အိမ်ဖြူတော်ရှေ့က သေနတ်ကိုင်သူကို လုံခြုံရေးတပ်ဖွဲ့ ပစ်ခတ်ဖမ်းဆီးခဲ့သလဲ (ရုပ်သံ)

[youtube src="vw6KcoY863o"/]
အမေရိကန်ပြည်ထောင်စုက အိမ်ဖြူတော်ရှေ့မှာ သေနတ်ကိုင်ထားတဲ့ လူတဦးကို သေနတ် ချပေးဖို့ တောင်းဆိုတာကို မလိုက်နာတဲ့ အတွက် လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့ပါတယ်။

မေ ၂၀ ရက်က ဂျက်ဆီ အိုလီဗီရီကို ပစ်ခတ်လိုက်တာ ဖြစ်ပြီး ဒီရုပ်သံဖိုင်ကို Liveleak ၀က်ဆိုဒ်က ဇွန် ၂၈ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

အန္တရာယ်များတဲ့ သေနတ်ကိုင်ဆောင်ပြီး တာဝန်ရှိသူတွေကို ဆန့်ကျင်ခဲ့တဲ့ အိုလီဗီရီဟာ အမှုရင်ဆိုင်နေရပြီး ထောင်ဒဏ် နှစ် ၂၀ လောက် ကျခံဖွယ်ရှိနေပါတယ်။

သူရဲ့ ရှေ့နေကတော့ အိုလီဗာရီဟာ စိတ်ပိုင်းဆိုင်ရာ ကုထုံးကို ခံယူနေပြီး သေနတ်နဲ့ ချိန်ရွယ်ခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် တရားသူကြီးတွေကတော့ သူဟာ လူထုကို ခြိမ်းခြောက်မှုတခုလို့ ပြောပါတယ်။

ပစ်ခတ်ခံရပြီးတဲ့နောက် အိုလီဗီရီကို ဂျော့ဝါရှင်တန်တက္ကသိုလ် ဆေးရုံကို တင်ပို့ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့က အိမ်ဖြူတော် ဘာကြောင့်သွားသလဲဆိုတဲ့ အမေးကို အိုလီဗီရီက လူတွေကိုပစ်ခတ်ဖို့ ဖြစ်တယ်လို့ ဖြေဆိုခဲ့တယ်လို့ ဆိုပါတယ်။
DVB TV News
Labels: ,

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.