12/08/15

vietnam-620.jpg မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို လာရောက်လေ့လာကြတဲ့ ဗီယက်နမ် ပြုပြင်ပြောင်းလဲရေးပါတီ Viet Tan ခေါင်းဆောင်တွေ အပါအ၀င် အဖွဲ့ဝင် ၁၄ ဦးကို ဒီဇင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ ဖန်တီးရာရုံးခန်းမှာတွေ့ရစဉ်
Photo: RFA
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို လာရောက်လေ့လာကြတဲ့ ဗီယက်နမ် ပြုပြင်ပြောင်းလဲရေးပါတီ Viet Tan ခေါင်းဆောင်တွေ အပါအ၀င် အဖွဲ့ဝင် ၁၄ ဦးဟာ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေ၊ သတင်းမီဒီယာအဖွဲ့အပြင် လူ့အခွင့်အရေး အဖွဲ့အစည်းတချို့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က မြန်မာနိုင်ငံကို ထွက်လာကြသူတွေထဲက ၇ ဦးကို ဗီယက်နမ်အစိုးရက Saigon နဲ့ Hanoi လေဆိပ်တွေမှာ ထွက်ခွာခွင့်မပြုဘဲ တားမြစ်ခဲ့တဲ့အတွက် ရန်ကုန်ကို ၇ ဦးသာ ရောက်ရှိခဲ့ပါတယ်။

Viet Tan အဖွဲ့ဝင် ၁၄ ဦးမှာ ၇ ဦးက အမေရိကန်မှာ နေထိုင်ကြသူတွေဖြစ်ပြီး ၇ ဦးက ဗီယက်နမ်နိုင်ငံမှာ နေထိုင်တဲ့ လူ့အခွင့်အရေး ကြိုးပမ်းလှုပ်ရှားသူတွေဖြစ်ပါတယ်။

ဒီကနေ့ညမှာ ရန်ကုန်မြို့က ဖန်တီးရာရုံးခန်းမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအဖွဲ့အစည်းတချို့ က ခေါင်းဆောင်တွေနဲ့ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကြိုးပမ်းမှုတွေအကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။

သူတို့အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ မျိုးဆက်သစ်လူငယ်များအဖွဲ့ Generation Wave ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၊ DVB Multimedia Group အပြင် တရားမျှတခြင်း မြန်မာ Equality Myanmar စတဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
RFA

Asia World ဆိပ်ကမ်း- ရန်ကုန်မြို့

မြန်မာနိုင်ငံရဲ့အဓိကဆိပ်ကမ်းတခုမှာ အမေရိကန်ကုမ္ပဏီတွေကူးသန်းရောင်းဝင်ခွင့်ကို (၆)လတာခွင့်ပြုတဲ့အနေနဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ကုန်သွယ်ရေးပြစ်ဒဏ်ခတ်မှုတချို့ကို အမေရိကန်အစိုးရက တနင်္လာနေ့က ဖြေလျော့ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ခေတ်အမှီဆုံးဆိပ်ကမ်းတခုဖြစ်တဲ့ Asia World ကုမ္ပဏီပိုင်ဆိပ်ကမ်းမှာ ကုန်သွယ်ရေးအရ ငွေကြေးလွှဲပြောင်းမှုတွေပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကိုရှာဖွေနိုင်ဖို့ Clearing House Association နဲ့ (BAFT )Bankers Association of Finance and Trade တို့ဟာ အမေရိကန်ဘဏ္ဍာရေးဌာနကို ဂျူလိုင်လကတည်းက တောင်းဆိုထားတာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

မြန်မာအပေါ် ကုန်သွယ်ရေးပြစ်ဒဏ်ခတ်မှုတချို့ ဖြေလျော့ဖို့ အမေရိကန်အစိုးရက ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာ မြန်မာနဲ့အမေရိကန်နှစ်နိုင်ငံကုန်သွယ်ရေးပိုမိုချောမွေ့စေဖို့ (၆)လ သက်တမ်းရှိတဲ့ GL 20 ဆိုတဲ့ အထွေထွေလိုင်စင်အမှတ် (၂၀)ကိုချမှတ်ပေးခြင်းအားဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို လျော့ချပေးလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက တနင်္လာနေ့ကထုတ်ပြန်ကြေညာပါတယ်။

ဒီကြေညာချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုရေးရာ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရအမျိုးသမီး Laura Robinson ကဗွီအိုအေကိုအခုလိုပြောပါတယ်။

“GL (20) ဟာ မြန်မာနိုင်ငံကို တင်ပို့တာ၊ မြန်မာနိုင်ငံကနေတင်သွင်းတဲ့ကုန်စည်တွေကိုအဆင်ပြေချောမွေ့စေဖို့ နည်းပညာပိုင်းအရ ပြင်ဆင်ပေးလိုက်တာပဲဖြစ်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ပတ်သက်တဲ့ စိုးရိမ်မကင်းဖြစ်မှုတွေကြောင့် အဓိကရန်ကုန်ဆိပ်ကမ်းတခုနဲ့ မြန်မာနိုင်ငံနဲ့ကုန်သွယ်ရာမှာ မထင်မှတ်ပဲ ဆိုင်းငံထားရတာတွေ ရှိတဲ့သတင်းတွေကို တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်ဘဏ္ဍာရေးဌာနက GL (20) ခေါ်အထွေထွေလိုင်စင်အမှတ် (၂၀)ကို ထုတ်ပြန်ပေးလိုက်တာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အခိုင်အမာဆက်လက်ထိန်းသိမ်းချမှတ်သွားဖို့အပြင် SDN ခေါ်အထူးပစ်မှတ်ထားတဲ့ မြန်မာနိုင်ငံသားတွေအပေါ် ဆက်လက်ဖိအားပေးသွားမှာဖြစ်ပါတယ်။”

Asia World ကုမ္ပဏီရဲ့ ဦးဆောင်ညွန်ကြားရေးမှုး စတီဖင်လော်ခေါ် ဦးထွန်းမြင့်နိုင်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ သူရဲ့ဖခင် လော်စစ်ဟန်တို့ဟာ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့နီးစပ်မှုရှိပြီး မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်တဲ့လုပ်ငန်းနဲ့ ချမ်းသာလာသူတွေဖြစ်တာကြောင့် အမေရိကန်ပြည်ထောင်စုက ၂၀၀၈ ခုနှစ်မှာ SDN ခေါ် တဦးချင်းပစ်မှတ်ထားပိတ်ဆို့အရေးယူမှုစာရင်းထဲထည့်သွင်းခဲ့တာပါ။

ဒါပေမဲ့ ၂၀၁၁ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးနောက် အမေရိကန်လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်လာခဲ့တာပါ။ အဲဒီမှာAsia World ကုမ္ပဏီပိုင်တဲ့ ရန်ကုန်မြို့ဆိပ်ကမ်းဟာ ပြည်ပကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ အသက်သွေးကြောသဖွယ်ဖြစ်လာတာကို အမေရိကန်လုပ်ငန်းရှင်တွေဘက်ကတွေ့ရှိခဲ့ရပြီး ဒီဆိပ်ကမ်းကို ဖြတ်သန်းပြီး ငွေကြေးလွှဲပြောင်းမှုတွေကို ခွင့်ပြုပေးဖို့အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာနခွဲ (OFAC) ကို ပြီးခဲ့တဲ့ဂျူလိုင်လက စာရေးသားပေးပို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။

GL (20) လိုင်စင်ကြောင့် Asia World ဆိပ်ကမ်းကို အသုံးပြုခ၊ သင်္ဘောတင်ပို့ခ၊ ကုန်တင်ကုန်ချခ စတဲ့ကုန်ကျစရိတ်တွေအတွက် အမေရိကန်ဘဏ်တွေ၊ ကုမ္ပဏီတွေအနေနဲ့ ငွေကြေးလွှဲပြောင်းတာကို အမေရိကန်အစိုးရက ခွင့်ပြုမှာဖြစ်ပါတယ်။

အခုလို ကုန်သွယ်ရေးပစ်ဒဏ်ခတ်မှုတချို့ (၆)လကြာဖြေလျော့ပေးလိုက်ပေမဲ့ မြန်မာနိုင်ငံအပေါ် တဦးချင်းပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေနဲ့ အခြားကျန်နေတဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုတွေဟာဆက်ပြီးရှိနေမှာဖြစ်တယ်လို့ Laura Robinson ကပြောပါတယ်။

“ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အထူးပစ်မှတ်ထားတဲ့ နိုင်ငံသားတွေအပေါ် ပိတ်ဆို့မှုတွေကိုဆက်လက်ဖိအားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ GL (20) အနေနဲ့ မြန်မာနိုင်ငံက ပို့ကုန်သွင်းကုန်တို့နဲ့ပတ်သက်တဲ့ သာမန်ငွေပေးချေမှု၊ပြင်ပရောက်တဲ့ စီးပွားရေးလုပ်ကိုင်မှုတွေကိုခွင့်မပြုပါဘူး။ ဥပမာ SDN ချမှတ်ခံထားရသူတွေနဲ့ပတ်သက်တဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို တိုးချဲ့တာ၊ ခေတ်မှီအောင်ပြုလုပ်တာ အစရှိတဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို ခွင့်မပြုပါဘူး။ လက်ရှိချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဆက်ပြီးရှိသွားမှာဖြစ်ပါတယ်။ ဒီပိတ်ပင်မှုတွေအနက် ကာကွယ်ရေးဝန်ကြီးဌာအပါအ၀င် SDN စာရင်းမှာပါနေတဲ့သူတွေနဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေမလုပ်ရတဲ့အပြင်၊ မြန်မာနိုင်ငံကထွက်တဲ့ ပတ္တမြား၊ ကျောက်စိမ်းနဲ့ အခြားကျောက်မျက်ရတနာတွေကိုလည်း အမေရိကန်ကိုတင်ပို့ခွင့် ပိတ်ပင်ထားတာပါ။”

ဒါအပြင် အခုလို ကုန်သွယ်ရေးဒဏ်ခတ်မှု တချို့ကို ဖြေလျော့ပေးတာဟာ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီအနိုင်ရခဲ့တာကို တုန့်ပြန်တာမဟုတ်ဘူးလို့ သူကအခုလိုပြောပါတယ်။

“GL (20) လိုင်စင်ထုတ်ပြန်ရခြင်းဟာ မကြာမှီက မြန်မာနိုင်ငံရွေးကောက်ပွဲရလဒ်တွေကို တုန့်ပြန်တာမဟုတ်သလို မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုမူဝါဒပြောင်းလဲမှု အရိပ်လက္ခဏာလဲမဟုတ်ပါဘူး။ ဒီလိုင်စင်ရဲ့သက်တမ်းဟာ (၆)လ ရှိပြီး အသစ်သက်တမ်းတိုးနိုင်သလို ပယ်ဖျက်နိုင်ခွင့်လဲရှိတာဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာအပြည့်အ၀လွှဲပြောင်းပေးရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေး၊ ရိုဟင်ဂျာတွေအပါအ၀င် လူနည်းစုတိုင်းရင်းသားတွေရဲ့ အခွင့်အရေးလေးစာရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးစတဲ့တိုးတက်မှုအခြေအနေတွေကို အမေရိကန်အစိုးရက ဆက်လက်စောင့်ကြည့်သွားမှာဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရအမျိုးသမီး Laura Robinson ကပြောပါတယ်။

အခုလို မြန်မာအပေါ် ကုန်သွယ်ရေးဒဏ်ခတ်မှုတချို့ဖြေလျော့ပေးလိုက်တာကို စိုးရိမ်မကင်းဖြစ်မိကြောင်း အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဌ ရီပါပလင်ကန် အမတ် Ed Royce က တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေက ထိထိရောက်ရောက်အရေးမယူနိုင်ပဲ အခုလို ကုန်သွယ်ရေးပိတ်ဆိုမှုတချို့ဖြေလျော့တာကို သူ့အနေနဲ့ အလွန်ပဲစိုးရိမ်မကင်းဖြစ်မိကြောင်း Ed Royce ကပြောပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြန်မာနိုင်ငံရဲ့ ​လေဆိပ်နဲ့ ​ဆိပ်ကမ်းတွေအားလုံးမှာ ​၆ ​လကြာ ​ကုန်သွယ်ရေး ​ဒဏ်ခတ်ပိတ်ဆို့မှု ​ဖယ်ရှားပေးမယ်လို့ ​အမေရိကန် ​အစိုးရက ​ပြောလိုက်ပါတယ်။
အရင်လတုန်းကပဲ ​မြန်မာနိုင်ငံ ​ကုန်သွယ်ရေးမှာ ​အဓိကဖြစ်တဲ့ ​ရန်ကုန်ဆိပ်ကမ်းကို ​အမေရိကန်က ​ဒဏ်ခတ်ပိတ်ဆို့မှု ​ချမှတ်ထားတဲ့ ​Asia ​World ​ကုမ္ပဏီပိုင်ရှင် ​စတီဖင်လော ​ဒါမှမဟုတ် ​ဦးထွန်းမြင့်နိုင်က ​ထိန်းချုပ်တယ်လို့ ​သိခဲ့ကြပြီးနောက် ​မြန်မာနိုင်ငံ ​ကုန်သွယ်ရေးမှာ ​အခက်အခဲ ​ဖြစ်ခဲ့ရပါတယ်။
မြန်မာ ​စစ်အစိုးရနဲ့ ​နီးစပ်တဲ့ ​စီးပွားရှင်တွေကို ​အမေရိကန်က ​ဒဏ်ခတ်ပိတ်ဆို့မှု ​ချမှတ်ထားဆဲ ​ဖြစ်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ​ပုဂ္ဂိုလ်နဲ့ ​စီးပွားရေး ​လုပ်မိရင် ​အမေရိကန်ရဲ့ ​အရေးယူမှုကို ​ခံရမှာကို ​စိုးရိမ်တဲ့အတွက် ​အမေရိကန် ​ဘဏ်တွေဖြစ်တဲ့ ​Citigroup၊ ​Bank ​of ​America ​နဲ့ ​PNC ​အဖွဲ့နဲ့ ​တခြား ​ငွေကြေးအဖွဲ့တွေဟာ ​မြန်မာနိုင်ငံမှာ ​ပြုလုပ်ထားတဲ့ ​ကုန်သွယ်မှုတွေကို ​လျှော့ချလိုက်ပါတယ်။
အဲဒီလို ​အခြေအနေကြောင့် ​ပြည်ပကို ​ဆန်တင်ပို့မယ့် ​လယ်သမားတွေရဲ့ ​ဆန်ဟာ ​ဆိပ်ကမ်းမှာပဲ ​ပျက်စီးရတဲ့ ​အနေအထားရောက်လာလို့ ​အခက်အခဲတွေ ​ရင်ဆိုင်ရတာ ​ဖြစ်ပါတယ်။

အဲဒီလို ​အခက်အခဲကြောင့် ​ကုန်သွယ်ရေး ​ကန့်သတ်မှုကို ​၆ ​လကြာ ​ဖယ်ရှားပေးလိုက်တာဖြစ်လို့ ​ဆိပ်ကမ်းအသုံးပြုခတွေ၊ ​ကုန်သွယ်ခတွေအတွက် ​ဘဏ်တွေက ​ငွေကြေးလွဲပြောင်းခွင့် ​၆ ​လတာ ​လုပ်ကိုင်ခွင့် ​ရရှိထားတာ ​ဖြစ်ပါတယ်။

http://www.radioaustralia.net.au/burmese/ 

ဂျာမနီနိုင်ငံမှာ ​အခုလောလောဆယ်အချိန်အထိ ​ခိုလှုံခွင့်တောင်းလိုသူ ​စုစုပေါင်း ​၉၆၄၅၇၄ ​ယောက်ရှိပြီး ​၂၀၁၅ ​နှစ်ကုန်အထိ ​တစ်သန်း ​ရှိလာနိုင်ပါတယ်။
နိုဝင်ဘာလ ​တစ်လအတွင်းမှာပဲ ​ခိုလှုံခွင့်တောင်းလိုသူ ​အယောက်ပေါင်း ​နှစ်သိန်းကျော် ​ဝင်ရောက်လာတာ ​ဖြစ်ပါတယ်။

ဒီနှစ် ​ဂျာမနီနိုင်ငံမှာ ​လာရောက် ​ခိုလှုံခွင့်တောင်းတဲ့ ​လူဦးရေဟာ ​အရင်နှစ်ထက် ​၄ ​ဆကျော် ​ပိုများနေတာ ​ဖြစ်ပါတယ်။

ခိုလှုံခွင့် ​တောင်းတဲ့ ​လူတွေက ​ဘယ်နိုင်ငံက ​ဖြစ်သလဲ ​ဆိုတာ ​အသေအခြာ ​မသိရပေမယ့် ​အရှေ့အလယ်ပိုင်းဒေသ၊ ​အာရှနဲ့ ​အာဖရိကတိုက်က ​ဆင်းရဲတဲ့လူတွေ၊ ​စစ်ဘေးဒဏ်သင့်သူတွေ ​ဖြစ်ကြတယ်လို့ ​ဆိုပါတယ်။

အရင်လတွေတုန်းကတော့ ​ဆီးရီးယား ​နိုင်ငံသားတွေ ​အများဆုံး ​ရောက်ရှိလာပေမယ့် ​ဒီလမှာတော့ ​လျော့ကျသွားပြီလို့ ​ဆိုပါတယ်။

အရင်တုန်းက ​တစ်ရက်အတွင်း ​လူပေါင်း ​၈၀၀၀ ​လောက် ​ရောက်လာလေ့ရှိပေမယ့် ​တူရကီနိုင်ငံက ​လူကုန်ကူးမှု ​တိုက်ဖျက်ရေးတွေ ​လုပ်လာပြီးတဲ့နောက် ​အခုဆိုရင် ​၂၀၀၀နဲ့ ​၃၀၀၀ ​ဝန်းကျင်လောက်သာ ​ရောက်ရှိလာတယ်လို့ ​ဆိုပါတယ်။

ဂျာမနီနိုင်ငံသာမက ​ခိုလှုံခွင့်တောင်းလိုသူတွေ ​ရောက်ရှိလာမှုက ​ဥရောပ ​တခွင်လုံးမှာ ​ရော့ကျသွားတာလို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။

တူရကီနိုင်ငံကနေ ​ဥရောပတိုက်ထဲ ​ဝင်မလာအောင် ​တားဆီးပေးတာတွေအပြင် ​ရာသီဥတုအေးလာလို့လည်း ​ဖြစ်နိုင်တယ်လို့လည်း ​ဆိုပါတယ်။
ခိုလှုံခွင့် ​တောင်းလိုသူတွေကို ​ဂျာမနီဝန်ကြီးချုပ်က ​ရက်ရက်ရောရော ​လက်ခံတဲ့အပေါ် ​ပြည်သူတွေ ​ထောက်ခံမှု ​များသလို ​ပါတီတွင်းမှာ ​မနှစ်မြို့သူတွေလည်း ​ရှိပါတယ်။

http://www.radioaustralia.net.au/burmese/2015-12-08/1523540



နိုဝင်ဘာ ၁၉ ရက်က လူမှုကွန်ရက် Facebook စာမျက်ပေါ်တွင် ပျံ့နှံ့လာသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တဦး၏ နေအိမ်မှ ရှစ်ရွယ်အရွယ် အိမ်အကူမိန်းကလေး နှိပ်စက်ခံရသည့်အမှုကို ဒီဇင်ဘာ ၇ ရက်က ဦးတိုက်လျှောက်ထားရာ ဗဟန်းမြို့နယ် တရားရုံးမှ ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီ ပြန်လည်ချိန်း ဆိုခဲ့ကြောင်း သိရသည်။

“ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ကနဦးဆေးစစ်ချက်ပဲ ရသေးတယ်။ နောက်ဆုံးထင်မြင်ချက် ဆေးစာမရသေးတဲ့အတွက် အရေးကြီးတဲ့သက်သေအချို့လည်း စစ်ဖို့ကျန်သေးတယ်”ဟု ဗဟန်းမြို့နယ် တရားသူကြီး ဦးရဲလွင်မှ ပြောကြားခဲ့သည်။

ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်၌ နေထိုင်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တဦး၏နေအိမ်တွင် ရှစ်နှစ်အရွယ် မစုဝေဆိုသည့် အိမ်အကူမိန်းကလေးအား ၄င်းအိမ်ရှိ အိမ်ဖော်အမျိုးသမီး မသန်းသန်းနွဲ့က နေပူလှန်းခြင်း၊ ကြိုးတုပ်ကာ မတရားရိုက်နှက်ခြင်းတို့ကို ပြုလုပ်နေသည့် ဓာတ်ပုံကို အိမ်နီးချင်းဖြစ်သူ ကိုစည်သူမှ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာပေါ်သို့ တင်ခဲ့ကြောင်း သိရသည်။

အဆိုပါမိန်းကလေးအား နှိပ်စက်သူ အိမ်ဖော်အမျိုးသမီး မသန်းသန်းနွဲ့ (၄၂)နှစ်၊ ထန်းသုံးပင်ရွာ၊ တောင်ငူမြို့နေသူအား (ပ)၄၆၅/၂၀၁၅ ကလေးသူငယ် ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဗဟန်းမြို့နယ် လူမှုဝန်ထမ်း ဦးစီးအရာရှိ ဒေါ်စန်းစန်းထွေးမှ တရားလိုပြု အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

( News Watch : စောင့်ကြည့်သတင်းဂျာနယ် )

https://www.facebook.com/NewsWatchJournal



အင်တာနက်ဖေ့ဖွတ်စာမျက်နှာ၌ Eleven Media Group ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသည့် အရေးအသားများ ရေးသားသည်ဟု ဆိုကာ Eleven Media Group က တရားစွဲဆိုထားသည့်အမှု၏ ဒီဇင်ဘာ ၇ စတုတ္ထမြောက်ကြိမ်မြောက် ရုံးချိန်းသို့ ရောက်ရှိလာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက နှစ်ပဲတစ်ပြားကိစ္စအတွက် တန်ဖိုးရှိသည့်အချိန်များကို နှမြောမိကြောင်း ပြောကြားလိုက်သည်။

“နှစ်ပဲတစ်ပြားကိစ္စအတွက် ကျွန်တော်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ နှမြောတယ်မိတယ်။ ဒါပါပဲ . . . ကျွန်တော်ကတရား ရုံးကိစ္စတွေ သိပ်နားမလည်ဘူး။ ကျွန်တော်က သူတို့မေးတဲ့ဟာတွေကို ဒီလိုပဲရေးလိုက်တော့ ပြီးသွားတာပေါ့”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က News Watch သို့ ပြောသည်။

အဆိုပါရုံးချိန်းတွင် Eleven Media Group မှ သက်သေ ၁၃ ဦးစာရင်းပေးခဲ့ပြီး တရားပြိုင် ဦးလှဆွေဘက်မှ သက်သေ တင်ပြခြင်းမရှိခဲ့ကြောင်း Eleven Media Group၏ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“ဦးလှဆွေက သူ့ဘက်က သက်သေပြစရာမရှိဘူးတဲ့။ သူ့ဖေ့ဘွတ်မှာ သူတင်တာမိုလို့ သက်သေပြစရာမရိုဘူးလို့ ပြောပါတယ်။ ဆရာတို့ဘက်က သက်သေ ၁၃ ယောက်ပေးတယ်”ဟု ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

လာမည့်ရုံးချိန်းအား ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်သို့ ချိန်းဆိုခဲ့ပြီး ယင်းရုံးချိန်းတွင် ကြားဖြတ်အမိန့်တခုအတွက် နှစ်ဘက်လျှောက်လွှဲချက်ပေးရမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။တရားလို Eleven Media Group Co.,Ltd ၏ ကောင်းသော ဂုဏ်သတင်းနှင့် သိက္ခာကို ထိခိုက်စေသဖြင့် တရားမကြီး အမှု အမှတ် ၁၀၈/၁၅ နစ်နာကြေး သိန်း ၆ ထောင်ရလိုမှု ဖြင့် နစ်နာကြေးငွေကျပ် သိန်း (၆၀၀၀)ရလိုမှု ဖြင့် တရား ပြိုင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ၄င်း၏ဖေ့ဖွတ်စာမျက်နှာတွင် ၉၊ ၇၊ ၂၀၁၅ ရက်နေ့၌ " ကျနော်က ဂျာနယ်တွေထဲမှာ သူရိယနေ၀င်းရယ် မြန်မာသံတော်ဆင့်ရယ် အလဲဗင်းရယ် ဘာမေးမေး မဖြေ ဘူးလို့ ဆုံးဖြတ်ထားတာပါ။ အလွန်စက်ဆုပ်ဖွယ်ကောင်းလို့ဗျ။" ၊ " ကျနော်က ဂန့်ဂေါအမတ်ဘဲ သူတို့ဂျာနယ် တည်ထောင် သူတွေ အရင်က ဂန့်ဂေါဘက်မှာ သစ်ကုမ္ပဏီထောင်ပြီး သစ်တွေထုတ်လို့ ကုန်ခါနီး လိုင်းပြောင်းပေါ်ပင် ဘောလုံး ဂျာနယ်ထုတ်၊ ဘောလုံးပွဲလောင်းသူတွေရဲ့ အားပေးမှုကြောင့် ပေါက်လာပြီး အခုမှ အင်ဗာရိုမင့်အကြောင်းတွေ လာပြောနေ စိတ်ကုန်စရာကြီး" ဟု ဖော်ပြခဲ့ခြင်းကြောင့် Eleven Media Group Co.,Ltd က ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ (၇)ရက်အတွင်းလာရောက်ဖြေရှင်းပေးရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် အများသိစေရန် အသိပေးကြေညာခဲ့ပြီး တရားမကြီး အမှု အမှတ် ၁၀၈ / ၁၅ နစ်နာ ကြေး သိန်း ၆ထောင်ရလိုမှု ဖြင့် နစ်နာကြေးငွေကျပ် သိန်း (၆၀၀၀) ရလိုမှု ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

( News Watch : စောင့်ကြည့်သတင်းဂျာနယ် )

https://www.facebook.com/NewsWatchJournal



ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ဖားကန့် ဒေသတွင် မြေစာပုံ ပြိုကျကာ လူ့အသက် ဆုံးရှုံးမှုများ ဖြစ်ပေါ် နေသောကြောင့် ယင်းမြေစာပုံ အနီး၌ လူနေထိုင်မှုကို တရားဥပဒေအရ တားမြစ်မည် ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီး ဌာနထံမှ သိရသည်။
အဆိုပါ မြေစာပုံများ၌ ရေမဆေးကျောက် ရှာဖွေနေသော လုပ်သားများသည် မြေစာပုံ ပြိုကျမှုကြောင့် အသက် အန္တရာယ်ဆုံး ရှုံးမှုများ မကြာခဏ ဖြစ်ပေါ်နေပြီး သတ္တုတွင်း ဝန်ကြီးဌာန အနေဖြင့် နောက်ထပ် အသက် ဆုံးရှုံးမှုများ မဖြစ်စေရန် ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်နေကြောင်း သတ္တုတွင်း ဝန်ကြီး ဌာနထံမှ သိရသည်။

ယင်း မြေစာပုံ ပြိုကျမှုကြောင့် နိုဝင်ဘာလ အတွင်း ရေမဆေးကျောက် ရှာဖွေသော လုပ်သား တစ်ရာကျော် အသက် ဆုံးရှုံး ခဲ့ရသည်။

သတ္တုတွင်း ဥပဒေတွင် မြေစာပုံ စွန့်ပစ်နိုင်သည့် အမြင့်ပေ ပမာဏကို ၄၅ ပေ သတ်မှတ်ထား သောကြောင့် ယင်းအမြင့်ပေကို ကျော်လွန်ပါက ဥပဒေ ချိုးဖောက်ရာ ရောက်ပြီး သတ္တုတွင်း ဥပဒေအရ အရေးယူနိုင်သည်။

ဖားကန့်ဒေသ၌ စက်ယန္တရားကြီးများ သုံးပြီး ကျောက်တူးနေသည့် ကျောက် တူးဖော်ရေး လုပ်ငန်းများက စွန့်ပစ်ထားသည့် မြေစာပုံ ပြိုကျမှုသည် ယခုနှစ်အတွင်း အနည်းဆုံး ၅ ကြိမ်ရှိပြီး ပြိုကျမှု ဖြစ်ပွားတိုင်း လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

(Xinhua)

http://www.xinhuamyanmar.com/

နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ဒီဇင်ဘာလ ၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံကြစဉ်
Photo: Myo Thant Khaing/RFA

ဗမာအပါအ၀င် တိုင်းရင်းသားအားလုံးက ငါတို့ဘာပေးနိုင်မလဲဆိုတဲ့ စိတ်ဓါတ်နဲ့ ချဉ်းကပ်မှသာ ပြည်ထောင်စု ကြီးဟာ အေးချမ်းပြီး တိုးတက်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

လွှတ်တော်ထဲက တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ နေပြည်တော် စည်ပင်ရိပ်သာက ခန်းမမှာ ဒီကနေ့ ပြုလုပ်တဲ့ နှုတ်ဆက်ညစာစားပွဲမှာ အခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။

"ကျမတို့ တိုင်းရင်းသားတွေအားလုံး ငါတို့ဘာပေးနိုင်သလဲဆိုတဲ့ စိတ်ဓါတ်နဲ့ ပြည်ထောင်စုကိုချဉ်းကပ် မှ ပြည်ထောင်စုကြီးဟာ တကယ်ကို ငြိမ်းချမ်းနိုင်မယ်၊ တကယ်ကို တိုးတက်ဖွံ့ဖြိုးနိုင်မယ်၊ ငါတို့ဘာရမလဲဆိုတာ နံပါတ် ၁ မဟုတ်ပါဘူး၊ ငါတို့ဘာပေးနိုင်မလဲဆိုတာ နံပါတ် ၁ ထားမယ်ဆိုလို့ရှိရင် တကယ်ကိုအောင်မြင်မှာပါ၊ တချို့ကတော့မေးမှာပေါ့ ငါတို့တိုင်းရင်းသားတွေက သိပ်ကိုဆင်းရဲနေတာ ငါတို့ကဘာပေးနိုင်မလဲလို့၊ ကျမတို့ လူတိုင်း လူတိုင်းဟာ တန်ဖိုးရှိသလို  ကျမတို့ တိုင်းရင်းသား တိုင်းရင်းသားတိုင်းဟာ တန်ဖိုးရှိတာတွေ ပေး စရာတွေအများကြီးရှိတယ်၊ ကိုယ်ကရုပ်ပိုင်းဆိုင်ရာ မချမ်းသာလို့ မပေးနိုင်ဘူးဆိုတာ ဒါလုံးဝမဟုတ်ဘူး၊ ကျမတို့အဖွဲ့ဆိုလို့ရှိရင် ရုပ်ပိုင်းဆိုင်ရာအရ ချမ်းသာတဲ့အဖွဲ့မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျမတို့ရဲ့နိုင်ငံကို ကျမတို့က အလုပ်ကျွေးပြုနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျမတို့လုပ်တယ်ပါ"

လက်ရှိတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့်လွှတ်တော်အသစ်မှာ ပြန်မပါခဲ့ရင်တောင် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ အမြဲမပြတ်ထိတွေ့နိုင်ကြောင်းနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အကြံပေးကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


RFA Burmese
http://www.rfa.org/burmese

လယ်သမားအရေးလှုပ်ရှားသူ မစုစုနွေးကို ပြင်ဦးလွင်မြို့မှာ တရားရုံးထုတ်လာစဉ် (ဒီဇင်ဘာ ၇ ရက်)

လယ်သမားအရေး လှုပ်ရှားသူအဖြစ် ထင်ရှားတဲ့ မစုစုနွေးကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာအာဏာပိုင်တွေ ဖမ်းဆီးသွားတာဟာ အသွင် ကူးပြောင်းဖို့ ရှိနေတဲ့ မြန်မာနိုင်ငံမှာ မဖြစ်သင့်တဲ့ လုပ်ရပ်တခုအဖြစ် တက်ကြွသူတွေက ပြောဆိုလိုက်ကြပါတယ်။ မနေ့တုန်းကပဲ လူ့အခွင့် အရေး ဟောပြောပွဲတခုမှာ ပါဝင်နေချိန် ဖမ်းဆီးခံခဲ့ရတဲ့ မစုစုနွေးကိုတော့ မနေ့တုန်းကပဲပြင်ဦးလွင်မှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာပါ။

အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် က တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ မစုစုနွေးကိုတော့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်က မြေသိမ်းဆည်းခံ တောင်သူလယ်သမားတွေရဲ့ ဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်ခဲ့မှုနဲ့ ပြင်ဦးလွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ဒီကနေ့ပဲ ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့က လူ့အခွင့်အရေး ပညာရေးကိစ္စတွေကို သူနဲ့အတူဟောပြောခဲ့တဲ့ ညီမျှခြင်းမြန်မာအဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်း ကတော့ အခုလို အာဏာပိုင်တွေရဲ့ ဖမ်းဆီး အရေးယူမှုကို ရှုတ်ချလိုက်ပါတယ်။

“ဖမ်းဆီးတဲ့သူတွေအားလုံး ကျောင်းသားတွေအပါအဝင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်၊ ငြိမ်းချမ်းစွာနဲ့လှည့်လည်တဲ့သူတွေကို အမြန်ဆုံး လွှတ်ပေးဖို့ ၊ နောက်တခါ ဒီလိုမျိုး ဖိနှိပ်တဲ့ဥပဒေတွေကိုလည်း ပယ်ဖျက်ဖို့အတွက် ကျနော်တို့ စဉ်ဆက်မပြတ် တောင်းဆိုတဲ့ကြားထဲက ဒီဥပဒေတွေကို အသုံးပြုပြီး နောက်ထပ်လူတွေ ထပ်ဖမ်းခြင်းအားဖြင့် ပြည်သူလူထုဆန္ဒကို မလေးစားဘူးဆိုတဲ့ သဘောတရားမျိုး သက်ရောက်နေပါတယ်။ နောက်တခုက ဒီလို အခြေအနေမျိုးမှာ ထိလွယ် ရှလွယ်ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ တဘက်ကလည်း သည်းခံကြပါ၊ စောင့်စားကြပါ။ အမျိုးသားရင်ကြားစေ့ကြပါဆိုတဲ့ တိုက်တွန်းနေတဲ့အသံတွေကြားထဲမှာ အခုလိုမျိုး လုပ်ဆောင်ခြင်းဟာ မင်းတို့ဘက်က စောင့်စည်းလည်း ငါတို့ ဂရုမစိုက်ဘူး၊ ငါတို့ လုပ်ချင်တာလုပ်မယ်-ဆိုတဲ့ သဘောတရားမျိုးဖြစ်စေတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ မကျေနပ်လို့ ထပ်ပြီးဆန္ဒပြမယ်ဆိုပြန်ရင်လည်း သည်းမခံဘူး၊ ဥပဒေအရ လုပ်ဆောင်မယ်ဆိုတဲ့ …ရန်စတဲ့သဘောမျိုးများ လုပ်နေသလားလို့တောင် ကျနော် တွေးမိပါတယ်။”

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်၊ တောင်သူလယ်သမား သမဂ္ဂရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ မစုစုနွေးကို မနေ့က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ မြို့မ ရဲစခန်းအချုပ်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီး ဒီကနေ့ ပြင်ဦးလွင်တရားရုံးထုတ်စစ်ဆေးချိန်မှာတော့ အာမခံ ယူလိုက်ပြီးတော့ ပြင်ဦးလွင်တရားရုံးမှာ အမှုဆက်လက်ရင်ဆိုင်သွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ မစုစုနွေးရဲ့ခင်ပွန်းဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုမာကီးခေါ် ကိုကျော်ကျော်ထွေးက အမှုနောက်ဆုံးအခြေအနေကို ရှင်းပြပါတယ်။

“တရားလိုကတော့ မြို့နယ်ရဲမှူးပါ၊ မြို့နယ်ရဲမှူးက တရားလိုလုပ်ပြီးဖွင့်တာဆိုတော့ တရားခံအဖြစ် သူတို့စွပ်စွဲထားတာ မစုစုနွေး အပါအဝင် (၉) ယောက်ပေါ့။ (၉) ယောက်မှာ ၂ ယောက်က ရောက်မလာတဲ့အခါမှာ တရားခံပြေးအနေနဲ့ သူတို့ အမှုဖွင့်မယ်ပေါ့၊ ရှေ့နှစ်ပတ်ကိုတော့ (၂၁) ရက်နေ့ ထပ်ချိန်းလိုက်တယ်။ မဖြစ်မနေ တရားဥပဒေလမ်းကြောင်းက ….အခြေခံအကြောင်းရင်းတွေကို ၊ အဖြစ်မှန်တွေကို အားလုံးပြည်သူလူထုသိအောင် ….ဖော်ထုတ်သွားပါမယ်။”

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်တည်ဆောက်ချင်တဲ့ဆန္ဒရှိတယ်ဆိုရင် မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ အခုလို တက်ကြွလှုပ်ရှားသူတွေကို ဆက်လက်ဖမ်းဆီးနေမှုကို ရပ်တန်းက ရပ်သင့်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီဘီရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“အခု ဒီဖြစ်စဉ်တွေမှာ တကယ်ကို မျှတတဲ့ တရားစီရင်မှုရှိရဲ့လား၊ တရားဥပဒေစိုးမိုးမှုရှိရဲ့လား၊ အဲဒီ တရားဥပဒေစိုးမိုးမှု မရှိလို့ရှိရင် ရှိအောင် ဘယ်လိုလုပ်မလဲဆိုတာကို ဒီလက်ရှိအစိုးရက လုပ်ကို လုပ်ရမှာပေါ့။ အခု ဖမ်းနေတဲ့၊ ဖမ်းဆီးခံရတယ်ဆိုတဲ့ကိစ္စတွေမှာလည်း တကယ် တရားသဖြင့် အဖမ်းခံရတာလား၊ အဖမ်းခံရတာ မဟုတ်ဘူးလားဆိုတာကို တကယ့်လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ခွင့် ပေးသင့်တယ်။ ….. ဒီပြဿနာကို အစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာမျိုးကို လုပ်သင့်တယ်။ ကျနော်တို့အမြင်အရတော့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အနှောင့်အယှက်ဖြစ်စေမှာပဲ။ နိုင်ငံရေးအကျဉ်းသားဆိုတာက ရှိကိုမရှိသင့်တဲ့ကိစ္စ၊ ဖမ်းကို မဖမ်းသင့်တဲ့ ကိစ္စတွေပါ။”

ပြီးခဲ့တဲ့တစ်နှစ်ကျော်က ပြင်ဦးလွင်မြို့မှာ ကော်ဖီစီမံကိန်းနဲ့ပတ်သက်ပြီး လယ်ယာမြေတွေကို သိမ်းဆည်းခဲ့ရာက မူလလယ်ယာပိုင်ရှင် တောင်သူလယ်သမားတွေနဲ့ ကုမဏီကြား တင်းမာမှုတွေဖြစ်ပြီး ရိုက်နှက်မှုဖြစ်ခဲ့တဲ့အတွက် တောင်သူလယ်သမားသမဂ္ဂက ဦးဆောင်ပြီး ပြင်ဦးလွင်မှာ မတရားထိန်းသိမ်းခံလယ်ယာမြေတွေ ပြန်ရရှိရေးနဲ့ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသူတွေအတွက် စစ်မှန်တဲ့တရားမျှတမှုရစေရေးဆိုပြီး လယ်သမားတွေက ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အဲ့ဒီ့အတွက် ဦးဆောင်သူ တောင်သူလယ်သမားသမဂ္ဂဥ က္ကဋ္ဌမစုစုနွေးနဲ့ သပိတ် ခေါင်းဆောင်တချို့ကို ပြင်ဦးလွင်မြို့မရဲစခန်းမှူးက ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှုနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ မနေ့က ရုံးထုတ်တဲ့အချိန်အထိ ဦးဆောင်သူ လယ်သမားနှစ်ဦးကိုလည်း တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်ထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ကို ထိန်းချုပ် ချင်တယ် ဆိုရင် တော့ ကမ္ဘာ့ ကာဘွန် ထုတ်လွှတ်မှု ကို သုံည အမှတ် နီးပါး လျှော့ချ နိုင်ဖို့ လိုတယ်။

ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုး နေချိန် ဖြစ်ပေမယ့် အခုနှစ်မှာတော့ ကာဘွန် ဓာတ်ငွေ့ ထုတ်လွှတ်မှု ဟာ တိုးမြင့် မလာ နိုင် လောက်ဘူး ဆိုပြီး သုတေသီ တွေက ပြောပါတယ်။

အင်္ဂလန် နိုင်ငံ က East Anglia တက္ကသိုလ် နဲ့ ကမ္ဘာ့ ကာဘွန် ပရောဂျက် အဖွဲ့တို့ ပူးပေါင်း လေ့လာ ခဲ့တာမှာ ကာဘွန် ထုတ်လွှတ်မှု ပမာဏ တိုးတက် နေတာ နှေးကွေးသွားပြီး အနည်းငယ် တောင်မှ ကျဆင်း နိုင်တယ် လို့ ဆိုပါတယ်။

အဲဒီ့ လေ့လာမှု သာ မှန်ကန် တယ် ဆိုရင် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု ကို မထိခိုက် စေနိုင်ပဲ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချ နိုင် တယ် ဆိုတာ ကို ပြသ နေတယ် ဆိုပြီး ဘီဘီစီ ရဲ့ ပတ်ဝန်းကျင် ဆိုင်ရာ သတင်းထောက် က သုံးသပ်ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ကို ထိန်းချုပ် ချင်တယ် ဆိုရင် တော့ ကမ္ဘာ့ ကာဘွန် ထုတ်လွှတ်မှု ကို သုံည အမှတ် နီးပါး လျှော့ချ နိုင်ဖို့ လိုတယ် လို့ သိပ္ပံပညာ ရှင် တွေ က ပြောပါ တယ်။

ဒါ့ကြောင့် ပဲရစ် မြို့တော် ထိပ်သီး ညီလာခံမှာ ကာဘွန် ထုတ်လွှတ်မှု ကို သိသိသာသာ ပမာဏ မျိုး အထိ လျှော့ချကြ ပါဆိုပြီး နိုင်ငံတကာ ခေါင်းဆောင်တွေ အပေါ် သိပ္ပံပညာရှင် တွေက တိုက်တွန်း နေ တာ ဖြစ်ပါတယ်။

အဲဒီလို့ ပမာဏ အမြောက်အများ လျှော့ချ နိုင်မှလည်း ကမ္ဘာကြီး ပူနွေး လာတဲ့ ပြဿနာ ကို ကိုင်တွယ် နိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။

ပဲရစ်မြို့ ညီလာခံမှာ နိုင်ငံတကာ က သက်ဆိုင်ရာ အစိုးရ ဝန်ကြီး တွေ ဟာ လျှော့ချမယ့် ကာဘွန် ပမာဏ အပါအဝင် ၊ ရာသီဥတု ပြောင်းလဲ နေတာ ကို ချုပ်ထိန်းရေး အတွက် လုပ်ဆောင် ရမှာ တွေ အပေါ် သဘောတူညီမှု တစ်ရပ် ကို အခု သီတင်းပတ် လာမယ့် ကြာသာပတေး နေ့မှာ အပြီး သတ် ရယူ ရမှာ ဖြစ်ပါတယ်။

အဲဒီလို့ သဘောတူညီမှု ထွက်လာပြီ ဆိုရင် နောက်တစ်ရက် သောကြာ နေ့မှာပဲ အဲဒီ့ သဘောတူညီမှု ကို ကုလသမဂ္ဂ က အတည်ပြု လာ နိုင်ပါတယ်။

BBC Burmese
http://www.bbc.com

အရပ်က အဲဒီ့ လင်မယား အိမ် ကနေ ပိုက်တွေ ၁၉ ချောင်း တွေ့ ခဲ့ရပြီး လက်လုပ်ဗုံး လုပ်ဖို့ ဖြစ် နိုင်တယ် လို့ FBI ပြော။

ပြီးခဲ့တဲ့ သီတင်းပတ် ဗုဒ္ဓဟူးနေ့ က ကယ်လီဖိုးနီးယား ပြည်နယ် ဆန် ဘာနာဒီးနိုး မြို့မှာ လူ ၁၄ ယောက် သေဆုံး ရတဲ့ အထိ ပစ်ခတ် ခဲ့တဲ့ လင်မယား စုံတွဲ ဟာ ဘာသာရေး အစွန်းရောက် ဝါဒ ထဲ အသိမ်းသွင်း ခံခဲ့ရတာ အချိန် အတန်ကြာ ရှိနေနိုင် ပြီ ဖြစ်တယ် လို့ FBI ထောက်လှမ်းရေး အဖွဲ့ က ပြောပါတယ်။

ဒါပေမယ့် ဘယ်သူတွေ က ဘယ်လို ဘယ်ပုံ သိမ်းသွင်း ခဲ့တာလဲ ဆိုတာ တော့ FBI အနေနဲ့ မသိရှိ သေးပါဘူး။

ဆိုင်ယက်ဒ် ဖာရွတ်ခ် နဲ့ ဇနီးသည် တက်ရှ်ဖင်း မာလစ်ခ် တို့ နှစ်ဦး ဟာ တိုက်ခိုက်မှု ကို မကျုးလွန် ခင် ရက် အနည်းငယ် အလိုမှာပဲ သေနတ် ပစ်ကွင်း ကိုသွား ပစ်မှတ် တွေ ကို ပစ်ခတ် လေ့ကျင့် တာမျိုး လုပ်ခဲ့တယ်လို့ FBI ရဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဒေးဗစ် ဘိုးဒစ်ခ်ျ က ဆိုပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် Redlands အရပ်က အဲဒီ့ လင်မယား အိမ် ကနေ ပိုက်တွေ ၁၉ ချောင်း တွေ့ ခဲ့ရပြီး လက်လုပ်ဗုံး လုပ်ဖို့ ဖြစ် နိုင်တယ် လို့လည်း မစ္စတာ ဘိုးဒစ်ခ်ျက ဒီ အမှုကိစ္စ အပေါ် FBI ရဲ့ စုံစမ်းနေမှု အခြေအနေ နဲ့ ပတ်သက်ပြီး ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။

ဒီအချိန်မှာပဲ၊ ရီပတ်ဘလေကဲန် သမ္မတ လောင်း ဖြစ်ဖို့ ကြိုးစားနေတဲ့ အမေရိကန် သူဌေး ဒေါ်နယ် ထရမ့် ကတော့ မွတ်ဆလင်မ် တွေ အားလုံး အပေါ် အမေရိကန် ထဲ ပြည်ဝင် ခွင့် ယာယီပိတ် ပါ ဆိုပြီး ဆော်ဩ လာပါတယ်။

BBC Burmese
http://www.bbc.com

ဖားကန့် ကျောက်စိမ်း လုပ်ငန်းခွင်နဲ့ စွန့်ပစ် မြေစာပုံ။
ဖားကန့် ကျောက်စိမ်း လုပ်ငန်းခွင်နဲ့ စွန့်ပစ် မြေစာပုံ
ဒီနှစ် ပွင့်လင်းရာသီမှာ ကချင်ပြည်နယ် ကျောက်စိမ်းတူးဖော်ရေးအတွက် မြေစာသယ်ကားအများအပြားကို ဖားကန့်ဒေသဖက်ကို ပို့ဆောင်နေသလို လက်ရှိအစိုးရရဲ့ လက်ကျန် သက်တမ်းကာလအတွင်းမှာ ကျောက်စိမ်းတူးဖော်တာတွေကို အရင်နဲ့ မတူဘဲ အလွန်အကျွံတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဒီလို တူးဖော်တာရဲ့နောက်ဆက်တွဲအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်တာနဲ့ ယာဉ်အသွားအလာတွေမှာ မတော်တဆထိခိုက်တာတွေလည်း ပိုများလာနေတယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖားကန့်ဒေသတွင်း ကျောက်စိမ်းတူးဖော်တာဟာ မိုးရာသီကုန်ဆုံးချိန် ပွင့်လင်းရာသီမှာ အင်တိုက်အားတိုက်ပိုမို လုပ်ဆောင်လေ့ ရှိတာပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ ခါတိုင်းနှစ်တွေနဲ့ မတူဘဲ စက်ယန္တရား တင်သွင်းတာတွေ တူးဖော်ထုတ်လုပ်တာတွေဟာ ပိုမိုမြင့်တက်လာနေတယ်လို့ ဒေသခံမျက်မြင်တွေ ရှိသူတွေက ပြောကြပါတယ်။

လက်ရှိ ဖားကန့်ဒေသတွင်း အခြေအနေ ကို ဖားကန့်ဒေသခံတယောက်က အခုလို ပြောပါတယ်။

“လက်ရှိကတော့ ဟုတ်ပါတယ်ခင်ဗျာ။ သူတို့အင်နဲ့အားနဲ့ အခု လက်ကျန်အချိန်လေးမှာ သူတို့ရသလောက် အဲဒါကတော့ အင်တိုက်အားတိုက်လုပ်နေကြတယ်ခင်ဗျာ။ ကားတွေလည်း တော်တော်ဝင်လာတယ်ခင်ဗျ။ မြစ်ကြီးနားကနေလေ။ ကားကြီးတွေ လေ အခု မြေသယ်ကားတွေ ဘာညာ အလုပ်လုပ်ဖို့ကားတွေကလည်း လမ်းကြောင်းက တော်တော်ဝင်လာတယ်ခင်ဗျ။ အဲဒါကတော ဟုတ်တယ်ခင်ဗျ။ ဆက်တိုက်လုပ်တယ်။”

ဒေသခံ အလွတ်တန်း သတင်းထောက်တဦးဖြစ်တဲ့ ကိုဇော်မိုးထက်ကတော့ တရက် တရက်ကို မြေသယ်ကား အစီးရေ ၅၀ ကျော်လောက် ၀င်ရောက်လာနေတယ်လို့ ပြောပါတယ်။

“အဓိကကတော့ ကျောက်စိမ်းလုပ်ငန်းအတွက်သုံးဖို့ မြေစာသယ်မယ့်ကားများတယ်ခင်ဗျ။ နေ့စဉ်နဲ့အမျှ ၅၀၊ ၆၀၊ ၁၀၀ ပေါ့ဗျာ။ အဲဒီလိုမျိုးကြီးတွေ ၀င်နေတာကြီးက ကျနော်တို့ မျက်စိရှေ့တင်ဗျ။ ဒါတွေကို ကျနော်တို့ တရက်ကို ဘယ်နှစ်စီး ၀င်ပါတယ်ဆိုတာက စာရင်းအတိအကျ ပြုစုထားတဲ့လူတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် သေချာတာကတော့ ကျနော်တို့ရှေ့မှာ ဒါတွေနေ့စဉ်နဲ့အမျှ ၀င်နေတဲ့ကိစ္စကိုတော့ ကျနော်တို့ မလွဲမသွေ ပြောလို့ရတယ်ခင်ဗျ။ ဘယ်လောက်လောက်ကြာပြီလဲဆို ပွင့်လင်းရာသီကတည်းကဆိုပါတော့။ ပွင့်လင်းရာသီက ၁၀ စီး တက်လာလိုက်၊ ၁၅ စီးတက်လာလိုက်၊ အစီး၂၀ တက်လာလိုက်၊ ဒီရက်ပိုင်းကျတော့ သူတို့ အဲဒီလိုမျိုး အစီး ၅၀၊၆၀၊ ၁၀၀၊ ၂၀၀ အဲလိုမျိုးတွေ သွင်းတာပေါ့ဗျာ။ နေ့စဉ်နဲ့အမျှ တရက်မှ မပျက်ဘူးလို့ ကျနော်တို့ပြောလို့ရတယ်။”

အခုလို တူးဖော်နေတာဟာ အစိုးရလက်ကျန် သက်တမ်းမကုန်ဆုံးမီ ရသလောက် ထုတ်ယူနေတယ်လို့လည်း ဒေသခံတွေက ရှုမြင်ကြပါတယ်။

“ပွင့်လင်းရာသီရောက်တဲ့အချိန်မှာ သတ္တုတူးလုပ်ငန်းအတွက် ယာဉ်တွေတင်သွင်းတာတွေ ၊ အသစ်တွေ ဝယ်ယူပြီးတော့ တင်သွင်းတာတွေတော့ရှိတယ်။ ဒါပေမယ့် ဒီနှစ်မှာက သိသိသာသာကြီးကိုပေါ့နော်၊ အရမ်းများလွန်းနေတယ်။ အဲဒါဘယ်လိုသဘောကြောင့်လဲပေါ့နော်။ အဓိကတော့ ကျနော်တို့ယူဆတာကတော့ လက်ကျန်အစိုးရ သက်တမ်း ၃ လအတွင်းမှာပေါ့နော် သူတို့တကယ်ကိုပေါ့နော်။ လုပ်နိုင်သလောက်ကို လုပ်လို့ရအောင် အားသွန်ခွန်စိုက်လုပ်မယ်လို့ ကျနော်တို့ ယူဆတယ်၊ မြင်တယ်ဗျာ။ အဲတော့ လက်ရှိအနေအထားကို အဲလိုမျိုးလုပ်နေတဲ့အခါကျတော့ ဒေသခံတွေကလည်း အဲဒီအပေါ်မှာ သဘာဝ ပတ်ဝန်းကျင်ပျက်စီးတာကော၊ ဒီလို အလွန်အကျွံလုပ်တာကောကို ရှင်းရှင်းပြောရရင် ကျေနပ်မှုလည်းမရှိကြဘူး၊ မနှစ်မြို့ကြဘူး။ နောက်ပြီးတော့ ဒီလိုမျိုးတွေ အရမ်းကြီးလုပ်တဲ့အတွက်ပေါ့နော်၊ အခုဆိုရင် လူသေမှုတွေ ခဏ ခဏကြုံခဲ့တယ်။ ဆက်တိုက်ဆက်တိုက်ဖြစ်နေတယ်။”

အခြားဒေသခံတယောက်ကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။

“ဦးသိန်းစိန် အစိုးရလက်ထပ်မှာ သက်တမ်းတိုးထားတဲ့ပုံအရ အခုလာမယ့်အစိုးရလက်ထပ်မှာ သက်တမ်းကုန်ဆုံးတော့မယ်ဆိုရင် လာမယ့်အစိုးရလက်ထဲမှာ အာဏာမလွှဲပြောင်းခင်မှာ သူတို့ရတဲ့ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေကို အပြည့်အ၀ အသုံးချသွားတာ ပြောမယ်ဆိုရင်တော့။ ဘယ်သူ့ကိုထိထိ၊ ဘယ်ကိုပဲပေးပေး၊ ဘယ်သူက ဘာလုပ်လုပ် သူတို့ရပိုင်ခွင့်တိုင်းတာတဲ့၊ သူတို့ သက်တမ်းတိုးထားတဲ့အတိုင်းအတာအတွင်းမှာ မပြီးပြီးအောင်သူတို့လုပ်သွားမှာ။ မရ ရသလောက်ပေါ့ဗျာ။ ပေ ၁၀၀ အနက်ကိုတူး၊ ရသေးတယ်ဆိုရင် နောက်ထပ် တူးမှာ၊ သက်တမ်းမကုန်မချင်းအဲလိုမျိုးပေါ့။ အန္တရာယ်ဖြစ်တာမျိုးကို သူတို့နားမလည်ဘူး။ အရင်တုန်းက ဆိုလို့ရှိရင် စက်တူးဆိုရင် အသေးစား၊ အလတ်စား အဲလိုအရွယ်ကမှ ၊ အခု အင်အားကြီးမားတဲ့ ၂ ဆ၊ ၃ ဆ လောက်ကြီးတဲ့ စက်တူးတွေနဲ့ ကားကြီးတွေဆိုလည်း ကားဘီး ၁ ဘီးကို ၁၅ ပေလောက်မြင့်တဲ့ ဘီးကြီးတွေရှိတဲ့ အဲဒီလိုမျိုး ကားဘီး တွေနဲ့လည်း မြေသယ်ကားတွေလုပ်နေကြတယ် သူတို့က။"

ဒီရက်ပိုင်းတွေအတွင်း ကျောက်စိမ်းတူးဖော်ရာက ထွက်ရှိတဲ့ မြေစာတွေကို ဥရုချောင်းအတွင်း စွန့်ပစ်တာတွေလည်း ရှိနေတယ်လို့ ဆက်ပြောပါတယ်။

“ဥရုချောင်းရှင်းလင်းရေး ၊ ရေစီးရေလာကောင်းမွန်ရေး ကျနော်တို့ ဒီက NGO အဖွဲ့အစည်းတွေပေါ့ဗျာ။ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းတွေ မြို့နယ်အထောက်အကူတွေ၊ ကျေးလက်အထောက်အကူတွေ၊ ရပ်ရွာအထောက်အကူတွေ၊ ရပ်မိရပ်ဖတွေ အားလုံးစုပေါင်းပြီးတော့ အသင်းအဖွဲ့တွေနဲ့ပေါ့ ကျနော်တို့အားလုံးစုပေါင်းပြီးမှ ၊ သတင်းမီဒီယာအဖွဲ့တွေ လုပ်ငန်းရှင်တွေ အကုန်လုံးနဲ့ ပေါင်းစုပြီးမှ ကျနော်တို့ ဟိုတနေ့က အစည်းအဝေးလုပ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်ကျော်ကျော်လောက်တုန်းက။ ကျနော်တို့ ဒီ ဥရုချောင်းထဲကို မြေစာတွေ မသွန်ပါနဲ့ဆိုပြီးမှ ကျနော်တို့ ဒီ NGO အဖွဲ့အစည်းတွေ သွားပြီးတားပါတယ်။ ကုမ္ပဏီကိုလည်းပြောတယ်။ ကုမ္ပဏီက လက်မခံဘူး၊ ကျနော်တို့နေ့တိုင်းသွားပြောတယ်။ သူတို့က ညမှာ ခိုးသွန်လိုက်တယ်။ ကျနော်တို့ကတော့ ညမှာတော့ မကြည့်နိုင်ဘူးဗျ။ အဲဒီလိုမျိုးတွေရှိတယ်။”

လက်ရှိ မြေသယ်ကားတွေ ကျေးရွာနဲ့ လူနေရပ်ကွက်တွေတွင်း ဖြတ်သန်းလို့ ဒေသခံတွေထိခိုက်တာနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်တာတွေကို အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူဆောင်ရွက် သင့်တယ် လို့လည်း ဖားကန့်ဒေသခံတွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့လအတွင်းက ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုအတွင်းက စွန့်ပစ်မြေစာပုံပြိုကျတာကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ အတော်များများ မြေပိသေဆုံးခဲ့ပါတယ်။ ဒီလို သေဆုံးသူတွေကို ပြန်လည်တူးဖော်ရှာဖွေရာမှာ အလောင်း ၁၁၄ လောင်းတူးဖော်ရရှိခဲ့ပေမဲ့ ဒေသခံတွေတော့ လူ ၂၀၀ လောက်သေဆုံးနိုင်ကောင်း ခန့်မှန်းထားပါတယ်။

ကိုမိုးဇော် /VOA
http://burmese.voanews.com/content/hpakant-jade-mining-speed-up/3092240.html

 pharkant-landslide-620.jpg ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးက စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးနေသူ နိုဝင်ဘာလ ၂၄ ရက်နေ့က ရှာဖွေကြစဉ်။
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ရက်နေ့မှာ စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူ ၁၁၄ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ၃ ပတ်အတွင်း သက်ဆိုင်ရာ အစိုးရဌာနက အမျိုးသားလွှတ်တော်မှာ လာရောက်ဖြေရှင်းဖို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီကနေ့ လွှတ်တော်မှာ ကြေညာပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၈ဦး ဆွေးနွေးခဲ့ပေမယ့် သက်ဆိုင်ရာအစိုးရဘက်က လာရောက်ရှင်းပြတာ မရှိတဲ့အတွက် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က အစိုးရအနေနဲ့ နောက်ထပ် ၂၁ ရက်အတွင်း လွှတ်တော်မှာ ရှင်းလင်းတင်ပြဖို့ ကြေညာလိုက်ပါတယ်။

"အခုတင်သွင်းတဲ့ အဆိုတဲ့စပ်လျဉ်းပြီး ၂ဝ၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၇၁ နည်းဥပဒေခွဲ ဂ အရ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ၂၁ ရက်အတွင်း ပြန်လည်ဖြေရှင်းဆွေးနွေးနိုင်တဲ့ အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လာရောက်ဆွေးနွေးနိုင်မယ့် နေ့ရက်မှာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူမယ်ဖြစ်ကြောင်း ကြေညာမယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ရက်နေ့က ပြိုကျခဲ့တဲ့ မြေစာပုံကို အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေက ၆ရက်ဆက်တိုက် ရှာဖွေရာမှာ ရုပ်အလောင်း ၁၁၄ လောင်းကို တွေ့ရှိပြီးနောက် ရှာဖွေမှုကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

ကျောက်မျက်ဥပဒေမှာ လုပ်ငန်းလုပ်တဲ့သူတွေကိုသာ အကာအကွယ်ပေးထားတာဖြစ်ပြီး တစ်ပိုင်တစ်နိုင် လုပ်စားနေသူတွေကို အကာအကွယ်ပေးထားတာ မရှိတဲ့အတွက် ဥပဒေအရ အားနည်းနေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်အောင်က ဆွေးနွေးခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/parliament-declares-pharkant-landslide-12072015103006.html

 susunway-620.jpg မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ မစုစုနွေး ကို တွေ့ရစဉ်
Photo: AFP

လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဆန္ဒပြမှုနဲ့ မနေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ ဖမ်းဆီးခံထားရ တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ မစုစုနွေး ကို ဒီနေ့ ပြင်ဦးလွင်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီး အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလက ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာမှာ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေထဲ ၀င်ရောက်တဲ့တောင်သူ ၅ဦး ရိုက်နှက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားခံကို စုံစမ်းဖော်ထုတ်ပေးဖို့ ဆန္ဒပြတောင်းဆိုတာကြောင့် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံရတာလို့ မစုစုနွေးက ပြောပါတယ်။

"ဒါကလူမိုက်တွေငှားပြီး ဖုန်းနဲ့ဆက်ခေါ်ပြီးတော့ ကြိုးနဲ့တုတ်ပြီးတော့ အကြမ်းဖက်တာကို ပြင်ဦးလွင်ခရိုင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကပါအစပေါ့နော် ပြင်ဦးလွင်ခရိုင်မှာ ဌာနဆိုင်ရာအသီးသီးတွေက ဒါကိုဖုံးကွယ်ဖို့ ကြိုးစားနေတယ်၊ ဒါတွေကို ကျမတို့က ပြန်လည်ပြီးဖော်ထုတ်သွားမယ်"


အဲဒီလို ဆန္ဒပြဖို့အတွက် ခွင့်ပြုချက်တောင်းခံခဲ့တာမရှိတဲ့အတွက် ပါဝင်ဆန္ဒပြခဲ့တဲ့ တောင်သူ ၈ဦးကိုလည်း တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။

မစုစုနွေးဟာ ပြင်ဦးလွင်မြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးဟောပြောပွဲအပြီးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
RFA

ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ဥက္ကဌ ကိုကျော်ကိုကို အား ယနေ့ (ဒီဇင်ဘာ ၇ ရက်) နေ့လည် (၁) နာရီခန့်က ရန်ကုန် အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ယာယီ ပြောင်းရွေ့သွားကြောင်း သတင်းရရှိသည်။

ထိုသို့ ပြောင်းရွေ့မှုတွင် သာယာဝတီ တရားရုံး၌ လက်ပံတန်းအမှုနှင့် စပ်လျဉ်းပြီး ယနေ့တွင် ရမန်ယူမည်ဖြစ်ကာ ဒီဇင်ဘာ ၈ ရက် သာယာဝတီ ရုံးချိန်းတွင် ဖမ်းဆီးခံထားရသည့် ကျောင်းသားများနှင့် တစ်ပေါင်းတည်း စစ်မည်ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောကြားသည်။

“အခုဟာက သာယာဝတီမှာ ကျွန်တော်တို့ကို ကနဦး စွဲဆိုကတည်းက ကိုကျော်ကိုကိုပါတယ်။ အဲ့တုန်းက ဝရမ်းထုတ်ခံထားရတာ။ ကိုမင်းသွေးသစ်တို့လို ပုဒ်မ ၅ ခုနဲ့ပဲ အဲ့ဒီဟာကို သာယာဝတီမှာ ပေါင်းပြီးတော့ စစ်မှာ သာယာဝတီမှာ ပေါင်းစစ်ဖို့အတွက် တစ်ရက်ကြိုပြီး ပို့တာ။ ဘာလို့ တစ်ရက်ကြိုပို့တာလဲဆိုတာကို စုံစမ်းလိုက်တော့ ဒီကနေ့ သာယာဝတီရုံးမှာ ရမန်ယူမယ်။ ရမန်ယူပြီးလို့ရှိရင် မနက်ဖြန် ပုံမှန်ထုတ်နေကျ သာယာဝတီ တရားရုံးမှာ နောက်တိုးစာရင်းအဖြစ်နဲ့ စစ်မှာပေါ့။ အဲ့လို စစ်ပြီးလို့ ရှိရင် အင်းစိန်ထောင်ကို ပြန်ပို့မယ်လို့ သိရတယ်” ဟု ကိုရဲရင့်ကျော်က ပြောကြားသည်။

(ဓာတ်ပုံ - ABFSU CWC)
Eleven Media Group

ဒေါ်စုက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခဲ့တဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များကလွဲပြီး နောက်ထပ်တွေ့ရမဲ့ အရေးကြီးပုဂ္ဂိုလ်များ မရှိတော့ပါဘူး။

၁။ ရွေးကောက်ပွဲအပြီးမှာ ဒေါ်စုနဲ့ ရွှေမန်းတို့ (၅)ကြိမ် တွေ့ခဲ့တယ်။
၂။ နိုင်ငံခြားသံတမန်တွေနဲ့ တွေ့တယ်။
၃။ ဗိုလ်ချုပ်မှူးကြီးမြေး ဖိုးလပြည့်နဲ့ တွေ့တယ်။
၎။ သိန်းစိန်နဲ့ တွေ့တယ်။
၅။ လက်ရှိတပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ် မင်းအောင်လှိုင်နဲ့ တွေ့တယ်။
၆။ အခု နောက်ဆုံး တပ်ချုပ်ကြီးဟောင်းဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့ တွေ့တယ်။

ဒေါ်စုနဲ့ ဦးသန်းရွှေတွေ့တဲ့အကြောင်း သူ့မြေးဖိုးလပြည့်က သူ့ FB စာမျက်နှာပေါ်တင်ခဲ့ရာ ဒီမိုဘက်တော်သားဆိုသူရော မဟာပညာအကျော်ဆိုသူပါ ကြက်ပျံမကျ Like ပေးကြတယ်။ ဖိုးလပြည့်က ရုပ်ရှင်တစ်ကားမှ ရိုက်စရာမလိုဘဲ၊ စစ်ပွဲတစ်ပွဲမှ တိုက်စရာမလိုဘဲ၊ လုပ်ငန်းတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်ပြစရာမလိုဘဲ မသိမသာနဲ့ ဆယ်လီကောင်လေးတစ်ယောက် ဖြစ်လာခဲ့ပါပြီ။

ဒီမှာ မိမိတို့ပြန်သုံးသပ်ရတော့မှာ ဖြစ်တယ်။

၁။ ရွှေမန်းနဲ့ တွေ့ပြီး ဖိုးလပြည့်နဲ့ တွေ့တယ်၊ ဖိုးလပြည့်က သူ့အဖိုးကို ဒေါ်စုကောင်းကြောင်း ပြောခဲ့ပုံရတယ်၊ အဖိုးကြီးက ဒေါ်စုကို တွေ့ချင်လို့ ရွှေမန်းကတဆင့် စကားပါးမယ်၊ ရွှေမန်းက "အဖိုးကြီးကို သွားတွေ့သင့်တယ်"လို့ ဒေါ်စုကို ပြောမယ်၊ ဒေါ်စုက "တွေ့ပါရစေ"လို့ စာတင်မယ်။ နောက် ဒီလမှာ သူတို့တွေ့ကြတယ်။

၂။ ရွေးကောက်ပွဲမတိုင်ခင်က သိန်းစိန်နဲ့ မင်းအောင်လှိုင်ကို ရှေ့ကို တက်ခိုင်းပြီး ရွှေမန်းကို နောက်တစ်လှမ်းဆုတ်ခိုင်းတယ်၊ အခု ရွေးကောက်ပွဲမှာ မရှုမလှ ရှုံးနိမ့်တော့ ရွှေမန်းကို ရှေ့တက်ခိုင်းပြီး သိန်းစိန်နဲ့ မင်းအောင်လှိုင်တို့ကို နောက်တစ်လှမ်းဆုတ်ခိုင်းတယ်။ ကြားမှာ သူ့မြေး ရွှေနေသွေးအောင်ကို စင်တင်ပေးတယ်။ ဒီနိုင်ငံကို သူတို့ပိုင်တယ်လို့ မသိမသာ အသိပေးနေကြတာပါ။

၃။ ဒီတော့ ဖြစ်ဖြစ်သမျှဟာ တို့တာဝန်အရေး(၃)ပါးမဟုတ်ဘဲ ဦးသန်းရွှေနဲ့ ဒေါ်စုတို့နှစ်ဦးကြားက ပြဿနာတစ်ခုလို ဖြစ်သွားတယ်။ အဖိုးကြီးက ထွက်လာပြီဆိုတော့ သိန်းစိန်၊ မင်းအောင်လှိုင်နဲ့ ရွှေမန်းတို့ရဲ့ ကကွက်တွေ အခြေမဟန်ဘူးဆိုတာကို ပြဿနာနေပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း သုံးတဲ့ hard power ဟာ သူတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံနဲ့တောင် အသုံးမတည့်ဘဲ ဒေါ်စုရဲ့ Soft power အောက်မှာ အရှုံးပေါ်နေတာပါ။ ဒီအခြေအနေအောက်မှာ သွားလေသူတပ်ချုပ်ကြီးဟောင်းက ကစားကွက်ပြောင်းလိုက်တာ ဖြစ်တယ်။ အလျှော့ပေးလိုက်တယ်လို့ ဒီမိုတွေ တွက်ခဲ့ရင် အမှားကြီးမှားပါလိမ့်မယ်။

သူတို့က လုံးဝအလျှော့မပေးဘူးဆိုတာ မိမိတို့မှာ သက်သေတွေ ရှိပါတယ်။

၁။ ပြင်ဆင်သင့်တဲ့ ပုဒ်မတွေကို ပြင်ဆင်မယ်လို့ အခုထိ မကျေညာသေးပါ။ ပြည်သူတို့ပေးတဲ့ မဲပြားတွေဟာ ဦးသန်းရွှေတို့စစ်အုပ်စုနဲ့ ဒေါ်စု တွေ့ဖို့ချည်းမဟုတ်ဘူး။ သူတို့နဲ့ တွေ့ပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်ဖို့ ဖြစ်တယ်။ ဖွဲ့စည်းပုံကို ပြင်ဖို့ စစ်အုပ်စုက လိုက်လျောမှုမပေးမချင်း စိတ်ချလို့ ရတဲ့အနေအထားမဟုတ်ဘူး။ အုပ်ချုပ်ရေးအတွေ့အကြုံမရှိဘူးလို့ စစ်အုပ်စုက သတ်မှတ်ထားတဲ့ NLD အစိုးရကို အမြတ်ထုတ်ဖို့ ပြင်နေတဲ့ ခြေလှမ်းတွေ ဖြစ်ပါလိမ့်မယ်။

၂။ သူတို့နောက်မဆုတ်ဘူးဆိုတာ နောက်ထပ်သက်သေတစ်ခု ရှိသေးတယ်။ အဲဒါကတော့ NCA ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့(၈)ဖွဲ့ကို အဆင့်လျှော့ချပစ်လိုက်ခြင်းဖြစ်တယ်။ NCA ကို ဆွေးနွေးတုန်းက အလိုလိုက်အကြိုက်ဆောင်ခဲ့သလောက် အခု UPDJC ဆွေးနွေးပွဲတွေမှာ မသိမသာ အဆင့်လျှော့ချနေတယ်ဆိုတာ ကာယကံရှင်တို့ သိကြပါလိမ့်မယ်။ စစ်ရေးအတွေ့အကြုံလုံးဝမရှိတဲ့ CNF ခေါင်းဆောင်တွေက ဦးဆောင်ဆွေးနွေးနေရတယ်။ ဒါဟာ မြန်မာစစ်တပ်အတွက် အမြတ်ဖြစ်တယ်။ နောက်ပြီး တိုင်းရင်းသားတွေလိုလားတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ (NLD အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသား)ကိုလည်း အခုချိန်ထိ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ အခြားပါဝင်သင့်ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်များနဲ့ ရောသမမွှေပစ်ဖို့ ကြိုးစားနေပါတယ်။ ကောလာဟလသတင်းအရ နော်ဝေးစပွန်ဆာပေးခဲ့တဲ့ ကိုလံဘီယာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လေ့လာဖို့ မြန်မာအစိုးရက KNU ကိုယ်စားလှယ်တွေနဲ့ သွားကြမယ်လို့ ဆိုပါတယ်။ ကိုလံဘီယာငြိမ်းချမ်းရေးဟာ DDR ကို လက်ခံခဲ့လို့ တိုင်းရင်းသားတွေကို လက်နက်ချဖို့ စည်းရုံးခြင်းတစ်မျိုးလို့ တွက်လို့ ရပါတယ်။ ဒါဟာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း စစ်အုပ်စုက NLD ကို လွှဲအပ်ဖို့ လုံးဝမစဉ်းစားသေးဘူးဆိုတာ ပြသနေပါတယ်။

၃။ အခု အွန်လိုင်းလောကကို ကြည့်ပါ။ လွန်ခဲ့တဲ့ (၅)နှစ်လုံးလုံး အစိုးရဘောကို မနေကြပြီး NLD ကို အာဏာလွှဲပေးမှာမဟုတ်ဘူးဆိုတဲ့ ကလောင်ရှင်တွေဟာ အခု NLD က အစိုးရဖွဲ့ဖို့ တာစူနေတဲ့အချိန်မှာ "မိမိတို့က လူမှန်တွေ ဖြစ်တယ်၊ ဘယ်အစိုးရပဲတက်တက် ဘောကို မမှာမဟုတ်ဘူးလို့ လေသံနှောလာကြပါတယ်။ ဒေါ်စုကောင်းကြောင်းကို ရေးသလိုလိုနဲ့ စစ်အုပ်စုအတွက် ကွက်လပ်ကလေး ကျန်နေရအောင် အားကြိုးမာန်တက် တက်ညီလက်ညီ ဝိုင်းဝန်းတွန်းပေးလျက် ရှိနေကြပါတယ်။ ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အလားအလာကောင်းတွေပါလို့ ဒီမိုဝါရင့်ကလောင်ရှင်အချို့က ယူဆချင်ယူဆကြပါလိမ့်မယ်။ ဒါပေမဲ့ မိမိက အဲ့လို မထင်ပါ။ အပေါစားနိုင်ငံရေးတစ်ခုသာ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ စစ်အုပ်စုတွေရဲ့ လှုပ်ရှားမှု၊ ဦးပိုင်နဲ့ခရိုနီတို့ရဲ့ ရပ်တည်မှု၊ လက်ဝေခံအဖွဲ့အစည်းများရဲ့ ခြေလှမ်းတွေကို သတိထားရင်း ပြည်သူတို့ပေးထားတဲ့ မဲပြားတွေ အလဟဿ မဖြစ်ရလေအောင်၊ အဲဒီမဲပြားတွေဟာ စစ်အုပ်စု လူ့မလိုင်တွေအတွက်ပဲ ဖြစ်မသွားရလေအောင် ကာကွယ်ရပါ့မယ်။

အဖိုးကြီးက ဒေါ်စုကို တကယ်ယုံကြည်တယ်ဆိုရင်

၁။ အနည်းဆုံး ပုဒ်မ ၅၉ (စ)နဲ့ ပုဒ်မ ၄၃၆ ကို ပြင်ပေးဖို့ မီးစိမ်းပြရမယ်။
၂။ ပြည်တွင်းငြိမ်းချမ်းရေးမှာ NLD ဦးဆောင်မှုကို လက်ခံရမယ်။
၃။ စစ်တပ်က အရပ်သားအစိုးရအောက်မှာ ထားရမယ်။

ဒီမျှပါပဲ။ အပိုတွေ မလိုပါ။

ရေးသားသူ- U Ravika


မှတ်ချတ် ။။ ရေးသားသူ၏ အာဘော်သာဖြစ်ပါသည်..

[youtube src="dRSCAdKPlfs"/]
ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ နှစ်ဘက်စစ်တပ်တွေ မဆုတ်သေးတာကြောင့် စစ်ဘေးရှောင် ဒေသခံ ပြည်သူတွေ အိမ်ပြန်ဖို့ အခက်အခဲတွေရှိနေပါတယ်။ ဒီသတင်းကို စိုးရက ပေးပို့ထားပါတယ်။

DVB TV News


ကမ္ဘာကျော် ဖေ့စ်ဘွတ်ခ် ဆိုရှယ်မီဒီယာကြီးရဲ့ တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ မတ်ခ် ဇတ်ခါးဘတ်ဂ်နဲ့ သူ့ရဲ့ဇနီးဖြစ်သူ ဖရစ်ဆီလာချန်းတို့က သူတို့ရဲ့ ပထမဆုံး သမီးဦး ရတနာလေး မက်ဆ်ခ် မွေးဖွားလာမှုအတွက် ၀မ်းမြောက်ဂုဏ်ယူတဲ့ အထိမ်းအမှတ်နဲ့ သူတို့ပိုင်ဆိုင်ထားရှိတဲ့ ဖေ့စ်ဘွတ်ခ် ရှယ်ယာတွေရဲ့ ၉၆ ရာခိုင်နှုန်းကို ပြည်သူလူထု အကျိုးပြု အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းပစ်မယ်လို့ ကြေညာလိုက်ပါတယ်။

အဲဒီ ဖေ့စ်ဘွတ်ခ် ရှယ်ယာအစုဟာ ကာလတန်ဖိုးအရ အမေရိကန်ဒေါ်လာ ၄၅ ဘီလျံ တန်ဖိုးရှိတယ်လို့ ဇတ်ခါးဘတ်ဂ်က ဆိုပါတယ်။ ဒါပေမယ့် ဒီငွေကြေးလှူဒါန်းမှုကို ချက်ချင်းလုပ်မှာတော့ မဟုတ်သေးပါဘူး။

စတော့ခ်ရှယ်ယာနဲ့ အလဲအလှယ် ကော်မရှင်က သူတို့ရဲ့ ဥပဒေကြောင်း မှတ်တမ်းမှတ်ရာတွေအရ အမှုဆောင်အရာရှိချုပ်ဟာ “ရောင်းချ ဒါမှမဟုတ် ပေးကမ်း” တာမျိုးကို နှစ်စဉ်နှစ်တိုင်း ၁ ဘီလျံ ထက်မပိုတဲ့ တန်ဖိုးရှိတဲ့ စတော့ခ်တွေကို နောက် ၃ နှစ်တာကာလ အတွင်းမှာ နှစ်စဉ် လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်လို့ ဆိုပါတယ်။

စတော့ခ်ရှယ်ယာနဲ့ အလဲအလှယ် ကော်မရှင်က ဇတ်ခါးဘတ်ဂ်က ဒီငွေတွေကို ချန်းဇတ်ခါးဘတ် အင်နီရှေ့တစ်ကို ပေးအပ်သွားမှာဖြစ်ပြီး အဲဒီအဖွဲ့က ပိုင်ဆိုင်ထားတဲ့ ဘယ်ရှယ်ယာ အခွင့်အရေးတွေအတွက်ပဲဖြစ်ဖြစ် မဲပေးခွင့်ကို သူက ဆက်ပြီး ထိန်းချုပ်ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ချန်းဇတ်ခါးဘတ် အင်နီရှေ့တစ်ဟာ “လူသားစွမ်းအား တိုးတက်ရေးနဲ့ အားလုံးအတွက် တန်းတူညီမျှရေးကို မြှင့်တင်ပေးရေး” ကို ဦးတည် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သူ့သမီးငယ်လေးကို လိပ်မူရေးထားတဲ့ သူ့ရဲ့စာတစောင်မှာ တွေ့ရပါတယ်။ အင်နီရှေ့တစ်ရဲ့ ပထမ အဓိက အလေးထားတဲ့ နယ်ပယ်တွေကတော့ ပညာရေး၊ ရောဂါကုသရေးနဲ့ လူမှုဆက်စပ်ဆောင်ရွက်မှုတွေပဲ ဖြစ်ပါတယ်။

“ကျနော်တို့က ဒီနယ်ပယ်တွေမှာ လုပ်ကိုင်ဆောင်ရွက်နှင့်ခဲ့ကြပြီးသူတွေရဲ့ ရင်းမြစ်တွေနဲ့ ပါရမီရှင်တွေနဲ့စာရင်တော့ ဒါဟာ သေးမွှားတဲ့ ငွေကြေးပမာဏလေးပဲဆိုတာ ကျနော်တို့သိပါတယ်။” လို့ ဇတ်ခါဘတ်ဂ် ရေးသားခဲ့ပါတယ်။ “ဒါပေမယ့် ကျနော်တို့က ကျနော်တို့လုပ်နိုင်တာကိုတော့ လုပ်ချင်တယ်လေ၊ တခြား အများသူငါတွေနဲ့ တွဲပြီးတော့ပေါ့ဗျာ” လို့လည်း ပြောပါတယ်။

ဇတ်ခါဘတ်ဂ်က သူနဲ့ သူ့ဇနီး ၂ ယောက်ဟာ ယူထားတဲ့ မိဘခွင့် ၂ လက ပြန်လာတာနဲ့ ပိုပြီး တိတိကျကျ ချပြဖို့ သူ့မှာ အစီအစဉ် ရှိပါတယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့လကတည်းက သူဟာ မိဘခွင့် ၂ လယူဖို့ စီစဉ်ထားခဲ့တယ်လို့လည်း ပြောပါတယ်။

ဖေ့စ်ဘွတ်ခ် အမှုဆောင်အရာရှိချုပ်က သူပိုင်ဥစ္စာဓနတွေရဲ့ များပြားလှတဲ့ ပမာဏကို လှူုဒါန်းဖို့ ဆုံးဖြတ်လိုက်တာဟာ မိုက်ကရိုဆော့ဖ် တွဲဖက်တည်ထောင်သူ ဘီလ်ဂိတ်က သူ့ကလေးတွေဟာ သူ့ရဲ့ များပြားတဲ့ ကုမ္ပဏီပိုင်ဆိုင်မှုတွေရဲ့ အလွန်နည်းပါးတဲ့ ပမာဏကိုပဲ အမွေဆက်ခံခွင့်ရမယ်လို့ ပြောပြီး လူထုအကျိုးပြု အဖွဲ့တွေကို ဒေါ်လာ ၂၈ ဘီလျံ လှူဒါန်းဖို့ ဆုံးဖြတ်အပြီးမှာ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့ သမီးကလေး မက်ဆ်ခ် မွေးဖွားအပြီးမှာ သူတို့ချမ်းသာသမျှ အားလုံးလောက် နီးပါးဖြစ်တဲ့ အကြမ်းဖျင်း ဒေါ်လာ ၄၅ ဘီလျံလောက်ကို ကမ္ဘာမှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လှူဒါန်းသွားမယ်လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ သူတို့ ၂ ယောက်က သူတို့ဘ၀ သက်တမ်းအတွင်းမှာ သူတို့ပိုင်ဆိုင်မှုရဲ့ အနည်းဆုံး တ၀က်ကို ပေးကမ်းလှူဒါန်းသွားမှာ ဖြစ်တယ်လို့ ကတိပေး ပြောကြားခဲ့တာဖြစ်ပေမယ့် အသေးစိတ်ကိုတော့ ဖော်ပြပြောဆိုထားတာ မရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့ သီတင်းပတ်မှာတော့ အံ့မခန်း များပြားလှတဲ့ငွေတွေကို လှူဒါန်းပစ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အလွန်ရက်ရောတဲ့ ပေးကမ်းလှူဒါန်းမှုတခုလို့ ပြောရမှာပါပဲ။

“တခြားမိဘတွေ အားလုံးလိုပဲ ကျနော်တို့က သူတို့လေးတွေကို ဒီကနေ့ရှိနေတဲ့ ကျနော်တို့ ကမ္ဘာလောကထက် ပိုပြီးကောင်းမွန်တဲ့ လောကတခုမှာ ကြီးပြင်းလာစေချင်ပါတယ်” လို့ အသက် ၃၁ နှစ်အရွယ် ထင်ရှားကျော်ကြားတဲ့ လူမှုမီဒီယာပိုင်ရှင်နဲ့ သူ့ဇနီးတို့က သူတို့ရဲ့ သမီးကလေးအတွက် စာမှာရေးသားထားခဲ့ပါတယ်။ အဲဒီစာကိုလည်း ဖေ့စ်ဘွတ်ခ်မှာ တင်ပေးထားခဲ့ပါတယ်။

အကျိုးအမြတ်မယူတဲ့ စွမ်းဆောင်မှုထိရောက် ပရဟိတလုပ်ငန်းရဲ့ ဥက္ကဋ္ဌ ဖီးလ် ဘူချာနန်ကတော့ “ဒါဟာ တကယ့်ကို မယုံနိုင်စရာ အထင်ကြီး လေးစားလောက်ပြီး ပမာဏအရ ကျနော်တို့ တွေ့မြင်ဖူးခဲ့တာတွေကို ညှိုးမှိန်သွားစေလောက်အောင်ကို များပြားကြီးမားတဲ့ ပေးကမ်းလှူဒါန်းမှုပါပဲဗျာ” လို့ ပြောကြားခဲ့ပါတယ်။

နှိုင်းယှဉ်မှုအရ ပြောမယ်ဆိုရင် ဘီလ်နဲ့ မလင်ဒါဂိတ် ဖောင်ဒေးရှင်းနဲ့ သူတို့မိတ်ဆွေ မိုက်ကရိုဆော့ဖ် တည်ထောင်သူတဦးဖြစ်တဲ့ ဝေါရင်းဘူးဖက်တို့က ဒေါ်လာ ၄၁ ဘီလျံကျော် တန်ဖိုးရှိတဲ့ ငွေပဒေသာပင်တခုကို လှူဒါန်းထားတာ တွေ့ရပါတယ်။

တကယ်တော့ လူမှုရေးရာကိစ္စတွေကို ကိုင်တွယ်တဲ့ ကုမ္ပဏီတွေမှာ ငွေရင်းနှီးမြှုပ်နှံတဲ့ အယူအဆဟာ အသစ်တခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အထူးသဖြင့် နည်းပညာလောက က ပရဟိတသမား လူငယ်မျိုးဆက်သစ်တွေ ကြားမှာတော့ အများကြီး ပိုပြီး လက်ခံလာကြတယ်လို့ ဆိုရပါလိမ့်မယ်။

ဇတ်ခါးဘတ်ဂ်ဟာ အရင်က လူထုရေးရာ မူဝါဒတွေအပေါ်မှာ သြဇာသက်ရောက်မှုရရှိဖို့ စိတ်ဝင်စားမှု ပြသခဲ့ဖူးပါတယ်။ သူက တခြား နည်းပညာနယ်ပယ်က ထင်ရှားတဲ့သူတွေကို FWD us လို့ ခေါ်တဲ့ အုပ်စုတခုဖွဲ့ရာမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ အဲဒီအဖွဲ့က လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အဆိုကို မြှင့်တင်ပေးဖို့ ကွန်ဂရက် ကိုယ်စားလှယ်လောင်းတွေကို အလှူငွေပေးအပ်ပြီး စည်းရုံးခဲ့တာပါ။ ဒါပေမယ့် အဲဒါဟာ မအောင်မြင်တဲ့ အားထုတ်မှုတခု ဖြစ်သွားခဲ့ပါတယ်။ ခု အားထုတ်မှုအသစ်မှာ ဆွဲဆောင်စည်းရုံးမှုအပေါ် ဘယ်လောက်များများ သုံးစွဲမလဲဆိုတာပေါ် မူတည်ပြီး ဒီကနေ့ နိုင်ငံရေးပေါ်မှာ ငွေကြေးရဲ့ သြဇာသက်ရောက်မှုနဲ့ ပတ်သက်ပြီး မေးခွန်းသစ်တွေ ထုတ်စရာ ရှိလာလိမ့်မယ်လို့ ကျွမ်းကျင်သူတချို့က ဆိုပါတယ်။

ဇတ်ခါဘတ်ဂ်နဲ့ ချန်းတို့က သူတို့သမီးလေးအတွက် ရေးတဲ့စာမှာ သူတို့ရဲ့ ရည်မှန်းချက်ကို “လူသားစွမ်းအားကို တိုးတက်အောင်လုပ်ဖို့နဲ့ တန်းတူညီမျှမှုကို မြှင့်တင်ပေးဖို့ပါ” လို့ ဖော်ပြထားပြီး “ကျနော်တို့ ရေရှည် ရင်းနှီးမြှုပ်နှံမှုကို နှစ်ပေါင်း ၂၅ နှစ်၊ နှစ် ၅၀ ဒါမှမဟုတ် နှစ် ၁၀၀ တောင် လုပ်ရပါလိမ့်မယ်။ အကြီးမားဆုံး စိန်ခေါ်ချက်တွေဟာ ကာလရှည်ကြာ အမြင်ရှိဖို့ လိုပါတယ်။ ရေတိုအမြင်နဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး” လို့လည်း သူတို့က ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အေပီသတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဇတ်ခါဘတ်ဂ်က “ကျနော်က ဖေ့စ်ဘွတ်ခ်အတွက် အချိန်ပြည့် အလုပ်ရှိပါတယ်” လို့ သူတို့ရဲ့ ပရဟိတအလှူကိစ္စကို ဖြေကြားရင်း

ပြောခဲ့ပါတယ်။ “ကျနော်က အဲဒါကို အချိန်အကြာကြီး ဆက်လုပ်နေဦးမှာပါ” လို့လည်း ဆက်ပြောခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ ပူးတွဲတည်ထောင်သူဟာ ကမ္ဘာ့အချမ်းသာဆုံးလူတွေထဲက တယောက်ပါ။ သူနဲ့ ကလေးအထူးကု ဆရာဝန်တယောက်ဖြစ်တဲ့ အသက် ၃၀ အရွယ် ချန်းတို့ဟာ အရင်ကလည်း နယူးယောက်နဲ့ နယူးဂျာဆီက အစိုးရကျောင်းတွေကို ဒေါ်လာ သန်း ၁၀၀ လှူဒါန်းခဲ့ဖူးပြီး ဆန်ဖရန်စစ္စကိုဘေးဒေသက ဆင်းရဲသားရပ်ကွက်တွေအတွက် ဒေါ်လာ သန်း ၁၂၀ ပေးအပ်လှူဒါန်းထားခဲ့ပါတယ်။ ချန်း ဆေးပညာသင်ယူခဲ့တဲ့ ဇတ်ခါးဘတ်ဂ် ဆန်ဖရန်စစ္စကို အထွေထွေဆေးရုံကြီးကိုလည်း ဒေါ်လာ ၇၅ သန်း ပေးအပ်လှူဒါန်းထားခဲ့ပါတယ်။

ကျနော် အထက်မှာ တင်ပြခဲ့သလို ဒီကနေ့ လူငယ် နည်းပညာရှင်တွေက ပရဟိတ လုပ်ငန်းရပ်တွေမှာ ငွေရင်းနှီးမြှုပ်နှံလာကြ၊ ပေးကမ်း လှူဒါန်းလာကြတာဟာ အများစုက ဆင်ရဲနွမ်းပါး ဒုက္ခအမျိုးမျိုးနဲ့ ကြုံတွေ့နေရတဲ့ ကမ္ဘာကြီးမှာ အလွန် ၀မ်းသာ ကျေနပ်စရာ ကောင်းတယ်လို့ ပြောရမှာပါပဲ။

ဒါပေမယ့် အများပြည်သူ ကောင်းစားရေးအတွက်ပဲဆိုဆို ဖြစ်စေချင်တဲ့ အရာတွေအတွက် နိုင်ငံရေးမှာ ငွေရဲ့ အရှိန်သြဇာကို အသုံးပြုလာတာကတော့ အလွန်သတိထားရမယ့်ကိစ္စ ဖြစ်ပါကြောင်း။ ။

စိုးနေလင်း
DVB
http://burmese.dvb.no/archives/125956


နှိပ်စက်ခံခဲ့ရသည့် မိန်းကလေးငယ်။  
နှိပ်စက်ခံခဲ့ရသည့် မိန်းကလေးငယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ရဲ့ နေအိမ်မှာ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ် နှိပ်စက်ခံရတဲ့အမှုကို ဗဟန်းတရားရုံးမှာ ဒီနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ စစ်ဆေးပါမယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က နှိပ်စက်ခံရတဲ့ မိန်းကလေးငယ်ကို အိမ်ဝင်းထဲမှာ အ၀တ်မပါ ကြိုးတုပ်ထားတဲ့ဓာတ်ပုံ လူမှုကွန်ရက် မီဒီယာမှာ ပျံ့နှံ့သွားတဲ့နောက် ဟိုးလေးတကျော်အမှု ဖြစ်လာတာပါ။

ရဲအဖွဲ့ရဲ့ ကနဦး သတင်းထုတ်ပြန်ချက်အရ အသက် ၈ နှစ်အရွယ် ကလေးငယ်က ထမင်းအိုးအတွင်းကို လက်မဆေးဘဲ နှိုက်ခဲ့တာကြောင့် အိမ်အကူ မသန်းသန်းဝေက ရိုက်နှက်ဆုံးမပြီး မီးဖိုခန်းနဲ့ နေအိမ်ရှေ့တို့မှာ အ၀တ်ဗလာနဲ့ ကြိုးတုပ် ဒဏ်ပေးခဲ့တယ် လို့ ဆိုပါတယ်။

ဝါးခြမ်းပြားနဲ့ အရိုက်ခံရ၊ ကြိုးတုပ်ခံ၊ နေပူလှန်းခံခဲ့ရတာကြောင့် ကလေးရဲ့မျက်နှာ၊ လက်၊ ရင်ဘတ်၊ ကျောပြင်၊ ပေါင် နှစ်ဘက်စလုံးမှာ ပွန်းခြစ်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

နှိပ်စက်ခံရတဲ့ ကလေးငယ်ရဲ့ ဖခင်ဟာ တနင်္သာရီတိုင်းဒေသကြီး စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းက တပ်သားတဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၂ လက ဗိုလ်မှူးကျော်နုမော်တို့ မိသားစုက ငွေ ၁၀ သိန်း ထောက်ပံ့ပြီး ကလေးကို ခေါ်ယူခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုမှာ ကလေးကို ရိုက်နှက် ကြိုးချည်ခဲ့တဲ့ အိမ်အကူ ဒေါ်သန်းနွဲ့ကို အမှုဖွင့် တရားစွဲထားတယ်လို့လည်း သိရပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/125947


ဒီနှစ် နှစ်လယ်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြစဉ် မအောင်မမြင် ဖြစ်ခဲ့ရစဉ်တုန်းက အောင်မြင်ချင်ရင်  ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေထံ သွားရောက် နည်းနာခံလိုက်ဖို့ပဲ ရှိတော့တယ်ဆိုပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျွန်းခဲန်းက လွှတ်တော်မှာ ဆွေးနွေးတင်ပြခဲ့ပါတယ်။
ဒီနောက် နိုဝင်ဘာရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့မှာတော့ အနိုင်ရပါတီ ခေါင်းဆောင်ဟာ ဦးသန်းရွှေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ၂ နာရီခွဲကြာမြင့်တဲ့ တွေ့ဆုံပွဲအပြီးမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ‘မြန်မာပြည်၏ အနာဂတ်ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာမည်မှာ အားလုံးလက်ခံရမည့် အမှန်တရားပင်ဖြစ်တယ်။ တတ်နိုင်သည့်ဘက်မှ အစွမ်းကုန်ပံ့ပိုးကူညီမည်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်ထွန်းတိုးတက်မှုနဲ့ ပတ်သက်လို့ ချင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျွန်းခဲန်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက အခုချိန်ထိကို မြန်မာ့စစ်ရေး၊ နိုင်ငံရေးမှာ လွှမ်းမိုးနေတုန်းပဲလို့ ဦးကျွန်းခဲန်းမြင်လား။
“အခု ကျနော်တို့ ပြောရမယ်ဆိုရင် အခုအစိုးရလည်း ဒီမိုကရေစီအုပ်စိုးတဲ့ ပုံစံတော့ မဟုတ်သေးဘူးပေါ့နော်။ တပ်မတော်က ၂၅ ရာခိုင်နှုန်းလည်းပါတယ်။ နောက်ထပ် ပုဒ်မ ၄၃၆ ကလည်း တပ်မတော်က တယောက်တလေမှ မပါဘူးဆိုရင် မပြောင်းလဲနိုင်ဘူးဆိုတဲ့ အခြေအနေမှာ ရှိတဲ့အခါကျတော့ အဲဒီဟာ ဒီတပ်မတော်ကို ကွပ်ကဲတဲ့ အခုလောလောဆယ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖြစ်ပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြေတောင်မြှောက်ပေးတဲ့လူက ဘဘ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်း ဖြစ်နေတယ်။ အဲဒီအခါကျတော့ ဒီကိစ္စကို ပြင်မယ်ဆိုရင်လည်းပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို မနည်းနာဘဲနဲ့ သူ့ရဲ့အာဘော်ကို မခံယူဘဲနဲ့၊ သူ့သဘောထား မခံယူဘဲနဲ့ မတည်မြဲဘူးလို့ပဲ ကျနော်ယူဆနေတယ်။ ကျနော့်အယူအဆက မှားရင်လည်း မှားမှာပေါ့နော်၊ ကျနော့်တယောက်တည်း အနေနဲ့နော် အဲလိုပဲ ယူဆနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ခိုင်ဖြိုးပါတီကို ကြည့်လိုက်လို့ရှိရင် သူ့ရဲ့နောက်ကွယ်မှာ တပ်မတော်ရှိတယ်ဆိုတာ လူတိုင်းလူတိုင်းလည်း သိနေတယ်၊ ဒါ မြင်နေတယ်။ ကျနော်အပါအ၀င်ပေါ့နော်။ ဆိုတဲ့အခါကျတော့ ခုန ကျနော်တို့ နေ့လယ်ပိုင်း (ဒီဇင်ဘာ ၇ ရက် နေပြည်တော်) ဆွေးနွေးပွဲ လုပ်ပေးတဲ့အခါမှာ ကျနော်တော့ မသိဘူး၊ သူများပြောတာကြားတာမှာ ဘယ်လိုပြောလဲဆိုတော့ သမ္မတ ဦးသိန်းစိန်ရယ်၊ သူရရွှေမန်းရယ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဲဒါကို သန်းရွှေက ခေါ်ပြီးမှ ‘မင်းတို့ တိုင်းပြည်ကို ကောင်းကောင်းထိန်းကြ၊ မထိန်းနိုင်ဘူးဆိုရင် ငါပဲ ပြန်ဝင်မလား’ ဆိုပြီးတော့ နည်းနည်း သတိပေးတာတွေလည်း နည်းနည်းပြောသံကြား၊ အဲလိုနဲ့ ကျနော် ပြန်ကြားရတယ်ဗျ။ ဒါပေမယ့် အဲဒါလည်း ဟုတ်မဟုတ်တော့ မသိဘူးပေါ့နော်၊ ကောလာဟလလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ အဲလိုဖြစ်တဲ့အခါကျတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကျနော့်အမြင်ကတော့ သူရှိနေသရွေ့ ကာလပတ်လုံးတော့ တပ်မတော်ရဲ့ ဖခင်ကြီးပဲ ဖြစ်သေးတယ်။ ကျနော်တို့တိုင်းပြည်အနေနဲ့လည်း ဖခင်ကြီးပဲဆိုလည်း မမှားဘူးပေါ့နော်။ ကျနော် အဲလိုပဲ ယူဆတဲ့အခါကျတော့ သူကပဲ နည်းနည်းတောင် မဟုတ်တောင်မှပေါ့နော် တိုင်းပြည်ကိုတော့ နည်းနည်း ပါဝါတော့ ရှိသေးတယ်လို့ အဲလိုပဲမြင်တယ်။ အဲလိုပဲမြင်တယ်။”
အပြင်မှာ ဝေဖန်ကြတဲ့ကိစ္စ။ အန်ကယ်က လွန်ခဲ့တဲ့ခြောက်လလောက်က ပြည်ထောင်စုလွှတ်တော်မှာ ဒဲ့ကြီးကို ဦးသန်းရွှေကို နာမည်တပ်ပြောခဲ့တယ်။ ဒီနောက် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက အနိုင်ရတယ်။ အနိုင်ရပါတီခေါင်းဆောင်ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွေ့ခွင့်တောင်းပြီး တွေ့ခဲ့ကြတယ်။ အနိုင်ရပါတီခေါင်းဆောင်က ဗိုလ်ချုပ်မှူးကြီးကို ဘယ်လိုအရာထားပြီး တွေ့တာလို့ ထင်လဲ။
“ဟုတ်တယ်၊ ကျနော်ခန့်မှန်းတာကတော့ အဓိက အဲဒါပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ရဲ့လမ်းကြောင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့မှပဲ ပြီးမယ့်အပိုင်းမှာ ရှိတဲ့အခါကျတော့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့မှာ အကြီးအကဲဖြစ်နိုင်တဲ့ အရည်အချင်း ရှိရဲ့သားနဲ့ သူက မဖြစ်နိုင်တဲ့အပိုင်းမှာ ရှိနေတဲ့အခါကျတော့ သူကိုယ်တိုင်ကလည်း မေးလည်း မေးသင့်တယ်လို့ ထင်တယ်။ နောက် မေးလည်း မေးကောင်းမယ်လို့ ကျနော်ထင်တယ်။ နောက် မေးလည်း မေးသင့်တယ်လို့ ကျနော်ယူဆယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခု အစိုးရအသစ် တက်လာမယ့်ပုဂ္ဂိုလ် အားလုံးထဲမှာ ဒေါ်အောင်ဆန်းစုကြည်လောက် နာမည်ကြီးတဲ့လူလည်း မရှိဘူး။ နောက် တိုင်းပြည်ကိုတော့ လက်ရှိအနေအထားနဲ့ဆိုရင်တော့ သူကပဲ ကိုင်တွယ်နိုင်မယ်လို့ ကျနော်မြင်တယ်။ နောက် သူကိုယ်နှိုက်က ကိုင်တွယ်နိုင်မယ်ဆိုတာက သူတဦးတယောက်တည်း မဟုတ်ဘဲနဲ့ နိုင်ငံတကာနဲ့  သူ ဆက်ဆံပြီးသားလည်း ဖြစ်တဲ့အခါကျတော့ သူက နိုင်ငံတကာရဲ့ အမြင်ကလည်း နည်းနည်း အကြံဉာဏ်လည်း တောင်းရင်းနဲ့၊ နောက် ပြည်တွင်းက အကြံဉာဏ်နဲ့ ပူးပေါင်းပြီးမှ တိုင်းပြည်ကို တည်ငြိမ်အောင် သူ ဦးဆောင်သွားနိုင်မယ်လို့ ကျနော်ယူဆတယ်။ ဒါပေမယ့်လို့ အခုလောလောဆယ်တော့ သူ့မှာ အဲလိုအနေအထားမှာ ရောက်နိုင်တဲ့ အခြေအနေ မရှိသေးတဲ့ အခါကျတော့ သူလည်း အဲလိုပဲ သွားပြီးမှ မေးမြန်းသလားတော့ မပြောတတ်ဘူး။”
အန်အယ်လ်ဒီက ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ တိုင်းရင်းသားနယ်တွေမှာပါ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တာ တွေ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့အစိုးရ တက်လာရင် ချင်းတိုင်းရင်းသားပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက် အနေနဲ့ ဘာဖြစ်ချင်လဲ။ ဘယ်လိုကြံရွယ်ထားလဲ။
“ဟုတ်ကဲ့ ပြိုင်ပွဲထဲမှာလည်း ကျနော်လည်း ရှုံးတဲ့အထဲမှာ ပါတဲ့အခါကျတော့ ကျနော်တို့ တိုင်းရင်းသား အနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်းပဲ၊ သူ့ဆီမှာတော့ ကျနော်တို့ ပူးပေါင်းဖို့ကတော့ ကျနော်တို့ အာသီသရှိပြီးသားပေါ့နော်။ အခု ပြိုင်တဲ့အခါကျတော့ အဲလိုပဲ သူ့ပါတီထဲမှာ မဟုတ်တဲ့အခါကျတော့ အဲဒီပါတီထဲမှာ ၀င်ပြိုင်ခွင့်ပါတဲ့ ချင်းအမျိုးသားထဲကပေါ့နော်၊ မဟုတ်ရင်လည်း တိုင်းရင်းသားထဲကနေ၊ ကျနော်တို့ရဲ့ လိုအင်ဆန္ဒအတိုင်း သူတို့ ပြောရဲပါ့မလားဆိုတာ ကျနော် နည်းနည်းစိုးရိမ်တယ်။ ကျနော်တို့ အရင်တုန်းက လွတ်လွတ်လပ်လပ်လုပ်တယ်။ အားမနာတမ်း အဲလိုပဲ ပြောချလိုက်တာလေ။ ဒါပေမယ့် အခု ဒီတိုင်းရင်းသားထဲက အန်အယ်လ်ဒီထဲမှာ ပါဝင်တဲ့ ပါတဲ့လူတွေကကျတော့ အဲလိုပဲ ဘွင်းဘွင်းကြီး ပြောရဲပါ့မလားဆိုတာ အဲဒါတော့ နည်းနည်းတော့ စိုးရိမ်စိတ်ရှိတဲ့ သဘောမှာ ရှိပါတယ်။”
နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေ အမြောက်အမြားရှိတဲ့အနက် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာမှာရော၊ ကမ္ဘာမှာရော ဘာဖြစ်လို့ ဒီလောက်တောင် နာမည်ကြီးပြီး ထင်ရှားနေတာလို့ ထင်ပါသလဲ။
“ကျနော့်အမြင်ကတော့ သူ့ရဲ့ နောက်ခံသမိုင်းပေါ့နော်။ နောက်ခံသမိုင်းအရ လူထုက သူ့ကို သနားတာလည်းပါတယ်။ ဘာလို့လဲဆိုတော့ သူက အမျိုးသမီးတယောက်ဖြစ်ပြီး ၁၅ နှစ်ကျော်ကျော်လောက် အချုပ်ထဲမှာပေါ့နော်၊ အကျယ်ချုပ်ပဲဖြစ်ဖြစ်၊ အကျဉ်းပဲဖြစ်ဖြစ် အဲလိုနေရတဲ့အခါကျတော့ လူထုကနေပြီးတော့ သူ့အပေါ်မှာ သနားစာနာစိတ်တော့ ရှိတယ်။ ပြောမယ်ဆိုရင် ကျနော်တို့ ချင်းပြည်နယ်မှာ ကျနော် စည်းရုံးရေးသွားတဲ့အခါမှာ သူ အောင်ဆန်းစုကြည်ဓာတ်ပုံနဲ့ ပုံနဲ့ပေါ့နော် အဲလို ပိုစတာကပ်ထားတာ၊ အဲဒီအောက်မှာ အဖွားကြီးတယောက်က ထိုင်နေတယ်။ ကဲ အဲဒါ အဖွားကြီး၊ ဒီပုံက ဘယ်သူ့ပုံလဲလို့ ကျနော် မေးလိုက်တဲ့ အခါကျတော့ ဒါက အောင်ဆန်းစုကြည်ပုံပါတဲ့။ အော် ဟုတ်လားလို့ သူ ဒီမှာ မဲပုံးထောင်မလားဆိုတော့ မဲပုံးထောင်မရတဲ့ ချင်းပြည်နယ်၊ မဲပုံးထောင်လို့ရတော့ မဲပေးမလားမေးတော့ ပေးမှာပေါ့တဲ့ အဲလိုမျိုးပြောကြတယ်ဗျ အဲဒီအဖွားကြီးတွေက။ ဆိုတော့ သူက  အန်အယ်လ်ဒီရဲ့ ပါတီကို ထောက်ခံတာ မဟုတ်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတာ ဖြစ်ကြတယ်။ မဲထည့်တဲ့အခါလည်း သူတို့က ကျနော်ပြောသံကြားတာက ဘယ်သူ့ထည့်မလဲဆိုတော့ စုကြည်ထည့်မယ်တဲ့။ တယောက်မေးတော့လည်း စုကြည်ပဲ၊ တယောက်က စုကြည်၊ အဲလိုပဲ စုကြည်နဲ့ မဲထည့်တာ။ အဲဒီက ၀င်ပြိုင်တဲ့ကိုယ်စားလှယ်တွေ နာမည်ကို မပြောတော့ဘူး။ စုကြည်ပဲ စုကြည်ပဲ အဲလိုပြောကြတယ်။ ပြောတဲ့အခါကျတော့ ခုန ပြောသလို လူထုကနေပြီးတော့မှ သူ့ကို မိန်းမသားတယောက်ကို သနားကြင်နာတဲ့ အပိုင်းမှာလည်း  ရှိတယ်လို့ပဲ ကျနော်ယူဆတယ်။”
ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့တဲ့ပွဲမှာ ပုဒ် ၄၃၆ ကိစ္စတို့၊ ပုဒ်မ ၅၉ (စ) ကိစ္စတို့ ပါကောင်းပါနိုင်မယ်။ ဦးသန်းရွှေက သမ္မတတို့ ကာချုပ်တို့အပေါ် သြဇာရှိတယ်ဆိုရင် ဒီပုဒ်မတွေ ပြင်ဆင်ရေး ချောမွေ့သွားနိုင်မလား။
“ချောမွေ့နိုင်တယ်လို့ ထင်တာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်နှိုက် နှစ်ယောက်အကြားမှာ အပေးအယူ တခုခုတော့ လုပ်လိမ့်မယ်ထင်တယ်။ တခုခု မလုပ်လို့ကတော့ သူက အဲလိုပဲ လက်လွတ်စပယ်တော့ မလုပ်ရဲဘူးထင်တယ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ပေါ့နော်။ နည်းနည်းတော့ အပေးအယူ လုပ်လိမ့်မယ်ထင်တယ်။ အဲဒီအပေးအယူ လုပ်လို့ကတော့ နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ စဉ်းစားရမှာက အခု အန်အယ်လ်ဒီကနေ အလုံးလိုက်အခဲလိုက် နိုင်တဲ့အခါ ဦးဆောင်မယ့် သူတို့ အန်အယ်လ်ဒီထဲမှာ ဘယ်သူရှိလဲလို့ ကြည့်တဲ့အခါကျတော့ ကျနော့်အမြင်က ဒေါ်အောင်ဆန်းစုကြည်၊ နောက်မှ ကျန်တဲ့သူတွေကတော့ နာမည်တော့ မပေါ်သေးဘူးပေါ့နော်။ လူပုဂ္ဂိုလ်ကလည်း မထင်ပေါ် မကျော်ဇောသေးဘူးပေါ့နော် တခြားလူတွေ။ ဆိုတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည် သူပဲဦးဆောင်ရင် သဘောကျလိမ့်မယ်လို့ပဲ ကျနော်ယူဆတယ်။ ကျနော့်အမြင်ပေါ့နော်။”
အန်အယ်လ်ဒီက တနိုင်ငံလုံးမှာ အပြတ်အသတ် အနိုင်ရရှိသွားတဲ့ အခါကျတော့ တိုင်းရင်းသားတွေအနေနဲ့ ဘွင်းဘွင်းပြောရရင် စိုးရိမ်ပူပန်ချက်ရှိလား။ ဘာတွေရှိသလဲ။
“သြော်၊ သူ့အနေနဲ့ ကျနော်တို့ လိုအပ်တဲ့ဟာကိုလေ၊ တိုင်းရင်းသားထဲက လိုအပ်တဲ့ဟာတွေ၊ သူတို့ထဲမှာပါတဲ့ တိုင်းရင်းသားတွေ အန်အယ်လ်ဒီထဲမှာ ပါတဲ့ပုဂ္ဂိုလ်တွေက၊ ကိုယ်စားလှယ်တွေက မပြောရဲတဲ့ဟာလေးတွေများ ရှိတာကို သူက သိပါ့မလား၊ အဲဒါတွေပေါ့နော်။ အဓိကကတော့ တိုင်းရင်းသားတွေ လိုချင်တဲ့ဟာကတော့ ကျနော်တို့ ဘာခေါ်လဲ အာဏာခွဲဝေမှုပေါ့နော်။ ဖက်ဒရယ်အစိုးရ တည်ထောင်ဖို့၊ အဲဒါကို အဓိကလိုချင်ကြတာပဲ။ သူတို့လူထဲက တိုင်းရင်းသားပုဂ္ဂိုလ်တွေက အဲဒါကို ထုတ်ဖော်ပြောရဲပါ့မလား ဆိုတာပါပဲ အဓိက။”
တွေ့ဆုံဆွေးနွေးရေးတောင်းဆိုတာ ဆယ်စုနှစ်တွေချီ ကြာညောင်းခဲ့ပြီးမှ ဖြစ်ပေါ်လာတဲ့ အနေအထားအပေါ်ကို ဘယ်လို မှတ်ချက်ပြုမလဲခင်ဗျ။
“ဘယ်လိုခေါ်မလဲ၊ နောက်ဆုံးအကြံပဲ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ တခြားနည်းလမ်းကိုင်စရာ ဖိအားပေးမှုမရှိတဲ့ အခါကျတော့ နောက်ဆုံးအကြံ ဘယ်လိုခေါ်မလဲ ပွိုင့်ပေါ့နော်၊ နောက်ဆုံးပွိုင့်ပဲလို့ ကျနော်မြင်ပါတယ်။ သူတို့နှစ်ယောက် မတွေ့ဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း ပုဒ်မ ၄၃၆ တို့ ပုဒ်မ ၅၉ (စ) တို့ကလည်း ပြင်နိုင်စရာ အကြောင်းမရှိဘူး။ အဲဒီအခါကျတော့ သူ့ကိုတွေ့မှဖြစ်တော့မယ် ဆိုတဲ့အခါနဲ့ သူတွေ့တာဖြစ်လိမ့်မယ်လို့ပဲ ကျနော် ယူဆပါတယ်။ ဦးသန်းရွှေဘက်ကို အမြင်ကတော့ လိုက်လျောလိမ့်မယ်လို့ပဲ ကျနော်ယူဆပါတယ်။ အဲလိုပဲ ကျနော်မျှော်လင့်ပါတယ်။”

By အေးနိုင်
DVB
http://burmese.dvb.no/archives/125959

ပြည်သူချစ်တဲ့ အနုပညာရှင်တွေက ဦးဆောင်ပြီး အမှိုက်ကောက်တဲ့ ကမ်ပိန် စတင်နေပြီဖြစ်ပါတယ်။ ပြည်သူချစ်တဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ စကားဟာ အရာရာကိုပြောင်းလဲသွားစေနိုင်တယ် !!

Photo ; original

 dassk-ethnic-620.jpg နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ဒီဇင်ဘာလ ၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံကြစဉ်
Photo: Myo Thant Khaing/RFA

ဗမာအပါအ၀င် တိုင်းရင်းသားအားလုံးက ငါတို့ဘာပေးနိုင်မလဲဆိုတဲ့ စိတ်ဓါတ်နဲ့ ချဉ်းကပ်မှသာ ပြည်ထောင်စု ကီးဟာ အေးချမ်းပြီး တိုးတက်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

လွှတ်တော်ထဲက တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ နေပြည်တော် စည်ပင်ရိပ်သာက ခန်းမမှာ ဒီကနေ့ ပြုလုပ်တဲ့ နှုတ်ဆက်ညစာစားပွဲမှာ အခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။

"ကျမတို့ တိုင်းရင်းသားတွေအားလုံး ငါတို့ဘာပေးနိုင်သလဲဆိုတဲ့ စိတ်ဓါတ်နဲ့ ပြည်ထောင်စုကိုချဉ်းကပ် မှ ပြည်ထောင်စုကြီးဟာ တကယ်ကို ငြိမ်းချမ်းနိုင်မယ်၊ တကယ်ကို တိုးတက်ဖွံ့ဖြိုးနိုင်မယ်၊ ငါတို့ဘာရမလဲဆိုတာ နံပါတ် ၁ မဟုတ်ပါဘူး၊ ငါတို့ဘာပေးနိုင်မလဲဆိုတာ နံပါတ် ၁ ထားမယ်ဆိုလို့ရှိရင် တကယ်ကိုအောင်မြင်မှာပါ၊ တချို့ကတော့မေးမှာပေါ့ ငါတို့တိုင်းရင်းသားတွေက သိပ်ကိုဆင်းရဲနေတာ ငါတို့ကဘာပေးနိုင်မလဲလို့၊ ကျမတို့ လူတိုင်း လူတိုင်းဟာ တန်ဖိုးရှိသလို ကျမတို့ တိုင်းရင်းသား တိုင်းရင်းသားတိုင်းဟာ တန်ဖိုးရှိတာတွေ ပေး စရာတွေအများကြီးရှိတယ်၊ ကိုယ်ကရုပ်ပိုင်းဆိုင်ရာ မချမ်းသာလို့ မပေးနိုင်ဘူးဆိုတာ ဒါလုံးဝမဟုတ်ဘူး၊ ကျမတို့အဖွဲ့ဆိုလို့ရှိရင် ရုပ်ပိုင်းဆိုင်ရာအရ ချမ်းသာတဲ့အဖွဲ့မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျမတို့ရဲ့နိုင်ငံကို ကျမတို့က အလုပ်ကျွေးပြုနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျမတို့လုပ်တယ်ပါ"

လက်ရှိတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့်လွှတ်တော်အသစ်မှာ ပြန်မပါခဲ့ရင်တောင် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ အမြဲမပြတ်ထိတွေ့နိုင်ကြောင်းနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အကြံပေးကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

RFA

လက်တလော ဒီချုပ်ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အနုပညာရှင်တွေ ပြည်သူတွေက ပြုလုပ်နေတဲ့ အမှိုက်သိမ်းမှု၊ အမှိုက်ကောက်မှုတွေ္စနဲ့ပတ်သတ်ပြီး နာရေး ကူညီမှု အသင်း(ရန်ကုန်) ၏ ဥက္ကဋ္ဌ ဦးကျော်သူက အခုလိုပြောပါတယ်။

“အမှိုက် ကို လမ်းဘေးမှာပုံတာတို့ စည်းမဲ့ကမ်းမဲပစ်တာတို့ က အင်မတန် ရှက်စရာလည်းကောင်းတယ်၊ လူမြင်လည်း မသင့်တော်ဘူး၊ ကျွန်တော်တို့ နာရေးကူညီမှု အသင်းထူထောင်ပြီး ၂၀၀၂-၂၀၀၃ လောက်ကတည်း က အမှိုက် ဆိုတာ ရင်ဆိုင်ရတယ်။ အဲဒီအချိန်က ကျွန်တော်တို့ ဗြဟ္မဝိဟာရ ပရိယတ္တိ စာသင်တိုက် သင်္ဃန်းကျွန်းမြို့နယ် ကနေပြီး အသင်းကို နေရာရွေ့ ခိုင်းတယ်။ ဘုန်းကြီးကျောင်းတွေမှာ ဒီလို အသင်းအဖွဲ့ တွေ မထားရဘူး။ ရပ်ကွက်ထဲ မှာ ဒီလို အသင်း အဖွဲ့ တွေ မထားရဘူး ဆိုပြီး အစိုးရ က ကျွန်တော်တို့ကို နေရာ ရွေ့ခိုင်းတယ်။ နေရာရွေ့ တော့ မြောက်ဒဂုံရောက်တယ်။ ၄၂ ရပ်ကွက် ဗိုလ်မှုးဗထူး လမ်း မှာ ကျွန်တော်တို့ ကို ပေးထား တဲ့ မြေကွက်လပ် က ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ် အိတ် အမှိုက်ပုံကြီး၊ ဒါကို ကျွန်တော်တို့ အဆောက် အဦးဆောက်ဖို့ မြေကြီးတူးတယ်၊ မြေကြီးတူးတဲ့ အခါမှာ ပေ၂၀ လောက် တူးတဲ့အထိ မြေကြီးကို မတွေ့ရသေးဘူး။ ကြွပ်ကြွပ် အိတ်တွေကြီး ပဲ။ အရင်တုန်း က ရေကန်ကြီးဖြစ်တော့ ရေကန်ထဲ ကို အမှိုက်တွေ လာပုံကြရင်း နဲ့ အမှိုက်ပုံမြေဖြစ်သွားတယ်၊ ဒါတွေ ရင်ဆိုင်ခဲ့ ရတယ်။ အလှူရှင်တွေ ရဲ့အင်အား ၊ကျွန်တော်တို့ ရဲ့ ခွန်အားတွေ နဲ့ ပေါင်းပြီး အဆောက်အဦးတွေ ဆောက်လာတာ။ အခု ဆို ရင် အဆောက်အဦးတွေ က ခိုင်ခိုင်ခန့်ခန့် နဲ့ တကယ်ကို အများအကျိုးပြုတဲ့ ဌာန တစ်ခု၊ နေရာကောင်း တစ်ခု ဖြစ်လာတယ်။အမှိုက်တော့ စနစ် တကျ ပစ်ရမယ်။ တိုးတက်နေ တဲ့ နိုင်ငံတွေ မှာ ရေသန့်ဗူး၊သံဗူးခွံ တွေဆိုရင် ဘယ်ပုံးထဲပစ်ရမယ်။ Recycle လုပ်လို့ ရတဲ့ အမှိုက်ဆို ဘယ်လိုပစ်ဆိုတာရှိတယ်။ အမှိုက်စို အမှိုက်ခြောက်တွေ ကို ခွဲခြားပြီး ပစ်ဖို့ လို့တယ်။ ဒီဟာတွေ ကို ကျွန်တော် တို့ ဖြည်းဖြည်း လုပ်ယူရမှာပါ။” လို့ ပြောပါတယ်။

စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ် တဲ့ သူတွေ မရှိတဲ့ထိ ကို အမှိုက် တွေကောက်ပြဖို့ လိုတယ်ဆိုတာကို လည်း ဦးကျော်သူ က ထပ်လောင်းပြောဆိုပါတယ်။
“ဒီဇင်ဘာ ၁၂၊၁၃ မှာ အမှိုက်ကောက်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက် တဲ့ အတွက် အခု အမှိုက်တွေ လိုက်ကောက် နေကြတယ်။ ဒီဇင်ဘာ ၁၂၊ ၁၃ ပြီးလည်း မကောက်ပဲ ထိုင်နေလို့ မရဘူး ဆက်ကောက် ရမှာပဲ။ အမှိုက်ပစ် တဲ့ သူတွေ မရှိတော့တဲ့ထိကို ကိုယ်တွေက ကောက်ပြဖို့ အရေးကြီးတယ်။” လို့ပြောပါတယ်။

ကိုယ့်အမှိုက် ကိုရှင်းရသလို ကိုယ့် ရဲ့ စိတ်အမှိုက်တွေလည်း ရှင်းဖို့ လိုတယ် ဆိုတာကို ဦးကျော်သူက ဆက်ပြောပါတယ်။ “ဘာလို့ ဒီလို လူတွေက အမှိုက်တွေ စည်းမဲ ကမ်းမဲ ပစ်တာလဲပေါ့ ၊ လူတွေက အရင်ကတည်း က အကျင့် ပါနေတယ်။ အချဉ်ထုပ်စားပြီး လမ်းဘေး မှာလွှင်ပစ်တာမျိုး ၊ဆေးလိပ်သောက်ပြီး ဆေးလိပ်တိုလွှင်ပစ်တာမျိုး ၊ ကျွန်တော်တို့လည်း ဒီအကျင့်တွေ ရှိတယ်။ ဒါအကျင့်တွေကို ကိုယ့်ကိုယ် ထိန်းပြီးလုပ်ရတယ်။ ကိုယ့်စိတ်ကိုယ်ထိန်းရပြီ။ ကိုယ့် အမှိုက်ကို ရှင်းရသလို ကိုယ့် ရဲ့ စိတ် အမှိုက်တွေ ကိုလည်း အရင်ရှင်းရမယ်။ စိတ်အမှိုက် ကို အရင်ရှင်းပြီးမှ ရုပ်ဝတ္တု အမှိုက် ကို ဘယ်နေရာမှာဘယ်လိုစွန့်ပစ်ရမယ် ဆိုတာကျင့်ကြံ အားထုတ်ရမယ်။" လို့လည်း သူကဆိုပါတယ်။

Popular News journal

ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ရှမ်းစစ်ပြေးဒုက္ခသည်များ။
ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ရှမ်းစစ်ပြေးဒုက္ခသည်များ။

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်တွင်းမှာ မတည်မငြိမ် အခြေအနေတွေကြောင့် ဒေသခံတွေကြား စိုးရိမ်နေကြဆဲ ဖြစ်သလို၊ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ တချိန်တည်းမှာပဲ စစ်ဘေးဒဏ်ကနေ ထွက်ပြေးနေကြတဲ့ ဒုက္ခသည် ပြဿနာဟာလည်း ပိုမိုကြီးထွား လာနေပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းက ဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရရှိခဲ့တဲ့ အထဲက သံဃာတော်တပါးဟာလည်း အခုနောက်ဆုံး ပျံလွန်တော်မူသွားပါတယ်။ ရှမ်းပြည်နယ်တွင်းက စစ်ရေး တင်းမာမှု နောက်ဆုံး အခြေအနေတွေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွမ်းအိမ် ကတင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့အတွင်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ သံဃာတော်(၄) ပါးအနက် က ကုန်းတော်ကျောင်းကအရှင်သီဟဟာ မနေ့ မွန်းလွှဲပိုင်းမှာ ပျံလွန်သွားပြီလို့ ရှမ်းလူငယ်ကွန်ယက်အဖွဲ့ဝင် ကိုလွယ် ခမ်းပန်က အခုလိုပြောပါတယ်။

“မနေ့က ၁၁ နာရီလောက်မှာ အဲဒီ အောင်ပန်း ဆေးရုံမှာ ပျံလွန်တော်မူသွားပြီ။ ကုန်းတော်ကျောင်းက ဦးသီဟ ခင်ဗျ။ ပျံလွန်တော်မူသွားတဲ့ ဦးဇင်းက။ ထိတဲ့နေရာက တော်တော်ပြင်းထန်တယ်ခင်ဗျ။ ပြင်းထန်ပြီးတော့ ဒီမိုင်းနောင်ဆေးရုံကို ပို့လိုက်တဲ့အချိန်မှာ မနိုင်ဘူးဆိုပြီးတော့ နောက်နေ့မနက်မှာ ဒီအောင်ပန်း စစ်ဆေးရုံကို သယ်သွားတယ်။ ပြီးတော့ ဦးဇင်း က ပျံလွန်တော်မူသွားတယ်။”

နိုဝင်ဘာ(၃၀)ညနေပိုင်း မိုင်းနောင်မြို့ ကုန်းတော်ဘုန်းကြီးကျောင်း ရေချိုးဆိပ် မှာ ရေဆင်းချိုးတဲ့ သံဃာ(၄)ပါးဟာ ထောင်ဗုံးကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံတင် ထားရာကနေ သံဃာတော်တပါး ပျံလွန်သွားတာလဲဖြစ်ပါတယ်။ ကျန်ရှိတဲ့ သံဃာတော်(၃)ပါးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာဟာ မြန်မာစစ်တပ်စခန်းတခု အနီးမှာရှိနေပြီး၊ ဘယ်သူ့ လက်ချက်ကြောင့် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူး၊ မိုင်းနောင်၊ကျေးသီးဒေသတွေ မှာ မြောက်ပိုင်း ရှမ်းပြည် တပ်မတော် SSPP/SSAနဲ့မြန်မာ့တပ်မတော်တို့ အကြား အောက်တိုဘာလဆန်း ကနေ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်ကနေ စွန့်ခွာနေရတဲ့ စစ်ပြေးဒုက္ခသည် အများအပြားရှိနေပါတယ်။

လက်ရှိ ရှမ်းစစ်ပြေး ဒုက္ခသည်စခန်းရဲ့ကြုံတွေ့နေရတဲ့ အခက်ခဲအခြေအနေကိုတော့ ကိုလွယ်ခမ်းပန်က အခုလိုဆက် ပြောပါတယ်။

“ကလေးတွေပေါ့။ အဓိကကတော့ ကလေးတွေရယ်၊ လူအိုတွေရယ် သူတို့ကျန်းမာရေး အခြေအနေတွေ တချက်ရှိတယ်။ ဒီသောက်သုံးရေနဲ့ပတ်သက်ပြီး ၀မ်းပျက်၊ ၀မ်းလျှောတွေဖြစ်တယ်။ ဒီအအေးမိတဲ့ ပြဿနာတွေပေါ့။ အကြီးဆုံးနေရာက ၃ နေရာလောက်တောင်ရှိသေးတယ်ဗျ။ အဲဒီ စစ်ဘေးဒုက္ခသည်စခန်းမှာလေ။ သူက ၀မ်ဝ ရယ်၊ ဟိုင်းပါ ရယ်၊ မိုင်းရှူးရယ်ပေါ့။ အဲဒီနေရာကျန်တယ်။ ကျန်တဲ့နေရာတွေကတော့ ဒီ လဲချားတို့ လားရှိုးတို့ ကတော့ တော်တော်လေးပြန် သွားပြီ။”

နိုဝင်ဘာလကုန်ပိုင်းမှာ တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSAတပ်ဖွဲ့နဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့တို့ အကြားဖြစ်ပွါးခဲ့တဲ့ စစ်ရေးတင်းမာမှုမှာ နမ်းခမ်းမြို့နယ်ဒေသခံ ရွာသား (၂၆၀)ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရသလို ရွာသား(၂၃)ဦးဟာ လက်နက်အဖွဲ့တွေရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းကိုခံနေရပါတယ်။

ဖမ်းဆီးခံထားရတဲ့ကျေးရွာသားတွေကို ပြန်လည်လွှတ်ပေးဖို့ ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ နဲ့ လူမှုညီညွတ်ရေးအသင်းတွေကနေ တအာင်း ပလောင်တပ်ဖွဲ့ကို တောင်းဆိုခဲ့တယ်လို့ နမ့်ခမ်းမြို့ ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းထွန်းလှက အခုလိုပြောပါတယ်။

“နောက်ပြီး ဒီအဖမ်းခံရတဲ့အထဲမှာလည်း ကျနော်တို့ကျားဖြူပါတီရဲ့ စည်းရုံးရေးမှူးတွေ ပါတာပေါ့။ ဒေသခံပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရကျတော့ အားလုံးပေါင်း ၂၆ ဦး။ ဒီ ၂၆ ဦး ဆိုတာက ကျနော်တို့ရတဲ့ ဒီ နမ့်ခမ်းမြို့နယ်က မိုင်းဝီးရယ်၊ ဟိုပန်ရယ် ပြီးတော့ မန်တုန်မြို့နယ်က မိုင်းခတ်ပေါ့နော် ။ ဒီ ၃ ရွာထဲက ၂၆ ဦးလို့ ကြားပါတယ် ခင်ဗျ။ ဖမ်းဆီးတဲ့ အဖွဲ့အစည်းကတော့ သူတို့ပြောပြချက်အရကတော့ TNLA လို့ပြောပါတယ်ခင်ဗျ။ ဖမ်းဆီးထားတဲ့လူတွေကို ဘယ်မှာ ချုပ်ထားသလဲ၊ ဘယ်ကိုရောက်နေ သလဲဆိုတာလည်း သတင်းအစအနကို မသိရပါဘူးခင်ဗျ။”

ဒီလိုစွပ်စွဲချက်အပေါ် TNLA တအာင်း ပလောင်တပ်ဖွဲ့အနေနဲ့ ရွာသားတွေကို ဖမ်းဆီးတာမျိုး မပြုလုပ်ခဲ့ဘူးလို့ TNLAပြန်ကြားတာဝန်ခံ ဗိုလ်ကြီး တာ့အိုက်ကျော် က ငြင်းဆိုခဲ့ပါတယ်။

“ကျနော်တို့အဖွဲ့က ဒီပြည်သူလူထုကို ဖမ်းဆီးတာတို့၊ နှိပ်စက်တာတို့၊ သတ်ဖြတ်တာတို့ ကျနော်တို့ မူဝါဒလည်းမရှိဘူး။ ကျနော်တို့ ပြုလုပ်တာလည်း မရှိဘူး။”

ရှမ်းပြည်နယ်ဒေသ အတွင်းမှာ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် နဲ့ မြန်မာ့ တပ်မတော်တို့ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးရာကနေ ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၄)ရက် အစိုးရကိုယ်စားလှယ်အဖွဲ့ နဲ့ SSPP အဖွဲ့တို့တွေ့ဆုံမှုကနေ (၆)ချက်ပါ သဘောတူညီချက် လက်မှတ်ရေးထိုး အပြီး တိုက်ပွဲတွေငြိမ်သက်နေပေမဲ့ စစ်ဘေးဒုက္ခသည် အရေးကိစ္စကို ကိုင်တွယ် ဖြေရှင်းနိုင်းခြင်း မရှိသေးပါဘူး။

မြောက်ပိုင်းဒေသအတွင်းမှာလဲ တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSAနဲ့ တအာင်းပလောင်တပ်ဖွဲ့တို့ အကြား အငြင်းပွါးဖွယ်ရာ နယ်မြေပြဿနာကြောင့် လက်နက်ကိုင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ရာနဲ့ချီတဲ့ ဟိုပန်ဒေသခံတွေလဲ စစ်ဘေး တိမ်းရှောင်နေရပါတယ်။

တိုင်းရင်းသားတွေအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး တည်ဆောက်နေချိန် မှာ တောင်ပိုင်း ရှမ်းပြည် တပ်မတော်နဲ့ ပလောင်တပ်ဖွဲ့တို့ အကြားဖြစ်ပွါးတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ ဖမ်းဆီးထားတဲ့ ရွာသားတွေ ကိုပြန်လည် လွှတ်ပေးဖို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ လူမှုညီညွတ်ရေး အသင်းတွေကနေ မနေ့ကကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။

ကိုနိုင်ကွန်းအိန် /VOA
http://burmese.voanews.com/content/one-monk-passed-away-due-to-mine-explosion/3091987.html



မန္တလေးမြို့ ၆၃ လမ်း၊၂၇ ×၂၈ လမ်းမှ ပန်ဒိုရာ အဆီချလုပ်ငန်းပိုင်ရှင်နှင့် အလုပ်သမား (၇)ယောက်က မဇာလီဝင်းအား နှိပ်စက်သည်ဟုဆိုကာ ၄င်းတို့အမှုဖွင့်ခံရပြီး ယင်းကဲ့သို့ မပြုလုပ်ကြောင်း ပန်ဒိုရာဘက်မှ ဒီဇင်ဘာ ၅-ရက် နံနက်ပိုင်းတွင် ပြန်လည်ရှင်းလင်းသည်။

ပိုင်ရှင်ကိုယ်တိုင် ရှင်းလင်းခြင်းမရှိဘဲ အမှုတွဲတွင် ပါဝင်သည့် အလုပ်သမား (၇) ဦးတို့က ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

“မဇာလီဝင်းကို လစာ အပြည့်အဝ ထုတ်ပေးတယ်။ ကျွန်မတို့ဘက်က နိပ်စက်တာ မရှိပါဘူး။အလုပ်သမားအချင်းချင်း ငွေချေးပြီး ပြန်မပေးတာ၊ ရွှေဆွဲကြိုး ခိုးယူတာရှိတယ်။ပြန်မပေးချင်လို့ သူဖာသာသူ တိုက်ပေါ်ကခုန်ချလို့ ဒဏ်ရာရတာပါ”ဟု ပန်ဒိုရာ အဆီချ လုပ်ငန်းမှ အလုပ်သမားတဦးက ပြောသည်။
ပန်ဒိုရာပိုင်ရှင်ဇနီးမောင်နှံနှင့်၎င်းတို့၏ အလုပ်သမား ၇ ဦးကို မဇာလီဝင်း က အမှတ် ၃-ရဲစခန်း၌ အမှုဖွင့်ထားပြီး (ပ) ၃၂၄/၂၀၁၅ နာကျဉ်စေမှုပုဒ်မ ၃၂၅/၁၁၄ အရ ရဲစခန်းမှ စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

မဇာလီဝင်းသည် ၂၀၁၃ အောက်တိုဘာက ပန်ဒိုရာသို့ အဆီချလုပ်ငန်း လုပ်ကိုင်ရန် ရောက်ရှိခဲ့သော်လည်း ခွေးစာကျွေးခြင်း၊ ကလေးထိန်းခြင်းစသည့် အိမ်လုပ်ငန်းများ လုပ်ကိုင်ခဲ့ရပြီး ခွေးအိမ်ထဲတွင် အိပ်ခိုင်းခြင်း၊ အချိန်မှန် ထမင်းမကျွေးခြင်းနှင့် ရွှေဆွဲကြိုး ခိုးသည်ဟုဆိုကာ ရိုက်နှက်ခြင်းတို့ကြောင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

“ကလေးထိမ်းရတော့ ညဘက် မအိပ်ရလို့ နေ့ခင်းဘက်မှာ အိပ်ချင်တယ်။ အိပ်ငိုက်ရင် ရိုက်တယ်။ သွားတွေကိုလည်း ပိုက်နဲ့ ရိုက်တယ်။ ကျွန်မမှာ ဖိနပ်မရှိတာ ကြာပြီ။ အပြင်ထွက်ဖို့ သူများဖိနပ် ငှားစီးရင် ရှိခိုးပြီးမှ ငှားစီးခွင့်ပေးတယ်”ဟု မဇာလီဝင်းက ပြောသည်။

ပန်ဒိုရာမှ ခက်ရခက်ဆစ် ထွက်ပြေးခဲ့ဖူးသူ အမျိုးသမီးတဦးက ဒီဇင်ဘာ ၃ ရက်နေ့က ရှင်းလင်းပွဲတွင် ပြောကြားရာ၌ နည်းအမျိုးမျိုးဖြင့် နှိပ်စက် မှုများရှိကြောင်း ပြောဆိုခဲ့ပြီး၊ အလားတူ ပြဿနာမျိုး ယခင်က ရှိခဲ့ဖူးကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

သက်ဆိုင်ရာရဲစခန်းမှ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မဇာလီဝင်းကို စစ်ဆေးခဲ့ပြီးဖြစ်၍ ဆက်လက် စစ်ဆေးမှုများလုပ်ဆောင်သွားမည်ဖြစ်၍ ဥပဒေအကြံပြုချက်များနှင့် တွေ့ရှိချက်များအရ ပုဒ်မ ပြောင်းလဲနိုင်ကြောင်း ရဲစခန်းမှ သိရသည်။

( စောင့်ကြည့်သတင်းဂျာနယ် )

https://www.facebook.com/NewsWatchJournal



အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမားရဲ့ ​မိန့်ခွန်းမှာ ​IS ​အဖွဲ့ကို ​အမြစ်ပြတ် ​ချေမှုန်းဖို့ ​ပြောဆိုလိုက်သလို ​အဲဒီ ​အဖွဲ့ဝင်တွေဟာ ​လူဆိုးဓားပြနဲ့ ​လူသတ်သမားတွေသာ ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။

ကာလီဖိုးနီးယား ​ပြည်နယ်မှာ ​အကြမ်းဖက်မှု ​ဖြစ်ပေါ်ပြီး ​လူ ​၁၄ ​ဦး ​သေဆုံးတဲ့ ​ဖြစ်ရပ် ​ဖြစ်ပေါ်ပြီး ​တစ်ပါတ်အကြာမှာ ​သမ္မတက ​မိန့်ခွန်းပြောခဲ့တာ ​ဖြစ်ပါတယ်။

အမေရိကန် ​သမ္မတအနေနဲ့ ​ရုပ်မြင်သံကြားကနေ ​ပြည်သူတွေကို ​တိုက်ရိုက် ​မိန့်ခွန်းပြောတာမျိုး ​လုပ်လေ့မရှိပေမယ့် ​အခုတခါ ​ပြောဆိုလိုက်တာ ​ဖြစ်ပါတယ်။

သေနတ် ​ပစ်ခတ်မှု ​လုပ်ခဲ့တဲ့ ​လင်မယားဟာ ​IS ​အဖွဲ့နဲ့ ​ဆက်နွယ်မှု ​ရှိမရှိ ​ဆိုတာကို ​အမေရိကန် ​အစိုးရက ​စုံစမ်းနေပါတယ်။

သေနတ် ​သမားတွေက ​အမေရိကန်ဖွား ​Syed ​Rizwan ​Farook ​နဲ့ ​သူ့ရဲ့ ​ပါကစ္စတန်ဖွား ​ဇနီးသည် ​Tashfeen ​Malik ​တို့  ​ဖြစ်ပြီး ​၅ ​နှစ်အရွယ် ​ကလေးကျန်ရစ်ခဲ့ပါတယ်။

သမ္မတရုံးခန်းကနေ ​ပြုလုပ်တဲ့ ​တတိယအကြိမ်မြောက် ​မိန့်ခွန်းပြောခန်းမှာ ​သမ္မတ ​အိုဘားမားက ​အကြမ်းဖက် ​ခြိမ်းခြောက်မှု ​ခံရပေမယ့် ​ဒီပြဿနာကို ​ကျော်လွှားနိုင်မှာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

IS ​အဖွဲ့ကို ​ဖျက်ဆီးမှာ ​ဖြစ်သလို ​အမေရိကန်ကို ​အနာတရ ​ဖြစ်အောင် ​လုပ်မယ့် ​အဖွဲ့အစည်းတိုင်းကို ​ဖျက်ဆီးပစ်မယ်လို့လည်း ​ပြောလိုက်ပါတယ်။

ရှည်ကြာပြီး ​ကုန်ကျစရိတ် ​များတဲ့ ​အီရတ်နဲ့ ​ဆီးရီးယား ​စစ်မှာ ​ပါဝင်မှု ​ရပ်တန့်မှု ​မလုပ်သင့်တဲ့အကြောင်း ​အမေရိကန်ရဲ့ ​ပါဝင်မှုကို ​ရပ်တန့်စေချင်လို့ ​IS ​လို ​အကြမ်းဖက် ​သမားတွေက ​လုပ်ဆောင်တာ ​ဖြစ်ပေမယ့် ​အဲဒီ ​အဖွဲ့တွေ ​ကြီးပွားမလာအောင် ​လုပ်ဆောင်ဖို့အတွက် ​စစ်မြေပြင်မှာ ​ဆက်နေသင့်တယ်လို့ ​ပြောသွားခဲ့ပါတယ်။

ဝေဟင်တိုက်ခိုက်မှုတွေ၊ ​အထူးတပ်ဖွဲ့စေလွတ်မှုတွေနဲ့ ​ဒေသတွင်းက ​အင်အားတွေနဲ့ ​ပူးပေါင်းပြီး ​အောင်ပွဲခံမယ်လို့လည်း ​ပြောလိုက်ပါတယ်။

IS ​အဖွဲ့ကို ​တိုးချဲ့တိုက်ခိုက်မှု ​လုပ်ဖို့ ​စစ်သားတွေ ​စေလွတ်ဖို့ ​အဆိုကို ​ကန့်ကွက်သူတွေ ​ရှိတဲ့အတွက် ​အမေရိကန် ​အစိုးရက ​အကန့်အသတ်နဲ့သာ ​လုပ်ဆောင်နေရတာ ​ဖြစ်ပါတယ်။

အချုပ်အခြာ ​အာဏာရှိတဲ့ ​အမေရိကန် ​သမ္မတအနေနဲ့ ​အများသဘောတူညီမှုကို ​ယူစရာမလိုပဲ ​စစ်သားကို ​ပို့ဆောင်ခွင့် ​ရှိပေမယ့် ​အမေရိကန် ​နိုင်ငံရေး ​သမားတွေ ​စည်းစည်းလုံးလုံးနဲ့ ​ဆုံးဖြတ်ချက် ​ချတာမျိုး ​လိုလားတဲ့အတွက် ​အကန့်အသတ်နဲ့ ​IS ​ကို ​တိုက်ခိုက်ချေမှုန်းနေတာ ​ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ​သေနတ်ကန့်သတ်မှုတွေ ​ထားရှိသင့်ပြီလို့လည်း ​သမ္မတ ​အိုဘားမားက ​ပြောလိုက်ပါတယ်။

( Radio Australia )

http://www.radioaustralia.net.au/

အမေရိကန်ပိုင် Chevron ရေနံကုမ္ပဏီ ရေနံနဲ့ သဘဝဓါတ်ငွေ့ ထုတ်ယူနေ။

အမေရိကန်  Chevron ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီက ဘင်္ဂလားဒက်ရှ် နိုင်ငံ အရှေ့မြောက်ပိုင်း Sylhet ဒေသမှာ သဘာဝ ဓါတ်ငွေ့တွေကို ရေနံတွင်း ၂ တွင်း ကနေ စပြီးထုတ် နေပြီဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလက အဲဒီဒေသမှာ လုပ်ငန်းစတင်ခဲ့တဲ့ Chevron ကုမ္ပဏီဟာ ဒက်ကာမြို့တော်နဲ့ မိုင် ၁၇၅ မိုင်အကွာမှာ ရှိတဲ့ Jalalabad ရေနံမြေကနေ သဘဝဓါတ်ငွေ့ တနေ့ကို ကုဗပေသန်းပေါင်း ၁၃၀ လောက် ကနဦးထုတ်ယူမှာ ဖြစ်တယ်လို့ ဘင်္ဂလားဒက်ရှ် လျှပ်စစ်ဓါတ်အား၊ စွမ်းအင်နဲ့ သတ္တုအရင်းအမြစ် ဆိုင်ရာ ဝန်ကြီးဌာနက တနင်္ဂနွေနေ့ ထုတ်ပြန်တဲ့ ကျေညာချက်မှာ ဖေါ်ပြထားပါတယ်။

နောက်ထပ်တတွင်းကိုလည်း အဲဒီရေနံမြေမှာပဲ ရှေ့နှစ်မှာ စတင်ထုတ်ယူဖို့ ဝန်ကြီးဌာနက ခန့်မှန်းထားတာဖြစ်ပါတယ်။ ဘင်္ဂလားဒက်ရှ် နိုင်ငံမှာ စွမ်းအင်လိုအပ်ချက်က ကြီးမားနေပြီး ၂၀၂၁ ခုနှစ်မှာ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်လာစေဖို့ ချမှတ်ထားတဲ့ ရည်မှန်းချက် အကော်ထည် ဖေါ်နိုင်အောင် လျှပ်စစ်ဓါတ်အားနဲ့ စွမ်းအင်ရဖို့ ပိုမိုလိုအပ်နေတယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် စွမ်းအင်ကဏ္ဍမှာ ကျွမ်းကျင်မှု ရှိလာစေဖို့အတွက် ဘင်္ဂလားဒက်ရှ် နိုင်ငံသားတွေကို လေ့ကျင့် သင်ကြားပေးဖို့လည်း Chevron ကုမ္ပဏီကို ပန်ကြားခဲ့ပါတယ်။

ဂျလာလာဘတ် ရေနံမြေကို ၁၉၈၉ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဒီရေနံမြေဟာ ဘင်္ဂလားဒက်ရှ် နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းပေးမယ့် အရေးပါတဲ့ ရေနံမြေဖြစ်ကြောင်း အစိုးရပိုင် Petrobangla ကုမ္ပီဏီအကြီးအကဲက ပြောပါတယ်။ ဘင်္ဂလားဒက်ရှ် နိုင်ငံမှာ သဘာဝ ဓါတ်ငွေ့လိုအပ်ချက်ဟာ တနေ့ကို ကုဗပေ သန်း ၅၀၀ လောက် ရှိနေတာ ဖြစ်ပါတယ်။

VOA Burmese
http://burmese.voanews.com

   မြန်မာအပေါ် ကုန်သွယ်ရေး ပစ်ဒဏ်ခတ်မှုတချို့ ဖြေလျှော့ဖို့ ကန်စဉ်းစားမှု HRW ဝေဖန်

အမေရိကန်က ပိတ်ဆို့ အရေးယူမှုစာရင်းမှာ ပါနေတဲ့ မြန်မာနိုင်ငံက အေးရှားဝေါလ်ကုမ္ပဏီပိုင်ဆိပ်ကမ်းမှာ အမေရိကန် ကုမ္ပဏီတွေကနေ ကူးသန်းရောင်းဝယ်နိုင်ဖို့ အမေရိကန်အစိုးရက ပစ်မှတ်ထား ဒဏ်ခတ်ထားတဲ့အချက်တချို့ကို အမေရိကန်အစိုးရက လျှော့ချပေးဖို့ ပြင်ဆင်နေပါတယ်။
ဒီလို ပြောင်းလဲပြင်ဆင်မှုတွေပြုလုပ်မယ့်အပေါ်မှာ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အနီးကပ်ဆက်ဆံရေးရှိနေပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ငွေကြေးတွေရရှိနေတာကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ အရင်က ပစ်မှတ်ထားပိတ်ဆို့အရေးယူမှု စာရင်းမှာပါနေတဲ့ အေးရှားဝေါလ် ကုမ္ပဏီပိုင် ဆိပ်ကမ်းကိုဖြတ်ပြီး အမေရိကန်ကုမ္ပဏီတွေ ကူးသန်းရောင်းဝယ်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက စည်းမျဉ်းစည်းကမ်းတချို့ ပြောင်းလဲနိုင်ဖို့ ပြင်ဆင်နေတာပါ။ လာမယ့်အပတ် အစောပိုင်းအတွင်း အပြောင်းအလဲဖြစ်နိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေဖက်က ပြောကြောင်းသတင်းတွေမှာဖော်ပြထားပါတယ်။

မြန်မာအစိုးရနဲ့ ဆက်ဆံရေးနွေးထွေးလာမှုနဲ့ အမေရိကန် စီးပွားရေးအသိုင်းအ၀ိုင်းတို့ရဲ့ တိုက်တွန်းမှုတွေကြောင့် အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုမှုများထိန်းချုပ်ရေးဌာနခွဲ (OFAC) ကနေ အမေရိကန်ဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေကို ရန်ကုန်မြို့အေရှားဝေါ်လ် ဆိပ်ကမ်းအသုံးပြုခ ပေးဖို့ အထွေထွေ လိုင်စင်ခွင့်ပြုရေး စဉ်းစားနေတာဖြစ်ပါတယ်။

အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ စာရင်းတွေမှာ ပါနေတဲ့ ခရိုနီ လုပ်ငန်းရှင်တွေ အပေါ် ကန့်သတ်ချက်တွေကို ဖြေလျော့ပေးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့စီးပွားရေးကို တိုးတက်အောင်ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့မမြင်ကြောင်း နယူးရောက် အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက ဝေဖန် လိုက်ပါတယ်။ ဒါ့အပြင် ဆိပ်ကမ်းလုပ်ငန်းနဲ့ ပတ်သက်ပြီး ခရိုနီမဟုတ်တဲ့  အခြားလုပ်ငန်းရှင်တွေ ပိုင်ဆိုင်ခွင့်ရအောင် ပြောင်းလဲပေးသင့်တယ်လို့ မြင်ကြောင်း HRW ရဲ့အာရှရေးရာညွန်ကြားရေးမှူး John Sifton က ဗွီအိုအေကိုပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဖွံဖြိုးတိုးတက်စေချင်ဆိုရင် ဒီခရိုနီလုပ်ငန်းရှင်တွေနဲ့ ဆက်ဆံမယ်အစား သူတို့ ဒီပြသနာကို တကယ်ဖြေရှင်းချင်တယ်ဆိုရင် အစိုးရအနေနဲ့  ဒီဆိပ်ကမ်းလုပ်ငန်းပိုင်ဆိုင်မှုကို အခြားသူတွေအတွက် လေလံဖွင့်ပေးသင့်ပါတယ်။”

အမေရိကန်နဲ့ မြန်မာကုန်သွယ်မှု ပမာဏ သေးငယ်ပေမဲ့ နောက်ပိုင်းမှာတိုးတက်မှုတွေရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု သန်ခေါင်းစာရင်းဌာနထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှု ဟာ အမေရိကန်ဒေါ်လာ ၁၈၅ မီလီယံရှိရာကနေ ၂၀၁၅ ခုနှစ် ပထမ (၁၀)လ တွင်း ဒေါ်လာ ၃၀၆ မီလီယံကျော်ဖိုးထိ တိုးတက်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာအပေါ်ချမှတ်ထားတဲ့ ကျန်နေတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး အပြောင်းအလဲပြုလုပ်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဘယ်လိုဖြစ်မလဲဆိုတာကို စောင့်ကြည့်ပြီးမှ တက်လာမယ့်မြန်မာအစိုးရသစ်နဲ့ရော အမေရိကန်လွှတ်တော်နဲ့ပါ သူ့အနေနဲ့ အနီးကပ်တိုင်ပင်မှာဖြစ်တယ်လို့  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အသစ်ခန့်အပ်ဖို့ သမ္မတအိုဘားမားအဆိုပြုထားတဲ့ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scot Marciel က ပြီးခဲ့တဲ့အင်္ဂါနေ့က အမေရိကန်အထက်လွှတ်တော်ကြားနာပွဲမှာ ပြောဆိုခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ တစ်ဦးချင်း ပိတ်ဆို့အရေးယူမှု စာရင်းမှာ ပါဝင်တဲ့ အေရှားဝေါလ် အုပ်စု ကုမ္ပဏီရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ အေရှားဝေါ ဆိပ်ကမ်းဟာ မြန်မာနိုင်ငမှာ ခေတ်အမှီဆုံးနဲ့ စီးပွားရေးအရ တွက်ခြေအကိုက်ဆုံး ကွန်တိန်နာ ဆိပ်ကမ်းဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ ပင်လယ်ရေကြောင်းက ကုန်သွယ်မှု ပမာဏ အမြောက်အမြား ဖြတ်သန်းသွားရာ ဆိပ်ကမ်းဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်နိုင်ငံမှာ အကြီးဆုံး ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းအဖွဲ့အစည်းတွေဖြစ်တဲ့ Clearing House Association နဲ့ Bankers Association of Finance and Trade တို့ဟာ ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ ပါဝင်တဲ့ အေးရှားဝေါ်လ် ဆိပ်ကမ်းနဲ့ ငွေကြေးလွှဲပြောင်းမှုတွေ ပြုလုပ်ပြီး အလုပ်လုပ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ အမေရိကန် ဘဏ္ဍာရေး ဌာနရဲ့ နိုင်ငံခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေး ဌာနခွဲ (OFAC) ကို ပြီးခဲ့တဲ့ ဂျူလိုင်လကတည်းက စာရေးပြီး တောင်းဆိုထားတာပါ။

မြန်မာနိုင်ငံအပေါ်မှာ ရှိပြီးသား ပိတ်ဆို့အရေးယူမှု စည်းမျဉ်းတွေရဲ့ အောက်မှာပဲ၊ အေးရှားဝေါ်လ် ကုမ္ပဏီနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူးဆိုရင် အေးရှားဝေါ်လ်ဆိပ်ကမ်းကို ဖြတ်သန်းပြီး ပြုလုပ်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ခွင့်ပြုပေးဖို့ဖြစ်ပါတယ်။

ဒါအပြင် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို မချိုးဖောက်ပဲ၊ မြန်မာနိုင်ငံနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေးမျိုးဖြစ်လာဖို့ ရည်ရွယ်တာကိုလဲ လိုက်နာနိုင်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်လို့ BAFT ရဲ့ ဥက္ကဌ နဲ့ အမှုဆောင်အရာရှိချုပ် Tod Burwell က ဗွီအိုအေကို ပြီးခဲ့တဲ့ စက်တင်ဘာလက ပြောဆိုခဲ့ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဗိုလ်ချုပ်မှုးကြီးဟောင်းဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ် အခုအချိန်မှာ တော့ တိုင်းပြည်ရဲ့ အနာဂတ် ခေါင်းဆောင် အနေနဲ ရှုမြင် လာ။

စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေက သူ့လက်ထက်တုန်းက နိုင်ငံရေး အရ ရန်ဘက် အနေနဲ့ သဘောထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် အခုအချိန်မှာ တော့ တိုင်းပြည်ရဲ့ အနာဂတ် ခေါင်းဆောင် အနေနဲ ရှုမြင် လာပြီး တတ် နိုင် သလောက် ပံ့ပိုး သွားမယ်လို့ ကတိပြု ခဲ့တယ် လို့ ဗိုလ်ချုပ်မှုးကြီးဟောင်း ရဲ့ မြေးဖြစ်သူ က ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာ နေ့က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ လျှို့ဝှက် တွေ့ ဆုံပွဲ အကြောင်းကို ကိုနေရွှေသွေးအောင်က အင်တာနက် လူမှုကွန်ရက် စာမျက်နှာ ဖြစ်တဲ့ ဖေ့စ်ဘွတ် ပေါ်မှာ ဖွင့်ထုတ် လာတာ ဖြစ်ပါတယ်။

တတ် နိုင် သလောက် ပံ့ပိုး မယ် ဆိုတဲ့ ဗိုလ်ချုပ်မှုးကြီး ဟောင်းရဲ့ ပြောဆိုမှု ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်နိုင်ခွင့် က နေ အတားအဆီး ဖြစ်နေစေတဲ့ အခြေခံ ဥပဒေ ပါ ကန့်သတ်ချက် ကို ပြင်ဆင် ပြောင်းလဲရေး မှာရော ကူညီမယ် ဆိုတဲ့ အဓိပ္ပာယ်လား ဆိုတာ တော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

၂၀၁၁ ခုနှစ် အထိ အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ ဆောင်ရွက် သွားတဲ့ ဗိုလ်ချုပ်မှုးကြီး ဟာ အသက် ၈၂ နှစ် ရှိနေပြီ ဖြစ်ပြီး အခုအချိန်အထိ ဩဇာ လွှမ်းမိုး နေနိုင် တုန်းပဲ လို့ မြန်မာပြည် ထဲမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် ဂျိုနာ ဖစ်ရှာ က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဂျာမဏီ ဒုတိယ ၀န်ကြီးချုပ် Sigmar Gabrie က ဘာသာရေးပြင်းထန်တဲ့ ဗလီတွေကို ဆော်ဒီ ကူညီတာရပ်ဖို့ ပြော။

ကမ္ဘာတလွှားက ဘာသာရေး အယူစွဲ ပြင်းထန်တဲ့ ဗလီတွေကို ဆော်ဒီအာရေးဘီးယားက ဆက်ပြီးထောက်ပံ့နေတာဟာဆိုရင် အနောက်အုပ်စု မဟာမိတ်တွေနဲ့ ဆော်ဒီကြား ကင်းကွာသွားစေနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဂျာမဏီ ဒုတိယ ၀န်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

ဘာသာရေး အယူစွဲ ပြင်းထန်တဲ့ ဗလီတွေဟာ အစွန်းရောက်တွေ ထွက်ပေါ်လာစေဖို့ အထောက်အကူ ပြုတဲ့ နေရာတွေလို ဖြစ်နေတယ်လို့လည်း ဂျာမဏီ ဒုတိယ ၀န်ကြီးချုပ်က ပြောဆိုပါတယ်။ ဆော်ဒီအာရေးဘီးယားဟာ တင်းကျပ်တဲ့ ဆွန်နီအစ္စလာမ်တို့ရဲ့ ကမ္ဘာတလွှားက Wahhabi ဗလီတွေကို ငွေကြေး ထောက်ပံ့နေတယ်လို့ ဂျာမဏီ ဒုတိယ ၀န်ကြီးချုပ် Sigmar Gabriel က တနင်္ဂနွေနေ့ထုတ် Bild am Sonntag သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုထားတာပါ။

ဂျာမဏီနိုင်ငံတွင်းက အန္တရာယ် ရှိတယ်လို့ သတ်မှတ်ခံရတဲ့ အစ္စလာမ် အစွန်းရောက်အများအပြားဟာ ဒီအသိုင်းအ၀ိုင်းကနေ ထွက်ပေါ်လာကြတာ ဖြစ်တယ်လို့လည်း ဒုတိယ၀န်ကြီးချုပ် Gabriel က တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စကို လျစ်လျူရှုထားရမယ့် အချိန်မဟုတ်တော့ဘူးဆိုတာကို ဆော်ဒီကို ပြတ်ပြတ်သားသား ကျနော်တို့ ပြောရပါမယ်လို့လည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဂျာမဏီ ထောက်လှမ်းရေး အေဂျင်စီက ဆော်ဒီအာရေးဘီးယားရဲ့ အဆင်ခြင်မဲ့ နိုင်ငံခြားရေးမူဝါဒ ဆိုတဲ့ အစီရင်ခံစာထွက်လာပြီးနောက်မှာ ဒုတိယ ၀န်ကြီးချုပ် Gabriel ရဲ့ အခု မှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။


VOA Burmese
http://burmese.voanews.com

မူကြမ်းကို အချာ သတ် နိုင်ဖို့ အတွက် ကတော့ UPDJC ရဲ့ ဒီဇင်ဘာ ၁၄ ရက် အစည်းအဝေးကျမှ ဆုံးဖြတ် နိုင်မှာ ဖြစ်ပါတယ်။
  
နိုင်ငံရေး ဆွေးနွေး ပွဲတွေ ပြုလုပ်တဲ့ အခါ ဘာတွေ ဆွေးနွေးကြမလဲ ဆိုတဲ့ မူဘောင် တွေ နဲ့ ပတ်သက်ပြီး မူကြမ်း တစ်စောင် ရရှိ လာပြီ ဖြစ်ပါတယ်။

အဲဒီ့ မူကြမ်း ကို အစိုးရ၊ တိုင်းရင်းသား နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ် (၂၈)ဦးပါတဲ့ မူကြမ်းရေးဆွဲရေး ကော်မတီကနေ သဘောတူ ရေးဆွဲ ခဲ့တာ ဖြစ်ပါတယ်။

ဒီ လုပ်ငန်းစဉ် ဟာ NCA လို့ ခေါ်တဲ့ တနိုင်ငဲလုံး အပစ်ရပ် သဘောတူ စာချုပ် ပါအချက် တွေ အရ လုပ်ဆောင် နေကြတာ ဖြစ်ပါတယ်။

အခု ရရှိခဲ့တဲ့ နိုင်ငံရေးမူဘောင် မူကြမ်းကို အချာ သတ် နိုင်ဖို့ အတွက် ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ ဒီဇင်ဘာ ၁၄ ရက် အစည်းအဝေးကျမှ ဆုံးဖြတ် နိုင်မှာ ဖြစ်ပါတယ်။

အဲဒီ့ အစည်းအဝေး ကြရင် မူဘောင် ကို အပြီးသတ် ချမှတ် မှာ ဖြစ်သလို၊ နိုင်ငံရေး ဆွေးနွေးပွဲ တွေ ကျင်းပ လာတဲ့ အခါ ပါဝင် ကြမယ့် အဖွဲ့ တွေ နဲ့ ကိုယ်စားလှယ် အချိုးအစား တွေ ကိုလည်း ဆုံးဖြတ် ကြ ရမှာ ဖြစ်ပါတယ်။

NCA အရတော့ နိုင်ငံရေး ဆွေးနွေးပွဲ တွေကို လာမယ့်နှစ် ၂၀၁၆ ဇန်နဝါရီလကုန် လောက်မှာ စတင် ကျင်းပရမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese