မက်ဆီ အနားမယူရန် ရုပ်တုဖြင့် အာဂျင်တီးနား ပရိသတ်များ လှုပ်ရှား (ရုပ်သံ)


မက်ဆီကို အာဂျင်တီးနားလက်ရွေးစင်အဖြစ်ကနေ အနားမယူဖို့ ဗြူနိုအေးရိစ်မြို့မှာ သူရဲ့ ရုပ်တုကို ဖွင့်လှစ်ပြီး ပရိသတ်တွေက လှုပ်ရှားနေပါတယ်။

ကိုပါအမေရိကဖလားဖိုင်နယ်မှာ ချီလီကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် နိုင်ငံလက်ရွေးစင်ကနေ အနားယူမယ်လို့ မက်ဆီက ကြေညာခဲ့ပါတယ်။

မက်ဆီရဲ့ နိုင်ငံအသင်းကနေ အနားယူမယ်ဆိုတဲ့ ကြေညာချက်ဟာ အာဂျင်တီနားဘောလုံး ပရိသတ်တွေအတွက် ထိတ်လန့်စရာ သတင်းဖြစ်ခဲ့ပါတယ်။

ဇွန် ၂၈ ရက်က အသင်းမှာ ဆက်ကစားပေးဖို့ မက်ဆီအတွက် လက်ဆောင်အနေနဲ့ ကြေး ရုပ်တုကို ဗြူနိုအေးရီစ် မြို့တော်ဝန်က ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီက အသင်းကနေ မထွက်ခွာပါနဲ့ဆိုတဲ့ လှုပ်ရှားမှုကိုလည်း စတင်ခဲ့ပါတယ်။

အာဂျင်တီးနားသမ္မတကလည်း လာမယ့်အပတ်မှာ မက်ဆီနဲ့တွေ့ပြီး အာဂျင်တီးနားအတွက် ဆက်လက်ကစားပေးဖို့ ပြောဆိုမယ်လို့ ပြောပါတယ်။

မက်ဆီနဲ့တော့ တယ်လီဖုန်းကနေ တဆင့်ပြောဆိုခဲ့ပြီး ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

ဒါ့အပြင် အာဂျင်တီးနား ဂန္တ၀င်ဘောလုံးသမား မာရာဒိုနာနဲ့ နိုင်ငံရေးသမားတွေကလည်း အာဂျင်တီးနားအသင်းမှာ မက်ဆီကို ဆက်ကစားပေးဖို့ တောင်းဆိုထားပါတယ်။
DVB TV News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.