February 2016

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်တချို့နဲ့ သူရဦးရွှေမန်း အမျိုးသားလွှတ်တော်ကိုသွားရောက်လေ့လာစဉ် -၃ ဖေဖ၀ါရီ ၂၀၁၆ (Photo-NLD Chairperson)
လွှတ်တော်မှာ အမတ်နေရာ အများစုနဲ့ အင်အားအကြီးဆုံးပါတီကြီးဖြစ်တဲ့ NLD နဲ့ ဒုတိယအများဆုံးဖြစ်နေတဲ့ စစ်တပ် နှစ်ဘက်စလုံးဟာ ဒုသမ္မတလောင်းအမည်စာရင်းတွေကို မတ်လ (၁၇) ရက်မှာတင်သွင်းဖို့ ပြင်ဆင်နေကြပါပြီ။

သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမယ့် ဒုသမ္မတလောင်း ဘယ်သူဖြစ်နိုင်တယ်ဆိုတာကိုလည်း ပြည်သူအများက စိတ်ဝင်တစားစောင့်ကြည့်နေကြတာပါ။ မအင်ကြင်းနိုင် က အပြည့်အစုံကို ပြောပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘက်က လွှတ်တော်မှာ တင်သွင်းမယ့် ဒုသမ္မတလောင်း နှစ်ဦးရဲ့အမည်တွေနဲ့ တပ်မတော်ဘက်ကအဆိုပြုမယ့် ဒုသမ္မတလောင်းတဦးရဲ့အမည် ကို နှစ်ဘက်လုံးက ပြင်ဆင်ထားပြီးပြီလို့ သတင်းတွေထွက်လာချိန်မှာ မနေ့က တနင်္ဂနွေနေ့မှာ NLD ထိပ်ပိုင်းခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည်က သူရဲ့နေပြည်တော်နှင်းဆီစံအိမ်မှာ ခေါ်ယူတွေ့ဆုံခဲ့တာပါ။

ထူးခြားချက်ကတော့ ဒီတွေ့ဆုံပွဲမှာ NLD ရဲ့ ဥပဒေအကြံပေး ပုဂ္ဂိုလ် တချို့ပါဝင်တာဖြစ်ပါတယ်။ ဒါပေမဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်ကတော့ ဒီဆွေးနွေးပွဲဟာ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးသာဖြစ်ပြီး ပါတီတွင်း စည်းမျဉ်းစည်းကမ်းကိစ္စတွေသာ အဓိကဆွေးနွေးခဲ့တယ်လို့ သတင်းထောက်တွေနဲ့ ဆွေးနွေးပွဲအပြီးတွေ့ဆုံရာမှာ အခုလိုပြောသွားပါတယ်။

“အရေးကြီးတဲ့ ဆုံးဖြတ်ချက်က နောက်ကျမှ ဆုံးဖြတ်မယ်။ အခုကတော့ ပါတီအတွင်းကိစ္စတွေ၊ နောက် စည်းရုံးရေးကိစ္စတွေ၊ နောက် တိုင်ကြားစာ ကိစ္စတွေ တခြားကတော့ ထွေထွေထူးထူး မရှိပါဘူး။”

ဒီအတောအတွင်းမှာပဲ ပြည်သူ့လွှတ်တော်က တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ် တင့်ဆန်းနိုင်ကလည်း တပ်မတော်ဘက်ကတင်သွင်းမယ့် ဒုသမ္မတလောင်းဟာ ကာကွယ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးစတဲ့ အမြင်တွေရှိသူဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း လက်တွေ့အခြေအနေမှာတော့ စစ်တပ်တွင်း ရာထူးနေရာပေးတဲ့ပုံစံဟာ အရည်အချင်းထက် ဆရာတပည့်ဖြစ်တဲ့အပေါ်မှာ ဦးစားပေးရွေးချယ်လေ့ရှိတယ်လို့ စစ်သံမှူးဟောင်း ဦးအောင်လင်းထွဋ်ကပြောပါတယ်။

“လက်ရှိ တပ်မတော်မှာ ကျနော်တို့ အရည်အချင်းတို့ စွမ်းရည်တွေထက်ပေါ့လေ၊ ကျနော်တို့ ဆရာတပည့်ပါပဲ၊ ဆရာ တပည့်ဖြစ်တဲ့သူတွေကို ရွေးချယ်ပြီးတော့မှ တင်မြောက် တာတွေရှိခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စိတ်ချ ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ သူကိုယ်တိုင်ရွေးခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်မမှူး စစ်စစ် ဘ၀မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့တပ်မအောက်က ဒီတိုက်စစ်မှူးတယောက်ဖြစ်ပါတယ်။ သူကိုယ်တိုင် စိတ်ကြိုက်ရွေးခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက ဗိုလ်ချုပ် သူရမြင့်အောင်တို့ ဗိုလ်ချုပ် ကိုကိုတို့ကို ကျော်ပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရွေးခဲ့တာပါ။”

စစ်တပ်ကအဆိုပြုမယ့် ဒုသမ္မတလောင်းအမည်စာရင်းအတွက် ခန့်မှန်းခံထားရသူတွေထဲမှာ လက်ရှိကြံခိုင်ဖွံဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် အငြိမ်းစားဗိုလ်ချုပ်ကြီး လှဌေးဝင်း ဟာ အလားအလာအကောင်းဆုံးဖြစ်တယ်လို့ မြင်ကြောင်း ဦးအောင်လင်းထွဋ်ကဆိုပါတယ်။

“ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းပါပဲ။ အငြိမ်းစားယူသွားတယ်လေ။ သူကတော့ ဖြစ်နိုင်ခြေအများဆုံးလို့တော့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ဘဘကြီးလို့ခေါ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ ဦးစီးတဲ့ လက်အောက်မှာ သူ G 2 အနေနဲ့ နေသွားတယ်။ G1 ဆိုတာက စစ်ဦးစီး အရာရှိ ပထမတန်း အနေနဲ့နေသွားတယ်။ နောက် စစ်ဦးစီးအရာရှိချုပ် ၊ ဗိုလ်မှူးချုပ်အနေနဲ့လည်း နေသွားတယ်။ တောက်လျှောက်သူနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ link ဟာ ကျနော် သံရုံးမှာရှိနေတုန်းက ဒီအမေရိကန်နိုင်ငံရဲ့ ပစ္စည်းလိုအပ်ချက်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့လိုအပ်ချက် ကို ဗိုလ်ချုပ်ကြီး လှဌေးဝင်းက လိုက်လုပ်ပေးရတဲ့အနေအထားရှိပါတယ်။

တကယ်လို့ ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းကို ဒုသမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့ မယ်ဆိုရင်လည်း လွှတ်တော်ထဲ ရာခိုင်နှုန်းအနည်းငယ်ပဲရှိတဲ့ ကြံခိုင်ဖွံဖြိုးရေးပါတီအတွက် ဘာမှထူးခြားသွားမှာမဟုတ်ဘူးလို့ ဦးအောင်လင်းထွဋ်ကမြင်ပါတယ်။

စစ်တပ်ကတင်သွင်းမယ့်အမည်စာရင်းမှာ နောက်ထပ်နာမည်ထွက်နေတဲ့ သူတွေနဲ့ ပတ်သက်လို့ ဦးအောင်လင်းထွဋ်ရဲ့အမြင်ကတော့

“အခုသူတို့ ရာထားတဲ့ ဒု သမ္မတ ဆိုတော့ ဗိုလ်ချုပ်ကြီးစိုးဝင်းကတော့ လက်ရှိလည်း သက်တမ်း အသက်ကို ၆၅ နှစ်အထိကို တိုးပေးတဲ့အတွက်ကြောင့်မို့လို့ သိပ်မဖြစ်နိုင်ပါဘူး။ နောက် ကာကွယ်ရေးဦးစီးချုပ် (လေ)နဲ့ ကြည်း၊ရေ၊ လေ ညှိုနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ကျနော်တို့တပ်မတော် ထိပ်ပိုင်းပေါ့လေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့အသိုင်းအ၀ိုင်းနဲ့ ဝေးပါတယ်။ ကျနော်တို့ မျက်မြင်ပါပဲ။”

ဒုသမ္မတလောင်း သုံးဦးရဲ့အမည်စာရင်းတွေကို မတ်လ (၁၇)ရက်နေ့ လွှတ်တော်မှာ NLD နဲ့ တပ်မတော် ကိုယ်စားလှယ်တွေ အသီးသီးတင်သွင်းကြမှာဖြစ်ပါတယ်။ အဲဒီထဲကမှာ မဲအများဆုံးရရှိတဲ့ သူဟာ သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရမှာဖြစ်ပြီး အရပ်သားအစိုးရသစ်ဖြစ်တဲ့ NLD အစိုးရလက်ထက်မှာ သမ္မတဘယ်သူဖြစ်လာမလဲဆိုတာ ပြည်သူအများစိတ်ဝင်စားနေကြပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

[youtube src="8sho2Phjspc"/]
ကချင်တိုင်းရင်းသူ Esther Htusan ပါဝင်တဲ့ AP သတင်းဌာနက အမျိုးသမီးသတင်းထောက် ၄ ဦး ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့ ရေလုပ်သားတွေအကြောင်း စုံစမ်းဖော်ထုတ် သတင်းရေးသားမှုတွေနဲ့ အတူ ကမ္ဘာကြီးကို အကျိုးပြုနိုင်ခဲ့ပါပြီ။

Kamayut Media

ကမ္ဘာကျော် Forbes စီပွားရေးမဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်တဲ့ အာရှရဲ့ အသက် (၃၀) အောက် စံပြလူငယ်များစာရင်းထဲမှာ မြန်မာလူငယ် (၈)ယောက် ပါဝင်လာပါတယ်။ ဒီစာရင်းထဲမှာ အနုပညာ၊ အားကစား၊ ဖျော်ဖြေရေး၊ မီဒီယာ၊ ကြော်ငြာဈေးကွက်၊ စီးပွားရေး၊ နည်းပညာ အစရှိတဲ့ နယ်ပယ် ၁၀ ခုထဲက နယ်ပယ်တစ်ခုစီမှာ စွန့်ဦးတီထွင်နဲ့ ထိပ်တန်းရောက် အသက် (၃၀)အောက် စံပြလူငယ် အယောက်(၃၀)စီကို ဟောင်ကောင်မင်းသမီး မီရှဲယိုတို့လို နာမည်ကြီးပုဂ္ဂိုလ်တွေက နယ်ပယ်အလိုက် ဒိုင်အဖြစ်နဲ့ ရွေးချယ်ခဲ့တာပါ။

အာရှရဲ့ အသက်(၃၀)အောက် စံပြလူငယ်စာရင်းထဲ ရွေးချယ်ခံရတဲ့ မြန်မာလူငယ်တွေကတော့ ဝေဖြိုးကျော် (CarsDB တည်ထောင်သူ၊ အသက် ၂၇နှစ်)၊ ထက်မြက်ဦး (ရန်ကုန်တီးဟောက်စ် တည်ထောင်သူ၊ အသက် ၂၅နှစ်)၊ Nex Lab တည်ထောင်သူတွေဖြစ်တဲ့ မျိုးထက်အောင် (အသက် ၂၈ နှစ်)နဲ့ ရဲမြတ်မင်း (အသက် ၂၄နှစ်)၊ မြန်မာ search engine Bindez ကိုဖန်တီးသူ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်တဲ့ ရဲဝင့်ကို (အသက် ၂၆နှစ်)နဲ့ ထက်ဝေ (အသက် ၂၅နှစ်)၊ ဘတ်စ်ကားလက်မှတ်တွေ အလွယ်တကူ ၀ယ်ယူနိုင်ဖို့ Star Ticket ကိုတည်ထောင်သူဖြစ်တဲ့ မသက်မွန်အေး (အသက် ၂၈နှစ်)နဲ့ ကိုဇာနည်နွယ်ဦး (အသက် ၂၅နှစ်)တို့ ဖြစ်ကြပါတယ်။

အာရှရဲ့ အောင်မြင်မှုအရှိဆုံး အသက် ၃၀အောက် လူငယ်စာရင်းထဲ ပါဝင် ရွေးချယ်ခံရတဲ့ ရန်ကုန်တီးဟောက်စ် တည်ထောင်သူ ကိုထက်မြက်ဦးကတော့ လန်ဒန်ရှိ စီးတီးတက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့ စီးပွားရေးလုပ်ငန်းရှင်လူငယ်တစ်ဦးပါ။ လူငယ်တွေအနေနဲ့ လက်ရှိအခြေအနေမှာ ရောင့်ရဲမနေပဲ ဒီ့ထက်ပိုမိုအောင်မြင်ဖို့အတွက် ပညာရေးနဲ့ အသိဥာဏ်က အရေးကြီးတယ်လို့ သူက ဒီဗီဘီကို ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တိုးတက်လာနေတဲ့ speed ( မြန်နှုန်း)နဲ့ ဒီမှာရှိတဲ့ talent (စွမ်းရည်)နဲ့က မမျှဘူးဖြစ်နေတယ်လို့လည်း Forbes စာရင်းမှာပါတဲ့ NexLab ကို ပူးတွဲတည်ထောင်သူ ကိုရဲမြတ်မင်းက ဒီဗီဘီနဲ့ တွေဆုံစဉ်က သုံးသပ်ပြောကြားပါတယ်။ Nex Labs ဟာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အပလီကေးရှင်းတွေကို ပြည်တွင်းမှာဖန်တီးနေတဲ့ နည်းပညာဒီဇိုင်းကုမ္မဏီတစ်ခု ဖြစ်ပါတယ်။

စင်္ကာပူမှာ ဆော့ဖ်ဝဲရေးဆွဲသူ ပညာရှင် လုပ်ခဲ့ဖူးတဲ့ ကိုဝေဖြိုးကျော်ကတော့ ၂၀၁၂ခုနှစ်မှာ မြန်မာပြည်ကို ပြန်လာပြီး ကားဝယ်ရောင်းမှုဆိုင်ရာ သတင်းအချက်အလက်တွေ စုစည်းမျှဝေပေးတဲ့ ၀ပ်ဆိုဒ် (www.CarsDB.com )ကို တည်ထောင်ခဲ့ပါတယ်။ ကားအ၀ယ်အရောင်း လောကရဲ့ အရှိန်အဟုန်နဲ့အတူ မနှစ်က တစ်နှစ်အတွင်းမှာပဲ သူ့ဝပ်ဆိုဒ်မှာ စာရင်းပေးသွင်းလာတဲ့ ကားအစီးရေ ၅သောင်းကျော် ရှိလာခဲ့ပြီး ၆၀% လောက် ကားတွေအရောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။

Bindez ဆိုတဲ့ ၀ပ်ဆို်ဒ်တစ်ခုကတော့ မြန်မာပြည်ဆိုင်ရာ အချက်အလက်တွေကို မြန်မာလို ရေးသားရှာဖွေလို့ရတဲ့ အင်တာနက်ရှာဖွေရေး search engine ၀ပ်ဆိုဒ်တခုဖြစ်ပြီး မြန်မာ ကျောင်းသားလေး ၂ယောက်က ဖန်တီးခဲ့တာပါ။ သူတို့တွေဟာ အခုဆိုရင် အိုရီဒူးနဲ့ပေါင်းပြီး Bindez Thadin ဆိုတဲ့ သတင်းအချက်အလက်ဆိုင်ရာ အန်းဒရိုက် အပလီကေးရှင်းကိုလည်း ထုတ်ဝေထားပါတယ်။

Forbes မဂ္ဂဇင်းရဲ့ Retail & E-commerce နယ်ပယ်က စံပြလူငယ်စာရင်းထဲပါဝင်တဲ့ မသက်မွန်အေးနဲ့ ကိုဇာနည်နွယ်ဦးတို့ မောင်နှမ နှစ်ယောက်ကတော့ ပြည်တွင်းအဝေးပြေး ကားလက်မှတ်တွေကို အွန်လိုင်းကနေ လှမ်းဝယ်ပြီး နီးစပ်ရာ စတိုးဆိုင်တွေကနေ ထုတ်ယူလို့ရနိုင်တဲ့ www.StarTicket.com.mm ၀ပ်ဆိုဒ်ကိုလွှင့်တင်ထားပါတယ်။ ၂၀၁၄ခုနှစ်မှာ မသက်မွန်အေး လန်ဒန်ကနေ ဘွဲ့ရခဲ့ပြီး ပြန်အလာ သူတို့မောင်နှမ နှစ်ယောက်ဟာ အဝေးပြေးကားဂိတ်တွေကို တပတ်နှစ်ခါလောက် သွားရောက်လေ့လာခဲ့ပြီး အခုဆိုဒ်ကို ပြုလုပ်လာနိုင်ခဲ့တာပါ။ အခုဆိုရင် သူတို့ဆိုဒ်ဟာ အဝေးပြေးကားလက်မှတ် ရောင်းချမှုရဲ့ ၂၀%လောက် ချိတ်ဆက်နိုင်ပြီလို့ သိရပါတယ်။

အမေရိကန်အခြေစိုက်Forbes စီးပွားရေးမဂ္ဂဇင်းအနေနဲ့ အရင်က အောင်မြင်ထင်ရှား ပုဂ္ဂိုလ်များ၊ အချမ်းသာဆုံး အမေရိကန်များ (Forbes 400)၊ ကမ္ဘာ့ထိပ်တန်း ကုမ္ဗဏီများ (Forbes Global 2000) စတဲ့စာရင်းတွေနဲ့ နာမည်ကြီးခဲ့ပြီး ဖေဖော်ဝါရီ ၂၅ရက်နေ့က ထုတ်ပြန်လိုက်တဲ့ 30 under 30 Asia စာရင်းကတော့ အာရှအတွက် ပထမဆုံးအကြိမ်ပါ။ အာရှရဲ့ ထူးချွန်အောင်မြင်နေတဲ့ အသက် ၃၀အောက် စံပြလူငယ် စာရင်းမှာ အခုလို မြန်မာလူငယ် (၈)ယောက်ပါဝင်ပြီး တခြားလူငယ် အများစုကတော့ တရုတ်နဲ့ အိန္ဒိယ လူငယ်တွေ ဖြစ်ကြပါတယ်။

Ref: Forbes 30 under 30 Asia

DVB Youth Voice

ကချင်ပြည်နယ် လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Myo Min/ RFA
ဧရာဝတီမြစ်ဆုံစီမံကိန်းကို လာမယ့်အစိုးရသစ်လက်ထက်မှာ ဆက်လက်ရပ်ဆိုင်း ထားသင့်တယ်လို့ ကချင်ပြည်နယ် လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုအပါအဝင် သဘာဝဘေးအန္တရယ်တွေဖြစ်လာနိုင်တဲ့အတွက် မြစ်ဆုံ စီမံကိန်းကို ဆက်လက်ပြီး ရပ်ဆိုင်းထာသင့်ကြောင်း ပြည်နယ်လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီး ဦးစိုင်းမောင်ရွှေက RFA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခဲ့ရာမှာ အခုလို ပြောလိုက်ပါတယ်။

"မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့သဘောထားကတော့ မလုပ်တာပဲ ကောင်းပါတယ်၊ အန္တရာယ်ရှိတာပေါ့လေ၊ ငလျင်လှုပ်တာတို့ ဘာတို့ဖြစ်ခဲ့ရင်၊ ကျနော့်အနေနဲ့ကတော့ မလုပ်စေချင်ဘူး၊ အစိုးရသစ်နဲ့ ပတ်သက်လို့လည်း ဒီတိုင်းပဲဖြစ်မှာပါ၊ လူထုဆန္ဒအရပဲ ကျနော်တို့က လိုက်လျောမယ့် အပိုင်းပေါ့လေ၊ လူထုက လုပ်ဆိုလည်း လုပ်ပေါ့လေ၊ မလုပ်ဖို့ဆိုလည်း ဒီတိုင်းပါပဲ၊ လူထုဆန္ဒ သဘောထားတိုင်းပါပဲ"

ကချင်ပြည်နယ်မှာ လျှပ်စစ်ကဏ္ဍအတွက် ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ် ၂၀၁၄-၂၀၁၅ မှာ ငွေကျပ် ၁၄ ဘီလျံ ကျော်နဲ့ ဒီနှစ် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ၂၆ ဘီလျံ စုစုပေါင်း ကျပ် ဘီလျံ ၄၀ ကျော်ကို သုံးစွဲခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာ မြစ်ကြီးနားခရိုင်အတွင်းက  ၉၉ မဂ္ဂါဝပ်ထွက်ရှိတဲ့ ချီဖွေငယ်၊ ဗန်မော်ခရိုင် အတွင်းက ၂၄၀ မဂ္ဂါဝပ် ထွက်ရှိတဲ့ တာပိန် (၁) ရေအားလျှပ်စစ် စီမံကိန်းတွေကနေ ကချင်ပြည်နယ်အတွင်း လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးနေတာ ဖြစ်ပါတယ်။

လောလောဆယ်မှာ ပြည်နယ်အတွင်း တစ်ရက် လျှပ်စစ်ဓါတ်အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၀ ကျော်ရှိတယ် လို့လည်း ပြောပါတယ်။

လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၆၀၀၀ ထွက်ရှိမယ့် ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က နိုင်ငံတော်သမ္မတဦးသိန်းစိန်အမိန့်နဲ့ သူ့ရဲ့အစိုးရ သက်တမ်း ကာလအတွင်း ယာယီ ဆိုင်းငံ့ထားပါတယ်။

ကချင်ပြည်နယ် လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေ ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

TNLA တပ်မဟာ၂ ဒေသအတွင်းက တပ်သားတချို့ကို တွေ့ရစဉ်။ Photo: Kan Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မူဆယ်၊ ကွတ်ခိုင်နဲ့ ကွမ်လုံမြို့နယ် တွေဖက်မှာ အစိုးရတပ်က ဒီရက်ပိုင်းအတွင်း အင်အား တိုးချဲ့ချထားကြောင်း TNLA က ပြောပါတယ်။

အခုလို အစိုးရတပ်မတော်ဖက်က အင်အားတိုးချဲ့လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန် လာနိုင်တယ်လို့ တအာန်းလွတ်မြောက်ရေးတပ်မတော် TNLA က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော် က ပြောပါတယ်။

"အခုထိတော့ RCSS တပ်ကနဂိုနေတဲ့တိုင်းပဲရှိနေသေးတယ်၊ ပြန်လည်ဆုတ်သွားတာ တော့မရှိသေးဘူး၊ အစိုးရတပ်နဲ့ ပြီးခဲ့တဲ့ ၂ ရက်၊ ၃ ရက်တွင်း ကားအစီး ၂ဝဝ ၊ ၃ဝဝ ကျော် ဒီဖက်ကို ဆက်တက်လာတယ်၊ အင်အားကတော့ ခန့်မှန်း နှစ်ထောင်နဲ့ သုံးထောင်ကြားမှာရှိမယ်၊ တချို့ကတော့ ကွမ်လုံဖက်တက်သွားတယ်၊ တချို့ကတော့ ကျနော့်နယ်မြေမှာ ပြန်ပြီးဖြန့်ပြီးနေရာယူထားတာရှိတယ်"

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစပြီး အစိုးရတပ်က စစ်ကားအစီး ၂၀၀ ၀န်းကျင် ရှမ်းပြည်မြောက်ပိုင်းကို ရောက်ရှိလာခဲ့ပါတယ်။

TNLA နဲ့ RCSS/SSA တို့ စစ်ရေးတင်းမာမှုတွေ ဖြစ်နေတဲ့ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မူဆယ်နဲ့ ကွတ်ခိုင်မြို့တွေမှာ စစ်ကားအစီး ၁၀၀ လောက် ၊ ကိုးကန့်တပ်မတော် MNDAA တပ်တွေရှိရာ ကွမ်လုံမြို့နယ်မှာ စစ်ကား အစီး ၁၀၀ လောက် ရောက်ရှိ နေတယ်လို့ TNLA က ဗိုလ်မှူးတာအိုက်ကျော် က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကုန်းကြမ်းမြို့နယ်ထဲမှာ MNDAA ရဲ့ ခြေကုပ်စခန်းတွေ ရှိနေသေးတာကြောင့် အစိုးရ ဘက်က အင်အားတိုးချဲ့ချထားတာဖြစ်နိုင်တယ်လို့ ကိုးကန့်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင် က ပြောပါတယ်။

"အပေါ်မှာတော့ အနည်းအကျဉ်းတိုက်ပွဲတွေရှိနေကြတယ်၊ အဲ့ဒါကြောင့် ခွန်အိုင်ကျေးရွာအုပ်စုမှာ တစ်ခါတစ်လေရှိနေရတယ်၊ ကုန်းကြမ်းမြို့နယ်ထဲမှာ ပါတာပေါ့"

ဒီနေ့ နမ့်ဆန်မြို့နယ်ထဲက တောင်သုံးဆယ်ရွာနဲ့ ကွယ်ဟယ်ကျေးရွာကြားမှာလည်း TNLAနဲ့ အစိုးရ တပ်မတော် တပ်မ ၇၇ တို့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC အဖွဲ့တွေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ နဲ့ ၂၃ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ RCSS /SSA နဲ့ တွေ့ဆုံစဉ် အစိုးရတပ်မတော်အနေနဲ့ ရှမ်း ပြည်မြောက်ပိုင်းမှာ လုံခြုံရေးယူဖို့ရှိတာကြောင့် RCSS တပ်တွေ ရှမ်းပြည်နယ်မြောက်ပိုင်းက ဆုတ်ခွာ ဖို့ UPWC အဖွဲ့ဝင် အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီးခင်ဇော်ဦးက တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကံပေါက်နယ် ကျေးရွာတစ်ရွာမှ လောင်းကစားဝိုင် (Mon Htaw)
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ အချို့ကျေးရွာများ၏ ယခုလပိုင်းအတွင်း ဘုရားပွဲနှင့် ပွဲလမ်းသဘင်များတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် နားလည်မှုယူကာ လောင်းကစားဝိုင်များ ဖွင့်လှစ်ရန်ပုံငွေရှာနေကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထိုလောင်းကစားဝိုင်းများတွင် ဖဲဝိုင်း၊ အန်ဂလုံဝိုင်း၊ ကြက်ဝိုင်း စသည့်လောင်းကစားဝိုင်းများ ပြည့်နှက်နေကြောင်း ဆိုသည်။

ကောင်းမှုရွာသား နိုင်အောင်က “ဇာတ်သဘင်ပါမစ်အတွက် ရေဖြူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ခွင့်သွားတောင်းရတယ်။ လောင်းကစားဝိုင်း အတွက်တော့ ရေတပ်၊ ကံပေါက်ရှိ ရဲစခန်း၊ ဒေသခံ ရပ်ရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့် ညှိနှိုင်းရတယ်” ဟု ဆိုသည်။

ကံပေါက်နယ်တွင် ကပြသော ဇာတ်သဘင်မှာ များသောအားဖြင့် ထားဝယ်အသံ၊ ထားဝယ်ရိုးရာ အကများဖြင့် ကပြဖျော်ဖြေသော ထားဝယ်ဇါတ်သဘင်များဖြစ်ပြီး တစ်ညလျှင် အခကြေးငွေ ကျပ်သုံးသိန်းခွဲမှ လေးသိန်းခွဲအထိ ငှားရမ်းရသည်ဟု ပြောသည်။

“ဈေးကောက်ငွေတွေနဲ့ပဲဆိုရင် ပွဲငှားနိုင်ဖို့အတွက် မလုံလောက်ဘူးလေ။ ဒါကြောင့် လောင်းကစားဝိုင်းများဖွင့်မှပဲ ငွေပိုရပီး ပွဲငှားနိုင်တာပေါ့” ဟု ဒေသခံ မင်းလင်းနိုင်က ဆိုသည်။

ဇာတ်သဘင် ငှားရန်ခကြေးငွေကို လောင်းကစားဝိုင်း ကန်ထရိုက်က တာဝန်ယူရပေးရသည်ဟု မင်းလင်းနိုင်က ဆက်ပြောသည်။

ကံပေါက်တိုက်နယ် ဖေါင်တော ကျေးရွာအုပ်စုသည် မော်တော်ကားလမ်းနှင့် အလှမ်းဝေးသဖြင့် မြို့ပေါ်အာဏာပိုင်များ အလွယ်တကူလာရောက်ခြင်းမရှိဟု ဒေသခံများက ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ညပိုင်းတွင် မွန်ပြည်နယ် ရေးမြို့နယ်၊ အစင်ကျေးရွာ မြို့ဟောင်းကုန်း လာ့စ်ဗီးဂတ်ရပ်ကွက် လောင်းကစားဝိုင်းများကို ရေးမြို့က နယ်မြေခံတပ်မတော်မှ ဝင်ရောက်ဖမ်းဆီးရာ အံဂလုံခုံ ၃၉ ခုံ၊ အံစာတုံး ၅၇ လုံး နှင့် ဒိုင်ချုပ်ကြီးနှစ်ဦးကို ဖမ်းဆီးမိခဲ့သည်ဟုလည်း ရေးတော်ဝင်သတင်းလွှာ တာဝန်ခံအယ်ဒီတာ အောင်နိုင်ဝင်း Facebook ရေးသားဖော်ပြချက်အရ သိရသည်။

ရေးသားသူ: မွန်ထော
မွန်သတင်းအေဂျင်စီ
http://burmese.monnews.org

tuntunheain-nld-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဒီကနေ့ ကျင်းပခဲ့ရာမှာ၊ အစိုးရ ဖွဲ့ရေး၊ ၅၉ (စ) ဆိုင်းငံ့ရေးကိစ္စတွေ မပါဝင်ဘဲ၊ ပါတီတွင်း ကိစ္စတွေသာ ဆွေးနွေးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန် က ပြောပါတယ်။

နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီစံအိမ်မှာ NLD ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်တွေ ရဲ့ ဆွေးနွေးပွဲအပြီးမှာ ဦးထွန်းထွန်းဟိန်က သတင်းထောက် တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

"အခုဟာက ကောလဟာလတွေကအများကြီးပဲလေ၊ NLD က ၅၉ ( စ )ပြင်ဖို့၊ ပြင်နိုင်ဖို့ အများကြီးပဲ အန်ကယ်တို့ပြောတာက၊ အဲ့ဒါတွေကိုအကုန်လုံး လိုက်ပြီးပြောနေမယ် ဆိုရင်တော့ ပြီးဆုံးမှာမဟုတ်ဘူး၊ အန်ကယ်တို့ ဒီနေ့ဆွေးနွေးတာက ပုံမှန်အစည်းဝေး ပါပဲ၊ အန်ကယ်တို့ ပါတီထဲမှာလုပ်စရာရှိတဲ့ ကိစ္စတွေကို အန်ကယ်တို့ ဆွေးနွေးတာပဲဖြစ် ပါတယ်"

နှစ်ပတ်တစ်ကြိမ်ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်နဲ့ ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဒေါက်တာဒေါ်မေ၀င်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့် တို့အပါအ၀င် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ၁၅ ဦးလုံး တက်ရောက်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲမှာ နေရာအများဆုံးအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကနေ ရွေးချယ်ပေးရမယ့် ဒုတိယ သမ္မတလောင်း ၂ ဦး တင်မြှောက်ခွင့် ရရှိထားပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားအစုအဖွဲ့ တစ်ခုချင်းစီက ဒုတိယသမ္မတလောင်းတွေ ရွေးချယ်ပြီး အဲဒီထဲကနေ နိုင်ငံတော်သမ္မတ ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

သမ္မတနဲ့ ဒုတိယလောင်းအမည်စာရင်းတွေကို လာမယ့် မတ်လ ၁၇ နေ့မှာ ပြုလုပ်မယ့် သမ္မတနဲ့ ဒုတိယသမ္မတလောင်း ရွေးချယ်ရေးအစုအဖွဲ့အစည်းအဝေးမှာ တင်သွင်းရမှာ လည်း ဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/nld-cec-meeting-held-naypyidaw-02282016104930.html

(Hanna Hindstrom ရေးသည့် The Diplomat သတင်းစာစောင်မှ ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်သည်။)

မနှစ်က သမိုင်းဝင် ရွေးကောက်ပွဲအချိန်တဝိုက်တွင် ဒီမိုကရေစီအကြို မီဒီယာဌာနခွဲများအား ဆိုင်ဘာတိုက်ခိုက်မှု ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းများအတွက် မြန်မာစစ်တပ်မှာ တာဝန်ရှိသည်၊ မြန်မာစစ်တပ်သည် ထိုင်အစိုးရပိုင် ဝက်ဘဆိုက်စာမျက်နှာများအား ပစ်မှတ်ထားပြီး ဆိုင်ဘာတိုက်ခိုက်သော ဟက်ကာများနှင့် ဆက်စပ်မှုရှိနေသည်ဟု ပေါက်ကြားလာသော သုတေသနစစ်တမ်းတစ်ခုက အခိုင်အမာဆိုထားသည်။

*Democratic Voice of Burma (DVB)* နဲ့ *The Irrawaddy* သတင်းဌာနတို့ အပါအဝင် လွတ်လပ်သော သတင်းဌာနတွေရဲ့ လုံခြုံရေးအတွက် အလုပ်လုပ်နေတဲ့ ဆွီဒင်အခြေစိုက် ဆိုင်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ *Unleash Research Labs* ရဲ့ သုံးနှစ်ကြာ လေ့လာဖော်ထုတ်မှု အရ မြန်မာစစ်တပ်ဟာ ၂၀၁၂ ခုနောက်ပိုင်း သတင်းဌာနတွေရဲ့ ဝက်ဘဆိုက်စာမျက်နှာတွေကို ဖျက်ဆီးရာမှာ အဓိကနေရာက ပါဝင်နေတယ်လို့ စစ်ဆေးတွေ့ရှိထားသည်ဟု ထုတ်ပြန်ထားသည်။

“နိုဝင်ဘာရွေးကောက်ပွဲအနီးအနား တိုက်ခိုက်မှုတွေမှာ သိသာထင်ရှားတာတစ်ခုကတော့ “Union of Hacktivists” ဆိုတဲ့ အဖွဲ့က ဆောင်ရွက်နေတယ်ဆိုတာပါပဲ။ ဒီတိုက်ခိုက်မှုတွေရဲ့ ဇက်မြစ်ဟာ ဖိုင်းရာဝေါ ပရောက်စီ နှစ်ခုနောက်ကွယ်မှာ စစ်တပ်တပ်က လျှို့ဝှက်လည်ပတ်နေတဲ့ ကွန်ရက်အဖွဲ့မှ အစပြုတယ်” ခြေရာခံတွေ့ရှိရကြောင်း အဆိုပါ ဆိုင်ဘာလုံခြုံရေးကုမ္ပဏီက ဆိုသည်။

အဆိုပါ ကွန်ရက်ကို စစ်တက္ကသိုလ်ကွန်ပျူတာကျောင်းက၊ မြန်မာစစ်တပ်နဲ့ အလုပ်လုပ်ဖူးတဲ့ အမေရိကန်ကုမ္ပဏီတစ်ခုက ရေးသားထားတဲ့ လုံခြုံရေးစနစ် Blue Coat နည်းပညာကို အသုံးပြုပြီး၊ လည်ပတ်နေတာလို့ သိရှိရသည်။ Blue Coat က ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ဆီရီယန်းအစိုးရက အာရပ်နွေဦး အရေးအခင်းတုန်းက ဆန္ဒပြသူတွေကို တိုင်းပြည်ရဲ့အင်တာနက်ကို ချုပ်ကိုင်ပြီး ချေမှုန်းရာမှာ အသုံးပြုခဲ့ပြီး၊ အမေရိကားက ဆက်ရှင် ပိတ်ထားတဲ့ တိုင်းပြည်တွေမှာ နည်းပညာဖြန့်ဝေခြင်းမပြုဖို့ တင်းကျပ်စွာတားမြစ်ထားသော်ငြား မြန်မာပြည်မှာလည်းပဲ အသုံးပြုခဲ့တယ်လို့ ယုံကြည်ကြောင်း *Unleash Research Labs* ထုတ်ပြန်ခဲ့သည်။

“ဒီတိုက်ခိုက်မှုတွေဟာ တခြား ဘယ်အဖွဲ့အစည်းမှ ပါဝင်ခြင်းမရှိဘဲ သူတို့ချည်း သတ်သတ် တည်ဆောက်ထားတဲ့ စစ်တပ်ကွန်ရက်က အစပြုတယ်လို့ အာမခံနိုင်သည်။” လို့ Unleash Research Labs မှ နည်းပညာဒါရိုက်တာဖြစ်တဲ့ Tord Lundstrom က ဆိုသည်။

“ကျွန်တော်တို့ နောက်ထပ်တစ်ခု အတည်ပြုနိုင်တာကတော့ အလုပ်တွေကို ရုံးချိန်အတွင်းမှာပဲ ဆောင်ရွက်ပြီး တခြားကျောင်းဆောင်တွေမှာ ဒါမှမဟုတ် ညဘက်မှာ ပြုလုပ်တာမျိုး လုံးဝမရှိဘူးဆိုတာပါပဲ”

“၂၀၁၁ အာဏာရှင် အစိုးရ ကုန်ဆုံးခါနီးကတည်းက အင်တာနက်ကြောင့် ပြန့်ပွားလာခဲ့တဲ့ “hacktivist” လုပ်ရှားမှု ထွက်ပေါ်လာရေးအတွက် အဓိက စတင်လှုပ်ရှားခဲ့သူတွေထဲ မှာတော့ စစ်တပ်နဲ့ အနီးကပ်ပတ်သက်မှုရှိသူတွေ အများအပြားပါဝင်နေတယ်။ Hacktivist ကွန်ရက်တွေထဲမှာ အထင်ရှားဆုံးကတော့ Blink Hacker Group (BHG) ဆိုတဲ့ အဖွဲ့ပါပဲ။” ဟု Tord Lundstrom က ဆိုသည်။

အဆိုပါ အဖွဲ့ဟာ ထိုင်းရဲတပ်ဖွဲ့ပိုင် ဝက်ဘဆိုက်တွေကို ၂၀၁၆ ဇန်နဝါရီလက ကမ္ဘာလုံးဆိုင်ရာ hacktivist ကွန်ရက် Anonymous အသွင်ဆောင်ပြီး ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ခဲ့သည်။ ဒါကတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗြိတိသျှကမ္ဘာလှည့် ခရီးနှစ်ဦး သတ်ဖြတ်ခံရခြင်းနဲ့ ပတ်သက်ပြီး မြန်မာလူမျိုးနှစ်ဦးကို သေဒဏ်ချမှတ်ခဲ့တဲ့၊ မြန်မာနိုင်ငံအဝှမ်း လူမျိုးရေး ဂယက်ရိုက်ခတ်သွားစေတဲ့ နာမည်ကျော် တရားစီရင်ရေးအတွက် တန်ပြန်တိုက်ခိုက်ခဲ့တာဖြစ်သည်။

“မြန်မာနိုင်ငံရှိ ဟက်ကင်းအဖွဲ့ဟာ အသံတိတ်စေခိုင်းချက်နဲ့ ထိုးဖောက်သတင်းယူမှုတွေအရ လည်ပတ်လှုပ်ရှားတာဖြစ်သည်” လို့ အုပ်စုဖွဲ့တွေ နောက်ထပ်တိုက်ခိုက်မယ့် အစီအစဉ်အကြောင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးတတ်တဲ့ ဖေ့စဘုတ်နဲ့ ဟက်ကင်းဖိုရမ်တွေကို နှစ်ပေါင်းများစွာ လေ့လာအကဲခတ်ခဲ့တဲ့ Lundstrom က ထပ်ပြောပါသေးသည်။

မြန်မာပြည်ရဲ့ “hacktivist” လှုပ်ရှားမှုဟာ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေရှိ လူမျိုးရေး ပဋိပက္ခတွေကို ဘက်မလိုက်ဖော်ပြတဲ့ သတင်းဌာနတွေအပေါ် အမုန်းတရားတိုးပွားလာခဲ့သည်ဟု အဆိုပါ သုတေသနစစ်တမ်းက ဆိုသည်။ ၂၀၁၂ ဇွန်လ ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာများနဲ့ ရိုဟင်ဂျာမူစလင်တွေအကြား အချင်းများမှုတွေဖြစ်ပေါ်ခဲ့စဉ်က ဟက်ကင်းအဖွဲ့တွေကို “ မြန်မာအစိုးရဲ့ ချိန်သားကိုက် နိုင်ငံရေး အခင်းအကျင်းအစီအစဉ်အရ မောင်းနှင်ခဲ့ကြတာပါ” ဟု ဆိုသည်။

နိုင်ငံရေး ရည်မှန်းချက်အသာစီးရဖို့အတွက် အတုအယောင် ဆိုင်ဘာတိုက်ခိုက်မှုတွေကိုလည်း ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ ဥပမာအားဖြင့် ၂၀၁၂ ဒီဇင်ဘာလမှာ “Kachin Cyber Army” အမည်နဲ့ မြန်မာ သတင်းဌာနတွေကို ခြိမ်းခြောက်စာတွေ ထုတ်ပြီး ဝက်ဘဆိုက်တွေ တသီတတန်းကြီး ဖျက်ဆီးခံခဲ့ရသည်။ သို့ပေမဲ့ Lundstorm ရဲ့ လေ့လာတွေ့ရှိချက်အရ အဆိုပါ တိုက်ခိုက်မှုတွေဟာ “ အစိုးရရဲ့ နိုင်ငံရေးအခင်းအကျင်းအရ ပဋိပက္ခတိုးပွားမှု ဖြစ်အောင် တည်ဆောက်ခဲ့တာ” လို့ ဆိုသည်။

BHG အပါအဝင် ဟက်ကင်းအဖွဲ့အတော်များများရဲ့ အရေးပါအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကတော့
Gtone ဆိုတဲ့ ကလောင်အမည်ဝှက်နဲ့ ရေးသားတဲ့ သက်ဖြိုးဝေ ဖြစ်ကြောင်း ထုတ်ဖော်တွေ့ရှိရသည်။ တချိန်က ဖေ့စဘုတ်မှာ စစ်တက္ကသိုလ်ကျောင်းသား ရုရှားမှာနေသူဟု ဖော်ပြဖူးပြီး၊ *Myanmar Times* သတင်းဌာနကတော့ သူဟာ ပြင်ဦးလွင်စစ်တက္ကသိုလ် (DSA) မှ လေ့ကျင့်ပေးထားသူဖြစ်တယ်လို့ ရေးသားသည်။ အဆိုပါ သက်ဝေဖြိုးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအကူအညီပေးသူတစ်ဦကို ဗြိတိသျှထောက်လှန့်ရေးလို့ စွပ်စွဲတဲ့ သတင်းတွေကို လူထုကြား ဖော်ပြဖူးသည်။

သတင်းပေးပို့ချက်အရ သူဟာ မြန်မာမီဒီယာတွေကို ဟက်မယ်လို့ သတင်းလွှင့်ရာနဲ့ Myanmar Anonymous ဖေ့စဘုတ်စာမျက်နှာမှာ ပါဝင်နေတယ်လို့သိရသည်။ သူဟာ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ ဟက်ကင်းလှုပ်ရှားမှုနဲ့ စိန်ခေါ်ရာမှာ ဦးဆောင်သူတွေထဲက တစ်ဦးဖြစ်သည်။

“နည်းပညာကို ရူးသွပ်တဲ့ ဗမာလူမျိုး မှန်သမျှ ထေရဝါဒ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ ဒီအချက်ကို အဓိကတာဝန် တစ်ရပ်အနေနဲ့ ယူဆဖို့ မြန်မာဟက်ကာဖိုရမ် [Myanmar Hacker Forum] ကို တောင်းဆိုလိုသည်” လို့ သူက ၂၀၁၂ မေလတုန်းက ဟက်ကာ ဖိုရမ်မှာ ရေးသားခဲ့သည်။ အွန်လိုင်း ဟက်ကင်း အဖွဲ့မှာ ချိတ်ဆက်ပါဝင်သူ အခြားနှစ်ဦးဖြစ်တဲ့ လင်းမြတ်အောင်နဲ့ မြတ်သူ တို့ဟာ DSA ကျောင်းဆင်းများဖြစ်ပြီး လင်းမြတ်အောင်က ဖိုရမ်မန်ဘာတွေကို စစ်တက္ကသိုလ်ကို လျှောက်ကြဖို့ အားပေးကြောင်း BHG ရဲ့ ဖေ့စဘုတ်စာမျက်နှာမှာ ပွင့်လင်းစွာ ထုတ်ဖော်ရေးသားခဲ့သည်။

မြန်မာလေသူရဲတစ်ဦးအဖြစ် ပုံဖော်ထားသည့် အောင်မင်းခန့်မှာ ဖေ့စဘုတ်တွင် ဟက်ကင်း ကိရိယာများ တင်ပြီး ထိုင်းရဲတပ်ဖွဲ့ကို ဇန်နဝါရီလက တိုက်ခိုက်ခဲ့ရာမှာ အဓိကနေရာက ပါဝင်ခဲ့တယ်လို့ စစ်ဆေးတွေ့သည်ဟု ဆိုသည်။ မြတ်သူကတော့ အဲဒီနောက်မှာ BHG ကိုယ်စား ထိုင်းကို တိုက်ခိုက်ခဲ့ကြောင်း သက်သေပြတဲ့ လူထုသို့ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ပြီး ခိုးယူရရှိတဲ့ 1GB အချက်အလက်တွေကို ဖြန့်ဝေခဲ့သည်။

ဆက်သွယ်မေးမြန်းခဲ့တဲ့အခါမှာတော့၊ လင်းမြတ်အောင်က သူဟာ Blink Hacker Group ထဲက ဘယ်အဖွဲ့ဝင် တစ်ဦးတယောက်ကိုမှ သိရှိခြင်းမရှိဘူးလို့ ဆိုသည်။ “ကျွန်တော်က ဖေ့စဘုတ်ပေါ်က ဟက်ကာဆိုသူတွေနဲ့ နောက်ပြောင်နေတာပါ။ တကယ်တမ်း BHG အဖွဲ့ဝင်တွေကို ကျွန်တော် လုံးဝ မသိပါဘူး” လို့ သူက ပြောဆိုသည်။ သူဟာ စစ်တက္ကသိုလ်ကို ကြည်ညိုပေမဲ့ သူကိုယ်တိုင်ကတော့ ကျောင်းဆင်းတစ်ယောက် မဟုတ်ပါဘူးလို့ ဖြည့်စွက်ပြောဆိုခဲ့သည်။

KSL ဘာသာပြန်သည်။

Ref - The Diplomat
The Ladies News Journal

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ ကျောက်မဲမြို့နယ်များ အတွင်း တပ်မတော်က နယ်မြေ ရှင်းလင်းနေပြ မြေပုံ (Photo- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး )
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ ကျောက်မဲမြို့နယ်များ အတွင်း တပ်မတော်က နယ်မြေ ရှင်းလင်းနေပြ မြေပုံ (Photo- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး )

ရှမ်းပြည်မြောက်ပိုင်းဘက်မှာ ရှမ်းတောင်ပိုင်းတပ်နဲ့ တအာင်းတပ်တို့ကြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ချင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေချိန်မှာ အစိုးရတပ်ဘက်က နယ်မြေတည်ငြိမ်ရေး လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ရှင်းလင်းနေတယ်လို့ သတင်းထုတ်ပြန်ပြီးနောက် ဒီကနေ့မှာတော့ တအာင်းတပ်ကို အင်အားသုံး ထိုးစစ်ဆင် တိုက်ခိုက်လာနေပါတယ်။ ဒီလိုဒေသတွင်း စစ်ရေးတင်းမာမှုတွေကြောင့် တိုက်ပွဲတွေကြောင့် ထောင်ချီပြီး စစ်ပြေးရှောင်နေရတဲ့ ဒုက္ခသည်တွေရဲ့ အိမ်ပြန်နိုင်ရေးက အတော်လေးကို မရေမရဖြစ်လာနေတာပါ။ အခြေအနေအသေးစိတ်ကို မဆုမွန်က ဆက်ပြောပြပေးပါမယ်။

အပစ်ရပ်လက်မှတ်မထိုးထားတဲ့ တအာင်း ပလောင်တပ်ကို ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲ စစ်တပ်ဘက်က အင်အားသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့ တအောင်းတပ် TNLA က ပြောပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ မနက်ပိုင်းကတည်းကစလို့ နေ့လည်ပိုင်းအထိ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် တောင်သုံးဆယ်ကျေးရွာ၊ ကွယ်ဟယ်ကျေးရွာ၊ မြိုင်ကျေးရွာတွေမှာ အစိုးရတပ်မ(၇၇) နဲ့ တအာင်းတပ်တို့ ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNLA ပြောခွင့်ရ ဗိုလ်မှုးမိုင်အိုက်ကျော်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ရှေ့လျှေက် ဒီ ထိုးစစ်အတိုင်းအတာနဲ့ ဆိုရင်တော့ တိုက်ပွဲ ပိုပြင်းထန်လာနိုင်တဲ့ အနေအထားရှိတယ်။ တိုက်ပွဲက ယခင်ကထက် ပိုပြီးများပြားလာဖို့ အနေအထားရှိတယ်။ အင်အားသုံးပြီး နယ်မြေ ရှင်းလင်းရေး လုပ်မယ်ဆိုရင်တော့ အဲဒါတော့ အမှန်ကန်တဲ့ဖြေရှင်းနည်းတော့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ နဂိုတည်းက RCSS နဲ့ တိုက်ပွဲဖြစ်နေတဲ့ဟာကို RCSS ကိုပြန်ခိုင်းတယ်။ RCSS က မဆုတ်ဘူး။ ရှေ့လျောက်လည်း ကျနော်တို့နဲ့ RCSSတို့ တိုက်ပွဲ ထိတွေ့မှု မရှိဘူးလို့လည်းမပြောနိုင်ဘူး။ အာမခံချက် မပေးနိုင်ဘူး။ အစိုးရဘက်လည်း ပိုပြီးတိုက်ပွဲတွေ ပြင်းထန်လာလို့ရှိရင်တော့ ဒီလူထုတွေက နဂိုတည်းက စစ်ဘေးရှောင်တွေ တော်တော်လေးများတယ်။ အဲဒီလိုမျိုး ဆက် ဖြစ်လို့ရှိရင်တော့ တိုက်ပွဲတွေ ပိုမိုပြီးပြင်းထန်လာလို့ရှိရင်တော့ စစ်ဘေးရှောင်တွေ ပိုပြီးများလာမယ့်အနေအထားရှိတယ်။ လူထုတွေ ပိုပြီး ဒုက္ခရောက်လာနိုင်တဲ့ အလားအလာတော့ရှိတယ်။ အင်အားသုံးပြီးမှ ဖြေရှင်းတဲ့နည်းလမ်းက လုံးဝ မှားယွင်းတဲ့နည်းလမ်းလို့ ကျနော်တို့ကတော့ မြင်တာပေါ့နော်။”

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ ကျောက်မဲမြို့နယ်တွေထဲ RCSS ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS SSA တောင်ပိုင်းတပ်နဲ့ တအာင်းတပ်TNLA ကြား တိုက်ပွဲတွေက လနဲ့ချီဖြစ်ပွားလာနေတဲ့အတွက် တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူထောင်ချီ ဒုက္ခရောက်နေကြရတာကို ဖေဖော်ဝါရီ (၁၇)ရက်က ပြည်သူ့လွှတ်တော်မှာ အရေးကြီး အဆိုတင်သွင်းခဲ့သလို ရှမ်းပြည်နယ်အစိုးရဘက်ကလည်း စစ်ရေးဖြေရှင်းပေးဖို့ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ RCSS ကို မြန်မာစစ်တပ်က တိုက်ပွဲနယ်မြေထဲကနေ ပြန်ဆုတ်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း SSA အဖွဲ့က ဆုတ်မပေးဘဲ အင်အားပိုဖြည့်လာတာကြောင့် အဲဒီနယ်မြေထဲကနေ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို ရှင်းလင်းနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း လက်ရှိအချိန်ထိတော့ TNLA တပ်ဖွဲ့တွေကို အစိုးရစစ်တပ်က တိုက်ခိုက်နေပြီး RCSS နဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲဖြစ်တဲ့သတင်းတွေတော့ မကြားရသေးပါဘူး။

အခုဖြစ်နေတဲ့ စစ်ရေးပြဿနာတွေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးဖို့ နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော်နဲ့ ဦးသိန်းဇော် တို့ပါဝင်တဲ့ ညှိနှိုင်းဖြေရှင်းရေး ကော်မတီတရပ်ကိုလည်း ထိုင်းနိုင်ငံချင်းမိုင်မှာ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီက အရေးပေါ်အစည်းအဝေးလုပ်ပြီး ဖွဲ့စည်းခဲ့ပြီး အခုအချိန်မှာတော့ နှစ်ဘက်တွေ့ဆုံဆွေးနွေးနိုင်ဖို့အရေး စီစဉ်နေတယ်လို့လည်း TNLA က ပြောပါတယ်။

“UNFC က အစည်းအဝေးပြီးတော့ ဒီဖြေရှင်းရေးအဖွဲ့ဆိုပြီးမှ ဖွဲ့စည်းလိုက်တယ်။ အဲ့ဒီမှာ ကျနော်တို့ တွေ့ဆုံမယ့်နေရာ၊ တက်ရောက်မယ့် အဖွဲ့အစည်း အဲဒီမှာ ရေးပေးဖို့ဆိုပြီးတော့မှ ကျနော်တို့ UNFC ကိုပြောထားတယ်။ အခု UNFC လည်း အဲဒီကိစ္စကို ညှိပေးနေတယ်ခင်ဗျ။ ဘယ်နေ့၊ ဘယ်အချိန်ဖြစ်မလဲဆိုတာတော့ ကျနော်တို့ မသိရသေးဘူးခင်ဗျ။”

တအာင်းတပ်အနေနဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ တိုက်ပွဲတွေ အဆုံးသတ်နိုင်ရေးကို လိုလားကြောင်းလည်း ပြောပါတယ်။

“အဓိကတော့ ထိုးစစ်ဘက်က ရပ်ပေးဖို့ ဆိုရင်တော့ ဒီတိုက်ပွဲကတော့ လျော့ကျသွားမှာပေါ့နော်။ ရင်ဆိုင် တိုက်ပွဲဖြစ်ပြီးမှ ဖြေရှင်းတဲ့ နည်းလမ်းကတော့လည်း ကျနော်တို့လည်း မလုပ်ချင်ဘူး။ မှန်ကန်တဲ့နည်းလမ်း လည်း မဟုတ်ဘူး။ တွေ့ဆုံဆွေးနွေးမှုကတော့ အဓိက ဖြေရှင်းတဲ့ နည်းလမ်းဖြစ်တယ်။ RCSS ဘက်ကိုလည်း ကျနော်တို့က တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်။ ဒီအစိုးရဘက်မှာလည်း နဂိုကတည်းက NCA လက်မှတ်ထိုးဖို့လည်း ကျနော်တို့က တောက်လျှောက်လိုက်လာတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မဖြစ်လာဘူးပေါ့နော်။ လာမယ့်အစိုးရ တက်လာလို့ရှိရင်တော့ ငြိမ်းချမ်းရေးကိစ္စဆက်ပြီးဆွေးနွေးဖို့ ကျနော်တို့မျော်လင့်တယ်။ ကျနော်တို့ဆက်ပြီးဆွေးနွေးဖို့ အဆင်သင့်ရှိတယ်။”

လတ်တလောမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲတိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်သလို မထွက်ပြေးနိုင်ပဲ ရွာတွေထဲ ပိတ်မိနေတဲ့ပြည်သူတွေလည်း ရှိနေတယ်လို့ ကူညီ ကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။ စစ်ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့တွေ့ဆုံဆွေးနွေးကြပါလို့လည်း ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရှမ်းလူငယ်ကွန်ရက်က စိုင်းနော်စိုင်းက အခုလိုပြောပါတယ်။

“အတတ်နိုင်ဆုံးကတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းစေချင်တယ်။ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ဖြေရှင်းစေချင်တဲ့သဘောထားရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက ကိုယ့်တိုင်းရင်းသား ညီအကိုမောင်နှမတွေပဲ ဆိုတော့ ဘယ်သူပဲ နာနာ နိုင်ငံတော်ကိုပဲ သွား နာ ပါတယ်။ တပ်က ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားတပ်က ပဲဖြစ်ဖြစ်၊ အစိုးရတပ်ကပဲဖြစ်ဖြစ် အဓိကတော့ ကိုယ့်ရဲ့ အောက်လက်ငယ်သားတွေနာမယ်။ ပြီးရင် ပြည်သူလူထုကို နေရပ်ပြန်လို့မရတဲ့ အနေအထားမျိုးမှာ ပြည်သူလူထုတွေက စားဝတ်နေရေးက အစ ၊ ကလေးတွေ ပညာရေးကအစ နစ်နာ ဆုံးရူံးမှုတွေ အရမ်းများပါတယ်။”

ထောင်ချီတဲ့ ဒုက္ခသည်တွေအတွက် စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ထားပြီး အကူအညီပေးနေကြပေမဲ့ ဘေးလွတ်ရာပြေးရတဲ့ ဒေသခံပြည်သူတွေမှာ စစ်ဘေးဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ သိပ်ကြီးမားနေပြီဖြစ်လို့ ဒေသတွင်းတည်ငြိမ်ရေး နေရပ်ရင်းပြန်နိုင်ရေး ရေရှည်ဘဝ ရပ်တည်နိုင်ရေး လူမှုစီးပွားတွေပြန်လည် တည်ဆောက်နိုင်ရေးနဲ့ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်ပေးဖို့ လိုလားနေကြလို့ စစ်ရေးတင်းမာမှုတွေကို ပြေလည်အောင် ညှိနှိုင်းကြပါလို့ လည်း ဒေသခံပြည်သူတွေက တောင်းဆိုနေကြတာပါ။

မဆုမွန်/VOA
http://burmese.voanews.com/content/myanmar-government-have-been-reinforce-their-troops-to-fight-against-tnla/3211535.html


၂၈-၂-၂၀၁၆

ယနေ့ မနက် (၁)နာရီအချိန်မှာ ထိုင်းနိုင်ငံ သရ ခရိုင် (ထိုင်း -ကမ္ဘောဒီယား နယ်စပ်မြို့ နယ်) ကော့ကို ကျွန်းတွင်ရပ်နားထားသည့် စက်လှေပေါ်မှ ကမ္ဘော ဒီယား လှေထိုးသား ငါးဦးက ညပိုင်း ကျွန်းပေါ်ရှိ ဟော်တယ်သို့  ပြန်လာသူ နိုင်ငံခြား ကမ္ဘာလှည့် ခရီးသည် အမျိုးသမီး နှစ်ဦးကို အုပ်စုလိုက် ရိုက်နှက် မုဒိန်းကျင့်ခဲ့ကြကြောင်း သိရပါတယ်။


ကမ်းစပ်မှာ အမျိုးသမီးနှစ်ဦး ဒဏ်ရာတွေနဲ့  လဲနေတာကို ဟော်တယ် ၀န်ထမ်းတွေကတွေ့ ခဲ့ပြီးနောက် ရဲစခန်းကို တိုင်ကြားခဲ့ကြပါတယ်၊ နယ်မြေ ရဲတပ်ဖွဲ့  ၀င်များ - စစ်တပ်နဲ့  ကျွန်းအုပ်ချုပ်ရေး အရာရှိတွေပါဝင် လူ (၅၀) ကျော်က တကျွန်းလုံး ပိတ်ဆို့  ရှာဖွေ ခဲ့ရပြီး မနက်လေးနာရီမှာ တရားခံ ကမ္ဘာဒီယား နိုင်ငံသား သုံးဦးကို ဖမ်းမိခဲ့ကြောင်း နှစ်ဦးကတော့ တောတွင်း ထွက်ပြေးနေကြဆဲလို့ ရဲတပ်ဖွဲ့  က ထုတ်ပြန်ခဲ့ပါတယ်။

တရားခံတွေဟာ အသက် (၂၀)ကျော် လူငယ်တွေဖြစ်ကြပြီး ငါးဖမ်းစက်လှေ ရပ်နားထားစဉ် အရက်သောက်နေကြရင်းညပိုင်းကမ်းစပ်မှာ ယောက်ကျးလေးအဖေါ် မပါပဲ လမ်းလျှောက်နေတဲ့ နိုင်ငံခြား သူနှစ်ဦး ကို တွေ့ ခဲ့ရာက ၀ိုင်းချုပ်ပြီး မုဒိန်းကျင့်ခဲ့ကြတာပါ ၊ တရားခံ တချို့ က အမျိုးသမီးနှစ်ဦးကို သတိမေ့အောင်ရိုက် နှက်ခဲ့ကြေ ကြာင်း သိရပါတယ်၊ ကမ္ဘာလှည့် ခရီးသွား အမျိုးသမီးနှစ်ဦးကို ဆေးရုံမှာအရေးပေါ် ဆေးကုသပေးနေရကြောင်း ထိုင်းနိုင်ငံ Khaosod အွန်လိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW



သက်ဆိုင်ရာ အာဏာပိုင် ၊နိုင်ငံ တော် အစိုးရမှ လူထုအခြေပြု ကချင်ကိုယ်ထူကိုယ်ထ မှုးယစ်ဆေးဝါး တိုက်ဖျက်ရေး ၊ဘိန်းခင်းဖျက်ဆီးရေး(Patjasan) အဖွဲ့ များအား
လုံခြုံ ရေးမပေးနိုင် ကြောင်းအသိအလင်းအကြောင်းကြားတုန့် ပြန်လာ ခြင်း ကြောင့် ရှေ့တန်းဘိန်းခင်းများ
ရှိရာဒေသဘိန်းခင်းဖျက်ဆီးရန် ရောက်ရှိနေ ကြသော ဘိန်းခင်းဖျက်ဆီးရေး (Patjasan) အဖွဲ့ များအားလုံး ယနေ့ (၂၈.၂.၂၀၁၆) ရက်နေ့ တွင်မိမိတို့ ၏နေအိမ်သို့ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာပြီ ဖြစ်ကြောင်း
သိရှိရပါသည်။

လူသားမျိုးနွယ်တစ်ခု လုံးကို အညွှန့်တုန်းစေသော ကလုံး၏ဘုံရန်သူဖြစ်ဖြစ်သည့် ဘိန်းခင်းများအားဖျက်ဆီးနေသည့် ဘိန်းခင်းဖျက်ဆီးရေး (Pat Jasan) အဖွဲ့ အားနိုင်ငံတော် အစိုးရ
၊မြန်မာ အစိုးရ စစ်တပ်မှ လုံခြုံရေးမပေးနိုင်ဟုတုန့်ပြန်လိုက် ခြင်းသည်

(၁)ဘိန်းခင်းနှင့် ဘိန်းစိုက်သူများအား နိုင်ငံတော် အစိုးရ နှင့် မြန်မာစစ်
တပ်မှ အပြည့်အ၀ တာဝန်ယူ ကာကွယ်ပေးနေကြောင်း ကို ကွက်ကွက်
ကွင်းကွင်း ပေါ်လွင်စေပြီ။

(၂)ဘိန်းစိုက်သူများ နှင့် သက်ဆိုင်ရာအာဏာပိုင်များ စစ်တပ်တို့ သည်
အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည် ဖြစ်ကြောင်း ထင်ဟပ်စေပြီ။

(၃)UN နှင့် ကမ္ဘာ တဝှမ်းသို့ မြန်မာအစိုးရသည် ဘိန်း စိုက်သူများ အား
ကာကွယ်ပေးပြီး မှုးယစ်ဆေးဝါးထုတ်လုပ် သူများနှင့် ပါဝင်ပတ်သက်
နေကြောင်း ဖေါ် ထုတ် လိုက်နိုင်ပြီ ဖြစ်သည်။

(၄) မြန်မာ စစ်တပ်မှ ကချင် ဒေသတွင် ကချင်အချင်းချင်း ပြသာာနာများ
အကြီးအကျယ် ဖြစ်စေလိုပြီး ထိုသို့ ဖြစ်ပါ ထိုပြသာနာအားအကြောင်းပြပြီး
၎င်း(မြန်မာစစ်တပ်) မှ ကချင် ဒေသတခုလုံးအား ပုဒ်မ(၁၄၄) ထုတ်ပြန်
ပြီး အုပ်ချုပ်ရန်ကြံစည်နေမှုများအား ပြည်တွင်း/ပြည်ပ ရှိ ကချင်လူထုခေါင်း
ဆောင်များမှ ကြိုတင်သိရှိပြီး လိမ္မာပါးနပ်စွာ Pat Jasan များအား ယခုလို
တပ်ဆုတ်စေခဲ့ခြင်းမှာ မြန်မာ စစ်တပ်၏အကြံအစည် ကို အံလွဲစေခဲ့ပြီး၊
မြန်မာ စစ်တပ်၏ ထောင်ချောက်မှ အောင်မြင်စွာရှောင်ကွင်းနိုင်ခဲ့ပြီ။

သို့ ဖြစ်ဤ Pat Jasan အဖွဲ့ မှ ဘိန်းခင်းများ ကို ဆက်လျှက်ဖျက်ဆီး
ခွင့် မရ တော့ သော်လည်း ပေါ်လစီ ပိုင်းတွင် အသာစီး ဖြင့် အနိုင် ပိုင်း
လိုက်ခြင်း ဖြစ်သည်။
အမှော်ျ အမြင်ကြီးလှ သော ပြည်တွင်းပြည်ပ ရှိ ကချင်လူထုခေါင်းဆောင်
များ၊ Patjasan အဖွဲ့ များနှင့် ကချင်လူထုတရပ်လုံး အား အစဉ်လေးစားလျှက်ပါ။

Lachid Kachin


ချင်းမိုင်၊ ဖေဖော်ဝါရီ ၂၈ ။ ။ ပလောင်လွတ်မြောက်ရေးတပ်ဦး(PSLF) လက်အောက်ခံ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး(TNLA) လှုပ်ရှားနေသော နေရာအနီးတဝိုက်သို့ အစိုးရ စစ်တပ်က အင်အား ၃၀၀၀ခန့် တိုးမြှင့်မှုများရှိနေပြီး ဖေဖော်ဝါရီလ ၂၈ ရက်က ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု PSLFက ထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် နမ့်ဆန်၊ ကျောက်မဲ စသည့် မြို့နယ်များသို့ အစိုးရ စစ်တပ်ကား ၃၀၀ ခန့် စစ်အင်အား ၃၀၀၀ ခန့် ဖြည့်တင်းထား၍ ထိုးစစ်ဆင်လာပါက တိုက်ပွဲ ပိုမိုပြင်းထန်လာဖွယ်ရှိသည်ဟု TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။

“ဒီရက်ပိုင်းမှာ အစိုးရ စစ်တပ်ကားအစီးရေ သုံးရာနီးပါး ကျနော်တို့ဘက် တက်လာတယ်။ အကုန်လုံး ဖြန့်ကျက်ပြီးတော့ နေရာ ယူထားတယ်။ အင်အားက ၃၀၀၀ အထက်မှာ ရှိတယ်။ အစီးတစ်ရာနီးပါးက ကွမ်းလုံဘက်တက်သွားတယ်လို့ သိရတယ်။ ကျန်တဲ့ ကားတွေက ကျနော်တို့ဘက် တိုးထားတယ်။ ဒီအတိုင်းဆိုရင်တော့ အရင်ထက် ပိုပြီး ပြင်းထန်လာနိုင်တဲ့ အနေအထား ရှိတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ် နမ့်ဆန်၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း စသည့် မြိုနယ်များရှိ TNLA လှုပ်ရှားနေသော ဒေသများသို့ အစိုးရ တပ်များ တိုးမြင့်ဖြည့်တင်းထားသည်ဟု သူက ပြောသည်။

ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၈ နာရီခွဲမှ ၉ နာရီထိ မိနစ် ၃၀ခန့်ကြာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် တောင်သုံးဆယ်နှင့် ကွယ်ဟယ်ကျေးရွာအကြားတွင် အစိုးရ တပ်မ ၇၇ တပ်ဖွဲ့များ လှုပ်ရှားလာသဖြင့် TNLA တပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု မိုင်းအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

“ဒီမနက်တိုက်ပွဲက နာရီဝက်ကျော်၊ မိနစ် ၄၀ လောက်ကြာဖြစ်တယ်။ အစိုးရ တပ်မ ၇၇ က ကျနော်တို့ လှုပ်ရှားနေတဲ့ နေရာဘက်ကို လမ်းခုလတ်မှာ တိုက်ပွဲဖြစ်တယ်၊ ၁၂ နာရီမှာလည်း နောက်တစ်ကြိမ်ထပ်ဖြစ်တယ်”ဟု သူက ပြောသည်။

ယင်းတိုက်ပွဲအတွင်း အစိုးရ စစ်တပ်ဘက်မှ ၅ ဦးထက်မနည်း ကျဆုံးမှု ရှိခဲ့သည်ဟု သူက ပြောသည်။ ထို့ပြင် မွန်းလွဲ ၁၂ နာရီတွင်လည်း တောင်သုံးဆယ်ကျေးရွာနှင့် မြိုင်ကျေးရွာကြားတွင်လည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယခုလအတွင်း အစိုးရ စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော်(RCSS/SSA)ကိုလည်း တိုက်ပွဲဖြစ်ပွားသည့် နေရာမှ ဆုတ်ခွာပေးရန် ပြောဆို၍ အစိုးရန် စစ်တပ်က အင်အားဖြည့်တင်းလာခြင်းသည် မှန်ကန်သည့် ဖြေရှင်းခြင်း မဟုတ်ကြောင်း မိုင်းအိုက်ကျော်က ပြောသည်။

“အာစီအက်စ်အက်စ်ကို နောက်ပြန်ဆုတ်ခိုင်းတယ်။ ဒါပေမဲ့ မဆုတ်သေးဘူး။ ဒီအတိုင်းပဲ ဆက်နေတယ်။ ကျနော် အထင်တာကတော့ သူတို့ တမင်တကာ လုပ်ကြံပြီးမှ ပြောတယ်လို့ပဲ ရှိမယ်။ အာစီအက်စ်အက်စ် ဒီဘက် ရောက် လာတဲ့ အထိလည်း သူတို့ အကူအညီတွေပါတယ်။ သူတို့ပို့ပေးတယ်။ တိုင်းရင်းသား အချင်းချင်း တိုက်ပွဲဖြစ်အောင်။ အဲဒါ အပြင်ကို အစိုးရတပ်က ထပ်မံ အင်အားဖြည့်ပြီးတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်မယ်လို့ ပြောတယ်။ အဲဒါကတော့ မှန်ကန်တဲ့ ဖြေရှင်းတဲ့နည်းမဟုတ်ဘူး။ အခုထပ်မံ ထိုးစစ်တက်လာရင်တော့ တိုက်ပွဲက ဒီထက်ပိုပြီး ပြင်းထန်လာမယ်။ လူထုက ဒီထက်ပိုပြီး ဒုက္ခရောက်နိုင်တဲ့ အနေအထားမျိုးရှိတယ်”ဟု သူက ပြောသည်။

RCSS/SSA ကို လက်ရှိ TNLA နှင့် လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသော နေရာမှ ဆုတ်ခွာပေးရန် ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်များတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)မှ ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက RCSS ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သော်လည်း ယနေ့ တပ်ဆုတ်ခြင်းမရှိသေးသလို၊ လာရောက် ညှိနှိုင်းခြင်းလည်း မရှိသေးကြောင်း မိုင်းအိုက်ကျော်က ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက်အထိ TNLA နှင့် RCSS/SSAတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်အတွင်း စစ်ပြေးဒုက္ခသည်များ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်နှင့် ကျောက်မဲမြို့နယ်အတွင်း တပ်မတော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဒို့တာဝန် အရေးသုံးပါးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိတ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် တိုက်ပွဲများ ဖြစ်ပွားရာ ဒေသများသို့ ဝင်ရောက်လှုပ်ရှား ရှင်းလင်းလျက်ရှိသည်ဟု ဖေဖော်ဝါရီလ ၂၄ ရက်က နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ ကျောက်မဲမြို့နယ်များအတွင်း RCSS/SSA နှင့် TNLAတို့ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်အထိ တိုက်ပွဲအကြိမ် ၂၀ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် စုစုပေါင်း ၃၆၅၇ ဦးသည် ကျောက်မဲမြို့ ပေါ်နှင့် မိုးမိတ်၊ နမ့်ခမ်းမြို့နယ်များရှိ ကျေးရွာများသို့ တိမ်းရှောင်လျက်ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ဖနိဒါ
Mizzima - News in Burmese

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ။ ။ ဦးသိန်းစိန်အစိုးရ တာဝန်ယူချိန်အတွင်း ပြဋ္ဌာန်းထားခဲ့သည့် မျိုးစောင့်ဥပဒေ ၄ခုကို ပယ်ဖျက်သင့်သည်ဟု လွတ်လပ်စွာကိုးကွယ်မှုအစီရင်ခံစာဖြင့် ညီမျှခြင်းမြန်မာက အစိုးရသစ်ကို ဖေဖော်ဝါရီ ၂၈ရက်တွင် အကြံပြု တိုက်တွန်းသည်။

"ကျွန်တော်တို့အနေနဲ့ မျိုးစောင့်ဥပဒေ ၄ ခုလုံးကလုံးဝပယ်ဖျက်သင့်တယ်လို့ထင်တယ်။ အဲဒီအပြင် ပုဒ်မ ၁၈၊ ၁၉လို ပုဒ်မတွေ၊ သတင်းမီဒီယာဥပဒေ၊ အသင်းအဖွဲ့ဥပဒေထဲက အချက်အချို့ အဲလိုဟာတွေကို ပြင်ဆင်၊ ပယ်ဖျက်ဖို့ အကြံပြုထားတယ်။" ဟု ညီမျှခြင်းမြန်မာ ဒါရိုက်တာ ဦးအောင်မျိုးမင်းက မဇ္ဈိမကိုပြောသည်။

ညီမျှခြင်းမြန်မာ၏ ဖေဖော်ဝါရီ ၂၈ရက်၊ နေ့လည် ၁နာရီ၊ ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ Orchid ဟိုတယ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အခြေအနေ သုံးသပ်ချက်စာတမ်း ထုတ်ပြန်ရှင်းလင်းပွဲတွင် မဇ္ဈိမကို ပြောသည်။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အစိုးရဖွဲ့နိုင်ရေးအတွက် ပါတီတွင်း ပြင်ဆင်မှုများ ပြုလုပ်နေပြီး ဒုတိယအကြိမ်လွှတ်တော်များကို တာဝန်လွှဲပြောင်းယူကာ ကျင်းပနေသည်။

ဒုတိယအကြိမ် ပြန်လည်ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် မကိုက်ညီသည့် ဥပဒေများကို ပယ်ဖျက်ခြင်းနှင့် ပြဋ္ဌာန်းပြီးဥပဒေများကိုလည်း ပယ်ဖျက်သွားမည်ဟု ဖေဖော်ဝါရီ ၁ရက်တွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီးသည်နှင့် တစ်ပြိုင်နက် ကတိပြု ပြောဆိုထားသည်။

ယင်းဥပဒေများပြင်ဆင်နိုင်ရေးအတွက် လက်ရှိလွှတ်တော်သစ်၊ တရားစီရင်ရေးမဏ္ဍိုင်နှင့် မြန်မာ့အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ကို တောင်းဆိုထားသည်။

ဦးအောင်မျိုးမင်းက "မျိုးစောင့်ဥပဒေ ၄ခုကတော့ အစိုးရသစ်အတွက် ထိရှလွယ်မယ်၊ ပြောင်းမယ်၊ ပြင်မယ် ဆိုရင် မ.ဘ.သ က အထိမခံဘူး၊ တပ်ကဖွဲ့စည်းပုံကိုအထိမခံသလို။ အဲဒါကိုဘယ်လိုအဆင့်တွေနဲ့ ကျော်ဖြတ်မလဲဆိုတာ အစိုးရသစ်က ပြင်ဆင်ဖို့လိုမယ်။" ဟု ပြောသည်။

ညီမျှခြင်းမြန်မာက ယနေ့(ဖေဖော်ဝါရီ ၂၈ရက်တွင်) ထုတ်ပြန်သည့် အစီရင်ခံအတွက် အကြံပေးအဖြစ်လည်းဆောင်ရွက်သူ အာဆီယံ ဒေသအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေး လှုပ်ရှားသူ ရောဘတ်ကလည်း "လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် လူ့အခွင့်အရေးအခြေအနေတွေက အားလုံးနီးပါးအတူတူပါပဲ စင်ကာပူက ထိပ်ဆုံးမှာဆိုရင် မြန်မာက အလယ်လည်းမဟုတ်၊ အောက်မှာလည်းမဟုတ်တဲ့အခြေအနေပဲ၊ အဲဒီလိုပဲ ကမ္ဘောဒီးယား၊ လာအိုတို့ အခြေအနေတွေနဲ့ မြန်မာကလည်း မတိမ်းမယိမ်းရှိနေသေးတယ်။" ဟု မဇ္ဈိမကိုပြောသည်။

မျိုးစောင့်ဥပဒေများ ပြည်သူ့ဆန္ဒရှိက ပြင်နိုင်၊ ပြောင်းနိုင်သည်ဟု မ.ဘ.သ နာယကအဖွဲ့ဝင် ဆရာတော် ဦးဓမ္မပီရက မဇ္ဈိမ ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၂ရက်သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမကိုပြောထားသည်။

"ဘုရားပြဌာန်းထားတဲ့ ဥပဒေတွေကလွဲရင် လူတွေလုပ်တဲ့ ဥပဒတွေက ပြည်သူ့ဆန္ဒရှိရင် ပြင်လို့ပြောင်း လို့ရတယ်။ ဒါပေမယ့် ပြည်သူအများစုက မပြင်ချင်ရင် အဲဒီခေတ် အဲဒီအခါမှာဆန္ဒပြကြမယ် တောင်းဆိုမယ်။ ရွေးကောက်ပွဲ နီးတဲ့အချိန်မှာ အနာဂတ်မှာ အလှမ်းကွာဝေးတဲ့ အရာတွေကို ဘုန်းဘုန်းတို့ မ.ဘ.သ အနေနဲ့ ဘာမှကြိုတင်ပြုပြင်မှုလည်းမရှိပါဘူး။" ဟုလည်း မိန့်ထားသည်။

မျိုးစောင့်ဥပဒေများဖြစ်သည့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ၊ ဗုဒ္ဓဘာသာအမျိုးသမီးများ အထူး ထိမ်းမြှားခြင်းဥပဒေ၊ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဥပဒေများကို ဦးသိန်းစိန်အစိုးရက ၂၀၁၄ခုနှစ် ဒီဇင်ဘာတွင် ပြည်ထောင်စုလွှတ်တော်သို့တင်ပြကာ ၂၀၁၅ခုနှစ် မတ်လအတွင်းလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သည်။
Mizzima - News in Burmese

နိုင်ငံတော်အလံပေါ်မှာ သမ္မတ လက်မှတ်ထိုးတယ်။

အရေးယူမခံခဲ့ရဘူး။ ထားလိုက်တော့ ...

နိုင်ငံတော်အလံပေါ်မှာ ကာချုပ်က လက်မှတ်ထိုးတယ်။
အရေးယူမခံခဲ့ရဘူး။ ရှိစေတော့ ...

ခု နိုင်ငံတော်အလံပေါ်မှာ လူတစ်စုက သူတို့သဘောနဲ့သူတို့ ရေးချင်တာရေးတယ်။ ဒါကိုမှ အရေးမယူရင်လည်း နိုင်ငံတော်အလံဥပဒေကို မြောင်းထဲသာလွင့်ပစ်လိုက်တော့။ ခင်ဗျားတို့တောင် မလေးစားတဲ့ ဒီအလံကို ကျုပ်တို့လည်း အလေးမပြု နိုင်ဘူး ....

------ ------ ------ ------ -------
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ ကို ဂုဏ်သိက္ခာနှင့်အညီ စနစ်တကျ နည်းလမ်းမှန်ဖြင့် အသုံးပြုနိုင်ကြစေရန် နိုင်ငံတော်အလံဥပဒေကို (၂၁-၁၀-၂၀၁၀) နေ့က ဥပဒေအမှတ် (၈/၂၀၁၀)ဖြင့် အမိန့်ထုတ်ပြန်ပြဌာန်းထားပါသည်။

နိုင်ငံတော်အလံဥပဒေတွင်- ပုဒ်မ ၁၃။ နိုင်ငံတော်အလံနှင့်စပ်လျဉ်း၍ မည်သူမျှ အောက်ဖေါ်ပြပါ တစ်ခုခုကို မပြုလုပ်ရ-

(က)နိုင်ငံတော်အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့် သင်္ကေတ စသောအမှတ်အသား တစ်ခုခုကို ရေးသားချယ်လှယ်ခြင်း ၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း၊ (သို့) တစ်ခုခုဖြင့် အရာထင်စေခြင်း

(ခ)နိုင်ငံတော်အလံကို

(၁)အဆင်းအရွယ်၊ ပုံသဏ္ဍန် (သို့) အချိုးအစား ပျက်ပြားရန်ပြုခြင်း
(၂)ပြဌာန်းခွင့်ပြုထားခြင်း မရှိသည့်နေရာ၊ ဒေသနှင့် ကိစ္စများတွင် အသုံးပြုခြင်း။
(၃)မလေးမစားပြုခြင်း၊။

ပုဒ်မ(၁၃)ပါ ပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်လျှင် ထိုသူကို ၃ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေတွင်ပါရှိသည်။

Zarni Tike


နိုင်ငံတော်သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)ကို ပြင်မယ်ဆိုရင် စစ်တပ်နဲ့ ပူးပေါင်းသွားမယ်လို့ ကြေညာလိုက်ကြောင်း မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ကိုနေမျိုးဝေ က ပြောပါတယ်။

အခြေခံ ဥပဒေ ပုဒ်မ ၅၉ ဆက်လက်တည်ရှိရေး ထောက်ခံဟောပြောပွဲကို ဒီနေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ကျင်းပစဉ် ကိုနေမျိုးဝေက လက်ရှိနိုင်ငံရေး အခြေအနေအကြောင်း ဟောပြောရင်းထည့်သွင်း ပြောခဲ့တာဖြစ်ပါတယ်။

"ဦးရွှေမန်းက လွှတ်တော်ဥက္ကဌ လွှတ်တော်နာယကနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်၊ ဦးရွှေမန်းနဲ့ ဦးသိန်းစိန် အစိုးရနဲ့ ဖွဲ့စည်းပုံအခြေခံဆိုင်ရာခုံရုံးနဲ့ ပဋိပက္ခတွေဖြစ်ကြတယ်၊ စစ်သားတွေအချင်းချင်း စစ်သားလူထွက် အချင်းချင်း ပါဝါတွေပြိုင်ကြတယ်၊ အဲ့လိုပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ထဲမှာ သူ့ရဲ့သြဇာကိုခံမယ့် သူ့ကိုချစ်တဲ့၊ မြတ်နိုးတဲ့ လွှတ်တော်အမတ်တွေ ရှိနေတဲ့အချိန်မှာ လွှတ်တော်နာယကလိုနေရာမျိုးကို ဝင်ထိုင်ပြီးသကာလ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်တဲ့ သမ္မတ တစ်ယောက်ကိုတင်ပြီးတော့ ပါဝါပေးလိုက် လုပ်ပါရပါတယ်၊ ၅၉(စ)ကို ပြင်မယ်ဆိုရင် ကျနော်တို့က တပ်မတော်ထဲကို ဘော်လံဒီယာပဲ ဝင်ရဝင်ရ၊ ပေါ်တာပဲ အဆွဲခံရခံရ၊ စစ်တပ်နဲ့ပေါင်းမှာဖြစ်ကြောင်း ကြေညာရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား"

ဒီနေ့ ပြုလုပ်တဲ့ပွဲကို မြန်မာအမျိုးသားရေးကွန်ရက်က ကိုဝင်းကိုကိုလတ်၊ ရှေ့နေ ဦးအေးပိုင်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဒေါ်ခင်ဝိုင်းကြည်နဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ တို့က ပုဒ်မ ၅၉ ကို ထောက်ခံတဲ့အကြောင်း ဟောပြောခဲ့ကြပါတယ်။

ဟောပြောပွဲ တက်ရောက်လာသူ ၃ဝဝ လောက်ဟာ “မြန်မာ့နောင်ရေး စိတ်ချဖို့ ပုဒ်မ ၅၉ ထောက်ခံစို့၊ ပုဒ်မ ၅၉ ပြင်ဆင်သူ အမျိုးသားရေး ဘုံရန်သူ၊ ပုဒ်မ ၅၉ ထောက်ခံမှ တိုင်းရင်းသားတို့ဘဝ စိတ်ချရ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉(စ) အား ဆိုင်းငံခြင်း၊ ပြင်ဆင်ခြင်း လုံးဝမပြုလုပ်ရန် အမျိုးသားရေး အင်အားစုများက တောင်းဆိုပါသည်” စတဲ့ ဗီနိုင်းတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။

ဒီကနေ့ ဟောပြောပွဲကို သံဃာတော်တွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ စတဲ့ပါတီတွေလည်း တက်ရောက်ခဲ့ကြပြီး ပုဒ်မ ၅၉ ကိုထောက်ခံတဲ့ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

အစိုးရဖက်က လွှတ်တော်မှာ ဖြေဆိုမှုတွေ ဆိုင်းငံ့မယ်ဆိုတာနဲ့ပတ်သက်ပြီး
သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က " အခုတော့ နောက်ထပ် အဆိုတွေ မေးခွန်းတွေပါ ဆက်တိုက်တင်လာလို့ ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွေမှာ လက်ရှိ အစိုးရ တာဝန်ရှိသူတွေ တက်ရောက် ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ နောက် တာဝန်ယူမယ့် အစိုးရအဖွဲ့အနေနဲ့ သိသင့်တာ၊ အကြံပြုချင်တာရှိရင် တာဝန် လွှဲပြောင်းမှု အထောက်အကူပြု အဖွဲ့ချင်း ညှိနှိုင်း မေးမြန်းလို့ရပါတယ်" လို့ နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် ပြောကြားခဲ့တယ်။ သမ္မတပြောရေးဆိုခွင့်ရှိသူကပြောတာဖြစ်လို့ဒါဟာသမ္မတရဲ့သဘောထားလို့ပဲပြောရင်ရမယ်။
သူပြောတဲ့စကားမှန်မမှန် အောက်ပါအချက်တွေနဲ့ ချိန်ထိုးကြည့်နိုင်တယ်။

၁) တာဝန်လွှဲပြောင်းမှု အထောက်အကူပြုအဖွဲ့တွေရဲ့အလုပ်က အစိုးရတာဝန်တွေချောမွေ့စွာလွှဲပြောင်းပေးနိုင်ဖို့အဓိကဖြစ်ပါတယ်။ လက်ရှိအစိုးရဆောင်ရွက်နေတဲ့ စီမံကိန်းများကိုစစ်ဆေးမေးမြန်းဖို့မဟုတ်ပါဘူး။ စီမံကိန်းများ ဆက်လုပ်သင့်မလုပ်သင့်က နောက်အစိုးရက သီးသန့်ဆုံးဖြတ်ပါလိမ့်မယ်။

၂) တာဝန်လွှဲပြောင်းမှု အထောက်အကူပြုအဖွဲ့ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ကိစ္စဖြစ်ပါတယ်။ အခုမေးခွန်းထုတ်တာက ဥပဒေပြုရေးမဏ္ဍိုင်မှာ ပြည်သူ့ကို ကိုယ်စားပြုပြီးမေးခွန်းထုတ်တာပါ။ မဏ္ဍိုင်ချင်း သီးခြားစီဖြစ်ပါတယ်။

၃) တာဝန်လွှဲပြောင်းမှု အထောက်အကူပြုအဖွဲ့အချင်းချင်း တိုးတိုးတိတ်တိတ် ကြိတ်မေးပြီး ဖြေရှင်းရမယ့်ကိစ္စမဟုတ်ပါဘူး။ ဒါဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာ၊ ပြည်သူ့အကျိုးစီးပွားနဲ့တိုက်ရိုက်ပတ်သက်တဲ့အတွက် ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူများသိအောင် ပွင့်လင်းမြင်သာမှုရှိအောင် မေးသင့်တာမေးမြန်းရပါလိမ့်မယ်။ အုပ်ချုပ်ရေးနဲ့ ၀န်ကြီးဌာနတွေမှာ တပ်ကပြောင်းလာတဲ့ အရာရှိကြီးများ အချင်းချင်းကြားမှာ လုပ်လေ့ရှိသလို အကိုကြီးညီလေး ဆက်ဆံရေးအကြောင်းပြုပြီး တိုးတိုးတိတ်တိတ် ရှင်းသလိုမျိုးရှင်းရမယ့်ကိစ္စမဟုတ်ပါဘူး။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး NLD ဖက်မှတာဝန်လွှဲပြောင်းမှု အထောက်အကူပြုအဖွဲ့ခေါင်းဆောင် ဦးဝင်းထိန်ကလဲ ဒီလိုပြောကြားထားပါတယ်။
လက်ရှိ အစိုးရ ရဲ့ ဝန်ကြီး ဌာနေ တွေ ရဲ့ စီမံကိန်း တွေ နဲ့ ပတ်သက်ပြီး လက်ရှိ လွှတ်တော်ထဲ မေးခွန်း ထုတ် နေတာ တွေကို အစိုးရ ဘက်က လာရောက် ဖြေကြားတော့ မှာ မဟုတ်ဘူး လို့ အစိုးရ ဘက်က ပြောဆိုလာတာ ဟာ တာဝန်မဲ့ ပြောတာ ဖြစ်တယ် ဆိုပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဘက်က တုံ့ပြန် လိုက်ပါတယ်။
သက်တမ်း လက်ကျန် ရှိသေးတဲ့ အစိုးရ အနေနဲ့ လက်ရှိ လွှတ်တော်သစ်က သိချင် တာတွေ ကို ဖြေဆိုဖို့ရာ တာဝန် ရှိတယ် လို့ လွှတ်တော် ထဲမှာ နေရာ အများစု ရရှိ ထားတဲ့ NLD ပါတီ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးဝင်းထိန် က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ သစ် ဦးဆောင် ဖွဲ့ရမယ့် NLD ပါတီ အနေနဲ့ သိချင် တာတွေ ရှိရင် တာဝန် လွှဲပြောင်းမှု အထောက်အကူ အဖွဲ့ချင်း ညှိနှိုင်း မေးမြန်း နိုင်တယ် ဆိုတဲ့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ရဲ့ ပြောဆိုမှု အပေါ် မှာလည်း ဦးဝင်းထိန် က ငြင်းပယ်ခဲ့ ပါတယ်။
လွှတ်တော် တွင်း တင်တဲ့ အဆိုတွေ၊ မေးမြန်းမှု တွေ ဟာ အထောက်အကူ အပြု အဖွဲ့တွေ နဲ့ မဆိုင်ဘူးလို့ ဦးဝင်းထိန် က ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ ရဲ့ လက်ကျန် သက်တမ်း မကြာခင်မှာပဲ ကုန်ဆုံး တော့မယ့် အချက်ရယ်၊ အမျိုး သား ရင်ကြားစေ့ရေး ဆိုတဲ့ ကိစ္စ တွေ ကြောင့် NLD အနေနဲ့ လက်ရှိ အစိုးရ အပေါ် ဖိအား ပေးမှု တွေ လုပ်သင့် မသင့် ဆိုတာ ကိုတော့ NLD ပါတီ အနေနဲ့ ထည့်သွင်း စဉ်းစား မှာ ဖြစ်တယ် လို့ ဦးဝင်းထိန် က ပြောပါတယ်။

သတင်းကိုးကား - ဘီဘီစီ

သတင်းဝေဖန်ချက် - ‪#
HaveASay‬

“အစိုးရ ဖွဲ့မယ်ဆိုရင် ကျွန်မက သမ္မတ ဖြစ်ဖြစ် ၊ မဖြစ်ဖြစ်အစိုးရအဖွဲ့ ခေါင်းဆောင်စီမံသူအဖြစ် ရှိနေမယ်ဆိုတာ
ရှင်းရှင်း လင်းလင်း ပြော လိုပါတယ် ”

(ဒေါ်အောင်ဆန်းစုကြည်)
.
Photo : Myo Thet Swe

ခင်ဗျားကို (၁) ကနေ (၁ဝ) ထိ ရွတ်ပြလို့ ပြောရင် ခင်ဗျားဘယ်လို ပြန်ဖြေမလဲ ?
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ် လို့ ပြန်ဖြေမှာပဲလေ။ တကယ်လို့ သင့်ကို သူငယ်တန်းတုန်းက ၁၊ ၂၊ ၃၊ ၄၊ ၅ လို့ မသင်ခဲ့ဘဲနဲ့ (၁) ပြီးရင် (၇) လာတယ်၊ (၇) ပြီးရင် (၄) လာတယ်။ (၄) ပြီးရင် (၉) လာတယ်၊ (၉) ပြီး (၂)၊ (၂) ပြီး (၈)... ဆိုပြီး သင်ခဲ့ရင် အခုချိန်မှာ သင်က (၁)၊ (၇)၊ (၄)၊ (၉)၊ (၂)၊ (၈) ... ကပဲ အမှန်လို့ ထင်လိမ့်မယ်။ (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ ... က အမှားလို့ ထင်နေမှာပဲ။

ဆိုလိုတာက ဦးနှောက်ဆိုတာ လိုသလို ပုံသွင်းလို့ရတယ်။

****************************
ကျွန်တော် (၄) တန်းတုန်းက အိမ်မှာ ကြောင်လေး (၂) ကောင် မွေးဖူးတယ်။ အိမ်မှာ မွေးထားတဲ့ ကြောင်မကြီးက အထီးလေး (၂) ကောင်ပေါက်တာဗျ။ ဆိုလိုတာ လုံးဝ အသစ်ကလေး၊ ဦးနှောက် အသစ်နဲ့ ကြောင်လေး (၂) ကောင်ပေါ့ဗျာ။ သူတို့ (၂) ကောင်ကို ထမင်းကျွေးရတာက ကျွန်တော့် အလုပ်ဆိုတော့ ကျွန်တော်က ကြောင်တွေ ခေါ်ရင် " မှီ၊ မှီ၊ မှီ " လို့ မခေါ်ဘူး။ ခွေးခေါ်သလို "တောက်၊ တောက်၊ တောက်" လို့ ခေါ်ခဲ့တယ်။ အဲ့တော့ အဲ့ဒီကြောင်လေး (၂) ကောင်အနေနဲ့ "တောက်၊ တောက်၊" ဆိုတဲ့ အသံက သူတို့ကို ခေါ်တာလို့ပဲ သိတော့တယ်။ အိမ်ကို လာတဲ့ ဧည့်သည်တွေက အဲ့ဒီ့ ကြောင်လေး (၂) ကောင် ကို "မှီ၊ မှီ" လို့ခေါ်ရင် သောက်ဖတ်တောင် မလုပ်ဘူး။ ဧည့်သည်တွေရှေ့မှာ "တောက်၊ တောက်" လို့ ခေါ်ပြလိုက်ရင် အဲ့ (၂) ကောင်က ဒုန်းဆိုင်းကို ပြေးလာတာ။ အဲ့လို ကြောင်မျိုး မြင်ဖူးကြသလား။
wink emoticon

ဆိုလိုတာက ဦးနှောက်ဆိုတာ လိုသလို ပုံသွင်းလို့ရတယ်။

****************************
မြောက်ကိုရီးယားရဲ့ အာဏာရှင် "ကင်ဂျူံအမ်း" ဆိုတာ ကြားဖူးကြတယ်မလား။ သူ့တိုင်းပြည်မှာတော့ သူက ဘုရားပဲ။ God ဆိုတဲ့ ဘုရားသခင်လို့ တစ်နိုင်ငံလုံးက ယုံကြည်ထားတယ်။ ဒီခေတ်ကြီးမှာ နေမင်းကနေ မွေးဖွားလာတဲ့ သားတော်တွေလို့ တစ်နိုင်ငံလုံးက သိထားတယ်တဲ့ဗျား။ (ဘုရားသခင်မို့လို့ အိမ်သာတောင် တက်စရာမလိုဘူးလို့ သူတို့နိုင်ငံသားတွေက ယုံကြည်ထားတယ်ဆိုပဲ။ စာဖတ်နေတဲ့ ခင်ဗျားက ဦးနှောက်ရှိတော့ ဒါကို ရီစရာလို့ ထင်ပေမယ့် သူတို့နိုင်ငံသားတွေကို သွားမပြောမိစေနဲ့ဗျ။ ဘုရားရိုက်လိမ့်မယ်လို့ ပြန်ပြောမှာဗျား။) မြောက်ကိုရီးယား နိုင်ငံသားတွေ ငတ်ချက်က ရက်စက်ပါပေ့ပဲ။ တိုင်းပြည်ထဲမှာ အင်တာနက်မရှိဘူး။ ပညာမတတ်ကြဘူး။ ရုပ်ရှင်ဖျော်ဖြေရေးက သူတို့ရေးတဲ့ ပေါ်လစီ ဇာတ်လမ်းတွေပဲ ပြတယ်။ ငတ်တယ်။ မငတ်ချင် စစ်ထဲဝင်။ တစ်ပါတီ စနစ်။ တစ်နိုင်ငံလုံး (၇) ရက် ငိုရမယ်လို့ အမိန့်ထုတ်လိုက်ရင် လူတိုင်း ရအောင် ဆက်တိုက်ငို။ ဘာမှ ပြန်မပြောနဲ့။ စောဒက မတက်နဲ့။ ဘုရားက ခိုင်းတာ၊ အကုန်လုပ် ဆိုတဲ့ ပုံစံမျိုးနဲ့ ထိန်းချူပ်တယ်။ ထိန်းချူပ်တိုင်းလည်း တစ်တိုင်းပြည်လုံး လိုက်လုပ်တယ်။

အဖြေက ရှင်းနေတာပဲ။
ပညာမှ မတတ်ကြတော့တာကိုး။
အသိညဏ် အဆင့်အတန်း နိမ့်ကျသွားတာကိုး။
ဦးနှောက်ကို ပုံသွင်းခံလိုက်ရတာကိုး။

ရီစရာ မကောင်းဘူးလားဗျာ။ ဘယ်လိုစဉ်းစား စဉ်းစား ရီစရာ မကောင်းဘူးလားဗျာ။ တကယ်တော့ "ကင်ဂျူံအမ်း" ဆိုတာဟာ ကမ္ဘာက လက်ခံထားတဲ့ ပြဿနာ ကောင်ပါပဲ။ နှူကလီးယား လက်နက်ကို ပိုင်ဆိုင်ထားတယ်။ တစ်ကမ္ဘာလုံးကို ချိန်းခြောက်ထားတယ်။ သူ စိတ်မထင်ဘဲ နှူကလီးယား ဒုံးကျည်တွေ ပစ်လွှတ်လိုက်တဲ့နေ့က တတိယကမ္ဘာစစ် ဖြစ်မယ့်နေ့ပဲ။ ပြောရရင် ISIS ဆိုတဲ့ စစ်သွေးကြွတွေဟာ စီးပွားရေးအတွက် စစ်တိုက်နေသလောက်ပဲ ရှိတာပါ။ နှစ်ဖက်စလုံးက အပြန်အလှန် ထိန်းထိန်းသိမ်းသိမ်း ရှိသေးတယ်။ တစ်ကမ္ဘာလုံးက ဘာသာရေး စစ်ပွဲအဖြစ် မြင်နေကြပေမယ့် သာမန် ပိုက်ဆံအတွက်၊ အာဏာအတွက် တိုက်တဲ့ စစ်ပွဲတစ်ခုထက် မပိုဘူး။ ဒါကို သက်သက် ကြားထဲကနေ ဘာသာရေး အမြတ်ထုတ်ပြီး လုပ်စားနေတဲ့ လူတွေက အများကြီးရှိသေး။ ထားပါတော့။

ISIS ကို အမြစ်ပြုတ်သွားအောင် တိုက်ပစ်လိုက်လို့ရတယ်။ ဒါမယ့် ကင်ဂျုံအမ်းကို အဲ့လို သွားလုပ်လို့မရဘူး။ ဟို ငနဲသားက ဘာမပြောညာမပြောနဲ့ နှူဒုံး ကို လွှတ်ထည့်လိုက်လို့ ကမ္ဘာပေါ် လူတောင် ခြေချစရာ မရှိဖြစ်သွားဦးမယ်။ ရေးရင်းနဲ့ out of topic ဖြစ်လာတယ်ဗျ။ အဲ့ဒီ့ နိုင်ငံက ထွက်ပြေးလာတဲ့လူတွေရဲ့ ဖြေဆိုချက်တွေ ဖတ်ရရင် ခင်ဗျား မျက်ရည်ပါ ကျလောက်အောင် သနားသွားလိမ့်မယ်။ အသက် ၃ဝ လောက်ရောက်ပြီး တောင်ကိုရီးယားဆိုတဲ့ နိုင်ငံ ရှိမှန်းတောင် မသိတဲ့သူနဲ့။ ကမ္ဘာဆိုတာ အမေရိကန်၊ တရုတ်နဲ့ မြောက်ကိုရီးယားပဲ ရှိတဲ့ မြေသားကြီးပဲလို့ သိခဲ့တဲ့သူနဲ့။ ထားပါတော့ဗျာ။ ဆိုလိုတာကဗျာ။ သူက ခေတ်ပညာတတ်တယ်။ သူ့နိုင်ငံထဲမှာတော့ ခေတ်ပညာတတ်မရှိအောင် လုပ်ထားလိုက်တယ်။ ပညာ မတတ်မှ သူ့ကို တော်လှန်လို့ မရမှာကိုး။ တော်လှန်မယ့် အရိပ်အယောင် ပြမိလိုက်ရင်လည်း အသေဆိုးနဲ့ သေအောင် ရက်ရက်စက်စက် သတ်ပစ်တတ်တဲ့ ကင်ဂျူံအမ်းပဲ။ ပါဝါရှိချင်လား။ သူနဲ့ အဆင်ပြေအောင်ပေါင်း။ တစ်ကမ္ဘာလုံးက မုန်းနေတဲ့ ဒင်းကို မြောက်ကိုရီးယား နိုင်ငံမှာ ထောက်ခံနေတာ ဘယ်သူတွေလည်း သိလား။ အရိုးအရင်းကိုက်နေရတဲ့၊ သူ့နားက မြောက်ထိုးပင့်ကော် လုပ်ပေးနေတဲ့၊ အနေအစားချောင်နေတဲ့ စစ်တပ်က အကြီးအကဲတွေနဲ့ သူတို့ရဲ့ အသိုင်းအဝိုင်းတွေပါပဲ။

တစ်ခေါက်လောက် ထပ်ပြောဦးမှပါ။ ** တစ်ကမ္ဘာလုံးက မုန်းနေတဲ့ ဒင်းကို ထောက်ခံတာ ဘယ်သူတွေလည်း သိလား။ အရိုးအရင်းကိုက်နေရတဲ့၊ သူ့နားက မြောက်ထိုးပင့်ကော် လုပ်ပေးနေတဲ့၊ အနေအစားချောင်နေတဲ့ စစ်တပ်က အကြီးအကဲတွေနဲ့ သူတို့ရဲ့ အသိုင်းအဝိုင်းတွေပါပဲ။ **

> တကယ်တော့ သူတို့အပြစ်လည်း မဟုတ်ဘူးလေ။ စားနေရတာကိုး။ စားပေါက်ပိတ်မှာ ကြောက်တာကိုးဗျ။ <
cry emoticon

တစ်ကမ္ဘာလုံးအမြင်မှာ ကင်ဂျူံအမ်းက စောက်ရူးနားကမ်း ပြဿနာကောင်
ဘာကြောင့် ဒီလိုမြင်ရတာလည်း။ ?
သူဘာကောင်လည်း၊ ဘာတွေလုပ်နေလည်းဆိုတာ အထင်းသားမြင်တွေ့နေရတာကိုး။

မြောက်ကိုရီးယား နိုင်ငံသားတွေအမြင်မှာ ကင်ဂျူံအမ်းက ဘုရားသခင်
ဘာကြောင့် ဒီလိုမြင်ရတာလည်း။ ?
ပညာမတတ်၊ အသိညဏ်မရှိ၊ ဦးနှောက်ထုတ်ပြီး ရိုက်သွင်း ခံထားရတာကိုးကွယ်။

သနားဖို့ မကောင်းဘူးလားဗျာ။ ကျွန်တော်တို့အားလုံးလည်း သွားကယ်လို့ မရဘူးလေ။ သူတို့အတွက်က ဒါက အမှန်တရားဖြစ်နေတာကိုးဗျာ။
cry emoticon

****************************
တကယ်တော့ ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးပေါ်မှာ အာရှတိုက်ဆိုတာ ရှိတယ်။ အဲ့ဒီ့ အာရှတိုက်ထဲက နိုင်ငံတွေထဲမှာ မြောက်ကိုရီးယားကို အားကျတဲ့ နိုင်ငံတစ်ခု ရှိခဲ့တယ်။ တစ်နိုင်ငံလုံးကို ပညာမတတ်အောင် လုပ်တယ်။ အဖက်ဖက် နိမ့်ကျသွားတော့မှ စိတ်တိုင်းကျ ခြယ်လှယ်တယ်။ ဒီအခြေအနေမှာ သူတို့ကို တော်လှန်မယ့် ပညာတတ်တစ်ယောက် ပေါ်လာတယ်။ တစ်ကမ္ဘာလုံးက လေးစားတဲ့ အဲ့ဒီ့ ပညာတတ်ကို မုန်းတီးတဲ့ လူတန်းစား တစ်ခု ရှိတယ်ဆို ခင်ဗျားတို့ ဘာပြောမလဲ။ မရှင်းရင် အပေါ်မှာ ကျွန်တော် နှစ်ခါပြန်ရေးခဲ့တဲ့ စာတန်းကိုသာ ပြန်ဖတ်ကြည့်လိုက်ပေါ့ဗျာ။

****************************
ဆိုလိုတာက ဦးနှောက်ဆိုတာ လိုသလို ပုံသွင်းလို့ရတယ်။

Bado Boo

PJS အုပ်စု ( ၂ ) ဖျက်ဆီးနိုင်ခဲ့သော စင်ကြို ကျေးရွာမှ ဘိန်းစိုက်ခင်း . .
PJS အုပ်စု ( ၄) မှ ဘိန်းခင်းဖျက်နေသည့် အဖွဲ့ ဝင် တစ်ဦး ...
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့  Pat JaSan(PJS) ၏ တရုန် မြန်မာနယ်စပ် ကံပိုင်တည် မြို့ နယ် အတွင်းရှိ ဘိန်းစိုက်ခင်းများအား ဖျက်ဆီးရန် သွားရောက်မည့် ခရီးစဉ် အကြောင်းကို လူမှုကွန်ယက် Facebook စာမျက်နှာ များပေါ်တွင် တွေ့ရှိခဲ့ပြီး စိတ်ဝင်စားခဲ့ပါသည် ။ ထိုဒေသ နှင့် ပန်ဝါ ဒေသတွင် အကြိမ်ရေများစွာ ရောက်ဘူခဲ့ပြီး ဘိန်းစိုက်ခင်းများ ရှိသည်ကို ပြောသံကြားဘူးနေရသော်လည်း ဘိန်းခင်းများကိုမူ တွေ့ခဲ့ဘူးခြင်း မရှိပေ ။ “ ဘိန်းစိုက်တောင်သူများ “ဆိုသည့်အသုံးအနှုန်း ဝေါဟာရ ကိုမူ ပန်းဝါမြို့ နှင့် ကံပိုင်တည် မြို့ ကို ရောက်မှ ကြားဘူးခဲ့ပါသည် ။

ထိုသတင်းကို ကျနော် စိတ်ဝင်းစားမိသော အကြောင်းအရာ များစွာ ရှိခဲ့ပါသည် ။ လူထု ထောင်ဂဏန်း မှ ဘိန်းခင်းတွေ သွားရောက်ဖျက်ဆီးမည် ။အစိုးရ မှ သွားခွင့်မပြုပဲ တားမြစ်ထားသည် ။ဘိန်းခင်းဖျက်သွားမည့် အစိုးရ နှင့် PJS တို့ ကြား အဆင်မပြေမှုများကြောင့် ဘိန်းခင်းများကို သွားရောက် ဖျက်ဆီးမည့် PJS အဖွဲ့ဝင်များ ဝိုင်းမော် မှ ကံပိုင်တည် သို့ သွားသော လမ်းမကြီး ဘေးတွင် ရက်ပေါင်းများစွာ ရပ်တန့်စောင့်ဆိုင်း နေခဲ့ကြရ သည်ဟုလည်း ဖတ်ရသည် ။ လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့  PJS အကြောင်းကို ဖားကန့်မြို့ နယ်တွင် ကြားသိခဲ့ပြီး ဖြစ်သည် ။ ၄ င်းအဖွဲ့ ၏ ဖမ်းဆီး နှိပ်နင်းမှုများကြောင့် ဖားကန့် ဒေသတွင် မူးယစ်ဆေးဝါ ရောင်းဝယ် ဖောက်ကားသော ဒိုင်အချို့  ဖမ်းဆီး ခံခဲ့ရပြီး မူးယစ်ဆေးဝါးများ သိသိသာသာ ကင်းစင်သွားသည်ကို တွေ့ရှိခဲ့ရသည် ။ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ ၏ ရည်ရွယ်ချက်သည် ကောင်းမွန်သောကြောင့် စိတ်ဝင်စားနေခဲ့ပါသည် ။ ထို့ကြောင့် ထိုအဖွဲ့၏ လုပ်ဆောင်ချက်များကိုသတင်း မှတ်တမ်း ဓါတ်ပုံများ ရိုက်ကူနိုင်ရန် ဖားကန့်မြို့ မှ မြစ်ကြီးနားသို့ ဖေဖေါ်ဝါရီ (၂၂) ရက်နေ့တွင် သုတ်ခြေတင်ခဲ့ပါသည် ။

၂၃.၂.၂၀၁၆ နေ့ နံက် ၁၁း၀၀ ခန့်တွင် PJS အဖွဲ့ များ ပိတ်ဆို့ခံထားရသော ဝိုင်းမော်မြို့  အလွန် ကံပိုင်တည် မြို့  နှင့် ချီဗွေလမ်းခွဲသို့ ရောက်ရှိသွားခဲ့ပါသည် ။ ဆက်လက်ထွက်ခွာတော့မည် ဖြစ်သောကြောင့် မြစ်ကြီးနား ၊ဝိုင်းမော် နှင့် အနီးတစ်ဝိုက်ရှိ KBC အသင်းဝင်များက လာရောက်ဆုတောင်းပေးနေသည်ကို တွေ့ရှိခဲ့ရပါသည် ။လူထု ပရိတ်သတ် ထောင်ပေါင်းမျာစွာက ဓမ္မသီချင်းများ သီဆိုကာ ၊ ကချင်ပြည်နယ်ကြီး မူးယစ်ဆေးဝါး ကင်းစင်ရမည် အစရှိသော ကြွေးကြော်သံများကို ဟစ်ကြွေးကာ ဆက်လက်ချီတက်ခဲ့ကြပါသည် ။ ထိုချီတက်သည် PJS အဖွဲ့ တွင် အင်အား (၂၀၀၀) ပါဝင်သည်ဟု သိရပြီး ကံပိုင်တည် မြို့ နယ် အနီးတစ်ဝိုက်ရှိ ဆဒုံး ၊ မော်စီတုံး ၊စင်ကြို င် နှင့် ဝေမိုးကျေးရွာ များမှ ဘိန်းစိုက်ခင်းထောင်ပေါင်းများစွာကို သွားရောက် ဖျက်ဆီးမည်ဟု သိရပါသည် ။
လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့  Pat JaSan (PJS) များသည့် ပိတ်ဆို့ခံထားရသည့် ချီဗွေ - ကံပိုင်တည် လမ်းဆုံမှ ဝိုင်းမော် ကံပိုင်တည် လမ်းအတိုင်းရဲတပ်ဖွဲ့  လုံခြုံရေးများဖြင့် ဆက်လက်ချီတက်ခဲ့ကြပြီး ၂၃.၂.၂၀၁၆ နေ့ ညနေ ၅း ၀၀ ခန့်တွင် ဝိုင်းမော်မြို့ နယ် ဘွမ်တောင် ကျေးရွာတွင် ယာယီနားခို စခန်းချပြီး နားနေခဲ့ကြပါသည် ။

ဖေဖေါ်ဝါရီ ( ၂၄ ) ရက်နှင့် ( ၂၅ ) ရက်နေ့ ဖြစ်စဉ်များ . . .
ဖေဖော်ဝါရီ ၂၄ ရက်တွင် ကချင်ပြည်နယ် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ( Pat Jasan ) များသည် လူဦးရေ ၂၀၀၀ ကျော်ရှိပြီး အဖွဲ့ ၆ ဖွဲ့ ခွဲကာ အုပ်စု ၃ စုဖြင့် ကန်ပိုက်တည်မြို့နယ် အနီးရှိ ဆဒုံး၊ စင်ကြိုင် ၊ ဝေမိုး ၊ မော်စီတုန်း ဒေသများရှိ ဘိန်းခင်း ထောင်ပေါင်းများစွာကို သွားရောက်ဖျက်ဆီးရန် ဘွမ်တောင် စခန်းမှ အုပ်စု (၂) နှင့် အုပ်စု (၄) တို့ စတင်ထွက်ခွာခဲ့ပါသည်။

အုပ်စု (၂) သည် အပေါ်စင်ကြိုင် ကျေးရွာအနီးရှိ ဘိန်းခင်း တဧကခန့်ကို ဖျက်ဆီးနိုင်ခဲ့ပြီး ဆက်လက် ချီတတ်သွား ခဲ့ပါသည်။
စင်ကြိုင် အပေါ် ကျေးရွာရှိ ဖျက်ဆီးခဲ့သော ဘိန်းခင်းပိုင်ရှင်မှာ တရုတ် လူမျိုး အမျိုးသမီးပိုင်ပြီး ဘိန်းခင်း ဖျက်ဆီးခံရမှုနှင့် ဘာသာပြန်များဖြင့် မေးမြန်းရာ ထိုသို့ ဘိန်းများ စိုက်ပျိုးသည်မှာ ၀က်များ ၊ နွားများ ကျွေးရန် ဟု ပြောဆိုခဲ့ပြီး မည်သည့် အဖွဲ့အစည်းကိုမှလည်း မပေးရကြောင်း ဖျက်ဆီးခဲ့သည့် ဘိန်းခင်း၏ တန်ဖိုးမှာလည်း တရုတ်ယွမ်ငွေ နှစ်ထောင်မျှသာ တန်ကြောင်း၊ ပြောဆိုခဲ့ပါသည်။
သူမအား ဆက်လက်မေးမြန်းရာ မြန်မာနိုင်ငံသား မှတ်ပုံတင် မရှိကြောင်းပြောဆိုပါသည်။
ဖေဖေါ်ဝါရီ ၂၄ ရက်နေ့တွင် ဝေမိုးကျေးရွာ အဝင်တွင် ပိတ်ဆို့ ခံထားရသော pjsအုပ်စု ( ၄ ) အဖွဲ့ဝင်များ

အုပ်စု (၂) နှင့် ပြည်သူ့ရဲအင်အား ၁၅ ဦးခန့် လုံခြုံရေး လိုက်ပါ ဆောင်ရွက် ပေးခဲ့ပြီး ၂၄ ရက် ၊ ဖေဖော်ဝါရီ ၊ ၂၀၁၆ ညတွင် အုပ်စု (၂) အား ဒေသခံ ရွာသားများက တိုက်ခိုက် ဖမ်းဆီးခဲ့ပါသည်။
အခင်းဖြစ်ပွားချိန်တွင် လုံခြုံရေး လိုက်ပါလာသော ရဲများ တယောက်မှ မတွေ့ရပဲ ပျောက်သွားသည်ဟု PJS အဖွဲ့ဝင်များက ပြောဆိုပါသည်။
ဗမာစကား ၊ ကချင်စကား မပြောတတ် ၊တရုတ်စကားတစ်မျိုးတည်းသာ ပြောတတ်သော ဖျက်ဆီးခံခဲ့ရသည့် ဘိန်းခင်း ပိုင်ရှင်တရုတ် အမျိုးသမီးနှင့် နှင့် ကချင်လူမျိုး အိမ်အကူ မိန်းကလေး တို့ ဘိန်းခင်းဖျက်ဆီးနေသည်ကို ငေးမောကြည့်ရူနေစဉ် .
ဒဏ်ရာရ PJS အဖွဲ့ဝင် တစ်ဦးနှင့် PJS အဖွဲ့ ဝင်များ ဖမ်းဆီးခဲ့သော ဒေသခံ အမျိုးသမီးတစ်ဦး . .
PJS အဖွဲ့ ဝင်များ ဖမ်းဆီးခဲ့သော ဒေသခံ တရုတ်အမျိုးသားတစ်ဦး .

ထိုတိုက်ခိုက်ခံရမှုတွင် PJS အဖွဲ့ဝင် ၄၀ ဦးခန့်မှာ ဒေသခံ ရွာသားများ ဖမ်းဆီးခြင်း ခံခဲ့ရပြီး အဖွဲ့ဝင် ၅ ဦးခန့် ရွာသားများ၏ နှိပ်စက်ခြင်းကို ခံခဲ့ရပါသည်။
၂၅ ရက် နံနက်တွင် ဒေသခံရွာသားများ ဖမ်းဆီးခံခဲ့ရသော PJS အဖွဲ့ဝင် ၄၀ ဦးကျော်အား ကချင်ပြည်နယ်၊ ဒုခရိုင်ရဲမှူးကြီး ဦးလှဝင်း ဦးဆောင်ပြီး သွားရောက် ကယ်တင်ခဲ့ ရပါသည်။
အုပ်စု (၂) နှင့် တပြိုင်တည်း ထွက်ခဲ့သော အုပ်စု (၄) မှာ ဝေမိုးရွာအ၀င်တွင် ရွာသားများ၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရသည်။
ထိုသို့ ပိတ်ဆို့ခံရချိန်တွင် ဒုခရိုင်ရဲတပ်ဖွဲ့မှူး ဦးလှဝင်းမှ ဆက်လက် ထွက်ခွာခြင်း မပြုပဲ ပိတ်ဆို့ခံထားရသည့် ဝေမိုးကျေးရွာ အ၀င်တွင်သာ အုပ်စု (၄) အဖွဲ့ ခေါင်းဆောင်အား စခန်းချရန် ပြောဆိုခဲ့ပြီး လုံခြုံရေးများ ပေးမည်ဟုလည်း ပြောဆိုခဲ့ပါသည်။

ဒုခရိုင်ရဲတပ်ဖွဲ့မှူးကြီး ပြောဆို ရာတွင် “ မင်းတို့ ဒီမှာပဲ စခန်းချလိုက်ပါ။ ငါတို့ အဖွဲ့တွေ မင်းတို့ကို လုံခြုံရေး ယူပေးမယ်။ မနက်ဖြန် မင်းတို့ ဆက်သွားလို့ ရအောင် လမ်းကို ငါရှင်းပေးမယ် ။ ဒီညတော့ မသွားပါနဲ့ ။ ဟိုဘက်က လူအင်အားအများကြီး ။ ငါတို့ သွားညှိနှိုင်းတာ လက်မခံဘူး။ လုံခြုံစိတ်ချရအောင် ဒီမှာပဲ စခန်းချလိုက် ပါ” ဟု ပြောဆိုခဲ့ပါသည် ။
၂၅ ရက် ၊ ဖေဖော်ဝါရီလ ၂၀၁၆ တွင် ဝေမိုးကျေးရွာအ၀င်တွင် ပိတ်ဆို့ခံထားရသော PJS အဖွဲ့ဝင်များသည် နံနက် ၁၁ နာရီခန့်တွင် ဝေမိုးကျေးရွာကို ဖြတ်သန်း၍ ဘိန်းစိုက်ခင်းများ ရှိရာသို့ ဆက်လက် ထွက်ခွာ ကြ ရာ ဒေသခံ ဝေမိုးရွာသားများက PJS အဖွဲ့ဝင်များ စီးနင်း လိုက်ပါလာသော မော်တော်ကားများအား လက် ပစ်ဗုံးများ၊ တူမီးသေနတ်များ ၊လေးခွများ၊ ကျောက်ခဲ၊ ထင်းချောင်းများဖြင့် ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက် ခဲ့ပြီး PJS အဖွဲ့ဝင် တို့၏ မ်ေတော်ကား ၂ စီးမှာ လွတ်မြောက်ခဲ့သော်လည်း နောက်မှာ စီးနင်လိုက်ပါလာသော PJS အဖွဲ့ဝင်များက ကားများကို ရပ်တန့်ပြီး ဒေသခံရွာသားများကို ပြန်လည်ခုခံခဲ့ရာမှ နှစ်ဖက် ထိပ်တိုက် တွေ့ဆုံပြီး ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါသည်။

PJS အဖွဲ့ဝင် များက ဓါးများ၊ တုတ်များ၊ လောက်လေးခွများ ဖြင့် ပြန်လည်တိုက်ခိုက်ပြီး ဒေသခံ ရွာသားများ ဘက်မှ လက်ပစ်ဗုံးများဖြင့် ပစ်ခြင်း၊ တူမီးသေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ ပြုလုပ်ခဲ့ပါသည်။
အခင်းဖြစ်ပွားသည့် တစ်ဖက် တောင်ကုန်းပေါ်မှ သေနတ်များဖြင့် ပြန်လည်ပစ်ခတ်နေသော ပြည်သူ့ စစ်များ . . .
မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရသော PJS အဖွဲ့ ဝင်များ စီးနင်းလိုက်ပါလာသည့် မော်တော်ယဉ် (၂) စီး
ထိုနှစ်ဖက် ထိပ်တိုက် တွေ့ဆုံ တိုက်ခိုက် မှုမှာ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး လုံခြုံရေး လိုက်ပါလာသော ရဲတပ်ဖွဲ့ဝင်များ တားဆီး ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။
ထိုသို့ တိုက်ခိုက်နေစဉ်အတွင်း အခင်းဖြစ်ပွားရာနှင့် မျက်နှာခြင်းဆိုင် တဖက်ကုန်းပေါ်ရှိ စစ်ဝတ်စုံများ ၀တ်ဆင် ထားသော သူများမှာ သေနတ်များဖြင့် ပစ်ခတ်လာခဲ့ပြီး လုံခြုံရေး လိုက်ပါလာသော ပြည်သူ့ရဲများ ဘက်မှလည်း ပြန်လည် ပစ်ခတ်မှုများ ရှိခဲ့ပါသည်။

ထိုတိုက်ခိုက်မှုတွင် PJS အဖွဲ့ဝင် ၂ ဦး လက်ပစ်ဗုံး နှင့် သေနတ် ထိမှန်ခဲ့ရာ ပြင်းထန်လွန်းသဖြင့် မြစ်ကြီးနား ဆေးရုံသို့ အလျင်မြန် ပို့ဆောင် ခဲ့ရသည်။
ကျန် PJS အဖွဲ့ဝင် ၂၅ ဦးကျော်ကိုလည်း မြစ်ကြီးနား ဆေးရုံသို့ ပို့ဆောင်ခဲ့ရပါသည်။
ဒေသခံ ရွာသားများ ဘက်မှလည်း ၃၀ ဦးခန့် PJS မှ ဖမ်းဆီးခဲ့ပြီး ပြည်သူ့စစ် တပ်ဖွဲ့ဝင် တဦးလည်း ပါဝင်ခဲ့ပါသည်။
ကျန်သော ဒဏ်ရာမရသော ဒေသခံများကို ၀ိုင်းမော်ရဲစခန်းမှ စစ်ဆေးနေလျက် ရှိကြောင်း သိရပါသည်။
၉ ဦးခန့် ဒဏ်ရာ ရရှိခဲ့ပြီး ဒုခရိုင်ရဲမှူးကြီး ဦးလှဝင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် ၀ိုင်းမော်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် မြစ်ကြီးနား ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသ ပေးနေသည်ဟု သိရှိရပါသည်။

၂၄ ရက် ဖေဖော်ဝါရီ ၂၀၁၆ ဝေမိုးကျေးရွာ အ၀င်တွင် ပိတ်ဆို့ခံထားရသော အုပ်စု (၄) အဖွဲ့ခေါင်းဆောင်အား ဒုခရိုင်ရဲမှူးကြီး ဦးလှဝင်းပြောဆိုခဲ့သည်မှာ “မနက်ဖြန် မင်းတို့ သွားလို့ ရအောင်ငါရှင်းပေးမယ်။ “ဟူသည့် စကားကို တာဝန် မကျေကြောင်း လက်ရှိအဖြစ်အပျက်များက သက်သေပြနေခဲ့သည်။

ထိုသို့ နှစ်ဖက် ထိပ်တိုက် ခိုက်ရန် တိုက်ခိုက်မှုများကြောင့် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ (PJS ) များသည် ၎င်းတို့၏ အဖွဲ့ဝင်များ လုံခြုံမှု ရှိစေရန် ဘွမ်တောင်ကျေးရွာအုပ်စုအနီး ဆဒုံးမြို့နယ် ဆနာ ကျေးရွာအုပ်စုထိ နောက်ဆုတ်ပြီး စခန်းချ နေထိုင်လိုက်ကြသည်။
ဒေသခံများမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးသွားသော PJS အဖွဲ့ ဝင်များ စီးနင်းခဲ့သော မော်တော်ယဉ် တစ်စီး
လက်ရှိအချိန်တွင် ပြည်နယ် အစိုးရမှ ဘိန်းခင်းတိုက်ဖျက်မည့် PJS အဖွဲ့ဝင်များကို လုံခြုံရေး မပေးနိုင်သဖြင့် ဘိန်းခင်း ဆက်လက်တိုက်ဖျက်ရန် မဖြစ်နိုင်တော့ကြောင်း၊ အစိုးရ ကူညီမှသာလျှင် ပြန်လာပြီး ဘိန်းခင်းများကို ဖျက်ဆီးကြမည်ဟု ဆိုကာ နေရပ်ဒေသအသီးသီးသို့ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြန်ကြတော့မည်ဟု PJS ခေါင်းဆောင်များက ပြောသည်။

ဇော်မိုးထက် (Facebook)

နိုင်ငံပိုင် စက်သုံးဆီဆိုင် ၂၆၁ ဆိုင်ကို ရရှိထားသည့် ပုဂ္ဂလိက ကုမ္ပဏီများ စာရင်းအား ဖေဖော်ဝါရီ ၂၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

၂၀၁၀ နောက်ပိုင်း နိုင်ငံပိုင် စက်ဆုံးဆီဆိုင် ၂၇၃ ဆိုင်အနက် ၂၆၁ ဆိုင်ကို ငွေကြေးအားဖြင့် ခိုင်မာစိတ်ချရပြီး စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရသည့် လုပ်ငန်းကို လုပ်ကိုင်နိုင်သည့် ပုဂ္ဂလိက လုပ်ငန်းရှင် အဖွဲ့အစည်း ၃၆ ခုသို့ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လွှဲပြောင်းပေးခဲ့သည့် စက်သုံးဆီဆိုင်များကို အစိုးရနှင့် နီးစပ်သူ၊ ခရိုနီကုမ္ပဏီကြီး အများစု ရရှိခဲ့ပြီး Regency Material Ind Co.Ltd ၂၄ ဆိုင်၊ New Day Energy ၁၉ ဆိုင်၊ အဏ္ဏ၀ါလွှမ်း ကုမ္ပဏီလီမိတက်မှ ၁၇ ဆိုင်ဖြင့် အများဆုံး ရရှိခဲ့သည်။

Eden Group Co.Ltd မှ ၁၆ ဆိုင်၊ ရွှေဗျိုင်းဖြူ ၁၆ ဆိုင်၊ နီလာရိုးမ ကုမ္ပဏီလီမိတက် ၁၄ ဆိုင်၊ ရွှေတောင် ကုမ္ပဏီလီမိတက် ၁၄ ဆိုင်၊ ရွှေသံလွင် ကုမ္ပဏီလီမိတက်မှ ၁၃ ဆိုင်၊ မြ၀တီထရေးဒင်း ၁၄ ဆိုင်၊ ဧရာရွှေဝါ ကုမ္ပဏီလီမိတက် ၁၃ ဆိုင်၊ Max Energy ၁၂ ဆိုင်၊ အထွတ်အထိပ် ကုမ္ပဏီလီမိတက် ၁၂ ဆိုင်နှင့် မြတ်မေတ္တာမွန် ကုမ္ပဏီလီမိတက် ၁၁ ဆိုင်တို့ ပါဝင်ကြောင်း သိရသည်။

လူပုဂ္ဂိုလ် တစ်ဦးချင်းအလိုက် လွှဲပြောင်းပေးမှုများလည်း ရှိခဲ့ပြီး ဦးခွန်အောင်ထွန်း (MTA တပ်မဟာ - ၈) က ငါးဆိုင်ဖြင့် အများဆုံး ရရှိခဲ့ပြီး ဦးနေရွှေသွေးအောင် နှစ်ဆိုင်၊ ကချင် အထူးဒေသ (၁) ဦးစခုန်တိန်ယိန်း၊ ဦးတင်မြင့်၊ ဦးတင်အောင်ထွန်း၊ ဦးသန်းထွန်း၊ ဒေါ်ခင်မိမိနိုင်၊ DKBA ဗဟိုဌာနချုပ် (ဦးသာထူးကျော်)၊ ဒေါ်အေးအေးတင့်နှင့် ဒေါ်မမကြီးတို့က တစ်ဆိုင်စီ ရရှိခဲ့ကြောင်း သိရသည်။

ဒဂုံအင်တာနေရှင်နယ် သုံးဆိုင်၊ IGE Co.Ltd တစ်ဆိုင်၊ ရာဇာမင်း ကုမ္ပဏီလီမိတက် လေးဆိုင်၊ Myanmar Naing Group Co.Ltd ခုနစ်ဆိုင်နှင့် ကောင်းမွန် ကုမ္ပဏီမှ ရှစ်ဆိုင် ရရှိခဲ့သည်။

အဆိုပါ လွှဲပြောင်းရောင်းချသည့် စက်သုံးဆီဆိုင်များကို မည့်သည့်ဈေးနှုန်းဖြင့် ရောင်းချခဲ့သည်ကို ထည့်သွင်း ဖော်ပြခဲ့ခြင်း မရှိခဲ့ပေ။

သို့သော် အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၏ ၂၀၁၃ ခုနှစ်က ထုတ်ပြန် ပြောကြားထားချက်အရ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့သည့် ၂၆၁ ဆိုင်အနက် ၂၄၇ ဆိုင်ကို ရောင်းချခဲ့မှုတွင် ကျပ် ၉၂၃၆ ဒသမ ၉၉၅ သန်း အစိုးရက ရရှိခဲ့ကြောင်း ဧရာဝတီသတင်း ဌာန၏ ဖော်ပြခဲ့မှုအရ သိရသည်။

ယင်းသို့ဆိုပါက ဆီဆိုင်တစ်ဆိုင်လျှင် နိုင်ငံတော် အနေဖြင့် ပျမ်းမျှ ကျပ်သိန်း ၃၇၀ ကျော်သာ ရရှိခဲ့ခြင်း ဖြစ်သည်။

ဆီဆိုင်များ ရောင်းချရာတွင် ရရှိခဲ့သည့် ဈေးနှုန်းမှာ ကာလပေါက်ဈေးထက် အဆပေါင်းများစွာ နိမ့်သောဈေးဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်၏ မြ၀တီ ထရေးဒင်းကို ငွေကျပ် သိန်း ၉၀၀ ကျော် ဖြင့် တက္ကသိုလ် ရိပ်သာလမ်းရှိ စက်သုံးဆီဆိုင်ကို ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း၊ ဆီဆိုင်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများထံသို့ အမည်ပေါက် ဂရန်ပါ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

UMFCCI ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်၏ ဒဂုံ အင်တာနေရှင်နယ် ကုမ္ပဏီမှာ သုံးဆိုင်အထိ လုပ်ကိုင်ခွင့် ရရှိရာတွင် တစ်ဆိုင်လျှင် ကျပ်သိန်း ၃၀၀ ၀န်းကျင်ဖြင့် ရရှိသွားသည့် ဆိုင်ပင်ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

New Day အုပ်စု အနေဖြင့်လည်း စက်သုံးဆီဆိုင် ၁၉ ဆိုင် ရရှိရာတွင် နယ်ဆိုင်များ ဆိုပါက ကျပ်သိန်း ၁၀၀ ကျော်ဖြင့် ရသွားသည့် ဆိုင်များပင် ရှိခဲ့ကြောင်း၊ ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ ကျပ်သန်းပေါင်း သောင်းချီတန်သည့် နေရာတွင် ရှိသောဆိုင်ကို ကျပ်သိန်း ၃၉၀၀ ဖြင့် ရရှိသွားကြောင်း၊ မင်္ဂလာတောင်ညွန့်ရှိ ဆိုင်ကို ကျပ်သိန်း ၄၀၀ ကျော်တည်းဖြင့် ရရှိသွားကြောင်းနှင့် ကျန်ဆိုင်များမှာလည်း ထိုကဲ့သို့ပင် ပေါက်ဈေးထက် အဆမတန် နည်းပါးလွန်းသော ဈေးများဖြင့် ရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အခြားကုမ္ပဏီများမှာလည်း ထိုသို့ပင် ရန်ကုန်မြို့ပေါ်ရှိ ဆိုင်များအား ပေါက်ဈေးထက် အဆမတန် နည်းပါးသော တန်ဖိုးများဖြင့် ရရှိထားကြခြင်း ဖြစ်သည်။

လက်ရှိအချိန်အထိ စက်သုံးဆီ အရောင်းဆိုင် ၁၇၇၈ ဆိုင်၊ သိုလှောင်ကန်စခန်း ခြောက်ခု၊ ရေယာဉ် ၁၂ စီးအတွက် စက်သုံးဆီ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်များကို ပုဂ္ဂလိကသို့ ထုတ်ပေးထားပြီး ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးဖေဇင်ထွန်းက ပြောကြားသည်။

စက်သုံးဆီဈေးနှုန်း ထိန်းချုပ်မှု အပိုင်းကို ဦးဖေဇင်ထွန်း၏ ဖြေကြားမှုအရ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူးအသင်းမှ လုပ်ငန်းရှင် အသင်းဝင်တွေ အချင်းချင်း ထိန်းညှိပြီး သတ်မှတ် ရောင်းချပေးနေခြင်း ဖြစ်ကြောင်း၊ ရေနံထွက်ကုန်ပစ္စည်း သိုလှောင်ကြီးကြပ် ထိန်းသိမ်းရေး ကော်မတီမှ ကြီးကြပ်ပြီး ဈေးနှုန်းကြီးမြင့်စွာ ရောင်းချနေသည့်ဆိုင်များကို သတိပေးမှုများ၊ အရည်သွေး စိစစ်မှုများ ပြုလုပ်ပြီး အရေးယူနေကြောင်း သတင်းရရှိသည်။
Writer:
အောင်ရဲကို
Eleven Media Group

အခုဆိုရင် ကောက်ချက်တခုကို မလွဲမရှောင်သာ ချရပါတော့မယ်၊ အဲဒါကတော့ မနှစ်က အောက်တိုဘာလ မှာ တခမ်းတနားဝှဲချီးပြီး နိုင်ငံတကာရဲ့လက်ခုပ်သြဘာသံကြား လက်မှတ်ထိုးခဲ့ကြတဲ့ ဗမာပြည်က တနိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ရဲ့ အထင်ရှားဆုံးရလဒ်ဟာ နိုင်ငံ့မြောက်ပိုင်းမှာ စစ်ပွဲသစ်တရပ် ပေါ်ထွက်လာစေဖို့ လမ်းခင်းပေးလိုက်တာဘဲ ဖြစ်တယ် ဆိုတဲ့ ကောက်ချက်ဖြစ်ပါတယ်။

တိုင်းရင်းသားအဖွဲ့ချင်းတိုက်ပွဲနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဗမာစစ်တပ်တိုက်ပွဲတွေ ပေါ်ထွက်လာလို့ ဖြစ်လာ တဲ့ လက်ရှိအကျပ်အတည်းဟာ ဧပြီလ ၁ ရက်နေ့မှာ စတင်အာဏာယူမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအတွက် ပထမဆုံးရှင်းရမယ့်လုပ်ငန်းဖြစ်မှာ သေချာသလောက်ရှိ တယ်။ ဒီကိစ္စဟာ အစိုးရသစ်နဲ့ စစ်တပ် ဆက်ဆံရေးကိုလဲ ပြောစရာဖြစ်လာလိမ့်မယ်။

ရှမ်းပြည်မြောက်ပိုင်းတလျှောက် ပျံ့နှံ့လာနေတဲ့ ပဋိပက္ခကြောင့် နိုဝင်ဘာလကစပြီး လူအများသေခဲ့ကြ၊ အရပ်သား ၄၀၀၀ ကျော် အိုးအိမ်စွန့်ဒုက္ခသည်ဘဝ ရောက်ခဲ့ရတယ်။ ဒီပဋိပက္ခမှာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (ရှမ်းတိုင်းရင်းသားတွေနဲ့ ဖွဲ့ထားတဲ့ RCSS) နဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ပလောင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိပ်တိုက်ရင်ဆိုင်နေကြတယ်။

ဒီတိုက်ပွဲတွေက စစ်တပ်ရဲ့အကျိုးစီးပွားတွေကို အကျိုးပြုဖြည့်ဆီးနေတာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ တကယ်တော့ စစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်က အမွှာပူးခြိမ်းခြောက်မှုကို ရင်ဆိုင်နေခဲ့ရတယ်။ အဲဒါတွေကတော့ နိုင်ငံ့မြောက်ပိုင်းမှာ ယိုယွင်းဆုတ်ယုတ်လာနေတဲ့ စစ်ရေးအခြေအနေနဲ့ နေပြည်တော်မှာ သောင်ပြိုကမ်းပြို လူထုမဲဆန္ဒနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့အစိုးရ တက်လာမယ့်အခြေအနေတွေ ဖြစ်ပါတယ်။

ဒီလို သံတမန်ရေးနဲ့ လူသားချင်းစာနာရေးအကျပ်အတည်းဟာ NCA ရဲ့ ဗိသုကာတွေဖြစ်တဲ့ အစိုးရဘက်က စေ့စပ်ဆွေးနွေးရေးခေါင်းဆောင် ဦးအောင်မင်းနဲ့ ဆွေးနွေးပွဲတွေကို အထောက်အကူပေးတဲ့ သူ့ရုံးအဖွဲ့ မြန်မာငြိမ်းချမ်းရေးစင်တာတို့ကိုရော၊ အနောက်တိုင်းက ငွေကြေးထောက်ပံ့သူတွေနဲ့ ချီးကျူးဂုဏ်ပြုသူတွေ အတွက် မျက်နှာပျက်စရာဖြစ်စေတာ အံ့သြစရာမရှိပါဘူး။ တကယ်တော့ အောက်တိုဘာ ၁၅ ရက် NCA လက်မှတ်မထိုးခင်ကတည်းက ဒီစာချုပ်ဟာ တိုင်းပြည် ရေရှည်တည်ငြိမ် ငြိမ်းချမ်းရေးထက် နိုင်ငံရေးအကျိုး အမြတ် အကြောင်းတရားတွေအတွက် အစိုးရသတ်မှတ်ထားတဲ့ ရက်ချိန်းတခုကိုမှီအောင် အတင်းတွန်းယူ ခဲ့တဲ့ မနူးမနပ်ဟင်းလျာတပွဲ ဖြစ်နေတာ ထင်ရှားခဲ့တယ်။

အဲဒီအကြောင်းတရားတွေဟာ အဲဒီအချိန်တုံးကရော အခုအချိန်မှာပါ လျှို့ဝှက်ချက် မဖြစ်ခဲ့ပါဘူး။ အကြောင်းတရားတခုကတော့ နိုဝင်ဘာရွေးကောက်ပွဲအကြိုကာလမှာ သမတသိန်းစိန်အစိုးရကို အရောင် တင်ပေးဖို့ဖြစ်တယ်။ နောက်အကြောင်းတရားတခုကတော့ ဥရောပအစိုးရတွေကြားမှာ MPC ရဲ့ပုံရိပ်ကို မြှင့် ပေးဖို့ဖြစ်တယ်၊ အဲဒီဥရောပအစိုးရတွေဟာ ၂၀၁၁ ခုနဲ့ ၂၀၁၅ ခုအကြား MPC အဖွဲ့ရဲ့ဘဏ္ဍာတိုက်ထဲကို ဒေါ်လာငွေ သန်းချီပြီး ထည့်ဝင်ပေးခဲ့ကြသူတွေ ဖြစ်တယ်။

ရှေ့ပိုင်းမှာ ရက်ချိန်းအတော်များများ ပျက်ခဲ့ပြီးနောက် အခု "နောက်ဆုံးတကာ့နောက်ဆုံး" အောက်တိုဘာ ရက်ချိန်းဟာ အနောက်နိုင်ငံတွေ၊ နိုင်ငံတကာကငြိမ်းချမ်းရေးပွဲစားတွေအနေနဲ့ ရွေးကောက်ပွဲအလွန် အစိုး ရသစ်မတက်ခင် လတချို့ကြာအကူးအပြောင်းကာလအစမှာ သဘောတူချက်တခုကို ဘယ်လိုမျိုးသဘော တူညီချက်ဘဲဖြစ်ဖြစ် "လက်ဆုပ်လက်ကိုင်" ရဖို့ စိတ်အားထက်သန်မှုကိုလဲ ထင်ဟပ်နေတယ်။ သူတို့ ဆင်ခြေပေးတာက NCA ကို "စာအုပ်ဖွင့်" ထားမှာဖြစ်ပြီး နောက်ပိုင်းမှာ တခြားအဖွဲ့တွေက လာဝင်လို့ရမယ် လို့ဆိုတယ်။

၂၀၁၅ ခု အောက်တိုဘာ ၁၅ ရက်က လျော့တိလျော့ယဲတန်းစီနေကြတာကို တချက်ကြည့်လိုက်ရင်ဘဲ လက်မှတ်မထိုးတဲ့အဖွဲ့တွေ နောက်ပိုင်းမှာ ပါချင်လာလိမ့်မယ် ဆိုတဲ့အကြောင်းတရားကို သံသယရှိစရာ ဖြစ် နေတယ်။ ပါတဲ့အဖွဲ့အများစုဟာ စစ်ရေးအရအရေးမပါတဲ့ နှစ်ယောက်တပိုင်းတွေ ဖြစ်တယ်။ လေးဖွဲ့က ထိုင်းနယ်စပ်မှာအခြေစိုက်ပြီး ဘန်ကောက်က အာဏာသိမ်းစစ်တပ်ရဲ့ အတင်းဖင်တွန်းတာကို ခံနေရ တယ်။ အထူးခြားဆုံးအချက်ကတော့ ဘယ်အဖွဲ့မှ ဗမာစစ်တပ်နဲ့ တကယ်တန်းတိုက်နေတာမရှိဘူး။

ဗမာပြည်ရဲ့ အဓိကတိုင်းရင်းသားတပ်တွေကတော့ ဘေးမှာရှောင်နေကြတယ်။ အဲဒီထဲမှာ တချို့ကတော့ တဖက်သတ်အပစ်ရပ်ထားပြီး တချို့ကတော့ တကယ့်စစ်မြေပြင်မှာ တိုက်နေကြဆဲဖြစ်တယ်။ အပစ်အခတ် ရပ်စဲရေးကို နိုင်ငံတကာအသိအမှတ်ပြု တရားဝင်အောင်လုပ်ပြီးရင်၊ နိုင်ငံရေး စီးပွားရေးအာဏာခွဲဝေမှုတွေ မလုပ်ခင် လက်နက်ဖြုတ်သိမ်းရေးလုပ်ငန်း အရင်လုပ်ရမယ်ဆိုတဲ့ စေ့စပ်ဆွေးနွေးမှုတခုလုံးနောက်ကွယ်က ကမောက်ကမအဆိုပြုချက်ကြောင့် ဒီအဖွဲ့တွေက သံသယရှိနေကြတာဖြစ်တယ်။ ဒီ အာဏာခွဲဝေ လွှဲ ပြောင်းရေးပြဿနာရပ်တွေဟာ ဗမာပြည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ တိုင်းရင်းသားပဋိပက္ခရဲ့ အရင်းအမြစ်ဘဲဖြစ်တယ်။

မဟာဗျူဟာမြောက်ကစားကွက်
အစောပိုင်းကတည်းက NCA ဘက်ကဝါဒဖြန့်သူတွေဟာ ဒီစာချုပ်ကြောင့် လက်မှတ်ထိုးသူတွေနဲ့ မထိုးသူ တွေကြား ကွဲပြုမှုတွေ ဖြစ်စေမယ်၊ တင်းမာမှုတွေ ကြီးထွားစေမယ် ဆိုတာကို ကောင်းကောင်းသိထားကြ တယ်။ ဒါပေမဲ့ သူတို့မမျှော်လင့်ခဲ့တာက လက်မှတ်ထိုးပွဲပြီးနောက် ရက်ပိုင်းအတွင်းမှာ အသစ်စက်စက် "တရားသင်းဖြစ်သွားတဲ့" RCSS က မဟာဗျူဟာမြောက်ကစားကွက်ရွှေ့မယ်လို့ မထင်ခဲ့ကြဘူး။ လက်မှတ် ထိုးအဖွဲ့တွေထဲမှာ လောက်လောက်လားလားလက်နက်ကိုင်အင်အားရှိတဲ့ တခုတည်းသောဒီအဖွဲ့ဟာ ထိုင်း နယ်စပ်မှာရှိတဲ့ အခြေခံစခန်းတွေကနေ မြောက်ပိုင်းကို တပ်ရွှေ့တာ၊ TNLA လွှမ်းမိုးထားတဲ့၊ ပလောင်နဲ့ ရှမ်း ရပ်ရွာနှစ်မျိုးစလုံးရှိတဲ့ ရှမ်းပြည်မြောက်ပိုင်းနယ်မြေကိုတပ်ရွှေ့တာကို တွက်မထားခဲ့ကြဘူး။

ဇန်နဝါရီလနှောင်းပိုင်းမှာတော့ စုစုပေါင်း ခန့်မှန်းခြေအင်အား ၆၀၀၀ လောက်ရှိတဲ့ RCSS ထဲက အင်အား ၁၅၀၀ လောက်ဟာ မိုင်ရာနဲ့ချီရွှေ့ပြီး အပစ်ရပ်စာချုပ် လက်မှတ်မထိုးခင်က စစ်သည် ၂၀၀ တောင်မရှိတဲ့ မြောက်ပိုင်းဒေသကို အင်အားဖြည့်ခဲ့ကြတယ်။ တရုတ်နယ်စပ်နား နမ့်ခမ်းနယ်မှာ နိုဝင်ဘာလနှောင်းပိုင်း မှာ တိုက်ပွဲတွေစဖြစ်လာပြီး နောက်ထပ်ရှမ်းစစ်ကူတွေ ရောက်လာတော့ တိုက်ပွဲတွေဟာ အနောက်ဖက် နမ့်ဆန်၊ သီပေါနဲ့ ကျောက်မဲမြို့နယ်တွေကို ပျံ့သွားခဲ့တယ်။

နိုဝင်ဘာ ၂၇ ရက်မှာ ပထမဆုံးတိုက်ပွဲ ဖြစ်ကတည်းက ဗမာစစ်တပ်ဟာ ပလောင်နယ်မြေထဲဝင်လာတဲ့ ရှမ်း တပ်တွေကို ပို့ဆောင်ထောက်ပံ့ရေးအကူအညီနဲ့ လက်နက်ကြီးပစ်ကူတွေ ပေးနေခဲ့တယ်လို့ TNLA က စွပ်စွဲခဲ့တယ်။ TNLA အဖို့ မိမိရဲ့ လက်နက်ကိုင်တော်လှန်ရေးသက်တမ်းမှာ အဆိုးဆုံးထိခိုက်မှုတွေကို ကြုံခဲ့ ရပုံပေါ်တယ်။ RCSS ခေါင်းဆောင် ယွက်စစ်ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့တယ်။

ဒါပေမဲ့ ငြင်းမရနိုင်တာက ဗမာစစ်တပ်ကလဲ TNLA နဲ့ဆန့်ကျင်ဘက်က မဲတင်းနေတဲ့အချက်ဖြစ်တယ်။ လက်နက်အပြည့်အစုံနဲ့ RCSS စစ်သား ၁၅၀၀ လောက် ဗမာပြည်ရဲ့အကြီးဆုံးပြည်နယ်ကို ဒီဘက်ထိပ်က ဟိုဘက်ထိပ်ရွှေ့တာ စစ်တပ်က တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်မှု မရှိဘဲမဖြစ်နိုင်ပါဘူး။ ဗမာ စစ်တပ်ဟာ အဲဒီလမ်းတလျှောက်မြို့နယ်တိုင်းမှာ တပ်စခန်းတွေ ချထားတာဖြစ်တယ်။ အမှန်တကယ်လဲ ဇန်နဝါရီလလယ်ပိုင်းက လွတ်လပ်တဲ့သတင်းရင်းမြစ်တွေအရ RCSS တပ်ဖွဲ့တွေဟာ လမ်းမကြီးတွေ အတိုင်း သွားရုံတင်မကဘဲ ဗမာစစ်တပ်ရဲ့ ကားကြီးတွေနဲ့ ရွှေ့ပြောင်းခဲ့တယ်လို့ သိရတယ်။

တိုက်ခိုက်ရေးအခွင့်အလမ်း
အတွေ့အကြုံရင့်ပြီး အင်မတန်လည်တဲ့ခေါင်းဆောင်ဖြစ်သူ ယွက်စစ်ဟာ တချက်တည်းနဲ့ RCSS ရဲ့ နိုင်ငံ ရေး စစ်ရေးသြဇာကို ရှမ်းပြည်နယ် အနောက်မြောက်ဘက်တလွှား ကျယ်ကျယ်ပြန့်ပြန့်ချဲ့ထွင်ဖို့အခွင့် အလမ်းကို ဆုပ်ကိုင်ခဲ့တယ်။ အဲဒီဒေသမှာ RCSS ရဲ့သြဇာဟာ နည်းနည်းလေးဘဲ ရှိ၊ ဒါမှမဟုတ် ရှိကို မရှိခဲ့လို့ ရှမ်းရပ်ရွာလူထုတွေဆီက ထောက်ခံမှုရအောင် လုပ်မှာဖြစ်တယ်။ အခုဆိုရင် ဒေသခံတွေကို စစ်မှု ထမ်းဖို့ စုဆောင်းနေပြီဖြစ်တယ်။ အမှန်ဘဲ လာမယ့်လတွေ နှစ်တွေအတွင်း RCSS ရဲ့ ပြည်နယ်အနှံ့သက် ရောက်တည်ရှိမှုဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှန်သမျှမှာ သော့ချက်ကျတဲ့ဇာတ်ကောင် ဖြစ်လာစေမှာဖြစ် တယ်။

ဗမာစစ်တပ်အတွက်လဲ စစ်ပွဲသစ်ရဲ့ အကျိုးကျေးဇူးတွေဟာ အများကြီးပိုကျယ်ပြောနေတယ်။ နိုင်ငံရေးအရ ဆိုရင် တောင်ပေါ်နေပလောင်လူထုနဲ့ ချိုင့်ဝှမ်းမြေပြန့်နေရှမ်းလူထုကြား လူမျိုးရေးတင်းမာမှုတွေ တရှိန်ရှိန် မြင့်တက်လာမှုဟာ ဗမာစစ်တပ် ဆယ်စုနှစ်ပေါင်းများစွာ မဖြစ်မနေလက်ကိုင်ပြုခဲ့တဲ့ တိုင်းရင်းသားတွေ အပေါ် သွေးခွဲအုပ်ချုပ်ရေးမဟာဗျူဟာကြီးကို အကျိုးဖြစ်နေတယ်။

လက်ငင်းမှာတော့ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ လတ်လတ်ဆတ်ဆတ်ရှမ်းစစ်သည် ရာပေါင်း များစွာကို TNLA ဆန့်ကျင်ရေး "ပျောက်ကျားကိုပျောက်ကျားနဲ့တိုက်" တဲ့စစ်ဆင်ရေးဆင်နွှဲဖို့ မြောက်ဖက် လွှတ်တဲ့ သောင်းကျန်းသူတိုက်ဖျက်ရေးလက်ခွဲပေးမဟာဗျူဟာဟာ အတော်ကြီးကို မနိုင်မနင်း မဆန့်ရင် ကာဖြစ်နေတဲ့ ဗမာစစ်တပ်အပေါ် တိုးမြင့်နေတဲ့ဖိအား လျော့ပါးသက်သာသွားစေခဲ့ပြီဖြစ်တယ်။ ၂၀၁၅ ခုနှစ်အစပိုင်းကတည်းက ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသမှာ စစ်ပွဲပေါက်ကွဲလာတဲ့အခါ ဗမာစစ် တပ်ဟာ နိုင်ငံ့မြောက်ပိုင်းတဝှန်းက ဆူပူသောင်းကျန်းမှုတသီကြီးကို ထိန်းနိုင်ဖို့ ကြိုးစားရုန်းကန်ခဲ့ရတယ်။

ဒါပေမဲ့ ဒီမဟာဗျူဟာမှာ အန္တရာယ်လဲ ရှိနေပါတယ်။ လက်ရှိတိုက်ပွဲတွေကနေ TNLA နဲ့ မဟာမိတ်လုပ် ထားတဲ့ တခြားအဖွဲ့တွေကိုပါ ဖိတ်စင်ပတ်သက်သွားနိုင်တဲ့ အလားအလာ အမှန်တကယ်ရှိနေတယ်၊ အဲ့ဒီ ထဲမှာ အင်အား ၂၀၀၀၀ ကျော်ရှိတဲ့ ဝ ပြည်ညီညွတ်ရေးတပ်မတော် ပါတယ်။ တရုတ်နိုင်ငံက အားပေး ထောက်ကူထားတဲ့ UWSA ဟာ စစ်တပ်နဲ့ မရေမရာအပစ်အခတ်ရပ်စဲမှု ဆက်ရှိနေပေမဲ့ သံလွင်မြစ် အရှေ့ဘက်ကမ်းမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးလုပ်ထားတဲ့ "အထူးဒေသ" အခြေခံစခန်းဟာ ဗမာစစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ အဖွဲ့အများအပြားအတွက် နောက်တန်းစခန်း၊ လက်နက်ခဲယမ်းရေသောက်မြစ် ဖြစ်နေ တယ်။ အထူးသဖြင့် ကိုးကန့်သူပုန်တွေနဲ့ TNLA အတွက် ဖြစ်တယ်။ TNLA ကျဆုံးပြိုကွဲမှုကို တားဆီးနိုင်ဖို့ လက်နက်အင်အားကောင်းတဲ့ UWSA အင်အားစုတွေ ဝင်စွက်လာရင် ပဋိပက္ခကို ပိုမိုဆိုးဝါးသွားစေနိုင် တယ်။

ဒါပေမဲ့ အဲသလို စစ်ရှိန်မြင့်တက်လာတာ ဖြစ်ဖြစ် မဖြစ်ဖြစ်၊ မြောက်ပိုင်းက စစ်ပွဲနဲ့ တိုင်းရင်းသားတင်းမာမှု ဟာ အဓိကကျတဲ့ဆုံချက်တခုကို အလေးပေးထောက်ပြနေတာဖြစ်တယ်၊ ဒီဆုံချက်ကတော့ ဗမာစစ်တပ် သည်သာလျှင် ပစ်ပယ်လို့မရနိုင်တဲ့ တည်ငြိမ်ရေးအာမခံသူ၊ "တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြိုကွဲမှု" အန္တရာယ်ကို အကောင်းဆုံးကာကွယ်သူဆိုပြီး စစ်တပ်ရဲ့အချက်အခြာအခန်းကဏ္ဍကို လူအများစိတ်ထဲစွဲ နေအောင် ပြပေးနေတာ ဖြစ်တယ်။

လာမယ့်အစိုးရသစ်က ဗမာနိုင်ငံရဲ့ ဖွတ်ဖွတ်ကြေနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း နာလံပြန်ထအောင် ဘယ်လို ကြိုးပမ်းချက်တွေလုပ်လုပ်၊ ဒီ ပူပူနွေးနွေးချမှတ်ထားတဲ့ အကန့်အသတ်တွေထဲကဘဲ မလွဲမရှောင်သာသွား ရမှာ ဖြစ်တယ်။

ဂါမဏိ ဘာသာပြန်သည်။
(ဂျိန်းကာကွယ်ရေးနှင့်ထောက်လှမ်းရေးစာစောင်မှ ဘန်ကောက်အခြေစိုက် လုံခြုံရေးအတိုင်ပင်ခံနှင့် လေ့လာသုံးသပ်သူ အန်ထော်နီဒေးဗစ္စ၏ ဖေဖော်ဝါရီ ၂၆ ရက် ဆောင်းပါး)

ဂါမဏိ

ဒီဆောင်းပါးရဲ့အပိုင်း (၁) မှာ အမျှော်အမြင်နည်းပါးတဲ့စီမံအုပ်ချုပ်မှု့တွေအောက် နှစ်ရှည်လများအသွေးအသား တွေခမ်းခြောက် အပျိုရည်ပျောက်ခဲ့ရတဲ့ မန္တလေးမြို့ကြီးရင်ဆိုင်ခံစားနေရတဲ့ဘေးဆိုး (၇)မျိုးအနက်က ရေဘေး၊ မီးဘေး၊ ခြင်ဘေးတွေအကြောင်းရေးခဲ့ပါတယ်။ ဒီအပိုင်း (၂) မှာတော့ ပူလောင်ခြောက်သွေ့ မှု့ဘေးအကြောင်း ရေးပါ့မယ်။

ပူလောင်တယ် ခြောက်သွေ့ တယ်ဆိုတာနဲ့ လူတချို့က ပြောကြလိမ့်မယ် ဥတုရာသီဆိုတာ သဘာဝတရားဘဲ၊ ကံတရားအတိုင်းပေါ့လို့  ပြောခြင်ကြလိမ့်မယ်။ စာရေးသူယုံကြည်တာကတော့ လူသားတွေဟာ ဥတုရာသီကို အတိုင်းအတာတခုထိပြုပြင်လွှမ်းမိုးနိုင်ပါတယ်။ ပူပြင်းခြောက်သွေ့ တဲ့သဲကန္တာရတွေဖုံးလွှမ်းနေတဲ့ ယူအေအီး၊ ကူဝိတ်အစရှိတဲ့အာရပ်နိုင်ငံတွေမှာ လူလုပ်အိုအေစစ်ကြီးတွေအလျှိုအလျှိုပေါ်လာအောင်တည်ဆောက်ပြီး အေးမြတဲ့ဝန်းကျင်ကိုဖန်တီးယူကြပါတယ်။

တချိန်ထဲမှာဘဲ လူ့ ပရောဂကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်များ၊ မီသိန်း၊ အိုဇုန်းအစရှိတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့  (Greenhouse Gases) တွေ တိုးပွားသိပ်သည်းလာတာကြောင့် ကမ္ဘာလုံးဆိုင်ရာပူနွေးလာခြင်း (Global Warming) ကိုဖြစ်ပေါ်လာစေသလို ရာသီဥတုဖေါက်ပြန်ပြောင်းလဲမှု့ (Climate Change) ကိုဖြစ်စေခဲ့တာ မဟုတ်လား။

(၄) ပူလောင်ခြောက်သွေ့ မှု့ ဘေး
မန္တလေးဟာ မိုးနည်းရေရှားရပ်ဝန်းဖြစ်တဲ့ မြန်မာပြည်အလယ်ပိုင်းမှာတည်ရှိတယ်ဆိုပေမဲ့ ပတ်ဝန်းကျင်တခိုဟာ စိမ်းစိမ်းစိုစိုရှိပါတယ်။ အရှေ့ဖက်မှာ အောင်ပင်လယ်ကန်လယ်ကွင်းတွေရံထားပြီး ငရံ့မင်းတောင်နဲ့ ရှမ်းရိုးမကြီး ကပ်လျှက်အုပ်မိုးတည်ရှိနေတာပါ။ အနောက်ဖက်မှာ စစ်ကိုင်း၊ မင်းဝံတောင်ရိုးနဲ့ ရစ်ခွေစီးဆင်းနေတဲ့ မြစ်မင်း ဧရာဝတီရယ်၊ မြောက်ဖက်မှာမန္တလေးတောင်၊ သခင်မတောင်ရယ် ကွမ်းခြံ ဥယျာဉ်ခြံတွေနဲ့ စိမ်းစိုနေတဲ့ မတ္တရာနယ်၊ တောင်ဖက်မှာ ဒုဌ၀တီ၊ ဇော်ဂျီပန်းလောင်မြစ်နဲ့ သရက်ဥယျာဉ်ခြံတွေအပြင် စပါးအထွက်ကောင်း တဲ့ ကျောက်ဆည် လယ်တွင်းကိုးခရိုင်စတဲ့ အိုအေစစ်တွေဝိုင်းပတ်ရံနေတာပါ။
ဒါပေမဲ့လည်း မန္တလေးဟာ အစိမ်းတွေကြားကအ၀ါ၊ အစိုတွေကြားကအခြောက်လိုဖြစ်စေခဲ့ရတဲ့ အကြောင်းအရင်းတွေထဲမှာ ပူပြင်းခြောက်သွေ့ တဲ့ သဘာဝရာသီဥတုကိုဖယ်လိုက်ရင် လူ့ ပရောဂ အကြောင်းသုံးရပ်ကြောင့် အထက်ပူအောက်ပူ၊ ဖုန်ထူထူ မြို့ပူကြီးဖြစ်ခဲ့ရတာပါ။

ပထမအကြောင်းအရင်းကတော့ ဒုတိယကမ္ဘာစစ်ဘေးဒါဏ်ပါ။ စစ်အတွင်းမှာ အင်္ဂလိပ်မဟာမိတ်တပ်တွေ သာမက ဖက်ဆစ်ဂျပန်တွေကပါ လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့မှု့ကြောင့် မန္တလေးရဲ့သစ်ပင် တော်တော်များများပျက်ဆီးဆုံးရှုံးခဲ့ရတယ်။

ဒုတိယအကြောင်းအရင်းကတော့ မီးဘေးသင့်မှု့ပါ။ မန္တလေးဟာ မြို့လယ်ခေါင်ဧရိယာ ပြောင်တလင်းခါအောင် အကြီးအကျယ် မီးဘေးနှစ်ကြိမ်သင့်ခဲ့ဘူးပါတယ်။ အဲ့ဒီတုံးကလည်း မန္တလေးရဲ့သစ်ပင်ကြီးများစွာ မီးလောင်ကျွမ်းခံရပြီး ဆုံးရှုံးခဲ့ရပြန်ပါတယ်။

တတိယအကြောင်းအရင်းကတော့ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှု့ဒါဏ်ခံခဲ့ရလို့ပါဘဲ။ စစ်အာဏာရှင်ခေတ် တလျှောက်လုံး လမ်းတိုးချဲ့မှု့ မြို့သစ်တိုးချဲ့မှု့တွေဆောင်ရွက်တဲ့အခါတိုင်း စနစ်တကျလေ့လာတွက်ချက် တိုင်းတာမှု့တွေမလုပ်တာကြောင့်အပြင်၊ အာဏာပိုင်တွေတွက်ခြေကိုက်စေမဲ့ ဗရမ်းပတာစီမံကိန်းတွေကြောင့် မခုတ်သင့်ဘဲခုတ်ရလို့ အဖိုးတန်သစ်ပင်ကြီးပေါင်းများစွာဆုံးရှုံးခဲ့ပါတယ်။

(၈၈) အာဏာသိမ်းစစ်အစိုးရလက်ထက်မှာ သစ်ပင်တွေမစိုက်ဘူးလို့ မပြောပါဘူး။ ကြီးမြန်သစ်ပင်စိုက်ပျိုးလျှင် စွမ်းအင်လည်းရ ပြည်လည်းလှဆိုတဲ့ဆောင်ပုဒ်နဲ့  မလေးရှားပိတောက် မယ်ဇလီစတဲ့ အပင်တွေစိုက်ပျိုးခဲ့တာ သတိပြုမိပါတယ်။ ဒါပေမဲ့ထုံးစံအတိုင်း ရှေ့ကစိုက်ပြီးနောက်ကလိုက် ထိထိရောက်ရောက် မပြုစုမစောင့်ရှောက် တော့ သစ်ပင်တွေရှင်သင့်သလောက်မရှင်ခဲ့ပါဘူး။

သစ်ပင်စိုက်ပျိုးမှု့နဲ့ ပတ်သက်လို့ မန္တလေးရဲ့သမိုင်းမှာ တစ်ကိုယ်တော်ပရဟိတသမား အာဂဗမာကြီးတဦး ပေါ်ထွန်းခဲ့ဘူးပါတယ်။ ထိုသူကအခြားမဟုတ်အခြားမဟုတ်။ စစ်ပြီးခေတ်မန္တလေးမြို့မှာ သစ်ပင်တွေကို ဆိုက်ကားတစ်စီးနဲ့ လှည့်လည် စိုက်ပျိုးခဲ့သူ ဆိုက်ကားသမားကြီးဦးငွေဘဲ ဖြစ်ပါတယ်။
အပင်နံပါတ်နဲ့ စာတချို့ရေးထိုးပြီး သံပြားကပ်ကမ္ဗည်းထိုးနိုင်ခဲ့တဲ့ အပင် (၅၀၀) အပါအ၀င် ဦးငွေစိုက်ပျိုးခဲ့တဲ့ ကုက္ကို၊ တမာ၊ ထနောင်း၊ဗာဒံ၊ ခရေ၊ တည်ပင်၊ ညောင်ပင် ပန်းသပြေ၊ စိန်ပန်း၊ သရက်၊ မဲဇလီ၊ သစ်ဆိမ့် စတဲ့အပင်ပေါင်း ၁၀၀၀ ခန့် ရှိပြီး နှောင်းလူတွေကို အေးမြတဲ့ အရိပ်အာဝါသပေး အကျိုးပြုနေတာထင်ထင်ရှားရှားမြင်နိုင်ပါတယ်။

မြန်မာနိုင်ငံဟာ(၂၀၁၅ နဲ့ ၂၀၁၆) ခုနှစ်တွေမှာ အယ်လ်နီညို(El Niño)လို့ခေါ်တဲ့ အပူလွန်ခြောက်သယောင်းတဲ့ ရာသီဥတုဖြစ်စဉ်ကြောင့်အပူလွန်ကဲခြင်း၊ မိုးသည်းထန်ခြင်းနဲ့ မိုးခေါင်ခြင်းစတဲ့ ဖောက်ပြန်တဲ့ရာသီဥတု ကြုံတွေ့ နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဆရာဦးထွန်းလွင်က ခန့် မှန်းပြောခဲ့သလို ၂၀၁၅ ခုနှစ် စက်တင်ဘာလလောက်ကစတင်ပြီး မြန်မာနိုင်ငံဟာ အယ်လ်နီညို ဖြစ်စဉ်ကိုအခုစတင်ခံစားနေရပါပြီ။ နှစ် (၅၀) အတွင်းအဆိုးရွားဆုံး အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ပျမ်းမျှအပူချိန်ထက်မြင့်မားမှုများဆက်လက် ဖြစ်ပေါ်မယ်လို့ ခန့်မှန်းထားပါတယ်။ အီကွေတာရပ်ဝန်းက လေထုအပူချိန်ပြောင်းလဲမှု့ကြောင့် ပစ္စိဖိတ်သမုဒ္ဒရာရဲ့ရေမျက်နှာပြင်ပူနွေးလာမှု့ကြောင့်ဖြစ်လာတဲ့ အယ်လ်နီညိုဖြစ်စဉ်ဟာ၂ နှစ်မှ ၇ နှစ်အတွင်း တစ်ကြိမ် ဖြစ်ပေါ်တတ်ပြီး တစ်ခါ ဖြစ်ရင် (၉) လ ကနေ (၁၈) လ အထိကြာမြင့်တတ်ပါတယ်။

လူသားတွေရဲ့ပရောဂနဲ့ လူနေမှု့ဘ၀တွေကြောင့် ပိုမိုဆိုးရွားလာတဲ့ ကမ္ဘာလုံးဆိုင်ရာပူနွေးလာခြင်း (Global Warming) နဲ့ ရာသီဥတုဖေါက်ပြန်ပြောင်းလဲမှု့ (Climate Change) တွေကြောင့် ရှေ့လာမဲ့နှစ်တွေမှာ ပိုမိုပြင်းထန်တဲ့ရာသီဥတုဖေါက်ပြန်မှု့တွေ ကြုံလာမှာအသေအခြာပါဘဲ။

ဒီအန္တရာယ်ကြီးကိုထိထိရောက်ရောက်ရင်ဆိုင်နိုင်ဖို့ အတွက် ပြည်သူပူးပေါင်းပါဝင်တဲ့ကြိုတင်ပြင်ဆင်မှု့တွေ၊ တနိုင်ငံလုံးအတွက်စနစ်ကျတဲ့နှစ်ရှည်စီမံကိန်းတွေ၊ မှန်ကန်ပြီးအမျှော်အမြင်ရှိတဲ့အုပ်ချုပ်ပုံစနစ်တွေ၊ အရည်အချင်းရှိပြီး စေတနာမှန်တဲ့သူတွေ နေရာမှန်လူမှန်ရှိနေဖို့ အလွန်အရေးကြီးပါတယ်။

သစ်ပင်ပန်းမာန်မြက်ခင်းတွေအပါအ၀င် သစ်ပင်ကြီးတွေရှိနေခြင်းဟာ ၀န်းကျင်ကို စိမ်းလန်းစိုပြေလှပစေယုံ တင်မကပါဘူး၊ မိုးရေ သဘာဝရေတွေကိုသန့် စင်ပေးတဲ့အလုပ် (filtration task) ကိုလည်း လုပ်ပေးပါတယ်။ အဲ့ဒါအပြင် အပေါ်ယံမြေဆီလွှာတွေတိုင်စားမသွားအောင်ကုပ်ထိန်းပေးထားတာပါ။

မန္တလေးမှာတင်မက မြန်မာတပြည်လုံးက မြို့တိုင်းမြို့တိုင်းမှာရှိတဲ့ မြောင်းတွေပိတ်ဆို့ စေတဲ့ အကြောင်းအရင်း တွေထဲမှာ မြေကိုကုပ်ထားနိုင်တဲ့သစ်ပင်မြက်ခင်းတွေမရှိခြင်း (သို့ ) နည်းပါးမှု့တွေကြောင့် မိုးရွာတဲ့အခါ မြေတိုက်စားပို့ ချမှု့တွေ (Erosion) ဖြစ်ပွားတာကြောင့်ဖြစ်ပါတယ်။

မန္တလေးနဲ့  မန္တလေးအနီးဝန်းကျင်က သစ်ပင်တွေရဲ့ ကျေးဇူးအကြောင်းထည့်ရေးခြင်ပါတယ်။ စာရေးသူတို့  ငယ်စဉ်က ကျောင်းအားလပ်ရက်တွေဆိုရင် အဖေအမေတို့ ဦးဆောင်ပြီး တအိမ်သားလုံးမနက်စောစောပိုင်း ဆွမ်းလောင်းပြီးတာနဲ့ အိုးခွက်ပလုံးဖျာစတာတွေနဲ့ စားစရာသောက်စရာတွေထည့် မြင်းလှည်းတစီးစင်းလုံးငှား လို့ မန္တလေးတောင်ခြေကိုချီတက်ကြတာပါ။
မြင်းခွာသံတခွပ်ခွပ်အသံရယ်၊ မြင်းလှည်းမှာတတ်ထားတဲ့ခြူလေးတွေရဲ့စည်းချက်ညီသံနာခံရင်း မန္တလေးကျုံး ဘေးတလျှောက် ထနှောင်းပင်ဝါ၀ါတန်း၊ မြို့ရိုးနီကျင့်ကျင့်ကိုငေးမောရင် မြင်းလှည်းစီးရတာအရသာကို ခုထက်ထိမမေ့သေးပါဘူး။ တခါတလေ ကမ္ဘာ့အကြီးဆုံးစာအုပ်လို့ တင်စားခံရတဲ့ ပိဋကတ်ကျောက်စာချပ်ကြီး များတည်ရှိရာ ကုသိုလ်တော်ဘုရားမှာစတဲချ၊ တခါတရံကျောက်တော်ကြီးဘုရား ၊ ရံဖန်ရံခါ စန္ဒာမုနိဘုရားဝင်းထဲသွားပြီး တနေကုန်နားနားနေနေအပမ်းဖြေခဲ့ကြတာ။

စာရေးသူအနှစ်သက်ဆုံးကတော့ ကုသိုလ်တော်ဘုရားကြီးပါ။ ဘုရားရိပ်တရားရိပ်ကအေးမြယုံတင်မက ဘုရား ရင်ပြင်နဲ့ ဝန်းကျင်မှာ သေနတ်ဗိုလ်မင်းကြီး မင်းလှမဟာမင်းခေါင်သီဟသူဘွဲ့ခံ မိုးဗြဲစစ်ကဲတော်ကြီး စိုက်ပျိုးခဲ့ တယ်ဆိုတဲ့ ခရေပင်ကြီးတွေရဲ့အရပ်အာဝါသဟာ ပူပြင်းတဲ့နေရောင်ဒါဏ်ကို ကောင်းကောင်းကာကွယ်ပေးနိုင် ပါတယ်။ အရွက်တွေကစိတ်နေပြီး နေပြောက်တောင်မထိုးတော့ အနားယူချွေးသိပ်ဖို့ အလွန်ကောင်းတာပေါ့။ ပါလာတဲ့ပစ္စည်းတွေချ ဘုရားရှစ်ခိုးပြီးတာနဲ့ အဖေနဲ အမေပုတီးစိတ်တာနဲ့ ကလေးတွေက ကျောက်စာချပ်တွေ အကြားပြေးလွှား၊ ခရေပင်တွေအောက်မှာကစားရတာမမောနိုင်ပါဘူး။

နေ့ လည်စာဝိုင်းဖွဲ့ စားသောက်ပြီးတာနဲ့ ခရေပင်အောက်က ဇရပ်တွေထဲမှာ လေတဖြူးဖြူးနဲ့ တရးတမောအိပ် ရတာကလည်း အလွန်ဇိမ်ကျလှတယ်။ ညနေစောင်းလို့ အိမ်မပြန်ခင် အမေအဖေခိုင်းတဲ့အတိုင်း ဘုရားရင်ပြင် ခရေပင်အောက်တွေအောက် တံပျက်စည်းလှဲ အမှိုက်ကောက်ပြီးမှ ပြန်ကြတာ။

နောက်ထပ်ပြောခြင်တာက မန္တလေးအနီး အမရပူရမြို့နယ်မှာတည်ရှိတဲ့ တောင်သမန်အင်းစောင်းက မယ်ဇယ်ပင်တန်းတွေအကြောင်းပါ။ ဦးပိန်တံတားရဲ့အနောက်ဖက်ခြမ်းက အင်းစပ်ကမ်းခြေတလျှောက် သက်တော်ရှည်မယ်ဇယ်ပင်ကြီးတွေဟာ အကိုင်းချင်းယှက်အရိပ်ချင်းဆက်လို့ အလွန်လှပစွာပေါက်ရောက် နေကြတာပါ။ အဲဒီမယ်ဇယ်ပင်ကြီးတွေကို (၁၈၇၅) ခုနှစ်မှာ ရေချမ်းဒကာကြီး ဦးကြီး+ဒေါ်အို၊ သားဖြစ်သူ ဦးပိုင်+ဒေါ်ညွန့်၊ တူ ဦးရှင်၊ သား ဦးထွန်းတင် တို့မှ (၁၀၃) ပင်တိတိစိုက်ပျိုးခဲ့တယ်လို့  အင်တာနက်စာမျက်နှာ တခုမှာဖတ်လိုက်ရပါတယ်။ စိုက်ထားပုံကိုကြည့်ရတာ မိုးတွင်းရေကြီးလာရင် ရေလွှမ်းခံရမှု့သက်သာအောင် ရည်ရွယ်စိုက်ပျိုးခဲ့ပုံရပါတယ်။

အခုတော့ အဲ့ဒီမယ်ဇယ်ပင်တန်းမှာ ဦးပိန်တံတားထိပ်ကစပြီး တောင်လေးလုံးကျောင်းတိုက်အထိ နံရံကပ် ဆိုင်ခန်းတွေဖြစ်ကုန်ပါပြီ။ အသက်ရာကျော်မယ်ဇယ်ပင်ကြီးတွေရဲ့ အလှကျက်သရေဟာ ဈေးဆိုင်ခန်းများ နောက်၊ အမှိုက်ပုံတွေအောက်မှာ ကွယ်ပျောက်အလှပျက်နေတာကြာပါပြီ။ ဆိုင်ခန်းတွေအရောင်းအ၀ယ် ကောင်းဖို့ နေရာကျယ်အောင် တန်ဘိုးမဖြတ်နိုင်တဲ့အပင်ကြီးတွေကို တန်ဘိုးမသိဘဲ မိုက်မဲစွာအကိုင်းတွေဖြတ်၊ အမြစ်တွေတူးထုတ်လုပ်ခြင်သလိုလုပ်နေတာကို အုပ်ချုပ်သူအစိုးရမင်းများကလည်း မျက်နှာလွှဲခဲပစ်လုပ်ခဲ့ ကြတာမဟုတ်လား။

အဲ့ဒီဆိုင်ခန်းတွေကို သင့်တော်တဲ့နေရာပြောင်းပြီး အဖျက်အဆီးခံခဲ့ရတဲ့ မယ်ဇယ်ပင်ကြီးတွေကို ပြန်လည် ကယ်တင်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ပြည်တွင်းပြည်ပခရီးသည်များကိုဆွဲဆောင်နိုင်တဲ့တောင်သမန်ရဲ့ ဒဏ္ဍာရီဆန်ဆန်အလှနဲ့  အနီးဝန်းကျင်ကရှေးဟောင်းအမွေအနှစ်တွေ၊ အဖိုးတန်သက်တော်ရှည် မယ်ဇယ်ပင်ကြီးတွေကိုအမြတ်တနိုးထိမ်းသိမ်းစောင့်ရှောက်ဖို့ အချိန်တန်ပါပြီ။

ရှေးလူကြီးသူမတွေက အမျှော်အမြင်ရှိရှိနဲ့ သစ်ပင်တွေစိုက်ပျိုးထိမ်းသိမ်းလို့ နှောင်းလူတွေအကျိုးခံစားရစေတဲ့ အစဉ်လာကောင်းကို ဆက်လက်ထိမ်းသိမ်းသယ်ဆောင်ဖို့ ဘို့ ပြည်သူတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အစိုးရသစ်နဲ့ လက်တွဲပြီး မြန်မာတပြည်လုံးကို ပူလောင်ခြောက်သွေ့ မှု့ဘေးဆိုး ကြီးကလွတ်မြောက်စေဖို့ သစ်ပင်တွေအမြောက်အများစိုက်ဖို့ လိုပါတယ်။ ဆိုက်ကားသမားကြီးဦးငွေ တဦးထဲ တောင် သစ်ပင်တစ်ထောင်စိုက်နိုင်ရင် ပြည်သူတရပ်လုံးနဲ့ အစိုးရပေါင်းပြီး နိုင်ငံတော်တ၀ှမ်းလုံးမှာ သစ်ပင် စိုက်ပျိုးရေးနဲ့ စောင့်ရှောက်ထိမ်းသိမ်းရေးစီမံကိန်း (Campaign) တွေချမှတ် စိုကိပျိုးနိုင်ရင် သစ်ပင်(၁၀)သန်း ဆိုတာ အသာလေးစိုက်လို့ ရပါတယ်။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
ဖေဖေါ်ဝါရီ (၂၈) ရက် ၂၀၁၆ ခုနှစ်

ဒီဆောင်းပါးရဲ့အပိုင်း (၁)  http://www.dawnmanhon.com/2016/02/blog-post_262.html