7 Day သတင်းစာကိစ္စ ညှိနှိုင်းနေဆဲ

 7day-newspaper-620.jpg ဇွန်လ ၂၈ ရက်ထုတ် 7 Day နေ့စဉ်သတင်းစာကို တွေ့ရစဉ်

Photo: 7Day News Journal


7 Day နေ့စဉ်သတင်းစာကို တပ်မတော်က တရားစွဲဆိုထားရာကနေ ကျေအေးပေးခြင်းမရှိသေးဘဲ နှစ်ဖက် ညှိနှိုင်းနေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးဖိုးသောကြာ က ပြောပါတယ်။

နှစ်ဖက်ညှိနှိုင်းမှုဟာ ပြေလည်တဲ့အဆင့်ထိ မရောက်သေးပေမယ့် ပြေလည်နိုင်မယ့် အလားအလာတွေ ရှိတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးဖိုးသောကြာ က ပြောပါတယ်။

7 Day နေ့စဉ်သတင်းစာမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်က ဖော်ပြခဲ့တဲ့ " စစ်တက္ကသိုလ်ဆင်း ညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွှေမန်း တိုက်တွန်း "ခေါင်းစဉ်ပါ သတင်းကို ဘယ်လိုရည်ရွယ် ချက်မှ မပါဘဲ ရိုးရိုသားသား ဖော်ပြခဲ့ခြင်းသာဖြစ်တယ်လို့ 7 Day နေ့စဉ်သတင်းစာက ဒီနေ့ သတင်းထုတ်ပြန် ပါတယ်။

7 Day နေ့စဉ်သတင်းစာဘက်ကတော့ နိုင်ငံတော်နဲ့ တပ်မတော်အပေါ် သစ္စာစောင့်သိမှု မထားရန်နဲ့ တာဝန် ၀တ္တရားတွေကို မဆောင်ရွက်နိုင်ရန် သွေးထိုးလှုံ့ဆော်ဖို့ ရည်ရွယ်ချက်မရှိကြောင်း၊ နားလည်မှု လွဲမှားခဲ့တာ သာဖြစ်ကြောင်း သတင်းရေးသားရာမှာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက်မရှိဘဲ ရိုးရိုး သားသား ဖော်ပြခဲ့ခြင်းသာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲ့ဒီသတင်းကြောင့် တပ်မတော်က 7 Day နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း နဲ့ သတင်းထောက် ကိုမင်းဟိန်းကျော်ကို ရာဇသတ်ကြီးပုဒ်မ ၁၃၁ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

7 Day သတင်းစာ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း နဲ့ တပ်မတော်ဘက်က မနေ့ညက ညှိနှိုင်းမှုဟာ ပြေလည်တဲ့ အဆင့်ကို မရောက်သေးဘဲ တပ်မတော်က အမှုဖွင့်ထားတဲ့ ကမာရွတ်ရဲစခန်းကလည်း အမှုကိုရုပ်သိမ်းကြောင်း အကြောင်းကြားတာမရှိသေးကြောင်း 7 Day သတင်းစာတာဝန်ရှိသူတွေက ပြောပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.