12/29/15

မသမာသူတွေ ပြသနာဖန်တီးနေကြတယ်၊ သက်ဆိုင်ရာ ရဲတွေနဲ့ အစိုးရပိုင်းကလည်း ဒါမျိုးတွေကို မသိချင်ယောင်ဆောင်နေကြတယ်။

ဒီနေ့ ရန်ကင်းဘက်သွားရင်း အမေစုအိမ်ရှေ့က ဖြတ်သွားခိုက် ဆန္ဒပြနေကြတဲ့ ဘုန်းကြီးတချို့နဲ့ လူတစုကို ခြံဝမှာတွေ့တယ်။

ဘယ်လိုရည်ရွယ်ချက်နဲ့ လာသလဲဆိုတာ သိချင်လို့ သွားကြည့်ဖြစ်တယ်။ ထင်တဲ့အတိုင်းပါပဲ အများစုက အမေစုကို အမျိုးသားရေးမလုပ်ဘူးဆိုပြီး ပြည်သူနဲ့ အမေစုကို သွေးခွဲတဲ့ စကားတွေပြောနေကြတယ်။ အများစုက ရခိုင်သံခပ်ဝဲ၀ဲ စကားပြောကြတယ် ဓာတ်ပုံထဲမှာပါတဲ့ ဘုန်းကြီးကအများဆုံးပြောတယ်။ ကျွန်တော်က ကားလမ်းတဖက်မှာ ရပ်ပြီးဓာတ်ပုံရိုက်တယ်။ ဗွီဒီယိုရိုက်တယ်။ ကျွန်တော့ဘေးမှာ ရဲနဲ့ စသုံးလုံးကလို့ထင်ရတဲ့ အရပ်ဝတ် ဗိုက်ရွှဲရွှဲ အော်ကီတော်ကီခါးချိတ်ထားတဲ့ ၃ယောက်လောက်ရှိတယ်။ ယောပုဆိုးအနက် နဲ့ အင်္ကျီအဖြူ (ငြိမ်း/ပွင့် ယူနီဖောင်း) ၀တ်ထားတဲ့ တက္ကသိုလ်ကျောင်းသားအရွယ် ကောင်လေး ၂ယောက်ထိုင်နေကြတယ်။ သိပ်မကြာဘူး ဗိုက်ရွှဲရွှဲတယောက်က ကောင်လေးတွေကို လှမ်းပြောတယ်။ ဟေ့ကောင်တွေ ဘာလုပ်နေတာလဲ မင်းတို့ကို ထိုင်ဖို့ခေါ်လာတာမဟုတ်ဘူးလို့ ပြောတယ်။ ကောင်လေးတွေ ချက်ချင်းပဲထ လူအုပ်ထဲဝင်ပြီး ဟိုအော်ဒီအော်လုပ်တော့တာပဲ။

လူအုပ်ထဲမှာ အသားမဲမဲ ရုပ်က စွမ်းအားရှင်ပုံနဲ့ အသက်က ၅၀ လောက်လူတယောက်က နိုင်ငံရေးက အဓိကမဟုတ်ဘူး အမျိုးကိုစောင့်ဖို့အဓိက အမျိုးမစောင့်သူတွေကို အာဏာမပေးနဲ့ စသဖြင့် ပြောနေပါတယ်။ ဘုန်းကြီးတပါးကလဲ ဒီဘက်ခြမ်းထိရောက်လာပြီး အမေစုက အမျိုးမစောင့်ဘူးလို့ ဒေါသနဲ့ပြောဆိုနေတယ်။ ဒီအချိန်မှာပဲ ဗိုက်ရွှဲရွှဲလူက ဘုန်းဘုန်း ဖြေးဖြေး ဖြေးဖြေး ဆိုပြီးပြောတယ်။ ဘုန်းဘုန်းကလဲ အဲဒီလူကို တရိုတသေနဲ့ အေးအေးဆိုပြီး လူအုပ်ထဲပြန်ဝင်သွားပါတယ်။

ကိုယ့်နားကိုယ့်မျက်လုံးတောင်မယုံချင်ဘူး ဖြစ်သွားတယ်။ တကယ့်ကို ကောက်ကျစ်ယုတ်မာစွာ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေကြတယ် ဆိုတာ တွေ့လိုက်ရတယ်။

ကျွန်တော်တို့လဲ စိတ်မကောင်းပါ။ ဒီ ၂ယောက်အတွက်တင် မဟုတ်ဘူး ပြည်ပမှာရော ပြည်တွင်းမှာရော ဆုံးရှုံးနစ်နာ ကျေကွဲစရာတွေ အများကြီးပါ။

ထိုင်းမှာ မြန်မာတွေ ခွေးသေ၀က်သေ သေနေရတာ အခုမှမဟုတ်ဘူး ၁၉၇၀ ပတ်ဝန်းကျင်က စခဲ့တဲ့ ဒုက္ခတွေပါ။ ပြည်တွင်းမှာလည်း ကိုယ့်တိုင်းရင်းသားအချင်းချင်း သတ်နေကြတာ ထောင်သောင်းချီ သေကုန်ပါပြီ။

တကယ်အမျိုးသားရေးကို မြတ်နိုးရင် မြန်မာပြည်သူတွေရဲ့ အသက်ကိုကယ်တင်ချင်ရင် ပြည်တွင်းစစ်ရပ်ဖို့ မတရားမှုတွေကိုရပ်တန့်ဖို့ ဖားကန့်မှာ ကျောက်တူးတာတွေရပ်ဖို့ ဆန္ဒပြကြပါ။

မတရားတဲ့ အပြစ်ပေးမှုနဲ့ အသက်ဆုံးရှုံးရမဲ့ ကလေး ၂ ယောက်ကို အသုံးမချကြပါနဲ့။ အောက်လမ်းနည်းတွေ ရပ်တန်းကရပ်ကြပါ။

အောင်မျိုးကျော်။

“ ဖျက်သိမ်းရမဲ့ အာဏာရှင်ဥပဒေပုဒ်မဆိုးများ ”


မတရားမှု့ကိုဆန့် ကျင်တဲ့၊ အမှန်တရားကိုမြတ်နိုးတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေကို တဖက်သတ် ဖိနှိပ်ဖို့ လိုသလိုအသုံးပြုနေတဲ့၊ လူ့ ဂုဏ်သိက္ခာကို စော်ကားနင်းခြေနေတဲ့ အောက်ပါအာဏာရှင်ဥပဒေပုဒ်မဆိုး များကို အကြွင်းမဲ့ဖျက်သိမ်းပါ၊ လိုအပ်ခဲ့ရင် ဒီမိုကရေစီစံရည်စံညွှန်းများနဲ့ အညီ အသစ်ပြန်လည်ရေးဆွဲပါ။

၁) အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည)။
၂) ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈။
၃) အများပြည်သူကို အထိတ်တလန့် ဖြစ်စေအောင် တည်ငြိမ်မှု့ပျက်ပြားအောင် ကြံစည်လှုံ့ဆော်ရေးသားလုပ်ကိုင်မှု့ ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) ။
၎) ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)။
၅) မတရားသင်းနဲ့ ဆက်သွယ်မှု့ပုဒ်မ ၁၇ (၁)။
၆) မှောင်ရိပ်ခိုမှု့ပုဒ်မ။
၇) ဧည့်စာရင်းမတိုင်မှု့ပုဒ်မ။
ဂ) ……
၉) ….


“ အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် ကိုထင်ကျော်၊ ကိုနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ မင်းသွေးသစ်၊ မဖြိုးဖြိုးအောင်၊ ကိုလင်းထက်နိုင် ကိုတင်ထွဋ်ပိုင်၊ ကိုဝေဠု၊ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုနန်းလင်း၊ ကိုအောင်မှိုင်းဆန်း၊ ကိုမျိုးမြတ်စံ မချောစန္ဒီထွန်းတို့ အပါအ၀င် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကိုအမြန်ဆုံးလွှတ်ပါ ”

“ အဖမ်းဆီးခံ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား၊ အရပ်သားပြည်သူ နိုင်ငံရေးလှုပ်ရှား တက်ကြွသူများအား အမြန်ဆုံးလွှတ်ပါ ”

ယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့ နိုင်ငံသားအားလုံးရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ၊ ဘ၀တွေ၊ အသက်တွေကို အကျဉ်းထောင်တွေထဲမှာ အကျိုးမဲ့အချည်းအနှီး ကုန်ဆုံးစေခြင်းကို အမြန်ဆုံးရပ်တန့် ပါ။


(မင်းကောင်းချစ်)
ဒီဇင်ဘာလ ၂၈ ရက် ၂၀၁၅ ခုနှစ်

(၁)

ထိုင်းနိုင်ငံခရိုင်တရားရုံးတစ်ခုက..
မြန်မာအလုပ်သမားကောင်လေးနှစ်ယောက်ကို
အခိုင်လုံဆုံးသက်သေပြမှုတွေမလုပ်နိုင်ပဲနဲ့
သေဒဏ်တွေချလိုက်ပါတယ်..၊

ဒါကိုမကျေနပ်တဲ့အတွက်မြန်မာပြည်သူတွေ
ဆန္ဒထုတ်ဖေါ်ကြပါတယ်..
ထိုင်းပြည်သူအချို့ကလဲ ဒီကိစ္စကိုလက်မခံပါဘူး..

မြန်မာဘက်မှာလဲ ထိုင်းနဲ့ပတ်သက်တဲ့..
သတင်းတွေကိုပဲအာရုံစိုက်ပြီး
ပြောဆိုဝေဘန်နေကြပါတယ်..

-----------------------

(၂)

ကျွန်တော် ငယ်ငယ်က..
လျှပ်စစ်ပစ္စည်းအသစ်အဆန်းတွေ
အရမ်းကြိုက်ပါတယ်..

ဝါသနာပါတဲ့အတွက် ခဏခဏ
ဝယ်စုတတ်သလို ခဏခဏလဲ အလိုက်ပေး
လဲလှယ်ပြီးသုံးခဲ့ပါတယ်..

အဲဒီလိုဝယ်တဲ့အတွက် ပိုက်ဆံလိုရင်..
သူငယ်ချင်းတွေဆီကချေးလေ့ရှိပါတယ်..

သူတို့ဆီကချေးတဲ့ပိုက်ဆံကို တစ်ခါတလေ..
မဆပ်နိုင်ရင် တခြားသူငယ်ချင်းတွေဆီက
ချေးပြီးပြန်ဆပ်ပါတယ်..

ပထမချေးတဲ့သူကို..
ဒုတိယချေးတဲ့သူဆီကဆပ်ပါတယ်..
ဒုတိယချေးတဲ့သူကို ပြန်ဆပ်ဖို့ငွေမရှိသေးရင်
တတိယချေးတဲ့သူဆီကငွေထပ်ချေးပြီး
ဒုတိယလူကိုပြန်ဆပ်ပါတယ်..

ပထမကြွေးပြသနာကို ဒုတိယကြွေးနဲ့ရှင်း
ဒုတိယကြွေးကို တတိယကြွေးနဲ့ရှင်းပါတယ်..
အဲဒီနည်နဲ့ လည်ပတ်တာတွေရှိပါတယ်..

အခုအနေအထားလဲ ဒိလိုပါပဲ..

ပထမဖြစ်နေတဲ့ ဖါးကန့်ပြသနာကြီးဟာ..
လူတွေစောင့်ကြည့်နေတုန်းမှာပဲ..
အဖျားရှူးသွားပါတယ်..
အာရုံစိုက်မှုနည်းကုန်ပါတယ်..
အာရုံတွေက...
ဒုတိယကိစ္စဖြစ်တဲ့..
လိပ်ကျွန်းသေဒဏ်ချတဲ့ဘက်ရောက်ကုန်ပါတယ်..

-------------------------

(၃)

ဖါးကန့်ကိစ္စကိုဆက်ပါမယ်..
အကယ်၍သာဖါးကန့်ကိစ္စကိုသာပြည်သူတွေ
ဆက်အာရုံစိုက်မယ်
ဆိုရင် လက်ရှိအစိုးရအကြီးအကဲတွေအနေနဲ့..
အာဏာလွှဲပေးပြီးရင်တောင်..
စိတ်ချလက်ချအိပ်ရမဲ့ပုံမပေါ်ပါဘူး..

တိုင်းပြည်ရဲ့အဖိုးတန်ေ၇မြေဒေသကြီးတစ်ခုလုံးကို
တစ်စစီမွှေနှောက်ဖျက်ဆီးခဲ့မှုတွေမှာ. တာဝန်ရှိုတွေ
အနေနဲ့..သူတို့ဘာဖြစ်သွားနိုင်သလဲဆိုတာကို
ကြိုမတွေးပဲမနေပါဘူး..

ပိုဆိုးတာက ဖါးကန့်ကိစ္စဟာ ဖုံးကွယ်လို့မရတဲ့
ကိစ္စတစ်ခုဖြစ်နေတာပါပဲ..
ငြင်းလို့ကလဲ ဘယ်လိုမှမရတော့ပါဘူး
ဖုံးကွယ်ဖို့လဲအချိန်မမှီတော့ပါဘူး..
တစ်ဘက်မှာကလဲ ဖါးကန့်ဒေသငွေကြေးတွေ
အကြောင်းကို သေချာလေ့လာထားတဲ့..
Global Witness ဆိုတဲ့အဖွဲ့ကလဲ အချဉ်မဟုတ်ပါဘူး၊

အဲဒီတော့ ဖါးကန့်ကိစ္စကိုအစိုးရဟာဘယ်တော့မှ
လီဆယ်မဖြေရှင်းနိုင်ပါဘူး....သိက္ခာကျခံပြီးဝန်ခံဖို့ရယ်
အခုလုပ်နေတာတွေကို အပြင်းထန်ဆုံးထိန်းချုပ်ဖို့ရယ်ပဲ
ရှိပါတော့တယ်..
ထိန်းချုပ်ဖို့ကလည်း ဖါးကန့်မှာတူးနေတဲ့..
ကုမ္မဏီအားလုံးနီးပါးဟာ
အစိုးရနဲ့ ကင်းတဲ့သူတွေနည်းပါတယ်..
ကျွံထားတာတွေအများကြီးဖြစ်ပုံရပါတယ်...

ဒီအကြပ်အတည်းမှာ..
လက်ရှိအစိုးရဘာလုပ်နိုင်သလဲ..
ဆိုတာကို အားလုံးသဘောပေါက်မှာပါ..

ပထမပြသနာကို ဒုတိယပြသနာနဲ့ရှင်း.
ဒုတိယပြသနာကိုတတိယပြသနာနဲ့
ရှင်းပြီး ကိုယ်အသက်ရှူပေါက်ပွင့်အောင်လုပ်တဲ့
နည်းတွေကိုလဲ အစိုးရက..
အစဉ်အဆက်သုံးတတ်ပါတယ်..
ကျွန်တော့ရဲ့ပိုက်ဆံအကြွေးသံသရာလိုပေါ့..

--------------------

(၄)

တစ်ချက်က..
ဖါးကန့်လိုကြီမားတဲ့ကိစ္စမျိုးကို မှေးမှိန်စေဖို့အတွက်..
တော်ရုံတန်၇ုံကိစ္စနဲ့အာရုံပြောင်းလို့မရပါဘူး..
လူတွေသွေးဆူလွယ်တဲ့ကိစ္စမျိုးပဲဖြစ်ရမှာပါ..

ဒီမှာတင်..သူတို့ဘာလုပ်နိုင်သလဲဆိုတာကို
တွေးကြည့်ရင်သိပါတယ်..

ဒီကြားထဲမှာ သမ္မတကိုနောက်ကြောင်းပြန်
အရေးမယူဖို့ဥပဒေတွေ၊ ကာလုံနဲ့ပတ်သတ်တာတွေကို
လွှတ်တော်မှာတက်သုတ်ရိုက်တင်သွင်းနေတာကိုလဲ
တွေ့နေရပါပြီ...

ဖါးကန့်ကိစ္စတွေကို ပြည်သူတွေကဝေဘန်နေတုန်းက
တရုတ်နိုင်ငံဘက်က ထူးထူးခြားခြားငြိမ်သက်နေတာကလဲ
ထူးခြားပါတယ်..

ပြီးတော့..
ထိုင်းနိုင်ငံဆိုတာကလဲ..
စစ်အာဏာရှင်အုပ်ချုပ်နေတာပါ..
ထိုင်းခေါင်ဆောင်တွေဟာ..
မြန်မာဘက်ကဘဘတွေနဲ့လဲ
ခင်မင်ရင်းစွဲရှိသူတွေပါ..

ကဲ..အဲဒီတော့..
လိပ်ကျွန်းကိစ္စသေဒဏ်ချမှတ်မှု..
ပြီးတော့ အယူခံဝင်လို့ရတယ်ဆိုတဲ့ကိစ္စ..
တစ်ကမ္ဘာလုံးကမတရားဘူးလို့ယူဆထားတဲ့ကိစ္စ..
ဒီကြားထဲ..လွှတ်တော်မှာတင်နေတဲ့အဆိုတွေ...
?????
ကိုယ့်ဘာသာကိုစဉ်းစားကြပေါ့ဗျာ..

ဘာပဲပြောပြော..
ဖါးကန့်ကိုတော့...
လူတော်တော်များများ..မေ့သွားကြပါပြီ..

ဘဘတွေလဲ ဂယ်ပေါက်ကြီးတစ်ခုရသွားပါပြီ..
အသက်ရှူပေါက်လဲပွင့်သွားပါပြီ..

အခုလိပ်ကျွန်းလူသတ်မှုဆုံးဖြတ်ချက်ကိုအရင်းပြုပြီး.
ဘဘတွေသရုပ်ဆောင်တတ်ရင်.
မင်းသားတောင်ဖြစ်နိုင်ပါသေးတယ်...

ကျွန်တော်ကတော့..
ငယ်ငယ်တုန်းက ပိုက်ဆံပတ်ချေးပြီးပြန်ဆပ်တဲ့
လှည့်နည်းတွေကိုပဲ ပြန်သတိရမိပါတယ်..

သတိပေးချင်တာကတော့..

ဦးသိန်းစိန်အစိုးရ (၅)နှစ်တာကာလမှာ
ကျန်တာတွေ အကုန်ဆုတ်ယုတ်ခဲ့ပြီး..
ပြည်သူကို အာရုံပြောင်းတဲ့အလုပ်တွေကတော့
သိသိသာသာ အောင်မြင်တာကို
လေ့လာသူတိုင်း သိမှာပါ..

smile emoticon

( Pa Yit)

နိုင်ငံရပ်ခြား သွားရောက် အလုပ်ကိုင်သူများတွင် အကြောင်းအမျိုးမျိုး ရှိကြ
ပေလိမ့်မည်။ အသက်မွေးဝမ်းကျောင်း ပညာရှင်အဖြစ် လုပ်ကိုင်သူများ
ရှိနေသော်လည်း အခြေခံအလုပ်များတွင် ရရာဝင် လုပ်ရသူ အရေအတွက်က
ပိုများမည်မှာ သေချာသည်။ ၎င်းတို့ကို ရွှေ့ပြောင်းလုပ်သားဟု နိုင်ငံတကာ အဖွဲ့
အစည်းများက ခေါ်ကြသည်။ ဆင်းရဲသော တိုင်းပြည်က အလုပ်လုပ်နိုင်သော
အရွယ်အများအပြား အလုပ်အကိုင်နှင့် လုပ်ခလစာပိုရသော အိမ်နီးချင်း နိုင်ငံများ
(သို့) ဒေသတွင်းနိုင်ငံများသို့ သွားရောက် အလုပ်လုပ် ကိုင်ကြသည့်အခါ
ကြီးမားသော လုပ်သားအင်အားတွေ စီးဆင်းသွားကြသည်။

စီးဆင်းသွားသော လုပ်အားများအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်း
များက စနစ်တကျ စီမံခန့်ခွဲမှု မပေးသောအခါ စာရင်းမရှိ အင်းမရှိသော
တရားမဝင် နိုင်ငံဖြတ်ကျော် အလုပ်လုပ်သည့် ရွှေ့ပြောင်းလုပ်သားများ
ဖြစ်သွားကြသည်။ အရေအတွက် အတိအကျ မရှိသော်လည်း မြန်မာရွှေ့ပြောင်း
အလုပ်သမားတွေ သန်းနှင့်ချီ၍ ရှိမည်ဟု ခန့်မှန်းသည်။ တရားမဝင်သော
နည်းဖြင့် နယ်စပ်ဖြတ်ကျော် လာသူတွေမှန်း သိသော်လည်း ဈေးပေါသော လုပ်ခ
လစာနှင့် အချိန်ပြည့်နီးပါး ခိုင်းစေနိုင်သောကြောင့် မြန်မာနိုင်ငံမှ လာသော
ရွှေ့ပြောင်း လုပ်သားများကို အိမ်နီးချင်းနိုင်ငံများက သုံးကြသည်။

သက်ဆိုင်ရာ နိုင်ငံအစိုးရအဖွဲ့အစည်းများ ကိုယ်တိုင် တရားမဝင် လာရောက်
လုပ်ကိုင်နေသူများနှင့် နည်းပါးသော အခကြေးငွေဖြင့် လုပ်သားအင်အားကို
အချိန်ပြည့် အသုံးချနေသည့် လုပ်ငန်းရှင်များကို သိလျက်နှင့် မသိချင်ယောင်
ဆောင်ပေးနေကြသည်။ ပြသ၁နာတစ်စုံတစ်ခု ဖြစ်ပွားသောအခါတွင်မှ တရားခံ
ရှာသည့်အခါ တရားမဝင် နိုင်ငံတွင်း ဝင်ရောက်မှု၊ တရားမဝင်နေထိုင်မှု
အစရှိသည့် ဥပဒေများဖြင့် သိမ်းကျုံးအရေးယူလေ့ ရှိသည်။ တရားမဝင်တာ
တစ်ခုတည်းနှင့်တင် ဥပဒေချိုးဖောက်သူများ ဖြစ်ကာ အမှန်တကယ် ရရှိနိုင်
သည့် လူ့အခွင့်အရေးများ ဆုံးရှုံးရသည်က ရင်နာစရာကောင်းသည်။

လတ်တလော နာမည်ကြီးနေသည်က ထိုင်းနိုင်ငံရှိ တရားမဝင် အလုပ်
လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း လုပ်သားလူငယ်ကလေး နှစ်ဦးအား
ကမ္ဘာလှည့် ခရီးသွားစုံတွဲအား ရက်ရက်စက်စက် သတ် ဖြတ်မှုဖြင့် ထိုင်းတရားရုံး
က သေဒဏ်ပေးလိုက်သော ကိစ္စဖြစ်သည်။ အင်္ဂလိပ်လူမျိုး ကောလိပ်ကျောင်းသူ
ကို မုဒိမ်းကျင့်ပြီးမှ သတ်လိုက်သလို သူမ၏ ယောက်ျားလေးအဖော်လည်း
အသတ်ခံလိုက်ရသည်။ မျက်မြင်သက် သေမရှိ။ သို့သော် လူသတ်မှုဖြစ်ပွားရာ
နေရာအနီးတွင် ရှိနေခဲ့သည်ဟူသော သံသယဖြင့် ထိုင်းနိုင်ငံရောက်တာ
မကြာသေးသော မြန်မာလူငယ်နှစ်ဦးကို ဖမ်းဆီးစစ်ဆေးသည်။

အငြင်းပွားဖွယ်ရာ နှိပ်စက်ညှဉ်းပန်းမှုများကြောင့် လူသတ်မှု ကျူးလွန်မိကြောင်း
ရဲထံတွင် ဖြောင့်ချက်ပေးလိုက် သည့်အခါ ရုံးတင်တရားစွဲဆိုခြင်း ခံလိုက်ရသည်။
တစ်နှစ်နီးပါး ကြာသောအခါ ၎င်းတို့ နှစ်ဦးကို ပြစ်မှုထင်ရှားသည်ဟု ဆိုကာ
စွဲချက် အားလုံးတွင် အပြစ်ရှိကြောင်း အမိန့်ချသည်။ အမိန့်ကလည်း အမြင့်ဆုံး
ပြစ်ဒဏ်ဖြစ်သည့် သေဒဏ်ချခံရခြင်း ဖြစ်သည်။

တရားမဝင် အလုပ်လုပ်ကိုင်နေသူ မျက်နှာမွဲ မြန်မာလူငယ်လေး နှစ်ဦးအတွက်
တရားရုံးက ဘာတစ်ခုမှ ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိ။ ကမ္ဘာလှည့်ခရီးသွား
လုပ်ငန်းဖြင့် ရရှိနေသောဝင်ငွေကို အထိအခိုက် မခံနိုင်။ ထိုင်းလူမျိုးများသည်
ပျူငှာသော အပြုံးပိုင်ရှင်များ ဖြစ်ကြသည်။ လူသတ်တရားခံများသည် တစ်ဖက်
နိုင်ငံမှ တရားမဝင် လာရောက် အလုပ်လုပ်နေသူ မြန်မာရွှေ့ပြောင်း လုပ်သားများ
သာ ဖြစ်သည်။ ထို့ကြောင့် စံနမူနာပြအဖြစ် အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်ပေး
လိုက်သည်ဟု ယူဆနိုင်သည်။ သေဆုံးသူများ၏ အရပ်အမောင်း နှင့် ကိုယ်ခန္ဓာ
အချိုးအစားတွင် ဘယ်လိုမှ နှိုင်းယှဉ်မရသော လူဖလံမြန်မာလေးနှစ်ဦးက
နိုင်ငံခြားသားနှစ်ဦး ကို ပေါက်တူးဖြင့် ခုတ်သတ်သည်ဟု ရဲထံပေးသည့်
ဖြောင့်ချက်ကြောင့် သေဒဏ်အပေးခံရသည်။ ငွေနှင့်အဖိုးတန်ပစ္စည်း ဘာတစ်ခုမှ
ယူမသွား။ မုဒိမ်းမှု ကျူးလွန်ရာကနေ လူသတ်မိသည်အထိ ဖြစ်သွားသည်ဟု
သာမန် မျှသာ ကောက်ချက်ဆွဲခဲ့သည်။

ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း
လုပ်သားများ အတွက် ယခုလို အပန်းဖြေ ကမ်းခြေမျိုးတွင် မိမိအလုပ်အကိုင်ကို
ထိခိုက်နိုင်လောက်သော မုဒိမ်းမှုကို ကျူးလွန်ရန် အလွန်ခက်ခဲမည်မှာ သေချာပါ
သည်။ ပစ်မှတ်ရွေးရာတွင်လည်း ခက်ခက်ခဲခဲ လူကောင်ကြီးမားသော အနောက်
တိုင်းသား ခရီးသွားစုံတွဲကို ရွေးချယ်ရလောက်အောင် မိုက်မဲမည်မဟုတ်။
သို့သော် ထိုင်းတရာရုံးက ဒါတွေကို ယုတ္တိမတန်ဟု ဆင်ခြင်ကာ အမြင့်ဆုံး
ပြစ်ဒဏ်ကို ပေးလိုက်သည်။ ထိုကိစ္စကို အကြောင်းပြု၍ ဆန့်ကျင်
ကန့်ကွက်မှုတွေ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ကူးစက်ပျံ့ပွားလာသည်။

ယခုအမှုနှင့် အလားတူစွာ မျက်မြင်သက်သေမရှိသော လူသတ်မှုတစ်ခုကြောင့်
ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံအကြား ဖြစ်ပွားခဲ့သော နိုင်ငံရေး တင်းမာမှုတစ်ရပ်
၁၉၉၁ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သည်။ အဆိုပါနှစ်၏ မေလ ၄ ရက်နေ့က
စင်ကာပူ နိုင်ငံတွင် ကလေးထိန်းလုပ်နေသော ဖိလစ်ပိုင်လူမျိုး Delia Maga နှင့်
သူမထိန်းနေသော သုံးနှစ်သားအရွယ် စင်ကာပူကလေးငယ် Nicholas Huang
အသတ်ခံလိုက်ရသည်။ ကလေးက ရေချိုးရန်ထားသော ကန်ထဲတွင် ရေနစ်
သေဆုံးနေသလို သူ့ကိုထိန်းသည့် ကလေးထိန်း ကလည်း လည်ပင်း အညစ်ခံရ
ကာ လည်ပင်းရိုးကျိုးဒဏ်ရာများဖြင့် အသတ်ခံရသော အမှုဖြစ်သည်။ မျက်မြင်
သက်သေမရှိ။

မျက်မြင်သက်သေမရှိသော ထိုအမှုတွင် ရဲကအသတ်ခံရသူ၏ ဒိုင်ယာရီစာအုပ်
ထဲတွင် ရေးသားထားသော အချက်အလက်များကို အခြေခံကာ ဖိလစ်ပိုင်လူမျိုး
အိမ်ဖော် အလုပ်လုပ်ကိုင်နေသူ Flor R. Contemplacion ကို ဖမ်းဆီးစစ်ဆေး
ခဲ့သည်။ အိမ်ဖော် အလုပ်အကိုင် လာလုပ်နေရသော ဘဝတူ ဖိလစ်ပိုင် အမျိုး
သမီး Flor က သူမသတ်ကြောင်း ငြင်းဆိုသည်။ သို့သော် ထုံးစံအတိုင်း ရဲများက
မည်သို့မည်ပုံ စစ်ကြော ရေးလုပ်လိုက်သည် မသိ၊ တရားခံအဖြစ် သံသယ
အဝင်ခံရသူ Flor က သူသတ်ပါသည်ဟုေ ဖြာင့်ချက်ပေး လိုက်သည်။ ထိုအမှုကို
ရဲကနေ တရားရုံးသို့ တင်ပေးလိုက်သည်။ ဒီလိုနှင့်ပင် စင်ကာပူတရားရုံးက Flor
ကို သေဒဏ် ချမှတ်လိုက်သည်။

မူးယစ်ဆေးဝါးရောင်းဝယ်သော အမျိုးသမီးများကို သေဒဏ်ပေးလေ့ ရှိတတ်
သည့် စင်ကာပူ နိုင်ငံတွင် ဖိလစ်ပိုင်လူမျိုး အိမ်ဖော်တစ်ဦးကို သုံးနှစ်သားအရွယ်
စင်ကာပူကလေးနှင့် ကလေးထိန်းကို သတ်ဖြတ်ခဲ့သူအဖြစ် သေဒဏ်ပေး
လိုက်ခြင်းသည် မဆန်းကြယ်သော ဇာတ်လမ်းသာ ဖြစ်သည်။ သို့သော် သူမ၏
အချုပ်ခန်းဖော်ဖြစ်သူ Virginia Parumog က ထောင်ဆေးရုံတွင် Flor ကသူမကို
ပြန်ပြောပြသည့် အချက်အလက်များကြောင့် အမှုကို နောက်တစ်ခါ ပြန်စစ်ရ
သည်။ သူမက Flor ပြန်ပြောပြသည့် "ကလေးက ရေချိုး ပေးရင်း မတော်တဆ
ရေမွန်းသေသွားတာ ဖြစ်ကြောင်း၊ ကြောက်ရွံ့သွားသည့် ကလေးထိန်းက
ကလေးဖခင်ကို ဖုန်းဆက်ခေါ်ခဲ့ကြောင်း၊ အလုပ်ကနေ ကမန်းကတန်း အိမ်ပြန်
ပြေးလာသည့် ဖခင်က ဒေါသထွက်ကာ သတ်ပစ်တာ ဖြစ်နိုင်ကြောင်း၊ သူမကို
လည်း ဘာမှန်းမသိခင် အတင်းအကျပ် ဝန်ခံခိုင်းသဖြင့် ဖြောင့်ချက်ပေး
ခဲ့ရကြောင်း" ကို ပြောပြခဲ့သည်။ ထိုမှတစ်ဆင့် တခြားသူတွေကို ပြန်ပြောရာမှ
အမှုကို ပြန်စစ်သည်အထိ ဖြစ်သွားသည်။

သို့သော် Flor သည် သာမန်ဖိလစ်ပိုင် အိမ်ဖော်သာ ဖြစ်သည့်အတွက် ထုချေမှု
ကောင်းကောင်း ပေးနိုင်သည့် ရှေ့နေမငှားနိုင်။ သံရုံးက ဥပဒေ ကြောင်းအရ
အကူအညီမပေးခဲ့။ ဒီလိုနှင့် နောက်ထပ် ပြန်စစ်တော့လည်း Flor ၏ အကြောင်း
ပြချက်များက မခိုင်လုံဟုဆိုကာ သေဒဏ်ကို ဆက်လက်အတည်ပြုသည်။ ၁၉၉၅
မတ်လ ၁၇ ရက်နေ့တွင် သူမကို အခြားသော မူးယစ်ဆေးဝါး မှောင်ခိုသမား
အမျိုးသား သုံးဦးနှင့် အတူ ကြိုးပေးသတ်ခဲ့သည်။ ထိုနေ့တွင် ထူးထူးခြားခြား
လုံခြုံရေးအစောင့်တွေ တင်းတင်းကျပ်ကျပ်ဖြင့် ကြိုးပေးခဲ့ရခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် စင်ကာပူနိုင်ငံတွင် အလုပ် လုပ်ကိုင်နေကြသော ဘဝတူ
ဖိလစ်ပိုင်အမျိုးသမီးပေါင်း ၇၅,၀၀၀ ခွဲလောက်က အကျဉ်းထောင် ပြင်ပတွင်
စုဝေးဆန္ဒပြနေသောကြောင့် ဖြစ်၏။

အမှုနှင့်ပတ်သက်၍ ဝေဖန်မှုများ ပေါ်ပေါက်လာခဲ့သည်။ သူမ၏ အမှုအကြောင်း
သတင်းစာများ ရေးသောအခါ ဖိလစ်ပိုင်နိုင်ငံတွင် ဟိုးလေးတကျော် ဖြစ်သွား
တော့သည်။ သေဒဏ်ကို ဆိုင်းငံ့ထားဖို့ ဖိလစ်ပိုင်သမ္မတ ရားမို့စ်ကိုယ်တိုင်
စင်ကာပူအစိုးရကို တောင်းပန်သည်။ သို့သော် ဘာမှမထူးခြားလာ။ ဖိလစ်ပိုင်နှင့်
စင်ကာပူ သံတမန်ရေးတင်းမာမှုများ ပေါ်ပေါက်လာခဲ့သည်။ နောက်ပိုင်းတွင်
အသတ်ခံရသော Delia Maga ၏ အလောင်းကို ဖိလစ်ပိုင်တွင် မှုခင်းဆရာဝန်
များက စစ်ဆေးသည့်အခါ လက်ဖြင့်ညှစ်၍ကျိုးကုန်သော လည်ပင်းရိုးများသည်
သာမန်မိန်းမတစ်ယောက်၏ ခွန်အားဖြင့် ဘယ်လိုမှ မလုပ်နိုင်ဟု ပြောဆိုသော
ကြောင့် ဖိလစ်ပိုင်လူမျိုးများက Flor ကို အပြစ်မရှိကြောင်း ယုံကြည်ကြသည်။

ဖိလစ်ပိုင်တစ်နိုင်ငံလုံး စင်ကာပူဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်ကုန်သည်။
နှစ်နိုင်ငံ သံအမတ်တွေ ပြန်ခေါ်ကြသည်။ စီးပွားရေးဆက်ဆံမှုတွေပါ
ဖြတ်တောက်ကြသည်။ ဖိလစ်ပိုင်အစိုးရက စင်ကာပူတွင် ရှိသမျှ သူ့နိုင်ငံသား
တွေကို ပြန်လာဖို့ခေါ်သည်အထိ ဖြစ်ခဲ့သည်။ ဖိလစ်ပိုင်အစိုးရ ရှေ့နေချုပ်
ကိုယ်တိုင် စင်ကာပူအစိုးရထံ သံသယများ အားလုံးကင်းရှင်းသည်အထိ သူမ၏
ကြိုးဒဏ်ကို ဆိုင်းငံ့ထားဖို့ တရားဝင် တောင်းဆိုခဲ့သည်။ သို့သော် Flor ၏
သေဒဏ်ကို ရပ်တန့်အောင် မလုပ်နိုင်ခဲ့။ ကြိုးပေးမခံရမီ ညနေတွင်
ပြောကြားခဲ့သည့် Flor ၏ အမှာစကားကို ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး
ကိုယ်တိုင် တိုင်းပြည်ကို ဖတ်ပြသည်။

သူမကို ထောက်ခံအားပေးသည့်အတွက် ဖိလစ်ပိုင်နိုင်ငံသား အားလုံးကို
ကျေးဇူးတင်ကြောင်း၊ သူမအတွက် အစိုးရရော၊ ပြည်သူတွေပါ အားလုံး
ပင်ပန်းကုန်ကြရသည့် အတွက် ကြိုးဒဏ်စီရင်ချက်ကို သူမကိုယ်တိုင် စောစီးစွာ
လိုလိုလားလား ဆုံးဖြတ်တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည့်အတွက်
တစ်နိုင်ငံလုံး ကြေကွဲဝမ်းနည်းခဲ့ကြရသည်။ သူမ၏ အဖြစ်အပျက်ကြောင့်
နှစ်နိုင်ငံ မျက်နှာပျက်စရာတွေ ဖြစ်ကုန်သည်။ သံတမန်ရေးရာ ပုံမှန်အခြေအနေ
ပြန်ရောက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။

Flor ၏ အမှုကာလအတွင်း စင်ကာပူအကျဉ်းထောင်အတွင်းသို့ ဖိလစ်ပိုင်သံရုံးမှ
တာဝန်ရှိ သူများ စုစုပေါင်း ကိုးကြိမ်သာ လာခဲ့သည်ဟုဆိုသည်။ အစိုးရ၏
စောင့်ရှောက်မှု နည်းပါးကြောင်းကို သမ္မတ ကိုယ်တိုင်ဝန်ခံခဲ့သည်။ ဆင်းရဲတွင်း
နက်နေသော သူ့နိုင်ငံ၏ စီးပွားရေးကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်သည်။
ပညာအရည်အချင်း နည်းပါးသော အိမ်ဖော်တွေကို တရားဝင် လွှတ်သလို
နိုင်ငံခြားသွားမည့် အိမ်ဖော်များကို လိုအပ်သော ဘာသာစကားနှင့် အခြေခံ
လိုအပ်ချက်များကို သင်တန်းပေးပြီးမှ လွှတ်သည်။ အစိုးရနှင့်သံရုံးကပါ
လိုအပ်သော ကူညီစောင့်ရှောက်မှုတွေ လုပ်လာသည်။

Flor ၏ အလောင်းကို ဖိလစ်ပိုင်နိုင်ငံသို့ ပြန်သယ်သောအခါ သမ္မတကတော်
ကိုယ်တိုင် လေဆိပ်မှာ ဆင်းကြိုခဲ့သည်။ ဈာပနလမ်းတစ်လျှောက် ဖိလစ်ပိုင်
ပြည်သူပေါင်း များစွာက အဖြူရောင်လက်ကိုင်ပဝါများ ဝှေ့ယမ်းကာ သူမကို
ဂုဏ်ပြုကြသည်။ သမ္မတရားမို့စ်ကိုယ်တိုင် Flor ကို သူရဲကောင်း အမျိုးသမီး
အဖြစ် ဂုဏ်ပြုပေးသည်။ သူမ၏အကြောင်းကို စာအုပ်တွေရေးသည်။ ရုပ်ရှင်
ရိုက်သည်။ ဆင်းရဲသော ဖိလစ်ပိုင် အမျိုးသမီး ရွှေ့ပြောင်းလုပ်သားများ
နိုင်ငံရပ်ခြားတွင် အကာအကွယ်မဲ့ရသည်များကို ရပ်တန့်သွားအောင် အစိုးရ
ကိုယ်တိုင် အစွမ်းကုန် ဆောင်ရွက်ပေးခဲ့တာကို တွေ့ရသည်။

သို့သော်လည်း ယနေ့အချိန်အထိ ဖိလစ်ပိုင် အမျိုးသမီးအိမ်ဖော် ရွှေ့ပြောင်း
လုပ်သားများမှာ ချမ်းသာကြွယ်ဝသော အာရပ်သူဌေးနိုင်ငံများတွင် အနိုင်ကျင့်ခံ
သတ်ဖြတ် ညှဉ်းပန်း နှိပ်စက်ခံနေဆဲ ဖြစ်သည်။ ဆင်းရဲမှုများ မပပျောက်သေး
သရွေ့ ရွှေ့ပြောင်း လုပ်သားများ ဆက်ရှိနေဦးမည်မှာ သေချာပါသည်။ ၎င်းတို့
အထဲတွင် မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများဘဝက သာ၍ပင်
ဆိုးရွားလွန်းသည်။ တောထဲ တောင်ထဲတွင် လူမသိသူမသိ အသတ်ခံရသည်။
အလုံပိတ်ကားပေါ်တွင်အသက်ရှူကျပ်၍ သေရသည်။ ငါးဖမ်းလှေပေါ် လိုက်ရင်း
ကျွန်းပေါ်တွင် တိရစ္ဆာန်သဖွယ် လှောင်ပိတ်သော့ခတ် ခံကြရသည်။ ရေထဲ
ပစ်ချခံရ သည်။ အားလုံးက ကြေကွဲ ဝမ်းနည်းစရာတွေချည်းသာ ဖြစ်သည်။
တိုင်းပြည်တိုးတက်ဖို့ထက် လူတိုင်း အလုပ်အကိုင် ရရှိရေးနှင့် လုံလောက်သော
လုပ်ခလစာဝင်ငွေ ရရှိနိုင်စေရေးက ပိုအရေးကြီးနေတာ အမှန်ပင်ဖြစ်သည်။

ရိုမန်ကက်သလစ် ဘုန်းတော်ကြီး Teodoro Bacani က Flor အောက်မေ့ဖွယ်
ဈာပနအခန်းအနားတွင် ပြောကြားသော စကားက မှတ်သားဖွယ်ရာအဖြစ်
ကျန်ရစ်သည်။ "သူမဟာ ဆင်းရဲနွမ်းပါးမှုကြောင့် ကံကြမ္မာကောင်းရှိရာ
နိုင်ငံခြားကို ထွက်ခွာနေကြတဲ့ သန်းပေါင်းများစွာသော ဖိလစ်ပိုင်
အမျိုးသမီးတွေရဲ့ သင်္ကေတ အထိမ်းအမှတ်ဖြစ်တယ်။ သူတို့အားလုံးဟာ
သနားစရာလည်းကောင်းတယ်။ သူတို့ရဲ့ အစိုးရကိုယ်တိုင်က သူတို့ကို
အရေးမစိုက်ဘဲ စွန့်ပစ်ထားကြတယ်"

Flor ကွပ်မျက်ခံရသည်မှာ နှစ်ပေါင်း ၂၀ ရှိခဲ့ပါပြီ။ တချို့လူ့အခွင့်အရေး
အဖွဲ့အစည်းများနှင့် ရွှေ့ပြောင်း လုပ်သားအရေး ဆောင်ရွက်သူများက Flor
အတွက် အထိမ်းအမှတ်တွေ လုပ်ကြသည်။ သို့ပေမဲ့ အိမ်မက်တွေကို
အကောင်အထည်ဖော်ဖို့ ကိုယ့်မြေကိုယ့်ရေကနေ ထွက်ခွာနေကြသူတွေက
မရပ်တန့်နိုင်သေး။ မျက်ရည်ကျတာတောင် တရားမဝင် ကျနေရသူ
မြန်မာရွှေ့ပြောင်း လုပ်သားတွေ နိုင်ငံရပ်ခြားတွင် ဒုနဲ့ဒေး ရှိနေဆဲ။ သူတို့ကို
အရေးတယူ ဆောင်ရွက်ပေးမည့် အစိုးရကို မျှော်လင့်နေကြမှာကတော့
မလွဲမသွေ ပါပဲ။

လှမျိုးထွန်း
The Ladies News Journal

နိုင်ငံသားတစ်ဦး အနေဖြင့် မြန်မာနိုင်ငံသားများ မတရားခံရသည့် အပေါ်တွင်
တုံ့ပြန် ဆန္ဒထုတ်ဖော်သည်ကို လိုလားသော်လည်း ဆန္ဒပြမှုများမှာ နိုင်ငံရေးအရ
အသုံးချခြင်းမျိုး မဖြစ်သင့်ကြောင်း လိပ်ကျွန်း လူသတ်မှုကို သေဒဏ်ချမှတ်ခဲ့သည့်
အပေါ် ဆန္ဒထုတ်ဖော်မှုများနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ
ဦးအေးသာအောင်က ဒီဇင်ဘာ ၂၈ ရက်တွင် သတိပေး ပြောဆိုလိုက်သည်။

“အမှန်ကတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေကို
လုပ်ရမှာပဲ။ အဲ့ဒါထက် ကျော်လွန်ပြီးတော့ လုပ်လာတဲ့ လုပ်ရပ်မျိုးကတော့
မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ အခုလို နိုင်ငံသား တစ်ယောက်အနေနဲ့ မိမိရဲ့
အမျိုးသားရေးစိတ် ၊ နိုင်ငံသား တစ်ယောက်ရဲ့ လျော့နည်းနေတဲ့ ဂုဏ်သိက္ခာ
ကို ထုတ်ဖော်ပြသတဲ့ မတော်မတရား ခံရတာနဲ့ပတ်သက်လို့ ထုတ်ဖော်ပြသ
တာပဲ လုပ်သင့်ပါတယ်” ဟု ဦးအေးသာအောင်ကပြောသည်။

လတ်တလော ဖြစ်ပွားနေသည့် လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်သည့်
ဆန္ဒပြပွဲများတွင် နောက်ကွယ်၌ နိုင်ငံရေးအရ လှုံ့ဆော်မှုများ ရှိနိုင်ကြောင်း
ထိုင်းရဲတပ်ဖွဲ့မှ ရဲချုပ်က ဒီဇင်ဘာလ ၂၇ ရက်နေ့က ပြောဆိုထားသည်။

ယင်းအပြင် လူမှုကွန်ရက် မီဒီယာများပေါ်တွင် ထိုင်းနိုင်ငံနှင့် ပတ်သက်၍
အလွန်အမင်း အမုန်းစကား ပြောဆိုမှုများလည်း ရှိလာပြီး အချို့ဆန္ဒပြပွဲများတွင်
မဘသ အဖွဲ့များက ဦးဆောင်မှုအပေါ် လေ့လာသူများအကြား ပူပန်မှုများ
ရှိလာခဲ့သည်။

ယင်းအပြင် စည်းကမ်းတကျ ဆန္ဒပြခြင်းထက် လမ်းများပေါ်ထွက်၍ ခွင့်ပြုမိန့်
မတောင်းခံဘဲ ဆန္ဒပြမှုများ ရှိလာခဲ့ပြီး ယခုကဲ့သို့ အာဏာ လွှဲပြောင်းရေးအတွက်
တည်ငြိမ်မှု ရရှိရန် လိုအပ်နေချိန်တွင် လူထု ဆန္ဒပြပွဲများမှ တစ်ဆင့် မလိုလားအပ်
သည်များ ပေါ်ပေါက်လာနိုင်ကြောင်း စိုးရိမ်မှု အချို့လည်း ရှိနေကြသည်။

ထို့အပြင် လိပ်ကျွန်း လူသတ်မှုအရေး လှုပ်ရှားများ ဖြစ်ပွားနေသည့် အချိန်တွင် သမ္မတနှင့်
တပ်မတော်ကို အလွန်အကျွံ အကာအကွယ်ပေးသည့် ဥပဒေများ ပြဋ္ဌာန်းရန်
ကြိုးစားနေခြင်း ၊ ဖားကန့်ဒေသ ကျောက်စိမ်း အလွန်အကျွံ တူးဖော်နေမှုများအပေါ်
ထိန်းချုပ်နိုင်မှု မရှိသေးခြင်း စသည့်ကိစ္စရပ်တို့အပေါ် တွင်လည်း လေ့လာသူများ
အကြား သံသယ၀င်စရာ ဖြစ်နေသည် ။

" အမျိုးသားရေးအရ လိုအပ်လို့ ဖိအားပေး တာကလည်း ပေးပေါ့ဗျာ။ ဒါပေမဲ့
လက်လွတ်စပယ် စည်းလွတ် ၀ါးလွတ်တွေ မဖြစ်သင့်ဘူး။ တချို့က ကုန်စည်
ဆက်သွယ်ရေး လမ်းတွေ ပိတ်ဖို့တို့ ၊ အလောင်းဘုရားတို့ လက်ထက်တုန်းက
ကိစ္စတွေအထိ ပြောနေတာ တွေ့ရတယ်။ အမှုက တရားမျှတမှု ပြသ၁နာပါ။
လူမျိုးရေး နိုင်ငံရေး ပြသ၁နာ မဟုတ်ပါဘူး။ နောက်ပြီး တစ်ခုခုဖြစ်ရင် ထိုင်းမှာ
အလုပ်သွားလုပ်နေတဲ့ သူတွေ သန်းနဲ့ချီရှိတယ်။ သူတို့ လုံခြုံရေးအတွက် ဘယ်လို
လုပ်မလဲ " ဟု သတင်းစာဆရာ တစ်ဦးက သုံးသပ်ပြောဆိုသည်။

ရခိုင်တိုင်းရင်းသား နှစ်ဦး သေဒဏ်ချမှတ်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံအနှံ့ ဆန္ဒပြပွဲများ
ဖြစ်ပွားနေပြီး အမှုမှာ လက်ရှိအချိန်တွင် အယူခံတင်၍ ရသည့်အဆင့်တွင်
ရောက်ရှိနေသည်။

မြန်မာနိုင်ငံသား အများစုက လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနှစ်ဦး
ကျူးလွန်ခြင်း မရှိကြောင်း ယုံကြည်နေရပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း
လုပ်သား အများစုမှာ တခြားနိုင်ငံများမှ လာရောက် လုပ်ကိုင်သည့် ရွှေ့ပြောင်း
လုပ်သားများကဲ့သို့ တန်းတူ အခွင့်ရေး ရရှိမှုလည်း အလွန်နည်းပါးနေသည်။

“တစ်ဖက်က ထိုင်းနိုင်ငံက အလုပ်ရှင်၊ ပြီးတော့ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ
အပေါ်မှာလည်း မကျေနပ်ဘူး။ ကိုယ့်နိုင်ငံရဲ့ အာဏာရှင်စနစ် အဆက်ဆက်ကြောင့်
ပြည်သူတွေ အလုပ်အကိုင်မရှိလို့ ၊ လူငယ်တွေ ကျရာအလုပ်လုပ်ဖို့အတွက်
နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ရတယ် "ဟု ဦးအေးသာအောင်က ပြောသည်။

အမှန်တကယ် အပြစ်ကျူးလွန်သူကို ထိုင်းရဲတပ်ဖွဲ့က မဖမ်းနိုင်၊ မဖော်နိုင်၊
မဖော်ထုတ်နိုင် တစ်နည်းအားဖြင့် မဖမ်းရဲသည့်အတွက် လက်လွတ်စပယ်
စီရင်ချက်ချသည့်သဘော သက်ရောက်ပြီး မြန်မာလုပ်သား နှစ်ဦးအပေါ်တွင်
စာနာထောက်ထားမှုများကို ပြသသည့် အနေဖြင့် နိုင်ငံတကာနှင့် မြန်မာနိုင်ငံ
အနှံ့အပြား တွင် ဆန္ဒထုတ်ဖော်၍ လွှတ်ပေးရန် တောင်းဆိုခြင်းသည်
မြန်မာနိုင်ငံသား တစ်ဦး မတော်မတရားခံရမှုများ မဖြစ်စေချင်၍ ဆန္ဒပြသည်ဟု
သုံးသပ်ကြောင်းလည်း ဦးအေးသာအောင်က ဆက်လက် ပြောကြားခဲ့သည်။

သတင်း - ဇော်မင်းထွန်း
Photo - BCJP
The Ladies News Journal


မကွေးတိုင်းအမှတ် ၁၂ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် နေရာအတွတ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီမှဦးလှဆွေကထောက်ခံမဲတသိန်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရခဲ့သော NLD မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဦးပြူးလွင်ကဂုဏ်သိက္ခာချပြီးမဲဆွယ်ခဲ့သည်ဟုဆိုကာ နေပြည်တော်ရွေးကောက် ပွဲကော်မရှင်သို့ တိုင်ကြားထားသောကြောင့် လာမည့်ဇန်န၀ါရီလ ၁ ရက်နေ့တွင် သွားရောက်ဖြေရှင်းရမည်ဖြစ် ကြောင်း တိုင်ကြားခံရသူအနိုင်ရလွှတ်တော်ကိုယ်စားလှယ်က ဒီဇင်ဘာ၂၈ ရက်နေ့တွင် ပြောကြားသည်။

အနိုင်ရအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးပြူးလွင်မှာလွန်ခဲ့သောသုံးနှစ်က NLD ပါတီ၏ ဒေသဆိုင်ရာ လယ်ယာမြေစီမံခန့်မှုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး သိမ်းဆည်းခံလယ်သမားများ၏ အရေးကိစ္စ များကို အခမဲ့ကူညီဆောင်ရွက်ပေးခဲ့သည်ဟုဆိုသည်။

ယင်းကဲ့သို့ ဆောင်ရွက်ခြင်းများမှာ ကြိုတင်မဲဆွယ်သလို ဖြစ်ပြီးမဲဆွယ်စည်းရုံးရာတွင် ဦးလှဆွေ၏ဂုဏ်သိက္ခာကို ကျဆင်းစေရန် ပြောဆိုခဲ့သည်ဟုဆိုကာ တိုင်ကြား ထားကြောင်း NLD ကိုယ်စားပြု အနိုင်ရတိုင်းဒေသကြီး အမှတ်၁မဲဆန္ဒနယ်မှ ဦးမြင့်ဇော်က စွပ်စွဲချက်ကို ပြော ပြသည်။

ယင်းကဲ့သို့ စွပ်စွဲတိုင်ကြားထားမှုကိုဖြေရှင်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေရေးရာအဖွဲ့နှင့် မိမိနှင့် ၂၉ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ဦးလှဆွေက နေပြည်တော်တွင် တိုင်ကြားထားသည့်အတွက် နေပြည် တော်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဇန်န၀ါရီလ ၁ ရက်နေ့ သွားရောက် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဦးပြူးလွင်က ပြောပြသည်။

ထိုကိစ္စနှင့်ပတ်သတ်ပြီး ဦးလှဆွေထံသို့ ၂၈-၁၂-၂၀၁၅ ရက်နေ့တွင် တနေကုန်ဖုန်းခေါ်ခဲ့သော်လည်းဖုန်းပိတ်ထားကြောင်းသာ ဖြေဆိုနေသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

“ကျွန်တော်တို့ကို အားပေးကူညီသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့မှာ ဘာအပြစ်မှ မရှိပါဘူး။ ဆိုးရွားတဲ့ ဒီရာဇ၀တ်မှုနဲ့ ကျွန်တော်တို့နဲ့ မပတ်သက်ဘူး။ ကျွန်တော်တို့ မသတ်ခဲ့ဘူး။ ကျွန်တော်တို့ လွတ်လပ်မှုကို လိုချင်တယ်။ အယူခံဝင်တဲ့အခါ အမှုမှန်ပေါ်ထွက်လာမယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ အယူခံအောင်မြင်ပြီး နောက်ဆုံးမှာ ကျွန်တော်တို့ကို လွှတ်ပေးမယ်လို့လည်း ယုံကြည်တယ်။ အားလုံးရဲ့ အားပေးမှုတွေနဲ့ ဆုံးခန်းထိတိုင် ကျွန်တော်တို့ တောင့်ခံအားတင်းနေမယ်။ အယူခံအဆင့်ဆင့်ဝင်ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကို သေချာပေါက် ပြန်ရမှာပါ။ ကျွန်တော်တို့ နေ့စဉ် တရားထိုင်မယ်။ ကျွန်တော်တို့ရဲ့လွတ်လပ်မှုအတွက်နဲ့ ခိုတောင်မှာ အသတ်ခံလိုက်ရတဲ့သူတွေအပါအ၀င် ကမ္ဘာသူကမ္ဘာသားအားလုံး ပျော်ရွှင်ကြစေဖို့ ငြိမ်းအေးကြစေဖို့ ဗုဒ္ဓဘုရားရှင်ထံမှာ နေ့စဉ် ဆုတောင်းပါတယ်။

Credit - Andy Hall
News Watch(စောင့်ကြည့်သတင်းဂျာနယ်)



ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင်ရှိ အမှတ် (၆၈-အေ/၅၃ ဘီ) တွင် ၃၁ ထပ်၊ Basement လေးထပ် + ၂၇ ထပ်ဆောက်လုပ်မည့် Somerset Apartment & Condominium သည် ရွှေတိဂုံ ဘုရားနှင့် အနီးဆုံးနေရာတွင်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ၏ အထပ်မြင့် ဇုန်မူဝါဒနှင့် မကိုက်ညီသည့်အတွက် အထပ်အမြင့် လျှော့ချနိုင်ရေး ပြန်လည်စစ်ဆေးပေးရန် နိုင်ငံတော်သမ္မတထံ တင်ပြသွားမည်ဖြစ်ကြောင်း YCDC ကော်မတီဝင် (၇) ဦးခင်လှိုင် (ဇောတိက) က News Watch သို့ ပြောသည်။

ယင်းအဆောက်အအုံအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၄ ဇန်န၀ါရီ ၂၃ ရက်က ကျင်းပပြုလုပ်သော အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၄) ဆုံးဖြတ်ချက် အပိုဒ် (၅) အရ မူအားဖြင့် ခွင့်ပြုခဲ့ပြီးဖြစ်သကဲ့သို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကပါ ခွင့်ပြုပေးခဲ့ကြောင်း သိရကာ အဆောက်အအုံတည်ဆောက်မည့် မြေကွက်အကျယ်သည် ၀ ဒသမ ၉၃၄ ဧက၊ အဆောက်အအုံ၏ စုစုပေါင်းအမြင့် ၂၉၈ ပေရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၁၂ ပေရှိကြောင်း သိရသည်။
''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့လုပ်ခဲ့တာမှန်ပေမယ့် ခွင့်ပြုချက်ပေးကတည်းက မဖြစ်သင့်တာကို ပေးခဲ့တာ။ ဒီအထပ်ကို အထပ်မြင့်မူဝါဒအရ မကိုက်ညီဘူးဆိုတာ သိရက်သားနဲ့ ခွင့်ပြုချက်ကို ပေးပစ်လိုက်တာ။ ပေးပြီး တော့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဖြစ်လာတာ။ YCDC ကို ခွင့်ပြုချက် တောင်းပေမယ့် နိုင်ရင်နိုင်သလိုလုပ်သွား တာ''ဟု ဦးခင်လှိုင်(ဇောတိက)က ပြောသည်။

အင်ဂျင်နီယာ၏တွက်ချက်မှုအရ အဆောက်အအုံတခုလုံး၏ စုစုပေါင်းကြမ်းခင်းဧရိယာနှင့် ယင်း အဆောက်အအုံ တည်ရှိရာမြေကွက်အချိုး (Floor Area Ratio-FRA) အဆောက်အအုံမြေဧရိယာ၏ အချိုးနှင့် မြေဧရိယာရဲ့ အချိုးအရ (Building Coverage Ratio-BCR) (ဒသမ ၆) အောက်တွင်သာ ခွင့်ပြုထားသော်လည်း (၀ ဒသမ ၆၉) အချိုးဖြစ်နေကြောင်း၊ အဆောက်အအုံတခုလုံး၏ စုစုပေါင်းကြမ်းခင်းဧရိယာနှင့် ယင်းအဆောက် အအုံ တည်ရှိရာမြေကွက်အချိုး (Floor Area Ratio-FRA) ခွင့်ပြုချက် ၁၀ အထိသာ ခွင့်ပြုထားသော်လည်း ၁၅ ဒသမ ၄ အချိုး၊ လမ်းနှင့် အဆောက်အအုံ၏အချိုးလည်း ကိုက်ညီမှုမရှိကြောင်း၊ ၁၉၉၀ ပြည့်နှစ် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၂၇(ခ)နှင့် ၁၉၂၂ ခုနှစ် ရန်ကုန်မြူနီ စပယ်အက်ဥပဒေပုဒ်မ ၁၇၀၊ ပုဒ်မခွဲ (၁)၊ အပိုဒ်(က)အရ YCDC က ၁၉၉၄ ခုနှစ် သြဂုတ် ၁၅ ရက်ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအရ မိသားစုကိုယ်ပိုင်အိမ်နှင့် အဆောက်အအုံသစ်များ ဆောက်လုပ်ပါက ရွှေတိဂုံစေတီတော်နှင့် ရွှေတိဂုံစေတီ တော် ပရိဝုဏ်ဝန်းကျင်အနီးတွင် စေတီတော်မြတ်အား လွှမ်းမိုးထိခိုက်နိုင်သည့် အဆောက်အအုံများအား ထိန်းချုပ်ရန် ရည်ရွယ်၍ အရှေ့ဘက်တွင် အလံပြဘုရားလမ်း၊ တိရစ္ဆာန်ဥယျာဉ်လမ်း၊ ကန်လမ်း၊ စက်ရုံလမ်း၊ နတ်မောက်လမ်းနှင့် ကမ္ဘာအေးစေတီလမ်း။ မြောက်ဘက်တွင် ဓမ္မစေတီလမ်း၊ အနောက်ဘက်တွင် ပြည်လမ်း နှင့် တောင်ဘက်တွင် မင်းရဲကျော်စွာလမ်း၊ ရွှေတိဂုံဘုရားလမ်းဆုံရာမှ ဦးဖိုးလှိုင်လမ်းများ၏ ၀ဲယာဘက်များ၌ အဆောက်အအုံများဆောက်လုပ်ရာတွင် ခြောက်ထပ်မပိုရန်နှင့် ယင်းနေရာများမှအပ ကျန်နယ်နိမိတ်များတွင် အဆောက်အအုံများ ဆောက်လုပ်ရာတွင် ၁၂ ထပ်ထက်မပိုစေရဟူ၍လည်းကောင်း၊ အဆောက်အအုံ အမြင့် ၁၂ ထပ်ထက်ပိုသော အဆောက်အအုံများအားဆောက်လုပ်ပါက နိုင်ငံတော်ထံမှ သီးခြားအတည်ပြုချက်ရယူရ မည်ဟုပါရှိကြောင်း ၎င်းက ပြောသည်။

''ဆက်လက်ပြီးတော့ ဒီအထပ်မြင့်တွေ လျှော့ချဖို့ဆက်လုပ်မယ်။ သူဆောက်လို့ရရင် အထပ် ၂၀ ပဲ။ အခု ပုလဲ ကွန်ဒို ထက်ကျော်လို့ မရဘူး။ အဲနားတ၀ိုက်က ပုလဲကွန်ဒိုထက်ကျော်လို့ မရဘူး။ အခု ကော်မတီ EC ကို နှစ်ကြိမ်လုံး တင်ပြီးသွားပြီ။ အဲဒီတုန်းက ဘာကြောင့်ပေးခဲ့တာလဲဆိုတာ မေးမြန်းခဲ့ပြီးပြီ။ အဲဒီတော့ ဘာကြောင့်ပေးခဲ့တာလဲဆိုတာ ဂဃနဏ သိပြီးပြီ။ EC က ဒီအပေါ်မှာ ဆောင်ရွက်ပေးနိုင်မှုမရှိဘူးဆိုရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရရယ်၊ နိုင်ငံတော်သမ္မတကြီးအထိပါ လိုက်ရမယ်။ အဲဒီကိစ္စပြန်လည် စစ်ဆေးပေးဖို့ ပေါ့။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ခွင့်ပြုခဲ့တာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရကို အထပ် လျှော့ဖို့ တင်ပြမယ်။ နိုင်ငံတော်သမ္မတကြီးဆီကိုလည်း တင်ပြမယ်''ဟု ဦးခင်လှိုင်က ပြောသည်။

ထို့ပြင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အနောက်ပိုင်းခရိုင်အတွင်း ဖော်ပြသတ်မှတ် ထားသည့်ဧရိယာများတွင် ရွှေတိဂုံစေတီတော်အား လွှမ်းမိုးသွားနိုင်သည့်နေရာများ၌ ခြောက်ထပ်အထိ သာခွင့်ပြုထားကြောင်း၊ ဆိတ်ငြိမ်ရပ်ကွက်များဖြစ်သည့် ရွှေတောင်ကြား (၁)ရပ်ကွက်၊ (၂)ရပ်ကွက် များတွင်လည်း အထပ်မြင့် လေးထပ်သာဆောက်ခွင့်ပြုထားကြောင်းနှင့် ထင်ရှားသည့်ရှေးဟောင်း အဆောက်အအုံရှိသည့်နေရာများကိုလည်း ကန့်သတ်ထားကြောင်း၊ သို့သော်လည်း ရွှေတောင်ကြား၏ မျက်နှာ ချင်းဆိုင် တဖက်ခြမ်းဧရိယာ (ပုလဲကွန်ဒိုဘက်ခြမ်း)ကို ဆောက်လုပ်ခွင့်ပြုသည့်အချက်မှာလည်း ထူးခြား ချက်တခုဖြစ်ကြောင်း ၎င်းက ပြောသည်။

''68 ကွန်ဒိုက ဘာလဲဆိုတော့ အောက်က Basement လေးထပ်ပါတယ်။ လေးထပ်လုပ်ခြင်းအားဖြင့် အောက်ကမြေကို လေးထပ်စာတူးရမှာ။ အဲလေးထပ်စာတူးရမှာဖြစ်တဲ့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ကုက္ကိုင်းရေလှောင်ကန်ခေါ်တာပေါ့။ အဲရေလှောင်က ရေဂါလံသန်း ၂၀ ဆံ့တယ်။ နှစ်ပေါင်း ၁၀၀ ကျော်က ရန်ကုန်မြို့ကို ရေပေးဝေနေတဲ့ ရေကန်ကြီးရှိတယ်။ အဲဒီရေကန်ကြီးနဲ့ ပေ ၁၀၀ အကွာမှာပဲရှိတယ်။ အဲဒီရေကန်ကြီးရဲ့ အောက်ဘက်ပေ ၅၀ လောက် မြေတူးချလိုက်မှာဖြစ်တဲ့အတွက် ကန်ရဲ့ စိုးရိမ်ရတဲ့ အနေအထားကို ရောက်ရှိသွားမယ်။ ပြီးတော့ လမ်းရဲ့အနေအထားနဲ့လည်း မကိုက်ညီဘူး။ အဆောက်အအုံရဲ့အမြင့်က ၄၁၂ ပေရှိတယ်။ ရွှေတိဂုံဘုရားကြီးရဲ့ ဥာဏ်တော်အမြင့်က ၄၁၇ ပေ။ အဲဒီနားမှာ တကယ်ဆောက်ရမှာကပေ ၁၉၀ လောက်ပဲဆောက်ရမှာ။ အမြင့်ပေ ဇုန်သတ်မှတ် ချက် ပေ ၁၉၀ လောက်ပဲ ရတယ်။ ရွှေတိဂုံဘုရားနဲ့လည်း မလှမ်းမကမ်းမှာရှိနေတယ်။ အမြင့်ပေ ၄၁၇ အောက်ဆိုတာ အနီးအနားကပ်ပြီး ၄၁၂ ပေလုပ်လို့မရဘူး။ အဲဒါဆိုရင် အဝေးကကြည့်ရင် ရွှေတိဂုံဘုရားကြီးနဲ့အပြိုင်ဖြစ်နေမှာပေါ့။ အဲဒီ တိုက်ကြီးက ယှဉ်နေသလို ဖြစ်နေလိမ့်မယ်။ ရွှေတိဂုံဘုရားကို အဝေးကကြည့်ရင် မကွယ်စေချင်ဘူးပေါ့''ဟု ဦးခင်လှိုင်က ပြောသည်။

ထို့အတူ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း အမှတ် (၇၇) တွင် တည်ဆောက်နေသည့် Basement ၃ ထပ် + ၂၈ ထပ် ဆောက်လုပ်မည့် 77 Condominium အဆောက်အအုံကိုလည်း အလားတူကိစ္စရပ်များ ဆက်လက် ဆောင်ရွက်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဦးခင်လှိုင်(ဇောတိက)က ပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော်

အစိုးရသစ်နဲ့ လက်ရှိအစိုးရကြား အုပ်ချုပ်ရေးအာဏာအလွှဲအပြောင်း လုပ်တော့မယ့်အချိန် လွှတ်တော်သက်တမ်း ကုန်ဆုံးခါနီးမှာမှ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ လုပ်ပိုင်ခွင့်ကို ဥပဒေတရပ်အနေနဲ့ ပြဋ္ဌာန်းဖို့ ကြိုးစားတာဟာ သမ္မတအထက်ကနေ ထိန်းချုပ်ဖို့ မရိုးဖြောင့်တဲ့ ကြိုးစားမှုတရပ်အဖြစ် ဥပဒေပညာရှင်တဦးက သုံးသပ်ပါတယ်။

အမျိုးသားလွှတ်တော်အမတ်တွေ လေ့လာဖို့ ဖြန့်ဝေထားတဲ့ ကာလုံဥပဒေကြမ်းကို လက်ရှိလွှတ်တော် သက်တမ်း ကုန်ဆုံးခါနီး အချိန်တိုအတွင်းမှာ ပြဋ္ဌာန်းနိုင်ဖို့က ဖြစ်နိုင်ခြေမရှိပေမဲ့လို့ မဖြစ်မနေပြဋ္ဌာန်းဖို့ ကြိုးစားနိုင်ခြေရှိတယ်လို့လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ရှု့မြင်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ပထမအကြိမ်လွှတ်တော်သက်တမ်းက လာမယ့် ၂၀၁၆ခုနှစ် ဇန်နဝါရီလကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ လွှတ်တော်ရဲ့ ဥပဒေရေးရာ လုပ်ငန်းပိုင်းတွေ ကို ဒုတိယအကြိမ်လွှတ်တော်အတွက် အဆင်ပြေချောမွေ့စွာလွှဲပြောင်းပေးနိုင်ရေး လွှတ်တော်အသီးသီးက ပြင်ဆင်နေကြချိန်မှာပဲ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၂၁ရက်က အမျိုးသားလွှတ်တော်မှာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဥပဒေမူကြမ်းကို ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးနိုင်ဖို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေ လေ့လာဖို့ဆိုပြီး အမျိုးသားလွှတ်တော်တွင်း ဖြန့်ဝေခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ လုပ်ပိုင်ခွင့်ကို ဥပဒေတရပ်အနေနဲ့ ပြဋ္ဌာန်းနိုင်ဖို့ အခုလိုအချိန်မှာမှ ဆောင်ရွက် လာတာဟာ မရိုးသားဘူးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရေး အထူးလေ့လာသုံးသပ်နေတဲ့ ဥပဒေပညာရှင်ဦးကိုနီက သုံးသပ်ပါတယ်။ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို ဥပဒေတရပ်အဖြစ် အပ်နှင်းနိုင်ဖို့ လက်ရှိအာဏာရပါတီရဲ့ ကြိုးစားအားထုတ်မှုအဖြစ်လည်း သူက ရှု့မြင်ပါတယ်။

" ကာလုံ ဥပဒေသည် ကာကွယ်ရေးဦးစီးချုပ်ကို ကာကွယ်ပေးတဲ့ ဥပဒေပဲ။ ကာကွယ်ရေးဦးစီးချုပ်ကို တိတိကျကျ ပြတ်ပြတ်သားသား အာဏာအပ်နှင်းတဲ့ ဥပဒေဖြစ်သွားမယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အာဏာကို တိုးချဲ့ချင်လို့ ဒီဥပဒေကို ပြဋ္ဌာန်းမှာ။ တနည်းအားဖြင့် သမ္မတကို ထိန်းထား နိုင်အောင် ၊ သမ္မတရဲ့ အထက်ကနေ သူက ထိန်းချုပ်ထားလို့ရနိုင်အောင် ရည်ရွယ်ချက်နဲ့ သူက ကြိုးပမ်းတာပဲ။ တကယ်လို့ ကာလုံဥပဒေဟာ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်တဲ့ဥပဒေ ဆိုရင် လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ရေးဆွဲခဲ့ဖို့ကောင်းတယ်။ အခု ဒီဥပဒေကြမ်းကို တင်တဲ့အချိန်ဟာ ပြည်ခိုင်ဖြိုး ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးတဲ့နောက် တင်တာဖြစ်တဲ့အတွက် ရိုးဖြောင့်မှု မရှိဘုး။

နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရ ဥပဒေတွေကို အတည်ပြပြဋ္ဌာန်းနိုင်ရေး လွှတ်တော်တွင်း ကြိုးပမ်းမှုတွေထဲ အခုလို ကာလုံဥပဒေကို

ပြဋ္ဌာန်းနိုင်ဖို့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲက အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီမှာ ကြိုးစားခဲ့ပေမဲ့လို့ မလိုအပ်ဘူးဆိုပြီး မဆွေးနွေးခဲ့ပဲနေခဲ့ရာက အခုလွှတ်တော် သက်တမ်းကုန်ဆုံးခါနီး မှာမှ ဥပဒေတရပ်အဖြစ် ပြဋ္ဌာန်းနိုင်ဖို့ အမျိုးသားလွှတ်တော်အမတ်တွေကို ဖြန့်ဝေခဲ့တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ကပြောပါတယ်။

" အဲ့ဒီ့မှာပါတဲ့ ကာလုံရဲ့ လုပ်ပိုင်ခွင့်တွေ၊ ဖွဲ့စည်းပုံတွေ ဒါတွေကို ဘယ်လို လုပ်မယ်ဆိုတာ အဲ့တာ ဖွဲ့စည်းပုံမှာ အသေအချာ ပါပြီးသားတွေပဲ ဒါကြောင့် ဒါတွေကို ပြဋ္ဌာန်းဖို့ မလိုအပ်သေးဘူးဆိုပြီး လွှတ်တော်မှာ တင်ပြီးတော့ ဆွေးနွေးဖို့မသင့်ဘူးဆိုပြီး ပြန်ပြီးတော့ ရုပ်သိမ်းသွားတယ်။ အခု ထပ်ြ့ပီးတော့ ပေါ်လာတယ် ဒါ။ ဘယ်လိုရည်ရွယ်ချက် ဘယ်လိုလုပ်ဖို့ ပေါ်လာတယ် မသိဘူး။ သို့သော် လေ့လာဖို့ ကိုယ်စားလှယ်တွေကို ဝေဌထားတာ ဒါပဲရှိတယ်။ Agenda ထဲမှာ ထည့်မပေးသေးဘူး။ လွှတ်တော်ထဲ မဆွေးနွေးသေးဘူး။"

အခုအခ်ျိန်အထိတော့ လွှတ်တော်တွင်း ဆွေးနွေးနိုင်ဖို့ ဖြန့်ဝေထားဆဲ အနေအထားဖြစ်ပြီး လွှတ်တော်အသီးသီးမှာ ပြဋ္ဌာန်းအတည်ပြုနိုင်ရေးက အချိန်ကာလတခုအထိ ယူရမှာဖြစ်လို့ ဒီလွှတ်တော်သက်တမ်းမှာ အတည်ပြုဖို့ ဖြစ်နိုင်ခြေ နည်းပေမဲ့လို့ မဖြစ်မနေပြဋ္ဌာန်းနိုင်ခြေလည်းရှိတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က သုံးသပ်ပါတယ်။

တကယ်လို့ ဒီလွှတ်တော်သက်တမ်းအတွင်းမှာ အမတ်နေရာအများစုရထားတဲ့ အာဏာရပါတီဘက်က မဖြစ်မနေပြဋ္ဌာန်းအတည်ပြုနိုင်ဖို့ ကြိုးစားခဲ့လို့ အတည်ပြုနိုင်ခဲ့ရင် အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အမတ်နေရာအများစုရထားတဲ့ နောင် လွှတ်တော်သက်တမ်းမှာ မဖြစ်မနေ ပယ်ဖျက်သိမ်းဖို့ ကြိုးစားသင့်တဲ့ ဥပဒေတရပ်အဖြစ်လည်း ဥပဒေပညာရှင် ဦးကိုနီက ရှု့မြင်ပါတယ်။

သမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာထက် ကာလုံရဲ့လုပ်ပိုင်ခွင့် ကျော်လွန်အောင် ကြိုးစားမှုတရပ်ဖြစ်တဲ့ ဥပဒေဖြစ်တဲ့ ကာလုံဥပဒေကြမ်းအပေါ် ဦးကိုနီအမြင်က-

"တကယ်တမ်းပြောရရင် သမ္မတဟာ နိုင်ငံရဲ့ အကြီးအကဲဖြစ်တယ်။ နိုင်ငံသားအားလုံးရဲ့ အထွဋ်အထိပ်ပုဂ္ဂိုလ်ဖြစ်တယ်။ အစိုးရအဖွဲ့ရဲ့ အကြီးအကဲဖြစ်တယ်။ ဒါကြောင့် ကာလုံဆိုတာ သမ္မတကို အကာအကွယ်ပေးတဲ့ အဆင့်မျိုးသာ ဖြစ်သင့်တယ်။ ကာလုံဟာ သမ္မတရဲ့အထက်မှာ လက်ရှိအခြေခံဥပဒေဖွဲ့စည်းပုံအရ လုံးဝ ရှိလို့မရဘူး။ အဲ့တာကို ဥပဒေတရပ်အဖြစ် ပြဋ္ဌာန်းဖို့ ကြိုးစားမယ်ဆိုရင် အခုလို လူအားကောင်းလို့ လူအားနဲ့ ပြဋ္ဌာန်းခဲ့ရင်တောင် အဲ့ဒီ့ဥပဒေဟာ ဖွဲ့စည်းပုံနဲ့ မညီညွတ်တဲ့အတွက် နောက်တက်လာမယ့် သက်တမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးမှာ တင်ပြီး ဖျက်ပစ်ရမယ့် ဥပေဒထဲမှာ ပါဝင်ပါလိမ့်မယ်။"

ဖွဲ့စည်းပုံအခြေခံဥပဒေပါ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၁ ဦးပါတဲ့ ကာလုံ လို့ခေါ်တဲ့ ကောင်စီမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာချုပ်က ခန့်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီး အပါအဝင် တပ်ဘက်ကတင်မယ့် ဒုသမ္မတ တယောက် အားလုံး ၆ယောက် ပါဝင်ပါတယ်။ ကျန် ၅ ယောက်က သမ္မတ၊ ဒုသမ္မတတယောက်၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ နိုင်ငံခြားရေးဝန်ကြီး ၁ ယောက်တို့ ပါဝင်ပါတယ်။ နိုင်ငံရဲ့ အရေးကြီး အရေးပေါ်ကိစ္စရပ်တိုင်း ကာလုံက မဲခွဲဆုံးဖြတ်တဲ့အခါတိုင်း ကာချုပ်ဦးဆောင်တဲ့ (၆)ဦးဘက်က အမြဲအသာရနေတဲ့အနေအထားမှာ အခုထပ်ပြီးတော့ ဥပဒေအရ အတည်ပြုပြဋ္ဌာန်းဖို့ကြိုးစားနေတဲ့အပေါ် မေးခွန်းထုတ်နေကြတာလည်းဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ကပဲ မြန်မာနိုင်ငံမှာ သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူတွေကို တရားစွဲဆိုမှုကနေ ကင်းလွတ်ခွင့်ရစေမယ့် ဥပဒေကြမ်းတခုကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး လွှတ်တော်မှာ တင်ခဲ့ပါသေးတယ်။ ဒီ “နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း” ဟာ စစ်တပ်နဲ့ အာဏာရပါတီအနေနဲ့ အတိတ်က သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အရေးယူမခံရအောင် အကာအကွယ်ယူဖို့ ကြိုးစားတဲ့ ဒီဥပဒေကြမ်းအဖြစ် ဝေဖန်မှုတွေရှိခဲ့တာပါ။

မဆုမွန်/VOA
http://burmese.voanews.com/content/senational-defence-and-security-council-draft/3121309.html

မချောစန္ဒီထွန်း (ခေါ်)ချစ်သမီးကို ဆက်သွယ်ရေးဥပဒေပုဒ်မ  ၆၆ ဃ ဒီကနေ့ မအူပင်တရားရုံးကနေ ထောင်ဒဏ် ၆ လ ချမှတ် (photo- Robert Sann Aung Facebook)
မချောစန္ဒီထွန်း (ခေါ်)ချစ်သမီးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဒီကနေ့ မအူပင်တရားရုံးကနေ ထောင်ဒဏ် ၆ လ ချမှတ် (photo- Robert Sann Aung Facebook)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သရော်ထားတဲ့ဓါတ်ပုံ မျှဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခံထားရတဲ့ မချောစန္ဒီထွန်း (ခေါ်)ချစ်သမီးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဒီကနေ့ မအူပင်တရားရုံးကနေ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ ဒီလို အရေးယူလိုက်တာဟာ လွတ်လပ်စွာရေးသားထုတ်ဖော်ပိုင်ခွင့်ကို ထိခိုက်တယ်လို့ ချစ်သမီးရဲ့ အကျိုးဆောင်ရှေ့နေက သုံးသပ်ပါတယ်။ မိဘတွေအနေနဲ့ကတော့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးပါမယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သရော်ထားတဲ့ ဓါတ်ပုံတွေ Facebook လူမှုကွန်ယက်မှာ ဖော်ပြထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့ မချောစန္ဒီထွန်း ခေါ် ချစ်သမီးကို ၈ ကြိမ် တိုင်တိုင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတော့ မအူပင် တရားရုံးကနေ ထောင်ဒဏ် ၆ လချမှတ်ခဲ့တယ်လို့ မချောစန္ဒီထွန်းရဲ့ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလို ပြောပါတယ်။

“၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ အရ အနောက်တောင်တိုင်း စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးကျော်ထင်ကနေပြီးတော့ တရားလိုလုပ်ပြီးတော့ အမှုဖွင့်လှစ်တိုင်ကြားမှုနဲ့ ပတ်သက်ပြီးတော့ ဒီကနေ့ ထောင်ဒဏ် ၆ လကို မြို့နယ်တရားသူကြီး ဒေါ်လှမြတ်မွန်က အမိန့်ချမှတ်လိုက်ပါတယ်။”

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ၊ အသရေဖျက်မှု ပုဒ်မ ၅၀၀ တို့နဲ့တရားစွဲဆိုခံထားရတဲ့ မချောစန္ဒီထွန်းကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီးပြီး အချုပ်နဲ့ ထိန်းသိမ်းထားတာလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာတော့ စွဲဆိုချက် ခိုင်လုံမှုမရှိတာကြောင့် အသရေဖျက်မှု ပုဒ်မ ၅၀၀ ကို တရားရှင်လွှတ်ပေးခဲ့ပါတယ်။

ဒီကနေ့ချမှတ်လိုက်တဲ့ အမိန့်ဟာ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်ကို ထိခိုက်တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလို သုံးသပ်လိုက်ပါတယ်။

“ကျနော်တို့ စိတ်မကောင်းတာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ နဲ့ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ တို့အရ Freedom of Expression နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍ မှာ ထိခိုက်တယ်လို့ ကျနော်တို့က ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါ ဘာသာရေးဆိုင်ရာ ထိခိုက်စေမှုလည်းမဟုတ်ဘူး။ အခုဟာက ဒါသူ့ရဲ့အမြင်ကို သူတင်တဲ့ ၊ တဦးတယောက်က တင်သော်လည်း တင်တဲ့ပုံ အရပြောမယ်ဆိုရင်တော့ ဒီဥစ္စာပေါ်မှာ အရေးယူလောက်တဲ့ ဥပဒေပြဿနာမရှိဘူးလို့ ထင်တယ်။”

တရားစီရင်မှုအပြီးမှာ မချောစန္ဒီထွန်းက သူ့အနေနဲ့ ဒီလို ပြစ်ဒဏ်ချမှတ်ခံရသလို ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရေးသားခဲ့တဲ့ ဝန်ကြီးဦးရဲထွဋ်ရဲ့ဇနီးကိုလည်း အရေးယူစေချင်တယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မချောစန္ဒီထွန်းရဲ့ မိခင် ဒေါ်အိစံကတော့ ဒီနေ့ချမှတ်လိုက်တဲ့အမိန့်ကို အခုလို သုံးသပ်လိုက်ပါတယ်။

“စပြီးတော့ ဖမ်းကတည်းကိုက ဒီကလေးကို မတရားအမှုဆင်ပြီးတော့ ဖမ်းထားတယ်ရှင့်။ နောက်ပြီးတော့ ထောင်ချရာမှာလည်း အန်တီတို့အနေနဲ့က ၃ နှစ်ဆိုပြီး မှန်းထားတယ်လေ။ ထောင်ချတာ အခု ဒီကလေးပေါ်မှာလည်း မတရားရာ ကျမယ်။ ချက်ချင်းပြန်လွှတ်ပေးရင်လည်း သူတို့အနေနဲ့က အရှက်ကွဲမယ်။ ဒါကြောင့်မို့လို့ အခုဖမ်းထားတာဆိုရင် အခု ၃ လ ပြည့်ခါနီးပြီပေါ့နော်။ ၂ လကျော်ကျော်ရှိသွားပြီ ။ ထောင် ၆ လ ဆိုတော့ ကြားကာလကို ချလိုက်တယ်လို့ အန်တီထင်တယ်။”

တရားရုံးက စီရင်ချက်ချခဲ့တဲ့ ထောင်ဒဏ် ၆ လမှာ ချုပ်ရက် ခံစားခွင့်ရရှိတာကြောင့် အောက်တိုဘာလ ၁၂ ရက်နေ့ကနေ ဒီနေ့အမိန့်ချတဲ့နေ့အထိ ၂ လကျော် ထိန်းသိမ်းခံခဲ့ရပြီး ဖြစ်တဲ့အတွက် နောက်ထပ် ၃ လ ကျော် ဆက်လက် ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။

အယူခံဝင်ဖို့ မသေချာသေးပေမယ့် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်ဖို့ မျှော်လင့်တယ်လို့ မိခင် ဒေါ်အိစံက အခုလို ပြောပါတယ်။

“အယူခံဝင်ဖို့ကိုလည်းအန်တီတို့က တော်တော်စဉ်းစားရတယ်။ လွတ်လပ်ရေးနေ့ လွှတ်ငြိမ်းချမ်းသာခွင့်အထဲမှာလည်း အန်တီတို့ မိဘတွေအနေနဲ့က မျှော်လင့်တယ်လေ။ နောက်ပြီးတော့ အယူခံဝင်ဖို့တင်မယ်ဆိုရင်လည်း ရုံးအဆင့်ဆင့် သွားတာ။ အဲဒါတွေကကြာတယ်။ တလခွဲကျော်ကျော်လောက်ကြာမယ်ဆိုတော့ အန်တီတို့ လွတ်ချိန်နဲ့က အရမ်းကပ်တာဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စကို အန်တီတို့ချိန်နေပါတယ်။”

၂၀၁၃ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေနဲ့ တရားရင်ဆိုင်နေရသူတွေအနက် မချောစန္ဒီထွန်းရဲ့ အမှုကို ပထမဦးဆုံးအမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ အလားတူ ပုဒ်မ ၆၆ဃ နဲ့ တရားရင်ဆိုင်နေရတဲ့ ကချင်အမျိုးသား ဦးပက်ထရစ်ခွန်ဂျာလီကိုလည်း ဒီသီတင်းပတ်အတွင်းမှာ စွဲချက်တင်သင့် မတင်သင့် ရန်ကုန်မြို့ လှိုင်မြို့နယ် တရားရုံးကနေ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

သိင်္ဂီလင်း/VOA
http://burmese.voanews.com/content/chitthamee-6-months-imprisonment-/3121343.html

ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha
ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha

ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လူသတ်မှုနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံတွင်း နဲ့ ပြည်ပနိုင်ငံတချို့မှာပါ ကန့်ကွက်ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပြီးတဲ့နောက် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ် Prayut Chan-ocha ကတော့ ခုလို ဆန္ဒပြပြီး ဖိအားပေးတောင်းဆိုတာတွေကို လိုက်လျောပေးလို့ မရနိုင်ဘူးလို့ ပြောဆို လိုက်ပါတယ်။ ဒါပေမဲ့ မြန်မာ အစိုးရဘက်က အမှုကို ပြန်လည် စစ်ဆေးပေးဖို့ ပန်ကြားထားတဲ့အပေါ်မှာတော့ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေး စနစ်အရ ဥပဒေလမ်းကြောင်းကနေ အထက်တရားရုံးမှာ အယူခံဝင်နိုင်တယ်လို့ ဒီကနေ့ မနက် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုသွားခဲ့ပါတယ်။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ က အပြည့်စုံ တင်ပြပေးပါမယ်။

ပြီးခဲတဲ့ရက်ကပဲ ထိုင်းနိုင်ငံရဲ့ ကော့စမွေ တရားရုံကနေ လိပ်ကျွန်း လူသတ်မူနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသားလူငယ် ၂ဦးကိုသေဒဏ် ချမှတ်ခဲ့တာကြောင့် မြန်မာနိုင်ငံတ၀ှမ်းမှာရော အိမ်နီးချင်းနိုင်ငံတချို့မှာပါ ဆန္ဒပြမူတွေ ရှိခဲ့သလို၊ မြန်မာအစိုးရဘက်ကလည်း ဒီအမှုကို ပြန်လည် သုံးသပ် စစ်ဆေးပေးဖို့ တောင်းဆိုနေတာပါ။ဒီကိစ္စနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး Prayut Chan-ocha က ထိုင်းနိုင်ငံက တရားစီရင်ရေး စနစ်နဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့အမေးကိုအခုလိုပြောသွားပါတယ်။

"သူအဓိကပြောသွားတဲ့အချက်တွေကတော့ မြန်မာ အစိုးဘက်က တရားစီရင်ရေး နဲ့ ပတ်သက်ပြီး ပြန်လည် စစ်ဆေးတာ ကြားနားပေးဖို့  တောင်းဆိုတာမျိုးက လက်ခံပါတယ်။ တရားဥပဒေကြောင်းအရ အထက်တရားရုံးတွေမှာ ဒီအမူကိုအယူခံဝင်ပြီးတိုက်နိုင်ပါတယ်။ ဒါပေမဲ့ အခုလို ဖိအားပေးဆန္ဒပြမူတွေကြောင့် ကွင်းလုံးကျွတ် လွတ်ပေးဖို့ အစိုးရတရပ်ကိုတောင်းဆိုတာမျိုးကိုတော့ လိုက်လျှောလို့ မရသလို ဘယ်နိုင်ငံ မှာမှ ဒါမျိုး လုပ်ပေးမှာမဟုတ်ပါဘူး" လို့ ဖြေကြား သွားခဲ့တာပါ ။

လိပ်ကျွန်းလူသတ်မှုကိစ္စနဲ့ ပတ်သက်လို့ မြန်မာလူငယ် ၂ဦး လွတ်မြောက်ရေးအတွက် အထက်တရားရုံးအဆင့်၂ ဆင့်ကိုတက်ပြီး ဥပဒေကြောင်းအရ လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ လိပ်ကျွန်း အမှုနဲ့ ပတ်သက်လို့ ထင်ရှားတဲ့ ရှေ့နေ ၁၁ ဦး လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီ ကလည်းပြောဆိုထားတာပါ။

ဒီကနေ့မှာတော့ နကွန်စီဌာမရ အကျဉ်းထောင်ကို ထိုင်းရှေ့နေများကောင်စီ က ရှေ့နေတွေနဲ့ လိပ်ကျွန်းအရေး လုပ်ဆောင်နေတဲ့သူတွေက မြန်မာလူငယ် ၂ ဦးကို မိသားစုဝင်တွေနဲ့ အတူထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ သူတို့ တွေဟာ အကျဉ်းထောင်ထဲမှာ နွေးထွေးတဲ့ ဆက်ဆံမူတွေ ရရှိတယ်လို့ လူငယ်၂ ဦးကပြောဆိုခဲ့တယ်လို့ သွားရောက်တွေ့ဆုံအားပေး ခဲ့သူတွေကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ထိုင်းနိုင်ငံက ကော့တောင်ကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှ ကမ္ဘာလှည့်ခရီးသည်နှစ်ဦး အသတ်ခံခဲ့ရပြီးတဲ့နောက် သီတင်းနှစ်ပတ်အကြာမှာတော့ လိပ်ကျွန်းပေါ်က စားသောက်ဆိုင်တခုမှာ အလုပ်လုပ်နေတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဖမ်းဆီးခဲ့တာပါ။

သူတို့အမူကို အထက်တရားရုံးတွေမှာ အယူခံဆက်ပြီး သူတို့လွတ်မြောက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားဖို့ရှိသလို ထိုင်းနိုင်ငံမှာတော့ ၂၀၀၉ ခုနှစ်စပြီး သေဒဏ်ချခံသူ အားလုံးကို သေဒဏ်ပေးတာမျိုးတွေတော့ မရှိတော့ပါဘူး။

မအေးအေးမာ/VOA
http://burmese.voanews.com/content/thailand-pm-defends-british-murders-verdict-against-protests/3121205.html

ဒီမိုကရေစီပညာရေး လေ့လာမယ့် NNER အဖွဲ့  (သတင်းဓါတ်ပုံ- NNER)
ဒီမိုကရေစီပညာရေး လေ့လာမယ့် NNER အဖွဲ့ (သတင်းဓါတ်ပုံ- NNER)

မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNERအဖွဲ့ဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့အတွေ့အကြုံနဲ့ အကြံပြုချက်တွေကိုရယူဖို့ အမေရိကန်ပြည်ထောင်စုကို သုံးပတ်ကြာခရီးစဉ်အဖြစ်ရောက်ရှိနေပါတယ်။

NNER အဖွဲ့က မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကောင်းမွန်လာစေဖို့ နောင်တက်လာမယ့်အစိုးရသစ်က မသင်မနေရ အခမဲ့ပညာရေးစနစ်ကို နိုင်ငံရေးရည်မှန်းချက်ထားပြီး အကောင်အထည်ဖေါ် လုပ်ဆောင်ဖို့လိုလားနေတာပါ။ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

အမေရိကန်ပြည်ထောင်စု ကာလီဖိုနီးယားပြည်နယ်ကို ပြီးခဲ့တဲ့သတင်းပတ်တွင်းရောက်ရှိလာတဲ့ မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER ကိုယ်စားလှယ်အဖွဲ့ဟာ ဒီမိုကရေစီနိုင်ငံတွေရဲ့ပညာရေးစနစ်ကိုလေ့လာဖို့ ဆန္ဒရှိတယ်လို့ အဖွဲ့ခေါင်းဆောင် ဒေါက်တာသိန်းလွင်က ဗွီအိုအေကိုအခုလိုပြောပါတယ်။

“ကျနော်တို့ရောက်တဲ့နိုင်ငံတွေက ဒီမိုကရေစီပညာရေးစနစ်ကို ကျနော်တို့က အဓိကလေ့လာမှာပါ။ ဒီမိုကရေစီနိုင်ငံတွေမှာ အထူးသဖြင့်တော့ ဒီမိုကရေစီပြောင်းလဲတဲ့နိုင်ငံတွေမှာ ဘယ်လိုမျိုးပညာရေးပြုပြင်ပြောင်းလဲမှုလုပ်သလဲ။ ဘယ်လိုမျိုး စီမံခန့်ခွဲသလဲ။ ဘယ်လိုတွေသင်ကြားသလဲ စသဖြင့် အဲဒါတွေကို ကျတော်တို့လေ့လာဖို့က အဓိကပါ။ နောက်တခါ ရောက်တဲ့နေရာတိုင်းမှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေရောက်နေတာလည်းတွေ့တယ်။ သူတို့ရောက်တဲ့နိုင်ငံက အတွေ့အကြုံတွေ သူတို့ဆီက ကျနော်တို့ သင်ယူပါတယ်။ နောက်ကျနော်တို့ ဆောင်ရွက်နေတဲ့လုပ်ငန်းတွေကိုလည်း တင်ပြပြီးတော့ အကြံဥာဏ်ပေးဖို့ပေါ့၊ ကျနော်တို့ လွဲနေတာရှိရင်လည်းတည့်ပေးဖို့ပေါ့ ။ အဲဒီအတွက် ကျနော်တို့ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။”

ခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုရဲ့ ပညာရေးစနစ်ကိုလေ့လာမယ့်အစီအစဉ်ရှိကြောင်းလည်း NNER ကိုယ်စားလှယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုစိုးထွန်းက ပြောပါတယ်။

“ဒီ အမေရိကန် ဆိုတာလည်းအခု ကမ္ဘာ့ထိပ်သီးနိုင်ငံတခု၊ ပညာရေးမှာလည်း ထိပ်တန်းရောက်တဲ့နိုင်ငံတခု ဖြစ်တော့ ဒီ အမေရိကန် မှာရှိတဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေ၊ ပညာရှင်တွေ၊ ပါမောက္ခတွေ ဒီမှာ အခွင့်ရရင်လေ့လာပြီးတော့ ကျနော်တို့တိုင်းပြည်ရဲ့လိုအပ်ချက်တွေ ကို နိုင်ငံတကာအတွေ့အကြုံကသင်ခန်းစာယူပြီးတော့ ဒီမှာလည်း ကိုယ့်တိုင်းပြည်အခြေအနေနဲ့ကိုက်ညီအောင် ဘယ်လိုပြုပြင်ပြီးတော့ ဆောင်ရွက်သွားမလဲဆိုတဲ့ရည်ရွယ်ချက်တွေပေါ့နော်။”

ပညာရေးဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ NNER ကတင်ပြထားတဲ့အချက်တွေထဲမှာ အထူးသဖြင့် အခမဲ့ပညာရေးစနစ် ကို အတန်းပညာ (၉)တန်းအထိ သတ်မှတ်ထားပေမဲ့ လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရ အခက်အခဲတွေရှိမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်ဖွဲ့တက်လာချိန်မှာ နိုင်ငံရေးရည်မှန်းချက်တခုအနေနဲ့ ချမှတ်အကောင်အထည်ဖေါ်ဖို့လိုတယ်လို့ ဒေါက်တာသိန်းလွင်ကပြောပါတယ်။

“လက်ရှိအခြေအနေမှာ အကောင်အထည်ဖေါ်ဖို့ခက်တယ်။ ဒ်ီအကောင်အထည်ဖေါ်ဖို့ခက်တဲ့အချိန်မှာ ကတိပေးဖို့ခက်တယ်ဆိုတာလည်း ကျနော်တို့နားလည်တယ်။ ဒါပေမယ့် လိုအပ်ချက်ရှိတယ်ဆိုတာ ကျနော်တို့တင်ပြတာပါ။ ဒီအတွက် ကလေးအားလုံးကျောင်းနေခွင့်ရအောင် အခမဲ့တင်မဟုတ်ဘူး မသင်မနေရဖြစ်ဖို့။ မသင်မနေရဖြစ်ဖို့ဆိုတာက ဘယ်ဒေသမဆို ကလေးအားလုံး သင်နိုင်အောင်ဆောင်ရွက်ပေးဖို့ပဲ။ အဲဒီအတွက် နိုင်ငံမှာ တာဝန်ရှိတယ်။ နိုင်ငံကနေပြီးတော့ ဒါကို တာဝန်ယူလုပ်ပေးဖို့ ၊ လိုအပ်ချက်အားလုံးဖြည့်ဆည်းပြီး ကလေးတွေကျောင်းနေနိုင်အောင် ၊ ကျောင်းမရှိတဲ့ ကျေးရွာတွေမှာ ကျောင်းဆောက်မယ်။ ဆရာမလုံလောက်ရင် ဖြည့်ဆည်းပေးမယ်။ နောက်အရည်အသွေးရှိအောင်လုပ်ပေးမယ်။ သွားရေးလာရေးလွယ်အောင်လုပ်ပေးမယ်။ နိုင်ငံကနေ ၊ အစိုးရကနေ တာဝန်ယူလုပ်ပေးဖို့ ကျနော်တို့ကဖြစ်စေချင်တယ်။ အဲဒီအတွက် ဥပဒေပြဌာန်းပေးစေချင်တယ်။ ဒီဥပဒေ ရှိမှ လိုက်နာဆောင်ရွက်မှာကို ။ ဒါကြောင့်ကျနော်တို့က ဥပဒေမှာ မသင်မနေရ အခမဲ့ ပညာရေးပြဌာန်းပြီးတော့ ဒါကိုဖြစ်အောင်ဆောင်ရွက်ဖို့။”

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း စနေနေ့က ဆိုက်ကားဆရာတွေနဲ့တွေ့ဆုံပွဲမှာ အခမဲ့ပညာရေးစနစ်ဖြစ်အောင် ဦးတည်ပြီးလုပ်သွားမှာဖြစ်ပေမဲ့ တိုင်းပြည်ရဲ့ ဘတ်ဂျက်ဘဏ္ဍာငွေပေါ်မှာ အခြေခံပြီး ဆောင်ရွက်ရမှာဖြစ်တာကြောင့် အခမဲ့ပညာရေးစနစ်ဖြစ်လာဖို့ဆိုတာ မလွယ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

NNER ဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအပါအ၀င် ကျောင်းသားတွေတောင်းဆိုထားတဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ပညာရှင်တွေစုစည်းဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး နည်းပညာ ကျွမ်းကျင်မှုပိုင်းကနေ ကျောင်းသားတွေကို အကူအညီပေးနေတာဖြစ်ပါတယ်။ အခုအမေရိကန်ပြည်ထောင်စုရဲ့ခရီးစဉ်မှာ ကာလီဖိုးနီးယား၊ ၀ါရှင်တန်နဲ့ အင်ဒီယားနားပြည်နယ်တွေက မြန်မာမိသားစုတွေနဲ့ NNER ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံဖို့ရှိပါတယ်။

အင်ကြင်းနိုင်/VOA
http://burmese.voanews.com/content/us-trip-of-national-network-for-education-reform-/3121084.html


kyaukpyu-project-620.jpg
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က အထူးစီးပွားရေးဇုန် နယ်မြေကို မြင်ရစဉ်
Photo:Min Thein Aung/RFA

ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းကို ဒေသခံတွေ အလုပ်အကိုင်ရရှိရေးနဲ့ ဒေသဖွံ့ဖြိုးရေး စတင်ဆောင်ရွက်နိုင်မှသာ စတင်အကောင်အထည်ဖော်ဖို့ ကျောက်ဖြူမြို့ဒေသခံတွေက မနေ့က တောင်းဆိုလိုက် ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဖို့ သတ်မှတ်ထားတဲ့ နေရာအနီးက ရှောက်ချောင်းကျေးရွာ မှာ ဒေသခံတွေ တွေ့ဆုံပွဲကနေ တောင်းဆိုလိုက်တာဖြစ်ကြောင်း ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေး အသင်းက ကိုထွန်းကြည်က ပြောပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို ကပ်သပြေအုပ်စု၊ ကြတ္တိန်အုပ်စု၊ ချောင်းဝအုပ်စု၊ စတဲ့ ကျေးရွာအုပ်စု ၅ စုက မြေဧက​ လေးထောင်ကျော်မှာ အကောင်အထည်ဖော်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ရှောက်ချောင်းကျေးရွာမှာကျင်းပတဲ့ တွေ့ဆုံပွဲကို ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) အကောင် အထည်ဖော်ဆောင်ရွက်မယ့် စီမံကိန်းဧရိယာထဲပါဝင်တဲ့ ဒေသခံတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၅ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။

ကျောက်ဖြူမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ဝ ရက်နေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဖက်လူမှု အဖွဲ့အစည်း များဖိုရမ်ကလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ တောင်ကုတ်မြို့နယ်က နေပူတောင် စီမံကိန်းတွေ ကို ဒေသခံပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဆောင်ရွက်မှုမရှိတာကြောင့် ရပ်ဆိုင်းထားဖို့ တောင်းဆိုထားပါတယ်။

RFA

 pharkant-machin-620.jpg ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းလုပ်ကွက်တွေမှာ လည်ပတ်အသုံးပြုနေတဲ့ အခွန်ဆောင်ပြီး တူးဖော်ရေးယာဉ်၊ စက်ယန္တရား အရေအတွက် ဟာ လောလောဆယ် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ရရှိထားတဲ့ စာရင်းတွေအရ စုစုပေါင်း အစီးရေ လေးထောင်ဝန်းကျင်ရှိပါတယ်။

အခုနှစ်ပွင့်လင်းရာသီအတွက် လက်ရှိအချိန်အထိ ယန္တရားအစီးရေ တစ်ထောင်ကျော် အခွန်ဆောင်ထားပြီး ဖားကန့်ကို အစီးရေ ခုနှစ်ရာကျော်ရောက် ရှိပြီးဖြစ်တယ်လို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးရုံးရဲ့တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"၁ဝ၉၉ စီးအခွန်ဆောင်ထားတဲ့ဟာပေါ့နော်၊ ၂ဝ၁၅ ထဲမှာပဲ၊ ဖားကန့်ကိုဝင်တာကတော့ ၇၇၄ စီးပဲရှိသေးတယ်၊ ကျောက်စိမ်းတူးတဲ့လုပ်ငန်းကလဲ ပွင့်လင်း ရာသီပဲ လုပ်လို့ရတာလေ၊ ၂ဝ၁၅ မတိုင်ခင်က ယာဉ်ယန္တရားနဲ့ ပတ်သက်လို့ကတော့ သူတို့တင်ပြထားတာ စုစုပေါင်း မြေသယ်ယာဉ်ကြီးပဲက အစီး ၂ဝဝဝ လောက်ရှိတယ်၊ ဒါ ၂ဝ၁၅ မတိုင်ခင်က၊ အခုကတော့ ၂၆ဝဝ ကျော်လောက်ရှိသွားပြီ"

အခုရရှိထားတဲ့ ယန္တရားစုစုပေါင်း လေးထာင်ဝန်းကျင်ဟာ ကုမ္မဏီတွေက လာရောက် အသိပေးထားတဲ့ စာရင်းတွေသာဖြစ်ပြီး လာရောက်အကြောင်းကြားခြင်း မရှိတဲ့ ကုမ္ပဏီတွေလည်း ကျန်နိုင်သေးတယ် လို့ပြောပါတယ်။

ဒီနှစ်ရာသီအတွက် ဖားကန့်မှာရောက်ရှိနေတဲ့ စက်ယန္တရားအစီးရေ ခုနှစ်ရာကျော်ဟာ ဂျိတ်လင်း မြန် မာ၊ ခိုင်မြန်မာ၊ မြောက်ပိုင်းတော်ဝင်၊ ဧရာရတနာ စတဲ့ ကုမ္ပဏီ ၁၃ ခုရဲ့ တူးဖော်ရေးယန္တရားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်ဒေသဘက် စက်ယန္တရားသယ်ဆောင်နေတာနဲ့ ပတ်သက်ပြီး အခုလ ၂၂ ရက်နေ့က အစိုးရ တာဝန်ရှိသူတွေဟာ ကုမ္ပဏီလုပ်ကွက်တွေထဲသွားရောက် စစ်ဆေးခဲ့ပါတယ်။ ဖားကန့်ဒေသဘက် စက်ယန္တရားတွေ တရားဝင်တင်သွင်းတာ ဟုတ်မဟုတ်ကို ဖြစ်စဉ်အမှန်ပေါ်ပေါက်ဖို့ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့က အခုလ ၂၀ ကနေ ၂၂ ရက်နေ့အထိ မြစ်ကြီးနားနဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို သွားရောက်ပြီး စစ်ဆေးခဲ့ပါတယ်။

RFA


ခိုတောင်ကျွန်းလူသတ်မှုနှင့် ပတ်သတ်၍ မြန်မာနိုင်ငံအတွင်း ဆန္ဒပြနေသူများကို ထိုင်းဝန်ကြီးချုပ် ပယာယွတ် ချန်အိုချာက ဝေဖန်တိုက်ခိုက် ပြောကြားလိုက်သည်။ ဝန်ကြီးချုပ်က ဆန္ဒပြသူများအနေဖြင့် တရားရုံးဆုံးဖြတ်ချက်နှင့် ထိုင်းတရားရေးစနစ်ကို လေးစားသင့်သည်ဟု ပြောကြားသည်။

ဒေါသထွက်နေပုံပေါ်သည့် ဝန်ကြီးချုပ်က ဆူရက်ဌာနီအသွား လေယာဉ်ပေါ်မတက်မီတွင် "သူတို့ အယူခံဝင်ခွင့်ရှိတယ်၊ ဟုတ်လား။ တစ်ကမ္ဘာလုံးက ဥပဒေတွေမှာ ဒီလိုပဲရှိတယ်။ ထိုင်းဥပဒေမှာ မရှိရဘူးလား။ ဖိအားပေးခံရတာနဲ့ အကုန်လွှတ်ပေးရမှာလား " ဟု မီဒီယာများကို ပြောကြားခဲ့သည်။

တရားရေးစနစ်ကို လေးစားသင့်ကြောင်းနှင့် လူထုက ဖိအားပေးသည်ကို လက်ခံမည် မဟုတ်ကြောင်း ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယုချန်အိုချာက ပြောသည်။

ကျန်တော်တို့က ဆန္ဒပြဖိအားပေးတာလည်း ပေးကြပေါ့ဗျာ ဒါပေမဲ့လည်း စည်းလွတ်ဝါးလွတ်ပြောဆိုလုပ်ကိုင်နေတာတွေက မကောင်းဘူး။အမှုက ကမ္ဘာကသိတယ် အယူခံအဆင့်လည်း ရှိသေးတာပဲ။ အခုဆိုရင်ပဲ ထိုင်းဝန်ကြိးချုပ်က ပြောလာပြီလေ။ ဟု ထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ထိုင်းရေးရာကျွမ်းကျင်သူတဦးဖြစ်သည့် ကိုကျော်လင်းဥိးက မှတ်ချက်ပြုပြောဆိုသည်။

( The Ladies News )

https://www.facebook.com/News.TheLadies/



ထိုင်းနိုင်ငံ ကော့စမွီးခရိုင်တရားရုံးက မြန်မာနိုင်ငံသားနှစ်ဦးကို သေဒဏ်အမိန့်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး၊ တရားရေးနည်းလမ်းနဲ့  ပြေလည်မှုရရှိရေး လုပ်ငန်းစဉ်ဟာ မပြီးဆုံးသေးတဲ့အတွက်  ဆန္ဒပြနေကြတဲ့ မြန်မာနိုင်ငံ သားတွေအနေနဲ့ အေးချမ်း တည်ငြိမ်စွာ နေကြဖို့၊ ဒီအမှုမှာ ငွေအား၊ လူအား အပြည့်နဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီက မေတ္တာရပ်ခံလိုက်ပါတယ်။

ထိုင်းနိုင်ငံရှိ မြန်မာသံရုံးရဲ့ မေတ္တာရပ်ခံချက်အရ ထိုင်းရှေ့နေများကောင်စီက ကူညီပေးနေတာ ဖြစ်ပြီး ထိုင်းတရား စီရင်ရေးစနစ်အပေါ် ယုံကြည်မှုရှိကြဖို့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

အခု ဖြစ်ပေါ်နေတဲ့ အခြေအနေကို အယူခံ တရားရုံး (သို့) တရားလွှတ်တော် အထိ တင်ပြတဲ့အခါမှာ အမှုသွား၊ အမှုလာ အချက်အလက်အားလုံးကို ပြန်လည် သုံးသပ်မှာ ဖြစ်ကြောင်း၊ မြန်မာသံအမတ်ကြီးနဲ့ တရားခံ မောင်ဇော် လင်း၊ မောင်ဝင်းဇော်ထွန်းတို့ရဲ့မိဘဆွေမျိုးတွေကို အခုလ ၃ဝ ရက်နေ့မှာ တွေ့ဆုံပြီး ဘာဆက်လုပ်နိုင်တယ် ဆိုတာ ရှင်းပြမှာ ဖြစ်ကြောင်း၊ မိမိတို့ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားမယ်ဆိုတာ ပြော လိုကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

( RFA Burmese )

http://www.rfa.org/burmese/



ထိုင်းနိုင်ငံ ကော့စမွီခရိုင် တရားရုံးက မြန်မာလူငယ်နှစ်ယောက်ပေါ် ချမှတ်လိုက်တဲ့ အမိန့်ကို မကျေနပ်ကြောင်း ပြသတဲ့ အနေနဲ့ မြန်မာနိုင်ငံသား အနည်းငယ်အုပ်စု ဖွဲ့ဆန္ဒပြပေမဲ့ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးက မနေ့ကပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေတယ်လို့ ဗန်ကောက်ပို့စ် သတင်းစာက ရေးသားလိုက် ပါတယ်။

ကော့တောင်းကျွန်းမှာ ဗြိတိန်ကမ္ဘာလှည့်နှစ်ယောက် အသတ်ခံရမှုအတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး ကို သေဒဏ်မိန့်ချမှတ်လိုက်တဲ့အတွက် မြန်မာ ၂ဝ လောက် မြဝတီနယ်စပ်မြို့မှာ နေ့လယ်ပိုင်းလောက်က ငြိမ်းငြိမ်း ချမ်းချမ်း ဆန္ဒပြကြပါတယ်။

မြို့တွင်းမှာ ချီတက်လမ်းလျှောက်ပြီး ဘုရားဘက်ကို ဆုတောင်းဝတ်ပြုဖို့ ဆက်သွားကြ တယ်လို့ သိရပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူးက နှစ်နိုင်ငံဆက်သွယ်တဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားမှာရှိတဲ့ မဲဆောက်အကောက်ခွန် စခန်းကို စစ်ဆေးပါတယ်။ သူက မြဝတီမြို့က အေးအေးချမ်းချမ်းရှိပုံရပြီး မဲဆောက်ခရိုင် စီးပွားရေးလုပ်ငန်းနဲ့ ကုန်သွယ်ရေးက ပုံမှန်အတိုင်းရှိရုံမက နယ်စပ်ဖြတ်ကျော်တဲ့ ကုန်ကားတွေလည်း အသွားအလာမပျက်ဘူးလို့ ပြော ပါတယ်။

( RFA Burmese )
http://www.rfa.org/burmese/



ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ အရ တရားစွဲဆိုခံထားရသည့် မချောစန္ဒီထွန်း ခေါ် ချစ်သမီးကို ဒီဇင်ဘာ ၂၈ ရက်က အပြီးသတ်အမိန့်ချမှတ်ရာ ထောင်ဒဏ် ခြောက်လကျခံစေခဲ့ပြီး ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုခဲ့ကြောင်း ၎င်း၏ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ဒီဇင်ဘာ ၂၈ ရက်တွင် The Ladies သို့ပြောသည်။

“မချောစန္ဒီထွန်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ အရ ထောင်ဒဏ်ခြောက်လ ချမှတ်ပြီး ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုတယ်။ကျန်တဲ့ရက်က သုံးလကျော်ကျော် ပဲကျန်တော့ အယူခံဝင်မယ်ဆို ခရိုင်တက်ရတာတွေဘာတွေနဲ့ဆိုတော့ သူ့မိသားစုဝင်တွေ ဘယ်လိုဆက်လုပ်ချင်လဲ ဆိုတာမေးရပါဦးမယ်”ဟု ဦးရောဘတ်စန်းအောင်က The Ladies သို့ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဝတ်ဆင်ထားသော ယူနီဖောင်း သည် ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ထားသည့် ထဘီအရောင်နှင့် ဆင်တူသည်ဟု လူမှုကွန်ရက်စာမျက်နှာ (Facebook)ပေါ်တွင် ရေးသားဖော်ပြခဲ့ခြင်းကြောင်း မချောစန္ဒီထွန်းကိုတပ်မတော်ကိုယ်စား ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ပထမတန်း စစ်ရေးဦးစီးအရာရှိ ဒုတိယ ဗိုလ်မှူးကြီး ကျော်ထင်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မအူပင်နည်းပညာတက္ကသိုလ်မှ B.Tech(EC)ဖြင့် ဘွဲ့ရထားသူမချောစန္ဒီထွန်းသည်မအူပင်ခရိုင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းကပေါ်ပေါက်ခဲ့သည့် ကျောင်းသားသပိတ်စစ်ကြောင်းတွင်လိုက်ပါ၍အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း၊ ယင်းနောက်ပိုင်းတွင်ကျောင်းသားသမဂ္ဂမှနုတ်ထွက်၍ မအူပင်မြို့နယ် NLDပါတီသို့ဝင်ရောက်ကာ ပါတီအောင်နိုင်ရေးလုပ်ငန်းများ ၀ိုင်းဝန်းကူညီဆောင်ရွက်ခဲ့သူဖြစ်ကြောင်းသိရသည်။

( The Ladies News )

https://www.facebook.com/News.TheLadies/



ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ မဟာမုနိဘုရားအရှေ့မြောက်ဖက်၊ ရန်ကုန်-စစ်တွေ ကားလမ်းမ နှင့် လေးမိုင်ခန့်အကွာတွင် ဒီဇင် ဘာ ၂၇ ရက်နံနက်ပိုင်းက မြန်မာ့တပ်မတော် စကခ(၉) လက်အောက်ခံ၊ မြောက်ဦးအခြေစိုက်တပ်ရင်းများနှင့် AA ရက္ခိုင့်တပ်မတော်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ဒီဇင်ဘာ ၂၈ နံနက် ၈ နာရီမှ စ၍ တိုက်ပွဲများ ထပ်မံဖြစ်ပွားလျက်ရှိကြောင်း ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေးမှ သတင်းထုတ်ပြန်သည်။

နှစ်ဘက်အထိအခိုက်အကျဆုံးနှင့် ပတ်သက်၍မူ သတင်းထုတ်ပြန်ခြင်းမရှိပဲ အစိုးရစစ်တပ်နှင့် ရခိုင့် တပ်မတော်တို့အကြား လပေါင်းအတန်ကြာ တိုက်ပွဲများ ငြိမ်သက်နေရာမှ ပြန်လည် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

ရခိုင့်တပ်မတော် အေအေမှာ အစိုးရက ဆွေးနွေးဘက်အဖြစ် သတ်မှတ်ခြင်း မခံရသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ဌာနချုပ်မှာ ကေအိုင်အေ ဌာနချုပ် လိုင်ဇာတွင် တည်ရှိကာ ပြီးခဲ့သည့် ၂၀၁၄ ခုနစ်မှ စတင်ကာ ရခိုင်ပြည်နယ်အတွင်းအခြေချနိုင်ရန် ကြိုးစားလာခဲ့သည်။

လာမည့် ဇန်န၀ါရီတွင် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင်လည်း အေအေ ရခိုင့်တပ်မတော်မှာ ကိုးကန့် MNDAA အဖွဲ့နည်းတူဆွေးနွေးပွဲ တက်ရောက်ခွင့်ရမည် မဟုတ်ပေ။

( The Ladies News )

https://www.facebook.com/News.TheLadies/


ထိုင်း နိုင်ငံမှာ မြန်မာ ရွှေ့ပြောင်း လုပ်သား စုစုပေါင်း ၄ သန်း ကျော် ရှိနိုင်တယ် လို့ ခန့်မှန်း ထားပြီး သူတို့ရဲ့ အရေး ကိစ္စတွေ ကို ဘယ်သူ အစိုးရ ဖြစ်ဖြစ် စနစ်တကျ နဲ့ အလေးပေး ဆောင်ရွက် သင့်တယ် လို့ မြန်မာ အလုပ်သမားတွေ အရေး ကူညီ ဆောင်ရွက် ပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း အဖွဲ့က ပြောပါတယ်။

နိုင်ငံရပ်ခြားရောက် ရွှေ့ပြောင်း လုပ်သားတွေ ဆီက နေ မိခင် နိုင်ငံဆီကို ငွေတွေ ပြန်ဝင် နေတာ မျိုး သာမက နည်းပညာ၊ အတွေ့ အကြုံနဲ့ ကျွမ်းကျင်မှု တွေ ပါတိုင်းပြည်ဆီ ပြန်လည် သယ်ဆောင် လာမယ့် သူတွေ ဖြစ်တာ ကြောင့် သူတို့ရဲ့ အရေး ကိစ္စ ကိုအရေးထား သင့်တာ ဖြစ်တယ် ဆိုပြီး တော့လည်း အဲဒီ အဖွဲ့ကို ဦးဆောင် နေတဲ့ ဦးထူးချစ် က ဆိုပါတယ်။

ရွှေ့ပြောင်း လုပ်သားတွေ အဓိက ကြုံတွေ့ နေရတဲ့ ပြဿနာ တွေ ထဲမှာ အလုပ်သမား အခွင့် အရေး အပြည့်အဝ မရရှိ တာနဲ့ တရားဝင် လက်မှတ် ကိုင်ဆောင် ထားသူတွေ တောင်မှ ဒေသခံ အာဏာပိုင် တွေရဲ့ ပစ်မှတ်ထား ဖမ်းဆီး တာ မျိုး ခံနေရတယ် လို့လည်း ဦးထူးချစ် က ဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေး နေ့က ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ ဦး လူသတ်မှုနဲ့ သေဒဏ် ချမှတ် ခံလိုက်ရတဲ့ ဖြစ်ရပ် ဟာ မြန်မာ လူမှု အသိုင်းအဝိုင်း ထဲ အတော်လေး ရိုက်ခတ် သွားပြီး ရန်ကုန် မန္တလေး အပါအဝင် နိုင်ငံတဝှမ်း က မြို့တချို့ မှာ ဆန္ဒပြပွဲတွေ၊ ဝတ်ပြု ဆုတောင်းပွဲ တွေ ဆက်တိုက် ဖြစ်ပေါ် လာခဲ့ ပါတယ်။

မြန်မာ အစိုးရ နဲ့ စစ်တပ် တို့ရဲ့ အကြီးအကဲ တွေ ကလည်း သက်ဆိုင်ရာ ထိုင်း အာဏာပိုင် တွေ ဆီ အသီးသီး စာပို့ခဲ့ကြပြီး ဒီ အမှု ကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည် စိစစ်ပေးဖို့ တောင်းဆို ထားကြ ပါတယ်။

BBC Burmese
http://www.bbc.com/burmese

စစ်ပြေးရှောင် ဒုက္ခသည် တွေ နေရပ်ရင်း ပြန်ရေး ကြန့်ကြာ နှောင့်နှေး နေ။
  
အစိုးရ စစ်တပ်နဲ့ ရှမ်းပြည် ဒေသခံ လက်နက်ကိုင် တပ်တွေ အကြား ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်း က စလို့ တိုက်ပွဲတွေ ပြင်းထန် ခဲ့စဉ် တုန်းက မိမိတို့ အိုးအိမ်တွေ ကို စွန့်ခွာ ထွက်ပြေး ခဲ့ရတဲ့ ဒေသခံ ကျေးရွာ တချို့က ဒုက္ခသည် တွေ ဟာ ဟိုက်ပါ စခန်း မှာ ဆက်လက် သောင်တင် နေကြ ရပါတယ်။

ဒေသခံ ပလောင် နဲ့ ရှမ်းရွာတွေက လူတွေဟာ သူတို့ ရဲ့ လယ်မြေတွေ ကျွဲ၊ နွားတွေ ကို ချန်ထား ခဲ့ရပြီး ဟိုက်ပါ စခန်းမှာ စုဝေး ခိုလှုံ နေရ တာ ဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်ခဲ့တဲ့ အရှိန် ကြောင့် အခုထက်ထိ မိမိတို့ နေရပ် ကို မပြန်ရဲသေးပဲ ကြောက်ရွံ့ နေဆဲ ရွာသားတွေ ရှိနေ ကြသလို၊ အရဲစွန့် ပြန်သွား သူတွေ ထဲမှာလည်း အစိုးရ စစ်တပ်က ဟိုက်ပါ မှာပဲ နေဦး ဆိုပြီးပြန်လွှတ် ခံရသူတွေ ရှိတယ် ဆိုပြီး ဒုက္ခသည် အရေး ကူညီ ဆောင်ရွက် ပေးနေသူ တွေက ဘီဘီစီ ကို ပြောပါတယ်။

အခုဆိုရင် ဟိုက်ပါ စခန်းမှာ တာဆန်ဖူး ဆိုတဲ့ ရှမ်းရွာ ကသူတွေ၊ ကွမ်းနိမ် နဲ့ နမ့်ပန်မူး ဆိုတဲ့ ပလောင်ရွာက သူတွေ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

လောလောဆယ် တိုက်ပွဲတွေ မရှိသေး ပေမယ့် အစိုးရနဲ့ ဒေသခံ ရှမ်း လက်နက်ကိုင် တွေနဲ့ ကြား နှစ်ဘက်တပ် နေရာချ ရေး အပါအဝင်ရေရှည် ငြိမ်းချမ်းရေး အတွက် အပြီးသတ် သဘောတူမှု တွေ ထွက်ပေါ် မလာသေးတဲ့ အတွက် လုံခြုံရေး အတွက် အာမခံချက် မရှိသေး သလို၊ စစ်ပြေးရှောင် ဒုက္ခသည် တွေ နေရပ်ရင်း ပြန်ရေး မှာလည်း ကြန့်ကြာ နှောင့်နှေး နေရတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
Photo: RFA

အစိုးရက ရေးဆွဲထားတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ဥပဒေကြမ်းဟာ ကာ/လုံ အစည်းအဝေးတွေမှာ သဘောကွဲလွဲမှုတွေဖြစ်လာရင် တပ်မတော်က ခန့်ထားသူတွေကသာ မဲအနိုင်ရဖို့ အတွက် ကြိုတင်ပြီးရေးဆွဲတဲ့ ဥပဒေဖြစ်လာနိုင်တယ်လို့ ယူဆကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

အရင်က ကာ/လုံ ဥပဒေဆိုတာမျိုးမရှိပဲ အစိုးရသစ်လက်ထက်မှာ အရပ်သားအစိုးရ အဖွဲ့ဝင်တွေလည်း ကာ/လုံ အစည်းဝေးကို တက်ရောက်ရာမှာဖြစ်တဲ့အတွက် တပ်မတော်ဖက်က အသာစီးရနိုင်ဖို့ ကြိုတင်ရေးဆွဲထားတဲ့ သဘောမျိုးဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

"အရင်တုန်းကတော့ ဥပဒေမရှိဘူး၊ အရင်တုန်းကတော့ တပ်မတော်ဖက်ကလာတဲ့ သူတွေပဲကိုး၊ အခုလက်ရှိ ကာ/လုံ က ၁၁ ယောက်ကလည်း တပ်မတော်ဖက် ကလူတွေကြီးပဲ၊ သူတို့အချင်းချင်းကတော့ ဒီကိစ္စနားလည်ပြီးသားပေါ့ဗျာ၊ အခုတော့ ဒီအစည်းအဝေးတွေထဲမှာအရပ်သားတွေ ပါတော့မှာကိုး၊ အဲ့အရပ်သားတွေ အတွက်တော့ ဒီထုံးဖွဲ့လေးကိုကြိုပြီးသိအောင်လို့ ကြိုပြီးရေးထားတဲ့သဘောပဲဖြစ်မှာပါ"

အဲ့ဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၄ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ်တွေကို ဝေငှထားပြီး လာမယ့် လွှတ်တော်အစည်းအဝေးမှာ တင်သွင်းမှာ ဖြစ်ပါတယ်။

လွှတ်တော်ဥပဒေကြမ်းကော်မတီမှာပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မေးမြန်းရာမှာ ပြောဖို့ အချိန်စောနေသေးကြောင်း ပြောဆိုကြပါတယ်။

ကာ/လုံအဖွဲ့ဝင် ၁၁ ဦး အနက် နိုင်ငံတော်သမ္မတက သဘာပတိအဖြစ် ဆောင်ရွက် ရမှာဖြစ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်တွေကို မဲခွဲဆုံးဖြတ်ရာမှာ မဲပေးခွင့် မရှိဘူးလို့ ဥပဒေကြမ်းမှာ ပါရှိပါတယ်။

ကာ/လုံအဖွဲ့ဝင် ၁၁ ဦးထဲမှာ နိုင်ငံတော်သမ္မတ ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ ပါဝင်ပါတယ်။

ကာ/လုံအစည်းအဝေးတွေမှာ သဘောထားကွဲလွဲတဲ့ ဆုံးဖြတ်ချက်တွေအတွက် မဲခွဲဆုံးဖြတ်ရာမှာ တပ်မတော်ဘက်က မဲပေးနိုင်သူအရေအတွက် ပိုများပြားနေ တဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်နေကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာ/လုံအဖွဲ့ဝင် ၁၁ ဦးထဲမှာ တပ်မတော်ဘက်က ခန့်အပ်ပိုင်ခွင့် ရှိသူ ၆ ဦး ပါဝင်နေတာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ် မေးမြန်း ထားတာနားဆင်နိုင်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

အိုင်းရင်း ဒုမ်း သံကွန်ခြာ လို့ ခေါ်တဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ် နဲ့ အဲရိုး လို့ ခေါ်တဲ့ ဒုံးခွင်းဒုံး စနစ် တွေ လို အရေးကြီး တဲ့ ကိစ္စတွေ ကို တာဝန်ယူ ကြီးကြပ် ခဲ့ရသူ ရာထူးက ဖယ်ရှားခံရ။

အစ္စရေး နိုင်ငံရဲ့ ဒုံးကျည် ကာကွယ်ရေး ဆိုင်ရာ ဌာန အကြီးအကဲ ယာအဲ ရာမာတီ ရာထူး ကနေ ဖယ်ရှား ခံလိုက် ရပါတယ်။

သတင်းအချက် အလက်တွေကို လုံခြုံစွာ ထိန်းသိမ်း ထားရမယ့် စည်းကမ်း ကို အကြီးအကျယ် ချိုးဖောက် ခဲ့လို့ ဆိုပြီး အစ္စရေး အစိုးရ က ပြောပါတယ်။

လျှို့ဝှက် အဆင့် စာရွက်စာတမ်းတွေ ကို မစ္စတာ ရာမာတီက သူ့ရဲ့ ကိုယ်ပိုင် ကွန်ပျူတာ မှာ သိမ်းဆည်း ခဲတယ် လို့ အစ္စရေး မီဒီယာ တွေ က ဆိုပါတယ်။

မစ္စတာ ရာမာတီ ဟာ အလုပ်အကိုင် အတွက် သက်တမ်း အသစ်တွေ ထပ်ထပ် တိုးစရာ မလိုတဲ့ အဆင့်အတန်း မျိုး ရရှိ ထားသူ ဖြစ်ပေမယ့် အခု ချိုးဖောက် မှုဟာ အင်မတန် ကြီးလေးတဲ့ အတွက် ရာထူး နေရာ အတွက် အကာအကွယ် ပေး အာမခံ ထားတဲ့ အဆင့်အတန်း ကို ပယ်ဖျက် ခဲ့ရတာ ဖြစ်တယ် ဆိုပြီး အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန က ပြောပါတယ်။

မစ္စတာ ရာမာတီဟာ အစ္စရေး လုံခြုံရေး အတွက် အရေးပါတဲ့ အိုင်းရင်း ဒုမ်း သံကွန်ခြာ လို့ ခေါ်တဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ် နဲ့ အဲရိုး လို့ ခေါ်တဲ့ ဒုံးခွင်းဒုံး စနစ် တွေ လို အရေးကြီး တဲ့ ကိစ္စတွေ ကို တာဝန်ယူ ကြီးကြပ် ခဲ့ရသူ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com

ရာမာဒီ ကို ပြန်လည် သိမ်းပိုက် လိုက်နိုင်တာဟာ အီရတ် နိုင်ငံထဲ IS အဖွဲ့နဲ့ တိုက်နေရတဲ့ စစ်ပွဲ မှာ အီရတ် အစိုးရတပ် အတွက် အရေးပါဆုံး အောင်ပွဲ တစ်ခုဖြစ်။

အီရတ် နိုင်ငံ ရာမာဒီ မြို့ကို အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS တွေ လက်ထဲကနေ ပြန်လည် သိမ်းယူ နိုင်ဖို့ ကြိုးစား နေတဲ့ အီရတ် အစိုးရ စစ်တပ်က အခုဆိုရင် ရာမာဒီ မြို့ထဲ လက်ကျန် IS တွေ အဓိက ခြေကုပ်ယူ ခုခံ နေတဲ့ အစိုးရ အဆောက်အဦတွေ ရှိရာ ဝင်းကြီးကို အပြည့်အဝ ထိန်းချုပ် နိုင်ပြီလို့ ပြောပါတယ်။

အဲဒီ့ အစိုးရ ဝင်းထဲ ကနေ IS တွေ ဆုတ်ခွာ သွားပြီ လို့ ယူဆ ရပေမယ့် သူတို့ ထောင် ထားရစ် ခဲ့တဲ့ ဗုံးတွေ ကတော့ နေရာ အနှံ့ ရှိ နေနိုင် ပြီး၊ အစိုးရ တပ် အနေနဲ့ အကုန်အစင် မရှင်းလင်း နိုင်သေး ပါဘူး။

ဒါ့အပြင် အနီးတဝိုက် ရပ်ကွက်တွေ မှာလည်း တိုက်ပွဲငယ်တွေ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

ရာမာဒီ ကို ပြန်လည် သိမ်းပိုက် လိုက်နိုင်တာဟာ အီရတ် နိုင်ငံထဲ IS အဖွဲ့နဲ့ တိုက်နေရတဲ့ စစ်ပွဲ မှာ အီရတ် အစိုးရတပ် အတွက် အရေးပါဆုံး အောင်ပွဲ တစ်ခုဖြစ်တယ် လို့ သတင်းထောက် တွေ က ဆိုပါတယ်။

BBC Burmese
http://www.bbc.com

၂၀၁၄ မှာ မိုင်းလုပ်သား ၉၃၁ ယောက် သေဆုံး ခဲ့

တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ သတ္တုမိုင်းတွင်းတတွင်း ပြိုကျတာနောက်ပိုင်း အဲဒီ မိုင်းတွင်းကုမ္ပဏီ ပိုင်ရှင်လည်း ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့သလို၊ ပိတ်မိနေ တဲ့ မိုင်းအလုပ်သမား တွေ ကိုလည်း ကယ်ဆယ်ဖို့ ကြိုးစားနေကြဆဲပါ။

တရုတ်နိုင်ငံအရှေ့ပိုင်း က ရှန်ဒေါင်ပြည်နယ် က အဲဒီ ဂျစ်ဆမ် သတ္တုမိုင်း ပြိုကျပြီး ၂ရက် အကြာဖြစ်တဲ့ ဒီနေ့ တနင်္ဂနွေနေ့ မနက်ပိုင်း လောက်မှာ အခုမိုင်းတွင်း ပိုင်ရှင် ယုရွန် ကုမ္ပဏီရဲ့ ဥက္ကဌ မစ္စတာ မ ကွန်ဘို ဟာ အဲဒီပြိုကျနေတဲ့မိုင်းတွင်းထဲ ကို ခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားတာပါ။

သူဘာကြောင့် အခုလိုအဆုံးစီရင် တယ်ဆိုတာ ကို အတိအကျ မသိနိုင်ပေမယ့် ဘေဂျင်းမှာရှိတဲ့ ဘီဘီစီ သတင်းထောက် ကတော့ တရုတ် အာဏာပိုင်တွေ အနေနဲ့ သတ္တုမိုင်း တွေ လျှစ်လျူရှုတာတွေ ကြောင့်ပြိုကျ ရင် ပြင်းထန်တဲ့ ပစ်ဒဏ်တွေ ပေးလေ့ရှိတယ် လို့ သတင်းပို့ပါတယ်။

ဒီမိုင်းတွင်းပြိုကျ ပြီးတဲ့နောက် အရေးပေါ်အသက်ကယ်တဲ့အဖွဲ့တွေ ကြိုးပမ်းချက်နဲ့ မိုင်းလုပ်သားတချို့ ကို ကယ်တင်နိုင်ခဲ့ပြီး ပိတ်မိနေတဲ့ မိုင်းအလုပ်သမား ၁၇ ယောက် ကို ကယ်တင်နိုင်ဖို့လည်း သူတို့ ကြိုးစား နေကြပါတယ်။

အရေးပေါ်အသက်ကယ်တဲ့အဖွဲ့မှာ လူ ၇၀၀ လောက်ပါဝင်ခဲ့ကြပြီး တရုတ်မှာ အခုလို လုပ်ငန်းခွင်အတွင်း လုံခြုံစိတ်ချ မှု နည်းတဲ့အတွက် အထိအခိုက်များတဲ့ ဆုံးရှုံးတာတွေဖြစ်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတင်တောင်ပိုင်း က ရှန်ဇန်း မြို့မှာ စက်မှုဇုံတွင်း မြေပြိုလို့ လူ ၇၀ ကျော်ပျောက်ဆုံး ခဲ့ရပြီး သူတို့ သေဆုံးသွားပြီလို့လည်း မှန်းဆ ကြပါတယ်။

တရုတ်ရဲ့ သတ္တုမိုင်းတွင်း လုပ်ငန်းခွင်အတွင်းဘေးကင်းလုံခြုံစိတ်ချရရေး က အမြဲမေးခွန်းထုတ်စရာ လို ဖြစ်နေပြီးတော့ ၂၀၀၂ တုန်း ကဆို အဲဒီ နှစ်တနှစ်ထဲအတွင်း မိုင်းလုပ်သား ပေါင်း ၇၀၀၀ လောက်သေခဲ့ဘူးပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း စည်းမျဉ်းတွေ တင်းကြပ် လာတဲ့နောက် သေဆုံးမှုတွေ လျော့ကျသွားတာတောင် မနှစ် ကဆိုရင် မိုင်းလုပ်သား ၉၃၁ ယောက် သေဆုံး ခဲ့တယ်လို့ တရုတ် ကဘီဘီစီ သတင်းထောက် တွေ က ပြော ပါတယ်။

BBC Burmese
http://www.bbc.com