လို့ ​Sean ​Turnell ​က ​ပြောပါတယ်။

ရင်းနှီးမြုပ်နှံသူတွေကြောင့် ​မြေယာမဲ့ ​ပြဿနာနဲ့ ​မြေယာသိမ်းပိုက်မှု ​ပြဿနာတွေ ​ဆက်ကြုံရနိုင်တယ်လို့လည်း ​သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ​အရည်အသွေး ​ပြည့်မှီတဲ့ ​ပညာရေးစနစ်နဲ့ ​ကျွမ်းကျင်သူတွေ ​နည်းပါးတဲ့အတွက် ​ပညာရေး ​ကဏ္ဍမှာလည်း ​သြစတြေးလျအနေနဲ့ ​ဝင်ရောက်နေရာ ​ယူဖို့ ​အခွင့်အရေးရှိတယ်လို့ ​သုံးသပ်ကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

TNLA မူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ ဘိန်းနဲ့ မူးယစ်ဆေးဝါးတွေကို တွေ့ရစဉ်။ ဓါတ်ပုံ - PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်များ နဲ့ အုပ်ချုပ်ရေးအဖွဲ့တို့မှ  မန်တုံမြို့နယ်၊ မုံးခတ်ကျေးရွာမှာ နိုဝင်ဘာလ ၂၈ ရက်နေ့က ရှောင်တခင်စစ်ဆေးရေး လုပ်ငန်းဆောင်ရွက်ခဲ့ရာ ဘိန်းနဲ့ မူးယစ်ဆေးဝါးများ  တန်ဖိုးငွေ ကျပ် ၈၂  သန်းကျော်  ဖမ်းဆီးရမိတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ကြေညာပါတယ်။

နမ့်ခမ်းမြို့နယ်၊ မန်ပန်ကျေးရွာနေ ဦးပိန်းခါည်ဖူရဲ့နေအိမ်မှာ ဆပ်ပြာခွက်ဖြင့်ထည့်ထားတဲ့ ဘိန်းဖြူ  ၅၅ ခွက်၊ ယာဘဆေးပြား အထုတ် ၂ဝဝ ၊ ဘိန်းမည်း ၂ ပိဿာကို ဖမ်းမိတာဖြစ်တယ်။

အဲ့ဒီ ဖမ်းဆီးရမိတဲ့ တရားခံအား  PSLF/TNLA တပ်ဖွဲ့ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများအား PSLF/TNLA တပ်ဖွဲ့ နှစ်ပတ်လည်နေ့တွင် တစ်နှစ်တာဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအားလုံးကို အများပြည်သူ၊ ရှေ့တွင် အခမ်းအနားဖြင့် စုပေါင်းမီးရှို့ဖျက်ဆီးမည်လို့ ဖေါ်ပြ ပါတယ်။


 NLD အစိုးရသစ်သည် အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ အပါအ၀င် နိုင်ငံအားလုံးနှင့် ဆက်ဆံရေး တိုးတက်ရန် ဆောင်ရွက်ဖွယ် ရှိသည်ဟု ယင်းကဆိုသည်။ မြန်မာ့သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက တရုတ်မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ “သူတို့နဲ့ ထိုက်တန်တဲ့ လေးစားမှုကို မြန်မာဆီက မရဘူးလို့ တရုတ်က ယူဆနေပြီး မြန်မာအစိုးရဟာ အနောက်နဲ့ နီးကပ်လာနေတယ်လို့လည်း ထင်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံ၏ ဒေသတွင်း အခြေခံအဆောက်အအုံ စီမံကိန်းသစ် “လမ်းမတစ်ခု” ကို မြန်မာက အင်တိုက်အားတိုက် စိတ်ဝင်စားဟတ် မပြခဲ့သည့်အတွက် တရုတ်က မကျေမနပ် ဖြစ်ခဲ့သည်။ ထိုစီမံကိန်းမှာ တရုတ်နိုင်ငံအား ကမ္ဘာအနှံ့နှင့် ဆက်သွယ်ပေးနိုင်မည့် ရထားလမ်း၊ ကားလမ်း နှင့် ပိုက်လိုင်းများကို အရှေ့တောင်အာရှနှင့် ဗဟိုအာရှဒေသများအား ဖြတ်ကျော် ဖောက်လုပ်ရန် စီစဉ်ခြင်းဖြစ်သည်။

ထိုစီမံကိန်းကို နိုင်ငံ၏ နိမ့်ကျနေသော စီးပွားရေးအတွက် အခွင့်အလမ်းတစ်ခုဟု မြန်မာနိုင်ငံက ရှုမြင်ခြင်းမရှိဘဲ မြောက်ပိုင်းနယ်စပ်အား တရုတ်က ထိပါးမှုအဖြစ် ယူဆထားသည်။ သမ္မတ၏ အထူးအကြံပေးတစ်ဦးဖြစ်သူ ဦးသန့်မြင့်ဦးက “မြန်မာနိုင်ငံဟာ နယ်စပ်တံခါး ဖွင့်ပေးဖို့ ၀န်လေးတဲ့ သမိုင်းကြောင်း ရှိပါတယ်။ လုံခြုံရေး စိုးရိမ်တာနဲ့ ကမ္ဘာနဲ့ဆက်ဆံရေး တိုးတက်ဖို့ စိတ်လှုပ်ရှားနေတာက ရောနှောနေပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုရန် ကြိုးစားရာတွင် တရုတ်နိုင်ငံက ကူညီထောက်ပံ့မှု မရှိခဲ့ပေ။ တရုတ်နိုင်ငံသည် နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ခုဖြစ်သော “၀” တပ်ဖွဲ့၊ KIA နှင့် ကိုးကန့်တပ်ဖွဲ့များကို ကာလရှည်ကြာ ထောက်ပံ့ခဲ့သူ ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် လွှမ်းမိုးနိုင်မှု ဆက်လက်ထိန်းထားရန်နှင့် ကျောက်စိမ်းနှင့် သစ်များ ယူနန်ပြည်နယ်သို့ မှောင်ခိုဝင်ရောက်မှု ဆက်လက်ရှိနေစေရန် ထောက်ပံ့ပေးခြင်းဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ရာဇ၀တ်မှု ကွန်ရက်များသည် နှစ်နိုင်ငံလုံးတွင် လွတ်လပ်စွာ သွားလာနေကြပြီး သဘာဝသယံဇာတများ၊ မူးယစ်ဆေးနှင့် တောရိုင်းတိရစ္ဆာန်များကို မှောင်ခိုရောင်းဝယ်လျက်ရှိသည်။ အစိုးရက တိုင်းရင်းသားတပ်ဖွဲ့များ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရာတွင် KIA နှင့် “၀” တပ်ဖွဲ့တို့က ပါဝင်ရန် ငြင်းဆိုခဲ့သည်။

ရွေးကောက်ပွဲတွင် မည်သူ အနိုင်ရသည်ဖြစ်စေ လွှမ်းမိုးနိုင်မှု ဆက်လက်ရှိနေစေရန် ရည်ရွယ်၍ တရုတ်က တွန်းအားပေးခဲ့သဖြင် ထိုအဖွဲ့ နှစ်ဖွဲ့ လက်မှတ်မထိုးခဲ့ခြင်း ဖြစ်သည်ဟု အနောက်တိုင်း သံတမန်များက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုအဖွဲ့ နှစ်ဖွဲ့မှာ တရုတ်၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သည်ဆိုသည့် ပြောကြားမှုများကို ငြင်းဆန်ခဲ့သည်။

NLD ပါတီဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လအတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော်လည်း သူ့ကို တရုတ်နိုင်ငံတွင် လူကြိုက်များမှုမရှိဟု မြန်မာအရေး ကျွမ်းကျင်သူ တရုတ်ပညာရှင်တစ်ဦးက ဆိုသည်။

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းရှိ ဂျီနန်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ လင်ဆီဆင်က “တရုတ်က သူ့ကို မကြိုက်ပါဘူး။ သူ့အဖေက ဒုတိယကမ္ဘာစစ်အတွင်း တရုတ်ကို တိုက်ခိုက်ခဲ့တဲ့ ဂျပန်နိုင်ငံကို ကူညီခဲ့သူပါ။ သူက အနောက်တိုင်းနဲ့ နီးစပ်ပြီး အိန္ဒိယနိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်ကာ မျက်နှာဖြူ တစ်ဦးနဲ့ လက်ထပ်ထားသူပါ” ဟု ပြောကြားခဲ့သည်။ သို့သော် တရုတ်ခေါင်းဆောင်များကမူ နှစ်နိုင်ငံ ဆက်ဆံရေးတွင် လက်တွေ့ကျသော မူဝါဒကို ကျင့်သုံးမည်ဖြစ်သည်ဟု လင်က ဆိုသည်။

မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပြီး ထိုလိုအပ်ချက် ဖြည့်ဆည်းရန် တရုတ်က အကောင်းဆုံး မိတ်ဖက်ဖြစ်သည်ဟု လင်က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ အတွေးအခေါ်သမားတစ်ဦးထက် နိုင်ငံရေးသမားတစ်ဦးနှင့် ပိုတူလာသည်ဟု လင်က ပြောကြားသည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies


ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင်ရခဲ့ပြီးနောက် စိတ်လှုပ်ရှား မြင့်တက်နေဆဲ ဖြစ်သော်လည်း NLD သည် တိုင်းပြည် စည်းလုံးညီညွတ်ရေး တည်ဆောက်ရာတွင် ခက်ခက်ခဲခဲ ဆောင်ရွက်ရမည် ဖြစ်သည်။ အာရှ ဒေသတွင်း နိုင်ငံများတွင် ဒီမိုကရေစီ နောက်ပြန်လှည့်ခြင်းများ၊ ရှေ့မတိုးနိုင်ခြင်းများ ရှိနေသော်လည်း မြန်မာရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့ခြင်းက လာမည့် ၅ နှစ်တွင် ဒီမိုကရေစီလမ်းကြောင်းပေါ် မှန်ကန်စွာ ရှေ့ဆက်နိုင်မည် ဖြစ်သည်။

NLD အနိုင်ရခဲ့ခြင်းကြောင့် ပျားရည်ဆမ်းကာလ အလွန်တွင် မတူညီသော တောင်းဆိုမှုများ ရှိသည့် လူ့အဖွဲ့အစည်းများကို စုစည်းရာတွင်မူ ခက်ခဲသော ခရီးကြမ်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့က ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုစကား ဆိုခဲ့သော်လည်း ယင်းတို့ကြား အလုပ်သဘော ဆက်ဆံရေးကို အမှန်တကယ် လက်တွေ့ စမ်းသပ်မည့် ဖြစ်ရပ်များ ပေါ်ပေါက်မလာသေးပေ။

၈၈ မျိုးဆက်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဦးစားပေး အလုပ်မှာ တိုင်းပြည်ကို စုစည်းခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဦးကိုကိုကြီးက “ရွေးကောက်ပွဲဟာ အကူးအပြောင်းအတွက် ငြိမ်းချမ်းတဲ့ နည်းလမ်းပါ။ မြန်မာနိုင်ငံဟာ လူမှုရေးနဲ့ စီးပွားရေး ကွဲပြားမှုတွေကနေ ဘာသာရေး နဲ့ တိုင်းရင်းသား အရေးအထိ ပြသ၁နာမျိုးစုံ ရှိနေတဲ့အတွက် အရေးပါသူအားလုံး စုစည်းဖို့ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ရှေ့ဆက် ပြုလုပ်မည့် ဆွေးနွေးပွဲများ၊ အထူးသဖြင့် သမ္မတရွေးချယ်ခြင်းကဲ့သို့ ကိစ္စရပ်များ ဆွေးနွေးမှုကို လူသိရှင်ကြား ပုံစံထက် သီးသန့်ပုံစံဖြင့်သာ ပြုလုပ်မည်ဟု မျှော်လင့်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။ ယင်းက “ဒီဆွေးနွေးပွဲတွေဟာ ဟန်ပြမဟုတ်ဘဲ အစစ်အမှန် ဖြစ်သင့်ပါတယ်။ ဆွေးနွေးပွဲကြောင့် ပိုမို အငြင်းပွားတာမျိုး၊ မျက်နှာပျက်တာမျိုး မဖြစ်စေသင့်ပါဘူး” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ တိုးတက်စေရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှုအပေါ် မည်မျှ သက်ရောက်မှုရှိမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

လူနည်းစု တိုင်းရင်းသားပါတီများ စိတ်ကျေနပ်စေရေး ဆောင်ရွက်ရန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ ရန်ကုန်မြို့တွင် နေထိုင်သော ချင်းလူမျိုး သုတေသန ပညာရှင်တစ်ဦးဖြစ်သူ အသက် ၃၃ နှစ်အရွယ် ဗန်နီဘာဝီက ရွေးကောက်ပွဲတွင် NLD ကို မဲပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံကို စုစည်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ကို တည်ဆောက်ဖို့အတွက် တိုင်းရင်းသားအားလုံး စုစည်းကူညီကြတာကို မြင်ချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကိုးကန့်ဒေသမှ နိုင်ငံရေးသမား တစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်နီနီက တိုင်းရင်းသားပါတီများအတွက် ကွဲပြားမှုများမှာ ဖြေရှင်းရန် ခက်ခဲသည်ဟု ပြောကြားခဲ့သည်။ ယင်းက “တိုင်းရင်းသားပါတီတွေက အချင်းချင်းလည်း ပြိုင်နေကြတာပါ။ ရှမ်းပြည်နယ်မှာ ရှမ်းတိုင်းရင်းသား ပါတီက အနည်းဆုံး ၆ ခုရှိပြီး မွန်ပြည်နယ်မှာ မွန်တိုင်းရင်းသားပါတီ ၄ ခု ရှိပါတယ်။ ဒါက ပြည်နယ်တိုင်းမှာ ဖြစ်နေတာပါ” ဟု ဆိုသည်။ ပြီးခဲ့သည့် လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း တိုင်းရင်းသား နိုင်ငံရေးသမား အချို့မှာ ဒေသအစိုးရအဖွဲ့တွင် ပါဝင်ခဲ့ပြီး စစ်တပ်နှင့် ရင်းနှီးလွန်းသည်ဟု ရှုမြင်ခံရသဖြင့် ဂုဏ်သတင်း ထိခိုက်ခဲ့သည်ဟု ဒေါ်နီနီက ပြောကြားသည်။

စီးပွားရေး ခေါင်းဆောင်များကလည်း NLD အပေါ် သတိကြီးကြီးဖြင့် ယုံကြည်မှုထားရှိသည်ဟု ဆိုသည်။ “NLD က စီးပွားရေးကို ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့အပေါ် အစပိုင်းမှာတော့ ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ ဒါပေမဲ့ စီးပွားရေး ခေါင်းဆောင်အများစုက ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံကြတာ တွေ့လာရပါတယ်” ဟု ရန်ကုန်အခြေစိုက် ဥရောပကုမ္ပဏီတစ်ခုမှ အမှုဆောင်တစ်ဦးက ဆိုသည်။

ယင်းက ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွားမည်မှာ သေချာသည်ဟု ပြောကြားခဲ့သည်။ အစိုးရသစ်သည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူများ ဘ၀င်ကျစေရန် ဆောင်ရွက်နိုင်မည်ဟု ယင်းက ဆိုသည်။ “ရင်းနှီးမြှုပ်နှံသူတွေအတွက် အရေးကြီးဆုံးက တည်ငြိမ်မှုနဲ့ ခန့်မှန်းတွက်ချက်မှုတွေပါ” ဟု ပြောကြားသည်။

Generation Wave လူငယ်အဖွဲ့မှ အသက် ၂၇ နှစ်အရွယ် မွန်တိုင်းရင်းသား ကိုဘိုဘိုက “NLD ဟာ ပြောင်းလဲရေး ယာဉ်တစ်စီးပါ။ ဒါကြောင့် တိုင်းရင်းသားအားလုံးက မဲပေးခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ သူတို့က အပြောင်းအလဲ ဖန်တီးမပေးနိုင်ဘူးဆိုရင် နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ အခြားသူကို ရွေးချယ်နိုင်ပါတယ်။ အခုအချိန်မှာတော့ ပြည်သူရွေးချယ်တာက NLD ပါ” ဟု ပြောကြားသည်။

သစ်လုပ်ငန်းကုမ္ပဏီတစ်ခုမှ အငြိမ်းစားအမှုဆောင်တစ်ဦးဖြစ်သူ ဦးအောင်ဆန်းက တိုင်းပြည်၏ ပြသ၁နာမျိုးစုံကို ဖြေရှင်းရန် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်အား အချိန်ကြာကြာ ပေးထားမည်ဟု ပြောကြားသည်။ “လယ်သမားတွေကနေ ပညာတတ်တွေ အထိ ကျွန်တော်တို့အားလုံး သဘောတူထားတာက ဘယ်အစိုးရဖြစ်ဖြစ် စစ်တပ်ထက် ပိုကောင်းမယ်ဆိုတာပါပဲ” ဟု ယင်းကဆိုသည်။ အသက် ၆၂ နှစ်ရှိ ဦးအောင်ဆန်းက “လျှို့ဝှက်ချက်ကတော့ မေတ္တာတရားပါ။ စစ်တပ်အပါအ၀င် မြန်မာပြည်သူအားလုံးအပေါ် သူ့ရဲ့ မေတ္တာတရားက ရှေ့ဆက်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ပြည်သူတွေရဲ့ သူ့အပေါ် မေတ္တာတရားကလည်း အထောက်အကူ ပြုပါတယ်။ ဒီယုံကြည်ချက်က တိုင်းရင်းသား အားလုံးမှာ ရှိနေတာပါ” ဟု ပြောကြားသည်။ “သူ့အဖေတုန်းက ဗြိတိန်နဲ့ပဲ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး သူလုပ်နေရတာက ပိုမိုကြီးမားပါတယ်။ ကျွန်တော်တို့က ဆယ်စုနှစ်များစွာ ကြောက်ရွံ့မှုနဲ့ ဆင်းရဲဒုက္ခတွေနဲ့ နေခဲ့ရတဲ့အတွက် လာမယ့် ၅ နှစ်မှာ မကြောက်မရွံ့ဘဲ လွတ်လွတ်လပ်လပ် အသက်ရှူ ခွင့် ရမယ်ဆိုရင် ထားထားသလို အခြားအောင်မြင်မှုတွေ မရရင်တောင် အရေးမကြီးတော့ပါဘူး” ဟု ပြောကြားခဲ့သည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadiesရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင်ရခဲ့ပြီးနောက် စိတ်လှုပ်ရှား မြင့်တက်နေဆဲ ဖြစ်သော်လည်း NLD သည် တိုင်းပြည် စည်းလုံးညီညွတ်ရေး တည်ဆောက်ရာတွင် ခက်ခက်ခဲခဲ ဆောင်ရွက်ရမည် ဖြစ်သည်။ အာရှ ဒေသတွင်း နိုင်ငံများတွင် ဒီမိုကရေစီ နောက်ပြန်လှည့်ခြင်းများ၊ ရှေ့မတိုးနိုင်ခြင်းများ ရှိနေသော်လည်း မြန်မာရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့ခြင်းက လာမည့် ၅ နှစ်တွင် ဒီမိုကရေစီလမ်းကြောင်းပေါ် မှန်ကန်စွာ ရှေ့ဆက်နိုင်မည် ဖြစ်သည်။

NLD အနိုင်ရခဲ့ခြင်းကြောင့် ပျားရည်ဆမ်းကာလ အလွန်တွင် မတူညီသော တောင်းဆိုမှုများ ရှိသည့် လူ့အဖွဲ့အစည်းများကို စုစည်းရာတွင်မူ ခက်ခဲသော ခရီးကြမ်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့က ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုစကား ဆိုခဲ့သော်လည်း ယင်းတို့ကြား အလုပ်သဘော ဆက်ဆံရေးကို အမှန်တကယ် လက်တွေ့ စမ်းသပ်မည့် ဖြစ်ရပ်များ ပေါ်ပေါက်မလာသေးပေ။

၈၈ မျိုးဆက်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဦးစားပေး အလုပ်မှာ တိုင်းပြည်ကို စုစည်းခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဦးကိုကိုကြီးက “ရွေးကောက်ပွဲဟာ အကူးအပြောင်းအတွက် ငြိမ်းချမ်းတဲ့ နည်းလမ်းပါ။ မြန်မာနိုင်ငံဟာ လူမှုရေးနဲ့ စီးပွားရေး ကွဲပြားမှုတွေကနေ ဘာသာရေး နဲ့ တိုင်းရင်းသား အရေးအထိ ပြသ၁နာမျိုးစုံ ရှိနေတဲ့အတွက် အရေးပါသူအားလုံး စုစည်းဖို့ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ရှေ့ဆက် ပြုလုပ်မည့် ဆွေးနွေးပွဲများ၊ အထူးသဖြင့် သမ္မတရွေးချယ်ခြင်းကဲ့သို့ ကိစ္စရပ်များ ဆွေးနွေးမှုကို လူသိရှင်ကြား ပုံစံထက် သီးသန့်ပုံစံဖြင့်သာ ပြုလုပ်မည်ဟု မျှော်လင့်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။ ယင်းက “ဒီဆွေးနွေးပွဲတွေဟာ ဟန်ပြမဟုတ်ဘဲ အစစ်အမှန် ဖြစ်သင့်ပါတယ်။ ဆွေးနွေးပွဲကြောင့် ပိုမို အငြင်းပွားတာမျိုး၊ မျက်နှာပျက်တာမျိုး မဖြစ်စေသင့်ပါဘူး” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ တိုးတက်စေရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှုအပေါ် မည်မျှ သက်ရောက်မှုရှိမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

လူနည်းစု တိုင်းရင်းသားပါတီများ စိတ်ကျေနပ်စေရေး ဆောင်ရွက်ရန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ ရန်ကုန်မြို့တွင် နေထိုင်သော ချင်းလူမျိုး သုတေသန ပညာရှင်တစ်ဦးဖြစ်သူ အသက် ၃၃ နှစ်အရွယ် ဗန်နီဘာဝီက ရွေးကောက်ပွဲတွင် NLD ကို မဲပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံကို စုစည်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ကို တည်ဆောက်ဖို့အတွက် တိုင်းရင်းသားအားလုံး စုစည်းကူညီကြတာကို မြင်ချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကိုးကန့်ဒေသမှ နိုင်ငံရေးသမား တစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်နီနီက တိုင်းရင်းသားပါတီများအတွက် ကွဲပြားမှုများမှာ ဖြေရှင်းရန် ခက်ခဲသည်ဟု ပြောကြားခဲ့သည်။ ယင်းက “တိုင်းရင်းသားပါတီတွေက အချင်းချင်းလည်း ပြိုင်နေကြတာပါ။ ရှမ်းပြည်နယ်မှာ ရှမ်းတိုင်းရင်းသား ပါတီက အနည်းဆုံး ၆ ခုရှိပြီး မွန်ပြည်နယ်မှာ မွန်တိုင်းရင်းသားပါတီ ၄ ခု ရှိပါတယ်။ ဒါက ပြည်နယ်တိုင်းမှာ ဖြစ်နေတာပါ” ဟု ဆိုသည်။ ပြီးခဲ့သည့် လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း တိုင်းရင်းသား နိုင်ငံရေးသမား အချို့မှာ ဒေသအစိုးရအဖွဲ့တွင် ပါဝင်ခဲ့ပြီး စစ်တပ်နှင့် ရင်းနှီးလွန်းသည်ဟု ရှုမြင်ခံရသဖြင့် ဂုဏ်သတင်း ထိခိုက်ခဲ့သည်ဟု ဒေါ်နီနီက ပြောကြားသည်။

စီးပွားရေး ခေါင်းဆောင်များကလည်း NLD အပေါ် သတိကြီးကြီးဖြင့် ယုံကြည်မှုထားရှိသည်ဟု ဆိုသည်။ “NLD က စီးပွားရေးကို ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့အပေါ် အစပိုင်းမှာတော့ ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ ဒါပေမဲ့ စီးပွားရေး ခေါင်းဆောင်အများစုက ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံကြတာ တွေ့လာရပါတယ်” ဟု ရန်ကုန်အခြေစိုက် ဥရောပကုမ္ပဏီတစ်ခုမှ အမှုဆောင်တစ်ဦးက ဆိုသည်။

ယင်းက ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွားမည်မှာ သေချာသည်ဟု ပြောကြားခဲ့သည်။ အစိုးရသစ်သည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူများ ဘ၀င်ကျစေရန် ဆောင်ရွက်နိုင်မည်ဟု ယင်းက ဆိုသည်။ “ရင်းနှီးမြှုပ်နှံသူတွေအတွက် အရေးကြီးဆုံးက တည်ငြိမ်မှုနဲ့ ခန့်မှန်းတွက်ချက်မှုတွေပါ” ဟု ပြောကြားသည်။

Generation Wave လူငယ်အဖွဲ့မှ အသက် ၂၇ နှစ်အရွယ် မွန်တိုင်းရင်းသား ကိုဘိုဘိုက “NLD ဟာ ပြောင်းလဲရေး ယာဉ်တစ်စီးပါ။ ဒါကြောင့် တိုင်းရင်းသားအားလုံးက မဲပေးခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ သူတို့က အပြောင်းအလဲ ဖန်တီးမပေးနိုင်ဘူးဆိုရင် နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ အခြားသူကို ရွေးချယ်နိုင်ပါတယ်။ အခုအချိန်မှာတော့ ပြည်သူရွေးချယ်တာက NLD ပါ” ဟု ပြောကြားသည်။

သစ်လုပ်ငန်းကုမ္ပဏီတစ်ခုမှ အငြိမ်းစားအမှုဆောင်တစ်ဦးဖြစ်သူ ဦးအောင်ဆန်းက တိုင်းပြည်၏ ပြသ၁နာမျိုးစုံကို ဖြေရှင်းရန် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်အား အချိန်ကြာကြာ ပေးထားမည်ဟု ပြောကြားသည်။ “လယ်သမားတွေကနေ ပညာတတ်တွေ အထိ ကျွန်တော်တို့အားလုံး သဘောတူထားတာက ဘယ်အစိုးရဖြစ်ဖြစ် စစ်တပ်ထက် ပိုကောင်းမယ်ဆိုတာပါပဲ” ဟု ယင်းကဆိုသည်။ အသက် ၆၂ နှစ်ရှိ ဦးအောင်ဆန်းက “လျှို့ဝှက်ချက်ကတော့ မေတ္တာတရားပါ။ စစ်တပ်အပါအ၀င် မြန်မာပြည်သူအားလုံးအပေါ် သူ့ရဲ့ မေတ္တာတရားက ရှေ့ဆက်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ပြည်သူတွေရဲ့ သူ့အပေါ် မေတ္တာတရားကလည်း အထောက်အကူ ပြုပါတယ်။ ဒီယုံကြည်ချက်က တိုင်းရင်းသား အားလုံးမှာ ရှိနေတာပါ” ဟု ပြောကြားသည်။ “သူ့အဖေတုန်းက ဗြိတိန်နဲ့ပဲ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး သူလုပ်နေရတာက ပိုမိုကြီးမားပါတယ်။ ကျွန်တော်တို့က ဆယ်စုနှစ်များစွာ ကြောက်ရွံ့မှုနဲ့ ဆင်းရဲဒုက္ခတွေနဲ့ နေခဲ့ရတဲ့အတွက် လာမယ့် ၅ နှစ်မှာ မကြောက်မရွံ့ဘဲ လွတ်လွတ်လပ်လပ် အသက်ရှူ ခွင့် ရမယ်ဆိုရင် ထားထားသလို အခြားအောင်မြင်မှုတွေ မရရင်တောင် အရေးမကြီးတော့ပါဘူး” ဟု ပြောကြားခဲ့သည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies


 ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးကောက်ပွဲအနိုင်ရပြီး နောက်ပိုင်းတွင်
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် သမ္မတဦးသိန်းစိန်၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စု
လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် တွေ့ဆုံခွင့်
တောင်းခံခဲ့ရာ သမ္မတနှင့် ကာချုပ်တို့အနေဖြင့် ဒီဇင်ဘာလ ၂ ရက်နေ့ (လာမည့်
ဗုဒ္ဓဟူးနေ့)တွင် တွေ့ဆုံသွားနိုင်ရန် တစ်ဖက်မှ အကြောင်းပြန်ထားကြောင်း
သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူရဦးရွှေမန်းနှင့် နိုဝင်ဘာလ ၁၉ ရက်က
တွေ့ဆုံခဲ့ပြီး အချက်ငါးချက်ပါ ကြေညာချက်ကို ပူးတွဲထုတ်ပြန်ခဲ့သည်။ သမ္မတ နှင့်
ကာကွယ်ရေးဦးစီးချုပ်တို့ကမူ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအပြီးတွင် တွေ့ဆုံ
သွားမည်ဟု ပြောကြားခဲ့ပြီး ယခု လက်ခံလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ဒီချုပ်ဥက္ကဋ္ဌ
အနေဖြင့် ဒီဇင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းတွင် သမ္မတနှင့် သမ္မတအိမ်တော်၌
တွေ့ဆုံသွားမည်ဖြစ်ကာ နေ့လယ် ၂ နာရီတွင် ကာကွယ်ရေးဦးစီးချုပ်နှင့်
ကာကွယ်ရေးဦးစီးချုပ်ရုံး အတွင်းရှိ ဧည့်ရိပ်သာတွင်တွေ့ဆုံသွားဖွယ် ရှိနေသည်။
ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တပ်မတော် သတင်းထုတ်ပြန်ရေးမှ
ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရမည့်နေ့ရက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်း
ဖြစ်သည်။

ဒီချုပ် ဥက္ကဋ္ဌသည် ရွေးကောက်ပွဲ အောင်နိုင်ပြီး နောက်ပိုင်းတွင် နိုင်ငံ ၄၂ နိုင်ငံမှ
သံအမတ်များနှင့်လည်း တွေ့ဆုံခဲ့ကာ တိုင်းပြည်တိုးတက်ရေး လုပ်ငန်းစဉ်များ
အတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။

မင်းဝသ၁န်
The Ladies News Journal
https://www.facebook.com/News.TheLadies


 ပဲခူးမြို့နယ် ကမာနတ်ကျေးရွာတွင် တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့
(သူခိုးကြီးည)တွင် သူငယ်ချင်း သုံးဦး အရက်သောက်ရင်း စကားများရန်ဖြစ်ရာမှ
လူသတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ပဲခူးမြို့မရဲစခန်းမှ သိရှိရသည်။

အဆိုပါအမူတွင် သေဆုံးသွားသူ မောင်----(၂၄)နှစ်၏ ဖခင်ဖြစ်သူက ပဲခူးမြို့မ
ရဲစခန်းတွင် နိုဝင်ဘာ ၂၈ ရက် နေ့တွင် တရားလိုပြုလုပ် တိုင်ကြားခဲ့ပြီး ပဲခူးမြို့မ
ရဲစခန်းက (ပ)၆၄၃/၂၀၁၅၊ ပြစ်မှုပုဒ် ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း
သိရသည်။

“လက်ရှိမှာ လူသတ်တရားခံ နှစ်ဦးကတော့ ထွက်ပြေး လွတ်မြောက်နေဆဲပါ။
စခန်းက တာဝန်ရှိသူတွေက အခုထိ ဆက်လက် စုံစမ်းရှာဖွေနေဆဲပါ” ဟု ပဲခူးမြို့မ
ရဲစခန်းမှ စခန်းမှူးဦးစိုးပိုင်က ပြောသည်။

ကမာနတ်ကျေးရွာ၌ တစ်ရွာတည်းသားများ ဖြစ်သည့် မောင်---(၂၄)နှစ်၊ မောင်----
(၂၇)နှစ် နှင့် မောင်---(၂၅) နှစ်တို့သည် နိုဝင်ဘာ ၂၇ ရက်ညပိုင်းနှင့် နိုဝင်ဘာ ၂၈
ရက်က နေအိမ်ရှေ့တွင် အရက်သောက်ပြီး တစ်ယောက် တစ်ခွန်းစကားများ
ရန်ဖြစ်ရာမှ သူငယ်ချင်းနှစ်ဦးက ဓားဖြင့်ထိုးခဲ့ရာ မောင်---(၂၄)နှစ်မှာ ရင်အုံတွင်
ဒဏ်ရာတစ်ချက်၊ ပေါင်တွင်ဒဏ်ရာတစ်ချက်၊ ဒူးခေါင်းတွင် ဒဏ်ရာတစ်ချက်
ရရှိခဲ့ကာ ပဲခူးပြည်သူ့ဆေးရုံသို့ ရောက်ပြီး ငါးမိနစ်ခန့်အကြာတွင် သေဆုံးသွားခဲ့
ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies