7 Day အမှုရုပ်သိမ်း


7Day Daily news မှာ ဖော်ပြထားသော သူရဦးရွှေမန်း၏ လူမှုကွန်ယက်စာမျက်နှာ သတင်း (credit to 7Day Daily)
7Day Daily news မှာ ဖော်ပြထားသော သူရဦးရွှေမန်း၏ လူမှုကွန်ယက်စာမျက်နှာ သတင်း (credit to 7Day Daily)

7 Day သတင်းစာ အယ်ဒီတာချုပ် နဲ့ သတင်းထောက်ကို တပ်မတော်က ကမာရွတ်မြို့နယ်ရဲစခန်းမှာ တရားစွဲဆိုထားတာကို တရားစွဲဆိုသူ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ဒီနေ့ ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

7Day Daily သတင်းစာက သဘောရိုးနဲ့ရေးသားခဲ့တာဖြစ်ကြောင်း တောင်းပန်တဲ့အတွက် အမှုကို တပ်မတော်ဘက်က ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်တယ်လို့ ကမာရွတ်မြို့နယ်ရဲစခန်းက စခန်းမှူး ဒုရဲမှူး သိန်းဟန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက "စစ်တက္ကသိုလ်ဆင်းညီနောင်များအား လက်ရှိအစိုးရနဲ့ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွှေမန်း တိုက်တွန်း"ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖော်ပြခဲ့ရာမှာ တပ်တွင်းစည်းလုံးညီညွတ်မှုကို ပျက်ပြားအောင် သတင်းဖော်ပြခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်နေ့က ကမာရွတ်မြို့နယ်ရဲစခန်း မှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ နဲ့ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

အမှုဖွင့်ပြီးနောက် 7Day သတင်းစာနဲ့ တပ်မတော်တာဝန်ရှိသူတွေကြား ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး 7 Day သတင်းစာ က ဒီနေ့ တပ်မတော်သို့ ပန်ကြားလွှာ ထုတ်ပြန်ပြီး တောင်းပန်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်နဲ့တပ်မတော်အပေါ် သစ္စာစောင့်သိမှု မရှိဖို့နဲ့ တာဝန်ဝတ္တရားတွေကို မဆောင်ရွက်ဖို့ သွေးထိုးလှုံဆော်တဲ့ သဘောနဲ့ သတင်းရေးသား ခဲ့တာမဟုတ်ကြောင်းနဲ့ နောင်တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖော်ပြရာမှာ စနစ်တကျတည်းဖြတ်သွားမှာဖြစ်ကြောင်း ဒီနေ့ထုတ် 7 Day Daily သတင်းစာ နဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.