12/19/15

မြန်မာပြည်တနံတလျားနိုင်ငံခြားသားများနှင်.သွားလာခဲ.ရာတွင်ကားလမ်းပေါ်၌်မကြာခနတွေ.မြင်ရသောမြင်ကွင်းမှာ လမ်းပြင်နေကြသောအလုပ်သမားများဖြစ်သည် ။

များသောအားဖြင်. လမ်းပြင်အလုပ်သမားများမှာ အမျိုးသမီးငယ်များ ဖြစ်ကြပါသည် ။ သူတို.သည် လမ်းခင်းမည်. (သို.မဟုတ်)လမ်းဖာမည်. နေရာတွင် ကျောက်ခဲလေးများကို လက်ဖြင်. တခုချင်းယူ၍နေရာချနေကြပါသည် ။

မိန်းကလေး၊လေးငါးယောက်သည် နေပူထဲတွင်ကျောက်ခဲများကိုဗလာသက်သက်လက်ချည်း ခင်းနေကြသောမြင်ကွင်းကိုမြင်ရလျှင် အနောက်တိုင်းသားကမ္ဘာလှည်.ခရီးသည်များသည် ကဏာမငြိမ်ပါပြီ ။ ကားကိုရပ်ကာ အတော်မသတ်အောင်ဓါတ်ပုံရိုက်ကြပြီ ။ထို.နောက်အောက်ပါစကားများကိုလည်း အချင်းချင်းပြောကြပါသေးသည် ။

“ လာကြည်.စမ်းဟေ.စက်ယန္တယားမပါပဲ ကျောက်ခဲတွေကိုလက်နဲ.ကိုင်ပြီးခင်းနေတယ် “
“ ဒို.နိုင်ငံမှာ ဒါမျိုးမတွေ.ရတော.တာ အနှစ်ငါးဆယ်လောက်ရှိပြီ “
“ ဒို.ဘိုးဘွားတွေလက်ထက်ကတော. ဒါမျိုးလုပ်တာ တွေ.ဖူးတယ် “
ထိုသို.တအံ.တသြဖြစ်ပြနေကာမှ ကျွန်တော်တို.လမ်းပြင်လုပ်သားအဖွဲ.များသည် ရေပန်းလို ကရားကြီးထဲတွင် ဆူပွက်နေသောကတ္တရာကိုထည်.၍ လမ်းပေါ်တွင်စုန်ကာဆန်ကာ ပန်းပင်ရေဖျန်းသလိုလိုက်ဖျန်းနေကြတာလည်းတွေ.ရမည်ဖြစ်သည် ။ သူတို.နှင်.မလှမ်းမကမ်းတွင်တော. ကတ္တရာစေးတိုင်ကီကြီးတခုကို ကားတာယာ ၊ထင်းစသည်များဖြင်. မီးတိုက်၍ အရည်ပျော်အောင် ကျိုချက်နေကြသည်များကိုလည်းတွေ.ရမည်ဖြစ်သည် ။

ခပ်လှမ်းလှမ်းတွင်တော. ရပ်ထားတာကြာပြီဖြစ်သော လမ်းကြိတ်စက်တစီးတလေကို တခါတရံတွေ.မြင်ရမည်ဖြစ်သည် ။ ဤမြင်ကွင်းများသည်တနေရာမှာသာမဟုတ် မြန်မာပြည်အနှံ. နေရာမရွေးတွေ.မြင်ရလေ.ရှိသောမြင်ကွင်းဖြစ်ပါသည် ။

ထိုမြင်ကွင်းနှင်.အတူ နေပူကျဲတဲဝယ် ကျောက်တုံးကြီးများကို ချွေးဒီးဒီးကျနေသောအမျိုးသားများက ဆယ်ပေါင်တူကြီးဖြင်. တစစီဖြစ်အောင်ထုခွဲနေကြသည်များကိုလည်းတွေ.မြင် နိုင်မည်ဖြစ်သည် ။ယောက်ကျားလေးများက ကျောက်တုံးများကိုတူဖြင်.ထုသည် ။ မိန်းကလေးများကလက်ဖြင်.ကိုင်ကာကျောက်တုံးလေးများကို လမ်းပေါ်တွင် ညီညီညာညာဖြစ်အောင်ထပ်ပေးသည် ။

လမ်းကြိတ်စက်ဖြင်.ကြိတ်ပြီးသောနေရာတွင် ယောက်ကျားလေးတဦးက ကတ္တရာအရည်ပျော်ထားသော ကရားကြီးလက်ကကိုင်ကာလိုက်ဖျန်းမည် ။

ထိုဖျန်းထားသောကတ္တရာပါးပါးအပေါ်တွင် မိန်းကလေးများက သဲများ၊ကျောက်မှုန်.များဖြင်.လိုက်လံဖုံးအုပ်မည်။ဤသည်မှာအမြဲလိုပင်တွေ.မြင်နေရသော ကျွန်တော်တို.နိုင်ငံမှ အလုပ်ခွင်မြင်ကွင်းဖြစ်သည် ။ထိုမြင်ကွင်းများကိုအထူးအဆန်းလုပ်ကာတိုးရစ်များက ကြည်.ကြရှုကြ ဓါတ်ပုံရိုက်ကြတိုင်း မြန်မာတယောက်အနေနှင်.ကျွန်တော်ရှက်ရွံ.ရသည် ။

ကျွန်တော်.အဖိုးအဖွားများလက်ထက်ကလည်း ဤသို.ပင်လက်နှင်.လမ်းခင်းခဲ.ကြသည် ။ ကျွန်တော်အဖေ အမေ လက်ထက်တွင်လည်း လက်ဖြင်.ပင်ကျောက်ခဲများကိုထုခွဲခဲ.ကြသည် ။ ကျွန်တော်တို.လက်ထက်တွင်လည်း ကတ္တရာစီးများကို မီးရှို.ကာလက်ဖြင်.ဖျန်းခဲ.ကြသည် ။

ကျွန်တော်တို.သားသမီးတွေလက်ထက်မှာ ရော ဒီလိုပဲဆက်လုပ်ကြမည်လား ။ မြေးမြစ်တွေလက်ထက်မှာရော ဒီအတိုင်းဆက်သွားမလား ။

ကျွန်တော်တို.နိုင်ငံသည် ကျောက်ခွဲစက် ၊ လမ်းကြိတ်စက် ၊ ကတ္တရာဖျန်းစက် ၊ နိုင်လွန်ကတ္တရာခင်းစက် ၊ မြေတူးစက် ၊ မြေကော်စက် တို.ကို မမြင်ဖူးမသုံးဖူးကြ၍လော ။ မ၀ယ်နိုင်ကြခြင်းလော ။

ဤသို.တော.မဟုတ်နိုင် ရန်ကုန်မှာလမ်းခင်းလျှင် စက်များဖြင်.သာခင်းတာများသည်။ နေပြည်တော်လမ်းမကြီးတွေခင်းလျှင်စက်များဖြင်.သာခင်းကြသည် ။ ဖားကန်.တွင် ကျောက်စိမ်းတူးသောအခါ သုံးလိုက်ကြသောမြေတူးစက် ၊မြေကော်စက် ၊ မြေစာသယ်စက်များမှာ များလွန်းသဖြင်. ဘယ်နှစ်စီးရှိမှန်းပင် ကချင်ပြည်နယ်အစိုးရကမသိပါတဲ. ။ လမ်းဖျက်ရာ ၊တောင်ဖြိုရာတွင်တော. စက်မှုနည်းပညာများ ပုံအောအသုံးပြုပြီး လမ်းဖောက် လမ်းပြင်ရာမှာတော. ၁၉ ရာစုကနည်းတွေကိုသုံးနေကြတာ ရင်နာဖို.ကောင်းပေသည် ။

ဒါဆိုလျှင် မြန်မာပြည်တလွှားမှဆောက်လုပ်ရေးလုပ်ငန်းတွင် လိုအပ်သောစက်ယန္တယားများ ဘာကြောင်.အသုံးမပြုသနည်း ။ငွေမရှိ၍လား ၊ စေတနာမရှိ၍လား၊နည်းပညာကိုနားမလည်လို.လားဟုမေးစရာရှိလာပေသည်။ ငွေမရှိ၍ဆိုလျှင် ကျောက်မျက်တူးဖော်ရေးမှရသောဝင်ငွေဒေါ်လာသန်းပေါင်းများစွာ ၊ သဘာဝဓါတ်ငွေ.မှရသောဒေါ်လာသန်းပေါင်းများစွာ ၊ ကြေးနီတူးဖော်ရေးမှရသောဒေါ်လာသန်းပေါင်းများစွာ ၊ရွှေတွင်းများမှ ၊ ကျွန်းသစ်နှင်. အခြားသစ်မာများမှရရှိသောဒေါ်လာသန်းပေါင်းများစွာ သည် အဘယ်အရပ်သို.ရောက်သွားသနည်း ။

နည်ပညာမဖွံ.ဖြိုးခင်ခေတ်ကလယ်ကွင်းထဲမှာနွားနှင်.ဖက်၍အလုပ်လုပ်နေတာ ၊ လမ်းပေါ်တွင် လူအင်အားဖြင်. လမ်းခင်းကြတာတွေသည် ကြည်.လို.ကောင်း ၊မြင်လို.ကောင်း ၊ နားလည်ပေး၍ကောင်းသော်လည်း အင်္ဂါဂြိုဟ်သို.အာသာယယာဉ်ပင်စေလွှတ်နေပြီဖြစ်သောယခုခေတ်ဝယ် မြင်ရတွေ.ရတာ မသင်.လျော်တော.ပါ ။ ဖြစ်ကိုမဖြစ်သင်.တော.ပါ ။

နည်းပညာအရာမှာနိုင်ငံတကာထက်နှစ်ပေါင်း(၅၀)လောက်နောက်ကျကျန်နေခဲ.ခြင်းသည် ။နိုင်ငံသားများအတွက်ဝမ်းနည်းဖွယ်ကောင်းပြီး ၊အုပ်ချုပ်သူအစိုးရအတွက်ရှက်ဖွယ်ကောင်းပါသည် ။

သမ္မတအိမ်တော်သည်ဖိတ်ဖိတ်တောက်နေသော်လည်း လမ်းပေါ်တွင်ခဲလုံးကလေးများကိုလက်ဖြင်.တလုံးချင်းကိုင်၍လမ်းခင်းနေသူများရှိနေသေးသရွေ. ထိုနေရာကွက်ကြား ခမ်းနားမှုက ဦးနှောက်ရှိသူမည်သူ.ကိုမှ အထင်ကြီးစေနိုင်မည်မဟုတ်ချေ ။ အကယ်စစ်စစ် လမ်းခင်းရာတွင် ထိုင်း ၊မလေးရှား ၊စင်္ကာပူအပါအ၀င် နိုင်ငံအတော်များများသည် လူ၏လုပ်အားသက်သက်ဖြင်. မြန်မာနိုင်ငံလို လက်ဖြင်.တစချင်းကျောက်ခဲများကိုကောက်ကိုင်နေသည်.လုပ်ရပ်မျိုးမည်သည်.နိုင်ငံမှာမှမရှိတော.ပါ ။ ခေတ်မီလမ်းခင်းစက်များကိုသုံးနေကြပြီဖြစ်သည် ။

ပြီးခဲ.သော ဒီဇင်ဘာ ၆ ရက်နေ.ကကျွန်တော်သည် ဓနုဖြူမြို.သို. စာပေဟောပြောပွဲဖိတ်၍ရောက်ခဲ.ပါသည် ။ ဟောပြောပွဲပြီးနောက်တနေ.တွင်မြို.ခံများက စစ်သူကြီးမဟာဗန္စုလ ကျဆုံးခဲ.သည်. နေရာနှင်.ခံတပ်ဟောင်းကိုလိုက်ပြ၏ ။ မဟာဗန္စုလလို ရဲရင်.သော စစ်သေနာပတိတယောက်ပထမအင်္ဂလိပ်၊မြန်မာစစ်ပွဲတွင် အလွယ်တကူကျဆုံးခဲ.ရခြင်းမှာ ရင်နာစရာဖြစ်သည် ။ မဟာဗန္စုလသည် အာသံပြည်နှင်.ဘင်္ဂလားနယ်စပ်တို.၌ ဗြိတိသျှတပ်များကိုတိုက်ခိုက်အနိုင်ယူလာသူဖြစ်သည် ။

ထို.ကြောင်.သူရန်ကုန်ရောက်လာသောအခါ အောက်ပါစကားကိုသာယာဝတီမင်းသားအား ရဲရဲတောက်ပြောခဲ.၏ ။
“ကြည်.နေပါ ၊ ယနေ.မှ ၈ ရက်မြောက်လျှင် ရန်ကုန်ကိုသိမ်းပြီး လွှတ်တော်ရုံးမှာ စားပွဲထိုင်မယ် ၊ပြီးတော.ရွှေတိဂုံဘုရားကိုတက်ဖူးမယ် “
ထိုအချိန်တွင် ရန်ကုန်ကျိုက္ကလို.ဘုရားကုန်းတော်တိုက်ပွဲတွင် အင်္ဂလိပ်စစ်တပ်ကိုအနိုင်တိုက်ခဲ.သော သာယာဝတီမင်းသားသည် အင်္ဂလိပ်တို.၏လက်နက်နှင်.နည်းပညာ သာလွန်မှုကိုကောင်းစွာသဘောပေါက်ပြီးဖြစ်သည် ။

ထို.ကြောင်. မျိုးချစ်စိတ်ဖြင်.ကြုံးဝါးနေသော မဟာဗန္စုလအား သာယာဝတီမင်းသားက “ စစ်သူကြီးပြောတဲအတိုင်းအောင်မြင်ပါစေဗျာ ၊ တော်ကြာတော.သာထွက်ပြေးရတယ်မကြားပါရစေနဲ. ၊ကျုပ်တွေ.ရသလောက်မှာတော. ဒီကုလားတွေက ပိုကြမ်းတယ် ၊ရမ်းတယ်ဆိုတာ တိုက်ပွဲအတွေ.အကြုံအနေနှင်.ပြောပြတာပါ “ ဟုဆိုခဲ.သည် ။ တကယ်တိုက်သောအခါ သာယာဝတီမင်းသားသတိပေးသလိုပင် ရန်ကုန်တိုက်ပွဲတွင် မဟာဗန္စုလသည် ပုဇွန်တောင်ဘက်သို.ဆုတ်ခွာခဲ.ရ၏ ။

ဗန္စုလ၏ ရန်ကုန်ကိုသိမ်းရေးအစီအစဉ်မှာအထမမြောက်သောကြောင်. ဓနုဖြူသို.ဆုတ်ခွာရသည် ။ ဓနုဖြူတွင် အင်္ဂလိပ်တို.နှင်. အကြီးအကျယ်တိုက်ပွဲဖြစ်သည် ။ မဟာဗန္စုလသည် ဓနုဖြူမြို. ရှေးတလိုင်းမင်းတို.၏ခံတပ်အဟောင်း မြို.ရိုးနေရာမှအခိုင်အမာ ခံစစ်ပြင်သည် ။

အင်္ဂလိပ်တို.မှာလည်း မြို.ရိုးခံတပ်မြောက်ဘက် ရွှေရောင်ပြဘုရားတွင်တပ်စွဲပြီး အမြောက် ဗုံးဆံများ (လက်နက်ကြီးများ) ဖြင်. အဝေးမှပစ်လွှတ်တိုက်ခိုက်သည် ။ စစ်ရေးစစ်ရာကြွယ်ဝလှသောစစ်သူကြီးမဟာဗန္စုလသည် အင်္ဂလိပ်တို.မိမိထက်လက်နက်အင်အားနှင်.နည်းပညာသာလွန်နေသည်ကို သဘောပေါက်ခဲ.ပြီဖြစ်သည်။

သို.သော်ဆုတ်ခွာထွက်ပြေးခဲ.လျှင် မြန်မာ.ရာဇ၀င်ရိုင်းမည်.အပြင် နောက်လိုက်နောက်ပါ တပ်ကဲတပ်မှူးအကြပ်တပ်သားများ စိတ်ဓာတ်ကျမည်စိုးသောကြောင်. ခံတပ်ထဲမှဆုတ်ခွာထွက်မပြေးပဲ ကြံ.ကြံ.ခိုင်ရင်ဆိုင်ခဲ.ခြင်းမှာချီးကျူးဖွယ်ဖြစ်သည် ။

ထိုသို.ခံတပ်ထဲတွင်နေရင်း မြို.ရိုးခံတပ်၏အနောက်မြောက်ဘက် ကျုံးအနီး ကြက်တိုက်ကုန်း၌ရန်သူ.ဗုံးဆံသင်.၍အသက်(၄၂)နှစ်အရွယ် မြန်မာသက္ကရာဇ် ၁၁၈၆ ခုနှစ် နှောင်းတန်ခူး လဆန်း (၁၃)ရက်နေ. (ခရစ်နှစ် ၁၈၂၅ ဧပြီလ ၁ရက်နေ.)နံနက်ဆယ်နာရီတွင်သူရဲကောင်းပီသစွာတိုင်းပြည်အတွက်အသက်စွန်.ခဲ.သည် ။ အကယ်စင်စစ် ၊ မဟာဗန္စုလကျဆုံးခဲ.ရခြင်းမှာ မျိုးချစ်စိတ်ချို.တဲ.ခြင်းကြောင်.မဟုတ် ၊ အင်္ဂလိပ်တို.ကဲ.သို. အမြောက်လက်နက်ကြီးများတီထွင်နိုင်သော နည်းပညာချို.တဲ.ခဲ.သောကြောင်.သာဖြစ်သည် ။

အကယ်စင်စစ် အင်္ဂလိပ်ကိုတော်လှန်တိုက်ခိုက်တာခြင်းအတူတူ အမေရိကန်ဗိုလ်ချုပ်ကြီး ဂျော.၀ါရှင်တန်နှင်. မြန်မာစစ်ဗိုလ်ချုပ် အဂ္ဂမဟာသေနာပတိ ၀န်ကြီးသတိုးသုဓမ္မမဟာဗန္စုလ သည် သတ္တိနှင်.မျိုးချစ်စိတ်တွင် မည်သူကသာသည်ဟုမပြောနိုင်လောက်အောင် နှစ်ဦးလုံးထူးချွန်ကြသူများဖြစ်သည် ။

သို.သော် ဗိုလ်ချုပ်ဝါရှင်တန်သည် အင်္ဂလိပ်ကိုနိုင်အောင်တိုက်၍ အမေရိကန်မြေမှမောင်းထုတ်နိုင်ပြီး မဟာဗန္စုလ စစ်ရှုံးကာ မြန်မာတို.အညံ.ခံခဲ.ရခြင်း၏အဓိကကွာခြားချက်မှာ ခေတ်မီလက်နက် မရှိခဲ.ခြင်း (၀ါ)နည်းပညာတွင်မယှဉ်နိင်ခဲ.ခြင်းပင်ဖြစ်သည် ။ အကယ်စင်စစ် အရှေ.တောင်အာရှ၌ ဖြစ်ပွားခဲ.သောစစ်ပွဲများအနက် အင်္ဂလိပ်တို.အဖို.မဟာဗန္စုလနှင်.တိုက်ရသည်.တိုက်ပွဲများသည် အကျအဆုံးအများဆုံးတိုက်ပွဲများဖြစ်ခဲ.သည် ။

မဟာဗန္စုလလက်ထဲတွင် ဂျော.၀ါရှင်တန်၏စစ်တပ်လို လက်နက်အင်အားများသာရှိခဲ.လျှင်အင်္ဂလိပ်ကိုသေချာပေါက်နိုင်အောင်တိုက်နိုင်မည်ဖြစ်သည်။

ယနေ.ခေတ်သည် နည်းပညာခေတ်ကြီးဖြစ်သည် ။ နည်းပညာသာသူက အဘက်ဘက်ကအသာစီးရသွားပေမည် ။ မြန်မာသည် ကမ္ဘာနှင်.ရင်ဘောင်တန်းနိုင်ရန်မင်းတုန်းမင်းတရားကြီးလက်ထက်တွင်ကနောင်မင်းသားကြီးနှင်.ယောအတွင်းဝန်ဦးဖိုးလှိုင်တို.သည် နိုင်ငံခြာတိုင်းပြည်များသို.ပညာတော်သင်များစေလွှတ်ကာ ခေတ်မီနည်းပညာများ မြန်မာပြည်သို.ရောက်လာရေးကျိုးပန်းဆောင်ရွက်ခဲ.သဖြင်. ရတနာပုံနေပြည်တော်ဝယ် မဲနယ်စက်ရုံ၊ ကြေးနန်းရိုက်စက်ရုံ ၊ဖန်ချက်စက်ရုံ ၊ ဒင်္ဂါးစက်ရုံ ၊ အထည်စက် ၊ဆန်စက် ၊ဆီစက် ၊ လက်နက်စက်ရုံ ၊ လွှစက် ၊ ကျည်ဆန်စက်သည်ဖြင်.စက်ရုံ(၅၀)ကျော်တည်ထားနိုင်သည်.အဆင်.သို.ရောက်ခဲ.သည် ။ နောင်အခါကနောင်မင်းသားကြီးလုပ်ကြံခံရပြီးသောအခါ ၊ဘာသာရေးကိုနိုင်ငံရေးတွင်ရောယှက်ခံရသောအခါ မြန်မာတို.၏ခေတ်မီစက်မှုနိုင်ငံထူထောင်ရေးရည်မှန်းချက်ပျက်သုဉ်းခဲ.ရသည် ။

ကျွန်တော်တို.နိုင်ငံဆင်းရဲသည်မှာအဆင်.မြင်.စက်မှုနည်းပညာများမရှိသောကြောင်.ဖြစ်သည် ။ ခေတ်အဆက်ဆက်အစိုးရအဆက်ဆက်သည် နိုင်ငံအတွင်းစက်မှုနိုင်ငံထူထောင်ဖို.ထက် သဘာဝသယံဇာတများကို ဖော်ထုတ်ရောင်းချဖို.လောက်ကိုသာစိတ်အားထက်သန်ခဲ.ကြသည် ။ ထို.ကြောင်.ကျွန်တော်တို.သည် ကျွန်းသစ်များကိုတရုတ်သို.ရောင်းချကြပြီး သူတို.ဆီမှ ပန်းပုရုပ်များ ၊ပရိဘောဂများပြန်ဝယ်ကြရ၏ ။ ထိုင်းနှင်. တရုတ်သို. ရာဘာကုန်ကြမ်းများ ပေါပေါပဲပဲဈေးဖြင်.ရောင်းချကြပြီး ထိုနိုင်ငံများမှပြန်လည်တင်သွင်းသော မော်တော်ကားတာယာ ၊ ရာဘာဖိနပ် ၊ ဘောလုံး စသည်များကိုဈေးကြီးပေး၍၀ယ်သုံးကြရသည် ။

က.ပ.စမှမစို.မပို.ထုတ်လုပ်သည်မှလွဲ၍ မြန်မာသည်ယခုထက်တိုင် မော်တော်ကားတာယာပြည်တွင်း၌မထုတ်လုပ်နိုင်သဖြင်. မလေးရှား ၊တရုတ် နှင်.ထိုင်းသို. နှစ်စဉ် ဒေါ်လာသန်းနှင်.ချီ၍ ပေးနေကြရသည် ။ မွန်ပြည်နယ်နှင်.တနင်္လာရီတိုင်းတွင် ရာဘာပင်များ သက်တမ်းကြာလာသောအခါ ခုတ်ပြီး အသစ်စိုက်ကြသည် ။

အပင်ဟောင်းများကိုတော. မီးရှို.ကာထင်းဆိုက်ပစ်ကြသည် ။ ထိုရာဘာသားများကိုထိုင်းက ဈေးပေါပေါဖြင်.၀ယ်သည် ။ ရာဘာသားများကိုခွဲစိတ်ကာပိုးမထိုးအောင်နည်းပညာတစ်မျိုးဖြင်. ပေါင်းခံလိုက်သောအခါ မြန်မာတို.ထင်းဆိုက်ပစ်သော ရာဘာသားသည် ရွှေဝါရောင်တ၀င်းဝင်းဖြင်. အလွန်လှသော အိမ်သုံး ၊ရုံးသုံးပရိဘောဂများ ဖြစ်လာကြသည်။

ထိုအရာများကိုမြန်မာတို.ကဈေးကြီးပေးပြီးဝယ်သုံးကြသည် ။ မြန်မာပြည်မှဆီးသီး ၊ သစ်ကြားသီး ၊ မက်မွန်သီး ၊သံပယိုသီး ၊ရှောက်သီး ၊ဆားငံသီးကုန်ကြမ်းများကိုတရုတ်တို.ကဈေးပေါပေါဖြင်.၀ယ်သည် ။ထို.နောက် ပက်ကင် လှလှ၊ တံဆိပ်လှလှလေးတွေနှင်. ပလပ်စတစ်အိပ်တွေထဲ.ကာအရသာကောင်းအောင်အနည်းငယ်ပြင်ဆင်ပြီး
မြန်မာနိုင်ငံသို.ပြန်ပို.သည် ။

ထိုမုန်.တွေကို မြန်မာကလေးငယ်တွေက အမြတ်ပေးကာအကောင်းလုပ်၍၀ယ်စားကြရသည် ။

မြန်မာနိုင်ငံတွင်လမ်းဘေး၌လွင်.ပစ်ထားသောကျောက်စိမ်းအကာသားများသည်ပင်လျှင် တရုတ်ပြည်သို.ရောက်တော. သေသေသပ်သပ်ပန်းပုထုကာ တိုးရစ်များသို.ရောင်းတန်းဝင်သော ကျောက်စိမ်းလက်ဆောင်များဖြစ်လာကြပေသည် ။
ကျွန်တော်တို.နိုင်ငံကားအစိုးရအဆက်ဆက်“ခေတ်မီဖွံ.ဖြိုးသောနိုင်ငံတော်သစ်ကြီးဆီသို. “ဟူသောဆောင်ပုဒ်များကိုအရှက်မရှိ လူမြင်သာသောနေရာများတွင်ဝါဒဖြန်.ကာထောင်ထားသော်လည်း အကယ်စင်စစ်ဘလိတ်ဓားနှင်.လက်ချုပ်အပ်ပင်အဖြစ်ရှိအောင်ထုတ်လုပ်နိုင်သည်မဟုတ်ချေ ။

ခဲတံနှင်.အိမ်မိုးသွပ်ပြားများပင်ပြည်တွင်း၌ထုတ်လုပ်နိုင်သည်မှာ
မကြာသေးပေ။ဘီယာစက်ရုံ၊အရက်ချက်စက်ရုံ၊စီးကရက်စက်ရုံစသော ပြည်သူလူထုကိုဒုက္ခပေးမည်.စက်ရုံများကတော.ရောက်နေသည်မှာ
နှစ်ပေါင်းကြာချေပြီ ။

နိုင်ငံသည် ကျွန်းသစ်၊ရေနံနှင်.သဘာဝဓါတ်ငွေ. ၊ကျောက်စိမ်း ၊ပတ္တမြား ၊နီလာ၊ ဆန်စပါး ၊ ပဲအမျိုးမျိုးစသည်တို. နိုင်ငံခြားသို.တင်ပို.ရောင်းချခြင်းမှ ၀င်ငွေရနေသော်လည်း ထိုကုန်ကြမ်းများကိုပင်ကုန်ချောမလုပ်နိုင်သောအခါ လက်ချုပ်အပ်မှ ဂြိုလ်တုစလောင်းအဆုံး ၊ ဟန်းဖုံးမှသည် လေယာဉ်ပျံအဆုံး နိုင်ငံခြားမှပြန်ဝယ်နေရသဖြင်. ၀င်ငွေထက်ထွက်ငွေကများကာ အမြဲတမ်းကုန်သွယ်ရေးလိုငွေပြကာ ဖွတ်ကြောပြာစုသည်.သဖွယ် ဘယ်တော.မှချမ်းသာလာစရာမမြင်တော.ပေ ။

ဆန်စပါးစိုက်ပျိုးရာတွင်လည်း မြန်မာနိုင်ငံသည် မိုးကိုမျှော်ကာစိုက်နေရဆဲ ၊ နွားကိုသုံးကာထွန်နေရဆဲ ၊ ကောက်စိုက်သမကိုသုံးကာ ပျိုးနုတ်ကောက်စိုက်နေရဆဲ ၊ လူအင်အားကိုသုံးကာ တံစဉ်ဖြင်.ကောက်ရိတ်နေရဆဲ ၊ လူအင်အားဖြင်. စပါးလှေ.နေရဆဲ ဖြစ်သဖြင်. အိမ်နီးခြင်းနိုင်ငံများ၏ စက်မှုနည်းပညာတိုးတက်မှုကိုမယှဉ်နိုင်တော.ပဲ စပါးအထွက်မှာ ကျသထက်ကျလာပေတော.သည် ။

ယခင်အင်္ဂလိပ်ခေတ်က မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်စပါးတင်ပို.မှုတွင် ဗိုလ်ဆွဲခဲ.သော်လည်း ယခုအခါ ထိုင်းနှင်.ဗီယက်နမ်ကကျော်တက်သွားကြပေပြီ ။ အကယ်စင်စစ် အရှေ.တောင်အာရှတွင်မြန်မာနိုင်ငံသည် မြေဧရိယာအကျယ်အ၀န်း၌ အင်ဒိုနီးရှားပြီးလျှင် ဒုတိယအကြီးဆုံးဖြစ်သည် ။

အင်ဒိုနီးရှားသည်ပင်လျှင် ပင်လယ်ထဲမှ အပိုင်းပိုင်းဖြစ်နေသောမစိုက်နိုင်မပျိုးနိုင်သည်. ကျောက်ဆောင် ကျွန်းစုများကိုပါ ထည်.တွက်ထားခြင်းဖြစ်သဖြင်. တဆက်တစပ်တည်းမြေအကျယ်အ၀န်းတွင်အာဆီယံ၌ မြန်မာသည်အကြီးဆုံးဖြစ်ပေလိမ်.မည် (မြန်မာနိုင်ငံ၏မြေဧရိယာစုစုပေါင်းမှာ ၆၇၆၅၇၇ စတုရန်းကီလိုမီတာ (၂၆၁,၂၂၈ စတုရန်းမိုင်) ရှိပြီး ထိုင်းနိုင်ငံ၏မြေအကျယ်အ၀န်းမှာ ၅၁၃,၁၂၀ စတုရန်းကီလိုမီတာ ၊ ဗီယက်နမ်နိင်ငံ၏မြေဧရိယာအကျယ်အ၀န်းမှာ ၃၃၁,၂၁၀ စတုရန်းကီလိုမီတာ ရှိပါသည် ) ။ထို.ကြောင်.ထိုင်းသည်မြန်မာထက် စတုရန်းကီလိုမီတာ တစ်သိန်းခြောက်သောင်း သုံးထောင်ကျော် (စတုရန်းမိုင်တသိန်းကျော် ) သေးငယ်ပါသည် ။

ဗီယက်နမ်သည်မြန်မာထက် စတုရန်းကီလိုမီတာသုံးသိန်းလေးသောင်းကျော် ( စတုရန်းမိုင် နှစ်သိန်းသုံးသောင်းကျော်) သေးငယ်ပါသည် ။ သို.သော် ကိုယ်ထက်မိုင်ပေါင်းသိန်းနှင်.ချီ၍ သေးငယ်သည်.နိုင်ငံများ၏ဆန်စပါးထွက်ရှိမှုနှုန်းသည် မြန်မာထက်သာသွားတာ ခေတ်မီနည်းပညာများကိုအသုံးပြုနိုင်သောကြောင်.ဖြစ်သည် ။

ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို လယ်သမားတွေကလည်းသုံးသည် ၊ အစိုးရကလည်း စဉ်ဆက်မပြတ် အားပေးကူညီသည် ၊ စိုက်ပျိုးရေးသုတေသနတွေလည်း ဆက်တိုက်လုပ်နေသည် ၊ လယ်သမားများကို ချေးငွေများလည်းလွယ်လင်.တကူ လုံလုံလောက်လောက်ထုတ်ပေးသည် ၊ ရောင်းချရာတွင်လည်းဈေးကောင်းရရန်အစိုးရမှကူညီသည် ။ကျွန်တော်တိုဆီမှာတော. ရှိပြီးသားလယ်လေးတွေကိုပင် ရောင်းချပါက ပို၍အဆင်ပြေသွားမည်ဟု ၀န်ကြီးချုပ်မှပြောခြင်း ၊ စစ်တပ် ၊ဦးပိုင်နှင်. ၊ခရိုနီတို.မှ အကြောင်းအမျိုးမျိုးပြ၍ လယ်သိမ်း ၊ယာသိမ်းခြင်းတို.ကြောင်. စပါးအထွက်ယခုထက်ပင် ကျမသွားပါက ကံကောင်းဟုပြောရပေမည် ။လယ်ထွန်စက် ၊ ကောက်စိုက်စက် ၊ ကောက်ရိတ်စက် ၊တလင်းနယ်စက် ၊ချွေလှေ.စက်ကြိတ်စက်များကိုအဆင်.တိုင်းတွင်မသုံးနိုင်ပဲ ကျောက်ခေတ်ကလိုလက်ကိုသာ၊လူအင်အားကိုသာဆက်လက်အားကိုးနေမည်ဆိုပါက နောင်အနာဂတ်ဝယ် မြန်မာသည် ထိုင်းနှင်.၊ဗီယက်နမ်ထံမှဆန်ဝယ်စားရဖို.ရှိ၏ ။

စာပေဟောပြောပွဲတခုတွင်ဆရာကြီးဦးအောင်သင်းဟောပြောခဲ.တာတခုကိုမှတ်မိနေ၏ ။

သူပြောသည်ကား“ငါတို.မြန်မာတွေဆင်းရဲတာမျိုးချစ်စိတ်မရှိလို.မဟုတ်ဘူးကွ
ပညမတတ်ကြလို. “ ဟူသတည်း ။

တကယ်တော.မဟာဗန္စုလလည်းမျိုးချစ်စိတ်ရှိခဲ.သည် ဂျော.၀ါ၇ှင်တန်လည်းမျိုးချစ်စိတ်ရှိခဲ.သည် လီကွမ်ယုလည်းမျိုးချစ်စိတ်ရှိခဲ.သည်
ဆရာစံလည်းမျိုးချစ်စိတ်ရှိခဲ.သည်

တပ်မတော်ခေါင်းဆောင်အချို.လည်းမျိုးချစ်စိတ်ရှိခဲ.မည်ပင် ။
သို.သော် ၀မ်းနည်းစရာကောင်းသောအချက်မှာ မျိုးချစ်စိတ်တခုတည်းနှင်.နိုင်ငံကိုတည်ဆောက်၍မရ ၊ စက်မှုနည်းပညာသည် မျိုးချစ်စိတ်နှင်.တန်းတူအရေးကြီးကြောင်းကျွန်တော်တို.နိုင်ငံကိုအုပ်ချုပ်ခဲ.သောစစ်ခေါင်းဆောင်အဆက်ဆက်သည် ။
ယနေ.ထက်တိုင်သဘောမပေါက်ကြသေးတာဖြစ်ပေသည် ။

သရ၀ဏ်(ပြည်)


အနောက်ကမ္ဘာနဲ့ ဆော်ဒီရဲ့ဆက်ဆံရေးဟာတစတစပြောင်းလဲလို့ လာနေပါပြီ။ နေ့စဉ်သတင်းစာမှာတွေ့ပါလိမ့်မယ်။

နိုင်ငံရေးသမားတွေဆီကနေ ကြားပါလိမ့်မယ်။ ဒါ့အပြင် မူဝါဒအပြောင်းအလဲတွေကိုလည်း သတိထားမိပါလိမ့်မယ်။

အနောက်တိုင်းမီဒီယာတွေမှာဆော်ဒီနိုင်ငံနဲ့ပတ်သက်လို့ အပြင်းအထန်ဝေဖန်ရေးသားလာတာဟာ အခုဆိုရင် သမားရိုးကျလိုတောင် ဖြစ်လို့နေပါပြီ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့ထုတ် The Observer ရဲ့ အယ်ဒီတာ့အာဘော်မှာဆိုရင် ယူကေ-ဆော်ဒီဆက်ဆံရေးနဲ့ပတ်သက်လို့ ‘ကျွန်ုပ်တို့၏လုံခြုံရေးကို ခြိမ်းခြောက်နေသောရတက်မအေးရသည့် မဟာမိတ်’ဟု ရှုတ်ချရေးသားထားသည်။

BBCကလည်းဒီအရင်၂ရက်ကဆော်ဒီနိုင်ငံမှာ‘ယခင်နှင့်မတူများပြားမြင့်တက်လာသောကွပ်မျက်မှုများ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ဖော်ပြခဲ့ပါတယ်။

ဒါတွေမတိုင်ခင် လွန်ခဲ့တဲ့ သုံးလေးလလောက်ကအမေရိကန်နိုင်ငံမှာ သြဇာလွှမ်းမိုးမှု အကြီးမားဆုံးလို့ပြောလို့ရတဲ့ ဆောင်းပါးရှင် Thomas FriedmanကISISအကြမ်းဖက်အုပ်စုဟာ‘ဆော်ဒီအာရေးဘီးယားမှပေါက်ဖွားလာသော အယူဝါဒ ရင်သွေးများ’လို့ တံဆိပ်ကပ် ရေးသားခဲ့ပါတယ်။

နိုင်ငံရေးသမားတွေလည်းဒီလိုသဘောမျိုးတွေပဲပြောဆိုလာကြတာတွေ့ရပါတယ်။ အနောက်နိုင်ငံတွေမှာဖြစ်ပွားနေတဲ့ အစ္စလာမ်အစွန်းရောက်ဝါဒရဲ့ လက်သည်ဟာဆော်ဒီနိုင်ငံဖြစ်တယ်လို့ ဂျာမနီနိုင်ငံရဲ့ လက်ထောက်အဓိပတိSigmar Gabriel က ပြောပါတယ်။

‘မသိချင်ယောင်ဆောင်နေတဲ့ကာလတွေကုန်ဆုံးသွားပြီဆိုတာဆော်ဒီတွေသိအောင် ကျွန်တော်တို့ကရှင်းရှင်းပြတ်ပြတ် ပြောရတော့မယ်’လို့ သူကပြောပါတယ်။

ယူကေမှာလည်းလစ်ဘရယ်ဒီမိုကရက်ခေါင်းဆောင်ဟောင်း Lord Ashdownက ဗြိတိန်မှာဂျီဟတ်ဝါဒပြန့်ပွားရေးငွေကြေးထောက်ပံ့ပေးမှုရဲ့ နောက်ကွယ်မှာဘယ်သူတွေရှိသလဲဆိုတာစုံစမ်းဖို့ တိုက်တွန်းလိုက်တဲ့အပြင် သူကဆော်ဒီကိုလက်ညှိုးထိုးပါတယ်။

အခုလိုဆော်ဒီနဲပပတ်သက်လို့စိုးရိမ်မကင်းဖြစ်မှုတွေရုတ်တရက်မြင့်တက်လာရတဲ့အကြောင်းရင်းတရပ်ကတော့ISISအဖွဲ့ကြီးထွားလာခြင်းကြောင့် ဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ဖျက်ရေးမှာလက်နက်တွေအရေးကြီးသလောက် အတွေအခေါ်အယူဝါဒကလည်းအရေးကြီးကြောင်းအနောက်တိုင်းကမူဝါဒရေးဆွဲသူတွေ ကောင်းကောင်းသိထားပါတယ်။ ဒီပုဂ္ဂိုလ်တွေက ISIS ရဲ့ ကမ္ဘာ့အမြင်ကိုဆန်းစစ်ပြီးခြေရာကောက်တဲ့အခါ ဆော်ဒီကတကမ္ဘာလုံးကို ဖြန့်ချိနေတဲ့ ရှေးရိုးစွဲ ၀ါဟာဘီ အယူဝါဒမှာ မြစ်ဖျားခံနေတာကိုသွားတွေ့တယ်။ ဒါ့အပြင် အနောက်အုပ်စုအပေါ် ဆော်ဒီရဲ့ လွှမ်းမိုးမှုကိုကျဆင်းလာစေတဲ့ အခြားအကြောင်းအရာတွေလည်းရှိနေတယ်။

အမေရိကန်နိုင်ငံမှာShale ကျောက်ကရေနံထုတ်လာတာကြောင့် ဆော်ဒီရေနံအပေါ်မှီခိုရမှုအရင်လောက်မလိုအပ်တော့ဘူး။လက်ရှိအရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ပြဿနာမီးတွေဟာဆော်ဒီရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် မီးမောင်းထိုးပြသလို ဖြစ်နေတယ်။

အထူးသဖြင့်ယီမန်နိုင်ငံမှာဆော်ဒီကစစ်တပ်နဲ့ဝင်ရောက်ဖြေရှင်းရာက ပြည်သူတွေ သေကြပျက်စီးရတာတွေ၊၂၀၁၁ဘာရိန်းလူထုအုံကြွမှုအတွင်းဆော်ဒီရဲ့ အခန်းကဏ္ဍတို့နဲ့ပတ်သက်လို့ အဝေဖန်ခံနေရပါတယ်။ သို့သော်လဲပဲလက်ရှိအချိန်မှာတော့အနောက်အုပ်စုကဆော်ဒီအပေါ်ထားရှိတဲ့ မူဝါဒရေးရာ အတိုးအလျော့ကများများစားစား ဖြစ်လာဦးမှာမဟုတ်သေးဘူး။

ဆော်ဒီအတွက်ကလည်းအပြင်းအထန်ကန့်ကွက်တဲ့ကြားကအမေရိကန်သမ္မတအိုဘားမားကအီရန်နဲ့ နျူကလီးယားသေဘာတူညီမှုလက်မှတ်ထိုးပေခဲ့တာကစိုးရိမ်စရာအကောင်းဆုံးပြောင်းလဲမှုလို့ ယူဆနိုင်ပါတယ်။

အီရန် နျူကလီးယားသဘောတူညီမှုလောက်မပြောပလောက်ပေမဲ့လဲမေ့ထားလို့မရတဲ့ကိစ္စရပ်ကတော့ဆော်ဒီနိုင်ငံကအကျဉ်းထောင်တွေမှာသင်တန်းပို့ချခွင့်ရရေးကနဦးကမ်းလှမ်းမှုကိုလူ့အခွင့်အရေးအကြောင်းပြပြီး ဗြိတိန်နိုင်ငံက ပြန်လည် ရုပ်သိမ်းခဲ့တာပဲ ဖြစ်ပါတယ်။

ဆော်ဒီနဲ့ပတ်သက်လို့အနောက်အုပ်စု ဝေဖန်ရေးသမားတွေက ရွှေပြည်အေးတရားတိုက်ကြွေးတာထက်ပိုပြီးကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်စေချင်နေကြတယ်။

ယူကေအစိုးရနဲ့ အမေရိကန်အစိုးရတို့ဟာဆော်ဒီရဲ့ အခစားတွေ၊ ဆော်ဒီရဲ့ ငွေမျက်နှာကြည့်ရေရသူတွေလို့တောင် သူတို့က ဝေဖန်ပြောဆိုကြပါတယ်။ ဗြိတိန်နိုင်ငံရေးမှာပင်လယ်ကွေ့ဒေသကသူကြွယ်ကြီးတွေရဲ့ ချယ်လှယ်လွှမ်းမိုးနိုင်စွမ်းကို Lord Ashdown က ထောက်ပြပါတယ်။

အနောက်ကလက်နက်ထုတ်လုပ်သူတွေအတွက် ဆော်ဒီအာရေးဘီးယားကအဓီကဖောက်သည်အဖြစ် ဆက်လက် တည်ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ ၁၈ လအတွင်းဆော်ဒီကိုဒေါ်လာ ၂၄ ဘီလီယံဖိုးလက်နက်ရောင်းချဖို့ အမေရိကန်အစိုးရကခွင့်ပြုပေးခဲ့တယ်။

သို့ပေမယ့်အနောက်အုပ်စုအနေနဲ့ ဆေိာဒီနဲ့ဆက်ဆံရေးမှာစီးပွားရေးနဲ့မသက်ဆိုင်တဲ့ အကြောင်းချင်းရာတွေ အခိုင်အမာရှိပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်အတွင်းအရှေ့အလယ်ပိုင်းမှာအစိုးရတွေ တက်လာလိုက် ပြုကျလိုက်နဲ့ဖြစ်ခဲ့ပြီးနောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲဆိုတာတွေချည်း ဖြစ်ခဲ့ပါတယ်။

လက်ရှိဆော်ဒီဘုရင်နဲ့ မိသားစုကိုအပြင်းထန်ဆုံး ဝေဖန်နေသူတွေဟာ လစ်ဘရယ်ဒီမိုကရေစီသမားတွေမဟုတ်ဘဲသဘောထားတင်းမာတဲ့ အစ္စလာမ်ဝါဒီတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဆော်ဒီမှာအာဏာဖီဆန်မှုဖြစ်လို့ အပြောင်းအလဲတခုဖြစ်လာရင်အခြားနိုင်ငံတွေလိုပဲပဋိပက္ခမီးတောက်လောင်သွားမှာကိုတော့ အနောက်အုပ်စုကစိုးရိမ်နေပါတယ်။

‘ဆော့ဒ်နန်းဆက်ကိုထီနန်းချကြည့်လိုက်။ နောက် ၆ လလောက်နေရင် သူတို့ပဲ ပြန်လာအုပ်ချုပ်အေးပါလို့ အော်နေရလိမ့်မယ်’လို့ ယူကေနိုင်ငံကအဆင့်မြင့် သံတမန်တဦးကပြောပါတယ်။

ဆော်ဒီနဲ့ဂျီဟတ်ဝါဒီတွေရဲ့ဆက်သွယ်မှုကလည်းရှုပ်ထွေးပါတယ်။ ဆော်ဒီမှာရှိတဲ့ အစ္စလာမစ်တွေက ကမ္ဘာနဲ့အ၀န်းက ဂျီဟတ်ဝါဒီတွေအတွက် ငွေကြေးရော အယူဝါဒပိုင်းဆိုင်ရာရော အားပေးထောက်ခံမှုတွေ ပြုလုပ်နေတယ်ဆိုတာမှန်တယ်။ သို့သော် တချိန်ထဲမှာပဲဆော်ဒီ တော်ဝင်မိသားစုဟာလည်း အယ်လ်ကိုင်းဒါးရောအိုင်စစ်ရောရဲ့ ပစ်မှတ် ဖြစ်လို့နေပါတယ်။ ဒီလိုဖြစ်နေချိန်မှာအနောက်နိုင်ငံမှာ ကျုးလွန်မယ့် အချို့အကြမ်းဖက်လုပ်ရပ်တွေကို ဆော်ဒီဘက်က ပေးတဲ့ အချို့သတင်းတွေကြောင့် တားဆီးဟန့်တားနိုင်ခဲ့တာလဲရှိတယ်။

‘ဆော်ဒီဟာ(အကြမ်းဖက်) ပြဿနာရဲ့ရင်းမြစ်ဖြစ်သလိုအကောင်းဆုံးဖြေဆေးလည်း ဖြစ်တယ်’လို့အကြမ်းဖက်တိုက်ဖျက်ရေးအရာရှိတဦးကပြောပါတယ်။အချို့ကလည်းဆော်ဒီကိုဖယ်ကျဉ်ပြီးအီရန်နဲ့အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံဖို့ စိတ်ကူးယဉ်ပါတယ်။ကမ္ဘာ့နိုင်ငံရေးဟာစစ်တုရင်ပွဲတပွဲသာဖြစ်မယ်ဆိုရင် ဒါဟာသိပ်ကောင်းတဲ့ ရွှေ့ကွက်တခုဖြစ်ပါလိမ့်မယ်။

တကယ်လက်တွေ့မှာတော့ အနောက်အုပ်စုနဲ့ အီရန် နီးစပ်ဖို့ဆိုတာ ဝေးပါသေးတယ်။တီဟီရန်မှာလည်းမတင်းလွန်းမပျော့လွန်းတဲ့ သဘောထားရှိသူတွေ အာဏာရလာဖို့ ဘယ်သူမှ အာမမခံနိုင်တဲ့အပြင် ဟစ်ဇ်ဘိုလာလိုအကြမ်းဖက်အုပ်စုတွေကိုထောက်ပံ့ပေးပြီး ပတ်ဝန်းကျင်နိုင်ငံတွေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။

ရှီယာမွတ်စလင်နိုင်ငံကြီးနဲ့ မဟာမိတ်လုပ်လိုက်ရင် စွန်နီမွတ်စလင်တွေနဲ့ ဝေးကွာသွားမှာဖြစ်ပြီး ISIS လိုအကြမ်းဖက်အဖွဲ့တွေကိုမီးထိုးပေးသလို ဖြစ်သွားမှာကလည်းရှိသေးတယ်။လူ့အခွင့်အရေးသမားတွေအနေနဲ့သတိထားရမှာကအကျဉ်းသားကွပ်မျက်မှုမှာအီရန်ဟာဆော်ဒီထက်ပိုတယ်ဆိုတာပါ။

အနောက်အုပ်စုအနေနဲ့ ဆော်ဒီနဲ့ဆက်လက်ဆက်ဆံစရာအကြောင်းတွေရှိနေတယ်ဆိုပေမယ့် အရင်လိုပဲမပြောင်းမလဲဆက်ဆံရမယ် မဟုတ်။ ဘာသာရေးလွတ်လပ်ခွင့် ဖြေလျော့ပေးရေးသည် ဆော်ဒီကိုတွန်းအားပေးဖို့ အကြောင်းကောင်းတရပ်ဖြစ်တယ်။

ဆော်ဒီတော်ဝင်မိသားစုနဲ့ပတ်သက်လို့အနောက်အုပ်စုရဲ့ချဉ်းကပ်ပုံနဲ့ပတ်သက်လို့ ဝေဖန်နေကြတာကြာလှပြီဖြစ်တယ်။ ဆော်ဒီနိုင်ငံမှာအစ္စလာမ်ကလွဲလို့ အခြားဘာသာယုံကြည်ကိုးကွယ်မှုကိုတားမြစ်ခြင်းအပေါ် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကပေါ်ပေါ်တင်တင်ကြီး နှစ်မူနှစ်စည်းထားပေးထားတာကို ဝေဖန်နေခဲ့ကြတာပါ။

အခုအချိန်မှာတော့ ဆော်ဒီတွေအတွက် နှစ်လမ်းတလမ်းရွေးခိုင်းရတော့မလားပဲ။ ဆော်ဒီနိုင်ငံမှာချာ့ခ်ျဘုရားကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်းတွေ၊ ဂျုးဘုရားကျောင်းတွေ ဖွင့်ခွင့်ပေးမလား။

ဒါမှမဟုတ်အနောက်နိုင်ငံကဗလီတွေကိုငွေကြေးထောက်ပံ့ပေးနေတာတွေကိုရပ်တန်းကရပ်မလား။ ဒီနှစ်လမ်းထဲက ကြိုက်ရာတလမ်းပေးရွေးရတော့မှာပါ။

ဥက္ကာဦး
(Why the west’s view of the Saudis is shifting by Gideon Rachmanကိုဆီလျော်အောင် ပြန်ဆိုသည်။)
Ref; Financial Times

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ကမ္ဘာပေါ်တွင် ကျောက်စိမ်းအများဆုံး ထွက်ရှိသည့် မြန်မာ့မြောက်ပိုင်း တောင် ကုန်း များတွင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများသည် ကြီးမားသည့် မြေတူးစက်များ ဖောက်ခွဲရေးပစ္စည်းများ အသုံးပြု၍ တူးဖော်ခြင်း၊ ဖောက်ခွဲဖြိုချခြင်းများ အရှိန်မြှင့် ဆောင်ရွက်လျက် ရှိသည်။ လာမည့်နှစ်တွင် အစိုးရသစ် တက်မလာမီ ကျောက်စိမ်း အများအပြား ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြောကြားမှုများလည်း ရှိနေသည်။

တစ်ချိန်က သာယာလှပခဲ့သည့် ကျောက်စိမ်း ထုတ်လုပ်ရာ ဖားကန့်ဒေသ တွင် သစ်တောဧက များစွာ ခုတ်လှဲခံခဲ့ရပြီး ကြီးမားသည့် မြေကျင်းချိုင့်များ၊ စိုက်ပျိုးအသုံးပြု၍ မရနိုင်တော့သော တောင်ကမ်းပါးများ၊ ဖုန်ထူကာ ရှုတ်ထွေးသည့် လမ်းများက နေရာအပြည့်ယူလာသည်။ ကျောက်စိမ်း လုပ်ငန်းကို လွှမ်းမိုးချုပ်ကိုင်ထားသည့် တရုတ်ကုမ္ပဏီများက တူးဖော်ခွင့် အသစ်များ ထပ်မံရရှိရန် အင်တိုက်အားတိုက် ကြိုးစားလျက်ရှိသည်။

အစိုးရစစ်တပ်နှင့် နီးစပ်မှုရှိပြီး ကျောက်စိမ်း လုပ်ငန်းတွင် အရေးပါသည့် လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးနေ၀င်းထွန်းက တရုတ် ကုမ္ပဏီများသည် ငွေကြေး အရင်းအနှီးနှင့် စက်ကိရိယာ အများအပြား အသုံးပြုကာ တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများကို ချဲ့ထွင်နေပြီး ဒေသခံ လုပ်ငန်းများကို ရယူရန် ကြိုးစားနေသည်ဟု ပြောကြားခဲ့သည်။

ဦးနေ၀င်းထွန်းက “ခုတော့ ဈေးကွက်ကို တရုတ်တွေက ဖျက်ဆီးလိုက်ပါပြီ” ဟု ပြောကြားခဲ့သည်။

“ကျွန်တော့် ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ဖို့ တရုတ်ကုမ္ပဏီတွေက ကြိုးစားခဲ့ပါတယ်။ သူတို့ တောင်းတဲ့ အမြတ်ဝေစုက များလွန်းတဲ့အတွက် ကျွန်တော် လက်မခံခဲ့ပါဘူး” ဟု ယင်းကဆိုသည်။

ဖားကန့်မြို့ရှိ ကျောက်စိမ်း လုပ်ကွက် ဧက ၂၀၀၀၀ ခန့်တွင် တူးဖော်ထုတ်လုပ်ရေး လုပ်ကိုင်နေသည့် ကုမ္ပဏီ ၆၀၀ ခန့်ရှိသော်လည်း တရုတ်ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်နေသူ အများစုပါဝင်သည့် ကုမ္ပဏီ ၁၀ ခုခန့်ကသာ လွှမ်းမိုးထားသည်ဟု သတ္တုတွင်းဝန်ကြီး ဌာန၊ မြန်မာ့ ကျောက်မြတ်လုပ်ငန်းမှ ထိပ်တန်း အရာရှိတစ်ဦးက ဆိုသည်။

တရုတ် - မြန်မာ ဖက်စပ် ကျောက်စိမ်းလုပ်ငန်း ကုမ္ပဏီတစ်ခုဖြစ်သော Triple One မှ လုပ်ငန်းခွင် မန်နေဂျာ အစ်ယင်က “လာမယ့်လတွေ အတွင်း ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်မှုတွေ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ထုတ်လုပ်မှု အရှိန် မြင့်လာခြင်းကြောင့် ထောင်နှင့်ချီသည့် ဒေသခံ ရွာသားများမှာ နေရပ်မှ ပြောင်းရွှေ့ပေးရမှုများ ရှိခဲ့သည်။ ဒေသခံများ ပိုင်ဆိုင်သည့် သုခရတနာ ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကိုဦးက တရုတ်ကုမ္ပဏီများသည် ပြီးခဲ့သည့် နှစ်အတွင်း လှုပ်ရှားမှုများ မြှင့်တင် ခဲ့သည်ဟု ဆိုသည်။

“သူတို့က အများအားဖြင့် ပြည်တွင်း တရုတ်ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင် နေပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက ၆ ဧက လုပ်ကွက် ၂ ခုကို တရုတ်တွေဆီ ရောင်းခဲ့ရပြီးပါပြီ။ ကျွန်တော်တို့ ငွေလိုပါတယ်” ဟု ယင်းကဆိုသည်။ ဒေသတွင်း သြဇာအာဏာရှိသူများနှင့် နီးစပ်မှုရှိပြီး Catepillar နှင့် Komatsu အမှတ်တံဆိပ် မြေတူးစက်များကဲ့သို့ ခေတ်မီ အကြီးစား စက်ကိရိယာများ၊ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်သည့် တရုတ် ကုမ္ပဏီများကို ပြည်တွင်း ကုမ္ပဏီများက ယှဉ်ပြိုင်နိုင်စွမ်း မရှိဟု ဆိုသည်။

ဖားကန့်ဒေသတွင် မြင်တွေ့နေရသည့် ၈ ပေအမြင့်ဘီးများ တပ်ဆင်ထားသော ထရပ်ကားကြီးများအားလုံးမှာ တရုတ်ကုမ္ပဏီပိုင်များ ဖြစ်သည်ဟု ဆိုသည်။

တရုတ် ကုမ္ပဏီများသည် ကျောက်စိမ်း လုပ်ကွက်များ လုပ်ကိုင်ခွင့် ရရန်အတွက် ဒေသခံ စစ်တပ်ခေါင်းဆောင်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေသဖြင့် ဒေသအာဏာပိုင်များ အနေဖြင့် ငြင်းပယ်နိုင်စွမ်း မရှိဟု မြန်မာ့ ကျောက်မြတ်လုပ်ငန်းမှ အရာရှိတစ်ဦးက ပြောသည်။

ထိုအရာရှိက “စစ်တပ် အရာရှိတွေက ကျောက်စိမ်းတွင်းကို သူတို့အတွက် လွှဲပေးဖို့ တရုတ်ကုမ္ပဏီတွေနဲ့ သဘောတူထားကြပါတယ်။ တချို့က တစ်ခါတစ်ရံ ပိုင်ရှင်အမည်ကို မပြောင်းပါဘူး။ အဲဒီ လုပ်ကွက်တွေကို ဘယ်သူမှ မထိရဲပါဘူး” ဟု ပြောကြားခဲ့သည်။

ဖားကန့်ဒေသမှ ထွက်ရှိသည့် ကျောက်စိမ်းအများစုကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။ တရားဝင် စာရင်းများအရ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းဈေးကွက် ဖြစ်သော တရုတ်နိုင်ငံသည် ယခုနှစ် ပထမ ၉ လတွင် ကျောက်စိမ်းဒေါ်လာ သန်း ၅၄၀ ဖိုးသာ တင်သွင်းခဲ့သည်ဟု ဖော်ပြထားသော်လည်း Global Witness အဖွဲ့၏ အစီရင်ခံစာတွင် ၂၀၁၄ အတွင်း မြန်မာနိုင်ငံ၏ ကျောက်စိမ်း ထုတ်လုပ်မှု တန်ဖိုးမှာ ဒေါ်လာ ၃၁ ဘီလီယံခန့် ရှိသည်ဟု ခန့်မှန်းထားသည်။

တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချန်ယင်က မြန်မာ့ကျောက်စိမ်း မှောင်ခိုလုပ်ငန်းတွင် တရုတ်ကုမ္ပဏီများ ပါဝင်ပတ်သက်နေသည်ဟု မကြားမိကြောင်း ၊ သို့သော် ထိုသို့ တရားမ၀င် လုပ်ဆောင်မှုများကို တရုတ်က ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

ကချင်ပြည်နယ် သစ်တောများအတွင်း ထရပ်ကားအစီး ရာပေါင်းများစွာကို သိုဝှက်ထားပြီး ထိုထဲမှ အချို့သည် ဖားကန့်ဒေသထွက် အရေအတွက် မသိရသော ကျောက်စိမ်းများကို တရုတ်နိုင်ငံသို့ သယ်ပို့နေသည်ဟု ဒေသခံ ရဲအရာရှိတစ်ဦးက ဆိုသည်။ အမည်မဖော်လိုသူ ထိုအရာရှိက “ဒီဒေသဟာ စစ်တပ် ထိန်းချုပ်ဧရိယာ ဖြစ်တဲ့အတွက် တပ်နဲ့ ပေါင်းလုပ်နေတဲ့ တရုတ် ကုမ္ပဏီတွေက ဖားကန့်ကို ထရပ်ကားတွေ ပို့နေကြပါတယ်” ဟု ပြောကြား ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD ပါတီ ၏ ရွေးကောက်ပွဲ ကြေညာချက်တွင် အစိုးရ ဖွဲ့သည့်အခါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများကို သေချာစွာ စိစစ်မည်ဟု ကတိပြုထားသည်။ သို့သော် လက်ရှိအခြေခံ ဥပဒေအရ စစ်တပ်တွင် နိုင်ငံရေးအာဏာရှိနေပြီး ကြီးမား သည့် စီးပွားရေး ကွန်ရက်နှင့် လွှမ်းမိုးမှုများ ရှိနေသဖြင့် ကျောက်စိမ်းလုပ်ငန်း ကို စိစစ်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

KHTun

Ref - CNA

The Ladies News Journal

thura-aungko-620.jpg ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို ကိုတွေ့ရစဉ်
Photo: RFA

သူရဦးအောင်ကိုက ပြီးခဲ့တဲ့နာရီပိုင်းအတွင်း သူ့ဖေ့စ်ဘွတ်စာမျက်နှာမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပင်စင်ငွေယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီးသူ့ရဲ့သဘောထားကို အခုလိုရေးသားခဲ့ပါတယ်။

"ဘယ်သူ့ကိုမှ မတိုက်ခိုက်ပဲ စိတ်ထဲခံစားရတဲ့အတိုင်းပြောရရင် လွှတ်တော်အမတ် ပင်စင်ကို မလိုချင်ပါဘူး၊ နိုင်ငံ့ဝန်ထမ်း တာဝန်ထမ်းဆောင်လို့  ပင်စင်ရတာကို လက်ခံပေမဲ့ အခုက နိုင်ငံရေးပါ၊ ဝန်ထမ်းသဘောနဲ့ မတူပါလို့ မြင်မိတယ်၊ အခုလို နိုင်ငံက စီးပွားရေးမကောင်း၊ နိုင်ငံရေးကမငြိမ် ဖားကန့်လိုကိစ္စမျိုး ကြည့်မကောင်းလောက်တဲ့အဖြစ်အပျက်တွေ၊ သက်ငယ်မုဒိန်းမှုတွေအတွက် ခိုင်မာတဲ့ နိုင်ငံအကျိုး စီးပွား ပြည်သူ့ဘဝ ကာကွယ်မဲ့ ဥပဒေတွေ ဘာမှပြဌာန်းလို့  မပြီးသေးပဲ လွှတ်တော်က ထွက်ခွာချိန်မှာ ပင်စင်ယူဖို့ဆိုတာ လိပ်ပြာမသန့်လို့ပါ၊ ရခဲ့ရင်လည်း တလောက အကြော်ဝိုင်းရောင်းရင်း ဆယ်တန်းကို ၆ ဘာသာဂုဏ်ထူးထွက်ပြီး ကျောင်းဆက်တက်ဖို့ခက်တဲ့ ကျောင်းသားလေးကို ပေးလိုက်ချင်ပါတယ်၊ လာရောက်ဆက်သွယ်ပေးပါ၊ နိုင်ငံအတွက် အလုပ်လုပ်ချင်လို့  ထောင်ကျခံ စောင့်နေတဲ့ နိုင်ငံရေး သမားတွေ မြန်မာနိုင်ငံမှာ အများကြီးပါ၊ သူတို့ကို မေးကြည့်ပါ ပင်စင်ဆိုတာမရှိဘူး၊ သူတို့ဘဝတစ်ခုလုံး ပေး ဆပ်ခဲ့ကြရတာ၊ နိုင်ငံရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ ပင်စင်ဆိုတာ မရှိသင့်ဘူး၊ နိုင်ငံရေးဆိုတာ မိသားစုလိုပဲ အနားယူသွားလို့ မရပါဘူး"

သူရဦးအောင်ကိုက အထက်ပါအတိုင်းရေးသားခဲ့ပါတယ်။\

RFA

us-capitol-b620.JPG အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အဦး။
Photo: RFA

အမေရိကန်လွတ်တော်နှစ်ရပ်လုံးက မနေ့က မဲခွဲထောက်ခံအတည်ပြုလိုက်တဲ့ ၂ဝ၁၆ ခုနှစ်အတွက် သုံးစွဲငွေ ဥပဒေမူကြမ်းမှာ မြန်မာနိုင်ငံအတွင်း လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် သွေး ထိုးလှုံ့ဆော်တဲ့ အဖွဲ့အစည်းတွေကိုဖြစ်စေ၊ တသီးပုဂ္ဂလတွေကိုဖြစ်စေ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဏာငွေနဲ့ တစုံတရာ ကူညီထောက်ပံ့ခြင်း မရှိစေရလို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် အဲ့ဒီကိစ္စနဲ့စပ်လျဉ်းပြီး ဆုံးဖြတ်လုပ်ကိုင်ရာမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မစိုးရိမ်တိုက် ဆရာတော် အရှင်ဝီရသူကို လေ့လာသုံးသပ်ဖို့လည်း အတိအကျထည့်သွင်း ညွှန်ကြား ထားတယ်လို့ဆိုပါတယ်။

လာမယ့် စက်တင်ဘာလကုန်အထိ အကျုံးဝင်တဲ့ အဲ့ဒီ ၂ဝ၁၆ ခုနှစ် နိုင်ငံတော်သုံးစွဲငွေ ဥပဒေမူကြမ်းမှာ သမ္မတ အိုဘားမား အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ အရှေ့အလယ်ပိုင်းဒေသက ခရစ်ယာန် ဘာသာဝင်တွေ ညင်းပန်းနှိပ်စက်ခံနေရတာတွေကို အရေးယူဆောင်ရွက်ဖို့ တောင်းဆိုပြဌာန်းထားတဲ့ အတွက် ကျေနပ်အားရမိတယ်လို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ Ed Royce က ကြေညာချက်တစောင် မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အဲ့ဒီ ဥပဒေမူကြမ်းအရ အမေရိကန်အစိုးရဟာ အခုဘဏ္ဏာရေးနှစ်အတွက် ငွေ သန်းပေါင်း ဘီလီယံ တစ်ထောင့် တစ်ရာခန့် သုံးစွဲခွင့်ရရှိမှာဖြစ်ပါတယ်။ လွှတ်တော်နှစ်ရပ်လုံးက မူကြမ်းကို အခု အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် သမ္မတ အိုဘားမားလက်မှတ်ထိုးပြီးရင် ဥပဒေဖြစ်လာပါလိမ့်မယ်။ အစွန်းရောက်မွတ်စလင်တွေ နှိမ်နှင်းရေးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စတွေအတွက် ငွေကြေးပိုမိုသုံးစွဲဖို့နဲ့ နှစ် ၄ဝ ကြာပိတ်ပင်ထားတဲ့ ပြည်ပရေနံ တင်ပို့ခွင့် ပြန်လည်ခွင့်ပြမှု စသဖြင့် စာမျက်နှာ နှစ်ထောင်ကျော် ပါဝင်တဲ့ အဲ့ဒီမူကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက အခုလို အချိန်ယူဆွေးနွေးပြီး အတည်ပြုနိုင်ခဲ့တဲ့အတွက် သမ္မတ အိုဘားမားက လွှတ်တော်ခေါင်းဆောင်တွေကို တယ်လီဖုန်းဆက်ပြီး ချီးကျူးစကား ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

RFA

အမေရိကန်သမ္မတ အိုဘားမားရဲ့ နှစ်ကုန် သတင်းစာ ရှင်းလင်းပွဲ။ (ဒီဇင်ဘာ ၁၈၊ ၂၀၁၅)

အမေရိကန် သမ္မတ Barack Obama က သူ့ရဲ့ ၂၀၁၆ ခုနှစ် လုပ်ငန်းစဉ်တွေ အောင်မြင်ရေး အတွက် အစွမ်းကုန် လုပ်ဆောင် သွားမှာဖြစ်ပြီး မှေးမှိန်ကျန်ရစ်ခဲ့တာမျိုး မရှိပဲ အကုန်လုပ်ဆောင်မယ်လို့ ကတိပြုရင်း သူ့ရဲ့ သမ္မတ သက်တမ်းနောက်ဆုံးနှစ်အတွက် လုပ်ဆောင်မယ့် အခြေခံ လုပ်ငန်းစဉ် တွေကို ချပြခဲ့ပါတယ်။

နှစ်ကုန်ချိန်မှာ ပြုလုပ်တဲ့ အကြောင်းအရာအများအပြားပါဝင်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ သမ္မတ အိုဘားမားက သူ့အစိုးရအဖွဲ့ရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေ ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီအထဲမှာ အီရန်နဲ့ ကျူးဘားနိုင်ငံတွေနဲ့ သံတမန် ဆက်ဆံရေး၊ ကမ္ဘာ့ရာသီဥတုဆိုင်ရာနဲ့ အာရှပစိဖိတ်ဒေသ ကုန်သွယ်ရေး သဘောတူညီချက်တွေ၊ လိင်တူထိမ်းမြားခွင့် ဥပဒေကို နိုင်ငံတော်တရားရုံးက အတည်ပြုပေးတာနဲ့ ဘယ်ကလေး မှ နောက်ကျ မကျန်ရစ်ဖို့ ပြဌာန်း ထားတဲ့ပညာရေးဆိုင်ရာ ဥပဒေကို လွှတ်တော်က ပြန်လည်ပြင်ဆင်ရေးဆွဲစေ တာတွေ ပါဝင်ပါတယ်။

ဒါပေမဲ့လည်း စိန်ခေါ်မှု အများအပြား ကျန်နေဆဲဖြစ်ပြီး အဓိကတခုက အိုင်အက်စ် အဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေ တိုးလာနေတာနဲ့ မကြာသေးခင်က ကယ်လီဖိုးနီးယားပြည်နယ် စန် ဘာနာဒီနိုမှာ ဖြစ်ပွါးတဲ့ လူအများအပြား သေဆုံး ရတဲ့ ဖြစ်ရပ်လို အဖွဲ့အစည်းနဲ့ မဟုတ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုမျိုး လုပ်လာနိုင်တာတွေ ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

အိုင်အက်စ် အစွန်းရောက်အဖွဲ့ကို နှိမ်နင်းဖို့ သူ့အစိုးရအဖွဲ့က နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လက်တွဲလုပ်ဆောင်နေပေမယ့် အမေရိကန် ပြည်ထောင်စုအနေနဲ့ သတိကြီးကြီး ထားဖို့ လိုအပ်ဆဲပဲလို့ သမ္မတအိုဘားမားက အလေးထား ပြောကြားခဲ့တာပါ။

အိုင်အက်စ်တွေ အဓိက အခြေစိုက်ရာ ဆီးရီးယားနဲ့ အီရတ်မှာ သူတို့ကို ဖိနှိပ် ချိုးနှိမ်နေတာဟာ ဒီအကြမ်းဖက်မှုနဲ့ ဝါဒဖြန့်မှု တွေ ကျန်ကမ္ဘာ့နေရာတွေဆီ သူတို့ ဖြန့်ဖြူးနိုင်ရေးအတွက် အခက်တွေ့လာစေမှာ ဖြစ်တယ်လို့လည်း သောကြာနေ့ သမ္မတ အိမ်ဖြူမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံတွင်း မှာပါ သတိကြီးကြီးထားကြဖို့ လိုအပ်တယ် လို့ ဆိုပါတယ်။ ပြည်သူအားလုံးဟာ ကိုယ်လုပ်ရမယ့် အပိုင်းဖြစ်တဲ့ သတိနဲ့နေဖို့ အတွက် လုပ်ဆောင်နိုင်ကြပြီး သံသယဖြစ်စရာ တစုံတရာတွေ့ရင် ပြော ရမှာ ဖြစ်သလို၊ အကြမ်းဖက်လုပ်ရပ်ကို လက်မခံပဲ အမေရိကန်မိသားစု တစုအနေနဲ့ ညီညီညွတ်ညွတ် နေထိုင်ကြဖို့လည်း ပြောပါတယ်။

၂၀၁၅ ခုနှစ်အတွင်း သူ့အစိုးရရဲ့ အောင်မြင်မှု အများအပြားကိုလည်း သမ္မတ က ပြောကြားခဲ့ပြီး ဒီအထဲမှာ အလုပ်လက်မဲ့နှုံး ကျဆင်းအောင် လုပ်နိုင်တာ၊ ပညာရေး ဆိုင်ရာ ဥပဒေသစ်တွေ ချမှတ် နိုင်တာ၊ ရာသီဥတု ပြောင်းလဲ မှု လျော့ပါးအောင် လမ်းဖွင့်ပေးနိုင်တာနဲ့ ပစိဖိတ်တဖက်တချက်က နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာ ကုန်သွယ်မှု ထူထောင်နိုင်တာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်သူ ၆ သန်းနီးပါးအတွက် ကျန်းမာရေး အာမခံရအောင် ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေသစ်ပြဌာန်းဖို့ လည်း သူ လက်မှတ်ရေးထိုးပေး ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။


VOA Burmese
http://burmese.voanews.com

ကြယ်တာရာစစ်ပွဲ ဇာတ်ကားကို ရုပ်ရှင်ရုံတွေမှာ ပရိတ်သတ်တွေဟာ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလို ၀တ်စားပြီးကြည့်ရှု့ခဲ့ကြ။
Star Wars ကြယ်တာရာစစ်ပွဲ ရုပ်ရှင် နောက်ဆုံးဇာတ်ကားဖြစ်တဲ့ The Force Awakens ကို ဒီကနေ့မှာပဲ ပျော်ပွဲရွှင်ပဲ အခမ်းအနားတွေနဲ့ စပြီး ရုံတင်နေပါပြီ။ စကြာဝဠာထဲမှာ အဆိုးနဲ့ အကောင်းကြား အားပြိုင်ကြတဲ့ ကြယ်တာရာစစ်ပွဲ ဇာတ်ကားကိုကြည့်ဖို့ အားခဲထားကြတဲ့ ပရိတ်သတ်တွေဟာ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလို ၀တ်စားပြီး ရုပ်ရှင်ရုံတွေမှာ တန်းစီစောင့်ဆိုင်း နေခဲ့ကြတာပါ။

Star Wars ဇာတ်ကား ရုံတင်ပြသတဲ့အထဲမှာတော့ ၀ါရှင်တန်မြို့တော်က အာကာသ သိပ္ပံပြတိုက်ရဲ့ IMAX ရုပ်ရှင်ရုံမှာတော့ တကယ့် အာကာသလွန်းပျံယာဉ် အစစ်တွေ၊ သမိုင်းဝင်လေယာဉ်တွေ အောက်မှာ ထူးထူးခြားခြား ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ IMAX ရုပ်ရှင်ရုံ နဲ့ ၃ ဘက်မြင် 3-D နည်းပညာတွေကြောင့် ရုပ်ရှင်ကို ထူးထူးခြားခြား ခံစားရမှာ ဖြစ်ပေမဲ့ မျိုးဆက်တိုင်းမှာ စိတ်ဝင်စားခဲ့ကြတဲ့ ဇာတ်လမ်းက ပရိတ်သတ်တွေ ကို အဓိက ဆွဲဆောင်နေတာလည်း ဖြစ်ပါတယ်။

နှစ်ပေါင်း ၃၀ ကြာ Star Wars ဇာတ်ကားတွေမှာ တွေ့ခဲ့ရသလိုပဲ ဂီတပညာရှင် John Williams က နောက်ဆုံးဇာတ်လမ်းတွဲရဲ့ အစကိုကြားရတဲ့ အခါ၊ နောက်ထပ် ရင်ခုန်စရာကြုံရဦးမယ် ဆိုတာကိုလည်း ခံစားမိကြမှာပါ။ ဇာတ်လမ်းစစချင်း တွေ့ရတဲ့ အဖွင့်စာတန်းမှာတော့ အဓိက ဇာတ်ကောင်တွေထဲက တယောက်ဖြစ်တဲ့ Luke Skywalker ပျောက်ဆုံးသွားပြီး၊ လူဆိုးဖြစ်တဲ့ Evil Order က လိုက်ဖမ်းဖို့ ကြိုးစားတာ၊ ဟောလိဝုဒ် မင်းသမီးကြီး Carrie Fisher၊  ဗိုလ်ချုပ်ကြီး Leia Organa အဖြစ် ဦးဆောင်တဲ့ တော်လှန်ရေး စတာတွေကို တွေ့ကြရပါတယ်။

VOA Burmese
http://burmese.voanews.com

ရိက္ခာ အစား ငွေကြေး ထောက်ပံ့ဖို့ WFP က စီစဉ်
 ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် WFP ဟာ ကချင်ပြည်နယ်က ဒုက္ခသည်တွေ အတွက် ရိက္ခာတွေ ထောက်ပံ့ နေရာကနေ လာမယ့်နှစ် ဇန်နဝါရီလ က စတင်ပြီး ငွေကြေးနဲ့ ပြောင်းလဲ ထောက်ပံ့တော့မှာဖြစ်ပါတယ်။

တစ်လမှာ ဒုက္ခသည် တစ်ဦးကို ထောက်ပံ့ငွေ ကျပ် ခုနှစ်ထောင် ကနေ တစ်သောင်း သုံးထောင် အထိ ပေးမှာ ဖြစ်ပြီး ဒုက္ခသည်တွေကို ကြိုတင် အသိပေး ခဲ့ပြီးလည်း ဖြစ်ပါတယ်။

အဆိုပါ ငွေကြေး ပြောင်းလဲ ထောက်ပံ့မယ့် အစီအစဉ်ကို ဒေသတွင်းမှာ ဒုက္ခသည် တွေကို အကူ အညီ ပေးနေတဲ့ လူမှုရေး အသင်းအဖွဲ့တွေကို ကြိုတင် အသိပေး အကြောင်း ကြား ခဲ့တယ်လို့ KBC ခရစ်ယန် အသင်းရဲ့ ဓမ္မဆရာ ဦးဘွန်ခမ်း က ပြော ပါတယ်။

ဒုက္ခသည် စခန်း အပြင်ထွက် အလုပ် လုပ်နိုင်သူတွေကို ကျပ် ၇ဝဝ၀ နှုန်း၊ ဝင်ငွေမရှိသူတွေကို ကျပ် ၉ဝဝ၀ နှုန်း၊ ကလေး သက်ကြီး ရွယ်အိုနဲ့ မသန်စွမ်း သူတွေကို ကျပ် ၁၃ဝဝ၀ နှုန်း ပေးမှာ ဖြစ်တယ်လို့ ဒုက္ခသည် တွေကို အသိပေး လာတဲ့ အကြောင်း မြစ်ကြီးနား တပ်ကုန်း ဒုက္ခသည်စခန်းက ဦးဆင်ဝါး က ပြောပါတယ်။

ကချင်ဒုက္ခသည် စုစုပေါင်း ၁ သိန်း ၂ သောင်းလောက်ရှိပြီး WFP က ထောက်ပံ့ နေတာဟာ အစိုးရ ထိန်းချုပ်မှု အောက်မှာရှိ တဲ့ဒုက္ခသည် ၅ သောင်း လောက် ကို ထောက်ပံ့ ပေးနေတာ ဖြစ်ပါတယ်။

ကေအိုင်အေ ထိန်းချုပ် နယ်မြေမှာရှိတဲ့ ဒုက္ခသည် ၇ သောင်း ခန့် ကိုတော့ ကေအိုင်အေ နဲ့ လူမှု ကယ်ဆယ်ရေး အဖွဲ့တွေက အကူအညီပေးနေတယ်လို့ သိရှိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

ငါးနှစ်ကြာပြည်တွင်းစစ်ကြောင့် အထိနာခဲ့ရတဲ့ဟုမ်မြို့မြင်ကွင်း

ဆီးရီးယား နိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အကောင် အထည်ဖော် ဆောင်ရွက်မယ့် အစီအစဉ် ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က အတည်ပြု ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

လုံခြုံရေး ကောင်စီ ရဲ့ ဆုံးဖြတ်ချက် ထဲမှာ ဆီးရီးယား နိုင်ငံက တပ်ဖွဲ့တွေ အနေနဲ့ အရပ်သား တွေကို တိုက်ခိုက်မှု ကိုလည်း ရပ်တန့်ဖို့ တောင်းဆို ထားပါတယ်။

ဒီသဘော တူညီချက် အရ၊ ကုလသမဂ္ဂ ကကြီးမှူးပြီး ဆီးရီးယား အစိုးရနဲ့ အတိုက် အခံတွေကြား ဇန်နဝါရီလ မှာ အစောဆုံး တွေ့ဆုံ ဆွေးနွေး နိုင်ရေးကို ဆောင်ရွက် ကြမှာ ဖြစ်ပါတယ်။

၆ လအတွင်း အသွင်ကူး ပြောင်းရေး ကာလ အစိုးရ ဖွဲ့နိုင်အောင် ဆွေးနွေးကြဖို့၊ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ပြီး ရွေးကောက်ပွဲ တွေကို ၁၈ လ အတွင်း ကျင်းပဖို့ သဘောတူ ခဲ့ကြ ပါတယ်။

နောက်ပြီး ဆီးရီးယား နိုင်ငံရဲ့ အနာဂတ်ကို ဆီးရီးယား ပြည်သူတွေ ကသာ ဆုံးဖြတ် ဆောင်ရွက် နိုင်မှာ ဖြစ်တယ်လို့ ဖော်ပြ ပါရှိပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် ဟာ ဆီးရီးယား နိုင်ငံ ပြုပြင် ပြောင်းလဲရေး ကို ဦးတည် စေမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ကလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်အတွင်း ပမာဏကြီးမားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူတွေဟာ စီးပွားရေး လုပ်ငန်းတွေကို အခြေခံပြီး ဆောင်ရွက်နေကြတာကို တွေ့ရတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးကြီးနေမျိုးက ပြောပါတယ်။

စစ်တွေမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ဒီနေ့ ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ရဲမှူးကြီးနေမျိုးက ပြောခဲ့တာဖြစ်ပါတယ်။

"မူးယစ်ဆေးဝါးတွေကို အလုံးလိုက်အခဲလိုက် သယ်နိုင်ဖို့ဆိုရင် စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ထဲထဲဝင်ဝင်လုပ်ပြီးတော့မှ ကျနော်တို့ ဥပမာပေးရမယ်ဆိုရင် နောက်ဆုံးဖမ်းဆီးရမိတဲ့ သန်းနဲ့ချီတဲ့ ဒီစိတ်ကြွဆေးပြားတွေရဲ့ ကွင်းဆက်သည် ကုလားတန်စီမံကိန်းဆိုပြီးတော့ အမည်ခံထားတဲ့ ကုမ္ပဏီတစ်ခုကနေပြီးတော့ ဒီဟာကိုလုပ်တာ သွားတွေ့ရတယ်"

ရန်ကုန်မြို့ ဇေကမ္ဘာဝင်းထဲမှာ စံချိန်တင်ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးသယ်ဆောင်မှုဟာ ရခိုင်ပြည် နယ် ပေါက်တော မြို့နယ်အခြေစိုက် Kaladan Data Project ကုမ္ပဏီအမည်ခံ ဆောင်ရွက်ခဲ့သူတွေဖြစ်ပြီး ဖမ်းမိထားသူတွေကို စစ်ဆေးချက်အရ သူတို့ဟာ ရေလမ်းကြောင်းကို အဓိကအသုံးပြုပြီး ဆောင်ရွက်နေ တာကို တွေ့ရတယ်လို့ ရဲမှူးကြီး က ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲကို ရောက်ရှိလာတဲ့ မူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်နယ်ကနေ သယ်ဆောင်လာတာဖြစ်ပြီး  မောင်တောနယ်စပ်ကနေ တစ်ဆင့် ပြည်ပနိုင်ငံတွေကို အများဆုံး ပို့ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ဒီနေ့အထိ WY စိတ်ကြွဆေးပြားပေါင်း ၁၈ သိန်းကျော်ဖမ်းဆီး ရမိခဲ့ပြီး လူပေါင်း ၁၈၀ ကျော်ကို ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီအထဲမှာ ထိုင်းနိုင်ငံအတွင်းက ငါးဖမ်းစက်လှေတွေပေါ်မှာ ရောင်းစားခံရတာတွေနဲ့ တရုတ်နိုင်ငံထဲမှာ
ရောင်းစားခံရတာတွေ အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese
RFA

[youtube src="Rh4xOsc3-Bs"/]
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကြီးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ရန်ကုန်တိုင်း အောင်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့သူတွေကို ဒီဇင်ဘာ ၁၈ရက်နေ့က တော်ဝင်နှင်းဆီမှာ ဂုဏ်ပြုခဲ့ပါတယ်။

Kamayut Media

[youtube src="fvB5boOXF8U"/]

ပညာရေးသပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွင်းခံရလို့ ကမာရွတ်မြို့နယ် လှည်းတန်းမှာ ဆန္ဒပြခဲ့တာကြောင့် တရားစွဲခံထားရတဲ့ ကျောင်းသူ မပိုပို အပါအဝင် ၅ ဦးကို ဒီဇင်ဘာ ၁၈ ရက်နေ့က ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

Kamayut Media

" ဘကြီးရေ၊ ဒေါ်စုကတော့ မဟုတ်တော့ဘူးဗျာ "

" ဘာလို့တုန်းဟ "

" ဘာဖြစ်ရမှာလဲဗျ၊ ခရိုနီဦးတေဇရဲ့ ဟိုတယ်မှာ သူ့လူတွေကို သင်တန်းပေးနေတယ်ဗျ "

" အာ့တော့ ဘာဖြစ်တုန်း "

" ဘကြီးကလည်းဗျာ၊ ဒီခရိုနီတွေအကြောင်း သိရဲ့သားနဲ့၊ သာရာညာပေါင်းတွေဗျ "

" အော် အေး၊ ဟုတ်ပါပြီ၊ အဲတော့မင်းက ဘာဖြစ်စေချင်တာတုန်း "

" ခရိုနီတွေနဲ့ မပက်သက်စေချင်ဘူးဗျာ၊ လိုအပ်ရင် အရေးတောင်ယူရအုံးမှာလေဗျာ "

" အင်း၊ ဆက်ပြောပါအုံး "

" NLD အစိုးရကို သန့်သန့်လေး ဖြစ်စေချင်တယ်၊ ခရိုနီတွေတော်တော်များများ ပြည်သူ့ငွေတွေနဲ့ မတရားလုပ်ပြီး ကောင်းစားနေတာဗျ "

" မင်းပြောတာကို လက်ခံပါတယ်၊ သဘာဝလည်းကျတယ်၊ ဒါပေမယ့် ပြည်သူ့အတွက် အကျိုးအမြတ်နည်းတယ်ကွ၊ ငါတို့ မြတ်စွာဘုရားဟောထားတာတခုရှိတယ် "

" ဟုတ်၊ ပြောပါ ဘကြီး "

" အကြောင်းရှာပါတဲ့၊ အကြောင်းကင်းတဲ့ အကျိုးတရားဆိုတာ ဘယ်အရာမှမရှိဘူးကွယ့်၊ လောကမှာဖြစ်ပျက်နေသမျှအရာတိုင်းမှာ အကြောင်းရင်းကိုယ်စီရှိကြတယ်၊ အဲဒီ ခရိုနီတွေ မတရားစီးပွားရှာနေကြတဲ့ အကြောင်းရင်းက မတရားစီးပွားရှာခွင့်ပြုထားတဲ့အစိုးရကြောင့်ပဲ "

" အဲဒါဆို အဲဒီခရိုနီတွေ မတရားလုပ်ခဲ့သမျှ အပြစ်မယူတော့ဘူးပေါ့ "

" ဘယ်လို အပြစ်ယူသင့်လဲ "

" လုပ်ငန်းတွေ ဖျက်သိမ်းပြီး၊ ထောင်ချလိုက်မယ်ဗျာ "

" ကောင်းပြီ၊ အဲဒီလို လုပ်ရင် ပြည်သူတွေအဆင်ပြေသွားရောလား "

" အဲဒါတော့ မသိဘူးလေ၊ သူတို့အပြစ် သူတို့ခံရဖို့အရေးကြီးတယ် "

" အဲလောက်နဲ့ မပြီးဘူးကွယ့်၊ မင်းပြောသလို မတရားလုပ်ခဲ့ဖူးသူ ခရိုနီတိုင်းကိုသာ လုပ်ငန်းဖျက်သိမ်းပြီး ထောင်ချလိုက်ရင် ပထမဆုံးနစ်နာမှာက ပြည်သူတွေပဲ "

" ဘာဆိုင်လို့လဲဗျ "

" ဆိုင်တယ်ကွယ့်၊ အခု ငါတို့နိုင်ငံမှာ ဘဏ်လုပ်ငန်းအပါအဝင် လုပ်ငန်းအများစုက ခရိုနီနဲ့ကင်းတဲ့ လုပ်ငန်းမရှိဘူးကွယ့်၊ အဲဒါတွေအားလုံး ရပ်ဆိုင်းလိုက်ရင် သူတို့လုပ်ငန်းတွေမှာ လုပ်နေကြတဲ့ အလုပ်သမားသိန်းနဲ့ချီပြီး ဒုက္ခရောက်ကုန်မယ်၊ ကုန်ဈေးနှုန်းတွေ ကမောက်ကမဖြစ်ပြီး ဈေးတွေတက်ကုန်မယ်၊ ပြည်တွင်းခရီးသွားလုပ်ငန်းကအစ အားလုံး အခက်အခဲဖြစ်သွားလိမ့်မယ် "

" ဟင်၊ အဲဒါဆို ကျုပ်တို့က ဒီအတိုင်းထိုင်ကြည့်နေရမှာလား "

" မဟုတ်ဘူးကွယ့်၊ ခရိုနီတွေက ဘာနဲ့တူလဲဆိုရင် မြစ်ချောင်းတွေနဲ့တူတယ်၊ သူတို့ကို ရပ်တန့်လိုက်ရင် သူတို့ကိုမှီပြီးလုပ်ကိုင်နေတဲ့ လယ်မြေတွေ၊ ရေသောက်နေတဲ့ ပြည်သူတချို့တွေပါ ဒုက္ခရောက်ကုန်မယ်၊ နောက်ပြီးသူတို့က အထိန်းအကွပ်မဲ့ စီးဆင်းနေတဲ့ မြစ်တွေကွ၊ ဥပဒေဆိုတဲ့ ခိုင်ခံတဲ့ ကမ်းပါးတွေကို အစိုးရက မဖော်ဆောင်သေးသ၍ တိုက်စားလို့ရသမျှ ကမ်းပါးအားလုံးကိုတိုက်စားသွားမှာပဲ၊ အစိုးရကသာ ဖိဖိစီးစီးနဲ့ကမ်းဘောင်ခတ်ပြီး စနစ်တကျစီးဆင်းစေမယ်ဆိုရင် မြစ်တွေလည်း အိနြေ္ဒရ၊ ကမ်းပါးတွေလည်း ပြိုစရာမလို၊ လူတွေလည်း အကျိုးရှိတာပေါ့ကွယ် "

" ဘကြီးပြောတော့ ဟုတ်သလိုလိုပဲ "

" ဟုတ်သလိုလိုမဟုတ်ဘူးကွယ့်၊ ဟုတ်ကိုဟုတ်တယ်၊ ကမ်းမခိုင်တဲ့ အကြောင်းကြောင့် တိုက်စားခံရတဲ့အကျိုးဖြစ်တယ်၊ အဲဒါကြောင့် ကမ်းခိုင်ခိုင်လုပ်ပေးရမယ် "

" အဲဒီကမ်းက ဘယ်သူလုပ်မှာလဲ "

" အစိုးရလေကွယ်၊ အရင်စစ်အစိုးရအပါအဝင် ဦးသိန်းစိန်အစိုးရအထိ အစိုးရအဆက်ဆက်ဟာ ကမ်းလုပ်မပေးတဲ့အပြင် သူတို့တတွေတောင် ရောပြီးတိုက်စားနေကြတယ်ကွယ့် "

" အဲဒါတော့ ဟုတ်တယ်၊ အခု ဖားကန့်ကိုကြည့်လိုက်ရင် ခရိုနီနဲ့ တရုတ်အပြင် အစိုးရအဖွဲ့ဝင်တွေပါ ရောကြိတ်နေတယ်လို့ကြားတယ်ဗျ "

" အဲဒါပဲလေကွယ်၊ ကမ်းမရှိမှတော့ ရေပြင်ကျယ်တာ မဆန်းပါဘူး၊ အခုတော့ ကမ်းကိုခိုင်ခံ့အောင်လုပ်မယ့် အစိုးရတက်လာပြီဆိုတော့ သူတို့တွေလည်း စီးချင်တိုင်းစီးမရတော့ပါဘူးကွယ်၊ သူ့လမ်းသူသွား၊ ကိုယ်လမ်းကိုယ်သွားပေါ့၊ ရေလည်းမငတ်၊ လယ်လည်း မပျက်၊ အားလုံးအိနြေ္ဒမပျက်တော့ဘူးပေါ့ "

" အဲဒါဆိုရင်တော့ မဆိုးဘူးပြောရမှာပေါ့နော် "

" ဟုတ်တယ်ကွယ့်၊ အမျိုးသားရင်ကြားစေ့ရေးကို လက်ကိုင်ထားတဲ့ NLD အနေနဲ့ Win & Win သီအိုရီလက်ကိုင်ထားလိမ့်မယ်၊ မြန်မာစကားပုံနဲ့ပြောရရင်တော့ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာပေါ့ကွယ် "

" ဟုတ်ကဲ့၊ ဘကြီး "

" နောက်တခုက သူတို့တွေဆီက မင်းပြောတဲ့ ပြည်သူ့ငွေတွေကို ဒီနည်းနဲ့ပဲ ပြန်ကဲ့ယူရမှာကွယ့်၊ နောက်ပြီး သူတို့တွေကိုယ်တိုင်လည်း ပြန်ပေးဆပ်ဖို့ ဆန္ဒရှိနေတယ်ဆိုရင် ပြည်သူက ပိုပြီးအကျိုးများအုံးမယ်၊
အဲ...
အဲဒီလို ဥပဒေဘောင်ခတ်ထားတဲ့အချိန်မှာ လျှံထွက်ပြီး တိုက်စားချင်တယ်ဆိုရင်တော့ သူတို့ဟာသူတို့ပဲ ခြောက်ခမ်းသွားလိမ့်မယ်၊ အဲဒါကြောင့် အခု ဦးတေဇအကူအညီရယူလိုက်တာဟာ ပြန်ကဲ့ပြီးယူနေတယ်လို့ပဲ မှတ်လိုက်ပေါ့ကွယ်၊ သူလည်း ကျေကျေနပ်နပ်ကြီး ပြန်ပေးတယ်လို့မှတ်၊ ဟုတ်ပြီလား "

" ဟုတ်ပါပြီ ဘကြီးရယ်၊ အခုလို ရှင်းပြတဲ့အတွက် ကျေးဇူးပါဗျာ "

" အေး.. အေး၊ သိပ်စိတ်ပူမနေပါနဲ့ကွယ်၊ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ကိုယ်တိုင်လည်း အဂတိကင်းအောင်နေတယ်၊ သူ့နဲ့ပက်သက်လာတဲ့လူတွေ ဥပဒေချိုးဖောက်ရင်လည်း အလွတ်ပေးမှာ မဟုတ်ပါဘူး၊ သာရာညာပေါင်းတွေအတွက် ညာပေါင်းလို့ရမယ့် လူစားမဟုတ်ဘူးကွယ့်၊ အဲဒါကြောင့် လောလောဆယ်တော့ စောင့်ကြည့်ပါလို့ပဲ ပြောချင်တယ် "

‪#‎တောကဘကြီး‬
Yae Tay Za

ဖားကန့်ဒေသသို့ ရောက်ရှိနေသော ယာဉ်၊ ယန္တရားများ တရားဝင် တင်သွင်းခြင်း ဟုတ် မဟုတ် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ယာဉ်၊ ယန္တရား အစီးရေ ၈၈၀ တရားဝင် တင်သွင်းခွင့်ပြုခဲ့ကြောင်း စီးပွား/ကူးသန်းမှ တာဝန်ရှိသူ ၀န်ခံပြောကြား ခဲ့သည်ကို ဒီဇင်ဘာ ၁၈ ရက်ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

“ကချင်ပြည်နယ် ကန်ပိုက်တီးနယ်စပ်ဒေသမှ တရားမ၀င်ယာဉ်နှင့် ယန္တရားများ ၀င်ရောက်နေကြောင်း လူမှုမီဒီယာများတွင် သတင်းများ ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းအား မေးမြန်းရာ ၎င်းက ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ယာဉ်၊ ယန္တရား အစီးရေ ၈၈၀ တရားဝင် တင်သွင်းခွင့်ပြုခဲ့ကြောင်း ပြောကြားသည်” ဟူ၍ ဒီဇင်ဘာ ၁၈ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်၊ ယန္တရားများ တင်သွင်းခွင့်နှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှသာ တင်သွင်းခွင့်လိုင်စင် ထုတ်ပေးလျက်ရှိရာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းခွင့် တင်ပြလာမှုများကိုလည်း စိစစ်၍ ခွင့်ပြုပေးလျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်သွင်းခွင့်ရသည့် ယာဉ်၊ ယန္တရားများကို အကောက်ခွန်ဦးစီးဌာန တင်သွင်းခွင့်လိုင်စင်နှင့် တိုက်ဆိုင်စစ်ဆေး၍ မှန်ကန်မှုရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အခွန်ကောက်ခံ လျက်ရှိကြောင်း သိရသည် ဟူ၍လည်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ ၉၄ မိုင်ခန့် အကွာရှိ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းမှ တရားဝင် တင်သွင်းခွင့်ပြုခဲ့သော ယာဉ်၊ ယန္တရားများသည် တင်သွင်းခွင့်လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာ စာရွက် စာတမ်း အထောက်အထားများ ပြည်စုံစွာပါရှိက ယာဉ်နံပါတ် မရှိသေးသော်လည်း မြစ်ကြီးနားမြို့သို့ မောင်းနှင်ခွင့် ရရှိကြောင်း၊ အဆိုပါ ယာဉ်၊ ယန္တရားများကို တင်သွင်းခွင့်ရရှိပြီး ၂၁ ရက်အတွင်း၌ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်မှသာ ယာဉ်နံပါတ်များ ရရှိခြင်းဖြစ်၍ ၎င်းနေရာနှင့် အချိန်အတွင်း ယာဉ်နံပါတ် မပါရှိသေးသော ယာဉ်အားလုံးကို တရားမ၀င်ဟု သတ်မှတ်၍ မရနိုင်ကြောင်း ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း၏ ပြောကြားချက်အရ သိရသည်ဟု ကြေးမုံ သတင်းစာတွင် ဖော်ပြခဲ့သည်။

ယာဉ်၊ ယန္တရားများ တရားဝင်ခြင်းနှင့် တရားမ၀င်ခြင်းကို တင်သွင်းခွင့်လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာအား တိုက်ဆိုင်စစ်ဆေးမှုဖြင့် သိရှိနိုင်ကြောင်း၊ တင်သွင်းခွင့် ၂၁ ရက် ကျော်လွန်ပါက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ဥပဒေနှင့်အညီ စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ယာဉ်၊ ယန္တရားများ တရားမ၀င် ရောက်ရှိနေမှုများကိုလည်း ပြည်ထဲရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ အနေဖြင့် စစ်ဆေးအရေးယူလျက်ရှိကြောင်း၊ အကြမ်းအားဖြင့် ယာဉ်များအားလုံး နံပါတ်ပါရှိ ကြသော်လည်း ကညန၏ နံပါတ်များနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ကြောင်း၊ ယန္တရားအုပ်စုမှာ လုပ်ငန်းသုံးဖြစ်၍ နံပါတ် မပါသော်လည်း အင်ဂျင်နံပါတ်နှင့် တိုက်ဆိုင် စစ်ဆေးနိုင်ကြောင်းလည်း ဆက်လက် ဖော်ပြခဲ့သည်။

ထို့ပြင် ကြေးမုံသတင်းစာက ဖော်ပြခဲ့ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့်လည်း Mobile Team အဖွဲ့ဖြင့် စစ်ဆေးကြပ်မတ် လျက်ရှိပြီး တရားမ၀င် ကုန်သွယ်မှုများ စစ်ဆေးတွေ့ရှိပါက ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူလျက်ရှိကြောင်း၊ ယခုအခါ တရားမ၀င် ယာဉ်အစီးရေ ၇၀၀ ကျော် ထိန်းသိမ်းရရှိသဖြင့် လေလံစနစ်ဖြင့် ပြန်လည်ရောင်းချ၍ နိုင်ငံတော် ဘဏ္ဍာငွေရရှိစေရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် ကချင်ပြည်နယ် ဖားကန့်ဒေသသို့ ရောက်ရှိနေသော ယာဉ်၊ ယန္တရားများသည် တရားဝင် တင်သွင်းခြင်း ဟုတ်၊ မဟုတ် ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးစီးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက် ရှိသည့်အပြင် ကချင်ပြည်နယ် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေး စခန်းမှ ယာဉ်၊ ယန္တရားများ တင်သွင်းခွင့်ကိုလည်း ခေတ္တဆိုင်းငံ့ ထားရှိမည်ဖြစ်ကြောင်း သိရသည်ဟုလည်း သတင်းဖော်ပြချက်၌ ပါဝင်သည်ကို တွေ့ရသည်။

ယခုကန်ပိုက်တီးမှ တင်သွင်းခဲ့သည့် ယာဉ်အစီးရေ ၈၈၀ တွင် သုံးပုံနှစ်ပုံခန့်မှာ မြေသယ်ယာဉ် (Dump Truck) များ ဖြစ်ကြောင်းနှင့် ကျန်ရှိသော ယာဉ်များမှာ ယန္တရား၊ ၀န်တင်ယာဉ်တို့ဖြစ်ကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားခဲ့သည်။

တင်သွင်းခွင့်ပြုခဲ့သည့် ယာဉ်အစီးရေ ၈၈၀ မှာ တစ်စီးလျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၇၀၀၀၀ မှ ၈၀၀၀၀ ကြား တန်ဖိုးများဖြင့် တင်သွင်းခဲ့ကြသည်ဟုလည်း ဦးတင်ရဲဝင်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ ယာဉ်အစီးရေ ၈၈၀ ဆိုသည်မှာ ကာလတန်ဖိုး အမှန်အရ ဆိုပါက အမေရိကန်ဒေါ်လာ သန်းရာချီ တန်ဖိုးရှိသည့် ပမာဏဖြစ်ပြီး အချို့ယာဉ်များမှာ ဒေါ်လာသိန်းဂဏန်းအထိ တန်ဖိုးရှိသော ယာဉ်များဖြစ်ကြောင်း၊ အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ယာဉ်မှတ်ပုံတင်ကြေးများ မှန်ကန်စွာ ကောက်ခံခဲ့မည် ဆိုပါက ကျပ်ဘီလျံဖြင့်ချီကာ အခွန်ငွေများစွာ ရရှိရမည်ဖြစ်သည်။

ယခုတရားဝင် တင်သွင်းခွင့်ပြုခဲ့သည်ဆိုသော ယာဉ်တစ်စီးတန်ဖိုး ပျမ်းမျှအမေရိကန် ဒေါ်လာ ၈၀၀၀၀ ဖြင့် တွက်ချက်လျှင်ပင် အကောက်ခွန် သုံးရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းနှင့် ကနဦး ယာဉ်မှတ်ပုံတင်ခ ငါးရာခိုင်နှုန်း ဆိုပါက ယာဉ်တစ်စီးအတွက် အခွန်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀၀၀ နီးပါးအထိ ရရှိမည်ဖြစ်သည်။

အစီးရေ ၈၈၀ ဆိုပါက အခွန်ငွေ အမေရိကန်ဒေါ်လာ ကိုးသန်းနီးပါး (တစ်ဒေါ်လာ ကျပ် ၁၃၀၀ ဖြင့် ဆိုပါက ကျပ် ၁၁ ဘီလျံကျော်၊ ကျပ်သန်းပေါင်း ၁၁၀၀၀ ကျော်အထိ) ရရှိမည်ဖြစ်သည်။ (အချို့ယန္တရားများမှာ ကနဦး ယာဉ်မှတ်ပုံတင်ခ ပေးသွင်းရန် မလိုခြင်း၊ အကောက်ခွန် တစ်ရာခိုင်နှုန်းသာရှိခြင်း ဖြစ်သော်လည်း အစီးရေ အနည်းစုသာဖြစ်၍ ထုတ်နုတ်ခြင်း မပြုတော့ဘဲ တွက်ချက်ထားသည်)

ယင်းမှာ ယခုတင်သွင်းခွင့် ပြုထားသော နှုန်းထားများဖြင့်သာ တွက်ချက်ထားသည့် ပမာဏဖြစ်ပြီး ကာလတန်ဖိုး အမှန်ဖြင့် တွက်ချက်ပါက ယခုထက်ပင်ပိုမို၍ အခွန်ငွေ ရရှိမည်ဖြစ်သည်။

ထိုသို့ ဆိုလျှင် ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းမှ တရားဝင် တင်သွင်းခြင်း ဖြစ်သည့်အတွက် အဆိုပါ နယ်စပ်ကုန်သွယ်ရေး စခန်းတွင် ဖော်ပြပါ ယာဉ်အစီးရေ ၈၈၀ တစ်မျိုးတည်း အတွက်ပင် အခွန်ငွေ ကျပ် ၁၁ ဘီလျံ ၀န်းကျင်အထိ ရရှိရမည်ဖြစ်သည်။ (ယင်းမှာ တင်သွင်းခွင့်ပြုသည့် ဈေးအရ တွက်ထားသော အခွန်ပမာဏ မျှသာဖြစ်သည်)

အဆိုပါ အခွန်ငွေပမာဏ ရရှိမှု ရှိမရှိ စစ်ဆေးရမည့် အပြင် ပြည်တွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ယာဉ်မှတ်ပုံတင်ခြင်း ရှိမရှိကိုပါ စစ်ဆေးကြရမည် ဖြစ်သည်။ ယာဉ်မှတ်ပုံတင်ခြင်း မရှိပါက တည်ဆဲမော်တော်ယာဉ် ဥပဒေအရ တိတိ ကျကျ သက်ဆိုင်ရာမှ အရေးယူကြရမည် ဖြစ်သည်။

အခွန်ငွေများ ရရှိမှု ရှိမရှိနှင့် ယာဉ်မှတ်ပုံတင်ခြင်း ရှိမရှိ စိစစ်ပြီး အခွန်ငွေမရရှိလျှင် ဖြစ်စေ၊ ယာဉ်မှတ်ပုံတင်ခြင်း မပြုသည်ကို အရေးယူထားခြင်း မပြုလျှင်ဖြစ်စေ ထိုသို့ စစ်ဆေးတွေ့ရှိလျှင် တင်သွင်းသူနှင့် ခွင့်ပြုပေးသူ များအကြား အဂတိလိုက်စားမှု ရှိမရှိကိုပါ စစ်ဆေးအရေးယူ ရမည်ဖြစ်သည်။

ထို့ပြင် ယခုကဲ့သို့ ဖားကန့်ဒေသတွင် ရောက်ရှိအသုံးပြုနေသော စက်ယန္တရားများနှင့် ပတ်သက်၍ စီးပွား/ကူးသန်း ၀န်ကြီးဌာန သော်လည်းကောင်း၊ အခြားမည်သည့် အာဏာပိုင် အဖွဲ့အစည်းများနှင့် မည်ကဲ့သို့ ခွင့်ပြုထားသည် ဆိုသည်များကို တိတိကျကျ သိရှိရန် လိုအပ်မည်ဖြစ်ပြီး၊ ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် ယင်းကိစ္စရပ်များအပေါ် ကြိုတင်သိရှိမှု ရှိမရှိ EMG မှ ထပ်မံမေးမြန်း သွားမည် ဖြစ်ပါသည်။ ယခုတင်သွင်းခဲ့သော စက်ယန္တရားများမှာ တရုတ်နိုင်ငံဘက်မှ ငှားရမ်းထားခြင်း ဟုတ်မဟုတ်နှင့် တင်သွင်းထားသည် ဆိုပါကလည်း ယခုကဲ့သို့ ကျောက်စိမ်းရှာဖွေ တူးဖော်သည့်ရာသီ ကုန်ဆုံးချိန်တွင် ပြန်လည်ထွက်ခွာခြင်း ရှိမရှိကို စောင့်ကြည့်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ တရားဝင် တင်သွင်းသည် ဆိုပါက မည်သည့်ကာလတွင် မည်သည့် တန်ကြေးများဖြင့် တရားဝင်အခွန် ပေးဆောင်ထားခြင်း ရှိမရှိ အပါအ၀င် ကားတင်သွင်းမှုနှင့် ပတ်သက်၍ သက်ဆိုင်သူများမှ တာဝန်ခံသင့်ကြောင်း၊ ဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့် ကိစ္စရပ်များ ရှိမရှိကိုလည်း နောင်အစိုးရ လက်ထက်အထိ လိုအပ်ပါက ဆက်လက်စစ်ဆေးသင့်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

(ဓာတ်ပုံ - အောင်ဟိန်းမင်း)
Eleven Media Group

အမေစုကို သူစီးနေတဲ့ ကားလဲ ပါ။ လဲပါ။ ခဏခဏပြောတယ်။
အမေ့ကားက Mark II နောက်ပြီး ဟောင်းနေပြီ ကားကလဲ အနိမ့်ကားဆိုတော့ လုံခြုံရေး ရှုထောင့်ကကြည့်ရင် မသင့်တော်ဘူး။ ဒီအကြောင်း ဧရာဝတီ စာပေဟောပြောပွဲသွားတုန်းက ကျွန်တော်ရယ်၊ အန်ကယ် ဦးဝင်းထိန်ရယ်၊ ဗြိတိသျှသံအမတ်ကြီး ပက်ထရစ် ရယ် ပြောဖြစ်ကြ သေးတယ်။ သံအမတ်ကြီး အဲ့ဒီ့နေက မန္တလေး လေဆိပ် ကိုယူလာတာက Roll Royee အနက်ကြီး အရှည်ကြီးပဲ။ ကားတွေ စီ လိုက်တော့ သံအမတ်ကြီး ကားက နံပါတ် (၅) ကျွန်တော် က သူ့ ကားနဲ့ လိုက်ကမယ်ပေါ့။ နောက်တော့ သူ့ကားမသုံးဖြစ်ပါဘူး ကျွန်တော်လဲ လမ်းကြောင်း အလုပ်တွေနဲ့ ဆိုတော့ တွေ့တဲ့ကားတက်လိုက်တယ်။

ထားပါတော့ဗျာ မန္တလေး ဧရာဝတီ စာပေဟောပြောပွဲ အပြန်မှာ ကျွန်တော် က အမေမထွက်လာခင်တည်းက ကားတစ်စီးပေါ် နေရာယူပြီး အပြင်အခြေအနေ ကြည့်တာပေါ့နော်။ လုံခြုံရေးအရ ပဲ ဖြစ်ဖြစ် လူအုပ်ထဲ ဘာမသင်္ကာစရာရှိလဲ ပေါ့ ။ နောက် မန္တလေး လူထု ထဲ က လူတွေ နဲ့ ဟိုလို ဒီလိုလို နဲ့ စကားပြောရင်း မန္တလေး အခြေအနေကို လေ့လာတာပေါ့။ အမေ ထွက်လာတော့ ဝုန်းဝုန်းနဲ့ သံအမတ်ကြီးက ပြေးတာလာတာ ကျွန်တော့ ကားပေါ် သူ့ကားသူမစီးဘူး။ ကျွန်တော်တို့ လမ်းကြောင်းမောင်းနေတဲ့ ကားဆရာများကလဲ သိတော်မူတဲ့ အတိုင်း အထူးကျွမ်းကျင်တွေ ဆိုတော့ တအားမောင်းပေါ့ ။ မမောင်းလို့လဲ မရဘူး ကားက ရပ်သွားရင် လူထု က ကားကို ပိတ်မိမယ် အဲ့လိုဆို လမ်းကြောင်း ရပ်သွားရင် အမေ့ အန္တရာယ်လဲ စိုးရိမ်ရတယ်လေ။

သံအမတ်ကြီးရဲ့ အခြေအနေကြည့်ရတာ ကြောက်သွားပုံရတယ်။ ပထမ ဆုံး မေးတဲ့ မေးခွန်းက ကားဆရာတွေက Well Train တွေလားတဲ့။ အန်ကယ် ဦးဝင်းထိန်က ပြန်ဖြေတယ် NO ... တဲ့ သံအမတ်ကြီး လန့်သွားတယ်။ နောက်တော့မှ အန်ကယ်က But they have alot of experience တဲ့ အဲ့တော့မှ သက်ပျင်းချပြီး ဒေါ်စု ဒီလိုကားမျိုး မစီးသင့်ဘူး တဲ့။ ကျွန်တော် က ကိုယ့်ခေါင်းဆောင်ဆိုတော့ ခပ်တည်တည်နဲ့ ဟုတ်တယ် လန်ခရုဇာ လောက်တော့ စီးသင့်တယ်လို့ ဖြေလိုက်တယ်။ သူ က နိုး ... နိုး .... သူ့ကားလို Roll Royee ဆိုလား လိုးရိုက်စ် ဆိုလားမသိပါဘူး အဲ့ကားစီး သင့်တယ်လို့ ပြန်ဖြေတယ်။

ကျွန်တော် က ... အွန် အဲဒီ့လိုးရိုက်စ် စီးဖို့ မပြောနဲ့ လန်ခရုစာ စီစဉ်ပေးနေတာ တောင် အမေက ဘာပြောတယ်မှတ်လဲ

" ပြည်သူတွေက ဒီလောက် ဆင်းရဲနေတာ

ကျွန်မ အဲ့လို ကားမျိုး စီးရမှာ ရှက်တယ်" ... လို့

အမေစု က ပြောတယ်လို့ သံအမတ်ကြီးကို ပြန်ပြောလိုက်တယ်။

သံအမတ်ကြီးလဲ စကားပိတ်သွားပြီး ရန်ကုန်လေဆိပ် ရောက်တဲ့ ထိ ပါပဲ။ လမ်းမှာတော့ ကျွန်တော့ကို အင်္ဂလန် က ကျောာင်းတွေမှာ ပညာ သင် သင့်ကြောင်း။ ဘယ် နေရာတွေကနေ အင်္ဂလန်ရဲ့ ပညာသင်ဆုတွေ လေ့လာ နိုင်တယ်ဆိုတဲ့အကြောင်း ပြောရင်း စကားလွှဲသွားပါတော့တယ် ....

နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ဒီအဖြစ်အပျက်လေး က နေ သင်ခန်းစာယူမယ်ဆို ယူစရာတွေရှိမယ်လို့ မျှော်လင့်ပါတယ်။

တကယ်တော့ အမေ့ကားလေးဟာ အသစ်မဟုတ်ပါဘူး။ အဟောင်လေးပါ။ ဒါပေမယ့် အမေ့ရဲ့ မေတ္တာနဲ့ သားတွေရဲ့ စေတနာကြောင့် ဘယ် လန်ခရုစာ နဲ့ မှ ယှဉ်လို့ မရအောင် တောက် ပြောင် နေပါတယ် ...

ပင်စင်လစာ သိန်း (၅၀) ဆိုတာ ဘယ်လို အတွေးအခေါ်မျိုးနဲ့ တောင်းတယ်ဆိုတာ ကျွန်တော် စဉ်းစားလို့ မရပါဘူး။

...... ရှက်တတ်နိုင်ကြပါစေ .....

Creditးးး အာကာ
(17.Dec.2015)

လူ ပျို ကြီး ဖေ့ဘွတ်မှ


shwe-hmon-620.jpg
သမဂ္ဂဂျာနယ် သတင်းထောက်ချုပ် မရွှေမှုန် ကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးရှေ့မှာတွေ့ရစဉ်
Photo: Htet Arkar/RFA

သတင်းမီဒီယာသမားတွေအပေါ် ဖိနှိပ်မှု ရပ်တန့်ဖို့နဲ့ ဥပဒေနဲ့အညီ အကာအကွယ်ပေးဖို့အတွက် ဆုတောင်းပွဲ ကျင်းပခဲ့တဲ့ သတင်းထောက်တွေထဲက သမဂ္ဂဂျာနယ် သတင်းထောက်ချုပ် မရွှေမှုန်ကို ပုဒ်မ ၁၉ နဲ့ ကျောက်တံတား မြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ်တစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၁၅ ရက်ကျခံဖို့ အမိန့်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က သတင်းထောက်တွေ ဖမ်းဆီးခံရတာ၊ တရားစွဲဆိုခံရတာတွေများတဲ့အတွက် ဆုတောင်းပွဲ ဆန္ဒပြပွဲတွေ ကျင်းပတာကို အမိန့်ချတာဖြစ်ပြီး ငွေဒဏ် ပေးဆောင်ခဲ့တယ်လို့ သတင်းထောက်ချုပ် မရွှေမှုန် က ပြောပါတယ်။

"သတင်းသမားတွေဟာ ၂ဝ၁၄ မှာ ဖမ်းဆီးခံရတယ်၊ ပြစ်ဒဏ်အများကြီး ချခံရတယ်၊ လက်ရှိရင်ဆိုင်နေတဲ့ သူတွေလည်းရှိတယ်၊ ဒီအတွက်ကို ငါးလွှတ်တာတွေ၊ ငှက်လွှတ်တာတွေ၊ ဘုရားမှာဆုတောင်းတာတွေ၊ အလှူငွေလှူဒါန်းတာတွေ ဒါမျိုးတွေရှိခဲ့တယ်၊ အခုဟာကလည်း ဝတ်ပြုဆုတောင်းဖို့အတွက်ကို အာဏာပိုင်ကို ခွင့်ပြုဖို့တောင်းစရာမလိုဘူးလို့ ယူဆတဲ့အတွက် ကျမတို့က ဝတ်ပြုဆုတောင်းခဲ့တယ်၊ ဒီဝတ်ပြုဆုတောင်းခဲ့တဲ့ အတွက် ကျမတို့ကို အရေးယူတယ်၊ လူတွေကတော့ အများကြီးပဲ၊ အယောက် ၅ဝ ကျော်လောက်ပါတယ်၊ ဒါပေမဲ့ ကျမတစ်ယောက်တည်းကို တရားစွဲဆိုခဲ့တယ်၊ အခုပုဒ်မ ၁၉ နဲ့ တစ်နှစ်ကျော်ရင်ဆိုင်ပြီးတော့မှ ဒီနေ့အပြစ်ဒဏ် အမိန့်ချတာ ထောင်ဒဏ် ၁၅ ရက်ကျရင်ကျ မကျရင် ဒဏ်ငွေတစ်သောင်း ဆောင်ပါဆိုပြီး ကျောက်တံတားမြို့နယ် တရားရုံးက အမိန့်ချခဲ့တယ်"

RFA

မရွေမှုန်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂ရက်နေ့က ကျရောက်တဲ့ နိုင်ငံတကာ သတင်းသမားတွေအပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေ အဆုံးသတ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းမီဒီယာသမားတွေကို အရေးယူဖမ်းဆီးနေ တာတွေ ရပ်တန့်ရေးအတွက် မရွှေမှုန်အပါအဝင် သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူ ၁ဝဝ လောက်ဟာ ဆူးလေဘုရားမှာ ဆုတောင်းပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဆူးလေဘုရားမှာ ဆုတောင်းပွဲ ကျင်းပဖို့ ခွင့်မပြုထားဘဲ ဆုတောင်းခဲ့တာကြောင့် ပုဒ်မ ၁၉ နဲ့ အရေးယူခံရ တာဖြစ်ပါတယ်။

သတင်းမီဒီယာသမားတွေ ဖမ်းစီးထောင်ချခံရတာနဲ့ ပတ်သက်ပြီး ဘုရားပေါ်မှာ ဝတ်ပြုဆုတောင်းခဲ့တာကြောင့် တစ်နှစ်ကျော်ကြာ အမှုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

မရွှေမှုန်အတွက် ဒဏ်ငွေ ကျပ်တစ်သောင်းကို အမှုရုံးချိန်းကို လာရောက်ကြတဲ့ သတင်းမီဒီယာသမားတွေက စုပေါင်းပြီး မရွှေမှုန်ကိုယ်စား ဒဏ်ငွေပေးဆောင်လိုက်ပါတယ်။

 hakha-land-slide-620 ဟားခါးမြို့မြေပြိုမှုကြောင့် ပျက်စီးနေတဲ့အိမ်များကို တွေ့ရစဉ်
ဓါတ်ပုံ - ကျော်ထွန်းနိုင်/RFA

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မြေပြိုကျမှုကြောင့် နေအိမ်ပျက်စီးသွားသူတွေနဲ့ ဆက်လက်နေထိုင်ဖို့ မသင့်တော်တဲ့ နေအိမ်တွေက အိမ်ထောင်စုတွေကို လာမယ့် သီတင်းပတ်အတွင်း နမ်ဟောင်ကမ်းတောင်ကြောမှာ နေရာချထားပေးမယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။

နမ်ဟောင်ကမ်းတောင်ကြောမှာ အိမ်ခြေ ၇၀၀ ကျော် ဆောက်လုပ်ပေးမှာဖြစ်ပြီး ပြီးစီးသွားပြီဖြစ်တဲ့ နေအိမ်အလုံး ၃၃ လုံးကို အရင် ရွှေ့ပြောင်းပေးမှာဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်စိုးက ပြောပါတယ်။

"လက်ရှိမြို့ကွက်က ဖော်တုန်းဆိုတော့ အကွက် ၃ဝဝ ကျော်လောက် ဖော်ပြီးပြီပေါ့လေ၊ လက်ရှိကတော့ အိမ် ၃၃ လုံးပြီးသွားတယ်၊ သူတို့ကို ကျနော်တို့ ရှေ့တစ်ပတ်မှာ ရွှေ့ပေးလိုက်မယ်"

အဲဒီတောင်ကြောမှာ ဟားခါးမြို့ ကွက်သစ်ဆိုတဲ့ နာမည်နဲ့ မြို့တည်ပြီး နေအိမ်တွေ ဆောက်လုပ်နေပါတယ်။ ရေနဲ့ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးမှာဖြစ်ပြီး လောလောဆယ် ပြောင်းရွေ့ရမယ့် အိမ်တောင်စုတွေအတွက် မီးစက်နဲ့ လျှပ်စစ်မီး ဖြန့်ဖြူးပေးသွားမယ်လို့ သိရပါတယ်။

အဲဒီ့မြို့သစ်မှာ အစိုးရက တာဝန်ယူတည်ဆောက်ပေးထားတဲ့ နေအိမ် ၄၀၀ ကျော်၊ အစိုးရရဲ့ ထောက်ပံ့ကြေးနဲ့ ဒေသခံတွေ ကိုယ်တိုင်ဆောက်လုပ်ရမယ့် အိမ်ခြေ ၃၀၀ ကျော် ရှိမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မိုးကြီးပြီး မြေပြိုကျခဲ့တာတွေကြောင့် ဟားခါးမြို့မှာ နေအိမ် ၃၀၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး နေထိုင်ဖို့ မသင့်တော်တဲ့ လူနေအိမ် ၄၀၀ ကျော် ရှိပါတယ်။

RFA


တရုတ်-မြန်မာ နယ်စပ်မှတဆင့် အိုင်အက်စ် အကြမ်းဖက်သမား ၁၁ ယောက် မြန်မာပြည်ထဲဝင်လာနိုင်သည် ဆိုသော သတင်းများကြောင့် ရန်ကုန်မြို့အတွင်း လုံခြုံရေးတင်းကြပ်စွာချထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်အောင်ထွန်းက News Watch ဂျာနယ်သို့ ပြောသည်။

''အဲဒီ သတင်းနဲ့ပတ်သတ်ပြီး ရထားဘူတာ၊ သင်္ဘောဆိပ်၊ ကားဂိတ်၊ လေဆိပ်စတဲ့ ရန်ကုန်မြို့ထဲ ၀င်လာတဲ့ လမ်းကြောင်းအကုန်လုံးကို လုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားဆောင်ရွက်နေပါတယ်။ တရုတ်ပြည်က ပြေးစရာကလည်း အများကြီးပဲလေ၊ သို့သော်လည်း သတင်းဆိုတာ အင်တာနက် အွန်လိုင်းကရတာပဲ ဖြစ်ဖြစ်၊ ဆက်သွယ်ရေးစနစ်ကရတာပဲ ဖြစ်ဖြစ်၊ တယ်လီဖုန်းကရတာပဲ ဖြစ်ဖြစ်၊ အထက်ဌာနက ချပြတာပဲ ဖြစ်ဖြစ်၊ အောက်က ဥပမာ ကျွန်တော်တို့ရပ်ကွက်တွေထဲက သတင်းပေးတာပဲ ဖြစ်ဖြစ် သတင်းမှန်သမျှ မှားသည် ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ လုံခြုံရေးနဲ့ပတ်သတ်ပြီးတော့ အမြဲတမ်းသတိထားပြီး စောင့်ကြည့်နေပါတယ်။ လုံခြုံရေးဆိုတာ ပိုတယ်မရှိပါဘူး'' ဟု ၀န်ကြီးက ဆိုသည်။

တရုတ်-မြန်မာနယ်စပ်တလျှောက်တွင် နှစ်နိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေသည့်အပြင် ရန်ကုန်မြို့အတွင်းသို့ အကြမ်းဖက်သမားများ ၀င်ရောက်နိုင်သည့် ၀င်ပေါက်များ အားလုံးတွင် လုံခြုံရေးအား တင်းတင်းကြပ်ကြပ်ချထားကြောင်း ၀န်ကြီးက ဆိုသည်။

''လုံခြုံရေးကို ၂၄ နာရီပါပဲ၊ လှည့်ကင်း၊ ပတ်ကင်း အကုန်လုံးနဂိုအတိုင်းပဲ ဆောင်ရွက်နေပါတယ်။ ဒီအကြမ်းဖက် သတင်းနဲ့ပတ်သက်ပြီး ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သတင်းဆိုတာ မှန်တာမှားတာ ဘာမှ အတည်ပြုပေးလို့လဲမရဘူး။ ကျွန်တော်တို့ကိုလည်း ညွှန်ကြားထားတာလည်း မရှိဘူး။ သို့သော်လည်း လုံခြုံရေးနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းကတော့ တည်းခိုခန်း တွေ နောက်ပြီးတော့ ရပ်ကွက်ထဲမှာ လာတည်းတဲ့ သူစိမ်းတွေ ဒါတွေအကုန်လုံးနဲ့ ပတ်သက်ပြီးတော့ ထူးခြား မှုရှိရင် မသင်္ကာတာရှိရင် အချိန်မရွေး ကျွန်တော်တို့ကို ဆက်သွယ်သတင်းပို့ဖို့အားလုံးကို မှာထားပါတယ်''ဟု နယ်/လုံဝန်ကြီး ဦးတင်အောင်ထွန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးအား ရွေးကောက်ပွဲအလွန်ကာလ လုံခြုံရေး စီမံချက်အတိုင်း တင်းတင်းကြပ်ကြပ်ဆောင်ရွက်လျက်ရှိကြောင်း နယ်/လုံ ၀န်ကြီးက ဆိုသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

တယ်လီနောမြန်မာမှ ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်း အသုံးပြုသူများ အတွက် တမိနစ်လျှင် တကျပ်နှုန်းဖြင့် `စူပါဇီးကွက်`ပရိုမိုးရှင်းကို စတင်လိုက်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်တွင် ဖုန်းခေါ်ဆိုမှု၊ ဒေတာ အသုံးပြုမှုအတွက် တမိနစ် (သို့) 1 MB လျှင် တကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စူပါဇီးကွက် ပရိုမိုးရှင်းကို ရယူနိုင်ရန်အတွက် 500 သို့ T2500 ဟု ပေးပို့လျှင် ရက် ၃၀ စာအဖြစ်လည်းကောင်း၊ 500 သို့ T800 ဟု စာတိုပေးပို့ ခြင်းဖြင့် တပတ်စာအဖြစ်လည်းကောင်း ရယူနိုင်ကြောင်း သိရသည်။

ထို့အပြင် *802# (သို့) *803# ဖြင့်လည်း စူပါဇီးကွက် ပရိုမိုးရှင်းကို ရယူနိုင်သည်ဟု သိရသည်။

စူပါဇီးကွက် ပရိုမိုးရှင်းသည် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။

မင်းဗညား

လှည်းကူးမြို့နယ် စခမ်းကြီးကျေးရွာအုပ်စုတွင် အမှတ် (၉၇၈) ကွင်းအမှတ် (၉၈၉) ဘန့်ဘွေးကုန်းအတွင်းရှိ လယ်/ ဆည်ဝန်ကြီးဌာနပိုင်မြေပေါ်တွင် ၀င် ရောက်ကျူးကျော်နေထိုင်သူများကို ဒီဇင် ဘာ ၁၆ ရက်က သက်ဆိုင်ရာ အာဏာပိုင်များက ရှင်းလင်းဖယ်ရှားကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်နေပြည်တော် အမြန်လမ်းမကြီး ညာဘက်ခြမ်းမှတ်တိုင်အမှတ် (၃) မိုင်နှင့် ငါးဖာလုံအတွင်း ၀င်ရောက်ကျူး ကျော်နေထိုင်ကြသော အိမ်ခြေ ၄၀၀၀ ကျော် ဖယ်ရှားပေးရေး ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု နိုဝင်ဘာ ၂၄ ရက် က သက်ဆိုင်ရာမှ အသိပေးထားကြောင်း သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ မြေလွတ် မြေရိုင်းဖော်ဆောင်သူ ဦးပြုံးချိုက ''မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် စခမ်း ကြီးကျေးရွာအုပ်စု ဘန့်ဘွေးကုန်းကွင်း အတွင်းရှိ မြေလွတ်မြေရိုင်းလုပ်ကိုင်ခွင့်ရရှိရန် အိုးမဲ့အိမ်မဲ့နေရာ ချရေးအနေနဲ့ လျှောက်ထားတယ်။

နိုင်ငံတော်သမ္မတကိုလည်း အသနားခံစာတင်ထားတယ်။ ဒီဇင် ဘာ ၅ ရက်မှာ နေထိုင်သူ အိုးမဲ့အိမ်မဲ့ ပြည်သူ ၁၀၀ ကျော် လက်မှတ်ထိုး အသနားခံစာတင်ထားပါတယ်။ ဒီမှာ တကယ်မရှိလို့ လာနေတဲ့သူတွေများပါတယ်။

ကျွန်တော်တို့နေရာကို ဒီဇင်ဘာ ၁၆ ရက် ညနေ ၅ နာရီလောက်ကစပြီး အင်အားသုံးပြီး စတင်ဖျက်ဆီးတယ်။ ည ၈ နာရီလောက်မှာ ခြံစည်းရိုးတွေ၊ တဲတွေကို အကုန်ဖျက်ဆီးသွားတယ်''ဟု ပြော သည်။

အဆိုပါ မြေကွက်များကို တကွက် လျှင် ကျပ်သုံးသောင်း၊ ငါးသောင်းကောက်ခံပြီး မြေနေရာချထားရေးကော်မတီဆိုသူများက ပေ ၄၀ ထ ၆၀ အကွက် များရိုက်ပြီး ပေးခဲ့ကြကြောင်း၊ တဆင့်ဝယ် ယူသူများက ယနေ့ပေါက်ဈေးသိန်း၂၀၊သိန်း၃၀အထိ ဈေးမြှင့်ရောင်းချနေကြောင်း ဒေသခံတဦးက ပြောသည်။

သဒ္ဓါထက်အိုင်(လှည်းတန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


NCA ငြိမ်းချမ်းရေး လက်မှတ်ထိုးနေတဲ့ RCSS ခေါင်းဆောင်။
NCA ငြိမ်းချမ်းရေး လက်မှတ်ထိုးနေတဲ့ RCSS ခေါင်းဆောင်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသဘက်မှာ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းပလောင်တပ်ဖွဲ့ TNLA အဖွဲ့တို့ ရက်သတ္တပါတ်ခန့် တိုက်ပွဲငြိမ်သက်နေရာကနေ မနေ့က ကျောက်မဲမြို့နယ် အတွင်းမှာ တဖန်ပြန်လည် တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။ နှစ်ဖက်တပ်ဖွဲ့တွေ အကြားဖြစ်ပွါးနေတဲ့ တိုက်ပွဲ အရှိန် လျော့ချဖို့ အတွက် UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တွေကနေကြိုးပမ်းနေချိန်မှာဘဲ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွါးလာနေတာပါ။ ဒီအခြေအနေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်း အခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ညောင်ပန်လှကျေးရွာအနီးမှာ မနေ့က နံနက်ပိုင်းမှာ တောင်ပိုင်း ရှမ်းပြည်တပ်မတော်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်ပလောင်တပ်ဖွဲ့ရဲ့ပြန်ကြားရေးအရာရှိ ဗိုလ်ကြီး တာ့အိုက်ကျော်က အခုလိုပြောပါတယ်။
" ဒီဇင်ဘာ၁၇ ကျောက်မဲမြို့နယ် ညောင်ပန်လှကျေးရွာ အနီးမှာ ပြန်ဖြစ်တာ ခင်ဗျ။ ကျောက်မဲမြို့နယ်က RCSS အဖွဲ့က တိုက်ပွဲပြင်းလာတဲ့ နောက်ပိုင်းမှာ ဝင်ရောက်လာတာ နောက်ထပ် အင်အား ၂၀၀ကျော်နဲ့ ဒေသမှာ အခြေချထားတယ်။"
TNLA တပ်ဖွဲ့ဝင်များ
TNLA တပ်ဖွဲ့ဝင်များ
နှစ်ဘက် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းကို တောင်ပိုင်းရှမ်းပြည်တပ်မတော်ဘက်က အတည်ပြုခဲ့ သလို ဒီလိုဖြစ်တဲ့တိုက်ပွဲဟာ TNLAဘက်ကနေ စတင်တိုက်ခိုက် လာတယ်လို့ RCSSရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

" တိုက်ပွဲဖြစ်တာ မှန်ပါတယ်ခင်ဗျ။ နှစ်နေရာဖြစ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရာက TNLA က ကျနော်တို့ တပ်တွေကို လာတိုက်တာဖြစ်ပါတယ်။"

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ ကွတ်ခိုင် နမ့်ခမ်းဒေသဟာ တောင်ပိုင်းရှမ်းပြည် တပ်မတော်နဲ့ တအာင်း ပလောင်တပ်ဖွဲ့ တို့အကြား အငြင်းပွါးဖွယ်ရာ နယ်မြေပိုင်ဆိုင်မှုပြဿနာကြောင့် နိုဝင်ဘာ(၂၇)ရက်နေ့ကစပြီး နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်ပွါးလာနေခဲ့ပါတယ်။
တောင်ပိုင်းရှမ်းပြည်တပ်မတော်အနေနဲ့က အဲဒီဒေသတွေမှာ(၂၀၀၇)ကတည်းက အခြေချလာခဲ့တာဖြစ်ပြီး ပြောက်ကျားစနစ်နဲ့ လှုပ်ရှားခဲ့တဲ့ဒေသ လို့ ပြောဆိုမှုတွေ ရှိနေသလို TNLAတအာင်း ပလောင်အနေနဲ့ ကတော့ မြန်မာအစိုးရ နဲ့ RCSSတို့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးNCA သဘောတူစာချုပ် လက်မှတ်ရေး ထိုးပြီးနောက်ပိုင်း မှ ဒီနယ်မြေထဲကို ကျူးကျော် ၀င်ရောက်လာတယ်လို့လဲ အပြန် အလှန်ပြောဆိုနေကြပါတယ်။

နှစ်ဖက်တပ်အကြား ဖြစ်ပွါးတဲ့ စစ်ရေးတင်းမာမှုတွေကြောင့် နမ့်ခမ်းမြို့နယ် ဟိုပန်ကျေးရွာဒေသခံ(၂၆၀)ခန့်ဟာ မိုင်းဝီကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေရသလို တိုက်ပွဲကာလ အတွင်း ဒေသခံကျေးရွာသား(၂၀)ကျော်ဟာဟာ လက်နက်ကိုင် အဖွဲ့တွေကနေ ဖမ်းဆီးခံထားရပါတယ်။
ဒီလိုနှစ်ဖက်တပ်ဖွဲ့တွေ အကြားဖြစ်ပွါးနေတဲ့ တိုက်ပွဲအရှိန်လျော့ချဖို့အတွက် UNFCခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်တဲ့ အဖွဲ့တို့ဟာ ဒီဇင်ဘာ(၁၅)ရက်နေ့ ထိုင်းနိုင်ငံ အတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးမှုမှာ တောင်ပိုင်းရှမ်းပြည် တပ်မတော်ဥက္ကဋ္ဌ အနေနဲ့ နှစ်ဘက် တိုက်ပွဲလျော့ချနိုင်မယ့် နည်းလမ်းကို ဆွေးနွေး ပြောဆိုခဲ့ကြောင်း RCSSရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။
" ဆွေးနွေးသွားတဲ့ အကြောင်းအရာတွေကလည်း TNLA နဲ့ တိုက်ပွဲဖြစ်တာတွေ လည်း ပါပါတယ်။ ကျနော်တို့ဥက္ကဋ္ဌကြီး ညွှန်းဆိုတာက သူတို့ကို တိုက်ဖို့ ကျနော်တို့ အစီအစဉ်မရှိဘူး။ တိုက်ဖို့ခိုက်ဖို့လည်း ကျနော်တို့ သွားတာမဟုတ်ပါဘူး။ ကိုယ့်နေရာကိုယ် ပြန်တာပဲဖြစ်ပါတယ်။ သူတို့က မတိုက်ဘူးဆိုရင် တိုက်ပွဲ မဖြစ်ပါဘူး။ ဒါကြောင့်မို့ သူတို့ မတိုက်အောင် ပြောပေးပါတဲ့။ တိုက်ပွဲ မဖြစ်အောင် ရှေ့တန်းတပ်မှူးတွေ အချင်းချင်း ညှိပြီးတော့  နေနိုင်ကြတဲ့ နည်းလမ်းကို ရှာကြရင် မကောင်းဘူးလား အဲ့လိုပဲ အကြံပြုထားပါတယ်။"

UNFCအနေနဲ့ လဲ တိုက်ပွဲ အရှိန်လျော့ချနိုင်ဖို့ တအာင်း ပလောင်တပ်ဖွဲ့ နဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ UNFCခေါင်းဆောင်တွေကပြောပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေး မှု ပူးတွဲကော်မတီ UPDJC ကနေ လာမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမှာ ကိုင်စွဲ ရမယ့် နိုင်ငံရေးမူဘောင်ကို အတည်ပြုပြီး ဒီဇင်ဘာ (၁၆)ရက်နေ့ မှာ သမ္မတ ဦးသိန်းစိန်ကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ဒီလိုမူဘောင်ရေးဆွဲတဲ့နေရာမှာ တိုင်းရင်းသားအဖွဲ့ အားလုံးစုံ မပါဝင်သေး သလို နောင်လာမယ့် အစိုးရသစ် လက်ထက် မှာဆွေးနွေးသင့်တယ်လို့ တအာင်ပလောင် တပ်ဖွဲ့ရဲ့ပြန်ကြားရေး အရာရှိဗိုလ်ကြီး တာ့အိုက်ကျော် ကပြောပါတယ်။

လက်ရှိဆုံးဖြတ် ထားတဲ့ နိုင်ငံရေး မူဘောင်တွေကိုတော့နောင်အစိုးရ အနေနဲ့ ပြုလွယ်ပြင်လွယ် ရှိအောင် နဲ့ NCA ခေါ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို ကျန်တဲ့လက်နက်ကိုင်အဖွဲ့တွေ လက်မှတ်ရေးထိုး လာရင် ပါဝင် လာနိုင်အောင်လည်း ခြွင်းချက်ထား သဘောတူခဲ့တယ်လို့ လဲ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ဗွီအိုအေကိုပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အခုလိုအတည်ပြုထားတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကြောင့် စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မလာနိုင်ပဲ ယခင်အစိုးရလက်ထက်ကကျင်းပခဲ့တဲ့ အမျိုးသားညီလာခံလို ညီလာခံမျိုးသာ ဖြစ်လာနိုင်ကြောင်း ရှမ်း နိုင်ငံရေးပါတီခေါင်းဆောင်တွေကနေ ဝေဖန်ပြောဆိုမှုတွေလဲရှိနေပါတယ်။

နိုင်ကွန်းအိမ်/VOA
http://burmese.voanews.com/content/rcss-ssa-s-fighting-with-tnla-in-shan-state-myanmar/3108733.html

 မြန်မာအလုပ်သမားရေး ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့ ဆန္ဒပြ။ (ဒီဇင်ဘာ ၁၈၊ ၂၀၁၅)
မြန်မာအလုပ်သမားရေး ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့ ဆန္ဒပြ။ (ဒီဇင်ဘာ ၁၈၊ ၂၀၁၅)

ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့ မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက ဆန္ဒပြခဲ့ကြတာပါ။ ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်လုပ်ခွင့်ဗီဇာ သက်တမ်း ထပ်မံတိုးပေးရေး ကိစ္စနဲ့ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) နဲ့ လာတဲ့ အလုပ်သမားတွေ အရေး မြန်မာသံရုံးဘက်က လျစ်လျူရှု့ထားတယ် လို့ အလုပ်သမားတွေဘက်က ယူဆတဲ့ အတွက် ရင်ဆိုင်နေရတာတွေ ကို ဖြေရှင်းပေးဖို့အတွက် အခုလို မြန်မာသံရုံးရှေ့မှာ အလုပ်သမားတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ပြဿနာတွေ ကို ပြေလည်အောင် ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့မှာ သိန်းနဲ့ချီရှိတဲ့ ဗီဇာသက်တမ်း ကုန်ဆုံးတော့မယ့် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စတွေကို နှစ်နိုင်ငံအစိုးရတွေက လျစ်လျုရူ့ ထားတယ်ဆိုပြီး ဘန်ကောက်မြို့မှာ ရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။
အလုပ်လုပ်ခွင့် ဗီဇာ ၄နှစ်ပြည့်ပြီးတဲ့သူ၊ ၆နှစ်ပြည့်ပြီးတဲ့သူတွေ ဟာ သောင်းဂဏန်းနဲ့ ရှိပြီး အလုပ်လုပ်ခွင့် ဗီဇာသက်တမ်း ထပ်မံတိုးလို့မရတဲ့အတွက် တရားမ၀င် အလုပ်သမားဘ၀ကို ကျရောက်နေရတယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတဦးက ဆိုပါတယ်။

" ဒီဟာ သက်တမ်းခြောက်နှစ်ပြည့်သွားပြီ။ ဒါပေမဲ့ အစိုးရအနေနဲ့ တိကျတဲ့အဖြေ Plan ချမပေးနိုင်တဲ့အတွက် အလုပ်သမားတွေက ဘယ်သူ့ကို အားကိုးပြီး ဘယ်လိုနေလို့ နေထိုင်ရမှန်းမသိဘူး။ တချို့ဆို ဗီဇာတွေက သေကုန်ပြီ။ အဲ့ဒီ့အခါကျတော့ တရားဝင် အလုပ်သမားဘဝကနေ တရားမဝင် အလုပ်သမားဘဝကို ရောက်ကုန်တယ်။ လက်ရှိမှာက သောင်းဂဏန်းရှိသွားပြီ အမ။ သောင်းဂဏန်းဆိုတာ တစ်သောင်း၊ နှစ်သောင်းမဟုတ်ဘူး။ လေး ငါးခြောက်သောင်း ရှိသွားပြီ။ အဲ့ဒီ့ကိစ္စကို ဖြေရှင်းပေးဖို့ရယ် တိကျတဲ့ အဖြေတခုကို ကြေညာမိန့်ထုတ်ပေးဖို့ရယ် MOU နဲ့ အလုပ်သမားတွေ တင်သွင်းလာတာတွေရှိတယ်။ အလုပ်သမားတွေက ဒီပေါ်လည်း ရောက်ရော အလုပ်တွေ မပေးနိုင်လို့ ပြဿနာတွေ ဖြစ်ကြတယ်။ အဲ့ဒီ့ပြဿနာတွေကို မြန်မာ အလုပ်သမားဝန်ကြီးဌာနကနေ ပြီးတော့ မဖြေရှင်းပေးနိုင်ဘူး။ ဘာမှ သူတို့ဘက်က တုန့်ပြန်လာတာမရှိတဲ့အတွက် ဒီလိုဆန္ဒပြ တောင်းဆိုရတာခင်ဗျ။"
၆နှစ် သက်တမ်း ကုန်ဆုံးသွားလို့ တရားမ၀င် အလုပ်သမားဘ၀ ကိုရောက်ရှိခဲ့ရပုံ ကိုလည်း ဆန္ဒပြခဲ့တဲ့ မြန်မာအလုပ်သမားတဦး ကပြောပြပါတယ်။

"ကျနော်တို့ ဒီမှာ ခြောက်နှစ်ကုန်တဲ့သူတွေပေါ့နော်။ နှစ်ကြာသမားတွေ အတွက်ပေါ့။ ကျနော်တို့မှာ ဘာအစီအစဉ်မှ အတိအကျ မသိရဘူး။ ဥပမာဆိုတော့ဗျာ ကျနော်တို့ အခု လုပ်တဲ့ဟာတွေ တင်ထားတဲ့ဟာတွေက ပတ်စပို့ကို ပြန်ချိန်းယူရမယ်။ သံရုံးမှာ လာတင်ထားတယ်။ ဘယ်တော့ကျမယ်ဆိုတာလည်း မသိရဘူး။ ကျပြီးသား စာအုပ်တွေကလည်း ဗီဇာကို ဘယ်လိုပြန်လုပ်ပေးမယ်ဆိုတာလည်း မသိရဘူး။ သက်တမ်းသေ သွားတဲ့အခါကျတော့ ကျနော်တို့ လုပ်ငန်းအသစ်တွေ ရှာဖွေတဲ့အခါမှာ ခက်ခဲသွားမယ်။ နောက် သွားရေး လာရေး နေထိုင်ရေး လုံခြုံရေး ဘာမှ မရှိတော့ဘူး။"

ဒီလို သက်တမ်းတိုးမပေးတော့တဲ့ အတွက် နောက်ထပ် သိန်းနဲ့ချီရှိတဲ့ မြန်မာ အလုပ်သမားတွေဟာ တရားမ၀င်နေထိုင်သူတွေ အဖြစ်ကို ရောက်ရှိတော့ မှာဖြစ်ကြောင်း ထိုင်းအခြေစိုက်ရွှေ့ပြောင်း အလုပ်သမားများ အခွင့်ရေး ကွန်ယက်ကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ယာယီနိုင်ငံကူးလက်မှတ် ဗီဇာပြုလုပ်ခဲ့ကြတဲ့ မြန်မာရွှေ့ပြောင်း လုပ်သမား ၁ဒသမ ရသန်း ကျော်ရှိနေပြီး အဲဒီ့လူတွေဟာ အစိုးရ သတ်မှတ် ထားတဲ့ဈေးနှုန်း နဲ့ လုပ်ဆောင်ရတာ မဟုတ်ပဲ နှစ်ဖက် အစိုးရ၀န်ထမ်းတွေ နဲ့ ချိတ်ဆက် ထားတဲ့ ပွဲစားကုမ္ပဏီတွေနဲ့ လုပ်ဆောင်ရတဲ့အတွက် တဦးကို ကုန်ကျ စားရိတ် ဘတ်ငွေ ၅ထောင်ကျော်ကနေ ၉ထောင်လောက်ထိ ကုန်ကျနေတယ် လို့လည်း ရွှေ့ပြောင်းအလုပ်သမာေးရး လုပ်ဆောင်နေသူတွေက ဆိုပါတယ် ။

ဒါအပြင်၂နိုင်ငံသဘောတူစာချုပ် MOUနဲ့ လာတဲ့သူတွေဟာလည်း ပွဲစား ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး လာရသလို ငွေကြေးအကုန်ကျတွေခံပြီးမှ အလုပ်မရတာ စာချုပ်ပါ အတိုင်း ဆောင်ရွက်ပေးခြင်း မရှိတာ အလုပ် အဆင်မပြေ တာတွေကြောင့် နေရပ်ရင်းကို အတင်းအကြပ်ပြန်ပို့ ခံရမူတွေကိုလည်း ကြုံနေရတယ် လို့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

မအေးအေးမာ/VOA
http://burmese.voanews.com/content/burmese-migrants-in-thailand-protest-infront-of-burmese-embassy-bkk/3108650.html

ရန်ကုန်ရှု့ခင်း။
ရန်ကုန်ရှု့ခင်း။

၂၀၁၅ ခုနှစ်အတွက် ထူးခြားထင်ရှားနိုင်ငံအဖြစ် မြန်မာနိုင်ငံကို The Economist မဂ္ဂဇင်းက ရွေးချယ်လိုက်ပါတယ်။ ကမ္ဘာ့ ထိပ်တန်းသတင်းတွေထဲမှာ မကြာခန ပါလေ့ရှိတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေထဲကမှ မြန်မာနိုင်ငံကို ရွေးချယ်တာပါ။ ကမ္ဘာကြီး ကို ပိုမိုကောင်းမွန်တဲ့ နေရာတခုဖြစ်စေခဲ့တဲ့ နိုင်ငံတနိုင်ငံကို အသိအမှတ်ပြုချင်ပါတယ်လို့ The Economist မဂ္ဂဇင်းမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့စွဲနဲ့ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ငါးနှစ်ကဆိုရင် မြန်မာနိုင်ငံဟာ အာဏာရှင် အုပ်ချုပ်တဲ့ နိုင်ငံ တခုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေကိုတောင်မှ စာနယ်ဇင်းတွေထဲ မှာ ဖော်ပြခွင့် မရှိခဲ့ပါဘူးလို့ The Economist က ရေးပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ မှာတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပါတီဟာ ရွေးကောက်ပွဲတွေမှာ ၇၀ ရာခိုင်နှုန်း ကျော် အနိုင်ရခဲ့တာကို ဖော်ပြထားပါတယ်။ အထူးအခွင့်အရေးကြီးတွေ ရထား တဲ့ စစ်တပ်ကလည်း အာဏာကို ခွဲဝေပေးဖို့ အဆင်သင့်ရှိနေပုံရတယ်လို့ The Economist က ဆိုပါတယ်။

ဆိုးရွားတဲ့ အခြေအနေမျိုး ရောက်သွားနိုင်ဆဲရှိပြီး ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေကို ဆိုးဆိုးရွားရွား ပြုမူဆက်ဆံတာတွေကတော့ ရှိနေတုန်းပဲလို့ ထောက်ပြထားပါတယ်။

ဒါပေမဲ့လည်း ဒီမိုကရေစီနဲ့ အလားတူပုံစံတခုဆီ အသွင်ကူးပြောင်းသွားတာကတော့ ဘယ်သူမဆို တွေးထင်နိုင်တာထက် ပိုမြန်နေတာကြောင့် မြန်မာနိုင်ငံဟာ ဒီ အသိအမှတ်ပြုမှုကို ရသွားပါတယ်လို့ The Economist မဂ္ဂဇင်းက ရေးထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/the-economist-choose-burma-for-country-of-the-year/3108600.html



ကချင်ပြည်နယ် ကန်ပိုက်တီး နယ်စပ်ဒေသမှ ၀င်ရောက်နေသည့် ယာဉ်နှင့် ယန္တရားများသည် တရားဝင် တင်သွင်းခွင့် ပြုထားသည့် ယာဉ်ယန္တရားများ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း က နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် ပြောကြားလိုက်ပြီး ၊ ယာဉ်၊ ယန္တရားများ တင်သွင်းခွင့်ကို ခေတ္တဆိုင်းငံ့ထားရှိမည် ဖြစ်ကြောင်း သိရသည်။

ယာဉ်၊ ယန္တရားအစီးရေ ၈၈၀ ကို တရားဝင် တင်သွင်းခွင့် ပြုထားခြင်းဖြစ်ပြီး၊ တင်သွင်းခွင့်နှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက တင်သွင်းခွင့် လိုင်စင်ထုတ်ပေးလျက်ရှိရာ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်သွင်းခွင့် တင်ပြလာမှုများကိုလည်း စိစစ်၍ခွင့်ပြုပေးလျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်သွင်းခွင့်ရသည့် ယာဉ်၊ ယန္တရားများကို အကောက်ခွန် ဦးစီးဌာနမှ တင်သွင်းခွင့်လိုင်စင်နှင့် တိုက်ဆိုင် စစ်ဆေး၍ မှန်ကန်မှုရှိပါက လုပ်ထုံး လုပ်နည်းနှင့် အညီ အခွန်ကောက်ခံလျက်ရှိသည်ဟု လည်းဦးတင်ရဲဝင်းကပြောဆိုထားသည်။

ယာဉ်၊ ယန္တရားများ တရားဝင်ခြင်းနှင့် တရားမဝင်ခြင်းကို တင်သွင်း ခွင့်လိုင်စင်နှင့် သွင်းကုန် ကြေညာလွှာအား တိုက်ဆိုင် စစ်ဆေးမှုဖြင့် သိရှိနိုင်ပြီး၊တင်သွင်းခွင့် ၂၁ ရက် ကျော်လွန်ပါက ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ဥပဒေနှင့်အညီ စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိသည်ဟုဦးတင်ရဲဝင်းက ပြောဆိုထားသည်။

ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းမှ တရားဝင် တင်သွင်းခွင့်ပြုခဲ့သော ယာဉ်၊ ယန္တရားများသည် တင်သွင်းခွင့် လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာစာရွက်စာတမ်း အထောက်အထားများ ပြည်စုံစွာပါရှိက ယာဉ်နံပါတ် မရှိသေးသော်လည်း မြစ်ကြီးနားမြို့သို့ မောင်းနှင်ခွင့် ရရှိကြောင်း၊အဆိုပါယာဉ်၊ ယန္တရားများကို တင်သွင်းခွင့်ရရှိပြီး ၂၁ ရက်အတွင်း၌ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်မှသာယာဉ်နံပါတ်များရ ရှိခြင်းဖြစ်၍ ၎င်းနေရာနှင့် အချိန် အတွင်း ယာဉ်နံပါတ် မပါရှိသေးသော ယာဉ်အားလုံးကို တရားမဝင်ဟု သတ်မှတ်၍ မရနိုင်ကြောင်း ညွှန်ကြားရေး မှူး ဦးတင်ရဲဝင်း၏ ပြောကြားချက်အရ သိရသည်။

( The Ladies News )

https://www.facebook.com/News.TheLadies/



ဆူးလေဘုရားပေါ်တွင် သတင်းမီဒီယာသမားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲ ပြုလုပ်ခဲ့သော သမဂ္ဂသတင်းဂျာနယ်မှ သတင်းထောက်ချုပ်မရွှေမှုံအား ယနေ့တွင် ကျောက်တံတား တရားရုံးက ဒဏ်ငွေတစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၁၅ ရက် ကျခံစေရန်အမိန့်ချမှတ်လိုက်သည်။

ယင်းကဲ့သို့ အမိန့်ချမှတ်မှုအပေါ် မရွှေမှုံအနေဖြင့် အပြစ်မရှိသောကြောင့် ဒဏ်ငွေ မဆောင်နိုင်ကြောင်း ပြောကြားခဲ့ပြီး သတင်းမီဒီယာ မောင်နှမများက ဝိုင်းဝန်း၍ ဒဏ်ကြေး ပေးဆောင်ခဲ့ကြကြောင်း သိရသည် ။

"ကျွန်မအနေနဲ့ ဒီအမှုဖြစ်တာ တစ်နှစ်ကျော်ပါပြီ။ ခုမှ အမိန့်ချတယ်။ အပြစ်ရှိ တယ်လို့ မခံယူတဲ့အတွက် ဒဏ်ကြေး မဆောင်ခဲ့ပါဘူး။ ဒါပေမဲ့ သတင်းလာ ယူတဲ့ မီဒီယာ လုပ်ဖော်ကိုင်ဖက်တွေက ဒဏ်ကြေးငွေ ဆောင်ပေးခဲ့ကြပါ တယ်။ လာမယ့်အစိုးရသစ် လက်ထက်မှာလည်း သတင်းသမားတွေ လွတ်လပ်စွာ ရေးသားခွင့် ရမလားဆိုတာကို စောင့်ကြည့်ရပါမယ်" ဟု မရွှေမှုံက ပြောကြားသည်။မရွှေမှုံအား ခွင့်မပြုသည့် နေရာတွင် ဆုတောင်းပွဲ ပြုလုပ်သည်ဟုဆိုကာ ကျောက်တံတား ရဲစခန်းက ပုဒ်မ ၁၉ ဖြင့် ၂၀၁၄ ခုနှစ်အတွင်းက အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အရပ်သားအစိုးရ လက်ထက်တွင် သတင်းမီဒီယာ သမား အများစုမှာ မကြာခဏ တရားစွဲဆိုခံရမှုများ ကြုံတွေ့ခဲ့ရကာ ယူနတီဂျာနယ်၊ မွန်းတည့်နေဂျာနယ်နှင့် ဒီဗီဘီသတင်းဌာနမှ သတင်းသမားများကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး ယူနတီ ဂျာနယ်၏ သတင်းသမားများမှာ လက်ရှိအချိန်ထိထောင်တွင်း၌ ရှိနေသေးကြောင်း သိရှိရသည်။

( The Ladies News )
https://www.facebook.com/News.TheLadies/



အမျိုးသားစီမံကိန်းတွင် တရားမ၀င် သစ်ထုတ်လုပ်မှုများ ကာကွယ်တားဆီးခြင်း စီမံကိန်း ထည့်ထားသော်လည်း အမှန်တကယ် ထိရောက်အောင်မဆောင်ရွက် နိုင်သေးကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း ချမှတ်ထားသည့် ဥပဒေများ အတိုင်း နိုင်ငံသား/နိုင်ငံခြားသား မခွဲခြားဘဲပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက် သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာ ရေးနှစ် ပထမ ခြောက်လပတ် အမျိုးသား စီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာအပေါ် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းကော်မတီ၏ စိစစ်လေ့လာ တွေ့ရှိချက် အစီရင်ခံစာနှင့် ပတ်သက်၍ ဒေါ်စန္ဒာမင်းက ၀င်ရောက် ဆွေးနွေးရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ငါးနှစ်တာ ကာလမှစကာ နှစ်စဉ် သစ်တောဖုံးလွှမ်းမှု ၂ ရာခိုင်နှုန်း ပျောက်ဆုံးနေကာ တရားမ၀င် သစ်ခိုးထုတ်မှုကြောင့် သစ်တောပြုန်းတီးမှုနှုန်း အများဆုံး စာရင်းတွင် မြန်မာနိုင်ငံသည် ဘရာဇီးနှင့် အင်ဒိုနီးရှား နိုင်ငံပြီးလျှင် တတိယနေရာတွင် ရောက်နေသည်ဟု FAO က ဖော်ပြကြောင်းဒေါ်စန္ဒာမင်းက ပြောသည်။

ပြည်ပကုန်သွယ်မှု အခြေအနေ၌ အများဆုံး တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများထဲတွင် သစ်တောထွက် ပစ္စည်းများအတွက် ရရှိငွေ ကျပ်သန်းပေါင်း ၁၀၂,၃၅၃.၀ကျပ်သန်းဖြစ်ကြောင်း ဖော်ပြထားသည်။ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အခွန်ကောက်ခံ ရရှိမှုကို ဖော်ပြထားရာတွင် သစ်တောကဏ္ဍအတွက်ဆောင်ရွက်ခဲ့သော စီမံကိန်းမှာ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းပြီး ပထမ ခြောက်လပတ် အတွင်း နိုင်ငံပိုင်အခန်းမှကျွန်း ၁၅,၆၂၉ ကုဗတန်နှင့် သစ်မာ ၃၆,၉၉၈ ကုဗတန် ထုတ်လုပ် သည်ဟု ဖော်ပြထားသည်။ သို့သော် FAO ၏ ဖော်ပြချက်တွင် ၂၀၁၀အစိုးရအသစ် တာဝန်ယူစဉ် ပထမနှစ်မှစ၍ ပဉ္စမနှစ်အထိ စုစုပေါင်း သစ်တန်ချိန် ၆၄ သိန်းကျော် ထုတ်လုပ်ခွင့် ပြုခဲ့ကြောင်း တရားမ၀င် ခိုးထုတ်သည့်သစ်များမှာ ၁၅ နှစ်အတွင်း သစ်ပင်ပေါင်း သန်း ၃၀ ကျော်ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ဒေါ်စန္ဒာမင်းက ဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်က ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းခဲ့သည့် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အမျိုးသားစီမံကိန်း အစီရင်ခံစာတွင် သစ်တော ကဏ္ဍ၊ သတ္တုကဏ္ဍများတွင် တရားလွန် ဆောင်ရွက်နေမှုများကိုနိုင်ငံတော် အစိုးရ အနေဖြင့် ပြတ်ပြတ်သားသားဖြင့် ဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်သင့် ကြောင်း၊ ယခု အခြေအနေတွင်သစ်လုံးသာ ခိုးထုတ်သည် မဟုတ်ဘဲ သစ်မြစ်ပါ တူးဖော်ကြောင်း၊ သစ်မြစ်၏ အောက်တွင် တွေ့ရသော ဓာတ်သတ္တုများကိုပါ ဆက်လက်တူးဖော်နေသည်များကို ပြင်းပြင်းထန်ထန် ကာကွယ်တားဆီးသင့် ကြောင်း ဖော်ပြခဲ့သည်။

တရားမ၀င် သစ်ထုတ်လုပ်မှုကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထား ရသည့် တရုတ်နိုင်ငံသား ၁၅၅ဦးကိုနိုင်ငံတော်အစိုးရကနှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသော အားဖြင့်ဟုဆိုကာ ပြီးခဲ့သည့် ဇူလိုင် ၃၀ရက်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ဖူးသည်။

( The Ladies News )
https://www.facebook.com/News.TheLadies/



ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်း၉ နာရီဝန်းကျင်အချိန်ကသံလျင်သံတားပေါ်မှ ကားတစ်စီးရေထဲ ပြုတ်ကျသည်ဆိုသော သတင်းကြောင့် ပြည်သူများ စိုးရိမ်ပူပန်မှုဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။

ရန်ကုန်ဘက်မှ သန်လျင်မြို့သို့ ပြေးဆွဲနေသည့် ၂၅၈ လိုင်းကားမှာယင်းတံတားအပေါ်မှ ရေထဲသို့ ပြုတ်ကျခဲ့၍ ခရီးသည်များပါဝင်ခဲ့သည်ဟုလည်းကောင်း။
ကျောင်းကြိုပို့ယာဉ်တစ်စီးမှာလည်းယင်းကဲ့သို့ ရေထဲပြုတ်ကြခဲ့သည်ဟုသော သတင်းများထွက်ပေါ်ခဲ့ခြင်း ကျောင်းသားမိဘများ။
ယင်းတံတားပေါ်မှအလုပ်သွားအလုပ်ပြန်ပြုလုပ်နေသူများ၏မိသားစုဝင်များမှာ စိုးရိမ်ပူပန်မှုဖြစ်ပေါ်ခဲ့ကြသည်။

ဖုန်းများမှတဆင့် ဆက်သွယ်သတင်းပေးပို့လာမှုကြောင့် တံတာအနီးတဝိုက်တွင် စိုရိမ်ပူပန်မှုဖြင့် တစ်သုတ်ပြီးတစ်သုတ်ရောက်ရှိလာခဲ့ကြသည်။

တာဝန်ကျယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ တံတားအနီးရှိစည်ပင်သာယာမှ အရာရှိများနှင့် ဆိုင်ကယ်များဖြင့် ရောက်ရှိလာသူအချို့ကလည်း တံတားပတ်ဝန်းကျင်လှည့်လည်ကြည့်ရှုခဲ့ရာယင်းသတင်းမဟုတ်ကြောင်းပြောသည်။

( News Watch : စောင့်ကြည့်သတင်းဂျာနယ် )

https://www.facebook.com/NewsWatchJournal



ဒီဇင်ဘာလ ၁၇ ရက်နေ့ Kempinsky Hotel တွင် ညနေ ၆နာရီက ကျင်းပသော UK Reception of Military Training သင်တန်းဆင်းညစာစားပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗဟိုအလုပ်အမှုဆောင်နှင့် ပည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်၊ ဗဟိုကော်မတီဝင် ဦးဖြိုးဇေယျာသော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမင်းဦး ၊ တပ်မတော်သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တပ်မတော်အရာရှိကြီးများ၊ သင်တန်းဆရာများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းသို့ ဗိုလ်မှူးကြီး ၁၆ ဦး ၊ ဒုဗိုလ်မှူးကြီး ၈ ဦး တက်ရောက်ခဲ့ ပြီး ယခုပြီးဆုံးသောသင်တန်းသည် တတိယအကြိမ်မြောက် သင်တန်းဖြစ်သည်။

( News Watch : စောင့်ကြည့်သတင်းဂျာနယ် )

https://www.facebook.com/NewsWatchJournal

မော်ရင်ညိုဟာ သြဂုတ်လကမှ ချယ်လ်ဆီး အသင်းနဲ့ ၄နှစ် သက်တမ်းတိုး စာချုပ် ချုပ်ထား
ချယ်လ်ဆီး နည်းပြ ဂျိုဆေး မော်ရင်ညိုကို ထုတ်ပယ်လိုက်ရတာဟာ အသင်း ကစားသမား တွေနဲ့ အဆင်မပြေမှုတွေ သိသာထင်ရှား လွန်းခဲ့တာကြောင့်လို့ ချယ်လ်ဆီးအသင်းရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ နှစ် ပရီးမီးယားလိဂ် ဖလားကို ရယူပေးခဲ့ပြီး ဩဂုတ်လကမှ အသင်းနဲ့ ၄နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို ထားခဲ့တဲ့ မော်ရင်ညိုဟာ ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးရဲ့ ကစားပွဲ ရလဒ်တွေ ဆိုးရွား နေချိန်မှာပဲ အသင်းနည်းပြ အဖြစ်ကနေ ရုတ်တရက် ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းရဲ့ လတ်တလော ပွဲရလဒ်တွေ မကောင်းဘူး ဆိုတာကို လက်ခံခဲ့အပြီးမှာ နှစ်ဘက် သဘောတူညီချက်နဲ့ နည်းပြအဖြစ်ကနေ မော်ရင်ညို ထွက်သွားခဲ့တာ ဖြစ်တယ်လို့ ချယ်လ်ဆီး အသင်းရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ အမှတ်ပေးဇယားမှာ တန်းဆင်းဇုံအောက် ရောက်ဖို့ တမှတ်အကွာကို ရောက်ခဲ့တဲ့အတွက် ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အဘရာမိုဗစ်ခ်ျ အနေနဲ့ တခုခု လုပ်မှ ဖြစ်မယ်ဆိုပြီး အခုလို ဆုံးဖြတ်လိုက်တာလို့ အသင်းရဲ့ နည်းစနစ် ညွှန်ကြားရေးမှူးက ပြောပါတယ်။

လစာ အများဆုံး ရထားကြတဲ့ ချယ်လ်ဆီး ကစားသမားတွေက မော်ရင်ညိုအပေါ် မကျေနပ်တာတွေကို ဖုံးကွယ်မထားပဲ ထုတ်ပြောခဲ့ကြပါတယ်။

အဲဒီ ကစားသမားတချို့ဟာ သူ့အပေါ်မှာ သစ္စာဖောက်တယ် ဆိုပြီး မော်ရင်ညိုက စွပ်စွဲခဲ့ပါတယ်။

BBC Burmese
http://www.bbc.com

IS အဖွဲ့ရဲ့ ဝင်ငွေ တစ်လ ဒေါ်လာ သန်း ၈၀ ရှိ

IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ ဝင်ငွေ အရင်းအမြစ်တွေကို ဖြတ်တောက် နိုင်ရေး အတွက် ဆုံးဖြတ်ချက် အစီအစဉ်တစ်ခု ပေါ်ထွက်လာဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ နိုင်ငံ ၁၅ နိုင်ငံက ဘဏ္ဍာရေး ဝန်ကြီးတွေ ဆွေးနွေး နေကြပါတယ်။

အဲဒီ ဆုံးဖြတ်ချက် အတွက် မူကြမ်းကို ၁၉၉၉ ခုနှစ်က အယ်လ်ခိုင်ဒါ အဖွဲ့ကို ပစ်မှတ်ထား အတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက် ပေါ်မှာ အခြေခံ ထားပါတယ်။

IS အဖွဲ့ရဲ့ ဝင်ငွေစီးကြောင်း တွေကို ဖြတ်တောက်ဖို့ အတွက် နိုင်ငံ အစိုးရတွေ အနေနဲ့ တိတိကျကျ လျင်လျင်မြန်မြန် လှုပ်ရှား ဆောင်ရွက်ကြဖို့၊ ပိတ်ဆို့ အရေးယူရမယ့် လူစာရင်းကိုလည်း ပိုပြီး တက်တက်ကြွကြွ တင်သွင်းကြဖို့ အဲဒီ မူကြမ်းက နိုင်ငံ အစိုးရတွေကို တိုက်တွန်း ထားပါတယ်။

IS အဖွဲ့ဟာ ကမ္ဘာပေါ်မှာ ငွေကြေး အတောင့်တင်းဆုံး စစ်သွေးကြွ အဖွဲ့အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယုံကြည် ထားကြပါတယ်။

နောက်ဆုံး စစ်တမ်းတစ်ခု အရ IS အဖွဲ့ရဲ့ ဝင်ငွေက လစဉ် ဒေါ်လာ သန်း ၈၀ ရှိတယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com

ရန်ကုန်မြို့ကို ဒလဘက်ကမ်းကနေ တွေ့ရစဉ်
Photo: RFA
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP က ထုတ်ဝေလိုက်တဲ့ ၂ဝ၁၅ ခုနှစ် လူသားဖွံ့ဖြိုးမှုညွန်းကိန်းမှာ  မြန်မာနိုင်ငံကို အဆင့် ၁၄၈ သတ်မှတ်ပြီး ဖွံ့ဖြိုးမှုနည်းပါးနိုင်ငံစာရင်း ထည့်သွင်းထားပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေ ထဲမှာ မြန်မာပြည်က အနိမ့်ဆုံးလည်းဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ ၁၈၈ နိုင်ငံပါဝင်တဲ့ အဲဒီစာရင်းကို ၁။ ဖွံ့ဖြိုးမှု အလွန်မြင့်မားသောနိုင်ငံများ၊  ၂။ ဖွံ့ဖြိုးမှုမြင့်မားနိုင်ငံများ၊ ၃။  ဖွံ့ဖြိုးမှုအလယ်အလတ် နိုင်ငံများနဲ့ ၄။  ဖွံ့ဖြိုးမှုနည်း ပါးနိုင်ငံများဆိုပြီး အုပ်စု ၄ ခုခွဲထားပါတယ်။

UNDP က ဒီဇင်ဘာလ ၁၅ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီစာရင်းအရ ကမ္ဘာပေါ်မှာ ဖွံဖြိုးမှုအမြင့်ဆုံးနိုင်ငံ အဖြစ် နော်ဝေနိုင်ငံကိုသတ်မှတ်ထားပြီး သြစတြေးလျက ဒုတိယနဲ့ ဆွစ်ဇာလန်က တတိယဖြစ်ပါတယ်။ အမေရိ ကန်ပြည်ထောင်စုက အဆင့် ၈ ဖြစ်ပြီး အာရှနိုင်ငံတွေထဲမှာ ထိပ်ဆုံးဖြစ်တဲ့  စင်္ကာပူက အဆင့် ၁၁၊ ဂျပန်က အဆင့် ၂ဝ၊ တရုတ်က အဆင့် ၉ဝ၊ ထိုင်းက ၉၃ နဲ့ အိန္ဒိယက အဆင့် ၁၃ဝ ဖြစ်ပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်က နှစ်စဉ်ထုတ်ပြန်တဲ့ အဲဒီစာရင်းကို နိုင်ငံအသီးသီးရဲ့ လူ့သက်တမ်း၊ ပညာရေးနဲ့ လူနေမှုအဆင့်အတန်းတွေ အပေါ်မူတည်ပြီး တွက်ချက်တယ်လို့ သိရပါတယ်။  အခုထုတ်ပြန်တဲ့စာရင်းအရ လူမှုဘဝအမြင့်မားဆုံး နော်ဝေနိုင်ငံသားတွေရဲ့ ပျမ်းမျှလူ့သက်တမ်းက ၈၂ နှစ်နဲ့ ပျမ်းမျှတနှစ်ဝင်ငွေက ဒေါ်လာ ၆ သောင်းခွဲဖြစ်ပါတယ်။  နော်ဝေနိုင်ငံသားလူငယ်တွေ ပျမ်းမျှပညာသင်ကြတဲ့ကာလက ၁၈ နှစ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ သက်တမ်းက ၆၆ နှစ်၊ တနှစ်ဝင်ငွေက ဒေါ်လာ ၄၆ဝဝ နဲ့ လူငယ်တွေ ပျမ်းမျှ ပညာသင်ကြားကြတာက ၉ နှစ်ပဲရှိပါတယ်။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံသားတွေရဲ့ ပျမ်းမျှလူ့သက်တမ်းက ၇၅နှစ်၊ တနှစ်ဝင်ငွေက ဒေါ်လာ တစ်သောင်းသုံးထောင်ကျော်နဲ့ လူငယ်တွေ ပညာသင်ကြားတဲ့နှစ်က ၁၄ နှစ် ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

နေပြည်တော် ဦးတေဇရဲ့ ထူးကုမ္ပဏီ အုပ်စုပိုင် ဒက္ခိဏသီရိခရိုင် ဟိုတယ် ဇုန်နယ်မြေက ရွှေစံအိမ် ဟိုတယ်မှာ ကျင်းပတဲ့ သင်တန်း။ Photo Credit to NLD Ko Min Thu

ခရိုနီစီးပွားရေး လုပ်ငန်းရှင်တွေဘက်က နိုင်ငံအကျိုးအတွက် အကူညီပေးမှုတွေကို ကြိုဆိုရမှာဖြစ်သလို ဒီခရိုနီတွေကို တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ရှိတဲ့ လုပ်ငန်း ရှင်တွေဖြစ်အောင် ၀ိုင်းဝန်း ပံ့ပိုးပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို တာဝန်ရှိသူတဦးက ပန်ကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။

NLD လွှတ်တော် ကိုယ်စားလှယ်တွေ အတွက် စွမ်းရည်မြှင့်တင် သင်တန်း ကို နေပြည်တော် က ဦးတေဇရဲ့ ထူးကုမ္ပဏီ အုပ်စုပိုင် ဒက္ခိဏသီရိခရိုင် ဟိုတယ် ဇုန်နယ်မြေက ရွှေစံအိမ် ဟိုတယ်မှာ ဒီဇင်ဘာလ (၁၆) ရက်နေ့ကနေ (၁၈) ရက်နေ့ထိ သုံးရက်တာ ကျင်းပခဲ့တဲ့အတွက် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ အဲဒီမှာ NLD လွှတ်တော် ကိုယ်စားလှယ်ပေါင်း (၂၀၀) ကျော် သင်တန်းပို့ချဖို့အတွက် စီစဉ်ခဲ့တဲ့ NLD ဗဟို တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုမျိုးရန်နောင်သိန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

"အားလုံးသိကြတဲ့ အတိုင်းပဲ နိုင်ငံရေးပါတီတခုအနေနဲ့က နိုင်ငံတကာ အကူအညီတွေ ယူလို့မရဘူးဆိုတာ အားလုံး သိပါမယ်။ ဒီသင်တန်းတွေ လုပ်ဖို့ စဉ်းစားတဲ့အခါမှာ အချိန်အကန့်အသတ်ရှိပါတယ်။ ဖေဖော်ဝါရီလထဲမှာ လွှတ်တော်မစခင် သင်တန်းတွေ အားလုံးပြီးဖို့အတွက် သင်တန်းဆရာတွေ အားလုံး ဝိုင်းပြီး စဉ်းစားကြပါတယ်။ ပြီးတော့ သင်တန်းက မနက် ၈နာရီကနေ ညနေ ခြောက်နာရီအထိဆိုတော့  အရမ်းများပါတယ်။ အကြောင်းအရာတွေလည်း အရမ်းများပါတယ်။ အဆင်ပြေတဲ့တနေရာကို စဉ်းစားတဲ့အခါမှာ နေပြည်တော်မှာ အထက်မြန်မာပြည်က နေရာတော်တော်များများက ကိုယ်စားလှယ်တွေကို စဉ်းစားတယ်။ ဘာကြောင့်လဲဆိုတော့ နေပြည်တော်က ပိုအဆင်ပြေ ပါတယ်။ နေပြည်တော် မှာလည်းပဲ ဒီလောက်နေရာဆံ့ တဲ့နေရာဆိုလို့ ရွှေစံအိမ် ဟိုတယ် ရှိတယ်ပေါ့နော်။ ဒီဟိုတယ်ပိုင်ရှင်တွေကလည်းပဲ အကူအညီပေးမယ်ဆိုတော့ ကျနော်တို့အတွက် အရမ်းကို အဆင်ပြေပါတယ်။

နောက်တခုက ဒီဟိုတယ်မှာ ကျနော်တို့ တည်းတယ်ဆိုပေမဲ့ အခန်းတွေ ထဲမှာ ရေဗူးကလွဲလို့ ဘာမှ ထည့်ခွင့်မပေးထားပါဘူး။ အစားအသောက် ဆိုလည်း သာမာန်အစားအသောက်ပါပဲ။ ကျနော်ပြောပြပါတယ်။ ဟိုတယ်ပိုင်ရှင်တွေ အနေနဲ့ ပြန်ရှင်းပြပါတယ်။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်များမှ ဘာမှ မရှိပါဘူး။ ညအိပ်လို့ရရုံအောင်ပါပဲ ညအိပ်လို့ရရင် ရပါပြီဆိုပြီး ပြောထားပါတယ်။ ဟိုတယ်လို့မြင်တာထက် ညအိပ်လို့ရတဲ့တနေရာလို့မြင်ရင်ရပါပြီ။ ကိုယ်စားလှယ်တွေ အတွက် အထိုက်အလျောက် အဆင်ပြေတဲ့ ညအိပ်စရာ တနေရာ ကျနော်တို့ စီစဉ်ပေးတာပါ။ "

အခုလို NLD ရဲ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ စွမ်းရည်မြှင့်တင်ရေး သင်တန်းကို မန္တလေးတိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်အပါအ၀င် နေပြည်တော် ဒေသတွေက အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

လွှတ်တော်မှာ ဥပဒေပြု ပြဌာန်းရမယ့် အကြောင်းအရာတွေနဲ့ပတ်သက်လို့ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်တွေကို သင်တန်းပို့ချတာသာဖြစ်ပြီး NLD အနေနဲ့ ခရိုနီစီးပွားရေးသမားတွေနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မှန်ကန်မှုမရှိဘူးလို့ သင်တန်းကို ဦးဆောင်ပို့ချသူတဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကပြောပါတယ်။

"ခရိုနီနဲ့ ကျနော်တို့ပတ်သက်တယ်လို့ စွပ်စွဲရင်တော့ အဲ့ဒီ့စွပ်စွဲချက်ကိုတော့ ကျနော်တို့က ငြင်းရလိမ့်မယ်။ ဘာကြောင့်တုန်းဆိုတော့ ကျနော်တို့ရဲ့ရည်ရွယ်ချက်က သင်တန်းပေးတာပါ။ သင်တန်းပေးတယ်ဆိုတာ ကျနော်တို့ အရွေးခံရတဲ့ လွှတ်တော်အမတ်တွေ တိုင်းပြည်အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် ကျနော်တို့ သင်တန်းပေးတာပါ။ သင်တန်းပေးတယ် ဆိုတော့ အနယ်နယ်အရပ်ရပ်က လွှတ်တော်အမတ်တွေကို ကျနော်တို့က ခေါ်ပြီးတော့ စုစည်းရတယ်။ နေရာထိုင်ခင်း စီစဉ်ပေးရတယ်။ သင်တန်းပေးဖို့အတွက် သင်တန်းခန်းမတွေ လိုအပ်တယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အဲ့ဒီ့အခြေအနေ အဲ့ဒီ့facility ပေးနိုင်တဲ့ အနေအထားမရှိဘူး ဒါ လူတိုင်းသိပါတယ်။ ကျနော်တို့ပါတီက အင်မတန်မှ ဆင်းရဲပါတယ်။ ကျနော်တို့ရုံးခန်းလေးကလည်း ကျဉ်းကျဉ်းလေးပါ။ ဒီလိုတနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဖို့ လိုအပ်တဲ့အခါကျတော့ ကျနော်တို့ အဆင်ပြေတဲ့နေရာမှာ လုပ်ရတာပါပဲ။ "

NLD အနေနဲ့ ခရိုနီတွေနဲ့ ပတ်သက်တဲ့ သီးခြားဗျူဟာ၊ မူဝါဒတွေကို ချမှတ်ပြီး ဆောင်ရွက်သင့်တယ်လို့ မြန်မာ့နိုင်ငံရေး သုံးသပ်သူတချို့ ကထောက်ပြခဲ့ကြပါတယ်။ NLD ဘက်ကတော့  ခရိုနီလုပ်ငန်းရှင်တွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ သဘောထားကို ကိုမျိုးရန်နောင်သိန်းက အခုလိုရှင်းပြပါတယ်။

" ကျနော်တို့နိုင်ငံ အနာဂတ်တည်ဆောက်ရေးအတွက်ကို လုပ်ငန်းရှင်တွေက လိုတာပဲ။ ခရိုနီတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ လုပ်ငန်းရှင်တွေ အဖြစ်နဲ့ ပြောင်းလဲ လို့ရရင် ပြောင်းလဲရမှာပဲ။ ပြောင်းမယ် ဆိုရင် နိုင်ငံခြား မှာ ရောက်နေတဲ့ ပိုက်ဆံတွေကို မြန်မာပြည်ထဲ ပြန်စီးဆင်းလာအောင် ကျနော်တို့ အစိုးရ ကြိုးစားရမှာပါ။ မြန်မာပြည်ထဲမှာ ဒီပိုက်ဆံတွေ စီးဆင်းနေမယ်ဆိုရင် ပြည်သူ့ အတွက် အကျိုးရှိတာပဲ။

ပြီးတော့ တခါတလေကျလို့ရှိရင် အားလုံး အမျှော်အမြင်ရှိရှိနဲ့ စဉ်းစားကြဖို့လိုမယ်လို့ ကျနော်မြင်တာပဲ။ အရင်တုန်းက အမှားတွေပြုလုပ်ခဲ့တယ် ဆိုရင်တောင်မှ မှန်ကန်တဲ့လမ်းကြောင်းကိုလျောက်မယ်ဆိုရင် ကြိုဆိုကြရမှာပဲ။ အဲ့တော့ ကျနော်တို့ အစိုးရဖြစ်လာခဲ့လို့ဖြစ်ရင် ဒီမြန်မာပြည် စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အဓိက ကျောထောက်နောက်ခံအင်အားသည် စီးပွားရေးလုပ်ငန်းရှင်တွေပဲ။  လက်ရှိ စီးပွားရေးလုပ်ငန်းရှင်တွေ အများစုသည် ခရိုနီဖြစ်ခဲ့ကြတာချည်းပဲ။ အဲ့တော့ ကျနော်တို့အစိုးရလက်ထက်မှာ ခရိုနီမဖြစ်ရင် ပြီးတာပဲ။ ပြီးတော့ ကျနော်တို့အစိုးရလက်ထက်မှာ လုပ်သမျှအားလုံးသည် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှုရှိအောင် လုပ်ရမယ်။ အဓိက အရမ်းအရေးကြီးတယ်။ ဒီလုပ်ငန်းရှင်တွေ ခရိုနီကနေ အသွင်ပြောင်းသွားမယ့် လုပ်ငန်းရှင်တွေဟာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ မြန်မာနိုင်ငံ အကျိုးရှိအောင် လုပ်ပေးဖို့အတွက်က ကျနော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်ဗျ။"

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူဦးဆောင်မယ့် အစိုးရသစ် လက်ထက်မှာ တိုင်းပြည် ထူထောင်ရေးအတွက် အားလုံးနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်သလို အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလေးထားမှာဖြစ်တယ်လို့ အစဉ်တစိုက် ပြောဆိုထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com