12/12/15


အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီရဲ့ ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ “အမှိုက်ကောက်ကြဖို့” ညွှန်ကြားလိုက်တာဟာ မကြုံစဘူး ထူးခြားလှပါတယ်။ မြို့တော်ရန်ကုန် အပါအ၀င် နိုင်ငံတ၀န်း ခရီးထွက်လေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ အမှိုက်ပြဿနာဟာ ကြီးကြီးမားမား ဖြေရှင်းရမယ့်ကိစ္စတခု၊ အများပြည်သူ အသိပညာပေးရမယ့်ကိစ္စလို့ မှတ်ယူပုံရပါတယ်။

အမှိုက်ဆိုတာ အသုံးမ၀င်တဲ့ပစ္စည်းပဲဖြစ်ဖြစ်၊ အသုံးမလိုတဲ့ပစ္စည်းပဲဖြစ်ဖြစ် စွန့်ပစ်တဲ့ပစ္စည်းလို့ ခေါ်ဝေါ်သတ်မှတ်ရမှာပါ။ အဲဒီ စွန့်ပစ်ခံပစ္စည်းဟာ အမှိုက်ပစ်တဲ့နေရာမှာ နေရာတကျမရှိဘဲ ပြန့်ကျဲပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးတဲ့အခါ ဒါကို စနစ်ကျနအောင် လူသားတွေကပဲ ငွေအား၊ လူအား စိုက်ထုတ်ပြီး အချိန်ကုန်ခံပြီး ရှင်းလင်းရဖို့ ဖြစ်လာတာပါ။

လူမှုပတ်ဝန်းကျင်မှာ အမှိုက်ဟာ ပြဿနာပေါင်းများစွာကို ဖြစ်ပွားစေပါတယ်။ မြို့တွေမှာ အမှိုက်ပုံတွေက အနံ့အသက်တွေကြောင့် ကျန်းမာရေးထိခိုက်ရ၊ အဆိပ်အတောက်တွေ၊ ဓာတုပစ္စည်းတွေကြောင့် သောက်ရေသုံးရေ အရည်အသွေးကျဆင်းမှု၊ ရေပေးဝေတဲ့ စနစ်တွေကို ထိပါးစေပြီး အမှိုက်တွေက မှိုတွေကြောင့် မြေသားပွစေပြီး ကမ်းပါးပြိုတာ၊ ရေကြီးမှုတွေပါ ဖြစ်ထွန်းသက်ရောက်မှုရှိတယ်လို့ သိရပါတယ်။

အမှိုက်ပုံတွေမှာ ကြွက်တွေ၊ ခွေးတွေ၊ ငှက် စသဖြင့် ကျင်လည်ကျက်စားလေ့ ရှိတာကြောင့် ဒီတိရစ္ဆာန်တွေကနေ ပလိပ်ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်နဲ့ Toxoplasma gondii လို့ခေါ်တဲ့ ကပ်ပါးကောင်ကတဆင့် ကူးစက်တဲ့ရောဂါ စတာတွေ ကူးစက်ဖြစ်ပွားနိုင်ပါတယ်။

အမှိုက်တွေ၊ ရေဆိုးတွေကြောင့် ခြင်ပေါက်ဖွားမှုနှုန်းကိုလည်း မြင့်မားစေပြီး မြန်မာပြည်မှာ ခြင်ကနေတဆင့်ဖြစ်ပွားတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ တနှစ်ပတ်လုံး ဖြစ်ပွားနေသလို မိုးရာသီကာလဆို ပိုမိုဆိုးဝါးနေပါတယ်။

တခြားပြဿနာတခုကတော့ အဆိပ်အတောက်ပါတဲ့၊ ကူးစက်နိုင်တဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပစ္စည်းမျိုးတွေကို စွန့်ပစ်ခြင်းဖြစ်ပါတယ်။

အချုပ်အားဖြင့် စည်းကမ်းနည်းပါးပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ အမှိုက်သရိုက် လေထုညစ်ညမ်းမှု ပြဿနာတွေ ဖြစ်ပွားမှုနှုန်း မြင့်တက်လေ့ရှိပါတယ်။ ရေနဲ့လေ ညစ်ညမ်းမှု၊ ကြွက်လို မလိုလားအပ်တဲ့ တိရစ္ဆာန်တွေ ပေါက်ပွားမှု၊ ကူးစက်ရောဂါအန္တရာယ်တွေ ပါဝင်နေတာကြောင့် အမှိုက်ပြဿနာကို ဖြေရှင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ကမ္ဘာတလွှား မြို့ပြတွေမှာ အမှိုက်သရိုက်တွေ စုပုံနေတဲ့ အလေ့အထဟာ ရာစုနှစ်ပေါင်းများစွာကတည်းက ဖြစ်တဲ့ပြဿနာဖြစ်ပါတယ်။ အမှိုက်သရိုက်တွေကို အစိုးရအဆင့်မှာရော အိမ်ထောင်စုတခုချင်းအလိုက် အဆင့်မှာရော နည်းအမျိုးမျိုးနဲ့ စွန့်ပစ်နေကြပြီး စွန့်ပစ်ပုံနည်းလမ်းအမျိုးမျိုး ကွဲပြားခြားနားကြပါတယ်။ အမှိုက်ပစ်မှုဟာ ချွေတာခြင်းနဲ့ သန့်ရှင်းခြင်းတို့အကြားမှာ အမြဲလိုလို ချိန်ခွင်လျှာဖြစ်ခဲ့ပါတယ်။

မြို့ပြတွေမှာ ရင်ဆိုင်ကြရတဲ့ အဓိကအခက်အခဲတွေထဲက တခုက အမှိုက်သရိုက်တွေကို ဘယ်လိုစွန့်ပစ်မလဲဆိုတာပဲ ဖြစ်ကြောင်းနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ မြို့ရဲ့ အခြေခံအဆောက်အဦတွေကို စနစ်ကျကျ ခန့်ခွဲကိုင်တွယ်ဖို့ လိုတယ်လို့ လေ့လာသူတွေ အဆိုအရ သိပါတယ်။

ကမ္ဘာတလွှား မြို့ကြီးအများအပြားမှာ အမှိုက်သရိုက် စွန့်ပစ်မှုကို ထိန်းညှိဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေကြပါတယ်။ အမှိုက်သရိုက် လျော့ကျစေတဲ့ နည်းလမ်းတချို့ကတော့ ပစ္စည်းတွေကို ဟောင်းပေမယ့် ဆက်လက်သုံးစွဲခြင်းနဲ့ ကုန်ကြမ်းအဖြစ် ပြန်လည်အသုံးချခြင်းတွေပဲ ဖြစ်ပါတယ်။ တခြားနည်းလမ်းကတော့ အမှိုက်သရိုက်တွေကို စနစ်တကျ ဖယ်ရှားရှင်းလင်းရေးပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်လို့ ကုန်ကျစရိတ်များရင်၊ စနစ်တကျ မရှင်းလင်းဖို့ ခက်ခဲရင် တချို့ဒေသတွေမှာ ကုန်ပစ္စည်းထုတ်လုပ်မှုကို တားမြစ်တဲ့ နည်းလမ်းကို သုံးစွဲပါတယ်၊ ဥပမာအားဖြင့် လူနေရပ်ကွက်တွင်းက လုပ်ငန်းတခုက ထွက်ရှိတဲ့အမှိုက် သို့မဟုတ် ရေဆိုးရေညစ်တွေဟာ အများသူငါကို ထိပါးရင် တားမြစ်ပိတ်ပင်ပစ်လိုက်တာမျိုးပါ။ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ဟာ အမှိုက်သရိုက်စွန့်ပစ်မှုကို ထိန်းချုပ်ဖို့ ဥပဒေပြဋ္ဌာန်းမှုမှာ နမူနာမြို့လို့ အဆိုရှိပါတယ်။

အမှိုက်စွန့်ပစ်တာကို ထိန်းချုပ်ဖို့ အနုတ်လက္ခဏာဆောင်တဲ့ အရေးယူတဲ့ ဥပဒေပြဋ္ဌာန်းမှုအစား အပြုသဘော အဖြေတွေနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြသူတွေလည်း အများအပြား ရှိနေတာပါပဲ။ နယူးယောက်ပြည်နယ်မှာ Cohen ဟာ မြင့်မားတဲ့ အပူချိန်အောက်မှာ အမှိုက်တွေကို မီးရှို့ဖျက်ဆီးတဲ့ စက်ရုံတွေတည်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မယ့် စီမံကိန်းတခုကို အကောင်အထည် ဖော်နေပါတယ်။ ဒီနည်းလမ်းဟာ အမှိုက်သရိုက် စွန့်ပစ်တဲ့ ပြဿနာကို ချေဖျက်ပြီး အမှိုက်ကနေ အသုံးဝင်အောင် ကြိုးပမ်းမှုကောင်းတခုပဲ ဖြစ်ပါတယ်။

အမှိုက်နဲ့ပတ်သက်လို့ ရေးသားထားတဲ့ အွန်လိုင်းစာမျက်နှာတခုမှာ နိုင်ငံရပ်ခြားမှာ အမှိုက်စွန့်တဲ့ ကုမ္ပဏီတခုကို ဒေသခံတွေက သူတို့ရဲ့ကျန်းမာရေး ထိပါးတဲ့အတွက် တရားတဘောင်စွဲဆိုလို့ ဒေါ်လာသန်း ၃၀၀ ကျော် လျော်ပေးလိုက်ရတဲ့သတင်း ဖတ်ရဖူးပါတယ်။ ဒီအမှိုက်ပုံဝန်းကျင်မှာ နေထိုင်သူလူထုဟာ ပျို့အန်ပြီး မအီမသာဖြစ်ခြင်း၊ အဆက်မပြတ် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြမ်းတမ်းတဲ့ အဖုအပိန့်တွေ ထွက်ခြင်းနဲ့ လူသေဆုံးမှုတွေတောင် ဖြစ်တဲ့အတွက်ကြောင့်လို့ဆိုပြီး စွဲဆိုကြတာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက အုပ်ချုပ်တဲ့ အစိုးရတွေအနေနဲ့လည်း လူထုကျန်းမာရေးအတွက် အာမခံချက်ရှိစေမယ့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကောင်းတရပ်ကို ချမှတ် အကောင်အထည် ဖော်သင့်ပါတယ်။ ဒါမှသာ အစိုးရသစ်လက်ထက်မှာ နိုင်ငံတကာက စီးမျောဝင်ရောက်လာမယ့် စက်ရုံ၊ အလုပ်ရုံတွေက ထွက်ရှိလာမယ့် အမှိုက်တွေကို ဘယ်လိုကန့်သတ်စည်းမျဉ်းတွေနဲ့ အဆိပ်အတောက်မဖြစ်အောင် ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ထူကိုယ်ထ အမှိုက်ကောက်သူတွေကို တားမြစ်ထားတဲ့ ဥပဒေအရ ခွင့်ပြုချက်မရဘဲ အမှိုက်ကောက်ခွင့် မရှိစေရဆိုတဲ့ ဥပဒေတွေကိုလည်း ခေတ်နဲ့လျော်ညီအောင် ပြုပြင်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံမှာလည်း လက်ရှိကာလမှာ အမှိုက်တွေဟာ မြို့ပြအင်္ဂါရပ်နဲ့ ညီညွတ်မှုမရှိဘဲ ပြန့်ကျဲနေတာ တွေ့မြင်နိုင်မှာပါ။ မြို့တော်ရန်ကုန်မှာရော နယ်မြို့တွေမှာပါ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဖော်ဆောင်ဖို့အတွက် အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်တွေက ဦးဆောင်ပြီး နိုင်ငံတ၀န်း အမှိုက်ကောက်တဲ့ ကမ်ပိန်းတခုကို လာမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီကမ်ပိန်းလှုပ်ရှားမှုမှာ စည်ပင်သာယာ အဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ယန္တရားတွေ အသုံးပြုရမှာတွေလည်း ရှိပါတယ်။

အမှိုက်ကား၊ အမှိုက်ပုံးတွေ၊ အမှိုက်ကန်တွေ ဘယ်လိုရရှိအောင် စီမံကြမယ်ဆိုတာ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ မြို့ပြတွေပေါ်မှာ အမှိုက်သိမ်းကားတွေ လှည့်ပတ်သိမ်းယူနေပြီး အမှိုက်ကို မီးရှို့ခြင်းကိုတော့ ပတ်ဝန်းကျင် လေထုညစ်ညမ်းတာကြောင့် ခွင့်ပြုတာ မတွေ့ရပါဘူး။

မြန်မာနိုင်ငံမှာ အမှိုက်သရိုက်ရှင်းလင်းရေးသာ မကဘဲ ပတ်ဝန်းကျင်သန့်ရှင်းရေးကိုလည်း ဖော်ဆောင်သင့်ပါတယ်။ ဥပမာအားဖြင့် ကွမ်းစားသူများက နေရာမရှောင် ထွေးထုတ်လိုက်တဲ့ ကွမ်းတံတွေးတွေဟာ လမ်းမတွေပေါ်မှာ၊ ခြံစည်းရိုးစပ်တွေမှာ၊ ရုံးတွေမှာပါမကျန် ညစ်ညူးစရာ တွေ့မြင်နေကြရတာကြောင့် အများသူငါအတွက် ရွံစရာဖြစ်ပြီး ဒီအပြုအမူကိုလည်း ပြင်ဆင်ရမယ် ထင်ပါတယ်။ ဒါ့အပြင် အများသူငါရှိနေတဲ့ စားသောက်ဆိုင်လိုနေရာမျိုးမှာ ဆေးလိပ်သောက်ခြင်းက အစပေါ့။ အင်စတီကျူးရှင်း အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ဦးဆောင်မှု အရေးပါသလို တဦးချင်း စည်းကမ်းရှိမှုနဲ့ စတင်ကြဖို့ လိုပါတယ်။

ပွင့်လင်းလာတဲ့ မြန်မာပြည်ဟာ အရင်ကာလတုန်းက တနှစ်ကို တိုးရစ်စ် ၈ သိန်းလောက် ၀င်ရောက်ရာကနေ အခုအခါ ၅ သန်းအထိ ရောက်ရှိနိုင်ပြီ ဖြစ်ပါတယ်။ ဒီနှစ် တိုးရစ်စ်ဦးရေ သန်း ၃၀ ၀င်တဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာပြည်ဟာ လည်စရာ ပတ်စရာအားဖြင့် ဆွဲဆောင်မှုမှာ မတိမ်းမယိမ်းဖြစ်ပြီး ခရီးသွားလုပ်ငန်းမှာ မြန်မာက ထိုင်းကို စိန်ခေါ်လောက်နိုင်တဲ့ အလားအလာ တိုးမြင့်လာနေပါတယ်။ လည်ပတ်စရာ နေရာများတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံသားတွေက ခင်မင်တတ်မှု၊ ဖော်ရွေမှု၊ စေတနာကောင်းမှုတွေ ရှိရုံတင်မကဘဲ မြန်မာပြည်မှာ မြို့တွေရဲ့ သန့်ရှင်းမှုမှာ ပါဝင်တဲ့ အမှိုက်ကင်းစင်မှု၊ ကွမ်းတံတွေးကင်းစင်မှုကလည်း လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေကို ဆွဲဆောင်ရာမှာ အပြောင်းအလဲဖြစ်စေမှာ ဖြစ်ပါတယ်။

အမှိုက်ကောက်ခြင်း၊ သန့်ရှင်းအောင် ဆောင်ရွက်ခြင်းဟာ လူထုကျန်းမာရေးရှုထောင့်၊ အမြင်အားဖြင့် ကောင်းမှုအထွေထွေရှိသလို တဆက်တည်းမှာ အမှိုက်ပုံတွေကို မှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုသူတွေ အတွက်လည်း အလုပ်အကိုင် စီစဉ်ပေးဖို့ လိုအပ်ပါတယ်။

တိုင်းပြည်ဆင်းရဲနေဆဲဖြစ်တဲ့အတွက် ကုန်ကျစရိတ် များပြားတဲ့ အမှိုက်သိမ်းစနစ်တွေနဲ့ ချက်ချင်းလက်ငင်း ငွေကုန်ကြေးကျ မခံနိုင်ပေမယ့်လည်း ကိုယ့်ပတ်ဝန်းကျင်လှပပြီး ရောဂါဘယ ကင်းစင်စေဖို့အတွက် လူတိုင်း ကိုယ်ထူကိုယ်ထ အမှိုက်ရှင်းခြင်းဖြင့် တပိုင်တနိုင် ပါဝင်နိုင်ကြမှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/126611

အကယ်ဒမီလူမင်း၊မီမီဝင်းဖေ၊အနဂ္ဂ၊သံသာဝင်း၊ဒေါင်း၊ထားထက်ထက်စသည့်အနုပညာရှင်များသည် ယနေ့(ဒီဇင်ဘာ၁၂) နံနက်က မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးခြံဝင်းနှင့် အနီးပတ်ဝန်းကျင်တွင် အမှိုက်ကောက်ခဲ့ကြသည်။
ရုပ်ရှင်အစည်းအရုံးဝင်းမှ ဝင်္ကဘာလမ်း၊ ကန်ပတ်လမ်းတစ်လျှောက်နှင့် ဗိုလ်ချုပ်ပန်းခြံတို့တွင် အမှိုက်ကောက်ခဲ့ကြသည်။
ဓာတ်ပုံ - နစ်ကီ

7Day News Journal ,DVB,Eleven Media Group



မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကိုကိုကျော်စိုးသည်၂၀၁၄/၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မိတ္ထီလာတက္ကသိုလ် သုံးထပ်ဆောင်ကို ဆောက်လုပ်ရာတွင် MDC ကုမ္ပဏီလီမိတက်မှ ၎င်း၏လုပ်ပိုင်ခွင့်ကို အသုံးပြု အလွဲသုံးစား ပြုလုပ်၍ ငွေကျပ် ၁၀၉ သိန်းအား လာဘ်ငွေအဖြစ် အလီလီ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါက်တာကိုကိုကျော်စိုးအား အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးရေးမှူး ဦးသန်းထွန်းမြင့်က တရားလိုပြုလုပ်ကာ ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် တိုင်ကြားခဲ့သဖြင့် မိတ္ထီလာမြို့မ ရဲစခန်းက (ပ) ၃၂၄/၂၀၁၅ ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ဆီကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူး ကိုယ်တိုင်လာပြီး အမှုဖွင့် သွားပါတယ်။ ကျွန်တော်တို့ စခန်းမှာတော့ ဒေါက်တာကိုကိုကျော်စိုးကို ထိန်းသိမ်းထားတာ မရှိပါဘူး။ ဆက်လက် ဆောင်ရွက်နေပါတယ်” ဟု မိတ္ထီလာမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသိန်းဟန်က ပြောကြားသည်။

“အင်္ဂါနေ့ နေ့ခင်းကတည်းက ပါချုပ်ကြီးစီက တာဝန်ကို ဒုပါချုပ်ဒေါက်တာ ခင်ဖြူဖြူအေးက လွှဲပြောင်း တာဝန်ယူလိုက်ပါတယ်။ ဆရာကြီးတော့ ဘယ်သွားတယ် မသိသေးဘူး” ဟု မိတ္ထီလာတက္ကသိုလ်မှ ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

“အခုလို အဂတိလိုက်စားမှုတွေ စစ်ဆေးတာကို ကြိုဆိုပါတယ်။ ပညာရေး ၀န်ကြီးဌာနမှာရှိတဲ့ ပါမောက္ခချုပ်တွေ အပါအ၀င် ၀န်ကြီးတွေ၊ ဌာနက ထိပ်ပိုင်း ပုဂ္ဂိုလ်တွေအားလုံး လာဘ်ပေးလာဘ်ယူ မကင်းပါဘူး။ ဥပမာ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဝင်းကို ခုနစ်ကြိမ် တိုင်ကြားခဲ့ပါတယ်။ ခြောက်ကြိမ်အထိ စစ်ဆေးအရေးယူမှု လုံးဝမရှိခဲ့ဘဲ စာနဲ့သာ သတိပေးခဲ့ပါတယ်။ ခုနစ်ကြိမ်မြောက်မှသာ ပညာရေး ၀န်ကြီးဌာန အနေနဲ့ မန္တလေး ရတနာပုံ တက္ကသိုလ်ကနေ မကွေးတက္ကသိုလ်ကို ပြောင်းရွှေ့မှု တစ်ခုပဲ အရေးယူခဲ့ပါတယ်။ ဓမ္မာရုံ ဆောက်ဖို့ဆိုပြီး ၂၀၀၆ ခုနှစ်ထဲက ကောက်ခံလာတာ ၂၀၁၅ ခုနှစ်အထိ ကျပ်သိန်းပေါင်း တစ်သောင်းကျော်လောက် ယူထားတယ်။ နောက်ပြီး ဆိုင်ကယ် အပ်နှံခွင့် လေလံတွေစတဲ့ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစား လုပ်ထားတာတွေကို တိုင်ကြားထားတာပါ။ ပေါ်လည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဒါတွေအတွက် ဖြေရှင်းစစ်ဆေးတာတွေ၊ အလျော်ပေးရတာမျိုးတွေ လုံးဝမရှိခဲ့ပါဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြား ပေမယ့်လည်း ကော်မရှင် အနေနဲ့ စစ်ဆေးခြင်း မရှိဘဲ ၀န်ကြီးဌာနကိုပဲ ပြန်လွှဲခဲ့ပါတယ်။ အဲဒီတော့ လာဘ်ပေးလာဘ်ယူ လုပ်တာချင်းအတူတူ အရေးယူချင်တဲ့သူတွေ ယူတယ်၊ မယူချင်တဲ့သူတော့ မယူဘူးဆိုရင် ဥပဒေက မျှော့ကြိုးလိုပဲ ဖြစ်နေပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသုတက အဂတိ လိုက်စားမှုများအပေါ် အရေးယူမှုနှင့် ပတ်သက်၍ ပြောကြားသည်။


Eleven Media Group


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင် ထားပေမဲ့လည်း ပြည်ထောင်စု လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ဖို့ အခွင့်အလမ်းတွေ ရှိနေတယ် လို့ ထင်ရှားတဲ့ ဥပဒေ ပညာရှင်တဦးက သုံးသပ်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ)ကို ယာယီ ဆိုင်းငံ့တဲ့ အဆိုကို လာမယ့် ပြည်ထောင်စု လွှတ်တော် အသစ်မှာ တင်သွင်း အတည်ပြုမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ တာဝန် ထမ်းဆောင်ခွင့် ရနိုင်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ က ထိပ်တန်းခေါင်းဆောင် တဦးကလည်း ပြောကြားခဲ့တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

၂၀၁၆ခုနှစ် ဧပြီလ အစိုးရသစ်တက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အဖြစ် ခန့်အပ်နိုင်မယ့် အခြေအနေ အခွင့်အလမ်းအများကြီး ဖန်တီးလာနေပြီလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နာယက ဦးတင်ဦးက ပြောဆို လိုက်ချိန်မှာပဲ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းတွေ အရ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ခွင့် ရှိနေတယ်လို့ လက်ရှိ တရားစီရင်ရေး ဥပဒေရေးရာနဲ့ တိုင်ကြားစာနဲ့ အသနားခံစာများ စီစစ် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ် ကြံခိုင်ဖွံဖြိုးရေး ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကိုက သတင်းထောက်တွေကို ဒီဇင်ဘာလ (၁၀)ရက်နေ့က ပြောဆိုလိုက်တာပါ။
ရွေးကောက်ပွဲအပြီး လွှတ်တော်။ရွေးကောက်ပွဲအပြီး လွှတ်တော်။

အခုလို ၅၉ (စ) ဥပဒေကို ပြင်ဆင်မယ့် အစား "ယာယီဆိုင်းငံ့ "ဆိုတဲ့ အဆိုပြုချက်ကို လွှတ်တော် အသစ်မှာ အမတ်ဦးရေ ၅၀ ရာခိုင်နှုန်း ကျော်ရဲ့ ထောက်ခံမဲနဲ့ အတည်ပြုနိုင် တယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ဖို့ အခွင့်အလမ်း ပွင့်သွားပြီလို့ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီက သူ့ရဲ့အမြင်ကို ဗွီအိုအေကိုပြောပါတယ်။

" ၅၉ (စ)ကို ယာယီအားဖြင့် ဆိုင်းငံ့လိုက်တာနဲ့ ၅၉ (စ) အသက်ဝင်ဖို့ မရှိတော့ဘူးပေါ့။ အဲဒါဆိုရင် သမ္မတဖြစ်ဖို့ လမ်းပွင့်သွားတာပေါ့။ အဲဒါဆိုရင် ကန့်သတ်ချက်တွေ မရှိတော့တဲ့အတွက် သမ္မတ ဖြစ်ဖို့ လမ်းပွင့်သွားတာပေါ့။ ယာယီဆိုင်းငံ့တယ် ဆိုတဲ့ အသုံးကို သူသုံးထားပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ဆိုရင် သူက အတော်လေး အချိန်လိုတယ်။ သူ့ကို လွှတ်တော်မှာ ၇၆ ရာခိုင်နှုန်းက ထောက်ခံသည့်တိုင် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျွန်တော်တို့ လုပ်ရဦးမယ်။

ဒီအကြောင်းတွေကြောင့် အချိန်လည်း တော်တော်လည်း ကြာမယ်။ အချိန်လည်း တော်တော်ပေးရမယ်။ အဲဒီအတွက် အစိုးရအဖွဲ့ ဖွဲ့မယ့် အချိန်အမီ လုပ်ဖို့ အတော်လေး ခဲယဉ်းတယ်။ အဲဒီတော့ ဥပဒေ ပြင်မယ့် အနေနဲ့ မသွားဘူး။ ဥပဒေကြမ်း မပြင်ပဲနဲ့ အဆိုတင်လိုက်တာ။ အဆို ဆိုတဲ့အခါကျတော့ အဆိုကို ဆုံးဖြတ်တာက Simple majority လို့ ခေါ်တဲ့ ၅၁ ရာခိုင်နှုန်း သဘောတူညီချက်နဲ့ ဆုံးဖြတ်လို့ရတယ်။"

အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခုကို ယာယီအားဖြင့် ဆိုင်းငံ့ ထားလို့ရတယ် ဆိုတဲ့အချက်ဟာ ဖွဲ့စည်းပုံမှာ မပါတဲ့အတွက် ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ဖို့ အခွင့်အလမ်းမရှိဘူးလို့ သုံးသပ်နေကြသူတွေရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ ဦးကိုနီရဲ့ သုံးသပ်ချက်ကတော့

"ဆိုင်းငံ့ဖို့ မပါဘူးဆိုရင် မဆိုင်းငံရဘူးလို့ကော ပါသလား။ အဲဒီလိုလဲ မပါပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ တိုင်းသူပြည်သားတွေရဲ့ ဆန္ဒကို မှီပြီးတော့ လုပ်ရတာပါ။ တိုင်းသူပြည်သားတွေက ဒီဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုလုံးကို မကြိုက်ဘူးဆိုရင် ပယ်ဖျက်ပြီး အသစ်ရေးလည်း ရပါတယ်။

ဒီ ၂၀၀၈ဥပဒေဆိုတာ အစက ရှိတာလည်း မဟုတ်ပါဘူး။ တပ်မတော် ခေါင်းဆောင်တွေ က သူတို့ အုပ်ချုပ်တဲ့အချိန်မှာ သူတို့ စိတ်တိုင်းကျ ရေးထားတာပါ။ လက်ရှိ လွှတ်တော် ခုလောလောဆယ် ပြည်သူ့ လွှတ်တော် အနေနဲ့ တကယ်လို့ တိုင်းပြည်ရဲ့ လိုအပ်ချက်အရပေါ့လေ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၅၉ (စ)ကို ပြင်ဆင်ဖို့ အကြောင်းရှိတဲ့အတွက် ယာယီအားဖြင့် suspend ဆိုင်းငံ့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးကို ချနိုင်ရင်၊ ၅၁ ရာခိုင်နှုန်း သဘောတူရင်ကို ချလို့ရတယ်။

ဒါဥပဒေကို ပြင်တာ မဟုတ်ဘူး။ အဆိုတင်ပြီးတော့ ခေတ္တ ဆိုင်းငံ့တာ။ အဲဒီတော့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်မယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်က ပြည်သူ လူထုက ရွေးထားတဲ့ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ပဲ။ဒါပြည်သူလူထုကို ကိုယ်စားပြုတဲ့ လွှတ်တော်။ ပြည်သူ လူထုက မကြိုက်ဖူးဆိုတဲ့ အဓိပ္ပါယ်၊ ပြည်သူလူထုက ဆိုင်းငံ့မယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်သွားတယ်။ ရပ်လို့ရပါတယ်။"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုလာမယ့် လွှတ်တော်သက်တမ်း အတွက် သမ္မတဖြစ်ဖို့ အခြားအခွင့်အလမ်းတွေလည်းရှိနေတယ်လို့ ဦးကိုနီကပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အတွက်ဆိုရင် ကျွန်တော်တို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ နံပါတ် ၁ကတော့ဗျာ သူ့သားနှစ်ယောက် နိုင်ငံခြားသားဖြစ်နေ လို့ အခု ဒုက္ခဖြစ်နေတာ။ သားနှစ်ယောက်ဟာ မူလက နိုင်ငံသားတွေပဲ၊။ အဲဒီ နိုင်ငံသားတွေ ကို ပေးထားတဲ့ အခွင့်အရေးတွေကို ၁၉၈၉ခုနှစ် မှာ ပြန်ရုတ်သိမ်း လိုက်လို့ ဖြစ်တာ။ အခုသာ သူ့သားနှစ်ယောက် ကမြန်မာ နိုင်ငံသားဖြစ်ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် လူဝင်မှုကြီးကြပ်ရေးကနေ ဒီကလေးနှစ်ယောက် ကို နိုင်ငံသားပေးလိုက်လို့ ရှိရင် သမ္မတ ဖြစ်ဖို့ လမ်းပွင့်သွားတာပေါ့။

သို့သော်လည်းပဲ ကလေးနှစ်ယောက်ကတော့ ပထမ သဘောတူဖို့ လိုတာပေါ့လေ။ ပထမနည်းပေါ့လေ။ ဒုတိယနည်းကတော့ စောစောက ကျွန်တော်တို့ ပြောတဲ့ ဒီ ၅၉(စ)ရဲ့ အာဏာသက်ရောက်မှုကို ပြည်ထောင်စု လွှတ်တော်ကနေ အထူး အစည်းအဝေး သို့မဟုတ် ပုံမှန် အစည်းအဝေးတစ်ခုခုကနေ ယာယီ ဆိုင်းငံ့လိုက် ရင်လဲ လမ်းပွင့်သွားတာပဲ။ ဒီလိုမှ မဟုတ်ဘူးဆိုရင်လဲ စောစောကလိုပဲ သူ့မှာ ပါတဲ့အတိုင်း ပြင်ဆင်တဲ့ နည်းလမ်းကို သုံးမယ်ဆိုရင်လည်း ရတာပဲ လုပ်လို့ရတယ်။"

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိကရေးဆွဲခဲ့သူတဦးဖြစ်တဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ (အငြိမ်းစား)နဲ့ ဒီဇင်ဘာလ (၄)ရက်နေ့က သူရဲ့နေပြည်တော် အိမ်မှာ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။

နှစ်နာရီခွဲ ကြာ ဆွေးနွေးပွဲ ရလဒ်နဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှုးကြီး ရဲ့ မြေးဖြစ်သူ နေရွှေသွေးအောင် က သူရဲ့လူမှုကွန်ယက်ဖေ့စ်ဘုတ်ခ် စာမျက်နှာမှာ ဖေါ်ပြရာမှာတော့-" ရွေးကောက်ပွဲတွင် တရားဝင် အနိုင် ရရှိခဲ့ပြီးနောက် မြန်မာပြည်၏ အနာဂတ်ခေါင်းဆောင် သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ် လာမည်မှာ အားလုံးလက်ခံရမည့် အမှန် တရားပင်ဖြစ်တယ်။ သူမအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမှန်တကယ် ကြိုးပမ်းဆောင်ရွက် မည် ဆိုပါက မိမိအနေဖြင့်တတ်နိုင်သည့်ဘက်မှ အစွမ်းကုန် ပံ့ပိုးကူညီမည် လို့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေက ပြောဆို ခဲ့ကြောင်းဖေါ်ပြထားပါတယ်။

အင်ကြင်းနိုင်/VOA
http://burmese.voanews.com/content/can-aung-san-suu-kyi-president-/3100014.html

ဆီးရီးယားမှာ ရှိတဲ့ အကြမ်းဖက်သမားတွေက ရုရှားကို တိုက်ရိုက် ခြိမ်းခြောက်နေတယ်လို့ ပူတင် ပြော။
    
ဆီးရီးယားမှာ ရှိတဲ့ ရုရှား တပ်ဖွဲ့တွေအပေါ် ရန်ပြု ခြိမ်းခြောက်လာတဲ့ ဘယ်လို လုပ်ဆောင်ချက်ကို မဆို အလွန့်အလွန် ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန် ဆောင်ရွက်ဖို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ရုရှား စစ်တပ်ကို အမိန့်ပေး လိုက်ပါတယ်။

အဲဒီလို ရုရှား တပ်ဖွဲ့တွေကို ခြိမ်းခြောက်လာတဲ့ ပစ်မှတ် အားလုံးကို ချက်ချင်း ချေမှုန်း ပစ်ရမယ်လို့ မစ္စတာ ပူတင်က ကာကွယ်ရေး ဌာန အရာရှိတွေကို ပြောသွားပါတယ်။

ဘယ်လို ခြိမ်းခြောက်မှုတွေလဲ ဆိုတာကိုတော့ မစ္စတာ ပူတင်က အတိအကျ မပြောခဲ့ပေမယ့် တူရကီက ရုရှား ဗုံးကြဲ လေယာဉ်ကို ပစ်ချခဲ့တဲ့ ကိစ္စအတွက် လတ်တလောမှာ နှစ်နိုင်ငံ ရန်စောင်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

တူရကီ ဘက်ကတော့ အဲဒီ ရုရှား ဗုံးကြဲလေယာဉ်က တူရကီ လေပိုက်နက်ထဲ ဝင်ခဲ့တယ်လို့ ပြောခဲ့ပြီး ရုရှားကတော့ ငြင်းထား ပါတယ်။

Su-24 ဗုံးကြဲလေယာဉ် ပစ်ချ ခံရပြီးနောက် ရုရှား လေယာဉ်မှူး တစ်ဦး သေဆုံးခဲ့ကာ ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်တဲ့ ရုရှား အထူး တပ်ဖွဲ့ဝင် တစ်ဦးလည်း သေဆုံးခဲ့ပါတယ်။ အဲဒီနောက် မော်စကိုနဲ့ အန်ကာရာ အကြား ဆက်ဆံရေး ဆိုးဆိုးရွားရွား ထိခိုက် ခဲ့တာ ဖြစ်ပါတယ်။

ရုရှားက ဆီးရီးယား သမ္မတ အာဆတ်ရဲ့ တောင်းဆိုမှုနဲ့ ဆီးရီးယား အတိုက်အခံ သူပုန် အဖွဲ့တွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေကို စက်တင်ဘာလက စတင် ပြုလုပ် ခဲ့ပါတယ်။

အခုတော့ ဆီးရီးယား သူပုန်အဖွဲ့ တစ်ခု ဖြစ်တဲ့ ဆီးရီးယား လွတ်မြောက်ရေး တပ် (FSA) ကိုလည်း ရုရှားက စစ်ရေး အကူအညီတွေ ပေးနေပြီလို့လည်း မစ္စတာ ပူတင်က ပြောပါတယ်။

အရင်က ရုရှားရဲ့ ဗုံးကြဲမှုကို ခံခဲ့ရတဲ့ FSA က အဲဒီလို ရုရှားက စစ်ရေး အကူအညီ ပေးနေပြီ ဆိုတဲ့ ကိစ္စကို အတည်ပြုခြင်း မရှိသေးပါဘူး။

ရုရှားဟာ ဆီးရီးယားမှာ ရှိတဲ့ အစွန်းရောက် IS အဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်တာထက် အလယ်အလတ် သဘောထား ရှိတဲ့ သူပုန်တွေကိုသာ အဓိကထား တိုက်ခိုက်နေတယ် ဆိုတဲ့ အမေရိကန် တို့ရဲ့ စွပ်စွဲချက်ကို ရုရှားက ငြင်းဆို ထားပါတယ်။

BBC Burmese
http://www.bbc.com

တိုက်ခိုက် ခံခဲ့ရတဲ့ တည်းခိုဆောင် ဟာ စပိန် သံရုံးဝင်း အနီးမှာ ဖြစ်ပြီး စပိန်ရဲ တစ်ဦး သေဆုံး သွားပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံ ကာဘူးလ် မြို့တော်မှာ နိုင်ငံခြားသား ဧည့်သည် တွေ တည်းခိုးရာ အဆောက်အဦကို တာလီဘန် လက်နက်ကိုင် တွေ ဝင်ရောက် တိုက်ခိုက် ခဲ့ သလို၊ အသေခံ ကားဗုံး ခွဲ မှုလည်း ဖြစ်ပေါ် ခဲ့ တယ်လို့ အာဖဂန် အာဏာပိုင် တွေ က ပြောပါတယ်။

တိုက်ခိုက် ခံခဲ့ရတဲ့ တည်းခိုဆောင် ဟာ စပိန် သံရုံးဝင်း အနီးမှာ ဖြစ်ပြီး စပိန်ရဲ တစ်ဦး သေဆုံး သွားပါတယ်။

အဲဒီ့ တိုက်ခိုက်မှုဟာ စပိန် သံရုံးကို ဦးတည် ပြုလုပ်ခဲ့တာ ဆိုပြီး အစောပိုင်း သတင်းတွေက ဆိုပေမယ့် စပိန် ဝန်ကြီးချုပ် က တော့ ငြင်းဆိုထား ပါတယ်။

တိုက်ခိုက်မှု ဖြစ်ပေါ် ခဲ့တဲ့ ရပ်ကွက် ထဲ မှာ လက်နက်ကိုင် တချို့ ပုန်းအောင်း နေဆဲ ဖြစ်နိုင်တယ် လို့ အာဖဂန် အာဏာပိုင်တွေ က သတိပေး ထားပါတယ်။

BBC Burmese
http://www.bbc.com

တရားရုံးချိန်းမှာ အမေရိကန်သံအမတ်ကြီး က ပက်ထရစ် မိသားစုဝင်တွေ နဲ့  တွေ့ဆုံ။ သတင်းဓာတ်ပုံ Credit to- မခွန်ဂျာ
တရားရုံးချိန်းမှာ အမေရိကန်သံအမတ်ကြီး က ပက်ထရစ် မိသားစုဝင်တွေ နဲ့ တွေ့ဆုံ။ သတင်းဓာတ်ပုံ Credit to- မခွန်ဂျာ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သရော် လှောင်ပြောင် ထားတဲ့ ဓာတ်ပုံတွေကို Facebook စာမျက်နှာမှာ ဖြန့်ဝေ ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကချင်တိုင်းရင်းသား ပက်ထရစ် ကွန်ဂျာလီကို ဒီကနေ့ လှိုင်မြို့နယ်တရားရုံးမှာ ၇ ကြိမ်မြောက် အဖြစ် ရုံးထုတ် စစ်ဆေးရာမှာ ဆရာဝန်ရဲ့ ထွက်ဆိုချက်ကို ရယူနိုင်ဖို့ ဆရာဝန်ခေါ်ယူ စစ်ဆေးခွင့်ပြုလိုက်ပေမယ့် ဒီတခေါက်မှာလည်း အာမခံ မရခဲ့ပါဘူး။ သတင်းအပြည့်အစုံ ကိုတော့ ဗွီအိုအေ သတင်းထောက် မမေခက တင်ပြထားပါတယ်။

ထောင်ဒဏ် သုံးနှစ်အထိ ချနိုင်တဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံ ထားရတဲ့ ကချင်တိုင်းရင်းသား ပက်ထရစ် ကွန်ဂျာလီရဲ့ ကျန်းမာရေး အခြေအနေကြောင့် အာမခံရဖို့အတွက် ဆရာဝန်ရဲ့ ထွက်ဆိုချက်ရယူနိုင်ဖို့ ဆရာဝန်ခေါ်ယူ စစ်ဆေးခွင့်ကို ဒီကနေ့ ရုံးထုတ်မှာ တရားရုံးက လက်ခံခွင့်ပြု ပေးလိုက်တယ်လို့ ပက်ထရစ် ကွန်ဂျာလီ ရဲ့ ဇနီးဖြစ်သူ မမေစံပယ်ဖြူက ပြောပါတယ်။

ဒီလိုခွင့်ပြုလိုက်ပေမယ့်လည်း ဆရာဝန် ထွက်ဆိုနိုင်ဖို့ အခက်ခဲတွေ ရှိနေတယ်လို့ သူမက ခုလိုပြောပါတယ်။

"ထောင်ဆရာဝန်တွေကို တရားရုံးမှာ အဲ့လို လာပြီးတော့ သက်သေထွက်ဆိုတာမျိုး မလုပ်ရဘူးလို့ ညွှန်ကြားချက် ပေးထားတယ်လို့ ကျမတို့က သိရတယ်။ အဲ့ဒီ့အတွက်ကြောင့် ထောင်ဆရာဝန်ကလည်း လာထွက်မှာမဟုတ်ဘူး။ အဲ့လိုပဲ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ရက်နေ့ ရုံးချိန်းတုန်းက ဆေးခန်းကို ခေါ်သွားရ တာလေ။ သူ့ကို ဆေးစာရေးပေးလိုက်တာပဲ တကယ်တော့။ ဒါပေမဲ့လည်း အဲ့ကဆရာဝန်ကလည်း တရားရုံးက ဆင့်ခေါ်တာမဟုတ်ဘူးဆိုရင် တရားရုံးမှာ လာပြီး သက်သေ ထွက်ပေးပါလို့ပြောရင် အထူးသဖြင့် ဒီလိုအမှုတွေက နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုတွေဖြစ်တဲ့အတွက် အဲ့ဒီ့ဆရာဝန်ကလည်း လာထွက်ဆိုပေးမှာ မဟုတ်ဘူးလို့ ကျမတို့တွေက ခန့်မှန်းလို့ရတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဘယ်သူမှ ဒီလိုမျိုး ကိစ္စတွေမှာ ပြသနာလည်း အတက် မခံချင်ကြဘူးလေ။ အစိုးရ ဝန်ထမ်းဖြစ်နေတဲ့သူတွေပေါ့လေ။ ထွက်ချက်ရမှပဲ အာမခံဆိုတာချည်းကို စဉ်းစားမယ်ဆိုတော့ ရှင်းရှင်းပြောရင်တော့ မဖြစ်နိုင်တဲ့ ဥစ္စာချည်းကို သူတို့ အပြစ်လွတ်အောင် အကြောင်းပြချက် ပေးတဲ့သဘောမျိုးပဲ ဖြစ်နေတာပေါ့။"

ပက်ထရစ် ကွန်ဂျာလီကို နည်းဥပဒေမထွက်သေးတဲ့ ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲဆို ထားတာဖြစ်ပြီး ဆက်သွယ် ရေး ကွန်ရက်တခုကို သုံးပြီး အသရေဖျက်မှု ဆိုတဲ့ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုထားတာပါ။

ဒီကနေ့ရုံးချိန်းကို မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာရောက်ခဲ့ပြီး မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီလို အမေရိကန်သံအမတ်ကြီိးအနေနဲ့ တရားရုံးကို လာရောက်လေ့လာတာနဲ့ ပတ်သတ်ပြီး ပက်ထရစ် ကွန်ဂျာလီ အမှုကိုရှေ့နေ လိုက်ပါဆောင်ရွက်နေ တဲ့ ရှေ့နေဖြစ်သူ အယ်လ်ခွန်ရိန်ပန်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူနဲ့ဆက်သွယ်လို့ မရခဲ့ပါဘူး

လက်ရှိ ကချင်တိုင်းရင်းသား ပက်ထရစ်ကွန်ဂျာလီရဲ့ ကျန်းမာရေးအခြေအနေက စိုးရိမ်ရသလို ထောင်ဆေးရုံက အထူးကြပ်မတ် ကုသဆောင်မှာ တင်ထား ရတာ တစ်လကျော်ကြာနေပြီဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေမှာတိုး တက်ကောင်းမွန် လာတာမရှိဘဲ အခြေအနေတခုကို ထိန်းနေရတဲ့ အခြေအနေသာ ရှိနေကြောင်း ၊ သူ့ရဲ့ကျန်းမာရေး အခြေအနေမှာ စိုးရိမ်နေရတဲ့အခြေအနေမှာရှိနေကြောင်း မမေစံပါယ်ဖြူကပြောပါတယ်။

လက်ရှိ မြန်မာပြည်ရဲ့ တရားဥပဒေစီရင်ရေးနဲ့ ပတ်သတ်ပြီး မမေစံပါယ်ဖြူက သူ့ထင်မြင်ချက်ကို အခုလိုပြောပြပါတယ်။

" ကျမတို့နိုင်ငံမှာကလေ အခက်အခဲဆုံးက ဘာလဲဆိုတော့ အမြင်ကတ်ပုဒ်မ ကို ကျော်လွှားရတဲ့ ပြသနာပဲ။ အခု ဒီကိစ္စမှာ တရားဥပဒေအရ ထင်ထင်ရှားရှား ကျမတို့တွေ ခိုင်လုံတဲ့ သက်သေ မရှိပဲနဲ့လည်း စွဲထားတဲ့ကိစ္စမှာ အမြင်ကတ် ပုဒ်မ ဖြစ်နေတဲ့ အခါကျတော့ အကုန်လုံးက အထက်အမိန့်နဲ့ပဲ ဆိုတဲ့ဟာနဲ့ပဲ တရားစီရင်ရေးမဏ္ဍိုင် တခုလုံးကလည်း တရားမျှတမှု မရှိဘူး။ လွတ်လပ်မှု မရှိဘူး။ ပြီးတော့ ဘယ်သူကမှလဲ ဒီလိုကိစ္စမျိုးမှာ ကူညီဖို့ဆိုတာ မဖြစ်နိုင်ဘူးပေါ့နော်။ အသနားခံစာ တင်ရအောင်ကလည်း တပ်ချုပ်ဆီကို တိုက်ရိုက် ကျမ စာတင်ဖူးပါတယ်။ ဒါပေမဲ့ No Response လေ။ ဦးရဲထွဋ် မိန်းမ အမှုတုန်း ကတော့ တောင်းပန်လိုက်တယ်။ ကျေအေးလိုက်တယ်ပေါ့။ တောင်းပန် တယ်ဆိုတာကလည်း ကျေအေးချင်စိတ် ရှိတဲ့သူအပေါ်မှာ မူတည်တယ်လို့ ကျမတို့ကတော့ ယူဆပါတယ်။ နဂိုကတည်းက အမြင်ကတ်လို့ မှတ်လောက်သားလောက်အောင် တမင်တကာ လုပ်တဲ့ ကိစ္စမျိုးကိုတော့ ကျမတို့က တောင်းပန်လည်း မကျေအေးသူက မကျေအေးရင် ဒီအမှုက ဒီလိုပဲ ဆက်ပြီး ကြာနေဦးမှာပဲ။"

တပ်မတော်က အသစ် ပြောင်းလဲလိုက်တဲ့ အစိမ်းနုရောင် ၀တ်စုံသစ် ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အ၀တ်အစား အရောင်နဲ့ နှိုင်းယှဉ်ပြီး လူမှုကွန်ယက် Facebook စာမျက်နှာမှာ မျှဝေခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပက်ထရစ်ကွန်ဂျာလီ အပါအဝင် ဧရာဝတီတိုင်း မအူပင်မြို့က မချောစန္ဒီထွန်း ခေါ် ချစ်သမီးကို ဟာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။ ဒီပုဒ်မတွေနဲ့ အရေးယူခံရသူတွေ သူတို့ နှစ်ဦးစလုံးဟာ အာမခံလျှောက်ထား ပေမယ့် တရားရုံးတွေက အာမခံ မပေးထားပါဘူး။

မေခ/VOA
http://burmese.voanews.com/content/kachin-khun-jan-lee-case-court-hearing/3098891.html

[youtube src="mEaCmMDOM6E"/]
သမ္မတဦးသိန်းစိန်လက်ထက်မှာ တရားစီရင်ရေးမဏ္ဍိုင်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ အစိုးရနဲ့ အတိုက်အခံဖြစ်သူတွေ ၊ဝေဖန် ကန့်ကွက်သူတွေ အပေါ်မှာ လက်တစ်လုံးကြား ဥပဒေတွေနဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ တရားရေးမဏ္ဍိုင်တစ်ခု အဖြစ်သာ ရှိနေခဲ့တာပါ။

[youtube src="NxE40BdpZFw"/]
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဓာတ်ပုံကို ခြေထောက်နဲ့နင်းပြီး ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို Facebook မှာ Share ခဲ့မှုနဲ့ မြန်မာအစိုးရရဲ့ တရားစွဲဖမ်းဆီးတာကို ခံနေရတဲ့ ခွန်ဂျာလီကို ဒီဇင်ဘာ ၁၁ရက်နေ့က လှိုင်တရားရုံးမှာ ၆ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။

Kamayut Online TV


aungshin-nld-620.jpg
NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စာရေးဆရာ မုံရွာအောင်ရှင် ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့ ချက်ထရီယံတယ်မှာကျင်းပတဲ့ မြန်မာမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံမှာ တွေ့ရစဉ်
Photo: RFA

လာမယ့် NLD အစိုးရအနေနဲ့ သတင်းမီဒီယာတွေရဲ့ဝေဖန်မှုတွေကို လက်ခံသွားမှာဖြစ်သလို အစိုးရဆီကနေ သတင်းအချက်အလက် ရယူနိုင်ခွင့်ကိုလည်း တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စာရေးဆရာ မုံရွာအောင်ရှင်က ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ချက်ထရီယံတယ်မှာ ကျင်းပတဲ့ မြန်မာမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံမှာ NLD ဗဟိုအလုပ် မှုဆောင်ကော်မတီဝင် စာရေးဆရာ မုံရွာအောင်ရှင် က RFA ကို အခုလိုပြောခဲ့တာဖြစ်ပါတယ်။

"အစိုးရအပေါ်မှာ ဝေဖန်တာ အကြံပြုတာ ဒါတားလို့မရဘူး၊ ဒါကို ကျနော်တို့ လက်ခံရမှာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဝေဖန်တယ် အကြံပြုတယ်ဆိုတာ မရှိလို့ရှိရင် ဘာမှမဖြစ်နိုင်ဘူး၊ ဒါကလည်း တစ်ပါတီပဲဖြစ်သွားမှာပဲ၊ အကြံပြု တာ ဝေဖန်တာကို လက်ခံရမယ်၊ ဝေဖန်တာ အကြံပြုတာ အပြုသဘောဖြစ်ရင် ပိုပြီးတော့ကောင်းတာပေါ့၊ အရာရာတိုင်းမှာ အပျက်သဘောနဲ့ ဝေဖန်တာထက် အပြုသဘောနဲ့ ဝေဖန်တာ ပိုပြီးတော့ကောင်းပါတယ်၊ မီဒီယာတွေကို သတင်းရယူမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ပြဿနာတွေအပေါ်မှာ သင်ခန်းစာယူပြီးတော့ ပိုပြီးတော့ကောင်းအောင် ကျနော်တို့ ကြိုးစားမှာပါ"

ဒီကနေ့ မြန်မာ့မီဒီယာ တိုးတက်ရေး ညီလာခံ နောက်ဆုံးနေ့မှာ အစိုးရဌာနတွေကနေ သတင်းအချက် အလက်ရယူ တဲ့နေရာမှာ သတင်းမီဒီယာတွေ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေအပြင် နောက်လာမယ့်အစိုးရလက်ထက်မှာ ကြုံတွေ့လာရမယ့် သတင်းမီဒီယာ အခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် သတင်းမီဒီယာတွေအပေါ် ခြိမ်းခြောက်နေတဲ့ ဥပဒေတွေနဲ့ မီဒီယာသမားတွေရဲ့ လုံခြုံရေးဆိုင်ရာ အကာအကွယ်ပေးဖို့ ဆွေးနွေးခဲ့ကြသလို တိုင်းရင်းသား သတင်းမီဒီယာတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြပါတယ်။

စာရေးဆရာ ကိုဇော်သက်ထွေးလည်း နောက်လာမယ့်အစိုးရဟာ တရားဥပဒေအတိုင်း အုပ်ချုပ်သွားမယ့် အစိုးရအဖြစ် မျှော်လင့်ထားတာကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့်ပိုမို ရရှိလာနိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ သတင်းမီဒီယာ ညီလာခံဟာ ကို မြန်မာနိုင်ငံအတွင်းမှာ ကျင်းပခဲ့တာ အခုဆို ၄ ကြိမ်ရှိပြီဖြစ်ပြီး ပြည်တွင်းပြည်ပ သတင်းမီဒီယာ ၁ဝဝ ကျော် တက်ရောက်ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

RFA

မတရားတားဆီးကန့်ကွက်မှု ပုဒ်မ ၃၄၁ နဲ့ အမှုဖွင့်ခံထားရတဲ့ ကျောက်တန်းမြို့နယ်က အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကို ကျောက်တန်းမြို့နယ်တရားရုံးက ဒီနေ့ ငွေကျပ် တစ်သိန်းနဲ့ အာမခံပေးလိုက်ပါတယ်။ ရဲစခန်းက အာမခံပေးထားပြီးဖြစ်ပေမယ့် တရားရုံးမှာ အာမခံထပ်တင်ရတာဖြစ်တယ်လို့ ဒေါ်အေးမြမြမျိုးက ပြောပါတယ်။

"ဒီနေ့ စစ်တာကတော့ တရားရုံးက အာမခံပေးတဲ့အဆင့်ပါပဲ၊ စစ်တဲ့အဆင့် မဟုတ်သေးဘူးပေါ့၊ တနင်္လာနေ့ကျမှ တရားလိုကို စစစ်မယ်၊ ရဲအမှုဆိုတော့ ရဲကနေ ကျမကို တရားရုံးတင်ပြီးတော့ တရားရုံးမှာ ကျမအာမခံယူရတာပါ"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က ကျောက်တန်းမြို့နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ မဲဆွယ်စည်းရုံးရေးယာဉ်တန်းနဲ့ အန်အယ်လ်ဒီပါတီရဲ့ မဲဆွယ်စည်းရုံးရေးယာဉ်တန်း ထိပ်တိုက်တွေ့ဆုံရာမှာ အန်အယ်လ်ဒီဘက်က တားဆီးပိတ်ဆို့ထားတယ်ဆိုပြီး ၀န်ကြီး ဦးအုန်းမြင့်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးမျိုးချစ်က အမှုဖွင့်တိုင်ကြားတာဖြစ်ပါတယ်။

ဦးမျိုးချစ်ဟာ ဒေါ်အေးမြမြမျိုး အပါအ၀င် အန်အယ်လ်ဒီပါတီဝင်တွေကို အမှု ၁၉ မှုနဲ့ တရားစွဲဆိုထားတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

ကျောက်တန်းမြို့နယ်မှာ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၀န်ကြီး ဦးအုန်းမြင့်ကို မဲ တစ်သောင်းကျော်နဲ့ အနိုင်ရရှိထားတာဖြစ်ပါတယ်။

RFA

အစိုးရသစ်လက်ထက်တွင် ထောင်ဒဏ်ကျခံနေရသော ဗိုလ်ကြီးဟောင်းနေမျိုးဇင် လွတ်မြောက်မည်ဟု ယုံကြည်ကြောင်း တပ်မတော်တပ်ထိန်း(ကြည်း) တပ်သားဟောင်း ဦးသက်ဝေက ဒီဇင်ဘာ ၁၀ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန် အားကစားကွင်၌ ဗိုလ်ကြီးဟောင်းနေမျိုး ဇင်လွတ် မြောက်ရေးအတွက် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ပွဲမစတင်မီ မြန်မာသံတော်ဆင့်သို့ပြောသည်။

တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က တပ်သားဟောင်း ဦးသက်ဝေ၏ အထက်အရာရှိဖြစ် သူ ဗိုလ်ကြီး ဟောင်းနေမျိုးဇင် အကျဉ်းချခံနေရ မှုမှ ပြန်လည်လွတ်မြောက်ရန်အတွက် တစ်ကိုယ်တော်ဆန္ဒဖော်ခဲ့ခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

““ဗိုလ်ကြီးဟောင်း နေမျိုးဇင်က နှစ်ပေါင်းများစွာ ပြည်သူအတွက် ကောင်းတဲ့အလုပ်တွေလုပ်ခဲ့တယ်။ ဘယ် လောက်ပဲကောင်းအောင် လုပ်ခဲ့လုပ်ခဲ့ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ထောင်ထဲကို ထည့်တယ်။ တိုင်းပြည်အတွက် ဒီလို ကောင်းတဲ့လူကိုထောင်ထဲ ထည့်တာဟာ စစ်မှန်တဲ့အစိုးရ မဟုတ်ဘူးလို့ ကျွန်တော်နားလည်ထားတယ်။ အစိုးရသစ်လက်ထက်မှာလည်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်လွတ်မြောက်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင် ကို လွှတ်ပေးရင်ပိုပြီး သင့် တော်ပါတယ်။ ထောင်ထဲမှာ ဗိုလ်ကြီးဟောင်းနေမျိုးဇင် ကျ ဆုံးသွားရင် တိုင်းပြည်အတွက် အများကြီးနစ် နာပါ တယ်”” ဟု တပ်မတော်တပ်ထိန်း (ကြည်း) တပ်သားဟောင်း ဦးသက်ဝေကပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းအတွက် တပ်သားဟောင်းဦးသက်ဝေ က ကျောက်တံတားရဲစခန်းတွင် ဒီဇင်ဘာ ၄ ရက်က ခွင့်ပြုချက်တောင်းခံခဲ့ပြီး ဗိုလ်စိန်မှန်အားကစားကွင်း၌ မနက် ၈နာရီမှ ၁၀နာရီအထိ ခွင့်ပြုချက်ပေးခဲ့ရာ ဒီဇင်ဘာ ၁၀ရက် နံနက်ပိုင်းတွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ် သည်။

တပ်မတော်တပ်ထိန်း(ကြည်း) တပ်သားဟောင်း ဦးသက်ဝေသည် ၁၉၇၃ ခုနှစ်တွင် တပ်မတော်သို့ စတင်ဝင် ရောက်ခဲ့ကာ တပ်မတော်တွင် ၁၄နှစ် တိတိတာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ကျန်းမာရေး ကောင်းမွန် ခြင်း မရှိသည့်အတွက် တပ်မတော်မှနှုတ်ထွက်ခဲ့သည်။

- တပ်ထိန်း(ကြည်း)တပ်သားဟောင်း ဦးသက်ဝေက ဒီဇင်ဘာ ၁၀ ရက် ဗိုလ်စိန်မှန်အားကစားကွင်၌ ဗိုလ်ကြီးဟောင်းနေမျိုးဇင်လွတ်မြောက်ရေးအတွက် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်စဉ်။

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

မြန်မာပြည်အနှံ့ မဲဆန္ဒနယ်အားလုံးမှ မဲရလဒ်များရေတွက် ကြေညာပြီးချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ၏ လွှတ်တော် အမတ်နေရာအားလုံး၏ ၇၇ ရာခိုင်နှုန်းကို သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါသည်။ လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့်လည်း ဒီဇင်ဘာ ၂ ရက်၊ နေပြည်တော်တွင် သမိုင်းဝင်တွေ့ဆုံကာ ငြိမ်းချမ်းချောမွေ့စွာ အာဏာလွှဲပြောင်းနိုင်ရေး၊ အစိုးရသစ်ဖွဲ့စည်းရေးကိစ္စများ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပြီဖြစ်ပါ သည်။ လက်ရှိ အာဏာရအစိုးရနှင့်တပ်မတော်တို့ ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှာမူ အမတ်နေရာ ၁၀ ရာခိုင်နှုန်းသာအနိုင်ရခဲ့ပြီး အရှက်တကွဲရှုံးနိမ့်ခဲ့ရပါသည်။ အရပ်သား တပိုင်းအစိုးရတက်လာချိန် ၂၀၁၀ အထိ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ်အောက်တွင် ဖိနှိပ်မှု မျိုးစုံ ကြုံတွေ့ခဲ့ရသည့် မြန်မာပြည်သူလူထုနှင့် NLD ပါတီအတွက် မဟာအောင်ပွဲကြီးဖြစ်ကာ လွှတ်တော် နှစ်ရပ်လုံးကို လွှမ်းမိုးနိုင်ပြီဖြစ်သော NLD အတွက် နောင်တက်လာမည့်သမ္မတကို စိတ်ကြိုက်ရွေးချယ် နိုင်ပြီလည်း ဖြစ်ပေသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမှုအလုံးစုံ ပြီးမြောက်မှုမရှိသေးသော်လည်း မြန်မာပြည်သူတို့၏ စည်းကမ်းရှိမှု၊ နိုင်ငံရေး အသိစိတ်ကြွယ်ဝမှု၊ ခေါင်းဆောင်၏စကားကို နားထောင်မှုတို့ကို နိုင်ငံတကာကပင် လေးစားချီးကျူးဖွယ်ဖြစ်ခဲ့ရပါသည်။ ၂၀၁၀ မှ ၂၀၁၅ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးကာလဦးအတွင်း ဒီမိုက ရေစီရေးလူထုလှုပ်ရှားမှုများ ကမ္ဘာတလွှား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သော်လည်း မြန်မာပြည်လောက် အောင် မြင်မှုမရခဲ့ခြင်းကလည်း မြန်မာပြည်ကို ကမ္ဘာက ဂရုတစိုက် စောင့်ကြည့်စရာဖြစ်လာရပါသည်။ ၂၀၁၁ တွင် တူနီးရှားမှအစပြုခဲ့သည့် အာရပ်နွေဦး လူထုလှုပ်ရှားမှုကြီးသည် မအောင်မမြင်အဆုံးသတ်ခဲ့ရပြီး လက်ရှိအချိန် တွင် တူနီးရှားတနိုင်ငံတည်းသာ တည်တည်ငြိမ်ငြိမ်ဖြင့် ရွေးကောက်ပွဲများအောင်မြင်စွာ ဆက်လက်ကျင်းပနိုင် နေပါသည်။ အီဂျစ်သည် မူလအာဏာရှင် မူဘာရက်ထက်ပိုဆိုးသော အာဏာရှင်စနစ်အောက်တွင် ရုန်းကန် နေရပြီး ဆီးရီးယားနှင့် လစ်ဗျားမှာမူ စစ်တလင်းအတိ ဖြစ်သွားခဲ့ရပြီဖြစ်ပါသည်။ မြန်မာ့အိမ်နီးချင်းနိုင်ငံများ သည်လည်း အခြေအနေသိပ်မကောင်းလှပါ။ ၂၀၁၁ ထိုင်းနိုင်ငံတွင် လူထုထောက်ခံသူ ယင်လတ်ကို ရွေးကောက်တင်မြှောက်နိုင်ခဲ့သော်လည်း နောင်သုံးနှစ်အကြာတွင် စစ်အာဏာသိမ်းခဲ့သည်မှာ ယနေ့ထက် တိုင်ဖြစ်ပါသည်။ ၂၀၁၃ တွင် ကျင်းပခဲ့သည့် ကမ္ဘောဒီးယားနှင့်မလေးရှား ရွေးကောက်ပွဲများသည်လည်း မဲမသမာမှုများ လွှမ်းမိုးကာအများအသိ အမှတ်ပြုမှုမခံရခြင်းကြောင့် နိုင်ငံရေးရှုပ်ထွေးမှုများ ပိုမိုနက်ရှိုင်းလာနေ ပါသည်။ တရုတ်နှင့် ဗီယက်နမ်တွင်လည်း တပါတီအာဏာရှင်စနစ်ကြီးစိုးကာ ပြုပြင်ပြောင်းလဲရေးသမား အတိုက်အခံများကို ထောင်ချဖိနှိပ်လျက်ရှိနေဆဲဖြစ်ပြီး ပြည်သူတို့မှာ မိမိကြမ္မာ မိမိဖန်တီးခွင့်၊ မိမိအစိုးရကို မိမိရွေးချယ်ပိုင်ခွင့်များ ဆုံးရှုံးလျက်ရှိနေဆဲ ဖြစ်ပါသည်။

မြန်မာ့ဒီမိုကရေစီတိုက်ပွဲ အပြီးမသတ်သေးသော်လည်း ရုရှားနှင့် ထိုင်းတွင် ဒီမိုကရေစီစနစ်သို့ ပီပြင်စွာ မပြောင်းလဲနိုင်ခဲ့ခြင်းကို ထောက်ရှုကာ မြန်မာပြည်ပြုပြင်ပြောင်းလဲရေး အောင်မြင်ရခြင်းအကြောင်းကို လေ့လာ ရတော့မည်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်၏အသက်သည် ရွေးကောက်ပွဲဖြစ်ပြီး အာဏာရှင်တို့ မည်သို့ မဲမသမာမှုပြုလုပ်သည်ဖြစ်စေ ရွေးကောက်ပွဲပြုလုပ်နေသရွေ့ ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက် လှမ်းနိုင်သည်ကိုတွေ့ရှိရပါသည်။ တရုတ်၊ ဗီယက်နမ်၊ မြောက်ကိုရီးယားစသော နိုင်ငံအချို့မှလွဲလျှင် ယနေ့ ခေတ် အာဏာရှင်နိုင်ငံအားလုံးနီးပါးသည် ရွေးကောက်ပွဲကို တနည်းတဖုံ ကျင်းပပေးနေဆဲဖြစ်ပြီး သူတို့ မဲစာရင်းမှား၊ မဲလိမ်၊ မဲမသမာမှုများ၊ အသိအမှတ်မပြုမှုများ ကျူးလွန်လေလေ ပြည်သူတို့က လွတ်လပ်သန့်ရှင်း သော ရွေးကောက်ပွဲအစစ်များကို တောင့်တလေလေဖြစ်ပါသည်။ ၁၉၉၀ မြန်မာပြည် ရွေးကောက်ပွဲရလဒ်ကို စစ်အာဏာရှင်တို့က ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့ပါသည်။ ၂၀၀၈ တွင် အတုအယောင် ပြည်သူ့ဆန္ဒခံ ယူပွဲဖြင့် နာဂစ်အခြေခံဥပဒေကို အတည်ပြုခဲ့ပါသည်။ ၂၀၁၀ တွင် အတိုက်အခံ NLD ပါတီမပါဝင်ဘဲ ရွေးကောက်ပွဲကို တဖက်သတ်ကျင်းပကာ ပြည်ခိုင်ဖြိုးပါတီသည် အငြင်းပွားဖွယ် ကြိုတင်မဲများဖြင့် အနိုင်ရ အစိုးရဖွဲ့ခဲ့ပါသည်။ သို့သော် နိုင်ငံတကာအသိအမှတ်မပြုခြင်းကြောင့် အစိုးရ၏တရားဝင်ရပ်တည်မှု အပြည့်အ၀ မရခဲ့သဖြင့် ယခု ၂၀၁၅ ရွေးကောက်ပွဲကို အတော်အတန် လွတ်လပ်သန့်ရှင်းစေရန် ဖြေလျှော့ပေးခဲ့ရပါသည်။ မဲစာရင်းများမှားယွင်းကာ ပြည်သူသန်းနှင့်ချီ မဲပေးခွင့်ဆုံးရှုံးခဲ့ရသဖြင့် စင်းလုံးချော တရားမျှတသည်ဟု မဆိုနိုင် သော်လည်း အတန်အသင့် လွတ်လပ်ခဲ့သည့်ရွေးကောက်ပွဲအခွင့်အရေးကို မြန်မာပြည်သူတို့နှင့် NLD ပါတီက အမိအရ ဆုပ်ကိုင်အောင်ပွဲခံနိုင်ခဲ့ပါသည်။

ဘရာဇီးနှင့် မက္ကဆီကိုတို့တွင်လည်း အလားတူဖြစ်ရပ်များ ဖြစ်ခဲ့ဖူးပါသည်။ ဘရာဇီးတွင် ၁၉၆၄ စစ်အာဏာ သိမ်းပြီးချိန်မှစခါ အာဏာရှင်တို့သည် ရွေးကောက်ပွဲများစွာကို မဲလိမ်ခဲ့ပြီး အာဏာကို လက်ဆင့်ကမ်း ချုပ်ကိုင် ခဲ့ပါသည်။ နောက်ပိုင်းတွင်မူ ပြည်သူ့ထောက်ခံမှုကျဆင်းလာခဲ့ပြီး မဲခိုးရန် ခက်ခဲလာမှုကြောင့် ၁၉၈၅ တွင် အရပ်သား သမ္မတထံ အာဏာလွှဲပြောင်းလိုက်ရပါသည်။ မက္ကဆီကိုတွင်လည်း ယုတ္တိမရှိသည့် လူရယ်စရာ ရွေးကောက်ပွဲရလဒ်များကို လူထုထောက်ခံမှုကုန်ဆုံးကာ လွတ်လပ်သန့်ရှင်းသော ရွေးကောက်ပွဲများ တဖြည်းဖြည်း ဖြစ်ထွန်းလာခဲ့ပါသည်။ ၁၉၈၈ ရွေးကောက်ပွဲ မဲရလဒ်များရေတွက်ချိန်တွင် မက္ကဆီကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသည် မဲရေတွက်သည့်ကွန်ပျူတာ ရုတ်တရက် ထူးဆန်းစွာ ချွတ်ယွင်းသွားကြောင်း ကြေညာ ကာ လက်ရှိအစိုးရကိုအနိုင်ပေးခဲ့ပါသည်။ ထိုဖြစ်ရပ်အတွက် ကော်မရှင်ဥက္ကဋ္ဌသည် ပြောစမှတ်တွင်ခဲ့ပြီး ၁၉၉၆ တွင် သမာသမတ်ကျသော ရွေးကောက်ပွဲကော်မရှင်ဖြင့် အစားထိုးနိုင်ခဲ့ကာ ၂၀၀၀ ပြည့်နှစ်တွင် ပြည်သူ လိုလားသော အစိုးရအာဏာရလာခဲ့ပါသည်။ မျက်မှောက်ခေတ် မက္ကဆီကိုသည် မူးယစ်ဆေးဝါးဂိုဏ်းများ၏ ပဋိပက္ခများ တောက်လောင်နေသော်လည်း ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဖြောင့်မှန်စွာလည်ပတ်လျက် ရှိနေပါသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြောင်းလဲလျှောက်လှမ်းရာတွင် အာဏာရှင်တို့ အာဏာစွန့်လို စိတ်ကလည်းအရေးပါကြောင်း မြန်မာ့ဖြစ်စဉ်တွင် တွေ့မြင်ရပါသည်။ အာဏာရှင်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်ပင် ပြည်သူတို့၏ဆန့်ကျင်မှု၊ နိုင်ငံတကာပိတ်ဆို့မှုဖိအားများကြောင့် ၂၀၀၀ ပြည့်နှစ်နောက် ပိုင်းတွင် ဖြေလျှော့ပေးမှုများ စတင်လုပ်ဆောင်လာခဲ့ရပါသည်။ ၂၀၀၈ တွင် အခြေခံဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၀ တွင် ရွေးကောက်ပွဲများကျင်းပကာ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲအလုပ်လုပ်နိုင်မည့် ဦးသိန်းစိန်ကို အာဏာလွှဲ ပြောင်းပေးခဲ့သည်။ အခြေခံဥပဒေသစ်တွင် တပ်မတော်သည် လွှတ်တော် အမတ် ၂၅ ရာခိုင်နှုန်းအပါအ၀င် အရေးကြီးနေရာများကို စိုးမိုးထားပါသည်။ ဒီမိုကရေစီနည်းလမ်းမကျ၊ မမျှတဟုဆိုနိုင် သော်လည်း စစ်အာဏာရှင်တို့ ထိုသို့ မိမိတို့အသာစီးယူထားသည့်အခင်းအကျင်းတည် ဆောက်နိုင်သော ကြောင့်သာ ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

တောင်အာဖရိကတွင်လည်း အလားတူဖြစ်ရပ်မျိုး ၁၉၉၀ ပြည့်နှစ်များအတွင်း ဖြစ်ပေါ်ခဲ့ပါသည်။ လူမည်းတို့အား မဲပေးခွင့်အပါအ၀င် အခြေခံနိုင်ငံသားအခွင့်အရေးများ ချိုးနှိမ်ထားသည့် လူဖြူအစိုးရသည် အသားအရောင် ခွဲခြားမှု ''အပါသိုက်''၀ါဒကို တဖြည်းဖြည်း ရုပ်သိမ်းသွားရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် လူဖြူလူနည်းစု၏ အခွင့်အရေး၊ ပိုင်ဆိုင်မှုများကို မချိုးဖောက်၊ မသိမ်းယူရန် အာမခံချက်ကိုဆွေးနွေးညှိနှိုင်းနိုင်ခဲ့မှုကြောင့်သာ အစိုးရအာဏာစွန့်ရန် လက်ခံသွားခဲ့ခြင်းဖြစ်ပါသည်။

အာဏာရှင်စနစ်ကို ပြည်သူတို့ လက်နက်ကိုင်တော်လှန်မှုသည် အမေရိကန်ပြည်လွတ်လပ်ရေးစစ် တခုတည်း တွင်သာ အောင်မြင်ခဲ့ပြီး ဖိနှိပ်အုပ်ချုပ်သူအာဏာရှင်တို့ကို အကြမ်းမဖက် အာဏာဖီဆန်ခြင်းကသာ အကောင်း ဆုံးဖြစ်ကြောင်း သမိုင်းတွင်တွေ့ရှိရပါသည်။ နယ်လဆင်မင်ဒဲလားနှင့် သူ၏အာဖရိက အမျိုးသားကွန်ဂရက် ပါတီ၊ တောင်ကိုရီးယားပြည်သူ့ခေါင်းဆောင် ကင်ယုံဆန်တို့ကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ သည် အနုနည်းဖြင့် တော်လှန်ခြင်းကို တစိုက်မတ်မတ်ကျင့်သုံးခဲ့ပါသည်။ အင်ဒိုနီးရှားကို နှစ်ပေါင်း ၃၀ ကျော် အုပ်စိုးခဲ့သည့် အာဏာရှင်ဆူဟာတိုသည်လည်း ၁၉၉၈ စီးပွားပျက်ကပ်အတွင်း ပြည်သူ့အုံကြွမှုများကြောင့် ရာထူးမှ နုတ်ထွက်ပေးခဲ့ရပါသည်။ ဆူပူအကြမ်းဖက်မှုများရှိခဲ့သော်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြကြသည့် ပြည်သူ လူထုကြီးကြောင့်သာ အပြောင်းအလဲ အဓိကဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပေသည်။ ငြိမ်းချမ်းစွာပြောင်းလဲနိုင်မှသာ လည်း အာဏာရှင်ခေတ်လွန်နိုင်ငံရေးတွင် ဒီမိုကရေစီစနစ် ငြိမ်းချမ်းစွာ အရှည်တည်တံ့ရှင်သန်နိုင်မည် ဖြစ်ပေသည်။အာဏာရှင်နှင့်အတိုက်အခံအကြား ကြားဝင်စေ့စပ်ပေးနိုင်မည့် အဖွဲ့အစည်းများ ရှိရန်လည်း အရေးကြီးပေသေး သည်။ မြန်မာအစိုးရနှင့် NLD ကြား ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေ၌ ၂၀၀၆ တွင် စတင်ဖွဲ့စည်း ခဲ့သည့် Myanmar Egress အဖွဲ့အစည်းက ဆွေးနွေးအဖြေရှာ နိုင်စရာနည်းလမ်းများ လေ့လာတင်ပြနိုင်ခဲ့ပါ သည်။ ၎င်းအဖွဲ့တည်ထောင်သူတဦးမှာ NLD ပါတီဝင်ဟောင်းတဦးဖြစ်ပြီး အခြားတဦး၏ဖခင်မှာလည်း မြန်မာစစ်တက္ကသိုလ်တွင် သင်တန်းဆရာဖြစ်ခဲ့ဖူးသောကြောင့် စစ်တပ်၏ ယုံကြည်မှုရရှိခဲ့ကာ အာဏာရှင်နှင့် NLD ကြား ကြားဝင်ဖျန်ဖြေခဲ့ပြီး သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၁ တွင် တွေ့ဆုံနိုင်ရန် လမ်းဖွင့်ပေးခဲ့ပါသည်။ တူနီးရှားတွင်လည်း အစိုးရနှင့်အတိုက်အခံများ၊ အခြားအဖွဲ့အစည်းများ လေးပွင့်ဆိုင် ဆွေးနွေးနိုင်ခဲ့ခြင်းကြောင့်သာ ပြေလည်မှုရရှိခဲ့ပြီး ထို့အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုလည်း ချီးမြှင့်ခံခဲ့ရပါ သည်။

စံနမူနာယူစရာ မိတ်ဆွေ အိမ်နီးချင်းနိုင်ငံများရှိခြင်းကလည်း အပြောင်းအလဲကို များစွာချောမွေ့စေနိုင်ပါသေး သည်။ အရှေ့ဥရောပ ကွန်မြူနစ်အာဏာရှင်စနစ်များ လျင်မြန်စွာ ပြိုလဲသွားအောင် ဥရောပသမဂ္ဂက ရှေ့ဆောင်လမ်းပြနိုင်ခဲ့ပါသည်။ ထိုဖိနှိပ်ခံနိုင်ငံများသည် ဥရောပသမဂ္ဂ၀င် အနောက်ဥရောပနိုင်ငံများ၏ ဒီမိုက ရေစီအုပ်ချုပ်ရေးကို အားကျအတုယူချင်စိတ်ဖြစ်ပေါ်လာခြင်း၊ ဥရောပသမဂ္ဂကလည်း ဘဏ္ဍာရေးအကူအညီ များ ပေးကမ်းနိုင်ခြင်းကြောင့် အချိန်တိုတိုအတွင်း ထိုသို့အောင်မြင်နိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။

ဒီမိုကရေစီအခြေမကျသေးသော မက္ကဆီကိုနိုင်ငံသည်လည်း ၁၉၉၄ ခုနှစ်တွင် အမေရိကန်နှင့်ကနေဒါတို့၏ ကုန်သွယ်ရေးလွတ်လပ်ခွင့်ဇုန်အတွင်း ၀င်ရောက်ခဲ့ခြင်းဖြင့် ဒီမိုကရေစီရှင်သန်ရန် များစွာအထောက်အပံ့ရခဲ့ပါ သည်။ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တွင် စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကာ ဒီမိုကရေစီအစိုးရများ ပေါ်ပေါက်လာ စေရန်လည်း သူတို့၏ 'ရပ်ဝေးအိမ်နီးချင်း' အမေရိကန်ပြည်က အထူးပံ့ပိုးပေးခဲ့ပါသည်။ အာရပ်နွေဦးနိုင်ငံများ တွင်မူ နည်းနမူနာယူစရာ ဒီမိုကရေစီအိမ်နီးချင်းမရှိသောကြောင့် ပြုပြင်ပြောင်းလဲရေးများ ကျရှုံးခဲ့ရကြောင်း ကောက်ချက်ချနိုင်ပါသည်။ ဒီမိုကရေစီစံနှုန်းမြင့် အားကျအတုယူစရာ အိမ်နီးချင်းအစ္စရေးကိုလည်း မျက်ကွယ် ပြုထားကြပြန်ပါသေးသည်။

မြန်မာပြည်၏ NLD ပါတီသည် ပြန်လည်ကလဲ့စားချေလိမ့်မည် မဟုတ်ကြောင်း၊ အားလုံးနှင့်လက်တွဲအလုပ် လုပ်မည်ဖြစ်ကြောင်း အတိအလင်းကြေညာထားပါသည်။ ဆယ်စုနှစ်များစွာ စစ်အစိုးရ၏ညှဉ်းပန်း၊ သတ်ဖြတ်၊ နှစ်ရှည်ထောင်ချခံခဲ့ရသူ NLD ပါတီဝင်များ၏သဘောထားကြီးစွာ ခွင့်လွှတ်နိုင်မှုကြောင့်လည်း ပြုပြင်ပြောင်းလဲ ရေးဖြစ်ပေါ်ရခြင်းဖြစ်ပါသည်။ တောင်အာဖရိကတွင်လည်း မင်ဒဲလားနှင့်နိုဘယ်ဆုရှင် ဘုန်းတော်ကြီးဒက်စမွန် တူးတူးတို့က သူတို့၏ နောက်လိုက်များအား မိမိတို့အသာရချိန်တွင် ပြန်လည်လက်တုံ့မပြန်ရန် စည်းရုံးနိုင်ခဲ့ပါ သည်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကော်မရှင်သည် လူဖြူတို့၏ဖိနှိပ် ညှဉ်းပန်းမှုများကို ပြန်လည်စိစစ် ဖော်ထုတ်ခဲ့သော်လည်း မိမိအပြစ်ကို ၀န်ခံသူ မည်သူ့ကိုမျှ အရေးယူအပြစ်ပေးမှု မလုပ်ခဲ့ပါ။

ခွင့်လွှတ်ခြင်းဖြင့် ပြုပြင်ပြောင်းလဲရေးများ မြန်ဆန်စွာဖြစ်ထွန်းလာနိုင်သော်လည်း သတိထားစရာ အန္တရာယ် များလည်း ရှိပါသေးသည်။ အာဏာရှင်တို့၏လူယုံများ သူတို့၏မူလရာထူးအာဏာများ ဆက်လက်စွဲကိုင်ထား နိုင်မည်ဆိုပါက ခေတ်ဟောင်းကို ပြန်လည်တမ်းတသည့် ထိုသူတို့၏ မြေအောက်အဖွဲ့အစည်းများ ရှင်သန်လာကာ ဒီမိုကရေစီနိုင်ငံသစ်ကို ဖျက်လိုဖျက်ဆီး လုပ်လာနိုင်ပေသေးသည်။ ထိုသို့ဖြစ်ပေါ်ခဲ့သည့် သာဓကများကို အီဂျစ်၊ ထိုင်းနှင့် ရုရှားတွင် တွေ့မြင်ရပါသည်။

လာမည့်မတ်လကုန် အာဏာလွှဲပြောင်းမှုများပြီးစီးပါက ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးတွင် အခိုင်အမာ ခြေကုပ်ယူထားသည့် တပ်မတော်နှင့် ဆက်ဆံအပေးအယူလုပ်ရတော့မည် ဖြစ်ပါသည်။ လူဟောင်းများ၏တန်ခိုးအာဏာ မှေးမှိန်မသွားပါက မြန်မာ့ဒီမိုကရေစီနိုင်ငံသစ်သည် ရုန်းကန်ရဦးမည် ဖြစ်ပါ သည်။ အရှေ့ဂျာမနီကွန်မြူနစ် အာဏာရှင်စနစ်ပြိုလဲပြီးနောက် အာဏာရှင်လက်ကိုင်တုတ် စတာစီလျှို့ဝှက်ရဲ တပ်ဖွဲ့ဝင်များ၊ သတင်းပေးများကို ပိုက်စိပ်တိုက်ရှာဖွေဖယ်ရှား ရှင်းလင်းနိုင်ခဲ့ပါသည်။ သို့သော် အီရတ်ကဲ့သို ဆက်ဒမ်ဟူစိန်၏ ဘာ့သ်ပါတီခေါင်းဆောင်များ၊ အစိုးရအရာရှိများ အားလုံးကို တယောက်မကျန် ဖယ်ရှား ရှင်းလင်းပစ်ခဲ့ခြင်းကြောင့် နောင်တက်လာသည့် ဒီမိုကရေစီအစိုးရသည် နိုင်ငံကို နိုင်နင်းစွာ အုပ်ချုပ်နိုင်စွမ်း မရှိတော့သည်မျိုးကိုလည်း သင်ခန်းစာယူရပါမည်။

အပြောင်းအလဲကာလတွင် တရားဥပဒေစိုးမိုးရေးကို အမြန်ဆုံးအကောင်အထည်ဖော်ရန်လည်း အရေးကြီးပါသည်။ ဆိုဗီယက်ခေတ်လွန် ရုရှားတွင် ဘောရစ်ယဲ့ဆင်သည် ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည် ဖော်လိုဇောဖြင့် ပုဂ္ဂလိကကဏ္ဍကို အရမ်းကာရောအားပေးခဲ့ခြင်းကြောင့် လက်တဆုပ်စာ ခရိုနီလူနည်းစုက ရုရှားစီးပွားရေးကို အပိုင်စီးသွားနိုင်ခဲ့ပါသည်။ ယဲ့ဆင်ခေတ် ပရမ်းပတာအခြေအနေများကြောင့် ယခင်ကေဂျီဘီ ထောက်လှမ်းရေးအရာရှိဟောင်း ဗလာဒီမာပူတင်အတွက် အာဏာသိမ်းပိုက်ရန် အခွင့်သာသွားခဲ့ပါသည်။ တရားဥပဒေအထက်တွင် မည်သူမှမရှိဟူသော ဒီမိုကရေစီရေခံမြေခံ ရုရှားပြည်တွင် မပေါ်ထွန်းနိုင်တော့ပါ။ဒီမိုကရေစီနိုင်ငံသစ်များ ပေါ်ထွန်းရန်နှင့် အရှည်ရှင်သန် ဖွံ့ဖြိုးရန်အတွက် အထက်ပါဖြစ်ရပ်များအားလုံးကို သင်ခန်းစာယူချင့်ချိန်ရမည် ဖြစ်ပေသည်။ ဒီမိုကရေစီအစိုးသစ်များသည် အခြေခံပြည်သူလူထု၏ စားဝတ်နေ ရေးအကျပ်အတည်းများ ပြေလည်အောင် အဆောတလျင် ဖြေရှင်းပေးသင့်ပါသည်။ သို့မဟုတ်ပါက ပြည်သူတို့ ဒီမိုကရေစီစနစ်ကို တွေဝေလာကြမည်ဖြစ်ပေသည်။ မြန်မာနှင့် တူနီးရှားတို့အတွက် ဒီမိုကရေစီခရီးရှည်ကြီး သည် ယခုမှ အစပင်ရှိသေးသော်လည်း နိုင်ငံတကာဖြစ်ရပ်များကို သင်ခန်းစာယူကာ အောင်မြင်စွာဆက်လက် လျှောက်လှမ်းသွားနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

ဦးဆွေ(ရန်ကင်း)
Ref: The economist
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်
ယှဉ်ပြိုင်ခဲ့သော မွေး/ရေ ၀န်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်က
အနိုင်ရ NLD ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုးနှင့် အဖွဲ့အား လမ်းပိတ်ဆို့မှုဖြင့်
တရားစွဲဆို ထားသည့် အမှုအား ကျောက်တန်းမြို့နယ် တရားရုံးတွင် ဒီဇင်ဘာ ၁၁
ရက်နေ့၌ စတင်စစ်ဆေးခဲ့သည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဒေါ်အေးမြမြမျိုးဘက်မှ ပဲခူးတိုင်း အနောက်ဘက်ခြမ်း
နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်မြို့ သုံးမြို့၏ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် တရားလွှတ်တော် ရှေ့နေ ဦးသိန်းအောင်နှင့် အဖွဲ့က လိုက်ပါ
ဆောင်ရွက်ပေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် မွေး/ရေ ၀န်ကြီး ဦးအုန်းမြင့်၏
ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးမျိုးချစ်က အနိုင်ရ NLD ကိုယ်စားလှယ်လောင်း
ဒေါ်အေးမြမြမျိုးနှင့် အဖွဲ့အား မတရား တားဆီးကန့်ကွက်မှုဖြင့် နိုဝင်ဘာ ၂၂
ရက်နေ့တွင် ကျောက်တန်းမြို့မ ရဲစခန်း၌ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့ မှတ်တမ်းအရ သိရသည်။

ဦးအုန်းမြင့်နှင့် အဖွဲ့သည် နိုဝင်ဘာ ၄ ရက်နေ့က ရွေးကောက်ပွဲနှင့် ပတ်သက်၍
ဟောပြောပွဲများ ပြုလုပ်စဉ် NLD အမတ်လောင်းနှင့် အဖွဲ့က ကားများ ၊ ဆိုင်ကယ်
များဖြင့် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်ဟု တိုင်ကြားမှု မှတ်တမ်းတွင် ဖော်ပြထား
သည်။

သတင်း - ဇော်မင်းထွန်း

The Ladies News Journal


NLD နာယက ဦးတင်ဦးနဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။
NLD နာယက ဦးတင်ဦးနဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။

၂၀၁၆ခုနှစ် လွှတ်တော်အသစ် ပေါ်ပေါက်လာပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ် ဖွဲ့စည်းချိန် မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတရာထူး ထမ်းဆောင်ခွင့်ရမယ်လို့ သူ့အနေနဲ့ ယုံကြည်နေကြောင်း NLD နာယက ဦးတင်ဦးက ဗွီအိုအေကို ပြောပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ) ကိုပြင်ဆင်ဖို့ အခြေအနေ အခွင့်အလမ်းတွေအများကြီး ဖန်တီးလာပြီလို့ ဦးတင်ဦးကဆိုပါတယ်။ဒါနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ ဦးတင်ဦးက အခုလို စပြောပါတယ်။

ဦးတင်ဦး။ ။ ပြင်ဆင်နိုင်မယ့် အနေအထား အင်အား ကတော့ တော်တော်လေး လည်း ပြည့်စုံသွားတဲ့ အနေအထား ရှိတာပေါ့နော်။ မူ ချမှတ်ထားတဲ့ ပြင်ဆင်လို့ရှိရင် ဘယ်လိုပြင်ရမယ်ဆိုတဲ့ ၄၃၆ နဲ့ ချထားတဲ့ဟာနဲ့ ပတ်သက်တာကတော့ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အင်အားကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကျနော်တို့ အားများပြီး ကောင်းတဲ့ အနေအထားတော့ ရှိပါတယ်။ အဲ့တော့ အဲ့တာကို ပြင်တယ် ဆင်တယ် ဆိုရင်တော့ အချိန်လေးတော့ ယူကြရဦးမယ်လို့ ကျနော် ထင်ပါတယ်ခင်ဗျ။

မအင်ကြင်းနိုင်။ ။ အဲ့တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ခြေ ရှိမရှိ ဆိုတဲ့ အပိုင်းကျတော့ NLD ဘက်က ဘယ်လိုသုံးသပ်ထားလဲရှင့်။

ဦးတင်ဦး။ ။ ကျနော်ကတော့ တောက်လျောက် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်ကိုဖြစ်ရမယ်ဆိုတာကို နဂိုကတည်းက ယုံကြည်ထားတဲ့ ပုဂ္ဂိုလ် ဆိုတော့ကာ အခုက လမ်းက အရင်ကထက်စာလို့ရှိရင် တကယ်သာ ဆွေးနွေးမယ် ဆိုရင် ဒီအကြောင်း အဖြေတခုတည်းကို မူတည်ပြီး ဆွေးနွေးမယ် ဆိုရင်တော့ ဆွေးနွေးနိုင်မယ့် အားပေါ့။ အင်အားကတော့ အောင်မြင်နိုင်တဲ့ လမ်းဘက်ကို အရမ်းကြီး ရောက်လာတယ်ဆိုတာကိုတော့ ကျနော် ဒီလိုပဲ ယုံကြည်တယ်ခင်ဗျ။

မအင်ကြင်းနိုင်။ ။ ဒီအခု လွှတ်တော်အသစ်ကို လွှဲပြောင်းဖို့အတွက် အခုဆိုရင် လက်ရှိလွှတ်တော်ကလည်း ဆွေးနွေး ညှိနှိုင်းနေပြီပေါ့။ နောက်ပြီးတော့ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဘက်ကလည်း သူတို့ ဝန်ကြီးဌာနအလိုက် လုပ်ငန်း တာဝန်တွေ ကို လွှဲပြောင်းဖို့ နောင် တက်လာမယ့် အစိုးရကို လွှဲပြောင်းနိုင်ဖို့ သူတို့ စီစဉ်နေတယ် ဆိုပြီးတော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ကလည်း ပြောလာပြီ ဆိုတော့ အစိုးရသစ်ကို ဦးဆောင်မယ့် NLD ပါတီဘက်က ရော အဲ့လို ယန္တယားတခုကို ကိုင်တွယ်ဖို့ ပြင်ဆင်ထားတဲ့ အပိုင်းတွေရော ပြောပြလို့ရမလားရှင့်။

ဦးတင်ဦး။ ။ အမှန်ကတော့ ကျနော်တို့ကတော့ လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထား အင်အားရောက် သွားတာကတော့ အမှန်ပါပဲ။ သူတို့လည်း ဝန်ခံနေပါပြီ။ ဘာလဲဆိုတော့ ဆက်လက် လုပ်မယ်ဆိုရင်လည်း NLD ဟာ အင်နဲ့အားနဲ့ ပြည့်စုံသွားပြီ ရှိသွားပြီဆိုတာ ဖြစ်သွားတာပေါ့။

မအင်ကြင်းနိုင်။ ။ အခု ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင် လက်ရှိခေါင်းဆောင်၊ အရင်ခေါင်းဆောင်ဟောင်းတွေနဲ့ နိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ရှေးရှု့ပြီး သူ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်နေတဲ့အခါကျတော့ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် အစိုးရသစ်မှာ တပ်မတော် ခေါင်းဆောင်ဟောင်းတွေပဲဖြစ်ဖြစ် တပ်မတော်ဘက်က ကိုယ်စားပြုတဲ့သူပဲဖြစ်ဖြစ် ဒီအစိုးရအဖွဲ့ထဲမှာ ပါလာနိုင်မယ့် အနေအထားရော ရှိနိုင်မလားရှင့်။

ဦးတင်ဦး။ ။ အမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒကတော့ ရင်ကြားစေ့ရေး လုပ်တယ် ဆိုတဲ့ နောက်တော့ အဓိက ရင်ကြားစေ့ရေး လုပ်ရမယ့် အဖွဲ့အစည်းကလည်း တပ်မတော်ပဲ ဖြစ်နေတဲ့အနေအထားပါပဲလေ။ အဲ့တော့ လွှတ်တော်မှာ ပါကြတဲ့ ပုဂ္ဂိုလ်တွေ နောက်ပြီးတော့ အရေးကြီးတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုတာကလည်း ဒီ ၂၀၀၈ အခြေခံဥပဒေထဲမှာ အင်မတန်ကို ကိုင်ထားတဲ့ အချက်အလက်ဖြစ်နေတယ် ဆိုတော့ ဒါတွေနဲ့ပတ်သက်လို့ ပြောကြဆိုကြမယ် ဆိုလို့ရှိရင် ပြောနိုင်ဆိုနိုင်တဲ့ အနေအထားတွေလည်း တော်တော်များများ ရှိနေတဲ့ သဘောတော့ရှိတာပေါ့။

မအင်ကြင်းနိုင်။ ။ အဲ့တာဆိုရင် ဒီ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် NLD အနေနဲ့ အစိုးရ ဖွဲ့တဲ့အခါမှာ လူအများ ခန့်မှန်းနေကြတဲ့ သမ္မတ ကိစ္စ ဒုသမ္မတ ကိစ္စ ယာထားခံရတဲ့ လူစာရင်းတွေနဲ့ပတ်သက်ပြီးတော့ NLD ဘက်ကနေပြီးတော့ ဘယ်လိုပုဂ္ဂိုလ်မျိုးက ဖြစ်နိုင်တယ်။ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ယာ ထားတယ်ဆိုတာမျိုး အဲ့တာမျိုးရော ပြောလို့ရမလားရှင့်။

ဦးတင်ဦး။ ။ အဲ့တာတော့ ဘာသံမှာ ထုတ်ဖော်ပြောတာ ဒီဘက်မှာ ပြောတာ ပြုတာတွေ လည်း မကြားမိသေးပါဘူး။ စဉ်းစားထားတာတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ကျန်တာ အများကြီးဆွေးနွေးရမယ် ထင်ပါတယ်ခင်ဗျ။ ဘာကြောင့်လဲလို့ဆိုတော့ကာ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့လည်း ကျနော်တို့က ဦးစားပေးကြတာတွေလည်း ရှိကြတာကိုး။ အဲ့ဒီ့တော့ကာ ဖြစ်လာတဲ့ပုဂ္ဂိုလ်နဲ့ ပတ်သက်လို့ ဘယ်သူတွေ ဘယ်ဝါတွေဆိုတာကတော့ ကျကျနန အဖွဲ့ချုပ်ကနေပြီးတော့ ဆွေးနွေးပြီး ထုတ်ဖော်ပြောဆိုတဲ့ အသံဗလံတော့ ကျနော် အခုထက်ထိ ဘာတခုမှ မကြားရသေးပါဘူး ခင်ဗျာ။

NLD နာယက ဦးတင်ဦးကို ဗွီအိုအေမြန်မာပိုင်းက မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။
အသံဖိုင် အပြည့်အစုံ နားဆင်ရန်-

မအင်ကြင်းနိုင်/VOA
http://burmese.voanews.com/content/iv-with-nld-u-tin-oo/3098743.html

မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ အနိုင်ရပါတီ ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု။ (ဒီဇင်ဘာလ ၂၊ ၂၀၁၅)
မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ အနိုင်ရပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု။ (ဒီဇင်ဘာလ ၂၊ ၂၀၁၅)

နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းရေး အတွက် နိုင်ငံတော်အစိုးရ နဲ့ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီတို့ နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွေ ဖွဲ့စည်းထားပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး က သတင်းထုတ်ပြန်ပါတယ်။ NLD ပါတီက အသွင်ကူးပြောင်းရေး အဖွဲ့ဝင် ကတော့ နောက်တပတ်မှာ နှစ်ဖက်ကော်မတီ အစည်းဝေး ကျင်းပပြီးချိန်မှာ လက်ရှိဆောင်ရွက်တာတွေကို သိနိုင်မှာဖြစ်ကြောင်း ပြောပါတယ်။ ဒီသတင်း ကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ အရင်က အစဉ်အလာ မရှိသေးတဲ့ နိုင်ငံတော် အကြီးအကဲတာဝန် စနစ်တကျလွှဲပြောင်းပေးတဲ့ အစဉ်အလာကောင်းတရပ် ထူထောင်ဖို့ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာလ ၂ရက်နေ့ တွေ့ဆုံဆွေးနွေးခဲ့ကြ တာဖြစ်ပါတယ်။

ဒီဆွေးနွေးခဲ့တဲ့ အချက်တွေကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့ အတွက် နိုင်ငံတော် အစိုးရဘက်က နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီ ကို ဖွဲ့စည်းခဲ့သလို NLD ပါတီဘက်ကလည်း အသွင်ကူးပြောင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

အစိုးရဖက်က ဖွဲ့စည်းထားတဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီမှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ ပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန် ထားပါတယ်။

လက်ရှိ လုပ်ငန်းဆောင်ရွက်ထားတဲ့အခြေအနေတွေကို မေးမြန်းနိုင်ဖို့ ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း ကိုဆက်သွယ်ရာမှာ အစည်းအဝေးမှာရောက်ရှိနေသလို နဲ့ ဦးရဲထွဋ်ကို ဆက်သွယ်ရာမှာလည်း ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

NLD ပါတီဘက်ကတော့ အသွင်ကူးပြောင်းရေးအဖွဲ့ကို အဖွဲ့ဝင် ၆ဦးနဲ့ ဖွဲ့စည်းပြီး နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက်အကူပြုကော်မတီ နဲ့ နောက်တပတ်မှာ ကျင်းပမယ့် အစည်းအဝေး အပြီးမှာ လက်ရှိလုပ်ငန်းဆောင်ရွက် တာတွေကို သိရှိနိုင်မှာဖြစ်ကြောင်း အသွင်ကူးပြောင်းရေး အဖွဲ့ ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။

" ဖွဲ့ပြီးပြီ။ ဖွဲ့ပြီးပြီ။ ကျနော်ရယ် ဒေါက်တာမျိုးအောင် ရယ် ဒေါက်တာအောင်သူ ရယ် နောက် လွှတ်တော်ကိုယ်စားလှယ် သုံးယောက် ပါဦးမယ်။ သူတို့နဲ့ဆွေးနွေးပြီးတော့မှ နောက်အပတ်မှာ အစည်းအဝေးလုပ်ပြီးမှ ဆောင်ရွက် ရမှာတွေ သိမယ်။"

အစည်းအဝေးအပြီးမှာ သတင်းထုတ်ပြန်ဖို့ လိုအပ်မှသာ သတင်းထုတ်ပြန် သွားမှာဖြစ်ကြောင်းလည်း ဦးဝင်းထိန်က ပြောပါတယ်။

လောလောဆည်မြန်မာပြည်သူအချို့အကြားမှာတော့ အာဏာလွှဲပြောင်းရေးအတွက် စိုးရိမ်သူတွေ ရှိသလို ဒေါ်အောင်ဆန်းစုကြည် သမ္မတ တာဝန်ယူရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆောင်ရွက်ဖို့ လိုလားသူတွေလည်း ရှိနေပါတယ်။

မြန်မာ့နိုင်ငံရေးသုံးသပ်သူ စာရေးဆရာ ကျော်ဝင်းကတော့ လက်ရှိဆောင်ရွက်နေမှုတွေ အပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

"တခုတော့ရှိတယ်ဗျ။ အာဏာလွှဲပြောင်းရေးက အာဏာလွှဲပြောင်းရေး သပ်သပ် ဆိုရင်တော့ အာဏာလွှဲပြောင်းရေးက မဖြစ်စရာ အကြောင်းမရှိဘူး။ အဲ့လိုမဟုတ်ပဲနဲ့ အာဏာလွှဲပြောင်းရေးတင်မကပဲနဲ့ အခြေခံဥပဒေပြင်ဆင်ရေးရော အကုန်လုံးကို တခါတည်း လုပ်မယ်ဆိုရင်တော့ ချက်ခြင်း အဖြေက ရမှာမဟုတ်ဘူး။ တချို့က သိပ်ပြီးတော့ ဖြစ်စေချင်တာတွေ များနေတာပေါ့လေ။ အဲ့တော့ ကျနော်တို့ ဖြစ်စေချင် တာကတော့ အာဏာ လွှဲပြောင်းရေး သပ်သပ်ကို အရင်ဆုံး စလုပ် ကျန်တဲ့ အခြေခံဥပဒေကို တဖြေးဖြေး လုပ်ပေါ့။ အဲ့သလို သွားကြရင်တော့ ပိုအဆင်ပြေလိမ့်မယ် ထင်တာပဲ။"

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကတော့ လက်ရှိ လွှတ်တော်သက်တမ်းကုန်ဆုံးချိန်မှာ လွှတ်တော် အသစ်ခေါ်ယူနိုင်ရေးအတွက် လက်ရှိ ပြည်ထောင်စု လွှတ်တော်နာယက နဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့ အခြား တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။

လက်ရှိ လွှတ်တော်သက်တမ်းဟာ လာမယ့်နှစ် ဇန်န၀ါရီလ ၃၀ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိ နိုင်ငံတော်အစိုးရသက်တမ်းကတော့ လာမယ့် နှစ် မတ်လ ၃၀ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

မိုးဇော်/VOA
http://burmese.voanews.com/content/formed-a-support-committee-to-manage-power-transfer/3098771.html


yehtut-620.jpg
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ် ကိုတွေ့ရစဉ်
Photo: RFA

၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ နိုင်ငံတော်အကြီးအကဲတာဝန်တွေကို  စနစ်တကျလွှဲပြောင်းပေးနိုင်ဖို့ အတွက် နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့စွဲနဲ့ နေပြည်တော် သမ္မတရုံးက ထုတ်ပြန်ကြေညာထားပါတယ်၊

အခုဖွဲ့စည်းလိုက်တဲ့ တာဝန်လွှဲပြောင်း အထောက်အကူပြုကော်မတီနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အသွင်ကူးပြောင်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး လာမယ့် သီတင်းပတ် အတွင်း နှစ်ဘက်အဖွဲ့တွေ စတင်တွေ့ဆုံဆွေးနွေးကြမယ်လို့ အထောက်အကူပြုကော်မတီထဲမှာ ပါဝင်တဲ့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြောပါတယ်၊

"အဓိကလုပ်ငန်းကတော့ ပထမဆုံးတစ်ခုကတော့ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့သလို ပဲ နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ သမ္မတတာဝန် လွှဲပြောင်းမယ့် အစဉ်အလာကို နိုင်ငံအဆင့်နဲ့အညီ ကျင်းပနိုင်ဖို့အတွက် ကျနော်တို့ စီစဉ်ဆောင်ရွက်မှာပေါ့၊ နောက်တစ်ခုကတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က သိချင်တာတွေရှိရင် သက်ဆိုင်ရာ အမြဲတမ်းအတွင်းဝန်တွေက ရှင်းလင်းဖြေကြားပေးနိုင်အောင် ကျနော်တို့ စီစဉ်မှာပေါ့၊ အခုမှတော့ ကျနော်တို့ က နှစ်ဖက်စလုံးဖွဲ့တဲ့ဟာကို သဘောတူပြီးသွားတာပေါ့လေ၊ ပြီးသွားပြီဆိုတော့ ရှေ့အပတ်ထဲမှာတော့ ကျနော်တို့စပြီးတွေ့ဆုံဖို့ စီစဉ်နေပါတယ်"

အစိုးရက ဖွဲ့စည်းလိုက်တဲ့ တာဝန်လွဲပြောင်း အထောက်အကူပြု ကော်မတီထဲမှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားပြီး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ နိုင်ငံတော်အကြီးအကဲတာဝန်တွေကို စနစ်တကျလွှဲပြောင်းပေးနိုင်ဖို့ အတွက် နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့စွဲနဲ့ နေပြည်တော် သမ္မတရုံးက ထုတ်ပြန်ကြေညာထားပါတယ်၊

အခုဖွဲ့စည်းလိုက်တဲ့ တာဝန်လွှဲပြောင်း အထောက်အကူပြုကော်မတီနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အသွင်ကူးပြောင်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး လာမယ့် သီတင်းပတ် အတွင်း နှစ်ဘက်အဖွဲ့တွေ စတင်တွေ့ဆုံဆွေးနွေးကြမယ်လို့ အထောက်အကူပြုကော်မတီထဲမှာ ပါဝင်တဲ့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြောပါတယ်၊

"အဓိကလုပ်ငန်းကတော့ ပထမဆုံးတစ်ခုကတော့ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့သလို ပဲ နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ သမ္မတတာဝန် လွှဲပြောင်းမယ့် အစဉ်အလာကို နိုင်ငံအဆင့်နဲ့အညီ ကျင်းပနိုင်ဖို့အတွက် ကျနော်တို့ စီစဉ်ဆောင်ရွက်မှာပေါ့၊ နောက်တစ်ခုကတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က သိချင်တာတွေရှိရင် သက်ဆိုင်ရာ အမြဲတမ်းအတွင်းဝန်တွေက ရှင်းလင်းဖြေကြားပေးနိုင်အောင် ကျနော်တို့ စီစဉ်မှာပေါ့၊ အခုမှတော့ ကျနော်တို့ က နှစ်ဖက်စလုံးဖွဲ့တဲ့ဟာကို သဘောတူပြီးသွားတာပေါ့လေ၊ ပြီးသွားပြီဆိုတော့ ရှေ့အပတ်ထဲမှာတော့ ကျနော်တို့စပြီးတွေ့ဆုံဖို့ စီစဉ်နေပါတယ်"


အစိုးရက ဖွဲ့စည်းလိုက်တဲ့ တာဝန်လွဲပြောင်း အထောက်အကူပြု ကော်မတီထဲမှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားပြီး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ ပါဝင်ကြောင်း ဖော်ပြထားပါတယ်၊

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့ထဲမှာတော့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးအောင်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာ အောင်သူတို့အား တာဝန်ပေးအပ်ထားကြောင်း သိရပါတယ်၊

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်က သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် တို့ဟာ နိုင်ငံတော်သမ္မတ အိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံတော် အကြီးအကဲတာဝန်များ စနစ်တကျ လွှဲပြောင်းပေးသည့် အစဉ်အလာကောင်းတစ်ခု ထူထောင်ရန်ကိစ္စကိုလည်း နှစ်ဦးနှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့လည်း အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။းလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ ပါဝင်ကြောင်း ဖော်ပြထားပါတယ်၊
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့ထဲမှာတော့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးအောင်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာ အောင်သူတို့အား တာဝန်ပေးအပ်ထားကြောင်း သိရပါတယ်၊
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်က သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် တို့ဟာ နိုင်ငံတော်သမ္မတ အိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံတော် အကြီးအကဲတာဝန်များ စနစ်တကျ လွှဲပြောင်းပေးသည့် အစဉ်အလာကောင်းတစ်ခု ထူထောင်ရန်ကိစ္စကိုလည်း နှစ်ဦးနှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့လည်း အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

RFA


မြန်မာနိုင်ငံအနေဖြင့် အခွန်စနစ်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးကြောင်းနှင့် ပြည်သူများ၏ အခွန်ငွေကြေးမှာ အာဏာပိုင်များ၏ အိတ်ထဲသို့ မရောက်ရန်လိုကြောင်း ယနေ့ကျင်းပပြုလုပ်သည့် လွှတ်တော်ရေးရာ ကော်မတီ အစည်းအဝေး တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

"အခွန်ကောက်တာက ဒီနိုင်ငံမှာ ပြသ၁နာ အကြီးအကျယ် ရှိနေတယ်။ အခွန်ယဉ်ကျေးမှု ကျွန်မတို့ဆီမှာ မရှိခဲ့ဘူး။ ပြည်သူတွေ ဘာကြောင့် အခွန်ပေးရတယ်ဆိုတာ နားလည်အောင် ကျွန်မတို့ အရင်လုပ်ရပါမယ်။ ပြည်သူ့ အခွန်ငွေတွေဟာ ပြည်သူတွေ အကျိုးအတွက် အသုံးပြုတယ်၊ နှစ်ပေါင်းများစွာ ဖြစ်နေတဲ့ အာဏာပိုင်တွေရဲ့ အိတ်ထဲ အခွန်ငွေတွေ ရောက်မသွားဘူးဆိုတာ သက်သေပြဖို့ လိုတယ်"ဟု အနိုင်ရပါတီ ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အနိုင်ရပါတီဥက္ကဋ္ဌ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိပြီး နောက်ပိုင်းတွင် လူမှုရေး စီးပွားရေး အားနည်းချက်များ၏ ပြင်ဆင်စရာရှိသည်များကို ယခင်ထက် ပိုမိုထောက်ပြ ပြောဆိုလာခဲ့သည်။ မကြာခင် ရက်ပိုင်းအတွင်းကလည်း ငွေစက္ကူတွင် ဗိုလ်ချုပ်ပုံ ထည့်သွင်းရေးထက် တိုင်းပြည်အတွက်အရေးပါသော ကိစ္စရပ်များကို ပိုမိုဦးစားပေး ဆောင်ရွက်သွားမည် ဟုလည်း ပြောကြားခဲ့သေးသည်။


(The Ladies News)

https://www.facebook.com/News.TheLadies/


ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် အခြေခံ ဥပဒေပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့ထားရန် လာမည့်လွှတ်တော်၌ အဆို တင်သွင်းရေး အကြံပြုချက်တစ်ခုကို တရားစီရင်ရေး ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ် ဆောင်ရွက်ရေး ကော်မတီ၏ ဥက္ကဋ္ဌ ကြံ့ခိုင်ရေးပါတီ အမတ်တစ်ဦးဖြစ်သူ သူရဦးအောင်ကိုက ထောက်ခံ လိုက်သည်။

“လာမယ့် လွှတ်တော်မှာ အဆို တင်သွင်းရပါမယ်။ ပြီးရင် လွှတ်တော်က ကိုယ်စားလှယ် ထက်ဝက်ကျော်ရဲ့ ထောက်ခံမှုရရင် အတည်ပြုနိုင်ပါတယ်။ ဒါဆို သူ့ ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတအဖြစ် ရွေးချယ်တင်မြောက်လို့ ရပါတယ်” ဟု သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ရွေးချယ်ခံ အမတ်နေရာ ၈၀ ရာခိုင်နှုန်းခန့် အနိုင်ရခဲ့သည့် NLD ပါတီမှ အမတ်နေရာ အများစု လွှမ်းမိုးထားမည့် လွှတ်တော်သစ်အား ဇန်န၀ါရီတွင် စတင်မည်ဖြစ်သည်။ ထိုသို့စတင်ချိန်တွင် အဆိုပါ အထူးအဆိုကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရမည် ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေသည် ၁၉၇၄ အခြေခံဥပဒေကဲ့သို့ ပုဒ်မများ ဆိုင်းငံ့ရန် ခွင့်ပြုထားခြင်း မရှိသဖြင့် ပုဒ်မ ၅၉(စ)ကို ကျော်လွှားရန် အတားအဆီး ဖြစ်လျက် ရှိသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေတို့ ဒီဇင်ဘာ ၄ တွင် တွေ့ဆုံခဲ့ပြီးနောက် ထိုပုဒ်မအား ဆိုင်းငံ့ထားရေးကို စစ်တပ်အတွင်းမှ စိတ်ဝင်စားမှု ရှိလာသည်ဟု ဆိုသည်။

ပုဒ်မ ၅၉(စ) အား ယာယီဆိုင်းငံ့ထားရေးမှ လွှတ်တော်အမတ် အများစု ထောက်ခံပါက သီအိုရီအရ ဖြစ်နိုင်ဖွယ်ရှိသည်။ အရေးအကြီး အချက် မှာ ဒေါ်အောင်ဆန်းစုကြည် က တိုင်းပြည် ကောင်းကျိုးအတွက် သမ္မတတာဝန် ထမ်းဆောင်သည်ကို စစ်တပ်က သဘောတူရန် ဖြစ်ရန်၊ သဘောတူပါက မဖြစ်နိုင်စရာ မရှိဟု ဥပဒေရေးရာ ကျွမ်းကျင်သူများက ဆိုသည်။

စစ်တပ်အနေဖြင့် ပုဒ်မ ၅၉(စ)ကို လုံးဝ ဖျက်သိမ်းခြင်းအစား ယာယီ ဆိုင်းငံ့ထားရန်ကိုသာ သဘောတူရန် ဆန္ဒရှိသည်ဟု လေ့လာသူ အချို့က ဆိုသည်။ လွှတ်တော်အတွင်းမှ စစ်တပ်ကိုယ်စားလှယ်များ ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချှုပ်မှုးကြီး မင်းအောင်လှိုင်က ရွေးချယ်ခံအပ်ခြင်းဖြစ်ပြီး ၄င်းတို့သည် တစုတတည်းတသံတည်း မဲပေးရမည် ဖြစ်သည်။

၁၉၅၈ တွင် ဦးနုက ၁၉၄၇ အခြေခံဥပဒေပါ အခန်းအချို့  ကို ခေတ္တ ယာယီရပ်ဆိုင်းပြီးနောက် ထိုအချိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် နေ၀င်း ဦးဆောင်သည့် အိမ်စောင့်အစိုးရထံ အာဏာ လွှဲအပ် ခဲ့သည်။ အကြောင်းရင်းမှာ ၁၉၄၇ အခြေခံဥပဒေအရ လွတ်လပ်ရေး ရရှိပြီး ၁၀ နှစ်ပြည့်သည့်အချိန်တွင် ရှမ်းနှင့် ကရင်နီတို့က ဦးနု အစိုးရ အပေါ် ကျေနပ်မှု မရှိသဖြင့် ပြည်ထောင်စုမှ ခွဲထွက်ရန် ကြိုးပမ်း ခဲ့ခြင်းကြောင့် ဖြစ်သည်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေတွင် ယာယီဆိုင်းငံ့ခြင်းနှင့် ပတ်သက်၍ ဖော်ပြ ထားခြင်း မရှိပေ။

(The Ladies News)
https://www.facebook.com/News.TheLadies/



ရေစကြိုမြို့နယ်တွင် အရွယ်မရောက်သေးသော မိန်းကလေးငယ်အား ကြက်သွန်ခိုး သည်ဟု စွပ်စွဲကာ ခြိမ်းခြောက်ပြီး အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့သူအား တိုင်တန်းမှု ဒီဇင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဖြစ်စဉ်မှာ ရေစကြိုမြို့နယ်၊ သူဌေးကုန်းကျေးရွာနေ တရားလို မ-----၊အသက် ၁၁ နှစ် သည် ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၅း၀၀ နာရီချိန်က ညီမဖြစ်သူ မနိုင်ဇင်လဲ့၊ အသက် ခြောက်နှစ်နှင့်အတူ သူဌေးကုန်းကျေးရွာ အရှေ့ဘက် ကိုက်သုံးရာခန့်အကွာတွင်ရှိသော ၎င်းတို့၏ ကြက်သွန်ခင်းအား စောင့်နေစဉ် တစ်ရွာတည်းနေ ဖိုးထွန်း(ခေါ်)တင်ထွန်းအောင်၊ အသက် ၂၈ နှစ် ရောက်ရှိလာပြီး ၎င်းတို့ညီအစ်မ နှစ်ယောက်အား ကြက်သွန်ခိုးကြောင်း၊ ဥက္ကဋ္ဌထံ မတိုင်စေလိုလျှင် ယင်းနှင့် လိုက်ခဲ့ရမည်ပြော၍ ကြက်သွန်ခင်းဘေးရှိ ပြောင်းခင်းထဲသို့ ခေါ်သွားခဲ့ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြပါရှိသည်။

ဖိုးထွန်း (ခေါ်) တင်ထွန်းအောင်က ညီမဖြစ်သူ မနိုင်ဇင်လဲ့အား ရွာပြန်ရန်ပြောကာ မပြန်လျှင် ဓားနှင့်ထိုးမည် ပြောသောကြောင့် ညီမဖြစ်သူမှာ ရွာသို့ပြန်သွားစဉ် ဖိုးထွန်း (ခေါ်) တင်ထွန်းအောင်က မ-----အား ပြောင်းခင်းထဲ၌ ဖက်လှဲ၍ အလိုမတူဘဲ သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဖိုးထွန်းက လူကြီးတွေပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့၍မ ----- ကမပြောဘဲ နေခဲ့ရာမှ ၎င်း၏ မိန်းမကိုယ်မှာ မခံနိုင်လောက်အောင် နာကျင်လာသောကြောင့် မိဘများအား ဖွင့်ပြောပြီး တိုင်းကြားခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အလိုမတူဘဲ သားမယားပြုကျင့်သူ ဖိုးထွန်းအား အရေးယူပေးရန် မ------က ဒီဇင်ဘာ ၁၀ ရက်နေ့တွင် တရားလိုပြု တိုင်ကြားခဲ့သောကြောင့် ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေ ရဲစခန်းက (ပ)၁၂၀/၂၀၁၅၊ ပုဒ်မ ၃၇၆ / ၅၀၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။


(The Ladies News)
https://www.facebook.com/News.TheLadies/


ရန်ကုန်နှင့်မန္တလေးတွင် ATM စက်များမှ ငွေလိမ်လည်ထုတ်ယူသူ ဘူဂေးရီးယားနိုင်ငံသား Milen Atanasov (ပတ်စပို့နံပါတ် - 382336567) ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ရှိ City Star Hotel အခန်းနံပါတ် ၄၀၃ တွင် ဒီဇင်ဘာ ၁၁ မနက် ၃ နာရီအချိန်က ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိချိန်တွင် သက်သေခံပစ္စည်းအဖြစ် ငွေသား ကျပ် ၄၉၂ သိန်း၊ ဗီဇာကတ်အတု၊ Mastro ကတ်အတု၊ မာစတာကတ်အတုတို့အား သိမ်းဆည်းရမိခဲ့သည်။ လက်ရှိတွင် အဆိုပါ ဘူဂေးရီးယားနိုင်ငံသားအား ကမာရွတ်ရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။








(News Watch)

https://www.facebook.com/NewsWatchJournal

ဗိုလ်တထောင်ဘုရားဂေါပကအဖွဲ့ ရုံးအဖွဲ့မှုးဦးတင်ထွန်းအောင်ကို ဘုရားကြီး ဘဏ္ဍာငွေအလွဲသုံးစားမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဆိပ်ကမ်းမြို့မရဲစခန်းမှသိရသည်။

အဆိုပါအမှုကို နိုဝင်ဘာ ၂၆ ရက်ကအမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက် တွင်ဆိပ်ကမ်းမြို့နယ်တရားရုံး၌ ရမန်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘုရားကြီးဘဏ္ဍာငွေများအနက် ကျပ်သိန်း ၇၄၀ ကိုဘဏ်သို့အပ်နှံ ရန်တာဝန်ပေးထားသော်လည်း အပ်နှံခြင်းမရှိဘဲကိုယ်ကျိုးအတွက် အသုံး ပြုခဲ့ခြင်းကြောင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဦးတင်ထွန်းအောင်ကို ဆိပ်ကမ်းမြို့မရဲစခန်းက (ပ)၄၅၀/၁၅ ပုဒ်မ ၄၀၉ ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်းသိရသည်။
(News Watch)





သြစတြေးလျနဲ့ ​ဖိလစ်ပိုင်နိုင်ငံတို့က ​IS ​အစ္စလာမ်မစ် ​အဖွဲ့ကို ​ချေမှုန်းဖို့ ​သဘောတူခဲ့ကြပြီး ​သြစတြေးလျက ​ဖိလစ်ပိုင်နိုင်ငံရဲ့ ​ထောက်လှမ်းရေး ​လုပ်ငန်းတွေမှာ ​အကူအညီပေးမှာ ​ဖြစ်ပါတယ်။

အရှေ့တောင် ​အာရှမှာ ​အကြမ်းဖက်မှုတွေ ​မဖြစ်အောင် ​ထောက်လှမ်းရေး၊ ​စောင့်ကြည့်ရေးနဲ့ ​စုံစမ်းရေးတွေမှာ ​သြစတြေးလျ ​အစိုးရက ​ဖိလစ်ပိုင်ကို ​ကူညီဖို့ ​ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံသား ​အယောက်ပေါင်း ​၂ ​သန်းလောက်ဟာ ​အရှေ့အလယ်ပိုင်းဒေသမှာ ​အလုပ်လုပ်ကိုင်နေကြပြီး ​အဲဒီထဲက ​တချို့ ​လူတွေ ​IS ​အဖွဲ့ကို ​အားကျတာမျိုး ​ဖြစ်မှာကို ​ဖိလစ်ပိုင်က ​စိုးရိမ်နေပါတယ်။

အရှေ့တောင် ​အာရှကို ​တထောက်နားတဲ့ ​နေရာအဖြစ် ​အသုံးပြုပြီး ​အဲဒီကနေတဆင့် ​ဆီးရီးယားနဲ့ ​အီရတ်လို ​နိုင်ငံကို ​သွားလာတာမျိုး ​လုပ်တဲ့အခါ ​စောင့်ကြည့် ​စုံစမ်းမှုတွေ ​လုပ်ဖို့နဲ့ ​အချက်အလက်တွေ ​ဖလှယ်ကြဖို့ ​ဖိလစ်ပိုင်နဲ့ ​သြစတြေးလျတို့ ​သဘောတူခဲ့ကြပါတယ်။

အခုလောလောဆယ် ​ဖိလစ်ပိုင်နိုင်ငံက ​အစ္စလာမ်မစ် ​စစ်သွေးကြွ ​အဖွဲ့ ​အနည်းဆုံး ​၅ ​ခုလောက်က ​IS ​နဲ့ ​ပူးပေါင်းလိုကြောင်း ​ထုတ်ဖော်ပြောဆိုထားပါတယ်။

မကြာသေးခင်တုန်းကလည်း ​Mindanao ​ပြည်နယ်မှာ ​IS ​ကို ​ထောက်ခံသူလို့ ​ယူဆရတဲ့ ​လူ ​၈ ​ယောက်ကို ​ဖိလစ်ပိုင်လုံခြုံရေး ​သမားတွေက ​ပစ်သတ်လိုက်ပါတယ်။

အဲဒီ ​ပြည်နယ်က ​ဒေသခံ ​၁၀၀၀ ​လောက်ဟာ ​IS ​အဖွဲ့ဝင်တွေ ​ဖြစ်တယ်လို့ ​ပြောဆိုမှုတွေ ​ရှိပါတယ်။


(Radio Australia)

http://www.radioaustralia.net.au/

  ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း အပါအ၀င် လွှတ်တော်ခေါင်းဆောင်တွေ နဲ့ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံ။

နိုင်ငံနဲ့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာ မြင့်မားဖို့ အတွက် ရွေးကောက်ပွဲ ရလဒ်နဲ့အညီ နောက် သက်တမ်း လွှတ်တော်ခေါ်ယူဖို့ ညှိနှိုင်း အစည်းအဝေး ကျင်းပတာဖြစ် တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က ပြောလိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း အပါအ၀င် အခြား လွှတ်တော်ခေါင်းဆောင်တွေနဲ့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံပြီး ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့တာပါ။ ဒီအကြောင်း ကိုအောင်အောင်ကတင်ပြထားပါတယ်။

ပထမအကြိမ်လွှတ်တော်သက်တမ်းဟာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလကုန်မှာ ကုန်ဆုံးမှာဖြစ် တာကြောင့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို အခုလိုကျင်းပတာပါ။ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာမြင့်မားရေးအတွက် တာဝန်ရှိသူတွေ အနေနဲ့ မြင့်မြတ်သည့် စိတ်ထားဖြင့် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွေမန်းက အစည်းအဝေးမှာ အခုလို ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာရော၊ ကျနော်တို့ ပြည်သူများရဲ့ ဂုဏ်သိက္ခာရော ဒီလိုဆောင်ရွက်နိုင်ဖို့ ဆိုရင် ကောင်းမွန်လာမှာဖြစ်တဲ့အတွက် ဒီအစည်းအဝေးမှာ ထုတ်ပြန်ကြေညာချက်နဲ့ပဲ ဒီအတိုင်း စတင်ဆွေးနွေးသွားမှာပါ။"

နိုဝင်ဘာ ၁၉ ရက်နေ့က သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ထုတ်ပြန်ကြေညာထားတဲ့ သဘောတူညီချက် အစိတ်အပိုင်း တရပ်ကို အခုလို အကောင်အထည်ဖေါ်တာဖြစ်ပြီး နိုင်ငံရေး အနှစ်သာရ ပါဝင်ကြောင်းကိုလည်း သူရဦးရွှေမန်းက ပြောပါတယ်။

ပြည်သူ့လွှတ်တော်သက်တမ်းတရပ်ရဲ့ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို အထွေထွေ ရွေးကောက်ပွဲကျင်းပတဲ့ နေ့ရက်ကစလို့ ရက်ပေါင်း ၉၀ အတွင်း ခေါ်ယူရမှာ ဖြစ်တယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်း ထားတာပါ။ ဒီကနေ့ အစည်းအဝေး မှာ နောင်လွှတ်တော်အတွက် ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေး တည်းခိုနေထိုင်ရေး စတဲ့ကိစ္စတွေကို လည်း ဆွေးနွေးခဲ့ကြတယ်လို့ ပြည်သူ့လွှတ်တော်ရုံး တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“ လွှတ်တော် ပုံမှန် လွှတ်တော်မစတင်ခင် အစည်းအဝေးခေါ်တဲ့အတိုင်းကို ပို့ဆောင်ရေးအဖွဲ့ ပါပါတယ်။ နောက်ပြီးတော့ ကျနော်တို့ တည်းခိုနေထိုင်ရေး အတွက်ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီက ပါပါတယ်။ လုံခြုံရေးအတွက် ပြည်ထဲရေးကလည်းပါတာပေါ့နော်။”

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် ဒုတိယအကြိမ်လွှတ်တော် လုပ်ငန်းတွေ စတင်ဖို့ အတွက် အခုလို အစည်းအဝေးကျင်းပတာပါ။ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဗဟို အလုပ်မှုဆောင်တွေဖြစ်တဲ့ ဦးဝင်းမြင့်၊ ဒေါက်တာ ဇော်မြင့်မောင်တို့ ဒီညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။

အောင်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အမှုရင်ဆိုင်နေရတဲ့ ဆရာတော် ဦးဥတ္တရ

လွန်ခဲ့တဲ့ တစ်နှစ်ခွဲက စတင်ပြီး မဟာသန္တိသုခကျောင်း ပိုင်ဆိုင်မှု အငြင်းပွားမှုနဲ့ ဆက်စပ်ပြီး တရားစွဲခံ ခဲ့ကြရတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာ ၅ ပါး အမှုမှာ ပုဒ်မ ၂၉၅ သာသနာညှိုးနွမ်းစေမှုနဲ့ စွဲဆိုထားတဲ့ အမှု အတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့က အရှေ့ပိုင်း ခရိုင်တရားရုံးက တရားရှင် လွှတ်ပေးလိုက်ပါတယ်။

ဒါပေမဲ့ သံဃာ့ အဖွဲ့ အစည်း ရဲ့ စကားကို နားမထောင်လို့ ဆိုတဲ့ ပုဒ်မ ၂၀/၉၀ နဲ့ စွဲထားတဲ့ အမှု ကိုတော့ ဆက်လက် ရင်ဆိုင်ရဦးမှာပါ။

မူလက စတင် တရားစွဲဆိုတုန်းက ရန်ကုန်တိုင်း အစိုးရနဲ့ သာသနာရေး ဦးစီးဌာနတို့က ဒီသံဃာတွေကို ၂၀/၉၀ နဲ့သာ တရားစွဲဖို့ ပြောထားတာကို တိုင်းသာသနာရေးမှူး ဦးစိန်မော်က သာသနာညှိုးနွမ်းစေမှု ပုဒ်မကိုပါ ထည့်သွင်း တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ အမှုရင်ဆိုင်နေရတဲ့ လန်ဒန် ဆရာတော် ဦးဥတ္တရက ဘီဘီစီကို မိန့်ပါတယ်။

တကယ်တော့ ဒီအမှုတွေကို ပယ်ဖျက်ပေးဖို့ ရန်ကုန်တိုင်း တရားလွှတ်တော်ကိုရော နေပြည်တော် တရားလွှတ်တော်ချုပ်ကိုပါ လျှောက်ထားခဲ့ပေမဲ့ လက်မခံခဲ့ဘူးလို့ လန်ဒန်ဆရာတော် က ပြောပါတယ်။

ဒါပေမဲ့ တရားလို ဖြစ်သူက တရားစစ်နေချိန်မှာ လာရောက်ခြင်း မရှိတဲ့ အတွက် အမှုကို အခုလို တရားရှင် လွှတ်ပေးတာလို့လည်း ဆိုပါတယ်။

သဃာတော်တွေကို စွဲဆိုထားတဲ့ အမှု နှစ်ခုစလုံး အတွက် ပယ်ဖျက်ပေးဖို့ သူတို့ရဲ့ ရှေ့နေက လျှောက်ထားခဲ့ပေမဲ့ အခု တစ်မှု အတွက်သာ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ကျန်နေသေးတဲ့ ပုဒ်မ ၂၀/၉၀ နဲ့ စွဲထားတဲ့ အမှု ကို ချေဖျက်ပေးဖို့ ရန်ကုန်တိုင်း တရားလွှတ်တော်ကို ဒီဇင်ဘာလ ၉ ရက်နေ့က တင်ထားခဲ့ပြီး ဖြစ်တဲ့ အတွက် နှစ်ဖက် ကြားနာမယ့် နေ့ရက်ကို စောင့်နေတယ်လို့ ဆရာတော် ဦးဥတ္တရက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဆီးရီးယားက IS တွေကို U.S. Air Force ရဲ့ လေကြောင်း တိုက်ခိုက်မှု။

အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေက အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာမှာ IS အဖွဲ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ တခြား ထိပ်တန်းခေါင်းဆောင် ၂ ဦး သေဆုံး သွားတယ်လို့ အမေရိကန် စစ်တပ်ကပြောပါတယ်။

ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှု အတွင်း IS အဖွဲ့ရဲ့ ဘဏ္ဍာရေး ၀န်ကြီး Abu Salah ၊ အဖွဲ့အတွက် ခြိမ်းခြောက် ငွေညှစ်တဲ့ အလုပ်တွေကို တာဝန်ယူ စီစဉ်ဆောင်ရွက်သူ ထိပ်တန်းခေါင်းဆောင်တဦးနဲ့ အလုပ်အမှုဆောင် တာဝန်ယူထားတဲ့ တခြားထိပ်ပိုင်း ခေါင်းဆောင် တဦးတို့ သေဆုံးသွားခဲ့ကြောင်း အမေရိကန် စစ်ဖက်ဆိုင်ရာ ပြောခွင့်ရသူ Steve Warren က ကြာသာပတေးနေ့မှာ ပြောဆိုပါတယ်။

Salah ဟာ IS အဖွဲ့ရဲ့ ၀ါရင့်ခေါင်းဆောင်တွေထဲမှာ တဦး အပါဝင်ဖြစ်တယ်လို့ Warren ကပြောပါတယ်။ သူသေဆုံးသွားတဲ့ အတွက် အဖွဲ့ အတွင်း ငွေရေးကြေးရေး စီမံ ခန့်ခွဲတဲ့နေရာမှာ အခက်ကြုံနိုင်တယ်လို့ ပြောပါတယ်။

ညွန့်ပေါင်းတပ်ဖွဲ့တွေက အီရတ်နိုင်ငံ Ramadi မြို့တော်ကို လေကြောင်း ကနေ တိုက်ခိုက်ခဲ့ရာမှာ IS အဖွဲ့ရဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင် ၃၅၀ သေဆုံးခဲ့တယ်လို့ Warren က ပြောပါတယ်။ IS စစ်သွေးကြွတွေဟာ Ramdi မြို့ကို အခုနှစ် စောစော ပိုင်းမှာ သိမ်းပိုက်ခဲ့တာပါ။ ဒါပေမဲ့ အီရတ် အစိုးရ တပ်ဖွဲ့တွေက တချို့ နေရာတွေ ကို ပြန်ပြီး သိမ်းပိုက်နိုင် ခဲ့တယ် လို့ အီရတ် တာဝန်ရှိသူတွေက အခုသီတင်းပတ် အတွင်း ပြောခဲ့ ပါတယ်။


VOA Burmese
http://burmese.voanews.com

ခရိုင် ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးအသစ် (ပိုလီယိုကာကွယ်ဆေး) ထိုးနှံခြင်း။ သတင်းဓာတ်ပုံ-မြန်မာ့အလင်း ပြန်ကြားရေးဝန်ကြီးဌာန။

ပြီးခဲ့တဲ့နှစ်က ပိုလီယို ကင်းရှင်းတဲ့ နိုင်ငံ အဖြစ် ကြေညာထားတဲ့ မြန်မာနိုင်ငံမှာ အသွင်ပြောင်း ပိုလီယို ရောဂါပိုး တွေ့ရှိရတဲ့ အကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက တရားဝင် ကြေညာလိုက်ပါတယ်။ ဒီနှစ်အတွင်း အသွင်ပြောင်း ပိုလီယို ရောဂါပိုး ကူးစက်ခံရသူ ၂ ဦး တွေ့ရှိထားရပြီး နောက်မှာတော့ နိုင်ငံတ၀န်း ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးမှုကို အရှိန်မြှင့် ဆောင်ရွက်ကြဖို့နဲ့ ပိုလီယို ကူးစက်မှု မရှိရေး အတွက် ကာကွယ်ဆေး စနစ်တကျ တိုက်ကျွေးကြဖို့ ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူတို့က တိုက်တွန်းပါတယ်။ အသွင်ပြောင်း ပိုလီယို ကူးစက်မှု မဖြစ်အောင် ဘာတွေ သတိထားဖို့ လိုအပ်မလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက် စုစည်းတင်ပြ ထားပါတယ်။

လက်ရှိ တိုက်ကျွေးနေတဲ့ ပိုလီယို ကာကွယ်ဆေးတွေကနေ တဆင့် ဖြစ်ပေါ်လာတဲ့ အသွင်ပြောင်း ပိုလီယို ရောဂါက ပိုလီယိုရောဂါ အရိုင်းပိုး အတိုင်းဘဲ ကူးစက်ခံရသူကို အန္တရာယ် ဖြစ်စေပြီး အခုနောက်ပိုင်း ပြောင်းလဲလိုက်တဲ့ ပိုလီယို ရောဂါ ကာကွယ်ဆေး ထိုးဆေးသစ်ကတော့ အသွင်ပြောင်း ပိုလီယို မဖြစ်စေဘူးလို့ မြန်မာနိုင်ငံ ဆရာဝန် အသင်းရဲ့ အတွင်းရေးမှူးဆေးတက္ကသိုလ် (၁) ကလေး ကျန်းမာရေး နဲ့ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်းက ပြောပါတယ်။

"အသွင်ပြောင်း ပိုလီယို ဗိုင်းရပ်စ်ဆိုတာ ဘာလဲဆိုတော့ ဒီကာကွယ်ဆေးက ရသော ပိုလီယိုပေါ့နော်။ အဲ့တာတွေက ကြိုကြား ကြိုကြား တကမ္ဘာလုံးမှာ ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ ဒီနှစ်ဆို ၁၇ယောက် လောက်ရှိမှာပေါ့။ အဲ့ဒီ့အထဲက ကျနော်တို့က ဒီနှစ်မှာ နှစ်ယောက်လောက်ရှိသွားတယ်။ ဒီနှစ်မှာ။ အသွင်ပြောင်း ပိုလီယိုကတော့ ပိုလီယို ရောဂါဖြစ်ရင် တကယ့်ပိုလီယိုလိုပဲ ကလေးက ခြေလက်မသန် တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူကနေ ဒီ့ပြင်ကူးမယ့် ကလေးတွေမှာတော့ ကာကွယ်ဆေးတွေ ထပ်တိုက်လိုက်လို့ရှိရင် သက်သာသွားတယ်ပေါ့နော်။ ဒါကြောင့်လဲ ကျနော်တို့က အခုအချိန်မှာ ထိုးဆေးပါ ထည့်ထားတာဖြစ်ပါတယ်။ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးတဲ့အချိန်မှာ ပိုလီယို ထိုးဆေးပါ ထည့်တယ်။ ပိုလီယိုထိုးဆေးကတော့ တစ်၊ နှစ်၊ သုံးပေါ့နော်။ ပိုလီယို ပိုး သုံးမျိုးစလုံးပါတယ်။ သူကတော့ အသေပေါ့။ သူကတော့ ပိုးကိုသေအောင်သတ်ပြီးမှ ထိုးတာဆိုတော့ ခုနက ပြောတဲ့ အသွင်ပြောင်း ပိုလီယို မဖြစ်နိုင်ဘူး။ "

ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးထားသူ ကလေးငယ်တွေရဲ့ မစင်ကနေ တဆင့် ကူးစက် ဖြစ်ပွားတဲ့ အသွင်ပြောင်း ပိုလီယို ကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ အတွက် ကြိုတင်ကာကွယ်နိုင်တဲ့ အခြေအနေကိုလည်း မြန်မာနိုင်ငံ ဆရာဝန် အသင်းရဲ့ အတွင်းရေးမှူးဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး နဲ့ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်းက အခုလို ပြောပါတယ်။

" ဆောင်ရန်၊ ရှောင်ရန်ကတော့ ပိုလီယိုက ဒီ ရေကနေ ကူးစက်တာပေါ့နော်။ ပိုလီယိုပိုးရှိတဲ့သူက ဝမ်းသွားတဲ့အထဲမှာ ပိုးပါသွားမယ်။ အဲ့ဒီ့ပိုးက တနည်းနည်းနဲ့ ကျန်တဲ့သူရဲ့ အစားအသောက်ထဲကို ဝင်သွားတယ်ဆိုရင် ကူးစက်နိုင်တယ်ပေါ့။"

မြန်မာနိုင်ငံတွင်းမှာ တွေ့ရတဲ့ အသွင်ပြောင်း ပိုလီယို ရောဂါပိုး ကူးစက်ခံရမှုဟာ နယ်စပ် ဖြတ်ကျော် ကူးစက်တာ ဖြစ်နိုင်သလို မြန်မာနိုင်ငံတွင်းက မတည်မငြိမ် ဖြစ်တဲ့ ဒေသတွေမှာ ကာကွယ်ဆေး တိုက်ကျွေးမှု လစ်ဟင်းရ တာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပါမောက္ခ ဒေါက်တာ စောဝင်း က ပြောပါတယ်။

"တခါတလေကျတော့လည်း ဘာဖြစ်တတ်လဲဆိုတော့ ကျနော်တို့ဘက်က မဟုတ်ပဲနဲ့ တဖက်နိုင်ငံက ဝင်လာတာလည်း ဖြစ်နိုင်တယ်။ အဲ့တော့ အရေးကြီးတာ ဘာလဲဆိုတော့ ကျနော်တို့ routine immunization လို့ခေါ်တဲ့ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးတာပေါ့။ ဒါပေမဲ့ ရခိုင်ဘက်က တချို့နေရာတွေမှာတော့ conflict areas လူမျိုးရေး နိုင်ငံရေး မတည်ငြိမ်မှုကြောင့် သွားမတိုက်နိုင်တဲ့ နှုန်းတွေ နည်းနည်းကျတာရှိပါတယ်။"

ပိုလီယို ကူးစက်ခံရမှု ၃ နှစ်တိတိ ကင်းရှင်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကမှ မြန်မာနိုင်ငံ ဟာ ပိုလီယိုရောဂါ အရိုင်းပိုး လုံးဝ ကင်းရှင်းတဲ့ နိုင်ငံ အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အတွက် ၂၀၁၆ ခုနှစ် ဧပြီလကုန်မှာ ပိုလီယို ကာကွယ်ဆေးသစ်ကို ပြောင်းလဲ သုံးစွဲသွားမယ်လို့ မြန်မာ့ ကျန်းမာရေး ၀န်ကြီးဌာနကလည်း ကြေညာထားပါတယ်။

ဒါ့အပြင် ပိုလီယို ကာကွယ်ဆေးကနေ တဆင့် ဖြစ်လာတဲ့ အသွင်ပြောင်း ပိုလီယို တွေ့ရှိရတဲ့ အခြေအနေတွေကိုလည်း ကြာသပတေးနေ့မှာ ကျန်းမာရေး ၀န်ကြီးဌာနက ပြည်သူကို အကျယ်တ၀င့် ရှင်းလင်း ပြောကြားဖို့ ရှိနေပါတယ်။


မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

  ဩဇာ ရှိတဲ့ လူတွေက သူ့ကို သတ်ဖို့ကြိုးစားနေတယ်လို့ ရဲဗိုလ်ချုပ်ပြော

၂၀၁၆ အစောပိုင်း ကာလတုန်းက ထိုင်းနဲ့ မလေးရှား ၂ နိုင်ငံ နယ်စပ်မှာ လူမှောင်ခို ဂိုဏ်းတွေရဲ့ စခန်းမှာ လူသေတွေကို မြှုပ်နှံထားတဲ့ ကျင်းတွေကို တွေ့ ရှိပြီး နောက် မှာ ထိုင်း ရဲဗိုလ်ချုပ် ပဝင်း ဖုန်စီရင် ကို လူမှောင်ခို ဂိုဏ်း တွေကို စုံစမ်း စစ်ဆေးဖို့ တာဝန်ပေး ခဲ့ပါတယ်။

လူမှောင်ခို လုပ်ငန်းတွေမှာ ပါဝင် ပါတ်သက်နေတဲ့ ဩဇာ ရှိတဲ့ လူတွေက ရဲဗိုလ်ချုပ် ပဝင်း ဖုန်စီရင်ကို သတ်ဖို့ ကြိုးစားလာတာကြောင့် ထိုင်း နိုင်ငံကနေ ထွက်ပြေးခဲ့ပြီး ဩစတြေးလျ နိုင်ငံမှာ ခိုလှုံခွင့် တောင်းခံထားပါတယ်။

လူမှောင်ခို လုပ်ငန်းကြီးကို ၅ လ လောက် စုံစမ်း စစ်ဆေးပြီးနောက်မှာ စစ်တပ် ရဲနဲ့ အစိုးရ အဖွဲ့က ဩဇာ ကြီးမား သူတွေဟာ စစ်ဆေးရေး လုပ်ငန်းတွေ ကို ရပ်ဆိုင်း ခိုင်းခဲ့တယ်လို့ သူက ဘီဘီစီ ကို ပြောပါတယ်။

သူ့ရဲ့ စုံစမ်း ဖော်ထုတ်မှု ကြောင့် ထိုင်း နိုင်ငံရေး သမားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ် အရာရှိကြီးတွေ အပါအဝင် လူ ၁၅၀ လောက်ကို ဖမ်းဆီး အရေးယူဖို့ ဆောင်ရွက် နိုင်ခဲ့ပါတယ်။

တရားစွဲဆို ရုံးတင် စစ်ဆေးတဲ့ အထဲမှာ ထိုင်း စစ်တပ်က အဆင့်မြှင့် ဗိုလ်ချုပ်ကြီး တစ်ဦး လည်း ပါရှိခဲ့ပြီး ထိုင်း စစ် အစိုးရကတော့ ဒါဟာ အစိုးရ အနေနဲ့ လူမှောင်ခို လုပ်ငန်း တွေကို တားဆီး နေတဲ့ သာဓက တစ်ခုလို့ ပြောကြားခဲ့ပါတယ်။

ရဲဗိုလ်ချုပ် ပဝင်း ဖုန်စီရင်းရဲ့ စုံစမ်း စစ်ဆေးမှုတွေအပေါ်မှာ ဩဇာ ရှိသူ အချို့က မကျေမနပ် ဖြစ်ခဲ့ကြပြီး ပြဿနာတွေ ရှုပ်ထွေးတဲ့ ထိုင်း နိုင်ငံ တောင်ပိုင်း ဒေသ ကို ရွှေ့ပြောင်း တာဝန်ချထား ခဲ့ပါတယ်။

သူ့ရဲ့ အသက် အန္တရာယ်ကို စိုးရိမ် ရတဲ့ အတွက် နိုဝင်ဘာလမှာ ရဲတပ်ဖွဲ့ ကနေ နှုတ်ထွက်ခဲ့ပြီး ဩစတြေးလျ နိုင်ငံမှာ လာရောက် ခိုလှုံတာလို့ ရဲဗိုလ်ချုပ် ပဝင်း ဖုန်စီရင်း က ပြောပါတယ်။

ရဲဗိုလ်ချုပ် ထိုင်း နိုင်ငံမှာ မရှိတော့တာကြောင့် သူ စုံစမ်း စစ်ဆေး ခဲ့တဲ့ အမှုတွေဟာ ခိုင်လုံမှု မရှိတော့ဘူး ဆိုပြီး ဆက်လက် ရုံးတင် စစ်ဆေး နိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အခုတော့ လူကုန်ကူးမှုကို အရေးတကြီး ဆောင်ရွက်မယ်လို့ ပြောကြားခဲ့တဲ့ ထိုင်းစစ် အစိုးရရဲ့ စကားဟာ အနှစ်သာရ မရှိတဲ့သဘော တွေ့မြင် နေရကြောင်း ဘန်ကောက်မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဂျိုနသန် ဟဒ် က သုံးသပ် ခဲ့ပါတယ်။


BBC Burmese
http://www.bbc.com

နိုင်ငံတကာ လူ့အခွင့်အရေးနေ့။

ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကြာသပတေးနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို ကမ္ဘာတလွှား ကျင်းပနေချိန်မှာဘဲ လွတ်လပ်ရေး၊ တရားမျှတရေးနဲ့ ငြိမ်းချမ်းရေးတို့ကို အာမခံပေးနိုင်ဖို့ အတွက် အခက်အခဲတွေ စိန်ခေါ်ချက်တွေ အများအပြား ရှိနေသေးတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက သတိပေး ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာ အခွင့်အရေး အခြေခံ စံနှုန်းတွေကို ချမှတ်ပေးနိုင်ခဲ့တဲ့ သမိုင်းဝင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ် ဒီကနေ့မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက အတည်ပြုနိုင်ခဲ့တဲ့ နေ့ကို အထိမ်းအမှတ်ပြုတဲ့ အနေနဲ့ ဒီနေ့ကို နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၅ စုအတွင်း အခက်အခဲ ပြဿနာတွေနဲ့ ကြုံတွေ့ရချိန်မှာ အခွင့်အရေးတွေကို လေးစားလိုက်နာ အသိအမှတ်ပြုစေရေး အတွက် လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ နောက်ဆက်တွဲ သဘောတူညီချက်တွေဟာ သိပ်ကို အရေးပါခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Hussein က ပြောဆိုခဲ့ပါတယ်။

လွတ်လပ်ခွင့်ကို လေးစားမှုက အလုံးစုံ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးတို့ အတွက် အခြေခံ အုတ်မြစ်ဖြစ်တယ်လို့လည်း ဗွီဒီယိုကနေ ပြောဆို ထားတဲ့ ကြေညာချက် ထဲမှာ ကုလ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးက ထပ်လောင်းပြောဆိုပါတယ်။ ဒီနှစ် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွေမှာတော့ ၁၉၉၆ ခုနှစ်က အတည်ပြုခဲ့ကြတဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ထုံးထမ်းစဉ်လာ အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်နဲ့ အရပ်သားနဲ့ နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွေကို လူထုစိတ်ဝင်စားမှု ပိုရလာအောင် ကုလ သမဂ္ဂ တာဝန်ရှိသူတို့ ဆောင်ရွက်နေကြတာပါ။

လူသားအားလုံးအတွက် အခြေခံ လွတ်လပ်ခွင့်ကို အာမခံပေးနိုင်ဖို့နဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေး နိုင်ဖို့ လူ့အခွင့်အရေးနေ့မှာ ကျနော်တို့ ထပ်ပြီး ကတိက၀တ်ပြုကြရအောင်လို့လည်း ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထပ်လောင်း ပြောဆိုသွားပါတယ်။


VOA Burmese
http://burmese.voanews.com

နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ ကျင်းပ တဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုပေးပွဲ အခမ်းအနားကို ဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီး။ သတင်းဓာတ်ပုံ- Credit to ( Audun Aagre - Norwegian Burma Committee)

ဒီမိုကရေစီထွန်းကားရေး အတွက် ကြိုးပမ်းကြတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တဲ့ အတွက် တဦးတယောက်တည်းအတွက်ကိုသာမက သူ့လူ့အဖွဲ့အစည်းတခုလုံးအတွက်ပါ အထောက်အကူဖြစ်စေတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးက ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့က နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပတဲ့ နိုဘဲလ်ဆုပေးပွဲ အခမ်းအနားကို ဧည့်သည်တော်အဖြစ် ဦးကိုကိုကြီး တက်ရောက် ခဲ့သလို၊ နော်ေ၀၀န်ကြီးချုပ်ဟောင်းတဦးနဲ့လည်း လက်ရှိ မြန်မာနိုင်ငံ ရဲ့ ရွေးကောက်ပွဲလွန်ကာလ အခြေအနေတွေ နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ ပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပါမယ်။

ကမ္ဘာ့ နိုင်ငံ တော်တော်များများမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီထွန်းကားရေးအတွက် လုပ်ဆောင်သူတွေနဲ့ အဖွဲ့အစည်းတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ နော်ဝေနိုဘဲလ်ဆု ရွေးချယ်ရေး ကော်မတီ ကနေ နှစ်စဉ် ရွေးချယ်ပြီး ငြိမ်းချမ်းရေးနိုဘဲလ်ဆု ပေးအပ်ချီးမြှင့်တဲ့အတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ ပိုမို ရရှိလာပြီး ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေမှာ အထောက်အကူ ဖြစ်စေတယ်လို့ - နော်ဝေနိုဘဲလ်ဆုပေးပွဲကျင်းပရေးကော်မတီရဲ့ ဖိတ်ကြားချက်နဲ့ ကြာသပတေးနေ့ က နော်ဝေနိုင်ငံ အော်စလိုမြို့ တော်မှာ ကျင်းပတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆု ပေးပွဲ အခမ်းအနားကို ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီး ပြောပါတယ်။

“များသောအားဖြင့် ကျနော်တို့ ဒီ အာဏာရှင် နိုင်ငံတွေကနေပြီးတော့ ဒီမိုကရေစီ ထွန်းကားအောင်လုပ်တဲ့ ဖြစ်စဉ်တွေမှာ နိုင်ငံတကာ မိသားစုရဲ့ အာရုံစိုက်မှု၊ ပံ့ပိုးကူညီမှုတွေ ရဖို့အတွက် ဒီနိုဘဲလ်ဆုချီးမြှင့်တာဟာ အများကြီး အထောက်အကူဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံ ဆိုရင်လည်း နိုင်ငံတကာ မှာ ပြောကြစို့ ဆိုရင် မထင်မရှား နိုင်ငံလေးပါ။ အဲ့လိုနိုင်ငံလေးရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို တကမ္ဘာလုံးက အာရုံစိုက်လာအောင် ကြိုးပမ်းတဲ့အခါမှာ နိုဘဲလ်ငြိမ်းချမ်းရေးဆုဟာ အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်။ အခုလည်းပဲ ဒီ တူနီးရှားဆိုလို့ရှိရင် အာရပ်နွေဦးလှုပ်ရှားမှုကို စတင်ခဲ့တဲ့ နိုင်ငံ၊ ဒါပေမဲ့ လုပ်ကြံတာတွေ၊ လူမှုရေးမငြိမ်မသက် ဖြစ်တာတွေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် ဟာ ပြန်ပြီးတော့ နောက်ပြန်ဆုတ်သွားတော့မလို၊ ပျက်စီးတော့မလို၊ ဖြစ်တဲ့အချိန်မှာ ဒီအဖွဲ့ ၄ ဖွဲ့ကနေ ပေါင်းပြီးတော့ တမျိုးသားလုံး တွေ့ဆုံဆွေးနွေးမှုတွေဖြစ်အောင် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အစိုးရပေါ်လာအောင် ကြိုးစားခဲ့တဲ့ သူတို့ရဲ့ ဖြစ်စဉ်ပေါ့လေ အဲဒါကို အခုလို ငြိမ်းချမ်းရေးဆု ပေးလိုက်တဲ့ အတွက်ကြောင့် အခြား ဒီမိုကရေစီကြိုးပမ်းနေတဲ့ နိုင်ငံတွေအတွက်ပါ အများကြီး ခွန်အားဖြစ်စေပါတယ်။”


ဖိတ်ကြားလွှာ

ဒီနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုကိုတော့ - တူနီးရှားနိုင်ငံမှာ ၂၀၁၁ ခုနှစ်က လူထုအုံကြွမှုနောက်ပိုင်း ဒီမိုကရေစီ ထူထောင်ရေးအတွက် ကူညီကြိုးပမ်းပေးခဲ့ကြတဲ့ Tunisian National Dialogue Quartet အဖွဲ့က ရရှိခဲ့တာပါ။

တူနီးရှား အထွေထွေ အလုပ်သမားသမဂ္ဂ၊ တူနီးရှား စက်မှု၊ ကုန်သွယ်ရေးနဲ့ လက်မှုလုပ်ငန်းအသင်း၊ တူနီးရှားလူ့အခွင့်အရေးအဖွဲ့ချုပ်နဲ့ တူနီးရှားရှေ့နေများအဖွဲ့ ၄ ဖွဲ့တို့ကနေ စုပေါင်းဖွဲ့စည်းထားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ညွန့်ပေါင်းအဖွဲ့ကနေ ကြာသပတေးနေ့က အော်စလိုမှာ ဆုကို လက်ခံရယူခဲ့ပြီး - ဒီအဖွဲ့ကို တိုင်းပြည်မှာ အာဏာရှင်အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် အများပါဝင်ခွင့်ရနိုင်မယ့် ဒီမိုကရေစီစနစ် ထူထောင်ရာမှာ ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့တာကြောင့် နိုဘဲလ်ဆုရွေးချယ်ရေးကော်မတီကနေ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒီဆုပေးပွဲအခမ်းအနားအပြီးမှာတော့ ၈၈ မျိုးဆက် ခေါင်းဆောင် ဦးကိုကိုကြီးဟာ နော်ေ၀၀န်ကြီးချုပ်ဟောင်း ခဲ မာဂနာ ဗိုနာဗစ် (Kjell Magne Bondevik) နဲ့ Oslo Center မှာ ၁ နာရီကြာ
 တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲလွန်ကာလ အခြေအနေတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။

“အဓိကကတော့ နော်ဝေနိုင်ငံမှာ ညွန့်ပေါင်းအစိုးရဖွဲ့တာတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ နောက်ပြီး ကျနော်တို့နိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေ အဲဒါတွေကို ကျနော်တို့ ပြောဖြစ်၊ ဆွေးနွေးဖြစ်တာပါ။”

မေး - ဟုတ်ကဲ့ရှင့် ဆိုတော့ ဦးကိုကိုကြီးအနေနဲ့ ပါတီထောင်မယ့် ကိစ္စကိုရော ဆွေးနွေးဖြစ်သေးလား။

“အဓိကကတော့ ကျနော်တို့က ကျနော်တို့နိုင်ငံရဲ့ အခြေအနေဆိုရင် ကျနော်တို့ ကိုယ်တိုင်က ဒီအချိန်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာလွှဲပြောင်းနိုင်ဖို့ နိုင်ငံရေး အပြောင်းအလဲက အဓိကကျနေတော့ ကျနော်တို့ကတော့ ဒီဟာကိုပဲ အာရုံစိုက်ပြီးတော့ ဆောင်ရွက်နေကြတာပါ။”

မြန်မာ့အရေးမှာ အရင်ကတည်းက တစိုက်မတ်မတ် ကူညီပေးခဲ့ သလို၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက်ကိုလည်း အဓိက ကူညီပေးနေတဲ့ Norwegian Burma Committee ကနေ ဦးကိုကိုကြီးကို ရွေးကောက်ပွဲ အလွန်ကာလနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ အတွက်ကိုလည်း ဖိတ်ကြားခဲ့တာပါ။ ဒီဖိတ်ကြားချက်နဲ့ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၈ ရက်အထိ ဥရောပ ၄ နိုင်ငံခရီး ထွက်ခွာလာတာ ဖြစ်ပါတယ်။

ဒီဥရောပခရီးစဉ်အတွင်း နော်ဝေ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်တို့ကို သွားရောက်မှာဖြစ်ပြီး၊ အဲဒီမှာရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံကာ လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၊ ငြိမ်းချမ်းရေးကိစ္စ စတာတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ကျရင်တော့ အော်စလိုမြို့ရဲ့ House of Literature မှာ ဦးကိုကိုကြီး၊ ဦးခိုင်ဝင်း၊ KNU ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌ နော်စီဖိုးရာစိန် တို့ကနေ အစိုးရသစ် မတိုင်ခင်နဲ့ အစိုးရသစ်တက်ပြီးနောက် ကြုံတွေ့ရမယ့် မြန်မာနိုင်ငံ ရဲ့ အဓိက စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေ၊ ပြီးတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လှုပ်ရှားမှုတွေအကြောင်းကို အပြန်အလှန် ဆွေးနွေးကြမှာဖြစ်ပါတယ်။


နန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com